← Chapters

#အကြွင်းမဲ့ဖိနှိပ်ခြင်း#

Vol. 32 Ch. 451

#အကြွင်းမဲ့ဖိနှိပ်ခြင်း#

Vol. 32 Ch. 451

အင်အားစုတခုပေါ်ထွန်းမှုက မကြာခဏဆိုသလို မရေမတွက်နိုင်လောက်သောအင်အားစုများ၏ လူသေအရိုးများဖြင့် တွဲစပ်နေသည်။

ကံကြမ္မာဂိုဏ်းကဦးဆောင်လာသည့် အဓိကအင်အားစုခုနှစ်စုဖြစ်စေ နယ်နိမိတ်မဲ့မင်းဆက်ဖြစ်စေ အတူတူဖြစ်သည်။

ယခုတွင်လည်း အလယ်အလတ်အဆင့်ကြယ်နယ်မြေက အဓိကအင်အားစုခုနှစ်စုက အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးကို သိမ်းပိုက်ရန်အတွက် ရည်ရွယ်ထားပြီး အရင်းအမြစ်များစွာနှင့် မဖော်ထုတ်ရသေးသည့် လျှို့ဝှက်နယ်မြေများဖြင့် သူတို့ကိုယ်သူတို့ ထောက်ပံ့ချင်ကြသည်။

ရည်ရွယ်ချက်က သူတို့နောက်ခံနှင့်စွမ်းအားကိုပို၍အားကောင်းလာစေရန်ပင်။

လုယက်ခြင်း!

သိမ်းပိုက်ခြင်းဆိုတာက ဒီအရာများကို အောင်မြင်ရန်အတွက် အမြန်ဆုံးနည်းလမ်းပင်။

မုကျန်းထင်နှင့်ကျန်သောဂိုဏ်းချုပ်များကလည်း ဒီအကြောင်းကိုသိကြသည်။

ထို့ကြောင့် သူတို့က အဓိအင်အားစုခုနှစ်စု၏ယုတ္တိမတန်မှုနှင့် မိစ္ဆာမျိုးနွယ်၏ မီးရှို့လုယက်မှုများကိုအပြစ်မတင်မိဘဲ သူတို့ကိုယ်သူတို့သာအပြစ်တင်နေမိကြ၏။

ဘာလို့ခွန်အားက မလုံလောက်ရသေးတာလဲ!

ဒီသာသနာထွန်းကားရာကမ္ဘာ၌ အားနည်းသူများက အားကောင်းသူများ၏စားသုံးလုယက်ခြင်းကိုခံရမည်သာ။

အကယ်၍သင်သာအားမကောင်းပါက သင်ရှုံးနိမ့်ကျရှုံးရပေလိမ့်မည်။

နောက်ကျကျန်ခဲ့ပါက လုယက်ခံရမည်။

ဒါကထာ၀ရအမှန်တရားဖြစ်သည်။

"မင်းတို့အရှုံးမပေးသေးဘူးလား"

ဟဲဝူဝေကောင်းကင်သို့လက်ညိုးထိုးလိုက်စဉ် ကောင်းကင်ထက်တွင် မီးအလင်းကဲ့သို့ ရွှေရောင်အလင်းတမ်းရောင်ခြည်က ထပ်မံစုဝေးလာပြန်သည်။

ဟဲဝူဝေသူ့လက်ချောင်းအောက်ကိုချလိုက်သည်နှင့်တပြိုင်နက် ဒီအလင်း၏အဖျက်စွမ်းအားက နယ်နိမိတ်မဲ့နယ်မြေ၏ စုပေါင်းတပ်များထံ ထပ်မံကျဆင်းသွားပေလိမ့်မည်။

ထိုအချိန်တွင် မည်သူကမှခုခံနိုင်မည်မဟုတ်ပေ။

တချိန်တည်းမှာပင် နေလောင်ချိုင့်ဝှမ်းအရှင်က လက်အစုံကိုဆန့်ထုတ်လိုက်၏။

သူ့လက်ထဲတွက် တောက်ပသည့်မီးတောက်များဖြင့် လောင်ကျွမ်းနေသော နေသေးသေးလေးတစင်းပေါ်လာသည်။

ဒီနေသေးသေးလေးပေါ်လာသောအခါ နယ်နိမိတ်မဲ့နယ်မြေတခုလုံး၏ ‌ပူပြင်းလွန်းသည့်အော်ရာကြောင့် အရည်ပျော်သွားပုံရသည်။

နိမ့်ကျပြီးအားနည်းသည့်နယ်ပယ်ရှိသည့် ကျင့်ကြံသူများနှင့် သိုင်းဧကရာဇ်နယ်ပယ်အောက်ကသူများကမခုခံနိုင်ကြပေ။

ဤသည်အပြင်သူတို့ကိုယ်၌ ပါးလွှာသည့်လေထုကနေ မီးတောက်များက ပေါ်လာကြသည်။

လေပြေလေညင်းကတိုက်ခတ်သွား၏။

မီးကလောင်ကျွမ်းနေသည်။

အော်ဟစ်သံများကြားတွင် သူတို့က အရှက်လတ်လတ်မီးမြိုက်ခံရသည်။

ဝိဉာဉ်ပင်လျှင် မကျန်ရှိခဲ့ပေ။

ထုတ်ယူခြင်းကပင် ဒီမျှထိကြောက်မက်ဖွယ်သက်ရောက်မှုရှိလေရာ အကယ်၍ ထိုနေလုံးလေးကို အောက်ချလိုက်မည်ဆိုပါက မည်ကဲ့သို့သော ကမ္ဘာပျက်ကိန်းမြင်ကွင်းတခုဖြစ်လာပေမည်နည်း။

တခြားတဖက်တွင် သဟဇာတဂိုဏ်းက ညို့ဓာတ်ရှိသည့်အမျိုးသမီးက သူမ၏ ကျက်သရေရှိသည့်ကိုယ်ကို ကွေးညွတ်လိုက်စဉ် ရေမြွေတကောင်ပမာ ညင်သာစွာ လှုပ်ယမ်းသွားသည်။

ပန်းရောင်အော်ရာအမျှင်တန်းများက စစ်တပ်အတွင်းဖြန့်ကြက်သွားပြီး ဒီပန်းရောင်အော်ရာကို ရှုမိသည့်ကျင့်ကြံသူတိုင်းက ရုတ်တရက် ညို့ဓာတ်ပြင်းသည့် အမျိုးသမီးကို ကြည့်လိုက်ကြသည်။

သူတို့၏မျက်လုံးများက ချက်ချင်းသွေးနီရောင်ပြောင်းသွားကြပြီး သူတို့၏ကိုယ်မှ အသားများကို အဆက်မပြတ်ကုတ်ဖြဲကာ အော်ဟစ်နေကြ၏။

အသားနှင့်သွေးများကိုခြစ်ထုတ်ပြီးသည့်တိုင် သူတို့ကဒါကိုသိပင်မသိကြပေ။

အလွန်အမင်းထိတ်လန့်မှုကကြီးစိုးသွား၏။

ဒီသုံးယောက်၏တိုက်ချက်ကပင် နယ်နိမိတ်မဲ့နယ်မြေက လူများကို ရှုံးနိမ့်စေပြီဖြစ်သည်။

ခုခံရမှာလား!

ဘာအဓိပ္ပာယ်ရှိဦးမှာလဲ!

ဒီတိုက်ချက်သုံးချက်က လူတိုင်း၏ကိုယ်များကိုချေမွဖျက်ဆီးပစ်သည်သာမက သူတို့နှလုံးသားကိုပါ ကြေမွစေသည်။

ဖျက်ဆီး၍မရနိုင်သည့်မြို့တံတိုင်းက ခွန်အားအရာ၌ အလျားလိုက်ကွာဟချက်ကြောင့် ပြိုလဲရပေတော့မည်။

တခဏအကြာတွင် စိတ်ပျက်အားငယ်မှုက လေထုထဲတွင်ပြည့်နှက်နေသည်။

ဒီအချိန်က ဝိရောဒိက အဆုံးမဲ့ချဲ့ကားသွားသည့်အချိန်ဖြစ်သလို လူသားမျိုးနွယ်၏ နိမ့်ကျမှုကိုလည်း မြှုပ်ကွက်မရှိဘဲ ဖော်ပြသွားသည့်အချိန်လည်းဖြစ်သည်။

"ဘယ်သူအဆိုပြုပြီး တဖက်လူကို တင်းမာအောင်လုပ်ပစ်ခဲ့တာလဲ၊ ဒီလိုအားကောင်းတဲ့လူကို ဘယ်သူသွေးခွဲခဲ့တာလဲ"

"အဲဒီယဲ့ချိုးပိုင်ပဲ၊ သူ့ရဲ့အကြံဆိုးကြောင့်သာမဟုတ်ဘူးဆိုရင် တဖက်လူက ဒီလောက်ဒေါသထွက်မှာမဟုတ်ဘူး၊ အခုတော့ သူသေတော့မှာလေ"

"ပါရမီကတော့ကောင်းပါတယ်၊ ဒါပေမယ့် ဂျူနီယာလေးတယောက်က ဘာလုပ်နိုင်မှာလဲ၊ သူကအားလုံးကို ဒီလိုအခြေအနေမျိုးဆီကို ခေါ်ဆောင်လာခဲ့တာပဲ"

"အစကတည်းကအရှုံးပေးရင်ပိုကောင်းခဲ့မှာ.... အနည်းဆုံးတော့အသက်ရှင်သန်နိုင်သေးတယ်လေ"

ထိုအချိန်တွင် အရင်ကဆုံးဖြတ်ခဲ့တာကိုသူတို့မေ့သွားကြသည်။

တခြားသူများ၏ကျွန်ဖြစ်ရတာထက် သေတာကိုပိုကောင်းသည်ဟု သူတို့ပြောခဲ့ကြသည်။

ထို့ကြောင့်လည်း ယခုအချိန်တွင်သူတို့ကစည်းလုံးညီညွတ်နေပြီး ဘယ်တော့မှ ကျွန်များဖြစ်ကြမည်မဟုတ်။

လူတစ်ဆယ်၊ တစ်ရာ၊ တစ်ထောင်သေလာသောအခါတွင်မူ သူတို့သာကျန်နေခဲ့လေရာ ထိုစကားလုံးများကို စတင်ဖြန့်ဝေကြတော့သည်။

အပေါ်ရှ်မုကျန်းထင်လည်း ဒီလိုစကားလုံးတွေကိုကြားနေရပြီး သူ့မျက်နှာက အတော်လေးကြည့်ရဆိုးနေခဲ့သည်။

သူ့နှလုံးသားကအနည်းငယ်အားနည်းနေသည်။

ယခုသူကရန်သူ၏နောက်ဆက်တွဲကို ခုခံရန်အတွက် အကောင်းဆုံးကြိုးစားနေရလေပြီ။

ယခုအချိန်တွင် ယဲ့ချိုးပိုင်အတွက်မကောင်းရာရောက်သည့် ထိုစကားလုံးများကို သူမကိုင်တွယ်နိုင်တော့ပါ။

မုဇီရှင်း၏အမူအရာကလည်း ပို၍ပင် နက်မှောင်သွားသည်။

အေးစက်သည့်မျက်လုံးအစုံ၌ ထိုအခိုက်အတန့်တွင် အရိုးခိုက်လုမတတ် အအေးဓာတ်များထွက်လာသည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း ထိုစကားလုံးများကိုကြားကြသည်။

ဘေးကသုံ့ရှောင်ချင်းကနှာခေါင်းရှုံ့သည်။

"ငေါ့တော့တော့စကားတွေကိုပဲပြောတတ်တာ၊ အစကနေ ထရပ်ပြီး အကြံပြုရမှာကို မသိကြဘူး"

ဟုန်ရင်နှင့်ကျန်သောသူများကလည်း မဲ့ရွဲ့နေကြသည်။

လက်ရှိအခြေအနေကြောင့်သာမဟုတ်ပါက သူတို့ဒီလိုဖြစ်ခွင့်ပေးမည်မဟုတ်ပေ။

ထိုသူတို့အားသေသည်အထိ ရိုက်နှက်ပစ်မည်သာ။

ယဲ့ချိုးပိုင်၏မျက်နှာအမူအရာက တည်ငြိမ်နေပြီး ခေါင်းခါယမ်းသည်။

"‌ဒေါသထွက်နေစရာမလိုပါဘူး၊ ဒီလိုအရာမျိုးဆိုတာ မျှော်လင့်ထားပြီးသားပဲလေ"

သူအရင်နှစ်များကတည်းကပင် ယခုလိုဆက်ဆံမှုမျိုးကို ယဲ့ချိုးပိုင်ရခဲ့ပြီးဖြစ်သည်။

အကယ်၍အောင်မြင်ပါက အောင်နိုင်သူရဲ့ ဆက်ဆံမှုကိုခံစားရပေမည်။

သမိုင်းအားလုံးက အောင်နိုင်သူများကသာ ရေးသားထားကြခြင်းဖြစ်သည်။

ကျရှုံးပါက နံရံပေါ်ကပြုတ်ကျမည်ဖြစ်ကာ လူတိုင်းကတွန်းလိုက်ကြမည်။

မကောင်းသည့်အသံ၊ မနှစ်မြို့သည့်အသံအားလုံးက သူ့ထံတခုပြီးတခုရောက်လာပေလိမ့်မည်။

"အရင်ဆုံးဘယ်လိုခုခံရမလဲဆိုတာကို တွေးကြရအောင်"

ပါရမီကမည်မျှပင် ကောင်းမွန်ပါစေ လက်ရှိခွန်အားအရာ၌ကွာဟချက်ကို ပါရမီဖြင့် ဖြည့်စွက်နိုင်မည်မဟုတ်။

သူတို့အများစုက သိုင်းဧကရာဇ်နယ်ပယ်များသာဖြစ်ကြသည်။

တဖက်လူကမူ သူတို့နယ်ပယ်က သွေးပြောင်းလဲခြင်းနယ်ပယ်ကို ကျော်လွန်နေပြီဆိုတာ သိသာထင်ရှားနေသည်။

သူတို့က အထက်က အင်မော်တယ်နယ်ပယ်ကိုပင်ညရောက်နေလေပြီ။

သွေးပြောင်းလဲခြင်းနယ်ပယ်၌ သွေးပြောင်းလဲပြီးနောက် သေမျိုးကိုယ်ခန္ဓာ၏ဆင့်ကဲဖြစ်စဉ်က လူသားအင်မော်တယ်တစ်ဦးဖြစ်လာစေပြီး အင်မော်တယ်နယ်ပယ်ကိုရောက်စေသည်။

ခြားနားချက်က တလုံးတည်းဟုဆို၍ရသော်လည်း ဒါကအနည်းငယ်မျှသာ အားကောင်းတာ ဘယ်လိုဖြစ်နိုင်မည်နည်း။

ချူကွေဒေါင် ဒီမြင်ကွင်းကိုမြင်သော်လည်း မကူညီပေ။

သူ့အတွက်မူ သူကနယ်နိမိတ်မဲ့နယ်မြေကို မတိုက်ခိုက်ဘဲ ယဲ့ချိုးပိုင်ကိုသာ အတော်လေးစိတ်ပူနေသည်။

ဒါပေမယ့်သူမလှုပ်ရှားခဲ့လျှင်ပင် အတူတူသာဖြစ်နေမည်ဖြစ်သည်။

"အဲဒီစီနီယာ ဘာတွေးနေသလဲ‌ဆိုတာ ငါတကယ်မသိတော့ဘူး၊ ခွန်အားအရာမှာ ကွာဟချက်က အရမ်းကြီးမားတယ်လေ"

"ဒါကစမ်းသပ်မှုမဟုတ်တော့ဘူးလေ"

ထိုစီနီယာ၏ဆုံးဖြတ်ချက်ကြောင့် ချုကွေဒေါင်အနည်းငယ်ရှုပ်ထွေးနေသည်။

သို့စေကာမူ စီနီယာနယ်ပယ်သို့ရောက်သောအခါ ဘယ်လိုလုပ်မပြီးမြောက်နိုင်သည့် ယခုလိုစမ်းသပ်မှုတခုရှိနေရလေသနည်း။

ဒီကောင်လေးယဲ့ချိုးပိုင်မှာ တခြားဝှက်ဖဲတွေရှိနေသေးတာများလား!

သူကနယ်ပယ်များစွာကိုကျော်လွှားပြီး အင်မော်တယ်တွေကိုတောင် တိုက်ခိုက်နိုင်တာများလား!

ဒါပေမယ့် ဒါတကယ်ရောတည်ရှိလို့လား!

မုဖူရှန်းကခါးသီးစွာပြုံးသည်။

"ဒါကတကယ်မဖြစ်နိုင်တော့ဘူး၊ ကျွန်တော်ဆရာကို တောင်းဆိုရတော့မယ်ထင်တယ်"

ထိုစကားလုံးများကိုကြားသောအခါ စံအိမ်တော်ကကျန်သောတပည့်များကလည်း ခေါင်းညိတ်သည်။

လက်ရှိအခြေအနေက သူတို့ဖြေရှင်းနိုင်တယ်ဆိုတာထက်ပိုနေသည်။

ယဲ့ချိုးပိုင်ကလည်းလေးနက်စွာ ခေါင်းညိတ်ပြီးနောက် အသံလွှင်ကျောက်စိမ်းဆွဲသီးကိုထုတ်ယူကာ လုချန်ရှန်းအားအကူအညီတောင်းရန်ပြင်လိုက်စဉ် ကောင်း‌ကင်ပေါ်၌ ဖီးနစ်အော်သံတစ်သံက နယ်နိမိတ်မဲ့နယ်မြေတခွင် ပဲ့တင်ထပ်ကာ ထွက်လာသည်။

အားပြင်းသည့် နိဗာနမီးတောက်က ပူပြင်းသည့်နေကိုအစားထိုးသွားပုံရပြီး ကောင်းကင်တခုလုံးကို လင်း၀င်းသွားစေသည်။

မူလမိုးတိမ်ဖြူများရှိသည့် ကောင်းကင်ပြာက ရုတ်တရက်သွေးနီရောင်ပြောင်းသွားသည်။

လေထုကအလျင်အမြန်ပင်ပူနွေးလာသည်။

ကြောက်မက်ဖွယ်ရာအော်ရာက ကမ္ဘာကြီးတခုလုံးကို ဖိနှိပ်ထားပုံရသည်။

လူတိုင်းထိတ်လန့်သွားကြပြီး ကောင်းကင်သို့ အလန့်တကြားမော့ကြည့်လိုက်ကြ၏။

အခုရောဘယ်သူထပ်လာပြန်တာလဲ!

အဓိကအင်အားစုခုနှစ်စုကလူများအပါအ၀င် ဟဲဝူဝေနှင့် ချူကွေဒေါင်တို့ကလည်း ကောင်းကင်အား ကြည့်လိုက်ကြ၏။

သူတို့မျက်နှာ၌ ထိတ်လန့်နေသည့်အမူအရာများကိုယ်စီရှိနေကြသည်။

ဒီအော်ရာကိုဘယ်လိုပြသလိုက်တာလဲ!

သူတို့ကအင်မော်တယ်နယ်ပယ်သို့ရောက်ကြပြီဖြစ်လေရာ ဒီကမ္ဘာ၌ ပြိုင်ဘက်ဟူ၍မရှိတော့ပါ။

သို့သော်ယခုတွင် ဒီကြောက်မက်ဖွယ်အော်ရာက သူတို့အားအသက်မရှုနိုင်ဖြစ်သွားစေသည်။

သူတို့ကိုယ်များကလည်း ကွဲအက်တော့မည့်အလားပင်။

အကွာအဝေးတနေရာရှိ ရှီနန်ကလည်း ဖြူဖျော့နေသည်။

သူလည်းအကြောက်တရားကိုခံစားမေရသည်။

ဒါကစိတ်ဝိဉာဉ်ကြောက်ရွံမှုတင်မဟုတ်ဘဲ သွေးကို အကြွင်းမဲ့ဖိနှိပ်ခြင်းပေတည်း။

သူကတစ္ဆေကလန်၏သွေးကို နိုးထနိုင်စေခဲ့သည်။ တစ္ဆေကလန်သည် အဆင့်မြင့်ကြယ်နယ်မြေက မျိုးနွယ်စုတခုဖြစ်သည်။

ယခုတွင်မူ ထိုသွေးက ယခုလိုဆရာသခင်အဆင့်အော်ရာကထုတ်လွှတ်သည့် သွေးစွမ်းအားအောက်တွင် ဖိနှိပ်ခံနေရသည်။

ဘယ်ဟာကပိုပြီးမြင့်မြတ်တာလဲ!

အပိုင်း(452) coming။

All Chapters