#နာမည်ကြီးဟောင်တျန်း#
Vol. 32 Ch. 458
တိမ်ပြာဓားဂိုဏ်းက ယနေ့နံပါတ်တစ်ဓားသမားဖြစ်သည့် ယဲ့ချိုးပိုင်တည်ထောင်ခဲ့သည့်ဂိုဏ်းဖြစ်သည်။
ထို့ကြောင့်နယ်မြေအသီးသီးက ဓားသိုင်းပညာရှင်များအပေါ် အတော်လေးဆွဲဆောင်နိုင်စွမ်းကြီးမားသည်။
ဓားသိုင်းကျင့်ကြံသူများ၏ လူငယ်မျိုးဆက်သစ်များသာမက ပို၍ပင်လျှို့ဝှက်ဆန်းကြယ်သည့်သူများ၊ မင်းမျိုးမင်းနွယ်မိသားစုများက ဓားသိုင်းကျင့်ကြံသူတပည့်တပန်းများလည်းပါ၀င်လာကြသည်။
ထို့နောက်တကိုယ်တော်စွမ်းအားရှင်များ၊ တခြားဂိုဏ်းများမှအကြီးအကဲများပင်ရှိသည်။
သူတို့က တိမ်ပြာဓားဂိုဏ်းကိုလာကြပြီး ကမ်းလှမ်းချက်တခုအဖြစ် လျှောက်ထားလိုကြခြင်းပင်။
ယဲ့ချိုးပိုင် စင်မြင့်ပေါ်တွင်ရပ်ကာ အကုန်လုံးကိုငုံ့ကြည့်လိုက်၏။
သူ့နောက်တွင် လျန်ဖုန်းကမေ့စေ့ကိုပွတ်ရင်း အပြုံးဖြင့်ပြောသည်။
"ဒီတကြိမ်တော့ အတော်လေးကောင်းတဲ့ မျိုးစေ့တွေရှိပုံပဲ"
ကျန်းချောင်မြန့်ကလည်းခေါင်းညိတ်သည်။
"ဂိုဏ်းကစတင်ဖွင့်တဲ့နေ့ကထက်ပိုများတယ်"
"ဒါက ဒီကဆိုင်ရှင်ကြီးရဲ့ကောင်းချီးမင်္ဂလာကြောင့်ပဲလေ"
လျန်ဖုန်း ဘေး၌ရပ်နေသည့်ယဲ့ချိုးပိုင်အား တချက်စိုက်ကြည့်ပြီး ပြတ်သားစွာပြောသည်။
"ဒီလိုလူတစ်ယောက်ကရောက်လာမှတော့ ဒီသတင်းကြာပြီးနောက်မှာ လူရိုင်းနယ်မြေက ပါရမီရှင်ဓားသမားတွေအားလုံး ဒီကို ရောက်လာဖို့ဆိုတာ အရမ်းကြာမှာမဟုတ်ဘူး"
ယဲ့ချိုးပိုင်ရှက်အမ်းအမ်းပြုံးလိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ၊ မင်းတို့ငါ့ကို ဖျက်လိုဖျက်ဆီးမလုပ်နေကြနဲ့၊ ငါမှားတယ်၊ ငါအမှားကို၀န်ခံတယ်"
"အချိန်ကျလာရင် မင်းတို့ကိုငါ လျော်ကြေးနည်းနည်းပေးပါမယ်၊ ဟုတ်ပြီလား"
ဤသည်ကိုကြားသောအခါ ကျန်းချောင်မြန့်နှင့် လျန်ဖုန်းတို့ကအချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။
ထိုအပြုံးက သူတို့အကြံအစည်အောင်မြင်ပြီး သဘောတူညီမှုရရှိခဲ့သည့်အပေါ် ပြသနေသည့်အပြုံးပင်။
"ကောင်းပြီ၊ မွန်းလွဲပိုင်းကိုရောက်ပြီဆိုမဗတော့ ငါတို့စသင့်နေပြီ"
တိမ်ပြာဓားဂိုဏ်းစာရင်းသွင်းခြင်းကို အဆင့်သုံးဆင့်ခွဲခြားထားသည်။
ပထမအဆင့်က ပါရမီကိုကြည့်ခြင်းပင်။
နယ်ပယ်ကအရေးမကြီးဘဲ ပင်ကိုယ်စွမ်းရည်တဖြစ်လဲပါရမီကသာ အရေးအပါဆုံးဖြစ်သည်။
ပါရမီမြင့်မားပြီး လုံလောက်သည့်အရင်းအမြစ်ကိုပေးနေသရွေ့ နယ်ပယ်က အနှေးနှင့်အမြန်မြှင့်တက်လာမည်သာ။
ပါရမီကိုစမ်းသပ်ခြင်းက အလွယ်ကူဆုံးလည်းဖြစ်သည်။
လုချန်ရှန်း ပါရမီများကိုရှာဖွေနိုင်သည့် ဓားကျောက်တုံးတစ်တုံးတင်ထားသည်။
ဓားကျောက်တုံးပေါ်၌ အထပ်ကိုးထပ်ရှိသည်။
စမ်းသပ်သူက ဓားကျောက်တုံး၏အလွှာတိုင်းတွင် ဓားနှင့်အတူ အလွှာအရိပ်အယောင်တခုကို ထွင်းထုရပေမည်။
အလွှာများကိုပို၍ထွင်းထုနိုင်လေလေ၊ ဓားပါရမီကပို၍အားကောင်းလေလေဖြစ်သည်။
လျန်ဖုန်းနှင့်ကျန်းချောင်မြန့်တို့က အရင်က ကြိုးစားကြည့်ခဲ့ကြသည်။
နှစ်ယောက်စလုံးက အထပ်ငါးတွင်ရှိပြီး သူတို့၏ကိုယ်ပိုင်အမှတ်အသားများကို ထွင်းထုနိုင်ခဲ့ကြသည်။
ဒီလူနှစ်ယောက်က လူရိုင်းနယ်မြေတွင် ဓားသမားများအဖြစ် မူလကတည်းက နာမည်ကြီးသည်။
သို့စေကာမူ လေးလွှာထိသာထွင်းထုနိုင်ခဲ့ကြသည်။
ဒါကကိုးထပ်မြောက်တွင် ဓားစွမ်းအင်ကို ထွင်းထုရန်ဟူသည် မည်မျှထိခက်ခဲကြောင်း ပြသနေသည်။
ဒုတိယစမ်းသပ်မှုက ဇွဲလုံ့လပင်ဖြစ်သည်။
တာအိုအပေါ်ကျင့်ကြံခြင်းလမ်းကြောင်းက ပင်ကိုယ်အားဖြင့်ခက်ခဲသည်။
ပါရမီရှိလျှင်ပင် ဇွဲလုံ့လမရှိပါက အထက်အကန့်အသတ်က အလွန်နိမ့်ကျနေပေလိမ့်မည်။
တတိယအဆင့်က အရေးအကြီးဆုံးအဆင့်လည်းဖြစ်သည်။
အပြုအမူ!
ဓားသိုင်းပညာလမ်းကြောင်းတွင် စိတ်အာရုံပိုပျံ့လွှင့်လေလေ၊ နှလုံးသားနောက်က မလိုက်နိုင်ဘူးဆိုပါက ရှေ့ဆက်သွားသောအခါ ဓားလမ်းစဉ်က နှေးကွေးသွားလိမ့်မည်။
ဤသည်အပြင် ဓားလမ်းစဉ်ကို အကောင်းသည့်အရာများလုပ်ရန်အသုံးပြုမည်ဆိုပါက တိမ်ပြာဓားဂိုဏ်းက တပည့်အဖြစ် လက်ခံနိုင်ချေအရမ်းနည်းသည်။
တောင်တံခါး၌ ယဲ့ချိုးပိုင်တို့သုံးရောက် ရောက်လာသောအခါ ချက်ချင်းဆိုသလို တိမ်ပြာဓားဂိုဏ်းကို၀င်လိုသည့်ဓားသမားများက ယဲ့ချိုးပိုင်အားဦးညွတ်လိုက်ကြ၏။
"စီနီယာယဲ့ကိုအရိုအသေပေးပါတယ်"
အသံကကျယ်လောင်သည်။
ယဲ့ချိုးပိုင်လက်နှစ်ဖက်ကိုအတူတကွချထားပြီး အပြုံးဖြင့်ပြောသည်။
"ဒီနေ့က ငါ့ရဲ့တိမ်ပြာဓားဂိုဏ်းက ကျောင်းသားတွေကိုစုဆောင်းမယ့်နေ့ပဲ၊ တကယ်လို့မင်းတို့ တိမ်ပြာဓားဂိုဏ်းကို ၀င်ချင်ကြတယ်ဆိုရင် စည်းမျဉ်းကိုလည်း သိနေကြပြီဆိုတော့ တိုက်ရိုက်စလိုက်ကြတာပေါ့"
တောင်တံခါးတွင် ဓားကျောက်တုံးရှိနေသည်။
တတိယအထပ်တွင်ထွင်းထုနိုင်သရွေ့ အောင်မြင်မှုတခုဟု မှတ်ယူ၍ရသည်။
ဤသည်ကိုမြင်သောအခါ ဓားသမားများက ဓားကျောက်တုံးရှိရာသို့လျှောက်လာကြပြီး ဓားဖြင့်အပေါ်ဖက်သို့ စတင်ထွင်းထုကြသည်။
အကြီးအကဲများက ဘေးကနေ စစ်ဆေးနေကြသည်။
"အရှေ့ပိုင်းနယ်မြေ၊ မိုးကြိုးတိမ်တိုက်၊ ဒုတိယအထပ်၊ ကျရှုံးတယ်"
"အနောက်ပိုင်းဒေသ၊ ချန်းဟယ်၊ ပထမအထပ်၊ ကျရှုံးတယ်"
"မြောက်ပိုင်းနယ်မြေ၊ အစောပိုင်းမင်မင်းဆက်၊ ဓားအမှတ်မရှိ၊ ကျရှုံးတယ်.."
ဓားပညာရှင်များ၏စစ်ဆေးခြင်းက ဓားသမားအများစုကို ဖယ်ရှားပစ်ရန် လုံလောက်နေလေပြီ။
ယဲ့ချိုးပိုင်ဒီမြင်ကွင်းကိုကြည့်ကာ တိတ်တဆိတ်ခေါင်းခါယမ်းနေမိသည်။
လူရိုင်းနယ်မြေ၏နောက်ခံက နည်းနည်းနိမ့်ကျနေသေးဆဲပင်။
နယ်နိမိတ်မဲ့နယ်မြေနှင့်ယှဉ်မည်ဆိုပါက ပါရမီရှင်ဟု အမှန်တကယ်ခေါ်ဆိုနိုင်သည့် ပါရမီရှင်များက မရှိသလောက်ရှားသည်။
အောက်ကဓားသမားများကလည်း ဒီမြင်ကွင်းကို ခါးသီးသောမျက်နှာအမူအရာဖြင့်ကြည့်နေကြသည်။
"အရှေ့ပိုင်းဒေသက မိုးကြိုးတိမ်တိုက်ဂိုဏ်းက ဓားသိုင်းပညာကလန်တခုပဲ၊ မိုးကြိုးတိမ်တိုက်ကလန်ရဲ့အငယ်ဆုံးသားလေးက လိန်ကျန်းလို့ခေါ်တဲ့ပါရမီရှင်ပဲ၊ ဒါတောင် သူကကျရှုံးနေတုန်းပဲ"
"ချန်းဟယ်လည်းအဲလိုမျိုးပဲ၊ သူက လျှို့ဝှက်နယ်မြေများစွာမှာပါ၀င်ခဲ့ပြီး ထင်ရှားတဲ့ဂုဏ်သတင်းတွေကို ရလာခဲ့တယ်၊ ကြည့်ရတာ တိမ်ပြာဓားဂိုဏ်းရဲ့ စံနှုန်းတွေကို သူမမှီသေးဘူးထင်တယ်"
"ငါသေချာတာတခုကတော့ တိမ်ပြာဓားဂိုဏ်းက စီနီယာယဲ့တည်ထောင်ခဲ့တာမို့ လိုအပ်ချက်က အရမ်းမြင့်မားလိမ့်မယ်"
"ဘယ်သူအရင်ဆုံးဖြတ်ကျော်နိုင်မှာလဲ"
ထိုအသံကျလာသည်နှင့်တပြိုင်နက် ဓားကျောက်တုံး၏အလယ်တွင် အားကောင်းသည့် ဓားဆန္ဒတခုရှိနေခဲ့သည်။
လူတိုင်းလှမ်းကြည့်လိုက်ကြ၏။
ဓားကျောက်တုံးရှေ့ကအမျိုးသမီးက လေးထပ်မြောက်တွင် အမှန်တကယ်ပင် တိုက်ရိုက်ထွင်းထုနိုင်ခဲ့သည်။
"အဲဒီမိန်းကလေးကဘယ်သူလဲ၊ အရမ်းလှတာပဲ....."
"မင်းသူ့ကိုတောင်မသိဘူးလား၊ တောင်ပိုင်းဒေသက ရှင်းမိသားစုက ရှင်းဟုန်ယီလေ၊ သူက တောင်ပိုင်းဒေသရဲ့နံပါတ်တစ် အလှလေးအဖြစ် လူသိများတယ်"
"ဟမ်၊ သူက လျှို့ဝှက်တာအိုအကယ်ဒမီကမလား"
"လျှို့ဝှက်တာအိုအကယ်ဒမီက ကျောင်းသားတွေကို တခြားအင်းအားစုတွေမှာ ၀င်တဲ့အခါ ကန့်သတ်ထားတာမရှိဘူး"
ယဲ့ချိုးပိုင် ဒီမြင်ကွင်းကိုကြည့်ရင်း ခါးသီးစွာပြုံးလိုက်မိသည်။
ဘေးက လျန်ဖုန်းနှင့် ကျန်းချောင်မြန့်တို့ကလည်း ယဲ့ချိုးပိုင်အား ဒွိဟဖြစ်နေသည့် အမူအရာဖြင့် ကြည့်နေကြသည်။
"တချို့လူတွေကတော့ နေရာတိုင်းမှာ ကရုဏာတရားကိုတကယ်ပြသနေတာပဲ"
"မိန်းကလေးရှင်းက ဒီနှစ်တွေမှာ လူဘယ်နှစ်ယောက်တောင်ငြင်းခဲ့သလဲဆိုတာမသိတော့ဘူး၊ မိသားစုနဲ့လက်ဆက်ထားတဲ့ လူတွေကိုတောင် သူကရက်စက်စွာငြင်းပစ်ခဲ့တယ်၊ သူဘယ်သူ့ကိုစောင့်နေတာလဲမသိဘူး"
ယဲ့ချိုးပိုင်အကူအညီမဲ့သွားရသည်။
ငါကဘာလို့ကရုဏာတရားကိုပြသရမှာတုန်းဟ!
ဒါကတခါတိုက်ခိုက်ခဲ့ပြီး တခါကယ်တင်ခဲ့တာထက်မပိုဘူးလေ!
ဒါပဲမလား!
ရှင်းဟုန်ယီခေါင်းမော့ကာ ယဲ့ချိုးပိုင်ရှိရာဘက်သို့ကြည့်ပြီးနောက် တောင်တံခါးသို့ လျှောက်လာပြီး ဒုတိယစမ်းသပ်မှုထဲ ၀င်သွားသည်။
"ကျောင်းယု(အလယ်ပိုင်းဒေသ)၊ ဟောင်တျန်း၊ ဆဌမအထပ်၊ အောင်မြင်တယ်"
ဆဌမအထပ်လား!
လူတိုင်းက ဟောင်တျန်းရှိရာဘက်သို့ ကြည့်လိုက်ကြပြီး ထိတ်လန့်နေကြ၏။
"အဲဒီလူကဘယ်သူလဲ၊ ငါဘာလို့တခါမှ မမြင်ဖူးရတာလဲ"
"သူကသာမန်တကိုယ်တော်ကျင့်ကြံသူတယောက်လို့ ငါထင်ခဲ့တာ၊ တကယ်ပဲ ဆဌမအထပ်ထိ ထွင်းထုနိုင်ခဲ့တာလား"
လျန်ဖုန်းနှင့် ကျန်းချောင်မြန့်တို့ကလည်း အနည်းငယ်အံ့ဩသင့်သွားကြသည်။
ဓားသိုင်းပညာမှာ ငါတို့ထက်တောင် ပါရမီရှိတာလား!
ယဲ့ချိုးကိုင်ပြုံးလိုက်သည်။
"ကြည့်ရတာမျိုးစေ့ကောင်းတစေ့ ပေါ်လာပုံပဲ၊ ဒါပေမယ့် သူ့ရဲ့ဓားဆန္ဒက တကယ်စိတ်၀င်စားဖို့ကောင်းတယ်"
လူတိုင်း၏ဓားဆန္ဒက တကယ်တော့ မတူကြပါ။
လူတစ်ယောက်ကကြမ်းတမ်းခက်ထန်သောအခါ ဓားဆန္ဒကထက်ရှပြီးရန်လိုတတ်သည်။
လူတစ်ယောက်က အစီအစဉ်ချရာတွင် တော်သောအခါ ဓားဆန္ဒက ကာကွယ်ရေးအတွက် ဖြစ်လာတတ်သည်။
"ဘာလို့လဲ၊ မင်းတယောက်တည်းကျင့်ကြံပေးချင်လို့လား"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"အရင်ကြည့်ကြရအောင်"
......
ထို့နောက်တွင် လူတစ်ရာလောက်သာ ပထအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့ကြသည်။
ဟောင်တျန်းက သူတို့ထဲတွင် ပါရမီအရှိဆုံးဖြစ်သည်။
ဒုတိယအဆင့်သို့၀င်လာသောအခါ အကြီးအကဲတစ်ဦးကမေးသည်။
"ဟောင်တျန်း၊ အနာဂတ်မှာမင်းဘယ်သူ့ကို အရိုအသေပေးချင်လဲ၊ ကျန်းချောင်မြန့်လား ဒါမှမဟုတ် လျန်ဖုန်းလား"
ဟောင်တျန်းခေါင်းခါယမ်းသည်။
"ကျွန်တော်သူတို့ကိုသဘောမတွေ့ဘူး"
"အိုး၊ ဒီလိုဆိုရင် မင်းဘယ်သူ့ကို အရိုအသေပေးချင်တာလဲ၊ ဒါမှမဟုတ် မင်းက တယောက်တည်းကိုယ်တိုင်လေ့ကျင့်ချင်တာလား"
ဟောင်တျန်း တိမ်ပြာဓားတောင်ထိပ်သို့ တချက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် ရည်မှန်းချက်တခုပေါ်လာသည်။
"ကျွန်တော်ဂိုဏ်းချုပ်ဆီမှာပဲ အရိုအသေပေးချင်ပါတယ်၊ စီနီယာယဲ့ကသာ ကျွန်တော့်ဆရာဖြစ်ဖို့ ထိုက်တန်ပါတယ်"
အကြီးအကဲများကလန့်သွားကြသည်။
ထိုအကြီးအကဲကခါးသီးစွာပြုံးသည်။
"ဂိုဏ်းချုပ်က တပည့်လက်မခံဘူး"
ဟောင်တျန်းပခုံးတွန့်လိုက်သည်။
"ကြိုးစားကြည့်ရမှာပေါ့"
.....
တခြားတဘက်တွင် နင်းချန်ရှန်းက ပညာသင်ခန်းမသို့ရောက်လာခဲ့သည်။
ပညာသင်ခန်းမ၏တည်နေရာက အတော်လေးရိုးရှင်းသည်။
ရိုးရှင်းသည့်ခြံ၀င်းများသာရှိပြီး ကွန်ဖြူးရှပ်နှင့်တာပိုဝါဒကို လေ့လာကြသည့်သူများအသုံးပြုကြသည်။
အလယ်တွင်ဧရာမစာကြည့်တိုက်တခုရှိပြီး စာအုပ်အများအပြားရှိသည်။
အတိတ်က ကွန်ဖြူးရှပ်ဝါဒကိုလေ့ကျင့်သူတိုင်း ဒီနေရာတွင် တိတ်ဆိတ်စွာ လေ့လာနိုင်သည်။
သို့သော် ယနေ့တွင်မူ ပညာသင်ခန်းမက ဂုဏ်ကျက်သရေရှိသည့်လေထုဖြင့် ပြည့်နှက်နေသည်။
ကွန်ဖြူးရှပ်ဝါဒကိုလေ့ကျင့်နေကြသည့်လူများ၏မျက်နှာ၌ ကြောက်စိတ်အနည်းငယ်ရှိနေကြသည်။
နင်းချန်ရှန်းလျှောက်လာပြီး လက်ဝှေ့ယမ်းစဉ် အဖြူရောင်အလင်းတန်းများက ကျဆင်းလာသညိ။
ချက်ချင်းဆိုသလို ထိုလူများ၏မျက်နှာထဲက ကြောက်စိတ်များကပျောက်ကွယ်သွားကြပြီး သူတို့၏နှလုံးသားများက တည်ငြိမ်သွားကြ၏။
"စီနီယာနင်းရောက်လာပြီ"
နင်းချန်ရှင်း အလောတကြီးမေးလိုက်သည်။
"ဇာတ်လမ်းတခုလုံးကို ငါ့ကိုပြောပြ"
ပညာသင်ခန်းမ၌ ယခုလိုမျိုးဖြစ်ရပ်မျိုးကို နင်းချန်ရှင်းပေါ့ပေါ့လေးဟုယူဆကာ လျစ်လျူရှုထားမည်မဟုတ်ပေ။
အပိုင်း(459) coming။