အပိုင်း (၈၁၁-၈၂၀)
Vol. 9 Ch. 811-820
အပိုင်း (၈၁၁)
“တံခါးက ထွက်လာသောသူ။”
ခြေလှမ်း တစ်လှမ်း နှစ်လှမ်း။
တပည့်သားက ဖြည်းဖြည်းချင်း လူကြီး အနားကို လျှောက်လာတယ်။ အဲ့ဒီ့နောက် သူ့နောက်မှာ ရပ်တယ်။
“အစ်ကိုကြီးဝမ်။ ဘာတွေများ ဖြစ်တာလဲ။” တပည့်သား ဖြည်းဖြည်းချင်း ပြောရင်း သူ့ရဲ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။
ဒါပေမယ့် လူကြီးကတော့ သူ့ခေါင်းကို ငုံ့ထားရင်း ခပ်တိုးတိုး ပြောနေခဲ့တယ်။
တပည့်သားကတော့ မြင်ရတာ ကြောက်နေခဲ့တယ်။ လောကမှာ သရဲ မရှိပေမယ့် လူကြီး ပြုမူနေတဲ့ ပုံစံက ထူးဆန်း လွန်းနေတယ်။
“အကိုကြီးဝမ်။ ကျွန်တော်က လုရှောင်ချွမ်ပါ။” တပည့်သား သူ့ကိုသူ မိတ်ဆက်ရင်း လူကြီးရဲ့ ပုခုံးပေါ်ကို လက်တစ်ဖက်နဲ့ ပုတ်လိုက်တယ်။
ဒါပေမယ့် သူပုတ်လိုက်တဲ့ အချိန်မှာပဲ အရိုးတွေ ကျိုးကျေကုန်တဲ့ အသံကို ကြားလိုက်ရတယ်။
ဂျွတ်။
အဲ့ဒီ့နောက် လူကြီး မြေပြင်ပေါ် လဲကျ သွားတော့တယ်။ နှလုံးခုန်သံတွေကို ဆက်တိုက် ကြားနေရတယ်။ လူကြီးရဲ့ ခန္ဒာကိုယ်ကတော့ တဖြည်းဖြည်း သေးသထက် သေးလာတယ်။
နောက်ဆုံးမှာတော့ အရိုးတွေ အကုန်လုံး ကျိုးသွားတဲ့ အတွက် မြေပြင်ပေါ်ကို ပုံလျက်သား ကျသွားတော့တယ်။
ဒီမြင်ကွင်းက လုရှောင်ချွမ်းကို ဆံပင်မွှေးတွေ ထောင်သွား စေခဲ့တယ်။ သူ လူတစ်ယောက်ကို သတ်လိုက်သလို ဖြစ်သွားပေမယ့်၊ ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်ခဲ လွန်းတယ်လေ။
ဒါပေမယ့် လုရှောင်ချွမ်က ချက်ခြင်း ထွက်မပြေးခဲ့ဘူး။ သူ့စိတ်က ခိုင်မာတဲ့ အကြောင်းကို ပြသ နေခဲ့တယ်။
လူကြီးရဲ့ ခန္ဒာကိုယ်ကို အနီးကပ် ကြည့်ဖို့ ပြင်ချိန်မှာပဲ လူတစ်ယောက် အော်လိုက်တာကို ကြားလိုက်ရတယ်။
“ညီလေးလု ပြေး။”
“ပြေး။” လုရှောင်ချွမ် ကြောက်လန့်တကြား နောက်ဆုတ်ဖို့ ပြင်တယ်။ ဒါပေမယ့် သူ့ခြေလှမ်းတွေကို အားတစ်ခုက တားထားပြီးတော့ သူ့ကို ဖိချလိုက်တယ်။ မထိန်းကွပ်နိုင်ပဲ မြေပြင်ပေါ်ကို ဒူးထောက်လျက်သား ကျသွားခဲ့တယ်။
အရေး အကြီးဆုံးကတော့ သူ့ ရင်ဘတ်ကို လာဖိနေတဲ့ ဖိအားတွေက ပြင်းထန် လွန်းလို့ အသံတွေတောင် ထွက်နေတာပဲ။
“ဂု ဂု ဂု။” လုရှောင်ချွမ် ခပ်တိုးတိုး အံကြိတ် နေခဲ့တယ်။ လက်ဖဝါးတွေကို စုစည်းထားတယ်။ ကြောက်စရာ မြင်ကွင်းပဲ။ အထူး သဖြင့် သူ့နောက်မှာ ရပ်နေတဲ့ တပည့်သားတွေ အတွက်တော့ ပိုပြီးတော့ ကြောက်စရာ ကောင်းလွန်းတယ်။
အခု အဖြစ် အတွက် စကား တစ်ခွန်းနဲ့ပဲ ပြောလို့ ရနိုင်တယ်။ (ပူးကပ် ခံလိုက် ရပြီ။)
ဒူးထောက်နေတဲ့ အကိုကြီး ဝမ်ကို စစ်ဆေးဖို့ သွားခဲ့တဲ့ လုရှောင်ချွမ်းကတော့ အဖြစ်ဆိုးကို ကြုံ သွားခဲ့ရပြီ။
“သရဲပဲ။” တပည့်သား တစ်ယောက် အော်ဟစ်ရင်း မနားတမ်း ပြေးတော့တယ်။
ဒီပြဿနာက အထိန်းအကွပ် မဲ့နေရုံတင် မကဘူး။ ကောင်းကင် လက်ခံ တံခါးရဲ့ အဖြစ်က ကြောက်စရာ ကောင်းလွန်းတယ်။
ရပ်နေခဲ့တဲ့ တပည့်သား နှစ်ယောက်ကတော့ စက္ကူဖြူလို ဖြူဖျော့ နေခဲ့ကြပြီ။ အချိန် တစ်ခဏတာ အတွင်းမှာ လူတွေ အများကြီး သေဆုံး ခဲ့ကြပြီ။ မြေပြင် တစ်ခုလုံးလည်း သွေးတွေနဲ့ ရဲရဲနီ နေခဲ့တယ်။ နေစမ်းပါအုန်း။ မြေပြင်ပေါ်က သွေးတွေ။
မြေပြင်ပေါ်မှာ သွေးတွေ စီးကျနေတဲ့ ပုံစံက ထူးဆန်းလွန်းတယ်။ အင်းကွက် တစ်ကွက်လိုပဲ။ စက်ဝိုင်းကြီး တစ်ခုထဲမှာ အရမ်းကို ရှုပ်ထွေးတဲ့ သင်္ကေတတွေ ရှိနေတယ်။ သင်္ကေတ ရှစ်ခု တိတိ။
“သွေး သွေးမှော် စတေး အင်း။” တပည့်သား တစ်ယောက် လွန်ခဲ့တဲ့ လပိုင်းတုန်းက မြင်ခဲ့တဲ့ ဒီအင်းကွက်ကို ပြန်မှတ်မိချိန်မှာ အထစ်ထစ် အငေါ့ငေါ့ ပြောတယ်။
ပထမ တစ်ခေါက် မြင်ခဲ့တဲ့ သွေးမှော်က ကောင်းကင်မှာ၊ ဒီတစ်ခေါက်ကတော့ မြေပြင်မှာ။ အရေး အကြီးဆုံးကတော့ သွေးမှော်ရဲ့ သင်္ကေတတွေ တဖြည်းဖြည်းချင်း တောက်ပ လာတာပဲ။
“မှားနေပြီ။ မကောင်းတော့ဘူး။ ရှစ် ရှစ်ခု။ ရှစ်ယောက် လူရှစ်ယောက် သေသွားတာ။ ထူးဆန်းတယ်။”
မြေပြင်ပေါ်မှာ လဲကျနေတဲ့ တပည့်သား အရေအတွက်ကို တွက်မိရင်း တပည့်သား တစ်ယောက် ပြောတယ်။ မြေပြင်ပေါ်မှာ သေဆုံးနေတာ တပည့်သား ခြောက်ယောက် တိတိပဲ။
ကောင်းကင် လက်ခံ တံခါးကို စောင့်ကြပ်နေတဲ့ တပည့်သား ရှစ်ယောက်ထဲမှာ ခြောက်ယောက်က နေရာမှာတင် သေတယ်။ အကိုကြီးဝမ်က ဆွဲခေါ် ခံလိုက်ရတယ်။
တံခါးမှာ ဒူးထောက်လျက်သား ဆုတောင်းတဲ့ ပုံစံနဲ့ အသက်ပျောက်သွားတယ်။ သွားကြည့်တဲ့ ညီလေးလုလည်း အတူတူပဲ။ အကုန်လုံး ပေါင်းလိုက်ရင် ရှစ်ယောက် တိတိ။
ဝုန်း။
တစ်ချိန် တည်းမှာပဲ ကောင်းကင်ကြီး တစ်ခုလုံး မည်းမှောင် လာပြီးတော့ ခရမ်းရောင် မိုးကြိုးတွေ ပြစ်ချတော့တယ်။
ဂျိန်း ဂျိန်း။
တံခါးက သားရဲကောင်ခေါင်း ရွေ့လျားတယ်။ အစွယ်တွေကို ဖြဲပြပြီးတော့ စိန်လို မျက်လုံးတွေက တောက်ပလာခဲ့တယ်။ အရေး အကြီးဆုံး အချိန်မှာ ပိတ်ထားသင့်တဲ့ တံခါးက သတိ ပေးချက်လေး တစ်ချက်တောင် မရှိပဲ ပွင့်လာခဲ့ပြီ။
လူတစ်ယောက် ထွက်လာနိုင်ရုံ အကျယ်လောက် ပွင့်လာခဲ့တယ်။ အတွင်းက ကြယ်အလင်းတန်းတွေကို မြင်နေ၇တယ်။
“ပွင့်သွားပြီ။ တကယ်ပဲ ပွင့်သွားပြီ။ ကောင်းကင် လက်ခံ တံခါး ပွင့်ပြီ။” တပည့်သား နှစ်ယောက် လှုပ်ရှားလို့ မဖြစ်တဲ့ အတွက် အော်ဟစ်ကြတယ်။
ဒီအချိန်မှာပဲ တံခါးထဲကနေ အရိပ်တစ်ခု ထွက်လာတယ်။
ပိန်ပိန်ပါးပါး လူတစ်ယောက်ပဲ။ သူ့ကျောပေါ်မှာတော့ ဓားတစ်လက်ကို လွယ်ထားခဲ့တယ်။
ခြေလှမ်း တစ်လှမ်း။ ခြေလှမ်း နှစ်လှမ်း။
ဖြည်းဖြည်းချင်း လှမ်းရင်းနဲ့ တံခါးထဲကနေ ထွက်လာတယ်။
သူ့ရဲ့ ရုပ်သွင်ကလည်း ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းမှာ ထင်ရှား လာခဲ့တယ်။
“လူတစ်ယောက် ထွက်လာတာလား။” တပည့်သား နှစ်ယောက် နောက်ကို ဆုတ်သွားမိတယ်။ တံခါးထဲက ထွက်လာတဲ့ လူကြောင့် သူတို့တွေ ထွက်ပြေး ချင်ကြတယ်။ ဒါပေမယ့် မလုပ်နိုင်ခဲ့ဘူး။ သူတို့က ကောင်းကင် တာအို ခန်းမရဲ့ တပည့်သားတွေ ဖြစ်နေခဲ့တယ်လေ။
သူတို့ တွေေ၀ နေချိန်မှာပဲ တံခါးထဲက ထွက်လာသူ အပြင်ရောက် လာခဲ့ပြီ။ လျှပ်စီး အလင်းရောင်တွေ အောက်မှာ ကျောင်းတော်သားတွေလို အဖြူရောင် ဝတ်ရုံ ဝတ်ထားတဲ့ လူကို မြင်လိုက်ကြတယ်။ သူတကယ်ပဲ နောက်ကျောမှာ ဓားတစ်လက်ကို လွယ်ထားတယ်။ ဓားက ကြည်လင်နေပြီးတော့ နှင်းလို ဖြူဖွေး အေးစက်နေတဲ့ ဓားနှောင့် ရှိတယ်။
“နန် နန်ကုန်းဟောင်။”
“ညီလေး နန် ကုန်း။ မင်း မသေ ခဲ့ဘူးလား။” တပည့်သား နှစ်ယောက် သူတို့ရဲ့ ခံစားချက်တွေကို ဘယ်လို ပြောပြရမယ်မှန်း မသိဘူး။ စိတ်ရှုပ်ထွေးတယ်။ ကြောက်ရွံ့တယ်။ အံ့သြပြီးလည်း ထိတ်လန့် နေခဲ့တယ်။
နန်ကုန်းဟောင် ထွက်လာပြီ။
ကောင်းကင် လက်ခံ တံခါးကနေ။
သူတို့တွေ ဘယ်လိုများ ယုံနိုင်မှာလဲ။
အခု နန်ကုန်းဟောင်က သူတို့ သိထားတဲ့ သူနဲ့ တူမနေခဲ့ဘူး။ အထူး သဖြင့် သူ့မျက်နှာပဲ။
မူလ နန်ကုန်းဟောင်က အရမ်းကြီး ချောမော ခံ့ညားတဲ့သူ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် တောက်ပပြီးတော့ အကောင်းမြင် တတ်တဲ့သူ။ လူတွေကို သူ့အနား ကပ်ချင်လာအောင် ဆွဲဆောင်နိုင်စွမ်း ရှိတယ်။
အခု နန်ကုန်းဟောင်ကတော့ အေးစက်ပြီး မာကျောတယ်။ သူ့မျက်နှာ တစ်ဝက်က သွေးနီရောင် သင်္ကေတတွေ ပြည့်နေပြီ။ မျက်ဝန်း နီနီတွေထဲမှာ သွေးမှော် စက်ကွင်းက လှည့်ပတ်နေတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ အကိုကြီးတို့။” နန်ကုန်းဟောင်ကတော့ သူတို့ အမူအယာ အပြောင်းအလဲကို သတိ ထားမိပုံ မပေါ်ဘူး။ ခေါင်းငြိမ့်ပြီး ပြန်နှုတ်ဆက်ရင်း လေးစားမှုကို ပြသနေခဲ့တယ်။
အဲ့ဒီ့နောက် ခေါင်းမော့ရင်း ကောင်းကင်ကို ကြည့်တယ်။ ဒီအချိန်မှာ မိုးသက်မုန်တိုင်းတိမ်တွေ ကောင်းကင်မှာ စုဝေးနေခဲ့ပြီ။ ခ ရမ်းရောင် လျှပ်စီးတွေက ဆက်တိုက် လင်းလက်နေတယ်။ အချိန်မရွေး မုန်တိုင်း ကျတော့မယ့် အတိုင်းပဲ။
တပည့်သား နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။
သူတို့ကြည့်ရတာ အခြေအနေ သိပ်မကောင်းလှဘူး။ ရှေ့အချိန်ပိုင်း လေးတင် ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ နန်ကုန်းဟောင်ရဲ့ ရုပ်သွင် အပြောင်းအလဲ အားလုံးက ပြောနေတာ တစ်ခုပဲ ရှိတယ်။ ဒီနန်ကုန်းဟောင်က သူတို့ရဲ့ နန်ကုန်းဟောင် မဟုတ်တော့ဘူး။
“ညီလေး နန်ကုန်း။ ကောင်းကင် လက်ခံ တံခါးကနေ ဘယ်လို ထွက်လာတာလဲ။” တပည့်သား တစ်ယောက် ခပ်တိုးတိုး မေးတယ်။
နောက်တပည့်သား တစ်ယောက်ကတော့ မျက်မှောင်ကြုတ်ရင်း ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ အချိန်မရွေး တိုက်ခိုက်ဖို့ သတိ ထားပြီးတော့ အသင့်ပြင် ထားတယ်။
သူတို့ နှစ်ယောက်လုံးက စောင့်ဆိုင်းနေတယ်။ ပြီးတော့ သူ့ကို အချိန်ဆွဲနေတယ်။
ဒါပေမယ့် နန်ကုန်းဟောင်ကတော့ ထွက်သွားမယ့် ပုံလည်း မပေါ် သလို။ မေးခွန်းကိုလည်း ဖြေမယ့်ပုံ မရှိဘူး။ ကောင်းကင်ကိုသာ စိုက်ကြည့်နေခဲ့တယ်။ အချိန် အတော်ကြာပြီးတဲ့နောက် အကြည့် ပြန်လွှဲလိုက်တယ်။
လုရှောင်ချွမ်းဆီကို လျှောက်သွားတယ်။ အဲ့ဒီ့နောက် သူ့နဖူးကို လက်ညှိုးလေးနဲ့ တောက်လိုက်တယ်။
ဂျွတ်။ ဂျွတ် ဂျွတ်။
အရိုးတွေ အကုန်လုံး ကျိုးကျေသွားခဲ့ပြီ ဖြစ်တဲ့ လုရှောင်ချွမ်းကတော့ အကိုကြီးဝမ်လိုပဲ မြေပြင်ပေါ်ကို လဲကျ သွားခဲ့တယ်။
နှလုံးခုန်သံကို ရပ်တန့်သွားစေ လောက်အောင် ခြောက်ခြားတဲ့ အသံက ကြက်သီးမွှေးညင်းတွေကို တဖျင်းဖျင်း ထလာစေတယ်။
လုရှောင်ချွမ်ကတော့ သေသွားခဲ့ပြီ။
တပည့်သား နှစ်ယောက် ပင့်သက်ရှိုက်မိတယ်။ နေ့ခင်းကြောင်တောင် ပူအိုက်တဲ့ နွေရာသီမှာတောင် သူတို့တွေ အရိုးထဲက စိမ့်ချမ်း နေခဲ့ကြတယ်။
အပိုင်း (၈၁၁) ပြီး၏။
အပိုင်း (၈၁၂)
“နန်ကုန်း မျိုးနွယ်တို့ရဲ့ စစ်မှန်တဲ့ နောက်ကြောင်း ရာဇဝင်။“
“အကိုကြီးတို့။ ဒီနေ့က ဘယ်နှရက်နေ့လဲ။” နန်ကုန်းဟောင်က တပည့်သား နှစ်ယောက်ကို မေးတယ်။
“ဘာ ဘာနေ့လဲ။” တပည့်သား နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။
နန်ကုန်းဟောင်ကတော့ သူတို့ရဲ့ အမူအယာကို မအံ့သြဘူး။ ဆက်ပြောတယ်။ “အတော်လေး ပူနေပြီ ဆိုတော့ နွေရာသီ ဖြစ်လိမ့်မယ်။ ဟုတ်တယ်ဟုတ်။”
“ဟုတ်တယ်။ ကိုးကြိမ်မြောက် ဒုတိယံမ္မိ ပွဲတော်ရောက်ဖို့ ၂လ အလို။” တပည့်သား တစ်ယောက်က ချက်ခြင်း ပြန်ဖြေတယ်။
“ကိုးကြိမ်မြောက် ဒုတိယံမ္မိိ ပွဲတော်ရောက်ဖို့ နှစ်လ။” နန်ကုန်းဟောင် ခေါင်းငြိမ့်ပြီးနောက် အကိုကြီး နှစ်ယောက်ကို ဂါရ၀ ပြုလိုက်တယ်။ အဲ့ဒီ့နောက် ကောင်းကင် သက်ဆင်း တံခါးဆီကို ပြန်လျှောက်သွား ပြီးတော့ လက်တင်လိုက်တယ်။
ဂျိန်း။
ကောင်းကင် လက်ခံ တံခါးက ကြီးမားတဲ့ အားအင်နဲ့ တွန်းခံ လိုက်ရတဲ့ အတိုင်း တုန်ခါပြီးတော့ ပိတ်သွားခဲ့တယ်။
“ပိတ် ပိတ်သွားပြီလား။”
“ဘာ ဘာတွေ ဖြစ်နေတာလဲ။”
တပည့်သား နှစ်ယောက် မြင်နေတဲ့ ကိစ္စကြောင့် လန့်ကုန်ကြတယ်။
မုချင်းဖန်း၊ ချီကူယန်နဲ့ ဖန်ကျန်းရှီတို့ ဒီတံခါးကြီးကို ဘယ်လို ခက်ခက်ခဲခဲ ပိတ်ခဲ့ရမှန်း သူတို့ မျက်မြင် တွေ့ခဲ့တယ်လေ။ အခုတော့ နန်ကုန်းဟောင်က ခပ်သာသာလေး ပုတ်လိုက်ရုံနဲ့ တံခါးက ပိတ်သွားပြီတဲ့လား။
ကောင်းကင် တာအို ခန်းမမှာ လွန်ခဲ့တဲ့ လတွေက ဖြစ်ခဲ့တဲ့ ကိစ္စတွေ သူတို့ရဲ့ မှတ်ဉာဏ်ထဲကို ပြန်ဝင်ရောက် လာခဲ့တယ်။ နန်ကုန်းဟောင် ဖန်တီးခဲ့တဲ့ သွေးမှော် အစီအရင်ကြောင့် ဒီကိစ္စတွေ ဖြစ်လာ ခဲ့တာပဲ။
ကောင်းကင် လက်ခံ တံခါး ကောင်းကင် တာအို ခန်းမကို ရောက်လာတာ သွေးမှော် ကြောင့်ပဲ။
အရေးအကြီးဆုံးကတော့ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းကို နန်ကုန်းဟောင် တိုက်ခိုက်ခဲ့တဲ့ ကိစ္စပဲ။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်က မြန်ဆန်လွန်းတယ်။ ဒီနေ့ အထိ ပဟေဠိ ဖြစ်နေဆဲပါ။
ဘာကြောင့် နန်ကုန်းဟောင် ဒီလို လုပ်ခဲ့မှန်း ဘယ်သူမှ မသိဘူး။ သေချာတာကတော့ ကောင်းကင် တာအို ခန်းမရဲ့ အမိန့်တွေကို မလိုက်နာတာပဲ။
ဝုန်း။
တပည့်သားတွေ အတွေးနက်နေတဲ့ အချိန်မှာပဲ မြေပြင်က တုန်ယင်သွားတယ်။ ကောင်းကင် တာအို ခန်းမရဲ့ အလယ်မှာ ရှိနေခဲ့တဲ့ ကောင်းကင် လက်ခံ တံခါးကြီးက ခြေရာတောင် မကျန်ပဲ ပျောက်ကွယ် သွားခဲ့ပြီ။
“ပျောက်သွားပြီ။”
“နန်ကုန်းဟောင်က ကောင်းကင် လက်ခံ တံခါးကို ထိန်းချုပ် နေတာလား။”
တပည့်သားတွေ ချက်ခြင်း နောက်ဆုတ် သွားတယ်။ နန်ကုန်းဟောင်ကို ကြည့်တဲ့ အကြည့်တွေမှာ ကြောက်လန့်မှု အပြည့်။
နန်ကုန်းဟောင်ကတော့ နောက်ထပ် မစောင့်ချင်တော့တဲ့ ပုံပဲ။ ဖြည်းဖြည်းချင်း လှည့်လာပြီးတော့ တပည့်သား နှစ်ယောက်ဆီ လျှောက်လာတယ်။
နန်ကုန်းဟောင်က တပည့်သား နှစ်ယောက်ကို ဖြတ်ကျော် သွားပြီးတော့ ဓားတောင်ထိပ်ကို ဦးတည်တယ်။ တပည့်သား နှစ်ယောက်ကတော့ ဒီအချိန်မှာ ချွေးပျံ နေခဲ့ပြီ။ နေရာမှာတင် တောင့်ခဲ နေခဲ့ကြတယ်။
“နန်ကုန်းဟောင် မင်းသွားလို့ မရဘူး။” နန်ကုန်းဟောင်က သူတို့နဲ့ ခြေလှမ်း ငါးလှမ်း အကွာမှာ ရောက်နေပြီ။ တပည့်သား တစ်ယောက် နောက်ဆုံးမှာတော့ စကားပြောတယ်။
ဒါက ကြောက်လန့် တကြား ပြောတာ မဟုတ်ဘူး။ သူ့ရဲ့ တာဝန်သိစိတ်ကြောင့် နန်ကုန်းဟောင်ကို ဒီနေရာကနေ ထွက်မသွား စေနိုင်တာပဲ။
နောက်ဆုံးတော့လည်း ထျန်းရှင်းကို နန်ကုန်းဟောင် တိုက်ခိုက်ခဲ့တဲ့ ကိစ္စက ပဟေဠိ ဖြစ်နေတုန်းလေ။
အရေး အကြီးဆုံးကတော့ နန်ကုန်းဟောင်က ကောင်းကင် လက်ခံ တံခါးကို သယ်သွားခဲ့ပြီ။ သူတို့က တံခါးကို စောင့်ကြပ်ရသူတွေ။ နန်ကုန်းဟောင် ဒီလို ယူသွားတာကို ဘယ်လို ခွင့်ပြု နိုင်မှာလဲ။
“ညီလေး နန်ကုန်း။ ဆဋ္ဌမ အကြီးအကဲ မကြာခင် ရောက်လာတော့မှာ။ သူ့ကို ရှင်းပြသင့်တယ်။ အနည်းဆုံးတော့ ကောင်းကင် လက်ခံ တံခါးထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ပြောပြာလို့ ရတာပေါ့။” နောက်တပည့်သားက အံကြိတ်ရင်း ပြောတယ်။ သူ့ဓားကို ဆွဲထုတ် လိုက်ပြီးတော့ နန်ကုန်းဟောင်ရဲ့ လည်ပင်းကို ချိန်ထားခဲ့တယ်။
“ဟုတ်တယ်။ ညီလေး နန်ကုန်း။ ငါတို့က ဂိုဏ်းတူ တပည့်တွေလေ။ မင်း ပြဿနာ တက်နေရင် ငါတို့ကို ပြောလို့ ရတယ်။ ဆရာနဲ့ ဆဋ္ဌမ အကြီးအကဲက မင်းကို ကူညီနိုင်မှာ အသေအချာပါပဲ။” နောက်တပည့်သား ထပ်ပြောတယ်။ နန်ကုန်းဟောင်ကတော့ ဒီအချိန်မှာ ဖြည်းဖြည်းချင်း ပြန်လှည့်လာခဲ့တယ်။ တပည့်သား နှစ်ယောက်ကို စိုက်ကြည့် နေခဲ့တယ်။ ဘာမှ မလှုပ်ရှား ခဲ့ဘူး။
ဒါပေမယ့် တပည့်သား နှစ်ယောက်ရဲ့ မျက်လုံးထဲမှာ နန်ကုန်းဟောင်က ပုံမှန်နဲ့ မတူတော့ဘူး။ အေးစက်ပြီးတော့ မာကျောတဲ့သူ ဖြစ်သွားပြီ။ သွေးနီရောင် အလင်းတန်းကတော့ သူ့ ညာဘက် မျက်လုံးထဲကနေ တဖျပ်ဖျပ် လက်နေခဲ့တယ်။ ပတ်ဝန်းကျင် တစ်ခုလုံးကို လှိုင်းတွေလို ပျံ့နေခဲ့တယ်။
အဲ့ဒီ့နောက် အနီရောင် အလင်းစလေး တစ်ချက်ကို သူတို့ မြင်လိုက်ရတယ်။ သူက အရမ်း မြန်လွန်းလို့ သူတို့ ရှေ့ကို မြေလျှိုးပြီးတော့ ရောက်လာ သလိုပဲ။ အလင်းတန်းထဲမှာ နှင်းလို ဖြူဖွေးပြီး ကြည်လင်တဲ့ ဓားတစ်လက်ကို သူတို့ မြင်လိုက် ကြရတယ်။ အရမ်းကို ကြည်လင် ရှင်းလင်း နေတာ ကျောက်စိမ်းလိုပဲ။
ဓားက လှုပ်ရှားတာ အရမ်းကို တိုးတိတ်တယ်။
သူတို့ မြင်လိုက်ရတာ ဓားရဲ့ ရောင်ပြန်တဲ့ ခရမ်းရောင် အလင်းတန်း တစ်ခုပဲ။ မြန်လွန်းလို့ ပုံရိပ်ယောင် လို့တောင် ထင်မှတ် မှားရတယ်။ သူတို့ မျက်စိရှေ့က လောကကြီး တစ်ခုလုံး မှောင်အတိ ကျသွားတော့တယ်။
နာကျင်မှုကိုတော့ သိပ်ပြီး မခံစား ရဘူး။ ဘာကြောင့်လဲ ဆိုတော့ ဓားက မြန်ဆန်လွန်းတယ်လေ။ နန်ကုန်းဟောင်က တပည့်သား နှစ်ယောက်ရဲ့ နောက်မှာ ပေါ်လာတယ်။ တပည့်သားတွေကတော့ နေရာမှာ တစ်လက်မလေးတောင် မရွေ့ပဲ ရှိနေခဲ့တယ်။
ဒါပေမယ့် မြေပြင်မှာတော့ သွေးအလိမ်းလိမ်းနဲ့ ခေါင်းနှစ်လုံး ရှိနေခဲ့ပြီ။
“နန်ကုန်းဟောင်။”
“ဘယ်လို ဖြစ်နိုင်မှာလဲ။ ကောင်းကင် လက်ခံ တံခါးကော ဘယ်မလဲ။ နန်ကုန်းဟောင်က ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။”
“မြေပြင်ပေါ်မှာ ဘာတွေ ဖြစ်နေတာလဲ။”
ဒီ အချိန်မှာပဲ အဝေးကနေ စိုးရိမ်တကြီး အသံတွေ ထွက်ပေါ် လာတော့တယ်။ ကောင်းကင်ကျောင်းတော် ခန်းမဆီကို လူတွေ ဒါဇင်ချီပြီးတော့ ရောက်လာကြတယ်။ ဒါပေမယ့် ခန်းမ တစ်ခုလုံးကတော့ သွေးစွန်း နေခဲ့ပြီ။
မြေပြင်ပေါ်မှာ သွေးမှော် စက်ကွင်း တစ်ခု ရှိနေတယ်။ သွေးညှီနံ့တွေကတော့ ပြင်းထန်လွန်းတယ်။ ဒီလူ ဒါဇင်ချီထဲမှာ ဆံပင် ဖြူဖြူ မျက်နှာ နီနီနဲ့ လူကြီး တစ်ယောက် ရှိနေတယ်။ မျက်မှောင် ကြုတ်ထားရင်း သူမြင်နေရတဲ့ အရာကို မယုံနိုင်ခဲ့ဘူး။ သူကတော့ ကြီးကြပ်ရေးမှူ ဆဋ္ဌမ အကြီးအကဲ။
“ဆ ဆဋ္ဌမ အကြီးအကဲ။ ကျွန်တော် မြင်လိုက်တာ ကောင်းကင် လက်ခံ တံခါး ပွင့်လာတာပဲ။ နန်ကုန်းဟောင် ထွက်လာတာကို မမြင်ခဲ့ဘူး။” ပထမဆုံး ပြေးသွားခဲ့တဲ့ တပည့်သားက ပြောတယ်။
“ကောင်းပြီ။” ဆဋ္ဌမ အကြီးအကဲ ခေါင်းငြိမ့်တယ်။ သူထပ်မပြောတော့ဘူး။ နန်ကုန်းဟောင်ကိုလည်း ဘာမှ မပြောဘူး။ ပတ်ဝန်းကျင်ကို သေချာ အကဲ ခတ်ပြီးတဲ့နောက် နန်ကုန်းဟောင်ကို ပြန်ကြည့်တယ်။ နန်ကုန်းဟောင်ကတော့ တိတ်ဆိတ် နေခဲ့တယ်။
အခု ကိစ္စတွေက သူနဲ့ ဘာမှ မဆိုင်တဲ့ အတိုင်း ရပ်တန့် နေခဲ့တယ်။ သူနဲ့ တကယ် မဆိုင်တာလား။ကောင်းကင် တာအို တပည့်သားတွေ မယုံနိုင်ပါဘူး။ ဆဋ္ဌမ အာကီးအကဲကတော့ နန်ကုန်းဟောင်ရဲ့ သွေးစွန်းနေတဲ့ ဓားကို လှမ်းကြည့်နေတယ်။
“နန်ကုန်းဟောင်။ ဒီလိုတွေ လုပ်ရတဲ့ အကြောင်းအရင်း ရှိလား။” ဆဋ္ဌမ အကြီးအကဲရဲ့ အသံက အေးစက် နေခဲ့တယ်။
“လောကကြီးက ပြောင်းလဲ သင့်နေပြီ။ ဟုတ်တယ်ဟုတ်။” နန်ကုန်းဟောင်က ဆဋ္ဌမ အကြီးအကဲရဲ့ မေးခွန်းကို ပြန်မဖြေဘူး။ သူ့ဘာသူသာ ပြောနေခဲ့တယ်။
“လောကကြီး ပြောင်းလဲ သွားပြီ။” ဆဋ္ဌမ အကြီးအကဲ စိတ်ထဲမှာ အချက်ပေးသံတွေ ဆူညံလာတယ်။ လောကကြီး တစ်ခုလုံးမှာ ဖြစ်နေတဲ့ အထူး အဆန်း ကိစ္စတွေ အကြောင်းကို သူကောင်းကောင်း သိထားတယ်လေ။
ဒါပေမယ့် နန်ကုန်းဟောင်ကတော့ မသိထားသင့်ဘူး။ အနည်းဆုံးတော့ သတင်းသိရရင်တောင် ဒီလောက် မမြန် သင့်ဘူးလေ။ ဒီတော့ နန်ကုန်းဟောင် ဘာကို ဆိုလို ချင်တာလဲ။
ဒီ အပြောင်းအလဲတွေနဲ့ သူက သက်ဆိုင် နေတာလား။
ဆဋ္ဌမ အကြီးအကဲ တွေးရင်းနဲ့ တုန်ယင် သွားခဲ့တယ်။ အကယ်၍ သူသာ မှန်ခဲ့ရင်၊ ဒီအပြောင်းအလဲတွေက လူလုပ်တာတွေပဲ။
လူလုပ်တာတွေ။
အကယ်၍ သူသာ မှန်မယ်ဆိုရင်၊ ကိစ္စ တစ်ခုလုံးရဲ့ နောက်ဆက်တွဲတွေက ပုံမှန် လူတစ်ယောက် မထိန်းချုပ် နိုင်လောက်အောင် ကြီးမားလွန်း လိမ့်မယ်။
“အမှန်ပဲ။ နှစ်ပေါင်း များစွာ ကြာနေပြီ။ တစ်ချို့ အရာတွေက ပြောင်းလဲ သင့်ပြီ။” နန်ကုန်းဟောင် သူ့ရဲ့ တည်ငြိမ်ဓားကို မြေပြင်ဆီ ညွှန်လိုက်ရင်း ပြောတယ်။
“အပြောင်းအလဲ။ မင်းက ဘယ်လို အပြောင်းအလဲကို လိုချင်တာလဲ။” ဆဋ္ဌမ အကြီးအကဲက ဒီအချိန်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် တည်ငြိမ် နေခဲ့တယ်။
လောကကြီးရဲ့ အပြောင်း အလဲတွေက နန်ကုန်းဟောင်နဲ့ သက်ဆိုင် နေတာကို သူသေချာပေါက် သိလိုက်လို့ပဲ။ ကိစ္စတွေက မယုံနိုင်စရာ ကောင်းလောက်ကို ရှုပ်ထွေးတယ်။
နန်ကုန်းဟောင်။ နန်ကုန်း မျိုးနွယ်။
Tသူတို့တွေက ရှေးကျလွန်းတော့ ကောင်းကင် တာအို ခန်းမတောင် ကောင်းကောင်း မသိဘူး။
နန်ကုန်းဟောင်က လောကကြီး ပထမဆုံး ဖြစ်တည်လာတဲ့ အချိန်တည်းက တည်ရှိနေတဲ့ ဖြစ်တည်မှု တစ်ခုလိုပဲ။ အချိန် ရေစီးကြောင်းကို ကြံ့ကြံ့ခံပြီး ရှင်သန်လာသူ တစ်ယောက်လိုမျိုး သူခံစား နေရတယ်။
နန်ကုန်း မိသားစု အကြောင်းကို ဆဋ္ဌမ အကြီးအကဲ အများကြီး မသိဘူး။ ဒါပေမယ့် နန်ကုန်းဟောင်က အရာအားလုံးကို နားလည်ဖို့ သော့ချက် ဆိုတာတော့ သိတယ်။
“မိုးမြေ မွေးဖွားတဲ့ အချိန်တုန်းက ဖြစ်တည်မှုတွေ အားလုံး ဆူပူ ခဲ့ကြတယ်။ ဆူပူမှုထဲကနေ ဖန်းကူကို မွေးဖွားခဲ့တယ်။ သူက သန့်စင်တဲ့ ဖြစ်တည်မှုကို ကောင်းကင် အဖြစ် ပြောင်းလဲ ပြီးတော့ မသန့်စင်တဲ့ ဖြစ်တည်မှုကိုတော့ မြေကမ္ဘာ အဖြစ် ပြောင်းလဲ ခဲ့တယ်။ ဒါက လောကကြီးရဲ့ အမှန်တရား အစစ်ပဲ။” နန်ကုန်းဟောင်က တည်တည်ငြိမ်ငြိမ် ပြောတယ်။
“သန့်စင်မှုကို ကောင်းကင်။ မသန့်စင်မှုကို မြေကမ္ဘာ။ မင်းဘာပြောချင်တာလဲ။” ဆဋ္ဌမ အကြီးအကဲ မျက်မှောင်ကြုတ်သွားတယ်။ နန်ကုန်းဟောင်ရဲ့ စကားတွေကို သူနားလည်တယ်။ ဒါပေမယ့် ဘာကြောင့် ပြောနေမှန်း မသိဘူး။
“အကယ်၍ လူတစ်ယောက်ကသာ ကောင်းကင် အဖြစ်နဲ့ မွေးဖွားလာရင်၊ ဘယ်လိုလုပ် မြေကမ္ဘာ အဖြစ်နဲ့ နေဖို့ လိုလားမှာလဲ။” နန်ကုန်းဟောင်က ရှင်းပြမယ့် အစား ဆက်ပြော နေခဲ့တယ်။
“နန်ကုန်းဟောင်။ မင်းဘာတွေ ပြောနေတာလဲ။ ဘာ မိုးကောင်းကင် ဘာမြေကမ္ဘာလဲ။” ဆဋ္ဌမ အကြီးအကဲ စိတ်ထဲမှာ ကိစ္စကြီး တစ်ခု ဖြစ်တော့မှာကို သိနေတယ်။ မကောင်းတဲ့ ကိစ္စကြီး တစ်ခုပေါ့။
အပိုင်း (၈၁၂) ပြီး၏။
အပိုင်း (၈၁၃)
“ရန်ဟွမ်။”
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက လောကကြီး တစ်ခု လုံးမှာ ရုတ်တရက် အပြောင်းလဲတွေ ပေါ်လာခဲ့တယ်။ မြင့်မြတ် နယ်မြေ အပါအဝင်၊ နိုင်ငံတော်ကြီး လေးခု၊ တောင်တန်း၊ မြစ်ချောင်း၊ သစ်ပင်၊ တိရစ္ဆာန်တွေ အားလုံး သန့်စင် ခံလိုက် ရသလိုပဲ။
ရုတ်တရက် အားလုံး ပြောင်းလဲ သွားတယ်။
တစ်ချို့ကတော့ အပြောင်းအလဲတွေ အတွက် ပျော်နေကြတယ်။ တစ်ချို့ကတော့ စိုးရိမ် ပူပန်နေခဲ့ကြတယ်။
ပျော်နေတဲ့ သူတွေကတော့ နှစ်ပေါင်းများစွာ အတွင်းမှာ ပြောင်းလဲဖိုက အကောင်းဆုံး အခွင့်အရေး ဖြစ်တယ်လို့ ယုံကြည်သူတွေပဲ။
တောင်တန်း၊ မြစ်ချောင်းနဲ့ တိရစ္ဆာန်တွေတောင် သန့်စင် ခံရရင်၊ လူတွေ့ ဘာဖြစ်လို့ သန့်စင် မခံရမှာလဲ။ ဒါကြောင့် လူအများစုက မြင့်မြတ် နယ်မြေနဲ့ နိုင်ငံတော် လေးခုကို ဖြတ်သန်း သွားလာရင်း သန့်စင်ခံဖို့ အခွင့်အရေးကို ရှာဖွေကြတယ်။
ဒါက ကပ်ဆိုးကြီး ဖြစ်မှာကို စိုးရိမ်နေတဲ့ သူတွေလည်း ရှိသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ အရာအားလုံးမှာ အစွန်း နှစ်ဖက် ရှိတယ်။ အကယ်၍ သန့်စင်တာကသာ ကောင်းချီး မင်္ဂလာ ဖြစ်ခဲ့ရင် ပုန်းကွယ်နေတဲ့ ဖျက်စီးချင်းက ဘာဖြစ်မလဲ။ ဘယ်သူမှ အဖြေကို မသိဘူး။
ဆဋ္ဌမ အကြီးအကဲကတော့ မကောင်းမြင်တတ်တဲ့သူ တစ်ယောက်။ ကြီးမားတဲ့ အခွင့်အရေး တိုင်းရဲ့ နောက်မှာ ကပ်ဆိုးကြီးတွေ ရှိနေမယ်လို့ ယုံကြည်တယ်။ အခုတော့ နန်ကုန်းဟောင်ရဲ့ စကားကို ကြားချိန်မှာ သူပိုပြီးတော့ စိုးရိမ် လာတော့တယ်။
နန်ကုန်းဟောင်ကတော့ ဆဋ္ဌမ အကြီးအကဲရဲ့ စိတ်ကို ဖတ်နိုင်နေတဲ့ ပုံစံပဲ။ အကြီးအကဲနဲ့ တပည့်သားတွေကို တစ်ချက် ကြည့်ရင်း ပြောတယ်။ “ကောင်းကင်က ဆရာသခင်။ မြေကမ္ဘာကတော့ အစေခံပဲ။ ဒီအချက်က ဘယ်တော့မှ မပြောင်းလဲဘူး။”
“ကောင်းကင်က ဆရာသခင်။ မြေကမ္ဘာက အစေခံ။” ဆဋ္ဌမ အကြီးအကဲ ဒါကို အဖြေ ဖြစ်မယ်လို့ မမျှော်လင့် ထားဘူး။ သူတစ်ချက် တုန်ယင် သွားခဲ့တယ်။ နန်ကုန်းဟောင်ရဲ့ အဖြေကြောင့်လား။ ဒါမှမဟုတ် သူ့ရဲ့ သွေးနီရောင် မျက်ဝန်း တွေကြောင့်လား ဆိုတာတော့ ဘယ်သူမှ မသိခဲ့ဘူး။
ဒါပေမယ့် ချက်ခြင်း အသက်ပြင်းပြင်း ရှူလိုက်ပြီးတော့ ပြောတယ်။ “မင်းပြောတဲ့ ကိစ္စတွေကို ငါလက်မခံ နိုင်ဘူး။ မင်းက ဉာဏ်ကြီးရှင်ဆိုတာ ငါလက်ခံတယ်။ ဒါပေမယ့် မိုးမြေကို အဆင့်သတ်မှတ်ဖို့ မင်းမှာ အရည်အချင်း ရှိတယ်လို့ တကယ်ပဲ ထင်နေတာလား။ ငါတစ်ခုမေးမယ်။ မိုးမြေဆိုတာ ဘာလဲ။”
“ထူးခြားမြင့်မြတ်တဲ့ ဖြစ်တည်မှုက မိုးကောင်းကင်၊ နိမ့်ကျတဲ့ ဖြစ်တည်မှုက မြေကမ္ဘာပဲ။” နန်ကုန်းဟောင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေတယ်။
“ဒီတော့ ထူးခြားမြင့်မြတ်တယ် ဆိုတာ ဘာလဲ။ နိမ့်ကျတယ် ဆိုတာကော ဘာလဲ။” ဆဋ္ဌမ အကြီးအကဲ မေးပြန်တယ်။
“ဖြစ်တည်မှု တစ်ခုက ထူးခြား မြင့်မြတ်တယ် နိမ့်ကျတယ် ဆိုတဲ့ ခွဲခြားစရာ နှစ်ခုပဲ ရှိတယ်။ ပထမဆုံး မွေးဖွားတဲ့ အချိန်တည်းက ဆုံးဖြတ်ရတယ်။ ဥပမာ။ လောကကြီးရဲ့ မရေမတွက်နိုင်တဲ့ ဖြတ်တည်မှုတွေထဲ ရှားပါးတဲ့ အပင်တွေလည်း ရှိတယ်။ အတွေ့များတဲ့ အပင်တွေလည်း ရှိတယ်။ တခြား သက်ရှိ တွေကိုလည်း ဒီလို ဆုံးဖြတ်နိုင်တယ်။ ဒါကြောင့် သားရဲကောင်တွေ အားလုံးရဲ့ ဘုရင်တွေနဲ့ လူ့လောက ဧကရာဇ်တွေကိုလည်း ခွဲခြား ဆုံးဖြတ်နိုင်တယ်။” နန်ကုန်းဟောင်က မတွေဝေပဲ ချက်ခြင်း ပြန်ဖြေတယ်။
“ကောင်းလိုက်တဲ့ အဖြေ။ နန်ကုန်းဟောင်ကို မျှော်လင့်တာ မမှားခဲ့ဘူး။ တာအိုတွေကို ဆွေးနွေးနိုင်တဲ့ မင်းရဲ့ စွမ်းရည်က တကယ့်ကို ထိပ်တန်းပဲ။ ကောင်းပြီလေ။ ငါခန့်မှန်း ကြည့်မယ်။ မိုးမြေ၊ ထူးခြားမြင့်မြတ်တာနဲ့ နိမ့်ကျတာတွေကို မင်းပြောတဲ့ အချိန်မှာ နောက်ပိုင်း အရာတွေကပဲ ရှေ့တစ်ခုကို ဆုံးဖြတ်တယ်ပေါ့။ ဟုတ်တယ်ဟုတ်။” ဆဋ္ဌမ အကြီးအကဲ ခေါင်းငြိမ့်ရင်း မေးတယ်။
“ဟုတ်တယ်။ ဖြစ်တည်မှု တစ်ခုရဲ့ မြင့်မြတ်မှုကို တခြား သက်ရှိတွေက ဆုံးဖြတ်ချက်။” နန်ကုန်းဟောင် ခေါင်းငြိမ့်တယ်။
“ငါနားလည်ပြီ။ ဒါပေမယ့် နန်ကုန်း မျိုးနွယ်တွေရဲ့ အထွတ်အထိပ် အချိန်ကို ငါမသိပေမယ့်၊ သဘာ၀ နိယာမကို မင်းနားလည်တာက သံသရာ စက်ကွင်းကြောင့် ဖြစ်မယ်လို့ ငါယုံကြည်တယ်။ နန်ကုန်း မျိုးနွယ်စုတွေက တစ်ကြိမ် တစ်ခါမှာ အထွတ်အထိပ် အချိန်ကို ရောက်ခဲ့တယ်။ တခြား သက်ရှိတွေက မင်းတို့ကို ထူးခြား မြင့်မြတ်တယ်လို့ သတ်မှတ်ခဲ့တယ်။ နှစ်ထောင်ချီ ကြာမြင့်ပြီးချိန်မှာ ဒီလို အချိန်မျိုးကို မင်း ပြန်တည်ဆောက် ချင်တာ မဟုတ်လား။”
“မဟုတ်ဘူး။ အကြီးအကဲ နားမလည်ပါဘူး။ ဖြစ်တည်မှုတွေ အားလုံးက သေဆုံး ပျောက်ကွယ် ကြရတယ်။ တစ်ချို့ အရာတွေက မေ့ဖျောက် ခံရပေမယ့် တစ်ချို့ကတော့ ဘယ်တော့မှ မမေ့ဖျောက် ခံရဘူး။ နောက်ပြီးတော့ မွေးဖွားလာချိန်တည်းက ဆိုတာကို ငါပြောချင်တာ။ မိုးမြေ မွေးဖွား လာချိန်ကို ဆိုလိုတာ။” နန်ကုန်းဟောင် ခေါင်းခါတယ်။
“မိုးမြေ မွေးဖွားလာချိန်။ ဟဟား။ ဘယ်အချိန်ကလဲ။ သမိုင်း မတင်မီ ခေတ်ကမလား။ နန်ကုန်းဟောင် မင်းက အသက်၂၀ ဝန်းကျင်ပဲ ရှိသေးတယ်။ သမိုင်း မတင်မီ ခေတ်က ကိစ္စတွေကို မင်းဘယ်လို သိနိုင်မှာလဲ။ မှတ်တမ်း တင်စရာ ဘာမှ မရှိတဲ့ ခေတ်မှာ မင်း သတင်းအချက်အလက်တွေကို ဘယ်က ရမှာလဲ။” ဆဋ္ဌမ အကြီးအကဲက နောက်ဆုံးမှာတော့ ရယ်မောတော့တယ်။
“ဆဋ္ဌမ အကြီးအကဲ ယန်ဟွမ် အကြောင်းကို ကြားဖူးလား။” နန်ကုန်းဟောင်ကတော့ ဆဋ္ဌမ အကြီးအကဲရဲ့ လှောင်ရယ်မှုကို စိတ်မဆိုးဘူး။ နောက်ထပ် မေးခွန်း တစ်ခုနဲ့သာ ပြန်ဖြေတယ်။
“ရန် ရန်ဟွမ်။” ဆဋ္ဌမ အကြီးအကဲရဲ့ အပြုံးလည်း အေးခဲ သွားတော့တယ်။ နန်ကုန်းဟောင်ကို ကြည့်တဲ့ သူ့ရဲ့ အမူအယာလည်း ပြောင်းလဲ နေခဲ့ပြီ။ တကယ်တော့ သူ့ အရိုးထဲ အထိကို လန့်နေခဲ့တယ်။ နန်ကုန်းဟောင် ပြောသလိုပဲ။ ဖြစ်တည်မှုတွေ အားလုံးက သေဆုံး ပျောက်ကွယ်သွားရတယ်။
တစ်ချို့ အရာတွေက မေ့ဖျောက် ခံလိုက်ရတယ်။ ဒါပေမယ့် အမြဲတမ်းတော့ မမှန်ကန်ဘူး။ သမိုင်း မှတ်တမ်း ရေးစရာ ဘာမှ မရှိတဲ့ ခေတ်တုန်းကနေ အခုချိန်ထိ တစ်ချို့ ကိစ္စတွေက မပြောင်းမလဲ ရှိနေသေးတယ်။ လူတိုင်းရဲ့ သွေးက နီတယ် ဆိုတဲ့ အချက်လိုပေါ့။
ဆဋ္ဌမ အကြီးအကဲ အရမ်းကို စိတ်ရှုပ်ထွေး နေခဲ့တယ်။ သူတင် မကဘူး။ တပည့်သားတွေ အားလုံး ခြေတစ်လှမ်း နောက်ဆုတ်ရင်း နန်ကုန်းဟောင်ကို ကြည့်နေကြတယ်။
…
…
မြင့်မြတ် နယ်မြေ။ လင်းယွမ် မျှော်စင်။
တောက်ပတဲ့ နေမင်းနဲ့ လမင်းက ကောင်းကင်မှာ အလင်းပြိုင်နေကြတယ်။ အောက်ဘက်က လူနှစ်ယောက်လည်း တူညီစွာပဲ တောက်ပ နေခဲ့တယ်။ တစ်ယောက်ကတော့ ရွှေရောင်။ နောက်တစ်ယောက်ကတော့ ငွေရောင်။ ဖန်ကျန်းရှီကတော့ တိုက်ပွဲရဲ့ ပြင်းထန်မှုကြောင့် အထင်ကြီး နေခဲ့တယ်။
သူတို့ရဲ့ စွမ်းရည်တွေက လှပလွန်းရုံနေလို့ မဟုတ်ဘူး။ တာအိုကို နားလည်မှုက ခိုင်မာလွန်းလို့ပဲ။ တကယ့်ကို ထူးခြားပြီး အသေးစိတ်တယ်။ ဖန်ကျန်းရှီ အတွက်တော့ အသေးစိတ်မှုက အကြီးမားဆုံး အားနည်းချက် တစ်ခုပဲ။
ရှင်းရှင်း ပြောရရင်၊ ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုကြောင့် သူ့ရဲ့ တိုက်ပွဲ စွမ်းအားက အထင်ကြီးစရာ ကောင်းတယ်။ ဒါပေမယ့် တစ်ချို့ တိုက်ပွဲ တွေမှာတော့ အသာစီး မရခဲ့ဘူး။
တာအို နည်းလမ်းတွေကို သူကောင်းကောင်း နားမလည်တာကြောင့် မဟုတ်ခဲ့ဘူး။ ဒါပေမယ့် တကယ့် ပညာရှင် အဆင့်ကို မရောက်တာ အသေးမစိတ်လို့ပဲ။
ချင်းယီကိုပဲ ဥပမာ ထားလို့ရတယ်။ နေနဲ့ တိုက်ပွဲကို လုံး၀ ပေါင်းစပ်လိုက်တယ်။ ဒါက အမှန်တရားပဲ။ ချင်းယီနဲ့ ချင်းယွိက အလှပြ စွမ်းရည်တွေ ဘာမှ မသုံးဘူး။ ဒါပေမယ့် သူတို့ရဲ့ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းက လောကကြီးရဲ့ အရာအားလုံးကို ပေါင်းစပ်လိုက်တာပဲ။ ဒါက အသေးစိတ်မှု။
လူတစ်ယောက်က သေးငယ်တဲ့ ရွက်သဘောၤလေးကို တူညီတဲ့ လှုပ်ရှားမှုနဲ့ ခွဲနေတဲ့ အချိန်မှာ နောက်တစ်ယောက်ကတော့ ကျောက်တုံးကြီးကို ခွဲနေတာ မျိုးပေါ့။ ဖန်ကျန်းရှီ အရင်တုန်းကတော့ အသေးစိတ်တာကို ဂရု မစိုက်ခဲ့ဘူး။ စွမးအား အရင်းအမြစ်ကို များနိုင်သလောက် များအောင် စုဆောင်ပြီးတော့ တာအိုတွေကို ပညာရှင် အဆင့်ရောက်အောင်ပဲ လုပ်ချင်ခဲ့တယ်။
သူ့မှာ တာအို ၂၀၀၀ကျော် ရှိနေပင်မယ့်၊ တိုက်ပွဲ စွမ်းအားမှာ ချင်းယွိနဲ့ ချင်းယီထက် နိမ့်နေတယ်။ သူ့မှာ လှည့်ကွက်တွေ နည်းနည်းပဲ ရှိတယ်။
ဝုန်း။
ရွှေရောင် ပုံရိပ်က ငွေရောင် ပုံရိပ်နဲ့ တိုက်မိပြီးနောက်၊ ချက်ခြင်း ကွဲထွက် သွားပြန်တယ်။ ရွှေရောင် အလင်းတန်းက ပူပြင်းတဲ့ မီးဘောလုံးတွေ ဝန်းရံ ပြီးတော့ ဖြာထွက် နေခဲ့တယ်။ မီးဘောလုံး တစ်လုံးစီက လောင်ကျွမ်းနေတဲ့ ရွှေကြာပန်း တစ်ပွင့်လိုပဲ။
“နေရောင်ကို မီးတောက်လို ပြောင်းလဲတယ်။ ပြီးတော့ ကြာပန်းပုံ လုပ်တယ်ပေါ့။ ရွှေကြာပန်း တစ်ပွင့်ချင်းစီတိုင်းမှာ မတူညီတဲ့ တာအိုတွေ ပါဝင်နေတယ်။ အရေး အကြီးဆုံးကတော့ ရွှေရောင် အလင်းတန်းက သူတို့ကို ကာကွယ် ပေးထားတာပဲ။”
ချင်းယီရဲ့ တာအို ပညာရပ်ကို ဖန်ကျန်းရှီ တကယ်ပဲ အထင်ကြီးမိတယ်။ မုချင်းဖန်းနဲ့ တခြား မျိုးနွယ်စုက ခေါင်းဆောင်တွေသာ တာအို နည်းလမ်းတွေကို ပိုပြီးတော့ တိုးတက်အောင် ကြိုးစားကြမယ် ဆိုရင်၊ လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ သူတို့ သင်ကြားပြီးသား တာအိုတွေကို ပိုအသေးစိတ်အောင် လုပ်ဖို့ပဲ လိုလိမ့်မယ်။
ဒါက ဖန်ကျန်းရှီရဲ့ အားနည်းချက်ပဲ။
“တခြားသူ တစ်ယောက်ရဲ့ အင်အားကနေ ငါ့အားနည်းချက်ကို မြင်လိုက် ရပါလား။”
ဒီတစ်ခေါက် တိုက်ပွဲမှာ အပြင်ထွက်နေတာ ကံကောင်း သွားတယ်လို့ ဖန်ကျန်းရှီ ခံစားမိတယ်။ တစ်ခါတစ်လေ လူတစ်ယောက်က မြင်ကွင်း ကောင်းကောင်းကို မြင်ရဖို့ နောက်ဆုတ်ပြီးတော့ ကြည့်သင့်တယ်။
“အမုန်းတရားတွေကို အကုန် ချေဖျက်ပြစ်။ အားအကောင်းဆုံး တိုက်ကွက်နဲ့ တိုက်ခိုက်ကြ။” ဖန်ကျန်းရှီ လှမ်းအော်နေတယ်။
ဒါပေါ့။ သူ့ရဲ့ ငရဲ မီးတောက်တွေကို ရွှေရောင် ကြာပန်း အဖြစ် ပြောင်းလဲ ဖြစ်ဖို့ ဖြစ်နိုင်ချေကိုလည်း သူစဉ်းစား နေခဲ့တယ်။
(မဟုတ်ဘူး။ အနက်ရောင် ကြာပန်းတွေ ဖြစ်ရမှာပေါ့။”
“ပိုပြီးတော့ အင်အားကြီးအောင် လုပ်လို့ ရမလား။ ငါ့ရဲ့ အနက်ရောင် ကြာပန်းက ပွင့်ချပ်တွေ အရေအတွက်ကို တိုးလို့ ရနိုင်မလား။ ၁၂ခုတို့။ ၃၆ခုတော့။ ကြာပန်း တစ်ခုကို ပွင့်ဖတ် ၂၀၀၀ကျော်နဲ့ ဖန်တီးလို့ကော ရနိုင်မလား။”
“…”
ဖန်ကျန်းရှီ စိတ်ထဲမှာ တွေးတောနေခဲ့တယ်။ ပွင့်ဖတ် ၂ထောင်ကျော် ပါတဲ့ အနက်ရောင် ကြာပန်းကြီးနဲ့ သူ့ပုံစံကိုပေါ့။ တစ်ချို့လူတွေ့ို သေမတတ် ကြောက်လန့်စေမှာ အသေအချာပဲ။
ချင်းယီကတော့ ဖန်ကျန်းရှီ တွေးနေတာကို မသိခဲ့ဘူး။ ဒါကြောင့် သူ့စကားတွေကို လျစ်လျူရှုဖို့ ဆုံးဖြတ်ထားတယ်။ သူ့ရှေ့က ချင်းယီကို လှမ်းပြောတယ်။ “ညီမလေး မင်းကို တကယ်ပဲ နည်းနည်းလောက် တိုးတက် လာပြီလို့ ငါထင်ခဲ့တာ။ ဒါပေမယ့် ငါမှားသွားတဲ့ ပုံပဲ။”
“အစ်မကြီး ရှုံးသွားပြီ ဆိုတာ အခုထိ မသိသေးဘူးလား။” ချင်းယွိကတော့ အရမ်းကို တည်ငြိမ် နေခဲ့တယ်။ သူမ မျက်ဝန်းထဲက ငွေရောင် အလင်းတန်း ပိုပြီးတော့ တောက်ပလာခဲ့တယ်။
“ပေါက်ကရတွေ။ ငါ့ကို ခုခံ တိုက်ခိုက် နိုင်မယ်လို့ မင်းထင်နေတာလား။” ချင်းယီ ဒေါသတကြီးနဲ့ အော်တယ်။ ချင်းယွိ ပြောတာကို သူမယုံနိုင်ဘူး။
“အစ်မကြီး (ရေအိုင်ထဲက လရိပ်)ဆိုတာကို ကြားဖူးလား။”
“ရေအိုင်ထဲက လရိပ်။”
“ဟုတ်တယ် နေမင်းက စူးရှ တောက်ပပေမယ့်၊ ရေထဲမှာ ပြတ်သားတဲ့ ရောင်ပြန် မပေါ်နိုင်ဘူး။ လမင်းကတော့ လုပ်နိုင်တယ်။” ချင်းယွိ ပြောရင်းနဲ့ သူမရဲ့ ခေါင်းပေါ်က လမင်းမှာ လှိုင်းတွေထလာတယ်။ ဒီမြင်ကွင်းထက် ပိုပြီးတော့ လန့်စရာ ကောင်းတာက လမင်း နှစ်စင်း အဖြစ်ကို ပြောင်းလဲ သွားတာပဲ။
လမင်း နှစ်စင်းတဲ့။ ဒါကို ဘယ်သူကများ မြင်ဖူးမှာလဲ။ ပိုပြီး ကြောက်စရာ ကောင်းတာကတော့ လခြမ်းကွေးတွေ ပုံစံ ရှိနေခဲ့တဲ့ လမင်း နှစ်စင်းက တဖြည်းဖြည်း လပြည့် လာတာပဲ။
စိတ်ကို ပြောင်းလဲ သွားစေနိုင်မယ့် မြင်ကွင်း ဖြစ်ပေါ်လာတယ်။ လပြည့် နှစ်စင်းကနေ လပြည့်လေးစင်း။ နောက်ဆုံးမှာ လပြည့် ရှစ်စင်း အဖြစ်ကို ကွဲထွက် သွားတယ်။
လပြည့် ရှစ်စင်းလုံးက ကောင်းကင်မှာ တောက်ပရင်း သန့်စင်တဲ့ ငွေဖြူရောင် အလင်းတန်းတွေ ဖြာထွက် နေခဲ့တယ်။ လရောင်က ချင်းယွိ ကိုယ်ပေါ်မှာ တောက်ပနေတာ မျက်စိ ကန်းမတတ်ပဲ။
“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။” တစ်ခဏ ကြည့်ပြီးတဲ့နောက် ချင်းယီ ဒေါသတကြီးနဲ့ အာခေါင်ခြစ် အော်တော့တယ်။ အမှန်တရားကို သူမ တကယ်ပဲ လက်မခံနိုင်ဘူး။
လင်းယွမ် မျှော်စင် တပည့်သားတွေလည်း ငေးကြည့်နေကြတယ်။ လမင်း တစ်စင်းကနေ ရှစ်စင်းကို ခွဲလိုက်တာက ရိုးရှင်းတဲ့ ကိစ္စ တစ်ခု မဟုတ်ခဲ့ဘူး။ ချင်းယွိက ချင်းယီနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ သူမရဲ့ အင်အား ရှစ်ပုံ တစ်ပုံကိုပဲ သုံးခဲ့တာလို့ အဓိပ္မာယ်ရတယ်။
ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။
ကြောက်စရာ ကောင်းတာထက် မယုံနိုင်စရာ ကောင်းလွန်းတာ။
“မယ်တော်။” ပင်းယန်ကတော့ စိတ်လှုပ်ရှား ပျော်ရွှင် နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို လှည့်ကြည့်ရင်း ပြုံးပြုံးကြီး မေးတယ်။ “အရှက်မရှိတဲ့ ကောင်စုတ်။ ဘယ်သူ ပိုသန်မာတယ်လို့ နင်ထင်လဲ။ နင်လား ငါ့မယ်တော်လား။”
“..”
ဖန်ကျန်းရှီရဲ့ အမူအယာကတော့ ပြောင်းလဲ သွားတယ်။ ပင်းယန်ကို ပြန်မဖြေဘူး။ ဒါက သူဖြေဖို့ မတန်တဲ့ မေးခွန်းပဲလေ။ ဘယ်လိုလုပ် ဒီလို မေးခွန်းကို ဖြေရမှာလဲ။
ဖန်ကျန်းရှီကတော့ ပင်းယန်ရဲ့ စိတ်ကူးကို စိတ်မဝင်စားဘူး။ ပွင့်ဖတ် ၂ထောင်ကျော်ပါတဲ့ ကြာပန်းကြီးကို ကိုင်ထားတဲ့ သူ့ကိုယ်သူ တွေးတော နေခဲ့တယ်။ (ပြောင်းလဲ)လို့ အော်လိုက်ရင်၊ ကြာပန်းကြီးက တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ လေးခု၊ လေးခုကနေ ရှစ်ခု၊ နောက်တော့ ၁၆ခု အထိ ပြောင်းသွားမယ်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။
ဒါက အတွေး တစ်ခုပါပဲ။ ဒါကို တကယ်လုပ်ဖို့ သူမတွေးပင်မယ့် ချင်းယီကတော့ ဆန့်ကျင်ဘက်ပဲ။ အဆုတ်ကွဲမတတ် အော်ဟစ်ရင်း၊ သူမခန္ဒာကိုယ်ကို ဥက္ကာပျံ တစ်ခုလို ပျံဝဲရင်း ခေါင်းပေါ်က နေမင်းကြီးနဲ့ ပေါင်းစည်းလိုက်တယ်။
လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ ကောင်းကင်က ထွက်ပေါ်နေတဲ့ အပူရှိန်အောက်မှာ မတ်မတ်ရပ်ဖို့ တောင့်ခံ နေရတယ်။ သူတို့တွေ အားလုံး ချွေးတွေရွဲနစ် နေခဲ့ပြီ။
ချင်းယီကတော့ သူမရဲ့ တည်ငြိမ်မှုတွေ အားလုံး ပျောက်ဆုံးပြီးတော့ အရူး တစ်ယောက်လို ဖြစ်နေခဲ့တယ်။ ရွှေရောင် မီးတောက်ကြီး အဖြစ် ပြောင်းလဲ ပြီးတော့ ကောင်းကင်နဲ့ ချိတ်ဆက်တယ်။ မီးတောက်ထဲမှာ ကြာပန်းပေါင်း မရေမတွက်နိုင်အောင် ပါဝင်နေခဲ့တယ်။
“ချင်းယွိ အိပ်မက်တောင် မမက်လေနဲ့။ ငါမရှုံးဘူး။ ငါမရှုံးနိုင်ဘူး။” ချင်းယီ ဒေါသတကြီး အော်ဟစ်ရင်း၊ ရွှေရောင် မီးတောက်ဓားကြီး တစ်လက်ကို လက်ထဲမှာ ဖန်တီးလိုက်တယ်။
ချင်းယွိကတော့ ပုံမှန် အတိုင်းပဲ။ ဘာမှ မလုပ်ပဲ ငွေလရောင်အောက်မှာ ရပ်နေခဲ့တယ်။
အပိုင်း (၈၁၃) ပြီး၏။
အပိုင (၈၁၄)
“အစဆိုတာ အဆုံးသတ် တစ်ခုပဲ။”
ဘာသာပြန်သူ- Enri Thaw
ဒါက သိပ်မကြာခဲ့ဘူး။ ချင်းယီ အရင်ဆုံး တိုက်ခိုက်ခဲ့တယ်။ ရွှေရောင် မီးတောက်တွေ ကောင်းကင်က ဆင်းသက် လာပြီးတော့ ရွှေရောင် ကြာပန်းတွေက ပေါက်ကွဲတယ်။ ပွင့်ဖတ်တွေက နေရာအနှံ့ကို ပျံ့ကျဲကုန်တယ်။
ပွင့်ဖတ် ကောင်းကင်ကြီးထဲမှာ ချင်းယီရဲ့ ရွှေရောင် ဝတ်ရုံက ညင်ညင်သာသာလေး ရွေ့လျား နေခဲ့တယ်။ ရွှေရောင် မီးတောက်တွေ လွှမ်းခြုံထားတဲ့ ဓားတစ်လက်ကို ကိုင်ထားရင်း နတ်သမီး တစ်ပါးလို ဆင်းသက်လာတယ်။ သူမရဲ့ ရူးသွပ်နေသလို အမူအယာ ကြောင့်သာ မဟုတ်ရင် တကယ့်ကို လှပလွန်းတဲ့ မြင်ကွင်း တစ်ခု ဖြစ်မှာ အသေအချာပဲ။
“ခေါင်းဆောင်။”
“ခေါင်းဆောင်။”
လင်းယွမ် မျှော်စင် တပည့်သား တဝက်က ဒူးထောက် လိုက်ကြပြီ။ ဒီတိုက်ပွဲရဲ့ ရလဒ်ကို ကြိုမြင် ထားတဲ့ အတိုင်းပဲ။ ဒါပေမယ့် ချင်းယီရဲ့ လန့်စရာတိုက်ခိုက်မှုကိုတော့ သူတို့တွေ ကြောက်နေကြဆဲ။ ရွေရောင်ဓားက ပွင့်ဖတ်တွေနဲ့ အတူ ကျဆင်းလာတယ်။
တစ်ချိန်တည်းမှာပဲ ငွေရောင် အလင်းတန်းက အပေါ်ကို တက်တယ်။ လမင်းလိုပဲ တည်ငြိမ် တောက်ပမှု အပြည့်နဲ့
ချင်းယွိရဲ့ မျက်လုံးတွေက နှင်းလို ဖြူဖွေး နေခဲ့ပြီ။ မြူနှင်းတွေကြောင့် သူမရဲ့ ဆံကေသာတွေတောင် အဖြူရောင် ပြောင်းကုန်တယ်။ သူမရဲ့ ဓားကို ဆွဲထုတ်လိုက်တယ်။ ဓားက နှစ်လက်။ ငွေဖြူရောင် ဓားနှစ်လက်က တစ်ပုံစတံတည်း တူညီတယ်။
ကောင်းကင်မှာ တောက်ပနေတဲ့ လမင်း ရှစ်စင်း အလင်းရောင်က သူမကို ထောက်ပံ့ ပေးထားတယ်။ နှင်းနဲ့ လရောင်က အလှပဆုံး ပေါင်းစပ်မှု တစ်ခုပဲ။
“ချင်းယွိ သခင်မ။”
လင်းယွမ် မျှော်စင် တပည့်သား တစ်ဝက် ဒူးထောက်ရင်း ချင်းယွိကို ကြည့်နေကြတယ်။ သူမရဲ့ ဆုံးဖြတ်ချက်ကို ကြည့်နေတယ်။ ရွှေရောင် ပွင့်ဖတ်တွေက နှင်းမှုန်တွေနဲ့ ထိတွေ့တယ်။ အပူနဲ့ အအေး တိုက်မိမှုက နဂါး တစ်ကောင်ရဲ့ ထွက်သက်လို ရေငွေ့တွေလို ဖြစ်ပေါ်စေတယ်။
ရေငွေ့ တိမ်တိုက်တွေထဲမှာ လူနှစ်ယောက်ကတော့ ပြင်းထန်တဲ့ တိုက်ပွဲကို ဆင်နွှဲနေကြလေရဲ့။ လောင်ကျွမ်းနေတဲ့ ရွှေရောင်ဓားက ငွေဓား နှစ်လက်ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေတယ်။ သူတို့တွေ ဆက်တိုက် ထိတွေ့မိတဲ့ အချိန်တိုင်း ရေငွေ့တွေက ပိုမြန်မြန် ဖြစ်ပေါ် လာနေတယ်။
ဖန်ကျန်းရှီကတော့ ပင်းယန်ရဲ့ လက်ကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်ထား လိုက်တယ်။ စိုးရိမ် ပူပန်မှုကြောင့် သူမ တုန်ယင်နေတာကို သူခံစား မိလိုက်လို့ပဲ။
ဝုန်း။
ကောင်းကင် တစ်ခွင်လုံးတုန်ခါ သွားတာကို သူတို့ ခံစား မိလိုက်တယ်။ နေရာ တစ်ခုလုံး မတည်မငြိမ် ဖြစ်နေခဲ့တယ်။
ဂျိန်း။
ခရမ်းရောင် မိုးကြိုး တစ်ချက်က သူတို့ နှစ်ယောက်ရဲ့ ပုံရိပ်ကို မီးမောင်းထိုးပြ နေသလိုပဲ။ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ ပုံရိပ် နှစ်ခု ကောင်းကင်မှာ ပေါ်လာခဲ့တယ်။ ရေငွေ့တွေက ဖြည်းဖြည်းချင်း ပျောက်ကွယ် နေပြီ။ ရွှေရောင် ပွင့်ဖတ်တွေ ပျောက်ကွယ် ကုန်လို့ပဲ။ ကောင်းကင်ကြီး တစ်ခုလုံးကို နှင်းပွင့်ဖတ်တွေကသာ လွှမ်းခြုံ ထားခဲ့တယ်။
“ခေါင်းဆောင်။”
ဒါကိုမြင်တော့ တပည့်သား တစ်ဝက်က ခေါင်းငုံ့လိုက်ကြတယ်။ နောက်ထပ် ခေါင်းမမော့တော့ဘူး။ နောက်တစ်ဝက်ကတော့ ဒီရလဒ်ကြောင့် အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင် နေခဲ့ကြတယ်။ ရလဒ်က ဘာဖြစ်မလဲ ဆိုတာကို သူတို့ သိနေကြပြီ။
ဒါပေမယ့် ဒါက တကယ်ပဲ မှန်ကန်ရဲ့လား။
ချင်းယီရဲ့ ခန္ဒာကိုယ်က ရွှေရောင် မီးတောက်တွေထဲမှာ ရှိနေတုန်းပဲ။ သူမခန္ဒာကိုယ် ပတ်လည်မှာ ပွင့်ဖတ်တွေ ထပ်မရှိတော့ဘူး။ ဒါပေမယ့် သူမရဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုကတော့ ပျောက်ကွယ် သွားခဲ့ပြီ။
“မင်း ဒီနှစ်တွေမှာ တကယ့်ကို တိုးတက် လာတာပဲ။” ချင်းယီက ခါးသက်သက် ပြုံးရင်း ပြောတယ်။
“အစ်မကြီး လက်လျှော့ လိုက်ပါတော့။ ဒီလို ထပ်တိုက်ခိုက်ဖို့ မလိုတော့ပါဘူး။” ချင်းယွိက လေထဲမှာ မလှုပ်မယှက် ရပ်နေခဲ့တယ်။ သူမရဲ့ အရှိန်အဝါတွေနဲ့ ချင်းယီကို ဖိနှိပ်မထားခဲ့ဘူး။ စောင့်ဆိုင်း နေပုံပဲ။
“ဟဟား။ လက်လျှော့ရမယ်။ ငယ်ငယ်လေးတည်းက မင်းငါ့ကို တစ်ခါမှ ဆန့်ကျင် တိုက်ခိုက်တာ မရှိခဲ့ဘူး။ ဒါဆို ဘာကြောင့်များ ခေါင်းဆောင် ရာထူး အတွက် ငါနဲ့ ယှဉ်ပြိုင် ရတာလဲ။”
“တကယ်တော့ ဘယ်တုန်းကမှ အစ်မကြီးနဲ့ မပြိုင်ဆိုင် ချင်ခဲ့ပါဘူး။”
“မင်းက မပြိုင်ဆိုင်ချင်ဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပြိုင်ဆိုင်ခဲ့တယ် မဟုတ်လား။”
“ဟုတ်ပါတယ်။ ဒါပေမယ့် ဒါက ဆရာ့ရဲ့ ဆန္ဒကြောင့်ပါ။ ဆရာက အစတည်းက အစ်မကြီးကိုပဲ ခေါင်းဆောင် ဖြစ်စေချင်ခဲ့တာ။ ဒါပေမယ့် အစ်မကြီးက ဆရာ့ကို စိတ်ပျက်အောင် လုပ်ခဲ့တယ်။ ဒါကြောင့် ညီမလေးကို …” ချင်းယွိ ပြောရင်းနဲ့ ဝမ်းနည်း လာခဲ့တယ်။
“ပါးစပ်ပိတ်ထားစမ်း။ ငါဘာလုပ် ခဲ့လို့လဲ။”
“အစ်မကြီး။ ကောင်းကင် တာအို ကျောက်ဖျာတွေ အကြောင်းကို သတင်းဖြန့်လိုက်တာ အစ်မကြီးမှန်း ဆရာမသိဘူးလို့ တကယ် ထင်နေတာလား။ တကယ်တော့ ကျောက်ဖျာတွေကို မြင်မြင်ချင်း ဆရာ့ကို ညီမလေး သတင်းပို့ခဲ့တယ်။ ဒါပေမယ့် ဆရာက ကျောက်ဖျာတွေကို ယူဆောင်ဖို့ အကြောင်းပြချက် ကောင်းကောင်း မရှိဘူးလို့ ပြောခဲ့တယ်။ ပြီးတော့ အစ်မကြီးကို ဖိတ်ခေါ်ပြီးတော့ အတူတူ လေ့လာ စေဖို့ အမိန့်ချခဲ့တယ်။”
“မင်းပြောတာတွေကို ငါယုံမယ်များ ထင်နေတာလား။ အခုချိန်မှာ ဘာလို့ ဒါတွေ ပြောနေမှန်း မသိဘူးလို့ မထင်နဲ့။ ငါ့ရဲ့ လင်းယွမ် နယ်မြေကို လိုချင်လို့ မဟုတ်လား။ အိပ်မက် မက်နေလိုက်။” ချင်းယီ ပြောရင်းနဲ့ ကိုးထပ်ပါတဲ့ ကျောက်စိမ်း မျှော်စင်လေး တစ်ခုကို ထုတ်ယူလိုက်တယ်။ အပြစ်အနာအဆာ ကင်းပြီးတော့ သန့်စင် တောက်ပတဲ့ ကျောက်စိမ်း မျှော်စင်လေးက လင်းယွမ် မျှော်စင်နဲ့ တပုံစံတည်း တူညီတယ်။
“အစ်မကြီး တကယ်ပဲ ဒါကို လုပ်ချင်တာလား။” ကျောက်စိမ်း မျှော်စင်လေးကို မြင်ချိန်မှာ ချင်းယွိရဲ့ အမူအယာ နည်းနည်း ပြောင်းသွားခဲ့တယ်။
လင်းယွမ် မျှော်စင်တပည့်သားတွေကတော့ ဒါကို မြင်ချိန်မှာ အရမ်းကို ကြောက်လန့် နေခဲ့ကြတယ်။
ဖန်ကျန်းရှီလည်း အံ့သြ နေခဲ့တယ်။ လင်းယွမ် မျှော်စင်နဲ့ လင်းယွမ် နယ်မြေ ဆက်စပ် နေမယ်လို့ သူမထင်ထား ခဲ့မိဘူး။ ခပ်မြန်မြန်ပဲ အမှန်တရားကို အဖြေရ သွားတယ်။ လင်းယွမ် မျှော်စင် ဘယ်လောက်တောင် ခိုင်မာလဲ ဆိုတာ သူစမ်းသပ် ပြီးပြီ။ ခြစ်ရာလေး တစ်ခု ထင်အောင်တောင် သူမလုပ်နိုင်ခဲ့ဘူး။
မျှော်စင် တစ်ခုလုံးက ရတနာ စစ်စစ်ဆိုတာ သူသေချာတယ်။ အခုတော့ အတည်ပြုလို့ ရသွားပြီ။
“လင်းယွမ် နယ်မြေဆိုတာ လင်းယွမ် မျှော်စင်လား။” ဖ န်ကျန်းရှီ အရင်ကတော့ တစ်ခါမှ မတွေးမိဘူး။ အခုကတော့ စဉ်စားဖို့ အချိန် မဟုတ်ဘူး။ ချင်းယီ လက်ထဲမှာ ရှိနေတဲ့ ဒီမျှော်စင်လေးရဲ့ ဘေးပတ်လည်က ပတ်ဝန်းကျင် ပုံရိပ်တွေ အားလုံးက လင်းယွမ် မျှော်စင်နဲ့ အကုန် အတူတူပဲ။
အဲ့ဒီ့နောက် သူတို့ ခြေထောက်အောက်မှာ ရှိတဲ့ မြေပြင် တစ်ခုလုံး တုန်ခါလာတယ်။ လေပြင်းတွေ တိုက်ခတ် လာပြီးတော့ မုန်တိုင်းကြီး တစ်ခု ဖြစ်လာတယ်။ ဖန်ကျန်းရှီကို ထိခိုက်စေဖို့ မလုံလောက် ပေမယ့်၊ ဒါက အစ တစ်ခုလိုပဲ။
“မယ်တော်။” ပင်းယန်က စိုးရိမ် တကြီးနဲ့ အော်တယ်။
ပင်းယန်ရဲ့ အသံကြောင့် ကောင်းကင်က ငွေရောင် ပုံရိပ် ရှိရာကို ဖန်ကျန်းရှီ လှည့်ကြည့်မိတယ်။ ဒါပေမယ့် ချင်းယွိက အဲ့ဒီ့ နေရာမှာ မရှိတော့ဘူး။ ချင်းယီဆီကို အရှိန်ပြင်းပြင်း တိုးဝင်လာတယ်။ ချင်းယွိက ငွေလမင်းတွေရဲ့ ရောင်စဉ်ကြောင့် အရမ်းကို တောက်ပနေတယ်။
ဒါ့အပြင် မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းကြောင့် ချင်းယီ ဘေးကို ချက်ခြင်း ရောက်လာခဲ့တယ်။ ချင်းယီကတော့ သူ့ဘေးကို ရောက်လာတဲ့ ချင်းယွိကို ပြုံးပြတယ်။ အေးစက်စက် အပြုံး တစ်ခုမှာ ဝမ်းနည်းရိပ်တွေ ထင်ဟပ် နေခဲ့တယ်။
သနားစရာ ကောင်းတာကတော့ လူတစ်ချို့ပဲ သူမရဲ့ အမူအယာကို ဂရုစိုက်တယ်။ လူအများစု အာရုံ စိုက်နေတာက သူမ လက်ထဲက လင်းယွမ် နယ်မြေပဲ။ ဒါက လင်းယွမ် မျှော်စင်ရဲ့ အသန်မာဆုံး ရတနာ တစ်ခုလေ။
ချင်းယီရဲ့ လင်းယွမ် နယ်မြေက မပြီးပြည့်စုံဘူး။ ဒါကြောင့် (နေလ မောင်နှံ နှစ်ဖြာ)ကို မဖန်တီးနိုင်။ ဒါပေမယ့် သူမ လက်ထဲက ကျောက်စိမ်း မျှော်စင်ငယ်နဲ့ ဆိုရင်၊ လူတိုင်း ရှိနေတဲ့ နေရာကို ပြောင်းလဲ နိုင်တယ်။
ဒါပေမယ့် အကြောင်းရင်း တစ်ချို့ကြောင့် မျှော်စင်က လူတိုင်း မျှော်လင့် ထားသလို မတောက်ပ လာခဲ့ဘူး။ ချင်းယွိရဲ့ ဓားက ချင်းယီရဲ့ ရင်ဘတ်ကို ဖောက်ထွက်ပြီး ထွက်ပေါ် လာခဲ့တယ်။ ငွေရောင်ဓားကြောင့် ထွက်လာတဲ့ သွေးတွေက နှင်းတွေကို နီရဲ သွာစေတယ်။ ဒီမြင်ကွင်းက အေးစက်ပြီး ဝမ်းနည်းစရာ ကောင်းတယ်။ သူမရဲ့ အခု အမူအယာ လိုပဲ။
ဒီလို ရုတ်တရက် အပြောင်းအလဲက တကယ့်ကို မြန်ဆန်တယ်။
ဖန်ကျန်းရှီရဲ့ ပင်းယန် အပါအဝင် ဘယ်သူမှ ဒီတိုက်ပွဲ ဒီလို ပြီးသွားမယ်လို့ မထင်ထား မိကြဘူး။ တကယ့် တိုက်ပွဲက အခုမှ စတင်တာလေ။ မစခင်မှာ ဘယ်လို ဆုံးသွားရ တာလဲ။ လင်းယွမ် မျှော်စင် တပည့်သားတွေ စိတ်ထဲမှာ တွေးနေခဲ့တယ်။ ချင်းယွိတောင် နားမလည် နိုင်ခဲ့ဘူး။
“အစ်မကြီး” ချင်းယွိ မယုံနိုင်စွာပဲ သွေးတစက်စက် ကျနေတဲ့ ဓားကို ကြည့်နေခဲ့တယ်။
“အံ့သြသွားတယ် မဟုတ်လား။ ဟ ဟား ဟား။ အဟွတ်။” ချင်းယီ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ရယ်မောရင်း၊ ပါးစပ်ထဲက သွေးတွေ စီးကျလာတယ်။ လုံးဝကို ရူးသွပ်နေသူ တစ်ယောက် အသွင်နဲ့ သူပြောတယ်။ “ချင်းယွိ။ မင်း တကယ်ပဲ နိုင်ပြီလို့ မထင်နဲ့။ လင်းယွမ် နယ်မြေကို ငါမပေး သရွေ့ မင်းမယူနိုင်ဘူး။”
“ခေါင်းဆောင်။”
“ခေါင်းဆောင်။”
တပည့်သား တစ်ဝက် အံ့သြတကြီးနဲ့ တုံ့ပြန် မိကြတယ်။ အခုချိန်မှပဲ တကယ့် ဆရာသခင် အစစ်ရဲ့ မာနကို သူတို့ နားလည်တော့တယ်။
ချင်းယွိကတော့ ပြန်မဖြေဘူး။ သူ့ကို အော်ဟစ်နေခဲ့တဲ့ အစ်မကြီးကိုသာ ပွေ့ဖက်လိုက်တယ်။ ချင်းယီရဲ့ သွေးတွေက ချင်းယွိရဲ့ ငွေရောင် ဝတ်ရုံကို နီရဲ သွားစေခဲ့တယ်။ ဒါပေမယ့် သူမကတော့ ဂရု မစိုက်။ သူမ အစ်မကြီးကိုသာ ဆက်ပြီး ပွေ့ဖက်ထားတယ်။
ချင်းယီ ခေါင်းမော့လိုက်တယ်။ လက်တစ်ဖက်မှာ ကျောက်စိမ်း မျှော်စင် လေးကို ကိုင်ထားတယ်။ နောက်လက် တစ်ဖက်မှာတော့ တောက်ပတဲ့ ရွှေရောင်ဓားကို ကိုင်ထားခဲ့တယ်။ တကယ်တော့ ရွှေရောင် တောက်ပနေတဲ့ ဓားက ချင်းယွိနဲ့ နည်းနည်းပဲ ကွာဝေးတာ။ အကြောင်းရင်း တစ်ချို့ကြောင့် ဒီဓားက ချင်းယွိဆီကို တစ်ချက်လေးတောင် ရွေ့မလာခဲ့ဘူး။ ချင်းယီ သူ့လက်ထဲက မျှော်စင်လေးကို ချင်းယွိဆီ ပေးလိုက်တယ်။
“လင်းယွမ် နယ်မြေက နောက်ဆုံးတော့ ပြည့်စုံ သွားပြီ။” ချင်းယီ သွေးအန်ရင်း ပြောတယ်။
“အစ်မကြီး။” ချင်းယွိ မျက်လုံးက မျက်ရည်စက်တွေ ရေခဲစက်လေး နှစ်စက်လို ကျဆင်းလာတယ်။
“ဒီနေ့က စပြီးတော့ မင်းက လင်းယွမ် မျှော်စင် ခေါင်းဆောင် အသစ်ပဲ။ မင်းက ငါ့ထက် သန်မာတယ်။ လင်းယွမ် နယ်မြေနဲ့ ပိုပြီးတော့တောင် သန်မာအုန်းမယ်။” ချင်းယီ ပြောပြီးတဲ့နောက် သူမ မျက်လုံးတွေ ဖြည်းဖြည်းချင်း ပိတ်သွားခဲ့တယ်။
သူမ ဘာကြောင့် ဒီလို လုပ်သွားမှန်း ဘယ်သူမှ မသိနိုင်ခဲ့ဘူး။ ဘယ်သူမှလည်း အဖြေမရှာနိုင်ခဲ့။
“ခေါင်းဆောင်။”
တပည့်သားတွေ အားလုံး ချင်းယီရဲ့ နောက်ဆုံး စကားကို ကြားချိန်မှာ ဒူးထောက် လိုက်ကြတယ်။
ချင်းယွိကတော့ သူမ အစ်မကြီးရဲ့ အသက်မဲ့ ခန္ဒာနဲ့ အတူလေထဲမှာ ရပ်နေခဲ့တယ်။ သူမရဲ့ ငွေရောင် ဝတ်ရုံကတော့ သွေးတွေ တဖြည်းဖြည်းချင်း စွန်းထင်းလာတယ်။ သူမရဲ့ အဖြူရောင် ဆံပင်တွေလည်း မူလ အနက်ရောင်ကို ပြန်ပြောင်းသွားခဲ့တယ်။ ဘယ်တုန်းကမှ ဆံပင်မဖြူခဲ့တဲ့ အတိုင်းပေါ့။
အချိန်တွေက ဖြည်းဖြည်းချင်း ကုန်ဆုံးနေတယ်။ နောက်ဆုံးမှာတော့ ချင်းယီရဲ့ ခန္ဒာကိုယ်ကို ဖြည်းဖြည်းချင်း ချီမပြီးတော့ လေထဲက ဆင်းသက်လာတယ်။ အဲ့ဒီ့နောက် ပင်းယန်နဲ့ ဖန်ကျန်းရှီဆီ လျှောက်လာတယ်။
“ဖန်ကျန်းရှီ လင်းယွမ် မျှော်စင်ရဲ့ ငါးရောင်ခြယ် ပန်းပွင့်တွေကို ခိုးယူပြီးတော့ ငါ့ကို ကန်တဲ့ ကိစ္စကို ရှင်းချိန် တန်ပြီ မဟုတ်လား။” ချင်းယွိက ပုံမှန် အတိုင်း ပြောတယ်။
အပိုင်း (၈၁၄) ပြီး၏။
အပိုင်း (၈၁၅)
“ဒေါ်လေး မင်းကို လိုချင်တယ်။”
ချင်းယွိက ဒေါသ ထွက်နေတဲ့ ပုံမပေါ်ပေမယ့်၊ သူမ ပြောလိုက်တဲ့ စကားက လင်းယွမ် မျှော်စင် တပည့်သားတွေကို လန့်သွားစေတယ်။
“ချင်းယွိ သခင်မက ဖန်ကျန်းရှီကို အပြစ်ပေးချင် နေတာလား။” တပည့်သားတွေ အခြေအနေကို နားမလည် နိုင်ကြဘူး။ ဒါပေမယ့် ခပ်မြန်မြန် သဘောပေါက်သွားတယ်။ ခေါင်းဆောင်သစ် အနေနဲ့ လင်းယွမ် မျှော်စင်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ် နေတာပဲ။ ဒါပေမယ့် ကံကြမ္မာက ဘာဖြစ်လို့ ဒီလောက် မြန်မြန် ရောက်လာ ရတာလဲ။
တပည့်သားတွေ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။
“မယ်တော်။ ဖန်ကျန်းရှီ သူက။” ပင်းယန် တစ်ခုခု ဝင်ပြောချင်တယ်။ ဒါပေမယ့် သူမ ပုခုံးကို လက်တစ်ဖက်က လာပုတ်တယ်။ လှည့်ကြည့်လိုက်တော့ ဖန်ကျန်းရှီက သူမကို မျက်စိ တစ်ဖက် မှိတ်ပြပြီးတော့ ပြုံးပြ နေခဲ့တယ်။ ချင်းယွိ သစ္စာဖောက်တာကို ဒေါသ မထွက်တဲ့ ပုံစံပဲ။
ပင်းယန် စကား ပြောနေတာကို ရပ်လိုက်ပြီးတော့၊ ချင်းယွိကို အရိုအသေပေးတယ်။ အဲ့ဒီ့နောက် ပြောတယ်။ “ ဒေါ်လေး။ ကျွန်တော် ငါးရောင်ခြယ်ပန်းတွေ ယူသွားတာကို ဘယ်လို သိတာလဲ။ ကျွန်တော် မှတ်မိတာ မှန်မယ်ဆိုရင်၊ အဲ့ဒီ့ အချိန်က ဒေါ်လေး ချိတ်ပိတ် ခံထားရတုန်းပဲ ရှိသေးတာ မဟုတ်လား။”
“ပန်းတွေကို ယူသွားတာတင် သိတာ မဟုတ်ဘူး။ ရေခဲကန်ဘေးမှာ ယန်အယ်ကို ဘာလုပ်ခဲ့တယ် ဆိုတာလည်း သိတယ်။ ရေခဲကန်ထဲမှာ ငါနေလာရတာ ၁၆နှစ် ရှိပြီလေး။” ချင်းယွိ ပြန်ဖြေတယ်။ ဖန်ကျန်းရှီကို အခက်တွေ့စေချင်တဲ့ ပုံစံတော့ မပေါ်ဘူး။
“ရေခဲကန်။” ပင်းယန် တစ်ခုခုကို မှတ်မိ သွားတဲ့ ပုံစံပဲ။
“ဒါဆို ပင်းယန် ရေခဲကန်ထဲမှာ မြင်ခဲ့တဲ့ အရိပ်က တကယ်တော့။”
“ဟုတ်တယ်။ မယ်တော်ပဲ။ မယ်တော် ယန်အယ်ကို နေ့တိုင်း တွေ့ရတယ်။ တိုက်ခိုက်နည်းတွေ သင်ပေးတဲ့ အရိပ်က မယ်တော်ပဲ။” ချင်းယွိ ခေါင်းငြိမ့်တယ်။ လေထဲမှာ လွင့်မျောနေတဲ့ သူမရဲ့ ဆံနွယ်စတွေက အဖြူရောင် ပြောင်းသွား ခဲ့ပြန်ပြီ။
“ဒါဆိုရင် ကန်ယွဲ့ကော သိလား။” ပင်းယန် မေးတယ်။
“သူသိတယ်။ ဘာကြောင့်လဲ ဆိုတော့ မယ်တော့် အရိပ်ကို ရေခဲကန်ထဲမှာ သူတွေ့လို့ပဲ။ ရေခဲကန်ထဲမှာ စည်းချခံထားရတာကို ခန့်မှန်း မိလောက်အောင် သူက ထက်မြက်ပါတယ်လေ။” ချင်းယွိ ခေါင်းငြိမ့် ပြန်တယ်။
“ရေခဲကန်ထဲက အရိပ်။” ပင်းယန် ဘာဖြစ်လို့ နှစ်ဝက်အတွင်း ဒီလောက်တောင် တိုးတက်လာမှန်း ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည် ခဲ့ရပြီ။
ကန်ယွဲ့။ သူမကို ခွင့်လွှတ်ရမလား။ မုန်းတီး ရမလားတောင် မသိတော့ဘူး။ ဒါပေမယ့် သေသွားတဲ့ သူကိုတော့ အလွတ်ပေးသင့်တယ်လေ။ အလွတ်ပေးသင့်တယ် ဆိုတာကို တွေးမိပြီး နောက်မှာတော့ ပင်းယန်နဲ့ ချင်းယွိကို ကြည့်ရင်း သူက လူပို တစ်ယောက်လို ခံစား မိလာ်တယ်။
“ပင်းယန် ငါအရင် သွားတော့မယ်။ ဒေါ်လေးနဲ့ မင်းစကားပြော နေရစ်တော့။”
“နေစမ်းပါအုန်း။ အကြွေး မဆပ်ပဲ သွားမလို့လား။”
ဖန်ကျန်းရှီရဲ့ လှည့်ကွက်ထဲကို ချင်းယွိ မရောက်ခဲ့ဘူး။ ချက်ခြင်း တားမြစ်တယ်။
“ဒီတော့ ဒေါ်လေး ပြောချင်တာ။ ကျွန်တော် အကြွေးဆပ်ပြီးတော့မှ သွားလို့ ရမယ်လို့လား။” ဖန်ကျန်းရှီ တလေးတစား မေးတယ်။
“ဟုတ်တာပေါ့။” ချင်းယွိ ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေတယ။်
“ဒေါ်လေး။ ကျွန်တော်တို့ တစ်ခေါက်ပဲ တွေ့ရပေမယ့်၊ ဒါက အချိန်ကိုက် တွေ့ဆုံတဲ့ ရေစက်ပါပဲ။ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက် ရန်သူလို သဘော ထားနေတော့မှာလဲ။ နောက်ပြီးတော့ ကျွန်တော်က ဒေါ်လေးလို့ ခေါ်တာကိုလည်း လက်ခံထားတယ် မဟုတ်လား။”
“နှုတ်သီးကောင်း လျှာပါးပဲ။” ချင်းယွိ ဖန်ကျန်းရှီကို ဆက်ပြောတယ်။ “ဖန်ကျန်းရှီ ငါမင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ငါးရောင်ခြယ် ပန်းပွင့်တွေက လင်းယွမ် မျှော်စင်ရဲ့ ရတနာပဲ။ ဒီတော့ မင်းယူသွားလို့ မရဘူး။ နောက်ပြီးတော့ လင်းယွမ် မျှော်စင်ကို အပြစ်ပြုခဲ့တဲ့ အတွက်လည်း လွယ်လွယ် အလွတ် မပေးနိုင်ဘူး။”
“ဒေါ်လေး ဘယ်လိုများ လုပ်ချင်ပါလဲ။”
“ရှင်းပါတယ်။ လင်းယွမ် မျှော်စင် ယောကျာ်းလေး တပည့် တစ်ခါမှ လက်မခံပေမယ့်၊ မင်းက ငါ့အစ်မကြီးရဲ့ စမ်းသပ်ချက်ကို အောင်မြင် ခဲ့တဲ့ အတွက် မျိုးနွယ်စုထဲ ဝင်ဖို့ ခွင့်ပြုပေးမယ်။ ဒါဆို ဒီမှာ နေလို့ ရပြီ။ နောက်ပြီးတော့ ပင်းယန်နဲ့ ထိတွေ့ ခဲ့ပြီးပြီဆိုတော့၊ ဒီကိစ္စကို နောင့်နှေးစေလို့ မဖြစ်ဘူး။ နောက်လ ၈ရက်နေ့က ထိမ်းမြားဖို့ ရက်ကောင်း ရက်မြတ်ပဲ။ လင်းယွမ် မျှော်စင်မှာ ရိုးရာအတိုင်း ထိမ်းမြားမှု ပြုပြီးတော့မှ၊ ရန်မြို့တော်မှာ အခမ်း အနားနဲ့ နောက်တစ်ခေါက် မင်္ဂလာပွဲ ပြန်ကျင်းပလို့ ရတယ်။” ချင်းယွိ တစ်ချက်လေးတောင် မနားပဲ အေးအေးဆေးဆေး ပြောသွားခဲ့တယ်။
သူမရဲ့ စကားတွေကြောင့် လင်းယွမ် မျှော်စင် တပည့်သားတွေတင် မကဘူး။ ပင်းယန်တောင် လန့်သွားခဲ့တယ်။
လက်ထပ်ပွဲတဲ့။ ချင်းယွိက လင်းယွမ် မျှော်စင်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ ဖန်ကျန်းရှီကို သတ်ရမှာ မဟုတ်လား။ ဘယ်လိုလုပ် လက်ထပ်ပွဲ ဖြစ်သွားတာလဲ။
“ဒေါ်လေးက ကျွန်တော့်ကို ပင်းယန်နဲ့ လက်ထပ်ဖို့ ဖိအား ပေးနေတာလား။” ဖန်ကျန်းရှီ နည်းနည်းတော့ အံ့သြ သွားပေမယ့် အငိုက်မိ မသွားခဲ့ဘူး။
သူက အရမ်း ဆွဲဆောင်မှု ရှိမှန်း သိပါတယ်။ ဒါကြောင့် ဒီလို ကိစ္စမျိုး ဖြစ်တာက ပထမဆုံး အကြိမ် မဟုတ်ဘူးလေ။ ကိုယ့်စိတ်ကိုယ် ပြင်ဆင် ထားပြီးသား။
“မင်းက လက်မထပ် ချင်ဘူးလား။”
“ကောင်းပြီလေ။ အမှန်အတိုင်း ပြောရရင်၊ ကျွန်တော်က အတော် ငယ်သေးတယ်။ ဘိုးဘေးတွေ ပြောတာ ယောကျာ်း တစ်ယောက်က ရည်မှန်းချက် ကြီးရမယ်တဲ့။ ကျွန်တော့်လို ယောကျာ်း စစ်စ် တစ်ယောက်က စစ်ပွဲတွေကို တိုက်ခိုက်ရင်း။”
“ယန်အယ်နဲ့ လက်ထပ်ပြီးမှ စစ်တိုက်လည်း ရတယ်။ နောက်ပြီးတော့ ယန်အယ်က ကြီးမြတ်သောရှရဲ့ မင်းသမီး။ မင်းသာ လက်ထပ်လိုက်ရင်၊ ဧကရာဇ်ရဲ့ သမက် ဖြစ်သွားမယ်။ ငါကလည်း မင်းကို လင်းယွမ် မျှော်စင်မှာ နေရာ တစ်ခု ပေးမယ်။ မင်းသာ ဒီကမ်းလှမ်းချက်ကို လက်ခံမယ် ဆိုရင်၊ နောက်နှစ်တစ်ရာ ကြာသွားတဲ့ အချိန် လင်းယွမ် မျှော်စင်ရဲ့ ခေါင်းဆောင် ရာထူး နင့်ကို လွှဲအပ်ပေးမယ်။” ချင်းယွိက ဖန်ကျန်းရှီရဲ့ ပေါက်ကရ စကားတွေကို ဖြတ်ပြောတယ်။
“ဒါကတော့ ကောင်းသားပဲ။” ဖန်ကျန်းရှီ ပြုံးရင်း ခေါင်းငြိမ့်တယ်။
“ဒီတော့ လက်ခံတယ်လား။” ချင်းယွိရဲ့ အေးစက်စက် မျက်နှာမှာ နှင်းတွေ အရည်ပျော်သွားတဲ့ အတိုင်း အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
“တကယ်တော့ အရမ်းကို သဘောကျပါတယ်။ ဒါပေမယ့်။”
“ဒါပေမယ့် ဘာဖြစ်လဲ။”
“ကျွန်တော် ပြောတဲ့ အတိုင်း။ ကျွန်တော်က ယောကျာ်း စစ်စစ် တစ်ယောက်လေ။ ဒီတော့ တခြားသူ တစ်ယောက်ရဲ့ တွန်းအားပေးမှုကို လက်မခံနိုင်ဘူး။ နောက်လရဲ့ ၈ရက်နေ့ မရောက်ခင် အထိ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ လင်းယွမ် မျှော်စင်မှာနေဖို့ အခုတော့ အချိန် မရှိသေးဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။
မျက်နှာတွေ နီရဲ နေခဲ့တဲ့ ပင်းယန်ကတော့ ဒီစကားကို ကြားချိန်မှာ ဖြူဖျော့ သွားခဲ့တယ်။ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။
“အချိန် မရှိဘူး။” ချင်းယွိကတော့ မကျေနပ်။
“ဟုတ်ပါတယ်။ ယင်ယန် ခန်းမကို သွားပြီးတော့ လူတစ်ယောက်ကို ချက်ခြင်း ရှာမှ ဖြစ်မှာပါ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“နောက်လ ၈ရက်နေ့ ရောက်ဖို့ တစ်လတောင် မလိုတော့ဘူး။ လက်ထပ်ပွဲ အတွက် ပြင်ဆင်ဖို့ အချိန် လောက်တယ် ဆိုရုံပဲ ရှိမယ်။ ဒီလောက်တောင် မစောင့်နိုင်ဘူးလား။”
“မစောင့်နိုင်ပါဘူး။ ဒေါ်လေး။”
“မင်းကို စောင့်ခိုင်းမယ် ဆိုရင်ရော။”
“ဖိအားပေးတဲ့ ဆက်ဆံရေး တစ်ခုက အလုပ်မဖြစ်ပါဘူး။”
“ဆက်ဆံရေး မရှိတာထက်တောင် ကောင်းသေးတယ်လေ။”
“ဒေါ်လေး ကျွန်တော်တို့ တွေ့တာ ဒါက ပထမဆုံး အကြိမ်။ တစ်ယောက် အကြောင်း တစ်ယောက်လည်း မသိဘူး။ သေချာ သိပြီးတော့မှ ဆုံးဖြတ်ချက် ချတာ ကောင်းပါတယ်။”
“မင်းပြောတော့ ငါတို့တွေက အချိန်ကိုက် တွေ့ဆုံတဲ့ ရေစက်ဆို။ ငါလည်း ယုံကြည့်တယ်။”
“အရှင်မင်းမြတ်ရော ဒါကို သဘောတူလား။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ သူနဲ့ လက်ရည်တူတဲ့ သူကို ရှာတွေ့ သွားခဲ့ပြီ။ ချင်း(ဂျင်း)ဆိုတာ ရင့်မှ စပ်တယ်။ တောင်ခြင်္သေ့အမတွေက ကြောက်စရာ အကောင်းဆုံး ဆိုတာ အမှန်ပဲ။
“သူက ငါ့စကားကို နားထောင်တယ်။”
“ဟုတ်တယ်။”
“ဒေါ်လေး။ ကျွန်တော် ကိုယ့်ဘက်ကိုယ်ယက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒေါ်လေး ဘယ်လောက် အင်အားကြီးပါစေ၊ ကျွန်တော့်ကို ထွက်မသွားနိုင်အောင် လုပ်ဖို့ သေချာရဲ့လား။” ဖန်ကျန်းရှီ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
“မင်းပြောတာ မှန်တယ်။ ငါမင်းကို မတားနိုင်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကိစ္စ တစ်ခုကို မင်းမေ့သွားတဲ့ ပုံစံပဲ။” ချင်းယွိလည်း ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
“ဘာများပါလိမ့်။”
“မင်းက လင်းယွမ် နယ်မြေထဲမှာ ရှိနေတာလေ။”
“ဒီတော့။” ဖန်ကျန်းရှီရဲ့ အမူအယာ နည်းနည်းတော့ ပြောင်းလဲ သွားတယ်။ သူတကယ်ပဲ ဒါကို မေ့သွားတာ။ ချင်းယီ သေသွားပြီး နောက်မှာ လင်းယွမ် မျှော်စင်က ပြီးပြည့်စုံ သွားခဲ့ပြီ။
“ယန်အယ် သွားကြစို့။” ချင်းယွိ ပြောတဲ့ အချိန်မှာပဲ။ ပင်းယန်ရဲ့ ခန္ဒာကိုယ်က ပျောက်ကွယ် သွားခဲ့တယ်။ သူမ ထွက်သွားပြီ။
တခြားသူတွေ အားလုံး အပြင်၊ လမင်းရှစ်စင်းလည်း ပျောက်ကွယ် သွားပြီ။ ဖန်ကျန်းရှီ တစ်ယောက်သာ တောတောင်ထဲမှာ ထီးထီးကြီး ကျန်နေခဲ့တယ်။ သူ့မှာ သူ့အရိပ်ပဲ ရှိတယ်။
“..” ဖန်ကျန်းရှီ သူ့ အရိပ်သူ ကြည့်ရင်း ကျိန်ဆဲ မိတော့တယ်။ “မိုးနတ်မင်းရေ့။ သေလိုက်ပါတော့လား။”
…
နှင်းဖုံးနေတဲ့ နယ်မြေ တစ်ခု။ နွေရာသီမှာတောင်၊ နှင်းတွေ ကျဆင်းနေတယ်။
နန်ကုန်း ဂူသချိုင်းရဲ့ ရာသီဥတုက တစ်နှစ်ပတ်လုံး ဒီလိုပဲ။
ဒီနေရာမှာ နှင်းထူထူတွေက လွဲပြီးတော့ ဘာမှ မရှိဘူး။ ဒီကျောက်တုံးတွေ ရှိနေတာ ဘယ်လောက် ကြာပြီးမှန်း ဘယ်သူမှ မသိ။
ဒီနေရာမှာ ထူးထူးခြားခြား သစ်ပင်ကြီး တစ်ပင်ရှိနေတယ်။ တိမ်တွေထဲ ဖောက်ပြီး မိုးသားထဲထိ ရောက်နေတဲ့ သစ်ပင်ကြီး။ ငွေရောင် ဖြာနေတဲ့ ပန်းပွင့် ဖြူဖြူတွေ ပွင့်ဖူးနေတယ်။
“မင်းမြင်လား။”
ခပ်၀၀ လူကြီး တစ်ယောက် သစ်ပင်ထိပ်ကို လက်ညှိုးထိုးပြတယ်။ သူကတော့ ပါးလွှာတဲ့ ဝတ်ရုံကို ဝတ်ထားတဲ့ နန်ကုန်းမျိုးနွယ် လက်ရှိ ခေါင်းဆောင် နန်ကုန်းထျန်း။ သစ်ပင်ထိပ်မှာ ကြည်လင်နေတဲ့ သစ်သီးတစ်လုံး။ အခွံမှာတော့ တိမ်ပုံစံတွေ အပြည့်။ ဒါ့အပြင် သူ့ရဲ့ အရှိန်အဝါက ထူးခြားနေတယ်။ သစ်ပင်နဲ့ ပန်းတွေကြားကို ကူးပြောင်း နေသလိုပဲ။
“မြင်ပါတယ်။” လူရိုင်းတစ်ယောက်လို မျက်နှာမှာ အမာရွတ် အပြည့်နဲ့ လူငယ်လေးက အခိုင်အမာ ဆုံးဖြတ်ထားတဲ့ ပုံစံနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။
ငယ်ဘဝတည်းက မိသားစု လျစ်လျူရှုတာကို ခံထားရတဲ့ နန်ကုန်းမု။ အခုချိန်မှာတော့ သူတို့မျိုးနွယ်တွေရဲ့ မျှော်လင့်ချက် သစ်ပင်ရှေ့မှာ ရောက်နေခဲ့ပြီ။ ကံကောင်းလား ကံဆိုးလားဆိုတာ သူမသိတော့။ ဒါက သူ့ကံတရားပဲ။ မွေးတည်းက ချည်နှောင်ထားတဲ့ ကံတရားကို မတိုက်ခိုက် နိုင်ခဲ့ဘူး။
“တကယ်ပဲ အဆင်သင့် ဖြစ်ပြီလား။” နန်ကုန်းထျန်းမေးတယ်။
“ဖြစ်ပြီ။” နန်ကုန်းမု ခေါင်းငြိမ့်တယ်။
“မင်းသာ လုံလုံလောက်လောက် မသန်မာရင် သစ်သီးကို စားပြီးတဲ့ အချိန် ပေါက်ကွဲထွက်သွားပြီ သေလိမ့်မယ်။ ငါတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ အသက်ရှင်နိုင်မှာ သေချာရဲ့လား။” နန်ကုန်းမုကို ဆယ်မိနစ် တိတိ စိုက်ကြည့်ပြီးတော့ နန်ကုန်းထျန်း ပြောတယ်။
“အင်း။” နန်ကုန်းမု ခေါင်းမငြိမ်တော့ဘူး။ အံကြိတ်ရင်း ပြင်းထန်တဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်တယ်။
“သွားတော့။ နန်ကုန်းမျိုးနွယ်ရဲ့ မျိုးဆက်။ မင်းရဲ့ အကိုလို ပါရမီ မရှိပေမယ့်၊ နန်ကုန်းမိသားစု သွေးတွေက မင်းကိုယ်ထဲမှာ စီးဆင်း နေတုန်းပဲ။” စိတ်ဆုံးဖြတ် ပြီးတဲ့ အတိုင်း နန်ကုန်းထျန်းက သစ်ပင်ထိပ်ကို လက်ညှိုးထိုးရင်း ပြောတယ်။
“အဖေ။” နန်ကုန်းမု တုန်ယင်သွားတယ်။ သူနောက်ထပ် မတည်ငြိမ်နိုင်တော့ဘူး။
“ဘာဖြစ်လို့လဲ။” နန်ကုန်းထျန်း သူ့သားကို မေးတယ်။
“တနေ့မှာ အကိုကြီးကို ကိုယ်တိုင် အနိုင်ယူပြမယ်။” နန်ကုန်းမု ပြောရင်းနဲ့ သစ်ပင်ဆီကို အရှိန်ပြင်းပြင်း တက်သွားတယ်။
ဂျွတ်။
နှင်းတွေက သစ်ပင်ပေါ်မှာ အလွှာ တစ်လွှာလို ဖုံးအုပ်နေခဲ့တယ်။ နန်ကုန်းထျန်းကတော့ တစ်ခဏတာ မျက်လုံးပြူးသွားတယ်။ သူ့ခေါင်းပေါ် ကျလာတဲ့ နှင်းတွေကို ခါမချဲ့ဘူး။
သူ့ခေါင်းပေါ်က စိမ်းပြာရောင် အကျီနဲ့ နန်ကုန်းမုကတော့ သစ်ပင်ပေါ်ကို မနားတမ်း တက်နေခဲ့တယ်။
“ဟောင်အယ်ကို အနိုင်တိုက်မယ်တဲ့လား။” နန်ကုန်းထျန်းရဲ့ နှုတ်ခမ်း နည်းနည်း တွန့်ကွေး သွားခဲ့တယ်။ ဒါပေမယ့် ခေါင်းခါရင်း သူပြောတယ်။ “စိတ်အား တက်စေဖို့ ကောင်းသားပဲ။ ဒါပေမယ့် သဘာဝရဲ့ ပါရမီရှင်ကို ကြိုးစားရုံနဲ့ အနိုင် မယူနိုင်ဘူး။”
နှင်းတွေက ဆက်တိုက် ကျဆင်းနေတယ်။ နန်ကုန်းမု သစ်ပင်ထိပ်က သစ်သီးကို ကြည့်ရင်း နန်ကုန်းထျန်းရဲ့ စကားတွေကို မကြားအောင် လုပ်နေခဲ့တယ်။ အဖြေကိုတော့ သူငယ်ငယ်တည်းက သိထား ပြီးသား။
အပိုင်း (၈၁၅) ပြီး၏။
အပိုင်း (၈၁၆)
“ကောင်းကင် မဟာမိတ် စုဝေးပွဲ။”
ဒါက သူ့ရဲ့ သွေးမျိုးနွယ်လိုပဲ။ နန်ကုန်း မိသားစုမှာ မွေးလာပြီးတည်းက မပြောင်းလဲနိုင်ပဲ ထွင်းထုထားခဲ့တဲ့ အမှတ်တစ်ခုလို ဖြစ်ခဲ့တယ်။ ဒါကြောင့် စကားတစ်ခွန်းတည်းက နန်ကုန်းထျန်းရဲ့ စိတ်ကို ဘယ်လို ပြောင်းလဲ စေနိုင်မှာလဲ။
နန်ကုန်းမု မေးခွန်းကို အာရုံစိုက်နေတာ ရပ်လိုက်တယ်။ သစ်ပင်ထိပ်က သစ်သီးဆီကို ရောက်ဖို့သာ အာရုံ စိုက်နေခဲ့တယ်။ ရွေ့လျားတာ မြန်လွန်းလို့ နှင်းတွေတောင် သူ့ကို မတားဆီးနိုင်ဘူး။ သစ်ပင်ထိပ်ကို ရောက်ဖို့ အချိန်ယူခဲ့ရတယ်။
ဆယ်မိနစ် ကုန်သွားပြီ။ အဲ့ဒီ့နောက် တစ်နာရီ။
သစ်ပင်အောက်မှာ ရပ်နေသူကို နန်ကုန်းမု မမြင်နိုင်တော့ဘူး။ တခြား တစ်ဖက်မှာတော့ သစ်သီးကို နီးကပ်လာနေပြီ။ သစီးနဲက ဆယ်မီတာ အလိုမျာ ရပ်လိုကတယ်။ သစ်သီးရဲ့ အကိုင်းထက်မှာ ရွှေရောင် ငှက်ကြီး တစ်ကောင် နားနေတာကို မြင်လိုက ရလို့ပဲ။ သူ့ရဲ့ ကျောက်စိမ်းရောင် မျက်လုံးတွေက နန်ကုန်းမုကို စိုက်ကြည့်နေတယ်။
ငှက်တစ်ကောင် ဒီလို နှင်းဖုံးဒေသမှာ ဒီလို အမြင့်ကို ရောက်ဖို့ အတွက် ခက်ခဲတယ်။ ဒီလင်းတက ကံကောင်းတဲ့ ကောင်ပဲ။ နန်ကုန်းမုကတော့ အံ့သြ မနေဘူး။ သားရဲတွေက လူတွေထက် အာရုံခံနိုင်စွမ်း ပိုကောင်းတာကို သူသိတယ်။ ဒီတော့ ရတနာ အနားမှာ အင်အားကြီး သားရဲကောင် ရှိနေတာ မဆန်းဘူး။
ရွှေရောင် ငှက်ကြီးက သူ့ကို လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်တယ်။ ဒါပေမယ့် သူကတော့ သစ်ပင်ကနေ လက်လွှတ်လို့ မဖြစ်ဘူး။ ဒါပေမယ့် နန်ကုန်းမုကတော့ နည်းနည်းလေးတောင် မကြောက်ဘူး။ သူ့ရဲ့ ကျောက်စိမ်း နီလာ ဓားနှစ်ဖြာကို ထုတ်ပြီး ငှက်ကြီးကို ချိန်လိုက်တယ်။
“ထွက်သွား။ မဟုတ်ရင် သေလိုက်။”
“ရှီး။”
သူတို့ စကားက ရှင်းလင်းတယ်။ ရလဒ်ကလည်း ရှင်းတယ်။ တိုက်ခိုက်နေကြပြီ။ သတ္တု အချင်းချင်း ထိခတ်သံတွေ ထွက်ပေါ်လာတယ်။ သစ်ပင်ကြီးကနေ နှင်းတွလည်း ဆက်တိုက် ကျလာတယ်။
သစ်ပင်ထိပ်မှာ အနက်ရောင် အစက်နှစ်စက် တိုက်ခိုက် နေတာကို နန်ကုန်းထျန်း ဒီအတိုင်းသာ မော့ကြည့်နေတယ်။ အချိန်တွေ့ တစ်ခါတစ်လေမှာ အကုန်မြန်ပေမယ့်၊ တစ်ခါ တစ်လေမှာတော့ တကယ့်ကို နှေးတယ်။ နန်ကုန်းထျန်းကတော့ သူစောင့်ရတဲ့ အချိန်ကို မတွက်ချက်ဘူး။ မကြာခင်ပဲ သတ္တု ထိခတ်သံတွေက တိုးညင်းလာပြီး ပျောက်ကွယ် သွားတော့တယ်။
ဒီအချိန်မှာပဲ ကောင်းကင်ကနေ လူတစ်ယောက် ပြုတ်ကျလာတယ်။ သူ့တကိုယ်လုံး သွေးအလိမ်းလိမ်းနဲ့။ မျက်နှာ၊ လက်မောင်း၊ ပုခုံး၊ ရင်ဘတ် နေရာ အားလုံးမှာ ကုတ်ခြစ်ရာတွေ အပြည့်။ နန်ကုန်းမုကတော့ စကား တစ်ခွန်းတောင် မပြောဘူး။ ညာလက်ထဲက သစ်သီးကိုသာ ကြည့်နေခဲ့တယ်။
“ဒဏ်ရာတွေကို အရင်ကု။ သစ်သီးက ခူးခူးချင်း အာနိသင် အကောင်းဆုံး ဖြစ်ပေမယ့်၊ မင်း ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်။ သစ်သီးကို သုံးရက် အတွင်း စားရင် အာနိသင် မပျောက်ဘူး။” နန်ကုန်းမုရဲ့ ဒဏ်ရာတွေကြောင့် နန်ကုန်းထျန်း မျက်မှောင် ကြုတ်နေခဲ့တယ်။ အဲ့ဒီ့နောက် စကား ဆက်မပြောနိုင်အောင် သူအံ့သြ သွားခဲ့တယ်။
နန်ကုန်းမုက သစ်သီးကို တစ်ချက်လေးတောင် မတွေဝေပဲ မျိုချလိုက်ပြီ။
“မုအယ်။”
“အား။” နန်ကုန်းမုရဲ့ အသံက တောင်တွေကြားမှာ ဟိန်းထွက် သွားတယ်။ ပြင်းထန်တဲ့ နာကျင်မှုကြောင့် သားရဲကောင်ကြီး ဒေါသနဲ့ ဟိန်းဟောက် နေသလိုပဲ။ နန်ကုန်းထျန်းကတော့ ဒါကို မြင်ချိန်မှာ အရမ်း ပူပန် နေခဲ့ပြီ။ နန်ကုန်းမု ဘာဖြစ်လို့ ဒီလို လုပ်မှန်း သူနားမလည် နိုင်ခဲ့ဘူး။ အမှန်တရားကတော့ မျက်စိ ရှေ့မှာလေ။
သေလု မျောပါး ဖြစ်နေတာတောင် အသီးကို ရအောင် မျိုချ သွားခဲ့တယ်။
“အား။” နန်ကုန်းမုက ဆက်တိုက် အော်ဟစ် လူးလိမ့်နေတယ်။ သူ့တကိုယ်လုံးကို ရေခဲ အလွှာ တစ်ခုက ဖုံးလွှမ်း သွားတယ်။ ရေခဲတွေက သူ့ခန္ဒာကိုယ် အတွင်းထဲကနေ ထွက်လာပုံပဲ။ တကိုယ်လုံးကို ဖုံးလွှမ်းထားတယ်။ နန်ကုန်းမု တစ်ခဏတာ ရပ်တန့် သွားတယ်။
ရေခဲအလွှာက တဖြည်းဖြည်း ထူထပ် လာပြီးတော့ လူသားပုံစံ အခေါင်းတစ်ခု ဖြစ်သွားတော့တယ်။
“မုအယ်။” နန်ကုန်းထျန်းကတော့ နေရာမှာတင် တောင့်တင်း နေခဲ့တယ်။ ရေခဲ အခေါင်းထဲက လူကို စိုက်ကြည့်ရင်း တကိုယ်လုံး တုန်ယင် နေခဲ့တယ်။ နန်ကုန်းထျန်းရဲ့ အတွေးနဲ့ ဒီလို စွန့်စားမှုကို ဘယ်သူမှ နားမလည်နိုင်ခဲ့။ ဒါပေမယ့် အခုချိန်မှာတော့ သူတကယ်ပဲ ငိုကြွေး နေရပြီ။
နှလုံးသားမဲ့တဲ့ နန်ကုန်းမျိုးနွယ် ခေါင်းဆောင်က နန်ကုန်းမုရဲ့ ခန္ဒာကိုယ် ရေခဲ အခေါင်းထဲ ရောက်သွားတာ မြင်ချိန်မှာ သူတကယ်ပဲ ငိုကြွေးခဲ့တယ်။
နန်ကုန်းထျန်း မလှုပ်ရှားဘူး။ ရေခဲ အခေါင်းကို ခွဲပြီးတော့ နန်ကုန်းမုကို ကယ်ဖို့လည်း မကြိုးစားဘူး။ နန်ကုန်းမု စားလိုက်တဲ့ သစ်သီးကြောင့် ရေခဲတွေက သူ့ရဲ့ ကလီစာတွေ အားလုံးကို ဝါးမျို သွားပြီမှန်း သူသိတယ်။ နန်ကုန်းမုကို သူအတင်းကယ်ဖို့ ကြိုးစားမှပဲ တကယ် အသက်မဲ့သွားလိမ့်မယ်။
နန်ကုန်းမုကို မကယ်သလို နေရာကနေလည်း တစ်ဖဝါးမှ မခွာဘူး။ လေသာချွန်နေခဲ့တယ်။ ဆုတောင်းနေတာလား။ စိတ်ခံစားချက်တွေကို ဖုံးကွယ် နေတာလားတော့ မသိနိုင်ခဲ့ဘူး။
နှင်းတွေက လေထဲမှာ တစ်လွှာပြီး တစ်လွှာ ပေါ်လာတယ်။ ကောင်းကင်ကြီး ရုတ်တရက် မှောင်မည်း သွားပြီးနောက် နှင်းတွေရဲ့ ရောင်ပြန်ဟပ်မှုက နယ်မြေ တစ်ခုလုံးကို လင်းထိန် သွားစေတယ်။ အလင်းရောင်ထဲမှာ သစ်ပင်အောက်က လူတစ်ယောက်ကို ထင်ထင်ရှားရှား မြင်နေ ခဲ့ရတယ်။
“ဟူး။” နန်ကုန်းထျန်း သက်ပြင်းရှည်ကြီး ချလိုက်တယ်။ ဖြည်းဖြည်းချင်း ကျောက်တိုင်တွေဆီ လျှောက်သွားတယ်။
ဆိုရိုးစကား တစ်ခု ရှိတယ်။ (အရာတစ်ခုကို တကယ်တမ်း ဆုံးရှုံး ပြီးမှပဲ သူ့ရဲ့ အရေးပါမှုကို သိနိုင်လိမ့်မယ်။”
ဒီအချိန်မှာပဲ အက်ကွဲသံ သဲ့သဲ့ကို နန်ကုန်းထျန်း ကြားလိုက်ရတယ်။ အရမ်းကို တိုးညင်းတယ်။
နန်ကုန်းထျန်း ချက်ခြင်း ရပ်တန့် လိုက်တယ်။ သူ့နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေခဲ့တယ်။ မျက်လုံးကလည်း နီရဲသွားတယ်။ စိတ်ခံစားချက်တွေက မီးတောင်လို ပေါက်ကွဲထွက်လာတယ်။
နန်ကုန်းထျန်း ရေခဲ အခေါင်းကို လှမ်းကြည့်တော့ အက်ကွဲရာကို တွေ့လိုက်ရတယ်။
“မုအယ်။ မင်း။ လုပ်နိုင်ခဲ့ပြီ။” နန်ကုန်းထျန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောတယ်။ ရေခဲ အခေါင်းမှာ အက်ကွဲရာတွေ ဆက်တိုက် ပေါ်လာပြီးနောက် လွင့်ထွက် သွားတော့တယ်။
ဝုန်း။
အေးစက်စက် လေထုနဲ့ အတူ မြေပြင်ပေါ်မှာ ဘာမှ မကျန်တော့တဲ့ အထိကို ရှင်းလင်းသွားတယ်။
လေတွေ တဖြည်းဖြည်း ငြိမ်သွားပြီးတဲ့ အချိန်မှာ စိမ်းပြာရောင် ဝတ်ရုံနဲ့ လူငယ်လေး တစ်ယောက် ပေါ်လာတယ်။ သူ့ရဲ့ ဒဏ်ရာတွေက လုံး၀ ပျောက်ကွယ် သွားပြီ။ အရေပြား အသစ်နဲ့ အစားထိုး လိုက်သလိုပဲ။ ငွေရောင် အလင်းတန်း ခပ်ဖျော့ဖျော့ ထွက်ပေါ်နေခဲ့တယ်။
“အဖေ။ ကျွန်တော် အသင့်ဖြစ်ပြီ။” လူငယ်လေး ပြောတယ်။ သူ့မျက်ဝန်းတွေက အသွင်ပြောင်းမှု တစ်ခုကို ကြုံလာရတဲ့ အတိုင်း တောက်ပ နေခဲ့တယ်။
“ဟုတ်ပြီ။ ကောင်းတယ်။ အရမ်းကောင်းတယ်။” နန်ကုန်းထျန်း သုံးကြိမ်တိတိ ပြောတယ်။ အဲ့ဒီ့နောက် ကောင်းကင်ကို မော့ကြည့်ရင်း ပြောတယ်။ “မဟာ ဘိုးဘေးတို့။ နန်ကုန်း မိသားစု နှစ်တစ်သောင်းတိုင် စောင့်ဆိုင်း နေခဲ့ရတဲ့ နေ့ရက်ကြီး နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။”
…
မြင့်မြတ် နယ်မြေ။ ကောင်းကင် တာအို ခန်းမ။ ကောင်းကင် ကျောင်းတော် ခန်းမ။
အရမ်းကို တိတ်ဆိတ်နေခဲ့တယ်။
နန်ကုန်းဟောင်ကတော့ ဆဋ္ဌမ အကြီးအကဲနဲ့ တပည့်သားတွေ အားလုံး ရှေ့မှာ ရောက်နေတယ်။ ဒါပေမယ့် သူတို့တွေ အားလုံးက အသက်မဲ့နေ သလိုပဲ။
မျက်ဝန်းတွေ အားလုံးက အမှောင်ထုက လွဲပြီးတော့ ဘာကိုမှ မမြင်သလိုပဲ။ သွေးအန်ပြီး မြေပြင်ပေါ်ကို လဲကျကုန်ရင်း သွေးမှော် စက်ကွင်း အဖြစ်ကို ပြောင်းလဲ သွားတယ်။ ဒီမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းတယ်။ ပိုပြီး ကြောက်စရာ ကောင်းတာကတော့ သူတို့ရဲ့ ခန္ဒာကိုယ်က ထွက်လာတဲ့ သွေးစီးကြောင်းတွေ အားလုံးက နန်ကုန်းဟောင်ဆီမှာ ပေါင်းစုံ သွားတာပဲ။
သူ့မျက်နှာပေါ်က အနီရောင် သင်္ကေတ ပိုပြီးတော့ တောက်ပလာတယ်။ သူ့ညာဘက် မျက်ဝန်းထဲက သွေးမှော် စက်ကွင်းကလည်း ပိုပြီးတော့မြန်မြန် လှည့်ပတ်တော့တယ်။
နောက်ဆုံးမှာတော့ သွေးညှီနံ့တွေ ပျောက်သွား ခဲ့ပြီ။
နန်ကုန်းဟောင် မျက်နှာပေါ်က သင်္ကေတနဲ့ သွေးမှော် စက်ကွင်းလည်း အတူတူ ပျောက်ကွယ် သွားပြီးနောက် ငြိမ်သက် သွားခဲ့တယ်။ ဒါက သေခြင်းတရားရဲ့ အလယ်မှာ ရှိတဲ့ ငြိမ်းချမ်းမှုပဲ။
ဆဋ္ဌမ အကြီးအကဲနဲ့ အတူ တပည့်သားတွေ အားလုံး မြေပြင်ပေါ်ကို လဲကျကုန်တယ်။
နန်ကုန်းဟောင်ကတော့ နှလုံးသားမဲ့လတဲ့ လူတစ်ယောက် အတိုင်း အေးအေးဆေးဆေး ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူ့မျက်နှာမှာ ဝမ်းနည်း အားနာမှုတွေလည်း ရှိနေခဲ့တယ်။
ကောင်းကင်က ဖြည်းဖြည်းချင်း မည်းမှောင်သွားတယ်။ ဓားတောင်ထိပ်ကို ဖြည်းဖြည်းချင်း ဦးတည်တယ်။
ဓားတောင်ထိပ်မှာ အစောင့်အကြပ် ပိုများတယ်။ လေညင်းက သွေးနံ့တွေကို သယ်ဆောင်သွားတယ်။ နွေရာသီရဲ့ ပူပြင်းမှုကြောင့် သွေးနံ့တွေ သိပ်မပြင်းတာကိုပဲ ကျေးဇူး တင်ရမယ်။
“နန်ကုန်းဟောင် ရပ်စမ်း။”
“ငါတို့ ဆရာသခင်ကို ဘယ်လို သတ်ဝံ့တာလဲ။ မင်းဘယ်လို ပြစ်မှုကို ကျူးလွန်လိုက်မှန်း မင်းသိလား။”
“မင်းတကယ့်ကို မကြောက်။“
တပည့်သား သုံးယောက် ဆက်မပြောနိုင်တော့ဘူး။ သူတို့ရဲ့ အင်အားတွေကို ချက်ခြင်း ဆုံးရှုံး လိုက်ရပြီလေ။
“အား။ ဒီကောင်က မိစ္ဆာပဲ။ သတ်ကြ။”
“သေစမ်း။”
တိုက်ပွဲ ခေါ်သံတွေက သိမ်ကြာဘူး။ ဓားတောင်ထိပ်လည်း မကြာခင် အေးချမ်း သွားပြန်တယ်။
မြေပြင်ပေါ်မှာ အလောင်းတွေ ထပ်နေကြတယ်။ အားလုံးက နောင်တ၊ အကြောက်တရား၊ စိတ်ပျက်မှုတွေ ပြည့်နေတဲ့ မျက်လုံး ပြူးကြီးတွေနဲ့။
အရာအားလုံး ပြီးဆုံးဖို့ အချိန်သိပ် မကြာခဲ့ဘူး။ ဓားကို ကျောမှာ လွယ်ထားတဲ့ အဖြူရောင် လူရိပ်လေး တစ်ယောက်ပဲ ကျန်ရစ်ချိန်မှာ အားလုံး တိတ်ဆိတ် သွားခဲ့ပြီ။
…
ကျမ်းကောင်းကင်တောင်။
ဒါက ကောင်းကင် တာအို ခန်းမနဲ့ ဖူရှိးတောင်ကြားရဲ့ နယ်မြေကြားမှာ ရှိတယ်။ တိမ်တွေ အပေါ်က တောင်တန်း တစ်ခုပဲ။ ဒါပေမယ့် တောင်ထိပ်ကတော့ ပြန့်ပြူးကတယ်။ ဒါကြောင့် ကောင်းကင် တောင်ထိပ်လို့ လူသိများတယ်။
ကောင်းကင် တောင်ထိပ်မှာ ကျောက်စိမ်းရင်ပြင်ကြီး ရှိတယ်။ လူပုံစံ ရုပ်တု ငါးခုလည်း ရှိတယ်။ တစ်ခုနဲ့ တစ်ခု ပုံစံ မတူဘူး။
အလယ်တည့်တည့်မှာတော့။ လုံးဝန်းတဲ့ ကောင်းကင်၊ စတုရန်းပုံ ကမ္ဘာရှိတယ်။ စတုရန်းရဲ့ အထဲမှာ စက်ဝိုင်းရှိနေပြီးတော့ အမိုးမြင့်မြင့် ခန်းဆောင်ကြီး တစ်ခု တည်ဆောက်ထားတယ်။ ဒါက ကောင်းကင် မဟာမိတ် စုဝေးပွဲပဲ။
ကျမ်းကောင်းကင်တောင်ကို တက်လာဖို့က တကယ့်ကို မလွယ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်ကြီးက အရင်ကထက်သ သုံးဆ မြင့်လာလို့ပဲ။ စမ်းချောင်း ရေစီးသံတွေနဲ့ အေးချမ်းတဲ့ ရနံ့ကို လူတိုင်း ခံစားလို့ ရနိုင်တယ်။
ဒါပေမယ့် မမြင်ရတဲ့ အန္တရာယ်တွေကတော့ အလှတရားထဲမှာ ရှိနေဆဲ။
ကြီးမားတဲ့ ကြောက်စရာ သတ္တဝါကြီး ကောင်တွေ တောင်ထဲမှာ လှည့်လည် သွားလာနေတယ်။ သားရဲတွေတင် မကဘူး။ နေရောင် လရောင်ကို ကာဆီးနိုင်အောင် ကြီးမားတဲ့ ငှက်ကြီးတွေလည်း ရှိနေတယ်။ သူတို့ အတောင်ပံ ခတ်လိုက်တိုင်းမှာ ရှေးဟောင်း သစ်ပင်ကြီးတွေကိုတောင် တုန်ခါ သွားစေတဲ့ လေလှိုင်းတွေကို ဖန်တီးနိုင်တဲ့ ငှက်ကြီးတွေ ရှိနေတယ်။
အပိုင်း (၈၁၆) ပြီး၏။
အပိုင်း (၈၁၇)
“လင်းယွမ် နယ်မြေနဲ့ ဖန်ကျန်းရှီရဲ့ ဆုံးဖြတ်ချက်။”
ဒါပေမယ့် ဘယ်အရာကမှ တောင်ခြေမှာ စုဝေး နေကြတဲ့ လူအုပ်စုတွေကို မတားနိုင်ကြဘူး။ နိုင်ငံတော်ကြီး လေးခုရဲ့ စစ်သည် တစ်သောင်းက အရပ်လေးမျက်နှာမှာ တပ်ဖြန့်ထားကြတယ်။ မတူညီတဲ့ အရောင်တွေနဲက သံချပ်ကာတွေကို ဝတ်ဆင်ထားပြီးတော့ လှံတံတွေကို ကိုင်ဆောင် ထားကြတယ်။
စစ်သည်တွေထဲမှာ မတူညီတဲ့ အရောင်စုံ ဝတ်ရုံတွေနဲ့ လူငယ်တွေရော လူကြီးတွေပါ ရှိနေခဲ့တယ်။ အုပ်စု တစ်ခုချင်းစီတိုင်းက မတူညီတဲ့ သင်္ကေတ အလံတွေကို ကိုင်ဆောင် ထားခဲ့တယ်။
ကောင်းကင် မဟာမိတ် စုဝေးပွဲ။
ဒါကို ကောင်းကင် တာအို ခန်းမက ဦးဆောင်တယ်။ လောကကြီးက မျိုးနွယ်စုတိုင်းနဲ့ အင်အားစုတွေ အားလုံးကို ဖိတ်ခေါ်ခဲ့တယ်။ နိုင်ငံတော်ကြီး လေးခုရဲ့ ဧကရာဇ် တွေကိုလည်း အတူတူပဲ။
အရိပ်မျိုးနွယ်စုလည်း ဖိတ်ခေါ်ခံရတဲ့ အထဲမှာ ပါတာပေါ့။ ကြီးမြတ်သောရှရဲ့ တပ်စုတွေက ကျမ်းကောင်းကင်တောင်ရဲ့ အရှေ့ အရပ်မှာ စခန်းချတယ်။
“ရှန်းအရှင်လင်းယွမ်။” ငွေဖြူရောင် သံချပ်ကာ ဝတ်ထားတဲ့ လူတစ်ယောက် စစ်တပ် ဝင်ပေါက်ဆီ အသော့နှင် လာနေခဲ့တယ်။ သူ့ရဲ့ မိုးပြာရောင် ဝတ်ရုံကတော့ မြေပြင်ကို ထိနေခဲ့ပြီ။
“မင်းသားရန်။” လင်းယွမ် ချက်ခြင်း ဂါရဝပြုတယ်။ သူ့တကိုယ်လုံးကို ကွေးညွှတ်ပြီးတော့ ခေါင်းငုံ့ရင်းတော့ပေါ့။
“ရှန်းအရှင်၊ ဒီလို ထုံးတမ်း စဉ်လာတွေကို လိုက်နာနေဖို့ မလိုပါဘူး။ ငါကလည်း မင်းသားရန် မဟုတ်တော့ဘူး။ အဲ့ဒီ့ နာမည်ကို မခေါ်နဲ့တော့။” အသံ အက်အက်က ထင်ရှားတယ်။ အဲ့ဒီ့နောက် ရှန်း အရှင်ရဲက နောက်က တပ်ကိုကြည့်ရင်း မေးတယ်။ “အရှင်မင်းမြတ် ဒီမှာ ရှိမနေဘူးလား။”
“ဟုတ်ပါတယ်။ ခမည်းတော်က သွား။”
“လင်းယွမ် မျှော်စင် သွားတာလား။”
“ဟုတ်ပါတယ်။ ပြန်မလာ သေးပါဘူး။”
“ကောင်းပြီလေ။ လင်းယွမ် မျှော်စင်က အပြင်လူတွေ မဝင်ရအောင် တားမြစ် ထားပေမယ့်၊ ချင်းယီက အရှင်မင်းမြတ်ကိုတော့ သတ်မှာ မဟုတ်ပါဘူး။ စကားမစပ် ကြီးမြတ်သော ရှမှာ အခြေအနေ ဘယ်လိုရှိလဲ။” တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် ရန်ချန်လိ ခေါင်းငြိမ့်တယ်။
“သိပ်တော့ မကောင်းလှဘူး။ အပြောင်းအလဲတွေက နေရာတိုင်းမှာ ဖြစ်နေတယ်။ ထူးခြားတဲ့ အပြောင်းအလဲတွေက ရုတ်ရုတ်သဲသဲ ဖြစ်စေတုန်းပဲ။ ကံကောင်းတာ ဒီကိစ္စတွေကို ထိန်းချုပ် ထားနိုင်တုန်းပဲ။ ဒါပေမယ့် ကန်လင်းတောင်မှာတော့။” ရှန်းအရှင် လင်းယွမ် ခေါင်းခါလိုက်တယ်။
“ဟုတ်တယ် ကန်လင်းတောင်က ငါတို့ မင်းဆက်နဲ့ နတ်ဆိုး မျိုးနွယ် နယ်စပ်မှာ ရှိနေတော့ ထိန်းချုပ်ရ ခက်ခဲမှာပဲ။ နောက်ပြီးတော့ တောင်ဘက်မှာလည်း အင်အားကြီး သားရဲကောင်တွေ ရှိနေတယ်။ ငါတို့တွေကို ထိန်းချုပ်ရ ခက်စေတယ်။ ရှန်းအရှင် ဘယ်လို လုပ်ဖို့ စီစဉ် ထားပါသလဲ။”
“အစကတော့ ကန်လင်းတောင်ထဲက ရွာသားတွေ အားလုံးကို ဟွေ့အန်း ဒေသဆီ ပို့ပေးဖို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမယ့် ရွာသား အားလုံးက ငြင်းပယ်တယ်။ ဒီနေ့က သူတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင် ခေါင်းချ ခဲ့တဲ့ နေရာ ဖြစ်နေတာကြောင့် ဘယ်တော့မှ မစွန့်ခွာ နိုင်ဘူးတဲ့။ အပြင် ဒေသမှာလည်း သူတို့ အသက်ရှင် နေထိုင် စားသောက်ဖို့ လုပ်ငန်း လုပ်ရတာ လွယ်ကူမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ကန်လင်းတောင်ကို ချိတ်ပိတ်ပြီးတော့ တပ်တွေနဲ့ အစောင့် ချထားခဲ့တယ်။ နဂါး တပ်ဖွဲ့က တပ်စု တစ်ခုကိုလည်း မင်းသားကန်ရဲ့ မိဘတွေကို ကာကွယ်ဖို့ ခမည်းတော်ရဲ့ အမိန့် အာဏာနဲ့ လွှတ်ထားပါဘူး။”
“ရှန်းအရှင်ရဲ့ စောင့်ရှောက်မှုကိုသာ သိရင်၊ ဖန်ကျန်းရှီလည်း ပူပန်စရာ မရှိပဲ အသေဖြောင့် နိုင်ပါဘူး။”
“သေတယ်။ ဖန်ကျန်းရှီ သေပြီလား။”
“အင်း။” ရန်ချန်လိ စိတ်မကောင်းချင်း ကြီးစွာနဲ့ သက်ပြင်းချလိုက်တယ်။
“ဖန်ကျန်းရှီ မသေသေးပါဘူး။” အမျိုးသမီး တစ်ယောက်ရဲ့ အခိုင်အမာ ပြောသံကို ကြားလိုက်ရတယ်။
“ဟုတ်တာပေါ့။ ဒါပေါ့။ အဲ့ဒီ့ သကောင့်သားက သေမှာ မဟုတ်ပါဘူး။” နောက်ထပ် အသံ တစ်သံကိုပါ ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် လူတစ်ယောက်က ရှေ့ထွက်လာပြီး ရန်ချန်လိကို ပြောတယ်။ “အဖိုးကြီးရန်။ ကောင်းတဲ့ စကားလေး နည်းနည်းပါးပါး မပြောနိုင် ဘူးလား။ အဲ့ဒီ့ ကောင်လေးက လူသား ဆေးရည် ဖြစ်သွားပြီးတော့ ရုတ်တရပ် အဆင့်တက် သွားတယ်လို့။”
“…” ရန်ချန်လိ နှုတ်ခမ်းတွေ တွန့်ကွေးသွားရင်း ခေါင်းခါတယ်။ “ငါလည်း မမျှော်လင့် မိဘူးထင်လား။ ဒါပေမယ့် ဖြစ်မှ မဖြစ်နိုင်ပဲ။ သတင်း မကြားရတာ ဒိလောက်တောင် အချိန် ကြာနေပြီ။ နှစ်ဝက် ရှိသွားပြီလေ။”
“မဟုတ်ဘူး။ သူ မသေဘူးလို့ ယွဲ့အာ ယုံတယ်။” အမျိုးသမီးရဲ့ အခိုင်အမာ ပြောသံက ရန်ချန်လိကို နှောက်ယှက်လိုက်တယ်။
“ကောင်းပြီ။ ဒီကိစ္စကို ထားလိုက်တော့။ ကျမ်းကောင်းကင် တောင်မှာ အခြေအနေ ဘယ်လိုလဲ။” ရန်ချန်လိ ငြင်းခုန်နေတာ ရပ်လိုက်ပြီးတော့ ရှန်းအရှင် လင်းယွမ်ကို ပြောတယ်။
“ကျမ်းကောင်းကင် တောင်မှ ပုံမှန် မဟုတ်တာ ဘာမှ မရှိပါဘူး။ ကြီးမြတ်သော ရှရဲ့ တပ်တွေနဲ့လည်း တခြား ဘယ်မျိုးနွယ်စုကိုမှ မထိန်းကွပ် နိုင်ဘူးလေ။ ဒါဇင်ချီတဲ့ မျိုးနွယ်စုတွေ မင်းသားရန် မရောက်ခင် ရောက်လာကြပြီးပြီ။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမ စပြီး လှုပ်ရှားပြီဆိုတော့၊ ကောင်းကင် တောင်ထိပ်ဆီကို မကြာခင် လမ်းဖွင့်ပေးမှာ ဖြစ်နိုင်ပါတယ်။” ရှန်းအရှင် လင်းယွမ်က ဝမ်းနည်းနေပုံ ပေါက်ပေမယ့် ချက်ခြင်း သင့်တော်သလို ပြန်ဖြေတယ်။
“ကောင်းပြီလေ။ ကြည့်ရတာ တောင်ခြေမှာ တစ်ခဏတော့ နေရအုန်းမယ့် ပုံပဲ။”
“မင်းသားရန်။ တပ်စခန်းထဲမှာ ကျေးဇူး ပြုပြီးတော့ အနားယူပါ။ ကျွန်တော့်လူ သုံးထောင် အတွက် စစ်တပ်သုံးတဲတွေကို လုပ်ထားပြီးပြီ။ ဘုရင်အဆင့် တဲတစ်လုံးကိုလည်း ဖယ်ထား ပါတယ်။ မင်းသားရန်”
“ဘုရင် အဆင့် တဲတွေ ဘာတွေနဲ့ ငါနေသား မကျဘူး။ ကြုံရာ တဲထဲမှာပဲ နေလိုက်ပါမယ်။ အကယ်၍ အဆင်ပြေရင်၊ ငါ၊ ယွဲ့အာနဲ့ ကောင်းကင်အိုအေစစ် အဖိုးကြီးကို သင့်တော် သလိုသာ စီစဉ်ပေးလိုက်။”
“နားလည်ပါပြီ။ အခုပဲ စီစဉ်လိုက်ပါမယ်။” ရှန်းအရှင် လင်းယွမ် ချက်ခြင်း အမိန့်ချတယ်။
အဲ့ဒီ့နောက် ဝါးခမောက်ဆောင်း၊ ဝတ်ရုံနက်ဝတ် အရိပ်မျိုးနွယ် တပည့်သားတွေ တဲစခန်းထဲ ချက်ခြင်း ဝင်လာကြတယ်။
…
မြင့်မြတ် နယ်မြေ၊ လင်းယွမ် မျှော်စင်။
လင်းယွမ် မျှော်စင်ရဲ့ အတွင်းပိုင်းက ခမ်းခမ်းနားနား အလှဆင်ထားတာ မရှိဘူး။ ဒါပေမယ့် အတော့်ကို သပ်ရပ်လွန်းတယ်။ နောက်ပြိးတော့ အထပ် တစ်ထပ်ချင်းစီတိုင်းက တည်ဆောက်ထားတဲ့ ပုံစံ မတူဘူး။ တောင်နဲ့မြစ် ပန်းချီကားတွေ ရှေးလက်ရာ ကားချပ်လိပ်တွေနဲ့သာ ပြည့်နေခဲ့တယ်။
နေရောင်က လင်းမုပိုင်ရဲ့ ကိုယ်ပေါ်ကို ကျရောက်နေတယ်။ အရင်ကထက်တော့ ပိုပြီး ကောင်းကောင်းမွမ်မွန် ဆက်ဆံ ခံနေ ရပါပြီ။ အနည်းဆုံးတော့ ဒီမှာ အသစ်ဆောက်ထားတဲ့ ခန်းဆောင် တစ်ခု ရှိနေပြီလေ။ အစားအသောက်တွေကိုလည်း အချိန်မှန် လာပို့ကြတယ်။ နန်းတော်ထဲက အစားအသောက်တွေနဲ့ ယှဉ်လို့ မရပေမယ့် သူစိတ်ထဲ မထားပါဘူး။
ချင်းယွိက သူ့ကို ထွက်သွားဖို့ ပြောပေမယ့် သူကတော့ ဒီမှာ တွယ်ကပ် နေနေဆဲ။ အခုလို နေရတာကိုလည်း ကျေနပ် နေခဲ့တယ်။ အရေး အကြီးဆုံးကတော့ လင်းယွမ် မျှော်စင် တပည့်သားတွေရဲ့ အပြုအမူကလုံး၀ ပြောင်းလဲ သွားတာပဲ။ အရင်လို လျစ်လျူရှု မထားတော့ပဲ ယဉ်ယဉ်ကျေးကျေး ဆက်ဆံ နေခဲ့ကြတယ်။
ဒါက မျှော်လင့်ချက်တွေကို မီးထိုး ပေးလိုက်သလိုပဲ။
ဇွဲကောင်းရမယ်။ ဝီရိယ ရှိရမယ်။ မဆုတ်မနစ်တဲ့ လုံ့လ ရှိရမယ်။
လင်းမုပိုင် သူ့ရဲ့ စိတ်အားထက်သန်မှုက ကောင်းကင်ကြီးကိုတောင် လှုပ်ရှား စေတယ်လို့ ထင်နေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနေရာမှာ သူဆက်နေခွင့် ရတယ်လေ။ ဒါပေမယ့် သူ့ကို ချင်းယွိက လာမတွေ့ခဲ့ဘူး။ ပင်းယန် တစ်ယောက်ပဲ သူ့ကို လာစကားပြောတယ်။
“မယ်တော်ဖုရား။ ခမည်းတော်လေ။”
“ယန်အာ။ အမေ့ကို အဲ့လို မခေါ်နဲ့လေ။ အမေက ကြီးမြတ်သောရှရဲ့ ဧကရီ မဟုတ်တော့တာ ကြာပြီ။ နောက်ပြီးတော့ သမီး အဖေနဲ့ အမေ့ကြားမှာ အထင်လွဲတာတွေ အများကြီး ရှိနေတယ်။ အမေတို့ နှစ်ယောက်ကို ကံတရားက ဆုံဆည်းဖို့ မသတ်မှတ်ထားဘူး။ ဒီတော့ ကြိုးစားဖို့လည်း မလိုတော့ပါဘူး။” ပင်းယန်ရဲ့ စကားကို ချင်းယွိ ဖြတ်ပြောတယ်။ အဲ့ဒီ့နောက် ပင်းယန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သူမရဲ့ ပိုးသားလို ဆံပင်လေးတွေကို ဖြည်းဖြည်းချင်း ပွတ်သပ် နေခဲ့တယ်။
“ခမည်းတော်ရဲ့ ဒဏ်ရာတွေကော ဘယ်လိုလဲ။”
“မစိုးရိမ်ပါနဲ့။ သူ့ရဲ့ အစားအသောက်တွေထဲမှာ ကုသဆေးတွေကို ထည့်ထား ခိုင်းပြီးပြီ။ ဒီတော့ မကြာခင် ပြန်ကောင်းလာမှာပဲ။ သမီး စိုးရိမ် သင့်တာက လက်ထပ်ဖို့ပဲ။”
“ဒါပေမယ့် သမီး လက်မထပ် ချင်သေးဘူး။” ရှက်သွေးဖြာ သွားတဲ့ ပင်းယန်၊ သူမ ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်တယ်။
“အချိန်က တကယ်ပဲ အရေးကြီးလို့လား။ မေ့သမီး လက်မထပ်ချင်တာ ဒါကြောင့် သေချာရဲ့လား။” ချင်းယွိက ပြုံးပြုံးကြီး မေးတယ်။
“အဲ့ဒီ့ အရှက်မရှိတဲ့ ကောင်စုတ်ကို သမီး လက်မထပ် ချင်ဘူး။” ပင်းယန် ခေါင်းမာတဲ့ ပုံစံလေးနဲ့ ပြောနေခဲ့တယ်။
“စိတ်မပူပါနဲ့။ သူ့ကို ဖိအား ပေးပြီး လက်ထပ် ခိုင်းတာက အမေပါ။ မေ့သမီးလေး မဟုတ်ဘူးလေ။ ဘာများ စိုးရိမ် နေတာလဲ။” ချင်းယွိကတော့ ပင်းယန်ရဲက အတွေးကို ကောင်းကောင်း နားလည် နေခဲ့တယ်။
“မယ်တော်။ လင်းယွမ် မျှော်စင်ထဲမှာ အန္တရာယ်များလား။”
“ဒါပေါ့။”
“ဒါဆိုရင် ဘာကြောင့် သူ့ကို။”
“အမေ မထိန်းချုပ် သရွေ့။ သူ့ကို ထိခိုက်စေမှာ မဟုတ်ဘူး။ ဖမ်းထားရုံပဲ ဖြစ်မှာ။” ပင်းယန်ရဲ့ ခေါင်းကို ချစ်ခင်မြတ်နိုးမှု အပြည့်နဲ့ ပုတ်ရင်း ချင်းယွိ ပြောတယ်။
“သူ့ကို ဘယ်လောက် ကြာကြာ ဖမ်းထား မလို့လဲဟင်။”
“အမေ့ အကြံကို သူသဘောတူတဲ့ အချိန်အထိပေါ့။”
“အဲ့တာ ဖြစ်နိုင်လို့လား။ အဲ့ဒီ့ အရှက်မရှိတဲ့ ကောင်စုတ်က လန့်စရာ ကောင်းလွန်းတယ်။ အကယ်၍ သူသာ ကိုယ့်ဘာကို ထွက်လာနိုင်ရင် ဘယ်လို လုပ်မလဲ။”
“စိတ်အေးအေးထားပါ။ သူထွက်မလာ နိုင်ပါဘူး။ တခြား မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်တွေတောင် လင်းယွမ် နယ်မြေထဲမှာ ပိတ်မိနေရင် ထွက်မလာနိုင်ဘူး။ ဖန်ကျန်းရှီ တစ်ယောက်တည်း မပြောနဲ့။ လင်းယွမ် နယ်မြေက လင်းယွမ် မျှော်စင် ဖြစ်လာဖို့ အကြီးမားဆုံး အကြောင်းအရင်းဆိုတာ မေ့သမီးလေး သိလား။” ချင်းယွိ ပြုံးပြရင်း ပြောတယ်။
ပင်းယန် ပြန်ဖြေဖို့ လုပ်ပေမယ့် ချင်းယွိက ပြတင်းပေါက် အနားကို ရောက်နေခဲ့ပြီ။ နေမင်းကြီးကို ကြည့်နေခြ့တယ်။
“လောကကြီးက ရုတ်တရက် ပြောင်းလဲ သွားတယ်။ ကောင်းကင် တာအို ခန်းမက မြင့်မြတ် နယ်မြေ မျိုးနွယ်စုတွေနဲ့ နိုင်ငံတော်တွေကို စုဝေးပြီးတော့ ကောင်းကင် မဟာမိတ် စုဝေးပွဲ လုပ်ဖို့ စီစဉ်နေတယ်။ တစ်ခုခု ကြီးကြီးမားမားတော့ ဖြစ်လာလိမ့်မယ်။ ယန်အာ။ အမေနဲ့ အတူတူ လိုက်ခဲ့ပါလား။” ချင်းယွိ မျက်မှောင်ကြုတ်နေရင်း ပြောတယ်။ သူမ သေချာ စဉ်းစား နေတာ အသေအချာပဲ။
“ကျမ်းကောင်းကင်တောင်ကို သွားရမှာလား။ ဒါဆို အဖေနဲ့ ဖန်ကျန်းရှီကို ဘယ်” ပင်းယန် စကားကို တဝက်တပြတ် ရပ်လိုက် ပြန်တယ်။
“သမီး အဖေက ဧကရာဇ်ဆိုတော့ သူလည်း ဖိတ်ကြားခံရတယ်။ အမေတို့ သွားမယ်ဆိုရင် သူလည်း လိုက်လာမှာပဲ။ ဖန်ကျန်းရှီကတော့။ ကျမ်းကောင်းကင်တောင်ကို အသွားအပြန် လုပ်တာက အကြမ်းဖျင်း တစ်လ ကြာမြင့်မှာ။ ပြန်လာရင် လက်ထပ်ဖို့ အချိန်ကောင်းပဲ။”
“အမေ။ ပင်းယန်ကတော့ လင်းယွမ် မျှော်စင်မှာ နေသင့်တယ်လို့ ထင်တာပဲ။ ပင်းယန်က မသန်မာ သေးဘူးလေ။ လင်းယွမ် မျှော်စင်မှာ နေပြီးတော့ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ချင်တယ်။”
“မေ့သမီး တွေးနေတာကို ဒီအမေ မသိဘူးများ ထင်နေတာလား။ လင်းယွမ် မျှော်စင်မှာ လင်းယွမ် နယ်မြေအကြောင်း ဘာသတင်းမှ နှိုက်လို့ ရမှာ မဟုတ်ဘူး။ လင်းယွမ် မျှော်စင်က အရင် ခေါင်းဆောင်ကနေ ခေါင်းဆောင် အသစ်ဆီကိုပဲ ပေးအပ်ရတဲ့ အရာ။ မေ့သမီး ဖန်ကျန်းရှီကို မကယ်နိုင်ပါဘူး။ နောက်ပြီးတော့ မေ့သမီးက သုခမိန် ဖြစ်နေပြီ။ မြင့်မြတ် နယ်မြေမှာ နာမည် တစ်ခု ရအောင် လုပ်ရမယ်လေ။”
“နာမည် တစ်ခုရအောင် လုပ်ရမယ်။”
“ဒါပေါ့။ မေ့သမီးက ဘယ်လိုများ လူမသိ သူမသိ ဖြစ်ရမှာလဲ။”
“…” ပင်းယန်ကတော့ စိတ်ရှုပ်တွေး နေတဲ့ ပုံစံပဲ။ စိတ်လှုပ်ရှား နေသလို စိုးလည်း စိုးရိမ် နေခဲ့တယ်။
အရေး အကြီးဆုံးကတော့ ချင်းယွိက အခိုင်အမာ ပြောနေတယ်။ ဖန်ကျန်းရှီကို ကူညီဖို့ သူမ ဘာမှ မလုပ်နိုင်ဘူးတဲ့။
…
လင်းယွမ် နယ်မြေထဲမှာတော့၊ ဖန်ကျန်းရှီ အတော့်ကို ဒေါသ ထွက်နေတယ်။ လင်းယွမ် မျှော်စင်ကို လာတဲ့ ခရီးမှာ အနိုင်ရတဲ့ ဘက်ရဲ့ သားကောင်လေး ဖြစ်သွားရတာ တကယ့်ကို ဒေါသ ထွက်စရာ ကောင်းလွန်းတယ်။
“ငါတကယ်ပဲ အကျဉ်းကျနေပြန်ပြီ။”
“ဒီထက် ဆိုးတဲ့ ကိစ္စ ထပ်ရှိအုန်းမလား။”
အရေး အကြီးဆုံးကတော့ ချင်းယွိနဲ့ ပင်းယန် ပြောတဲ့ စကားတွေကို သူကောင်းကောင်း ကြားနေ ရတာပဲ။ ဒါ့အပြင်၊ လင်းယွမ် မျှော်စင် တပည့်သားတိုင်းရဲ့ စကားတွေကိုပါ ကြားနေရတယ်။
ဥပမာ (ငါ့ရေချိုး ပုဝါ ဘယ်မှာလဲ။) (အား ငါ့ရင်ဘတ်မှာ အနီစက် တစ်စက် ရှိနေပါလား။) (ဒီ နှင်းပန်းတွေက လှလိုက်တာ။ အပြင်ထွက်ပြီး နည်းနည်းလောက် ထွက်ခူးကြမလား။)
ငလူးပဲ။
အမျိုးသမီးတွေ အတင်းတုပ်တာတွေ၊ ကိုယ်ရေး ကိုယ်တာ စကားပြောတာတွေကို နားထောင်ရတာ သိပ်တော့ မဆိုးလှပေမယ့်၊ ၂ရက်လောက် ဆက်တိုက် နားထောင် ပြီးချိန်မှာတော့ နောက်ထပ် မခံစား နိုင်တော့ဘူး။
ချင်းယွိနဲ့ ပင်းယန်ရဲ့ စကားတွေကတော့ အရေးကြီးတယ်။
“တကယ်ပဲ ငါသဘောမတူ မချင်း ပိတ်ထားမှာလား။” လင်းယွမ် မျှော်စင်က စကားတွေကို တစ်ခွန်းမကျန် ကြားနေရတာ ဘာကြောင့်မှန်း သူမသိဘူး။ ဒါပေမယ့် ချင်းယွိရဲ့ အကြံကိုတော့ သိတယ်။
ချင်းယွိက တမင်တကာ သူ့စကားကို ကြားအောင် လုပ်ထားတာကို ဖန်ကျန်းရှီ သံသယ ရှိနေတယ်။ ဒါပေမယ့် သူမရဲ့ အကြံကို ဖုံးကွယ်ဖို့ လင်းယွမ် မျှော်စင်က စကားတွေ အားလုံးကို ကြားရအောင် လုပ်တာမျိုးပေါ့။ တကယ့်ကို ကောက်ကျစ်လိုက်တာ။ ဒီလို ကောက်ကျစ်တဲ့ လူတွေနဲ ရင်ဆိုင် ရတာက ပြဿနာများတယ်။ ခြေလှမ်း တကွက် မှားရုံနဲ့ သေမှာပဲ။
အခု လက်ရှိ အခြေအနေကိုပဲ ဥပမာ ကြည့်လို့ ရတယ်။ လင်းယွမ် မျှော်စင်က ရတနာ တစ်ခုခုနဲ့ ချီးမြှင့် ခံရမယ်လို့ ဖန်ကျန်းရှီ တွေးခဲ့မိတာ။ အခုတော့ ကံတရားက သူ့ကို လှည့်စားသွားပြီ။
ပင်းယန်နဲ့ လက်ထပ်ဖို့ ဖိအားပေး ခံလိုက်ရတယ်။ နောက်ပြီးတော့ အရမ်းကို ရက်စက်သေးတယ်။ ဒီလို အကျဉ်း မချခင် ရေချိုးဖို့တို့ စားသောက်ဖို့တောင် လုပ်မပေးဘူး။ တကယ့် အမှားကြီးပဲ။
ဖန်ကျန်းရှီ မျှော်လင့်ချက် မဲ့နေခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ရက် အတွင်း သူနေရာ အနှံ့ကို လျှောက်သွားခဲ့တယ်။ အံ့သြစရာကတော့ လင်းယွမ် နယ်မြေ လောကမှာ အဆုံး မရှိတာပဲ။ ဘယ်နေရာ လျှောက်လျှောက် ရှုမျှော်ခင်းတွေက အပြည့်။ နောက်ပြီးတော့ ရှုခင်းတွေကလည်း ဘယ်တော့မှ မတူညီ ခဲ့ဘူး။
လင်းယွမ် နယ်မြေက သူ့ကို မတိုက်ခိုက်ဘူး။ ဒါက ကိစ္စတွေကို ပိုခက်ခဲစေတယ်။ သူ့ကို မတိုက်ခိုက်တဲ့ အတွက် အားနည်းချက်ကလည်း ရှာလို့ မတွေ့ဘူး။ အကျီအထပ်ထပ် ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက် သူ့ရှေ့မှာ ရောက်နေသလိုပဲ။ အတွင်းမှာ ဘာဝတ်ထားမှန်း သူပြောလို့ မရနိုင်ဘူးလေ
ဘာလုပ်ရမယ်မှန်း ဖန်ကျန်းရှီ တကယ် မသိတော့ဘူး။
လင်းယွမ် နယ်မြေကနေ လွတ်မြောက်ဖို့ သူမ အကြံကို သဘောတူပြီး ညစ်တီးညစ်ပတ် ကစားရမလား။ ဖန်ကျန်းရှီ တကယ်ပဲ တွေးနေမိတယ်။
ဒါပေမယ့် လက်ထပ်ရမယ် ဆိုတဲ့ စကားကို ပြန်ကြားယောင်မိချိန်မှာပဲ ဒီအတွေးကို ချက်ခြင်း ငြင်းပယ် လိုက်ရတယ်။ အထူး သဖြင့် ပင်းယန် ပါဝင်နေတဲ့ အချိန် မျိုးမှာပေါ့။
“ယန်အာ။ သွားကြစို့။”
“ကောင်းပါပြီ။”
ဖန်ကျန်းရှီ သူ့အတွေးနဲ့သူ အလုပ်များနေချိန်။ ချင်းယွိနဲ့ ပင်းယန် အသံကို ကြားလိုက်ရတယ်။ ဒါပေမယ့် သူတုန်ယင် သွားခဲ့တယ်။
“ငါ့ လာနောက်နေတာလား။ တကယ် သွားကြတော့မှာလား။” ဖန်ကျန်းရှီ အမူအယာ ပြောင်းလဲ သွားတယ်။ ဒီခရီးက တစ်လ ကြာမယ်ဆိုတာ သူသိတယ်လေ။
“ဒီလောက်ထိ လုပ်စရာ လိုလို့လား။”
“အနည်းဆုံးတော့ အစားအသောက် နည်းနည်း ပေးထားပြီးမှ သွားသင့်ပါတယ်။”
ဒီအတွေး တွေးနေချိန်မှာပဲ ကောင်းကင်ကနေ အရိပ်မည်းတွေ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။
“…” ဒါကို မြင်တော့ သူပါးစပ် အဟောင်းသား ဖြစ်သွားခဲ့တယ်။ သစ်သီး အပုံကြီး တစ်ပုံ။ အရွက်က တစ်ပုံ။ နောက်ပြီးတော့ ကြက်ကင်နဲ့ ကြက်ကြော်ကြီး နှစ်ခု။
တစ်ခဏတာ ဆွံ့အ သွားခဲ့ရတော့တယ်။
အပိုင်း (၈၁၇) ပြီး၏။
အပိုင်း (၈၁၈)
“မီးနဲ့ ရေခဲ သုခဘုံ။ တစ်ခုတည်း ပေါင်းစည်း။”
သူမ နောက်နေတာ မဟုတ်ခဲ့ဘူး။
ဖန်ကျန်းရှီ ပင်းယန်ကို မျှော်လင့်ချက် နည်းနည်း ထားမိခဲ့တယ်။ သူ့ကို ထုတ်ပေးနိုင်မယ်လို့ပေါ့။ ဒါပေမယ့် ကြည့်ရတာ ချင်းယွိနဲ့ သူက အခုချိန်မှာ ကြံရာပါ ဖြစ်သွားခဲ့ပြီ။
“ငါဘာလုပ် သင့်လဲ။”
“အတင်း ထိုးဖောက်ပြီးတော့ ထွက်ရမလား။ ဒါပေမယ့် ဘယ်ကနေ စရမလဲ ငါမသိဘူး။ အကယ်၍ ငါသာ အတင်း ထိုးဖောက်ပြီးတော့ မထွက်နိုင်ရင်၊ သူတို့ ပြန်လာမှာကို ဒီအတိုင်း ထိုင်စောင့်နေလို့တော့ မရဘူး မဟုတ်လား။”
သူတို့ ပြန်လာမှာကို စောင့်နေရင်လဲ နောက်ထပ် ပြဿနာ တစ်ခု ကြုံရ အုန်းမယ်။ အကယ်၍ ပင်းယန်ကို လက်ထပ်ဖို့ သဘောမတူရင် သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။”
“ရန်ရွှယ် အခုချိန်မှာ ဘာတွေ လုပ်နေမလဲ သိချင်လိုက်တာ။ သူအသက်ရှင်လျက် ရှိနေတုန်းလား။” ဖန်ကျန်းရှီ သက်ပြင်းချ လိုက်တယ်။ အဲ့ဒီ့နောက် မြေပြင်ကို တူးပြီးတော့ ကျောက်တုံး နှစ်တုံးနဲ့ ရိုးရိုးရှင်းရှင်း မီးဖိုလေး ဖိုလိုက်တယ်။ အသားတုံးကြီးကနေ အသား နည်းနည်း လှီးပြီးတော့ ကင်တယ်။
လွန်ခဲ့တဲ့ နှစ်ရက် လုံးလုံး မိုင်ပေါင်း များစွာ လျှောက်သွား ခဲ့ပြီးတဲ့နောက်၊ သူဗိုက်ဆာ နေခဲ့ပြီ။ အသားကင်နံ့ မွှေးမွှေးလေး ထွက်လာချိန်မှာတော့ သူ့ရဲ့ ဗိုက်က တဂွီဂွီ ပိုဆာလာနေပြီ။ အသားတွေစားပြီး သစ်သီး အရက် သောက်ပြီးတဲ့နောက် မြေပြင်ပေါ်မှာ လဲချလိုက်တယ်။ ကျောက်တုံး တစ်တုံးကို ခေါင်းအုံး အဖြစ် သုံးပြီးတော့ တစ်ရေးအိပ်ဖို့ ပြင်တယ်။
နေရောင်က အရမ်းကို နွေးထွေးတယ်။ လင်းယွမ် နယ်မြေရဲ့ ရှုခင်းက အရမ်းကို အထင်ကြီးစရာ ကောင်းတယ်။ တောင်တန်းတွေ၊ မြစ်တွေ၊ သစ်ပင်တွေနဲ့ ပန်းပင်တွေ အပြည့်ပဲ။ ဖန်ကျန်းရှီက ရွာမှာ ကြီးလာရတဲ့ လူတစ်ယောက် အနေနဲ့။ ဒီမြင်ကွင်းတွေက တကယ့်ကို လှပတာ ဝန်ခံရမယ်။
“နေစမ်းပါအုန်း။”
“ဒီမြင်ကွင်းက လှနေတာလား။”
ဖန်ကျန်းရှီ ရုတ်တရက် မြက်လုံးပြူးသွားတယ်။ လင်းယွမ် မျှော်စင် စွန့်စားခန်းကနေ တစ်ချို့ အရာတွေကို သူ သင်ကြား ခဲ့ရတယ်။ အနည်းဆုံးတော့ (တာအို)ကို နားလည်မှုက အဆင့် တစ်ဆင့် မြင့်သွားခဲ့ပြီ။ (တာအို) အကြောင်းကို ပြောရရင် လင်းယွမ် မျှော်စင် တပည့်သားတွေနဲ့ စတိုက်ခိုက်ချိန်က စပြီးတော့ ချင်းယီနဲ့ တိုက်ခိုက်တဲ့ အချိန် အထိ အဖြစ် အပျက်တွေကို သူတွေးတော နေခဲ့တယ်။
လင်းယွမ် မျှော်စင် တပည့်သားတွေရဲ့ ထူးခြားတဲ့ စိတ်အကြံနဲ့ နည်းလမ်းတွေကို သူခပ်ရေးရေး မှတ်မိတယ်။ သူတို့တွေက ချိန်သီး နာရီတွေလို တာအို မျှခြေကို အသုံးချခဲ့ကြတယ်။ ဒါ့အပြင် ချင်းယီ ချေမွလိုက်တဲ့ ရွှေရောင် အလုံးလေးက အမှီအခို ကင်းတဲ့ တောင်နဲ့မြစ် လောက တစ်ခုပဲ။
အဲ့ဒီ့ အလင်းလုံးနဲ့ လင်းယွမ် မျှော်စင် ဆက်သွယ်ချက်ကို သူခံစားနိုင်တယ်။ အရမ်းကို နီးနီး ကပ်ကပ် ဆက်နွယ် နေသလိုပဲ။
ပေါင်းစည်းထားတာလား။
တာအို နည်းလမ်းတွေကို အများကြိးကို ပေါင်းစည်းပြီးတော့ အင်အားကြီးတဲ့ အရာ တစ်ခုကို ဖန်တီး လိုက်တာလား။ ဘယ်လို လုပ်ရမယ် ဆိုတာတော့ ဖန်ကျန်းရှီ သိတယ်။ သူ့ရဲ့ မဟူရာ သံချပ်ကာ ကြီးကလည်း ဒီလိုမျိုး တာအိုတွေကို ပေါင်းစည်းပြီး ထုတ်လုပ် ထားတာလေ။ ဒီ တစ်ချက်တည်းနဲ့တင်၊ ချင်းယီ ဖန်တီးထားတဲ့ တောင်နဲ့မြစ် လောကကို ရှင်းပြနိုင်ဖို့ မလုံလောက်ဘူး။ ဒါက ပေါင်းစည်းမှု မဟုတ်ဘူးလား။
ပေါင်းစည်းမှု သပ်သပ်သာ ဆိုရင်၊ တာအို နည်းလမ်း အတားအဆီး တစ်ခုတော့ ရှိမှာပဲ။ ကျောက်တုံး တစ်တုံးကို အတူတူ ပွတ်တိုက် သလိုမျိုးပဲ။ သူတို့ရဲ့ စွမ်းအားတွေ တိုးတက်လာရင်တောင်၊ ကန့်သတ်ချက်ကတော့ ရှိလိမ့်မယ်။ အကယ်၍ အင်အားတွေသာ အရမ်း များလွန်းရင်တော့၊ ကျောက်တုံးတွေ လုံး၀ အက်ကွဲ သွားတော့မယ်။ ဒါပေမယ့် အကယ်၍ ကျောက်တုံး တစ်တုံးလုံးသာ ဖြစ်ခဲ့ရင်တော့ ဒီလို ကိစ္စ ရှိမှာ မဟုတ်ဘူး။
“နေစမ်းပါအုန်း။”
“ကျောက်တုံး တစ်တုံးလား။”
“ဟုတ်တယ်။ ဒါပဲ။”
အကယ်၍ လင်းယွမ် မျှော်စင် တိုက်ခိုက်မှုနဲ့ ချင်းယီရဲ့ တောင်နဲ့မြစ် လောကကို ဖော်ပြရမယ်ဆိုရင်၊ တာအို နည်းလမ်းတွေ အားလုံး တစ်ခုတည်း အဖြစ်ကို ပြောင်းလဲ သွားတာပဲ။
“တစ်ခုတည်း ဖြစ်ရမှာလား။”
“ဟုတ်တယ်။ တစ်ခုတည်း ဖြစ်ရမှာ။”
တာအို နည်းလမ်းတွေ အားလုံးကို ပေါင်းစည်းပြီးတော့ နည်းလမ်းသစ် တစ်ခုကို ဖန်တီး လိုက်တာပဲ။
“နေအုန်း။ တာအို နည်းလမ်းသစ် တစ်ခုလို့ ပြောရင် မမှန်သေးဘူး။ ပေါင်းလိုက်တာ တာအို ၃၀၀၀ ကျော်တယ်။ ဒါပေမယ့် အသုံးများတဲ့ တာအိုတွေပါ ထည့်တွက်ရင်တော့၊ ကုဋေချီတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ရှင်းပြရရင်၊ အသုံးများတဲ့ တာအို သောင်းချီ စုပေါင်းပြီးတော့ မဟာ တာအို တစ်ခု ဖြစ်လာတာပဲ။”
“ငါသိသားပဲ။ ဒီလို အလုပ်လုပ်တာပဲ ဖြစ်ရမယ်။” ဖန်ကျန်းရှီ နည်းလမ်းသစ် တစ်ခုကို ရှာတွေ့ သွားတဲ့ အတွက် သူ့ရဲ့ မျက်လုံးတွေ တောက်ပ သွားခဲ့တယ်။
တာအို နည်းလမ်းတွေကို ပိုနားလည်ထားရင် သူပိုပြီး သန်မာ နိုင်မယ်လို့ အမြဲ ယုံကြည်ထားတယ်။ တာအို အမျိုးမျိုးကို နားလည်အောင် နေ့တိုင်း ကြိုးစားပြီးတော့ အချိန်နဲ့ အမျှ စုစည်း ထားခဲ့တယ်။ ဒါပေမယ့် ဒီကိစ္စကြီးက အရမ်း နှေးကွေး လွန်းတယ်လေ။
အရေး အကြီးဆုံးကတော့ သူနားလည်ပြီးသား ဖြစ်တဲ့ အဓိက တာအိုတွေကို သုံးဖို့ အခွင့်အရေး သိပ်မရတာပဲ။ သာမာန်၊ မိး၊ လေ၊ ကျောက်တုံး တာအိုတွေကိုပေါ့။ တာအို နည်းလမ်းတွေကို နားလည် ထားပေမယ့် အားလုံးကိုတော့ မသုံးရသေးဘူး။ ဒါတွေက သူ့ရဲ့ အင်အားကို နည်းနည်းချင်း တိုးတက် စေတာက လွဲပြီးတော့ တခြား အသုံးဝင်တာ မရှိသေးဘူး။
သူက ပိုက်ဆံတွေ အများကြီး ရှိနေတဲ့ ဓနရှင်ကြီး တစ်ယောက်လိုပဲ။ ဒါပေမယ့် ပိုက်ဆံကို ဘယ်လို သုံးရမယ်မှန်း မသိဘူး။ နောက်ထပ် ပိုက်ဆံ များများ ပိုပွားလာဖို့လည်း မသိဘူး။ နှင်းဘောလုံးတွေ တောင်စောင်းကနေ နိမ့်ဆင်းလာပြီး အရွယ်အစား ကြီးလာ သလိုပဲ။ သူ့မှာ ရှိနေတဲ့ ပိုက်ဆံတွေကို ဘာမှ မလုပ်ဘူး။ ဒါက လက်ရှိ ဖန်ကျန်းရှီရဲ့ အခြေအနေပဲ။
ဒါပေမယ့် အကယ်၍ သူသာ တာအိုတွေ အများကြီးကို ပေါင်းစည်းပြီးတော့ တာအို တစ်ုခတည်း ဖြစ်အောင် လုပ်နိုင်ရင်၊ ပြဿနာကို ဖြေရှင်း နိုင်လိမ့်မယ်။ မဟာ တာအိုကြီး တစ်ခု ဖြစ်လာအောင် အသုံးများတဲ့ တာအို နည်းနည်းကို ပေါင်းစည်းတော့တယ်။
အဲ့ဒီ့နောက် မဟာတာအို နည်းနည်း ပေါင်းစည်းပြီးတော့ အထူး တာအို တစ်ခု ဖြစ်လာအောင် လုပ်တယ်။ အကယ်၍ သူသာ ဒီအတိုင်း ဆက်လုပ်နိုင်ရင် တာအိုတွေ အားလုံးကို နောက်ဆုံးပိတ် အဆုံးစွန် တာအို တစ်ခု အဖြစ်ကို ပေါင်းစည်းနိုင်လိမ့်မယ်။
ဒီတော့ ပြဿနာ ရှိလာတယ်။ အဲ့ဒီ့ နောက်ဆုံးပိတ် အာိုကို ဘယ်လို နာမည် ပေးသင့်သလဲ။ သူမသိဘူး။ ဂရုလည်း မစိုက်ပါဘူး။ ဒါကို အောင်မြင်နိုင်ဖို့ အချိန် အများကြီး လိုသေးတယ်လေ။
တာအို နည်းလမ်းတွေ အားလုံကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်း ရတာက အများကြီး ရှာဖွေ ကြိုးစားဖို့ လိုတယ်။ ဒါပေမယ့် ဒီလို လုပ်တာက မှန်ကန်တဲ့ နည်းလမ်း တစ်ခုမှန်း သူသိနေတယ်။ လင်းယွမ် မျှော်စင်နဲ့ ဆက်တိုက် တိုက်ခိုက် ပြီးတဲ့နောက် သူနားလည် သွားတာ နှစ်ခု ရှိတယ်။
ပထမ တစ်ခုကတော့ ချိန်သီး နာရီ အယူအဆကို သုံးပြီးတော့ တာအိုတွေကို တစ်ခုတည်း ဖြစ်အောင် လုပ်နိုင်တယ်။ ဒုတိယ တစ်ခုကတော့ တစ်ခုတည်း ဖြစ်အောင် လုပ်နိုင်ဖို့ မူလ ရင်းမြစ်ကို ရှာဖို့ လိုတယ်။ နောက်တစ်နည်း ပြောရရင်၊ ချင်းယီရဲ့ တောင်နဲ့မြစ် လောကထဲက (သဘာ၀ တာအို)လိုမျိုး တစ်ခုခုပေါ့။
မူလ ရင်းမြစ်က အဓိက ကျတယ်။ ချိန်သီး နာရီ နည်းလမ်းကတော့ အသုံးချရမယ့် အရာ တစ်ခုပဲ။ ဒါကို သူသိသွားရင်၊ တာအိုတွေ အားလုံးကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်းဖို့ မခက်ခဲတော့ဘူး။ ဖန်ကျန်းရှီ ဒါကို တွေးတွေးနေရင်းနဲ့ သူ့ မျက်လုံးတွေ ပိုတောက်ပ လာတော့တယ်။ အရေးကြီးတဲ့ ကိစ္စ တစ်ခုကို သူနားလည် သွားလို့ပဲ။ ဒါကတော့ နောက်ဆုံး ရလဒ်က ဘာပဲ ဖြစ်ဖြစ် တစ်ခုတည်း ဖြစ်ဖို့ လိုတယ် ဆိုတာပဲ။
ချင်းယီရဲ့ ရွှေရောင် အလင်းလုံးထဲက တောင်နဲ့မြစ် လောကလို နေရာ တစ်ခု၊ လင်းယွမ် နယ်မြေလို နေရာတစ်ခု ဖြစ်လာမှာ အသေချာပဲ။ ဒါတွေ အားလုံးက သူ့ရဲ့ ခန့်မှန်းချက်တွေ သပ်သပ်ပဲ ရှိသေးတယ်။ တကယ့် ရလဒ် အစစ်ကို သူသက်သေ မပြရသေးဘူး။
လက်ရှိ အချိန်မှာ လင်းယွမ် နယ်မြေကနေ ထွက်နိုင်ဖို့ လမ်းစကို ရှာတွေ့ရုံပဲ ရှိသေးတယ်။ ဘယ်တာအို နှစ်ခုကို ပေါင်းစည်းရမလဲ။ ရေခဲနဲ့ မီးဆိုရင် အဆင်ပြေလိမ့်မယ်။ အကယ်၍ ဒီတာအို နှစ်ခုလို ဂုဏ်သတ္တိ လုံး၀ မတူညီတဲ့ အရာ နှစ်ခိုကု ပေါင်းစပ်နိုင်ရင်၊ ဒဏ္ဍာရီလာ နည်းလမ်း တစ်ခု ဖြစ်တဲ့ (ရေခဲနဲ့မီး သုခဘုံ)ကိုတောင် ပြန်ဖန်တီး နိုင်လောက်တယ်။
ဖန်ကျန်းရှီ တွေးရင်းနဲ့ စိတ်လှုပ်ရှား လာတော့တယ်။ တွေးတောရင်းနဲ့ အမြဲတမ်း လုပ်ဆောင်လေ့ ရှိတယ်။ အခုချိန်မှာ သူစားသောက် ပြီးခါစပဲ ရှိသေးတယ်။ အစာချေဖို့ လိုနေပြီ။ ဘယ်လက်မှာ ရေခဲကို ဆင့်ခေါ်လိုက်တယ်။ ဘယ်ဘက်လက်ပေါ်မှာ ရှိတဲ့ လေတွေ အေးခဲ သွားတော့တယ်။ ရေခဲ ပြားကြီး တစ်ခု အဖြစ်ကို ပြောင်းလဲ သွားတယ်။
အဲ့ဒီ့နောက် ညာဘက်လက်ပေါ်မှာ မီးဘောလုံးကြီး တစ်လုံးပေါ်လာ တော့တယ်။ အဲ့ဒီ့နောက် နှစ်ခုလုံးကို ပေါင်းစည်းဖို့ ပြင်တယ်။ လက်ဝါး နှစ်ဖက်ကို ဖိကပ်လိုက်ရင်း၊ နှစ်ခုကို ဖိချလိုက်တယ်။ အဲ့ဒီ့နောက် ဘာမှ ဖြစ်မလာတော့ဘူး။
မီးတောက်တွေက လေအေးအေးထဲမှာ လှည့်ပတ်နေတယ်။ ဒါပေမယ့် ရေခဲတွေ အရည်ပျော် မသွားရအောင် ဖန်ကျန်းရှီ တတ်နိုင်သလောက် ကြိုးစား ထိန်းချုပ် နေခဲ့တယ်။ ရလဒ်ကတော့ သိသာ ထင်ရှားပါတယ်။ ပေါက်ကွဲမှုကြီး ဖြစ်တော့တယ်။ ပြင်းထန်တဲ့ အပူရှိန်က သူ့မျက်နှာကို လာရိုက်ခတ်တယ်။ အကယ်၍ ဖန်ကျန်းရှီသာ အချိန်မှီ မကိုင်တွယ် နိုင်လိုက်ရင်၊ သူပုံပျက် သွားလောက်ပြီ။
“ငါသိသားပဲ။ အိမ်မက်နဲ့ အမှန်တကယ်က ကွာခြားတယ်။ ရေခဲ မီး သုခဘုံကို ပြန်ဖန်တီးဖို့ ခဏတော့ ရပ်ထားမှ ဖြစ်မယ်။”
ဖန်ကျန်းရှီ လက်မလျှော့ဘူး။ ဒါပေမယ့် လွယ်တာလေး အရင်စပြီးတော့မှ ခက်ခဲတာတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဖန်ကျန်းရှီ လေးလေးနက်နက် တွေးတောတော့တယ်။ လေနဲ့ ရေကို ပေါင်းစည်းလိုက်ရင် ရေခဲ ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် မီးနဲ့ ကျောက်တုံးတွေကို ပေါင်းစည်း လိုက်ရင်ကော။ ကျောက်ရည်ပူတွေ ဖြစ်လာမှာလား။ တကယ်တော့ ဒါက လွဲပြီးရင် ဖြစ်နိုင်ချေတွေ အများကြီး ရှိသေးတယ်။
ပေါင်းစည်းမှု အမျိုးမျိုးကို သူစဉ်းစား ကြည့်ပြီးတဲ့နောက် စတင် လှုပ်ရှားတော့တယ်။ မတူညီတဲ့ တာအို နည်းလမ်းတွေကို စတင်ပြီးတော့ ပေါင်းစည်းတယ်။ နှစ်ခု၊ သုံးခု၊ ငါးခု၊ အဲ့ဒီ့နောက် အဆုံး မသတ်နိုင်တဲ့ အထိ။ တစ်ချို့ နိယာမတွေကိုလည်း ခပ်မြန်မြန် သဘောပေါက်သွားတယ်။
(အရာဝတ္ထု ငါးခု တာအို)ကို အခြေခံ အဖြစ် သုံးပြီးတော့ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး ငါးခုကို အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်တယ်။ ယင်ယန် တာအိုကို အဓိက အဖြစ် သုံးပြီးတော့ အပူနဲ့ အအေး၊ အလင်းနဲ့ အမှောင်လို တာအိုနည်းလမ်းတွေကို ပေါင်းစည်းနိုင်တယ်။
ပထမ တစ်ခုကို အောင်မြင် ပြီးတဲ့နောက် ဒုတိယ တစ်ခုက ပိုပြီးတော့ မြန်ဆန်တယ်။ မဟာ တာအို နည်းလမ်းတွေနဲ့ အသုံးများတဲ့ တာအိုတွေကြားက ဆက်သွယ်ချက်ကို သူပိုပြီးတော့ နားလည်လာခဲ့တယ်။ အချိန် အများစုမှာ၊ မဟာ တာအိုတွေက တာအို အများစုရဲ့ အဓိက ရင်းမြစ်တွေပဲ။ အသုံးများတဲ့ တာအို အများစုက သူတို့ကြားမှာ ဆက်သွယ်ချက် ရှိကြတဲ့ ပုံစံ မပေါ်ပေမယ့် ရင်းမြစ်ကတော့ တူကြတယ်။
မတူညီတဲ့ တာအို အများကြီးကို ချိတ်ဆက်ပေးနိုင်တာ သူတို့ရဲ့ ရင်းမြစ်ပဲ။ အောင်မြင်မှုက အောင်မြင်မှုကို မွေးဖွားတယ်။ တွေးဆချက် ၁၀ခုကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ပြီး နောက်မှာတော့ ဖန်ကျန်းရှီ စိတ်ထဲကို အကြံကြီး တစ်ခု ဝင်ရောက် လာတော့တယ်။ မဟာ တာအို နည်းလမ်းတွေကို တာအို တစ်ခုတည်း အဖြစ် ပြောင်းလဲ တာပဲ။
ရှင်းရှင်း ပြောရရင်၊ မဟာ တာအိုကြီးတွေကို ပေါင်းစည်းပြီး ထူးခြားတဲ့ တာအိုသစ် တစ်ခုကို ဖန်တီးချင်တယ်။ ဒါက သူ့ရဲ့ ပြိုင်ဘက်ကင်း ဖန်တီးမှုပဲ။
ဆိုရိုးစကား ရှိတဲ့ အတိုင်း (ရူးသင့်တဲ့ အချိန်မှာ မရူးသွပ်ရင် မင်းက ဆယ်ကျော်သက် မပီသဘူး။)
ဖန်ကျန်းရှီက ဆယ်ကျော်သက်လို့ ပြောရအောင်လည်း သူ့စိတ်ရဲ့ အသက်အမှန်က အိုမင်းလွန်းနေပြီ။ သူဘယ်လောက်ထိ ရူးသွပ်နိုင်မယ် ဆိုတာကို ကြောက်နေမိတယ်။
“သေရင် မြေကြီး ရှင်ရှင် ရွှေထီးပဲ။ သေရင်လည်း သေပါစေတော့။” ဖန်ကျန်းရှီ လင်းယွမ် နယ်မြေထဲမှာ အော်ဟစ်လိုက်တယ်။ အဲ့ဒီ့နောက် တောက်ပတဲ့ အလင်းတန်းတွေ ကောင်းကင်မှာ ထွန်းလင်း လာတော့တယ်။
…
၁၅ရက် ကြာပြီးတဲ့နောက်။
မြင့်မြတ် နယ်မြေ။ ကျမ်းကောင်းကင်တောင်။
လွန်ခဲ့တဲ့ ဆယ့်ငါးရက် အခြေအနေနဲ့ ယှသ်လိုက်ရင် ကျမ်းကောင်းကင်တောင်က အခုချိန်မှာ အများကြီး တည်ငြိမ် နေခဲ့ပြီ။ အနည်းဆုံးတော့ ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်ကြီးတွေ ထပ်မရှိတော့ဘူး။ တောထဲမှာလည်း ဟိန်းဟောက်နေတဲ့ သားရဲကောင်တွေ သိသိသာသာကို လျော့သွားခဲ့တယ်။ အထူးသဖြင့် နေ့အချိန်မှာ သားရဲကောင် အော်သံတွေကို တခေါက်တလေပဲ ကြားရတော့တယ်။
ဒါပေမယ့် တောင်ထဲမှာတော့ သွေးညှီနံ့တွေ လှိုင်နေခဲ့တယ်။ လောကကြီးကို ထိန်းကွပ်သူတွေ အနေနဲ့၊ လူသားတွေက အခြေအနေကို လုံး၀ ထိန်းချုပ် ထားနိုင်တယ်။ ဒါကြောင့် သူတို့လမ်းကို လာပိတ်တဲ့ သားရဲကောင်တွေ အားလုံး ပျောက်ကွယ် သေဆုံး ကြရတယ်။ အမှန်တရားက တကယ့်ကို ခါးသီးလွန်းတယ်။
ကံကောင်း စွာနဲ့ပဲ။ တောကို ရှင်းလင်းတဲ့ တပည့်သားတွေက အလွန်အကျူး မလုပ်ကြတာကြောင့် တောကို မပျက်စီး စေခဲ့ဘူး။ စမ်းေရေတွေက မွှေးပျံကနေဆဲ။ ခုနှစ်ရောင်ခြယ် အလင်းတန်းတွေကို တိမ်တိုက်တွေထဲမှာ မြင်နေရတယ်။ မျိုးနွယ်စု ပေါင်းစုံက တပည့်သားတွေ စုဝေး နေကြပြီ။
ကောင်းကင် တောင်ထိပ်၊ ကောင်းကင် မဟာမိတ် စုဝေးပွဲမှာ လူတွေ အပြည့် ရှိနေကြပြီ။ နိုင်ငံတော် လေးခုရဲ့ စစ်တပ်ကြီးတွေလည်း ဒီကို ရောက်နေကြပြီ။ စည်းမျဉ်း စည်းကမ်းတွေကို သူတို့ ထိန်းသိမ်း ပေးကြတယ်။ မျိုးနွယ်စုတွေ အားလုံးလည်း ရောက်နေကြပြီ။ တစ်ချို့တွေက ဓားရှည်တွေကို ကျောပေါ်မှာ လွယ်ထားကြတယ်။ တချို့ကတော့ လက်ထဲမှာ ဓားကောက်တွေကို ကိုင်ထားကြတယ်။
ဒါပေါ့။ မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုက တခြား မျိုးနွယ်စုတွေနဲ့ ထိုင်ရတဲ့ နေရာ ကွာခြားတယ်။ သူတို့တွေက ကြီးမားတဲ့ ကျောက်ရုပ်ကြီးတွေနားက နေရာလွတ်တွေမှာ နေရာယူထားကြတယ်။ ကောင်းကင်တာအို မဟာမိတ် စုဝေးပွဲရဲ့ ဦးဆောင်သူတွေ အနေနဲ့၊ ကောင်းကင် တာအို ခန်းမက အရင်ဆုံး ရောက်လာခဲ့တယ်။
ဖူရှီး တောင်ကြားရဲ့ လူတွေကတော့ အနီးဆုံး ဖြစ်တဲ့ အတွက် အတော့်စောစော ရောက်လာကြတယ်။ သူတို့ အပြင်၊ ယင်ယန် ခန်းမလည်း အချိန်ကိုက် ရောက်လာတယ်။
ဒါပေမယ့် ကောင်းကင်တာအို ခန်းမနဲ့ ဖူရှီးတောင်ကြား တို့လို မတူညီ တာကတော့၊ ယင်ယန် ခန်းမရဲ့ ဦးဆောင်သူတွေ နေရာမှာ ထိုင်ခုံ နှစ်လုံးကို ယှဉ်တွဲလျက် ချထားခဲ့တယ်။ ဘယ်ဘက်မှာ ရှိတဲ့ သူကတော့ အဖြူ အနက် တာအို ဝတ်ရုံကို ဝတ်ထားပြီး သူ့မျက်နှာကို မျက်နှာဖုံးစွပ် ထားခဲ့တယ်။
ညာဘက် တစ်ယောက်ကတော့ အစိမ်းရောင် ဝတ်ရုံ ဝတ်ထားပြီး၊ ပဝါဖြူနဲ့ ဝါးဦးထုပ်ကို ဆောင်းထားခဲ့တယ်။ သူတို့ရဲ့ မျက်နှာကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူတိုကက ဘယ်သူတွေ ဆိုတာတော့ ကောင်းကောင်း သိကြတယ်။
လူတိုင်း သိကြတာကတော့၊ ဘယ်ဘက်မှာ ရှိတဲ့ လူက ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်။ ညာဘက် လူကတော့ တောက်ရှင်း။ ဒါပေမယ့် သူတို့ရဲ့ ဘေးမှာ ရှိနေသူကိုတော့ လူတိုင်း ပိုပြီး စိတ်ဝင်စားကြတယ်။
သူက တောက်ဟွမ်နဲ့ တောက်ရှင်းကြားမှာ ထိုင်နေတယ်။ နောက်တစ်နည်း ပြောရရင်တော့၊ ယင်ယန် ခန်းမ အကြီးအကဲတွေရဲ့ ရှေ့မှာ ထိုင်နေတာပဲ။ တခြားမျိုးနွယ်စုတွေကတော့ ဒီထိုင်ခုံ ခွဲခြားမှုနဲ့ ကွာခြားတယ်။ အခု တောက်ဟွမ်နဲ့ တောက်ရှင်း ဘေးမှာ ထိုင်နေတဲ့ လူကလည်း မျက်နှာဖုံး စွပ်ထားခဲ့တယ်။
သူ့ရဲ့ မျက်နှာဖုံးက ယင်ယန် သင်္ကေတပဲ။ မျက်နှာဖုံးကို ထွင်းဖောက်ပြီးတော့ မြင်နေရတဲ့ သူ့ရဲ့ မျက်ဝန်း နက်နက်တွေမှာတော့ ထူးခြားမှုတွေကို မြင်နေကြတယ်။ သူတို့တွေက အဆုံးမဲ့ တွင်းကြီးတွေလိုပဲ။
“အဲ့တာ ဘယ်သူများလဲ။”
“သူက တကယ်ပဲ ဘယ်သူများလဲ။”
“တောက်ရှင်းနဲ့ တောက်ဟွမ်ရဲ့ ဘေးမှာ တကယ်ပဲ ထိုင်နေတာပဲ။ ယင်ယန် ခန်းမ အကြီးအကဲတွေလည်း အဆင်ပြေနေတဲ့ ပုံစံပဲ။”
“ထူးဆန်းလိုက်တာ ဒီလိုလူမျိုး ရှိနေမယ်လို့ ငါမထင်ထား မိဘူး။ ယင်ယန် ခန်းမက နတ်ဘုရားတွေ ပေးအပ်တဲ့ အခွင့်အရေးကို မကြာခင်ကပဲ ဖြတ်သန်း နိုင်ခဲ့တာ မဟုတ်လား။”
လူတိုင်းက တိုးတိုး တိတ်တိတ် ဆွေးနွေးနေကြတယ်။ ဒါပေမယ့် ဘယ်သူမှ အဲ့ဒီ့လူကို တိုက်ရိုက် မမေးဝံ့ကြဘူး။ သူတို့တွေက မျိုးနွယ်စုလေးတွေရဲ့ တပည့်သားတွေပဲလေ။ မြင့်မြတ် နယ်မြေရဲ့ တခြားမျိုးနွယ်စုတွေတောင် တိတ်ဆိတ် နေကြရင်၊ သူတို့တွေ ဘယ်လိုများ မေးဝံ့မှာလဲ။
အပိုင်း (၈၁၈) ပြီး၏။
အပိုင်း (၈၁၉)
“ထူးခြား အံ့ဖွယ် ပျက်စီးမှု။”
“လင်းယွမ် မျှော်စင် ရောက်ရှိလာပြီ။” လူတိုင်းက တောက်ရှင်းနဲ့ တောက်ဟွမ် ဘေးမှာ ရှိတဲ့ လူရဲ့ အကြောင်းကို သိချင်နေတဲ့ အချိန်မှာပဲ ရုတ်တရက် အသံ တစ်သံကို ကြားလိုက်ရတယ်။ အဲ့ဒီ့ အချိန်မှာ၊ လူအုပ်စု တစ်ခု ပေါ်လာခဲ့တယ်။ သူတို့ရဲ့ ဝတ်ရုံတွေက လေထဲမှာ လွင့်မျောနေတာ လိပ်ပြာအုပ်စုကြီး တစ်ခုလိုပဲ။ တပည့်သားတွေ အားလုံးရဲ့ အာရုံကို ဖမ်းစား သွားခဲ့တယ်။
ချင်းယွိက ဒီလူအုပ်ကို ဦးဆောင်လာတယ်။ သူမရဲ့ ပုံမှန် အတိုင်း ငွေဖြူရောင် ဝတ်ရုံကို ဝတ်ထားခဲ့တယ်။ သူမရဲ့ မျက်နှာကိုတော့ အဖြူရောင် မျက်နှာကာနဲ့ ဖုံးလွှမ်း ထားတယ်။ တည်ငြိမ်နေတဲ့ အမူအယာကတော့ သိသာတယ်။ မျက်နှာက ပန်းချီကား တစ်ချပ်လို လှပတယ်။ ပင်းယန်ကတော့ အနီရောင် ဝတ်ရုံ ဝတ်ထားပြီးတော့ တခြား တပည့်သားတွေ အားလုံးကတော့ မတူညီတဲ့ ရောင်စုံ ဝတ်ရုံတွေကို ဝတ်ထားပြီး ချင်းယွိ ဘေးမှာ ရပ်နေကြတယ်။
“ဒါက လင်းယွမ် မျှော်စင်ပဲ။”
“မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုမှာ လေးခုက ရောက်လာနေပြီ။ တောင်စဉ် ကိုးသွယ် တစ်ခုပဲ ကျန်နေသေးတယ်။”
“ထူးဆန်းလိုက်တာ။ လင်းယွမ် မျှော်စင် တပည့်သားတွေတောင်၊ တောင်စဉ် ကိုးသွယ်ကို ရောက်လာကြပြီ။ ဒီတစ်ခေါက် သူတို့က ဘာကြောင့်များ နောက်ကျနေကြတာလဲ။”
တစ်ချို့ မျိုးနွယ်စု အသေးလေးတွေက လင်းယွမ် မျှော်စင်ရဲ့ လမ်းကနေ ချက်ခြင်း ဖယ်ပေးကြတယ်။ ဒါပေမယ့် သူတို့တွေ စိတ်ရှုပ်ထွေး ကြနေဆဲ။ ဒါပေမယ့် သူတို့ရဲ့ အမြင်ကတော့ က္စိမ မရှိဘူး။ တောင်စဉ် ကိုးသွယ်မှာ တစ်ခုခု ဖြစ်နေလို့၊ နောက်ကျလာလည်း ဖြစ်နိုင်ပါတယ်။ ဒါက လက်ခံနိုင်စရာပဲ။
“ခေါင်းဆောင် ချင်းယီ၊ ကြွရောက်တဲ့ အတွက် ကျေးဇူးပါ။” ကောင်းကင် တာအို တပည့်သား တစ်ယောက် ချက်ခြင်း ကြိုဆိုရင်း ပြောလိုက်တယ်။
“အတင့်ရဲလိုက်တာ။ ဒါက ငါတို့ရဲ့ ခေါင်းဆောင်သစ် ချင်းယွိ သခင်မ။” လင်းယွမ် မျှော်စင် တပည့်သား တစ်ယောက် သူ့ကို ဟိန်းဟောက်တယ်။ ဒီလို ကိစ္စ သေးသေးလေးကတောင် လင်းယွမ် မျှော်စင်ရဲ့ မောက်မာမှုကို ကောင်းကောင်း ဖော်ပြနိုင်တယ်။
“သခင်မ ချင်းယွိတဲ့လား။”
“ခေါင်းဆောင် အသစ်တဲ့။”
“ဘာတွေ ဖြစ်နေတာလဲ။”
လူတိုင်းက သူမ ပြောတာကို ကြားတော့ ပဟေဠိ ဖြစ်နေကြတယ်။ ဒါပေမယ့် လူအများစုကတော့ အမူအယာ အတော့်ကို ပြောင်းလဲ နေကြပြီ။
ချင်းယွိ။
သူမ နာမည်ကို သူတို့ သိကြတယ်လေ။ ဘာကြောင့်လဲ ဆိုတော့၊ လွန်ခဲ့တဲ့ ၁၆နှစ်ကျော်မှာ ဖြစ်ခဲ့တဲ့ စစ်မီးကြီးကို မွှေးခဲ့တဲ့သူ ဖြစ်နေတယ်။ ဒါပေမယ့် စစ်ကြီး ပြီးသွားတဲ့ အချိန်မှာ သူမက ခြေရာတစ်စ မကျန်အောင် ပျောက်ကွယ် သွားခဲ့တယ်။
“ချင်းယွိက ခေါင်းဆောင်သစ် ဖြစ်လာတာလား။” ကောင်းကင်တာအိုနဲ့ ဖူရှီး တောင်ကြား ခေါင်းဆောင်တွေ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အံ့အား သင့်နေခဲ့တယ်။
ကြိုဆိုတဲ့ တပည့်သားကလည်း နောက်ထပ် ဘာမှ မပြောတော့ဘူး။ ဘာတွေ ဖြစ်နေလဲဆိုတာ ရှင်းပြချင်စိတ် မရှိတာ အသေအချာပဲ။
“ဟုတ်ကဲ့။ ချွီနန် ကောင်းကင် တာအို ခန်းမရဲ့ ကိုယ်စား ခေါင်းဆောင် ချင်းယွိကို တောင်းပန်ပါတယ်။” ချွီနန် ချက်ခြင်း အရိုအသေပြုတယ်။
“ရပါတယ်။” ချင်းယွိက ခေါင်းခါရင်း သူ့ကို ခွင့်လွှတ်လိုက်တယ်။
“ကျေးဇူး တင်ပါတယ်။ ခေါင်းဆောင် ချင်းယွိ။ ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ။” ချွီနန် နောက်တကြိမ် ဂါရဝပြုတယ်။ ရုပ်တု တစ်ခု အနားကို ဦးဆောင်ပြီးတော့ ခေါ်သွားပေးတယ်။ သူတိုကတွေ ထိုင်ပြီးတဲ့ အချိန်မှာ၊ ချွီနန် တစ်ခုခု လွဲနေတာကို သတိ ထားမိသွားတယ်။ လင်းယွမ် မျှော်စင် တပည့်သားတွေထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက် ရှိနေတယ်။
ချွီနန် သေချာကြည့်လိုက်တယ်။ ဒီလူက ယောကျာ်း တစ်ယောက်။ အရေး အကြီးဆုံးကတော့ သူက ကြီးမြတ်သော ရှမင်းဆက်ရဲ့ ဧကရာဇ် လင်းမုပိုင် ဖြစ်နေတာပဲ။
“အရှင် မင်းမြတ် ဘာလုပ်နေတာလဲ။” ချွီနန်က ခေါင်းနောက်အောင် စဉ်းစား နေရတယ်။ ကြီးမြတ်သော ရှမင်းဆက်က သူ့နေရာနဲ့ သူရှိတယ်လေ။ ဒီတော့ လင်းယွမ် မျှော်စင်ကို ဝင်ရောက်တာ မဖြစ်နိုင်ဘူး။
“အဟွတ် ဟွတ်။ ငါ့နေရာက ဘယ်မှာလဲ။” လင်းမုပိုင်ရဲ့ မျက်နှာက နီရဲ သွားခဲ့တယ်။ စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာနဲ့ ကြည့်ရင်း ပြောတယ်။
“ချွီနန် သတိလက်လွတ် ဖြစ်သွား မိပါတယ်။ ကျေးဇူးပြုပြီးတော့ နောက်ကို လိုက်ခဲ့ပါ။” ချွီနန် သူ့ကိုယ်သူပဲ အပြစ်တင်တယ်။ ဧည့်ကြို တစ်ယောက် အနေနဲ့ သူက ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ တော်တယ်လေ။
“ကျေးဇူးပဲ။” လင်းမုပိုင် ချက်ခြင်း ခေါင်းငြိမ့်တယ်။ ချွီနန်က ကြီးမြတ်သောရှမင်းဆက်ရဲ့ သတ်မှတ်ထားတဲ့ နေရာစီကို ခေါ်ဆောင် သွားခဲ့တယ်။
“အရှင် မင်းမြတ်။”
“ဂါရဝပြုပါတယ် အရှင်။”
ရှန်းအရှင် လင်းယွမ်နဲ့ အတူ လိုက်လာတဲ့ ဝန်ကြီးနဲ့ စစ်သူကြီး တစ်ချို့၊ လင်းမုပိုင်ကို ကြိုဆိုကြတယ်။
“အင်း။” လင်းမုပိုင် နောက်တကြိမ် ခေါင်းငြိမ့်တယ်။ ရှေ့ဆုံးခုံမှာ သူထိုင်လိုက်တယ်။ ဘာကိုမှ သူရှင်းမပြတော့ဘူး။
ရှန်းအရှင်နဲ့ ဝန်ကြီးတွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း၊ ဘယ်သူမှ မမေးဝံ့ကြဘူး။ ချက်ခြင်း ထရပ်ရင်း သူကနောက်ကို သွားကြတယ်။
…
နေရောင်က ကောင်းကင်ကနေ ကျဆင်းလာတယ်။ တောင်ထိပ်ကတော့ လေဒဏ်နဲ့ ပတ်ဝန်းကျင် တိမ်တိုက်တွေကြောင့် နည်းနည်း အေးနေခဲ့တယ်။ ဒါပေမယ့် မြင့်မြတ်တဲ့ အရှိန်အဝါတွေကို ထုတ်လွှတ် နေတုန်းပဲ။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံး နေခဲ့တယ်။
နောက်ထပ် ၁၀မိနစ် တိတိ စောင့်ဆိုင်းပြီးတဲ့ နောက်မှာတော့၊ တောင်စဉ် ကိုးသွယ် ပေါ်မလာ သေးတဲ့ အတွက် လူတိုင်း စိတ်ရှုပ်ထွေး နေကြတယ်။
“တောင်စဉ် ကိုးသွယ် ဒီတစ်ခေါက် ဘာဖြစ် နေတာလဲ။”
“ငါကြားတာတော့ အရင်ခေါင်းဆောင် ထျန်းရှင်းနဲက ကောင်းကင် တာအို ခန်းမက ပြဿနာ တက်ခဲ့တယ်တဲ့။ ဒါကြောင့် မျိုးနွယ်စုမှာ ဆူပူမှုတွေ ဖြစ်နေတယ်။ ဒါကြောင့် သူတို့ နောက်ကျနေ ကြတာလား။”မ
“ငါလည်း အဲ့ဒီ့ အကြောင်းကို သိတယ်။ ဒါပေမယ့် တောင်စဉ် ကိုးသွယ်က ဒီစုဝေးပွဲကို ကျော်သွားမှာတော့ မဟုတ်ဘူး။”
လူတိုင်းက မျက်မှောင်ကြုတ်နေခဲ့ကြတယ်။ မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုထဲက တစ်ခု အနေနဲ့ တောင်စဉ် ကိုးသွယ်က သူတို့ရဲ့ ခေါင်းဆောင် တစ်ခုခု ဖြစ်သွား ခဲ့ရင်တောင် သူတို့တွေ စုဝေးပွဲကို တက်ကြမှာပဲ။
အရေးအကြီးဆုံးကတော့ ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ်က ကျမ်းကောင်းကင်နဲ့ အကွာအဝေး အတူတူပဲ။ ယင်ယန် ခန်းမက သူတို့ဆီကို ရောက်နေတာ ကြာလှပြီ။ တောင်စဉ် ကိုးသွယ်ကတော့ အခုထိ ပေါ်မလာသေးဘူး။
“တောင်စဉ် ကိုးသွယ် ရောက်ရှိလာပြီ။”
“ဟုတ်တယ်။ မျိုးနွယ်စု ငါးခုလုံး နောက်ဆုံးတော့ ဒီကို ရောက်နေကြပြီ။”
“အမ်။ အရှေ့ဆုံးက ဘယ်သူလဲ။ ငါ အရင်တုံးက မမြင်ဖူးဘူး။”
လူတိုင်းက ဒီအုပ်စုကို မြင်ချိန်မှာ အံ့သြကုန်ကြတယ်။ သူတို့ကို ဦးဆောင်လာတဲ့ သူက ပထမ အကြီးအကဲ ယင်းယွိ ဖြစ်မနေလို့ပဲ။ လူငယ်လေး တစ်ယောက် လူစိမ်း တစ်ယောက် ဖြစ်နေခဲ့တယ်။
အဖြူရောင် ဝတ်ရုံကို ဝတ်ထားပြီးတော့ ကြီးမားတဲ့ ဝါးဦးထုပ်ကို ဝတ်ထားခဲ့တယ်။ မျက်နှာကိုတော့ အနက်ရောင် မျက်နှာကာနဲ့ ဖုံးအုပ်ထားတယ်။ အသားဖြူဖြူ ဆံပင် နက်နက်နဲ့ ပိန်ပိန်ပါးပါး ပုံစံကို မြင်နေရတယ်။ ဒါက တကယ့်ကို ထူးခြားတယ်။ ဒီလူငယ်လေးက ဘယ်သူများလဲ။
မျိုးနွယ်စုငယ်လေးတွေတင် အံ့သြနေတာ မဟုတ်ဘူး။ တောက်ဟွမ်နဲ့ တောက်ရှင်းတောင် အံ့သြ နေခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ မေးခွန်း တစ်ခုလေးတောင် မမေးကြဘူး။ အားလုံး အတွေးနွံနစ်နေကြတယ်။
“ချွီနန် ကြိုဆိုဖို့ နောက်ကျတာ အတွက် တောင်းပန်ပါတယ်။ ဘယ်သူလဲ ဆိုတာကို သိခွင့်ရှိနိုင်မလား။” ချွီနန် ချက်ခြင်း ထွက်လာပြီးတော့ နှုတ်ခွန်းဆက်တယ်။ အမှားတစ်ခုကို နှစ်ခေါက် မလုပ်တော့ဘူးလေ။ အရမ်းကို သတိကြီးကြီးနဲ့ ဆက်ဆံနေတယ်။
“ဒါက ငါတို့ တောင်စဉ် ကိုးသွယ်ရဲ့ ခေါင်းဆောင် အသစ်ပဲ။ မျိုးနွယ်က ပိုင်၊ နာမည်က ဖေး။ ငါတို့ အရင်ခေါင်းဆောင် ထျန်းရှင်း နောက်ဆုံး လက်ခံခဲ့တဲ့ ခေါင်းဆောင်ပဲ။ တောင်စဉ် ကိုးသွယ် တပည့်သား တစ်ယောက် ရှေ့ကို ထွက်လာပြီးတော့ ကျယ်ကျယ်လောင်လောင် နှုတ်ခွန်းဆက်တယ်။
“နောက်ဆုံး တပည့်သားတဲ့။” ချွီနန် လူငယ်လေးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်တယ်။ မျိုးနွယ်စု ခေါင်းဆောင်တွေရဲ့ တပည့်သားတွေ အကြောင်းက မြင့်မြတ် နယ်မြေမှာ လျှို့ဝှက်ချက် မဟုတ်ခဲ့ဘူး။ ဒါပေမယ့် (ပိုင်ဖေး) ဆိုတဲ့ နာမည်ကိုတော့ ဘယ်သူမှ မကြားဖူးဘူး။
ဒီလူက ဘယ်လိုများ ထျန်းရှင်းရဲ့ နောက်ဆုံး တပည့်သား ဖြစ်ရတာလဲ။ နောက်ပြီးတော့ တောင်စဉ် ကိုးသွယ်ရဲ့ တပည့်သား အသစ်လည်း ဖြစ်လာသေးတယ်။ ချွီနန် ဘယ်လိုမှ မအံ့သြပဲ မနေနိုင်ဘူး။
“ဒါက ငါတို့ တောင်စဉ် ကိုးသွယ်ရဲ့ ကိုယ်ပိုင် ကိစ္စပါ။” တပည့်သားတွေကတော့ ချွီနန်ရဲ့ အမူအယာကို မြင်တော့ သူ့အသံက ပိုပြီးတော့ အေးစက် လာခဲ့တယ်။
“အတိအကျကိုပဲ။ ခေါင်းဆောင်ထျန်းက သူ့ရဲ့ တပည့်သားကို လက်ခံ ခဲ့ပေမယ့်၊ တရားဝင် မကြေညာခဲ့တာ ဖြစ်နိုင်ပါတယ်။ ချွီနန် မလေးမစား ပြုမိသွားတယ်။ ခေါင်းဆောင် ပိုင်ဖေး ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ။” ချွီနန်က ချက်ခြင်း ခေါင်းငြိမ့်လိုက်တယ်။
“ခေါင်းဆောင်သစ် ပိုင်ဖေးတဲ့လား။” လူတွေက ထူးဆန်းတဲ့ အမူအယာနဲ့ ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူတို့တွေ မေးခွန်း မထုတ်ကြဘူး။ ဒါက တောင်စဉ် ကိုးသွယ်ရဲ့ ကိုယ်ပိုင် ကိစ္စလေ။ အပြင်လူတွေက သူတို့ ခေါင်းဆောင် အသစ်ကို ဝေဖန်ခွင့် မရှိဘူး။
တစ်ခုခု လွဲနေတာကိုတော့ ကောင်းကောင်းကြီး သိနေတယ်။ လင်းယွမ် မျှော်စင် ခေါင်းဆောင်းက ချင်းယွိ။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင်ကတော့ ဘယ်သူမှ မမြင်ဖူးတဲ့သူ။ ကောင်းကင် မဟာမိတ် စုဝေးပွဲမှာ ဖြစ်နိုင်တဲ့ ကိစ္စတွေက ထင်ထားတာနဲ့ တခြားစီ ဖြစ်နေခဲ့တယ်။
ပိုင်ဖေး ထိုင်ပြီးတဲ့ နောက်မှာတော့၊ ကောင်းကင် တာအို ခန်းမ ခေါင်းဆောင်၊ မုချင်းဖန်း ဖြည်းဖြည်းချင်း ထရပ်တယ်။ ပတ်ဝန်းကျင်ကို သေချာ စိုက်ကြည့်တယ်။ သူ့ရဲ့ နှင်းဖြူရောင် ဝတ်ရုံက လေထဲမှာ တဖျပ်ဖျပ် လွင့်မျောနေတယ်။
သူ့နောက်မှာ ရပ်နေတဲ့ အကြီးအကဲတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် ရှေ့ဆုံးမှာတော့ ပန်းရောင် ဝတ်ရုံနဲ့ အမျိုးသမီး တပည့်သား တစ်ယောက် ရှိနေခဲ့တယ်။ သူမကတော့ ချီကူယန်။ ကောင်းကင် တာအို ခန်းမရဲ့ ဂုဏ်ရည်။ မုချင်းဖန်းရဲ့ နောက်မှာ တိတ်တဆိတ် ရပ်နေခဲ့တယ်။ ဒါတောင် လူတိုင်းက သူမကို အာရုံ စိုက်နေဆဲ။
“အဲ့တာ ချီကူယန်လား။”
“ဟုတ်တယ်။ သူမက အရမ်းကို လှတာပဲ။ သူမရဲ့ အလှတရားက အရမ်းကို မှင်သက်စရာ ကောင်းတာပဲ။”
“ဟေ့။ မင်းအသံကို လျော့လိုက်စမ်း။ ဒီအတိုင်း မနေနိုင်ဘူးလား။ ချီကူယန်က ရွေးချယ်ခံလေ။ ဘယ်လိုများ မလေးမစား လုပ်ဝံ့တာလဲ။”
“ငါက သူ့ကို ချီးမွမ်း နေရုံပါ။ ဘာမှ မလုပ်ဝံ့ပါဘူး။”
မုချင်းဖန်းရဲ့ စကားသံက လူတွေကြား တီးတိုး ပြောသံတွေကို ရပ်တန့် သွားစေခဲ့တယ်။
“အဟွတ် ဟွတ်။” မုချင်းဖန်း ချောင်းဟန့်လိုက်တယ်။ တခြား မျိုးနွယ်စု လေးခုကို တလေးတစား ပြောတယ်။ “ငါ့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံပြီးတော့ လာရောက်တဲ့ ကျင့်ကြံသူတွေ များပြား လှတာကြောင့် ဂုဏ်ယူ မိပါတယ်။ လာရောက်သူ အားလုံးကိုလည်း ကျေးဇူး တင်ပါတယ်။”
“ခေါင်းဆောင်။ နှိမ့်ချလွန်း နေပါပြီ။” လူတိုင်းက မုချင်းဖန်းကို ပြန်ပြီး ဂါရ၀ ပြုကြတယ်။
“ကျေးဇူးပြုပြီးတော့ ထိုင်ကြပါ။” မုချင်းဖန်း သူတို့တွေကို ထိုင်ခိုင်းလိုက်တယ်။
လူတိုင်း ထိုင်ပြီးတဲ့ အချိန်မှာ၊ သူဆက်ပြောတယ်။ “ငါက သွယ်ဝိုက် ပြောတာတွေကို သဘော မကျဘူး။ ဒီတော့ ကောင်းကင် မဟာမိတ် စုဝေးပွဲကို ဖိတ်ခေါ်ရတဲ့ အကြောင်း အတိုချုံ့ပဲ ရှင်းပြပါမယ်။”
“ခေါင်းဆောင် ပြောပါ။”
မုချင်းဖန်း ခေါင်းငြိမ့်ရင်း ဆက်ပြောတယ်။ “ကောင်းပြီ။ လွန်ခဲ့တဲ့ လတွေတုန်းက ဖြစ်ခဲ့တဲ့ ထူးဆန်းတဲ့ အဖြစ် အပျက်တွေကို အားလုံး မြင်ကြလိမ့်မယ် ဆိုတာ သေချာပါတယ်။ ဥပမာ ငါတို့ ရပ်နေတဲ့ ကျမ်းကောင်းကင်တောင်က ညတွင်းချင်း မြင့်တက် လာတာမျိုး၊ အရင်က ဘယ်တုန်းကမှ မဖြစ်ဖူးဘူး။ ဒါပေမယ့် ဒီလို ဖြစ်ရပ်မျိုးက လောကကြီး တစ်ခုလုံးမှာ ဆက်တိုက် အထိန်း အကွပ်မဲ့ ဖြစ်နေခဲ့တယ်။ ဒါကို သဘောတူတယ် မဟုတ်လား။”
လူတိုင်းက တိတ်တဆိတ် ခေါင်းငြိမ့် လိုက်ကြတယ်။ သူတို့ရဲ့ အမူအယာတွေက မုချင်းဖန်း ပြောချင်နေတာကို သိတယ်လို့ ညွှန်ပြနေတယ်။
မုချင်းဖန်းက တစ်ချက်ကြည့်ရင်း ဆက်တိုက် ဆက်ပြောတော့တယ်။ “ဒါပေမယ့် ငါယုံကြည်တယ်။ လောကတစ်ခွင် ဖြစ်ပျက်နေတဲ့ ဒီထူးဆန်း ဖြစ်ရပ်တွေက ကောင်းကင် တာအို ခန်းမ တောင်ရဲ့ ထူးခြားတဲ့ ဖြစ်ရပ်နဲ့ သက်ဆိုင် နေမယ်လို့ ငါယုံကြည်တယ်။ ထူးဆန်း အံ့ဖွယ် အပျက်အစီးကြီး တစ်ခု ရုတ်တရက် ပေါ်လာတယ်။”
“ဘာတဲ့။”
“ထူးဆန်း အံ့ဖွယ် အပျက်အစီးကြီးတဲ့လား။”
“ဒါကို ဘယ်တုန်းကမှ မကြားဖူးဘူး။ အဲ့တာ ဘာကြီးလဲ။”
တိတ်ဆိတ်နေတဲ့ လူအုပ်ကြီးက အံ့သြစရာ အသုံးအနှုန်းကို ကြားချိန်မှာ ထိတ်လန့် ကုန်ကြတယ်။
“ကျင့်ကြံသူတို့ ဒီလို ထူးဆန်းတဲ့ အပျက်အစီးကြီးက မြင့်မြတ် နယ်မြေမှာ ပေါ်မလာတာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်နေပြီ။ ဒါကြောင့် ထူးဆန်း အံ့ဖွယ် အပျက်အစီးကြီးလို့ ခေါ်တာပဲ။” မုချင်းဖန်းက ပုံမှန် အတိုင်း ပြောနေခဲ့တယ်။
တိတ်ဆိတ်မှုက နေရာတိုင်းကို ကြိးစိုးသွားတယ်။ လူတိုင်းက မုချင်းဖန်းကို စိုက်ကြည့် နေရင်း စကား ဆက်ပြောဖို့ စောင့်ဆိုင်းနေကြတယ်။
မုချင်းဖန်းက လူတိုင်း ငြိမ်သက် သွားပြီးတဲ့ အချိန်မှာ ဆက်ပြောတယ်။ “ဒီ ထူးဆန်း အံ့ဖွယ် အပျက်အစီးထဲမှာ ထူးဆန်း နိမိတ် စာလွှာ တစ်ခုကို မြင်ခဲ့ရတယ်။ လအတော်ကြာ လေ့လာပြီး နောက်မှာတော့ နာမည်တစ်ခုတည်းကို ဆက်တိုက် ရေးထိုးထားတာ တွေ့ခဲ့ရတယ်။”
“နာမည်။ ဘာနာမည်လဲ။”
အပိုင်း (၈၁၉) ပြီး၏။
အပိုင်း (၈၂၀)
“နတ်ဘုရား မုခ်ဝ”
“နွီဝါး မယ်တော်” မုချင်းဖန်းက လူအုပ်ကြီးကို ကြည့်ရင်း ကြည်လင်နေတဲ့ အသံနဲ့ ပြောလိုက်တယ်။
“နွီဝါး မယ်တော်တဲ့လား”
“ဘာ ဘာလဲ။”
“နွီဝါး မယ်တော် အကြောင်း ရေးထားတဲ့ မှတ်တမ်း ဘယ်လိုများ ရှိနေရတာလဲ။”
မုချင်းဖန်းက (ထူးဆန်း အံ့ဖွယ် အပျက်အစီး)လို့ ပြောချိန်မှာတုန်းက သူတို့တွေ စိတ်ကို ပြင်ဆင် ထားပြီးသား။ ဒါပေမယ့် (နွီဝါး မယ်တော်) အကြောင်းကို ကြားချိန်မှာ သူတိုကတွေ အံ့သြ ကုန်ကြတော့တယ်။ ဒီနှစ်ခုက လုံး၀ အဆက်အစပ် မရှိဘူးလေ။
လူတိုင်းက နွီဝါး မယ်တော် ဆိုတာကို ကောင်းကောင်း နားလည်ကြတယ်။ သူတို့ရဲ့ အမေ နာမည်ကို သိကြသလိုပဲ။ ဒါပေမယ့် နွီဝါး မယ်တော်ရဲ့ တည်ရှိ ခဲ့မှုက လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီက အဖြစ်အပျက် တစ်ခုလေ။ ဒီလို မှတ်တမ်းက ထူးဆန်း အံ့ဖွယ် အပျက်အစီးထဲမှာ ရှိနေတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်သူမှ မယုံကြည်နိုင်ပေမယ့် မုချင်းဖန်း ကိုယ်တိုင် ပြောနေတဲ့ သတင်း ဖြစ်နေတယ်လေ။
“မင်းတို့ကို ငါ့ကို ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမယ့် ငါပြောနေတာက တကယ့် အမှန်ပဲ။ မိခင်ကြီး ဂျီးယားရဲ့ နာမည်နဲ့ မှတ်တမ်းတွေကို အဲ့ဒီ့မှာ တွေ့ရတာကြောင့် ထူးဆန်း အံ့ဖွယ် အပျက်အစီးလို့ သတ်မှတ် လိုက်တာပဲ။” မုချင်းဖန်း အခိုင်အမာကို ပြောနေခဲ့တယ်။
“ခေါင်းဆောင်။ ဒီထဲမှာ ဘာတွေ အတိအကျ ရေးထားလဲဆိုတာ ပြောပြ နိုင်မလား။”
“အဲ့တာက ရှေးဟောင်း လက်ရေးမူ တစ်ခု ဖြစ်တဲ့ အတွက် ငါ့ရဲ့ အသိပညာနဲ့တောင် နားမလည်နိုင်ဘူး။ ဒီတော့ အကြမ်းဖျင်းပဲ တွက်ချက် နိုင်ခဲ့တယ်။ ဒါက ကျောက်တုံးမှာ ရေးထားတဲ့ စာတစ်ခု ဖြစ်တဲ့ အတွက်၊ ဒါကို ငါယူမလာ နိုင်ခဲ့ဘူး။ အကြမ်းဖျင်းပဲ နားလည် နိုင်ခဲ့တယ်။”
“မြင့်မြတ် နယ်မြေမှာ ရှေးဟောင်း စာတွေနဲ့ ပတ်သက်ပြီးတော့ ခေါင်းဆောင်ထက် ကျွမ်းကျင်တဲ့သူ မရှိနိုင်တော့ပါဘူး။ ဒီတော့ အရမ်း မနှိမ့်ချပါနဲ့။”
“ကောင်းပြီလေ။ လူတိုင်းက ငါ့ကို ယုံကြည်မှတော့ အကြောင်းအရာတွေကို ငါပြောပြမယ်။ ဒါဆိုရင် ဆုံးဖြတ်ချက် ချနိုင်မှာ သေချာတယ်။”
“ကျေးဇူးပြုပြီးတော့ ပြောပါ ခေါင်းဆောင်။”
“ရှေးဟောင်း စာမူထဲမှာ အပိုင်းသုံးခုပါတယ်။ ပထမ တစ်ခုက မိုးမြေ ဖန်တီးချိန် အကြောင်းကို အဓိက ပြောထားတယ်။ မိုးမြေ နှစ်ခု တည်ငြိမ်လာပြီး သိပ်မကြာခင်မှာပဲ အရှုပ်အထွေးတွေ စတင် ဖြစ်တည်လာတယ်။ အဲ့ဒီ့နောက် ရှုပ်ထွေးလွန်းတဲ့ ကပ်ဆိုးကြီး အဖြစ်ကို ပြောင်းလဲသွားတယ်။”
“ရှုပ်ထွေးတဲ့ ကပ်ဆိုးကြီးတဲ့လား။”
“အမှန်ပဲ။ ဒီကပ်ဆိုးက အချိန် အတော့်ကို ကြာမြင့်ခဲ့တယ်။ မီးတောက်တွေက ကောင်းကင်ကနေ ကျဆင်း လာပြီးတော့ မြေပြင်ကို မိုးကြိုးတွေ ဆက်တိုက် ပြစ်ချတယ်။ တစ်ခါတစ်လေ၊ ဥက္ကာပျံတွေတောင် မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။” မုချင်းဖန်း ကပ်ဆိုး ပုံရိပ်တွေကို စိတ်ထဲမှာ ပုံဖော်ရင်းနဲ့ ပြောပြ နေခဲ့တယ်။
လူတိုင်းကတော့ တိတ်ဆိတ်နေတယ်။ မီးတောက်တွေ ကျဆင်းပြီးတော့ ဥက္ကာပျံတွေ ကြွေနေတဲ့ မြင်ကွင်းက အဲ့ဒီ့ အချိန်ရဲ့ သက်ရှိတွေ အတွက် ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ ဖြစ်ရပ်မှန်း သူတို့ စိတ်ကူးကြည့်နိုင်တယ်။
“ဒုတိယ တပိုင်းကတော့ နည်းနည်း ရှုပ်ထွေးနေတယ်။ ငါ့ရဲ့ အသိပညာ မလုံလောက်တာကြောင့် နည်းနည်းပဲ နားလည်နိုင်ခဲ့တယ်။ နွီဝါး မယ်တော်က လူသားတွေကို ဦးဆောင်ပြီးတော့ ကပ်ဆိုး အရင်းအမြစ်ကို ရှာခဲ့တယ်။ ဒါက ကောင်းကင် အပေါက်ကြီးကြောင့် ဆိုတာကို ရှာတွေ့ခဲ့တယ်။ အဲ့ဒီ့နောက် ကောင်းကင်ကြီးကို သူစတင် ပြုပြင်ခဲ့တယ်။”
“ကောင်းကင်ကြီးကို ပြင်ဆင်တယ် တဲ့လား။”
“ဟုတ်တယ်။ ကောင်းကင်ကြီးကို ပြင်ဆင်တယ်။”
“အဲ့ဒီ့နောက် ဘာဆက်ဖြစ်လဲ။“
“ကျန်တဲ့ အရာတွေကိုတော့ ငါအဖြေမထုတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ငါခန့်မှန်း ကြည့်ရသလောက်ကတော့ ဘယ်လို ပြင်ဆင်ခဲ့တယ် ဆိုတဲ့ အပိုင်း ဖြစ်လိမ့်မယ်။” မုချင်းဖန်း ခေါင်းခါရင်း ပြောတယ်။
“ခေါင်းဆောင်။ ကျွန်တော်တို့လည်း ဒီလိုပဲ ထင်ပါတယ်။” လူတိုင်းက သူ့စကားကို ကြားချိန်မှာ ခေါင်းငြိမ့်ကြတယ်။ ဒီခန့်မှန်းချက်ကို သူတို့ သဘောတူကြတယ်။
“တတိယ အပိုင်းကတော့ နားလည်ဖို့ ခက်ခဲတယ်။ ငါ့ရဲ့ အသိပညာက ကန့်သတ်ချက် ရှိနေတဲ့ အတွက် ချီကူယန်ရဲ့ အကူအညီနဲ့မှ စာကြောင်း နည်းနည်းပဲ အဖြေရှာနိုင်ခဲ့တယ်။”
“စာကြောင်းနည်းနည်း။ ခေါင်းဆောင် ကျွန်တော်တို့ကို သိမြင်အောင် လုပ်ပေးပါ။”
“ပထမ စာကြောင်းကတော့ ပိတ်ဆို့ခြင်း။ အရှေ့ အပိုင်းတွေကို အခြေခံလိုက်ရင်၊ ကောင်းကင် အပေါက်ကြီးကို ပိတ်ဆို့တဲ့ အကြောင်း ဖြစ်နိုင်တယ်။ ကောင်းကင် အပေါက်ကြီး ပျောက်ကွယ်သွားတယ်။ ဒါပေမယ့် လမ်းတစ်ခုကို ပိတ်တာ၊ တံခါး တစ်ခုကို ပိတ်တာလို့လည်း ဆိုလိုနိုင်တယ်။ ဟုတ်တယ်။ တံခါး ပိတ်တာ။”
“တံခါးတဲ့လား။” လူတွေ တစ်ခုခု ပြောချင် ကြပေမယ့် ဘာပြောရမှန်း မသိခဲ့ာကဘူး။
“ဒုတိယ တစ်ခုကတော့ နတ်ဘုရား မုခ်ဝ။ ဒီစာကြောင်းကလည်း အများကြီးပါတယ်။
“နတ်ဘုရားမုခ်ဝ။”
“တတိယ တစ်ခုကတော့ အားလုံးကို ဒီမှာ စုဝေးရတဲ့ အကြောင်းအရင်းပဲ။ ကျမ်းကောင်းကင်တောင်တဲ့။” မုချင်းဖန်း အသက်ပြင်းပြင်း ရှူလိုက် ပြီးတဲ့နောက် အဲ့ဒီ့ စကားကို ပြောတယ်။
“ကျမ်းကောင်းကင်တောင်။”
“ပထမ စာလုံးက ပိတ်ဆို့ခြင်း။ ဒုတိယ စာလုံးက နတ်ဘုရား မုခ်ဝ။ တတိယ တစ်ခုက ကျမ်းကောင်းကင်တောင်။”
“ကျမ်းကောင်းကင်တောင်မှာ နတ်ဘုရား မုခ်ဝကို ပိတ်ခဲ့တာလား။”
“ဒီလောက် ရိုးရှင်းပါ့မလား။”
လူတိုင်း ခန့်မှန်း နေခဲ့ကြတယ်။ သတင်း အချက်အလက်က နည်းလွန်းနေတဲ့ အတွက် ဘာကိုမှ သက်သေ မပြနိုင်ခဲ့ဘူး။
“ခေါင်းဆောင်မု။” ဖူရှီးတောင်ကြားက လူတစ်ယောက် ထရပ်တယ်။ သူ့ရဲ့ မုတ်ဆိတ်မွှေးတွေက ဖြူဖွေး နေပြီးတော့ (ဖူရှီး)ဆိုတဲ့ စာလုံး နှစ်လုံး ချည်ထိုးထားတဲ့ ဝတ်ရုံဖြူကို ဝတ်ထားတယ်။
သူက ဖူရှီး တောင်ကြား အကြီးအကဲ ကုယွိအန်းပဲ။
“အကြီးအကဲ ကု၊ ကျေးဇူးပြုပြီးတော့ စိတ်ထဲ ရှိတဲ့ အတိုင်းပြောပါ။” မုချင်းဖန်းက ကုယွိအန်း တစ်ခုခု ပြောချင် နေတာကို သိတယ်။ ဒါကြောင့် သူခေါင်းငြိမ့်ရင်း အတည်ပြု ပေးလိုက်တယ်။
“ခေါင်းဆောင်မု။ ဒီရှေးဟောင်း စာမူ အကြောင်း ပြောဖို့တော့ ကျွန်တော်တို့ကို စုလိုက်တာတော့ မဟုတ်ဘူး မလား။ ဒီစာမူ အကြောင်းကို ပြောချင်ရင် ကျွန်တော်တို့ကို စာလွှာ ပို့ဆောင်လို့ ရတာပဲ။ ဒီတော့ ကျွန်တော်တို့ကို ဒီမှာ စုဝေးရတဲ့ တကယ့် အကြောင်းအရင်းက ဘာလဲ။” ကုယွိအန်းက ပြုံးလိုက်ရင်း ပြောတယ်။ မုချင်းဖန်းကို အရိုအသေ ပြုလိုက်တယ်။
“အကြီးအကဲကု ပြောတာ မှန်တယ်။”
“ခေါင်းဆောင်မု၊ ကျွန်တော်တို့ကို ကောင်းကင် မဟာမိတ် စုဝေးပွဲဆီ ခေါ်လိုက်ရတာ ဘာကြောင့်များ ပါလိမ့်။”
ကုယွိအန်းရဲ့ စကားကို ကြားချိန်မှာ လူတိုင်း ခေါင်းငြိမ့်လိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီစာမူ အကြောင်းက ကနဦး စကား အစ သက်သက်ဆိုတာ သူတို့တွေ နားလည် ကြတယ်လေ။
“ဟဟား။ အကြီးအကဲကု ပြောတာ မှန်တယ်။ လူတိုင်းကို ဖိတ်ခေါ် လိုက်ရတာ အကြောင်းအရင်း နှစ်ခု ရှိတယ်။ ပထမ အကြောင်းအရင်းကတော့ ရှေးဟောင်း လက်ရေးမူ သတင်းကို ပြောပြဖို့။ ဒုတိယ တစ်ခုကတော့ ဒီလက်ရေးမူနဲ့ လောက အပြောင်းအလဲတွေကြားက ဆက်စပ်မှုကို ရှာဖွေဖို့ပဲ။” မုချင်းဖန်း ပြုံးပြပြီးတော့ ခေါင်းငြိမ့်လိုက်တယ်။
“ဒါတွေက ဆက်စပ်နေတယ်လို့ ပြောချင်တာပါလား။”
“ဒီအကြောင်းကို ပြောပြဖို့ မေ့သွားခဲ့တယ်။ လောကကြီးမှာ ထူးဆန်းတဲ့ အဖြစ် အပျက်တွေ စတင်ခဲ့တာ၊ ကောင်းကင် တာအို ခန်းမ အောက်ခြေမှာ ထူးဆန်းတဲ့ အပျက်အစီးကြီး ပေါ်လာတည်းကပဲ။ နောက်ပြီးတော့ ဒီလို အပြောင်းအလဲတွေ စတင်ခဲ့တဲ့ ဗဟိုချက်က ဒီအပျက်အစီးကြီးပဲလို့ ငါသေချာသိတယ်။ တဖြည်းဖြည်းနဲ့ အပြောင်းအလဲတွေက အပြင်ဘက်ကို ကန်ထွက်သွားတယ်။” မုချင်းဖန်းရဲ့ အသံက အရမ်းကို သေချာ နေခဲ့တယ်။
“ဘာဖြစ်တယ်။ ဒီထူးဆန်း အံ့ဖွယ် အပျက်အစီးကြီး ပေါ်လာပြီးတဲ့နောက် အပြောင်းအလဲတွေ စဖြစ်တယ်။”
“ပြီးတော့ အလယ်ဗဟိုချက်က အဲ့ဒီ့ အပျက်အစီးကြီးတဲ့လား။”
“ဘယ် ဘယ်လို ဖြစ်နိုင်မှာလဲ။”
လူတိုင်း မယုံနိုင် ဖြစ်နေခဲ့တယ်။ ဒါပေမယ့် မုချင်းဖန်းကတော့ အမှန်ကို ပြောနေတာ အသိသာကြီးပဲ။ သူတို့ကို လိမ်ဖို့ သူ့မှာ အကြောင်းအရင်းမှ မရှိပဲလေ။
အရာအားလုံး တိတ်ဆိတ် သွားခဲ့တယ်။ မုချင်းဖန်း ဘာကြောင့် ကောင်းကင် မဟာမိတ် စုဝေးပွဲကို အလောတကြီး ခေါ်ရမှန်း သူတို့ နားလည် သွားခဲ့ပြီ။
လူတိုင်း တိတ်ဆိတ် သွားပြီးချိန်မှာ မုချင်းဖန်း ဆက်ပြောတယ်။ “ငါ့မှာ ခန့်မှန်းချက် နှစ်ခုရှိတယ်။ ပထမ တစ်ခုကတော့ အကောင်းဘက်က ကြည့်မယ်ဆိုရင်၊ ဒီလို ထူးဆန်း ဖြစ်ရပ်တွေ ဖြစ်တဲ့ နေရာတွေမှာ မဟာ အခွင့်အရေးကြီးတွေ ရှိလာလိမ့်မယ်။ ထူးခြားတဲ့ ကောင်းကင် ရတနာတွေတောင် ရှိနိုင်တယ်။”
“ကောင်းကင်ရတနာတွေတဲ့။”
“ဟုတ်တယ်။ အံ့ဖွယ်အပျက် အစီးနဲ့ ရှေးဟောင်းစာ ပေါ်လာပြီးနောက် အပြောင်းအလဲတွေ ဖြစ်တဲ့ နေရာတွေမှာ ရတနာတွေ ရှိနိုင်တယ်။”
“ဟုတ်လောက်မယ်။”
ဒီတစ်ခေါက်ကတော့ စိတ်ချမ်းသာမှုကြောင့် လူတိုင်း တိတ်ဆိတ် သွားခဲ့ရတယ်။ ရတနာတွေကို ဘယ်သူမဆို လိုချင် ကြတာပဲလေ။ ကောင်းကင် ရတနာတွေကိုသာ ရရင်၊ ပုံမှန် တပည့်သား တစ်ယောက်တောင် ကိုယ်ပိုင် မျိုးနွယ်စုကို ဖန်တီး နိုင်လိမ့်မယ်။
“ဒီလို မဟာ အခွင့်အရေးနဲ့ ကောင်းကင် ရတနာတွေကို လူတိုင်း စိတ်ဝင်စားမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကိစ္စ တစ်ခုမှာ အမြဲတမ်း ရှုထောင့် နှစ်ခု ရှိတယ်လေ။ ဒုတိယ ခန့်မှန်းချက်ကတော့ ကပ်ဆိုးရဲ့ အစပဲ။ အဆိုးဆုံး ကိစ္စဖြစ်ခဲ့ရင်၊ စာမူထဲမှာ ရေးထားတဲ့ ကောင်းကင် အပေါက်ပေါက်သွားတာနဲ့ သက်ဆိုင်လိမ့်မယ်။” မုချင်းဖန်း ဆက်ပြောတယ်။
“ကောင်းကင် အပေါက်က ငါတို့ခေတ်မှာ ထပ်ဖြစ် တော့မှာလား။”
“မဖြစ်နိုင်လောက်ပါဘူး။”
လူတိုင်း အမူအယာ မည်းမှောင် သွားပြန်တယ်။ ဒါကြီး ဖြစ်လာမှာကို မယုံနိုင်ပေမယ့် စိုးရိမ် နေဆဲပဲ။ နောက်ဆုံးတော့လည်း မုချင်းဖန်း ပြောထားတဲ့ အတိုင်း ထူးဆန်း အံ့ဖွယ် အပျက်အစီးကြီး စတင်ပြီးတဲ့နောက်မှ အပြောင်းအလဲတွေ စဖြစ် လာခဲ့တာ မှန်ခဲ့ရင်။ ဘာကြောင့်များ ဒါကြီးက ပေါ်လာတာလဲ။ နိမိတ်လား။ သတိ ပေးချက်လား။ ဘယ်သူမှ အဖြေကို မသိကြဘူး။
“မဖြစ်နိုင်ဘူးလို့ ငါလည်း ယုံကြည်ပေမယ့်၊ လုံးဝကြီး မဖြစ်နိုင်တာတော့လည်း မဟုတ်ခဲ့ဘူး။ ဒီတော့ ငါတို့တွေ ရင်ဆိုင်ဖို့ ပြင်ဆင် ထားရမယ်။”
“ခေါင်းဆောင် ဘယ်လို အစီအစဉ် ရှိပါလိမ့်။”
“ငါ့အမြင်ကတော့ ရလဒ်ကို ဘေးဖယ်ထားပြီး စည်းမျဉ်းတွေကို သတ်မှတ်ရမယ်။ ဒါမှပဲ တကယ့် ပြဿနာကြီးတွေ ဖြစ်လာတဲ့ အချိန် မလိုလား အပ်တဲ့ သေကျေပျက်စီးမှုတွေကို လျော့ချပြီး အပျက်အစီးတွေကို ကာကွယ်နိုင်လိမ့်မယ်။” မုချင်းဖန်း လေးလေးနက်နက် ပြောတယ်။
“ခေါင်းဆောင်မု ပြောတာ မှန်တယ်။”
“ဟုတ်တယ်။ ငါတို့တွေ စည်းမျဉ်းကို အရင်ဆုံး ချမှတ်ရမယ်။ မဟုတ်ရင် ရတနာ ပေါ်လာတဲ့ အချိန် ဆူပူမှုတွေ ဖြစ်လာမှာ အသေအချာပဲ။”
“ကောင်းကင် အပေါက်ကြီး ဖြစ်လာရင်ကော။”
“ဒါကြောင့်ပဲ စည်းမျဉ်းတွေကို ချမှတ်ပေးဖို့ အရေးကြီးတာ။”
မုချင်းဖန်းရဲ့ အကြံကို လူတိုင်း သဘောတူကြတယ်။ စည်းမျဉ်းတွေ မချမှတ်ပဲ ဘယ်လို ကိစ္စမှ မအောင်မြင် နိုင်ဘူးလေ။ လောကကြီး တစ်ခုလုံးမှာ ဖြစ်ပျက်နေတဲ့ ထူးထူးဆန်းဆန်း အပြောင်းအလဲတွေကို ကိုင်တွယ်ဖို့က အရေးအကြီးဆုံးပဲ။
“ခေါင်းဆောင်မု ဘယ်လို တွေးထားပါလဲ။” ကုယွိအန်း ခေါင်းငြိမ့်ရင်း နောက်ထပ် မေးခွန်း တစ်ခုကို ထပ်မေးတယ်။
“အစပိုင်းတုန်းကတော့ မျိုးနွယ်စု ငါးခု အတူတူ ဆွေးနွေးပြီးတော့ နယ်မြေဆိုင်ရာ စည်းမျဉ်းတွေကို ချမှတ်ဖို့ ငါတို့ တွေးခဲ့ကြတယ်။ ဒါပေမယ့် ဒီလို လုပ်လိုက်ရင် တခြား ပြဿနာ ဖြစ်သွားလိမ့်မယ်။ ဥပမာ ထူးဆန်း ရတနာက နယ်မြေ တစ်ခုတည်းမှာပဲ ဆက်တိုက် ပေါ်ထွက်နေရင်၊ မြင့်မြတ် နယ်မြေရဲ့ ဟန်ချက်ကို ထိခိုက် သွားလိမ့်မယ်။ တခြား တစ်ဖက်မှာတော့ ကောင်းကင် အပေါက်ကြီးက နယ်မြေ တစ်ခုမှာ စပေါ်ပေါက်လာရင်၊ တခြား မျိုးနွယ်စုတွေကလည်း ကူညီရမယ် မဟုတ်လား။” မုချင်းဖန်း ခပ်မြန်မြန်ပဲ အတိုချုပ်ပြောတယ်။
မုချင်းဖန်း ပြောတာတွေက အမှန် ဖြစ်နေတဲ့ အတွက် လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ခေါင်းငြိမ့်တာပဲ လုပ်ကြတယ်။
ရည်မှန်းချက်။ အရာအားလုံးရဲ့ အစတည်းက သူတို့ရဲ့ ရည်မှန်းချက်က ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး။ မျိုးနွယ်စု ငါးခုထဲမှာ တစ်ခုခုကသာ တခြား မျိုးနွယ်စ လေးခုကို ဖျက်စီးနိုင်တဲ့ အင်အား ရှိသွားရင်၊ သူတို့ရဲ့ မျှခြေက ပျက်စီး သွားလိမ့်မယ်။ ဒါဆိုရင် ဘယ်သူကမှ စည်းမျဉ်းတွေကို အာရုံစိုက်ဖို့ မလိုတော့ဘူး။
“ငါပြောချင်တာကို အားလုံးပဲ နားလည်မယ်လို့ ထင်ပါတယ်။ ရတနာသာ ဘယ်နေရာမှာ မပေါ်လာခဲ့ရင်၊ ငါအစောပိုင်းက ပြောခဲ့တဲ့ ပြဿနာတွေလည်း သေချာပေါက် ပေါ်လာမှာပဲ။ အကယ်၍ ဒီလို အချိန်မှာ တစ်ယောက်ယောက်သာ စည်းမျဉ်းတွေကို ချိုးဖောက်လိုက်ရင်၊ စည်းမျဉ်းတွေက အလကား ဖြစ်ကုန်မှာ အသေအချာပဲ။ စည်းမျဉ်းတွေ မရှိတော့ရင်၊ အပျက်အစီးတွေ ဆူပူအုံကြွမှုတွေလည်း စတင်လိမ့်မယ်။”
လူတိုင်းကတော့ တိတ်ဆိတ်နေခဲ့တယ်။ မုချင်းဖန်း ပြောတာကို ဘယ်သူကမှ မကန့်ကွက်ကြဘူး။ ရတနာတွေက နယ်မြေ ငါးခုလုံးမှာ အညီအမျှ ဖြန့်ကျက် ပေါ်ပေါက် လာတာတော့ မဖြစ်နိုင်ဘူးလေ။ အကယ်၍ ရတနာတွေသာ အညီအမျှ ပေါ်ထွက်မယ် ဆိုရင်တောင်၊ တန်ဖိုးက ကွာခြားမှာပဲ။ ဒီတော့ အင်အား မျှခြေလည်း ပျက်သွားလိမ့်မယ်။
“ခေါင်းဆောင်မု ပြောချင်တာက မြင့်မြတ် နယ်မြေမှာ ခေါင်းဆောင်သစ် တစ်ယောက်ကို တင်မြှောက်သင့်တယ် လို့လား။” ဖူရှီ တောင်ကြား နေရာကနေ အသံ တစ်သံ ထွက်လာတယ်။ ဒါပေမယ့် ကုယွိအန်းတော့ မဟုတ်ခဲ့ဘူး။
ပိန်ပိန်ပါးပါး အရပ်ပုပုနဲ့ လူတစ်ယောက်ပဲ။ မျက်နှာမှာ အရေး အကြောင်းတွေ ပြည့်နေပြီးတော့ ငွေဖြူရောင် မျက်ခုံးတွေကလည်း သူ့ရဲ့ ခါးအထိကို ရှည်လျားတယ်။ ဒီလူက မတ်တပ်ရပ် မနေခဲ့ဘူး။ ဖူရှီးတောင်ကြားရဲ့ ရှေ့ဆုံး နေရာမှာ ထိုင်နေခဲ့တယ်။
သူကတော့ မော့ရှန်းရှီ။ ဖူရှီးတောင်ကြားရဲ့ လက်ရှိ ခေါင်းဆောင်။ မြင့်မြတ် နယ်မြေရဲ့ ထိပ်တန်း ပရောဟိတ် အဖြစ် ကျော်ကြားတယ်။ မော့ရှန်းရှီ ပြောချင်တာကို လူတိုင်း နားလည်တဲ့ အတွက် သူတို့တွေ စိတ်ထဲမှာ နားမလည်နိုင် ဖြစ်ကြတော့တယ်။
မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုကသာ ခေါင်းဆောင် တစ်ယောက်ကို တင်မြှောက်လိုက်ရင်၊ ကောင်းကင် ရတနာ ပြဿနာတွေ အတွက် တခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ဒါက မျိုးနွယ်စု ငါးခုကြားက ပြဿနာတွေကို ဖြေရှင်းနိုင်ရုံပဲ ရှိမယ်။
ဆိုရိုးစကား ရှိတဲ့ အတိုင်း (စစ်သေနာပတိ မဖြစ်ချင်တဲ့ စစ်သည် တစ်ယောက်က စစ်သည်ကောင်း တစ်ယောက် မဟုတ်ဘူး။)
ဘယ်သူကမှ တစ်ဘဝလုံး စစ်သည်ပဲ မဖြစ်ချင် ကြဘူးလေ။ ရှုပ်ထွေးတဲ့ အခွင့်အရေးတွေ ပြည့်နှက်နေတဲ့ ကာလမှ ဘယ်သူမှ တခြားသူရဲ့ စကားကို နားထောင်ပြီး (လိမ္မာတဲ့ ကောင်လေး) မလုပ်ချင် ကြဘူးလေ။
အရေးအကြီးဆုံးကတော့ သူတို့တွေက မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုရဲ့ မျက်လုံးထဲမှာ မထင်မရှား သူတွေဆိုတာ လူတိုင်း သိကြတယ်လေ။
“ခေါင်းဆောင်မော့ ပြောတာ မှန်ပါတယ်။ ဒါက ငါ့ရည်ရွယ်ချက်ပါပဲ။ ဒါပေမယ့် ကွာခြားချက် နည်းနည်းတော့ ရှိနေတယ်။ အကယ်၍ မျိုးနွယ်စု ငါးခုတည်းသာ ကိုယ်ပိုင် အကျိုးအမြတ်တွေကို ကာကွယ်နေရင်၊ ပြဿနာတွေ ပိုတိုးလာရုံပဲ ရှိမယ်။ ဒါကြောင့် စည်းမျဉ်းတွေကို ချမှတ်ဖို့ ခေါင်းဆောင် တစ်ယောက် ရှိသင့်တာပဲ။ ဒီခေါင်းဆောင် ချမှတ်တဲ့ စည်းမျဉ်းတွေက မျိုးနွယ်စုတွေ အားလုံးနဲ့ နိုင်ငံတော် လေးခုမှာပါ အကျုံးဝင်စေဖို့ ငါရည်ရွယ် ထားပါတယ်။” မုချင်းဖန်း အခိုင်အမာ ပြောတယ်။
“မျိုးနွယ်စုတွေ အားလုံးနဲ့ နိုင်ငံတော် လေးခုမှာပါ အကျုံးဝင်စေဖို့”
“ဒါက ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ။”
“ဒီနေရာမှာ လူတွေ အများကြီး ရှိနေတယ်။ ဒါတို့ ဒါကို တိုက်ပွဲ တစ်ခုနဲ့ ဖြေရှင်းလို့ မရဘူးလေ။ ကျင့်ကြံတဲ့ ပုံစံက တစ်ယောက်ယောက်နဲ့ တစ်ယောက် လုံး၀ မတူတာကို မဖြစ်နိုင်တာပဲ။”
မုချင်းဖန်းရဲ့ အကြံပြုချက်ကို ကြားချိန်မှာ လူတိုင်း စိတ်ရှုပ်ထွေး ကြတော့တယ်။ ဒီလို အားလုံးကို ဦးဆောင်ဖို့ လူတစ်ယောက်ကို ရွေးချယ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ သူတို့ ထင်နေကြတယ်။
အပိုင်း (၈၂၀) ပြီး၏။