#နောက်ဆုံးရန်သူ#
Vol. 32 Ch. 453
လူတိုင်း၏မျက်နှာက အကြောက်တရားများဖြင့်ပြည့်နှက်နေသည်။
ဒဏ္ဍာရီလာဖီးနစ်ကလန်!
နဂါးဖီးနစ်စစ်ပွဲအပြီးတွင် သူတို့ကပျောက်ကွယ်သွားခဲ့ကြ၏။ ထိုအချိန်က ဖီးနစ်ကလန်နှင့် နဂါးကလန်က ဒီအဖျက်အားပြင်းထန်သည့်စစ်ပွဲအပြီးတွင် ဖျက်ဆီးခံလိုက်ရပြီဟု တွေးထင်ခဲ့ကြသည်။
သို့သော်ယခုတွင်မူ ရှေးဟောင်းစာအုပ်နှင့်ဒဏ္ဍာရီများတွင်သာရှင်သန်ကျန်ရှိတော့သည့် ဒီရှေးဟောင်းဒဏ္ဍာရီလာသားရဲက သူတို့ရှေ့တွင်ပေါ်လာခဲ့လေပြီ။
ဒါ့အပြင် တချက်တည်းဖြင့် အင်မော်တယ်နယ်ပယ်က လူခြောက်ယောက်က အလဲထိုးခြင်းခံလိုက်ရသည်။
သူတို့၏အမြင်တွင်မူ ဒီစွမ်းအားရှင်ခြောက်ယောက်က မရောက်ရှိနိုင်သောအဆင့်တွင်ရှိပြီး ခုခံရန်ခက်ခဲသည်။
နတ်ဖီးနစ်၏ရှေ့တွင်မူ သူတို့ကခုခံနိုင်စွမ်းကင်းမဲ့နေကြပြန်သည်။
တချက်တည်းဖြင့် ဝိဉာဉ်အားလုံးပင်လျှင် ပျောက်ကွယ်သွားရသည်။
အကွာအဝေးတနေရာရှိ ရှီနန်ကလည်း ဒီမြင်ကွင်းကို အလွန်အမင်းကြည့်ရဆိုးသည့် အမူအရာဖြင့်ကြည့်နေပြီး သူ့မျက်သူငယ်အိမ်များက တင်းကျပ်စွာကျုံ့နေသည်။
သူ့တစ္ဆေသွေးကဖိနှိပ်ခံရတာ အံ့ဩသင့်စရာမရှိတော့။
ဒါ့အပြင်အကြွင်းမဲ့ဖိနှိပ်ခံခဲ့ရခြင်းပင်။
အကယ်၍ပြိုင်ဘက်က ဖီးနစ်ကလန်မှဖြစိနေပါက အံ့ဩစရာမရှိတော့ပါ။
မည်သို့ပင်ဆိုစေကာမူ နဂါးနှင့်ဖီးနစ်တို့၏သွေးပို ပိရမစ်ထိပ်က တည်ရှိမှုဟု ဆို၍ရသည်။ ဒီထက်မပိုပေ။
ယခုတွင်မူ ထိုနတ်ဖီးနစ်က ယဲ့ချိုးပိုင်၏ ပခုံးပေါ်တွင် ဆင်းသက်လာခဲ့သည်။
ဒီနတ်ဖီးနစ်က ယဲ့ချိုးပိုင်နှင့်စံအိမ်တော်က လူများနှင့် အမှန်တကယ်ပတ်သက်နေသည်လား။
ထိုစဉ် ယဲ့ချိုးပိုင်စူးစမ်းလိုသည့်အသွင်ဖြင့် မေးလိုက်သည်။
"စီနီယာ၊ ဘာလို့ဒီမှာရှိနေရတာလဲ"
ငှက်ကလေးကညင်သာစွာဖြေသည်။
"ငါ့ကလန်ကချန်ထားခဲ့တဲ့အရာတွေကို လာရှာတာပါ"
"ဖီးနစ်ကလား၊ စီနီယာအကူအညီများ လိုအပ်ပါသလား"
ငှက်ကလေးကခေါင်းခါယမ်းသည်။
"မစိုးရိမ်ပါနဲ့၊ ငါရှာတွေ့ထားပါပြီ"
"ငါတိုက်ရိုက်သွားချင်တာ၊ ဒါပေမယ့် နင့်အော်ရာကိုခံစားမိလို့ ဒီကိုအရင်တချက် လာကြည့်တာ"
ထိုအချိန်တွင် မုကျန်းထင်နှင့် နယ်နိမိတ်မဲ့နယ်မြေက အစွမ်းထက်ကျွမ်းကျင်သူများက ယဲ့ချိုးပိုင်အနားသို့ရောက်လာကြပြီး ပခုံးပေါ်က ငှက်ကလေးကိုဦးညွတ်ရင်း လက်သီးဆုပ်လိုက်ကြသည်။
"ကျုပ်တို့ကိုကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါ၊ စီနီယာ"
ငှက်ကလေးကပေါ့ပေါ့ပါးပါးပြောသည်။
"တကယ်လို့ကျေးဇူးတင်ချင်တယ်ဆိုရင် ဒီကလေးတွေကိုပဲကျေးဇူးတင်လိုက်ပါ၊ ငါက သူတို့ကိုပဲကူညီတာပါ"
မုကျန်းထင်အပြုံးဖြင့်ပြောသည်။
"စီနီယာကိုလည်းကျေးဇူးတင်ရမယ်လေ၊ စီနီယာတခုခုရှာနေတာများလား၊ ကျုပ်တို့မှာ ရှိနေသရွေ့ စီနီယာရဲ့ကြီးမြတ်လှတဲ့ကြင်နာမှုကို ပြန်ပေးဆပ်ရန်အတွက် စီနီယာအတွက် ရှာဖွေပေးနိုင်ပါတယ်"
ငှက်ကလေးကပွင့်ပွင့်လင်းလင်းပင်ပြောသည်။
"နင်တို့ဆီကအရာတွေကိုငါမကြိုက်ဘူး၊ ပြီးတော့ငါလိုချင်တာကို နင်တို့ရှာနိုင်မှာမဟုတ်ဘူး"
မုကျန်းထင်နှင့်ကျန်သောသူများက ရှက်သွားကြသည်။
အားကောင်းသူများကအားကောင်းသူများသာဖြစ်ပြီး တည့်တိုးပင်ပြောတတ်ကြသည်။
ထိုစဉ်တွေးနေမိသည်။
အဲဒီစီနီယာရဲ့ဘေးမှာ တကယ်ဒီစူဇကူရှိနေတာလား!
ဒီလိုဆိုရင်အဲဒီစီနီယာကဘယ်လိုလူမျိုးလဲ!
သူ့ခွန်အားက ဘယ်လိုနယ်ပယ်မျိုးကိုတောင်ရောက်နေပြီလဲ!
သူတို့မခန့်မှန်းနိုင်ကြပေ။
မုဇီရှင်းကလည်း ယဲ့ချိုးပိုင်ကိုကြည့်ကာ ရွှတ်နောက်နောက်အမူအရာဖြင့် မျက်လုံးမှိတ်ပြသည်။
ယဲ့ချိုးပိုင်ကလည်းအကြည့်ပြန်ပို့သည်။
ဘေးကမုလီပိုင်မှာ နှစ်ယောက်သား ခံစားချက်များထုတ်ဖော်ပြသနေတာကို မြင်ရသောအခါ အနည်းငယ်စိတ်ဓာတ်ကျသလို ခံစားရသည်။
သို့စေကာမူ အရင်ကယဲ့ချိုးပိုင်ပြောခဲ့တာကို သူသတိရသွားမိသည်။
သွေးစွမ်းအားကတကယ်ပဲအရေးကြီးတာလား!
ရှေးဟောင်းကလန်ကြီးတခုက လက်ရှိအကျပ်အတည်းကိုကျော်လွှားဖို့အတွက် တကယ်ပဲ ငါ့သမီးကိုအားကိုးရဦးမှာလား!
ထိုအချိန်တွင် ကျန်းဝူဖန်းကဘေးကနေပြောသည်။
"ခေါင်းဆောင်မု၊ အရမ်းခေါင်းမမာစမ်းပါနဲ့၊ လူငယ်စုံတွဲလေးကိုကြည့်လိုက်ဦး၊ ဘယ်လောက်တောင်အချစ်တွေ ဖလှယ်နေကြလဲ၊ ခင်ဗျားမှာ နှလုံးသားတွေကို ကွဲအက်အောင်လုပ်ပြီး ခင်ဗျားသမီးလေးကို ၀မ်းနည်းအောင်လုပ်ဖို့အတွက် နှလုံးသားရောရှိရဲ့လား"
မုလီပိုင်၏မျက်ခုံးများကရှုံ့တွသွားကြ၏။ အကယ်၍ ထိုစီနီယာကြောင့်သာမဟုတ်ပါက သူရှေ့၌ရပ်ပြီး ကျန်းဝူဖန်းအား ဓားကိုဆွဲထုတ်ကာ ချိန်ရွယ်မိပေလိမ့်မည်။
ဒီလေးစားမှုမရှိတဲ့လူအိုကြီးကို ငါတကယ်မသည်းခံနိုင်တော့ဘူး!
ကျန်းဝူဖန်းဆက်လက်ရယ်မောသည်။
"ချိုးပိုင်က အခုသွေးစွမ်းအားမရှိသေးဘူးဆိုပေမယ့် သူ့ရဲ့ကြောက်ခမန်းလိလိပါရမီနဲ့ ဒီလိုအားကောင်းတဲ့နောက်ခံမျိုးနဲ့ဆိုရင် သွေးလှဲလှယ်ဖို့ဆိုတာကလွယ်ကူပါတယ်"
"သွေးကြောစွမ်းအားကတောင် ခင်ဗျားတို့မုမိသားစုရဲ့သွေးစွမ်းအားထက် အဆပေါင်းများစွာ ပိုအားကောင်းနေလိမ့်မယ်"
"အဲဒီအချိန်ကျရင် ခင်ဗျားရဲ့သမီးလေးက အဲလောက်ထိမြင့်အောင် တက်နိုင်မှာမဟုတ်တော့ဘူး"
ထိုစကားကြားသောအခါ မုလီပိုင်စိုက်ကြည့်လိုက်သည်။
"သူလုပ်ရဲလို့လား"
လူတိုင်းမုလီပိုင်အားကြည့်လိုက်မိကြသည်။
သူတို့၏မျက်နှာ၌မေးခွန်းများစွာရှိနေကြသည်။
ဘယ်သူကလုပ်ရဲမှာလဲ!
ယဲ့ချိုးပိုင်ကလည်းပူပန်စွာမေးသည်။
"ယောက္ခထီး၊ ဘာဖြစ်လို့လဲ"
ဤသည်ကိုကြားသောအခါ မုဇီရှင်း၏မျက်နှာက ပန်းတစ်ရာပွင့်လန်းလာသည့်အလား နီးမြန်းသွားပြီး အလွန်အမင်း လှပနေလေသည်။
မုလီပိုင်၏မျက်နှာက ရှုံ့တွသွား၏။
ချက်ချင်းဆိုသလို သူကအေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဘာမှမဟုတ်ဘူး"
ယဲ့ချိုးပိုင်ပြုံးလိုက်မိသည်။
ယခုတကြိမ် သူမုလီပိုင်ကို ယောက္ခထီးဟုခေါ်သောအခါ တဖက်ကလည်း မငြင်းဆန်ခဲ့ပေ။
ကျန်းဝူဖန်းနှင့် မုကျန်းထင်တို့ကလည်း အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။
ကြည့်ရသည်မှာ ဒီကိစ္စကလည်း ပြီးသွားပုံရသည်။
"ဂုဏ်ယူပါတယ်၊ မုမိသားစုကတော့ အနာဂတ်မှာ မိုးထိထိုးတက်သွားတော့မှာပဲ"
ကျန်းဝူဖန်းကလည်းပြုံးသည်။
"ကျုပ်ရဲ့ကြယ်ကြွေဂိုဏ်းကိုလည်း မမေ့သွားပါနဲ့နော်၊ ဒီအခွင့်အလမ်းကို ဖမ်းဆုပ်ဖို့အတွက် သတိပေးဖို့ ကျုပ်သာရှိမနေခဲ့ဘူးဆိုရင် ခင်ဗျားကခေါင်းမာပြီး ဒီအခွင့်အလမ်းကို လက်လွတ်သွားလောက်မှာ"
...လူအိုကြီး၊ မင်းတိုက်ချင်နေတာလား"
"ဟားဟား၊ မအောင်မြင်မှာကိုကြောက်တာလား"
မုကျန်းထင်နှင့်ကျန်သောစွမ်းအားရှင်များက နဖူးကိုလက်နှင့်ဖုံးထားကြသည်။
စီနီယာစူဇကူကရှိနေသေးတယ်လေ!
ဒီလောက်ရှက်နေစရာလိုလို့လား!
ထိုအချိန်တွင် ငှက်ကလေးကပြောသည်။
"သူတို့နောက်ကအင်အားစုတွေကိုရော ငါ့ကိုဖြေရှင်းစေချင်လား"
ထိုစကားကိုကြားသောအခါ မုကျန်းထင်က လက်ဦးမှုရယူကာဆိုလာသည်။
"စီနီယာ၊ သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဒုတိယတန်းစားအင်အားစုတွေပဲ၊ အကွာအဝေးကိုပြောမနေနဲ့ဦး၊ ကြယ်နယ်မြေအတားအဆီးကိုလည်း ဖြတ်ကျော်ရမယ်၊ ဒါပြင် သူတို့အင်အားစုတွေကလည်း....."
ငှက်ကလေးကမဖြေဘဲ စံအိမ်တော်က လူများအားသာကြည့်လိုက်သည်။
သူ့အတွက်မူ ဒါကကြယ်နယ်မြေအတားအဆီးတခုသာဖြစ်ပြီး အလွယ်တကူဖြတ်ကျော်နိုင်ပါသည်။
အလယ်အလတ်ကြယ်နယ်မြေက ဒုတိယတန်းစားအင်အားစုတွေလား!
ဒီလိုစွမ်းအားအဆင့်မျိုးကို ဘာလို့ အလေူအနက်ထားစရာလိုလို့လဲ!
နိဗာမဖီးနစ်မီးတောက်ကလောင်ကျွမ်းသွား၏။
ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်းနှင့် ကျန်သောသူများက အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။
လူတိုင်းတွင်ရွေးချယ်မှုတခုတည်းသာရှိပြီး တချိန်တည်းတွင် ခေါင်းခါယမ်းကြသည်။
"မလိုပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင် ဖြေရှင်းလိုက်ပါမယ်"
"စီနီယာဒီကိစ္စကိုထပ်ပြီး အရေးတယူလုပ်စရာမလိုတော့ပါဘူး"
ငှက်ကလေး၏မျက်လုံးများက နားလည်တန်ဖိုးထားမှုဖြင့်ပြည့်နှက်နေသည်။
တခြားသူများထံမှ အကူအညီရယူခြင်းက အနာဂတ်လမ်းကြောင်း၌ ဆူးပင်များနှင့် ပြည့်နှက်ကာ ပိတ်ဆို့နေပေလိမ့်မည်။
အဆင့်မြှင့်ရမည့် လမ်းကြောင်းမြေပုံ၌ အတားအဆီးရှိမည်မဟုတ်တော့သလို ယခုလိုလမ်းကြောင်းက အလွန်ချော့မွေ့မြန်ဆန်ပြီး အကြည့်တချက်မှာပင် အဆုံးသတ်ကို မြင်နိုင်သည်။
သို့သော် ကိုယ့်လမ်းကိုယ်လျှောက်မည်ဆိုပါက လမ်းတလျှောက်၌ အကောက်အကွေ့များ၊ ဆူးချွန်များစွာ ရှိနေမည်ဖြစ်သလို တကိုယ်လုံးတွင်လည်း အမာအရွတ်များ ရှိလာမည်ဖြစ်သော်လည်း ဒီလမ်းက အဆုံးမရှိပေ။
အင်မော်တယ်လမ်းစဉ်၏အထွပ်အထိပ်သို့ ဆက်လက်တက်ရောက်နိုင်မည်။
လုချန်ရှန်းမလှုပ်ရှားသည့်အကြောင်းရင်းက သေချာပေါက်ပျင်းရိနေခြင်းကြောင့်မဟုတ်ဘဲ ဒီအကြောင်းရင်းကြောင့်ဆိုတာ မှန်ပါသည်။
"ဘယ်အချိန်ပြန်သွားကြမှာလဲ"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ဒီကိစ္စကိုဖြေရှင်းပြီးတော့မှာဆိုတော့ သိပ်မကြာလောက်တော့ပါဘူး"
"ကောင်းပြီလေ၊ ဒီလိုဆိုရင် ငါနင်တို့ကို ရက်နည်းနည်းထပ်စောင့်မယ်"
စကားပြောပြီးနောက် သူမကယဲ့ချိုးပိုင်ပခုံးပေါ်၌ရပ်လျက် မျက်လုံးများကိုမှိတ်ကာ အိပ်ပျော်သွားပုံရသည်။
ထိုအချိန်တွင် ကောင်းကင်ပေါ်မှ ချူကွေဒေါင်ဆင်းလာပြီး ခါးသီးစွာပြုံးသည်။
"မင်းနောက်ကွယ်ကအင်အားစုက အရမ်းအစွမ်းထက်လွန်းတယ်၊ မင်းကိုခွဲထုတ်ဖို့အတွက် လိုရောလိုအပ်ပါ့မလား"
ယဲ့ချိုးပိုင်လက်များကိုဆန့်လိုက်သည်။
"စီနီယာလာမယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး"
ချူကွေဒေါင် အကူအညီမဲ့စွာခေါင်းခါယမ်းသည်။
"ဒီလိုဖြစ်သွားပြီဆိုမှတော့ ငါလည်းထွက်သွားတော့မှာပါ၊ မကြာခင်မှာ ကျင့်ကြံခြင်းကပိုပြီးခေတ်မှီပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို မင်းလည်းလာခဲ့ပါ"
"လာမှာပါ"
စကားပြောပြီးနောက် ချူကွေဒေါင်အလင်းတန်းတခုအဖြစ်ပြောင်းသွားပြီး ထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။
မုကျန်းထင်အပြုံးဖြင့်ပြောသည်။
"ယဲ့ချိုးပိုင်၊ မင်းကဒီစစ်ပွဲရဲ့သူရဲကောင်းကြီးပဲ၊ ငါမင်းကိုကိုယ်တိုင်ဆုချီးမြှင့်မယ်၊ အဲဒီအချိန်ကျရင် နယ်နိမိတ်မဲ့နယ်မြေက မင်းရဲ့ပါ၀င်ကူညီမှုကို သတိရမှတ်မိနေမှာပါ"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"ဒီလိုလုပ်ဖို့မလိုအပ်ပါဘူး၊ ဒါပေမယ့် ဒီကိစ္စကမပြီးသေးဘူးလေ၊ စီနီယာတခုခုကိုများ မေ့နေသလား"
မုကျန်းထင်နှင့်ကျန်သောသူများက အံ့ဩသင့်သွားကြပြီးနောက် ချက်ချင်းသဘောပေါက်သွားကြသည်။
လူတိုင်း၏အကြည့်က သွေးကြောတောင်ရှိသည့် မြို့အပြင်ဘက်သို့ကျရောက်သွားခဲ့သည်။
နောက်ထပ်ရန်သူတစ်ဦးရှိနေသေးသည်။
မိစ္ဆာကလန်!
အပိုင်း(454) coming။