#ပြန်ရောက်လာခြင်း#
Vol. 32 Ch. 449
အမှန်ပြောရမည်ဆိုပါက အဓိကအင်အားစုခုနှစ်စုအနက် ကောင်းကင်ကြေးမုံတောင်ထိပ်က အဖိုးအို၏တည်နေရာကို ရှာဖွေရန်ဟူသည် အမှန်ပင်ခက်ခဲသည်။
တခြားအဓိကအင်အားစုခြောက်စုကမူ စံအိမ်များထဲတွင် နေထိုင်ကြသည်။
ကောင်းကင်ကြေးမုံတောင်ထိပ်က ဒီအဖိုးအိုတစ်ဦးတည်းကသာ နက်ရှိုင်းသည့်တောင်ထဲရှိ သစ်တောတွင်နေထိုင်ပြီး တယောက်တည်းဓားသိုင်းလေ့ကျင့်သည်။
ယဲ့ချိုးပိုင် တောင်ပေါ်စမ်းချောင်းတခုသို့ ရောက်လာသောအခါ တောင်စမ်းချောင်းအပေါ်တွင် အဖိုးအိုတစ်ဦးက တင်ပလ္လင်ခွေထိုင်ပြီး မျက်လုံးအစုံမှိတ်ထားကာ သူ့ဓားရှည်ကမူ ဒူး၌ရှိသည်။
အန္တိမနယ်ပယ်ကိုကျော်လွန်နေသည့် ဓားဆန္ဒအမျှင်စများက အဖိုးအို၏ကိုယ်တဝိုက်မှာ တဝဲဝဲလည်နေကြ၏။
သူကဘာမှထူးခြားပုံမရပေ။
အဖိုးပို၏ကိုယ်တဝိုက်၌ လေမဲ့ခါးပတ်တခုရှိနေသည်ဟုသာထင်ရသည်။
သစ်ရွက်များကရံဖန်ရံခါကျဆင်းနေကြသည်။ သို့စေကာမူ ဒီစက်ကွင်းထဲ ၀င်လိုက်သည်နှင့်တပြိုင်နက် မမြင်ရသည့်ဓားဆန္ဒကြောင့် မရေမတွက်နိုင်လောက်သည့် အပိုင်းပိုင်းအစစများအဖြစ် ဖြတ်တောက်ခံရပေလိမ့်မည်။
ယဲ့ချိုးပိုင်လက်နှစ်ဖက်ဆုပ်လိုက်သည်။
"ဂျူနီယာယဲ့ချိုးပိုင်က စီနီယာကို အရိုအသေပေးပါတယ်"
ကောင်းကင်ကြေးမုံတောင်ထိပ်က အဖိုးအိုကမျက်လုံးမဖွင့်ဘဲပြောသည်။
"မင်းက အင်အားစုတွေရဲ့ကြယ်မြေပုံကို မဆွဲဘဲ ဒီကိုဘာလို့ရောက်နေရတာလဲ"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ကျွန်တော်စီနီယာနဲ့စကားပြောဖို့အတွက် လာခဲ့တာပါ"
"တခြားအင်အားစုတွေရဲ့အစီအစဉ်တွေကို နှောက်ယှက်ဖို့အတွက် မင်းကိုကူညီစေချင်တာလား"
"အတိအကျပါပဲ"
ယဲ့ချိုးပိုင်ကအံ့ဩသင့်ခြင်းမရှိပါ။
တဖက်လူက သူ့ရည်ရွယ်ချက်များကို ခန့်မှန်းထားပြီးဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အဖိုးအိုက နှစ်များစွာနေထိုင်ခဲ့ပြီးဖြစ်သလို ကောင်းကင်ကြေးမုံတောင်ထိပ်တွင် အဆင့်မြင့်ပုံရိပ်တခုလည်းရှိသည်။ ဘယ်လိုအရာမျိုးကို သူမမြင်ဘဲနေမည်နည်း။
ချူကွေဒေါင်နှာခေါင်းရှုံ့သည်။
"ကောင်းကင်ကြေးမုံတောင်ထိပ်က အကျိုးအမြတ်အများကြီးရခဲ့တယ်၊ ငါကဘာလို့ မင်းကိုကူညီရမှာလဲ"
ယဲ့ချိုးပိုင်ပြောသည်။
"စီနီယာ ကျွန်တော့်ကိုသိမှာပါ"
ဤသည်ကိုကြားသောအခါ ချူကွေဒေါင် မျက်လုံးအစုံဖွင့်လိုက်စဉ် ဓားဆန္ဒအမျှင်တန်းများက လျှပ်စီးသဖွယ့်ပစ်၀င်လာပြီး ယဲ့ချိုးပိုင်အား လုံး၀ထိုးဖောက်ပစ်ချင်သည့်အလား တိုက်ရိုက်ကြည့်နေသည်။
"မင်းဘာလို့ဒီလိုထင်ရတာလဲ"
ယဲ့ချိုးပိုင်ရှင်းပြသည်။
"ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုသံအပိုင်းအစပေးခဲ့တဲ့လူအိုကြီးက တကြိမ်ပြီးတကြိမ်ကယ်တင်ခဲ့လို့လေ"
"ရည်ရွယ်ချက်က ငါမင်းကိုမသေစေချင်ဘူးဆိုတာမျိုးပေါ့၊ တချိန်တည်းမှာပဲ ကျွန်တော့်ကိုတွေ့ချင်နေတဲ့ အားကောင်းတဲ့ စီနီယာတယောက်ရှိတယ်"
"ဒါက ကျွန်တော့်မှာအရည်အသွေးတခုခုရှိလို့လား၊ ဒါမှမဟုတ် ပါရမီကောင်းတခု ရှိနေလို့လား"
"ဒါပေမယ့်ဒါကအရေးမကြီးပါဘူး၊ အရေးကြီးတာက အဓိကအင်အားစုခုနှစ်စုရောက်လာတဲ့အခါ လူအိုကြီးက စိတ်ငြိမ်းချမ်းစွာနဲ့ ထွက်သွားခဲ့တာပဲ"
"ဆိုလိုတာက သူက အဓိကအင်အားစုခုနှစ်စုထဲက တခုကပေါ့"
"ပြီးတော့ ကျွန်တော်ကဓားသမားဖြစ်တယ်၊ ဒီတော့ အဓိငအင်အားစုခုနှစ်စုမှာ စီနီယာရှိတဲ့ ကောင်းကင်ကြေးမုံဂိုဏ်းမှာပဲ ဓားသိုင်းပညာရှင်တွေရှိတယ်၊ ဒါကြောင့် ကျွန်တော် ဒီရလဒ်ကိုရခဲ့တာပါ"
ချူကွေဒေါင်မျက်မှောင်ကြုတ်သည်။
"ဒါလေးတွေကိုအားကိုးရုံမျှနဲ့ မင်းက ငါ့ရဲ့ ကိုယ်ပိုင်လက္ခဏာကို အတည်ပြုနိုင်တာလား"
ယဲ့ချိုးပိုင်ပခုံးတွန့်ကာ မျက်ခုံးပင့်လိုက်မိသည်။
"ကျွန်တော်လည်းမသေချာပါဘူး၊ ဒါပေမယ့် စီနီယာအခုပြောလိုက်တာက ကျွန်တော့်ကိုသေချာသွားစေတယ်"
ချူကွေဒေါင်အံ့ဩသင့်စွာပြောသည်။
"မင်းမှားခန့်မှန်းမိတာဖြစ်ပြီး ဒီကိုလာတာ ငါရက်ရက်စက်စက်သတ်ပစ်မှာကို မကြောက်ဘူးလား"
ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင်လွတ်လပ်စွာပြောသည်။
"ဘ၀ဆိုတာ လောင်းကြေးတွေနဲ့ပြည့်နှက်နေတယ်၊ တကယ်လို့လောင်းကြေးမှန်ရင် အနိုင်ရလိမ့်မယ်၊ လောင်းကြေးမှားရင်တော့ အစကနေပြန်စရလိမ့်မယ်"
ဤသည်အပြင်ယဲ့ချိုးပိုင် ဒီနေရာတွင် သူသေရလိမ့်မည်ဟု တွေးပင်မတွေးခဲ့ပါ။
ဒါကိုမလုပ်သေးခင် ဒီအချက်ကို သူသေချာအောင်လုပ်ခဲ့သေးသည်။
ထိုစကားကိုကြားသောအခါ ချူကွေဒေါင် မျက်လုံးများထဲတွင် သဘောကျလေးစားမှုကိုပြသလာသည်။
"မင်းမှာဉာဏ်ရည်ကောင်းနဲ့ သတ္တိကောင်းတွေရှိတာပဲ၊ အဲဒီလူက မင်းကိုသဘောကျသွားတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"
ယဲ့ချိုးပိုင်အနည်းငယ်လန့်သွားသည်။
အဲဒီလူလား!
ယဲ့ချိုးပိုင်၏အတွေးများကို မြင်နေသည့်အလား ချူကွေဒေါင်ခပ်ယဲ့ယဲ့ပြုံးသည်။
"မင်းကိုတွေ့ချင်နေတာက ငါမဟုတ်ဘူး"
ဒါဆိုအဲဒီလူရဲ့ပုံရိပ်က ငါ့ရှေ့က လူအိုကြီးထက်တောင်အားကောင်းတာလား!
ယဲ့ချိုးပိုင်နောက်ထပ်မေးခွန်းတွေမမေးတော့ပါ။
"စီနီယာ၊ ကျွန်တော့်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပူးပေါင်းပေးလို့ရမလား"
"ငါဘာလို့မင်းကိုကူညီရမှာလဲ၊ ငါတို့ကောင်းကင်ကြေးမုံတောင်ထိပ်က ကိတ်မုန့်အပိုင်းကြီးတပိုင်းကိုရပြီးပြီလေ၊ ဘာလို့ ဒုက္ခခံပြီး ပြဿာနာဖြစ်နေရဦးမှာလဲ"
"စီနီယာနောက်ထပ်အကျိုးအမြတ်တွေလိုချင်လား"
"ဥပမာပြောရရင်....." ယဲ့ချိုးပိုင် ခပ်ပေါ့ပေါ့ပြုံးသည်။
"ဒီအင်အားစုတချို့ကိုကန်ထုတ်ပြီး အကျိုးအမြတ်တွေကို ချုပ်ကိုင်တာမျိုးပေါ့"
ဤသည်ကိုကြားသောအခါ ချူကွေဒေါင်ထရပ်ကာ ခေါင်းညိတ်သည်။
"ငါမင်းကိုကူညီနိုင်တယ်၊ ဒါပေမယ့်ငါမင်းကို မကူညီနိုင်ဘူး"
"ဒီအစီအစဉ်ကျရှုံးသွားတာနဲ့ မင်းက ဒီကမ္ဘာကြီးကိုဖျက်ဆီးပစ်နိုင်တဲ့ အဓိကအင်အားစုခုနှစ်စုကို တိုက်ရိုက်ရင်ဆိုင်ရမှာ၊ ဒါကိုရောမင်းရှင်းရှင်းလင်း တွေးထားပြီးပြီလား"
ယဲ့ချိုးပိုင်တုံ့ဆိုင်းမနေဘဲခေါင်းညိတ်သည်။
တကယ်တမ်းတွင် ဒီရက်များအတွင်း ပိုကောင်းသည့်နည်းလမ်းမရှိတော့ပါ။
ဘာတခုမှမလုပ်ဘဲ ကျွန်လိုဆက်ဆံခံရပြီး သေခြင်းတရားထက် ပိုဆိုးသည့်ဘ၀တွင် နေရခြင်းထက် အနည်းငယ်အားထုတ်ပါက အနည်းဆုံးတော့ အောင်မြင်ရန် ဖြစ်နိုင်ချေရှိသည်။
ကျရှုံးလျှင်ပင် ဒါကစစ်ပွဲကြီးတခုကို အစပျိုးခြင်းသာဖြစ်သည်။
ချူကွေဒေါင်သတိပေးသည်။
"ဒါပေမယ့် မင်းကအရာအားလုံးကို ရိုးရှင်းစွာတွေးထားတာပဲ၊ ဒီအင်အားစုခှနှစ်စုက တခုမှရိုးရှင်းတဲ့စိတ်ထားဆိုတာမရှိဘူး၊ မင်းရဲ့အစီအစဉ်က ကျရှုံးနိုင်ချေများတယ်"
ယဲ့ချိုးပိုင် လက်အစုံကိုဆန့်တန့်လိုက်သည်။
"ကျရှုံးရင် အရှုံးပေးရမှာပဲလေ၊ ဒီလိုခွန်အားအရာမှာ ကြီးမားတဲ့ကွာဟချက်နဲ့ဆိုရင် တချက်ကြိုးစားရုံပဲ တတ်နိုင်တယ်လေ"
ထိုစကားပြောပြီးနောက် ယဲ့ချိုးပိုင် ချူကွေဒေါင်အား လက်နှစ်ဖက်ဆုပ်ကာ ထပ်မံအရိုအသေပေးပြီး တိုက်ရိုက်ပင် ထွက်သွားလေတော့သည်။
.....
ထိုအချိန်တွင် နယ်နိမိတ်မဲ့နယ်မြေ၌ ယဲ့ချိုးပိုင်ပြန်လာစဉ် မုဇီရှင်းရောက်လာပြီး စိတ်ပူပန်စွာမေးသည်။
"နင်အဆင်ပြေခဲ့လား"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
ကျန်းဝူဖန်းကလည်းဘေးကနေစနောက်သည်။
"ခေါင်းဆောင်မု၊ ခင်ဗျားရဲ့ကလေးမလေးကိုကြည့်ပါဦး၊ အစီအစဉ်က အောင်မြင်လားဆိုတာကို အရင်မမေးဘဲ ယဲ့ချိုးပိုင် အဆင်ပြေခဲ့လားဆိုတာကို အရင်မေးတယ်"
မုလီပိုင်အေးစက်စွာနှာခေါင်းရှုံ့လိုက်သော်လည်း မည်သည့်စကားမှမဆိုပေ။
မုဇီရှင်းရှက်သွေးဖြာသွားပြီး ယဲ့ချိုးပိုင်လက်ကိုလွှတ်ကာ ဘေးသို့ရှောင်သွားသည်။
အမြင့်တနေရာတွင်ထိုင်နေသည့် မုကျန်းထင်က အပြုံးဖြင့်ပြောသည်။
"မေးစရာမလိုတော့ဘူးလေ၊ ချိုးပိုင် ဘေးကင်းကင်းနဲ့ပြန်လာနိုင်တယ်ဆိုမှတော့ တခြားတဖက်က အယုံသွင်းခံလိုက်ရပြီဆိုတာကို ဆိုလိုနေတာပဲလေ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဝူရှုမြို့နဲ့ ကောင်းကင်ကြေးမုံတောင်ထိပ်ကို ယာယီစည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်"
သူတို့ကဝူရှုမြို့ဟူသောနာမည်ကို ကြားရသောအခါ အံ့ဩသင့်ခြင်းမရှိကြပါ။
မည်သို့ပင်ဆိုစေကာမူ ဝူရှုမြို့က မူလကတည်းက အဓိကအင်အားစုခုနှစ်စုတွင် အားအနည်းဆုံးဖြစ်သည်။
အကျိုးအမြတ်များက သေချာပေါက်နည်းပါးမည်ဖြစ်ကာ ယဲ့ချိုးပိုင် သူ့ကို စည်းရုံးသိမ်းသွင်းနိုင်တာက အံ့ဩသင့်စရာမဟုတ်ပေ။
သို့စေကာမူ လူတိုင်းကိုအံ့ဩသွားစေသည့်အချက်က ကောင်းကင်ကြေးမုံတောင်ထိပ်ကလည်း ယဲ့ချိုးပိုင်၏ စည်းရုံးသိမ်းသွင်းခြင်းကို ခံလိုက်ရခြင်းပင်။
ဒီအင်အားစုက အဓိကအင်အားစုခုနှစ်စုအကြား အားအကောင်းဆုံးလည်းဖြစ်ပြီး ရရှိမည့်အကျိုးအမြတ်များက တခြားအင်အားစုများထက် လျော့နည်းမည်မဟုတ်သလို ထို့ထက်ပင်ပိုပေလိမ့်မည်။
ယခုလိုမျိုးခွဲထုတ်သည့်အစီအစဉ်မျိုးက ကောင်းကင်ကြေးမုံတောင်ထိပ်အတွက် အကျိုးမရှိပါ။
ယဲ့ချိုးပိုင် ကောင်းကင်ကြေးမုံဂိုဏ်းကို ဘာများကတိပေးခဲ့လေသနည်း။
မုကျန်းထင်တွင်လည်း သံသယအနည်းငယ်ရှိသော်လည်း သူကမေးခွန်းအများကြီးမမေးပေ။
ဒါကိုတွေးမိသောအခါ တဖက်လူကို သူတို့စိတ်၀င်စားမှုတပိုင်းကိုပင်လက်လျှော့ရန် ဆန္ဒရှိပြီး ယခုလိုစိတ်လှုပ်ရှားစွာ စည်းရုံးသိမ်းသွင်းနိုင်ခြင်းဖြင့် သေချာပေါက် တခုခုပေးခဲ့ရပေမည်။
မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်နောက်က စီနီယာက ထိတ်လန့်စရာတခုခုနှင့် ရောက်လာလျှင်ပင် အံ့ဩသင့်စရာမရှိတော့။
"ဒါပေမယ့်...."
အကြောင်းအရာကိုပြောင်းလဲကာ ယဲ့ချိုးပိုင်ဆက်ပြောသည်။
"ကျွန်တော်တို့တိုက်ပွဲအတွက်ပြင်ဆင်ထားဖို့လိုသေးတယ်၊ ဘာပဲဖြစ်ဖြစ် ရန်သူတွေက အရူးမဟုတ်ဘူး၊ ဒါကကြံစည်မှုတခုဆိုတာ သူတို့သေချာပေါက်သတိထားမိလိမ့်မယ်"
ဤသည်ကိုကြားသောအခါ အင်အားစုတိုင်းကလူများက ယဲ့ချိုးပိုင်ကို စတင်စွပ်စွဲကြသည်။
"ဒါတောင်မင်းလုပ်နေသေးတာလား"
"ဒါကတခြားဘက်ကို ဒေါသထွက်အောင် လှုံ့ဆော်လိုက်တာပဲမလား"
"ကိုယ့်ကိုကိုယ်မီးရှို့နေတာပဲ"
ယဲ့ချိုးပိုင်၏မျက်နှာကထူးမခြားနားပေ။
"ကျွန်တော်က တဖက်လူရဲ့လောဘအပေါ် လောင်းကြေးထပ်လိုက်ရုံပါပဲ"
"ပြီးတော့ ကျရှုံးသွားရင်တောင် အခြေအနေက အခုလောက်ဆိုးမှာမဟုတ်ဘူး"
လူတိုင်းတိတ်ဆိတ်သွားကြ၏။
မှန်ပေသည်။
အပေးအယူကြီးက သေခြင်းတရားပင်။
ဒါက တဖက်လူ၏ကျွန်အဖြစ် ဆက်ဆံခံရတာနှင့်စာရင် ပိုကောင်းသည်။
မုကျန်းထင်ကလည်းခေါင်းညိတ်သည်။
"ချိုးပိုင်ပြောတာမှန်တယ်၊ တခြားပိုကောင်းတဲ့ရွေးချယ်စရာမရှိဘူး"
"စတင်ပြင်ဆင်ကြရအောင်၊ လေးရက်အကြာမှာ ကျရှုံးခဲ့မယ်ဆိုရင် သေခြင်းတရားတိုက်ပွဲအတွက် အဆင်သင့်လုပ်ထားရမယ်"
လေးရက်ဟူသည် ကျင့်ကြံသူများအဖို့ မျက်လုံးတခါပိတ်ဖွင့်ကာလမျှသာ။
ကောင်းကင်ထိထိုးတက်နေသည့် အလင်းတိုင်ခုနှစ်တိုင်က အကန့်အသတ်မဲ့အင်ပါယာမြို့တော်သို့ ထပ်မံဆင်းသက်လာသည်။
(အချိန်ပေးထားတာကခုနှစ်ရက်ဖြစ်ပါလိမ့်မယ်၊ အစကစာရေးဆရာက သုံးရက်ပဲ ရေးထားတာပါ)
အပိုင်း(450) coming။