← Chapters

အပိုင်း (၈၆၁-၈၇၀)

Vol. 9 Ch. 861-870

အပိုင်း (၈၆၁-၈၇၀)

Vol. 9 Ch. 861-870

အပိုင်း (၈၆၁)

“နယ်မြေ သုံးခုရဲ့ နတ်ဘုရား မုခ်ဝ”

“ဘိုးဘေးတွေ ပိုင်ဆိုင်ခဲ့တာ တဲ့လား။” မော့ရှန်းရှီ မျက်မှောင်ကြုတ်လိုက်တယ်။ နန်ကုန်းဟောင် ပြောနေတာ ဘာတွေမှန်း သူမသိဘူး။ နန်ကုန်းဟောင်ရဲ့ လက်ထဲမှာ ရှိနေတဲ့ သွေးပန်းပွင့်တွေက မကြာခင် ပျောက်ကွယ် သွားတော့တယ်။ နတ်သစ်ပင်မှာတော့ သစ်သီး တစ်သံ သီးလာတော့တယ်။ ဒီသစ်သီးက အရောင်သုံးရောင်နဲ့ ပြည့်နေခဲ့တယ်။

အနက်ရောင်က ထူးဆန်းတဲ့ အရှိန်အဝါတွေ ပြည့်နေတယ်။ အစိမ်းကတော့ သတ္တုလိုပဲ။ ရွှေရောင်ကတော့ အရမ်းကို တောက်ပလွန်းတယ်။ မျက်စိရှေ့မှာပဲ ဒီသစ်သီးက သစ်သီး သုံးခု အဖြစ်ကို ကွဲထွက်သွားတယ်။ ဒီသစ်သီးတွေက လုံးဝိုင်း မနေခဲ့ဘူး။ သော့ပုံစံ ဖြစ်နေခဲ့တယ်။

ဝုန်း။ ကောင်းကင်က တုန်ခါ သွားခဲ့တယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

“ငါ့ခံစားချက်တွေ မကောင်းဘူး။ မိုးပြိုတော့မယ် ထင်ရတယ်။”

“မိုးပြိုတော့မယ်။ မင်းဘာပြော ချင်တာလဲ။”

ဒီအချိန်မှာပဲ ကောင်းကင်က နေလုံးကြီး ကွယ်ပျောက်သွားပြီး ညအချိန်ကို ရောက်သွားတော့တယ်။ နတ်သစ်ပင် ထိပ်က သစ်သီး သုံးခုရဲ့ အလင်းရောင်သာ ကျန်ရစ်နေခဲ့တယ်။

“မိုးမြေ ပြောင်းလဲ ယင်ယန် အလှည့်အပြောင်းလား။” တိုက်ခိုက်နေတဲ့ တောက်ဟွမ် အထိတ်တလန့် ပြောမိတယ်။ တပည့်သားတွေကတော့ မျက်လုံး အပြူးသား။ ဒိလို နေ့ည ပြောင်းလဲတာကို သမိုင်းစာအုပ် ထဲမှာတောင် မဖတ်ဖူးဘူး။

“ကောင်းကင်မှာ ကြယ်တွေ ကြယ်တွေ။”

“လမင်းကြီးကောပဲ။ ငါအိပ်မက် မက်နေတာလား။”

“မိုးမြေ ပြောင်းလဲတာလား။” ချင်းယွိလည်း လန့်နေခဲ့တယ်။ ဒီပြောင်းလဲမှု အတွက် အကြောင်းအရင်းကို သူမ တကယ်ပဲ မသိခဲ့ဘူး။ မော့ရှန်းရှီ၊ တောက်ဟွမ်၊ ချင်းယွိတို့နဲ့ ယှဉ်လိုက်ရင် မုချင်းဖန်းရဲ့ အမူအယာကတော့ ကွာခြားတယ်။ သူ့စိတ်ထဲ အတွေးတွေ အများကြီး ဝင်ရောက် လာနေတယ်။ ကောင်းကင်တာအို တောင်ခြေမှာ ရှိတဲ့ နန်းတော်ထဲက ကျောက်ဖျာထဲမှာ ဒါတွေကို ရေးထားတယ်လေ။

“နတ်သစ်ပင်။”

“သွေးပန်းပွင့်တွေ။”

“မြေကမ္ဘာ မိခင်ရဲ့ မျှော်လင့်ချက်။ မိုးမြေ ပြောင်းလဲမှု။”

“..”

မုချင်းဖန်းရဲ့ စိတ်ထဲမှာ အရာအားလုံး ပေါ်လာ နေပင်မယ့်၊ သူအဖြေ မထုတ်နိုင် သေးဘူး။

“သစ်သီး သုံးခု။ လောကသုံးခု။ နတ်ဘုရား မုခ်ဝ။ နန်ကုန်းဟောင်က နယ်မြေ သုံးခုရဲ့ နတ်ဘုရား တံခါးကို ဖွင့်ချင် နေတာပဲ။” ဒီအချိန် မာဆတ်ဆတ် အသံကို ကြားလိုက်ရတယ်။

ဒီအချိန် ချီကူယန်က ကိုယ့်ကိုယ်ကို အားတင်းရင်း ထရပ် နေခဲ့ပြီ။

“ဘာကြီး နတ်ဘုရား မုခ်ဝ။” တပည့်သားတွေ အထိတ်တလန့် ဖြစ်ကုန်ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မေးခွန်း မထုတ်ကြဘူး။ ချီကူယန် ပြောတာ ဖြစ်နေုလိ့ပဲ။

“ဟုတ်တယ်။ ကူယန်ပြောတာ မှန်တယ်။” မုချင်းဖန်း ဝင်ပြောတယ်။

“ဒီတော့ ဒဏ္ဍာရီတွေ မှန်နေတာပဲ။” မော့ရှန်းရှီ အလန့်တကြား ပြောမိတယ်။

“တံခါးကို ဖွင့်ပြီး ဘာလိုချင်လို့လဲ။” မုချင်းဖန်းကတော့ အခြေအနေ သိပ်မကောင်းဘူး။

ဒီအကြောင်းကို မှတ်တမ်းတင်ထားတာ အရမ်းနည်းတယ်လေ။ နတ်ဘုရား မုခ်ဝက နယ်မြေ သုံးခုကို ချိတ်ဆက်ထားတယ်။”

“ဟဟား။ မင်းတို့ မှားနေပြီ။ ငါတို့ နန်ကုန်းမျိုးနွယ်က နတ်ဘုရား တံခါးကို ဖွင့်ချင်ရုံပဲ။” နန်ကုန်းထျန်း ပြောတယ်။

“နတ်ဘုရား တံခါး။”

“နတ်ဘုရား နယ်မြေက တကယ်ပဲ ရှိတာပေါ့။”

“အမှန်တရားကို ဖုံးကွယ်နေစရာ မလိုတော့ဘူး။” ယန်ယင်း တိုက်ခိုက်နေတာကို ခုခံရင်း နန်ကုန်းထျန်း ပြောတယ်။ “နန်ကုန်း မျိုးနွယ်တွေရဲ့ မူလ မျိုးရိုး နာမည်က ကျန်း (ဧကရာဇ်ယန်ရဲ့ မျိုးဆက်တွေ)။ ဒါပေမယ့် ငါတို့ ဘိုးဘေးကြီး ဧကရာဇ်ယန်က အမှား တစ်ခု လုပ်ခဲ့ မိတာကြောင့် ငါတို့ နာမည်ကို နှစ်ထောင်ချီ ဖုံးကွယ် ထားရတယ်။”

“အမှား တစ်ခုဟုတ်လား။”

“ဟုတ်တယ်။ အမှား။” နန်ကုန်းထျန်း ခေါင်းငြိမ့်ရင်း နှမြောတသမှု အပြည့်နဲ့ ပြောတယ်။ “ခန်းမ ခေါင်းဆောင်မု ပြောခဲ့တဲ့ ဇာတ်လမ်းက တကယ့် ဘဝမှာ ဖြစ်ခဲ့တယ်။”

“မြေကမ္ဘာ မိခင်ကြီး အကြောင်းကို ပြောတာလား။”

“ကပ်ဆိုးကြီး ကျရောက်ချိန်လား။”

တပည့်သားတွေ ပိုလန့်ကုန်တယ်။ နန်ကုန်းထျန်းက ဒါကို ပြောတယ် ဆိုတော့ သူအသေးစိတ် သိနေတာ ဖြစ်နိုင်တယ်။ မုချင်းဖန်းတောင် စိတ်ထဲ တုန်လှုပ် နေမိတယ်။

“မင်းတို့တွေ ငါ့ကို ယုံမှာ မဟုတ်ပေမယ့်၊ ဒီကပ်ဆိုးကြီးက မျိုးနွယ်စု သုံးခုရဲ့ တိုက်ပွဲကြောင့် ဖြစ်ပေါ် လာတာ။ လူသား၊ နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ် သုံးခုရဲ့ တိုက်ပွဲ ရလဒ်ပဲ။” နန်ကုန်းထျန်း ဆက်ပြောတယ်။

“မျိုးနွယ်စု သုံးခု တိုက်ပွဲ။”

“လွန်ခဲ့တဲ့ နှစ်ထောင်ချီမှာ၊ ယန်ဟွမ် ဧကရာဇ် နှစ်ပါးရဲ့ ဦးဆောင်မှုနဲ့ မဟာ စစ်ပွဲကြီး စတင်ခဲ့တယ်။ ဒါပေမယ့် ဒီစစ်ပွဲကြီးက အဆုံးသတ် မရှိတာကို ဘယ်သူမှ မသိခဲ့ကြဘူး။ နောက်ဆုံး တိုက်ပွဲမှာ ကပ်ဆိုးကြီး ကျရောက် လာခဲ့တယ်။ ဒီကပ်ဆိုးကြီးက သက်ရှိတွေကို ပျက်သုန်းစေပြီး လောကကြီးကို သွေးချောင်းစီး မီးပင်လယ်ကြီး အသွင်ကို ပြောင်းလဲ ပြစ်ခဲ့တယ်။” နန်ကုန်းထျန်းရဲ့ အသံက တိမ်ဝင် သွားခဲ့တယ်။

“အဆုံးမသတ်တဲ့ စစ်ပွဲကြီး။”

“နောက်ဆုံးစစ်ပွဲက ကပ်ဆိုးကြီး။”

“ဒါတွေ ယန်ဟွမ် သမိုင်းထမြှာ ဘာဖြစ်လို့ မပါတာလဲ။” သူတို့တွေ ဇာတ်ကြောင်းကို လန့်နေမိပင်မယ့် သံသယလည်း ဝင်နေဆဲ။

နန်ကုန်းထျန်းကတော့ ဘယ်သူ့ကိုမှ ဂရု မစိုက်ပဲ ဆက်ပြောတယ်။ “မျိုးနွယ်စု သုံးကို ယာယီ စစ်ပြေငြိမ်းဖို့ မြေကမ္ဘာ မိခင်ကြီးက ညှိနှိုင်းပေးခဲ့တယ်။ ဒါပေမယ့် စစ်ပွဲနဲ့ သဘာ၀ အပျက်အစီးတွေကို ဖြေရှင်းဖို့ မြေကမ္ဘာ မိခင်ကြီး တစ်ယောက်တည်း မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် မျိုးနွယ်စု သုံးခုရဲ့ အင်အား အကြီးဆုံး သူတွေကို စေလွှတ်ပြီး ကပ်ဆိုးကို တိုက်ခိုက်ဖို့နဲ့ ကောင်းကင်ကို ပြုပြင်ခိုင်းဖို့ တောင်းဆိုခဲ့တယ်။”

“ကောင်းကင်ကို ပြုပြင်ဖို့။”

“မျိုးနွယ်စု သုံးခုက ထိပ်သီးတွေ စုဝေးတယ်။”

တပည့်သားတွေ တိတ်ဆိတ် သွားကြတယ်။ ဒါကိုတော့ သူတို့ တွေးနိုင်ကြတယ်။ ကပ်ဆိုးကြီး ကျလာတဲ့ အချိန် မြေပြင်က မီးတွေ တောက်လောင်နေတယ်။ အင်အား အကြီးဆုံး သူတွေက ကောင်းကင် ဥက္ကာပျံတွေကို တားဆီးဖို့ ကြိုးစားကြတယ်။ သူတို့ အင်အားတွေကို အပြည့်အ၀ သုံးပြီး ကပ်ဆိုးကြီးကို တိုက်ခိုက်တယ်။

“မြေကမ္ဘာ မိခင်ကြီး။ နွီဝါး မယ်တော် ကောင်းကင်ကို ပြန်ပြင်တာလား။” ဖန်ကျန်းရှီ အံ့သြ နေခဲ့တယ်။ သူဒါကို အရင်ဘဝမှာ ကြားဖူးပြီးသား။ နန်ကုန်းထျန်း ပြောတာနဲ့ နည်းနည်းလေးပဲ ကွာတယ်။ ဒီလောကမှာ ဘာဖြစ်လို့ ဒဏ္ဍာရီ အတူတူ ရှိနေ ရတာလဲ။

နောက်ပြီးတော့ ဘာဖြစ်လို့ အကြောင်းအရာတွေ ကွာနေတာလဲ။ ဒါက ဘာလောကကြီးလဲ။ အရင်လောကနဲ့ ဘယ်လို ဆက်စပ် နေတာလဲ။ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ဝင်လာတော့တယ်။ ဒါပေမယ့် နန်ကုန်းထျန်း ပြောတာ အမှန် ဟုတ်မဟုတ် မသေချာတဲ့ အတွက် သူလည်း ရှင်းမပြနိုင်ဘူး။

လောက နှစ်ခုလုံးမှာ ရှိနေတဲ့ စာအုပ်တွေကိုတော့ သူသိတယ်။ အရင် လောကရဲ့ ဂန္တဝင် စာအုပ်တွေ အားလုံးက ဒီလောကမှာ တာအို နိယာမလို့ နာမည်ပြောင်းပြီး ရှိနောကတယ်။

နန်ကုန်းထျန်း တုန်ယင်တဲ့ အသံနဲ့ ပြောပြန်တယ်။ “မင်းတို့ ခန့်မှန်းတာ မှန်တယ်။ မျိုးနွယ်စု သုံးခုလုံးက ထိပ်သီးတွေ ပါဝင်တဲ့ အတွက် ယန်ဧကရာဇ် မိသားစုက ထိပ်သီးတွေလည်း ပါဝင်ခဲ့တယ်။ ဒါပေမယ့် ငါတို့တွေ အမှား လုပ်မိတယ်။ စွမ်းအားကုန် သုံးပြီးတော့ ငါတို့တွေ တောင့်ခံခဲ့တယ်။ ဒါကြောင့် အမှားကို ပေးဆပ်ရတာပဲ။”

“တောင့်ခံနိုင်ခဲ့တာ ဘာများ မှားနေလို့လဲ။” တပည့်သားတွေ နားမလည် နိုင်ဘူး။ ကပ်ဆိုး တစ်ခုကို တောင့်ခံနိုင်တာ ဆိုးဝါးတဲ့ ကိစ္စကြီးမှ မဟုတ်ပဲ။ နန်ကုန်းထျန်းကတော့ အမှားကြီး တစ်ခုလို ဘာဖြစ်လို့ ပြောနေ ရတာလဲ။

“ဟုတ်တယ်။ ဟဟား ငါတို့တွေသာ အဲ့ဒီ့ အမှား မလုပ်ခဲ့ရင် ငါတို့ မျိုးနွယ်တွေ နိမ့်ကျ ရမှာ မဟုတ်ဘူး။ ငါတို့တွေ မြေကမ္ဘာ မိခင်ကြီးကိုချည်း ယုံကြည်ပြီး အားကုန်သုံးပြီး ခုခံခဲ့တယ်။ ကပ်ဆိုးကြီး ပြီးဆုံး သွားတဲ့ အချိန် ငါတို့တွေ စွမ်းအား ကုန်ဆုံး သွားတာကြောင့် ကောင်းကင် အပြင်ဘက်မှာပဲ ပိတ်မိခဲ့ရတယ်။”

“ကောင်းကင် အပြင်က ဝင်လာတဲ့ ကပ်ဆိုးတွေကို အားကုန်သုံးပြီး ဖယ်ရှားဖို့ ငါတို့ တာဝန် ကျခဲ့တယ်လေ။ မြေကမ္ဘာ မိခင်ကြီး ကောင်းကင်ကို ဖာထေးချိန် ရဖို့ ငါတို့တွေ ခုခံ ပေးခဲ့ရတယ်။ ဒါပေမယ့် ကောင်းကင်ကို ပြန်ပြင်ပြီးတဲ့ အချိန်၊ ကောင်းကင်ကို ငါတို့ နောက်တစ်ခေါက် ပြန်ဝင်ခွင့် မရတော့ဘူး။ ဒါက အမှားကြီးလို့ မင်းတို့ မထင်ဘူးလား။”

“..”

“ကောင်းကင်ကို နောက်တစ်ခေါက် ပြန်ဝင်ခွင့် မရတော့ဘူး။”

ဒီတစ်ခေါက်တော့ လူတွေ အားလုံး တိတ်ဆိတ် သွားကြတယ်။ နန်ကုန်းထျန်း ပြောတာသာ မှန်ရင်၊ ယန်ဧကရာဇ် မိသားစုတွေက တကယ့်ကို ဆုံးရှုံးမှုကြီး ကြုံခဲ့ ရတာပဲ။ ကပ်ဆိုက်တယ်လို့တောင် ပြောလို့ ရနိုင်တယ်။

“သဘာ၀ ကပ်ဆိုးကြီးကို ဖြေရှင်းပြီးတဲ့နောက် မြေကမ္ဘာ မိခင်ကြီးက စွမ်းအားတွေ ကုန်ဆုံး သွားခဲ့တယ်။ ဒါပေမယ့် ငါတို့တွေကို ကောင်းကင် အပြင်ဘက် ထားခဲ့မိတဲ့ အတွက် အပြစ်မကင်း ဖြစ်တာကြောင့် ယန်ဧကရာဇ် မျိုးဆက်တွေကို အစေ့ တစ်စေ့ ပေးခဲ့တယ်။ ဒါ့အပြင် (ကောင်းကင်ကို လက်ခံနိုင်တဲ့ မြေပုံ ၃၆ခု)ကိုလည်း ဟွမ်ဧကရာဇ် မိသားစု ဆီမှာ ချန်ရစ် ထားခဲ့တယ်။ ယန်နဲ့ ဟွမ် မျိုးဆက်တွေ ပေါင်းစည်းပြီးတော့ ကောင်းကင် အပြင်ဘက်မှာ ရောက်နေတဲ့ ငါတို့ တွေကို ပြန်ခေါ်ဖို့ လုပ်စေခဲ့တယ်။ ဒါပေမယ့် ဧကရာဇ်ဟွမ်ရဲ့ မျိုးဆက်တွေက ကောင်းကင် မြေပုံ ၃၆ခုကို သုံးပြီးတော့ ထီးနန်းကိုသာ ရယူခဲ့တယ်။ ကောင်းကင် အပြင်ဘက်မှာ ပိတ်မိနေတဲ့ ဘိုးဘေးတွေ အားလုံးကို လျစ်လျူရှု ထားခဲ့တယ်။” နန်ကုန်းထျန်းရဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေ ရစ်ဝဲ လာတော့တယ်။

“ကောင်းကင် မြေပုံ ၃၆ခု။ ငါတော့ တစ်ခါမှ မကြားဖူးဘူး။”

“အဲ့တာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၃၆ခုကို ပြောတာ မဟုတ်လား။”

တစ်ချို့ တပည့်သားတွေ ခပ်မြန်မြန်ပဲ သဘောပေါက်ကြတယ်။ ၃၆ ဆိုတဲ့ အရေအတွက်က ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေပဲလေ။ ဒီတော့။

“ကြီးမြတ်သောရှ မင်းဆက်က ဧကရာဇ် ဟွမ်ရဲ့ မျိုးဆက်တွေလား။” တပည့်သား တစ်ယောက်ရဲ့ အသံကြောင့် လူတိုင်းရဲ့ အကြည့်က ဧကရာဇ် လင်းမုပိုင်ဆီကို ရောက်လာခဲ့တယ်။ ဧကရာဇ် လင်းမုပိုင်ကတော့ ချက်ခြင်း မျက်နှာပျက် သွားခဲ့တယ်။

နန်ကုန်းထျန်းကတော့ စကားပြောချိန် မပေးခဲ့ဘူး။

“ဟုတ်တယ်။ လင်းမုပိုင်က ဧကရာဇ် ဟွမ်ရဲ့ မျိုးဆက်တွေ။ လင်းမိသားစုက ကတိကို ဖောက်ခဲ့တဲ့ အတွက် ငြင်းခုန်မှုကို အများကြီး ဖြစ်ပြီးတဲ့နောက် ငါတို့ ဘိုးဘေးတွေက သည်းမခံ နိုင်တော့ဘူး။ အဲ့ဒီ့ တိုက်ပွဲမှာ ယန်ဧကရာဇ် မိသားစု အားလုံးနဲ့ တိုက်ခိုက်တာတောင် ငါတို့တွေ မနိုင်ခဲ့ဘူး။ အဲ့ဒီ့ တိုက်ပွဲကြီး ပြီးတဲ့နောက် ဟွမ်ဧကရာဇ် မိသားစုတွေလည်း အားကုန်ခမ်းပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တယ်။ အခုချိန်တော့ ကြီးမြတ်သောရှက လောကကြီးကို အုပ်စိုးခဲ့တယ် ဆိုပြီး အတိတ်ကို ပြန်ပြောလို့ ရနေပြီလေ။”

နန်ကုန်းထျန်း ပြောရင်းနဲ့ ဝမ်းနည်းလာပုံပဲ။ ဒါပေမယ့် သူ့ရဲ့ ဂုဏ်ယူ ဝံ့ကြွားဟန်ကတော့ မပြောင်းလဲ။ တပည့်သားတွေ အားလုံးကတော့ ပါးစပ် အဟောင်းသား။ တကယ်တော့ အရင်ခေတ်မှာ မြင့်မြတ်နယ်မြေ မပေါ်ထွက် ခင်က လောကကြီးကို ကြီးမြတ်သောရှ တစ်ခုတည်း အုပ်ချုပ် ခဲ့တာလေ။ ဒါပေမယ့် ပြိုကွဲပြီးတော့ သမိုင်းထဲမှာ ဖုန်တက် ပျောက်ကွယ် သွားခဲ့တယ်။

“နန်ကုန်းထျန်း မဟုတ်တမ်း တရားတွေ ပြောနေတာပဲ။” ဧကရာဇ် လင်းမုပိုင် ဒေါသ တကြီးနဲ့ ပြောတော့တယ်။

“ဟဟဟား။ ဒါတွေက အရေးမကြီး တောပါ့ဘူး။ ဒါပေမယ့် ကောင်းကင် မြေပုံတွေကို ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေလို့ နာမည် ပြောင်းတဲ့ အထိ ဧကရာဇ် ဟွမ်ရဲ့ မျိုးဆက်တွေက ကြောက်နေမယ်လို့ ငါမထင်ထား ခဲ့မိတာ အမှန်ပဲ။ ပြီးတော့ စစ်အင်အားနဲ့ ကျောက်ဖျာတွေကို လှဲလှယ်ပြီး နိုင်ငံတော်ကြီး ထပ်တည်ထောင် ခဲ့တယ်လေ။” နန်ကုန်းထျန်း အော်ဟစ် ရယ်မောရင်း ပြောတယ်။

“လွန်ခဲ့တဲ့ နှစ်ထောင်ချီက ကိစ္စတွေကို မင်းဘယ်လိုလုပ် သိနေတာလဲ။” ဧကရာဇ် လင်းမုပိုင် သူ့ကို မယုံခဲ့ဘူး။

“ဒါပေါ့။ ငါမသိပေမယ့် နန်ကုန်း ဘိုးဘေးတွေက အကုန်သိတယ်။ နန်ကုန်းတွေက ကြီးမြတ်သောရှ နယ်မြေထဲမှာ အခြေစိုက်ထားတာ ဘာကြောင့်လို့ မင်းထင်လဲ။ ငါတို့တွေ အမတ်မလုပ်တာကို မင်းနားလည်လား။ မင်းမသိပင်မယ့်၊ ကြီးမြတ်သောရှရဲ့ ထိုက်ကျုံး ဧကရာဇ်ကတော့ သိတယ်။ ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင်၊ ထိုက်ကျုံး ဧကရာဇ်က မင်းတို့ကို နန်ကုန်း မိသားစုနဲ့ ပတ်သက်တဲ့ မှာတမ်း ချန်ထားရစ်တယ် မဟုတ်လား။”

အပိုင်း (၈၆၁) ပြီး၏။

အပိုင်း (၈၆၂)

“ချဉ်းကပ်လာတဲ့ မိန်းမလှလေး။”

“မင်း။” ဧကရာဇ် လင်းမုပိုင် ဒီစကားကို ကြားချိန်မှာ အမူအယာ ပြောင်းသွားပြန်တယ်။ တကယ်ပဲ ဧကရာဇ် ထိုက်ကျုံးက မှာကြားခဲ့တယ်။ နန်ကုန်းတွေကို ဘယ်တော့မှ မသတ်ရဘူး။ ကြင်ကြင်နာနာ ဆက်ဆံရမယ်။

“ဒီတော့ ပြောစရာ စကား မရှိတော့ဘူးလား။” နန်ကုန်းထျန်း ရယ်မောတယ်။

“အဲ့ဒီ့ မှာတမ်းထဲမှာ နန်ကုန်းမျိုးနွယ်တွေကို ကြင်နာရမယ်။ တတ်နိုင်သလောက် အကောင်းဆုံး အကူအညီ ပေးရမယ်လို့ မှာထားတယ်လို့ ပြောရင် မင်းယုံမှာလား။” လင်းမုပိုင် သူ့ရဲ့ ခမ်းနားတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ် နေခဲ့တယ်။

“ဟဟ ဟား။ အဲ့ဒီ့ ဧကရာဇ် ထိုက်ကျုံး တစ်ယောက်ပဲ ထက်မြက်တယ်။ ဧကရာဇ်ယန် မိသားစုနဲ့ ရန်သူ ဖြစ်လို့ မရတာကြောင့် ငါတို့ကို သိမ်းသွင်းဖို့ သူမျှော်လင့် ခဲ့တယ်လေ။ ဒါပေမယ့် ဧကရာဇ်ယန်ရဲ့ မိသားစုတွေက ဘယ်တော့မှ သစ္စာ မဖောက်တာကို သူမသိရှာဘူး။”

“နန်ကုန်းထျန်းမင်း။” လင်းမုပိုင် စကား ထပ်ပြောချင်ပင်မယ့် သူ့စကားတွေက ထွက်မလာဘူး။

နန်ကုန်းထျန်းက အမုန်းတရားနဲ့ ပြည့်နေတာကို သူသိထားတယ်။ ထိုက်ကျုံး ဧကရာဇ်ရဲ့ နန်ကုန်း မျိုးနွယ်တွေကို သိမ်းသွင်းဖို့ အိပ်မက်ကလည်း မဖြစ်နိုင်တဲ့ အရာတစ်ခုပဲ။ ဒါပေမယ့် အဖြစ်အပျက်တွေ ဖြစ်ခဲ့တာက ကြာလှပြီ။ ဧကရာဇ်တွေလည်း အဆက်ဆက် ပြောင်းလဲ ခဲ့ပြီ။ ဒါမျိုး ဖြစ်ခဲ့မှန်းတောင် မမှတ်မိတော့ဘူး။

“ယန်ဧကရာဇ် မိသားစုတွေက သဘာ၀ ကပ်ဆိုးတွေကို အားကုန်သုံးပြီး ခုခံ ပေးပင်မယ့်၊ ဘာပြန်ရ လိုက်လဲ။” နန်ကုန်းထျန်း ဆက်ပြောတယ်။ “သမိုင်း မှတ်တမ်းတွေက အောင်မြင်မှုတွေကိုပဲ ရေးထားတယ်။ ငါတို့ မျိုးဆက်တွေ အကြောင်းကို တစ်ခုတောင် မရေးထားဘူး။”

နန်ကုန်းထျန်းရဲ့ ခန္ဒာကိုယ်က ပြင်းထန်တဲ့ အရှိန်အဝါတွေနဲ့ အတူ နဖူးမှာလည်း သုခမိန် သင်္ကေတ ပေါ်လာခဲ့တယ်။ တပည့်သားတွေကတော့ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ မပြောနိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်ထောင်ချီက ကိစ္စတွေကို ဘယ်သူ အမှန် သိနိုင်မှာလဲ။

နန်ကုန်းထျန်း ပြောတာ မှန်နေရင်တောင် ဒါက တစ်ဖက်သတ် ဇာတ်လမ်း ဖြစ်နေတယ်လေ။ ယန်ဟွမ် မျိုးဆက်တွေ အနေနဲ့ သူတို့က ဘာမှ ဝင်မပြောကြဘူး။

ဒါပေမယ့် အာရုံစိုက်ဖို့ လိုတာ တစ်ခုပဲ ရှိတယ်။ “နန်ကုန်းတွေ ဘာကို လိုချင်တာလဲ။ မိသားစု နှစ်ခုကြားက ရန်ငြိုးကို ဘယ်လို ပြန်ဖြေရှင်း ချင်လဲ။“

“ကောင်းပြီ။ ဧကရာဇ်ဟွမ်ရဲ့ မိသားစုက မလုပ်ချင်မှတော့ ငါတို့တွေပဲ လုပ်ရတာပေါ့။ ယန်ဧကရာဇ် မိသားစုရဲ့ ထိပ်သီးတွေကို ပြန်ခေါ်မယ်။” နန်ကုန်းထျန်းရဲ့ အမူအယာက အရိုင်းဆန် နေခဲ့တယ်။

“ကောင်းကင်တံခါးကို ဖွင့်မယ်။”

“နှစ်ထောင်ချီက ယန်ဧကရာဇ် မိသားစုရဲ့ ထိပ်သီးတွေကို ပြန်ခေါ်မယ်။”

အခုချိန်မှာတော့ လူတိုင်း နားလည် သွားခဲ့ပြီ။ သူက နတ်သစ်ပင်ကို သုံးပြီးတော့ ကောင်းကင်တံခါး ဖွင့်ဖို့ လုပ်နေတာပဲ။ ဒါပေမယ့် အဲ့ဒီ့ တံခါးက ကပ်ဆိုးတွေကို ကာကွယ်ထားတဲ့ တံခါးလေ။ ဒါသာ ပွင့်သွားရင်၊ လွန်ခဲ့တဲ့ နှစ်ထောင်ချီက ကပ်ဆိုးကြီး မြေပြင်ပေါ်ကို ပြန်ရောက် လ ာမှာလား။

ဘယ်သူမှ သေချာ မသိပေမယ့်၊ မဖြစ်နိုင်တာလည်း မဟုတ်ခဲ့ဘူး။ နန်ကုန်းထျန်းရဲ့ စကားတွေ့ နန်ကုန်း မိသားစု အကြောင်းပဲ ပါတာလေ။ သူတို့တွေ့ သမိုင်းထဲမှာ ရှိတဲ့ လူတွေကို ပြန်ခေါ် ချင်နေတာ။

“မဖြစ်ဘူး။ ကောင်းကင် တံခါးကို မဖွင့်ရဘူး။” မုချင်းဖန်း ပြောပင်မယ့် နောက်ကျ သွားခဲ့ပြီ။ နန်ကုန်းထျန်း မိသားစု ဇာတ်လမ်း ပြောနေချိန် နန်ကုန်းဟောင်ရဲ့ ခေါင်းပေါ်မှာ အက်ကွဲကြောင်းကြီး သုံးခု ပေါ်လာတယ်။ ဒီသုံးခုက နေရာ သုံးခုကို ကိုယ်စားပြုတယ်။ ရွှေရောင်၊ အစိမ်းနဲ့ အနက်။

နန်ကုန်းဟောင်လည်း ဒီအချိန်မှာ လှုပ်ရှားတော့တယ်။ သူ့ဘယ်လက်ကို မြှောက်လိုက်တယ်။ အလင်းတန်း တစ်ခု ကောင်းကင်က ကြွေဆင်းလာပြီး သူ့ခေါင်းပေါ်က ရွှေရောင် အလင်းတန်းနဲ့ ပေါင်းစပ်တော့တယ်။ ကြီးမားတဲ့ ရှေးဟောင်း တံခါးစိမ်းကြီး အဖြစ်ကို ပြောင်းလဲ သွားတယ်။

ဒီတံခါးစိမ်းကြီးက ရွှေရောင် အလင်းတန်းတွေနဲ့ ပြည့်နှက် နေခဲ့တယ်။ မြင့်မြတ်မှုတွေ အပြည့်နဲ့ အသက်ဝင်လာ သလိုပဲ။

“အဲ့တာ ကောင်းကင် လက်ခံ တံခါးလား။”

“ကောင်းကင် လက်ခံ တံခါးက နန်ကုန်းဟောင် လက်ထဲ ဘယ်လိုရောက်။”

“တံခါးစောင့်တွေ အားလုံးကို နန်ကုန်းဟောင် မသတ်သရွေ့တော့ ရောက်နေမှာ မဟုတ်ဘူး။”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ တကယ့်ကို ကြောက်လန့် နေကြတယ်။ ဒီတံခါးက ကောင်းကင် တာအို ခန်းမမှာ ရှိနေရမှာလေ။

“ကောင်းကင်လက်ခံ တံခါး မဟုတ်ဘူး။ အဲ့တာက နတ်ဘုရား နယ်မြေက တံခါး။ နန်ကုန်း ဘိုးဘေးတွေက သမိုင်းတွေကို အများကြီး ပြန်ရေး။ သမိုင်းထဲမှာ အများကြီး တိုက်ခိုက် ပြီးချိန်မှ ဒီကောင်းကင် တံခါးကို ပြန်ရယူနိုင်ခဲ့တာ။”

ကောင်းကင် တာအို ခန်းမက တပည့်သားတွေရဲ့ ပြောစကားကို ကြားချိန်မှာ နန်ကုန်းထျန်း ခေါင်းခါရင်း ပြုံးလိုက်တယ်။

“သမိုင်းကို ပြန်ရေးတယ်။”

“တံခါးကို ပြန်ယူတယ်။”

နန်ကုန်းထျန်း ပြောချင်တာကို သူတို့ နားလည်ကြတယ်။ ဒါဆိုရင် မြေကမ္ဘာ မိခင်ကြီး ပေးခဲ့တဲ့ အစေ့က ဒီတံခါးရဲ့ အစေ့ပဲ ဖြစ်ရမယ်။ အချိန်တွေ ပြောင်းလဲ လာတော့ သမိုင်းတွေကို ပြန်ရေး ခဲ့တာကြောင့် ဧကရာဇ် ဟွမ်ရဲ့ မျိုးဆက်တွေက နတ်ဘုရား တံခါး အကြောင်းကို နားမလည် ကြတော့ဘူး။ မဟာ တိုက်ပွဲကြီး အပြီးမှာ ဒီတံခါးက ယန်ဧကရာဇ် မိသားစု လက်ထဲကို ပြန်ရောက် သွားတော့တယ်။

ဒါပေမယ့် တံခါးတွေက ဘာဖြစ်လို့ သုံးခု ဖြစ်နေတာလဲ။ တစ်ခုခု လွဲနေပြီ။ နန်ကုန်းဟောင်ရဲ့ ခေါင်းပေါ်မှာ ပေါ်လာတဲ့ တံခါးတွေကို မြင်ချိန် တပည့်သားတွေ လွဲနေတာကို သတိထားမိတယ်။ အလယ် တံခါး အပြင် ဘေးဘက် တံခါး နှစ်ခုက အက်ကွဲကြောင်းတွေထဲမှာ ပေါ်လာနေတယ်။

ဒီတံခါးတွေက တည်ဆောက်ထားတဲ့ ပစ္စည်းတွေပဲ ကွာတယ်။ တစ်ခုက မဟူရာ သတ္တုနဲ့ လုပ်ထားတယ်။ နောက်တစ်ခုက ကြေးနီနဲ့ လုပ်ထားတယ်။ အရောင်က လွဲပြီးတော့ ထွက်နေတဲ့ အရှိန်အဝါတွေ အားလုံးက အတူတူပဲ။

ဒီမြင်ကွင်းကြောင့် မုချင်းဖန်းနဲ့ မော့ရှန်းရှီတောင် လန့်နေကြတယ်။

“အဲ့တာ အဲ့ဒီ့ နှစ်ခုက” နန်ကုန်းထျန်း မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။

ရပ်ကြည့်သူ ဖန်ကျန်းရှီကတော့ အရမ်းကို စိတ်လှုပ်ရှား နေခဲ့တယ်။ အဲ့ဒီ့ တံခါးထဲမှာ ကြေးနီနဲ့ လုပ်ထားတဲ့ တံခါးက သူ့ကိုယ်ထဲမှာ ရှိနေတဲ့ သေရှင် တံခါးနဲ့ တစ်ပုံစံတည်း တူနေလို့ပဲ။

“ဘာလဲ။ နန်ကုန်းဟောင်က ငါ့သေရှင် တံခါးကို ခိုးသွားတာလား။ မဟုတ်သေးဘူး။ ဒီမှာ ရှိသားပဲ။” ဖန်ကျန်းရှီ နန်ကုန်းဟောင်ကို သူခိုးလို့ ထင်သွားပေမယ့်၊ သူ့တံခါးက မပျောက်ဘူး။ ဖန်ကျန်းရှီ စဉ်းစား နေချိန်မှာပဲ ယွင်ချင်းဝူ ဘေးက ဝတ်ရုံနက် လှုပ်ရှားကို သတိ ထားမိလိုက်တယ်။

တကယ်တော့ ခြေလှမ်း တစ်လှမ်းပဲ လှမ်းလိုက်တာ။ ယွင်ချင်းဝူတောင် သခင်ကနေ အစေခံ ဖြစ်သွား သလိုပဲ။ ဒီဝတ်ရုံနက် ကျွတ်သွားတဲ့ အချိန် ခေါင်းမှာ အဖြူရောင် မွှေးပွ အလုံးလေး တစ်လုံး ရှိနေတဲ့ မိန်းမလှကို မြင်လိုက် ရတော့တယ်။

ဖန်ကျန်းရှီရဲ့ အရင်ဘဝမှာ မိတ်ကပ်လိမ်းထားတဲ့ မိန်းမချောတွေ အများကြီးကို မြင်ဖူးတယ်။ ဒီလောကမှာတော့ ရေခံ မြေခံ ကောင်းတာကြောင့် အလှလေးတွေ ပိုပေါတယ်။ ဒါပေမယ့် သူ့ရှေ့မှာ ရှိနေတဲ့ မိန်းမလှကတော့ ချီကူယန်နဲ့ ယွင်ချင်းဝူတောင် မနည်းနိုင်အောင် ပြိုင်ရမယ့် ပုံစံပဲ။

ချီကူယန်ရဲ့ မောက်မာတဲ့ ပုံစံ၊ ယွင်ချင်းဝူရဲ့ အေးစက်စက် ပုံစံတွေနဲ့ ယှဉ်လိုက်ရင်၊ ဒီမိန်းမလှက ဆွဲဆောင် ညှို့ငင်နိုင်စွမ်း ပြင်းလွန်းတယ်။ ကျက်သရေရှိပြီး ခမ်းနားနေသလို အရမ်းလည်း ညှို့ငင်တယ်။

“အနားကို ရောက်လာနေတဲ့ မိန်းမလှလေးပါလား။” ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ဒီစကား ပေါ်လာခဲ့တယ်။

ဒီအမျိုးသမီးက ယွင်ချင်းဝူနဲ့ တူလွန်းတယ်။ ဒါပေမယ့် နည်းနည်းလေး ပိုရင့်ကျက်တဲ့ပုံ ပေါ်တယ်။ ယွင်ချင်းဝူရဲ့ အစ်မကြီးလား။ ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာ အထိတ်တလန့် အသံ နှစ်သံကို ကြားလိုက်ရတယ်။

“ပိုင်ကျစ်။”

“မိစ္ဆာ ဧကရီ အရှင်သခင် ပိုင်ကျစ်။“

မုချင်းဖန်းနဲ့ မော့ရှန်းရှီက လွဲပြီးတော့ တခြား ဘယ်သူ ရှိနိုင်အုန်းမလဲ။ သူတို့ နှစ်ယောက် ဒီလောက် အမြင့်ကြီး ရောက်နေတာတောင် အမျိုးသမီးကို ကောင်းကောင်း မြင်နိုင်လား ဆိုတာ မသိပင်မယ့်၊ စကားကိုတော့ သူကြားကြတယ်လေ။ ဖန်ကျန်းရှီ သုံးဖက်မြင် ရှုထောင့်နဲ့ ခံစားကြည့်တယ်။ (လောကအမြင်၊ အတွေးအခေါ်၊ ဘဝတန်ဖိုး။)

မိစ္ဆာ ဧကရီ အရှင်သခင်။ ဒီတော့ ရှေ့မှာ ရပ်နေတဲ့ သူက နှစ်ချို့နေတဲ့ နှစ်ရာချီ မိစ္ဆာကြီးပေါ့။

“..” ဖန်ကျန်းရှီ ပြောချင်တယ်။ နှစ်ချို့ မိစ္ဆာကြီးတွေက အိမ်မှာ မနေပဲ ငယ်ငယ်ရွယ်ရွယ် ပုံစံ ဖမ်းပြီး အပြင်ထွက် လမ်းသသလား မနေသင့်ဘူး။ ဒါပေါ့။ သူ့အတွေး သက်သက်ပဲလေ။ တခြား တစ်ဖက်က လူတွေ အတွက်တော့ ဧကရီ ပိုင်ကျစ်ဆိုတာ နှစ်ချို့ မိစ္ဆာကြီး မဟုတ်ဘူး။

သူမရဲ့ တည်ရှိမှုကြောင့် မိစ္ဆာ မျိုးနွယ်တွေကို မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုက မဖျက်စီးနိုင်တာပဲ။ မုချင်းဖန်းနဲ့ မော့ရှန်းရှီတို့က ကိုယ့်ကိုယ်ကို မြင့်မြတ် နယ်မြေရဲ့ အသန်မာဆုံးတွေထဲက တစ်ယောက်လို့ပဲ ပြောဝံ့ကြတယ်။

ဘယ်သူကမှ ကိုယ့်ကိုယ်ကို အသန်မာဆုံးလို့ မပြောဝံ့ကြဘူး။

အကြောင်းရင်းကတော့ မဟာနွံအိုင်ထဲက မိစ္ဆာ မျိုးနွယ် နန်းတော်ကြီးမှာ အမြီးကိုးချောင်း မြေခွေး တစ်ကောင် ရှိတယ်လေ။ သူကတော့ ပိုင်ကျစ်။

“မိစ္ဆာ ဧကရီ ပိုင်ကျစ်။”

“ဒီတော့ ဒဏ္ဍာရီလာ မိစ္ဆာ အမြီးကိုးချောင်း မြေခွေး။ မြင့်မြတ်နယ်မြေရဲ့ စွမ်းအား အကြီးဆုံး သူပေါ့။”

“လှရက်နိုင်လိုက်တာ။ လူတိုင်း ပြောကြတယ်။ သူက သဘာဝလွန် လှတယ်လို့။ တကယ် လက်တွေ့ဘဝမှာ မြင်ရတာ ဒဏ္ဍာရီတွေထဲက ထက်တောင် လှသေးတယ်။”

တပည့်သားတွေ တစ်ချက် ကြည့်ရုံနဲ့တင် ယစ်မူး နေကြပြီ။

“ဧကရီ ပိုင်ကျစ်။ တံခါး သုံးခုက မဖြစ်ဘူး။” နန်ကုန်းထျန်းကတော့ တခြားသူတွေနဲ့ မတူပဲ တုန်ယင် နေခဲ့တယ်။ အရမ်းကို စိတ်ရှုပ်ထွေး နေပုံပဲ။

“ဘာဖြစ်မှာလဲ။” ယင်ယန်းကတော့ မြင့်မြတ် နယ်မြေရဲ့ အသန်မာဆုံး သူတွေထဲက တစ်ယောက် ဖြစ်တဲ့ အတွက် ဧကရီ ပိုင်ကျစ် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမှန်း ကောင်းကောင်းကြီး သိနေခဲ့တယ်။

ဒါပေမယ့် နန်ကုန်းထျန်း ဖုံးကွယ်ထားတဲ့ စွမ်းအားတွေက များလွန်းတယ်။ နန်ကုန်းထျန်းကို အချိန်တို အတွင်း ဘယ်သူမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။

“ငါမသိဘူး။ ဒါပေမယ့် တားရမယ်။ အဲ့ဒီ့ တံခါး နှစ်ခုက ကောင်းကင် တံခါးတွေ မဟုတ်ဘူး။” နန်ကုန်းထျန်း ကြောက်လန့် တကြား ပြောတယ်။

“ကောင်းကင် တံခါးတွေ မဟုတ်ဘူး။” ရှေးဟောင်း တံခါး နှစ်ခုကို ကြည့်ရင်း ယန်ယင် နိမိတ် မကောင်းတာတွေကို ခံစားမိနေတယ်။

ဒီခံစားချက်က ပြင်းထန်လွန်းလို့ သူ့နောက်ကျောကို ဓားနဲ့ လာထောက် ထားသလိုပဲ။

အပိုင်း (၈၆၂) ပြီး၏။

အပိုင်း (၈၆၃)

“ဆိုးယုတ်တဲ့ သတ္တဝါကြီး။ သေပေရော့။”

သူ့ကို တားရမယ်။ မဖြစ်မနေ တားရမယ်။ ဘာတွေ ဖြစ်လာမယ်မှန်း သူမသိဘူး။ ဒါပေမယ့် နန်ကုန်းထျန်းနဲ့ တိုက်ခိုက်နေတာကို ရပ်လိုက်ပြီး ဧကရီ ပိုင်ကျစ်ဆီ ပြေးတော့တယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ဧကရီ ပိုင်ကျစ်က လေထဲကို ခုန်လိုက်တယ်။ သားမွှေးနဲ့ လုပ်ထားတဲ့ ဝတ်ရုံက လေထဲမှာ ဝဲနေခဲ့တယ်။

လှပတဲ့ မျက်စိ ပသာဒ ရှိလွန်းတယ်။ ကြယ်တပွင့်လို လင်းလက်တယ်။ ဒီအချိန်မှာပဲ ဧကရီ ပိုင်ကျစ်ရှေ့ကို ဘယ်က ရောက်လာမှန်း မသိတဲ့ လူတစ်ယောက် ရောက်လာတယ်။ သူ့တကိုယ်လုံးက အေးစက်စက် အငွေ့အသက်တွေ ပြည့်နေခဲ့တယ်။

“ရန်ရွှယ်။”

“မိစ္ဆာတွေထက်က ဘယ်လို လွတ်လာတာလဲ။”

သူပေါ်လာတာကို မြင်ချိန်မှာ ဘယ်သူမှ မယုံနိုင်။ သူ့ကို မိစ္ဆာ ရာချီ ဝန်းရံ ထားခဲ့တာလေ။ ပိုင်ကျစ်တောင် မယုံနိုင်ဘူး။

“အဇူရာတာအို အကောင်းအဆိုး။ စိတ်ဝင်စား စရာပဲ။” ဧကရီ ပိုင်ကျစ် ညာလက်ကို ယမ်းလိုက်တယ်။ သူမရဲ့ လက်ဝေ့ယမ်းလိုက်တဲ့ အချိန်၊ အချိန်တွေ ရပ်တန့် သွားတယ်။ ကြယ်တွေ လတွေ အကုန်လုံး မည်းမှောင်သွားတယ်။

“ကြယ်လတွေ အားလုံးကို ဝါးမျိုလိုက်တာလား။” ဒါကို မြင်ချိန်မှာ တပည့်သားတွေ အမူအယာ ပြောင်းသွားခဲ့တယ်။ နေလ စွမ်းအားတွေကို စုပ်ယူနိုင်တဲ့ မိစ္ဆာတွေ ဘယ်လောက်တောင် အင်အားကြီးမှန်း ကြားဖူးတယ်။ ဒါပေမယ့် လက်တစ်ချက် မြှောက်လိုက်ရုံနဲ့ နေလကို ကွယ်သွားအောင် လုပ်နိုင်တဲ့သူကို လက်တွေ့ မြင်ရချိန်မှာတော့ မတုန်လှုပ်ပဲ မနေနိုင်။

“မဖြစ်ဘူး။ ရန်ရွှယ် ဒီကောင်။” တောက်ဟွမ်ကတော့ တခြားသူတွေ အားလုံးထက် စိတ်ပူနေခဲ့တယ်။ သူ့ထက် ပိုပြီး စိတ်ပူနေသူကတော့ တောက်ရှင်း။

အချိန်နှောင်းသွားပြီ။ ရန်ရွှယ်က ကောင်းကင်မှာ ချုပ်နှောင် ခံလိုက်ရတယ်။ ပိုင်ကျစ် ရန်ရွှယ့် ရင်ဘတ်ပေါ်မှာ လက်တင်လိုက်တယ်။

အသံ ကျယ်ကျယ်လောင်လောင်တွေ မထွက်ဘူး။ ရန်ရွှယ့် အမူအယာက ချက်ခြင်း ပြောင်းလဲ သွားပြီးတော့ သွေးအန်တော့တယ်။

မြန်ဆန်လွန်းတယ်။

မျက်တောင် တစ်ခတ် အတွင်းမှာပဲ ပိုင်ကျစ်က ရန်ရွှယ့် ခေါင်းပေါ်ကို ရောက်သွားတယ်။

မြေလျှိုး မိုးပျံ သွားသလိုပဲ။ ဧကရီ ပိုင်ကျစ်က ရန်ရွှယ်ကို အသာလေး ကျော်သွားခဲ့တာ။ ဒါ့အပြင် ဆွဲဆောင်မှု အပြည့်နဲ့ ပြုံးပြ သွားသေးတယ်။ သမင်လည်ပြန်ကြည့်ပြီး တစ်ချက် ပြုံးလိုက်တာ မိန်းမလှ အယောက်တစ်ရာတောင် သူ့ကို မယှဉ်နိုင်ဘူး။ ဒီအပြုံးက ဝိဉာဉ်ကို တိုက်ရိုက် လှုပ်ခတ် နိုင်တဲ့ အထိကို အင်အားကြီးတယ်။

“..”

“လှ လိုက်တာ။”

သတ်ဖြတ်လိုစိတ် အပြည့်နဲ့ ရန်သူတွေကြားထဲ ရောက်သွားတောင် မေ့သွားတဲ့ အထိ ဧကရီ ပိုင်ကျစ်က လှပလွန်းတယ်။

သေခြင်းတရား အစား အလှတရားကိုပဲ ခံစားမိကြတယ်။ ဒါကို ဘယ်သူမှ မခုခံ နိုင်လောက်ဘူး။ တကယ့်ကို လှပလွန်းတယ်။ ဒီစီးမျောမှုကို အသံ တစ်သံက ဖြိုခွင်းလိုက်တယ်။

“စုန်းမအိုကြီး။ မင်း ရန်ရွှယ်ကို ထိရဲတယ်ပေါ့။ သေလိုက်တော့။” ဒီအသံက အရမ်းကို ကျယ်လောင်လွန်းတယ်။

အခုချိန်မှာ ဒီလို စကား ပြောဝံ့ သူကတော့ ဖန်ကျန်းရှီကလွဲပြီး ဘယ်သူ ရှိနိုင်အုန်းမလဲ။

မြင့်မြတ် နယ်မြေရဲ့ စွမ်းအား အကြီးဆုံးသူကို ဒီလို ပြောဖို့ သတ္တိရှိတဲ့ အရူးက ဒီတစ်ယောက်ပဲ ရှိနိုင်တယ်။ အမြီး ကိုးချောင်း မြေခွေး ဧကရီကို သေတဲ့။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အတင့်ရဲမှုထက် ပိုအံ့သြစရာ ကောင်းတာကတော့ (စုန်းမအိုကြီး) ဆိုတဲ့ စကားပဲ။

“ဧကရီ ပိုင်ကျစ်ကို စုန်းမအိုကြီးလို့ ခေါ်လိုက်တာလား။”

ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာပဲလေ။

“..” လေထု တစ်ခုလုံး တိတ်ဆိတ် သွားခဲ့တယ်။ ဧကရီ ပိုင်ကျစ်ကတော့ ရန်ရွှယ့် ခေါင်းပေါ်က တစ်လက်မ အကွာမှာ ရပ်တန့်နေတယ်။

“စုန်းမအိုကြီး။” ဧကရီ ပိုင်ကျစ် နှုတ်ခမ်းတွန့်သွားတယ်။ သူ့ကို ဘယ်သူမှ ဒီလို မခေါ်ဝံ့ဘူး။ တကယ်တော့ သူမကို မြင်တာနဲ့ လူတိုင်းရဲ့ နှလုံးသားက သူမရဲ့ အလှတရားမှာ နစ်မြော သွားရတာပဲ။ ယောကျာ်း ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်။ အခုချိန်မှာတော့ ဖန်ကျန်းရှီက မြင့်မြတ် နယ်မြေ မျိုးနွယ်စု အားလုံးနဲ့။ နိုင်ငံတော်ကြီး လေးခု အပြင် မိစ္ဆာ မျိုးနွယ်တွေပါ ရှိနေတဲ့ အချိန်မှာ ဒီလို အော်ပြောနေတယ်။

“ဒီကောင်စုတ်က ငါ့ကို သတ်ချင်တယ်ပေါ့။ ဘယ်သူ သေမလဲ ကြည့်ရအောင်။” ဧကရီ ပိုင်ကျစ်က ဒေါသ ထွက်နေပင်မယ့်၊ တည်ငြိမ်နေဆဲ။

အမြီး ကိုးချောင်း မြေခွေး ဖြစ်နေတဲ့ အတွက် သူမက နှလုံးတုန် ရင်ခုန်စေတဲ့ ရုပ်သွင် ရှိရုံတင် မကဘူး၊ ဉာဏ်ရည် ဉာဏ်သွေးကလည်း မြင့်မားလွန်းတယ်။ စိတ်ခံစားချက်ကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်။ အချိန်ခဏတာ အတွင်းမှာ လက်ကို လှုပ်ရှားဖိုက အသင့် ဖြစ်နေခဲ့ပြီ။

အခြေအနေ အလှည့်အပြောင်းကို သူမ သေချာသိတယ်။ အခုချိန်မှာ ဒေါသ ထွက်နေပင်မယ့်၊ အစီအစဉ်ကို ထိခိုက်မယ့် ခံစားချက်တွေတော့ မရှိခဲ့ဘူး။ ဒီအချိန်မှာပဲ သူမကို ဒေါသ ထွက်စေတဲ့ အသံကို ကြားရပြန်တယ်။

“ဆိုးယုတ်တဲ့ သတ္တဝါကြီး။ ဒီလောက် သက်ကြီး ရွယ်အို ဖြစ်နေတာတောင် လူတွေကို ထိခိုက်အောင် လုပ်ချင် သေးတယ်ပေါ့။ သေပေရော့။” သူမကို စုန်းမအိုကြီးလို့ ခေါ်တာထက် ဒီတစ်ခေါက် စကားက ပိုရိုင်းတယ်။ ဒါ့အပြင် ဒါက စော်ကား မော်ကား လုပ်နေတာ။ ဒီအသံက အရမ်းကို နီးကပ်လွန်းနေတာ တစ်ခုပဲ။ သူမရဲ့ ညာဘက်ကနေ လာနေတာ။

“ဟမ်။” တည်ငြိမ်နေတဲ့ မိစ္ဆာ ဧကရီ စိတ်ရှုပ်ထွေး သွားခဲ့တယ်။ ဖန်ကျန်းရှီက မိစ္ဆာတွေရဲ့ အလယ်မှာ ရှိနေခဲ့တာလေ။

ဒါပေမယ့် ခပ်မြန်မြန်ပဲ အဖြေထုတ် နိုင်ခဲ့တယ်။ အသိဉာဏ် မြင့်မားလွန်းတဲ့ မိန်းမလှ ဧကရီက အခြေအနေ အရပ်ရပ်ကို ကောင်းကောင်း သုံးသပ် နိုင်တယ်လေ။

စုန်းမအိုကြီးဆိုတဲ့ စကားကြောင့် လူတိုင်း ထိတ်လန့် သွားချိန်မှာ ဖန်ကျန်းရှီက လွတ်အောင် ပြေးလာတယ်။ ရူးချင်စရာ အရှိန်နှုန်းနဲ့ သူမဘေး ရောက်လာတယ်။

“ချင်းဝူဆီကို ဒီကောင်စုတ်ကို ကိုင်တွယ်ဖို့ ခက်တယ် ဆိုတဲ့ အကြောင်း အမြဲကြားနေရတာ။ ဒီနေ့တော့ တကယ်ပဲ နားလည်ရတယ်။ လူတစ်ယောက်ကို ဂုဏ်သတင်း ကြားဖူးတာက လူချင်း တွေ့တာနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ဘူးပဲ။” အလင်းတန်း တစ်ခု ဧကရီ ပိုင်ကျစ်ရဲ့ မျက်ဝန်းထဲမှာ လင်းလက် သွားခဲ့တယ်။

ဖန်ကျန်းရှီ လွတ်လာတဲ့ ပုံစံကို ခန့်မှန်း မိတဲ့ အတွက် ဧကရီ ပိုင်ကျစ် ပိုလန့် နေမိတယ်။ ဖန်ကျန်းရှီနဲ့ နန်ကုန်းဟောင် တိုက်ခိုက်ခဲ့တဲ့ ပုံစံကို သူမ ထင်ထင်ရှားရှားကြီး မှတ်မိနေဆဲ။

“ဖန်ကျန်းရှီ နင့်သူငယ်ချင်းကို ဂရုစိုက် ထားလိုက်။” ဧကရီ ပြုံးပြလိုက်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို သူမ မတိုက်ခိုက် ခဲ့ဘူး။ ကောင်းကင်ကိုသာ ပျံတက် သွားခဲ့တယ်။

“ထွက်ပြေးတာလား။”

“မိစ္ဆာ ဧကရီ ထွက်ပြေးတယ် ဆိုတာ မဖြစ်နိုင်တာပဲ။”

ဖန်ကျန်းရှီ ကိုယ့်သေတွင်း ကိုယ်တူးမှန်း သိတဲ့ သူတိုင်းက အံ့သြ နေကြတယ်။

မိစ္ဆာ ဧကရီကို (စုန်းမအိုကြီး)၊ (ဆိုးယုတ်တဲ့ သတ္တဝါကြီး)လို့ ခေါ်ပြီး အသက်ရှင်နိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ။ တပည့်သားတွေ နားမလည် နိုင်ပေမယ့် အမှန်တရားကတော့ မျက်စိ ရှေ့မှာပဲ။

ဖန်ကျန်းရှီကတော့ လေထဲမှာ ကျန်ခဲ့တယ်။

သူ့ရဲ့ ဝတ်ရုံပြာက လေထဲ လွင့်နေတယ်။ ဖန်ကျန်းရှီကတော့ တစ်ယောက်တည်း အထီးကျန်နေတသလို မျက်လုံးလည်း ပြူးနေခဲ့တယ်။

“ထွက်သွားပြီလား။” ဘဝမှာ သေဖို့ ပြင်ဆင် ထားပြီးခါမှ အသက်ကယ်ခံ လိုက်ရသလို ခံစား နေရတယ်။ ရန်သူက သူ့မျက်စိ ရှေ့ကနေ ထွက်သွားပြီ။

ရန်ရွှယ့်ကို ဂရုစိုက်ဖို့ ပြောသွားသေးတယ်။

ဒါပေမယ့် ဘာဖြစ်လို့ ထွက်သွားတာလဲ။ သူက အင်အားကြီးနေလို့ လန့်သွားတာလား။ ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတယ်။ ဒါပေမယ့် အမှန်တရားကိုတော့ လက်ခံ နိုင်တုန်းလေ။ ဧကရီ တိုက်ခိုက်တာသာ မမြင်ဖူးရင် (မိစ္ဆာ ဧကရီက အလကား ပါကွာ)လို့ ပြောမိတော့မလို့။

သူကတောက်ဟွမ်နဲ့ တန်းတူ တိုက်ခိုက် နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူ ထားပြီးသား။ တောက်ဟွမ်က မြင့်မြတ် နယ်မြေရဲ့ အစွမ်း အထက်ဆုံး တွေထဲက တစ်ယောက်လေ။ နောက်ပြီးတော့ မုချင်းဖန်း၊ မော့ရှန်းရှီ တို့နဲ့လည်း တိုက်ကွက် သုံးရာလောက် အလွယ်လေး တိုက်နိုင်တယ်လို့ ယုံကြည်ချက် ရှိပြီးသား။

ဒါပေမယ့် ဒီဧကရီက မုချင်းဖန်းနဲ့ မော့ရှန်းရှီထက် အင်အား ပိုကြီးတဲ့ မိစ္ဆာကြီး ဖြစ်နေခဲ့တယ်။

နေ၊ လ၊ ကြယ်တွေကိုတောင် လက်တစ်ချက် ယမ်းလိုက်ရုံနဲ့ ဝါးမျိုနိုင်သူလေ။ ဒီစုန်းမ အိုကြီးက သူ့ကြောင့် ထွက်ပြေးတယ်တဲ့လား။ အံ့သြ စရာပဲ။ ဒါပေမယ့် မယုံနိုင်စရာလည်း ကောင်းလွန်းတယ်။

“စကားပြောတာ အရမ်း ကြမ်းသွားလို့လား။” သူပြောနေတဲ့ အချိန် ဧကရီ ပိုင်ကျစ် နှုတ်ခမ်းတွေ တွန့်သွားတာကိုတော့ မြင်တယ်လေ။ ဘယ်လောက် ဒေါသ ထွက်နေမှန်း အသိသာကြီး။ ဟုတ်တယ်။ ဒါတောင် သူ့ကို မသတ်ဘူး။ ဒီတော့ ဖန်ကျန်းရှီထက် အဆပေါင်း ရာချီ အရေးကြီးတဲ့ ကိစ္စ ရှိနေလို့ပဲ ဖြစ်ရမယ်။

တွေးနေတဲ့ အချိန်မှာပဲ ရန်ရွှယ့် ခန္ဒာကိုယ်က လှုပ်ရှားလာတယ်။ သူ့ခန္ဒာကိုယ်က အတားအဆီးတွေ ပျက်သွားတဲ့ ပုံစံပဲ။

“ရန်ရွှယ် ဘယ်လိုနေလဲ။” ဖန်ကျန်းရှီက ရန်ရွှယ်ကို အဆင်ပြေလားလို့ မမေးပါဘူး။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ အသိသာကြီးလေ။ တစ်ချက် ရိုက်တာကတင် ရန်ရွှယ့်လို အဇူရာ တာအိုရှင်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီး သွေးအန်စေတယ်။ မိစ္ဆာဧကရီက ကြောက်စရာ ကောင်းလွန်းတယ်။

“ငါတို့က တကယ်ပဲ သူငယ်ချင်းတွေလား။” ဖြူဖျော့နေတဲ့ ရန်ရွှယ် မေးတယ်။ သူ့မျက်လုံးထဲမှာ အနက်နဲ့ အနီ အလင်းတန်း နှစ်ခုက ပြေးနေခဲ့တယ်။

“ဒါပေါ့။ ငါတို့က အမြဲတမ်း သူငယ်ချင်းတွေ။” ဖန်ကျန်းရှီ အံ့သြ နေပင်မယ့် ချက်ခြင်း အလေးအနက် ပြန်ဖြေတယ်။

“အင်း။ ငါတို့က သူငယ်ချင်းတွေ။” ရန်ရွှယ် ခပ်တိုးတိုး ပြောရင်း မျက်လုံးတွေကို ပိတ်လိုက်တယ်။ ဖန်ကျန်းရှီကတော့ မျက်လုံးတွေ မှေးစင်းလိုက်တယ်။ ရန်ရွှယ် မသေသေးမှန်း သိတဲ့ အတွက် သူမဟိန်းဟောက်ဘူး။ ရန်ရွှယ် နှလုံးခုန် နေသေးတယ်လေ။

ရန်ရွှယ်က စွမ်းအားတွေကို ရာချီတဲ့ မိစ္ဆာတွေနဲ့ တိုက်ခိုက်ထားလို့ ကုန်နေတယ်။ ဒီအချိန်မှာ ဧကရီက သူ့ကို ရိုက်လိုက်တယ်။ နေအုန်း။ လွဲနေပြီ။

နောက်ဆုံး ရန်ရွှယ် မတိုက်ခိုက် နိုင်ခဲ့ဘူး။ ဧကရီက သူ့ကို အလွယ်လေး သတ်လိုက်လို့ ရတယ်။ ဒါပေမယ့် မလုပ်ခဲ့ဘူး။ ရန်ရွှယ့်ကို ဂရုစိုက်ဖို့ ပြောပြီး ထွက်သွားတယ်။ သနား ညှာတာ ပေးတာလား။

ဖန်ကျန်းရှီ မယုံဘူး။ အကယ်၍ သူသာ သနားညှာတာမယ် ဆိုရင် အစတည်းက တိုက်ခိုက်နေမှာ မဟုတ်ဘူး။ ဒီတော့ ဖြစ်နိုင်ချေက တစ်ခုတည်း။ တမင်တကာ လုပ်တာ။

“ရန်ရွှယ့်ကို အသုံးချပြီး သူ့နောက်ကို လိုက်မလာအောင် လုပ်တာလား။” ဖန်ကျန်းရှီ နားလည်သွားတယ်။

အချိန်ကြောင့်ပဲ။ သူတို့ နှစ်ယောက်ကို သတ်ဖို့ သူ့မှာ အချိန်ရှိ မနေဘူး။ သူ့ပြစ်မှတ်က သူတိုက နှစ်ယောက် မဟုတ်ခဲ့ဘူး။

ရန်ရွှယ်သာ ရုတ်တရက် ပေါ်မလာရင် သူလည်း တိုက်ခိုက်စရာ မလိုဘူးလေ။ တကယ်တော့ ရန်ရွှယ်ကို သတ်ချင်ရင် အစောကြီးတည်းက အခွင့်အရေး ရှိပြီးသား။ ဒီတော့ ဒါတွေ အားလုံးက တိုက်ဆိုင် သွားတာပဲ။

အပိုင်း (၈၆၃) ပြီး၏။

အပိုင်း (၈၆၄)

“မခန့်မှန်းနိုင်တဲ့ နတ်ဘုရားနဲ့ သရဲ။”

“တိုက်တိုက် ဆိုင်ဆိုင် ရန်ရွှယ်ကို တိုက်ခိုက်တယ်။” မိစ္ဆာ ဧကရီ ပိုင်ကျစ်ရဲ့ စိတ်ကို ဖန်ကျန်းရှီ သေချာ မသိဘူး။ ဒါပေမယ့် သူသာ ရန်ရွှယ်ကို သတ်ချင်ရင် ရလဒ် နှစ်ခုပဲ ရှိနိုင်တယ်။

ပထမ တစ်ခုကတော့ မိစ္ဆာဧကရီ ပိုင်ကျစ်ရဲ့ တိုက်ခိုက်မှုကို ဖန်ကျန်းရှီက ခုခံ လိုက်တာ။ ဒါဆိုရင် သူ့အင်အားတွေ ကုန်ဆုံး သွားလိမ့်မယ်။ ရန်ရွှယ်ကတော့ အသက်ရှင်ပြီး ဖန်ကျန်းရှီက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလိမ့်မယ်။

ဒုတိယ တစ်ခုကတော့ မိစ္ဆာ ဧကရီ ပိုင်ကျစ်က ဖန်ကျန်းရှီကို သူမရဲ့ ခန္ဒာကိုယ်နဲ့ တားဆီးလိမ့်မယ်။ ဒါဆိုရင် ရန်ရွှယ်က သေပြီးတော့ ဒေါသထွက်နေတဲ့ ဖန်ကျန်းရှီက ဧကရီကို အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်လိမ့်မယ်။ ရလဒ် နှစ်ခု စလုံးက အချိန်လိုအပ်တယ်။

ရန်ရွှယ်ကို သတ်ဖို့ ဆုံးဖြတ်သည် ဖြစ်စေ။ မသတ်ဖို့ ဆုံးဖြတ်သည် ဖြစ်စေ၊ အင်အား အများကြီး သုံးပြီးတော့မှ ထွက်ပြေး နိုင်လိမ့်မယ်။

“အချိန်အတွက် တိုက်ခိုက်နေတာ အကြောင်းရင်း တစ်ခုပဲ ရှိနိုင်တယ်။” သူ့ခေါင်းပေါ်က နတ်သစ်ပင်နားမှာ ရှိနေတဲ့ သူကို မော့ကြည့်တယ်။

နန်ကုန်းဟောင်။ ဘာဖြစ်လို့ ဧကရီ ပိုင်ကျစ်က နန်ကုန်းဟောင်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်တာလဲ။

ကျန်တဲ့ နတ်ဘုရား တံခါးကို မပွင့်စေချင်တာလား။ ဒါမှမဟုတ် နန်ကုန်းဟောင်ကို သတ်ချင် နေတာလား။

နေစမ်းပါအုန်း။ သူသာ နန်ကုန်းဟောင်ကို တကယ် သတ်ချင်ရင် အခုချိန်ထိ ဘာဖြစ်လို့ စောင့်နေမှာလဲ။

“နောက်ထပ် တံခါး နှစ်ခု။ ဟုတ်တယ်။ ဧကရီက နောက်တံခါး နှစ်ခုကို ပြစ်မှတ် ထားနေတာပဲ။” ဖန်ကျန်းရှီ ရုတ်တရက် နားလည် သွားခဲ့တယ်။ ဒါပေမယ့် ဧကရီကို သူမတားနိုင်ဘူး။ အရှိန်နှုန်းနဲ့ စွမ်းအားမှာ သူ့ကို လိုက်မမှီ နိုင်ဘူးလေ။ ဒါပေမယ့် လူနှစ်ယောက်ကတော့ မှီနိုင်တယ်။ မော့ရှန်းရှီနဲ့ မုချင်းဖန်း။

ဒီနှစ်ယောက်က ဧကရီနဲ့ နန်ကုန်းဟောင်ကြားမှာ ရှိနေတယ်။ သူတို့သာ ဆိုရင် ဧကရီကို သေချာပေါက် တားနိုင်မှာပဲ။ သူတွေးနေတဲ့ အချိန် ကောင်းကင်မှာ မိုးခြိမ်းသံကြီး ပေါ်လာတော့တယ်။

ဝုန်း။ ပေါက်ကွဲသံကြီးနဲ့ အတူ ကောင်းကင် တစ်ခွင်လုံး လင်းထိန် သွားခဲ့တယ်။ ဒီအချိန် ဧကရီ ပိုင်ကျစ် ပျောက်ကွယ် သွားပြီး နန်ကုန်းဟောင်ရဲ့ ခေါင်းပေါ်မှာ ပေါ်လာတယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီကို အသာလေး ဖြတ်သွားခဲ့ပြီ။

ဧကရီက မိုးခြိမ်းသံကို လှေကား တစ်ခုလို သုံးပြီးတော့ ထိပ်ကို တက်သွားခဲ့တယ်။

“မြန်လိုက်တာ။”

“ဘယ်လိုများ ရောက်သွားတာလဲ။”

အောက်က ကြည့်နေသူတွေ ရှင်းရှင်းလင်းလင်း မြင်ကြတယ်လေ။ မုချင်းဖန်းနဲ့ မော့ရှန်းရှီတောင် နန်ကုန်းဟောင်ဆီ ရောက်ဖို့ အချိန်ယူ ခဲ့ရတယ်။ ဧကရီ ပိုင်ကျစ်ကတော့ လေဟုန်ကို ခွင်းသွား သလိုပဲ။ နတ်သစ်ပင်ရဲ့ ထိပ်ကို မိုးကြိုးတစ်ချက် ပြစ်သံ အချိန် အတွင်းမှာ ရောက်သွားတယ်။

မော့ရှန်းရှီနဲ့ မုချင်းဖန်း နှစ်ယောက်လည်း လန့်နေကြတယ်။ ကြောက်နေတဲ့ မျက်လုံးတွေကို အထင်းသား မြင်နေရတယ်။

ဖန်ကျန်းရှီလည်း မျက်လုံး ပြူးနေခဲ့တယ်။

“လောကကြီးမှာ ဘာတွေ ဖြစ်ကုန်ပြီလဲ။” ဖန်ကျန်းရှီ ဗျူဟာ ပေါင်းစုံကို တွေ့ဖူး ပင်မယ့်၊ ဒါကိုတော့ လက်မခံနိုင်ဘူး။

မိုးကြိုးရဲ့ လမ်းကြောင်းကို ထိန်းချုပ်ပြီး လေဟုန်ခွင်းတယ်။ ဒါကို အရှင်လီချင်း သုံးတာ တစ်ခါ မြင်ဖူးတယ်။ သူက ခုနှစ်ရောင်ခြယ် တိမ်တိုက်တွေကို ကြားခံ အဖြစ် သုံးပြီး အင်အား စုဆောင်းတာ။ ဧကရီ ပိုင်ကျစ်နဲ့ ယှဉ်လိုက်ရင် အရှင်လီချင်းက ကလေးသာသာပဲ။

ဧကရီ ပိုင်ကျစ်ရဲ့ နည်းလမ်းက အရမ်းကို ရှင်းလင်း သန့်စင်တယ်။ လျှပ်စီး အရှိန်နဲ့ ခန္ဒာကိုယ်ကို ပေါင်းစည်း လိုက်ရုံပဲ။ ကြားရတာတော့ အရမ်းကို ရိုးရှင်းတယ်။ ဒါပေမယ့် ကိုယ်တိုင် လုပ်ဖို့ကတော့ ခက်ခဲလွန်းတယ်။ ခန္ဒာကိုယ်နဲ့ လျှပ်စီးကို အချိန်တို အတွင်းမှာ ပေါင်းစည်း နိုင်ရမယ်။ တစ်ခုခုသာ နှေးသွားရင် မိုးကြိုးပြစ်ခံရမှာပဲ။

နောက်ပြီး ခန္ဒာကိုယ် အစိတ်အပိုင်း တစ်ခုခုသာ မပေါင်းစည်းပဲ ကျန်ရစ်နေရင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားလိမ့်မယ်။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်ကတော့ နန်ကုန်းဟောင်ရဲ့ ခေါင်းပေါ်ကို ရောက်နေပြီ။ သူမ တကိုယ်လုံး မပြောနဲ့ အဝတ်စ တစ်စတောင် မီးကျွမ်း မနေဘူး။

နေလတွေကို ထိန်းချုပ်နိုင်တဲ့ မိစ္ဆာ မျိုးနွယ်စုက မီးနဲ့ မိုးကြိုးကိုပါ ထိန်းချုပ်နိုင်တာတော့ အဆန်း မဟုတ်ဘူး။ နေလ အမတေ စွမ်းအားတွေကို စုပ်ယူရင်း မိုးမြေ စွမ်းအားတွေကို ဝင်လေ ထွက်လေတိုင်းမှာ စုဆောင်းနိုင်တဲ့ အားသာချက် ရှိသူတွေလေ။

“ဟောင်အယ် သတိထား။” နန်ကုန်းထျန်းရဲ့ အသံ ပေါ်လာခဲ့တယ်။ သူအရမ်းကို စိတ်ပူနေခဲ့တယ်။ ဒါပေမယ့် နောက်ကျ သွားပုံပဲ။ ဧကရီ ပိုင်ကျစ်က နန်ကုန်းဟောင်ကို ရိုက်ချလိုက်တယ်။ သူမရဲ့ မျက်ဝန်းထဲမှာ အလင်းတန်း ခပ်ဖျော့ဖျော့ တစ်ခုလက်သွားခဲ့တယ်။

ဖန်ကျန်းရှီကတော့ ဒါကိုမြင်ချိန်မှာ အရမ်းကို လန့်သွားခဲ့တယ်။

ဒီအလင်းတန်းက သူမြင်ဖူးတဲ့ အလင်းတန်းနဲ့ အတူတူပဲ။ ပိုင်ဖေး (ယွင်ချင်းဝူ)ရဲ့ မျက်လုံးတွေကို ကြည့်မိချိန်မှာ၊ မြင်လိုက်ရတဲ့ ဒီအလင်းတန်းကြောင့် စိတ်လွတ် သွားခဲ့ရတယ်လေ။

“ပုံရိပ်ယောင်။” နန်ကုန်းဟောင်ကို ကူညီတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သတိပေးဖို့ တာဝန်ရှိတဲ့ ထင်တာကြောင့် သူလှမ်းအော် လိုက်မိတယ်။

ဖန်ကျန်းရှီ ခန့်မှန်း ထားတဲ့ အတိုင်းပဲ။ ဧကရီ ပိုင်ကျစ် ရိုက်ချလိုက်တဲ့ အချိန် နန်ကုန်းဟောင်က လက်မြှောက်ရင်း ပြန်ခုခံဖို့ ပြင်တယ်။ ဒါပေမယ့် လမ်းတစ်ဝက်မှာပဲ တောင့်တင်းပြီး ရပ်တန့် နေတော့တယ်။ သူ့ခန္ဒာကိုယ်မှာ အနီရောင်နဲ့ အဖြူရောင် သံကြိုးတွေ ပေါ်လာပြီး နန်ကုန်းဟောင်ကို ချုပ်နှောင် ထားတော့တယ်။

ဒါတွေက ဧကရီရဲ့ ရိုက်ချက်ကိုတော့ မတားဆီး နိုင်ခဲ့ဘူး။ ဒီရိုက်ချက် ကျရောက်လာချိန် အလင်းတန်းတွေ ပြိုကွဲသွားတော့တယ်။

လောကကြီး တစ်ခုလုံး မှောင်မိုက် သွားသလိုပဲ။ ရန်ရွှယ်ကို ရိုက်ခဲ့ချိန်က လိုပဲ။ နန်ကုန်းဟောင်ရဲ့ ရင်ဘတ်ကို ရိုက်ချပင်မယ့်၊ အသံလေး တစ်ချက်တောင် မထွက်ခဲ့ဘူး။ နန်ကုန်းဟောင်ကတော့ သွေးအန်တော့တယ်။

ဧကရီ ပိုင်ကျစ်ကတော့ ဒီအချိန်မှာ လက်တွေကို ဝေ့ယမ်း နေခဲ့တယ်။ သူမရဲ့ လှုပ်ရှားမှု တစ်ခုချင်းစီ တိုင်းက အရမ်းကို ရှုပ်ထွေးလွန်းတယ်။ သူမကတော့ နေ့စဉ်ဓူ၀ ကိစ္စ တစ်ခုကို လုပ်နေသလိုပဲ။

“သူ့ကို တားလိုက်။” မုချင်းဖန်း ပြောရင်း အလင်းတန်း တစ်ခု အသွင် ပြောင်းသွားပြီးတော့ ဧကရီ ပိုင်ကျစ်ဆီ ရောက်လာတော့တယ်။

မော့ရှန်းရှီကတော့ မျက်လုံး ပြူးနေခဲ့ပင်မယ့်၊ မုချင်းဖန်းရဲ့ စကားကို ကြားကြားချင်း လှုပ်ရှားတယ်။ သူ့ရဲ့ တောင်ပံတွေကြောင့် အရှိန်နှုန်းက မုချင်းဖန်းထက် ပိုမြန်တယ်။

ဒါပေမယ့် အချိန်နှောင်း သွားခဲ့ပြီ။

ဧကရီ ပိုင်ကျစ်က လှုပ်ရှားတာကို ရပ်လိုက်ပြီ။ ဆွဲဆောင်မှု အပြည့် အပြုံးနဲ့ ပြုံးပြနေခဲ့တယ်။

မုချင်းဖန်းနဲ့ မော့ရှန်းရှီကို တစ်ချက်တောင် မကြည့်ဘူး။ နန်ကုန်းဟောင်ကိုသာ အာရုံစိုက် နေခဲ့တယ်။ ပန်းချီ တစ်ချပ်ကို ရှုစားနေသလိုပဲ။

“ကောင်းကင် ဆွဲဆောင်မှု၊ ဝိဉာဉ်ခိုး ပညာ။” ပိုင်ကျစ် ခပ်တိုးတိုး ပြောလိုက်တယ်။

ဝူး။ မိုးမြေ တစ်ခုလုံး လှုပ်ခါသွားတော့တယ်။ စက်ဝိုင်းပုံ အလင်းတန်းတွေ ကောင်းကင်ကနေ မိုးစက်တွေလို ဆင်းသက်လာတယ်။ ကောင်းကင် တစ်ခုလုံး အလင်းမိုးတွေ ရွာသွန်း နေသလိုပဲ။

ဒီအချိန်မှာ လူတိုင်း ရပ်တန့် နေကြတယ်။ ဒါပေါ့။ ချွင်းချက်က တစ်ယောက်ရှိတယ်။ ဧကရီ ပိုင်ကျစ်ရဲ့ မျက်လုံးထဲမှာ အလင်းတန်း တောက်ပလာချိန်က စပြီး ဖန်ကျန်းရှီ မျက်လုံး ပိတ်ထားလိုက်ပြီ။

ပိုင်ကျစ်ကတော့ ညှို့ငင်ဆွဲဆောင်မှု အပြည့် အသံနဲ့ ပြောနေခဲ့တယ်။ “ကောင်းကင် ဆွဲဆောင်မှု၊ ဝိဉာဉ်ခိုး။” ဒီအသံက သူ့နှလုံးသားကို လှုပ်ခတ်လာစေတယ်။

“ငလူးပဲ။ ဒီစုန်းမအိုကြီးက စွမ်းအားကြီးလိုက်တာ။” ဖန်ကျန်းရှီ တခြားသူကို ချီးမွမ်းခဲ့တယ်။ မုချင်းဖန်းနဲ့ တွေ့တုန်းကတောင် မချီးမွမ်းဘူး။

ဒါပေမယ့် အခုချိန်မှာတော့ ဆိုရိုးစကား အတိုင်း ဖြစ်နေပြီ။ “ဆွဲဆောင်မှု ရှိနေတဲ့ မိန်းမတွေက အသက်ကြီးလေ၊ ခွေးလို သန်မာလေပဲ။”

ဒီတော့ ဘာလုပ်ရမလဲ။ ပုံရိပ်ယောင်ကို ဖြိုခွင်းတာက သူ မကျွမ်းကျင်ဘူး။ ရှင်းရှင်းပြောရရင် ခုခံနိုင်တယ် ဆိုရုံပဲ။ ပုံရိပ်ယောင် နယ်ပယ်မှာ သူက လူသစ်လေး။ ဒါကိုတော့ ဂုဏ်ယူပါတယ်။ ဂုဏ်မောက်နေတဲ့ အလုပ်သင် တစ်ယောက်လိုပဲ။ အင်အားကြီးလို့ သတိရှိနေတဲ့ လူတစ်ယောက်လို ဟန်ဆောင်ရမယ်။

ဥပမာ ကျိန်ဆဲတာမျိုး သီချင်းဆိုတာမျိုး လုပ်ရမယ်။ သူ ဒုတိယ တစ်ခုကို ရွေးချယ်လိုက်တယ်။ အဆင့်တန်း မြင့်မြင့်နဲ့ ကောင်းကောင်း သင်ကြားခံရတဲ့ သူက ဒီစုန်းမအိုကြီးကို ဘယ်လိုလုပ် ကျိန်ဆဲရမှာလဲ။

“ပန်း ပန်းတွေက တောင်ထိပ်မှာ အရိုင်းဆန်ဆန် ပွင့်တယ်ကွယ်။ နီရဲပြီး ခမ်းနားလိုက်တာ။” ဖန်ကျန်းရှီ သီချင်းဆိုဖို့ စဉ်းစားချိန်မှာ ရှိသမျှ အစွမ်းတွေ အကုန်ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အသံ နာမှာကို ဂရု မစိုက်တော့ဘူး။ ဘဲအုပ် တစ်ရာလို အသံနဲ့ သီချင်း ဆိုတော့တယ်။

သီချင်းဆိုတဲ့ နေရာမှာ သူ့ကိုယ်သူ ဂုဏ်ယူ ဝံ့ကြွားမှု အပြည့်ရှိတယ်။ တူရိယာလေးပါ ပါရင် ပိုလို့တောင် ကောင်းအုန်းမယ်။ အဆုံးသတ်ကတော့ မထင်မှတ် ထားစရာပဲ။

ဧကရီ ပိုင်ကျစ်ရဲ့ အပြုံးတောင်မှ ချက်ခြင်း ပျက်သွားတော့တယ်။ ဖန်ကျန်းရှီကို သူလြှ့်ကြည့်တယ်။ သူမရဲ့ မျက်ဝန်းတွေထဲမှာ စိတ်ရှုပ်ထွေးမှုတွေ အပြည့်။

သူမ စိတ်ညှို့တဲ့ မန္တန်ကို သုံးပြီးချိန်မှာ စိတ်မခိုင်တဲ့ လူတစ်ယောက်က တောင်ပေါ် သီချင်းတွေ ထဆိုနေတာ အဆန်းတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့အသံက ဘဲတွေ အကောင်တစ်ရာလောက် အော်နေတဲ့ အသံနဲ့ တူနေတာကတော့ စိတ်မချမ်းသာ စရာပဲ။

“ဒီကောင်စုတ် ခေါင်းချောင်နေတာလား။” ဧကရီ ပိုင်ကျစ် ဖန်ကျန်းရှီ ဒီလို တုံ့ပြန်တာကိုတော့ မအံ့သြဘူး။ ဒါပေမယ့် ထူးထူးဆန်းဆန်းကြီး ဖြစ်နေတာပဲ ဆန်းနေမိတာ။

သိပ်မကြာခင်ပဲ သူမရဲ့ အမူအယာ ပြောင်းသွားတော့တယ်။ ဖန်ကျန်းရှီ အက်ကွဲကွဲ ဘဲသံကြီးနဲ့ သီချင်းဆိုလိုက်တဲ့ အချိန်မှာ မန္တန်ကြောင့် သတိလက်လွတ် ဖြစ်နေသူတွေ လှုပ်ရှား လာတာကို တွေ့လိုက် ရလို့ပဲ။

ပထမဆုံး သတိပြန်ဝင်လာတာကတော့ မုချင်းဖန်းနဲ့ မော့ရှန်းရှီ။ အဲ့ဒီ့နောက် ယန်ယင်းနဲ့ ချင်းယွိ။ နောက်ဆုံးမှာတော့ တပည့်သားတွေ။ သူတို့ မျက်လုံးတွေ ဖြည်းဖြည်းချင်း လှုပ်လာကြပြီ။ ဧကရီ ပိုင်ကျစ် ဒါ သူ့မန္တန် ပြယ်တော့မယ့် သင်္ကေမှန်း သိနေတယ်။

“..” သူမ ဘာပြောရမယ်မှန်း မသိတော့ဘူး။ တကယ်ကို ဘာပြောရမယ်မှန်း မသိတော့တာ။

ဖန်ကျန်းရှီကို ခေါင်းချောင်နေတယ် ပြောရမှာလည်း မဟုတ်သေးဘူး။ ဖန်ကျန်းရှီက မိုးစက် မန္တန်ကို သီချင်းဆိုပြီး ဖြိုခွင်းလိုက်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီမန္တန်က လွယ်လွယ် ပျက်နိုင်တာ မဟုတ်ဘူးလေ။ သူမ ဒါကို လက်မခံနိုင်ဘူး။ မသိလိုက်ပဲေ အာင်မြင် သွားတာလား။ ဒါဆိုရင်တော့ ဂုဏ်ထူးမှတ် ပေးရမယ်။ ဒါပေမယ့် အချိန်တိုင်းမှာ ဒီလို ကံကောင်းပြီး အောင်မြင်နိုင်တာတော့ မဟုတ်ဘူးလေ။

ထူးခြား ဆန်းကြယ်မှုလား။

ဧကရီပိုင်ကျစ် ဒါကို ယုံဖို့ ဒီလောက်ထိ မအသေးဘူး။ ဒါပေမယ့် စိတ်ထဲမှာတော့ ထူးဆန်းတဲ့ စကားတစ်ချို့ ပေါ်လာခဲ့တယ်။ ဒီစကားတွေက စိတ်ထဲမှာ ရှိနေခဲ့တာ အတော်ကြာပြီ။

နတ်ဘုရားနဲ့ သရဲတွေကို မခန့်မှန်းနိုင်ဘူး။

ဒါပေါ့။ ဒါတွေက အရေးမကြီးတော့ဘူး။ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို (ကောင်းကင် ဆွဲဆောင်မှု၊ ဝိဉာဉ်ခိုး) မန္တန်အောက်ကနေ လွတ်အောင် လုပ်နိုင်မလား ဆိုတာပဲ အရေးကြီးတယ်။ နန်ကုန်းဟောင် မျက်မှောင်ကြုတ် သွားပေမယ့်၊ အကြည့်တွေကတော့ မပြောင်းခဲ့ဘူး။ ဘာမှ မသက်ရောက်တဲ့ အတိုင်းပဲ။

သူ့လက်တွေက ဖြည်းဖြည်းချင်း လှုပ်ရှားရင်း တစ်လှမ်း ရှေ့တိုးလာတယ်။ လက်တစ်ဖက်ကတော့ သစ်သ်ီး သုံးလုံးထဲက နှစ်လုံးကို ကိုင်ထား လိုက်ပြီ။ မော့ရှန်းရှီနဲ့ မုချင်းဖန်းရဲ့ မျက်လုံးတွေလည်း မူလ ပုံစံကို ပြန်ရောက်သွားပြီ။ တုန်ယင်ရင်းနဲ့ တကိုယ်လုံး ချွေးတွေ ရွဲနေခဲ့တယ်။

“သီချင်းဆိုနေတာ ဘယ်သူ။” မုချင်းဖန်း စကားတောင် မဆုံးသေးဘူး။ နန်ကုန်းဟောင် လုပ်နေတာကို မြင်မြင်ချင်း အော်တော့တယ်။ “အဖိုးကြီးမော့ ထတော့။”

“ငါ နိုးနေပြီဟ။” မော့ရှန်းရှီ ပြန်အော်တယ်။ သူ့အတောင်ပံတွေကို တဖျပ်ဖျပ်ခတ်ရင်း ဧကရီ ပိုင်ကျစ်ဆီကို ပျံသွားတယ်။

“ခေါင်းဆောင်မော့။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပါးရိုက်ခဲ့တာ အခုထိ နာနေတုန်းလား။” ဧကရီ ပိုင်ကျစ်က တစ်ချက်လေးတောင် မစိုးရိမ်ဘူး။ ပြုံးပြရင်း ပြောတယ်။ သူမရဲ့ မျက်နှာကို ခပ်ဖွဖွ ပွတ်ရင်း တောက်ပတဲ့ အပြုံးနဲ့ ပြုံးနေခဲ့တာ။

အတိတ်မှာ အမျိုးသမီး တစ်ယောက်ရဲ့ ဆွဲဆောင်မှုကို အမျိုးမျိုး တင်စား ခဲ့ရတယ်။ အကြည့်၊ အပြုံး၊ လှုပ်ရှားမှုလေးတွေ အားလုံးကို တင်စားကြတယ်။ ဧကရီ ပိုင်ကျစ်ကတော့ ဒီအတိုင်း ရပ်နေရုံလေးနဲ့ ဝိဉာဉ်လွင့်လောက်အောင် လှပလွန်းနေပြီ။

မော့ရှန်းရှီ အခုချိန်မှာ နွံအိုင်ထဲ နစ်ဝင်သွားသလို ရပ်တန့် သွားတော့တယ်။

“အမ်။ မော့ရှန်းရှီနဲ့ စုန်းမအိုကြီး အရင်တုန်းက ဇာတ်လမ်း ရှုပ်ဖူးတာလား။” ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အသံ ပေါ်လာခဲ့တယ်။

အပိုင်း (၈၆၄) ပြီး၏။

အပိုင်း (၈၆၅)

“သေတဲ့ အထိ တိုက်ခိုက်။ ခွေးရူးတစ်ကောင်ရဲ့ ကိုက်ချက်။”

“စုန်းမအိုကြီး။”

“ဇာတ်လမ်း ရှုပ်ဖူးတယ်တဲ့လား။” မော့ရှန်းရှီ ဒါကို ကြားချိန်မှာ သူ့တကိုယ်လုံး ဒေါသကြောင့် တုန်ယင် လာတော့တယ်။ သူ့မျက်နှာ တစ်ခုလုံးလည်း ဒေါသကြောင့် နီရဲ နေခဲ့ပြီ။ ဖူရှီးတောင်ကြား ခေါင်းဆောင် အနေနဲ့၊ သူက ဘယ်လိုများ ဒီစုန်းမကြီးနဲ့ ဇာတ်လမ်း ရှုပ်ဖူးရမှာလဲ။

ဒါကို သူဘယ်လိုများ သည်းခံ နိုင်မှာလဲ။

“မဟုတ်တမ်း တရားတွေ။ ငါ့တစ်ဘဝလုံး ဂုဏ်သိက္ခာ ရှိရှိနဲ့ နေလာတာ၊ ငါက ဘယ်လိုများ။” မော့ရှန်းရှီ အမူအယာ ပြောင်းသွားပြီး ချက်ခြင်း ပြောတော့တယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပြီ။ ဧကရီ ပိုင်ကျစ်ရဲ့ မျက်နှာက လုံး၀ ပျက်ယွင်း နေပြီးတော့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ယင် နေတာကို မြင်လိုက် ရလို့ပဲ။

“ကောင်စုတ်လေး။ မင်းကတော့ ငါ့ကို ပြဿနာတက်အောင် လုပ်လိုက်ပြီ။” မော့ရှန်းရှီ စိတ်ထဲမှာ အတော့်ကို ခါးသက် နေခဲ့တယ်။ ရုတ်တရက် ဆိုသလို သူ့ခေါင်းထဲမှာ အသံတစ်သံ ပေါ်လာတော့တယ်။ ဧကရီ ပိုင်ကျစ် ဒေါသ ထွက်ရင်း ဖြစ်လာမယ့် ကြောက်စရာ ကိစ္စတွေကို တစ်ခုချင်း ပြောပြနေတဲ့ အသံပဲ။

သူထွက်ပြေး ချင်နေပြီ။ ဒါပေမယ့် ဘယ်လို လုပ်ရမလဲ။

သူက ကိုယ့်ရဲ့ လုံခြုံမှုကိုတောင် ဘေးဖယ် ထားပြီးတော့ ပြေးထွက်လာခဲ့တဲ့ သူလေ။ ဒါကိုမှ လှည့်ပြီး ထွက်ပြေးမယ် ဆိုရင်၊ ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်မလဲ။ ဖူရှီး တောင်ကြား ခေါင်းဆောင် အနေနဲ့ ဒီလို လုပ်ဖို့ ဖြစ်နိုင်မှာလား။

“နောက်ဆုံး အချိန်အထိ တိုက်ခိုက်မယ်။” မော့ရှန်းရှီ အံကြိတ်လိုက်တယ်။ သူ့ရဲ့ ဂုဏ်သိက္ခာကို ဒီလို အဆုံးရှုံ့းခံလို့ မဖြစ်ဘူး။ သူ့ရဲ့ ဂုဏ်သတင်းက သူ့အသက်ထက် ပိုပြီးတော့ အရေးကြီးတယ်။ အထူး သဖြင့် အခုလို နေရာ အမြင့်ကြီးကို ရောက်နေတဲ့ အချိန်မှာ ပိုပြီးတော့တောင် အပျက်စီး မခံနိုင်သေး။

ဒါပေမယ့် မိစ္ဆာ ဘုရင် ပိုင်ကျစ်နဲ့ တိုက်ခိုက်ရတာကတော့ နည်းနည်း စိုးရိမ် စရာကောင်းတယ်။ နိုင်ဖို့ မဖြစ်နိုင်ဘူး။ သူဘယ်လို လုပ်ရမှာလဲ။ မော့ရှန်းရှိကတော့ ကျဉ်းထဲ ကြပ်ထဲ ရောက်နေခဲ့ပြီ။ အခုချိန်မှာ သူ့ဆီကို ပြေးဝင်လာနေတဲ့ မိစ္ဆာ ဧကရီ ပိုင်ကျစ်ကို တားနိုင်မယ့် နည်းလမ်း မရှိဘူး။

ဧကရီ ပိုင်ကျစ်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။ ဒီမေးခွန်းကို ထားလိုက်ပါအုန်း။ ဖန်ကျန်းရှီလည်း အဖြေကို မသိဘူး။ ဒါပေမယ့် လေထဲမှာ လက်ဝါးနဲ့ ရိုက်ချလိုက်တဲ့ အသံကြီး ထွက်ပေါ် လာခဲ့တယ်။ မော့ရှန်းရှီ အရိုက်ခံလိုက်ရပြီ။ နောက်ပြီးတော့ မျက်နှာကို အရိုက်ခံရတာ။ အသံက အရမ်းကို ကျယ်လောင်ပြီးတော့ ပြတ်သားလွန်းတယ်။

ရွေ့လျားမှုကိုတော့ ဖန်ကျန်းရှီ ကောင်းကောင်း မမြင်လိုက်ရဘူး။ ဒါပေမယ့် မော့ရှန်းရှီရဲ့ ခေါင်းပေါ်မှာ လျှပ်စီး တစ်ချက် လက်သွားပြီးတော့ မကြာခင်ပဲ ပျောက်ကွယ် သွားတာကိုတော့ မြင်လိုက်ရတယ်။ မော့ရှန်းရှီ ရိုက်ချ ခံလိုက် ရပြီး နောက်မှာတော့ သူကြောက်လန့်တကြားနဲ့ တောင့်တင်း သွားတော့တယ်။

“ဟူး။” ဖန်ကျန်းရှီ သက်ပြင်းချမိတယ်။ မော့ရှန်းရှီရဲ့ မျက်နှာကြီး နီရဲ နေတာကို သူမြင်လိုက်ရတယ်။ ဒါက ဒေါသကြောင့်ကော၊ ရိုက်ချက်ကြောင့်ပါ မဟုတ်ဘူး။ တစ်ချို့ စကားတွေက ပြောလို့ မဖြစ်တာကို သူသိနေတယ်။

“ခေါင်းဆောင်မော့။ ကျွန်တော်သာ ခင်ဗျား နေရာမှာ ဆိုရင်၊ ဒီရိုက်ချက်ကို ပြန်မတုံ့ပြန်ရ သေးသရွေ့ ဒီလို အရှက်ရမှုမျိုးကို သည်းခံ နေနိုင်မှာ မဟုတ်ဘူး။”

“အား။” မော့ရှန်းရှီ အရမ်းကို ဒေါသ ထွက်နေခဲ့ပြီ။ ဧကရီ ပိုင်ကျစ်ရဲ့ ရိုက်ချက်ကြောင့်လား။ ဖန်ကျန်းရှီရဲ့ သွေးထိုးမှုကြောင့်လား ဆိုတာတော့ မသေချာဘူး။ မော့ရှန်းရှီ ဒေါသ ထွက်နေတာတော့ အမှန်ပဲ။

ဒေါသတွေကြောင့် သူ့ရဲ့ မျက်နှာက ဝက်အသည်းလို နီရဲ နေခဲ့ပြီ။ မော့ရှန်းရှီ လက်နှစ်ဖက်လုံးကို မြှောက်လိုက်ရင်း သူ့ရဲ့ တူကြီးနဲ့ ဧကရီ ပိုင်ကျစ်ကို ထုချလိုက်တယ်။ ဝုန်း။ မိုးခြိမ်းသံလို အသံကြီးတွေ ထွက်ပေါ်လာတော့တယ်။

မြင့်မြတ် နယ်မြေရဲ့ အင်အား အကြီးဆုံးတွေထဲက တစ်ယောက် အနေနဲ့ မော့ရှန်းရှီက အင်အား အကုန်လုံး ထုတ်သုံးရင် အတော့်ကို ကြောက်ဖို့ ကောင်းလွန်းတယ်။ ဧကရီ ပိုင်ကျစ်တောင် ဒီ တိုက်ခိုက်မှုကို တိုက်ရိုက် ခံယူဖို့ ကြောက်နေမိတယ်။ သူမ ဘေးကို ရွေ့ပြီး ရှောင်လိုက်တယ်။ ဒါပေမယ့် မော့ရှန်းရှီကတော့ ရူးသွပ်နေ ခဲ့ပြီ။

သူ့မျက်လုံး သွေးကြောတွေတောင် ပေါက်ထွက်တော့မယ့် အတိုင်း ရဲရဲ နီနေခဲ့တယ်။ ကိုယ့်ကိုယ်ကို မထိန်းချုပ် နိုင်တော့ဘူး။ တစ်ချက် နှစ်ချက် သုံးချက်။ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းက အင်အား အပြည့်။ ခွေးရူး တစ်ကောင်လို ပုံစံနဲ့ ဧကရီ ပိုင်ကျစ်က မြင့်မြတ် နယ်မြေရဲ့အင်အား အကြီးဆုံးသူ ဖြစ်တယ် ဆိုတာတောင် ဂရုမစိုက်တော့ပဲ တိုက်ခိုက်နေခဲ့တယ်။

သတိလက်လွတ် ဖြစ်နေခဲ့တဲ့ တပည့်သား တွေကတော့ အခုချိန်မှာ သတိ ပြန်ဝင် လာခဲ့ပြီ။

“အမ်။ ခေါင်းဆောင်မော့ ဘာတွေ ဖြစ်နေတာလဲ။”

“ရူးသွားတာလား။”

“အဲ့ဒီ့ ရိုက်ချက်က လူတစ်ယောက်ကိုတောင် ရူးသွား စေနိုင်တာလား။”

“ဘယ် ရိုက်ချက်လဲ။”

“အသံ အကျယ်ကြီး မြည်တဲ့ အထိ ဧကရီ ပိုင်ကျစ်က ခေါင်းဆောင်မော့ကို ရိုက်လိုက်တဲ့ တစ်ခုလေ။”

အောက်ဘက်မှာ ရှိနေတဲ့ တပည့်သားတွေမှာ အများစုက ဖြစ်သွားတာကို မမြင်လိုက် ကြဘူး။ တစ်ချို့ကတော့ အသံပဲ ကြားကြတယ်။

“အဖိုးကြီးမော့ စိတ်လျှော့။” မုချင်းဖန်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ မော့ရှန်းရှီ ဘယ်လောက်တောင် ဒေါသ ထွက်နေမှန်း သူခံစားမိတယ်။ အခုချိန်မှာ သူလည်း ကူကယ်ရာမဲ့ နေခဲ့တယ်။

ဖန်ကျန်းရှီရဲ့ စကားတွေ ကြောင့်သာ မဟုတ်ရင်၊ မော့ရှန်းရှီ ဒီလောက်ထိ အထိန်းအကွပ် မဲ့သွားမှာ မဟုတ်ဘူး။ အခု အချိန်မှာ မော့ရှန်းရှီ စိတ်ငြိမ်သက် နိုင်မှာလား။ ဒါပေါ့။ ဘယ်လိုလုပ် ငြိမ်သက် နိုင်မလဲ။

“ပိုင်ကျစ်။ ငါမင်းကို အဆုံး အထိ တိုက်ခိုက်မယ်။” ဒေါသထွက်နေတဲ့ မော့ရှန်းရှီကတော့ မုချင်းဖန်းရဲ့ အသံကို တစ်ချက်လေးတောင် မကြားဘူး။ သူ့ရဲ့ စိတ်ထဲမှာ အတွေး တစ်ခုပဲ ရှိတယ်။ ငါ့သိက္ခာကို ကာကွယ်ရမယ်။ ဝုန်း။

မော့ရှန်းရှီကြောင့် ဆက်တိုက် ဆုတ်ခွာ နေရတဲ့ ဧကရီ ပိုင်ကျစ် နောက်ထပ် နောက်မဆုတ် နိုင်တော့ဘူး။ မော့ရှန်းရှှီရဲ့ အနက်ရောင် တူကြီးကို သူကန်ထုတ်လိုက်တယ်။ လေထဲမှာ အသံ အကျယ်ကြီးတွေ ပဲ့တင် ထပ်ကုန်တော့တယ်။

မော့ရှန်းရှီကတော့ ဒီကန်ချက်ကြောင့် ဆယ်လှမ်း တိတိ နောက်ကို လွင့်ထွက် သွားခဲ့တယ်။ သူ့ရဲ့ ရင်ဘတ်ကို ပိထားရင်း သွေးအန်တော့တယ်။ ဒါပေမယ့် မော့ရှန်းရှီ သူ့ရဲ့ ရူးသွပ်မှုကြီး ပျောက်ကွယ် သွားခဲ့ပြီ။ မြင့်မားလွန်းတဲ့ ရဲစွမ်း သတ္တိကို ထုတ်ပြ နေခဲ့တယ်။ သွေးအန် နေတာတောင် အမှုမထားတော့ဘူး။ သူရှေ့ဆက် တိုးနေခဲ့တယ်။

“အား။ ပိုင်ကျစ် ငါမင်းကို သတ်မယ်။”

“..” ဧကရီ ပိုင်ကျစ်ရဲ့ အမူအယာက နောက်ဆုံးတော့ ပြောင်းလဲ သွားခဲ့ပြီ။ သူမက မော့ရှန်းရှီထက် အများကြီး ပိုပြီးတော့ အင်အားကြီး ပငမယ့်၊ မော့ရှန်းရှီက သူမ အတွက်တော့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေတုန်းပဲ။ သိပ်ပြီး မကွာခြားလှတဲ့ အဆင့်တွေကြောင့် မော့ရှန်းရှီသာ တိုက်ခိုက်လာရင် သူမ အတွက် မလွယ်ကူဘူး။

“ဒီကောင်စုတ်က တမင်တကာ လုပ်တာပဲ။” ဒါတွေ အားလုံးက ဖန်ကျန်းရှီရဲ့ စကားကြောင့်မှန်း သိနေခဲ့တယ်။ အကယ်၍ ဖန်ကျန်းရှီရဲ့ စကားကြောင့်သာ မဟုတ်ရင်၊ မော့ရှန်းရှီလည်း သူ့ကို စုန်းမအိုကြီးလို့ ခေါ်မှာ မဟုတ်ဘူး။ ဒါဆိုရင် သူလည်း မော့ရှန်းရှီကို ရိုက်မိမှာ မဟုတ်သလို။ မော့ရှန်းရှီက သူ့ကို ခွေးရူး တစ်ကောင်လို တိုက်ခိုက်ဖို့ ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးတယ်။

အခုချိန်မှာ ဒါတွေကို စဉ်းစားနေလို့ အသုံးမဝင်တော့ဘူး။ ဒီအခြေအနေကို ရောက်နေခဲ့ပြီ။ မော့ရှန်းရှီ လက်ကနေ လွတ်ဖို့ လမ်းမရှိတော့ဘူး။ မော့ရှန်းရှီသာ တိုက်ခိုက်လာရင် သူမလည်း သေချာပေါက် ညှာတာ မနေဘူး။

“မော့ရှန်းရှီ နင်က သေချင် နေမှတော့၊ နင့် ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။” ဧကရီ ပိုင်ကျစ်ရဲ့ ဆွဲဆောင်မှုတွေက လုံးဝကို ပျောက်ကွယ် သွားခဲ့ပြီ။ ကြောက်စရာ အေးစက်စက် လူသတ်ငွေ့တွေသာ ပြည့်ှနှက် နေခဲ့တယ်။

“သေစမ်း။” မော့ရှန်းရှီ ဆက်တိုက် ရှေ့ကို တိုးလာခဲ့တယ်။

မုချင်းဖန်းရဲ့ အမူအယာကတော့ ပြောင်းလဲ သွားခဲ့ပြီ။ မိစ္ဆာ မျိုးနွယ်စုနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲက နှစ်ဖက် စလုံးကို အပျက်အစီး များစေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ့ အခြေအနေမှာ၊ တကယ့်ကို အင်အား ကြီးတဲ့ သူတွေကတော့ မျှခြေကို ထိန်းထားခဲ့တယ်။ ဘယ်သူကမှ သေမယ့် အချိန်အထိ မတိုက်ခိုက်ခဲ့ဘူး။

လုံးဝကို အဓိပ္မာယ် မရှိလို့လေ။ နှစ်ဖက်စလုံး သေကျေ ပျက်စီးနိုင်တဲ့ အထိ အင်အားကြိးတဲ့ သူတွေ အချင်းချင်း တိုက်ခိုက်ကြရင်၊ ဘာမှ ကောင်းတာ ဖြစ်မလာနိုင်ဘူး။ ရလဒ် အနေနဲ့၊ လူသားနဲ့ မိစ္ဆာတွေ နှစ်ဖက် စလုံး မျိုးသုန်း သွားနိုင်တယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ် တိုက်ပွဲ ကြီးမှာတော့ နှစ်ဖက်စလုံး စစ်ပြေငြိမ်း ခဲ့ကြတယ်။ စည်းမျဉ်းတွေကို သတ်မှတ် လိုက်ကြတယ်။ နတ်ဆိုးတွေက သွေးအရိပ် မြို့တော်ကို ဆုတ်ခွာ သွားတယ်။ မိစ္ဆာ မျိုးနွယ်ကတော့ မဟာ နွံအိုင်ထဲမှာ ပုန်းအောင်း နေခဲ့တယ်။ ဒါ့အပြင်၊ သုခမိန်တွေကလည်း နိုင်ငံတော်ကြီး လေးခုကို ဝင်ရောက် စွက်ဖက်ခွင့် မရှိတော့ဘူး။

နိုင်ငံတော် မင်းဆက် တစ်ခု ဖျက်စီးခံရရင်တောင် ဝင်မပါရဘူး။

လောကကြီးမှာ အင်အားကြီးသူပဲ အသက်ရှင်သန်နိုင်တယ်။ ဒါပေမယ့် မုချင်းဖန်းကတော့ အခုချိန်မှာ ဘယ်လိုလုပ် ဘာမှ မလုပ်ဘဲ နေနိုင်မှာလဲ။ မော့ရှန်းရှီက သူ့အသက်သူ ရင်းပြီးတော့ ဧကရီ ပိုင်ကျစ်ကို ဆန့်ကျင် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။

“ငါသေရင် သေပါစေကွာ။ လုပ်မယ်။” မုချင်းဖန်း အံကြိတ်ရင်း ဝင်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ နောက်ထပ် တွေဝေမနေပဲ ဧကရီ ပိုင်ကျစ်ဆီကို ခုန်ဝင် လာတော့တယ်။ “ပိုင်ကျစ်။ ငါတို့ သေတဲ့ အထိ တိုက်ခိုက်မယ်။”

…

ဝေါင်း။ သားရဲကောင် အော်သံ တစ်သံ ထွက်ပေါ်လာတယ်။

အောက်ဘက်မှာ ကြည့်နေကြတဲ့ မိစ္ဆာ ဘုရင်တွေကတော့ ဒေါသ ထွက်နေကြပြီ။ ဘယ်သူကမှ ဒါကို တိုက်ပွဲလေး တစ်ခုလို့ သဘော မထားတော့ဘူး။ မိစ္ဆာ ဘုရင် တစ်ယောက်ချင်းစီတိုင်းက သွေးနီရောင် တောက်နေတဲ့ မျက်ဝန်းတွေနဲ့ သွေးဆာ နေကြပြီ။

တိုက်ခိုက်မယ်။ မိစ္ဆာ ဘုရင် သုံးဆယ်ကျော် အခုချိန်မှာ အသွင် အစစ်ကို ထုတ်ပြ လာခဲ့ပြီ။ ကောင်းကင်ကြီး တစ်ခုလုံး မိစ္ဆာတွေ ပြည့်ှနှက် ကုန်တဲ့ အထိပဲ။ မိစ္ဆာ ဘုရင် တစ်ယောက်ချင်းစီတိုင်းက သန်မာလွန်းတဲ့ အရှိန်အဝါတွေ ပြည့်နှက်နေတယ်။ ဒါ့အပြင် ကြက်သီး ထလောက်အောင် ကြောက်စရာ ကောင်းတယ်။

ဒါကို မြင်ချိန်မှာ မြင့်မြတ် နယ်မြေ အကြီးအကဲတွေ ဒီအတိုင်း ထိုင်ကြည့် မနေနိုင်တော့ဘူး။

“တိုက်ခိုက်။” မြင့်မြတ် နယ်မြေရဲ့ အကြီးအကဲတွေ သုခမိန်တွေ စတင် လှုပ်ရှား ကြတော့တယ်။

ဘယ်သူကမှ လူသားနဲ့ မိစ္ဆာကြားက မဟာ စစ်ပွဲကြီးကို ရပ်ကြည့် မနေိုင်ဘူး။ အကယ်၍ လူသားတွေသာ တိုက်ပွဲကြီးကို ရှုံးနိမ့်သွားရင်၊ လူသား မျိုးနွယ်ရဲ့ အင်အား အကြီးဆုံး တိုက်ခိုက်ရေး သမားတွေက မဟာ နွံအိုင်ထဲမှာ နေရလိမ့်မယ်။ မရေမတွက်နိုင်တဲ့ လူတွေ ကောင်းကင်ကို ပျံတက် လာတော့တယ်။

သုခမိန် တစ်ယောက်ချင်းစီတိုင်းက သူတို့ရဲ့ လက်နက်တွေကို ထုတ်ယူ လိုက်ကြပြီ။ မိစ္ဆာ ဘုရင် အယောက် ၃၀ကျော်ကို သူတို့ စွမ်းအားတွေ အကုန်လုံး ထုတ်သုံးပြီး တိုက်ခိုက်မှပဲ အောင်မြင်နိုင်မယ်။

လူသားနဲ့ မိစ္ဆာကြား မဟာ စစ်ပွဲကြီးကတော့ နောက်ဆုံးမှာ စတင်ပြီ။ စစ်မီးကို မွှေးခဲ့တဲ့ ဖန်ကျန်းရှီကတော့ မိစ္ဆာ ဘုရင်တွေ အသွင် မပြောင်းခင်တည်းက ထွက်ပြေး သွားခဲ့ပြီ။ နောက်ဆုံးတော့လည်း လက်နက်တွေမှာ မျက်လုံး မပါဘူးလေ။ မတော်တဆ ထိခိုက် ဒဏ်ရာရမှာကို ဘယ်သူမှ ကြိုမမြင်နိုင်ဘူး။

အဝေးကြီးကိုတော့ သူထွက်မသွားဘူး။ နှလုံးသားထဲမှာ ဖြောင့်မတ်မှု ရှိနေရင်၊ ဆိုးယုတ်မှုကလည်း တိုးထွက်လာ နိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီကတော့ အမှန်အမှားကြားမှာ ကြားနေ အဖြစ်သာ ရပ်တည် နေခဲ့တယ်။ ရှေးစကား တစ်ခွန်း ရှိတယ်လေ။ ဥမကွဲ သိုက်မပျက်တဲ့။

စစ်မှန်တဲ့ လူသား စစ်စစ် သွေးတွေ စီးဆင်း နေပင်မယ့်၊ ဒီစစ်ပွဲကြီးမှာ ဘာမှ မလုပ်ပဲ ထိုင်နေလို့တော့ ရမှာ မဟုတ်ဘူးလေ။ ဒီတော့ ဘေးက ထွက်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်တယ်။ တကယ့် စစ်သည်တော်တွေက ရိုးရှင်းတဲ့ ဘဝကို ခံယူပြီးတော့ သွေးသံရဲရဲတွေကို ကြည့်ဝံ့ကြတယ်။

ဒီတော့ စစ်မှန်တဲ့ စစ်သည်တော် ဖြစ်တဲ့ ဖန်ကျန်းရှီကလည်း သေချာပေါက် သွေးသံရဲရဲတွေ ထိုင်ကြည့် စေနိုင်တာပေါ့။ ဒါ့အပြင် ရှင်းရှင်း လင်းလင်း မြင်ရဖို့ အကောင်းဆုံး မြင်ကွင်းက အပေါ်စီးက ကြည့်တာ အပြင် ဘာထပ် ရှိနိုင်အုန်းမလဲ။ ချီကူယန် အရင်က ပြောခဲ့ဖူးတယ်။ အပေါ်မှာ အထီးကျန်တယ်တဲ့။

အန္တရာယ်လည်း များသေးတယ်။ ဆန့်ကျင်ဘက် စကား တစ်ခွန်းကလည်း ရှိနေသေး။ အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံး နေရာတဲ့။ ဒါ့အပြင် ဖန်ကျန်းရှီရဲ့ စွမ်းရည်နဲ့ ဆိုရင်၊ ဧကရီ ပိုင်ကျစ်ကို တိုက်ရိုက် မတိုက်ခိုက် သေးသရွေ့ သူလည်း သေနိုင်ချေ မရှိဘူး။

ဒါေတွေကြောင့် ဧကရီ ပိုင်ကျစ်ရဲ့ နောက်ဘက် နေရာကို သူရွေးချယ်လိုက်တယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ တိုက်ရိုက် တိုက်ခိုက်ဖို့ မဖြစ်နိုင်ရင်၊ သေချာပေါက် နောက်ကနေ တိုက်ခိုက်ရမယ်။ အကြောင်းပြချက်က မှားယွင်းနေတာ မရှိဘူး။ နည်းနည်းတော့ ခက်ခဲပင်မယ့်၊ အသာစီး ရမှာ အသေချာပဲလေ။

နတ်သစ်ပင်။ အကောင်းဆုံး ပွဲကြည့်စင်ကြီး။

ကြီးမားတဲ့ ပင်စည်နဲ့ အကိုင်းအခက်တွေကို သုံးလိုက်ရင်၊ ဧကရီ ပိုင်ကျစ်ရဲ့ နောက်ဘက်ကို ရောက်ဖို့ ဖြစ်နိုင်တယ်။

ဝူး ဝူး။

သတိလစ်နေတဲ့ ရန်ရွှယ်ကို လက်တစ်ဖက်မှာ သယ်ဆောင်ရင်း နောက်လစ် တစ်ဖက်ကတော့ နတ်သစ်ပင်ရဲ့ သစ်ကိုင်းတွေကို ဖမ်းဆွဲနေခဲ့တယ်။ အဲ့ဒီ့နောက် ကောင်းကင်တာအိုကို သုံးပြီး နတ်သစ်ပင် ထိပ်ဖြားကို ရောက်အောင် တက်နေခဲ့တယ်။

သူတက်နေတဲ့ အချိန်မှာပဲ ကျယ်လောင်တဲ့ အသံတွေက ကောင်းကင် တစ်ခွင်လုံး ဟိန်းနေတာကို ကြားမိတယ်။ မိစ္ဆာ ဘုရင် ၃၀နဲ့ ရာချီတဲ့ သုခမိန်တွေရဲ့ တိုက်ပွဲက အသံတွေ။ တိုက်ပွဲရဲ့ ကျယ်ပြန့်မှုက ထူးခြားလွန်းတယ်။

လေထဲမှာတော့ သွေးတွေ ခြေပြတ် လက်ပြတ်တွေ လွင့်နေတော့တယ်။ ဒေါသတကြီး အော်သံတွေနဲ့ တိုက်ခိုက်နေ သူတွေကြောင့် ကောင်းကင်တောင် မှောင်မဲသွားခဲ့တယ်။

ချင်းယွိနဲ့ တောက်ဟွမ်ကတော့ တိုက်ပွဲကို ရပ်လိုက်ပြီ။ တောက်ဟွမ်ရဲ့ စုတ်ပြဲနေတဲ့ ဝတ်ရုံရှည်ကို ကြည့်လိုက်ရင်၊ သူရှုံးသွားပြီမှန်း သိသာနေခဲ့တယ်။ အတော်လေး အဖြစ်ဆိုးနေတဲ့ ပုံစံပဲ။ ဒါပေမယ့် သူတို့ နှစ်ယောက်လုံး တိုက်ခိုက်ချင်စိတ် ရှိပုံ မပေါ်တော့ဘူး။း

“လူသား မျိုးနွယ်ရဲ့ အသက်ရှင်သန်ရေးက ပိုအရေးကြီးတယ်။ ငါတို့ ကိစ္စ နောက်ရက်မှ ဆက်ကြတာပေါ့။” တောက်ဟွမ် သူ့အကျီ လက်က သွေးတွေကို ခါထုတ်ရင်း ပြောတယ်။

“အချိန် မရွေးပဲ။” ချင်းယွိ ခေါင်းငြိမ့်တယ်။ ကောင်းကင်ထိပ်မှာ တိုက်ခိုက်နေတဲ့ လူသုံးယောက်ကို မြင်ချိန်မှာ ချင်းယွိ မျက်လုံးတွေ မည်းမှောင် သွားတော့တယ်။

“စိတ်ချ။ ငါက အခုချိန်မှာ အလစ်ဝင်တိုက်ရအောင် စိတ်ဓာတ် မယုတ်မာဘူး။ ပင်းယန်ကို မင်း စိတ်ပူဖို့ မလိုဘူး” ပင်းယန်ကို ချင်းယွိ စိုးရိမ်နေမှန်း တောက်ဟွမ် သိတယ်။

“ငါသိပြီ။” နောက်ထပ် မပြောတော့ပဲ ချင်းယွိ နေရာကနေ ပျောက်ကွယ် သွားတော့တယ်။ အဲ့ဒီ့နောက် လေထဲမှာ ပေါ်လာတယ်။

ဖြန်း။ လက်ဝါးချက် တစ်ချက်က ခေါင်းတစ်ခုပေါ်ကို ကျရောက်တယ်။

ဝုန်း။ ချင်းယွိ ရိုက်တာ ခံလိုက်ရတဲ့ မိစ္ဆာ ဘုရင်ကတော့ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ အောက်ပြုတ်ကျ လာရင်း သွေးအန်တော့တယ်။ ဒီအချိန်မှာပဲ တောက်ဟွမ် ရောက်လာတယ်။

လျှပ်စီး လက်သလို အရှိန်နှုန်းနဲ့ အဖြူ အမည်း ဓားနှစ်လက်ကို ကိုင်ဆွဲထားရင်း တိုက်ခိုက်တော့တယ်။ ဓားအလင်းတန်း နှစ်ခုက ကောင်းကင်မှာ တဖျပ်ဖျပ် လက်နေခဲ့တယ်။ ယင်ယန် ပေါင်းစည်းမှု နှစ်ခုက သက်တန့်တွေ ဖြာလာစေတယ်။

ဂျိန်း။ မိစ္ဆာ ဘုရင် တစ်ကောင်ကတော့ မခုခံ နိုင်တော့ဘူး။ သူ့ခန္ဒာကိုယ် နှစ်ခြမ်း ကွဲပြီးတော့ မိစ္ဆာ ပုလဲက ရွှေရောင် အလင်းတန်းတွေ ဖြာထွက်ရင်း လေထဲ လွင့်မျော နေတော့တယ်။

“၀ ဝေါင်း။” နောက်ထပ် မိစ္ဆာ ဘုရင် တစ်ကောင်က ငန်းရိုင်း တစ်ကောင်လို ပုံစံမျိုးနဲ့ အထိတ်တလန့် ခုန်ဝင်တယ်။ သူ့ရဲ့ လက်သည်းတွေကို ဆန့်ထုတ်ရင်း မိစ္ဆာ ပုလဲကို ဖမ်းဖို့ လုပ်တယ်။

ချင်းယွိကတော့ သူ့ထက် ပိုမြန်နေခဲ့တယ်။ ချက်ခြင်း ဆိုသလို လေထဲမှာ လွင့်မျောနေတဲ့ ရွှေရောင် ပုလဲကို ငွေဖြူရောင် အလင်းတန်းက ဖုံးအုပ်ပြီး ဖျက်စီး ပြစ်လိုက်တော့တယ်။

အပိုင်း (၇၅၅) ပြီး၏။

အပိုင်း (၈၆၆)

“အဲ့ဒီ့ ကောင်စုတ်က သူရဲကောင်း ဖြစ်လာပြီ။”

မြင့်မြတ်နယ်မြေရဲ့ အသန်မာဆုံး စစ်သည်တော် နှစ်ယောက် ဖြစ်တဲ့ ချင်းယွိနဲ့ တောက်ဟွမ် ပူးပေါင်း တိုက်ခိုက်မှုက မိစ္ဆာ ဘုရင် တစ်ယောက်ကို သတ်ဖြတ်ဖို့ မခက်ခဲဘူး။

ဒါပေမယ့် မိစ္ဆာ မျိုးနွယ်စုတွေကတော့ ချင်းယွိနဲ့ တောက်ဟွမ်ကို စိတ်လွတ်လက်လွတ် သတ်ဖြတ်ခွင့် မပြုပါဘူး။ မိစ္ဆာ ဘုရင် တစ်ယောက် သေဆုံး သွားတာကို မြင်ချိန်မှာ သူတို့တွေ ချက်ခြင်း ဆိုသလို သတိကြီးကြီးနဲ့ လုပ်ဆောင် ဖို့ ပြင်တော့တယ်။ သူတို့တွေ တစ်ယောက်ကို တစ်ယောက် မျက်စ ပြစ်လိုက်ပြီး နေရာကို ချက်ခြင်း ပြောင်းလဲ တော့တယ်။ ကောင်းကင်က ကြယ်တာရာတွေလိုပဲ။ တစ်ယောက်နဲ့ တစ်ယောက် ခြေငါးလှမ်း အကွာကို ခွာလိုက်ကြတယ်။

ရလဒ်ကတော့ ကောင်းကင်မှာ မိစ္ဆာ ဘုရင် သုံးဆယ်ကျော် ပါတဲ့ ကောင်းကင် ကွန်ယက်ကြီး တစ်ခု ဖြစ်ပေါ်လာတော့တယ်။ သုခမိန်တွေကို ကောင်းကင်ဆီ မရောက်နိုင်အောင် တားမြစ် ထားလိုက်တော့တယ်။ ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိတယ်။ ဖန်ကျန်းရှီတော့ မပါဘူး။

နတ်သစ်ပင်ရဲ့ အကိုင်းအခက်တွေကို အကူအညီ ယူပြီး အပေါ်တက်သွား ခဲ့တဲ့ အတွက် ဖန်ကျန်းရှီက အခက်အခဲ မကြံဲခဲ့ရဘူး။ နတ်သစ်ပင် ထိပ်ဖျားကို မျက်တောင် တစ်ခတ် အချိန် အတွင်းမှာ ရောက်သွားခဲ့ပြီ။

စက်ဝိုင်းပုံစံ လှိုင်းတွေက နတ်သစ်ပင် ထိပ်ဖျားမှာ ဖြာထွက်နေခဲ့တယ်။ လေပြင်းက ဖန်ကျန်းရှီရဲ့ ဝတ်ရုံပြာပြာကို လွင့်ထွက်အောင် တိုက်ခတ် နေခဲ့တယ်။ ဒီလှိုင်းတွေက မော့ရှန်းရှီ၊ မုချင်းဖန်းနဲ့ ဧကရီ ပိုင်ကျစ်ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ် လာတာတွေ။ အရမ်းကို အေးစက်ပြီး အရိုင်းဆန်တယ်။ ပတ်ဝန်းကျင် သာမာန် တပည့်သားတွေကို အလွယ်လေး လဲကျ စေနိုင်တယ်။

ဒါပေမယ့် ဖန်ကျန်းရှီ အတွက်တော့ ဂရု စိုက်ရမယ့် ကိစ္စ မဟုတ်ခဲ့ဘူး။ သိပ်ပြီး တွေေ၀ မနေပဲ နတ်သစ်ပင်ဆီကို အရှိန် ပြင်းပြင်းနဲ့ သူတက်လာတော့တယ်။ သူတဖြည်းဖြည်း နတ်သစ်ပင်ထိပ်ကို နီးကပ် လာခဲ့ပြီ။ နီးလာလေလေ မော့ရှန်းရှီနဲ့ ဧကရီ ပိုင်ကျစ်ရဲ့ သတ်ဖြတ်လိုစိတ်တွေကို ပိုပြီးတော့ ခံစားမိလေပဲ။

“ပြင်းထန်လိုက်တဲ့ တိုက်ပွဲ။” ဖန်ကျန်းရှီကတော့ ဒီရလဒ်ကြောင့် တမျိုးတဖုံ စိတ်ကျေနပ် နေမိတယ်။ သူတို့တွေ စတင် တိုက်ခိုက် ပြီးတည်းက နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး။ ရလဒ်က သူထင်ထားတဲ့ အတိုင်းပဲ။ ဒေါသထွက်နေတဲ့ မော့ရှန်းရှီက သူ့ရဲ့ တိုက်ပွဲ စွမ်းအား ၂၀၀%ကို ထုတ်သုံး နေခဲ့ပြီ။ ဧကရီ ပိုင်ကျစ်ကို အစွမ်းကုန် အဆက်မပြတ် တိုက်ခိုက် နေခဲ့တယ်။

ဧကရီ ပိုင်ကျစ်က ဒဏ်ရာ မရပင်မယ့်၊ မော့ရှန်းရှီ လက်က လွတ်အောင် မပြေးနိုင်ဘူး။ ဒါက ဖန်ကျန်းရှီ သေချာပေါက် မြင်ချင်တဲ့ ကိစ္စပဲ။

“ဧကရီ ပိုင်ကျစ်ကို နောက်ကနေ အလစ် ဝင်တိုက်ရမလား။” ဖန်ကျန်းရှီ စိတ်ထဲ အတွေး ဝင်လာပင်မယ့်၊ ချက်ခြင်း ပယ်ချလိုက်တယ်။ အကြောင်းရင်းကတော့ အခုချိန်က တိုက်ခိုက်ဖို့ အချိန်ကောင်း မဟုတ်ဘူး။ လူသားနဲ့ မိစ္ဆာတွေ့ ကွာခြားတယ်။

မိစ္ဆာ တစ်ကောင်ကို သတ်ဖို့ မလွယ်မှန်း ဖန်ကျန်းရှှီ သေချာတယ်။ မိစ္ဆာ ပုလဲကို ခွဲနိုင်မှပဲ သတ်နိုင်မှာ၊ နောက်ပြီးတော့ အလစ်ဝင်တိုက်ချင်ရင်၊ နေရာ သေချာရွေးမှ ဖြစ်မယ်။ ဆက်ပြီးတော့ စောင့်ကြည့်ရမလား။

ဒီအစီအစဉ်ကတော့ အမှားအယွင်း ကင်းတယ်။ ဧကရီ ပိုင်ကျစ်က အချိန်ကို အရမ်း ဂရုစိုက်တဲ့ ပုံစံပဲ။ ဒီတော့လည်း ဖန်ကျန်းရှီက ဘာကြောင့်များ အချိန်ဖြုန်းနေရ အုန်းမလဲ။ အရေးအကြီးဆုံး ပြစ်မှတ်က နန်ကုန်းဟောင်ပဲ ဖြစ်သင့်တယ်။ သစ်ပင်ထိပ်မှာ ရှိနေတဲ့ နန်ကုန်းဟောင်ကို ဖန်ကျန်းရှီ ခပ်မြန်မြန် အာရုံစိုက်လိုက်တယ်။ နန်ကုန်းဟောင်ကတော့ တွေေ၀ ငေးမောနေဆဲ။ အတိတ်မှာ ပိတ်မိနေတဲ့ လူတစ်ယောက် ပုံစံနဲ့။

နေစမ်းပါအုန်း။ နာကျင် ခံစား နေရတာလား။ ဖန်ကျန်းရှီ နည်းနည်းတော့ အံ့သြ သွားတယ်။ အကယ်၍ သူခန့်မှန်းတာသာ မှန်မယ် ဆိုရင် နန်ကုန်းဟောင်က ဧကရီ ပိုင်ကျစ်ရဲ့ ပုံရိပ်ယောင် မန္တန်ထဲမှာ ရှိနေမှာ မဟုတ်လား။ အခုဆိုရင် သူမ ထိန်းချုပ်တာကို အပြည့်အ၀ ခံထားရပြီ။

အမှန်တော့ နန်ကုန်းဟောင်ရဲ့ မျက်နှာ အမူအယာကို ကြည့်ရုံနဲ့တင် နာကျင် ခံစား နေရတာက သိသာတယ်။ နန်ကုန်းဟောင် အစွမ်းကုန် ခုခံထားတဲ့ ပုံစံပဲ။ နန်ကုန်းဟောင် နိုးလာဖို့ တောင်ပေါ် သီချင်းပဲ ထပ်ဆိုရမလား။ ဒါမှမဟုတ် နန်ကုန်းဟောင်ကို သတ်လိုက်ရမလား။

ဖန်ကျန်းရှီ နောက်တစ်ခုကို ရွေးချယ်လိုက်တယ်။ ပထမ တစ်ခုက မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေ အများကြီး ပါဝင်နေတယ်။ နန်ကုန်းဟောင်ကို နိုးအောင် လုပ်နိုင် မလုပ်နိုင် သူမသေချာဘူး။ မလုပ်နိုင်ခဲ့ရင်၊ ဧကရီ ပိုင်ကျစ်က သူ့ကို အာရုံစိုက်မိ သွားလိမ့်မယ်။ ဒါဆိုရင် ကြိုးစား ခဲ့သမျှ အားလုံး အလဟသတ် ဖြစ်သွားလိမ့်မယ်။

ဒါ့အပြင် နန်ကုန်းဟောင်ကို နှိုးပြီးရင် နန်ကုန်းဟောင်က ဘာဆက်လုပ်မှာလဲ။ နတ်ဘုရား မုခ်ဝကို ဖွင့်မှာမလား။ ဒါက ဖန်ကျန်းရှီ မြင်ချင်တဲ့ ကိစ္စမဟုတ်ဘူး။ ဒီတော့ အကောင်းဆုံး ရွေးချယ်မှုက နန်ကုန်းဟောင်ကို သတ်ဖို့ပဲ။ သူ့ကိုသာ သတ်လိုက်ရင် အရာအားလုံး ပြီးဆုံး သွားလိမ့်မယ်။

ဖန်ကျန်းရှီနဲ့ နန်ကုန်းဟောင် နှစ်ယောက်က မဟာရန်သူတော်ကြီးတွေတော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ပင်းယန်နဲ့ ချီကူယန် နှစ်ယောက်ကို သေလုမျောပါး ဒဏ်ရာရအောင် လုပ်ခဲ့တာနဲ့တင် သတ်ဖို့ လုံလောက်ပြီ။ အနာဂတ် အတွက် စဉ်းစား ရမယ်လေ။

မတွေဝေတတ်တဲ့ လူတစ်ယောက် အနေနဲ့၊ ဖန်ကျန်းရှီက ဆုံးဖြတ်ချက် ချပြီးပြီးချင်း အကောင်အထည် ဖော်ဖို့ လုပ်တော့တယ်။ ရန်ရွှယ်ကို သစ်ကိုင်းတွေကြားမှာ သေသေချာချာ နေရာ ချထားပြီးနောက်၊ ခြေရာမဲ့ ဓားကို ကိုင်လိုက်တော့တယ်။

ဧကရီ ပိုင်ကျစ်ကို အလစ် ဝင်တိုက်ဖို့ကတော့ ခက်ခဲတယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကို သတ်ဖို့ကတော့ လွယ်လွယ်လေး။ အထူးသဖြင့်။ နန်ကုန်းဟောင် သတိ အပြည့် မဝင်ခင်မှာပေါ့။

“ဘာမှ မလုပ်တာက တစ်ခုခု လုပ်နေတာပဲ။” ဒါက နန်ကုန်းဟောင် တာအိုကို နားလည်ထားတဲ့ ပုံစံ။ အခုချိန်မှာ အကောင်းဆုံး အရာက ဓားထုတ်တဲ့ အချိန်မှာတောင် အသံမထွက်တာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ အကောင်းဆုံး အချိန်ကို စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။

မော့ရှန်းရှီကတော့ ဧကရီ ပိုင်ကျင့်ရဲ့ ရှေ့ကို ရောက်လာပြန်ပြီ။ သူ့ရဲ့ တူကြီးကို လွှဲထုရင်း ဧကရီ ပိုင်ကျစ်ရဲ့ ခါးကို ရိုက်ချလိုက်တယ်။

“နင်သေချင် နေတာလား။” ဧကရီ ပိုင်ကျစ်က အတော်လန့်သွားခဲ့တယ်။ မော့ရှန်းရှီရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင် ရတဲ့ အတွက် ပြန်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ သူမရဲ့ လက်ချောင်း သွယ်သွယ်လေးက လေထဲမှာ လျှပ်စီး လက်သလို ဖြတ်သွားပြီးတော့ တူကြီးကို ထိလိုက်တယ်။ ဒါ့အပြင် ညာခြေထောက်နဲ့ မော့ရှန်းရှီရဲ့ လည်ပင်းကို ကန်လိုက်တယ်။

ဝုန်း။ မော့ရှန်းရှီရဲ့ တူကြီးက တုန်ခါရင်း လက်ကနေ လွတ်ကျမတတ် ဖြစ်သွားခဲ့တယ်။ ဒီတိုက်ခိုက်မှုက မော့ရှန်းရှီရဲ့ မျက်နှာ အမူအယာကို ပြောင်းလဲ သွားစေတယ်။ နောက်ပြီးတော့ သူမ ဆီကနေ တိုက်ခတ်လာတဲ့ လေပြင်းတွေ့ို ခံစားမိလိုက်တယ်။

“အိပ်မက် မက်နေလိုက်။” မုချင်းဖန်းက မော့ရှန်းရှီဆီ ရောက်လာတဲ့ ခြေထောက်ကို ဓားနဲ့ လွှဲခုတ်လိုက်တယ်။ ဒီတိုက်ခိုက်မှုက မြန်ဆန်လွန်းလို့ ကောင်းကင်ကြီးတောင် နှစ်ခြမ်း ကွဲထွက်သွားတော့မယ့် အတိုင်းပဲ။

ကန်ချက်က မြန်ဆန်ရုံတင် မကဘူး။ မိုးခြိမ်းသံလို အသံကြီးပါ ပါလာခဲ့တယ်။ ဒါက ဧကရီ ပိုင်ကျစ်ရဲ့ အစွမ်းပဲ။ ဒါပေမယ့် မုချင်းဖန်းကလည်း သူကလောက် နီးနီးကို စွမ်းအားကြီးတယ်။ သူခုခံမယ့် အစား တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဓားရှည်ကို ညာလက်ကနေ ဘယ်ဘက်လက်ဆီ ပြောင်းလိုက်တယ်။ ဒီလို လက်ပြောင်းတဲ့ အချိန် ်မုချင်းဖန်းရဲ့ ဘယ်ဘက်လက် တစ်ခုလုံးကို အစိမ်းရောင် အလင်းတန်းက ဖုံးအုပ် သွားခဲ့တယ်။ နွယ်ပင်တွေ ဖုံးလွှမ်းထားတဲ့ အတိုင်းပဲ။ ဒီနွယ်ပင်တွေက အရိုင်းဆန်ဆန် ကြီးထွား လာကြပြီး လက်ဖဝါး တစ်ခု အသွင်ကို ပြောင်းလဲ သွားခဲ့တယ်။ ဓားကို ကိုင်ထားရင်း နောက်တစ်ခေါက် တိုက်ခိုက်ပြန်တယ်။

ဒီလှုပ်ရှားမှု အားလုံးက အချိန် ခဏတာ အတွင်း ဖြစ်ပျက် သွားခဲ့တယ်။ တိမ်တွေ လွင့်မျော နေသလို တစ်ချက်လေးတောင် မနားခဲ့ဘူး။ မုချင်းဖန်းက ဘယ်လက်ကို တစ်သက်လုံး သုံးလာခဲ့တဲ့ အတိုင်းပဲ။

ဂျိန်း။ ဓားသွားက ဧကရီ ပိုင်ကျစ်ရဲ့ လက်မောင်းကို ထိုးစိုက်သွားတော့တယ်။ တစ်ချိန် တည်းမှာပဲ သူမရဲ့ လက်မောင်းမှာ နှင်းဖြူရောင် မြေခွေး အမွှေးတွေ ထိုးထွက်လာတယ်။ ဒီအမွှေး တစ်မျှင်ချင်းစီတိုင်းက သံမဏိလို မာကျောလွန်းတယ်။

မြေခွေး အမွှေးတွေကို ထိတွေ့တဲ့ အချိန် ကျယ်လောင်တဲ့ သတ္တုချင်း ထိခတ်သံကြီး ထွက်ပေါ် လာတော့တယ်။ ဒီတိုက်ခိုက်မှုက ဧကရီ ပိုင်ကျစ်ကို ဒဏ်ရာ မရစေခဲ့ဘူး။ သူမကို ခြေသုံးလှမ်းသာ နောက်ဆုတ် သွားစေတယ်။

“အခွင့်အရေးတော့ ရောက်လာပြီ။” ဖန်ကျန်းရှီက ဒီအခွင့်အရေးကို စောင့်ဆိုင်း နေခဲ့တာ။ ဧကရီ ပိုင်ကျစ် ခြေလှမ်း နည်းနည်း နောက်ဆုတ် သွားရတာနဲ့တင် လုံလောက်ပါပြီ။

လောဘကြီးတဲ့ ကိစ္စတွေက လုပ်ဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး။ လုပ်စရာလည်း မလိုဘူး။ ပြောရရင် သူမနဲ့ တစ်ခေါက်ပဲ တွေ့ရတဲ့ အတွက် သူမကို လုံး၀ မရင်းနှီးဘူးလေ။

“နန်ကုန်းဟောင် မင်းသေသွားရင် ငါတို့ လောကကြီး အေးချမ်းလိမ့်မယ်။” ဖန်ကျန်းရှီ စိတ်ထဲမှာ ကျိန်းဝါးရင်းနဲ့ ဓားကို မြှောက်လိုက်တယ်။ အသံ တစ်သံမှ မထွက်ဘူး။ သူ့ရဲ့ အရှိန်နှုန်းက အတားအဆီးတွေ အားလုံးကို ကျော်ဖြတ်နိုင်ဖို့ လုံလောက်တယ်။

သူယုံကြည်ချက် အပြည့်နဲ့ တိုက်ခိုက်တဲ့ အချိန် နောက်ဆုတ် သွားခဲ့တဲ့ ဧကရီ ပိုင်ကျစ်က ချက်ခြင်းဆိုသလို သူ့ကို စိုက်ကြည့်တယ်။ ထိတ်လန့် အံ့သြတယ်။ ဧကရီ ပိုင်ကျစ်ရဲ့ အကြည့်တွေထဲမှာ ဒီခံစားချက် နှစ်ခုကို မြင်လိုက် ရသလို၊ ဖန်ကျန်းရှီလည်း လန့်သွားခဲ့တယ်။

အဲ့ဒီ့ အဖွားကြီးက မိစ္ဆာမလား။ အာ ဟုတ်သား။ တကယ့် မိစ္ဆာပဲကို။ ဒါပေမယ့် ဒီလောက်ကြီး သိနေတာတော့ များသွားပြီ။ ဒီလောက်တောင် သတိကြီးနေတာ ဘယ်သူကများ သူ့ကို အလစ်ဝင်တိုက် နိုင်မှာလဲ။ ကံတရားတွေ တိုက်ဆိုင်မှုတွေ ရှိမှာကို သူမသေချာဘူး။

သူကျိန်ဆဲ လိုက်ချင်တယ်။ အခုချိန်မှာ သူက ဓားထုတ်ပြီးနေပြီ။ နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး။ နောက်ဆုံးတော့လည်း ဒါက ဂုဏ်သတင်းနဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူးလေ။ ကံကောင်းစွာနဲ့ပဲ ဧကရီ ပိုင်ကျစ်က နန်ကုန်းဟောင်နဲ့ ခြေဆယ်လှမ်း အကွာမှာ ရောက်နေခဲ့တယ်။

သူမ သတိထားမိရင်တောင် ဖန်ကျန်းရှီကို မတားနိုင်ဘူး။

“သေပေရော့၊” နန်ကုန်းဟောင်ရဲ့ နှလုံးကို ဖန်ကျန်းရှီ ချိန်ရွယ်လိုက်တယ်။ သူလုံး၀ မသက်ညှာတော့ဘူး။

“ဖန်ကျန်းရှီ၊ နင်ဘယ်လိုတောင် လုပ်ဝံ့တာလဲ။” ဧကရီ ပိုင်ကျစ်ရဲ့ အမူအယာက ပြောင်းလဲ သွားခဲ့ပြီ။ နောက်ထပ် အေးအေးဆေးဆေး မနေနိုင်တော့ဘူး။ ဖန်ကျန်းရှီက နတ်သစ်ပင် ထိပ်ဖျားမှာ စောင့်ပြီး အလစ်ဝင်တိုက်မယ်လို့ သူမတွေးမိ ခဲ့ဘူးလေ။

ဒီကောင် သေမှာကို မကြောက်ဘူးလား။

သူတို့တွေ တစ်ကြိမ်ပဲ တွေ့ဖူးပင်မယ့်၊ ဒီကောင်စုတ်လေးက အများကြီး စဉ်းစားတဲ့သူ မဟုတ်မှန်း သူသိတယ်။ တကယ်တော့ ကောက်ကျစ်ပြီး တကိုယ်ကောင်းဆန်တဲ့သူ။ ချီကူယန်နဲ့ ပင်းယန်ကို ချီပြီး ပုန်းတည်းက ဒီလို အကဲဖြတ် ထားခဲ့ပြီးသား။ ဒါကြောင့်ပဲ သူပျောက်သွားတဲ့ အချိန်မှာ ဘာမှ များများ စားစား မတွေးခဲ့ မိတာပဲ။ ဖန်ကျန်းရှီ အန္တရာယ်က လွတ်တဲ့ နေရာ တစ်ခုစီ ပြေးပုန်းနေပြီလို့ပဲ တွေးထားခဲံတယ်။

“ကောင်းတယ် ကောင်စုတ်လေး။” မော့ရှန်းရှီလည်း ဖန်ကျန်းရှီကို သတိထားမိသွားတယ်။ တစ်ခဏ မျက်လုံး ပြူသွားပြီးနောက်၊ ထီပေါက်တဲ့ အတိုင်း ထအော်တော့တယ်။

မော့ရှန်းရှီ အပြင် မုချင်းဖန်းလည်း မျက်လုံး ပြူးနေခဲ့တယ်။ သူ့မျက်လုံးတွေ အရောင် တဖျပ်ဖျပ် လက်ရင်း အော်လိုက်တယ်။ “ဖန်ကျန်းရှီ နန်ကုန်းဟောင်ကို အခု သတ်လိုက်။”

“ဖန်ကျန်းရှီ၊ ဟောင်အယ်ကို မသတ်ပါနဲ့။” နန်ကုန်းထျန်း နီရဲနေတဲ့ မျက်လုံးတွေနဲ့ တောင်းပန်တယ်။ သူငိုချတော့မယ်။ ဖန်ကျန်းရှီကတော့ အားလုံးကို လျစ်လျူရှုထားတယ်။ ဘာအကျိုးဆက် ကိုမှလည်း စဉ်းစား မနေဘူး။ သူ့မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိတယ်။ ခပ်ရှင်းရှင်း ပြောရရင်၊ သူက ခေါင်းမာတယ်။

ရွှမ်း။ စက္ကူကို ဓားထက်ထက်နဲ့ ဖြတ်ချလိုက်တဲ့ အသံကြီး ကြားလိုက်ရတယ်။ ခြေရာမဲ့ဓားက ခန္ဒာကိုယ် တစ်ခုထဲကို ဝင်ရောက် သွားခဲ့ပြီ။ ဓားက စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဟိန်းဟောက် နေတော့တယ်။ ဒါပေမယ့် သွေးတွေက ဖြာထွက် မလာခဲ့ဘူး။

သွေးတွေ အားလုံးကို ခြေရာမဲ့ဓားက စုပ်ယူသွားတော့တယ်။

“ဓားနဲ့ ထိုးချလိုက်ပြီလား။” မုချင်းဖန်းရဲ့ မျက်လုံးတွေ တောက်ပ လာပြန်တယ်။

“ဒီကောင်စုတ်လေး။ ဘယ်လိုပဲ ဖြစ်ဖြစ် အရေးကြုံလာရင်တော့ အားကိုးရသား။ လူတွေကို အမြဲ ဒေါသထွက်ပြီး ရူးအောင် လုပ်နေတာလေး တစ်ခုပဲ။” မော့ရှန်းရှီရဲ့ မျက်နှာပေါ်က ရူးသွပ်တဲ့ အရိပ်အေယာင်တွေ ပျောက်ကွယ် သွားခဲ့ပြီ။

“ဟောင်အယ်။” နန်ကုန်းထျန်း ဟိန်းဟောက်လိုက်တယ်။ နန်ကုန်းဟောင်ရဲ့ ရင်ဘတ်ထဲ ဓားဝင်သွားတာ မြင်ချိန်မှာ တကိုယ်လုံး တုန်ယင်ပြီး ဖြူဖျော့ နေတော့တယ်။ စိတ်ပျက်အားလျော့မှုတွေ တကိုယ်လုံးမှာ ပြည့်နှက် နေခဲ့ပြီ။ အောက်ဘက်မှာ ရှိသူတိုင်းကတော့ နတ်သစ်ပင်ထိပ်ဖျားက လူှနှစ်ယောက်ကို မော့ကြည့် နေကြတယ်။

နန်ကုန်းဟောင်နဲ့ ဖန်ကျန်းရှီ။

“နန်ကုန်းဟောင် ဓားနဲ့ အထိုးခံ လိုက်ရတာလား။ ဒါဆိုရင် နန်ကုန်း၊ နတ်ဆိုးနဲ့ မိစ္ဆာတွေရဲ့ မဟာ အစီအစဉ်ကြီး ပျက်စီး တော့မှာလား။”

“ဒီကောင်စုတ် တကယ်ပဲ လုပ်လိုက်တယ်။”

“ကမ္ဘာကြီးကို ပြောင်းပြန်လှည့်နေတာလား။”

“နတ်သစ်ပင် ထိပ်ဖျား ရောက်အောင် ဘယ်လိုပဲ သွားသွား။ တိုက်ပွဲကိုတော့ သူရပ်တန့် နိုင်လိုက်ပြီလေ။ သူ့ကို သူရဲကောင်းလို့ ခေါ်သင့်ပြီ။”

“ဟုတ်တယ်။ ဒီကောင်စုတ်က သူရဲကောင်း ဖြစ်သွားပြီ။”

တပည့်သားတွေ စိတ်လှုပ်ရှား နေသလို စိတ်လည်း ရှုပ်ထွေး နေကြတယ်။

နန်ကုန်းဟောင်ရဲ့ အရင် အပြုအမူတွေက သူတို့ စိတ်ထဲမှာ ပဟေဠိ တစ်ခု ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ အရေးမကြီးတော့ဘူး။ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို သတ်လိုက်ပြီ။

ဖန်ကျန်းရှီ လုပ်ခဲ့သမျှ ကိစ္စတွေ အားလုံးကိုလည်း လျော်ပေးလို့ ရတယ်။ မော့ရှန်းရှီနဲ့ ဧကရီ ပိုင်ကျစ်ကို စွပ်စွဲခဲ့တာတောင် ချေပေးလို့ ရပါတယ်။

အပိုင်း (၈၆၆) ပြီး၏။

အပိုင်း (၈၆၇)

“(ရွှေရောင် ပန်းအိုးထဲက ဆီးသီးပင်) စာအုပ်ကို ဖတ်ခဲ့သူ။”

အချိန်တွေက အခု အခိုက်အတန့်မှာ ရပ်တန့် သွားသလိုပဲ။ ဧကရီ ပိုင်ကျစ်က မယုံနိုင် ဖြစ်နေခဲ့တယ်။ သူမ ဒီအချိန် အခိုက်အတန့်ကို တဘဝလုံး စောင့်ဆိုင်း နေခဲ့ရ သလိုပဲ။ ဒါပေမယ့် သူမ မျက်စိရှေ့ မြင်ကွင်းကို မယုံနိုင်သေးဘူး။ ဖန်ကျန်းရှီရဲ့ ဓားက နန်ကုန်းဟောင်ရဲ့ ရင်ဘတ်ကို စိုက်ဝင်သွားခဲ့ပြီ။

“မဖြစ်ဘူး။” ဧကရီ ပိုင်ကျစ် ဟိန်းဟောက်လိုက်တယ်။ သူမရဲ့ အမွှေး ဖြူဖြူတွေက ခပ်ကြမ်းကြမ်း လှုပ်ရှားလာတယ်။ သားမွှေး ဝတ်ရုံရဲ့ အောက်ဘက်က သတ္တုလို အမွှေးတွေ ထောင်ထလာပြီး တကိုယ်လုံးကို မျက်တောင် တစ်ခတ် အချိန်အတွင်းမှာပဲ ဖုံးအုပ် သွားတော့တယ်။

ဧကရီ ပိုင်ကျစ်ရဲ့ မျက်လုံးတွေက အစိမ်းရင့်ရောင်ကို ပြောင်းလဲသွားတယ်။ အစိမ်းရောင် အလင်းတန်းတွေ ဝေ့၀ဲနေတဲ့ အကြည့်က အရမ်းကို ထူးဆန်းလွန်းတယ်။

“သူမိစ္ဆာ ဖြစ်သွားပြီ။”

“ဧကရီ ပိုင်ကျစ်က မောက်မာလွန်းလို့ နာမည် ကျော်တယ်။ လူပုံ အလယ်မှာ ဒီလို အသွင်ပြောင်း သွားတာကို မယုံနိုင်ဘူး။ အမြီး ကိုးချောင်း မြေခွေးကို ငါ့ဘဝမှာ အခုချိန်ထိ မမြင်ဖူး သေးဘူး။”

ဒီမြင်ကွင်းက မျိုးနွယ်စု ပေါင်းစုံ တပည့်သားတွေကို မျက်လုံး ပြူးသွားစေခဲ့တယ်။ သူတို့တွေ အားလုံး ပင့်သက် ရှိုက်နေကြပြီ။ နောက်ဆုံးတော့လည်း နန်ကုန်းဟောင်ရဲ့ သေဆုံးမှုက ဖြစ်လာတော့မယ့် စစ်ပွဲကြီးကို အဆုံးသတ် ပေးမယ်မှန်း သူတို့ သိနေခဲ့တယ်။ သူတို့ရှေ့မှာ မြင်ရတဲ့ မြင်ကွင်းက အရမ်းကို ရှားပါးတဲ့ ကိစ္စ တစ်ခုပဲ။

တခြား တစ်ဖက်မှာလည်း မုချင်းဖန်းနဲ့ မော့ရှန်းရှီက တုန်ယင် နေခဲ့တယ်။ လူသားတွေနဲ့ မိစ္ဆာတွေရဲ့ မဟာ စစ်ပွဲကြီးက ပြီးဆုံးခဲ့တာ ဆယ်စုနှစ်ကျော် ကြာခဲ့ပြီ။ မရေမတွက်နိုင်တဲ့ သေဆုံးမှုတွေကို မြင်တွေ့ခဲ့ရ ပြီးပြီ။ အဲ့ဒီ့ စစ်ပွဲကြီးမှာတောင် ဧကရီ ပိုင်ကျစ်က အသွင်မပြောင်းခဲ့ဘူး။

ဒါပေမယ့်၊ အခု အချိန်မှာတော့ မြင့်မြတ် နယ်မြေရဲ့ အင်အား အကြီးဆုံး ဖြစ်သူ ဧကရီ ပိုင်ကျစ်၊ ဒဏ္ဍာရီလာ အမြီး ကိုးချောင်း မြေခွေးက မိစ္ဆာ ပုံစံ ပြောင်းလဲ သွားခဲ့ပြီ။ ဒါက မုချင်းဖန်းနဲ့ မော့ရှန်းရှီကို တကယ်ပဲ ထိတ်လန့် စေတယ်။ အကယ်၍ နန်ကုန်းဟောင်သာ မသေခဲ့ရင်၊ သူတို့တွေ အသက် သေတဲ့ အထိ တိုက်ခိုက်ဖို့ ရွေးချယ်ရမှာပဲ။ လူသား မျိုးနွယ်တွေ အတွက် ဒီလို ပေးဆပ်ရတာ တန်ပါတယ်။

ဒါပေမယ့် နန်ကုန်းဟောင် သေသွားခဲ့ရင်တော့ အရာအားလုံး အဆုံးသတ် သွားလိမ့်မယ်။ ကိစ္စတွေကလည်း ကွာခြားတယ်။ ဧကရီ ပိုင်ကျစ်က လူအများ ရှေ့မှာ မိစ္ဆာ အဖြစ် ပြောင်းလဲ သွားခဲ့တာ ဒေါသကို မထိန်းချုပ် နိုင်တော့လို့ပဲ။ ဧကရီပိုင်ကျစ် စိတ်အေး လက်အေး ရှိနေခဲ့ရင်၊ သူမက မိစ္ဆာ မျိုးနွယ်စုတွေ အသက်ရှင်သန်ရေး အတွက်ကို စဉ်းစားမှာပဲ။ အဲ့ဒီ့နောက် မဟာနွံအိုင်ကြီးထဲကို ဆုတ်ခွာ သွားလိမ့်မယ်။

“အဖိုးကြီးမော့။ နောက်ဆုတ်တော့။” မုချင်းဖန်း ပြောလိုက်တယ်။ နောက်ဆုံးတော့လည်း ရူးသွပ်နေတဲ့ ဧကရီ ပိုင်ကျစ်ကို တိုက်ခိုက်ဖို့ ဆိုတာ မလွယ်ကူဘူး။ ဒါပေမယ့် မုချင်းဖန်ကတော့ နားလည်တယ်။ တကယ်တော့ (နောက်ဆုတ်) ဆိုတာ (ပြေးတော့)လို့ သွယ်ဝိုက် သုံးနှုန်းတာပဲ။

“ပိုင်ကျစ် နောက်ထပ် ရုန်းကန် မနေနဲ့တော့။” အမှန်တရား လမ်းစဉ် လူသား တစ်ယောက် ပုံစံနဲ့ မော့ရှန်းရှီ ပြောနေခဲ့တယ်။ သူက မဖျက်စီးနိုင်တဲ့ လူတစ်ယောက်လိုပဲ။

ဒါပေမယ့် မုချင်းဖန်း မပြောရ သေးခင် သူက အဝေးကြီး ရောက်နေခဲ့ပြီ။

“…” ဖန်ကျန်းရှီကတော့ အဝေးကြီးကို ရောက်သွားတဲ့ မုချင်းဖန်းနဲ့ မော့ရှန်းရှီကို ကြည့်နေခဲ့တယ်။ ဧကရီ ပိုင်ကျစ်ရဲ့ အစိမ်းရင့်ရောင် မျက်ဝန်းတွေက သူ့မျက်လုံး ရှေ့ကို ရောက်နေခဲ့ပြီ။ တကယ်တော့ (မိုးမေလင်း)လို့ အော်လိုက် ချင်ပေမယ့်၊ သူတွေေ၀ နေနခဲ့တယ်။

ရှေးဟောင်း ဆိုရိုးစကား ရှိတယ်။ သူရဲကောင်းတွေက စောစော သေကြရတယ်။ ဒါက တကယ့်ကို မှန်ကန်တာပဲ။ အချိန်တွေကို နောက်ပြန်ဆုတ်လို့ ရရင်၊ ဒီလို ရက်စက်တဲ့ မြင်ကွင်းကို ဘေးကနေသာ ရပ်ကြည့်နေချင်တယ်။

ဒါပေမယ့် လူတိုင်းမှာ ရည်မှန်းချက် ရှိတယ်။ ဖန်ကျန်းရှီလည်း အတူတူပဲ။ သူက ဧကရီ ပိုင်ကျစ်ရဲ့ ဒေါသကို သည်းခံရမယ်။

“မိစ္ဆာအိုကြီး။ အာ မဟုတ်ဘူး။ ကျွန်တော် ပြောချင်တာက ဖြူဖြူဖွေးဖွေးနဲ့ ဒေါ်ဒေါ်လေး။ တကယ်တော့ ကျွန်တော်နဲ့ ယွင်ချင်းဝူကလေ အတော်လေး ခင်မင်။” ဖန်ကျန်းရှီ အခုချိန်မှာ ဝှက်ဖဲတွေ ထုတ်သုံးဖို့ အချိန်ရောက်လာ ပြီလို့ တွေးနေခဲ့တယ်။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်က သူ့ကို စကားပြောခွင့် မပြောခဲ့ဘူး။ တစ်ချက် ခါလိုက်ရင်း နေရာကနေ ပျောက်ကွယ် သွားောတ့တယ်။

အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ နောက်ကျော တစ်ခုလုံး စိမ့်ချမ်းသွားတယ်။ သူ့နောက်မှာ သေမင်းရဲ့ဓားက လာထောက် ထားသလိုပဲ။

“သေပေရော့။” ဧကရီ ပိုင်ကျစ်ရဲ့ မျက်နှာက အမွှေးတွေ အမျှင်တွေ အပြည့်နဲ့ ဖြစ်နေတာတောင် အရမ်းကို ချောမွေ့တယ်။ တောက်ပတဲ့ အလင်းတန်းတွေက သူမရဲ့ တကိုယ်လုံးမှာ စီးဆင်းနေခဲ့တယ်။ တကယ့်ကို ညှို့ငင်နိုင်တဲ့ အလှတရား ပိုင်ရှင်ပဲ။ ဒါပေမယ့် ဒါတွေက အရေး မကြီးပါဘူး။

အရေးအကြီးဆုံး အရာက ဧကရီ ပိုင်ကျစ်ရဲ့ လက်ထဲမှာ မိုးကြိုးသွား နှစ်ခု ရှိနေတာပဲ။ ဒါ့အပြင် ဒီမိုးကြိုးသွား နှစ်ခုက ဓားရှည် နှစ်ခုလိုပဲ။ သမိုင်းထဲမှာ မှတ်တမ်း တင်ထားတဲ့ နေလတွေကို ထိန်းချုပ်ပြီး မိုးကြိုး လျှပ်စီးတွေကို လက်နဲ့ ထိန်းချုပ် ထားနိုင်ခဲ့တဲ့ မိစ္ဆာ စစ်စစ်ပဲ။ လေနဲ့ မီးတွေကို နင်းဖြတ်တယ်။ မိုးမြေရဲ့ စွမ်းအားကို ရှူသွင်းတယ်။ မိုးမြေနဲ့ ပေါင်းစပ်တယ်။

ဧကရီ ပိုင်ကျစ်က မိုးမြေနဲ့ ပေါင်းစပ်ပြီးပြီလား ဆိုတာ ဖန်ကျန်းရှီ မသေချာဘူး။ ဒါပေမယ့် သူမလက်ထဲမှာ ရှိတဲ့ လျှပ်စီး နှစ်ခုကိုတော့ သူအရိပ်အယောင် တွေ့နေရတယ်။

ဧကရီ ပိုင်ကျစ်ရဲ့ စကားသံကနေ သူ့ကို ဘယ်လောက်တောင် သတ်ချင်နေမှန်း ပိုပြီးတော့တောင် နားလည်သေး။

“နောက်ဆုံး အချိန်ထိ တိုက်ခိုက်မယ်။” အကြပ်အတည်းက ငကြောက်တစ်ယောက်ကိုတောင် သတ္တိ ရှိသွား စေနိုင်တယ်။ အခုလို သေခြင်း ရှင်ခြင်း အချိန် ကြားမှာ ဖန်ကျန်းရှီ အံကြိတ်ရင်း ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဧကရီ ပိုင်ကျစ်က မြန်ဆန်တယ်။ ဖန်ကျန်းရှီကလည်း သူ့ထက် မနှေးဘူး။

ခေါင်သူကြီးကို ထိအောင် ပြစ်နိုင်ရင် အားလုံးကို စားလို့ ရတယ်။ ဧကရီ ပိုင်ကျစ်ရဲ့ (အနာကျင်ဆုံး နေရာ) ဘယ်နေရာ ဖြစ်မယ်မှန်း ဖန်ကျန်းရှီ တွေးမရခဲ့ဘူး။ ဒါပေမယ့် အမျိုးသမီး တစ်ယောက်ရဲ့ နာကျင်ရမယ့် နေရာတွေကို မသူသိတယ်။

အမျိုးသမီးတွေ အတွက်တော့ တကယ့် ချက်ကောင်းက သာမာန် နေရာတွေ မဟုတ်ဘူး။ အဲ့ဒီ့ နေရာကိုလည်း သူတို့တွေ အထူး တလည် ကာကွယ်ထားတာမျိုး မရှိဘူး။ နောက်ပြီးတော့ အချိန် အများစုမှာ အဲ့ဒီ့ နေရာကို ဆုပ်ကိုင်မှပဲ တုံ့ပြန်ကြတယ်။

အခုအချိန်မှာ အဲ့ဒီ့ နေရာကို ဆုပ်ကိုင်ဖို့ ဖန်ကျန်းရှီမှာ အချိန် ရှိမနေခဲ့ဘူး။ အကယ်၍ အောင်အောင်မြင်မြင် ဆုပ်ကိုင်နိုင်ရင်တောင် ဧကရီ ပိုင်ကျစ် တုံ့ပြန်တဲ့ အချိန်မှာ သေသွားနိုင်တယ်။ ဒါကြောင့် အခုချိန်မှာ စိတ်ကို တိုက်ခိုက်ဖို့ သူဆုံးဖြတ်လိုက်တယ်။

တကယ်တော့ ယောကျာ်းနဲ့ မိန်းမကြားက ဆက်သွယ်ရေးကို ဖော်ပြစရာ နည်းလမ်းတွေ အများကြီး ရှိတယ်လေ။ လောကကြီးမှာ ထူးဆန်းတဲ့ ကဗျာတွေ စာပေတွေလည်း အများကြီး ရှိနေသေးတယ်။ ဖန်ကျန်းရှီ (ရွှေပန်းအိုးထဲက ဆီးသီးပင်) ဆိုတာကို ဖတ်ခဲ့ဖူးတယ်။ ဒါကြောင့် သာမာန် ယောကျာ်းတွေထက် တချို့ အရာတွေကို သူပိုပြီး နားလည်တယ်။ ပုံမှန် အတိုင်းဆိုရင် အမျိုးသမီးတွေရဲ့ အားနည်းချက် နေရာက ယောက်ျားတွေ ရုတ်တရက် ချဉ်းကပ်မှပဲ ရောက်နိုင်တယ်။ ဒါက အရမ်းကို သတိရှိဖို့ လိုအပ်တယ်။

ဥပမာ အားဖြင့်၊ လမ်းထဲမှာ ရုတ်တရက် လမ်းလျှောက်နေရင်း အမျိုးသမီးရဲ့ ခန္ဒာကိုယ်ကို ထိတွေ့တာမျိုး။ အကယ်၍ မင်းသာ လျင်မြန်ပြီး ဆုံးဖြတ်ချက် ပြတ်သားရင်၊ အောင်မြင်နိုင်ချေ များပြားတယ်။ ဒါပေမယ့် အကယ်၍ ငါတို့သာ နောက်ထပ် နည်းလမ်း တစ်ခုကို သုံးရင်တော့၊ အမျိုးသမီး အပေါ်မှာ လဲကျပြီး သူမရဲ့ ရင်ဘတ်ကို ထိတွေ့လို့ ရတယ်။ ဒါဆိုရင် အမျိုးသမီးက ခုန်ထပြီး ထွက်ပြေးနိုင်ချေ ၉၀% ရှိတယ်။ အဲ့ဒီ့နောက် မင်းရဲ့ အလုပ် ကိစ္စကို အောင်မြင် ခဲ့ပြီးတော့ နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ရ လိမ့်မယ်။

ဖန်ကျန်းရှီက အရမ်းကို အတွေ့အကြုံ ကြွယ်ဝနေပြီ။ သူက (ရွှေပန်းအိုးထဲက ဆီးသီးပင်) စာအုပ်ကို ထုံးလိုကျေ ရေလိုနှောက်အောင် ဖတ်ထား ခဲ့ပြီးသား။ အသေးစိတ်က အစ သူမှတ်မိတယ်။ တကယ့် ရလဒ်ကို သိရဖို့ ကြိုးစားကြည့်ရမယ်။ ဒီလို သေရင်မြေကြီး ရှင်ရင်ရွှေထီး အနေအထားမှာ ဖန်ကျန်းရှီ တခြား ထုံးတမ်း စဉ်လာတွေကို ဂရု မစိုက်နိုင်တော့ဘူး။

တကယ်တော့ အသက်ရှင် နေမှပဲ ထုံးတမ်း စဉ်လာတွေကို ဂရု စိုက်နိုင်မှာလေ။

ဖန်ကျန်းရှီ လှုပ်ရှားလိုက်တယ်။ သူ့နောက်က ကပ်ဆိုးကြီးကို သူခံစား မိနေပြီးပြီ။ ဒါကြောင့် ချက်ခြင်း လှဲချလိုက်တယ်။ ဒီ လှုပ်ရှားမှုက အရမ်းကို ထိရောက်တယ်။ အဝေးမှာတော့ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် မျက်လုံး ပြူးသွားကြတယ်။ ဖန်ကျန်းရှီ ဒီလို တုံ့ပြန်မယ်လို့ သူတို့ မထင်ထား မိခဲ့ဘူး။

ဖန်ကျန်းရှီ လှဲချလိုက်တဲ့ အချိန် ဒေါသကြောင့် ကိုယ့်ကိုယ်ကို မထိန်းချုပ် နိုင်တော့တဲ့ ဧကရီ ပိုင်ကျစ်တောင်မှ တစ်ခဏတာ မျက်လုံး ပြူးနေမိတယ်။ ဖန်ကျန်းရှီ ဘာဖြစ်လို့ ထွက်မပြေးမှန်း သူမသိဘူး။ ဒါပေမယ့် သူမ အနားကို လမ်းပျောက်နေတဲ့ သိုးငယ်လေး တစ်ကောင်လို ချဉ်းကပ် လာတာက ခုခံချင်စိတ် ရှိတဲ့ ပုံမပေါ်ဘူး။

အရေး အကြီးဆုံးကတော့ ဒီကောင်စုတ်က သူမကို ထိမိတော့မယ်။

“မင်း ကောင်စုတ်။” ဧကရီ ပိုင်ကျစ်ကတော့ ချက်ခြင်း နောက်ဆုတ်လိုက်တော့။ ဖန်ကျန်းရှီက သူ့ရင်ခွင်ထဲကို ကျလာတော့မှာလေ။ ဒီ လှုပ်ရှားမှုက တကယ်တော့ သတိလက်လွတ် လှုပ်မိခဲ့တာ။ နောက်ဆုံးတော့လည်း ဧကရီ ပိုင်ကျစ်က သူမရဲ့ ရင်ဘတ်ကို လူရှေ့မှာ အထိအတွေ့ ခံရတာမျိုး အဖြစ် မခံ နိုင်ဘူးလေ။ ဒါပေမယ့် ်နောက်ဆုတ် လိုက်မိတဲ့ အချိန်မှာပဲ သူမ ရုတ်တရက် နားလည် သွားတော့တယ်။

အမြီး ကိုးချောင်း မြေခွေး မိစ္ဆာ ဖြစ်တဲ့ အတွက် သဘာဝရဲ့ ကောင်းချီး ပေးမှုတွေကြောင့် သူမရဲ့ ပင်ကိုယ်သိစိတ်က တုံ့ပြန်မှု မြန်ဆန်တယ်။ ဒီလို တုံ့ပြန်မှုကြောင့် ဖန်ကျန်းရှီ နန်ကုန်းဟောင်ကို တိုက်ခိုက်ချိန်မှာ သူမ ချက်ခြင်း သတိ ထားမိ ခဲ့တာပဲ။ ကံမကောင်းစွာနဲ့ နန်ကုန်းဟောင်က သူမနဲ့ ဝေးကွာနေခဲ့တယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီကို တားဆီး နေရတဲ့ ဖန်ကျန်းရှီကို မတားမြစ် နိုင်ခဲ့ဘူး။

ဒီအချိန်မှာ သူမရဲ့ ပင်ကိုယ် သိစိတ်က ပြောပြ နေခဲ့တယ်။ ဖန်ကျန်းရှီက နောက်ဆုံး ကောက်ရိုး တစ်မျှင်ကို ဆွဲမိတဲ့ လူတစ်ယောက်လို အသက်ရှင်ဖို့ ရုန်းကန်နေတဲ့သူ။

ဝုန်း။

ဧကရီ ပိုင်ကျစ် ခုန်မရှောင်ခဲ့ဘူး။

ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က သူမကို လာထိတွေ့တယ်။ ဧကရီ ပိုင်ကျစ် ဒီအချိန်မှာပဲ ပြုံးလိုက်တော့တယ်။ သူမရဲ့ အပြုံးက ဆွဲဆောင်ညှို့ယူ နိုင်စွမ်းတွေ ပြည့်နှက် နေပင်မယ့်၊ ကြောက်စရာ လူသတ်ငွေ့တွေကလည်း မဖုံးနိုင် မဖိနိုင်။

“ကောင်စုတ်လေး။ နင့်ကို သတ်ဖို့ ငါအတော် စတေး လိုက်ရပါလား။” ဧကရီ ပိုင်ကျစ်ရဲ့ အသံကို ဖန်ကျန်းရှီ ကြားလိုက် ရတယ်။

နွေးထွေးလိုက်တာ။ ဖန်ကျန်းရှီ မျက်လုံးတွေ ဖွင့်လိုက်မိတယ်။

“ငါသူ့ကို တိုက်မိတယ်တော့။ တကယ်တော့ ၁၀%ပဲ အောင်မြင်နိုင်ချေ ရှိတာ။” ဒီလောက်ထိ ကံကောင်းမယ်လို့ သူ မတွေးထား မိဘူး။ ကံကောင်းလွန်းလို့ ဧကရီ ပိုင်ကျစ်ရဲ့ ရင်ခွင်ထဲကို တည့်တည့် ကျတယ်။

ငလူး။ နည်းနည်းတော့ နာသဟ။

ဖန်ကျန်းရှီမှာ ဒီလို အထူး ဆက်ဆံမှုကို ပျော်မွေ့နေဖို့ အချိန် မရှိဘူး။ ဧကရီ ပိုင်ကျစ်ရဲ့ လူသတ်ငွေ့တွေကို သူခံစားမိတယ်။ ဒါ့အပြင် သူ့ရဲ့ လက်နှစ်ဖက်လုံး ထုံကျင် သွားတာကို ခံစားမိလိုက်တယ်။

“လျှပ်စီးတွေလား။” သူ့ရဲ့ လက်မောင်း နှစ်ဖက်လုံးကို လျှပ်စီးတွေက ထိုးဖောက်ပြီး ချုပ်နှောင်လိုက်တာ သူမြင်တယ်။ ဒီလျှပ်စီးတွေက ဓားတွေလို ထက်ရှနေတယ်။

ဒါကို ဆက်ပြီး စဉ်းစားချိန် မရခင်မှာပဲ လည်ပင်းတခုလုံး နာကျင်သွားတယ်။ အရမ်းကို ချွန်ထက်တဲ့ အရာက အသားထဲကို ဖောက်ထွက် သွားသလိုပဲ။ လက်မောင်းက နာကျင်မှုနဲ့ ပေါင်းလိုက်ရင်၊ ဒီခံစားချက်က သေမလိုကို ဆိုးတယ်။

“ကိုက်ခံ ရပြီ။ ဧကရီ ပိုင်ကျစ်က ငါ့ကို ကိုက်လိုက်တာလား။” ဖန်ကျန်းရှီ လှည့်ကြည့်ဖို့တောင် မလိုခဲ့ဘူး။ ဧကရီ ပိုင်ကျစ် စကား ပြောတဲ့ အချိန်တည်းက သူ့လည်ပင်း တစ်ခုလုံး ဧကရီ ပိုင်ကျစ်ရဲ့ သွားအောက်ကို ရောက်နေခဲ့ပြီ။

ဘဝမှာ အနာကျင် ရဆုံးက စိတ်ကူးနဲ့ လက်တွေ့ လုံးဝကို ကွာခြားတဲ့ ကိစ္စပဲ။ ဖန်ကျန်းရှီ အထင်မှာ သူ့အကြံက တကယ့်ကို ကောင်းမွန်တယ်။ တကယ်တော့ ကောင်းမွန်ခဲ့တာ အမှန်ပဲ။ သူ့လက်မောင်းနှစ်ဖက်ကို ထိုးဖောက်သွားတဲ့ မိုးကြိုးတွေက သက်သေ ဖြစ်နေခဲ့ပြီ။

သူခန့်မှန်းတာသာ မှန်ခဲ့ရင် ဒီလျှပ်စီးတွေက သူ့ရဲ့ ဘယ်ညာ ရင်ဘတ် နှစ်ခုကို ချိန်ရွယ် ထားတာပဲ ဖြစ်ရမယ်။

နေရာမှာတင် ချတ်လိုက်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်။ ဒါပေမယ့် တစ်ချို့ ကိစ္စတွေက ဘဝမှာ ခန့်မှန်းလို့ မရနိုင်ဘူး။ သူက ဇာတ်လမ်း တဝက်ကိုပဲခန့်မှန်း နိုင်ခဲ့တယ်။ ဧကရီ ပိုင်ကျစ်ကို တိုက်မိ ပြီးချိန်မှ ဧကရီ ပိုင်ကျစ်က မိစ္ဆာမှန်း သူသတိ ရသွားခဲ့တယ်။

မိစ္ဆာတွေမှာ သွားချွန်ချွန်တွေ ရှိတယ်။ ဖန်ကျန်းရှီကတော့ လည်ပင်းကို အကိုက်ခံ ထားရတဲ့ အပြင်၊ လက်နှစ်ဖက်ကလည်း ဒဏ်ရာ ရနေတဲ့ အတွက် မြွေမျို ခံနေရသလိုကို ခံစား နေခဲ့ရတယ်။ ချက်ခြင်း မသေနိုင်ပင်မယ့်၊ ခန္ဒာကိုယ်ကို လှုပ်ရှားလို့ မရခဲ့ဘူး။

တစ်ချက် အမှားက တစ်ဘဝစာ နောင်တ ရစေတယ်။

ဧကရီ ပိုင်ကျစ်ရဲ့ စွမ်းရည်တွေကို မျက်မြင် တွေ့ခဲ့ရပြီးနောက်၊ သူသာ ဒီလို ဆုံးဖြတ်ချက် မချခဲ့ရင်၊ အစောပိုင်းတည်းက သေနေပြီ ဖြစ်တာကို သူနားလည်ထားတယ်။

နောက်ဆုံးတော့လည်း ဖန်ကျန်းရှီ ခုန်ရှောင်မှာကို ဧကရီ ပိုင်ကျစ် ခန့်မှန်း ထားပြီးသား။

“ဒေါ်ဒေါ်။ ကျွန်တော်က ဒေါ်ဒေါ့် ပါးစပ်ထဲမှာ သေရမှာ ဖြစ်နေပင်မယ့်၊ စကားကိုတော့ ဆုံးအောင် ပြောအုန်းမယ်။ ခုနတုန်းက စကားဆုံးအောင် မပြောနိုင်ခင် ကျွန်တော့်ကို တိုက်ခိုက်တာလေ။ ကျွန်တော့်ကို မသတ်ခင် နောက်ဆုံး စကားလေးကိုတော့ ပြီးအောင် ပြောခွင့် ပေးပါ။”

ဖန်ကျန်းရှီ မရုန်းကန်ခဲ့ဘူး။ ကောင်းကင်က ကြယ်တွေကိုသာ စိုက်ကြည့် နေခဲ့တယ်။ သေရတော့မယ့် လူတစ်ယောက်လို ဝမ်းနည်း အထီးကျန် မှုတွေ အပြည့်။

အပိုင်း (၈၆၇) ပြီး၏။

အပိုင်း (၈၆၈)

“မမျှော်လင့်ထားတဲ့ ကိုယ်ဝန်ရှိမှု။”

“ချင်းဝူ အကြောင်းလား။” ဧကရီ ပိုင်ကျစ် နည်းနည်းတော့ စိတ်လှုပ်ရှား သွားခဲ့တယ်။ သူမရဲ့ မိစ္ဆာ ခန္ဒာကိုယ် စွမ်းအားကြောင့် ဖန်ကျန်းရှီကို တစ်ချက်တည်းနဲ့ အသက်ပျောက်အောင် ကိုက်ဖို့က အလွယ်လေး။

ဒါ့အပြင် ဖန်ကျန်းရှီကလည်း ရုန်းကန် မနေခဲ့တဲ့ အတွက် သူမ ပိုပြီးတော့ သိချင်လာတော့တယ်။ ဖန်ကျန်းရှီ ဘာကိုများ ပြောချင် နေတာလဲ။

ဒါပေမယ့် သူမ ပါးစပ်ဖွင့်ပြီး (ကောင်းပြီ)လို့ ပြောလိုက်တော့မယ့် အချိန်မှာပဲ တကိုယ်လုံး တုန်ယင် သွားတော့တယ်။ သူမ လန့်သွားခဲ့တယ်။

ဒီကောင်စုတ်က ငါပါးစပ် ဖွင့်အောင် လုပ်တာလား။ သူမရဲ့ ပင်ကိုယ် သိစိတ်ကြောင့်သာ မဟုတ်ရင် သူမ လှည့်စား ခံရတော့မလို့။ ဖန်ကျန်းရှီ အကြောင်း ယွင်ချင်းဝူ ပြောပြဖူးတာတွေ သူမ ရုတ်တရက် ပြန်တွေးမိတော့တယ်။

အရိုးကနေ အသွေးအသား အထိ အရှက်မရှိတဲ့ လူတစ်ယောက်။ ဒီလူက အရေးမပါတဲ့ အခြေအနေမှာ ပေါ်လာလိမ့်မယ်။ မင်းက သူ့ကို လျစ်လျူရှု ထားမိမယ်။ သူက အခြေအနေ ရလဒ်ကို ပြောင်းလဲ စေမယ့် သူမှန်း မင်းနားလည် သွားတဲ့ အချိန်မှာ နောက်ကျလွန်း သွားပြီ။

သူ့မှာ မိုးနတ်မင်းက ချီးမြှင့်ထားတဲ့ ကြောက်စရာ အရည်အချင်းတွေ ရှိနေတယ်။ ဒါ့အပြင် သူ့ရဲ့ အတွေးအခေါ်တွေကို ဘယ်သူမှ လိုက်မမှီ နိုင်တဲ့ အထိ ထူးခြားတဲ့ စိတ်လည်း ရှိနေသေးတယ်။

ဂျွတ်။ ဧကရီ ပိုင်ကျစ်ရဲ့ သွားတွေက ဖန်ကျန်းရှီရဲ့ လည်ပင်းထဲမှာ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာတော့တယ်။ သူမ လှောင်ပြုံး ပြုံးလိုက်တယ်။

“မင်းက မင်းထက် အင်အားနဲ့ စိတ်ဓာတ် အရာမှာ သာလွန်တဲ့ ငါနဲ့ တွေ့ရတာတော့ နှမြောစရာပဲ။ မင်း ငါ့ကို ဘယ်လို လှည့်စားမလဲ။”

“အား နာလိုက်တာ။” ဖန်ကျန်းရှီ အော်ဟစ်ပြန်တယ်။

ဧကရီ ပိုင်ကျစ်က တကယ်ပဲ ပါးစပ် မဖွင့်ခဲ့ဘူး။ သူ့ အစီအစဉ် ကျရှုံး ရပြန်ပြီ။ အခုချိန်မှာ ဧကရီ ပိုင်ကျစ်ရဲ့ ပါးစပ် ထဲကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။

သူအခု ဘာလုပ်သင့်လဲ။ ဖန်ကျန်းရှီ အကြပ်ရိုက်နေခဲ့ပြီ။ ဧကရီ ပိုင်ကျစ်က သူ့အစီအစဉ်တွေကို ဘာလို့များ အချိန်တိုင်း ထိုးဖောက် သိနေ ရတာလဲ။ အရေး အကြီးဆုံးကတော့ အကိုက်ခံရ ပြီးချိန်တည်းက သူ့ရဲ့ စွမ်းအား အရင်းအမြစ်တွေ ဆက်တိုက် ကုန်ဆုံး နေတာကို ခံစားရတယ်။ စုပ်ယူတာ ခံနေရတဲ့ အတိုင်းပဲ။

ဒီအတိုင်းသာ ဆက်သွားရင်၊ သူသေလိမ့်မယ်။ အသက်ရှင် နိုင်ရင်တောင်၊ သေလူ တပိုင်း ဖြစ်သွားနိုင်တယ်။

ဧကရီ ပိုင်ကျစ် လုံး၀ ကျရှုံး ရမယ့် လှည့်ကွက်ကို ရှာရမယ်။ ဖန်ကျန်းရှီသာ ဆက်တိုက် လှည့်စားနေရင် ဧကရီ ပိုင်ကျစ်က ပိုပြီးတော့ သတိ ဝင်လာလိမ့်မယ်။ နောက်တစ်ခေါက်သာ မအောင်မြင်ရင်၊ နောက်ဆုံး အခွင့်အရေးကို လက်လွတ် သွားလိမ့်မယ်။ ဒါပေမယ့် ဘယ်လို အစီအစဉ်ကို ဧကရီ ပိုင်ကျစ် မခန့်မှန်း နိုင်မှာလဲ။ သူ့ ပါးစပ်ကို ဖွင့်လာအောင် ဘယ်လို လုပ်ရမလဲ။ ခက်ခဲ လိုက်တာ။

အစကတော့ ယွင်ချင်းဝူနဲ့ သူ့ရဲ့ ဆက်ဆံရေးကို ဧကရီ ပိုင်ကျစ်က သိချင် ခဲ့တယ်လို့ ဖန်ကျန်းရှီ တွေးမိတယ်။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်ရဲ့ မျက်လုံးထဲမှာ အရေးကြီး ကိစ္စ တစ်ခု အဖြစ် ရှိနေပုံ မပေါ်ဘူး။ နေစမ်းပါအုန်း။ တစ်ခုခု ကတော့ သေချာပေါက် အရေးကြီးတယ်။

“နတ်ဘုရား မုခ်ဝကို ဖွင့်တာလား။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ အရောင်တောက်သွားတယ်။ သူနောက်ပြန် လှဲချ လိုက်တဲ့ အချိန် နန်ကုန်းဟောင်ရဲ့ ရင်ဘတ်ထဲက ဓား၊ တဝက်ကျော်ကျော် ပြန်ထွက်လာခဲ့တယ်။ ဒါပေမယ့် သူ့လက်ကို မိုးကြိုးတွေက ထိုးဖောက် ထားခဲ့တဲ့ အတွက် လွတ်လွတ်လပ်လပ် မလှုပ်ရှား နိုင်ခဲ့ဘူး။

ဒါပေမယ့် သူ့လက်တွေကို မလှုပ်ရှား နိုင်တာတော့ မဟုတ်ဘူးလေ။ ဒီတော့ ဖန်ကျန်းရှီ ချက်ခြင်း ညာလက်ကို သုံးပြီး ဓားကို နန်ကုန်းဟောင်ရဲ့ ကိုယ်ထဲ ပိုဝင်အောင် ထိုးချလိုက်တယ်။ ဓားက လက်မဝက်ကျော်ကျော် ပိုဝင်သွားတယ်။ ဒါကြောင့် နန်ကုန်းဟောင် လက်က သူ့ရှေ့မှာ ရှိတဲ့ သစ်သီး နှစ်လုံးကို ပိုနီးကပ် သွားတော့တယ်။

“နန်ကုန်းဟောင် မသေဘူး။ သူအသက်ရှင်နေတုန်းပဲ။” ဖန်ကျန်းရှီ အော်လိုက်တယ်။ သူ့အသံက စိုးရိမ်ပူပန်မှုတွေ အပြည့်။

အမ်။ ဧကရီ ပိုင်ကျစ်ရဲ့ အစိမ်းရောင် မျက်ဝန်းတွေကတော့ အလင်း တစ်ချက် လက်သွားတယ်။ နောက်ဆုံးတော့လည်း နန်ကုန်းဟောင်က အဖြစ်အပျက် တစ်ခုလုံးကို အဆုံးအဖြတ် ပေးမယ့်သူ ဖြစ်နေခဲ့တယ်။ သူမ ဘယ်လောက်ပဲ သတိ ရှိနေပါစေ၊ တစ်ချက်တော့ စိုက်ကြည့် မိဆဲ။

နန်ကုန်းဟောင်က သူမရဲ့ထိန်းချုပ်မှု အောက်မှာ ရှိနေဆဲ။ နန်ကုန်းဟောင်ရဲ့ လက်တွေက နတ်သစ်ပင် သစ်သီးတွေကို မထိတွေ့ သေးဘူး။ အခုချိန်မှာ သူ့လက်တွေက အရမ်းကို နီးကပ် နေခဲ့ပြီ။ နန်ကုန်းဟောင်ရဲ့ လက်ဖျားထိပ်မှာ တောက်ပတဲ့ သစ်သီး အလင်းတန်းတွေ လင်းနေတာကို မြင်နေရတယ်။

“နန်ကုန်းဟောင် မသေသေးဘူးလား။” ဧကရီ ပိုင်ကျစ် စိတ်ထဲမှာ တွေးမိလိုက်တယ်။ ဒါက တကယ့်ကို ထ ူးခြားတဲ့ ခံစားချက်ပဲ။ လူပျောက်ရှာရင်း ပြန်တွေ့ သလိုကို ခံစားရတယ်။ တကယ့်ကို တန်ဖိုးရှိတဲ့ ခံစားချက်ပဲ။ ဒါပေါ့။ ဧကရီ ပိုင်ကျစ်က စိတ်လှုပ်ရှား နေသလောက်၊ မုချင်းဖန်းနဲ့ မော့ရှန်းရှီကတော့ စိုးရိမ် ပူပန် နေခဲ့တယ်။ နန်ကုန်းဟောင်ရဲ့ နောက်ကျောကိုသာ သူတို့ မြင်နေရတယ်။

“နန်ကုန်းဟောင် လှုပ်ရှား သွားတယ်။”

“သူမသေဘူးလား။”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် မိုးကြိုး ပြစ်ခံ လိုက်ရသလိုပဲ။ ဒီခံစားချက်က ပြင်းထန်လွန်းလို့ သူတို့ လက်ထဲက လက်နက်တွေတောင် လွတ်ကျကုန်တယ်။

မုချင်းဖန်းနဲ့ မော့ရှန်းရှီတင် မကဘူး။ လေထဲမှာ ရောက်နေသူ အားလုံးလည်း ဒီမြင်ကွင်းကို မြင်ကြတယ်။

“မ မသေဘူး။”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

“နှလုံးကို ဓားနဲ့ ထိုးခံ ထားရတာလေ။”

တပည့်သားတွေ မယုံနိုင်ဘူး။ ဖန်ကျန်းရှီ သတ်လိုက်တာကို အားလုံး မြင်ထား ပြီးသား။ တိုက်ပွဲ ဘယ်လို ဆက်သွားမယ် ဆိုတာ အရေး မကြီးဘူး။ အဆုံးသတ် သွားဖို့ပဲ လိုတယ်။ အချိန်နည်းနည်း တောင့်ခံလိုက်ရင်၊ လိုချင်တာ ရတော့မယ်။ တောင့်ခံဖို့ အတွက် ဒဏ်ရာ ရတာတွေက အရေး မကြီးဘူး။

ဒါပေမယ့် နန်ကုန်းဟောင်သာ မသေရင်တော့ ကိစ္စက ပြောင်းလဲ သွားလိမ့်မယ်။

ဝေါင်း။

“ဝေါင်း။ တိုက်ခိုက်ကြ။”

တပည့်သားတွေနဲ့ သုခမိန် တွေက လွဲပြီးတော့ ကောင်းကင်က မိစ္ဆာ ဘုရင်တွေရဲ့ အတွေးက အတူတူပဲ။ အကယ်၍ နန်ကုန်းဟောင်သာ သေဆုံး သွားခဲ့ရင်၊ သူတို့ရဲ့ အစီအစဉ်က သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်။ သူမသေခဲ့ရင် အခြေအနေက ပြန်ကောင်းနိုင်တယ်။ အကယ်၍ သူတို့သာ နန်ကုန်းဟောင်ကို ထိန်းချုပ် နိုင်ခဲ့ရင်၊ အစီအစဉ်ကို မူလ အတိုင်း ဆက်လုပ်လို့ ရလိမ့်မယ်။

ချက်ခြင်းဆိုသလို မိစ္ဆာ ဘုရင်တွေ အစွမ်းကုန် တိုက်ခိုက် ကြတော့တယ်။ သူတို့ရဲ့ တိုက်ပွဲ ဝင်လိုစိတ်က နိုးကြားလာခဲ့ပြီ။ အခြေအနေက အစောပိုင်း ပုံစံကို ပြန်ရောက် သွားတော့တယ်။

“တိုက်ခိုက်ကြ။”

“မြန်မြန်၊ ဧကရီ ပိုင်ကျစ်ကို တားဆီး။”

သုခမိန်တွေ အားလုံးက အစွမ်းကုန် တိုက်ခိုက်ရင်း၊ အပူတွေကို မေ့ဖျောက် ထားကြတယ်။

“ဟောင်အယ် မသေဘူး။ သူမသေဘူး။” နန်ကုန်းထျန်းကတော့ နတ်သစ်ပင် ထိပ်ကို ကြည့်ရင်း ပြောနေခဲ့တယ်။

ဒါတွေ အားလုံးက ဖန်ကျန်းရှီရဲ့ အော်သံကြောင့် ဖြစ်လာတဲ့ ရလဒ်တွေ။

အခြေအနေကို မြင်ချိန်မှာ ဖန်ကျန်းရှီ အော်ဆဲ ချင်လာတယ်။ “ငလူးပဲ။ အစောပိုင်းတုန်းက ကြောက်နေလိုက်တဲ့ လူတွေ၊ အခုတော့ အသားကုန် တိုက်ခိုက်နေကြ ပြန်ပြီလား။”

ဒီအချိန်မှာ မုချင်းဖန်းနဲ့ မော့ရှန်းရှီက သတိ ဝင်လာပြီး ဧကရီ ပိုင်ကျစ်ဆီ ပြေးလာရင်း အော်တော့တယ်။ “ပိုင်ကျစ် ဖန်ကျန်းရှီကို လွှတ်လိုက်။ နန်ကုန်းဟောင်ကို ထိန်းချုပ်ဖို့ အိပ်မက် မက်မနေနဲ့။”

ဒီအချိန် ဧကရီ ပိုင်ကျစ် တစ်ခုခု လွဲနေတာကို သတိ ထားမိသွားတယ်။ နန်ကုန်းဟောင် ထူးဆန်းနေတယ်။ သူ့မျက်လုံးတွေက ပိတ်နေတုန်းပဲ။

“ဒီကောင်စုတ်က သေတဲ့သူကို အသက်ရှင်သလို ဖြစ်အောင် ပြောတာပဲ။ အထင်ကြီးမိပါရဲ့။” ဧကရီ ပိုင်ကျစ် ချက်ခြင်း နားလည်တယ်။ ဒါကြောင့် ပါးစပ်ကို မဖွင့်ဘူး။

တခြားသူတွေကို နန်ကုန်းဟောင် ရုတ်တရက် အသက်ရှင်လာတာ မဟုတ်ဘူးလို့ ရှင်းပြဖို့ မဖြစ်နိုင်။

ဝူး။ ဒီအချိန်မှာပဲ ဧကရီ ပိုင်ကျစ်ရဲ့ နောက်ကျောကနေ ဖြူဖွေးပြီး သတ္တုလို သန်မာတဲ့ အမွှေးအမျှင်တွေနဲ့ အမြီးကိုးချောင်း ထွက်ပေါ် လာတော့တယ်။ ဒါက သမိုင်းထဲမှာ မှတ်တမ်းတင်ထားတဲ့ အတိုင်းပဲ။ ဧကရီ ပိုင်ကျစ်မှာ အမြီး ကိုးချောင်းရှိတယ်။

အမြီးကိုးချောင်းက တဖြည်းဖြည်း ကြီးသထက် ကြီးမားလာတယ်။ ကောင်းကင်ကြီး တစ်ခုလုံးကိုတောင် ဖုံးလွှမ်းတော့မယ့် အတိုင်းပဲ။ ဒီမြင်ကွင်းကို မြင်ချိန်မှာ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ နှစ်ယောက်လုံး ဖြူဖျော့ နေကြပြီ။

ဝုန်း။

ဝုန်း။

ကောင်းကင်က ကျဆင်းလာတဲ့ အမြီး ဖြူဖြူတွေ သူတို့ ခန္ဒာကိုယ်ကို လာရိုက်ခတ်တယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် ရှေ့ဆက် မတိုးနိုင်တော့ဘူး။

“ဖန်ကျန်းရှီ ငါပြောပြီးသား။ နင့်လှည့်ကွက်ထဲ ငါမရောက်ဘူး။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် နင့်ကို လာကယ်နိုင်မယ် ထင်မနေနဲ့။ အိပ်မက်မက်နေလိုက်။” ဧကရီ ပိုင်ကျစ်ရဲ့ စိတ်ထဲမှာ ပြောနေခဲ့တယ်။

ဒါပေမယ့် သူလက်မလျှော့ဘူး။

“သူတကယ်ပဲ အသက်ရှင်နေတယ်။ ငါ မြန်မြန် နန်ကုန်းဟောင် ကို တား။ မြန်မြန်။”

“သူက ဘယ်လို အသက်ရှင် နေမှာပဲ။ သေချာပေါက် ဓားနဲ့ ထိုးခံရတာ။”

ဖန်ကျန်းရှီရဲ့ ထပ်ခါထပ်ခါ ပြောနေတဲ့ အသံတွေက စိုးရိမ်ပူပန်မှုတွေ ပိုပြီးတော့ ပြည့်နှက်လာခဲ့တယ်။ သူ့အမူအယာတောင် ပြောင်းလဲ သွားခဲ့ပြီ။

“ရူးမိုက်လိုက်တာ။ ငါနင့်ကို ယုံမယ် ထင်နေတာလား။” ဧကရီ ပိုင်ကျစ်ကတော့ လုံး၀ မယုံ။ ကိုက်ထားတာကိုလည်း မလွှတ်ခဲ့ဘူး။ ဒါပေမယ့် သူမရဲ့ နှလုံးသားထဲမှာတော့ ဖန်ကျန်းရှီကြောင့် အတော့်ကို ဒေါသ ထွက်နေခဲ့ပြီ။

ဒါပေမယ့် သူမရဲ့ မုန်းတီးမှုတွေ ခပ်မြန်မြန် ပျောက်ကွယ် သွားခဲ့တယ်။ သူမရဲ့ အပြုံးမျက်နှာလည်း ပျောက်ကွယ် သွားခဲံတယ်။

သူမတွေ့ သွားခဲ့တယ်။ အနက်နဲ့ အစိမ်းရောင် သစ်သီးတွေကို ဖမ်းဆွဲဖို့ လုပ်နေခဲ့တဲ့ နန်ကုန်းဟောင်က ရွှေရောင် သစ်သီးကို ချိန်ရွယ်နေခဲ့ပြီ။ သူ့ကို လန့်စေတာကတော့ နန်ကုန်းဟောင်ရဲ့ မျက်လုံးက ပွင့်နေတဲ့ အပြင် အနီရောင် အလင်းတန်းတွေ တောက်ပ နေတာပဲ။

“အသက်ရှင်နေတယ်။ သူတကယ်ပဲ အသက်ရှင်နေတနယ်။” ဧကရီ ပိုင်ကျစ် ဖန်ကျန်းရှီ လှည့်စားတာ ခံနေရတယ်လို့ပဲ ထင်ခဲ့တာ။ အခုတော့ နန်ကုန်းဟောင်က တကယ်ကြီး အသက်ရှင်နေတယ်။ ဒါပေါ့။ ဒီလို ရုတ်တရက် အခြေအနေ အပြောင်းအလဲကို သူမ မတုံ့ပြန် နိုင်ခဲ့ဘူး။ ဒါ့အပြင် သူမရဲ့ စိတ်ထဲမှာ တစ်ခုခု ထူးဆန်းနေခဲ့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်၊ နင်ဘယ်လို လုပ်ဝံ့တာလဲ။” ဧကရီ ပိုင်ကျစ် ပါးစပ်ကို ဖွင့်လိုက်မိတယ်။ သူမကို အသားယူနေတဲ့ လူတစ်ယောက်ကို ဘယ်လိုများ ခွင့်ပြု ရမှာလဲ။ သူမ ဆက်တိုက် အော်လိုက်မိတယ်။ ဒါပေမယ့် စကား ဆုံးဆုံးချင်း သတိ ပြန်ဝင်လာတော့တယ်။ သူမ ပါးစပ် ဖွင့်လိုက် ပြီးချိန်တည်းက အရာအားလုံး နောက်ကျ သွားခဲ့ပြီ။

“ငါနောက်ဆုံးတော့ အောင်မြင်ပြီလား။” ဖန်ကျန်းရှီလည်း မျက်လုံးပြူး သါားခဲ့တယ်။ ဒါပေမယ့် နန်ကုန်းဟောင်က တကယ်ကြီး အသက်ဝင် လာပြီ။ နန်ကုန်းဟောင် အသက်ရှင်နေတာကို မြင်ချိန်မှာ တခြားသူတွေ အားလုံးထက် သူက ပိုပြီးတော့ လန့်နေခဲ့တယ်။ နန်ကုန်းဟောင်ကို သေချာပေါက် ဓားနဲ့ ထိုးလိုက်မှန်း သူသိပါတယ်။ ဒါပေမယ့် နန်ကုန်းဟောင်က ဘာကြောင့်များ မသေသေးတာလဲ။

နန်ကုန်းဟောင်က နောက်ဆုံး အချိန်မှာ အသက်ရှင် သွားခဲ့တာလား။ ဒါမှမဟုတ် နန်ကုန်းဟောင်ကို မတော်တဆ သူတွန်းပို့ လိုက်မိလို့လား။ နောက်ကွယ်က အကြောင်းအရင်းကို ဖန်ကျန်းရှီ မဆုံးဖြတ် နိုင်ခဲ့ဘူး။ နန်ကုန်းဟောင်ကတော့ အသက်ဝင် လာခဲ့ပြီ။ ဒါ့အပြင် ရွှေရောင် သစ်သီးကို ဖမ်းဆွဲဖို့ ခက်ခက်ခဲခဲ ကြိုါ်စား နေမိတယ်။

သူလည်း ဧကရီ ပိုင်ကျစ်ကို အထပ်ထပ် အခါခါ သတိပေးတယ်။ ဧကရီ ပိုင်ကျစ် အရင်လိုပဲ မယုံဘူး။ ဧကရီ ပိုင်ကျစ် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်စေဖို့ သူလည်း ခန္ဒာကိုယ်ကို နည်းနည်း လှည့်ပတ်ပြီး အလှည့်အပြောင်း ဖြစ်အောင် ဖြစ်အောင် လုပ်ပေးခဲ့တယ်။

နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် မြင်တွေ့ သွားခဲ့ပြီ။

ဘယ်လောက်တောင် အခန့်မသင့်လိုက် သလဲ။ ဒါက ကိုယ်ဝန်ဆောင်ဖို့ နည်းလမ်းပေါင်း ရာနဲ့ ချီပြီး ကြိုးစားခဲ့တဲ့ အမျိုးသမီး တစ်ယောက် မတော်တဆ လုပ်ရပ်ကြောင့် ရုတ်တရက် ကိုယ်ဝန် ရသွား သလိုပဲ။

လောကကြီးက အံ့သြစရာ ကောင်းလွန်းတယ်။

အပိုင်း (၈၆၈) ပြီး၏။

rအပိုင်း (၈၆၉)

“ယောကျာ်း စစ်ရဲ့လား။”

ဖန်ကျန်းရှီ ဧကရီ ပိုင်ကျစ်ကို ဆူပူ လိုက်ချင်တယ်။ ဒါပေမယ့် အခုချိန်မှာ သူလွတ်မြောက်ဖို့က ပိုပြီး အရေးကြီးတယ်။ ဧကရီ ပိုင်ကျစ်က ပါးစပ် ဖွင့်ရုံပဲ ရှိသေးတယ်။ သူတို့ ခန္ဒာကိုယ်တွေ ထိတွေ့ နေဆဲ။ အကယ်၍ ဖန်ကျန်းရှီသာ အရှေ့ကို ပြေးရင် နန်ကုးန်ဟောင်က သူ့ကို သေချာပေါက် တားမှာပဲ။

လှိမ့်ရင်လည်း ဧကရီ ပိုင်ကျစ်က သူ့နောက်ကျောကို တိုက်ခိုက်လိမ့်မယ်။ လက်သည်းတွေကို သုံးလိုက်ရင် သူ့ကို ပြန်ထိန်းချုပ် နိုင်ဖို့ အလွယ်လေး။ သူဘာလုပ် သင့်သလဲ။

သူ့စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ ဝင်ရောက် လာတော့တယ်။ ဥပမာ ဧကရီ ပိုင်ကျစ်ကို ရိုက်ချတာမျိုး၊ မျက်လုံးထဲကို သံပရာ အမှုန့်တွေနဲ့ မှုတ်ထုတ်တာမျိုး။ ခပ်မြန်မြန်ပဲ ဒီနည်းလမ်းတွေကို သူမေ့ဖျောက်လိုက်တယ်။ သူက ဧကရီ ပိုင်ကျစ်ဆိုတဲ့ မိစ္ဆာကြီးနဲ့ ရင်ဆိုင် နေရတာ။ သူ့အစီအစဉ်တွေ နှစ်ခေါက် ကျရှုံးတာမျိုး အဖြစ် မခံနိုင်တော့ဘူး။

မဖြစ်ဘူး။ သာမာန် လွတ်မြောက်ရေး နည်းလမ်းတွေကို သူသုံးလို့ မဖြစ်ဘူး။ နန်ကုန်းဟောင်ကိုလည်း မှီခိုရအုန်းမယ်။ နောက်ဆုံးတော့လည်း ဧကရီ ပိုင်ကျစ်ရဲ့ မျက်လုံးထဲမှာ နန်ကုန်းဟောင် တစ်ယောက်တည်းကပဲ အရေးပါတဲ့သူ ဖြစ်နေခဲ့တယ်။

သူ့လွတ်မြောက်ရေးမှာ နန်ကုန်းဟောင် ကူညီ လာစေဖို့ ဘာလုပ်ရမလဲ။ နန်ကုန်းဟောင်ကို သူနဲ့ ဧကရီ ပိုင်ကျစ်ကြား ရောက်သွားအောင် ဘယ်လို လုပ်ရမလဲ။ ဟုတ်တယ်။ နေရာလဲရမယ်။ (ကောင်းကင်တာအို နည်းလမ်း။)

ဖန်ကျန်းရှီ ဒီနည်းလမ်း တစ်ခုကိုပဲ တွေးတော နိုင်တယ်။ အကောင်းဆုံး အကြံ မဟုတ်ပေမယ့်၊ သူ့မှာ အချိန် ထပ်မရှိတော့ဘူး။ ချက်ခြင်း ဆုံးဖြတ်ချက် ချလိုက်တော့တယ်။ ဒီတစ်ခေါက်တော့ မိုးပြာရောင် အလင်းတန်းတွေ သူ့တကိုယ်လုံးမှာ ဖုံးလွှမ်းသွားတော့တယ်။

“ဟမ့်။ ထွက်ပြေး ချင်တယ်ပေါ့။” သူမရဲ့ ပင်ကိုယ် သိစိတ်ကြောင့် သူ့လက်ထဲက လွတ်ထွက်မလို ဖြစ်နေတဲ့ မိုးပြာရောင် အလင်းတန်းကို ဖမ်းဆွဲလိုက်တယ်။ သူမ အရှိန်က အရမ်းကို မြန်ဆန်လွန်းတယ်။

ချွမ်။ သတ္တု အချင်းချင်း ရိုက်ခတ်တဲ့ အသံ ထွက်ပေါ် လာတေ့တယ်။ ဧကရီ ပိုင်ကျစ်ရဲ့ လက်နဲ့ မိုးပြာရောင် အလင်းတန်းက အရှိန်ပြင်းပြင်း တိုက်ခိုက် နေကြသလိုပဲ။

“ငလူး။ ဘယ်လိုများ ဒီလောက် မြန်မြန် တုံ့ပြန် နိုင်တာလဲ။” ဖန်ကျန်းရှီ ရပ်တန့်ရင်း မျက်မှောင်ကြုတ်နေခဲ့တယ်။ ဒီနည်းလမ်းကို သုံးရင် အောင်မြင်နိုင်ချေ မများတာကို သူသိထားတယ်။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်က ဒီလောက် မြန်မြန် တားဆီး နိုင်မယ်လို့ မထင်ထားမိဘူး။

ရုတ်တရက် ဆိုသလို သူဒေါသတွေ ထွက်လာတော့တယ်။ ဧကရီ ပိုင်ကျစ် ဖိနှိပ်တာကို ခဏခဏ ခံနေရတဲ့ အတွက် အရှက်ရလာတယ်။ နောက်ဆုံးတော့လည်း သူ့ကိုယ်သူ အင်အားကြီး တိုက်ခိုက်ရေး သမားလို့ ခံယူ ထားခဲ့တာလေ။ မော့ရှန်းရှီကိုတော့ ဧကရီ ပိုင်ကျစ်နဲ့ အရူး တစ်ယောက်လို တိုက်ခိုက်အောင် လုပ်ခဲ့တာကို သူမှတ်မိနေဆဲ။ သူလည်း ဒီလို လုပ်ရမလား။

ကောင်းကင် တာအိုနဲ့ ဒီထိန်းချုပ်မှု အောက်ကနေ တိုးထွက်ချင်တယ်။ ဒီလို လုပ်ဖို့ လည်း အရည်အချင်း ရှိမှ ဖြစ်မယ်။

ဧကရီ ပိုင်ကျစ်က မော့ရှန်းရှီနဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာတောင် မိစ္ဆာ အသွင်ကို မပြောင်းခဲ့ဘူး။ ဖန်ကျန်းရှီနဲ့ တိုက်ခိုက်မှပဲ ဒီလို အသွင်ပြောင်းလိုက်တာ။ ဒါ့အပြင် သူမက မိစ္ဆာ အသွင် ပြောင်းပြီး သွားရင်၊ မြင့်မြတ် နယ်မြေရဲ့ အင်အား အကြီးဆုံးသူ ဖြစ်သွားပြီ။ ဒါပေါ့။ ဒါတွေ အားလုံး အရေးမကြီးတော့ဘူး။

ဖန်ကျန်းရှီမှာ လွတ်လမ်း မရှိ။ အကယ်၍ သူ့အသက်နဲ့ ရင်းပြီး တိုက်ခိုက်ခဲ့ရင်၊ လွတ်မြောက်နိုင်ချေ ရှိတယ်။ မတိုက်ခိုက်ရင်တော့ သေချောပေါက် သေမှာပဲ။ နောက်ထပ် တေ်ွေ၀ မနေတော့ဘူး။ အံကြိတ်ရင်းနဲ့ မိုးပြာရောင် အလင်းတန်း ဆီရောက်ဖို့ အားကုန်သုံးပြီး ရုန်းကန်တော့တယ်။

ရွှီး။ နားကန်း မတတ် ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ် လာပြီး ဧကရီ ပိုင်ကျစ် လက်ထဲက မိုးပြာရောင် အလင်းတန်း တဖျပ်ဖျပ် လက်လာတော့တယ်။

“ဒီကောင်စုတ်လေးက ငါ့ကို အင်အားနဲ့ ယှဉ်ဖို့ လုပ်နေတာလား။” ဧကရီ ပိုင်ကျစ် လန့်သွားခဲ့တယ်။ မိစ္ဆာ မျိုးနွယ်တွေက လူသားတွေထက် ကိုယ်ခန္ဒာ အင်အားမှာ သာလွန်တယ်လို့ သူမ အမြဲတမ်း တွေးထားခဲ့တယ်။

ဘယ်လိုလုပ် လူသားမျိုးနွယ်တွေက သူနဲ့ တိုက်ခိုက်နိုင်မှာလဲ။ ဒါက မိစ္ဆာ ဧကရီ ဖြစ်တဲ့ သူမ အသေအချာ သိထားတဲ့ အရာ။ သူမက မိစ္ဆာတို့ရဲ့ ထိပ်သီး သားရဲကောင် အမြီးကိုးချောင်း မြေခွေးဖြူ ဘုရင်မ ဘွဲ့ကို ရထားတာ အလကား မဟုတ်ဘူး။ အကယ်၍ ဖန်ကျန်းရှီသာ သူမကို အင်အား သာလွန်သွားရင် သူမ သေချာပေါက် ဒေါသ ထွက်မိမှာပဲ။

ဒါကြောင့် ဖန်ကျန်းရှီ ထွက်ပြေးဖို့ ပြင်တဲ့ အချိန်မှာ သူမရဲ့ အမြီးနဲ့ ရစ်ပတ်ရင်း ဖန်ကျန်းရှီကို ရိုက်ထုတ်လိုက်တယ်။

ဝုန်း။ ကြောက်စရာ အင်အားကြောင့် ဖန်ကျန်းရှီရဲ့ တကိုယ်လုံး တုန်ယင်သွြးတယ်။ ဒီအင်အားက ပြင်းထန်လွန်းလို့ သူသွေးတောင် အန်မိတော့မယ်။ သူ့ခန္ဒာကိုယ်ပေါ်က မိုးပြာရောင် အလင်းတန်းလည်း ဒီအမြီးကြောင့် ကွဲကြေသွားမတတ် ဖြစ်ခဲ့တယ်။ အင်အားကြီးလိုက်တာ။

တောင်စဉ် ကိုးသွယ် အလယ်ပေါင်းအိုးထဲက ထွက်လာပြီးချိန်က စပြီး၊ အခုချိန်ထိ ဒီလို ဖိနှိပ်ခံရတာ ပထမဆုံး အကြိမ်ပဲ။ ဧကရီ ပိုင်ကျစ်ရဲ့ စွမ်းအားတွေက သူထင်ထားတာထက် အများကြီး သာလွန်နေတယ်။

မိုးမြေ စွမ်းအားတွေကို ထိန်းချုပ်တာမျိုး၊ ခန္ဒာကိုယ်ရဲ့ အကြမ်းခံနိုင်မှုတွေမှာ ဧကရီ ပိုင်ကျစ်က ခြောက်ပြစ်ကင်း သဲလဲစင်တဲ့ စွမ်းအားရှင်ပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ဘာလုပ်နိုင်မှာလဲ။ ဒီအတိုင်း အားလျော့ လိုက်ရမှာလား။

မုချင်းဖန်းနဲ့ မော့ရှန်းရှိကတော့ သူ့ကို ကယ်မယ် ပြောတာပဲ။ ဒါပေမယ့် အာရုံလွှဲတဲ့ စကား သက်သက်မှန်း သူသိထားတယ်။ တကယ့် ပြစ်မှတ် အစစ်က နန်ကုန်းဟော်ငပဲ။

“လုပ်လိုက်စမ်းပါ။” လူတစ်ယောက်က ကိုယ့်ကိုယ်ကိုပဲ အားကိုးလို့ ရနိုင်တယ်။ ဖန်ကျန်းရှီက သူများကို အားကိုး မျှော်လင့်နေမယ့်သူ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်တိုင်ပဲ ကြိုးစားမယ်။

ဘယ်လိုပဲ ရလဒ် ထွက်ထွက် လုပ်ကို လုပ်ရမယ်။

ဝုန်း။

ဖန်ကျန်းရှီ အရိုင်းဆန်တဲ့ ဒေါသ အင်အားတွေကို ထုတ်လွှတ်လိုက်တယ်။ အနက်ရောင် သံချပ်ကာ၊ မီးတောက်နက်၊ သွေးနီရောင် တောက်ပမှုတွေ အားလုံး ထွက်ပေါ်လာတယ်။ အသုံးဝင်မလား မသိပေမယ့်၊ အားလုံးကို သူထုတ်သုံးလိုက်ပြီ။

အဲ့ဒီ့နောက် သူ့ခန္ဒာကိုယ်က အပြာရောင် အလင်းတန်းထဲကို တစ်လက်မ တိတိ နစ်ဝင်သွားတယ်။ တစ်လက်မက သူ့ကို မျှော်လင့်ချက် ပြန်ရစေတယ်။

“အား။ စုန်းမအိုကြီး သတ္တိရှိရင် ငါ့ကို တိုက်ရိုက် လာတိုက်ခိုက်စမ်း။”

“ဟတိုက်ရိုက်တဲ့လား။” ဧကရီ ပိုင်ကျစ် နှှုတ်ခမ်း တွန့်သွားတယ်။ သူမ ဖန်ကျန်းရှီကို သတိ ပေးလိုက်ချင်တယ်။ ဖန်ကျန်းရှီကို အစောပိုင်းကပဲ အောင်အောင်မြင်မြင် တိုက်ခိုက်ပြီး ခဲ့ပြီလို့။ ဒါပေမယ့် သူမ မပြောနိုင်ခင် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကနေ ပြင်းထန်တဲ့ စွမ်းအားတွေ ထွက်ပေါ် လာတာကို ခံစား လိုက်ရတယ်။ ပြင်းထန်လွန်းလို့ သူ့လက်ကတောင် လွတ်တော့မယ့် အတိုင်းပဲ။

“ဒီကောင်စုတ် ဘာ ဖြစ်လို့ ဒီလောက်တောင် အင်အားကြီးရတာလဲ။” ဧကရီ ပိုင်ကျစ် တကယ့်ကို လန့်သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ စွမ်းအားတွေက အဆုံးမဲ့တဲ့ အတိုင်း ပိုပြီးတော့ သန်မာ လာနေတယ်။ သူ့ကို ထိန်းချုပ်ဖို့ ခက်ခဲလွန်းတယ်။

ဝုန်း။ ဒီအချိန်မှာပဲ ကောင်းကင်က ခရမ်းရောင် မိုးကြိုးကြီး ကျဆင်းလာတော့တယ်။ ဓားထက်ထက် တစ်ချောင်းလို ပုံစံနဲ့ သူမရဲ့ မျက်ခုံးကြားကို လာရိုက်ခတ်တယ်။

ဖန်ကျန်းရှီ လုပ်မှန်း ဧကရီ ပိုင်ကျစ်သိတယ်။ ဒါက သာမာန် မိုးကြိုး မဟုတ်ဘူး။ တာအိုတွေကို ပေါင်းစည်း ထားတာပဲ။ သူမရဲ့ လက်တစ်ဖက်ကို ရုတ်ချည်း မြှောက်လိုက်တယ်။ ရွှေရောင် အလင်းတန်း တစ်ခု လက်ထဲမှာ ဖြစ်ပေါ်လာတယ်။

“သွားစမ်း။” ဧကရီ ပိုင်ကျစ် အော်ဟစ်ရင်း ခရမ်းရောင် အလင်းတန်းဆီကို ပြစ်လွှတ်လိုက်တယ်။ မိုးကြိုး သူမ လက်ထဲက ထွက်သွားချိန်မှာပဲ တစ်ခုခု အန္တရာယ် ဖြစ်တော့မှာကို သူမ ခံစားမိနေတယ်။ ပင်ကိုယ် သိစိတ်ရဲ့ လှုံ့ဆော်မှုက ပြင်းထန်းလွန်းတယ်။ ဖန်ကျန်းရှီက အခုချိန်မှာ ဘယ်လို ချိန်းခြောက်မှု လုပ်နိုင်မယ် ဆိုတာကို သူမ နားမလည်ဘူး။ သူမက မိစ္ဆာ အသွင်တောင် ပြောင်းခဲ့ ပြီးပြီ။

ဒါကို တွေးနေတဲ့ အချိန်မှာပဲ သူမဆီကို လာနေတဲ့ ခရမ်းရောင် အလင်းတန်း ရုတ်တရက် ရပ်တန့် သွားတာကို မြင်လိုက်ရတယ်။ အဲ့ဒီ့နောက် ထူးဆန်းတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်။ လျှပ်စီး ပျောက်ကွယ်သွားတယ်။ သူမရဲ့ မျက်ဝန်း ထောင့်ကနေ အလင်းတန်း တစ်ခု အနီးကပ်ပြီး ဖြတ်သွားတယ်။

“ဓားလား။” ခရမ်းရောင် အလင်းတန်းကို ပိုင်ကျစ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ။ ဒါက လျှပ်စီး မဟုတ်ခဲ့ဘူး။ လျှပ်စီးတွေနဲ့ ဝန်းရံထားတဲ့ ဓားရှည် တစ်လက်ပဲ။ ခြေရာမဲ့ဓား။ ချက်ခြင်း ဆိုသလို သူမရဲ့ နောက်ကျောဆီ ပျံဝဲ ပြီးတော့ နောက်ကျောကို ထိုးချလိုက်တယ်။

ဝုန်း။ ဧကရီ ပိုင်ကျစ် တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သူမရဲ့ နောက်ကျော တစ်ခုလုံး ပြင်းပြင်းထန်ထန် နာကျင်သွားပြီး၊ သွေးတွေ ဖြာထွက်လာတော့တယ်။ ဒီသွေးတွေ အားလုံးကို ခြေရာမဲ့ဓားက စုပ်ယူပြစ်လိုက်တယ်။ အဲ့ဒီ့နောက် ပျော်ရွှင်တဲ့ ဓားအော်သံ သဲ့သဲ့ ထွက်ပေါ်လာတယ်။

ဖြစ်သွားတဲ့ ကိစ္စတွေက အရမ်းကို မြန်ဆန်လွန်းတယ်။ ဧကရီ ပိုင်ကျစ် တိုက်ခိုက် ခံရတာကို မြင်ချိန်မှာ တပည့်သားတွေ ဘယ်လိုမှ မယုံနိုင်ကြဘူး။

“ဧကရီ ပိုင်ကျစ်ကို သူဒဏ်ရာရအောင် လုပ်လိုက်ပြီ။”

“မဖြစ်နိုင်တာပဲ။”

ဘယ်သူမှ သူတို့ မျက်လုံးကို မယုံနိုင်။ သမိုင်း တစ်လျှောက်မှာ ဧကရီ ပိုင်ကျစ်က ဒဏ်ရာ တစ်ချက်လေးတောင် မရဖူးမှန်း သူတို့ သိထားခဲ့တယ်။

ဝေါင်း။

ဝေါင်း ..။

မိစ္ဆာ ဘုရင်တွေ ဒေါသတကြီးနဲ့ ဟိန်းဟောက်တော့တယ်။ နောက်ဆုံးတော့လည်း ဧကရီ ပိုင်ကျစ်က သူတို့ အတွက်တော့ ထူးခြားတဲ့ ဖြစ်တည်မှု တစ်ခု။ သူမ ဒဏ်ရာ ရသွားတော့ သူတို့တွေ ဒေါသ မထွက်ပဲ ဘယ်လို နေမှာလဲ။ ဒါေတွေက အဆုံးမသတ်သေးဘူး။ ဧကရီ ပိုင်ကျစ် ဒဏ်ရာရ သွားတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီလည်း မိုးပြာရောင် အလင်းတန်းထဲကို ခုန်ဝင်လိုက်တယ်။

နန်ကုန်းဟောင်ကတော့ ဖန်ကျန်းရှီရဲ့ နေရာမှာ အစားရောက်လာတယ်။ ဧကရီ ပိုင်ကျစ်ရဲ့ လက်ထဲကို ရောက်သွားခဲ့ပြီ။ ဒီလို အပြာင်းအလဲက ဧကရီ ပိုင်ကျစ်ကို အံ့သြသွားစေတယ်။ ဖန်ကျန်းရှီ လွတ်သွားမှန်း သိပေမယ့်၊ နန်ကုန်းဟောင် ရုတ်တရက် ရောက်လာတာကို နားမလည် နိုင်ခဲ့ဘူး။

“ကောင်းကင် တာအိုရဲ့ နေရာလဲ နည်းလမ်းလား။” ဧကရီ ပိုင်ကျစ် နားလည် သွားခဲ့ပြီ။ သူ့ရှေ့က နန်ကုန်းဟောင်ကို စိုက်ကြည့်ရင်း ဘယ်လို တုံ့ပြန်ရမလဲ မသိ ဖြစ်နေခဲ့တယ်။ (တံတား တစ်ခုကို ငါတို့ ဖြတ်ကျော်ရလိမ့်မယ်။ အမှောင်ထုရဲ့ အဆုံးသတ်မှာ အလင်းရောင် တွေ့လိမ့်မယ်။) ဆိုတဲ့ အတိုင်းပဲ။

အဖြေက သူမရှေ့မှာ ရောက်နေခဲ့ပြီ။ ဖန်ကျန်းရှီ လွတ်မြောက် သွားခဲ့ပြီ။ နန်ကုန်းဟောင်လည်း သူမဆီ ပြန်ရောက်လာပြီ။ ဒီလို အဆုံးသတ်မယ်မှန်း သိခဲ့ရင်၊ ဖန်ကျန်းရှီကို စောစောတည်းက လွတ်ပြေးပါတယ်။ဧ

“ပြေးစမ်း။ ဒီနေ့ နင်သာ လွတ်အောင် ပြေးနိုင်ရင်၊ မကြာခင် ငါနင့်ကို ဖမ်းမိမှာပဲ။” ဧကရီ ပိုင်ကျစ်ကတော့ စိတ်ရှုပ်ထွေး မနေခဲ့ဘူး။ သတ်ဖြတ်လိုစိတ်တွေ ပြည့်နေတဲ့ ဖန်ကျန်းရှီထက် နန်ကုန်းဟောင်ကို ထိန်းချုပ် ရတာက ပိုပြီးတော့ လွယ်ကူတယ်။

သူမရဲ့ လက်ကို ဆန့်ထုတ်လိုက်တယ်။ ဖန်ကျန်းရှီ အကြောင်းကို မေ့ဖျောက်ပြီးတော့ နန်ကုန်းဟောင်ရဲ့ ပုခုံးကို ဖမ်းဆွဲလိုက်တယ်။ ဖန်ကျန်းရှီ ပြန်မလာမှာကို သူမ သိနေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ပြန်လာခဲ့တယ်။ အရမ်းကို မြန်မြန် ပြန်လာတယ်။ နန်ကုန်းဟောင် ဧကရီ ပိုင်ကျစ်ရှေ့ ရောက်လာတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီက သူမ နောက်ကို ရောက်နေခဲ့ပြီ။ အဲ့ဒီ့နောက် ဧကရီ ပိုင်ကျစ်ရဲ့ ခေါင်းကို ရိုက်ချလိုက်တယ်။ အဲ့ဒီ့နောက် ခြေထောက်နဲ့ ကန်ထုတ်တယ်။

ဝုန်း။

လေထဲက ကန်ချက်ကို ကြည့်နေသူတွေ ခန့်မှန်းလို့ မရနိုင်ဘူး။ ကိုယ်တိုင် ခံရတဲ့ ဧကရီ ပိုင်ကျစ်ပဲ သိခဲ့တယ်။ အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်ပျက်နေတယ်။ ဧကရီ ပိုက်ကျစ် လေထဲမှာ သုံးလေးပတ် ဆက်တိုက် လိမ့်သွားတော့တယ်။

“ငါ့ကို ကိုက်ထားပြီးမှ ရှောင်ထွက် ချင်တယ်ပေါ့။ အိပ်မက်မက်နေလိုက်။” ဖန်ကျန်းရှီ အရူးတစ်ယောက်လို အော်ဟစ် နေခဲ့တယ်။

မိစ္ဆာ ဘုရင်တွေနဲ့ သုခမိန်တွေ အားလုံးကတော့ မျက်လုံး အပြူးသား။ ဖန်ကျန်းရှီ ဧကရီ ပိုင်ကျစ် လက်ကနေ လွတ်မယ်လို့ သူတို့ မထင်ထား ခဲ့မိဘူး။ ဒါ့အပြင်က သူက ပြန်လာတယ်။ ပြန်လာတဲ့ အပြင်၊ ဧကရီ ပိုင်ကျစ်ကိုတောင် ကန်ထုတ်လိုက်သေးတယ်။

ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ။

“ဖန်ကျန်းရှီ ရူးသွားတာလား။”

“ဧကရီ ပိုင်ကျစ်ကို ကန်ထုတ် လိုက်တယ်တဲ့။”

“သူစိတ်လွတ် သွားတာလား။”

ဖန်ကျန်းရှီ ဘာတွေ တွေးနေမှန်း ဘယ်သူမှ မသိနိုင်ဘူး။ သူအရမ်းကို ထွက်ပြေးချင်နေခဲ့တာ အသိသာကြီးလေ။ ဒါပေါ့ ဖန်ကျန်းရှီက မေးခွန်းတွေကို မဖြေခဲ့ဘူး။

ယောကျာ်း တစ်ယောက် အနေနဲ့ စွမ်းအား မလုံလောက်လို့ ထွက်ပြေးရတာကို သူမရှက်ဘူး။ ဒါပေမယ့် မတိုက်ခိုက်တာမျိုးလည်း သူမလုပ်ဘူး။ ဒီလိုသာ လုပ်လိုက်ရင် သူ့ကို ဘယ်လိုလုပ် ယောကျာ်းလို့ ခေါ်ရတော့မှာလဲ။

မင်း မနိုင်နိုင်ရင် ပြေးသာပြေး။ နိုင်နိုင်ရင်တော့ ဘယ်တော့မှ မပြေးလေနဲ့။

ဒါက ဖန်ကျန်းရှီရဲ့ သတ်မှတ်ချက်တွေပဲ။ ပြိုင်ဘက်ကသာ နားမလည်နိုင်ရင် နားလည် လာတဲ့ အထိ တိုက်ခိုက်မယ်။ ရူးသွပ်ပေမယ့် သူ့စရိုက်နဲ့ ကွက်တိပဲ။ သူ့ကိုယ်သူ ဘယ်တော့မှ အရေးနိမ့် ခံမှာ မဟုတ်ဘူး။ ကန်ထုတ် ပြီးတာနဲ့ သူပြေးတော့တယ်။ သူမပြေးခင် ဧကရီ ပိုင်ကျစ်ကို လက်ခလယ် ထောင်ပြခဲ့သေး။

“…”

“…”

ကြည့်နေသူတိုင်းကတော့ တောင့်တင်းနေကြပြီ။ ဘာပြောရမယ်မှန်း မသိတော့ဘူး။

အပိုင်း (၈၆၉) ပြီး၏။

အပိုင်း (၈၇၀)

“မြင့်မြတ်နယ်မြေက အလှဆုံး အမျိုးသမီး။”

ဒါကတော့ အရှက်မရှိတာပဲ။ ဘယ်သူကမှ ဒါကို ထုတ်မပြောဝံ့ကြဘူး။ ဧကရီ ပိုင်ကျစ်က သိသိသာသာကြီးကို ဒေါသ ထွက်နေခဲ့ပြီ။ သူက မြင့်မြတ် နယ်မြေရဲ့ စွမ်းအား အကြီးဆုံးသူ။ မိစ္ဆာ မျိုးနွယ်တွေ အသက်ရှင်သန်ဖို့ အတွက်ကြောင့်သာ မဟုတ်ရင် မဟာနွံအိုင်ထဲမှာ ပုန်းအောင်းတာမျိုး သူလုပ်မှာ မဟုတ်ဘူး။

ဆယ်နှစ်ကျော် အချိန် အထိ သူမ သည်းခံခဲ့တယ်။ အခုတော့ သူမ နောက်ဆုံး ပြောင်းလဲနိုင်တော့မယ်။ ဒါကို ဖန်ကျန်းရှီက လာနှောက်ယှက်တယ်။ အရေးအကြီးဆုံးကတော့ မိစ္ဆာတွေ လူသားတွေ အများကြီးရဲ့ ရှေ့မှာ ဖန်ကျန်းရှီ ကန်ထုတ်တာကို ခံလိုက် ရတာပဲ။

သူမ စိတ်မဆိုးပဲ ဘယ်လို နေမလဲ။ ဒေါသထွက်လွန်းလို့ ဖန်ကျန်းရှီကို အပိုင်းပိုင်း ပြတ်သွားအောင် ဆွဲဖြဲ လိုက်ချင်တယ်။ ဖန်ကျန်းရှီကတော့ ကန်ပြီးတာနဲ့ ထွက်ပြေး သွားခဲ့ပြီ။

ထွက်ပြေးတယ်ပေါ့။ ဧကရီ ပိုင်ကျစ် အံကြိတ်လိုက်တယ်။ အခုချိန်မှာ အရာအားလုံးကို မေ့ဖျောက်ပြီး ဖန်ကျန်းရှီကို လောက အဆုံးထိ လိုက်ဖမ်း ချင်ပေမယ့်၊ သူမ လုပ်နိုင်ဘူး။ ဒေါသကြောင့်နဲ့ မိစ္ဆာ မျိုးနွယ် တစ်ခုလုံးရဲ့ အနာဂတ်ကို အပျက်စီး မခံနိုင်ဘူး။

သူမသာ လိုက်ဖမ်းလိုက်ရင် နန်ကုန်းဟောင်ကို မုချင်းဖန်းနဲ့ ဖန်ကျန်းရှီ ဘာလုပ်မယ် ဆိုတာ မတွေးနိုင်ဘူး။

“ဖန်ကျန်းရှီ။” ဧကရီ ပိုင်ကျစ် ဆွဲဆောင်မှုတွေ အားလုံး ပျောက်ဆုံးတဲ့ အထိ ဒေါသ ထွက်နေခဲ့တယ်။ ဒါပေမယ့် သူမ နန်ကုန်းဟောင်ဆီကိုသာ ပျံသန်းလာခဲ့တယ်။

“မြန်မြန် နန်ကုန်းဟောင်ကိုဖမ်း။”

“ငါသိတယ်။”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်ကတော့ လေပွေတွေလို ဝေ့၀ဲရင်း နန်ကုန်းဟောင်ဆီ ရောက်လာနေတယ်။ နန်ကုန်းဟောင်ကတော့ လုံး၀ လက်မလျှော့။

“နန်ကုန်း မိသားစုရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ရမယ်။” နန်ကုန်းဟောင် အခုချိန်မှာ ဖန်ကျန်းရှီကို မစဉ်းစားနိုင်သေးဘူး။ ရွှေရောင် သစ်သီးကို လက်လှမ်းလိုက်တယ်။

“နတ်ဘုရား မုခ်ဝကို ဖွင့်။ ဒါဆို အားလုံး အဆုံးသတ် သွားမယ်။” နှစ်ထောင်ချီ အစီအစဉ်ကို နန်ကုန်းဟောင် အပျက်စီး မခံနိုင်ဘူး။ မော့ရှန်းရှီနဲ့ မုချင်းဖန်းကလည်း မျက်တောင် တစ်ခတ် အတွင်းမှာ ရောက်လာကြတယ်။ နန်ကုန်းဟောင်ကို တားနိုင်သွားတယ်။

“နန်ကုန်းဟောင် လက်လျှော့လိုက်တော့၊ မိစ္ဆာနဲ့ နတ်ဆိုးတွေကို အခွင့်အရေး မပေးနဲ့။ နန်ကုန်း မျိုးနွယ်တွေ အသက်ရှင်ဖို့ပဲ လိုအပ်တယ်။” မုချင်းဖန်း ပြောရင်း တိုက်ခိုက်တယ်။

သူ့ရဲ့ အဖြူရောင် ဓားရှည်ကြီးက လောကကိုတောင် နှစ်ခြမ်း ခွဲပြစ်တော့မယ့် အတိုင်းပဲ။

“အသက်ရှင်သန်လို့။ ဒါမျိုးက သေခါနီး လူကိုမှ ပြောရမှာ။” အဖြူရောင် အလင်းတန်းကို နန်ကုန်းဟောင် မရှောင်ဘူး။ အမြီး တစ်ချောင်းကို သူမြင်လိုက်လို့ပဲ။ သုံးဘက် တိုက်ပွဲ။

နန်ကုန်းဟောင်က ရွှေရောင် သစ်သီးကို ခူးပြီး နတ်ဘုရား မုခ်ဝကို ဖွင့်မယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီကတော့ ဒီလို မဖြစ်အောင် ကာကွယ်မယ်။ ဧကရီ ပိုင်ကျစ်ကတော့ နန်ကုန်းဟောင်ကို သူမရဲ့ ရည်ရွယ်ကြောင့် အသုံးချချင်တယ်။ သုံးယောက် စလုံးက နန်ကုန်းဟောင် အတွက် တိုက်ခိုက် နေကြပြီ။

ဝုန်း။ ဧကရီ ပိုင်ကျစ်ရဲ့ အမြီးက မုချင်းဖန်းရဲ့ ဓားကို ကာကွယ်ပြီး နန်ကုန်းဟောင်ကို ရှေ့ဆက်တိုးစေတယ်။ ဒါပေမယ့် မော့ရှန်းရှီက ဝင်တား နိုင်လိုက်တယ်။ မဟူရာ တူကြီးရဲ့ ရိုက်ချက်ကြောင့် နန်ကုန်းဟောင် ခြေတစ်လှမ်း နောက်ဆုတ် သွားရတယ်။

“သေစမ်း။” နန်ကုန်းဟောင်က အရမ်းကို တည်ငြိမ်တဲ့သူ။ ဖန်ကျန်းရှီရဲ့ ဓားချက်က သူ့နှလုံးနဲ့ ဆံချည်တစ်မျှင်စာလောက် လွဲသွားချိန် အထိ သူတည်ငြိမ် နေခဲ့တယ်။ ဧကရီ ပိုင်ကျစ်ရဲ့ ပုံရိပ်ယောင်ထဲက နိုးလာပြီးချိန်မှာလည်း သူမလှုပ်ရှားဘူး။ အကောင်းဆုံး အချိန်ကို စောင့်ဆိုင်း နေခဲ့တယ်။

နောက်ဆုံး သူမျက်လုံး ဖွင့်လိုက်ချိန်မှာ ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ် လက်ထဲ ရောက်နေခဲ့ပြီ။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ကို သုံးပြီး နေရာလဲ သွားခဲ့တယ်။ သူအောင်မြင် ခါနီး အချိန်မှ ဒီလို ဖြစ်ရတာကြောင့် နန်ကုန်းဟောင် စိတ်ထဲမှာ အရမ်းကို ခါးသီး နေမိတယ်။ သူ့အစီအစဉ်တွေ ဖန်ကျန်းရှီကြောင့် ပျက်စီးရတယ်။ ဒါတောင် ဖန်ကျန်းရှီက ထွက်ပြေး သွားခဲ့ပြီ။ အရမ်းကို တည်ငြိမ်ခဲ့တဲ့ နန်ကုန်းဟောင်လည်း ဘယ်လိုမှ မတည်ငြိမ်နိုင်တော့ဘူး။ ဧကရီ ပိုင်ကျစ်ကလည်း သူ့အနားကို ရောက်နေခဲ့ပြီ။

“အား။” နန်ကုန်းဟောင် ဟိန်းဟောက်တယ်။ ဒါပေမယ့် သူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားခဲ့တယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီကို မဖြတ်သန်းနိုင်ဘူး။ နှစ်ထောင်ချီ ကြိုးစား ထားခဲ့သမျှကို ရေစုန်မျောတာလည်း အဖြစ်မခံနိုင်။ အရာအားလုံးက ကံစီမံရာ ဖြစ်နေပုံပဲ။ ဧကရီ ပိုင်ကျစ်က သူ့ကို အမြီးနဲ့ ချည်နှောင်လိုက်ပြီ။

“သူ့ကိုတား။” မုချင်းဖန်း စိုးရီမ်သွားတယ်။ ဧကရီ ပိုင်ကျစ်သာ နန်ကုန်းဟောင်ကို ထိန်းချုပ်နိုင်သွားရင် လောကကြီးရဲ့ အနာဂတ် တစ်ခုလုံး ပြောင်းလဲ သွားနိုင်တယ်။ မော့ရှန်းရှီလည်း စိတ်ပူ နေခဲ့ပြီ။

ဧကရီ ပိုင်ကျစ် သန်မာလွန်းတယ်။ သူမရဲ့ စွမ်းအားတွေက မိစ္ဆာ အသွင် ပြောင်းပြီးရင် ပိုတိုးလာတယ်။ ကြီးမားတဲ့ အမြီး ကိုးချောင်းက မော့ရှန်းရှီနဲ့ မုချင်းဖန်းကို ဆက်တိုက် တိုက်ခိုက်နေခဲ့တယ်။ သူတို့တွေ အတော် ရုန်းကန်နေရတယ်။

“ခန်းမ ခေါင်းဆောင်၊ ကျွန်တော်လာပြီ။” ဒီအချိန်မှာပဲ အောက်က အသံတစ်သံ ထွက်ပေါ်လာတယ်။

“အကြီးအကဲ ယန်ယင်းလား။” မုချင်းဖန်းရဲ့ မျက်လုံးတွေ တောက်ပသွားတယ်။ ကောင်းကင်တာအို ခန်းမရဲ့ မဟာ အကြီးအကဲ ယန်ယင်းက သူတို့လိုပဲ အင်အားကြီးတယ်။ ဒါပေမယ့် ယန်ယင်းက သီးခြားဆန်လွန်းတယ်။ အသက်ငယ်ငယ်တုန်းက သူ့ရဲ့ အပြုအမူတွေကြောင့် ကောင်းကင်တာအို ခန်းမကနေ နှင်ထုတ် ခံရလု နီးပါးတောင် ဖြစ်ခဲ့သေးတယ်။

အထူး လက်နက် အကူအညီတွေ မပါရင်တော့ ယန်ယင်းရဲ့ အစွမ်းက မုချင်းဖန်းထက် မလျော့ဘူး။ ဒါကြောင့်ပဲ မိစ္ဆာ ဘုရင် သုံးဆယ်ကျော် လက်ကနေ လွတ်ပြီး အပေါ်ရောက်လာနိုင်တာ။

“အကြီးအကဲ နောက်ကနေ တိုက်ခိုက်။” မော့ရှန်းရှီ လှမ်းအော်တယ်။ မုချင်းဖန်း မော့ရှန်းရှီနဲ့ ယန်ယင်းတို့က တြိဂံ ပုံစံ ရှိနေကြတယ်။ ဧကရီ ပိုင်ကျစ်ကတော့ အလယ်မှာ။

“နင်တို့ သုံးယောက် အတူတူ သေရမယ်။” ဧကရီ ပိုင်ကျစ် ပြောတယ်။

ဝုန်း။

ဝုန်း။

ကျယ်လောင်တဲ့ အသံတွေ ဆက်တိုက် ထွက်ပေါ်လာတော့တယ်။

မုချင်းဖန်း မော့ရှန်းရှီနဲ့ ယန်ယင်း သုံးယောက်လုံးက နန်ကုန်းဟောင်ကို မုချင်းဖန်း လက်ကနေ ကယ်တင်နိုင်ဖို့ ကြိုးစား နေခဲ့တယ်။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်က အရမ်းကို အင်အားကြီးလွန်းတယ်။

သူတို့ သုံးယောက်တောင် အနိုင်မတိုက်နိုင်ဘူး။ အခြေအနေက မတိုးသာ မဆုတ်သာ။ မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ ယန်ယင်း သုံးယောက်စလုံး တိုက်ခိုက်ရင်း ချွေးတွေ ရွဲနစ် နေခဲ့ပြီ။ မိစ္ဆာ အသွင်ပြောင်းပြီးနောက် မိစ္ဆာ ဧကရီ ပိုင်ကျစ်ရဲ့ စွမ်းအားက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။ သူတို့တွေ အနိုင်မတိုက်နိုင် ရုံတင် မကဘူး။ ဒဏ်ရာတွေတောင် ရစ ပြုနေပြီ။

“အင်အားကြီးလိုက်တာ။ ဘယ်လိုများ ဒီလောက်ထိ အင်အား ကြီးရတာလဲ။” မုချင်းဖန်း ဧကရီ ပိုင်ကျစ် စွမ်းအားကြီးတာကို သိခဲ့ပေမယ့်၊ သူမရဲ့ စွမ်းအားတွေက သူ့ကို ကြောက်လန့် စေတာ အမှန်ပဲ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်မှာ ဖြစ်ခဲ့တဲ့ မဟာ စစ်ပွဲကြီးက မုချင်းဖန်း စိတ်ထဲမှာ ပြတ်ပြတ်သားသား ထင်ကျန်နေဆဲ။ အောင်နိုင်သူကတော့ လူသား မျိုးနွယ်တွေ ဖြစ်ခဲ့တယ်။

ဒါပေမယ့် အဲ့ဒီ့ စစ်ပွဲမှာ လူသား မျိုးနွယ်က အင်အား အကြီးဆုံးသူ၊ ဧကရီ ပိုင်ကျစ်နဲ့ တစ်ယောက်ချင်း တိုက်ခိုက်နိုင်တဲ့ တစ်ဦးတည်းသော လူသားကို သူတို့ ဆုံးရှုံး ခဲ့ရတယ်။

လင်းယွမ် မျှော်စင် ခေါင်းဆောင်ဟောင်း။

အသက်ကို စတေးပြီး ဧကရီ ပိုင်ကျစ်ကို အချိန်ဆွဲထား ပေးခဲ့တယ်။ မိစ္ဆာ မျိုးနွယ်တွေကို လူသားတွေ ထိန်းချုပ်ချိန် ရအောင် တိုက်ခိုက်ပေးခဲ့တယ်။

ဒါပေမယ့် လူသားမျိုးနွယ်တွေကတော့ မိစ္ဆာ တစ်ကောင်ကိုမှ မသတ်ဝံ့ခဲ့ဘူး။ သူတို့တွေ သနားညှာတာ ခဲ့တာတော့ မဟုတ်။ ဧကရီ ပိုင်ကျစ် သက်ရှိ ထင်ရှား ရှိနေသေးတာ ကြောင့်ပဲ။ ဧကရီ ပိုင်ကျစ် မသေဆုံး သရွေ့၊ ဘယ်သူကများ မိစ္ဆာ မျိုးနွယ်ကို သတ်ဖြတ် ဝံ့မှာလဲ။

ကံကောင်းစွာနဲ့ ဧကရီ ပိုင်ကျစ် နောက်ဆုံးမှာ လက်နက်ချခဲ့တယ်။ လူသားတွေနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုုပ်ဆိုပြီး မဟာနွံ့အိုင်ထဲကို ဆုတ်ခွာသွားခဲ့တယ်။ အောင်အောင်မြင်မြင် တိုက်ခိုက် နိုင်ခဲ့ ရတာကတော့ နတ်ဆိုး မျိုုးနွယ်တွေရဲ့ သစ္စာဖောက်မှုကြောင့်ပဲ။ ဒါကြောင့် ဧကရီ ပိုင်ကျစ်က နတ်ဆိုး မျိုးနွယ်ရဲ့ အင်အား အကြီးဆုံး တိုက်ခိုက်ရေး သမားတွေ အားလုံးကို တစ်လ အချိန် အတွင်းမှာ သတ်ဖြတ် ပြစ်ခဲ့တယ်။

ဒါတွေကြောင့် လူသား မျိုးနွယ်တွေက မိစ္ဆာ ဘုရင်တွေ အားလုံးကို လက်လွှတ် ပေးခဲ့ရတာပဲ။ နောက်ဆုံးတော့လည်း ပဋိပက္ခတွေကို ဖြေရှင်းဖို့ မဖြစ်နိုင်ခဲ့။

ဒါပေမယ့် ယွင်ချင်းဝူရဲ့ ဦးဆောင်မှု အောက်မှာ မျိုးနွယ်စု နှစ်ခုရဲ့ အမုန်းတရားတွေ မေ့ဖျောက်ပြီး မိစ္ဆာနဲ့ နတ်ဆိုးတွေ ပူးပေါင်းရင်း လူသား မျိုးနွယ်ကို တိုက်ခိုက် လာမယ်လို့ မုချင်းဖန်း မထင်ထား ခဲ့မိဘူး။ ဒါ့အပြင်၊ လွန်ခဲ့တဲ့ နှစ်တွေကထက် ဧကရီ ပိုင်ကျစ်က ပိုပြီး ကြောက်စရာ ကောင်းလာတယ်။

ဝုန်း။ နောက်ဆုံးမှာတော့ မြေခွေး အမြီးကြီး တစ်ခုကြောင့် မုချင်းဖန်း လွင့်ထွက် သွားခဲ့ပြီ။ လေထဲမှာ သွေးတွေ အန်ရင်း ဖြူဖျော့ သွားတော့တယ်။

“အဖိုးကြီးမု၊ မသေနဲ့အုန်း။” မော့ရှန်းရှီ စိုးရိမ်တကြီး လှမ်းအော်တယ်။

“မင်း အရင် ငါမသေပါဘူး။” မုချင်းဖန်း အံကြိတ်ရင်း ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်တယ်။ အသက်ပြင်းပြင်း ရှူသွင်းရင်း ပြန်တိုက်ခိုက်တယ်။

“ဟ ဟားဟား။ အတိတ်က ဆန္ဒတွေကို ဒီနေ့ တိုက်ပွဲကြောင့် ဖြည့်ဆည်းနိုင်တော့မယ်။ မမလန်အယ် သေဆုံးပြီးချိန်တည်းက ငါအသက်ရှင် နေခဲ့တာ လုံလောက်ပါပြီ။ ဒီနေ့တော့ မမလန်အယ်ကို အဖော်ပြု ပေးရတော့မယ်။”

“အိပ်မက်မက်နေလိုက်၊ လန်အယ့် စိတ်ထဲမှာ ငါပဲ ရှိတယ်။ ငါပဲ သူ့ကို အဖော်ပြုရမှာ။”

“မဟုတ်တမ်း တရားတွေ မမလန်အယ်က ငါ့ကို သေချာပေါက် ခံစားချက် ရှိနေတာ။”

“ပေါက်ကရတွေ။” မုချင်းဖန်း အော်တယ်။

“ခန်းမခေါင်းဆောင်မော့နဲ့ အဖိုးကြီးမော့။ မင်းတို့ နှစ်ယောက် ဒီနေ့ ပြောတာတွေကို ငါမငြင်းချင်ပါဘူး။ ဒါပေမယ့် လန်အယ့် အကြောင်းကို ပြောရင်တော့၊ သူ့စိတ်ထဲမှာ ရှိနေတာ ငါပဲ။” ယန်ယင်းက အလေးအနက် ပြောတယ်။

“ယန်ယင်း။ နှစ်တွေ ဒီလောက် ကြာပြီးမှ လန်အယ့်ကို မင်းသဘောကျတာ ဝန်ခံပြီပေါ့။” မော့ရှန်းရှီက ဒါကို ကြားချိန်မှာ ပြုံးလိုက်တယ်။

“ဟန့်။” ယန်ယင်းကတော့ “ဟန့်” ဆိုတဲ့ အသံနဲ့ပဲ ပြန်ဖြေတယ်။ သူ့မျက်လုံးထဲမှာတော့ သူမကို လွမ်းဆွတ်နေတဲ့ အရိပ်အယောင်တွေက အထင်းသား။

လန်အယ်။ လင်းယွမ်မျှော်စင် ခေါင်းဆောင်ဟောင်း။ မြင့်မြတ် နယ်မြေရဲ့ အလှပဆုံး အမျိုးသမီး တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ လူသား မျိုးနွယ်ရဲ့ အင်အားအကြီးဆုံး တိုက်ခိုက်ရေ သမား။ သူ့ကို မမြတ်နိုးတဲ့သူ ဘယ်သူများ ရှိခဲ့သလဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က စစ်ပွဲကြီးမှာ သူမ သေဆုံး သွားခဲ့ပြီ။

အဲ့ဒီ့ အချိန်က စပြီး၊ ဘယ်သူကမှ သူတို့ကို သူတို့ မြင့်မြတ် နယ်မြေရဲ့ အလှဆုံးလို့ မခေါ်တွင် ဝံ့တော့တာပဲ။

…

ရယ်မောမှုနဲ့ ခံစားချက်တွေက တိုက်ပွဲ တစ်ခု အတွက် မသင့်တော်တဲ့ အရာတွေပဲ။ ဒါပေမယ့် မုချင်းဖန်းနဲ့ မော့ရှန်းရှီကတော့ ပြုံးနေခဲ့ကြတယ်။ ယန်ယင်းလည်း အတူတူပဲ။ သူ့မျက်လုံးထဲမှာ လွမ်းဆွေး တမ်းတရိပ်တွေလည်း ပြည့်နှက် နေခဲ့တယ်။

“မမ လန်အယ်အတွက် ငါတို့ တိုက်ခိုက်ရမယ်။” မုချင်းဖန်းရဲ့ အမူအယာက ချက်ခြင်းဆိုသလို ကြည်လင်သွားတယ်။ အင်အားကြီးမားတဲ့ အရှိန်အဝါတွေကို သူထုတ်လွှတ်လိုက်တယ်။

“ဒါပေါ့။” မော့ရှန်းရှီလည်း စိတ်ပျက်လက်ပျက် ပြန်ဖြေတယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း လက်ထဲက မဟူရာ တူကြီးကို မြှောက်လိုက်တယ်။

ယန်ယင်းကတော့ စကား မပြောဘူး။ ဧကရီ ပိုင်ကျစ်ကိုသာ တိုက်ခိုက်တော့တယ်။

“လန်အယ်။ သေသွားခဲ့တဲ့ အရှုံးသမားလား။ လူသားတွေသာ လူသားတွေပဲ။ အမြဲတမ်း အတိတ်ကို တမ်းတပြီး လက်ရှိ အချိန်ကို တန်ဖိုး မထားကြဘူး။ ဘာကြောင့်များလဲ။” ဧကရီ ပိုင်ကျစ်က သူတို့ စကားတွေကို ကြားချိန်မှာ မှတ်ချက်ပေးတယ်။

အပေါ်က ရယ်သံတွေကို ကြားချိန်မှာ အောက်ဘက်က သုခမိန်တွေနဲ့ ချင်းယွိရဲ့ အမူအယာကတော့ ပြောင်းလဲ သွားခဲ့တယ်။

“ဆရာသခင်က မြင့်မြတ် နယ်မြေက တကယ့်ကို ကျော်ကြားခဲ့တာပဲ။ အဲ့ဒီ့ အချိန်တုန်းက လင်းယွမ် မျှော်စင်ကို ဘယ်သူကမှ အပြစ်မပြုဝံ့ဘူး။ လင်းယွမ် မျှော်စင်က မျိုးနွယ်စု ငါးခုရဲ့ ခေါင်းဆောင် ဖြစ်လာတော့မယ်။ ငါသာ ခေါင်းမမာခဲ့ရင်၊ ငါ့အပြစ်တွေကို ချေဖျက်ဖို့ အတွက် ဆရာသခင်က ဧကရီ ပိုင်ကျစ်ကို တိုက်ခိုက်ခဲ့ရမှာ မဟုတ်ဘူး။ ဆရာသခင်လည်း သေဆုံး ခဲ့ရမှာ မဟုတ်ဘူး။” ချင်းယွိ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာရင်း မျက်ရည်တွေ ဝဲလာတော့တယ်။

အပိုင်း (၈၇၀) ပြီး၏။

All Chapters