← Chapters

အပိုင်း (၈၂၁-၈၃၀)

Vol. 9 Ch. 821-830

အပိုင်း (၈၂၁-၈၃၀)

Vol. 9 Ch. 821-830

အပိုင်း (၈၂၁)

“လူငယ်တွေ နေရာယူဖို့ အချိန်ကောင်းပဲ။”

လူတိုင်းက မုချင်းဖန်ကို ကြည့်နေကြတယ်။ လူတော်တော်များများ မယုံနိုင် ဖြစ်ခဲ့ပေမယ့်၊ မုချင်းဖန်း ပြောတာတွေကိုတော့ သူတို့ လက်ခံကြတယ်။

မုချင်းဖန်း ပြောသလိုပဲ။ ဒါက မျိုးနွယ်စုကြီးတွေရဲ့ ကိစ္စတင် မဟုတ်ဘူး။ မျိုးနွယ်စု ငယ်လေးတွေ အတွက်လည်း အကျုံးဝင်သင့်တယ်။

“စာမေးပွဲ စစ်တာက လက်တွေ့ မကျဘူး။” မုချင်းဖန်း လူတွေရဲ့ စကားသံကို နားထောင်ပြီးတဲ့ အချိန်မှာ စကား ပြန်စတယ်။

မျက်လုံးတွေကို တစ်ချက် ပိတ်ထားရင်းနဲ့ သူဆက်ပြောတယ်။ “နောက်ဆုံးတော့လည်း မျိုးနွယ်စု ငါးခုရဲ့ ကျင့်ကြံနည်းတွေက မတူညီဘူးလေ။ ဒါကြောင့် တိုက်ခိုက်ပွဲ တစ်ခုကို စီစဉ်ဖို့ အကြံပေးပါတယ်။”

“တိုက်ပွဲ တစ်ခုတဲ့လား။” လူတိုင်း လ န့်သွားခဲ့တယ်။

“ငါတို့တွေ ဘယ်လိုများ ဒီလို တိုက်ပွဲကို စီစဉ်ကြရမှာလဲ။”

“ငါတို့တွေ စစ်ပွဲ စလိုက်တာတောင် ပိုမြန်အုန်းမယ်။ ဒီနေရာမှာ မျိုးနွယ်စုတွေ အများကြီး ရှိနေမှတော့ တိုက်ပွဲ လုပ်ပြီး ဘာဖြစ်လို့ အချိန်ဖြုန်းနေ အုန်းမှာလဲ။”

“အရေး အကြီးဆုံးကတော့ ငါတို့တွေ ကျမ်းကောင်းကင်တောင် ပေါ်မှာ ဒီလို တိုက်ပွဲ လုပ်လို့ မရဘူး။” လူတိုင်းက စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ပြောကြတော့တယ်။ နောက်ဆုံးတော့လည်း တိုက်ပွဲ တစ်ခု ကျင်းပဖို့ အတွက် နေရာကောင်းကောင်း လိုအပ်တယ်လေ။ ဘယ်သူမှလည်း ကောင်းကင် မဟာမိတ် စုဝေးပွဲ နေရာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်သွားမှာကို ဘယ်သူမှ မလိုချင်ကြဘူး။

“ခန်းမ ခေါင်းဆောင်မု။ ငါတို့တွေ မင်းအကြံပြုတာကို ဘယ်လို လုပ်ရမှာလဲ။ ဓားပညာ အရဆိုရင်၊ ငါ မော့ရှန်းရှီက မင်းကို မနိုင်နိုင်ဘူး။ ဒါပေမယ့် နည်းဗျူဟာတွေနဲ့ ပတ်သက်လာရင်တော့၊ ဘယ်သူနိုင်မယ်ဆိုတာ မသိနိုင်ဘူး။” မော့ရှန်းရှီ မျက်လုံးတွေကို မှေးစင်းလိုက်တယ်။

မုချင်းဖန်းကို သဘောမတူတာ အသိသာကြီးပဲ။

“ခေါင်းဆောင်မော့ အထင်လွဲနေပါပြီ။” မုချင်းဖန်းက ခေါင်းခါရင်း ပြောတယ်။ တိတ်ဆိတ် သွားတဲ့ အချိန် အထိ စောင့်ဆိုင်းနေတယ်။

“တိုက်ခိုက်ရေး ပြိုင်ပွဲက မျိုးနွယ်စု ငါးခုရဲ့ ခေါင်းဆောင်တွေ တိုက်ခိုက်ရမှာ မဟုတ်ဘူး။”

“မျိုးနွယ်စု ငါးခုရဲ့ ခေါင်းဆောင်တွေ မဟုတ်ရင်၊ ဘယ်သူတွေ တိုက်ခိုက် ရမှာလဲ။”

“ဟုတ်တယ်။ မျိုးနွယ်စု ငါးခုရဲ့ ခေါင်းဆောင်တွေ မယှဉ်ပြိုင်ဘူး ဆိုရင်၊ ငါတို့တွေ ခေါင်းဆောင် တစ်ယောက်ကို ရွေးချယ် ပြီးချိန်မှာတောင်၊ အရှုပ် အထွေးတွေကို ဦးဆောင် ဖြေရှင်းနိုင်တဲ့ အာဏာ ရှိမှာ မဟုတ်ဘူး။”

“ဟုတ်တယ်။ ငါတို့တွေမှာ လွှမ်းမိုးနိုင်တဲ့ အာဏာ မရှိရင် ဘယ်လိုလုပ် အခက်အခဲတွေကို ဦးဆောင် ဖြေရှင်း နိုင်မှာလဲ။” စုဝေးပွဲက မကြာခင်ပဲ အရှိန်ပြင်းတဲ့ ဆွေးနွေးမှုကို ဦးတည်တော့တယ်။ နောက်ဆုံးတော့ ဒီစုဝေးပွဲရဲ့ အဓိက အကြောင်းရင်းက စည်းမျဉ်း ဥပဒေကို ချမှတ်ပြီးတော့ တိုက်ခိုက်ရေးပိုင်းမှာလည်း ဦးဆောင်နိုင်တဲ့ လူတစ်ယောက်ကို ရွေးချယ်ဖို့ပဲ။

ဒီလို လူက မျိုးနွယ်စု ငါးခုရဲ့ ခေါင်းဆောင် တစ်ယောက်။ ဒါမှ မဟုတ်ရင်၊ မျိုးနွယ်စုငယ်က ခေါင်းဆောင် တစ်ယောက် ဖြစ်ဖို့ လိုအပ်တယ်လေ။ မဟုတ်ရင် သူက ဘယ်လိုများ စည်းမျဉ်းတွေကို ချမှတ် နိုင်မှာလဲ။ မုချင်းဖန်က ပြုံးပြရင်း သူ့နောက်မှာ ရှိတဲ့ ချီကူယန်ကို လှည့်ကြည့်တယ်။

“ငါပြောချင်တာကတော့ အကယ်၍ ခေါင်းဆောင်တွေသာ ဒီလို ယှဉ်ပြိုင်မယ်ဆိုရင် မျိုးနွယ်စုတွေရဲ့ လိုက်လျော ညီထွေ ဖြစ်တဲ့ ဆက်ဆံရေးကို ပျက်ပြား သွားစေလိမ့်မယ်။ ပြီးတော့ အနိုင်တဲ့သူကို ဆုံးဖြတ်ဖို့လည်း ခက်ခဲလိမ့်မယ်။ လူငယ်တွေကိုပဲ ဆုံးဖြတ် ခိုင်းကြတာပေါ့။”

“လူငယ်တွေကို ဆုံးဖြတ်ခိုင်းမယ်။” လူတိုင်းက မုချင်းဖန်းကို စိုက်ကြည့် နေတယ်။ အဲ့ဒီ့နောက် ချီကူယန်ကို ကြည့်ကြတယ်။ မုချင်းဖန်း ပြောချင်တာကို သူတို့ နားလည်ကြတယ်။

“ဒီတော့ ခေါင်းဆောင်မုက လူငယ်လေးတွေကို သူတို့ရဲ့ သက်ဆိုင်ရာ မျိုးနွယ်စုတွေ အလိုက် ယှဉ်ပြိုင် ခိုင်းစေချင်တာလား။” မော့ရှန်းရှီလည်း မုချင်းဖန်း ပြောတာကို နားလည် သွားခဲ့ပြီ။

“အင်း။ ပြိုင်ပွဲဝင်တွေရဲ့ အသက် အရွယ်ကို သုံးဆယ်အောက်လို့ သတ်မှတ်လိုက်မယ်။ ဒါက ငါတို့ မျိုးနွယ်စုတွေရဲ့ အနာဂတ် ဆက်ဆံရေး အတွက်လည်း ကောင်းမွန်တဲ့ စမ်းသပ်ချက် တစ်ခုပဲလေ။ ဒါ့အပြင် မျိုးနွယ်စု အငယ်လေးတွေကိုလည်း ပါဝင်ခွင့် ပေးတယ်။” မုချင်းဖန်း ခေါင်းငြိမ့်ရင်း ပြောတယ်။

“ခေါင်းဆောင်မုရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။”

“ငါလည်း ထောက်ခံပါတယ်။”

“လူငယ်တွေကို ယှဉ်ပြိုင်ခိုင်းတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။” မျိုးနွယ်စု အမျိုးမျိုးက ခေါင်းဆောင်တွေ နောက်ဆုံးမှာတော့ မုချင်းဖန်းရဲ့ အကြံကို သဘော တူလိုက်ကြပြီ။

သူပြောသလို ဆိုရင် မျိုးနွယ်စု ငယ်တွေ အတွက်လည်း အခွင့်အရေး ရှိနိုင်တယ်လေ။ ဘယ်သူကမှ တစ်ဘဝတာလုံး သူများရဲ့ အရိပ်အောက်မှာ မနေချင်ကြဘူး။ နောက်ပြီးတော့ မျိုးနွယ်စု ငါးခုရဲ့ ခေါင်းဆောင်တွေသာ တိုက်ပွဲမှာ ပါမယ်ဆိုရင်၊ သူတို့တွေ ရှုံးနိုင်ချေ များတယ်လေ။

မျိုးနွယ်စု ငယ်တွေထဲက လူငယ်တွေသာ ယှသ်ပြိုင်ရမယ် ဆိုရင်တော့ အောင်မြင်နိုင်ချေ မြင့်မားတယ်။ ဒါ့အပြင် အသက် ကန့်သတ်ချက်ကလည်း ၃၀အောက်တဲ့။ မော့ရှန်းရှီ အခုချိန်မှာ တိတ်ဆိတ် နေခဲ့ပြီ။ မုချင်းဖန်းက လူငယ် ရွက်ပုန်းသိးတွေကို ထွက်ပေါ် စေချင် နေတာပဲ။

“အဲ့တာ ချီကူယန် ကြောင့်လား။” မော့ရှန်းရှီ ချီကူယန်ကို လှမ်းကြည့်မိတယ်။ အရည်အချင်း ယှဉ်လိုက်ရင်၊ ချီကူယန်က မြင့်မြတ် နယ်မြေ တစ်ခွင်မှာ အမြင့်မားဆုံးသူပဲ။

ချီကူယန်က အရမ်းကို ငယ်ရွယ်တဲ့ ၁၇နှစ်ပဲ ရှိသေးတယ်။ ဒါ့အပြင် သုခမိန် အဆင့်လည်း မရောက်သေးဘူး။ ဒီအချက်က အရေးကြီးတယ်။

“ခေါင်းဆောင်မုရဲ့ အကြံကို ငါသဘောတူပါတယ်။ ဒါပေမယ့် တောင်းဆိုမှုလေး နည်းနည်းတော့ လုပ်ချင်ပါတယ်။” မော့ရှန်းရှီ တစ်ခဏတာ တိတ်ဆိတ် နေပြီးတဲ့နောက် သူပြောတယ်။

“ကျေးဇူးပြုပြီးတော့ ဆက်ပြောပါ ခေါင်းဆောင်မော့။” မုချင်းဖန်း ပုံမှန် အတိုင်း ပြောတယ်။ “အကယ်၍ လူငယ်တွေကို အခွင့်အရေး ပေးပြီး ပြိုင်ဆိုင်တာ ဆိုရင်၊ သုံးချီ ယှဉ်ပြိုင်ခိုင်းပြီးတော့ နှစ်ချီ အနိုင်မှ အနိုင်လို့ သတ်မှတ် သင့်ပါတယ်။ တခြား ထပ်ပေါင်းပြောစရာ ရှိသေးလား။” မော့ရှန်းရှီက အရမ်းကို အေးစက်စက် ပြုံးနေခဲ့တယ်။

ချီကူယန် ဘယ်လောက်ပဲ အင်အား ကြီးပါစေ သူမက တစ်ယောက်တည်းလေ။ နောက်ပြီးတော့ သုခမိန် အဆင့်ကို မရောက်သေးတဲ့ လူတစ်ယောက် အနေနဲ့ အနိုင်ရနိုင်ချေ နည်းတယ်။

“သုံးချီမှာ နှစ်ချီ အနိုင်တဲ့လား။”

“ဟုတ်တယ်။ ဒီလိုနည်းနဲ့ ဆိုရင် စည်းမျဉ်းတွေ ပိုပြီးတော့ အဆင်ပြေ သွားလိမ့်မယ်။ မျိုးနွယ်စုတွေလည်း ယှဉ်ပြိုင်သူ တစ်ယောက်ကနေ သုံးယောက် အထိ စေလွှတ်နိုင်မယ်။

“အင်း။ ခေါင်းဆောင်မော့ ပြောတာ အဓိပ္မာယ်ရှိတယ်။” မော့ရှန်းရှီရဲ့ အကြံ ပေးချက်ကို တခြား မျိုးနွယ်စု ခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် လက်ခံ ကြတော့တယ်။ နောက်ဆုံးတော့လည်း သူတို့တွေက အရည်အတွက် အင်အား များတယ်လေ။ အကယ်၍ မျိုးနွယ်စု တစ်ခုကသာ နောက်တစ်ခုကို တစ်ယောက် တစ်ယောက်ချင်း တိုက်ပွဲမှာ အနိုင်မယူနိုင်ရင်။ ဆက်တိုက် တိုက်ပွဲတွေမှာ အနိုင်ရတာတော့ ဖြစ်နိုင်သေးတယ်လေ။

“ခေါင်းဆောင်မော့ ပြောတာကို ငါလည်း သဘောတူပါတယ်။ သုံးချီမှာ နှစ်ချီ နိုင်တာက တရား မျှတပါတယ်။”

နောက်ထပ် မျိုးနွယ်စု တစ်ခုလည်း ပြောတယ်။ “ငါလည်း သဘောတူတယ်။”

“ဟုတ်တယ်။”

“ဒိုင်းလူကြီးတွေကတော့ မျိုးနွယ်စု ငါးခုက လူတွေ ဖြစ်ရမယ်။” တခြား မျိုးနွယ်စု ခေါင်းဆောင်တွေ စကားပြောကြ တော့တယ်။ သူတို့တွေ မျိုးနွယ်စု ငါးခုက လူတွေကို အနိုင်ယူနိုင်ဖို့ မသေချာပေမယ့် ဖြစ်နိုင်ချေတော့ ရှိပါသေးတယ်။ မုချင်းဖန်းက ချီကူယန်ကို တစ်ချက် လှည့်ကြည့်တယ်။

သူမကျေမနပ် ဖြစ်နေတာ အသေအချာပဲ။ တစ်ချီတည်း တိုက်ခိုက်ပြီးတော့ တိုက်ပွဲ အဆုံးအဖြတ်ကို ထွက်စေ ချင်တာလေ။ ဒါကို ဖြစ်လာစေဖို့ တခြားမျိုးနွယ်စု အငယ်တွေရဲ့ အသက် ၃၀အောက် လူငယ်တွေကိုပါ ယှဉ်ပြိုင်ခွင့် ပြုထားခဲ့ရတာ။

(တရားမျှတတဲ့ တိုက်ပွဲ ) ဖြစ်လာစေဖို့ သူအကောင်းဆုံး ကြိုးစား ခဲ့ပြီးပြီ။ အခုတော့ ကိစ္စတွေက သူ့အကြံ အတိုင်း ဖြစ်မလာခဲ့ဘူး။ ရလဒ်ကတော့ ဒီတိုက်ပွဲ အချီတွေက သူ့ထိန်းချုပ်မှု အောက်မှာ ရှိမနေတော့ဘူး။

တိုက်ပွဲ တစ်ခုကို ဖြတ်ကျော်နိုင်ဖို့က လွယ်ပေမယ့် တိုက်ပွဲ သုံးခုကို အောင်မြင်ဖို့ကတော့ မလွယ်ကူဘူး။ ချီကူယန်က မုချင်းဖန်း တွေးနေတာကို သိတယ်။ ဒါပေမယ့် ကိစ္စတွေက အမြဲတမ်း နေရာတကျ ရှိနေမှာ မဟုတ်နိုင်ဘူးလေ။ ချီကူယန်ကတော့ မုချင်းဖန်ကို ခေါင်းသာ ငြိမ့်ပြလိုက်တယ်။

“ကောင်းပြီလေ။ တောင်ကြား ခေါင်းဆောင်မော့ အကြံပေးတာကို သဘောတူပါတယ်။ သုံးချီတိုက် နှစ်ချီနိုင်ပေါ့။ တခြား ပြောစရာ ရှိကြသေးလား။” မုချင်းဖန်း ပြောတယ်။

“ကန့်ကွက် စရာ မရှိပါဘူး။” ယင်ယန် ခန်းမ ဘက်ကနေ အသံ တစ်သံ ထွက်လာတယ်။ ဒါကေတာ့ တောက်ဟွမ်။

“ငါလည်း ငြင်းပယ်စရာ မရှိပါဘူး။” ချင်းယွိလည်း သူ့ဘေးက ပင်းယန်ကို တစ်ချက် ကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ်။

“အင်း။” တောင်စဉ် ကိုးသွယ်ရဲ့ ခေါင်းဆောင် အသစ် ပိုင်ဖေးလည်း ခေါင်းငြိမ့်တယ်။

“အားလုံး သဘောတူမှတော့ စရတာပေါ့။ တခြားမျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးတော့ ဒိုင်တွေ အဖြစ် ဆောင်ရွက်မယ်။ ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ မဲခွဲပြီးတော့ ဆုံးဖြတ်မယ်။ မျိုးနွယ်စု ငယ်တွေကတော့ လွတ်လွတ်လပ်လပ် နှုတ်ထွက်ခွင့်ရှိတယ်။” မုချင်းဖန်း ကြေညာတယ်။

“နှုတ်ထွက်ခွင့်တဲ့လား။” တခြား ခေါင်းဆောင်တွေ ငြိမ်သက် သွားကြတယ်။ တစ်ယောက်ယောက် စကားပြောမှာကို စောင့်နေကြတယ်။ နောက်ဆုံးတော့လည်း ဘယ်သူကမှ ဒီမျိုးနွယ်စု ငါးခုကို ကျော်ပြီးတော့ မလုပ်ရဲ ဝံ့ ကြဘူးလေ။

“အဆုံး အရှုံးတွေနဲ့သာ မရင်ဆိုင် ဝံ့ရင် မင်းတို့ကို မြင့်မြတ်နယ်မြေရဲ့ မျိုးနွယ်စု ငါးခုက နာခံမယ်လို့ ထင်နေတာလား။ အခုတည်းက နှုတ်ထွက်ချင်ရင် နှုတ်ထွက်ထားလို့ ရတယ်။” မော့ရှန်းရှီ တိတ်ဆိတ်သွားတဲ့ မျိုးနွယ်စု ငယ်တွေကို လှမ်းကြည့်ရင်း အေးစက်စက် ပြုံးပြတယ်။

“အဆုံးအရှုံးတွေတဲ့လား။” မျိုးနွယ်စုငယ်ရဲ့ ခေါင်းဆောင် တစ်ယောက် မော့ရှန်းရှီရဲ့ စကားကို ကြားချိန်မှာ သူပြောချင်နေတာကို ရပ်တန့်လိုက်တယ်။

“ဒါက တိုက်ခိုက်ရေး ပြိုင်ပွဲ။ ဒဏ်ရာရတဲ့သူတွေနဲ့ သေတဲ့သူတွေ ရှိမှာကတော့ မရှောင်လွှဲ နိုင်တဲ့ ကိစ္စပဲ။ ဘာများ အံ့သြ နေကြတာလဲ။” မော့ရှန်းရှီ ပြောပြန်တယ်။

“သေတဲ့သူတွေ၊” မျိုးနွယ်စုငယ် ခေါင်းဆောင်တွေ ပြောစရာ စကားမဲ့ကုန်တယ်။ မော့ရှန်ရှီရဲ့ စကားထဲမှာ ဖုံးကွယ်ထားတဲ့ ခြိမ်းခြောက်မှုတွေကို သူတို့ ခံစား မိနေတယ်။ ဒါက မမျှော်လင့်ထားတဲ့ ကိစ္စ မဟုတ်ခဲ့ဘူးလေ။ မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုက မျိုးနွယ်စု ငယ်တွေကို ဘယ်တုန်းကမှ မျက်နှာသာ မပေးခဲ့ဘူးလေ။

ဒါပေါ့။ မော့ရှန်းရှီ ပြောတဲ့ စကားမှာလည်း ဘာမှ အမှားမပါဘူး။ တိုကခိုက်ရေး ပြိုင်ပွဲမှာ ဒဏ်ရာရတဲ့ သူနဲ့ အသေအပျောက်တွေ ရှိမှာပဲ။ ပြဿနာကတော့ ဒီဒဏ်ရာတွေနဲ့ သေဆုံးမှုတွေ ကြားမှာ အောင်မြင်မှုကို ထိန်းထားဖို့ပဲ။ မျိုးနွယ်စု ငယ်တွေ အတွက် ဒီလူငယ်လေးတွေ အထူးသဖြင့် အရည်အချင်း မြင့်မားတဲ့ သူတွေက သူတို့တွေရဲ့ အနာဂတ် အောင်မြင်မှုပဲလေ။ မျိုးနွယ်စုငယ် တစ်ခုစီမှာ ဒီလို ထူးချွန်သူကလည်း အများဆုံး သုံးယောက်ပဲ ရှိတယ်။

“ငါတို့။ မဟူရာ ကောင်းကင် နန်းတော်က ပြိုင်ပွဲကို ဝင်မပြိုင်ပါဘူး။”

“သက်တန့်နီ မျိုးနွယ်စုလည်း ဝင်မပြိုင်ပါဘူး။”

“ခရမ်းရောင် မီးတောက် ဒေါသလည်း ဟီးဟီး ဘေးက ရပ်ကြည့် နေပါမယ်။”

“ငါတို့လည်း လက်လျှော့ပါတယ်။” မျိုးနွယ်စုငယ်တွေ အများကြီး ပြောလာကြတယ်။ မျိုးနွယ်စုကြီး ငါးခုနဲ့ ပြဿနာ ဖြစ်ရင် ကောင်းတာ ဘာမှ မရှိနိုင်မှန်း သူတို့ သိတယ်လေ။

“ငကြောက်တွေ။ ငါတို့ ရွှမ်ကျီး မျိုးနွယ်က ဝင်ပြိုင်မယ်။” လူအုပ်ထဲကနေ အသံ ထွက်လာတယ်။ အဲ့ဒီ့နောက် အသက် ၄၀ အရွယ် လူတစ်ယောက်လည်း ထွက်လာခဲ့တယ်။ အနက်ရောင် ဝတ်ရုံကို ဝတ်ထားပြီးတော့ ကျောမှာ ဓားကိုးလက်ကို လွယ်ထားခဲ့တယ်။ သူ့နောက်မှာ အသက် ၂၀ အရွယ် လူငယ်လေး နှစ်ယောက်နဲ့ မိန်းမပျိုလေး တစ်ယောက် ပါလာခဲ့တယ်။

သူတို့ ခန္ဒာကိုယ်ကနေ မိုက်ရူးရဲ ဆန်တဲ့ အငွေ့အသက်တွေ ထွက်နေခဲ့တယ်။ ဒါက ရွှမ်ကျီး မျိုးနွယ်ရဲ့ ကျုလျန့်။ ထောင်ချီတဲ့ ပြောင်းလဲမှုလို့ လူသိများတယ်။

“ရွှမ်ကျီး မျိုးနွယ်စုတဲ့လား။”

“ရွှမ်ကျီး မျိုးနွယ်ရဲ့ အင်အားက စစ်မက်လိုလား နိုင်ငံတော်နဲ့ လရောင်ဖြာ နိုင်ငံတော်မှာ ရောက်နေပြီ။ မြင့်မြတ် နယ်မြေမှာ အင်အား အကြီးဆုံးထဲ ခြောက်ခုမြောက် ဖြစ်လိမ့်မယ်။” တခြား မျိုးနွယ်စုငယ်တွေ ဒီလို ဖြစ်မှာကို မမျှော်လင့် ထားခဲ့မိဘူး။

ရွှမ်ကျီး မျိုးနွယ်စုက သူတို့ဘာ သူတို့တော့ အင်အားကြီးတဲ့ မျိုးနွယ်စု တစ်ခုပဲ။

“ငါတို့ အရိပ်မျိုးနွယ်စုလည်း ယှဉ်ပြိုင်မယ်။”

လူတိုင်းက ရွှမ်ကျီး မျိုးနွယ်စုကို အာရုံစိုက်နေ ချိန်မှာ ကြည်လင် ချိုသာတဲ့ အသံလေး တစ်သံ ထွက်ပေါ်လာတယ်။

“အရိပ်မျိုးနွယ်စုလည်း ယှဉ်ပြိုင်မယ်တဲ့။”

“ငါကြားတာတော့ အရိပ်မျိုးနွယ်က လွန်ခဲ့တဲ့ လပိုင်းကပဲ ကောင်းကင် တာအို ခန်းမနဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ် ဆိုပဲ။ လွန်ခဲ့တဲ့ နှစ်တွေကထက် အများကြီး သန်မာလာတာ အသိသာကြီးပဲကို။” ဘေးက လူတွေ အံ့သြ နေတယ်။

မကြာခင်ပဲ လူတစ်ယောက် ကြီးမြတ်သော ရှရဲ့ နေရာကနေ လျှောက်လာတယ်။ ဖြူဖွေးတဲ့ အသားအရေ။ နဖူးပေါ်မှာ အနီစက်လေး တစ်စက်နဲ့ အမျိုးသမီးတ စ်ယောက်ပဲ။ နှစ်လိုဖွယ် ကောင်းတဲ့ ရုပ်သွင် ရှိပေမယ့် ဘယ်သူမှ သူတို့ကို မလေးမစား မလုပ်ဝံ့ဘူး။ အရိပ်မျိုးနွယ်ကို အမျိုးသမီး တစ်ယောက် ဦးဆောင်တာ လူတိုင်း သိတယ်။ အဲ့ဒီ့ အမျိုးသမီးက ကျယ်ပြန့်တဲ့ အဖွဲ့ အစည်းကြီးကို ချုပ်ကိုင်ထားသူ ဝူယွဲ့အာပဲ။

“နိမ့်ကျတဲ့ အရိပ် မျိုးနွယ်စုက စပြီး အင်အားကြီးလာတဲ့ ပုံစံပဲ။ ကြည့်ရတာ ဒီနှစ်တွေ အတွင်း မင်းတို့ကို ငါတို့ အာရုံ စိုက်ဖို့ လိုလာတဲ့ ပုံစံပဲ။” ရွှမ်ကျီး မျိုးနွယ် ခေါင်းဆောင် ကျု့လျန်က ဝူယွဲ့အာကို မြင်ရတာ အတော်လေး မပျော်မရွှင် ဖြစ်နေခဲ့တယ်။ အထင်သေးတဲ့ လေသံနဲ့ စကားစတယ်။

“စာကလေးငှက် တစ်ကောင်က ငန်းတစ်ကောင်ရဲ့ ရည်မှန်းချက်ကို ဘယ်လိုများ နားလည် နိုင်မှာလဲ။” ဝူယွဲ့အာက ကျု့လျန်ကို စိတ်ပျက်တဲ့ အကြည့်နဲ့ ကြည့်ရင်း ပြောတယ်။

“ဝူယွဲ့အာ မင်းက ငါ့ကို ဒီလို လေသံနဲ့ ပြောဝံ့တယ်ပေါ့။ မင်းက အရိပ်မျိုးနွယ် ခေါင်းဆောင် ဖြစ်ပေမယ့် ငါက မင်းထက် ဝါစဉ် ကြီးတယ်။ ဘယ်သူကမှ မင်းကို ဂါရ၀ တရား အကြောင်း မသင်ပေး ထားဘူးလား။” ကျု့လျန်ရဲ့ မျက်ဝန်းထဲမှာ ဒေါသ ရိပ်တွေ ပေါ်လာခဲ့တယ်။ ရွှမ်ကျီး မျိုးနွယ်နဲ့ အရိပ် မျိုးနွယ်က ဘယ်တုန်းကမှ မသင့်မြတ်ခဲ့ဘူးလေ။

ရွှမ်ကျီး မျိုးနွယ်က နိုင်ငံတော် နှစ်ခုကိုပဲ လွှမ်းမိုးနိုင်တယ်။ အရိပ်မျိုးနွယ်ကတော့ နိုင်ငံတော် လေးခုလုံးကို လွှမ်းမိုး ထားနိုင်ပြီလေ။ အတိတ် တုန်းကတော့ အရိပ် မျိုးနွယ်စုက စီးပွားရေးကို အဓိက ထားတဲ့ နိမ့်ကျတဲ့ မျိုးနွယ်စုလေး တစ်ခုပဲ။ ရိုးရိုးသားသား အလုပ်တွေကို မလုပ်တဲ့ မြေအောက် လောကသားတွေ အဖြစ် ကျော်ာကားတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂နှစ် အတွင်း အရိပ် မျိုးနွယ်က မဟာ နိုင်ငံတော် လေးခုကို ခြေကုပ် ယူပြီးတော့ ရွှမ်ကျီး မျိုးနွယ်စုရဲ့ နယ်မြေတွေကိုပါ သိမ်းပိုက်သွားတယ်။ ဒီအဖြစ် အပျက်က ကျု့လျန်ရဲ့ အမုန်းတွေကို ပိုတိုးလာ စေခဲ့တယ်။

အပိုင်း (၈၂၁) ပြီး၏။

အပိုင်း (၈၂၂)

“တပည့်သား တစ်ယောက် အကြံပြုတဲ့ နည်းဗျူဟာ။”

ဒီဖြစ်ရပ်က ကိုယ်ရောင်းလိုက်တဲ့ မုန့်တွေထဲမှာ အဆိပ်ပါနေသလို အဖြစ်မျိုးပဲ။ ရွှမ်ကျီး မျိုးနွယ်စုရဲ့ လူတွေက ငတုံးတွေမှ မဟုတ်ပဲ။ အမှန်တကယ်တော့ ဒီမုန့်တွေက ရှုပ်ထွေးတဲ့ ကပ်ဆိုးကို ဖြစ်စေတဲ့ အရာတွေပဲ။ အခုချိန်မှာ ကျု့လျန်က ကိစ္စရဲ့ အဆုံးစွန်ကို မရောက်သေးဘူး။

ဒီလို အပျက်အစီးတွေ အားလုံးက ရွှမ်းကျီး မျိုးနွယ်စုရဲ့ အစွန်အဖျား အဖွဲ့ခွဲလေး တစ်ခုက စတင်ခဲ့တာမှန်း သူသိတယ်။ ဒီအဖွဲ့ခွဲလေး အမည်မသိ လူတစ်ဦးရဲ့ စာကို ရခဲ့တယ်။ စာပါ အကြောင်းအရာကတော့ ရိုးရှင်းလွန်းတယ်။ ငါးရက်အတွင်း အဖွဲ့ခွဲ ခေါင်းဆောင် ကိုယ်စားလှယ်ကို လုပ်ကြံလိမ့်မယ်။ လုပ်ကြံသူက မုန့်ရောင်းသူ အနေနဲ့ ဟန်ဆောင် ထားလိမ့်မယ်။

ဒီစာကို ဖတ်ပြီးတဲ့နောက် အဖွဲ့ခွဲ ခေါင်းဆောင် ခံစားချက်တွေ ရှုပ်ထွေးလာတယ်။ ဒီမြို့ထဲမှာ ရာချီတဲ့ အဖွဲ့ခွဲ ခေါင်းဆောင် ကိုယ်စားလှယ်နဲ့ မုန့်ရောင်းသူတွေ ရှိနေတယ်လေ။ ဘယ်သူ့ကို ပြစ်မှတ် ထားမှာလဲ။ ဘယ်သူ့ ပုံစံ ဟန်ဆောင်မှာလဲ ဆိုတာ မသိနိုင်ဘူး။ သူခေါင်းကိုက်လာတယ်။ ဒါပေမယ့် မြို့ကို ရှာဖွေဖို့ အမိန့်ထုတ်လိုက်တယ်။

ရွှမ်ကျီး မျိုးနွယ်ရဲ့ ခြိမ်းခြောက်မှုကို သူရှင်းထုတ် ပြစ်ချင် တယ်လေ။ ဒါပေမယ့် အဖြစ်အပျက်က အရမ်းကို ရှုပ်ထွေး သွားခဲ့တယ်။ ရွှမ်ကျီး မျိုးနွယ်စုက သူတို့ ပြစ်မှတ်ကို ရှာမတွေ့ နိုင်ခဲ့ဘူး။ သံသယ ရှိသူ နည်းနည်းကိုပဲ တွေ့ရခဲ့တယ်။

သိပ်မကြာခင်ပဲ ငါးရက် ကုန်ဆုံးသွားတယ်။ တိုက်ခိုက်မှုက ဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် အဖွဲ့ခွဲက နောက်ထပ် စာတစ်စောယင် ထပ်ရပြန်တယ်။ အကြောင်းအရာကတော့ အတူတူပဲ။

“လဲသေလိုက်။” အဖွဲ့ခွဲ ခေါင်းဆောင်က ဒေါသ တကြီးနဲ့ စာကို ဆုတ်ဖြဲ ပြစ်လိုက်တယ်။ ဘယ်သူကမှ ဒီကိစ္စကို မပြောရဲ တော့ဘူး။ နောက်ငါးရက် ကြာပြီးနောက်၊ ဒီစာ ထပ်ရောက် လာပြန်တယ်။ တခြား ဘာမှ မဖြစ်ပြန်ဘူး။ ဒီတစ်ခေါက်မှာတော့ အဖွဲ့ခွဲ ခေါင်းဆောင် အမိန့်ပေးလိုက်တယ်။ နောက်ထပ် စာတွေ ရောက်လာရင် သူ့ကို လာမပြနဲ့တော့လို့။

အဲ့ဒီ့နောက် တစ်ခုခု ဖြစ်တော့တယ်။ အေးစက်ပြီး လေထန်တဲ့ ညတစ်ညမှာ အဖွဲ့ခွဲ့ ခေါင်းဆောင် ကိုယ်စားလှယ်က ပြန်မလာခဲ့ဘူး။ နောက်တစ်နေ့ မနက်မှာတော့ သူ့ခန္ဒာကိုယ်ကို မြို့တံခါးမှာ ရှာတွေ့တယ်။ လက်ထဲမှာလည်း စားလက်စ မုန့်တစ်ပိုင်း တစ်စနဲ့။

“..” အဖွဲ့ခွဲ ခေါင်းဆောင်က ဒီကိစ္စကြောင့် အတော့်ကို စိတ်ဖိစီး ခဲ့ရတယ်။ မျိုးနွယ်စု အကြီးအကဲတွေကို သူသတင်းပို့ခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ ဆုံးဖြတ်ချက် မချပေးခဲ့ဘူး။ ဒီကိစ္စကို စုံးစမ်းဖို့ သူ့ဘာသူ ဆုံးဖြတ်ခဲ့တယ်။ ဘယ်လို စပြီးတော့ စုံစမ်း ရမယ် ဆိုတာကို တွေးမရခဲ့ဘူး။

မြို့က မုန့်ရောင်းသူတွေ အားလုံးကို လိုက်သတ် ရမှာလား။ ဒီလို လုပ်လို့တော့ ဘယ်ဖြစ်မလဲ။ နောက်ရက်တွေမှာ စာတွေက အဖွဲ့ခွဲတွေဆီကို ဆက်တိုက် ရောက်လာတယ်။ ဒါပေမယ့် ပြစ်မှတ် တွေကတော့ ကွာခြားတယ်။ တစ်ချို့ နေ့တွေမှာ ကိုယ်စားလှယ် ခေါင်းဆောင်ရဲ့ မိန်းမကို ပြစ်မှတ်ထားတယ်။ တစ်ချို့နေ့တွေမှာတော့ အဖွဲ့ခွဲ ခေါင်းဆောင် ကိုယ်တိုင်ကို ပြစ်မှတ် ထားတယ်။

ပြစ်မှန်တွေက အမြဲတမ်း ပြောင်းလဲ နေပင်မယ့်၊ လုပ်ကြံသူကတော့ မုန့်ရောင်းသူ ဆိုတာ မပြောင်းလဲဘူး။ ကြောက်လန့် တကြားနဲ့ ကျီးလန့်စာ စားနေရတဲ့ အဖွဲ့ခွဲတွေက မကြာခင်ပဲ မုန့်ရောင်းသူတွေကို လိုက်သတ် ကြာတော့တယ်။ နောက်ဆုံးမှာတော့ မုန့်ရောင်းသူတွေ အားလုံး အဖမ်းဆီး ခံရပြီး နှိပ်စက်ခံရတယ်။ မြို့ထဲမှာ မုန့်ရောင်သူ မရှိတော့တဲ့ အထိပဲ။

ရလဒ် အနေနဲ့ကတော့ မြို့နေ လူထုရဲ့ မကျေမနပ် အသံတွေ ထွက်လာတာပဲ။ လူတွေက မုန့်ရောင်းသူတွေ မုန့်လုပ်သူတွေကို ပြန်လိုချင်ကြတယ်။ မကြာခင်ပဲ ရွှမ်ကျီး မျိုးနွယ်စုက နောက်ထပ် အမည်မသိ စာတွေ ရလာပြန်တယ်။ ဒီတစ်ခေါက်ကတော့ အသီးအရွက် ရောင်းသူတွေ။

“..” အဖွဲ့ခွဲ ခေါင်းဆောင် ဆွံ့အ နေရပြီ။ မကြာခင်ပဲ မုန့်ရောင်းသူတွေကို ပြန်ခေါ်ပြီးတော့ အသီးအရွက် ရောင်းတဲ့သူတွေကို ဦးတည်ချက် ထားပြီး စစ်ဆေးတော့တယ်။ ဒါပေမယ့် မြို့ထဲမှာ မုန့်ရောင်းသူက မူလ အရေအတွက်ရဲ့ တဝက်သာ ကျန်ရစ်တော့တယ်။

သူတို့တွေ တခြားမြို့မှာပဲ အေးအေးဆေးဆေး သက်တောင့် သက်သာနဲ့ သွားရောင်း ကြတော့တယ်။ အဲ့ဒီ့နောက် သတ်ဖြတ်မှုတွေကို အသီးအရွက် ရောင်းတဲ့သူတွေ ခံစား ရတော့တယ်။ ရလဒ် အနေနဲ့ ကတော့ မြို့ထဲမှာ မုန့်ရောင်းသူ နည်းနည်း ကျန်သေး ပင်မယ့် အသီးအရွက်ကိုတော့ ဘယ်သူမှ မရောင်းတော့ဘူး။

ဒေါသ။ လူထုရဲ့ ဒေါသက သူတို့ဆီကို ပုံကျလာတယ်။ တော်ဝင် ညီလာခံ အထိကို တိုင်စာ တက်လာခဲ့တယ်။ ရွှမ်းကျီး မျိုးနွယ်စုကို တော်ဝင် မျိုးနွယ်တွေက ဖိနှိပ် လိုက်တဲ့ အတွက် အသီးအရွက် ရောင်းသူတွေလည်း ပြန်လွတ်လပ်တော့တယ်။ ဒါပေမယ့် အသီးအရွက် ရောင်းသူ သုံးပုံ တစ်ပုံက မြို့ကနေ ထွက်သွား ခဲ့ကြပြီ။

ဒါကြောင့် နောက်ပိုင်း ရက်တွေမှာ ရွှမ်ကျီး မျိုးနွယ်စုလည်း အခက်အခဲတွေ ရင်ဆိုင် ရတော့တယ်။ လူတွေက သူတို့တွေကို ကြွက်စုတ်တွေလို ဆက်ဆံ ကြတယ်။ ဂုဏ်သတင်းက အတော့်ကို ပုပ်ဟောင်နေပြီ။ အဖွဲ့ခွဲရဲ့ အရည်အချင်းရှိ အဖွဲ့သားတွေလည်း စိတ်ရှုပ် လာကြတယ်။

သူတို့တွေ ရွှမ်ကျီးကို ဝင်ကြတာ မိသားစု ဂုဏ်တက်ဖို့၊ လူမုန်း ခံရဖို့ မဟုတ်ဘူး။ အချိန်တွေ ကြာလာ တာနဲ့ အမျှ ရွှမ်ကျီး မျိုးနွယ်စုက ဒီအဖွဲ့ခွဲကို ဖြိုခွဲ ပြစ်လိုက်ရတယ်။ အဲ့ဒီ့ မြို့ကနေ ဆုတ်ခွာလာ ပြီးတော့ တခြား နေရာတွေကို ပြောင်းလိုက်ကြတယ်။

ရွှမ်ကျီးတွေ ထွက်သွားချိန်မှာ အရိပ်မျိုးနွယ်တွေက ဒါဇင်ချီတဲ့ မုန့်ဆိုင်တွေကို ဖွင့်ပြီးတော့ လူထု မေတ္တာကို ရယူခဲ့တယ်။ တူညီတဲ့ အဖြစ်အပျက်တွေက ရွှမ်ကျီး မျိုးနွယ် အခြေစိုက် ထားတဲ့ မြို့တွေမှာ ဆက်တိုက် ဖြစ်ပျက်တယ်။ တစ်နှစ် အတွင်းမှာပဲ ရွှမ်ကျီးတွေ မြို့ပေါင်း များစွာကနေ မောင်းထုတ် ခံရတယ်။ အရိပ် မျိုးနွယ်တွေက သူတို့ နေရာကို ရယူသွားခဲ့တယ်။ သူတို့ရဲ့ ကိုယ်ပိုင် မုန့်တွေက လူတကာ ကြိုက်တဲ့ မုန့်တွေ ဖြစ်လာခဲ့တယ်။

အရိပ် မျိုးနွယ်တွေက ဝင်ငွေ ကောင်းလာရုံတင် မကဘူး။ သူတို့ရဲ့ ဂုဏ်သတင်းက နှစ်ပေါင်း ရာချီ ကျော်ကြားလာတဲ့ ရွှမ်ကျီးတွေရဲ့ ဂုဏ်သတင်းကိုပါ တိုက်စား သွားခဲ့တယ်။ တစ်နှစ်။ တစ်နှစ် အချိန် အတွင်းမှာ ရွှမ်ကျီး မျိုးနွယ်က မြို့တွေ အများကြီးကို ဆုံးရှုံး လိုက်ရုံတင် မကဘူး။ ဂုဏ်သိက္ခာတွေပါ ဇောက်ထိုး ကျသွားခဲ့တယ်။ ကျု့လျန် ဘယ်လိုများ စိတ်မဆိုးပဲ နေမလဲ။ ကျု့လျန်က ငတုံး တစ်ယောက် မဟုတ်ခဲ့ဘူး။

ဒါက အရိပ်မျိုးနွယ် လက်ချက်မှန်း ကောင်းကောင်း သိတယ်။ ဒါပေမယ့် သက်သေ အထောက်အထား မရှိဘူး။ အရိပ်မျိုးနွယ်တွေရဲ့ အဖွဲ့ခွဲတွေကို တိုက်ခိုက်ရုံသာ သူတတ်နိုင်ခဲ့တယ်။ ပြဿနာကတော့ အရိပ်မျိုးနွယ်မှာ ကျောထောက် နောက်ခံ ကောင်းကောင်းတွေ ရှိနေခဲ့တာပဲ။ နောက်ဆုံးမှာ ရွှမ်ကျီးတွေပဲ ရှုံးရတယ်

အရိပ်မျိုးနွယ်ကတော့ ဆက်တိုက် ကျော်ကြား လာခဲ့တယ်။ မုန့်ကိစ္စကို အခြေပြုပြီးတော့ပေါ့။ ဒါကြောင့် ဝူယွဲ့အာကို မြင်တဲ့ အချိန် ကျု့လျန် ဒေါသကို မထိန်းနိုင် ရတာပဲ။ ဒါ့အပြင် အခုချိန်ထိ ဒီကိစ္စတွေက ဆက်တိုက် ဖြစ်နေတုန်းပဲ။

မီးလောင်သလိုပဲ ရွှမ်ကျီးတွေရဲ့ အပိုင်စား နယ်မြေတွေဆီ ပျံ့လာတယ်။ ဒါတွေကို ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းကို သူအခုချိန်ထိ မတွေးနိုင်သေးဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှ ပြဿနာ မလုပ်မိအောင်သာ ရှောင်နေရတယ်။ စာတွေကတော့ ဆက်တိုက် ရောက်လာ နေတုန်းပဲ။

ရွှမ်ကျီးတွေ လုံခြုံရေး တင်းကြပ် လိုက်ပြီးတဲ့ နောက်မှာတော့ သေဆုံးမှုတွေက သိသိသာသာကို လျော့သွားခဲ့တယ်။ ဒါပေမယ့် ဖြစ်ရပ်ဆန်း တစ်ချို့က ထပ်ဖြစ်လာပြန်တယ်။ ဒါက ရွှမ်ကျီး အဖွဲ့ဝင်တွေရဲ့ ကြားမှာ ပျံ့နေတဲ့ ကောလ ဟာလတွေက အမြစ်မပြတ်နိုင်တဲ့ ဖျားနာမှု တစ်ခုလို အရိုးစွဲ သွားတာပဲ။ ကြောက်စရာ ခံစားချက်ကြီးကို တစ်နှစ်လုံးလုံး ကြုံရပြီးနောက် မှာတော့ သူတို့တွေရဲ့ အတင်းအဖျင်းတွေက ပိုဆိုးလာ ခဲ့တယ်။ ကျု့လျန်ကတော့ ရူးမတတ်ပဲ။

“ဘယ်လို မကောင်းတဲ့ ကောင်စုတ်ကများ ဝူယွဲ့အာကို ဒီလို အကြံမျိုး ပေးလိုက်တာပါလိမ့်။” ရွှမ်ကျီးနဲ့ အရိပ်တွေက နှစ်ပေါင်း များစွာ တိုက်ခိုက်နေသူတွေ။ ဝူယွဲ့အာရဲ့ စွမ်းဆောင်ရည်ကို သူကောင်းကောင်း သိတယ်။ ဒီနည်းဗျူဟာကို ဝူယွဲ့အာ ထုတ်နိုင်မှာ မဟုတ်ဘူး။

ကျု့လျန် သူ့ဒေါသတွေကို ထိန်းချုပ်ဖို့ ပြင်ပေမယ့် ဝူယွဲ့အာရဲ့ မောက်မာမှုက ဒေါသကို ပိုတိုးအောင် လုပ်နေခဲ့တယ်။ အဓိက ပြဿနာ ကြီးကတော့ ဝူယွဲ့အာက သူ့ကို တစ်ချက်လေးတောင် ဂရု မစိုက်တာပဲ။ သူ့မျက်နှာကို ကြည့်ရင်း စိတ်ပျက်လက်ပျက် တစ်ခွန်းတည်း ပြောတယ်။

“ငတုံး။” ဝူယွဲ့အာ ပြောပြီးတဲ့နောက် မုချင်းဖန်းကို ကြည့်တယ်။ “မင်း။”

“မျိုးနွယ်စု ခေါင်းဆောင်ကျု့။ မျိုးနွယ်စု ခေါင်းဆောင်ဝူ တိုက်ပွဲအတွက် စာရင်းသွင်းတာ ဘာပြဿနာမှ မရှိပါဘူး။ မျိုးနွယ်စု နှစ်ခုကြားမှာ ဘာပြဿနာပဲ ရှိရှိ။ ပြီးခဲ့တာတွေ ပြီးပါစေတော့။ ကောင်းကင် မဟာမိတ် စုဝေးပွဲကို ခေါ်ရတဲ့ အဓိက အကြောင်းရင်းက စည်းလုံးဖို့ အတွက်ပဲလေ။” ကျု့လျန် ပြောမယ့် စကားကို မုချင်းဖန်းက ဖြတ်ပြောတယ်။

ကျု့လျန်ကတော့ မျက်လုံးတွေကို မှေးစင်းရင်း ပတ်ဝန်းကျင်ကို ကြည့်တယ်။ ပတ်ဝန်းကျင်မှာ မျိုးနွယ်စုကြီး ငါးခုနဲ့ မျိုးနွယ်စု အငယ်တွေက သူ့ကို ကြည့်နေကြပြီ။ ဒါကြောင့် ပါးစပ်ပိတ်ထားဖို့ သူဆုံးဖြတ်လိုက်တယ်။ သူဒေါသကို ထိန်းရလွန်းလို့ မျက်နှာ တစ်ခုလုံးတောင် နီရဲ နေခဲ့ပြီ။

“ကောင်းပြီ။ မျိုးနွယ်စု ခေါင်းဆောင်ဝူကို တောင်းပန်ပါတယ်။ ဒါပေမယ့် အရိပ် မျိုးနွယ်စုက ရွှမ်ကျီး မျိုးနွယ်စုနဲ့ မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုကို ဘယ်လို ရင်ဆိုင်မလဲ မြင်ချင် ပါသေးရဲ့။” ကျု့လျန်က ကိုယ့်ကိုယ်ကို ထိန်းချုပ် နိုင်တဲ့ ခေါင်းဆောင် တစ်ယောက်ပဲလေ။

မုချင်းဖန်းက လူတွေကို တစ်ချက် ပြန်ကြည့်တယ်။

“ပြိုင်ပွဲဝင်ချင်တဲ့ တခြား မျိုးနွယ်စု ထပ်ရှိသေးလား။”

“…” လူတွေကတော့ တိတ်ဆိတ်ေ နခဲ့တယ်။ ရွှမ်ကျီးနဲ့ အရိပ်တွေ ပြဿနာ တက်နေတာကို မြင်ပြီးပြီလေ။ သူတို့ မျိုးနွယ်တွေရဲ့ နောင်ရေး အတွက် ဆိတ်ဆိတ် နေဖို့သာ ဆုံးဖြတ် ကြတယ်။ နောက်ဆုံးတော့လည်း ထက်မြက်တဲ့ လူငယ်တွေက မျိုးနွယ်စုရဲ့ အနာဂတ်တွေလေ။

“တခြား မရှိတော့ဘူး ဆိုရင် အချိန် မဖြုန်းတော့ ရအောင်။” မော့ရှန်းရှီ ဝင်ပြောတယ်။

“အင်း။ ဒီနေ့ လာရောက် ပေးတဲ့ အတွက် အားလုံးကို ကျေးဇူး တင်ပါတယ်။ မျိုးနွယ်စု ငါးခု၊ ရွှမ်ကျီးနဲ့ အရိပ် မျိုးနွယ်စု စုစုပေါင်း ၇ခုက တိုက်ခိုက်ရေး ပြိုင်ပွဲကို ပါဝင်ပါမယ်။ မဲခွဲ ဆုံးဖြတ်မယ်။ ထောက်ပြစရာ ရှိသေးလား။” မုချင်းဖန်း အသံကျယ်ကျယ်နဲ့ ကြေညာတယ်။

“မရှိပါဘူး။”

“မဲခွဲတာက ပိုကောင်းပါတယ်။”

“ကောင်းပြီ။ ခန်းမ ခေါင်းဆောင်မုက ဒီစုဝေးပွဲကို ဦးဆောင်သူ ဖြစ်တော့ စည်းမျဉ်းတွေကို သူပဲ သတ်မှတ်ပါစေ။” ပြောရေး ဆိုခွင့် ရှိသူ တဦး အကြံပြုတယ်။

“ကောင်းပြီ။ မဲစခွဲရအောင်။” မုချင်းဖန်း ခေါင်းငြိမ့်တယ်။ ဒီရလဒ်ကို သူကျေနပ် နေဆဲ။ မဲခွဲဖို့ အတွက်ကို သူအဆင်သင့် ဖြစ်နေခဲ့ပြီ။ မုချင်းဖန်းရဲ့ အမိန့်နဲ့ အတူ ကောင်းကင် တာအို တပည့်သားတွေ့ ကျောက်စိမ်းပြား ခုနှစ်ခုကို ယူလာကြတယ်။

“ဒီကျောက်ပြားတွေက နံပါတ် ၁ကနေ ၇ထိ ရှိတယ်။ ၁နဲ့ ၂၊ ၃ နဲ့၄။ ၅ နဲ့ ၆။ တပွဲစီ တိုက်ခိုကရမယ်။ ၇ခုမြောက်ကတော့ ဒုတိယ ပွဲစဉ်ကို တိုက်ရိုက်ရောက်မယ်။ ပြောစရာ ရှိကြလား။”

“မရှိရင် စကြရအောင်။” ကျု့လျန်က ပြောရင်း သူ့နောက်က တပည့်လေးကို ခေါင်းငြိမ့် ပြလိုက်တယ်။ တပည့်လေးက မုချင်းဖန်ကို ဦးညွှတ်ရင်း ကျောက်စိမ်းပြား တစ်ပြားကို ယူလိုက်တယ်။ နေရောင်အောက်မှာ ထောင်ပြတယ်။

“၅”

“မဆိုးဘူးပဲ။” ကျု့လျန် ခေါင်းငြိမ့်တယ်။ ၇ကို မရလို့ နည်းနည်း စိတ်ပျက်ပေမယ့် ရှေ့တပွဲမှာ ပညာရမှာတော့ အသေအချာပဲလေ။ မျိုးနွယ်စု ငါးခုရဲ့ တိုက်ပွဲ စွမ်းရည်ကို တွေ့ရလိမ့်မယ်။

“ယင်ယန် ခန်းမက နံပါတ်တစ်ကို ရရှိပါတယ်။” အသံ တစ်သံ ထွက်ပေါ်လာတယ်။

“ကြည့်ရတာ ငါတို့ အရင်ဆုံး သွားရမယ့် ပုံစံပဲ။ ဘယ်သူက ငါတို့နဲ့ ရင်ဆိုင် ရမှာလဲ။” ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်က တောက်ရှင်း ဘေးမှာ ထိုင်နေတဲ့ သူကို အေးစက်စက် တစ်ချက် စိုက်ကြည့်တယ်။

အပိုင်း (၈၂၂) ပြးီ၏။

အပိုင်း (၈၂၃)

“တစ်ကွက်တည်းနဲ့ ဖျက်စီးခြင်း။”

“တောင်စဉ် ကိုးသွယ်က နံပါတ်နှစ်တဲ့။”

“ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ်က ပထမ တိုက်ပွဲတဲ့လား။ ပွဲကြီး ပွဲကောင်းပဲ။” တောက်ဟွမ်ရဲ့ စကားတွေကို ပြန်ဖြေသံတွေ အများကြီး ဆက်တိုက် ထွက်ပေါ် လာတော့တယ်။

ပထမ ပြိုင်ပွဲကတော့ နေရာကျသွားပြီ။ တခြား မျိုးနွယ်စုတွေကတော့ စိတ်လှုပ်ရှား နေကြတယ်။ သူတို့တွေ တောင်စဉ် ကိုးသွယ်ရဲ့ အဖြစ်ဆိုးကို လူတိုင်း ကြားကြတယ်လေ။

နောက်ပြီးတော့ ယင်ယန် ခန်းမနဲ့ မဟာမိတ် ဖွဲ့လိုက်တဲ့ အကြောင်းကိုလည်း သိကြတယ်။ အခုချိန်မှာ ခေါင်းဆောင်သစ် တစ်ယောက်က တောင်စဉ် ကိုးသွယ်မှာ ပေါ်လာပြီ။

နောက်ကွယ် အကြောင်းရင်းကို လူတိုင်း သိချင် နေကြတယ်။ ဒါပေမယ့် လက်ရှိ ပြိုင်ပွဲက သူတို့ သိချင်တဲ့ အဖြေထက် ပိုအရေးကြီးနေတယ်လေ။

“တောင်စဉ် ကိုးသွယ်တဲ့လား။” တောက်ဟွမ်က ပိုင်ဖေး ထိုင်နေတဲ့ ဘက်ကို လှမ်းကြည့်တယ်။ လူတိုင်း အထင်ကတော့ ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ်က ကြီးမားတဲ့ ကိစ္စကြီး တစ်ခုကို လုပ်ဆောင်နေတယ်လို့ ထင်ကြတယ်။

တကယ်တော့ မုချင်းဖန်းသာ တောက်ဟွမ်ကို ကိုယ်တိုင် မဖိတ်ခေါ် ခဲ့ဘူးဆိုရင် သူက ကျမ်းကောင်းကင်တောင်မှာ ရောက်နေမှာ မဟုတ်ဘူး။ တောင်စဉ် ကိုးသွယ်မှာပဲ ရောက်နေလိမ့်မယ်။

တောင်စဉ် ကိုးသွယ်ရဲ့ ခေါင်းဆောင်သစ်ကိုတော့ ဘယ်သူမှ မမြင်ဖူးဘူး။ မျက်နှာဖုံးစွပ် လူငယ် တစ်ယောက် နောက်ပြီးတော့ ဆဋ္ဌမ အကြီးအကဲကလည်း တောင်စဉ် ကိုးသွယ်ကနေ ပြန်မလာခဲ့ဘူး။

တောက်ဟွမ် ကိုယ်တိုင်လဲ ဘာတွေ ဖြစ်နေမှန်း မသိ။ တောင်စဉ် ကိုးသွယ်က သူ့လက်အောက်မှာ ရှိမနေခဲ့ဘူး။ လင်းယွမ် မျှော်စင်နဲ့ ဖူရှီး တောင်ကြား တိုက်ခိုက်ရမယ့် ရလဒ်ကတော့ ထွက်လာပြီ။

မော့ရှန်းရှီကတော့ အေးစက်စက် ပြုံးနေခဲ့တယ်။ ဒီအစီအစဉ်ကို သူမကြောက်တာတော့ အသိသာကြီးပဲ။ ကျန်ရစ်တဲ့ ကျောက်ဖျာက နှစ်ခုပဲ ရှိတော့တယ်။ အရိပ်မျိုးနွယ် တပည့်သား တစ်ယောက် ထွက်လာတယ်။

“၇။ ၇ကို ရရမယ်။” တပည့်သား သူ့ဘာသူ ပြောနေတယ်။ ဝူယွဲ့အာကတော့ ခပ်တည်တည်ပဲ။ ကျု့လျန်ကတော့ စိတ်ထဲမှာ ရေရွတ်နေတယ်။

“၇မဆွဲမိ ပါစေနဲ့။” အရိပ်တွေသာ နံပါတ် ၇ကို ရသွားရင် သူတို့က ကောင်းကင် တာအို ခန်းမနဲ့ ရင်ဆိုင် ရလိမ့်မယ်။ ကျု့လျန် ဒါမျိုး အဖြစ် မခံနိုင်ဘူး။

“၆“

“အရိပ်မျိုးနွယ်စုက နံပတ်ခြောက်။”

“ကောင်းကင် တာအို ခန်းမက ဒုတိယ အဆင့်ကို တိုက်ရိုက် တက်လှမ်း သွားပါပြီ။”

“၆တဲ့လား။ ဟဟား။ အရိပ်မျိုးနွယ်စုတွေ နားထောင်ကြ။ ငါတို့ ရွှမ်ကျီး မျိုးနွယ်စုကို မုန့်မရောင်းနိုင်အောင် လုပ်တဲ့ အတွက် ကောင်းကောင်း ပညာပေး ခံရမယ်။” ကျု့လျန် အပျော်လွန်သွားပေမယ့် သူ့ကိုယ်သူ ပြန်ထိန်းနိုင်ခဲ့တယ်။

“ဟုတ်တယ် ခေါင်းဆောင်။ သူတို့တွေ ကျိုးပဲ့ မသွားခင် အထိ ငါတို့ မရပ်ဘူး။” တပည့်သား သုံးယောက် ကတိပေးတယ်။

“ကောင်းတယ်။ အရမ်းကောင်းတယ်။” ကျု့လျန် ရယ်မောတော့တယ်။ အရိပ်မျိုးနွယ်တွေ သွေးအိုင်ထဲ ရောက်နေတာကို တွေ့ရဖို့ သူမစောင့်နိုင်တော့ဘူး။ လူအုပ်ကြီးကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။

ရွှမ်ကျီးတွေ အရိပ်မျိုးနွယ်ကို ဘယ်လောက်တောင် မုန်းနေကြမှန်း သူတို့ သိတယ်။ ဒါပေမယ့် ကျု့လျန် ပြောတဲ့ မုန့်ရောင်းတာကိုတော့ နားမလည် နိုင်ကြဘူး။

ကျု့လျန်ကလည်း မရှင်းပြပါဘူး။ ယင်ယန် ခန်းမက တောင်စဉ် ကိုးသွယ်နဲ့ ပထမဆုံး တိုက်ခိုက်မယ်။ ဒုတိယက လင်းယွမ် မျှော်စင်နဲ့ ဖူရှီး တောင်ကြား။ တတိယ ကတော့ ရွှမ်ကျီးနဲ့ အရိပ်တွေ။

ကောင်းကင် တာအိုကတော့ ဒုတိယ အချီကို အလိုလို ရောက်ပြီ။ ကျောက်စိမ်းပြားတွေ တစ်ခုခု မှားနေသလား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ဘူး။

ပွဲစီစဉ်သူ ကောင်းကင် တာအို ခန်းမက နံပါတ်၇ကို ရအောင် ရွေးသွားတယ်လေ။

“မဲခွဲတာက မျှတတဲ့ ကိစ္စပဲ။ လူတိုင်း မျက်မြင် တွေ့ကြမှာပါ။ ငြင်းဆိုစရာ ရှိလား။” မုချင်းဖန်းက တတ်နိုင်သလောက် ဖိနှိပ်တယ်။

“ရွှမ်ကျီး မျိုးနွယ်စု ငြင်းဆိုစရာ မရှိပါဘူး။” ကျု့လျန် အရင်ဆုံး ပြောတယ်။

“မရှိဘူး။”

“..” သိပ်မကြာခင်ပဲ အသံတွေ ထွက်လာတော့တယ်။

“ကောင်းပြီ။ စကြစို့။ ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ်။” မုချင်းဖန်း ခေါင်းငြိမ့်ရင်း ပြောတယ်။ သူစိတ်သက်သာရာ ရသွားခဲ့ပြီ။

မုချင်းဖန်းရဲ့ ကြေညာချက်နဲ့ အတူ မျက်နှာဖုံးစွပ် လူငယ်လေး ပိုင်ဖေးက အရင်ဆုံး လှုပ်ရှားတယ်။ သူ့နောက်က ဝတ်ရုံနက်ကို ခေါင်းငြိမ့်ပြတယ်။ မော့ရှန်းရှီကတော့ အံ့သြ နေခဲ့တယ်။ ပိုင်ဖေးက ပြိုင်ပွဲဝင်ကို ရွေးချယ်တာ မျိုးနွယ်စုရဲ့ အကြီးအကဲတွေကို တစ်ချက်တောင် မတိုင်ပင်ဘူး။ အားလုံးကလည်း ရေငုံနှုတ်ပိတ် နေကြတယ်။

ပိုင်ဖေးက တကယ့်ကို အာဏာစက် ပြင်းထန်တာ သေချာတယ်။

“တကယ်ပဲ ဘယ်သူများပါလိမ့်။ အရင် ခေါင်းဆောင်ဟောင်း ထျန်းရှင်းရဲ့ အထူး တပည့်ဆိုတာ မှန်နေရဲ့လား။” လူတိုင်းရဲ့ စိတ်ထဲမှာ မေးခွန်း တစ်ခု ဝင်လာတယ်။

တောင်စဉ် ကိုးသွယ်မှာ အဓိက ဖြစ်နေတဲ့ ပြဿနာက အင်အား လျော့ကျတာ မဟုတ်ဘူး။ ခေါင်းဆောင် ပျောက်နေတာပဲ။ အခုတော့ သူတို့က ဒီပြဿနာကို ဖြေရှင်းလိုက်ပြီ။ သူတို့ရဲ့ ခေါင်းဆောင်ကိုလည်း လေးစားပြီး နာခံရတယ်။ လာမယ့် တိုက်ပွဲကလည်း လူငယ်တွေပဲ တိုက်ရမယ့်ပွဲ။

အနိုင် အရှုံးကို ဘယ်သူကမှ မသိနိုင်ဘူး။ ဝတ်ရုံနက် ရှေ့ထွက်လာတယ်။ ကောင်းကင် တောင်ထိပ်ရဲ့ ကွင်းပြင် အလယ်မှာ သူရပ်လိုက်တယ်။ ဒီလူက ပိန်ပိန် ပါးပါး လူတစ်ယောက်သာ ဖြစ်ပေမယ့် သူ့လှုပ်ရှားမှုတွေက အရမ်းကို ထက်မြက်ပုံ ပေါ်တယ်။

ဦးထုပ်ကို မချွတ်ဘူး။ အကျီလက်ထဲက ဓားရှည် တစ်ချောင်းကို ထုတ်လိုက်တယ်။ ဒီမဟူရာ ဓားရှည်ရဲ့ ဓားနှောင့်က သွေးနီရောင် တောက်ပနေတယ်။

“ငါက တောင်စဉ် ကိုးသွယ်ရဲ့ မဟူရာ ဓား။ အသက်က ၂၈” ဝတ်ရုံနက် ခပ်ပြတ်ပြတ် မိတ်ဆက်တယ်။

“မဟူရာဓား။”

“ဒီနာမည်ကို ကြားဖူးလား။”

“ဟင့်အင်း။ မကြားဖူးဘူး။”

“တစ်ယောက်မှ မသိကြဘူး ဆိုရင် သူက အခုမှ အဆင့်တက်တဲ့ လူသစ် ဖြစ်နိုင်တယ်။ ဒါပေမယ့် ကြောက်စရာ ပညာတွေ ရှိနေတဲ့ ပုံစံပဲ။”

“အင်း ဖြစ်နိုင်တယ်။” လူတွေ တီးတိုး ပြောကြပြန်တယ်။ ဒီပြိုင်ပွဲက လူတစ်ယောက်ကို ညတွင်းချင်း နာမည် ကျော်စေနိုင်မယ့် ပြိုင်ပွဲပဲလေ။

လူတွေက မဟူရာဓားကို သေချာ ကြည့်နေကြတယ်။ တောက်ဟွမ်လည်း တောက်ရှင်း ဘေးနားက လူငယ်ကို တစ်ချက် ကြည့်တယ်။ အဲ့ဒီ့နောက် နောက်ဘက်က လူငယ် တစ်ယောက်ကို တောက်ဟွမ် ကြည့်ပြန်တယ်။

အကြီးအကဲတွေက တောက်ဟွမ်ကို ခေါင်းငြိမ့်ပြတယ်။ ရွေးချယ်ခံရတဲ့ တပည့်သားက ရှေ့ထွက် လာခဲ့တယ်။ မဟူရာ ဓားဆီကို သူလျှောက်လာတယ်။ အဲ့ဒီ့နောက် အဖြူ အနက် ဓား တစ်စုံကို သူထုတ်ယူလိုက်တယ်။

“ယင်ယန် ခန်းမရဲ့ တပည့် ဖုန့်မြောင်။ ၂၈နှစ်။ ပြန်လည် မွေးဖွားမှု အထွဋ် အထိပ် အဆင့်။“

“ဖုန့်မြောင်လား။”

“ယင်ယန် ခန်းမက ပထမဆုံး သူ့ကို လွှတ်တယ်ပေါ့။ ငါကြားတာတော့ သူက လရောင်ဖြာ နိုင်ငံတော်ရဲ့ ပါရမီရှင်တဲ့။ တောက်ဟွမ် ကိုယ်တိုင် ကြီးကြပ် သင်ကြား ပေးတာ ဆိုပဲ။ ယင်ယန် ခန်းမမှာ စွမ်းအား အကြီးဆုံး လူငယ် ဖြစ်နိုင်တယ်။”

“ကြည့်ရတာ ယင်ယန် ခန်းမက အစွမ်းကုန် တိုက်မှာ သေချာတယ်။” တပည့်သားတွေ စိတ်လှုပ်ရှား လာတော့တယ်။ ဖုန့်မြောင်က တကယ့်ကို နာမည်ကြီး တစ်ယောက်လေ။

“ပထမ အချီ။ ယင်ယန် ခန်းမ (ဖုန့်မြောင်) နဲ့ တောင်စဉ် ကိုးသွယ် (မဟူရာဓား)။ စတင်နိုင်ပြီ။” ကောင်းကင် တာအို ခန်းမ တပည့်သား တစ်ယောက်ရဲ့ ကြေညာသံ ထွက်ပေါ် လာတယ်။ မဟူရာ ဓားက ဖုန့်မြောင်ဆီကို တစ်ခဏချင်း ရောက်လာခဲ့တယ်။

“အနီးကပ် တိုက်ပွဲလား။” ဖုန့်မြောင် အံ့အားသင့် သွားပေမယ့် ကိုယ့်ကိုယ်ကို ထိန်းလိုက်တယ်။ ပျံလွှား တစ်ကောင်လို သူပျံသန်းရင်း လှုပ်ရှားတယ်။ ညာခြေထောက်ကို မြေပြင်နဲ့ မလွှတ်သွားအောင်လည်း လုပ်ထားတယ်။

ယင်ယန် ခန်းမမှာ ပါရမီရှင်တွေ များပေမယ့် ဖုန့်မြောင်ကို အရင်ဆုံး လွှတ်တာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ တုံ့ပြန် နိုင်စွမ်းက မြန်ဆန် လွန်းလို့ပဲ။ အနိးကပ် တိုက်ပွဲမှာ တစ်ချက်လေးတောင် အားနည်းချက် မရှိဘူး။

ဒီလို နောက်ကို ရွေ့လျားနေတဲ့ အချိန်မှာပဲ သူ့ရဲ့ ပြိုင်ဘက်ကို လေ့လာဖို့ ပြင်တယ်။ ဒါပေမယ့် သူ့နောက်ကျောကနေ အေးစက်စက် အရာတစ်ခုကို ခံစားမိလိုက်တယ်။ အန္တရာယ် အငွေ့အသက်။

မဟူရာ ဓားက သူ့ရှေ့မှာ၊ ဒါဆိုရင် သူ့နောက်မှာ ရှိတဲ့ အန္တရာယ်က ဘာလဲ။ နည်းဗျူဟာ တစ်ခုလား။ မဖြစ်နိုင်ဘူး။ ဒါက တိုက်ခိုက်ရေး ပြိုင်ပွဲ။ ခြုံခို အလစ်တိုက်တာမျိုးက လူတိုင်း စောင့်ကြည့်နေတဲ့ အချိန် ဘယ်သူမှ လုပ်မှာ မဟုတ်ဘူး။

ဖုန့်မြောင်သူ့ရဲ့ ဘယ်လက်မှာ ကိုင်ထားတဲ့ ဓားအဖြူနဲ့ နောက်ကျော ဘက်ကို ထိုးစိုက်ရင်း ဓားအနက်နဲ့ ရှေ့ကို ခုခံလိုက်တယ်။

“ဂျွတ်။” မာဆတ်ဆတ် အသံ တစ်သံနဲ့ အတူ လက်တစ်ဖက် ပြုတ်ထွက်သွားတယ်။ အဖြူရောင်ဓားကို သေချာ ကိုင်ထားတဲ့ လက်တစ်ဖက်ပေါ့။ ပိုပြီး အံ့သြစရာ ကောင်းတာက နောက်ထပ် လက်တစ်ဖက်လည်း လေထဲကို လွင့်ထွက်လာတယ်။

ဒီတစ်ခေါက်ကတော့ အနက်ရောင် ဓားကို ကိုင်ထားတဲ့လက်။

“အား။” ဖုန့်မြောင်ရဲ့ အသံက အရမ်းကို ကျေကွစြရာ ကောင်းလွန်းတယ်။ မဟူရာ ဓားကတော့ သူ့လက်နက်မှာ ပေနေတဲ့ သွေးတွေကို ဒီအတိုင်း စီးကျစေတယ်။

လူတိုင်းကတော့ ဒီအချိန် ဖုန့်မြောင်ဘေးမှာ သွေးစွန်း ဓားတစ်လက်ကို ကိုင်ပြီး ပတ်ပတ်လည် လှည့်နေတဲ့ အရိပ်တွေကိုသာ မြင်နေရတယ်။

“မဟူရာဓား ရပ်တော့။” မော့ရှန်းရှီ ဟိန်းဟောက်လိုက်တယ်။ ဒီမြင်ကွင်းကြောင့် သူတကယ့်ကို အံ့အား သင့်နေတယ်။ အရိပ်တွေ ပြိုကွဲသွားတယ်။ မဟူရာ ဓားကတော့ ဖုန့်မြောင်ရဲ့ လည်ပင်းကို ဓားနဲ့ ထောက်ထားရင်း ရပ်နေခဲ့တယ်။ သူ့ဓားကနေ သွေးတွေ ဆက်တိုက် စီးကျ နေခဲ့တယ်။

“ဟူး။” တပည့်သားတွေ ဒီမြင်ကွင်းကို ကြည့်ရင်း သက်ပြင်း ချလိုက်မိတယ်။ မဟူရာဓား အကြောင်းကို သိချင်ခဲ့တဲ့ သူတို့ အခုချိန်မှာတော့ လန့်နေခဲ့ပြီ။

တစ်ကွက်တည်းနဲ့ ပါရမီရှင် ဖုန့်မြောင် ရှုံးနိမ့် ခဲ့ရပြီ။ ဒီလူက တကယ်ပဲ ဘယ်သူများလဲ။

“စိတ်ဝင်စား စရာပဲ။”

လက်နှစ်ဖက် မရှိတော့တဲ့ ဖုန့်မြောင် မြေပြင်ပေါ်မှာ ဒူးထောက် နေတာကို ကြည့်ရင်း တောက်ဟွမ် ဒေါသတွေ မထိန်းနိုင်အောင် ဖြစ်နေတယ်။ ဖုန့်မြောင်ကတော့ တကိုယ်လုံး သွေးတွေ ရွဲနစ်နေတယ်။

သူကိုယ်တိုင် သုံးလ လုံးလုံး သေချာ လေ့ကျင့် ပေးထားတဲ့ တပည့်သားက တောင်စဉ် ကိုးသွယ်ရဲ့ တပည့်သား လက်ထဲမှာ တိုက်ကွက် တစ်ကွက်တောင် မခံနိုင်ပဲ ရှု့းနိမ့် သွားတယ်တဲ့။

“ကြည့်ရတာ ဆဋ္ဌမ အကြီးအကဲတော့ မတော်တဆမှုနဲ့ ကြုံသွားရတဲ့ ပုံစံပဲ။” တောက်ဟွမ် ဘေးမှာ ထိုင်နေတဲ့ တောက်ရှင်း စကားပြောခဲ့ပြီ။

သူမ ဘေးမှာ ထိုင်နေတဲ့ ယင်ယန် မျက်နှာဖုံးစွပ် လူငယ်လေးကို ကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ်။

အပိုင်း (၈၂၃) ပြီး၏။

အပိုင်း (၈၂၄)

“အသက် ၁၈နှစ်နဲ့ သုခမိန် အဆင့်။”

“အင်း။ ဒီလို ဖြစ်မှတော့ ငါတို့လည်း ညှာတာနေစရာ အကြောင်း မရှိဘူး။” တောက်ဟွမ်က တောက်ရှင်း စကားတွေကို ကြားချိန်မှာ ခေါင်းငြိမ့်လိုက်တယ်။ ယင်ယန် မျက်နှာဖုံး စွပ်ထားတဲ့သူကို တစ်ချက် ကြည့်တယ်။

တိုက်ခိုက်ရေး ကွင်းပြင်မှာတော့ ကောင်းကင် တာအို တပည့်သား ကြောင်တောင်တောင် ဖြစ်နေရှာတယ်။ တိုက်ပွဲက ပြီးတာ မြန်လွန်း နေတယ်လေ။

ကောင်းကင် တာအို တပည့်သား ဖုန့်မြောင်ကို ကြည့်ပြီးနောက် မုချင်းဖန်းကို တစ်ချက်ကြည့်တယ်။ မုချင်းဖန်းက ခေါင်းငြိမ့်ပြတယ်။ သူအသက်ပြင်းပြင်း ရှူလိုက်ပြီးတော့ ကြေညာတော့တယ်။

“ပထမ အချီ။ တောင်စဉ် ကိုးသွယ် (မဟူရာဓား) အနိုင်ရရှိ။”

“မဟူရာဓားက တကယ့်ကို အံ့သြစရာပဲ။”

“ယင်ယန် ခန်းမက ဖုန့်မြောင်ကို ငါမျှော်လင့် ထားခဲ့တာ။”

“ငါဒီပြိုင်ပွဲ မဝင်မိတာပဲ ကျေးဇူး တင်ရမယ်။ မျိုးနွယ်စု ငါးခုက တကယ့်ကို ကြောက်စရာကြီးတွေ။”

မျိုးနွယ်စု တပည့်သားတွေရဲ့ တိုက်ပွဲ စွမ်းရည်က အရမ်းကြီး မမြင့်မား ကြဘူးလေ။

“ကောင်းပြီ။ ဒုတိယ ပွဲကို ဆက်ကြစို့။ ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ်။” ကောင်းကင် တာအို ခန်းမ တပည့်သား ထပ်ပြီးတော့ ကြေညာတယ်။ တောက်ရှင်းဘေးမှာ ထိုင်နေတဲ့ လူငယ်လေး လျှောက်လာတယ်။ သူ့မျက်ဝန်းတွေက အဆုံးမဲ့ ဥမင်တွေလို မည်းနက် ေ်နခဲ့တယ်။

“၁၈နှစ်။” ယင်ယန် မျက်နှာဖုံးဝတ် လူငယ်လေးရဲ့ အေးစက် တည်ငြိမ်တဲ့ အသံ ထွက်ပေါ်လာတယ်။ ပထမ အချီရဲ့ သွေးစက်တွေကို သူမမြင်တဲ့ အတိုင်းပဲ။

ကောင်းကင် တာအို ခန်းမ အပါအဝင် တခြားသူတွေကတော့ သူ့စကားကို ကြားချိန်မှာ မိုးကြိုး ပြစ်ခံ လိုက်ရသလိုပဲ။

၁၈နှစ်တဲ့။

သူတို့နားကို သူတို့ မယုံနိုင်ဘူး။ ကန့်သတ်ချက်က အသက်၃၀အောက်လေ။ လူတွေက အသက်နဲ့ အမျှ သန်မာ လာတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ၁၈နှစ်သားက တက်လာရတာလဲ။

အမှားလုပ်မိတာလား။

လူတိုင်းက ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်ကို ကြည့်ကြတယ်။ သူကတော့ တိတ်ဆိတ်နေဆဲ။

“တကယ်ပဲ ၁၈နှစ်သားကို ပို့တယ်ပေါ့။ ယင်ယန် ခန်းမက ပြိုင်ပွဲကို မပြိုင်ချင် တော့တာလား။” တခြား မျိုးနွယ်စု တပည့်သားတွေ သိချင် နေကြတယ်။

“ယင်ယန် ခန်းမမှာ ဒီ၁၈နှစ် သားက လွဲပြီးတော့ မရှိတော့တာလား” မဟူရာဓားက လူငယ်လေးကို လှောင်ရယ်တယ်။

ညလို မည်းမှောင်နေတဲ့ မျက်လုံးပိုင်ရှင် လူငယ်လေးကတော့ မတုန်မလှုပ် ရှိနေဆဲ။

“တောင်စဉ် ကိုးသွယ် လက်ရှိ ပြိုင်ပွဲဝင်ကို အစားထိုးချင် ပါသလား။” ကောင်းကင် တာအို ခန်းမ တပည့်သား မဟူရာ ဓားကို မေးတယ်။

ပြိုင်ပွဲက သုံးချီမှာ ၂ချီ အနိုင်မှ ဖြစ်မှာ။ စည်းမျဉ်းတွေက လူးသာ လွန့်သာ ရှိတယ်။ အနိုင်ရသူက ဆက်ပြီး တိုက်ခိုက်တာ ဒါမှမဟုတ် အနားယူတာ လုပ်နိုင်တယ်။ မဟူရာ ဓားကတော့ ပိုင်ဖေးကို လှမ်းကြည့်တယ်။ ပိုင်ဖေးက သူ့ကို ခေါင်းငြိမ့်ပြတယ်။

“မလဲဘူး။”

“ကောင်းပြီ။ တိုက်ပွဲစမယ်။” ကောင်းကင် တာအို တပည့်သား ချက်ခြင်း နောက်ဆုတ်ပြီး ကြေညာတယ်။

မုချင်းဖန်းနဲ့ မော့ရှန်းရှီကတော့ မျက်မှောင် ကြုတ်နေခဲ့တယ်။ မဟူရာဓား ဘာတွေ လုပ်နိုင်မှန်း သူတို့ မြင်ခဲ့ ပြီးပြီ။

ပိုင်ဖေး။ တောင်စဉ် ကိုးသွယ်ရဲ့ အင်အားကို ဘယ်လိုများ တက်လာအောင် လုပ်လိုက်တာလဲ။ မဟူရာ ဓားလို အင်အား ကြီးတဲ့ လူကိုတောင် သိမ်းသွင်း ထားနိုင်တယ်။

မုချင်းဖန်းနဲ့ မော့ရှန်းရှီ ဘာမှတော့ မပြောကြဘူး။ တိုက်ပွဲက စနေပြီလေ။ ဒီလူငယ်လေး ထွက်လာတာကိုတော့ သူတို့တွေ မအံ့သြ ခဲ့ကြဘူး။ နေရာထိုင်ခင်းကို ကြည့်ရုံနဲ့တင် သူက အရေးပါတဲ့ သူမှန်း သိသာနေတာပဲ။

သူ့အသက်က ၁၈နှစ် ဖြစ်နေတာ တစ်ခုပဲ ထူးဆန်းတယ်။

ဒီအချိန် မဟူရာဓားက လှုပ်ရှားပြီ။ ဖုန့်မြောင်တုန်းက လိုပဲ စတင်တယ်။ သွေးနီရောင် အလင်းတန်းက အရင်ဆုံး ပြေးထွက်လာတယ်။ ယင်ယန် ခန်းမက ပြိုင်ဘက်ကို လွယ်လွယ် အလွတ်ပေးဖို့ စိတ်ကူး ရှိပုံမပေါ်ဘူး။ လူငယ်လေး ဖြစ်နေတာကြောင့်တော့ နည်းနည်း စိတ်ပျက်တယ်။

“ဝူး။” သူ့ဓားကို သူယုံကြည်တယ်။ မဟူရာဓားက လူငယ်လေးဆီကို ရောက်တော့မယ့် အချိန်မှာပဲ သူ့ခန္ဒာကိုယ်ကနေ အရိပ် ရှစ်ခု ခွဲဖြာသွားတယ်။

“ဝုန်း။” ရုတ်တရက် ယင်ယန် ခန်းမ လူငယ်လေးရဲ့ ခန္ဒာကိုယ်ကနေ အနက်ရောင် အလင်းတန်းတွေ ထွက်လာပြီးတော့ မိုးကောင်းကင်ကို ထိုးတက်သွားတယ်။

လူငယ်လေးရဲ့ ခြေထောက်အောက်မှာ သွေးနီရောင် ရေဝဲ တစ်ခု ဖြစ်ပေါ်လာတယ်။ တကယ့်ကို သဘာ၀ မကျတဲ့ မြင်ကွင်းပဲ။ အနက်ရောင် အလင်းတန်းနဲ့ အနီရောင် အရိပ်။ အဓိက အရာကတော့ ဒီအရိပ်တွေက ထွက်နေတဲ့ အရိုးကွဲအောင် အေးတဲ့ အရှိန်အဝါတွေပဲ။

“သုခမိန် အဆင့်။”

“သုခမိန် အဆင့် ပညာရှင်။”

“ဘယ်လိုများ ဖြစ်နိုင်တာလဲ။ မြင့်မြတ် နယ်မြေမှာ အသက် ၁၈နှစ် အရွယ် သုခမိန် ပေါ်လာတယ်ပေါ့။”

အနက်ရောင် စွမ်းအားတွေက သုခမိန် အဆင့် စွမ်းအားတွေမှန်း လူတိုင်း သိကြတယ်။

၁၈နှစ်နဲ့ သုခမိန် အဆင့် ဖြစ်နေပြီတဲ့။ လောကကြီးက ရူးသွားပြီလား။ ဘယ်သူကမှ ဆက်မတွေးနိုင်တော့ဘူး။ သူတို့ မျက်မြင်တွေ့နေရတဲ့ ကိစ္စကတော့ မှားနိုင်စရာ အကြောင်း မရှိဘူးလေ။

“ဒင်။” မဟူရာဓားက လူငယ်လေးရဲ့ မျက်နှာဖုံးကို ဓားနဲ့ ထိုးစိုက်လိုက်တယ်။ နားကွဲမတတ် အသံကြီး ထွက်လာပေမယ့် မျက်နှာဖုံးက နည်းနည်းလေးတောင် မရွေ့လျားဘူး။

“ဘာတွေ ဖြစ် နေ တာ လဲ။” ပါးစပ်အဟောင်းသားနဲ့ ကြည့်ရင်း မျက်လုံးတွေ ပြူးကျယ် နေကြတယ်။

မဟူရာဓားရဲ့ ဓားသွားကို အနက်ရောင် လက်သည်း တစ်ခုက ကုတ်ဆွဲသွားတယ်။ လူမဆန်တဲ့ အင်အားတွေက ဓားတင် မကဘူး။ ပတ်ဝန်းကျင်က အရိပ်တွေကိုပါ လိုက်ဖမ်း နေခဲ့တယ်။

“ဝုန်း။” တကိုယ်လုံး အပေါက်အပြဲတွေ ပြည့်နေပြီး စုတ်ပြတ်နေတဲ့ လူတစ်ယောက် လွင့်ထွက်လာတယ်။ သူ့ဦးထုပ်လည်း ပြုတ်ကျသွားခဲ့ပြီ။ ဒီလူ့ကို ဘယ်သူမှ မသိကြဘူး။ ဒါကတော့ မဟူရာဓား။

ယင်ယန် ခန်းမ လူငယ်လေးနဲ့ ပထမ တစ်ကြိမ် ရင်ဆိုင်မှုမှာတင် သူလွင့်ထွက် လာခဲ့ရပြီ။ ဒီလူငယ်လေးရဲ့ အင်အားတွေက ကြောက်စရာ ကောင်းလိုက်တာ။

ဒါ့အပြင် သူအားအများကြီး သုံးပြီးတော့ မတိုက်ခိုက်သေးတာ သိသာတယ်။ ထူးခြားလွန်းတယ်။ မုချင်းဖန်း ပထမဆုံး ကြေညာချိန်တုန်းက စိတ်လှုပ်ရှားမိခဲ့တာတောင် နောင်တ ရနေခဲ့ပြီ။ ဒီကိစ္စက သူတို့တွေ ကိုင်တွယ်ဖို့ ခက်ခဲလွန်းတယ်လေ။ ဘယ်သူကမှ ဒီလူငယ်လေးရဲ့ အစွမ်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

“ဝူး။” မဟူရာဓား လွင့်ထွက် သွားရာကို ယင်ယန် ခန်းမ လူငယ်လေး လိုက်လာခဲ့တယ်။

“မြန်လိုက်တာ။” မြေလျှိုးသလို ရွေ့လျားသွားတဲ့ လူငယ်လေးကို ကြည့်ရင်း မုချင်းဖန်းနဲ့ မော့ရှန်းရှီတောင် ပင့်သက် ရှိုက်မိကြတယ်။ အခုတော့ တောက်ဟွမ်နဲ့ တောက်ရှင်းဘေးမှာ ဒီလူငယ်လေး ရပ်နေတာကို အကြီးအကဲတွေ ဘာမှ မပြောကြတဲ့ အကြောင်း သူတို့ နားလည်ခဲ့ပြီ။

“ဘုန်း။” ဒါက လေထဲကို ကန်ထုတ် ခံလိုက်ရပြီး မြေပြင်ပေါ် ပြုတ်ကျလာတဲ့ မဟူရာဓားရဲ့ အသံပဲ။ လူငယ်လေးကတော့ မဟူရာ ဓားရဲ့ မျက်နှာကို ဖိနင်း ထားခဲ့တယ်။ ဒီကန်ချက်က သူ့မျက်နှာကို စုတ်ပြတ် သွားစေတယ်။

မဟူရာဓားနဲ့ ဖုန့်မြောင်ရဲ့ တိုက်ပွဲက တစ်ဖက်သတ်ဆန်တယ်။ သူက မတ်တပ်တောင် မရပ်နိုင်ခဲ့ဘူး။ အခုတိုက်ပွဲမှာတော့ မဟူရာဓားကတော့ သွေးအန်ရင်း တယီးတယိုင်နဲ့ ထရပ်နိုင်ခဲ့တယ်။ သူ့လက်တွေက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။

“မင်း မဆိုးဘူးပဲ။” မဟူရာဓားရဲ့ မျက်ဝန်းတွေ တလက်လက် တောက်ပလာတယ်။

“မင်း သွားတော့။” ပိုင်ဖေးရဲ့ အသံ ထွက်ပေါ်လာတယ်။

“ကောင်းပါပြီ။” မဟူရာဓား ချက်ခြင်း နောက်ပြန်ဆုတ်တယ်။ ပိုင်ဖေး အမိန့်ကို သူလုံး၀ မလွန်ဆန် နိုင်ခဲ့ဘူး။

“တောင်စဉ် ကိုးသွယ်က အရှုံးကို လက်ခံ လိုက်တာလား။”

“မဟူရာဓားကတော့ ဆက်တိုက် ချင်သေးတဲ့ ပုံစံပဲ။”

“လုံးဝရှုံးသွားတာတော့ မဟုတ်သေးဘူးလေ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ယင်ယန် ခန်းမက နိုင်မှာပဲ။”

“အင်း ဟုတ်တယ်။”

“ယင်ယန် ခန်းမ ဒုတိယ အချီ အနိုင်။ အခု တိုက်ပွဲမှာ တစ်မှတ် တစ်မှတ် သရေ။ နောက်ထပ် ယှဉ်ပြိုင်သူ တစ်ယောက် ပို့လွှတ်ပါ။ တောင်စဉ် ကိုးသွယ်။” ကောင်းကင် တာအို တပည့်သား ကြေညာတယ်။

“ဒီပြိုင်ပွဲမှာ ရူးချင်စရာ ကောင်းအောင်ပဲ ၁၈နှစ် အရွယ် သုခမိန် ပေါ်လာ ရတယ်လို့။”

“မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုက အံ့သြ စရာကြီး။”

မျိုးနွယ်စု ငယ်တွေ အခုချိန်ထိ အံ့သြ နေဆဲ။

“ခေါင်းဆောင်။ ကျွန်တော့်ကို သွားခွင့်ပြုပါ။” လူတစ်ယောက် ပိုင်ဖေး အနားကို ကပ်လာရင်း ပြောတယ်။

“မလိုအပ်ဘူး။” ပိုင်ဖေး ငြင်းပယ်တယ်။ ယင်ယန် ခန်းမ လူငယ်လေးကို သူကြည့်နေတယ်။ မကြာခင်ပဲ ထွက်လာရင်း ကြေညာတယ်။

“ငါတို့ တောင်စဉ် ကိုးသွယ် အရှုံးကို ဝန်ခံပါတယ်။”

“ဘာလဲ သူတို့က မတိုက်ခိုက် တော့ဘူးလား။”

“သရေ ကျတာတောင် ဆက်မတိုက်ဘူးပေါ့။”

ပိုင်ဖေးရဲ့ ဆုံးဖြတ်ချက်က လူတိုင်းကို အံ့သြစေတယ်။

“ဒီ ပိုင်ဖေးက စိတ်ဝင်စားစရာ ကောင်စုတ်လေးပဲ။” တောက်ရှင်း ပြောလိုက်တယ်။ ကောင်းကင် တာအို ခန်းမရဲ့ ကြေညာသူက ယင်ယန် ခန်းမ လူငယ်လေးဆီ လျှောက်လာရင်း ပြောတယ်။

“တောင်စဉ် ကိုးသွယ်က တတိယ အချီကို မယှဉ်ပြိုင်တော့ဘူး။ ယင်ယန် ခန်းမ ဒုတိယ အဆင့်ကို တက်ရောက်ပြီ။”

“ခဏစောင့်။” မော့ရှန်းရှီ ပြောတယ်။ ယင်ယန် ခန်းမ လူငယ်လေးကို သူစိုက်ကြည့်နေတယ်။

“ယင်ယန် ခန်းမ ဒုတိယ အဆင့်ကို တက်သွားတဲ့ ကိစ္စကို ငါပြောစရာ မရှိဘူး။ ဒါပေမယ့် ပြိုင်ပွဲ စည်းမျဉ်းတွေကတော့ ပြဿနာရှိတယ်။”

“ဘာများ ဆိုလိုချင်တာပါလိမ့်။” ကောင်းကင် တာအို တပည့်သား မေးတယ်။

“ပြိုင်ပွဲဝင်တွေက အသက် ၃၀ အထက် ဖြစ်လို့ မရဘူး။ ယင်ယန် ခန်းမက ဒီမိတ်ဆွေလေး ပြောတာ သူ့အသက် ၁၈နှစ်တဲ့။ ဒါက အမှန် ဟုတ်မဟုတ် ဘယ်လို သိနိုင်မှာလဲ။ ၁၈နှစ်နဲ့ သုခမိန် အဆင့်ဆိုတာ ငါတော့ မယုံဘူး။” မော့ရှန်းရှီ ပြောပြီးတဲ့နောက် ပြုံးလိုက်တယ်။

အပိုင်း (၈၂၄) ပြီး၏။

အပိုင်း (၈၂၅)

“မတူညီတဲ့ အဇူရာ။”

“ခေါင်းဆောင်မော့ ပြောတာ မှန်တယ်။”

“အမှန်ပဲ။ မင်းက မင်းနာမည်ကို မပြောရင်တောင်။ မျက်နှာဖုံးကိုတော့ ချွတ်သင့်တယ်။ မျက်နှာဖုံး စွပ်ထားတဲ့ ဘယ်သူမဆို အသက်၁၈နှစ်လို့ ပြောလို့ ရနိုင်တာပဲ။ ဒီတော့ ငါတို့ စည်းမျဉ်းတွေက ဘယ်လိုလုပ် အသုံးဝင်တော့မလဲ။“

“အသက် ၁၈နှစ်နဲ့ သုခမိန် အဆင့်ကို ရောက်တဲ့ အမည်မသိသူ အဖြစ် ယင်ယန် ခန်းမက ဒုတိယ အဆင့် ရောက်ဖို့ အယောင်ဆောင် စေလွှတ်တာရော ဖြစ်နိုင်မလား။”

မော့ရှန်းရှီရဲ့ စကားသံက လူအများစုရဲ့ အရှိုက်ကို ထိသွားစေတယ်။ နောက်ဆုံးတော့လည်း ဒီလို လူမျိုး အကြောင်းကို ဘယ်သူမှ မကြားဖူးဘူးလေ။ ယင်ယန် ခန်းမှာ ဒီလိုလူ ရုတ်တရက် ပေါ်လာတယ် ဆိုတာ ပိုလို့တောင် အံ့သြစရာ ကောင်းသေးတယ်။

မြင့်မြတ် နယ်မြေကို မွှေနှောက်ခဲ့တဲ့ စွမ်းအားရှင် ဖန်ကျန်းရှီတောင် ပြန်လည် မွေးဖွားမှု အဆင့်ပဲ ရှိခဲ့တာလေ။

“အဖိုးကြီးမို။ မင်းက ယင်ယန် ခန်းမကို သံသယ ဝင်တာလား။” တောက်ဟွမ် ထရပ်တယ်။

“ငါမလုပ်ရဲပါဘူး။ မင်းရဲ့ တပည့်သာ တကယ်ပဲ ၁၈နှစ် ဖြစ်နေရင်တော့ ငါတောင်ပန် ရတာပေါ့။ ခေါင်းဆောင်ဟွမ်ရဲ့ တပည့်က တစ်ခုခုကို ဖုံးကွယ် ထားတာလား။ ဒါမှမဟုတ် ရုပ်ဆိုးလွန်း နေလို့လား။” မော့ရှန်းရှီ အေးစက်စက် ရယ်မောတယ်။

“မင်း။” တောက်ဟွမ် ဒေါသတွေ မထိန်းနိုင် ဖြစ်လာပြန်တယ်။ မုချင်းဖန်းတောင် စကား မပြောဘူး။ လူတိုင်းတော့ ပိုသိချင် လာနေတယ်။

“ရွှယ်။ ခေါင်းဆောင်မော့က မင်းကို ဒူးထောက် တောင်းပန်ချင်လို့တဲ့။ မျက်နှာဖုံးကို ချွတ်လိုက်တော့။” တောက်ရှင်းက အေးစက် တည်ငြိမ်တဲ့ အသံနဲ့ ပြောတယ်။

“ဒူးထောက် တောင်းပန်မယ်။”

“ခေါင်းဆောင်မော့ ပြောမိလို့လား။”

“မင်းကော ကြားလိုက်လား။”

တပည့်သားတွေ တောက်ရှင်း စကားကြောင့် မျက်လုံး ပြူးကုန်တယ်။ မော့ရှန်းရှီလည်း မျက်လုံးပြူး နေခဲ့တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ စိတ်ကို ပြန်ထိန်းလိုက်တယ်။ တောက်ရှင်းက စိန်ခေါ် နေတာပဲ။ စိန်ခေါ်မှတော့ တိမ်ပေါ် အထိ လိုက်ရတာပေါ့။

“ကောင်းပြီလေ။ ၁၈နှစ် အရွယ် သုခမိန် ပညာရှင်လေးကို တွေ့ချင်သပါ့။” မော့ရှန်းရှီ လုံး၀ အလျှော့ မပေးဘူး။ နောက်ဆုံးမှာ ရယ်နိုင်တဲ့သူ ဘယ်သူ ဖြစ်မလဲ သိချင်တယ်လေ။

ဒါပေမယ့် ယင်ယန် ခန်းမရဲ့ မျက်နှာဖုံးရှင်က တကယ် ၁၈နှစ်သား ဖြစ်နေရင်တော့ သူက အလောင်ခံရမှာပေါ့။ ဒါပေမယ့် လောင်းကြေးထပ်လိုက်ပြီ။ ဘာမှ ကြောက်စရာ မလိုဘူး။ မော့ရှန်းရှီ လူငယ်လေး ခေါင်းငြိမ့် လိုက်တာကို မြင်တော့ ပျော်သွားခဲ့တယ်။

“ရွှတ်။”

ယင်ယန် မျက်နှာဖုံးကို ချွတ်လိုက် ချိန်မှာတော့။ အရမ်းကို ငယ်ရွယ်ပြီးတော့ ခန့်ညားတဲ့ မျက်နှာ တစ်ခု ပေါ်လာတယ်။ သူ့မျက်နှာ အစိတ်အပိုင်းတွေက ကျောက်တုံးတွေလို မာကျောမယ့် ပုံစံပဲ။ အမူအယာကတော့ ရေခဲလို အေးစက်တယ်။ မျက်ဝန်းနက်နက် တွေမှာတော့ အလင်း တစ်စတောင် ရှိမနေခဲ့ဘူး။

“ဘာကြီး။” မော့ရှန်းရှီ လန့်သွားတယ်။ ဒီလူငယ်လေးက တကယ့်ကို ငယ်ရွယ်လွန်းလိုက်တာ။ ကောင်းကင်တာအို၊ လင်းယွမ် မျှော်စင်နဲ့ အရိပ်မျိုးနွယ်တွေကတော့ ပိုလန့်ကုန်ကြတယ်။

“ရန်ရွှယ်။”

“အဲ့တာ ရန်ရွှယ်ပဲ။”

ကောင်းကင် တာအို တပည့်သားတွေ အားလုံးက လွန်ခဲ့တဲ့ လပိုင်းမှာ ရန်ရွှယ် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင် မြင်ခဲ့ရသူတွေလေ။ လူတိုင်း သူ့ကို မှတ်မိတယ်။ လင်းယွမ် မျှော်စင်ရဲ့ ရှေ့က ပင်းယန်လည်း ရန်ရွှယ့်ကို မှတ်မိတာပေါ့။ အေးစက်စက် ထူးမခြားနား ပုံစံနဲ့။

“ရန်ရွှယ်က ဘာဖြစ်လို့ ယင်ယန် ခန်းမကို ရောက်သွားတာလဲ။ နောက်ပြီးတော့ အဆင့်မြင့် တပည့်သား ပုံစံနဲ့။” ပင်းယန် စိတ်ရှုပ်ထွေး လာတာကြောင့် အော်လိုက်တယ်။

“ရန်ရွှယ်။ နင်တကယ် သုခမိန် အဆင့် ရောက်နေပြီလား။ ငါ့ဆီလာပါအုန်း။”

“သူ့နာမည်က ရန်ရွှယ်တဲ့လား။”

“ရန်ရွှယ်က ဘယ်သူလဲ။”

“၁၈နှစ်သား ရန်ရွှယ်ဆိုတာ။ ရန်မိသားစုရဲ့ မြေဦး။ အနောက်ပိုင်း လျန်ရဲ့ လက်ရှိ အရှင်သခင်။ ကြီးမြတ်သော ရှမင်းဆက်က မင်းသားရန်။”

“အဲ့တာဆို ဖန်ကျန်းရှီနဲ့ အတူတူ မြင့်မြတ် နယ်မြေကို ဝင်ခဲ့တဲ့ သူပေါ့။”

“ဟုတ်တယ်။ ရန်ရွှယ်က ဖန်ကျန်းရှီထက် လပိုင်းပဲ ကြီးတယ်။ ကောင်းကင် တာအို ခန်းမ စာမေးပွဲမှာ အတူတူ ဝင်ဖြေကြတဲ့ သူတွေ။ နောက်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်တယ်။”

တပည့်သားတွေ ပင်းယန်ရဲ့ အော်သံကို ကြားချန်မှာ ဆွေးနွေး ကုန်ကြတော့တယ်။ ရန်ရွှယ်က ကြီးမြတ်သောရှရဲ့ မင်းသားရန်လေ။ လူတိုင်း သူ့ကို သိကြတာပေါ့။

“အဲ့ဒီ့ ကလေးက ရန်ရွှယ်လား။” မော့ရှန်းရှီရဲ့ မျက်နှာကတော့ အကျည်းတန် နေခဲ့ပြီ။ ၁၈နှစ်နဲ့ သုခမိန် အဆင့်တဲ့။

သူမယုံချင်ပေမယ့် ဒါက ရန်ရွှယ်ဆိုတာ အမှန်ပဲလေ။”

“ရွှယ်။ တကယ်ပဲ မင်းလား။ ငါ့မြေး ဒီကိုလာ။” ရန်ချန်လိ ချက်ခြင်း ပြေးထွက်ဖို့ ပြင်တဲ့ အချိန် လက်တစ်ဖက်က သူ့ပုခုံးကို လာဆွဲတယ်။

“အဖိုးကြီးရန် တစ်ခုခု လွဲနေပြီ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ပြောတယ်။

“ဘာလွဲတာလဲ။”

“ဒါကသာ ရန်ရွှယ် အစစ်ဆိုရင်၊ မင်းကို လျစ်လျူရှုမှာ မဟုတ်ဘူး။”

“ဒီရန်ရွှယ်။ နေစမ်းပါအုန်း။ သူ့ကိုယ်သူ ၁၈နှစ်လို့ ပြောလိုက်တယ်။ ဒါပေမယ့် ငါ့မြေးက အရင်လတည်းက ၁၉နှစ် ပြည့်ပြီး သွားပြီလေ။ သူမမှတ်မိတာ ဖြစ်နိုင်မလား။”

“ရန်ရွှယ့် မှတ်ဉာဏ်တွေ တစ်ခုခု လွဲနေလောက်တယ်။”

“ငါ့ကိုလည်း မမှတ်မိတာ ဖြစ်နိုင်တယ်။”

“ဖြစ်နိုင်တယ်။ မဟုတ်ရင် ရန်ရွှယ့်လို စရိုက်မျိုးနဲ့ မင်းကို သူစိမ်းလို သတ်မှတ်ပြီးတော့ ယင်ယန် ခန်းမကို ဝင်မှာ မဟုတ်ဘူး။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောတယ်။

“ဒီလိုသာ ဖြစ်ရင်တော့။ ငါ” ရန်ချန်လိ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ လက်ကို တွန်းဖယ်ဖိုက ပြင်တယ်။

“အဖိုးကြီးရန် အလျင်မလိုနဲ့။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး အားထပ်စိုက်ရင်း ဖိထားတယ်။

“အခုက ယင်ယန် ခန်းမနဲ့ တိုက်ခိုက်ဖို့ အချိန်ကောင်း မဟုတ်ဘူး။ အကောင်းဘက်က တွေးရင် ရန်ရွှယ် အသက်ရှင် နေသေးတယ်လေ။ အနာဂတ်မှာ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။“

“..” ရန်ချန်လိ စဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုကတယ်။

“ဟုတ်တယ်။ ရွှယ် အသက်ရှင်နေ သရွေ့။ ငါလည်း စိတ်ချနိုင်ပါတယ်။”

“ရန်ရွှယ် သုခမိန် အဆင့်ကို လပိုင်းလေးနဲ့ ရောက်သွားမယ်လို့ ငါမထင်ထား ခဲ့မိဘူး။ မင့်မြေးက ကြောက်စရာ ကောင်းတာပဲ။” သက်ပြင်းချရင်း ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောတယ်။

“သူ့ရဲ့ သုခမိန် အဆင့်ကို ငါတောင် မမှတ်မိဘူး။ သူသုံးတဲ့ အမှောင် စွမ်းအားတွေကလည်း အဇူရာ တာအို မဟုတ်ဘူး။”

“အမ် ဒါဆို ဘာကြီးလဲ။”

“အင်း ငါခံစား မိတာကတော့ နတ်သက်ကြွေ အဇူရာနဲ့ တူတယ်။ ရွှယ်ရဲ့ မျက်လုံးတွေက နက်မှောင် နေပင်မယ့် ကြည့်ရတာ ကောင်းကောင်း ထိန်းချုပ် ထားနိုင်တဲ့ ပုံစံပဲ”

“ဒီတော့ ရန်ရွှယ်က နတ်သက်ကြွေ အဇူရာကို ထိန်းချုပ် ထားတာပေါ့။”

“ငါလည်း သေချာ မသိဘူး။ ရန်မိသားစုမှာ ဘယ်သူကမှ ဒါကို မအောင်မြင် ဖူးဘူး။” ရန်ချန်လိ ခေါင်းခါရင်း ပြောတယ်။

“ဆက်ပြီးတော့ လေ့လာရအောင်။” ရန်ချန်လိကို ဆွဲခေါ်ရင်း ယင်ယန် ခန်းမဘက်ကို ကောင်းကင် အိုအေစစ် သုခမိန်ကြီး လှမ်းကြည့်တယ်။

တောက်ရှင်းလည်း ဒီဘက်ကို လှမ်းကြည့်တယ်။ သူမ ပြုံးနေခဲ့တယ်။

“မြင့်မြတ် နယ်မြေရဲ့ ထိပ်တန်း ဆေးပညာရှင်တွေ ပီသပါပေတယ်။ ရန်ရွှယ့်ကိုတောင် အသက်ရှင်အောင် ကုသနိုင်တဲ့ အပြင် သုခမိန် အဆင့်ကို ရောက်အောင် တောက်ဟွမ် ဘာတွေများ လုပ်လိုက်လဲ သိချင်လိုက်တာ။” မုချင်းဖန်း ဘယ်လို ခံစားရမယ်မှန်းတောင် မသိတော့ဘူး။

“ရန်ရွှယ် အသက်ရှင်နေတာ သိရင် အရှက်မရှိတဲ့ ကောင်စုတ်လည်း စိတ်အေး နိုင်မှာပါ။” ချီကူယန်ကတော့ သူမဘာ သူမ ပြောနေခဲ့တယ်။

ရန်ရွှယ် ပြောင်းလဲ သွားတာကို သူမ သိပေမယ့်။ ဘာမှ မပြောခဲ့ဘူး။ ရန်ရွှယ် အသက်ရှင် နေဖို့ပဲ လိုတယ်။

…

ရန်ရွှယ် ဖြစ်မှန်း သိသွားပြီး နောက်မှာတော့ လူတိုင်းက သူ့ကို ပါရမီရှင် အဖြစ် သတ်မှတ်လိုက်ကြတော့တယ်။ သူ့ရဲ့ ထွက်ပေါ်လာမှုက ဝမ်းနည်းမှုရော ပျော်ရွှင်မှုကိုပါ ဖြစ်ပေါ် လာစေတယ်။

ပျော်နေတဲ့ သူတွေကတော့ ပင်းယန်၊ ချီကူယန်နဲ့ အရိပ်မျိုးနွယ်က လူတိုင်းပဲ။ ရန်ရွှယ်က ပင်းယန် နှုတ်ဆက်တာကို ပြန်မဖြေပင်မယ့် တားလည်း မတားခဲ့ဘူး။ ဝမ်းနည်းနေတဲ့ သူကတော့ မော့ရှန်းရှီပဲ။

“ခေါင်းဆောင်မော့။ ဘာများ စောင့်နေ သေးတာလဲ။ ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်း မလို့လား။” တောက်ဟွမ် ပြောတယ်။

“တောက်ဟွမ် မင်း လွန်လွန်း နေပြီ။”

“ဒူးထောက် တောင်းပန်မယ် ငါတို့ ခေါင်းဆောင် ပြောမိလို့လား။ မင်းတို့ဘာ မင်းတို့ ပြောတာလေ။”

“ငါတို့ ခေါင်းဆောင်ကို တောင်းပန် စေချင်ရင်။ ငါတို့ကို အရင်ဆုံး ဖြတ်သန်းရမယ်။”

“ဖူရှီးတောင်ကြားကသာ ကိုယ့်စကားကိုယ် မထိန်းသိမ်းဘူး ဆိုရင်၊ ငါတို့ ယင်ယန် ခန်းမလည်း မင်းတို့နဲ့ အဆုံးအထိ တိုကခိုက်မယ်။”

“မယုံကြည်ရတဲ့ ငကြောက်တွေကို ငါတို့ ယင်ယန် ခန်းမက ဘာများ ကြောက်နေစရာ လိုမလဲ။”

“ဟုတ်တယ်။ လာလိုက်စမ်းပါ။”

“ရပ်ကြ။” မုချင်းဖန်းရဲ့ အသံ ထွက်ပေါ်လာတယ်။

“ခေါင်းဆောင်တောက်။ ငါတို့ ဒီနေ့ စုဝေးပွဲက စည်းလုံးရေး အတွက်။ ဒီနေ့ကနေ စပြီး နောင်အနာဂတ်မှာ ပူးပေါင်းကြဖို့ ရည်ရွယ်တဲ့ ပွဲ။ အသေးအဖွဲ့ ကိစ္စလေးတွေကို ကျေးဇူး ပြုပြီးတော့ ခွင့်လွှတ်ပေးပါ။ ခေါင်းဆောင်မော့ကို ဒူးထောက် တောင်းပန် ခိုင်းမယ့် အစား သူ့ကို မျက်နှာသာလေး နည်းနည်း ပေးပြီးတော့ တခြား နည်းလမ်းနဲ့ တောင်းပန်ခိုင်းဖို့ တောင်းဆိုပါတယ်။”

“ရတယ်လေ။ ခေါင်းဆောင်မော့ကတော့ သူ့သိက္ခာ သူချတာပဲ။ ဒါလည်း ကေးာင်းတာပဲ။” တောက်ဟွမ်က ရေနွေးခွက်ကို ကောက်ကိုင်ရင်း တဖူးဖူး မှုတ်နေခဲ့တယ်။

“တောက်ဟွမ် တောက်ရှင်း။ ငါဒါကို သေတောင် မမေ့ဘူး။” မော့ရှန်းရှီ အံကြိတ်ရင်း ရန်ရွှယ့်ကို ဦးညွှတ်လိုက်တယ်။

“ငါ မော့ရှန်းရှီ။ ရန်ရွှယ့်ကို တောင်းပန်ပါတယ်။”

တောင်းပန် ပြီးတဲ့နောက် မော့ရှန်းရှီ သူ့နေရာသူ ပြန်ထိုင် နေတော့တယ်။ ဒေါသကြောင့် မျက်နှာက နီရဲ နေခဲ့ပြီ။

“ဟန့်။” တောက်ဟွမ်လည်း နှာခေါင်းရှုတ်လိုက်တယ်။ ဒီလို ဖြစ်လာမယ်မှန်း ထင်ထားပြီးသား။ ဖူရှီး တောင်ကြား ခေါင်းဆောင်က လူကြားထဲမှာ ဒူးထောက်မှာတော့ မဟုတ်ဘူးလေ။

တောက်ဟွမ်သာ ကိစ္စတွေကို တွန်းအား ပေးလိုက်ရင်၊ လူတွေ သေကျေ ကြရလိမ့်မယ်။ မုချင်းဖန်ကတော့ ခေါင်းသာ ခါနေခဲ့တယ်။ ဒီလို ပြဿနာတွေကို ကျင့်သား ရနေပြီ။

ကံကောင်းတာက အချန်ကိုက်လေး ဖြစ်နေလို့ ပြဿနာကို ဖြေရှင်းနိုင်လိုက်တာပဲ။

“ယင်ယန် ခန်းမ ရန်ရွှယ် ဒုတိယ အဆင့်ကို ရောက်ရှိ။ လင်းယွမ် မျှော်စင်နဲ့ ဖူရှီးတောင်ကြား ပြိုင်ပွဲ။”

“အမေ။ ပင်းယန် သွားရမှာလား။” ပင်းယန် မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း မေးတယ်။

“အင်း။” ချင်းယွိ ခေါင်းငြိမ့်ပြတယ်။

“ကောင်းလိုက်တာ။ နောက်ဆုံးတော့ အလှည့်ကျပြီ။” ပင်းယန် စိတ်လှုပ်ရှားမှု အပြည့်နဲ့ ခုန်လိုက်တယ်။ အနီရောင် ဝတ်ရုံကို ဝတ်ထားတဲ့ သူမ လက်ထဲမှာ ချီလင်လှံလည်း ရောက်လာခဲ့တယ်။

“ငါက ပင်းယန်။ လင်းယွမ် မျှော်စင်က ၁၆နှစ်။”

အပိုင်း (၈၂၅) ပြီး၏။

အပိုင်း (၈၂၆)

“ပင်းယန်ကတော့ ငါ့ကို လန့်အောင် လုပ်နေပြီ။”

“အသက် ၁၆နှစ်တဲ့။” ထိုင်ဖို့ ပြင်နေတဲ့ မော့ရှန်းရှီ ပင်းယန်ရဲ့ မိတ်ဆက်စကားကို ကြားချိန်မှာ ခုံပေါ်က ပြုတ်ကျမတတ် ဖြစ်သွားခဲ့တယ်။ ဖူရှီးတောင်ကြား အကြီးအကဲတွေလည်း အတူတူပဲ။

ကောင်းကင် တာအို စုဝေးပွဲရဲ့ တိုက်ပွဲကို ၁၆နှစ် သမီးက ဝင်ပြိုင်တယ်တဲ့လား။ ဘာတွေလဲဟ။ ပင်းယန်ကသာ လင်းယွမ် မျှော်စင်ကလူ ဖြစ်မနေရင် ဘယ်သူမှ ဒါကို ယုံနိုင်မှာ မဟုတ်ဘူး။

“ဆရာ။ လင်းယွမ် မျှော်စင်က မောက်မာလွန်းတယ်။ သူတို့တွေကို ကျွန်တော် ရင်ဆိုင် ပါရစေ။” ဖူရှီးတောင်ကြား တပည့်သား တစ်ယောက် ရှေ့ထွက်လာတယ်။

“မင်း လာနောက် နေတာလား။ ပြန်ဝင်စမ်း။” ဖူရှီးတောင်ကြား အကြီးအကဲ ကုယွိအန်း အကြည့်တွေ ခက်ထန်သွားတယ်။ တပည့်သားရဲ့ ပါးကို ရိုက်ချလိုက်တယ်။

“ဖြန်း။” မာဆတ်ဆတ် အသံ ထွက်ပေါ် လာပြီးတဲ့နောက် ကုယွိအန်းက မော့ရှန်းရှီကို ဦးညွှတ်လိုက်တယ်။

“ခေါင်းဆောင်။ ကျွန်တော့် မြေးကို ခွင့်လွှတ်ပေးပါ။”

“ကိစ္စ မရှိပါဘူး။” ပင်းယန်ကို ကြည့်ရင်း မော့ရှန်းရှီ ခေါင်းခါလိုက်တယ်။

“မဟာ စစ်ပွဲကြီး ပြီးသွားပြီး ၁၀နှစ်ကျော် ကြာမှ ချင်းယွိ ပြန်ပေါ်လာတယ်။ သူ့မှာ သမီးတစ်ယောက် ရှိတယ်လို့ ကြားသား။ ထင်တာ မမှားရင် ပင်းယန်က ချင်းယွိ သမီး ဖြစ်လိမ့်မယ်။”

“ဟုတ်ကဲ့။” ကုယွိအန်း ခေါင်းငြိမ့်တယ်။ “သူသာ ချင်းယွိ သမီး ဖြစ်ရင်တော့။ ဒီရောက်နေတာ အတွေ့အကြုံ ယူဖို့ပဲ ဖြစ်လိမ့်မယ်။ ကုကျန်းရဲ့ ကျင့်ကြံဆင့်က ပြန်လည် မွေးဖွားမှု အနောက်ပိုင်းကို ရောက်နေပြီ မဟုတ်လား။”

“မှန်ပါတယ်။ ကျွန်တော့်မြေးရဲ့ အရည်အချင်းက သာမာန်ပါပဲ။ သူ့ကို ကျွန်တော် အလိုလိုက်လွန်း မိပါတယ်။ လွန်ခဲ့တဲ့ လက ပြန်လည် မွေးဖွားမှု နောက်ဆုံး အဆင့်ကို ရောက်သွား ပါပြီ။” ကုယွိအန်းကတော့ သူ့မြေးကို ကြည့်ရင်း စိတ်မချမ်းမသာ ဖြစ်နေခဲ့တယ်။

“နှိမ့်ချ လွန်းနေပါပြီ။ မင်းမြေးက မင်းရဲ့ လမ်းညွှန် မှုနဲ့ ဆိုရင် သူ့ခေတ်ရဲ့ ထိပ်တန်း ပညာရှင် တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။ ကုကျန်း တိုက်ခိုက်ချင်နေတာပဲ သူ့ကို လွှတ်ပေးလိုက်ပါ။”

“ကုကျန်းကို တကယ်တိုက်ခိုက် ခိုင်းမှာပါလား ခေါင်းဆောင်။” ကုယွိအန်း မယုံနိုင် ဖြစ်နေခဲ့တယ်။”

“သူအတွေ့အကြုံ ယူဖို့ အချိန်ကျပြီ။ ဒါပေမယ့် တစ်ခုတော့ မှတ်ထား။ တိုက်ပွဲကိုတော့ နိုင်ရမယ်။ ဒါပေမယ့် ပင်းယန်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် မရစေရဘူး။ မဟုတ်ရင် အပြစ်ပေး ခံရမယ်။”

“ဘာကို ဆိုလို ချင်တာပါလဲ ခေါင်းဆောင်။”

“လင်းယွမ် မျှော်စင်က မြင့်မြတ် နယ်မြေမှာ အမြဲတမ်း စွမ်းအား မြင့်သူတွေ အဖြစ် ရပ်တည်နေတယ်။ အကယ်၍ သူတို့ရဲ့ အထောက်အပံ့ကိုသာ ရနိုင်ရင်၊ ယင်ယန် ခန်းမရဲ့ ရင်ဆိုင်တဲ့ အချိန် လွယ်ကူလိမ့်မယ်။” မော့ရှန်းရှီ တည်တည်ငြိမ်ငြိမ်နဲ့ ပြောတယ်။

“မှန်ပါပေတယ့် ခေါင်းဆောင်။” ကုယွိအန်း မော့ရှန်းရှီရဲ့ စိတ်ကူးကို နားလညတယ်။ “ကုကျန်းသွားတော့။ ငါ့စကားတွေကို မှတ်ထား။” မော့ရှန်းရှီ ပြောလိုက်တယ်။

“ဆရာသခင့်ကို ကျေးဇူး တင်ပါတယ်။ စိတ်မပျက် စေရပါဘူး။” ကုယွိအန်း ချက်ခြင်း သူ့ရဲ့ ရေခဲပြာရောင် ဓားကို ဆွဲထုတ်လိုက်တယ်။ ကုကျန်းကတော့ ဂုဏ်ယူမှုကြောင့် သူအရိုက်ခံရတာတောင် မေ့သွားခဲ့ပြီ။

“မှတ်ထား။ ရေခဲက မီးနဲ့ တိုက်ခိုက်။” ကုယွိအန်းက ပင်းယန်ရဲ့ ချီလင်လှံနဲ့ မီးလျှံ ပန်းနီ သံချပ်ကာကို ကြည့်ရင်း ပြောတယ်။

“ကြည်လင်ရေခဲဓား။ အဖိုးကို ကျေးဇူး တင်ပါတယ်။” ကုယွိအန်း လက်ထဲက ဓားကို ကြည့်ရင်း ကုကျန်း စိတ်လှုပ်ရှားလာတယ်။ ကုယွိအန်းက အမြဲတမ်း ဓားသုံးလက်ကို သယ်ဆောင်တယ်။ ကုကျန်း အဖေတောင် ဒီဓားတွေကို ထိခွင့် မရဘူး။ ဓားရဲ့ အရှိန်အဝါက ချက်ခြင်း ပတ်ဝန်းကျင်ကို ဖြာထွက်လာတယ်။

“ကျွန်တော်သွားပါပြီ။”

“အင်း။” ကုယွိအန်း ခေါင်းငြိမ့်တယ်။ ကုကျန်းက ခုန်ပျံရင်း ပင်းယန် ရှေ့ကို ရောက်လာတယ်။

“ညီမလေး ပင်းယန်။ ငါက ကုကျန်း။ အဖိုးက ဖူရှီးတောင်ကြား တတိယ အကြီးအကဲ ကုယွိအန်း။ ငါက ၂၃နှစ်။ အဆင့်က ပြန်လည် မွေးဖွားမှု နောက်ဆုံး အဆင့်။ ညီမလေး ပင်းယန်ရဲ့ အဆင့်ကိုလည်း အလင်းပြပါ။” ကုကျန်းက မတိုက်ခိုက်ခင် အရင်ဆုံး စူစမ်းဖို့ ပြင်တယ်။

ပင်းယန်ကတော့ သူ့လက်ထဲက ဓားကို ကြည့်ရင်း ပြုံးလိုက်တယ်။

“ငါ လွန်ခဲ့တဲ့ နှစ်ဝက်မှာ ကြယ်တာရာ စုဝေးမှု အဆင့်ကနေ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်ခဲ့တယ်။”

“ကောင်းကင်ရောင်ပြန် အဆင့်။” ကုကျန်း မျက်လုံး ပြူးသွားတယ်။ ပင်းယန်ရဲ့ အဖြေကြောင့် မရယ်မိအောင် ထိန်းချုပ် ထားရတယ်။ ဒါက ဘယ်နေရာများ မှတ်နေတာလဲ။ ကျမ်းကောင်းကင် တောင်ထိပ်မှာ လုပ်တဲ့ ကောင်းကင် မဟာမိတ် စုဝေးပွဲလေ။

လင်းယွမ် မျှော်စင်က လူတွေ ဘာများ လုပ်နေ ကြတာလဲ။ လူတိုင်းက သူတို့ စွမ်းအားတွေကို အကောင်းဆုံး ထုတ်ပြ နေကြတာကို ကောင်းကင် ရောင်ပြန် အဆင့် ကောင်မလေးက ဘာတက်လုပ် နေတာလဲ။ ကုကျန်း ကိုယ်တိုင် မြင်ရလို့ပဲ ယုံလိုက်ရတယ်။

အနည်းဆုံးတော့ သဘာဝလွန်အဆင့်နဲ့မှ မြင့်မြတ် နယ်မြေ မျိုးနွယ် တစ်ခုခုကို ဝင်နိုင်မှာလေ။ ဒီမှာ တိုက်ခိုက်ဖို့တောင် မလိုတော့ဘူး။

“ဖူး။” ကုကျန်းက သူ့ကိုယ်သူ ထိန်းထားတဲ့ အချိန် ကြီးမြတ်သော ရှမင်းဆက် တဲကနေ ဧကရာဇ် လင်းမုပိုင်ရဲ့ မထိန်းမကွပ်နိုင်တဲ့ ရယ်သံ ထွက်လာတယ်။ ဒါပေမယ့် သူ့ကိုယ်သူ ပြန်ထိန်းရင်း ငြိမ်သက်တေနယ်။

ပင်းယန်ပြောတာလည်း လိမ်နေတာမှ မဟုတ်ပဲ။ လွန်ခဲ့တဲ့ နှစ်ဝက်က သူမ တကယ်ပဲ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်ခဲ့တာလေ။ ဂုဏ်ယူရမှာပေါ့။ ဒါက လင်းမုပိုင်ရဲ့ အမြင်ပဲ။

တခြား မျိုးနွယ်စုတွေရဲ့ တပည့်သားတွေကတော့ ဟာသလို့သာ မြင်ကြတယ်။

“ဒီလိုလူမျိုးက တိုက်ခိုက်ရေး ပြိုင်ပွဲမှာ ဝင်ပြိုင်လို့ ရတယ်လား။”

“ငါ့အထင်တော့ သူက မင်းသမီး ဖြစ်လိမ့်မယ်။ ပြီးတော့ လင်းယွမ် မျှော်စင်က ဆိုတော့။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ပင်းယန် မင်းသမီး ဖြစ်လိမ့်မယ်။”

“အင်း။ ဟုတ်နိုင်တယ်။ ဒါပေမယ့် ပင်းယန် မင်းသမီးက အရမ်းကို ခေါင်းမာပြီးတော့ ဆိုးသွမ်းတယ်တဲ့။ စွမ်းရည်ကလည်း သာမာန် အဆင့်ပဲ။ ကောင်းကင် ရောင်ပြန် အဆင့်ကိုတောင် ခက်ခက်ခဲခဲ ရောက်တာတဲ့။“

“ဘာပဲ ဖြစ်ဖြစ် မင်းသမီးပဲလေ။” သူတို့တွေ စိတ်ဝင်စား မနေတော့ဘူး။

“ဟဟား။ ညီမလေး ပင်းယန် ငါမင်းကို အနိုင်မကျင့် ချင်ပါတယ်။ လက်တစ်ဖက်တည်းနဲ့ တိုက်ခိုက်မယ် ဆိုရင်ရော ဘယ်လိုလဲ။” ကုကျန်းက ပြောတယ်။ ရေခဲဓား ကိုင်ထားတဲ့ လက်ကို ရှေ့ထုတ်ထားတယ်။

“လက်တစ်ဖက် တည်းနဲ့လား။”

“ကုကျန်းက အရှက်မရှိလိုက်တာ။ ဓားကိုင်ထားတဲ့ လက်ကို သုံးပြီးတော့များ စေတနာရှင်ကြီးလို လုပ်နေသေး။”

“ငါ့အထင်တော့ သတိထားတာ မမှားပါဘူး။”

“ဒီတော့ သုံးကွက် အသာပေးနိုင်မလား။” ပင်းယန်က ချီလင်လှံကို ကိုင်ထားရင်း ကုကျန်းရဲ့ ရေခဲဓားကို စိုက်ကြည့်နေခဲ့တယ်။

“သုံးကွက်တဲ့လား” ကုကျန်း သဘောတူတော့မယ့် အချိန်မှာပဲ တစ်ခုခု လွဲနေတာကို ခံစား မိလိုက်တယ်။ လှည့်ကြည့်လိုက်တော့ ကုယွိအန်းက သူ့ကို စိုက်ကြည့်နေတယ်။

“မဖြစ်ဘူး။ သုံးကွက် များလွန်းတယ်။ တစ်ကွက်ပဲ အသာပေးမယ်။”

“အင်အား အရမ်းကြီးလွန်းတဲ့ အကိုကြီးကလည်း တစ်ကွက်က နည်းလွန်းတယ်လေ။ နှစ်ကွက် ဆိုရင်ကော။” ပင်းယန်က မျက်တောင်လေးတွေ တဖျပ်ဖျပ် ခတ်ပြရင်း တောင်းဆိုတယ်။

“နှစ်ကွက်။ ကောင်းပြီလေ။ နှစ်ကွက်။ မင်းသုံးကွက်မြောက် ရောက်မှ ငါလှုပ်ရှားမယ်။”

ကုကျန်းက ကုယွိအန်းကို လှည့်မကြည့်တော့ဘူး။

“ကျေးဇူးပဲ။ စတိုက်တော့မယ်။”

“ကောင်းပြီ။”

“ဒါပေမယ့် နည်းနည်းတော့ ကြောက်တယ်။ ငါ့ကိုလိမ်ရင် ဘယ်လို လုပ်မလဲ။” ပင်းယန် တကယ် ကြောက်နေတဲ့ ပုံစံပဲ။

“မကြောက်နဲ့၊ ငါ့အဖိုးက မင်းကို ထိခိုက်အောင် မလုပ်ခိုင်းဘူး စိတ်အေးအေးထား။” ကုကျန်း သူ့ရင်ဘတ်သူ ပုတ်ရင်း အာမခံ နေတယ်။

“ဒါဆိုရင် တိုက်ခိုက်ပြီနော်။” ပင်းယန် ခေါင်းငြိမ့်ရင်း ပြုံးလိုက်တယ်။

“ပြဿနာ မရှိဘူး စလို့ ရပြီ။” ကုကျန်းက ပင်းယန်ရဲ့ အမူအယာကို သတိ မထားမိခဲ့ဘူး။

“တိုက်ခိုက်။” ပင်းယန် ချီလင်လှံနဲ့ ပြေးလာရင်း လဲကျသွားခဲ့တယ်။

“အိုက်ယား။ နင် ငါ့ကို လှည့်စားတယ်။” ပင်းယန် နာကျင်နေတဲ့ ပုံစံလေးနဲ့ ပြောတယ်။ “မင်းကို လှည့်စားတယ်။ မလုပ်မိပါဘူး။” ကုကျန်း အငိုက်မိသွားတယ်။ တခြား မျိုးနွယ်စု တပည့်သားတွေကတော့ ပြောဆို နေကြပြီ။

“ကောင်းကင်ရောင်ပြန် အဆင့် ကလေးမလေးကို ဘယ်လိုများ အနိုင်ကျင့်ရတာလဲ။”

“အရှုံးသမားကောင်။”

“လေးစားဖို့ မတန်လိုက်တာ။”

ပြန်လည် မွေးဖွားမှု အဆင့် ပညာရှင် တစ်ယောက်က ကောင်းကင်ရောင်ပြန် အဆင့် ကောင်မလေးကို လှည့်စားတာ လွန်လွန်းတယ်လေ။

“ငါမလုပ်မိပါဘူး။ တစ်ချက်လေးတောင် မလုပ်ရသေးဘူး။ ညီမလေး ပင်းယန် ဘာဖြစ် သွားတာလဲ။ ခြေကျင်းဝတ်လည်သွားတာလား။” ကုကျန်း လန့်နေခဲ့ပြီ။ သူ့အဖိုးနဲ့ပဲ တစ်ဘဝလုံး နေခဲ့ရတဲ့ အတွက် အသက်၂၀ အရွယ် ရောက်တဲ့ အချိန် အထိကို လှည့်ကွက်တွေ အကြောင်း ဘာဆိုဘာမှ မသိခဲ့ဘူး။

စစ်ဗျူဟာတွေသာ ဖတ်ပေမယ့် အခုချိန်ထိ ပညာရပ်တွေကို မပိုင်နိုင်သေးဘူး။ လဲကျသွားတဲ့ ပင်းယန်ကို မြင်တော့ သူချက်ခြင်း ကူညီဖို့ ပြေးတော့တယ်။

“ကျန်း သတိထား။” ကုယွိအန်း သတိပေးပင်မယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ကုကျန်းရဲ့ ခန္ဒာကိုယ်က လေထဲကို လွင့်ထွက်သွားတယ်။ သူ့ဓားလည်း မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ ကုကျန်း မြေပြင်ပေါ်ကို ပြုတ်ကျလာတဲ့ အချိန်မှာတော့ သူ့မျက်လုံးတွေက ပိတ်နေခဲ့ပြီ။ ကြည့်ရတာ အစတည်းက သတိလစ်နေတဲ့ ပုံစံပဲ။

ဖြစ်ပျက်သွားတာ မြန်လွန်းလို့ ဘယ်သူမှ မမြင်လိုက်ာကဘူး။

“ဘာဖြစ်တာလဲ။”

“တစ်ခုခုများ လုပ်လိုက်တာလား။”

“ဖြစ်နိုင်တယ်။ ပင်းယန်က ကြီးမြတ်သောရှရဲ့ အချစ်မြတ်နိုးခံရဆုံး မင်းသမီး။ လင်းယွမ် မျှော်စင်ကလူလည်း ဖြစ်နေပြီ။ ဒီတော့ အထူး ရတနာ ရှိနေတာ ဖြစ်နိုင်တယ်။”

“ကုကျန်းက တုံးအလွန်းလို့ ခံရတာပဲ။”

“ကျန်း။ ကျန်း။ ငါ့မြေး” ကုယွိအန်း ချက်ခြင်း ပြေးလာတယ်။ သူ့မြေး ရင်ဘတ်ကို စမ်းကြည့် ချိန်မှာတော့ နှလုံးခုန်နေ သေးတဲ့ အတွက် စိတ်အေး သွားရတယ်။ အသက်ရှင်နေတုန်းပဲ။ ဒါပေမယ့် သူဒေါသ ထွက်နေဆဲ။

“လင်းယွမ် မျှော်စင်က အောက်ကျတဲ့ နည်းလမ်းနဲ့ အနိုင်ရတာပဲ။ ဘာမှ ဂုဏ်ယူစရာ မရှိဘူး။”

“စစ်ပွဲမှာ မတရားတာ မရှိဘူး။ အသက်ကြီးလာတော့ နင်လည်း တုံးအ သွားပြီပဲ။” ချင်းယွိရဲ့ အသံ ထွက်ပေါ်လာတယ်။

“မင်း။”

“အကြီးအကဲမု။” မော့ရှန်းရှီရဲ့ အသံ ထွက်ပေါ်လာတယ်။

“ငါတို့ ဖုူရှီးတောင်ကြားက ဒီတစ်ချီ ရှုံးနိမ့်မှုကို ဝန်ခံပါတယ်။ ခေါင်းဆောင်ချင်းရဲ့ သမီးက တကယ့်ကို ကောက်ကျစ်တာပဲ။ လေးစားမိပါတယ်။ နောက်တစ်ချီမှာတော့ လူစားထိုးသင့်တယ်လို့ အကြံ ပေးပါရစေ။”

“ဘာလို့လဲ။” ချင်းယွိ ပြန်မေးတယ်။

“အသက်အန္တရာယ် အတွက်ပါပဲ။ ဒုတိယ တစ်ချီမှာ ဒီလို လှည့်ကွက်မျိုးက အသုံးမဝင်တော့ဘူး။” မော့ရှန်းရှီ အေးစက်စက် ပြုံးလိုက်တယ်။

“အင်း။ ဟုတ်တော့ ဟုတ်လား။ ယန် မေ့သမီး ပြန်လာတော့မလား။” ချင်းယွီ မေးတယ်။

“အခုလား။ ပင်းယန် နည်းနည်း ဆော့ချင်သေးတယ်။” ပင်းယန် ခေါင်းခါလိုက်တယ်။ “ကောင်းပြီလေ။ တစ်ချီပဲနော်။” ချင်းယွိ ပြုံးပြတယ်။

မော့ရှန်းရှီကို လုံး၀ လျစ်လျူ ရှုလိုက်ပြီ။

အပိုင်း (၈၂၆) ပြီး၏။

အပိုင်း (၈၂၇)

“တိုက်ပွဲ တစ်ပွဲတည်းနဲ့ အောင်မြင်မှု မှတ်တိုင်ကို စိုက်ထူခြင်း။ အသက် ၁၆နှစ် သုခမိန်။”

“နောက်ထပ် တစ်ချီတဲ့လား။ မျှော်စင် ခေါင်းဆောင်ချင်း။ မင်း တကယ်ပဲ မင်းသမီး ထိခိုက်ရင်တောင် အဆင်ပြေတယ်လား။” မော့ရှန်းရှီ မျက်လုံးတွေကို မှေးစင်းလိုက်တယ်။ သူ့အကြည့်တွေ အေးစက်သွားတယ်။ လင်းယွမ် မျှော်စင်နဲ့ မဟာမိတ် ဖွဲ့ချင်ပေမယ့် သူတို့တွေကို အနိုင်ပေးမယ်လို့တော့ မဆိုလိုဘူး။ ဒါ့အပြင် ချင်းယွိက သူ့ကို အရူးတစ်ယောက်လို ဆက်ဆံနေတယ်။ ဒါကို သူသည်းမခံနိုင်ဘူး။

“ဘယ်လိုပဲ ဖြစ်ဖြစ်။ ခေါင်းဆောင်မော့မှာ ကန့်သတ်ချက် ရှိမယ်လို့ ယုံပါတယ်။” ချင်းယွိ ခေါင်းခါရင်း မျက်လုံးတွေကို မှိတ်လိုက်တယ်။ နောက်ထပ် ဘာမှ မပြောတော့ဘူး။

“ကန့်သတ်ချက်တဲ့လား။” မော့ရှန်းရှီ လက်သီးတွေကို ဆုပ်လိုက်တယ်။ ချင်းယွိ ပြောချင်တာကို သူနားမလည်ဘူး။ ဒါပေမယ့် ဒီအတိုင်းသာ ဆက်သွားနေရင်၊ ဖူရှီး တောင်ကြားက ပြိုင်ပွဲ ပထမ အဆင့်တည်းက ထုတ်ပယ် ခံရမယ်ဆိုတာ သူသိတယ်။ မော့ရှန်းရှီရဲ့ မျက်ဝန်းတွေ တောက်ပလာရင်း ပြောလိုက်တယ်။

“ချင်းဖုန်း၊ သူ့ကို မသတ်နဲ့။ မှတ်ထား။”

“အမိန့် အတိုင်းပါ ဆရာ။” အဲ့ဒီ့နောက် မီးခိုးရောင် ဝတ်ရုံဝတ်ထားတဲ့ လူငယ်လေး တစ်ယောက် ရှေ့ထွက်လာတယ်။ သူ့ပုံစံကတော့ ကြမ်းကြမ်း တမ်းတမ်းပဲ။ နဖူးမှာလည်း အမာရွတ် တစ်ခုရှိတယ်။ ခန္ဒာကိုယ်ကတော့ ကြွက်သားတွေ အပြည့်နဲ့ ကြံ့ခိုင်တယ်။

“ချင်းဖုန်း။ ဒီနာမည် ကြားဖူး သလိုပဲ။ စစ်မက်လိုလား နိုင်ငံတော်ရဲ့ ချင်းဖုန်းလား။”

“ထင်တာပဲ။ သူက တစ်ချိန်တုန်းက စစ်မက်လိုလား နိုင်ငံတော်ရဲ့ နံပါတ်တစ် ပါရမီရှင်လေ။ လွန်ခဲ့တဲ့ ၄နှစ်တုန်းက ဖူရှီး တောင်ကြားကို ဝင်တယ်လို့ ကြားတယ်။”

“ဖူရှီး တောင်ကြား လက်လွန်သွားပြီလို့ မထင်ဘူးလား။ သူတို့တွေ တစ်ချီကို ရှုံးထားပေမယ့် ကောင်းကင် ရောင်ပြန် အဆင့် ကောင်မလေးကို ရင်ဆိုင်ဖို့ ဒီလူ့ကို ထုတ်လာရသလား။”

“မြန်မြန် အဆုံးသတ်ချင်တာ ဖြစ်နိုင်ပါတယ်။” တပည့်သားတွေ ပင်းယန် အတွက်တော့ စိတ်ပူ နေကြတယ်။

သူတို့ အမြင်မှာတော့ ပင်းယန်က အရမ်း အားနည်းတယ်လေ။

“ငါ၊ ချင်းဖုန်း၊ ဖူရှီး တောင်ကြားက။ ၂၆နှစ်။ ပြန်လည် မွေးဖွားမှု အထွဋ်အထိပ် အဆင့်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက။ သုခမိန် အဆင့် ကန်ရှန်းနဲ့ တိုက်ခိုက်ခဲ့တယ်။ တိုက်ကွက် ၃၀၀ အထိ အောင်နိုင်သူ မရှိ။”

ချင်းဖုန်း ရှေ့ထွက်လာရင်း ပြောတယ်။ “သူတို့က သုခမိန် အဆင့် ယှဉ်နိုင်တဲ့ သူကို လွှတ်လိုက်တာပဲ။”

“လွန်လိုက်တာ။”

“ဖူရှီး တောင်ကြားက မျက်နှာပြောင် တိုက်လွန်းပါတယ်။” တပည့်သားတွေ ချင်းဖုန်း စကားကို ကြားချိန်မှာ ပိုပြီးတော့ ဆူညံ လာတော့တယ်။

“သုခမိန် အဆင့်နဲ့တောင် ယှဉ်နိုင်တယ်။ အင်အားကြီးလိုက်တာ။ ဆယ်ကွက်လောက် အသာပေးနိုင်မလား။” ပင်းယန် အတော့်ကို လန့်နေပုံပဲ။

“ငါ့မျိုးနွယ် သိက္ခာနဲ့ ဆိုင်တဲ့ ကိစ္စမှာ မင်းကို ဘာဖြစ်လို့ အသာပေးရမှာလဲ။”

ချင်းဖုန်းက ပင်းယန် ပြောမှာကို ခန့်မှန်းမိတယ်။ ခတ်ပြတ်ပြတ်ပဲ ပြန်ဖြေတယ်။

“အရင်ဆုံး တိုက်ခိုက် ခိုင်းရင်ကော။” ပင်းယန် ကံစမ်းနေတယ်။

“အရည်အချင်း ရှိမရှိက မင်းအပေါ်ပဲ မူတည်တာပေါ့။”

“မင်းက ငါ့ကို ပထမ အကွက်မှာ အနိုင်ယူနိုင်မှာလား။”

“စွမ်းအား မိုးနဲ့မြေလို ကွာခြား နေရင်တော့ ဖြစ်တတ်ပါတယ်။ မင်းကြောက်ရင် ရှုံးပြီလို့ ဝန်ခံလိုက်။ လင်းယွမ် မျှော်စင်ကို ခက်ခဲအောင် မလုပ်ချင်ဘူး။ အင်အားကြီးတဲ့ သူနဲ့ပဲ ငါပြိုင်မယ်။”

“ဒါပေမယ့် ငါကတော့ ကစားချင်သေးတယ်။”

“ဒီတော့လည်း ငါ့ကို အပြစ်မတင်နဲ့။” ချင်းဖုန်း ခေါင်းငြိမ့်လိုက်တယ်။

“ငါတို့ အဆင်သင့် ဖြစ်ပြီ။”

“အင်း” ကောင်းကင် တာအို တပည့်သားက ပင်းယန်ကို ကြည့်တယ်။

“ညီမလေး ပင်းယန်။ တိုက်ပွဲ စတော့မယ်။ အဆင်သင့် ဖြစ်ပြီလား။”

“မဖြစ်သေးဘူး။” ပင်းယန် ခေါင်းခါတယ်။

“…” ချင်းဖုန်း၊ ကြေညာသူနဲ့ တခြား မျိုးနွယ် တပည့်သားတွေ ဆွံ့အ ကုန်ကြတယ်။ ပင်းယန်က တစ်ချီ တိုက်ခိုက် ပြီးတာတောင် အဆင်သင့် မဖြစ်သေးဘူး တဲ့လား။

“ဘယ်လောက်တောင် အချိန် လိုနေတာလဲ ညီမလေး။” ကြေညာသူက စိတ်ရှည်ရှည် မေးတယ်။

“သူသာ ငါ့ကို ၈ကွက် အသာပေးရင် အဆင်သင့် ဖြစ်ပါပြီ။”

ပင်းယန်က ပြုံးရင်း ပြောတယ်။

“ဒါတော့ အာမ မခံနိုင်ဘူး။” ကြေညာသူ ပြန်ဖြေတယ်။

“ညီမလေးလို့ ခေါ်ပြီးတော့ ဒါလေးတောင် မကူညီပါလား။” ပင်းယန် ဝမ်းနည်းစရာ ပုံစံလေးနဲ့ ပြောတယ်။

“ညီမလေးလို့ ခေါ်တာ။ အစ်မကြီး ချီကူယန်နဲ့ ရင်းနှီးတဲ့ ညီအစ်မတွေမှန်း သိလို့ ခေါ်တာပါ။ တခြား သဘော မရှိပါဘူး။”

“ဒါဆိုလည်း ပိုပြီးတော့ ကူညီ သင့်ပါတယ်။”

“ဒါပေမယ့် သူက သဘောမတူလောက်ဘူး။”

“ဒါဆို သဘောတူအောင် ဖိအားပေးပေါ့။”

“…”

ကောင်းကင် တာအို တပည့်သား ပင်းယန်ကို ဘယ်လို ပြောရမယ်မှန်း မသိတော့ဘူး။ မုချင်းဖန်းကိုသာ ကူကယ်ရာမဲ့ လှည့်ကြည့်တော့တယ်။

“စတင်။” မုချင်းဖန်းကတော့ တစ်ခွန်းပဲ ပြောတယ်။

“ကောင်းပါပြီ။ ဖူရှီး တောင်ကြားနဲ့ လင်းယွမ် မျှော်စင်။ ဒုတိယ အချီ စတင်ပြီ။” ကောင်းကင် တာအို တပည့်သားလည်း မုချင်းဖန်း ကူမှ သက်သာတော့တယ်။

“အား။ ငါအဆင်သင့် မဖြစ်သေးဘူးလေ။ ဘယ်လိုများ ဒီလို။”

“တောင်းပန်ပါတယ် မင်းသမီး။” ပင်းယန် စကားပြောနေချိန်မှာ ချင်းဖုန်းက လှုပ်ရှားတယ်။

သူ့အရှိန်က လျှပ်စီး လက်သလိုပဲ။ ပင်းယန်ကို ဓားနဲ့ ခုတ်ချတယ်။ ခရမ်းရောင် ရေဝဲ တစ်ခု ပေါ်လာတယ်။ ခရမ်းရောင် အလင်းတန်းက ပတ်ဝန်းကျင် တစ်ခုလုံးကို အေးခဲ သွားစေတဲ့ ပုံစံပဲ။ ရှိနေသူတိုင်းကို တောင့်တင်း သွားစေတယ်။

“ခရမ်းရောင် စွမ်းအားတွေ အရှေ့အရပ်က နေခြည်လို ဖြာထွက်။ ကောင်းလိုက်တဲ့ ဓားပညာ။” မုချင်းဖန်း ချီးမွမ်းမိတယ်။ ဒီအချိန်မှာပဲ ခရမ်းရောင် အလင်းတန်းထဲမှာ ရွှေရောင် အလင်းစ တစ်စ ပေါ်လာတယ်။ ဒါက ခရမ်းရောင် အလင်းတန်းလို ပြိုင်ဘက်ကင်းတဲ့ ပုံစံ မရှိဘူး။ ထူးခြားတဲ့ လွှမ်းမိုးနိုင်စွမ်း ရှိတယ်။

ရဲရဲတောက် ချီလင်လှံ။

“အမ်။ ပင်းယန်က မရှောင်ဘူးလား။”

“မဖြစ်ဘူး။ မင်းသမီး ရှောင်ရှားပါ။”

“ဒါက ချင်းဖုန်းရဲ့ ခရမ်းရောင်ငွေ ကြာပွတ် တိုက်ကွက်ပဲ။”

တပည့်သားတွေ သူတို့ နှစ်ယောက် တိုက်ခိုက်မှု ထိတွေ့တဲ့ အချိန် လန့်ကုန်တယ်။ ချင်းဖုန်းလည်း မျက်လုံး ပြူးနေတယ်။ ဒါပေမယ့် ရွှေရောင် အလင်းတန်းက သူ့တိုက်ကွက်ကို လာထိတဲ့ အချိန် ဖြစ်လာတဲ့ ပေါက်ကွဲမှု အင်အားကို ခံစား မိတယ်လေ။ သူသတိ ဝင်လာတယ်။

ရဲရဲတောက် ချီလင်လှံ။ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ တော်ဝင် ရတနာ ၁၀ပါးထဲက တစ်ပါး။ ပင်းယန်ရဲ့ သုခမိန် အဆင့် စွမ်းအားနဲ့ ပေါင်းစည်းလိုက်ရင်၊ ချင်းဖုန်း တုံ့ပြန်ချိန် မရလိုက်ဘူး။ ကြောက်စရာ အင်အားတွေက သူ့ကို လွင့်ထွက် သွားစေတယ်။

“ဖူး။” ချင်းဖုန်း သွေးအန်တော့တယ်။ သူ့မျက်နှာကတော့ နီရဲနေ ခဲ့ပြီ။ လှံရဲ့ စွမ်းအားက သူ့ခန္ဒာကိုယ်ကို ထိခိုက်တယ်။ သူ့အတွင်းပိုင်းထဲမှာ လောင်ကျွမ်း နေသလိုပဲ။

“ငါအဆင်သင့် မဖြစ်သေးဘူးလို့ ပြောသားပဲ။ ဒါတောင် သတိမပေးပဲ စတိုက်တယ်။ အနိုင်ကျင့်နေတာ မဟုတ်လား။” ကြည်လင်တဲ့ အသံနဲ့ အတူ အနီရောင် ပုံရိပ်လေးက ကောင်းကင်ကို ပျံတက်လာတယ်။ မီးလျှံပန်းနီ သံချပ်ကာက နေရောင်အောက်မှာ တောက်ပ နေခဲ့တယ်။ မီးတောက်တွေနဲ့ တကိုယ်လုံး လွှမ်းခြုံထားတဲ့ နတ်မိမယ် တစ်ပါးလိုပဲ။

“ဝူး။” တောက်ပတဲ့ အနီရောင် အလင်းတန်းက ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားတယ်။ ပင်းယန် ခန္ဒာကိုယ်က ထွက်နေတဲ့ အရှိန်အဝါနဲ့ အလင်းတန်းတွေက သိပ်သည်းလွန်းတယ်။ နဖူးပေါ်မှာလည်း ရှုပ်ထွေးတဲ့ အနီရောင် သင်္ကေတ တစ်ခု ပေါ်နေခဲ့တယ်။ ဒါက သူမရဲ့ သုခမိန် အဆင့် စွမ်းအားတွေကို ကိုယ်စားပြုတယ်။

“မင်း။ ဘာဖြစ်။” ချင်းဖုန်း လေထဲက အဖြစ်ကို မြင်တော့ ထူးဆန်းတဲ့ အသံ ထွက်လာတော့တယ်။ ဘာကိုမှ မပြောနိုင်ခင် ရဲရဲတောက် ချီလင်လှံက သူ့အပေါ်ကို ကျလာတယ်။

“ဝုန်း။” ချင်းဖုန်းရဲ့ လက်မောင်းမှာ အပေါက်ကြီး တစ်ပေါက် ပေါ်လာပြီးတော့ သူ့ရဲ့ တိုက်ကွက်လည်း ပြိုပျက်သွားတယ်။ တစ်ချိန် တည်းမှာပဲ ချင်းဖုန်းရဲ့ မျက်နှာပေါ်ကို ခြေထောက် တစ်ဖက် ရောက်လာပြီးတော့ သူ့ကို ကန်ထုတ်လိုက်တယ်။

“ခဘွန်း။” ဒီကန်ချက်ရဲ့ အားက ပြင်းလွန်းလို့ သူ့မျက်နှာ တစ်ခုလုံး ထူပူ ထုံကျင်သွားခဲ့တယ်။ ချင်းဖုန်း ကြိုးစားပြီး ထ ရပ် ချင်ပေမယ့် သူ့လည်ပင်းကို ဖိထားတဲ့ ရွှေရောင် အလင်းတန်းကို မြင်နေရတယ်။

“ဒီတော့ လွန်ခဲ့တဲ့ နှစ်ဝက်က သုခမိန် အဆင့် တစ်ယောက်နဲ့ အကွက် ၃၀၀ တိုက်ခိုက်ခဲ့ပြီး မရှုံးဘူးဆိုတာ မှန်ကော မှန်ရဲ့လား။” ပင်းယန်ပြောတယ်။

“..” ချင်းဖုန်းကတော့ ဘာမှ မပြောနိုင်တော့ဘူး။

“ဟဟားဟား။ ပြောဖို့ မလိုပါဘူး။ ရှုံးသွားပြီပဲ။ ငါ့ကို ရှုံးတာ မရှက်ပါနဲ့။ ဟဟား။ ငါက ၂ချီ ဆက်တိုက် နိုင်တာလေ။ ရန်ရွှယ့်ထက်တောင် တော်နေသေးတယ်။” ပင်းယန် ရယ်မော နေတော့တယ်။

ပင်းယန်ရဲ့ ရယ်သံ ကြားချိန်မှပဲ ချင်းယွိလည်း သက်ပြင်းချ နိုင်တော့တယ်။ တခြား မျိုးနွယ်စု တပည့်သားတွေကတော့ မျက်လုံး ပြူးကြီး တွေနဲ့သာ ကြည့်နေကြတယ်။

“သူနိုင်သွားပြီ။”

“ပင်းယန် တကယ်နိုင်သွားပြီ။”

“ဘယ်လိုများ နိုင်သွားတာလဲ။” ဘယ်သူမှ အဖြေမထုတ်နိုင်ကြဘူး။

နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်တားတဲ့ ပင်းယန်က ချင်းဖုန်းကို အသာစီး ရနေတာ အိသသာကြီး။ လူတိုင်းရဲ့ စိတ်ထဲမှာ ဒီအချိန်ပဲ အတွေး တစ်ခု ဝင်လာတော့တယ်။ ဒီအတွေးက သူတို့ရဲ့ အထင်သေးမှုတွေ အားလုံးကို ပယ်ဖျက်နိုင်ဖို့ လိုအပ်တဲ့ထိ အင်အားကြီးမားတယ်။

“သုခမိန် အဆင့်။”

“ပင်းယန်က သုခမိန် အဆင့်ပဲ။”

“အသက် ၁၆နှစ်နဲ့ သုခမိန် အဆင့်တဲ့လား။”

ဘယ်သူကမှ သူတို့ မျက်လုံးကို မယုံနိုင်ဘူး။ ဒါကပဲ ချင်းဖုန်းကို နိုင်ဖို့ အကြောင်းအရင်း ရှိတယ်လေ။

အပ်ကျသံ မကြားရအောင် တိတ်ဆိတ် သွားတယ်။

နေရောင်က ပင်းယန်ရဲ့ ကိုယ်ပေါ်ကို ဖြာကျလာတယ်။ သူမရဲ့ ဆံပင်တွေ့ လေထဲမှာ ဝဲလွင့်နေခဲ့တယ်။ ပင်းယန် နဖူးပေါ်က အနီရောင် သင်္ကေတလေး ပိုပြီးတော့ တောက်ပလာတယ်။

“သုခမိန် အဆင့်။ တကယ့်ကို သုခမိန်ပဲ။”

“ပင်းယန်က သုခမိန် အဆင့်။ ပညာရှင်ပေါ့။”

အစတုန်းကတော့ လူတိုင်း ထင်ခဲ့ကြတာ ပင်းယန်က ချစ်စရာ ကောင်မလေး တစ်ယောက်လို့။ ဒါပေမယ့် သူမရဲ့ စွမ်းအား အစစ်နဲ့ သုခမိန် သင်္ကေတကို မြင်ချိန်မှာ သူတို့ ဒူးတွေတောင် တုန်လာကြတယ်။

၁၆နှစ် သုခမိန်နဲ့ ၁၈နှစ် သုခမိန်။ ဒီနှစ်ယောက်က သူတို့ကို တကယ် လန့်စေတယ်။ ပင်းယန်ရဲ့ စွမ်းရည်တွေက သူတို့ကို အဆုံးစွန်ထိ တွန်းပို့ နိုင်လောက်တယ်။

“ခမည်းတော်။ ပင်းယန်။” ရှန်းအရှင် လင်းယွမ် သူ့မျက်လုံးသူ မယုံနိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်ဝက်မှာ ပင်းယန်က ကောင်းကင်ရောင်ပြန် အဆင့်ပဲ ရှိသေးတာကို သူသိတယ်လေ။

“အင်း။ ပင်းယန်က သုခမိန် အဆင့်ကို ရောက်နေပြီ။” လင်းမုပိုင် ခေါင်းငြိမ့်တယ်။

“ဂုဏ်ပြုပါတယ်။ အရှင်မင်းမြတ်။”

“ဂုဏ်ပြုပါတယ် အရှင်မင်းသမီး။” ကြီးမြတ်သောရှရဲ့ စစ်သူကြီးနဲ့ အမတ်မင်းတွေ ချက်ခြင်း ဒူးထောက်ပြီးတော့ ဂုဏ်ပြုစကား ဆိုကြတော့တယ်။

“ဟဟား။ အားလုံး ထကြပါ။ ငါက လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ကောင်းကင် ရောင်ပြန် အဆင့်ပဲ ရှိသေးတယ်။ အခုတော့ သုခမိန် အဆင့်ကို ရောက်ပြီ။ မအံ့သြ ကြဘူးလား။ ပျော်စရာ မကောင်းဘူးလား။” ပင်းယန်ကတော့ ဒီလို နေ့ ရောက်လာမှာကို စောင့်နေတာ ကြာလှပြီ။

“…”

“…” လူတိုင်းရဲ့ စိတ်ထဲမှာတော့ ပင်းယန်ရဲ့ နည်းဗျူဟာတွေကို ပြန်တွေး မိနေကြတယ်။ ဘာပဲ ဖြစ်ဖြစ် သူမက အနိုင်ရသူလေ။ ဒီလို လေသံနဲ့ ပြောတာ ဘာမှ မဖြစ်ပါဘူး။ ပင်းယန်ကတော့ ပင်းယန်ပဲ။ ချီလင်လှံနဲ့ ကျမ်းကောင်းကင် တောင်ထိပ်ကို လွှမ်းမိုး နိုင်ခဲ့ပြီ။

“ဂျွတ်။” မော့ရှန်းရှီရဲ့ လက်ထဲက ရေနွေးခွက် အမှုန့် ဖြစ်သွားတယ်။ သူ့အပြုံးကတော့ ပျောက်ကွယ် သွားပြီ။ မျက်နှာ တစ်ခုလုံး မည်းမှောင်နေခဲ့တယ်။

“ကောင်းလိုက်တဲ့ အကွက်ပဲ။ ခေါင်းဆောင်ချင်း။ ငါ မော့ရှန်းရှီ။ အထင်ကြီးမိပါတယ်။”

အပိုင်း (၈၂၇) ပြီး၏။

အပိုင်း (၈၂၈)

“သတိထား။”

“ဟီးဟီး။” ချင်းယွိရဲ့ ရယ်သံ ထွက်ပေါ်လာတယ်။ တခြားသူတွေရဲ့ အမြင်ကို သူမ ဂရု မစိုက်ဘူး။ ဒီနေ့က စပြီးတော့ ပင်းယန်ရဲ့ နာမည်က မြင့်မြတ် နယ်မြေ တစ်ခွင်မှာ ကျော်ကြားတော့မယ်။ ဒါက သူမ အာရုံစိုက်တဲ့ တစ်ခုတည်းသော အရာပဲ။

“ဒါ။” ပင်းယန်ကို ကြည့်ရင်း ကြေညာသူ ချွေးပျံ နေခဲ့ပြီ။

“ဆက်လုပ်။” မုချင်းဖန်း သတိပေးရ ပြန်တယ်။ သူလည်း တကယ်တော့ မယုံနိုင်သေးဘူး။ ဒါပေမယ့် ပင်းယန် နိုင်တာကတော့ အမှန်ပဲလေ။ သုခမိန် အဆင့် ပင်းယန်က ဘယ်လိုပဲ နိုင်နိုင် လူတိုင်းကို တုန်လှုပ် စေတာတော့ အမှန်ပဲ။

“အရှက်မရှိတဲ့ ကောင်စုတ် ဒီမှာ မရှိတာ နှမြောစရာပဲ။” ပင်းယန် ခေါင်းမော့ရင်း ပြောနေမိတယ်။

“ဒုတိယ အချီ။ လင်းယွမ် မျှော်စင်နဲ့ ဖူရှီးတောင်ကြား။ လင်းယွမ် မျှော်စင် အနိုင်ရ။ ဒုတိယ အဆင့်ကို တက်လှမ်း။” ကြေညာသံက တောင်ထိပ် တစ်ခုလုံးကို လွှမ်းသွားတယ်။

ပင်းယန်ကတော့ သူမရဲ့ စွမ်းအားတွေနဲ့ လူငယ်တွေရဲ့ လေးစားမှုကို ရယူသွားခဲ့တယ်။

“မြင့်မြတ် နယ်မြေမှာ ဘာတွေ ရှိနေမလဲ မင်းဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး။”

“၁၆နှစ်အရွယ် သုခမိန်အဆင့်တဲ့။ ငါ့မျက်လုံးနဲ့ ကိုယ်တိုင် မမြင်ရရင် ယုံမှာ မဟုတ်ဘူး။”

“ဘာ အံ့သြစရာတွေများ ထပ်ရှိမလဲ ငါသိချင်လိုက်တာ။” တပည့်သားတွေ ရွှမ်ကျီးနဲ့ အရိပ်တို့ရဲ့ တိုက်ပွဲကို မျှော်နေကြပြီ။

“ဂုဏ်ယူပါတယ်။ ညီမလေး ပင်းယန်။” ကောင်းကင် တာအို တပည့်သားက ပင်းယန်ကို ဦးညွှတ်ရင်း ပြောတယ်။

“ကျေးဇူး တင်ပါတယ်။ အကိုကြီး” ပင်းယန်က လင်းယွမ် မျှော်စင်နေရာကို မပြန်ခင်၊ ကောင်းကင်တာအို ခန်းမ ဘက်မှာ ရှိတဲ့ ချီကူယန်ကို တစ်ချက် လှမ်းကြည့်တယ်။ ချီကူယန်က ပင်းယန်ကို ပြုံးပြီး ခေါင်းငြိမ့်ပြတယ်။

“ကောင်းပြီ။ ရွှမ်ကျီး မျိုးနွယ် အလှည့်ပဲ။” ကျု့လျန်ရဲ့ အသံနဲ့ အတူ၊ လူငယ်လေး တစ်ယောက် တိုက်ပွဲ ကွင်းပြင်ထဲ ဝင်လာတယ်။ အဝါရောင် ဝတ်ရုံကို ဝတ်ထားပြီးတော့ (ရွှမ်ကျီး) ဆိုတဲ့ စာကို ရင်ဘတ်မှာ ပန်းထိုးထားတယ်။

“ရွှမ်ကျီး တပည့်သား။ ချန်ဝေ့။ ၂၉နှစ်။ ပြန်လည် မွေးဖွားမှု အထွဋ် အထိပ် အဆင့်။ ကျောက်စိမ်း ကြာပန်း တောင်ထိပ်မှာ ကျောက်တုံး သားရဲ ငါးကောင်ကို သတ်နိုင်သူ။” လူငယ်လေး မိတ်ဆက်တယ်။

“ကျောက်တုံး သားရဲ။ မိစ္ဆာမျိုးနွယ် သားရဲ မဟုတ်လား။ အင်အားသာ ပြည့်ဝနေရင်၊ ပြန်လည် မွေးဖွားမှု အဆင့် လူနဲ့ ယှဉ်လို့ ရတယ်။ ဒါကိုတောင် ငါးကောင် သတ်နိုင်ခဲ့တယ်ပေါ့။ အင်အားကြီးလိုက်တာ။”

“ဒီလို လူမျိုးပဲ တိုက်ခိုက် ရမှာပေါ့။”

“ဟုတ်တယ်။ ပင်းယန်ကို ဥပမာထား။ သူ့ကို ကောင်းကင် ရောင်ပြန် အဆင့်လို ထင်နေချိန်မှာ၊ သူမက သုခမိန် အဆင့် ဖြစ်နေတယ်လေ။” တပည့်သားတွေ ခပ်တိုးတိုး ပြောကြပြန်တယ်။

“နင်ကော ကျောက်တုံး သားရဲကောင်တွေကို အနိုင်ယူနိုင်လား။” ဝူယွဲ့အာ သူ့နောက်က လူကို လှည့်မေးတယ်။

“သူတို့နဲ့ မတိုက်ခိုက်တော့တာ အချိန် ကြာလှပြီ။ ပုံမှန် ဆိုရင် တစ်နာရီ အတွင်း အကောင် သုံးရာ လေးရာတော့ သတ်နိုင်တယ်။” ပြန်ဖြေသံနဲ့ အတူ ဝူယွဲ့အာ နောက်က ကိုယ်ကြပ် ဝတ်ရုံနဲ့ လူတစ်ယောက် ထွက်လာတယ်။

သူ့ရဲ့ အသားအရေက နေရောင်အောက်မှာ မည်းနက် တောက်ပြောင်နေတယ်။ ရူးနေတဲ့ သားရဲကောင်လိုပဲ။ တကယ်တော့ လူတိုင်းက သူ့ကို သားရဲကောင်လို့ သိကြတယ်။ တောနက်ထဲမှာ ကြီးပျင်းခဲ့တဲ့ ရန်ချင်း။”

“ကျောက်တုံး သားရဲကောင် အကောင် သုံးလေးရာကို တစ်နာရီ တည်းနဲ့ သတ်တယ်တဲ့။ ရူးချင် စရာပဲ။” ရွှမ်ကျီးက ချန်ဝေ့ ဖြူဖျော့ သွားတယ်။ သူပြောတဲ့ အချိန်မှာပဲ ထွက်လာသူကို တွေ့လိုက်ရတယ်။

“ရန် ရန်ချင်းလား။” ရွှမ်ကျီးတွေက လရောင်ဖြာနဲ့ စစ်မက်လိုလား နိုင်ငံတော် နှစ်ခုကို လွှမ်းခြုံထားတယ်။ သူ့လို တပည့်ကြီးက စစ်မက်လိုလား နိုင်ငံတော်ရဲ့ အရူးကို ဘယ်လိုလုပ် မသိမှာလဲ။

“ဘာကြီး ရန်ချင်းတဲ့။”

“သူက အရိပ် မျိုးနွယ်ကို ဝင်လိုက်ပြီလား။”

“ဘယ်လိုတောင်လား။ အရင်တုန်းက ပြောခဲ့တာ ဘယ်မျိုးနွယ်စုကိုမှ မဝင်ဘူးဆို။ အရိပ်တွေဆီ ဘယ်လို ရောက်သွားတာလဲ။” ရွှမ်ကျီး မျိုးနွယ်စုက လူတွေ စိတ်ကို ပြင်ဆင် ထားတာတောင် ရန်ချင်းကို မြင်တော့ မျက်လုံး ပြူးကုန်တယ်။

ရန်ချင်းက မြင့်မြတ် နယ်မြေက မကျော်ကြားပေမယ့်၊ မြင့်မြတ် နယ်မြေ ပြင်ပမှာတော့ အရမ်းကို ကျော်ကြားတယ်လေ။ စစ်မက် လိုလား နိုင်ငံတော်ရဲ့ ဒဏ္ဍာရီလာ ပါရမီရှင်။ မပျက်စီးနိုင်တဲ့ ခန္ဒာရှင်။ လူတိုင်းက သူ့ကို လိုချင်ကြတယ်။ အထူးသဖြင့် စစ်မက်လိုလား နိုင်ငံတော်မှာ အခြေချတဲ့ မျိုးနွယ်စုတွေကပေါ့။

တစ်ခါတုန်းက ရွှမ်ကျီး ခေါင်းဆောင် ကျု့လျန် သူ့ကို တွေ့ရဖို့ အိမ်တော် အပြင်မှာ တစ်လ တိတိ စောင့်ဆိုင်းခဲ့တယ်။ ဒါပေမယ့် အဖြေကတော့ တစ်ခုပဲ ပြန်ရတယ်။ “ရွှမ်ကျီး မျိုးနွယ်စုက မတန်ဘူး။”

“ခေါင်းဆောင်။ ငါ။” ရန်ချင်းကို မြင်မြင်ချင်း ချန်ဝေ့ ကြောက်လန့်တကြားနဲ့ ကျု့လျန်ကို ကြည့်တယ်။ သူ့ပြိုင်ဘက်ကသာ ရန်ချင်း ဖြစ်မယ်မှန်း သိခဲ့ရင် တစ်ယောက်ယောက်က သူ့လည်ပင်းကို ဓားနဲ့ ထောက်ပြီး တိုက်ပွဲထဲ ဝင်ခိုင်းရင်တောင် မဝင်ဘူး။ ရန်ချင်းနဲ့ တွေ့ရင် အသက်ရှင်နိုင်ချေက ပိုနည်းတယ်လေ။

“ချန်ဝေ့။ မင်းက ရန်ချင်းထက် အားမနည်းဘူး။ မြန်မြန်တိုက်။ ရန်ချင်း အချိန် မဆွဲစေနဲ့။” ကျု့လျန် ပြောတယ်။

တကယ်တော့ ကျု့လျန် ပြဿနာ တက်နေပြီ။ ဒါက အရှုံးမှန်း သိသာနေတဲ့ ပြိုင်ပွဲလေ။”

“ဟန်ဆောင် မနေပါနဲ့။ ရှုံးမှာ အသိသာကြီးပဲကို။ ဘာလဲ။ တပည့်လေး အသက်က နင်နဲ့ ဘာမှ မဆိုင်လို့လား။” ဝူယွဲ့အာက ရေနွေးကြမ်း သောက်နေရင်း လှမ်းပြောတယ်။

“ဝူယွဲ့အာ အပျော်လွန် မနေနဲ့။” ကျု့လျန် ဒေါသတကြီး ပြန်အော်တယ်။ တကယ်တော့ သူလန့်နေတာ အမှန်ပဲ။ ရန်ချင်းက ထွက်လာခဲ့ပြီ။

“ရွှမ်ကျီးတွေတော့ ကံဆိုးပြီ။” မုချင်းဖန်း ခေါင်းခါလိုက်တယ်။ ရန်ချင်း အရိပ်မျိုးနွယ်ထဲ ဝင်သွားတာကို သူသိတယ်။ ပြောရရင် ရွှမ်ကျီးတွေက အရိပ်မျိုးနွယ်ထက် အင်အားကြီးခဲ့တဲ့ သမိုင်းတွေပဲ ရှိတယ်။ ဒါပေမယ့် ကံတရား မိခင်က ဘယ်သူ့ကို မျက်နှာသာ ပေးမလဲ မသိနိုင်ဘး။

“အဆင့်သင့်ပဲလား။” ကောင်းကင် တာအို တပည့်သား မေးတယ်။

“ဟု ဟုတ်။” ချန်ဝေ့ ချွေးစေးတွေ ထွက်နေပြီ။ သူအံကြိတ်ရင်း ခေါင်းငြိမ့်တယ်။

“ရွှမ်ကျီး (ချန်ဝေ့) နဲ့ အရိပ်မျိုးနွယ် (ရန်ချင်း) ပထမ အချီ တိုက်ခိုက်။”

“အား။ ဒီနေ့ မင်းကို အသေရိုက်ပြစ်မယ်။” ချန်ဝေ့ ပြေးထွက်လာတယ်။ ကျု့လျန် စကားတွေကို ပြန်ကြားယောင် နေတယ်။ သူက ရန်ချင်းထက် အားမနည်းဘူး။

ရန်ချင်းကလည်း ချန်ဝေ့ကို နွားရိုင်းတစ်ကောင် ဝှေ့မယ့် ပုံစံနဲ့ ပြေးလာတယ်။ ချန်ဝေ့ ဓားကတော့ နဂါး တစ်ကောင်လိုပဲ။ သူ့ဓားရေးက ကြွယ်ဝတယ်။ နှမြောစရာ ကောင်းတာကတော့ တစ်ချက်တောင် မတိုက်ရသေးခင် ကျိုးသွားတာပဲ။

အဲ့ဒီ့နောက် ချန်ဝေ့လည်း လေထဲကို လွင့်ထွက်သွားတယ်။ သူ့ဓာက အပိုင်းပိုင်း ကြိုးသွားသလို၊ သံမဏိလို မာတဲ့ လက်တစ်စုံက သူ့လက်ကို လိမ်ချိုးလိုက်တယ်။

“…” သူဘယ်လို လည်ထွက်သွားမှန်းေ်တာင် မသိလိုက်ဘူး။ သိလိုက်တဲ့ အချိန် လက်တစ်ဖက်က သွင်သွင် ကျိုးသွားပြီ နံရိုးတွေလည်း အတူတူပဲ။ တောင်လေကတော့ အေးချမ်းပါတယ်။

ချန်ဝေ့ မျက်လုံးတွေကို ပိတ်လိုက်တယ်။ သူတိုက်ခိုက် နိုင်သေးပင်မယ့် မတိုက်ချင်တော့ဘူး။ ထရပ်လိုက်ရင် နောက်ထပ် အရိုးတွေ ထပ်ကျိုးမှာကို သူသိနေတယ်။

“ပြီးသွားပြီလား။”

“ထင်တာပဲ။”

“ပြီးသွားပြီပဲ။” ချန်ဝေ့ရဲ့ သနားစရာ အဖြစ်ကို ကြည့်ရင်း ဘယ်သူမှ အပြစ်မတင်ကြဘူး။ ဘယ်သူမဆို ရန်ချင်းနဲ့ ရင်ဆိုင်ရရင် ဒီလို ဖြစ်မှာပဲလေ။ အရိုးနည်းနည်း ကျိုးပြီး အသက်ရှင်ဖို့က အကောင်းဆုံး မျှော်လင့်ထား စရာပဲ။

“အရိပ်မျိုးနွယ်စုက ရန်ချင်း ပထမ အချီ အနိုင်ရ။”

တပည့်သားတွေကတော့ ကျု့လျန်ကို ကြည့်နေကြတယ်။ ချန်ဝေ့ကို ကျု့လျန် ပြောခဲ့တာ သူတို့ မှတ်မိသေးတယ်။ ရန်ချင်း အချိန် မဆွဲနိုင်အောင် တိုက်ပွဲကို မြန်မြန် အဆုံးသတ်တဲ့။ အင်း တိုက်ပွဲကတော့ မြန်မြန် ပြီးသွားလေရဲ့။

…

ကျု့လျန်ကတော့ မျက်နှာ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်နေပြီ။ သူ့အခြေအနေကို သူသိတယ်။ သူ့ရဲ့ တပည့်သား နှစ်ယောက်လည်း သူ့ကို ကြည့်နေတယ်။

သူတို့တွေက ကျု့လျန် ရွေးထားတဲ့ ယှဉ်ပြိုင်သူတွေ။ အရင်ကတော့ ဂုဏ်ယူ ဝံ့ကြွား ခဲ့ကြပေမယ့် အခုချိန်မှာတော့ သူ့အမိန့်ကို ဖီဆန်ပြီး ထွက်ပြေး ချင်နေကြပြီ။

“မင်းတို့ဘာ မင်းတို့ ဆုံးဖြတ်ကြ။” ကျု့လျန်ပြောတယ်။

တပည့်သား နှစ်ယောက် ဆွေးနွေးကြတော့တယ်။

“ညီလေးလီ။ ငါအမြဲတမ်း မင်းအပေါ် ကောင်းတယ်နော်။”

“အကိုကြီးဝမ်။ ကျွန်တော်လည်း အတူတူပဲလေ။”

“ငါက အသက်တွေ ကြီးနေပြီ။ ဒဏ်ရာ ရရင် ပြန်ကောင်းဖို့ ခက်လိမ့်မယ်။ ဒီတိုက်ပွဲကနေ နာလန်ထူနိုင်ဖို့ ၂လ ၃လ အချိန်ယူရမှာပဲ။ ဒါကို မြင်ချင်လို့လား။”

“အကိုကြီး ပြောတာ မှန်တယ်။ ဒါပေမယ့် ကျွန်တော်က အနာဂတ်ကောင်းနဲ့ လူငယ်လေးလေ။ ဒီအတိုင်း သေသွားရင်၊ အကိုကြီး စိတ်ထဲ နာကျင် ရမှာပေါ့။”

“ငယ်တယ်။ မင်းက ငါ့ထက် ၂လပဲ ငယ်တာကွ။်”

“အကိုကြီးထက်တော့ ငယ်တယ်လေ။ အကိုကြီး ဖြစ်ပြီးတော့ ဒီညီငယ်လေးကို ကာကွယ် ရမှာပေါ့။”

“အကိုကြီးကို မင်းက လေးစားသင့်တာ မဟုတ်လား။”

“မင်းတို့တွေ ပါးစပ် ပိတ်ထားလိုက်တော့။” ကျု့လျန် ဒေါသတကြီးနဲ့ သူတို့ကို တိုက်ခိုက်ရေး ကွင်းပြင်ထဲ ကန်ထုတ် ချင်လာတယ်။

“ရတယ်။ ရွှမ်ကျီးက အမှိုက်နှစ်ထုပ်ကို စင်ပေါ် တစ်ခါတည်း တင်ပေးလိုက်။ ငါနှစ်ယောက်လုံးနဲ့ တိုက်ခိုက်မယ်။” ရန်ချင်း ရုတ်တရက် ဝင်ပြောတယ်။

“နှစ်ယောက်လုံး။”

“ဒီရန်ချင်းက တကယ့် အရူးပဲ။”

ပတ်ဝန်းကျင် တပည့်သားတွေ ပြောကြတယ်။

ရန်ချင်းကတော့ နည်းနည်းမှ မကြောက်။

“ရန်ချင်း မင်းပြောတာနော်။” ရန်ချင်းရဲ့ မာနကို ကျု့လျန် နားလည်တယ်။

“ဟုတ်တယ်။” ရန်ချင်း ခေါင်းငြိမ့်တယ်။

“ဝူယွဲ့အာ ငြင်းစရာရှိလား။” ကျု့လျန် မေးတယ်။

“မရှိ။” ဝူယွဲ့အာကတော့ အေးအေး ဆေးဆေးပဲ။ ကျု့လျန်ကို ကြည့်တောင် မကြည့်။

“ကောင်းပြီ။ ဝူယွဲ့အာ။ ရွှမ်ကျီးတွေရဲ့ အစွမ်းကို မင်းသိသွား စေရတာပေါ့။” ကျု့လျန် ပြောပြောပြီးချင်း သူ့လက်ထဲမှာ ကြယ်လို တောက်ပတဲ့ စွမ်းအားကြီး နှစ်ခု ပေါ်လာတော့တယ်။

အပိုင်း (၈၂၈) ပြီး၏။

အပိုင်း (၈၂၉)

“မတော်တဆ ရောက်လာသောသူ။”

အလင်းတန်းတွေ လင်းလက် လာပြီးတော့ တလက်လက် တောက်ပနေတဲ့ သံချပ်ကာ ဝတ်စုံနှစ်ခု ကျု့လျန် လက်ထဲမှာ ပေါ်လာတယ်။ တစ်ခုက ငွေရောင် တစ်ခုက အနက်ရောင်။ ဒီသံချပ်ကာ နှစ်ခုလုံးကို ရှုပ်ထွေးတဲ့ တိမ်သဏ္ဍာန်တွေနဲ့ ပုံဖော် ထားခဲ့တယ်။

“သံချပ်ကာတွေလား။”

“ကြည့်ရတာ ပုံမှန် သံချပ်ကာတွေနဲ့တော့ မတူဘူး။”

“ရွှမ်ကျီး မျိုးနွယ်ရဲ့ ပထမဆုံး ဘိုးဘေး ချန်ရစ်ထားခဲ့တဲ့ သံချပ်ကာ ဖြစ်နိုင်မလား။”

ကျု့လျန် လက်ထဲက သံချပ်ကာ နှစ်ခုကို ကြည့်ရင်း တခြား မျိုးနွယ် တပည့်သားတွေ ဆွေးနွေးနေကြတယ်။ တစ်ချို့ကတော့ စပ်စုချင်နေသလို၊ တစ်ချို့ကတော့ လန့်နေကြတယ်။

“ရန်ချင်းရဲ့ အင်အားက အနီးကပ် တိုက်ပွဲပေါ်ပဲ မူတည်တယ်။ ရွှမ်ကျီး မျိုးနွယ်ရဲ့ ဝတ်ရုံတွေကို မင်းတို့ နှစ်ယောက် ဝတ်ထားတဲ့ အချိန် သူဘယ်လို ထိခိုက်အောင် လုပ်နိုင်မလဲ ငါမြင်ချင်တယ်။” ကျု့လျန် တပည့်သား နှစ်ယောက်ကို သံချပ်ကာ ဝတ်ပေးရင်း သူ့မျက်လုံးမှာ အေးစက်စက် အလင်းတန်းတွေ တောက်ပ လာတော့တယ်။

“ကျေးဇူး တင်ပါတယ် မျိုးနွယ် ခေါင်းဆောင်။” ရွှမ်ကျီး မျိုးနွယ်စုရဲ့ တပည့်သား နှစ်ယောက် ဒူးထောက်ရင်း သူတို့ ခေါင်းဆောင်ကို ကျေးဇူး တင်ကြတယ်။

တခြား မျိုးနွယ်စု တပည့်သားတွေကတော့ သေချာ သွားခဲ့ပြီ။ ဒါက ရွှမ်ကျီး မျိုးနွယ်စုရဲ့ ရတနာတွေပဲ။

“တကယ်ပဲ ရွှမ်ကျီး သံချပ်ကာတွေ။”

“မတရား လိုက်တာ၊ ရွှမ်ကျီး သံချပ်ကာတွေ ရှိနေရင် သူတို့ကို ဘယ်လို ထိခိုက်အောင် လုပ်လို့ ရတော့မှာလဲ။”

“အခြေအနေတွေကို တင်းမာအောင် လုပ်လိုက်တဲ့ ရန်ချင်းကိုပဲ အပြစ်တင်ပေါ့။ အကယ်၍ သူသာ ဒီလောက်ထိ မလုပ်ရင်၊ မျိုးနွယ်စု ခေါင်းဆောင် ကျု့လျန်လည်း ရွှမ်ကျီး ရတနာတွေကို ထုတ်လာစရာ လိုမှာ မဟုတ်ဘူး။ ရန်ချင်းကို ကြည့်ရင်း သူတို့တွေ တစ်ယောက်ကို တစ်ယောက် ပြောနေကြတယ်။ သူတို့တွေ ရန်ချင်းရဲ့ မျက်နှာ အမူအယာ ပြောင်းသွားတာကို မျှော်လင့် ထားပေမယ့် ဘာကိုမှ မတွေ့ရဘူး။ ရန်ချင်းကတော့ ဖြစ်ပျက်နေတဲ့ အရာတွေ အားလုံးကို ထူးမခြားနား အေးစက်စက် ပုံစံနဲ့သာ ကြည့်နေခဲ့တယ်။

“ခန်းမခေါင်းဆောင် ဒါက။” ကောင်းကင် တာအို တပည့်သား ဘယ်လို ဆက်လုပ် ရမယ်မှန်း မသိ ဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့လည်း ဒီလို နှစ်ယောက် တစ်ယောက် ပြိုင်ပွဲကို သူတို့ မမျှော်လင့် ထားဘူးလေ။ မုချင်းဖန်းကို သူကြည့်ရင်း အကူအညီ တောင်းတယ်။

“ရွှမ်ကျီး မျိုးနွယ်နဲ့ အရိပ် မျိုးနွယ် နှစ်ခု စလုံးက ဒီလို အစီအစဉ်ကို သဘော တူထားတာဆိုတော့ သူတို့တွေ ဆက်လုပ် ကြပါစေ။” မုချင်းဖန်းက ပိတ်ထားတဲ့ မျက်လုံးတွေကို ပြန်ဖွင့်ရင်း စိတ်ဆုံးဖြတ်ချက် ချလိုက်တယ်။

“ကောင်းပါပြီ။

“ကောင်းပါပြီ။” ကောင်းကင် တာအို တပည့်သားလည်း ခေါင်းငြိမ့်တယ်။ ယှဉ်ပြိုင်သူ ဘက်ကို လှည့်တယ်။

“အရိပ်မျိုးနွယ်နဲ့ ရွှမ်ကျီး မျိုးနွယ်ရဲ့ ဒုတိယ အချီ စတင်။”

“ဝူး။” ကြေညာသူရဲ့ စကားသံ ဆုံးဆုံးချင်း၊ ရွှမ်ကျီး တပည့်သား နှစ်ယောက် နေရာ ခွဲလိုက်ကြတယ်။ ရန်ချင်းနဲ့ သူတို့ကြားကို ဝေးနိုင်သလောက် ဝေးအောင် လုပ်ကြတယ်။

ဒီအပြုအမူက တခြား မျိုးနွယ်စု တပည့်သားတွေကို စိတ်ရှုပ်ထွေး သွားစေတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ကို မကြာခင်ပဲ နားလည် သွားကြတယ်။ ဒီတပည့်သား နှစ်ယောက်က ရွှမ်ကျီး သံချပ်ကာတွေကို ဝတ်ထား ကြပေမယ့် ဒီတိုက်ပွဲကို သတိ ကြီးကြီးနဲ့ တိုက်ခိုက်ဖို့ ပြင်နေကြတယ်။

ရန်ချင်းက အနီးကပ် တိုက်ပွဲ ပညာရှင် ဖြစ်နေတယ်လေ။ ဒီတော့ သူ့အနားကို ကပ်ဖို့ မဖြစ်နိုင်ဘူး။

“ရန်ချင်း၊ မင်းက ကိုယ့်ကိုယ်ကို ဒီလို အခြေအနေ ဖြစ်အောင် လုပ်တာပဲ။” ရွှမ်ကျီး မျိုးနွယ် တပည့်သား နှစ်ယောက် အကြည့်တွေ ဖလှယ်ရင်း သူတို့ ဓားတွေကို ဆက်တိုက် လှုပ်ရှား ကြတော့တယ်။

ထုထည်ကြီးမားလွန်းတဲ့ ငွေရောင်နဲ့ အနက်ရောင် စွမ်းအားတွေ ဒီလူနှစ်ယောက်ရဲ့ ခန္ဒာကိုယ်က ထွက်ပေါ် လာနေတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ နှစ်ယောက်လုံးရဲ့ ဓားတွေက ရန်ချင်းကို တိုက်ခိုက်တော့တယ်။

“ဝေါင်း။” ရန်ချင်းကတော့ တပည့်သား နှစ်ယောက်ကို ပြန်မဖြေဘူး။ သားရဲကောင် ဟိန်းသံကြီးကို ထုတ်လွှတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့မျက်လုံးတွေက သွေးတွေလို နီရဲ သွားတယ်။ အရိုးကျိုးသံတွေပါ ခန္ဒာကိုယ်ကနေ ထွက်ပေါ် လာတော့တယ်။

“ဂျိန်း။” ကြီးမားတဲ့ အက်ကွဲကြောင်းကြီး တစ်ခု မြေပြင်ပေါ်မှာ ပေါ်လာတယ်။

ရန်ချင်း ခန္ဒာကိုယ်က နေရာမှာတင် ပျောက်ကွယ် သွားတယ်။ အဲ့ဒီ့နောက် ရွှမ်ကျီး တပည့်သား တစ်ယောက်ရဲ့ ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။

“ဘယ် ဘယ်လို ဖြစ်နိုင်တာလဲ။” ရွှမ်ကျီး မျိုးနွယ် တပည့်သားကတော့ ရန်ချင်း ဘယ်လောက်ထိ စွမ်းဆောင်နိုင်မှန်း သိပေမယ့် သူအံ့သြနေတုန်းပဲ။

ကံမကောင်းတာကတော့ ရွှမ်ကျီး မျိုးနွယ် တပည့်သား ချက်ခြင်း မတုံ့ပြန် နိုင်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ဓားက အပိုင်းပိုင်း အစစ ကျိုးသွား ခဲ့ပြီလေ။ ဒါ့အပြင် ပြင်းထန်တဲ့ လက်သီးချက် တစ်ချက်က သူ့ရင်ဘတ်ပေါ်ကို ကျရောက် လာတယ်။

သူချက်ခြင်း နောက်ကို လွင့်ထွက် သွားတော့တယ်။

“ခဘွန်း။” ရွှမ်ကျီး မျိုးနွယ် တပည့်သား မြေပြင်ပေါ်မှာ လူးလှိမ့် နေရတယ်။ သူ့မျက်နှာကတော့ သေခါနီး လူလို ဖြူဖျော့ နေခဲ့ပြီ။ သူ့ရင်ဘတ်က ငွေရောင် အလင်းတန်းလည်း ပျောက်ကွယ် သွားတယ်။

“အထင်ကြီးစရာ ကောင်းလိုက်တာ။”

“ဒါကြောင့်ပဲ မပျက်စီးနိုင်တဲ့ ခန္ဒာရှင်လို့ ခေါ်တာပေါ့။”

“သူက တကယ့်ကို မိစ္ဆာ စစ်စစ်ပဲ။ ပြန်လည် မွေးဖွားမှု အထွဋ်အထိပ် အဆင့် စွမ်းအားရဲ့ ဓားကို လက်ဗလာနဲ့ ခုခံ လိုက်တယ်တဲ့။ ဒါက ရူးနေတာပဲ။”

တခြား မျိုးနွယ်စု တပည့်သားတွေ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေကြတယ်။ ရွှမ်ကျီး သံချပ်ကာသာ မရှိရင် ဒီတပည့်သား နံရိုးတွေ ကျိုးကျေ ကုန်လောက်ပြီဆိုတာ သူတို့ ကောင်းကောင်း သိနေတယ်လေ။

ဒါပေါ့။ တပည့်သား တစ်ယောက်ကို ရန်ချင်း တိုက်ခိုက် နေချိန်မှာ နောက်ထပ် တပည့်သား ကလည်း ရန်ချင်းကို နောက်ဘက်ကနေ တိုက်ခိုက်ပြန်တယ်။

“ဝေါင်း။” နားကန်းမတတ် ကျယ်လောင်တဲ့ ဟိန်းသံကြီး ထွက်ပေါ် လာပြန်တယ်။

ရန်ချင်းရဲ့ နောက်ကျော ဒဏ်ရာကနေ သွေးတွေ စီးကျလာပြီးတော့ မြေပြင် တစ်ခုလုံး ရဲရဲ နီသွားတော့တယ်။

နောက်ဆုံးတော့လည်း ဒါက အခွင့်အရေးကောင်း တစ်ခုပဲလေ။ နှစ်ယောက် တစ်ယောက် တိုက်ပွဲမှာသာ ကြုံနိုင်တဲ့ ရှားရှားပါးပါး အရာ တစ်ခုပဲ။

ဒါပေမယ့် ရန်ချင်းကတော့ နောက်ကျောမှာ ဓားနဲ့ ထိုးခံ ရတာတောင် တစ်ချက် လှည့်မကြည့်ဘူး။ ရန်ချင်းရဲ့ မျက်လုံးတွေက မြေပြင်ပေါ်မှာ လဲကျနေတဲ့ ရွှမ်ကျီး တပည့်သားကိုသာ စိုက်ကြည့်နေတယ်။ ဒါက သားရဲကောင်တွေရဲ့ တိုက်ခိုက်နည်း တစ်ခုပဲ။

သူ့ရဲ့ ပြစ်မှတ်ကို ဦးတည် တိုက်ခိုက်နေချိန်မှာ ပတ်ဝန်းကျင် တစ်ခုလုံးက အရေး မပါတော့ဘူး။ သူ့ရဲ့ သားကောင်ကိုပဲ ကြည့်တယ်။

“အာဝူး။” အူသံကြီး တစ်ခုကို ထုတ်လွှတ်ရင်း သူကနောက်ကျော ဒဏ်ရာတွေ လုံးဝကို ပျောက်ကင်း သွားတော့တယ်။ မြေပြင်ပေါ်မှာ လဲနေတဲ့ တပည့်သားဆီကို ဆက်ပြီးတော့ ရွေ့လျားရင်း လက်သီးနဲ့ ထိုးချတော့တယ်။

“ရန်ချင်း။ မင်း။” ရွှမ်ကျီး မျိုးနွယ် တပည့်သားတွေ ဒီလို တိုက်ခိုက်တဲ့ သူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါက သေတဲ့ အထိ တိုက်ခိုက်မယ့် တိုက်ပွဲပဲ။

သူချက်ခြင်း ထရပ်ပြီးတော့ ထွက်ပြေး ချင်ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ သူ့ရဲ့ ပုခုံးကို လက်တစ်ဖက်က လာပြီးတော့ ကိုင်လိုက်တယ်။ လောကကြီး တစ်ခုလုံး အပေါ်အောက် လန်သွားတာကို သူခံစား လိုက်ရတယ်။

“ဝုန်း။”

ရွှမ်ကျီး မျိုးနွယ် တပည့်သား ဆွဲမ ခံရပြီးတော့ ကိုင်ပေါက် ခံလိုက်ရတယ်။ မျက်လုံးထဲမှာ ကြယ်တွေ လတွေ မြင်နေရပြီ။ သူဝတ်ထားတဲ့ ရွှမ်ကျီး သံချပ်ကာကိုပဲ ကျေးဇူး တင်ရမယ်။

သံချပ်ကာ အကူအညီ ရှိနေတာတောင် ခံစားချက်ကတော့ ဆိုးဆိုးဝါးဝါးပဲ။ အကောင်းစား သံချပ်ကာ ဝတ်ထားပေမယ့် သဲအိတ် တစ်အိတ်လိုမျိုး လက်သီးနဲ့ အကြိမ်ကြိမ် အထိုးခံနေ ရတာတော့ မလွယ်ကူဘူးလေ။

ဒါပေါ့။ ဒီကိစ္စမှာ သူလည်း ရွေးချယ်စရာ မရှိဘူးလေ။ ရန်ချင်းက သူ့ကို ပိတ်ဆို့ ထားပြီးတော့ ပြစ်မှတ်အပြစ် ထားရင်း အားကုန်သုံးပြီးတော့ တိုက်ခိုက် နေခဲ့တယ်။

“ဝုန်း ဝုန်း ဝုန်း။” မိုးခြိမ်းသံလို အသံတွေက ကျမ်းကောင်းကောင် တောင်ထိပ်မှာ ဆက်တိုက် ထွက်ပေါ် လာနေတယ်။ ရန်ချင်းကတော့ ရွှမ်ကျီး မျိုးနွယ်စု တပည့်သားရဲ့ ခေါင်းကို ဆက်တိုက် ထိုးနှက်နေတာ တူနဲ့ ထုနေသလား မှတ်ရတယ်။

တခြား ရွှမ်ကျီး တပည့်သားတွေလည်း ရန်ချင်းကို နောက်ကျောကနေ တတ်နိုင်သလောက် တိုက်ခိုက်ရင်း အားနည်းအောင် လုပ်ဖို့ ကြိုးစား နေခဲ့တယ်။ ဒါပေမယ့် ရန်ချင်း အနားကို အနိးကပ်တော့ မကပ်ဝံ့ခဲ့ဘူး။

ကြောက်စရာ မြင်ကွင်း တစ်ခုပဲ။

မျိုးနွယ်စု တပည့်သားတွေ အားလုံး တကယ့်ကို ကြောက်လန့် နေကြတယ်။ ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲကို သူတို့ တစ်ခါမှ မမြင်ဖူးဘူး။

“ဒီကောင်က လူတောင် ဟုတ်သေးရဲ့လား။”

“မိစ္ဆာပဲ။ တကယ့် မိစ္ဆာပဲ။”

“ဒါက ရူးနေတာပဲ။”

ဘယ်သူမှ ဒီလို ဖြစ်လာမှာကို မမျှော်လင့် ထားမိဘူး။ ရူးနေတဲ့ သားရဲကောင် တစ်ကောင်က လူတစ်ယောက်ကို ဆွဲယမ်း နေသလိုပဲ။

အတွေး ပေါင်းစုံက ကြည့်နေသူတွေရဲ့ စိတ်ထဲကို ဝင်ရောက်လာတယ်။

မြေပြင်ပေါ်မှာ တိုက်ခိုက် ခံနေရတဲ့ တပည့်သား ဆီကနေလည်း နာကျင်တဲ့ အသံ ထွက်ပေါ်လာတယ်။

“အား။ မလုပ်ပါနဲ့တော့။ ရပ်ပါတော့။”

“ဂျွတ်။” ရွှမ်ကျီး တပည့်သား နာနာကျင်ကျင် အော်ဟစ်နေတဲ့ အချိန်မှာပဲ သူဝတ်ထားတဲ့ သံချပ်ကာက ဆွဲဖြဲ ခံလိုက်ရတယ်။ သူ့မျက်လုံးတွေကတော့ သွေးလို ရဲရဲ နီနေခဲ့ပြီ။ ပါးစပ်ကနေ သွေးတွေ စီးကျလာတယ်။

“သူ သူ တကယ်ပဲ ရွှမ်ကျီး တပည့်သားရဲ့ သံချပ်ကာကို ဆွဲဖြဲလိုက်တယ်။”

“မိုးနတ်မင်းရေ့။”

“ဒါက တကယ့်ကို မဖျက်စီးနိုင်တဲ့ ခန္ဒာရှင်ရဲ့ တိုက်ခိုက်နည်းပဲ။”

တခြား မျိုးနွယ်စု တပည့်သားတွေကတော့ သူတို့ မျက်စိရှေ့မှာ ရှိနေတဲ့ တိုက်ပွဲကြီးကို ကြည့်ရင်း အသက်ရှူတွေတောင် ကြပ်နေခဲ့ပြီ။ တခြား ရွှမ်ကျီး တပည့်သားကတော့ ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိတော့ဘူး။ မြေပြင်ပေါ်မှာ ကူကယ်ရာမဲ့ လဲကျနေတဲ့ တပည့်သားရဲ့ လည်ပင်းကနေ သွေးတွေ စီးကျ နေတာကို သူမြင်နေရတယ်။

“ဝေါင်း။” သားရဲကောင် ဟိန်းသံကြီး တစ်ချက် ထွက်ပေါ် လာပြန်တယ်။ ဒါက အနိုင်ရလို့ ဝမ်းသာနေတဲ့ သားရဲကောင် တစ်ကောင်ရဲ့ ဟိန်းသံ။

“မိ မိစ္ဆာ” ရွှမ်ကျီး တပည့်သား စိတ်မထိန်းနိုင်ပဲ နောက်ကို ဆုတ်သွားမိတယ်။ သူ့လက်ထဲမှာ ရှိတဲ့ ဓားကတော့ တုန်ယင် နေခဲ့ပြီ။

ရွှမ်ကျီး မျိုးနွယ်ရဲ့ တပည့်ကြီး အနေနဲ့ ကိစ္စတွေ အများကြီးကို သူမြင်ဖူး ပြီးပြီ။ ဒါပေမယ့် ဒီလို ကိစ္စမျိုးကိုတော့ သူဘယ်တုန်းကမှ မမြင်ဖူး ခဲ့ဘူး။ ရန်ချင်းရဲ့ နောက်ကျော တစ်ခုလုံး သွေးတွေနဲ့ ရဲရဲ နီနေပြီ။ သူ့ဒဏ်ရာတွေ့ နက်လွန်းလို့ သူ့အရိုးတွေကိုတောင် မြင်နေရပြီ။ ဒါတွေ အားလုံးက ရန်ချင်းကို ဆက်တိုက် ထိုးခုတ်နေတဲ့ ရွှမ်ကျီး ဒုတိယ တပည့်သားရဲ့ ကျေးဇူးတွေပဲ။

ဒါတောင်မှ ရန်ချင်းက တစ်ချက်လေးတောင် ယိမ်းယိုင် မသွားခဲ့ဘူး။

မျက်မှောင် တစ်ချက်တောင် မကြုတ်ဘူး။

မယုံနိုင်စရာပဲ။

ရွှမ်ကျီး တပည့်သား သူ့မျက်လုံးသူ မယုံနိုင်ပေမယ့် ရန်ချင်းကတော့ မိစ္ဆာ အဖြစ်ကို ပြောင်းလဲ ပြီး နေပြီလေ။ အခုတော့ ဒီမိစ္ဆာက သူ့ကို စိုက်ကြည့် နေခဲ့ပြီ။ ရန်ချင်းရဲ့ နောက်သားကောင်က သူဖြစ်တော့မယ်မှန်း သူသိနေတယ်။

“မဖြစ်ဘူး။” ရွှမ်ကျီး တပည့်သား ဆုတ်ခွာဖို့ ပြင်ပေမယ့် နောက်ကျ သွားခဲ့ပြီ။ ရန်ချင်းက သူ့ကို ခုန်အုပ်လိုက်တယ်။

သားရဲကောင်ရဲ့ မျက်လုံးလို ရဲရဲနီနေတဲ့ မျက်လုံးတွေနဲ့ပေါ့။

“…”

“..”

ဒီအချိန်မှာ တခြား မျိုးနွယ်စု တပည့်သားတွေတင် မကြည့်ဝံ့လို့ မျက်စိမှိတ်ထားကြတာ မဟုတ်ဘူး။ ရွှမ်ကျီး မျိုးနွယ်ရှေ့မှာ ရပ်နေတဲ့ ကျု့လျန်တောင် မျက်လုံးတွေကို ပိတ်ထားခဲ့တယ်။

ရလဒ်ကို သူတကယ်ပဲ လက်မခံနိုင်ဘူး။

ဒါပေမယ့် သူဘာများ လုပ်နိုင်မှာလဲ။ ရွှမ်ကျီး သံချပ်ကာက သူတွေးနိုင်တဲ့ တစ်ခုတည်းသော ဖြေရှင်းချက်ပဲ။ ဒါပေမယ့် ဒီလို အင်အား အကြီးဆုံး သံချပ်ကာတောင် မခုခံ ပေးနိုင်ခဲ့ဘူး။

သူတို့တွေရဲ့ အင်အားက အရမ်းကို ကွာခြား နေခဲ့တယ်။

“ရန်ချင်း။ ငါ့ရဲ့ ရန်ချင်း။ ဘာကြောင့်များ အရိပ် မျိုးနွယ်စုကို ဝင်သွား ရတာလဲ။” ကျု့လျန်ရဲ့ နှလုံးသားက နာကျင် နေခဲ့ပြီ။ ရန်ချင်းကို ရယူဖို့ သူအများကြီး ကြိုးစား အားထုတ် ခဲ့ရတယ်။ အကယ်၍ သူသာ မသိမ်းသွင်းနိုင်ရင် ရန်ချင်းကို သတ်ပြစ်ဖို့ အထိကို တွန်းအားပေးပြီး ကြိုးစားခဲ့တယ်။

ဒါပေမယ့် ရန်ချင်းရဲ့ မပျက်စီးနိုင်တဲ့ ခန္ဒာက ကိုင်တွယ်ဖို့ ခက်ခဲလွန်းတယ်။ တောတွင်းသား တစ်ယောက်လို အန္တရာယ်တွေ ကြားမှာ ကြီးပြင်း လာပြီးတော့ အန္တရာယ်တွေကို ခံစားနိုင်တဲ့ စူးရှထက်မြက်တဲ့ ပင်ကိုယ်သိစိတ်ပါ ထပ်ပေါင်းထည့်လိုက်တော့၊ မြင့်မြတ် နယ်မြေကို အေးအေး ဆေးဆေးလေး ဝင်သွား နိုင်ခဲ့တယ်။

ဒါက ဒီလိုပဲ အဆုံးသတ် သင့်တာလေ။ ဒါပေမယ့် ရန်ချင်းကတော့ ရွှမ်ကျီးတွေရဲ့ ရန်သူ ဖြစ်တဲ့ အရိပ်တွေ လက်ထဲကို တနည်းနည်းနဲ့ ရောက်သွားခဲ့တယ်။ ကျု့လျန်ရဲ့ နှလုံးသားကတော့ အမုန်းတရား နာကျင်မှုတွေနဲ့ သွေးစိမ်းရှင်ရှင် ထွက်နေခဲ့ပြီ။

“ကျု့လျန်။ နင့်မှာ ဘာဝှက်ဖဲတွေ ရှိသေးလဲ။ အခုချိန်မှာ ထုတ်ပြဖို့ အချိန်ကောင်း ရောက်နေပြီလေ။” ဝူယွဲ့အာရဲ့ အသံကို သူကြား လိုက်ရတယ်။

“ဝူယွဲ့အာ။ အတင့်ရဲ မလာနဲ့။” ကျု့လျန် မျက်လုံးတွေကို ဖွင့်လိုက်ရင်း မြေပြင်ပေါ်မှာ လဲကျနေတဲ့ ရွှမ်ကျီး တပည့်သားကို ကြည့်ပြီးတော့ ခေါင်းကို တစ်ဖက် လွှဲထားလိုက်တယ်။

“ဟဟား။” ဝူယွဲ့အာ ပြုံးပြရင်း တစ်ခဏတာ တိတ်ဆိတ် သွားခဲ့တယ်။ ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ်ကို ကြည့်ရင်း ပြောတယ်။ “ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ်။ မင်းတို့တွေ ရန်ရွှယ့်ကို ကယ်တင် ထားပေမယ့် ဖန်ကျန်းရှီ သေရတဲ့ ငါသေချာပေါက် လက်စားချေမယ်။”

“ရန်ချင်း ရပ်လိုက်တော့ မင်းနိုင်နေပြီးသား။” ကောင်းကင် တာအို တပည့်သား ဝင်ပြောတယ်။ သူတို့တွေ ကြေညာ ပေးစရာတောင် မလိုဘူး။ ရွှမ်ကျီး တပည့်သားတွေက ခုခံနိုင်စွမ်း မရှိအောင်ကို ရှုံးနိမ့် ကုန်ကြပြီလေ။

“ဟမ်။” ရန်ချင်းရဲ့ လက်က လေထဲမှာ တန့်သွားတယ်။ ဖြည်းဖြည်းချင်း ထရပ်ရင်း နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်ပြစ်တယ်။ အရိပ်မျိုးနွယ်ရဲ့ နေရာကို သူပြန်တော့တယ်။

ဖြစ်သွားတာ မြန်လွန်းပေမယ့်၊ ကြည့်နေသူတွေရဲ့ စိတ်ထဲမှာတော့ ရာစုနှစ်နဲ့ ချီပြီးတော့ ကြာမြင့် နေသလိုပဲ။ သူတို့တွေ သတိပြန်ဝင် လာတဲ့ အချိန်၊ သူတို့တွေရဲ့ တကိုယ်လုံး ချွေးတွေ ရွှဲနစ်နေတာကို နားလည် သွားခဲ့တယ်။

“ကြောက်စရာ ကောင်းလိုက်တာ။”

“ဒီကောင်နဲ့ တိုက်ခိုက်ရမယ့် အစား သုခမိန် အဆင့် ပညာရှင် တစ်ယောက်နဲ့ပဲ တိုက်ခိုက် ချင်တော့တယ်။”

တပည့်သားတွေ အိပ်မက်ဆိုး တစ်ခုလို မြင်ကွင်းကို ပြန်မြင်ယောင်ရင်း ခေါင်းခါ နေကြတယ်။ သူတို့ မြင်ခဲ့ရတဲ့ အရာတွေက အချိန် အကြာကြီး စိတ်ထဲ စွဲမြဲ နေမှာတော့ အသေအချာပဲ။

ကောင်းကင် တာအို တပည့်သားလည်း သူ့နဖူးက ချွေးတွေကို ခပ်မြန်မြန်ပဲ သုတ်လိုက်တယ်။ သူ့ကိုယ်သူ စိတ်ပြန်ထိန်းတယ်။

ပထမ အဆင့်ကတော့ ပြီးဆုံး သွားခဲ့ပြီ။ မျိုးနွယ်စု လေးခုကတော့ ဒုတိယ အဆင့်ကို တက်လှမ်း သွားခဲ့ပြီ။

“မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုကို ကိုယ်စား ပြုပြီးတော့ ကြေညာပါမယ်။ ပထမ အဆင့် တိုက်ပွဲ ရလဒ်။ ဒုတိယ အဆင့်ကို တက်လှမ်း သွားသူတွေကတော့ ယင်ယန် ခန်းမ၊ လင်းယွမ် မျှော်စင်၊ အရိပ်မျိုးနွယ်စုနဲ့ ကောင်းကင်တာအို ခန်းမ။”

“နေစမ်းပါအုန်း။” ဒီအချိန်မှာပဲ ကြေညာချက်ကို အသံ တစ်သံက ဝင်နှောက်ယှက်တယ်။ လူတစ်ယောက် ကောင်းကင်ကနေ ဖြည်းဖြည်းချင်း ဆင်းသက် လာခဲ့တယ်။

အပိုင်း (၈၂၉) ပြီး၏။

အပိုင်း (၈၃၀)

“ကောင်းကင်တာအို ခန်းမကို စိန်ခေါ်ခြင်း။”

ဒါက ၀၀ဖိုင့်ဖိုင့်နဲ့ သက်လတ်ပိုင်း လူတစ်ယောက်ပဲ။ သူ့ရဲ့ အကျီတွေက ပါးလွှာတယ်။ ဒါပေမယ့် လည်ပင်းမှာတော့ မာဖလာ တစ်ခုကို ပတ်ထားခဲ့တယ်။

ဒီလူက ခပ်မြန်မြန် ဆင်းသက်လာတာ မဟုတ်ခဲ့ဘူး။ ကောင်းကင်က နှင်းပွင့်တွေ ကျဆင်းသလို ဖြည်းဖြည်းချင်း ဆင်းသက်လာတာ။

ဒါပေမယ့် မုချင်းဖန်း၊ မော့ရှန်းရှီ၊ တောက်ဟွမ်၊ တောက်ရှင်း တို့ရဲ့ မျက်လုံးတွေထဲမှာ တူညီတဲ့ အလင်းတန်း တစ်ခု လင်းလက် သွားခဲ့တယ်။

“နန်ကုန်းထျန်းလား။” မုချင်းဖန်း လက်သီး ဆုပ်မိတယ်။ ဒါပေမယ့် ချက်ခြင်း ပြုံးပြရင်း ပြောတယ်။ “နန်ကုန်း မိသားစု ခေါင်းဆောင်က ကောင်းကင် တာအို စုဝေးပွဲကို ကိုယ်တိုင် လာရောက်မယ်လို့ မထင်ထား ခဲ့မိဘူး။ အချိန်မှီ မကြိုဆို မိတာ ငါတို့ ကောင်းကင် တာအို ခန်းမရဲ့ အပြစ်ပါ။”

“ခန်းမ ခေါင်းဆောင်မု ယဉ်ကျေးလွန်း နေပါပြီ။ မြင့်မြတ်တဲ့ နန်ကုန်း မိသားစုက နိုင်ငံတော်ကြီး လေးခုရဲ့ အစိတ်အပိုင်းလည်း မဟုတ်ဘူး။ သာမာန် မျိုးနွယ်စုတွေထဲကလည်း မဟုတ်ဘူး။ ဒီတော့ ခန်းမ ခေါင်းဆောင်မု မဖိတ်တာ ပုံမှန် ပါပဲ။” နန်ကုန်းထျန်းက မုချင်းဖန်းကို ဂါရဝပြုရင်း ပြောတယ်။

“ကောင်းကင် တာအို စုဝေးပွဲရဲ့ ရည်ရွယ်ချက်က ကမ္ဘာမြေကို ဂရုစိုက်တဲ့ ဘယ်သူ့ကို မဆို ဖိတ်ခေါ် ဖို့ပါ။ ဒီတော့ သီးခြား မျိုးနွယ်စုတွေနဲ့ နိုင်ငံတော်ကြီး လေးခုရဲ့ အစိတ်အပိုင်း မဟုတ်လို့ မဖိတ်ခေါ်တာမျိုး မရှိပါဘူး။ နန်ကုန်း မိသားစုရဲ့ ခေါင်းဆောင် ကိုယ်တိုင်က ဒီအခမ်းအနားကို တက်ရောက်မှတော့၊ ကမ္ဘာမြေကို ဂရုစိုက်သူ တစ်ယောက်ဆိုတာ သေချာပါတယ်။” မုချင်းဖန်း ပြုံးပြရင်း ပြောပြန်တယ်။

“ခန်းမ ခေါင်းဆောင်မုရဲ့ ဧည့်ဝတ် ကျေပွန်မှုကို ကျေးဇူး တင်ပါတယ်။” နန်ကုန်းထျန်း ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် ကောင်းကင်ကြီးကို ကြည့်ရင်း လက်ကို မြှောက်လိုက်တယ်။

လူတိုင်းက သူဒီလို လုပ်တဲ့ အချိန်မှာ ကောင်းကင်ကို ကြည့်ကြတယ်။ ဒါပေမယ့် ကြီးမားတဲ့ သားရဲကောင်ကြီး နှစ်ဆယ်ကျော်က လူတစ်ယောက်စီကို သယ်ဆောင်ပြီး ရောက်လာတာကို မြင်ချိန်မှာ သူတို့တွေ မျက်မှောင် ကြုတ်လိုက်ကြတယ်။

ဝူး။

ဝူး ဝူး။

လူတွေ တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်ကနေ ဆင်းသက်လာရင်း နန်ကုန်းထျန်းရဲ့ နောက်မှာ လာရပ်ကြတယ်။ လူတိုင်းက အကျီ ပါးပါး လေးတွေကိုသာ ဝတ်ထား ကြပြိးတော့ ဘာစကား တစ်ခွန်းမှ မပြောကြဘူး။

ဒါပေမယ့် မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ တခြားသူတွေရဲ့ အမူအယာကတော့ နည်းနည်း ပြောင်းလဲ သွားခဲ့တယ်။ နန်ကုန်းထျန်းက ပြင်ဆင်ပြီးတော့ လာမှန်း သူတို့ ပြောနိုင်တယ်။ ဒါပေမယ့် နန်ကုန်းထျန်းကို မဖိတ်ခေါ် ထားဘူးလို့ မုချင်းဖန်း ပြောထားပြီးသား။ နန်ကုန်းထျန်းကို ဒီစုဝေးပွဲ အတွက် ပယ်ထားတယ်လို့ ဆိုလိုတာပဲ။

“နန်ကုန်း မိသားစု အတွက် နေရာ ပြင်ပေးလိုက်ကြ။”

“အမိန့် အတိုင်းပါ။”

မုချင်းဖန်းရဲ့ အမိန့်နဲ့ အတူ ကောင်းကင် တာအို ခန်းမ တပည့်သား တစ်ယောက် နန်ကုန်းထျန်းတို့ အုပ်စုရှေ့မှာ ပေးလာပြီးတော့ သူတို့ကို ခပ်ဝေးဝေး နေရာ တစ်ခုမှာ နေရာ ချပေးတယ်။

နောက်ဆုံးတော့လည်း ကျမ်းကောင်းကင် တောင်ရဲ့ တောင်ထိပ် နေရာ အများစုကို မျိုးနွယ်စု ငါးခုနဲ့ နိုင်ငံတော်ကြီး လေးခုက နေရာ ယူထားပြီလေ။ နန်ကုန်းတွေက သူတို့ရဲ့ အပြင်ဘက်မှာ ထိုင်နေရတာ မဆန်းပါဘူး။ ဒါပေမယ့် နန်ကုန်းတွေကတော့ မကျေနပ်တဲ့ ပုံစံ တစ်ချက်တောင် မပြခဲ့ဘူး။ ခပ်ရေးရေးတောင် ပြုံးနေခဲ့သေးတယ်။

ဘာကိုမှ မပြောပဲနဲ့ သူ့နေရာသူသာ ထိုင်နေတယ်။ နန်ကုန်း မျိုးနွယ်တွေ အားလုံး ထိုင်ပြီးတဲ့ နောက်မှာတော့ ကောင်းကင် တာအို တပည့်သားက လက်ရှိ အချိန် ပြိုင်ပွဲရဲ့ ရလဒ်ကို ဆက်ပြီး ကြေညာဖို့ လည်ချောင်းရှင်းတယ်။ ဒါပေမယ့် သူမကြေညာနိုင်ခင် အချိန်မှာ နန်ကုန်းထျန်းက အရင်ဆုံး ပြောတယ်။

“ငါတို့ မိသားစုက ကောင်းကင် မဟာမိတ် စုဝေးပွဲမှာ ပါဝင်ဖို့ သတ်မှတ် ခံလိုက် ရမှတော့ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ကို ငါတို့လည်း အရည်အချင်း မှီတယ် မဟုတ်လား။” နန်ကုန်းထျန်းက မုချင်းဖန်းကို ကြည့်ရင်း ဆက်ပြောပြန်တယ်။ “ခန်းမ ခေါင်းဆောင်မု ဘယ်လို ပြောမလဲ။”

“မင်းက ဒီတိုက်ခိုက်ရေး ပြိုင်ပွဲမှာ ပါဝင် ချင်လို့လား။” မုချင်းဖန်းက နန်ကုန်းထျန်းရဲ့ စကားတွေကြောင့် အံ့သြ နေတာ အသိသာကြီးပဲ။

နန်ကုန်း မျိုးနွယ်တွေက ပုံမှန် အတိုင်းဆိုရင် လောကကြီး တစ်ခုလုံးနဲ့ သီးခြား နေတဲ့ သူတွေအ ဖြစ်ေ ကျာ်ကြားတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာလည်း ပြင်ပ လောက ကိစ္စတွေကို သူတို့ ဝင်မပါ ခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာတော့ နန်ကုန်းထျန်းက တစ်ခုခုကို ပြင်ဆင်နေတာ အသိသာကြီးပဲ။

“ဟုတ်ပါတယ်။ ခန်းမ ခေါင်းဆောင်မုလည်း ငါတိုကတွေ ပါဝင်မှာကို တားမြစ်မှာတော့ မဟုတ်လောက်ဘူး မလား။” နန်ကုန်းထျန်းက ခေါင်းငြိမ့်ရင်း ပြောတယ်။ သူ့အသံကတော့ သူ့ရဲ့ စိတ်ဆုံးဖြတ်ချက်ကို ထင်ဟပ် နေခဲ့ပြီ။

တခြား မျိုးနွယ်စု တပည့်သားတွေကတော့ သူ့စကားကို ကြားချိန်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ ဒီလို တောင်းဆိုချက်မျိုး လုပ်ဖို့ နန်ကုန်းထျန်းမှာ ဘယ်လောက်တောင် ယုံကြည်ချက်တွေ ရှိနေမှန်း သူတို့ မသိကြဘူး။

“ကောင်းကင် မဟာမိတ် စုဝေးပွဲရဲ့ သိုင်းပညာ ပြိုင်ပွဲကို ဝင်ပြိုင်မတဲ့။”

“နန်ကုန်း မျိုးနွယ်တွေလို မထင်မရှား မိသားစုလေးက ဒီလောက် အစွမ်းအစ ရှိလို့လား။”

ဒီအချက်တွေကို ထည့်သွင်း စဉ်းစားလိုက်ရင် ဘယ်သူကမှ နန်ကုန်း မျိုးနွယ်တွေကို သူတို့ ခေါင်းဆောင် ဖြစ်လာမယ်လို့ မယုံကြည်ကြဘူး။

“ကောင်းပြီလေ။ ပထမ အချီ ပြီးသွားပြီ ဆိုတော့။ မင်းတို့ မိသားစုကို ဒုတိယ အဆင့်ဆီ တိုက်ရိုက် ဝင်ခိုင်းဖို့ကတော့ မသင့်တော် လောက်ဘူး။” မုချင်းဖန်းက ပြဿနာ တက်နေတဲ့ ပုံစံနဲ့ ပြောတယ်။

“ငါတို့တွေ နောက်ကျပေမယ့် ခန်းမ ခေါင်းဆောင်မု ပြောတာကိုတော့ လက်မခံ နိုင်ဘူး။ ယင်ယန် ခန်းမ၊ လင်းယွမ် မျှော်စင်နဲ့ အရိပ် မျိုးနွယ်စုတွေက ပထမ အချီကို ယှဉ်ပြိုင်ပြီးတော့ ဒုတိယ အဆင့်ကို တက်သွားပြီ ဆိုတာ မှန်ပေမယ့်၊ ကောင်းကင် တာအို ခန်းမကတော့ ပထမ အချီကို တိုက်ခိုက် ရသေးတဲ့ ပုံမပေါ်ဘူး။ ဟုတ်တယ်ဟုတ်။” နန်ကုန်းထျန်း ဆက်ပြောတယ်။

“ဟဟား။ စည်းမျဉ်းတွေ အရ၊ ကောင်းကင် တာအို ခန်းမက ဒုတိယ အချီကို တိုက်ရိုက် တက်နိုင်ခဲ့တာ ၇ခုမြောက် ကျောက်စိမ်းမဲတံကို ဆွဲမိ ခဲ့လို့ပဲ။”

“ဒါက ပါဝင် ယှဉ်ပြိုင်သူ ၇ယောက်ပဲ ရှိခဲ့လို့လေ။ ဒီတော့ ရှစ်ယောက်သာ ပြိုင်ခဲ့ရရင်၊ ကောင်းကင် တာအို ခန်းမက ၈ခုမြောက် ကျောက်စိမ်းမဲတံကို ဆွဲမိသူနဲ့ ယှဉ်ပြိုင် ရမှာပဲ။”

“နန်ကုန်း မိသားစု ခေါင်းဆောင်။ မင်းက ကောင်းကင် တာအို ခန်းမကို စိန်ခေါ် ချင်နေတာလား။” နန်ကုန်းထျန်းရဲ့ စိတ်အကြံတွေကို ဒီအချိန်မှာ မုချင်းဖန်း လုံး၀ နားမလည် နိုင်ခဲ့ဘူး။

“အမှန်ပါပဲ ခန်းမ ခေါင်းဆောင်မု။ ဒီစိန်ခေါ်မှုကို လက်ခံဖို့ လိုလားရဲ့လား။” နန်ကုန်းထျန်းက ခပ်တိုးတိုး ပြောတယ်။ သူအကြည့်တွေက ရေလို တည်ငြိမ် နေခဲ့တယ်။ တခြား တပည့်သားတွေကတော့ နန်ကုန်းထျန်းရဲ့ စကားကို ကြားချိန်မှာ လန့်ကုန်ကြတယ်။

ကောင်းကင်တာအို ခန်းမကို စိန်ခေါ်တဲ့ အထိ နန်ကုန်းထျန်းက ဒီလောက်တောင် အတင့်ရဲနေတာ ဘာကြောင့်မှန်း သူတို့ နားမလည် နိုင်ကြဘူး။

“သူတကယ်ပဲ ကောင်းကင် တာအို ခန်းမကို စိန်ခေါ်နေတာလား။”

“သူ့မိသားစုကို အရှက်ရအောင် လုပ်နေတာလား။”

“ငါကြားတာတော့ ချီကူယန်က နန်ကုန်းမျိုးနွယ်ရဲ့ ထိပ်တန်း ဖြစ်တဲ့ နန်ကုန်းဟောင်ကို လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာ တုန်းက အနိုင်ယူခဲ့တယ် အခုတော့ သူတို့တွေ ဘယ်လိုများ အနိုင်ယူမလဲ သိချင်လိုက်တာ။“

နန်ကုန်း မိသားစုတွေက သမိုင်းထက် ပိုစောနေတဲ့ မိသားစုတွေမှန်း သိထားတဲ့ သူတွေကတော့ စိတ်ရှုပ်ထွေး နောကတယ်။ သူတို့ရဲ့ အင်အားက ဘယ်မျိုးနွယ်စုနဲ့မှ မတူဘူးလေ။

“ကောင်းကင် တာအို ခန်းမက စိန်ခေါ်တာကို ကြောက်နေတာလား။” နန်ကုန်းထျန်းက ဘေးစကားတွေကို လျစ်လျူရှုထားခဲ့တယ်။

“နန်ကုန်း မိသားစုရဲ့ ခေါင်းဆောင်က ဒီနေ့ အရမ်းကို တင်းမာနေတော့ လန့်မိတယ်။ ဒါပေမယ့် ကောင်းကင် မဟာမိတ် စုဝေးပွဲက မျိုးနွယ်စုတွေ ကြားကနေ ခေါင်းဆောင် တစ်ယောက်ကို ရွေးချယ်ဖို့ ရည်ရွယ်ထားတာ။ ဒီတော့ မင်းတို့ မိသားရဲ့ စွမ်းအားကို ပြသသင့်တယ် မဟုတ်လား။” မုချင်းဖန်းက မျက်မှောင်ကြုတ်ထားခဲ့တယ်။ နန်ကုန်းထျန်းရဲ့ စကားတွေကြောင့် အငိုက်မိသွားတာ အမှန်ပဲ။

ဒါပေမယ့် ကောင်းကင် တာအို ခန်းမရဲ့ ခေါင်းဆောင်၊ ကောင်းကင် မဟာမိတ် စုဝေးပွဲရဲ့ ဦးဆောင်သူ အနေနဲ့ သူ့ကိုယ်သူတော့ ကောင်းကောင်း ထိန်းနိုင်ခဲ့တယ်။ အလွယ်တကူ ဆုံးဖြတ်ချက်လေးတောင် မချခဲ့ဘူး။ တခြား တပည့်သားတွေကလည်း သူ့ရဲ့ စကားတွေကို ကြားချိန်မှာ ခေါင်းငြိမ့် ကြတယ်။

အကယ်၍ နန်ကုန်း မိသားစုတွေသာ ဒီပြိုင်ပွဲကို ဝင်ပြိုင်ချင်ရင်။လူထုကို ဥိးဆောင် နိုင်စွမ်းရှိတဲ့ အကြောင်း အရင်ဆုံး ပြရမယ်လေ။

“ခန်းမ ခေါင်းဆောင်မု ပြောတာကို လက်ခံပါတယ်။ ဒီတော့ ငါတို့ရဲ့ စွမ်းအားကို ပြပါမယ်။” နန်ကုန်းထျန်းက မုချင်းဖန်းရဲ့ ပြန်ဖြေမှုကို အံ့သြပုံ မပေါ်ဘူး။ သူ့နောက်မှာ ရပ်နေတဲ့ လူတွေကို ခေါင်းငြိမ့် ပြလိုက်တယ်။

ဝုန်း။

ဒါဇင်ချီတဲ့ လူတွေ ချက်ခြင်း ထရပ်ကြတယ်။ အရမ်းကြီး တောက်ပတဲ့ အရှိန်အဝါတွေကို မထုတ်လွှတ် ကြပေမယ့်၊ သူတို့ရဲက နဖူးပေါ်မှာ ရှုပ်ထွေးတဲ့ သင်္ကေတတွေ ဆက်တိုက် ပေါ်လာတော့တယ်။

“သူတို့တွေ အားလုံးက သုခမိန် အဆင့်တွေပဲ။”

“နန်ကုန်း မျိုးနွယ်တွေလို မိသားစုလေးမှာ ဒီလို များပြားလွန်းတဲ့ သုခမိန်တွေ ရှိနေတာ ဘယ်လို ဖြစ်နိုင်တာလဲ။”

“မဖြစ်နိုင်လိုက်တာ။ မဖြစ်နိုင်လိုက်တာ။ နန်ကုန်းတွေလို သီးခြားနေတဲ့ မိသားစုလေး တစ်ခုက ဘာဖြစ်လို့ ဒီလောက်တောင် အင်အား ကြီးနေတာလဲ။”

မျိုးနွယ်စု အမျိုးမျိုးက တပည့်သားတွေတင် မကဘူး။ မြင့်မြတ် နယ်မြေရဲ့ ဦးဆောင်သူ မျိုးနွယ်စုကြီး ငါးခုပါ အံ့အား သင့်နေကြတယ်။

ဒါဇင်ချီတဲ့ သုခမိန်တွေ ဆိုတာ မျိုးနွယ်စုကြီးတွေနဲက ကောင်းကောင်းကို ယှဉ်လို့ ရတဲ့ အင်အားပဲ။ လူတိုင်း စိတ်မထိန်းနိုင်ပဲ မျက်လုံး ပြူးနေမိတယ်။

“ခန်းမ ခေါင်းဆောင်မု၊ ငါတို့ အင်အားက လုံလောက်ပြီလို့ ထင်လား။” နန်ကုန်းထျန်း ပြောတယ်။ သူ့နောက်က လူတွေလည်း ပြန်ထိုင်လိုက် ကြတယ်။

“ဟ ဟား ဟား။ စိတ်ဝင်စား စရာပဲ။ မုချင်းဖန်းရေ့။ ကောင်းကင် တာအို ခန်းမကတော့ ဒီတစ်ကြိမ်မှာ အတော်သန်မာတဲ့ သူတွေနဲ့ တိုက်ခိုက် ရပြီပဲ။” မော့ရှန်းရှီ ဒီ အချိန်မှာ ရယ်မောရင်းနဲ့ ပြောတယ်။

မုချင်းဖန်းကတော့ မျက်ခုံးတွေ ထိစပ်တော့ မတတ် မျက်မှောင် ကြုတ်ထားခဲ့တယ်။

နန်ကုန်းထျန်းကို ကြည့်တယ်။ အဲ့ဒီ့နောက် သူ့တပည့်သားတွေကို ပြန်ကြည့်တယ်။ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း မေးတယ်။ “အခုချိန်ထိ ငါတွေးလို့ မရတာ ကိစ္စ တစ်ခု ရှိသေးတယ်။ လွန်ခဲ့တဲ့ လပိုင်းတုန်းက ကောင်းကင် တာို ခန်းမမှာ ဖြစ်ခဲ့တဲ့ ကိစ္စက ကောင်းကင် တာအို ခန်းမနဲက တောင်စဉ် ကိုးသွယ် နှစ်ခု စလုံးကို သက်ရောက်ခဲ့တယ်။ နန်ကုန်း မိသားစုရဲ့ ခေါင်းဆောင်။ ငါ့ရဲက သံသယတွေကို ရှင်းလင်းအောင် ကူညီ ပေးနိုင်မလား။”

“အကယ်၍ ကောင်းကင် တာအို ခန်းမကသာ ငါတို့ကို အနိုင်ယူနိုင်ရင်တော့၊ ခန်းမ ခေါင်းဆောင်မုရဲ့ မေးခွန်းတွေ အားလုံးကို လိုလိုလားလား ဖြေပေးပါမယ်။”

“ကောင်းပါပြီ။ ဒီတစ်ခေါက် ပြိုင်ပွဲမှာ အသက်၃၀အောက် လူငယ်တွေပဲ ပါဝင် ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ နန်ကုန်း မိသားစု အကြီးအကဲ။ ဒီတစ်ခေါက်က ဘယ်သူ ယှဉ်ပြိုင် မှာပါလဲ။” ပြန်ဖြေတာကို ကြားချိန်မှာ မုချင်းဖန် အံကြိတ်ရင်းနဲ့ ခေါင်းငြိမ့် လိုက်တော့တယ်။

“မုအယ် သွားလိုက်။” နန်ကုန်းထျန်းက သူ့နောက်မှာ ရပ်နေတဲ့ သူကို ခေါင်းငြိမ့်ပြတယ်။” မုချင်းဖန်းရဲ့ မေးခွန်းကို တိုက်ရိုက် ပြန်မဖြေခဲ့ဘူး။

“ကောင်းပါပြီ။” အဲ့ဒီ့လူက ချက်ခြင်း ခုန်ထွက်လာတယ်။ အစိမ်းရောင် ဝတ်ရုံကို ဝတ်ထားပြီးတော့ သာမာန်လူ တစ်ယောက် ပုံစံပဲ။ သူ့မျက်နှာပေါ်မှာ အမာရွတ် တစ်ခုတော့ ိနေခဲ့တယ်။ ဒါက နန်ကုန်းမုက လွဲပြီးတော့ ဘယ်သူ ဖြစ်နိုင် အုန်းမှာလဲ။ နန်ကုန်း မိသားစုရဲ့ ဒုတိယသား။

“နန်ကုန်းမုလား။” မုချင်းဖန်း သူ့ကို မြင်ချိန်မှာ မျက်လုံးပြူး သွားခဲ့တယ်။ သူနန်ကုန်းမုကို မြင်ဖူးတယ်လေ။

အင်အား အရာမှာ ဆိုရင်တော့ သူက အတော်လေး ကောင်းတယ်။ အသက်၂၀ ကျော်ရုံလေးနဲ့ ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်နေခဲ့ပြီ။ သူ့ရဲ့ အရည်အချင်းတွေ နိုင်ငံတော် လေးခုမှာ ဆိုရင်တော့ မျက်စိကျချင် စရာပဲ။ ဒါပေမယ့် မြင့်မြတ် နယ်မြေမှာတော့ ဒီလို အရည်အချင်းမျိုးက ပေါလွန်းတယ်။

“နန်ကုန်းထျန်းက အချိန်အကြာကြိး ဟန်ရေး ပြပြီးတော့မှ ဒီမထင်မရှား ကောင်လေးကို ပို့လိုက်တယ်လား။”

“ဒီကောင်လေး နာမည်ကို မင်း အရင်တုန်းက ကြားဖူးလား။”

“ဟင့်အင်း။ ဒါပေမယ့် ငါကြားဖူးတာတော့ နန်ကုန်းတွေရဲ့ ထိပ်တန်း ပါရမီရှင်က နန်ကုန်းဟောင်တဲ့။ သူကတော့ နန်ကုန်းဟောင်ရဲ့ ညီငယ်လေးပဲ ဖြစ်မယ် ထင်တယ်။

ဆွေးနွေး နေကြတဲ့ တပည့်သားတွေကတော့ နန်ကုန်းမု ထွက်လာတာကို မြင်ချိန်မှာ သိသိသာသာကြီးကို အံ့သြ နေခဲ့ကြတယ်။ ဒါပေမယ့် ချွင်းချက်ကတော့ ရှိနေတုန်းပဲ။ ဥပမာ ချီကူယန်။

“ဆရာ။ ကူယန် သွားလိုက်မယ်။” ချီကူယန် ပြောရင်းနဲ့ ရှေ့ထွက်သွားတယ်။

“မဖြစ်ဘူး။” မုချင်းဖန်းက သေချာ စဉ်းစား ဆုံးဖြတ် ထားတဲ့ ပုံစံပဲ။ “လင်းယွမ် မျှော်စင်က ပင်းယန်နဲ့ ယင်ယန် ခန်းမက ရန်ရွှယ် သုခမိန်အ ဆင့် ရောက်နေမယ်လို့ ငါမထင်ထား ခဲ့မိဘူး။ အရိပ် မျိုးနွယ်စုရဲ့ ရန်ချင်းကတော့ သုခမိန် မဖြစ် သေးပင်မယ့် အနိုင်ယူဖို့ မလွယ်ဘူး။ မင်းကလည်း အဆင့်မတက်သေးဘူး ဆိုတော့ သူတို့ထက် ကျင့်ကြံဆင့်က တစ်ဆင့် နောက်ကျနေတယ်။ အခု အချိန်မှာ အင်အားကို ထိန်းသိမ်းထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။”

“နန်ကုန်း မျိုးနွယ်စုတွေက အေးခဲပြီး ကြမ်းတမ်းတဲ့ နေရာမှာ သီးခြားနေနေတာ နှစ်ပေါင်း ရာနဲ့ ချီပြီးတော့ ကြာနေပြီး။ အပြင်ကို ထွက်လာခဲတယ်။ သူတို့ရဲ့ မျိုးနွယ်စုက လူငယ်တွေပဲ တာအို နိယာမ စာမေးပွဲကို နှစ်တိုင်း လာဖြေကြတယ်။ သူတို့တွေ ဒီနေ့ ထွက်လာကြတယ် ဆိုတာလည်း နန်ကုန်းမုက ကြောက်စရာ ကောင်းအောင် တိုးတက် လာလို့ပဲ ဖြစ်ရမယ်။” ချီကူယန် သူမရဲ့ စိတ်ထဲက စကားတွေကို အဆုံးထိ ပြောဖို့ အတွက် တွေေ၀ နေခဲ့တယ်။

“စိုးရိမ်ဖို့ မလိုပါဘူး။ နန်ကုန်းမုရဲ့ စွမ်းရည်တွေကို လ ွန်ခဲ့တဲ့ လပိုင်းတုန်းက ငါမြင်ခဲ့ပြီးပြီ။ သူ့အဆင့် တက်လာရင်တောင် အများကြီး တိုးတက်မှာတော့ မဟုတ်ဘူး။ နောက်ပြီးတော့ ပြိုင်ပွဲတွေမှာ စည်းမျဉ်း သတ်မှတ်ချက်တွေ ရှိတယ်။ အဆိုးဆုံး ဖြစ်လာရင်တောင်၊ ငါ့တပည့် ဝင်ဖို့ နောက်မျက လွန်းသေးပါဘူး။”

“နားလည်ပါပြီ။ ကူယန် ဆရာ့ ဆုံးဖြတ်ချက်ကို နာခံပါမယ်။” ချီကူယန် ခေါင်းငြိမ့်ရင်း ပြန်ဝင်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ချီကူယန်ရဲ့ နောက်ကနေ လူတစ်ယောက် ထပ်ထွက်လာခဲ့တယ်။ သူ့ရဲ့ နောက်ကျောမှာတော့ ဓားနှစ်လက် ရှိနေခဲ့တယ်။ ဓားတစ်လက်က ဓားရှည်။ နောက်ဓား တစ်လက်က အတို။

“တပည့်သား (ချိုးကျင်းဖုန်း) စိန်ခေါ် ချင်ပါတယ်။” ဒီတပည့်သားက မုချင်းဖန်းကို အရိုအသေ ပြုရင်း ထွက်လာခဲ့တယ်။

“ကောင်းပြီ။ ကျင်းဖုန်း။ သိပ်မကြာခင် တုန်းကမှ မင်းအဆင့်တက်ခဲ့ပေမယ့်၊ ဒီတစ်ခေါက် တိုက်ပွဲမှာ မင်း သတိထားဖို့ လိုတယ်။ လွန်ခဲ့တဲ့ လပိုင်းတုန်းက တိုက်ပွဲကို မင်း မျက်မြင် တွေ့ခဲ့မှာ သေချာတယ်။ နန်ကုန်းမု ဘယ်လောက် သန်မာတယ်ဆိုတာကို မင်းသိမယ်လို့ ငါယုံကြည်ပါတယ်။ အကယ်၍ ရန်ချင်းရဲ့ မပျက်စီးနိုင်တဲ့ သွေးကို ထည့်မတွက်ဘူးဆိုရင်၊ နန်ကုန်းမုရဲ့ စွမ်းအားတွေ အားလုံးပေါင်းတာက ရန်ချင်းထက် သာတယ်။” မုချင်းဖန်း ခေါင်းငြိမ့်လိုက်တယ်။

“ကျွန်တော် နားလည်ပါတယ်။ သေချာပေါက် သတိထားပြီးတော့ တိုက်ခိုက်ပါမယ်။” ချိုးကျင့်ဖုန်း အလေးအနက် ပြန်ဖြေတယ်။

“သွားတော့။”

“အမိန့် အတိုင်းပါ။”

သူချက်ခြင်း စင်မြင့်ပေါ်ကို ခုန်ထွက် သွားတယ်။ ပတ်ဝန်းကျင် ပရိသတ်ကို အရိုအသေ ပြုတယ်။

“ငါက ချိုးကျင့်ဖုန်း။ ကောင်းကင် တာအို ခန်းမက တပည့်သား။ ၂၉နှစ်။ သုခမိန်။” ချိုးကျင့်ဖုန်း သူ့ကိုယ်သူ မိတ်ဆက်တယ်။

“သူက သုခမိန်လား။”

“လွန်ခဲ့တဲ့ နှစ်ဝက်မှာ တွေ့တုန်းက သူက ပြန်လည် မွေးဖွားမှု အထွဋ်အထိပ် အဆင့်လေ။ နှစ်ဝက်နဲ့ အဆင့်တက် လာတယ်လား။”

“ကောင်းကင် တာအို ခန်းမကို အထင်သေးလို့ မဖြစ်ဘူး။ သူတို့မှာ ရွေးချယ်ခံ ချီကူယန် ရှိနေရုံတင် မကဘူး။ ချိုးကျင့်ဖုန်းလည်း ရှိနေသေးတယ်။”

တခြား မျိုးနွယ် တပည့်သားတွေ ချိုးကျင့်ဖုန်းရဲ့ မိတ်ဆက် စကားကို ကြားချိန်မှာတော့ စတင် ဆွေးနွေး ကြတော့တယ်။ အသက်၃၀အောက် လူတွေထဲ သုခမိန် ဖြစ်တာ ရှားပါးတယ်လေ။

“ကြည့်ရတာ အဖိုးကြီး မုက သေချာ ပြင်ဆင် ထားတဲ့ ပုံစံပဲ။” မော့ရှန်းရှီ ပုခုံး တွန့်ရင်း ပြောတယ်။ မုချင်းဖန်းကတော့ အေးဆေး တည်ငြိမ် နေတဲ့ အပြင်၊ လေးလေးနက်နက် စဉ်းစား တွေးတော နေတဲ့ ပုံစံပဲ။

အပိုင်း (၈၃၀) ပြီး၏။

All Chapters