← Chapters

အပိုင်း (၈၅၁-၈၆၀)

Vol. 9 Ch. 851-860

အပိုင်း (၈၅၁-၈၆၀)

Vol. 9 Ch. 851-860

အပိုင်း (၈၅၁)

“အသုံးမကျတဲ့ လူတွေ။”

လူသားတွေ ဆိုတာ ရှေးခေတ်တွေတည်းက အဖွဲ့အစည်းနဲ့ နေတဲ့ သူတွေ။ ရပ်တည်ချက်ပဲ ကွာခြားတယ်။

အကယ်၍ အဖွားကြီး တစ်ယောက်ကိုသာ လူဆိုးလေးတွေက အနိုင်ကျင့်နေပြီးတော့ ဖြတ်သွား ဖြတ်လာတွေကလည်း မကူညီပဲ ရပ်ကြည့်နေကြမယ်။ လူတစ်ယောက်က ရုတ်တရက် ဝင်ကူညီပြီးတော့ ရပ်ကြည့်နေသူတွေကို (အသုံးမကျလိုက်တဲ့ လူတွေလို့) ပြေလိုက်မယ်ဆိုရင်၊ ပြဿနာ ပိုတက် သွားလိမ့်မယ်။

အကောင်းဆုံး အခြေအနေမျိုးမှာ၊ သူတို့က မင်းကို ရိုက်ရုံလောက်ပဲ။ အဆိုးဆုံးမှာတော့၊ မင်းကို မြစ်ထဲတောင် ပြစ်ချနိုင်တယ်။ လင်းယွမ် မျှော်စင်ကတော့ အခုချိန်မှာ ဒီလို အဖြစ်မျိုးနဲ့ ကြုံနေရတယ်။ ဘေးမှာ ရပ်ကြည့်နေတဲ့ သူတွေ ဖြစ်နေတဲ့ အတွက် နာမည်တပ်ပြီး ကျိန်ဆဲ ခံရတော့တယ်။

“ခေါင်းဆောင် ဘာလုပ်ရမလဲ။” အနီရောင် အမျိုးသမီး ချက်ခြင်း မေးတော့တယ်။

(ခွေးကောင်လေး။ ငါ့ကို စိန်ခေါ် ဝံ့တယ်ပေါ့။) ချင်းယွိ အတော့်ကို ဒေါသ ထွက်နေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို ဘာမှ လုပ်လို့ မရဘူးလေ။

ဒီကောင်စုတ်လေး ချောက်တွန်းတဲ့ အတိုင်း လုပ်ရတော့မှာလား။

ချင်းယွိ လက်မခံ နိုင်ပေမယ့်၊ ဒါက လင်းယွမ် မျှော်စင်နဲ့ သက်ဆိုင် နေတယ်လေ။ အခုလို အခြေအနေကနေ ထွက်နိုင်ဖို့ တပည့် နည်းနည်း လွှတ်ရုံနဲ့တော့ ရမှာ မဟုတ်ဘူး။ ဒါဆိုရင် သူများတွေ အမြင်မှာ အကျိုးအမြတ် ယူချင်လို့ စွမ်းအားအပြည့် ထုတ်မသုံး သူတွေ ဖြစ်သွားလိမ့်မယ်။

(ငါဘာလုပ်ရမလဲ။)

အများကြီး တွေးတော ပြီးတဲ့ နောက်မှာတော့ ဖြေရှင်းချက် တစ်ခုကို စဉ်းစားမိလိုက်တယ်။ ဒါပေမယ့် အဲ့တာကို လုပ်ဖို့ ဆုံးဖြတ် လိုက်တဲ့ အချိန်၊ ဖန်ကျန်းရှီဆီကို ချက်ခြင်း ပြေးပြီးတော့ ရိုက်သတ်ချင်စိတ်တွေ ပေါ်လာတယ်။ ဒါပေမယ့် လင်းယွမ် မျှော်စင်

သိက္ခာ မကျအောင် အရင် လုပ်ရမယ်လေ။ သူမ အရမ်းကို ဒေါသထွက်နေပင်မယ့်၊ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းနေရတယ်။

“နန်ကုန်းဟောင်လေး တစ်ယောက်ကိုတောင် ဒီလောက် အင်အား အများကြီး ဖြစ်ပြီး အနိုင်မယူ နိုင်ဘူးလား။ အိုက်ယား။ မြင့်မြတ် နယ်မြေက အရင်လို မဟုတ်တော့ပါလား။” ချင်းယွိ ထရပ်ရင်း ပြောတယ်။ မောက်မာတဲ့ အရှိန်အဝါတွေ သူမ ခန္ဒာကိုယ်ကနေ ဖြာထွက်လာတယ်။

မုချင်းဖန်းနဲ့ မော့ရှန်းရှီ အပါအဝင် တခြားသူတွေတောင် သူမ စကားကြောင့် မျက်နှာပျက်ကုန်ကြတယ်။ ဒါက သူတို့ကို အသုံးမကျဘူးလို့ ပြောနေတာလေ။

“သေစမ်း။”

“သူ့တပည့်တွေကို စတေးရမှာ ကြောက်တာနဲ့တင်၊ အမှန်တရား ဘက်တော်သားကြီး ပုံစံကို ဖမ်းနေတော့တောပဲ။”

“ဟုတ်တယ်။ လင်းယွမ် မျှော်စင်က အပြောပဲ ရှိတာ။”

တပည့်သားတွေက မတုံးအဘူး။ သူမ လှောင်ရယ်နေတာကို နားလည်တယ်။ ဒါပေမယ့် ချင်းယွီနောက်က တပည့်သားတွေ ထွက်လာချိန်မှာ ခပ်မြန်မြန်ပဲ ပါးစပ် ပိတ်ကုန်ကြတယ်။

လင်းယွမ် မျှော်စင်က မြင့်မြတ် နယ်မြေမှာ နေရာ တစ်ခု အခိုင်အမာ ယူထားနိုင်တာ သူတို့တွေက အမျိုးသမီးတွေချည်း ဖြစ်နေလို့ မဟုတ်ဘူး။ တခြားသူတွေကို လန့်စေတဲ့ စွမ်းရည် ရှိနေလို့ပဲ။ နောက်ပြီးတော့ ဒါဇင်ချီတဲ့ တပည့်သားတွေ ထွက်လာချိန်မှာ၊ သူတို့တွေ တညီတညာတည်း သပ်သပ်ရပ်ရပ် တန်းစီထားကြတယ်။ ခန္ဒာကိုယ်ကလည်း လန့်စရာ အရှိန်အဝါတွေကို ထုတ်လွှတ် နေခဲ့တယ်။

“အမှန်အတိုင်း ပြောရရင်၊ ဒီလို တိုက်ပွဲ ခပ်ရှုပ်ရှုပ်မှာ ဝင်ပါပြီးတော့ ကိုယ့်ကိုယ်ကို အဆင့်နိမ့်အောင် မလုပ်ချင်ဘူး။ မင်းတို့တွေ အားလုံး နောက်ဆုတ်ကျ၊ နန်ကုန်းဟောင်ကို လင်းယွမ် မျှော်စင် တစ်ခုတည်းနဲ့ အနိုင်ယူနိုင်တယ်၊” ချင်းယွိ ဒီစကားတွေကို ပြောနေချိန်မှာ အရမ်း အေးစက်ပြီးတော့ ကြောက်စရာ အရှိန်အဝါတွေကို ထုတ်လွှတ် နေခဲ့တယ်။

“…”

“သူတို့တွေက အဆင့်နိမ့်အောင် မလုပ်ချင်ဘူးတဲ့။”

ပတ်ဝန်းကျင် တပည့်သားတွေ လင်းယွမ် မျှော်စင်ရဲ့ မောက်မာမှုကြောင့် ဒေါသ ထွက်လာကြတယ်။ လင်းယွမ် မျှော်စင်က မြင့်မြတ် နယ်မြေမှာ အမောက်မာဆုံးဆိုတာ မှန်နေတာပဲ။ ဒီတော့ ဒေါသ ထွက်ပေမယ့် မအံ့သြကြဘူး။

လင်းယွမ် မျှော်စင်က သူတို့နဲ့ အတူတူ မတိုက်ခိုက် ချင်တာကြောင့် ဘေးထွက်နေတာကို သိကြချိန်မှာလည်း ဒေါသထွက်ရုံက လွဲပြီးတော့ ဘာမှ မလုပ်နိုင်ဘူးလေ။

“အကွက်လေး လှတယ်။ ဒေါ်လေး။” ဖန်ကျန်းရှီ ပြောပြန်တယ်။ ဒီတစ်ခေါက်မှာတော့ ချင်းယွိကို မျက်စိတစ်ဖက် မှိတ်ပြပြီးတော့ လက်မ နှစ်ဖက် ထောင်ပြလိုက်တယ်။ ဖန်ကျန်းရှီ ပြောတာတွေကို မြင်ပင်၊ ကြားပေမယ့်၊ သူမ လျစ်လျူရှုထားတယ်။

“ကြယ်ပျံ လနောက်လိုက် ခုနှစ်သွယ်။ အရာအားလုံး ပေါင်းစည်း။” ချင်းယွိ အော်လိုက်တယ်။

လင်းယွမ် မျှော်စင် တပည့်သားတွေ ၇စင်ကြယ် ပုံစံ နေရာယူလိုက်ကြတယ်။ အလယ်မှာတော့ လမင်းကြီး ပုံစံကို နေရာ ချန်ထားတယ်။ သူတို့ရဲ့ အဓိက တိုက်ခိုက်မှုက လမင်းကိုပဲ။ ဒီတိုက်ခိုက်မှုက အနီရောင်ဝတ် အမျိုးသမီးတွေ ချည်းပဲ ပေါင်းစည်းထားတာ။

ဝူး။

မီးတောက်ကြီး တစ်ခု ကြယ်တပွင့်ကနေ ထွက်လာပြီးတော့ လမင်းကို ချက်ခြင်းဆိုသလို အနီရောင် ပြောင်းသွားစေတယ်။

မီးလျှံကြားက လမင်း။ တပည့်သားတွေ ဒီတိုက်ကွက်ရဲ့ စွမ်းအားကို မြင်ချိန်မှာ အထိတ်တလန့် နောက်ဆုတ်ကြတယ်။

“ဒီလောက် လူတွေ အများကြီးက တာအို တစ်ခုတည်းကို သုံးနေတောလား။”

“အဲ့တာ ဒဏ္ဍာရီထဲက လင်းယွမ် မျှော်စင်ပဲ။ အင်အား ကြီးလိုက်တာ။”

ချင်းယွိကြောင့် စိတ်ဆိုးနေသူတွေ အခုချိန်မှာတော့ စကားမပြောဝံ့ တော့ဘူး။ ဒီလောက် အင်အားကြီးနေ မှတော့ နည်းနည်း မောက်မာတာ ဘာဆန်းသလဲ။

“အဖိုးကြီးမု။ ငါတို့တွေ အရှက်ရတာတော့ အဖြစ်မခံ နိုင်ဘူး။ ငါတို့တွေက အသုံးမကျတဲ့ သူတွေမှ မဟုတ်ပဲ။” မော့ရှန်းရှီ ပြောတယ်။

အနည်းဆုံးတော့ သိက္ခာဆိုတာ ရှိသေးတယ်။ တိုက်ခိုက်ရေး ပြိုင်ပွဲမှာ ရှုံးသွားပင်မယ့်၊ တိုက်ပွဲမှာတော့ တိုက်ခိုက် နိုင်သေးတယ်။ ချက်ခြင်း ဆိုသလို အမိန့်ပေးတယ်။ တပည့်သား တစ်ရာကျော် ရှေ့ထွ့်လာတယ်။

“ငါတို့ရဲ့ အစွမ်းကို လင်းယွမ် မျှော်စင် သိအောင် ပြလိုက်။”

“အမိန့်အတိုင်းပါ။” တပည့်သားတွေ ချက်ခြင်း ငွေရောင် ချိတ်ကောက်ပုံစံ လက်နက်တွေကို ထုတ်လိုက်ကြတယ်။ သတ္တုချင်း ထိခတ်သံနဲ့ အတူ ချိတ်ကောက်တွေ တညီတည်း ဆက်သွားတော့တယ်။ သူတို့တွေ နေရာ အနံှ့ လူဖြန့်လိုက်တယ်။

ဝုန်း။ ငွေရောင် အလင်းတန်းကြီးနဲ့ အတူ၊ တပည့်သား တစ်ရာကျော် အဆက်မပြတ် လှုပ်ရှားတော့တယ်။ သူတို့ရဲ့ လှုပ်ရှားမှုကြောင့် ပေါ်လာတဲ့ ငွေရောင် မြစ်ကြီးက နဂါးတစ်ကောင် ကခုန်နေသလိုပဲ။ အကြီးအကဲ ရှစ်ယောက်က နဂါးဗိုက်မျာ နေရာ ယူထားကြတယ်။ လက်သည်းလို ချွန်ထက်တဲ့ လက်နက်တွေကို ကိုင်ထားရင်းနဲ့ပေါ့။

“သေစမ်း။” တိုက်ပွဲ ခေါ်သံနဲ့အတူ နန်ကုန်းဟောင်ဆီကို ငွေနဂါးကြီး ပျံတက်လာတယ်။

“အဲ့တာ ဖူရှီး ဗျူဟာလား။”

“အံ့သြစရာ ကောင်းလိုက်တာ။ ကြားသာ ကြားဖူးတယ်။ ဒီလို လှုပ်ရှားလို့ ရတဲ့ ဗျူဟာ အရှင်လို့ မထင်ထား မိဘူး။”

တပည့်သားတွေ တအံ့တသြ ချီးမွမ်း နေကြတယ်။

“အဲ့တာ လက်ရှစ်ဖက် ငွေနဂါး ဗျူဟာလေ။” မော့ရှန်းရှီ ချင်းယွိကို ပြုံးပြရင်း ပြောတယ်။

“အိုက်ယား။” မုချင်းဖန်းကတော့ ခါးသက်သက် ဖြစ်နေခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ လုပ်ရပ်က တော်တော်လေး ထိရောက်တာပဲ။ သူလည်း ရပ်လို့ မရမှတော့ မီးစင်ကြည့်က ရတာပေါ့။

“ဓား ၁၀၈လက် တိုက်ကွက်ထုတ်။”

“ဟုတ်။”

မုချင်းဖန်းရဲ့ စကားသံနဲ့ အတူ ရေခဲလို အေးစက်တဲ့ ဓားတွေကို ကိုင်ထားတဲ့ တပည့်သား ၁၀၈ယောက် ထွက်လာကြတယ်။

ဓားတွေ လှုပ်ရှားတိုင်း နဂါးအော်သံတွေ ထွက်ပေါ်နေတယ်။ အဆုံးမသတ်နိုင်တဲ့ လှိုင်းတွေလိုပဲ။

“အင်အားကြီးလိုက်တဲ့ ဓားဆန္ဒတွေ။”

“ကောင်းကင် တာအို ခန်းမက နာမည်နဲ့ လိုက်ဖက်လိုက်တာ။ ထိပ်တန်း ဓားရေးပညာရှင်တွေ ရှိတာပဲ။”

“ငါတို့က သူတို့နဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ဘူး။”

ပတ်ဝန်းကျင် တပည့်သားတွေ လမ်းဖယ် ပေးကြတယ်။ မျိုးနွယ်စုကြီး သုံးခုက အစွမ်းအစစ်ကို ထုတ်ပြ နောကပြီ။ ဖန်ကျန်းရှီကတော့ ပြုံးနေခဲ့တယ်။ ဒီလို တိုက်ပွဲမျိုး ကြည့်ရတာကို သူအတော် သဘောကျတယ်လေ။ စကားနဲ့တောင် ပြောလို့ မရဘူး။ အရည်အသွေး စစ်မှန်မှုက တန်ဖိုးမြင့်တယ်။

“သွားကြစို့။ ယင်ယန် ခန်းမ ဘယ်ရောက် နေတာလဲ။ မြင့်မြတ် နယ်မြေမှာ မျိုးနွယ်စု ငါးခု ရှိတယ် ထင်တာပဲ။ တောက်ဟွမ် တောက်ရှင်း နှစ်ယောက်က ငကြောက်တွေလား။ ယင်ယန် ခန်းမရဲ့ အစွမ်းအစတွေကို ပြစမ်းပါ။” ဖန်ကျန်းရှီ အော်နေပြန်တယ်။

“ဒီခွေးကောင်ကတော့။” တောက်ဟွမ် အတော့်ကို ဒေါသ ထွက်နေတယ်။

“တကယ့် ခွေးကောင်ပဲ။ ဒါပေမယ့် ငါတို့ တိုက်ပွဲထဲ ဝင်ပါမှ ဖြစ်မယ်။” တောက်ရှင်း အသံက တည်ငြိမ် နေခဲ့တယ်။

“ယင်ယန် ခန်းမလည်း သူ့စကားကို နားထောင်တော့မှာလား။”

“မှန်ကန်တဲ့ အကြံကို ယူရမယ်။ နန်ကုန်းဟောင်ကို သတ်ပြီး လောကကြီးကို ကယ်ရမယ်။ ဖန်ကျန်းရှီနဲ့ မဆိုင်ဘူး။”

“မှန်တယ်။” တောက်ဟွမ် ခေါင်းငြိမ့်ရင်း ပြောတယ်။ “ယင်ယန် အစွန်း နှစ်ဖက် သေရှင် ကိုယ်စားပြု။ ယင်ယန် ဂိတ်တံခါးကို ဖွင့်ကြ။”

“အမိန့် အတိုင်းပါ။” တပည့်သား ၈၈ယောက် ချက်ခြင်း ဆိုသလို ဗျူဟာ တစ်ခုနဲ့ လှုပ်ရှားကြတော့တယ်။ ယင်ယန် ပုံရိပ် ပေါ်လာပြီးတဲ့နောက် တောက်ပတဲ့ စီးကြောင်းတွေက ဒဏ်ရာရထားတဲ့ တပည့်သားတွေရဲ့ ခန္ဒာကိုယ်ထဲကို ဝင်လာကြတယ်။ သူတို့ ဒဏ်ရာတွေ ခပ်မြန်မြန်ပဲ ပျောက်ကုန်ကြတယ်။

“ကျေးဇူးတင်ပါတယ်။ ခေါင်းဆောင်။”

တပည့်သားတွေ သူတို့ ဒဏ်ရာတွေ ပျောက်ကွယ် သွားတာကြောင့်တောက်ဟွမ်ကို ချက်ခြင်း ကျေးဇူး တင်ကြာတော့တယ်။ ကြီးမားတဲ့ ယင်ယန် စက်ကွင်းကြီးက ဒီအချိန်မှာ ဆက်တိုက် လှည့်ပတ်တော့တယ်။ အနက်ရောင် အလင်းတန်းကြီးတွေက ကြောက်စရာ အေးစက်မှုတွေနဲ့ အတူတူ ပေါ်လာတော့တယ်။

“အနက်ရောင်က သေခြင်း စွမ်းအားပဲ။”

“အင်အား ကြီးလိုက်ကြတာ။”

တပည့်သားတွေ ကြက်သီး တဖြန်းဖြန်း ထနေကြတယ်။

“ယင်ယန် အစွန်းနှစ်ဖက်လား။” ဖန်ကျန်းရှီ ကြည့်ရင်း ပြောနေတယ်။ အနက်ရောင် အလင်းတန်းတွေ အပြင် သူထပ်မြင် နေရတာ ရှိသေးတယ်။ ဒါကတော့ ထူးခြားတဲ့ လမ်းကြောင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ ပုံစံပဲ။

“စိတ်ဝင်စား စရာပဲ။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တဖျပ်ဖျပ် လက်နေခဲ့တယ်။ တောင်စဉ်ကိုးသွယ်ကို သူကြည့်တယ်။

တိုက်တိုက်ဆိုင်ဆိုင်၊ တောင်စဉ် ကိုးသွယ် လက်ရှိ ခေါင်းဆောင် ပိုင်ဖေးကလည်း သူ့ကို ကြည့်နေခဲ့တယ်။ နှုတ်ခမ်းလှုပ်ပြီးတော့ စကား ပြောနေခဲ့တယ်။

အပိုင်း (၈၅၁) ပြီး၏။

အပိုင်း (၈၅၂)

“သက်တန့်နဲ့ မိုးမြေ နှစ်ခု ဆက်သွယ်မှု။”

ဖန်ကျန်းရှီ တကယ်တော့ ဒီခေါင်းဆောင်သစ်ကို နည်းနည်း စပ်စုချင်တယ်။ ဒါပေမယ့် မအံ့သြ ခဲ့ပါဘူး။ မဟာ အကြီးအကဲကို သတ်ခဲ့မှတော့ နောက်ထပ် လူသစ် တစ်ယောက် ရွေးရမှာပဲလေ။ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ပိုင်ဖေး ပြောနေတာက သူ့ကို ကြောင်အ သွားစေတယ်။

“မင်းအမေက ထမင်းစားဖို့ ခေါ်နေပြီတဲ့လား။” ဖန်ကျန်းရှီ ဒါကို နားမလည် နိုင်ခဲ့ဘူး။

“ပိုင်ဖေးက ငါ့အမေကို သိလို့လား။”

“ဘယ်ကကောင်လဲ။”

“နေစမ်းပါအုန်း။”

“မင်းအမေက မင်းကို အိမ်မှာ ညစာ ပြန်စားဖို့ ခေါ်နေပြီ။” ဒီပေါက်ကရ စကားတွေကို ရင်းနှီး နေလိုက်တာ။ ဖန်ကျန်းရှီက မကြာခင်ပဲ နားလည် သွားခဲ့တယ်။ သူက ငတုံးမှ မဟုတ်ပဲ။

ပိုင်ဖေးရဲ့ နှုတ်ခမ်းတွေက ခပ်မြန်မြန် လှုပ်နေတာကို သတိထား မိလို့ပဲ။ ဒါက စိတ်ပိုင်း ဆိုင်ရာကို လွှမ်းမိုးတဲ့ မန္တန် တစ်ခု လုပ်နေတာ။

“ပိုင်ဖေးက ဘာကိစ္စ မန္တန်လာရွတ် နေတာလဲ။”

ရုတ်တရက် ပိုင်ဖေးရဲ့ မျက်ဝန်းထဲမှာ လက်သွားတဲ့ အလင်းတန်းကို သူသတိ ထားမိလိုက်တယ်။ မသိသာပေမယ့်၊ ဖန်ကျန်းရှီကတော့ အဲ့တာကို လုံး၀ အာရုံရောက်သွားတယ်။ ပိုအာရုံစိုက်လေ ပိုပြီးတော့ ေ၀ဝါး လာလေပဲ။ ဖန်ကျန်းရှီ လုံးဝကို အာရုံ လွင့်သွားတယ်။

အဲ့ဒီ့နောက် သူ့လောကကြီး တစ်ခုလုံး ချာချာ လည်နေသလို ခံစားရတယ်။ ခေါင်းရှင်းဖို့ ကြိုးစားပင်မယ့်၊ မရဘူး။ ပိုပြီးတော့ ကြိုးစားလေ သူ့ရဲ့ အတွေးတွေက အကြပ်ရိုက်လာလေပဲ။ ဒီလို အခြေအနေနဲ့ ဘယ်လောက်တောင် ကြာသွားမှန်း မသိတော့ဘူး။ သူ့ရှေ့မှာ ဝတ်ရုံဖြူ အမျိုးသမီး ထပ်ပေါ်လာတာကို မြင်တော့မှပဲ အသိဝင် လာတော့တယ်။

လှပတဲ့ ကောက်ကြောင်း။ ရှည်လျားတဲ့ ဆံကေသာ၊ မျက်ဝန်း နက်နက်တွေနဲ့ မိန်းမလှ။

“မင်းပဲလား။” သူ့ကို ခနခန မြင်ပါများတော့ ဖန်ကျန်းရှီ သူစိမ်းလို မထင်တော့ဘူး။ ဒါပေမယ့် ရင်းမှ မရင်းနှီးပဲ။

“နင်ဒီမှာ ရှိမနေသင့်ဘူး။” အမျိုးသမီး ပြောတယ်။

“ဘာဖြစ်လို့လဲ။ ဒါက ဘယ်နေရာလဲ။” ဖန်ကျန်းရှီ တစ်ခုခု လွဲနေတာကို နားလည်သွားတယ်။ ဒါက သူ့ကို ပြောတဲ့ ပထမဆုံး စကားပဲလေ။

“နင်ပြန်ရမယ်။” သူမ အသံကို ကြားရပြန်တယ်။

“မင်းဘယ်သူလဲဆိုတာ ပြောသွားအုန်းလေ။”

“…”

တစ်ခုခုက သူ့စိတ်ကို လာပြီး ဆန့်ကျင်နေတယ်။ အမျိုးသမီးကို မြင်နေရတာ ေ၀ဝါး သွားပြန်တယ်။ ဒီအချိန်မှာပဲ အတွေးတစ်ခု စိတ်ထဲမှာ ပေါ်လာတယ်။

“မဖြစ်ဘူး။”

“ဒါက ပုံရိပ်ယောင်ပဲ။”

ဖန်ကျန်းရှီ နားလည်ချိန် သူ့ခန္ဒာကိုယ်ရဲ့ စွမ်းအင် အရင်းအမြစ်က ဆူပွက်နေခဲ့ပြီ။ ဒီကနေ ထွက်ဖို့ ပေါက်ကွဲ ပြစ်ဖို့ လိုအပ်တယ်။ စိတ်ခံစားချက် အပြောင်းအလဲကို ပြောတာ။

သူ့ရဲ့ စွမ်းအား အရင်းအမြစ် ထွက်လာချိန်မှာ၊ သူ့မြင်ကွင်းက ပြန်ကြည်လင် သွားပြန်တယ်။ အရာအားလုံးက ပုံမှန် ဖြစ်သွားတယ်။

ပိုင်ဖေးရဲ့ အမူအယာ နည်းနည်း ပျက်သွားတာကို သူတွေ့လိုက်တယ်။

“အဲ့တာ ပုံရိပ်ယောင် တစ်ခုပဲ မန္တန် မဟုတ်ဘူး။” ပိုင်ဖေး ချက်ခြင်း ကိုယ့်ကိုယ်ကို ထိန်းလိုက်ပေမယ့်၊ ဖန်ကျန်းရှီကတော့ ချက်ခြင်း သိတယ်။

“ဒီကောင် ငါ့ကို ဘယ်လိုတောင် စိတ်ညှို့ဝံ့တာလဲ။”

“ဘယ်က ရောက်လာတဲ့ ကောင်လဲ။”

ဖန်ကျန်းရှီ စိတ်ဆိုးလာတယ်။ ပိုင်ဖေးကို ကောင်းကောင်း သင်ကြား ပေးပြီးတော့ တောင်စဉ် ကိုးသွယ်ကို ဖိနှိပ်ထားဖို့ အချိန် ရပြီလို့ တွေးမိတယ်။ ဒါပေမယ့် တောင်စဉ် ကိုးသွယ် အကြီးအကဲတွေနဲ့ အတူ တပည့်သား နှစ်ရာကျော် ပြေးထွက် လာကြတယ်။ ဖန်ကျန်းရှီ ပုံရိပ်ယောင်ထဲ ရောက်နေတဲ့ အချိန် ပိုင်ဖေးဆီက အမိန့်ရလိုက်တာ သိသာတယ်။

“ဘာဖြစ် ပြန်တာလဲ။”

ဖန်ကျန်းရှီ စဉ်းစားပင်မယ့် ဘာမှ တွေးမရဘူး။ အခုချိန်က လက်စားချေဖို့ အကောင်းဆုံး မဟုတ်သေးဘူးလေ။ နန်ကုန်းတွေ့အ ရေးအကြီးဆုံးပဲ။ ဖန်ကျန်းရှီက ငတုံးမှ မဟုတ်ပဲ။

လက်စားချေဖို့ အချိန်ကောင်းကို သူနားလည်တယ်။ ဆိုရိုးစကားတွေ ရှိတဲ့ အတိုင်း (အလစ်ဝင်တိုက်တာက ရှောင်ရခက်တယ်တဲ့)။

ပိုင်ဖေးကို နောက်ကျောက ဓားနဲ့ ထိုးဖို့ အချိန် ရောက်လာဖို့ကို သူူစောင့်နေခဲ့တယ်။ အဲ့ဒီ့နောက် ဒီအချိန်က ချက်ခြင်း ရောက်လာတယ်။ မြန်လွန်းတော့ ဖန်ကျန်းရှီတောင် လန့်သွားရတယ်။

ထွက်လာတဲ့ တပည့်သား နှစ်ရာက နန်ကုန်းဟောင် ရှေ့မှာ တံတိုင်းကြီးလို ကာဆီး ထားကြတယ်။ တောင်စဉ် ကိုးသွယ်နဲ့ ဖူရှီး တောင်ကြားရှေ့ကို လာပိတ်တယ်။ တောင်စဉ် ကိုးသွယ်ရဲ့ အကြီးအကဲ နှစ်ယောက်က ဘယ်ညာ ခွဲရင်း နေရာယူ ထားကြတယ်။ အကြီးအကဲတွေကလည်း ရင်ဆိုင်ဖို့ အသင့် ဖြစ်နေခဲ့တယ်။ ငွေနဂါးကြီးကြောင့် နောက်ကို ဆုတ်သွား ရပင်မယ့်လည်း၊ တိုက်ခိုက်မှုကို အရှိန်နှေးအောင် ထိန်းထား နိုင်ခဲ့တယ်။

“တောင်စဉ် ကိုးသွယ်က ဖူရှီး တောင်ကြားကို တားဆီးတယ်။”

“ဘာတွေ ဖြစ်နေတာလဲ။”

“အကြီးအကဲ နှစ်ယောက်က သန်မာလိုက်တာ၊ ဖူရှီးတောင်ကြားရဲ့ ငွေနဂါးကိုတောင် တားဆီးနိုင်တယ်။ သူတို့ လက်တွေက သံမဏိတွေနဲ့ လုပ်ထားတာလား။”

တပည့်သားတွေ ဒီအကြီးအကဲ နှစ်ယောက်ရဲ့ စွမ်းအားကြောင့် လန့်နေကြတယ်။ တခြား တစ်ဖက်မှာတော့ မော့ရှန်းရှီ၊ မုချင်းဖန်းနဲ့ တခြားသူတွေ မျက်မှောင်ကြုတ်ကုန်ကြတယ်။

တောင်စဉ် ကိုးသွယ်ကို သူတို့ နားမလည်နိုင်ကြဘူး။ ဒီအချိန်မှာ ပိုင်ဖေးရဲ့ အသံ ထ ွက်ပေါ်လာတယ်။

“နန်ကုန်းဟောင်က ငါတို့ ခေါင်းဆောင် ထျန်းရှင်းကို သတ်ခဲ့သူ။ ငါတို့ လက်ထဲမှာပဲ သေရမယ်။” ပိုင်ဖေးက ဘယ်သူမှ မေးခွန်း မထုတ်ဝံ့လောက်တဲ့ အရှိန်အဝါတွေကို ထုတ်ရင်း ပြောတယ်။

“ဟုတ်လား။ စကားလုံး အကြီးကြီးတွေ ပြောနေတာပဲ ကလေးလေး။ မင်းက တောင်စဉ် ကိုးသွယ် ခေါင်းဆောင် အသစ် မဟုတ်ရင်၊ ငါတို့တွေကို ဒီလို ပြောလို့ ရမယ် ထင်နေတာလား။” မော့ရှန်းရှီ ပြောတယ်။ သူပိုပြီး ဒေါသ ထွက်လာတာ အသိသာကြီးပဲ။

“ခေါင်းဆောင်မော့က ဘာတွေများ မကျေမနပ် ဖြစ်နေတာလဲ။” မော့ရှန်းရှီကို ပိုင်ဖေးက မကြောက်ဘူး။

“ယို့။ စိတ်ဝင်စား စရာပဲ။ တကယ်တော့ ငါက လူငယ်တွေနဲ့ တိုက်ခိုက်တာ ရှားပါးတယ်။ ခေါင်းဆောင်ပိုင် မင်းငါနဲ့ တိုက်ခိုက်မလား။”

“အရည်အချင်း မပြည့်ဝတဲ့ သူနဲ့ မတိုက်ခိုက်ဘူး။”

“ပိုင်ဖေး မင်းလွန်မလာနဲ့ ကလေးစုတ်။ ငါက ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတော့ မင်းနဲ့ တိုက်ခိုက်မှာ။”

“ဒီလိုလား။ ဒါပေမယ့် ကမ်းလှမ်းချက်ကို လက်ခံဖို့ မလိုဘူး။” ပိုင်ဖေး ပြုံးရင်း ဆက်ပြောတယ်။ “နန်ကုန်းဟောင် အသက်ကို ငါတို့ပဲ ယူမယ်။ ငါတို့လမ်းကို လာပိတ်တဲ့သူ တောင်စဉ် ကိုးသွယ်ရဲ့ ရန်သူပဲ။”

“ပိုင်ဖေး အတင့်ရဲလိုက်တာ။ ဖူရှီးတောင်ကြားက တောင်စဉ် ကိုးသွယ်ကို ကြောက်မယ် ထင်နေတာလား။” မော့ရှန်းရှီ ဒေါသတကြီးနဲ့ ပြောတယ်။ မုချင်းဖန်းကတော့ အခြေအနေကို နားလည်တယ်။

အမြဲတမ်း အတွင်းထဲမှာ တိုက်ခိုက်နေတဲ့ မျိုးနွယ်စု ငါးခုက တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရင်း အဆုံးသတ်မှာပဲ။ ပိုင်ဖေးက ဒါကို အစပျိုး လိုက်ပြီ။

မုချင်းဖန်း ဘာတွေ ဖြစ်နေမှန်းကို မသိတော့ဘူး။ ပိုင်ဖေးသာ လူရမ်းကာ တစ်ယောက် ဖြစ်နေရင်၊ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် နေရာကို ဘယ်လိုများ အရယူ နိုင်မှာလဲ။ ပိုင်ဖေး တကယ် စိတ်လွတ်နေရင်တောင်၊ တောင်စဉ် ကိုးသွယ်မှာ ရှိနေတဲ့ အကြီးအကဲတွေက သူ့ကို မထိန်းကြဘူးလား။

“မဟုတ်ဘူး။”

“လွဲနေပြီ။ အကြီးကြီးလွဲနေပြီ။”

မုချင်းဖန်း မကောင်းတဲ့ အငွေ့အသက်တွေကို ခံစားမိနေတယ်။ သူစကားမစနိုင်ခင် ကောင်းကင်မှာ ထူးထူးဆန်းဆန်း ဖြစ်တော့တယ်။ ထူးဆန်းတဲ့ ရေခဲတွေ နှင်းတွေ ရပ်တန့်သွားတယ်။ ကောင်းကင်မှာ ထူးဆန်းတဲ့ အလင်တန်းကြီးတွေ ပေါ်လာတယ်။

သစ်ပင်ထိပ်မှာ တောက်ပတဲ့ အလင်းတန်းတွေ ထွက်ပေါ်နေတယ်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း။

ခုနှစ်ရောင်က သက်တန့်ပုံစံ ပြောင်းလဲ ပြီးတော့ သက်တန့်တံတားကြီး ပေါ်နေခဲ့တယ်။ မြင်ကွင်းက လှလွန်းပင်မယ့်၊ အလှတရားကို မုချင်းဖန်း မခံစားနိုင်ဘူး။ တံတားကြီး ပေါ်လာပြီး မကြာခင်မှာပဲ

ရှေးဟောင်း အသံတစ်ခုကို ကြားလိုက်ရတယ်။

ဒီအသံက ဘာတွေ ပြောနေမှန်း ဘယ်သူမှ မသိဘူး။ နားကွဲမတတ် ကျယ်လွန်းတဲ့ အပြင် ရှေးဟောင်း ဘာသာစကားနဲ့ ပြောနေတာ ဖြစ်နေခဲ့တယ်။ လူတိုင်းကို ဝပ်တွား ဦးညွှတ်စေလောက်တဲ့ အသံပဲ။

“မဖြစ်ဘူးး။ နန်ကုန်းဟောင်ကို အခုသတ်ကြ။” မုချင်းဖန်း ထအော်တယ်။ အချိန်ဆွဲနေရင်း နန်ကုန်းဟောင်ကို အချိန် အများကြီး ပေးမိခဲ့တယ်။

အခုလို အချိန် အကြာကြီး ကုန်ဆုံး ပြီးတဲ့နောက် နန်ကုန်းဟောင်ရဲ့ အစီအစဉ်က ကောင်းကောင်း ဖြစ်တည် နေခဲ့ပြီ။ မုချင်းဖန်း နောက်ဘာဖြစ်မလဲ မသိပင်မယ့်၊ မကောင်းတာတွေ လာနေတာကိုတော့ သိတယ်။

“ဟဟား။ နောက်ကျလွန်း သွားပြီ။ ငါတို့ နန်ကုန်း မျိုးနွယ်တွေ နောက်ဆုံးတော့ လက်စား ချေနိုင်ပြီ။ ဟ ဟား ဟား။” နန်ကုန်းထျန်းရဲ့ အသံ ထွက်ပေါ်လာတယ်။

ဒါပေမယ့် သူ့ကို အကြီးအကဲ ယန်ယင်က တားဆီးထားခဲ့တယ်။

လူတွေ ကာဆီးထားတဲ့ အတွက် နန်ကုန်းဟောင်ကို သူ မကူညီ နိုင်ခဲ့ဘူး။ အခုချိန် မှာတော့ နည်းနည်း စိတ်သက်သာရာ ရသွားခဲ့ပြီ။ အောင်မြင်မှု မျှော်လင့်ချက်ကို မြင်လိုက်ရသူ လိုပဲ။

ဝုန်း။ နန်ကုန်းထျန်းရဲ့ ရင်ဘတ်ကို လာရိုက်တဲ့ လက်ဝါး တစ်ချက်ကြောင့် လွင့်ထွက် သွားရတယ်။ သူမြေပြင်ပေါ်ကို ပြစ်လဲကျတယ်။

“လက်စား မချေခင် အရင်သေလိုက်။” ယန်ယင်း အော်တယ်။

“သေရမယ်။ ဟ ဟ ဟား။ သေမှာကို ဘာလို့ ကြောက်ရမှာလဲ။ ယန်ယင်၊ မင်းက ငါ့ကို အထင်သေးလွန်း နေပြီ။” နန်ကုန်းထျန်းက နည်းနည်းလေးတောင် နာတဲ့ ပုံစံ မရှိဘူး။ အရိုက်ခံရတာတောင် စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပြန်ဖြေနိုင် သေးတယ်။

အပိုင်း (၈၅၂) ပြီး၏။

အပိုင်း (၈၅၃)

“ယန်ဟွမ်ရဲ့ မျိုးဆက်တွေ။”

“သေရမှာကို မကြောက်ဘူး ဟုတ်လား။” ယန်ယင် နည်းနည်းတော့ မျက်လုံးပြူး သွားခဲ့တယ်။ နန်ကုန်းထျန်း ပြောခဲ့တဲ့ (ကလဲ့စား) ဆိုတာ အတိတ်မှာ ဖြစ်ခဲ့တဲ့ တစ်ခုခုလို့ သူထင်နေခဲ့တာ။ ဒါပေမယ့် နန်ကုန်းဟောင်က ကြည့်ရတာ သူ့အသက်ကိုတောင် လုံး၀ ဂရု မစိုက်တဲ့ ပုံစံပဲ။ ဒီတော့ နန်ကုန်း မျိုးနွယ်တွေရဲ့ အစီအစဉ်က ရိုးရှင်းမယ် မထင်ဘူး။

“သူတို့ အစီအစဉ်က တကယ်ပဲ ဘာကြီးလဲ။”

ယန်ယင် နတ်သစ်ပင်နဲ့ ကောင်းကင်က ဆင်းသက်လာတဲ့ သက်တန့်ကြီးကို ကြည့်ရင်း ထူးဆန်းတဲ့ ခံစားချက်တွေ ရနေခဲ့တယ်။ ဒီအချိန်မှာပဲ လေထဲမှာ ရှိနေတဲ့ နန်ကုန်းဟောင်က စတင် လှုပ်ရှားတော့တယ်။

နန်ကုန်းဟောင်က အလယ်မှာ ရှိနေပြီးတော့ နှင်းဖြူရောင် ပန်းကိုးပွင့်လည်း လေထဲမှာ ပေါ်လာခဲ့တယ်။ သူ့ရဲ့ ဘေးပတ်လည်မှာ ဆက်တိုက် လည်ပတ်နေတယ်။ အဓိက အချိန်မှာပဲ သူ့မျက်ဝန်းတွေက ထူးဆန်းတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်လာခဲ့တယ်။ မျက်လုံး တစ်ဖက်က သွေးနီရောင် အဖြစ်ကို ပြောင်းလဲ သွားတယ်။ နောက်တစ်ဖက်ကတော့ ကြည်လင် သန့်စင်လွန်းတဲ့ အဖြူရောင်ကို ပြောင်းသွားတယ်။ နှစ်ခု စလုံးက နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်မှာ ဖြစ်ပေါ် နေပင်မယ့်၊ လုံးဝကို ခြားနားတဲ့ အငွေ့အသက်တွေ ထုတ်လွှတ် နေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ကြောက်စရာ စုပ်ယူမှု အင်အား လှိုင်းကြီး တစ်ခု ပေါ်လာတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးကို ပင်လယ်လှိုင်းတွေလို ရိုက်ခတ်ပြီး ရေဝဲကြီး တစ်ခုလို ပုံစံနဲ့ စုပ်ယူတော့တယ်။

“မဖြစ်ဘူး သူ့ကို တားကြ။” ယန်ယင်ရဲ့ အမူအယာက ကြောက်စရာ ကောင်းလောက်အောင် ပြောင်းလဲ သွားခဲ့တယ်။ သူနန်ကုန်းဟောင် ဆီကို ပြေးထွက်ဖို့ လုပ်တဲ့ အချိန်မှာပဲ သူ့ရဲ့ လမ်းကို လူတစ်ယောက်က ပိတ်ရပ်လိုက်တယ်။

“ယန်ယင်း ငါမသေသေးဘူး။” နန်ကုန်းထျန်းရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျ နေပင်မယ့်၊ စိတ်လှုပ်ရှား နေတဲ့ ပုံစံကတော့ အထင်းသား ပေါ်နေခဲ့တယ်။

“နန်ကုန်းထျန်း၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။”

ဝုန်း။ နားကန်းမတတ် ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ၊ သူတို့ နှစ်ယောက် တိုက်ခိုက် ကြပြန်တယ်။ ပတ်ဝန်းကျင် တစ်ခုလုံး ပြင်းထန်တဲ့ ပေါက်ကွဲမှု လှိုင်းတွေကြောင့် တုန်ခါ နေတော့တယ်။ ဒါပေမယ့် နန်ကုန်းထျန်း ပြောခဲ့ သလိုပဲ။ ယန်ယင်းလို သုခမိန် အထွဋ်အထိပ် အဆင့် ရောက်နေတဲ့ သူတောင်မှ နန်ကုန်းထျန်းကို အချိန်တို အတွင်း အနိုင်မယူနိုင် ခဲ့ဘူး။

မုချင်းဖန်းလည်း ဒါကို သတိထားမိတယ်။ နန်ကုန်းဟောင်ရဲက့ ပြောင်းလဲမှုကို သူမြင်ပြီးတဲ့ အချိန်မှာတော့၊ ပုံမှန် တည်ငြိမ် အေးချမ်းနေတဲ့ ပုံစံကို ထိန်းမထား နိုင်တော့ဘူး။ မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုထဲက တစ်ခု ဖြစ်နေတဲ့ အတွက် လောကကြီးမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာမှာကို မမြင်ချင်ဘူး။

“အဖိုးကြီးမော့။ လုပ်ကြစမ်း။” မုချင်းဖန်း ပြောလိုက်တယ်။ နန်ကုန်းဟောင်ဆီကို အလင်းတန်း တစ်ခု ပုံစံနဲ့ သူပြေးဝင်တော့တယ်။ မော့ရှန်းရှီလည်း သူ့စကာာကို ကြားချိန်မှာ တလက်လက် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ပြောလိုက်တယ်။

“ငါနောက်ဆုံး လေ့ကျင့်ခန်းလေး ဘာလေး လုပ်ခဲ့တာတောင် အတော်ကြာပြီ။ င့ါခန္ဒာကိုယ်ကို ဒီနေ့တော့ အကြောလျှော့ရတော့မယ်။” မော့ရှန်းရှီက နောက်ထပ် တွေေ၀ မနေတော့ဘူး။

မုချင်းဖန်း လှုပ်ရှားပြီ ဆိုမှတော့၊ သူလည်း ဘာကြောင့် တွေေ၀ နေရမှာလဲ။ မော့ရှန်းရှီ နေရာကနေ ပျောက်ကွယ် သွားတယ်။ နောက်အချိန် အခိုက်အတန့်မှာပဲ၊ လေထဲမှာ ပြန်ပေါ်လာတယ်။ မုချင်းဖန်းရဲ့ နောက်တည့်တည့်မှာပဲ။ မြင့်မြတ် နယ်မြေရဲ့ အသန်မာဆုံး ပညာရှင် နှစ်ယောက် တပြိုင်နက်တည်း တိုက်ခိုက်တယ်။

ဒါက နှစ်ပေါင်း ရာချီမှ တစ်ခါ တွေ့ရတဲ့ ရှားပါး မြင်ကွင်း တစ်ခုပဲ။ ပတ်ဝန်းကျင်က တပည့်သားတွေ သူတို့ မြင်ရတဲ့ မြင်ကွင်းကြောင့် စိတ်လှုပ်ရှား မိတာတော့ အမှန်ပဲ။

“မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်လုံး တပြိုင်နက်တည်း တိုက်ခိုက်တယ်။”

“သူတို့ရဲ့ အရှိန်အဝါက ကြောက်စရာ ကောင်းလိုက်တာ။ ဒါက မြင့်မြတ် နယ်မြေရဲ့ အသန်မာဆုံး ပညာရှင် စွမ်းအားလား။”

“သူတို့တွေက တကယ်ပဲ အင်အား ကြီးလိုက်တာ။”

တပည့်သားတွေ မုချင်းဖန်းနဲ့ မော့ရှန်းရှီ လှုပ်ရှားတာကို မြင်ချိန်မှာတော့ သူတို့ရဲ့ လက်နက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ နောက်ဆုံးတော့လည်း ဒီတစ်ခေါက် တိုက်ပွဲက အရေအတွက်နဲ့ အနိုင်ယူလို့ ရတာ မဟုတ်ဘူးလေ။ လူတွေ အများကြီး ရှိနေရင် ဒီလို ပညာရှင်တွေရဲ့ တိုက်ပွဲမှာ တော်တဆ ထိခိုက်သူတွေ များနိုင်တယ်။

ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကတော့ ဒီအချိန်မှာ တလက်လက် တောက်ပ လာခဲ့တယ်။ မုချင်းဖန်းရဲ့ အင်အား အကြောင်းကို သူတစ်ခေါက် နှစ်ခေါက် မြင်ဖူးတယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင်ဟောင်း ထျန်းရှင်းထက် ပိုသန်မာတာတော့ အမှန်ပဲ။ နောက်ပြီးတော့ ကောင်းချီးခံ သွေးမျိုးနွယ်ကိုလည်း ပိုင်ဆိုင် မထားဘူး။

မော့ရှန်းရှီကတော့ ဖူရှီး တောင်ကြားရဲ့ ခေါင်းဆောင်။ သူ့အသက်ကလည်း တော်တော် ကြီးနေပြီ။ ဒါပေမယ့် အားနည်းတဲ့ ပုံစံတော့ မပေါက်ဘူး။ “ချင်း(ဂျင်း)က ရင့်လေ စပ်လေ” ဆိုသလိုပဲ။ ဒါကို ကိုယ်တိုင် မစမ်းသပ် ဖူးပေမယ့်၊ အမှန်တရားလို့လဲ လက်မခံနိုင်ဘူး။

ဥပမာ၊ ကောင်လေး ငယ်ငယ်လေးတွေရဲ့ ဆီးက အဆိပ်တွေ အားလုံးကို ကုသ နိုင်တယ်လို့ ကောလဟာလ ကြားဖူးတယ်။ ဒါပေမယ့် ဘယ်သူက ဒါကို စမ်းသပ်ချင်မှာလဲ။ သူက ပွဲကြည့် ပရိသတ် တစ်ယောက်ပဲလေ။ ဖန်ကျန်းရှီက အခုချိန်မှာ တိုက်ပွဲထဲ ရောက်သွားတဲ့ မုချင်းဖန်းနဲ့ မော့ရှန်းရှီကို အားပေးဖို့ အသင့် ဖြစ်နေခဲ့တယ်။

“အဖိုးကြီးတွေ အကောင်းဆုံး ကြိုးစားထား။” အကျယ်ကြီး အော်ရင်းနဲ့ ဖန်ကျန်းရှီ အားပေး နေခဲ့တယ်။ ဒါပေမယ့် သူပြောလိုက်တဲ့ အချိန်မှာပဲ မုချင်းဖန်းနဲ့ မော့ရှန်းရှီ ရှေ့ကို ဝတ်ရုံနက် နှစ်ယောက် ရောက်လာခဲ့တယ်။ ဒီနှစ်ယောက်ကတော့ တောင်စဉ် ကိုးသွယ် အကြီးအကဲတွေပဲ။

“ခန်းမ ခေါင်းဆောင်မု၊ ခန်းမ ခေါင်းဆောင်မော့။ ငါတို့ ခေါင်းဆောင် ပြောထားပြီးသား၊ နန်ကုန်းဟောင်ရဲ့ အသက်က ငါတို့ လက်ထဲမှာပဲ ရှိရမယ်။ ခန်းမ ခေါင်းဆောင်တို့ ကျေးဇူး ပြုပြီးတော့ နောက်ဆုတ်ပါ။” သူတို့ထဲက တစ်ယောက် ပြောတယ်။

“ထွက်သွားစမ်း။” မော့ရှန်းရှီ ဒီအကြီးအကဲတွေနဲ့ စကား ပြောရင်း အချိန် မဖြုန်းချင်ဘူး။ မျိုးနွယ်စု ငါးခုက အမြဲတမ်း မဟာမိတ်တွေ ဖြစ်ခဲ့ကြပင်မယ့်၊ တောင်စဉ် ကိုးသွယ် အကြိမ်ကြိမ် စော်ကားတာကို သည်းခံနေမယ်လို့ မဆိုလိုဘူးလေ။

မော့ရှန်းရှီ ပြောရင်းနဲ့ အကြီးအကဲ နှစ်ယောက်ကို ရိုက်ချ လိုက်တယ်။ စက္ကန့်ပိုင်း အတွင်းမှာပဲ၊ သူ့ရဲ့ လက်က တောင်ကြီး တစ်ခုလို လေးလံ သွားသလို ထင်ရတယ်။ သူ့ရဲ့ လက်အပေါ်မှာ အရမ်းကို ကြီးမားတဲ့ အရိပ်ကြီး တစ်ခု ပေါ်လာခဲ့တယ်။ ရှုပ်ထွေးလွန်းတဲ့ ရှေးဗျူဟာ တစ်ခုလိုပဲ။

ဝုန်း။

အကြီးအကဲ နှစ်ယောက် ငါးလှမ်း တိတိ လွင့်ထွ့် သွားခဲ့တယ်။ သူတို့ မျက်နှာကို ဖုံးကွယ်ထားတဲ့ အနက်ရောင် ဝတ်ရုံတွေလည်း လွင့်ထွက် သွားပြီးတော့၊ အရမ်းကို ငယ်ရွယ်နုပျိုတဲ့ မျက်နှာတွေ ပေါ်လာတော့တယ်။

“ဒီလောက် အင်အားကြီးတဲ့ ရိုက်ချက်။”

“တောင်စဉ် ကိုးသွယ် အကြီးအကဲ နှစ်ယောက်ကလည်း အရမ်း အင်အားကြီးတာပဲလေ။ ဒီလို ရိုက်ချက်ကို ခံရတာတောင် ငါးလှမ်းပဲ လွင့်ထွက်သွားတယ်။”

“အထင်ကြီးစရာ ကောင်းလိုက်တာ။”

ကြည့်နေတဲ့ တပည့်သားတွေကတော့ ပညာရှင်တွေ တိုက်ခိုက်မှုကြောင့် လန့်နေကြတယ်။ ဒါပေမယ့် မော့ရှန်းရှီကတော့ အကြီးအကဲ နှစ်ယောက်ကို အေးစက်စက် မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။

“ဟမ်။ မင်းတို့ နှစ်ယောက်က တောင်စဉ် ကိုးသွယ်က လူတွေ မဟုတ်ဘူး။ မင်းတို့တွေ ဘယ်က လူတွေလဲ။” ဖူရှီးတောင်ကြား ခေါင်းဆောင် အနေနဲ့ တောင်စဉ် ကိုးသွယ် အကြီးအကဲတွေ အားလုံးကို သူသိထားတယ်။ ဒါပေမယ့် သူ့ရှေ့မှာ ရှိနေတဲ့ လူတွေကတော့ လုံးဝကို လူစိမ်းတွေပဲ။ သူတို့ရဲ့ အင်အားရော ရုပ်ရည်ကောက တောင်စဉ်ကိုးသွယ် အကြီးအကဲတွေနဲ့ မတူဘူး။

“ခေါင်းဆောင်မော့ ဟာသ လုပ်နေတာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့က တောင်စဉ် ကိုးသွယ်က လူတွေ မဟုတ်ရင်၊ ဘယ်က ဖြစ်နိုင်မှာလဲ။” အကြီးအကဲ နှစ်ယောက်က သူ့စကားကို ကြားချိန်မှာ ပြန်မေးတယ်။

“ဟန့်။ ဒီနေ့ ဘယ်လို ကိစ္စပဲ ရှိရှိ မင်းတို့ရဲ့ သရုပ်မှန်ကို ရအောင် ဖော်ထုတ်မယ်။” မော့ရှန်းရှီက သူတို့တွေကို မေးခွန်း ထပ်ထုတ် မနေတော့ဘူး။

သူတို့ကို နောက်တစ်ခေါက် တိုက်ခိုက်ပြန်တယ်။ သူ့ရဲ့ခေါင်းပေါ်မှာ ရှုပ်ထွေးတဲ့ သင်္ကေတ ထပ်ပေါ် လာပြန်ပြီ။ သူ့ရဲ့ တကိုယ်လုံးကိုတောင် ဖုံးအုပ်သွားတဲ့ ပုံစံပဲ။ ရွှေရောင် အလင်းတန်းတွေက သူ့ရဲ့ မျက်နှာနဲ့ လက်တွေမှာပါ စီးဆင်းလာ နေတယ်။

“အမ်။ဘာကြီးလဲ။” မော့ရှန်းရှီရဲ့ အပြောင်းအလဲကို ဖန်ကျန်းရှီ မြင်တယ်။ မော့ရှန်းရှီမှာ ကောင်းချီခံ သွေးမျိုးနွယ် မရှိဘူးလို့ သူသေချာ နေခဲ့တာ။ ဒါပေမယ့် သူ့ခေါင်းပေါ်မှာ ရှိနေတဲ့ ရှုပ်ရှုပ်ထွေးထွေး သင်္ကေတကြီးက ကောင်းချီးခံ သွေးမျိုးနွယ်တွေလို အစွမ်း ထက်တဲ့ ပုံစံပဲ။ ဒါက လုံးဝကို ရှာဖွေ တွေ့ရှိမှု အသစ် တစ်ခုပဲ။

ဒါပေမယ့် လေ့လာချိန် သိပ်မရခဲ့ဘူး။ မုချင်းဖန်းကလည်း မော့ရှန်းရှီနဲ့ အတူတူ တပြိုင်တည်းမှာ တိုက်ခိုက်နေလို့ပဲ။ သူ့ရဲ့ လက်တစ်ချောင်းကို အကြီးအကဲ တစ်ယောက်ဆီ ညွှန်လိုက်တယ်။ မိုးခြိမ်းသံလို ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။ ဒါက လက်ချောင်းဓားပဲ။

မုချင်းဖန်းရဲ့ မယုံနိုင်စရာ အရှိန်နှုန်းနဲ့ ဒီအင်အား ပေါင်းစပ်လိုက်တဲ့ အချိန်မှာ၊ တိုက်ခိုက်မှုက အရမ်းကို ထက်ရှ လွန်းသွားခဲ့တယ်။

“ခန်းမ ခေါင်းဆောင်မုက မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုကြားက မဟာမိတ်ကို မေ့ပြစ် လိုက်တာလား။” အကြီး အကဲတစ်ယောက်က သူ့အနားကို နီးကပ်လာတဲ့ လက်ညှိုုးကို ကြည့်ရင်း ထူးထူး ဆန်းဆန်း အသံ ပြုလိုက်တယ်။ အဲ့ဒီ့နောက် သူ့ခန္ဒာကိုယ်က ဘယ်ဘက်ကို ရွေ့လျား သွားခဲ့တယ်။

“အရိပ် ကိုယ်ပွားလား။” မုချင်းဖန်း မျက်မှောင်ကြုတ်လိုက်တယ်။ အကြီးအကဲရဲ့ စကားတွေကြောင့် တွေေ၀ သွားတာမျိုး မရှိခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ မော့ရှန်းရှီ တိုက်ခိုက်တည်းက အကြီးအကဲတွေရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက် ရလို့ပဲ။

တောင်စဉ် ကိုးသွယ်မှာ ဘာတွေ ဖြစ်ခဲ့မှန်း မသိပေမယ့်၊ သူတို့တွေက တောင်စဉ် ကိုးသွယ် အကြီးအကဲတွေ မဟုတ်မှန်းတော့ တစ်ချက် ကြည့်ရုံနဲ့ သိသာတယ်။ ဒီတော့ ဘာမှ စိုးရိမ်စရာ မလိုဘူး။ သူ့လက်ချောင်း ထိပ်မှာ တောက်ပတဲ့ အလင်းတန်းက နှစ်ခု ကွဲထွက် သွားတယ်။ ဘေးမှာရှိတဲ့ လူကိုပါ တိုက်ခိုက်တယ်။

ဝုန်း။ လက်ချောင်းက ချက်ခြင်း ဆိုသလို ဘေးဘက်က လူရိပ်ကို ထိတွေ့တယ်။ လူရိပ် ပျောက်ကွယ် သွားပြီးတော့ ခပ်ဖျော့ဖျော့ အရိပ်သာ ကျန်ရစ် ခဲ့တော့တယ်။ ဒီအရိပ် ကိုယ်ပွားက လူအစစ်ပဲ။

ဒီအချိန်မှာပဲ မုချင်းဖန်းလည်း သူ့ဘေးက ပေါက်ကွဲသံ တစ်ခုကို ကြားလိုက်ရတယ်။ မော့ရှန်းရှီက နောက်အကြီးအကဲ တစ်ယောက်ကို တိုက်ခိုက်နေခဲ့ပြီ။ အကြီးအကဲ နှစ်ယောက်လုံး လွင့်ထွက် သွားခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ သူတို့ရဲ့ ဝတ်ရုံနက်တွေ လုံး၀ ပျက်စီး သွားတဲ့ အတွက်၊ ကြောက်စရာ ကောင်းလောက်အောင် ငယ်ရွယ် နုပျိုတဲ့ မျက်နှာတွေကို ဖုံးကွယ် မထားနိုင်တော့ဘူး။

“အမ်။ ဘာဖြစ်လို့ ဒီလောက်တောင် ငယ်ရွယ်နေ ကြတာလဲ။”

“တောင်စဉ် ကိုးသွယ် အကြီးအကဲတွေက ဒီပုံတွေလား။”

“နေစမ်းပါအုန်း။ မဟုတ်နိုင်သေးဘူး။ သူတို့တွေက ဘယ်သူတွေလဲ။”

မြေပြင်က တပည့်သားတွေ မြင်ကွင်းကို ထင်ထင်ရှားရှား မြင်နေရတယ်။ အကြီးအကဲ နှစ်ယောက်က ငယ်ရွယ်လွန်းနေတယ်။

ဝုန်း။ မနီးမဝေးမှာပဲ ဖူရှီးတောင်ကြားရဲ့ လက်ရှစ်ဖက် ငွေနဂါး ဗျူဟာနဲ့ တောင်စဉ် ကိုးသွယ် အကြီးအကဲ နှစ်ယောက် တိုက်ခိုက် နေကြတယ်။ နဂါးလက်သည်းကြီးတွေက အကြီးအကဲ နှစ်ယောက်ကို လွင့်ထွက် သွားစေခဲ့တယ်။ သူတို့ရဲ့ ကြောက်စရာ ကောင်းလောက်အောင် နုနယ်တဲ့ မျက်နှာတွေ ပေါ်လာပြန်ပြီ။ ဒီမျက်နှာတွေက တခြား အကြီးအကဲ နှစ်ယောက်လိုပဲ။

“သူတို့တွေက တစ်ယောက်မှ တောင်စဉ် ကိုးသွယ်က လူတွေ မဟုတ်ဘူး။”

“ဘာတွေ ဖြစ်နေတာလဲ။ တောင်စဉ် ကိုးသွယ်က လူတွေ ဘယ်လိုလုပ် ဒီပုံတွေ ဖြစ်ကုန်တာလဲ။”

“သူတို့သာ တောင်စဉ် ကိုးသွယ်ကလူတွေ မဟုတ်ရင်၊ တောင်စဉ် ကိုးသွယ်က လူတွေ ဘယ်မှာလဲ။”

တပည့်သားတွေ အကြီးအကဲ လေးယောက်ရဲ့ မျက်နှာကို မြင်ချိန်မှာတော့ အံ့သြနေမိတယ်။ ဒါက ကောင်းကင် မဟာမိတ် စုဝေးပွဲလေ။ ဘယ်သူကများ ပြဿနာ ရှာဝံ့မှာလဲ။ အရေးအကြီးဆုံးကတော့ တောင်စဉ် ကိုးသွယ် ပုံစံ ဟန်ဆောင်ပြီး လာဝံ့တဲ့ အထိ ဘယ်သူတွေက သန်မာနေလို့လဲ။

တပည့်သားတွေ မေးခွန်းတွေ အများကြီး ထုတ်နေသလို၊ အဖြေကိုလည်း ခပ်မြန်မြန်ပဲ ရသွားကြတယ်။ မော့ရှန်းရှီနဲ့ မုချင်းဖန်း နောက်တစ်ခေါက် တိုက်ခိုက်တဲ့ အချိန်မှာ အကြီးအကဲ နှစ်ယောက်က တောင့်မခံ နိုင်တော့ဘူး။ သူတို့တွေ လဲကျ သွားပြီးတော့၊ ခန္ဒာကိုယ်မှာ ချောမွေ့တဲ့ အကြေးခွံတွေ ပေါ်လာခဲ့တယ်။

“အကြေးခွံတွေလား။”

“သူတို့တွေက မိစ္ဆာတွေပဲ။”

“မိစ္ဆာတွေလား။”

တပည့်သားတွေ အားလုံး ဒီငယ်ငယ်ရွယ်ရွယ် မျက်နှာတွေနဲ့ ခန္ဒာကိုယ် အကြေးခွံကို မြင်ချိန်မှာ ဖြေရှင်းချက် တစ်ခုကို စဉ်းစားမိလိုက်တယ်။ ဒါတွေက မိစ္ဆာတွေပဲ။ မိစ္ဆာတွေပဲ ဒီလို ပုံစံ ရှိနိုင်တယ်။

“မိစ္ဆာတွေက မဟာ နွံအိုင်ထဲမှာ ရှိနေရမှာ မဟုတ်လား။ ဒီကို ဘာလာလုပ် ကြတာလဲ။”

“နန်ကုန်းတွေက မိစ္ဆာတွေနဲ့ ပူးပေါင်း လိုက်တာလား။”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

လူတော်တော်များများ အံ့သြ နေခဲ့ကြတယ်။

မိစ္ဆာလေးယောက်နဲ့ နန်ကုန်းဟောင်ကို သူတို့တွေ အတော်လေး အာရုံ စိုက်နေကြတယ်။

ဒီအချိန်မှာပဲ နန်ကုန်းထျန်းရဲ့ အမူအယာက ချက်ခြင်းဆိုသလို ပြောင်းလဲ သွားခဲ့တယ်။

“မိစ္ဆာတွေလား။” သူကောင်းကင်ကို မော့ကြည့်မိတယ်။ ဒီအချိန်မှာ မိစ္ဆာတွေ ဘာလို့ ပေါ်လာမှန်း သူနားမလည်ဘူး။

“နန်ကုန်း မိသားစု ခေါင်းဆောင်။ မင်းက မိစ္ဆာတွေနဲ့ ဘယ်လိုများ ပူးပေါင်း နိုင်ရတာလဲ။” ယန်ယင်ရဲ့ အကြည့်တွေက အရမ်းကို အေးစက် လာခဲ့တယ်။

“လူသား တစ်ယောက် အနေနဲ့၊ မင်းရဲ့ ရည်ရွယ်ချက်ကို အောင်မြင်ဖို့ ဘာမဆို လုပ်နိုင်တာပဲ။ ဒါပေမယ့် မိစ္ဆာတွေနဲ့ မဟာမိတ် လုပ်တာကတော့ ဆိုးဝါး လွန်းသွားပြီ။”

“မဟုတ်တမ်း တရားတွေ။ ငါတို့ နန်ကုန်း မျိုးနွယ်တွေ့ ယန်ဟွမ်ရဲ့ မျိုးဆက်တွေ။ မိစ္ဆာတွေနဲ့ ဘာဖြစ်လို့ အလုပ် အတူတူ လုပ်ရမှာလဲ။” နန်ကုန်းထျန်းက ယန်ယင်ကို ပြန်အော်တယ်။ သူရူးတော့မယ့် ပုံစံပဲ။

“ယန်ဟွမ်ရဲ့ မျိုးဆက်။ မင်းကလား။”

“ဟဟား။ အကယ်၍ ငါတို့ နန်ကုန်း မျိုးနွယ်တွေကိုသာ ယန်ဟွမ်ရဲ့ မျိုးဆက်တွေလို့ ခေါ်ဖို့ မတန်ဘူးဆိုရင်၊ လောကမှာ ယန်ဟွမ် မျိုးဆက်လို့ ခေါ်လို့ ရမယ့်သူ ထပ်မရှိတော့ဘူး။”

“ပေါက်ကရတွေ ပြောနေတာ ရပ်လိုက်တော့။ သေစမ်း။”

“ယန်ယင် မင်းငါတို့ကို မတားနိုင်ပါဘူး။ ဒီတိုက်ပွဲကို ငါတို့ နိုင်ဖို့ ကံတရားက သတ်မှတ် ထားပြီးသား။”

“အိပ်မက်မက်နေလိုက်။”

ငြင်းခုံပြီးတာနဲ့ သူတို့ တိုက်ခိုက်ကြပြန်တယ်။ တိုက်ပွဲ အရှိန်က ပြင်းထန်လွန်းလို့ ဘယ်သူမှ သူတို့ အနားကို မကပ်ဝံ့ဘူး။ ယင်ယန် ခန်းမ ထိပ်မှာ ထိုင်နေတဲ့ တောက်ဟွမ်က ဒီအချိန်မှာ ထရပ်တယ်။

“မိစ္ဆာမျိုးနွယ်က ရွံ့နွံထဲမှာ ပုန်းအောင်းနေတာ ဆယ်စုနှစ်ကျော် ကြာပြီ။ ဒီနေ့ ထွက်လာပြီး ကောင်းကင် မဟာမိတ် စုဝေးပွဲကို နှောက်ယှက်မယ်လို့ မထင်ထားဘူး ကြည့်ရတာ တောင်စဉ် ကိုးသွယ်က ပျောက်တောင် ပျောက်ကွယ် သွားလောက်ပြီ။” ကောင်းကင်က မိစ္ဆာတွေနဲ့ ရုပ်တုကြီး နောက်မှာ ပုန်းနေတဲ့ ဖန်ကျန်းရှီကို တလှည့်စီ ကြည့်ရင်း သူဆက်ပြောတယ်။ “ငါထင်တာသာ မှန်မယ်ဆိုရင်၊ ဒါက ဖန်ကျန်းရှီနဲ့ ဆိုင်လိမ့်မယ်။”

“ဖန်ကျန်းရှီနဲ့ ဆိုင်တယ် ဟုတ်လား။” တောက်ဟွမ်နောက်မှာ ရပ်နေတဲ့ အကြီးအကဲ တစ်ယောက် ဒါကိုကြားချိန်မှာ အတော်လေး အံ့သြ သွားခဲ့တယ်။

“ဖန်ကျန်းရှှီ အသက်ရှင်နေတာ မိစ္ဆာ မျိုးနွယ်စုကြောင့် ဖြစ်နိုင်တယ်။”

“ခန်းမ ခေါင်းဆောင် ပြောတာ ကျိုးကြောင်း ဆီလျော်တယ်။ ဖန်ကျန်းရှီက တောင်စဉ် ကိုးသွယ်ကနေ အကူအညီ မပါပဲနဲ့တော့ ထွက်လာနိုင်မှာ မဟုတ်ဘူး။ မိစ္ဆာ မျိုးနွယ်က သူ့ကို ကူညီနေတာ ဖြစ်နိုင်တယ်။”

အပိုင်း (၈၅၃) ပြီး၏။

အပိုင်း (၈၅၄)

“ငါမင်းကို ဘယ်သူမှန်း သိတဲ့ အထိ စောင့်လိုက်စမ်း၊ ဘယ်သူ ငါ့နောက်ကို ရောက်လာတာလဲ။”

“လူတစ်ယောက်သာ မိစ္ဆာတွေ ဘက်မှာ ရပ်တည်နေရင်၊ ဘယ်လို ဖြစ်သွားမလဲ။” တောက်ဟွမ်ရဲ့ မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်း တစ်ခု ပေါ်လာတော့တယ်။ သူရှေ့တစ်လှမ်း လှမ်းလိုက်တော့တယ်။

“သူက လူတိုင်းရဲ့ ရန်သူ ဖြစ်သွားမှာ အသေအချာပဲပေါ့။” တောက်ဟွမ်နောက်က အကြီးအကဲ လှောင်ပြုံးပြုံးလိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ တောက်ဟွမ် ဆိုလိုချင်တာကို သူနားလည် တယ်လေ။

“အမှန်ပဲ။ ဒီလို သစ္စာဖောက်ကို အဆုံးသတ် ပေးရမယ့် သူက ငါပဲ ဖြစ်ရမယ်။” တောက်ဟွမ်က ပြောရင်းနဲ့ ယင်ယန် ခန်းမ အုပ်စုရှေ့ကို ထွက်လာတော့တယ်။ တောက်ရှင်းကို တစ်ချက်လေးတောင် မမေးခဲ့ဘူး။ အဲ့ဒီ့နောက် စစ်မြေပြင် အလယ်ကို မျက်စိ တစ်မှိတ် အတွင်း ရောက်သွားတော့တယ်။

တောက်ရှင်းကတော့ ဒါကို မြင်ချိန်မှာ စကား လှမ်းပြောဖို့ လုပ်ပေမယ့်၊ တောက်ဟွမ် အဝေး ရောက်သွားတာ မြင်ချိန်မှာ ချက်ခြင်း ဆိုသလို ပါးစပ် ပြန်ပိတ် ထားလိုက်တယ်။ ဒီမြင်ကွင်းက တပည့်သားတွေရဲ့ စိတ်ကို ဖမ်းစား လိုက်တာတော့ အမှန်ပဲ။

“တောက်ဟွမ်က တိုက်ပွဲထဲ ဝင်တော့မလို့လား။”

“ဟုတ်မယ်။ အကြီးအကဲတွေရဲ့ ဇစ်မြစ်က ပေါ်သွားပြီဆိုတော့၊ ပိုင်ဖေးကလည်း ငါ့အမြင်မှာ မေးခွန်း ထုတ်စရာ တစ်ခုပဲ။”

“ပိုင်ဖေးက ဘာကြီးပဲ ဖြစ်ဖြစ်၊ ဒီလို အသန်မာဆုံး ပညာရှင်တွေ တစ်ချိန်တည်း တိုက်ခိုက်တဲ့ တိုက်ပွဲကို ငါတို့ မြင်နေရတာ တကယ့် ရှားပါး အခွင့်အရေးပဲ။”

“ဟုတ်တယ်။ တစ်ခုခုတော့ သင်ကြားရမယ်။”

တပည့်သားတွေ သိပ်ပြီးတော့ မကြောက်ကြဘူး။ နတ်ဆိုး မျိုးနွယ်ကို မဟာနွံအိုင်ဆီ နှင်ထုတ်ထားတာ နှစ် အတော်ကြာပြီ။ သူတို့တွေက အထိအခိုက် များအောင် မလုပ်နိုင်တော့ဘူး။ အရေးအကြီးဆုံးကတော့ မျိုးနွယ်စု ငါးခုရဲ့ ခေါင်းဆောင်တွေ ကျမ်းကောင်းကင် တောင်ထိပ်မှာ ရှိနေတာပဲ။ မိစ္ဆာ နည်းနည်း ရောက်နေတာကို ဘာများ စိတ်ပူဖို့ လိုမှာလဲ။

တောက်ဟွမ်က နတ်ဆိုးတွေကို တိုက်ခိုက်မယ်လို့ တပည့်သားတွေ မျှော်လင့်နေတဲ့ အချိန်မှာ သူက ရုပ်တုနောက်မှာ ပုန်းနေတဲ့ ဖန်ကျန်းရှီကို ရုတ်တရက် လက်ညှိုး ထိုးပြီးတော့ ပြောလိုက်တယ်။

“ဖန်ကျန်းရှီ မင်း အတင့်ရဲလိုက်တာ၊ မိစ္ဆာတွေနဲ့ ပူးပေါင်းပြီးတော့ မြင့်မြတ် နယ်မြေရဲ့ အေးချမ်းမှုကို ဖျက်စီး ဝံ့တယ်ပေါ့။” တောက်ဟွမ် ဒါကို ပြောရင်း ကြောက်စရာ အရှိန်အဝါတွေကို ထုတ်လွှတ် နေခဲ့တယ်။

“မိစ္ဆာတွေနဲ့ ပူးပေါင်းတယ်။”

“တောက်ဟွမ်က ဖန်ကျန်းရှီကို မိစ္ဆာတွေနဲ့ ပူးပေါင်းတယ်လို့ ပြောလိုက်တာလား။”

“ဘာတွေ ဖြစ်နေတာလဲ။”

တပည့်သားတွေ တောက်ဟွမ်ရဲ့ စကားတွေကြောင့် တကယ်ပဲ လန့်နေမိတယ်။ နောက်ဆုံးတော့လည်း၊ ဖန်ကျန်းရှီက နန်ကုန်း မျိုးနွယ်တွေကို အခုပဲ တိုက်ခိုက် ခဲ့သူလေ။ လက်ရှိ အခြေအနေကို ကြည့်ရင်၊ နန်ကုန်း မျိုးနွယ်တွေက မိစ္ဆာတွေနဲ့ ပူးပေါင်း နေတာပဲ ဖြစ်ရမယ်။ ဒီတော့ နန်ကုန်းတွေရဲ့ ရန်သူ ဖန်ကျန်းရှီက ဘယ်လိုလုပ် မိစ္ဆာတွေနဲ့ ပတ်သက်ရမှာလဲ။

“ငါက မိစ္ဆာတွေနဲ့ ပူးပေါင်းတယ်လား။” ဖန်ကျန်းရှီ တောက်ဟွမ်ကို ကြည့်ရင်း အံ့သြ နေပုံပဲ။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သူ့စိတ်သူ ထိန်းလိုက်တယ်။ တောက်ဟွမ် ပြောတဲ့ အချိန်မှာ အရမ်း အံ့သြ တာတော့ မဟုတ်ခဲ့ဘူး။ တောက်ဟွမ်က သူ့ကို သေစေချင်နေတာလေ။

ဒီအချက် တစ်ချက်တည်းနဲ့တင် တောက်ဟွမ်က သူ့ကို ပြစ်ချက် ရှာဖို့ အခွင့်အရေးကို စောင့်နေတာက ပုံမှန်ပဲလေ။ မိစ္ဆာတွေက လက်ရှိ အချိန်မှာ ပေါ်လာနေတယ်။ ဒီတော့ တောက်ဟွမ်က အခုလို အခွင့်အရေးကြီးကို သုံးပြီးတော့ သူ့ကို မိစ္ဆာတွေနဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲတယ်။ ဒါပေမယ့် (တိုက်ခိုက်တဲ့) အချိန်ကောင်း ဟုတ်ကော ဟုတ်ရဲ့လား။

“တောက်ဟွမ် မင်းက ငတုံးလား။” ဖန်ကျန်းရှီက တောက်ဟွမ်ကို တိုက်ရိုက် ကျိန်ဆဲ လိုက်တယ်။ သူ့ဘေးပတ်လည်က အထိတ်တလန့် မျက်နှာတွေကို လျစ်လျူရှု ထားခဲ့တယ်။

“အတင့်ရဲလိုက်တာ။”

“ငါတို့ ခန်းမ ခေါင်းဆောင်ကို ဘယ်လိုတောင် ပြောဝံ့တာလဲ။”

ဖန်ကျန်းရှီရဲ့ စကားကို ကြားချိန်မှာ ယင်ယန် ခန်းမ တပည့်သားတွေ ဖန်ကျန်းရှီကို ပြန်အော် ကြတော့တယ်။

“အတော် သတ္တိကောင်း နေတယ်ပေါ့။” ဖန်ကျန်းရှီကတော့ တစ်ချက်လေးမှ မငဲ့ညှာဘူး။ လက်တစ်ချက်ကို ဝေ့ယမ်းလိုက်တယ်။ ကောင်းကင်ကနေ မိုးကြိုးတွေ အများကြီး ကျဆင်း လာပြီးတော့ သူ့ကို ပြန်အော်တဲ့ တပည့်သားတွေဆီ ရောက်သွားတော့တယ်။

ဂျိန်း။ တပည့်သားတွေ လွင့်စင် ကုန်ကြတယ်။

“ဒါကြီးက။”

“..”

ဒါကို မြင်ချိန်မှာ ပတ်ဝန်းကျင်က တပည့်သားတွေ ကျောရိုးထဲ အထိ စိမ့်ချမ်းနေ မိတယ်။ ဖန်ကျန်းရှီက မောက်မာတယ် ဆိုတာ သိထားပေမယ့်၊ ကိုယ်တိုင် မျက်မြင် ကြုံရတာက ကြားရတာနဲ့ လုံး၀ ကွာခြားတယ်လေ။

“သူက ဒီလိုကြီးကို တိုက်ခိုက် လိုက်တာလား။”

“တစ်ချက်လေးတောင် ဂရု မစိုက်ဘူး။”

“တကယ်အကြောက်အလန့် မရှိတာပဲ။”

“တောက်ဟွမ် မင်းတိုက်ခိုက်ချင်လည်း ရတယ်။ ဒါပေမယ့် ငါ့ကို မိစ္ဆာတွေနဲ့ ဆက်သွယ် နေတယ်လို့ စွပ်စွဲတာကတော့ လွန်လွန်း သွားပြီ မဟုတ်လား။” ဖန်ကျန်းရှီ ပြောရင်းနဲ့ ခါးကို လက်နှစ်ဖက်နဲ့ ထောက်ထားရင်း တောက်ဟွမ်ဘက်ကို လှည့်ပြီး တင်ပါးတွေကို လှုပ်ခါ ပြလိုက်တယ်။

“ဟမ့် ဖန်ကျန်းရှီ မင်းက ငြင်းချင်နေသေးတယ်လား။ မင်းက တောင်စဉ် ကိုးသွယ်ရဲ့ အလယ် ပေါင်းအိုးကြီးထဲမှာ ထည့်ပြုတ်ခံလိုက်ရတာ လူတိုင်းသိတယ်။ မိစ္ဆာ မျိုးနွယ်စုရဲ့ အကူအညီ မပါပဲ မင်းဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ။”

ဖန်ကျန်းရှီ ဘယ်လောက် လူပါးဝမှန်း တောက်ဟွမ် သိထားပြီးသား။ တပည့်သား နည်းနည်းကို တိုက်ခိုက်ဖို့ ဆိုတာ ဘာမှ ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူးလေ။

“သက်သေ ဘယ်မလဲ။” ဖန်ကျန်းရှီ နှာခေါင်းရှုတ်လိုက်ရင်း ပြန်ဖြေတယ်။

“တောင်စဉ် ကိုးသွယ်ကို မိစ္ဆာတွေ သိမ်းယူသွားတာက အကောင်းဆုံး သက်သေပဲ။” လေထဲက မိစ္ဆာ လေးကောင်ကို လက်ညှိုးထိုးပြရင်း အေးစက်စက် ပြောလိုက်တယ်။

မြင့်မြတ် နယ်မြေရဲ့ တခြား မျိုးနွယ်စုကြီး သုံးခုနဲ့ ပတ်ဝန်းကျင်က တပည့်သားတွေလည်း ဒါကိုကြားချိန်မှာတော့ သတိဝင်လာကြတော့တယ်။ သူတို့တွေ မပြောမိ ပင်မယ့်၊ တောက်ဟွမ်ရဲ့ စကားတွေက သူတို့ကို နှိုးလိုက် သလိုပဲ။ တောက်ဟွမ် ပြောသလိုပဲ။ မိစ္ဆာတွေရဲ့ အကူအညီသာ မရှိရင် တောင်စဉ် ကိုးသွယ်ကနေ ဖန်ကျန်းရှီ ဘယ်လိုများ အသက်ရှင်လျက် ထွက်လာ နိုင်မလဲ။

အရေး အကြီးဆုံးကတော့ တောင်စဉ် ကိုးသွယ်မှာ ပြဿနာကြီး ရှိခဲ့တာ သေချာတယ်။ မိစ္ဆာတွေတောင် သူတို့ မျိုးနွယ်စုကို လုံး၀ ဖယ်ရှား ပြစ်နိုင်လိုက်တယ်။ ဒီတစ်ခု တည်းနဲ့တင် ခိုင်မာတဲ့ သက်သေ ဖြစ်နေခဲ့ပြီ။

“ဖန်ကျန်းရှီ မင်း ငါတို့ကို ကျေးဇူး ဆပ်ချိန် ရောက်ပြီ။ ငါတို့ အခုချိန်မှာ အသာစီး ရနေပြီ။ နောက်ထပ် အချိန်ဖြုန်း မနေနဲ့တော့၊ တောက်ဟွမ်ကို သတ်လိုက်။ ယင်ယန် ခန်းမကို လက်စား ချေနိုင်ဖို့ ငါတို့ ကူညီပေးမယ်။” ဒီအချိန်မှာပဲ မနီးမဝေး နေရာကနေ လူတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။ ဒါကတော့ တောင်စဉ် ကိုးသွယ်ရဲ့ ရှေ့ဆုံးမှာ ထိုင်နေခဲ့တဲ့ ပိုင်ဖေးပဲ။

“ငါတို့ကို ကျေးဇူးပြန်ဆပ်။“

“တောက်ဟွမ်ကို သတ်ပြီးတော့ ယင်ယန် ခန်းမကို လက်စားပြန်ချေတဲ့လား။”

ဒီစကား တစ်ချို့က ပတ်ဝန်းကျင် တပည့်သားတွေ အားလုံးရဲ့ စိတ်ကို ပြောင်းလဲ သွားစေခဲ့တယ်။ မြင့်မြတ် နယ်မြေက လူတွေပါ ဖန်ကျန်းရှီကို သတိအပြည့်နဲ့ ကြည့်နေကြပြီ။

“ဖန်ကျန်းရှီ မင်းက မိစ္ဆာ မျိုးနွယ်နဲ့ ပူးပေါင်း ဝံ့တယ်ပေါ့။”

“မင်းကိုယ်မင်း လူဆိုတာ မမေ့နဲ့။ မင်းက မိစ္ဆာ မဟုတ်ဘူး။”

ဆူပူသံတွေ ထွက်လာဖို့ အချိန် သိပ်မကြာလိုက်ဘူး။ နောက်ဆုံးတော့လည်း လက်စားချေဖို့ အတွက် မိစ္ဆာတွေနဲ့ ပူးပေါင်းတဲ့သူကို ဘယ်သူမှ သည်းမခံ နိုင်ဘူးလေ။

“သေစမ်း၊ ငါတော့ အကွက်ဆင်ခံ လိုက်ရပြီ။” ဖန်ကျန်းရှီရဲ့ အမူအယာက ပြောင်းလဲ သွားခဲ့တယ်။ သူ့ရဲ့ စိတ်ထဲမှာတော့ အော်ဟစ်နေတယ်။

ဒါက သူ့ကို တမင် အကွက်ဆင်တာ အသိသာကြီးလေ။

ရှေးဟောင်း ဆိုရိုးစကား တစ်ခုရှိတယ်။ “သူထိလိုက်တဲ့ ဘယ်အရာ မဆို ညစ်နွမ်းသွားလိမ့်မယ်။”

ဖန်ကျန်းရှီ သူ့ကိုယ်သူ ဒီညစ်နွမ်းစေတဲ့ အရာလို ခံစား နေရတယ်။ တခြားသူတွေရဲ့ အမြင်မှာတော့ သူက တခြားခံ တစ်ယောက်ပဲ။ ဒီလို သေစေနိုင်တဲ့ တိုက်ကွက်ကို ဖန်တီးတဲ့သူကတော့ ပိုင်ဖေး။ အခုချိန်မှာ ဘာပြောပြော အသုံးမဝင် မှန်း ပိုလို့တောင် သိသေးတယ်။ အခုချိန်မှာ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ပိုင်ဖေးကို အသေသတ်ပြီးတော့ သူ့ရဲ့ အပြစ်ကင်းမှုကို သက်သေ ပြဖို့ပဲ။

ဒါပေမယ့် ချီကူယန်နဲ့ ပင်းယန် နှစ်ယောက်လုံးက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ သူတို့ နှစ်ယောက်ကို ဘေးထားပြီးတော့ ပိုင်ဖေးနဲ့ ဘယ်လိုလုပ် ရင်ဆိုင် နိုင်မှာလဲ။ ဒီအချိန်မှာပဲ တောက်ဟွမ်ရဲ့ အသံကို ကြားလိုက်ရပြန်တယ်။

“ဖန်ကျန်းရှီ။ မင်းက လူသား မျိုးနွယ်တွေရဲ့ သစ္စာဖောက်ပဲ။ ငါ တောက်ဟွမ် ကိုယ်တိုင် မင်းကို ဒီနေ့ ကွပ်မျက်မယ်။” တောက်ဟွမ်က ဖန်ကျန်းရှီကို ရှင်းပြချိန် မပေးသလို၊ ပိုင်ဖေးကို တိုက်ခိုက်ချိန်လည်း မပေးတာတော့ အသေချာပဲ။ ဖန်ကျန်းရှီ အနားကို ချက်ခြင်း ဆိုသလို ရောက်လာတော့တယ်။ သူ့ရဲ့ မျက်နှာဖုံး အောက်မှာတော့ ပြုံးနေခဲ့တယ်။

“လာစမ်းပါ။” ဖန်ကျန်းရှီက နောက်ဆုတ် မသွားခဲ့ဘူး။ တောက်ဟွမ်က တိုက်ခိုက်နေပြီ။ အကယ်၍ သူသာ ပြန်မတိုက်ခိုက် ခဲ့ရင် သူ့ကို စက္ကူကျားရုပ်လို့ ထင်ကုန် ကြမှာပေါ့။

ဖန်ကျန်းရှီ သူ့ရဲ့ ခြေရာမဲ့ဓားကို ချက်ခြင်းဆိုသလို မြှောက်လိုက်တယ်။ ကြောက်စရာ ခရမ်းရောင် အလင်းတန်း ပေါ်လာပြီးတဲ့နောက် တောက်ဟွမ်ဆီကို သူချက်ခြင်းဆိုသလို ပြေးဝင်တော့တယ်။

ဝုန်း။

ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ တောက်ဟွမ် လွင့်ထွက်သွားတယ်။ ခြေလှမ်း သုံးလှမ်းတိတိ နောက်ဆုတ် သွားပြီးချိန်မှပဲ သူ့ကိုယ်သူ ငြိမ်အောင် ရပ်နိုင်တော့တယ်။ ပတ်ဝန်းကျင် တပည့်သားတွေ အားလုံးကတော့ တောက်ဟွမ်ရဲ့ လက်ချောင်းကနေ တစက်စက်စက် ကျနေတဲ့ သွေးတွေကို မြင်ချိန်မှာ မယုံနိုင်ဖြစ်သွား ကြတယ်။

ဖောက်။ သွေးကျတဲ့ အသံ တိုးတိုးလေးကို ကြားလိုက်ရတယ်။ သွေးစက်တွေက ကျောက်စိမ်းဖြူ ကျောက်သား ကွင်းပြင်ပေါ်ကို တစက်စက် ကျဆင်း နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ တောက်ဟွမ်နဲ့ ဆန့်ကျင်ဘက်ပဲ။ သူ့မျက်နှာက နည်းနည်း နီနေပင်မယ့်၊ ခန္ဒာကိုယ်ကတော့ တစ်ချက်လေးတောင် မလှုပ်ရှားဘူး။ သူ့ဝတ်ရုံကို လှုပ်ရှားစေတဲ့ တစ်ခုတည်းသော အရာကတော့ လေထုပဲ။

“သူက တောက်ဟွမ်ထက်တောင် အင်အားကြီးနေတာလား။”

“ဒီကောင်စုတ်လေးက တကယ်ပဲ အသက်၁၈နှစ်ဆိုတာ ဟုတ်ရဲ့လား။”

“တကယ်ပဲ အင်အားကြီးလိုက်တာ။ တောက်ဟွမ်က မြင့်မြတ် နယ်မြေရဲ့ အသန်မာဆုံး ပညာရှင်တွေထဲက တစ်ယောက်လေ။ သူ့တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ရင်တောင် အံ့သြစရာ ကောင်းနေပြီ။ ဒါတောင် သူက တောက်ဟွမ်ထက် အင်အားကြီးနေတယ်တဲ့လား။”

“ဒီကောင်စုတ်လေးက သုခမိန် အထွဋ်အထိပ် အဆင့်မှာ ရှိနေတာလား။ မဖြစ်နိုင်တာပဲ။”

ပတ်ဝန်းကျင်က တပည့်သားတွေ မျက်လုံး အပြူးသားနဲ့ ပြောနေကြတယ်။ ဖန်ကျန်းရှီ နန်ကုန်းဟောင်နဲ့ တိုက်ခိုက်တည်းက သူဘယ်လောက်တောင် သန်မာမှန်း လူတိုင်း သိထားပြီးသား။ ဒီအဆင့်ထိ ရောက်နေမယ်လို့ပဲ မထင်မှတ်ထားခဲ့တာ။

တကယ်တော့ မုချင်းဖန်းနဲ့ မော့ရှန်းရှီလည်း လန့်နေခဲ့တယ်။ တောက်ဟွမ်ရဲ့ အင်အားကို သူတို့တွေ ကောင်းကောင်း သိထား ကြတယ်လေ။

“ဒီကလေးက တကယ်ပဲ တောက်ဟွမ်ကို ရင်ဆိုင်ဖို့တောင် အင်အား ရှိနေပြီလား။” မော့ရှန်းရှီ လန့်နေတာကို မဖုံးကွယ် နိုင်ခဲ့ဘူး။

သူ့စိတ် အတွေးထဲမှာတော့ ဖန်ကျန်းရှီ သန်မာတာကို လက်ခံ ထားပြီးသား။ ဒါပေမယ့် သူတို့နဲ့ အဆင့်တူတဲ့ ဒီလောက်ထိ သန်မာမယ်လို့ မထင်ထားတာ တစ်ခုပဲ။

အခုတော့ သူမျက်စိရှေ့က အမှန်တရားကို လက်ခံ ရတော့မယ်။

“ဒီကောင်စုတ်လေးက တကယ်ပဲ ရင့်ကျက်လာပြီ။ ဒီလောက် ကြောက်စရာ ကောင်းတဲ့ အထိကို တကယ်ပဲ ရင့်ကျက်လာပြီ။ အကယ်၍ သူသာ မိစ္ဆာတွေနဲ့ တကယ်ပဲ ပူပေါင်းနေမယ် ဆိုရင်တော့ ငါတို့ အတွက် ပြဿနာ ဖြစ်လိမ့်မယ်။” မုချင်းဖန်းကတော့ ဖန်ကျန်းရှီ မိစ္ဆာတွေနဲ့ ပူးပေါင်းနေတယ်လို့ အခိုင်အမာ မပြောဘူး။ ဒါပေမယ့် ချီကူယန်က ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ရှိနေတဲ့ အတွက်တော့ စိုးရိမ် နေမိတယ်။

အကယ်၍ ဖန်ကျန်းရှီသာ ချီကူယန်ရဲ့ အသက်ကို ခြိမ်းခြောက်လာရင်၊ သူဘယ်လို လုပ်ရမလဲ တကယ် မသိဘူး။

“ယို့။ ယင်ယန် ခန်းမ ခေါင်းဆောင်ကြီ။ ဒါက မင်းအစွမ်းအကုန်လား။ ဒီ့ထက် ပိုသန်မာမယ်လို့ ထင်ထားတာ။ အရမ်းတွေ အထင်ကြီးထား မိတဲ့ ပုံပဲ။” ဖန်ကျန်းရှီ နှုတ်ခမ်းတွေကို တွန့်ကွေးပြီး ပြုံးလိုက်ရင်း ပြောတယ်။ သူ့မျက်နှာရဲ့ နီရဲမှုက ပျောက်ကွယ် သွားခဲ့ပြီ။ တောက်ဟွမ်ကို စိတ်ပျက်လက်ပျက် အကြည့်နဲ့ ကြည့်နေခဲ့တယ်။

“သုံးလ။ သုံးလပဲ ရှိသေးတယ်။ ဘယ်လိုများ ဒီလောက်ထိ သန်မာ လာရတာလဲ။” တောက်ဟွမ် သူ့လက်သူ ကြည့်ရင်း မယုံနိုင် ဖြစ်နေခဲ့တယ်။ အခုချိန်မှာ သူ့အင်အားကို အကုန် မသုံးထားသလို၊ လက်နက်လည်း မကိုင်ထားပေမယ့်၊ ဖန်ကျန်းရှီက သူ့လက်ချောင်းကို တစ်ချက်တည်းနဲ့ ဒဏ်ရာရအောင် လုပ်နိုင်တဲ့ အတွက် လန့်နေမိတယ်။

“ယင်ယန် ခန်းမက ဖန်ကျန်းရှီကို ထိခိုက်အောင် လုပ်ချင်ရင် အရိပ်မျိုးနွယ်စုကို အရင်ဆုံး ဖြတ်သန်းရမယ်။”

“ဟုတ်တယ်။”

“တောက်ဟွမ်။ လွန်ခဲ့တဲ့ သုံးလတုန်းက ငါတို့ရဲ့ တိုက်ပွဲ အဆုံးမသတ်သေးဘူး။”

တစ်ချိန်တည်းမှာပဲ ထိုင်နေခဲ့တဲ့ ဝူယွဲ့အာ ထလာတော့တယ်။ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးလည်း ထလာခဲ့တယ်။

သူတို့ သုံးယောက်နဲ့ အတူ၊ ဝတ်ရုံနက် ဝတ်ပြီး ဝါးဦးထုပ် ဆောင်းထားတဲ့ အရိပ်မျိုးနွယ် တပည့်သားတွေ ရာနဲ့ချီပြီးတော့ လိုက်လာကြတယ်။ ဖန်ကျန်းရှီကတော့ ပြုံးလိုက်တယ်။ အဲ့ဒီ့နောက် ကျောက်တုံးကြီး တစ်တုံးလို မလှုပ်မယှက် ထိုင်နေခဲ့တဲ့ ချင်းယွိကို လှမ်းကြည့်တယ်။

ရုတ်တရက် တလေးတစား ပုံစံကို ပြောင်းသွားပြီးတော့ ပြောတော့တယ်။ “ဒေါ်လေး။ ကျွန်တော်က လင်းယွမ် မျှော်စင်က လူပါ။ ကျွန်တော် အနိုင်ကျင့် ခံနေရတာကို ဘယ်လိုများ ထိုင်ကြည့် နေနိုင်ရတာလဲ။”

“ခွေးကောင်လေး။ နင်ငါ့ကို ထောင်ချောက် ဆင်ပြီး အခုကျမှ နင့်ကိုယ်နင် လင်းယွမ် မျှော်စင်က လူလို့မှတ်မိ တာလား။”

“ဒေါ်လေးက ကျွန်တော့်ကို မျှော်စင်က အခု ထုတ်ပယ် မလို့လား။” ချင်းယွိရဲ့ မေးခွန်းကို မဖြေပဲ ဖန်ကျန်းရှီက ပြုံးပြပြီးတော့ ဆက်ပြောတယ်။

“ကြည့်ရတာ နင့်ကိုယ်နင် သတိ မထားမိတဲ့ ပုံစံပဲ။ အမှန်အတိုင်း ပြောရရင်၊ နင့်လောက် အရှက်မရှိတဲ့ သူကို ငါတစ်ခါမှ မမြင်ဖူးဘူး။” ချင်းယွိက သူ့ကို ပြောတယ်။ ဒါပေမယ့် ချက်ခြင်း ဆိုသလို တောက်ဟွမ်ဘက်ကို လှည့်ပြီး ပြောပြန်တယ်။ “ခန်းမ ခေါင်းဆောင်တောက်။ ငါ မင်းကို ခပ်ရှင်းရှင်းပဲ ပြောမယ်။ ဖန်ကျန်းရှီက ငါ့လူ။ မင်းသူ့ကို လက်ဖျားနဲ့တောင် မထိနဲ့။”

“ငါ့လူ။”

“ဖန်ကျန်းရှီက သူ့အပိုင်လို့ ချင်းယွိပြောလိုက် တာလား။”

“ဘာတွေ ဖြစ်နေတာလဲ။”

“ချင်းယွိနဲ့ ဖန်ကျန်းရှီက။”

ပတ်ဝန်းကျင် တပည့်သားတွေရဲ့ မျက်နှာမှာ ထူးထူးဆန်းဆန်း အမူအယာတွေ ပေါ်လာကြတယ်။ တခြား တစ်ဖက်မှာတော့ ခပ်ဝေးဝေး နေရာမှာ ထိုင်နေတဲ့ လင်းမုပိုင်တောင်မှ ချင်းယွိ စကားကို အနှောင့်အသွား မလွတ်ဘူးလို့ ထင်နေမိတယ်။

“ယွိအာက ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ ဧကရီ။ ဖန်ကျန်းရှီကိုလည်း ကျွန်ုပ် ကိုယ်တိုင် မင်းသားကန် ဘွဲ့ကို ပေးအပ်ထားပြီးသား။ ကြီးမြတ်သောရှ နိုင်ငံတော်က ဖန်ကျန်းရှီကို ခန်းမ ခေါင်းဆောင် တောက်ဟွမ် ထိခိုက်အောင် လုပ်ဖို့ ခွင့်မပြုနိုင်ဘူး။” လင်းမုပိုင် ဝင်ပြောတယ်။

ဒီစကားလေး တစ်ခွန်းကြောင့် ချင်းယွိနဲ့ ကြီးမြတ်သောရှရဲ့ ဆက်ဆံရေးက ထင်ရှားသွားတယ်။ မသင့်တော်ဘူး ဆိုတာတွေလည်း မရှိတော့ဘူး။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ ပြုံးပြုံးကြီး ရှိနေပင်မယ့်၊ မလိုလားတဲ့ ပုံစံကတော့ မျက်နှာမှာ အထင်းသား ပေါ်နေခဲ့တယ်။ နောက်ဆုံးတော့လည်း ချင်းယွိရဲ့ သားမက် ဖြစ်လာဖို့ကို သူဝန်မခံ ချင်ဘူးလေ။ ဒါပေမယ့် ချင်းယွိလို လူမျိုး ကျောထောက် နောက်ခံ ရှိနေတဲ့ အတွက် ပျော်နေခဲ့တယ်။

“တောက်ဟွမ်။ မင်းက ငါ့ကို သတ်ချင်တယ် မဟုတ်လား။ ဒါဆိုရင် ငါ့ရဲ့ ဒေါ်လေးကို အရင် ကျော်ဖြတ်ခဲ့။” ဖန်ကျန်းရှီ ချင်းယွိကို လက်ညှိုးထိုး ပြရင်း ပြောလိုက်တယ်။

အပိုင်း (၈၅၄) ပြီး၏။

အပိုင်း (၈၅၅)

“ပြောင်းလဲမှုနဲ့ ပိုင်ဖေးရဲ့ သေဆုံးမှု။”

“ငါ့ရဲ့ ဒေါ်လေး ချင်းယွိကို အရင်ဆုံး ဖြတ်တဲ့လား။”

“လင်းယွမ် မျှော်စင်ကို ဆွဲထည့်ဖို့ ကြိုးစား နေတာလား။ အရေး အကြီးဆုံးကတော့ ချင်းယွိက သူ့ကို ကာကွယ်ဖို့ ထွက်လာမှာလား။”

“ဒီကောင်စုတ်က တကယ့်ကို အရှက် မရှိတာပဲ။”

“ပတ်ဝန်းကျင် တပည့်သားတွေ ဖန်ကျန်းရှီရဲ့ စကားကို ကြားချိန်မှာ ထူးဆန်းတဲ့ အမူအယာတွေ ဖြစ်ကုန်ကြတယ်။ လင်းယွမ် မျှော်စင်သာ တစ်ခါတည်း ပါဝင်လိုက်ရင်၊ ပိုပြီး ရှုပ်ထွေးတဲ့ ကိစ္စတွေ ဖြစ်လာမှာလေ။

လင်းယွမ် မျှော်စင်နဲ့ အရိပ်မျိုးနွယ်စု နှစ်ခုလုံး တစ်ခါတည်း ပါဝင် လာတဲ့ အတွက်တော့ သူတို့တွေ အံ့သြ နေရတယ်။ ဖန်ကျန်းရှီက မျိုးနွယ်စု နှစ်ခုလုံး အတွက် အတော့်ကို အရေးကြီး နေတဲ့ ပုံစံပဲ။ တောက်ဟွမ်ရဲ့ စိတ်ခံစား ချက်တွေကလည်း ရောယှက်နေခဲ့တယ်။

တောက်ဟွမ် အရင်ကတော့ အောင်မြင်ဖို့ သေချာ နေခဲ့တယ်။ လက်ရှိ မှာတော့ အဖြစ်အပျက်တွေက သူတွေးထား တာနဲ့ တခြားစီ ဖြစ်နေခဲ့ပြီ။

အရိပ်မျိုးနွယ်စုတင် မကဘူး။ လင်းယွမ် မျှော်စင်ရဲ့ ချင်းယွိပါ ဝင်ရောက်လာပြီ။ ဖန်ကျန်းရှီရဲ့ အံ့သြစရာ စွမ်းအားတွေနဲ့ ပေါင်းလိုက်ရင်၊ တောက်ဟွမ်လို အခွံမာသီးကတော့ ကွဲအက်ရမှာ အမှန်ပဲ။ ဒါပေမယ့် ဒါတွေကြောင့်ပဲ တောက်ဟွမ်ရဲ့ ဖန်ကျန်းရှီကို သတ်ဖြတ်လိုစိတ်တွေက ပိုပြီးတော့ မြင့်တက် လာခဲ့တယ်။

“အရိပ်မျိုးနွယ်စုနဲ့ လင်းယွမ် မျှော်စင်။ ဒီကောင့်ကို ဒီ့ထက် ပိုပြီးတော့ အင်အားကြီးခွင့် မပေးနိုင်တော့ဘူး။” တောက်ဟွမ် သိနေတယ်။ အခုချိန်မှာ ဒီအခွင့်အရေးကို လွတ်သွားတာနဲ့ ဖန်ကျန်းရှီကို အနာဂတ်မှာ ဖမ်းဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ဒီအရှုပ်အထွေးတွေကို အခွင့်ကောင်း ယူပြီး ဖန်ကျန်းရှီကို သတ်ရမယ်။

ဒါပေမယ့် ချင်းယွိရဲ့ အင်အားကိုလည်း သူသိနေခဲ့တယ်။ နောက်ဆုံးတော့လည်း လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကြီးမြတ်သောရှ နိုင်ငံတော် ရန်မြို့တော် အပြင်ဘက်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲကြီးကို လူတိုင်း မှတ်မိနေဆဲလေ။ အထင်ကြီး လေးစားမှုတွေက စိတ်ထဲမှာ စွဲထင်နေဆဲ။

တောက်ဟွမ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ချင်းယွိသာ ကာကွယ်နေရင်၊ ဖန်ကျန်းရှီကို အနိုင်ယူဖို့ ဖြစ်နိုင်မှာ မဟုတ်တာ သူသိနေခဲ့တယ်။

“ဖန်ကျန်းရှီနဲ့ ဆက်ဆံရေးကောင်းတဲ့ အရိပ်မျိုးနွယ်စုက မိစ္ဆာတွေနဲ့ ဆက်သွယ်နေလားလို့ ငါသံသယ ဝင်မိတယ်။ ဒါပေမယ့် မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုထဲက တစ်ခု ဖြစ်တဲ့ လင်းယွမ်မျှော်စင်ကပါ သူတို့နဲ့ ပတ်သက် နေမယ်လို့ ငါတကယ့်ကို ကြိုမမြင်ခဲ့ဘူး တကယ် အံ့သြစရာပဲ။” တောက်ဟွမ်က ဝူယွဲ့အာနဲ့ ချင်းယွိ နှစ်ယောက်ကို အေးစက်စက် မေးခွန်း ထုတ်နေခဲ့တယ်။

တောက်ဟွမ်က ဒီလို ရုတ်တရက် အပြောင်းအလဲမှာတောင် အရမ်းကို တည်ငြိမ် နေခဲ့တယ်။ အရိပ်မျိုးနွယ်စုနဲ့ လင်းယွမ် မျှော်စင်ကို စကား တစ်ခွန်းတည်းနဲ့တင် ကောင်းကောင်းကြီး စွပ်စွဲ နိုင်ခဲ့တယ်။

ပတ်ဝန်းကျင် တပည့်သားတွေရဲ့ အမူအယာကတော့ ဒီစကားကို ကြားချိန်မှာ ပြောင်းလဲ သွားတော့တယ်။ သူတို့လည်း စိတ်ထဲမှာ သံသယတွေ ဝင်လာကြတယ်။

“အရိပ် မျိုးနွယ်စုနဲ့ လင်းယွမ် မျှော်စင်က မိစ္ဆာတွေနဲ့ ပူးပေါင်း နေကြတာလား။”

“ဒီလိုသာ ဖြစ်မယ်ဆိုရင်တော့။”

“မြင့်မြတ် နယ်မြေ တစ်ခုလုံး ဒါမှမဟုတ် လောကကြီး တစ်ခုလုံးတောင် ဆူပူ အုံကြွ ကုန်တော့မယ်။”

“ခန်းမခေါင်းဆောင်တောက်က ဒီလိုမျိုး သက်သေ မခိုင်မာတဲ့ စွပ်စွဲမှုတွေ လုပ်တဲ့ နေရာမှာ တကယ့်ကို တော်တာပဲ။” ချင်းယွိက ပြန်ဖြေတယ်။ အဲ့ဒီ့နောက် ကောင်းကင်က ဆင်းသက်လာတဲ့ သက်တန့်ကြီးကို ကြည့်ရင်း ဆက်ပြောတယ်။

“ငါ့ရဲ့ လင်းယွမ် မျှော်စင်က မိစ္ဆာတွေနဲ့ ပူးပေါင်းတယ်လို့ တမင်သက်သက် စွပ်စွဲနေတာ၊ ဘာလဲ ခန်းမ ခေါင်းဆောင်တောက်က မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်ကို ငါးခုကို တမင်တကာ မွှေနှောက်ချင်နေတာလား။ အခု အချိန်မှာ မိစ္ဆာတွေ ပြန်လည် ကုသချိန် ရအောင် အချိန်ဆွဲပေး နေတာလား။”

“သက်သေက ခိုင်မာ နေပြီလေ။ ငါက လူသား မျိုးနွယ်ရဲ့ သစ္စာဖောက်ကို ဖယ်ရှားဖို့ လုပ်နေတာ။ ဒါကို မျှော်စင်ခေါင်းဆောင် ချင်းက ခံစားချက်ပေါ် မူတည်ပြီး သူ့ကို တမင်တကာ ကာကွယ်နေတာ မဟုတ်ဘူးလား။ ငါတော်တော်လေး စိတ်ပျက် မိပါရဲ့။”

“ဒီတော့ကော ဘာဖြစ်လဲ။ ငါကတော့ သူ့ကို ကာကွယ်မှာပဲ။ နင်ဘာလုပ် နိုင်သေးလဲ။” ချင်းယွိရဲ့ အမူအယာကတော့ တစ်ချက်လေးတောင် မပြောင်းလဲ ခဲ့ဘူး။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ သူမက ဖန်ကျန်းရှီရဲ့ ဘေးကို ရောက်ချလာရင်း ပြောတယ်။

“ချင်းယွိ မင်းက လူသားမျိုးနွယ်နဲ့ ရန်သူ ဖြစ်ချင် နေတာလား။”

“ငါက နင်က တစ်ဖက်တည်း မနေချင်ရုံပဲ။”

“မင်း။” တောက်ဟွမ်က အခုအချိန်မှာ ဘာမှ မပြောနိုင်တော့ဘူး။

“မင်း တိုက်ခိုက်ချင်တယ် မလား လာလိုက်စမ်းပါ။ အချိန်တွေ ဖြုန်းမနေနဲ့တော့။” ချင်းယွိက အရမ်းကို မောက်မာတယ်။

“ကောင်းပြီလေ။ မျှော်စင် ခေါင်းဆောင်ချင်းရဲ့ စွမ်းအားတွေကို ဒီနေ့တော့ မြည်းစမ်းခွင့် ရတော့မှာပေါ့။” တောက်ဟွမ် သူ့ရဲ့ လက်တွေကို ဖြန့်လိုက်တယ်။ သူ့လက်ထဲမှာ အဖြူရောင်နဲ့ အနက်ရောင် ဓားနှစ်လက် ပေါ်လာတော့တယ်။

ဖန်ကျန်းရှီကတော့ ဒီအချိန်မှာ ပိုင်ဖေးကို ကြည့်နေခဲ့တယ်။ ဒီနေရာမှာ ချင်းယွိ ရှိနေရင်၊ သူလည်း တောက်ဟွမ်ကို အာရုံစိုက်စရာ မလိုတော့ဘူး။ ဒါပေမယ့် ပိုင်ဖေး အကြောင်းကိုတော့ အတော်လေး ပဟေဠိ ဖြစ်နေခဲ့တယ်။

နန်ကုန်း မျိုးနွယ်ရဲ့ အစီအစဉ်ကိုလည်း သူမသိဘူး။ ဒါပေမယ့် ပိုင်ဖေးရဲ့ တွက်ချက်မှုထဲမှာ အရာအားလုံး ပါဝင်နေမယ်လို့ ခန့်မှန်းမိတယ်။

“ပိုင်ဖေး ဒီကောင်က ဘာကြီးလဲ။”

သူမှတ်မိတာကတော့ တောင်စဉ် ကိုးသွယ်ကနေ သူထွက်မလာခင် အကုန်လုံးကို မသတ်ခဲ့ မိပါဘူး။ သူတို့တွေ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေရုံပဲ။

“တောင်စဉ် ကိုးသွယ်ကို မိစ္ဆာတွေ ဘယ်လို သိမ်းလိုက်ပါလိမ့်။”

“ပိုင်ဖေးကရော တောင်စဉ် ကိုးသွယ်ရဲ့ ခေါင်းဆောင် အသစ် ဘယ်လို ဖြစ်လာတာလိမ့်။”

“ငါတောင်စဉ် ကိုးသွယ်က ထွက်လာပြီးတဲ့ နောက်ပိုင်း ကိစ္စကြီးတွေ ဖြစ်သွားတာလား။” အကယ်၍ ဒီလိုသာ ဖြစ်ခဲ့ရင်တော့ သူနဲ့ တောင်စဉ် ကိုးသွယ်ရဲ့ ပဋိပက္ခတွေက ပိုင်ဖေးရဲ့ အစီအစဉ်ထဲမှာ ပါနေလိမ့်မယ်။ ကြောက်စရာ ကောင်းလိုက်တာ။

“ဒေါ်လေး။ တောက်ဟွမ်ကို ဒေါ်လေးဆီ အပ်ထားခဲ့မယ်နော်။” ဖန်ကျန်းရှီ ပြောလိုက်တယ်။ အဲ့ဒီ့နောက် ဝူယွဲ့အာကို ကြည့်ရင်း ပြောတယ်။ “ယွဲ့အာ။ ပင်းယန်နဲ့ ယန်လေးကို သေချာ စောင့်ရှောက်ပေးထား။”

“ကောင်းပြီ။” ဝူယွဲ့အာက ဒီတစ်ခေါက်မှာတော့ ဖန်ကျန်းရှီနဲ့ ငြင်းခုန် မနေတော့ဘူး။ လက်တွေကို ဝေ့ယမ်းရင်း အရိပ်မျိုးနွယ် တပည့်သား ရာချီကို အမိန့် ပေးလိုက်တယ်။ သူတို့တွေ ချက်ခြင်းဆိုသလို ပင်းယန်နဲ့ ချီကူယန် နှစ်ယောက်ကို ဝန်းရံ လိုက်တော့တယ်။

ဒါဇင်ချီတဲ့ စစ်သူကြီးတွေကလည်း ကြီးမြတ်သောရှ တဲစခန်း ဘက်ကနေ ထွက်လာကြတယ်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ကြောက်စရာ ကောင်းတဲ့ အရှိန်အဝါတွေ အပြည့်ပဲ။

“စိတ်ချက်လက်ချ ထားခဲ့ပါ မင်းသားကန်။ ကျွန်တော်တို့တွေ ပင်းယန် မင်းသမီးနဲ့ ချီကူယန် မင်းသမီးကို စောင့်ရှောက် ထားပါမယ်။” သူတို့တွေ ဖန်ကျန်းရှီကို အရိုအသေ ပေးရင်း ပြောလိုက်ကြတယ်။

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်ကလည်း ဒါကို မြင်တယ်။ သူတို့တွေ တစ်ယောက်ကို တစ်ယောက် စိုးရိမ် တကြီးနဲ့ ကြည့်မိကြတယ်။ နောက်ဆုံးတော့လည်း တိုက်ခိုက်မှုတွေ ပိုဖြစ်လေလေ။ အခြေအနေတွေက ပိုပြီး ဆိုးလေပဲ။

အရေးအကြီးဆုံး အချက်ကတော့ မြင့်မြတ် နယ်မြေကို ဝင်ခါက ဖန်ကျန်းရှီနဲ့ အခု ဖန်ကျန်းရှီက လုံး၀ ကွာခြား နေတာပဲ။ သူကိုယ်တိုင်ကလည်း အရမ်းကို အင်အားကြီးနေပြီ။ ဒါ့အပြင် အရိပ်မျိုးနွယ်နဲ့ လင်းယွမ် မျှော်စင်ကလည်း သူ့ကို နောက်ကနေ ထောက်ပံ့ ပေးနေတယ်။

“ရှုပ်ထွေး ကုန်ပြီ။လုံးဝကို အရှုပ်အထွေးတွေ ဖြစ်ကုန်ပြီ။” မော့ရှန်းရှီရဲ့ စိတ်ထဲမှာ ဆိုးဝါးတဲ့ ခံစားချက် ပိုပြီးထင်ရှား လာခဲ့တယ်။ ဒီအခြေအနေကို သူကြည့်ရင်း ဘယ်လို ကိုင်တွယ်ရမယ်မှန်း မသိတော့ဘူး။

“တခြား ကိစ္စတွေကို ဘေးဖယ်ထားအုန်း။ အရင်ဆုံး နန်ကုန်းဟောင်ကို တိုက်ခိုက်ကြစို့။” မုချင်းဖန်းက မော့ရှန်းရှီရဲ့ စိတ်ကို သိနေခဲ့တယ်။ ဒါပေမယ့် အချိန် ထပ်မဖြုန်းနိုင်တော့ဘူး။

ဖန်ကျန်းရှီနဲ့ ယင်ယန် ခန်းမရဲ့ ပြဿနာက အချိန်တို အတွင်း ဖြေရှင်းနိုင်မယ့် အရာ မဟုတ်ဘူးလေ။ အချိန်ယူရမယ့် ကိစ္စတွေကို နောက်ထားရမယ်။ အရေးအကြီးဆုံး နန်ကုန်းဟောင်ကို အရင် ဖြေရှင်းရမယ်။ အကယ်၍ သူတို့သာ ဒီအတိုင်း ဆက်ရှိနေရင်၊ နန်ကုန်းဟောင်ကို အချိန် အများကြီး ပေးသလို ဖြစ်သွားလိမ့်မယ်။

“ကောင်းပြီ။” မော့ရှန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

မော့ရှန်းရှီက နန်ကုန်းဟောင်ဆီကို ရုတ်တရက် ပြေးထွက် သွားခဲ့တယ်။ သူ့ရဲ့ ရှေ့မှာ ရှိတဲ့ မိစ္ဆာ နှစ်ကောင်က မော့ရှန်းရှီကို ဖမ်းမမိ ခဲ့ဘူး။

“နန်ကုန်းဟောင်ကို သတ်ချင်ရင် ငါတို့ကို အရင်ဆုံး ဖြတ်ရမယ်။” ရုတ်တရက် ဆိုသလို မိစ္ဆာ နှစ်ကောင် အော်ဟစ်လိုက်တယ်။ မော့ရှန်းရှီ ရှေ့ကို ချက်ခြင်း ပြေးလာပြီး တားဆီးတော့တယ်။

“ထွက်သွားကြစမ်း။” မုချင်းဖန်းက သူ့ရှေ့မှာ ရှိတဲ့ မိစ္ဆာ နှစ်ကောင်ကို တိုက်ခိုက်တော့တယ်။ မော့ရှန်းရှီ အတွက် လမ်းဖွင့် ပေးနေတယ်။ တိုက်ခိုက်မှုကြီးကတော့ ဆက်ဖြစ် နေခဲ့ပြီ။

ဖန်ကျန်းရှီကတော့ သူ့ရဲ့ ခြေရာမဲ့ဓားကို ပိုပြီး တင်းတင်းကြပ်ကြပ် ကိုင်ထားခဲ့တယ်။ ကြီးမြတ်သောရှ မင်းဆက် စစ်သူကြီးတွေကို သူတစ်ချက် ကြည့်လိုက်တယ်။ အဲ့ဒီ့နောက် လင်းမုပိုင်ကို ခေါင်းငြိမ့်ပြတယ်။ လင်းမုပိုင်က သူ့ကို ထောက်ခံ နေမှန်း သူနားလည်တယ်။

အဲ့ဒီ့နောက် ပိုင်ဖေးဆီကို စကား တစ်ခွန်းတောင် မပြောပဲ ပြေးဝင်တော့တယ်။ ပိုင်ဖေးက ဒီကိစ္စတွေ အားလုံးရဲ့ အရင်းအမြစ် ဆိုတာ သူတွက်ချက် မိထားပြီးသား။

“ဒီကောင် ထွက်ပြေးတာလား။” တောက်ဟွမ်က ဖန်ကျန်းရှီ ပိုင်ဖေးဆီ ပြေးဝင်သွားတာ မြင်တော့ နည်းနည်း စိုးရိမ် ပူပန် သွားမိတယ်။ ဖန်ကျန်းရှီက မိစ္ဆာတွေနဲ့ ပူးပေါင်းတယ်လို့ သူအခိုင်အမာ ပြောထားတာလေ။

ဒီတော့ ဖန်ကျန်းရှီက မိစ္ဆာတွေ ဆီမှာ အကူအညီ ယူဖို့ ပြေးသွားတာ ဖြစ်နိုင်တယ်။

“ရန်ရွှယ်။ ဖန်ကျန်းရှီက လူသား မျိုးနွယ်ရဲ့ ရန်သူပဲ။ မိစ္ဆာတွေနဲ့ ပူးပေါင်းနေတယ်။ သူ့ကို ထွက်ပြေးခွင့် မပေးနဲ့ သူ့ကို သတ်လိုက်။” တောက်ဟွမ်က ရန်ရွှယ်ကို အော်ဟစ်တော့တယ်။

“သူ့ကို သတ်ရမယ်တဲ့လား။” ရန်ရွှယ်က နည်းနည်း စိတ်လွတ်နေတဲ့ ပုံစံပဲ။ ပုံမှန် အခြေအနေမျိုးမှာ ဆိုရင်တော့ တောက်ဟွမ် စကားကို သူနားထောင်နိုင်ချေ ရှိတယ်။ တောက်ဟွမ်က သူ့အသက်ကို ကယ်ခဲ့သူလေ။ ဒါပေမယ့် မသေချာတဲ့ အကြောင်းအရင်း တစ်ချို့ကြောင့် ဖန်ကျန်းရှီနဲ့ ရန်သူ မဖြစ်ချင်ဘူး။ ဖန်ကျန်းရှီက ဘာကြောင့် သူ့ကို ကူညီခဲ့မှန်း နားမလည် နိုင်သေးဘူး။

ဒါပေမယ့် သူလှုပ်ရှားခဲ့တယ်။ ဖန်ကျန်းရှီက ပိုင်ဖေးဆီ ပြေးသွား နေတဲ့ အချိန်၊ ရန်ရွှယ်က လေထဲမှာ အရိပ် တစ်ခုလို ပုံစံနဲ့ ထူးထူးဆန်းဆန်း ရွေ့လျားရင်း ဖန်ကျန်းရှီ ရှေ့ကို ရောက်အောင် သွားနေခဲ့တယ်။

ဖန်ကျန်းရှီကတော့ သတိလက်လွတ် ဖြစ်သွားပုံပဲ။ သူအံံ့သြ နေခဲ့တယ်။ ဒါပေမယ့် မရပ်တန့် ခဲ့ဘူး။ ရန်ရွှယ်ကိုလည်း (မင်းငါ့ကို သတ်မှာလားလို့) မမေးခဲ့ဘူး။

ဝူး။

ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ဓားက မျက်တောင်တစ်ခတ် အတွင်းမှာပဲ ကြောက်စရာ ခရမ်းရောင် အလင်းတန်းနဲ့ အတူ ပိုင်ဖေးဆီကို ရောက်သွားတော့တယ်။ သူက ရန်ရွှယ်ကို လုံး၀ မမြင်သလိုပဲ။

“ငါ့ရဲ့ အရှင်သခင်ကို ထိခိုက်အောင် မလုပ်နဲ့။” ဒီအသံနဲ့ အတူ ပိုင်ဖေး ရှေ့ကို လူတစ်ယောက် ရောက်လာပြီး ကာကွယ်လိုက်တယ်။ သူ့ရဲ့ အနက်ရောင် ဝတ်ရုံကြီးက လေအရှိန်ကြောင့် လွင့်ထွက် သွားပြီး၊ ရေခဲ ပြာရောင် မျက်လုံးတွေ ပေါ်လာတော့တယ်။

“မင်းရဲ့ အရှင်သခင်တဲ့လား။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ်သွားခဲ့တယ်။ ဒီလို နေရာမျိုးမှာ ဒီလို အသုံးအနှုန်းမျိုးက မသင့်တော်ဘူးလေ။ ဒါပေမယ့် အခုချိန်မှာ ဒါတွေကို သူမတွေးနိုင်ဘူး။ သူ့ရဲ့ဓားက တစ်ချက်လေးတောင် လမ်းကြောင်း ပြောင်းမသွားခဲ့ဘူး။

မိုးပြာရောင် အလင်းတန်း တစ်ခုနဲ့ အတူ ဖန်ကျန်းရှီ သူ့ရှေ့က လူကို ဖြတ်ကျော်ပြီး ပိုင်ဖေးရှေ့ကို ရောက်သွားတော့တယ်။

“ဖန်ကျန်းရှီ မင်းမအောင်မြင် စေရဘူး။”

ဒီအချိန်မှာပဲ နောက်ထပ် အသံ တစ်သံ ပေါ်လာပြန်တယ်။ ပိုင်ဖေးကို မိစ္ဆာ တစ်ကောင်တည်းက ကာကွယ်နေတာ မဟုတ်မှန်း သိသာနေခဲ့တယ်။ အစိမ်းရောင် အလင်းတန်း တစ်ခု ပေါ်လာပြီး ကျောက်စိမ်းရောင် အကာကွယ် တစ်ခု အသွင် ပြောင်းသွားတယ်။ ပိုင်ဖေးနဲ့ ဖန်ကျန်းရှီကြားကို လာပြီး ကာဆီးထားတော့တယ်။

ဒီအချိန်မှာပဲ ဓားမြှောင် နှစ်ချောင်း သူ့လက်ထဲမှာ ပေါ်လာတော့တယ်။

“အမ် နောက်တစ်ကောင် ရှိနေသေးတာလား။” ဖန်ကျန်းရှီ နည်းနည်းတော့ အံ့သြ နေခဲ့တယ်။ ဒီအချိန်မှာပဲ အရိပ်ပုံစံ လက်သည်းတစ်ချို့ မြေပြင်ကနေ ထိုးထွက်လာတယ်။ ဖန်ကျန်းရှီ နောက်ကျောကို ရောက်လာတယ်။

“ရန်ရွှယ် နောက်ဆုံးတော့လည်း မင်းက ငါ့ကို စိတ်မပျက်စေဘူး။” တောက်ဟွမ်ရဲ့ မျက်လုံးထဲမှာ အေးစက်စက် အငွေ့အသက်တွေ ပေါ်လာတော့တယ်။ ဒီလက်သည်း အရိပ်တွေက ရန်ရွှယ့်ရဲ့ တိုက်ခိုက်မှုမှန်း သူသိထားတယ်။

အရှေ့က အတားအဆီး၊ နောက်က အလစ်ဝင်တိုက်။ ဖန်ကျန်းရှီ ဘယ်လို အသက်ရှင် နိုင်မလဲလို့ တောက်ဟွမ် တွေးတော နေမိတယ်။ အသက်ရှင်နေရင်တောင်၊ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရမှာကတော့ မလွဲမသွေပဲ။

“သေစမ်း။” တောက်ဟွမ် ခပ်တိုးတိုး ပြောလိုက်မိတယ်။ ဒါပေမယ့် သူ့စကား မဆုံးခင် အချိန်မှာပဲ တစ်ကိုယ်လုံး တောင့်တင်း သွားတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီဆီကို ဦးတည်နေတဲ့ လက်သည်းတွေက နောက်ဆုံး အချိန် အခိုက်အတန့်မှာ ဦးတည်ရာ ပြောင်းသွား ကြလို့ပဲ။

ဖန်ကျန်းရှီကို ကျော်သွားပြီး အစိမ်းရောင် အတားအဆီးကို တိုက်ခိုက်ပြစ်တယ်။

ဝုန်း။

အစိမ်းရောင် အတားအဆီးက ပြင်းထန်တဲ့ အားကြီး တစ်ခုနဲ့ တိုက်မိ သလိုမျိုး အက်ကွဲရာတွေ ပြည့်နှက်သွားတော့တယ်။ အချိန် မရွေး ကွဲအက်ကြေမွ သွားတော့မယ့် ပုံစံပဲ။

“ဘာတွေ ဖြစ်နေတာလဲ။” တောက်ဟွမ် အရမ်းကို လန့်သွားခဲ့တယ်။

တောက်ဟွမ် ရန်ရွှယ်ကို ပြောတဲ့ စကားကို လူတိုင်း ကြားခဲ့တယ်။ ပတ်ဝန်းကျင်က တပည့်သားတွေလည်း မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။

“ရန်ရွှယ်က ဘာကြောင့် ရုတ်တရက် ပြစ်မှတ်ကို ပြောင်းလိုက်တာလဲ။”

“ထူးဆန်းလိုက်တာ။”

ရန်ရွှယ့် အတွေးကို ဘယ်သူမှ မသိဘူး။ ဒါပေမယ့် ရန်ရွှယ် ဖန်ကျန်းရှီကို မတိုက်ခိုက်ပဲ ကူညီ ပေးခဲ့တာတော့ အမှန်ပဲလေ။

ဖန်ကျန်းရှီကတော့ အရှိန် တစ်ချက်လေးတောင် မလျှော့ခဲ့ဘူး။ ခြေရာမဲ့ဓားက အစိမ်းရောင် အတားအဆီးကို အလွယ်လေး ဖြတ်ကျော် သွားတော့တယ်။

ဝုန်း။

ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ဓားက သူ့ရှေ့မှာ ရှိနေတဲ့ လူရိပ်ကို ဝိဉာဉ်နုတ်သူ တစ်ယောက်လိုမျိုး ထိုးဖောက် ပြစ်တော့တယ်။ အရမ်းကို မြန်ဆန်လွန်းတယ်။ ဘယ်သူကမှ အချိန်မှီ မတုံ့ပြန် နိုင်ခဲ့ဘူး။

ဖန်ကျန်းရှီရဲ့ ရှေ့မှာ ရှိနေတဲ့ လူရိပ်ကလည်း နေရာမှာတင် တောင့်တင်း နေခဲ့တယ်။ လေက သူ့ရဲ့ ဝတ်ရုံနက်ကို လွင့်ထွက် သွားစေတယ်။ ကြောက်စရာ ကောင်းလောက်အောင် ငယ်ရွယ် နုပျိုတဲ့ မျက်နှာက အထင်းသား ပေါ်ထွက် လာခဲ့တယ်။ သူ့မျက်နှာမှာတော့ မယုံနိုင် မှုတွေက အထင်းသား။

“ဘာကြောင့်များ ပါလိမ့်။” သူသေတဲ့ အထိ ရန်ရွှယ် ရုတ်တရက် ပြောင်းလဲ တိုက်ခိုက်တာကို နားမလည်ခဲ့ဘူး။ သူရောက်တာ နောက်ကျ ခဲ့လို့ မဟုတ်ဘူး။ တကယ်တော့ သူရောက်တာ အတော်လေး စောတယ်။

ရန်ရွှယ် ဘယ်လိုလုပ်မယ် ဆိုတာကို မသိခဲ့လို့ ဒီလို ဖြစ်တာပဲ။

“ရန်ရွှယ်က မှတ်ဉာဏ် မပျောက်တာများလား။”

“မဖြစ်နိုင်တာပဲ။”

“အကယ်၍ ရန်ရွှယ်သာ မှတ်ဉာဏ် မပျောက်ခဲ့ရင်၊ ရန်ချန်လိကို မမှတ်မိပဲ ဘယ်နေမလဲ။ နောက်ပြီးတော့ တောက်ဟွမ်ကလည်း ဖန်ကျန်းရှီကို သတ်ဖို့ အမိန့် ပေးထားတာ မဟုတ်လား။”

ဒီအချက်တွေ အားလုံးကနေ ထွက်လာတဲ့ ရလဒ်ကို သူလက်မခံ နိုင်ခဲ့ဘူး။ ဖန်ကျန်းရှီရဲ့ ဓားက သူ့ရင်ဘတ်ကို ဖောက်ထွက် သွားခဲ့ပြီ။ လုံး၀ မရပ်တန့် ခဲ့ဘူး။

ဝုန်း။

အပြာရောင် အလင်းတန်း ရုတ်တရက် ပေါ်လာခဲ့တယ်။ ခြေရာမဲ့ဓားက သူ့ရဲ့ ခန္ဒာကိုယ်ကို စက္ကန့်ပိုင်း အတွင်းမှာ ဖြတ်ကျော်သွားပြီ။ ဒီဓားက ကြယ်ကြွေ တစ်စင်းလို မြန်ဆန်တယ်။ ဓားက မြန်ဆန်လွန်းလို့ သူ့ရဲ့ သွေးတွေတောင် အပြင်ကို မထွက်လိုက်ဘူး။

ချက်ခြင်းဆိုသလို ဖန်ကျန်းရှီက ပိုင်ဖေးရှေ့မှာ ပေါ်လာတော့တယ်။ သူ့ရဲ့ ခြေရာမဲ့ဓားက ပိုင်ဖေးကို အရှိန်ပြင်းပြင်း ထိုးစိုက် တော့တယ်။

“မဖြစ်ဘူး။”

“မဖြစ်ဘူး။”

ဒီအချိန်မှာပဲ ကောင်းကင်က တိုက်ခိုက်နေတဲ့ မိစ္ဆာတွေနဲ့ ပိုင်ဖေးနောက်က လူတွေ အားလုံး အော်ဟစ်ပြီး တားဆီးဖို့ ကြိုးစားတော့တယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။

ခြေရာမဲ့ဓားက ပိုင်ဖေးရဲ့ ရင်ဘတ်ကို ထွင်းဖောက် သွားခဲ့ပြီ။

အပိုင်း (၈၅၅) ပြီး၏။

အပိုင်း (၈၅၆)

“ဘဝရဲ့ အနိမ့်အမြင့် အပြောင်းအလဲက မြန်ဆန်လွန်းတယ်။”

ဒါကို ရင်ဆိုင်ရချိန်မှာ ပိုင်ဖေးရဲ့ မျက်နှာက သိသိသာသာကို ဖြူဖျော့ သွားခဲ့တယ်။ သူ့ရဲ့ မျက်နှာက အတော်လေးကို တည်ငြိမ်နေတာ အစပိုင်း တည်းကပဲ။

ဒင်။ မာကျော ကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက်ရတယ်။ ဒီပွတ်တိုက်သံက ကျယ်လောင်လွန်းလို့ နားစည်တွေတောင် တုန်သွား ရတယ်။ တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီ သူ့ဓား အရှိန်ကို လျော့လိုက်ရတယ်။ ဓားကို ဆက်ထိုးချဖို့ မဖြစ်နိုင်ဘူး။

“မာလိုက်တာ။ ပိုင်ဖေးက သူ့ရင်ဘတ်နဲ့ ကျောက်တုံးတွေကို ခွဲဖို့ အထူး လေ့ကျင့် ထားတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား။” ဖန်ကျန်းရှီ အံ့သြ နေခဲ့တယ်။ အရာအားလုံး မှားယွင်း နေသလိုပဲ။

နတ်ဆိုး မျိုးနွယ်တွေရဲ့ မျိုးနွယ်စုတွေ အားလုံးက ခန္ဒာကိုယ် သန်မာတာကို သူသိထားတယ်။ ဒါပေမယ့် ဒီလောက် များပြားတဲ့ အင်အားကတော့ မယုံနိုင် လောက်အောင်ပဲ။

နေစမ်းပါအုန်း။ ပိုင်ဖေးမှာ အကာအကွယ် ရတနာ ရှိနေတယ်။

ဖန်ကျန်းရှီမှာလည်း နှလုံးကာမှန် ရှိတယ်။ ဒါကြောင့် သူချက်ခြင်း တုံ့ပြန်နိုင်တာပဲ။ ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ ဘယ်လိုလူ မဆို ဒီ အပြုံးကို မြင်ရုံနဲ့ သူ့အတွေးကို နားလည်နိုင်တယ်။

ခြေရာမဲ့ ဓားကိုတောင် တားနိုင်တဲ့ ရတနာတဲ့လား။ သေချာပေါက် သဘာဝလွန် ရတနာပဲ ဖြစ်ရမယ်။ ရအောင်ခိုးမယ်။

ဖန်ကျန်းရှီရဲ့ ဆုံးဖြတ်ချက်တွေက အကြောင်းအရင်း မမဲ့ဘူး။ ပိုင်ဖေးရဲ့ တုံ့ပြန်မှုကို အခြေခံ ပြီးတော့ ဆုံးဖြတ်လိုက်တာပဲ။ ခပ်ရှင်းရှင်း ပြောရရင် ပိုင်ဖေးက သူ့အတွက်တော့ အရမ်းကို အားနည်း နေတယ်။ ပိုင်ဖေး ဘာဖြစ်လို့ ဒီလောက် အားနည်းလဲ ဆိုတာကိုတော့ ဖန်ကျန်းရှှီ မစဉ်းစားတော့ဘူး။

အများကြီး တွေးစရာ မလိုဘူးလေ။ အားနည်းတဲ့ ပြိုင်ဘက်ကို သတ်ရတာ ပုရွက်ဆိတ်ကို လက်ထဲမှာ ချေလိုက် ရသလိုပဲ။ ချက်ခြင်း ဆိုသလို ဖန်ကျန်းရှီ ခပ်ကြမ်းကြမ်း တိုးဝင် ပြန်တယ်။ မျက်တောင် တစ်ခတ် အတွင်းမှာ သူတို့ နှစ်ယောက်က အရမ်းကို နီးကပ် နေခဲ့ပြီ။ ပိုင်ဖေးရဲ့ မျက်လုံးတွေ ရုတ်တရက် ဝိုင်းစက် ပြူးကျယ် လာတာကို သူမြင်လိုက် ရတယ်။

အဲ့ဒီ့နောက် သူ့ရဲ့ ဘယ်ဘက်လက်နဲ့ ပိုင်ဖေးရဲ့ ရင်ဘတ်ကို ဖန်ကျန်းရှီ ကိုင်လိုက်တယ်။

ပိုင်ဖေးရဲ့ အကျီတွေကို အားနဲ့ ဆုတ်ဖြဲရင်း ပြောတယ်။ “မင်းမှာ ရတနာ ရှိနေရင်။ မျှဝေရမယ် မဟုတ်လား။”

“မျှဝေရမယ်။” ပိုင်ဖေး အခုချိန်ထိ မတုံ့ပြန် နိုင်သေးဘူး။ ဒါပေမယ့် သူ့မျက်နှာက သိသိသာသာကြီးကို ဖြူဖျော့ သွားခဲ့တယ်။ သူ့အကျီတွေ ဆုတ်ဖြဲ ခံလိုက် ရတာကို ခံစား မိလို့ပဲ။

ဂျစ်။ ပိုင်ဖေးရဲ့ အဖြူရောင် အကျီက ပြဲသွားပြီးတော့ ရွှေရောင် အလင်းတန်းတွေ တောက်ပနေတဲ့ ရတနာ တစ်ခု ပေါ်လာတော့တယ်။

“ထင်ထားတဲ့ အတိုင်း မင်းက နှလုံးကာမှန်ကို ဝတ်ထားတာပဲ။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ ဒီမှန်ကို ယူတော့မယ့် အချိန်မှာပဲ တစ်ခုခု လွဲနေတာကို သူသတိ ထားမိသွားတယ်။ နှလုံးကာမှန်ရဲ့ အောက်ခြေက နီရဲနေတယ်။ သွေးတော့ သေချာပေါက် မဟုတ်ဘူး။ အကျီအောက်က ဝတ်ထားတဲ့ တစ်ခုခုပဲ။ ဒါပေမယ့် ဒီအဝတ်အစား ပုံစံက တစ်ခုခု လွဲနေတယ်။

“ရင်စည်းနဲ့ ဗိုက်စည်း ခါးပတ်။ အနီရောင် ရင်စည်းနဲ့ ဗိုက်စည်း ခါးပတ်လား။” နည်းနည်းလေးပဲ မြင်နေရပင်မယ့် ဖန်ကျန်းရှီ သေချာပေါက် သိနေတယ်။

နေစမ်းပါအုန်း။ ပိုင်ဖေးက ဘာဖြစ်လို့ ဒါကြီး ဝတ်ထားတာလဲ။ ဖန်ကျန်းရှီ ချက်ခြင်း ဆိုသလို လက်ဆန့်ထုတ်ပြီးတော့ ဖမ်းဆုပ်ဖို့ ပြင်တယ်။ သူအမှား မလုပ်မိမှန်း သေချာအောင် အတည်ပြုချင် နေတယ်။

“အရှက် မရှိလိုက်တာ။” ပိုင်ဖေး နောက်ဆုံးမှာတော့ အော်ထုတ်တော့တယ်။ သူ့မျက်နှာက နေဝင် ဆည်းဆာလို နီရဲ နေခဲ့ပြီ။

“ရင်စည်းနဲ့ ဗိုက်စည်း ခါးပတ် ဝတ်ထားတဲ့ ကောင်ကများ ငါ့ကို အရှက် မရှိဘူး တြ့လား။” ဖန်ကျန်းရှီ ဆက်ပြီး ကျိန်ဆဲ ချင်ပေမယ့် သူ့လည်ပင်းနားကို ပြင်းထန်တဲ့ အေးစက်မှုက လာထိတွေ့တယ်။ သူ့စိတ်ထဲ ခံစားချက် မကောင်းဘူး။ တော်တော်လေးကို ခံစားချက် မကောင်းတာ။ အလစ် ဝင်တိုက်တာလား။

ဖန်ကျန်းရှီရဲ့ အလစ်ဝင်တိုက်မှုတွေကို အာရုံ ခံနိုင်စွမ်းက ၇ရက် ထမင်းမစားရတဲ့ သူတောင်းစား ပေါက်စီကို အာရုံခံနိုင် သလို မြင့်မားတယ်။

ဒါကြောင့် နောက်ကို ချက်ခြင်း ကန်ထုတ် လိုက်ပြီး ပိုင်ဖေးရဲ့ ရင်ဘတ်ကို လက်နဲ့ ရိုက်ချလိုက်တယ်။ ဒီလို ဆက်တိုက် လှုပ်ရှား လိုက်တာကြောင့် ဖန်ကျန်းရှှီလည်း နောက်က အလစ်ဝင်တိုက် သူကို လှည့်ကြည့်ပြီး အတည်ပြုချိန် မရလိုက်ဘူး။

ဝုန်း။

ပိုင်ဖေးကတော့ ဖန်ကျန်းရှီရဲ့ ရိုက်ချက်ကြောင့် လွင့်ထွက် သွားခဲ့တယ်။ အလင်းတန်း တစ်ခုလို ပုံစံနဲ့ ကောင်းကင်ကို လွင့်ထွက် သွားပြီးတော့ အရှိန် ပြင်းပြင်း ပြုတ်ကျရင်း သွေးအန်တော့တယ်။ ဒီအချိန်မှာ ဖန်ကျန်းရှီ အရင် ရပ်နေခဲ့တဲ့ နေရာမှာတော့ အေးစက်စက် အရှိန်အဝါ အပြည့်နဲ့ ဓားမြှောင် နှစ်လေက် ရောက်နေခဲ့ပြီ။

ဒီမြင်ကွင်းကို မျိုးနွယ်စု ပေါင်းစုံက တပည့်သားတွေ မျက်လုံး အပြူးသားနဲ့သာ ကြည့်နေခဲ့တယ်။ ဖြစ်သွားတာတွေက မြင်လွန်းတော့ အချိန်တွေတောင် ရပ်တန့် သွားသလိုပဲ။ ဒီအချိန်မှာ တပည့်သားတွေ အားလုံးနဲ့ ကောင်းကင်က တိုက်ခိုက်နေတဲ့ မိစ္ဆာတွေတောင် ရပ်တန့် နေကြပြီ။

“သူဓားနဲ့ ထိုးလိုက်လား။”

“မဟုတ်ဘူး။ ရိုက်လိုက်တာ။ ဖန်ကျန်းရှီ တကယ်ပဲ နတ်ဆိုး မျိုးနွယ်ကို တိုက်ခိုက်တယ်ပေါ့။”

“နေစမ်းပါအုန်း။ ပိုင်ဖေးက နတ်ဆိုး မျိုးနွယ် နှစ်ယောက် ဓားနဲ့ ထိုးတာ မခံရတာလဲ။ ပိုင်ဖေးက ထျန်းရှင်းရဲ့ နောက်ဆုံး တပည့်သား မဟုတ်လို့လား။ ဖန်ကျန်းရှီက သန်မာလွန်းပြီး ပိုင်ဖေးက အားနည်း လွန်းနေတာလား။”

တကယ့်ကို လန့်စရာ မြင်ကွင်းပဲ။

ဖန်ကျန်းရှီက ပိုင်ဖေးဆီ ရောက်သွား လိမ့်မယ်လို့ ဘယ်သူမှ မထင်ထား ခဲ့မိဘူး။ ဒါပေမယ့် သူက ပိုင်ဖေးကို ဓားနဲ့ ထိုးခဲ့တဲ့ အပြင်ကို ခပ်ပြင်းပြင်းပါ ရိုက်ချ လိုက်သေးတယ်လေ။ ဖန်ကျန်းရှီက နတ်ဆိုး မျိုးနွယ်တွေနဲ့ သက်ဆိုင်မှု မရှိဘူးလို့ ပြောနေတာပဲ။

“ဖန်ကျန်းရှီက တကယ်ပဲ နတ်ဆိုး မျိုးနွယ်တွေနဲ့ မပတ်သက်တာလား။ ဒါဆိုရင် တောင်စဉ် ကိုးသွယ်ကနေ သူဘယ်လိုလုပ် လွတ်လာတာလဲ။” တောက်ဟွမ်တောင် အံ့သြ နေခဲ့တယ်။ ဒါပေါ့။ အအံ့သြဆုံး သူကတော့ ဖန်ကျန်းရှီက လွဲပြီးတော့ ဘယ်သူ ရှိနိုင်မလဲ။

သူရိုက်ချ လိုက်တာကို ကျေးဇူး တင်ရမယ်။ ဖန်ကျန်းရှီ သူ့နောက်က ဓားနှစ်လက်ကို ရှောင်နိုင် ခဲ့တယ်။ ဒါ့အပြင် အခုချိန် သူ့ကို ဘယ်သူ တိုက်ခိုက်လဲ ဆိုတာပါ မြင်နေရတယ်။

“သူမသေ ဘူးလား။”

“ဘယ်လိုလုပ်ပြီးတော့ မသေရတာလဲ။”

နေစမ်းပါအုန်း။ သူ့ပုံစံ ကြည့်ရတာ မိစ္ဆာနဲ့လည်း မတူပဲနဲ့။

ဖန်ကျန်းရှီ ရုတ်တရက် ဆိုသလို လူသားတွေနဲ့ မိစ္ဆာတွေကြားက ကွာခြားချက်ကို နားလည် သွားခဲ့တယ်။ လူသားတွေရဲ့ သေကွင်း သေကွက်က နှလုံးသား။ မိစ္ဆာတွေ အတွက်ကတော့ နတ်ဆိုး ပုလဲ။ ခပ်ရှင်းရှင်း ပြောရရင်၊ မိစ္ဆာကို အပိုင်းပိုင်း ဖြတ်ပြစ်ရင်တောင် ပုလဲကို မထိခိုက် သရွေ့၊ မသေနိုင်ဘူး။

“ငါတော့ ပြဿနာတက်ပြီ။” ဖန်ကျန်းရှီ သူ့ဘေးပတ်လည်မှာ ဝန်းရံထားတဲ့ သူတွေကို ကြည့်ရင်း နဖူးက ချွေးတွေ စီးကျ လာတော့တယ်။ အလောကြီးလွန်း သွားတယ်။ ရန်သူကို တစ်ချက်တည်း သတ်ဖို့ပဲ တွေးနေခဲ့တာ၊ အရေးအကြီးဆုံး လွတ်လမ်းကို မရှာခဲ့ မိဘူး။

“အရှင် သခင်ငယ်။”

“ဧကရီငယ် အဆင်ပြေရဲ့လား။”

စိုးရိမ်တကြီး အသံတွေကို ကြားလိုက်ရတယ်။ ဖန်ကျန်းရှီရဲ့ ဘေးပတ်လည်က လူတွေ ဖန်ကျန်းရှီကို အာရုံ မစိုက်နိုင် ကြဘူး။ ပိုင်ဖေး ဒဏ်ရာ ရတာကိုပဲ ဂရုစိုက်နေကြတယ်။

“အရှင် သခင်ငယ်။ ဧကရီငယ်။” ဖန်ကျန်းရှီ အံ့သြ နေခဲ့တယ်။ ဒီလူတွေ ပိုင်ဖေးကို ခေါ်တဲ့ ပုံစံက ကွာခြားနေတယ်။ ဒီလူတွေက နှစ်ဖွဲ့ ကွဲနေတာလား။

နေအုန်း။ နေအုန်း။ အရှင်သခင်ငယ်တဲ့။

မနီးမဝေးက မြေပြင်ပေါ်မှာ သူ့ရင်ဘတ်သူ ဆုပ်ကိုင်ရင်း လဲနေတဲ့ ပိုင်ဖေးကို ဖန်ကျန်းရှီ လှည့်ကြည့်မိတယ်။ ပိုင်ဖေးကို ရိုက်ချလိုက်တဲ့ အချိန် ထူးထူးဆန်းဆန်း ခံစားရတဲ့ အထိအတွေ့ကို သူပြန်စဉ်းစား မိတယ်။

“မိန်းကလေးလား။ ကြက်ပေါက်လေးလို အားနည်းပြီးတော့ (အရှင်သခင်ငယ်)လို့ ခေါ်ခံရတဲ့သူ။ ယွင်ချင်းဝူကြီး။” ဖန်ကျန်းရှီသာ အခြေအနေကို နားမလည်ရင် သူတကယ့်ကို ငတုံး ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် စိတ်ရှုပ်ထွေး လာပြန်တယ်။ သူ့ဘေးမှာ ရှိနေတာက မိစ္ဆာတွေ။ ယွင်ချင်းဝူက နတ်ဆိုး မဟုတ်လား။ မိစ္ဆာတွေနဲ့ ဘယ်လိုလုပ် ရောသွားတာလဲ။ နောက်ပြီးတော့ ဧကရီငယ်လို့ ခေါ်နေကြသေးတယ်။

“ဖန်ကျန်းရှီ တောင်ပိုင်း ဒေသမှာ ငါနင့်ကို ဓားနဲ့ ထိုးခဲ့တယ်။ အခုတော့ နင်ငါ့ကို ဓားနဲ့ ပြန်ထိုးတယ်။ ငါတို့တွေ ကျေသွားပြီ။” ခပ်တိုးတိုး အသံကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် လူအရေပြား မျက်နှာဖုံးကို ဖယ်ရှားလိုက်ချိန် တရားလွန် လှတဲ့ မျက်နှာလေး ပေါ်လာတော့တယ်။

ရေတံခွန်လို ဆံနွယ်ရှည်တွေက ခါးပေါ်ကို ဝဲကျနေခဲ့တယ်။ တကယ် ယွင်ချင်းဝူပဲ။ သူမ မျက်နှာက အရမ်းကို ဖြူဖျော့ နေပင်မယ့်၊ မျက်လုံးတွေကတော့ လင်းလက် တောက်ပနေဆဲ။

ဖန်ကျန်းရှီ မျက်လုံး ပြူးသွားခဲ့တယ်။ ခန့်မှန်းပြီးသား ဖြစ်ပင်မယ့်၊ ကိုယ်တိုင် မြင်ရတာကတော့ ကွာခြားတယ်။ ဒီလို ပေါ်လာမယ်လို့ မထင်ထား ခဲ့မိဘူး။

“ဒါပေမယ့် ခုနတုန်းက ဓားနဲ့ မထိုးမိ ပါဘူး။” ဖန်ကျန်းရှီ ခပ်တိုးတိုး ပြောမိတယ်။

“ဟုတ်တယ်။ နင်မှန်တယ်။ ဒါပေမယ့် ငါကိစ္စမှ မဟုတ်ပဲ။” ယွင်ချင်းဝူ ပြောရင်းနဲ့ ထရပ်တယ်။

“ကောင်းပြီလေ။ ငါတို့တွေ ကျေပြီဆိုတော့၊ သွားပါတော့မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ ယောကျာ်း တစ်ယောက် အနေနဲ့ သူက အမြဲတမ်း ရက်ရော ကြင်နာတဲ့သူ အမျိုးသမီး တစ်ယောက်နဲ့ ဘယ်တော့မှ အသေးစိတ် မတွယ်ကပ်ဘူး။ ဒါကြောင့် ယွင်ချင်းဝူနဲ့ ငြင်းခုံ မနေတော့ဘူး။

ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ရက်ရော မှုက မိစ္ဆာတွေ အတွက်တော့ မသက်ရောက်ခဲ့ဘူး။ မိစ္ဆာတွေက ဒေါသတကြီးနဲ့ သူ့ကို စိုက်ကြည့် နေကြတယ်။ မျက်တောင် တစ်ချက် အတွင်းမှာ ဖန်ကျန်းရှီ သူ့ရှေ့က ကောင်းကင် တစ်ခုလုံး မည်းမှောင် သွားသလို ခံစား နေရတယ်။

မိစ္ဆာတွေက သူ့ကို ဝန်းရံ လိုက်လို့ပဲ။

“ဖန်ကျန်းရှီ သေပေရော့။” ချက်ခြင်း ဆိုသလို ရာချီတဲ့ လက်နက်တွေ ပေါ်လာပြီးတော့ ကောင်းကင်ကြီး တစ်ခုလုံး လင်းလက် သွားသလိုပဲ။ ဖန်ကျန်းရှီ သက်ပြင်း ချလိုက်မိတယ်။ ဘဝရဲ့ အနိမ့်အမြင့် အပြောင်းအလဲတွေက မြန်ဆန်လိုက်တာ။

သူက ရပ်ကြည့်သူ တစ်ယောက်ပဲ လုပ်ချင်ခဲ့တာ။ ဒါပေမယ့် အခုတော့ သူ့ကို မိစ္ဆာ အုပ်လိုက်ကြီး ဝန်းရံတာကို ခံနေရတယ်။

ဆိုရိုးစကား ရှိတဲ့ အတိုင်း “ဝံပုလွေ လက်သည်းထဲက လွတ်ခါမှ ကျားသိုက်ထဲကို တည့်တည့်ရောက်တယ်။”

ဒါတွေ အားလုံးက သူ့ဘာသူ ဖန်တီး မိသလို ဖြစ်နေတဲ့ အတွက် ပိုဆိုးသွားတယ်။

ရုတ်တရက် ဆိုသလို အနက်ရောင် အလင်းတန်း တစ်ခုက သူ့အနားကို ကျရောက်လာတယ်။ အေးစက်တာကတော့ ငရဲလိုပဲ။ နှလုံးသားကိုတောင် တုန်ယင် စေနိုင်တဲ့ အထိ အေးစက်လွန်းတယ်။ ဒါကတော့ ရန်ရွှယ်။

“ရန်ရွှယ် မင်းငါ့ကို ယံလား။” ဖန်ကျန်းရှီ သူ့ဘေးက ရန်ရွှယ်ကို ကြည့်ရင်း မေးတယ်။ တကယ်တော့ အခု အချိန်မှာ ရန်ရွှယ် ထူးဆန်း နေမှန်း သူသတိ ထားမိပြီးသား။ အေးစက်စက် အရှိန်အဝါတွေ ထုတ်လွှတ် နေရုံတင် မကဘူး။ စိတ်ရှုပ်ထွေးပြီး သိလိုစိတ် အပြည့် မျက်ဝန်းတွေနဲ့ သူ့ကို စိုက်ကြည့် နေတာကြောင့်လည်း ပါတယ်။

“မသိဘူး။ ဒါပေမယ့် မင်းငါ့ကို မလိမ်ဘူးလို့ ထင်တယ်။” ရန်ရွှယ် ခေါင်းခါ ခေါင်းငြိမ့် လုပ်ရင်း ဖြေတယ်။ သူ့ရဲ့ အဆုံးမဲ့ မျက်ဝန်း နက်နက်တွေထဲမှာ အလင်းတန်းလေး တစ်စတောင် ရှိမနေဘူး။

“ဒါပေါ့။ ငါမင်းကို ဘယ်တော့မှ မလိမ်ဘူး။ ငါတို့က သူငယ်ချင်းတွေ။ အကောင်းဆုံး သူငယ်ချင်းတွေ။” ဖန်ကျန်းရှီ မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ ပြောနေခဲ့တယ်။ ရန်ရွှယ် တကယ်ပဲ ဘာတွေ ဖြစ်ခဲ့မှန်း သူသေချာ မသိဘူး။ ဒါပေမယ့် မှတ်ဉာဏ် ပျောက်နေတယ် ဆိုတာကိုတော့ အကြမ်းဖျင်း ခန့်မှန်း နိုင်တယ်။ အနည်းဆုံးတော့ အခုချိန်မှာ သူ့ကို မမှတ်မိဘူး။

ဒါပေမယ့် ရန်ရွှယ်ကို သူအကြွင်းမဲ့ ယုံကြည်တယ်။ ရန်ရွှယ်က သူ့ကို နောက်ကျောက ဓားနဲ့ ထိုးမယ့်သူ မဟုတ်ဘူး။

“သူငယ်ချင်း။” ရန်ရွှယ် စိတ်ရှုပ်တဲ့ ပုံစံ ပြလာပြန်တယ်။ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ပြုံးပြလိုက်တယ်။ လှိုက်လှိုက်လှဲလှဲ စိတ်ပါလက်ပါနဲ့ နှလုံးသားထဲက လာတဲ့ အပြုံးမှန်း သိသာလွန်းတယ်။ “ကောင်းပြီ။ သူငယ်ချင်း လုပ်ကြမယ်။”

ရန်ရွှယ်နဲ့ ဖန်ကျန်းရှီရဲ့ အသံက မကျယ်ပေမယ့် သူတို့ ဘေးပတ်လည်က လူတိုင်း ကောင်းကောင်း ကြားတယ်။

“သူတို့တွေက အခုလို အချိန်မှာတောင် ပြုံးရွှင်ပြီး မိတ်ဆွေ ဖွဲ့နိုင်သေးတယ်လား။”

တပည့်သားတွေ တအံ့တသြ ဖြစ်နေကြတယ်။

ယင်ယန် ခန်းမ ဘက်မှာတော့ တောက်ရှင်းက ထရပ် နေခဲ့ပြီ။ ပြုံးနေတဲ့ လူနှစ်ယောက်ကို ကြည့်ရင်း ကြောက်လန့် တကြားနဲ့ ပြောနေခဲ့တယ်။

“ရွှယ် ပြုံးလိုက်တယ်။ ယင်ယန် ခန်းမမှာ နေခဲ့တဲ့ ဒီလပိုင်းတွေမှာ သူပြုံးတာကို ငါတစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကို တွေ့ရုံနဲ့တင် ဒီလိုကြီး ပြုံးနေတယ်ပေါ့။” တောက်ရှင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တုန်ယင် နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ ရန်ရွှယ်နဲ့ သူငယ်ချင်း လုပ်ဖို့ သဘောတူပြီး ချိန်မှာ ပြောလိုက်တယ်။

“သူငယ်ချင်း ဆိုတော့၊ ငါ့ကို ထမင်းတစ်နပ်လောက် ကျွေးသင့်တယ် မဟုတ်လား။”

“ရတာပေါ့။ ငါ့မှာ ငွေတွေ အများကြီး ရှိတယ်။ ငါ။” ရန်ရွှယ် ချက်ခြင်းဆိုသလို ခေါင်းငြိမ့်လိုက်တယ်။ ဒါပေမယ့် စကားတောင် ဆုံးအောင် မပြောနိုင်ခင် အချိန်မှာပဲ တကိုယ်လုံး တုန်ယင်လာတော့တယ်။ သူ့ခန္ဒာကိုယ်မှာ အနက်ရောင် အလင်းတန်းတွေ မနားတမ်း ပေါက်ကွဲ ထွက်ပေါ်တော့တယ်။ အရမ်း နာကျင် ခံစား နေရတဲ့ ပုံစံပဲ။

အထူးဆန်းဆုံး အရာကတော့ သူတုန်ယင်နေတဲ့ အချိန် သူ့ခြေထောက်အောက်မှာ ရှိနေတဲ့ အရိပ်တွေက အနီရောင် ပြောင်းကုန်တာပဲ။ သွေးနီရောင်လို ရဲရဲ တောက်နေခဲ့တယ်။

“ရန်ရွှယ်။” ဖန်ကျန်းရှီ မျက်မှောင် ကြုတ်လိုက်တယ်။ သူစကား ထပ်ပြောမယ့် အချိန်မှာပဲ မြေပြင်ကြီး တစ်ခုလုံး တုန်ခါပြီး အနက်ရောင် အလင်းတန်းတွေ မြေကြီးထဲက ထိုးထွက် လာတော့တယ်။

ဝုန်း ဝုန်း ဝုန်း။

အနက်ရောင် အလင်းတန်းတွေ လေထဲကို ဆက်တိုက် ပေါ်လာပြီးတော့ ငရဲ ဟိန်းသံတွေ ထွက်ပေါ် လာတော့တယ်။ ဒီအချိန် မြေပြင် တစ်ခုလုံးကတော့ သွေးပင်လယ်ကြီး တစ်ခုလုံး ရဲရဲ နီနေတော့တယ်။

ရန်ရွှယ့်ရဲ့ အဆုံးမဲ့ အမှောင် မျက်လုံးတွေထဲမှာ ရုတ်ချည်း ဆိုသလို သွေးနီရောင် အစက်လေး နှစ်စက် ပေါ်လာတော့တယ်။

အပိုင်း (၈၅၆) ပြီး၏။

အပိုင်း (၈၅၇)

“လူတစ်ယောက်ကို သတ်လို့ ရတယ်။ စော်ကားလို့တော့ မရဘူး။”

သွေးနီရောင် အလင်းတန်းက မှောင်အတိ ကျနေတဲ့ ငရဲထဲမှာ ပေါ်လာ သလိုပဲ။ ဒီမျက်လုံးကို မြင်ရတာ ကျောချမ်းစရာ ကောင်းလွန်းတယ်။

“တိုက်ခိုက်။” အသံကျယ်ကြီးနဲ့ အတူ၊ သတ်ဖြတ်လို စိတ်တွေက နေရာ အနှံ့ကို ဖြာထွက် သွားတော့တယ်။ မြေပြင်က ကျောက်တုံးတွေ အားလုံးကို မြင့်တက်လာပြီး ဒေါသတကြီးနဲ့ လှိုင်းတွေ ဆက်တိုက် ထွက်ပေါ် နေခဲ့တယ်။

ရန်ရွှယ်လည်း လှုပ်ရှားတယ်။ အရမ်းကို မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ အတူ မိစ္ဆာ မျိုးနွယ်တွေ ဆီကို ဆာလောင်နေတဲ့ ဝံပုလွေ တစ်ကောင်၊ သိုးအုပ်ကို မြင်သလို ပုံစံနဲ့ ဝင်တိုက်တော့တယ်။ ဒါပေမယ့် ပတ်ဝန်းကျင် မိစ္ဆာတွေက သိုးအုပ်တွေ မဟုတ်ခဲ့ဘူး။

ရန်ရွှယ် ပြေးဝင်လာတဲ့ အချိန်၊ မိစ္ဆာ တစ်ကောင်ကို မြေပြင်က အနက်ရောင် လက်သည်းတွေ ကုတ်ဆွဲ လိုက်တယ်။ ရန်ရွှယ်က ခပ်မြန်မြန် ခုန်ရင်း မိစ္ဆာရဲ့ ခေါင်းကို သူ့လက်ထဲက သွေးနီရောင် ငွေယပ်တောင်နဲ့ ရိုက်ချလိုက်တယ်။

ဝုန်း။ မိစ္ဆာက လူပုံစံကနေ သားရဲကောင် ပုံစံကို ပြန်ပြောင်းလိုက်တယ်။ ဂျိုနှစ်ချောင်းပါတဲ့ နွားလို သားရဲကောင်ပဲ။ ဒါ့အပြင် သူ့ရဲ့ ပါးစပ်ထဲကနေ ငွေဖြူရောင် မိစ္ဆာ ပုလဲကိုပါ အန်ထုတ်လိုက်တယ်။ ဖြစ်သွားတာက မြန်လွန်းတယ်။ ပတ်ဝန်းကျင်က မိစ္ဆာတွေတောင် အချိန်မှီ မလှုပ်ရှား နိုင်ခဲ့ဘူး။ မိစ္ဆာ ပုလဲ ပေါ်လာတာနဲ့ ရန်ရွှယ်က ချက်ခြင်းဆိုသလို ဖမ်းယူပြီး ချေမွ ပြစ်လိုက်တယ်။

“အူး။” နွားရိုင်း ပုံစံ မိစ္ဆာ တိုက်တောင် မတိုက်ခိုက် နိုင်လိုက်ဘူး။ တစ်ချက် ဟိန်းလိုက်ရင်း မြေပြင်ပေါ်မှာ လဲကျပြီး အသက်ပျောက် သွားတော့တယ်။

“…”

“…”

ဒီအချိန်မှာ မျိုးနွယ်စု အမျိုးမျိုးက တပည့်သားတွေတင် မကဘူး။ မြင့်မြတ် နယ်မြေရဲ့ တပည့်သားတွေပါ မျက်လုံး ပြူးကုန်တော့တယ်။ ဖန်ကျန်းရှီတောင် အမှီ လိုက်နိုင်ရုံလေး။

“ဝိုး။ ပုံစံကြီး ပြောင်းသွားပါလား။” ဖန်ကျန်းရှီကတော့ ရန်ရွှယ် သန်မာ လာတာကို စိတ်ထဲ မထားမိဘူး။ ဒီလို ရုတ်တရက် စွမ်းအား တိုးလာတာကတော့ သူ့ကို အံ့သြ စေတယ်။ ဒါက အရေး မကြီးပါဘူးလေ။ ရန်ရွှယ့်ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ရာချီတဲ့ မိစ္ဆာတွေ ဒေါသ ထွက်ကုန်တာ တစ်ခုပဲ။

“ဝေါင်း။”

“လူသားတွေ သေကြစမ်း။”

“တိုက်ခိုက်။”

မိစ္ဆာတွေရဲ့ အရိုင်းအစိုင်း စိတ်တွေ ပေါ်လာတော့တယ်။ သူတို့ရဲ့ ရောင်းရင်း ဒီလို သတ်ဖြတ် ခံလိုက် ရတာကို မြင်ချိန်မှာ ဒေါသ မထိန်းနိုင် ကြတော့ဘူး။ ရန်ရွှယ်ကတော့ လုံး၀ ဂရု မစိုက်။ ဆက်ပြီးတော့သာ တိုက်ခိုက်တယ်။ ဒါ့အပြင် သူက ဝံပုလွေ ပုံစံ မိစ္ဆာကြီး ဆီကို ပြေးဝင်နေပြီ။ ဒီမိစ္ဆာကြီးက တောင်ငယ်လေး အရွယ် ရှိနေခဲ့တယ်။

သူ့ရဲ့လက်သည်း ချွန်ချွန်တွေကို ဝေ့ယမ်း လိုက်ချိန်မှာ အေးစက်တဲ့ လေတွေ ပေါ်လာခဲ့တယ်။ ခန္ဒာကိုယ်ကြီးက နေရောင်ကိုတောင် ကာဆီး ထားခဲ့ပြီ။ ဒါက မိစ္ဆာ ဘုရင် တစ်ကောင်ပဲ။

ဘုန်း။ ရန်ရွှယ့် လက်သီးက မိစ္ဆာ ဘုရင်ရဲ့ လက်သည်းကို သွားတိုက်တယ်။ လေတွေ တဝူးဝူး တိုက်ခတ် လာပြီး အသံရှည်ကြီး ထွက်ပေါ် လာတော့တယ်။ ရလဒ်ကတော့ မိစ္ဆာ ဘုရင် လွင့်ထွက် သွားတာပဲ။

“အင်အား ကြီးလိုက်တာ။”

“မိစ္ဆာ ဘုရင်ကိုတောင် တစ်ယောက်ချင်း ယှဉ်တိုက်နိုင်တယ်။”

“ဒါ့အပြင် နိုင်သွားသေးတယ်။”

မျိုးနွယ်စု ပေါင်းစုံက တပည့်သားတွေ ရန်ရွှယ် တိုက်ခိုက်ပုံကို မြင်ချိန်မှာ စိတ်လှုပ်ရှား လာတော့တယ်။ နောက်ဆုံးတော့လည်း လူ့သမိုင်း တစ်လျှောက်လုံးမှာ၊ မိစ္ဆာ မျိုးနွယ်နဲ့ တစ်ယောက်ချင်း ယှဉ်တိုက် နိုင်တဲ့ လူက လက်တစ်ဆုပ်စာပဲ ရှိခဲ့တာလေ။ အခုတော့ မိစ္ဆာ ဘုရင်နဲ့တောင် တိုက်ခိုက်တာ။

“နောက်ဆုံးတော့ လုံး၀ ပေါင်းစပ် သွားပြီလား။” တောက်ဟွမ်က ဒီမြင်ကွင်းကို ကြည့်ရင်း အရမ်း စိတ်လှုပ်ရှား နေခဲ့တယ်။

“လုံး၀ ပေါင်းစပ် သွားတယ်။” ရန်ရွှယ့် ထူးခြားမှုကို ချင်းယွိလည်း သတိ ထားမိတယ်။ သူချက်ခြင်း သတိ ရသွားတယ်။ “ဒါက သမိုင်း မှတ်တမ်းထဲမှာ ပါတဲ့ ဒဏ္ဍာရီလာ အဇူရာရဲ့ မူလ ပုံစံလား။”

“အမှန်ပဲ။ အဇူရာ တာအိုက ပြန်လည် မွေးဖွား တာအို ခြောက်ခုထဲမှာ အကောင်း အဆိုး ရောနေတဲ့ တစ်ခုတည်းသော တာအိုပဲ။ ဒါပေမယ့် လူတွေက ဆိုးယုတ် တာအိုကို စွန့်ပယ်ပြီးတော့၊ ကောင်းမှုကိုပဲ ရွေးချယ်ကြတယ်။ ဆိုးယုတ် တာအို မရှိရင် ကောင်းမြတ်ခြင်းကလည်း မပြည့်စုံနိုင်ဘူး။ ဒါပေမယ့် ရန်ရွှယ်ကတော့ နှစ်ထောင်ချီ အတွင်းမှာ အောင်မြင်အောင် ပေါင်းစည်း နိုင်ခဲ့ပြီ။”

“အဇူရာ တာအိုရဲ့ အကောင်း အဆိုးတဲ့လား။”

“ချင်းယွိ။ ဖန်ကျန်းရှီက အလားအလာ ကောင်းတယ်လို့ မင်းထင်နေတယ် မဟုတ်လား။ ရန်ရွှယ်က အခုဆို တကယ့် အဇူရာ တာအို အစစ် ဖြစ်နေပြီ။ ငါတောင်မှ သူ့ကို အနိုင် မတိုက်နိုင်ဘူး။ ငါနဲ့ ယင်ယန် ခန်းမကို ဖန်ကျန်းရှီကြောင့်နဲ့ ရန်သူ အဖြစ် ခံမှာလား။” တောက်ဟွမ် ခြိမ်းခြောက် နေခဲ့တယ်။

“ဟဟား။” ချင်းယွိ ရယ်လိုက်ရင်း ကောင်းကင်ကို လက်ညှိုးထိုးလိုက်တယ်။ သူမရဲ့ လက်ချောင်းထိပ်မှာ ငွေရောင် လမင်း ပေါ်လာတော့တယ်။ “နင်မှား နေပြီ။ ငါနင့်ကို တားတာ ဖန်ကျန်းရှှီကြောင့် မဟုတ်ဘူး။ နင့်ကို မြင်ရတာ မျက်စိနောက်လို့။”

“ချင်းယွိ။ မင်း ကောင်းပြီ ကောင်းပြီ။” ဒါကို ကြားချိန်မှာ တောက်ဟွမ် များများစားစား မပြောတော့ဘူး။ လက်တွေကို ဆန့်လိုက်ရင်း ချင်းယွိကို တိုက်ခိုက်တော့တယ်။ ကောင်းကင်မှာတော့ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်က မိစ္ဆာတွေ ပိတ်ဆို့ထားတာ ခံရတယ်။ ယွင်ချင်းဝူနဲ့ ရန်ရွှယ်ကိုတော့ သတိ ထားမိကြဆဲ။

“ယွင်ချင်းဝူ။ သူ့နာမည် အစက ယွင်တဲ့လား။”

“ဖန်ကျန်းရှီက ယွင်ချင်းဝူကို သိတဲ့ ပုံစံပဲ။ နောက်ပြီးတော့ အရှင် သခင်ငယ်တဲ့။ အဲ့ဒီ့ ယွင်ချင်းဝူက နတ်ဆိုးလား။”

“နတ်ဆိုး။ ဟုတ်လား။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက မျိုးနွယ်စု နှစ်ခု မဟာမိတ် စာချုပ်ကို ဖျက်သိမ်း ခဲ့တယ်လေ။ အဲ့တာ သူတို့ ပူးပေါင်းခဲ့တဲ့ အကြောင်းပြချက် တစ်ခုကြောင့် မဟုတ်လား။”

“အဖိုးကြီးမု။ ယွင်ချင်းဝူက နတ်ဆိုး ဧကရာဇ် ယွင်နဲ့ မိစ္ဆာ ဧကရီ ပိုင်ကျစ်ရဲ့ လွန်ခဲ့တဲ့ နှစ်၂၀က ကလေး ဖြစ်နိုင်လား။”

“ငါကြားဖူး တာတော့ သူ့ကို သွေးအရိပ် မြို့တော်ကနေ နှင်ထုတ်ထားတယ် ဆိုပဲ။ မင်းပြောတာ မှန်မယ် ဆိုရင် ငါတို့တော့ ပြဿနာ တက်ပြီ။”

“ဟုတ်တယ်။ နတ်ဆိုး ဧကရာဇ်နဲ့ မိစ္ဆာ ဧကရီက တစ်ယောက်ကို တစ်ယောက် မချစ်ခင် ပင်မယ့်၊ အကျိုး အမြတ် အတွက် လက်ထပ် ခဲ့ကြတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်၊ မဟာ စစ်ပွဲကြီး အပြီးမှာ အကျိုးအမြတ် မရှိတော့တဲ့ အတွက် နှစ်ဖက် စလုံးက ခွဲပြီး နေလိုက်ကြတယ်။ ဒီမိန်းကလေးကပဲ မျိုးနွယ်စု နှစ်ခုကို ပြန်ပေါင်းစည်း ပေးနိုင်တာ။”

“မဖြစ်ဘူး။ ဒီကလေးမ တစ်ယောက်တည်းနဲ့တော့ ပေါင်းစည်း ပေးနိုင်မှာ မဟုတ်ဘူး။ သေချာပေါက် နှစ်ဦးနှစ်ဖက် အကျိုး အမြတ် ရှိလိမ့်မယ်။”

“နောက်တစ်ခေါက်လား။ အဲ့တာ ဘာဖြစ်နိုင်မလဲ။” မော့ရှန်းရှီလည်း သိချင်စိတ်တွေ ပြင်းပျ နေခဲ့တယ်။ လက်ရှိ အချိန်မှာ ဘာ အကျိုးအမြတ်မှာ သူမစဉ်းစား နိုင်ဘူး။

“ငါသာ မှန်မယ်ဆိုရင် နန်ကုန်းတွေနဲ့ သက်ဆိုင် နေလိမ့်မယ်။” မုချင်းဖန်း ကောင်းကင်ကို ကြည့်ရင်း ပြောတယ်။ သူ့လက်ထဲမှာ ဓားရှည် တစ်လက် ပေါ်လာခဲ့တယ်။ ဒီဓားက သာမာန် ဓားရှည် ဖြစ်ပင်မယ့်၊ ထူးထူး ဆန်းဆန်း ငှက်ပုံစံ ဖြစ်နေတယ်။ အနီရောင် အရောင် ဖျော့ဖျော့ ဖြာထွက် နေပြီးတော့၊ ဒီငှက်က အချိန်မရွေး အသက်ဝင်လာ နိုင်တဲ့ ပုံစံပဲ။

“အဖိုးကြီးမု မင်း ဓားမထုတ်တာ ဆယ်နှစ်ကျော်ပြီပဲ။” မော့ရှန်းရှီ ဒီဓားကို မြင်ချိန်မှာ တက်ကြွမှုအပြည့်နဲ့ ပြောတယ်။

“စကားပြောတာ တော်သင့်ပြီ။ မြန်မြန် တိုက်ရအောင်။”

“ဒါပေါ့။” မော့ရှန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ လက်တစ်ဖက်ကို ခါးပေါ် တင်လိုက်ချိန် သူ့လက်ထဲမှာ တစ်ပေ ရှည်တဲ့ အနက်ရောင် တူကြီး တစ်ခု ရုတ်တရက် ပေါ်လာတော့တယ်။

အားနည်းတဲ့ ပုံစံနဲ့ အဖိုးကြီး မော့ရှန်းရှီကို ဒီလို တူကြီးနဲ့ မြင်ရတာ ရယ်စရာ ကောင်းတယ်။ ဒါပေမယ့် မြင့်မြတ် နယ်မြေမှာ ဘယ်သူမှ သူ့ကို မရယ်ဝံ့ဘူး။ သူတို့ရဲ့ အမူအယာတွေ အရမ်းကို တည်ကြည် နေခဲ့ပြီ။ ဆယ်စုနှစ် အကျော်၊ မဟာ စစ်ပွဲကြီး ပြီးတည်းက ဖူရှီး တောင်ကြား ခေါင်းဆောင် မော့ရှန်းရှီ လက်နက် ထုတ်မသုံးခဲ့တာ ကြာလှပြီမှန်း သူတို့ သိတယ်။

ဖန်ကျန်းရှီကတော့ အားလုံးကို လျစ်လျူ ရှုထားဆဲ။ သူက မခန့်မှန်းထားတဲ့ ကပ်ဆိုးကြီးကို ရင်ဆိုင် နေရတာလေ။ ရန်ရွှယ်ကို လျစ်လျူ ရှုပြီး တစ်ယောက်တည်း ထွက်မပြေးနိုင်ဘူး။ ဒီတော့ ရန်ရွှယ်နဲ့ အတူ တိုက်ခိုက် ရမယ်။ နှစ်ယောက် အင်အားနဲ့ ရာချီနေတဲ့ မိစ္ဆာတွေကို အနိုင်ယူရမယ်။

ကိုယ့်ကိုယ်ကို ဘယ်လို ဖြစ်အောင် လုပ်လိုက် မိတာပါလိမ့်။ သေရမှာကို ဖန်ကျန်းရှီ မကြောက်ဘူး။ ဒါပေမယ့် အခုက တိုက်ခိုက်ဖို့ အဓိက အချိန်လို့ မထင်ဘူးလေ။ ရာချီတဲ့ မိစ္ဆာတွေနဲ့ တိုက်ခိုက်တာက သူ့ပုံစံ မဟုတ်ဘူး။ ဘေးကနေပဲ ကြည့်နေချင်တာ။

“တိုက်ခိုက်။” ဖန်ကျန်းရှီ နောက်ထပ် စောင့်မနေတော့ဘူး။ သူ့မှာ ရွေးစရာမှာ မရှိပဲ။ ရန်ရွှယ်က မိစ္ဆာ နည်းနည်းကို သတ်ပြီး နေပြီ။

ဝုန်း။ ဝုန်း။ ဖန်ကျန်းရှီ ဓားကို ယမ်းလိုက်ချိန်၊ အလောင်းတစ်ခု မြေပြင်ပေါ်ကို ကျလာပြီး မိစ္ဆာ ပုလဲက လေထဲမှာ လွင့်မျော နေတော့တယ်။ ဒီအပြုအမူက မိစ္ဆာတွေ အများကြီးကို ဆွဲဆောင်လိုက်တယ်။ တောင်လို ကြီးမားတဲ့ မိစ္ဆာ သုံးကောင်က ဖန်ကျန်းရှှီကို အလယ်မှာ ထားပြီး ဝန်းရံ ထားကြတယ်။

မိစ္ဆာ ဘုရင် သုံးကောင်။ ဒါ့အပြင် သူတို့ ပတ်လည်မှာ မရေမတွက် နိုင်တဲ့ မိစ္ဆာတွေလည်း ရှိနေသေးတယ်။ အကုန်လုံးက သွေးဆာနေတဲ့ မျက်လုံးတွေနဲ့။

“မိစ္ဆာ တစ်ကောင်ကို သုံးချက်။ မိစ္ဆာ ဘုရင် သုံးကောင်ဆိုရင် အနည်းဆုံး အချက်၂၀။ အတိအကျ ခွဲရင်၊ ရန်ရွှယ်က သုံးရာ။ ငါက သုံးရာ။ ဒါဆို အချက် ၉ထောင်လောက် ခုတ်ရမှာပဲ။ ငါ့ကိုယ်ငါ ဒဏ်ရာမရ အောင်လည်း လုပ်ရအုန်းမယ်။” ဖန်ကျန်းရှီ တွေးနေမိတယ်။ “ဒါ ငါနဲ့ ဘာဆိုင်လို့လဲ။”

ဒါပေမယ့် အချိန်က မရှိတော့ဘူး။ မိစ္ဆာတွေက သူ့ကို လှိုင်းတွေလို တိုက်ခိုက်နေပြီ။

“တိုက်ခိုက်။”

“ဖန်ကျန်းရှီကို သတ်ကြ။”

“ဧကရီငယ် အတွက် လက်စားချေမယ်။”

ဖန်ကျန်းရှီကတော့ အကြမ်းချင်း တွက်ချက် နေခဲ့တယ်။ ဒါပေမယ့် မိစ္ဆာတွေက ရန်ရွှယ်ထက် သူ့ကို ပိုမုန်းနေတဲ့ အချက်ကို မေ့သွားခဲ့တယ်။ ဖန်ကျန်းရှီကို ဝန်းရံထားတဲ့ မိစ္ဆာတွေက သိသိသာသာကို ပိုများနေတယ်။ ငွေရေး ကြေးရေးလိုပဲ များပြားတဲ့ ပမာဏ ကန့်သတ်ချက်ကို ရောက်သွားချိန်မှာ အရေအတွက်က အရေးမကြီးတော့ဘူး။

“လာကြစမ်းပါ။ အကုန်လုံးကို ဒီနေ့ သတ်ပြစ်မယ်။” ဖန်ကျန်းရှီ သူ့လက်ထဲက ခြေရာမဲ့ဓားကို မြှောက်ပြီး မိစ္ဆာ တစ်ကောင်ကို နှစ်ပိုင်း ပိုင်းလိုက်တယ်။ သူ့ဘေးပတ်လည်ကို နေရာလွတ်တော့ ချန်ထားသေးတယ်။ ဓားချက်ကိုလည်း တိကျအောင် လုပ်ရသလို ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လည်း ထိန်းထားခဲ့သေး။ အမြင်အရတော့ မခက် သလိုပဲ။

ဖန်ကျန်းရှီ သူ့အကဲဖြတ်မှုကို ယုံကြည်တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ တစ်ခုခု လွဲနေတာကို သတိထားမိ သွားတော့တယ်။ မြေပြင်မှာ လက်သည်း ရှစ်ဖက် ရုတ်တရက် ပေါ်လာတော့တယ်။

“နေစမ်း။ မြေအောက်က ထွက်လာတယ်။ မိစ္ဆာလား။ အာ ဟုတ်သား သူတို့တွေက မိစ္ဆာတွေ။” ဖန်ကျန်းရှီ မေ့သွားတာ တစ်ခု ရှိတယ်။ သူတိုက်ခိုက်နေတာ မိစ္ဆာတွေ။ မိစ္ဆာတွေရဲ့ စွမ်းအားက ထူးဆန်းတယ်လို့ ဒဏ္ဍာရီထဲမှာ ပါတယ်။ ဒါအမှန်ပဲ။ သူ့ခေါင်းပေါ်က နေရောင်ကိုလည်း မမြင်နိုင်တော့ဘူး။ အတောင်ပံ ပါတဲ့ မိစ္ဆာတွေက ကောင်းကင် တစ်ခုလုံး ပြည့်နေခဲ့ပြီ။

ဒါ့အပြင် တစ်ချို့တွေက သူ့ကို (တံတွေး)နဲ့တောင် ထွေးနေ ကြသေးတယ်။

“လူကို သတ်လို့ ရတယ်။ စော်ကားလို့ မရဘူး။” ဖန်ကျန်းရှီ ဒါမျိုးကို လုံး၀ သည်းမခံနိုင်။ ဟိန်းဟောက်ရင်း သံချပ်ကာကြီးကို ထုတ်လိုက်တယ်။ သူ့ခန္ဒာကိုယ်ကြီးက ပေသုံးဆယ် အမြင့်ကို ရောက်သွားတော့တယ်။ တကိုယ်လုံးမှာ မီးတောက်နက်တွေ ဖြာထွက်နေတယ်။

ဝုန်း။ မိစ္ဆာ ဘုရင် တစ်ကောင်ရဲ့ မျက်နှာ တည့်တည့်ကို လက်သီးနဲ့ ပိတ်ထိုးလိုက်တယ်။ ဒီလို ရုတ်တရက် အပြောင်းအလဲက ပတ်ဝန်းကျင် မိစ္ဆာတွေကို နည်းနည်းတော့ ဆုတ်ခွာ သွားစေတယ်။ ဒီအခွင့်အရေးကို သုံးရင်း သူ့ကို ပျော်ပျော်ကြီး တံတွေးနဲ့ ထွေးချနေတဲ့ မိစ္ဆာ တစ်ကောင်ကို လက်ထဲမှာ ဖျစ်ညစ်ပြီး မြေပြင်ပေါ်ကို ပြစ်ချလိုက်တယ်။

ဒီအတောင်ပံပါ မိစ္ဆာကတော့ ညီးညူရင်း သွေးအိုင်ထဲမှာ လိမ့်နေတော့တယ်။ ထင်ထားတဲ့ အတိုင်းပဲ ပိုကြီးလာတာ ပိုကောင်းတယ်။ ဖန်ကျန်းရှီ ပြုံးရင်းနဲ့ ပတ်ဝန်းကျင်ကို ကြည့်နေခဲ့တယ်။ ရာချီတဲ့ မိစ္ဆာတွေ ဝန်းရံခံ ထားရတာကြောင့် ယွင်ချင်းဝူကို ပျောက်နေခဲ့တာ၊ အခုတော့ ကောင်းကောင်း မြင်နေရပြီ။ ကျန်တဲ့ မိစ္ဆာတွေနဲ့ အရူးလို မတိုက်ခိုက် ချင်တော့ဘူးလေ။

“ဒီမှာပဲ။” ယွင်ချင်းဝူကို ခပ်မြန်မြန်ပဲ ရှာတွေ့သွားတယ်။ ယွင်ချင်းဝူက နောက်ကို ရောက်နေခဲ့ပြီ။ အံ့သြစရာ အချက်ကတော့ သူ့ကို မိစ္ဆာတွေ အများကြီး ဝန်းရံ မထားခဲ့ဘူး။ သူ့ဘေးမှာ ဝတ်ရုံနက် တစ်ယောက်ပဲ ရှိတယ်။ ဒီဝတ်ရုံနက်က အခုချိန်ထိ မျက်နှာကို မပြခဲ့ဘူး။

ဒီဝတ်ရုံနက်ရဲ့ အောက်မှာ ထူးဆန်းတဲ့ တစ်ခုခု ရှိနေတာကို ဖန်ကျန်းရှီ ခံစားမိတယ်။ သူမြင်ဖူးတဲ့ အရာ အားလုံးထက် သန်မာတဲ့ အရာ ရှိနေသလိုပဲ။

အပိုင်း (၈၅၇) ပြီး၏။

အပိုင်း (၈၅၈)

“မတိုးသာ မဆုတ်သာ အခြေအနေကို ချိုးဖြတ်။ နောက်ဆုံး တိုက်ပွဲ။”

“ဘယ်လို မိစ္ဆာ မျိုးက ယွင်ချင်းဝူ ဘေးနားမှာ ရပ်နေတာလဲ။” ဖန်ကျန်းရှီ အတည် မပြုဝံ့ဘူး။ နောက်ဆုံေးတာ့လည်း ယွင်ချင်းဝူက နတ်ဆိုး အရှင်သခင်ငယ်လေ။ အခုချိန်မှာ သူလုပ်ချင်တာက ယွင်ချင်းဝူကို ဖ န်းဖို့ပဲ။ အမှန်တရားကတော့ ဒီနည်းလမ်း တစ်ခုပဲ သူတွေးတတ် တော့တယ်လေ။ အထိရောက်ဆုံး နည်းလမ်းလည်း ဟုတ်တယ်။

“ထွက်သွားစမ်း။” ဖန်ကျန်းရှီ ရှေ့တည့်တည့်ကို အော်လိုက်တယ်။ သူ့အော်သံကြောင့် သူ့ရှေ့တည့်တည့်မှာ ရပ်နေတဲ့ မိစ္ဆာ အရိုးတွေ ကျိုးကုန်ပြီးတော့ ဥက္ကာပျံလိုမျိုး မြေပြင်ပေါ်ကို ပြုတ်ကျလာတော့တယ်။ ဒါပေမယ့် သူတို့တွေက မိစ္ဆာတွေလေ။ အရိုးကျိုး ပင်မယ့်၊ မိစ္ဆာ ပုလဲ ရှိနေရင် သေမှာ မဟုတ်ဘူး။ ဒီတော့ မြေပြင်ကနေ ထရပ်နိုင်တယ်။ သူ့မျက်နှာက ဖြူဖျော့ပြီး ခန္ဒာကိုယ်က တုန်ယင် နေပင်မယ့်၊ အကြည့်ကတော့ မပြောင်းလဲ ဘူး။

“မိစ္ဆာတွေက ကိုင်တွယ်ရ ခက်လိုက်တာ။ လူသားတွေထက် အများကြီး သန်မာတယ်။ မြင့်မြတ် နယ်မြေက တပည့်တွေကို တိုက်ခိုက်ရတာတောင် ပိုလွယ်သေးတယ်။” ဖန်ကျန်းရှီ ထွက်ပြေးဖို့ ကြိုးစားပင်မယ့်၊ မိစ္ဆာ ဘုရင် နှစ်ကောင်က သူ့ကို တွန်းအား ပေးနေတယ်။ အသက်ချင်းလဲပြီးတော့ တိုက်ခိုက်မယ့် ပုံစံကြောင့် ဖန်ကျန်းရှီ ဆုတ်ခွာ နေရတယ်။ ဒီမိစ္ဆာ ဘုရင်တွေနဲ့ သူ့အသက်ကို မလဲနိုင်ဘူး။

ရန်ရွှယ်ကလည်း နည်းနည်းတော့ စိတ်ဖိစီးနေတယ်။ အဓိက အကြောင်းရင်းကတော့ ရန်ရွှယ်ကို တိုက်ခိုက်တဲ့ မိစ္ဆာက တဖြည်းဖြည်း နည်းလာလို့ပဲ။ တိုက်ပွဲ အမြင် အရဆိုရင် ရန်ရွှယ်ကို သူတို့ အမုန်းတရားတွေက မကြီးမားတဲ့ အတွက် အသက်စွန့်ပြီး မတိုက်ခိုက် ချင်ကြဘူး။ ဒါပေမယ့် ရန်ရွှယ်လည်း အချိန်တို အတွင်းမှာတော့ ထွက်မပြေးနိုင်။

ရန်ရွှယ် မစွမ်းတာကြောင့် မဟုတ်ဘူး။ မိစ္ဆာတွေက များလွန်း နေလို့ပဲ။ အရေအတွက်ကြောင့် ရာချီတဲ့ မိစ္ဆာတွေကို ဖောက်မထွက်နိုင် ဖြစ်နေခဲ့တယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီတောင် ရုန်းကန် နေရဆဲ။

မိစ္ဆာတွေက သန်မာလွန်းလို့၊ မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုတောင် သူတို့ကို သတ်မယ့်အစား မဟာ နွံအိုင်ထဲမှာ ပိတ်ထား ခဲ့ရတာလေ။

…

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ ခဲ့တယ်။ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ နှစ်ယောက်ကို ရာချီတဲ့ မိစ္ဆာတွေက ဝန်းရံ ထားခဲ့ပြီ။ ပင်းယန်နဲ့ ချီကူယန် နှစ်ယောက်ကတော့ ပြန်ကောင်းဖို့ စောင့်ဆိုင်းတဲ့ နေရာမှာ ရှိနေဆဲ။ ချင်းယွိကတော့ တောက်ဟွမ်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြတယ်။

မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုက နန်ကုန်းဟောင် အနားကို နီးကပ်လာပြီ ဖြစ်ပင်မယ့်၊ နန်ကုန်း သုခမိန် ဆယ်ယောက်ကျော်ကို အနိုင်ယူဖို့ မလွယ်ကူခဲ့ဘူး။ ဒီတိုက်ပွဲက မတိုးသာ မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့တယ်။

ဒီအခြေအနေကတော့ ဆက်ဖြစ် မနေခဲ့ဘူး။ အင်အား မမျှတဲ့ နေရာ တစ်ခု ရှိနေတယ်လေ။ မုချင်းဖန်းနဲ့ မော့ရှန်းရှီကို တိုက်ခိုက်နေတဲ့ မိစ္ဆာ ဘုရင် နှစ်ကောင် ရှိတဲ့ နေရာပဲ။ မိစ္ဆာ ဘုရင်တွေက သေချာပေါက် သန်မာပင်မယ့်၊ လက်နက် ကိုင်ထားတဲ့ မုချင်းဖန်းနဲ့ မော့ရှန်းရှီကိုတော့ အနိုင်မယူနိုင် ခဲ့ဘူး။

မော့ရှန်းရှီရဲ့ မဟူရာ တူကြီးက သူ့ရှေ့ မိစ္ဆာ ဘုရင်ရဲ့ ခေါင်းပေါ်ကို ရောက်သွားခဲ့တယ်။ အစိမ်းရောင် အလင်းတန်း တစ်ခု မိစ္ဆာ ဘုရင်ရဲ့ ခန္ဒာကိုယ်ကနေ ထွက်လာတယ်။ ဒီအခိုက်အတန့် နှောင့်နှေးမှုလေးက မော့ရှန်းရှီ အတွက်တော့ အခွင့်ကောင်းပဲ။ မော့ရှန်းရှီက အရမ်းကို အတွေ့အကြုံ ပြည့်ဝတယ်။ ချက်ခြင်း ဆိုသလို ဒီအချိန်မှာ နန်ကုန်းဟောင် ဆီကို ပြေးထွက်သွားပြီး တူကြီးနဲ့ ထုချ လိုက်တော့တယ်။

“မော့ရှန်းရှီ ရပ်စမ်း။” နန်ကုန်းဟောင် လှမ်းအော်တယ်။ ဒါပေမယ့် မော့ရှန်းရှီကတော့ မရပ်။ ဒါက အစွမ်းကုန် ထုတ်ထားတဲ့ တိုက်ခိုက်မှု တစ်ခုပဲ။ တူကြီးကနေ လေတိုးသံတွေတောင် ကြားနေရတယ်။ ဒါပေမယ့် နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်ကို မထိပဲ လွဲသွားခဲ့တယ်။

နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်က ကောင်းကင် ပန်းတစ်ပွင့်ကို နင်းလိုက်ပြီး ပျံဝဲ သွားလို့ပဲ။ တကယ့်ကို ဆွဲဆောင်မှု ပြည့်လွန်းခဲ့ ကိုယ်ဟန်ဆိုတာ ဝန်ခံရမယ်။ ဒါပေမယ့် မော့ရှန်းရှီကတော့ ဒေါသ ထွက်နေခဲ့တယ်။ သူ့ သားကောင်ကို ထိတော့မယ့် အချိန်မှ၊ သားကောင်က ပျံပြေး သွားတယ်တဲ့။ သူဘယ်လိုများ သည်းခံ နိုင်မှာလဲ။

“ခေါင်းဆောင်မော့။ ကျွန်တော်သာ ခင်ဗျား နေရာမှာ ဆိုရင်၊ လုံး၀ သည်းခံ နိုင်မှာ မဟုတ်ဘူး။” ပေသုံးဆယ် အမြင့်နဲ့ ဖန်ကျန်းရှီက ဒီမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တဲ့ အတွက် ဝင်ပြောတယ်။ မော့ရှန်းရှီရဲ့ မျက်နှာကတော့ နီရဲ သွားခဲ့တယ်။ သူဒေါသ တကြီးနဲ့ အံကြိတ်နေတယ်။ ဘဲအိုကြီး တစ်ကောင်လိုမျိုး လေထဲမှာ ပျံဝဲဖို့ ပြင်တယ်။

သူ့နောက်မှာတော့ လေစီးကြောင်း နှစ်ခု ဖြစ်ပေါ်လာတယ်။ ထူးခြားတဲ့ စက်ကွင်းပုံစံ သဏ္ဍာန်တွေ ပေါ်လာပြီးတော့ လေထဲမှာ ဆန့်ထွက်သွားတယ်။ သူ့မှာ တောင်ပံ တစ်စုံ ထွက်လာ သလိုပဲ။ မော့ရှန်းရှီရဲ့ ခန္ဒာကိုယ်က ကောင်းကင်ကို တစ်ရှိန်ထိုး တက်သွားတော့တယ်။ ကောင်းကင်က ငှက်တစ်ကောင်လိုပဲ။

“အမ်။ ဒါကြီးက ဖြစ်နိုင်တယ်လား။” ဖန်ကျန်းရှီ မော့ရှန်းရှီဆီက ပညာရလိုက်တယ်။ ဖန်ကျန်းရှီ လေထဲမှာ ရပ်နေနိုင်တာ လေစီးကြောင်းကို ထိန်းချုပ် ထားနိုင်လို့လေ။ ဒါကြောင့် လေထဲမှာ တိုက်ခိုက်နိုင်တာ။ ေ မာ့ရှန်းရှီရဲ့ တောင်ပံတွေနဲကတော့ မတူဘူး။

မော့ရှန်းရှီကတော့ ဆက်တိုက် တိုက်ခိုက်နိုင်တယ်။ လက်ဝါးတွေက တောင်လို သန်မာပြီးတော့ တောင်ပံတွေကတော့ ငှက်တွေလို အသုံးဝင်တယ်။ မော့ရှန်းရှီ ဖန်ကျန်းရှီကို ဘာမှ ရှင်းပြ မနေဘူး။ သူ့မျက်လုံးထဲမှာ နန်ကုန်းဟောင် တစ်ယောက်ကိုပဲ မြင်တယ်။

“ထွက်ပြေးတယ်ပေါ့။ ငါ့တူ လက်ထဲကနေ လွတ်မယ် ထင်နေလား။” မော့ရှန်းရှီ ဟိန်းဟောက်တယ်။ လေထဲက နန်ကုန်းဟောင်ရဲ့ လမ်းကို ပိတ်လိုက်ပြီး တူနဲ့ ထုချလိုက်တယ်။

ဝုန်း။ ဒီတစ်ခေါက်တော့ နန်ကုန်းဟောင်ရဲ့ ညာလက်ကို တူက ထိသွားခဲ့တယ်။ သူ့ခန္ဒာကိုယ်က နတ်သစ်ပင်ကို ဝင်တိုက်တော့တယ်။ ဒါကို မြင်ချိန်မှာ မော့ရှန်းရှီ အတော်လေး စိတ်လှုပ်ရှား နေခဲ့တယ်။

“ဟဟား နန်ကုန်းဟောင်။ နန်ကုန်း မျိုးနွယ်တွေ ဘာပဲ စီစဉ် နေပါစေ။ ငါဒီမှာ ရှိနေသရွေ့၊ မင်းတို့ မအောင်မြင်ရဘူး။ သေပေရော့။” မော့ရှန်းရှီ ပြောရင်း တောင်ပံ ခတ်လိုက်တယ်။ သူ့အရှိန်နှုန်းက မြန်လွန်းလို့ လေထဲမှာ ပုံရိပ်ယောင်တွေတောင် ကျန်နေခဲ့တယ်။

“မြန်လိုက်တာ။”

“မြင့်မြတ် နယ်မြေရဲ့ ထိပ်တန်းတွေထဲက တစ်ယောက် ပီသတယ်။”

“ဒီတစ်ခေါက် နန်ကုန်းဟောင်တော့ သေပြီ။”

နန်ကုန်းဟောင် ရှုံးမယ့် အချိန်ကို တပည့်သားတွေ စိတ်လှုပ်ရှားမှု အပြည့်နဲ့ စောင့်နေခဲ့တယ်။

“အချိန် နည်းနည်းပဲ နည်းနည်းလေးပဲ ထပ်လိုတယ်။” နန်ကုန်းဟောင် လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ မြေပြင်ပေါ်မှာ လဲကျနေတဲ့ လူရိပ်လေးကို ကြည့်တယ်။ ဒါက နန်ကုန်းမု။ သူ့ရဲ့ သွေးရင်း ညီလေး။ နန်ကုန်းမု မျက်လုံးတွေ ပိတ်နေပြီး သတိလစ်နေခဲ့တယ်။ အချိန် မရွေး သေသွား နိုင်သလိုပဲ။

“မဖြစ်ဘူး။ ငါလက်မလျှော့နိုင်ဘူး။ ညီလေးရဲ့ သွေးတွေက ငါ့ခန္ဒာကိုယ်ထဲမှာ စီးဆင်းနေတယ်။” နန်ကုန်းဟောင် အော်ဟစ်ရင်း သူ့ခန္ဒာကိုယ် တစ်ခုလုံး အနက်ရောင် သံချပ်ကာတွေ ဖုံးလွှမ်း သွားတော့တယ်။

ဂျိန်း။ လက်တစ်ဖက်တည်းနဲ့ တူကြီးကို ကိုင်ပြီးတော့ တားလိုက်တယ်။ သွေးနီရောင် အလင်းတန်း တစ်ခုက မော့ရှန်းရှီရဲ့ လည်ပင်းကို ဖြတ်ဖို့ ပြင်တယ်။

“အတင့်ရဲလိုက်တာ။” မော့ရှန်းရှီ မျက်လုံး မှေးရင်းနဲ့ ခေါင်းစောင်းလိုက်တယ်။ သွေးနီရောင် အလင်းတန်းက သူ့နဖူးကို ဖြတ်သွားခဲ့တယ်။ မော့ရှန်းရှီရဲ့ ပါးကနေ သွေးစက်တစ်ချို့ စီးကျ လာတော့တယ်။ ကပ်သီးလေး လွတ်သွားတာပဲ။

“အဖိုးကြီးမော့။ သတိထား။ နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်နဲ့ စိတ်က အထွဋ်အထိပ် ရောက်နေပြီ။” ဒါကို မြင်ချိန်မှာ မုချင်းဖန်း သတိ ပေးလိုက်တယ်။

“ဟုတ်သား။” မော့ရှန်းရှီ သတိ ထားမိသွားတယ်။ နန်ကုန်းဟောင်မှာ ထူးခြားတဲ့ စိတ်စွမ်းအားတွေ ရှိနေပြီ။

မော့ရှန်းရှီ နည်းနည်းတော့ လန့်နေမိတယ်။ နန်ကုန်းဟောင်ရဲ့ စွမ်းအားတွေကြောင့်တော့ မဟုတ်ဘူး။ သူ့ရဲ့ သတိလက်လွတ် အပြုအမူကြောင့် အသက်ပါတော့ မလို ဖြစ်သွားခဲ့တယ်လေ။ နန်ကုန်းဟောင်က ဒီအချိန်မှာပဲ သူ့ရဲ့ တည်ငြိမ်ဓားနဲ့ သုံးချက်တိတိ ဆက်တိုက် တိုက်ခိုက်လိုက်တယ်။ သွေးနီရောင် အလင်းတန်း သုံးခုက မော့ရှန်းရှီဆီကို ပြေးဝင် လာခဲ့တယ်။

“ဒါ တကယ်ပဲ နန်ကုန်းဟောင်လား။” နန်ကုန်းဟောင် ထွက်မပြေးပဲ တိုက်ခိုက်မယ်လို့ မော့ရှန်းရှီ ထင်မထား ခဲ့မိဘူး။ နန်ကုန်းဟောင်လို လူမျိုးကို သူမတွေးဖူးဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီ သူ့ကို အနိုင်ယူထားတာ မကြာသေးဘူးလေ။

“ခေါင်းဆောင်မော့။ ကျွန်တော်သာ ဆိုရင် နန်ကုန်းဟောင် ပြန်တိုက်ခိုက်ဖို့ သေချာပေါက် အခွင့်အရေး မပေးဘူး။” ဖန်ကျန်းရှီရဲ့ အသံကို ကြားရပြန်တယ်။

“..” မော့ရှန်းရှီ နှုတ်ခမ်းတွေ တွန့်သွားတယ်။

သူပြန်ဖြေချင်တယ်။ “ပါးစပ် ပိတ်ထားစမ်း။ ငါအသက်ရှင် လာတာ ကြာလှပြီ။ မင်းထက် အတွေ့အကြုံများတယ်။ မင်းသင်ကြားတာကို ငါမလိုဘူး။”

ဒါပေမယ့် သူစကား မပြောနိုင် ခဲ့ဘူး။ ဖန်ကျန်းရှီရဲ့ စကားတွေက တကယ်ပဲ အသုံးဝင်တယ်လေ။ နန်ကုန်းဟောင်နဲ့ တိုက်ခိုက်ချိန်မှာ လုံး၀ ပြန်တိုက်ခိုက်ချိန် ပေးလို့ မဖြစ်ဘူး။

ဒီကောင်စုတ်လေး။ ငါမော့ရှန်းရှီ မင်းကို တစ်ချက်တော့ အကြွေးတင် သွားပြီ။ မော့ရှန်းရှီ အတွေးလွန် မေ်နတော့ဘူး။ သွေးနီရောင် အလင်းတန်း သုံးခု ရောက်မလာခင် သူ့ခန္ဒာကိုယ်ကို တစ်ဝက် တိတိ ကျုံ့လိုက်တယ်။

ဝူး။ သေးငယ်တဲ့ ခန္ဒာကိုယ်ကြောင့် ဒီဓားချက်တွေကို အသာလေး ကျော်သွားနိုင်တယ်။ နန်ကုန်းဟောင်ကို နောက်တစ်ခေါက် တိုက်ခိုက်ပြန်တယ်။ ဖန်ကျန်းရှီရဲ့ စကားတွေကို သူအသုံးချနေပြီ။ မခုခံပြီး တိုက်ခိုက်မယ်။ ဆက်တိုက် တိုက်ခိုက်တာက အကောင်းဆုံး ခုခံစစ်ပဲ။

ဝုန်း။ နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ် တူနဲ့ ထုခံ ရပြန်တယ်။ အဲ့ဒီ့နောက် သူ့ဆီကို နောက်တစ်ခေါက် ထုဖို့ ပြင်နေတဲ့ မော့ရှန်းရှီကို မြင်လိုက်ရတယ်။

“သေ သေ သေစမ်း။” မော့ရှန်းရှီ ဆက်တိုက် ပြောရင်း သူ့ရဲ့ တူကြီးကို မြန်မြန်ဆန်ဆန် လှုပ်ရှား နေခဲ့တယ်။ မိုးသီးကြွေသလို တူအရိပ်တွေက ဆက်တိုက် ကျလာနေတယ်။ တူအရိပ်တွေရဲ့ ထိပ်မှာတော့ ရွှေရောင် အလင်းတန်းတွေ ဖြာနေတဲ့ ထူးထူး ဆန်းဆန်း သဏ္ဍာန်တစ်ခု ဖြစ်ပေါ် လာနေတယ်။

ဆက်တိုက် ထုရိုက်သံတွေ ထွက်ပေါ်နေတယ်။ မော့ရှန်းရှီက မြန်ဆန်ပြီးတော့ ပေါ့ပါးတဲ့ တူကို အစားထိုးပြီးတော့ သုံးနေခဲ့ပြီ။ နန်ကုန်းဟောင်က အားကုန်သုံးရင်း ခုခံရုံသာ တတ်နိုင်ခဲ့တယ်။ မော့ရှန်းရှီက သုခမိန် အထွဋ်အထိပ် အဆင့် ပညာရှင်လေ။

“ဟောင်အယ် ပြေးတော့။ အင်အားကို မဖြုန်းတီးနဲ့။” နန်ကုန်းထျန်း လှမ်းအော်တယ်။

“ထွက်ပြေး။” နန်ကုန်းဟောင် နောက်ဆုတ်နေတယ်။ နတ်သစ်ပင်နဲ့ နောက်တစ်ခေါက် ထိတော့မယ်။

နန်ကုန်းထျန်း ပြောချင်တာကို သူနားလည်တယ်။ ဖန်ကျန်းရှီနဲ့ တိုက်ခိုက်တည်းက သူ့စွမ်းအားတွေ အားလုံး ကုန်လုနီးပါးပဲ။ နတ်သစ်သီးသာ မစားလိုက်ရင် အခုချိန်ထိ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။

နတ်သစ်သီးက စွမ်းအားတွေ အများကြီး ထုတ်လုပ်နိုင်ပင်မယ့်၊ နတ်သစ်ပင် စွမ်းအားကို အသုံးချဖို့ စွမ်းအား အဝင်တွေ အများကြီး လိုအပ်တယ်။ နန်ကုန်းဟောင်မှာ သွေးမှော် စက်ကွင်း ရှိနေလို့ တော်သေးတယ်။ ဒါကြောင့်ပဲ သူစွန့်စားနိုင်တာ။ နတ်သစ်ပင် ပြီးပြည့်စုံ နိုင်ဖို့ အတွက် အချိန် အကြာကြီး လိုအပ်လိမ့်မယ်။

ဒါကြောင့် သူတောင့်ခံထားဖို့ လိုအပ်တယ်။ ဒါပင်မယ့် မော့ရှန်းရှီရဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေကြောင့် သူ့စွမ်းအားတွေ နောက်တစ်ကြိမ် ကုန်ဆုံး ပြန်တယ်။

“နောက်ထပ် ငါမလုပ်နိုင်တော့ဘူး။ စွမ်းအင် အပိုကုန်တာက နတ်သစ်ပင်ကို ညှိုးနွမ်း စေလိမ့်မယ်။ ဒါမျိုး အဖြစ် မခံနိုင်ဘူး။” နန်ကုန်းဟောင် အံကြိတ်ရင်း တွေးနေခဲ့တယ်။

အပိုင်း (၈၅၈) ပြီး၏။

အပိုင်း (၈၅၉)

“ဧကရာဇ်ရန်ရဲ့ မျိုးဆက်တွေ။ နတ်သစ်ပင် စိတ်ဝိဉာဉ်။”

နန်ကုန်းဟောင်ရဲ့ မျက်လုံး တစ်ဖက်မှာ အဖြူရောင် အလင်းတန်းနဲ့ အဖြူရောင် ပန်းတစ်ပွင့် ပေါ်လာတယ်။ အနီရောင် မျက်လုံးကတော့ ဆက်တိုက် လည်ပတ်နေတယ်။ ဒါကတော့ သွေးမှော်စက်ကွင်း။ ဒါပေမယ့် အစောပိုင်းနဲ့ ယှဉ်ရင် ဒီသွေးမှော် စက်ကွင်းက အရမ်းကို ကြည်လင် နေခဲ့တယ်။

“အား။” နန်ကုန်းဟောင် အော်ဟစ်ရင်း သူ့ဓားကို မြှောက်လိုက်တယ်။ သွေးစက်တွေ ဓားကို အလင်းတန်း ပုံစံနဲ့ ဝန်းရံ ပြီး စီးဆင်းတော့တယ်။

မော့ရှန်းရှီ တူ နီးကပ်လာချိန်မှာ တည်ငြိမ်ဓားက နန်ကုန်းဟောင်ရဲ့ ရင်ဘတ်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက် သွားတော့တယ်။ နန်ကုန်းဟောင်ရဲ့ ပါးစပ်ကနေ သွေးတွေ စီးကျ လာခဲ့တယ်။ မော့ရှန်းရှီတောင် အထိတ်တလန့် ဖြစ်သွားရတယ်။

“နန်ကုန်းဟောင် ဘာလုပ် နေတာလဲ။”

“ကိုယ့်ကိုယ်ကို သတ်သေတာလား။”

“မဖြစ်နိုင်တာပဲ။ နှလုံးသား အပေါ်ကို ထိုးလိုက်တာ။”

တပည့်သားတွေ နန်ကုန်းဟောင်ကို နားမလည်နိုင်ဘူး။ တကယ်တော့ လုပ်ရပ်တွေ အားလုံးက အထူးအဆန်းတွေ ချည်းပဲလေ။ ခပ်မြန်မြန်ပဲ မုချင်းဖန်းနဲ့ မော့ရှန်းရှီ အမူအယာ ပြောင်းလဲ သွားခဲ့တယ်။ သွေးစက်တွေက ထင်သလို စီးကျ မသွားဘူး။ ပွင့်ဖတ် ရှစ်ခုပါတဲ့ ပန်းပွင့်တွေ အဖြစ်ကို ပြောင်းလဲ သွားတယ်။ ပွင့်ဖတ် တစ်ခုချင်းစီတိုင်းမှာ ရှုပ်ထွေးလွန်းတဲ့ သင်္ကေတတွေ ပါဝင် နေခဲ့တယ်။

“အဲ့တာ ဘာကြီးလဲ။” မော့ရှန်းရှီ တောင့်တင်း နေခဲ့ပြီ။ မုချင်းဖန်းလည်း အတူတူပဲ။ ဒီမြင်ကွင်းကို သူစဉ်းစား နေခဲ့တယ်။ နန်ကုန်းဟောင်ကတော့ ဒီအချိန်မှာပဲ ခေါင်းမော့ရင်း ရက်စက်တဲ့ အပြုံး တစ်ခုနဲ့ ပြုံးလိုက်တယ်။

“မင်းတို့တွေ မင်းတို့ တိုက်ခိုက်နေတဲ့ သူက ဘယ်သူမှန်း စဉ်းစားလို့ မရဘူး မဟုတ်လား။” နန်ကုန်းဟောင်က မောက်မာတဲ့ အရှင်သခင် တစ်ယောက်လို အေးစက် နေခဲ့တယ်။

“ဘာကြီးလဲ။”

“နန်ကုန်းဟောင် ဘာပြောတာလဲ။”

“ငါတော့ နားမလည်ပါဘူး။”

နန်ကုန်းဟောင်ကလည်း ရှင်းမပြဘူး။ ခေါင်းမော့ရင်း ကောင်းကင်က သက်တန့်ကို ကြည့်နေခဲ့တယ်။

“မင်းတို့ကိုယ် မင်းတို့ ယန်ဟွမ်ရဲ့ မျိုးဆက်တွေလို့ ပြောနေကြတယ် မဟုတ်လား။ လောကကြိးကို အုပ်စိုးခဲ့တဲ့ ဟွမ်ဧကရာဇ်က ဘာတွေ လုပ်ခဲ့မှန်း မင်းတို့ သိကြလား။”

“ဟဟား မင်းတို့ ဘယ်သိမလဲ။ မင်းတို့ သိသမျှ အားလုံးက စာအုပ်ထဲမှာ ပါသမျှတွေပဲ။”

နန်ကုန်းဟောင်ကတော့ ဘယ်သူ့ကိုမှ စကားပြောခွင့် မပြောခဲ့ဘူး။ သူ့ကိုယ်သူ စကား ပြောနေသလို ပုံစံနဲ့ အတိတ် အကြောင်းအရာတွေကို ပြောနေခဲ့တယ်။

“ငါမင်းတို့ကို ပြောမယ်။ နန်ကုန်း မျိုးနွယ်တွေက နတ်သစ်ပင်ကို ပိုင်ဆိုင်တယ်။ နန်ကုန်း ဘိုးဘေးတွေက နတ်သစ်ပင်ကို စိုက်ပျိုးခဲ့တယ်။ ဒါကြောင့် နတ်သစ်သီးတွေကလည်း နန်ကုန်းတွေနဲ့ပဲ သက်ဆိုင်တယ်။ မင်းတို့ ဘယ်သူမှ လုယူလို့ မရဘူး။ အစွမ်းကိုလည်း မရနိုင်ဘူး။” နန်ကုန်းဟောင် စိတ်ပျက်လက်ပျက် ပြောတယ်။

“နတ်သစ်ပင်ကို နန်ကုန်းတွေ စိုက်ခဲ့တာတဲ့။”

“ငါတို့ မယုံဘူး။”

တချို့ တပည့်သားတွေ ယုံကြည်ဖို့ ငြင်းဆန်ကြတယ်။ ဒါပေမယ့် လေးလေးနက်နက် တွေးတော နေခဲ့တဲ့ မုချင်းဖန်းကတော့ အခုချိန်မှာ အမူအယာ ပြောင်းသွားခဲ့တယ်။

“နန်ကုန်းဟောင်ရဲ့ အကျင့်နဲ့ ဆိုရင် အခုချိန်မှာ လိမ်မှာတော့ မဟုတ်ဘူး။ သူမလိမ်ရင်။”

“အဖိုးကြီးမု ဘာတွေ တွေးနေတာလဲ။” မော့ရှန်းရှီရဲ့ အသံ ထွက်ပေါ်လာတယ်။ သူလည်း တော်တော် လန့်နေခဲ့တယ်။

“အကယ်၍ ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် ငါတို့တွေ အတွေးတူနေပြီ။” မော့ရှန်းရှီရဲ့ စိတ်ကို မုချင်းဖန်း နားလည်တယ်။ ဒါပေမယ့် ထုတ်ပြော လိုက်တာက လောကကြီးကို လှုပ်ခတ် စေနိုင်တယ်လေ။

“ဧကရာဇ် ယန်ရဲ့ မျိုးဆက်တွေလား။” မော့ရှန်းရှီ မျက်လုံး မှေးရင်း ပြောတယ်။

“အင်း။” မုချင်းဖန်း များများ စားစား မပြောဘူး။ သူ့လက်ကထဲက ဓားရှည်ကိုသာ တင်းတင်းကြပ်ကြပ် ကိုင်ထားခဲ့တယ်။ နန်ကုန်းဟောင်ကတော့ အားလုံးကို လျစ်လျူရှုထားတယ်။

“နန်ကုန်း မျိုးနွယ်တွေ လိုချင်တာက တရားမျှတမှုပဲ။ ဒီလို တောင်းဆိုချက်လေးက များလွန်းနေတယ်လား။ မင်းတို့တွေ ငါ့ကို ဘယ်လိုများ တားဆီး ဝံ့တာလဲ။”

“ငါ့ကို ဘယ်လိုများ တားဆီး ဝံ့တာလဲ။”

နန်ကုန်းဟောင်ရဲ့ အသံက ကောင်းကင်မှာ ပဲ့တင် ထပ်နေတယ်။ ရူးသွပ်နေတဲ့ နတ်ဆိုး တစ်ပါးလိုပဲ။ မြေပြင်က လူတွေရဲ့ နှလုံးသားကို တုန်ယင်စေတယ်။

“သူက အချိန်ဆွဲနေတာလား။ ဒီလောက် အသံကျယ်ကြီး လုပ်စရာ လိုလို့လား။” ဒီအချိန်မှာ စကားသံ တစ်သံ ပေါ်လာခဲ့တယ်။ အသံက မကျယ်ပေမယ့် လူတိုင်းကို သတိ ဝင်လာစေတယ်။

“အချိန်ဆွဲ နေတာလား။” သွေးပန်းပွင့်တွေ သူ့ဆီ ရောက်လာတာကို မြင်ချိန်မှာ မော့ရှန်းရှီ နားလည် သွားခဲ့တယ်။ နန်ကုန်းဟောင် ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်တာက လန့်စရာ ကောင်းလွန်းတယ်။ ဒီအချိန်ကို သုံးပြီးတော့ သူက အာရုံစံိုက်ခံ ချင်တာပဲ။

အခုချိန်ထိ မော့ရှန်းရှီနဲ့ မုချင်းဖန်း နှစ်ယောက် နန်ကုန်းတွေရဲ့ အစီအစဉ်ကို မတွေးတတ်သေးဘူး။ နန်ကုန်းဟောင်ရဲ့ စကားတွေကြောင့် သူတို့ရဲ့ သံသယတွေ ပိုခိုင်မာ လာရုံပဲ ရှိသေးတယ်။ အခုတော့ နန်ကုန်းဟောင်က သွေးပန်းပွင့်တွေကို ပိုပြီးတော့ စုဆောင်းချိန် ရသွားခဲ့ပြီ။

“ဧကရာဇ် ယန်ရဲ့ မျိုးဆက်ပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် တားရမယ်။” မုချင်းဖန်း ပြောလိုက်တယ်။ သူ့လက်ထဲက ဓားနဲ့ ရှေ့က မိစ္ဆာ ဘုရင်ကို တိုက်ခိက်တော့တယ်။ ဒါပေမယ့် မော့ရှန်းရှီက သူ့ထက် ပိုမြန်တယ်။ ဖန်ကျန်းရှီရဲ့ သတိပေးသံကို ကြားပြီးတည်းက သူလှုပ်ရှား နေခဲ့ပြီ။ လက်ထဲက တူကို မိုးသီးတွေ ကြွေကျသလို ပုံစံနဲ့ လှုပ်ရှားတော့တယ်။

“ဟဟဟား။ နောက်ကျလွန်းသွားပြီ။” နန်ကုန်းဟောင်ကတော့ အေးစက်စက် ပြုံးပြလိုက်တယ်။

အဲ့ဒီ့နောက် နေရာကနေ ပျောက်ကွယ် သွားပြီး နတ်သစ်ပင် ထိပ်ဖျားကို ရောက်သွားတော့တယ်။

သူ့လက်ထဲမှာတော့ သွေးပန်းပွင့်တွေ အပြည့်။ ရင်ဘတ်က နုတ်ယူလိုက်တဲ့ ဓားကတော့ သွေးတွေ တစက်စက် စီးကျနေဆဲ။ ဒီသွေးတွေက သွေးပန်းပွင့်တွေ အဖြစ်ကို ပြောင်းလဲ သွားတော့တယ်။

“ငါ့ရဲ့ သွေးတွေနဲ့ နတ်သစ်ပင်ကို ပန်းပွင့်စေမယ်။ နတ်သစ်သီးတွေကို သီးစေမယ်။ မြေကမ္ဘာ မိခင်ကြီးရဲ့ မျှော်လင့်ချက် သက်တန့် တံတားနဲ့ ကောင်းကင် တံခါးကို ဖွင့်မယ်။”

ဝုန်း။ သူ့စကားတွေနဲ့ အတူ ရွှေရောင် လျှပ်စီး တစ်ချက် ကောင်းကင်မှာ လက်သွားပြီး နတ်သစ်ပင် ထိပ်ကို ကျလာတော့တယ်။

ဂျိန်း။ အသံကျယ်ကြီးနဲ့ အတူ နတ်သစ်ပင်ကြီး အက်ကွဲတော့တယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

“နောက်ပြီးတော့ နတ်သစ်သီး။ သက်တန့်နဲ့ မြေကမ္ဘာ မိခင်ကြီးရဲ့ မျှော်လင့်ချက် ဆိုတာ ဘာတွေလဲ။”

“နတ်သစ်ပင်ကြီး အက်ကွဲနေပြီ ကြည့်လိုက်။”

တပည့်သားတွေ မိုးကြိုးအောက်မှာ ကွဲထွက်နေတဲ့ နတ်သစ်ပင်ကြီးကို ကြည့်ရင်း ပြောနေတယ်။

“ကွဲတာ မဟုတ်ဘူး။ လျှပ်စီးတွေထဲ ရှင်သန်နေတာ။ အဲ့တာ တကယ့် နတ်သစ်ပင်ပဲ။” မုချင်းဖန်း ပြောမိတယ်။ အခုချိန်မှာတော့ နန်ကုန်းတွေရဲ့ အစီအစဉ်ကို သူတို့ သိပြီ။

နန်ကုန်းဟောင်ရဲ့ အင်အားကြီး စွမ်းအား အရင်းအမြစ် ခန္ဒာကိုယ်မှာ နတ်သစ်ပင်ရဲ့ စိတ်ဝိဉာဉ် မရှိဘူး။ ဒါပေမယ့် နန်ကုန်းဟောင် သူ့ရဲ့ သွေးနဲ့ စတေးလိုက်ချိန်မှာ နတ်သစ်ပင်က စိတ်ဝိဉာဉ် ရသွားခဲ့ပြီ။ ရွှေရောင် အလင်းတန်းတွေ မြေပြင်က ထိုးထွက် လာပြီးတော့ စိမ်းစိုတဲ့ သစ်ကိုင်းတွေ အဖြစ်ကို ပြောင်းလဲ သွားတယ်။

“နောက်ဆုံးတော့ အောင်မြင်ပြီလား။ ဟဟားဟား။ နန်ကုန်း မိသားစုရဲ့ မျှော်လင့်ချက်ကြီး နောက်ဆုံးတော့ ဖြစ်လာပြီ။ ဘယ်သူမှ ငါတို့ကို မတားမြစ် နိုင်တော့ဘူး။ ဘယ်သူမှပဲ။” နန်ကုန်းထျန်းက အရူးတစ်ယောက်လို ပြောနေခဲ့တယ်။

မြေပြင်မှာ ရှိနေတဲ့ သူတွေကတော့ နတ်သစ်ပင်ရဲ့ အရှိန်အဝါကို အဝေးကတောင် ခံစား နေရတယ်။ ဒီရေအရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ သစ်ကိုင်းတွေ သစ်ခေါက်တွေ အတူတူ ပူးပေါင်း သွားချိန်မှာတော့ သစ်ခေါက်နက်တွေ အဖြစ်ကို ပြောင်းလဲ သွားတော့တယ်။ ဒီလို ခမ်းနားတဲ့ မြင်ကွင်းက နှလုံးသားကိုတောင် ခဏတာ ရပ်တန့် သွားစေနိုင်တယ်။

“နှင်းနဲ့ ရေခဲတွေ ကြားမှာ ဒီလို သစ်ပင် ပေါက်နိုင်တာလား။”

“အံ့သြ စရာကောင်းလိုက်တာ။”

“တကယ့် နတ်သစ်ပင်ကြီးပဲ။”

အစအဆုံး ကြည့်နေခဲ့ကြတဲ့ တပည့်သားတွေ ဘဝမှာ ဒီလို မြင်ကွင်းကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သူတို့တွေ ကျောရိုးထဲက စိမ့်ချမ်းတဲ့ အထိ လန့်နေခဲ့တယ်။

ဒီဖြစ်ရပ်က ကြာကြာ မဖြစ်ဘူး။ ရွှေရောင် အလင်းတန်းတွေနဲ့ အတူ နွယ်ပင် စိမ်းစိမ်းတွေ အများကြီး မြေပြင်ကနေ ထိုးထွက် လာခဲ့တယ်။ သစ်ပင် ပင်စည်ကတော့ လုံးဝကို မည်းနက်တဲ့ သစ်ခေါက်တွေနဲ့ ပြည့်ှနှက် နေခဲ့ပြီ။ ရှေးဟောင်း အလင်းတန်းတွေတောင် ဖြာထွက် နေခဲ့တယ်။

“အဖိုးကြီးမော့။” ဒီအချိန် မုချင်းဖန်းရဲ့အသံ ထွက်လာခဲ့တယ်။

“နားလည်ပြီ။” မော့ရှန်းရှီက ချက်ခြင်း ဆိုသလို ခေါင်းငြိမ့်တယ်။ နတ်သစ်ပင်က စိတ်ဝိဉာဉ်ကို ဖန်တီးလိုက်ပြီ။ ဒါက ဘာဖြစ်မလဲ။

မော့ရှန်းရှီ မသိသလို၊ အတည်လည်း မပြုရဲဘူး။ နောက်ဆုံး အချိန်ထိ နန်ကုန်းဟောင်ကို တားဆီး ရမယ်လို့ သေချာ နေခဲ့တယ်။

အင်အား အကြီးဆုံးသူက ဘယ်တော့မှ လက်မလျှော့ဘူး။ မော့ရှန်းရှီ နန်ကုန်းဟောင်ကို တူနဲ့ ထုချဖို့ ပြင်တယ်။ ဒီတစ်ခေါက် သူ့ရဲ့ တူကြီးက တောင်တစ်ခုလို လေးလံ နေခဲ့တယ်။

ဝုန်း။ အသံကျယ်ကြီးနဲ့ အတူ မဟူရာ တူကြီးက လေထဲမှာ မီးပွားတွေ လွင့်စင်လာတယ်။ မော့ရှန်းရှီရဲ့ ခန္ဒာကိုယ်ကလည်း နှစ်ဆ ပိုကြီးလာတယ်။ အားကြီးပြီး သန်မာတဲ့ ပုံစံကို ပြောင်းသွားတယ်။

ဖန်ကျန်းရှီကတော့ ဒီမြင်ကွင်းတွေကိုသာ ကြည့်နေခဲ့တယ်။ ဒီအဖိုးကြီးရဲ့ အပြောင်းအလဲ ပုံစံတွေကို သူလိုက်မမှီဘူး။ ဒါပေါ့ တစ်ခါတုန်းက ကောင်းကင် အိုအေစစ် သုခမိန်ကြီး မေးဖူးတယ်။ ရှင်းလင်းချက်ကတော့ ရှင်းပါတယ်။ သုခမိန် တစ်ယောက်ရဲ့ ရုပ်သွင်က သုခမိန် အဆင့်ကို ရောက်ချိန်ကနေ ဆက်ပြီးတော့ မပြောင်းလဲတော့ဘူး။

အိုမင်းနေတဲ့ ခန္ဒာကိုယ်နဲ့ အဖိုးကြီးမှာ သက်တမ်းကို ဆွဲဆန့်တဲ့ နည်းလမ်းတွေ ရှိနေတဲ့ ပုံစံပဲ။ လူတစ်ယောက်ရဲ့ ရုပ်သွင်ကို ဆယ်စုနှစ်နဲ့ ချီပြီးတော့ မပြောင်းလဲ ခဲ့ရင်၊ လူတွေ လက်ခံဖို့ ခက်ခဲ လိမ့်မယ်လေ။

“မော့ရှန်းရှီက ဘယ်လိုလူမှန်း မသေချာဘူး။” ဖန်ကျန်းရှီ စဉ်းစား နေခဲ့တယ်။ မော့ရှန်းရှီရဲ့ တူကြီးကတော့ နန်ကုန်းဟောင်ရဲ့ ခေါင်းပေါ်ကို ရောက်နေခဲ့ပြီ။

“သေစမ်း။” မော့ရှန်းရှီရဲ့ အသံနဲ့ အတူ၊ သူ့မျက်နှာနဲ့ တကိုယ်လုံးမှာ ရွှေရောင် သဏ္ဍာန်နဲ့ အလင်းတန်းတွေ ပေါ်လာတော့တယ်။

အပိုင်း (၈၅၉) ပြီး၏။

အပိုင်း (၈၆၀)

“လူသားနဲ့ သစ်ပင် ပေါင်းစည်း။”

တုန်ယင် သွားစေတဲ့ တိုက်ခိုက်မှုက မိုးကြိုး တစ်ခုနဲ့ ကျရောက် လာခဲ့တယ်။ လေထဲမှာ လှည့်ပတ်နေတဲ့ စွမ်းအားတွေက လေကိုတောင် ရပ်တန့် သွားစေခဲ့တယ်။ အက်ကွဲသံကျယ်ကြီး တွေနဲ့ အတူ ရွှေရောင် အလင်းတန်းတွေက တူကြီး အလယ်မှာ လာစုတယ်။ နန်ကုန်းဟောင်ကတော့ တည်ငြိမ်နေဆဲ။ သူ့ရဲ့ ဘယ်ဘက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်တယ်။

ဝုန်း။ ကြောက်စရာ လှိုင်းတွေက လေထဲမှာ ပေါ်လာတော့တယ်။

“အောင်မြင် သွားပြီလား။”

“ဒီလို တိုက်ခိုက်မှုမျိုးကို ဘယ်သူကများ ခုခံ နိုင်မှာလဲ။”

“တားဆီးတာက မဖြစ်နိုင်တာပဲ။”

လှိုင်းအလယ်ကို ကြည့်ရင်း တပည့်သားတွေ မျက်တောင် မခတ်တော့ဘူး။ ဒါပေမယ့် မကြာခင်ပဲ အမူအယာ ပြောင်းသွားရတယ်။

တိုက်ခိုက်မှုက နန်ကုန်းဟောင်ဆီကို မရောက်ဘူး။ အနက်ရောင် သစ်ကိုင်းတွေ အများကြီး ဝန်းရံထားတဲ့ လက်တစ်ဖက်က တူကို တားလိုက်တယ်။ အနက်ရောင် သစ်ကိုင်းတွေက လက်တွေ အများကြီး ပုံစံနဲ့ တူကြီးရဲ့ တိုက်ခိုက်မှုကို တားဆီးထားခဲ့တယ်။ ခမ်းနား မြင့်မြတ် အရှိန်အဝါတွေကိုလည်း ထုတ်လွှတ် နေခဲ့တယ်။

“နတ်သစ်ပင်။”

“နတ်သစ်ပင် သစ်ကိုင်းတွေ။”

“ဘယ်လိုများ ဖြစ်နိုင်တာလဲ။”

နတ်သစ်ပင် လှုပ်ရှားလာမယ်လို့ မထင်ထား ခဲ့မိဘူးလေ။ နတ်သစ်ပင်က နန်ကုန်းဟောင်ကို လိုလိုလားလား ကူညီ နေတာလား။

ဒါမှမဟုတ် နန်ကုန်းဟောင်က နတ်သစ်ပင်ကို သုံးနေတာလား။ လူတိုင်းကတော့ စိတ်ရှုပ်ထွေး နေခဲ့ပြီ။

“နန်ကုန်းတွေ နတ်သစ်ပင်ကို တကယ်ပဲ စိုက်ခဲ့တာလား။” ဒါက အမှန် ဖြစ်ခဲ့ရင် နန်ကုန်းဟောင်ကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး။

“နန်ကုန်းဟောင်။ မင်း။” မော့ရှန်းရှီ အရမ်း လန့်သွားခဲ့တယ်။ ဒီနတ်သစ်ပင် သစ်ကိုင်းတွေရဲ့ စွမ်းအားတွေကို သူခံစား မိနေတယ်လေ။

“နောက်ကျသွားပြီလို့ ပြောသားပဲ။” နန်ကုန်းဟောင် ပြောတယ်။ သူက အရူး တစ်ယောက်လိုပဲ။

သူ့ရင်ဘတ်က စီးကျနေတဲ့ သွေးတွေ အားလုံး နတ်သစ်ပင်ဆီကို ပျံတက်နေခဲ့တယ်။

“အဖိုးကြီးမော့။” မုချင်းဖန်းက လျှပ်စီးလက်သလို အရှိန်နှုန်းနဲ့ နတ်သစ်ပင် သစ်ကိုင်းတွေကို ခုတ်ဖြတ်တော့တယ်။

ဝုန်း။ နောက်ထပ် အသံကျယ်ကြီး ကြားလိုက်ရတယ်။

ဒါက လူတွေကို လောကသစ်က လှုပ်နှိုးလိုက်သလိုပဲ။ နတ်သစ်ပင်ရဲ့ သစ်ကိုင်းတွေက သံမဏိလို ခိုင်မာ နေရုံတင် မကဘူး။ အရွက်တစ်ရွက်တောင် မကြွေဘူး။

“ဘာကြီးလဲ။” မုချင်းဖန်း သူ့မျက်လုံးသူ မယုံနိုင်။ သူ့ဓားနဲ့ သစ်ကိုင်းတွေကို ခုတ်ဖြတ်ပြန်တယ်။ နောက်ထပ် သစ်ခက်တွေ အများကြီး ထပ်ပေါ်လာတယ်။ သူအတွေး မလွန်နိုင်ဘူး။ အချိန်တို အတွင်းမှာပဲ သူ့ကို အနက်ရောင် သစ်ကိုင်းတွေက ဖမ်းမိ သွားတော့တယ်။

နန်ကုန်းဟောင်ကတော့ ဘာမှ မဖြစ်တဲ့ အတိုင်း ဟန်ဆောင် နေခဲ့တယ်။ သွေးစက်တွေနဲ့ လိုက်ရင်း နတ်သစ်ပင် ထိပ်ဖျားဆီကို ပျံတက်နေတယ်။ ဒါပေမယ့် သွေးစက်တစ်ချို့ မြေပြင်ပေါ်ကို ကျလာတယ်။

“သူ့ကို တားဖို့ တကယ်ပဲ နည်းလမ်း မရှိတော့ဘူးလား။” မော့ရှန်းရှီ ပြောတယ်။ မုချင်းဖန်းကတော့ အရမ်းကို တည်ကြည်နေခဲ့တယ်။ ဒါပေမယ့် သွေးစက် တစ်ချို့ သူ့မျက်နှာပေါ်ကို ကျလာတာ မြင်ချိန်မှာတော့ သူ့အမူအယာ ပြောင်းလဲ သွားခဲ့တယ်။

“နေအုန်း။ နတ်သစ်ပင်ကို သူမထိန်းချုပ် နိုင်သေးဘူး။”

“ဟင်။” မုချင်းဖန်းရဲ့ စကားကြောင့် မော့ရှန်းရှီ လန့်သွားခဲ့တယ်။ နတ်သစ်ပင်က နန်ကုန်းဟောင် အတွက် ခုခံ ပေးခဲ့တာလေ။

“သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ ငါတို့ကို တမင် လှည့်စားသွားတာ။” မုချင်းဖန်း အရမ်းကို ဒေါသ ထွက်နေပြီ။

မုချင်းဖန်းရဲ့ ခန္ဒာကိုယ်ကနေ အလင်းတန်းတွေ ထိုးတက်လာတော့တယ်။ တောက်ပ ဖြူဖွေးတဲ့ အလင်းတန်းတွေက ဓားတွေလို ထက်ရှတယ်။ ဒီအရှိန်အဝါကြောင့် သစ်ကိုင်းနက်တွေ တဖြည်းဖြည်း ပြုတ်ကျကုန်တယ်။

“နှင်းနဲ့ ရေခဲ။” မော့ရှန်းရှီ မျက်လုံး အပြူးသားနဲ့ ပြောမိတယ်။ နတ်သစ်ပင်ရဲ့ သစ်ကိုင်းနက်တွေ ရေခဲ ပုံစံ ပြောင်းသွားတာကို ကြည့်ရင်း ်မုချင်းဖန်း ပြောချင်တာကို နားလည် သွားခဲ့တယ်။

နန်ကုန်းဟောင်က လောင်းကြေးထပ်ခဲ့တယ်။ မော့ရှန်းရှီနဲ့ မုချင်းဖန်း နတ်သစ်ပင် စွမ်းအားကို ကြောက်တဲ့ အချက်ကို အသုံးချသွားတယ်။ သူ့စွမ်းအားကို သုံးပြီးတော့ မော့ရှန်းရှီကို ခုခံ ခဲ့ပင်မယ့်၊ နတ်သစ်ပင်ကို နာမည် တပ်သွားတယ်။

ဒီလို တည်တည်ငြိမ်ငြိမ်နဲ့ အကွက်ချသွားတာ အရမ်းကို ပီပြင်လွန်းတယ်။ နန်ကုန်းဟောင် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထားတာကြောင့် သွေးစက် တစ်ချို့ကို မသိမ်းနိုင်ခဲ့တာကြောင့် မဟုတ်ရင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။

“နန်ကုန်းဟောင်။ ကြီးမြတ်သောရှရဲ့ နံပါတ်တစ် ပါရမီရှင်လို့ တရားဝင သတ်မှတ် ခံရတာ မဆန်းဘူး။ အခုလို အခြေအနေ မျိုးမှာတောင် ကြောက်စရာ ကောင်းအောင် တည်ငြိမ်တာပဲ။” မုချင်းဖန်း ပြောတယ်။ သူတို့တွေ လှည့်စား ခံရဖို့ နည်းနည်းလေးပဲ လိုတယ်။

“နန်ကုန်းဟောင် မင်းပြေးလို့ မလွတ်ပါဘူး။” မော့ရှန်းရှီ သစ်ကိုင်းတွေကို ဖယ်လိုက်ရင်း အတောင်ပံ ခတ်ပြီး ပျံသန်းတော့တယ်။

အဟွတ်။ နန်ကုန်းဟောင် ချောင်းဆိုရင်း သွေးအန်တော့တယ်။ မော့ရှန်းရှီကို လှည့်စားနိုင်ဖို့ သူအများကြီး ပေးဆပ်ခဲ့ရတယ်။

“ငါ့ကို ဒီလောက် မြန်မြန် သိသွားကြပြီလား။” မော့ရှန်းရှီကို သူလှည့်ကြည့်မိတယ်။ နန်ကုန်းဟောင်ရဲ့ မျက်နှာမှာ မောပန်းရိပ်တွေ ပြည့်နေခဲ့တယ်။

ဒါပေမယ့် သူအရှိန် မလျှော့ခဲ့ဘူး။

“နန်ကုန်းဟောင် မင်းရဲ့ လက်ရှိ အခြေအနေနဲ့ လွတ်အောင် မပြေးနိုင်ပါဘူး။” မော့ရှန်းရှီရဲ့ အသံကို ကြားနေရတယ်။

နန်ကုန်းဟောင်ကတော့ စကား ပြန်မပြော။ နှုတ်ခမ်းတွေကို ကိုက်ထားရင်း အရှိန်မြှင့်လိုက်တယ်။ သူ့အရှိန်က မြန်လွန်းလို့ လူကိုတောင် ကောင်းကောင်း မမြင်ရတော့တဲ့ အထိပဲ။

“လက်လျော့လိုက်တော့။” မော့ရှန်းရှီ အော်ပြန်တယ်။

“နည်းနည်းပဲ နည်းနည်းလေးပဲ ထပ်သွား ရမယ်။ ငါလုပ်နိုင်တယ်။ ငါသေချာပေါက် လုပ်နိုင်တယ်။ ညီငယ်လေး။ မင်းကို အလဟသတ် ဒဏ်ရာ မရစေရဘူး။” နန်ကုန်းဟောင် သူ့ရဲ့ ခေါင်းပေါ်က သွေးပန်းပွင့်တွေကိုသာ အာရုံ စိုက်နေခဲ့တယ်။ သူနီးကပ်လာပြီ။

မော့ရှန်းရှီကလည်း သူ့နောက်ကို နီးလာတယ်။ တပည့်သားတွေ အသက်တောင် မရှူနိုင်တော့ဘူး။ ခပ်ဝါးဝါး ပုံရိပ်တွေကိုသာ စိုက်ကြည့်နေခဲ့တယ်။

သူရောက်သွားပြီ။ မော့ရှန်းရှီလည်း သူနဲ့ လူတစ်ယောက်စာပဲ ဝေးတော့တယ်။

ဝူး။ ကြီးမားတဲ့ သွေးမှော် စက်ကွင်း ကြီးနဲ့ အတူ အနီရောင် လက်သည်းတွေ အများကြီး သွေးမှော် စက်ကွင်းထဲမှာ ပေါ်လာတော့တယ်။

“ဟမ့်။ ငါ့ကို မတားနိုင်ပါဘူး။ သွေးနီရောင် လက်သည်းတွေကို မြင်ချိန်မှာ မော့ရှန်းရှီ ပြောတယ်။ သူ့နဖူးကနေ ခေါင်းအထိ ရွှေရောင် သင်္ကေတ အပြည့်နဲ့ ဒိုင်းကြီး ပေါ်လာတော့တယ်။ သာမာန် အလင်းဒိုင်းတွေထက် ဒီဒိုင်းကြီးက အများကြီး ထူထပ်တယ်။ တူကြီး တစ်ခုလို ပုံစံနဲ့ ခြိမ်းခြောက်မှုတွေ ပြည့်နှက် နေသလိုပဲ။

ဝုန်း။

မော့ရှန်းရှီရဲ့ ခန္ဒာကိုယ်က သွေးမှော် စက်ကွင်းကို ဖောက်ထွက်သွားတယ်။ အဲ့ဒီ့နောက် နန်ကုန်းဟောင် နောက်ကို သူရောက်သွားတော့တယ်။

“သေပေရော့။” မော့ရှန်းရှီ ဒီတစ်ခေါက်တော့ နန်ကုန်းဟောင်ကို အလွတ်မပေး နိုင်တော့ဘူး။ နန်ကုန်းဟောင်ရဲ့ ကျောကို တူနဲ့ ပြစ်လိုက်တယ်။ နန်ကုန်းဟောင် ဖြူဖျော့ သွားတော့တယ်။

သူဖြူဖျော့ သွားပေမယ့် ကြောက်လန့် နေပုံ မရှိဘူး။ တည်ငြိမ် နေခဲ့တယ်။

ဝုန်း။ အရိုးတွေ ကွဲအက်သွားတဲ့ အသံတောင် ကြားလိုက်ရတယ်။ နန်ကုန်းဟောင်ကတော့ သွေးအန် ရပြန်တယ်။ ဒီတစ်ခေါက် သွေးတွေကတော့ သွေးပန်းပွင့်တွေ အဖြစ်ကို ပြောင်းလဲ စုဝေးပြန်တယ်။ နန်ကုန်းဟောင် ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ခံစား လိုက်ရပင်မယ့်၊ လဲကျ မသွားပဲ ပိုပြီး မြန်ဆန်လာတာက အံ့သြစရာ ကောင်းတယ်။

“မဖြစ်နိုင်လိုက်တာ။”

“မသေတဲ့ အပြင် အားပိုကောင်းလာတယ်လား။”

“ဘယ်လိုကြီးလဲ။”

မော့ရှန်းရှီရဲ့ စွမ်းအားကို သိသူတွေက ပိုအံ့သြ နေခဲ့တယ်။ သူ့တိုက်ကွက်ကနေ ဘယ်လိုများ အသက်ရှင် နိုင်တာလဲ။ ဘယ်သူမှ မလုပ်နိုင်ခဲ့ဘူး။ မယုံနိုင်စရာ ကောင်းတဲ့ အမှန်တရားပဲ။

မော့ရှန်းရှီ လန့်သွားခဲ့တယ်။ သူ အစွမ်းကုန် တိုက်ခိုက်ထားတာလေ။ နန်ကုန်းဟောင်က ဒါတောင် မသေဘူး ဆိုတော့ မိစ္ဆာလား။

“မဟုတ်ဘူး။ ဒါက မဖျက်စီးနိုင်တဲ့ ခန္ဒာကိုယ်ပဲ။” မော့ရှန်းရှီ ချက်ခြင်း နားလည်သွားတယ်။

သူ့တူနဲ့ ထိလို့ အသက်ရှင်နိုင်တဲ့ သူက မပျက်စီးနိုင်တဲ့ မျိုးနွယ်သွေး ရှိသူပဲ ဖြစ်နိုင်မယ်။ တိုက်တိုက်ဆိုင်ဆိုင် ရန်ချင်းက နန်ကုန်းဟောင်နဲ့ တိုက်ခိုက် ခဲ့သေးတယ်။ နန်ကုန်းဟောင်က ရန်ချင်းရဲ့ သွေးတွေကို စုပ်ယူခဲ့တယ်။

ဒါက သေချာ စဉ်းစားမှပဲ မှတ်မိနိုင်တယ်။ နန်ကုန်းဟောင်က ဒါကို ကွယ်ဝှက်ပြီး ဖန်ကျန်းရှီနဲ့ တိုက်ခိုက်ချိန်မှာတောင် ထုတ်မသုံးခဲ့ဘူး။

“ကောက်ကျစ်လိုက်တာ။ အခုမှ သုံးဖို့ အစီအစဉ် ဆွဲထားတယ်ပေါ့။ ဒါကို ဝှက်ဖဲ လုပ်ထားတာလား။” မော့ရှန်းရှီ ပင့်သက်ရှိုက်ရင်း တွေးမိတယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကို သူမတားနိုင် တော့ဘူး။

နန်ကုန်းဟောင်က တူရဲ့ အရှိန်ကြောင့် ကောင်းကင်ကို ပိုပြီး အရှိန်ပြင်းပြင်းနဲ့ ပျံတက် နေခဲ့ပြီ။ သစ်ပင်ထိပ်ကို ရောက်တော့မယ်။

မော့ရှန်းရှီတောင်မှ သူ့ကို မတားနိုင်တော့ဘူး။ မုချင်းဖန်းလည်း ကြည့်နေခဲ့တယ်။ ဒါပေမယ့် လေထဲမှာ မော့ရှန်းရှီထက် မြန်တဲ့သူ မရှိနိုင်ဘူးလေ။ မော့ရှန်းရှီတောင် မတားနိုင်မှတော့ မုချင်းဖန်း ဘယ်လိုလုပ် တားနိုင်မှာလဲ။

ဂျိန်း။ နန်ကုန်းဟောင်ကတော့ သွေးပန်းပွင့်တွေကို ဖမ်းဆုပ်ထားလိုက်ပြီ။ နတ်သစ်ပင် ထိပ်ဖျားကို သူ့ခြေထောက်နဲ့ ထိလိုက်တယ်။ သူ့ခြေထောက်အောက်မှာ သစ်ပင်ရဲ့ အကိုင်းအခက်က တောက်ပမှုတွေ သူ့ခန္ဒာကိုယ်ထဲကို စီးဝင် လာကြတော့တယ်။ သစ်ကိုင်းတွေနဲ့ သူပေါင်းစပ် သွားတဲ့ အတိုင်းပဲ။

“ဒီနေ့တော့ နန်ကုန်း မျိုးနွယ်တွေရဲ့ ကံတရားကို ငါပြန်ရေး နိုင်ပြီ။” နန်ကုန်းဟောင်ရဲ့ မျက်ရည်စက်က သွေးပန်းပွင့် ပေါ်ကို ကျသွားခဲ့တယ်။

“နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နန်ကုန်း မျိုးနွယ်တွေ မိသားစု နာမည်ကို ပြောင်းပြီးတော့ သည်းခံခဲ့တယ်။ ငါတို့တွေ အေးစက်ပြီး ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာပဲ နေနိုင်တာကို အသုံးချပြီးတော့ အဲ့ဒီ့ လူတွေက ငါတို့ကို သစ္စာဖောက်ခဲ့တယ်။ သူတို့တွေကတော့ ချမ်းသာ ပျော်ရွှင်တဲ့ ဘဝမှာ နေထိုင်ကြတယ်။”

“နန်ကုန်းဟောင် မင်းတို့ နန်ကုန်းတွေက ဧကရာဇ်ယန်ရဲ့ မျိုးဆက်တွေလို့ ပြောတယ် မဟုတ်လား။ မင်းရဲ့ လုပ်ရပ်ကြောင့် မင်းရဲ့ ဘိုးဘေးတွေကို အပြစ်ပြုမိမှာ မကြောက်ဘူးလား။ မင်းဘာတွေ လုပ်နေတာလဲ။” မော့ရှန်းရှီ ပြောတယ်။

“ငါဘာတွေ လုပ်နေတာလဲ။ ဟ ဟားဟား။ ဘာမှ မလုပ်ပါဘူး။ တရားမျှတမှုကို လိုချင်ရုံပဲ။ နန်ကုန်း မိသားစုက ဘိုးဘေးတွေ ပိုင်ဆိုင်ခဲ့တဲ့ အရာကိုပဲ လိုချင်တာ။ ငါ့ကို တားချင်တယ်ပေါ့။ အိပ်မက် မက်နေလိုက်။” နန်ကုန်းဟောင် အရူးလို ရယ်မောရင်း ပြောနေခဲ့တယ်။ အဲ့ဒီ့နောက် သူ့လက်ထဲက သွေးပန်းပွင့် နတ်သစ်ပင် ထိပ်ဖျားကို ကျသွားတော့တယ်။

အပိုင်း (၈၆၀) ပြီး၏။

All Chapters