သူက အကုန်လုံးကို ခုတ်ဖြတ်ပစ်လိုက်တယ်
Vol. 5 Ch. 64
သီချင်းစာသားကိုကြားပြီးနောက် အကို ကိုး နှင့် သူ့ဇနီးတို့၏ အမူအရာသည် အလွန်လျင်မြန်စွာ ပြောင်းလဲသွားသည်။
အကို ကိုး ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားနေပြီး သူ့ကလေးကို သူ့ရင်ခွင်ထဲ ထည့်လိုက်ကာ ။ သူက ကျန်းရီ ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည် ။
"ညီလေး၊ မင်းဒီကိုလာရတဲ့ရည်ရွယ်ချက်ကို ငါမသိဘူး၊ ငါသိလည်း မသိချင်ဘူး။ မင်းမှာလုပ်စရာမရှိဘူးဆိုရင် မမှောင်ခင်မှာ ဒီကနေ အမြန်ဆုံးထွက်သွားလိုက်ပါ။”
သူတို့ရဲ့ အမူအရာနဲ့ တုံ့ပြန်မှုတွေကို ကြည့်ပြီး ဒီ ရှိုးလင် ရွာဟာ တကယ့်ကို မရိုးရှင်းဘူးဆိုတာ ကျန်းရီ သိလိုက်သည်။
ကျန်းရီ က "အကို ကိုး ၊ ငါ့ကို အမြန်ကြီးတော့ အတင်းမနှင်ပါနဲ့။ ငါဒီကို သစ်ဝယ်ဖို့ ဒီကိုလာတာမဟုတ်ဘူးလို့ ခုနကပဲပြောပြီးပြီ၊ အခု ငါ မင်းတို့က်ို ဒီသီချင်းကို ဖွင့်ပြလိုက်တော့ ငါဘယ်သူလဲဆိုတာ မင်းတို့ မသိချင်ဘူးလား"
"မင်းဘယ်သူလဲဆိုတာ ငါမသိချင်ဘူး။ ငါတကယ်တောင်းပန်ပါတယ် ညီလေး၊ ငါတို့မင်းကိုမကူညီနိုင်ဘူး!"
"ငါက သဘာဝလွန် ထိန်းချုပ်ရေး ဌာနကလို့ ပြောရင် မင်းတို့ ငါ့ကို ယုံမှာလား"
"သဘာဝလွန်ထိန်းချုပ်ရေး ဌာနဆိုတာ ဘာလဲ။"
ကျန်းရီ က သူ့မျက်လုံးတွေကို ခဏ မှိတ်ထားလိုက်ပြီး “အကို ကိုး မင်း နောက်ငါပြောမယ့် စကားတွေကို ကြားချင်သည်ဖြစ်စေ မကြားချင်သည် ဖြစ်စေ မင်းမိန်းမနဲ့ မင်းရဲ့သားသမီးတွေက အဲဒါကို လုံးဝလျှို့ဝှက်ထားရမယ်။
အကယ်၍ လျှို့ဝှက်ချက်တွေကို ကောင်းစွာမထိန်းသိမ်းနိုင်ပါပဲ သဘာဝလွန် ထိန်းချုပ်ရေး ငှာနရဲ့ ကိစ္စတွေကို ပေါက်ကြားခဲ့ပါက မင်းတို့က အရေးယူခံရလိမ့်မယ် “
"မဟုတ်ဘူး ညီလေး မင်းက အစက အေးအေးဆေးဆေးပါ အခုမှ ဘာလို့ ဒါတွေပြောပြီး ဘာလုပ်မလို့လဲ"
အကို ကိုး က ကျန်းရီအား စူးစူးဝါးဝါးကြည့်က ပြောလိုက်သည်၊ ကျန်းရီက "မနေ့ည ၁၂:၀၆ နာရီမှာ ကျွန်တော်တို့ရဲ့ ဌာနက ဖုန်းလက်ခံရရှိခဲ့ပါတယ်။ ဒီဖုန်းက မင်းရဲ့ ရှိုးလင် ရွာကနေ ဖုန်းခေါ်ခဲ့တာ။ အဲဒီတုန်းက ဘယ်သူမှ စကားမပြောခဲ့ဘူး။ ငါဖွင့်ပြလိုက်တဲ့ သီချင်းကပဲ ထပ်ခါထပ်ခါလာနေခဲ့တယ်။"
“ညီမလေးက အရုပ်လေးကို ကျောပေါ်တင်ပြီး ပန်းတွေကြည့်ဖို့ ဥယျာဉ်ကို လျှောက်သွားတယ်။ ငိုပြီး သူ့အမေကို ခေါ်တယ်... အစ်ကို ကိုး ဒီမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့တာလား။”
ကျန်းရီ ၏လေသံသည် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေပြီး အကို ကိုး နှင့် သူ၏ဇနီးကို ထိတ်လန့်စေခဲ့သည်။
သဘာဝလွန် ထိန်းချုပ်ရေးဌာန လည်း ရှိသေးတယ်။ ဒီဌာနအကြောင်းကို သူတို့ တစ်ခါမှ မကြားဖူးပေမယ့် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တယ်လို့ ခံစားနေရတယ်။
"အစ်ကို နဲ့ အမ နားလည်အောင် ပြောရရင်
ဒီကမ္ဘာကြီးမှာ သာမာန်လူတွေ မတွေ့နိုင်တဲ့ အရာတွေ အများကြီးရှိတယ်။ အထူးသဖြင့် ညဘက်တွေမှာပေါ့။
ငါဘာကိုဆိုလိုတယ်ဆိုတာ မင်းတို့သိပါတယ်၊ မှောင်လာတာနဲ့အမျှ အဲ့ဒီ နားမလည်နိုင်တဲ့ အရာတချို့က အမြဲထွက်လာလေ့ရှိတယ်။
အဲ့အရာတွေ ထွက်လာတဲ့အခါမှာ ငါတို့ဌာနက လူတွေမှာ လုပ်စရာတွေ ရှိလာပြီလို့ ပြောချင်တာ။
ကျန်းရီ က သူ့ရင်ဘတ်ကို တည့်တည့်မတ်မတ်ထားပြီး ပြောလိုက်သည်။ ပြီးတော့ သူတို့လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။
သူတို့က သရဲနှင့် နတ်များကို ယုံကြည်တဲ့သူတွေ ဖြစ်သည်။ မယုံရင် အဲ့သီချင်းကြားတာနဲ့ ဒီလိုမျိုး တုံ့ပြန်မှာ မဟုတ်ပါဘူး။
သူတို့အဲ့လို ယုံကြည်လို့ပဲ ကျန်းရီက သူတို့ရှေ့တွင် ပေါက်ကရတွေကို ယုံကြည်မှုရှိရှိနဲ့ ပြောဆိုနိုင်ခြင်း ဖြစ်သည်။
"မင်းက တကယ် အဲ့ဌာနကလား"
ကျန်းရီက ခေါင်းညှိတ်ပြလိုက်တယ် "ကျုပ်တို့တာဝန်ယူထားတဲ့အရာတွေက သာမန်အရာတွေမဟုတ်တဲ့အတွက် လက်မှတ်ပြလို့ တော့မရဘူး။ ဒီကိစ္စပြီးခဲ့ရင် သစ်ဝယ်တဲ့သူတွေနဲ့ တိုင်ပင်ဖို့လာခဲ့မယ်။ အကို နဲ့ အမ နားလည်ပြီလား"
လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်နေကြသော်လည်း သူတို့ရဲ့ သားလေးက ကျန်းရီ ကို လေးလေးနက်နက်ကြည့်ကာ "အစ်ကိုကြီး မင်းက အရမ်းစွမ်းအားကြီးလား?"
"သာမာန်ပါပဲ၊ ဒီကမ္ဘာပေါ်မှာ တတိယလောက်ပါပဲ။"
"အင်း..ဒါဆို ပထမနဲ့ ဒုတိယက ဘယ်သူလဲ။"
"ကောင်းကင်ပေါ်က ကျောက်စိမ်းဧကရာဇ်နဲ့ ငရဲက ယမမင်း"
ကျန်းရီက ပြုံးကာ ပြောလိုက်ပြီး ကောင်လေးက သူ့ကို ပိုလို့တောင် အားကျသွားသည်။
ထိုအချိန်တွင် မှောင်စပြုလာကာ ရွာငယ်လေးတွင် အစားအသောက်နံ့များက ပြန်နှံ့နေခဲ့သည်။
အကို ကိုး က လေးလေးနက်နက် စဉ်းစားပြီး “မိန်းမရေ ညစာစားရအောင်။ ကလေးကို အခန်းထဲကို အရင်ခေါ်သွားလိုက် မစ္စတာကျန်း နဲ့ စကားခဏပြောမလို့။
ဇနီးသည်က ကလေးကို ပွေ့ချီပြီး မီးဖိုချောင်ကို သွားလိုက်တယ်။ အစားအသောက်ကို စားပွဲပေါ်တင်ပြီးနောက် ကျန်းရီ နှင့် အကို ကိုး တို့သည် ဧည့်ခန်းရှိ စားပွဲပေါ်တွင် ထိုင်နေကြသည်။
ထမင်းမစားခင် ကျန်းရီ က သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။
သို့သော် သူက တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲကို ဘာမှမပြောဘဲ ထမင်းစားတူကိုကိုင်ရင်း မေးလိုက်တယ်- "အကို ကိုး မင်းတို့ကို ခုနကဖွင့်ပြတဲ့တဲ့ သီချင်းကို ဘယ်တုန်းက ကြားခဲ့တာလဲ။
အကို ကိုး သည် သူ့အိမ်လုပ် ဆိုဂျူးကို တငုံသောက်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ “နှစ်ပေါင်းများစွာကြာခဲ့ပြီ သူတို့မိသားစုက အခုထိ မငြိမ်သက်သေးတာကို ငါ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး။”
" သူတို့မိသားစုက ဘာကိုဆိုလိုတာလဲ။"
"အရင်က တောအုပ်စောင့်ပါ။ ငါတို့ရွာကို အရင်က ကိုးဂျဝမ်လို့ ခေါ်တယ်။ ကိုးဂျဝမ် က ဒီတောင်ပေါ်တောအုပ်က တောစောင့်ရွာလေးပါ။ အခုလူအများစုကပဲ အဲ့နာမည်ကို ခေါ်ကြတော့တယ်။ ဒါပေမယ့် အရင်တောအုပ်စောင့်ရဲ့ မျိုးရိုးနာမည်က ဇို လို့ ခေါ်တယ် ။ ငါတို့ရွာက သူ့ကို အကိုဇို ဒါမှမဟုတ် လောင်ကွမ်း လို့ခေါ်ကြတယ်"
“လောင်ကွမ်းရဲ့ အဖေက ငါတို့ကျေးရွာရဲ့ အရင် သစ်တောစောင့် ဖြစ်တယ်။
နောက်တော့ သူ့အဖေ ဆုံးပါးသွားတော့ တောအုပ်က သူ့လက်ထဲ ရောက်သွားတယ်။
အဲ့ဒီတောင်က ကျွန်ုပ်တို့ရဲ့ ရွာ ပိုင်ဖြစ်တယ်၊ ဒါပေမယ့် ရွာက လူနည်းတဲ့ အတွက်။
အိမ်တိုင်းက လူတွေက သူတို့မိသားစုကို သစ်တောကိုစောက့်ကြည့်ပေးဖို့ ပိုက်ဆံပေးငှားထားတာ။
လောင်ကွမ်း ရဲ့အဖေက ပထမမျိုးဆက် သစ်တောစောင့်တပ်ဖြစ်ပြီးတော့ လောင်ကွမ်းက ဒုတိယမျိုးဆက်ဖြစ်တယ်။
ရွာက သူတို့ကို လစဉ် လစာ များများပေးထားပြီး သူက သူ့အဖေရဲ့ စုဆောင်းထားတဲ့ငွေနဲ့ မိသားစုတစ်ခု ထူထောင်ခဲ့တယ်။
လောင်ကွမ်းက မိန်းမတစ်ယောက်ယူပြီး ကလေးရခဲ့တယ်။”
“လောင်ကွမ်းရဲ့ချွေးမက သိပ်တော့ မချောဘူး၊ ပါးရိုးမြင့်ပြီး မျက်လုံးက နည်းနည်းကျဥ်းတယ်။
ဒါပေမယ့် သူက အရမ်းစိတ်ထားကောင်းတယ်၊ အရမ်းလည်း စိတ်အားထက်သန်ပြီး ငါတို့လိုပဲ တောင်တွေပေါ်ကို သွားရတာကို ကြိုက်တယ်။
လောင်ကွမ်း အတွက် သမီးနှစ်ယောက်ကိုလည်း မွေးဖွားပေးခဲတယ်၊ သမီးနှစ်ယောက်က သူတို့အဘိုးလိုပဲ ရုပ်ကချောကြတယ်။
အဲ့အချိန်က ၂၀၀၄ ကဖြစ်မယ်ထင်တယ်၊ သူ့အကြီးဆုံးသမီးက ဆယ်နှစ်၊ သမီးအငယ်က ခြောက်နှစ်ရှိပြီ။
သူတို့နှစ်ယောက်လုံးက မူလတန်းကျောင်းမှာ ကျောင်းတက်နေတဲ့ အချိန်ပဲ။
တစ်ယောက်က ပထမတန်း၊ တစ်ယောက်က ပဉ္စမတန်း။”
“ဟူး…..
ကောင်မလေးနှစ်ယောက်က အရမ်းချစ်စရာကောင်းတယ်။
အကြီးမလေးက အဝတ်လျှော်တာနဲ့ ဟင်းချက်တာတွေမှာ ကျွမ်းကျင်တယ်။ ပြီးတော့ သူ့အမေနဲ့လိုက်ပြီး တောင်ပေါ်က ဆေးဖက်ဝင်အပင်တွေ လိုက်ခူးပြီး ရောင်းလေ့ရှိတယ်။
အငယ်လေးက အလွန်လိမ္မာပြီး သန့်သန့်ရှင်းရှင်းနေရတာကို နှစ်သက်တယ်။
အခြားသူတွေရဲ့ ကလေးတွေက နေ့တိုင်း သူတို့၏မျက်နှာမှာ နှာချေးတွဲလောင်း ရှိလေ့ရှိတယ်။ ဒါပေမယ့် သူမရဲ့ ပါးပြင်လေးတွေက အမြဲတမ်း ပန်းနုရောင်သန်းပြီး နူးညံ့နေခဲ့တယ်။
အော်..ဒါနဲ့ ခဏတိုင်း ခဏတိုင်းမှာ သူမရဲ့ပါးတွေက နီရဲလေ့ရှိတယ်။
ရွာကလူတွေက သူမနဲ့ကစားရတာကို သဘောကျတယ်။“
အကို ကိုး က သူ့မွေးရပ်မြေက မိန်းကလေးနှစ်ယောက်အကြောင်းပြောတဲ့အခါ သူ့မျက်နှာမှာ အပြုံးမပျက်ဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ ရှိနေခဲ့တယ်။ ပြီးတော့ မိန်းကလေးနှစ်ယောက်ရဲ့ ပုံရိပ်တွေက ကျန်းရီ ရဲ့စိတ်ထဲမှာ ပေါ်လာခဲ့တယ်။
တစ်ယောက်က လုံ့လဝီရိယရှိပြီး လိမ္မာတယ် နောက်တစ်ယောက်ကတော့ အတတနဲ့ ချစ်စရာကောင်းတယ်။
ယနေ့လို ခေတ်ကြီးထဲတွင်၊ ဖခင်တစ်ဦးသည် ယခုလို ချစ်စရာကောင်းပြီး လိမ္မာသော သမီးနှစ်ယောက်ရှိခဲ့ရင် ဝမ်းသာလုံးစို့ပြီး မျက်ရည်ဝဲနေမည် ဖြစ်သည်။
အကိုး ကိုး က သူစကားပြောနေရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ "ဒါပေမယ့် အဲ့ဒီခွေးသားက မြို့ကနေ မူးလာပြီးတော့ ဘယ်လောက်ထိ ရူးမူးနေမှန်း မသိဘူး ဒီလောက်ကောင်းတဲ့ မိန်းမ ယူထားပြီးတော့ တန်ဖိုးထားရကောင်းမှန်း မသိဘူး။ အဲ့နေမှာပဲ သူတို့ကို ခုတ်ဖြတ်သတ်ပစ်လိုက်တယ်။”
"အဲဒီနေ့က မိုးတွေ သည်းထန်စွာရွာခဲ့တယ်၊ လောင်ကွမ်းရဲ့ အဖေမွေးထားတဲ့ ခွေးအိုကြီးက သူ့မိန်းမရဲ့ လက်ကို တောင်အောက်ကို ချီလာခဲ့တယ်။ အဲဒီအခါမှပဲ အဲ့ ခွေးသတောင်းစားက ဒီလောက်ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တာကို ငါတို့သိလိုက်ရတာ !"
“အဲဒီတုန်းက ရွာကလူတွေ အကုန်လုံးက ထီးတွေနဲ့ တောင်ပေါ်တက်ခဲ့ကြတယ်။
အိမ်တံခါးကို ဖွင့်ကြည့်လိုက်တော့ မြေပြင်ပေါ်မှာ သွေးတွေကြီးပဲ။
သားအမိသုံးယောက်ရဲ့ ခြေလက်တွေက မြေပြင်မှာ ပြန့်ကျဲနေခဲ့တယ်။
သူကိုယ်တိုင်ကတော့ တံခါးဝမှာ တွဲလောင်းကြီး။
အနီရောင် အထည်ကို ကြိုးလုပ်ပြီး ကိုယ့်ကိုကိုယ် ဆွဲ ကြီုးချပြီး သေနေတယ်………………!”