#ဒေါသတကြီးပစ်ချက်#
Vol. 32 Ch. 461
အနောက်ပိုင်းဒေသ မဟာယနဗုဒ္ဓတောင်၊ မဟာယနဗုဒ္ဓဘာသာတည်နေရာ၌ ထိုအခိုက်အတန့်တွင် မဟာယနဗုဒ္ဓအစီအရင်ကို အပြည့်အ၀ဖွင့်လှစ်ထားပြီး မဟာယနဗုဒ္ဓတောင်တခုလုံးကို ၀န်းရံထားသည်။
မဟာယနဗုဒ္ဓအစီအရင်ထဲတွင် အဇူရာ၀တ်စုံရှင် မဟာယာနဗုဒ္ဓနှင့် မဟာဗုဒ္ဓခြောက်ပါး ရှိသည်။
အားလုံးကပေါ်လာခဲ့ကြပြီး အစီအရင်ကြီးတခု ဖန်တီးကာ သူတို့နောက်တွင် အဇူရာပုံရိပ်ယောင်တခုက မဟာယနဗုဒ္ဓတောင်ပေါ်၌ ရပ်နေသည်။
မျက်နှာနှင့်သွားများက ဒေါသဖြစ်နေသည့်အလား ၀တ်ရုံက နေရာအနှံ့ လွင့်မြောနေသည်။
နောက်က လက်ခြောက်ဖက်က ခေါင်းဖြတ်ကိရိယာများကိုကိုင်ဆောင်ထားသည်။
၎င်းကကြီးမားပြီး အော်ရာက ကြောက်မက်ဖွယ်ကောင်းသည်။
မဟာယနဗုဒ္ဓသားတော်ဖြစ်သည့်အပေါ် သူကကောင်းကင်ပေါ်ထိုးတက်သွားစဉ် သူ့နောက်တွင် ရွှေဗုဒ္ဓပုံရိပ်ယောင်တခုရှိနေခဲ့သည်။
မဟာယနဗုဒ္ဓအလင်းက ကမ္ဘာတစ်ဝှမ်းတွင် တောက်ပနေသည်။
မဟာယနဗုဒ္ဓသားတော် ဖိုကျစ်က ခပ်ပေါ့ပေါ့ပြောသည်။
"ဂိုဏ်းခေါင်းဆောင်နင်း၊ ဒါကဘာကို ဆိုလိုချင်တာလဲ"
နင်းချန်ရှင်းဒေါသတကြီးရယ်မောသည်။
"မင်းရဲ့အခြေအနေကိုကြည့်ပါဦး၊ ကိစ္စက သိသာထင်ရှားနေပြီပဲမလား"
"ဘာကိစ္စလဲ"
ဖိုကျစ်၏ မျက်နှာက ထူးမခြားနားသလို မည်သည့် အမူအရာအတက်အကျမှလည်း မရှိပါ။
"ကွေ့ကောက်ပြောမနေပါနဲ့၊ ငါတို့ရဲ့ မဟာယနဗုဒ္ဓဘာသာဂိုဏ်းက ခေါင်းဆောင်နင်းကို တခုခုရန်စမိတာရှိရင် ပြောလို့ရပါတယ်"
"ကောင်းလိုက်တဲ့သရုပ်ဆောင်မှု"
နင်းချန်ရှင်း ဒေါသတကြီး ပြောသည်။
"ငါ့ရဲ့ပညာသင်ခန်းမက တပည့်သုံးယောက်က မိစ္ဆာလမ်းစဉ်ဘက်ကို လုံး၀ရောက်သွားခဲ့ကြပြီ၊ နောက်ကွယ်က မင်းရဲ့မဟာယနဗုဒ္ဓဘာသာဂိုဏ်းမလား"
ထိုမှတ်ချက်ထွက်လာသည်နှင့်တပြိုင်နက် အပြင်ပကကြည့်ရှုနေသည့်ကျင့်ကြံသူများက ထိတ်လန့်တုန်လှုပ်သွားကြ၏။
ကွန်ဖြူးရှပ်နှင့်တာအိုနာမည်နှင့် ပညာသင်ခန်းမမှာ မိစ္ဆာလမ်းစဉ်ကိုလေ့ကျင့်တဲ့ ပါရမီရှင်တပည့်သုံးယောက်ကို မဟာယနဗုဒ္ဓဘာသာက နောက်ကွယ်ကနေ ထိန်းချုပ်ထားတာလား!
ထိုအချိန်တွင် ဖိုကျစ် မျက်လုံးများ ဖွင့်လာပြီး သူ့ဒေါသကို ဖိနှိပ်ထားရသည့်အလား တင်းကျပ်စွာ မျက်မှောင်ကြုတ်သည်။
"မဟာယနဗုဒ္ဓဘာသာက အမြဲလိုလိုပွင့်လင်းရိုးသားပြီး ကမ္ဘာပေါ်က သာမန်လူတွေအတွက် အမြဲလုပ်ဆောင်ခဲ့တယ်"
"ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်နင်းက ပညာသင်ခန်းမရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် တခြားသူတွေကိုအနိုင်ကျင့်တယ်၊ ပြီးတော့ ငါတို့ကို အပြစ်တင်တယ်"
"တကယ်လို့ ငါသာဒီလိုလုပ်ခဲ့မယ်ဆိုရင် ဘုရားရှင်ရှေ့မှာငါကိုယ်တိုင်တောင်းပန်မယ်၊ ငါကိုယ်တိုင်ငရဲကို သွားရပါစေ၊ မဟာယနဗုဒ္ဓနယ်ပယ်ကို ဘယ်တော့မှမ၀င်ရောက်ပါစေနဲ့"
ထိုစကားကိုကြားသောအခါ အပြင်က လူများကလည်း ခေါင်းညိတ်ကြသည်။
"ကြည့်ရတာ နင်းချန်ရှင်းက ပညာသင်ခန်းမရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့အတွက် ဒါကို တမင်တကာလုပ်ခဲ့ပုံပဲ"
"မဟာယနဗုဒ္ဓနယ်ပယ်ဆိုတာက ဗုဒ္ဓဘာသာ၀င်တိုင်း တောင့်တရတဲ့နေရာတခုပဲ၊ သေပြီးနောက်မှာ သူတို့အားလုံးက မဟာယနဗုဒ္ဓနယ်ပယ်သို့ တက်လှမ်းချင်ကြပြီး ဗုဒ္ဓတွေ ဖြစ်လာချင်ကြတယ်၊ ဖိုကျစ်ရဲ့စကားလုံးတွေက မမှားယွင်းဘူး"
"ရက်စက်ခြင်းနဲ့ပဲ မဟာယနဗုဒ္ဓဘာသာက အပြစ်မရှိကြောင်းကို ပြသနိုင်မှာလေ၊ ဆန့်ကျင်ဘက်အနေနဲ့ နင်းချန်ရှင်းနဲ့ ပညာသင်ခန်းက ဒီကိစ္စမှာ ကျဉ်းမြောင်းတဲ့စိတ်သဘောထားရှိပြီး မိစ္ဆာလမ်းစဥ်ကို လုံး၀ဦးတည်နေခဲ့ကြပြီ"
နင်းချန်ရှင်း အနီး၀န်းကျင်ကလူများ၏ စကားများကိုကြားသောအခါ သူ့အမူအရာကပို၍ပို၍ပင်မည်းမှောင်လာသည်။။
"အရာအားလုံးက မပေါ်လာတော့ဘူးလို့ မင်းတကယ်ထင်နေတာလား"
"ကောင်းကင်ကိုငါမယုံပေမယ့် လူတွေဒီလိုလုပ်တဲ့အခါ ကောင်းကင်ကစောင့်ကြည့်နေတယ်၊ တကယ်လို့ကောင်းကင်က ဆင်းလာပြီး အပြစ်မပေးဘူးဆိုရင် ငါကိုယ်တိုင်ပေးမယ်"
ဖိုကျစ်၏မျက်နှာက ကြောက်မက်ဖွယ်ရာ ရန်သူတစ်ပါးကို ရင်ဆိုင်နေရသည့်အလား လေးနက်သွားသည်။
"မင်းကအစွမ်းထက်တယ်ဆိုပေမယ့် တချိန်တည်းမှာပင် နောက်ကတောင်ကလည်း အရမ်းကြောက်စရာကောင်းတယ်နော်"
"ဒါပေမယ့် မဟာယနဗုဒ္ဓဘာသာတံခါးဆိုတဲ့ ဒီနေရာက ဖြောင့်မတ်တဲ့နေရာတခုပါ၊ ငါမင်းကို ဘယ်လိုအပ်နှင်းရမှာလဲ"
ကြည့်ရှုသူအားလုံးက နင်းချန်ရှင်းကို လက်ညိုးထိုးလိုက်ကြသည်။
"မဟာယနဗုဒ္ဓဘာသာက မှန်တယ်၊ မင်းဒီလိုအရာမျိုးကို ဘယ်လိုလုပ်နိုင်တာလဲ"
"ကြည့်ရတာ ပညာသင်ခန်းမနဲ့ နင်းချန်ရှင်းက ဒီတကြိမ်တော့ နှလုံးသားကင်းမဲ့သွားကြရပုံပဲ"
"မှန်တယ်၊ နောက်ခံက အားကောင်းနေတော့ရော ဘာဖြစ်လဲ၊ လူတွေ အများကြီး ပြောနေကြတယ်၊ အားလုံးကို ရပ်တန့်ဖို့အတွက် မင်းအင်အားကို ဘယ်လိုမျိုးသုံးမှာလဲ"
'အဲဒီအချိန်ကျရင် ဘယ်သူကမှ ကွန်ဖြူးရှပ်နဲ့ တာအိုဝါဒကိုလေ့ကျင့်ကြတော့မှာမဟုတ်ဘူး၊ သူခွန်အားနဲ့ဘယ်လိုလုပ် အတင်းလုပ်ယူနိုင်မှာတဲ့လဲ"
"ဟူး.....၊ သူ့ဆရာလုချန်ရှန်းက သူ့ဘ၀တလျှောက်လုံးကျော်ကြားလာသမျှ တပည့်တွေဆီမှာ အရောင်ဆိုးခံရနေရတာ အရှက်ရစရာပဲ"
ဒီမြင်ကွင်းကိုမြင်သောအခါ အဇူရာ၀တ်မဟာယာနဗုဒ္ဓနှင့် မဟာဗုဒ္ဓများက နှာခေါင်းရှုံ့လိုက်ကြသည်။
မင်းဘယ်လိုကြား၀င်ညှိနှိုင်းမှာလဲ!
နင်းချန်ရှင်း၊ မင်းအခုဘာများလုပ်မလဲ!
ဖိုကျစ်က နင်းချန်ရှင်းကိုကြည့်ပြီးနောက် အနည်းငယ်စိတ်သက်သာရာရသွားသည်။
ဒီလိုအချိန်မျိုးတွင် နင်းချန်ရှင်းသာ အလျင်စလိုလုပ်မည်ဆိုပါက ပြန်လှည့်ရန်အတွက် နေရာရှိတော့မည်မဟုတ်တော့။
ပညာသင်ခန်းမနှင့် နင်းချန်ရှင်းတို့၏ နှလုံးသားကလည်း ပျောက်ဆုံးသွားရပေလိမ့်မည်။
မဟာယနဗုဒ္ဓဘာသာက သူ့ကြောင့် ပျက်စီးသွားတော့ရော ဘာအရေးနည်း။ သူတို့က ရှင်သန်၍ ရပါသေးသည်။
ထို့နောက်တွင် မဟာယနဗုဒ္ဓဘာသာက ထပ်မံရွက်လွှင့်ကာ ဒီလူရိုင်းကမ္ဘာထဲတွင် ရှေးရိုးစွဲအစဉ်အလာတခု ဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင် နင်းချန်ရှင်း မျက်နှာမဲ့လိုက်မိသည်။
"ဒီလိုဆိုမှတော့ မင်းတို့ဆန္ဒရှိတဲ့အတိုင်းပါပဲ"
စကားပြောပြီးနောက်တွင် နင်းချန်ရှင်း နှလုံးသားထဲတွင် တာအိုကျမ်းစာများကို ကိုင်ကာ ကောင်းကင်အား လက်တစ်ဖက်ဖြင့် ညွှန်ပြသည်။
"သစ်သား၊ ရေခဲ၊ တိုက်ခိုက်ခြင်း၊ လူသား၊ အစွန်အဖျား၊ အတန်း၊ အခင်းအကျင်း"
အက္ခရာကိုးလုံးမန္တန်နှင့်အတူ စကားသံက လိုက်ပါလာသည်။
ရွှေကြေးခွံလှံတစ်ချောင်းကိုကိုင်ထားသည့် မှော်ဗိုလ်ချုပ်တစ်ဦးက လူ၀င်စားလာသည့်အလားပင်။
အဖြူရောင်အလင်းတန်းက ဝဲလည်နေပြီး အော်ရာကလည်း အတော်လေးကြောက်မက်ဖွယ်ကောင်းနေကာ ချက်ချင်းပင် လှံတစ်ချက်ပစ်ကာ မဟာယနဗုဒ္ဓအစီအရင်ရှိရာသို့ တိုက်ရိုက်ပင် ထိုးစိုက်ပစ်သည်။
ဧရာမရွှေကြေးခွံလှံက ဒီကမ္ဘာကြီးအား ထိုးဖောက်သွားသည့်အလားထင်ရသည်။
လှံဖြတ်သွားသည့်နေရာတိုင်း၌ လေဟာနယ်ကပျက်စီးနေသည်။
တွင်းနက်များကအဆက်မပြတ်ပေါ်လာကြပြီး အာကာသအရှုပ်အထွေးစီးကြောင်းများက မုန်တိုင်းအဖြစ်ပြောင်းလဲကာ ကမ္ဘာကြီးအား တိုက်ခတ်နေသည်။
တခဏအကြာတွင် မဟာယနဗုဒ္ဓတံခါးရှိ တောင်နှင့်မြစ်များအားလုံးက ပျက်စီးပြိုကျသွားကြ၏။
ကျယ်လောင်သည့်အသံက လူရိုင်းနယ်မြေအတွင်း ပဲ့တင်ထပ်ကာပေါ်လာသည်။
ကျင့်ကြံသူအားလုံးက အနောက်ပိုင်းဒေသက မဟာယနဗုဒ္ဓဘာသာရှိရာဘက်သို့ကြည့်လိုက်ကြပြီး သူတို့ကအတော်လေးထိတ်လန့်နေကြသည်။
ဤကဲ့သို့ခွန်အားမျိုးကို စံအိမ်တော်က လူအနည်းငယ်ကသာ ပြသနိုင်သည်။
နောက်ဆက်တွဲစွမ်းအားက အနီးတဝိုက်က ကျင့်ကြံသူအားလုံးကို ကြောက်သွားစေသည်။
သူတို့က နင်းချန်ရှင်း၏အံ့ဖွယ်ခွန်အားအပေါ် အံ့ဩသင့်ရင်း နောက်ဘက်သို့ အဆက်မပြတ်ဆုတ်နေကြသည်။
မိုင်ထောင်ချီဆုတ်ခွာပြီး အော်ရာကို အော်ရာအတားအဆီးအဖြစ်ပြောင်းပြီးမှသာ သက်ရောက်ခြင်းမခံရတော့ပါ။
ဖိုကျစ်၏မျက်လုံးများကလည်း ပို၍ပင် တုန်လှုပ်ကြောက်ရွံ့သွားပြီး လက်ဝှေ့ယမ်းသည်။
"မဟာယနဗုဒ္ဓအစီအရင်ကို အားအကုန်သုံးပြီးအသက်သွင်းကြ၊ တချိန်တည်းမှာပင် မဟာယာနဗုဒ္ဓနဲ့ မဟာဗုဒ္ဓတို့က အပြင်သွားပြီး သူ့ကို ဒီအစီအရင်ကိုချိုးဖျက်ခွင့်မပေးနဲ့"
ဒီအစီအရင်ကြီးမှာ ပြင်ပကမ္ဘာ၏ အစွမ်းထက်နယ်မြေတခုရှိ ဝိဥာဉ်ဖွဲ့စည်းမှုအဆင့် အစီအရင်ဆရာတယောက်ကို ဖိုကျစ် ဖိတ်ခေါ်၍ ငွေအများအပြားသုံးခဲ့ရသည့် အစီအရင်ပင်။
သို့သော် နင်းချန်ရှင်းနှလုံးသားထဲက ဒေါသဖြင့်ပစ်လွှတ်သောအခါ သူပင်လျှင် ထိတ်လန့်သွားရသည်။
ထိုကြောက်မက်ဖွယ်ရာအော်ရာကြောင့်ပင် ဒီမဟာယနဗုဒ္ဓစီအရင်က ပြိုကျနေလေပြီ။
အကယ်၍ လှံရှည်ကသာ အစီအရင်ပေါ်သို့ တိုက်ရိုက်ထိုးစိုက်သွားမည်ဆိုပါက ချက်ချင်းပျက်စီးသွားပေလိမ့်မည်။
ထိုအချိန်တွင် ခုခံရန်အတွက် ဖြစ်နိုင်ချေရှိတော့မည်မဟုတ်။
အဇူရာ၀တ်မဟာယာနဗုဒ္ဓနှင့် မဟာဗုဒ္ဓတို့က ယှဉ်၍မရနိုင်သည့် ခိုင်ခံ့သော အဇူရာပုံရိပ်ယောင်ကိုအသက်သွင်းရန် လက်တွဲလိုက်ကြပြီး သူတို့နောက်က လက်ကြီးခြောက်ဖက်က ဗိုလ်ချုပ်ကြီးလက်ထဲတွင်ရှိသည့် ရွှေကြေးခွံလှံကို တချိန်တည်းတွင် ဖမ်းလိုက်ကြသည်။
ထို့နောက် ဖိုကျစ်ကလည်း မဟာယနဗုဒ္ဓရုပ်ပွားတော်၏ ပုံရိပ်ယောင်နှင့်အတူ လှုပ်ရှားကာ လက်နှစ်ဖက်ကို အတူတကွဆုပ်လိုက်စဉ် ရွှေရောင်အလင်းက လင်း၀င်းသွား၏။
မဟာယနဗုဒ္ဓအလင်းများက ကမ္ဘာတဝှမ်းတွင် တောင်ပလင်း၀င်းလာခဲ့သည်။
တချိန်တည်းမှာပင် ဧရာမရွှေလက်ကြီးတဖက်က ရုတ်တရက်ဆန့်ထွက်လာပြီး ဗိုလ်ချုပ်ကို ပြင်းထန်စွာရိုက်နှက်ပစ်သည်။
ထိုအချိန်တွင် မဟာယနဗုဒ္ဓဘာသာ၀င်များက သူတို့၏ခွန်အားအားလုံးဖြင့် တချိန်တည်းတွင် ပစ်လွှတ်လိုက်ကြသည်။
ရည်ရွယ်ချက်က နင်းချန်ရှင်း၏တိုက်ချက်ကို တားဆီးရန်ပင်။
သို့သော် ဒီကမ္ဘာထဲကလူများထဲတွင် ဘယ်သူကများ နင်းချန်ရှင်း၏တိုက်ချက်ကို တားဆီးနိုင်မည်နည်း။
လူရိုင်းကမ္ဘာတွင် စံအိမ်တော်ကလူများမှလွဲ၍ တခြားဘယ်သူမှလုပ်နိုင်မည်မဟုတ်။
နင်းချန်ရှင်း ထိုမြင်ကွင်းကိုထူးမခြားစွာကြည့်နေပြီး ကောင်းကင်သို့ညွှန်ပြကာ အော်ဟစ်သည်။
"ပြိုကွဲစမ်း"
ထိုအချိန်တွင် ကောင်းကင်အထက်တွင် မိုးကြိုးများလိမ့်ဆင်းလာသည်။
၎င်းက နင်းချန်ရှန်း၏အမိန့်ကို ကြားသွားသည့်အလား နတ်ဘုရားအပြစ်ဒဏ်ကို မဟာယနဗုဒ္ဓတောင်ပေါ်ကျဆင်းစေသည်။
နတ်ဗိုလ်ချုပ်ကလည်း အမိန့်ကိုရသဖြင့် သူ့လက်ဖဝါးထဲက ရွှေကြေးခွံလှံက အလွန်အမင်း မြန်ဆန်သည့်နှုန်းဖြင့် လေဟာနယ်ကိုထိုးဖောက်ကာ ကမ္ဘာကြီးကို ဖျက်ဆီးပစ်သည်။
တောင်နှင့်မြစ်များက ပြိုကျသွားကြ၏။
ရှေ့က ဧရာမရွှေလက်ဖဝါးချက်ကြီးက ရွှေကြေးခွဲလှံနှင့်ထိပ်တိုက်ဆုံသွားခဲ့သည်။
တခဏအကြာတွင် လက်ဝါးချက်က ထက်ရှသည့်လှံ၏ တိုက်ရိုက်ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။
ဖိုကျစ်၏အသားအရေ ဖြူဖျော့သွားပြီး ချက်ချင်းဆိုသလို ပါးစပ်အပြည့် သွေးတလုပ်အန်လိုက်ရသည်။ သူ့နောက်က ရွှေဗုဒ္ဓပုံရိပ်ယောင်ကလည်း ထိုအချိန်တွင် ပို၍ပို၍ပင် မှိန်လာသည်။
တချိန်တည်းမှာပင် အဇူရာပုံရိပ်ယောင်က နောက်ကလိုက်ပါလာပြီး လက်ကြီးခုနှစ်ဖက်က ထက်ရှသည့်လှံကိုဖမ်းကိုင်ကာ နင်းချန်ရှင်း၏တိုက်ခိုက်မှုများကို တားဆီးပစ်ချင်နေသည်။
သို့သော် ယနေ့မဟာယနဗုဒ္ဓဘာသာဂိုဏ်း၏ တာ၀န်ယူပုဂ္ဂိုလ်များရှိနေသည့်တိုင် မဟာယနဗုဒ္ဓဘာသာ၀င်များ၏ စုပေါင်းအပြည့်အ၀ခုခံချက်က နင်းချန်ရှင်းကြောင့် တိုက်ရိုက်ကြေမွသွားခဲ့သည်။
ဒီအဇူရာပုံရိပ်ယောင်က နင်းချန်ရှင်း၏ ပြိုင်ဘက် ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
နတ်ဗိုလ်ချုပ်လက်ထဲကလှံက မရပ်ဘဲ ကြယ်နယ်မြေများကိုဖြတ်သန်းနေသည့်အလား အဟန့်အတားမရှိဘဲ အဇူရာပုံရိပ်ယောင်အား ထိုးဖောက်သွား၏။
တစ်ချက်တည်းဖြင့် မဟာယနဗုဒ္ဓအစီအရင်က ချိုးဖျက်ခံလိုက်ရသည်။
ဘန်း.....!
ထိုအချိန်တွက် လူရိုင်းနယ်မြေတခုလုံးက ပြိုလဲကျသွားသည့်အလားပင်။
အပိုင်း(462) coming။