#ဘယ်တော့မှကျွန်မဖြစ်စေရဘူး#
Vol. 32 Ch. 450
ကောင်းကင်ထိလုနီးပါး အလင်းတိုင်ခုနှစ်တိုင်က နယ်နိမိတ်မဲ့နယ်မြေသို့ ထပ်မံဆင်းသက်လာခဲ့သည်။
တခဏအကြာတွင် ကမ္ဘာကြီးက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့်အော်ရာဖြင့် လွှမ်းခြုံခံလိုက်ရသည်။
ကောင်းကင်ကပြိုကျနေသည်။
ကောင်းကင်နှင့်ကမ္ဘာမြေက ပြိုကျလာပြီး လူတိုင်း၏ကိုယ်များအပေါ် ဖိနှိပ်ထားသည့်အလား အသက်ရှုကျပ်စေဟည်။
မုကျန်းထင်နှင့်တာအိုနယ်ပယ်ကအုပ်စုကကောင်းကင်ပေါ်သို့တက်လာခဲ့သည်။
သူတို့ကအော်ရာကိုအပြည့်အ၀ ဖွင့်လှစ်ထားသော်လည်း ဒါကဒီကြောက်မက်ဖွယ်ဖိနှိပ်မှုခံစားချက်ကို မရပ်တန့်နိုင်ပေ။
ထိုစဉ် ကံကြမ္မာဂိုဏ်းခေါင်းဆောင် ဟဲဝူဝေက ရှေ့တိုးလာပြီး တည်ငြိမ်စွာနှင့် အမူအရာမဲ့စွာပြောသည်။
"ခုနှစ်ရက်ကုန်သွားပြီ၊ ကြယ်မြေပုံကိုဆွဲလို့ရပြီလား"
ကြယ်မြေပုံကိုဆွဲရမည့်အကြောင်းပြောလာစဉ် တကယ်တမ်းတွင် ဒါက နယ်နိမိတ်မဲ့နယ်မြေ သို့မဟုတ် အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးရှိ ကျင့်ကြံသူများအားလုံးအတွက် တွေးတောရမည့်အချိန်ပင်။
အကယ်၍ငြင်းဆန်ပါက ရန်သူက သူတို့ကိုချက်ချင်းဖျက်ဆီးပစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အလယ်အလတ်အဆင့်ကြယ်နယ်မြေက စွမ်းအားရှင်များအဖို့ သူတို့၏တခုတည်းသောအသုံးလိုတာက ကန့်သတ်တားမြစ်နေရာများကို စူးစမ်းရန်နှင့် အရင်းအမြစ်များရရန်ဖြစ်သည်။
ငြင်းပါကအသတ်ခံရမည်။
အပေးအယူကြီးက အလယ်အလတ်အဆင့်ကြယ်နယ်မြေကလူများကိုရွေ့လျားရန်ပင်။
မုကျန်းထင်ရှေ့တလှမ်းတိုးလိုက်၏။ ဧကရာဇ်အော်ရာက သူ့ကိုယ်တဝိုက်တွင် လည်ပတ်နေသော်လည်း ဒါက ဒီကြောက်မက်ဖွယ်အော်ရာခုနှစ်ခုကို ဖိနှိပ်ရုံမျှသာ ဖိနှိပ်ထားနိုင်သည်။
"ကြယ်မြေပုံကိုမဆွဲရသေးပါဘူး၊ တချို့နယ်မြေတွေကလည်းသဘောမတူကြသေးဘူး၊ ကျုပ်တို့ကိုအချိန်နည်းနည်းထပ်ပေးလို့ရမလား"
ထိုစကားကိုကြားသောအခါ ဟဲဝူဝေမျက်ခုံးပင့်လိုက်သည်။
"သဘောမတူကြတာလား၊ အဲဒါဘယ်လိုအင်အားစုမျိုးတွေလဲ၊ ငါ့ကိုပြော၊ ငါချက်ချင်းသတ်ပစ်လိုက်မယ်"
မုကျန်းထင်မျက်မှောင်ကြုတ်လိုက်၏။
တဖက်လူကစိတ်မရှည်တော့တာသေချာနေလေပြီဖြစ်လေရာ သူနောက်ဆုတ်၍မရတော့။
ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်ထံ အသံပို့လွှင့်လိုက်သည်။
"ဘာလုပ်ကြမလဲ"
သူကစည်းရုံးသိမ်းသွင်းခဲ့သည့်အကြောင်းကို မေးနေခြင်းဖြစ်သည်။
ယဲ့ချိုးပိုင်ကြောက်မသွားပေ။ သူကရိုးရှင်းစွာပင်ဖြေသည်။
"ခဏစောင့်ပါဦး"
မုကျန်းထင်၏မျက်နှာကလေးနက်သွားသည်။
မုကျန်းထင်မဖြေတာကိုမြင်သောအခါ ဟဲဝူဝေပြောလာသည်။
"ကြည့်ရတာ မင်းတို့ဆွေးနွေးမှုရလဒ်က အကောင်းဆုံးမဟုတ်ပုံပဲ၊ ဒီတော့ သူတို့ကလည်း အတင်းအကြပ်သိမ်းပိုက်ရုံပဲပေါ့၊ မင်းရဲ့ဒီနေ့ရွေးချယ်မှုအပေါ် နောင်တမရဖို့ မျှော်လင့်ပါတယ်"
စကားပြောပြီးသည်နှင့် ဟဲဝူဝေသူ့နောက်က လူခုနှစ်ယောက်ကို ကြည့်လိုက်၏။
"အဆင်သင့်ပြင်ထားကြပါ"
ထိုစကားလုံးများကိုကြားသောအခါ နေလောင်ချိုင့်ဝှမ်းက စွမ်းအားရှင်တစ်ယောက်ဖြစ်သည့် ဝူယာကျောင်းက အော်ရာကို ထုတ်လွှတ်လိုက်သည်။
တခဏအကြာတွင် နယ်နိမိတ်မဲ့နယ်မြေတခုလုံးက ကမ္ဘာပျက်ကိန်းတခုဆိုက်ရောက်လာသည့်အလားပင်ထင်ရသည်။
ရှီနန်ကလည်း ချက်ချင်းရောက်လာကာ ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်မပါသလိုခံစားနေရသည်။
ဒါအားလုံးကိုမူလက မိစ္ဆာမျိုးနွယ်က ပိုင်ဆိုင်ခဲ့ခြင်းပင်။
ယခုတွင်မူ ကိတ်ကိုကျန်သောအင်အားစုများက ခွဲဝေလိုက်ကြလေပြီ။
သို့စေကာမူ တခြားသူများထက်အားနည်းတာက အနှိမ်ခံရမည်သာဖြစ်သည်။
တခြားနည်းလမ်းမရှိပါ။
ထိုအချိန်တွင် ကောင်းကင်ကြေးမုံတောင်ထိပ်က အဖိုးအိုက ထရပ်လိုက်၏။
"ဟဲဝူဝေ၊ ခဏလေး"
ထိုအချိန်တွင် ဟဲဝူဝေ၊ ဝူယာကျောင်း၊ လိရီဂူနှင့် ကျန်သောစွမ်းအားရှင်သုံးယောက်က လှည့်လာပြီး ချူကွေဒေါင်ကိုကြည့်လိုက်ကြသည်။
ဟဲဝူဝေမျက်မှောင်ကြုတ်လိုက်၏။
"ချုကွေဒေါင်၊ မင်းဘာကိုဆိုလိုချင်တာလဲ"
ကျန်နှစ်ယောက်ကလည်း ချူကွေဒေါင်ကို သံသယဖြင့်ကြည့်နေကြသည်။
ဝူရှုမြို့၊ ရွှမ်ယွမ်မိသားစုနှင့် သဟဇာတဂိုဏ်းတို့ကသာ ဒီအအချက်ပြမှုကို လက်ခံရရှိသည့်အလား တဦးကိုတဦး ခေါင်းညိတ်ပြကြသည်။
ချူကွေဒေါင်လက်ကိုဆန့်ထုတ်သည်။
"ဒီကမ္ဘာထဲကလူအားလုံးကို သတ်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီမှတော့ နယ်မြေခွဲဝေမှုကိစ္စကို အရင်ဆွေးနွေးသင့်တယ်မလား"
ဒါကိုကြားသောအခါ မြို့ပြင်ပက ရှီနန်၏ အမူအရာကမည်းမှောင်လာသည်။
မုကျန်းထင်နှင့်ကျန်သောသူများက ညင်သာစွာပြုံးလိုက်ကြ၏။
ကြည့်ရသည်မှာ သွေးခွဲသည့်အစီအရင်က အလုပ်ဖြစ်ပုံပင်။
ယဲ့ချိုးပိုင်ပြောခဲ့တာမမှားပေ။
သို့စေကာမူ ဟဲဝူဝေကတင်းကြပ်စွာမျက်မှောင်ကြုတ်ကာ သံသယဖြင့်မေးသည်။
"အကျိုးခံစားခွင့်အတွက် ခွဲဝေမှုကို ငါတို့ခုနှစ်ရက်တောင်စောင့်ခဲ့ကြပြီလေ၊ ပြီးတော့ ဒီအကြောင်းကိုဆွေးနွေးခဲ့ကြတာပဲမလား"
ထိုအချိန်တွက် ဝူရှုမြို့မှအဖိုးအိုကထရပ်ကာ သူ့မျက်နှာကအနည်းငယ် မကျေမနပ်ဖြစ်နေပုံရသည်။
"ဟဲဝူဝေ၊ ဒါကဆွေးနွေးမှုတခုပါပဲ၊ ဒါပေမယ့် ငါတို့၊ ရွှမ်ယွမ်မိသားစုနဲ့ သဟဇာတဂိုဏ်းတို့က အရမ်းနည်းပါးတယ်မလား"
ရွှမ်ယွမ်မိသားစုက စွမ်းအားရှင်ကလည်းခေါင်းညိတ်သည်။
"ဒါကတကယ်ကိုနည်းတယ်၊ ပြီးတော့ ခွဲဝေထားတဲ့နယ်မြေတွေကလည်း ဝေးလံခေါင်သီတဲ့နေရာတွေပဲ"
သဟဇာတဂိုဏ်းက ညို့ဓာတ်အပြည့်အမျိုးသမီးက သူမလက်ထဲက ပန်းယပ်တောင်ကို ဝှေ့ယမ်းလိုက်၏။
"ဒီလိုဝေးလံခေါင်သီတဲ့နေရာတွေမှာ ဘယ်လိုအရင်းအမြစ်တွေကို ငါတို့ဖွံ့ဖြိုးအောင်လုပ်ရမလဲ"
ဟဲဝူဝေ၊ အဆုံးမဲ့ဂိုဏ်းကစွမ်းအားရှင်နှင့် သွေးလောင်ချိုင့်ဝှမ်းတို့ကလည်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ထို့နောက် သူတို့တစုံတရာကို စိတ်ထဲတွင် နားလည်သွားပုံရသည်။
ဟဲဝူဝေကမုကျန်းထင်ကိုကြည့်ပြီး အပြုံးဖြင့်ပြောသည်။
"မင်းတို့ခုနှစ်ရက်လိုချင်တာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ၊ တကယ်ကိုနည်းလမ်းကောင်းပဲ"
မုကျန်းထင်ကရယ်မောကာ ခေါင်းခါယမ်းသည်။
"စီနီယာဘာကို ပြောနေသလဲဆိုတာ ကျုပ်တကယ်နားမလည်ဘူး"
"ဒါပေမယ့် ငါနားမလည်တာက ကောင်းကင်ကြေးမုံတောင်ထိပ်ကို သဘောကျလာစေဖို့ ဘယ်လိုနည်းလမ်းကိုများ မင်းတို့သုံးခဲ့တာလဲ"
ကောင်းကင်ကြေးမုံတောင်၏နယ်မြေဖြန့်ဝေမှုက တခြားနေရာသုံးခုနှင့်အတူတူပင်။
ဘာကြောင့် ချူကွေဒေါင်က သူတို့အတွက် စကားပြောပေးနေရသလဲဆိုတာ ဟဲဝူဝေအမှန်တကယ်နားမလည်ပေ။
တခုတည်းသောအဓိပ္ပာယ်ကောက်ချက်က နယ်နိမိတ်မဲ့နယ်မြေက ချူကွေဒေါင်ကို တောင်မှ ဆွဲဆောင်စေနိုင်သည့် အရာတခုခုကိုပေးထားတာဖြစ်ရပေမည်။
ဟဲဝူဝေ ဝူရှုမြို့နှင့်ကျန်သောဂိုဏ်းလေးဂိုဏ်းကိုကြည့်လိုက်သည်။
"မင်းတို့ဒါကိုရောတွေးမိကြလား၊ မင်းတို့ဂိုဏ်းလေးဂိုဏ်းကအင်အားစုတွေ ပူးပေါင်းရင်တောင် ငါတို့ရဲ့ပြိုင်ဘက်မဟုတ်သေးဘူး၊ ဘာမဟုတ်တာလေးအတွက် ဒီလိုအဆုံးသတ်သွားချင်လို့လား"
ချူကွေဒေါင်ဆက်ပြောသည်။
"ဟဲဝူဝေ၊ လက်ရှိအချိန်မှာ ပဋိပက္ခက တခြားသူတွေကို ပေါက်ကြားခွင့်ပေးသလိုပဲဖြစ်သွားလိမ့်မယ်ဆိုတာ မင်းနားလည်ထားသင့်တယ်"
ဤသည်ကိုကြားသောအခါ ဟဲဝူဝေ၏မျက်နှာကကြည့်ရဆိုးသွားသည်။
သူကချက်ချင်းဆိုသလို နေလောင်ချိုင့်ဝှမ်းနှင့် အဆုံးမဲ့ဂိုဏ်းတို့ကိုကြည့်လိုက်သည်။
"ငါတို့ဒီကိစ္စကိုနောက်ကျရင်ဆွေးနွေးကြမယ်၊ မင်းတို့ကိုငါနယ်မြေတွေပိုပေးမယ်၊ ဘယ်လိုလဲ"
ဒါကိုကြားပြီးနောက် ဝူရှုမြို့က ချက်ချင်းပင်ခေါင်းညိတ်ကာပြုံးသည်။
"ကောင်းပြီ"
ရွှမ်ယွမ်မိသားစုနှင့် သဟဇာတဂိုဏ်းတို့ကလည်း သဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။
ယဲ့ချိုးပိုင် ဝူရှုမြို့ကအဖိုးအိုကို ကြည့်လိုက်မိသည်။
တဖက်လူကသူထင်ထားသလောက် မတုံးအသည်မှာသေချာနေလေပြီ။
ယခုလိုပြုမူခြင်းဖြင့် သူကတဖက်လူကို လုံး၀မစော်ကားမိခဲ့သလို တချိန်တည်းမှာပင် မိမိဂိုဏ်းအတွက် အကျိုးအမြတ်များပိုရခဲ့သည်။
ဟဲဝူဝေကလည်း သည်းခံတတ်သူတစ်ယောက်ဖြစ်ပြီး ဒီကိစ္စတွင် အကျိုးအမြတ်တချို့ကို လက်လွှတ်ရမယ်ဆိုတာ သိထားသည်။
ဒါကဘာမတော်တဆမှုမှမဖြစ်လာစေရန်အတွက် သေချာသွားပေလိမ့်မည်။
ချူကွေဒေါင်က ယဲ့ချိုးပိုင်ကို အတော်လေးစိတ်၀င်စားနေသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
သူလုပ်သင့်တာကိုသူလုပ်ပြီးပါပြီ။
ငါမင်းကိုပြောထားသလိုမျိုး တိုက်ရိုက်တော့မကူညီပေးနိုင်ဘူး!
"အခုမင်းဘာလုပ်မလဲ"
"အင်း၊ ဒီအခြေအနေကနေကယ်တင်ဖို့ ဒီလူကိုပဲ လုပ်ခွင့်ပေးရတော့မယ့်ပုံပဲ...."
မည်သို့ပင်ဆိုစေကာမူ ခွန်းအားအရာ၌ကွာဟချက်က အရမ်းကြီးမားသည်။
သူ့ဦးနှောက်ကဘယ်လောက်ကောင်းကောင်း၊ ပါရမီကဘယ်လောက်ထူးချွန်ထူးချွန် အကြွင်းမဲ့စွမ်းအားဖိနှိပ်မှုအောက်တွက် ဒါတွေအားလုံးက အတုအယောင်မျှသာ။
ထိုအချိန်တွင် ဟဲဝူဝေ မုကျန်းထင်ကိုကြည့်ကာ လက်အစုံကိုဖွင့်လိုက်လေသည်။
အော်ရာကလုံး၀ပေါက်ကွဲသွားခဲ့သည်။
ရွှေရောင်အလင်းအမျှင်တန်းများက နေရောင်ခြည်သဖွယ် မြေပေါ်သို့ပက်ဖြန်းသွား၏။
လမ်းမများ၊ စံအိမ်များ သို့မဟုတ် နန်းတော်နှင့်မြို့များ အရာအားလုံးက ဒီရွှေရောင်အလင်း၌တောက်ပမှုအောက်တွင် အရည်ပျော်သွားကြသည်။
"ဒါကအရမ်းသတ္တိကောင်းလွန်းတယ်လို့ ဆိုလို့ရပြီး တကယ်ချီးကျုးထိုက်တယ်၊ ဒါပေမယ့် ဒီလိုလုပ်ရခြင်းရဲ့ အကျိုးဆက်တွေကိုရော မင်းတွေးမိခဲ့လား"
မုကျန်းထင်နှလုံးသားထဲကနေ သက်ပြင်းချလိုက်မိသည်။
သူ့မျက်နှာကတင်းမာလာပြီး တာအိုနယ်ပယ်အထွပ်အထိပ်အော်ရာက သူ့ကိုယ်ထဲကနေ ပေါက်ကွဲထွက်လာကာ လည်မြိုကိုဖွင့်ကာအော်ဟစ်သည်။
"အားလုံးပဲ၊ ငါနဲ့အတူသေခြင်းတရားအတွက် တိုက်ခိုက်ကြ၊ ဘယ်တော့မှ ကျွန်မဖြစ်စေရဘူး"
"ဘယ်တော့မှကျွန်မဖြစ်စေရဘူး"
"ဘယ်တော့မှကျွန်မဖြစ်စေရဘူး"
ရုတ်တရက်ဆိုသလို လူတိုင်းကအော်ဟစ်လိုက်ကြသည်။
ဒီစကားလုံးများက နယ်နိမိတ်မဲ့နယ်မြေတခုလုံးအတွင်း ပဲ့တင်ထပ်သွားပြီး သေခြင်းတရား၏ခံစားချက်က ဒီကမ္ဘာကြီးထဲသို့ စိမ့်၀င်နေသည်။
သူတို့ကကျွန်များဖြစ်ရမည့်အစုစ သေသာသေလိုက်ကြမည်ဖြစ်သည်။
ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ ရှောင်ဟိုင်နှင့် စံအိမ်တော်ကကျန်သောသူများကလည်း အော်ရာများဖြင့် ပွင့်လန်းနေကြ၏။
ဟဲဝူဝေအေးစက်စွာနှာခေါင်းရှုံ့ရင်း လက်ညိုးထိုးလိုက်သည်။
အရှေ့ဘက်ကလူအုပ်စုထဲတွင် အလင်းတန်းတစ်စင်းတောက်ပသွား၏။
တခဏကြာအော်ဟစ်သံဟူ၍ရှိမနေခဲ့ပေ။
အရှေ့ဘက်ကထောင်ချီသောကျင့်ကြံသူများက ဒီတောက်ပသည့်အလင်းတိုင်အောက်တွင် ဘာမှမရှိတော့သည့်အလား အရည်ပျော်သွားကြသည်။
ထိုအလင်းဖြတ်သွားသည့်နေရာတိုင်းတွင် လေဟာနယ်ကပင် ပြိုကျပျက်စီးနေသည်။
လက်ချောင်းတစ်ချောင်းအောက်တွင် အာရုံထွေပြားခြင်းနှင့် အစွမ်းထက်သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများစွာကို သတ်ပစ်ခဲ့သည်။
ဒါက အကြွင်းမဲ့စွမ်းအားဖိနှိပ်ခြင်းပေတည်း။
မုကျန်းထင်နှင့်ကျန်သောသူများက သုန်မှုန်သွားကြ၏။
ကြည့်ရသည်မှာ သူတို့ကအဆုံးသတ်ကို ရောက်တော့မည့်ပုံပင်။
အပိုင်း(451) coming။