အပိုင်း (၈၃၁-၈၄၀)
Vol. 9 Ch. 831-840
အပိုင်း (၈၃၁)
“ငါက နန်ကုန်းမု။”
ဒါပေမယ့် နန်ကုန်းမုကတော့ ပြန်မဖြေ။ စကား တစ်ခွန်းတောင် မပြောပဲ တိတ်တဆိတ် ရပ်နေခဲ့တယ်။
“အမ်။ နန်ကုန်းမု။ မင်း ကိုယ့်ကိုယ်ကို မိတ်မဆက်ဘူးလား။” ပြိုင်ပွဲစီစဉ်တဲ့ တပည့်သားက သူ့ကို သတိပေးတယ်။ နောက်ဆုံးတော့လည်း ကိုယ့်ကိုယ်ကို မိတ်ဆက်တယ် ဆိုတာ ဒီလို အခွင့်အရေးမှာ ကျော်ကြားအောင် လုပ်နိုင်တဲ့ အဓိက အချက်ပဲလေ။
“နန်ကုန်းမု။” နန်ကုန်းမုက ခေါင်းငြိမ့်ရင်း ချိုးကျင့်ဖုန်းကို ဂါရဝပြု ပြီးတော့ ပြောတယ်။
“..”
“…”
နန်ကုန်းမုက ယဉ်ကျေးပါတယ်။ ဒါပေမယ့် သူ့ဘေးပတ်လည်မှာ ရှိတဲ့ တပည့်သားတွေကတော့ သူ့ အပြုအမူကြောင့် တောင့်တင်း ကုန်ကြတယ်။ ကြေညာသူ တပည့်သားတောင် နန်ကုန်းမုက သူ့နာမည်ပဲ ပြောလာမယ်လို့ မထင်ထား ခဲ့မိဘူး။
ဘာကြီးလဲ။
နန်ကုန်းမုကို ဆက်ပြီးတော့ စကားပြောဖို့ သူသတိ ပေးချင်တယ်။ ဒါပေမယ့် နန်ကုန်းမုက စကား ပြောချင်တဲ့ ပုံစံ မရှိတာကြောင့် တိတ်တဆိတ် နေဖို့သာ ဆုံးဖြတ်လိုက်တယ်။
“ကောင်းကင် တာအို ခန်းမနဲ့ နန်ကုန်း မိသားစု။ ပထမ အဆင့် ပထမ အချီ။ နန်ကုန်းမုနဲ့ ချိုးကျင့်ဖုန်း။ တိုက်ခိုက်။” တပည့်သား ချက်ခြင်း တိုက်ခိုက်ဖို့ ကြေညာတော့တယ်။
ချိုးကျင့်ဖုန်းက ဓားရှည်ကော ဓားတိုကိုပါ ဆွဲထုတ်လိုက်တယ်။ ဓားတစ်လက်က အနီ တစ်လက်က အဖြူ။ ဒါပေမယ့် သူ့ဓားတွေ ထုတ်နေချိန်မှာပဲ အရမ်းကို တည်ငြိမ်နေတဲ့ လူတစ်ယောက်က သူ့ရှေ့ ခြေတစ်လှမ်း အကွာကို ရောက်နေ ခဲ့ပြိ။
“မြန်လိုက်တာ။”
“သူတကယ်ပဲ ဒီလောက် မြန်တယ်လား။”
တပည့်သားတွေ နန်ကုန်းမု စမတိုက်ခင် ထွက်လာတဲ့ အရှိန်နှုန်းကြောင့် မျက်လုံး ပြူးကျုန်ကြတယ်။ ချိုးကျင့်ဖုန်းလည်း အငိုက်မိ သွားတဲ့ အတွက် သူ့အမူအယာက နည်းနည်း ပြောင်းလဲ သွားခဲ့တယ်။ နောက်ဆုံးတော့လည်း သူ့ရဲ့ ကျင့်ကြံဆင့်က ပိုမြင့် နေတယ်လို့ ထင်ခဲ့တာလေ။
ဒါပေမယ့် ခပ်မြန်မြန်ပဲ သူတုံ့ပြန်တယ်။ နန်ကုန်းမုကို သူ့ရဲ့ ကျင့်ကြံဆင့်နဲ့ ဖိနှိပ်မယ့် အစား ခြေတစ်လှမ်း နောက်ဆုတ်ရင်း အနီရောင် ဓားရှည်နဲ့ တိုက်ခိုက်တယ်။ လေထဲမှာ ကြက်သွေးရောင် မီးတောက်တွေ ပေါ်လာတော့တယ်။ ဒီကြက်သွေးရောင် မီးတောက်က ပတ်ဝန်းကျင် တစ်ခုလုံးကို လောင်ကျွမ်းတော့တယ်။
ဒါက သုခမိန် အဆင့်နဲ့ ပြန်လည် မွေးဖွားမှု အဆင့်ကြားက အခြေခံ စွမ်းအား ကွာခြားချက် တစ်ခုပဲ။ သုခမိန်တွေက တာအိုကို အပြည့်အ၀ ထိန်းချုပ်ပြီးတော့ တာအို စွမ်းအားတွေ အားလုံးကို ကူးပြောင်းနိုင်တယ်။ ဒါပေမယ့် ဒီမီးတောက်တွေနဲ့လည်း နန်ကုန်းမုကို မထိန်းကွပ် နိုင်ခဲ့ဘူး။ သူက ရှော်ငတောင် မရှောင်ခဲ့ဘူးလေ။
နန်ကုန်းမုက မီးတောက်တွေကြားကို တည့်တည့် တိုးဝင်လာတယ်။ သူ့ခန္ဒာကိုယ်က မီးတောက်တွေကို ဖြတ်သန်းပြီးတော့ ချိုးကျင့်ဖုန်းဆီကို နတ်ဆိုး နတ်ဘုရား တစ်ပါး ပုံစံနဲ့ ချဉ်းကပ်လာခဲ့တယ်။
“သူက ဘာဖြစ်လို့ ဒီလောက်တောင် အင်အား ကြီးနေ ရတာလဲ။” သူ့စိတ်သူ ပြင်ဆင်ထားတဲ့ ချိုးကျင့်ဖုန်းတောင် နန်ကုန်းမုရဲ့ တိုက်ခိုက်မှုကြောင့် ငေးမော နေရပြီ။
နောက်ဆုံးတော့လည်း သူက သုခမိန် တစ်ယော်ကလေ။ သုခမိန် တစ်ယောက်ကို ပြန်လည် မွေးဖွားမှု အဆင့် တစ်ယောက်က ဘယ်လိုများ ဖိနှိပ် ရတာလဲ။ နောက်ပြီးတော့ ပြိုင်ဘက်က သူ့တိုက်ခိုက်မှုကိုတောင် မရှောင်ပဲ အတင်း တွန်းထုတ်နေတယ်။
ချိုးကျင့်ဖုန်း ဒေါသ ထွက်လာတယ်။ ဒါပေမယ့် သူ့ကိုယ်သူ ခပ်မြန်မြန်ပဲ စိတ်ပြန်ထိန်းတယ်။ တိုက်ပွဲနဲ့ သူ့တာဝန် အရေးကြီးတာကို သူသိတယ်လေ။ သူရှုံးလို့ မဖြစ်ဘူး။ အနည်းဆုံးတော့ နန်ကုန်းမုကို ရှုံးလို့ မဖြစ်ဘူး။
“ဖွင့်။” ချိုးကျင့်ဖုန်းက အရမ်းကို ညင်ညင်သာသာလေး ပြောလိုက်ရင်း ရွေ့လျားတာကို ရပ်လိုက်တယ်။ ရှုပ်ထွေးတဲ့ ငွေရောင် သင်္ကေတက သူ့နဖူးပေါ်မှာ စတင်ပြီးတော့ လင်းလက် လာတော့တယ်။ အဲ့ဒီ့နောက် ခရမ်းငွေရောင် စက်ကွင်းတွေက သူ့ခြေထောက် အောက်ကနေ တက်လာပြီးတော့ တကိုယ်လုံးကို သံကြိုးတွေလို ရစ်ပတ်တော့တယ်။
ဂျိန်း ဂျိန်း။
လေတွေ တိုက်ခတ်မှုကြောင့် သံကြိုးတွေ ပွတ်တိုက် သံကိုပါ ကောင်းကောင်း ကြားနေရတယ်။ ဒါပေမယ့် နန်ကုန်းမုကတော့ မရပ်တန့်ဘူး။ ချိုးကျင့်ဖုန်းဆီကို တန်းတန်း မတ်မတ်ကြီးသာ သွားနေတယ်။ ဓားကိုတောင် တစ်ချက် မသုံးဘူး။ လက်သီးနဲ့သာ ထိုးချလိုက်တယ်။
ဝုန်း။
ချိုးကျင့်ဖုန်းကတော့ ခုခံနိုင်စွမ်း မရှိတဲ့ လူတစ်ယောက် ပုံစံနဲ့ လွင့်ထွက် သွားတော့တယ်။ ဆယ်လှမ်း တိတိ လွင့်ထွက် သွားပြီးချိန်မှပဲ ခြေထောက်က မြေကြီးကို ထိပြီး ရပ်နိုင်တော့တယ်။
“ဘာ ဘာတွေ ဖြစ်နေတာလဲ။”
“အဲ့ဒီ့ လက်သီးချက်က။”
“ငါ မြင်ရတာ ဟုတ်ကော ဟုတ်ရဲ့လား။ ချိုးကျင့်ဖုန်းရဲ့ (အေးခဲ လေ သံကြိုး)တွေကို အဲ့ဒီ့ လက်သီးက ဖောက်ထွက်သွားတယ်။”
တိုက်ပွဲကြည့်နေရသူတွေ အားလုံး မယုံနိုင်။ မျက်လုံး အပြူးသားနဲ့ အော်ဟစ် နေကြတယ်။ နန်ကုန်းမုရဲ့ လက်သီးချက် ဘယ်လောက် စွမ်းအား ပြင်းမှန်း သူတို့ မြင်လိုက် ကြတယ်။ ခပ်ရှင်းရှင်း ပြောရရင် (အေးခဲ လေသံကြိုး)တွေက နန်ကုန်းမုရဲ့ လက်သီးချက်ကို လုံးဝမခုခံ နိုင်ဘူးလေ။
“အဟွတ် ဟွတ်။ ဘာတွေ ဖြစ်သွားတာလဲ။” ချိုးကျင့်ဖုန်းလည်း မယုံနိုင်။ နန်ကုန်းမုရဲ့ လက်သီးမှာ ဘာ တောက်ပမှုမှာ ထွက်မလာတာကို သူမြင်တယ်လေ။ ဒါက ရိုးရိုး လက်သီးချက်လေး တစ်ချက်ပဲ။
ဒီလို လက်သီးချက်က သူ့ရဲ့ တာအိုကို အေးအေးဆေးဆေး ဖောက်ထွက် သွားတယ်။ သူသာ အချိန်မှီ မတုံ့ပြန် နိုင်ခဲ့ရင်။ သူ့ကိုယ်သူသာ ငွေရောင်ဓားနဲ့ မကာလိုက်ရင်၊ သေချာပေါက် ဒဏ်ရာ ရနေ လောက်ပြီ။
ဒါပေမယ့် ချိုးကျင့်ဖုန်းရဲ့ မေးခွန်းတွေကတော့ ဖြေမယ့်သူ မရှိပါတယ်။ နန်ကုန်းမုက သူ့ဆီကို ရောက်လာပြန်ပြီ။ အရင်ကထက် မြန်တဲ့ အရှိန်နှုန်းနဲ့ပေါ့။
“မင်းက အစွမ်းကုန် လုပ်နေတာပဲ။” ချိုးကျင့်ဖုန်းက သုခမိန် တစ်ယောက်လေ။ နောက်ဆုံးတော့လည်း သူ့မှာ ဂုဏ်သိက္ခာ ရှိသေးတယ်။ သူ့ရဲ့ ရန်သူ ဆက်တိုက် မတားဆီး ဖြစ်နေတာကို ဘယ်လိုများ သည်းခံ နိုင်မလဲ။
ဓားအရှည်နဲ့ ဓားအတို နှစ်လက်လုံးက သူ့ပတ်ပတ်လည်မှာ လှုပ်ရှားနေတယ်။ ငွေရောင်သံကြိုးနဲ့ အနီရောင် မီးတောက်တွေက လိုက်ဖက်ညီညီ ပေါ်လာတယ်။ မီးတောက်တွေလည်း ပိုပြီးတော့ အရှိန်ကောင်းလာ်တယ်။ လေတွေက မီးကို ပိုပြီးတော့ အားကောင်းအောင် လုပ်နိုင်သလို ရေကိုလည်း ခဲစေနိုင်တယ်။
ဒီအရှိန်အဝါ နှစ်ခုက လုံးဝကို ကွဲပြားတယ်။ ဒါပေမယ့် လေကို အလယ်လူ အဖြစ် သုံးလိုက်ရင်၊ အချိန်တို အတွင်းမှာပဲ ကြီးမားတဲ့ စွမ်းအားတွေကို ထုတ်လွှတ်နိုင်တယ်။ ဒါပေမယ့် နန်ကုန်းမုကတော့ လုံးဝကို မရှောင်ရှားဘူး။
ချိုးကျင့်ဖုန်းနဲ့ နှစ်လှမ်း အကွာမှာ ငွေရောင် သံကြိုးနဲ့ မီးတောက်တွေက သူ့ကို တားဆီးလိုက်တယ်။
“သေပေရော့။” ချိုးကျင့်ဖုန်းလည်း အခုလို အခွင့်အရေးကို လ က်မလွှတ်နိုင်ဘူး။ ဒါကြောင့် ချက်ခြင်း ခုန်လွှားပြီး အနီရောင်ဓားရှည်နဲ့ တိုက်ခိုက်တော့တယ်။
သူ့ဓားက နန်ကုန်းမုရဲ့ ခေါင်းကို ထိမိတော့မယ့် အချိန်မှာပဲ၊ လက်တစ်ဖက်က သံကြိုးတွေ မီးတောက်တွေ အားလုံးကို ဖြတ်လာပြီးတော့ သူ့ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်တယ်။
ပြင်းထန်လွန်းတဲ့ အင်အားတွေကို ချိုးကျင့်ဖုန်း ခံစား လိုက်ရတယ်။ အရိုးကွဲမတတ် နာကျင်မှုပါ နောက်ကနေ လိုက်လာတယ်။ ဒါက အဆုံးသတ် မဟုတ်သေးဘူး။ နောက်ထပ် လက်သီး တစ်ဖက်က သူ့ရင်ဘတ်ကို ထိုးချလိုက်တယ်။
“မဖြစ်နိုင်လိုက်တာ။” ချိုးကျင့်ဖုန်း စိတ်ရှုပ်ထွေး လွန်းပြီးတော့ ချွေးပျံ နေခဲ့ပြီ။ ဒါပေမယ့် တည်တည်ငြိမ်ငြိမ် တုံ့ပြန်ခဲ့တယ်။ ငွေရောင်ဓားတိုနဲ့ သူ့ရင်ဘတ်သူ ကာလိုက်တယ်။ ကြောက်စရာ ကောင်းတဲ့ စွမ်းအားတွေက မရပ်တန့်နိုင်တဲ့ မြစ်ရေတွေလို ရောက်ရှိလာတယ်။ လက်သီးကို သူတားဆီး နိုင်ပေမယ့် ချိုးကျင့်ဖုန်း လွင့်ထွက် သွားကြတယ်။
“ဖူး။” သွေးအန်ရင်း မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ သူ့ရဲ့ ညာဘက် လက်ကောက်ဝတ်ကတော့ လိမ်ချိုး ခံလိုက်ရပြီ။ ဒါကြောင့် ဓားရှည်ကလည်း မြေပြင်ပေါ် ရောက်သွားခဲ့ပြီ။
“အကိုကြီး ကျင့်ဖုန်းတောင် ရှုံးသွား ရတယ်လား။”
“ဘာဖြစ်လို့လဲ။ နန်ကုန်းမုက ဘယ်အချိန်တုန်းက ဒီလောက်ထိ အင်အား ကြီးလာတာလဲ။”
“ရန်ချင်းရဲ့ တိုက်ခိုက်နည်းနဲ့ တူနေတယ်။ ဒါပေမယ့် နန်ကုန်းမုမှာ မပျက်စီးနိုင်တဲ့ ခန္ဒာကိုယ်မှ မရှိပဲ။ ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ။”
ကောင်းကင် တာအို တပည့်သားတွေ ချိုးကျင့်ဖုန်းကို ကြည့်ရင်း အံ့အား သင့်နေကြတယ်။ ကောင်းကင် တာအို ခန်းမမှာ နန်ကုန်းမု တိုက်ခိုက်ခဲ့တဲ့ ပုံစံကို သူတို့ မှတ်မိနေတုန်းပဲ။ တကယ်တော့ သူက အင်အားကြီးတာမှ မဟုတ်ပဲလေ။ အခုကတော့ လုံးဝကို ကွာခြားနေပြီ။
“နန်ကုန်းမုက ပုံမှန် မဟုတ်ဘူး။” မုချင်းဖန်းကတော့ မျက်မှောင် ကြုတ်နေခဲ့ပြီ။ သူလန့်နေတာ သိသာတယ်။
“နန်ကုန်းမုက ကျင့်ဖုန်းကို လုံး၀ ဖိနှိပ်ထားတာပဲ။” အကြီးအကဲက ခေါင်းငြိမ့်ရင်း ပြောတယ်။
“ဒီလောက် မကဘူး။ ကျင့်ဖုန်းရဲ့ (အေးခဲ လေသံကြိုး)တွေက နန်ကုန်းမုကို တမင်တကာကြီး ရှောင်ရှားနေတယ်။ ဒါက အထူးအဆန်းပဲ။” နောက်ထပ် အကြီးအကဲ တစ်ယောက် သူ့အမြင်ကို ပြောတယ်။
“လပိုင်းပဲ ရှိသေးတာလေ။ နန်ကုန်းမုမှာ တကယ်ပဲ ဘာတွေများ ဖြစ်သွားတာလဲ။” မုချင်းဖန်းကတော့ ဝင်မပြောဘူး။ မျက်မှောင်ကြုတ်ရင်း စဉ်းစား နေခဲ့တယ်။
အရိပ်မျိုးနွယ်မှာတော့ ရန်ချင်းရဲ့ မျက်လုံးတွေက တဖျပ်ဖျပ် တောက်လာတော့တယ်။
“နန်ကုန်းမုက လပိုင်းနဲ့ အရမ်း အင်အားကြီးလာတာပဲ။” သူစကားတောင် စပြောနေပြီ။ သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေကို သူမထိန်းကွပ်နိုင်တော့ဘူး။
“သူ့ကို နင်အနိုင်တိုက်နိုင်လား။” ဝူယွဲ့အာက မျက်မှောင်ကြုတ်ရင်း မေးတယ်။
“ဟင့်အင်း။” သူခေါင်းခါတယ်။
“အမ်။ နင်ရှုံးပြီလို့ ပြောမယ့် အစား အဖြေကို မသိဘူး ဖြေမယ်လို့ ထင်ထားတာ။ အရင်ကဆို ဘယ်တုန်းကမှ ရှုံးတယ်လို့ ဝန်မခံဘူးလေ။” ဝူယွဲ့အာကတော့ ရန်ချင်းရဲ့ ဝန်ခံစကားကြောင့် အံ့သြနေခဲ့တယ်။
“မဟုတ်ဘူးလေ။ ငါက ဖန်ကျန်းရှီကို တစ်ခေါက် ရှုံးထားပြီးသား။ နန်ကုန်းမုရဲ့ လက်ရှိ အဆင့်နဲ့ ဆိုရင်၊ ဖန်ကျန်းရှီထက် ပိုပြီးတော့ သန်မာနေသင့်ပြီ။”
“ဖန်ကျန်းရှီထက် သန်မာတယ်။” ဝူယွဲ့အာ ဒီစကားကြောင့် နည်းနည်းတော့ တုန်ယင် သွားခဲ့တယ်။ ဒါပေမယ့် ခပ်မြန်မြန် ကိုယ့်ကိုယ်ကို ပြန်ထိန်းတယ်။
နန်ကုန်းမုကို ပြန်ကြည့်တယ်။ အကယ်၍ ကောင်းကင် တာအို ခန်းမသာ ရှုံးသွားရင် နန်ကုန်းမုနဲ့ တိုက်ခိုက်ရ နိုင်ချေ ၅၀% ရှိတာကို သူသိထားတယ်။
“နန်ကုန်းမုတဲ့လား။” တောက်ဟွမ်က ပြောရင်းနဲ့ တောက်ရှင်းဘေးက ရန်ရွှယ်ကို ကြည့်တယ်။
တောက်ရှင်းကတော့ သူမရဲ့ ဆံနွ်ယတွေကို ဆော့ကစားရင်း နန်ကုန်းမုရဲ့ လုပ်ဆောင်ချက်ကို အံ့သြ နေပုံပဲ။ ဒါပေမယ့် ဘာမှ မပြောဘူး။
တခြား တစ်ဖက်မှာတော့ လင်းယွမ် မျှော်စင်က အရမ်းကို အေးဆေး နေခဲ့တယ်။ ချင်းယွိကတော့ စိတ်ပူနေပုံ မပေါ်ဘူး။ စိတ်ထဲတောင် ရှိတဲ့ ပုံစံ မပေါ်တာပဲ။
ပတ်ဝန်းကျင် တပည့်သားတွေကတော့ နန်ကုန်းမုနဲ့ ချိုးကျင့်ဖုန်းကို တလှည့်စီ ကြည့်ရင်း မယုံနိုင် ဖြစ်နေခဲ့တယ်။
“ချိုးကျင့်ဖုန်းက တကယ်ကြီး ဒဏ်ရာ ရသွားတယ်။”
“နန်ကုန်းမုက ဒီလောက်ထိ အင်အား ကြီးတယ်လား။”
“မယုံနိုင်စရာပဲ။ ချိုးကျင့်ဖုန်းက သုခမိန် တစ်ယောက်လေ။ နန်ကုန်းမုက သူ့ကို ပြန်ဖိနှိပ်နိုင်တာ ဒီလောက် လွယ်တယ်။”
“ဟုတ်တယ်။ ရန်ချင်းနဲ့ ပင်းယန်တို့ရဲ့ ပြိုင်ဘက်က ပြန်လည် မွေးဖွားမှု အဆင့်တွေ ဖြစ်နေပေမယ့်၊ သူတို့တွေ ကောင်းကောင်း ဖိနှိပ်နိုင်ခဲ့တာပဲ။ နန်ကုန်းမုက ချိုးကျင့်ဖုန်းနဲ့ ရင်ဆိုင် ရတာလေ။ မယုံနိင်စရာပဲ။”
ပတ်ဝန်းကျင် တပည့်သားတွေရဲ့ စိတ်ထဲမှာတော့ (နန်ကုန်းမု)ဆိုတဲ့ နာမည်က စွဲထင် သွားတော့တယ်။
“မင်းက သုခမိန် ဆင့်လား။” ချိုးကျင့်ဖုန်း သူ့ဘေးပတ်လည်က စကားသံတွေကို ကောင်းကောင်း ကြားတာပေါ့။ သူ့ရဲ့ ဖြူဖျော့ဖျော့ မျက်နှာက ခရမ်းရောင် ပြောင်းနေပြီ။
နန်ကုန်းမုကတော့ တိတ်တဆိတ်သာ ရှိနေခဲ့တယ်။ ချိုးကျင့်ဖုန်း ပြောတာကို မကြားတဲ့ အတိုင်းပဲ။ သူ့ရဲ့ ကျောက်စိမ်း နီလာ ဓားနှစ်လက်ကို ဆွဲထုတ်လိုက်တယ်။
“ကြည့်ရတာ ငါ့က အရမ်း တုံးအ လွန်းတာပဲ။” ချိုးကျင့်ဖုန်း မေးခွန်းကို ထပ်မမေးတော့ဘူး။ နန်ကုန်းမုရဲ့ လုပ်ရပ်က သူ့ကို အဖြေပေးလိုက်ပြီလေ။
နောက်ထပ် စောင့်ဆိုင်း မနေတော့ဘူး။ သူ့ရဲ့ လက်ကောက်ဝတ်ကို အားပြုပြီးတော့ မြေပြင်ပေါ်မှာ လှည့်ချလိုက်တယ်။
ဂျွတ်။
ချိုးကျင့်ဖုန်း မျက်မှောင်ကြုတ်သွားတယ်။ အရိုးပြန်တည့်သွားတဲ့ နာကျင်မှုက ကြီးမားလွန်းတယ်။ ဒါပေမယ့် သူအသံတစ်ချက် မထွက်ခဲ့ဘူး။ သူ့လက်ကောက်ဝတ်ကို ပြန်တည့် ပြီးပြီးချင်းပဲ လှုပ်ရှားတယ်။ ဓားရှည်ကြီးကို သူ့လက်ထဲက ဆွဲငင်အားနဲ့ ဆွဲလိုက်တယ်။
“ကောင်းပြီလေ။ လုပ်ကြစို့။” ချိုးကျင့်ဖုန်းက ဓားကိုင်ရင်း ဖြည်းဖြည်းချင်း ထရပ်တယ်။ သူလုံး၀ စိတ်ဆုံးဖြတ် လ ိုက်ပြီ။
နန်ကုန်းမုလည်း ခေါင်းငြိမ့်ရင်း ဓားတွေကို မြှောက်လိုက်တယ်။ အလင်းတန်းလေးတွေ တစ်ခဏ လက်ပြီး မကြာခင် ပျောက်ကွယ် သွားတယ်။ မကြာခင်ပဲ နှင်းလို ဖြူဖွေးနေတဲ့ အလင်းတန်းက ပေါ်လာတော့တယ်။ ကြည်လင် သန့်စင် လွန်းနေတာ ကျောက်စိမ်းတုံးလိုပဲ။ ကြောက်စရာ အေးစက်မှုတွေ ထုတ်လွှတ် နေတာက လွဲရင်ပေါ့။
ဒါပေမယ့် ဒီအေးစက်မှုထဲမှာ သတ်ဖြတ်လိုစိတ်တွေ ပါဝင် မနေခဲ့ဘူး။ ပတ်ဝန်းကျင် တစ်ခုလုံး ဆီးနှင်းပြင်ကြီး ဖြစ်သွားသလိုပဲ သဘာ၀ ကျလွန်းတယ်။ ပန်းပွင့်လို နှင်းတွေက ကောင်းကင် တစ်ခွင်လုံးကို ဖုံးလွှမ်း သွားခဲ့တယ်။
“ဒီ နန်ကုန်းမု။ အာ မဖြစ်ဘူး။ ကျင့်ဖုန်း။ မြန်မြန် ရှောင်။” မုချင်းဖန်းက ကောင်းကင်ကြီးကို ကြည့်ရင်း အမူအယာ ပြောင်းလဲ သွားတယ်။ ချိုးကျင့်ဖုန်းကို သူအော်ဟစ်တယ်။
ဒါပေမယ့် အချိန်နှောင်း သွားခဲ့ပြီ။ နန်ကုန်းမုက လှုပ်ရှားနေပြီ။ တစ်ခဏတာ အတွင်းမှာ ပျောက်ကွယ် သွားပြီးတော့ ချိုးကျင့်ဖုန်းရဲ့ ရှေ့မှာ ပေါ်လာတယ်။ အဓိက အချိန်မှာ သူ့ဓားက ချိုးကျင့်ဖုန်းရဲ့ ရင်ဘတ်နဲ့ တစ်လက်မပဲ ကွာဝေးတော့တယ်။
အရှိန်နှုန်းက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်။ မြေလျှိုးပြီးတော့ လာတဲ့ အတိုင်းပဲ။
အပိုင်း (၈၃၁) ပြီး၏။
အပိုင်း (၈၃၂)
“ရွေးချယ်ခံ။”
ချိုးကျင့်ဖုန်းရဲ့ မျက်လုံးတွေကတော့ တောက်ပ နေခဲ့တယ်။ ကောင်းကင်တာအို ခန်းမကို သူဝင်ရောက်ခဲ့တာ အချိန် အတော်ကြာပြီ။ တပည့်သား အများစု အတွက်တော့ သူက အကိုကြီး တစ်ယောက်ပဲ။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမမှာ သိပ်ပြီးတော့ အာရုံစိုက် ခံရတဲ့သူ မဟုတ်ဘူး။ မုချင်းဖန်းက ရုတ်တရက် အသက် ၃၀အောက် တပည့်သားတွေကို ဆင့်မခေါ်ခင် အချိန် အထိပေါ့။
အဲ့ဒီ့ အချိန်တုန်းက ချိုးကျင့်ဖုန်း သိခဲ့တယ်။ ဒါက သူနှစ်ပေါင်းများစွာ စောင့်ဆိုင်း နေခဲ့ရတဲ့ အခွင့်အရေးပဲ။ ဒီအခွင့်အရေး နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ အောင်မြင်ချိန် တန်ပြီ။
အခွင့်အရေး ရတာတောင် တစ်ချို့ သူတွေဆိုရင် အောင်မြင်အောင် မလုပ်နိုင်ကြဘူး။ နှစ်ပေါင်းများစွာ မဆုတ် မနစ် ကြိုးစားပြီး လေ့ကျင့်ဖို့ လိုတယ်။ ချိုးကျင့်ဖုန်းကလည်း ဒီလို လုပ်တဲ့ နေရာမှာ တကယ့်ကို တော်တယ်။
မထင်မရှား ဖြစ်နေပင်မယ့်လည်း သုခမိန် ဖြစ်ဖို့ အတွက် ဘယ်တုန်းကမှ လက်မလျှော့ ခဲ့ဘူး။ အဲ့ဒီ့ နေ့မှာ သူ့ရဲ့ ကြိုးစား အားထုတ်မှုတွေ အရာထင်ခဲ့တယ်။ မုချင်းဖန်းက သူ့ကို ရွေးချယ်ခဲ့တယ်။ ဉာဏ်ကြီးရှင် ၁၀၀ ကျော်ထဲမှာ ရွေးချယ် ခံရတဲ့ သူပဲ။ မုချင်းဖန်းကို သူစိတ်မပျက် စေခဲ့ဘူး။
သုခမိန် အဆင့်ကို သူရောက်ရှိခဲ့တယ်။ လူအများစု ဘယ်တုန်းကမှ မအောင်မြင်ခဲ့တဲ့ ကိစ္စ တစ်ခုကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူ့ရဲ့ ရှေ့က ဓားရှည်ကိုသာ ကြည့်နေခဲ့တယ်။ လေတိုးသံတွေ နှင်းကျသံတွေ အားလုံးကို သူမကြားနိုင်တော့ဘူး။ မုချင်းဖန်း အော်နေတဲ့ အသံကိုပါ မကြားနိုင်တော့တာ။ သူ့ရဲ့ နှလုံးခုန်သံ တစ်ခုတည်းကိုသာ ကြားနေရတယ်။
ဒုတ် ဒုတ် ဒုတ်။
အရမ်းကို မြန်ဆန်ပြီး ကြောက်လန့်နေတဲ့ နှလုံးခုန်သံပဲ။ ကူကယ်ရာ မဲ့ပြီးတော့ ကံတရားကို လက်မခံ နိုင်တဲ့ အကြောက်တရားတွေလည်း ပါဝင် နေခဲ့တယ်။ ဒီရလဒ်ကို တကယ်ပဲ သူလက်မခံ နိုင်ဘူး။
“အား။” ချိုးကျင့်ဖုန်း အော်ရင်း၊ သူ့လက်ထဲက ဓားအတိုနဲ့ နန်ကုန်းမုကို ထိုးချလိုက်တယ်။
နှစ်ဦးနှစ်ဖက် ထိခိုက် ပျက်စီးစေခြင်း။
ဒါက တည်ငြိမ်တဲ့ လူတစ်ယောက်ရဲ့ လှုပ်ရှားမှု မဟုတ်ဘူး။ ဒါပေမယ့် စိတ်ခံစားချက်တွေ ရှုပ်ထွေးပြီး ဘာကိုမှ မတွေးတောနိုင်တော့တဲ့ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုပဲ။
သူ့ရင်ဘတ်ထဲကို စိုက်ဝင်သွားတဲ့ ဓားကြောင့် သွေးတွေ ဆက်တိုက် စီးကျ လာတော့တယ်။ အချိန်တွေတောင် ရပ်တန့် သွားသလိုပဲ။
ချိုးကျင့်ဖုန်းကတော့ အဲ့ဒီ့ နေရာမှာပဲ ရပ်တန့်နေတယ်။ သူ့ရင်ဘတ်ထဲမှာ ရှိတဲ့ ဓားက ဖြူဖွေးပြီး အေးစက်လွန်းတယ်။
သူ့လက်ကိုတောင် ခဲသွားစေတယ်။
ချွမ်။ သူ့လက်ထဲကဓား မြေပြင်ပေါ်ကို ပြုတ်ကျ သွားခဲ့ပြီ။ ဓားတိုကတော့ လေထဲမှာ ရပ်နေတယ်။ နှင်းလို ဖြူဖွေးတဲ့ ပန်းပွင့် တစ်ပွင့်က သူ့ဓားကို တားထားတယ်။ ပန်းပွင့်ဖက်တွေက အရမ်းကို လှပလွန်းတယ်။
“မင်းရှုံးသွားပြီ။” နန်ကုန်းမုရဲ့ အသံနဲ့အတူ ရင်ဘတ်ထဲက ထွက်သွားတဲ့ ဓားကို ခံစားမိလိုက်တယ်။ ပြင်းထန်တဲ့ နာကျင်မှုကလည်း တကိုယ်လုံးကို ဖုံးလွှမ်းသွား ခဲ့တယ်။
“ငါ ရှုံးသွားပြီ။” ချိုးကျင့်ဖုန်း ခပ်တိုးတိုး ပြန်ဖြေရင်း မြေပြင်ပေါ်ကို လဲကျ သွားတော့တယ်။
“ငါ့ဓားက မင့်နှလုံးရဲ့ အပေါ်ဘက် လက်မဝက် အကွာအဝေးကို စိုက်တယ်။ မင်းရဲ့ စိတ်အာရုံ နယ်မြေက ၇ရက် ပိတ်ဆို့ ခံလိုက်ရပြီ။” နန်ကုန်းမု ပြောပြန်တယ်။ သူ့အသံကတော့ ပုံမှန်လိုပဲ ခံစားချက် မဲ့နေတယ်။
“လက်မဝက်။ ၇ ၇ရက်။” ချိုးကျင့်ဖုန်း တကိုယ်လုံး စိတ်ချမ်းသာမှုတွေ ပြည့်နှက်သွားတော့တယ်။ ဒါပေမယ့် သူတကယ့်ကို မယုံနိုင်ဘူး။ ဟုတ်တယ်။ သူမယုံနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ နန်ကုန်းမုကို မယုံလို့လေ။
နန်ကုန်းမုက သူ့ဓားကို ဒီလို ပြင်းထန်တဲ့ တိုက်ပွဲမှာတောင် အလွယ်လေး တားမြစ်နိုင်တယ်။ နန်ကုန်းမုက သူ့ကို အလွယ်လေး အနိုင်ယူနိုင်တယ်လို့ ဆိုလိုတာပဲ။ သူက နှစ်ဦးနှစ်ဖက်လုံး ပျက်စီးစေတဲ့ အခြေအနေကို လုပ်ခဲ့တာတောင် သူ့အသက်ကို ချမ်းသာ ပေးလိုက်တယ်လား။
“ဘာကြောင့်လဲ။” နန်ကုန်းမု ဘာဖြစ်လို့ သူ့အသက်ကို ချမ်းသာပေးလိုက်မှန်း ချိုးကျင့်ဖုန်း နားမလည် နိုင်ခဲ့ဘူး။ သူနဲ့ မထိုက်တန်ဘူးလို့ သူထင်နေတယ်။
“မင်း လူတစ်ယောက်ကို သိမယ်ထင်လို့။” နန်ကုန်းမု ခေါင်းကို နည်းနည်း မော့လိုက်တယ်။
“ဘယ်သူလဲ။” ချိုးကျင့်ဖုန်း ချက်ခြင်း ပြန်မေးတယ်။
“ဖန်ကျန်းရှီ။”
“ဖန်ကျန်းရှီလား။ ဟုတ်တယ်။ သူ့ကို ငါသိတယ်။ ဒါပေမယ့် မခင်ဘူး။ စကားတောင် မပြောဖူးဘူး။”
“သူက ငါ့သူငယ်ချင်း။” ချိုးကျင့်ဖုန်းရဲ့ စကားကို နန်ကုန်းမု ဖြတ်ပြောတယ်။
“သူငယ်ချင်း။”
“ဟုတ်တယ်။ ငါ့သူငယ်ချင်းက အမြဲပြောတယ်။ သူက လူသတ်သမား မဟုတ်ဘူး။ အထူးသဖြင့် တိုက်ခိုက်ရေး ပြိုင်ပွဲမှာ လူမသတ်ဘူး။ ပြိုင်ပွဲက ပြိုင်ပွဲပဲ။ လူတိုင်းက ကိုယ်ပိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ တိုက်ခိုက်ကြတယ်။ ဒါကြောင့် မင်းပြိုင်ဘက်ကို အနိုင်ယူဖို့ပဲ လိုတယ်။ ရယ်စရာလည်း ကောင်းတယ်။ လုံး၀ ပြီးပြည့်စုံတဲ့ စိတ်ကူး မဟုတ်လား။”
“ရယ်စရာ။” ချိုးကျင့်ဖုန်းကတော့ တွေေ၀ ငေးမော့ရင်း ခါးသက်သက် ပြုံးနေမိတယ်။
အကယ်၍ ဒီစိတ်ကူးကို လွန်ခဲ့တဲ့ ၁၅ မိနစ်ကသာ တစ်ယောက်ယောက် ပြောတာ ကြားခဲ့ရင်တော့၊ တုံးအတဲ့ အဲ့ဒီ့လူကို ဆူပူ မိမှာပဲ။ ဒီလောကကြီးမှာ အင်အားကြီးသူသာ လေးစား ခံရတယ်။ အင်အား ကြီးမားတဲ့ သူတွေက အရာအားလုံးကို ပြောင်းလဲ နိုင်တယ်။
အားနည်းတဲ့ သူတွေရဲ့ ကံတရားကတော့ အင်အားကြီးသူတွေရဲ့ လက်ထဲမှာပဲ ရှိနေတယ်။ ဒါပေမယ့် အဲ့ဒီ့ ငတုံးကောင်နဲ့ သူ့ရဲ့ ရယ်စရာ စိတ်ကူးတွေက နန်ကုန်းမုကို ပြောင်းလဲ ပြီးတော့ ချိုးကျင့်ဖုန်းရဲ့ အသက်ကိုလည်း ကယ်တင်ခဲ့တယ်လေ။
“ငါသူ့ကို ငါ့အသက်ကြွေး တင်သွားပါပြီ။” ချိုးကျင့်ဖုန်း လက်သီးဆုပ်ရင်း တွေးလိုက်မိတယ်။ ဒီခံစားချက်က ရှုပ်ထွေးလွန်းလို့ စကားနဲ့တောင် ဖော်ပြဖို့ ခက်ခဲတယ်။
“ဟုတ်တယ်။ တကယ်တော့ ငါလည်း သူ့ကို အကြွေးတင်နေတယ်။ အဲ့တာက ငါ့အသက်ထက်တောင် ပိုပြီးတော့ တန်ဖိုး ရှိသေးတယ်။” နန်ကုန်းမု ခေါင်းငြိမ့်ရင်း ခြေငါးလှမ်း ပြန်ဆုတ်သွားတယ်။ သူတိတ်ဆိတ် သွားပြန်တယ်။ ဒီအတိုင်း ရပ်စောင့် နေခဲ့တယ်။
ပြိုင်ပွဲကြေညာသူ တပည့်သားကတော့ ချိုးကျင့်ဖုန်း အနားကို လျှပ်စီး လက်သလို ရောက်လာတယ်။ သူ့ကို တွဲထူတယ်။
“ဆရာတူ အကိုကြီး ကျင့်ဖုန်း။ သူ။”
“ငါအဆင် ပြေပါတယ်။ ငါ့ စွမ်းအားတွေကို ၇ရက် ပိတ်ဆို့ ခံရရုံပါပဲ။” ချိုးကျင့်ဖုန်း ခေါင်းခါလိုက်တယ်။”
“၇ရက်တဲ့လား။” တပည့်သား နည်းနည်းတော့ ပဟေဠိ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် နန်ကုန်းမုကို ဂါရဝပြုရင်း သူပြောတယ်။ “ကျေးဇူး တင်ပါတယ်။”
နန်ကုန်းမုကတော့ ဘာမှ ပြန်မဖြေဘူး။ နှင်းနဲ့လေ ကြားထဲက သစ်ပင်ကြီး တစ်ပင်လိုသာ တည်ငြိမ် နေခဲ့တယ်။ သူဘာတွေ တွေးနေမှန်း ဘယ်သူမှ မသိနိုင်ခဲ့ဘူး။
“ပထမ အချီ ပြိုင်ပွဲ အနိုင်ရသူ။ နန်ကုန်းမု။” ရလဒ်က ခပ်မြန်မြန်ပဲ ကြေညာပြီး သွားခဲ့တယ်။
ဒါပေမယ့် တပည့်သားတွေ အားလုံးကတော့ လန့်ပြီး တိတ်ဆိတ် ကုန်ကြပြန်တယ်။ နောက်ဆုံး တိုက်ခိုက်မှုကို သူတို့တွေ မမြင်လိုက် ကြဘူးလေ။
(“မြန်လိုက်တာ။”
“နန်ကုန်းမုလို မထင်မရှား လူငယ်လေးက ဒီလောက်တောင် အင်အား ကြီးတယ်လား။”
သူက ဘယ်အဆင့်ကို ရောက်နေပြီလဲ။ သူ့ရဲ့ တကယ့် စွမ်းအား အစစ်က ဘာလဲ။”)
ဒီမေးခွန်းတွေက လူတိုင်းရဲ့ စိတ်ထဲကို ဝင်ရောက် လာတော့တယ်။ မော့ရှန်းရှီ၊ မုချင်းဖန်းနဲ့ သူတို့ နောက်ဘက် အကြီးအကဲ တွေကတော့ မျက်မှောင် ကြုတ်ထားခဲ့တယ်။
ဒီအချိန်မှာပဲ ကောင်းကင် တာအို ခန်းမကနေ လူတစ်ယောက် ထွက်လာတယ်။ ပန်းနုရောင် ဝတ်ရုံကို ဝတ်ထားပြီးတော့ နှင်းဖြူရောင် ခါးပတ်ကို ပတ်ထားတဲ့ ကောင်မလေး။ သူမရဲ့ ဝတ်ရုံက လေထဲမှာ ဝဲလွင့်နေခဲ့တယ်။
သက်ရှိ အားလုံးထက်ကို လှတဲ့ အလှတရား တစ်ခုပဲ။ ဖြည်းဖြည်းချင်း လျှောက်လာပြီးတော့ နန်ကုန်းမု ရှေ့မှာ ရပ်တယ်။ သူမရဲ့ ဆံပင်တွေကို ချည်နှောင်လိုက်တယ်။ ဒီလို ရိုးရှင်းတဲ့ လှုပ်ရှားမှုလေး ကောင်းကင် တာအို တပည့်သားတွေ အားလုံးကို လန့်သွား စေတယ်။ ချီကူယန်က အရမ်းကို အလေးအနက် ထားတဲ့ ကိစ္စတွေကို ဆောင်ရွက်မှပဲ ဆံပင်ချည်လေ့ ရှိတာကို သူတို့တွေ သိတယ်လေ။
“ချီကူယန် ထွက်လာပြီပဲ။”
“ကောင်းကင် တာအို ခန်းမက တကယ်ပဲ ချီကူယန်ကို ပို့လိုက်တယ်ပေါ့။”
“သူတို့မှာ ရွေးချယ်စရာ မရှိလို့ပဲ ဖြစ်ရမယ်။ နန်ကုန်းမုက အရမ်း အင်အား ကြီးလွန်းတယ်။ ကောင်းကင် တာအို ခန်းမကတော့ အသက် ၃၀အောက် သုခမိန် တစ်ယောက်ကို မရှာနိုင်တော့ဘူး ထင်ပါရဲ့။”
“ငါသိရ သလောက် ဆိုရင်။ ချီကူယန်က ၁၇နှစ်ပဲ ရှိသေးတယ်။ သုခမိန် အဆင့်ကို မရောက်သေးဘူး။ ဒီတိုက်ပွဲ ဘယ်လို ဖြစ်လာမလဲ သိချင်လိုက်တာ။”
“တပည့်သားတွေကတော့ ထွက်လာသူကို ကြည့်ရင်း မျက်လုံး ပြူးနေကြတယ်။” အခြေအနေကို သူတို့ ခပ်မြန်မြန်ပဲ နားလည် လိုက်တယ်။
မုချင်းဖန်းကတော့ အံကြိတ် နေခဲ့ပြီ။
တပည့်သားတွေ ပြောသလိုပဲ။ ချီကူယန်ကို ပထမ အချီမှာ မပို့ချင်ခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာ ဒုတိယ ရွေးချယ်စရာ မရှိတော့ဘူး။ ချီကူယန် ထွက်သွားခဲ့ပြီ။ သူ့ကိုတောင် တစ်ခွန်း မမေးဘူး။
အဖြေနဲ့ သူ့ရဲ့ အခက်အခဲကို ချီကူယန် သိနေတယ်။ ဒါကြောင့် ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်တယ်။
“ကူယန် သတိထား။” မုချင်းဖန်းက သတိပေးပြီးတဲ့နောက် ပြန်ထိုင်လိုကတော့တယ်။
လေထု တစ်ခုလုံးကတော့ စိတ်ဖိစီးချင်စရာ ကောင်းလွန်းတယ်။ ဒါပေမယ့် ကြည်လင်ချိုသာတဲ့ အသံလေး တစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်း လိုက်ချိန်မှာတော့ ဒီလေးလံထိုင်းမှိုင်းတဲ့ အခြေအနေကြီးလည်း သက်သာရာ ရသွားတော့တယ်။
“ယန်လေး။ ကြိုးစားထား။ အကောင်းဆုံး။ အဲ့ဒီ့ ကောင်စုတ်ကို ဖူးယောင်သွားတဲ့ အထိ ရိုက်ပြစ်လိုက်။ နန်ကုန်းမု နင်သာ ပြန်တိုက်ခိုက် ဝံ့ရင်။ ငါ ငါ။ ဟုတ်သား။ နန်ကုန်းမု။ ငါ့ကို ဘယ်အချိန်မှ အကြွေးပြန်ဆပ်မှာလဲ။”
“..”
“..”
တပည့်သားတွေကတော့ မတူညီတဲ့ လောက တစ်ခုမှာ နိုးထလာသလို ခံစား နေရတယ်။ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး။
“အကြွေးပြန်ဆပ်ဖို့တဲ့။”
“အခုက အကြွေးတောင်းဖို့ အချိန်လား။”
ဒါက ပြဿနာ မဟုတ်ဘူး။ ပြဿနာကတော့ ပြောနေတဲ့ သူကို ဘာမှ မလုပ်နိုင်တာပဲ။ ဒါက စိတ်ကို ရှုပ်ထွေး စေတဲ့ နည်းလမ်းမှန်း သူသိတယ်။ အခု ပြောနေတဲ့ သူက ကြီးမြတ်သောရှ ဧကရာဇ်ရဲ့ အချစ်ခင်ဆုံး သမီးတော် ဖြစ်နေရုံတင် မကဘူး။ လင်းယွမ် မျှော်စင်ရဲ့ သခင်မငယ်လည်း ဖြစ်နေသေးတယ်။ ဒါ့အပြင် အသက် ၁၆နှစ် သုခမိန်။
“နန်ကုန်းမု။ ရန်မြို့တော်မှာတုန်းက နင်စားသောက်သမျှ အားလုံး ငါပေးရတာ။ ဈေးလျှော့ပေးရင်တောင် ငွေသား တစ်သိန်းတော့ ပြန်ပေးသင့်တယ်။ ငါ့ပိုက်ဆံတွေကို အခု ပြန်ပေး။” ပင်းယန်ကတော့ ဘယ်သူ့ကိုမှ ဂရု မစိုက်ပဲ ဆက်တိုက် ပြောနေခဲ့တယ်။
“..” တပည့်သားတွေကတော့ တိတ်ဆိတ် နေပြန်တယ်။
နန်ကုန်းမုကတော့ ပင်းယန့် စကားတွေကို မကြားတဲ့ အတိုင်းသာ ရပ်နေခဲ့တယ်။
“နန်ကုန်းမု နားကန်းချင်ယောင် ဆောင်မနေနဲ့။ အကြွေးပြန်ဆပ်။”
“ပင်းယန် ရပ်တော့၊” ချီကူယန်ရဲ့ အသံ ထွက်ပေါ်လာတယ်။ သူမရဲ့ မျက်ဝန်းထဲမှာ ကြယ်အလင်းတန်းတွေ တောက်ပနေပြီ။
“ယန်လေး။” ပင်းယန်ကတော့ ဒေါသ ထွက်နေပင်မယ့် ဘာမှ ဆက်မပြောတော့ဘူး။ နန်ကုန်းမုကိုသာ ဒေါသ မျက်လုံးတွေနဲ့ ကြည့်နေတော့တယ်။
ဖန်ကျန်းရှီနဲ့ သူမက ပင်းယန် အိမ်တော်ကို လာဖို့ နန်ကုန်းမုကို ဖိတ်ထားတာ အမှန်ပဲ ဆိုပေမယ့်၊ နန်ကုန်းမု တပြားမှ မပေးတာကလည်း အမှန်ပဲလေ။ အိမ်ရှေ့စံရဲ့ အရှေ့နန်းတော်ကို မီးရှို့တုန်းက ကြံရာပါတွေ ဖြစ်ခဲ့ပေမယ့်၊ ပင်းယန် အတွက်တော့ နန်ကုန်းမုနဲ့ ချီကူယန်ကြား ဘယ်သူ့ကို ရွေးမလဲ ဆိုတာ လွယ်လွယ်လေးပဲလေ။
“စကြရအောင်။” ချီကူယန် ပြောတယ်။
“နေအုန်း မစခင် မေးစရာ နည်းနည်း ရှိတယ်။” နန်ကုန်းမု ခေါင်းခါတယ်။
“ကောင်းပြီ။” ချီကူယန် ခေါင်းငြိမ့်တယ်။ ဒါပေမယ့် အံ့သြနေပုံပဲ။ နန်ကုန်းမု လုပ်နေတဲ့ ပုံစံတွေက ပုံမှန် မဟုတ်ဘူးလေ။
နန်ကုန်းမုက တခြားသူတွေရဲ့ မေးခွန်းကိုတောင် ပြန်မဖြေတာ သူကိုယ်တိုင် မေးဖို့ဆိုတာ ပိုလို့တောင် နည်းသေး။
“ဖန်ကျန်းရှီ ယင်ယန် ခန်းမကို သွားတာ ဘာဖြစ်လို့ မတားတာလဲ။” နန်ကုန်းမုက သူ့ရဲ့ ကျောက်စိမ်း နီလာ ဓားမောင်နှံကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်း မေးတယ်။
“နင်သာ ရှိနေရင်ရော။ တားမှာလား။” ချီကူယန် တစ်ခဏတာ စဉ်းစား ပြီးတဲ့နောက် ပြန်မေးတယ်။”
“ငါ တားမှာ မဟုတ်ဘူး။” နန်ကုန်းမု ခေါင်းခါတယ်။ “ဒါပေမယ့် တောင်စဉ် ကိုးသွယ် သူ့ကို ခေါ်သွားမှာကိုတော့ သေချာပေါက် တားမှာပဲ။”
“သူသေပြီလို့ နင်ထင်လား။” ချီကူယန် ပြန်ဖြေတယ်။
“ဖန်ကျန်းရှီ အံ့ဖွယ်တွေ အများကြီးကို ဖန်တီး ခဲ့ပေမယ့် ဘယ်လိုမှ အသက်ရှင် နိုင်မှာ မဟုတ်ဘူး။”
“သူက ရွေးချယ်ခံ ဖြစ်နေရင်ရော။”
“ရွေးချယ်ခံတဲ့လား။”
“ဟုတ်တယ်။”
“ရွေးချယ်ခံတဲ့ ဟ ဟား ဟား။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံသည် လောကကို ထိတ်လန့်စေပြီး ငြိမ်းချမ်းမှုကို ယူဆောင် လာပေးလိမ့်မယ်။ ချီကူယန်၊ မင်းသိလား။ တကယ်တော့ ငါတို့ နန်ကုန်း မျိုးနွယ်တွေ …”
“မုအယ်။” နန်ကုန်းမုရဲ့ စကားကို လူတစ်ယောက်က ဖြတ်ပြောတယ်။ ကျယ်ပြန့်ပြီး ခမ်းနားလွန်းတဲ့ အရှိန်အဝါတွေကို သူထုတ်လွှတ်တယ်။
နန်ကုန်းထျန်း။ လက်ရှိ နန်ကုန်း မိသားစု ခေါင်းဆောင်။
“အင်အားကြီးလိုက်တာ။ နန်ကုန်းထျန်းက သူ့စွမ်းအား အစစ်အမှန်ကို ပုန်းကွယ် ထားတာလား။”
“နန်ကုန်း မျိုးနွယ်တွေက ဘာကြောင့်များ စွမ်းအား အစစ်အမှန်ကို ဖုံးကွယ် ထားတာလဲ။”
“စွမ်းအားကို ဖုံးကွယ်တာက အတိတ်က ကိစ္စပဲ။ အခုချိန်မှာ နန်ကုန်း မိသားစုတွေ တကယ့် စွမ်းအားစစ်ကို ထုတ်ပြ နေကြပြီ။ ဟုတ်တယ်ဟုတ်။”
တပည့်သားတွေ နန်ကုန်းထျန်းရဲ့ အရှိန်အဝါတွေကြောင့် စိတ်ရှုပ်ထွေးနေကြတယ်။
အပိုင်း (၈၃၂) ပြီး၏။
အပိုင်း (၈၃၃)
“ပန်းတွေ ပွင့်ဖူး။ သစ်ပင်တွေ ဆင်းသက်။ ထူးခြားဆန်းကြယ်တဲ့ တိုက်ခိုက်မှု။”
ဒီအချိန်မှာ နန်ကုန်းမုကတော့ အတွေးတွေနဲ့ ရုန်းကန် နေရတယ်။ သူနည်းနည်း တုန်ယင်နေတယ်။
“မှားနေရင်တောင် တစ်ချို့ ကိစ္စတွေက လုပ်ဖို့ လိုတယ်လေ။ ဟုတ်တယ်ဟုတ်။” ချီကူယန်က နန်ကုန်းမုကို ကြည့်ရင်း ပြန်ဖြေတယ်။
“ငါထောက်ခံပါတယ်။ ဒါပေမယ့် ငါ့ရပ်တည်ချက်ကိုလည်း တောင့်ခံဖို့ လိုသေးတယ်။” နန်ကုန်းမု ခေါင်းငြိမ့်ရင်း မေးမြန်းနေတာ ရပ်လိုကတော့တယ်။ သူ့လက်ထဲက ကျောက်စိမ်း နီလာ ဓားမောင်နှံကို မြှောက်လိုက်တယ်။
ချီကူယန်ကတော့ ဆက်မပြောတော့ဘူး။ ဓားရှည် တစ်လက်ကို ဆွဲထုတ်လိုက်တယ်။ ဒီဓားက သာမာန်ပဲ။ ဘာအလင်းရောင်မှ တောက်ပ မနေဘူး။ ဒါပေမယ့် သူမ ကိုင်ဆွဲ လိုက်တဲ့ အချိန်မှာ အချွန်ထက်ဆုံး လက်နက် တစ်ခုကို ကိုင်ထားသလို လူတိုင်းရဲ့ နှလုံးသားတွေ တုန်ယင် လာကြတယ်။
ပတ်ဝန်းကျင် တပည့်သားတွေကတော့ အသက်တောင် အောင့်ထားကြတယ်။
ချီကူယန်ကော နန်ကုန်းမုပါ (တိုက်ခိုက်မယ်)လို့ မပြောကြဘူး။ တိုက်ခိုက်ခွင့်က အစောကြီးတည်းက ရနေပြီလေ။ နန်ကုန်းမုက အရင်ဆုံး လှုပ်ရှားတယ်။ ချိုးကျင့်ဖုန်းကို တိုက်ခိုက်တဲ့ ပုံစံနဲ့ မတူဘူး။ အရမ်းကို တည်ငြိမ် နေခဲ့တယ်။ ဆောင်းရာသီရဲ့ နှင်းပွင့်လေးလိုပဲ။ ဒါပေမယ့် လှုပ်ရှားတာ မြန်လွန်းလို့ ချီကူယန်ရဲ့ ရှေ့မှာ ခပ်မြန်မြန်ပဲ ပေါ်လာခဲ့တယ်။ ကျောက်စိမ်း နီလာ ဓားနှစ်ဖြာက သူမဆီကို ရောက်လာ နေခဲ့ပြီ။ သူ့ရဲ့ ဓားက နှေးတယ် ထင်ရပေမယ့် အရမ်းကို မြန်ဆန် လွန်းတယ်။
တောက်ပမှု သိပ်မရှိပေမယ့် ဓားတွေပေါ်မှာ နှင်းပွင့်လေးတွေတော့ ရှိနေခဲ့တယ်။ နှင်းပွင့်လေးတွေက အရမ်းကို ကြည်လင်နေတယ်။
ချီကူယန်ရဲ့ ဓားကလည်း လှုပ်ရှားတယ်။ သူမရဲ့ ဓားကလည်း တည်ငြိမ်နေတယ်။ နန်ကုန်းမုရဲ့ လည်ပင်းဆီကို အရင်ဆုံး ရောက်သွားတယ်။ သူမက တိုက်စစ်ကို ခံစစ် အဖြစ် သုံးနေ ခဲ့တာပဲ။ နောက်တစ်နည်း ပြောရရင်၊ နှစ်ဦးနှစ်ဖက် ထိခိုက်စေတဲ့ နည်းလမ်းကို သုံးနေတာ။ ချိုးကျင့်ဖုန်း သုံးသွားတဲ့ နည်းလမ်းနဲ့ အတူတူပဲ။ အခုတော့ ချီကူယန် သုံးနေတောပဲ ကွားတယ်။
“အစ်မကြီးက ဘာဖြစ်လို့များ။”
“အစ်မကြီး သတိထား။”
တပည့်သားတွေ စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ စောင့်ကြည့် နေကြတယ်။ ချိုးကျင့်ဖုန်း ဘယ်လို ရှုံးသွားမှန်း သိတဲ့ တပည့်သားတွေကတော့ ပိုပြီး စိတ်ပူ နေခဲ့ကြပြီ။
“သူမရဲ့ အသက်ကို အစောကြီးတည်းက စွန့်စား နေတာလား။”
ဒါက ရူးမိုက် လွန်းတာပဲ။
ချွမ်။
တပည့်သားတွေ အားလုံးက အခုချိန်မှာ အသက်ရှူဖို့တောင် မေ့နေကြတယ်။
ချိုးကျင့်ဖုန်းနဲ့ တိုက်ပွဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်ကို ပြန်မြင်နေ ရသလိုပဲလေ။ ကြည်လင်နေတဲ့ ဓားက ချီကူယန်ရဲ့ ဓားရှေ့မှာ ပေါ်လာတယ်။ ဒါပေမယ့် နန်ကုန်းမုရဲ့ ကျောက်စိမ်း နီလာ ဓားကတော့ မရပ်တန့် သွားခဲ့ဘူး။ ချီကူယန်နဲ့ တစ်လက်မ အကွာမှာ ရှိနေခဲ့ပြီ။
“ဒါက အဆုံးသတ်လား။”
“ချီကူယန်လည်း နန်ကုန်းမုကို ရှုံးမှာလား။”
ဒီတိုက်ပွဲက ဒီလောက်မြန်မြန် ပြီးတယ်လား။”
လူတိုင်းက တူညီတဲ့ အရာကိုပဲ စဉ်းစား နေမိတယ်။ မယုံနိုင်စရာ ကောင်းတဲ့ လက်တွေ့ အဖြစ်အပျက်ကိုပေါ့။ အရေးကြီး အချိန်မှာ ချီကူယန်က ရုတ်တရက် ခုန်ပျံရင်း နန်ကုန်းမုဆီကို ပြေးဝင်သွားပြန်တယ်။
“ချီကူယန် ဘာတွေ လုပ်နေတာလဲ။”
လူတိုင်းရဲ့ စိတ်ထဲမှာ ပထမဆုံး ဒီအတွေး ဝင်လာခဲ့တယ်။ ဒါပေမယ့် ထိတ်လန့် သွားရတာတော့ ချီကူယန်က ဒီဓားနှစ်လက် တိုက်ခိုက်တာကို မခံရတာပဲ။ သူမက ပန်းရောင် အလင်းတန်း အဖြစ်ကို ပြောင်းလဲ ပြီးတော့ နန်ကုန်းမုရဲ့ ခေါင်းနောက်ကို ရောက်သွားခဲ့တယ်။ နန်ကုန်းမုရဲ့ ကျောကို တိုက်ချလိုက်ပြီးတော့ မြေပြင်ပေါ်ကို ပြစ်လဲ သွားစေခဲ့တယ်။ ထူးဆန်းတဲ့ မြင်ကွင်း တစ်ခုပဲ။
နှင်းပွင့်တွေကို လေထဲမှာ မမြင်ခင် အထိ ဘယ်သူကမှ ဖြစ်သွားတာကို နားမလည် နိုင်ခဲ့ဘူး။
“ပန်းပွင့်တွေကို အင်အား အဖြစ် သုံးလိုက်တာပဲ။”
“ဟုတ်တယ်။ ဓားထိပ်က ပန်းပွင့်နဲ့ ထိတဲ့ အချိန်မှာ သူမရဲက ခန္ဒာကိုယ်ကို အားပြုပြီးတော့ နန်ကုန်းမုရဲ့ ဓားနှစ်လက်ကို ရှောင်လိုက်တာပဲ။“
“ကြောက်စရာပဲ။ ဒါက အတွေးစက်ကွင်းပဲ။ မဟုတ်သေးဘူး။ ယုံကြည်ချက်လို့ ပြောလို့ ရတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ သူမှပဲ ဒီလို လုပ်နိုင်မှာ။”
အကယ်၍ တခြား မျိုးနွယ် တပည့်သားတွေသာ ချီကူယန်ကို (ရွေးချယ်ခံ) တစ်ယောက် အဖြစ်သာ သိထား ခဲ့ကြတယ်ဆိုရင်၊ အခု အချိန်မှာတော့ သူမ ဘယ်လောက်တောင် ကြောက်စရာ ကောင်းမှန်းနားလည် သွားလောက်ပြီ။ သူမရဲ့ အင်အားတင် မဟုတ်ဘူး။ တွက်ချက်မှု။ အကဲဖြတ်တဲ့ ပုံစံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပေါင်းစည်းလိုက်ရင် ဒီလို ဖြစ်လာတာပဲ။
“ချီကူယန်က မြင့်မြတ် နယ်မြေရဲ့ နံပါတ်တစ် ဉာဏ်ကြီးရှင် ဆိုတာ မေးခွန်း ထုတ်စရာတောင် မလိုဘူး။” မော့ရှန်းရှီတောင် တအံ့တသြနဲ့ ချီးမွမ်းနေတယ်။
ချီကူယန်ကတော့ တစ်ချက်လေးတောင် မတုန်လှုပ် ခဲ့ဘူး။ သူမရဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ ခိုင်မာပြတ်သားမှုတွေက မြင့်မြတ် နယ်မြေမှာ သူမကို ပြိုင်ဘက် ကင်းစေတယ်။
“အဲ့ဒီ့ ကောင်မလေးက ကြီးမြတ်သော ရှက ဟုတ်တယ် မဟုတ်လား။” ချင်းယွိကတော့ နောက်ထပ် အေးအေး ဆေးဆေး မနေနိုင်တော့ဘူး။
“ဟုတ်တယ်။ ယန်လေးက နတ်ဆိုး ကျောင်းတော်ရဲ့ မင်းသမီး။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံလေ။” ပင်းယန် ခေါင်းငြိမ့်ရင်း ပြောတယ်။ သူမ မပျော်မရွှင် ဖြစ်နေတာတွေ အားလုံးကို စိတ်လှုပ်ရှားမှုက အစားထိုး သွားခဲ့ပြီ။
“အသက် ၁၇နှစ်။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ။ တကယ့်ကို တော်တာပဲ။ အရည်အချင်းနဲ့ စိတ်ဓာတ်ရေးရာ နှစ်ခုလုံးက ပြီးပြည့်စုံတယ်။” ပင်းယန် ပြောတာကို ကြားပြီး ချိန်မှာတော့ ချင်းယွိ ခေါင်းငြိမ့်လိုက်တယ်။
“ဟုတ်တယ်။ ယန်လေးက အစွမ်းထက်တယ်။” ပင်းယန်ကတော့ အရမ်းကို ဂုဏ်ယူ ဝံ့ကြွားနေတဲ့ ပုံစံပဲ။”
“မေ့သမီးလေးရဲ့ ဖန်ကျန်းရှီနဲ့ ယှဉ်လိုက်ရင်တောင် အစွမ်းထက်တယ်လား။” ချင်းယွိ မေးတယ်။
“အဲ့တာ တူဘူးလေ။” ပင်းယန် ပြန်ပြောတယ်။
“ဟဟား။ တစ်ယောက်က ပြီးပြည့်စုံပြီး အပြစ်ပြုလို့ မရ(သွားထိလို့ မရ)တဲ့သူ။ နောက်တစ်ယောက်ကတော့ အရမ်းကို ပွင့်လင်း မြင်သာတယ်။ စကားမစပ်။ နန်ကုန်း မျိုးနွယ်ရဲ့ ကောင်လေးက ဖန်ကျန်းရှီနဲ့ သိတဲ့ ပုံစံပဲ။”
“ဟုတ်တယ်။ ဒါ့ထက်တော့ ပိုပါတယ်။ အရှက်မရှိတဲ့ ကောင်စုတ်က နန်ကုန်းမုရဲ့ တစ်ယောက်တည်းသော သူငယ်ချင်းပဲ။ ရိုးရိုးသားသား ပြောရရင်၊ နန်ကုန်းမု ပြောတဲ့ အသက်ထက် အရေးကြီးတဲ့ အရာ အကြွေးတင် နေတယ် ဆိုတာကို မယုံနိုင် သေးဘူး။ အဲ့ဒီ့ကောင်က ဒီလောက်တောင် တကိုယ်ကောင်းဆန်တာ၊ နန်ကုန်းမုကို ဘယ်လိုများ တန်ဖိုးကြီး အရာ ငှားပေးမှာလဲ။”
“ငွေကြေးထက် အရေးကြီးတဲ့ အရာတဲ့။ ဟီးဟီး။”
“အမေ့ရေ့။ အဲ့ဒီ့ နှစ်ယောက်ကို လိင်တူချစ်သူတွေလို့ ထင်လားဟင်။” ပင်းယန်ရဲ့ အမူအယာကတော့ အခုချိန်မှာ ထူးဆန်း နေခဲ့တယ်။
“အဟက်။ ငါ့သမီး ဒီအသက်အရွယ်လေးနဲ့ ဒီလို မသင့်တော်တဲ့ ကိစ္စတွေကို ဘယ်ကနေ သင်လာတာလဲ။ ဘယ်သူ့ဆီက ကြားတာလဲ။”
“အဲ့တာကလေ။” ပင်းယန် စကားကို လမ်းတစ်ဝက်မှာ ဖြတ်လိုက်တယ်။ အဲ့ဒီ့နောက် ခေါင်းငုံ့ရင်း နောက်ဆုတ်သွားတယ်။ နောက်ထပ် မပြောဝံ့တော့ဘူး။
နန်ကုန်းမုကတော့ နောက်တကြိမ် ထရပ် ပြန်ပြီ။ ချီကူယန်ကို ကြည့်ရင်း သူ့ရဲ့ ဓားနှစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။
“မုအယ်။ ချီကူယန်ကို မင်းရဲ့ သိုင်းပညာနဲ့ မတိုက်ခိုက်နဲ့။ စွမ်းအား အပြည့်သုံးတော့။” နန်ကုန်းထျန်းက အော်တယ်။
“အင်အား အပြည့်တဲ့။”
“နန်ကုန်းမုက အခုထိ စွမ်းအား အပြည့် မသုံးရ သေးတာလား။”
“မဖြစ်နိုင်လောက်ပါဘူး။ ဟုတ်တယ်ဟုတ်။”
ပတ်ဝန်းကျင် တပည့်သားတွေကတော့ နန်ကုန်းထျန်းရဲ့ စကားကို ကြားချိန်မှာ ကြောင်တောင်တောင် ဖြစ်ကုန်ကြတယ်။ အခုချိန်မှာတောင် နန်ကုန်းမုက ကြောက်စရာ ကောင်းအောင် သန်မာ နေတာလေ။
“သူသာ စွမ်းအားကို အပြည့် မသုံးရ သေးဘူးဆိုရင် ဘယ်သူ ယုံနိုင်မှာလဲ။”
ဒါပေမယ့် သူတို့ရဲ့ အတွေးတွေ မှားနေတာတော့ သေချာသွားခဲ့ပြီ။ နန်ကုန်းထျန်း ပြောတာကို ကြားချိန်မှာ နန်ကုန်းမုက စတင်ပြီးတော့ ဟိန်းဟောက်တော့တယ်။
“အား။” နန်ကုန်းမုရဲ့ အသံက အရမ်းကို နာကျင်နေတဲ့ ပုံစံပဲ။ သူ့ရဲ့ မျက်နှာ တစ်ခုလုံး ရှုံ့တွနေတယ်။ တစ်ခုခု သူ့ခန္ဒာကိုယ်ထဲက ထွက်လာတဲ့ ပုံစံပဲ။ နန်ကုန်းမုရဲ့ အပေါ် အကျီက လုံးဝကို ပေါက်ကွဲ ထွက်သွားခဲ့ပြီ။ သူ့ရဲ့ ခန္ဒာကိုယ် အပေါ်ပိုင်း တစ်ခုလုံး ဒဏ်ရာတွေနဲ့ ပြည့်နှက် နေခဲ့တယ်။ နှင်းဖြူရောင် သင်္ကေတတွေလည်း ခန္ဒာကိုယ်မှာ အများကြီး ပေါ်လာခဲ့တယ်။
“အဲ့တာက” မုချင်းဖန်း ရုတ်တရက် ခုန်ထမိတယ်။ သူလန့်နေတာကို မဖုံးကွယ် ထားနိုင်ဘူး။ မော့ရှန်းရှီတောင် မျက်လုံး အပြူးသား ဖြစ်နေခဲ့ပြီ။
“အဲ့တာ ကောင်းချီးခံ သွေးမျိုးနွယ်ပဲ။”
“နန်ကုန်းမုကလည်း ကောင်းချီးခံ သွေးမျိုးနွယ် တစ်ယော်ကလား။”
“ဘာတွေ ဖြစ်နေတာလဲ။”
“သူသာ ကောင်းချီးခံ သွေးမျိုးနွယ် ဆိုရင် ဘာဖြစ်လို့ အရင်တည်းက ထုတ်မသုံးတာလဲ။”
ပတ်ဝန်းကျင် တပည့်သားတွေက နန်ကုန်းမု ကောင်းချီးခံ သွေးမျိုးနွယ် ပိုင်ဆိုင်တာကို မြင်ချိန်မှာ မယုံနိုင် ဖြစ်နေကြတယ်။
ဝူယွဲ့အာ နောက်မှာ ရပ်နေတဲ့ ရန်ချင်းကတော့ ပါးစပ်အဟောင်းသားနဲ့ ပြောတယ်။ “မဖြစ်နိုင်တာပဲ။ သူသာ ကောင်းချီးခံ သွေးမျိုးနွယ်ကို ပိုင်ဆိုင်ထားတယ်ဆိုရင်၊ ငါတို့ အရင်တိုက်ပွဲမှာ ဘာဖြစ်လို့ မသုံးတာလဲ။”
“နန်ကုန်းမုရဲ့ သွေးမျိုးနွယ်နဲ့ ပတ်သက်ပြီး ငါတို့မှာ သတင်းအချက် အလက်ရှိလား။” ဝူယွဲ့အာ သူမ နောက်က လူတစ်ယောက်ကို အေးစက်စက် မေးတယ်။
“ဟင့်အင်း။ ဒါမျိုး မရှိဘူး။” ပြန်ဖြေတဲ့သူလည်း မယုံနိုင် ဖြစ်နေတဲ့ ပုံစံပဲ။
“ထူးဆန်းလိုက်တာ။ လွန်ခဲ့တဲ့ လပိုင်းတွေ နန်ကုန်းမုမှာ ဘာတွေ ဖြစ်သွားတာလဲ။” ဝူယွဲ့အာက သူတို့ အရိပ်တွေရဲ့ သတင်း အချက် စုဆောင်းနိုင်စွမ်းကို ယုံတယ်။ ဒါပေမယ့် အခု တစ်ချက်ကတော့ လွတ်သွားတာ အမှန်ပဲ။
“မဖြစ်ဘူး။ နန်ကုန်းမုက အဆင့်တက်သွားတဲ့ ပုံစံပဲ။”
“အဆင့်တက်တယ်။”
“မဖြစ်နိုင်တာ တိုက်ပွဲ အလယ်ကြီးမှာမှ။”
ဝူယွဲ့အာနဲ့ တပည့်သားတွေ အားလုံး ပဟေဠိ ဖြစ်နေခဲ့တယ်။ နန်ကုန်းမု ခန္ဒာကိုယ်မှာ ပေါ်လာတဲ့ အဖြူရောင် သင်္ကေတတွေက သူ့နဖူးကို ကြောက်စရာ အရှိန်နဲ့ တက်ပြီး စုနေလို့ပဲ။ ဒီသင်္ကေတတွေက နှင်းပွင့်တွေနဲ့ တူတယ်။ ခန္ဒာကိုယ်မှာ အလင်းတန်းတွေ ဖြာထွက် လာပြီးတော့ ကောင်းကင် အထိကို ထိုးတက် သွားခဲ့တယ်။
“သူ အဆင့်တက် သွားပြီ။”
“သုခမိန် ဖြစ်သွားတာလား။”
“မဖြစ်နိုင်လိုက်တာ။ ဘယ်လိုများ ဒီလို ဖြစ်ရတာလဲ။ သုခမိန် အဆင့်ဆိုတာ ဒီလို လွယ်လွယ် ဖြစ်နိုင်တာမှ မဟုတ်ပဲ။
အဓိပ္မာယ် မရှိလိုက်တာ။”
“မဟုတ်ဘူး။ တိုက်ခိုက်နေတုန်း အဆင့်တက်တာ အပြင် ဖြစ်နိုင်ချေ နောက်တစ်ခု ရှိသေးတယ်။”
“ဘာများလဲ။”
“အကယ်၍ သူသာ ချိုးကျင့်ဖုန်းကို လွမ်းမိုး ဖိနှိပ်နိုင်တယ် ဆိုရင်၊ သူ့စွမ်းအားတွေက သုခမိန် အဆင့်တွေထက် ကျော်လွန်
နေလို့ပဲ။ အကယ်၍ သူသာ အခုချိန်မှာ ဖြတ်ကျော် တိုးတက်လိုက်တာဆိုရင်၊ သူ့စွမ်းအား အစစ်ကို ဖိနှိပ်ထားတယ်လို့
ဆိုလိုတာပဲ။”
“ဖိနှိပ်ထားတယ်။ ဘာဖြစ်လို့များ ဒီလို လုပ်ရတာလဲ။”
“အကယ်၍ ငါသာ မှန်မယ်ဆိုရင်၊ ဒါက သူ့ရဲ့ ကောင်းချီးခံ သွေးမျိုးနွယ်နဲ့ ဆိုင်လိမ့်မယ်။ သူ့စွမ်းအားတွေကို မထိန်းချုပ် နိုင်သေးတာမျိုးပေါ့။ ဒါက အထင်ပါပဲ။”
တပည့်သားတွေ အချင်းချင်း ဆွေးနွေးနေကြတယ်။ သူတို့တွေ ပြောသလိုပဲ အရာ အားလုံးက ထင်ကြေးပဲ။ ဘယ်သူကမှ တကယ့် အကြောင်း အရင်းကို မသိဘူး။
“ငါရှုံးလို့ မရဘူး။” နန်ကုန်းမုရဲ့ မျက်လုံးတွေက နှင်းပွင့်တွေ အပြည့်နဲ့ အေးစက် နေခဲ့တယ်။
မရေမတွက်နိုင်တဲ့ နှင်းပွင့်တွေက သူ့တကိုယ်လုံးမှာ လှည့်ပတ် လှုပ်ရှားနေတယ်။ ကြည်လင်တဲ့ အဖြူရောင် သံချပ်ကာ အဖြစ်ကို ပြောင်းလဲ သွားတယ်။ နှင်းပွင့်တွေလည်း ကောင်းကင်က ထပ်ကျ လာပြန်တယ်။ နွေလည်ခေါင်ခေါင်မှာတောင် ခိုက်ခိုက်တုန်အောင် ချမ်းစေတဲ့ မြင်ကွင်းပဲ။
မုချင်းဖန်းကတော့ လေထဲက အရိပ်ကြီးကို မြင်ချိန်မှာ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာခဲ့တယ်။
ဒီအရိပ်ကြီးကို သူတစ်ခေါက် ရှင်းရှင်းလင်းလင်း မြင်ဖူးပြီးသား။ နန်ကုန်းမု ချိုးကျင့်ဖုန်းကို တိုက်ခိုက်တဲ့ အချိန် တုန်းကလည်း တစ်ခေါက် ပေါ်လာသေးတယ်။ အဲ့ဒီ့တုန်းက စက္ကန့်ပိုင်းပဲ။
အခုချိန်မှာတော့ အရိပ်က အရမ်းကိုထင်ရှား နေခဲ့ပြီ။ နတ်တစ်ပါးလို ကြောက်စရာ အရှိန်အဝါတွေကို ထုတ်လွှတ် နေခဲ့တယ်။ ပန်းပွင့် ဖြူဖြူတွေ ပြည့်နေတဲ့ သစ်ပင်ကြီး တစ်ပင်ပဲ။ အကိုင်းအခက် တစ်ခုချင်းစီတိုင်းက တောက်ပ နေခဲ့တယ်။
“မုအယ်။ ချီကူယန်က ဟောင်အယ်ကို လွန်ခဲ့တဲ့ နှစ်ပိုင်းတုန်းက တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်။ အခုချိန်မှာ ချီကူယန်ကို အနိုင်ယူတာက ဟောင်အာကို အနိုင်ယူတာနဲ့ အတူတူပဲ။” နန်ကုန်းထျန်းက ပြောရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ကောင်းကင် သစ်ပင်ကြီးကို သူကြည့်နေခဲ့တယ်။
“အကယ်၍ ငါသာ ချီကူယန်ကို အနိုင်ယူနိုင်ရင်၊ အကိုကြီးကို နိုင်တယ်လို့ ဆိုလိုတာပဲ။ အကိုကြီး ဟုတ်တယ်။ ငါနိုင်ရမယ်။ ငါ့နာမည်က နန်ကုန်းမု။ ငါက နန်ကုန်းမု ဖြစ်နေလို့ နိုင်ကို နိုင်ရမယ်။” နန်ကုန်းမုရဲ့ ခန္ဒာကိုယ်က ချက်ခြင်း ဆိုသလို တုန်ယင်လာတယ်။
လေထဲက နှင်းပွင့်တွေ ပျောက်ကွယ် သွားပြီးတော့ အဖြူရောင် သံချပ်ကာသာ သူ့ကိုယ်ပေါ်မှာ ကျန်ရစ်ခဲ့တယ်။
ရှုပ်ထွေးတဲ့ နှင်းဖြူရောင် သင်္ကေတတွေ သံချပ်ကာပေါ်မှာ ပေါ်လာတယ်။ နန်ကုန်းမုရဲ့ ခန္ဒာကိုယ်က ထွက်နေတဲ့ အရှိန်အဝါ အေးစက်မှုတွေကြောင့် လေထု တစ်ခုလုံးတောင် အေးခဲ နေခဲ့ပြီ။
ချီကူယန်ကတော့ ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်တယ်။ သူမမျက်ဝန်း ထဲမှာတော့ ကြယ်ပွင့်တွေက တလက်လက် တောက်ပနေဆဲ။ ဒါက ထူးခြားတဲ့ လှုပ်ရှားမှု တစ်ခုတော့ မဟုတ်ခဲ့ဘူး။ သူမက မုန်တိုင်းထဲမှာ ကြံ့ကြံ့ခံနေတဲ့ တောင်တစ်လုံးလိုပဲ။
အထီးကျန်ပေမယ့် လေနဲ့ နှင်းတွေကို တောင့်ခံထားတယ်။
ဆိုရိုးစကား ရှိတဲ့ အတိုင်း တောင်တန်းတွေလို ခိုင်ခံ့ တည်မြဲ။
အပိုင်း (၈၃၃) ပြီး၏။
အပိုင်း (၈၃၄)
“ဘုံသုံးဘုံဆီသို့ တံခါး။”
…
“ဒီတော့ မုအယ် အပေါ်ကို ဟောင်အယ်ရဲ့ လွှမ်းမိုးမှုက ကြီးလွန်းတာပေါ့။” နန်ကုန်းထျန်းကတော့ အမှားကြီး တစ်ခုကို ကျူးလွန်း ထားသလိုပဲ။ နန်ကုန်းမုကို စေ့စေ့ မကြည့်ရဲ ခဲ့ဘူး။ ဒါပေမယ့် မကြာခင်မှာပဲ သူ့မျက်ဝန်းတွေထဲမှာ ခိုင်မာ ပြတ်သားမှုတွေ ပေါ်ထွက် လာတော့တယ်။
ကောင်းကင်တာအို ခန်းမ ဘက်မှာတော့ မုချင်းဖန်းရဲ့ မျက်နှာက ဆက်တိုက် အမူအယာ ပြောင်းလဲ နေတယ်။ အံပါကြိတ်နေခဲ့ပြီ။
“ဒီလောက်တောင် အေးတဲ့ ကောင်းချီးခံ သွေးက ဘယ်လိုများ ရှိနေတာလဲ။“
“အေးတာက ပြဿနာလား။” မုချင်းဖန်း နောက်က အကြီးအကဲ တစ်ယောက် မေးတယ်။
“ကူယန်ရဲ့ သွေးမျိုးနွယ်က လောက အကောင်းဆုံး ဖြစ်နေပင်မယ့်၊ အားနည်းချက် တစ်ခုရှိတယ်။” မုချင်းဖန်း မျက်မှောင်ကြုတ်ရင်း ပြောတယ်။
“အားနည်းချက်။”
“သဘာဝကြောင့် အအေးဓာတ်ကို ကြောက်တယ်။”
“အအေးကြောက်တယ်။”
“ကူယန်က နတ်မြွေရဲ့ စိတ်ဝိဉာဉ်သွေးကို ပိုင်ဆိုင်ထားတယ်။ မြွေလို သွေးအေး သတ္တဝါတွေက အေးလာရင် ဆောင်းခိုကြတယ်လေ။” မုချင်းဖန်း ရှင်းပြတယ်။
“ဒီတော့။”
“အကယ်၍ ကူယန်သာ သုခမိန် ဖြစ်နေရင်တော့။ ဒီတိုက်ပွဲက ပြဿနာ မဟုတ်ဘူး။ အားနည်းချက်က နည်းနည်းပဲ သက်ရောက်မှာ သဘာဝက သူ့ကို တွန်းကန်ပေးလိမ့်မယ်။ အခုတော့ ကူယန်က ပြန်လည် မွေးဖွားမှု အဆင့်ပဲ ရှိသေးတယ်။ နန်ကုန်းမုလို အေးစက်တဲ့ သွေးနဲ့ သုခမိန်ကို တိုက်ခိုက်ရင် စွမ်းအားတွေ အများကြီး ထိခိုက်လိမ့်မယ်။”
“ကူယန် ရှုံးမယ်လို့ ပြောချင်တာလား။”
“သေချာပေါက်တော့ မပြောရဲဘူး။ ဒါပေမယ့် နန်ကုန်းမုမှာ ဒီလောက်ထိ အတွင်းထဲက အေးစက်တဲ့ သွေးမျိုးနွယ် ရှိနေတာကတော့ တစ်ခုခု လွဲနေပြီ။”
“ခန်းမခေါင်းဆောင်၊ နန်ကုန်း မျိုးနွယ်တွေက အစတည်းက ကြံစည်ထားတယ်လို့ ပြောချင်တာလား။ ကျွန်တော်တို့တွေ တစ်ခါမှ ပြဿနာ မဖြစ်ဘူးပဲနဲ့၊ သူတို့က ဘာဖြစ်လို့ ကျွန်တော်တို့ကို ပြစ်မှတ် ထားတာလဲ။”
“ဟုတ်တယ်။ နန်ကုန်းတွေနဲ့ ငါတို့ ပြဿနာ မတက်ဖူးဘူး။ အစကတော့ သူတို့တွေ ရောက်လာတာ တိုက်ဆိုင်မှုလို့ ထင်နေခဲ့တာ။ အခုတော့ မဟုတ်တဲ့ ပုံစံပဲ။” မုချင်းဖန်း သက်ပြင်းချရင်း ပြောတယ်။
အကြီးအကဲတွေကတော့ တိတ်ဆိတ် ကုန်ကြတယ်။
နန်ကုန်းဟောင် လွန်ခဲ့တဲ့ လပိုင်းတုန်းက ကောင်းကင်တာအို ခန်းမမှာ လုပ်ခဲ့တဲ့ ထူးထူးဆန်းဆန်း အပြုအမူနဲ့ ဒီနေ့ နန်ကုန်း မျိုးနွယ်တွေ ပေါ်လာတာ၊ နန်ကုန်းမုရဲ့ ထူးခြားတဲ့ သွေးမျိုးနွယ် အားလုံးက အကြီးအကဲတွေကို စိတ်ရှုပ်လာစေတယ်။
ဒါပေမယ့် တိုက်ဆိုင်မှု ဖြစ်ပါစေ။ ကောင်းကင် တာအို ခန်းမကတော့ စော်ကားသူတွေ အတွက် အခန်း မရှိဘူး။ တိုက်ပွဲက စပြီးမှတော့ ဘယ်လိုများ နောက်ဆုတ်လို့ ရမှာလဲ။ နန်ကုန်းမုကတော့ အခုချိန်မှာ လှုပ်ရှားနေပြီ။ နန်ကုန်းထျန်းရဲ့ စကားကို နားထောင်ဖို့ ရွေးချယ်လိုက်တာ အသိသာကြီးပဲ။ သူ့အစွမ်းတွေ အားလုံးကို ထုတ်သုံး နေခဲ့ပြီ။
ဟူး။ နန်ကုန်းမုရဲ့ ခန္ဒာကိုယ်က အေးခဲ စွမ်းအားတွေကြောင့် ကျမ်းကောင်းကင်တောင်ရဲ့ မြေပြင်မှာတောင် မြူတွေ ဖြစ်တည် လာတော့တယ်။ လုံးဝကို ဆောင်းရာသီ ရောက်သွား သလိုပဲ။ ချီကူယန်ရဲ့ ခန္ဒာကိုယ်ဆီကို ရေခဲတွေ အများကြီး ဦးတည် လာတော့တယ်။
“သူက ပြိုင်ပွဲကွင်း တစ်ခုလုံးကို ခဲပြစ် နေတာပဲ။”
“သုခမိန် စွမ်းအားတွ အားလုံးကို သုံးပြီးတော့ ချီကူယန်ကို တိုက်ခိုက်နေတယ်။”
“ဒီတော့ သိုင်းပညာ လုံး၀ မသုံးတော့ဘူးပေါ့။”
အရာအားလုံး ခဲသွားတာကို မြင်ချိန်မှာတော့ လူတိုင်း နားလည် သွာခးဲ့ပြီ။ နန်ကုန်းမုက နေရာ တစ်ခုလုံးကို အေးခဲ ပြစ်လိုက်တဲ့ အတွက် ချီကူယန်လည်း သူနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ပဲ ရွေးစရာ ရှိတော့တယ်။
တကယ်တော့ လူတိုင်း ထင်ထားတဲ့ အတိုင်းပဲ ချီကူယန်က ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တောက်ပတဲ့ အလင်းတန်းတွေကို ထုတ်လွှတ်တော့တယ်။
အဲ့ဒီ့နောက် ဓားကို လွှဲခုတ်လိုက်တယ်။ ကောင်းကင်ကနေ ဥက္ကာပျံကြီး တစ်ခု ကျဆင်း လာသလိုပဲ။ သူမရဲ့ ခန္ဒာကိုယ်ကို ဦးတည် လာနေတဲ့ ရေခဲလှိုင်းတွေ အားလုံး အဖြူရောင် အလင်းစက်တွေနဲ့ ထိတွေ့တော့တယ်။ ရေခဲလှိုင်းတွေက ဓားနဲ့ ခုတ်ချ ခံလိုက် ရပေမယ့် လှိုင်းထဲမှာတော့ ပန်းပွင့်တွေ အများကြီး ပါလာနေတယ်။ ပန်းတစ်ပွင့်ချင်းစီတိုင်းက အေးစက်တဲ့ အရှိန်အဝါတွေကို သယ်ဆောင် လာခဲ့တယ်။ ပတ်ဝန်းကျင် တစ်ခုလုံးကို ရေခဲတွေက ပိုပြီးတော့ အားကောင်းကောင်းနဲ့ လွှမ်းခြုံလာတယ်။
“ဒါက ဘယ်လို သွေးမျိုးနွယ်လဲ။”
“ငါမသိဘူး။ မှတ်တမ်းတွေထဲမှာလည်း မတွေ့ဖူးဘူး။”
“ဒီလို နှင်းတွေနဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကိုတောင် ခဲနိုင်လိုက်တာ သာမာန်တော့ မဟုတ်နိုင်ဘူး။ ဘာများပါလိမ့်။”
တပည့်သားတွေကတော့ ပတ်ဝန်းကျင်ကို ကြည့်ရင်း ခန့်မှန်း နေကြတယ်။ ချီကူယန်ကတော့ ဒီရေခဲလှိုင်းတွေကြောင့် နောက်ကို ဆုတ်နေရပြီ။ သူမရဲ့ ဓားက လေထဲမှာ ရှိတဲ့ လှိုင်းတွေကို ခွဲထုတ် ပြစ်နေပင်မယ့်၊ ဒီလှိုင်းတွေက အကြိမ်ကြိမ် ပြန်ဖြစ်တည် လာနေတယ်။
ပြင်းထန်တဲ့ တိုက်ပွဲပဲ။ ချီကူယန် နောက်ထပ် နောက်ဆုတ်လို့ မရတော့မှန်း လူတိုင်း သိနေခဲ့တယ်။ နောက်ထပ် ထပ်ဆုတ်လိုက်ရင် ကွင်းပြင်ကို ရောက်ပြီးတော့ လုံး၀ ရှုံးသွားလိမ့်မယ်။
“ခန်းမ ခေါင်းဆောင်။ ဒီလိုသာ ဖြစ်ရင်၊ ကူယန် လုံး၀ ဖိနှိပ် ခံရလိမ့်မယ်။” ကောင်းကင် တာအို ခန်းမ အကြီးအကဲ တစ်ယောက်ကတော့ အရမ်း စိတ်ပူနေတဲ့ ပုံစံပဲ။
“နန်ကုန်းမုရဲ့ သွေးက အရမ်းကို စွမ်းအားကြီးလွန်းတယ်။ ဇစ်မြစ်ကို မသိရင် ပြန်တိုက်ခိုက်ဖို့ ခက်လိမ့်မယ်။ ပြဿနာကတော့ ဘယ်လို သွေးမျိုးနွယ်က ဒီလို သစ်ပင်ကြီးနဲ့ ပန်းဖြူတွေ ပါနေလဲ ဆိုတာပဲ။” နောက်အကြီးအကဲ တစ်ယောက် ပြောတယ်။
“အအေးဓာတ်။ ပန်းဖြူတွေ၊ သစ်ပင်ကြီး။” မုချင်းဖန်းကတော့ ကောင်းကင် တစ်ခွင်လုံးကို ဖုံးထားတဲ့ ခမ်းနားတဲ့ သစ်ပင်ကြီးကို ကြည့်နေမိတယ်။
“သစ်ပင် သွေးမျိုးနွယ်က ရှားပါးတယ်။ ဒီလို အေးစက်မှုကတော့ တွေ့တောင် မတွေးဖူးဘူး။ နှင်းဖုံးနယ်မြေမှာ ပေါက်ရောက်တဲ့ သစ်ပင်ကို ငါတစ်ခါမှ မတွေ့ဖူးဘူး။”
“နှင်းဖုံးမြေ။” မုချင်းဖန်းရဲ့ မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားတယ်။ “မဟုတ်ဘူး။ နှင်းဖုံးမြေမှာ ပေါက်တဲ့ သစ်ပင် တစ်ပင်တော့ ရှိတယ်။”
“ဘာသစ်ပင်လဲ။”
“မင်းတို့တွေ ရန်ဟွမ်ကို ကြားဖူးလား။”
“ရန်ဟွမ်။” အကြီးအကဲ တစ်ယောက် အံ့သြသွားတယ်။ “သိပါတယ်။ ဒါပေမယ့် ဒီ သစ်ပင်က ရန်ဟွမ်နဲ့ ဆိုင်လို့လား။”
“ငါလည်း မသေချာဘူး။ သမိုင်းထဲမှာ ပါတာကတော့ လောကကြီးကို ရန်ဟွမ် ခေတ်မှာ ကိုးပိုင်းခွဲလိုက်တယ်။ တိုက်ကြီး ကိုးတိုက်လို့ ခေါ်ဝေါ်တယ်။ နှင်းဖုံးမြေမှာ ပေါက်တဲ့ သစ်ပင်ကြီး တစ်ပင်လည်း ရှိတယ်။”
“ခန်းမခေါင်းဆောင်မု ပြောနေတာ ဧကရာဇ်ရန်ရဲ့ သစ်ပင်လား။”
“ဟုတ်တယ်။ လောကကြီးကို ကိုးပိုင်း ခွဲတဲ့ အချိန် ဧကရာဇ် ရန်က ဒီသစ်ပင်ကို မြေပုံ အဖြစ် သုံးခဲ့တယ်။ ဒဏ္ဍာရီထဲ ပါတာကတော့ ဒီသစ်ပင်က လောက အစတည်းက ဖြစ်တည်လာတာ။ ကောလဟာလတွေ အရဆိုရင် သစ်ပင်ထိပ်မှာက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေ နေထိုင်တယ်။ အဲ့တာကို နတ်သစ်ပင်လို့ ခေါ်တယ်။ လူ၊ နတ်၊ မိစ္ဆာ လောက သုံးခုကို ဆက်သွယ်ထားတဲ့ မုခ်တံခါး တစ်ခုတဲ့။”
“လောကသုံးခု အတွက် တံခါးတဲ့လား။” မုချင်းဖန်း ပြောတာကို ကြားချိန်မှာ အကြီးအကဲတွေရဲ့ အမူအယာက ပြောင်းလဲနေပြီ။ သူပြောနေတာကို သူတို့ သိတယ်လေ။
“ခန့်မှန်းချက် ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ မဟုတ်ရင်။” မုချင်းဖန်း ပြောတာကို ရပ်ရင်နးဲ့ စိုက်ကြည့်နေတယ်။ အကြီးအကဲတွေကတော့ မျက်နှာတွေ မည်းမှောင် နေကြပြီ။
ဝုန်း။
ချီကူယန် ဆီကို အကြီးအကဲတွေ အာရုံ ပြန်ရောက် သွားကြတယ်။ တိုက်ခိုက်ရေး ကွင်းပြင်က အဖြစ်ကြောင့် သူတို့တွေ ပိုပြီးတော့ စိတ်ရှုပ်ထွေး နေကြပြီ။ ချီကူယန်က ဘယ်နေရာကိုမှ သွားစရာ မရှိတော့ဘူး။ အဆုံးစွန် နေရာကိုေ ရာက်နေပြီ။ သူ့တကိုယ်လုံးကို ရေခဲလှိုင်းတွေက ဝန်းရံ ထားပြီးတော့ ပြင်းထန်တဲ့ အေးစက်မှုက ဖိနှိပ် နေခဲ့ပြီ။
“ချီကူယန် ရှုံးတော့မှာလား။”
“နန်ကုန်းမုက သုခမိန် ဖြစ်နေတဲ့ အပြင် ထူးဆန်းတဲ့ သွေးမျိုးနွယ်လည်း ရှိနေသေးတယ်။ အင်အားကြီးလွန်းနေတယ်။”
“ချီကူယန်က အခုချိန်မှာ ပြန်လည် မွေးဖွားမှု အဆင့်ပဲ ရှိသေးတယ်။ ဒီတော့ နန်ကုန်းမုကို နိုင်ဖို့က ခက်လွန်းပါတယ်။”
မယုံနိုင်စရာ ကောင်းပေမယ့် တိုက်ပွဲမှာ ချီကူယန် အရေးနိမ့်နေတာကို လူတိုင်း သိကြတယ်။
“ယန်လေး။ မရှုံးစေနဲ့။” ပင်းယန်ကတော့ အရမ်းကို စိတ်ပူနေတယ်။ သူမရဲ့ ပါးတွေတောင် နီရဲ နေခဲ့ပြီ။
ချီကူယန်ကတော့ စကား တစ်ခွန်းတောင် မပြောဘူး။
ကြယ်အလင်းကတော့ မျက်လုံးထဲမှာ တောက်ပနေဆဲ။ အလင်းစက်တွေက သူမ မျက်ဝန်းထဲမှာ ပိုပြီးတော့ စုဝေး လာကြတယ်။
“မုအယ် လုပ်လိုက်တော့။” နန်ကုန်းထျန်းရဲ့ အသံ ပေါ်လာတယ်။
“အား။” နန်ကုန်းမု ဟိန်းဟောက်လိုက်တယ်။ သူ့နဖူးမှာ ရှိတဲ့ သင်္ကေတကနေ အလင်းတန်းတွေ ဆက်တိုက် ဖြာထွက် လာတော့တယ်။
ဝုန်း။ နန်ကုန်းမု ဟိန်းဟောက် လိုက်ချိန်မှာပဲ ပြင်းထန်တဲ့ ရေခဲလှိုင်းတွေက ချီကူယန်ကို ဝင်တိုက်တယ်။
ဝူး။ ဒီအချိန်မှာပဲ အရိပ်ကြီး တစ်ခု ကောင်းကင်မှာ ပေါ်လာတယ်။ ဒီအရိပ်ကြီးက ရေခဲလှိုင်းတွေကို ချက်ခြင်း ဖြိုခွဲ ပြစ်တယ်။ ကြီးမားလွန်းတဲ့ အရိပ်ကြီးပဲ။ ကောင်းကင်က ကျလာပြီးတော့ ရေခဲလှိုင်းတွေကို ဝင်တိုက်တယ်။
တစ်ချိန်တည်းမှာပဲ တောက်ပမှု တစ်ချို့ကို မြင်လိုက်ရတယ်။ ဒီအရိပ်က ရှည်လျားတဲ့ ဆံပင်ရှည်တွေနဲ့ လူပုံစံ အရိပ်ပဲ။ ချီကူယန်ရဲ့ နောက်မှာ ပေါ်လာပြီးတော့ အရမ်းကို ခမ်းနားတဲ့ အရှိန်အဝါတွေ ရှိတယ်။ လောက အုပ်ချုပ်သူ တစ်ယောက်လိုပဲ။ ရှည်လျားတဲ့ အမြီးရှည်ကြီးလည်း ရှိနေသေးတယ်။ သူ့အမြီးကို ယမ်းလိုက်ချိန်တိုင်း တောက်ပတဲ့ အလင်းတန်းတွေက ထွက်ပေါ်လာတယ်။
“အဲ့တာ ကောင်းချီးခံ သွေးမျိုးနွယ်ပဲ။”
“ချီကူယန်က သူမရဲ့ သွေးမျိုးနွယ်ကို ထုတ်သုံး လိုက်ပြီလား။”
“လောက နံပါတ်တစ် သွေးမျိုးနွယ် ပီသ ပါပေတယ်။ နန်ကုန်းမု သုခမိန် ဖြစ်နေရင်တောင် ချီကူယန်ရဲ့ အရှိန်အဝါကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး။”
စောင့်ကြည့်နေသူတွေ ပြောကြတယ်။ ဒါပေမယ့် ချီကူယန်ကတော့ တုန်ယင် သွားခဲ့တယ်။ သေးငယ်တဲ့ အပြောင်းအလဲလေး ဖြစ်နေပင်မယ့် ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားမှန်း သိသာလွန်းတယ်။ ချီကူယန်ကတော့ မရပ်တန့် ခဲ့ဘူး။ အရိပ်ကြီး ပေါ်လာတာနဲ့ နန်ကုန်းမု ဆီကို ပြေးဝင်တယ်။
ဝုန်း။ သူမရဲ့ ဓားက ရေခဲလှိုင်းတွေကို ခုတ်ချပြန်တယ်။ သူမရဲ့ ဓားက အပေါ်အောက် လှုပ်ရှားနေရင်း နန်ကုန်းမုဆီကို တိုက်ရိုက် ရောက်တဲ့ လမ်းပေါ်လာတယ်။ နှင်းတွေက သူမကို မတားဆီး နိုင်တော့ဘူး။
“အင်အားကြီးလိုက်တာ ပြန်လည် မွေးဖွားမှု အဆင့် ဟုတ်ရဲ့လား။”
“ပြန်တိုက်ခိုက် နိုင်ပြီလား။”
“တကယ့်ကို ရွေးချယ်ခံ ပီသတယ်။”
ကျန်တာတွေ မမြင်ရပေမယ့် နန်ကုန်းမုဆီ ထိုးဖောက် တိုက်ခိုက်နေတဲ့ ပုံစံကို မြင်ချိန်မှာတော့ မချီးမွမ်းပဲ မနေနိုင် ကြတော့ဘူး။ သူမရဲ့ ကျင့်ကြံဆင့်က နန်ကုန်းမုထက် နိမ့်တယ်လေ။ လက်ရှိ အချိန်မှာ ချီကူယန်က ပြန်တိုက်ခိုက် နိုင်ရုံတင် မကဘူး။ အံ့ဖွယ် တစ်ခုတောင် ဖြစ်နေသေးတယ်။
ချွမ်။ နန်ကုန်းမုရဲ့ ဓားနှစ်လက်ကို ဓားတစ်လက်က လာထိတွေ့တယ်။
“သူရပ်လိုက်တာလား။“
တပည့်သားတွေ နန်ကုန်းမုရဲ့ ဓားနှစ်လက် လှုပ်ရှားပုံကို မြင်တော့ ပြောလိုက် မိတယ်။ အေးစက်မှုတွေက ဓားတွေဆီကနေ ဖြာထွက်လာတယ်။
ဝုန်း။ ချီကူယန်ကတော့ ဓားနှစ်လက်ရဲ့ အားတွေကြောင့် လွင့်ထွက် သွားရတယ်။
ဒီအချိန်မှာပဲ ရေခဲလှိုင်းတွေ အကုန်လုံး အသစ်ပြန်လည် ဖြစ်တည်တော့တယ်။
“သေစမ်း။ နန်ကုန်းမုက တမင်တကာ လုပ်တာ။” မုချင်းဖန်းရဲ့ အမူအယာ လုံး၀ ပြောင်းသွားပြီ။ ချီကူယန်ကို အနားကပ် လာခိုင်းပြီးတော့ အထိနာအောင် တမင် တိုက်ခိုက်တာပဲ။ ချီကူယန်ရဲ့ တကိုယ်လုံးကို ရေခဲ လှိုင်းတွေက ဆက်တိုက် ဝန်းရံ ထားခဲ့တယ်။
အပိုင်း (၈၃၄) ပြီး၏။
အပိုင်း (၈၃၅)
“အစေ့ကို စိုက်ပျိုးဖို့။”
“ယန်လေး။” ပင်းယန် အော်ဟစ်လိုက်တယ်။ ချင်းယွိသာ သူ့ကို မတားထားဘူး ဆိုရင်၊ ပြိုင်ပွဲ ကွင်းပြင်ထဲကို ပြေးသွားလောက်ပြီ။ ရေခဲလှိုင်းတွေ ချီကူယန်ကို ရိုက်ခတ်နေတာ မြင်ချိန်မှာ ကောင်းကင် တာအို ခန်းမရဲ့ တပည့်သားနဲ့ အကြီးအကဲတွေပါ လန့်ကုန်ကြတယ်။
ဒါပေမယ့် နှင်းလှိုင်းတွေကတော့ ချီကူယန်ကို ဝါးမျို သွားခဲ့ပြီ။
သူမရဲ့ ဝတ်ရုံလည်း လေထဲမှာ လွင့်မျော မနေတော့ဘူး။ အမူအယာတောင်မှ တောင့်တင်း သွားခဲ့ပြီ။ ကြီးမားတဲ့ သစ်ပင်ကြီးအောက်မှာ များပြားလွန်းတဲ့ နှင်းနဲ့ ရေခဲတွေက ကွင်းပြင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်း ထားခဲ့တယ်။
နှင်းဖြူရောင် ပန်းတွေက နှင်းတွေထဲမှာ ပွင့်ဖူးရင်း အေးစက်တဲ့ လေထုက နေရာ တစ်ခုလုံးကို ပျံ့နေခဲ့တယ်။ နှင်းနဲ့ ရေခဲတွေကြားမှာ ချီကူယန်ကတော့ နောက်ထပ် မလှုပ်ရှား နိုင်တော့ဘူး။
“သူတကယ်ပဲ အေးခဲ သွားတာလား။” ပတ်ဝန်းကျင်က တပည့်သားတွေ မယုံနိုင်ကြဘူး။
“နောက်ဆုံးတော့ ငါနိုင်ပြီလား။” နန်ကုန်းမုက အခုချိန်မှာ တုန်ယင် နေခဲ့တယ်။ သူကောင်းကောင်း မရပ်နိုင်တော့ဘူး။ နှင်းလှိုင်းတွေကြားမှာ ကိုယ့်ကိုယ်ကို ငြိမ်သက်အောင် လုပ်နေရတယ်။
“မုအယ် သတိထား။ မင်းနောက်မှာ။” နန်ကုန်းထျန်း အော်လိုက်တယ်။
“ငါ့နောက်မှာ ဘာဖြစ်လို့လဲ။” နန်ကုန်းမု တစ်ခဏတာ တောင့်တင်း သွားခဲ့တယ်။ ခုန်ရှောင်ဖို့ ပြင်ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ပြင်းထန်တဲ့ အင်အားကြီးက သူ့ကို ရိုက်ခတ်တယ်။ ဒါက ငါးရောင်ခြယ် အကြေးခွံတွေနဲ့ မြွေအမြီးကြီးပဲ။ သူ့ကို ကြာပွတ် တစ်ခုလို ရိုက်ချလိုက်တယ်။
ဝုန်း။
နန်ကုန်းမုကတော့ လွင့်ထွက်သွားပြီ။ ရေခဲတွေကြား နစ်ပြီးတော့ သွေးအန် နေတော့တယ်။
သူရေခဲလှိုင်းတွေကို တိုက်မိတဲ့ အချိန်မှာပဲ၊ ပန်းနုရောင် ပုံရိပ်လေးက ရေခဲထဲကနေ ဥက္ကာပျံ တစ်ခုလို ဆင်းသက် လာခဲ့တယ်။ အရမ်းကို မြန်လွန်းတဲ့ အပြင်၊ နန်ကုန်းမုကိုလည်း အလင်းတန်း တစ်ခုလို ရိုက်ခတ်တယ်။ သူမရဲ့ ပန်းနုရောင် ဝတ်ရုံမှာတော့ ရေခဲတွေ ရှိနေတုန်းပဲ။
ချီကူယန်က ဖြူဖျော့နေတယ်။ သူမရဲ့ နှုတ်ခမ်းထောင့်မှာလည်း သွေးစ သွေးနလေးတွေ ရှိနေသေးတယ်။ ဒါပေမယ့် သူမရဲ့ ဓားကတော့ တစ်ချက်လေးတောင် အရှိန်လျော့ မသွားခဲ့ဘူး။
“မဖြစ်နိုင်တာပဲ။” နန်ကုန်းမုကတော့ မယုံနိုင်။ ဒီလောက်တင် မကဘူး။ နည်းနည်း ရူးသွပ် နေသလိုပဲ။ သူ့ခန္ဒာကိုယ်ကနေ အဖြူရောင် တောက်ပမှုတွေ ဖြာထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ သောင်းချီတဲ့ ပန်းပွင့် ဖြူဖြူတွေ တောက်တောက်ပပ ပွင့်ဖူးတော့တယ်။
အစိမ်းနဲ့ အပြာ ဓားနှစ်လက်က ချီကူယန်ရဲ့ ဓားကို လာတိုက်ခိုက်တယ်။ သူမရဲ့ တိုက်ုခိက်မှုကို တားဆီးရမယ့် အစား ဓားနှစ်လက်က ခွဲလိုက်ကြတယ်။ အစိမ်း အပြာ အလင်းတန်း နှစ်ခုက အဖြူရောင် သားရဲကောင် ခေါင်းတစ်ခု ပုံစံလို စုစည်း ဖြစ်လာတယ်။
အစွယ်တွေက ကြည်လင် နေပြီးတော့ မျက်လုံးတွေကလည်း နှင်းလို ဖြူဖွေးနေတယ်။ ဒါက ကျောက်စိမ်း နီလာ ဓားချက်ပဲ။
နန်ကုန်း မျိုးနွယ်တွေရဲ့ လျှို့ဝှက် ပညာရပ်။ နန်ကုန်းမု တစ်ဘဝတာလုံး လေ့ကျင့် ခဲ့တဲ့ အရာ။ ဒါပေမယ့် ချီကူယန်ကတော့ တစ်ချက်လေးတောင် မတုန်မလှုပ် သွားဘူး။ ဒီလို အားကြီးတဲ့ တိုက်ခိုက်မှုကို ရင်ဆိုင် မနေရတဲ့ အတိုင်းပဲ။ သူမရဲ့ ဓားက တစ်ချက်လေးတောင် နေရာ ပြောင်းလဲ မသွားဘူး။ တိရစ္ဆာန် ခေါင်းကြီးကို ခုတ်ချလိုက်တယ်။
ဓားနဲ့ အစွယ်တွေထိတွေ့ သွားချိန်မှာ အသံကျယ်ကြီး ထွက်ပေါ် လာတယ်။ ချီကူယန်ကတော့ ရပ်တန့် မသွား။ အစွယ်တွေနဲ့ ပါးစပ်ကြီးက ချီကူယန်ရဲ့ ဓားကို ဝါးမျိုပြီး ညာဘက် လက်မောင်းကို ချေမွ ပြစ်ဖို့ လုပ်တယ်။ ချီကူယန်ရဲ့ ညာလက် တစ်ခုလုံး သွေးတွေ စွန်းထင်း နေခဲ့ပြီ။
ဓားလည်း ရပ်တန့်သွားတယ်။ ဒီအချိန်မှာတော့ လောကကြီး တစ်ခုလုံး ရပ်တန့် သွားသလိုပဲ။ တပည့်သားတွေ အားလုံးကတော့ မျက်လုံး အပြူးသားနဲ့သာ ကြည့်နေကြတယ်။ ဒီလို ရူးရူးသွပ်သွပ် တိုက်ခိုက်နည်းမျိုးကို မတွေ့ဖူးဘူး။
“အဟွတ်။” ဝမ်းခေါင်းသံနဲ့ ချောင်းဆိုးမှုကြီးက တိတ်ဆိတ်မှုကို ဖြိုခွင်း သွားခဲ့တယ်။ သွေးစက်တွေ မြေပြင်ပေါ်ကို စီးကျလာတယ်။
“မုအယ်။”
“ကူယန်။”
နန်ကုန်းထျန်းနဲ့ မုချင်းဖန်းရဲ့ အသံကို တစ်ချိန်တည်းမှာ ကြားလိုက်ရတယ်။ သူတို့တွေ အတော်လေး စိတ်ပူနေတာ သိသာလွန်းတယ်။
“ဒီတော့ မင်း ဒီလို ညှာတာပေးမယ် ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။” နန်ကုန်းမုကတော့ သူ့ပုခုံးက ဖောက်ထွက်သွားတဲ့ ဓားကို ကြည့်နေတယ်။ အဲ့ဒီ့ ဓားကို ကိုင်ထားတဲ့ လက်ကတော့ အဖြူရောင် သားရဲကောင်ရဲ့ ပါးစပ်ကို ဖြတ်ထွက်လာပြီး သွေးတွေ စိုရွဲနေခဲ့တယ်လေ။
“ချိုးကျင့်ဖုန်းကိုလည်း နင်ညှာတာခဲ့တယ် မဟုတ်လား။” ချီကူယန် သူ့လက်သူ တစ်ချက်တောင် ပြန်မကြည့်ဘူး။
“သူ့ကို သေချာပေါက် နိုင်မှာမှန်း သိလို့ လုပ်ခဲ့တာ။ ငါ့ကို သေချာပေါက် နိုင်မယ်လို့ မင်းထင်လား။” နန်ကုန်းမု ပြောတယ်။
“မကြိုးစားကြည့်ပဲ ဘယ်လို သိနိုင်မှာလဲ။” ချီကူယန် ပြန်ဖြေတယ်။
“ဒီစကား ကြားဖူးတယ်။”
“သူပြောခဲ့တာလေ။”
“ငါ့မှာသာ ရွေးချယ်စရာ ရှိရင် ရပ်တန့်ပါတယ်။” နန်ကုန်းမုရဲ့ မျက်နှာကတော့ ပိုပြီး ညှိုးငယ် လာခဲ့တယ်။
“ကျမ်းကောင်းကင်တောင်ကို လာတာ ပြိုင်ပွဲ ဝင်ဖို့ တစ်ခုတည်းတော့ ဟုတ်မယ် မထင်ဘူး။” ချီကူယန် ပြောတယ်။
“အင်း။ ဟဟား။ ချီကူယန် ငါတို့က သူငယ်ချင်း မဟုတ်ပေမယ့် မင်းကိုလည်း ရန်သူ ဖြစ်အောင် မလုပ်ချင်ဘူး။ မင်းရဲ့ အင်အားနဲ့လည်း ဒီကိစ္စက မဆိုင်ဘူး။ တိုက်ပွဲ တိုက်ဖို့ ကံပါလာမှတော့ ငါလည်း အလျှော့ပေးမှာ မဟုတ်ဘူး။ ဒါက ငါ့တာဝန်။”
“တာဝန်။”
“လူတိုင်းက ဘဝမှာ တာဝန်တွေ ရှိတယ်။ တစ်ချို့က မိသားစုကို ထောက်ပံ့ဖို့။ တစ်ချို့ကတော့ ကျော်ကြားမှုနဲ့ အာဏာ အတွက်။ တစ်ချို့ သူတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် ဆန္ဒ အတွက်။”
“ဒါဆိုရင် နင့် တာဝန်ကရော။”
“အစေ့တွေ အပွင့်ပွင့်လာတာ သေချာအောင် လုပ်ဖို့။”
“အစေ့တွေ အပွင့်ပွင့်လာတာ သေချာအောင် လုပ်ဖို့တဲ့လား။” ချီကူယန်ရဲ့ မျက်ဝန်းတွေ ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ “ဒီတော့ အစေ့ကို စိုက်ပြီးပြီပေါ့။”
“ဟဟား။” နန်ကုန်းမု ပြုံးလိုက်တယ်။
“နင့်ရဲ့ ကောင်းချီခံ သွေးမျိုးနွယ်က။” ချီကူယန် နောက်ထပ် မေးခွန်း မေးချင်ပေမယ့် သူမ စကားကို အဆုံးမသတ် နိုင်ခဲ့ဘူး။ နန်ကုန်းမုက လှုပ်ရှားပြီ။
သူ့ပုခုံးက ဓားကို အားအပြည့်နဲ့ ဆွဲထုတ်ပြီးတော့ ကျောက်စိမ်း နီလာ ဓားနှစ်လက်ကို တစ်ချိန်တည်းမှာပဲ ခုတ်ချလိုက်တယ်။
ဝုန်း။ မြေပြင်မှာ အရာကြီး တစ်ခု ပေါ်လာတယ်။ နှင်းနဲ့ ရေခဲတွေ သူ့ဓားချက်ကြောင့် ကွဲထွက်သွားတယ်။ နှစ်လှမ်း အကွာမှာတော့ သွေး တစ်စက်စက် စီးကျနေတဲ့ ချီကူယန်ရဲ့ ဓားရှိနေခဲ့တယ်။
“ချိုးဖျက်။” သူမ ခပ်တိုတးိုး ပြောတယ်။ သူမရဲ့ လက်ကို ကိုက်ထားတဲ့ အဖြူရောင် ပါးစပ်ကြီး လက်ကနေ သူမလွတ်သွားခဲ့ပြီ။ ဒီခေါင်းကြီးက အစိတ်စိတ် အမွှာမွှာ ကွဲထွက် သွားပြီးတော့ နှင်းတွေ ပြန်ဖြစ်သွားတော့တယ်။ သူမရဲ့ လက်မောင်းမှာတော့ သိသာတဲ့ အစွယ်ပေါက်ရာကြီး လေးခု ကျန်ရစ် နေတော့တယ်။
သွေးတွေက အဆက်မပြတ် စီးကျ လာပေမယ့် မကြာခင်ပဲ ရပ်တန့် သွားခဲ့တယ်။ နှင်းတွေကြောင့်လား၊ ချီကူယန်ရဲ့ စွမ်းအားကြောင့်လား ဆိုတာတော့ ဘယ်သူမှ မသိနိုင်။
“မင်းဘယ်လောက်ပဲ စွမ်းအား ကြီးကြီး။ မင်းက ပြန်လည် မွေးဖွားမှု အဆင့်မှာပဲ ရှိသေးတယ်။ သွေးတွေကို ရပ်တန့် နိုင်ရင်တောင်၊ မင်းရဲ့ ညာလက် ပြန်ကောင်းဖို့ တစ်နာရီ အနည်းဆုံး လိုမယ်။” နန်ကုန်းမု တစ်ချက်ကြည့်ရင်း ပြောတယ်။
“ဟုတ်တယ်။” ချီကူယန် ခေါင်းငြိမ့်တယ်။ ဓားကို ဘယ်ဘက်နဲ့ ကောက်ကိုင်ရင်း နန်ကုန်းမုကို ချိန်ရွယ်လိုက် ပြန်တယ်။
“ဘယ်လက်တဲ့လား။” နန်ကုန်းမုရဲ့ အမူအယာက နည်းနည်းတော့ ပြောင်းသွြးတယ်။ ဒါပေမယ့် နောက်ထပ် မပြောတော့ဘူး။ ကျောက်စိမ်း နီလာ ဓားနှစ်လက်ကို မြေပြင်စီ ထိုးချလိုက်တယ်။ “နတ်သစ်ပင်။”
ဝုန်း။
သူ့စကားသံနဲ့ အတူ မြေကြီးထဲကနေ ရေခဲ ပန်းဆွဲတွေ ထွက်ပေါ်လာတယ်။ ဒီရေခဲ ပန်းဆွဲတွေက သစ်ပင်ကြီးနဲ့ တူတယ်။
ဝုန်း ချီကူယန်ရဲ့ ဓားက ဒီအကိုင်းကို ဓားနဲ့ ခွဲထုတ် ပြစ်လိုက်တယ်။ ဒါပေမယ့် ရေခဲ ပန်းဆွဲတွေက နောက်ထပ် အဆက်မပြတ် ထွက်ပေါ် လာနေဆဲ။
ဝုန်း ဝုန်း ဝုန်း။ ချီကူယန်ကတော့ လေထဲမှာ ခုန်ရှောင်နေတယ်။ ဒါပေမယ့် အကိုင်းအခက်တွေက အရမ်းကို များပြား လွန်းတယ်။ မကြာခင်ပဲ ကြီးမားတဲ့ ပင်စည်ကြီး တစ်ခုက ရူးချင်စရာ အရှိန်နှုန်းနဲ့ ထွက်ပေါ် လာပြန်တယ်။
“အဲ့တာ ရေခဲနဲ့ လုပ်ထားတဲ့ သစ်ပင်ကြီးပဲ။”
“ကောင်းကင်က သစ်ပင် အရိပ်ကြီးနဲ့ တစ်ပုံစံတည်းပဲ။”
ပတ်ဝန်းကျင် တပည့်သားတွေ မှင်သက် အံ့သြ နေကြတယ်။ ချီကူယန်ရဲ့ အမူအယာလည်း နည်းနည်း ပြောင်းလဲ သွားတယ်။
“နတ်သစ်ပင်တဲ့လား။” နန်ကုန်းမု ပြောတာကို ကြားပေမယ့် သူမ စဉ်းစားချိန် မရခဲ့ဘူးလေ။ သစ်ပင် အကိုင်းအခက်တွေက အရမ်းကို များလွန်းနေတယ်။
“ကူယန်။ နန်ကုန်းမုရဲ့ ကောင်းချီးခံ သွေးက နတ်သစ်ပင်ပဲ။ နှင်းဖုံးမြေမှာ ပေါက်တဲ့ နတ်သစ်ပင်။” မုချင်းဖန်း လှမ်းအော်တယ်။
“နှင်းဖုံးမြေက နတ်သစ်ပင်။ ဒဏ္ဍာရီလာ ဘုံသုံးဘုံ ဆက်တဲ့ နတ်သစ်ပင်လား။” ချီကူယန်ရဲ့ အမူအယာ နောက်ဆုံးတော့ ပြောင်းလဲ သွားခဲ့တယ်။ ရန်ဟွမ်ခေတ်က ဒဏ္ဍာရီတွေကို သူမ သိတယ်လေ။ ဒါပေမယ့် ရှေးကျလွန်းလို့ ဒါတွေ ရှိနေမှန်းတောင် မသိတော့ဘူး။
(နတ်သစ်ပင်။)
(နန်ကုန်းမုက ဘယ်လိုလုပ် ရုတ်တရက် နတ်သစ်ပင် သွေးမျိုးနွယ် ဖြစ်သွား ရတာလဲ။)
“အစေ့တဲ့။ နန်ကုန်းမု ခုနကပဲ ပြောလိုက်တယ်။”
“အစေ့်တွေက အပွင့်ပွင့်အောင် လုပ်ရမယ်။” ချီကူယန်ရဲ့ စိတ်ထဲမှာ မေးခွန်းတွေကို ချိတ်ဆက်ရင်း မြန်နိုင်သလောက် မြန်မြန် စဉ်းစား နေခဲ့တယ်။
“အဲ့တာက။” ရုတ်တရက် သူမရဲ့ စိတ်ထဲမှာ အတွေး တစ်ခု ဝင်လာတယ်။ သူမ ထုတ်ပြောတော့မယ့် အချိန်မှာပဲ ပင်းယန်တဲ့ အင်အားကြီး တစ်ခုက သူမကို တွန်းထုတ်လိုက်တယ်။ သူမရဲ့ လက်မောင်း တိုက်ခိုက် ခံရပြန်ပြီ။
“သတိထား။ ယန်လေး။” ပင်းယန်ရဲ့ စိုးရိမ်တကြီး အသံ ပေါ်လာ ခဲ့ပြန်ပြီ။
ချီကူယန်ကတော့ အံကြိတ်ရင်း တောင့်ခံ ထားခဲ့တယ်။ ရေခဲ ပန်းဆွဲ တွေကတော့ ဆက်တိုက် ထွက်ပေါ်နေဆဲ။ ကိစ္စတွေကို ပိုဆိုး သွားစေတာကတော့ သူမဓားကို ဘယ်လက်နဲ့ ကိုင်နေ ရတာပဲ။ ပန်းဆွဲတွေကို ဖျက်စီး နေတဲ့ အချိန် မြေပြင်ကနေ အသံကျယ်ကြီး အသံ ထွက်ပေါ်လာပြန်တယ်။
“ချီကူယန်ကတော့ စွမ်းအားတွေ ကုန်တော့မယ်။”
“ဟုတ်တယ်။ နန်ကုန်းမုကို သူအသက် ချမ်းသာ ပေးလိုက်တဲ့ ပုံစံပဲ။”
“ချိုးကျင့်ဖုန်း အသက်အတွက် ပြန်ပေးဆပ်လိုက်တာ၊ နန်ကုန်းမုကို တိုက်ခိုက်ဖို့ အခွင့်အရေးကို လက်လွှတ် လိုက်တာနဲ့ အတူတူပဲ။ သူမ လက်ရှိ ဒီလို အခြေအနေကို ကြုံနေရတာ ဒါကြောင့်ပဲ။”
“ဒီတော့ လိုအပ်လာရင် အညှာအတာ ကင်းမဲ့မှပဲ ဖြစ်မယ်။”
ပတ်ဝန်းကျင် တပည့်သားတွေကတော့ ချီကူယန်ကို ကြည့်ရင်း သက်ပြင်းချနေကြတယ်။
ဝုန်း။
ရေခဲပန်းဆွဲတွေကတော့ ဆက်တိုက် ထွက်ပေါ် လာနေတုန်းပဲ။
“နန်ကုန်းမု ဘာလုပ်နေတာလဲ။” မုချင်းဖန်းကတော့ ကပ်တစ်ခု ဖြစ်လာတော့မယ်လို့ ခံစား နေရတယ်။ ဒီခံစားချက်က ရှုပ်ထွေးလွန်းတယ်။ ဒီသစ်ပင်ကြီးကို မြင်နေရတာ စိတ်ထဲ မသက်မသာ ဖြစ်တယ်။
တိုက်ကွက် တစ်ခုလို့ မခံစားမိဘူး။ အရာအားလုံးရဲ့ ထိပ်မှာ ရောက်နေတဲ့ အရာ တစ်ခုလိုပဲ။ ဒီစကား ပြောရတာ လွယ်တော့ မလွယ်ကူဘူး။ ချီကူယန်ကို အနိုင်ယူဖို့ ဒီလို သစ်ပင်ကြီးကို ဆင့်ခေါ်စရာ မလိုဘူးလေ။ သူသာ ချီကူယန်ကို အနိုင်ယူချင်တာ မဟုတ်ရင်ပေါ့။
ဒီတော့ ဒါက ဘာဖြစ်နိုင်မလဲ။
မုချင်းဖန်း သေချာမသိဘူး။ နန်ကုန်းမုက အခုချိန်မှာ ရူးသွပ်တဲ့ အဆင့် ရောက်နေပြီလေ။ ဒီလိုလူက ထိပ်တန်း ပညာရှင် ဖြစ်နေတာတော့ နှမြောစရာ ကောင်းတယ်။
ဝုန်း သစ်ပင်ကြီးက မြေပြင်ကေန ထိုးထွက်လာတယ်။ ကျမ်းကောင်းကင် တောင်ထိပ်မှာ ထီးထီးကြီး တည်ရှိပြီးတော့ နေရောင်အောက်မှာ တောက်ပနေခဲ့တယ်။ နန်ကုန်းမုကတော့ ဒူးတစ်ဖက် ထောက်ရင်း ဆက်တိုက် ဆင့်ခေါ်နေဆဲ။ သူ့ရဲ့ ပုခုံးမှာ စီးကျနေတဲ့ သွေးကလည်း အိုင်ထွန်း နေခဲ့ပြီ။
ဒီလို အပင်ကြီးကို ဆင့်ခေါ်ရတာ မလွယ်ကူမှန်း သိနိုင်တယ်။
နန်ကုန်းမုကတော့ အရမ်းကို ပြတ်သားနေတယ်။ ဆက်တိုက် တုန်ယင် နေပင်မယ့် တစ်ချက်လေးတောင် မရပ်တန့်ဘူး။ သစ်ပင်ကြီးထဲမှာ ပိတ်မိနေတဲ့ ချီကူယန်ကို ကြည့်နေဆဲ။
“နတ်သစ်ပင် ပွင့်ဖူး။” နန်ကုန်းမု အော်တယ်။ သူ့အသံက အရမ်းကို လေးနက်နေတယ်။
အပိုင်း (၈၃၅) ပြီး၏။
အပိုင်း (၈၃၆)
“မမျှော်လင့်ထားတဲ့ ဧည့်သည်။”
နန်ကုန်းမု ပြောလိုက်တဲ့ အချိန် သစ်ပင်မှာ အဖြူရောင် ပန်းပွင့်တွေ တစ်ပွင့်ပြီး တစ်ပွင့် ပွင့်လာတော့တယ်။
“ဘယ်လိုတောင်လား။”
“ရေခဲ သစ်ပင်မှာ ပန်းတွေ ဘယ်လိုတောင် ပွင့်နိုင်တာလဲ။”
“ဒီအရှိန်အဝါက အင်အား ကြီးလိုက်တာ။”
ပတ်ဝန်းကျင် တပည့်သားတွေ ထိတ်လန့်တကြား ဖြစ်လာကြတော့တယ်။ သူတို့တွေ နောက်ကို ဆုတ်မိ နေကြပြီ။ ဒီရေခဲ သစ်ပင်ကြီးက အင်အား ကြီးလွန်းတော့ သူတို့တွေ သက်တောင့် သက်သာ မရှိတော့ဘူး။ အေးအေးဆေးဆေး မနေနိုင်အောင် ဖြစ်နေခဲ့တယ်။ ချီကူယန်ရဲ့ အရှိန်အဝါတွေလည်း မတည်ငြိမ်တော့ဘူး။ ရေခဲ ပန်းဆွဲတွေ အများကြီးက သူမကို ချုပ်နှောင် ထားခဲ့ပြီ။ နန်ကုန်းမုရဲ့ အသံကိုတော့ ကောင်းကောင်း ကြားနေရဆဲ။
“ဝုန်း။” ချီကူယန်ရဲ့ နှလုံးသား တစ်ခုလုံး တုန်ယင် သွားခဲ့တယ်။ သူမခေါင်းပေါ်ရောက်နေဲ့ ရေခဲ ပန်းဆွဲကို မော့ကြည့်တယ်။
နန်ကုန်းမုရဲ့ တကယ့် အကြံ အစစ်ကို သူမ သေချာ မသိဘူး။ ဒါပေမယ့် တိုက်ပွဲကို အနိုင် ယူရုံတင် မဟုတ်မှန်းတော့ သိတယ်။
“မဖြစ်ဘူး။ နန်ကုန်းမုကို တားရမယ်။” ကြယ်အလင်းတန်းတွေ သူမ မျက်ဝန်းထဲမှာ ထွက်ပေါ် လာပြန်တယ်။ ငွေရောင် အလင်းတန်းတွေကနေ ငါးရောင်ခြယ် အလင်းတန်း ခပ်ဖျော့ဖျော့ ဖြစ်တည်လာတယ်။
သူမရဲ့ နောက်ဘက်မှာ အရိပ်နက်ကြီး ဖြစ်ပေါ် လာပြန်ပြီ။ ချီကူယန် နန်ကုန်းမု ဆီကို ခုန်ဆင်း လာတော့တယ်။
“ချီကူယန်။” ဒူးတစ်ဖက် ထောက်ထားတဲ့ နန်ကုန်းမုကတော့ တုန်ယင် နေခဲ့ပြီ။ ဒါပေမယ့် ကြိုးစားပြီးတော့ ကျောက်စိမ်း နီလာ ဓားနှစ်လက်နဲ့ သူ့ရင်ဘတ်သူ ကာကွယ် ထားခဲ့တယ်။
ဝုန်း။ ရေခဲနဲ့ နှင်းတွေ ကွဲထွက် သွားပြန်တယ်။ အသံကျယ်ကြီးနဲ့ အတူ ပုံရိပ် နှစ်ခုက အရမ်းကို မြန်တဲ့ အရှိန်နှုန်းနဲ့ တိုက်မိ ကြပြန်တယ်။
ဝုန်း။ ချလွမ် ချလွမ်။ ဆက်တိုက် တိုက်ခိုက်သံတွေကြားမှာ သွေးစက်တွေကတော့ လေထဲ လွင့်နေခဲ့တယ်။ ပတ်ဝန်းကျင်က တပည့်သားတွေ သေချာ မမြင်နိုင်ကြဘူး။ မြူနှင်းတွေ ကြားမှာ အရိပ်နှစ်ခု ပြေးနေတာပဲ မြင်ရတယ်။ အရမ်းကို မြန်ဆန် လွန်းကြတယ်။
“သူတို့က အင်အားကြီးလိုက်တာ။”
“ဒီတိုက်ပွဲရဲ့ အဆင့်က ဘာလဲ၊”
“သုခမိန် အဆင့်။ သုခမိန် အဆင့် တိုက်ပွဲပဲ။ နောက်ပြီးတော့ သာမာန် သုခမိန် အဆင့် မဟုတ်ဘူး။ ဒီလို တိုက်ပွဲမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။”
တပည့်သားတွေ ကြည့်ရင်း တကယ့်ကို လန့်နေကြတယ်။ သူတို့တွေရဲ့ မျိုးနွယ်စုတွေမှာ တိုက်ပွဲတွေ ရှိပေမယ့်၊ ဒီလို ပညာရှင်တွေရဲ့ တိုက်ပွဲကို မြင်ရတာကတော့ ရှားပါးတယ်လေ။ မြင့်မြတ် နယ်မြေထဲမှာ ပညာရှင်က များများ စားစားမှ မရှိပဲ။
“မုအယ်။ ဒီလောက်ထိ လုပ်နိုင်မယ်လို့ ငါမမျှော်လင့် ထားမိဘူး။” နန်ကုန်းထျန်းရဲ့ မျက်နှာမှာ မယုံနိုင်မှုတွေ့ အထင်းသား။
မုချင်းဖန်းနဲ့ ကောင်းကင်တာအို တပည့်သားတွေ၊ ပင်းယန် အပါအဝင် လူတိုင်းက နှင်းထဲက အရိပ်နှစ်ခုကိုသာ ကြည့်နေကြတယ်။
ဝုန်း။ နှင်းတွေနဲ့ မြေပြင်ကြီး နောက်တစ်ကြိမ် ခွဲချခံလိုက်ရတယ်။ ဓားရက် တစ်ချက်ပဲ။
ဝူး။ ငါးရောင်ခြယ် အလင်းတန်း တစ်ခု ပေါ်လာတယ်။ အနီ၊ အပြာ၊ အနက်၊ အဖြူ၊ ရွှေရောင်တွေ ရောယှက်နေတဲ့ အလင်းတန်းက နှင်းထဲမှာ တံလျှပ်လို ပေါ်လာနေတယ်။ လူတစ်ယောက် နှင်းထဲကနေ လွင့်ထက်လာတယ်။ သစ်ပင်ကြီးနဲ့ တိုက်မိတယ်။
“ဖူး။” အဲ့ဒီ့လူ သွေးအန်နေပြီ။ နန်ကုန်းမုရဲ့ မျက်လုံးတွေက ပြူးကျယ် နေခဲ့တယ်။ သူမယုံနိုင်ဘူး။ ရလဒ်ကို လက်မခံ နိုင်ဘူး။ အခုချိန်မှာ သူ့စွမ်းအားတွေကို အားလုံး ဆုံးရှုံး သွားပြီ။
မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ အဖြူရောင် အလင်းတန်းကလည်း တဖြည်းဖြည်း မှိန်ဖျော့ လာခဲ့ပြီ။ သူ့ရှေ့မှာတော့ လူတစ်ယောက် ရှိနေတယ်။ သူမ အားကုန်သုံးရင်း ဓားကို အားပြုပြီးတော့ မတ်မတ် ရပ်နိုင်အောင် ကြိုးစား နေရတယ်။ သူမရဲ့ ပန်းရောင် ဝတ်ရုံကလည်း သွေးတွေနဲ့ အနီရောင်ကို ပြောင်းနေခဲ့ပြီ။ ဒီသွေးက ဘယ်သူ့သွေးလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ဘူး။
ချီကူယန်က လုံး၀ တောင့်မခံ နိုင်တဲ့ အခြေအနေကို ရောက်နေခဲ့ပြီ။ ဒါပေမယ့် သူမ နောက်ဘက်က မြွေအမြီးနဲ့ အရိပ်ကြီးကတော့ ဆက်တိုက် လှုပ်ရှားနေဆဲ။ ရေခဲတွေကို ဖြိုခွင်း ပြစ်နေတယ်။ လွှမ်းမိုးမှု ကြီးမားလွန်းတဲ့ အရှိန်အဝါတွေ၊ လောကရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ လူတစ်ယောက်လို မောက်မာလွန်းတယ်။
“နင် ရှုံး သွားပြီ။” ချီကူယန်က နန်ကုန်းမုကို ပြောတယ်။
“မဟုတ်ဘူး။ ငါမရှုံးဘူး။” နန်ကုန်းမုကတော့ မထနိုင်တော့။ တစ်ကိုယ်လုံး သွေးတွေ အိုင်နေခဲ့ပြီ။
“မုအယ်။”
“ကူယန်။”
“ယန်လေး။”
နန်ကုန်းထျန်း၊ မုချင်းဖန်း နဲ့ ပင်းယန်ရဲ့ အသံတွေကို ကြားလိုက်ရတယ်။ သူတို့တွေ အရမ်း စိတ်ပူ နေခဲ့ကြတယ်။
“ငါ ငါ မရှုံးဘူး။” နန်ကုန်းမု ရုန်းကန်နေဆဲ။
ချီကူယန်ကတော့ သူမရဲ့ လက်ကို ဝေ့ယမ်းရင်း နန်ကုန်းမုဆီကို တစ်လှမ်းချင်း လျှောက်လာတယ်။ ဒီတစ်လှမ်း ချင်းစီတိုင်းက အရမ်းကို အားစိုက်ထုတ်ရလွန်းလို့။ သူမ နဖူးမှာတောင် ချွေးတွေ သီးနေခဲ့ပြီ။
ဒီအချိန်မှာ ဘယ်သူမှ စကားတစ်ခွန်း မဟနိုင်တော့ဘူး။ ချီကူယန် နန်ကုန်းမုရှေ့ ရောက်လာချိန်ကိုသာ စောင့်နေကြတယ်။
“နင် ရှုံးသွားပြီ။”
“မဟုတ်ဘူး။ နောက်ထပ် မရှုံးဘူး။”
ရွှပ်။
သူမရဲ့ ဓားက နန်ကုန်းမုရဲ့ လက်မောင်းကို ထိုးဖောက်သွားတယ်။ နန်ကုန်းမု လက်ထဲက ကျောက်စိမ်း နီလာ ဓားတွေလည်း လွှတ်ကျသွားတော့တယ်။ ဝုန်း။ သစ်ပင်ကြီးလည်း ဒီအချိန်မှာ စတင် အက်ကွဲတော့တယ်။
“နင် ရှုံးပြီ။” ချီကူယန် နောက်တစ်ခေါက် ပြောတယ်။
“ချီကူယန်။ မဖြစ်နိုင်ဘူး။ အရှုံးကို ဝန်ခံဖို့ မဖြစ်ဘူး။” နန်ကုန်းမုက အရမ်းကို ဆုံးဖြတ်ချက် ပြတ်သားတယ်။
ရွှပ်။ နန်ကုန်းမုရဲ့ ပေါင်ကို နောက်တစ်ခေါက် ဓားနဲ့ ထိုးပြန်တယ်။ ဒီတစ်ခေါက် ဓားချက်က နက်လွန်းလို့ အရိုးတွေကိုတောင် မြင်နေရပြီ။
“အား။” နန်ကုန်းမုရဲ့ မျက်ဝန်းတွေက နီရဲလာတယ်။ အခု အချိန်ထိ ဝန်မခံ သေးပင်မယ့်၊ သူ့မှာ တိုက်ခိုက်ဖို့ အင်အား တစ်စက်လေးတောင် မရှိတော့ဘူး။ သစ်ပင်ကြီးကတော့ လုံး၀ အက်ကွဲသွားတယ်။
“နင် ရှုံးသွားပြီ၊” သစ်ပင်ကြီး ပျောက်ကွယ် နေတာကို ကြည့်ရင်း ချီကူယန် ပြောတယ်။ သူမရဲ့ ခြေထောက်တွေက တုန်ယင် နေခဲ့တယ်။ သူမ လဲကျတော့မယ်။
နန်ကုန်းမုကတော့ တစ်ခွန်းတောင် မပြောတော့ဘူး။ သူမ ခေါင်းပေါ်က အဖြူရောင် အလင်းတန်းကိုသာ ကြည့်နေခဲ့တယ်။ ဟုတ်တယ်။ သူရှုံး သွားပြီ။ ဝန်ခံသည် ဖြစ်စေ၊ ဝန်မခံသည် ဖြစ်စေ၊ အရေး မကြီးတော့ဘူး။
“ဝန်ခံလိုက်တော့၊ မဟုတ်ရင်၊ ငါ့ဓားက နင့်လည်ပင်းကို ဖောက်သွားလိမ့်မယ်။” ချီကူယန်က နောက်ဘက်ကို ပြောနေတာ။ နန်ကုန်းထျန်းကို တိုက်ရိုက် ရည်ညွှန်းနေတယ်။
နန်ကုန်းထျန်းကတော့ မျက်မှောင်ကြုတ်ထားခဲ့တယ်။ မတ်တပ်တောင် မရပ်နိုင်တော့တဲ့ နန်ကုန်းမုကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။ “ငါတို့ ဒီတစ်ချီမှာ ရှုံးသွားပြီ။”
“ဒီတစ်ချီတဲ့လား။” မုချင်းဖန်း မေးတယ်။ “မင်းတို့ နန်ကုန်းတွေမှာ နောက်ထပ် ပြိုင်ပွဲဝင် ရှိသေးလို့လား။”
“သုံးပွဲမှာ နှစ်ပွဲပဲ ပြီးသေးတယ်။ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနဲ့၊ သရေပဲလေ။ ဒါပေါ့။ နောက်တစ်ယောက် ပို့ရမှာပေါ့။” နန်ကုန်းထျန်းက ပြောတယ်။
“ဘယ်သူ့ကို ပို့မှာလဲ။”
“ငါတို့ မျိုးနွယ်က တပည့်သားပေါ့။”
နန်ကုန်းထျန်းရဲ့ စကားကို ကြားချိန်မှာ မုချင်းဖန်း ခေါင်းငြိမ့်တယ်။ “နားလည်ပြီ။ ကူယန် ဒီကို လာပြီး အနားယူအုန်း။”
“အနားယူမယ်တဲ့လား။ နားလို့ မရမှာကို ကြောက်မိပါရဲ့။” နန်ကုန်းထျန်း ပြောလိုက်တယ်။
“ဘာကြောင့်များလဲ။ ဒီတစ်ခေါက် ပြိုင်ပွဲ စည်းမျဉ်းမှာ ပါထားပြီးသား။ နိုင်တဲ့သူက အနားယူလို့ ရတယ်။ ဆက်တိုက်ချင် လို့လည်း ရတယ်။ ကူယန်က တစ်ပွဲ နိုင်သွားပြီ။ တတိယ ပွဲကို တခြား တပည့်သားက ယှဉ်ပြိုင်လို့မယ်။”
“ငါက စည်းမျဉ်းတွေ ပြောနေတာ မဟုတ်ဘူး။ ခေါင်းဆောင်မု။”
“စည်းမျဉ်းတွေ မဟုတ်ရင်၊ ဘာလဲ။”
“ဟောင်အယ်။ မင်းက ချီကူယန်ကို လွန်ခဲ့တဲ့ နှစ်တော်တော် ကြာကြာတုန်းက တစ်ကွက်တည်းနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒီနေ့တော့ ပြန်အဖတ် ဆယ်ချိန်တန်ပြီ။” နန်ကုန်းထျန်းက ခေါင်းခါရင်း မိုးပေါ်ကို အော်လိုက်တယ်။
“ဟောင်အယ်။”
“နန်ကုန်းဟောင်ကို ပြောတာလား။”
သူတို့တွေ အားလုံး သိပြီးသား။ နန်ကုန်းဟောင်ဆိုတာ ကြီးမြတ်သောရှရဲ့ နံပါတ်တစ် ဉာဏ်ကြီးရှင်။ လွန်ခဲ့တဲ့ လပိုင်းက ကောင်းကင်တာအို ခန်းမမှာ ဖြစ်တာကိုလည်း သူတို့ အားလုံး သိတယ်။
“နန်ကုန်းဟောင်က ထျန်းရှင်းနဲ့ အတူ သေသွားပြီ မဟုတ်လား။” တပည့်သားတွေ မယုံနိုင်။
ဒါပေမယ့် ဒီအချိန်မှာပဲ ကောင်းကင်ကနေ သားရဲကောင် အော်သံကို ကြားလိုက်ရတယ်။ အမွှေး၊ မျက်လုံး၊ လက်သည်းတွေ့ အစ အားလုံး နီရဲနေတဲ့ သားရဲကောင် တစ်ကောင် ပေါ်လာတယ်။ သားရဲကောင် ပေါ်မှာတော့ အဖြူရောင် ကျောင်းတော်သား ဝတ်ရုံနဲ့ လူတစ်ယောက် ရှိနေတယ်။ သူ့ရဲ့ ဝတ်ရုံက လေထဲမှာ လွင့်နေခဲ့တယ်။
“မဖြစ်နိုင်တာပဲ။”
“ညီလေး နန်ကုန်းက အခုထိ အသက်ရှင်နေ သေးတယ်ပေါ့။”
“ကောင်းကင် လက်ခံတံခါး ပွင့်သွားတာလား။”
အကြီးအကဲတွေနဲ့ တပည့်သားတွေ အားလုံး လန့်နေကြတယ်။ နန်ကုန်းဟောင် အသက်ရှင်နေတယ် ဆိုတာ မဖြစ်နိုင်တာပဲ။
“ဘယ်လိုတောင်လား။” မုချင်းဖန်းတောင် မယုံနိုင်။
“အကို ကြီး အကိုကြီး မသေဘူး။” နန်ကုန်းမုလည်း အတူတူပဲ။ နန်ကုန်းထျန်းကို သူမေးတယ်။ “အကိုကြီးက တကယ်ပဲ အသက်ရှင်နေတယ်။ ဒါပေမယ့် အဖေ ဘယ်လိုလုပ် သိ။ မဟုတ်သေးဘူး။ အကိုကြီး မသေဘူး ဆိုတာ အဖေ သိနေ ခဲ့တာပဲ။”
“နန်ကုန်းဟောင် မသေဘူးပေါ့။” ချီကူယန် မျက်မှောင်ကြုတ်နေတယ်။ သူမရဲ့ မျက်ဝန်းတွေက ကောင်းကင်က လူကို စိုက်ကြည့်နေခဲ့တယ်။ နန်ကုန်းမုရဲ့ စကားကို သူမကြားတယ်လေ။ ဒါကြောင့် ပိုပြီးတော့ စိတ်ရှုပ်ထွေး မိတယ်။
(နန်ကုန်းမု က မသိဘူး။ နန်ကုန်းထျန်းကတော့ သိတာ ကြာနေတဲ့ ပုံပဲ။ ဘာဖြစ်လို့ နန်ကုန်းဟောင် မသေမှန်း နန်ကုန်းထျန်းက သိနေတာလဲ။ နန်ကုန်းမုကိုရော ဘာဖြစ်လို့ မပြောပြတာလဲ။ ဘာတွေ ဖြစ်နေတာလဲ။
ကောင်းကင်တာအို ခန်းမ၊ ကောင်းကင် လက်ခံ တံခါးမှာ ဘာတွေ ဖြစ်သွားတာလဲ။)
ချီကူယန်ရဲ့ စိတ်ထဲကို မေးခွန်းတွေ အများကြီး ဝင်လာပေမယ့် အဖြေမရှာနိုင်ခဲ့ဘူး။
နန်ကုန်းဟောင်ကတော့ ကောင်းကင်ကနေ ဆင်းသက် လာခဲ့ပြီ။ ချီကူယန်ရဲ့ ရှေ့ကို နှင်းပွင့်လေးလို ဆင်းသက်လာနေတယ်။ မြေပြင်ပေါ် ရောက်ချိန်မှာ နန်ကုန်းမုကို ဖြည်းဖြည်းလေး ချီမလိုက်တယ်။ သူ စကားတစ်ခွန်းတောင် မပြောဘူး။ နန်ကုန်းထျန်း စီကိုသာ တန်းတန်း မတ်မတ် သွားတယ်။
“လွန်ခဲ့တဲ့ လပိုင်းမှာ မင်းတကယ့်ကို ရင့်ကျက်လာတဲ့ ပုံစံပဲ။” နန်ကုန်းထျန်းကတော့ စိတ်လှုပ်ရှား နေခဲ့တယ်။
“အဖေက ညီငယ်လေးရဲ့ ဒဏ်ရာတွေကို မစိုးရိမ်ဘူးလား။” နန်ကုန်းဟောင် တည်တည်ငြိမ်ငြိမ်မေးတယ်။
“အဖေ တစ်ယောက် အနေနဲ့တော့ သေချာပေါက် စိုးရိမ်တာပေါ့။ တစ်ယောက်ယောက် မြန်မြန် လာခဲ့။”
“အဖေ။” နန်ကုန်းဟောင်က နန်ကုန်းထျန်းရဲ့ စကားကို ဖြတ်ပြောတယ်။ ထွက်လာတဲ့ သူ့ကို တစ်ချက် ကြည့်တယ်။ “ပြန်ဝင်နေ။ ညီငယ်လေးရဲ့ ဒဏ်ရာတွေကို အဖေကိုယ်တိုင် ကုသ ပေးသင့်ပါတယ်။”
“ကောင်းပါပြီ ဟောင်အယ်။” နန်ကုန်းထျန်း နည်းနည်း မျက်လုံး ပြူး နေပင်မယ့် နန်ကုန်းမုကို ချက်ခြင်း လက်လွှဲ ူလိုက်တယ်။
ကောင်းကင် တာအို အကြီးအကဲတွေ ထဲက တစ်ယောက် ထွက်လာတယ်။
“နန်ကုန်းဟောင် ကောင်းကင် လက်ခံ တံခါးကနေ ဘယ်လို ထွက်လာတာလဲ။ ကောင်းကင် တာအို ခန်းမမှာ ဘာတွေ ဖြစ်နေတာလဲ။” အကြီးအကဲ မေးတယ်။
“ပြိုင်ပွဲ နိုင်ဖို့ကိုပဲ အာရုံ စိုက်သင့်တာ မဟုတ်ဘူးလား၊ ကောင်းကင်တာအို ခန်းမ။” နန်ကုန်းဟောင်က အရမ်းကို တည်ငြိမ်တယ်။
“အပိုတွေ မပြောနဲ့။ မင်းဘယ်လို ထွက်လာလဲ ဆိုတာ အရင်ပြော။ ငါတို့တွေ ဘာဖြစ်လို့ ဘာသတင်းမှ မရတာလဲ။”
“အကြီးအကဲ။ ငါ့ကို နိုင်အောင် တိုက်နိုင်ရင်၊ သေချာပေါက် ပြန်ဖြေမှာပေါ့။” နန်ကုန်းဟောင်က ပြုံးပြရင်း ပြောတယ်။
“အတင့်ရဲလိုက်တာ။” သူဒေါသ တကြီးနဲ့ နန်ကုန်းဟောင်ကို ချက်ခြင်း တိုက်ခိုက်တော့တယ်။
အပိုင်း (၈၃၆) ပြီး၏။
အပိုင်း (၈၃၇)
“ဘာကြောင့်လဲ။”
ပြင်းထန်တဲ့ အနီရောင် အလင်းတန်းက အကြီးအကဲရဲ့ လက်ထဲမှာ တောက်ပနေခဲ့တယ်။ ဒီလို စွမ်းအားနဲ့ ဆိုရင် အကြီးအကဲက လုံး၀ မညှာတာတာ အသိသာကြီးပဲ။
ဘန်း။ အသံကျယ်ကြီးနဲ့ အတူ ကြောက်စရာ လှိုင်းတွေက နေရာအနှံ့ကိုပျံ့ကုန်တော့တယ်။ ပတ်ဝန်းကျင် တပည့်သားတွေကတော့ နာကျင်မှုကြောင့် ခံစား နေရတဲ့ ပုံစံက မျက်နှာမှာ အထင်းသား။ အကြီးအကဲကတော့ မယုံနိုင် မှုကြောင့် မျက်လုံးတွေ ပြူးကျယ် နေခဲ့တယ်။ တစ်ခဏ အချိန် အတွင်းမှာပဲ သူရှုံးနိမ့် သွားခဲ့ပြီ။
“နန်ကုန်းထျန်း။”
“နန်ကုန်းထျန်းကလည်း သုခမိန်ပဲလေ။”
“နောက်ပြီးတော့ ကောင်းကင်တာအို ခန်းမ အကြီးအကဲတွေထက်တောင် ပိုသန်မာ နေသေးတယ်။”
တပည့်သားတွေကတော့ နန်ကုန်းဟောင်ရဲ့ ရှေ့မှာ ရောက်နေသူကို ကြည့်ရင်း မျက်လုံး ပြူးနေကြတယ်။ တကယ်တော့ နန်ကုန်းထျန်းက သုခမိန် ဆိုတာ သူတို့တွေ သိထား ပြီးသား ဒါပေမယ့် ဒီလောက် အင်အား ကြီးမယ်လို့ မထင်ထား မိတာ တစ်ခုပဲ။
“ကောင်းကင် တာအို ခန်းမက အနိုင်ကျင့် နေတာလား။” နန်ကုန်းထျန်းက ပြောတယ်။
“မင်း။” အကြီးအကဲက သူ့ကို တိုက်ခိုက်ချင်ပေမယ့်၊ မုချင်းဖန်းရဲ့ အကြည့်ကြောင့် ခပ်မြန်မြန်ပဲ ပါးစပ် ပိတ်သွားတယ်။
“နန်ကုန်း မိသားစု ခေါင်းဆောင်။ မင်းက မင်းရဲ့ အင်အားတွေကို ကောင်းကောင်း ထိန်းသိမ်း ထားတာပဲ။” မုချင်းဖန်းက မျက်မှောင်ကြုတ်ရင်းနဲ့ ပြောတယ်။
“ဟဟား။ ခန်းမ ခေါင်းဆောင်။ ချီးမွမ်းလွန်း နေပါပြီ။” နန်ကုန်းထျန်းက ပြုံးလိုက်တယ်။ အဲ့ဒီ့နောက် ဆက်ပြောတယ်။ “ခန်းမ ခေါင်းဆောင်မုက ကောင်းကင် မဟာမိတ် စုဝေးပွဲကို စတင်တဲ့သူ ဆိုပြီးတော့ အရေအတွက် နည်းတဲ့ ငါတို့တွေကို အနိုင်ကျင့်တာလား။”
“နန်ကုန်း မိသားစု ခေါင်းဆောင်။ ဒါက များလွန်း သွားပါပြီ။” မုချင်းဖန်းက မျက်မှောင်ကြုတ်လိုက်တယ်။
“ကောင်းကင် တာအို ခန်းမက ငါ့ရဲ့ ဟောင်အယ်ကို အရင်ဆုံး တိုက်ခိုက်ပြီးတော့ ပြိုင်ပွဲမှာ အရေးနိမ့်အောင် လုပ်ချင်နေတာ မဟုတ်လား။” နန်ကုန်းထျန်း ပြောတယ်။
“မင်း။”
“အတင့်ရဲလိုက်တာ။”
“နန်ကုန်းဟောင်က ကောင်းကင် တာအို ခန်းမမှာ ကြောက်စရာကောင်းတဲ့ ကိစ္စကြီးကို လုပ်ခဲ့တယ်။ သူက ကောင်းကင် တာအို တပည့်သား ဖြစ်နေတုန်းပဲ။ ငါတို့တွေ ဘာဖြစ်လို့ သူ့ကို သင်ကြားပေးလို့ မရရ မှာလဲ။”
ကောင်းကင် တာအို အကြီးအကဲတွေ အခုချိန်မှာတော့ သူတို့ရဲ့ စွမ်းအားတွေကို ထုတ်လွှတ်ရင်း အော်ဟစ် နေခဲ့ကြတယ်။
“ဟဟား ကြည့်ရတာ ကောင်းကင် တာအို ခန်းမက ဒီလို လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ပုံစံပဲ။ ဒါပေမယ့် ငါတို့ နန်ကုန်းတွေ့ လုံး၀ မကြောက်ဘူး။” နန်ကုန်းထျန်းက လက်တွေကို ဝေ့ယမ်းရင်း ပြောတယ်။ သူ့နောက်က လူတွေလည်း ချက်ခြင်း ထရပ်တယ်။
ပတ်ဝန်းကျင် တပည့်သားတွေကတော့ ပါးစပ် ပိတ်ထားခဲ့တယ်။
“ကောင်းကင် မဟာမိတ်စုဝေးပွဲက တိုက်ပွဲ ပုံစံ ပြောင်းတော့မှာလား။” တောက်ဟွမ် ပြောတယ်။
“အကြီးအကဲတွေ နောက်ဆုတ်ကြ။” မုချင်းဖန်း ပြောတယ်။ “နန်ကုန်း မိသားစု ခေါင်းဆောင်။ နန်ကုန်းဟောင်ကို တတိယ အချီအတွက် တိုက်ခိုက် စေချင်နေတာလား။”
“ဒါပေါ့။” နန်ကုန်းထျန်း ခေါင်းငြိမ့်တယ်။
“နန်ကုန်းဟောင်က နန်ကုန်း မိသားစုရဲ့ သားဖြစ်နေပင်မယ့်၊ ကောင်းကင်တာအို ခန်းမရဲ့ တပည့်သားဆိုတာ မမေ့နဲ့၊” မုချင်းဖန်း ဆက်ပြောတယ်။
နန်ကုန်းထျန်းက နန်ကုန်းဟောင်ကို ကောင်းကင် မဟာမိတ် စုဝေးပွဲမှာ ဆင့်ခေါ် ခဲ့တယ်။ ဒါကြောင့် နန်ကုန်းဟောင် ပါဝင်တာကို သူတို့ သဘော မတူနိုင်ဘူး။
“ဒီတော့ ကောင်းကင်တာအို ခန်းမက ငါ့ရဲ့ ဟောင်အယ်ကို ကောင်းကင် တာအို ခန်းမ အတွက် ကိုယ်စားပြု ယှဉ်ပြိုင် စေချင်တာလား။” နန်ကုန်းထျန်းက ပြုံးပြရင်း ပြောတယ်။
“ကောင်းကင် တာအို ခန်းမရဲ့ စည်းမျဉ်းက မျိုးနွယ်စု ကိစ္စတွေထက် အရေးကြီးတာကို မင်းမသိဘူးလား။” မုချင်းဖန်း မေးတယ်။
နန်ကုန်းထျန်းက သူ့ကို တမင် ပြောနေမှန်း သိပေမယ့် ဒီစကားတွေကြောင့် အတော်လေး ဒေါသ ထွက်နေခဲ့ပြီ။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ သူ သည်းခံဖို့ လိုတယ်။
“ကောင်းကင်တာအို ခန်းမက တကယ့်ကို အရှက် မရှိတာပဲ။” နန်ကုန်းထျန်းက ရယ်မောရင်း ဆက်ပြောတယ်။ “ဒီတော့ ဟောင်အယ်ကို ကောင်းကင်တာအို ခန်းမကနေ နှုတ်ထွက် ခိုင်းစေရုံပေါ့။”
“နန်ကုန်း မိသားစု ခေါင်းဆောင်၊ ကောင်းကင် တာအို ခန်းမက ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတယ်။ သူသွြးချင်ရင်တောင်၊ စည်းမျဥ်းတွေကို လိုက်နာရမယ်။”
“ကောင်းကင်တာအို ခန်းမက ကြောက်နေတာလား။”
“စည်းမျဉ်းတွေက စည်းမျဉ်းတွေပဲ။ ငါတို့တွေ ကြောက်စရာ မလိုဘူး။” မုချင်းဖန်းကတော့ ပုံမှန် အတိုင်း ပြောတယ်။ သူ့ရဲ့ သည်းခံ နိုင်စွမ်းက အရမ်းကို မြင့်မားတယ်။
“စိတ်ဝင်စား စရာပဲ။ ကြည့်ရတာ။”
“အဖေ။ ကျွန်တော်က ဒီပြဿနာတွေကို ဖြစ်စေတဲ့ သူ။ ဒီတော့ ကိုယ့်ပြဿနာကို ကိုယ်တိုင်ပဲ ရှင်းသင့်ပါတယ်။” နန်ကုန်းဟောင်က ဖြည်းဖြည်းချင်း လျှောက်လာရင်း ပြောတယ်။
“ဟောင်အယ်။ တိုက်ပွဲရလဒ်က။”
“ကျွန်တော် သိပါတယ်။”
“ကောင်းပြီ။ ဒါဆိုရင် အားလုံးက မင်းအပေါ်ပဲ မူတည် သွားပြီ။” နန်ကုန်းထျန်း ခေါင်းငြိမ့်တယ်။ နောက်ထပ် မပြောတော့ဘူး။ မူလ ထိုင်ခုံစီ သွားပြီးတော့ပဲ ထိုင်ချ လိုက်တော့တယ်။
မုချင်းဖန်းကတော့ မျက်မှောင်ကြုတ် နေခဲ့တယ်။
မြင့်မြတ် နယ်မြေရဲ့ ခန်းမ ခေါင်းဆောင် တစ်ယောက် အနေနဲ့၊ ဒီလောက် ခက်ခဲတဲ့ အခြေအနေကို သူတစ်ခါမှ မကြုံဖူးဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ ရွေးစရာ တစ်ခုပဲ ရှိတယ်။ အကယ်၍ နန်ကုန်းဟောင်သာ ဒီတိုက်ပွဲကို ပါဝင်မယ်ဆိုရင် သူသေချာပေါက် ရှုံးမှာကို သိနေတယ်။ နန်ကုန်းထျန်း ပြန်သွားပြီးတဲ့နောက် နန်ကုန်းဟောင်က မုချင်းဖန်းကို စိုက်ကြည့်တယ်။
“ဆရာ။ ကျွန်တော် ဘာဖြစ်လို့ အသက်ရှင်နေလဲ သိချင်လား။” နန်ကုန်းဟောင်ကတော့ ထူးမခြားနား ပုံစံနဲ့ ပြောတယ်။
မုချင်းဖန်းကတော့ တိတ်ဆိတ်နေတယ်။ သူ့လို လူတောင်မှ နန်ကုန်းဟောင် အသက်ရှင်နေတဲ့ အကြောင်းကို သူမတွေး တတ်ဘူးလေ။
“ဆရာ။ သွေးမှော်ကို ဖွင့်ခဲ့တဲ့ ကျွန်တော်က သွေးမှော်ကို ပိတ်တဲ့ နည်းလမ်းလည်း သိရမှာပဲလေ။ ကျွန်တော့် ဖြေရှင်းချက်ကို ကျေနပ်ပါရဲ့လား။”
မုချင်းဖန်းကတော့ ပြန်မဖြေခဲ့ဘူး။ နန်ကုန်းဟောင်ကိုသာ ကြည့်နေခဲ့တယ်။ ပတ်ဝန်းကျင် တပည့်သားတွေကတော့ စိတ်ရှုပ်ထွေး နေတယ်။ ကောင်းကင် တာအို ခန်းမမှာ ဖြစ်ခဲ့တဲ့ အဖြစ်ကို သူတို့ ကြားဖူးတယ်လေ။ နန်ကုန်းဟောင်နဲ့ တောင်စဉ် ကိုးသွယ် ခေါင်းဆောင်၊ ထျန်းရှင်း နှစ်ယောက်လုံး ပျောက်ကွယ် သွားခဲ့တယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ မသိကြဘူး။
“သွေးမှော်စက်ကွင်းက ဘာကြီးလဲ။”
“ငါလည်း မသိဘူး။”
“ငါရောပဲ။”
“တပည့်သားတွေ ခေါင်းခါကြတယ်။
တစ်ခဏ ကြာပြီးတဲ့နောက် နန်ကုန်းဟောင် မေးပြန်တယ်။ “ကျွန်တော့်ကို ကောင်းကင် တာအို ခန်းမရဲ့ ကိုယ်စားပြု အဖြစ် တိုက်ခိုက် စေချင်ပါသလား။”
“မင်း ဘာကို ပြောချင်တာလဲ။” မုချင်းဖန်း ပြန်ဖြေတယ်။
“ဆရာက ကျွန်တော့်ကို တတိယ အချီအတွက် တိုက်ခိုက် စေချင်ရင်လည်း ကျွန်တော် မငြင်းပါဘူး။ ဒါပေမယ့် ကျွန်တော့် မျိုးနွယ်ရဲ့ သိက္ခာ အတွက်တော့ တိုက်ခိုက် နိုင်တော့မှာ မဟုတ်ပါဘူး။ နန်ကုန်း မိသားစုရဲ့ သားတစ်ယောက် အနေနဲ့၊ မိသားစု အတွက် ဦးဆောင် ဦးရွက် ပြုဖို့ လိုပါတယ်။” နန်ကုန်းဟောင် ဆက်ပြောတယ်။
“ငါနားလည်ပြီ။” နန်ကုန်းဟောင် ပြောချင်တာကို မုချင်းဖန်း နားလည်တယ်။
အကယ်၍ ကောင်းကင် တာအို ခန်းမသာ နန်ကုန်းဟောင်ကို တိုက်ပွဲ တစ်ခုမှာ ကိုယ်စားပြု တိုက်ခိုက် ခိုင်းမယ် ဆိုရင်၊ နန်ကုန်းဟောင်က သူတို့ နန်ကုန်း မျိုးနွယ်တွေ အနိုင်ရဖို့ တမင် သက်သက် အရှုံး ပေးမှာပဲ။ နန်ကုန်း မျိုးနွယ်တွေ ဘက်ကသာ တိုက်ခိုက်မယ် ဆိုရင်တော့၊ သူအနိုင်ရအောင် တိုက်မှာပဲ။ နန်ကုန်းဟောင်ကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး။
“အခုတော့ ဆရာ့ကို မေးပါရစေ။ ကျွန်တော် ကောင်းကင် တာအို ခန်းမ အတွက် တတိယ အချီမှာ တိုက်ခိုက် ပေးရမလား။” နန်ကုန်းဟောင်က မုချင်းဖန်းကို ဦးညွှတ်ရင်း ပြောတယ်။
“မလိုအပ်ပါဘူး။ ဂါရ၀ ပြုပြီးရင်၊ ကောင်းကင် တာအို ခန်းမနဲ့ မင်း ဘာမှ မသက်ဆိုင် တော့ဘူး။” မုချင်းဖန်းကတော့ ပြောရင်းနဲ့ နန်ကုန်းဟောင်ကို ခေါင်းငြိမ့်ပြတယ်။
“ကျွန်တော့်ကို သင်ကြား ပြသ ပေးစေလိုပါတယ်။” နန်ကုန်းဟောင် ဦးညွှတ်ရင်း ပြောတယ်။
ပတ်ဝန်းကျင် တပည့်သားတွေကတော့ ဒါကို မြင်ချိန်မှာ တိတ်ဆိတ် သွားကြတော့တယ်။
နန်ကုန်းဟောင်ရဲ့ အဖြေတွေက အရမ်းကို ရိုးရှင်းပြီး တိကျလွန်းတယ်။
“ကြီးမြတ်သောရှရဲ့ နံပါတ်တစ် ပါရမီရှင် ပီသ ပါပေတယ်။”
“သူဘာတွေ လုပ်နေတာလဲ။”
“နန်ကုန်း မိသားစုတွေက ကောင်းကင် တာအို ခန်းမ လက်စားချေမှာကို မကြောက်ကြဘူးလား။”
တပည့်သားတွေ အားလုံး ပဟေဠိ ဖြစ်နေခဲ့ပြီ။ နောက်ဆုံးတော့လည်း ဒါက ကောင်းကင် တာအို ခန်းမကို ဆန့်ကျင် နေတာ မဟုတ်လား။
“ကူယန် ပြန်လာခဲ့။” မုချင်းဖန်းက အခုချိန်မှာ ဘာကိုမှ မတားမြစ် နိုင်ဘူးလေ။ မ
“အဆင်ပြေပါတယ် ဆရာ။” ချီကူယန်က ခေါင်းခါရင်းနဲ့ ပြောတယ်။
“ကူယန်။”
“စိတ်ချပါ ဆရာ။”
မုချင်းဖန်းက တစ်ခုခုကို ပြောချင်တယ်။ ဒါပေမယ့် ချီကူယန်က သူ့ကို နှောက်ယှက်လိုက်တယ်။ သူမရဲ့ မျက်ဝန်းတွေက ငါးရောင်ခြယ် အလင်းတန်းတွေနဲ့ တောက်ပ နေခဲ့တယ်။ တပည့်သားတွေကတော့ တိတ်ဆိတ် နေခဲ့တယ်။ ချီကူယန်ရဲ့ လက်ရှိ အခြေအနေကို သူတို့ ကောင်းကောင်း သိနေတယ်လေ။ ချီကူယန်က နန်ကုန်းမုကို အနိုင်ရတယ်ဆိုရုံလေးပဲ ရှိတာ။
ဒီတော့ လက်ရှိ အခြေအနေ မျိုးမှာ၊ ဒုတိယ တိုကပွဲ လုပ်ရမယ် ဆိုရင်၊ အောင်မြင်နိုင်ချေ ရှိမယ်လို့ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ဒါပေမယ့် သူမ မျက်ဝန်းထဲက ဆုံးဖြတ်ချက်ကတော့ နှလုံးသား အတွင်းထဲကနေ ခိုင်မာ နေခဲ့တယ်။
“မင်းက လက်ရှိ အချိန်မှာ ငါ့ပြိုင် မဟုတ်ဘူး။” နန်ကုန်းဟောင်က ချီကူယန်ကို ကြည့်ရင်း ခေါင်းခါတယ်။
“မကြိုးစား ကြည့်ပဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ။” ချီကူယန် ပြန်ဖြေတယ်။
“ကောင်းကင်တာအို ခန်းမ အတွက်နဲ့ မင်းရဲ့ အသက်ကို စတေးဖို့ တန်လို့လား။” သွေးနီရောင် အလင်းတန်းက နန်ကုန်းဟောင်ရဲ့ မျက်လုံးထဲမှာ အနီရောင် အလင်းတန်းက တောက်ပ လာခြ့တယ်။
“တစ်ချို့ ကိစ္စတွေက လုပ်နိုင်မှာ မဟုတ်ပေမယ့်၊ လုပ်မှ ဖြစ်မယ်။” ချီကူယန် ခေါင်းခါလိုက်တယ်။ သူမနောက်ဘက်မှာ ရှိတဲ့ အရိပ်ကတော့ အချိန် မရွေး ပျောက်ကွယ် သွားတော့ မလိုပဲ။
“ငါနားလည်ပြီ။” နန်ကုန်းဟောင်က နောက်ထပ် ဆက်မပြောတော့ဘူး။ ချီကူယန်ဆီကို ခပ်မြန်မြန်ပဲ ရောက်လာခဲ့တယ်။ ဒီအချိန် ပင်းယန်ကတော့ ဒေါသတကြီးနဲ့ စောင့်ကြည့် နေခဲ့တယ်။
“နန်ကုန်းဟောင် ဒီခွေးသား။ ယန်လေးက သူမရဲ့ ကန့်သတ်ချက်ကို ရောက်နေခဲ့ပြီ။ ဒါကို ဒီကောင်က အခွင့်အရေး လာယူနေတယ်။” ဒါကို ပြောနေတဲ့ အချိန် ပင်းယန်ရဲ့ ခန္ဒာကိုယ်မှာ တောက်ပတဲ့ သွေးနီရောင် အလင်းတန်း ထွက်ပေါ်လာတယ်။
“ယန်အာ။ နန်ကုန်းဟောင်ကို သွားပြီး တိုက်ခိုက်ရင် ဘယ်လို လုပ်မှာလဲ။” ချင်းယွိက မေးတယ်။
“ဖူးယောင်တဲ့ အထိ ရိုက်နက် ပြစ်မယ်။” ပင်းယန် ချက်ခြင်း ပြန်ဖြေတယ်။
“သူက မေ့သမီးထက် သန်မာ နေရင်ရော။”
“မဖြစ်နိုင်တာပဲ။ နန်ကုန်းဟောင် ဘယ်လောက် သန်မာမှန်း ပင်းယန် သိတယ်။ သူက ပြန်လည် မွေးဖွားမှု အထွဋ်အထိပ် အဆင့်မှာ ရှိနေတာလေ။”
“အမေ ပြောတာက အကယ်၍” ချင်းယွိက ပင်းယန်ကို ချစ်ခင် မြတ်နိုးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။
“သူ့ကို ရိုက်နိုင်မှာ သေချာပါတယ်။” ပင်းယန် ပြန်ဖြေတယ်။
“လက်လျှော့ဖို့ ပြောရင်ရော။” ချင်းယွိ မေးတယ်။
“လက်လျှော့ရမယ်။” ပင်းယန်ကတော့ မေးခွန်းကို နားလည်တဲ့ ပုံ မတူဘူး။
“ဟုတ်တယ်။ လက်လျှော့ရမယ်။”
“ဘာဖြစ်လို့လဲ အမေ။”
“မေးခွန်းကို မကြာခင် အဖြေရမှာပါ။” ချင်းယွိ ခေါင်းခါလိုက်တယ်။ ပင်းယန်နဲ့ အတူတူ အချိန်တွေ အများကြီး နေပြီးတဲ့နောက် သူမ နားလည် သွားခဲ့တယ်။ ပင်းယန်က ခေါင်းမာတယ်။ စိတ်အား ထက်သန်တယ်။ မောက်လည်း မောက်မာတယ်။ အကုန်လုံးကို သုံးသပ် လိုက်ရင်တော့ ပင်းယန်ရဲ့ စရိုက်က သူနဲ့ တစ်ထပ်တည်းပဲ။
ပင်းယန်ရဲ့ နှုတ်ခမ်းတွေ လှုပ်ရှားလာတယ်။ ချင်းယွိရဲ့ အမူအယာကနေ စိုးရိမ်နေတာကို သူမ မြင်ရတယ်။ ဒါပေမယ့် ဘယ်လိုများ လက်လျှော့ နိုင်မှာလဲ။
ချီကူယန်နဲ့ နန်ကုန်းဟောင်ကို သူစိုက်ကြည့်နေခဲ့တယ်။ လေထုကတော့ ပြင်းထန်လွန်းလို့ ကျမ်းကောင်းကင် တောင်ထိပ်ကိုတောင် အေးစက် သွားစေတယ်။ တလက်လက် တောက်ပနေတဲ့ နေရာင်ကတော့ ဒီလူနှစ်ယောက်ပေါ်မှာ ဖြာကျ နေခဲ့တယ်။ နန်ကုန်းဟောင်ကတော့ လုံး၀ မလှုပ်ရှားဘူး။ ဒီအတိုင်းသာ ရပ်နေခဲ့တယ်။
ချီကူယန်ကိုလည်း မတိုက်ခိုက်ဘူး။ ချီကူယန် ပြန်ကောင်းလာတာကို စောင့်နေတဲ့ ပုံစ့ြ။ အချိန်တွေက ဖြည်းဖြည်းချင်း ကုန်ဆုံးနေတယ်။ ချီကူယန်ရဲ့ နောက်မှာ ရှိတဲ့ အရိပ်ကတော့ လှုပ်ရှားနေပြီ။ သူမရဲ့ လှပမှုက လူတွေ အားလုံးကို မှင်သက် သွားစေတယ်။ ဘယ်သူမှ ပြန်ပြီး မခုခံ နိုင်လောက်အောင် အင်အား ကြီးမားတယ်။
ရှည်လျားတဲ့ ဆံကေသာ နက်နက်တွေက ကိုယ်ပေါ်မှာ ဝဲလွင့် နေခဲ့တယ်။
ဂျိန်း။ ချီကူယန် သူမရဲ့ ဓားကို တင်းတင်း ပြန်ဆုပ်ကိုင်လိုက်တဲ့ အချိန်၊ သူမရဲ့ မျက်လုံးထဲမှာ တောက်ပတဲ့ ငါးရောင်ခြယ် အလင်းတန်းတွေ ပေါ်လာတော့တယ်။
အပိုင်း (၈၃၇) ပြီး၏။
အပိုင်း (၈၃၈)
“သမိုင်းထဲက အပြင်းထန်ဆုံး အလစ်ဝင်တိုက်မှုကြီး။”
ချီကူယန်ကတော့ နောက်အချိန် အခိုက်အတန့်မှာပဲ လှုပ်ရှားတော့တယ်။ နန်ကုန်းဟောင်ရဲ့ အမူအယာကြောင့် သူ့စိတ်သူ ပြင်ဆင် ထားပြီးသား ဆိုတာကို သူသိနေတယ်။ ဒါကြောင့် သူမရဲ့ ဓားကို အရှေ့ဆီ ထိုးချလိုက်တယ်။ အဲ့ဒီ့နောက် ချီကူယန်လည်း နေရာကနေ ပျောက်ကွယ် သွားတော့တယ်။
အရေးကြီး အချိန်မှာ ထောင်ချီတဲ့ ကြယ်အလင်းတန်းတွေက ကောင်းကင်ကနေ ကျဆင်းလာတယ်။ နတ်ဆိုး ကျောင်းတော်ရဲ့ ဓားသိန်းသန်းချီ ပညာပဲ။ တိုက်ခိုက်မှုရော၊ ခုခံမှု အတွက်ပါ သုံးလို့ ရတယ်။ ပြိုင်ဘက်ရဲ့ အရည်အချင်းတွေကို စမ်းသပ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ နန်ကုန်းဟောင်ကတော့ ချီကူယန်ရဲ့ လှုပ်ရှားမှုကို မျှော်လင့်ထားတဲ့ အတိုင်း ကြယ်အလင်းတွေကို လက်ခံ လိုက်တယ်။
“မင်းက လက်ရှိ အချိန်မှာ ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့။” နန်ကုန်းဟောင်က ပြန်မတိုက်ခိုက်ဘူး။ ကြယ်အလင်းတွေနဲ့ ကောင်းကင်ကြီးကိုသာ ကြည့်နေခဲ့တယ်။
ကြယ်အလင်းတွေ ဆင်းသက်လာခဲ့တယ်။ မြေပြင်ကြီး တစ်ခုလုံး တုန်ခါနေတယ်။ ကြယ်အလင်း တစ်ခုချင်းစီတိုင်းက မြေပြင်မှာ ဓားချက်တွေ အဖြစ်ကို ပြောင်းလဲ သွားတယ်။ ဓားချက် တစ်သောင်းကျော် ပေါင်းစည်းလိုက်တာက ပင့်ကူအိမ်လို ရှုပ်ထွေး နေခဲ့တယ်။
နန်ကုန်းဟောင်ရဲ့ ကိုယ်ပေါ်မှာတော့ ဓားချက် တစ်ချက်လေးတောင် မရှိခဲ့ဘူး။ ခြစ်ရာလေး တစ်ချက်တောင် မရှိခဲ့တာ တကယ့်ကို ထူးဆန်းလွန်းတယ်။ တကယ်တော့ သေချာကြည့်ရင် ကြယ်အလင်းတန်းတွေက သူမရဲ့ ခန္ဒာကိုယ်ထဲကို ဝင်ရောက် ပျောက်ကွယ် သွားခဲ့တာ။
“ဘာတွေ ဖြစ်နေတာလဲ။”
“နန်ကုန်းဟောင်က ဒီကြယ်အလင်းတန်းတွေကို စုပ်ယူ သွားတာလား။”
“ဒါက ဘယ်လို တာအိုမျိုးလဲ။”
လူတိုင်းက တအံ့တသြ ဖြစ်နေခဲ့တယ်။
“သွေးမှော် စက်ကွင်း။” ချီကူယန်ရဲ့ အသံက ကောင်းကင်ထဲကနေ ထွက်ပေါ်နေတယ်။ သူမက အထင်ရှားဆုံး မြင်ရတဲ့သူ ဖြစ်တဲ့ အတွက် ပိုပြီးတော့ အံ့သြ နေခဲ့တယ်။
နန်ကုန်းဟောင် မလှုပ်ရှားပေမယ့် ကြယ်အလင်းတွေ ဘာဖြစ်သွားမှန်း သူသိတယ်။ အရေး အကြီးဆုံးကတော့ နန်ကုန်းဟောင်ရဲ့ မျက်ဝန်းတွေထဲမှာ သွေးနီရောင် ပုံရိပ်တွေ ပေါ်လာ နေတာပဲ။ ကောင်းကင် တာအို ခန်းမမှာ ပေါ်ခဲတဲ့ သွေးမှော် စက်ကွင်းနဲ့ တစ်ပုံစံတည်းပဲ။
“ဘာ။ သွေးမှော် စက်ကွင်း။” နန်ကုန်းဟောင်က လွန်ခဲ့တဲ့ လပိုင်း တုန်းက လုပ်ခဲ့တဲ့ အတိုင်း ပြန်လုပ်ဖို့ လုပ်နေတာလား။ ကောင်းကင်ကြီးကတော့ အခုချိန်မှာ ကြည်လင်နေဆဲ။ ချီကူယန်ရဲ့ စကားကို ကြားချိန်မှာ သူတို့တွေ ပဟေဠိ ဖြစ်ကုန်ကြတယ်။ အခုချိန်မှာတော့ နန်ကုန်းဟောင်က ရုတ်တရက် လှုပ်ရှားတော့တယ်။
လှုပ်ရှားမှု ကင်းမဲ့ခြင်းကနေ လှုပ်ရှားမှုကို။ ဒီနေရာမှာ သိပ်ပြီးတော့ လှုပ်ရှားမှု မများပေမယ့်၊ ကောင်းကင်ကို သူထိုးတက် သွားခဲ့တယ်။
“မြန်လိုက်တာ။” ကောင်းကင် တာအို ခန်းမ အကြီးအကဲ တစ်ယောက် ပြောတယ်။
“တစ်ခုခုတော့ လွဲနေပြီ။ နန်ကုန်းဟောင်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်။” နောက်ထပ် အကြီးအကဲ တစ်ယောက်က သူ့ရဲ့ မျက်ဝန်းတွေထဲက သွေးမှော် စက်ကွင်းကို ကောင်းကောင်း မြင်တယ်။
“မျက်လုံးတွေ၊”
“သွေးမှော် စက်ကွင်းတဲ့လား။ အဲ့ဒီ့ မျက်လုံးတွေ့ သွေးမှော စက်ကွင်းလား။” နောက်ထပ် အကြီးအကဲ တစ်ယောက်က ချီကူယန် ပြောချင်တာကို နားလည် သွားခဲ့ပြီ။ ဒါပေမယ့် နောက်ကျ သွားခဲ့ပြီ။
သူတို့တွေ လေထဲမှာ ချက်ခြင်း တားမြစ် ခံလိုက် ရတဲ့ အတိုင်း ရပ်တန့် သွားကြတယ်။ နန်ကုန်းဟောင် ဆီကို သွားကြတော့တယ်။ တစ်ချိန်တည်းမှာပဲ နန်ကုန်းဟောင်ရဲ့ တစ်ကိုယ်လုံးကို ကြယ်အလင်းတန်းတွေ ဖုံးလွှမ်း သွားတော့တယ်။
ကြယ်အလင်းတန်းတွေ ထဲမှာ ဓားတစ်လက် ပေါ်လာပြီးတော့ နန်ကုန်းဟောင်ရဲ့ ရင်ဘတ်ကို ထိုးစိုက်လိုက်တယ်။ ချီကူယန်က အကြီးအကဲရဲ့ တုံ့ပြန်မှုထက် ပိုပြီးတော့ မြန်ဆန်တယ်။ ကလန်။ သတ္တုတွေ ထိတွေ့တဲ့ အသံကို ကြားနေရတယ်။ ဒါပေမယ့် နန်ကုန်းဟောင်ရဲ့ နောက်ကျောက တည်ငြိမ်ဓားနဲ့ ထိတွေ့တာ မဟုတ်ခဲ့ဘူး။ သူ့ရဲ့ လက်ချောင်း နှစ်ချောင်းနဲ့ ထိတွေ့လိုက်တာပဲ။
တောက်ပတဲ့ ငွေရောင် ကြယ်အလင်းတန်းက သူ့ရဲ့ လက်ချောင်းတွေကြားမှာ ရောယှက်နေခဲ့တယ်။
“ကူယန်ရဲ့ ဓားသိန်းသန်းချီကို သူစုပ်ယူလိုက်တယ်။”
“အဲ့တာက သွေးမှော် စက်ကွင်းရဲ့ စွမ်းအားတဲ့လား။ ဒါပေမယ့် ဘယ်လိုများ နန်ကုန်းဟောင်နဲ့ ပေါင်းစည်း လိုက်တာလဲ။”
“နန်ကုန်းဟောင်က။”
“မဖြစ်နိုင်လိုက်တာ။ သွေးမှော် စက်ကွင်းက ကန့်သတ်ထားတဲ့ ပညာရပ် တစ်ခုပဲ။ ဒါကို သုံးဖို့ ဆိုရင်၊ ပညာရှင် ရှစ်ယောက်ရဲ့ အသက်ကို လိုအပ်တယ်။ ဘယ်လိုလုပ်ပြီးတော့ လူတစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ သုံးလို့ ရမှာလဲ။”
ကောင်းကင်တာအို အကြီးအကဲတွေ မျက်လုံး ပြူးနေကြတယ်။ ဒီစွမ်းအားတွေကို သူတို့ ကောင်းကောင်း သိထားတယ်လေ။ မယုံနိုင်ခဲ့ဘူး။ ဒါပေမယ့် နန်ကုန်းဟောင် ထုတ်ပြနေတဲ့ စွမ်းအားကတော့ ဖြစ်နိုင်ချေ ရှိတဲ့ တစ်ခုတည်းသော အရာပဲ။
တစ်ချိန်တည်းမှာပဲ။ ငွေရောင် အလင်းတန်းက နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်ကနေ ရုတ်တရက် ထွက်ပေါ်လာတယ်။ ကြယ်အလင်းတန်းတွေကတော့ ချီကူယန်ကို တိုက်ခိုက်တော့တယ်။
ဝုန်း။ သူမ နောက်ဘက်မှာ ရှိတဲ့ အရိပ်က သူမကို ကာကွယ် လိုက်ပေမယ့်၊ သူမကတော့ မြေပြင်နဲ့ တိုက်မိ သွားခဲ့တယ်။ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ လွင့်ထွက် သွားတော့တယ်။
“ဘာတွေ ဖြစ်နေတာလဲ။ ချီကူယန်က ဓားသိန်းသန်းချီ ပညာနဲ့ ဒဏ်ရာ ရတယ် မဟုတ်လား။” တခြား တပည့်သားတွေကတော့ ချီကူယန် မြေပြင်ပေါ်ကို ပြုတ်ကျတဲ့ အချိန်မှာ လှုပ်ရှားမိကြတယ်။ ဒါပေမယ့် ခန်းမကြီးမှာ ဖြစ်သွားတဲ့ အရာတွေက မြန်လွန်း ခဲ့တယ်လေ။
တပည့်သားတွေ စကား မဆုံးသေးတဲ့ အချိန်မှာပဲ ချီကူယန်ဆီကို နန်ကုန်းဟောင်က နောက်တစ်ခေါက် ရောက်လာပြန်ပြီ။
သူမရဲ့ မျက်နှာက အရမ်းကို ဖြူဖျော့ နေခဲ့တယ်။ ပန်းနုရောင် ဝတ်ရုံကတော့ ကြက်သွေးရောင် ဝတ်ရုံ အဖြစ်ကို ပြောင်းလဲ နေခဲ့ပြီ။ ဒါက လွဲပြီးတော့ သူမရဲ့ ဓားကို တင်းတင်း ကြပ်ကြပ် ကိုင်ထားဆဲ။
“အေးခဲ။” သူမ ခပ်တိုးတိုး အော်ဟစ်လိုက်တယ်။ နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်ကတော့ ရုတ်တရက် ရပ်တန့် သွားခဲ့တယ်။ ဒါက သိပ်မကြာခဲ့ဘူး။ သွေးနီရောင် အလင်းတန်းတွေ နန်ကုန်းဟောင်ရဲ့ မျက်နှာပေါ်မှာ ပေါ်လာပြီးတော့ သွေးနီရောင် သင်္ကေတတွေလည်း မျက်နှာ တစ်ဝက်ကို ဖုံးလွှမ်း သွားခဲ့တယ်။
ဒီလို သင်္ကေတတွေ ပေါ်လာချိန်မှာပဲ နန်ကုန်းဟောင်လည်း အချုပ်အနှောင်ကနေ လုံး၀ လွတ်ပြီးတော့ ချီကူယန်ဆီကို ပြေးဝင် တော့တယ်။
ဝုန်း။ ပေါက်ကွဲသံတွေ ဆက်တိုက် ပေါ်လာတယ်။ သူမရဲ့ ပန်းရောင် ဝတ်ရုံက လေထဲမှာ ဝဲလွင့်နေရင်း၊ ဓားကျိုး တစ်ခုကို ကိုင်ထားခဲ့တယ်။
“ယန်လေး။” ဒီအချိန်မှာပဲ လူတစ်ယောက်ရဲ့ အော်သံနဲ့ အတူ၊ အနီရောင် လူရိပ်လေးက တိုက်ပွဲ ကွင်းပြင်ကို ခုန်ဝင် လာခဲ့တယ်။
“ပင်းယန်။” ချင်းယွိ သူ့ကို တားချင်ပေမယ့်၊ နောက်ကျလွန်း သွားခဲ့ပြီ။ ပင်းယန်က တစ်ချက်လေးတောင် မတွေဝေပဲ လှုပ်ရှားတာကြောင့် ဒီလို ဖြစ်သွား ရတာပဲ။
“နန်ကုန်းဟောင်။ ယန်လေး ဒီလောက်တောင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတာတောင် နင် ဘယ်လိုတောင် တိုက်ခိုက် ရတာလဲ။ ငါနင့်ကို သည်းခံ နေတာ ကြာလှပြီ။” သူပြောတဲ့ အချိန်မှာပဲ ကြက်သွေးရောင် ချီလင်လှံက သူမ လက်ထဲမှာ ပေါ်လာခဲ့တယ်။
ပင်းယန်ရဲ့ နဖူးမှာလဲ မီးတောက် ပုံစံ သင်္ကေတ တစ်ခု ပေါ်လာခဲ့တယ်။ သူမရဲ့ လှံကို ဆက်တိုက် လှုပ်ရှား နေခဲ့တယ်။ နန်ကုန်းဟောင်ရဲ့ ရင်ဘတ် တည့်တည့်ကို ထိုးချလိုက်တယ်။
“သူက သုခမိန် ဖြစ်သွားပြီလား။” နန်ကုန်းဟောင်က ပင်းယန်ကို မြင်ချိန်မှာ နည်းနည်းတော့ လန့်သွားခဲ့တယ်။
သူ အရမ်းကို မြန်မြန် လှုပ်ရှား နေခဲ့တယ်။ အနီရောင် အလင်းတန်းက သူ့မျက်လုံးထဲမှာ ပေါ်လာတယ်။ ပင်းယန်ရဲ့ လက်ထဲမှာ ရှိနေတဲ့ လှံကတော့ တုန်ယင် လာတော့တယ်။
“အမ်။ နန်ကုန်းဟောင် အဲ့တာ ဘာနည်းလမ်းကြီးလဲ။ မတရား လိုက်တာ။ မတရား လိုက်တာ။” ပင်းယန်ကတော့ သူမလက်ထဲမှာ ရှိနေတဲ့ စွမ်းအားတွေကို ခံစားမိတဲ့ အတွက် လန့်လာခဲ့တယ်။ သူမ ခန္ဒာကိုယ်က ထိန်းချုပ်မှု ကင်းမဲ့ နေတဲ့ အတိုင်းပဲ။
“နန်ကုန်းဟောင်။ ပင်းယန်ကို ထိခိုက်အောင် မလုပ်နဲ့။” လင်းမုပိုင် လှမ်းအော်တယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကတော့ သူ့စကားကို ကြားတဲ့ ပုံစံ မရှိဘူး။ ပင်းယန်ကိုပဲ ကြည့်နေခဲ့တယ်။ ပင်းယန်က သူနဲ့ ခြေနှစ်လှမ်း အကွာမှာ ရောက်လာနေပြီ။ သူ့ လက်ဖဝါးပေါ်မှာ မီးဘောလုံးကြီး တစ်လုံး ဖြစ်ပေါ် လာနေတယ်။
“ပင်းယန်။” လင်းမုပိုင်ရဲ့ အသံက စိုးရိမ်မှုတွေ ပြည့်နှက် နေခဲ့တယ်။ ဒါပေမယ့် ရုတ်တရက် ဆိုသလို အဖြူရောင် အမှုန့်တွေက ပင်းယန်နဲ့ နန်ကုန်းဟောင် ကြားမှာ ထူးထူး ဆန်းဆန်း ပေါ်လာတယ်။ သူ့မျက်လုံးထဲကို ဝင်တော့တယ်။
“ဘာကြီး။” နန်ကုန်းဟောင်ရဲ့ မျက်လုံးတွေက အံ့သြမှုကြောင့် ပြူးကျယ် သွားခဲ့တယ်။ ဒီလို ဖြစ်တာ သူ သတိမထားလို့ မဟုတ်ဘူး။ ပင်းယန်ရဲ့ နဖူးပေါ်မှာ ရှိတဲ့ သုခမိန် အမှတ်အသားကြောင့် စွမ်းအားကို တွက်ချက် မိခဲ့တာပဲ။ ပင်းယန်က သုခမိန် အဆင့်လေ။
လွန်ခဲ့တဲ့ နှစ်တွေမှာ မောက်မာပြီး ထင်ရာ စိုင်းတတ်တဲ့ အပြင်၊ အကြောက်အလန့် ကင်းတဲ့ ကြီးမြတ်သောရှရဲ့ မင်းသမီးလေးက သူမရဲ့ ရန်သူတော်ကို အဖြူရောင် အမှုန့်တွေနဲ့ ပြစ်လွှတ် လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။
အရေး အကြီးဆုံးကတော့ ပင်းယန်က တစ်ချက်လေးတောင် အမူအယာ ပျက်ယွင်း မသွားခဲ့ဘူး။ ဉာဏ်ကောင်းတဲ့ နန်ကုန်းဟောင်ကတော့ တခြားသူရဲ့ လှုပ်ရှားမှုကို အမြဲတမ်း တွက်ချက် နိုင်ခဲ့တယ်။ တိုက်ပွဲမှာ အမှား မလုပ်ဖူးဘူး။ နန်ကုန်းဟောင် အခုချိန်မှာတော့ တကယ်ပဲ အမှား တစ်ခု လုပ်ခဲ့မိတယ်။
အဖြူရောင် အမှုန့်တွေ့ နန်ကုန်းဟောင်ရဲ့ မျက်လုံးကို ယာယီ ကန်းသွား စေခဲ့တယ်။
ခြေလှမ်း နှစ်လှမ်း ဆိုတဲ့ အကွာအဝေးက လက်နက်ပုန်းကို ရှောင်ရှားဖို့ အတွက် နိးကပ် လွန်းနေတယ်လေ။
“ဟ ဟား ဟား။ သံပရာမှုန့်တွေကြောင့် မျက်စိ ခနကန်းသွားတာ ကြောက်စရာ ကောင်းတယ်ဟုတ်။” ပင်းယန် ရယ်မောရင်း ပြောနေတယ်။
“ငါ့နောက်က အသံလား။” နန်ကုန်းဟောင် အသံလာရာ နေရာကို ခန့်မှန်းမိတယ်။
သူ့ရဲ့ လက်ဝါးနဲ့ ရိုက်ဖို့ ပြင်တဲ့ အချိန်မှာပဲ သူ့ရဲ့ အမူအယာက ပြောင်းလဲ သွားခဲ့တယ်။ ပင်းယန်ရဲ့ အသံက တစ်ခုခု လွဲနေတယ်။ အားမရှိဘူး။ လုံးဝကို အားမရှိဘူး။
“ချီကူယန်လား။” နန်ကုန်းဟောင်ရဲ့ ခံစားချက်တွေက တုန်ယင် သွားခဲ့တယ်။ ချီကူယန်လို လူမျိုးက ပင်းယန်နဲ့ ပေါင်းပြီးတော့ သူ့ကို လှည့်စား နေမယ်လို့ ထင်မထား မိခဲ့ဘူး။ ဒါပေမယ့် တကယ်ပဲ ဖြစ်နေခဲ့တယ်လေ။ သူယုံယုံ မယုံယုံ အရေး မကြီးဘူး။ တကယ် ဖြစ်နေတာပဲလေ။ ဒီအချိန်မှာပဲ ထူးထူးဆန်းဆန်း ပြင်းထန်တဲ့ အင်အားတွေက သူ့ရင်ဘတ်ကို လာထိုးတယ်။ သူ့ရဲ့ အရေပြားတွေကို ဖြတ်ပြီးတော့ အသားတွေကိုပါ ဖောက်ထွက် သွားခဲ့တယ်။
“ဒီတော့ ဒါက တိုက်ရိုက် တိုက်ခိုက်တာလား။”
ပင်းယန် ဘယ်နေရာကို ဦးတည်နေမှန်း နန်ကုန်းဟောင် သိတယ်။ ချီကူယန်ရဲ့ ရယ်သံ နှောက်ယှက်တာ ကြောင့်သာ မဟုတ်ရင်၊ ပင်းယန် သူ့ကို လုံး၀ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။
“အား။” နန်ကုန်းဟောင်ရဲ့ အော်သံ ထွက်ပေါ် လာတယ်။
“ငါ သူ့ကို တကယ်ပဲ ဓားနဲ့ ထိုးလိုက်တာလား။” ပင်းယန်က ချီလင်လှံကို ကြည့်ရင်းနဲ့ ပြောတယ်။ သူမရဲ့ အကြည့်ကလည်း စိတ်လှုပ်ရှားမှုတွေ ပြည့်နှက် ေ်နခဲ့တယ်။ နောက်တော့ သူမရဲ့ ပါးစပ်က အဟောင်းသား ဖြစ်သွားခဲ့တယ်။ နန်ကုန်းဟောင်ရဲ့ ရင်ဘတ်က ကြောက်စရာ အရှိန်နှုန်းနဲ့ ပြန်ကောင်း လာနေတယ်လေ။
“ကောင်းချီးခံ သွေးမျိုးနွယ်လား။” ပင်းယန်က ဒီသွေးမျိုးနွယ်တွေ အကြောင်းကို သိတယ်။ ဒါမျိုးက အရိပ်တွေ ပေါ်လာတဲ့ အချိန်မှပဲ အလုပ်ဖြစ်တာ။ ဒါပေမယ့် နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်ကတော့ ပုံမှန် အခြေအနေ အတိုင်း ဖြစ်တည်နေတဲ့ ပုံစံ မရှိဘူး။ မဟူရာရောင် သံချပ်ကာ တစ်ခုက သူ့အသွေး အသားတွေ အတိုင်း ဖြစ်တည်နေတာပဲ။
“ကောင်းကင် နတ်ဘုရား သွေးမျိုးနွယ်တဲ့။”
“အဲ့တာက ထျန်းရှင်းရဲ့ သွေးမျိုးနွယ် မဟုတ်လား။”
“မဖြစ်နိုင်တာပဲ။ ထျန်းရှင်းနဲ့ နန်ကုန်းဟောင်က ဘယ်လိုတောင် သွေးမျိုးနွယ် တူနေရတာလဲ။”
ကောင်းကင်တာအို အကြီးအကဲတွေကတော့ အထိတ်တလန့် ဖြစ်နေခဲ့ပြီ။
“အား။ ဒါကို ကောင်းကင် နတ်ဘုရား သွေးမျိုးနွယ်လို့ ခေါ်တာလား။” ပင်းယန်က နည်းနည်းတော့ လန့်သွားခဲ့တယ်။ “နင့်ရဲ့ သွေးမျိုးနွယ်ကို ငါမသိဘူး။ ဒါပေမယ့် နင့်ကို ဒီနေ့ အနိုင် မတိုက်နိုင်ရင်၊ ငါ့နာမည် ပင်းယန်လို့ ခေါ်မနေတော့ဘူး။”
သူမ တစ်ချက်လေးတောင် မတွေးပဲ ပြန်အော်တယ်။
(လူငယ်တွေမှာ အကြောက်တရား မရှိဘူး။) ပင်းယန်က တကယ့်ကို အကြောက်အလန့် ကင်းတယ်။ ရဲရဲတောက် ချီလင်လှံက နောက်ထပ် ဆက်မတိုးတော့ဘူး။ သူမလည်း အခုလိုမျိုး အလစ်ဝင်တိုက်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးကို လက်မလွှတ် နိုင်ဘူးလေ။
“ဟီး ယာ့။” သူမ အော်ဟစ်ရင်းနဲ့ နန်ကုန်းဟောင်ရဲ့ ပေါင်ခြံနှစ်ခုကြားကို ကန်လိုက်တယ်။ (မဟာ စွမ်းအား ကန်ချက်။)
အပိုင်း (၈၃၈) ပြီး၏။
အပိုင်း (၈၃၉)
“သွေးမျိုးနွယ်ကို စုပ်ယူခြင်း။”
အခု အချန်ထိ ပင်းယန်ရဲ့ နားထဲမှာ လူတစ်ယောက် ပြောတဲ့ စကားတွေကို ကြားယောင်နေဆဲ။ အလစ်ဝင်တိုက်တဲ့ အတွေ့အကြုံ သင်ကြား ပို့ချချက်တွေက တကယ့်ကိုထိရောက်တယ်။
“အလစ် ဝင်တိုက်တဲ့ အကြောင်းကို သင်ကြားချင်တယ် မဟုတ်လား။”
“ဟမ့်။ မင်းက ဒီလောက် အားနည်း နေမှတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သင်ထားတာ ကောင်းပါတယ်။ နားထောင်။ အလစ် ဝင်တိုက်တယ် ဆိုတာ နာမည်အတိုင်းပဲ။”
“တကယ့် အရင်းအမြစ် အစစ်ကတော့ အံ့သြအောင် လုပ်တာ။ ဒီတော့ အနှစ်ချုပ်လိုက်ရင်၊ အချိန်ကိုက် လုပ်ရပ်တွေ အားလုံးက အရေးကြီးတယ်။ ပြစ်မှတ်ကို တွေ့ ပြီဆိုတာနဲ့ ချက်ကောင်းကို သေချာ ရှာရမယ်။”
“ဒါပေမယ့် လူတစ်ယောက်မှာ ချက်ကောင်းတွေက များလွန်းတယ်။”
“ခေါင်း၊ လည်ချောင်း၊ နှလုံး ဒါတွေ အားလုံးကို များသော အားဖြင့် ကောင်းကောင်း ကာကွယ် ထားတာ ချည်းပဲ။ ဒီတော့ အရှိန်နဲ့ စွမ်းအား မလုံလောက်ရင် ပြိုင်ဘက်ကို အလဲထိုး နိုင်မှာ မဟုတ်ဘူး။”
“ဒါပေမယ့် တစ်ကွက်ကို သိရင်တော့ မင်း တစ်ချက်တည်းနဲ့ အလဲထိုး နိုင်လိမ့်မယ်။”
“နေရာ အတိ အကျ ကတော့ ***”
“သိပြီ မဟုတ်လား။”
ပင်းယန်က သင်ကြားတာ တော်တဲ့သူ။ ဒါကြောင့် လက်တွေ့ အသုံးချတဲ့ နေရာမှာလည်း တော်တယ်။
ဝုန်း။
နန်ကုန်းဟောင် လွင့်ထွက်သွားတယ်။ ပင်းယန်ရဲ့ ကန်ချက်က အရမ်းကို အားပါပြီးတော့ မြန်ဆန်လွန်းတယ်။ တစ်ချက်လေးတောင် မညှာတာဘူး။ နန်ကုန်းဟောင်ကတော့ လေထဲမှာ နှစ်ပတ်တိတိ လိမ့်သွားခဲ့တယ်။ ဒူးထောက်လျက်သား ပြန်ကျရင်း နဖူးမှာ ချွေးတွေ သီးနေခဲ့ပြီ။
ဖြစ်သွားတာက တကယ့်ကို မြန်လွန်းတယ်။
“…”
“…”
တပည့်သားတွေကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ။ ပင်းယန်က နန်ကုန်းဟောင်ကို ဒီလို အလစ်ဝင်တိုက်တာ အလုပ် ဖြစ်တယ်ပေါ့။
ဘယ်လိုလုပ် သူတို့ ယုံနိုင်မှာလဲ။ ပင်းယန်က သုခမိန် တစ်ယောက်။ လင်းယွမ် မျှော်စင်ရဲ့ သခင်မငယ်။ ကြီးမြတ်သောရှရဲ့ မင်းသမီး။ ဒါတောင် ဒီလို လုပ်သေးတယ်။
သူတို့တွေ နန်ကုန်းဟောင်ကို ကြည့်ရင်း ပေါင်ခြံတစ်ခုလုံး စိမ့်သွားကြတယ်။
“ယန်အယ်ကို ဘယ်သူများ ဒါတွေ သင်ပေးလိုက်တာလဲ။” ချင်းယွိ မယုံနိုင် ဖြစ်နေခဲ့တယ်။
“ငါတော့ မသင်ပေး မိပါဘူး။” လင်းမုပိုင် ခေါင်းခါတယ်။
“ဖန်ကျန်းရှီပဲလား။” ချင်းယွိ ပြောတယ်။
“…” လင်းမုပိုင်ကတော့ ဘယ်လို ပြန်ဖြေ ရမယ်မှန်း မသိဘူး။ နန်ကုန်းထျန်းကတော့ ဒေါသတကြီးနဲ့ ကြည့်နေခဲ့တယ်။
“ကောင်းလိုက်တဲ့ ကောင်းကင်တာအို ခန်းမ။ လင်းယွမ် မျှော်စင်နဲ့ ပေါင်းပြီးတော့ အရှက်မရှိတဲ့ နည်းလမ်းနဲ့ ငါ့သားကို တိုက်ခိုက်တယ်။”
“အဖေ။” နန်ကုန်းဟောင်ရဲ့ အသံက နန်ကုန်းထျန်းရဲ့ စကားကို ဖြတ်တောက် လိုက်တယ်။
“ဟောင်အယ်။ အဆင်ပြေရဲ့လား။”
“အဆင်ပြေပါတယ်။” နန်ကုန်းဟောင် ခေါင်းခါရင်း ဖြည်းဖြည်းချင်း ထရပ်တယ်။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ မှိတ်ထားဆဲ။ “နန်ကုန်း မျိုးနွယ်တွေက ကောင်းကင် မဟာမိတ် စုဝေးပွဲကို လာမှတော့၊ လင်းယွမ် မျှော်စင်နဲ့လည်း တိုက်ခိုက်ဖို့ စိတ်ကို ပြင်ဆင် ထားပြီးသားပဲ။ ဒီတော့ နှစ်ခုလုံး တစ်ခါတည်း တိုက်ခိုက်တော့ ပြဿနာလည်း အေးသွားတာပေါ့။”
“အတူတူ။”
“ပြဿနာအေးတယ် တဲ့လား။”
နန်ကုန်းဟောင် အသံက မကျယ်ပေမယ့် ကြားရတာ နားထဲမှာ ခါးလွန်းနေတယ်။
မောက်မာ ထောင်လွှားလိုက်တာ။ ဒီတစ်ခွန်းပဲ တွေးနိုင်ကြတယ်။
“မင်းတို့တွေ အဆင်ပြေရင်။ ယင်ယန် ခန်းမနဲ့ အရိပ်မျိုးနွယ်ပါ အတူတူ လာတိုက်ကြ။ ငါ နန်ကုန်းဟောင်၊ ငြင်းစရာ မရှိဘူး။”
မြေပြင်ကတော့ သူပြောနေတဲ့ အချိန်မှာ တုန်ယင်လာတယ်။ အဲ့ဒီ့နောက် ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ အနီရောင် အလင်းတန်းတွေက အစိုင်အခဲ တစ်ခုလို ဖြစ်တည် လာပြီးတော့ ကောင်းကင်ကို ထိုးတက် သွားခဲ့တယ်။
“သုခမိန် အဆင့်။”
“နန်ကုန်းဟောင်လည်း သုခမိန် အဆင့်ကို ဝင်သွားခဲ့ပြီ။“
ကြည့်နေသူတွေ စိတ်ကို ပြင်ဆင် ထားပေမယ့် တကယ် ကြုံရတဲ့ အချိန်မှာတော့ လန့်နေမိတုန်းပဲ။ လွန်လွန်းလိုက်တာ။
“လာစမ်းပါ။ အားလုံး တစ်ခါတည်း ရှင်းလိုက်ရအောင်။” နန်ကုန်းဟောင် မျက်လုံးတွေကို ဖွင့်လိုက်တယ်။ သွေးမှောက် သူ့မျက်လုံးတွေထဲမှာ ရေဝဲတွေလို လည်ပတ် နေခဲ့တယ်။ အနက်ရောင် သံချပ်ကာကတော့ ခန္ဒာကိုယ် တစ်ခုလုံးမှာ သိပ်သည်း လာခဲ့တယ်။
“အင်အား ကြီးလိုက်တာ။”
“နန်ကုန်းဟောင်က နန်ကုန်းမုထက်တောင် အင်အားကြီးနေမှာ ကြောက်ရတယ်။”
နန်ကုန်းဟောင်ရဲ့ စွမ်းအားတွေကို လူတိုင်း ကောင်းကောင်း ခံစားလို့ ရနေခဲ့တယ်။
သူတို့တွေ တင်မကဘူး။ မုချင်းဖန်းတောင် ခြေတစ်လှမ်း နောက်ဆုတ် သွားခဲ့တယ်။ သူ့မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ “ထျန်းရှင်းရဲ့ ကောင်းကင် နတ်ဘုရား သွေးမျိုးနွယ်က နန်ကုန်းဟောင် ဆီမှာ ပေါ်လာတယ်။ နန်ကုန်းဟောင်က”
“သူက ထျန်းရှင်းထက်တောင် အင်အား ပိုကြီးနေမှာ ငါကြောက်မိတယ်။” ကောင်းကင် တာအို အကြီးအကဲ တစ်ယောက် ဝင်ပြောတယ်။
“အင်း။” မုချင်းဖန်းလည်း ခေါင်းငြိမ့်လိုက်တယ်။ နန်ကုန်းဟောင်ကို ကြည့်ရင်း အတော်လေး စိတ်ရငပ်ထွေး နေတဲ့ ပုံစံပဲ။
…
တိုက်ပွဲ ကွင်းပြင်ရဲ့ အခြေအနေက တကယ့်ကို ထူးဆန်း နေခဲ့တယ်။ ဝူယွဲကအာက ရန်ချင်းကို လှည့်ပြောတယ်။ သူသေချာ စဉ်းစား ထားတဲ့ ပုံစံပဲ။ “နန်ကုန်းဟောင်က ငါတို့ကို နွေးနွေးထွေးထွေး ဖိတ်ခေါ် နေမှတော့၊ စေတနာကို မငြင်းပယ် သင့်ဘူး။ သွားလိုက် ရအောင်။”
“ကောင်းပြီ။” ရန်ချင်းက ဝူယွဲ့အာရဲ့ ဆုံးဖြတ်ချက်ကို မအံ့သြ ခဲ့ဘူး။ သူချက်ခြင်း ပြိုင်ပွဲ ကွင်းပြင်ထဲ ခုန်တက်တယ်။
တောက်ဟွမ်ကတော့ တောက်ရှင်းကို လှမ်းကြည့်တယ်။
“အခု သွားတိုက်လို့ ရပေမယ့် အရင်ဆုံး စောင့်ကြည့်ရအောင်။” တောက်ရှင်း ပြန်ဖြေတယ်။
“ကောင်းပြီ။” တောက်ဟွမ် ခေါင်းငြိမ့်တယ်။
“သုံးယောက်တည်းလား။” နန်ကုန်းဟောင် မေးတယ်။ ချင်းယွိကတော့ နန်ကုန်းဟောင် သူ့ဓားကို ဆွဲထုတ်တာ မြင်ချိန်မှာ နှုတ်ခမ်းတွေ တုန်သွားခဲ့တယ်။ ပင်းယန်ကို ပြန်ခေါ် ချင်ပေမယ့် မလုပ်နိုင်ခဲ့ဘူး။
“ယန်လေး။ ဒဏ်ရာ ရနေတာ ဆိုတာ့ ခဏ နားပါအုန်း။ ငါတို့ နှစ်ယောက် အရင်တိုက်မယ်။” ပင်းယန် ပြောတယ်။
“မဖြစ်ဘူး။ ပင်းယန်နဲ့ ရန်ချင်းက သူ့ ပြိုင်ဘက် မဟုတ်ဘူး။” ချီကူယန် ခေါင်းခါတယ်။ သူမ နှုတ်ခမ်းကနေ သွေးတွေ စီးကျ လာနေတယ်။ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထားမှန်း သိသာလွန်းတယ်။ ရန်ချင်းကတော့ နန်ကုန်းမုဆီကို တစ်ချက်လေးတောင် မတွေဝေပဲ ဝင်တိုက်တော့တယ်။
“ဟေ့ကောင်ရာ။ ငါ့ကို စောင့်လေ။ ဘယ်လို ပူးပေါင်း တိုက်ခိုက် ရမယ်မှန်း မသိဘူးလား။” ပင်းယန်က လှမ်းအော်တယ်။
ရန်ချင်းကတော့ နန်ကုန်းဟောင်ဆီကို အရင်ရောက်တယ်။ လက်သီးနဲ့ ဆက်တိုက် ထိုးတော့တယ်။
ဒီအချိန်မှာပဲ သူ့ခြေထောက်အောက်ကို သွေးနီရောင် အလင်းတန်း ရောက်လာခဲ့တယ်။ သွေးမှော် စက်ကွင်းကြီး တစ်ခု အဖြစ် ပြောင်းလဲ သွားတယ်။ ရန်ချင်းကို စုပ်ယူတော့တယ်။ ရန်ချင်းလည်း ရုတ်တရက် အပြောင်းအလဲကြောင့် မျက်လုံးပြူး နေတော့တယ်။
ချက်ချင်းဆိုသလို သားရဲကောင် တစ်ကောင် ခုန်ပြီး ရုန်းကန်သလို ရုန်းတော့တယ်။
ဝူး။ သွေးနီရောင် အလင်းတန်းက သူ့လည်ပင်းဆီ တက်လာပြီးတော့ ထွင်းဖောက် သွားခဲ့တယ်။ အဲ့ဒီ့နောက် ခြေထောက် တစ်ဖက် သူ့ဆီ ရောက်လာခဲ့တယ်။
“မြန်လိုက်တာ။”
“သေချာတောင် မမြင်လိုက်ရဘူး။”
ကြည့်နေသူတွေ အတွက်တော့ ဒါက အရိပ်တွေ လှုပ်ရှား နေသလိုပဲ။
စကားတောင် မဆုံးသေးဘူး။ ရန်ချင်းက ကွင်းပြင် အစွန်းကို လွင့်ထွက် သွားခဲ့ပြီ။
“ဘာ ဖြစ်သွားတာလဲ။”
ရန်ချင်းက သူတို့ အမြင် အရဆိုရင် နန်ကုန်းဟောင်ရဲ့ ဓားကို ရှောင်နိုင် သင့်တယ်လေ။ ဒီတိုက်ပွဲရဲ့ အမြန်နှုန်းကို ကြည့်နိုင်ဖို့ သူတို့ မှာ အင်အား အလုံအလောက် မရှိခဲ့ဘူး။ မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ တခြား ပညာရှင်တွေကတော့ ကောင်းကောင်း မြင်လိုက်ကြတယ်။
ဝေါင်း။ ရန်ချင်းက သားရဲကောင်လို ဟိန်းဟောက်တယ်။ သွေးနီရောင် မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်ကို စတင်ပြီး လေ့လာတော့တယ်။ အချည်းနှီးပဲ သူကြည့်နေတဲ့ အချိန်မှာပဲ သွေးနီရောင် အလင်းတန်း တစ်ခုက သူ့ညာဘက်မှာ ရုတ်တရက် ပေါ်လာတယ်။
ရန်ချင်းက သားရဲကောင်တွေနဲ့ နေတာ ကြာလှပြီ။ ဒါကြောင့် အန္တရာယ်ကို ခံစား နိုင်စွမ်းက မြင့်မားတယ်။ ကောင်းကောင်း မမြင် ရတာတောင် အန္တရာယ်ကိုတော့ သိနေတုန်းပဲ။
ဝူး။ သွေးနိရောင် အလင်းတန်းက သူ့လည်ပင်းကို ပွတ်သားပြီးတော့ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။ မြေပြင်ပေါ်မှာ ဓားရာ ဖြစ်နေခဲ့ပြီ။ ရန်ချင်းကတော့ နောက်တစ်ခေါက် တိုက်ခိုက်ပြန်တယ်။ နန်ကုန်းဟောင်ရဲ့ ကန်ချက်က ဒီတစ်ခေါက်တော့ သူ့ကို လွင့်ထွက် မသွားစေတော့ဘူး။
မြေပြင်ပေါ်မှာ လဲကျနေတဲ့ ရန်ချင်းရဲ့ ညာဘက် ခြေထောက်ကို ဓားက ဖောက်ထွက်ပြီးတော့ စိုက်ဝင် နေလို့ပဲ။
သူ့ရဲ့ အောက်ဘက်က ရေခဲတွေလည်း ပိုပြီးတော့ အက်ကွဲတော့တယ်။ ဒါက လက်သီးချက် တစ်ချက်ကြောင့်ပဲ။ ဒီလက်သီးချက် ဘယ်လောက်တောင် အင်အားကြီးလဲ ဆိုတာ ကိုယ်တိုင် ခံစား ရသူမှပဲ သိနိုင်မယ်။ ရန်ချင်းကတော့ နာကျင်တာ မခံစား ရတဲ့ အတိုင်း ရှိနေခဲ့တယ်။
ဝေါင်း။ ရန်ချင်း နောက်တစ်ခေါက် ဟိန်းဟောက်ပြန်တယ်။ သူ့ပါးစပ်က သွေးတွေ စီးကျ နေပြီးတော့၊ ညာခြေထောက်ကို ဓားတစ်ချောင်းက ဖောက်ထွက်နေတယ်။ နန်ကုန်းဟောင်ကို ဒဏ်ရာရအောင် လုပ်ချင်ပေမယ့် သူ့ကိုယ်သူပဲ ပိုပြီးတော့ နာကျင်အောင် လုပ်မိသလို ဖြစ်နေခဲ့တယ်။
ရွှပ်၊ ခြေထောက်ကို ဖောက်သွားတဲ့ ဓားက ချက်ခြင်း ပျောက်ကွယ် သွားတယ်။ လူတစ်ယောက်က ရန်ချင်းနဲ့ ခြေလှမ်း ငါးလှမ်း အကွာမှာ ပေါ်လာတော့တယ်။
ရွှေရောင်လှိုင်းတွေ ထနေတဲ့ အနက်ရောင် သံချပ်ကာဝတ် လူတစ်ယောက်။
“မပျက်စီးနိုင်တဲ့ ခန္ဒာရှင်လား။ မဆိုးဘူးပဲ။” နန်ကုန်းဟောင်က ရန်ချင်းကို ကြည့်လိုက်တယ်။ သူ့ဓားက ထွက်လာတဲ့ သွေးတွေ၊ သွေးမှော် စက်ကွင်းထဲကို စီးဝင်သွားတယ်။
ဒီသွေးတွေက နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်ထဲကို တိုက်ရိုက် ရောက်လာ သလိုပဲ။ သူ့ခန္ဒာကိုယ်မှာ အရိုးအက်သံတွေ ထွက်ပေါ်လာတယ်။ ခန္ဒာကိုယ် တစ်ခုလုံး အသစ် ပြန်ဖြစ်တည် နေသလိုပဲ။ သူ့ကြွက်သားတွေလည်း ပြောင်းလဲ နေခဲ့ပြီ။ အလင်းတန်း တစ်ခု အရေပြားပေါ်မှာ တောက်ပလာတယ်။
“အဲ့တာ ဘာကြီးလဲ။”
“နန်ကုန်းဟောင်က ရန်ချင်းရဲ့ မပျက်စီးနိုင်တဲ့ ခန္ဒာကိုယ်ကို စုပ်ယူ လိုက်တာပဲ။” ကောင်းကင် တာအို အကြီးအကဲ တစ်ယောက် ကြောက်လန့်တကြား ပြောတယ်။
“ငလူးပဲ။ ငါတို့တော့ သေပြီ။ ကောင်းကင် နတ်ဘုရား သွေးမျိုးနွယ် ရှိနေတဲ့ အပြင်၊ မပျက်စီးနိုင်တဲ့ ခန္ဒာကိုယ်ပါ ရှိနေရင်။ ဒါက။” နောက်ထပ် အကြီးအကဲ တစ်ယောက် ပြောပြန်တယ်။
တခြား မျိုးနွယ်စုက လူတွေလည်း ကျောရိုးထဲ စိမ့်တဲ့ အထိကို လန့်နေကြပြီ။ ဖူရှီးတောင်ကြား ခေါင်းဆောင် မော့ရှန်းရှီ၊ တောက်ဟွမ်နဲ့၊ တောက်ရှင်းတို့တောင် နေရာကနေ ထရပ် မိကြတယ်။
“နန်ကုန်းဟောင်က သွေးမျိုးနွယ်ကို တကယ်ပဲ စုပ်ယူနိုင်တာလား။” မော့ရှန်းရှီ မျက်လုံး အပြူးသားနဲ့ ရေရွတ်မိတယ်။ သူ့ဘဝမှာ ဒါမျိုးတစ်ခါမှ မတွေ့ဖူးဘူးလေ။
အပိုင်း (၈၃၉) ပြီး၏။
အပိုင်း (၈၄၀)
“ငါ့ကောင်မလေးကို ဘယ်ခွေးကောင်က ရိုက်ဝံ့တာလဲ။”
“သူက အင်အားကြီးလိုက်တာ။”
“သုံးယောက် တစ်ယောက် တိုက်ခိုက်ရင်တောင် အခွင့်အရေး မရှိနိုင်ဘူးလား။”
“သွေးမျိုးနွယ်ကို စုပ်ယူတယ်တဲ့။ ဒီလို စွမ်းအား တကယ်ပဲ ရှိနိုင်တယ်လား။”
ပတ်ဝန်းကျင် တပည့်သားတွေက ဒီစွမ်းရည် အကြောင်းကို ကြားချိန်မှာ ကြောက်မိကြတယ်။
“တောင်ကြား ခေါင်းဆောင်။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ဖူရှီး တောင်ကြား ခေါင်းဆောင်ကို အကြီးအကဲတွေ မေးတယ်။ ဖူရှီး တောင်ကြားက ပြိုင်ပွဲကနေ ထွက်ခွာ သွားရပေမယ့်၊ စုဝေးပွဲကနေ အပြင်လူ ဖြစ်သွားတာတော့ မဟုတ်ဘူးလေ။
မျှခြေ။
မြင့်မြတ် နယ်မြေ တည်ရှိ နေတာ ဒီအကြောင်းတရား ကြောင့်ပဲ။ လွန်ခဲ့တဲ့ နှစ်ထောင်ချီ အတွင်း မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုက ဒီစည်းမျဉ်းကို မဖောက်ဖျက်ခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာ မျှခြေက အချိန် မရွေး ကျိုးပျက် သွားနိုင်တယ်လေ။
“ထူးချွန်တဲ့ သူတွေတောင် မနာလိုမှုကြောင့် ပျက်စီး ရတာပဲ။” မော့ရှန်းရှီ အေးစက်စက် ပြောတယ်။
“ခန်းမခေါင်းဆောင် ပြောတာ မမှားဘူး။ ဒါပေမယ့် နန်ကုန်းဟောင်က။” ကုယွိအန်း မော့ရှန်းရှီ ပြောချင်တဲ့ စကားကို နားလည်တယ်။ ဒါပေမယ့် ဒါက အခြေအနေ အားလုံး အတွက် မသင်ေ့တာ်ဘူး။ နန်ကုန်းဟောင်က အခြေအနေ တစ်ခုလုံးကို ထိန်းချုပ် ထားတယ်လေ။
“မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုက ဂုဏ်သတင်း ပျက်ပြားလို့ မဖြစ်ဘူး။ ငါတို့တွေ ပူးပေါင်း သင့်ရင် ပူးပေါင်းရမယ်။”
“ကျွန်တော် နားလည်ပါပြီ။” ကုယွိအန်း အခုချိန်မှာတော့ နောက်ထပ် မမေးတော့ဘူး။ အခြေအနေကို သူကောင်းကောင်း နားလည်တယ်လေ။ ကောင်းကင် တာအို ခန်းမမှာတော့ မုချင်းဖန်းက သက်ပြင်းချနေရတယ်။ ရုတ်တရက် အပြောင်းအလဲ တွေကို ကိုင်တွယ်ဖို့ အတွက် ချီကူယန်ကို တကယ့်ရွေးချယ်ခံ အဖြစ် သတ်မှတ် ခံစေဖို့ သူကြိုးစားခဲ့တယ်။ အခုချိန်မှာ အဖြစ်အပျက်တွေက အထိန်း အကွပ် မဲ့နေခဲ့ပြီ။
ရန်ရွှယ်နဲ့ ပင်းယန် သုခမိန် အဆင့်တွေ ဖြစ်ကုန်ပြီးတော့ ကောင်းကင် တာအို ခန်းမ အတွက် ခြိမ်းခြောက်မှု ဖြစ်ကုန်တာ အပြင် နန်ကုန်း မျိုးနွယ်တွေလည်း ထွက်လာကြတယ်။ ဒါဇင်ချီတဲ့ သုခမိန်တွေနဲ့ သူတို့က မြင့်မြတ်နယ်မြေ မျိုးနွယ်စုကြီး ငါးခု နီးနိးကို အင်အား ကြီးကြတယ်။
နန်ကုန်းမုနဲ့ နန်ကုန်းဟောင်ရဲ့ ကြောက်စရာ စွမ်းအားတွေက ကောင်းကင် တာအို ခန်းမကို အဆုံးစွန်ထိ တွန်းပို့ လိုက်တာပဲ။ နန်ကုန်းဟောင်က အင်အားကြီးလွန်းနေတယ်။
“ရန်ချင်း။ အသက်ရှိသေးရဲ့လား။”
“ငါ အဆင်ပြေတယ်။”
“ကောင်းပြီ။ ငါ့အလှည့် ရောက်ပြီ။”
“သေဖို့ ပြင်လိုက်။ နန်ကုန်းဟောင်။” ပင်းယန်ရဲ့ စကားတွေက လူတိုင်းရဲ့ အတွေးကို ပြတ်တောက် သွားစေတယ်။
ပင်းယန်က မီးတောက်တွေ ကြားထဲမှာ လှုပ်ရှားရင်း နန်ကုန်းဟောင်ရဲ့ လည်ပင်းကို လှံနဲ့ ထိုးစိုက်လိုက်တယ်။
“ပင်းယန် မလုပ်နဲ့။” ချီကူယန်က အော်ဟစ်ရင်း တားမြစ်တယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ နန်ကုန်းဟောင်ကတော့ ခပ်ရေးရေးလေး ပြုံးနေခဲ့တယ်။ သူမရဲ့ မျက်ဝန်းထဲမှာ သွေးနီရောင် အလင်းတန်းက ဖုံးလွှမ်း နေခဲ့ပြီ။
ပင်းယန် လွင့်ထွက် သွားခဲ့တယ်။ သူမရဲ့ ပုခုံးမှာ သွေးတွေ စီးကျ နေခဲ့ပြီ။ သုခမိန်သာ မဟုတ်ရင် ဒီသွေးနီရောင် အလင်းတန်းက သူမရဲ့ နှလုံးသားကို ထိုးဖောက် သွားနိုင်လောက်တယ်။
“ပင်းယန်။”
“ယန်အယ်။”
ချင်းယွိနဲ့ လင်းမုပိုင် အော်ဟစ်မိတယ်။ တစ်ချိန်တည်းမှာပဲ ချီကူယန် လှုပ်ရှားပြန်တယ်။ ငါးရောင်ခြယ် အလင်းတန်းက နန်ကုန်းဟောင်ကို လျှပ်စီး တစ်ခုလို လာရိုက်ခတ်တယ်။ ဝုန်း။ နန်ကုန်းဟောင် နောက်ကို ခြေတစ်လှမ်း ဆုတ်သွားရတယ်။
ချီကူယန်ရဲ့ တိုက်ခိုက်မှုက ဒီနေရာမှာတင် အဆုံးမသတ်သေးဘူး။ နန်ကုန်းဟောင်ကို ကျာပွတ် တစ်ခုလို ရစ်ပတ်လိုက်တယ်။
ဝုန်း ဝုန်း ဝုန်း။ မိုးခြိမ်းသံလို ပေါက်ကွဲမှုတွေက ကျမ်းကောင်းကင်တောင်ရဲ့ တောင်ထိပ် တစ်ခုလုံးကို တုန်ခါ သွားစေခဲ့တယ်။ အက်ကွဲကြောင်းတွေ အများကြီး မြေပြင်ပေါ်မှာ ဖြစ်ပေါ် လာခဲ့တယ်။ ဒါပေမယ့် ဒီလို ပွတ်တိုက်မှုက အချိန် မကြာမြင့်ဘူး။ ချီကူယန်က တဖြည်းဖြည်း ပိုပြီးတော့ ဖြူဖျော့ လာခဲ့ပြီ။ သူမရဲ့ သွေးမျိုးနွယ်ကို ထိန်းချုပ် ထားရင်းနဲ့ သွေးအန်တော့တယ်။
“ဖူး။” သူမရဲ့ သွေးတွေက လေထဲကို ပျံ့သွားခဲ့တယ်။ ကြားရတဲ့ အသံကတော့ သတ္တုချင်း ထိခတ်တဲ့ အသံလိုပဲ။ မြွေအမြီးကြီးက လှုပ်ရှားနေတာ ရပ်သွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ လက်တစ်ဖက်က သူ့ကို ကိုင်လိုက်လို့ပဲ။ ဒီအချိန် နန်ကုန်းဟောင်ရဲ့ ဘေးမှာ လူတစ်ယောက် ရောက်လာတယ်။ လျှပ်စီး လက်သလိုကို မြန်ဆန်တယ်။
နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျ နေပင်မယ့်၊ သူ့အရှိန်နှုန်းကတော့ လျော့ မသွားခဲ့ဘူး။ လက်သီးနဲ့ ထိုးချလိုက်တယ်။
ဝုန်း။ နန်ကုန်းဟောင် တစ်ချက် နောက်ဆုတ် သွားရပြန်တယ်။ ဒါပေမယ့် မြွေ အမြီးကို လက်မလွှတ်ဘူး။ တကယ့်ကို ပြင်းထန်တဲ့ တိုက်ပွဲပဲ။
သုံးယောက် တစ်ယောက် တိုက်ပွဲမှာ၊ ရန်ချင်း၊ ပင်းယန်၊ ချီကူယန် သုံးယောက်က ကောင်းကောင်း မပူးပေါင်း နိုင်ပေမယ့်၊ ဘယ်တစ်ယောက်ကမှ လွယ်လွယ်နဲ့ လက်မလျှော့ကြဘူး။
ရန်ချင်းက လက်သီးနဲ့ ထိုးချပြီးတဲ့ အချိန်မှာပဲ ဒုတိယ လက်သီးချက် တစ်ချက်ကို ထပ်ပြီးတော့ ထိုးချလိုက်တယ်။ သူ့ အမူအယာမှာ ရူးသွပ်မှု့ လွဲပြီးတော့ ကျန်တာ မရှိဘူး။
နန်ကုန်းဟောင်က သူ့လက်တွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်တိုက် လှုပ်ရှား နေခဲ့တယ်။ ရွှေရောင် အလင်းတန်းတွေ ဖုံးလွှမ်းနေတဲ့ သံချပ်ကာကို ဝတ်ထားတဲ့ လက်တစ်ဖက်က ချီကူယန်ကို ဆွဲလိုက်တယ်။
“ယန်လေး။” ရဲရဲတောက် ချီလင်လှံက နောက်တစ်ခေါက် ထိုးချလိုက်ပြန်တယ်။ ရွှေရောင် အလင်းတန်းက မြွေတစ်ခုလိုမျိုး သူ့လက်မောင်းကို လာရစ်ပတ်တယ်။
ဒါပေမယ့် နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်ကို လှံက မထွင်းဖောက် နိုင်ခဲ့ဘူး။
ဝုန်း။ ပင်းယန်ကို သူကန်ထုတ်လိုက်တယ်။ ချီကူယန်ကတော့ ဖြူဖျော့ နေခဲ့ပြီ။
“သူက အရမ်းကို အင်အားကြီးလွန်းတယ်။”
“ချီကူယန်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာပဲ။ နန်ကုန်းဟောင်ကို အကူအညီ ှနစ်ယောက်နဲ့တောင် အနိုင် မတိုက်နိုင်ဘူး။ သူတို့တွေက အဆင့် အတူတူ မဟုတ်ဘူး။”
“နန်ကုန်းဟောင်က ဘာဖြစ်လို့ ဒီလောက်တောင် အင်အား ကြီးနေတာလဲ။”
ပတ်ဝန်းကျင် တပည့်သားတွေက မြေပြင်ပေါ်မှာ လဲကျနေတဲ့ ပင်းယန်နဲ့ ချီကူယန်ကိုကြည့်ရင်း တွေးနေကြတယ်။ သူတို့ သုံးယောက် အခြေအနေကို မပြောင်းလဲနိုင်မှန်း သိနိုင်တယ်လေ။ ရလဒ်ကတော့ ဘယ်လောက် ကြာကြာ တောင့်ခံနိုင်မယ် ဆိုတာပဲ။
“သေသင့်တဲ့ နန်ကုန်းဟောင် ယန်လေး။ အဆင်ပြေရဲ့လား။” ပင်းယန် မေးတယ်။
“ငါ အဆင်ပြေတယ်။” ချီကူယန် ထရပ်ချင်တယ်။ သူမရဲ့ လက်တွေက မနားတမ်း တုန်ယင်နေဆဲ။
ကောင်းကင် တာအို ခန်းမ အကြီးအကဲတွေကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်းနဲ့သာ စောင့်ကြည့် နေကြတယ်။
“ခန်းမ ခေါင်းဆောင်။ ဒီ တိုက်ပွဲက ကြာတော့မှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ နန်ကုန်းဟောင်က သန်မာလွန်းတယ်။ နောက်ပြီးတော့ ကူယန်က ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထားပြီးသား။”
“ကူယန်က အရှုံးကို လက်ခံမယ်လို့ မင်းတို့ ထင်နေတာလား။” မုချင်းဖန်း ပြောတယ်။ သူမက အရှုံးကို ဝန်ခံမှာ မဟုတ်ဘူး။
ဝုန်း။ အခုမှ ထရပ်နိုင်တဲ့ ရန်ချင်း၊ နန်ကုန်းဟောင် ဆီကို ပြေးလာပင်မယ့်၊ လွင့်ထွက် သွားခဲ့တယ်။ သူမြေပြင်ပေါ် ကျတဲ့ အချိန်မှာ ဓားတစ်လက်က သူ့ရင်ဘတ်ကို နောက်တစ်ခေါက် စိုက်ဝင် လာခဲ့တယ်။
“အား။” ရန်ချင်း နာကျင်မှုနဲ့ ဟိန်းဟောက်လိုက်တယ်။ ရလဒ်ကို ဘယ်လို နည်းနဲ့မှ သူလက်မခံ နိုင်ဘူး။
“မပျက်စီးနိုင်တဲ့ ခန္ဒာကိုယ်က တကယ် ကောင်းတာပဲ။” နန်ကုန်းဟောင်က ဓားကို ပိုနက်နက် စိုက်ဝင်အောင် လုပ်တယ်။
ဒီတစ်ခေါက် တိုက်ပွဲမှာ နန်ကုန်းဟောင် လူမသတ် ချင်ပေမယ့်၊ ရန်ချင်းကိုလည်း နောက်တစ်ခေါက် ထလာခွင့် မပေးနိုင်ဘူး။
“ယန်လေး အရင်ဆုံး နားလိုက်။ ငါသူ့ကို တားလိုက်မယ်။” ပင်းယန်က ဆေးလုံး တစ်လုံးကို ထုတ်ပြီးတော့ ချီကူယန်ရဲ့ ပါးစပ်ထဲ ထည့်ပေးတယ်။ အဲ့ဒီ့နောက် သူ့ခန္ဒာကိုယ်ကို သုံးပြီး ချီကူယန်ကို ကာထားခဲ့တယ်။
“ပင်းယန်တောင် အရွယ်ရောက်လာပြီ။” ချီကူယန် နောက်ထပ် ပြောချင်ပေမယ့် ပါးစပ် မဟနိုင်တော့ဘူး။
“လာလိုက်စမ်းပါ။ နန်ကုန်းဟောင်။ ငါက လက်နက်ချင်း ယှဉ်ရင် နင့်ကို မနိုင်တာ ဟုတ်တယ်။ ဒါပေမယ့် နင်ငါ့ကို လက်ဗလာနဲ့ တိုက်ဝံ့လား။” ပင်းယန် ပြောရင်းနဲ့ ချီလင်လှံကို ပြစ်ချလိုက်တယ်။
“မင်းသမီးက အချိန်ဆွဲချင် နေတာလား။” နန်ကုန်းဟောင်က ပင်းယန်ကို ကြည့်ရင်း ပြောတယ်။ ချီကူယန် အတွက် အချိန် ဆွဲပေး နေတာကို သူနားလည်တယ်။
“နင်က မလုပ်ရဲတာလား။”
“မင်းသမီး ပြောတဲ့ အတိုင်းပဲ လုပ်ကြတာပေါ့။
“ကောင်းပြီလေ။ လာလိုက်စမ်း။” ပင်းယန် အံကြိတ်ရင်း လက်သီး ပြင်လိုက်တယ်။ သူမရဲ့ လက်သီး တစ်ခုလုံးကို တောက်ပတဲ့ မီးတောက်တွေက လွှမ်းခြုံ သွားခဲ့တယ်။
နန်ကုန်းဟောင်ကတော့ သူ့ဓားကို ခပ်မြန်မြန်ပဲ ပြန်သိမ်းလိုက်ပြီးတော့ ပင်းယန်ရဲ့ လက်သီးကို ဖမ်းဆွဲထားတယ်။ ပင်းယန်ရဲ့ လက်သီးက မီးတောက်တွေ ချက်ခြင်း ပျောက်ကွယ် သွားပြီးတော့၊ ပင်းယန်ရဲ့ မျက်နှာ တည့်တည့်ကို လက်သီးနဲ့ ထိုးချလိုက်တယ်။
ဝုန်း။ ပင်းယန် လွင့်ထွက်ပြီး မြေပြင်ပေါ်ကို အရှိန် ပြင်းပြင်းနဲ့ ကျတော့တယ်။ တုန်ယင်လာပြီး သွေးတွေ အန်တယ်။
“ယန်အယ်။” ချင်းယွိ အော်ရင်း ထရပ်တယ်။ ဒါပေမယ့် ပင်းယန် မျက်ဝန်းထဲက တောက်ပမှုကို မြင်ချိန်မှာ သူမ ပြန်ထိလိုက်တယ်။ ပင်းယန်က ဖြည်းဖြည်းချင်း ပြန်ထတယ်။ သူမရဲ့ မျက်ဝန်းတွေထဲမှာ မီးတောက်တွေ တောက်လောင် လာပြန်တယ်။
“မဆိုးဘူးပဲ။ နောက်တစ်ခေါက် လာစမ်း။” နန်ကုန်းဟောင်ကို မီးတောက် လက်သီးနဲ့ ထိုးချပြန်တယ်။
ရလဒ်ကတော့ မထူးဘူး။ ပင်းယန်ကတော့ လွင့်ထွက်သွားပြန်တယ်။ သူမရဲ့ ခြေထောက်တွေ တုန်ယင်နေပြီးတော့ မတ်မတ် မရပ်နိုင်တော့ဘူး။
“ဟ ဟား။ န န်ကုန်းဟောင်။ လက်ချည်း သက်သက် တိုက်ရင်လည်း နင်က မဆိုးဘူးပဲ။ နောက်တစ်ခေါက်။”
ဝုန်း။
“နောက်တစ်ခေါက်။”
ဝုန်း။
ပင်းယန် မြေပြင်ကို အကြိမ်ကြိမ် လွင့်ထွက်လာတာ မြေပြင်မှာ သွေးတွေတောင် အိုင်နေခဲ့ပြီ။
“ပင်းယန်။” လင်းမုပိုင်တော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဖြူဖျော့နေတယ်။ တိုက်ပွဲကို ကြည့်နေရင်း သူ့နှုတ်ခမ်း ထောင့်ကနေ သွေးတွေ စီးကျလာခဲ့တယ်။ သူဝင်ပါ ချင်ပေမယ့်၊ ချင်းယွိလိုပဲ ပင်းယန်က ဒီလို ရွေးချယ် ခဲ့တာလေ။ သူ့ကို တားလို့ ရမှာ မဟုတ်ဘူး။
“သူတို့တွေ ရှုံးနေတာတောင် ဘာဖြစ်လို့ သူက ဒီလောက်ထိ တိုက်ခိုက် နေတာလဲ။”
“ချီကူယန် ပြန်ကောင်းလာရင် တစ်ခုခု ထူးခြားမယ်လို့ ထင်နေတာလား။ နန်ကုန်းဟောင်က နန်ကုန်းမုထက် အများကြီး သန်မာတယ်လေ။ ချီကူယန် အကောင်းဆုံး လုပ်ရင်တောင် နိုင်နိုင် ပါအုန်းမလား။”
“ကျင့်ကြံဆင့် ကွာနေတဲ့ အပြင် ဒဏ်ရာကလည်း ပြင်းထန်တယ်။ နောက်ထပ် တိုက်ခိုက် နိုင်ဖို့တောင် မသေချာဘူး။”
တပည့်သားတွေ ပင်းယန်ကို ကြည့်ရင်း စိတ်ခံစားချက်တွေ ရှုပ်ထွေး နေကြတယ်။ ဒီလို လုပ်နေတာက မိုက်ရူးရဲ ဆန်လွန်းတယ်လေ။
“နောက်တစ်ခေါက် ထလာပြန်ပြီလား။ ၁၃ကြိမ် ရှိနေပြီလေ။”
ဝုန်း။
ပင်းယန် မြေပြင်နဲ့ ဝင်ဆောင့်ပြန်တယ်။ ဒီတစ်ခေါက်တော့ သွေးအိုင်တင် မကဘူး။ သွေးစီးကြောင်း တစ်ခုပါ ဖြစ်နေခဲ့ပြီ။ သူမရဲ့ သံချပ်ကာကတော့ လုံးဝကို စုတ်ပြ သွားခဲ့ပြီ။
“၁၄ကြိမ်မြောက်ပဲ။”
“နောက်တစ်ခေါက်။” ပင်းယန် အသက်ပြင်းပြင်းရှူနေရတယ်။ မျက်နှာ တစ်ခုလုံးက ခရမ်းရောင် ပြောင်းနေခဲ့ပြီ။ ခြေထောက်တွေလည်း တုန်ယင် နေခဲ့တယ်။ ဒါတောင် ကိုယ်ကိုယ့်ကို တွန်းအား ပေးနေဆဲ။
“ပင်းယန် အတူတူ လုပ်ကြရအောင်။” လက်မောင်း တစ်ဖက်က ပင်းယန်ရဲ့ ခန္ဒာကိုယ်ကို လာထိတယ်။ သူမကို ကူညီတဲ့ သူကတော့ ကိုယ့်ကိုယ်ကို ထနိုင်ဖို့တောင် မနည်းထူနေရတယ်။
“ယန်လေး။ ရသေးတယ်။ နည်းနည်း ထပ်နားအုန်း။” ပင်းယန် ကြိုးစားပြီး ခေါင်းခါတယ်။
“တို့တွေ ရှုံးရင်တောင်၊ အတူတူ ရှုံးဖို့ မျှော်လင့်ပါတယ်။” ပင်းယန်ရဲ့ ခေါင်းကို ပွတ်ပေးရင်း ချီကူယန် ပြောတယ်။ နန်ကုန်းဟောင်ကို သူမ ပြောတယ်။ “ဒါက နောက်ဆုံးပဲ။ ငါတို့တွေ အတူတူ တိုက်ခိုက်မယ်။”
“ကောင်းပြီ။”
ဝုန်း။ ကျမ်းကောင်းကင် တောင်ထိပ်မှာ သွေးနီရောင် အလင်းတန်းကြီးက ထိုးထွ့်လာတယ်။ လူနှစ်ယောက်လည်း လွင့်ထွက် သွားခဲ့တယ်။ သူတို့ နှစ်ယောက်ရဲ့ လက်တွေကတော့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ။ လုံး၀ လက်မလွှတ် ခဲ့ဘူး။
“ယန်လေး။ ငါတို့ ရှုံး သွားပြီ။” ပင်းယန် ရလဒ်ကို လက်မခံ နိုင်ပေမယ့်။ ခပ်ယဲ့ယဲ့လေး ပြုံးနေဆဲ။
“ဟုတ်တယ်။ တို့တွေ ရှုံးသွားပြီ။” ချီကူယန် ခေါင်းငြိမ့်တယ်။ ပင်းယန်ရဲ့ ပြောစကားကို ကြားချိန်မှာ သူမ စိတ်သက်သာရာ ရတဲ့ အပြုံးနဲ့ ပြုံးမိတယ်။
ဂျိန်း။ ဒီအချိန်မှာပဲ ခရမ်းရောင် မိုးကြိုးကြီးက ဆင်းသက်လာတယ်။ သွေးနီရောင် အလင်းတန်းကြီးကို ဖြတ်ပြီးတော့ ပင်းယန်နဲ့ ချီကူယန် ကြားကို ရောက်လာတယ်။
ဒီမိုးကြိုးကြီးက အားကြီးတဲ့ မိုးကြိုး မုန်တိုင်းကြီး တစ်ခုလိုပဲ။ ကပ်ဆိုး တစ်ခုလို ပုံစံနဲ့ တိုက်ပွဲ ကွင်းပြင်က ပျက်စီးမှုတွေ အားလုံးကို လွင့်ထွက်အောင် လုပ်လိုက်တယ်။
“သေစမ်း။ ဘယ်ခွေးကောင်က ငါ့ကောင်မလေးကို ရိုက်ဝံ့တာလဲ။”
အပိုင်း (၈၄၀) ပြီး၏။