#ဒဏ္ဍာရီပြန်လာခြင်း#
Vol. 32 Ch. 455
စံအိမ်တော်၏တပည့်များက လူရိုင်းကမ္ဘာသို့ပြန်လာခဲ့ကြသည်။
ယခုတွင်မူ ထိုသတင်းက သာသနပြုကောလိပ်တခုလုံးအတွင်း ပျံ့သွားခဲ့သည်။
ချင်းတျန်းနျန်ကလည်း စံအိမ်တော်သို့ ကိုယ်တိုင်ကိုယ်ကျပင်ရောက်လာပြီး ရှေ့က ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကိုကြည့်ကာ ပြုံးလိုက်သည်။
"ပြန်လာကြပြီလား"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း အတူတကွလက်သီးဆုပ်လိုက်ကြသည်။
"ဌာနမှူး"
ခွန်းအားအရာ၌ပြောင်းလဲသွားသည့်တိုင် ထိုကလေးများ၏နှလုံးသားက မမောက်မာလာတာကိုတွေ့ရသောအခါ ချင်းထျန်နျန် စိတ်သက်သာရာရစွာ ခေါင်းညိတ်သည်။
"အရမ်းတလေးတစားလုပ်နေစရာမလိုဘူး၊ အခုမင်းတို့ရဲ့ခွန်အားကိုတောင် ငါမမြင်န်ုင်တော့ဘူး"
"ငါကမင်းတို့ရဲ့ပြိုင်ဘက်မဖြစ်နိုင်တော့ဘူး"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ခင်ဗျားကဘယ်လောက်ပဲအားနည်းနည်း ကျွန်တော်တို့ရဲ့ဌာနမှူးဖြစ်နေဆဲပါပဲ"
"ဒီလိုကြားရတာငါတကယ်ကြိုက်တယ်"
ချင်းထျန်းနျန် ယဲ့ချိုးပိုင်ကိုလက်ညိုးထိုးပြီးနောက် သူ့နောက်က ရင်းနှီးမနေသည့် မျက်နှာအားကြည့်လိုက်သည်။
"ဟမ်၊ သူက....."
လုချန်ရှန်းပြောသည်။
"နယ်နိမိတ်မဲ့နယ်မြေကတပည့်အသစ်ပါ၊ သူကနယ်နိမိတ်မဲ့မင်းဆက်ရဲ့မင်းသားပါ"
ချင်းထျန်းနျန်တုန်လှုပ်သွား၏။
အဆင့်နိမ့်ကြယ်နယ်မြေမှာ အားအကောင်းဆုံးနယ်မြေကိုအုပ်ချုပ်နေတဲ့ နယ်နိမိတ်မဲ့မင်းဆက်ရဲ့မင်းသားလား!
သိူ့စေကာမူ လုချန်ရှန်း၏ခွန်အားအရဆိုပါက သူကတပည့်ဖြစ်ဖို့က လုံလောက်တာထက်ပိုပါသည်။
"အန်ကယ်ချင်း၊ ခင်ဗျားကဒီနေရာမှာ နှုတ်ဆက်ဖို့အတွက်ပဲရောက်လာတာ မဟုတ်ပါဘူးနော်"
ဤသည်ကိုကြားသောအခါ ချင်းထျန်နျန်က လုချန်ရှန်းအား စိုက်ကြည့်သည်။
"မင်းပဲတော်တယ်ထင်တာလား၊ ဘယ်သူက မင်းကို နေ့စဉ်နေ့တိုင်းအပျင်းထူပြီး အကယ်ဒမီကျောင်းသားတွေကို ဟောပြောချက်တွေမပို့ချဖို့ပြောလဲ"
လုချန်ရှန်းက ထိုင်ခုံတွင်မှီလဲရင်း သွားများအကြားကို သွားကြားထိုးတံဖြင့် ထိုးနေသည်။
ထိုနေရာ၌ဟင်းသီးဟင်းရွက်၊ အစားအစာအစများမကျန်သော်လည်း စားပြီးသောအခါ သူက သွားကြားထိုးရသည်ကို သဘောကျသည်။
အကျင့်ဟောင်းများကိုတကယ်ပင်ပြင်၍မရ။
"တကယ်လို့ကျွန်တော်သာသူတို့ကို သင်ပေးမယ်ဆိုရင် ဒါကအရမ်းလွန်ကဲလွန်းရာမကျသွားဘူးလား"
ဤသည်ကိုကြားသောအခါ လူတိုင်းရယ်မောလိုက်ကြသည်။
သူလုချန်ရှန်းအား စံအိမ်တော်တွင် ပထမဆုံးတွေ့စဉ်ကတည်းကပင် လုချန်ရှန်း၏ နှုတ်ခမ်းဖျားမှ စာသားတကြောင်းက အမြဲရှိနေခဲ့သည်။
ငါကိုယ်တိုင်တောင် တာအိုကိုဘယ်လိုလေ့ကျင့်ရမှန်းမသိဘူး၊ ငါ့တပည့်တွေကို ငါမလှည့်စားချင်ဘူး!
သို့သော်ယခုတွင်မူ ဒါကသူ့၏ဟောပြောချက်ဖြစ်လာပုံပင်။
ချင်းထျန်နျန်အကူအညီမဲ့စွာခေါင်းခါယမ်းသည်။
"ငါဒီနေရာကိုလာရတာက ယဲ့ချိုးပိုင်နဲ့ ကျန်တဲ့သူတွေကို အကယ်ဒမီက ကျောင်းသားတွေကို ဟောပြောချက် ပို့ချစေချင်လို့ပါ"
"ပထမ၊ သူတို့ရဲ့ခွန်အားအရဆိုရင် သူတို့က ကောလိပ်ကျောင်းသားတွေကို ဟောပြောချက်ပို့ချမိုင်တာထက်တောင် တော်နေပြီ"
"ဒုတိယ၊ ဒါကကျောင်းသားတွေကို တွန်းအားပေးဖို့လည်းဖြစ်တယ်"
"ဘာပဲဖြစ်ဖြစ် ယဲ့ချိုးပိုင်နဲ့ကျန်တဲ့သူတွေရဲ့ လုပ်ရပ်တွေက မင်းကိုအောင်မြင်စေပြီးတော့ လူရိုင်းကမ္ဘာတခုလုံးမှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးဖြစ်စေခဲ့ပြီလေ"
"ပြီးတော့ ဒီဟောပြောချက်အတွက် အဓိကကောလိပ်အပါအ၀င် တခြားကောလိပ်သုံးခုကလည်း တက်ရောက်ဖို့အတွက် လူတွေစေလွှတ်လိမ့်မယ်"
လုချန်ရှန်းနှုတ်ခမ်းကွေ့လိုက်၏။
"ကျွန်တော်သွားတာကအရေးမကြီးပါဘူး"
ဒီလူက တကယ်မျှော်လင့်ချက်မဲ့နေပြီပဲ!
"ဒီတော့ ယဲ့ချိုးပိုင်၊ မင်းရောသွားဖို့ ဆန္ဒရှိလား"
ယဲ့ချိုးပိုင်တို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လက်နှစ်ဖက်ဆုပ်လိုက်သည်။
"ကျွန်တော်သွားဖို့ဆန္ဒရှိပါတယ်"
....
ထိုအချိန်တွင် စံအိမ်တော်က တပည့်အားလုံး၏ လူရိုင်းနယ်မြေသို့ပြန်ရောက်လာသည့်သတင်းက ပြန့်ကြဲသွားသည်။
ကျင့်ကြံသူအားလုံးက ထိတ်လန့်တုန်လှုပ်သွားကြ၏။
အဲဒီဒဏ္ဍာရီလာစံအိမ်တော်ရဲ့တပည့်တွေက ပြန်လာကြပြီလား!
"သူတို့ဘယ်လောက်အားကောင်းမှန်း ငါတကယ်မသိဘူး...."
"ငါလည်းမသိဘူး၊ ဒါပေမယ့်သူတို့ထွက်သွားတုန်းက အရမ်းမြင့်တဲ့အဆင့်တခုကို ရောက်နှင့်ပြီးပြီ"
"သူတို့နယ်နိမိတ်မဲ့နယ်မြေကိုသွားခဲ့တယ်လို့ ငါကြားခဲ့တယ်၊ အဲဒါက အဆင့်နိမ့်ကြယ်နယ်မြေမှာ အားအကောင်းဆုံးနယ်မြေဖြစ်ပြီး အင်အားကလည်း အရမ်းမြင့်မားတယ်"
"သူတို့ကကောင်းကောင်းမလုပ်နိုင်ခဲ့လို့ ပြန်လာကြတာများလား"
"ဒီလိုတွေပြောနေတာကအသုံးမ၀င်ဘူး၊ အချိန်ကျလာရင်တော့သိရမှာပဲလေ"
ထိုအချိန်တွင် လူရိုင်းနယ်မြေတခုလုံးက ကျင့်ကြံသူများက တောင်ပိုင်းဒေသသို့ ပြေးလာနေကြသည်။
ထိုဒဏ္ဍာရီလာလူသားများက ယခုပိုမိုအားကောင်းလာကြသလား ဒါမှမဟုတ် အရှက်တကွဲပြန်လာခဲ့ကြသလားဆိုတာ သူတို့အားလုံးမြင်ချင်ကြသည်။
လျှို့ဝှက်ဓားဂိုဏ်း!
ဂိုဏ်းချုပ်လင်းရူဖုန်းက ပင်မခန်းမရှေ့၌ လျန်ဖုန်းနှင့်အတူ စစ်တုရင်ကစားနေသည်။
"ယဲ့ချိုးပိုင်ပြန်လာပြီ၊ သွားကြည့်လိုက်ပါဦး"
ထို့နောက်တွင် လျန်ဖုန်း၏ကျိန်ဆဲသံကိုပါ ကြားလိုက်ရသည်။
"အဲဒီကောင်ယဲ့ချိုးပိုင်ကိုကြည့်ပါဦး၊ သူက ကြယ်ကြွေဓားဂိုဏ်းကို ထူထောင်ခဲ့ရုံတင်မက အဆုံးသတ်မှာ လက်လွတ်စပယ်ဆိုင်ရှင်တယောက်လိုဖြစ်လာခဲ့ပြီး ကျွန်တော်နဲ့ ချောင်မြန့်ကို နေ့တိုင်းအလုပ်များစေတယ်"
မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်က လူရိုင်းနယ်မြေ၌ နံပါတ်တစ်ဓားသမားဖြစ်လာခံ့သည်။
သူကကြယ်ကြွေဓားဂိုဏ်းကို ပြန်လည်ထူထောင်ခဲ့သည်။
နေ့စဉ်နေ့တိုင်း ကြယ်ကြွေဓားဂိုဏ်းက လူများဖြင့်ပြည့်နှက်နေပြီး လူတိုင်းက ကြယ်ကြွေဓားဂိုဏ်းအောက်တွင် အရိုအသေပေးချင်ကြသည်။
စံအိမ်တော်က တပည့်မစုဆောင်းသည့်အချက်ကြောင့်တင်မက ယဲ့ချိုးပိုင်၏ ဒဏ္ဍာရီဆန်တဲ့ဂုဏ်သတင်းကြောင့် နံပါတ်တစ်ဓားသမားဟူသောခေါင်းစဉ်က ကမ္ဘာတဝှမ်းက ဓားသမားများကို သူ့ထံစုဝေးလာစေသည်။
လင်းရူဖုန်းပြုံးလိုက်သည်။
"ကောင်းပြီ၊ သွားတော့၊ မင်းသူနဲ့ယှဉ်ပြိုင်ချင်နေတာမလား"
"ဒါပေမယ့် အခုမင်းသူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်တော့ဘူး၊ လိုက်မီဖို့ကဖြစ်နိုင်မယ်ထင်လား"
ဤသည်ကိုကြားသောအခါ လျန်ဖုန်းစိုက်ကြည့်လိုက်သည်။
"ဆရာဘယ်သူ့ကိုအထင်သေးနေတာလဲ၊ ကျွန်တော်အခုသွားပြီ"
စကားပြောပြီးသည်နှင့် သူထရပ်ကာ စာသားတကြောင်းတည်းသာပြောပြီး ထိုနေရာကနေ ထွက်သွားသည်။
"ဆရာရေ၊ စစ်တုရင်ကစားပွဲကို သိမ်းဆည်းထား၊ ကျွန်တော်ပြန်လာပြီး ပြန်ကစားတဲ့အထိစောင့်ပါဦး"
ထိုစကားလုံးများကိုကြားသောအခါ လင်းရူဖုန်းခေါင်းခါယမ်းကာ အပြုံးဖြင့်သာ ဆူပူကြိမ်းမောင်းလိုက်လေသည်။
"ဘာကိုထိန်းသိမ်းဖို့ပြောနေတာလေ၊ မင်းက ရှုံးနေပြီးသားလေ"
စကားပြောပြီးနောက် အဖြူရောင်စစ်တုရင်ကကျလာပြီး အနက်စစ်တုရင်က ရှုံးနိမ့်သွားရသည်။
တခြားတဘက်တွင် တောင်ပိုင်းဒေသက လျှို့ဝှက်မျိုးနွယ်စုတခုဖြစ်သည့် ရှင်းမိသားစုတွင် အနီ၀တ်အမျိုးသမီးတစ်ယောက်၏တကိုယ်လုံး၌ မီးတောက်များ ဖုံးလွှမ်းနေပြီး အခန်းထဲကနေထွက်လာသည်။
"အနီရောင်မီးတောက်တွေ၊ မင်းအောင်မြင်သွားပြီလား"
ရှင်းဟုန်ယီညင်သာစွာခေါင်းညိတ်သည်။
"အောင်မြင်သွားပါပြီ"
လက်ရှိရှင်းဟုန်ယီက လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက စိမ်းလန်းစိုပြေမှုကို ဆုံးရှုံးခဲ့ရသဖြင့် ယခုလိုပို၍ရင့်ကျက်ကာလှပလာပြီး တောင်ပိုင်းဒေသ၏ နံပါတ်တစ်အလှမယ်ဟု လူသိများသည်။
တချိန်တည်းမှာပင် သူမက လျှို့ဝှက်တာအိုအကယ်ဒမီ၌ တောက်ပခဲ့ပြီး လျှို့ဝှက်တာအိုအကယ်ဒမီရဲ့ မျိုးဆက်သစ်၏ ခေါင်းဆောင်ဖြစ်ခြင်း၏ လက္ခဏာများကိုပင် ပိုင်ဆိုင်ထားသည်။
သူမကချန်းယွမ်နယ်ပယ်(မူလကောင်းကင်နယ်ပယ်) အစောပိုင်းအဆင့်သို့ရောက်ခဲ့သည်။
ဟုန်ရင်က ဒီကမ္ဘာ၏ ကောင်းကင်လမ်းစဉ်ဖြစ်လာစဉ်ကတည်းက ဝိဉာဉ်စွမ်းအင်က ပြန်လည်ပြည့်၀လာပြီး ကျင့်ကြံသူအားလုံး၏ခွန်အားကလည်း အလျင်အမြန်တိုးတက်လာခဲ့ကြသည်။
"ယဲ့ချိုးပိုင်ပြန်လာပြီ၊ မင်းသွားကြည့်ချင်လား"
ထိုစကားကိုကြားသောအခါ ရှင်းဟုန်ယီ၏မျက်သူငယ်အိမ်များက အနည်းငယ် ကျုံ့သွားပြီးနောက် ခေါင်းညိတ်ကာ တိတ်ဆိတ်စွာ ပျံသန်းသွားသည်။
သက်လတ်ပိုင်းအရွယ်လူက အကူအညီမဲ့စွာခေါင်းခါယမ်းသည်။
မိုက်မဲ့တဲ့ကောင်မလေး.... မင်းအဲဒီလူရဲ့ ကျောကိုတောင် မမှီနိုင်လောက်တော့ဘူး!
သက်ပြင်းချရုံမျှသာတတ်နိုင်သည်။
ကံတရားဆိုတာမရှိပေ။
ကျင်းယွန်ဓားဂိုဏ်းတွင် ကျန်းချောင်မြန့်က ဂိုဏ်း၏ဝေယျာဝိစ္စများကို ဆောင်ရွက်နေသည်။
ယွမ်ကျင်းတံခါးဖွင့်ကာ၀င်လာပြီး အပြုံးဖြင့်ပြောသည်။
"မင်းတချက်သွားမကြည့်တော့ဘူးလား"
ကျန်းချောင်မြန့်ခါးသီးစွာပြုံးသည်။
"ဂိုဏ်းမှာ ကိစ္စတွေအများကြီးရှိနေတယ်၊ ကျွန်တော့်မှာ အချိန်မရှိလောက်ဘူး"
ယွမ်ကျင်း ဆွံအစွာရယ်မောနေမိသည်။
ကျန်းချောင်မြန့်နှင့် လျန်ဖုန်းတို့က ယဲ့ချိုးပိုင်အစား ကျင်းယွန်ဓားဂိုဏ်းကို တာ၀န်ယူဖို့ကူညီစဉ်ကတည်းက နေ့စဉ်နေ့တိုင်း လုပ်စရာအများကြီးရှိလာခဲ့သည်။
"မင်းသွားလိုက်ပါ၊ ငါမင်းအစားကူညီပေးထားပါမယ်"
ကျန်းချောင်မြန့်အံ့ဩသင့်တကြီးပြောသည်။
"ဒီလိုဆိုရင်တော့ ကျေးဇူးပါဆရာ"
ထို့နောက်ချက်ချင်းဆိုသလို သူကထိုနေရာ၌ပျောက်ကွယ်သွား၏။
"သေနာကောင်လေး၊ မင်းဒါကိုအချိန်အတော်ကြာ တွေးနေခဲ့တာမလား"
....
မြောက်ပိုင်းဒေသက နက်ရှိုင်းသည့်တောင်တစ်တောင်၌ သီလရှင်ကျောင်းတစ်ကျောင်းရှိသည်။
ခေါင်းပြောင်နေသော်လည်း ကြော့ရှင်းလှပနေသေးသည့်အမျိုးသမီးတစ်ဦးက ကွန်ရင်ရုပ်တုရှေ့တွင် ဒူးထောက်နေပြီး တခုခုကို တွေးတောနေပုံရသည်။
အမျိုးသမီးက ဖြည်းညင်းစွာပြုံးရင်း တီးတိုးရေရွတ်လိုက်သည်။
"နင်ပြန်လာပြီလား၊ ကောင်းလိုက်တာ"
ထိုစာသားကဘယ်သူ့ကိုပြောမှန်းမသိပေ။
ဖြစ်နိုင်တာက ထိုအမျိုးသမီးသာလျှင် သိပေလိမ့်မည်။
....
စံအိမ်တော်ကတပည့်များ ဟောပြောချက်ပို့ချသည့်သတင်းကို လူတိုင်းကြားသိခဲ့ကြလေရာ လူရိုင်းနယ်မြေက ဗလောင်ဆူနေတော့သည်။
လူတိုင်းက လျှို့ဝှက်တာအိုအကယ်ဒမီရှိရာဘက်သို့ ပြေးလွှားသွားကြ၏။
တောင်ပိုင်းဒေသ၊ လျှို့ဝှက်တာအိုအကယ်ဒမီဘေးရှိ စားသောက်ဆိုင်က ပြည့်နှက်နေပြီဖြစ်သည်။
တောင်ပိုင်းဒေသတခုလုံးက လူများဖြင့် ၀န်းရံခံနေရသည်။
လျှို့ဝှက်တာအိုအကယ်ဒမီ၏ တောင်တံခါးတွင်ပင် ဂိုဏ်းအသီးသီးက ကြီးမြတ်သည့် ပုံရိပ်များဖြင့် ၀န်းရံခံထားရလေသည်။
မရနိုင်သည့်အဆုံးတွင် အကြီးအကဲများက ထိန်းသိမ်းရန်အတွက် ညွှန်ကြားချက်များ ပြောရန် အပြင်သို့ထွက်လာကြရသည်။
သို့စေကာမူ ဒီနေရာ၌မည်သူမှ ပြဿာနာမလုပ်ကြပေ။
မည်သို့ပင်ဆိုစေကာမူ ဒီနေရာ၌ စံအိမ်တော်တည်ရှိသည်မဟုတ်ပေလော။
လူရိုင်းနယ်မြေတွင် စံအိမ်တော်ကို မကြားဖူးသောသူ ဘယ်သူရှိလေသနည်း။
ဘယ်သူကဒီနေရာတွင် ပြဿာနာရှာရဲလေသနည်း!
သူတို့ကအနည်းငယ်တော့စိတ်မရှည်ဖြစ်နေကြသည်။
ထိုစဉ် ဟောပြောခြင်း အစီအစဉ်က တရား၀င်စတင်လေတော့သည်။
အပိုင်း(456) coming။