← Chapters

အပိုင်း (၈၇၁-၈၈၀)

Vol. 9 Ch. 871-880

အပိုင်း (၈၇၁-၈၈၀)

Vol. 9 Ch. 871-880

အပိုင်း (၈၇၁)

“ဖန်ကျန်းရှီကို မှီခိုလို့ရလား။”

ချင်းယွိ ငယ်ငယ်လေး တည်းက လင်းယွမ် မျှော်စင်မှာ နေထိုင်ခဲ့တယ်။ သူမကို မျှော်စင် ခေါင်းဆောင်ဟောင်း လန်ချင်းက ခေါ်လာခဲ့တာ။ ချင်းယီလည်း သူမနဲ့ အတူတူ ခေါ်လာ ခံခဲ့ရတယ်။ လန်ချင်းက လူတွေကို အကဲဖြတ်တဲ့ နေရာမှာ ထူးခြားတဲ့ ပါရမီရှိတယ်။

ချင်းယွိနဲ့ ချင်းယွီ နှစ်ယောက်လုံးက သဘာဝရဲ့ ပါရမီရှင်တွေ၊ လန်ချင်းရဲ့ စိတ်ရှည်လက်ရှည် ပြုစု ပျိုးထောင်မှုကြောင့်၊ ညီအစ်မ နှစ်ယောက်ရဲ့ ကျော်ကြားမှုက မြင့်မြတ် နယ်မြေမှာ တဟုန်ထိုး မြင့်မား လာခဲ့တယ်။ သူတို့ နှစ်ယောက်ကို လင်းယွမ် မျှော်စင်ရဲ့ အနာဂတ်လို့တောင် လူတိုင်း သတ်မှတ် ထားခဲ့ကြတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က အဖြစ်အပျက်ကြီး မဖြစ်ခင် အထိပေါ့။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ အတွက် နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ် နှစ်ခုက လင်းယွမ် မျှော်စင် ပါဝင်စွက်ဖက်တာကို မြင်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခု ပူးပေါင်းပြီး မျိုးနွယ်စု နှစ်ခုလက်ထဲ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ ကျရောက် သွားမှာကို ကာကွယ် ထားခဲ့တယ်။ မြင့်မြတ် နယ်မြေ တစ်ခုလုံး ကြီးမြတ်သောရှ မင်းဆက် ရန်မြို့တော် အပြင်ဘက်မှာ မဟာ စစ်ပွဲကြီးကို စတင်ခဲ့တော့တယ်။

ဆယ်မိုင် ရေကန် စစ်ပွဲမှာ သွေးချောင်းစီးပြီး အလောင်းတွေ တောင်လို ပုံခဲ့တယ်။ ဒီစစ်ပွဲကြီးကြောင့် မျှော်စင် ခေါင်းဆောင်ဟောင်း လန်ချင်းလည်း သေဆုံး ခဲ့ရတယ်။ နောက်ဆုံးမှာတော့ ငြိမ်းချမ်း သွားခဲ့တယ်။ ချင်းယွိကိုတော့ စစ်ပွဲ အတွက် ဘယ်သူမှ အပြစ်မတင်ခဲ့ဘူး။ နောက်ဆုံးတော့လည်း စစ်ပွဲကြီးက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကြောင့် ဖြစ်ခဲ့ရတာပဲ။ ချင်းယွိကတော့ သူ့ကိုယ်သူ စစ်ပွဲကြီးကို စတင် ခဲ့သူ၊ လန်ချင်းကို သေဆုံး စေသူ အဖြစ် အမြဲ တွေးနေမိတယ်။

သူမရဲ့ ဆရာသခင် ဖြစ်နေပင်မယ့်၊ တကယ်တမ်းတော့ အမေ တစ်ယောက်လိုပါပဲ။ ချင်းယွိ လန်ချင်းကို အမြဲ လွမ်းဆွတ် နေခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် မြင်ကွင်းတွေက သူ့မျက်စိရှေ့မှာ တရိပ်ရိပ် ပေါ်လာတော့တယ်။ ချင်းယွိ ရင်ဘတ်ထဲမှာလည်း နာကျင်လာတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခေါင်းမော့ရင်း၊ ဧကရီ ပိုင်ကျစ်ကို စိုက်ကြည့်နေခဲ့တယ်။

“ဆရာသခင်။ ဆရာ့ရဲ့ မပြီးပြည့်စုံသေးတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းခွင့် ပြုပါ။”

ဝေါင်း။ မိစ္ဆာ ဘုရင် တစ်ယောက်က ချင်းယွိ အနားကို သတိအပြည့်နဲ့ ချဉ်းကပ် လာခဲ့တယ်။ နောက်ဆုံးတော့လည်း မိစ္ဆာ ဘုရင်တိုင်းက ချင်းယွိရဲ့ စွမ်းအားကို နားလည်ကြတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ အထင်သေးမိဆဲ။ ချင်းယီတုန်းက လိုပဲ၊ ချင်းယွိရဲ့ ခေါင်းပေါ်မှာ လမင်း ရှစ်စင်း ပေါ်လာချိန်မှာတော့၊ မိစ္ဆာ ဘုရင် မျက်လုံး ပြူးကျယ် သွားတော့တယ်။

“လမင်း ရှစ်စင်း။” မိစ္ဆာ ဘုရင် မျက်လုံး ပြူးနေခဲ့တယ်။ နောက်ဆုံးတော့လည်း လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက ချင်းယွိမှာ လမင်း တစ်စင်းပဲ ရှိခဲ့တာလေ။ အခုတော့ လမင်း ရှစ်စင်း ဖြစ်နေခဲ့ပြီ။ မိစ္ဆာ ဘုရင် ရုတ်တရက် စိုးရိမ် သွားခဲ့တယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ သူ့ရဲ့ နောက်ကျောကနေ အေးစက်လွန်းတဲ့ လေထု စွမ်းအား တစ်ခုကို ခံစားလိုက်ရတယ်။ ချက်ခြင်း ဆိုသလို မိစ္ဆာ ဘုရင်ရဲ့ ခန္ဒာကိုယ် တခုလုံး ငွေရောင် အလင်းတန်းတွေ လွှမ်းခြုံပြီး နှင်းတွေ ဖုံးလွှမ်း သွားတော့တယ်။

ဝူး။ လူတစ်ယောက် သူ့ရှေ့ကို ရုတ်တရက် ရောက်လာတယ်။

ချင်းယွိ။

ဒါပေမယ့် ချင်းယွိက သူ့ကို သိပ်ပြီးတော့ အာရုံ မစိုက်ဘူး။ မိစ္ဆာ ဘုရင်ရဲ့ ခေါင်းပေါ်ကို ဖြတ်သွားပြီးတော့ ရိုက်ချလိုက်တယ်။

ဂျွတ်။ နှင်းတွေဖုံးလွှမ်း ထားတဲ့ ခေါင်းတစ်ခု မြေပြင်ပေါ်ကို ပြုတ်ကျလာတော့တယ်။ သွေးတော့ တစ်စက်မှ မထွက်ခဲ့ဘူး။ ဒါပေမယ့် ခေါင်းထဲမှာ ရွှေရောင် မိစ္ဆာ ပုလဲ တစ်ခု ရှိနေခဲ့တယ်။

ဝုန်း။ ခေါင်းနဲ့ မိစ္ဆာ ပုလဲ နှစ်ခုလုံး ပေါက်ကွဲ သွားပြီး အပိုင်းအစလေးတွေ ဖြစ်သွားတော့တယ်။ ဒီအချိန်မှာပဲ ချင်းယွိက ချက်ခြင်း အရှေ့ကို ဆက်တက်သွားတယ်။ ဒီမြင်ကွင်းက အနီးမှာ ရှိနေတဲ့ တောက်ဟွမ်ကိုတောင် အံ့အားသင့်သွားစေတယ်။

“ချင်းယွိက ဒီနှစ်တွေမှာ ဘယ်လိုများ ဒီလောက်ထိ အင်အားကြီး လာတာလဲ။” တောက်ဟွမ် သူ့မျက်လုံးသူ မယုံနိုင် ပေမယ့်၊ ချင်းယွိ ခေါင်းပေါ်မှာ လမင်း ရှစ်စင်းကို သူမြင်လိုက်တယ်လေ။ ဒါပေမယ့် ချင်းယွိကတော့ တောက်ဟွမ်ဘက်ကို ပြန်လှည့် မလာတော့ဘူး။ ဆက်တိုက် အပေါ်ကို ပျံသန်း နေခဲ့တယ်။

မိစ္ဆာ ဘုရင်တွေကို ဖြတ်သန်းပြီးနောက် ချင်းယွိရဲ့ အရှိန်က အရမ်းကို မြန်ဆန်လာတယ်။ သူ့ရဲ့ ငွေရောင် အလင်းတန်းက ကောင်းကင်ကြီး တစ်ခုလုံးကိုတောင် လင်းထိန် သွားစေခဲ့တယ်။

“မျှော်စင်ခေါင်းဆောင် ချင်းယွိ။”

“မိစ္ဆာ ဘုရင်တွေကိုတောင် သူဖြတ်သွားပြီ။”

“မျှော်စင် ခေါင်းဆောင်လန်လို စွမ်းအားကြီး လာတာလား။”

မိစ္ဆာ ဘုရင်တွေနဲ့ တိုက်ခိုက်နေဆဲ သုခမိန်တွေက အထိတ်တလန့် ပြောမိကြတယ်။ နတ်သစ်ပင်ထိပ်မှာ ရောက်နေတဲ့ ဧကရီ ပိုင်ကျစ်လည်း လမင်း ရှစ်စင်းကို သတိထားမိတယ်။

“အိုး။ အဲ့ဒီ့ ပုန်ကန်စိတ် အပြည့်နဲ့ ကောင်မလေးကတောင် လမင်း ရှစ်စင်း အဆင့်ကို ရောက်သွားပြီလား။” ဧကရီ ပိုင်ကျစ်ရဲ့ အစိမ်းရင့်ရောင် မျက်ဝန်းတွေ ထိတ်လန့်မှု အပြည့်နဲ့ လင်းလက် သွားခဲ့တယ်။

“ပိုင်ကျစ်။ ငါ့ဆရာသခင်ကို ပြန်ပေး။” ချင်းယွိ အသံကို ကြားလိုက်ရပြီးနောက်၊ လမင်း ရှစ်စင်းက သူမ တစ်ကိုယ်လုံးကို ငွေဖြူရောင် ပြောင်းလဲ သွားစေတယ်။ သူမရဲ့ အသားအရေနဲ့ ဆံပင်တွေကို ငွေရောင် သံချပ်ကာ တစ်ခုက ဖုံးလွှမ်း သွားခဲ့ပြီ။

ဝူး။ ငွေရောင် အလင်းတန်းက ကောင်းကင်ကြီး တစ်ခုလုံးကို ဖြာထွက်လာတော့တယ်။

သူမလက်ထဲက ဓားရှည် နှစ်လက်ကို သုံးရင်း ချင်းယွိက ဧကရီ ပိုင်ကျစ်ကို ဓားနဲ့ ထိုးချလိုက်တယ်။ လည်ပင်းတည့်တည့်ကို တစ်ချက်တည်း ချိန်ရွယ်ထားတာ၊ တစ်ချက်လေးတောင် မတွေဝေဘူး။ သူမအရှိန်နှုန်းက မြန်ဆန် လွန်းတဲ့ အတွက် ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။

“အံ့သြစရာပဲ။ လန်ချင်းက တိုက်ပွဲနိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကို စတေးခဲ့တယ်။ ငါဆိုရင်လည်း သေချာပေါက် လုပ်မှာပဲ။” ဧကရီ ပိုင်ကျစ် နှာခေါင်းရှုတ်လိုက်ရင်း အမြီးကြီး နှစ်ခုနဲ့ချင်းယွိကို လွှဲရိုက်လိုက်တယ်။

ချင်းယွိကတော့ စကားလည်း မပြောသလို မရှောင်လည်း မရှောင်ဘူး။ အမြီး နှစ်ခုကို ဓားနှစ်လက်နဲ့ ခုတ်ချလိုက်တယ်။

ဝုန်း။ ငွေရောင် အလင်းတန်းနဲ့ လျှပ်စီးတွေ တိုက်ခိုက်နေတာ နဂါးနှစ်ကောင်လိုပဲ။

“ဟမ်။” ဧကရီ ပိုင်ကျစ် သိသိသာသာကြီး လန့်နေခဲ့တယ်။ သူမ စွမ်းအား အကုန်လုံး ထုတ်မသုံး ထားဘူး။ ဒါပေမယ့် မြေခွေးအမြီး နှစ်ချောင်းက အတော့်ကို သန်မာတယ်လေ။

မြေခွေး အမြီး တစ်ချောင်းတည်းနဲ့ နန်ကုန်းဟောင်ကို အနိုင်ယူနိုင်တယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်ကို တားထားနိုင်တယ်။ ချင်းယွိကတော့ အမြီး နှစ်ချောင်း တိုက်ခိုက်တာကို ခုခံ နိုင်တယ်။

“တားဆီးနိုင်လိုက်တယ်လား။”

“အင်အားကြီးလိုက်တာ။”

“မျှော်စင် ခေါင်းဆောင် ချင်းယွိက အင်အားကြီးလိုက်တာ။”

အောက်ဘက်မှာ တိုက်ခိုက်နေတဲ့ သုခမိန် အားလုံး ဧကရီ ပိုင်ကျစ် ဘယ်လောက် အင်အားကြီးမှန်း သိကြတယ်။ သူတို့တင် မကဘူး။ တပည့်သားတွေ အားလုံးပါ မျက်လုံး ပြူးနေခဲ့တယ်။ ဓားနှစ်လက်နဲ့ အမြီး ကိုးချောင်း မြေခွေးရဲ့ တိုက်ခိုက်မှုကို ခုခံ နိုင်တယ် ဆိုတာ အရေးနိမ့်နေတာ မဟုတ်ဘူး။ အင်အားကြီး ပြိုင်ဘက် နှစ်ယောက်ရဲ့ တိုက်ပွဲက သူတို့ကို လန့်လာစေတယ်။

“တိုက်ခိုက်။” ချင်းယွိ အော်လိုက်တယ်။ သူမရဲ့ ဓားနှစ်လက်ကို ဝေ့ယမ်းရင်း မြေခွေးမြီး တစ်ချောင်းကို နင်းပြီး ဧကရီ ပိုင်ကျစ်ဆီ ပြေးဝင်တော့တယ်။

“အဖိုးကြီးမော့ အတူတူ တိုက်ခိုက်မယ်။” ဒီမြင်ကွင်းကို မြင်ချိန်မှာ မုချင်းဖန်းလည်း အလျှော့ပေး မနေတော့ဘူး။ တစ်ချက် ဟိန်းလိုက်ပြီး ရှေ့ဆက်တိုးတော့တယ်။ မော့ရှန်းရှီလည်း အရေးနိမ့်နေခဲ့တာ မဟုတ်ဘူး။ ချင်းယွိနဲ့ အများကြီး မတွေ့ဖူး ပေမယ့်၊ လန်ချင်းရဲ့ ဒီတပည့်က လန်ချင်းနဲ့ သေချာပေါက် ယှဉ်နိုင်တယ်။ ဒါပေါ့။ ချင်းယွိက သူတို့ထဲမှာ အင်အားအကြီးဆုံး အစွမ်းတွေ ထုတ်ပြနေတာပဲ။

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်က နည်းနည်းတော့ အထင်ကြီးနေတယ်။ ပြောရရင်၊ ချင်းယွိက နောက်မျိုးဆက်လေ။ ယန်ယင်ကတော့ စကားမပြောဘူး။ ဒါပေမယ့် မုချင်းဖန်းနဲ့ မော့ရှန်းရှီတို့လိုပဲ သူတိုက်ခိုက်တယ်။

ဝေါင်း။ ဧကရီ ပိုင်ကျစ်က ဟိန်းဟောက်လိုက်တယ်။ သူမရဲ့ တကိုယ်လုံး ဖြူဖွေးတဲ့ အမွှေးတွေ ပြည့်ှနှက် သွားတော့တယ်။ ကြီးမားတဲ့ မြေခွေးဖြူကြီး အသွင်ကို ပြောင်းလဲ သွားခဲ့ပြီ။ အစိမ်းရင့်ရောင် မျက်လုံး၊ နားရွက် ချွန်ချွန်၊ ကြီးမားတဲ့ အမြီး ကိုးချောင်းက သူမ ကိုယ်ခန္ဒာမှာ ဆက်တိုက် လှုပ်ရှား နေခဲ့တယ်။ ကောင်းကင်ကြီး တစ်ခုလုံးကိုတောင် ဖုံးလွှမ်းတော့မယ့် အတိုင်းပဲ။

ဧကရီ ပိုင်ကျစ် မိစ္ဆာ အသွင်ကို အပြည့်အ၀ ပြောင်းလဲ သွားခဲ့ပြီ။

ဝုန်း။

ဝုန်း။

လက်သည်းချွန်ချွန်၊ အမြီးကြီး ကိုးချောင်းကို ဝေ့ယမ်းရင်း သိသိသာသာကို ဒေါသတကြီးနဲ့ လှုပ်ရှား နေခဲ့တယ်။ သူမရဲ့ လှုပ်ရှားမှု တစ်ခုချင်းစီ တိုင်းက လျှပ်စီးတွေ၊ မိုးကြိုးတွေနဲ့ လေပြင်းတွေကို ဆင့်ခေါ်နေတယ်။ တိုက်ခိုက်မှုတွေကို ရှောင်ရှားရင်း ဧကရီ ပိုင်ကျစ် အနားကို သူတို့ တိုးကပ်လာနိုင်တယ်။

အနားနီးလာ လေလေ၊ မြေခွေး အမြီး ရိုက်ချက်တွေက ပိုပြီးတော့ အရှိန်ပြင်းလာလေပဲ။ သူတို့ ပါးပေါ်မှာတောင် ချွေးသီးတွေ စီးကျ နေခဲ့ပြီ။ ပြင်းထန်တဲ့ တိုက်ပွဲကြီးပဲ။ မြင့်မြတ် နယ်မြေရဲ့ အင်အား အကြီးဆုံး လေးယောက်နဲ့ ဧကရီ ပိုင်ကျစ်ရဲ့ တိုက်ပွဲ။ သုခမိန်နဲ့ တပည့်သားတွေ သူတို့ အပေါ်က ထူးခြား တိုက်ပွဲကြီးကို ငေးမော နေမိတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမူအယာ မတူညီကြဘူး။

အနည်းဆုံးတော့ ဖန်ကျန်းရှီက အတော်ကြီး ကွာခြား နေခဲ့တယ်။ သူထွက်ပြေး ခဲ့ပေမယ့်၊ တိတ်တိတ်လေး ပြန်လာတယ်။

ဟုတ်တယ်။ ဖန်ကျန်းရှီ ပြန်လာတယ်။

ဘယ်လို အော်ပြေးရမလဲ ကောင်းကောင်း သိသလို တိတ်တိတ်လေးလည်း ပြန်လာတတ်တယ်။ အနည်းဆုံးတော့ တိုက်ခိုက်နေသူတွေရဲ့ မျက်ကွယ်ကို သူရှာတတ်တယ်။

“ကောင်စုတ်လေး နောက်ဆုံးတော့ အသိစိတ် ဝင်လာပြီပဲ။” မော့ရှန်းရှီကတော့ ဖန်ကျန်းရှီကို မြင်ချိန်မှာ နည်းနည်း မျက်လုံး ပြူးသွားပေမယ့်၊ နောက်ဆုံးမှာတော့ ပြုံးလိုက်မိတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီရဲ့ အစွမ်းအစက သူတို့နဲ့ ယှဉ်နိုင်မှန်း သိထားတယ်လေ။ ဒါ့အပြင်၊ ဖန်ကျန်းရှီသာ ထပ်ပေါင်းထည့်လိုက်ရင်၊ ဧကရီ ပိုင်ကျစ်ကို ဖိအားပေးပြီး တိုက်ခိုက်နိုင်လိမ့်မယ်။

ဝေါင်း။ ဧကရီ ပိုင်ကျစ် အေးစက်စက် ဟိန်းဟောက်ရင်း အော်ဟစ်တယ်။ “ဖန်ကျန်းရှီ၊ နင်ပြန်လာ ဝံ့သေးတယ်ပေါ့။”

“ကန်းမနေဘူး မဟုတ်လား။ ငါပြန်လာဝံ့တယ် ဆိုတာ မြင်နေရဲ့သားနဲ့။” ဖန်ကျန်းရှီ တစ်ချက်လေးမှ ကြောက်မနေပဲ ပြန်ပြောတယ်။

“ဖန်ကျန်းရှီ၊ ဓာတ်ကြီးငါးပါး ဗျူဟာ။” မုချင်းဖန်းကတော့ မော့ရှန်းရှီထက် ပိုပြီး ပြတ်သားတယ်။ သူချက်ခြင်း ဆိုသလို ဖန်ကျန်းရှီ ဝင်လာဖို့ နေရာ ဖယ်ပေးတယ်။

“ကောင်းပြီ။” ယန်ယင်ကတော့ ချက်ခြင်း ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီရဲ့ အရှက်မရှိတဲ့ စရိုက်ကြောင့် သူစိတ်ရှုပ် မိပေမယ့်၊ အင်အား ပေါင်းရင် ဖန်ကျန်းရှီက သူတို့ကို ကူညီနိုင်မယ်မှန်းတော့ သိတယ်။ ဧကရီ ပိုင်ကျစ်ကို အနိုင်ယူဖို့ မျှော်လင့်ချက်လေး ရှိသေးတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ အတွက် နေရာ ဖယ်ပေးဖို့ ပြင်ပြီးချိန်မှာ တစ်ခုခု လွဲနေတာကို သူသတိ ထားမိသွားတယ်။ ဒီကောင်စုတ်က တခြား နေရာကို ပြေးသွားတယ်။

ဒါ့အပြင် သူက ယန်ယင့် ဘေးကနေ ဖြတ်သွားတာ။ ယန်ယင် စိတ်ရှုပ်သွားတယ်။

“ဒေါ်လေး လုပ်တာ တော်တယ်။” ဖန်ကျန်းရှီ နှုတ်ဆက်ရင်း ချင်းယွိကိုလည်း ဖြတ်သွားတယ်။

“နင် နာမည်ကောင်း ရချင်ရင်၊ ပေါက်ကရ ပြောတာတွေ ရပ်လိုက်။” ချင်းယွိ ချက်ခြင်း ဆိုသလို ပြန်အော်တယ်။ သူမလည်း ဖန်ကျန်းရှီ် ပြန်လာမယ်လို့ ထင်မထား ခဲ့မိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကို အားကိုးဖို့ကတော့ တွေးရအုန်းမယ်။

ဖန်ကျန်းရှီကို ယုံကြည် အားကိုးလို့ ရရဲ့လား။

ချင်းယွိ သူ့ဘာသူတွေး နေခဲ့တယ်။ အကယ်၍ ဧကရီ ပိုင်ကျစ်ကိုသာ အနိုင်ယူနိုင်ရင်၊ သူမရဲ့ ဆန္ဒလည်း ပြည့်မြောက်သွားလိမ့်မယ်။

“ဒေါ်လေးက ကျွန်တော့်ကို နားအလည်ဆုံးပဲ။ တော်ပါပြီ ပြောမနေတော့ပါဘူး။” ဖန်ကျန်းရှီ ခေါင်းခါရင်း လှုပ်ရှားတော့တယ်။ မိုးပြာရောင် အလင်းတန်း တစ်ချက်နဲ့ အတူ နေရာကနေ ပျောက်သွားပြီး နောက်တစ်နေရာမှာ ပေါ်လာတော့တယ်။ သူ့ရဲ့ ဝတ်ရုံပြာပြာက လေထဲမှာ တဖျပ်ဖျပ်လွင့်မျော နေခဲ့တယ်။

ဒီမြင်ကွင်းနဲ့ ဖန်ကျန်းရှီ ပေါ်လာတဲ့ နေရာက လူတိုင်းကို မျက်လုံးပြူး သွားစေတယ်။ ဖန်ကျန်းရှီက သူတို့ နေရာဖယ်ပေး ထားတဲ့ နေရာကို ရောက်လာတာ မဟုတ်ဘူး။ နတ်သစ်ပင်ထိပ်က သစ်သီး သုံးလုံး အနားကို ရောက်သွားခဲ့တာ။ ဒါ့အပြင် ပြုံးပြုံးကြီး။

လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း ရွှေရောင် သစ်သီးကို ဖမ်းဆွဲလိုက်တယ်။

ဧကရီ ပိုင်ကျစ်နဲ့ တိုက်ခိုက်နေသူ လေးဦးရဲ့ အမူအယာတွေကို သူအရမ်း ကျေနပ်နေခဲ့တယ်။ နောက်ဆုံးတော့လည်း သူ့အပြုအမူကြောင့် သူတို့ လန့်သွားမှာကို သိနေခဲ့တယ်လေ။

တတိယ အဖွဲ့ဝင် ဖြစ်ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ ဒါက သမိုင်းမတင်မီ ခေတ်တည်းက ကျော်ကြားတဲ့ ဆိုရိုးစကား။ ဧကရီ ပိုင်ကျစ်က လေးယောက်လုံးကို ထိန်းထားနိုင်မှတော့ သူလည်း သေချာပေါက် အခွင့်ကောင်း ယူရတာပေါ့။

နတ်သစ်ပင် သစ်သီးတွေ။ အံ့ဖွယ်တွေ။

“မဖြစ်ဘူး။။” ရွှေရောင် သစ်သီးကို ဖန်ကျန်းရှီ ထိတော့မယ့် အချိန်မှာပဲ အသံ တစ်သံကို ကြားလိုက်ရတယ်။

အပိုင်း (၈၇၁) ပြီး၏။

အပိုင်း (၈၇၂)

“ကိုယ့်သေတွင်း ကိုယ်တူးခြင်း။”

တရုတ်ဘာသာ စကားက အမြဲတမ်း အခြေခိုင်တယ်။ မဟုတ်ဘူး။ စကားလုံးတွေက အပေါ်ယံ မြင်ရတာထက် ပိုပြီးတော့ ရှုပ်ထွေးတယ်။ ဥပမာ အမျိုးသမီး တစ်ယောက်က အမျိုးသားကို (မလုပ်နဲ့)လို့ ပြောတာက (မြန်မြန်လေးလုပ်၊ ငါလိုချင် နေပြီ)လို့ ဆိုလိုတာမျိုး။ ဒါပေါ့။ ဒါက ဥပမာ တစ်ခုပဲ။ ယောကျာ်း တစ်ယောက်က (မလုပ်နဲ့)လို့ အော်လာရင်၊ သူတကယ့်ကို မလိုချင်လို့ပဲ။ အခုချိန်မှာ အော်တဲ့သူက အမျိုးသမီး တစ်ယောက် ဖြစ်နေခဲ့တယ်။ ဒါကြောင့် ချက်ခြင်းဆိုသလို ရွှေရောင် သစ်သီးကို သူခူးယူ ဖို့ပြင်တယ်။

“နေစမ်းပါအုန်း။ ငါက ဘာဖြစ်လို့ မင်းစကား နားထောင်ရမှာလဲ။” ဖန်ကျန်းရှီ သူ့ရှေ့က ရွှေရောင် သစ်သီးကို ကြည့်ရင်း ပြုံးလိုက်တယ်။ အမှန်အတိုင်းဆိုရင် လူတိုင်း လိုချင်တဲ့ အရာက ကောင်းတဲ့ ပစ္စည်းပဲ ဖြစ်မှာလေ။ ဒါပေမယ့် ဘာဖြစ်လို့ နတ်သစ်သီးတွေ အစား နန်ကုန်းဟောင်ကို အာရုံစိုက်နေ ကြမှန်း သူနားမလည် နိုင်ခဲ့ဘူး။

ဖန်ကျန်းရှီကတော့ ဆုံးဖြတ်ချက် ပြတ်သားတဲ့သူ အလွယ်တကူ စိတ်မရှုပ်ထွေးဘူး။ ဒါကြောင့် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးတော့လည်း ဘယ်သူ့ကိုမှ သတ်ဖို့ မလိုဘူးလေ။

တွေးနေတဲ့ အချိန်မှာပဲ ရွှေရောင် သစ်သီးကို သူ့လက်ကထိသွားတော့တယ်။ ဒီသစ်သီးက အေးအေးလေးနဲ့ အမှတ်အသားလေးတွေ ပါတယ်။

“ကောင်းလိုက်တဲ့ ရတနာ။” ဖန်ကျန်းရှီက အန္တရာယ်တွေကို ကြောက်တတ်တဲ့သူ မဟုတ်ဘူး။ ဒါကြောင့် ရွှေရောင် သစ်သီးကို ခူးပြီးတာနဲ့ တခြား သစ်သီး နှစ်လုံးကို ဆက်ခူးဖို့ ပြင်တော့တယ်။ ဒါပေမယ့် ရွှေရောင် သစ်သီးကို ကိုင်ပြီး ဖြုတ်လိုက်တဲ့ အချိန် စိတ်ထဲမှာ ကပ်ဆိုးကျတော့မလို ခံစား လိုက်ရတယ်။ အေးနေတဲ့ သစ်သီးက ရုတ်တရက် ပူလောင်လာပြီး သူ့လက်ကိုတောင် လောင်ကျွမ်း စေတော့မယ့် အတိုင်းပဲ။

“ကောင်စုတ်လေး။ နတ်သစ်သီးတွေကို မထိနဲ့။” ခပ်ကြမ်းကြမ်း လူကြီးတစ်ယောက် အသံ ထွက်ပေါ်လာတယ်။ မော့ရှန်းရှီရဲ့ အသံမှန်း ဖန်ကျန်းရှီ သိလိုက်တယ်။ နောက်ကျာသွားခဲ့ပြီ။ ပူလောင်တဲ့ ခံစားချက်က ဖန်ကျန်းရှီရဲ့ လက်ကနေ ခန္ဒာကိုယ်ကို ပျံ့သွားတယ်။

“ဘာဖြစ်တာလဲ။” ဖန်ကျန်းရှီ သစ်သီးကို လွှတ်ပြီး အပူလာရာ လမ်းကို ဖြတ်တောက်လိုက်တယ်။ သူ့ခန္ဒာကိုယ်ထဲ အပူမီး ငြိမ်း မသွားခဲ့ဘူး။ သူ့ရင်ဘတ် တစ်ခုလုံး တုန်ယင်လာပြီးတော့ သွေးအန်တော့တယ်။ သုခမိန်တွေကတော့ ဖန်ကျန်းရှီ သွေးအန်တာ မြင်ချိန်မှပဲ သတိဝင်လာတော့တယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

“ဖန်ကျန်းရှီ ဒဏ်ရာရ သွားတာလား။”

“နတ်သစ်သီးတွေကြောင့်လား။”

တပည့်သားတွေ အများစုက နားမလည်နိုင်ကြဘူး။ သူတို့တွေ ဘာဖြစ်မှန်း မမြင်လိုက်ကြဘူး။

“ဖန်ကျန်းရှီ ငါ့အထင်တော့၊ နန်ကုန်း မျိုးနွယ်တွေပဲ နတ်သစ်သီးကို ခူးလို့ ရလိမ့်မယ်။ ထိနေတာ ရပ်လိုက်တော့။” အမျိုးသမီး အသံ ထွက်ပေါ်လာတော့တယ်။ ဒါက ချင်းယွိအသံ။ ဒါပေမယ့် (မလုပ်နဲ့)လို့ ပြောခဲ့တဲ့ အသံနဲ့ မတူညီဘူး။ ဒီတော့ မလုပ်နဲ့လို့ ပြောတာ ဧကရီ ပိုင်ကျစ်ပဲ ဖြစ်ရမယ်။

ဧကရီ ပိုင်ကျစ်က ဘာဖြစ်လို့ သူ့ကို သတိပေးတာလဲ။ ဖန်ကျန်းရှီ စိတ်ရှုပ်ထွေး နေပင်မယ့် နောက်ဆုံးမှာတော့ နားလည် သွားခဲ့ပြီ။

“ငါ့အထင်တော့ နန်ကုန်းမျိုးနွယ်တွေပဲ နတ်သစ်သီးကို ခူးလို့ရမယ်။” ဒီစကား အရတော့ သူတို့တွေ ဒီအကြောင်းအရာကို သေချာ မသိတာ ထင်ရှားနေတယ်။ ဧကရီ ပိုင်ကျစ်၊ မုချင်းဖန်းနဲ့ တခြားသူတွေ နတ်သစ်သီးတွေကို ဘာဖြစ်လို့ လက်မလှမ်းလဲ ဆိုတာ သူနောက်ဆုံးတော့ သိသွားခဲ့ပြီ။

ငလူးပဲ။ ဖန်ကျန်းရှီ ကျိန်ဆဲ ချင်နေတယ်။ သွေးအန်ပြီးတဲ့နောက် သူ့ခန္ဒာကိုယ်ထဲက စွမ်းအား အရင်းအမြစ် သုံးဆယ် ရာခိုင်နှုန်းထိ လျော့သွားတာကို ဖန်ကျန်းရှီ ခံစားမိတယ်။ နတ်သစ်ပင်က စုပ်ယူ သွားတာလား။ ဖန်ကျန်းရှီ အရှုံးကြီး ရှုံးပြီလို့ ထင်နေမိတယ်။ ရှေးဟောင်း ဆိုရိုးစကား ရှိတဲ့ အတိုင်း၊ ရှုံးနိမ့်မှုက ကောင်းချီး တစ်ခုပဲ။ ဒါပေမယ့် ဒီအရှုံးကနေတော့ ဘာကောင်းချီးမှ မရသလို ခံစားမိနေတယ်။

အရေးအကြီးဆုံး ကတော့ သူ့ကိုသူ အရူးလုပ်မိတာပဲ။ ဧကရီ ပိုင်ကျစ် မုချင်းဖန်းနဲ့ ယန်ယင်း သုံးယောက်က ဖန်ကျန်းရှီကို အထူးတဆန်း အမူအယာနဲ့ ကြည့်နေကြတယ်။ မော့ရှန်းရှီနဲ့ ချင်းယွိလည်း အတူတူပဲ။

(ငါတို့တွေ မင်းကို မထိဖို့ ပြောသားပဲ။ မင်းဘာမင်း သွားထိမှတော့ သင်ခန်းစာ ကောင်းကောင်း ရပြီပေါ့။)လို့ ပြောနေကြသလိုပဲ။

“ဒီတော့ နတ်သစ်သီးတွေကို ထိလို့ မရဘူးပေါ့။”

“ထင်ရှား နေတာပဲလေ။ မဟုတ်ရင် ခန်းမခေါင်းဆောင်မုနဲ့ တောင်ကြား ခေါင်းဆောင် မော့က အစတည်းက ခူးပြီး နေပြီပေါ့။”

“ဖန်ကျန်းရှီက အမြဲတမ်း ထင်ရာစိုင်းနေတာ၊ အခုလို ဖြစ်အောင် သူ့ဘာသူ လုပ်တာပဲ။ နတ်သစ်သီးတွေကို ခူးချင်တယ်ပေါ့။ မိုက်မဲလိုက်တာ။”

ချင်းယွိ စကားကို ကြားပြီးချိန်မှာ တပည့်သားတွေ နားလည်သွားတော့တယ်။ သူတို့တွေ ကိုယ့်ကိုယ်ကို ဂုဏ်ဖော်ရင်း အသိပညာတွေ ထုတ်ပြကြတော့တယ်။ သူခိုးပြေးမှ ထိုးကွင်းပြ ဆိုတဲ့ စကားပုံလိုပဲ။

“ဖန်ကျန်းရှီ မင်းအာရုံ လွှဲတဲ့ နည်းလမ်းက ကောင်းတယ်။ ဒါပေမယ့် အခုတော့ ငါတို့ကို လာကူညီအုန်း။” မုချင်းဖန်း လှမ်းအော်တော့တယ်။

“ကောင်စုတ်လေး။ စွမ်းအား ဖြုန်းတီးနေတာ ရပ်လိုက်တော့။” မော့ရှန်းရှီကတော့ ပိုပြီး ပွင့်လင်းတယ်။ ဒါကို ပြောရင်း ဖန်ကျန်းရှီ ဝင်ဖို့ နေရာကို လက်ညှိုးထိုး ပြတယ်။ ဧကရီ ပိုင်ကျစ်ကတော့ သူတို့ကို လွယ်လွယ်ကူကူ အခွင့်အရေး မပေးခဲ့ဘူး။ နန်ကုန်းဟောင်ကို ဖမ်းထားတဲ့ အမြီးကို သုံးရင်း အဲ့ဒီ့ နေရာကို ဦးထားလိုက်တယ်။

ဒါပေမယ့် သူ့စိတ်ထဲမှာတော့ အရူးလို လုပ်နေတဲ့ ဖန်ကျန်းရှီကို ရယ်မောနေခဲ့တယ်။

“…” ဖန်ကျန်းရှီကတော့ နှုတ်ခမ်းတွေ တွန့်သွားတယ်။ နေရာမှာတင် သူရပ်နေဆဲ။ နတ်သစ်ပင်က သစ်သီးတွေကို တစ်ချက်ကြည့်တယ်။ အဲ့ဒီ့နောက် တိုက်ခိုက်နေတဲ့ ယန်ယင်နဲ့ ချင်းယွိကို ပြန်ကြည့်တယ်။ နောက်ထပ် ဆိုရိုးစကား တစ်ခုရှိတယ်။ လေတွေ တိုက်ခတ်ပြီး မြစ်တွေ စီးဆင်း နေသရွေ့၊ သူရဲကောင်းတွေက ရှေ့ဆက်သွားတယ်။ ဘယ်တော့မှ နောက်မဆုတ်ဘူး။

ဒုတိယ စကားကို ဖန်ကျန်းရှီ နားမလည် နိုင်ပေမယ့်၊ ပထမ စကားကိုတော့ နားလည်တယ်။ ဒါကြောင့် ရှက်ရွံမှုတွေကို ခံစားမိလိုက်တယ်။ ပြေးပြီးတော့ ကူညီသင့်လား။ အစတည်းက လုပ်ခဲ့ရင်တော့၊ သူ့ကို အမှန်တရား ဘက်တော်သား တစ်ယောက်လို မြင်ကြလိမ့်မယ်။ အခုချိန်ကတော့ နောက်ကျ သွားခဲ့ပြီ။ ဒါက မိုက်မဲတာပဲ။

နောက်ပြီး သူ့ရဲ့ စွမ်းအား သုံးဆယ် ရာခိုင်နှုန်းက ကုန်ဆုံး သွားခဲ့ပြီ။ အခုချိန်မှာ တိုက်ပွဲ ဝင်ရင်တောင်၊ အကောင်းဆုံး ရလဒ် ထွက်လာနိုင်မယ်လို့ မသေချာဘူး။

အကယ်၍ ချင်းယွိ တစ်ယောက်တည်းနဲ့ ပူးပေါင်း တိုက်ခိုက်ရရင်တော့ သူမကြောက်ဘူး။ ဒါပေမယ့် နှစ်တစ်ရာကျော် အသက်ရှင်ပြီးပြီး ဖြစ်တဲ့ မုချင်းဖန်းနဲ့ မော့ရှန်းရှီတို့ ပါလာရင်တော့ ကိစ္စတွေက မတူဘူး။ ဒီမြေခွေးအိုကြီးတွေ ဘယ်လောက်တောင် ကောက်ကျစ်ပြီး ဉာဏ်များလဲ ဆိုတာ မိုးနတ်မင်းပဲ သိနိုင်လိမ့်မယ်။

နေစမ်းပါအုန်း။ ဒါဆိုရင် (မလုပ်နဲ့)လို့ ပြောတဲ့ သူက ချင်းယွိ မဟုတ်ဘူး။ သူနဲ့ အနီးဆုံး ဖြစ်တဲ့ ဧကရီပိုင်ကျစ် ဆိုရင်၊ ဘာဖြစ်လို့ သူ့ကို ထအော်ရတာလဲ။ သူနဲ့ ဧကရီ ပိုင်ကျစ်က အနီးဆုံးလေ။ ဧကရီ ပိုင်ကျစ် သေချာပေါက် စိတ်ပူနေတယ်။ တစ်ခုခုတော့ မှားနေပြီ။ တစ်ခုခုတော့ အမှားကြီး မှားနေပြီ။

ဒီသစ်သီးတွေကို မထိပဲ တစ်ခုခု လုပ်ရမယ် ဆိုတာ သူချက်ခြင်း နားလည်သွားတယ်။ နန်ကုန်းဟောင်က နတ်သစ်သီးကို သူ့ကိုယ်နဲ့ မထိတွေ့ပဲ မျိုချ ပြစ်တာကို ဖန်ကျန်းရှီ မှတ်မိတယ်။ အဲ့ဒီ့လိုပဲ စားပြစ်ရမှာလား။ သစ်သီးကို ထိရုံနဲ့ စွမ်းအားတွေ ကုန်တယ်။ ဆုံးဖြတ်ချက်သာ မှားသွားရင် ဘာဖြစ်မလဲ သူမတွေးတတ်ဘူး။

ဘာလုပ်ရမလား။ စားလိုက်ရမလား။ ဖန်ကျန်းရှီ တွေေ၀ နေခဲ့တယ်။ သစ်သီးတွေက လှပေမယ့် အဆိပ်ရှိမရှိ မိုးနတ်မင်းပဲ သိနိုင်မယ်။

စားရမလား မစားရဘူးလား။ ခက်လိုက်တဲ့ မေးခွန်း။

ဖန်ကျန်းရှီ မစဉ်းစားချင်တော့ဘူး။ တပည့်သားတွေရဲ့ လှောင်ရယ်ရိပ်ကို သူအထင်းသား မြင်နေတယ်။ သူနောက်တစ်ခေါက် ထွက်ပြေးဖို့ သတ္တိ မရှိတော့ဘူး။ ဖန်ကျန်းရှီက သူ့ရဲ့ ဂုဏ်သတင်းကို ဂရုမစိုက်သူ ဖြစ်ခဲ့ပေမယ့်၊ ဘာမှ အောင်မြင်မှု မရှိပဲနဲ့ ထွက်ပြေးမယ့် သူလည်း မဟုတ်ခဲ့ဘူး။ အကယ်၍ သူသာ တကယ်ပဲ ဒီလိုလုပ်လိုက်ရင်၊ တစ်ဘဝလုံး လှောင်ရယ်ခံရလိမ့်မယ်။

အနာဂတ်မှာ သူ့နာမည်ကို ဒီလို မှတ်သားကြလိမ့်မယ်။ (နတ်သစ်သီးကို မခိုးနိုင်ပဲ နတ်သစ်သီးကြောင့် ဒဏ်ရာရပြီး ထွက်ပြေး သွားရရှာတဲ့ ဖန်ကျန်းရှီ ဆိုတဲ့ ကောင်လေး။)

“ထားလိုက်တော့။ ထိလိုက်ရင် ငါ့အစွမ်းတွေ ကုန်လိမ့်မယ်။ တစ်ခါတည်း စားပြီး ဗိုက်ထဲ ရောက်အောင် လုပ်ပြစ်မယ်။” ဖန်ကျန်းရှီက ရည်မှန်းချက် ကြီးမားပြီး လက်စားချေလိုစိတ် အပြည့်ရှိသူ။ ဒါ့အပြင်၊ တိုက်ပွဲထဲမှာ သစ်သီးတွေ စားတာကို အတွေ့အကြုံ ရှိထားတဲ့သူ။

အဆိုးဆုံး အဖြစ် အပျက်ကတော့ လွန်ခဲ့တဲ့ သုံးနှစ် အချိန်မှာ အသက်ဆုံးမလို ဖြစ်ခဲ့ရတာပဲ။

သူ့ရဲ့ စွမ်းအားတွေ အများကြီး ဆုံးရှုံး ရရင်တောင်၊ လက်ရှိ စွမ်းရည်နဲ့ ဆိုရင်၊ သူ့ကိုယ်ထဲက နှစ်တစ်ထောင် မီးဆေးပင်ကို သုံးပြီးတော့ အခြေအနေ ပြန်ကောင်းအောင် ကုသလို့ ရနိုင်တယ်။

“အဆုံးထိ တိုက်ခိုက်မယ်။” ဖန်ကျန်းရှီ စိတ်ဆုံးဖြတ်လိုက်ပြီ။ သစ်သီးကို ခုန်ပြီး ဟပ်ရင်း ကိုက်ချလိုက်တယ်။ သူ့အစွမ်းကို စုပ်သွားတဲ့ သစ်သီးကို မျိုချပြစ်မယ်။ ဒါဆိုရင် စွမ်းအားတွေ ပြန်ရနိုင်တယ်။

“သူဘာလုပ် နေတာလဲ။”

“သစ်သီးဆီ နောက်တစ်ခေါက် သွားပြန်ပြီ။”

“သူသေမှာ မကြောက်ဘူးလား။”

“နေစမ်းပါအုန်း။ သူ့ကြည့်ရတာ။”

ဖန်ကျန်းရှီ နတ်သစ်သီးဆီ နောက်တစ်ခေါက် သွားတာကို မြင်ချိန်မှာ တပည့်သားတွေ ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြတယ်။

“စားနေတာ သူစားနေတာ။” တပည့်သားတွေ ဖန်ကျန်းရှီကို တကယ်ပဲ နားမလည်နိုင်တော့ဘူး။ ထိလို့ မရတဲ့ အရာကို ဘယ်လိုတောင် စားဝံ့တာလဲ။

“ကောင်စုတ်လေး သစ်သီးကို လွှတ်လိုက်။”

“ဖန်ကျန်းရှီ ကိုယ့်သေတွင်း ကိုယ်တူး မနေနဲ့။”

လူတိုင်း သူ့ကို သတိပေးကြတော့တယ်။ သူတို့က လွဲပြီး တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ ဧကရီ ပိုင်ကျစ်ကတော့ အရမ်းကို စိုးရိမ်နေတဲ့ အမူအယာ သူ့မျက်ဝန်းထဲမှာ ပေါ်လာတော့တယ်။

ဖန်ကျန်းရှီကတော့ နတ်သစ်သီးကို လုံး၀ မလွှတ်ဘူး။ သစ်သီးကို အေးနေတဲ့ အချိန်မှာ ချက်ခြင်း မျိုချတယ်။ နောက်ထပ် စောင့်နေရင် သစ်သီးသာ ပူလာလို့ကတော့ သူ့ပါးစပ် တစ်ခုလုံး လောင်သွားလိမ့်မယ်။

ဂျွတ်။ နတ်သစ်ပင် သစ်ကိုင်းတွေကနေ မာဆတ်ဆတ် အသံ ထွက်ပေါ်လာတယ်။ လက်သီး အရွယ် ရွှေရောင် သစ်သီး ကြီးက ဖန်ကျန်းရှီရဲ့ ပါးစပ်ထဲမှာ ကြာကြာ မနေခဲ့ဘူး။ ဖန်ကျန်းရှီ လည်ပင်းကို ဆန့်ထုတ်ရင်း ရွှေရောင် သစ်သီးကြီးကို လက်သီးနဲ့ ထိုးချလိုက်တယ်။

ပလွတ်။

ပါးစပ်နဲ့ လည်ချောင်းကို ဖြတ်ပြီးချိန်မှာ ဖန်ကျန်းရှီရဲ့ ဗိုက်ထဲ ရွှေရောင် သစ်သီးကြီး ရောက်သွားတာကို လူတိုင်း မြင်လိုက်ရတယ်။ တကယ့်ကို လန့်စရာ မြင်ကွင်းပဲ။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ နောက်ထပ် ပိုလိုချင် နေသေးတဲ့ ပုံစံပဲ။ မုချင်းဖန်း၊ မော့ရှန်းရှီ၊ ချင်းယွိ၊ ယန်ယင်းနဲ့ ဧကရီ ပိုင်ကျစ်ကို ကြည့်ရင်း လျှာသပ်ပြလိုက်တယ်။

ခေါင်းမော့ရင်း ဗိုက်ကို ပွတ်တယ်။ အောက်ဘက်က တပည့်သားတွေကို ငုံ့ကြည့်ပြန်တယ်။ သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျေကျေနပ်နပ်နဲ့ ပြောလိုက်တယ်။ “ချိုမြမြလေးနဲ့ အရသာ ရှိလိုက်တာ။ ထိပ်တန်း အဆင့် သစ်သီးပဲ။”

အပိုင်း (၈၇၂) ပြီး၏။

အပိုင်း (၈၇၃)

“ဘယ်လိုလုပ် လောကသစ် တစ်ခု ရှိနေရတာလဲ။”

“ချိုပြီး အရသာ ရှိတယ်။”

“ထိပ်တန်း အဆင့် သစ်သီးတဲ့လား။”

ဖန်ကျန်းရှီရဲ့ ဝတ်ရုံနက်က လေပြည်အောက်မှာ ဝဲလွင့်နေခဲ့တယ်။ ဖန်ကျန်းရှီက လွဲပြီး လူတိုင်းတောင့်တင်း နေခဲ့တယ်။ လေထု တစ်ခုလုံးတောင် အေးခဲ သွားသလိုပဲ။ ဧကရီ ပိုင်ကျစ်တောင်မှ မလှုပ်နိုင်တော့ဘူး။ သုခမိန်နဲ့ တပည့်သားတွေ အားလုံးလည်း ကျောက်တုံးနဲ့ အပေါက်ခံလိုက် ရသလိုပဲ။ မူးနောက်ပြီး ကြယ်တွေ လတွေတောင် မြင်နေခဲ့တယ်။

တစ်ခဏတာ ကြာပြီးတဲ့နောက် မော့ရှန်းရှီ ပထမဆုံး စကား စပြောတယ်။ မိစ္ဆာ တစ်ကောင်ကို မြင်လိုက် ရတဲ့ အတိုင်းပဲ။ “သူ သူ စားပြစ်လိုက်တယ်။ နတ်သစ်သီးတွေကိုလေ။”

မော့ရှန်းရှီရဲ့ အသံက ကျမ်းကောင်းကင် တောင်တစ်ခုလုံးကို ဟိန်းထွက် သွားတော့တယ်။

“သူ တကယ်ပဲ စားလိုက်တယ်။”

“နတ်သစ်သီးကို တစ်လုပ်တည်းနဲ့ မျိုချလိုက်တယ်။”

“သေမှာ မကြောက်ဘူးလား။ လုပ်ရဲလိုက်တာ။”

ဘယ်သူမှ နားမလည်နိုင်ခဲ့ဘူး။ သူတို့တွေ ဖန်ကျန်းရှီ သွေးအန် ခဲ့တာကို မြင်တယ်လေ။ ဒါပေမယ့် ဒီလောက် သက်ရောက် ခံရ ပြီးတာတောင် စားတယ်တဲ့လား။ ဘယ်လိုပဲ ဖြစ်ဖြစ် နတ်သစ်သီးက ဖန်ကျန်းရှီရဲ့ ဗိုက်ထဲ ရောက်သွားခဲ့ပြီ။

“မဖြစ်ဘူး။” ဒီအချိန်မှာ နန်ကုန်းထျန်းရဲ့ အသံကို ကြားလိုက်ရတယ်။ သူ့အမူအယာက လောကကြီး တစ်ခုလုံး အဆုံးသတ် သွားပြီး သူအသက်ရှင်ဖို့ အချိန် မကျန်တော့တဲ့ အတိုင်းပဲ။ နောက်ဆုံးတော့လည်း နန်ကုန်းထျန်းက နတ်သစ်သီးကို စားလိုက်တဲ့ ရလဒ်ကို ဂရုစိုက်ဖို့ မလိုဘူးလေ။ သူဂရု စိုက်တာက နတ်ဘုရား မုခ်ဝကို ဖွင့်ဖို့ပဲ။

ရွှေရောင် သစ်သီးကို ဖန်ကျန်းရှီ စားလိုက်ပြီ။ နတ်ဘုရား မုခ်ဝကို ဘယ်လိုလုပ် ဖွင့်လို့ ရတော့မှာလဲ။ သော့မရှိရင် တံခါးလည်း မပွင့်နိုင်ဘူး။ မိစ္ဆာ ဘုရင်တွေ အားလုံးကို ကျော်ဖြတ်ပြီး ဖန်ကျန်းရှီဆီ ပျံတက်သွားရင်း ဖန်ကျန်းရှီရဲ့ ဗိုက်ထဲက သစ်သီးကို တူးထုတ် လိုက်ချင်တယ်။ ဒါပေမယ့် သူမလုပ်နိုင်ခဲ့ဘူး။

“အရှက်မရှိတဲ့ သူခိုးကောင်။” ချီကူယန် ပြောလိုက်တယ်။ သူမက ဧကရီ ပိုင်ကျစ်နဲ့ တိုက်ရိုက် မတိုက်ခိုက် ရပေမယ့်၊ ဧကရီ့ရဲ့ စွမ်းအားတွေကို မြင်တွေ့ ပြီးပြီ။ အန္တရာယ်က သူမ ထင်ထားတာထက် အများကြီး ကျော်လွန်နေတယ်။ သူမ ဖန်ကျန်းရှီနဲ့ အတူတူ တိုက်ခိုက်ချင်တယ်။ ဒါပေမယ့် သူမက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားခဲ့တယ်။ အခုလို အချိန်တို ကုသရုံနဲ့ မလှုပ်ရှား နိုင်ခဲ့ဘူး။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီ သူမကို မျက်စိတစ်ဖက် မှိတ်ပြရင်း ပြုံးပြတာကို မြင်လိုက်ရတယ်။

“အဲ့ဒီ့ အရှက်မရှိတဲ့ ကောင်စုတ်။” ချီကူယန် လန့်သွားတယ်။ သူမ နောက်ထပ် မစဉ်းစား နိုင်ခင်မှာပဲ ဖန်ကျန်းရှီက နောက်ထပ် နတ်သစ်သီး နှစ်လုံးကို စားဖို့ ပြင်နေတာ မြင်လိုက်ရတယ်။

“ဆက်ပြီး စားမလို့လား။”

“နောက်တစ်ခေါက်လား။” ဖန်ကျန်းရှီ လှုပ်ရှားနေပုံကို မြင်ချိန်မှာ လူတိုင်း အထိတ်တလန့် ဖြစ်သွားရပြန်တယ်။ နတ်သစ်ပင်ရဲ့ သစ်သီးတွေက တကယ်ပဲ စားလို့ ရလို့လား။ သူတို့ တွေးနေတဲ့ အချိန်မှာပဲ အဖြူရောင် မြေခွေး အမြီးကြီး တစ်ခုက ဖန်ကျန်းရှီရဲ့ နောက်ကျောကို အရှိန်ပြင်းပြင်းနဲ့ လာရစ်ပ်တယ်။

“အမ်။ ငါ ကိုယ့်သေတွင်း ကိုယ်တူးနေတာကို တားချင်တနာလား။” ဖန်ကျန်းရှီက မြေခွေး အမြီးကို ရှောင်ရှားလိုက်ရင်း ဧကရီ ပိုင်ကျစ်ကို လက်ခလယ် ထောင်ပြလိုက်တယ်။

နတ်သစ်သီးကို သူမစားခင် အချိန်တုန်းက ဧကရီ ပိုင်ကျစ် မတုံ့ပြန် ခဲ့ဘူး။ အခုချိန်မှာတော့ အတော်လေး စိတ်ရှုပ်ထွေး နေတဲ့ ပုံစံပဲ။ ဒါကို ဖန်ကျန်းရှီ ကောင်းကောင်း သိထားတယ်။ သူနောက်ဆုံးတော့ ကံကောင်းသွားပြီ။ သစ်သီးတွေကို စားတာက မထိခိုက်ဘူး။ ကောင်းလိုက်တာ။

သစ်သီးတွေရဲ့ အရသာက မဆိုးလှဘူး။ နောက်ပြီးရင် အတော်လေး နူးညံ့တယ်။ အရသာ ကောင်းတာကြောင့် နောက်ထပ် နှစ်လုံးကို ထပ်စားဖို့ ပြင်လိုက်တယ်။

“ပိုင်ကျစ် ငါက နင့်ရဲ့ ပြိုင်ဘက်ပဲ။” ချင်းယွိ နောက်ဆုံးတော့ တိုက်ခိုက်ခဲ့ပြီ။ သူမ အပြင် မုချင်းဖန်းနဲ့ မော့ရှန်းရှီလည်း တိုက်ခိုက်တယ်။ ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုတွေက သူတို့ကို မျက်နှာတည့်တည့် ဖြတ်ရိုက် ခံရသလို ခံစား ရစေတယ်။ အခုချိန်မှာ ဒါတွေကို ဂရု မစိုက်နိုင်သေးဘူး။

“ဒီကောင်စုတ်လေးရဲ့ အပြုအမူက တကယ် ထိန်းမနိုင် သိမ်းမနိုင်ပဲ။ ဒါပေမယ့် အထင်ကြီးမိပါရဲ့။” မော့ရှန်းရှီ သူ့စိတ်သူ ငြိမ်အောင် ထိန်းသိမ်းရင်း ဧကရီ ပိုင်ကျစ်ကို တူကြီးနဲ့ ထုချလိုက်တယ်။ ဘယ်လိုပဲ သက်ရောက်မှု ရှိရှိ ဖန်ကျန်းရှီသာ သစ်သီးတွေကို စားလို့ ပြီးသွားရင် ပြဿနာလည်း အေးသွားလိမ့်မယ်။ နတ်သစ်သီးတွေ မရှိရင်၊ သူတို့တွေ ဆက်တိုက်ခိုက် စရာ မလိုတော့ဘူး။

မုချင်းဖန်း၊ မော့ရှန်းရှီ၊ ချင်းယွိ၊ ယန်ယင်း အားလုံး ဖန်ကျန်းရှီ အတွက် အချိန်ဆွဲထားပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ဖန်ကျန်းရှီ နောက်ထပ် သစ်သီး နှစ်လုံးကို စားပြီးတာ သူတို့ စောင့်နေကြတယ်။ ဒီအချိန်မှာပဲ ပြုံးနေခဲ့တဲ့ ဖန်ကျန်းရှီ ရုတ်တရက် ရပ်တန့် နေတာကို သူတို့ မြင်လိုက်ရတယ်။

“လှုပ်ရှားတာ ရပ်လိုက်ပြန်ပြီ။”

“ငါတို့ အခုလို လုပ်ရတာ ဘယ်လောက် ခက်ခဲမှန်း မသိဘူးလား။”

သူတို့ လေးယောက် ဖန်ကျန်းရှီကို စိုက်ကြည့် နေချိန်မှာပဲ နားလည် သွားခဲ့တယ်။ ဖန်ကျန်းရှီက တကိုယ်လုံး ကျောက်ရုပ်လို ဖြစ်သွားခဲ့တာပဲ။

“…”

“…”

ဘယ်လို ဖြစ်နိုင်မှာလဲ။

လူတစ်ယောက် မျှော်လင့်ချက် မဲ့နေချိန်မှာ ပြေးလာပြီး ကူညီတဲ့ လူကို မျှော်လင့်ချက်တွေကို ပုံအောလိုက်မိတယ်။ အဲ့ဒီ့ အချိန်မှာပဲ ကူညီဖို့ လာသူက သစ်သားတုံးကြီး ဖြစ်သွားတယ်။

“အဲ့ဒီ့ ကောင်စုတ်လေး သေသွားတာလား။” မော့ရှန်းရှီ တွေးမိတယ်။

နောက်ဆုံးတော့လည်း နတ်သစ်သီးကို မျိုချထားတာလေ။

ဝုန်း။ မော့ရှန်းရှီ ပြောလိုက်ချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကနေ ပေါက်ကွဲသံကြီး ထွက်လာတော့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်မှာ မရေမတွက်နိုင်တဲ့ ရွှေရောင် အလင်းတန်းတွေ ပေါ်လာတော့တယ်။ စွမ်းအင် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်သွား သလိုပဲ။

ဟူး။ ချက်ခြင်း ဆိုသလို ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် တစ်ခုလုံး ရွှေရောင် အလင်းတန်းတေ်ွ လွှမ်းခြုံ သွားပြီး၊ ပူလောင်လွန်းတဲ့ အငွေ့တွေလည်း ဖြာထွက် လာတော့တယ်။ သူ့ခန္ဒာကိုယ်က မီးပြင်းဖိုကြီးလိုပဲ။

“ဘာတွေ ဖြစ်နေတာလဲ။”

“ပေါက်ကွဲ သွားတာလား။”

“ဒီတော့ စားလို့ မရဘူးပေါ့။”

တပည့်သားတွေ ဖန်ကျန်းရှီက ရွှေရောင် မီးလုံးကြီး ဖြစ်တာကို မြင်ချိန်မှာပဲ ပြောမိကြတော့တယ်။ ပျော်ရမလား ဝမ်းနည်းရမလားတောင် မသိတော့ဘူး။

“ဟ ဟား ဟား။ ဖန်ကျန်းရှီ၊ ဟဟားဟား။” ဧကရီ ပိုင်ကျစ် ပျော်ပျော်ကြီး ရယ်မော နေခဲ့တယ်။ ဧကရီ ပိုင်ကျစ် ရယ်မောချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က ရှေ့ကို ငိုက်ကျလာပြီး နတ်သစ်ပင် သစ်ကိုင်း တစ်ခုနဲ့ ဝင်ဆောင့်တော့တယ်။

ဒုန်း။

“အရှက်မရှိတဲ့ သူခိုးကောင်။” ချီကူယန်ရဲ့ အော်သံက လေထဲကို ဟိန်းထွက် လာတယ်။ ဖန်ကျန်းရှီကတော့ သူ့စကားကို ကြားပုံ မပေါ်ဘူး။ တကိုယ်လုံး ရွှေရောင် မီးတောက်တွေ တောက်လောင် နေခဲ့တယ်။

…

ဆောင်းဦး ရာသီ အငွေ့အသက် အပြည့်နဲ့ ရေကန်ပေါ်မှာ လှေလေး တစ်စင်းက ရွေ့လျားနေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဒီအချိန်မှာ အမြီးကိုးချောင်း မြေခွေး အိုကြီးကိုသာ ကျိန်ဆဲ လိုက်ချင်တယ်။ အကယ်၍ လောကမှာ မှန်တစ်ချပ်ပဲ ရှိခဲ့ရင်၊ အဲ့ဒီ့ မှန်က မိစ္ဆာ အသွင်ဖော် မှန်ဖြစ်ပါစေ။ မှန်ဆယ်ချပ် ရှိရင်လည်း ဆယ်ချပ်လုံး မိစ္ဆာ အသွင်ဖော်မှန် ဖြစ်ပါစေ။

အခုချိန်မှာ နာကျင်လွန်းလို့ (မိစ္ဆာ အသွင်ပြောင်း မှန်)လို့ ခပ်ယဲ့ယဲ့သာ ပြောနိုင်တော့တယ်။

နာတယ်။ သေလုအောင် နာတယ်။ အမျိုးသမီးတွေ မီးဖွားချိန် ဘယ်လောက်နာမှန်း သူမသိဘူး။ ဒါပေမယ့် တကိုယ်လုံး ပေါက်ကွဲ ထွက်တော့ မလိုပဲ။

ဗိုက်ထဲမှာတော့ အေးနေခဲ့တဲ့ နတ်သစ်သီးက အပူလှိုင်းတွေ ဆက်တိုက် ဖြာထွက်နေတယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ သေပြီလို့သာ ထင်လိုက်မိတယ်။ နာကျင်လွန်းလို့ ဖန်ကျန်းရှီ ကောင်းကောင်းတောင် မစဉ်းစားနိုင်တော့ဘူး။ နာလွန်းလို့ ထုံကျင်နေပြီ။ တစ်မှေးလောက်သာ အိပ်လိုက်ချင်တယ်။

ဒါ့အပြင် ဒီအခြေအနေကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ သူမသိဘူး။ မျက်တောင် တစ်ခတ် အတွင်း နှစ်ထောင်ချီမက ကြာမြင့် နေသလိုပဲ။ သူသေသွားပြီလား။ အသက်ရှင်နေသေးလား။

“ဖောက် ဖောက် ဖောက်။” ရေကျသံတွေကို ဖန်ကျန်းရှီ နားထဲမှာ ကြားနေရတယ်။ စိတ်ဝိဉာဉ်နဲ့ ရေစက် ပေါင်းစပ်နေသံလို့ဲ။ ဒီစီးဆင်းသံက သူ့ခေါင်းထဲမှာ တဖြည်းဖြည်း ပိုပြီးတော့ သက်ဝင်လာတယ်။ ရေစီးက မြစ်လို ပိုပြီး မြန်ဆန်လာတယ်။ အဲ့ဒီ့နောက် ရုတ်တရက် မှောင်မဲနေတဲ့ လောကကြီးမှာ အလင်းဖျော့ဖျော့ကို တွေ့လိုက် ရတော့တယ်။

အလင်းတန်းက ပိုပို တောက်ပ လာပြီးနောက်၊ ရွှေရောင် အလင်းတန်းကနေ မျက်စိကျိန်းလောက်အောင် နီရဲ သွားတော့တယ်။ ဒါက နေရောင်ပဲ။ ဒါပေမယ့် နေရောင်က ခပ်မြန်မြန် ပျောက်ကွယ်ပြီး မှောင်မဲ သွားပြန်တယ်။ ဒီအချိန်မှာပဲ ကောင်းကင်မှာ အဖြူရောင် ကြယ်လေးတွေ ထွက်ပေါ်လာတယ်။ ဒါ့အပြင် တောက်ပတဲ့ လမင်းကြီးလည်း ပေါ်ထွက်လာတယ်။

တောက်ပတဲ့ လမင်းကြီးက မြေပြင်ပေါ်ကို အလင်းတန်းတွေ ဖြာကျနေတယ်။ ထောင်ချီတဲ့ ကြယ်တွေ အားလုံး မြေပြင်မှာ ဆက်တိုက် ရွေ့လျား နေကြတော့တယ်။

“ဘာကြီးလဲ။” ဖန်ကျန်းရှီ မျက်လုံး ဖွင့်လိုက်ချိန်မှာ ရေကန်ကြီး တစ်ကန်ထဲ ရောက်နေတာကို သူသတိ ထားမိသွားတယ်။ ဒီရေကန်ကို မြင်ချိန်မှာ သူ့နှလုံးသားထဲက စိတ်အာရုံ နယ်မြေကို တွေးမိသွားတယ်။

တောင်ပိုင်း ဒေသ တိုက်ပွဲပြီးတည်းက သူ့စိတ်အာရုံ နယ်မြေထဲကို ဝင်ပြီး မစစ်ဆေးမိတာ ကြာပြီ။ တောင်ပိုင်းဒေသ တိုက်ပွဲမှာ သူ့နှလုံးသားထဲက စိတ်အာရုံ နယ်မြေငယ် ဗလာဟင်းလင်း ဖြစ်သွား ခဲ့တယ်လေ။ သုခမိန် အဆင့်ကို ရောက်ပြီး ခန္ဒာကိုယ်ကို ပြန်တည်ဆောက် နိုင်ခဲ့တဲ့ အတွက် နှလုံးသား နာကျင်မှုကို ဖြေဖျောက်နိုင်ခဲ့တယ်။ စိတ်အာရုံ နယ်မြေငယ်ကတော့ ဗလာ ဖြစ်နေဆဲ။

တည်ရှိနေပင်မယ့်၊ ဘာမှ မရှိတဲ့ နေရာတစ်ခု။ ဒါပေမယ့် သူ့မျက်စိရှေ့ ရောက်နေတဲ့ ရေကန်ကြီးကတော့ အတိတ်မှာ ရှိခဲ့တဲ့ သူ့စိတ်အာရုံ နယ်မြေထဲက ရေကန်နဲ့ အတော့်ကို တူတယ်။ သစ်ပင်ကြီး မရှိတော့တာ တစ်ခုပဲ။

ရေကန်က လှိုင်းထန်နေတယ်။ ငွေလရောင်က ဖြာကျလာတယ်။ လှိုင်းတွေကလည်း ပိုပြီးတော့ ကျယ်လာတယ်။ အဲ့ဒီ့နောက် လမင်းကွယ်ပြီး နေမင်း ထွက်ပေါ် လာပြန်တယ်။ ရွှေရောင် အလင်းတန်း ဖြာကျလာပြီး ရေကန် မျက်နှာပြင်ပေါ်မှာ လေပြေညှင်းလေး တိုက်ခတ်နေတယ်။

နေထွက် နေဝင်၊ လထွက် လဝင်။ အချိန်တွေ ဘယ်လောက်တောင် ကြာသွားမှန်း သူမသိတော့ဘူး။ သူ့မျက်စိရှေ့က ရေကန် တဖြည်းဖြည်း ပိုကြီးမား လာပြီး လှိုင်းတွေ များလာတာကိုပဲ မြင်ရတော့တယ်။

လှိုင်းတွေ ပိုကြီးလာတယ်။ လေပြေကနေ လေပြင်း အဖြစ်ကို ပြောင်းလဲ လာတယ်။ နောက်ဆုံးမှာတော့ ရေကန် အဖြစ်ကနေ ကျယ်ပြန်တဲ့ သမုဒ္ဒရာကြီး အဖြစ်ကို ပြောင်းလဲ သွားခဲ့ပြီ။

အပိုင်း (၈၇၃) ပြီး၏။

အပိုင်း (၈၇၄)

“မူလ ပုံရိပ်ယောင်။ ပြီးပြည့်စုံတဲ့ လောက။”

ဘာသာပြန်သူ- Enri Thaw

အင်အားကြီး လှိုင်းတွေက တဝုန်းဝုန်း အသံမြည်တဲ့ အထိ ရိုက်ခတ် နေခဲ့တယ်။ လှိုင်းထန်တဲ့ ပင်လယ်က ကောင်းကင်ကြီးကိုတောင် ထိလုမတတ် အရှိန်ပြင်းပြင်းလှုပ်ရှား နေခဲ့တယ်။ ဒီအချိန်မှာပဲ တောက်ပတဲ့ အနီရောင် အရာကို ဖန်ကျန်းရှီ ရုတ်တရက် မြင်လိုက်ရတယ်။ ဒါက နေမင်း မဟုတ်ခဲ့ဘူး။

ဒါပေမယ့် တောက်လောင်နေတဲ့ အရာတစ်ခု။ နှစ်တစ်ထောင် မီးဆေးပင်။

ဆေးပင် သူ့ခန္ဒာကိုယ်ထဲ ဝင်လာချိန် ယင်ယန် ခန်းမရဲ့ ဝမ်လဲ့က ဆေးအစွမ်းကို စုပ်ယူဖို့ လုပ်ခဲ့တယ်။ ဖန်ကျန်းရှီလည်း ဆေးအစွမ်းကို နည်းနည်း စုပ်ယူပြီးနောက် ဒီဆေးက သူ့ခန္ဒာကိုယ်ထဲမှာ မရှိနိုင်တော့တာကို သေချာ သွားခဲ့တယ်။ အခုချိန်မှာ ဘာဖြစ်လို့ ရုတ်တရက် ပေါ်လာ ရတာလဲ။

ဖန်ကျန်းရှီ စိတ်ရှုပ်ထွေးနေတယ်။ ဒါပေမယ့် သူပိုပြီးတော့ စဉ်းစားလေလေ အလင်းတန်းတွေ အများကြီး သူ့ရှေ့မှာ ပေါ်လာလေပဲ။ တောက်ပတဲ့ ဆေးပင်တွေ၊ များပြားလွန်းလို့ ကောင်းကင် တစ်ခုလုံးကိုတောင် ဖုံးလွှမ်း သွားတော့မယ်။

“အဲ့တာ ယင်ယန် ခန်းမက ဆေးပင်တွေလား။” ဖန်ကျန်းရှီ လန့်သွားတယ်။ ဒီလို ဆေးပင် ဆယ်ဧကလုံး ပေါ်လာမယ်လို့ သူမထင်ထား မိဘူး။ ဆေးပင်တွေကို သူသန့်စင် ပြီးပြီလေ။ အလယ်ပေါင်းအိုးကြီးထဲမှာ ဆေးချက် ခဲ့ပြီးပြီ။ ပြီးတော့ အစားအသောက်တွေလို စားထားတာ။

ဖန်ကျန်းရှီ ဒါတွေကို မြင်ချိန်မှာ မယုံနိုင် ဖြစ်နေခဲ့တယ်။ ဒါတွေက သူ့ရဲ့ ပုံရိပ်ယောင်တွေလား။ ဒီဖြစ်စဉ်ကို မူလ ပုံရိပ်ယောင်လို့ ခေါ်ရမလား။

နှစ်တစ်ထောင် မီးဆေးပင်ကို သန့်စင်ခဲ့တဲ့ အတွက် နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအားနဲ့ ထပ်တူကျတဲ့ ပုံရိပ်ယောင် ဖြစ်ပေါ်လာတယ်။ တခြား အရာတွေလည်း အတူတူပဲ။ ဒါက ဖန်ကျန်းရှီရဲ့ အတွေး။ ဒါပေမယ့် ပြဿနာ ကြုံရပြန်တယ်။ ဆေးပင်တွေကြားမှာ ထူးခြားတဲ့ ပန်းပွင့်တွေ ရှိနေတယ်။

အနီ၊ အပြာ၊ ရွှေရောင်၊ အနက်နဲ့ အဖြူ ပွင့်ဖတ်တွေ ပါနေတဲ့ ပြိုင်ဘက်ကင်း ပန်းပွင့်ကြီး တစ်ပွင့်ကို တွေ့လိုက်ရတယ်။ ဒီပန်းပွင့်ကြီးက တခြား ဆေးပင်တွေထက် အများကြီး ပိုတောက်ပတယ်။ နှစ်တစ်ထောင် မီးဆေးပင်နဲ့တောင် ယှဉ်လို့ ရနေတယ်။

“လင်းယွမ် မျှော်စင်က ငါးရောင်ခြယ် ပန်းပွင့်တွေလား။” ချင်းယီ ထွက်ပေါ် လာဖို့ အတွက် ဒီပန်းတွေကို သူခိုးခဲ့တယ်လေ။ အဆုံးသတ်မှာတော့ ပန်းပွင့်တွေက သူ့အပိုင် ဖြစ်လာခဲ့တယ်။ အရာအားလုံးက ချောချောမွေ့မွေ့ပဲ။ ချင်းယီ သေဆုံးတယ်။ ချင်းယွိက ခေါင်းဆောင်သစ် ဖြစ်လာခဲ့တယ်။

ကောင်းလိုက်တဲ့ အဆုံးသတ်။ ဒီအချိန်မှာ ဖန်ကျန်းရှီက ပန်းပွင့်တွေကို ပြန်ပေးသင့်တယ်။ ဒါပေမယ့် မမျှော်လင့်ထားတာ ဖြစ်လာခဲ့တယ်။ ပင်းယန်ကို လက်ထပ်စေဖို့ ချင်းယွိက သူ့ကို လင်းယွမ် နယ်မြေထဲမှာ ပိတ်ဆို့ ထားခဲ့တယ်။ ဒါကြောင့်လည်း ပန်းတွေကို သူပြန်မပေးနိုင်ခဲ့ဘူး။

ကောင်းတော့ ကောင်းပါတယ်။ ဖန်ကျန်းရှီက သူ့လက်ထဲ ရောက်ပြီးသား အရာကို ဘယ်လိုလုပ် ပြန်ပေးချင်မှာလဲ။ ဒီငါးရောင်ခြယ် ပန်းပွင့်တွေက နည်းနည်းတော့ ထူးခြားတယ်။ ဒီပန်းပွင့်တွေကို သူရပြီးတည်းက ဘာမှ မလုပ်ရသေးဘူး။

သူ့ရဲ့ ခန့်မှန်း တွက်ချက်မှုတွေအရ၊ ပုံရိပ်ယောင်တွေ ဆိုတာ သူစားလိုက်တဲ့ စွမ်းအား အရင်းအမြစ်တွေပဲ။ ဒါပေမယ့် သူမစားလိုက်တဲ့ အရာက ဒီအထဲမှာ ဘယ်လိုလုပ် ရောက်လာ နေတာလဲ။ ဖန်ကျန်းရှီ စိတ်ရှုပ်နေပင်မယ့်၊ လွှတ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရှေ့မှာ ဖြစ်နေတဲ့ ကိစ္စက အရေးမကြီးဘူး။ ဒီအချိန်မှာပဲ ကောင်းကင်က ပြောင်းလဲ သွားပြန်တယ်။ ထူးဆန်းတဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်လာတယ်။

ငါးရောင်ခြယ် ပန်းပွင့်က ပတ်ဝန်းကျင် ဆေးပင်တွေကို တိုက်ချတော့တယ်။ ဒီအချိန်မှာပဲ သန်းချီတဲ့ အလင်းတန်းတွေ မိုးရွာသလို ရွာကျလာပြီး ပျောက်ကွယ် သွားတော့တယ်။ အလင်းမိုးတွေ ရွာကျပြီးနောက်၊ သမုဒ္ဒရာကြီးရဲ့ အလယ်မှာ ရေဝဲကြီး တစ်ခု ဖြစ်ပေါ်လာတယ်။

ဝုန်း။ မိုးခြိမ်းသံနဲ့ အတူ မိုးသက်မုန်တိုင်းကြီး ဖြစ်တည်လာပြန်တယ်။ မိုးစက်တွေနဲ့ အလင်းမိုးတွေက သမုဒ္ဒရာထဲကို ကျလာတယ်။ အဲ့ဒီ့နောက် ရေဝဲကြီးထဲကို ဝင်တော့တယ်။ ရေဝဲကြီးက တဖြည်းဖြည်း ကြီးမား လာပြီးနောက်၊ ထူးဆန်းတဲ့ မြင်ကွင်း ပေါ်လာပြန်တယ်။

ရေဝဲ အလယ်မှာ လက်ဝါးအရွယ် အနက်ရောင် အစက်လေး ပေါ်လာတော့တယ်။ နေဝင်ပြီး လထွက်လာတယ်။ မိုးတွေက ဆက်တိုက် ရွာနေဆဲ။ ကောင်းကင်မှာ အလင်းတန်းတွေ နဲလာပြီ။ နောက်ဆုံးမှာတော့ မိုးတွေလည်း ရပ်တန့် သွားခဲ့ပြီ။ ဒီအချိန်မှာတော့ လက်တဝါးစာ အနက်ရောင် အစက်ကလေးက ကျွန်းကြီး တစ်ကျွန်း အရွယ် ဖြစ်လာခဲ့ပြီ။

ကျွန်းကြီး ပေါ်လာချိန်မှာ လှိုင်းတွေ ငြိမ်သွားပြီ ရေတွေကလည်း ကြည်လင်လာတယ်။ အရာအားလုံးက ကျွန်းကြောင့် စတင် ပြောင်းလဲ ကုန်သလိုပဲ။ ပထမဆုံး အပင် အညှောင့်လေး တစ်ခု ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ဒုတိယ တတိယ။ မရေမတွက်နိုင်တဲ့ ပန်းပွင့်တွေ ပွင့်လန်းလာတယ်။ တစ်ချို့ အပင်တွေကတော့ သစ်ပင်ကြီးတွေ အဖြစ်ကို ပြောင်းလဲပြီး ပန်းတွေ ပွင့်ကြတယ်။

တစ်ခဏ အတွင်း နှစ်ထောင်ချီ ကုန်ဆုံး သွားခဲ့ပြီ။ ပင်လယ်ရေကတော့ ကြည်လင်လွန်းလို့ ထွင်းဖောက် မြင်ရတဲ့ အထိပဲ။ ဖန်ကျန်းရှီရဲ့ အတွေးတွေလည်း ရုတ်တရက် ကြည်လင်လာတယ်။ ပင်လယ်လှိုင်းတွေ ကျွန်းကို လာပုတ်နေတာ သူခံစား မိနေတယ်။

ကျွန်းပေါ်က သစ်ပင်တွေလည်း သူ့ဝိဉာဉ်နဲ့ ဆက်နွယ်သွားတယ်။ သစ်ပင်တွေရဲ့ တီးတိုးသံနဲ့ ပျော်ရွှင်မှုကိုပါ သူ ခံစားမိနေပြီ။

ဒီခံစားချက်က ပိုပြီးတော့ ထင်ရှားလာတယ်။ သူ့မျက်စိရှေ့ လောကငယ်က သူ့ထိန်းချုပ်မှု အောက်မှာ ရောက်နေ သလိုပဲ။ မှန်တယ်။ ဒါက သူ့ရဲ့စိတ်အာရုံ နယ်မြေငယ်ပဲ။

အတိတ်နဲ့ မတူတော့ဘူး။ အခုချိန်မှာ ရေကန်လေးက သမုဒ္ဒရာကြီး ဖြစ်နေခဲ့ပြီ။ သစ်ပင်ကြီးကလည်း ကျွန်း ဖြစ်သွားပြီ။ ကျွန်းပေါ်က သစ်ပင်တွေကတော့ အတိတ်က တစ်ပင်တည်း ရှိခဲ့တဲ့ သစ်ပင်ကြီးလိုပဲ။ အရမ်းကို ကြည်လင် ပြတ်သားနေတယ်။

သစ်ပင်တွေ အပြင်၊ ကျွန်းပေါ်မှာ ပန်းပင်တွေ တောတွေ ကျောက်တုံးတွေနဲ့ သံမဏိလို မာကျောတဲ့ သဲဖြူဖြူတွေ ရှိနေခဲ့တယ်။ လုံးဝကို လောကသစ် တစ်ခုပဲ။ အပြင်လောကနဲ့ ထပ်တူကျတယ်။ ကွာခြားချက်က တစ်ခုပဲ။ ဒီကျွန်းအပေါ်က ကောင်းကင်မှာ ရွှေရောင် သော့ကြီး ပုံစံနဲ့ လွင့်မျောနေတဲ့ သစ်သီးကြီး ရှိနေခဲ့တယ်။

နတ်သစ်ပင် သစ်သီးကြီး။ သစ်သီးကြီးရဲ့ ဘေးမှာ ငါးရောင်ခြယ် ပန်းပွင့်တွေ ရှိနေခဲ့တယ်။ ရွှေရောင် သစ်သီး ဘေးမှာ စောင့်ကြပ် နေသူတွေ အတိုင်းပဲ။ မီးဆေးပင်နဲ့ ဆေးလုံးတွေကတော့ တစ်စမကျန် ပျောက်ကွယ် သွားခဲ့ပြီ။ ကျွန်းပေါ်မှာတော့ မီးခိုးငွေ့ငွေ့လေး ထွက်နေတဲ့ တောင်တစ်လုံး ရှိနေခဲ့တယ်။ မီးတောင်ကြီး။

“ဒါပဲ။” ဖန်ကျန်းရှီ နားလည် သွားခဲ့တယ်။ မူလ ပုံရိပ်ယောင်လို့ ခေါ်ဝေါ်တာက မူလ လောကနဲ့ အတော့်ကို တူညီ နေလို့ပဲ။ သူ့ခေါင်းပေါ်က မြင်ကွင်းကို ပြောပြလို့ ရမယ့် စကားလုံး မရှိဘူး။ သုခဘုံလို့ပဲ တင်စားလို့ ရနိုင်မယ်။

အရင်စိတ်အာရုံ နယ်မြေငယ်နဲ့ အတော့်ကို ကွာခြားတယ်။

အခုချိန်မှာ တာအို သစ်သီးတွေက ရင့်မှည့်ကုန်ပြီ။ ပန်းပွင့်၊ မြက်ပင်၊ သစ်သီး၊ ကျောက်တုံး၊ မီးတောက်၊ လေပြင်း၊ နေ၊ လနဲ့ မိုးကြိုးတွေကိုတောင် အမျိုးမျိုး ထုတ်လွှတ်နိုင်တဲ့ သစ်သီးတွေ ရှိနေခဲ့ပြီ။

“သမုဒ္ဒရာကြီး ဘာကြောင့်များ ရေတွေ ပြည့်နေတာလဲ။ မြင်းတွေမှာ ဘာဖြစ်လို့ ခြေလေးချောင်း ရှိနေတာလဲ။” ဖန်ကျန်းရှီ ရုတ်တရက် ကဗျာ စပ်မိတော့တယ်။

…

မြင့်မြတ်နယ်မြေ၊ ကျမ်းကောင်းကင်တောင်။

တိုက်ပွဲကြီးက ဆက်တိုက် တိုက်ခိုက်နေဆဲ။ ချင်းယွိ ပေါ်လာပြီးနောက်၊ မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ ယန်ယင်ရဲ့ ဖိအားက နည်းနည်းတော့ လျော့သွားခဲ့တယ်။

အခုချိန်ထိ ဧကရီ ပိုင်ကျစ်ကို အနိုင်ယူဖို့ မဖြစ်နိုင်သေးဘူး။ အချိန်တွေ ကုန်ဆုံး လာတာနဲ့ အမျှ လူသားတွေက ပိုပြီး မောပန်း လာကြတယ်။ ဒါက အားနည်းချက် တစ်ခုပဲ။ အရင်ဆုံး မော့ရှန်းရှီ စတင်ပြီး ဟာကွက် ဖြစ်လာတယ်။

သူရူးရူးမိုက်မိုက် တိုက်ခိုက်ဖူးခဲ့တယ်။ ကြီးရင့်တဲ့ အသက်အရွယ်ကြောင့် ဖိအားတွေကို အကြာကြီး မခံနိုင်ဘူး။ အသက်လုရှူနေရတယ်။ လေပြင်းတွေကြောင့် သူ့မျက်နှာ ဖြူဖျော့ နေခဲ့ပြီ။ နောက်ဆုံးမှာတော့ အမြင် အာရုံတွေ ေ၀ဝါး လာပြီး သတိလက်လွှတ် ဖြစ်တော့တယ်။

မြေခွေး အမြီးကြီး သူ့နားကို ရောက်လာတာ မြင်လိုက်ရတယ်။ သူချက်ခြင်း ပြန်ထုချတယ်။ ရုတ်တရက် မြေခွေး အမြီးကြီးက နေရာ ပြောင်းသွားတယ်။ ရုတ်တရက် အပြောင်းအလဲကြောင့် မြေခွေးမြီးကြီး ရိုက်ချတာကို ခံလိုက်ရပြီး မော့ရှန်းရှီ လွင့်ထွက် သွားတော့တယ်။

ကောင်းကင်မှာ သွေးချင်းချင်းနီသွားတယ်။

“အဖိုးကြီးမော့။” မုချင်းဖန်း စိုးရိမ်လာတယ်။ မော့ရှန်းရှီ လွင့်ထွက် သွားပြီးပြီးချင်း ဒုတိယ မြေခွေး အမြီးက မော့ရှန်းရှီရဲ့ မျက်နှာကို လာရိုက်ခတ်တယ်။

ဧကရီ ပိုင်ကျစ်က မော့ရှန်းရှီကို သတ်ဖို့ လုပ်နေခဲ့ပြီ။ မုချင်းဖန်းက ဒုတိယ မြေခွေး အမြီးကို ကြားထဲကနေ ဝင်တားတယ်။ ဒီလို ဖြစ်မယ်မှန်း ဧကရီ ပိုင်ကျစ် သိထားပြီးသား။

ခြေလှမ်း တစ်လှမ်း မှားတာကလည်း အမှားပဲ။ ဧကရီ ပိုင်ကျစ်က အသက်ရှင်သန်ခဲ့တာ ကြာပြီ။ ဖန်ကျန်းရှီ ပြောခဲ့တဲ့ အတိုင်း အမယ်အိုကြီး။ သန်မာလွန်းတဲ့ စိတ်ဓာတ်ခွန်အား အတွေ့အကြုံ အပြည့်နဲ့ အမယ်အိုကြီး။ လူလေးယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် သူကောင်းကောင်း ခုခံ ထားနိုင်တယ်။

ဒါပေမယ့် တစ်ချက်လေး အမှားလုပ်တာက ကိစ္စ တစ်ခုလုံးကို ပျက်စီး သွားစေနိုင်တယ်။ ဧကရီ ပိုင်ကျစ် ဒါကို ကောင်းကောင်း သိထားတယ်။

ဒါကြောင့် မော့ရှန်းရှီကို ကယ်တင်ခွင့် တမင်တကာ ပေးလိုက်တယ်။

“နင့်ကို မိပြီ။” ဧကရီ ပိုင်ကျစ် ပြုံးလိုက်တယ်။ ရုတ်တရက် တပတ်လှည့်တယ်။ ယန်ယင်နဲ့ ချင်းယွိကို မျက်နှာချင်း ဆိုင်လိုက်တယ်။ မော့ရှန်းရှီနဲ့ မုချင်းဖန်းကိုတော့ အမြီးနဲ့ တိုက်ခိုက်တယ်။

ဝုန်း။ အမြီးနဲ့ ရိုက်ခံ လိုက်ရတဲ့ မုချင်းဖန်းကတော့ ခါးကျိုး မတတ်ပဲ။

“ခန်းမ ခေါင်းဆောင်။” ယန်ယင်း အမူအယာက ပြောင်းလဲ သွားတယ်။ သူသွားကူဖို့ ပြင်ပေမယ့်၊ ဧကရီ ပိုင်ကျစ်က သူ့ရှေ့မှာ ပိတ်ထား ခဲ့ပြီ။ ဧကရီ ပိုင်ကျစ်ကို သူတိုက်ခိုက် ပေမယ့်၊ စိုးရိမ် ပူပန်မှုကြောင့် တိကျပြီး အားပြင်းတဲ့ တိုက်ခိုက်မှု မဖြစ်ခဲ့ဘူး။

ဧကရီ ပိုင်ကျစ်ကို ဒဏ်ရာမရစေခဲ့ဘူး။ တခြား တစ်ဖက်မှာတော့ မုချင်းဖန်းက သွေးအန်ရင်း ဖြူဖျော့ နေခဲ့ပြီး။

“ဓားလမင်း။” ချင်းယွိ မျက်မှောင်ကြုတ်သွားတယ်။ ရုတ်တရက် အပြောင်းအလဲက မြန်ဆန်လွန်းတယ်။ ဖြစ်လာမှတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူး။ အခြေအနေတွေ ဆိုးမလာအောင် ထိန်းသိမ်းဖို့သာ သူမ ကြိုးစားတော့တယ်။

သူမ အမိန့် အတိုင်း လမင်း ရှစ်စင်းကနေ သန်းချီတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာတော့တယ်။ အလင်းတန်း တစ်ခုချင်းစီက ဓားတွေလိုပဲ။

ဝုန်း။

အလင်းတန်းတွေက ဧကရီ ပိုင်ကျစ် ကိုယ်ပေါ်ကို ကျရောက်တယ်။ အသံတွေကတော့ ဓားနဲ့ သတ္တုတွေ ထိခတ်နေသလိုပဲ။

ဒါပေမယ့် သွေးတော့ တစ်စက်မှ ထွက်မလာခဲ့ဘူး။ ဧကရီ ပိုင်ကျစ်ရဲ့ ခန္ဒာကိုယ်က သန်မာလွန်းတယ်။ အဖြူရောင် အမွှေးတွေက မာကျောလွန်းတဲ့ အတွက် ဧကရီ ပိုင်ကျစ်ကတော့ ဘာမှ မထိခိုက်ခဲ့ဘူး။

အပိုင်း (၈၇၄) ပြီး၏။

အပိုင်း (၈၇၅)

“ကွင်းဆက် လှုပ်ရှားမှု။”

ဧကရီ ပိုင်ကျစ်က မြင့်မြတ် နယ်မြေရဲ့ အင်အား အကြီးဆုံးသူ။ အတွေ့အကြုံလည်း ကြွယ်ဝလွန်းတယ်။ အခွင့်အရေးကို လက်လွတ်မခံဘူး။ ချင်းယွိက သူမကို တိုက်ခိုက်ပေမယ့် အမှုမထားပဲ မော့ရှန်းရှီနဲ့ မုချင်းဖန်းကိုပဲ မဲပြီး တိုက်ခိုက်တော့တယ်။

လူသား မျိုးနွယ်တွေရဲ့ မသေခင် ရုန်းကန်မှုကို ဧကရီ ပိုင်ကျစ် အသေအချာ သိထားတယ်။ နောက်ဆုံးတော့လည်း နန်ကုန်းဟောင်ကို ထိန်းချုပ်နိုင်ဖို့ တစ်ခုပဲ လိုအပ်တယ်လေ။ မူလ အစီအစဉ် အတိုင်း အရာ အားလုံးက နေရာတကျ ဖြစ်ပျက်နေတယ်။ မမျှော်လင့်ထားတာ ဘာမှ မရှိဘူး။

ဝုန်း။ လျှပ်စီး တစ်ချက်နဲ့ အတူ မော့ရှန်းရှီ လွင့်ထွက်သွားတော့တယ်။

“တောင်ကြား ခေါင်းဆောင်။”

“ဆရာ။”

ဖူရှီးတောင်ကြား တပည့်သားတွေ စိုးရိမ်တကြီး ဖြစ်လာတော့တယ်။ ရာချီတဲ့ တပည့်သားတွေ ပူးပေါင်းထားတဲ့ ငွေရောင်နဂါးကြီး စတင် လှုပ်ရှားခဲ့ပြီ။ မိစ္ဆာ ဘုရင် တချို့က ချက်ခြင်း သတိထားမိတယ်။ မိစ္ဆာတွေက တောတောင်ထဲမှာ နေထိုင်ပြီး မိုးမြေ နေလ စွမ်းအားတွေကို စုပ်ယူ ထားသူတွေ။ ဒီလို အခြေအနေမျိုးမှာ ပတ်ဝန်းကျင်ကို အာရုံ ခံနိုင်စွမ်း မြင့်မားတယ်။

လောကကြီးမှာ ဘယ်သက်ရှိကမှ မိစ္ဆာတွေကို အခွင့်အရေး ယူတဲ့ နေရာမှာ မယှဉ်နိုင်ဘူး။ စရိုက် သဘာဝချင်း ကွာခြားလွန်းတယ်။ ငွေရောင် နဂါးကို မြင်မြင်ချင်း မိစ္ဆာ ဘုရင်တွေ ပူးပေါင်းပြီး တိုက်ခိုကတော့တယ်။ ဂျိန်း။ ငွေရောင်နဂါးကြီး အလယ်က ထက်ပိုင်းပြတ်သွားတယ်။

ဒါက ကွင်းဆက် တုံ့ပြန်မှုကြောင့်ပဲ။

ဖူရှီ တောင်ကြားရဲ့ အဓိက အထောက်အပံ့ကြီး မော့ရှန်းရှီ အခက်ကြုံ ရချိန်မှာ ဖူရှီး တပည့်သားအားလုံး စိတ်ဒုက္ခ ရောက်ကုန်တယ်။ ကောင်းကင် တာအို ခန်းမရဲ့ ဓားသဏ္ဍာန်ကလည်း မတည်မငြိမ် ဖြစ်နေခဲ့ပြီ။ သူတို့ အားလုံးက မုချင်းဖန်းရဲ့ လုံခြုံရေးကို အာရုံ စိုက်ကြတယ်လေ။

ခေါင်းမရှိတဲ့ မြွေတစ်ကောင်က ရှေ့ဆက် မသွားနိုင်ဘူး။ တိုက်ပွဲမှာ ခေါင်းဆောင်ကို ဆုံးရှုံး သွားရင် ရှုံးနိုင်ချေ ၉၀% ရှိတယ်။ ဒီရလဒ်က မိစ္ဆာ မျိုးနွယ်တွေကို စိတ်ကျေနပ်စေတယ်။ ဆယ်စုနှစ်ကျော်က မဟာတိုက်ပွဲကြီးမှာ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေက လူသား မျိုးနွယ်တွေထက် အင်အားကြီးခဲ့တယ်။ နောက်ဆုံးမှာတော့ တစ်ဖက်နဲ့ တစ်ဖက် သတ်ဖြတ်ရင်း အဆုံးသတ် ခဲ့ရတယ်။

ဆယ်နှစ်ကျော် ကြာပြီးနောက် အခြေအနေတွေ မတူညီတော့ဘူး။ အရေအတွက် အရ လူသားမျိုးနွယ်တွေ သာလွန်ခဲ့တယ်။ အောင်မြင်နိုင်ချေ ကတော့ နည်းပါးလွန်းတယ်။

“အပြောင်းအလဲတွေက ဆက်တိုက် ဖြစ်ပေါ်တယ်။ ကံကြမ္မာ လှည်းဘီးက ဆက်တိုက် လည်ပတ်နေတယ်။” ဒီစကားက တကယ့်ကို မှန်ကန်လွန်းတယ်။

“တိုက်ခိုက်။”

မိစ္ဆာ ဘုရင်တွေရဲ့ ဒေါသတကြီး ဟိန်းဟောက်သံတွေကြားမှာ တိုက်ပွဲကြီး စတင် ဖြစ်တည်လာတော့တယ်။ အောက်ခြေက လူသားတွေကို သူတို့တွေ စတင် တိုက်ခိုက်တော့တယ်။

“မိစ္ဆာ ဘုရင်တွေ ငါတို့ကို တိုက်ခိုက်နေပြီ။”

“အသက်ရှင်ချင်ရင် ပြေးကြ၊”

မျိုးနွယ်စု ပေါင်းစုံက တပည့်သားတွေ ကြောက်လန့်တကြား ပြေးလွှားကြတော့တယ်။ နိုင်ငံတော်ကြီး လေးခုရဲ့ တပ်တွေကတော့ ချက်ခြင်းဆိုသလို ဧကရာဇ်တွေကို ဝန်းရံ ကာကွယ်ကြတယ်။

“အရှင်မင်းမြတ်ကို ကာကွယ်ကြ။”

“အရှင်မင်းမြတ် အန္တရာယ် နေရာကနေ ထွက်ခွာပါတော့။”

အသံတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။ လူသားမျိုးနွယ်တွေ ဆူပူ အုံကြွ ကုန်ကြပြီ။ ဒီဖြစ်ရပ်က စိတ်ဓာတ်ကို အများကြီး ထိခိုက်စေတယ်။ ဘယ်သူကမှ မသေချင်ကြဘူး။ နောက်ဆုံးမှာတော့ သူတို့တွေ အားလုံး ဆက်တိုက် ဆုတ်ခွာကြတော့တယ်။ တစ်ချို့ကတော့ ဆက်ပြီး တိုက်ခိုက်ဖို့ လုပ်နေတယ်။

တစ်ယောက် ထွက်သွားတာက အားလုံးကို သက်ရောက်သေးတယ်။ လူလေးယောက်မှာ နှစ်ယောက်က ထွက်သွားရင် အခြေအနေက စိုးရိမ် စရာပဲ။

“မသွားကြနဲ့။”

“ငါတို့သာ အဆုံးထိ တိုက်ခိုက်ရင်၊ မိစ္ဆာ ဘုရင်တွေကို သေချာပေါက် နိုင်မှာပဲ။

သုခမိန်တွေ ဆုတ်ခွာ နေချိန်မှာ တချို့တွေ လှမ်းအော်ကြတယ်။ ဒါကြောင့် သူတို့တွေ သတိဝင်လာ တော့တယ်။ တိုက်ခိုက်မှုကနေ ခုခံစစ်ကို ပြောင်းလဲ သွားတယ်။ အပြောင်းအလဲက သိပ်ပြီး မသိသလာ လှဘူး။

“ဒုတိယ ခန်းမ ခေါင်းဆောင်၊ အခြေအနေက စိုးရိမ်စရာ ကောင်းနေပြီ။ ကျွန်တော်တို့ ပြင်ဆင် ရတော့မလား။” ယင်ယန် ခန်းမ အကြီးအကဲ တစ်ယောက် တောက်ရှင်းကို စိုးရိမ်တကြီးနဲ့ မေးတယ်။

“ခန်းမ ခေါင်းဆောင် ရှိနေသရွေ့၊ ငါတို့ ပြဿနာ မရှိဘူး။” တောက်ရှင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူမရဲ့ မျက်နှာကာ လွင့်ထွက် သွားခဲ့ပြီ။

“ဒါပေမယ့် ယင်ယန် ခန်းမက ဆေးဘက် အထောက်အကူ အဓိက ထားသူတွေပါ။ အခုချိန်မှာ ဖူရှီးနဲ့ ကောင်းကင်တာအို ခန်းမ နှစ်ခုက ရှုံးနိမ့်သွားပြီ။ ယင်ယန် ခန်းမနဲ့ လင်းယွမ် မျှော်စင်ကသာ ရှေ့ကို ထွက်ခဲ့ရင်၊ လင်းယွမ် မျှော်စင်ကတော့ တိုက်ခိုက် နိုင်ပေမယ့်၊ ယင်ယန် ခန်းမကတော့ ပြိုင်ဘက် မဟုတ်နိုင်ဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော်တို့ အရှုံးများလိမ့်မယ်။” အဖိုးကြီး ပြောတယ်။

“အင်း။” တောက်ရှင်း ပိုပြီးတော့ မျက်မှောင်ကြုတ်လာတယ်။ သူမ လက်သီးဆုတ်ရင်း ပြောတယ်။ “ငါတို့ တွေ ရှုံးနိမ့်ရင်၊ အခြေအနေကို ပြန်ပြောင်းနိုင်ဖို့ ခက်လိမ့်မယ်။”

“ကျွန်တော်တို့ အတွက် ဆုံးဖြတ်ပေးပါ။ ဒုတိယ ခန်းမခေါင်းဆောင်။”

“နောက်ဆုတ်တာက မကောင်းဘူး။ အခုလို အခြေနေမှာ အရင်ဆုံး နောက်ဆုတ်သူက အရှုံးပေါ်လိမ့်မယ်။ ငါတို့တွေ အကုန်လုံး ကျရှုံးတာ မဟုတ်ရင်ပေါ့။”

“နားလည်ပါပြီ။” လူကြီး ချက်ခြင်းဆိုသလို ခေါင်းငြိမ့်တယ်။ ယင်ယန် ခန်းမ တပည့်သားတွေက ဆေးဘက် ဆိုင်ရာ အဓိက လူတွေ။ သူတို့က စစ်ကူ အတွက် အဓိက သုံးတယ်။ ဒါကြောင့် တိုက်ပွဲ အစတည်းက တခြား မျိုးနွယ်တွေနဲ့ ကွာခြားတယ်။ သူတို့တွေ့ အခြေအနေကို ဖြိုဖျက်နိုင်မယ့် လူတွေပဲ။

ယင်ယန် တပည့်သားတွေ အားလုံး ပြိုကွဲမှာပဲ တခြား မျိုးနွယ်စု တပည့်သားတွေ အားလုံးလည်း ဆုတ်ခွာရလိမ့်မယ်။ ဒါပေါ့။ တောက်ဟွမ်က စစ်ကူ အတွက် အရေးအကြီးဆုံးသူပဲ။ အခုချိန်မှာ ဧကရီ ပိုင်ကျစ်တို့ တိုက်ပွဲထဲကို ဝင်မယ့် အစား တပည့်သားတွေကို အခွင့်အရေး ပေးတာက အသစ်ပြန် စတင်ဖို့ အခွင့်အရေး ကောင်းပဲ။

ယင်ယန် ခန်းမ တပည့်သားတွေ အားလုံးနီးပါးက တောက်ဟွမ် အနီးမှာ ရှိနေကြတယ်။ တောက်ဟွမ်ရဲ့ ကာကွယ်မှုကြောင့် သူတို့ အရှုံး နည်းကြတယ်။

ဒါပေမယ့် ကောက်ကျစ်တဲ့ အဖိုးကြီးကတော့ တောက်ရှင်းရဲ့ အတွေးတွေကို နားလည်တာပေါ့။ ချက်ခြင်းဆိုသလို ယင်ယန် ခန်းမ တပည့်သားတွေကို အော်လိုက်တယ်။ “ဘယ်ဘက် လက်ချောင်း၊ ယင်ယန် အလင်းတန်း နှစ်ခုပုံစံ စုစည်း။”

“အမိန့်အတိုင်းပါ။” တပည့်သားတွေ ချက်ခြင်းဆိုသလို ပြင်ဆင်တော့တယ်။ ဒီလှုပ်ရှားမှုက ကောင်းကင် တာအို ခန်းမနဲ့ ဖူရှီး တပည့်သားတွေကို လန့်သွားစေတယ်။ ယင်ယန် ခန်းမရဲ့ အထောက်အပံ့ မရှိရင်၊ သူတို့က ရိက္ခာ ဖြတ်ခံရတဲ့ တပ်သားတွေလိုပဲ။ ခပ်ရှင်းရှင်း ပြောရရင်၊ ဒဏ်ရာရရင်တောင် ကိုယ့်ကိုယ်ကိုပဲ မှီခိုလို့ရမယ်။

သူတို့တွေ ကြောက်လန့်ကြတယ်။ နောက်ဆုတ်။ ဝေးဝေး ဆုတ်ကြ။ တပည့်သားတွေ အားလုံးရဲ့ စိတ်ထဲမှာ တွေးနေရင်း လှုပ်ရှားမိတယ်။ နောက်ဆုံးတော့ လုံး၀ ပြိုကွဲကုန်ပြီ။ အခုချိန်မှာ သူတို့တွေ အသက်စွန့်ပြီး ပြေးနေပြီ။ တစ်ချို့ သုခမိန်တွေက ထိပ်တန်း တပည့်သားတွေရဲ့ နောက်မှာ ပုန်းအောင်း နေကြတယ်။

“…”

ဒီမြင်ကွင်းက လူတွေကို ဆွံ့အစေတယ်။ အမှန်တရားက ကြမ်းတမ်းတယ်။ ကြောက်စရာ အခြေအနေမျိုးမှာ သုခမိန်တွေတောင် ထွက်ပြေးကြတယ်။

“အရှင်မင်းမြတ် ကျွန်တော်တို့ အရှုံး ကြုံနေရပါပြီ။ မင်းသမီး နှစ်ပါးနဲ့ အတူတူ ထွက်ခွာပါတော့။” ကြီးမြတ်သောရှ စစ်သူကြီး တစ်ယောက် ပြောတယ်။

“ယွိအာက တိုက်ပွဲထဲမှာ ရှိသေးတယ်။ ငါဘယ်လိုလုပ် အရင်ဆုံး သွားရမှာလဲ။” လင်းမုပိုင် ချက်ခြင်း ပြန်ပြောတယ်။

“ဧကရီ ယွိရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းပါတယ်။ အခြေအနေက ဆိုဝါးနေပုံ ပေါက်ပေမယ့်၊ သေချာပေါက် ပြန်လွတ်မြောက် လာနိုင်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒီမှာ ဆက်နေနေရင်၊ ဧကရီကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။”

“မှန်ပါတယ်။ အရှင်မင်းမြတ်။”

“အသက်ရှင် နေသရွေ့။ မျှော်လင့်ချက် ရှိပါတယ်။ မင်းသမီး နှစ်ပါးမှာ တစ်ပါးက သုခမိန်ပါ။ နောက်တစ်ပါးက လူသားမျိုးနွယ်ရဲ့ ရွေးချယ်ခံပါ။ တိုက်ပွဲကို မပြောင်းလဲနိုင်မှာ မစိုးရိမ်ပါနဲ့ အရှင်မင်းမြတ်။”

ဖြောင်းဖျ စကားတွေကြောင့် ဧကရာဇ် လင်းမုပိုင် နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာခဲ့တယ်။ သတိလစ်နေတဲ့ ပင်းယန်နဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ ချီကူယန်ကို ကြည့်ရင်း သူဆုံးဖြတ်ချက် ချလိုက်တယ်။

“မင်းသမီး နှစ်ပါးနဲ့ အတူ မင်းတို့တွေ အရင်ဆုံး ဆုတ်ခွာ။ စစ်သည်တော် တစ်ရာနဲ့ ငါ့ကို ချန်ထားခဲ့။”

“ဒါက။” စစ်သူကြီးတွေ တွေဝေကုန်တယ်။ ဧကရာဇ်ကို ရှေ့တန်းမှာ ခုခံဖို့ ဘယ်လို ချန်ထား ခဲ့နိုင်မှာလဲ။

“အမိန့်တော်ကို ငြင်းဆန်ရင် သေဒဏ်။” လင်းမုပိုင် ဒေါသတကြီးနဲ့ အော်တော့တယ်။

“အမိန့်တော် အတိုင်းပါ။” ချက်ခြင်း ဆိုသလို စစ်သူကြီးတွေ ဆုတ်ခွာတော့တယ်။ ဒီအချိန်မှာပဲ အားနည်း ဖျော့တော့တဲ့ အသံ တစ်သံ သူတို့ ကြားလိုက်ရတယ်။

“ငါမသွားဘူး။ ပင်းယန်ကို အရင်ဆုံး ခေါ်သွား။” ချီကူယန်ရဲ့ အသံက ပြတ်သားတယ်။ သူမ ခက်ခက်ခဲခဲ ထရပ်နေတယ်။

“မင်းသမီး။”

“စကားပြောတာ ရပ်လိုက်တော့။ ပင်းယန်နဲ့သွား။” ချီကူယန်က လက်ခါပြတယ်။

“အမိန့်တော် အတိုင်းပါ။” ချီကူယန့် အကြောင်းကို လူတိုင်းသိတယ်။ ဒါကြောင့် သူတို့တွေ အမိန့်နာခံပြီး ထွက်ခွာသွားကြတော့တယ်။ လေးကြိုးကနေ ပြစ်လိုက်တဲ့ မြှားတွေလိုမျိုး သူတို့ ပျောက်ကွယ် သွားတယ်။

…

“ဟဟားဟား။” ဧကရီ ပိုင်ကျစ်ရဲ့ ရယ်သံက ကောင်းကင် တစ်ခွင်မှာ ပဲ့တင့် ထပ်နေတယ်။ အောက်ဘက်က တိုက်ပွဲကို ကြည့်ရင်း သူသဘောကျနေတယ်။

အောက်ဘက် ဖြစ်ရပ်မှာ ဒေါသ ထွက်စေနိုင်တဲ့ ကိစ္စ သေးသေးလေးကနေ လူတိုင်းကို ပေါက်ကွဲ သွားစေနိုင်တယ်။ ပထမဆုံး တိုက်ခိုက် ခံရသူကတော့ ပထမဆုံး ထွက်ပြေးသူ။

မြင့်မြတ် နယ်မြေ၊ နိုင်ငံတော် လေးခု၊ မျိုးနွယ်စုတွေ၊ ဘယ်အရာပဲ ဖြစ်ဖြစ်၊ ပထမဆုံး ထွက်ပြေးသူ ရှိလာတာနဲ့ ဆူပူမှု ဖြစ်စမြဲပဲ။

“ငါမသေချင် သေးဘူး။”

“ငါ ငါက ငယ်သေးတယ်။ အိမ်မှာ ဇနီး ငါးယောက် ရှိသေးတယ်။”

“ငါ့ကို မသတ်ပါနဲ့။”

ဒီအချိန်မှာပဲ မျိုးနွယ်စု ပေါင်းစုံက လူတွေ အော်ဟစ် နေကြတော့တယ်။ လက်တစ်ဆုပ်စာ တပည့်သားတွေကတော့ တောင်အောက်ကို ပြေးဆင်း နေကြပြီ။

“ဘယ်သူ ပြေးဝံ့သလဲ။” ဒီအချိန်မှာပဲ ဓားရှည်ကိုင် လူတစ်ယောက် ထွက်ပြေးနေသူ တပည့်သားတွေ ရှေ့ကို ရောက်လာတယ်။

“အား။ ငါမနေချင်ဘူး။” ပိတ်ဆို့ခံရသူ တပည့်သားက ဘာမှ မတွေးနိုင်တော့တဲ့ အတွက် လူကြီးဆီကို ပြေးဝင်တော့တယ်။

“မင်းသေချင်လား။” ဓားရှည်ကိုင် လူကြီးရဲ့ ဓားက လှုပ်ရှားသွားတယ်။ သူ့ဆီ ပြေးလာတဲ့ တပည့်သားတွေ အားလုံးကို သူ ခုတ်ချ ပြစ်တော့တယ်။

အပိုင်း (၈၇၅) ပြီး၏။

အပိုင်း (၈၇၆)

“မည်းတူးနေတဲ့ ကိုယ်လုံးတီး။”

ဆိုရိုစကား တစ်ခွန်းရှိတယ်။ စစ်သူကြီးတွေ အားလုံးက ဆုံးဖြတ်ချက် ချရတယ်။ စစ်မြေပြင်မှာ ဧကရာဇ် အမိန့်ကိုချည်း တသွေ မတိမ်း နာခံ မနေရဘူး။ ဒါက သတ်ဖြတ်နေတဲ့ တိုက်ပွဲကြီးမှာလည်း အတူတူပဲ။

ဒါပေမယ့် အံ့သြစရာ အဖြစ်တွေလည်း ရှိတယ်။ ဓားနဲ့ ခုတ်ချလိုက်တဲ့ လူကြီးက နောက်ဆုံးမှာ နစ်နာသူ အဖြစ် အဆုံးသတ် သွားခဲ့တယ်။ လူကြီးရဲ့ မျက်လုံးက ပြူးကျယနေပြီး ပါးစပ်ကနေ သွေးတွေ စီးကျနေတယ်။ သူလုံးဝကို မယုံနိုင်ဘူး။ သူ့ဓားက သူ့ရှေ့က တပည့်သားထက် နှေးနေတာကို တကယ်ပဲ မယုံနိုင်ခဲ့ဘူး။

သူ့မှတ်ဉာဏ်တွေ အရ မျိုးနွယ်စု ထဲမှာ ဘယ်တပည့်သားကမှ သူ့ထက် အင်အားကြီးပြီး ထူးခြားနေတာ မရှိခဲ့ဘူး။ သူ့ကို ဓားနဲ့ ပြန်ထိုးပြီး သတ်ဖြတ်ခဲ့တဲ့ သူက အမြဲတမ်း တိတ်ဆိတ်ပြီး မထင်မရှား နေနေတဲ့သူ။

“မင်း။” လူကြီး စကား ဆက်မပြောနိုင်ပဲ လဲကျ သွားတော့တယ်။

ရွှပ်။ တပည့်သားက လူကြီးရဲ့ နှလုံးသားထဲက ဓားကို ဆွဲထုတ်ရင်း မြေပြင်ပေါ်ကို ပြစ်ချပြီး ကြောက်လန့်တကြား ပြေးတော့တယ်။ ဒီအချိန်မှာပဲ တပည့်သားရဲ့ မျက်နှာပေါ်က လှောင်ပြုံးကို လူကြီး မြင်လိုက်ရတယ်။ အရမ်းကို ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်တဲ့ အပြုံးက မကြာခင်ပဲ ပျောက်ကွယ်သွားတယ်။

လူကြီးကတော့ ခရမ်းရောင် မျက်နှာနဲ့ တကိုယ်လုံး တုန်ယင် နေခဲ့ပြီ။

“ဟင့်အင်း။ ငါမသေချင် သေးဘူး။”

“အကိုလီ မြန်မြန်လာ။” အဲ့ဒီ့ တပည့်သား အော်ခေါ် နေချိန်မှာပဲ တပည့်သားတွေ အများကြီး လူကြီးရဲ့ အလောင်းကို ရှောင်ကွင်းရင်း တောင်အောက်ကို ပြေးဆင်းလာတော့တယ်။ တပည့်သားတွေ ထွက်ပြေး ပျောက်ကွယ် သွားခဲ့တယ်။ တစ်ချို့က အောင်မြင် သွားခဲ့ပေမယ့်၊ တစ်ချို့ကတော့ ဘာဆက် ဖြစ်သလဲ။ ထင်ရှားပါတယ်။

“ပြေးကြ။ မြန်မြန်ပြေး။”

“မသတ်ပါနဲ့။”

“မြန်မြန်လာ။”

အော်သံတွေနဲ့ အတူ တပည့်သားတွေ ယောက်ယက်ခတ်နေ ကြတော့တယ်။ သူတို့တွေ နေရာအနှံ့ကို ပြေးနေတယ်။ တပည့်သားတွေ ထွက်ပြေး ကြတာနဲ့ စစ်သူကြီးတွေလည်း မစောင့်တော့ဘူး။ စစ်သည်တော်တွေ ကင်းထောက် ပြီးတာနဲ့ လရောင်ဖြာ နိုင်ငံတော်က အရင်ဆုံး သွားတယ်။ အဲ့ဒီ့နောက် စစ်မက်လိုလား နိုင်ငံတော်နဲ့ သီးခြား မြင့်မြတ် နိုင်ငံတော်။

“နိုင်ငံတော် လေးခု ထွက်သွားနေပြီ။ ငါတို့ရော။”

“အခုသွားမယ်။”

သေးငယ်တဲ့ လှုပ်ရှားမှုလေး တစ်ခုက အပြောင်းအလဲ အများကြီးကို ဖြစ်စေတယ်။ ကြီးမြတ်သော ရှမင်းဆက်က မသွားပေမယ့်၊ သုံးခုကတော့ ထွက်ခွာ သွားခဲ့ပြီ။

မျိုးနွယ်စုတွေလည်း နောက်ထပ် မစောင့်နိုင်တော့ဘူး။ ဒီမျိုးနွယ်စုတွေက အလယ်အလတ် တန်းစားတွေ၊ ဒီပွဲတော်ကြီးကို အပျော်သဘော လာတက်ကြတာ။ ဒီမျိးနွယ်စုတွေထဲမှာ သုခမိန်က တစ်ယောက်တစ်လေပဲ ရှိတယ်။ သူတို့တွေက နိုင်ငံတော်ကြီး လေးခုမှာတော့ မြင့်မြတ် ဂုဏ်ခံတွေ ဖြစ်နိုင်ပေမယ့်၊ မြင့်မြတ် နယ်မြေမှာတော့ နေရာတောင် မရရှာဘူး။

ဒါကြောင့် သူတို့ ပါဝင် တိုက်ခိုက်တာကလည်း တိုက်ပွဲကို မပြောင်းလဲ စေနိုင်ဘူး။ မိစ္ဆာ ဘုရင်တွေက ကောင်းကင်မှာ ၃၀ကျော် ရှိနေတယ်။ ဒါ့အပြင် ဧကရီ ပိုင်ကျစ်လည်း ရှိနေသေးတယ်။ ဒီအင်အားကြီးကို သူတို့ ဘယ်လိုများ ယှဉ်နိုင်မှာလဲ။ တိုက်ခိုက်တယ် ဆိုတာ ကိုယ့်ကိုယ်ကို သတ်သေတာပဲ။

လူတိုင်းက တကိုယ်ကောင်းဆန်တယ်။ လူတိုင်းက ထွက်ပြေးချင်တာ မဟုတ်ပေမယ့် အများစုကတော့ စတင်ပြီး ဇာတိ ပြလာကြပြီ။ ရလဒ်ကတော့ မထိန်းမသိမ်းနိုင် ဖြစ်ကုန်တာပဲ။

“ခေါင်းဆောင် ကျျွန်တော်တို့ တိုက်ခိုက်ကြမလား။”

“နင့်အဘပဲ တိုက်ခိက်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီတောင် သေခါနီးနေပြီ။ အားလုံးကို ဆုတ်ခွာခိုင်းလိုက်။”

“ဟုတ်။”

မျိုးနွယ်စု တစ်ခု ဆုတ်ခွာတာနဲ့ အားလုံး စတင်ပြီး လှုပ်ရှားတော့တယ်။ ကျမ်းကောင်းကင် တောင်တစ်ခုလုံး နေရာအနှံ့ လူလှိုင်းတွေ ဖြစ်ပေါ် လာနေတယ်။

“ဒုတိယ ခန်းမ ခေါင်းဆောင် ကျွန်တော်တို့ တားရမလား။” တောက်ရှင်း အနားကို ကပ်ရင်း လူကြီး မေးတယ်။

“မလိုဘူး။ နောက်ကျလွန်းသွားပြီ။ အခုချိန်က အမုန်းတရား ပွားဖို့ အချိန်ပဲ။” တောက်ရှင်း ခေါင်းမော့ရင်း တွေးတွေးဆဆ ပြောတယ်။ “နတ်ဆိုး မျိုးနွယ်ရဲ့ ယွင်ချင်းဝူ အကြောင်း ကြားဖူးတာ ကြာပြီ။ အားနည်းပေမယ့် အကွက်ချတဲ့ နေရာမှာ အတော်ဆုံးသူ။ နတ်ဆိုး မျိုးနွယ်တွေရဲ့ မျှော်လင့်ချက်။ အခုတော့ တွေ့ရပြီ။ တကယ့်ကို ကြောက်စရာ ကောင်းတာပဲ။”

“ကြောက်စရာ ကောင်းတယ်။ ဒုတိယ ခန်းမ ခေါင်းဆောင်။ မြင့်မြတ် နယ်မြေမှာ သခင့်ကို ပညာဉာဏ် ယှဉ်နိုင်တဲ့သူ တကယ်ပဲ ရှိလို့လား။ ဘာဖြစ်လို့ ယွင်ချင်းဝူကို ဒီလောက်တောင် မျှော်လင့်ချက် ထားနေတာလဲ။”

“လူတစ်ယောက်ရဲ့ ပညာဉာဏ်က ဆုံးဖြတ်ဖို့ အဓိက ကျတယ်ထင်လား။”

“ကောင်းပြီလေ။ အခြေအနေ အားလုံးကို ထိန်းချုပ်ဖို့ ကျွန်တော် ပြင်လိုက် ရမလား။”

“မလိုဘူး။ သတင်းအချက် အပြည့်အစုံ ရှိနေရင်၊ အခြေအနေကို ထိန်းချုပ်ဖို့ မခက်ပါဘူး။ တကယ်တော့ လူတစ်ယောက်ကို ဆုံးဖြတ်ဖို့ အသေးစိတ်ကို သေချာကြည့်ရမယ်။”

“ကျွန်တော် နားမလည်ဘူး။”

“အခုပဲ ဓားနဲ့ ထိုးပြီး ကြောက်လန့် တကြား ပြေးသွားတဲ့ ပထမဆုံး တပည့်ကို မင်းဘယ်လိုထင်လဲ။“

“အဲ့ဒီ့ တပည့်သား။ ဒုတိယ ခန်းမခေါင်းဆောင် ပြောချင်တာ။ နေစမ်းပါအုန်း။ သူက တိုက်တိုက်ဆိုင်ဆိုင် ထွက်ပြေးတာ မဟုတ်လား။” အဖိုးကြီး အထိတ်တလန့် ပြောလတယ်။

“လောကကြီးမှာ တိုက်ဆိုင်မှုတွေ အများကြီး ရှိတယ်။ ဒီတစ်ခုတော့ မပါဘူး။” တောက်ရှင်း ခေါင်းခါရင်း ပြန်ဖြေတယ်။ “သူ့အစီအစဉ်တွေက အသေးစိတ်လွန်းတယ်။ အရင်ဆုံး ထွက်ပြေးမယ့် သူတောင် ပြင်ဆင်ပြီးပြီ။ ငါကြောက်မိပါရဲ့၊ ယွင်ချင်းဝူက ဧကရီ ပိုင်ကျစ်ထက်တောင် ပိုပြီးတော့ ကြောက်စရာ ကောင်းနိုင်မလား။”

“ဒုတိယ ခန်းမ ခေါင်းဆောင်။ ယွင်ချင်းဝူ ပျောက်သွားပြီ။”

“ဘာကြီး။” တောက်ရှင်း ချက်ခြင်း တုံ့ပြန်တယ်။

…

နတ်သစ်ပင်ထိပ်ဖျား တိုက်ပွဲကြီးက ဆက်လက် ဖြစ်ပေါ်နေဆဲ။ ဒီတစ်ခေါက်မှတော့ ဧကရီ ပိုင်ကျစ်ရဲ့ အရူးလို တိုက်ခိုက်မှုတွေကြောင့် မော့ရှန်းရှီနဲ့ မုချင်းဖန်း နှစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ပြီ။ ချင်းယွိနဲ့ ယန်ယင်းကြောင့်သာ မဟုတ်ရင်၊ သူတို့ သေဆုံး နေတာ ကြာလှပြီ။

တိုက်ပွဲ အဆုံးသတ်တော့မယ်။ ထွက်ပြေးနေတဲ့ တပည့်သားတွေကတော့ ဒီတိုက်ပွဲကြီးက လူသားမျိုးနွယ်ရဲ့ အဆုံးသတ်လို့တောင် တွေးနေခဲ့ကြတယ်။ တိုက်ပွဲ ပြီးရင်၊ မဟာနွံအိုင်ထဲက မိစ္ဆာ မျိုးနွယ်တွေ အားလုံး လွတ်မြောက် ကြတော့မယ်။ ဒါပေမယ့် ရလဒ်က မရိုးရှင်းသေးဘူး။ နန်ကုန်းဟောင်က ဧကရီ ပိုင်ကျစ် လက်ထဲမှာ ရှိနေတုန်းပဲ။

“မယ်တော်။” ဒီအချိန်မှာပဲ နတ်သစ်ပင်ရဲ့ တစ်ဖက်ကနေ သာယာ နားပျော်ဖွယ် အသံ တစ်သံ ထွက်ပေါ်လာတယ်။

“မယ်တော်တဲ့လား။”

“ပိုင်ကျစ်ကို မယ်တော်လို့ ခေါ်မှတော့၊ ဧကရာဇ် ယွင်နဲ့ ပိုင်ကျစ်ရဲ့ သမီးပေါ့။”

နှင်းဖြူရောင် ဝတ်ရုံရှည်နဲ့ အမျိုးသမီးကို လူတိုင်း သတိ ထားမိလိုက်တယ်။ အစပိုင်းတည်က ယွင်ချင်းဝူကို သူတို့ ခန့်မှန်း ထားပေမယ့် တကယ်သိရချိန်မှာ အံ့အား သင့်နေဆဲ။

“ဟမ်။ ဘာဖြစ်လို့ တက်လာတာလဲ။” ဧကရီ ပိုင်ကျစ် လန့်သွားတယ်။

“သူသေသွားပြီ။ ဒါကြောင့် တက်ကြည့်တာ။” ယွင်ချင်းဝူ အသံက ရိုးရှင်းတယ်။ တကယ်တော့ ရိုးရှင်းလွန်းလို့ မယုံနိုင်စရာ ကောင်းလွန်းနေတာ။ အခုလို တိုက်ပွဲကြီးမှာ ဒီစကားက မသင့်တော်ရာ ရောက်လွန်းတယ်။

ပိုင်ကျစ် နှုတ်ခမ်းတွေ တွန့်သွားတယ်။ သူမရဲ့ ကျောက်စိမ်းရောင် မျက်နှာမှာ ခံစားချက် မျိုးစုံ ဖြတ်ပြေးသွားတယ်။ ဒေါသ အံ့သြမှု စိတ်ရှုပ်ထွေးမှု။ တစ်ခွန်းပဲ ပြန်ဖြေလိုက်တယ်။ “ကောင်းပြီ။ တစ်ချက်ကြည့်လိုက်။”

ပိုင်ကျစ်ရဲ့ စကားတွေက လေထဲမှာ ပဲ့တင် ထက်နေတယ်။ ဒီစကားသံကို ကြားရတာ ကြည်လင်အေးမြတဲ့ ရေကန်နားကို ရောက်နေသလိုပဲ။

လှိုင်းကြက်ခွပ်တွေကတော့ ရင်ထဲက ထိတ်လန့်မှုတွေကို ကိုယ်စားပြုတယ်။ အင်အားကြီးပြီး မောက်မာလွန်းတဲ့ အမြီးကိုးချောင်း မြေခွေး ဘုရင်မ။ ယွင်ချင်းဝူကို မွေးမွေးချင်း စွန့်ပြစ်ခဲ့တယ်လို့ ကောလဟာလ ထွက်ခဲ့သူက အခုချိန်မှာ အရမ်းကို နူးညံ့ညင်သာ နေခဲ့တယ်။

“ယွင်ချင်းဝူ ဘာတွေများ လုပ်ထားတာလဲ။”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ တစ်ယောက်ကို တစ်ယောက် စိတ်ထဲက မေးမိကြပေမယ့်။ အဖြေမရှိ။

ယွင်ချင်းဝူကတော့ နတ်သစ်ပင် တခြား တစ်ဖက်ကို လျှောက်လာရင်း ဖန်ကျန်းရှီ ဆီကို ရောက်အောင် သွားနေခဲ့တယ်။ သူမ နောက်မှာ ဝတ်ရုံနက်တွေ အများကြီး ပါနေခဲ့တယ်။ တစ်ယောက်ချင်းစီတိုင်းက မိစ္ဆာ နတ်ဆိုး အရှိန်အဝါတွေ ထုတ်လွှတ် နေပြီးတော့ ပိုပြီး အေးစက် မောက်မာလွန်းတယ်။

“အားလုံးက နတ်ဆိုး မျိုးနွယ် ဆယ်ခု အကြီးအကဲတွေလား။” မုချင်းဖန်း သူ့ရင်ဘတ်သူ ဖိရင်း စိုးရိမ်တကြီး ပြောမိယတ။်

“ခန်းမ ခေါင်းဆောင်မု။ အဲ့တာက အဓိပ္မာယ်မရှိတဲ့ မေးခွန်းပဲ။ ရှင့်ရဲ့ ရန်သူ ကျွန်မက၊ ရလဒ် ထွက်မလာခင် နောက်ကွယ်က ပညာရှင်တွေ အားလုံးကို ထုတ်ဖော်ပြမယ် ထင်နေတာလား။” ယွင်ချင်းဝူ ပြန်မေးတယ်။

“ရလဒ် ထွက်မလာခင်။” မုချင်းဖန်း မျက်မှောင်ကြုတ်သွားတယ်။ ကျရှုံးတော့မယ့် ဖရိုဖရဲ လူသားတွေနဲ့၊ မိစ္ဆာ အသွင် အပြည့်အ၀ ပြောင်းထားတဲ့ ဧကရိ ပိုင်ကျစ်ကို ကြည့်ရင်း ခါးသက်သက် ပြုံးလိုက်တယ်။ “ဒါကို အဖြေမထွက်သေးတဲ့ ရလဒ်ကို ပြောရင်၊ လူသား မျိုးနွယ်ရဲ့ အဆုံးသတ်ကတော့ လွယ်မယ် မထင်ဘူူး။”

“ခန်းမ ခေါင်းဆောင်မု။ လက်လျှော့မှာလား။”

“သေချာပေါက် ဘယ်ဟုတ်မလဲ။”

“ဒါပေမယ့် နှလုံးသားထဲက လက်လျှော့သံကို ကြားနေရပြီ မဟုတ်လား။ လက်မလျှော့ရင် တိုက်ခိုက်မယ့် အစား ချင်းဝူနဲ့ ဘာဖြစ်လို့ စကား လာပြောနေမှာလဲ။” ယွင်ချင်းဝူ ပြန်ပြောတယ်။

“မင်း ဟဟားဟား ကောင်းလိုက်တဲ့ ယွင်ချင်းဝူ။ ကောင်းပြီ။ နတ်ဆိုး မျိုးနွယ်ရဲ့ အရှင်သခင်ငယ်ကို ငါ့စာရင်းထဲ ထည့်မတွက် ထားမိတာ မှားခဲ့တာပဲ။”

“တကယ်တော့ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် နှစ်ခုလုံးကိုလည်း ထည့်မတွက် ထားဘူး မဟုတ်လား။ ဆယ်နှစ်ကျော်အောင် အေးအေး ချမ်းချမ်း နေလာခဲ့တော့ အကြံဉာဏ်ကောင်းတွေ ထွက်တယ် မဟုတ်လား။ လောကကြီးက ခန့်မှန်းဖို့ ခက်လွန်းပါတယ်။ ခန်းမ ခေါင်းဆောင်မုလည်း လောကကြီးကို စောင့်ကြပ် နေရတာ လွယ်ခဲ့မှာ မဟုတ်ဘူး။”

“မင်းက တကယ့်ကို အမြင်ကျယ်တာပဲ။ နတ်ဆိုး အရှင်သခင်ငယ် ပီသပေတယ်။” မုချင်းဖန်း ဒါကို ကြားချိန်မှာ မျက်နှာ မည်းမှောင် သွားခဲ့တယ်။

“မုချင်းဖန်း အပါအဝင် လူတိုင်းက အကုန် အတူတူပဲ။ တကယ်တော့ မင်းကို ယှဉ်နိုင်မယ့်သူ ဘယ်သူမှ မရှိပါဘူး။” ဒီအချိန်မှာပဲ ဧကရီ ပိုင်ကျစ် တစ်လှမ်းတိုးလာရင်း ပြောတယ်။ လက်ဖဝါး လျှပ်စီးတွေကို ဆင့်ခေါ်ရင်း ဆက်ပြောတယ်။ “မုချင်းဖန်း၊ ဒီတိုက်ပွဲကြီးရဲ့ တကယ့် ခေါင်းဆောင် အစစ်က ချင်းဝူလို့ ငါပြောရင် နင်ဘယ်လို တွေးမလဲ။ ငါက သူ့အမိန့်ကို ဒီတိုက်ပွဲမှာ နာခံရုံပဲ။ နင်တို့လို အဖိုးကြီးတွေက ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးနေတာ မဟုတ်လား။”

“ဘာကြီး။ ဒီကလေးက ခေါင်းဆောင်လား။” မော့ရှန်းရှီ အရမ်းကို လန့်သွားခဲ့တယ်။

ယန်ယင်းနဲ့ အောက်ဘက် မနီးမဝေးက တပည့်သားတွေ အားလုံးလည်း လန့်သွားခဲ့တယ်။ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်ရဲ့ တကယ့် ခေါင်းဆောင် အစစ်က အသန်မာဆုံး ဧကရီ ပိုင်ကျစ် မဟုတ်ခဲ့ဘူး။ ယွင်ချင်းဝူ ဖြစ်နေခဲ့တယ်။

“ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ဒီအသက်အရွယ်လေးနဲ့။”

“ခေါင်းဆောင် ဖြစ်ခဲ့ရင်တောင်၊ မိစ္ဆာ ဧကရီ ဘွဲ့ကို အရင်ခံယူရမှာ မဟုတ်လား။ ဘယ်လိုလုပ် လက်ရှိ မိစ္ဆာ ဧကရီကို အမိန့်ပေးနိုင် ရမှာလဲ။”

သုခမိန်နဲ့ တပည့်သားတွေ မယုံနိုင်။ မိစ္ဆာ ဘုရင်တွေရဲ့ မပြောင်းမလဲ ပုံစံကို မြင်ချိန်မှာတော့ အရိုးထဲအထိ တုန်အောင် လန့်သွားကြတယ်။ မိစ္ဆာ ဘုရင်တွေ အံ့သြ မနေဘူး။ ယွင်ချင်းဝူ။ ဒီမိန်းမငယ်လေးက မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် နှစ်ခုလုံးကို ဦးဆောင်ပြီး လူသားတွေကို တိုက်ခိုက်ခဲ့သူ။ ဒီအစီအစဉ်ကြီးရဲ့ နောက်ကွယ်ကလူ။

ဒီအချက်က မယုံနိုင်စရာ ကောင်းလွန်းတယ်။

ယွင်ချင်းဝူကတော့ အရမ်းကို တည်ငြိမ်နေဆဲ။ ဖန်ကျန်းရှီကို သူမ တစ်ချိန်လုံး အာရုံ စိုက်နေခဲ့တယ်။

“ဖန်ကျန်းရှီ နင်တကယ် သေပြီလား။” ယွင်ချင်းဝူ ခပ်တိုးတိုး ပြောတယ်။

ဖန်ကျန်းရှီ တကိုယ်လုံးက မည်းတူး နေခဲ့ပြီ။

သူ့ရဲ့ ဝတ်ရုံပြာပြာက ပြာမှုန့်တွေ ဖြစ်သွားခဲ့တာ ကြာလှပြီ။ အသားအရေကနေ မီးခိုးငွေ့တွေ ထွက်ပေါ်နေတယ်။ တကယ်တော့ ကိုယ်လုံးတီးပါပဲ။

အပိုင်း (၈၇၆) ပြီး၏။

အပိုင်း (၈၇၇)

“ဒီအဖွဲ့ကို ချာလပတ် လည်အောင် လှုပ်ရမ်း ပြစ်ကြစို့။”

ဒါပေါ့။ သူက အပြင်ဘက်မှာ ကြွပ်ရွပြီး အတွင်းဘက်မှာ နူးညံ့နေတဲ့ အဆင့်ကို ရောက်နေခဲ့ပြီ။ ဒါပေမယ့် ဒီအတွင်းပိုင်းက နူးညံ့နေမလား၊ အသားကင်နံ့ မွှေးမွှေး ထွက်နေ မလားဆိုတာတော့ ဘယ်သူမှ သေချာ မသိခဲ့ဘူး။

သေချာတာတော့ တစ်ခု ရှိတယ်။ ဖန်ကျန်းရှီ သေလောက်ပြီ။ ဒီလောက်ထိ ကြွပ်ရွနေအောင် လောင်ကျွမ်းခံထား ရမှတော့ ဘယ်လိုမှ အသက်ရှင်နိုင်မယ့် လမ်းမရှိတော့ဘူး။

“နင်နဲ့ ငါက တစ်ဖက်တည်း မဟုတ်တာ နှမြောစရာပဲ။” ဘယ်သူကမှ သူမရဲ့ မေးခွန်းကို ပြန်ဖြေမှာ မဟုတ်မှန်း ယွင်ချင်းဝူ သိတယ်။ သူမရဲ့ စိတ်ခံစားချက်တွေ့ ရှု့်ထွေးနေခဲ့တယ်။

ဒါကြောင့် ဖြေးဖြေးချင်း ထိုင်ချလိုက်တယ်။ သူမရဲ့ နှင်းဖြူရောင် ဝတ်ရုံက ပန်းပွင့်လှလှလေးလို ဖြာကျလာတယ်။ အရမ်းကို လှပလွန်းတယ်။

ဒါပေမယ့် ဘယ်သူကမှ ဒီအလှတရားကို မခံစား နိုင်ခဲ့ဘူး။ နောက်ဆုံးတော့လည်း တိုက်ပွဲကြီးက မပြီးဆုံး သေးဘူးလေ။ လူသား၊ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေရဲ့ တိုက်ပွဲက အဆုံးသတ်ခါနီးနေခဲ့ပြီ။ ဒါပေမယ့် ရလဒ်ကို ဆုံးဖြတ်လို့ မရသေးဘူး။

ဧကရီ ပိုင်ကျစ်ရဲ့ ခန္ဒာကိုယ်က မုချင်းဖန်းနဲ့ မော့ရှန်းရှီရဲ့ ရှေ့မှာ ရပ်တန့် နေခဲ့ပြီ။ သူမရဲ့ ကြီးမားတဲ့ မြေခွေး အမြီးကြီး ကတော့ ချင်းယွိနဲ့ ယန်ယင်းရဲ့ လမ်းကို ပိတ်ထားရင်း ယွင်ချင်းဝူကို မတိုက်ခိုက်နိုင်အောင် ကာကွယ် ထားခဲ့တယ်။

ယွင်ချင်းဝူက ဖန်ကျန်းရှီရဲ့ နဖူးပေါ်မှာ လက်တင်ရင်း ဖြည်းဖြည်းချင်း လှုပ်ရှား နေခဲ့တယ်။ အဲ့ဒီ့နောက် သူမရဲ့ လက်ချောင်းတွေက ဖြည်းဖြည်းချင်း အောက်ဆင်းရင်း ဖန်ကျန်းရှီရဲ့ မီးကျွမ်း အသားအရေကို ထိတွေ့ နေခဲ့တယ်။

ဖန်ကျန်းရှီရဲ့ ရင်ဘတ်ဆီကို သူ့ရဲ့ လက်တွေ ဖြည်းဖြည်းချင်း ဆင်းလာခဲ့တယ်။ မီးလောင်နေတဲ့ အဝတ်အစားတွေကို ဖယ်ရှားလိုက်ချိန်မှာတော့ လေးထောင့်ဆန်ဆန် ကျောက်မျက် ရတနာ မြုပ်နှံထားတဲ့ ငွေရောင်မှန် ထွက်ပေါ်လာတော့တယ်။

ဒါကတော့ အဆုံးမဲ့လောက။

ယွင်ချင်းဝူရဲ့ လက်ချောင်းတွေက နည်းနည်းတော့ တုန်ယင် နေခဲ့တယ်။ သူမက နှလုံးကာမှန်ပေါ်မှာ ရှိနေတဲ့ ကျောက်မျက်ရတနာကို ကြည့်ရင်း အတွေးလွန်နေတဲ့ ပုံစံပဲ။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ကိုယ့်ကိုယ်ကို ထိန်းလိုက်တယ်။ သူမက နည်းနည်းတော့ ဝမ်းနည်းနေတဲ့ ပုံစံပဲ။ ရတနာကို ပြန်ရယူဖို့ အတွက် ပျော်ရွှင်နေရမယ့် အစား ဝမ်းနည်းနေပုံပဲ။

“အရှင်သခင်ငယ်။” ယွင်ချင်းဝူရဲ့ နောက်မှာ ရပ်နေသူ တစ်ယောက် ပြောလိုက်တယ်။ ဒီအသံက ယွင်ချင်းဝူရဲ့ ဝမ်းနည်းမှုနဲ့ ယှဉ်လိုက်ရင် အများကြီး ပုံမှန် ဖြစ်နေခဲ့တယ်။ အနည်းဆုံးတော့ စိတ်လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေ ပါဝင်နေသေးတယ်။

“နင့် အတွက် သီချင်းတစ်ပုဒ် တီးပြချင်တယ်။” ယွင်ချင်းဝူက သူမရဲ့ လက်ကို မြှောက်လိုက်ပြီး ဝတ်ရုံနက်ကို လက်ပြလိုက်တယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ပေါ်က နှလုံးကာမှန်ကို တိုက်ရိုက် မဖယ်ရှားခဲ့ဘူး။

“အခုလား။” ဝတ်ရုံနက် တုန်ယင်သွားတယ်။ ဧကရီ ပိုင်ကျစ်ကို သူတစ်ချက်ကြည့်တယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ လူသားတွေနဲ့ မုချင်းဖန်းကိုလည်း လှည့်ကြည့်တယ်။ သူတအံ့တသြနဲ့ ပြောတယ်။ “အရှင်သခင်ငယ်။ လက်ရှိ အခြေအနေနဲ့ ဆိုရင်၊ ကျွန်တော်တို့တွေ အချိန် အများကြီး မရှိတော့။”

“ရပ်နေစမ်း။” ယွင်ချင်းဝူက သူ့စကားကို ဆုံးတဲ့ အထိ နားမထောင်ခဲ့ဘူး။ သူမရဲ့ အသံက အေးစက်နေသလို မျက်ဝန်းထဲမှာလဲ တောက်ပအေးစက်တဲ့ အလင်းတန်း တစ်ချို့ ပေါ်လာခဲ့တယ်။

“ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ။” ဝတ်ရုံနက်ရဲ့ အမူအယာ ချက်ခြင်း ပြောင်းလဲ သွားတယ်။ သူချက်ခြင်း ဒူးထောက်လိုက်တယ်။ သူ့ ခန္ဒာကိုယ် တစ်ခုလုံး ချွေးတွေ ပြည့်နှက် နေခဲ့ပြီ။ ခေါင်းတောင် မမော့ဝံ့တော့ဘူး။

ဒါက မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ တခြားသူတွေ အတွက်တော့ လန့်စရာ မြင်ကွင်း တစ်ခုပဲ။ နတ်ဆိုးမျိုးနွယ် ဆယ်ခုရဲ့ မျိုးနွယ် ခေါင်းဆောင်တွေက အရမ်းကို လေးစား ခံရတဲ့ သူတွေ။ ဒါပေမယ့် ယွင်ချင်းဝူနဲ့ ရင်ဆိုင် ရချိန်မှာတော့ သူတို့တွေ လုံးဝကို ကွာခြား သွားကြတယ်။

ဧကရီ ပိုင်ကျစ်ရဲ့ စကားတွေကို သူတို့တွေ မယုံခဲ့ ကြပေမယ့် အခု မြင်ကွင်းကတော့ သူတို့ အမြင်ကို ပြောင်းလဲ သွားစေတယ်။

ယွင်ချင်းဝူ။ သူမက မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် နှစ်ခုလုံးရဲ့ တကယ့် မျိုးနွယ် ခေါင်းဆောင် အစစ်ပဲ။ ဒါ့အပြင် သူမရဲ့ တစ်ချက်လွှတ် အမိန့်နဲ့ အာဏာက ဧကရီ ပိုင်ကျစ်ထက်တောင် သာလွန် နေသေးတယ်။ အခုချိန်မှာတော့ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်လုံး တိတ်ဆိတ် သွားခဲ့ပြီ။ ယွင်ချင်းဝူကတော့ ဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။

အခုချိန်မှာ သူမရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ တစ်ခုတည်းသော အရာက သူမရှေ့က ခန္ဒာကိုယ် ဖြစ်နေတာကြောင့်ပဲ ဖြစ်လိမ့်မယ်။ မီးသွေးတုံးလို လောင်ကျွမ်းထားပြီးတော့ ဘယ်သူမှန်း မသိနိုင်အောင် ရုပ်ပျက်နေတဲ့ ဒီခန္ဒာကိုယ်ကိုပဲ ယွင်ချင်းဝူက စိုက်ကြည့်နေဆဲ။

“ငါတို့တွေ ဟွေ့အန်း ဒေသမှာ ပထမဆုံး စတွေ့ခဲ့တဲ့ အချိန်တုန်းက နင့်အသက် ၁၅နှစ်ပဲ ရှိသေးတယ်။” ယွင်ချင်းဝူက တင်ပျင်ခွေ ထိုင်ချလိုက်တယ်။ သူမရဲ့ ဒူးတွေပေါ်မှာ ခရမ်းရောင် ရှေးဟောင်း ကုချင်း ပေါ်လာခဲ့တယ်။ ရေစီးသံလို ငြင်သာတဲ့ အသံနဲ့ ခပ်တိုးတိုး စကားပြောရင်း စတင် တီးခတ်တော့တယ်။ သွေးစွန်းနေတဲ့ စစ်မြေပြင် တစ်ခုလုံးကို ဒီတေးသံက အားသစ်လောင်းပေး လိုက်သလိုပဲ။

ကောင်းကင် တစ်ခွင် လုံးကတော့ မှောင်မည်းနေဆဲ။ ကောင်းကင်မှာ ကြယ်တာရာတွေက တလက်လက် တောက်ပနေတယ်။ ကြယ်အလင်းတန်းတွေကြောင့် သူမရဲ့ နှင်းဖြူရောင် ဝတ်ရုံတောင် ငွေရောင်ဖြာနေခဲ့ပြီ။

“ဒုတိယ အကြိမ် ငါတို့ တွေ့ဆုံခဲ့တာက ယုံကြည်မှု မြစ်ကမ်းဘေးမှာ။ နင့်အတွက် ကံကောင်းခြင်းတွေ အစပြုတဲ့ နေ့ပေါ့။ အဲ့ဒီ့ နေ့တုန်းက နင်အရမ်း ပျော်နေတယ် ဆိုတာ ငါသေချာပေါက် ပြောနိုင်တယ်။”

သူမ တီးခတ်နေတဲ့ တေးသွားက (ကွမ်းလင် တေးသွား) သမိုင်းထဲမှာတောင် ပျောက်ကွယ်လု ဖြစ်နေတဲ့ ရှေးဟောင်း တေးသီချင်း တစ်ပုဒ်။ ဒါပေမယ့် ယွင်ချင်းဝူကတော့ အေးအေးဆေးဆေး တီးခတ်နိုင်ဆဲ။

“တတိယ အကြိမ်က ရန်မြို့တော် အပြင်မှာ။ ငါတို့တွေ တွေ့နိုင်ခဲ့ ပေမယ့် မတွေ့ခဲ့ကြဘူး။”

“စတုတ္ထ အကြိမ်ကတော့ တောင်ပိုင်း ဒေသ။ ငါ့ရဲ့ ဇစ်မြစ်ကို နင်သိသွားခဲ့ပြီ။ အဝေးကနေပဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ပေမယ့် နင်က ငါ့ကို အတင်းအကြပ် ခေါ်ဆောင် သွားခဲ့တယ်။ ဒါက ငါ့ရဲ့ ပထမဆုံး ကျရှုံးမှုပဲ။”

“…”

“ငါတို့ နောက်ဆုံး အကြိမ် တွေ့ခဲ့တုန်းက အတူတူ အချိန်ဖြုန်းခဲ့ ကြသေးတယ်။ အဲ့ဒီ့ အချိန်ကို ကြာကြာ ဆွဲထားနိုင်မယ်လို့ ငါတွေးခဲ့ပေမယ့်၊ နင်ကတော့ အလျင်လိုနေ ခဲ့တယ်။”

“နင်မသွားခင်မှာ ဘာဖြစ်လို့ အဲ့ဒီ့ ပစ္စည်းတွေ ပေးခဲ့လဲလို့ နင်မေးခဲ့တယ်။ ငါမဖြေခဲ့ဘူး။ အခုချိန်မှာတော့ အကြောင်းရင်းကို ငါပြောနိုင်ပြီ။ ငါ့ရဲ့ အခြေခံ အကြောင်းကို နင်နားလည် မှာတော့ မဟုတ်ဘူး။ ကိစ္စတွေက တစ်ခါတစ်လေမှာ ဒီအတိုင်းပါပဲ။”

“အကယ်၍ နင်သာ တစ်ရက်မှာ ဧကရာဇ် ဖြစ်လာခဲ့ရင်၊ ဧကရာဇ် တစ်ပါးက ဘယ်သူ့ကို မဆို ဘယ်အရာ မဆို ဆန္ဒရှိရင် ပေးနိုင်တာကို နင်နားလည် လာလိမ့်မယ်။ ပစ္စည်း တစ်ခုရဲ့ ပိုင်ရှင် အဖြစ် ဆုံးဖြတ်ချက်ကိုလဲ ဧကရာဇ်ကို ဆန့်ကျင်ပြီး ဘယ်သူ လုပ်ဝံ့မှာလဲ။ ဒီတော့ တစ်လောကလုံးကို နင်ပိုင်ဆိုင်ထားရင်၊ တကယ့် ပိုင်ရှင် အစစ်က ဘယ်သူဆိုတာ ကိစ္စ မရှိတော့ဘူး။”

ယွင်ချင်းဝူ ပြောနေတဲ့ အချိန် စကားသံထဲကနေ အရှိန်အဝါ တစ်ချို့ ထွက်ပေါ်လာတယ်။ ဒီအရှိန်အဝါတွေက နဂါး တစ်ကောင်လို ပုံစံနဲ့ တိမ်ထုထဲကို ဝင်ရောက် ပျောက်ကွယ် သွားခဲ့တယ်။ ကုချင်း တေးသွားက လေထဲမှာ ပဲ့တင် ထပ်နေပြီး နားဝင် ပီယံ ရှိလွန်းတယ်။

တေးသွားက သာယာလွန်းပေမယ့် အခုချိန်မှာ ဘယ်သူမှ နားထောင်ဖို့ အာရုံ ရှိမနေခဲ့ဘူး။ တေးသွား မဆုံးခင် အချိန်မှာပဲ တပည့်သား တဝက်ကျော်က ထွက်ပြေး သွားခဲ့ပြီ။

ဒါက သြဇာရှိန်ဝါပဲ။ ယွင်ချင်းဝူ တမင်တကာ ထုတ်လွှတ်နေတာ မဟုတ်ခဲ့ဘူး။ သူမက သွေးချောင်းစီး တိုက်ပွဲကြီးရဲ့ အပေါ်စီးမှာ ထိုင်ရင်း ပုံမှန် အတိုင်း တီးခတ် နေခဲ့ပုံက အရာအားလုံးရဲ့ အထက်မှာ သူမရှိနေတယ် ဆိုတာကို ပြသနေတာပဲ။ ဒီအချိန် ကောင်းကင်မှာ ကြယ်တပွင့်ပဲ ရှိတယ်။ ဒီကြယ်က လင်းလက် တောက်ပလွန်းလို့ မိစ္ဆာ အသွင် ပြောင်းလဲထားတဲ့ ဧကရီ ပိုင်ကျစ်တောင် မယှဉ်သာတော့ဘူး။

တေးသွားက အဆုံးသတ် သွားပေမယ့် တိုက်ပွဲကတော့ အဆုံး မသတ်ခဲ့ဘူး။ ယွင်ချင်းဝူက လက်တွေကို ကြိုးပေါ်မှာ တင်ထားရင်း၊ အောက်ဘက်က သုခမိန်တွေနဲ့ တပည့်သားတွေကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ကြည့်နေခဲ့တယ်။ ဒါပေမယ့် ယွင်ချင်းဝူရဲ့ အရှိန်အဝါက ပြင်းထန်လွန်းလို့၊ ဘယ်လူသားကမှ သူမနဲ့ မျက်လုံးချင်း မဆုံဝံ့ဘူး။

“စလိုက်ရအောင်။” ယွင်ချင်းဝူ ခပ်တိုးတိုး ပြောတယ်။ ခရမ်းရောင် ရှေးဟောင်း ကုချင်းလည်း ချက်ခြင်း ပျောက်ကွယ် သွားတယ်။

“နားလည်ပါပြီ။” ယွင်ချင်းဝူ နောက်က ဝတ်ရုံနက်တွေ တညီတညွတ်တည်း ပြန်ဖြေကြတယ်။ သူတို့တွေ လူခွဲ လိုက်ကြပြီး သူမကို ဝန်းရံတော့တယ်။

ဧကရီ ပိုင်ကျစ်ကတော့ အခုချိန်မှာ လူသား ပုံစံကို ပြန်ပြောင်းလိုက်ပြီ။ သတိလစ်နေတဲ့ နန်ကုန်းဟောင်ကို လက်တစ်ဖက်နဲ့ ဆွဲလိုက်တယ်။ ယွင်ချင်းဝူဆီကို လျှောက်လာတယ်။ သူမရဲ့ နှင်းဖြူရောင် သားမွှေး ဝတ်ရုံက ညကောင်းကင်မှာ တောက်ပမှု အပြည့်နဲ့ လင်းလက်ရင်း မိစ္ဆာ အငွေ့အသက်တွေ ဖြာထွက်နေခဲ့တယ်။

“ပိုင်ကျစ် မင်းအောင်မြင်မှာ မဟုတ်ဘူး။” ယန်ယင်းက သူမဆီကို ချက်ခြင်း ပျံတက်လာတယ်။

“အနား ဆယ်ဖက် မီးတောက် နတ်ဆိုး ဗျူဟာ။” ဝတ်ရုံနက် ဆယ်ယောက် အော်ဟစ်ရင်း ဧကရီ ပိုင်ကျစ်နဲ့ ယွင်ချင်းဝူကို ဝန်းရံ လိုက်တော့တယ်။ အဲ့ဒီ့နောက် မီးတောက် အနက်တွေ ထွက်ပေါ်လာတော့တယ်။ ဒီမီးတောက်တွေက မျိုးနွယ်စု ခေါင်းဆောင် ဆယ်ယောက် စလုံးကို လုံး၀ ဖုံးလွှမ်းသွားတယ်။ သူတို့တွေက အတားအဆီး တစ်ခုအဖြစ် ဆောင်ရွက်ရင်း ပိုင်ကျစ်နဲ့ ယွင်ချင်းဝူကို အလယ်မှာ ထားပြီး ကာကွယ် ထားခဲ့တယ်။

ဝုန်း။ ယန်ယင်းရဲ့ လက်သီးက အနက်ရောင် မီးတောက်တွေနဲ့ ထိတွေ့ချိန်မှာ လှိုင်းတွေ ဖြစ်ပေါ်လာပြီးတော့ နေရာ အနှံ့ကို ပျံ့နှံ့ သွားတော့တယ်။ မီးကတော့ ငြိမ်းမသွားခဲ့ဘူး။ အက်ကွဲသွား ရာကနေ ပိုပြီး အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းတော့တယ်။ လောင်စာ ထည့်ပေးလိုက်တဲ့ အတိုင်းပဲ။

“လေထု အကူအညီနဲ့ လောင်ကျွမ်းနေတာလား။ ဒီဗျူဟာကို အတွင်းထဲကပဲ ဖြိုခွင်းလို့ ရမှာကို ငါကြောက်မိတယ်။” မုချင်းဖန်း မျက်မှောင်ကြုတ်ရင်း ပြောတယ်။ သူ အတော့်ကို စိတ်ပူပန် နေပုံပဲ။

“ငါတို့တွေ ဖျက်စီး မရဘူးလို့ ဆိုလိုတာလား။” မော့ရှန်းရှီ ဒေါသတကြီးနဲ့ ပြောါတယ်။ ဒါပေမယ့် သူဘယ်လောက်ပဲ စိတ်ဆိုး နေပါစေ၊ သူ့ဒဏ်ရာတွေကြောင့် လှုပ်ရှားဖို့ မလွယ်ကူ ခဲ့ဘူး။

“ဘာပဲ ဖြစ်ဖြစ် ငါတို့ ကြိုးစားကြည့်ရမယ်။” မုချင်းဖန်း အံကြိတ်ရင်း ပြန်ဖြေတယ်။

“ဒီလို ဖြစ်မှတော့ ဘာကြောင့်များ အချိန်တွေ ဖြုန်းနေ အုန်းမှာလဲ။” ချင်းယွိက ပြောရင်းနဲ့ လှုပ်ရှားတော့တယ်။ သူမရဲ့ ငွေရောင် ဓားနှစ်လက်က ကောင်းကင်ကနေ သိမ်းငှက်တွေလို ဆင်းသက်လာတော့တယ်။

ဝုန်း။ မီးတောက်တွေက နောက်ထပ် အင်အား ပြင်းပြင်းနဲ့ ထိတွေ့ချိန်မှာ ပိုပြီး အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းတော့တယ်။ ပြင်းထန်တဲ့ မီးတောက်တွေက ကောင်းကင်ကြီး တစ်ခုလုံးကိုတောင် ပြာချပြစ်တော့မယ့် အတိုင်း လောင်ကျွမ်းနေခဲ့တယ်။

“မဖြစ်ဘူး။ ဒီမီးတွေက လေနဲ့ ရောနေတေယ်။ အကယ်၍ ငါတို့သာ အတင်း ထိုးဖောက်ဖို့ လုပ်ရင်၊ လေကြောင်းက မီးကို အရှိန် ပိုကောင်းအောင် အားပေးလိမ့်မယ်။” ယန်ယင်းက မည်းမှောင်နေတဲ့ မျက်နှာနဲ့ ပြောတယ်။

“ဒီတော့ ငါတို့တွေ ဘာမှ မလုပ်နိုင်ဘူးလို့ ပြောနေတာလား။” မော့ရှန်းရှီ ဒါကို လက်မခံ နိုင်ခဲ့ဘူး။ ဒါပေမယ့် ယန်ယင်းနဲ့ မုချင်းဖန်း ပြောခဲ့ သလိုပဲ။ နနတ်ဆိုး မျိုးနွယ် ခေါင်းဆောင် ဆယ်ယောက်က အနား ဆယ်ဖက် နတ်ဆိုး မီးတောက်တွေကို သုံးလိုက်ပြီ။ ဘယ်လိုလုပ် အလွယ်တကူ ဖြိုခွဲလို့ ရနိုင်မှာလဲ။

ဒေါသနဲ့ တုန်ယင်မှုတွေထဲမှာ စိတ်ပျက် အားလျော့မှု အငွေ့အသက် နည်းနည်း ပါဝင်နေခဲ့တယ်။ လူသားတွေကတော့ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီးချိန်မှာ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် နှစ်ခုလုံးကို ဆက်ပြီးတော့ တောင့်ခံဖို့ ခက်ခဲ နေခဲ့ပြီ။

“နတ်ဖမ်းစားမှု - ဝိဉာဉ်စုပ် မန္တန်။” မီးတောက်ထဲကနေ ကြည်လင် ပြတ်သားတဲ့ အသံ တစ်သံ ထွက်ပေါ် လာပြီးနောက် မိုးမြေ တစ်ခုလုံး ပြောင်းပြန်လည်သွားတာကို ခံစားလိုက်ရတယ်။

ဝူး။

စက်ဝိုင်းတွေ တစ်ခုပြီး တစ်ခု ပေါ်လာပြီး အနားဆယ်ဖက် နတ်ဆိုး မီးတောက် ဗျူဟာက လှိုင်းထန်နေတဲ့ ရေကန်ကြီးလို လှုပ်ရှားတော့တယ်။ ဒီလှိုင်းတွေက အပြင်ဘက်ကို ဖြာထွက် မလာခဲ့ဘူး။ ဗျူဟာ ထဲမှာသာ လှည့်ပတ် နေခဲ့တယ်။

“ဟောင်အယ်။” နန်ကုန်းထျန်းလဲ ထွက်မသွားဘူး။ ဒါပေမယ့် သူက ဒါဇင်ချီတဲ့ မိစ္ဆာ ဘုရင်တွေကို ကောင်းကင်မှာ တစ်ယောက်တည်း ဘယ်လို ရင်ဆိုင် နိုင်မှာလဲ။ ဒါကိုလည်း သူလက်မခံနိုင်ဘူး။ နှစ်ထောင်ချီ ကြိုးစားလာခဲ့ရတဲ့ ကိစ္စကြီးက အခုချိန်မှာ အောင်မြင်ခါနီး ဖြစ်နေပင်မယ့်၊ ပျက်စီး ရပြန်ပြီ။ ဒီတခေါက်မှာတော့ အရမ်းကို စိတ်ပျက် အားလျော့ နေခဲ့တယ်။

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပေမယ့်၊ တိုက်ခိုက်စရာ ပြစ်မှတ် မရှိခဲ့ဘူး။ ဒါဇင်ချီတဲ့ မိစ္ဆာ ဘုရင်တွေ့ သူ့လမ်းမှာ ပိတ်ဆို့ ထားခဲ့တယ်။ ဒီမိစ္ဆာ ဘုရင်တွေကို ဖြတ်သန်း နိုင်ရင်တောင် မုချင်းဖန်းနဲ့ တခြားသူတွေ လက်လျှော့ ထားရတဲ့ မီးတောက်ကို ဖျက်စီးနိုင်မှာ မဟုတ်ဘူး။ ဒီရလဒ်ကို လက်မခံ နိုင်တာကြောင့် သူ့စိတ်ထဲ မခံ မရပ်နိုင် ဖြစ်နေခဲ့တယ်။

အခုချိန်မှာ နန်ကုန်းထျန်းကို ဘယ်သူမှ အာရုံ မစိုက်နိုင်ခဲ့ဘူး။ ထွက်ပြေးချင်တဲ့ လူတိုင်းက ထွက်ပြေး ကုန်ကြပြီ။ တောင့်ခံ နေကြတဲ့ လူအများစုကလည်း အခုချိန်မှာ အသက်ရှင်ဖို့ ခက်ခဲနေပြီ။ သူတို့တွေ တိုက်ပွဲ အလှည့်အပြောင်းကို ဖြစ်အောင် လုပ်နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး။

“ဒုတိယ ခန်းမခေါင်းဆောင် ကျွန်တော်တို့ အခုချိန် မဆုတ်ခွာရင်၊ ဆုတ်ခွာနိုင် တော့မှာ မဟုတ်ဘူး။”

“ဟုတ်တယ်။” တောက်ရှင်း ခေါင်းငြိမ့်ရင်း မီးတောက်တွေ အလယ်က ဝတ်ရုံဖြူလေးကို ကြည့်တယ်။ သူမရဲ့ နှုတ်ခမ်းတွေ လှုပ်ရှား နေပင်မယ့်၊ စကားသံ ထွက်မလာခဲ့ဘူး။

တောက်ရှင်းတဲ့ နှုတ်ခမ်းတွေ လှုပ်ရှားနေတဲ့ အချိန်မှာပဲ လေထဲမှာ တိုက်ခိုက်နေတဲ့ တောက်ဟွမ် ရုတ်တရက် ရပ်တန့်သွားရင်း တောက်ရှင်းကို လှမ်းကြည့်တယ်။ အဲ့ဒီ့နောက် သူလှုပ်ရှားတော့တယ်။ မိစ္ဆာ ဘုရင်တွေကို အရမ်း မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ဖြတ်ကျော် သွားပြီး နတ်သစ်ပင်ထိပ်ကို ရောက်သွားတော့တယ်။ ကြယ်ပျံတစ်လုံး ကောင်းကင်မှာ ဖြတ်သန်း သွားသလိုပဲ။ ဖြစ်သွားတာ အရမ်းကို မြန်ဆန်လွန်းတယ်။

ပိုပြီး အံ့သြစရာ ကောင်းတာကတော့ တောက်ဟွမ်က ရုတ်တရက် လှည့်ချလိုက်ပြီး သစ်ပင်ထိပ်ကို ရောက်ချိန်မှာ ရုတ်တရက် ပြောလိုက်တဲ့ စကားပဲ။

“ခန်းမ ခေါင်းဆောင်မု၊ တောင်ကြား ခေါင်းဆောင်မော့၊ မျှော်စင် ခေါင်းဆောင်ချင်း။ အသက်ရှိနေသေး သရွေ့ မျှော်လင့်ချက်လည်း ရှိတယ်။ ကျွန်တော်တိုကတွေ ဒီနေ့ အနိုင်ယူခံ လိုက်ရတာ အလစ်ဝင်တိုက် ခံရလို့ပဲ။ အခွင့်သာတဲ့ နေ့မှ လက်စား ပြန်ချေလို့ ရပါတယ်။” တောက်ဟွမ်ရဲ့ လက်ထဲမှာ လူတစ်ယောက် ပါလာခဲ့တယ်။ အဲ့တာကတော့ သတိလစ်နေတဲ့ ရန်ရွှယ်။

“တောက်ဟွမ် မင်း။” မော့ရှန်းရှီက တောက်ဟွမ်ရဲ့ စကားကို ကြားချိန်မှာ မျက်လုံးပြူး သွားခဲ့တယ်။ တစ်ခုခု ပြောချင်နေသလို သူ့နှုတ်ခမ်းတွေ တလှုပ်လှုပ် ဖြစ်နေခဲ့တယ်။

“အဖိုးကြီးမော့။” မုချင်းဖန်းက မျက်မှောင်ကြုတ်ရင်း အံကြိတ် နေခဲ့တယ်။ နောက်ဆုံးမှာတော့ သက်ပြင်း ချရင်း သူပြောတယ်။ “ဒီနေရာမှာ မဖြစ်မနေ သေရဖို့ မလိုအပ်ပါဘူး။ ခန်းမ ခေါင်းဆောင်တောက် ပြောတာ မမှားဘူး။”

“ငါတို့တွေ တကယ်ပဲ သွားဖို့ လိုတာလား။” မော့ရှန်းရှီ မချိတင်ကဲ ပြောတယ်။

“ဟ ဟား ဟား။ နင်တို့တွေ သွားချင်နေ သေးတယ်ပေါ့။ လုပ်နိုင်ရင် လုပ်လိုက်လေ။” ဧကရီ ပိုင်ကျစ်ရဲ့ ရယ်သံကို ဒီအချိန်မှာ ကြားလိုက်ရတယ်။ သူမရဲ့ ဆွဲဆောင်မှု ရှိတဲ့ အသံက ပုံမှန် အေးစက်စက် ပုံစံနဲ့ မတူညီဘူး။ သူမ အတော်လေး ပျော်နေတယ် ဆိုတာကို သိနိုင်တယ်။

တကယ်တော့ သူသာ သူမ နေရာမှာ ဖြစ်ခဲ့ရင်လဲ သေချာပေါက် ပျော်နေမိမှာပဲ။ လာမယ့် ကိစ္စကြီးကို ဘယ်သူကမှ မတားဆီး နိုင်တော့ဘူးလေ။ ဒါပေမယ့် လောကမှာ တကယ်ပဲ ဘယ်သူမှ မရှိတော့ဘူးလား။

မုချင်းဖန်းကတော့ အိုမင်းနေပြီ။ မော့ရှန်းရှိကတော့ အရမ်းကို အတွေ့အကြုံ ကြွယ်ဝတယ်။ ချင်းယွိကတော့ ပင်းယန်ကို အရမ်း ချစ်မြတ်နိုးတယ်။ ဒါပေမယ့် လောကမှာ တားနိုင်မယ့်သူ မရှိတော့တာ မဟုတ်ခဲ့ဘူး။

ဧကရီ ပိုင်ကျစ်ကိုလဲ ဥပမာကြည့်။ သူမက အခုချိန်မှာပဲ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေခဲ့ပေမယ့် ဒီရယ်မောမှုက အချိန် ကြာကြာ မခံခဲ့ဘူး။

ဝုန်း။

မီးတောက် ဗျူဟာထဲကနေ လွင့်ထွက် သွားပြီး ကောင်းကင်ကို ဂေါ်ဖီထုပ် တစ်လုံးလို ပျံတက် သွားတော့တယ်။

အပိုင်း (၈၇၇) ပြီး၏။

အပိုင်း (၈၇၈)

“ငါ့ အကျီတွေကို ဘယ်သူ ဖြဲသွားတာလဲ။”

ဒီအဖြစ် အပျက်က ရုတ်တရက် ဆန်လွန်းသလို အတော့်ကို ထူးဆန်းနေခဲ့တယ်။ နောက်ဆုံးတော့လည်း မုချင်းဖန်း မော့ရှန်းရှီနဲ့ တခြားသူတွေက အနားဆယ်ဖက် နတ်ဆိုး မီးတောက်ထဲကို မဝင်ကြဘူးလေ။

ဘယ်သူကများ မိစ္ဆာ ဧကရီ ပိုင်ကျစ်ကို နောက်ကျော ဓားနဲ့ ထိုးလိုက်လို့လဲ။ ဘယ်သူမှ မတွေးတတ်ဘူး။ ကြည့်ရတာ သူမရဲ့ တင်ပါးကို အကန်ခံလိုက်ရတဲ့ ပုံစံပဲ။ အကြောင်းအရင်းကတော့ သူမရဲ့ တင်ပါးမှာ ခြေဖဝါး အရာကြီး တစ်ခု ထင်ထင်ရှားရှား ပေါ်နေတာကို လေထဲလွင့်လာတဲ့ အချိန်မှာ မြင်လိုက် ရလို့ပဲ။

“ခြေရာကြီး။”

“မည်းနက်နေလိုက်တာ။ မီးကျွမ်းနေတဲ့ ပြာမှုန်တွေလား။”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်ကတော့ တစ်ချိန်တည်းမှာ နှလုံးတုန် သွားခဲ့ကြတယ်။ သူတို့တွေ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ ထိတ်လန့်မှုတွေက မျက်ဝန်းထဲမှာ အထင်းသား။

တကိုယ်လုံး မည်းတူးနေအောင် လောင်ကျွမ်းထားပြီး ဧကရီ ပိုင်ကျစ်ကို အခုချိန်မှာ ကန်ထုတ်နိုင်တာ လူတစ်ယောက်ပဲ ရှိတယ်။

ဝုန်း။ ရွှေရောင် အလင်းတန်းကြီးက အနားဆယ်ဖက် နတ်ဆိုး ဗျူဟာ အပြင်ကို ထိုးထွက် လာခဲ့တယ်။ အရှိန်အဝါတွေကတော့ ကြောက်စရာ ကောင်းလောက်အောင် သိပ်သည်းလွန်းတယ်။ အလင်းတန်းတွေက အမှောင်ထုကို ခွင်းသွားပြီး ကောင်းကင်က ကြယ်တာရာ တွေကို ပျောက်ဆုံး သွားစေတယ်။ ရွှေရောင် အလင်းတန်းက မှောင်မည်းနေတဲ့ ကောင်းကင်ကြီးကို ဆွဲဖြဲ လိုက်ပြီ။

နေရောင်ခြည်နဲ့ နွေးထွေးမှုက ပြန်လည် ရောက်ရှိ လာတော့တယ်။ ညကနေ နေ့ဖြစ်သွားပြီ။ ပိုင်ကျစ် တစ်ယောက်ပဲ ဒါကို လုပ်နိုင် ခဲ့တာလေ။ ရွှေရောင် အလင်းတန်း ပျောက်ကွယ် သွားချိန်မှာ နေ့အချိန်ကို ပြန်ရောက် သွားတော့တယ်။

“ဖန်ကျန်းရှီ။”

“သူ အသက်ရှင် နေတုန်းပဲ။ ဖန်ကျန်းရှီ မသေဘူး။”

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။”

မုချင်းဖန်း၊ မော့ရှန်းရှီ၊ ချင်းယွိ၊ ယန်ယင်း အားလုံး မျက်လုံး အပြူးသားနဲ့ အံ့သြ နေခဲ့ကြတယ်။ သူတို့တွေ ရွှေရောင် အလင်းတန်းထဲမှာ ပိန်ပိန်ပါးပါး လူတစ်ယောက် ရှိနေတာကို မြင်လိုက် ကြလို့ပဲ။ အဲ့ဒီ့ လူက ရွှေရောင် အလင်းတန်းထဲမှာ ရပ်နေတယ်။

သူ့ခန္ဒာကိုယ်ကို ဖုံးလွှမ်းထားတဲ့ မီးခိုးပြာမှုန်တွေက လွင့်စင် သွားခဲ့ပြီ။ ကျောက်စိမ်းလို တောက်ပနေတဲ့ အသားအရေနဲ့ ကျစ်လစ်တဲ့ ကြွက်သားတွေကို မြင်နေရတယ်။ ခန္ဒာကိုယ် တစ်ခုလုံးက ကြည်လင် ချောမွေ့ နေပြီးတော့ အသားအရေကတော့ တလက်လက် တောက်ပနေတယ်။

“သူ အသက်ရှင် နေတုန်းပဲ။”

“သူတကယ်ပဲ မသေဘူး။”

သုခမိန်နဲ့ တပည့်သားတွေ အားလုံး ရွှေရောင် အလင်းတန်းတွေ ဝေဖြာနေတဲ့ ဖန်ကျန်းရှီကို မြင်ချိန်မှာ အထိတ်တလန့် ပြောမိကြတယ်။ သူက နတ်သစ်သီးကို မျိုချလိုက်တာလေ။ ဒါတောင် အသက်ရှင် နေသေးတယ်။

“ဒီကောင်က မိစ္ဆာလား။”

သူတို့တွေ ခေါင်းခြောက်အောင် စဉ်းစားပေမယ့် အဖြေထွက် မလာခဲ့ဘူး။ ဒါမျိုး ကိစ္စ အရင်တုန်းက မဖြစ်ခဲ့ ဖူးဘူးလေ။ တကယ်တော့ ဖန်ကျန်းရှီကို မြင်ချိန်မှာ တခြားသူတွေ မပြောနဲ့ ယွင်ချင်းဝူတောင် စိတ်မတည်ငြိမ် နိုင်တော့ဘူး။ အမှန်ပဲ။ ယွင်ချင်းဝူတောင် မယုံနိုင်ခဲ့ဘူး။

“မသေ။ ဖန်ကျန်းရှီ။ နင်မသေဘူး။” ယွင်ချင်းဝူက အခုချိန်မှာ အတော့်ကို အံ့အားသင့် နေပုံပဲ။ အမြဲ တည်ငြိမ် နေခဲ့တဲ့ သူမတောင် အခုလို တည်ငြိမ် နေနိုင်တော့ဘူး။ ဒါပေမယ့် အကြောင်းရင်း တချို့ကြောင့် သူမကြောက်လန့် မနေခဲ့ဘူး။ နည်းနည်း စိတ်လှုပ်ရှား နေပုံပဲ။

အမျိုးသမီး တစ်ယောက် အနေနဲ့ ယွင်ချင်းဝူက ဖန်ကျန်းရှီကို အခုချိန်မှာ စိုက်ကြည့် မနေသင့်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီက အခုချိန်မှာ ဘာမှ မဝတ်ထားဘူးလေ။ ဒါပေမယ့် ယွင်ချင်းဝူကတော့ အကြည့် မလွှဲခဲ့ဘူး။

ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက သူမရဲ့ စိတ်ကို လုံး၀ ဖမ်းစား ထားခဲ့ပြီ။ သူ့ရဲ့ မျက်ဝန်းတွေက သိပ်ပြီး တောက်ပ မနေပင်မယ့်၊ သူမ အတွက်တော့ ကျယ်ပြန့် နက်ရှိုင်းလွန်းတဲ့ သမုဒ္ဒရာကြီး တစ်ခုလိုပဲ။ တည်ငြိမ် သယောင် ထင်ရပေမယ့်၊ ဒေါသလှိုင်းတွေကို အချိန် မရွေး ထုတ်လွှတ် ပြစ်တော့မယ့် ပုံစံပဲ။

“တေးသွားက သိပ်တော့ မဆိုးပါဘူး။” ယွင်ချင်းဝူကို ပြုံးပြရင်း ဖန်ကျန်းရှီ ပြောတယ်။

“အမ်။ ဘာ တေးသွား။ အာ။ ငါတီးခတ်လိုက်တဲ့ တစ်ခု။” ယွင်ချင်းဝူ အလန့် တကြား ပြန်ဖြေ မိပေမယ့်၊ သူမ ပြန်မပြောသင့်မှန်း နားလည် သွားချိန်မှာ ချက်ခြင်း ပါးစပ်ပိတ် လိုက်တော့တယ်။ သူမရဲ့ မျက်နှာက ထိတ်လန့်မှု ပျောက်ကွယ် သွားခဲ့ပြီ။ စိတ်ကို ခပ်မြန်မြန်ပဲ ထိန်းလိုက်တော့တယ်။

“အဲ့တာကို အမြဲ တီးနေကြလား။ အဆုံးသတ် နေ့မှာ ငါတို့ နှစ်ယောက်က တစ်ဖက်တည်း ရှိမနေ နိုင်ဘူးလို့ မင်းပြောခဲ့တာ နှမြော စရာပဲ။” ဖန်ကျန်းရှီရဲ့ အပြုံးက ပိုပိုပြီးတော့ တောက်ပ လာခဲ့တယ်။ သူ့ရဲ့ လက်ထဲမှာ မိစ္ဆာ ဆန်ဆန် ခရမ်းရောင် အလင်းတန်းလဲ ထွက်ပေါ် လာတော့တယ်။

ဒါကတော့ ခြေရာမဲ့ဓား။

ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ပေါ်လာချိန်မှာပဲ သူ့ရဲ့ မျက်ဝန်းထဲက တည်ငြိမ်မှု ပျောက်ဆုံး သွားပြီး ဆူနာမီ ရေလှိုင်းတွေလို အငွေ့အသက်တွေ ထွက်ပေါ် လာတော့တယ်။

ဝူး။

ဝူး။

“…”

ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကနေ ကြောက်စရာလှိုင်းတွေ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လှိုင်းတွေလို ရိုက်ခတ်တော့တယ်။ ယွင်ချင်းဝူရဲ့ ဝတ်ရုံဖြူကို ဝဲလွင့် စေပြီးတော့ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် ဆယ်ယောက်ရဲ့ ဝတ်ရုံနက်တွေကိုလဲ လွင့်ထွက် သွားစေတယ်။ ငွေဖြူရောင် ဆံပင်တွေနဲ့ အဖိုးကြီး ဆယ်ယောက် ခေါင်းစွပ်တွေ အောက်မှာ ထွက်ပေါ် လာတော့တယ်။

အကြီး အကဲ တစ်ယောက်ချင်းစီတိုင်းရဲ့ နဖူးမှာ နတ်ဆိုး မျက်လုံး တစ်လုံးစီ ရှိကြတယ်။ ဒါပေမယ့် အရောင် မျိုးစုံ တောက်နေရမယ့် အစား ရွှေရောင် ဖြစ်နေခဲ့တယ်။

ဒီရွှေရောင် နတ်ဆိုး မျက်ဝန်းတွေက လေထု တစ်ခုလုံးကိုတောင် အေးစက် သွားစေခဲ့တယ်။ အကြီးအကဲတွေ အားလုံးက သုခမိန်တွေပဲ။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဂရုစိုက်ပုံ မပေါ်ခဲ့ဘူး။ ယွင်ချင်းဝူကိုသာ ဆက်တိုက် စိုက်ကြည့် နေခဲ့တယ်။ သူ့ရဲ့ အပြုံးက ပိုပြီး တောက်ပ အေးစက် လာခဲ့တယ်။ သူခြေတစ်လှမ်း ဆက်တိုးတယ်။

ကောင်းကင်က ရွှေရောင် အလင်းတန်းကြီး ပြန်ကျဆင်းလာပြီး ဖန်ကျန်းရှီဆီကို ဝင်ရောက်တယ်။ အသိုက်ဆီ ပြန်လာတဲ့ ငှက်တစ်ကောင်လိုပဲ။ လန့်စရာ လှိုင်းတွေသာ ကျန်ရစ်ခဲ့တယ်။

“အခွင့်အရေး ရှိသေးတယ်။ ငါတို့မှာ အခွင့်အရေး ရှိသေးတယ်။”

“ဟုတ်တယ်။ အဲ့ဒီ့ ကောင်စုတ် အသက်ရှင် နေသေးတယ်။ ငါတို့ လူသားတွေ အနိုင်ယူ မခံရသေးဘူး။”

“ဖန်ကျန်းရှီ။ လူသား မျိုးနွယ်တွေရဲ့ ဒီတစ်ခေါက် တိုက်ပွဲ ကံတရားက ဒီကောင်လေးကို မူတည် နေမယ်လို့ မထင်ထားခဲ့ မိဘူး။ တကယ့်ကိုပဲ။”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် သူတို့ မြင်နေ ရတာကို မယုံနိုင်ခဲ့ဘူး။ သူတို့တွေ မျှော်လင့်ချက် ရောင်ခြည်ကို မြင်ရပြီ။ သူတို့တွေက အပြင်လူတွေ ဖြစ်နေခဲ့တဲ့ အတွက် အနားဆယ်ဖက် နတ်ဆိုး မီးတောက် ဗျူဟာကို မဖျက်စီး နိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ အထဲမှာ ရှိနေသူ။

ဖန်ကျန်းရှီသာ အကြီးအကဲ တစ်ယောက်ယောက်ကို သတ်နိုင်ရင်၊ သူတို့ ငါးယောက်ရဲ့ ပေါင်းစည်း အင်အားနဲ့ တိုက်ပွဲကို အခြေအနေ ပြန်ပြောင်းလဲ နိုင်မှာပဲ။

“ဖန်ကျန်းရှီ မြန်မြန်လုပ်။ နတ်ဆိုး မျိုးနွယ်ရဲ့ အကြီးအကဲတွေကို သတ်။” ယန်ယင်က ဖန်ကျန်းရှီကို သိပ်မကြည်ပေမယ့်၊ အခုချိန်မှာ ဒါတွေက ပြဿနာ မဟုတ်တော့ဘူး။ ဖန်ကျန်းရှီ တစ်ယောက်ကပဲ တိုက်ပွဲ အခြေအနေကို ပြောင်းလဲ နိုင်လိမ့်မယ်။ ဒါကို သူလက်ခံဖို့ လိုတယ်။

“နတ်ဆိုး မျိုးနွယ်ရဲ့ အကြီးအကဲတွေကို သတ်ရမှာလား။” ယန်ယင်းရဲ့ စကားကို ကြားချိန်မှာ အထိတ်တလန့် ဖြစ်နေခဲ့တဲ့ အကြီးအကဲတွေကို သူကြည့်မိတယ်။ ဒီအချိန်မှာပဲ ဆူနာမီ ရေလှိုင်းလို အော်သံတွေကို ကြားရပြန်တယ်။

“ဖန်ကျန်းရှီ။”

“မြန်မြန် သူတို့ကို သတ်လိုက်။”

“…”

အောက်ဘက်က သုခမိန်နဲ့ တပည့်သားတွေရဲ့ အော်သံပဲ။ တကယ်တော့ သူတို့တွေ ထွက်မပြေးကြတာ ဒီတိုက်ပွဲကြီးကို အနိုင်ယူချင်စိတ် ပြင်းပြ နေလို့ပဲလေ။ ဖန်ကျန်းရှီ၊ သူတို့ရဲ့ မျှော်လင့်ချက် ရောင်ခြည်ကြီးက အသက်ပြန်ရှင်လာပြီ။ သူတို့တွေ စိတ်မလှုပ်ရှားပဲ ဘယ်လို နေနိုင်မလဲ။

“လူတော်တော်များများ ပျောက်နေပါလား။” ဖန်ကျန်းရှီ အောက်ဘက်ကို ကြည့်မိချိန်မှာ လူတွေ များများ စားစား မရှိတော့တာကို သတိထားမိတယ်။ ကျန်ရစ်နေတဲ့ လူတွေရဲ့ မျှော်လင့်တကြီး မျက်နှာတွေကိုလဲ သူတွေ့တယ်။

“ငါသိသားပဲ။ ငါက အမြဲတမ်း အာရုံ စိုက်ခံ နေရတဲ့သူ။”

ဖန်ကျန်းရှီက မီးမောင်းထိုး ခံနေရတဲ့ အတွက် သူ့ကိုယ်သူ အကောင်မမြင်ပဲ မနေနိုင်တော့ဘူး။ အထူးသဖြင့် ယွင်ချင်းဝူနဲ့ နတ်ဆိုး အကြီးအကဲ ဆယ်ယောက်ရဲ့ မျက်လုံးထဲက ကြောက်ရွံ့စိတ်တွေကို မြင်တယ်လေ။

“ကောင်းပြီလေ။ အခုက လောကကြီးကို ကယ်တင်ဖို့ အချိန်ကောင်းပဲ။”

ဖန်ကျန်းရှီက စိတ်ကူးစိတ်သန်းတွေ မြင့်မားလွန်းတဲ့ လူတစ်ယောက်။ ဒါပေမယ့် အခုချိန်မှာ ကိစ္စကောင်းကြီး ဆောင်ရွက်ပြီး ဂုဏ်ထူး ဆောင်ရမှာကို စိတ်ထဲ မထားမိဘူး။

ဒါပေမယ့် သူလှုပ်ရှားတော့မယ့် အချိန်မှာပဲ ဖြတ်သန်း တိုက်ခတ် သွားတဲ့ တောင်ပေါ် လေထဲကနေ အရိုးထဲ အထိ ချမ်းစိမ့်မှုကြီးကို ခံစား လိုက်ရတယ်။ တစ်ခုခု လွဲနေတာကို သူသတိ ထားမိသွားပြီ။

“အမ်။”

ဖန်ကျန်းရှီ သူ့ကိုယ်သူ ပြန်ကြည့် လိုက်ချိန်မှာ တလက်လက် တောက်ပနေတဲ့ ခန္ဒာကိုယ်ကို မြင်လိုက်ရတယ်။ အရမ်း ခံ့ညားမှန်းတော့ သူ့ကိုယ်သူ သိပါတယ်။ ဒါပေမယ့် ဘာကြောင့်များ ကိုယ်လုံးတီး ဖြစ်နေရတာလဲ။

“ငါ့ရဲ့ အဝတ်အစားတွေကို ဘယ်သူ ဖြဲသွားတာလဲ။” ဖန်ကျန်းရှီက အရှက်မရှိတဲ့ သူဖြစ်ပေမယ့်၊ ရှက်ရွံ့မှုကြောင့် နီရဲ နေခဲ့ပြီ။ ရာချီတဲ့ လူတွေက အောက်ဘက်ကနေ သူ့ကို ကြည့်နေတာလေ။ ချင်းယွိနဲ့ ချီကူယန်လဲ သူ့ကို ကြည့်နေတယ်။ ယွင်ချင်းဝူလဲ ရှိနေသေးတယ်။

“…” ဖန်ကျန်းရှီ ကျိန်ဆဲ လိုက်ချင်တယ်။

“…” မုချင်းဖန်း၊ မော့ရှန်းရှီ နဲ့ ယန်ယင်းလဲ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ကျိန်ဆဲ ချင်နေကြတယ်။ “အခုချိန်မှာ ဒါကို သူစဉ်းစားချိန် ရသေးတယ်လား။”

ချင်းယွိ နှုတ်ခမ်းတွေ တွန့်သွားတယ်။ သူမက တခြားသူတွေကို အကြောင်းရင်း မရှိပဲ ဝေဖန်တတ်တဲ့သူ မဟုတ်ခဲ့ဘူး။ အခုချိန်မှာတော့ ဖန်ကျန်းရှီရဲ့ နားရွက်ကို လိမ်ဆွဲပြီး အော်ပြစ်ချင်တယ်။ “နင့်ရဲ့ အမြဲတမ်း အရှက်မရှိတဲ့ ပုံစံက ဘယ်ရောက် သွားပြီလဲ။ ဘာ အခုမှလာပြီး ရှက်ချင်ယောင် ဆောင်နေတာလဲ။”

မုချင်းဖန်း၊ မော့ရှန်းရှီ၊ ချင်းယွိနဲ့ တခြားသူတွေ အားလုံး အတွေး အတူတူပဲ။ သုခမိန်နဲ့ တပည့်သားတွေ အားလုံးကတော့ နီရဲနေခဲ့ပြီ သူတို့တွေ တကယ်ပဲ မေးလိုက်ချင်တယ်။

“အဲ့ဒီ့ကောင်ကို အားကိုးလို့ ရရဲ့လား။”

ဝေါင်း။ သူတို့တွေ ကောင်းကင်ပေါ်က ဒေါသတကြီး ဟိန်းဟောက်သံကြီးကို ကြားလိုက် ရတယ်။ လေထဲမှာ အလင်းရောင်တွေ အကုန်လုံးကို ဖုံးလွှမ်း သွားစေနိုင်အောင် ကြီးမားတဲ့ ခန္ဒာကိုယ်ကြီး တစ်ခု ပေါ်လာတယ်။

ဧကရီ ပိုင်ကျစ် ဒေါသ ထွက်နေခဲ့ပြီ။ ဧကရီ ပိုင်ကျစ် ဒီလောက်ထိ ဒေါသ ထွက်တာ ပထမဆုံး အကြိမ်ပဲ။ ကျော်ကြားတဲ့ မိစ္ဆာ ဧကရီ။ မြင့်မြတ် နယ်မြေရဲ့ အသန်မာဆုံး ပညာရှင်။ နတ်သတ္တဝါ အမြီး ကိုးချောင်း မြေခွေး သူမက ဒီလို စော်ကား မှုမျိုးကို တစ်ခါမှ မကြုံခဲ့ရဘူး။

နှစ်ကြိမ်။ နှစ်ကြိမ်တိတိ လူတစ်ယောက်တည်းက သူမကို လွင့်ထွက်သွားအောင် ကန်ထုတ်ခဲ့တယ်။ ဒါက သူမရဲ့ မျက်နှာကို ဖြတ်ရိုက်တာထက်တောင် ပိုပြီး စော်ကားရာရောက်သေးတယ်။

ဒေါသ ထွက်လွန်းလို့ အမွှေးတွေတောင် ထောင်နေခဲ့ပြီ။ ပိုင်ကျစ် ဖန်ကျန်းရှီကို တစ်ချက်လေးတောင် မတွေဝေပဲ တိုက်ခိုက်တယ်။ မုန်တိုင်းထဲမှာ လျှပ်စီးတွေ ထွက်ပေါ်လာတယ်။

သူမရဲ့ ချွန်ထက်ထက် လက်သည်းတွေက သတ္တုရောင် တောက်ပ နေပြီးတော့ ရာသီ ဥတုကို ပြောင်းလဲ ပေးနိုင်တဲ့ စွမ်းအားတွေ အဖြစ်ကို ပြောင်းလဲ သွားတယ်။

“ဖန်ကျန်းရှီ သတိထား။”

“ကောင်စုတ်လေး လမ်းဖယ်ထား။”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် အော်လိုက်တယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက လက်ရှိ အချိန်မှာ သူတို့ရဲ့ မျှော်လင့်ချက် ဖြစ်နေတယ်လေ။ သူတို့တွေ စိုးရိမ် နေမိတာ အမှန်ပဲ။ ဧကရီ ပိုင်ကျစ်က အင်အား ကြီးလွန်းတယ်။ ဒါ့အပြင် ဒေါသထွက်လွန်း နေခဲ့တယ်။ မိစ္ဆာ အသွင်ကို လုံး၀ ပြောင်းလဲ သွားခဲ့ပြီ။ သူမရဲ့ လက်ရှိ အခြေအနေကို သူတို့ လေးယောက်တောင် ထိပ်တိုက် ရင်မဆိုင်ဝံ့ဘူး။

ဖန်ကျန်းရှီကတော့ သူတို့ရဲ့ သတိပေးသံတွေကို ကြားပုံမပေါ်။ သူ့လက်ထဲက ခြေရာမဲ့ဓားရဲ့ ခရမ်းရောင် အလင်းတန်းက ပိုပြီး တောက်ပလာတယ်။ သူခုန်ရှောင်မယ့် ပုံစံလဲ မရှိခဲ့ဘူး။

“သေစမ်း။” သူခပ်တိုးတိုး အော်ဟစ်လိုက်တယ်။

အဲ့ဒီ့နောက် ဖန်ကျန်းရှီ ပျံသန်းတယ်။ ဧကရီ ပိုင်ကျစ်ရဲ့ တိုက်ခိုက်မှုကို မရှောင်ရှားရုံတင် မကဘူး။ ထိပ်တိုက် ရင်ဆိုင်ဖို့ ပြင်နေ ခဲ့တာပဲ။

“…”

“ကောင်စုတ်လေး မလုပ်နဲ့။”

“မလုပ်ရဘူး။ ဘာလို့လဲ။” မော့ရှန်းရှီနဲ့ မုချင်းဖန်း နှစ်ယောက်ကို စိတ်ပျက်လက်ပျက် ပုံစံနဲ့ ဖန်ကျန်းရှီ ကြည့်လိုက်တယ်။ ခြေရာမဲ့ဓားကို ရှေ့ဆက်တိုးရင်း သူပြောတယ်။ “သူ့ရဲ့ မြေခွေး အမွှေးတွေက တော်တော် ကောင်းတယ်။ အဝတ်အစား ချုပ်ဝတ်ဖို့ အဆင်ပြေတယ်။”

“…”

အမြီး ကိုးချောင်း မြေခွေးရဲ့ အမွှေးတွေကို အဝတ်အစား ချုပ်ဝတ် ချင်နေတယ်လို့ ပြောစကား ကြားရတာ ယုံနိုင်စရာ ရှိရဲ့လား။ ဘယ်သူကမှ မဖြေနိုင်ဘူး။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်လုံးတောင် ပါးစပ်ပိတ် နေခဲ့တယ်။ သူတို့တွေ နောက်တစ်ခေါက် မျှော်လင့်ချက် မဲ့သွားပြန်ပြီ။

ဒီကောင်စုတ်လေးက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်း နေတာပဲ။ ဒါပေမယ့် ဒီလောက် အထင်ကြီးတာက လွန်လွန်း သွားပြီ။ အဲ့ဒီ့လို လူတွေရဲ့ ကံတရားက ကောင်းကောင်း အဆုံးသတ်လေ့ မရှိဘူး။

ထားခဲ့ရတဲ့ မျှော်လင့်ချက်တွေ အခုချိန်မှာ ပျောက်ကွယ် သွားခဲ့ပြီ။

ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ တောက်ပတဲ့ ရွှေရောင် အလင်းတန်းတွေကို တစ်ချိန်တည်းမှာ မြင်လိုက်ရတယ်။ ကြယ်တစ်လုံး ရုတ်တရက် ပေါက်ကွဲ သွားသလိုပဲ။ များပြားတဲ့ လှိုင်းတွေက ရုတ်တရက် လှိုင်းတွေ ရိုက်ခတ်သလို ထွက်ပေါ်လာပြီး လောကကြီးကို ဝါးမျိုတော့မယ့် ပုံစံ ပြောင်းလဲ သွားခဲ့တယ်။

အဲ့ဒီ့နောက် လူသားနဲ့ သားရဲကောင်ကြီးက တစ်ယောက်ကို တစ်ယောက် ထိပ်တိုက် ရင်ဆိုင် မိပြီး ကွဲထွက် သွားကြတယ်။ ရွှေရောင် အလင်းတန်းရဲ့ အရှိန်နှုန်းနဲ့ သူတို့ရဲ့ ခွဲခွာမှုက အရမ်းကို မြန်ဆန်တယ်။

“သူသေ သွားပြီလား။”

“မဟုတ်နိုင်ဘူး။”

“ဒါဆို သရေ ကျတာလား။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။”

“သူ သူက အပေါ်ကို ထိုးတက်နေတယ်။”

အရိပ် နှစ်ခု ကွဲကွာသွားတာကို မြင်ချိန်မှာ လူတိုင်းရဲ့ မျက်လုံးတွေ အပြူးသား ဖြစ်ရပြန်တယ်။ ပုံရိပ် တစ်ခုက အခုချိန်မှာ အပေါ်ကို ထိုးတက်နေပြီ။ ကြီးမားလွန်းတဲ့ မြေခွေးကြီး ဆီကို လမ်းကြောင်း တစ်ခုတည်း လိုက်ရင်း ပိုပြီး မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ သွားနေခဲ့တယ်။

ခရမ်းရောင် အလင်းတန်းက ကြည်လင်နေတဲ့ ဓားပေါ်မှာ စီးဆင်းနေတယ်။ ဒါက ပုံရိပ်ယောင် တစ်ခုလိုပဲ။

“သေစမ်း။” သူခပ်တိုးတိုး အော်ပြန်တယ်။

အသံက မအေးစက် ပေမယ့်၊ ကြားလိုက်ရချိန်မှာ အိပ်မက် မက်နေသလို ခံစားရတယ်။ မယုံနိုင်စရာ ကောင်းလွန်းတယ်။

“ဒါက အိပ်မက်လား။”

“ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ်ကို လွင့်ထွက်သွားအောင် လုပ်နိုင်တယ်။”

“ဒါ့အပြင် ဧကရီ ပိုင်ကျစ်ကိုလဲ လိုက်ဖမ်း နေသေးတယ်။”

ရွှမ်း။ ထက်ရှတဲ့ အသံနဲ့ အတူ အနီရောင် စီးကြောင်းကြီး တစ်ခု ကောင်းကင်ကနေ မိုးတွေလို ရွာကျလာတော့တယ်။ ဧကရီ ပိုင်ကျစ်ရဲ့ လက်သည်း ချွန်ချွန်တွေ ပေါ်မှာ တစ်လက်မကျော် ရှည်လျားပြီး အရိုးတွေကို မြင်နေရတဲ့ အထိ နက်ရှိုင်းတဲ့ ဒဏ်ရာ တစ်ခု ရှိနေခဲ့တယ်။

အာဝူး။ ဧကရီ ပိုင်ကျစ် နာကျင်မှု အပြည့်နဲ့ ဟိန်းဟောက်နေခဲ့တယ်။

အပိုင်း (၈၇၈) ပြီး၏။

အပိုင်း (၈၇၉)

“ထောင်ချောက်ထဲ ကျရောက်။ နေ့ခင်းကြောင်တောင် သရဲတွေ့တဲ့ ပုံပြင်တစ်ပုဒ်။”

“သူဒဏ်ရာ ရသွားတာလား။”

“ဧကရီ ပိုင်ကျစ် ဒဏ်ရာရ သွားတာလား။”

မုချင်းဖန်း၊ မော့ရှန်းရှီ၊ သုခမိန်နဲ့ တပည့်သားတွေ အားလုံးက ဧကရီ ပိုင်ကျစ် နာကျင်မှုနဲ့ သွေးတွေကို မြင်ရချိန်မှာ အထိတ်တလန့် ဖြစ်ကုန်ကြတယ်။ ဧကရီ ပိုင်ကျစ် သန်မာသလောက် ဖန်ကျန်းရှီက သူမကို တစ်ချက်တည်းနဲ့ နောက်တွန့်အောင် လုပ်နိုင်ခဲ့တယ်။ ဒါ့အပြင် လက်သည်းထဲမှာတောင် ဒဏ်ရာ ရသွားခဲ့ပြီ။

လူတိုင်း သူတို့ မြင်ရတာတောင် မယုံနိုင်ကြဘူး။ ယွင်ချင်းဝူနဲ့ နတ်ဆိုး မျိုးနွယ် အကြီးအကဲတွေတောင် သူတို့ မြင်နေရတာကို မယုံနိုင်လွန်းတဲ့ အတွက် ဘယ်လို တုံ့ပြန် ရမယ်မှန်း မသိ ဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့လည်း သူမက မိစ္ဆာတို့ရဲ့ ဧကရီ။ မြင့်မြတ် နယ်မြေရဲ့ အင်အား အကြီးဆုံးသူ။

သူတို့တွေ ဘယ်လောက်ပဲ မယုံနိုင်ပါစေ အမှန်တရားကတော့ မျက်စိ ရှေ့မှာပဲ။ ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ်နဲ့ တိုက်ခိုက်တဲ့ နေရာမှာ အသာစီး ရနေခဲ့တယ်။

“အခု တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။”

“ဘာဖြစ်လို့ ဖန်ကျန်းရှီ ရုတ်တရက်ကြီး သန်မာ လာတာလဲ။”

“ဖန်ကျန်းရှီ နတ်သစ်သီးကို မျိုချလိုက်တဲ့ အချိန် တစ်ခုခု ဖြစ်သွားတာလား။”

သံသယတွေ လူတိုင်းရဲ့ စိတ်ထဲမှာ ဝင်ရောက်လာတယ်။ သူတို့တွေ အားလုံး ဖန်ကျန်းရှီ မျိုချလိုက်တဲ့ နတ်သစ်သီး အကြောင်းကို တွေးလိုက်မိတယ်။

“သူမသေဘူးလား။”

“နောက်ပြီး ပိုသန်မာ လာသေးတယ်။”

“အဲ့ဒီ့ နတ်သစ်သီးက စားလို့ ရတာလား။”

ဘယ်သူကမှ အဖြေမှန်ကို မသိခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ပိုပြီး သန်မာ လာတာတော့ အမှန်ပဲ။ အများကြီး ပိုသန်မာလာတယ်။

“ကလေး။ မင်း ဘယ် ဘယ်လို လုပ်လိုက်ရတာလဲ။”

ဒီမေးခွန်းရဲ့ အဖြေကို သိနိုင်တဲ့ တစ်ယောက်တည်းသော သူကတော့ ဧကရီ ပိုင်ကျစ်ပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အဖြေကို သိနေသူကတော့ တခြားသူတွေ အားလုံးထက် ပိုပြီး လန့်နေရတယ်။ နတ်သစ်သီးကို သာမာန် နည်းလမ်းနဲ့ စုပ်ယူလို့ မရနိုင်မှန်း သူမ သိထားတယ်လေ။

ခပ်ရှင်းရှင်း ပြောရရင်၊ အသီးက စားလို့ ရတယ်။ ဒါပေမယ့် ဧကရာဇ်ယန်ရဲ့ တိုက်ရိုက် မျိုးဆက်တွေပဲ သစ်သီး အစွမ်းကို စုပ်ယူနိုင်တယ်။ ဧကရီ ပိုင်ကျစ် နားမလည်နိုင်ဘူး။ ဖန်ကျန်းရှီ ဘာကြောင့်များ ဒီသစ်သီးကို စုပ်ယူနိုင်တာလဲ။ နောက်ပြီးတော့ မီးသွေးတုံးကနေ ဘယ်လိုများ အသက်ပြန်ဝင် လာတာလဲ။

“ဘာကြောင့်လဲ သိချင်နေတယ် မဟုတ်လား။ အမှန်အတိုင်း ဝန်ခံရင် တစ်ခါတည်း ပြောပြမယ်။” ဖန်ကျန်းရှီက အလျင်မလိုခဲ့ဘူး။ နောက်ဆုံးတော့လည်း ဧကရီ ပိုင်ကျစ်ကို သူတားဆီး နိုင်ခဲ့ပြီလေ။ သူလောစရာ မလိုတော့ဘူး။

“မင်း။” ဧကရီ ပိုင်ကျစ်က မျက်မှောင်ကြုတ်ရင်း သူ့ရဲ့ လက်သည်းတွေကို ကုတ်ထားခဲ့တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သူမရဲ့ ကျောက်စိမ်းရောင် မိစ္ဆာ မျက်ဝန်းတွေက တလက်လက် တောက်ပလာရင်း ဆက်ပြောတယ်။ “ကောင်းပြီ။ ငါ့ကို ပြောပြ။ နင်ဘယ်လို အသက်ရှင်နေလဲ ဆိုတာ ငါတကယ် သိချင်တယ်။”

“တကယ် သိချင်တာလား။”

“ဟုတ်တယ်။”

“ဘယ်လောက်ထိ သိချင်နေလဲ။”

“..” ပိုင်ကျစ်က လက်သည်းတွေကို ကုပ်ထားရင်း ကျယ်ကျယ်လောင်လောင်သွားကြိတ်နေခဲ့တယ်။ ဒါပေမယ့် ချက်ခြင်း ကိုယ့်ကိုယ်ကို ပြန်ဖြေလျော့ရင်း ပြောတယ်။ “အရမ်း အရမ်းကို သိချင်နေတယ်။”

“ဒီလိုလား။ အဖြေကို ပြောပြရင် ဘာရမှာလဲ။” ဖန်ကျန်းရှီက အရူးတစ်ယောက်လို ဖြစ်နေခဲ့တဲ့ ဧကရီ ပိုင်ကျစ်ကို စိတ်အား ထက်သန်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။

“ဟဟား။ နင်ဘာလိုချင်တာလဲ။”

“ငါလိုချင်တာ နင်ပေးမှာလား။”

“…” ပိုင်ကျစ်က လက်သည်းတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း ပြန်ဖြေတယ်။ “လိုချင်တာကို အရင်ဆုံး ပြောလိုက်ပါလား။ ငါ့မှာသာ ရှိရင် သေချာပေါက် ပေးမှာပေါ့။”

“အဝတ်ချုပ်ဖို့ အမွှေးလေး နည်းနည်းပေး။”

“ကောင်စုတ်လေး။ နင်က ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။” ပိုင်ကျစ် နောက်တစ်ခေါက် ဒေါသ ထွက်လာပြန်တယ်။ သူမရဲ့ အမွှေးဖြူဖြူတွေက အခုချိန်မှာ အပ်တွေလို ထောင်ထ နေခဲ့ပြီ။

“ဒီလို ကိုယ့်သေတွင်း ကိုယ်မတူးရင် အသက်ချမ်းသာ ပေးမယ်လို့ ပြောချင်တာလား။” ဖန်ကျန်းရှီ ပြုံးပြုံးကြီး မေးတယ်။

“ငါ့ကို အနိုင်ယူနိုင်မယ်လို့ နင့်ကိုယ်နင် ထင်နေတာလား။”

“မကြိုးစားကြည့်ပဲ ဘယ်လို သိနိုင်မှာလဲ။”

“ဟ ဟား။ ဖန်ကျန်းရှီ နင်က ထက်မြက်လွန်းပေမယ့်၊ ဘာတွေ ဖြစ်နေမှန်း အခုထိ နားမလည်နိုင် သေးဘူးလား။ နင်ဘယ်မှာ ရောက်နေလဲ သေချာကြည့်လိုက်။” ပိုင်ကျစ်က အခုချိန်မှာ ဒေါသတွေ အကုန်လုံး ပျောက်ကွယ် သွားတဲ့ အတိုင်း ရယ်မောနေခဲ့တယ်။

“ငါဘယ်မှာ ရောက်နေလို့လဲ။” ဖန်ကျန်းရှီ သူ့ဘေးပတ်ပတ်လည်ကို လှည့်ကြည့်တယ်။ တစ်ခဏတာ သူနားမလည်နိုင် ဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့လဲ သူက အခြေအနေ ကောင်းနေတယ်လေ။ အခြေအနေ တစ်ခုလုံးက သူ့ထိန်းချုပ်မှု အောက်မှာ ရှိနေခဲ့တယ်။ ဧကရီ ပိုင်ကျစ်ကို နှောက်ယှက်ထားပြီး နန်ကုန်းဟောင်နဲ့ မထိတွေ့နိုင်အောင် ကာကွယ် ပေးထားတယ်။

“ငါက။”

“အခြေအနေ ကောင်းနေတာပဲ မဟုတ်လား။”

“နေစမ်းပါအုန်း။ နေရာထိုင်ခင်းကို ပြောရင်။ ငါက နေရာကောင်းမှာ ရပ်နေတာ မဟုတ်ဘူး။ အရင်တုန်းက သူ့တကိုယ်လုံးကို သစ်ရွက်တွေ ကာကွယ်ပေး ထားခဲ့တယ်။ ဒါပေမယ့် အခုချိန် ငါရပ်နေတဲ့ နေရာက။”

(လေလာရာ ဖျင်ပေးလို့ တအေးအေး) ဆိုတဲ့ အတိုင်း သူကြုံတွေ့ နေရာပြီ။

“စုန်းမအိုကြီး။ ဒီလို အကောက်ကြံမယ်လို့ ငါမထင်ထား မိဘူး။ ကံကောင်းပေလို့ ငါ့မှာ လဲဝတ်စရာ အဝတ် အစား ရှိ ရှိ။ အမ်။ ငါ့ရဲ့ နှလုံးကာမှန်ကို ဘယ်ကောင် ခိုးသွားတာလဲ။” ဖန်ကျန်းရှီ သူ့ရဲ့ နှလုံးကာမှန်ကို လက်လှမ်းလိုက်ချိန်မှာ တစ်ခုခု ပျောက်နေတာကို နားလည် သွားခဲ့တယ်။ သူ့ရဲ့ တင်ပါး အေးနေရုံတင် မကဘူး။ ရင်ဘတ် တစ်ခုလုံးလဲ ဗလာဟင်းလင်း ဖြစ်နေခဲ့တယ်။

“ငလူးပဲ။”

“ငါလုံးဝကို ဓားပြ တိုက်ခံ ထားရတာလား။”

ဖန်ကျန်းရှီ အခုချိန်မှာ အတော့်ကို မကျေမနပ် ဖြစ်နေခဲ့ပြီ။ သူ့အဝတ်အစားတွေကို စုတ်ဖြဲ သွားလို့ ရပေမယ့်၊ နှလုံးကာမှန်ကို ယူသွားလို့တော့ မဖြစ်ဘူးလေ။ နှလုံးကာမှန်ထဲမှာ သူနှစ်ပေါင်း များစွာ စုဆောင်းထားတဲ့ ရတနာတွေ ရှိနေတယ်။ ထိခိုက်လို့ ရသလို သေလို့လဲ ရတယ်။ ဒါပေမယ့် ရတနာတွေကို ဘယ်လိုမှ အဆုံးရှုံး မခံနိုင်ဘူး။

ဒါက ဖန်ကျန်းရှီ လုံး၀ သည်းမခံနိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်ကတော့ (ငါ့နှလုံးကာမှန်ကို ဘယ်ကောင် ခိုးသွားတာလဲ) ဆိုတဲ့ စကားကို ကြားချိန်မှာ လုံး၀ မျက်လုံး ပြူးသွားတော့တယ်။

“အနားဆယ်ဖက် နတ်ဆိုး မီးတောက် ဗျူဟာ အပြင်ကို သူရောက်နေမှန်း အခုထိ သတိ မထားမိ သေးတာလား။” ပိုင်ကျစ်က ဖန်ကျန်းရှီရဲ့ အတွေးတွေကို တကယ် နားမလည် နိုင်ခဲ့ဘူး။ ဒါကို အရှုံး တစ်ခုလို့ သတ်မှတ် ရမှာလား။ မင်းက မင်းရဲ့ အစီအစဉ် အောင်မြင်လို့ ပျော်ရွှင် ဂုဏ်ယူ ဝံ့ကြွား နေချိန်မှာ၊ မင်းပြိုင်ဘက်က မင်းရဲ့ အစီအစဉ်ကို နားမလည်ခဲ့ဘူး။

ဖန်ကျန်းရှီက အဲ့ဒီ့ ပြိုင်ဘက်ရဲ့ ဥပမာပဲ။ ဒါပေမယ့် မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ တခြားသူတွေ အားလုံးက ဧကရီ ပိုင်ကျစ်ရဲ့ ပြောစကားကို နားလည်ကြတယ်။ နေရာ ဟုတ်တယ်။ ဖန်ကျန်းရှီက အနားဆယ်ဖက် နတ်ဆိုး ဗျူဟာ အပြင်ကို ရောက်နေခဲ့ပြီ။

“ဒီကောင်စုတ်လေး လှည့်စား ခံလိုက်ရပြီ။”

“ပြီးသွားပြီ အကုန်ပြီးသွားပြီ။”

“သူထွက်လာ ပြီးရင် အနားဆယ်ဖက် နတ်ဆိုး မီးတောက်ဗျူဟာထဲ ပြန်ဝင်လို့ မရတောာ့ဘူး။ နန်ကုန်းဟောင်က သူတို့ လက်ထဲမှာ ရှိနေတုန်းပဲ။”

မျှော်လင့်ချက်တွေ အားလုံး ပျောက်ဆုံးသွားရ ပြန်ပြီ။ အခု အခြေအနေကို ဖြေရှင်းနိုင်ဖို့ သော့ချက်က နန်ကုန်းဟောင် ဖြစ်နေခဲ့တယ်။ နန်ကုန်းဟောင်သာ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တေ်ွ လက်ထဲမှာ ရှိနေခဲ့ရင်၊ ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ်ကို စိန်ခေါ် နိုင်ရင်တောင် အကျိုး မထူးတော့ဘူး။

မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ တခြားသူတွေ အားလုံး အတွေးတူကြတယ်။ ဖန်ကျန်းရှီ သတိလစ်နေခဲ့တဲ့ အချိန် သူတို့ အားလုံးကို အနား ဆယ်ဖက် နတ်ဆိုး မီးတောက် ဗျူဟာက တားဆီးလိုက်တယ်။ ဖန်ကျန်းရှီလည်း ဒါကို သိပုံမပေါ်ဘူး။ ကုချင်းရဲ့ အသံကလွဲပြီး တခြား အသံတွေကို မကြားတဲ့ သူက အခြေအနေကို အကဲဖြတ်တဲ့ နေရာမှာ အများကြီး သက်ရောက်မှု ရှိသွားခဲ့တယ်။

ဥပမာ။ ယွင်ချင်းဝူရဲ့ လက်ထဲမှာ တောက်ပတဲ့ အရာ ကိုင်ထားတာကို မြင်လိုက်တဲ့ အချိန်၊ အဲ့တာက သူ့ရဲ့ နှလုံးကာမှန်မှန်း ချက်ခြင်း နားလည် သွားတာမျိုး။

“ဒီတော့ ယွင်ချင်းဝူ ခိုးသွားတာပေါ့။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တောက်ပ သွားခဲ့တယ်။ သူပိုင်ဆိုင်တဲ့ အရာကို တခြားသူ လက်ထဲမှာ မြင်ရတာ မကောင်းဘူး။ ဒါ့အပြင် သိမ်းဆည်းခလည်း သူမပေးနိုင်ဘူး။ ဒီလို အခြေအနေမျိုးမှာ တစ်ခုခု မှားယွင်းသွားရင်၊ ပျက်စီး သွားခဲ့ရင်၊ ယွင်ချင်းဝူက သူ့ကို လျော်ကြေး ပေးမှာလား။

အဖြေမရှိတဲ့ မေးခွန်းပဲ။ ဒါကြောင့် ဖန်ကျန်းရှီ ပြန်ယူဖို့ ဆုံးဖြတ်လိုက်တယ်။

ဝူး။ တစ်ချက်လေးတောင် သတိ မပေးပဲ၊ ဖန်ကျန်းရှီက ယွင်ချင်းဝူဆီကို လျှပ်စီး လက်သလို ပြေးဆင်း သွားတော့တယ်။

“ဟမ်။ သူက အနားဆယ်ဖက် နတ်ဆိုး ဗျူဟာ အပြင်ကို ရောက်နေတဲ့ အကြောင်း သဘောပေါက် သွားတာလား။” ပိုင်ကျစ်က ပြုံးလိုက်တယ်။ ဒါက သူ့ရဲ့ အောင်မြင်မှုပဲ။ ကျေနပ် ပီတိဖြာပြီးတဲ့နောက် သူမ နှာခေါင်းရှုတ်ရင်း ပြောလိုက်တယ်။ “ထွက်လာဖို့က လွယ်တယ်။ ဒါပေမယ့် ပြန်ဝင်ဖို့ လမ်းမရှိဘူး။”

သူ့ကို သူမ ချက်ခြင်း မတားမြစ်ခဲ့ဘူး။ အနားဆယ်ဖက် နတ်ဆိုး မီးတောက်ဗျူဟာကို သူမကောင်းကောင်း ပြင်ဆင် ထားခဲ့လို့ပဲ။ ဖန်ကျန်းရှီ မပြောနဲ့ သူမတောင် ဒီဗျူဟာကို ဖျက်စီးဖို့ ခက်ခဲလိမ့်မယ်။

ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ အနက်ရောင် မီးတောက်တွေက ကောင်းကင်မှာ လေဝဲတွေလို ပျံ့နှံ့လာတော့တယ်။ ဝူး။ ပြင်းထန်တဲ့ မီးတောက်တွေနဲ့ အပူရှိန်က လေထဲကို ပျံ့နှံ့လာတယ်။ ဖန်ကျန်းရှီလဲ အဝေးကို လွင့်ထွက်သွားတယ်။ သုံးပတ် တိတိ လည်ပြီး ချိန်မှ သူ့ကိုယ်သူ ငြိမ်အောင် ထိမ်းနိုင်ခဲ့တယ်။

သူ့ရဲ့ အသွင်က အရမ်မ်းကို ခမ်းနားလွန်းတယ်။ ဒါပေမယ့် ကြည့်နေသူတွေကတော့ ဒါကို မြင်ချိန်မှာ စိတ်ဓာတ်ကျသွားရပြီ။ သက်ပြင်းချမိကြတယ်။

“အနားဆယ်ဖက် နတ်ဆိုး ဗျူဟာက အထဲကနေပဲ ဖျက်စီး နိုင်တာပါလား။”

“ဧကရီ ပိုင်ကျစ်က ဒီအခြေအနေကို တွက်ချက်ထားမယ်လို့ မထင်ထား မိဘူး။ သူက ဖန်ကျန်းရှီကိုတောင် မျှားခေါ် ထားသေးတယ်။”

“ဒီကောင်စုတ်က ရူးချင်စရာ ကောင်းလောက်အောင် အင်အား ကြီးပေမယ့်၊ ဧကရီ ပိုင်ကျစ်လို အတွေ့အကြုံများတဲ့ လူနဲ့တော့ ယှဉ်လို့ မရနိုင်ဘူး။”

မုချင်းဖန်း၊ မော့ရှန်းရှီ ယန်ယင်း အားလုံး ဒေါသ ထွက်နေ ကြပေမယ့်၊ ဖန်ကျန်းရှီကိုတော့ အပြစ် တင်လို့ မရဘူးလေ။ နောက်ဆုံးတော့လဲ သူက ဧကရီ ပိုင်ကျစ်နဲ့ တိုက်ခိုက်နေရတဲ့သူ။ အင်အားကြီးတဲ့ သူတွေတောင် ထောင်ချောက်ထဲ ရောက်နိုင် သေးတာပဲ။

“ဟ ဟားဟား။ ဖန်ကျန်းရှီ အင်အားတွေ ဖြုန်းတီး မနေနဲ့။ အနားဆယ်ဖက် နတ်ဆိုး ဗျူဟာကို နင် မဖျက်စီးနိုင်ဘူး။” ဧကရီ ပိုင်ကျစ် နောက်တစ်ခေါက် ရယ်မောပြန်တယ်။

“အဲ့တာကို အနားဆယ်ဖက် နတ်ဆိုး ဗျူဟာလို့ ခေါ်တာလား။” ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ်နဲ့ ဗျူဟာ အလယ်မှာ အေးအေးဆေးဆေး ရပ်နေခဲ့တဲ့ ယွင်ချင်းဝူကို ကြည့်ရင်း တွေးမိတယ်။

“ဒီ ဗျူဟာကို ဖျက်စီးဖို့ ဒီလောက်တောင် ခက်တာလား။”

ဧကရီ ပိုင်ကျစ် ဘာဖြစ်လို့ ရယ်နေမှန်း သူမသိဘူး။ ဒါပေမယ့် ဒီဗျူဟာမှာ မီးနဲ့ ရေခဲ တာအို နှစ်ခုကို အဓိက သုံးပြီး ဖွဲ့စည်းထားမှန်း သိတယ်။ ဒီနှစ်ခုက ပေါင်းစည်းဖို့ ခက်ခဲတယ်။ ပေါင်းစည်းလိုက်ရင် (အေးခဲ မီးတောက်) တာအို အသစ် ဖြစ်ပေါ် လာလိမ့်မယ်။

အေးခဲ မီးတောက် တာအိုက လေဆင်နှာမောင်း တာအိုနဲ့ ပေါင်းစပ်နိုင်တယ်။ ဒါပေမယ့် လက်ရှိ ဗျူဟာက လေဆင်နှာမောင်း တာအိုကို သေးငယ်အောင် လုပ်ထားတာပဲ။ လေဆင်နှာမောင်း တာအိုက အေးခဲမီးတောက် တာအိုကို ရူးစရာ ကောင်းတဲ့ အထိ အင်အားကြီးအောင် ဖန်တီး မှပဲ ဖြစ်တည် လာနိုင်တယ်။

ဒါက သုံးခုပေါင်းမှ တစ်ခုဖြစ်ပဲ။ ကံမကောင်းစွာနဲ့ သူက သုံးခုလုံးကို သိနေခဲ့တယ်။ ဒါက ကိစ္စတွေကို သက်တောင့် သက်သာ မဖြစ်စေဘူး။ သူတကယ်ပဲ သိချင်နေတယ်။ ပျော်ပျော်ကြီးရယ်နေခဲ့တဲ့ ဧကရီ ပိုင်ကျစ် သူ့လျှာသူ ကိုက်မိသွားရင် ဘယ်လို ဖြစ်လိမ့်မလဲ။

ဝူး။ ဖန်ကျန်းရှီ လှုပ်ရှားပြန်တယ်။ တစ်ခဏ အချိန် အတွင်းမှာ အနားဆယ်ဖက် နတ်ဆိုး မီးတောက် ဗျူဟာက မီးတွေနဲ့ တူညီတဲ့ အနက်ရောင် မီးတောက်တွေက ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်မှာ ထွက်ပေါ် လာတော့တယ်။ ဒါတွေ အားလုံး မျက်တောင် တစ်ခတ် အတွင်း ဖြစ်သွားခဲ့တာ။

အရင်တစ်ခေါက်ကလို အသံကျယ်ကြီးလဲ မမြည်ဘူး။ နူးညံ့ညင်သာပြီး ကြားရရုံလေး။ နောက်ထပ် ဘာမှ မဖြစ်လာတော့ဘူး။ ဖန်ကျန်းရှီက ယွင်ချင်းဝူ ရှေ့ကို ဖြည်းဖြည်းချင်း ဆင်းသက် သွားခဲ့ပြီ။ တောင်ပေါ်လေက ခပ်ပြင်းပြင်း တိုက်ခတ်နေတဲ့ အတွက် သူအတော်လေး ချမ်းနေခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ဖန်ကျန်းရှီက သစ်ရွက်တရွက် ရှိတဲ့ နေရာကောင်းမှာ သူရပ်နိုင်ခဲ့တယ်။

ဒါပေါ့။ အရွက် တစ်ရွက်တည်းပဲ။ တစ်ခဏတာတော့ သူ့ကို အရှက်လုံအောင် ဖုံးပေး ထားနိုင်တယ်လေ။ ဒါကြောင့် ဖန်ကျန်းရှီလဲ ယွင်ချင်းဝူ လက်ထဲက သူ့ရဲ့ နှလုံးကာမှန်ကို ပြန်ယူလိုက်တယ်။ အခြေအနေ အဖြစ်အပျက် တစ်ခုလုံးက အနှောက်အယှက်ကင်းကင်းနဲ့ ချောချောမွေ့မွေ့ ဖြစ်ပျက်နေခဲ့တယ်။

“ခိုးတာက ကောင်းတဲ့ အကျင့် မဟုတ်ဘူး။” အမှန်တရား ဘက်တော်သားကြီး တစ်ယောက်လို ပုံစံနဲ့ ယွင်ချင်းဝူကို ဖန်ကျန်းရှီ သင်ကြားပေး နေခဲ့တယ်။ ဒါက သူ့အမေ သူ့ကို ငယ်ငယ်လေး တည်းက သင်ကြားပေးထားတာ။ ဒါပေမယ့် သူမရဲ့ မျက်နှာ အမူအယာကြောင့် သိပ်ပြီး အဓိပ္မာယ်ရှိတဲ့ သင်ခန်းစာကို နားလည် သွားပုံ မပေါ်တာ မြင်သာ နေခဲ့တယ်။ နောက်ပြီးတော့ နည်းနည်း မှင်သက်နေပုံပဲ။

ယွင်ချင်းဝူ တစ်ယောက်ပဲ မှင်သက်နေတာ မဟုတ်ဘူး။ အေးစက်စက် ရယ်မော နေခဲ့တဲ့ ဧကရီ ပိုင်ကျစ်နဲ့ မျှော်လင့်ချက်တွေ အကုန်လုံး ပျောက်ဆုံး သွားခဲ့တဲ့ လူသားတွေလဲ မျက်လုံး ပြူးနေကြတယ်။

လုံးဝကို တိတ်ဆိတ် သွားခဲ့တယ်။ ဘယ်သူမှ မလှုပ်ရှားနိုင်တော့ဘူး။ တိုက်ခိုက်နေခဲ့တဲ့ မိစ္ဆာဘုရင်နဲ့ သုခမိန်တွေ အားလုံးလည်း ရပ်တန့် သွားကြပြီ။ သူတို့တွေ ကြက်သေသေကုန်ကြတယ်။

“အနားဆယ်ဖက် နတ်ဆိုး ဗျူဟာက ဖျက်စီးခံလိုက် ရတာလား။”

“ဟုတ်မယ့် ပုံစံပဲ။”

“ဘာကြီးလဲ။ ဘာတွေ ဖြစ်နေတာလဲ။”

နတ်ဆိုး မျိုးနွယ် အကြီးအကဲ ဆယ်ယောက်လဲ ပါးစပ်အဟောင်းသားနဲ့ အခုချိန်မှာ ဆွံ့အနေကြတယ်။ သူတို့တွေ ဘယ်လို ပွတ်တိုက်မှုကိုမှ မခံစားခဲ့ရဘူး။ ဖန်ကျန်းရှီက အနားဆယ်ဖက် နတ်ဆိုး မီးတောက်ဗျူဟာထဲကို အေးအေးဆေးဆေး ဝင်လာခဲ့တာ။ နေ့ခင်းကြောင်တောင် သရဲခြောက် ခံနေရသလိုပဲ။

“အာ့။”

ဧကရီ ပိုင်ကျစ် သူ့လျှာသူ ပြန်ကိုက်မိ သွားတဲ့ အတွက် ပါးစပ်ကနေ သွေးတစ်ချို့ စီးကျလာတော့တယ်။ ဖန်ကျန်းရှီ ခန့်မှန်းထားတဲ့ အတိုင်း၊ ရယ်မောနေတာကို ရုတ်တရက် ရပ်လိုက်ချိန်မှာ သေချာပေါက် လျှာကိုက် မိတာပဲ။

အပိုင်း (၈၇၉) ပြီး၏။

အပိုင်း (၈၈၀)

“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေရဲ့ တကယ့် လျှို့ဝှက်ချက် အစစ်။”

ဧကရီ ပိုင်ကျစ်က နတ်ဘုရားတွေကို ယုံကြည်ပေမယ့် သရဲတွေကိုတော့ မယုံကြည်ဘူး။ ဒါပေမယ့် ဒီအချိန်မှာပဲ သူမရဲ့ ကျောရိုးထဲမှာ စိမ့်ချမ်း သွားတာကို ခံစားလိုက်ရတယ်။

ဗျူဟာကို ဖျက်စီးတာက ဒီလောက် ကြောက်စရာ ကောင်းမခဲ့ဘူး။ ဒါပေမယ့် ဒီလို ပုံစံနဲ့ ထိုးဖောက် ဝင်ရောက်သွားတာက လန့်စရာ ကောင်းနေခဲ့တာပဲ။ သူမကို သန်မာတဲ့ သူတောင် ရန်သူရဲ့ အမည်မသိ စွမ်းအားတွေကို လန့်နေရတယ်။ ဒီစွမ်းအားတွေက တိုက်ပွဲကို ပြောင်းပြန်လှန် နိုင်တယ်။ အခုတော့ ဒါတွေက အတော်လေး အလုပ် ဖြစ်နေပုံပဲ။

“ဘာကြောင့်လဲ။ ဘာကြောင့် ဖြစ်လာတာလဲ။ နတ်သစ်ပင် သစ်သီး စွမ်းအားတွေလား။ ဒါက မဖြစ်နိုင်တာပဲ။ ဘယ်လိုလုပ် သစ်သီးမှာ ဒီလို စွမ်းအား ရှိနိုင်မှာလဲ။” ဧကရီ ပိုင်ကျစ်က လုံးဝကို အံ့အားသင့် နေခဲ့တယ်။

…

ဖန်ကျန်းရှီ ကတော့ တခြားသူတွေ ဘာတွေတွေးနေမှန်း မသိခဲ့ဘူး။ သူ့ရဲ့ ကိုယ်ပိုင် ကိစ္စတွေကိုပဲ တွေးတော နေခဲ့တယ်။ သူဘာဆက်လုပ်သင့်တယ် ဆိုတာကို တွေးတော နေခဲ့တယ်။ ပထမဆုံး နှလုံးကာမှန်ကို ပြန်ယူပြီးနောက် သူ့နေရာသူ ပြန်ထည့်လိုက်တယ်။

အဲ့ဒီ့နောက် အပြာရောင် အလင်းတန်း တစ်ချက်နဲ့ အတူ သူ့တကိုယ်လုံးကို အပြာရောင် ဝတ်ရုံရှည်က ဖုံးလွှမ်း သွားတော့တယ်။ အားလုံး ပြီးတဲ့နောက် ဖန်ကျန်းရှီ သူ့ရဲ့ လည်ပင်းနဲ့ ခြေထောက်ကို နွေးအောင် လုပ်နေခဲ့တယ်။ ယွင်ချင်းဝူနဲ့ နတ်ဆိုး အကြီးအကဲ ဆယ်ယောက် တုံ့ပြန်နေတဲ့ ပုံစံကို ကြည့်လိုက်ရင်း စိတ်ထဲမှာ သက်ပြင်းချနေခဲ့တယ်။

အိမ်ကနေ အဝတ်အစား အပိုတွေ ယူလာလို့ တော်သေးတယ်။ ဒါပေမယ့် သူအဝတ်အစား ဝတ်ပြီးတာတောင် ယွင်ချင်းဝူက ဘာဖြစ်လို့ ဒီလို ပုံစံ လုပ်နေ ရသေးတာလဲ။

“စိတ်အေးအေးထား။ မင်းက ငါ့အဝတ်အစားတွေကို မင်းဆွဲဖြဲ ထားပေမယ့်၊ ငါက မင်းကို ဒီလို ပြန်လုပ်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ မင်းရဲ့ အဝတ်အစားတွေက ငါနဲ့ မတော်ဘူး။”

“..”

“အဝတ်အစားတွေက မတော်ဘူး။”

“အဲ့တာတွေကို ပြောဖို့ အချိန်လား။ အခုချိန်မှာ နတ်ဆိုး ဗျူဟာ ဆယ်ခုထဲကို သူဘယ်လို ဝင်သွားလဲ ပြောပြရမယ့် အချိန် မဟုတ်လား။”

သုခမိန်နဲ့ တပည့်သားတွေ အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြတယ်။ ဖန်ကျန်းရှီ ဘာတွေ တွေးနေမှန်း ဘယ်သူမှ ခန့်မှန်း မရခဲ့ဘူး။ မုချင်းဖန်းနဲ့ မော့ရှန်းရှီတောင် ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။ သူတို့တွေ ရုတ်တရက် အိုမင်း သွားသလိုပဲ။ လူငယ်တွေရဲ့ အတွေးကို တကယ်ပဲ လိုက်မမှီဘူး။

ဒါပေမယ့် စကား ခေါင်းစဉ်းက အရမ်းကြီး လွဲသွားတယ် မဟုတ်လား။ ဒါပေါ့။ ဒါတွေက ကိစ္စ မရှိတော့ဘူး။ ဖန်ကျန်းရှီက အနားဆယ်ဖက် နတ်ဆိုး ဗျူဟာထဲကို အလွယ်လေး ဝင်သွားခဲ့ပြီ။ ဘာတွေ ဖြစ်နေမှန်း တကယ့်ကို မသိကြပေမယ့်၊ မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ တခြားသူတွေက အခုချိန်မှာ မျှော်လင့်ချက် နောက်တစ်ခေါက် တွေ့ရပြန်ပြီ။

“ဖန်ကျန်းရှီ မြန်မြန် အနားဆယ်ဖက် နတ်ဆိုး မီးတောက် ဗျူဟာကို ဖျက်စီးပြစ်။ နတ်ဆိုး အကြီးအကဲတွေကို သတ်။ ဒါက ကူညီနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။” မုချင်းဖန်းကတော့ စိတ်ပျက်လက်ပျက် ဖြစ်နေသလို တကယ်ပဲ လန့်နေခဲ့တယ်။ ဖန်ကျန်းရှီက နောက်တစ်ခေါက် ခန့်မှန်း မရတဲ့ ကိစ္စတွေကို လုပ်မှာလဲ ကြောက်မိတယ်။ ဒါကြောင့် အစီအစဉ်ကို တစ်ခါတည်း အော်ပြောတော့တယ်။

“မှန်တယ်။ ကောင်စုတ်လေး။ မြန်မြန်။ ဗျူဟာကို ဖျက်စီးလိုက်။ ငါတို့အားလုံး မင်းကို ကူညီမယ်။” မော့ရှန်းရှီလဲ လှမ်းအော်တယ်။ သူတို့ နှစ်ယောက်က တကယ့်ကို စိုးရိမ်ပူပန် နေခဲ့ပြီ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူတို့ စကားကို ကြားချိန်မှာ ထူးဆန်း သွားခဲ့တယ်။ စိတ်ပျက်လက်ပျက် လှမ်းကြည့်တယ်။

“ဗျူဟာကို ဖျက်စီးရမယ်။ စုန်းမအိုကြီးက အပြင်ဘက်မှာ ရှိနေတာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ်ကို လက်ညှိုးထိုးပြရင်း ပြောတယ်။

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်က တုံးအတာ ဖြစ်နိုင်ပေမယ့်၊ သူကတော့ သေချာပေါက် မအဘူး။ နတ်ဆိုး မျိုးနွယ် အကြီးအကဲ ၂၀ ၃၀ ပေါင်းလိုက်ရင်တောင် ဧကရီ ပိုင်ကျစ် တစ်ယောက်နဲ့ ယှဉ်လို့ မရနိုင်ဘူး။ ဒီအချိန်မှာ အလုံခြုံဆုံး နေရာက အနားဆယ်ဖက် နတ်ဆိုး ဗျူဟာ အထဲမှာ နေတာပဲ။ နောက်ပြီးတော့ နန်ကုန်းဟောင်ကလဲ ဒီအထဲမှာ ရှိနေခဲ့တယ်။ သူနဲ့ ခြေငါးလှမ်း အကွာမှာ ရှိနေနခဲ့တယ်။ သူချက်ခြင်း အရာအားလုံးကို ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။

“ဗျူဟာကို ဖျက်စီး ရမယ်တဲ့။”

“အရူးတွေပဲ ဒီလို လုပ်လိမ့်မယ်။”

“…”

“…”

မျက်နှာကို ဖြတ်ရိုက်ခံ ရတာက ဘယ်လိုလဲ။ မုချင်းဖန်း မသိခဲ့ဘူး။ ဒါပေမယ့် သူ့မျက်နှာ တစ်ခုလုံး ပူထူ သွားခဲ့တယ်။ ဒီခံစားချက်က တွင်းတစ်ခုထဲကနေ တွားသွားပြီး အပေါ်တက်လာ နေရသလိုပဲ။ မော့ရှန်းရှီလဲ ဧကရီ ပိုင်ကျစ် သူ့မျက်နှာကို ရိုက်ချိန်ကထက် ပိုပြီးတော့ နာကျင်တယ်။ နောက်ဆုံးတော့လဲ သူ့ရဲ့ အသိပညာတွေ အားလုံးကို စော်ကား ခံလိုက် ရတာလေ။

ပြောရရင်၊ ရူးမိုက်တဲ့ တစ်ခုခုကို ပြောချိန်မှာ ဘယ်သူကမှ ကိုယ့်ကိုယ်ကို ထောက်ပြခံချင်မှာ မဟုတ်ခဲ့ဘူး။ နောက်ဆုံးတော့လဲ အခု ဖြစ်သွားတဲ့ လန့်စရာ ကိစ္စကို ကျေးဇူးတင်ရမယ်။ ဘယ်သူကမှ ဧကရီ ပိုင်ကျစ် အနားဆယ်ဖက် ဗျူဟာ အပြင်ဘက်ကို ရောက်နေတာ သတိ မထားမိကြဘူး။

“အဖိုးကြီးမု။ ငါတို့ ဦးနှောက်တွေ ပျက်သွားတာလား။”

“…” မုချင်းဖန်းရဲ့ မျက်နှာတွေက ရဲရဲ နီနေခဲ့ပြီ။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် အနေနဲ့၊ သူ့ရဲ့ သည်းခံ နိုင်စွမ်းက သာမာန်ထက် မြင့်မားတယ်။ “အချိန်ဖြုန်းနေတာ ရပ်လိုက်တော့၊ လုပ်ကြရအောင်။”

“သွားကြစို့။”

“ခန်းမခေါင်းဆောင်မုနဲ့ တောင်ကြား ခေါင်းဆောင်မော့။ နှစ်ယောက်စလုံး ဒဏ်ရာရ ထားမှတော့ ဧကရီ ပိုင်ကျစ်ကို အချိန်ဆွဲ ပေးထားမယ်။ အဲ့ဒီ့ ကလေးကို ကူညီ ပေးကြစို့။” ယန်ယင်က အရင်ဆုံး တုံ့ပြန်တယ်။

ယန်ယင်က ဧကရီ ပိုင်ကျစ်ဆီကို လျှပ်စီး အလင်းတန်း တစ်ခု ပုံစံနဲ့ ရွေ့လျား လာခဲ့တယ်။

“ဟန့်။ ကိုယ့်ကိုယ့်ကို အထင်ကြီး နေတာပဲ။” ဧကရီ ပိုင်ကျစ်က ကိုယ့်ကိုယ်ကိုထိန်းလိုက်တယ်။ သူမ နောက်ထပ် အချိန် မဖြုန်းတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အနားဆယ်ဖက် နတ်ဆိုး မီးတောက် ဗျူဟာထဲကို သူမ ခပ်မြန်မြန် ပြန်ဝင်မှ ရမယ်။ ဖန်ကျန်းရှီ ယွင်ချင်းဝူကို မသတ်အောင် ကာကွယ်ရမယ်။

ဒါပေမယ့် သူဘာလုပ်နိုင်မှာလဲ။

အကွာအဝေးကို ဆုံးဖြတ်လိုက်ရင်၊ ဖန်ကျန်းရှီက ယွင်ချင်းဝူနဲ့ အရမ်းကို နီးကပ်လွန်း နေခဲ့တယ်။ ခြေတစ်လှမ်း အကွာပဲ ကွာဝေးတဲ့ အတွက် သူမရဲ့ အသက်က သူ့လက်ထဲမှာ ရှိနေခဲ့တယ်။

ဓားတစ်ချောင်းက ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ရုတ်တရက် ပေါ်လာတယ်။ မိစ္ဆာ ဆန်ဆန် ခရမ်းရောင် အလင်းတန်းက သွေးစီးကြောင်းထဲမှာ တောက်ပ နေခဲ့တယ်။

“ဖန်ကျန်းရှီ မင်း အတင့်ရဲ မလာနဲ့။” နတ်ဆိုး အကြီးအကဲ ဆယ်ယောက် နောက်ဆုံးတော့ လှုပ်ရှားပြီ။ သူတို့ရဲ့ ဗျူဟာကို နောက်ထပ် အာရုံ စိုက်မနေတော့ဘူး။ ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြတယ်။

“ငါ မလုပ်ဝံ့ဘူးလို့ ထင်နေကြတာလား။” ဖန်ကျန်းရှီက ခြေရာမဲ့ဓားကို လေထဲမှာ ဝေ့ယမ်းလိုက်ရင်း၊ ခရမ်းရောင် အရိပ်တစ်ခုကို ဖန်တီးလိုက်တယ်။ အရိပ် ပျောက်ကွယ် သွားချိန်မှာ ဓားက ယွင်ချင်းဝူရဲ့ လည်ပင်းပေါ်ကို ရောက်နေခဲ့ပြီ။ ယွင်ချင်းဝူက နောက်ထပ် မတိုက်ခိုက် နိုင်တော့ဘူး။ အစကနေ အဆုံးအထိ တစ်ချက်လေးတောင် မလှုပ်ရှားခဲ့ဘူး။ အရုပ်ကလေး တစ်ရုပ်လိုသာ ရပ်နေခဲ့တယ်။

နတ်ဆိုး အကြီးအကဲ ဆယ်ယောက်က လှုပ်ရှားနေတာ ရပ်တန့်လိုက်တယ်။ သူတို့တွေ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း၊ တောက်ပနေတဲ့ ရွှေရောင် အလင်းတန်းတွေကို ထုတ်လွှတ် နေခဲ့တယ်။ ဒါပေမယ့်၊ ဘယ်သူကမှ မလှုပ်ရှား ဝံ့ခဲ့ဘူး။ ဖန်ကျန်းရှီက အရာအားလုံးကို လုပ်ဝံ့တယ် ဆိုတာ သူတို့တွေ ကာင်းကောင်းကြီး သိထားခဲ့တယ်။

“ဖန်ကျန်းရှီ၊ ချင်းဝူကို ထိရင်၊ ငါနင့်ကို သေချာပေါက် သတ်မယ်။” ပိုင်ကျစ်က ယန်ယင်ကို လက်သည်းနဲ့ ကုတ်ချရင်း ပြောနေခဲ့တယ်။ သူမ တကယ့်ကို စိုးရိမ် နေခဲ့တယ်။ သူမရဲ့ တိုက်ခိုက်မှုက လေဟာနယ်ကြီး ထဲကို သိသာတဲ့ အပေါက်ကြီး တစ်ပေါက် ဖြစ်သွား စေခဲ့တယ်။

“မင်းသွားလို့ မရစေရဘူး။“ ယန်ယင်းက ဧကရီ ပိုင်ကျစ် စိုးရိမ်နေမှန်း သိထားခဲ့တယ်။ သူမ ပိုပြီးတော့ စိုးရိမ်နေ လေလေ၊ သူ့ကို ပိုပြီး တားဖို့ လိုလာလေပဲ။ ယန်ယင်းက အံကြိတ်ရင်းနဲ့၊ ကြောက်စရာ စွမ်းအားတွေကို ထုတ်လွှတ် နေခဲ့တယ်။ အရေးကြီး အချိန်မှာ သွေးနီရောင် အမှတ်အသား နှစ်ခုက သူ့ရဲ့ လက်ဖဝါးပေါ်မှာ ပေါ်လာခဲ့တယ်။

“အကယ်၍ အချိန်သာ ရှိရင်တော့ ငါလဲ မင်းအတွက် သေချာပေါက် သီချင်း တစ်ပုဒ် ဆိုပြမှာ။” ဖန်ကျန်းရှီက ပိုင်ကျစ်နဲ့ ယန်ယင်း နှစ်ယောက်ကို လျစ်လျူရှု ထားခဲ့တယ်။ ယွင်ချင်းဝူကိုသာ ကြည့်နေခဲ့တယ်။

“အခုလဲ နောက်မကျလွန်း သေးပါဘူး။” သူမ အေးအေးဆေးဆေး ပြောနေခဲ့တယ်။

“ငါလဲ ဖြစ်နိုင်ရင်တော့ တီးပြချင်ပါရဲ့၊ ဒါပေမယ့် ဘယ်လို တီးရမယ်မှန်း ငါမသိဘူး။” ဖန်ကျန်းရှီက ပြန်ဖြေရင်းနဲ့ သက်ပြင်းချလိုက်တယ်။ သူ့ကြည့်ရတာ ကုချင်း မတီးတတ်တာကို ရှက်ရမယ့် အစား ဂုဏ်ယူနေပုံပဲ။

“ကောင်းပြီ။ ငါနင့်ကို သင်ပေးနိုင်တယ်။” ယွင်ချင်းဝူ အေးအေးဆေးဆေး ပြောနေခဲ့တယ်။ ခရမ်းရောင် ကုချင်းက သူမရဲ့ လက်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ်။ တကယ်ပဲ ဖန်ကျန်းရှီကို သင်ကြားချင်နေတဲ့ ပုံစံပဲ။

“ကြည့်ရတာ အခုချိန်မှာ မင်း တကယ့်ကို မသေချင်သေးတဲ့ ပုံစံပဲ။” ဖန်ကျန်းရှှီက သူမလက်ထဲမှာ ရှိနေတဲ့ ကုချင်းကို ကြည့်ရင်း မထိန်းနိုင် မသိမ်းနိုင် ရယ်မောတော့တယ်။ မ

“ဘယ်သူကမှ မသေချင်ဘူး။”

“ဒါပေမယ့် ငါမှတ်မိ သလောက်ကတော့ သေရမှာကို မင်းဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး။”

“သေရမှာ မကြောက်တာနဲ့ မသေချင်တာက မတူဘူး။”

“ပြောတာမှန်တယ်။ ဒါပေမယ့် ဒီစစ်ပွဲကြီးက မင်းမသေသရွေ့၊ အဆုံးသတ်မှာ မဟတု်ဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။

“ငါသေတာက ဒီတိုက်ပွဲကြီးကို တိုက်ရိုက် ထိခိုက်မှု ရှိမှာ မဟုတ်ဘူး။ ငါ့အမေနဲ့ နန်ကုန်းဟောင် နှစ်ယောက်ကမှ တိုက်ပွဲကို တကယ် သက်ရောက်စေမယ့် လူတွေပဲ။” ယွင်ချင်းဝူက နန်ကုန်းဟောင်ကို ညွှန်ပြရင်း ပြောတယ်။

“ဒီတော့ နန်ကုးန်ဟောင်ကို အရင်ဆုံး သတ်သင့်လား။” ဖန်ကျန်းရှီက အခုချိန်မှာ သူပြောချင်တာကို နားလည်တယ်။

“ငါသာ နင်ဆိုရင်တော့ သေချာပေါက် သတ်မှာပဲ။”

“ဒါပေမယ့် ငါက မင်းမဟုတ်ဘူးလေ။ နောက်ပြီးတော့ ငါက ငတုံး မဟုတ်ဘူး။ ဒီစစ်ပွဲကြီးက ငါ့လက်ထဲမှာ မင်းအသက် ရှိနေရင် ပြီးဆုံး သွားမှာပဲ။” ဖန်ကျန်းရှီက ထောင်ချောက်ထဲကို အလွယ်တကူ မကျရောက် ခဲ့ဘူး။

“ဒီလိုသာ ဖြစ်မှတော့ အပေးအယူလေး တစ်ခုလောက် လုပ်ရအောင်။” ယွင်ချင်းဝူက ဒါကို ကြားချိန်မှာ ဆက်တိုက် ဆွေးနွေး နေခဲ့တယ်။

“အခြေအနေတွေက ဘယ်လိုလဲ။” ဖန်ကျန်းရှီ အချိန် မဖြုန်းချင်ဘူး။ ဒါပေမယ့် ယွင်ချင်းဝူရဲ့ စကားကို ကြားချိန်မှာ သူနည်းနည်းတော့ စိတ်ဝင်စားမိတယ်။ နောက်ဆုံးတော့လဲ ယွင်ချင်းဝူက လုံးဝကိုေ သမှာ မကြောက်တဲ့ သူလေ။ ဒါကြောင့် သူနဲ့ အပေးအယူ ဘယ်တော့မှ လုပ်မှ မဟုတ်ဘူး။ ဒါတွေကြောင့်ပဲ သူပိုပြီးတော့သိချင်တာ။

“အကယ်၍ ငါကိုသာ အလွတ်ပေးရင်၊ နင့်ကို နယ်မြေ တစ်ခု အပိုင်စား ပေးမယ်။ ဧကရာဇ် ဖြစ်အောင် လုပ်ပေးမယ်။ နောက်ပြီးတော့ နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ် နှစ်ခုကလဲ နင်အသက်ရှင် နေသရွေ့ နင့်နယ်မြေထဲကို ခြေမချ စေရဘူး။” ယွင်ချင်းဝူက သေချာ စဉ်းစား ပြီးနောက် ကမ်းလှမ်းခဲ့တယ်။

“ဘယ်လောက် နယ်မြေ ကျယ်ကျယ်လဲ။” ဖန်ကျန်းရှီက တကယ့်ကို စိတ်ဝင်တစားနဲ့ မေးနေခဲ့တယ်။

“ကြီးမြတ်သောရှ နိုင်ငံတော် တစ်ခုလုံး။”

“မင်း တကယ်ပဲ လုပ်ပေးနိုင်လား။”

“ဒါပေါ့။ နင်သာ ငါ့ကို အလွတ်ပေးရင်၊ ငါလုပ်ပေးနိုင်တယ်။” ယွင်ချင်းဝူက ခေါင်းငြိမ့်ရင်း လေးလေးနက်နက် ပြန်ဖြေတယ်။

“ဖန်ကျန်းရှီ သူ့ကို မယုံလိုက်နဲ့။ သူက ကြီးမြတ်သောရှရဲ့ ပိုင်ဆိုင်မှုကို သူက ဘယ်လိုလုပ် အလွယ်တကူ ဆုံးဖြတ်နိုင်မှာလဲ။” အသံတစ်သံ အောက်ကနေ ထွက်ပေါ်လာခဲ့တယ်။ ဒါက မုချင်းဖန်းရဲ့ အသံပဲ။ မုချင်းဖန်းက အရမ်းကို စိုးရိမ် နေခဲ့တယ်။ ဖန်ကျန်းရှီ ဒီတောင်းဆိုချက်တွေကို လက်ခံမလားဆိုတာ သေချာ မသိခဲ့ဘူး။

“ကောင်စုတ်လေး။ ယွင်ချင်းဝူက မင်းကို လိမ်နေတာ၊ မင်းရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင်၊ ဧကရာဇ် ဖြစ်ချင်လို့ကတော့၊ ငါ မော့ရှန်းရှီ၊ မင်းကို စစ်ပွဲ ပြီးတာနဲ့ ဧကရာဇ် ဖြစ်အောင် လုပ်ပေးနိုင်တယ်။” မော့ရှန်းရှီလဲ လှမ်းအော်တယ်။

ဒါပေမယ့် မုချင်းဖန်းရဲ့ သွယ်ဝိုက်စကားထက် မော့ရှန်းရှီရဲ့ တိုက်ရိုက် စကားက မနီးမဝေးမှာ ရှိနေခဲ့တဲ့ ဧကရာဇ်တွေကို လုံး၀ မှင်သက် သွားစေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ရယ်မော နေခဲ့တယ်။

ဒါက (လေလံပွဲ) တစ်ခု ဖြစ်လာမယ်လို့ သူမျှော်လင့် ထားပြီးသား။ ဧကရီ ပိုင်ကျစ်၊ မုချင်းဖန်းနဲ့ တခြားသူတွေ အားလုံးက စတင်ပြီး လေလံ ဆွဲနေကြပြီ။ ဈေးအမြင့်ဆုံးသူက နိုင်လိမ့်မယ်။ ဒါပေမယ့် သူ့မှာ အချိန်သိပ်မရှိတာ နှမြော စရာပဲ။ နောက်ပြီးတော့ အချိန် ရှိရင်တောင်၊ ဧကရာဇ် ဖြစ်လာဖို့ကို သူစိတ်မဝင်စား ခဲ့ဘူး။

“မင်း ကမ်းလှမ်းတာ ကောင်းပါတယ်။ ဒါပေမယ့် ငါတကယ်ပဲ ဧကရာဇ် မလုပ်ချင်ဘူး။ ငါဘာလုပ်သင့်လဲ။” ဖန်ကျန်းရှီရဲ့ လက်တွေက ဖြည်းဖြည်းချင်း လှုပ်ရှားရင်းနဲ့ ယွင်ချင်းဝူရဲ့ လည်ပင်းမှာ ဓားရာ ဖြစ်လာစေတယ်။ အချိန်ဖြုန်းတာကို ရပ်လိုက်ပြီး သူမကို ဒီနေရာမှာပဲ သတ်ဖို့ ဆုံးဖြတ် လိုက်တော့တယ်။

“နင်စိတ်ဝင်စားမယ့် ကမ်းလှမ်းချက်တွေ ငါ့မှာ ရှိသေးတယ်။” ယွင်ချင်းဝူက ပြောတယ်။ သူမ အသံထဲက စိုးရိမ် ပူပန်မှုတွေကို သူကြားနေတယ်။ ယွင်ချင်းဝူက တည်ငြိမ် နေပင်မယ့်၊ သူမရဲ့ ခန္ဒာကိုယ်ကတော့ တည်ငြိမ် နေခဲ့ပြီ။

“အိုး။ နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုခု ရှိသေးတာလား။ ပြောပြစမ်းပါ။” ဖန်ကျန်းရှီက လှုပ်ရှားနေတာ ရပ်လိုက်တယ်။ သူမ စကားဆုံးအောင် ပြောခိုင်းစေဖို့ ဆုံးဖြတ်လိုက်တယ်။

“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ။”

“မင်းမှာ ရှိတာလား။” ဖန်ကျန်းရှီ ပုခုံးတွန့်လိုက်တယ်။

“အားလုံးတော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် တခြား ကျန်တာတွေ ဘယ်မှာလဲ ငါသိတယ်။ နင့်ရဲ့ လက်ရှိ အခြေအနေနဲ့ ဆိုရင် နေရာသာ သိသွားလို့ ကတော့ ကိုယ့်ဘာကိုယ် သွားယူဖို့ လွယ်ပါတယ်” ယွင်ချင်းဝူက ခေါင်းခါရင်း ပြန်ဖြေတယ်။

“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေကို ငါစိတ်ဝင်စားမယ် ဆိုတာ မင်းသေချာလား။”

“ဒါပေမယ့် ကျောက်ဖျာတွေတင် မကဘူး။ ကျောက်ဖျာတွေ အားလုံး ပေါင်းလိုက်ရင် ရလာမယ့်၊ ပစ္စည်းကိုတော့ နင်စိတ်ဝင်စားမယ် ဆိုတာ သေချာတယ်။”

“အားလုံးကို ပေါင်းလိုက်တာလား။” ဖန်ကျန်းရှီ ထ ပ်မေးလိုက်တယ်။

“ဟုတ်တယ်။”

“ဒါဆိုရင် သူတို့တွေ ဘာဖြစ်လာ ကြမှာလဲ။”

“ကောင်းကင်ဘုံကို သွားဖို့ မြေပုံ ၃၆ခု။”

“ကြားရတာ ကောင်းသားပဲ။ ဒါနဲ့ မင်းကို ငါဘယ်လိုလုပ် ယုံရမှာလဲ။” ဖန်ကျန်းရှီ ဒီအချိန်မှာ ခေါင်းငြိမ့်ရင်း ပြုံးနေခဲ့တယ်။”

“ငါ့ရဲ့ လေးစားမှုကို ပြဖို့ ကျောက်ဖျာ သုံးချပ် ပေးမယ်။”

“မင်းမှာ ပါလာတာလား။”

“ဟုတ်တယ်။”

“ဘယ်မှာလဲ။”

“နင်ငါ့ကို လွတ်ပေးရင် ပေးမယ်။”

“ငါက မင်းအကွက်ထဲ ဝင်မယ်လို့ ထင်နေတာလား။ မင်းကို လွှတ်ပေးရမယ်ပေါ့။ မင်းမှာ ရတနာတွေ အများကြီး ရှိနေတယ် မဟုတ်လား။ ငါအဲ့ဒီ့လောက် မစွန့်စားချင်ဘူး။” ဖန်ကျန်းရှီက သေချာပေါက် အကွက်ထဲကို မဝင်ခဲ့ဘူး။”

“ဒါအဆိုရင် နင့်ဘာနင် ရှာနိုင်တယ်။” ယွင်ချင်းဝူ အံကြိတ်လိုက်တယ်။

“ကောင်းပြီလေ။ မင်းဘယ်မှာ ဝှက်ထားတာလဲ။”

“ငါ့ရဲ့။” ယွင်ချင်းဝူရဲ့ အသံက တဖြည်းဖြည်း ပိုပြီးတော့ တိုးညှင်းလာခဲ့တယ်။

“ဘယ်မှာ။”

“ငါ့ရဲ့ လည်ဆွဲ။ ငါ့ရဲ့ လည်ပင်းအောက်က တစ်လက်မ အကွာ။” ယွင်ချင်းဝူ စိတ်ဆုံးဖြတ်ပြီး ဆက်ပြောတယ်။ အဲ့ဒီ့နောက် သူမရဲ့ မျက်နှာ တစ်ခုလုံး နီရဲ သွားခဲ့တယ်။

“တစ်လက်မ။ မင်းလည်ပင်းအောက်။” ဖန်ကျန်းရှီ သူမ ပြောတဲ့ နေရာ အတိုင်း လိုက်ကြည့်ချိန်မှာ သူ့မျက်နှာလဲ နီရဲ သွားခဲ့တယ်။

ယွင်ချင်းဝူရဲ့ အမူအယာ ပုံမှန် မဟုတ်တာ ဘာကြောင့်မှန်း သူသိ သွားခဲ့ပြီ။ ကျောက်ဖျာတွေကို ဝှက်ထားတဲ့ နေရာက အရမ်းကို သီးသန့်ဆန်တာပဲ။

ဒီတော့ မေးစရာ ရှိလာပြီ။

ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ သုံးချပ်က သူ့မျက်စိရှေ့မှာ ရှိနေတော့ ဒီအတိုင်း ယူလိုက် ရမှာလား။

အပိုင်း (၈၈၀) ပြီး၏။

All Chapters