← Chapters

#ချို့ယွင်းချက်အနည်းငယ်#

Vol. 32 Ch. 459

#ချို့ယွင်းချက်အနည်းငယ်#

Vol. 32 Ch. 459

ပညာသင်ခန်းမတပည့်သားများ၏စကားများကနေ နင်းချန်ရှင်း ဖြစ်စဉ်တခုလုံးကို သိရှိသွားသည်။

ပညာသင်ခန်းမစကိုစတင်စဉ်က နင်းချန်ရှင်း လူရိုင်းနယ်မြေကနေထွက်သွားသည့်နေ့တွင် ကွန်ဖြူးရှပ်ဝါဒကျင့်ကြံသူသုံးယောက်က ပညာသင်ခန်းမတွင် ၀င်ခဲ့ကြသည်။

ထိုကွန်ဖြူးရှပ်ဝါဒကျင့်ကြံသူသုံးယောက်တွင် အလွန်အမင်းမြင့်မားသည့်ကွန်ဖြူးရှပ်နှင့်တာအိုဝါဒကိုနားလည်မှုရှိသည်။

သူတို့သုံးယောက်က စာကြည့်တိုက်ထဲတွင် နေ့ရောညပါ စာအုပ်များနှင့်ရှေးဟောင်းစာအုပ်များကို ဖတ်ရှုရင်း ကုန်ဆုံးခဲ့ကြ၏။

ကွန်ဖြူးရှပ်နှင့်တာအိုနယ်ပယ်ကလည်း အလွန်အမင်းမြန်ဆန်စွာပင် တိုးတက်လာခဲ့သည်။

လအနည်းငယ်အတွင်းမှာပင် သူတို့၏ ကွန်ဖြူးရှပ်နှင့်တာအိုနယ်ပယ်က ပညာသင်ခန်းမက အကြီးအကဲများထက်ပင် သာလွန်သွားပြီး ကွန်ဖြူးရှပ်နှင့်တာအို၏ ရှေးရိုးစွဲဝါဒနှင့် နင်းချန်ရှင်းပြီးနောက် ကွန်ဖြူးရှပ်နှင့်တာအို၏ ပါရမီရှင်မျိုးဆက်သစ်များအဖြစ် လူသိများလာခဲ့ကြသည်။

သူတို့ကနင်းချန်ရှန်း၏ကျောကနေ အမှီလိုက်ရန်ဆိုသည်ကပင် ဖြစ်နိုင်သည်။

သူတို့တွင် ကွန်ဖြူးရှပ်နှင့်တာအို၌ ထူးခြားသည့်ပါရမီများရှိသောကြောင့် ကမ္ဘာ့တဝှမ်းက ကွန်ဖြူးရှပ်ဝါကျင့်ကြံသူများနှင့် လေ့လာသူများ၏အာရုံကို ဖမ်းစားသွားခဲ့ပြီး သူတို့၏စိတ်ဓာတ်များကလည်း မြင့်သထက်ပို၍မြင့်လာခဲ့သည်။

ထို့နောက် သူတို့တွင် ကွန်ဖြူးရှပ်နှင့် တာအိုအပေါ် ထူးခြားသည့်ကိုယ်ပိုင်နားလည်မှုလည်းရှိကြသည်။

ဒါကမကောင်းသောအရာတခုမဟုတ်ပါ။

လူတိုင်း၏ကျင့်ကြံခြင်းလမ်းကြောင်းက မတူညီကြပေ။

အစွမ်းထက်လူဖြစ်ပါစေ ဂိုဏ်းတည်ထောင်သူဖြစ်ပါစေ၊ ခြွင်းချက်မရှိ သူတို့အားလုံးက ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေကြသူများဖြစ်သည်။

သို့စေကာမူ ယခင်ရှေးကလူများကဲ့သို့ လိုက်နာလုပ်ဆောင်ရန် ရွေးချယ်ခြင်းနှင့် ကိုယ်ပိုင်ထူးခြားသည့်ကျင့်ကြံခြင်းလမ်းစဉ်အပေါ် လျှောက်လမ်းခြင်းဟူသည် နှစ်ခုကြားတွင် လမ်းဆုံနှစ်ခုရှိသည်။

ထို့ကြောင့်လမ်းမှားသွားရန်ဟူသည် လွယ်ကူသည်။

အပြုသဘောဆောင်သည့်လမ်းနှင့် မကောင်းမှုလမ်းဟူ၍နှစ်ခုတည်ရှိသည်။

ဒီလူသုံးယောက်ထဲကတယောက်မှ လမ်းခွဲမသွားခဲ့ကြပေ။

ပညာသင်ခန်းမ၏ရည်ရွယ်ချက်က နယ်မြေအတွင်း နေရာတိုင်း၌ တရားဟောပြောစည်းရုံးရန်ဖြစ်သည်။

ဒီလူများကမူ ကွန်ဖြူးရှပ်ကိုလေ့ကျင့်ရန်အတွက် တစ်ဦးကိုတစ်ဦးရက်စက်သည့်နည်းလမ်းများကိုသုံးခဲ့သည်။ တချိန်တည်းမှာပင် တဖက်လူက ကွန်ဖြူးရှပ်ကို လေ့ကျင့်ပြီးနောက်တွင် သူတို့က ထိုလူ၏ စိတ်ဝိဉာဉ်ကို ထုတ်ယူကာ ကွန်ဖြူးရှပ်နှင့် တာအိုအပေါ် ပို၍နားလည်မှုများကို ရယူကြသည်။

ဝိဉာဉ်ထုတ်ယူခြင်း၏အကျိုးဆက်ကဘာများနည်း။

ဒါကအရမ်းရိုးရှင်းသည်။ တိုက်ရိုက်သေဆုံးခြင်းပင်။

သူတို့ကချိုမြိန်မှုကိုစမ်းကြည့်နေစဉ်မှာပင် ပို၍သောင်းကျန်လာကြပြီး နောက်ဆုံးတံင် ဒါကို ပညာသင်ခန်းမ၏ အကြီးအကဲများကသိသွားခဲ့သည်။

ထိုအကြီးအကဲများမှာ စိတ်မကောင်းဖြစ်ရသလို တဖက်ကလည်း အလွန်အမင်းဒေါသထွက်ရသဖြင့် ထိုသုံးယောက်ကို ဖမ်းရန် ပညာသင်ခန်းမက အားကောင်းသည့် လူများစွာကို စေလွှတ်ခဲ့သည်။

သို့စေကာမူ ခြွင်းချက်ဆိုတာမရှိသဖြင့် မတွေ့ခဲ့သလို ဘာတခုမှမရခဲ့ကြပေ။

ပညာသင်ခန်းမက ဒေါသဖြစ်သွားခဲ့သည်။

သို့သော်ဘာနည်းလမ်းမှမရှိပေ။

ဤသည်ကိုကြားပြီးနောက် နင်းချန်ရှင်း၏မျက်နှာက အတော်လေးမည်းမှောင်သွားသည်။

တခြားသုံးယောက်က ပညာသင်ခန်းမ၌ ကွန်ဖြူးရှပ်နှင့်တာအိုတွင် အမြင့်ဆုံးပါရမီကိုပိုင်ဆိုင်ထားကြသည့်သူများဖြစ်ပြီး လမ်းလွဲသွားကြသည်။

သို့သော် ဒါက တမင်သက်သက်လူသတ်ရသည့်အကြောင်းရင်းမဟုတ်ပေ။

ပညာသင်ခန်းမကိုတည်ထောင်ရသည့် နင်းချန်ရှန်း၏မူလရည်ရွယ်ချက်က ကွန်ဖြူးရှပ်ပညာရှင်များကို ပို၍ခေါ်ဆိုရန်မဟုတ်ဘဲ ပညာသင်ခန်းမကို ခုန်ပျံစင်အဖြစ်သုံးကာ ဟောပြောရန်အတွက် နေရာအမျိုးမျိုးသို့ သွားရန်လိုအပ်သည်။ ဤသို့ဆိုပါက ကမ္ဘာကြီးတွင် တိုက်ခိုက်ခြင်းကနည်းလာမည်ဖြစ်ကာ စစ်ပွဲတွေကနေ ကင်းကွာနေမည်ဖြစ်သည်။

သို့သော်ယခုတွင်မူ ဒီလိုအခြေအနေရပ်က ပေါ်လာခဲ့သည်။

ဒါက ပညာသင်ခန်းမအတွက်လည်း အရှက်ရစရာဖြစ်သည်။

တချို့အင်အားစုများကမူ ပညာသင်ခန်းမက မိစ္ဆာကျင့်ကြံသူများကျင့်ကြံရာနေရာဟု လျှို့ဝှက်စွာပြောသည်။

သို့သော် နင်းချန်ရှင်းက လူရိုင်းနယ်မြေတွင် ဒဏ္ဍာရီလာပုဂ္ဂိုလ်တဖြစ်လဲ စံအိမ်တော်က လုချန်ရှန်း၏တပည့်လည်းဖြစ်သဖြင့် သူတို့ကဒီကိစ္စကို လူသိရှင်ကြားမပြောကြပေ။

သို့သော်ဒါကပင် အများကြီးထိခိုက်နေပြီဖြစ်သည်။

နင်းချန်ရှင်း လေးလံသည့်မျက်နှာထားဖြင့်ပြောသည်။

"ဒီကိစ္စကို ငါနဲ့ထားခဲ့လိုက်ပါ"

"အခုအဲဒီသုံးယောက်ဘယ်မှာလဲ"

သူ့ရှေ့ကအဖိုးအိုက လူရိုင်းနယ်မြေ၌ ကွန်ဖြူးရှပ်နှင့်တာအိုတွင် အားကောင်းသူတစ်ယောက်ဖြစ်ပြီး ယခုပညာသင်ခန်းမတွင် မဟာအကြီးအကဲအဖြစ် ၀င်လာခဲ့သည်။

သူကခေါင်းခါယမ်းကာခါးသီးစွာပြောသည်။

"တဖက်လူရဲ့တိကျတဲ့တည်နေရာကိုတော့ ငါတို့မရှာတွေ့ခဲ့ကြပေမယ့် နောက်ဆုံးမှာ အနောက်ပိုင်းဒေသက မဟာယနဗုဒ္ဓ၀ါဒမှာ ပေါ်ပေါက်လာခဲ့ကြတယ်တဲ့"

မဟာယနဗုဒ္ဓဝါဒ!

နင်းချန်ရှင်းအနည်းငယ်လန့်သွားသည်။

ထို့နောက်တစ်စုံတစ်ရာကိုတွေးမိသွားသည့်အလား နင်းချန်ရှင်း၏အမူအရာက ကြည့်ရဆိုးသွားခဲ့သည်။

ဒီကိစ္စက မဟာယနဗုဒ္ဓဝါဒနှင့်ဆက်စပ်နေတာလား!

မည်သို့ပင်ဆိုစေကာမူ အရင်က မဟာယနဗုဒ္ဓဝါဒလုပ်ခဲ့တာက ဒီလူသုံးယောက်နှင့်ဆင်တူသည်။

သို့စေကာမူ အထောက်အထားလည်းမရှိသဖြင့် ကောက်ချက်ချ၍မရပေ။

နင်းချန်ရှင်းခေါင်းညိတ်သည်။

"ပညာသင်ခန်းမရဲ့အမိန့်ကိုဆက်လက်ထိန်းသိမ်းထားပါ၊ ငါအရင်ဆုံးစုံစမ်းကြည့်လိုက်မယ်"

"ဂိုဏ်းချုပ်၊ ဂရုစိုက်ပါ၊ အဲဒီလူသုံးယောက်ရဲ့ခွန်အားက အားနည်းမနေဘူး"

ထိုစကားပြောလိုက်စဉ် မဟာအကြီးအကဲက ဆွံအစွာရယ်မောလိုက်မိသည်။

သူတို့ကမည်မျှပင်အားကောင်းပါစေ ကွန်ဖြူးရှပ်နှင့်တာအိုကို တည်ထောင်ခဲ့သည့် သူ့ရှေ့ကလူလောက်တော့ အားကောင်းမည်မဟုတ်။

မဟာယနဗုဒ္ဓဝါဒကို အစားထိုးထားတဲ့လူတွေလား!

နင်းချန်ရှင်းခေါင်းညိတ်ကာ ထိုနေရာမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။

.....

မဟာယနဗုဒ္ဓတောင်တန်းအပေါ် ကောင်းကင်၌ ရွှေရောင်ခန်းမတခုရှိနေခဲ့သည်။

ထိုအချိန်တွင် မဟာယနဗုဒ္ဓဘာသာမှ လူငယ်တစ်ယောက်က ရွှေရောင်တထာဂတရှေ့တွင် တရားထိုင်နေသည်။

တည်ငြိမ်သည့်မျက်နှာဖြင့် သူက တရားကိုနားလည်အောင်လုပ်နေသည်။

ထိုအချိန်တွင် နင်းချန်ရှင်း ထိုလူငယ်ရှေ့တွင် ပေါ်လာခဲ့သည်။

"ကျိုးရွှမ်၊ နျူဟန်နဲ့ ကျောင်းကုံ့တို့ရဲ့ပြဿာနာကို မင်းရောသိလား'

ဒီလူသုံးယောက်က အပြင်ပကမ္ဘာတွင် ကွန်ဖြူးရှပ်နှင့်တာအိုဝါဒအမည်ဖြင့် မကောင်းသောအရာများကို လုပ်နေကြသူများဖြစ်သည်။

လူငယ်က အစတွင် ဖိုကျစ် (ဗုဒ္ဓသားတော်)ဟု ခေါ်ဝေါ်ခြင်းခံထားရသူပင်။

ဖိုကျစ်က မျက်လုံးဖွင့်ကာ သူ့ရှေ့က နင်းချန်ရှင်းအား ကြည့်ရင်း အနည်းငယ် အံ့ဩသင့်နေသည်။။

ထိုသူက တကယ်ပင် မဟာယနဗုဒ္ဓအစီအရင်ကို ရှောင်ရှားကာ သူ့အမြင်ရှေ့တွင် ပေါ်လာခဲ့သည်။

ယခုလိုခွန်အားများက အမှန်တကယ်ပင် ပို၍ပို၍ ကြောက်မက်ဖွယ် ကောင်းလာနေသည်။

ဖိုကျစ်က တည်ငြိမ်သည့်မျက်နှာကို ပြန်လည်ရယူကာ ကြမ်းပြင်၌ တရားထိုင်နေဆဲပင်။

"ဂိုဏ်းချုပ်နင်းဘာပြောသလဲဆိုတာ ငါတကယ်မသိပါဘူး"

နင်းချန်ရှင်း ဖိုကျစ်ကို ကြည့်လိုက်သည်။ ထိုမျက်လုံးများက အရာအားလုံးကို မြင်နိုင်ပုံရလေသည်။

သူက ကွန်ဖြူးရှပ်နှင့် တာအိုဝါဒကို အာရုံစိုက်ထားသူ ဖြစ်လေရာ လူတစ်ယောက်က လိမ်နေပြီး တခုခုထူးဆန်းနေပါက နင်းချန်ရှင်း ချက်ချင်း သတိထားမိပေလိမ့်မည်။

သို့သော်သူ့ရှေ့က ဖိုကျစ်တွင် မည်သည့် အပြစ်အနာအဆာမှ မရှိပေ။

ကြည့်ရသည်မှာ အရာတိုင်းက မှန်ကန်ပုံရသည်။

နင်းချန်ရှင်း ညင်သာစွာ ခေါင်းညိတ်သည်။

"တကယ်တော့ သူတို့နောက်ဆုံးပေါ်လာခဲ့တဲ့နေရာက မဟာယနဗုဒ္ဓဝါဒတံခါးအနီးမှာပဲ၊ မင်းတကယ်မသိဘူးလား"

ဖိုကျစ်၏နှလုံးသားက အနည်းငယ်တုန်ယင်သွားခဲ့ပြီး ချက်ချင်းပြောသည်။

"ငါက မဟာယနဗုဒ္ဓဝါဒအ‌ကြောင်း မကြာသေးခင်ကမှ နားလည်ခဲ့တာ၊ မဟာယနဗုဒ္ဓဘာသာက ကိစ္စတွေကို ငါအာရုံမထားခဲ့ဘူး၊ ငါ့၀န်းကျင်ကအရာတွေဆို ပြောနေစရာကိုမလိုတော့ဘူး"

"ဂိုဏ်းချုပ်နင်းက ငါ့ကို ဒီနေရာမှာ စစ်ဆေးနေစရာ မလိုပါဘူး၊ မဟာယနဗုဒ္ဓဘာသာတပည့်တွေကို မေးတာပိုကောင်းလိမ့်မယ်"

နင်းချန်ရှင်း တွေးလိုက်မိသည်။

"ဒီလိုဆိုမှတာ့ ငါမင်းကိုမနှောက်ယှက်တော့ဘူး"

စကားပြောပြီးသည်နှင့် နင်းချန်ရှင်း မဟာယနဗုဒ္ဓခန်းမကနေပျောက်ကွယ်သွား၏။

အမွေးတိုင်တစ်တိုင်စာကုန်ဆုံးပြီးနောက် ဖိုကျစ်က မျက်လုံးများကိုဖွင့်လိုက်သောအခါ သူ့မျက်လုံးများက အရောင်အဆင်းများဖြင့် ပြည့်နှက်နေပုံရသည်။

"အပြစ်အနာအဆာတွေ ရှိသေးပုံပဲ...."

အပြင်ထွက်လာပြီးနောက် နင်းချန်ရှင်း မဟာယနဗုဒ္ဓဘာသာတပည့်များကို မမေးမြန်းတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူလိုချင်သည့်အဖြေကို ရခဲ့သောကြောင့်ပင်။

ဒီကိစ္စက မဟာယနဗုဒ္ဓဝါဒနှင့် သေချာပေါက်ခွဲမရသည်အထိ ဆက်စပ်နေလေသည်။

ချို့ယွင်းချက်ကရိုးရှင်းသော်လည်း မြင်နိုင်ရန်ခက်ခဲသည်။

ဖိုကျစ်က လက်ရှိ မဟာယနဗုဒ္ဓဘာသာ၏ ကျောင်းထိုင်ဘုန်းကြီး ဖြစ်သည်။

သို့စေကာမူ မဟာယနဗုဒ္ဓဝါဒကို နားလည်အောင်လုပ်နေသည့် အကြောင်းပြချက်ဖြင့် မဟာယနဗုဒ္ဓအိမ်တော်တွင် ဘာဖြစ်ခဲ့သလဲဆိုတာ သူမသိဘူး‌ဟု ပြောခဲ့သည်။

ဤသည်အပြင် ဒါက ကွန်ဖြူးရှပ်နှင့် မဟာယနဗုဒ္ဓဘာသာအကြား အငြင်းပွားမှု၌ အဓိကဖြစ်ရပ်တခု ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုသုံးယောက်လုံးက ကွန်ဖြူးရှပ်ဝါဒကျင့်ကြံသူများဖြစ်သည်။

ကွန်ဖြူးရှပ်နှင့် မဟာယနဗုဒ္ဓဘာသာက ယခုအချိန်တွင် ယှဉ်ပြိုင်နေသည့် ဆက်ဆံရေးတခုတွင် ရှိနေသည်။

ကွန်ဖြူးရှပ်ကို လေ့ကျင့်ထားသည့်လူများက မဟာယနဗုဒ္ဓဘာသာထဲတွင် ဒီလိုအရာမျိုးကို လုပ်ဆောင်နေသည်။

မဟာယနဗုဒ္ဓဘာသာ၏ တာ၀န်ရှိသူတဖြစ်လဲ သူမသိဘူးဆိုတာက ဖြစ်နိုင်မည်လား။

ဆိုလိုသည်မှာ ဖိုကျစ်က တခြားသူများမသိသင့်သည့်အရာတခုခုကို ဖုံးကွယ်ထားခြင်းပင်။

သို့သော်လည်း ဒါကိုအတည်မပြာနိုင်သေးပါ။

ထို့နောက် နင်းချန်ရှင်း အိမ်တော်ထဲတွင် ပေါ်လာသည်။

ဒီအိမ်တော်က မဟာယနဗုဒ္ဓတောင်၏ အနီးဆုံးမြို့တွင် တည်ရှိပြီး ဒီနေရာ၌ အစွမ်းထက်ဆုံး မိသားစုတွေထဲက တစုဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်၌ စံအိမ်ထဲတွင် အသက်ရှင်နေသည့်သူတစ်ယောက်မှမရှိဘဲ တိုက်ပွဲခြေရာများကို နေရာတိုင်းတွင် တွေ့နိုင်သလို ကျောက်နံရံများ၌ သွေးများပင် စွန်းနေသည်။

အိမ်တော်၏တံခါးပေါက်ကမူ ပို၍တုန်လှုပ်စရာကောင်းသည်။

ထိုနေရာရှိစကားလုံးအနည်းငယ်က နင်းချန်ရှင်း၏နှလုံးသားကို တဟုန်းဟုန်းတောက်သွားစေသည်။

"လူသတ်သမား၊ ပညာသင်ခန်းမက ကွန်ဖြူးရှပ်နဲ့တာအိုဝါဒကလူတယောက်"

"ပညာသင်ခန်းမကကွန်ဖြူးရှပ်နဲ့တာအိုဝါဒတဲ့လား၊ အဲဒီနေရာက မိစ္ဆာကျင့်ကြံခြင်းရှိတဲ့နေရာမလား"

အနီးအနားကလူများက နင်းချန်ရှင်းကို ကြည့်ကာ ဆွေးနွေးချက်များစွာရှိနေကြသည်။

"သူကနင်းချန်ရှင်းမလား၊ ပညာသင်ခန်းမရဲ့ ဆရာသခင်လေ"

"အင်း၊ ပညာသင်ခန်းမက အမောက်မာဆုံးလူတွေက ဒီလိုမိစ္ဆာဆန်တဲ့အရာမျိုးကို လုပ်ခဲ့တယ်၊ ဂိုဏ်းချုပ်အနေနဲ့ သူကဒီတာ၀န်ကို မခံနိုင်လောက်ဘူး"

"ကိုယ်တိုင်ကတော့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို သူ့တာ၀န်လို့ယူဆထားပေမယ့် ဂိုဏ်းထဲကတပည့်တွေကိုကျတော့ ဒီလိုရက်စက်တဲ့အရာတွေ လုပ်ခွင့်ပေးထားတယ်၊ ကြည့်ရတာ မဟာယနဗုဒ္ဓဘာသာက ပိုကောင်းပုံပဲ"

အပိုင်း(460) coming။

All Chapters