← Chapters

အပိုင်း (၈၉၁-၉၀၀)

Vol. 9 Ch. 891-900

အပိုင်း (၈၉၁-၉၀၀)

Vol. 9 Ch. 891-900

အပိုင်း (၈၉၁)

“ခွေးသား။ မင်းဘယ်လိုတောင် အလစ်ဝင်တိုက် ဝံ့တာလဲ။”

ဘာသာပြန်သူ- Enri Thaw

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့တွေရဲ့ မျက်လုံးထဲမှာ မယုံနိုင်မှုတွေက အထင်းသား။ ဖန်ကျန်းရှီက လေဟာနယ် ဖြိုခွင်း နတ်သခင်ရှေ့မှာ ရပ်နေခဲ့ပြီ။ ဒါတစ်ခုကတင် လုံလောက်တာထက် ပိုနေခဲ့ပြီ။

“သွားကြစို့။” မုချင်းဖန်းက မော့ရှန်းရှီကို အော်လိုက်တယ်။ နတ်ဘုရား မုခ်၀ နှစ်ခုကို ကြည့်ပြီးနောက် သူတို့တွေ ဆုံးဖြတ်ချက် ချလိုက်ပြီ။

“ထွက်ပြေးချင်တယ်ပေါ့။ အလိုက်တာ။” ဧကရီ ပိုင်ကျစ်က ချက်ခြင်း လိက်ဖမ်းတော့တယ်။

“အမေ၊ သူတို့ကို အလွတ်ပေးလိုက်။” ယွင်ချင်းဝူရဲ့ အသံ ထွ့်ပေါ်လာတယ်။ ဧကရီ ပိုင်ကျစ်ကို သူမ ခေါင်းခါပြတယ်။

“လိုက်မဖမ်း ရဘူးလား။” ယွင်ချင်းဝူကို ဧကရီ ပိုင်ကျစ် နားလည်ပေမယ့် ဘာဖြစ်လို့ ဒီလို ဆုံးဖြတ်ချက် ချမှန်း သူမ တကယ့်ကို သိချင်နေခဲ့တယ်။

“မြင့်မြတ် နယ်မြေက မကြီးဘူး။ သူတို့တွေ ဘယ်ကို ထွက်ပြေးလို့ ရနိုင်မှာလဲ။ ဟိုကောင် နေခဲ့ဖို့က ပိုအရေးကြီးတယ်။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို လက်ညှိုးထိုးပြတယ်။

“ဒီကောင်စုတ်။” ဧကရီ ပိုင်ကျစ် မျက်မှောင်ကြုတ်လိုက်တယ်။ စိတ်ထဲမှာတော့ ယွင်ချင်းဝူရဲ့ ဆုံးဖြတ်ချက်ကို သူမ သဘောမတူခဲ့ဘူး။ နောက်ဆုံးတော့လဲ ဖန်ကျန်းရှီက သူတို့နဲ့ ရှိနေပြီပဲ။

လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ လက်ကနေ ဖန်ကျန်းရှီ ဘယ်လိုများ လွတ်နိုင်မှာလဲ။ နောက်မှာ ချန်ရစ်ခဲ့တယ် ဆိုတာ ကိုယ့်ကိုယ့်ကို စတေးလိုက်တာပဲ မဟုတ်လား။ ဧကရီ ပိုင်ကျစ် နားမလည် နိုင်ခဲ့ဘူး။

ဒါပေမယ့် လက်ရှိ အခြေအနေမှာ သူမ တိုက်ရိုက် မဆန့်ကျင်ဝံ့။ ယွင်ချင်းဝူ ပြောသလိုပဲ မြင့်မြတ် နယ်မြေက မကြီးဘူး။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်လဲ ဝေးဝေး မပြေးနိုင်ဘူး။ ဒါ့အပြင် သူတို့တွေက နှစ်ထောင်ချီ တည်ဆောက်ထားခဲ့တဲ့ မြင့်မြတ် နယ်မြေကို စွန့်ခွာနိုင်ကြလို့လား။

“ကောင်းပြီ။ သူတို့ကို အခုတော့ အသက်ချမ်းသာပေးလိုက်မယ်။” ဧကရီ ပိုင်ကျစ် နောက်ဆုံးမှာ ခေါင်းငြိမ့်ရင်း လိုက်မဖမ်းတော့ဘူး။ ယွင်ချင်းဝူ ဘေးကို လူအသွင် ပြောင်းပြီးတော့ သွားရပ်တယ်။

သားမွှေးဖြူရောင် ဝတ်ရုံရှည်က နေရောင်အောက်မှာ တောက်ပနေခဲ့တယ်။ မျက်စိကျိန်းလောက်အောင် လှပပေမယ့်၊ ယွင်ချင်းဝူနဲ့ ယှဉ်လိုက်ရင်၊ သူမရဲ့ ခန္ဒာကိုယ်က ဆွဲဆောင်ညှို့ငင် နိုင်စွမ်းတွေ ပြင်းပြင်းပြပြကို ထွက်ပေါ် နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ ဒီအလှတရားတွေကို ခံစားဖို့ အချိန် မရှိသေးဘူး။ သူနဲ့ ခြေငါးလှမ်း အကွာမှာ ရပ်နေခဲ့တဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ကိုသာ အာရုံ စိုက်နေခဲ့တယ်။ တကယ်တော့ လေဟာနယ် ဖြိုခွင်း နတ်သခင်နဲ့ ယှဉ်ရင် ယွင်ချင်းဝူနဲ့ သူက ပိုနီးကပ်တယ်။

ဗျူဟာထဲမှာ အကောင်းဆုံး ဗျူဟာကတော့ ယွင်ချင်းဝူကို ဖမ်းမယ်။ ယွင်ချင်းဝူနဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ကို ခြိမ်းခြောက်တာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ မလုပ်ခဲ့ဘူး။ သူမလုပ်ချင်တာတော့ မဟုတ်။ မလုပ်နိုင်တာကို နားလည် ထားလို့ပဲ။ လေဟာနယ် ဖြိုခွင်း နတ်သခင်က ယန်ယင်ကို တိုက်ခိုက်တာကို သူမြင်ခဲ့ပြီးပြီ။ အခုချိန်မှာ ယွင်ချင်းဝူကို ဖမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

အကယ်၍ ဖမ်းလို့ အောင်မြင် သွားရင်တောင်၊ လေဟာနယ် ဖြိုခွင်း နတ်သခင်က သူ့စကားကို နားထောင်မယ်ဆိုတာ မသေချာဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ စကား အရ။ တကယ့် စစ်မြေပြင် အစစ်က လာတဲ့ နတ်ဆိုး တစ်ကောင် အတွက်တော့ လူတစ်ယောက်ကို သတ်ဖို့ ဆိုတာ မြေပဲစေ့ ခွာရ သလိုပဲ။ ကတိတွေ သစ္စာတွေ ဆိုတာ ရှိနိုင်မလား။

ဒါကြောင့် ကိုယ့်သေတွင်း ကိုယ်တူးမယ့် အစား တည်ငြိမ်တဲ့ ပုံစံ ဟန်ဆောင်နေရတယ်။

အနည်းဆုံးတော့ ယွင်ချင်းဝူနဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ကြားက လောင်းကြေးကို သူအသုံးချနိုင်ခဲ့တယ်လေ။

“မင်း အဆင်သင့် ဖြစ်ပြီလား။” လေဟာနယ် ဖြိုခွင်း နတ်သခင်မေးတယ်။ ထူးခြားတဲ့ သတ်ဖြတ်လိုစိတ် အငွေ့အသက်တွေ လျှံထွက်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း သူနည်းနည်းတော့ အထင်ကြီးလာတယ်။

“မင်းမှာ ဝိုင်အရက်ရှိလား။ ငါ့ကိုယ်ငါ စိတ်ငြိမ်အောင် လုပ်ဖို့ လိုတယ်။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

“ဟ ဟား။ ငါ့ရှေ့မှာ မင်းအရက် သောက်ပြတာ ကြည့်ဖို့ စိတ်မဝင်စားဘူး။” လေဟာနယ် ဖြိုခွင်း နတ်သခင်က ပြုံးလိုက်တယ်။ စစ်မြေပြင် အစစ်က လာတဲ့သူ ဖြစ်နေတဲ့ အတွက် သူ့ပြိုင်ဘက်ရဲ့ အပြုအမူတွေကို သူကောင်းကောင်းကြီး နားလည်တယ်။ ပုရွက်ဆိတ်လေး တစ်ကောင်ကတောင် ဆင်ကြီးကို ကိုက်ပြီး သေစေနိုင်တဲ့ အလားအလာ ရှိတယ်။

ဒါကြောင့် သူပြောရင်းနဲ့ ညာလက်ကို မြှောက်လိုက်တယ်။ ဖန်ကျန်းရှီကို နောက်ထပ် အခွင့်အရေး မပေးတော့ဘူး။

“နေအုန်း။” ယွင်ချင်းဝူရဲ့ အသံကို ကြားလိုက်ကြတယ်။ “မြောက်ရွာကို ငါသွားခဲ့တဲ့ အချိန်တုန်းက (နွေဦးဆီးသီး) အရက် တပုလင်း ယူလာသေးတယ်။ ငါကြားတာတော့ အဲ့ဒီ့ အရက်ချက်တဲ့ နည်းက နင့်နည်းလမ်းဆိုပဲ။ ငါ့မှာ ပုလင်းဝက် ရှိသေးတယ်။ နင်သောက်ချင်လား။”

“ဒါပေါ့။” ဖန်ကျန်းရှီ ပြုံးရင်း ယွင်ချင်းဝူ အနားကို ဖြည်းဖြည်းချင်း ကပ်လာခဲ့တယ်။ လေဟာနယ် ဖြိခွင်း နတ်သခင်ကတော့ မျက်မှောင်ကြုတ်ရင်း ဖန်ကျန်းရှီကို ကြည့်နေတယ်။ သူ့ရဲ့ လက်ကို နောက်တစ်ကြိမ် မြှောက်ပြီးတော့မှ ပြန်ချလိုက်တယ်။ တခြား တစ်ဖက်မှာတော့ ဧကရီ ပိုင်ကျစ်က ဖန်ကျန်းရှီ အနီးကပ်လာတာကို ကြည့်ရင်း စိုးရိမ် လာမိတယ်။ သူမ ချက်ခြင်း ဆိုသလို ယွင်ချင်းဝူ ရှေ့မှာ ပိတ်ရပ်လိုက်တယ်။

“စိတ်မပူနဲ့ အမေ။ ချင်းဝူကို သူမသတ်ဘူး။ အနည်းဆုံးတော့ အခုချိန်မှာ မသတ်ဘူး။” ယွင်ချင်းဝူက ခေါင်းခါရင်း ပြောတယ်။

“အိုး။” ဧကရီ ပိုင်ကျစ် နည်းနည်းတော့ စိတ်ရှုပ်ထွေး သွားခဲ့တယ်။ သူမရဲ့ ဉာဏ်ပညာနဲ့တောင် ယွင်ချင်းဝူ တွေးနေတာကို နားမလည် နိုင်ခဲ့ဘူး။ ဘာဖြစ်လို့ ဒီလောက်တောင် သေချာ နေရတာလဲ။

“သူ့အတွက် အချိန်ဆွဲပေး စေချင်လို့လေ။” ထွက်ပြေးနေတဲ့ သုခမိန်နဲ့ တပည့်သားတွေကို လက်ညှိုးထိုးပြရင်း ယွင်ချင်းဝူ ပြောတယ်။

ဧကရီ ပိုင်ကျစ် မျက်မှောင်ကြုတ်သွားပြန်တယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် ထွက်ပြေးသွားတဲ့နောက်၊ အောက်ဘက်မှာ ရှိနေတဲ့ လူတွေက ရေစီးကြောင်းလို ဆက်တိုက် ထွက်ပြေး နေကြတာကို သူမြင်တယ်။

ယင်ယန် ခန်းမ။ ကောင်းကင်တာအို ခန်းမ၊ ဖူရှီး တောင်ကြား၊ လင်းယွမ် မျှော်စင်၊ ကျန်ရစ်နေတဲ့ ကြီးမြတ်သောရှ အင်အားစုတွေ အားလုံးက တောင်ပေါ်ကနေ ဆုတ်ခွာ ကုန်ကြပြီ။ ဒါက တွက်ဆထားတဲ့ အတိုင်းပဲ။

ဒီလို လိုက်ဖမ်းဖို့ ကောင်းတဲ့ အခွင့်အရေးကို ယွင်ချင်းဝူ ဘာကြောင့်များ အသုံးမချမှန်း ဧကရီ ပိုင်ကျစ် နားမလည် နိုင်ခဲ့ဘူး။ အဲ့ဒီ့ အစား မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ တပည့်သားတွေကို ထွက်ပြေးဖို့ ခွင့်ပြု ထားခဲ့တယ်။ ဘာကြောင့်များလ။

ယွင်ချင်းဝူက ရှင်းမပြခဲ့တဲ့ အတွက် ဧကရီ ပိုင်ကျစ်လဲ နောက်ထပ် မမေးတော့ဘူး။ အခုချိန်မှာ မေးဖို့ အကြောင်းရင်းလဲ မရှိခဲ့ဘူး။

…

အေးစက်စက် လေထုကြောင့် ယွင်ချင်းဝူရဲ့ အမူအယာက နည်းနည်းတော့ ပြောင်းလဲ သွားခဲ့တယ်။ သူမရဲ့ လည်ပင်းကို ထိတွေ့လိုက်ချိန်မှာ လည်ဆွဲ မရှိတော့တာကို သတိရသွားလို့ပဲ။

“ဝိုင်အရက်က နင့်ဆီမှာ။” ယွင်ချင်းဝူ လှမ်းပြောတယ်။

“ငါ့ဆီမှာ။ အာ ဟုတ်သား။ ငါ့ဆီမှာပဲ။” ဖန်ကျန်းရှီ တစ်ခဏတော့ ကြောင်အ သွားပေမယ့်၊ ခပ်မြန်မြန်ပဲ သူ့ရင်ဘတ်က နှလုံးကာမှန်ကို ထိလိုက်တယ်။ အဲ့ဒီ့နောက် ဝိုင်အရက် ပုလင်း တစ်ပုလင်းက သူ့လက်ထဲကို ရောက်လာတော့တယ်။

ဖန်ကျန်းရှီလဲ ဝိုင်ပုလင်းကို တစ်ချက် လှုပ်ရမ်းလိုက်ပြီး အနံ့ ရှူလိုက်တယ်။

“သဘာ၀ အတိုင်း ဖောက်ထားတဲ့ ဝိုင်အရက်က အကောင်းဆုံးပဲ။” ဖန်ကျန်းရှီ အောက်ဘက်က အခြေအနေကို အကဲခတ်ရင်း ပြောလိုက်တယ်။

တောက်ရှင်းနဲ့ တောက်ဟွမ် နှစ်ယောက်က ရန်ရွှယ်ကို ခေါ်ပြီး ယင်ယန် ခန်းမ တပည့်သားတွေနဲ့ အတူ ကျမ်းကောင်းကင် တောင်ကနေ ထွက်ခွာ သွားပြီ။ တခြား တပည့်သား အများစုလဲ ထွက်ခွာ သွားခဲ့ပြီ။

“ဒေါ်လေးချင်းက ဒီမှာ နေခဲ့မယ်လို့ ငါထင်နေတာ။” ဖန်ကျန်းရှီ သက်ပြင်းချလိုက်တယ်။ ချင်းယွိက ဒီမှာ နေရစ်ခဲ့မယ်လို့ သူထင်ထားတာ မှားသွားခဲ့တယ်။ မုချင်းဖန်း၊ မော့ရှန်းရှီတို့နဲ့ ယှဉ်လိုက်ရင်၊ ချင်းယွိနဲ့ တောက်ဟွမ်က ဒဏ်ရာ အနည်းဆုံးသူတွေ။ ဒါပေမယ့် ချင်းယွိက လင်းယွမ် မျှော်စင် တပည့်သားတွေ၊ ဧကရာဇ် လင်းမုပိုင်နဲ့ ပင်းယန်ကို ခေါ်ပြီးတော့ ထွက်သွားခဲ့ပြီ။

သူထွက်မသွားခင် နတ်သစ်ပင် ထိပ်ကို တစ်ချက်ကြည့်သွားစေတယ်။ လူတွေ ထွက်ခွာသွားတဲ့ အချိန် ရေနွေးကြမ်းကလဲ အေးစက်သွားတယ်။ တောင်ပေါ်လေကလဲ ပိုပြီးတော့ အေးစိမ့်လာတယ်။ ဒါပေမယ့် အခုချိန်ထိ ထွက်မသွားသေးတဲ့ လူတွေ ရှိနေသေးတယ်။ နတ်သစ်ပင် အောက်မှာ တိတ်တဆိတ်ရပ်ရင်း ကောင်းကင်ကို မော့ကြည့်နေကြတယ်။

သူတို့တွေထဲမှာ ချီကူယန်နဲ့ ဝူယွဲ့အာ နှစ်ယောက်က အထင်ရှားဆုံး။ တစ်ယောက်က ပန်းရောင်။ တစ်ယောက်က အနက်။ ခြုံပုတ်ထဲမှာ ပွင့်နေတဲ့ ပန်းနှစ်ပွင့်လိုပဲ။ သူတို့တွေကို သတိမထားမိဖို့ မဖြစ်နိုင်ဘူး။ သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက် ခြေလှမ်း နှစ်ဆယ် အကွာမှာ ရပ်နေကြတာ။

ချီကူယန်ရဲ့ ပန်းနုရောင် အကျီပေါ်မှာ စွန်းထင်းနေတဲ့ သွေးစက်တွေက မီးလို ရဲရဲနီ နေခဲ့တယ်။ ချီကူယန်နဲ့ ယှဉ်လိုက်ရင် ဝူယွဲ့အာက ဒဏ်ရာ သိပ်မရှိလှဘူး။ အနက်ရောင် ဝတ်ရုံက သူမရဲ့ ပိန်ပိန်ပါးပါး ပုံရိပ်ကို ပိုပြီးတော့ ဆွဲဆောင်မှု ရှိစေတယ်။ သူတို့ နှစ်ယောက်လုံး ထွက်ခွာ မသွားသေးဘူး။

ဒါပေါ့။ သူတို့ အပြင် နောက်ထပ် ရပ်နေသူတွေလဲ ရှိသေးတယ်။ တစ်ယောက်ကတော့ ကောင်းကင် အိုအေစစ် သုခမိန်ကြီး။ နောက်တစ်ယောက်ကတော့ ရန်ချန်လိ။ အရိပ်မျိုးနွယ်စုရဲ့ တပည့်သားတွေကတော့ ထွက်ခွာ သွားကြပြီ။ ကောင်းကင် အိုအေစစ်နဲ့ ရန်ချန်လိ နှစ်ယောက်ကတော့ ထွက်ခွာ မသွားသေးဘူး။ ဝူယွဲ့အာကို စောင့်ဆိုင်းနေတာလဲ ဖြစ်နိုင်တယ်။

အံ့သြစရာ မရှိလှဘူး။

ဒါပေမယ့် ဖန်ကျန်းရှီကို အံ့သြစေတာကတော့ ကျန်ရစ်နေတဲ့ နန်ကုန်းထျန်းနဲ့ နန်ကုန်းမျိုးနွယ် သုခမိန်တွေပဲ။ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ နန်ကုန်းမုတောင် ရှိနေသေးတယ်။ ဖန်ကျန်းရှီကတော့ ဒီလို ဝမ်းနည်းစရာ အခြေအနေမှာတောင် ပြုံးယောင်ယောင် ဖြစ်သွားခဲ့တယ်။

သူ့ရဲ့ အကြံအစည် အောင်မြင်ဖို့ သား အရင်း ခေါက်ခေါက်ကိုတောင် သတ်နိုင်တဲ့ နန်ကုန်းထျန်းလို လူက အခုချိန်မှာ ကျန်ရစ်နေမယ်လို့ သူတကယ် မထင်ထား မိဘူး။ နန်ကုန်းဟောင် အတွက်လား။ ဒါမှမဟုတ် နန်ကုန်းထျန်း လက်မလျှော့ သေးတာလား။

လက်မလျှော့ သေးတာ ဖြစ်ခဲ့ရင်တော့ နန်ကုန်းထျန်းရဲ့ ဆုံးဖြတ်ချက်ကို အထင်ကြီး ရမှာပဲ။ လုံး၀ မျှော်လင့်ချက် မရှိတော့တာတောင် ဆုံးဖြတ်ချက်က ခိုင်မာနေသေးတယ်။

…

ဖန်ကျန်းရှီ အသက်ပြင်းပြင်း ရှူလိုက်တယ်။ အနံ့ပြင်းပြင်း ဝိုင်အရက်တွေကို တကျိုက် မော့သောက်တယ်။ ပူပြင်းတဲ့ ခံစားချက်က အစာအိမ်ထဲ အထိကို စီးဆင်းသွားတော့တယ်။ သူကိုယ်တိုင် ဖောက်ထားတဲ့ အသီး ဝိုင်အရက်တွေထက် (နွေဦးဆီးသီး)က အများကြီး ပိုပြင်းတယ်။ မုဆိုးတွေ ဆောင်းတွင်း အမြဲ လိုက်တဲ့ အချိန် သောက်တာမျိုး။ ဒီတကျိုက်က သူ့ကို ကျေနပ် သွားစေတယ်။

“တယောက်တည်း သောက်ရတာ ဘယ်လောက်တောင် ပျင်းစရာ ကောင်းလိုက်သလဲ။” ယွင်ချင်းဝူက ပြောရင်း ညာလက်ကို ဆန့်ထုတ်လိုက်တယ်။ သူမရဲ့ မျက်နှာကတော့ ရေလို ကြည်လင်နေတယ်။

“ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း နောက်တစ်ကျိုက် သောက်လိုက်တယ်။ အဲ့ဒီ့နောက် ဝိုင်အိုးကို ယွင်ချင်းဝူဆီ ပေးလိုက်တယ်။ “မုချင်းဖန်းကို လွှတ်ပေးပြီးတော့ နန်ကုန်းဟောင်နဲ့ ဘာလုပ်မှာလဲ။”

“နင်က သူ့ကို ကယ်မလို့လား။” ယွင်ချင်းဝူ ဝိုင်အိုးကို ယူလိုက်ရင်း မေးတယ်။ မိစ္ဆာဘုရင်တွေကို လန့်သွား စေတာကတော့ ယွင်ချင်းဝူလဲ ဒီဝိုင်ပုလင်းကို သောက်လိုက်တဲ့ ကိစ္စပဲ။

ယွင်ချင်းဝူကို အမြဲတမ်း မြင့်မြတ်ပြီး သီးခြားဆန်တဲ့ လူတစ်ယောက်လို့ သူတို့ အမြဲ တွေးထင် ထားခဲ့တာ။ တခြားလူရဲ့ ဝိုင်အိုးကို ယူသောက်တယ်ပေါ့။

“ငါက မကြာခင် သေရတော့မယ်။ မိစ္ဆာနဲ့ နတ်ဆိုး နတ်ဘုရား မုခ်၀ နှစ်ခုကလဲ ပွင့်သွားပြီ။ ဒီလို အခြေအနေမျိုးမှာ ငါသာ နန်ကုန်းဟောင်ကို ကယ်နိုင်ရင်၊ သူက လူသား မျိုးနွယ်ရဲ့ နောက်ထပ် မျှော်လင့်ချက် တစ်ခု ဖြစ်လာနိုင်တယ်။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြောလိုက်တယ်။

“အင်း။ နင်ပြောတာ အဓိပ္မာယ်ရှိတယ်။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို ဝိုင်ပုလင်း ပြန်ကမ်းပေးရင်း ပြောလိုက်တယ်။ “ဒါပေမယ့် ဘာဖြစ်လို့ လူသားမျိုးနွယ် အတွက် မျှော်လင့်ချက်ကို ချန်ထား ပေးရမှာလဲ။”

“ဒီတော့ ယွင်ချင်းဝူ ကြောက်တဲ့ အချိန်လဲ ရှိသေးတာပေါ့။” ဖန်ကျန်းရှီက ဝိုင်ပုလင်းကို သောက်ပြီး ပြန်ပေးပြန်တယ်။

“ငါ့ကို စကား စစ်ထိုးလို့ ရမယ် ထင်နေတာလား။”

“မသေချာဘူး။ ဒါပေမယ့် ကြိုးစား ကြည့်ရမှာပဲ။”

“နင်မသေခင် နောက်ဆုံး ဆန္ဒ ချန်ထားခဲ့ စရာ ရှိလား။”

“ငါ အခုချိန်ထိ လက်မထပ်ရသေးဘူး။ ဇနီးနဲ့လဲ တစ်ည မကုန်ဆုံး ရသေးဘူး။”

“အင်း။ နင့်စရိုက်နဲ့တော့ ကိုက်ပါတယ်။ ဒါပေမယ့် နင့် ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ ငါမပြောဘူး။ ဒီတော့ ကိုယ့်ဘာကိုယ်သာ တွေးနေ။”

“ယွင်ချင်းဝူက တကယ့်ကို ယွင်ချင်းဝူပါပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း လက်ထဲက ဝိုင်ပုလင်းကို ခါလိုက်တယ်။ ကုန်သွားတာကို မြင်ချိန်မှာ သူခါးသက်သက် ပြုံးလိုက်တယ်။ “အရက်လဲ ကုန်ပြီ။ သွားရမယ့် လူတွေလဲ သွားပြီ။ စလိုက်ရအောင်။”

“နေအုန်း။” ယွင်ချင်းဝူ ပြောလိုက်တယ်။

“ဘာလဲ။ စိတ်ပြောင်းပြီး ငါ့ကို လွှတ်ပေးချင် သွားပြီလား။”

“နင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်က အရှက်မရှိ တာထက်တောင် ပိုပြီး သာနေသေး။ နောက်ဆုံး တစ်ခေါက် မေးမယ်။ နန်ကုန်းဟောင်ကို နင်တကယ် ကယ်ချင်တာလား။” ယွင်ချင်းဝူ နှုတ်ခမ်းတွေကို ကိုင်ထားရင်း မေးမိတယ်။

“ဒါက အကြောင်းပြချက် သက်သက်ပဲ။ ငါ့မှာသာ ရွေးစရာ ရှိရင် ငါ့ကိုယ်ငါပဲ ကယ်မှာပေါ့။” ဖန်ကျန်းရှီ တောက်တောက်ပပ ပြုံးပြရင်း ပြန်ဖြေတယ်။

“ဟဟား။” ကြာပန်းဖြူ တစ်ပွင့် ပွင့်လန်းလာသလို ယွင်ချင်းဝူ ရယ်မော နေခဲ့တယ်။ နေရောင်အောက်မှာ မြေကြီးထဲက ထိုးထွက်လာတဲ့ ကြာပန်းဖြူ တပွင့်လိုပဲ။ “ကောင်းပြီ။ ငါနင့် ဆန္ဒကို ဖြည့်ဆည်းပေးမယ်။ သူ့ကို အခုတော့ မသတ်ဘူး။ နောင်လာမယ့် ရက်တွေမှာ ဘာဖြစ်မယ် ဆိုတာတော့ အာမ မခံနိုင်ဘူး။”

ယွင်ချင်းဝူ ပြောတဲ့ အချိန်မှာပဲ သူမျက်ဝန်းထဲမှာ မှိန်ဖျော့ဖျော့ အလင်းတန်း တစ်ခု ထွက်ပေါ် လာတော့တယ်။ ဒီအလင်းတန်းက ဘေးမှာ ရုပ်တု တစ်ခုလို ရပ်နေတဲ့ နန်ကုန်းဟောင်ကို ဖြတ်သန်းသွားတယ်။

“တကယ့်ကိုပဲ ဝိဉာဉ်ခိုး မန္တန်က မင်းလက်ချက် ဖြစ်နေတာကိုး။” ဖန်ကျန်းရှီ သူ့ရဲ့ ခန့်မှန်းချက်ကို အတည်ပြု လိုက်တယ်။

“အင်း။ နင်ပြောတာ မှန်တယ်။ ဒါပေမယ့် အရင်ဆုံး နင့်နောက်ဘက်ကို ဂရုစိုက်သင့်တယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်း ပြောတယ်။

ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူရဲ့ စကား အဆုံးကို မကြားတော့ဘူး။ သူ့လည်ပင်း တစ်ခုလုံး အေးစက် သွားတာကို ခံစားလိုက် ရလို့ပဲ။

“ခွေးသား။ ငါ့ကို အလစ်ဝင်တိုက်ဝံ့တယ်ပေါ့။”

အပိုင်း (၈၉၁) ပြီး၏။

အပိုင်း (၈၉၂)

“အနည်းဆုံးတော့ မင်းကို ငါ့အသက်ပေးထားတယ်။”

“အလစ်ဝင်တိုက်တာလား။” လေဟာနယ် ဖြိုခွင်း နတ်သခင်က သူ့ရဲ့ မြှောက်ထားတဲ့ ညာလက်ကို ကြည့်ရင်း နှုတ်ခမ်းတွန့် သွားခဲ့တယ်။ သူတစ်ခဏတော့ ကြောင်အ သွားတယ်။ နတ်ဘုရားလို့ ခေါ်ဝေါ်ရတဲ့ အထိ အင်အားကြီးတဲ့သူက ပုရွက်ဆိတ်လို လူသားကို ဘာကြောင့်များ အလစ်ဝင်တိုက် ရမှာလဲ။

သူလုပ်စရာမှ မလိုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ တကယ့်ကို အဆုတ်ကွဲမတတ် အော်ဟစ် သွားတဲ့ အပြင်။ (ခွေးသား)လို့တောင် စော်ကား သွားသေးတယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင် တစ်ခဏတော့ မတုံ့ပြန် နိုင်ခဲ့ဘူး။ သူ့ဘာသူ တွေးတော နေခဲ့တယ်။

မရည်ရွယ်ပဲ ထုတ်သုံး လိုက်မိတဲ့ အေးစက်မှုကြောင့် ဖန်ကျန်းရှီက သူ့ကို အထင်လွဲ သွားတာလား။ သူတွေးနေတဲ့ အချိန်မှာပဲ နားလည် သွားတယ်။ ဖန်ကျန်းရှီ ထွက်ပြေးနေပြီ။ နောက်ပြီးတော့ တစ်ချက်လေးတောင် လှည့်မကြည့်ပဲ အရမ်းကို မြန်တဲ့ အရှိန်နှုန်းနဲ့ ထွက်ပြေးနေတာ။

“…”

“…”

အကယ်၍ မင်းသာ နောက်ကနေ အလစ်ဝင်တိုက် ခံရရင် မင်းဘာလုပ်မှာလဲ။ ပင်ကိုယ် သိစိတ်ကြောင့် သေချာပေါက် ရှောင်ရှား မိမှာပဲ။ ဒီလို ရှောင်ရှားမှုထဲမှာ ထွက်ပြေးတာတော့ မပါဘူး။ ဖန်ကျန်းရှီက ပြတ်ပြတ်သားသားကြီးကို ပြေးနေတာ။ ရှောင်ရှားတာမျိုး မလုပ်ဘူး။

ဖန်ကျန်းရှီရဲ့ အခု ပုံစံကို ပြောရမယ် ဆိုရင် သူ့မှာ ခြေထောက်တွေ အပိုရှိဖို့တောင် ဆုတောင်းနေတဲ့ ပုံစံပဲ။ ယွင်ချင်းဝူကတော့ လျှပ်စီးလို အရှိန်နှုန်းနဲ့ ပြေးနေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီကို ကောင်းကောင်းကြီး နားလည်တယ်လို့ ကိုယ့်ကိုယ်ကို ထင်ထားခဲ့တဲ့ အပြင် စိတ်ကိုလဲ ပြင်ဆင်ထားပေမယ့်၊ ဖန်ကျန်းရှီရဲ့ အရှက်မဲ့မှုကို သူလျှော့တွက် မိသွားတာပဲ။ တကယ့်ကိုပဲ မှတ်တမ်းတွေ ဆိုတာ ချိုးဖျက်ဖို့ ဖြစ်တည် လာတာ။

လေဟာနယ် ဖြိုခွင်း နတ်သခင်လဲ ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။ တိုက်ပွဲတွေ အများကြီး ကိုတိုက်ခိုက်ဖူးတဲ့ အတွက် လှည့်ကွက် အမျိုးမျိုးကို သူနားလည်တယ်။ အခုချိန်မှာ ကြည့်ရတာတော့ သူက ဖန်ကျန်းရှီရဲ့ လှည့်ကွက်ထဲကို ရောက်သွားတဲ့ ပုံစံပဲ။

အနည်းဆုံးတော့ တစ်ခဏတာ မျက်လုံးပြူးနေရတယ်။ ဒီလို အချိန်တိုလေး အတွင်းမှာ ဖန်ကျန်းရှီက အဝေးကို ရောက်သွားခဲ့ပြီ။ သူ့ရဲ့ လက်ထဲမှာ ချက်ခြင်းဆိုသလို အရိုးနက်လေး ပြန်ပေါ်လာတယ်။ ယွင်ချင်းဝူရဲ့ အမူအယာကိုလဲ သူသတိ ထားမိတယ်။

ယွင်ချင်းဝူရဲ့ မျက်နှာမှာ ထိတ်လန့်ဟန်က တစ်ချက် လက်သွား ပေမယ့် ချက်ခြင်း ဆိုသလို ပြန်တည်ငြိမ် သွားခဲ့တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင် ပြုံးလိုက်တယ်။ ဟုတ်တယ်။ သူပြုံးတယ်။

ယွင်ချင်းဝူကို ပထမဆုံး တွေ့တွေ့ချင်း အချိန်မှာ သူမ ခန္ဒာကိုယ်က ထွက်ပေါ်နေတဲ့ အရှိန်အဝါတွေက အားနည်း ဖျော့တော့ လွန်းတာကို ခံစားမိတယ်။ သူ့ရှေ့ကိုတောင် ရောက်မလာသင့်တဲ့ ဖြစ်တည်မှု တစ်ခုပဲ။ ဒါပေမယ့် နတ်ဆိုး မျိုးနွယ် ခေါင်းဆောင်တွေ၊ မိစ္ဆာ ဘုရင်တွေရဲ့ အမူအယာကနေ လေးစားမှုနဲ့ အကြောက်တရားတွေကို သူခံစားမိတယ်။

သူတို့တွေ လေးစား ကြတာတော့ အံ့သြစရာ မရှိဘူး။ ဒါပေမယ့် အကြောက်တရားကတော့ သူ့ကို သိလိုစိတ် ပြင်းပျ လာစေတယ်။ ဒါကြောင့်ပဲ သူယွင်ချင်းဝူနဲ့ လောင်းကြေး ထပ်ခဲ့တာ။ လောင်းကြေးထပ်ဖို့ ရွေးချယ် လိုက်မှတော့၊ ဘယ်လိုများ အရှုံးခံနိုင် မှာလဲ။

သူ့ရဲ့ အရိုးဓားနက်ကို ချက်ခြင်း ပြန်သိမ်းလိုက်တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်က စည်းမျဉ်းတွေကြောင့် မလှုပ်ရှားဘူး။ ဒါပေမယ့် သူ့နဖူးပေါ်မှာ ရှိတဲ့ ရွှေရောင် အမှတ်အသားကနေ အလင်းတန်းတွေ ဖြာထွက် လာခဲ့တယ်။ နတ်ဆိုး စစ်စစ်တွေရဲ့ နဖူးမှာ နတ်ဆိုး မျက်လုံး ရှိတယ်။ နတ်ဆိုး မျက်လုံးက စွမ်းအားကို ကိုယ်စားပြုတဲ့ အရာပဲ။

အနီရောင်က ပြန်လည် မွေးဖွားမှု အဆင့်ကို ကိုယ်စား ပြုပြီး ရွှေရောင်က သုခမိန် အဆင့်ကို ကိုယ်စား ပြုတယ်။ လေဟာမယ် ဖြိုခွင်း နတ်သခင်က နတ်ဆိုး ဖြစ်တဲ့ အတွက် နဖူးမှာ နတ်ဆိုး မျက်လုံး ရှိသင့်တယ်။ ဒါပေမယ့် သူ့နဖူးမှာ ရွှေရောင် အမာရွတ်လေး တစ်ခုသာ ရှိနေတယ်။

“ပြန်လာစမ်း။” အလင်းတန်းကို ထုတ်လွှတ်ရင်း သူဟိန်းဟောက်လိုက်တယ်။

“ပြန်လာရမယ်တဲ့လား။ အရူးတွေပဲ လာလိမ့်မယ်။” ဖန်ကျန်းရှီ စိတ်ပျက်မှု အပြည့်နဲ့ ပြောတယ်။ သူက အရူးမှ မဟုတ်ပဲ။ လေဟာမယ် ဖြိုခွင်း နတ်သခင် ဘယ်လောက်တောင် အင်အားကြီးလဲ ဆိုတာ ထည့်မပြောရင်တောင် ဧကရီ ပိုင်ကျစ်ကို သူ့တစ်ယောက်တည်းနဲ့ အနိုင်မတိုက် နိုင်ဘူး။

မုချင်းဖန်း၊ မော့ရှန်းရှီ၊ ချင်းယွိတို့တွေလဲ အကုန်လုံး ထွက်ပြေးကုန်ပြီ။ သူက ဒီနေရာမှာ ဆက်နေ ရမှာလား။ ဖန်ကျန်းရှီ အဲ့ဒီ့လောက် မတုံးအဘူး။ နောက်ဆုံးတော့လဲ သူ့မှာသာ လွတ်မြောက်ဖို့ အခွင့်အရေး ရှိရင်၊ ထိုင်ပြီးတော့ စောင့်နေမှာ မဟုတ်ဘူး။

သူဘယ်လောက် အချိန်ဆွဲ ပေးထားထား ချီကူယန်နဲ့ ဝူယွဲ့အာ နှစ်ယောက်က ထွက်မပြေးဘူး။ သူတကယ့်ကို ပြောစရာ စကား မရှိတော့။ သူဒေါသထွက်လာခဲ့တယ်။

“ပြေးကြလေ အရူးတွေရဲ့။” သူ့စကား မဆုံးခင် အချိန်မှာပဲ ဖန်ကျန်းရှီ မျက်လုံး ပြူးသွားရတယ်။ သူနောက်ပြန်လှည့်နေ မိတာလား။ ဟုတ်တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်နဲ့ ယွင်ချင်းဝူ ရှေ့ကို သူပြန်ရောက် လာပြန်ပြီ။

“..”

“ဘာတွေ ဖြစ်နေတာလဲ။”

ဖန်ကျန်းရှီ မေးလိုက်ချင်တယ်။ စုန်းအတတ် တွေလား။ ဒါပေမယ့် မေးခွန်းကို ရှင်းရှင်းလင်းလင်း မမေးနိုင်ခင်မှာပဲ အေးစက်စက် လေထုက သူ့ရဲ့ လည်ပင်းကို လာရောက် ထိတွေ့တော့တယ်။ အရင်အေးစက်မှုတွေနဲ့ မတူညီဘူး။ ဓားလို အအေးဓာတ်က သူ့လည်ပင်းကို ချက်ခြင်း လာထိတယ်။

ဒီ အရှိန်နှုန်းက မြန်လွန်းလို့ သူတုံ့ပြန်ချိန်တောင် မရလိုက်ဘူး။

“ငါ့ကို လေဟာနယ် ဖြိုခွင်း နတ်သခင်လို့ ဘာလို့ ခေါ်လဲ မင်းသိလား။” လေဟာနယ် ဖြိုခွင်း နတ်သခင်က အေးစက်စက် ပြုံးနေခဲ့တယ်။ ဖန်ကျန်းရှီ ဒီနေရာ ရောက်လာတာကို သူမအံ့သြတော့ဘူး။

“…” ဖန်ကျန်းရှိလဲ ပြန်ဖြေဖို့ အချိန် မရှိခဲ့ဘူး။ ဒီအေးစက်မှုက သူ့ကို တိုက်ခိုက် နေပြီ။ လည်ပင်းတွေတောင် နာသွားတယ်။ ပြောရရင် လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ တိုက်ခိုက်မှုက လေထုထဲကိုတောင် မဖြတ်ပဲ သူ့ဆီ ရောက်လာ သလိုကို မြန်ဆန်လွန်းတယ်။

“လာလိုက်စမ်း။” ဖန်ကျန်းရှီမှာ ခုန်ရှောင်ဖို့ အချိန် မရှိခဲ့ဘူး။ ဒါကြောင့် ကောင်းကင် တာအိုကို သုံးပြီးတော့သာ ခြေသုံးလှမ်း ဆုတ်လိုက်တယ်။ မိုးပြာရောင် အလင်းတန်းက ဖြတ်သန်း ထွက်ပေါ်လာတယ်။

ဖန်ကျန်းရှီလဲ လည်ပင်း ပြတ်ရှရာ ခပ်သေးသေး တစ်ခုနဲ့ အတူ မနီးမဝေး နေရာမှာ ပေါ်လာတော့တယ်။ သူ့လည်ပင်းမှာ စီးကျနေတဲ့ သွေးတွေက အပြာရောင် ဝတ်ရုံကိုတောင် စွန်းထင်း သွားစေ ခဲ့ပြီ။

“ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုလား။ အံ့သြစရာ ကောင်းလိုက်တာ။” လေဟာနယ် ဖြိုခွင်း နတ်သခင်က ဖန်ကျန်းရှီ အဝေးမှာ ပေါ်လာတာကို မြင်တော့ ပြောလိုက်တယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ကျောထဲ ချမ်းစိမ့် လာပြန်တယ်။

ယန်ယင်းလို အင်အား ကြီးမားတဲ့ လူတောင် လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ တိုက်ကွက် တစ်ကွက် တည်းနဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့တာ ဘာကြောင့်မှန်း နားလည် သွားခဲ့ပြီ။ လုံးဝကို ခုခံချိန် မရှိခဲ့ဘူး။ ဒါက အရမ်းကို မြန်ဆန်လွန်းတဲ့ အရှိန်ကြောင့်ပဲ။

တကယ်တော့ မြန်ဆန်တယ်လို့တောင် ခေါ်လို့ မရဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင် ဓားထုတ် လိုက်တာနဲ့ ဓားက သူ့ဆီကို ချက်ခြင်း တန်းရောက် လာတာပဲ။ ဒါက ဘယ်လို တာအို နည်းလမ်းမျိုးလဲ။ ဖန်ကျန်းရှီ သူ့ရဲ့ လက်ထဲက ခြေရာမဲ့ဓားကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်လိုက်တယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင် ယန်ယင်းကို တိုက်ခိုက်တုန်းက ပုံစံကို သူပြန်မြင်ယောင် လိုက်တယ်။ လေဟာနယ် ဖြိုခွင်းတာလား။ နေစမ်းပါအုန်း။ လေဟာနယ် ဖြိုခွင်း။ ဖန်ကျန်းရှီရဲ့ နဖူးမှာ ချွေးစေးတွေ ပျံလာတော့တယ်။

“လေဟာနယ်။ လေဟာနယ်ကို ဖြိုခွင်းတာ။” အရဲစွန့် ခန့်မှန်းမှု တစ်ခုပဲ။ ယန်ယင်းနဲ့ ဖန်ကျန်းရှီ ကြုံလိုက်ရတဲ့ ကိစ္စတွေ ကပဲ ဒါကို လက်တွေ့ ပြနိုင်လိမ့်မယ်။ လေဟာနယ်ကို ခွဲခြား ပြစ်ရုံတင် မကဘူး။ လေဟာနယ်ကိုပါ ထိန်းချုပ် ထားနိုင်တာပဲ။ ဖန်ကျန်းရှီ ရုတ်တရက် တွေးလိုက်မိတယ်။

(ပြန်လာ) ဆိုတဲ့ စကားကို ကြားကြား ချင်းပဲ သူ့ရှေ့က လေဟာနယ် ကွဲထွက်သွားတယ်။ သူပြေးနေတဲ့ အရှိန်ကြောင့် လေဟာနယ် အက်ကွဲကြောင်းထဲကို သူရောက်သွားတော့တယ်။ အဲ့ဒီ့နောက် ဒီနေရာကို ပြန်ရောက်လာတယ်။

“…” ဖန်ကျန်းရှီ နောက်ဆုံးမှာ နားလည် သွားပေမယ့် စကားမပြောနိုင် ဖြစ်နေတုန်းပဲ။ လေဟာနယ် ဖြိုခွင်း နတ်သခင်ကို အနိုင်ယူနိုင်ဖို့ သူ့မှာ နည်းလမ်း မရှိဘူး။ တကယ်တော့ ဘယ်လောက်ပဲ ပြေးပြေး သူ့ကို လေဟာနယ် ခွင်းပြီး ပြန်ခေါ်နိုင်မယ့် လူကို ဘယ်လိုများ အနိုင်ယူ နိုင်မှာလဲ။ မ

ဆိုရိုစကား တစ်ခုရှိတယ်။ “သိုင်းလောကမှာ မဖြိုခွင်းနိုင်တဲ့ တိုက်ကွက် မရှိ။ အပြောင်းအလဲ တွေကသာ မဖျက်စီး နိုင်တဲ့ အရာ တစ်ခု။”

လေဟာနယ် ဖြိုခွင်း နတ်သခင် သုံးနေတဲ့ အပြောင်းအလဲတွေကို (မြန်ဆန်)တယ် ဆိုတဲ့ စကားနဲ့တောင် ဖော်ပြလို့ မရဘူး။ ဖန်ကျန်းရှီ ရုတ်တရက် ဆိုသလို အရင်ဘဝက ကြေညာ တစ်ခုကို သတိရ သွားခဲ့တယ်။ (မြန်ဆန် မှန်ကန် အချိန်မှီ အရောက်ပို့ဖို့ ရှစ်ရှစ် သယ်ယူပို့ဆောင်ရေးကို အပ်နှံပါ။)

ပြဿနာကတော့ ဒီလို မြန်ဆန်လွန်းတဲ့ အိမ်အရောက်ပို့ နည်းစနစ်ကို သူဘယ်လိုများ ရှောင်ရှား ရမှာလဲ။

…

ဖန်ကျန်းရှီရဲ့ ဘဝမှာ အမြန်ဆန်ဆုံး အဖြစ်အပျက်ကို ရင်ဆိုင် နေခဲ့ရတယ်။ ဒီအချိန်မှာ ပြုတ်ကျနေတဲ့ နန်ကုန်းဟောင်ကတော့ နန်ကုန်းထျန်းနဲ့ တခြား နန်ကုန်း မျိုးနွယ်တွေရဲ့ လက်ထဲကို ရောက်ရှိ သွားခဲ့ပြီ။

“ဟောင်အယ်။ ဟောင်အယ်။” နန်ကုန်းထျန်းက နန်ကုန်းဟောင်ကို ဖမ်းမိ ပြီးတဲ့နောက် နှလုံးခုန်လာအောင် လုပ်တော့တယ်။

“အဟွတ်။” နန်ကုန်းဟောင် သွေးတွေကို အန်ထုတ်တယ်။ သူ့ရဲ့ ဖြူဖျော့ဖျော့ မျက်နှာမှာ သွေးရောင် နည်းနည်း လွှမ်းလာပြီးတော့ မျက်လုံးတွေလဲ ဖြည်းဖြည်းချင်း ပွင့်လာတော့တယ်။

“ဟောင်အယ် အဆင်ပြေရဲ့လား။”

“အဖေ။” နန်ကုန်းဟောင်က ကောင်းကင်ကို မော့ကြည့် နေခဲ့တယ်။ “ကျွန်တော်တို့ ရှုံးသွားပြီ။”

“မဟုတ်ဘူး။ ငါတို့ မရှုံးသေးဘူး။” နန်ကုန်းထျန်း ခေါင်းခါတယ်။ “အကယ်၍ ဖန်ကျန်းရှီသာ သေသွားရင် နတ်ဘုရား သစ်သီးလဲ ပြန်ပေါ်လာလိမ့်မယ်။”

“အဖေ။”

“ဟောင်အယ် အခု မင်း လက်လျှော့လို့ မဖြစ်ဘူး။ လုံး၀ လက်မလျှော့ရဘူး။”

“အဖေ။ ကျွန်တော် နည်းနည်း ပင်ပန်းနေပြီ။”

“ပင်ပန်းနေရင် အခု နားနေလိုက်။ ဖန်ကျန်းရှီ သေသွားပြီးရင် ငါတို့တွေ။”

“မဟုတ်ဘူး။ ကျွန်တော် အရမ်းကို ပင်ပန်းနေပြီ။” နန်ကုန်းဟောင် ခေါင်းခါလိုက်တယ်။ လဲနေတဲ့ နန်ကုန်းမုကို သူလှမ်းကြည့် နေခဲ့တယ်။ “ညီငယ်လေးမု။ ငါတောင်းပန်ပါတယ်။”ဧ

“ဟောင်အယ်။ ဒါမျိုးတွေ ပြောမနေနဲ့။ မုအယ် ဖြစ်တာတွေက ငါ့ဆုံးဖြတ်ချက် တွေကြောင့်ပဲ။ မင်းနဲ့ မဆိုင်ဘူး။ ငါတို့တွေ နည်းနည်းလေးပဲ ထပ်စောင့်ဖို့ လိုတာပါ။”

“အဖေ။ ကျွန်တော်တို့တွေမှာ အခွင့်အရေး ရှိသေးတယ်လို့ တကယ်ပဲ ထင်နေတာလား။” နန်ကုန်းဟောင်က နန်ကုန်းထျန်းကို ဖြတ်ပြောတယ်။ သစ်ပင်ထိပ်မှာ ရပ်နေတဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ကို သူလက်ညှိုးထိုးပြတယ်။

“..” နန်ကုန်းထျန်းကတော့ ပါးစပ် ပိတ်သွားခဲ့တယ်။ သူချက်ခြင်း မပြောခဲ့ဘူး။ နန်ကုန်း မျိုးနွယ်ရဲ့ သုခမိန်တွေ အားလုံးလဲ ဒါကို မြင်ချိန်မှာ ခေါင်းငိုက်စိုက် ကျနေခဲ့တယ်။ အခွင့်အရေးလို့ ခေါ်တဲ့ ကိစ္စ လောကမှာ မတည်ရှိဘူး။

ဖန်ကျန်းရှီ သေသွားခဲ့ပြီး သစ်သီးတွေ ပြန်ပေါ် လာခဲ့ရင်တောင်၊ လေဟာနယ် ဖြိုခွင်း နတ်သခင်နဲ့ ဧကရီ ပိုင်ကျစ် ရှိနေသရွေ့ သူတို့တွေ ဘယ်လိုမှ နတ်သစ်သီးတွေကို အရယူနိုင်မှာ မဟုတ်ဘူး။

“အဖေ ကျွန်တော် ရှုံးသွားပြီ။ နန်ကုန်း မျိုးနွယ် စည်းမျဉ်း အရ အပြစ်ပေး ခံသင့်ပါတယ်။” နန်ကုန်းဟောင်က သနားစရာ အမူအယာနဲ့ တောင်းဆို နေခဲ့တယ်။

“ဟောင်အယ်။ မင်း အကောင်းဆုံး ကြိုးစား ခဲ့တာပဲ။ ငါတို့တွေ မင်းရဲ့ အားထုတ်မှုကို မြင်ပြီးပြီ။ မင်းကို အပြစ်မတင်ပါဘူး။ တကယ်တော့ ငါမစွမ်းဆောင် နိုင်ခဲ့တာ။”

“ကျွန်တော့်ရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးပါ။”

“ဟောင်အယ်။ ဒါမျိုးတွေ မပြောနဲ့။”

“အဖေ ကျွန်တော့်ကို ကတိပေးပါ။”

“ပြောလိုက် ငါ့သား။”

“ညီငယ်လေးမုကို ကယ်တင်ပေးပါ။”

“ဒါက ဒါပေါ့။ မုအယ်ကို ငါလဲ ကယ်ချင်တယ်။ ဒါပေမယ့် မုအယ်ရဲ့ နှလုံးသားက မင်းသိပြီးသားပါ။ နန်ကုန်း မျိုးနွယ်တွေက ထူးခြားတဲ့ သွေးရှိတယ်။ မင်းရဲ့ မျိုးဆက်မှာ မင်းနဲ့ မုအယ် နှစ်ယောက်ပဲ နန်ကုန်း မျိုးနွယ်တွေရဲ့ သွေးရှိတယ်။ တခြား တပည့်သားတွေက ဘိုးဘေးတွေရဲ့ သွေးကို မဆက်ခံနိုင်ဘူး။”

ဂျိန်း။ အသံတစ်သံက နန်ကုန်းထျန်းရဲ့ စကားတွေကို ရပ်တန့် သွားစေခဲ့တယ်။ နန်ကုန်းထျန်းရဲ့ မျက်လုံးတွေလဲ ရုတ်တရက် ပြူးကျယ် သွားတော့တယ်။ နန်ကုန်းဟောင်ရဲ့ နှလုံးသား နေရာကို လက်တစ်ဖက်က နစ်ဝင် နေခဲ့ပြီ သူ့ရင်ဘတ်ကနေ သွေးတွေ ဆက်တိုက် စီးကျ လာနေခဲ့တယ်။

“အဖေ သဘောမတူရင်၊ ကျွန်တော့် နှလုံးကို ကျွန်တော် ချေပြစ်လိုက်မယ်။”

“ဟောင်အယ် ဘာကြောင့်များ ဒီလို လုပ်ရတာလဲ။” နန်ကုန်းထျန်း တစ်ကိုယ်လုံး တုန်ယင် နေတော့တယ်။ နန်ကုန်းဟောင် ဘာကို လိုချင်မှန်း သူနားလည် သွားခဲ့ပြီ။ သူ့မျက်နှာက ပိုပြီးတော့ ညှို့မှိုင်းလာခဲ့တယ်။

“ကျွန်တော် ရှုံးနိမ့်သွားပြီ။ အပြစ်ပေး ခံသင့်ပါတယ်။ ကျွန်တော့်ရဲ့ နောက်ဆုံး ဆန္ဒကို အဖေ ဖြည့်ဆည်းပေးဖို့ပဲ မျှော်လင့်ပါတယ်။ ညီလေးမုနဲ့ ကျွန်တော့် အသက်ကို လဲလှယ်ပေးပါ။” နန်ကုန်းဟောင်က နန်ကုန်းမုကို လှမ်းကြည့်နေခဲ့တယ်။ နာကျင်မှု အပြည့်နဲ့ သူခပ်ယဲ့ယဲ့ ပြုံးနေခဲ့တယ်။

“ညီငယ်လေးမု။”

“ဒီအချိန် အခိုက်အတန့်လေး အတွက် မင်းအများကြီး ကြိုးစား ခဲ့ရတာကို ငါသိတယ်။ ဆယ်စုနှစ်နဲ့ ချီအောင် ကြိုးစား ရုန်းကန်ပြီး ငါ့ကို ကျော်ဖြတ် ချင်ခဲ့တယ်။ ဒါပေမယ့် မင်းကို ဒီလို အဖြစ်မခံနိုင်ဘူး။ ငါ့ကို မင်းသာလွန် သွားတာနဲ့ ဒီတာဝန် ဝတ္တရားတွေနဲ့ နာကျင်မှုတွေ အားလုံးက မင်းပုခုံးပေါ်ကို ရောက်လာလိမ့်မယ်။”

“အကို တစ်ယောက် အနေနဲ့ ငါအများကြီး မဖြည့်ဆည်း ပေးနိုင်ခဲ့ဘူး။ အနည်းဆုံး ငါ့အသက် တစ်ခုကိုပဲ ပေးနိုင်တယ်။”

“ညီငယ်လေး။ ငါ့ရဲ့ အချစ်ရဆုံး ညီငယ်လေး။”

နန်ကုန်းဟောင်ရဲ့ နှုတ်ခမ်းတွေက မနားတမ်း တုန်ယင် နေခဲ့တယ်။ သူပြောနေတာတွေကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မကြားရဘူး။ ဒါပေမယ့် အမြဲတမ်း မျက်နှာသေနဲ့ နေတတ်တဲ့ နန်ကုန်းမုရဲ့ မျက်နှာပေါ်မှာ သွေးမျက်ရည် စီးကြောင်း နှစ်ခု ရှိနေတာကို သူတို့တွေ မြင်နေခဲ့ရတယ်။

“ဟောင်အယ်။” နန်ကုန်းထျန်း ဟိန်းဟောက်လိုက်တယ်။ နန်ကုန်းဟောင်နဲ့ ကောင်းကင်ပေါ်က လေဟာနယ် ဖြိုခွင်း နတ်သခင်ကို ကြည့်ရင်း သူအံကြိတ်လိုက်တယ်။ “သွားကြစို့။”

“ကောင်းပါပြီ။” နန်ကုန်းထျန်းက နန်ကုန်းဟောင်ကို ချီမလိုက်တာ မြင်ချိန်မှာတော့ နန်ကုန်း မျိုးနွယ် သုခမိန်တွေ အားလုံး လှုပ်ရှား ကြတော့တယ်။ နန်ကုန်းထျန်းရဲ့ အမိန့် အတိုင်း နန်ကုန်းမုကို ဂရုတစိုက် ချီမပြီး ကျမ်းကောင်းကင် တောင်ကနေ ပြေးဆင်းတော့တယ်။

ကျမ်းကောင်းကင် တောင်ထိပ်မှာ လေထုက ပိုပြီးတော့ အေးစက် လာခဲ့တယ်။ နန်ကုန်းထျန်းက နန်ကုန်းဟောင်၊ နန်ကုန်းမု၊ နန်ကုန်း မျိုးနွယ် သုခမိန်တွေနဲ့ အတူတူ ထွက်သွားခဲ့ပြီ။ ချီကူယန်၊ ဝူယွဲ့အာ၊ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်တို့ပဲ ကျန်ရစ်တော့တယ်။

“ယွဲ့အာ မျှော်လင့်ချက် မရှိတော့ဘူး။”

“မယုံဘူး။” ဝူယွဲ့အာ နှုတ်ခမ်းတွေကို ဖိကိုက် ထားခဲ့တယ်။ သူမရဲ့ မျက်ခုံး နှစ်ခုကြားမှာ ရှိနေတဲ့ ပန်းပွင့် ပုံစံ အနီစက်လေးက ပိုပြီး တောက်ပ လာခဲ့တယ်။

အပိုင်း (၈၉၂) ပြီး၏။

အပိုင်း (၈၉၃)

“ဥတွေ ကွဲကုန်ပြီ။”

“..” ဝူယွဲ့အာရဲ့ အမူအယာကို ကြည့်ရင်း ကောင်းကင် အိုအေစစ် သုခမိန်ကြီး စကား တစ်ခုခု ပြောချင် နေပင်မယ့်၊ နောက်ဆုံးမှာတော့ သက်ပြင်းသာချလိုက်တယ်။ တစ်ချို့ ကိစ္စတွေက မဖြစ်နိုင်မှန်း သိနေပင်မယ့်၊ ဒီမယုံနိုင်စရာ တွေက တနေ့တော့ ဖြစ်လာမယ်လို့ ယုံကြည် ခဲ့ကြတယ်လေ။

ဒါက မှားနေလို့လား။ ဘယ်သူမှ အဖြေ မပေးနိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက အခုချိန်မှာ အရမ်းကို အန္တရာယ် များနေမှန်း သေချာ ပြောနိုင်တယ်။ မိစ္ဆာ ဧကရီ ပိုင်ကျစ်၊ လေဟာနယ် ဖြိုခွင်း နတ်သခင်၊ ဒါဇင်ချီတဲ့ မိစ္ဆာ ဘုရင်တွေကို ဖန်ကျန်းရှီ ဘယ်လိုများ ယှဉ်နိုင်မှာလဲ။

ဝူယွဲ့အာက နှုတ်ခမ်းကို တင်းတင်း ကိုက်ထားခဲ့တယ်။ ကူကယ်ရာမဲ့မှု တွေက သူမကို လွှမ်းခြုံ နေခဲ့ပြီ။ အခုချိန်မှာ ဘယ်လို ဖြေရှင်းချက်ကိုမှ သူ မစဉ်းစား နိုင်တော့ဘူး။ တိတ်တဆိတ် စောင့်ဆိုင်းရုံသာ တတ်နိုင်ခဲ့တယ်။ ဒီအချိန်မှာပဲ ကြယ်တာရာတွေလို ငွေဖြူရောင် အလင်းတန်း တစ်ခုကို မြင်လိုက်ရတယ်။ ချီကူယန် လှုပ်ရှားပြီ။

သွေးစွန်းနေတဲ့ ပန်းနုရောင် ဝတ်ရုံက ဝဲလွင့်သွားတယ်။ သူမ မျက်ဝန်းထဲမှာ ရှိနေတဲ့ ကြယ်တာရာတွေက ဆက်တိုက် လှည့်ပတ်နေခဲ့တယ်။ သူမရဲ့ မျက်ဝန်းတွေက တမူထူခြားမှု အပြည့်နဲ့ တောက်ပ နေခဲ့တယ်။ ဝူး။ ပန်းနုရောင် လူရိပ်လေးက အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ကောင်းကင်ကို ထိုးတက် သွားခဲ့ပြီ။

“ယွဲ့အာ မလုပ်နဲ့။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဝူယွဲ့အာရဲ့ ပုခုံးကို ဖိထားခဲ့တယ်။ ချီကူယန် ကောင်းကင်ပေါ် တက်သွားတာကို ကြည့်ရင်း ဝူယွဲ့အာရဲ့ ခန္ဒာကိုယ်က အလင်းတန်းတွေ တောက်ပ လာခဲ့လို့ပဲ။

“ဆရာ။ ကူယန်ကို ယွဲ့အာ ကူညီချင်တယ်။”

“မဖြစ်ဘူး။ တခြား ကိစ္စတွေ အားလုံးကို သဘော တူနိုင်ပေမယ့် ဒီတစ်ခုကတော့။”

“ဘာဖြစ်လို့လဲ။”

“မင်း နားလည်သင့်တယ်။ အခုချိန်မှာ သူ့ကို ကယ်နိုင်တာ သူကိုယ်တိုင်ပဲ ရှိတယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဝူယွဲ့အာရဲ့ ခန္ဒာကိုယ်ကို ဆက်တိုက် ဖိထားခဲ့တယ်။

“ဒါပေမယ့် ချီကူယန်။”

“ချီကူယန်ကတော့။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ မျက်နှာ အမူအယာက ရှုပ်ထွေး လာခဲ့တယ်။ ချီကူယန် ကိုယ့်သေတွင်း ကိုယ်တူး နေတာကို သူနားမလည် နိုင်ခဲ့ဘူး။ ချီကူယန်ရဲ့ ပညာဉာဏ်နဲ့ ဆိုရင် လက်ရှိ အခြေအနေကို သေချာပေါက် နားလည်မှာာပဲ။ တခြားသူတွေထက်တောင် ပိုပြီးတော့ သတိထားအုန်းမယ်။ ဒါပေမယ့် ချီကူယန်က အဆုံးသတ်ထိ သွားဖို့ စိတ်ဆုံးဖြတ် လိုက်ပြီ။

သိသာတဲ့ အကြောင်းအရင်း မရှိ။ ဒါမှမဟုတ် အပြည့်အ၀ ဆုံးဖြတ်ထားတဲ့ အကြောင်းအရင်းလဲ ဖြစ်နိုင်တယ်။

…

ချီကူယန်ကို မြင်ချိန်မှာ လေဟာနယ် ဖြိုခွင်း နတ်သခင်က နည်းနည်းတော့ လန့်သွားခဲ့တယ်။

သူမရဲ့ အရှိန်နှုန်းကြောင့်တော့ မဟုတ်ဘူး။ သူ့ရဲ့ စွမ်းဆောင် နိုင်စွမ်းတွေကို မြင်ပြီးတာတောင် ကိုယ့်သေတွင်း ကိုယ်တူးချင်တဲ့ လူရှိနေတာကို မယုံနိုင်လို့ပဲ။ ဒါပေါ့။ ဒါတွေကို စဉ်းစားဖို့ မလိုအပ်ဘူး။ နောက်ဆုံးတော့လဲ ဒါဇင်ချီတဲ့ မိစ္ဆာ ဘုရင် ခန္ဒာကိုယ်ကြီးတွေက ချီကူယန်ရဲ့ ရှေ့မှာ ပိတ်ဆို့ ထားလို့ပဲ။ ဒါကို သူမ ဘယ်လိုများ ဖြတ်ကျော်နိုင်မှာလဲ။

“ချီကူယန် မင်းက ကိုယ့်သေတွင်း ကိုယ်တူး နေတာလား။” မိစ္ဆာ ဘုရင်တွေက လေထဲမှာ ရပ်တန့်ရင်း အလင်းတန်းတွေကို ထုတ်လွှတ် နေခဲ့တယ်။ အခုချိန်မှာ ဘယ်သူကမှ နောက်မဆုတ်ကြဘူး။ ဒီအချိန်မှာ မိစ္ဆာ ဘုရင်တွေနဲ့ ရင်ဆိုင်နေတဲ့ ချီကူယန်ကတော့ စကားမပြောဘူး။ သူမရဲ့ ဓားကို ထုတ်ပြီး တိုက်လိုက်တော့တယ်။

လှုပ်ရှားမှုက အရမ်းကို ရိုးရှင်းလွန်းတယ်။ သူမရှေ့မှာ ရှိနေတာ မိစ္ဆာ ဘုရင်တွေ မဟုတ်ပဲ သာမာန် သတ္တဝါတွေ လိုပဲ။ သူမ အတွက် အန္တရာယ် မရှိတဲ့ အတိုင်း တိုက်ခိုက်နေတယ်။

“ချီကူယန်က ဒီလောက် ဒဏ်ရာ ရထားတာတောင် မောက်မာ နေတုန်းပဲ။” ဧကရီ ပိုင်ကျစ်က ချီကူယန်ကို မြင်ချိန်မှာ ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်။

“ဟုတ်တယ်။” ယွင်ချင်းဝူက ခေါင်းငြိမ့်ရင်း ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။ “အမေ။ အံ့ဖွယ် ကိစ္စတွေ ဖြစ်လာမယ်လို့ ထင်လား။”

“အံ့ဖွယ်ကိစ္စလား။ ဟဟား။” ဧကရီ ပိုင်ကျစ် ရယ်မော နေခဲ့တယ်။ ယွင်ချင်းဝူကို တိုက်ရိုက် မဖြေပင်မယ့်၊ သူမရဲ့ အမူအယာက အဖြေပေး နေခဲ့ပြီ။

ယွင်ချင်းဝူကတော့ နောက်ထပ် မပြောတော့ဘူး။ ကောင်းကင်က နတ်ဘုရား တံခါး နှစ်ခုကိုသာ ကြည့်နေတယ်။

ဝေါင်း။ သားရဲကောင် အော်သံကြီးကို ကြားလိုက်ရတယ်။ စစ်မြေပြင်က နောက်ထပ် ဆူပူ လာပြန်ပြီ။ မောက်မာတဲ့ ချီကူယန်က မိစ္ဆာ ဘုရင်တွေကိုေ ဒါသ ထွက်လာစေတယ်။ သူတို့ရဲ့ ချွန်ထက် ကြီးမားတဲ့ လက်သည်းတွေနဲ့ ချီကူယန်ကို တိုက်ခိုက်ကြတယ်။ အရာ အားလုံးက မျက်တောင် တစ်ခတ် အချိန် အတွင်းမှာ ဖြစ်ပျက်တယ်။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ ချီကူယန်ကို နှုတ်မဆက်အားဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ အရှိန်နှုန်းက မြန်ဆန်လွန်း နေလို့ပဲ။ မြန်လွန်းလို့ သူ့လက်တစ်ချောင်း မြှောက်လိုက် ရုံနဲ့တင် ဖန်ကျန်းရှီ ချက်ခြင်း သေတော့ မလို ခံစား နေရပြီ။

“ငါမေ့တော့ မလို့။ မင်း ပြန်လာပြီးတည်းက ဘာမှ မစားရဘူး မဟုတ်လား။ ဆာနေလောက်ပြီ ဟုတ်တယ်ဟုတ်။ အရင်ဆုံး စားစရာ ရှိတာ စားပြီးမှ ဆက်တိုက်ခိုက် ရင်ကော။” ဖန်ကျန်းရှီက ခြေရာမဲ့ဓားကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်း ပြောတယ်။ ထွက်ပြေးဖို့ လက်လျှော့ လိုက်တဲ့ ပုံစံပဲ။

“ဟဟား။” လေဟာနယ် ဖြိုခွင်း နတ်သခင်က အေးစက်မှု အပြည့်နဲ့ ပြုံးလိုက်တယ်။ သူပြုံးရင်းနဲ့ ညာလက်ကို မြှောက်တယ်။

တကယ့် စစ်မြေပြင်က ပြန်လာတဲ့ နတ်ဆိုး တစ်ကောင် အနေနဲ့၊ သူ့ရဲ့ သားကောင်ကို ကစားနေမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့လက်ကို မြှောက်လိုက်ချိန်မှာပဲ မျက်လုံး ပြူးရပြန်တယ်။ စိတ်ရှုပ်တဲ့ ရုပ်သွင် ပေါ်လာတယ်။ ဖန်ကျန်းရှီ နောက်တစ်ခေါက် ထွက်ပြေးပြန်ပြီ။

အရမ်းကို မြန်မြန်ကြီး ထွက်ပြေး နေခဲ့တယ်။ တစ်ချက်လေးတောင် အစမပြိုးပဲ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့တဲ့ အထိ မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ပြေးနေခဲ့တယ်။

ဒါက ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ။ တစ်ခေါက်ပဲ အရူးလုပ် ခံနိုင်မယ်။ ဒါပေမယ့် သင်ခန်းစာ မရပဲ ထပ်ခါထပ်ခါ အရူးလုပ် ခံရရင်တော့ တုံးအ မိုက်မဲတာ ဖြစ်သွားပြီ။

“ပြန်လာစမ်း။” လေဟာနယ် ဖြိုခွင်း နတ်သခင်က အေးစက်စက် ပြုံးလိုက်တယ်။ သူ့နဖူးပေါ်မှာ ရွှေရောင် အလင်းတန်းက တောက်ပ လာပြန်တယ်။ ထင်ထားတဲ့ အတိုင်း ဖန်ကျန်းရှီ ပြန်လာရပြန်ပြီ။

ဒါက လေဟာနယ် ဖြိုခွင်း နတ်သခင်ကို နည်းနည်းတော့ စိတ်ပျက်သွားစေတယ်။ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တဲ့ ဖန်ကျန်းရှီက ပိုထက်မြက်လာပြီလို့ သူတွေးထား ခဲ့တာ အမှန်တကယ်တော့ ဒီလို မဖြစ်ခဲ့ဘူး။

ဖန်ကျန်းရှီက ပြေးနေရင်းနဲ့ လေဟာနယ်ထဲကို ရောက်လာခဲ့ပြီ။ အရင်တစ်ခေါက်နဲ့ မတူတာကတော့ ဒီတစ်ခေါက် ပြန်ပေါ်လာချိန်မှာ လေဟာနယ် ဖြိုခွင်း နတ်သခင်နဲ့ အတော့်ကို နီးကပ်သွားခဲ့တယ်။ နတ်သခင်က နောက်ထပ် အချိန် မဖြုန်းချင် တော့ပုံပဲ။

“မင်းကိုယ်မင်း ပြေးနိုင်အုန်းမယ် ထင် ထင်။” စကား မဆုံးသေးခင် အချိန်မှာပဲ ဓားတစ်လက်က လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခေါင်းပေါ်ကို ရောက်လာတော့တယ်။ အရမ်းကို မြန်ဆန်တယ်။ သူ့ အရှိန်နှုန်းကို မယှဉ်နိုင်ပေမယ့် အရမ်းကို မြန်လွန်းတယ်။ တစ်ချက်လေးတောင် တွေဝေမှု မရှိခဲ့ဘူး။

ဆိုးယုတ်တဲ့ ခရမ်းရောင် အလင်းတန်းနဲ့ ဓားအော်သံကတောင် ကြည်လင် ပြတ်သား နေခဲ့တယ်။ ပင်လယ်ထဲက နဂါး တစ်ကောင်လို ပုံစံ ဖြစ်နေပင်မယ့်၊ ရှည်လျားပြီး မျက်စိကျိန်းစေတဲ့ ခရမ်းရောင် အလင်းတန်း ဓားတစ်လက်သာ။

ဝုန်း။ ပေါက်ကွဲသံကျယ်ကြီးကို ကြားလိုက်ကြတယ်။ လေထု တစ်ခုလုံး စက်ဝိုင်းပုံစံ လှိုင်းတွေ ပြန့်သွားတယ်။ ဖန်ကျန်းရှီ တိုက်ခိုက်ခဲ့ပြီ။ တကယ်တော့ ပြေးဖို့ ပြင်တဲ့ အချိန်မှာပဲ တိုက်ခိုက်လိုက်တာ။ သူ့အတွက် လွတ်လမ်း မရှိတာကို သူသိထားခဲ့တယ်။ မပြေးနိုင်မှတော့ ရွေးစရာ လမ်းလဲ မရှိတော့ဘူး။ တိုက်ခိုက်တတ်နိုင်တော့တယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်လို ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ ပုံမှန် အတိုင်း တိုက်ခိုက်လို့ မရဘူး။ အနီးကပ် တိုက်ခိုက်မှပဲ ရနိုင်မယ် လေဟာနယ် ဖြိုခွင်း နတ်သခင်နဲ့ ပိုပြီးတော့ နီးကပ်လေ ပိုပြီးတော့ မြန်ဆန်လေပဲ။ ဒါက သာမာန် နိယာမ တစ်ခု။

လေဟာနယ် ဖြိုခွင်း နတ်သခင် အတွက်တော့ ဒီနိယာမက မမှန်နိုင်ဘူး။ သူ့အရှိန်နှုန်းက အန္တိမ အဆင့်ရောက် နေရင်တောင်၊ ဖန်ကျန်းရှီလို အနီးကပ် တိုက်ခိုက်တာကို မယှဉ်နိုင်ဘူး။ ဒါ့အပြင် ဖန်ကျန်းရှီက ပိုပြီးတော့ မြန်လာနိုင်တယ်။ သူတိုက်ခိုက်တဲ့ အချိန် သူ့ရဲ့ ခြေထောက် တစ်ဖက်ကိုလဲ မြှောက်ထားပြီး လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ပေါင်ခြံကို ဦးတည် ထားခဲ့တယ်။

“အတင့်ရဲလိုက်တာ။” ခြေထောက် နှစ်ဖက်ကြားကို ရောက်လာတဲ့ လေထုကြောင့် လေဟာနယ် ဖြိုခွင်း နတ်သခင် အံ့သြ သွားမိတယ်။ နောက်ဆုံးတော့လဲ ဒီလို အရှက်မဲ့တဲ့ နည်းဗျူဟာကို သုံးတဲ့သူက ရှားပါးတယ်လေ။ သူ့ခြေထောက် နှစ်ဖက်ကို စုလိုက်တယ်။

ဖန်ကျန်းရှီရဲ့ ခြေထောက်ကို ညှပ်ဖမ်းမလို့ ပြင်တယ်။ ဒါပေမယ့် သူတွေးနေရုံ ရှိသေးတယ်။ အဖြူရောင် အမှုန့်တွေက သူ့မျက်လုံးထဲကို ဝင်လာတော့တယ်။

“…”

“…”

နတ်သခင် အဆင့်ရောက်နေတဲ့ အင်အားကြီး နတ်ဆိုးက ဒီလို အသက် ၁၈နှစ် အရွယ် လူသား တစ်ယောက် အနီးကပ် တိုက်ခိုက်တာကို ဘယ်လိုလုပ် မခံစား မိပဲ နေမလဲ။ ဒါပေမယ့် ဆက်တိုက် တိုက်ခိုက်မှုတွေ အပြင် မျက်လုံးထဲကို သံပရာမှုန့်တွေ မှုတ်ထဲ့ ခံရတာကိုတော့ ဘယ်သူ တွေးမိနိုင်မှာပဲ။

အနည်းဆုံးတော့ ဧကရီ ပိုင်ကျစ်တောင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ။ ထိတ်လန့်မှု အပြင် မျက်စိမှောက် နေတယ်လို့ တွေးနေမိတယ်။ အောက်ဘက်က မိစ္ဆာ ဘုရင်တွေလဲ မယုံနိုင်ဘူး။ အပြောင်းအလဲက မြန်ဆန်လွန်းတယ်။ ဖန်ကျန်းရှီကတော့ အခုချိန်မှာ ဒါတွေကို မတွေးနိုင်။

မြန်ရမယ်။ ပိုပြီး မြန်ရမယ်။ မြန်နိုင်သလောက် အမြန်ဆုံး လှုပ်ရှားမယ်။ ဒီတစ်ခုကိုသာ သူတွေးနိုင်ခဲ့တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင် နောက်ထပ် မလှုပ်ရှား နိုင်တာ သေချာတဲ့ အထိ သူတိုက်ခိုက်ချင်တယ်။ စစ်နတ် ကျောင်းတော် သခင် ရှင်းယွမ်ကောင်း ဆီက သင်ကြားလာတဲ့ နည်းစနစ်ပဲ။

အကောင်းဆုံးသော ခုခံစစ်က ဆက်တိုက် တိုက်ခိုက်ခြင်းပဲ။

ဒါပေမယ့် ဖန်ကျန်းရှီ အတွက်တော့ ဆက်တိုက် တိုက်ခိုက်မှု ဆိုတာ ပိုပြီးတော့ ကျယ်ပြန့် သွားတယ်။ ဥပမာ အရှက်မဲ့တဲ့ နည်းဗျူဟာတွေကို ဆက်တိုက် သုံးတာမျိုး။ ဒါတွေက အရေးကြီးလား။ မကြီးဘူး။ သေခြင်းနဲ့ ရှင်ခြင်း နှစ်ခုကြားမှာ ဘယ်လို နည်းလမ်းကို သုံးပါစေ။ ထိရောက်ရင် နည်းလမ်းကောင်းပဲ။ ကြောင်အမည်းကိုပဲ မွေးမွေး။ ကြောင်အဖြူကိုပဲ မွေးမွေး၊ ကြွက်ဖမ်းနိုင်ရင် တော်တဲ့ကြောင်ပဲ။

“ကြည့်ရတာ လေဟာနယ် ဖြိုခွင်း နတ်သခင် ဆိုတာကို နားလည် သွားတဲ့ ပုံပဲ။” တိုက်ခိုက်မှု ငါးခုကို ဆက်တိုက် ခုခံ ပြီးတဲ့နောက် လေဟာနယ် ဖြိုခွင်း နတ်သခင် တည်ငြိမ် သွားခဲ့ပြီ။ သူ့မျက်လုံးထဲမှာတော့ အဖြူရောင် သံပရာမှုန့်တွေ ရှိနေဆဲ။

“ကောင်းပြီလေ။ အရင်ဆုံး ထမင်း တစ်နပ်လောက် စားဖို့ အကြံ ပြုချင်ပါတယ်။” ပြောရင်းနဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးချလိုက်တယ်။

“မင်းကို သတ်ပြီးတဲ့ အချိန်မှ ထမင်းစားလဲ နောက်မကျသေးဘူး။” လေဟာနယ် ဖြိုခွင်း နတ်သခင်က ဖန်ကျန်းရှီရဲ့ အတွေးကို နားလည် နေပြီ။ ဖန်ကျန်းရှီ ခန့်မှန်းထားတဲ့ အတိုင်းပဲ။ အနီးကပ် တိုက်ခိုက်တာက လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ အရှိန်ကို နှေးသွားစေတယ်။ ဒါ့အပြင်သူက လှုပ်ရှားလို့လဲ မရဘူး။ နောက်ဆုံးလို့လဲ မရဘူး။ သူ့ရဲ့ အရှိန်နှုန်း အားသာချက်ကို သုံးပြီး ဖန်ကျန်းရှီ လက်က လွတ်အောင်ပြေးဖို့ မဖြစ်နိုင်ဘူး။

“ဒီလောက် အချိန်အကြာကြီး တောင့်ခံ ထားနိုင်တယ်လား။”

“ဒီကောင်စုတ်လေး ဘယ်လိုများ လုပ်လိုက်တာလဲ။”

“ယန်ယင်းက တိုက်ကွက် တစ်ကွက်ပဲ ခုခံနိုင်တယ်။ ဒီကောင်စုတ်လေးက ဆယ်ကွက်တိတိ တိုက်ခိုက်ပြီးပြီ။ လေဟာနယ် ဖြိုခွင်း နတ်သခင်က ပြန်မတိုက်ခိုက်သေးဘူး။”

“ဝေါင်း။”

တိုက်ပွဲကို အာရုံစိုက်နေတဲ့ မိစ္ဆာ ဘုှုရင်တွေ မယုံနိုင် ဖြစ်နေခဲ့တယ်။ ပြောရရင် ဖန်ကျန်းရှီက အသာစီး ရနေတာလေ။

“ကောင်စုတ်လေး မင်းက တော်ပင်မယ့်။ သာမာန် လ ူသား တစ်ယောက်ပဲ။ လူသားနဲ့ နတ်သခင်ကြားက ကွာခြားချက်ကို မင်းသိအောင် ပြရတာပေါ့။” ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို ဆက်တိုက် ခံရပြီးတဲ့နောက် လေဟာနယ် ဖြိုခွင်း နတ်သခင်က တည်ကြည်လေးနက် လာတော့တယ်။

ဖန်ကျန်းရှီနဲ့ နောက်ထပ် မကစား ချင်တော့ဘူး။

ဝုန်း။ ကောင်းကင်ကြီး တစ်ခုလုံး ရုတ်တရက် မည်းမှောင်ပြီး အသံကျယ်ကြီး တစ်သံ ထွက်လာတယ်။ ဧကရီ ပိုင်ကျစ် နေ့ကနေ ညကို ပြောင်းလဲ လိုက်သလိုပဲ။ အမှောင်ထုကြီးက ဖန်ကျန်းရှီတို့ နှစ်ယောက်ကို လွှမ်းခြုံ သွားတော့တယ်။ အမှောင်ထုထဲမှာ လက်တစ်ဖက်က ထွက်ပေါ်လာပြီး ဖန်ကျန်းရှီရဲ့ ခေါင်းကို ရိုက်ချလိုက်တယ်။

ကြောက်စရာ လှုပ်ရှားမှုပဲ။ ပြင်းထန်တဲ့ အရှိန်အဝါတွေက တောင်တန်းကြီး တစ်ခုလို သန်မာလွန်းတယ်။ ပုရွက်ဆိတ်တွေကို အပျော်တမ်း ချေမွနေသလို စွမ်းအားကြီးလွန်းတယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင် ပြန်တိုက်ခိုက် နေပြီ။

သူ့လက်နှစ်ဖက်က ဖန်ကျန်းရှီကို ခုခံနေရတဲ့ အတွက် မလှုပ်ရှား နိုင်ခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ထူးခြားတဲ့ အပြောင်းအလဲက ဖြစ်လာခဲ့ပြီ။

“တတိယလက်လား။” ဖန်ကျန်းရှီကတော့ ချွေးတွေ ရွဲနစ်နေ ခဲ့ပြီ။ အကယ်၍ သူ့မှာသာ အခွင့်အရေး ရှိရင် ကျန်ဆဲ လိုက်ချင်တယ်။

“လေဟာနယ်ကို ထိန်းချုပ် နိုင်တာတောင် တတိယ လက်ကို လိုနေ သေးတာလား။”

“ဒီလောက် အင်အားကြီးဖို့ လိုလို့လား။”

“ဒီလောက်ကြီး အင်အားကြီးနေရင် တိုက်ခိုက်ရတာ ဘယ်ပျော်စရာ ကောင်းမှာလဲ။”

“မင်းငါ့ကို သတ်မှာပဲ ထိုင်စောင့် နေရမှာလား။”

ဖန်ကျန်းရှီ လက်လျှော့ဖို့ တွေးနေခဲ့ပြီ။ ဒီလက်ဝါးချက်ကြောင့် မသေနိုင်ပေမယ့်၊ လေဟာနယ် ဖြိုခွင်း နတ်သခင်သာ တန်ပြန် တိုက်ခိုက်ရင် သူတကယ် သေလောက်တယ်။ သူခုန်ရှောင်ရမှလား။ မဖြစ်ဘူး။

အံကြိတ်ရင်း ခြေရာမဲ့ဓားကို သူပြောတယ်။ “အချစ်ရေ့။ ငါမင်းကို ကောင်းကောင်း ဆက်ဆံ ခဲ့ပါတယ်။ အခုက တိုက်ခိုက်ဖို့ အချိန် ရောက်နေပြီလေ။ ကျေးဇူးပြုပြီး အစွမ်းပြလိုက်စမ်းပါ။”

ဝူး။ ဧကရာမ လက်ကြီးကို ခုခံရင်း ခြေရာမဲ့ဓားကို ဆုတောင်းနေချိန်မှာ အသံကျယ်ကြီး တစ်သံကို ကြားလိုက်ရတယ်။ မကြာခင်ပဲ ကြည်လင် ပြတ်သားတဲ့ အသံ ထွက်ပေါ်လာတယ်။

“အေးခဲ။”

ဒီအသံကို ဖန်ကျန်းရှီ ရင်းနှီးတယ်။ ချီကူယန်ရဲ့ တိုက်ခိုက်ပုံ နည်းလမ်းကို သူအံ့သြ နေမိတယ်။ ဒါတွေက အရေး မကြီးဘူး။ အရေး အကြီးဆုံးကတော့ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ပေါင်ကြားကို ထိထိမိမိ သူကန်နိုင် လိုက်တာပဲ။

ဝုန်း။ ပေါက်ကွဲသံကြီးနဲ့ အတူ။ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူ့ရဲ့ ပေါင်ခြံမှာ တစ်ခုခု ကွဲကြေသွားတာကို ခံစားမိ လိုက်တယ်။

အပိုင်း (၈၉၃) ပြီး၏။

အပိုင်း (၈၉၄)

“ရှေ့ကိုသွား။ ငါကမင်းရဲ့ ပြိုင်ဘက်ပဲ။”

အရိုးခိုက်တဲ့ အထိ နာကျင်စေတဲ့ နာကျင်မှုကြီးကို ခံစားလိုက်ရတယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်ကတော့ တကိုယ်လုံး မထိန်းချုပ်နိုင်အောင် တုန်ယင်ရင်း ဖြူဖျော့ နေခဲ့ပြီ။

“သူ သူ ကန်လိုက်တယ်လား။”

“ဘယ်လိုလုပ် ဖြစ်နိုင် ရတာလဲ။”

ဧကရီ ပိုင်ကျစ်နဲ့ မိစ္ဆာ ဘုရင်တွေ အားလုံး မယုံနိုင်မှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ သူတို့တွေ မယုံနိုင် ကြရင်တောင် ဖန်ကျန်းရှီ ကန်လိုက်တာက အမှန်ပဲ။ ဒါ့အပြင် ချက်ကောင်းကို ထိသွားတယ်။ သူ့ရဲ့ အင်အား အားလုံးကိုလဲ သုံးထားသေးတယ်။

ဒါပေါ့။ သူ့ရဲ့ ကန်ချက်က မြန်လွန်းနေလို့ မဟုတ်ခဲ့ဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင်က တကယ်တော့ ခုခံ ထားပြီးသား။ ဒါပေမယ့် မရှောင်ရှား နိုင်ခဲ့ဘူး။ သူခုခံ လိုက်တဲ့ အချိန်မှာ အင်အားကြီးမား လွန်းတဲ့ တားဆီးမှု အင်အားတွေက သူ့ကို ယာယီ ရပ်တန့် သွားစေခဲ့တယ်။

တိုတောင်းလွန်းတဲ့ ဒီအချိန်လေးက လုံလောက်တယ်။

ဝုန်း။ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတယ်။ ဒါကတော့ ဧရာမ လက်ကြီး ကျဆင်းတဲ့ သက်ရောက်မှုပဲ။ တိုက်ခိုက်မှုကို ခုခံ နေချိန် ခြေရာမဲ့ဓားက ကျယ်လောင် ပြတ်သားတဲ့ အသံတွေကို ထုတ်လွှတ်နေတယ်။ လက်ဝါးကြီးနဲ့ ခြေရာမဲ့ဓား တိုက်ခိုက် နေကြတယ်။ ကြီးမားတဲ့ လေလှိုင်းတွေက နေရာ အနှံ့ကို ပျံ့တယ်။

ပြင်းထန်တဲ့ အင်အားတွေကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ အနက်ရောင် အက်ကွဲကြောင်းတွေ ပြည့်လာတော့တယ်။ ထူးဆန်းတာကတော့ ဖန်ကျန်းရှီရဲ့ တကိုယ်လုံးကို ခရမ်းရောင် အလင်းဒိုင်းက ကာကွယ် ထားတာပဲ။

“သူ တားဆီး လိုက်နိုင်တာလား။” မိစ္ဆာ ဘုရင်တွေ ဖြစ်သွားတာကို မယုံနိုင်ဘူး။ ဖန်ကျန်းရှီတောင် သူ့ခန္ဒာကိုယ်က ခရမ်းရောင် အလင်းဒိုင်းကို မြင်တော့ မယုံနိုင် ဖြစ်သွားခဲ့တယ်။ ဒါတွေက အရေး မကြီးတော့။

လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ တိုက်ခိုက်မှုကို သူခုခံ ပြီးပြီ။ ဒါကြောင့် (လူတစ်ယောက်ကို လဲကျနေတဲ့ အချိန်ကန်ရမယ်) ဆိုတဲ့ အတွေးအခေါ်နဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးချလိုက်တယ်။

ဘန်း။ မျက်နှာ အလယ်တည့်တည့်ကို သူထိုးချ နိုင်လိုက်တယ်။ စပြီး တိုက်ခိုက်တည်းက လေဟာနယ် ဖြိုခွင်း နတ်သခင် တစ်ချက်လေးတောင် ခုန်မရှောင်ခဲ့ဘူး။ သူ့နှုတ်ခမ်း ထောင့်ကနေ သွေးတွေ စီးကျလာတော့တယ်။ ဒီလက်သီးချက်ကြောင့် နာကျင်သွားတာ အသိသာကြီး။

နောက်ဆုံးတော့လဲ ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ် နီးပါးကို အင်အားကြီးတဲ့သူ ဖြစ်နေတယ်။ ယန်ယင်းထက်တောင် ပိုသန်မာ သေးတယ်။ ဒါပေါ့။ လေဟာနယ် ဖြိုခွင်း နတ်သခင်က ဒီတိုက်ခိုက်မှုကို ခုန်ရှောင်ဖို့နဲ့ ခုခံဖို့ လုံး၀ မစဉ်းစားခဲ့ဘူး။ ဒါ့အပြင် သူ့လို နတ်သခင် အဆင့် တစ်ယောက်ကို ထိခိုက်အေင် လုပ်နိုင်ဖို့ မလွယ်ဘူး။

လေဟာနယ် ဖြိုခွင်း နတ်သခင်က နာမည်နဲ့ လိုက်ဖက်ညီတယ်။ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုက သူ့မျက်နှာ တည့်တည့်ကို ထိခိုက်ပေမယ့်၊ သူ မရှုံးခဲ့ဘူး။ အဲ့ဒီ့ အစား နေရာမှာ ရပ်တန့်ရင်း မျက်လုံး ပြူးကြီးနဲ့သာ ကြည့်နေခဲ့တယ်။

ဒါက ဖန်ကျန်းရှီ မထင်ထားခဲ့ ကိစ္စပဲ။ ချီကူယန်က အရမ်းကို အင်အားကြီးတယ်။ အကယ်၍ သူမရဲ့ ကောင်းချီးခံ သွေးမျိုးနွယ်ကို သုံးလိုက်ရင် သာမာန် သုခမိန်တွေက သူ့ပြိုင်ဘက် မဟုတ်ဘူး။ ဒါပေမယ့် ချီကူယန်က သုခမိန် အဆင့်တောင် မဟုတ်သေး။ သူမရဲ့ ကောင်းချီးခံ သွေးမျိုးနွယ်နဲ့ စွမ်းအားတွေကို အပြည့်အ၀ မသုံးနိုင်ဘူး။ ဒါ့အပြင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားခဲ့တယ်။

ဖန်ကျန်းရှီ သူမရဲ့ လက်ရှိ အခြေအနေကို ကောင်းကောင်း နားလည် ထားတယ်။ ချီကူယန်က လေဟာနယ် ဖြိုခွင်း နတ်သခင်ကို အချိန် အကြာကြီး ထိန်းထား နိုင်မှာ မဟုတ်ဘူး။ စက္ကန့်ပိုင်း အထိ ထိန်းချုပ် ထားဖို့တောင် ခက်ခဲ နိုင်တယ်။

ဒါဆိုရင် လေဟာနယ် ဖြိုခွင်း နတ်သခင်က ဖန်ကျန်းရှီ ကန်လိုက်တာကြောင့် အခုချိန်ထိ မလှုပ်နိုင် ဖြစ်နေသေးတာလား။ ဒါမှမဟုတ် ချီကူယန်ပဲ သုခမိန် အဆင့် ရောက်သွားတာလား။ ဒီအတွေး ဝင်လာမိတော့ အောက်ဘက်က ပန်းရောင် ပုံရိပ်လေးကို သူငုံ့ကြည့်တယ်။

လောကကို အထိတ်တလန့် ဖြစ်စေနိုင်တဲ့ အလှတရားကို သူမြင်တယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာတောင် မာန်မကျတဲ့ သူပဲ။ သူမ နောက်ဘက်မှာ ရှိနေတဲ့ ရောင်စဉ် ငါးသွယ် အကြေးခွံ အပြည့်နဲ့ မြွေအမြီးရှင်ကြောင့် သူမရဲ့ အလှတရားက ပိုပြီး တောက်ပ နေခဲ့တယ်။

ဒါပေမယ့် သူမရဲ့ နဖူးပေါ်မှာ သုခမိန် အဆင့်ကို ကိုယ်စား ပြုတဲ့ အလင်းတန်း ရှိမနေခဲ့ဘူး။ မျက်နှာကလဲ ဖြူဖျော့နေဆဲ။ ချီကူယန့်မှာ စွမ်းအင် အရင်းအမြစ် အများကြီး မကျန်တော့တာ သိသာနေတယ်။ စိတ်ခွန်အားနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်သာ ကျန်ရှိနေတယ်။

“မယ် မယ်တော် နွီဝါး (ကမ္ဘာမြေ မိခင်)လား။” တုန်ယင်နေတဲ့ အသံ တစ်သံကို ဖန်ကျန်းရှီ ကြားလိုက်ရတယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်။

သူ့အသံက ဖန်ကျန်းရှီနဲ့ မစိမ်းဘူး။ အေးစက်စက် အသံက အခုချိန်မှာတော့ ကြောက်လန့်မှုတွေ ပြည့်နှက်ပြီး တုန်ယင် နေခဲ့တယ်။

“မယ်တော် နွီဝါး။” လေဟာနယ် ဖြိုခွင်း နတ်သခင် ကြည့်နေတဲ့ နေရာမှာ သွေးစွန်းနေတဲ့ ပန်းနုရောင် ဝတ်ရုံနဲ့ မိန်းမလှလေး ရှိနေခဲ့တယ်။

ဧကရီ ပိုင်ကျစ် အပြင် ချီကူယန် ယွင်ချင်းဝူနဲ့ ပတ်ဝန်းကျင်က လူတွေ အားလုံးလဲ မျက်လုံး ပြူးနေတယ်။

“မယ်တော် နွီဝါး။”

“ချီကူယန်ကို ပြောနေတာလား။”

“မဖြစ်နိုင်တာပဲ။”

မြင့်မြတ် နယ်မြေက လူသားနဲ့ မိစ္ဆာတွေ အားလုံး ချီကူယန်မှာ လောက နံပါတ်တစ် ကောင်းချီးခံ သွေးမျိုးနွယ်လို မဟာ လက်ဆောင် ရှိမှန်း သိကြတယ်။ ချီကူယန်က အသက် မကြီးသေးဘူး။ အပြင်ဘက်မှာ အချိန် ကုန်ဆုံးတာလဲ ရှားပါးတယ်။

လွန်ခဲ့တဲ့ နှစ်ပိုင်းက ကောင်းကင် တာအို စာမေးပွဲမှာ အစွမ်း ပြခဲ့တာက လွဲပြီး ကောင်းကင် တာအို ခန်းမမှာပဲ အနေများတဲ့သူ။ နွီဝါး မယ်တော်ရဲ့ ခေတ်တွေ ကုန်လွန် ခဲ့တာလဲ ကြာလွန်းနေပြီ။ သမိုင်း မှတ်တမ်း စာအုပ် တစ်ချို့ ထဲမှာပဲ ဒါတွေကို မှတ်တမ်း တင်ထားတာ။

လေဟာနယ် ဖြိုခွင်း နတ်သခင်ကတော့ သူတို့နဲ့ မတူဘူး။ ရှိနေကြသူ အားလုံးထက် နွီဝါး မယ်တော်နဲ့ ပိုပြီးတော့ ရင်းနှီး ကျွမ်းဝင်တယ်။ သူက ကမ္ဘာမြေ မိခင်ကြီး နွီဝါး မယ်တော်ကို သက်ရှိ ထင်ရှား မြင်ဖူးတဲ့ တစ်ဦးတည်းသော သူပဲ။

“နတ်ဆိုး အရှင်သခင်။ သူက ချီကူယန်ပါ။ အသက် ၁၇နှစ်ပဲ ရှိပါသေးတယ်။ ထူးခြားတဲ့ အရှိန်အဝါတွေ ပိုင်ဆိုင် ထားပေမယ့်၊ မယ်တော်နွီဝါး မဟုတ်ပါဘူး။” အချိန် ခဏတာ ကြာပြီးနောက် နတ်ဆိုး မျိုးနွယ် အကြီးအကဲ တစ်ယောက်က အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။

“ချီကူယန်တဲ့လား။” လေဟာနယ် ဖြိုခွင်း နတ်သခင်က ချီကူယန်ရဲ့ နောက်မှာ ရှိနေတဲ့ ကြီးမားတဲ့ အရိပ်ကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ် သွားခဲ့တယ်။ သူ့ရဲ့ မျက်ဝန်းတွေထဲမှာ ခရမ်းရောင် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားတယ်။ အဲ့ဒီ့နောက် ရင်ဘတ်က နာကျင်မှုကို သူခံစားရတယ်။

“..”

“…”

မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ဘယ်သူမှ မတုံ့ပြန် နိုင်ခဲ့ဘူး။ လေဟာနယ် ဖြိုခွင်း ်နတ်သခင်ရဲ့ ရင်ဘတ်မှာ ဓားတစ်ချောင်း စိုက်ဝင် နေခဲ့ပြီ။ ဆိုးယုတ်တဲ့ ခရမ်းရောင် အလင်းတန်းက ဓားပေါ်မှာ တောက်ပ နေခဲ့တယ်။ သူ့ခန္ဒာကိုယ်ကို ဖောက်ထွက် မသွားပေမယ့် သွေးတွေက ဆက်တိုက် စီးကျ နေခဲ့တယ်။

ဖန်ကျန်းရှီလဲ လန့်သွားတယ်။ သူ့တိုက်ခိုက်မှုကို ဆက်လုပ်တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင် သတိ ဝင်မလာခင် ခြေရာမဲ့ဓားကို ဆွဲယူပြီး ရင်ဘတ်ကို ထိုးချလိုက်တာပဲ။ ဒါပေမယ့် တစ်လက်မ နစ်ဝင် သွားပြီးနောက် ကြီးမားတဲ့ အင်အား တစ်ခုက ဓားကို ဆက်မဝင်နိုင်အောင် တားဆီးထားတာကို သူကြုံရတော့တယ်။

“အား။” အသံကျယ်ကြီး ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ကြီးမားပြင်းထန်တဲ့ ကြောက်စရာ အင်အားတွေက ဖန်ကျန်းရှီရဲ့ ရင်ဘတ်ဆီ တိုးဝင်လာတယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင် ဒေါသမီးတွေ လောင်မြိုက် နေခဲ့ပြီ။ ဖန်ကျန်းရှီအတွက်တော့ ဒီလောကပြီး ရောက်ပြီး ချိန်က စပြီး ဒီလောက် စိတ်ဆိုးနေတဲ့ လူကို မြင်ဖူးတာ ပထမဆုံး အကြိမ်ပဲ။ ဒီဒေါသက လေဟာနယ် ဖြိုခွင်း နတ်သခင်ကို ယွင်ချင်းဝူနဲ့ လောင်းကြေးထပ်ထားတဲ့ အကြောင်းတောင် မေ့သွား စေနိုင်ခဲ့တယ်။

သူရှေ့ကို ထွက်လာတယ်။ တစ်ချက်လေးတောင် မတွေးတော့ဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင်က ဖန်ကျန်းရှီကို ဝင်တိုက်တော့တယ်။ သူ့ရဲ့ သံချပ်ကာကြီးမှာ ထူးခြားတောက်ပတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာတယ်။

ဘန်း။ ဖန်ကျန်းရှီကတော့ တောင်ကြီး တစ်လုံးနဲ့ ဝင်ဆောင့်နေသလို ခံစား ရမိတယ်။ နောက်ကို အရှိန်ပြင်းပြင်း သူလွင့်ထွက်တယ်။ မကြာခင်မှာပဲ ကပ်ဆိုး တစ်ခုလို ပြင်းထန်တဲ့ အင်အားကြီး တစ်ခု သူ့ဆီ ဝင်လာတာကို ခံစားမိလိုက်တယ်။ အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ အလင်းတန်း တစ်ခုလိုပဲ။

ထက်ရှ မြန်ဆန်လွန်းပြီး လူတစ်ယောက်ကို တုန်ယင် သွားစေတယ်။

ဖန်ကျန်းရှီက အရူး မဟုတ်ဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင် ပြန်သိမ်းထား လိုက်တဲ့ အရိုးနက် ဆူးချွန် ဖြစ်မှန်း သူသိတယ်။ ကပ်ဆိုးကို ခံစားမိချိန်မှာပဲ သူ့ခန္ဒာကိုယ်မှာ အပြာရောင် အလင်းတန်းတွေ တောက်ပ လာတော့တယ်။

ဝူး။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် ခြေသုံးလှမ်း အကွာ နေရာမှာ ပေါ်လာတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မှာတော့ ပြတ်ရှ ဒဏ်ရာ တစ်ခု ရှိနေခဲ့ပြီ။

သေးငယ်ပြီး နက်ရှိုင်းတဲ့ ဒဏ်ရာကနေ သွေးတွေ ဆက်တိုက် စိမ့်ထွက်နေခဲ့တယ်။ သွေးတွေက နတ်သစ်ပင်ရဲ့ ပန်းပွင့် ဖြူဖြူတွေပေါ် စီးကျတော့တယ်။

အရာအားလုံးက တစ်ခဏ အတွင်း ဖြစ်ပျက် သွားခဲ့တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ရင်ဘတ်ထဲကို ဖန်ကျန်းရှီ ဓားနဲ့ ထိုးချတယ်။ ဖန်ကျန်းရှီ လွင့်ထွက် သွားပြီးနောက် အရိုးနက် ဓားမြောင်က ဖန်ကျန်းရှီရဲ့ ဘယ်လက်ကို ထိုးဖောက်တယ်။

“ငလူးပဲ။” ဖန်ကျန်းရှီ ချွေးစေးတွေ ထွက်နေခဲ့ပြီ။ အကယ်၍ နောက်ဆုံး အချိန်မှာ သူသာ ခုန်မရှောင်ခဲ့ရင် အရိုးနက်ဓားက သေချာပေါက် သူ့နှလုံးကို ဖောက်သွားခဲ့ပြီ။ မြန်ဆန်လွန်းတယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင် အခုချိန်မှာ လှုပ်ရှားခဲ့ပြီ။ ဒါ့အပြင် လက်နက်လဲ သုံးသေးတယ်။ သဘောတူ ထားတဲ့ လောင်းကြေးက ဘယ်ရောက် သွားပြီလဲ။ လူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တာလား။

“သေစမ်း။” လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ အသံကို ကြားလိုက် ရပြန်တယ်။ အခုချိန်မှာ ဘာလောင်းကြေးမှ သူ့စိတ်ထဲ မရှိတော့ဘူး။ ဖန်ကျန်းရှီကို သတ်ချင်စိတ်ပဲ ရှိတော့တယ်။

ဖန်ကျန်းရှီကို တစ်ချက်တည်းနဲ့ မသတ်နိုင်ခဲ့တဲ့ အတွက် လေဟာနယ် ဖြိုခွင်း နတ်သခင် နောက်တစ်ခေါက် လှုပ်ရှားရပြန်တယ်။ နေရာကနေ ပျောက်ကွယ် သွားပြီး အမှောင်ထုကြီးနဲ့ ရောနှော သွားတယ်။

“အရှက်မရှိတဲ့ သူခိုးကောင် သတိထား။” လေဟာနယ် ဖြိုခွင်း နတ်သခင် ပျောက်ကွယ် သွားတာကို မြင်ချိန်မှာ၊ ချီကူယန်ရဲ့ အမြီးကြီးက အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ သွားပြီး ဖန်ကျန်းရှီရဲ့ နောက်ကျောကို လာရစ်ပတ်တယ်။

ဝုန်း။ ဖန်ကျန်းရှီလဲ ဒီရိုက်ခတ် ခံရမှုကြောင့် ရှေ့ကို လွင့်ထွက်သွားတယ်။ ဒီရိုက်ချက်က အင်အားကြီးလွန်းလို့ သူ့လက်ထဲက ခြေရာမဲ့ဓား ကိုတောင် လွတ်ကျလု နီးပါးပဲ။

“…” ဖန်ကျန်းရှီ ကျိန်ဆဲ ချင်တယ်။ ဒါပေမယ့် သူမလုပ်နိုင် ခဲ့ဘူး။ သူရှိနေခဲ့တဲ့ နေရာမှာ အေးစက်တဲ့ အနက်ရောင် အလင်းတန်း ဖြတ်သန်း သွားတာကို သူမြင်လိုက်ရ လို့ပဲ။

အဲ့ဒီ့နောက် အနက်ရောင် အလင်းတန်းရဲ့ အောက်မှာ လေဟာနယ် ဖြိုခွင်း နတ်သခင် ပေါ်လာတော့တယ်။ သူ့ရင်ဘတ်က သွေးတွေ အားလုံး ခြောက်သွားပြီ ဖြစ်ပေမယ့်၊ ဒေါသကတော့ ပိုထွက်လာတဲ့ ပုံစံပဲ။

“ကြည့်ရတာ မင်းက တကယ့်ကို မယ်တော် နွီဝါး မဟုတ်ဘူးပဲ။” လေဟာနယ် ဖြိုခွင်း နတ်သခင်က ချီကူယန်ကို ကြည့်ရင်း အမူအယာ အေးစက် သွားခဲ့တော့တယ်။ “မယ်တော် နွီဝါးက သေသွားခဲ့ပြီ။ ဒီတော့ မင်းလဲ ဒီလောကမှာ ဆက်ပြီး အသက်မရှင် သင့်တော့ဘူး။”

သူပြော နေချိန်မှာပဲ သူ့ပတ်ဝန်းကျင်ကို လွှမ်းခြုံထားတဲ့ အမှောင်ထုကြီးက ဘေးပတ်ပတ်လည် နေရာတွေကို ပျံ့နှံ့ သွားတော့တယ်။ အဲ့ဒီ့နောက် သူနောက်တစ်ကြိမ် ပျောက်ကွယ် သွားပြန်ပြီ။

မြန်ဆန်လွန်းတယ်။ ပတ်ဝန်းကျင် လေဟာနယ် ထဲမှာ ပြောင်းလဲမှုတောင် မရှိလိုက်ဘူး။ အန္တိမ အရှိန်နှုန်း မရှိပဲ၊ ဒီအတိုင်း ပျောက်ကွယ် သွားတာ။ မကြာခင်ပဲ။ အနက်ရောင် အလင်းတန်းက ချီကူယန့် ဆီကို ရောက်ရှိ လာတော့တယ်။

“မဖြစ်ဘူး မြန်မြန် ခုန်ရှောင်။” ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက အောက်ကနေ လှမ်းအော် မိကြတယ်။ ဒါပေမယ့် အနက်ရောင် အလင်းတန်း ရောက်လာတာက မြန်ဆန်လွန်းတယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်က ချီကူယန်ကို ရုတ်တရက် တိုက်ခိုက်မယ်လို့ ဘယ်သူမှ မထင်ထား ခဲ့မိဘူး။

“တိုက်ခိုက်။” ချီကူယန် ခပ်တိုးတိုး ပြောလိုက်တယ်။ သူမ နောက်မှာ ရှိတဲ့ အရိပ်ဖျော့ဖျော့က ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ကြီးမားပြင်းထန်တဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်တော့တယ်။

ဝုန်း။

အင်အားကြီး နှစ်ခု ထိတွေ့ရင်း အနက်ရောင် အလင်းတန်း တုန်ခါ သွားခဲ့တယ်။ မကြာခင်ပဲ အနက်ရောင် အလင်းတန်းက လေဟာနယ် အက်ကွဲကြောင်းထဲကို ဝင်ရောက် ပျောက်ကွယ် သွားပြန်တယ်။

ချီကူယန်က တိုက်ခိုက်မှုကို အောင်အောင်မြင်မြင် ခုခံ လိုက်နိုင်တဲ့ ပုံစံပဲ။ ဒါပေမယ့် နောက်တစ်ခေါက် အနက်ရောင် အလင်းတန်း ထပ်ပေါ်လာရင် ချီကူယန် အသေပဲ ဆိုတာကို လူတိုင်း သိနေခဲ့တယ်။

အဲ့ဒီ့နောက် အနက်ရောင် အလင်းတန်း ပေါ်ထွက် လာပြန်တယ်။ ဒီတစ်ခေါက်တော့ ချီကူယန်ရဲ့ နှလုံးသား နေရာမှာ ပေါ်လာခဲ့တယ်။ အေးစက်ပြီး ထရှလွန်းတဲ့ အလင်းတန်းကြောင့် လေဟာနယ် တစ်ခုလုံးတောင် တောင့်တင်း အေးခဲ သွားသလိုပဲ။

အချိန်တွေ ရပ်တန့် သွားသလို ထင်ရတယ်။ ဒါပေမယ့် အံ့သြ စရာ ကောင်းလောက်အောင် အနက်ရောင် အလင်းတန်းက သူမရဲ့ နှလုံးသားထဲကို ထွင်းဖောက် မသွားခဲ့ဘူး။ နေရာမှာတင် ရပ်တန့် နေခဲ့တယ်။ အနီရောင် သံကြိုး တစ်ခုက အနက်ရောင် အလင်းတန်းကို ရစ်ပတ် ချုပ်နှောင် ထားခဲ့ပြီ။

သေရှင် သံကြိုး။

ဂျိန်း။ အနီရောင် သံကြိုးက တုန်ခါရင်း အက်ကွဲကြောင်းတွေ ပေါ်လာတော့တယ်။ ဒါပေမယ့် နောက်ထပ် အစိမ်းရင့်ရောင် သံကြိုး တစ်ခုက ထပ်ပြီး ရစ်ပတ် လိုက်တဲ့ အတွက် သက်ရောက်မှု များများ စားစား မရှိခဲ့ဘူး။ အစိမ်းရင့်ရောင် အလင်းတန်း ပေါ်လာချိန်မှာ ကြီးမားတဲ့ အနက်ရောင် ပုံရိပ်ကြီးလဲ ကောင်းကင်မှာ ပေါ်ထွက် လာခဲ့တယ်။

ရှုပ်ထွေးတဲ့ သင်္ကေတ ရှစ်ခုက ကြီးမားတဲ့ ပုံရိပ်ကြီးရဲ့ အရပ်ရှစ် မျက်နှာမှာ တောက်ပနေတယ်။

“မင်းက ငတုံး မဟုတ်ပဲ။ မင်းရဲ့ ပြိုင်ဘက်က ငါဆိုတာတောင် မသိဘူးလား။” ဒေါသတကြီး အော်သံကြီးကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် အနက်ရောင် မီးတောက်တွေ ဖြာထွက်နေတဲ့ သံချပ်ကာ အနက်နဲ့ လက်သီး တစ်လုံးက အနက်ရောင် အလင်းတန်းကို ထိုးချလိုက်တယ်။

လေလှိုင်းတွေ ဖြစ်ပေါ် လာပြီး လေဟာနယ် ဖြိုခွင်း နတ်သခင် ပေါ်လာတော့တယ်။ အလွန်တရာ မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ တခြား တစ်ဖက်ကို သူဆုတ်ခွာတယ်။

နောက်ထပ် ပုံရိပ် တစ်ခုက ဒီအချိန်မှာပဲ ချီကူယန်ရဲ့ ရှေ့မှာ ပေါ်ထွက် လာတော့တယ်။

မဟူရာရောင် သံချပ်ကာ။ မီးတောက်နက်တွေ လွှမ်းခြုံထားတဲ့ လူတစ်ယောက်။

အပိုင်း (၈၉၄) ပြီး၏။

အပိုင်း (၈၉၅)

“ပေါက်ကွဲချိန်တန်ပြီ။”

“လာစမ်းပါ။ နတ်သခင် ဆိုတဲ့ အဆင့်က ဘယ်လောက်တောင် အင်အားကြီးလဲ မြင်ချင်လို့။” အရိုင်းဆန်ဆန် စကား တစ်ခွန်းကို မီးတောက်တွေထဲက ကြားလိုက်ရတယ်။

ဒီမြင်ကွင်းက လန့်စရာ ကောင်းလွန်းတယ်။ ဖန်ကျန်းရှီက လေဟာနယ် ဖြိုခွင်း နတ်သခင်ကို လက်သီး တစ်ချက်တည်းနဲ့ လွင့်ထွက်အောင် တိုက်ခိုက် နိုင်ခဲ့မယ်လို့ ဘယ်သူမှ မမျှော်လင့်ထား မိဘူး။

ဖန်ကျန်းရှီရဲ့ အရှိန်နှုန်းက လေဟာနယ် ဖြိုခွင်း နတ်သခင်ထက် မြန်နေလို့ ဒီလို တိုက်ခိုက်နိုင်ခဲ့တာ မဟုတ်ဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင် ပေါ်လာမယ့် နေရာကို သူ အတိအကျ တွက်ချက် ထားနိုင် ခဲ့လို့ပဲ။

မိစ္ဆာ ဘုရင်တွေ မျက်လုံးပြူး နေခဲ့ပြီ။ တခြားသူတွေ အားလုံးလဲ လန့်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဘယ်သူ့ကိုမှ ဂရု မစိုက်ဘူး။

ဖြူဖျော့နေတဲ့ ချီကူယန်ကို တစ်ချက်ကြည့်ရင်း သူ့လက်တစ်ဖက်ကို သူမဆီ ဆန့်ထုတ် ပေးလိုက်တယ်။ စကား တစ်ခွန်းမှ မပြောပဲ အေးအေးဆေးဆေး စိတ်ရှည် လက်ရှည်နဲ့ စောင့်ဆိုင်းနေတယ်။

ချီကူယန်ရဲ့ ခန္ဒာကိုယ် တုန်ယင်သွားတယ်။ သူမရှေ့က လက်နဲ့ ဖန်ကျန်းရှီရဲ့ အမူအယာကို အကဲခတ်နေတယ်။

ဖန်ကျန်းရှီရဲ့ မျက်နှာကို သူကောင်းကောင်း မမြင်ရဘူး။ အနက်ရောင် မီးတောက်တွေ့ သူ့မျက်နှာကို ဖုံးကွယ် ထားခဲ့တယ်။ မြင်ရတဲ့ တစ်ခုတည်းသော အရာကတော့ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေပဲ။

ဒေါသ မျက်ဝန်းတွေ။ ဆိုးယုတ်မှု အပြည့်နဲ့ ခရမ်းရောင် မျက်ဝန်းတွေက ပြန်လည် မွေးဖွားမှု တာအို ခြောက်ခု စက်ဝန်း အသွင်ကို ကူးပြောင်း နေပြီ။ အနီ၊ အပြာ၊ အစိမ်းနဲ့ အနက် အရောင် လေးခုက စက်ဝန်းထဲမှာ တောက်ပ နေတယ်။

ဖန်ကျန်းရှီကို ချီကူယန် မေးခွန်း မထုတ်တော့ဘူး။ ဒီမျက်ဝန်းတွေကို မြင်ပြီး ချိန်မှာ သူချလိုက်တဲ့ ဆုံးဖြတ်ချက်ကို နားလည် သွားလို့ပဲ။

လက်နှစ်ဖက်က ချိတ်ဆက်သွားတယ်။

“မင်း ငါ့ကို ယုံလား။” ဖန်ကျန်းရှီ ပြောတယ်။ သူ့ခန္ဒာကိုယ်ရဲ့ လူသတ်ငွေ့ တွေကြောင့် စကား တစ်ခွန်း ချင်းစီတိုင်းက လေးနက် နေခဲ့တယ်။ ချီကူယန်ရဲ့ ဖြူဖျော့ဖျော့ မျက်နှာမှာတော့ တဖြည်းဖြည်း သွေးရောင် ပြန်လွှမ်းလာတယ်။ သတ်ဖြတ် လိုစိတ်တွေကို သူမ မခံစား မသလိုပဲ။

“ယုံတယ်။” ချီကူယန် ခေါင်းငြိမ့်လိုက်တယ်။

နောက်ထပ် မပြောတော့ပဲ ဖန်ကျန်းရှီရဲ့ ပုခုံးကို သူမ မှီလိုက်တော့တယ်။

“ဒီ နတ်သခင်ကို အတူတူ သတ်ကြစို့။” ချီကူယန်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်းရင်း ဖန်ကျန်းရှီ ပြုံးလိုက်တယ်။

“ဟဟား။” ချီကူယန်လဲ ပြုံး နေခဲ့တယ်။ ဖန်ကျန်းရှီကို တိုက်ရိုက် ပြန်မဖြေ ပင်မယ့်၊ သူမရဲ့ မျက်နှာက စိတ်သက်သာရ ရသွားမှန်း အပြည့်အ၀ ပေါ်လွင် နေခဲ့တယ်။

ပန်းနုရောင် ဝတ်ရုံက သွေးတွေ ရွဲနစ်နေပြီး လေထဲမှာ လွင့်မျောနေတယ်။ အဝတ်စ လေတိုးသံက တောင်ကြား စမ်းချောင်းတွေရဲ့ တေးသွားလိုပဲ။

“ပေါက်ကရ ပြောနေတာတွေ ရပ်လိုက်ကြ။ ဝေါင်း။” ဒီအချိန်မှာပဲ ချီကူယန်နဲ့ ဖန်ကျန်းရှီ ဘေးမှာ ရပ်နေတဲ့ မိစ္ဆာ ဘုရင် တစ်ယောက်က သတိ ဝင်သွားတော့တယ်။

ဟိန်းဟောက်ရင်း ကြီးမားတဲ့ လက်သည်းတွေနဲ့ ကုတ်ဆွဲ တော့တယ်။ ဒီလက်သည်းတွေ ချီကူယန်နဲ့ ဖန်ကျန်းရှီဆီ မရောက်ခင် အချိန်မှာပဲ တောက်ပတဲ့ ခရမ်းရောင်က အလင်းတန်းတွေ ဖြာထွက် လာတယ်။ မီးတောက် အလင်းဖြာသလို ခမ်းနားမှု အပြည့်နဲ့ အလင်းတွေ ဖြာထွက်တယ်။

ချက်ခြင်း ဆိုသလို ကောင်းကင်ကြီး တစ်ခုလုံး မည်းမှောင် သွားသလိုပဲ။ ကောင်းကင်ကြီးကို နှစ်ခြမ်း ခွဲတော့ မလို တောက်ပနေတဲ့ ဓား အလင်းရောင်သာ ထင်ထင်ရှားရှား ကျန်ရစ်နေတယ်။

ဓားအလင်းက လက်သည်းတွေကို ဖြတ်ထွက်ပြီး ကောင်းကင်ပေါ်ကို တက်သွားတယ်။ ဓားအသံနဲ့ သံသတ္တု ထိခတ်သံက ကောင်းကင်မှာ ပဲ့တင် ထပ်လာတယ်။

ဂျိန်း။ မိစ္ဆာ ဘုရင် လက်သည်းက အကြေးခွံတွေ ဖုံးလွှမ်းထားတဲ့ ခန္ဒာကိုယ်ကြီးနဲ့ အတူ ကွဲထွက် သွားတော့တယ်။ မိစ္ဆာ ဘုရင်ရဲ့ ထိတ်လန့် ကြောက်ရွံ့ နေတဲ့ မျက်နှာကို လူတိုင်း မြင်နေရတယ်။ မျက်ဝန်း ပြာပြာတွေမှာ မယုံနိုင်မှုတွေက အထင်းသား ။

သူဘယ်လိုပဲ မယုံနိုင်ပါစေ။ ခန္ဒာကိုယ်ကတော့ ဓား အလင်းကြောင့် နှစ်ခြမ်းကွဲ သွားခဲ့ပြီ။ ရေအရောင် မိစ္ဆာ ပုလဲက ကောင်းကင်မှာ လွင့်မျော လာတော့တယ်။

ဂလု ဂလု။ မိစ္ဆာ ပုလဲ ပေါ်လာတာနဲ့ ဖန်ကျန်းရှီ မြိုချလိုက်တယ်။ အဲ့ဒီ့နောက် လျှာသပ်လိုက်ရင်း သူ့ဘေးပတ်လည်က တခြား မိစ္ဆာ ဘုရင်တွေကို ငတ်မွတ်နေတဲ့ ဝံပုလွေ တစ်ကောင်ရဲ့ ဆာလောင်မှု အပြည့် ပုံစံနဲ့ ကြည့်ရင်း မေးတယ်။

“အရသာ ရှိလိုက်တာ။ နောက်ထပ် စားရအုန်းမလား။”

“…”

“…”

ဘယ်မိစ္ဆာ ဘုရင်ကမှ ဖန်ကျန်းရှီရဲ့ မေးခွန်းကို မဖြေနိုင်ကြဘူး။ စိတ်ထဲမှာ တစ်ခုကိုပဲ တွေးနေမိ ကြတယ်။ (သားရဲကောင်ကြီး။ မိစ္ဆာတွေထက် ကြောက်စရာ ကောင်းတဲ့ သားရဲကောင်ကြီး။)

“ဟဟား။ စိတ်ဝင်စားစရာ ကောင်းလိုက်တာ။” လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ အသံကို ကြားလိုက်ရတယ်။ အရင်ကနဲ့ မတူညီ တာကတော့ သူ့အသံမှာ စိတ်လှုပ်ရှားမှုတွေ အပြည့် ဖြစ်နေတာပဲ။

မကြာခင်ပဲ လူတစ်ယောက်က ဖန်ကျန်းရှီရဲ့ ရှေ့မှာ ပေါ်လာတော့တယ်။ ခြေဆယ်လှမ်းတောင် မကွာဘူး။

“ငါ့ရှေ့မှာ ရပ်နေတဲ့ လူကို ပုရွက်ဆိတ် ကောင်လို အားနည်းတယ်လို့ ငါအမြဲ ထင်ထားမိတယ်။ ကြည့်ရတာတော့ မင်းရဲ့ အရည်အချင်းကို ငါအထင်သေးမိတာ ဝန်ခံရမယ့် ပုံပဲ။ မင်းက ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲက လေးခုကို တတ်မြောက် ထားတယ်ပေါ့။ ရှားပါးလိုက်တာ။ ရှားပါးလိုက်တာ။” လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခန္ဒာကိုယ်က ဆက်တိုက် တုန်ယင် နေခဲ့တယ်။

“အမှားကို ပြင်ဆင်ဖို့ မင်းကို မသတ်ခင် တကယ့် နတ်သခင် အစစ် တစ်ယောက်ရဲ့ စွမ်းအားတွေ မင်းသိအောင် ပြရ သေးတာပေါ့။”

“မင်း တခြား တစ်ခုခု အပြောင်းအလဲလေး မပြောတတ်တော့ဘူးလား။ အဲ့ဒီ့ စကားက ပြောပြီး သားကြီး။” ဖန်ကျန်းရှီ သူ့ရဲ့ ခြေရာမဲ့ဓားကို ဖြည်းဖြည်းချင်း မြှောက်ရင်း၊ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ လည်ပင်းကို ချိန်ရွယ် ထားခဲ့တယ်။

“ဟဟား။ တကယ်လား။” နောက်တစ်ခေါက် ပြုံးလိုက်ရင်း လေဟာနယ် ဖြိုခွင်း နတ်သခင် ပြောတယ်။ “ကောင်းပြီလေ။ အသစ်အဆန်းလေး ပြောပေးမယ်။ မင်းဘယ်လို သေချင်လဲ။”

ဝူး။

လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ အသံနဲ့အတူ၊ ကြောက်စရာ ကောင်းတဲ့ အရှိန်အဝါတွေ သူ့ခန္ဒာကိုယ်က ဖြာထွက် လာတော့တယ်။ သွေးချောင်းစီး တိုက်ပွဲ တစ်ခုက တပ်မဟာကြီးရဲ့ တိုက်ပွဲ ခေါ်သံတွေလိုပဲ။ သန်မာလွန်းတဲ့ စွမ်းအားတွေက ပတ်ဝန်းကျင် လေဟာနယ်ကို အက်ကွဲကြောင်းတွေ ပေါ်လာစေတယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ နဖူးမှာ ရှိနေတဲ့ ရွှေရောင် အမှတ်အသားကလဲ ဖြည်းဖြည်းချင်း ပွင့်လာတော့တယ်။ ဒီအက်ကွဲကြောင်းရဲ့ အထဲမှာ အရမ်းကို ရှုပ်ထွေးတဲ့ တိမ်သဏ္ဍာန် နှစ်ခု ရှိနေခဲ့တယ်။

နတ်ဆိုး မျက်လုံး။

နတ်ဆိုးတိုင်းမှာ သူတို့ရဲ့ စွမ်းရည်ကို ဖော်ပြတဲ့ နတ်ဆိုး မျက်လုံး ရှိကြတယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်မှာလဲ ရှိတယ်။ ဒါပေမယ့် သူ့နဖူးမှာ ရှိနေတဲ့ နတ်ဆိုး မျက်လုံးကတော့ အနီရောင်ကော ရွှေရောင်ပါ မဟုတ်ခဲ့ဘူး။ တောက်ပမှုလဲ မရှိဘူး။ အမှောင်ထုကြီး။ ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်ထုကြီး တစ်ခုသာ ဖြစ်နေခဲ့တယ်။

ဒါပေမယ့် အချိန် အကြာကြီး သူငေးမော မနေခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ လေဟာနယ် ဖြိုခွင်း နတ်သခင် နတ်ဆိုး မျက်လုံးကို ဖွင့်ဖွင့်ချင်းမှာ ချီကူယန်က တိုက်ခိုက်လိုက်လို့ပဲ။

အရမ်းကို ရုတ်ချည်းဆန်လွန်းလို့ ဧကရီ ပိုင်ကျစ်တောင် လန့်သွားခဲ့တယ်။

ချီကူယန်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့သူ။ အခုချိန်မှာ ဒီလို လူက အချိန် ဆွဲနိုင်လေ အသာစီး ရလေပဲ။ ချီကူယန်ကတော့ ဒီလို မလုပ်ခဲ့ဘူး။ ချက်ခြင်း ဆိုသလို သူမရဲ့ မြွှေအမြီးကြီးနဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ကို ရစ်ပတ်လိုက်တယ်။

အရေး အကြီးဆုံးကတော့ အရိပ်ကြီးရဲ့ တည်ရှိမှုက ထင်ရှား ပြတ်သား လာပြီး အကြေးခွံ တွေကလဲ ပိုတောက်ပ လာတာပဲ။

“အမ်။ ဒီလောက် မြန်မြန် ပြန်ကောင်း လာတယ်လား။” ဧကရီ ပိုင်ကျစ် အံ့သြ နေခဲ့တယ်။

“အကယ်၍ ဖန်ကျန်းရှီမှာသာ အရင်တည်းက ချီကူယန်ကို ပြန်ကောင်းအောင် လုပ်နိုင်ဖို့ နည်းလမ်း ရှိရင်၊ အစောကြီးတည်းက လုပ်ပြီးလောက်ပြီ။ ချင်းဝူ ခန့်မှန်းတာ မှန်မယ် ဆိုရင်၊ သူ့ရဲ့ စွမ်းအား အရင်း အမြစ်တွေကို နည်းလမ်း တစ်ခုခု သုံးပြီး ချီကူယန့်ဆီ လွှဲပေး နေတာပဲ ဖြစ်ရမယ်။” ယွင်ချင်း ခေါင်းခါရင်း ပြောတယ်။

“ငှားတာလား။” ဧကရီ ပိုင်ကျစ် မျက်မှောင်ကြုတ်ရင်း လက်ချင်းယှက်ထားတဲ့ ချီကူယန်နဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ “အဲ့တာ ယင်ယန် တာအိုပဲ။”

“ယင်ယန် တာအို။ ဟုတ်လိမ့်မယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ သူမ အသံက စိတ်ရှုပ်ထွေး နေမှန်း သိသာ ပေမယ့်၊ အရမ်းကြီးတော့ အံ့သြ မနေခဲ့ဘူး။

…

အသံကျယ်ကြီး တစ်သံကို ကြားလိုက် ရတယ်။

ဧကရီ ပိုင်ကျစ်က ယွင်ချင်းဝူကို စကား ပြောနေတဲ့ အချိန်၊ လေဟာနယ် ဖြိုခွင်း နတ်သခင်က ချီကူယန်ရဲ့ တိုက်ခိုက်မှုကို အောင်အောင် မြင်မြင် ခုခံ နိုင်လိုက်ပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးကို အင်အားလှိုင်းတွေ ထုတ်လွှတ်ရင်း ထိန်းချုပ်နေတယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင် ခုန်မရှောင်ခဲ့ဘူး။

သူ့ရဲ့ နတ်ဆိုး မျက်လုံးကို ဖွင့်ပြီးတဲ့နောက် သူ့မှာ စိုးရိမ်စရာ မရှိတော့။ ဒါပေမယ့် ချီကူယန်ရဲ့ တိုက်ခိုက်မှုကို ခုခံချိန်မှာ သူ့စိတ်ထဲ ရှုပ်ထွေးသွားတယ်။

“ယင်ယန် တာအိုလား။” ချီကူယန်ရဲ့ စွမ်းဆောင်ရည် ပြောင်းလဲ သွားရတဲ့ အကြောင်းအရင်းကို သူ နားလည်တယ်။ နောက်ဆုံးတော့လဲ သိသာ ထင်ရှားလွန်းတယ်လေ။

ချီကူယန်ရဲ့ နောက်က အရိပ်ကြီး ဖြည်းဖြည်းချင်း သိပ်သည်းလာတယ်။ ခမ်းနားတဲ့ အငွေ့အသက်တွေက ပိုပြီး ပြင်းထန်လာတယ်။ မျက်နှာ ဆံပင်နဲ့ ရုပ်သွင်ကလဲ ချီကူယန်နဲ့ အသေးစိတ် ပိုပြီး တူညီ လာခဲ့တဲ့ အတွက် စွမ်းအား အထွတ်အထိပ် ရောက်နေတာကို သိနားလည် နိုင်တယ်။

ဒါပေါ့။ လေဟာနယ် ဖြိုခွင်း နတ်သခင်ကို အံ့သြ စေသူက ဖန်ကျန်းရှီ။

ချီကူယန်ရဲ့ စွမ်းအားက အထွတ်အထိပ် ရောက်နေပင်မယ့်၊ ဖန်ကျန်းရှီရဲ့ စွမ်းအားက လျော့ပါးသွားမယ့် အရိပ်အယောင် မရှိခဲ့ဘူး။ ပိုပြီးတော့သာ သန်မာလာတယ်။

“ဒီကောင်စုတ်ရဲ့ ခန္ဒာကိုယ်ထဲမှာ စွမ်းအား အရင်းအမြစ် ဘယ်လောက်တောင် ရှိနေတာလဲ။” လေဟာနယ် ဖြိုခွင်း နတ်သခင် ယင်ယန် တာအို အကြောင်းကို နားလည်တယ်။ ပါဝင်သူ နှစ်ဦး နှစ်ဖက်ကို အံ့သြစရာ စက်ကွင်း တစ်ခု ဖန်တီး ပေးနိုင်မှန်း သူသိတယ်။ နောက်တစ်နည်း ပြောရရင်၊ ချီကူယန် အင်အား ကြီးလာရင်၊ ဖန်ကျန်းရှီကလဲ အားနည်း သွားလိမ့်မယ်။

ဖန်ကျန်းရှီရဲ့ စွမ်းအင် အရင်းအမြစ်က လူနှစ်ယောက် စလုံးကို လုံလောက်အောင် ထောက်ပံ့ ပေးနိုင်တဲ့ အထိ ကြီးမား နေရင်တော့ တမျိုးပေါ့။ လေဟာနယ် ဖြိုခွင်း နတ်သခင် စိတ်ရှုပ်ထွေး လာတယ်။

ဒါပေမယ့် အချိန်ဆိုင်း မနေခဲ့ဘူး။ စွမ်းအား အရင်းအမြင်က ဘယ်လောက်ပဲ ကြီးမားပါစေ အဆင့် ကွာခြားချက်ကြီးက ရှိနေဆဲပဲ။ ရွှေတွင်းပိုင် သူဌေး တစ်ယောက်ရဲ့ ကြွယ်ဝမှုကို မှတ်တမ်း တင်နေသလို၊ ဘယ်လို အသုံးချရမယ်မှန်း မသိရင် ရိုက်ခတ်မှု ကြီးကြီးမားမား ဖြစ်လာအောင် လုပ်နိုင်မှာ မဟုတ်ဘူး။

“သေစမ်း။” ဒေါသ တကြီး အော်ဟစ်ရင်း လေဟာနယ် ဖြိုခွင်း နတ်သခင်က ဖန်ကျန်းရှီနဲ့ ချီကူယန်ဆီ ပြေးဝင် လာခဲ့တယ်။ သူ့အရှိန်နှုန်းက မြန်ဆန်လွန်းတယ်။ ခရမ်းရောင် ဓားအလင်းတန်းက နောက်တစ်ခေါက် တောက်ပ လာပြန်ပြီ။ လေဟာနယ် ဖြိုခွင်း နတ်သခင် ပျောက်ကွယ် သွားတာနဲ့ ဖန်ကျန်းရှီက သူ့ဓားကို လှုပ်ရှားတယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင် လှုပ်ရှား နေတာကို သူရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ဒါတွေက သူ့ရဲ့ တိုက်ခိုက်မှုကို မသက်ရောက်။ နောက်တစ်ခေါက်၊ ခရမ်းရောင် အလင်းတန်းက ကောင်းကင်ကို လင်းထိန် သွားစေတယ်။

ဂျိန်း။ ခြေရာမဲ့ဓားက အရိုးနက် ဓားသွားနဲ့ ပွတ်တိုက်တယ်။ ထက်ရှတဲ့ အသံက ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင့် ထပ်သွားတယ်။ အနက်ရောင် အက်ကွဲကြောင်းတွေ ကောင်းကင်မှာ ဆက်တိုက် ပေါ်လာတယ်။

ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်မှာ တောက်ပနေတဲ့ မီးတောက်ကြီး ရှစ်ခုက လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခေါင်းကို တောင်ကြီး တစ်လုံးလို ပုံစံနဲ့ ဖိချတော့တယ်။

“တုံးအလိုက်တာ။” အေးစက်စက် အမူအယာနဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်က သူ့ရဲ့ အရိုးနက် ဓားသွားကို တွန်းထုတ်လိုက်တယ်။ တောက်ပတဲ့ ခရမ်းရောင် အလင်းတန်း ရုတ်တရက် ပေါ်လာပြီး အော်မြည်တယ်။ အဲ့ဒီ့နောက် အရိုးနက် ဓားသွားရဲ့ ဖိအား အောက်မှာ တွန်းကန်တော့တယ်။

ဝုန်း။ အရိုးနက် ဓားသွားက ဖန်ကျန်းရှီကို လာထိတွေ့တယ်။ ကြီးမား ပြင်းထန်တဲ့ ပွတ်တိုက်မှုက ဖန်ကျန်းရှီရဲ့ မဟူရာ သံချပ်ကာကို ကွဲထွက် သွားစေတယ်။ သူ့တကိုယ်လုံး ပေါက်ကွဲ ထွက်တော့ မလိုပဲ။ ဒါပေမယ့် လက်ထဲမှာ ဓားကို တင်းတင်းကြပ်ကြပ် ကိုင်ထားဆဲ။

ဖွီး။ ဖန်ကျန်းရှီ သွေးတွေကို အန်ထုတ်လိုက်တယ်။ အနီရောင် သွေးတွေက ခြေရာမဲ့ ဓားပေါ်ကို ကျတယ်။ ခြေရာမဲ့ဓားက စုပ်ယူသွားတယ်။

“ဘယ်သူ သေမလဲ ကြည့်ကြ သေးတာပေါ့။” ဖန်ကျန်းရှီ မျက်လုံးပြူးကြီးနဲ့ ပြောတယ်။ သူ့တကိုယ်လုံး အနက်ရောင် မီးတောက်တွေ အရှိန်ပြင်းပြင်း လောင်ကျွမ်းပြီး ရွှေရောင် အလင်းတန်းတွေ ဆက်တိုက် ဖြာထွက်လာတယ်။

သူပြော နေချိန်မှာပဲ ခြေရာမဲ့ဓား တစ်ခုလုံးကို သွေးနီရောင် အလင်းတန်းက လွှမ်းခြုံ သွားတယ်။ အေးစက်တဲ့ အငွေ့အသက်တွေလဲ လျှံထွက်လာတယ်။

နတ်သခင်ကို သူသတ်ချင်တယ်။ ဒါပေမယ့် နတ်သခင် တစ်ယောက်ကို သတ်ဖို့က လွယ်ကူမှာလား။ ဖန်ကျန်းရှီ သိပြီးသား။ အင်အား အရာမှာ သူအသာစီး မရနိုင်ဘူး။ သူ့ရဲ့ စိတ်စွမ်းအားကိုပဲ သုံးလို့ ရနိုင်တယ်။ စိတ်စွမ်းအားနဲ့ အနိုင်ယူမယ်။

“အင်း။” လေဟာနယ် ဖြိုခွင်း နတ်သခင် သိသိသာသာကြီးကို လန့်နေခဲ့တယ်။ ဖန်ကျန်းရှီ သူ့တိုက်ခိုက်မှုကြောင့် လွင့်ထွက် သွားမယ်လို့ တွေးထားခဲ့တာ။

ဖန်ကျန်းရှီက လွင့်မထွက်ရုံတင် မကဘူး။ တစ်ချက်လေးတောင် မရွေ့ခဲ့ဘူး။ ဒါ့အပြင် သူ့ဓားနဲ့တောင် ပြန်တိုက်ခိုက် နိုင်သေးတယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်က အရိုးနက် ဓားသွားကို နောက်တစ်ခေါက် ပြန်ကိုင်လိုက်ပြန်တယ်။ သူတိုက်ခိုက်တော့မယ့် အချိန်မှာပဲ နောက်ထပ် ဓားအလင်းတန်း တစ်ခုက သူ့လည်ပင်းဆီ ရောက်လာတော့တယ်။

ဒါကတော့ ချီကူယန်ရဲ့ဓား။ ဖန်ကျန်းရှီ တိုက်ခိုက်နေတဲ့ အချိန်၊ ချီကူယန်ကလဲ သူမဓားနဲ့ တိုက်ခိုက်တယ်။ ကြီးမားတဲ့ မြွေအမြီးကြီးကို လွှဲယမ်းရင်း လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ နောက်ကျောကိုလဲ ရိုက်ချတယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင် မျက်လုံးတွေကို မှေးစင်းလိုက်တယ်။

ကျင့်ကြံဆင့်မှာ ချီကူယန်နဲ့ ဖန်ကျန်းရှီကို သေချာပေါက် သူအနိုင်ယူနိုင်တယ်။ ဒါပေမယ့် ဒါကြောင့်ပဲ တိုက်ပွဲကို နှစ်ဦးနှစ်ဖက် အထိနာပြီး အဆုံး မသတ်ချင်တာ။

သူရွေ့လျားတယ်။ လေဟာနယ် ထဲမှာ နောက်တစ်ကြိမ် ပျောက်ကွယ် သွားပြန်တယ်။ အရှေ့ကနေ မတိုက်ခိုက်နိုင်ရင်၊ နောက်ကနေ တိုက်ခိုက်မယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်က သမာရိုးကျ လှုပ်ရှားမှုမျိုးကို သုံးမှာလား။ ဘယ်သုံးမလဲ။

သွေးချောင်းစီး တိုက်ပွဲက လာတဲ့ နတ်ဆိုး အနေနဲ့ အတွေ့အကြုံ ကြွယ်၀ လွန်းနေပြီ။ နောက်ထပ် အကြောင်းရင်း တစ်ခုလဲ ရှိသေးတယ်။ ချီကူယန်ရဲ့ နောက်မှာ မြွေအမြီးကြီး ရှိနေတယ်။

ဒါကြောင့် ပြိုင်ဘက်ကို သတိ လက်လွတ် ဖြစ်စေဖို့ ဉာဏ်ရှိရှိ ရွေးချယ်ရတယ်။ အဓိက အကြောင်းရင်းကတော့ ဖန်ကျန်းရှီရဲ့ အစောပိုင်း ကန်ချက်ကို လက်စား ချေချင်တာပဲ။

ခန္ဒာကိုယ် အောက်ပိုင်း။ ခြေထောက် နှစ်ခုကြား။ သာမာန် နေရာ တစ်ခုလို့ တွေးနိုင်ပေမယ့် နာကျင်မှုက အတိုင်းအဆ မဲ့တယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင် နားမလည်နိုင်ခဲ့ဘူး။ ဖန်ကျန်းရှီရဲ့ ခြေထောက်အောက်ကို သူရောက်ချိန်မှာ ဘာဖြစ်လို့ မျက်နှာ တစ်ခုလုံး ပူလောင် သွားရတာလဲ။ အတော်လဲ နာကျင်တယ်။

ဖန်ကျန်းရှီက သူ့မျက်နှာကို ခြေထောက်နဲ့ ကန်တယ်။

“မင်းအကြံကို ငါမသိဘူးများ ထင်နေတာလား။” ဖန်ကျန်းရှီရဲ့ အသံကို ကြားလိုက်ရတယ်။ (ငတုံးကောင်၊ ငတုံးကောင်၊ ငတုံးကောင်)လို့ ဆက်တိုက် ပြောနေ သလိုပဲ။

အပိုင်း (၈၉၅) ပြီး၏။

အပိုင်း (၈၉၆)

“အင်အား ကြီးသူက အနိုင် အရှုံးကို ဆုံးဖြတ်နိုင်မယ်။”

လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ မျက်နှာက မည်းမှောင် လာခဲ့တယ်။ နတ်သခင် အဆင့်ရောက်နေတဲ့ အင်အားကြီး နတ်ဆိုး တစ်ကောင်။ သူ့ရဲ့ နေရာက ပင်လယ်နဲ့ ရေလှိုင်းတွေကို အမိန့်ပေးနိုင်တဲ့ လေးစားခံ နေရာ။ ဒါပေမယ့် သူ့မျက်နှာပေါ်ကို သာမာန် လူသား တစ်ယောက်က တက်နင်း သွားခဲ့ပြီ။

အပြစ်ပြု ခံရတယ်။ ဒီစကားလုံးကတောင် သူ့ခံစားချက်တွေကို ဖော်ပြဖို့ မသင့်တော်ဘူး။

ဘာကြောင့်လဲ ဆိုတော့ မဖြစ်နိုင်စရာ အကောင်းဆုံး နည်းစနစ်တွေနဲ့ ဖန်ကျန်းရှီ တိုက်ခိုက်တာကို ဆက်တိုက် ခံနေ ရလို့ပဲ။ ဒါ့အပြင် ဖန်ကျန်းရှီရဲ့ မျက်လုံးတွေထဲမှာ စိတ်ပျက်မှုတွေကို အထင်းသား မြင်နေရတယ်။ တကယ်တော့ စက်ဆုပ် ရွံရှာနေတဲ့ မျက်ဝန်းတွေ။

လူသား တစ်ယောက်က နတ်သခင်ကို စက်ဆုပ် ရွံရှာ တယ်တဲ့။ ဒီအဖြစ်က မိစ္ဆာ နတ်ဆိုးနဲ့ လူသားတွေကိုတောင် အံ့သြ သွားစေတယ်။

ဒီ အဖြစ်က လေဟာနယ် ဖြိုခွင်း နတ်သခင် (သေပေရော့)လို့ အော်ပြီး ဖန်ကျန်းရှီ တက်နင်းတာကို ခံလိုက်ရချိန် ဘယ်သူမှ မယုံနိုင်တဲ့ ခံစားချက်နဲ့ ထပ်တူကျတယ်။

“…” လေဟာနယ် ဖြိုခွင်း နတ်သခင် စကား ပြောချင်ပေမယ့် သူ့ပါးစပ်ကို ခြေထောက် တစ်ဖက်က ပိတ်ထားခဲ့တယ်။ ဘာကြောင့်များ ဒါတွေ ဖြစ်ရတာလဲ။ လေဟာနယ် ဖြိုခွင်း နတ်သခင် နားမလည်နိုင်။ ဖန်ကျန်းရှီက သူ့ အစီအစဉ် တွေကို ဘယ်လိုများ ကြိုသိ နေရတာလဲ။

အောက်ဘက်ကနေ သူ တိုက်ခိုက်မှာကို ဘာဖြစ်လို့ ဒီလောက် သေချာ နေရတာလဲ။ ဒါတွေက အရေး မကြီးတော့ဘူး။

သူ့မျက်နှာက အတော့်ကို နာကြင်နေပြီ။ ဖန်ကျန်းရှီက အားကုန်သုံးပြီး အထိန်းအကွပ်မဲ့ နင်းချလိုက်တာ။

ဝုန်း။ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခေါင်းက တစ်ပတ်လည် သွားပြီး နတ်သစ်ပင် သစ်ကိုင်း တစ်ခုနဲ့ တိုက်မိတော့တယ်။ အရှိန် ပြင်းပြင်းနဲ့ ကြီးမားတဲ့ အင်အားတွေကြောင့် သစ်ကိုင်းတွေကျိုးပြီး သစ်ရွက်တွေ ကြွေကျကုန်တယ်။ လှပပြီး အထီးကျန်တဲ့ မြင်ကွင်း တစ်ခုပဲ။

ဒီမြင်ကွင်းက လူတိုင်းကို အထိတ်တလန့် အော်ဟစ်စေဖို့ လုံလောက်တယ်။

ဒါပေမယ့် ဖန်ကျန်းရှီ တိုက်ခိုက်မှု ပြီးဆုံးသွားချိန် အထိ လေထု တစ်ခုလုံး အရမ်းကို ငြိမ်သက် နေခဲ့တယ်။ လူတွေ အားလုံးက ဒီမြင်ကွင်းကြောင့် အံ့အားသင့် နေကြလို့ပဲ။ ဘယ်သူကမှ သူတို့ မျက်လုံးတွေကို မယုံနိုင်ကြဘူး။ ဒါပေမယ့် ဒါက အမှန်တရား ဖြစ်နေခဲ့တယ်။

အချိန်တွေ အားလုံး ရပ်တန့် သွားသလိုပဲ။ လေဟာနယ် ဖြိုခွင်း နတ်သခင်ကတော့ နောက်တစ်ခေါက် ထလာခဲ့ပြီ။ သူ့မျက်နှာပေါ်က ခြေရာကို ထိရင်း သွေးတစ်ပွက် အန်ထုတ်တယ်။

“ဖန်ကျန်းရှီ မင်းကို အပိုင်းပိုင်း ဆွဲဖြဲ ပြစ်မယ်။” ကြောက်စရာ စွမ်းအားတွေ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခန္ဒာကိုယ်ကနေ ထွက်ပေါ် လာတော့တယ်။ ဒီအရှိန် အဝါတွေက နတ်သစ်ပင်ကို လှုပ်ခတ် သွားစေတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ကျိုးကျေတဲ့ အသံတွေ ဆက်တိုက် ထွက်ပေါ် လာတော့တယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ဒေါသ ငယ်ထိပ်ကို ရောက်နေခဲ့ပြီ။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ စိတ်ပျက်လက်ပျက် ဖြစ်နေဆဲ။ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ စွမ်းအားတွေကို သူစိတ်ပျက်တာ မဟုတ်ဘူး။ ဒါပေမယ့် အလစ်ဝင်တိုက်ဖို့ ကြံခဲ့တာကို စိတ်ပျက်တာပဲ။

တုံးအလိုက်တာ။

သုံးနိုင်ငံခေတ်မှာ ကျော်ကြားတဲ့ ဆိုရိုးစကား တစ်ခု ရှိတယ်။ “ကိုယ့်ကိုယ်ကို မကာကွယ် နိုင်တဲ့လူက သူများကို ဘယ်လို တိုက်ခိုက် နိုင်မှာလဲ။”

ရယ်စရာ ကောင်းချက်။ ဖန်ကျန်းရှီလဲ လေဟာနယ် ဖြိုခွင်း နတ်သခင်ကို လက်ခလယ် ထောင်ပြလိုက်တယ်။ (ငတုံးကောင်)လို့ ကြိတ်ပြောတယ်။ အဲ့ဒီ့နောက် ခြေရာမဲ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်တယ်။ လျှာကို ထုတ်ရင်း နှုတ်ခမ်း ပတ်လည်က သွေးတွေကို လျက်လိုက်တယ်။

“မင်းကြောက်နေပြီလား။” ဖန်ကျန်းရှီ မေးတယ်။

“မကြောက်ဘူး။” ချီကူယန် ခေါင်းခါတယ်။

“မင်းကြောက်ဖို့ မလိုဘူး။ နောက်ဆုံးတော့လဲ သူဆုတ်ဖြဲ ချင်နေတဲ့ လူက မင်းမှ မဟုတ်ပဲ။”

“ဟုတ်တယ်။” ချီကူယန် ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်။ သူမရဲ့ ဖြူဖျော့ဖျော့ မျက်နှာကလဲ တဖြည်းဖြည်း ပန်းရောင်သန်း လာခဲ့တယ်။ လူတစ်ယောက်ကို နှလုံးတုန် ရင်ခုန် ဖြစ်သွားစေနိုင်လောက်အောင် ဒီအပြုံးက လှပလွန်းတယ်။

ချီကူယန်ကို ဖန်ကျန်းရှီ စိုက်ကြည့် နေခဲ့တယ်။ တောင်ရွာမှာ နေတဲ့ အချိန် ချီကူယန်ရဲ့ ရွှေထုပ်ကြီးကြောင့် ဆွဲဆောင် ခံလိုက်ရတဲ့ အချိန်ကို သူ့စိတ်ထဲမှာ ဖြတ်ခနဲ သတိရ သွားခဲ့တယ်။ အဲ့ဒီ့ အချိန်တုန်းက ချီကူယန်ရဲ့ ဇစ်မြစ်ကို သူစသိ ခဲ့တာပဲ။

နတ်ဆိုး ကျောင်းတော်ရဲ့ သမီးတော်။ ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ မင်းသမီး။ မြင့်မြတ်လွန်းလို့ သူ့စကားတွေက လူတစ်ယောက်ရဲ့ သေခြင်း ရှင်ခြင်းကိုတောင် ဆုံးဖြတ် ပေးနိုင်တယ်။ ဒီအချိန် တစ်လျှောက်လုံးမှာ သူဆက်တိုက် တွေးနေမိတယ်။

ချီကူယန်က ဘာကြောင့်များ သူ့ကို ဆက်တိုက် အမြင့် တင်ပေး နေရတာလဲ။ သူ့ကို မြစ်ထဲ ကန်ချ ခဲ့မိလို့လား။

အကယ်၍ အဲ့ဒီ့ အချိန်တုန်းကသာ ချီကူယန် ဖမ်းတာကို ခံလိုက်ရရင်၊ အရာ အားလုံး ဖြစ်တည်မှု ပုံရိပ်လွှာ အကြောင်းကို အမှန် အတိုင်း ပြောပြပြီး နတ်ဆိုး ကျောင်းတော်သား တစ်ယောက် အဖြစ် ခံယူလိုက်ရင်၊ ရလဒ်တွေက ကွာခြား သွားနိုင်မလား။

ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ သူနားလည်သွား ခဲ့တယ်။ လောကကြီးမှာ တစ်ချို့သော အရာတွေက စကားနဲ့ ပြောပြလို့ မရနိုင်ဘူး။

“ကောင်းရဲ့လား။” ရုတ်တရက် ချီကူယန် မေးလာတယ်။

“ကောင်းတယ်။ ဒါပေမယ့် တစ်စက်လေးမှ မငြင်သာဘူး။ အကယ်၍ မင်းသာ နာခံမှု သုံးသွယ်။ ဂုဏ်ကျက်သရေ လေးပါးနဲ့ ပြည့်စုံနိုင်ရင်။ အဟွတ်။ တကယ်တော့ ဒီအတိုင်းလဲ ကောင်းပါတယ်။” ဖန်ကျန်းရှီ သူ့စကားကို ဖြတ်တောက်လိုက်ရင်း တုန်ယင် သွားခဲ့တယ်။ အဲ့ဒီ့နောက် တောက်တောက်ပပ ပြုံးလိုက်တယ်။

“အင်း။ ငါလဲ အဲ့လိုပဲ ထင်တယ်။” ချီကူယန် ကျေကျေနပ်နပ် ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် အောက်ဘက်ကို ကြည့်တယ်။ “ဝူယွဲ့အာက ငါတို့ စကားတွေကို ကြားမယ် ထင်လား။”

“..” ဖန်ကျန်းရှီရဲ့ အပြုံးက တောင့်တင်း သွားတော့တယ်။ ရုတ်တရက် ချီကူယန်က သူ့ရှေ့မှာ ရပ်နေတာကို သတိရ သွားတယ်။ ချီကူယန် (ကောင်းကင် ဂုဏ်ရည်ရှင်)။ စိတ်နဲ့ ဉာဏ်ပညာမှာ ယွင်ချင်းဝူထက်တောင် သာလွန်တဲ့သူ။

ဒီတော့ နောက်တစ်ခေါက် လှည့်စားခံရတာ သူဖြစ် သွားတာလား။ ဖန်ကျန်းရှီ ဆက်ပြီး မတွေးနိုင်တော့ဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင်က ချီကူယန်နဲ့ သူ့ဆီကို ဒေါသတကြီး ပြေးဝင် လာနေပြီ။

နတ်သခင် အဆင့် ရောက်နေတဲ့ နတ်နဆိုး တစ်ကောင်ကို လျစ်လျူရှုလို့ မရနိုင်ဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင်ကတော့ ချီကူယန်နဲ့ ဖန်ကျန်းရှီ အခုချိန်မှာ အေးအေးဆေးဆေး စကားပြောနေ နိုင်သေးတာကို နားမလည်ဘူး။

“ဒီနှစ်ကောင် တကယ်ပဲ ဘာတွေများ တွေးနေတာလဲ။”

“အချိန်က တန်ဖိုး ရှိတယ်လေ။” ဖန်ကျန်းရှီ ခြေရာမဲ့ဓားကို မြှောက်လိုက်တယ်။ ခရမ်းရောင် အလင်းတန်းက ကောင်းကင်ကိုတောင် အရောင်ပြောင်း သွြးစေတယ်။

လူတွေက မေးတတ်ကြတယ်။ “မင်းရဲ့ နောက်ဆုံး အချိန်မှာ ဘာလုပ်ချင်လဲ။”

ဒီမေးခွန်း အတွက် အဖြေ အမျိုးမျိုး ရှိတယ်။ ဖန်ကျန်းရှီရဲ့ အဖြေကတော့ လူတစ်ယောက်နဲ့ အေးအေးဆေးဆေး စကား ပြောဖို့ပဲ။ အခုချိန်မှာ ဖန်ကျန်းရှီရဲ့ စိတ်က ဒီလို အခြေအနေ ရောက်နေခဲ့ပြီ။ ချီကူယန်ရဲ့ စိတ်ကိုတော့ သူနားမလည်ဘူး။ ဒါပေမယ့် ချီကူယန် အေးအေးဆေးဆေး ပြုံးနေမှတော့ သူနဲ့ စိတ်တူကိုယ်တူ ဖြစ်မယ်လို့ မှတ်ယူထားတယ်။

ထွက်ပြေးဖို့လား။ အကယ်၍ လေဟာနယ် ဖြိုခွင်း နတ်သခင်လို အင်အားကြီးတဲ့ သူနဲ့သာ အစောပိုင်းက တွေ့ခဲ့ရရင် သေချာပေါက် ထွက်ပြေးမှာပဲ။ ဒါပေမယ့် အခုချိန်မှာတော့ ထွက်ပြေးဖို့ စိတ်ကူး မရှိခဲ့ဘူး။ အကြောင်းရင်းကလဲ မထူးခြားဘူး။

ချီကူယန်ရဲ့ အပြုံးလှလှကြောင့်။ ဒါမှမဟုတ်ရင် အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ထားတဲ့ နတ်သစ်ပင်အောက်က လူတစ်ယောက်ကြောင့်။ နတ်သခင်လို့ ခေါ်တဲ့ လူရဲ့ အင်အားကို သိချင်တာလဲ ဖြစ်နိုင်တယ်။ ဒါကတော့ ဖန်ကျန်းရှီ စိတ်ထဲက အတွေးတွေပဲ။

ဝူယွဲ့အာကတော့ ဒီလို မတွေးဘူး။ သူမရဲ့ အမူအယာကြောင့် ဘယ်လောက်အထိ စိတ်ဆိုး နေမှန်း သိနိုင်တယ်။ သူမရဲ့ စိတ်နေ စိတ်ထားလိုပဲ။ ချစ်ခြင်းနဲ့ မုန်းခြင်းကို သေချာ ပိုင်းခြားတဲ့သူ။

“အရှက် မရှိလိုက်တာ။ အရမ်းကို အရှက်မရှိလိုက်တာပဲ။” ဝူယွဲ့အာရဲ့ မျက်နှာက နည်းနည်းတော့ နီရဲနေတယ်။ ဒေါသကြောင့် နီနေတာလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူမ မလှုပ်ရှား ခဲ့ဘူး။ အသက်ပြင်းပြင်း ရှူသွင်းရင်းနဲ့ နေရာမှာသာ ရပ်နေခဲ့တယ်။

သေချာတာ တစ်ခုကတော့ အကယ်၍ ဖန်ကျန်းရှီ ကံကောင်းပြီး အသက်ရှင် နိုင်ရင်တောင်၊ သေချာပေါက် သူပြောခဲ့တဲ့ စကား အတွက် တန်ဖိုး တစ်ခု ပေးဆပ် ရမှာပဲ။

ဒါပေမယ့် ဖန်ကျန်းရှီ အသက်ရှင်နိုင်မှာလား။ ဝူယွဲ့အာ မသေချာဘူး။ အကယ်၍ သူသေသွားရင်တော့ အလောင်းကို မြောက်ရွာဆီ ပြန်ရောက်အောင် သေချာပေါက် ယူသွား ပေးရမှာပဲ။

ပြီးရင်၊ မြောက်ရွာနဲ့ ကန်လင်းတောင်ကို ကောင်းကောင်း မြင်နိုင်မယ့် မြစ်ဘေး တစ်နေရာမှာ အုတ်ဂူ ဆောက်ပေးမယ်။

ကျောက်တုံး အုတ်ဂူလေး ဆောက်ပြီးရင်၊ သစ်သား ထိုင်ခုံလေးနဲ့ အုတ်ဂူနားမှာ ထိုင်ပြီး သူ့ကို တိတ်တဆိတ် အဖော်ပြုမယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ နင်တကယ်ပဲ ဒီတစ်ခေါက် သေမှာလား။” ဝူယွဲ့အာ ပိုပြီး တွေးလေလေ ပိုပြီးတော့ ဒေါသ ထွက်လာလေပဲ။ အကြောင်းရင်းကို မသိနိုင်ပဲ သူမရဲ့ မြင်ကွင်း တစ်ခုလုံး ေ၀ဝါးလာတော့တယ်။

မျက်စိကျိန်းစရာ တောက်ပလွန်းနေတဲ့ ခရမ်းရောင် အလင်းတန်းကြောင့် ဒီလို ေ၀ဝါးလာတာ ဖြစ်နိုင်တယ်။ သူမရဲ့ မြင်ကွင်းတွေ မရှင်းလင်းတော့တဲ့ အတွက် မျက်လုံးကို ပြူးကျယ်နေအောင် ကြိုးစား ဖွင့်ရင်း မျက်တောင် မခတ်မိအောင် ကြိုးစား နေခဲ့တယ်။ မျက်လုံးကိုတောင် တစ်ချက် မပွတ်ခဲ့ဘူး။

ဒီလို မျက်စိ မှိတ်မိလိုက်တဲ့ အချိန် ခဏလေးမှာ အရာ အားလုံး ပြီးဆုံး သွားမှာကို သူမ တကယ် ကြောက်နေမိတယ်။

ကောင်းကင်မှာ အသံကျယ်ကြီးတွေ ထွက်ပေါ် နေတယ်။ မိုးခြိမ်းသံလို နားစည်ကွဲမတတ် စူးရှတဲ့ အသံတွေက တစ်လှည့်စီ ထွက်ပေါ်လာတယ်။ ဝူယွဲ့အာလဲ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ အရိပ်နဲ့ အလင်းတန်းတွေ လှုပ်ရှား နေတာကိုသာ မြင်ရတယ်။

ဒါတွေက အဆုံးသတ် မဟုတ်သေးမှန်း သူမ နားလည်လိုက်တယ်။ အရမ်းကို သေးငယ်တဲ့ မျှော်လင့်ချက်လေး ဒီအချိန်မှာ ရှိသေးတယ်။

“ယွဲ့အာ မင်း ငိုနေ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ အသံကို ကြားလိုက်ရတယ်။ အရမ်းကို နူးညံ့ပြီး ဂရုစိုက်မှုတွေ အပြည့်နဲ့။

“အမ်။ ယွဲ့အာ ငိုနေတာလား။” ဝူယွဲ့အာ ခေါင်းခါရင်း သူမ ပါးပြင်က မျက်ရည် စီးကြောင်းကို သုတ်လိုက်မိတယ်။ သူမ မျက်တောင် ခတ်လိုက် ချိန်မှာပဲ သူမ ကြည့်နေခဲ့တဲ့ အရိပ်လေး ပျောက်ကွယ် သွားတာကို မြင်ချိန်မှာတော့ တုန်ယင် ကြောက်လန့် သွားတော့တယ်။

ဘယ်ကို ရောက်သွားတာလဲ။ ဒီလို အဆုံးသတ်လို့ မဖြစ်ဘူး။ ဝူယွဲ့အာ မျက်လုံးတွေကို ပွတ်တယ်။ ကြောက်လန့်တာကို ထိန်းချုပ် လိုက်ချိန်မှာတော့ ကောင်းကင်က အရိပ်လေးကို ပြန်မြင် လိုက်ရတယ်။ ဖန်ကျန်းရှီကို မြင်ရပြီ။ ဒါပေမယ့် ဘာဖြစ်လို့ သူ့ကိုယ်ပေါ်မှာ သွေးတွေ ဒီလောက်တောင် များနေ ရတာလဲ။

ဝူယွဲ့အာ မျက်လုံးတွေကို ပြူးကြည့်တယ်။ သွေးစက်တွေတင် များနေတာ မဟုတ်ဘူး။ ဒဏ်ရာတွေ အပြည့် ဖြစ်နေတာကိုပါ သူတွေ့လိုက်ရတယ်။ ဒဏ်ရာတွေက မကြီးဘူး။ တကိုယ်လုံး ပြည့်နေတဲ့ ဒဏ်ရာတွေကြောင့် သူ့ရဲ့ သံချပ်ကာတောင် အနီရောင် ပြောင်းနေတာ တစ်ခုပဲ။

သံချပ်ကာကြီး ပေါ်မှာလဲ များပြားတဲ့ ပင့်ကူမျှင်လို အက်ကွဲကြောင်းတွေ ရှိနေခဲ့တယ်။ တစ်ချို့ အက်ကွဲကြောင်းတွေက တိမ်တယ်။ တစ်ချို့ကတော့ နက်တယ်။ မကြာခင် ပျက်စီးတော့မယ့် အတိုင်းပဲ။

“မဖြစ်ဘူး။ အရှက်မရှိတဲ့ ကောင်စုတ် နင်မသေရဘူး။”

…

နတ်သစ်ပင် ထိပ်မှာ ဖန်ကျန်းရှီက ခေါင်းမော့ရင်း ပြုံးနေခဲ့တယ်။ နောက်ထပ် ဆယ့်ငါးမိနစ် တောင့်ခံ ထားနိုင်ခဲ့ပြီ။

“ကြည့်ရတာ မင်းက ထင်သလောက် အင်အား မကြီးဘူးပဲ။” လေဟာနယ် ဖြိုခွင်း နတ်သခင်ကို ကြည့်ရင်း စိတ်ပျက် လက်ပျက်နဲ့ ပြောတယ်။

“မင်းကို အစိတ်စိတ် အမွှာမွှာ ဖြဲပြစ်မယ်လို့ ငါပြောပြီးသား။ ဘယ်လိုလုပ် လွယ်လွယ် ပေးသေလို့ ရမှာလဲ။” လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ လက်နဲ့ ခန္ဒာကိုယ်မှာလဲ သွေးတွေ။ ဒီသွေးတွေက အရိုးနက် ဓားမြှောင်ကနေ ပေတာ ဖြစ်တဲ့ အတွက် ဖန်ကျန်းရှီရဲ့ သွေးတွေ။

“အင်အား မကြီးတာက မကြီးတာပဲ။ အကြောင်းပြချက်တွေကို မယုံဘူး။” ဖန်ကျန်းရှီ ပြုံးရင်း လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ လည်ပင်းကို ဓားနဲ့ ရွယ်လိုက်တယ်။

“ဟန့်။” လေဟာနယ် ဖြိုခွင်း နတ်သခင်ကတော့ ဖန်ကျန်းရှီနဲ့ ဆက်ပြီး ငြင်းခုံ မနေတော့ဘူး။ လက်ထဲက အရိုးနက်ဓားကို ဝေ့ယမ်းလိုက်တယ်။ ဒီအချိန်မှာပဲ ခရမ်းရောင် ဓားအလင်းတန်းက တောက်ပ လာပြန်တယ်။

ဒါပေမယ့် ဓားအလင်းက ဘယ်လောက်ပဲ မြန်ဆန်ပါစေ၊ အရိုးနက် ဓားသွားကို မခုခံ နိုင်ခဲ့ဘူး။ ဓားက ဖန်ကျန်းရှီရဲ့ ဘယ်ဘက် ပေါင်ကို ထိုးဖောက် သွားခဲ့တယ်။ အဲ့ဒီ့နောက် လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ လက်ထဲကို ဓားပြန်ရောက်လာတယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်ကတော့ သူ့ဆီ ပြေးဝင်လာတဲ့ ခရမ်းရောင်ဓားကို ဆီးဖမ်းတယ်။ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ဓားအလင်းကို ပြိုကွဲအောင် လုပ်ပြစ်တယ်။ ဖန်ကျန်းရှီက ပါးစပ်က မနားတမ်း စကားပြောရင်း တိုက်ခိုက်နေတယ်။ ဒါပေမယ့် လက်ထဲက ခြေရာမဲ့ဓားကို တင်းတင်းကြပ်ကြပ် ကိုင်ရင်း မတ်မတ် ရပ်နေဆဲ။

“မင်းက လူသား တစ်ယောက်။ ဘယ်လောက် အရည်အချင်းရှိရှိ။ ဘယ်လောက်ပဲ ကံကောင်းကောင်း။ နတ်သခင် တစ်ယောက်ကို နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒါကို မင်း နားမလည်ဘူးလား။” ပြောရင်းနဲ့ အရိုးနက် ဓားသွားက လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ လက်ထဲမှာ ပျောက်ကွယ် သွားပြန်တယ်။

ချီကူယန်ရဲ့ ရင်ဘတ်ရှေ့မှာ ပေါ်လာတယ်။ ခရမ်းရောင် အလင်းတန်းလဲ တစ်ချိန်တည်းမှာ ကျဆင်းလာတယ်။

“ဟန့်။ ငတုံးကောင်။” ဖန်ကျန်းရှီ တောက်တောက်ပပ ပြုံးနေခဲ့တယ်။ သွေးတွေ ရွှဲနစ် နေတာကြောင့် ရုန်းကန်နေရတဲ့ ပုံစံက သိသာနေခဲ့တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင် မျက်မှောင်ကြုတ် လိုက်တယ်။

ချီကူယန်ကို သူတိုက်ခိုက်တာ ၁၅ကြိမ်မြောက်ပဲ။ ဖန်ကျန်းရှီရဲ့ ခုခံ စစ်ကြောင့် သူတစ်ခါမှ မအေင်မြင် ခဲ့ဘူး။ ဘယ်လိုများ ဒါကို ခန့်မှန်း နိုင်နေတာလဲ။ လေဟာနယ် ဖြိုခွင်း နတ်သခင် လက်ဖြန့်လိုက်ချိန် ဓားက ပေါ်လာပြန်တယ်။

ဘာကြောင့်များလဲ။

ဖန်ကျန်းရှီရဲ့ အရှိန်နဲ့ တိုက်ခိုက်မှု နည်းလမ်းတွေကို သူ့ရဲ့ ဓားသွားလမ်းကို ခုခံ နိုင်နေတဲ့ အကြောင်း လေဟာနယ် ဖြိုခွင်း နတ်သခင် တွေးမရ ဖြစ်နေခဲ့တယ်။ ချီကူယန်ကြောင့်လား သူ့ကြောင့်လား။ ပတ်လည် စဉ်းစား တတ်လို့လား။

“မင်းက ဘယ်လို မိစ္ဆာ မျိုးလဲ။”

“မေးခွန်း အမှန်ကို မေးလိုက်တာပဲ။ အမှန်အတိုင်း ရိုးရိုးသားသားကြီး ပြောပြမယ်။ ငါက တကယ့်ကို ဧကရာဇ်ဟွမ် ပြန်ဝင်စားတဲ့သူ။ ငါ့ကို ယုံ။ ငါ့မျက်လုံးကို ကြည့်။ ငါက အရမ်းကို ရိုးသား ဖြောင့်မတ်တာ။” ဖန်ကျန်းရှီ မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း လေးလေးနက်နက် ပြောတယ်။

အပိုင်း (၈၉၆) ပြီး၏။

အပိုင်း (၈၉၇)

“တစ်ချက်တည်းနဲ့ သတ်ဖို့ အကောင်းဆုံး အချိန်။”

“ဧကရာဇ်ဟွမ် ပြန်ဝင်စားတာလား။” လေဟာနယ် ဖြိုခွင်း နတ်သခင်က ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကို စိုက်ကြည့် နေခဲ့တယ်။ တုံးအလွန်းတယ် မိုက်မဲလွန်းတယ် ဘယ်လို ပြောရမယ်မှန်းကို သူမသိတော့ဘူး။

ဒီလို စကားမျိုးကို အသက် ငါးနှစ် ကလေးတောင် ယုံမှာ မဟုတ်ဘူး။ အကယ်၍ သူယုံသွားရင်ကော ဘာဖြစ်လဲ။ ဒီလို အခြေအနေမှာ ဖန်ကျန်းရှီက ဧကရာဇ်ဟွမ် တကယ် ဝင်စားတာ ဖြစ်နေရင်တောင်၊ သူက ဘာဖြစ်လို့ သက်ညှာ ပေးရမှာလဲ။

အနာဂတ်မှာ ဘယ်လောက် ကြောက်စရာ ကောင်းမလဲ မသိနိုင်တဲ့ ဒီပြဿနာအိုးကြီးကို ဘာဖြစ်လို့များ အလွတ်ပေးရမှာလဲ။

လေဟာနယ် ဖြိုခွင်း နတ်သခင် ရယ်ချင်နေပြီ။ သူ့အချိန်တွေကို ဖန်ကျန်းရှီကြောင့် မဖြုန်းတီး ပြစ်ချင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ခေါင်းမာမှုက သူထင်ထားတာ ထက်တောင် ပိုပြီးတော့ ကျော်လွန် နေသေးတယ်။

အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက်၊ ဖန်ကျန်းရှီ အနား ကပ်ရမှာကို သူလန့်လာခဲ့တယ်။ အနီးကပ် တိုက်ခိုက်ဖို့ သူရွေးလိုက်ရင်၊ အရှိန်နှုန်း အားသာချက် မရှိတော့တာကို သူနားလည် သွားလို့ပဲ။ နောက်ပြီးတော့ ပိုပြီး တိုက်ခိုက် လေလေ၊ ဖန်ကျန်းရှီရဲ့ စွမ်းအားကို ပိုပြီးတော့ လန့်လာလေပဲ။

ဖန်ကျန်းရှီက အင်အား ကြီးလွန်းလို့၊ တစ်ချို့ အချက်တေ်ွမှာ သူ့ကို အနိုင်ယူဖို့ ခက်ခဲလွန်းတယ်။ တိုက်ခိုက်မှု စွမ်းအားမှာ အဇူရာ တာအိုရဲ့ အထောက်အပံ့နဲ့ ခြေရာမဲ့ဓားကို ပေါင်းစပ်လိုက်ရင် သူနဲ့ မယှဉ်သာ ပေမယ့် လျော့တွက်လို့မရနိုင်ခဲ့ဘူး။ အနည်းဆုံးတော့ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို သူ့ခန္ဒာကိုယ်နဲ့ ကာကွယ်ဖို့ မဖြစ်နိုင်ဘူး။

နောက်တစ်ခုကတော့ ဖန်ကျန်းရှီရဲ့ အကဲဖြတ်မှုပဲ။ တကယ်တော့ အကဲ ဖြတ်မှုထက် စိတ်ကူး စိတ်သန်းလို့ ခေါ်ရမယ်။ သူ့ရဲ့ တွေးခေါ် နိုင်စွမ်းက သဘာရင့် တိုက်ခိုက်ရေး သမားကိုတောင် အားသာချက် မရှိအောင် ဖြစ်စေတယ်။

သူက ရှေးဟောင်း ဆိုရိုးစကား တစ်ခု ဖြစ်တဲ့ (စည်းမျဉ်းကို ဘယ်တုန်းကမှ မလိုက်နာသူ) ဆိုတဲ့ အတိုင်းပဲ။

လေဟာနယ် ဖြိုခွင်း နတ်သခင် နှစ်ကြိမ် တိတိ ဆက်တိုက် အရေးနိမ့် နေရတယ်။ ဒါပေမယ့် အဓိက အချက်ကြီးကတော့ ချီကူယန်ရဲ့ တည်ရှိမှုပဲ။

ဖန်ကျန်းရှီရဲ့ ပုန်ကန်လိုစိတ်နဲ့ ယှဉ်လိုက်ရင် ချီကူယန်က ပိုပြီးတော့ ထူးခြားတယ်။ တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သားတယ်။ ဉာဏ်ထက်တယ်။

ဟာကွက်တွေ ပြည့်နေတဲ့ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုတွေကို ချီကူယန်က အကောင်းဆုံး ပြင်ဆင် ပေးနိုင်တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်က သူ့ကို ဆက်တိုက် ထောက်လှမ်း ခံရသလို ခံစား နေရတယ်။ သူ့ရဲ့ အစီအစဉ်တွေ တိုင်းကို ဖန်ကျန်းရှီနဲ့ ချီကူယန်က ကြိုသိ နေသလိုပဲ။ သည်းမခံ နိုင်စရာ ဒီခံစားချက်က အရမ်းကို စစ်မှန်တယ်။

“သူတို့တွေကို ခြေကုန် လက်ပန်းကျအောင် လုပ်မှပဲ ဖြစ်မယ်။” လေဟာနယ် ဖြိုခွင်း နတ်သခင် အံကြိတ်လိုက်တယ်။ အကောင်းဆုံး နည်းလမ်းကတော့ သူတို့ နှစ်ယောက်နဲ့ ခပ်ဝေးဝေး နေပြီး တိုက်ခိုက်ဖို့ပဲ။ အရှိန်နှုန်းနဲ့ ကျင့်ကြံဆင့် မြင့်တာကို အသုံးချလို့ ရနိုင်တယ်။ နောက်ဆုံး ပြဿနာကတော့ အချိန်ပဲ။

အချိန်ကိုတော့ သူသိပ်ပြီး မစိုးရိမ်ဘူး။

“လေဟာနယ် ဖြိုခွင်း နတ်သခင်က ငါတို့ကို ခြေကုန်လက်ပန်း ကျအောင် လုပ်ချင်နေတယ်။” ချီကူယန်ရဲ့ အသံက ဖန်ကျန်းရှီရဲ့ စိတ်ထဲကို ရိုက်ခတ် လာတော့တယ်။ သူတို့တွေ စိတ်ချင်း ဆက်သွယ် နေလို့ မဟုတ်ဘူး။ ယင်ယန် စက်ကွင်းနဲ့ ချိတ်ဆက် ထားလို့ပဲ။

ချီကူယန်ရဲ့ အသံကို ယင်ယန် စက်ကွင်းက ဖြတ်သန်းရင်း ကြားနေရတယ်။

“အင်း။ ငါမြင်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ သူစကား မပြောပေမယ့် ချီကူယန် သူ့အသံကို ကြားမှန်း သူသေချာတယ်။ ဒါက ယင်ယန် စက်ကွင်း သုံးပြီးနောက် ရှာဖွေ တွေ့ရှိ ထားတာပဲ။ ဒါပေမယ့် ပိုပြီး ကြီးမားတဲ့ ချီကူယန်ရဲ့ လျှို့ဝှက်ချက်ကြီးကိုလဲ ရှာတွေ့ ထားသေးတယ်။

အရမ်းကို စိတ်ဝင် စားစရာ ကောင်းတဲ့ လျှို့ဝှက်ချက်။ ချီကူယန်ရဲ့ ကောင်းချီးခံ သွေးမျိုးနွယ်က သူမကို ထူးခြားတဲ့ ဒဏ္ဍာရီလာ စွမ်းအားသစ် တစ်ခု ပေးထားတယ်။ အပူချိန်ကို အာရုံခံပြီး တိကျတဲ့ တည်နေရာကို ရှာဖွေနိုင်စွမ်း။ ဖန်ကျန်းရှီက ကောင်းကောင်း သင်ယူ လေ့လာထားသူ။ ဒါကြောင့် တိရစ္ဆာန် တချို့ရဲ့ ထူးခြားချက်တွေကို သူနားလည်တယ်။

မြွေမျိုးစိတ်ထဲက တစ်ချို့မှာတော့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်။ အရင်လောကမှာ (အနီအောက် ရောင်ခြည်)လို့ သုံးတဲ့ အခေါ်အဝေါ်ပဲ။

သိပ္မံနည်းက သက်သေပြချက်တွေ အရ (*)မြွေစိမ်းမြီးခြောက်ရဲ့ ပါးပြင်းတွေဟာ အနီအောက် ရောင်ခြည်လို အာရုံ ခံနိုင်စွမ်း ရှိတယ်။ ညအချိန်တွေမှာ ပတ်ဝန်းကျင်က သွေးနွေး သတ္တဝါတွေကို အာရုံခံပြီး နေရာ အတိအကျကို ထောက်လှမ်းနိုင်တယ်။ ဒါကြောင့် ညဘက် အမဲလိုက်တဲ့ နေရာမှာ အသုံးဝင်တယ်။

ဒီတော့ နွီဝါးက မြွေစိမ်းမြီးခြောက် မျိုးနွယ်လား။ ဖန်ကျန်းရှီ သူ့ခန့်မှန်းချက်က ၉၀% တိကျတယ်လို့ ယုံတယ်။ တကယ်တမ်း ဖြစ်နိုင်ချေ ရှိတာတော့၊ မြွေစိမ်းမြီးခြောက်တွေရဲ့ စွမ်းရည်က နွီဝါး မယ်တော်ဆီက ဆင်းသက်လာတာ။

ဒါပေါ့။ ဒါတွေ အရေး မကြီးဘူး။ ဒီအစွမ်းရဲ့ သက်ရောက်မှုကပဲ အရေးကြီးတယ်။

နောက်ပြီးတော့ ဒီစွမ်းရည်က အလစ်ဝင်တိုက်မှုတွေ အားလုံးကို အာရုံ ခံနိုင်တယ်။ ဒါကြောင့် ဘယ် အချိန်မှာပဲ တိုက်ခိုက်ပါစေ၊ ချီကူယန်က မထိခိုက်ခင် နေရာ အတိအကျကို ထောက်လှမ်း နိုင်တယ်။

“…” ဒီအချက်ကို နားလည် သွားချိန်မှာတော့ သူ့နှလုံးသား တစ်ခုလုံး အေးခဲ သွားတော့တယ်။ ချီကူယန်ကို သူအလစ်ဝင်တိုက် ဖူးတယ်။ ဒါပေမယ့် ချီကူယန်ကို မြစ်ထဲ ကန်ချ လိုက်ချိန်တုန်းက သူ့မှာ ကောင်းချီးခံ သွေးမျိုးနွယ် မရှိသေးဘူး။ မဟုတ်ရင် အဲ့အချိန်တည်းက သူသေနေ လောက်ပြီ။

တွေးရင်းနဲ့ တုန်ယင်သွားတယ်။

“လေဟာနယ် ဖြိုခွင်း နတ်သခင်က မြန်လွန်းတယ်။ ငါထောက်လှမ်း နိုင်ရင်တောင်၊ သူ့ကို မတားနိုင်ဘူး။” ချီကူယန့် အသံကို ကြားလိုက် ရပြန်တယ်။

“မင်း ခုခံဖို့ မလိုဘူး။ တကယ်တော့ မင်း ခုခံလိုက်ရင် တစ်ခုခု လွဲနေတာကို သူသိသွားလိမ့်မယ်။ ဘာတွေ ဖြစ်နေမှန်း သူနားမလည် ခင်အထိ ငါတို့ အခြေအနေ ကောင်းတယ်။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

ချီကူယန်ရဲ့ စွမ်းရည်ကို သိပြီးတဲ့နောက် လေဟာနယ် ဖြိုခွင်း နတ်သခင်ကို သတ်ဖို့ အခွင့်အရေးကို စောင့်ဆိုင်း ရောတ့တယ်။ ချီကူယန့်ဆီကို အာရုံ မရောက်စေဖို့ ဖန်ကျန်းရှီက တိုက်ခိုက်သမျှကို ခုခံတယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်ကတော့ ဖန်ကျန်းရှီမှာ ထူးခြား စွမ်းရည် ရှိတယ်လို့ ထင်နေရာတယ်။ အတုက အစစ်။ အစစ်က အတု။ လေဟာနယ် ဖြိုခွင်း နတ်သခင် လှည့်စား ခံရလား ဆိုတာ ဖန်ကျန်းရှီ မသေချာဘူး။ အခု လောလောဆယ်တော့ လှည့်စား ခံလိုက် ရတဲ့ ပုံစံပဲ။

အကင်းပါးလွန်းတဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ကြောင့် သူအခက်တွေ့ နေရတယ်။ နတ်သခင်အဆင့် အင်အားကြီး နတ်ဆိုး တစ်ယောက်က နည်းလမ်း မရှိတာကြောင့် မာန်လျှော့ပြီး လူသား နှစ်ယောက်နဲ့ ခပ်ခွာခွာမှာ ရပ်နေရတာ တကယ့်ကို မာန ထိခိုက်လွန်းတယ်။

ဒါက ဖန်ကျန်းရှီ မမျှော်လင့်ထားတဲ့ ကိစ္စပဲ။ အခုတော့ သူလဲ အခွင့်အရေးကို စောင့်နေရတယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်က သူတို့နဲ့ ခပ်ခွာခွာ နေနေတော့ ဖန်ကျန်းရှီ အခွင့်မသာ ခဲ့ဘူး။

ဝုန်း။ ဝုန်း။

ဂျိန်း။ အချိန်တွေ ကုန်ဆုံး လာတာနဲ့ အမျှ အသံကျယ်ကြီးတွေ ကောင်းကင်မှာ ဟိန်းထွက် နေတော့တယ်။ ဖန်ကျန်းရှီနဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်က ဆက်ပြီး တိုက်ခိုက်တယ်။

ဒါက မိစ္ဆာ ဘုရင်တွေကို အံ့အားသင့် စေတယ်။ အကယ်၍ ဖန်ကျန်းရှီနဲ့ချီကူယန်သာ အချိန် ခဏလေး တောင့်ခံ နိုင်ခဲ့ရင်၊ လေဟာနယ် ဖြိုခွင်း နတ်သခင်က တမင် အလျှော့ ပေး နေတယ်လို့ ပြောလို့ ရနိုင်တယ်။ ဒါပေမယ့် တစ်နာရီ ကြာပြီးတဲ့ အထိ တိုက်ပွဲ ရလဒ်က ထွက်မလာခဲ့ဘူး။ ဘာကြောင့်များ ဒီလို ဖြစ်ရတာလဲ။

မိစ္ဆာ ဘုရင်တွေ နားမလည်နိုင်။ သူတို့တွေ ကူညီ ချင်ပေမယ့်၊ ဧကရီ ပိုင်ကျစ်ဆီက အမိန့်မရ။ အံ့သြစရာ မရှိလှဘူး။ မိစ္ဆာ မျိုးနွယ်နဲ့ နတ်ဆိုး မျိးနွယ်က မဟာမိတ်တွေ ဖြစ်နေပင်မယ့်၊ လေဟာနယ် ဖြိုခွင်း နတ်သခင်က နတ်ဆိုး တစ်ကောင်ပဲ။

သူ့ရဲ့ စိတ် အခြေအနေကလဲ မရှင်းလင်းဘူး။ ဖန်ကျန်းရှီနဲ့ ချီကူယန်ကို သတ်ပြီးရင် သူဘာလုပ်မလဲ ဘယ်သူမှ မသိနိုင်။ အခြေကား မရှိ။ ဒါကြောင့် အကောင်းဆုံး ဗျူဟာက စောင့်ကြည့်ပြီး အပြောင်းအလဲကို အတည်ပြုဖို့ပဲ။

“ကြည့်ရတာ သူက ဖန်ကျန်းရှီနဲ့ ချီကူယန် တစ်ယောက်ကို သတ်ပြီး မျိုးနွယ်စု နှစ်ခု အတွက် အန္တရာယ်ကို ရှင်းပေး ချင်ပုံပဲ။” ဧကရီ ပိုင်ကျစ် မျက်မှောင်ကြုတ်လိုက်တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင် စိတ်ပူနေမှန်း သူသိတယ်။ အကယ်၍ နေရာချင်းသာ လဲလို့ရရင် သေချာပေါက် ဖန်ကျန်းရှီတို့ကို အသေသတ်မှာပဲ။

“အမေ တိုက်ခိုက်ဖို့ စီစဉ် နေတာလား။” ဧကရီ ပိုင်ကျစ်ရဲ့ စကားကို ကြားချိန်မှာ ယွင်ချင်း မေးတယ်။

“တစ်ခုခု လွဲနေလို့လား။”

“အမေ အစတည်းက တိုက်ခိုက်ရင် လေဟာနယ် ဖြိုခွင်း နတ်သခင်က မလိုဘူးလို့ ထင်လိမ့်မယ်။ တားတောင် တားနိုင်သေးတယ်။ ဒါပေမယ့် အခု အခြေအနေမှာတော့ တိုက်ခိုက်ခွင့် ပြုမှာပါ။” ယွင်ချင်းဝူ ခေါင်းခါတယ်။

“အခုက တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်လို့ ပြောချင်တာလား။”

“ဟုတ်တယ်။ ဒါပေမယ့်။” ယွင်ချင်းဝူ တွေေ၀ နေခဲ့တယ်။

“အကောင်းဆုံး အချိန် ဖြစ်မှတော့ ပြဿနာ မရှိတော့ဘူး။ ဒီနှစ်ယောက် သေရင် ငါလဲ ကောင်းကောင်း အိပ်နိုင်ပြီ။” ဧကရီ ပိုင်ကျစ် နောက်ထပ် မပြောတော့ဘူး။

စိတ်ကို ဆုံးဖြတ်လိုက်ပြီ။ သူမ တွေေ၀ မနေတော့ဘူး။

“ဧကရီငယ်ကို ကာကွယ်ကြ။” မိစ္ဆာ ဧကရီ ပိုင်ကျစ် အမိန့် ပေးတယ်။ နေရာကနေ ပျောက်ကွယ် သွားပြီး ဖန်ကျန်းရှီတို့နဲ့ ခြေဆယ်လှမ်း အကွာမှာ ပေါ်လာတော့တယ်။

“အမိန့်တော် အတိုင်းပါ။” မိစ္ဆာ ဘုရင်တွေ ချက်ခြင်း ဆိုသလို နတ်သစ်ပင် ထိပ်ကို တက်လာတော့တယ်။

မိစ္ဆာ ဘုရင်တွေ အပြင် နတ်ဆိုး အကြီးအကဲတွေက ယွင်ချင်းဝူရဲ့ ဘေးပတ်လည်ကို ဝန်းရံ ထားကြတယ်။

ဧကရီ ပိုင်ကျစ် ရှိနေရင် သူတို့တွေ စိတ်ပူဖို့ မလိုအပ်ဘူး။ ဒါပေမယ့် သူမ ထွက်ခွာသွားရင် ကိစ္စတွေကို မခန့်မှန်းနိုင်။

“အရှင် သခင်ငယ်။ နေရာ တစ်ခုကို ရှာပြီးတော့။”

“မလိုဘူး ရတယ်။” ယွင်ချင်းဝူ ခေါင်းခါရင်း တားတယ်။ အဲ့ဒီ့နောက် ဘေးပတ်လည်က ကာကွယ်သူတွေကို ကြည့်ရင်း ပြောလိုက်တယ်။ “ခုနှစ်သွယ် ဗျူဟာ ခင်းလိုက်။”

“အမိန့်တော် အတိုင်းပါ။” ယွင်ချင်းဝူ အမိန့်အတိုင်း သူတို့တွေ ချက်ခြင်း လှုပ်ရှားကြတယ်။

တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ဒါဇင်ချီတဲ့ မိစ္ဆာ ဘုရင်တွေ အလွှာ အထပ်ထပ် နေရာယူရင်း ဝန်းရံ လိုက်ကြတော့တယ်။

အရာ အားလုံး အသင့် ဖြစ်နေပြီ။

ယွင်ချင်းဝူ နောက်ထပ် မစစ်ဆေးတော့။ ခုနှစ်သွယ် ဗျူဟာနဲ့ ဆိုရင် သူ့အနားကို ဖန်ကျန်းရှီ အလွယ်တကူ ရောက်မလာနိုင်မှန်း ယွင်ချင်းဝူ သိနေခဲ့တယ်။

“အမေက နေရာကောင်းကို ရွေးလိုက်တာပဲ။ ဒါပေမယ့်။ ထားလိုက်တော့ ငါအစိုးရိမ် လွန်နေတာ ဖြစ်နိုင်တယ်။” ဧကရီ ပိုင်ကျစ်ရဲ့ နေရာကို ကြည့်ပြီးနောက် ယွင်ချင်းဝူ မျက်မှောင်ကြုတ် သွားခဲ့တယ်။ ဒါပေမယ့် သူမ အများကြီး မှတ်ချက် မပေးဘူး။

သူပြောခဲ့ သလိုပဲ။ အခုချိန်က ဧကရီ ပိုင်ကျစ် တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်။ ဒါ့အပြင် နေရာကလဲ အကောင်းဆုံး နေရာ။

အရှေ့ တစ်ယောက်။ အနောက်မှာ တစ်ယောက်။ သေချာပေါက် ပူပေါင်း တိုက်ခိုက်လို့ ရပြီ။ ဒါ့အပြင် မခန့်မှန်း နိုင်တဲ့ လှုပ်ရှားမှုတွေ အတွက် ခြေဆယ်လှမ်း ချန်ထားပြီးသား။ လေဟာနယ် ဖြိုခွင်း နတ်သခင်ကို ခွင့်ပြုချက် တောင်းနေတာနဲ့ တူညီတယ်။

“စုန်းမအိုကြီး။ ဘာဖြစ်လို့ ဒီလောက်တောင် မျက်နှာပြောင် တိုက်ရတာလဲ။” ဖန်ကျန်းရှီ လန့်နေတာ အမှန်ပဲ။ သူ့ဘေးက ချီကူယန်လဲ အမူအယာ ပြောင်းလဲ သွားတယ်။ တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစား နေပင်မယ့် သူမ စိတ်ပူ နေခဲ့တယ်။

“ဟဟား။ စကားတွေက ကြမ်းလိုက်တာ။ ဒါပေမယ့် မင်း အမှားလုပ်မိပြီ ထင်တယ်။ ငါရောက်လာတာ တိုက်ခိုက်မယ်လို့ မပြောထား မိဘူးပဲ။ ဟုတ်တယ်ဟုတ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်။” ဧကရီ ပိုင်ကျစ် ပြုံးလိုက်တယ်။ ဖန်ကျန်းရှီကို ပြောနေတာ ဖြစ်ပင်မယ့်။ လေဟာနယ် ဖြိုခွင်း နတ်သခင်ကို ကြည့်နေခဲ့တယ်။

“ဟန့်။” လေဟာနယ် ဖြိုခွင်း နတ်သခင် အေးစက်စက် နှာခေါင်းရှုတ်လိုက်တယ်။ ဧကရီ ပိုင်ကျစ်ကို ပြန်မဖြေသလို၊ အပြစ်လဲ မဆိုခဲ့ဘူး။ ဒါကို မြင်ချိန်မှာ ဧကရီ ပိုင်ကျစ်ရဲ့ အပြုံးက ပိုပြီး တောက်ပ လာတော့တယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင် သဘောတူလိုက် ပြီမှန်း သူသိတယ်။ ဒါပေမယ့် သူ့ အပြုအမူကြောင့် နည်းနည်းတော့ စိုးရိမ်မိတယ်။ နောက်ဆုံးတော့လဲ လေဟာနယ် ဖြိုခွင်း နတ်သခင်က အချိန် အတိုင်း အတာ တစ်ခု အထိ ဖန်ကျန်းရှီတို့ကို အနိုင် မယူနိုင် ခဲ့ဘူးလေ။

“သူတို့တွေက တကယ်ပဲ ဒီလောက်ထိ အင်အား ကြီးတာလား။” ဖန်ကျန်းရှီနဲ့ ချီကူယန် လက်ချင်း ချိတ်ထားတာကို ကြည့်ရင်း ဧကရီ ပိုင်ကျစ် တွေးနေခဲ့တယ်။ သူမရဲ့ အဖြူရောင် သားမွှေး အကျီက ဖြည်းဖြည်းချင်း ပုံစံ ပြောင်းလာတယ်။ သူမ တကိုယ်လုံးလဲ စတင် အသွင် ပြောင်းတော့တယ်။

လူသား အသွင် ရှိနေဆဲ ဖြစ်ပေမယ့်၊ အမြီးကိုးချောင်း မြေခွေး အသေးစားလေးလိုပဲ။ နောက်ပြီးတော့ အမြီးကိုးချောင်းလဲ သူမ နောက်ကျောမှာ ထွက်ပေါ် လာခဲ့ပြီ။

မယုံနိုင် ပေမယ့် သေချာပေါက် သတိ ကြီးကြီး ထားတယ်။ ပိုပြီး မသေမချာ ဖြစ်လေလေ ပိုပြီးတော့ သတိထားလေပဲ။ ဖန်ကျန်းရှီနဲ့ ချီကူယန် နှစ်ယောက် စလုံး ဒဏ်ရာအများကြီး ရထားပေမယ့် သူတို့ကို အထင်မသေး ခဲ့ဘူး။

ဖန်ကျန်းရှီက အသက်ပြင်းပြင်း ရှူနေရသလို တကိုယ်လုံးလဲ ချွေးတွေ ရွှဲနစ် နေခဲ့တယ်။ သွေးထွက်လွန်ပြီး သေတော့မယ့် လူလိုပဲ။ သူ့ အခြေအနေက ဧကရီ ပိုင်ကျစ်ကို ပိုပြီး စိုးရိမ် လာစေတယ်။

“ကောင်စုတ်လေး။ ငါမွေးတဲ့ အချိန်တုန်းက နင့်အဖိုးတောင် မမွေးသေးဘူး။ နင်ဒီလို ဟန်ဆောင် ပြရုံနဲ့ ငါလှည့်စား ခံရမယ် ထင်နေတာလား။ တုံးအလိုက်တာ။” ဧကရီ ပိုင်ကျစ်က အရမ်းကို တည်ငြိမ်တယ်။ ဖန်ကျန်းရှီနဲ့ ချီကူယန်ကို တစ်ချက်တည်းနဲ့ အသေသတ် နိုင်ဖို့ အကောင်းဆုံး အချိန်ကို စောင့်ဆိုင်း နေခဲ့တယ်။

အပိုင်း (၈၉၇) ပြီး၏။

(*) စာထဲမှာ အတိအကျ ရေးထားတာကတော့ Crotalinae snakeတဲ့။ ဒါက သိပ္မံ အခေါ်အဝေါ်ပါ။ ရိုးရိုး အခေါ်အဝေါ်ကတော့ pit viper ။ မြန်မာပြည်မှာ ရှိမရှိ မသေချာပါဘူး။ သူက အမေရိကန်နဲ့ ယူရေးရှား မျိုးရင်း မလို့ပါ။ ဒီတော့ မြန်မာနာမည်လဲ မရှိပါဘူး။ ရုပ်ကို ကြည့်ရတာကို မြွေပွေးနဲ့ မတူပဲ မြွေစိမ်းမြီးခြောက်ရုပ် ထွက်နေလို့ မြွေစိမ်းမြီးခြောက်လို့ ရေးထားပါတယ်။

အပိုင်း (၈၉၈)

“သွေးနှော အမြီး ကိုးချောင်း မြေခွေးလား။”

သူမ ဘာမှ မလုပ်ပဲ ဘေးက ရပ်ကြည့် နေရင်တောင် ဖန်ကျန်းရှီနဲ့ ချီကူယန်ရဲ့ စိတ်ခွန်အားက ကျဆင်း နေနိုင်တယ်။ ဒါက စိတ်ဓာတ် စစ်ဆင်ရေးပဲ။ သူမရဲ့ တည်ရှိမှုက ချီကူယန်နဲ့ ဖန်ကျန်းရှီကို ဓားထောက်ပြီး ခြိမ်းခြောက်နေသလိုပဲ။ အချိန် မရွေး လဲကျ သွားစေနိုင်တယ်။

ဒီဓားကို အချိန် ကြာကြာ ထောက်ထားနိုင် လေလေ၊ အားသာချက်က ပိုကြီးလေပဲ။ ချီကူယန်တို့တွေ ပင်ပန်းလာရင် တိုက်ခိုက်ဖို့ အခွင့်အရေး သေချာပေါက် ရလိမ့်မယ်။

ဒါကြောင့်ပဲ ဧကရီ ပိုင်ကျစ်က စိတ်စေရာ အတိုင်း လှုပ်ရှား နေခဲ့တာ။ အချိန်တွေ တဖြည်းဖြည်းချင်း ကုန်ဆုံးလာတယ်။ ဖန်ကျန်းရှီနဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ တိုက်ပွဲကလဲ ပိုပြီးတော့ ပြင်းထန် လာခဲ့တယ်။ ဖန်ကျန်းရှီနဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင် နှစ်ယောက် စလုံး မထိန်းချုပ် နိုင်တဲ့ အခြေအနေကို ရောက်နေခဲ့ပြီ။

ဒါပေမယ့် ဧကရီ ပိုင်ကျစ်ကတော့ တဖြည်းဖြည်း မျက်မှောင်ကြုတ်လာတယ်။ ဖန်ကျန်းရှီနဲ့ ချီကူယန် နှစ်ယောက်ကို သူမ ဖိအား ပေးချင်ပေမယ့်၊ သူတို့ကတော့ သူမကို ဖိအားလို့ မမြင်ခဲ့ဘူး။ မတည်ရှိတဲ့ အတိုင်း သတိမထား မိတဲ့ အတိုင်း ပြုမူ နေခဲ့တယ်။

“..” ဘဝမှာ ဝမ်းနည်း စရာ အကောင်းဆုံး အရကတော့ မင်းကိုယ်မင်း အရေးပါ အရာရောက်သူ တစ်ယောက်လို့ တွေးထင် ထားပင်မယ့်၊ တစ်ဖက်သူက မင်းကို မတည်ရှိသလို ဆက်ဆံတာပဲ။

မင်းက တကိုယ်လုံးကို ရွှေကွပ်ထားတဲ့ ဝတ်ရုံကို ဝတ်ထားပြီး ရွှေသားတွေ အများကြီး ကိုင်ထားရင်း စားသောက်ဆိုင်ထဲကို ဝင်သွားပေမယ့်၊ ဘာမှ မစားရသေးခင် အချိန်မှာပဲ အော်ဟစ် နှင်ထုတ် ခံလိုက်ရတာမျိုး။ (လမ်းဘေးက ကလေကဝ။ အထဲကို ဝင်မလာခင် ကိုယ့်ကိုယ်ကိုလဲ ပြန်ကြည့်အုန်း။) ဒီလို အအော်ခံရ သလိုပဲ။

လောကကြီးမှာ ဘာတွေ ဖြစ်ကုန်တာလဲ။ ဧကရီ ပိုင်ကျစ်ရဲ့ စိတ်ထဲမှာ ဒီအတိုင်းကို ခံစား နေရတယ်။ နောက်ဘက်မှာ ရပ်ပြီး တိုက်ခိုက်ဖို့ အသင့် စောင့်နေတဲ့ မိစ္ဆာ ဧကရီကို ဖန်ကျန်းရှီနဲ့ ချီကူယန်က ဘယ်လိုများ သတိ မထားမိရတာလဲ။ သူမ လှုပ်ရှားတာကို စောင့်ကြည့်ပြီး တုန်ယင် ကြောက်လန့် နေရမှာ မဟတု်လား။

သူမသာ ကောင်းကောင်း စိတ်ထိန်း မထားနိုင်ရင် သေချာပေါက် အော်ဟစ် ကျိန်ဆဲ မိပြီ။ ဖန်ကျန်းရှီကို အကျီ လည်ပင်းက ဆွဲရင်း မေးမိလိမ့်မယ်။ “ငလူးကောင်လေး။ ဘာဖြစ်လို့ ငါ့ကို အာရုံ မစိုက်တာလဲ။”

နောက်ဆုံးမှာတော့ သူမ မကျိန်ဆဲ ခဲ့ဘူး။ ဖန်ကျန်းရှီ တမင်တကာ လှည့်စား နေတယ်ပဲ ထင်လိုက်တယ်။ ထပ်စောင့်ဖို့ သူမ ဆုံးဖြတ်တယ်။ စိတ်မလောဖို့ ကိုယ့်ကိုယ်ကို ဆက်တိုက် သတိ ပေးနေခဲ့တယ်။ စိတ်ဓာတ် စစ်ဆင်ရေး လုပ်နေမှတော့ သေချာပေါက် စိတ်ထိန်းရမယ်။

ဒါပေမယ့် အချိန် အတော်ကြာ စောင့်နေပြီးတဲ့နောက် ဧကရီ ပိုင်ကျစ် ရူးချင်လာတယ်။ နောက်ဘက်နေ တိုက်ခိုက်ဖို့ အကွက်ကောင်းတွေကို သူမ မြင်နေခဲ့တယ်။ ချီကူယန်နဲ့ ဖန်ကျန်းရှီကို ဆက်ပြီး လျစ်လျူရှု မထားနိုင်တော့ဘူး။

ဒါ့အပြင် လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ အကြည့်တွေက သူမကို လှမ်းကြည့်ရင်း ပိုပို အေးစက်လာခဲ့တယ်။ တိုက်ခိုက်ဖို့ အခွင့်အရေး ကောင်းတွေ အများကြီး ရနေတာတောင် မတိုက်ခိုက်တဲ့ သူ။

“ကောင်စုတ်လေး နင်က ငါ့ကို ဖိအား ပေးနေတာပဲ။” ဧကရီ ပိုင်ကျစ် နောက်ဆုံးမှာတော့ သူမရဲ့ စိတ်ဓာတ် စစ်ဆင်ရေးကို လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တယ်။ လျစ်လျူရှုထား သူတွေကို သေချာပေါက် သင်ခန်းစာ ကောင်းကောင်း ပေးရမယ်။

အခွင့်အရေးကောင်း တွေ့ပြီ။

စိတ်ဆုံးဖြတ် ပြီးချိန်မှာပဲ တိုက်ခိုက်ဖို့ အခွင့်အရေးကို သူမ တွေ့လိုက်တယ်။ တကယ်တော့ အခွင့်အရေးတွေက ပေါများလွန်းလို့ သူမ စောင့်နေ စရာတောင် မလိုဘူး။ ဖန်ကျန်းရှီနဲ့ ချီကူယန် နှစ်ယောက်စလုံးက သူမကို အရေးလုပ် မနေဘူးလေ။

ဖန်ကျန်းရှီရဲ့ ဓားက လေဟာနယ် ဖြိုခွင်း နတ်သခင်ဆီ ပြေးထွက်သွားတာ မြင်ချိန်မှာတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ် မနေတော့ဘူး။

“စုန်းမအိုကြီး နောက်ဆုံးတော့ စိတ်မရှည်ပဲ တိုက်ခိုက်ဖို့ ဆုံးဖြတ် လိုက်ပြီပေါ့။” ကျောနောက်က အေးစက်စက် အငွေ့အသက်ကို ခံစားရချိန် ဖန်ကျန်းရှီ အသက်ပြင်းပြင်း ရှူလိုက်တယ်။

ဧကရီ ပိုင်ကျစ် စောင့်နေသလို သူလဲ စောင့်နေခဲ့တယ်။ အကယ်၍ ဧကရီ ပိုင်ကျစ်သာ မပါဝင်ပဲ ဆက်စောင့် နေခဲ့ရင် သူလဲ သေချာပေါက် အားအင် ကုန်ခမ်း သွားလိမ့်မယ်။ ဧကရီ ပိုင်ကျစ် တိုက်ခိုက် လာရင်တော သူ့မှာ အနိုင်ရဖို့ မျှော်လင့်ချက် ရှိပြီ။ ဆိုရိုးစကား တစ်ခု ရှိတယ်။ (စွန့်စားရဲမှ အကျိုးအမြတ် ရမယ်။) ပိုပြီး အန္တရာယ် များလေ။ အကျိုးအမြတ် ရလေပဲ။

ဒါပေါ့။ အန္တရာယ် ကြားမှာ အကျိုး အမြတ် ရချင်ရင်၊ သေချာပေါက် ပေးစပ်ရတယ်။

ဝုန်း။ ဧကရီ ပိုင်ကျစ်ရဲ့ တိုက်ခိုက်မှုက ဖန်ကျန်းရှီရဲ့ နောက်ကျောကို လာထိတယ်။ သူမ ချိန်ရွယ်ထားတာနဲ့ တစ်လမ တိတိ လွဲချော် သွားပင်မယ့်၊ ပြင်းထန်တဲ့ အင်အားက နောက်ကျောကို လာရိုက်ခတ်တယ်။

“စုန်းမအိုကြီး ဘယ်လိုများ အလစ်ဝင်တိုက် ဝံ့တာလဲ။” ဖန်ကျန်းရှီ သွေးတွေကို အန်ထုတ်ရင်း လှမ်းအော်တယ်။ စိတ်ရှုပ်ထွေးနေတဲ့ ပုံစံက သိသာ နေခဲ့ပြီ။

“သေစမ်း ကောင်စုတ်လေး။” ဖန်ကျန်းရှီနဲ့ ချီကူယန်ရဲ့ ခန္ဒာကိုယ် ၂ခုက ဒီအချိန်မှာ အရှိန်မြန်မြန်နဲ့အောက်ကို နိမ့်ဆင်း သွားခဲ့တယ်။

“ထွက်ပြေးချင်တာလား။” ဧကရီ ပိုက်ဈက် ဒီလို အခွင့်အရေး ကောင်းမျိုးကို လက်လွတ်ခံမှာ မဟုတ်ဘူး။ ချီကူယန်နဲ့ ဖန်ကျန်းရှီ ခုန်ရှောင်မယ် ဆိုတာကို သူခန့်မှန်း ထားမိပြီးသား။ လေဟာနယ် ဖြိုခွင်း နတ်သခင် တိုက်ခိုက်တာကို အချိန် အတော်ကြာ ခုခံ နိုင်ခဲ့တဲ့ အတွက် ဖန်ကျန်းရှီနဲ့ ချီကူယန်တို့ လှုပ်ရှားတာကို သူသိပ်ပြီး အံ့သြ မနေတော့ဘူး။

သူတို့တွေ အောက်ကို နိမ့်ဆင်းသွား မြင်ချိန်မှာတော့၊ ဧကရီ ပိုင်ကျစ်လဲ လိုက်တော့တယ်။ လုံး၀ အလွတ် မပေးနိုင်ဘူး။ ဒါပေမယ့် ချီကူယန်နဲ့ ဖန်ကျန်းရှီက အရမ်းကို မြန်ဆန်လွန်းနေတယ်။ သူတို့ရဲ့ အချိန်က အန္တိမ အဆင့်ကို ရောက်နေတဲ့ အတွက် ဧကရီ ပိုင်ကျစ် လိုက်မမှီ နိုင်ခဲ့ဘူး။

လေဟာနယ် ဖြိုခွင်း နတ်သခင်ကတော့ ဒီမြင်ကွင်းကို မြင်ချိန်မှာ မျက်မှောင်ကြုတ် နေခဲ့တယ်။ ဖန်ကျန်းရှှီနဲ့ အနီးကပ် တိုက်ပွဲကို သူ မတိုက်ခိုက်ချင်ဘူး။ အရာအားလုံးက ဖန်ကျန်းရှီရဲ့ အကွက်ထဲ ဝင်သွားရင်၊ တိုက်ပွဲရဲ့ အနိုင်ရသူက ဖန်ကျန်းရှီ ဖြစ်သွားလိမ့်မယ်။

ဒါပေမယ့် ဖန်ကျန်းရှီနဲ့ ချီကူယန် နှစ်ယောက် လွတ်မြောက် သွားရင်တောင်၊ မျက်စိရှေ့က အကောင်းဆုံး အခွင့်အရေးကို လက်လွတ် မခံနိုင်ဘူး။ သူက နတ်သခင် အဆင့် အင်အားကြီး နတ်ဆိုးပဲ။ ဖန်ကျန်းရှီနဲ့ ချီကူယန်ထက် ကျင့်ကြံဆင့်က အဆင့်မြင့် နေတဲ့ အတွက် သူမကြောက်ခဲ့ဘူး။

“သေစမ်း။” လေဟာနယ် ဖြိုခွင်း နတ်သခင် နောက်ဆုံးတော့ လှုပ်ရှားပြီ။ ဖန်ကျန်းရှီနဲ့ ချီကူယန် နှစ်ယောက် ထွက်ပြေးတာကို မြင်ချိန်မှာပဲ သူစိတ်ဆုံးဖြတ်လိုက်ပြီ။ လေဟနာယ်ထဲကို တိုက်ရိုက် ဝင်တယ်။

လေဟာနယ်ကို ဖြတ်သန်း ဝင်ရောက် နိုင်လို့ပဲ သူက (နတ်သခင် အဆင့် နတ်ဆိုး) အဖြစ် သတ်မှတ် ခံရတာ။ ပြိုင်ဘက်ရဲ့ အနီးက ဘယ်နေရာကို မဆို သူရောက်အောင် သွားနိုင်တယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်က ဖန်ကျန်းရှီနဲ့ ချီကူယန်ရှေ့မှာ တိုက်ရိုက်ပေါ်လာဖို့ စိတ်ကူး မရှိဘူး။ အဲ့ဒီ့နောက် ဧကရီ ပိုင်ကျစ်နဲ့ အတူ ရှေ့နောက် ပူးပေါင်းရင်း တိုက်ခိုက်တော့တယ်။ အရှေ့ဘက်ကနေ အရိုးနက် ဓားသွားကို မြှောက်ပြီး တိုက်ခိုက်ဖို့ ပြင်ချိန်မှာပဲ မျက်စိကျိန်းစရာ အဖြူရောင် အလင်းတန်းက ရုတ်တရက် ထွက်ပေါ် လာတော့တယ်။

အလင်းတန်းက တောက်ပလွန်းလို့ မျက်လုံးတွေတောင် နာကျင်ရတယ်။ ဒါ့အပြင် သူ့မျက်စိရှေ့က မြင်ကွင်း တစ်ခုလုံး ဖြူဖွေးသွားတယ်။ နှင်းလို ဖြူဖွေးနေတယ်။

“မဖြစ်တော့ဘူး။ အမေ မြန်မြန် ဆုတ်ခွာ။” ယွင်ချင်းဝူရဲ့ အသံကို လေဟာနယ် ဖြိုခွင်း နတ်သခင်နဲ့ ဧကရီ ပိုင်ကျစ် နှစ်ယောက်လုံး ကြားလိုက်ရတယ်။ ရုတ်တရက် အပြောင်းအလဲကို သူမ စိုးရိမ် နေခဲ့တာ။ တကယ်တော့ တိုက်ပွဲမှာ လူပိုများလေ၊ အပြောင်းအလဲက ပိုဖြစ် နိုင်လေပဲ။ ဒါကို ဘယ်သူမဆို အလွယ်တကူ နားလည် နိုင်တယ်။

ပစ္စည်း တစ်ခုတည်းကို ဝယ်ရင် ပြဿနာ မများ နိုင်ဘူး။ ဒါပေမယ့် ဆယ်ခုကို တပြိုင်နက်တည်း ဝယ်ရင်၊ ကြုံရမယ့် ပြဿနာက အများကြီး ပိုများတယ်။

ယွင်ချင်းဝူ တကယ်တော့ တိုက်ပွဲမှာ ဧကရီ ပိုင်ကျစ် ပါဝင် တိုက်ခိုက်ဖို့ ခွင့်မပြု ခဲ့ဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင်သာ ဖန်ကျန်းရှီနဲ့ ဝေးဝေး နေပြီး တိုက်ခိုက်ခဲ့ရင်၊ နောက်ဆုံးမှာ အနိုင်ရနိုင်လိမ့်မယ်။ ပြသနာကတော့ အချိန်ပဲ။

ဒါပေမယ့် ဧကရီ ပိုင်ကျစ်ကို တားဆီးဖို့ အကြောင်းပြချက် ကောင်းကောင်း မရှိခဲ့ဘူး။ (အမေသာ ဒီတိုက်ပွဲထဲမှာ ပါလိုက်ရင်၊ ပြဿနာ ပိုဖြစ်လာမယ်။)လို့ ပြောလို့ မရနိုင်ဘူး။ ဒါ့အပြင် ဖန်ကျန်းရှီရဲ့ အင်အားကို ကုန်ဆုံး စေဖို့ အချိန် ပိုပြီး လိုအပ်တယ်။ နောက်ဆုံး တိုက်ပွဲ ရလဒ်က ဘယ်လို ဖြစ်လာမယ် ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

ဒါကြောင့်ပဲ ယွင်ချင်းဝူ ဧကရီ ပိုင်ကျစ်ကို မတားမြစ်ခဲ့တာ။ အခုချိန်က တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်။ ဘယ်လိုများ တားမြစ်လို့ ရတော့မှာလဲ။ အခုချိန်မှာ ဧကရီ ပိုင်ကျစ်က တိုက်ခိုက်ခဲ့ပြီ။ အဖြူရောင် အလင်းတန်းကလဲ တောက်ပ လာခဲ့ပြီ။

ဒီအလင်းက ဘာ အဓိပ္မာယ်မှန်း သူသိတယ်။ ကောင်းကင်မှာ တောက်ပနေတဲ့ မျက်စိကန်းလောက်စရာ အလင်းတန်းကြီးကို လူတိုင်း မော့ကြည့် နေကြတယ်။

“အရှက်မရှိတဲ့ ကောင်စုတ် တန်ပြန် တိုက်ခိုက်ပြီ။” ဝူယွဲ့အာကတော့ ပျော်ရွှင် နေခဲ့တယ်။ ဒါပေမယ့် သူမ မျက်လုံးတွေ နာကျင်နေတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး။

တခြား တစ်ဖက်မှာတော့ ဧကရီ ပိုင်ကျစ်က အရမ်းကို ဒေါသ ထွက်နေခဲ့တယ်။ ဖန်ကျန်းရှီက ဒီလို ကလေးဆန်တဲ့ လှည့်စား နည်းတွေကို အခုချိန်မှာ ဘာကြောင့် လုပ်ဝံ့မှန်း နားမလည်ခဲ့ဘူး။ ပြိုင်ဘက်က သူ့ကို မမြင်ရင် ထွက်ပြေးလို့ ရမယ် ထင်တေနာလား။

အရှေ့ အနောက် နှစ်ခု ညှပ်တိုက် နေတာကနေ ဘယ်လိုများ လွတ်မြောက် နိုင်မှာလဲ။

“ဆုတ်ခွာတဲ့လား။” ဧကရီ ပိုင်ကျစ် တုန်ယင် သွားခဲ့တယ်။ မိစ္ဆာ ဧကရီ တစ်ယောက် အနေနဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိနေပင်မယ့်၊ ယွင်ချင်းဝူကို သူအများကြီး ယုံကြည် ထားခဲ့တယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ သူမ ဘယ်လိုများ ဆုတ်ခွြ နိုင်မှာလဲ။

အခုချိန်မှာ ဘာလုပ် သင့်သလဲ။

ဧကရီ ပိုင်ကျစ် ဆုံးဖြတ်ချက် ချဖို့ တွေးနေတဲ့ အတွက် သူ့အရှိန်နှုန်းက နည်းနည်းချင်း ကျဆင်း သွားခဲ့တယ်။ ဒီလို အရှိန်လျော့် သွားတာကြောင့် တစ်ခုခု လွဲနေတာကိုလဲ ခံစား မိလိုက်တယ်။ သူမ ရပ်တန့်နေမှာ ပြင်းထန်တဲ့ အင်အား တစ်ခုက ဆွဲခေါ် သွားတာကို ခံစား လိုက်ရတယ်။

“မဖြစ်ဘူး။ ဒါက နေရာ ပြောင်းတာပဲ။” ဧကရီ ပိုင်ကျစ်၊ သူ့နောက်ကျောက အေးစက်မှုကို ခံစား ရတယ်။ ဖန်ကျန်းရှီက ကောင်းကင် တာအိုကို တတ်ကျွမ်းထားသူ ဖြစ်တဲ့ အတွက် နန်ကုန်းဟောင်နဲ့ နေရာ လဲခဲ့တယ်။ ဒါကြောင့် မမြင် ရတာတောင် ဖြစ်နေတဲ့ ကိစ္စတွေကို ဧကရီ ပိုင်ကျစ် ခန့်မှန်းနိုင်တယ်။

နောက်ကျာ သွားခဲ့ပြီ။ သူမ ဆွဲခေါ် ခံရတဲ့ အချိန်မှာပဲ သူမ နားထဲမှာ အသံ ကြားလိုက်ရတယ်။

“လေဟာနယ် ဖြိုခွင်း နတ်သခင် ငါသေတဲ့ အထိ မင်းနဲက တိုက်ခိုက်မယ်။”

ဧကရီ ပိုင်ကျစ်ရဲ့ အမူအယာက ပြောင်းလဲ သွားခဲ့ပြီ။ ဒီအသံကို အရမ်း ရင်းနှီးလွန်းနေတယ်။ ကောင်စုတ်ကို လက်နဲ့ ချေမွပြီး သတ်ပြစ်ချင်တာ စိတ်တောင် မထိန်းနိုင်တော့ဘူး။

“ဖန်ကျန်းရှီ။” ဧကရီ ပိုင်ကျစ် နောက်ဆုတ် ချင်ပေမယ့် သူမ နောက်ကျောကို ပြင်းထန်တဲ့ အင်အားက တွန်းလွှတ်နေတယ်။ အေးစက်စက် အသံကိုလဲ သူမ ကြားလိုက်ရတယ်။

“ကောင်လေး။ မင်းက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။”

ရွှပ်။ ဧကရီ ပိုင်ကျစ်ရဲ့ ခန္ဒာကိုယ် တောင့်တင်း သွားပြီး၊ သူမရဲ့ လည်ပင်း အောက်ခြေကနေ သွေးတွေ စိမ့်ထွက် လာတော့တယ်။ ဒါက ဧကရီ ပိုင်ကျစ်ကို အထိတ်တလန့် တုန်ယင် သွားစေတယ်။ ယွင်ချင်းဝူ ဆုတ်ခွာဖို့ ပြောတာကြောင့်သာ တစ်လက်မ မရွေ့လာခဲ့ရင်၊ သူမရဲ့ လည်ပင်းက လုံး၀ ထွင်ေးဖာက် ခံရမှာပဲ။

ပြင်းထန်တဲ့ နာကျင်မှုက ခန္ဒာကိုယ်ကို တုန်ယင် လာစေတယ်။ အရိုးနက် ဓားသွားက သူမရဲ့ အသံကိုတောင် ပျောက်ဆုံး သွားစေခဲ့ပြီ။ အဖြူရောင် အလင်းတန်းကတော့ ဒီအချိန်မှာပဲ ပျောက်ကွယ် သွားတယ်။ လောကကြီး တစ်ခုလုံး ပုံမှန် ပြန်ဖြစ် သွားခဲ့ပြီ။

လေဟာနယ် ဖြိုခွင်း နတ်သခင်ကို ဧကရီ ပိုင်ကျစ်က ကြည့်နေခဲ့တယ်။ သူမရဲ့ အစိမ်းရင့်ရောင် မျက်လုံးတွေက ပြူးကျယ် နေပြီး အဖြူရောင် အမွှေးတွေက သွေးစွန်း နေခဲ့တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်လဲ ဧကရီ ပိုင်ကျစ်ကို ကြည့်နေဆဲ။ သူ့မျက်ဝန်းတွေ ထဲမှာလဲ မယုံနိုင်မှုတွေက အထင်းသား။ ဒီအမူအယာက အချိန် ခဏတာ အတွင်းမှာ ပျောက်ကွယ် သွားခဲ့တယ်။

သူလူမှား သတ်မိတော့မလို ဖြစ်သွားမှန်း နားလည် သွားပုံပဲ။ ဒါပေမယ့် သူသိပ်ပြီးတော့ ဂရုမစိုက်။ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပင်မယ့်၊ ဧကရီ ပိုင်ကျစ် ဒဏ်ရာကြောင့် မသေနိုင်မှန်းတော့ သူသိထားတယ်။ မသေနိုင်မှတော့ ဘာလို့ ဂရုစိုက်နေ ရမှာလဲ။

လေဟာနယ် ဖြိုခွင်း နတ်သခင် ဒီအတိုင်းပဲ ခံစားရတယ်။ ဒါပေမယ့် သူ့အမြင် အာရုံ ပြန်ကြည်လင် လာချိန်မှာတော့ ဧကရီ ပိုင်ကျစ်ရဲ့ နဖူးပေါ်မှာ မျက်လုံးပုံ အပြာရောင် ကျောက်မျက် ရတနာ တစ်ခု ရှိနေတာကို မြင်လိုက်ရတယ်။ ဒီအလင်းတန်းက မျက်စိ ကျိန်းလောက်အောင် မတောက်ပဘူး။

ဒါပေမယ့် ဧကရီ ပိုင်ကျစ်ရဲ့ နဖူးမှာ ရှိနေတာတော့ သူအံ့သြ မိတယ်။ သူက နတ်ဆိုး မျက်လုံး မရှိ သင့်ဘူးလေ။ ဒီလို ဓားနဲ့ ထိုးခံ လိုက်ရပြီးတော့ ပုန်းကွယ်နေတဲ့ သွေးမျိုးနွယ် ထွက်ပေါ် လာတာလား။ ဒါမှမဟုတ် အမြီးကိုေးချာင်း မြေခွေးက သွေးနှော မျိုးနွယ်လား။

နေစမ်းပါအုန်း။ အဲ့တာက နတ်ဆိုး မျက်လုံး မဟုတ်ဘူး။

မဟုတ်တရုတ် အတွေးတွေ လေဟာနယ် ဖြိုခွင်း နတ်သခင် တွေးတော ပြီးနောက် အပြာရောင် ကျောက်မျက်မှာ လှိုင်းတွေ ထနေတာကို သူရုတ်တရက် သတိ ထားလိုက်မိတယ်။

အိပ်မွေ့ချ မျက်ဝန်း။ ဒါမျိုးက လူသား လောကမှာတောင် သိပ်ပြီး အသုံး မဝင်တဲ့ အရာ။ ပြိုင်ဘက်က အနည်းဆုံး သုံးစက္ကန့် စိုက်ကြည့်မှာ အာနိသင် ပြမှာလေ။ သုံးစက္ကန့်တဲ့။ အရူးတွေပဲ ကြည့်လိမ့်မယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်က အရူး မဟုတ်ဘူး။ သူက အံ့သြပြီး စပ်စု ချင်ရုံပဲ။ ဘယ်လောက်ကြာကြာ စိုက်ကြည့် မိမှန်း မသိပေမယ့် သူနည်းနည်းတော့ ခေါင်းမူး နေခဲ့ပြီ။

“ငါ့ကို ဒီလို နည်းလမ်းနဲ့ အနိုင်ယူနိုင်မယ် ထင်နေတာလား။ တော်တော် သတ္တိကောင်း နေတယ်ပေါ့။ တုံးအလိုက်တာ။” လေဟာနယ် ဖြိုခွင်း နတ်သခင် ချက်ခြင်းဆိုသလို လေဟာနယ်ထဲ ပျောက်ကွယ် သွားတော့တယ်။

ဆိုရိုးစကား ရှိတဲ့ အတိုင်း (မြန်မြန် ရောက်လာတဲ့ သူက ပိုပြီး မြန်မြန် ထွက်ပြေး တတ်တယ်။)

ဒီလို နည်းနဲ့ ရှေးဟောင်း စစ်မြေပြင်မှာ နတ်ဆိုး နတ်သခင်တွေ အများကြီး သေဆုံး ကုန်တာတောင် သူအသက်ရှင်နိုင် ခဲ့တာပဲ။ အခုချိန်ထိ အသက်ရှင်နေရတဲ့ အဓိက အကြောင်းရင်းကတော့ မြန်မြန် ထွက်ပေါ် တတ်လို့ပဲ။

ငါသာ ထွက်ပြေးသွားရင် မင်းဘာလုပ် နိုင်မှာလဲ။

အပိုင်း (၈၉၈) ပြီး၏။

အပိုင်း (၈၉၉)

“အသေသတ် တိုက်ကွက်။”

လေဟာနယ် ဖြိုခွင်း နတ်သခင်က ခပ်မြန်မြန်ပဲ လွတ်မြောက် သွားခဲ့တယ်။ မျက်တောင် တစ်ခတ် အတွင်းမှာ သူပျောက်ကွယ် သွားတယ်။ ဒါပေမယ့် ခေါင်းမူးနေဆဲ။

သူပြေးနိုင်တဲ့ အကွာအဝေးကလဲ ကန့်သတ်ချက် ရှိနေခဲ့တယ်။ ဒါ့အပြင် သူအလိုရှိတဲ့ နေရာကိုလဲ အတိအကျ မရောက်တော့ဘူး။

ဒါတွေက ပြဿနာ မရှိ။ ခြေလှမ်း နည်းနည်း ဆုတ်ခွာ နိုင်ရုံနဲ့ လုံလောက်နေပြီ။ အကယ်၍ ပြန်ကုသနိုင်ဖို့ အချိန် နည်းနည်း ထပ်ရရင် သူ့ရဲ့ စွမ်းအားနဲ့ ခမ်းနားမှုကို ပြန်ပြီး ပြသ နိုင်လိမ့်မယ်။

ဒါပေမယ့် လေဟာနယ်ထဲကို သူဝင်ရောက် ချိန်မှာပဲ တစ်ခုခု လွဲနေတာကို ခံစား မိလိုက်တယ်။ ရွံအိုင်ထဲကို နစ်ဝင် သွားသလိုပဲ။

“အေးခဲ။” မာဆတ်ဆတ် အရမ်းကို ကြားလိုက်ရတယ်။ မကျယ်ပေမယ့် တော်ဝင်ဆန်တဲ့ အသံ။

“ဘာကြီး။” လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ အမူအယာက လုံးဝကို ပြောင်းလဲ သွားတယ်။ ဒီအသံကို ကြားရပြီးရင် ဘာဆက်ဖြစ်မယ် ဆိုတာ သူသိနေခဲ့တယ်။

ဒီအသံက သူနဲ့ အရမ်း နီးနေတာကို နားမလည် နိုင်တာ တစ်ခုပဲ။ သူပေါ်လာမယ့် နေရာကို သိနေသလို ဒီအသံက ကြိုရောက် နေခဲ့တာလား။ ဘယ်လို ဖြစ်နိုင် မှာလဲ။ မဖြစ်နိုင်ဘူး။

သူကိုယ်တိုင် ဘယ်နေရာမှာ ရောက်မယ်မှန်း မသိတာကို ချီကူယန်က အတိအကျကြီး ခန့်မှန်း နိုင်တယ် ဆိုတာ လေဟာနယ် ဖြိုခွင်း နတ်သခင် မယုံနိုင်ခဲ့ဘူး။ ဒါပေမယ့် သူယုံသည် ဖြစ်စေ၊ မယုံသည် ဖြစ်စေ။

နောက်ကျ သွားခဲ့ပြီ။ အသံကို ကြားတဲ့ အချိန်မှာပဲ ခရမ်းရောင် အလင်းတန်းက သူ့မျက်စိ ရှေ့ကို ရောက်လာတော့တယ်။

တောက်ပလွန်းလို့ နေအလင်း လအလင်းတွေကိုတောင် ပျောက်ကွယ် သွားစေခဲ့ပြီ။

“မဖြစ်ဘူး။” လေဟာနယ် ဖြိုခွင်း နတ်သခင် အော်ဟစ်ရင်း မျက်လုံးကို ကျယ်ကျယ် ဖွင့်ထားခဲ့တယ်။ ချွေးအေးအေးတွေက သူ့ရဲ့ မူးနောက်မှုကို ပျောက်ကွယ် သွားစေခဲ့ပြီ။

ဒါပေမယ့် သူ့ခန္ဒာကိုယ်ကို သာမာန် မဟုတ်အောင် မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ ဖြတ်သန်း သွားပြီး ဖြစ်တဲ့ ခြေရာမဲ့ဓားကိုတော့ ဘယ်အရာကမှ မတားဆီး နိုင်ခဲ့ဘူး။

ထက်ရှလွန်းတဲ့ ခရမ်းရောင် အလင်းတန်းကို သူ့ရဲ့ ထူထပ်တဲ့ အနက်ရောင် သံချပ်ကာတောင် မတားမြစ် နိုင်ခဲ့ဘူး။

သူ့ရဲ့ ညာဘက် ရင်ဘတ်ကို ဖြတ်ထွက် သွားပြီ။ ချောမွေ့တဲ့ ဓားရာ တစ်ခု သူ့ရင်ဘတ်မှာ ကျန်နေခဲ့တယ်။ သွေးနီနီတွေ စုတ်တံက မှင်ရည် ကျသလို စိမ့်ထွက် နေခဲ့တယ်။ ဒါက လေဟာနယ် ဖြိုခွင်း နတ်သခင်ကို မျက်လုံး ပြူးသွား စေခဲ့တယ်။

ဒီလို ဒဏ်ရာမျိုးကို မကြုံခဲ့ရတာ အချိန်တောင် အတော်ကြာ ခဲ့ပြီ။ ရှေးဟောင်း စစ်မြေပြင်မှာတောင် ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာ မရခဲ့ဘူး။ ဒါတွေက အဆုံးသတ် မဟုတ်သေး။

ဓားအလင်းတန်း သူ့ကို ဖြတ်သွားပြီးချိန်မှာပဲ နောက်ထပ် ဓားအလင်းတန်း တစ်ခုက ထပ်ရောက် လာပြန်တယ်။ သူ့ရှေ့က လောကကြီး တစ်ခုလုံး အထက်အောက် ပြောင်းပြန် လည်သွားတော့တယ်။

ဒီအချိန်မှာပဲ ကောင်းကင်က မြေကြီး ဖြစ်ပြီး မြေကြီးက ကောင်းကင် ဖြစ်နေတာကို သူထပ်ခါထပ်ခါ ခံစား နေရတယ်။ ဆက်တိုက် မရပ်မနားတမ်းကို ချာလပတ် လည်နေခဲ့တယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင် ခြေထောက်ကို ခပ်မြန်မြန် ကြည့်လိုက်တော့၊ လေထဲမှာ တစ်ဝက်တစ်ပျက် ရှိနေတာကို မြင်လိုက်ရတယ်။ ဒါပေမယ့် သူ့မြင်ကွင်းတွေက ချာလပတ် လည်နေတုန်းပဲ။

…

မိစ္ဆာ ဘုရင်တွေ အားလုံးကတော့ အခုချိန်မှာ ကျောက်တုံး ရုပ်တုကြီးတွေလို တိတ်တဆိတ်သာ ရပ်နေကြတယ်။ သူတို့ အားလုံး အမူအယာက တပုံစံတည်း။ အထိတ်တလန့် ဖြစ်နေကြတယ်။

ကောင်းကင်ယံမှာ ခေါင်းတစ်လုံး ချာချာလည်နေတဲ့ မြင်ကွင်းကို သူတို့တွေ ဘယ်လိုများ မလန့်ပဲ နေနိုင်မှာလဲ။ အကယ်၍ တခြား ခေါင်းသာ လေထဲ လွင့်နေတာ ဆိုရင် သူတို့တွေ ဒီလောက်ထိ လန့်မှာ မဟုတ်ဘူး။

လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခေါင်း ဖြစ်နေတာကြောင့် လန့်ကြတာပဲ။

အဖြူရောင် အလင်းတန်း ပျောက်ကွယ် သွားပြီး မျက်လုံး ဖွင့်ဖွင့်ချင်း ဒါကို မြင်လိုက်ရတာလေ။ သူတို့ တင်မကဘူး။ ဝူယွဲ့အာ ကောင်းကင် အိုအေစစ် သုခမိန်နဲ့ ရန်ချန်လိ တို့လဲ မယုံနိုင်ကြဘူး။

ဖန်ကျန်းရှီ ပြန်တိုက်ခိုက် ခဲ့တာကို သူတို့ သိထားပေမယ့် လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခေါင်းကြီး ပြတ်ထွက် သွားတာကတော့ မယုံနိုင်စရာ ကောင်းလွန်းတယ်။ သူက နတ်သခင် တစ်ယောက်လေ။

အတိတ် စစ်ပွဲတုန်းက နတ်သခင်ကြီး။

(ထိတ်လန့် ကြောက်ရွံ့)တယ် ဆိုတဲ့ စကားက ဝူယွဲ့အာနဲ့ တခြားသူတွေရဲ့ ခံစားချက်ကို ဖော်ပြဖို့ မလုံလောက်ဘူး။ ဒါပေမယ့် ချီကူယန်နဲ့ ဖန်ကျန်းရှီက နတ်သခင်ရဲ့ ခေါင်းကိုတောင် အလွတ်မပေးတာ ပိုပြီးတော့ ကြောက်စရာ ကောင်းတယ်။

“သေပေရော့။” ဖန်ကျန်းရှီက ဟိန်းဟောက်ရင်း ချီကူယန်နဲ့ အတူ အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ အောက်ကို ဆင်းလာခဲ့တယ်။

“အမေ။” ယွင်ချင်းဝူ စိုးရိမ် တကြီးနဲ့ အော်လိုက်တယ်။ ဧကရီ ပိုင်ကျစ်ရဲ့ ဒဏ်ရာတွေကို ဂရု စိုက်တာလား။ ဒါမှမဟုတ် လေဟာနယ် ဖြိုခွင်း ်နတ်သခင် ခေါင်းပြတ်သွားတာကြောင့်လား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ခဲ့။

ယွင်ချင်းဝူ ဒီလောက် စိုးရိမ်နေတဲ့ ပုံစံက ရှားပါးလွန်းတယ်။

ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် ဆောင်းရာသီ ရောက်လာသလို ဖြူဖွေးတဲ့ အလင်းတန်းက ရုတ်တရက် ကျယ်ပြန့် လာတော့တယ်။

သံမဏိလို ခိုင်မာတဲ့ အမွှေးဖြူဖြူတွေက ကောင်းကင်ကို လွှမ်းခြုံ သွားတာပဲ။ အမွှေး တစ်ချောင်း ချင်းစီတိုင်းက အပ်တွေလို ချွန်ထက်တယ်။

“ဘာကြီးလဲ စုန်းမအိုကြီး။” ဧကရိ ပိုင်ကျစ်ရဲ့ ဒဏ်ရာ ရတဲ့ နေရာကို သူမမြင်ဘူး။ ဒါပေမယ့် ဧကရီ ပိုင်ကျစ် သေတော့မယ်လို့ ထင်မိလိုက်တယ်။ မသေရင်၊ ဒီလောက် ပြင်းထန်တဲ့ စွမ်းအင် ပေါက်ကွဲမှုကို လုပ်နိုင်မှာ မဟုတ်ဘူး။

လေဟာနယ် ဖြိုခွင်း နတ်သခင်သာ နေရာလွဲ မသွားရင်ပေါ့။ ဒါဆိုရင် ယွင်ချင်းဝူ ဆုတ်ခွာဖို့ ပြောတဲ့ အချိန်မှာ နည်းနည်း တွေေ၀ သွားခဲံလို့လား။ ဖန်ကျန်းရှီ မသေချာဘူး။ သူ့ရဲ့ အစီအစဉ်မှာ အလွဲအချော် ရှိနိုင်တာကို သူသိတယ်။ ဒီလွဲချော်မှုက အဆုံးသတ် တိုက်ခိုက်မှုကို ပြီးဆုံးအောင် မလုပ်နိုင် လောက်ဘူး။

ဝုန်း။ မြေခွေး အမြီးကြီးက ဖန်ကျန်းရှီရဲ့ နောက်ကျောကို လာရိုက်တယ်။ သံမဏိလို ချွန်ထက် နေတဲ့ အမွေးတွေက အက်ကွဲနေပြီး ဖြစ်တဲ့ သံချပ်ကာထဲကို ထွင်းဖောက် ဝင်သွားခဲ့တယ်။

ဖန်ကျန်းရှီ တကိုယ်လုံး တုန်ယင် သွားပြီး သွေးအန်တော့တယ်။

ဖွီး။ သွေးတွေက လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခေါင်းပေါ်ကို ကျရောက်တယ်။ ဒီမြင်ကွင်းက သွေးထွက်သံယို ပိုဖြစ်ပြီး မြင်ရသူတိုင်းကို ကျောချမ်းစေတယ်။ ဒီအချိန်မှာပဲ ဟိန်းဟောက်သံ တစ်ခုကို သူကြားလိုက်ရတယ်။

“အား။” ခေါင်းပျောက်နေတဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင် ဟိန်းဟောက် နေခဲ့ပြီ။ ဒါပေမယ့် သူ့ခေါင်းက ခန္ဒာကိုယ်နဲ့ သုံးလှမ်း အကွာမှာ ထူးထူးဆန်းဆန်း ပေါ်လာခဲ့တယ်။

မည်းမှောင်နေခဲ့တဲ့ နတ်ဆိုး မျက်လုံးကလဲ ရွှေရောင် အလင်းတန်းကြီး တစ်ခုကို ပြစ်လွှတ်လိုက်တယ်။

မြင်ကွင်းက ထူးဆန်းလွန်းတယ်။ ရွှေရောင် အလင်းတန်း တောက်ပ လာချိန်မှာ နတ်ဆိုး မျက်လုံးကနေ ရွှေရောင် ရေတွေ စီးကျလာတော့တယ်။ သွေးစွန်းနေတဲ့ အေးစက်စက် မျက်နှာပေါ်ကို ဖြတ်သန်းတယ်။

ထူးခြားတဲ့ အရာကတော့ ရွှေရောင် အရည်တွေက တဖြည်းဖြည်း အစိုင်အခဲ ပုံစံ ပြောင်းလဲ သွားခဲ့တာပဲ။ အရည်တွေက အရမ်းကို အရှိန်မြန်မြန်နဲ့ စီးဆင်း နေခဲ့တယ်။ ဒီအချိန်မှာပဲ လူသား ခန္ဒာကိုယ် တစ်ခု ဖြစ်ပေါ်လာတယ်။

“သူတကယ်ပဲ မသေဘူးလား။” ခေါင်းပြတ်သွားတာတောင် မသေနိုင်ဘူး ဆိုတာ ဖန်ကျန်းရှီ အရင်တုန်းက မသေချာခဲ့ဘူး။ ဒါပေမယ့် စိတ်ကို ပြင်ဆင် ထားပြီးသား။

လူသားတွေ အတွက် သေစေနိုင်တဲ့ နေရာက နှလုံးသား။ မိစ္ဆာတွေ အတွက်က မိစ္ဆာ ပုလဲ။ နတ်ဆိုးတွေ အတွက်ကတော့ နတ်ဆိုး မျက်လုံး။ သုခမိန် အဆင့်ရောက် နတ်ဆိုးတွေ အတွက်တော့ နတ်ဆိုး မျက်လုံး မပျက်စီးရင် မသေနိုင်ဘူး။

နတ်သခင်အဆင့် နတ်ဆိုးကတော့ နတ်ဆိုး မျက်လုံးထဲမှာ စွမ်းအား ပိုများတယ်။ စွမ်းအားက ကြီးမားလွန်းလို့ သူ့ခန္ဒာကိုယ်ကိုတောင် တစ်ခဏ အတွင်းမှာ ပြန်တည်ဆောက်လို့ ရစေနိုင်တယ်။

ဒါက ဖန်ကျန်းရှီရဲ့ တွက်ချက်မှုပဲ။ ဒီတွက်ချက်မှုကြောင့် လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခေါင်းကို အလွတ်မပေးပဲ သူလိုက်ဖမ်းနေတာ။ ဧကရီ ပိုင်ကျစ် သူ့ကို တားမယ့် အကြောင်းကိုတော့ မခန့်မှန်း မိခဲ့ဘူး။

“ကပ်သီးလေးကိုကွာ။” ဖန်ကျန်းရှီ အံကြိတ်လိုက်မိတယ်။ နောက်ဘက်က ပြင်းထန်တဲ့ အင်အားကြောင့် ခန္ဒာကိုယ် မတည်မငြိမ် ဖြစ်နေ ခဲ့ပင်မယ့်၊ မျက်စိရှေ့က နတ်ဆိုးသခင်ကိုတော့ သူစိုက်ကြည့်နေဆဲ။ ရွှေရောင် အရည်တွေ ဆက်တိုက် စီးဆင်းနေတာကို သူမြင်နေရတယ်။

သူတကယ်ပဲ နောက်တစ်ခေါက် တိုက်ခိုက်ချင်တယ်။ အကယ်၍ ခန္ဒာကိုယ်သာ တည်မြဲ သွားရင် ပြဿနာ ပိုကြီးမှာကို သူသိထားခဲ့တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်က သူ့ရဲ့ အင်အား အများကြီးကို ဆုံးရှုံး သွားပြီ ဖြစ်ပေမယ့် လေဟာနယ်ထဲကိုတော့ ဝင်နိုင်သေးတယ်။

ဒါကြောင့်ပဲ ခြေသုံးလှမ်း အကွာကို သူဆုတ်ခွာ သွားနိုင် ခဲ့တာပဲ။ အကယ်၍ လေဟာနယ် ဖြိုခွင်း နတ်သခင်သာ ခန္ဒာကိုယ် အပြည့်အ၀ ပြန်ရ သွားခဲ့ရင်၊ အရာ အားလုံးက အစကို ပြန်ရောက်သွားလိမ့်မယ်။ ဒါကို ဖန်ကျန်းရှီ ဘယ်လိုမှ လက်မခံနိုင်ဘူး။

လေဟာနယ် ဖြိုခွင်း နတ်သခင်ကို အောင်အောင် မြင်မြင် သတ်နိုင်ဖို့ သူ့မှာ အဆင့်ဆင့် ပြင်ဆင် ထားခဲ့ရတာ။ ပထမ တိုက်ကွက်မှာ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခန္ဒကိုယ်ကို ဖျက်စီးမယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ သေလောက်တဲ့နေရတာက နတ်ဆိုး မျက်လုံး ဟုတ်နိုင်မလား ဆိုတာ သူမသေချာခဲ့ဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင် ပေါ်လာမယ့် နေရာကို ခန့်မှန်း နိုင်တာကလဲ ချီကူယန်နဲ့ ချိတ်ဆက်ထားလို့။

ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် သူက ခန္ဒာကိုယ်ကို အရင် တိုက်ခိုက် ရမှာပဲ။

နတ်ဆိုး မျက်လုံးကို ချိန်ရွယ်ဖို့တော့ မဖြစ်နိုင်ဘူး။ အောင်မြင် နိုင်ချေကလဲ ဆယ်ရာချိန်နှုန်း မပြည့်အောင် နည်းတယ်။ ၁၀% မပြည့်တဲ့ အခွင့်အရေး အတွက် ဖန်ကျန်းရှီက အချိန် အများကြီး အကုန် မခံဘူး။ တစ်ချက်တည်းနဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေဖို့ သူလုပ်ခဲ့တယ်။ ဒုတိယ တစ်ချက်ကိုတော့ ချီကူယန်က လုပ်ခဲ့တယ်။

ချီကူယန်လဲ တိုက်ခိုက်ချိန်တုန်းက လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ အရိပ်ကိုသာ မြင်ခဲ့ရတယ်။ မြင်ကွင်း မရှင်းလင်းရင် နတ်ဆိုး မျက်လုံးကို ချိန်ရွယ်ဖို့ မဖြစ်နိုင်ဘူး။ ပြစ်မှတ်က သေးငယ်လွန်းတယ်။

အိပ်မွေ့ချ မျက်ဝန်းကို လေဟာနယ် ဖြိုခွင်း နတ်သခင် ဘယ်လောက် အချိန်ကြာကြာ ကြည့်ခဲ့မှန်း သူသေချာ မသိခဲ့ဘူး။ လေဟာနယ်ထဲ မဝင်ခင် ဘယ်လောက်ထိ သက်ရောက်မှု ရှိခဲ့မှန်းလဲ သူမသိဘူး။

ချီကူယန်က အရမ်းကို တိကျတဲ့ ဓားချက်နဲ့ တိုက်ခိုက်ခဲ့တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ ခေါင်းကို တစ်ချက်တည်းနဲ့ ဖြတ်ထုတ်လိုက်တယ်။ ဖန်ကျန်းရှီ ဒါကို မထင်ထား ခဲ့မိဘူး။ ချီကူယန်ရဲ့ တိုက်ခိုက်မှုက အရမ်းကို ပြီးပြည့်စုံလွန်းနေတယ်။

အရမ်းကို ပြီးပြည့်စုံလွန်းလို့ ဖန်ကျန်းရှီ စိတ်အေး လက်အေး ဖြစ်သွား ခဲ့တဲ့ အတွက် သူနှောင့်နှေး သွားခဲ့ရတယ်။ ခေါင်းပဲ ကျန်တော့တဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ကို ချက်ခြင်း မသတ်နိုင်ခဲ့ဘူး။

လေဟာနယ် ဖြိုခွင်း နတ်သခင် ခြေသုံးလှမ်းထက် ပိုပြီး အဝေးကို မသွားနိုင်မှန်း သူမြင်ခဲ့ ရတယ်။ ဒီအကွာအဝေးက ဧကရီ ပိုင်ကျစ်ရဲ့ တိုက်ခိုက်မှုသာ မရှိရင် ဆက်တိုက် တိုက်ခိုက်ဖို့ လုံလောက်တယ်။

ဒါပေမယ့် အမှန်တရားကတော့ မတူညီဘူး။

ဖန်ကျန်းရှီ လက်မခံနိုင်ရင်တောင် ဧကရီ ပိုင်ကျစ်ကြောင့် တိုက်ခိုက်ဖို့ အခွင့်အရေး ပျောက်ဆုံး ခဲ့ပြီ။

“အရှက်မရှိတဲ့ ကောင်စုတ် နင့်မှာ နောက်ဆုံး အခွင့်အရေး ရှိသေးတယ်။” ဒီအချိန်မှာပဲ အသံ တစ်သံကို ကြားလိုက်ရတယ်။

“အခွင့်အရေး ရှိသေးတယ်လား။” ချီကူယန် ပြောမှန်း သိပေမယ့် သူနားမလည် နိုင်ဘူး။

ချီကူယန်လဲ ဧကရီ ပိုင်ကျစ် တိုက်ခိုက်တာကို ခံလိုက်ရမှန်း သူသိခဲ့တယ်။ ဘယ်လိုလုပ် အခွင့်အရေး ရှိနိုင်မှာလဲ။

ဖန်ကျန်းရှီ နားမလည် နိုင်ခဲ့ဘူး။ သူ့ရှေ့မှာပဲ လန့်စရာ မြင်ကွင်းကို မြင်လိုက်ရတယ်။ ချီကူယန်က အရမ်းကို မြန်ဆ်န်တဲ့ အရှိန်နှုန်းနဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ဆီ ပျံသန်းနေတယ်။

ကောင်းကင်မှာ ပန်းရောင် လျှပ်စီးကြောင်း တစ်ခု ဖြစ်ပေါ်လာတယ်။ သူမ လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ဓားက ကြယ်တွေလို တောက်ပ နေခဲ့တယ်။

“မြန်လိုက်တာ။ ဘယ်လိုတောင် မြန်နေတာလဲ။” ချီကူယန်ရဲ့ နောက်ကျောက သွေးစွန်း ဒဏ်ရာကို မြင်ချိန်မှာ ဖန်ကျန်းရှီ မျက်လုံး ပြူးသွားခဲ့တယ်။

ဖန်ကျန်းရှီထက် ပိုပြီးတော့ သွေးတွေ ထွက်နေခဲ့တယ်။ သူမရဲ့ နောက်ကျော တစ်ခုလုံး မြစ်ရေ စီးသလိုကို သွေးတွေ စီးကျနေပြီး အကျီတစ်ခုလုံး ရဲရဲ နီနေခဲ့တယ်။

ဒီအချိန်မှာပဲ ချီကူယန် ကြောက်စရာ အရှိန်နှုန်းနဲ့ မြန်မြန်ဆန်ဆန် ပျံသန်း နိုင်နေတာကို ဖန်ကျန်းရှီ နားလည် သွားခဲ့တယ်။ သူမက တိုက်ခိုက်မှုကို လုံး၀ မခုခံခဲ့ဘူး။

သူ့ခန္ဒာကိုယ်ကို သုံးပြီး ဧကရီ ပိုင်ကျစ်ရဲ့ အင်အားကြီး တိုက်ခိုက်မှုတွေကို တားဆီး ထားတာပဲ။ တိုက်ခိုက်မှုတွေကို တွန်းအား အဖြစ်နဲ့ အသုံးချနေတယ်။

ဖန်ကျန်းရှီ တုန်ယင်သွားတယ်။ ဒီနည်းလမ်းက နှစ်ဖက်စလုံးကို အထိအခိုက် များစေတယ်။ အတူတူတောင် သေဆုံး ပျောက်ကွယ် နိုင်ချေ ရှိသေးတယ်။ ဒါပေမယ့် ချီကူယန်ရဲ့ မျက်နှာမှာ နောင်တ အရိပ်ကို တစ်စွန်းတစမှ မမြင်ခဲ့ရဘူး။

နောင်တ မရှိရုံတင် မက၊ ခိုင်မာ ပြတ်သားတဲ့ ဆုံးဖြတ်ကပါ အထင်းသား ပေါ်နေခဲ့တယ်။

အပိုင်း (၈၉၉) ပြီး၏။

အပိုင်း (၉၀၀)

“သေခြင်းနဲ့ ရှင်ခြင်းကြား ဓားတစ်ချောင်းကိုင်ဆွဲ ရုန်းကန်ခြင်း။”

“ချီကူယန်။” ပထမဆုံး အနေနဲ့ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ပြင်းပြင်းထန်ထန် နက်နက်ရှိုင်းရှိုင်း နာကျင် သွားခဲ့တယ်။ အနိုင်အရှုံးကြောင့် မဟုတ်ပဲ ပြင်းထန်တဲ့ စိတ်ခွန်အားကြောင့်ပဲ။

သေရင်တောင် ရန်သူကိုပါ အပါခေါ် သွားမယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင် အတွက်တော့ ဒီမြင်ကွင်းက ပိုပြီး ကြောက်စရာ ကောင်းတယ်။

“မဖြစ်ဘူး။” လေဟာနယ် ဖြိုခွင်း နတ်သခင် ဟိန်းဟောက်တယ်။ ဘဝမှာ ဒီလောက် ကြီးမားတဲ့ အန္တရာယ်ကို တစ်ခါမှ မကြုံဖူးဘူး။

သူဘယ်လောက်ပဲ မလိုလားပါစေ၊ ချီကူယန်ရဲ့ ဓားက သူ့ဆီကို ရောက်လာခဲ့ပြီ။ သာမာန် ဓားတစ်လက်က နဂါးငွေ့တန်းကြီး တစ်ခုလို ပုံစံနဲ့ တောက်ပ နေခဲ့တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ နတ်ဆိုး မျက်လုံးဆီကို တန်းတန်း မတ်မတ်ကြီး ရောက်လာ နေခဲ့ပြီ။

မြန်လွန်းလို့ သူခုန်မရှောင် နိုင်ခဲ့ဘူး။ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ နှလုံးသား တစ်ခုလုံး နာကျင်လာတယ်။ နဖူးမှာ ချွေးတွေ စီးကျလာပြီ။ ဒီတိုက်ခိုက်မှုကို မရှောင်ရှား နိုင်မှန်း သိနေတဲ့ အတွက် တိုက်ခိုက်မှုကို အားကုန်သုံးပြီး ခုခံဖို့ ပြင်တယ်။

နတ်ဆိုး မျက်လုံးထဲက စီးကျနေတဲ့ ရွှေရောင် အရည်တွေ ရေစီးကြောင်း တစ်ခုလို ပုံစံနဲ့ နဂါးငွေ့တန်းကြီးဆီ ရောက်ရှိတယ်။ ဒီတိုက်ခိုက်မှုကို သူတကယ်ပဲ ခုခံ နိုင်မှာလား။

ချီကူယန်က ဓားကို တင်းတင်း ဆုပ်ကိုင် ထားခဲ့တယ်။ ဧကရီ ပိုင်ကျစ်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပေမယ့်၊ ရွှေရောင် အရည်တွေကို သူမ ထွင်းဖောက် နိုင်ခဲ့တယ်။

ချီကူယန်ရဲ့ မျက်ဝန်းတွေ တလက်လက် တောက်ပလာတယ်။ သူမ မျက်ဝန်းထဲက သန်းချီတဲ့ အလင်းစက်လေးတွေ ကြယ်တာရာတွေလို ပေါက်ကွဲတော့တယ်။

ဝူး။ တုန်ခါမှုကြီး တစ်ခု ဖြစ်ပေါ်လာတယ်။

သိပ်သည်းနေတဲ့ ရွှေရောင် အရည်တွေ ပြိုကွဲ သွားခဲ့ပြီ။ ရွှေရောင် အရည်တွေက ကောင်းကင်ပေါ်ကို ဖြာထွက် လာရင်း အရမ်းကို မတည်မငြိမ် ဖြစ်နေခဲ့တယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ မျက်လုံးတွေက သွေးလို ရဲရဲ နီနေခဲ့ပြီ။ ချီကူယန်က သူစုစည်းထားခဲ့တဲ့ စွမ်းအားတွေကို ဖျက်စီး လိုက်တာမှန်း သူသိထားခဲ့တယ်။ သူ မတားဆီး နိုင်ခဲ့တာလား။

“မဖြစ်ဘူး။ ငါသေလို့ မဖြစ်ဘူး။ ငါကရှေးဟောင်း နတ်ဆိုး နတ်သခင်။“

လေဟာနယ် ဖြိုခွင်း နတ်သခင် လက်မလျှော့ ချင်ဘူး။ နှစ်ထောင်ပေါင်းများစွာ သတိလစ် မေ့မျော နေခဲ့ပြီး နောက်ဆုံးမှာတော့ စကြဝဠာထဲကနေ ထွက်လာခဲ့တယ်။ သူ့မှာ မပြီးမြောက်သေးတဲ့ ကိစ္စတွေ အများကြီး။ ဒီနှစ်တွေမှာ သူဆုံးရှုံးခဲ့တဲ့ အရာတွေကို ပြန်အဖတ်ဆယ် ရအုန်းမယ်။ လောကသစ်ရဲ့ သက်ဝင် တောက်ပမှုကို ခံစားချိန်တောင် မရှိသေးဘူး။

သေရမှာလား။ ရှေးဟောင်း စစ်မြေပြင်မှာတောင် မသေခဲ့တဲ့ သူက အခု ဘယ်လိုများ သေရမှာလဲ။ မထင်မရှား လူသား အဆင့် လူနှစ်ယောက်ရဲ့ လက်ထဲမှာ သေရမှာတဲ့လား။ ဘယ်လိုလုပ် အဖြစ် ခံနိုင်မှာလဲ။

“ငါ့ကို အလွတ်ပေး။ အနာဂတ်မှာ မင်းတို့ကို မသတ်ဘူးလို့ ကတိပေးတယ်။” လေဟာနယ် ဖြိုခွင်း နတ်သခင် ညှိနှိုင်းဖို့ ကြိုးစားတယ်။ ကောင်းမွန်တဲ့ ကမ်းလှမ်းချက် မဟုတ်ပေမယ့်၊ နတ်ဆိုး သခင် ဖြစ်ပြီးတဲ့နောက် ပထမဆုံး ကမ်းလှမ်းတာပဲ။

ဒီကမ်းလှမ်းချက်က ချီကူယန်ကို ဖြောင်းဖျနိုင်မယ်လို့ သူထင်ခဲ့တယ်။ အနည်းဆုံးတော့ သူ့လို နတ်သခင် တစ်ယောက်က ကတိ ပေးနေတာလေ။ ဒါပေမယ့် ချီကူယန်ရဲ့ အမူအယာက တစ်စက်လေးမှ မပြောင်းလဲတာကို သူနားလည် သွားခဲ့တယ်။ သူမရဲ့ မျက်ဝန်းတွေက တစ်ချက်လေးတောင် မပြောင်းလဲ သွားခဲ့ဘူး။

ခိုင်မာပြတ်သားတဲ့ စိတ်ဆုံးဖြတ်ချက် မယိမ်းယိုင်ဘူး။

လေဟာနယ် ဖြိုခွင်း နတ်သခင်ကို သတ်ပြစ်မယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင် လုံးဝကို စိတ်လျှော့ လိုက်ရပြီ။ ချီကူယန်ရဲ့ အမူအယာကြောင့် သူဘာပဲ ကမ်းလှမ်းပါစေ အသုံးမဝင်တာကို သူသိလိုက်ပြီ။ တကယ်ပဲ သေရတော့မှာလား။

ပထမဆုံး အနေနဲ့ စိတ်ထဲမှာ ဒီအတွေး ဝင်လာခဲ့တယ်။ သူ့ဘေးပတ်လည်မှာ ရှိတဲ့ ရွှေရောင် အရည်တွေ အားလုံးကို ချီကူယန် ဖျက်စီး ပြစ်လိုက်ပြီ။ နီးကပ်သထက် နီးကပ်လာခဲ့တယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်လဲ ကြယ်တာရာ နဂါး ငွေ့တန်းကြီးကို ကြည့်နေခဲ့တယ်။

ဒါပေမယ့် မသေခင် အချိန်လေးမှာပဲ ချီကူယန့် ဘေးမှာ အဖြူရောင် အလင်းတန်း တစ်ခု တောက်ပလာတာကို မြင်လိုက်ရတယ်။ ဝုန်း။ လှပတဲ့ အမွှေးဖြူဖြူတွေနဲ့ အမြီး တစ်ခုပဲ။ နူးညံ့ပြီး ချောမွေ့တဲ့ ပုံစံနဲ့ ဒီအမွှေးတွေက သံမဏိလို မာကျောမှန်း လူတိုင်း သိတယ်။

“ငါ ကယ်တင် ခံလိုက် ရတာလား။” လေဟာနယ် ဖြိုခွင်း နတ်သခင် မျက်လုံး ပြူးသွားပြန်တယ်။ ချီကူယန် မြေခွေး အမြီးနဲ့ ရိုက်ခံရတာကို မြင်ချိန်မှာ သူ့နှလုံးသား တစ်ခုလုံး လှုပ်ရှား လာတော့တယ်။ ဘယ်သူ သေချင်မှာလဲ။ ဘယ်သူမှ မသေချင်ဘူး။

ဧကရီ ပိုင်ကျစ်ရဲ့ တိုက်ခိုက်မှုက ဘယ်လောက် အင်အား ပြင်းထန်မှန်း သူမသိပေမယ့် ချီကူယန် ဒဏ်ရာပြင်းထန်မှန်းတော့ သူသိတယ်။ နောက်ဆုံး အချိန်ထိ တောင့်ခံ နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ချီကူယန် လွင့်ထွက် သွားတယ်လို့ တွေးနေချိန်မှာပဲ သူလန့် သွားခဲ့ရပြန်တယ်။

နဂါးငွေ့တန်းကြီးက အနည်းငယ် တုန်ခါပြီးနောက် တည်ငြိမ် သွားခဲ့တယ်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။” လေဟာနယ် ဖြိုခွင်း နတ်သခင် သူ့မျက်လုံးသူ မယုံနိုင်ခဲ့ဘူး။ နောက်ဆုံးတော့လဲ ချီကူယန်က တိုက်ခိုက်မှုကို မတားဆီး ခဲ့ဘူးလေ။

လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ မျက်လုံးတွေ ကျွတ်ကျမတတ် ပြူးကျယ် လာတော့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နဂါးငွေ့တန်းကြီးက သူ့ရဲ့ နတ်ဆိုး မျက်လုံးကို ရိုက်ခတ် သွားခဲ့ပြီ။

ဝူး။ လေဟာနယ် ဖြိုခွင်း နတ်သခင် တုန်ယင်သွားတယ်။ လောကကြီး တစ်ခုလုံး ပျက်စီး သွားသလို အသံကြီးကို သူကြားလိုက်ရတယ်။

ဘာကြောင့် ဒီလို ဖြစ်တာလဲ။ ဘာကြောင့်များလဲ။

အကြောင်းရင်းကို သိချင်ပေမယ့်၊ သူ့မြင်ကွင်း တစ်ခုလုံး ဝန်းရံလားတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ ခန္ဒာကိုယ်ကြီး တစ်ခုကို သူမြင်လိုက်ရတယ်။

အမျိုး သမီးတစ်ယောက်။ မြွေအမြီးနဲ့ အမျိုးသမီး တစ်ယောက်။ သန့်စင်ပြီး ကျက်သရေရှိတယ်။ ရေတံခွန်လို ဆံပင်ရှည်ရှည်တွေက ကျောမှာ ဖြာကျနေတယ်။ အရောင်မျိုးစုံ တောက်ပနေတဲ့ အကြေးခွံနဲ့ အမြီးတွေကို သူမ ပိုင်ဆိုင်တယ်။ အရမ်းကို ကြည်လင် ပြတ်သားလွန်းလို့ အစစ်အမှန် ဖြစ်နေသလိုပဲ။

“နွီ နွီဝါး မယ်တော်။” လေဟာနယ် ဖြိုခွင်း နတ်သခင် ရေရွတ်မိတယ်။ မျက်စိရှေ့က ရင်းနှီးနေတဲ့ ပုံရိပ်ကို ကြည့်ရင်း မျက်လုံးတွေ ပိတ်သွားခဲ့ပြီ။ မျက်လုံးတွေ ပိတ်သွားချိန်မှာပဲ နဖူးက နတ်ဆိုး မျက်လုံးလဲ ပျက်စီးသွားတော့တယ်။

ချွမ်။ ရွှေရောင် အရည်တွေလဲ မြူနှင်းတွေလို မှုန်ဝါး ပျောက်ကွယ်သွားတော့တယ်။

လောကကြီး တစ်ခုလုံးမှာ လေတိုးသံက လွဲပြီး တခြား အသံတွေ မကြားရ လောက်တော့တဲ့ အထိကို တိတ်ဆိတ်သွားတယ်။ အခုချိန်မှ ဘယ်သူမှ လေတိုးသံကို မကြားရတော့ဘူး။ စဉ်းစားနိုင်စွမ်းတွေလဲ ပျောက်ဆုံး သွားခဲ့ပြီ။

ချီကူယန် ရပ်နေခဲ့တဲ့ နေရာမှာ ပန်းနုရောင် ပုံရိပ်လေး မရှိတော့ဘူး။ လူသား ခန္ဒာကိုယ် မြွေအမြီးနဲ့ အမျိုးသမီး တစ်ယောက်သာ ရှိတော့တယ်။ သူမရဲ့ နောက်ဘက်က မှိန်ဖျော့ဖျော့ ပုံရိပ်လိုပဲ အရမ်းကို သန့်စင်ပြီး ကျက်သရေ ရှိတယ်။ နေရာမှာပဲ တိတ်ဆိတ်စွာ မာန်မာန အပြည့်နဲ့ ရပ်နေခဲ့တယ်။

သူမရဲ့ နဖူးပေါ်မှာတော့ အရောင် ငါးရောင်ရှိတဲ့ အမှတ်အသား တစ်ခု တောက်ပ နေခဲ့တယ်။ အနီ၊ အပြာ၊ အဖြူ၊ အမည်း၊ ရွှေရောင်။ အရောင်ငါးရောင်က မတူညီတဲ့ နေရာတွေမှာ တည်ရှိရင်း ပဉ္စဂံ သဏ္ဍာန်နဲ့ ရပ်တည် နေကြတယ်။

ပတ်ဝန်းကျင်ကို သူမ တစ်ချက်ကြည့်တယ်။ သစ်ပင်ထိပ်က မိစ္ဆာတွေ၊ နတ်ဆိုး ခေါင်းဆောင် နည်းနည်းနဲ့ နောက်ဆုံးမှာတော့ ယွင်ချင်းဝူ။

“ယွင်ချင်းဝူ။” အမျိုးသမီးက ပြောတယ်။

“ချီကူယန်။” ယွင်ချင်းဝူ ပြန်ပြောတယ်။

အေးစက်စက်လေက အမျိုးသမီးရဲ့ ဆံနွယ်ရှည်တွေနဲ့ ယွင်ချင်းဝူရဲ့ ဝတ်ရုံဖြူကို ဝေ့၀ဲ တိုက်ခတ်နေခဲ့တယ်။ သူတို့ နှစ်ယောက် စကားမပြောတော့ဘူး။ ဒါပေမယ့် အားလုံးကတော့ မျက်လုံးပြူး နေခဲ့တယ်။ သူမရဲ့ အသံက ဒီအမျိုးသမီးက ချီကူယန်မှန်း သိလိုက်ကြတယ်။

“လေဟာနယ် ဖြိုခွင်း နတ်သခင် သေသွားပြီလား။”

“ချီကူယန်။ သူ သူက။”

“ဟုတ်တယ်။ ချီကူယန် သုခမိန် အဆင့် ရောက်သွားပြီ။”

မိစ္ဆာ ဘုရင်တွေ မယုံနိုင်ပေမယ့်၊ ချီကူယန်ရဲ့ နဖူးမှာ ရှိနေတဲ့ အမှတ်အသားက သက်သေပဲ။ နောက်ဆုံး တိုက်ကွက်မှာ သူမက ပြန်လည် မွေးဖွားမှု အဆင့်ကနေ သုခမိန် အဆင့်ကို ရောက်သွားခဲ့ပြီ။ မတွေးဝံ့စရာပဲ။ ဒါက တိုက်ဆိုင်မှုလား။

ချီကူယန်ကို ကြည့်ရင်း သူတို့ တွေးနေမိတယ်။ အဲ့ဒီ့နောက် ချီကူယန် နောက်ကို လှည့်လာတာ မြင်လိုက်ရတယ်။ သူမရဲ့ နောက်မှာ ဖန်ကျန်းရှီ ရှိနေတယ်။

ထူးခြားချက်ကတော့ ဖန်ကျန်းရှီရဲ့ လက်နှစ်ဖက်က ချီကူယန်ရဲ့ ခါးပေါ်မှာ ရှိနေပြီး ဖြူဖျော့ နေတာပဲ။ ဖန်ကျန်းရှီ ဘာကြောင့် ဖြူဖျော့နေမှန်း သူတို့ မသိ။ အဓိက အရာကတော့ သူရပ်နေတဲ့ ထူးထူးဆန်းဆန်း ပုံစံပဲ။

“ကျေးဇူးပဲ။” ချီကူယန် ပြောတယ်။

“ကျေးဇူး တင်တယ်။ အမ်။ ဟုတ်တယ်။ ကျေးဇူး တင်သင့်ပါတယ်လေ။” ဖန်ကျန်းရှီ တစ်ခဏတာ မျက်လုံးပြူးသွားတယ်။ အဲ့ဒီ့နောက် ချီကူယန့် ခါးပေါ်က လက်တွေကို သူလွှတ်လိုက်တယ်။ သူ့မျက်နှာကတော့ သွေးဆုတ်ဖြူရော်နေဆဲ။

“ဟဟား။” ချီကူယန် ရယ်လိုက်တယ်။ သူမရဲ့ အပြုံးက သက်တောင့်သက်သာ ရှိလွန်းလို့ နှင်းတွေကို အရည်ပျော်စေပြီး ပန်းတွေကိုတောင် ပွင့်လာစေတော့မယ့် အတိုင်းပဲ။

ဖန်ကျန်းရှီလဲ ချီကူယန်ကို ကြည့်ရင်း ပြုံးချင်တယ်။ ဒါပေမယ့် ဒီလို မလုပ်နိုင်ဘူး ဖြစ်နေခဲ့တယ်။

ချီကူယန်ရဲ့ ရုပ်သွင်ကို သူအရမ်း အရမ်းကို ရင်းနှီးလွန်းနေတယ်။ ကမ္ဘာမြေ မိခင်ကြီး။ နွီဝါး မယ်တော်။

လက်ရှိ လောကမှာ နွီဝါးမယ်တော်ကို ဘယ်လိုမျိုး ခေါ်ဝေါ်မှန်း သူမသိဘူး။ ဒါပေမယ့် ချီကူယန်ရဲ့ ရုပ်သွင်က သူ့အရင်လောက ဒဏ္ဍာရီ ထဲမှာ ပါတဲ့ နွီဝါးမယ်တော်နဲ့ တထေရာတည်းပဲ။

ကွာခြားချက် တစ်ခုကတော့ ချီကူယန် ပြုံးလိုက်တဲ့ အချိန် သူမ ထုတ်လွှတ်နေတဲ့ မာန်မာန အရှိန်အဝါ ပျောက်ကွယ် သွားတာပဲ။

“ချီကူယန်။” ဖန်ကျန်းရှီ လက်ကို ဆန့်ထုတ်ပြီး ချီကူယန်ကို ဖက်လိုက်တယ်။ ချီကူယန်က မျက်လုံးတွေကို မှိတ်လိုက်ပြီ။ သူမ ခန္ဒာကိုယ်မှာ တောက်ပနေတဲ့ ငါးရောင်ခြယ် မြွေအမြီးကြီးလဲ ပျောက်ကွယ်သွားတယ်။ သွေးတွေ ရွဲနစ်နေတဲ့ ပန်းနုရောင် ဝတ်ရုံ ပြန်ပေါ်လာတယ်။

ချီကူယန်ရဲ့ ခန္ဒာကိုယ် အပူချိန်ကလဲ ဆက်တိုက် ကျဆင်းနေတယ်။

“သူသတိလစ် သွားတာလား။”

“သုခမိန် အဆင့်ကို တက်နိုင်ခဲ့ပေမယ့် ဒဏ်ရာတွေက ပြင်းထန်လွန်းတော့ ပျောက်ကင်းအောင် မကုသ နိုင်တာပဲ။”

“သူ့ကို သတ်ကြ။ အခုက အကောင်းဆုံး အခွင့်အရေးပဲ။”

ချီကူယန် သတိလစ်သွားတာကို မြင်ချိန်မှာတော့ မိစ္ဆာ ဘုရင်တွေရဲ့ မျက်ဝန်းမှာ သတ်ဖြတ် လိုစိတ်တွေ အထင်းသား ပေါ်လာတော့တယ်။ ယွင်ချင်းဝူရဲ့ အမိန့်ကို သူတို့ စောင့်နေကြတယ်။

“ယွင်ချင်းဝူ အခုချိန်မှာ လေဟာနယ် ဖြိုခွင်း နတ်သခင် သေသွားပြီ။ မင်းဘယ်လို ခုခံမှာလဲ။” ဖန်ကျန်းရှီ ခေါင်းကို ဖြည်းဖြည်းချင်း မော့ရင်း ယွင်ချင်းဝူကို မေးတယ်။

“ဘာဖြစ်တယ်။”

“ဒီကောင်စုတ်မှာ အင်အားတွေ ကျန်သေးတာလား။”

“မိစ္ဆာ မျိုးနွယ်စု တစ်ခုလုံးကို သူတစ်ယောက်တည်းနဲ့ မျိုးတုန်းအောင် သတ်ပြစ်ဖို့ ကြံနေတာတော့ မဟုတ်လောက်ဘူးမလား။”

မိစ္ဆာ ဘုရင်တွေ ဖန်ကျန်းရှီရဲ့ စကားကို ကြားချိန်မှာ အထိတ်တလန့် ဖြစ်ကုန်ကြတယ်။

ဧကရီ ပိုင်ကျစ်ကလဲ ဒဏ်ရာရထားခဲ့ပြီ။ ခရမ်းရောင် ပြောင်းနေတဲ့ သူမရဲ့ နှုတ်ခမ်းတွေက ဒါကို အတည်ပြုပေး နေတယ်။ ခွန်အား အပြည့်အ၀ သုံးပြီး နှစ်ကြိမ်တိတိ တိုက်ခိုက် ခဲ့တဲ့ အတွက်။ လည်ပင်းက ဒဏ်ရာနားမှာ သွေးတွေ ရွဲနစ် နေခဲ့တယ်။

“နင်တိုက်ခိုက်နိုင်သေးတယ် ဆိုတာ ငါမယုံဘူး။” ဧကရီ ပိုင်ကျစ် ခေါင်းခါရင်း သူမရဲ့ အစိမ်းရင့်ရောင် မျက်လုံးတွေကို တဖျပ်ဖျပ် ခတ်နေခဲ့တယ်။ သူမလဲ နောက်ထပ် တောင့်မခံ နိုင်တော့သာ အသိသာကြီးပဲ။

“ကြည့်ရတာ စုန်းမအိုကြီးက အရင် သေချင်နေတဲ့ ပုံစံပဲ။” ချီကူယန်ကို လက်တစ်ဖက်နဲ့ ချီထားရင်း နောက်လက်တစ်ဖက်ကို တင်းတင်း ဆုပ်လိုက်တယ်။

“မင်းမှာသာ အရည်အချင်းရှိရင်၊ ငါ။”

“အမေ။” ယွင်ချင်းဝူက စကားကို ဖြတ်ပြောလိုက်တယ်။ နောက်ဆုံးမှာတော့ သူမ ခြေတစ်လှမ်း ထွက်လာတယ်။ “ဖန်ကျန်းရှီ အခုချိန် နင့်မှာ ငါ့ကို သတ်ဖို့ အခွင့်အရေး ရှိမှန်း ငါသိတယ်။ ဒါပေမယ့် ဒီလို လုပ်ပြီးရင် နင်လဲ ဒီကနေ ထွက်သွားလို့ မရဘူး။”

“ဘာဖြစ်လို့လဲ။” ဖန်ကျန်းရှီ နှာခေါင်းရှုတ်လိုက်တယ်။

“မိစ္ဆာနဲ့ နတ်ဆိုး နတ်ဘုရား တံခါးတွေ ပွင့်သွားခဲ့ပြီ။ အားလုံးရောက်လာဖို့ အချိန်ပဲ လိုတယ်။ နောက်တစ်ခေါက် တိုက်ခိုက်ဖို့ နင့်မှာ ယုံကြည်ချက် ရှိလား။” ယွင်ချင်းဝူ မေးတယ်။

“ဟဟား။” ဖန်ကျန်းရှီ ရယ်မောရင်း တကိုယ်လုံး တုန်ယင် လာခဲ့တယ်။ “ဒီတော့ မင်းက အခု အချိန်ဆွဲနေတာပေါ့။”

“ငါ ဟုတ်တယ်။ နောက်ထပ် ဘယ်အချိန်မှာ ရှေးဟောင်း နတ်ဆိုး နတ်သခင် ရောက်လာမယ်မှန်း ငါမသိဘူး။ နင်ငါ့ကို သတ်နိုင်ဖို့၊ သေချာပေါက် အချိန် ယူရမှာပဲ။ နင့်အသက်နဲ့ လောင်းကြေးထပ်ချင်လား။ ဒါမှမဟုတ်။ ဝူယွဲ့အာနဲ့ ချီကူယန်ရဲ့ အသက်ကို လောင်းကြေးထပ်မလား။” ယွင်ချင်းဝူ နောက်တစ်ခေါက် ပြောပြန်တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ ငါ့ကို မစိုးရိမ်နဲ့ သူ့ကို အရင်သတ်။” ဝူယွဲ့အာရဲ့ အသံကို ကြားလိုက်ရတယ်။

သူမရဲ့ စကားကို ကြားချိန်မှာ ဖန်ကျန်းရှီ နည်းနည်းတော့ တုန်ယင် သွားခဲ့တယ်။ သူ့နဖူးက ချွေးစက် တစ်စက် ချီကူယန်ပေါ်ကို ကျသွားတယ်။ ချီကူယန် နည်းနည်းတော့ လှုပ်ရှားသွားခဲ့တယ်။

ဒါပေမယ့် သူ့အကြည့်တွေက အရမ်းကို တည်ငြိမ်နေတယ်။ မိစ္ဆာ ဘုရင်တွေနဲ့ ယွင်ချင်းဝူဘေးက နတ်ဆိုး အကြီးအကဲတွေကို သူတစ်ချက် ရှိတယ်။

ဟွန်။ နဂါး တစ်ကောင် အော်သံလို ဓားဟိန်းသံကို ကြားလိုက်ရတယ်။

ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ဓားက ခရမ်းရောင်တွေ တောက်ပနေဆဲ။ ဓားပေါ်မှာ ခရမ်းရောင် သွေးစက်လေးတွေ အပြည့် စီးဆင်းနေသလို အလင်းဖြာနေခဲ့တယ်။ မိစ္ဆာ ဘုရင်နဲ့ နတ်ဆိုး အကြီးအကဲတွေရဲ့ အမူအယာက ပြောင်းလဲ သွားခဲ့တယ်။

“ဖန်ကျန်းရှီ နင်တကယ်ပဲ ဒီသေရှင် အချိန်မှာ ရုန်းကန်ချင်တာလား။”

“ဧကရီ ငယ်ကို သတ်ချင်တာလား။ ငါ့ကို အရင်သတ်။”

“အရှင်သခင်ငယ်ကို အသက်နဲ့ ရင်းပြီး ကာကွယ်မယ်လို့ ကျိန်ဆိုပါတယ်။ မင်းဘယ်လောက်ပဲ အင်အားကြီးပါစေ၊ ဧကရီငယ်ကို မင်းထိလို့ မရစေဘူး။”

မိစ္ဆာ ဘုရင်တွေနဲ့ နတ်ဆိုး အကြီးအကဲတွေ ပြောနေကြပေမယ့်၊ အရမ်းကို စိုးရိမ် ပူပန်နေတဲ့ ပုံစံက ပေါ်လွင် နေခဲ့တယ်။ ဖန်ကျန်းရှီနဲ့ စွမ်းရည်နဲ့ ဆိုရင်၊ သူသာ အစွမ်းကုန် တိုက်ခိုက်လို့ကတော့ သူတို့တွေ ရင်ဆိုင်နိုင်ပါ့ မလား ဆိုတာ ယုံကြည်ချက် မရှိခဲ့ဘူး။

အပိုင်း (၉၀၀)ပြီး၏။

All Chapters