နတ်ဘုရားတွေရဲ့ မျက်နှာသာပေးခြင်း ခံရသူ
Vol. 5 Ch. 69
ကျန်းရီ ၏ခြေထောက်များက ထူထဲသော သစ်ရွက်များပေါ်သို့ နင်းလိုက်မိသည်။ သာမန်ဆိုလျှင် ထိုသစ်ရွက်များကို ခြေဖဝါးဖြင့် နင်းလိုက်မိလျှင် အရွက်ပုပ်နံ့ ထွက်လာလေ့ရှိသည်။
ဒါပေမယ့် ကျန်းရီ ကတော့ ဒီအချိန်မှာ အဲ့ဒီအနံ့မရခဲ့ပါဘူး။ အဲ့ဒီက ထွက်လာတဲ့ အနံ့အသက်က အသားပုပ်နံ့ကြီး ။
သူ့ အရှေ့ဘက်ရှိ သစ်ကိုင်းများတွင် အလောင်း ၃ လောင်းကို နွယ်ပင်များဖြင့် ချိတ်ဆွဲထားတာကို တွေ့လိုက်ရသည်။
သူတို့အားလုံးဟာ အရမ်းသန်မာကြတဲ့ ယောက်ျားကြီးတွေဖြစ်ကြပါတယ်။
လူသုံးယောက်ရဲ့ လက်တွေ ခြေတွေ ငိုက်စိုက်ကျနေတယ်၊ ဒါပေမယ့် မျက်လုံးတွေက ဒေါသတကြီး ပွင့်နေပြီး ကျန်းရီ ဘက်ကို လှမ်းကြည့်နေတယ်။
နောက်ထပ် ဆက်သွားလိုက်တဲ့အခါ လူသေအလောင်း ၃ လောင်း ကြိုးဆွဲချထားတဲ့ သစ်ပင်ကြီးအောက်မှာ လဲလျောင်းနေတဲ့ လူတယောက်ရဲ့ အလောင်းကို တွေ့လိုက်ရတယ်။
ထိုလူ၏လက်ထဲတွင် တစ်စုံတစ်ခုရှိနေ၍ အနီးကပ်စစ်ဆေးကြည့်လိုက်သောအခါ လွှတစ်ခုဖြစ်နေသည်။
ထိုလွှသည် သူ့ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်နေပြီး သူ့ခန္ဓာကိုယ်သည် ပုပ်စပြုလာပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် လောက်တွေတောင် တွေ့နေရပြီဖြစ်သည်သည်။
လောက်တချို့ မူးပြီး ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျသွားသည်။ အရင်နေရာ ပြန်ရောက်ဖို့ ပြင်းပြင်းထန်ထန် အားထုတ်နေတာကိုလည်း တွေ့လိုက်ရသည်။
"ဘုတ်"။
သစ်ပင်ပေါ်ရှိ ကြိုးဆွဲချထားသော အလောင်းတစ်လောင်းမှာ ပုပ်ပွနေသော ဝမ်းဗိုက် နှင့် လောက်များ အောက်သို့ ပြုတ်ကျခဲ့သည်။
ကျန်းရီ သည် ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသို့ မကြည့်ခဲ့သော်လည်း ပရိတ်သတ်အများအပြားက ထိုအချိန်တွင် အမှိုက်ပုံးများကို ကောက်ယူပြီး အရူးအမူး အော့အန်နေကြမည်ဖြစ်ကြောင်း သူ တွေးကြည့်နိုင်သည်။
ကျန်းရီ သည် သစ်ပင်အောက်ရှိ လွှကိုကိုင်ကာ သေဆုံးနေသော အလောင်းရှေ့တွင် ထိုင်ချလိုက်ပြီး ဂရုတစိုက် ကြည့်လိုက်သည်။ သူ့နားထဲတွင် သီချင်းဆိုသံက မကြာသေးမီကပင် ရပ်တန့်သွားခဲ့သည်။
ကြည့်ရှုသူအချို့က ဤမြင်ကွင်းကိုမြင်ပြီး "စတွင်မာ အဲဒါကို မင်းကြည့်ရဲတယ်လား ။ အဲဒါက အရမ်း ရွံစရာကောင်းပြီး ဒီလောက် ကြောက်စရာကောင်းတာကို။"
ပုပ်ပွနေတဲ့ အလောင်းကို တစ်ခါမှ မမြင်ဖူးတဲ့သူတွေဟာ ပုပ်ပွနေတဲ့ အလောင်းကို မြင်လိုက်တဲ့အခါ ဖြစ်လာတဲ့ ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုကို မသိနိုင်ပါဘူး။
သူ့အမြင်၊ အနံ့နှင့် သူ့ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်များကပင် ထိုအချိန်မှာ စိတ်ကြွဆေးများ ထိုးသွင်းလိုက်သကဲ့သို့ ခံစားလိုက်ရမည်ဖြစ်သည်။
"တစ္ဆေက ငါ့ကို ဘာလို့ဖုန်းခေါ်ရတာလဲဆိုတာကို ငါနားလည်သွားပုံရတယ်။"
ကျန်းရီ သည် ပရိသတ်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခြင်းမရှိဘဲ အခြားအရာတစ်ခုကို လမ်းကြောင်းပြောင်း ပြောခဲ့သည်။
သူ့စကားက ပရိသတ်တွေ့ရဲ့ အတွေးအခေါ်တွေကို နှိုးဆွပေးလိုက်သည်။ ငါးလိုရေသောက်က ပထမဆုံးပဲ စပြောလိုက်သည် "သူတို့က ဒီနေရာမှာ လူတွေသေသွားခဲ့တယ်ဆိုတာ စတွင်မာကိုပြောချင်နေတာ!"
ကြည့်ရှု့သူ A-"f**k! ဒီလိုတောနက်ကြီးမှာ လူလေးယောက်သေသွားခဲ့တယ်။ ပြီးတော့ ဒီလိုဝေးလံခေါင်သီတဲ့အရပ်မှာ ရှိနေတာ ဆိုတော့ အဲဒါက တကယ်ကို ဖော်ထုတ်လို့ မရနိုင်ဘူးထင်တယ်။"
ကျန်းရီ သည် စကားစမြည်ပြောရင်း မတ်တပ်ထရပ်လိုက်ကာ သစ်ပင်ပေါ်ရှိ တွဲလောင်းကျနေသော အလောင်းသုံးလောင်းကို လှမ်းကြည့်လိုက်သည်။
"ဒီအလောင်းရဲ့ ပုပ်သိုးပျက်စီးမှု ပမာဏကို ကြည့်လိုက်ရင် ဒီမှာ သေခဲ့တာ ကြာပြီဆိုတာ သိနိုင်တယ်။ ဒီလူတွေက ဒေသခံတွေ မဟုတ်ဘူး ထင်တယ် မဟုတ်ရင် ဘယ်သူကမှ သတိမထားမိပဲ နေမှာမဟုတ်ဘူး။"
“ဒါဆို စတွင်မာ သစ်ပင်အောက်က လူကလွဲရင် ကျန်တဲ့သူတွေ ဘယ်လိုသေခဲ့တယ်ဆိုတာ ပြောလို့ရလား။”
"မေးကြည့်မှ သိလိမ့်မယ်"
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်အားလုံးက ကျန်းရီကို သိချင်ဇောနဲ့ ကြည့်လိုက်ကြသည်။ မေးလိုက်တာနဲ့ သူတို့က သိရောလား။
ကျန်းရီက နောက်လှည့်ကြည့်လိုက်တော့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းရဲ့ မြင်ကွင်းကလည်း သူနဲ့အတူ လှည့်ပါသွားလိုက်သည်။
အသက်အနည်းငယ် ကြီးပုံရသော မိန်းကလေးတစ်ဦးသည် ကလေးမလေးရဲ့ လက်ကို ကိုင်ဆောင်ထားပြီး သးတို့နှစ်ဦးစလုံးသည် ပန်းပွင့်စကတ်များ ၀တ်ဆင်ထားသည်။
ဒါပေမယ့် သူတို့မျက်နှာတွေမှာ ထင်ရှားတဲ့ ချုပ်ရိုးအစင်းရာတွေ ရှိနေပြီး ကလေးမလေးရဲ့ လက်ပေါ်မှာ ခွေးနက်အိုကြီး တစ်ကောင် ရှိနေပါတယ်။
ခွေးအိုကြီးက အရမ်းကြောက်နေမှန်း သိသာနေတယ်။ ဒါပေမယ့် ကျန်းရီ ကို မာန်ဖီနေတုန်းပဲဖြစ်သည်။
ညီအစ်မနှစ်ယောက်ကို မြင်လိုက်ရသောအခါ ကျန်းရီ သည် သူ့မျက်နှာတွင် အပြုံးတစ်ခု ရှိနေခဲ့သည်။
သူက သူတို့ကို ဝှေ့ယမ်းပြလိုက်သောအခါ ခွေးနက်အိုကြီးက "ဝုတ်..ဝုတ်..!"
ဟောင်သံ တစ်ခုစီကြားတွင် ခေတ္တရပ်နားလိုက်ပြီး ဟောင်သံတွင်လည်း ဒေါသတွေနှင့် ပြည့်နေခဲ့သည်။
"ဒီတောင်စောင့်ခွေးက အရမ်းကို မာန်ဖီနေပါလား။ ငါ့ကိုတောင် ဟောင်ရဲတဲ့ သတ္တိတွေရှိနေပါလား။ မလှုပ်ဘဲနဲ့ လှဲအိပ်နေလိုက်။ မင်းလှုပ်တာနဲ့ အရိုက်ခံရမယ်"
ကျန်းရီ က ပြုံးပြီး ကြိမ်းမောင်းလိုက်သည်။ ဒါပေမယ့် ကလေးမလေးက ခွေးကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး “ရှောင်ဟို ကို မရိုက်ပါနဲ့၊ သူက ငါတို့ကို ကာကွယ်ပေးနေတာပါ၊ တကယ်ပါ...”
“အကိုက သူ့ကို ကြောက်အောင် ခြောက်လိုက်တာပါ၊ လာပါအုံး... မင်းတို့နှစ်ယောက် အကို့ဆီလာပါအုံး”
ကျန်းရီ က သူတို့ကို နောက်တစ်ကြိမ် လက်ပြလိုက်ပြီး ကောင်မလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခွေးနက်ကြီးကို ကိုင်ပြီး လမ်းလျှောက်လာခဲ့ကြသည်။
သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ မွေးရပ်မြေက မိန်းကလေးတွေနဲ့ အတူတူပါပဲ။ ရွာ မှလူများက သူတို့နှစ်ယောက်ထဲက အကြီးမလေးသည် ဉာဏ်ကောင်းပြီး အငယ်မလေးသည် လိမ္မာပါးနပ်သည်ဟု ပြောခဲ့ကြသည်။
သူတို့ ကျန်းရီ ရှေ့သို့ရောက်သောအခါ အကြီးမလေးက ကျန်းရီ ကို ကြောက်ရွံ့သောအကြည့်ဖြင့် ကြည့်ကာ သူ့ညီမလေးကို သူ့နောက်သို့ထားလိုက်ပြီး “အစ်ကို မင်္ဂလာပါ”
ကျန်းရီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ် “ဟယ်လို, ဖုန်းက မင်းတို့ခေါ်လိုက်တာလား။”
အကြီးမလေးက အငယ်မလေးကို ကြည့်လိုက်ပြီး အငယ်မလေးက “သမီး တောင်အောက်ကို ပြေးဆင်းသွားတော့ အစ်ကို့ကို အစ်မ ရှောင်းန ရဲ့ ဖုန်းမှာ ရှိနေတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အစ်မ ရှောင်းနက အိပ်ပျော်နေခဲ့တယ်၊ ဒါကြောင့် သူ့ဖုန်းကို သုံးပြီး ဖုန်းခေါ်ခဲ့တာ ဒါပေမယ့် သမီး အစ်မ ရှောင်းန ကို မခြောက်ခဲ့ပါဘူး၊ ပြီးတော့ ဖုန်းခေါ်တာကို သူ မသိပါဘူး”
“အရမ်းထူးဆန်းတယ်။ အစ်မ ရှောင်းန က သူ့ဖုန်းကို ခေါင်းအုံးအောက်မှာ ထားပြီး အိပ်ပျော်သွားတာ။ သူ့ခေါင်းကို ခဏခဏလှုပ်လိုက်တော့ အစ်ကိုကြီးရဲ့အသံကို ကြားလိုက်ရတယ်။ အဲဒီအခါကျတော့ ဖုန်းကို ထုတ်ယူလိုက်ပြီး အကိုကြီးကို တွေ့လိုက်ရတာ။ အဲ့မှာ အကိုကြီးက တချို့ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ပြောတာကို ကြားလိုက်ရပြီးတော့ အကိုကြီးကို ဖုန်းခေါ်လိုက်တာပဲ။”
ကျန်းရီက ရုတ်တရက်ပြောလိုက်သည် “ဒါဆို သမီးဘာလို့ စကားမပြောခဲ့တာလဲ။”
“သမီးက... အစ်မ ရှောင်းန ကြောက်သွားမှာ စိုးလို့ပါ။ သူတို့အားလုံး သမီးကို ကြောက်ကြတယ်။ အန်တီရင်ဆို အရမ်းကြောက်လွန်းလို့ ဆေးရုံတောင် တင်လိုက်ရတယ်။”
ကလေးမလေးသည် သူမစကားပြောနေစဉ် မသိစိတ်ကနေ သူမမျက်နှာကို ထိလိုက်မိသည်။ သူမမျက်နှာပေါ်ရှိ ချုပ်ရိုးအစင်းကြောင်းများကို ထိလိုက်မိသောအခါတွင် သူမခေါင်းကို ငုံ့ထားလိုက်မိသည်။
သူ့မျက်နှာက အမာရွတ်တွေကို လူတွေကို မမြင်စေချင်ဘူးထင်တယ် ။
ကျန်းရီ သည် ညီအစ်မနှစ်ယောက်ကြားရှိ သူမလုပ်ရပ်အပေါ် အပြစ်တင်ပုံရနေသော ညီမငယ်လေးကိုကြည့်ကာ “ဒါဆို မင်းဘာလို့ဒီသီချင်းကိုဖွင့်တာလဲ၊ မင်းဆိုထားတဲ့သီချင်းကို သူတို့က မကြားရဘူးလား” လို့မေးလိုက်တယ်။
“သူတို့ကို မကြားစေချင်ရင် သူတို့ မကြားရဘူး။ ဒါပေမယ့် ပြောလို့တော့ မရဘူး။ သမီးဆိုတဲ့အခါမှာ သူတို့ ကြားနိုင်တဲ့ အခွင့်အလမ်း ရှိချင်လည်း ရှိနေမှာပေါ့။”
“ဒါဆို မင်းငါ့ကို ဒီကိုခေါ်လိုက်ရတဲ့ အကြောင်းရင်းက ဒီမှာသေတဲ့ ဒီလူလေးယောက်ကြောင့်ပဲလား”
ကောင်မလေးက ခေါင်းညိတ်ပြလိုက်တယ်။ ကျန်းရီက နားလည်လိုက်ပြီး သူ့လက်ကို ကလေးမလေးရဲ့ လက်မောင်းပေါ် တင်လိုက်ပြီး သူ့ရှေ့ကို ဆွဲခေါ်လိုက်ပါတယ်။
ဤမြင်ကွင်းသည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်တွေကို တုန်လှုပ်စေခဲ့သည်- “ဝှက်သယ်****၊ စတွင်မာက သရဲတစ္ဆေတွေကို ထိလို့ရတာလား”
ကြည့်ရှု့သူ A-“တစ္ဆေတွေကို ထိလိုက်တာက လေကို ထိတွေ့လိုက်တာနဲ့ အတူတူပဲလို့ ပြောခဲ့တာမဟုတ်ဘူးလား စတွင်မာက ဘယ်လိုလုပ် ထိလိုက်တာလဲ”
ကြည့်ရှု့သူ B-“ဒါက ငါတို့က သဘာဝလွန်ဖြစ်ရပ်တွေကို မဖြေရှင်းနိုင်ဘူး ဒါပေမယ့် စတွင်မာက ဖြေရှင်းနိုင်တယ် အဲ့လိုမျိုးပဲ။ စတွင်မာရဲ့ အရိပ်က မြေပြင်ပေါ်မှာ ရှိနေတာကို မင်းတို့မြင်နေရတယ်မလား ဒါကြောင့် ပေါက်ကရတွေ မတွေးနဲ့။ ဒါပေမယ့် ကလေးမလေးကို ရှေ့ကို ဆွဲခေါ်ပြီး စတွင်မာက ဘာလုပ်မလို့လဲ။ သူ့လက်တွေက အငယ်မလေးရဲ့ မျက်နှာပေါ်မှာ အမြဲရှိနေတယ်။”
“သူတို့ရဲ့မျက်နှာပေါ်က ချုပ်ရာ အမာရွတ်တွေကို ဖယ်ရှားပေးဖို့ နတ်ဘုရားတွေကို တောင်းဆိုလို့ ရမလားဆိုတာ ကြိုးစားကြည့်မလို့။ ဘယ်လောက်လှတဲ့ မိန်းကလေးနှစ်ယောက်လဲ”
ကျန်းရီ က ရှင်းပြလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက ပိုလို့တောင် မယုံနိုင်လောက်အောင်ပါပဲ။
ဒါပေမယ့် ပြန်ပြီးတွေးကြည့်တဲ့အခါ ကျန်းရီ က သူရဲကောင်းဟိုတယ် အဖြစ်အပျက်တုန်းက နတ်ဆိုးကောင်ကို သတ်ဖို့ နတ်ဘုရားတွေကိုတောင်းဆိုခဲ့ဖူးတယ် မဟုတ်ဘူးလား။
မှုခင်းဆေးကုဆရာဝန်များက အလောင်းကို ချုပ်လိုက်သောအခါတုန်းက ကျန်ရစ်ခဲ့သော ညီအစ်မနှစ်ဦး၏ မျက်နှာက အမာရွတ်များက တဖြည်းဖြည်း ပျောက်ကွယ်လာသည်ကို မြင်လိုက်ရသောအခါ၊ ငါးလိုရေသောက် က တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းသို့ “နတ်ဘုရားတွေရဲ့ကို နှစ်သက်ခြင်းကို ခံရတဲသူက အမှန်တကယ်ကို ချောတာပဲ ” ဟု ပြောခဲ့လိုက်သည်။
သူမဒီလိုပြောလိုက်တာနဲ့၊ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက မရေမတွက်နိုင်တဲ့ ပရိတ်သတ်တွေက သူတို့ရဲ့ပြောင်မြောက်တဲ့ ကော်ပီ စွမ်းရည်တွေကို ပြသခဲ့ကြပါတယ်။
“ကြည့်လိုက်၊ အခု ပိုကောင်းလာပြီ။” ကျန်းရီ က သူ့လက်ကို သူတို့ မျက်နှာပေါ်ကနေ ခွာလိုက်ပြီး ညီအစ်မနှစ်ယောက်ကို တစ်ယောက်ကိုတစ်ယောက် ကြည့်ခွင့်ပေးလိုက်တယ်။
သူတို့နှစ်ယောက်ရဲ့ မျက်နှာလှလှလေးတွေကို ပြန်မြင်လိုက်ရတော့ ညီအစ်မနှစ်ယောက်လုံး အံ့သြတကြီးနဲ့ မျက်လုံးပြူးသွားခဲ့တယ်။
“အစ်ကိုကြီး... မင်းက ကောင်းကင်ပေါ်က နတ်ဘုရားလား”
“မဟုတ်ပါဘူး အစ်ကိုကြီးနဲ့ ကောင်းကင်က နတ်ဘုရားတွေက ညီအစ်ကိုတွေပါ။” ကျန်းရီ က ပြုံးပြီး ပြောလိုက်တယ်။
ညီအစ်မနှစ်ယောက်လုံးသည် အပျော်များဖြင့် ပြည့်နှက်သွားသည်။ အကြီးမလေးက အငယ်မလေးကို ဆွဲခေါ်ကာ ကျန်းရီ ထံ ဦးညွှတ်လိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး!”
ကျန်းရီက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။ ပြီးနောက် မျက်လုံးကို မှေးကျဥ်းလိုက်တာ “ဒါဆို အကို့ကို ပြောလို့ရမလား မင်းတို့အဖေက တကယ်ပဲ မင်းတို့အမေကို အရင်သတ်ပြီး မင်းတို့ကို သတ်ခဲ့တာလား။ ပြီးတော့ မင်းတို့ရဲ့ အမေကရော ဘယ်မှာလဲ။”