#ပညာသင်ခန်းမကအပြောင်းအလဲများ#
Vol. 32 Ch. 457
ကျင်းယွန်ဓားဂိုဏ်းကိုတည်ထောင်ပြီးနောက်တွင် ဂိုဏ်း၏ဝေယျာ၀စ္စအားလုံးကို ကျန်းချောင်မြန့်နှင့် လျန်ဖုန်းတို့ထဲ ယဲ့ချိုးပိုင်လက်လွှဲထားခဲ့သည်။
ဒါကနှစ်ယောက်စလုံးကို စိတ်သောကရောက်စေသည်။
မူလကသူတို့က ခေတ်ဆန်ကာ အထိန်းအကွပ်မဲ့ခဲ့ကြသဖြင့် ဘယ်အချိန်မဆို ဓားလမ်းစဉ်ကို ခံစားနိုင်ကြသည်။
သို့သော် ယခုတွင်မူ အချိန်တစ်၀က်ကျော်ကို ကျင်းယွန်ဓားဂိုဏ်း၏ နေ့စဉ်ဝေယျာ၀စ္စများ၌ အသုံးပြုနေရသည်။
မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်က လူရိုင်းကမ္ဘာတွင် ဒဏ္ဍာရီဆန်သည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ထို့ကြောင့်သူတည်ထောင်ခဲ့သည့်ကျင်းယွန်ဓားဂိုဏ်းတွင်လည်း ကြီးမားသည့်လူအုပ်ကြီးရှိသည်။
နေ့စဉ်နေ့တိုင်းအလုက်သင်လာလျှောက်ကြသည့်လူများရှိသည်။
တချို့ကမူအလည်လာကြပြီး တချို့ကမူ ယဲ့ချိုးပိုင် ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေကို ချန်ထားခဲ့သလဲဆိုတာသိချင်ကြသည်။
ထိုနေရာ၌အရာမျိုးစုံရှိရပေမည်။
ဒါကနှစ်ယောက်စလုံးကို နှစ်များစွာကြာ နာကျင်ပူလောင်မှုကိုခံစားရစေသည်။
လျန်ဖုန်းက အန္တရာယ်ရိသည့်အမူအရာဖြင့်ပြောသည်။
"နောက်ပိုင်းမှာ မင်းက ငါတို့နဲ့ နယ်ပယ်တူတခုအထိ နယ်ပယ်ကိုဖိနှိပ်ထားရမယ်"
ယခုတွင်မူ လျန်ဖုန်းရောကျန်းချောင်မြန့်ပါ နတ်ဘုရားတ၀က်နယ်ပယ် နောက်ပိုင်းအဆင့်သို့ ချိုးဖျက်ခဲ့ကြပြီးဖြစ်ကာ လူရိုင်းနယ်မြေ၌ ထိပ်တန်းစွမ်းအားရှင်များထဲတွင် ပါ၀င်လာကြသည်။
မည်သို့ပင်ဆိုစေကာမူ နှစ်ဦးစလုံး၏ ပါရမီကလုံး၀အားနည်းမနေဘဲ အရင်က ဂိုဏ်းအသီးသီးက မောက်မာသောသူများဖြစ်ခဲ့ကြသည်။
သူတို့ကကမ္ဘာကြီးက လူဆိုးဟုပင်ခေါ်၍ရသည့် ဇာတ်ကောင်ကိုပင်ပိုင်ဆိုင်ခဲ့ကြသည်။
ထိုအချိန်က စံအိမ်တော်မှယဲ့ချိုးပိုင်နှင့် တပည့်များက အလွန်ပင်ကျော်ကြားလာခဲ့ကြပြီး လူရိုင်းနယ်မြေက လူဆိုးအားလုံးကို လွှမ်းမိုးပစ်ခဲ့သည်။
သူမှားယွင်းခဲ့တာကိုသိသည့်အပေါ် ယဲ့ချိုးပိုင်ရှက်ရွံ့စွာခေါင်းကုတ်ရင်း အပြုံးဖြင့်ပြောသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ မင်းတို့ပြောတဲ့အတိုင်းငါလုပ်ပါမယ်၊ ဘယ်မှာတိုက်ကြမလဲ"
ဘယ်မှာကစားကြမလဲ!
ထိုစဉ် လျန်ဖုန်းရောကျန်းချောင်မြန့်ပါ တချိန်တည်းတွင် ဓားရှည်များကို ထုတ်လိုက်ကြပြီးနောက် ယဲ့ချိုးပိုင်ထံ ပျံသန်းလာကြ၏။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
သူကသစ်သားဓားကိုလက်ထဲတွင်ကိုင်ကာ တချိန်တည်းတွင် နယ်ပယ်ကိုလည်း နတ်ဘုရားတ၀က်နယ်ပယ်နောက်ပိုင်းအထိ ဖိနှိပ်ပြီး ဓားဆန္ဒနှင့် ဓားပိုင်နက်ကို မပြသပေ။
သူကသစ်သားဓားကိုလက်ထဲတွင်မြှောက်ကာ သာမန်ဓားတစ်ချောင်းကဲ့သို့ပင် ပိုင်းချလိုက်သည်။
ကျန်းချောင်မြန့်နှင့် လျန်ဖုန်းတို့က တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။
ယဲ့ချိုးပိုင်ကသူတို့ကိုခွင့်ပြုပေးနေတာ သူတို့သိကြသည်။
သို့စေကာမူ သူတို့ကဂရုမစိုက်ကြပါ။
နှစ်ဦးစလုံးကလည်း တကယ်တမ်းတွင် ဓားသမားများဖြစ်နေသည်မဟုတ်ပေလော။
လူတိုင်းကအမှန်တရားတခုကို နားလည်ကြသည်။
အစစ်အမှန်အစွမ်းထက်ဓားသမားတစ်ယောက်ရှေ့တွင် နယ်ပယ်ကိုဖိနှိပ်ထားလျှင်ပင်၊ ဓားဆန္ဒကိုမသုံးလျှင်ပင် သူ့ဓားက ပြိုင်ဘက်၏ဓားသိုင်းကို ဆော်ဩကာ ဖိနှိပ်နိုင်ဆဲပင်။
သူတို့နှစ်ယောက်၏ဓားများက ပြင်းထန်သည့်ဓားဆန္ဒတခုကိုသယ်ဆောင်လာသည်။
ထိုအခိုက်အတန့်၌ မဟာဓားဂိုဏ်းနယ်ပယ်ဓားဆန္ဒက ကောင်းကင်နှင့်မြေကြီး၏ မြစ်များအဖြစ်ပြောင်းသွားပြီး ထိုးတက်လာကာ ယဲ့ချိုးပိုင်လက်ထဲက သစ်သားဓားကို ပိုင်းဖြတ်ပစ်သည်။
သို့သော် သစ်သားဓားက ထိုဓားဆန္ဒကြောင့်တိုက်ရိုက်မကျိုးသွားဘဲ ကမ္ဘာကြီးထဲရှိ အမာကျောဆုံးသံနက်တခုအလား လုံး၀မရွေ့ပေ။
သူတို့ပိုင်းဖြတ်၍မရသလို ထိုးနှက်၍လည်းမရပေ။
ထိုနှစ်ဦး၏မျက်လုံးထဲတွင် ယခုအချိန် ယဲ့ချိုးပိုင်က ကျော်လွှား၍မရနိုင်သည့် တောင်တစ်တောင်အလား အံ့ဩသင့်စရာကောင်းနေသည်။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"မဆိုးဘူး၊ တိုးတက်မှုကအတော်မြန်တာပဲ"
ချက်ချင်းဆိုသလို သူ့လက်ထဲက သစ်သားဓားကအနည်းငယ်တုန်ခါသွားသော်လည်း ဓားဆန္ဒကလုံး၀မထွက်လာခဲ့ပေ။
သို့စေကာမူ ကျန်းချောင်မြန့်နှင့်လျန်ဖုန်းတို့၏အမူအရာများက ထိုအခိုက်အတန့်၌ ရုတ်တရက်ပြောင်းလဲသွားကြ၏။
ယဲ့ချိုးပိုင်လက်ထဲကဓားဖြစ်စေ၊ သူ့၏ဓားသိုင်းဖြစ်စေ ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ဖော်ပြထားပုံရပြီး သစ်ရွက်များ၊ ပန်းပွင့်များနှင့်မြက်ပင်များကလည်း ထိုအချိန်တွင် အလွန်အမင်းထက်ရှသည့် ဓားများအဖြစ် ပြောင်းလဲသွားပုံရကာ နှစ်ဦးသားလက်ထဲက ဓားများကို ဆက်လက်ပိုင်းဖြတ်နေသည်။
ကျန်းချောင်မြန့်နှင့်လျန်ဖုန်းတို့၏အမူအရာများက အနည်းငယ်ပြောင်းလဲသွားပြီး သူတို့တချိန်တည်းတွင် နောက်ဆုတ်ကြသည်။
ဓားဆန္ဒတခုရှိမနေတာသေချာသည့်တိုင် ယဲ့ချိုးပိုင်လက်ထဲက ထိုသာမန်သစ်သားဓားလေးက ကမ္ဘာကြီးထဲက လှည့်စားမှုအားလုံးကို ပိုင်းဖြတ်နိုင်သည့်အလား ထင်ရသည်။
ပြိုင်ဘက်ကင်းတယ်!
ဘယ်အရာမှ မဖြတ်တောက်နိုင်ဘူး!
ထိုအချိန်တွင် ယဲ့ချိုးပိုင်က ဓားကိုညာလက်တွင်ကိုင်ထားပြီး ဘယ်လက်ကို ကျောနောက်တွင်ထားကာ သူ့ခြေလှမ်းများက ပေါ့ပါးနေသည်။
ထို့နောက် ယုန်တကောင်ပမာ ကျန်းချောင်မြန့်နှင့် လျန်ဖုန်းတို့ထံပြေး၀င်သွား၏။
လေဟာနယ်ကိုဖြတ်သန်းစဉ် ဓားအရိပ်များစွာကထွက်လာသည်။
တခဏအကြာတွင် နှစ်ယောက်စလုံးက သူတို့ထံ၀င်ရောက်လာသည့် ဓားမိုးများအဖြစ်ပြောင်းသွားသည့် သုံးပေရှည် အစိမ်းရောင်မျက်နှာကြက်တခုကိုသာ တွေ့လိုက်ရသည်။
ကျန်းချောင်မြန့်နှင့်လျန်ဖုန်းတို့၏မျက်နှာများက ထိတ်လန့်သွားကြပြီး အံကြိတ်ကာ ရှေ့သို့ခုတ်ချလိုက်ကြ၏။
သို့သော် ကြောက်ခမန်းလိလိဓားမိုးများကြောင့် သုတ်သင်ခံရမည့်အစား နောက်ဆုံး၌ ၎င်းကဓားတစ်လက်အဖြစ် ပြောင်းကာ နှစ်ဦးသားအား ညွှန်ပြနေသည်။
ယဲ့ချိုးပိုင်သစ်သားဓားကို သိမ်းဆည်းပြီးနောက် အပြုံးဖြင့်ပြောသည်။
"အဆင်ပြေပြီလား"
ဒီမြင်ကွင်းကိုကြည့်ရင်း ကျန်းရှောင်မြန့်နှင့် လျန်ဖုန်းတို့ကအချင်းချင်းကြည့်ကာ ခါးသီးစွာပြုံးလိုက်ကြသည်။
တကယ်ကိုသွေဖည်နေတုန်းပဲ!
သူတို့အကြားက ခွန်အားကွာဟချက်က ကျယ်သထက်ပိုကျယ်လာသည်။
နောက်ကျောကိုပင်မမြင်ရတော့ပါ။
အမှန်ပြောရမည်ဆိုပါက စိတ်ပျက်အားငယ်မှုကို မခံစားရဘူးဆိုတာက မဖြစ်နိုင်ပေ။
သို့စေကာမူ ဒီခံစားချက်ကနှစ်ယောက်စလုံးကို အရူးအမူးလေ့ကျင့်ရန် မောင်းနှင်ပစ်ခဲ့သည်။
ကွာဟချက်ကကြီးမားလျှင်ပင် ဒါကပိုကြီးလာတော့မည်မဟုတ်ဘဲ ယဲ့ချိုးပိုင်၏ ကျောကို အမှီလိုက်ရန်ကြိုးစားခြင်းက သူတို့၏ပန်းတိုင်ဖြစ်သည်။
ယဲ့ချိုးပိုင်သစ်သားဓားကိုသိမ်းဆည်းလိုက်၏။
"လာစမ်းပါ၊ မင်းတို့ဒီကိုနှိပ်စက်ခံရဖို့အတွက်တင် လာတာတော့မဟုတ်ဘူးမလား"
ထိုစကားပြောလိုက်သောအခါ နှစ်ဦးစလုံးက မျက်ဖြူလန်လိုက်မိကြသည်။
လျန်ဖုန်းဒေါသတကြီးပြောသည်။
"မင်းကျင်းယွန်ဓားဂိုဏ်း (တိမ်ပြာဓားဂိုဏ်း)ကို ဖန်တီးခဲ့တာမလား"
"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ"
"ဒီလိုဆိုရင် မင်းသုံးနှစ်တခါတပည့်လက်ခံဖို့ကိုလည်းစီစဉ်ထားတယ်မလား"
ယဲ့ချိုးပိုင်ထိုစကားလုံးများကိုကြားသောအခါ အနည်းငယ်အံ့ဩသင့်သွားပြီးနောက် ခေါင်းကုတ်ကာ ခပ်ရှက်ရှက်ပြုံးလိုက်သည်။
"ဒီနေ့ကတပည့်လက်ခံရမယ့်နေ့လား၊ ငါတကယ်မေ့သွားခဲ့တာ"
ဘေးက ဟုန်ရင်နှင့်ကျန်သောသူများကရယ်လိုက်ကြလေသည်။
ဒါကတကယ်ပဲဂိုဏ်းချုပ်လား!
အနည်းဆုံးတော့ ဟုန်ရင်က အရာရာတိုင်းကို ကိုင်တွယ်ပြီးစီးခဲ့သည်။
သူမက ယွန်ဟွမ်အင်ပါယာက လမ်းမှန်ပေါ်ရောက်လာသည့်အခါမှသာ သူမထွက်လာခဲ့ခြင်းပင်။
ဤသို့ဆိုပါက နင်းချန်ရှင်းကရော!
သူက လူရိုင်းနယ်မြေနှင့်ကောင်းကင်ဘုံနယ်မြေကို အုပ်ချုပ်နေသည့် ကွန်ဖြူးရှပ်နှင့် တာအိုပညာရှင်ဖြစ်သည်။
ယဲ့ချိုးပိုင်ကမူ သူချမှတ်ထားသည့် စည်းမျဉ်းများကိုပင် မေ့သွားခဲ့သည်။
လုချန်ရှန်း မျက်နှာကိုဖုံးလိုက်မိသည်။
"အနာဂတ်မှာ သူ့ကိုငါ့တပည့်လို့မခေါ်နဲ့"
ယဲ့ချိုးပိုင်နဖူးတွန့်သွားသည်။
ဆရာကတော့ဒီထက်တောင်ပိုတာလေ!
သို့စေကာမူ ယခုလိုစကားလုံးမျိုးကို လုချန်ရှန်းရှေ့တွင်ပြောရန်ဟူသည်မဖြစ်နိုင်။ မဟုတ်ပါက ထပ်ပြီးအရိုက်ခံရပေလိမ့်မည်။
လျိုကျိယုကဥပမာကောင်းပေတည်း။
.....
ယနေ့က သုံးနှစ်တခါ တိမ်ပြာဓားဂိုဏ်းက တပည့်သားများစုဆောင်းမည့်အချိန်ပေတည်း။
ဒါက တိမ်ပြာဓားဂိုဏ်းကို ထူထောင်စဉ်ကတည်းက ပထမဆုံးအကြိမ်လည်းဖြစ်သည်။
ဂိုဏ်းကို လူရိုင်းကမ္ဘာ၏ဒဏ္ဍာရီတဖြစ်လဲ စံအိမ်တော်မှလုချန်ရှန်း၏ တပည့်ဖြစ်သော ယဲ့ချိုးပိုင်က တည်ထောင်ခဲ့သည်။
သူက လူရိုင်းနယ်မြေ၌ နံပါတ်တစ်ဓားသမားဖြစ်သည်။
ယခုယဲ့ချိုးပိုင်ရောက်လာပြီဖြစ်လေရာ ထိုနေ့မှာပင် လျှို့ဝှက်တာအိုအကယ်ဒမီ၌ ဟောပြောချက်ပို့ချခဲ့ပြီး ဒါ့အပြင် နယ်မြေမျိုးစုံက ဓားသိုင်းပညာရှင်များစွာ၏ ယဲ့ချိုးပိုင်အပေါ် အရူးအမူးဖြစ်မှုက အမြင့်ဆုံးကိုပင် ရောက်ရှိခဲ့သည်။
တခဏအကြာတွင် တိမ်ပြာဓားဂိုဏ်း တောင်တံခါးရှေ့တွင် ဓားသိုင်းပညာရှင်များစွာ နေရာတိုင်း၌ရှိနေကြသည်။
ဒေသအားလုံးက ဓားသိုင်းကျင့်ကြံသူများက တိမ်ပြာဓားဂိုဏ်းကို၀င်ချင်သဖြင့် ဒီနေရာကိုရောက်လာခဲ့ကြသည်။
"မင်းတို့ကြားကြလား၊ စီနီယာယဲ့က တိမ်ပြာဓားဂိုဏ်းရဲ့လူသစ်စုစည်းမှုကို ကိုယ်တိုင်ဦးဆောင်မှာတဲ့"
"ဒါကြောင့်လည်း ငါတို့ဒီမှာရှိနေရတာလေ၊ စီနီယာယဲ့က ဒီနေ့လူရိုင်းကမ္ဘာမှာ နံပါတ်တစ်ဓားသမားဖြစ်ပြီး သူ့ခွန်အားက မခန့်မှန်းနိုင်လောက်အောင် မြင့်တယ်တဲ့"
"တကယ်လို့ တိမ်ပြာဓားဂိုဏ်းမှာသာ အရိုအသေပေးနိုင်မယ်ဆိုရင် ဒီလူရိုင်းကမ္ဘာကြီးထဲမှာ ဘေးတိုက်တောင် လျှောက်လို့ရတယ်"
"ဒီအကြောင်းကိုတွေးတောင်မတွေးနဲ့၊ တိမ်ပြာဓားဂိုဏ်းရဲ့ပထမဆုံးစည်းမျဉ်းက ဓားကို မကောင်းမှုလုပ်ဖို့အတွက်မသုံးရဘူး၊ စွမ်းအားကို တခြားသူများကို အနိုင်ကျင့်ဖို့အတွက် မသုံးရဘူး၊ တကယ်လို့ရှာတွေ့ခဲ့မယ်ဆိုရင် ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးပြီး ဓားဂိုဏ်းကနေ နှင်ထုတ်ခံရမယ်",
"ဒါပေမယ့်....တကယ်လို့စီနီယာယဲ့ကသာ တစ်ယောက်ယောက်ကိုခေါ်ဆောင်သွားပြီး တပည့်အဖြစ်လက်ခံလိုက်မယ်ဆိုရင် သေချာပေါက် ထိပ်ဆုံးကို တက်လှမ်းနိုင်မှာပဲလေ"
"အင်း၊ စံအိမ်တော်မှာ မ၀င်နိုင်ဘူးဆိုရင်တောင် စံအိမ်တော်ထဲမှာ သွယ်ဝိုက်သောနည်းဖြင့် အဖွဲ့၀င်တစ်ယောက် ဖြစ်လာနိုင်တာပဲလေ"
"ဒါပေမယ့်... ညီအစ်ကို၊ မင်းကဓားသမားတစ်ယောက်ဟုတ်လို့လား"
"ငါလား၊ အမ်.... ငါမဟုတ်ပါဘူး၊ ငါစီနီယာယဲ့ရဲ့အပြုအမူကိုမြင်ချင်ရုံပါပဲ"
တခြားကျင့်ကြံသူများစွာကလည်း ယဲ့ချိုးပိုင်ကိုမြင်ရရန်အတွက် ဒီနေရာသို့ ရောက်နေကြသည်။
ယခုတကြိမ်တပည့်စုဆောင်းရေးတွင် ဟုန်ရင်နှင့်ကျန်သောသူများကလည်း ယဲ့ချိုးပိုင်နှင့်အတူလာကြသည်။
နင်းချန်ရှင်းတစ်ယောက်တည်းသာမလာခဲ့ပေ။
သူ၏ပညာသင်ခန်းမ၌ ဆိုးယုတ်သည့်စိတ်ရှိသည့် လူတစ်ယောက်ကိုတွေ့ခဲ့ကာ ထိုလူကရူးသွပ်နေခဲ့သည်။
အလယ်ပိုင်းနယ်မြေတွင် လူသတ်မှုများစွာကဖြစ်ပျက်ခဲ့သည်။
နင်းချန်ရှင်းက ဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျဖြေရှင်းရန်အတွက် သွားခဲ့သည်။
ထိုအချိန်တွင် တိမ်ပြာဓားဂိုဏ်းကလည်း ကျောင်းသားများကို ချက်ချင်းစုဆောင်းနေလေသည်။
အပိုင်း(458) coming။