#စံအိမ်တော်သို့ပြန်သွားခြင်း#
Vol. 32 Ch. 454
မှန်ပေသည်!
နောက်ဆုံးရန်သူကကျန်သေးသည်။
နယ်မြေပြင်ပကမိစ္ဆာမျိုးနွယ်စု!
လူတိုင်းကသွေးကြောတောင်ရှိရာဘက်သို့ ကြည့်နေကြသည်။
မိစ္ဆာ့ဘုရင်များနှင့်ဗိုလ်ချုပ်အားလုံးက သွေးကြောတောင်၌ရှိနေကြပြီး အလွန်အမင်းထိတ်လန့်နေကြ၏။
ရှီနန်ကမူ ထွက်ပြေးသွားခဲ့လေပြီ။
အခြေအနေမဟန်တော့တာကို ခန့်မှန်းမိသည့်အပေါ် သူကချက်ချင်းထွက်ပြေးသွားခဲ့သည်။
ဘာလို့မိစ္ဆာတပ်များကိုခေါ်မသွားရသနည်း!
ဒီနေရာ၌မိစ္ဆာများစွာရှိသည်။ အတူတကွထွက်ပြေးခြင်းဖြင့် ဒါက နယ်နိမိတ်မဲ့နယ်မြေက စုပေါင်းတပ်ဖွဲ့များ၏ အာရုံကို ဆွဲဆောင်မိသွားစေလိမ့်မည်။
ထို့ကြောင့်ရှီနန် တစ်ယောက်တည်း ထွက်ပြေးသွားခဲ့ခြင်းပင်။
မိစ္ဆာအားလုံးက သူတို့၏တပ်မှူးကို ခေါင်းဆောင်ဆုံးရှုံးလိုက်ရသဖြင့် စိတ်ဓာတ်များကျဆင်းသွားကြသည်။
ယခင်မြင်ကွင်းကိုမြင်ပြီးနောက်တွင် ရန်သူများ၌ နတ်ဖီးနစ်တကောင်က အကူအညီပေးသူအဖြစ် ရှိနေသည်။
ငါတို့က နတ်ဖီးနစ်ကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ!
ယခုတွင်မူ ငှက်ကလေးက ယဲ့ချိုးပိုင်ပခုံးပေါ်၌ရပ်နေသည်။
သူတို့ပိုနီးလေလေ၊ သွေးဖိနှိပ်ခြင်းက ပို၍အားကောင်းလာလေလေပင်။
အစစ်အမှန်ကိုယ်ခန္ဓာကိုမပြသဘဲ ခွန်အားက ပေါက်ကွဲလာခြင်းမရှိသည့်တိုင် ဒီဖိနှိပ်မှုကြီးက ရှိနေဆဲပင်။
ဒါက အကြွင်းမဲ့သွေးဖိနှိပ်ခြင်းပေတည်း။
မိစ္ဆာဘုရင်နှင့်ဗိုလ်ချုပ်အားလုံးက ထိုနေရာ၌ရပ်နေကြပြီး သူတို့၏ခြေများက မြေကြီးနှင့်သံရိုက်ထားသည့်အလား ရွေ့လျားနိုင်စွမ်းမရှိကြတော့။
သူတို့က လူသားမျိုးနွယ်မှ စုပေါင်းတပ်များ ပြေး၀င်လာပြီး သူတို့အား အညှာအတာကင်းမဲ့စွာ သတ်ဖြတ်သည်ကိုသာ ကြည့်နေနိုင်တော့သည်။
တခြားတဘက် နယ်နိမိတ်မဲ့နယ်မြေပြင်ပ၌ ရှီနန်၏အမူအရာက ကြည့်ရဆိုးနေသည်။
ဒါက သူ့အစီအစဉ်ကိုဖျက်ဆီးပစ်သည့် အဓိကအင်အားစုခုနှစ်စုရောက်လာခြင်းကြောင့်တင်မဟုတ်ဘဲ ထို့နောက်တွင် နတ်ဖီးနစ်ဆင်းသက်လာပြီး အခြေအနေရပ်တခုလုံးကို လုံး၀ပြောင်းပစ်ခဲ့သည်။
ဒီလိုအဆင့်နိမ့်ကြယ်နယ်မြေမျိုးမှာ ဒဏ္ဍာရီလာရှေးဟောင်းသားရဲတကောင် ပေါ်လာရတာလဲ!
တာအိုစနစ်က နိမ့်ကျတယ်!
ဝိဉာဉ်စွမ်းအင်က နိမ့်ပါးတယ်!
အရင်းအမြစ်ချို့တဲ့တယ်!
ယခုလိုနေရာမျိုးက ဒဏ္ဍာရီလာသားရဲကို ဘယ်လိုလုပ်ကျေနပ်စေသနည်း!
ဒီအဆင့်နိမ့်ကြယ်နယ်မြေမှာ မဖော်ထုတ်ရသေးတဲ့ လျှို့ဝှက်ရတနာနယ်မြေတခုခုများရှိနေတာလား!
ထိုသို့တွေးမိသောအခါ ရှီနန် အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့ ချက်ချင်းမသွားတော့ပါ။
ယင်းအစားသူက အသံလွှင်ကျောက်စိမ်းဆွဲသီးတခုကိုထုတ်ယူကာ ဒီနေရာက သတင်းအချက်အလက်တိုင်းကို မိစ္ဆာမျိုးနွယ်သို့ အသိပေးပြီးနောက် အဆင့်နိမ့်ကြယ်နယ်မြေသို့ စတင်ပျံသန်းသွား၏။
အကယ်၍သူသာတခုခုရှာတွေ့သွားမည်ဆိုပါက ဒါကသူ့အတွက်တင်မဟုတ်ဘဲ မိစ္ဆာမျိုးနွယ်အတွက်သာ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုတခုရှိလာပေလိမ့်မည်။
....
ခုနှစ်ရင်ကြာပြီးနောက် အင်အားစုတိုင်းက နယ်နိမိတ်မဲ့နယ်မြေ အင်ပါယာမြို့တော်၌ စုရုံးကြသည်။
မုကျန်းထင်က စစ်ပွဲ၌ပါ၀င်ခဲ့သူများ၏ ကောင်းကျိုးများကိုဟောပြောရင်း ဆုချီးမြှင့်ပေးနေသည်။
စံအိမ်တော်ကလူအုပ်စုအကြောင်းရောက်လာသောအခါ စင်ပေါ်၌ မည်သူမှ မရှိကြတော့ပါ။
မုဖူရှန်းပင်လျှင် ပျောက်ကွယ်သွားခဲ့သည်။
မုကျန်းထင်အနည်းငယ်ရှက်သွားသည်။
"...."
ဒီကောင်စုတ်လေးတွေ၊ မထွက်သွားခင် ငါ့ကိုတခုခုပြောခဲ့ဖို့မသိဘူးလား!
လူတိုင်းရယ်မောလိုက်မိကြသည်။
သို့စေကာမူ စံအိမ်တော်ကလူအုပ်စုကို သူတို့ကျေးဇူးတင်ကြပါသည်။
ထိုသူများကြောင့်သာမဟုတ်ပါက နယ်နိမိတ်မဲ့နယ်မြေတင်မဟုတ်ဘဲ အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးကပါ တဖက်လူ၏ ကျွန်များအဖြစ် အဆုံးသတ်သွားရပေလိမ့်မည်။
အရင်ကယဲ့ချိုးပိုင်ကိုစော်ကားမော်ကားပြောခဲ့သည့်လူများက အရှက်ရနေကြသည်။
သူတို့အရင်ကပြောခဲ့သည့်စကားလုံးများကို တွေးမိသောအခါ ကိုယ့်ကိုကိုယ်ပြန်ပါးရိုက်ချင်စိတ်ပင် ပေါ်လာကြသည်။
.....
ထိုအချိန်တွင် ဒီပွဲတော်၏ဇာတ်လိုက်များက စံအိမ်တော်သို့ခရီးစဉ်ကို ပြန်လည်စတင်နေကြလေပြီ။
ငှက်ကလေးကသူတို့ကိုသယ်သွားနိုင်သည်။
သို့သော် ထိုအကြောင်းကိုပြောလာသောအခါ ငှက်ကလေးက ယဲ့ချိုးပိုင်ကို မထီမဲ့မြင်စိုက်ကြည့်လိုက်သည်။
"နင်တို့က ဒီမိန်းကလေးရဲ့ကျောမှာ စီးသွားချင်ကြတာလား၊ အိပ်မက်မက်လိုက်လေ"
ယဲ့ချိုးပိုင် : ကျွန်တော်ဒီအတိုင်းပြောမိတာပါ၊ တောင်းပန်ပါတယ်!
ထို့ကြောင့် သူတို့သုံ့ရှောင်ချင်းလှူဒါန်းထားသည့် အာကာသယာဉ်ကိုထုတ်ကာ စံအိမ်တော်သို့ အမြန်ပြန်ကြရသည်။
ငါးရက်ကြာပြီးနောက် သူတို့လူရိုင်းနယ်မြေကိုရောက်လာကြလေပြီ။
.....
လူတိုင်းရောက်လာခြင်းက တခြားအင်အားစုများ၏အာရုံကို မဆွဲဆောင်ခဲ့စေမိသဖြင့် စံအိမ်တော်သို့သာ တိတ်တဆိတ် ပြန်လာခဲ့ကြသည်။
ထိုအချိန်တွင် လုချန်ရှန်းကတမှေးအိပ်နေသည်။
လျိုကျိယုက ဘေးတွင် ခြေဖျားထောက်ရပ်နေပြီး လှုပ်ရှားမှုတခုခုရှိလာသည့်အပေါ် ကြောက်သည့်အနေဖြင့် သတိအပြည့်ထားနေသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ပြန်လာာတကိုမြင်ရသောအခါ သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး အသံလွှင့်ကာ အော်ဟစ်သည်။
"မင်းတို့၊ ခြေသံမပေးဘဲလာကြ၊ လေတိုးသံကို ပိတ်ဆို့ထားနိုင်ဖို့အော်ရာကိုသုံးလိုက်ကြ၊ ဘာဆူညံမှုမှမလုပ်ကြနဲ့"
ယဲ့ချိုးပိုင်အနည်းငယ်လန့်သွားသည်။
ဘာကိုဆိုလိုချင်တာလဲ!
လျိုကျိယုနှလုံးသားထဲတွင် ဝေဒနာကို ခံစားနေရသည်။
ဒီနေ့တွေမှာငါဘယ်လိုနေခဲ့ရလဲ!
စီနီယာကအရမ်းအရမ်းဒေါသထွက်နေတော့ ငါဒါကိုထပ်ပြီးခံနိုင်ရည်မရှိတော့ဘူး!
ငှက်ကလေးက လျိုကျိယုကိုစိုက်ကြည့်ကာ အရင်ကဘာဖြစ်ခဲ့သလဲဆိုတာ ပြောပြလိုက်သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ရယ်မောလိုက်မိကြသည်။
လျိုကျိယု၏အမူအရာကပြောင်းလဲသွား၏။
နောက်နေကြတာလား! တိတ်တိတ်လေးနေကြ!
သို့စေကာမူ တခဏအကြာတွင် လျိုကျိယု၏ကိုယ်က ထုံထိုင်းသွားပြီး သူ့မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားလေတော့သည်။
သူ့မျက်နှာပေါ်၌ အေးစက်သည့်ချွေးစက်များပင်စီးကျလာသည်။
"ဘာတွေဖြစ်နေတာလဲ၊ တယောက်ယောက်ရောက်လာတာလား"
လျိုကျိယုချက်ချင်းဆိုသလို အားအင်အပြည့်ဖြင့်ပြေးထွက်လာပြီး ဤနေရာကနေ ထွက်ပြေးလေတော့သည်။
ယဲ့ချိုးပိုင် ဒီမြင်ကွင်းကိုကြည့်နေသည်။
ဆရာတကယ်ပဲ စီနီယာလျိုကို အရမ်းကြောက်အောင် ဘာတွေလုပ်ခဲ့တာလဲ!
လုချန်ရှန်း ယဲ့ချိုးပိုင်တို့ပြန်လာတာကို တွေ့လိုက်ကသဖြင့် သူ့မျက်လုံးများက တောက်ပသွားကာ ရှေ့သို့အမြန်ရောက်လာသည်။
"မင်းတို့ကောင်စုတ်လေးတွေ၊ နောက်ဆုံးတော့ ပြန်လာဖို့ဆန္ဒရှိကြပြီပေါ့"
ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟိုင်၊ ရှီရှန်း၊ မု၀မ်အာနှင့် မုဖူရှန်းတို့က စိတ်လှုပ်ရှားသွားကြ၏။
ဆရာကသူတို့ကို တချိန်လုံးလွမ်းနေခြင်းဖြစ်ရပေမည်။
သူတို့ရယ်မောကာ ဆရာအား ပြေးဖက်ရန်ပြင်နေခိုက် လုချန်ရှန်းပြုံးလိုက်သည်။
"မြန်မြန်လေး၊ ယဲ့ချိုးပိုင်၊ သွားပြီး အထူးဟင်းလျာတွေချက်ပြုတ်လိုက်"
"ဟုန်ရင်၊ ငါးစွပ်ပြုတ်လုပ်လိုက်"
"ချန်ရှင်း၊ သွားချက်ပြုတ်တော့"
"၀မ်အာ၊ ငါကျိုချက်ထားတဲ့ ဝိုင်ဖြူကိုသွားယူလိုက်"
"လျိုကျိယုရဲ့လက်ရာနဲ့ချက်ထားတဲ့ထမင်းက အရမ်းအရဿာမဲ့လွန်းတယ်၊ အပြင်က ၀ယ်ထားတာတွေကို စားရတာ ငါတကယ်စိတ်ကုန်နေပြီ"
"မြန်မြန် မင်းတို့ဆရာအတွက် အစားအစာတွေလုပ်ပေးကြ"
တပည့်များ "......"
ဆရာကငါတို့အကြောင်းတွေးနေတာမဟုတ်ဘူးဘဲ၊ သူကငါတို့ချက်တဲ့ အစားအစာတွေကိုပဲတွေးနေတာ!
အရမ်းကောင်းတယ်!
ဒါကတကယ့်ကိုလေးစားစရာပဲ!
အနည်းဆုံးတော့ သူတို့အပြစ်ပေးခံရမည်မဟုတ်တော့။
မုဖူရှန်း စိတ်ရှုပ်သွားပြီး ခေါင်းကုတ်ရင်း တွေဝေစွာမေးသည်။
"ဒါတွေကဘာတွေလဲ"
မု၀မ်အာက သူမ၏ပါးစပ်လေးကို ပိတ်ကာ အပြုံးဖြင့်ပြောသည်။
"စံအိမ်တော်ရဲ့အစဉ်အလာလေ၊ ဒါပေမယ့်ကိစ္စမရှိပါဘူး၊ နင်လည်းမကြာခင်ဒါကို ကျင့်သားရလာပြီး အတူတူပါ၀င်ချင်ရင်တောင် ပါ၀င်လာရမှာ"
မုဖူရှန်း "????"
ထိုအချိန်တွင် ရှောင်ဟိုင်ခေါင်းကုတ်ကာ ခပ်ကြောင်ကြောင်ပြုံးသည်။
"ဆရာ၊ ကျွန်တော်ရော အစ်ကိုနဲ့အစ်မတို့ကို သွားကူညီပေးလိုက်ရမလား"
ထိုစကားကိုကြားသောအခါ လုချန်ရှန်း၏ အမူအရာကချက်ချင်းပြောင်းလဲသွားပြီး ရှောင်ဟိုင်အား လက်ညိုးထိုးကာ အော်ဟစ်သည်။
"ငါ့အတွက် အဲမှာရပ်နေ"
"မင်းကို မီးဖိုချောင်ထဲ၀င်ခွင့်မပြုဘူး"
ယဲ့ချိုးပိုင်အလျင်အမြန်ပင်ပြုံးသည်။
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဂျူနီယာညီလေး၊ မင်းဒီမှာစားဖို့အတွက်ပဲစောင့်နေ၊ မကြာခင် အဆင်သင့်ဖြစ်စေရမယ်"
ဟုန်ရင်ကလည်းအလားတူပြောသည်။
"ငါတို့မပင်ပန်းပါဘူး၊ ငါတို့အတွက် မစိုးရိမ်ပါနဲ့"
မုဖူရှန်းက ရှောင်ဟိုင်အားလက်ညိုးထိုးပြသည်။
"ဘာလို့အစ်ကိုရှောင်ဟိုင်က ကွဲပြားစွာ ဆက်ဆံခံရတာလဲ"
"ကျွန်တော်တို့အားလုံးမကြာခင် ပေါင်းစည်းသွားရမယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား"
မု၀မ်အာ တခဏမျှဘာဖြေကြားရမလဲဆိုတာ မသိတော့ပါ။
ရှောင်ဟိုင်ရဲ့ချက်ပြုတ်နည်းက အရဿာတကယ်မကောင်းဘူးလို့ပြောရမလား!
စားသောက်ပြီးနောက်တွင် လုချန်ရှန်းကျေနပ်စွာဖြင့် ဗိုက်ကိုပွတ်လိုက်၏။
"နောက်ဆုံးတော့ ကောင်းမွန်တဲ့ အစားအစာတွေကို စားနိုင်ခဲ့ပြီ"
"တပည့်တွေရှိရတာ တကယ်ကောင်းတာပဲ"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ "...."
ဒီအချိန်မှ ဆရာကငါတို့ကိုသတိရတာပါ!
"စကားမစပ်၊ မင်းတို့ဒီတကြိမ်ပြန်လာတော့ ဘယ်လောက်ကြာကြာနေကြမလဲ"
ယဲ့ချိုးပိုင်တခဏမျှတွေးလိုက်သည်။
"ဒီတကြိမ်လာတာက ကျွန်တော်တို့ဆရာကိုတွေ့ချင်လို့ပါ....."
"ရပ်လိုက်၊ အမှန်ကိုပြောစမ်း"
"...အမှန်ကတော့ ကျွန်တော်တို့ဖွဲ့စည်းထားတဲ့ အင်အားစုတွေ ဘယ်လောက်များများ ဖဖွံ့ဖြိုးလာသလဲဆိုတာ ကြည့်ချင်လို့ပါ၊ ဘာပဲဆိုဆို ခေါင်းဆောင်တွေအနေနဲ့ ကျွန်တော်တို့က အမြဲတမ်းတော့ ဆိုင်ရှင်တွေမဖြစ်နိုင်ဘူးလေ"
"ဒါကြောင့် ကျွန်တော်တို့ဂရုစိုက်ရမှာပေါ့"
ဒီကမ္ဘာထဲကမထွက်သွားခင်မှာပင် ယဲ့ချိုးပိုင်နှင့် နင်းချန်ရှင်းတို့ကလည်း သူတို့၏ ကိုယ်ပိုင်အင်အားစုများ ထူထောင်ထားကြပြီဖြစ်သည်။
၎င်းတို့က ကျင်းယွန်ဓားဂိုဏ်းနှင့် ပညာသင်ခန်းမတို့ဖြစ်သည်။
အပိုင်း(455) coming။