#နတ်ဖီးနစ်၏စွမ်းအား!
Vol. 32 Ch. 452
တစ္ကေလန်က အဆင့်မြင့်သွေးကိုပိုင်ဆိုင်ထားသည်။
တစ္ဆေကလန်၏သွေးကိုဖိနှိပ်နိုင်သည့် မျိုးနွယ်စုအနည်းငယ်သာရှိသည်။
ယခုတွင်မူ ပုရွက်ဆိတ်လေးများဖြင့် ပြည့်နှက်နေသည့် ဒီအဆင့်နိမ့်ကြယ်နယ်မြေတွင် ရှီနန်ဤသည်ကို ထပ်မံခံစားလိုက်ရသည်။
ပူပြင်းလွန်းသည့်အော်ရာက နယ်နိမိတ်မဲ့နယ်မြေတခုလုံးတွင် ထိုးတက်လာသည်။
သွေးကြောတောင်တွင် သစ်ပင်အားလုံးက ပါးလွှာသည့်လေထုအောက်တွင် အလိုလိုပင်လောင်ကျွမ်းနေသည်။
တခဏအကြာတွင် သွေးကြောတောင်၌ မီးတောက်ကပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။
ကောင်းကင်နှင့်မြေကြီးအကြား မီးပင်လယ်တခုရှိနေပုံရသည်။
ဟဲ၀မ်ဝေထိတ်လန့်နေပုံရပြီး ကောင်းကင်ပေါ်သို့မော့ကြည့်ကာ လက်နှစ်ဖက်ဆုပ်လိုက်သည်။
"ဘယ်ကစီနီယာများလဲမသိဘူး၊ ကျေးဇူးပြုပြီး လူလုံးထွက်ပြလို့ရမလား"
ဤကဲ့သို့ဖိနှိပ်မှုအဆင့်ကို အစွမ်းထက်ဧကရာဇ်များဆီ၌ပင် သူတခါမှမကြုံဖူးပါ။
ယခုလိုအားကောင်းသည့်လူက ဤသာသနာယဉ်ကျေးမှုရှိသည့် ကျက်တီးနယ်မြေတွင် ပေါ်လာရလေသနည်း။
ပြီးတော့အရင်းအမြစ်တွေအတွက် ရောက်လာတာလား!
ဟဲ၀မ်ဝေ ဒီစိတ်ကူးကိုပထမဆုံးပယ်ချလိုက်သည်။
ယခုလိုအစွမ်းထက်နေသည့်လူတစ်ယောက်က ဒီနေရာကအရင်းအမြစ်များကို ဘယ်လိုလုပ်တန်ဖိုးထားတော့မည်နည်း။
ဒီအဆင့်သို့ရောက်သောအခါ သူတို့ကိုပင် အထင်တသေးကြည့်၍ရသည်။
ဒါဆိုဘာကြောင့်လဲ!
ဟဲ၀မ်ဝေပုံမဖော်နိုင်ပေ။
တခြားသူများကလည်းပုံမဖော်နိုင်ကြပေ။
ချူကွေဒေါင်၏မျက်နှာထဲတွင်သာ ထူးဆန်းသည့်အမူအရာတခုပေါ်လာခဲ့သည်။
ဒါကယဲ့ချိုးပိုင်ရဲ့နောက်ကပံ့ပိုးသူများလား!
ယခုလိုအငွေ့အသက်မျိုးကို ထိုစီနီယာပင်လျှင် တခါမှမခံစားခဲ့ရပါ။
နယ်နိမိတ်မဲ့နယ်မြေကလူတိုင်းက ထိတ်လန့်တုန်လှုပ်နေကြ၏။
တခြားအင်အားစုတွေကလည်း ရောက်လာကြတာများလား!
မုကျန်းထင်၏မျက်နှာတွင်သာ အံ့ဩသင့်နေသည့်အမူအရာတခုရှိနေပြီး ယဲ့ချိုးပိုင်တို့ရှိနေရာဘက်သို့ကြည့်မိသည်။
ဒါကမဖြစ်နိုင်ဘူးမလား!
ယဲ့ချိုးပိုင်ကလည်းကောင်းကင်သို့မော့ကြည့်ကာ သံသယဖြင့်ပြောလိုက်၏။
"ဒီအော်ရာကအရမ်းရင်းနှီးသလိုပဲ"
ဟုန်ရင်ကလည်းခေါင်းညိတ်သည်။
"ဒါကနည်းနည်းရင်းနှီးနေတယ်...."
ရှောင်ဟိုင်ကလည်း အသေအချာပင်ပြောသည်။
"ကျွန်တော်လည်းသေချာပေါက်မြင်ဖူးပါတယ်...."
မုဖူရှန်းကသာ သံသယဖြင့်ပြည့်နှက်နေသည်။
ဘာလို့အကုန်လုံးက အကျွမ်း၀င်နေရတာလဲ!
အဲဒီတိုင်းတပါးသားတွေနဲ့ကစားပေးဖို့ ဒါကိုချန်ထားခဲ့ကြတာများလား!
တခဏအကြာတွင် မုဖူရှန်းက သူ့၏မကျေနပ်ချက်များကို ပိတ်လိုက်ရသည်။
ဒါကငါနောက်ကျသွားလို့ပဲလေ!
ထိုအချိန်တွင် နီရဲရဲအတောင်ပံတစ်စုံက ကောင်းကင်တခုလုံးကိုဖုံးသွားခဲ့သည်။
နိဗာနမီးတောက်ဖြင့်လောင်ကျွမ်းနေသည့်ဖီးနစ်ကအတောင်ပံများကို ပြန့်ကြက်ကာ ဟစ်ရင်း ဒီဘက်သို့ပြေးလာသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင် မယုံနိုင်သည့်အသွင်ပြောလိုက်သည်။
"ဒါက....ငှက်ကလေးမလား.... မဖြစ်နိုင်တာ"
ဟုန်ရင်နှင့်ကျန်သောသူများကလည်း ကြက်သေသေနေကြသည်။
ရှောင်ဟိုင်ပင်လျှင် အနည်းငယ်ထိတ်လန့်သွားရသည်။
ငှက်ကလေးက ဒဏ္ဍာရီလာဖီးနစ်လား!
ဒီငှက်ကသေချာပေါက်သာမန်မဟုတ်ဘူးဆိုတာ သူတို့ခန့်မှန်းမိပြီဖြစ်သော်လည်း အတော်လေးမိုက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
မုကျန်းထင်နှင့်ကျန်သောသူများကလည်း အထိတ်တလန့်ကြည့်နေကြ၏။
ယခုလိုရှေးဟောင်းဒဏ္ဍာရီလာဖီးနစ်သားရဲမျိုးက ရှေးဟောင်းစာအုပ်များ၏ ကောလဟလများထဲတွင်သာတည်ရှိသည်။
ရှင်သန်နေသေးတာလား!
ပြီးတော့ ငါတို့ရှေ့မှာတောင် ပေါ်လာတာလား!
ဟဲဝူဝေနှင့် အဓိကအင်အားစုခုနှစ်စုက ကျန်သောစွမ်းအားရှင်များကလည်း ထိတ်လန့်နေပုံရသည်။
ဖီးနစ်ကလန်အကြောင်းသိထားသည့်အပေါ် သူတို့က မုကျန်းထင်နှင့်အဆင့်နိမ့်ကြယ်နယ်မြေထက်ပို၍သိကြသည်။
ဖီးနစ်ကလန်နှင့် နဂါးကလန်တို့က ရှေးခေတ်ကတည်းကပင် ပျောက်ကွယ်သွားခဲ့ကြပြီးဖြစ်သည်။
နဂါးနှင့်ဖီးနစ်ကလန်တို့သည် မီးနှင့်ရေသဖွယ်ဖြစ်သည်။
ရှေးခေတ်တုန်းက နဂါးနှင့်ဖီးနစ်ကလန်အကြား တိုက်ပွဲတခုဖြစ်ခဲ့ပြီး ဒါက အစွမ်းထက်လူအားလုံးကို ဆွဲဆောင်သွားခဲ့သည်။
ထိုတိုက်ပွဲတွင် မရေမတွက်နိုင်လောက်သောနယ်မြေများကပျက်စီးခဲ့ရသည်။
လေဟာနယ်ကပြိုကျသွားခဲ့သည်။
ယခုထိပင်အဲဒါကိုအပြည့်မ၀မပြင်ဆင်ထားသေးပေ။
ထိုနေရာ၌ နဂါးနှင့်ဖီးနစ်ကလန်တို့၏ ကြောက်မက်ဖွယ်အော်ရာအကြွင်းအကျန်များရှိနေဆဲပင်။
သို့စေကာမူ ထိုတိုက်ပွဲသောကြောင့်ပင် နဂါးနှင့်ဖီးနစ်ကလန်များက လုံး၀မျိုးသုဉ်းသွားခဲ့ပြီး လူများ၏အမြင်ကနေ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ယခုတွင်မူ ဖီးနစ်တကောင် ပေါ်လာခဲ့လေပြီ။
ဤသည်အပြင် ဒီဖီးနစ်က ဖီးနစ်ကလန်၏ဘုရင် စူဇကူသွေးကိုလည်း ပိုင်ဆိုင်ထားသည်။
ဒီအဆင့်နိမ့်ကြယ်နယ်မြေမှာ စူဇကူရှိသေးတာလား!
ငါတို့သာသိမ်းသွင်းနိုင်ရင်......!
သို့စေကာမူ သူအပြီးအစီးမတွေးတောခင်မှာပင် ဟဲ၀ူဝေ ဒီအန္တရာယ်ရှိသည့် အတွေးများကို ဖယ်ရှားပစ်လိုက်သည်။
ဖီးနစ်ကလန်က အဆင့်မြင့်ကြယ်နယ်မြေ၌ ထိပ်တန်းမျိုးနွယ်စုဖြစ်ကာ ပိရမစ်ထိပ်တွင် တည်ရှိသည့် ရှေးဟောင်းသားရဲများပင်။
ဤသည်အပြင် ဒီဖီးနစ်က ဖီးနစ်ကလန်၏ဘုရင် စူဇကူဖြစ်နေလေသည်။
ထိန်းချုပ်ချင်သေးတာလား!
သူထိတ်လန့်သွားသည်။
သို့သော်သူတို့ရှေ့က စူဇကူက စူဇကူမဟုတ်ဘဲ တိတိကျကျပြောရမည်ဆိုပါက နတ်ဖီးနစ်တကောင်ဖြစ်လာတာကို သူတို့မည်သို့သိမည်နည်း။
"ဒါပေမယ့် ရှေးဟောင်းဒဏ္ဍာရီလာသားရဲဖီးနစ်က ဘာလို့ဒီနေရာမှာပေါ်လာရတာလဲ"
"ဒီလိုဒဏ္ဍာရီလာတည်ရှိမှုမျိုးက အဆင့်နိမ့်ကြယ်နယ်မြေရဲ့အရင်းအမြစ်တွေကို ကြည့်တောင်ကြည့်မှာမဟုတ်ဘူး"
"ဒီနေရာက သူတယောက်ယောက်ကို ရှာနေတာများဖြစ်နိုင်မလား"
တခဏကြာဆွေးနွေးသံများပေါ်လာသည်။
အဓိကအင်အားစုခုနှစ်စုကလည်း တိုက်ခိုက်နေသည်ကိုရပ်လိုက်ကြပြီး စူဇကူကို ထိတ်လန့်စွာကြည့်နေကြသည်။
"ကံကြမ္မာဂိုဏ်းရဲ့လူငယ်မျိုးဆက်က စီနီယာကိုအရိုအသေပေးပါတယ်၊ စီနီယာ ဒီမှာ တခုခုလုပ်စရာရှိလို့လား"
သို့စေကာမူ ငှက်ကလေးရှောင်နျန်က ဟဲဝူဝေကိုအာရုံမစိုက်ထားဘဲ ယင်းအစား အောက်သို့သာငုံ့ကြည့်လိုက်သည်။
လူတိုင်းက ငှက်ကလေး၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ကြစဉ် သူမကြည့်နေသည့်နေရာက စံအိမ်တော်ကလူတိုင်း ရှိနေသော နေရာဖြစ်နေတာကို တွေ့လိုက်ရသည်။
ဘေးကသုံ့ရှောင်ချင်းကလည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအား ကြည့်လိုက်စဉ် သူတို့၏မျက်နှာအမူအရာများက လုံး၀အေးဆေးတည်ငြိမ်နေတာကို တွေ့လိုက်ရသည်။
ဖြစ်နိုင်တာက ဒီရှေးဟောင်းသားရဲက ယဲ့ချိုးပိုင်တို့ကိုရှာဖို့ရောက်လာတာလား!
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ဒါကရယ်စရာမကောင်းလွန်းဘူးလား!
ချူကွေဒေါင်ခါးသီးစွာပြုံးလိုက်ရသည်။
ကြည့်ရတာ ငါခန့်မှန်းတာမှန်သွားပုံပဲ!
ယဲ့ချိုးပိုင်မှာ တကယ်ပဲနောက်ခံရှိတယ်!
ဒါပေမယ့်ဒီနောက်ကလက်မည်းကြီးက အရမ်းမမိုက်လွန်းဘူးလား!
ပြီးတော့ ဒဏ္ဍာရီလာရှေးဟောင်းသားရဲတကောင်ဖြစ်နေသေးတယ်!
အဲဒီစီနီယာကသာဒီအကြောင်းကိုသိမယ်ဆိုရင် အခုဘာတွေးနေမလဲငါမသိတော့ဘူး!
ထိုစဉ် နယ်နိမိတ်မဲ့နယ်မြေအပြင်ဘက် ကောင်းကင်၌ ဓားရှည်တလက်ကို ကျော၌ လွယ်ထားသည့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က မျက်မှောင်ကြုတ်ကာ ထိုမြင်ကွင်းကိုကြည့်လိုက်သည်။
ဒါက.....!
ယဲ့ချိုးပိုင်ရဲ့နောက်ခံက အရမ်းကြီးမားလွန်းမနေဘူးလား!
ကြည့်ရတာ ငါတောင်မတူးဖော်နိုင်သေးပုံပဲ!
မူလက သူကသွေးကြောတောင်၌ ပစ်မှတ်တခုကိုဖန်တီးချင်ခဲ့သည်။
ရည်ရွယ်ချက်က ယဲ့ချိုးပိုင်ကို ယခုလိုစိတ်ပျက်ဖွယ်ရာမြင်ကွင်းကို တွေ့ကြုံခွင့်ပေးပြီး သူ့စရိုက်ကိုလည်း စမ်းသပ်ကြည့်ခြင်းဖြစ်သည်။
ယခုတွင်မူဒါက ဘယ်လိုစမ်းသပ်မှုများ ဖြစ်နေလေသနည်း။
ယဲ့ချိုးပိုင်၏နောက်ခံက သူ့ထက်ပင်ပို၍ကောင်းမွန်ပုံရသည်။
ချက်ချင်းဆိုသလို ထိုလူကနောက်ကအဖိုးအိုကိုကြည့်ကာမေးသည်။
"မင်းအရင်ကဒါကိုမသိခဲ့ဘူးလား"
အဖိုးအိုကခါးသီးစွာပြုံးသည်။
"ဆရာ၊ ကျွန်တော်တကယ်မသိဘူး....."
ထိုလူကသက်ပြင်းချသည်။
"အရင်သွားကြရအောင်၊ ဒီမျိုးစေ့ကောင်းလေးကို ငါတကယ်လက်မလျှော့ချင်ဘူး"
စကားပြောပြီးသည်နှင့် သူနှင့်အဖိုးအိုက ထိုနေရာကနေပျောက်ကွယ်သွား၏။
ထိုအချိန်တွင် ငှက်ကလေးက ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
"ဘယ်သူနင့်ကိုအနိုင်ကျင့်နေတာလဲ"
ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင်အနည်းငယ်လန့်သွားပြီးနောက် ဟဲဝူဝေရှိရာဘက်သို့ လက်ညိုးထိုးပြသည်။
"သူတို့ပဲ၊ အဲဒီစီနီယာဓားသမားက ငါတို့ထဲကတယောက်ပါ"
ငှက်ကလေးကခေါင်းညိတ်သည်။
ထို့နောက် ၄င်း၏အကြည့်များက ဟဲဝူဝေနှင့်ကျန်သောသူများထံကျရောက်သွားခဲ့သည်။
နတ်ဖီးနစ်အော်ရာက ဟဲဝူဝေနှင့်ကျန်သောသူများထံဖိနှိပ်လာသည်။
ဒီမြင်ကွင်းက လူတိုင်း၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။
သူတို့မျက်နှာထက်က အမူအရာများက ရှင်းပြ၍မရနိုင်လောက်အောင် ထိတ်လန့်နေကြ၏။
သူကယဲ့ချိုးပိုင်တို့ကိုကူညီဖို့လာတာလား!
သူတို့ကဘယ််လိုလုပ် ဒီဒဏ္ဍာရီလာဖီးနစ်ကလန်နဲ့ခင်မင်ရင်းနှီးနေရတာတုန်း!
မုကျန်းထင်နှလုံးသားထဲတွင် ခါးသီးစွာပြုံးနေမိသည်။
ကြည့်ရတာအဲဒီစီနီယာကို ငါတကယ်လျှော့တွက်မိတာပဲ!
ဒီလိုရှေးဟောင်းဒဏ္ဍာရီလာသားရဲနဲ့တောင် မိတ်ဆွေဖွဲ့ထားတယ်!
ဟဲဝူဝေနှင့်ကျန်သောသူများကဖြူဖျော့သွားကြပြီး ထိုအော်ရာကြောင့်ပိတ်ဆို့ခံရကာ တိုက်ရိုက်ပင် မြေပေါ်ဒူးထောက်ကျသွားကြသည်။
သို့သော်ယခုအချိန်တွင် သူတို့က ဂုဏ်သိက္ခာကိုဘယ်လိုလုပ် ဂရုစိုက်နိုင်တော့မည်နည်း။
ချက်ချင်းပင်လက်နှစ်ဖက်ဆုပ်လိုက်ကြ၏။
"စီနီယာ၊ စီနီယာဒီမှာရှိနေတာမသိလို့ ကျုပ်တို့စီနီယာကိုစောင့်နေကြတာပါ၊ ကျုပ်တို့ တကယ်တော့စော်ကားဖို့ ရည်ရွယ်ချက်မရှိပါဘူး"
"ကျုပ်တို့အခုထွက်သွားလိုက်ပါမယ်၊ ကျေးဇူးပြုပြီးသွားခွင့်ပေးပါ"
ငှက်ကလေးကကြားပုံမရပေ။
ကောင်းကင်နှင့်နေမင်းကိုဖုံးအုပ်နေသည့် မီးလျှံနီတောင်ပံများကို ညင်သာစွာ လှုပ်ယမ်းစဉ် ရုတ်ချည်းဆိုသလို နတ်ဖီးနစ်မီးတောက်က လူခြောက်ယောက်ထံ တိုး၀င်သွားကြ၏။
ဒီမြင်ကွင်းကိုမြင်သောအခါ ဟဲဝူဝေနှင့် ကျန်သောသူများက တုန်လှုပ်သွားကြပြီး ခုခံချင်ကြသည်။
သို့စေကာမူ ကာကွယ်ရေးဒိုင်းကိုထုတ်လွှတ်သည်နှင့်တပြိုင်နက် ကြောက်မက်ဖွယ်ရာသွေးအော်ရာကြောင့်ပျက်စီးသွားရသည်။
နတ်ဖီးနစ်မီးတောက်က လူခြောက်ယောက်ကို တိုက်ရိုက်လောင်ကျွမ်းပစ်ကာ ဝိဉာဉ်ကလည်းဘာမှမကျန်တော့သည်အထိ လောင်မြိုက်သွားရသည်။
ဒါတွေအားလုံးလုပ်ပြီးသောအခါ နတ်ဖီးနစ်၏ကိုယ်ကကျုံ့သွားပြီး ငှက်ကလေးအဖြစ်ပြန်ပြောင်းသွားကာ ယဲ့ချိုးပိုင်၏ ပခုံးပေါ်သို့ ညင်သာစွာဆင်းလာသည်။
အပိုင်း(453) coming။