← Chapters

ရှန့်ထိုအဆင့်လေးခု

Vol. 011 Ch. 1050

ရှန့်ထိုအဆင့်လေးခု

Vol. 011 Ch. 1050

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၂၁ခုနှစ်အား ရှန့်ထိုအဆင့်မှ အတော်ဆုံး လူနှစ်ယောက်၏ တိုက်ပွဲဖြင့် ဖွင့်လှစ်ခဲ့၏။ ထို့နောက် ဝမ်ချွန်းသည် ရှန့်ထို ဖြစ်လာခဲ့၏။ ရီဖူရှင်း၏ ရှုံးနိမ့်ခြင်းသည် အင်ပါယာရှားဘုံ တစ်ခုလုံးအား လှုပ်ခတ် သွားခဲ့သည်။

သို့သော် ထိုအကြောင်းကို လီဟန်ဓား နန်းတော်ကလည်း ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ကြ‌ပေ။ သို့သော် လီဟန်ဓား နန်းတော်မှ ကောလာဟလများ ပျံ့နှံ့လာခဲ့သည်မှာ ဝမ်ချွန်းက ရီဖူရှင်းအား ချီးကျူးခဲ့၏။ ဤတွင် အင်ပါယာရှားဘုံမှ လူများမှာ ဇဝေဇဝါ ဖြစ်လာရသည်။ အမှန်တကယ် အနိုင်ရခဲ့သူမှာ မည်သူဖြစ်သနည်း။ သို့မဟုတ်လျှင် သရေကျခဲ့သည်လား။

နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် လေးစားမှု ရှိသည်ကို သူတို့၏ အပြုအမူများမှ တွေ့နိုင်သည်။ ဝမ်ချွန်းသည် တိုက်ပွဲအပြီးတွင် ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့၏။ တစ်ဖက်တွင် ရီဖူရှင်းသည် တိုက်ပွဲတွင် အနိုင်ရခဲ့ပါက သူ၏စိတ်နေ သဘောထားဖြင့် ဆိုလျှင် ဤအတိုင်းတော့ ငြိမ်နေမည် မဟုတ်ပေ။ သို့သော်လည်း တိုက်ပွဲအပြီးတွင် သူသည် ကော့တေး၌သာ ငြိမ်သက်စွာ လေ့ကျင့် နေခဲ့သည်။

မင်းသမီး ရှားရှင်းယွန်ကလည်း တိုက်ပွဲနှင့် ပတ်သက်၍ တစ်စွန်းတစ်စမျှ ပြောကြားခဲ့ခြင်း မရှိရာ လူအများအား တိုက်ပွဲရလဒ်ကို ပိုမိုစိတ်ဝင်စား စေခဲ့သည်။ လီဟန်ဓား နန်းတော်၏ ၃၃လွှာ၌ အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။

နေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီး ထိုတိုက်ပွဲနှင့် ပတ်သက်၍ လူအများ၏ စိတ်ဝင်စားမှုမှာလည်း လျော့ကျ သွားခဲ့သည်။ အင်ပါယာရှားဘုံတွင် နေ့စဉ်နေ့တိုင်း ကိစ္စကြီးငယ်များ ဖြစ်ပျက်နေခဲ့ကာ ပုံမှန်အားဖြင့် လူအများ၏ စိတ်ဝင်စားမှုမှာ တစ်ခုတည်း၌ ရှိမနေနိုင်ပေ။ အထူးသဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မင်းသမီး ရှားရှင်းယွန်က အောက်ဘုံမှ ရှန့်ထိုများနှင့် ကောင်းကင် ရွေးချယ်ခံများအား အင်ပါယာရှား နန်းတော်သို့ ဆင့်ခေါ်ခဲ့ရာ ထိုသတင်းများ ပျံ့နှံ့လာသောအခါ လူအများက ဆယ်နှစ်တာ ကာလ အချိန်သည် ကုန်ဆုံးခဲ့ပြီ ဖြစ်သည်ကို နားလည်ကြသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် ကော့တေး၌ လေ့ကျင့်နေခဲ့၏။ လီဟန်ဓားနန်းတော် တိုက်ပွဲ၌ သူ၏စိတ်မှာ ပိုမို ရင့်သန်မာလာခဲ့သည်။

သူ၏ နောက်ထပ် ရည်မှန်းချက်မှာ ရှန့်ထိုအဆင့် ဖြစ်ပေသည်။

ကော့တေး၌ ရာရာနှင့် မှန်နန်းတော် သခင်မတို့ သည်လည်း ကျင့်ကြံကြ၏။ ရာရာ၏ စိတ်နှလုံးမှာ လုံလောက်သော အခြေအနေ တစ်ခုအထိ ရင့်သန်ပြီဖြစ်ရာ သူမက ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်ရန် လိုသည်။ သူမ၏ အဆင့်တက်နှုန်း မှာလည်း အလွန်မြန်၏။

ရီဖူရှင်းက ရာရာ၏ဘေးတွင် ထိုင်ကာ တီးတိုးမေးသည် … ”ရာရာ … ရှန့်ထိုအဆင့်ကို ဘယ်လို ခွဲခြားထားလဲ …”

ရှေ့သို့ ကြည့်လျက်ပင် ရာရာက ပြန်ပြောသည် …”တချို့က ရှန့်ထိုအဆင့်ကို အတန်းအစားသုံးခု ခွဲထားတယ်။ အချို့က လေးခုလို့ ပြောကြတယ်။ စတုတ္ထအဆင့်သို့ လူအနည်းငယ်ပဲ ရောက်ကြတယ်။ တကယ်လို့ နင်က ရန်ဟောင်အဆင့်သို့ တက်ဖို့ဆိုရင် စတုတ္ထ အဆင့်သို့ အရင်ဆုံး ရောက်ဖို့လိုတယ်”

”ရှန့်ထို ပထမအဆင့်က တော်ဝင် လမ်းစဉ်ကို စတင် တက်လှမ်းခြင်းပဲ။ နင့်ရဲ့ စိတ်နှလုံးက ခိုင်မာ ရင့်သန်ပြီး‌တော့ နတ်ဘုရား ပြစ်ဒဏ်ကို ဖြတ်ကျော်နိုင်ဖို့ လိုတယ်။ ပြည်နယ်ကိုးခုရဲ့ ရှန့်ထိုအများစုက အဲဒီအဆင့်မှာ ရှိကြတယ်။ ရှန့်ထိုဒုတိယအဆင့်က မိမိကိုယ်ကိုယ် သိနားလည်ခြင်းပဲ။ နင့်ရဲ့ စိတ်နှလုံးက ပိုမို ခိုင်မာပြီးတော့ သန့်စင်တယ်။ သူမက အဲဒီအဆင့်မှာပဲ။ ဒါပေမဲ့ အခု သူမက နည်းနည်း တွေဝေနေတယ်။ သူမက အဲဒီအဆင့်မှာ သူမကိုသူမ နားလည်ဖို့ ကြိုးစားနေရတုန်းပဲ” ရာရာက မှန်နန်းတော် သခင်မကို ကြည့်ကာ ပြောသည်။ အတိတ်တွင် သူမ တစ်ခုတည်းသော အလိုဆန္ဒမှာ ကျောက်ပြည်ထောင် ဘုရင်အား သတ်ဖြတ်ရန် ဖြစ်သည်။ ထိုစဉ်က သူမ၏ စိတ်နှလုံးမှာ အလွန်ခိုင်မာခဲ့သည်။ သို့သော် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ် သေဆုံးသွားပြီး နောက်ပိုင်း သူမသည်လည်း စိတ်ပိုင်းဆိုင်ရာအားဖြင့် အနာတရ ဖြစ်ခဲ့ကာ သူမ၏ တန်ခိုးအဆင့်မှာ မတည်မငြိမ် ဖြစ်ခဲ့ရသည်။ သူမ၏ ဓားပညာသည် ပိုမိုထက်မြက် လာခဲ့သော်လည်း တန်ခိုးအဆင့်မှာမူ တက်လှမ်းနိုင်ခဲ့ခြင်း မရှိပေ။

”သူမက ရှန့်ထိုအဆင့်ရဲ့  တတိယအဆင့်သို့ တက်လှမ်းဖို့ စိတ်နှလုံး ပြောင်းလဲမှုကို လိုအပ်တယ်။ အဲဒီအဆင့်က ပြီးပြည့်စုံခြင်းလို့ ခေါ်သလို အပြစ် ကင်းစင်ခြင်းလို့ ခေါ်တယ်။ ပြည်နယ်ကိုးခုမှာ ဘယ်သူမှ အဲဒီအဆင့်သို့ မရောက်ကြဘူး။ ရှန့်ထိုရှားနဲ့ ရှန့်ထိုလီတို့က အနီးဆုံး ဖြစ်ပေမဲ့ ရောက်ဖို့ ခက်ခဲနေတုန်းပဲ” ရာရာက ဆက်ပြောသည် … ”ပြီးပြည့်စုံခြင်း အဆင့်ကို ကျော်ဖြတ်ပြီးနောက် စတုတ္ထအဆင့်ကို ပြန်လည် မွေးဖွားခြင်းအဆင့် သို့မဟုတ် လွတ်မြောက်ခြင်း အဆင့်လို့ ခေါ်ကြတယ်”

”မင်းက ဘယ်အဆင့်သို့ ရောက်ခဲ့ဖူးတာလဲ …” ရီဖူရှင်းက မေးသည်။

”ငါက ပြန်လည် မွေးဖွားခြင်း အဆင့်သို့ ရောက်ခဲ့ဖူးတယ် …” ရာရာက ပြောသည်။ ရီဖူရှင်းက သူမအား ကြည့်ကာ လက်ကို ဆန့်တန်းလျက် သူမ၏ခေါင်းက ပုတ်သည်။ ပြန်လည် မွေးဖွားခြင်း အဆင့်မှ ညီမတစ်ယောက်အား ပိုင်ဆိုင်ရခြင်းက အနာဂတ်တွင် ပို၍ အားကိုး ရနိုင်ပေသည်။

ရာရာ၏ မျက်နှာက နက်မှောင် သွားသည်။ သို့သော်လည်း သူမက ရီဖူရှင်း၏ အမူအရာများနှင့် အသားကျနေပြီ ဖြစ်ကာ ယခင်လို ငြင်းဆန်ခြင်း မပြုတော့ပေ။

”လီဟန်ဓားသမားကရော …” သူက လက်ကို ပြန်ရုပ်သိမ်းကာ ပြောသည်။ လက်ရှိတွင် လီဟန်ဓားသမားသည် အင်ပါယာရှားဘုံ၌ အတော်ဆုံး ဓားသမား ဖြစ်သည်။

”သူက ပြန်လည် မွေးဖွားခြင်း အဆင့်သို့ ရောက်ခဲ့တာ နှစ်တော်တော် ကြာခဲ့ပြီ” ရာရာက ဖြေသည်။

ရီဖူရှင်းက အံ့အားသင့်ခြင်း မရှိပေ။ လီဟန်ဓားသမား အနေဖြင့် ပြန်လည် မွေးဖွားခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်မှာ ထူးဆန်းသော ကိစ္စမဟုတ်ပေ။

”အင်ပါယာရှားဘုံထဲမှာ ပြန်လည် မွေးဖွားခြင်းအဆင့် ဘယ်နှယောက် ရှိသလဲ” ရီဖူရှင်းက စိတ်ဝင်တစား မေးသည်။

”အင်ပါယာရှားဘုံနဲ့ ပတ်သက်ပြီး ငါ သိပ်မသိဘူး။ ဒါပေမဲ့ အပြစ်ကင်းစင်ခြင်း အဆင့် နည်းနည်းပဲ ရှိလိမ့်မယ်။ ပြန်လည် မွေးဖွားခြင်း အဆင့်သို့ ရောက်တဲ့သူ လူဆယ်ယောက်ထက် မရှိလောက်ဘူး” ရာရာက ပြန်ဖြေသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ ရာရာ၏ ခန့်မှန်းမှုကို သူ ယုံကြည်သည်။ ရှန့်ထိုအဆင့်၏ တတိယမြောက် အဆင့်မှာပင် အလွန်နည်းပါးရာ စတုတ္ထမြောက် အဆင့်မှာ ပြောနေစရာပင် မလိုတော့ပေ။

ထိုအခိုက်တွင် နောက်မှ ခြေသံအချို့ ကြားရလျှင် ရီဖူရှင်းက လှည့်ကြည့်သည်။ ကျေးရွာ ခေါင်းဆောင်က သူ့အနီးသို့ ရောက်လာကာ ပြောသည် … “အင်ပါယာရှား နန်းတော်က လူတစ်ယောက် ရောက်လာပြီးတော့ မင်းကို နန်းတော်သို့ လာရောက်ဖို့ ပြောတယ်”

“ရှားရှင်းယွန် …” ရီဖူရှင်းက သိပ်နားမလည်ပေ။ ရှားရှင်းယွန်က သူ့အား အဘယ်ကြောင့် တွေ့လို့ရသနည်း။ ဤရက်ပိုင်းအတွင်း သူသည် ငြိမ်သက် တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့ရာ ပြင်ပမှ ကိစ္စရပ်များအား သိပ်မသိပေ။

“တော်ဝင်ကျဲနန်း‌တော်က ရှန့်ထိုတွေလည်း ရောက်နေကြတယ်” ကျေးရွာ ခေါင်းဆောင်က ပြောသည်။

ရီဖူရှင်း၏ မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာခဲ့သည် … “ဘာဖြစ်ခဲ့တာလဲ …”

“မင်းသမီးက မင်းကိုဆင့်ခေါ်တာ အဲဒီကိစ္စနဲ့ ပတ်သက်လိမ့်မယ်” ကျေးရွာ ခေါင်းဆောင်က ပြောသည်။

“ကောင်းပြီ …” ရီဖူရှင်းက ခေါင်းညိတ်သည်။

ထို့နောက် ရီဖူရှင်းနှင့် ကျေးရွာ ခေါင်းဆောင်တို့က အင်ပါယာရှား နန်းတော်တို့ ထွက်ခွာ သွားခဲ့ကြ၏။

***

အင်ပါယာရှား နန်းတော်၏ ခန်းမတစ်ခု အတွင်း၌ စွမ်းအားမြင့် တန်ခိုးရှင်များ စုစည်း နေကြသည်။ ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်နှင့်အတူ ထိုနေရာသို့ ရောက်သွားသောအခါ ရင်းနှီးသောသူ အများအပြားကို တွေ့ရသည်။ ထောင်ကျန်း၊ ယူစီ၊ ကျူးကော့ချန်းဖန်၊ စုရှမ်း၊ ယန်ဟောင်နှင့် ယွန်ရှင်းတို့က သူ့ရှေ့သို့ လှမ်းလာကာ နှုတ်ဆက်ကြသည်။ ရှန့်ထိုကျန့် တစ်ဦးတည်းသာ ရောက်မလာခဲ့ပေ။

“ရှန့်ထိုကျန့် ရောက်မလာဘူးလား …” ရီဖူရှင်းက မေးသည်။

“ရှန့်ထိုကျန့်က သူ့ဆေး စမ်းသပ်မှုကိုပဲ ဂရုစိုက်တယ်။ မင်းက အဲဒါကို မသိသေးဘူးလား” ထောင်ကျန်းက ပြုံးလျက် ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ရှန့်ထိုကျန့်၏ ဆန္ဒများအား နားလည်ပေသည်။

“ဖူရှင်း …” အသံတစ်သံအား ကြားရ၏။ ရီဖူရှင်းက လှမ်းကြည့်လျှင် လူသုံးယောက် လှမ်းလာသည်ကို မြင်ရ၏။ သူက ဦးညွှတ်ကာ နှုတ်ဆက်သည် … “စီနီယာတွေကို နှုတ်ဆက်ပါတယ်”

သူ့ထံသို့ လှမ်းလာသူသုံး ယောက်မှာ ရှန့်ထိုရှား၊ ရှန့်ထိုလီနှင့် လစန္ဒာရှန့်ထိုတို့ ဖြစ်ကြသည်။

“မင်းက အထက်ဘုံမှာ နာမည်ကျော်ကြား လာတယ် ဆိုတာကို ငါသိတယ်” ရှန့်ထိုရှားက ပြုံးလျက် ပြောသည် … “ဒါပေမဲ့ အခု မင်းက မင်းသမီးကို အရင်လိုပုံစံမျိုးနဲ့ မဆက်ဆံသင့်တော့ဘူး” ရှန့်ထိုရှားက ရီဖူရှင်းအတွက် စိုးရိမ်ခြင်း ဖြစ်သည်။

“မစိုးရိမ်ပါနဲ့ … မင်းသမီးက အပေါက်ဆိုးပေမဲ့ လူကောင်း တစ်ယောက်ပါ” ရီဖူရှင်းက တီးတိုးပြောသည်။

“မင်း …” ရှန့်ထိုရှားက ရီဖူရှင်းအား လက်ညှိုးဖြင့် ထိုးကာ ဘာပြောရမည်မှန်း မသိတော့ပေ။ ဒီအကောင်ကား မင်းသမီးကို အပေါက်ဆိုးသည်ဟု ပြောရဲသည်။ ဒါက …

ရှန့်ထိုရှား၏ ဖြစ်ပျက်နေပုံကို ကြည့်ကာ ရီဖူရှင်းက ပြုံးသည်။

“သိပ်မကြာသေးခင်က မင်းဟာ လီဟန်ဓား နန်းတော်သို့ သွားခဲ့တာ ငါသိတယ်။ တတ်နိုင်သလောက် မင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်သင့်တယ်” ရှန့်ထိုရှားက ခေါင်းယမ်းကာ ပြောသည်။

“အထက်ဘုံမှာ ဖြစ်ခဲ့တာတွေက စီနီယာ သိတာပေါ့” ရီဖူရှင်းက မေးသည်။

“အထက်ဘုံမှာ မင်း လုပ်ခဲ့တာတွေကို ငါသိတယ်။ ပြည်နယ်ကိုးခုမှာ မင်းလိုလူ တစ်ယောက် ပေါ်လာဖို့ဆိုတာ မလွယ်ဘူး။ ငါတို့ အဘိုးကြီးတွေကို စိတ်မပျက်စေနဲ့” ရှန့်ထိုရှားက ပြောသည်။

ပြည်နယ်ကိုးခုမှ ရှန့်ထိုများနှင့် ပတ်သက်၍ ရာရာ၏ အကဲဖြတ်မှုကို ပြန်တွေးကာ ရီဖူရှင်းက ရှန့်ထိုရှား ဘာကို ဆိုလိုသည်ကို နားလည်၏။ ယခု ပြည်နယ်ကိုးခုတွင် အပြစ်ကင်းစင်ခြင်း အဆင့်၌ မည်သူ တစ်ဦးတစ်ယောက်မှ ရှိမနေပေ။ ထို့ကြောင့် ရှန့်ထိုရှားက မိမိအပေါ် မျှော်လင့်ချက်ကြီးစွာ ထားဟန်ရသည်။

ရီဖူရှင်းက လေးနက်စွာ ခေါင်းညိတ်သည်။

တခြားသော ထိပ်သီး အင်အားစုများလည်း ရောက်ရှိ လာခဲ့ကြသည်။ ရှောင်ကလန်မှ ရှောင်ရှမ်း၊ တိမ်တိုက်တောင်ကြားမှ ကုန်းစွန်းကျောင်းတို့လည်း ထိုနေရာတွင်ရှိကာ ရီဖူရှင်းအား လှမ်းကြည့်နေကြသည်။ ရှန့်ထိုများက ရီဖူရှင်းအနီးတွင် ဝန်းရံနေကြသည်ကို ကြည့်ကာ သူတို့က အနည်းငယ် အံ့အားသင့်ကြသည်။ ရီဖူရှင်းသည် အောက်ဘုံ၌ အမှန်တကယ် အရေးပါသူ ဖြစ်ရပေမည်။

သို့သော်လည်း သူတို့က သိပ်တော့ အလေးမထားပေ။ ရီဖူရှင်းကဲ့သို့သောသူမှာ ပြည်နယ်ကိုးခု၌ သိပ်မရှိရာ ထိုရှန့်ထိုများက ရီဖူရှင်းအပေါ် အလေးအနက် ထားသည်မှာ သိပ်တော့ ထူးဆန်းသည် မဟုတ်ပေ။

***

All Chapters