← Chapters

#မဟာယနဗုဒ္ဓတောင်ပေါ်သို့ထပ်နင်းခြင်း#

Vol. 32 Ch. 460

#မဟာယနဗုဒ္ဓတောင်ပေါ်သို့ထပ်နင်းခြင်း#

Vol. 32 Ch. 460

အနီးအနားရှိစကားလုံးများက နင်းချန်ရှင်း၏နှလုံးသားကို ပို၍ပင်နစ်မြှုပ်သွားစေသည်။

အကယ်၍ ဒီလိုအခြေအနေရပ်မျိုးကို မထိန်းချုပ်ဘဲ လက်လွှတ်လိုက်မည်ဆိုပါက ပညာသင်ခန်းမတင်မဟုတ်ဘဲ ကမ္ဘာကြီးထဲက ကွန်ဖြူးရှပ်နှင့်တာအိုဝါဒပါ အလိမ်အညာများဟု ခေါ်ဝေါ်ခံရပေလိမ့်မည်။

ထိုသို့တွေးမိသောအခါ နင်းချန်ရှင်း စံအိမ်တော်ထဲသို့ အလျင်စလို၀င်သွား၏။

စံအိမ်ထဲတွင် သွေးနံ့များက အရမ်းပြင်းထန်သည်။

စံအိမ်ထဲကလူများက အသတ်ခံရစဉ် သူတို့သေသည်အထိ

နှိပ်စက်ခံခဲ့ရတယ်ဆိုတာ သိသာထင်ရှားနေသည်။

နင်းချန်ရှင်း လေးနက်သည့်အမူအရာဖြင့် ၀န်းကျင်ကို ကြည့်နေခဲ့သည်။

မှန်ပေသည်။

ဒီသွေးနံ့ထဲတွင် ရောထွေးနေသည့် အော်ရာများဖြင့် ပြည့်နှက်နေပြီး အလွန်အမင်းသိသာသည့် ကွန်ဖြူးရှပ်နှင့်တာအိုအငွေ့အသက်တခုပင်ပါ၀င်သည်။

ကွန်ဖြူးရှပ်နှင့်တာအိုက နှိပ်စက်ဖို့နဲ့ လူသတ်ဖို့အတွက်သုံးတာလား!

ဒီလိုအရာမျိုးက နင်းချန်ရှန်း၏ စံပြသဘောတရားနှင့် ကွန်ဖြူးရှပ်ဝါဒအပေါ် လျှောက်လှမ်းမည့် မူလရည်ရွယ်ချက်နှင့် လုံး၀ကိုဆန့်ကျင်နေသည်။

အပေါ်ယံ၌ ဘာအထူးခြေရာ၊ သဲလွန်စမှမရှိပေ။

အရာအားလုံးက မကောင်းသည့်အရာများကိုလုပ်ဆောင်ကာ နှိပ်စက်သတ်ဖြတ်ခြင်းကို ဆက်လုပ်ခဲ့သည့် ကွန်ဖြူးရှပ်ကျင့်ကြံသူများကို ညွှန်ပြနေသည်။

သို့စေကာမူ နင်းချန်ရှင်းနောက်ဆုံးအခန်းထဲသို့၀င်သွားသောအခါ ထို့ထဲတွင် နေရာမှာတင် ၀မ်းနည်းဖွယ်ရာသေဆုံးသွားခဲ့ရသည့် အလောင်းတလောင်းလည်းရှိသည်။

သတင်းအချက်အလက်များအရ ဒီလူက စံအိမ်ပိုင်ရှင်ဖြစ်သည်။

သူ့အလောင်းကနေ နောက်ဆုံးတော့ သဲလွန်စတချို့ရှာတွေ့ခဲ့သည်။

ထို့နောက်နှလုံးသားထဲတွင် ထင်မြင်ချက်တချို့‌လုပ်ပြီး တခုပြီးတခုအတည်ပြုလိုက်နိုင်သည်။

ကြည့်ရသည်မှာ ဒီကိစ္စက လမ်းလွဲပြီးမိစ္ဆာလမ်းစဉ်ကိုလျှောက်လှမ်းတယ်ဟု ဆိုရသလောက်ရိုးရှင်းပုံမရပေ။

ဖြောင့်မတ်မှုဖြင့်ပြည့်နှက်နေသည့် ကွန်ဖြူးရှပ်ကျင့်ကြံသူကနေ မိစ္ဆာလမ်းစဉ်ဖြင့် ပြည့်နေသည့်လမ်းကြောင်းသို့ပြောင်းရာတွင် ဒီနှစ်ခုကတခုနှင့်တခုဆန့်ကျင်နေပြီး လမ်းစဉ်တွေကလည်း အရမ်းကွဲပြားသည်။

ဒီလူကနှလုံးသားထဲတွင် မိစ္ဆာဆန်သည့်အတွေးများကို မဖိနှိပ်ထားခဲ့သရွေ့ လမ်းလွဲသွားရန်ဟူသည်ခက်ခဲသည်။

ထို့ကြောင့်ဖြစ်နိုင်ချေနှစ်ခုတည်းသာရှိသည်။

ပထမတခုက ထိုသုံးယောက်၏နှလုံးသားထဲတွင် မိစ္ဆာအတွေးများက အမြစ်တွယ်နေခဲ့ခြင်းဖြစ်ရပေမည်။။

စွဲလန်းမှုက လောင်စာတခုပေတည်း။

ဒုတိယတခုကလည်း နင်းချန်ရှင်း၏ ထင်မြင်ချက်ဖြစ်သည်။

တစ်ယောက်ယောက်က ဒီမြင်ကွင်းများနောက်တွင် မီးမွှေးပေးပြီး ပညာသင်ခန်းမ သို့မဟုတ် ကွန်းဖြူရှပ်နှင့်တာအိုနာမည်ကို အပြည့်အ၀ဖျက်ဆီးပစ်ရန်ကြိုးစားနေခြင်းပင်။

ဒီလိုအရာမျိုးကိုဘယ်သူလုပ်နိုင်လဲ!

အကြီးဆုံးသံသယဖြစ်မိသူက မဟာယနဗုဒ္ဓဝါဒကို ကျင့်ကြံသူဖြစ်သည်မှာ သိသာထင်ရှားနေသည်။

မည်သို့ပင်ဆိုစေကာမူ ကွန်ဖြူးရှပ်ဝါဒက လူရိုင်းနယ်မြေနှင့် ကောင်းကင်ဘုံနယ်မြေတွင် ရှေးရိုးစွဲဝါဒတခုပမာဖြစ်လာခဲ့သည်။

ရလဒ်အနေဖြင့် မဟာဗုဒ္ဓဘာသာ၏ ဩဇာလွှမ်းမိုးမှုက ပို၍ပို၍အားနည်းလာပြီး ယုံကြည်မှုစွမ်းအားကလည်း လျော့နည်းလာကာ မဟာယနဗုဒ္ဓဘာသာအခြေခံကို လှုပ်ယမ်းပစ်ခဲ့သည်။

ထို့ကြောင့်လည်း နင်းချန်ရှင်းက မဟာယနဗုဒ္ဓဘာသာကို ခန့်မှန်းမိခြင်းပင်။

နောက်တော့ ဖိုကျစ်နှင့် တွေ့ဆုံပြောဆိုပြီးနောက် နင်းချန်ရှင်း နှလုံးသားထဲတွင် ယိုပေါက်တပေါက်ကို ဖမ်းမိသွားခဲ့သည်။

ယခုတွင်မူ စံအိမ်သို့ရောက်လာစဉ် ဒီဟာကွက်များကို တခုပြီးတခုအတည်ပြုကာ ကောက်ချက်ချလိုက်နိုင်သည်။

ဒီကိစ္စတွင် နောက်ကွယ်၌ရှိနေတာက မဟာယနဗုဒ္ဓဘာသာပေတည်း။

"ဒီကိစ္စအတွက် ဒီလိုဆိုးဝါးတဲ့အခြေအနေတခုကိုတောင် ဖန်တီးထားတယ်"

သို့သော် နင်းချန်ရှင်းမသိတာက ဒီကမ္ဘာကြီးထဲတွင် အားနည်းသူများက အားကောင်းသူ၏ စားသုံးခြင်းကို ခံရပြီး ကိုယ်ပိုင်ကျင့်ကြံခြင်းနဲ့ ကိုယ်ကျိုးအတွက် ဘယ်အရာမဆို လုပ်ကြသည်။

မဟာယနဗုဒ္ဓဘာသာပင်လျှင် ခြွင်းချက်မဟုတ်ပေ။

နင်းချန်ရှင်း စံအိမ်ထဲကနေထွက်လာပြီး ၀န်းကျင်က လူများ၏စူးရှသောအကြည့်များကို လျစ်လျူရှုကာ မည်သည့်စကားမှမဆိုဘဲ ထွက်သွားပြီးနောက် မဟာယနဗုဒ္ဓနယ်‌မြေသို့ ထပ်မံဦးတည်လိုက်သည်။

ယခုတကြိမ်တွင်မူ ဒီကိစ္စကို ဖော်ထုတ်ပြီးပြီ ဖြစ်လေရာ ရှင်းလင်းချက်တခုကို ရှာဖွေရပေမည်။

နင်းချန်ရှင်း မဟာယနဗုဒ္ဓဘာသာသို့ ပျံသန်းနေစဉ် အနည်းငယ်စုတ်ပြတ်သပ်နေပုံရသည်။

ဒီနေ့ရက်များအတွင်း နင်းချန်ရှင်းဟုခေါ်သော နှိမ့်ချတတ်သည့်လူငယ်က အမြဲလိုလိုနှိမ့်ချပြီး မည်သူ့ကိုမှ လျှော့မတွက်တတ်ပေ။

ကျင့်ကြံခြင်းအဆင့်က မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ ပုံရိပ်ကနိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ အားလုံးက တန်းတူညီမျှဟုယူဆ၍ရသည်။

သူ့မျက်နှာပေါ်၌ အမြဲလိုလိုသိမ်မွေ့သည့်အပြုံးတခုရှိခဲ့သည်။

သူ့ကိုကောင်းကောင်းသိသည့်လူတိုင်းက ဒါကိုသိကြသည်။

နင်းချန်ရှင်း ယခုလိုအမူအရာကို ပြသလာသောအခါတွင် သူကအမှန်တကယ် ဒေါသထွက်နေခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ နင်းချန်ရှန်းကဲ့သို့ လူမျိုးကို ယခုလိုအမူအရာမျိုးပြသအောင် လုပ်နိုင်သည့် လူဟူ၍ အရမ်းနည်းသည်။

နင်းချန်ရှန်း ရေရွတ်သည်။

"နောက်ဆုံးတကြိမ်ကလိုပဲ မဟာယနဗုဒ္ဓဘာသာဂိုဏ်းက သူတို့ရဲ့မိစ္ဆာစိတ်ဓာတ်တွေကို မပြင်ခဲ့ကြပုံပဲ၊ ဒါကသူတို့ကို အခုလမ်းလွဲရောက်ဂိုဏ်းတဂိုဏ်းဖြစ်အောင် အားပေးအားမြှောက်ပြုခဲ့တာပဲ"

ထိုအချိန်တွင် နင်းချန်ရှင်း မဟာယနဗုဒ္ဓဘာသာမြေပေါ်သို့ရောက်လာခဲ့လေပြီ။

ထိုအခိုက်အတန့်၌ မဟာယနဗုဒ္ဓအစီအရင်ကို အပြည့်အ၀ဖွင့်လှစ်ခဲ့သည်။

ရွှေရောင်အလင်းက မဟာယနဗုဒ္ဓတောင်တခုလုံးကို လွှမ်းခြုံသွား၏။

လက်ရှိကာကွယ်ရေးအခင်းအကျင်းကို အပြည့်အ၀အားဖြည့်ထားသည်။

အရင်မဟာယနဗုဒ္ဓအစီအရင်များနှင့် ယှဉ်ပါက ယခုက ပို၍ အားကောင်းသည်။

မဟာယနဗုဒ္ဓတောင်၀န်းကျင်မှ ကျင့်ကြံသူများက ထိုမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်နေကြပုံရသည်။

အဲဒါဘယ်သူလဲ!

ဘယ်သူက မဟာယနဗုဒ္ဓဘာသာကို ဒီလိုကြောက်အောင် လုပ်ပြီး မဟာယနဗုဒ္ဓအစီအရင်ကို တိုက်ရိုက်ဖွင့်စေခဲ့တာလဲ!

ရှေးခေတ်ကနေ လက်ရှိပစ္စုပ္ပန်အထိ မဟာယနဗုဒ္ဓအစီအရင်ကိုဖွင့်လှစ်ခဲ့သည့်အကြိမ်အရေအတွက်က လက်ချိုးရေတွက်၍ပင်ရသည်။

နှစ်ထောင်ချီပင်ကြာသွားပြီး နောက်ဆုံးတကြိမ်ကို ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်သည့် ကွန်ဖြူးရှပ်နှင့်တာအိုဝါဒမှ နင်းချန်ရှင်း မဟာယနဗုဒ္ဓတောင်သို့ ရောက်လာသောအခါမှ ဖွင့်လှစ်ခဲ့သည်။

ယခုတွင်မူ မဟာယနဗုဒ္ဓတောင်ပေါ်သို့ မည်သူက ခြေချရဲလေသနည်း။

မဟာယနဗုဒ္ဓတောင်က လူရိုင်းနယ်မြေတွင် အားအကောင်းဆုံးအင်အားစုတခု မဟုတ်တော့သော်လည်း ၎င်း၏နောက်ခံက သာမန်အင်အားစုများ ရန်စနိုင်သည့်အရာတခု မဟုတ်သေးပါ။

ထိုစံအိမ်တော်ကလူများတော့ မပါပေ။

"ကြည့်၊ အစီအရင်အပြင်မှာ လူတစ်ယောက်ရှိနေတယ်"

ထိုစကားလုံးများကျဆင်းလာသည်နှင့် ၀န်းကျင်သို့ကြည့်နေကြသည့် ကျင့်ကြံသူတိုင်းက မဟာယနဗုဒ္ဓအစီအရင် အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။

သူတို့ ထိတ်လန့်သွားကြ၏။

"သေချာနေတာပဲ၊ ခန့်မှန်းထားတာ တကယ်မှန်နေတယ်၊ သူကစံအိမ်တော်ရဲ့ တပည့်ဖြစ်ပြီး ကွန်းဖြူရှပ်ရှေးရိုးစွဲဝါဒရဲ့ နင်းချန်ရှင်းပဲ"

"သူဘာလို့ရောက်လာတာလဲ"

"မဟာယနဗုဒ္ဓဘာသာက သူ့ကိုထပ်ပြီးရန်စလိုက်တာများလား"

တစ်ယောက်ယောက်ကနှာခေါင်းရှုံ့သည်။

"သူထူထောင်ထားတဲ့ဂိုဏ်းက ကွန်ဖြူးရှပ်နဲ့ တာအိုနာမည်အောက်မှာ မကောင်းမှုတွေ လုပ်နေတယ်လေ"

"အခု၊ သူတို့ရဲ့ဆာလောင်မှုက မပြည့်၀တော့ဘူးဆိုတော့ မဟာယနဗုဒ္ဓဘာသာကို ရှင်းပစ်ချင်တာနေမှာပေါ့"

"ကြည့်ရတာ ဒီကိစ္စကရှင်းနေပုံပဲ၊ မဟာယနဗုဒ္ဓဘာသာနဲ့ ကွန်ဖြူးရှပ်၀ဒါကို ပေါင်းစပ်ချင်တဲ့ နင်းချန်ရှင်းက တတ်နိုင်သမျှ အမြန်ဆုံး လူသစ်စုဆောင်းဖို့ လုပ်နေပုံပဲ"

"သူ့နှလုံးသားက အပြစ်ပေးခံရလိမ့်မယ်"

ထိုအချိန် စံအိမ်တော်တွင် ဟုန်ရင်နှင့် ကျန်သောသူများကလည်း ဒီသတင်းကို သိသွားကြသည်။

မုဖူရှန်းမေးသည်။

"ဒီအကြောင်းကို ဆရာကိုပြောမှာလား"

မည်သို့ပင်ဆိုစေကာမူ တတိယအစ်ကို၏ နှိမ့်ချသည့်အသွင်အပြင်က အနိုင်ကျင့်ခံရရန်လွယ်ကူပုံရသည်။

ဟုန်ရင်ကမူ ရှောင်ဟိုင်နှင့် ရှီရှန်းတို့နှင့် တာအိုလေ့ကျင့်မှုအကြောင်း ဖလှယ်နေသည်။

ထိုစကားလုံးများကိုကြားသောအခါ သူမက မုဖူရှန်းတွေးတောနေတာကို မြင်နိုင်သည့်အလား ညင်သာစွာပြုံးသည်။

"နင့်ရဲ့တတိယအစ်ကိုက အနိုင်ကျင့်ဖို့လွယ်တယ်လို့ နင်ထင်နေတာလား"

မုဖူရှန်း ကိုးရိုးကားယားပြုံးကာ ခေါင်းကုတ်လိုက်လေသည်။

ရှီရှန်းက ပြုံးသည်။

"ညီလေး၊ အစ်ကို၃က အရမ်းကြင်နာတတ်တယ်လို့ မထင်နဲ့၊ သူက ဘယ်သူ့ကိုမဆို တက်နင်းနိုင်တယ်"

"ဒါပေမယ့် အစ်ကို၃ ဒေါသထွက်လာပြီဆိုရင် အကျိုးဆက်တွေကတော့ အရမ်းပြင်းထန်လိမ့်မယ်"

ရှောင်ဟိုင်ကလည်း သဘောတူသည့်အသွင် ခေါင်းညိတ်သည်။

"အဲဒီအချိန်က အစ်ကို၃ရဲ့ ကျင့်ကြံခြင်းအခြေခံက အရမ်းအားမကောင်းခင်က သူက မဟာယနဗုဒ္ဓဘာသာကြောင့် မဟာယနဗုဒ္ဓ‌တောင်ကို တယောက်တည်းသွားခဲ့တယ်"

ဟုန်ရင်ကလည်း အပြုံးဖြင့် ခေါင်းညိတ်သည်။

"နင့်ရဲ့အစ်ကိုသုံးက ဒီလိုကိစ္စတွေကို သူကိုယ်တိုင်ဖြေရှင်းနိုင်ပါတယ်"

ချက်ချင်းဆိုသလိုသုံးယောက်သားက ဆက်လက်စကားပြောနေကြသည်။

မုဖူရှန်းလုံး၀အံ့ဩသင့်နေသည်။

နှိမ့်ချလိုစိတ်နှင့် ပြည့်နှက်နေတဲ့ အစ်ကိုသုံးမှာ ဒီလိုတက်ကြွတဲ့လုပ်ဆောင်ချက်မျိုး ရှိမယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး!

ငါ့ရဲ့အစ်ကိုအစ်မတွေမှာ ငေါ့တော့တော့ပြောတတ်တဲ့ ပုံစံတွေများရှိတာလား!

ဘာလို့ဒီလိုအရာမျိုးတွေက နေရာတိုင်းမှာ ဖြစ်ပျက်နေရတာလဲ!

.....

တခြားတဖက်တွင် တိမ်ပြာဓားဂိုဏ်းက နောက်ဆုံးစမ်းသပ်မှုဖြစ်သည့် စိတ်အပြုအမူအကဲဖြတ်မှုကို စတင်နေသည်။

လုချန်ရှန်းကိုယ်တိုင် စီစဉ်ထားသည့် ပုံရိပ်‌ယောင်အစီအရင်က ဗဟိုချက်ကို အထူးစမ်းသပ်သည်။

အခက်အခဲကအတော်လေးမြင့်မားသည်။

ယနေ့လူငါးဆယ်ကျော်ကသာ ဒီခြေလှမ်းကိုရောက်နိုင်ခဲ့ကြသည်။

ထိုအချိန်တွင် ဘေးက လျန်ဖုန်းကလည်း သတင်းများကိုရလာသဖြင့် ယဲ့ချိုးပိုင်ကို ချက်ချင်းတိုးတိုးလေးပြောလိုက်သည်။

ယဲ့ချိုးပိုင်အောက်ကအစီအရင်ကို စူးစိုက်စွာကြည့်နေပြီး သူ့၏အဓိကအကြည့်က ဟောင်တျန်းပေါ်တွင်ရှိနေသည်။

လျန်ဖုန်းအကူအညီမဲ့စွာပြောသည်။

"ဦးလေးယဲ့၊ ငါပြောနေတယ်လေ၊ မင်းဂိုဏ်းရဲ့ဝေယျာ၀စ္စတွေကို ဂရုမစိုက်ဘူးဆိုရင်တောင် မင်းညီငယ်ရဲ့ကိစ္စကိုတော့ ဂရုစိုက်သင့်တယ်မထင်ဘူးလား"

ယဲ့ချိုးပိုင်အပြုံးဖြင့်ခေါင်းခါယမ်းသည်။

"ငါရှေ့ထွက်စရာမလိုပါဘူး၊ သူက အသေးအမွှား မဟာယနဗုဒ္ဓလေးပဲလေ၊ သူတယောက်တည်းကလုံလောက်ပါတယ်"

အပိုင်း(461) coming။

All Chapters