← Chapters

#မဟာယနဗုဒ္ဓဝါဒပျက်စီးခြင်း#

Vol. 32 Ch. 462

#မဟာယနဗုဒ္ဓဝါဒပျက်စီးခြင်း#

Vol. 32 Ch. 462

နင်းချန်ရှင်း၏လက်ရှိခွန်အားနှင့်ဆိုပါက အာရုံထွေပြားခြင်းနယ်ပယ် အထွပ်အထိပ်အဆင့်စွမ်းအားရှင်နှင့် ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်းပင်ရှိနေ‌ပါပြီ။

လူရိုင်းနယ်မြေတွင်မူ စံအိမ်တော်နှင့် လုချန်ရှန်းမှလွဲ၍ အားအကောင်းဆုံးလူက သိုင်းဧကရာဇ်အဆင့်ထက်မပိုပေ။

ဒီကမ္ဘာထဲတွင် ဟုန်ရင်ကောင်းကင်ဘုံလမ်းစဉ်ကိုသိမ်းပိုက်ပြီး နယ်မြေနှလုံးသားကိုပြန်လည်ရှင်သန်စေကာ ကောင်းကင်ဘုံလမ်းစဉ်အား ပြန်လည်ပုံသွင်းခဲ့ပြီးနောက်မှ အော်ရာကစတင်ပြည့်နှက်လာခဲ့သည်။

ထို့နောက်တွင်သာ တစ်ယောက်ယောက်က စတင်အဆင့်ချိုးဖျက်ခဲ့ကြသည်။

ဥပမာအားဖြင့် ဓားသွားကိုဖုံးထားခဲ့သည့် လင်းရူဖုန်းဖြစ်သည်။

နောက်ထပ်ဥပမာတခုက လျှို့ဝှက်တာအိုကျောင်းတော်က အထွေထွေအကယ်ဒမီ၏ ဌာနမှူးပင်။

ယခုတွင်မူ မဟာယနဗုဒ္ဓဘာသာ၏ခေါင်းဆောင် ဖိုကျစ်ပင်။

သို့စေကာမူ သိုင်းဧကရာဇ်နယ်ပယ်လေးနှင့် သူကနင်းချန်ရှင်းနှင့်ဘယ်လိုလုပ်ယှဉ်နိုင်မည်နည်း။

သာမန်အသေးအနုတ် ဝိဉာဉ်အခင်းအကျင်းလေးကို မဟာယနဗုဒ္ဓဘာသာဂိုဏ်းက ပြင်ပကမ္ဘာကနေ ဈေးကြီးကြီးမားမားပေးကာ အစီအရင်ဆရာများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် နင်းချန်ရှင်း၏အမြင်တွင် ဒါကထည့်ပြောရန်ပင်မထိုက်တန်ပါ။

ဒါကခုခံနိုင်စွမ်းမရှိဘူးဟုဆိုလို‌ခြင်းပင်။

နတ်ဗိုလ်ချုပ်က ရွှေကြေးခွံလှံကိုကိုင်ကာ အဆုံးမဲ့အဖြူရောင်အလင်းအပါအ၀င် တာအိုစည်းချက်များဖြင့် တောက်ပနေပြီး လှံက မဟာယနဗုဒ္ဓအစီအရင်ကို ထိုးစိုက်သွားသည်။

ထိုအချိန်တွင် ဟိန်းသံတချက်ပေါ်လာသည်။

ကမ္ဘာကြီးတခုလုံးက ပြိုကျသွားသည့်အလား။

အဆုံးသတ်တခုရောက်လာသည့်အလား ကမ္ဘာကြီးကပြိုကျနေသည်။

မိုင်ထောင်ချီအဝေးက ကျင့်ကြံသူအားလုံးကဒီမြင်ကွင်းကိုမြင်ပြီးနောက် သူတို့အလွန်အမင်းထိတ်လန့်သွားကြ၏။

"မြန်မြန် မိုင်တထောင်ထပ်ဆုတ်ကြ"

"သူ့စရိုက်ကမကောင်းဘူးဆိုပေမယ့် နင်းချန်ရှင်းက စီနီယာလုရဲ့တပည့်ဖြစ်ထိုက်ပါပေတယ်၊ ဒီခွန်အားက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်"

"ဖြစ်နိုင်တာက ခွန်အားကပိုပိုပြီး အားကောင်းလာတာမို့ ဒါကအသိစိတ်ကို ကျယ်ပြန့်သွားစေပြီး လမ်းလွဲကို ရောက်သွားစေပုံပဲ"

"အင်း၊ အားကောင်းတဲ့လူအများစုက ပိုပြီးအားကောင်းလာတဲ့အချိန်မှာ သူတို့စိတ်တွေကိုပြောင်းလဲပစ်ကြတယ်၊ နင်းချန်ရှင်း၏နှလုံးသားကလည်း ဒီလိုပြောင်းသွားမယ်ဆိုတာက ရှောင်လွှဲလို့မရဘူးလေ၊ စီနီယာလုက တကယ်မတင်းကျပ်ခဲ့ဘူးလို့ပဲပြောရတော့မှာပေါ့....."

"တကယ်ကို၀မ်းနည်းစရာပဲ"

ထိုအချိန်တွင် မဟာယနဗုဒ္ဓအစီအရင်ထဲ၌ မဟာယနဗုဒ္ဓတောင်က ဆက်လက်ပြိုကျနေသည်။

မရေမတွက်နိုင်လောက်သည့်ခန်းမများနှင့် သူတို့၏အခြေခံအုတ်မြစ်များက ဖျက်ဆီးခံရပြီး စတင်ပြိုကျလာကြသည်။

ထိုအချိန်တွင် မဟာယနဗုဒ္ဓတောင်တခုလုံးက ပြိုလဲကျနေသည်။

ဖိုကျစ်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။

"မြန်မြန်၊ အားအကုန်နဲ့ပစ်လိုက်ကြ၊ သူ့တိုက်ချက်ကို သေချာတားကြ"

"ငါအတိတ်က ဗုဒ္ဓအရှင်တွေရဲ့ပုံရိပ်ယောင်တွေကို ဆင်းသက်လုဖို့အတွက် ဆင့်ခေါ်လိုက်မယ်"

ထိုသို့ဆိုပြီးနောက် ဖိုကျစ်က ထိုနေရာကနေ ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူက မဟာယနဗုဒ္ဓတံခါး၏ တားမြစ်နေရာသို့ရောက်လာသည်။

ဖိုကျစ်ထွက်သွားသည်နှင့်တပြိုင်နက် မဟာယာနဗုဒ္ဓနှင့် မဟာဗုဒ္ဓများသာမက မဟာယနဘုန်းကြီးများကလည်း တချိန်တည်းတွင် ပစ်လွှတ်လိုက်ကြသည်။

မဟာယနဗုဒ္ဓဘာသာ၀င် အားလုံးကလည်း အင်အားစုအဖြစ်စုပေါင်းကာ အစီအရင်တခုဖန်တီးရင်း ရွှေဗုဒ္ဓကိုဖန်တီးပြီးနောက် နတ်ဗိုလ်ချုပ်ထံ ပစ်လွှတ်လိုက်သည်။

နင်းချန်ရှင်း ဒီမြင်ကွင်းကို စိတ်ပါလက်ပါပင် ကြည့်နေခဲ့သည်။

သူ့မျက်နှာကမှေးမှိန်နေပြီး မျက်လုံးများ၌ သတ်ဖြတ်ခြင်းဆန္ဒများကပြည့်နှက်နေသည်။

"ဒီနေ့မဟာယနဗုဒ္ဓဘာသာက ကပ်ရောဂါတခုလိုဖြစ်နေပြီဆိုမှတော့ ဖျက်ဆီးပစ်တာပေါ့"

ထို့နောက် တာအိုကျမ်းစာများကိုပိုင်ကာ မိုးကြိုးသံများကြား၌ရေရွတ်လိုက်သည်။

"မြို့"

အဖြူရောင်အလင်းဖြင့် တောက်ပနေသည့် ကိုးထပ်စေတီတခုက လေထဲတွင်ပြောင်းသွားပြီး ထိုရွှေဗုဒ္ဓအား တိုက်ရိုက်ပင် ဖိနှိပ်သည်။

ကိုးထပ်စေတီပေါ်လာသည်နှင့်တပြိုင်နက် ဖိနှိပ်ခြင်းအဓိပ္ပာယ်က အနောက်ပိုင်းဒေသတခုလုံးကို လွှမ်းခြုံသွား၏။

လေဟာနယ်က အဆက်မပြတ်ဖျစ်ညှစ်ခံရသဖြင့် ရှုံ့တွလာသည်။

၎င်းက လေဟာနယ်တခုလုံးကို ဖိနှိပ်တော့မည့်ပုံပေါ်သော်လည်း မဖိနှိပ်သေးပေ။

အောက်မှာရှိသည့်ကိုရင်လေးများက ဒီကြောက်မက်ဖွယ်ဖိနှိပ်ခြင်းကို မခံနိုင်သဖြင့် လေဟာနယ်ဖိနှိပ်ခြင်းကြောင့် တိုက်ရိုက်ပင်သေဆုံးသွားကြရသည်။

သူတို့၏ရှေးဦးဝိဉာဉ်များပင်ဖျက်ဆီးခံရသည်။

မဟာယာနဗုဒ္ဓနှင့် မဟာဗုဒ္ဓတို့က အံကြိတ်ကာ သူတို့၏မျက်နှာများက လေးနက်နေကြပြီး တချိန်တည်းတွင် အပေါ်က ကိုးထပ်စေတီကို ရိုက်ချလိုက်ကြသည်။

ထိုအချိန်မှာပင် ရွှေအလင်းနှင့် ဗုဒ္ဓကလည်း ပစ်၀င်လာသည်။

နှစ်ခုလုံးကတွေ့ဆုံသွားကြ၏။

ရုတ်ချည်းဆိုသလို ရွှေအလင်းဗုဒ္ဓပုံရိပ်ယောင်က ချက်ချင်းပေါက်ကွဲသွားသည်။

မဟာယာနဗုဒ္ဓက နောက်ဆက်တွဲကြောင့် တိုက်ရိုက်ဖိနှိပ်ခံရပြီး သေဆုံးသွားရသည်။

မဟာဗုဒ္ဓအားလုံးကလည်း သွေးများအန်ကာ ဖိနှိပ်ခံလိုက်ရပြီး ပြိုကျနေသည့် မဟာယနဗုဒ္ဓတောင်ပေါ်သို့ ‌ကျသွားကာ အသက်ရှုသံများပင် နှေးကွေးသွားကြသည်။

သူတို့တွင် ထပ်မံတိုက်ခိုက်ရန်အတွက် စွမ်းအားမရှိတော့တာ သိသာထင်ရှားနေသည်။

တချိန်တည်းမှာပင် နတ်ဗိုလ်ချုပ်က ရွှေကြေးခွံလှံကိုကိုင်ပြီး မဟာယနဗုဒ္ဓအစီအရင်ကို ထိုးစိုက်ပစ်သည်။

မဟာယနဗုဒ္ဓတောင်တခုလုံး တုန်ခါလာသည်။

ကျောက်တုံးများလိမ့်ဆင်းလာပြီး ခန်းမများက ပြိုလဲသွားကြ၏။

ထိုအချိန်တွင် မဟာယနဗုဒ္ဓတံခါးနောက်မှ ရွှေရောင်အလင်းတန်းများက ကောင်းကင်သို့ ပစ်လွှတ်လာကာ အလွန်အမင်းအစွမ်းထက်သည့်အော်ရာများက တခုပြီးတခုထွက်လာခဲ့ကြသည်။

ရွှေရောင်အလင်းထဲတွင် တင်ပလ္လင်ခွေထိုင်နေသည့် အဖိုးအိုငါးဦးရှိသည်။

အပြင်ကကျင့်ကြံသူများက ဒီမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်သွားကြ၏။

"သူတို့က မဟာယနဗုဒ္ဓဘာသာရဲ့ အသက်အရွယ်ကြီးရင့်နေတဲ့ ဆရာသခင်တွေမလား"

"ဒါက မဟာယနဗုဒ္ဓဘာသာရဲ့ဝှက်ဖဲများလား"

"အော်ရာကအရမ်းအားကောင်းတယ်၊ မဟာယနဗုဒ္ဓဘာသာနဲ့ တာအိုဝါဒနယ်ပယ်က တကယ်ကိုနက်ရှိုင်းတာပဲ၊ အဲဒါက သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်နေမှာကိုတောင် ငါကြောက်နေမိတယ်"

"မဟာယနဗုဒ္ဓဘာသာဂိုဏ်းဆိုတဲ့အတိုင်းပဲ၊ သူတို့ရဲ့လျှို့ဝှက်ချက်က တကယ်ကိုနက်ရှိုင်းတာပဲ"

တချိန်တည်းတွင် ဖိုကျစ်ကလည်း မဟာယနဗုဒ္ဓ ဆရာသခင်ငါးဦးရှေ့တွင် ပေါ်လာပြီး လက်နှစ်ဖက်ပူးလိုက်သည်။

"ကျေးဇူးပြုပြီး၊ ဆရာသခင်တို့"

မဟာယနဗုဒ္ဓဆရာသခင်ငါးဦး၏ ပုံရိပ်ယောင်များက ရှေ့ကမြင်ကွင်းအား ကြည့်လိုက်ကြသည်။

မဟာယနဗုဒ္ဓတောင်က လုံး၀ပြိုကျနေသည်။

သူတို့၏ မျက်လုံးများကဘအေးစက်နေကြ၏။

"ငါတို့ရဲ့ မဟာယနဗုဒ္ဓတောင်မှာ ဘယ်သူကဒီလိုအမှားမျိုးလုပ်ခဲ့တာလဲ"

သူတို့မြည်ဟီးပြီးနောက် ဆရာသခင်ငါးဦးက တချိန်တည်းမှာပင် ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုလိုက်ကြ၏။

ရိုးရှင်းဆန်းကြယ်သည့် မဟာယနဗုဒ္ဓတံဆိပ်တော်တခုက လေဟာနယ်ထဲတွင် ဖြည်းဖြည်းချင်းကျုံ့၀င်လာပြီး ချက်ချင်းဆိုသလို နင်းချန်ရှင်း၏ နှလုံးသားရှိရာသို့ ရွေ့လျားသွားခဲ့သည်။

နင်းချန်ရှင်း၏အမူအရာက မပြောင်းလဲဘဲ ကျန်ရှိနေသေးသည်။

သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်လား!

နင်းချန်ရှင်း လက်ညိုးထိုးလိုက်သည်။

ထိုအချိန်တွင် ကိုးထပ်စေတီက မဟာယနဗုဒ္ဓတံ‌ဆိပ်တော်ရှိရာသို့ ရိုက်ချပစ်သည်။

ဤသည်ကိုမြင်သောအခါ မဟာယနဗုဒ္ဓဆရာသခင်ငါးပါး၏ အမူအရာများက ပြောင်းလဲသွားခဲ့ကြသည်။

ဒီအော်ရာကအားကောင်းလိုက်တာ!

မဟာယနဗုဒ္ဓဘာသာက ဒီလိုအားကောင်းတဲ့လူတယောက်ကို အတိအကျဘာကြောင့်များ ရန်စခဲ့ရတာလဲ!

ထိုသို့တွေးနေစဉ်မှာပင် ကိုးထပ်စေတီက မဟာယနဗုဒ္ဓတံဆိပ်တော်ကိုဖိနှိပ်ထားသည်။

တချိန်တည်းမှာပင် နတ်ဗိုလ်ချုပ်က ရွှေကြေးခွံလှံကိုကိုင်ကာ တချက်တည်းဖြင့် ထိုးစိုက်ပစ်သည်။

အဖြူရောင်ဓားချက်တစ်ချက်က မဟာယနဗုဒ္ဓဆရာသခင်ငါးဦး၏ပုံရိပ်ယောင်ကို ပိုင်းဖြတ်ပစ်လိုက်သည်။

"တာအိုပညာရှင်လေး၊ ကျေးဇူးပြီး မဟာယနဗုဒ္ဓဘာသာဂိုဏ်းကို ထား......"

သူတို့၏စကားများပင် မပြီးသေးခင်မှာပင် မဟာယနဗုဒ္ဓဆရာသခင်ငါးပါး၏ပုံရိပ်ယောင်များက တိုက်ရိုက်အသတ်ခံရသည်။

ဖိုကျစ်မှာ ဒီမြင်ကွင်းကိုကြည့်ရင်း သူ့မျက်နှာကနောက်ဆုံးတွင် အလွန်အမင်းကြည့်ရဆိုးလာခဲ့သည်။

နင်းချန်ရှင်း ဖိုကျစ်အား စိတ်ပါလက်ပါပင် ကြည့်ကာ အေးစက်စွာပြောသည်။

"မင်းမှာပြောစရာရှိသေးလား"

ဖိုကျစ်က အေးစက်စွာ နှာခေါင်းရှုံ့သည်။

"မင်းဘာကိုပြောချင်တာလဲ"

သေခါနီးမှာတောင် မင်းကအမှန်တရားကို မပြောနိုင်သေးတာလား!

ပြောလိုက်ရင် သေမှာစိုးလို့လား!

နင်းချန်ရှင်း ခေါင်းညိတ်သည်။

"အရင်က ဆရာတစ်ယောက်က လူတစ်ယောက်ရဲ့ဝိဉာဉ်ကနေ အရေးပါတဲ့သတင်းအချက်အလက်တွေကို ထုတ်ယူဖို့အတွက် နည်းလမ်းတခုကိုအသုံးပြုခဲ့တယ်၊ အဲဒီနည်းလမ်းကို ဝိဉာဉ်ရှာဖွေခြင်းလို့ခေါ်တယ်"

ဤသည်ကိုကြားသောအခါ အပြင်က ကျင့်ကြံသူတိုင်းက ထိတ်လန့်သွားကြ၏။

ဖိုကျစ်၏အမူအရာကလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

အံကြိတ်ရင်း သူ့အော်ရာက မြန်မြန်ဆန်ဆန်ပင် ကျယ်ပြန့်လာသည်။

ဤသည်ကိုမြင်သောအခါ နင်းချန်ရှင်း နှလုံးကွဲသွားသည့်အသွင်ဟန်ဆောင်သည်။

"အိုး၊ မင်းက မူလဝိဉာဉ်ကို ဖောက်ခွဲချင်တာလား"

သူလုပ်ချင်တာကို နင်းချန်ရှင်းဘယ်လိုလုပ် လုပ်ခွင့်ပေးနိုင်မည်နည်း။

သူကချက်ချင်းပင် လက်ညိုးထိုးလိုက်သည်။

ရုတ်တရက် ကိုးထပ်စေတီ၏ဖိနှိပ်ခြင်းအဓိပ္ပာယ်က ‌ဖိုကျစ်ပေါ်သို့ ချက်ချင်းကျဆင်းလာပြီး အော်ရာကစတင်ရှုံ့တွန့်လာသည်။

ချက်ချင်းဆိုသလို နင်းချန်ရှင်းလက်ကို ဆန့်ထုတ်လိုက်စဉ် လေဟာနယ်ကိုထိုးဖောက်သွားပြီး ဖိုကျစ်၏ခေါင်းကို ကိုင်လိုက်သည်။

"မင်းအသိစိတ်ကသာ သန့်ရှင်းတယ်ဆိုရင် ငါပြောတာကြားတာနဲ့ ဘာလို့ဝိဉာဉ်ကို ဖျက်ဆီးဖို့လုပ်မှာလဲ"

ဖိုကျစ်၏မျက်နှာက ကြည့်ရဆိုးသွားပြီး နောက်ဆုံး၌ သူ့မျက်လုံးထဲတွင် အကြောက်တရားက ပေါ်လာခဲ့သည်။

"မေ့လိုက်တော့၊ မင်းကိုမေးတာက အသုံးမ၀င်ဘူး"

ထို့နောက် နင်းချန်ရှင်း၏အော်ရာက ဖိုကျစ်၏ဝိဉာဉ်ထဲသို့ တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့သည်။

တချိန်တည်းမှာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သောအခါ လူရိုင်းနယ်မြေအပေါ်တွင် မြင်ကွင်းတခုပေါ်လာသည်။

ဒါကို လူရိုင်းနယ်မြေကလူတိုင်းမြင်နိုင်သည်။

ကျင့်ကြံသူတိုင်းက ကောင်းကင်ပေါ်သို့ ကြည့်လိုက်ကြသည်။

ဖိုကျစ်၏မျက်နှာက နောက်ဆုံးတွင် ထိတ်လန့်သွားခဲ့လေပြီ။

"ဂိုဏ်းခေါင်းဆောင်နင်း၊ အဲဒီလူသုံးယောက်ဘယ်မှာလဲဆိုတာ ငါမင်းကိုပြောမယ်"

သို့သော်ဒီစကားလုံးများကိုပြောတာက အရမ်းနောက်ကျသွားခဲ့ပါပြီ။

နင်းချန်ရှင်း ဖိုကျစ်၏ဝိဉာဉ်ကို စူးစမ်းရင်း စတင်ရှာဖွေလေတော့သည်။

ဖိုကျစ်၏မျက်နှာက ပုံပျက်သွားခဲ့သည်။

ထိုမြင်ကွင်းထဲတွင် အတိတ်က မြင်ကွင်းများက စတင်ပေါ်လာခဲ့သည်။

အမွေးတိုင်တ၀က်စာအချိန်အတွင်းမှာပင် လူတိုင်းက ဇာတ်လမ်းတခုလုံးကို သိသွားကြပြီးဖြစ်သည်။

မဟာယနဗုဒ္ဓဘာသာက ပညာသင်ခန်းမကိုအစားထိုးချင်ပြီး လူရိုင်းနယ်မြေ၏ ရှေးရိုးစွဲဘာသာဖြစ်လာချင်သည်။

ထို့ကြောင့် သူက ဒီလိုနည်းလမ်းများကို သုံးကာ နောက်ပိုင်းတွင် ပို၍မီးမြိုက်ပေးခဲ့သည်။

ဒီအတွက်ကြောင့်လည်း ယနေ့ဖြစ်ရပ်က ဖြစ်ပျက်လာခဲ့ခြင်းပင်။

လူတိုင်းရှက်သွားကြသည်။

ကြည့်ရတာငါတို့ နင်းချန်ရှင်းကို နားလည်မှုလွဲသွားပုံပဲ!

ဝိဉာဉ်ကိုရှာဖွေပြီးနောက်တွင် ဖိုကျစ်၏ဝိဉာဉ်ကလည်း သေဆုံးသွားရပြီဖြစ်သည်။

နင်းချန်ရှင်း ဖိုကျစ်၏ မှတ်ဉာဏ်ကနေ ထိုလူသုံးယောက်၏ တည်နေရာကို သိလိုက်သည်။

ချက်ချင်းဆိုသလို ထိုသုံးယောက်ကို ဖမ်းရန်အတွက် သူဒီနေရာကနေ ပျောက်ကွယ်သွားသည်။

ထို့နောက်ချက်ချင်းပင် ကောင်းကင်သို့ ပျံသန်းပြီး ပညာသင်ခန်းမအပေါ်က‌ ကောင်းကင်သို့ရောက်လာကာ သုံးယောက်စလုံးကို ရှေ့၌ပိတ်ထားပြီး အော်ဟစ်သည်။

"နင်းချန်ရှင်းဆိုတဲ့နာမည်နဲ့ ဒီကမ္ဘာကြီးအတွက် ငါဥပဒေပြဌာန်းပေးမယ်"

နင်းချန်ရှင်း!

ဥပဒေနိယာမတွေကို ငါကိုယ်တိုင်ချမှတ်မယ်!

သူကဒီကိစ္စကိုလုံး၀အပြီးသတ်ချင်သည်။

အပိုင်း(463) coming။

All Chapters