← Chapters

အပိုင်း (၉၁၁-၉၂၀)

Vol. 10 Ch. 911-920

အပိုင်း (၉၁၁-၉၂၀)

Vol. 10 Ch. 911-920

အပိုင်း (၉၁၁)

“နိုးထလာခြင်း။”

မြင်းဟီသံတွေနဲ့ အတူ စစ်တပ် တစ်တပ်က မြောက်ရွာ ဝင်ပေါက်မှာ ပေါ်လာခဲ့တယ်။ စစ်သည်တော်တွေ အားလုံးက လေးနက် တည်ကြည် နေခဲ့တယ်။

ဒါကတော့ ထိပ်တန်း မြင်းသည်တော်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ကြီး။ စစ်သည်တော် တစ်ယောက်ချင်းစီ တိုင်းရဲ့ သံခမောက် ပေါ်မှာ သွေးနီရောင် တြိဂံပုံစံ အမှတ်အသားတွေ ရှိနေခဲ့တယ်။

တပ်နီတော်။ မြောက်ပိုင်းဒေသ နတ်ဆိုး ကျောင်းတော်ရဲ့ ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့။

“အဲ့တာ နတ်ဆိုး ကျောင်းတော်က တပ်တွေပဲ။”

“အရှင် သခင်က ကိုယ်တိုင် လာတာလား။”

“အရှင်သခင်ကို ဂါရဝပြုပါတယ်။”

သံခမောက်ပေါ်က အမှတ်အသားကို မြင်ပြီးချိန်မှာတော့ ရွာသားတွေ ချက်ခြင်း ဒူးထောက် ကြတော့တယ်။ နတ်ဆိုး ကျောင်းတော် အရှင်သခင် ချီဟို့ကတော့ ရွာသားတွေရဲ့ အမူအယာနဲ့ ရွာက ပိတ်စဖြူတွေကို မြင်ချိန်မှာ မျက်နှာပျက်သွားခဲ့တယ်။

“ဘာတွေ ဖြစ်ခဲ့တာလဲ။”

“အရှင် ဆိုးယုတ်တဲ့ နတ်ဆိုးတွေက ရွာကို ရောက်လာပြီးတော့ ရွာသူကြီးကို သတ်သွားခဲ့ပါတယ်။” ချီဟို့ရဲ့ စကားကို ကြားချိန်မှာတော့ ရွာသားတွေ တရှုပ်ရှုပ်နဲ့ ငိုကြွေးရင်း ပြောပြကြတော့တယ်။

နောက်ဆုံးတော့လဲ နတ်ဆိုး ကျောင်းတော်က မြောက်ပိုင်း ဒေသမှာ ရှိတဲ့ ခုခံ တိုက်ခိုက်ရေး မဏ္ဍိုင် တစ်ခုပဲ။

“ဆိုးယုတ်တဲ့ နတ်ဆိုးတွေ။ မင်းတို့ ပြောချင်တာ နတ်ဆိုး မျိုးနွယ်တွေ ရောက်လာတာလား။” ချီဟို့ရဲ့ အကြည့်တွေ ရုတ်တရက် အေးစက်သွားတယ်။ “ယန်လေးရော ဘယ်မှာလဲ။ မြောက်ရွာမှာ ရှိနေလား။”

“ဟုတ်ပါတယ်။ အရှင်။ မင်းသမီးက ဖန်မိသားစု အိမ်မှာပါ။”

“မြန်မြန်လေး ငါ့ကို ခေါ်သွား။”

“အမိန့်တော် အတိုင်းပါ။”

…

မြင်းတပ်ကြီးက ဝန်းခြံ တံခါးရှေ့မှာ ပေါ်လာတာကြောင့် ရွာသားတွေက ဘေးဖယ်ပေးကြတယ်။

ချီဟို့ကတော့ ရွာသားတွေကို သိပ်ပြီးတော့ အာရုံမစိုက်ဘူး။ ခပ်မြန်မြန်ပဲ ဖန်မိသားစု ခြံဝန်းထဲကို ဝင်သွားတော့တယ်။ အရမ်းကို စိုးရိမ်နေပုံပဲ။

“အရှင်။” အသံတစ်သံနဲ့ အတူ၊ အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ထားတဲ့ ဝူယွဲ့အာက အိမ်ဝင်ပေါက်မှာ ပေါ်လာတော့တယ်။

“ဝူယွဲ့အာလား။” ချီဟို့ မျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။ “ယန်လေးရော အခြေအနေ ဘယ်လိုလဲ။ ငါကြားတာတော့ သတိလစ်သွား ပြီးတည်းက မနိုးလာသေးဘူးဆို။ ယန်လေးက ငါ့ကို ဘာဖြစ်လို့ လာမကြိုတာလဲ။ တစ်ခုခု ဖြစ်နေတာလား။ ဖန်ကျန်းရှီရော ဘယ်မှာလဲ။”

ချီဟို့ရဲ့ နှုတ်ဖျားကနေ မေးခွန်းတွေ ဆက်တိုက် ထွက်ပေါ် နေခဲ့တယ်။ သူအရမ်းကို စိုးရိမ် ပူပန်နေတာ အသိသာကြီးပဲ။ နောက်ဆုံးတော့လဲ ချီကူယန်က သူ့ဘဝရဲ့ မျှော်လင့်ချက်နဲ့ အကြီးမားဆုံး ဂုဏ်ကျက်သရေ ဖြစ်နေခဲ့တယ်။

“အရှင် အခုချိန် ဒီမှာ ရှိမနေသင့်ဘူး။” ချီဟို့ရဲ့ မေးခွန်းတွေကို ပြန်ဖြေမယ့် အစား ဝူယွဲ့အာက တံခါးမှာ ပိတ်ရပ် နေခဲ့တယ်။

“မင်းဘာကို ဆိုလို ချင်တာလဲ။”

“မြောက်ရွာကို ရောက်ဖို့ ရွှေအကြေးခွံ မြို့တော်ကနေ အနည်းဆုံး ဆယ်ရက် ကြိုထွက်ရတယ်။ အရှင် ကျွန်မ မေးတာကို မဖြေရသေးဘူး။ ဒီလို အချိန်တို အတွင်းမှာ ဘယ်လိုများ အရောက် လာခဲ့တာလဲ။” ဝူယွဲ့အာက ဆက်မေးနေခဲ့တယ်။

“မင်းရဲ့ မေးခွန်းကို ဖြေဖို့ လိုအပ်တာလား။” ချီဟို့ မျက်မှောင်ကြုတ် သွားခဲ့တယ်။

“ဟုတ်ပါတယ်။”

“ကောင်းပြီလေ။ ဖန်ကျန်းရှီ ကြီးမြတ်သောရှကို ပြန်ရောက်လာတဲ့ သတင်းက မြောက်ပိုင်းဒေသ တစ်ခွင်လုံးကို ပျံ့နေတာ ကြာပြီ။ ဒါ့အပြင် ယန်လေး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးတော့ သတိလစ်နေတယ် ဆိုတဲ့ သတင်းပေးချက်လဲ ရသေးတယ်။ ဖန်ကျန်းရှီက သေချာပေါက် မြောက်ရွာကို မြန်နိုင်သလောက် မြန်အောင် ပြန်မှာပဲ။ ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်ရက်တည်းက ငါထွက်လာခဲ့တာပဲ။”

“ဘယ်နေရာကနေ သတင်းပေးချက်ကို ရတာလဲ အရှင်။” ဝူယွဲ့အာက ဖြတ်မေးတယ်။

“ဒါက စစ်သတင်း လျှို့ဝှက်ချက်ပါ။ ငါ့မှာ သတင်းပေးတွေရှိတယ်။ မင်းသိဖို့ မလို။”

“နားလည်ပါပြီ။” ဝူယွဲ့အာက ချီဟို့ရဲ့ စကားကို နောက်တစ်ခေါက် ဖြတ်ပြောပြန်တယ်။ မနက်ခင်း နေရောင်ခြည်ကို ကြည့်ရင်း သူမ မျက်မှောင်ကြုတ်သွားခဲ့တယ်။ “ယွင်ချင်းဝူ တကယ့်ကို အထင်ကြီးစရာ ကောင်းတာပဲ။”

“ဘာဖြစ်တယ် ယွင်ချင်းဝူ။ မင်းဘာကို ဆိုလို ချင်တာလဲ။ မင်းပြောချင်တာ။”

“မနေ့တုန်းက ကန်လင်းတောင်ကို ဖြတ်ပြီးတော့ နတ်ဆိုး စစ်တပ်ကြီး တစ်ခု မြောက်ရွာကို ရောက်လာခဲ့တယ်။ အကယ်၍ ကျွန်မ ခန့်မှန်းတာသာ မှန်မယ် ဆိုရင် ဒီ့ထက် ပိုပြီးတော့ စစ်သည်တော်တွေ များအုန်းမယ်။ ကျွန်မ ပြောချင်တာကို နားလည်လား။”

“မင်း မင်း။” ချီဟို့ရဲ့ တကိုယ်လုံး တုန်ယင် သွားခဲ့တယ်။ သူ့ရဲ့ ခရမ်းရောင် ဝတ်ရုံရှည်ကြီးက ချက်ခြင်း ဆိုသလို တုန်ခါလာတော့တယ်။

“အရှင် ဝင်လို့ ရပါပြီ။”

“ငါ ငါ။”

“အရှင် အများကြီး မစဉ်းစားပါနဲ့။ ရွှေအကြေးခွံ မြို့တော်ကြီးက အရှင်ပြန်တဲ့ အချိန် ကျုးကျော် ခံနေရလောက်ပြီ။ အခုချိန်မှာ ဧကရာဇ်ကို ဘယ်လို တောင်းပန်ရမယ် ဆိုတာပဲ စဉ်းစား ထားသင့်တယ်။

“..” ချီဟို့ စကားထပ်ပြောချင်ပေမယ့် နောက်ထပ် စကားတွေ ထွက်မလာခဲ့ဘူး။

အကယ်၍ ဝူယွဲ့အာသာ မှန်ခဲ့ရင်၊ မြို့တော်သာ ကျုးကျော် ခံရရင် သေချာပေါက် မျှော်လင့်ချက် မရှိတော့ဘူး။ နောက်ဆုံးတော့လဲ သူ့ရဲ့ ပြိုင်ဘက်က ယွင်ချင်းဝူ ဖြစ်နေခဲ့တယ်။

ဒါ့အပြင် ယွင်ချင်းဝူက ဒါကို စီစဉ် ထားခဲ့တာ ကြာပြီ။ အပြည့်အ၀ ပြင်ဆင်ထားတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရင် ရှုံးနိမ့်ရမှာ သေချာတယ်။

…

သုံးရက် ကြာပြီးနောက် ကောင်းကင် အိုအေစစ် သုခမိန်ကြီးက မြောက်ရွာကို အသော့နှင်လာခဲ့တယ်။ ဖန်မိသားစု ခြံဝန်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ သတိလစ်နေတဲ့ ဖန်ကျန်းရှီကို မြင်ချိန်မှာတော့ ခေါင်းခါပြီး နောက်ထပ် ဘာမှ မပြောတော့ဘူး။

နောက် ၂ရက် ကြာပြီးနောက်။ ရွာသူကြီး ကျန်းယန်ဖိန်၊ ဆရာသခင် မော့ချန်းနဲ့ ကန်လင်းတောင်ပေါ်မှာ ရှာတွေ့တဲ့ အလောင်း ၂၃ခုကို မြောက်ရွာ နောက်မှာ အတူတကွ မြုပ်နှံ လိုက်ကြတယ်။

ဒီငါးရက်တာမှာ ချီဟို့က မြောက်ရွာမှာပဲ နေခဲ့တယ်။ ချီကူယန်ရဲ့ အခန်းထဲမှာ စောင့်နေရင်း တစ်ဖဝါးမှတောင် မခွာခဲ့ဘူး။

အချိန်တွေက ခပ်မြန်မြန်ပဲ ကုန်ဆုံးတယ်။ ငါးရက် အချိန်က မျက်တောင် တစ်ခတ် အတွင်းမှာ ကုန်ဆုံး သွားခဲ့ပြီ။

“သ သတင်း ပို့ပါတ။် အရှင်။ ရွှေအကြေးခွံ မြို့တော် ကျုးကျော် ခံရပြီ။”

“သိပြီ။” ချီဟို့က အပြင်မှာ ဒူးထောက်နေတဲ့ ဆက်သားကို ကြည့်ရင်း အခန်းထဲ ပြန်ဝင် သွားခဲ့တယ်။ ချီကူယန်ကတော့ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ သားရေ အခင်း အိပ်ယာပေါ်မှာ လဲလျောင်းနေခဲ့တယ်။ သူမရဲ့ အသက်ရှူသံက အရမ်းကို နှေးကွေး နေခဲ့တယ်။

“ယန်လေး။ အဖေက မင်းနဲ့ ဧကရာဇ်ကို မျှော်လင့်ချက် ပျက်စေခဲ့ပြီ။ အဖေ တစ်ယောက် ဖြစ်ပြီးတော့ မင်းကို မကာကွယ် နိုင်ဘူး။ စစ်အကြီးအကဲ တစ်ယောက် အနေနဲ့လဲ ရွှေအကြေးခွံ မြို့တော်က လူတွေကို မကာကွယ် နိုင်ခဲ့ဘူး။ ဒီအဖေက အသုံးမကျဘူး။ တကယ် အသုံးမကျဘူး။”

“…”

ခြံငယ်လေးထဲမှာ ဝတ်ရုံနက်ကို ဝတ်ထားတဲ့ ဝူယွဲ့အာက ပန်းပင်တွေကို ရေလောင်းနေခဲ့တယ်။

“အရှင် ရန်မြို့တော်ကြီးဆီ သွားပြီးတော့ တောင်းပန်မှာလား။”

“ဟုတ်တယ်။ ယန်လေးကို စောင့်ရှောက်ဖို့ မင်းကိုပဲ အကူအညီ တောင်းရအုန်းမယ်။ ကျေးဇူး အများကြီး တင်ပါတယ်။” ချီဟို့က တစ်ခဏတာ မျက်လုံး ပြူးသွားပေမယ့် နောက်ဆုံးမှာတော့ ခေါင်းငြိမ့်လိုက်တယ်။

“အရှင်၊ ချီကူယန်ကို ခေါ်မသွားဘူးလား။”

“ငါက အခု အပြစ်သား ဖြစ်နေပါပြီ။ ရန်မြို့တော်ကြီးကို သွားတဲ့ လမ်းက ငါ့အတွက် ကျိန်စာလိုပဲ။ ယန်လေးကို ဘယ်လိုများ ခေါ်သွားလို့ ရမှာလဲ။” ချီဟို့က ညှိုးငယ်နေခဲ့တယ်။

“အင်း ။မှန်ပါတယ်။” ဝူယွဲ့အာ မအံ့သြ ခဲ့ဘူး။ ရေကရားကို ချလိုက်ရင်း ပြောတယ်။ “ဒီတော့ အရှင်သခင်က ဒီခရီးပြီးရင် ချီကူယန်ကို ဘယ်တော့မှ ပြန်မတွေ့ ရတော့ဘူးလို့ ထင်နေတာလား။”

“ယန်လေး။ ငါ။”

“အရှင် ကြားချင်မလား မသိပေမယ့်၊ ကျွန်မ အကြံ ပြုစရာ ရှိပါတယ်။”

“ကျေးဇူးပြုပြီး ပြောပါ။”

“ရွှေအကြေးခွံ မြို့တော်က ကျုးကျော်ခံရ ပေမယ့်၊ မြောက်ပိုင်း ကျောင်းတော် ငါးခုက အခြေခိုင်နေ တုန်းပါပဲ။ အကယ်၍ ရွှေအကြေးခွံ မြို့တော်ကို ပြန်စုစည်းဖို့ အမိန့်သာ ပေးနိုင်ခဲ့ရင်၊ တပ်တွေလဲ ပြန်စုစည်းမှာပါ။ လက်ရှိ အချိန်မှာ အကယ်၍ အရှင်သာ အင်အားကြီး တပ်ဖွဲ့ တစ်ခုကို အခိုင်အမာ လက်ဝယ်ထားနိုင်ရင်၊ မြောက်ပိုင်း ကျောင်းတော် ငါးခုက အရှင့်ကို ဘယ်လို စွဲချက် တင်နိုင်မှာလဲ။”

“မင်းဘာကို ပြောချင်တာလဲ။ နိုင်ငံကို သစ္စာ ဖောက်ခိုင်း နေတာလား။”

“ဟဟား။ အရှင်က ထက်မြက်တဲ့လူပါ။ ဘယ်လိုများ ဒီလောက်ထိ ရူးမိုက်ရမှာလဲ။ အရှင်ထပ်ပြီးတော့ စဉ်းစား လိုက်ရင်၊ ကျွန်မ ပြောချင်တာကို နားလည်လာမှာပါ။”

“..” ချီဟို့ကတော့ မျက်မှောင်ကြုတ်ရင်း တိတ်ဆိတ် နေခဲ့တယ်။ ဒါပေမယ့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မျက်လုံးတွေက လင်းလက်လာတယ်။ “ငါ့ကိုယ်ငါ ပြန်ကယ်ဖို့ ပြောချင်တာလား။”

“အရှင်က တကယ့်ကို ထက်မြက်တာပဲ။ အရှင့်လောက် မြောက်ပိုင်း နယ်မြေတွေကို နားလည်တဲ့သူ ဘယ်သူ ထပ်ရှိနိုင်အုန်းမလဲ။ ကျောင်းတော် ငါးခုက တပ်တွေကို ဦးဆောင်ဖို့ သင့်တော်တာ ဘယ်သူ ထပ်ရှိမလဲ။ ကျွန်မ ဆိုလိုချင်တာကို အရှင်သခင် နားလည်မယ် ထင်ပါတယ်။ ရန်မြို့တော်ကို အခုချိန်မှာ သွားရင်၊ ဧကရာဇ်က မသတ်ရင်တောင် သေချာပေါက် စွဲချက် တင်မှာပဲ။ အနည်းဆုံးတော့ ထောင်ချလိမ့်မယ်။ မြောက်ပိုင်း နယ်မြေ ကျောင်းတော် ငါးခုကတော့ နတ်ဆိုးတွေ လက်ထဲကို ရောက်သွားလိမ့်မယ်။”

“ဒီတော့ တပ်တွေကို ပြန်စုစည်းပြီး ရွှေအကြေးခွံ မြို့တော်ကို ပြန်တိုက်ယူ စေချင်တာလား။”

“မဟုတ်ဘူး။ ယွင်ချင်းဝူက မြို့တော်ကို သိမ်းပိုက် ပြီးမှတော့၊ အချိန်တို အတွင်း ပြန်သိမ်းယူ နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်မ ဆိုလိုချင်တာက မြောက်ပိုင်း နယ်မြေ ကျောင်းတော် ငါးခုရဲ့ စွမ်းအားကို ယာယီ ထိန်းချုပ် ထားဖို့ပဲ။” ဝူယွဲ့အာ ခေါင်းခါလိုက်တယ်။

“မြောက်ပိုင်း ကျောင်းတော် ငါးခုက လူတွေ ဒုက္ခခံနေရတာ မြင်ပြီးတာတောင် ငါ့ကို ဘာမှမလုပ်ပဲ နေစေချင်တာလား။ မဖြစ်နိုင်ဘူး။” ချီဟို့က ချက်ခြင်း ခေါင်းခါတယ်။

“အရှင် တွေးကြည့်လို့ ရပါတယ်။ မြောက်ပိုင်းဒေသ ကျောင်းတော် ငါးခုရဲ့ အခြေအနေကို ခိုင်မာအောင် စောင့်ဆိုင်းပြီး တိုက်ခိုက်ဖို့ အချိန်ကျတဲ့ အထိ နေမလား။ အခုပဲ စတေးလိုက်မလား။” ဝူယွဲ့အာ ပြောတယ်။

“ဝူယွဲ့အာ၊ မင်း။ ကောင်းပြီ။ မင်းအစီအစဉ်ကို ပြော။”

“အရင်ဆုံး ရန်မြို့တော်ကို စာပို့ပြီးတော့ ဆုလဒ် တောင်းဆိုပါ။ ရွှေအကြေးခွံ မြို့တော်ကို ငါးစာ အဖြစ် သုံးပြီးတော့ နတ်ဆိုး တပ်စုကြီးကို ထိန်းချုပ် လိုက်တဲ့ အကြောင်း ပြောပြီး၊ ရန်မြို့တော်ကို စစ်ကူတောင်းပါ။ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ပြောပါ။”

“ရွှေအကြေးခွံ မြို့တော်ကို ငါဆုံးရှုံး ခဲ့ရပြီ။ ဒါတောင် ဆုလာဒ် တောင်းဆို ခိုင်းနေတာလား။”

“အရှင်က အပြစ်ပေးဖို့ တောင်းဆိုချင်တာလား။ ဒီလို ဆိုရင်တော့ ချက်ခြင်း အမိန့်ရောက်လာမျာ သေချာတယ်။ ပြီးရင်တော့ အရှင်က ရာထူးကနေ ထုတ်ပယ်ခံရပြီး ပုန်ကန်သူ ဖြစ်သွားလိမ့်မယ်လေ။”

“…” ချီဟို့က နှုတ်ခမ်းတွေကို တင်းတင်းစေ့ရင်း မျက်မှောင်ကြုတ်ထားတယ်။ လက်တွေ ဖြူဖွေးလာတဲ့ အထိ လက်သီးကို ကျစ်ကျစ်ပါအောင် သူဆုပ်ထားတယ်။ နောက်ဆုံးမှာတော့ ဝူယွဲ့အာကို ကြည့်လိုက်ရင်း သူပြောတယ်။ “ပြော။ ငါဘာလုပ် သင့်လဲ။”

“ရွှေအကြေးခွံ မြို့တော်ကို ဆုံးရှုံးပြီးတဲ့နောက် အရှင့်ရဲ့ တောင်းဆိုချက်ကို တော်ဝင် ညီလာခံက အတည်ပြု ပေးမှာ မဟုတ်မှန်း လူတိုင်း သိလိမ့်မယ်။ ဒါပေမယ့် အရှင့်စာကြောင့် တော်ဝင် ညီလာခံက လူတွေ အရှင့်မှာ ပုန်ကန်ဖိုက အစီအစဉ် ရှိနေတယ်လို့ သိသွားကြလိမ့်မယ်။ အကယ်၍ ကျွန်မ ထင်တာသာ မမှားရင်၊ တစ်ချို့ အရာရှိတွေက အရှင့်ကို သတ်ဖို့ စောင့်နေကြပြီ။”

“ဆက်ပြီးတော့ ပြော။”

“တော်ဝင် ညီလာခံက အရှင့်စိတ်ကို သိစေဖို့ အတွက် စစ်သည်တော်တွေ ပို့လိမ့်မယ်။ ဒါပေမယ့် လက်ရှိ အခြေအနေကို ကြည့်ရင်း အရှင့်ကို အပြစ်ပေးဖို့ တော်ဝင်ညီလာခံက လူတွေ လုပ်ဝံ့မှာ မဟုတ်ဘူး။ အရှင် ထိန်းချုပ်ထားတဲ့ တပ်တွေကိုလဲ စဉ်းစားရမယ်။ ဒါကြောင့် အရှင့်ကို ပုန်ကန်ဖို့ သူတို့ ဖိအား ပေးကြမှာ မဟုတ်ဘူး။”

“ဆက်ပြော။”

“အရှင့်ကို ထိန်းချုပ် နိုင်ဖို့ အတွက် တော်ဝင် ညီလာခံက အရှင့်တောင်းဆိုချက်ကို သဘောတူလိမ့်မယ်။ မြောက်ပိုင်း ကျောင်းတော် ငါးခုကို ထိန်းချုပ်နိုင်တဲ့ စစ်ဘက် အရာရှိ အဖြစ် ဆက်ပြီးတော့ ရှိနေမှာပဲ။ တော်ဝင် ညီလာခံက အရှင့်ကို စားနပ်ရိက္ခာနဲ့ စစ်သည်တော်တွေ ထောက်ပံ့ပေးမှာ မဟုတ်ပေမယ့်၊ မြောက်ပိုင်း နယ်မြေက အားလုံးကို သုံးလို့ ရတယ်။ အရေးအကြီးဆုံး ကတော့။”

“ဘာလဲ။” ချီဟို့ စိတ်မရှည်နိုင်ပဲ မေးတော့တယ်။

“အရှင်ဧကရာဇ်က အရည်အချင်း မပြည့်ဝတဲ့ သူလို့ ထင်လား။”

“မင်းဘယ်လိုတောင် ပြောဝံ့တာလဲ။ အရှင် မင်းမြတ်က ဉာဏ်ပညာ မြင့်မားတယ်။ အမြင်ကျယ်တယ်။ ပြီးတော့ ဆုပေး ဒဏ်ပေး ညီမျှတယ်။ ဘယ်လိုများ အရည်အချင်း မပြည့်ဝတဲ့သူ ဖြစ်ရမှာလဲ။”

“မဟုတ်ဘူး။ အရှင်က ကြီးမြတ်သော ရှနိုင်ငံတော်ကို အမြဲ သစ္စာ ရှိခဲ့တယ်။ ဒါကို ရုတ်တရက် ပုန်ကန်တဲ့ အပြစ်လုပ်တယ်။ ဒါကို အရှင်မင်းမြတ်က တစ်ခုခု လွဲနေမှန်း မသိလောက်ဘူးလို့ ထင်နေတာလား။”

“ဒါ။ ငါနားလည်ပြီ။ အရိပ် မျိုးနွယ်စု ခေါင်းဆောင်က ကြီးမြတ်သောရှမှာ ထိပ်တန်း မျိုးနွယ် ဖြစ်နေတာ အံ့သြစရာ မရှိဘူး။ ဒီနေ့ မင်းဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။ ကျေးဇူး တင်ပါတယ်။” ချီဟို့က ဝူယွဲ့အာကို ဦးညွှတ်ရင်း တပ်နီတော် စခန်းချထားတဲ့ နေရာဆီကို အရှိန်ပြင်းပြင်း ပြေးထွက် သွားတော့တယ်။

ဝူယွဲ့အာကတော့ လှဲလျောင်းနေတဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ ချီဟို့က သူမရဲ့ အကြံ ပေးချက်ကို လက်ခံမှန်း သူမသိတယ်။ အရိပ်မျိုးနွယ် ခေါင်းဆောင် အနေနဲ့ သူမက ကြီးမြတ်သောရှရဲ့ စစ်ဘက် ရေးရာကို ပါဝင် ပတ်သက်ဖို့ မလိုဘူး။

ဒါတောင် သူမ ပါဝင်ခဲ့တယ်။ နောက်ထပ် ဖြစ်လာမယ့် ကိစ္စတွေက လူသားမျိုးနွယ် ကမ္ဘာ မြေမှာ အသက်ရှင်သန်ရေးနဲ့ ပတ်သက်နေတာကို သူမ နားလည် ထားလို့ပဲ။

“အရှက်မရှိတဲ့ ကောင်စုတ်။ နင့်အတွက် အားလုံးကို ငါပြင်ဆင် ပြီးပြီ။ နင်မြန်မြန် ထလာတော့။ ငါစောင့်နေတယ်။” ဝူယွဲ့အာက ဖန်ကျန်းရှီရဲ့ အိပ်ယာဘေးကို ဖြည်းဖြည်းချင်း လျှောက်လာတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။

ဖြစ်ရပ်က မြန်ဆန်ပေမယ့်၊ ဝူယွဲ့အာက ချက်ခြင်း မျက်နှာတွေ နီရဲ သွားတယ်။

“အဟွတ် ဟွတ။် ယွဲ့အာ။ ကျန်းအာ နိုးမလာသေးဘူးလား။” ချီရှင်းလိန်ရဲ့ အသံကို တံခါးကနေ ကြားလိုက်ရတယ်။

“အမ်။ ဟုတ် နိုးမလာသေးဘူး။”

“…”

…

မျက်တောင် တစ်ခတ် အတွင်း တစ်လ အချိန်က ကုန်ဆုံး သွားခဲ့ပြီ။

ကျမ်းကောင်းကင်တောင် တိုက်ပွဲ ပြီးချိန်ကနေ နှစ်လခွဲ အချိန် ကုန်ဆုံး သွားခဲ့ပြီ။ မြောက်ရွာကလဲ ပြန်အေးချမ်း နေခဲ့တယ်။ ကွာခြားချက် တစ်ခုကတော့ မြောက်ရွာရဲ့ ပတ်ပတ်လည်မှာ တပ်နီတော်ကြီး စခန်းချ ထားခဲ့တာပဲ။ ဒါ့အပြင် ကျောင်းတော် ငါးခုရဲ့ တပ်တွေကလဲ တောင်ထဲမှာ ပုန်းအောင် နေခဲ့တယ်။

ချီကူယန်နဲ့ ဖန်ကျန်းရှီကတော့ သတိ လစ်နေဆဲ။

“တစ်လ။ တစ်လတောင် ရှိသွားပြီ။ အရှက်မရှိတဲ့ ကောင်စုတ် နိုးမလာသေးဘူးလား။ လောကကြီး တစ်ခုလုံးက ဒီတစ်လ အချိန် အတွင်းမှာ လုံး၀ ပြောင်းလဲ သွားတာကို နင်သိလား။” ဖန်ကျန်းရှီဘေးမှာ တစ်လလုံးလုံး အဖော်ပြု နေရတာ သူမ အရမ်းကို ပင်ပန်း နေခဲ့ပြီ။

ဒါပေမယ့် သူမ အနားမယူခဲ့ဘူး။ အကယ်၍ ဖန်ကျန်းရှီသာ ရုတ်တရက် နိုးလာခဲ့ရင်၊ ပထမဆုံး တွေ့တဲ့သူက သူမ မဖြစ်မှာ ကြောက်နေခဲ့တယ်။ ဒါပေမယ့် သူမ မျက်လုံးတွေ မဖွင့်နိုင်တော့တဲ့ အထိကို ပင်ပန်းနေခဲ့ပြီ။

“…”

တောက်ပတဲ့ လရောင်က ပြတင်းပေါက်ကနေ ဖြတ်သန်းရင်း ဝူယွဲ့အာရဲ့ ကျောပေါ်ကို ကျရောက်လာတယ်။

ဝူယွဲ့အာကတော့ ဖန်ကျန်းရှီရဲ့ ဘေးမှာ မျက်လုံးတွေကို ပိတ်ထားရင်း စောင့်နေဆဲ။ သူမရဲ့ အသက်ရှူသံက လေးလံ နေခဲ့တယ်။ မျက်လုံးထောင့်မှာလဲ မျက်ရည်စတွေက မခြောက်သေးဘူး။

ရုတ်တရက် ဆိုသလို သတိလစ်နေတဲ့ ဖန်ကျန်းရှီက ရုတ်တရက် မျက်လုံး ပွင့်လာတော့တယ်။ သူ့မျက်လုံးတွေက ပြူးကျယ် ဝိုင်းစက် နေခဲ့တယ်။

အပိုင်း (၉၁၁) ပြီး၏။

အပိုင်း (၉၁၂)

“အကယ်၍ မင်းခြေလှမ်း အကျယ်ကြီး လှမ်းရင်၊ မင်းရဲ့ ဘောလုံးတွေ နာကျင် ရလိမ့်မယ်။”

တိတ်ဆိတ်မှုက ဖန်ကျန်းရှီ မျက်လုံး ဖွင့်လိုက်တဲ့ အချိန်မှာပဲ ပျောက်ကွယ် သွားတော့တယ်။

ဝုန်း။

ကောင်းကင်ကနေ လျှပ်စီးတန်းကြီး တစ်ခု ဆင်းသက်လာတယ်။ ငွေဖြူရောင် လျှပ်စီးတန်းကြီးက မိုးကောင်းကင် တစ်ခုလုံးကို လင်းထိန်စေပြီး မျက်လုံးတွေကို ကျိန်းစပ် သွားစေခဲ့တယ်။

“မိုးရွာတော့မှာလား။”

“ဘာဖြစ်လို့ ရုတ်တရက် မိုးကြိုး ပြစ်တာလဲ။”

“..”

အိပ်မပျော်သေးတဲ့ ရွာသား တစ်ချို့ကတော့ ပြတင်းပေါက်ကို ဖွင့်ရင်း အပြင်ကို ကြည့်နေကြတယ်။ ဒါပေမယ့် ကောင်းကင်ကို မော့ကြည့် ပြီးချိန်မှာတော့ မှောင်မည်းတဲ့ ကောင်းကင်ကြီးနဲ့ တလက်လက် တောက်ပနေတဲ့ ကြယ်ပွင့်တွေကိုသာ တွေ့လိုက်ရတယ်။ မုန်တိုင်းကျမယ့် အရိပ်အယောင် မ၇ှိခဲ့ဘူး။

“ငါပဲ နားကြားမှားတာလား။”

“လျှပ်စီးလက်ပြီး မိုးကြိုးပြစ် ပင်မယ့်၊ မိုးမရွာဘူး။ ထူးဆန်းလိုက်တဲ့ ရာသီဥတု။”

“ပိုပြီးတော့တောင် ပူလာပြီပဲ။”

ရွာသားတွေက ပူလောင်လွန်းတဲ့ ရာသီဥတုကြောင့် မိုးရွာဖို့ မျှော်လင့် နေကြတယ်။ ဒါပေမယ့် သူတို့တွေ စိတ်ပျက် သွားခဲ့ကြတယ်။

ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အိမ်ထဲမှာတော့ ဖန်ကျန်းရှီက မျက်လုံးတွေ အပြည့်အ၀ ပွင့်နေခဲ့ပြီ။ သူ့မျက်လုံးထဲမှာ ပြန်လည်မွေးဖွားမှု စက်ကွင်းက လှည့်ပတ်နေခဲ့တယ်။ အပြာ၊ အစိမ်း၊ အနီ၊ အနက် အရောင်လေးရောင်က စက်ကွင်းထဲမှာ ပေါ်ထွက်လာတယ်။

ကောင်းကင်တာအို၊ သေရှင်တာအို၊ အဇူရာတာအို၊ ငရဲတာအို ပြန်လည်မွေးဖွားမှု တာအို လေးခု။

တစ်ချိန်တည်းမှာပဲ ငွေရောင် အလင်းတန်း တစ်ခုက ပြတင်းပေါက်ကို ဖြတ်သန်း ဝင်ရောက် လာပြီးတော့ ဖန်ကျန်းရှီရဲ့ မျက်လုံးထဲကို ရောက်သွားတော့တယ်။ နဂါးတစ်ကောင် ပြန်လာ သလိုပဲ။

ဝူး။ မိုးမြေ တစ်ခွင်လုံး တုန်ခါသွားခဲ့တယ်။

ဖန်ကျန်းရှီရဲ့ မျက်လုံးထဲကို ရောက်လာတဲ့ ငွေရောင် သင်္ကေတက တိမ်တွေ ရွေ့လျားနေတဲ့ သက်ဝင် လက္ခဏာတွေ ပြည့်နှက်နေတယ်။

“ဒါ ဒါက ငါ့အိမ်လား။” သူ့အခန်းနဲ့ ရင်းနှီးနေတဲ့ ပရိဘောဂတွေကို ကြည့်ရင်း သူ့မျက်လုံးထဲက အလင်းတန်း တဖြည်းဖြည်းချင်း ပျောက်ကွယ် သွားတော့တယ်။

ဒီအချိန်မှာပဲ သူ့နားထဲကို အသက်ရှူသံ ပြင်းပြင်းနဲ့ အတူ၊ အော်သံ တစ်ခုက ဝင်ရောက် လာတော့တယ်။

“နင် ဘယ်ကကောင်လဲ။ ငါအနားယူနေတာကို နှောက်ယှက် ဝံ့တယ်ပေါ့။ နင့်ကို ငါ့ဓားနဲ့ သတ်မယ်။”

“..” ဖန်ကျန်းရှီ မျက်လုံး ပြူးသွားတယ်။ သူ့အိပ်ယာဘေးကို ကြည့်လိုက်တော့ ပုခုံးပေါ်မှာ ဆံနွယ်ရှည်တွေ ဝဲကျနေတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတယ်။

ဝူယွဲ့အာကို နှိုးဖို့ စိတ်ကူးလိုက်ပေမယ့် နောက်ဆုံးမှာတော့ မလုပ်ခဲ့ဘူး။ လက်ဝါးတွေကို ဖြည်းဖြည်းချင်း လှုပ်ရှား လိုက်ချိန်မှာတော့ အပြာရောင် အလင်းတန်းက တောက်ပ လာတော့တယ်။ အဲ့ဒီ့နောက်မှာတော့ ဝူယွဲ့အာက အိပ်ယာပေါ်ကို ရောက်သွားတယ်။ ဖန်ကျန်းရှီကတော့ အိပ်ယာပေါ်မှာ မရှိတော့ဘူး။

ကောင်းကင် တာအို၊ နေရာရွေ့ပြောင်းခြင်း။

ဝူယွဲ့အာကို အိပ်ယာပေါ်မှာ ဖြည်းဖြည်းလေး ချလိုက်ပြီးတဲ့နောက် ခြံဝန်းထဲကို ဖြည်းဖြည်းချင်း ဆင်းလျှောက်တော့တယ်။ အတော့်ကို နောက်ကျ နေခဲ့ပြီ။ မြောက်ရွာရဲ့ လေအေးအေးကို ရှူရှိုက်ရင်း ဖန်ကျန်းရှီ အကြောလျှော့ပြီး ခါးတွေကို လှည့်လိုက်တယ်။ နေရာတစ်နေရာ ရှာပြီးတော့ ထိုင်တယ်။

သူဘယ်လောက်ထိ ကြာအောင် အိပ်ပျော်နေခဲ့မှန်း ဖန်ကျန်းရှီ မသိခဲ့ဘူး။ ဒါပေမယ့် အချိန် အတော်ကြီး ကြာမှန်းတော့ သေချာ သိခဲ့တယ်။

ခမ်းနား ပြင်းထန်တဲ့ အတွင်းပိုင်း ပေါက်ကွဲ အားတွေကြောင့် ဖန်ကျန်းရှီရဲ့ အာရုံစူးစိုက်မှုက ပြောင်းလဲ သွားတော့တယ်။ တောက်ပတဲ့ အရောင် ငါးရောင် လွှမ်းခြုံထားတဲ့ သမုဒ္ဒရာကြီး တစ်ခု သူ့မျက်စိရှေ့ကို ရောက်လာတယ်။

ဒါက သူ့ရဲ့ စိတ်အာရုံနယ်မြေငယ်ပဲ။

သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲမှာ ပင်လယ်ကနေ သမုဒ္ဒရာကြီး အဖြစ်ကို ပြောင်းလဲ သွားခဲ့ပြီ။ အထက် ကောင်းကင်မှာတော့ ငါးရောင်ခြယ် ပန်းပွင့်တွေက ရွှေရောင် သစ်သီးကြီးကို ဝန်းရံထားရင်း လှည့်ပတ်နေခဲ့တယ်။

“ကျန်းအာ။ ကျန်းအာ နိုးလာတာလား။” ဖန်ကျန်းရှီ အနီးကပ် ကြည့်ဖို့ လုပ်နေချိန်မှာပဲ။ အသံ သေးသေးလေး တစ်သံကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် လူတစ်ယောက်ရဲ့ ပုံရိပ်က ဖန်ကျန်းရှီ ရှေ့ကို ရောက်လာတော့တယ်။ ဇရာရဲ့ သင်္ကေတ အရေးအကြောင်းတွေ ပြည့်နှက်နေတဲ့ မျက်နှာ တစ်ခုကို သူမြင်လိုက်ရတယ်။

နူးညံ့ပုံ ပေါက်ပေမယ့် မမြင်ရတဲ့ စိတ်ဓာတ် ခိုင်မာမှုတွေက မျက်နှာမှာ အထင်းသား။

“အမေ။” ဖန်ကျန်းရှီရဲ့ မျက်လုံးမှာ မျက်ရည်တွေ ရစ်ဝဲ လာတော့တယ်။

“ကျန်း ကျန်းအာ တကယ်ပဲ နိုးလာတာလား။ အမေပဲ အိပ်မက်မက် နေတာလား။ ငါ့ကျန်းအာလေး။ နောက်ဆုံးတော့ နိုးလာပြီပေါ့။ သား တစ်လတောင် အိပ်နေခဲ့တာ။”

“အမေ အိပ်မက်မက်နေတာ မဟုတ်ဘူး။ ကျန်းအာ တကယ်ပဲ နိုးလာပြီ။” ဖန်ကျန်းရှီက သူ့အမေကို ဖက်ထားရင်း ပြောနေခဲ့တယ်။

ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် မတည်မငြိမ် ဖြစ်နေတာတွေ ရုတ်တရက် ငြိမ်သက်သွားတယ်။ အမေ့ ကိုယ်ငွေ့ကြောင့် အရာအားလုံး ငြိမ်းချမ်း သွားသလိုပဲ။

“ကျန်းအာ မေ့သားလေး။ နောက်ဆုံးတော့ နိုးလာပြီ။” ချီရှင်းလိန်ရဲ့ မျက်လုံးထဲမှာလဲ မျက်ရည်တွေ ရစ်ဝဲ နေခဲ့တယ်။ တစ်ခဏ ကြာပြီးတဲ့နောက် ချီရှင်းလိန် တစ်ခုခုကို သတိရ သွားတယ်။ “ကျန်းအာ။ ဆာနေလောက်ပြီ။ အမေ သားအတွက် တစ်ခုခု လုပ်ပေးမယ်။ ဒီလောက် အကြာကြီး အိပ်ထားတာ သေချာပေါက် ဆာနေမှာပဲ။”

ချီရှင်းလိန်က ဖန်ကျန်းရှီ ပြန်ဖြေတာကို မစောင့်တော့ဘူး။ မီးဖိုချောင်ထဲကို ပြေးဝင်သွားခဲ့ပြီ။ သူမရဲ့ ဖြူဖျော့ဖျော့ မျက်နှာမှာ ပျော်ရွှင်မှု အရိပ်အယောင်တွေ တောက်ပ နေခဲ့တယ်။

“သား ဆာနေပြီ။” ဖန်ကျန်းရှီ သူမကို မတားခဲ့ဘူး။ သူ့အမေ မအိပ်သေးတဲ့ အချိန်ကိုက်မှာ သူနိုးလာခဲ့တာပဲ။

ချီရှင်းလိန် အတွက်တော့ သူ့သားလေး နိုးနိုးချင်းမှာ အစားအသောက် စားဖို့ ပြင်ပေး ရတာက အပျော်ရွှင်ရဆ့ုး ကိစ္စ ဖြစ်လိမ့်မယ်။ ဒီတော့လဲ ဖန်ကျန်းရှှီ ဘယ်လိုများ တားမြစ်နိုင်မှာလဲ။

“အမေ။ သား ကြက်ဥခေါက်ဆွဲ စားချင်တယ်။ ကြက်ဥ နှစ်လုံး ထည့်ပေးနော်။” ဖန်ကျန်းရှီ မီးဖိုချောင်ထဲမှာ အလုပ်များနေတဲ့ အမေကို ကြည့်ရင်း ပြောလိုက်တယ်။

“ကောင်းပြီ ကောင်းပြီ။ အမေ အခုပဲ သွားပြင်ပေးမယ်။ ကျန်းရှီ။ သားတစ်လလုံးလုံး အိပ်နေတာလေ။ ကြက်ဥ နှစ်လုံးတည်းနဲ့ ဘယ်လိုလုပ် ဝမှာလဲ။ အခုချိန်မှာ မိသားစု စီးပွားရေးလဲ အဆင်ပြေ နေပြီ။ တောက်နောက်မှာ မီးတောက် အမွှေးဖွာကြက်တွေ အများကြီး ရှိတယ်။ ရွာသားတွေက သားကြိုက်တတ်တာတွေကို အခုတလော လာပို့ထားတာ အများကြီးပဲ။” ချီရှင်းလိန်က အိုးဆေးရင်း ပြောနေခဲ့တယ်။

…

ကောင်းကင်မှာ ပထမဆုံး နေရောင်ခြည် ထွက်ပေါ်လာချိန်မှာပဲ ဝူယွဲ့အာ အိပ်မက်ကနေ နိုးလာတော့တယ်။ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ သူမရဲ့ ပိတုန်းရောင် ဆံကေသာတွေက ပွယောင်းနေတယ်။

ဒါပေမယ့် အိပ်ယာဘေး ပြတင်းပေါက် အပြင်မှာ ထိုင်နေသူကို ကြည့်ရင်း မျက်လုံးတွေ ရုတ်တရက် ပြူးကျယ် သွားတယ်။

သူ့မြင်ကွင်းကလဲ မှုန်ဝါးသွားတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ နင် နိုးလာပြီလား။ တကယ်ပဲ နိုးလာပြီ။” ဝူယွဲ့အာရဲ့ မျက်နှာက မယုံနိုင်မှုတွေ ပြည့်နှက် နေခဲ့တယ်။ ဒါပေမယ့် အိပ်ယာပေါ်ကနေ ချက်ခြင်း ခုန်ထရင်း ဆက်တိုက် စကားပြောနေ ခဲ့တယ်။

“ဝါး။ မင်း ဘာဖြစ်လို့ အဝတ်အစား မဝတ်ထားတာလဲ။” အိပ်ယာပေါ်က ခုန်ထလာတဲ့ ဝူယွဲ့အာကို ကြည့်ရင်း ဖန်ကျန်းရှီ မေးလိုက်တယ်။

“အမ် အဝတ်အစားတွေ။ ငါ ဝတ်ထားသားပဲ။” ဝူယွဲ့အာ မျက်နှာ တစ်ခုလုံး ချက်ခြင်း နီရဲ သွားပြီးတော့ သူမရဲ့ ကိုယ်ပိုင် အစိတ်အပိုင်းတွေကို ချက်ခြင်း ဖုံးကွယ်လိုက်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောသလို မဟုတ်ပဲ တကိုယ်လုံး အဝတ်အစားတွေ ပြည့်နေတာကို သူမ ချက်ခြင်း တွေ့လိုက်ရတယ်။

တစ်ခဏတာ မျက်လုံး ပြူးသွား ပြီးနောက် သူမရဲ့ မျက်ဝန်းထဲမှာ ဒေါသ ရိပ်တွေ လင်းလက် လာတော့တယ်။ “အရှက်မရှိတဲ့ ကောင်စုတ်။ နင်ငါ့ကို ဘယ်လိုတောင် လိမ်ဝံ့တာလဲ။”

ဖန်ကျန်းရှီကို လိုက်ဖမ်းဖို့ ပြတင်းပေါက် အပြင်ကို ခုန်ထွက် လိုက်ချိန်မှာပဲ၊ ဦးချိုစိမ်း ဆတ်ကြီး တစ်ကောင်ကို ဖန်ကျန်းရှီ ထိုင်ကင်နေတာ တွေ့လိုက်ရတယ်။

“စားချင်လား။” ဖန်ကျန်းရှီက အသားကင်ကို ပြုံးပြရင်း မေးတယ်။

“ဒါပေါ့။ နင်ကင်တဲ့ အသားကို မစားရတာ ကြာလှပြီ။ သေချာပေါက် စားရမှာပေါ့။” ဝူယွဲ့အာက ပြောရင်း ဖန်ကျန်းရှီ ဘေးမှာ ဝင်ထိုင်တယ်။ အဲ့ဒီ့နောက် တစ်ခုခု ပြောဖို့ ပါးစပ်ပြင်တယ်။

“ငါအခု စိတ်ကောင်းဝင် နေတယ်။ တစ်ခုခု မေးစရာ ရှိရင် မေးလိုက်။” အရမ်းကို တောက်တောက်ပပကြီး ပြုံးပြရင်း ဖန်ကျန်းရှီ ပြောတယ်။

“နင် အမုန်းတရားတွေ အခုချိန်မှာ တကယ်ပဲ မခံစား ရတော့ဘူးလား။” ဝူယွဲ့အာ သိလိုစိတ် အပြည့်နဲက မေးတယ်။

“ငါခံစား ရတာပေါ့။ ဘယ်လိုလုပ် မခံစားရပဲ နေမလဲ။”

“ဒါတောင် အသားကင် စားနေ နိုင်သေးတယ်လား။ နင်က တကယ်ဆိုရင်။”

“ဒီတော့ ငါ့ကို ဘာလုပ် ချင်တာလဲ။ မစား မသောက်ပဲ သွေးအရိပ် မြို့တော်ဆီ ပြေးပြီးတော့ ယွင်ချင်းဝူကို သွားရှာပြီး လက်စား ချေရမှာလား။” အသားကင်ကို ဓားလေး တစ်ချောင်းနဲ့ ဖြတ်ရင်း သူမေးတယ်။ အသားကို ဝူယွဲ့အာရဲ့ ပါးစပ်ထဲ ထည့်ပေး လိုက်တယ်။

ဝူယွဲ့အာ အသားကင်ကို ဝါးရင်းနဲ့ မျက်လုံးတွေ တလက်လက် တောက်ပ လာတယ်။ “အရသာ ရှိလိုက်တာ။”

“နောက်ထပ် ပြောစရာ မရှိတော့ဘူးလား။”

“ဟုတ်တယ်။ အရည်ရွှမ်းတယ်။ နူးညံ့တယ်။ ပါးစပ်ထဲမှာတင် အရည်ပျော်သွားရော။ အပေါ်ယံက ကျွပ်ရွပြီးတော့ မွှေးနေတာပဲ။ ဒီလောက်ဆို လုံလောက်ပြီလား။ ဝူယွဲ့အာ ပြုံးပြရင်း မေးတယ်။

“အင်း။ လုံလောက်ပြီ။ နောက်ထပ် ထပ်စားအုန်း။ စားပြီးရင် အပြင် အခြေအနေ တွေကို ပြောပြ။” ဖန်ကျန်းရှီ အသားကင်ကို ဖြတ်တောက်ပြီး ပါးစပ်ထဲ ထည့်ရင်း ပြောတယ်။

“အခြေအနေတွေလား။ နင်ဘာလုပ် မှာလဲ။” ဝူယွဲ့အာ မျက်လုံး ပြူးသွားတယ်။ ဖန်ကျန်းရှီကို အထိတ်တလန့် ကြည့်တယ်။ သူမ မှတ်မိသလောက် အရ အခြေအနေကို ဖန်ကျန်းရှီ ဘယ်တုန်းကမှ ဂရု မစိုက်ခဲ့ဘူး။

နောက်တစ်နည်း ပြောရရင် အခြေအနေတွက ဖန်ကျန်းရှီ စိတ်ထဲမှာ ဘယ်တုန်းကမှ အရေး မပါဘူး။ ဝူယွဲ့အာ လန့်တာ မထူးဆန်းခဲ့။

“အချိန် အကြာကြီး စဉ်းစား ပြီးတော့ ကိစ္စတွေကို ငါသုံးသပ် ခဲ့တယ်။ မင်း နားထောင် ချင်လား။” ရေနွေးခွက်ကို ဝူယွဲ့အာဆီ ကမ်းပေးရင်း ဖန်ကျန်းရှီ ပြောတယ်။

“စဉ်းစား သုံးသပ်တာလား။” ဝူယွဲ့အာ လန့်သွားရပြန်တယ်။ သတင်း အချက်လက်တွေကို စုစည်းပြီးတော့ ဖန်ကျန်းရှီ အကြောင်းကို စဉ်းစား သုံးသပ် ခဲ့တယ်။ အတိတ်တုန်းက ဒီလို လုပ်ဖို့ သူမ အများကြီး ကြိုးစားခဲ့ ဖူးတယ်။

“မင်း အမြင်မှာ ယွင်ချင်းဝူက ဘယ်လို နတ်ဆိုး မျိုးလဲ။” ဖန်ကျန်းရှီက ဝူယွဲ့အာကို မေးတယ်။

“အင်း။ နည်းဗျူဟာတွေ ပြည့်နေပြီးတော့ ဉာဏ်ပညာ ထက်မြက်လွန်းတဲ့ မဟာ ဗျူဟာရှင်။” ရေနွေး သောက်ရင်း ဝူယွဲ့အာ စဉ်းစဉ်း စားစားနဲ့ ပြောတယ်။ ဖန်ကျန်းရှီ ဘာကို ရည်ရွယ်နေမှန်း မသိပေမယ့် အကောင်းဆုံး ကြိုးစားဖို့ သူမ ပြင်ဆင် ထားခဲ့တယ်။

“ဒါ့အပြင် ဘာထပ် ရှိသေးလဲ။”

“လှတယ်။”

“မေးခွန်းကို ပြန်သွားမယ်။ ယွင်ချင်းဝူကို ဉာဏ်ထက်မြက်တဲ့ မဟာ ဗျူဟာရှင်လို့ မင်း ပြောခဲ့တယ်။ ဒါဆိုရင် သူဘယ်လောက် ထက်မြက်ပြီး ဘယ်လောက်ထိ နည်းဗျူဟာ ကြွယ်ဝလဲ မင်းသိလား။”

“ငါ နည်းနည်းတော့ သိတယ်။”

“ဒီ အချိန် တစ်လျှောက်လုံးမှာ ငါ့စိတ်ထဲ မေးခွန်းတစ်ခုကို အမြဲ တွေးနေမိတယ်။ ယွင်ချင်းဝူက ဘာဖြစ်လို့ ဒီလောက်တောင် စွန့်စားပြီးတော့ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ နယ်နိမိတ်ထဲ စိမ့်ဝင်ပြီး လှည့်ပတ် နေခဲ့တာလဲ။”

“သူ့ရဲ့ ဇစ်မြစ်ကို ဖုံးကွယ်ရင်း သတင်းတွေ စုဆောင်းဖို့လား။”

“မဟုတ်ဘူး။ ဒီလောက်လေး အတွက်နဲ့ ဒီလို စွန့်စားဖို့ မတန်ဘူး။ သူ့ရဲ့ နတ်ဆိုး မျိုးနွယ် အဆင့် အတန်းအရ သတင်း အချက်အလက်တွေ ရယူဖို့ မလိုအပ်ဘူး။”

“နင် မှန်တယ် ထင်တာပဲ။ ယွင်ချင်းဝူရဲ့ ရည်ရွယ်ချက်ကို နင်ဘယ်လို ထင်လဲ။”

“တစ်ယောက်ယောက်ကို ရှာနေတာ။”

“ရှာတယ်။ ဟုတ်စ။”

“ဟုတ်တယ်။ ကြီးမြတ်သောရှမှာ သူလှည့်လည်နေတာ တစ်ယောက်ယောက်ကို ရှာဖို့ပဲ။ ဒီလို နည်းလမ်းနဲ့မှ ကြီးမြတ်သောရှရဲ့ ထိပ်တန်း ပညာရှင်တွေနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်မှာ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“ဒီတော့ နင့်ကို ရှာတွေ့ သွားတာလား။” ဝူယွဲ့အာ ဒါကို ကြားချိန်မှာ လန့်သွားခဲ့တယ်။

“အင်း အစတုန်းကတော့ ငါသူ့ရဲ့ မျက်နှာကာကို လှစ်လိုက်တဲ့ အတွက် နည်းနည်း သိချင် ရုံပဲ။ ဒုတိယ တစ်ခေါက် ယုံကြည်မှု မြစ်မြို့တော် စာမေးပွဲ အပြီးမှာ ယွင်ချင်းဝူနဲ့ ထပ်တွေ့တယ်။ ငါ့ရဲ့ စွမ်းရည်တွေကို ထုတ်ပြ ခဲ့တဲ့ အတွက် ယွင်ချင်းဝူ ဆက်ပြီးတော့ သက်သေပြ စုံစမ်းဖို့ လုပ်တယ်။ ငါခန့်မှန်းတာသာ မှန်ခဲ့ရင်၊ တော်ဝင် စာမေးပွဲ သုခမိန် လောကထဲမှာ နတ်ဆိုး မျိုးနွယ် လက်ထောက် ခေါင်းဆောင် ယဉ်ရှန်နဲ့ တိုက်ခိုက် ခဲ့ရတာလဲ ယွင်ချင်းဝူ စီစဉ်တာပဲ။ အဲ့ဒီ့ အချိန်တုန်းက ယွင်ချင်းဝူ ရန်မြို့တော် အပြင်ဘက်မှာ ရောက်နေ လိမ့်မယ်။ နတ်ဆိုးမျိုးနွယ် လက်ထောက် ခေါင်းဆောင်ရဲ့ အသက်ကို စတေးပြီးတော့ ငါ့ စွမ်းရည်ကို သူစမ်းသပ် ခဲ့တယ်။”

“နင့်ရဲ့ အတွေးအခေါ် အရဆိုရင်၊ ညီလာခံ စာမေးပွဲကလဲ စမ်းသပ်ချက် တခုပဲလား။”

“ဒါကိုတော့ မသေချာဘူး။ အခုတော့ အနည်းဆုံး ၇၀% သေချာပြီ။ တောင်ပိုင်း ဒေါသ တိုက်ပွဲကလဲ ယွင်ချင်းဝူ အကွက်ချ ထားတာပဲ။ အနိုင်နဲ့ အရှုံး ရလဒ် နှစ်ခု အတွက် သူဆက်ပြီးတော့ စီစဉ် ထားခဲ့တယ်။”

“ရလဒ် နှစ်ခု အတွက်တောင် စီစဉ် ထားတယ်။”

“ဟုတ်တယ်။ အကယ်၍ ငါသာ နိုင်သွားခဲ့ရင်၊ တောင်ပိုင်း ဒေါသကို ငါထိန်းနိုင်ပြီ။ ငါမလုပ်နိုင် ခဲ့ရင်လဲ သူက ဆက်ပြီးတော့ စမ်းသပ်မှာပဲ။ နောက်ဆုံး စမ်းသပ် ချက်ကတော့ အိမ်ရှေ့စံနဲ့ သွမ့်အရှင်ရဲ့ အားပြိုင်မှုပဲ။”

“ရန်မြို့တော်မှာ မိစ္ဆာဘုရင် အရှင်ရှဲ့လော့ ပေါ်လာတာကို ပြောချင်တာလား။”

“ဟုတ်တယ်။ အရှင်ရှဲ့လော့ရဲ့ စွမ်းအားနဲ့ ဆိုရင်၊ သီးခြားမြင့်မြတ် နိုင်ငံတော်က သူ့ကို ဘယ်လိုမှ ထိန်းချုပ် နိုင်မှာ မဟုတ်ဘူး။ သူ့ကို အမိန့် ပေးနိုင်မယ့် တစ်ယောက်တည်းသော သူက ယွင်ချင်းဝူပဲ။”

“ဒါက။” ဝူယွဲ့အာ ပါးစပ် အဟောင်းသား ဖြစ်သွား ရတယ်။ အရမ်းကို လန့်ပြီး ခြောက်ခြား သွားခဲ့ရတယ်။

ဖန်ကျန်းရှီကတော့ စဉ်းစားနေရင်း အသားကင် ဘက်ကို လှည့်သွား ပြန်တယ်။

“အရှင် ရှဲ့လော့ သေသွား တာကြောင့် ယွင်ချင်းဝူ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒါက အဆုံးသတ် မဟုတ်ခဲ့ဘူး။ နောက်ဆုံး အတည်ပြုချက်ကို သူကိုယ်တိုင် လုပ်ခဲ့တယ်။”

“မြောက်ရွာမှာ နင်ပျောက်သွားတုန်းက အဖြစ်ကို ပြောချင်တာလား။” ဝူယွဲ့အာ မျက်လုံး ပြူးရပြန်တယ်။

“ဟုတ်တယ်။ ဒါတွေ အားလုံးက မြင့်မြတ် နယ်မြေကို ငါဝင်ရောက်ပြီး ဟန်ချက်ကို ဖျက်စီး စေဖို့နဲ့ နတ်ဆိုး မိစ္ဆာ တံခါးတွေကို ဖွင့်စေဖို့ ဖန်တီးတာပဲ။”

“သူလုပ်ခဲ့တယ်။ တကယ်ပဲ လုပ်ခဲ့တယ်။ ဒါတွေသာ အမှန်ဖြစ်ခဲ့ရင် ယွင်ချင်းဝူက လူ့လောက အတွက် ခြိမ်းခြောက်မှု အန္တရာယ်ကြီးပဲ။” ဝူယွဲ့အာ ခေါင်းငြိမ့်ရင်း အံကြိတ် ထားမိတယ်။ “ဒီတော့ ငါတို့တွေ ဘာဆက် လုပ်ကြမယ်။ ထိုင်ပြီး သေမှာကို စောင့်နေ ရမှာလား။”

“ပြီးအောင် စားပါအုန်း။” ဖန်ကျန်းရှီ လက်ကို ယမ်းလိုက်တယ်။

“ငါ့ကို အရင်ပြော။ ဒီလောက် အကြာကြီး စဉ်းစား ထားမှတော့ နင့်မှာ အစီအစဉ် ရှိသင့်တယ် မဟုတ်လား။” ဝူယွဲ့အာ သေချာပေါက် လွယ်လွယ်လေး ပါးစပ်ပိတ် သွားမှာ မဟုတ်ခဲ့ဘူး။

“ဒါပေါ့။ အစီအစဉ်က။”

“ဘာကြီးလဲ။”

“ခြေလှမ်း ကျယ်ကျယ် လှမ်းရင် ဘောလုံးတွေ နာကုန်လိမ့်မယ်။”

“ဘောလုံးတွေ။ ဒါပေမယ့် ယွင်ချင်းဝူမှာ ရှိမှ မရှိပဲ။” ဝူယွဲ့အာ စိတ်ရှုပ်သွားတယ်။

“..” ဖန်ကျန်းရှီကတော့ ဝူယွဲ့အာကို လှည့်ကြည့်ရင်း ရပ်တန့် သွားခဲ့တယ်။ ရုတ်တရက် ဆိုသလို စိတ်ထဲကို အတွေး ဝင်လာတယ်။ (လူတစ်ယောက်ကို တစ်ခြား တစ်ယောက်က အရမ်းကြီး အာရုံစိုက် ထားရင် အတွေးတွေ အားလုံးက တရားလွန် တိကျ သွားတယ်။”

“ဘောလုံးတွေ မရှိရင် ဘာ နာမှာလဲ။”

“အဲ့တာ ဆိုရင်တော့။ အရှက်မရှိတဲ့ ကောင်စုတ်။ အရှက် မရှိလိုက်တာ။” ဝူယွဲ့အာ ဆက်ပြောဖို့ လုပ်ပြီး ချိန်မှာပဲ ချက်ခြင်း ဆိုသလို မျက်နှာ တစ်ခုလုံး နီရဲ သွားတော့တယ်။

အပိုင်း (၉၁၂) ပြီး၏။

အပိုင်း (၉၁၃)

“ပြန်လည် မွေးဖွားမှု တာအို ငါးခုမြောက်။ သူ့ကို တစ်ခုခု လုပ်ကြအုန်း။”

ဖန်ကျန်းရှီကတော့ တစ်နည်းတစ်ဖုံ ရိုးသား နေခဲ့တယ်။ ဝူယွဲ့အာ အကြောင်းကို အသေအချာ ဆွေးနွေး နေပင်မယ့်၊ နောက်ဆုံးမှာတော့ ဒီလို အဆုံးသတ် သွားခဲ့တယ်။

သူက တကယ်ပဲ ပုံမှန်လေး နေလို့ မရတာလား။

ဒါကို တွေးနေချိန်မှာပဲ ဝူယွဲ့အာက သူ့အနားကို ပန်းသီးလို နီရဲနေတဲ့ မျက်နှာနဲ့ ကပ်လာခဲ့တယ်။

“နင် ငါ့ကို ပြန်မဖြေ ရသေးဘူး။ အဲ့စကားရဲ့ နောက်ကွယ် ဆိုလိုရင်းက ဘာလဲ။” ဝူယွဲ့အာရဲ့ ထွက်သက် နွေးနွေးက ဖန်ကျန်းရှီရဲ့ ပါးပြင်ကို လာပြီး ရိုက်ခတ် နေခဲ့တယ်။

“ဘာ စကားလဲ။” ဖန်ကျန်းရှီ စိတ်ရှုပ်ထွေး နေပုံပဲ။

“ခြေလှမ်း အကျယ်ကြီး လှမ်းရင် ..။” ဝူယွဲ့အာ စကားကို တစ်ဝက်မှာတင် ရပ်လိုက် ပြီးနောက် ဖန်ကျန်းရှီကို ရိုက်တော့တယ်။ “နင် အရှက်မရှိတဲ့ ကောင်စုတ်။ အရှက် မရှိလိုက်တာ။”

“ဘာတွေ ဖြစ်နေတာလဲ။” ဘဝမှာ အကြီးမားဆုံး အထင်လွဲ စရာ ကိစ္စကြီးကတော့ မင်းက အမှန်အကန်တွေ ပြောနေပင်မယ့်၊ တခြား သူတွေက ထင်ချင်တာ ထင်နေတာမျိုး။ ဒါ့အပြင် အထိုးအကြိတ်လဲ ခံရသေး။

လောကကြီးမှာ ဘာတွေများ ဖြစ်ကုန် ပြီလဲ။

“လူတိုင်းက မင်းလို တွေးနေတာ မဟုတ်ဘူးကွ။”

ဖန်ကျန်းရှီ ဝူယွဲ့အာကို ပြောလိုက် ချင်ပေမယ့်၊ စကားတွေကို မျိုချ ထားလိုက်တယ်။ နောက်ဆုံးတော့လဲ ဝူယွဲ့အာက ကြင်နာ တတ်တဲ့သူလေ။ သူနဲ့ ပတ်သက်မိတဲ့ သူတွေကတော့ ဟူး။

ဖန်ကျန်းရှီ စိတ်ထဲ ဝင်လာတဲ့ ပုံရိပ်တွေကို လျစ်လျူရှု လိုက်တယ်။ အဲ့ဒီ့နောက် ထရပ်ရင်း ကောင်းကင်မှာ တောက်ပလာတဲ့ နေလုံးကြီးကို ကြည့်တယ်။ “မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေရဲ့ အကြီးမားဆုံး အားနည်း ချက်ကြီးက ဘာဖြစ်မယ်လို့ မင်းထင်လဲ။”

“အကြီးမားဆုံး အားနည်းချက်လား။” ဝူယွဲ့အာ လက်သီးနဲ့ ထိုးနေတာကို ရပ်လိုက်ပြီးနောက် နေရောင်အောက်က ဖန်ကျန်းရှီကို ကြည့်ရင်း လေးလေးနက်နက် စဉ်းစား နေခဲ့တယ်။ “မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ မဟာမိတ် ဖြစ်လာပေမယ့်၊ သူတို့ရဲ့ မျိုးနွယ် ကွာခြားချက်က သေချာပေါက် ပဋိပက္ခ ဖြစ်မှာပဲ ဟုတ်တယ်ဟုတ်။”

“ဟုတ်လည်း ဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြီးနောက် ခေါင်းခါ လိုက်တယ်။

“နင်ဘာကို ဆိုလို ချင်တာလဲ။” ဝူယွဲ့အာ မေးခွန်း ထုတ်တယ်။

“ဒါက ပြဿနာပဲ။ ဒါပေမယ့် ယွင်ချင်းဝူက ဒီပြဿနာတွေကို ဖြေရှင်းဖို့ စဉ်းစား ထားပြီးသားလို့ ငါယုံတယ်။ ဒီပြဿနာသာ ဖြစ်လာရင်၊ ကြိုတင် ခန့်မှန်းချက်တွေ အရတော့ လူသားနဲ့ မျိုးနွယ်စု နှစ်ခု တိုက်ပွဲတွေ အဆုံးသတ် သွားလိမ့်မယ်။ နောက်တနည်း ပြောရရင် ဒီပြဿနာ စစ်ပွဲကြီးကို ရပ်တန့် နိုင်မယ့် အရာပဲ။”

“နင်ပြောတာ မှန်တယ်။ သူတို့တွေမှာ ဘုံရန်သူ တစ်ယောက်ပဲ ရှိတဲ့ အချိန်၊ မျိုးနွယ်စု တစ်ခုတည်းမှာတောင် ပြဿနာတွေကို သည်းခံရတယ်။” ဝူယွဲ့အာ ခေါင်းငြိမ့်ရင်း ဖန်ကျန်းရှီ ရှင်းပြတာာကို သဘောတူတယ်။

“တကယ်တော့ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေရဲ့ တကယ့် အားနည်းချက်က အရေအတွက်ပဲ။”

“အရေအတွက် ဟုတ်လား။ မှန်တယ်။ သူတို့တွေက နှစ်ဖက်စလုံးမှာ အရေအတွက် ကန့်သတ်ချက် ရှိတယ်။ အထူးသဖြင့် မိစ္ဆာ မျိုးနွယ်။” ဝူယွဲ့အာရဲ့ မျက်လုံးတွေ တောက်ပလာတယ်။

“လူသား မျိုးနွယ်ကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ပဲ။ ငါတို့ရဲ့ အားနည်းချက်က တစ်ယောက်ချင်း အင်အား မရှိတာ။ အရေအတွက်ကတော့ သေချာပေါက် သာလွန်တယ်။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“အမှန်ပဲ။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။ ဒါပေမယ့် သူမ မျက်မှောင်ကြုတ် သွားပြန်တယ်။ “ဒါပေမယ့် အဲ့တာနဲ့ ဘာဆိုင်လဲ။ စစ်မြေပြင်ထဲမှာ ငါတို့က အရေအတွက်နဲ့ အနိုင်ပိုင်းလို့ ရတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ ဒါမျိုးက မဖြစ်နိုင်ဘူး။ ငါတို့ အရေအတွက် ဘယ်လောက်ပဲ များများ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေကို အနိုင် မတိုက် နိုင်ဘူးလား။”

“မလုပ်နိုင်ဘူး။” ဖန်ကျန်းရှီ သဘော မတူတာမျိုး မလုပ်ခဲ့ဘူး။

“ဒီတော့ နင်ဘာပြော ချင်တာလဲ။”

“လက်ရှိ အခြေအနေကို အရင်ဆုံး ပြောပြ။ ငါ အခုချိန်မှာ ရှင်းပြရင်၊ မင်းနားလည်ဖို့ ခက်လိမ့်မယ်။ ဒါပေမယ့် မကြာခင် နားလည်မှာ သေချာတယ်။” ဖန်ကျန်းရှီ နောက်ထပ် မရှင်းပြတော့ဘူး။ သူ့မျက်လုံးထဲမှာ ငွေဖြူရောင် အလင်းတန်းက ဖျတ်ခနဲ လင်းသွားခဲ့တယ်။

…

တစ်နာရီ ကြာပြီးနောက် ဖန်ကျန်းရှီနဲ့ ဝူယွဲ့အာက အသားကင် တဝက်ကို အပြတ် ဖြတ်နိုင်ခဲ့တယ်။ ကျန်ရစ်တဲ့ အသားကိုတော့ မုန်လာဥဖြူလေးနဲ့ ဒေါ်လေးဝမ်တို့ အိမ်ဆီကို ပို့ပေးလိုက်တယ်။

ဒီအချိန်မှာ ဝူယွဲ့အာက အဖြစ် အပျက်တွေကို အသေးစိတ် ပြောပြ နေခဲ့တယ်။ ဖန်ကျန်းရှီလဲ လွန်ခဲ့တဲ့ လဝက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေကို အကြမ်းဖျင်း နားလည် သွားခဲ့တယ်။

ရွှေကြေးခွံ မြို့တော်ကို နတ်ဆိုးတွေ ကျုးကျော် သွားခဲ့ပြီ။ တောင်ပိုင်း ဒေသကလဲ ကြီးမြတ်သော ရှနိုင်ငံတော်ကနေ စစ်ကူ တောင်းခံ ထားရတယ်။ နောက်လဝက် ကျော်လွန် သွားရင်တော့ တောင်ပိုင်း ဒေသလဲ ကျုးကျော် ခံရနိုင်တယ်။ ဖန်ကျန်းရှီ ဒါကို အများကြီး အံ့သြ မနေတော့ဘူး။

ယွင်ချင်းဝူရဲ့ စွမ်းဆောင် နိုင်ရည်နဲ့ ဆိုရင် ဒါတွေကို ပြီးမြောက် အောင်မြင် နိုင်ဖို့က မခက်ခဲဘူး။ ဒါပေမယ့် ကြီးမြတ်သော ရှနိုင်ငံတော်ကတော့ တောင်မြောက် နှစ်ဖက် ညှပ်တိုက် ခံရမှာပဲ။

“ရွှေကြေးခွံ မြို့တော်။ ငါ့ ခန့်မှန်းချက် အရဆိုရင် သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ ၉၀ ရာခိုင်နှုန်းက ယွင်ချင်းဝူရဲ့ လူတွေပဲ။ နိုင်ငံ တစ်ခုလုံးကိုတောင် ယွင်ချင်းဝူ ထိန်းချုပ် ထားတာ ဖြစ်နိုင်တယ်။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ် သွားခဲ့တယ်။

“ဟုတ်တယ်။ ကျုးကျော်မှုကြီးက သီးခြား မြင့်မြတ် နိုင်ငံတော်ကို သွားတဲ့ မြောက်ပိုင်း ဂိတ်တံခါးကြီး ပွင့်သွားတာနဲ့ ညီမျှတယ်။ ကံကောင်းလို့ ချီဟို့က စစ်တပ်ကို အုပ်ချုပ် ထားနိုင်သေးတယ်။ မြောက်ပိုင်း ကျောင်းတော်ကြီး ငါးခုကနေ တိုက်ပွဲအတွက် အင်အားကို ဖြည့်ထားပေးလို့ တော်သေးတယ်။ ဒီလို ကြောင့်သာ မဟုတ်ရင် သီးခြား မြင့်မြတ် နိုင်ငံတော်က ရန်မြို့တော်ကြီးကို တိုက်ခိုက် နေလောက်ပြီ။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။

“ရွှမ်ကျီး မျိုးနွယ်စုက မိစ္ဆာနဲ့ နတ်ဆိုးတွေ ထိန်းချုပ် ထားတာ ဖြစ်နိုင်တယ်လို့ မင်းပြောခဲ့ ဖူးတယ် မဟုတ်လား။ ဒီသတင်းက တိကျလား။” ဖန်ကျန်းရှီ စကား လမ်းကြောင်းကို ပြောင်းလိုက်တယ်။

“ဒီသတင်း အချက်အချက်က ရွှမ်ကျီး မျိုးနွယ်စုထဲမှာ ထည့်ထားတဲ့ သူလျှို ပေးတဲ့ သတင်းပဲ။ အသေးစိတ် အချက်အလက် တွေကိုတော့ ငါလဲ အတည်မပြုရ သေးဘူး။” ဝူယွဲ့အာ ခေါင်းခါလိုက်တယ်။

“ရွှမ်ကျီး မျိုးနွယ်စုရဲ့ အင်အားက စစ်မက်လိုလား နိုင်ငံတော် တစ်ခုလုံးနဲ့ လရောင်ဖြာ နိုင်ငံတော်ကို ဖြန့်ကျက် ထားပြီးပြီ။ နောက်ပြီးတော့ မင်းဆက်ရဲ့ တော်ဝင် မျိုးနွယ် တပည့်သား ၈၀% နီးပါးကိုလဲ တပည့်သား အဖြစ် လက်ခံ ထားသေးတယ်။ ရွှမ်ကျီး မျိုးနွယ်စုကိုသာ သူတို့တွေ ထိန်းချုပ်နိုင် သွားရင်၊ နိုင်ငံတော် နှစ်ခုရဲ့ အင်အားကို ထိန်းချုပ် နိုင်တာနဲ့ ညီမျှ သွားလိမ့်မယ်။”

“အင်း။ အမှန်ပဲ။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။

“သီးခြား မြင့်မြတ် နိုင်ငံတော်နဲ့ ကြီးမြတ်သော ရှနိုင်ငံတော်က ရွှေကြေးခွံ မြို့တော်ကြောင့် ပြဿနာ တက်နိုင်တယ်။ စစ်မက် လိုလား နိုင်ငံတော်နဲ့ လရောင်ဖြာ နိုင်ငံတော် စစ်ဖြစ်ရင်တော့ ရွှမ်ကျီးတွေက ထိန်းချုပ်လိမ့်မယ်။ ယွင်ချင်းဝူက တကယ့်ကို အင်အားကြီးတာပဲ မြင့်မြတ် နယ်မြေရဲ့ အြခေအနေ တွေရော ဘယ်လိုလဲ။” ဖန်ကျန်းရှီ ရေနွေးခွက်ကို တစ်ကြိုက် သောက်လိုက်ရင်း ပြောတယ်။

“ဆရာက နင် သတိလစ်နေတဲ့ အချိန်မှာ ရောက်လာသေးတယ်။ နင်နိုးလာမယ့် ပုံစံ မရှိတော့ မြင့်မြတ် နယ်မြေကို အခု ပြန်သွားပြီ။ မြင့်မြတ် နယ်မြေရဲ့ သတင်း အချက်အလက်တွေ အရဆိုရင်၊ ကောင်းကင်တာအို ခန်းမ၊ ဖူရှီး တောင်ကြားနဲ့ ယင်ယန် ခန်းမ သုံးခုက သဘောတူညီချက် လုပ်လိုက်ကြပြီ။ ယင်ယန် ခန်းမက ဦးဆောင်ပြီးတော့ မျိုးနွယ်စုတွေ အားလုံးကို စုဝေးမယ်။ လင်းရှောင်းတောင်လို့ ခေါ်တဲ့ ယင်ယန် ခန်းမ အပြင်ဘက်က တောင်မှာ စည်းဝေးပွဲ ကျင်းပလိမ့်မယ်။”

“ယင်ယန် ခန်းမ ခေါင်းဆောင်မှာတဲ့လား။” ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။

“အင်း။ ဒီရလဒ်က ရှောင်လွှဲလို့ မရနိုင်ဘူး။ ကျမ်းကောင်းကင် တောင်ရဲ့ တိုက်ပွဲ အပြီးမှာ၊ ကောင်းကင် တာအို ခန်းမနဲ့ ဖူရှီးတောင်ကြား အဆုံး အရှုံး များခဲ့တယ်။ ယင်ယန် ခန်းမကို ကိုယ်စားပြုတဲ့ ရန်ရွှယ်ကပဲ နိုင်ခဲ့တယ်။ ဒါကြောင့် တောက်ရှင်းက ယင်ယန် ခန်းမ ဦးစီး ဦးဆောင် ပြုပြီးတော့ အားလုံးကို တိုက်ခိုက်မှာ အမှန်ပဲ။” ဝူယွဲ့အာ ရှင်းပြတယ်။

“ရန်ရွှယ်။” ဖန်ကျန်းရှီ နေမင်းကြီးကို မော့ကြည့် လိုက်တယ်။ သူ့စိတ်ထဲကို ပုံရိပ် တစ်ခု ဝင်ရောက်လာတယ်။ အေးစက်ပြီး စကား သိပ်မပြောတဲ့သူ။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ဘေးမှာ အမြဲ ရပ်တည်တယ်။ ခက်ခဲပါစေ၊ ကြမ်းတမ်းပါစေ၊ သူတို့တွေ အမြဲ အတူတူ ရှိခဲ့ကြတယ်။ အခုတော့ တစ်ယောက် တစ်နေရာဆီ ရောက်နေခဲ့ပြီ။

“နင် သူ့ကို လွမ်းနေတာလား။” ဝူယွဲ့အာ မေးတယ်။

“အင်း။ သူငါ့ကို နောက်ထပ် မမှတ်မိ နိုင်တာကတော့ နှမြောစရာပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း သက်ပြင်းချတယ်။

“နင်တို့ နှစ်ယောက်က သူငယ်ချင်းတွေပဲ။ ရန်ရွှယ်က နင့်ကို မမှတ်မိ တော့ရင်တောင်၊ နင်တို့ နှစ်ယောက် သူငယ်ချင်းဆိုတဲ့ အကြောင်းအရာက မပြောင်းလဲဘူး။ ဟုတ်တယ်ဟုတ်။” ဝူယွဲ့အာ ပြန်မေးတယ်။

“ဟဟား။ ဟုတ်တယ်။ အကောင်းဆုံး သူငယ်ချင်းတွေ။” ဖန်ကျန်းရှီ ဆက်တိုက် ခေါင်းငြိမ့်တော့တယ်။ ကြုံရာ သစ်ကိုင်း တစ်ခုကို ဆွဲလိုက်ပြီးတော့ မြေပြင်ပေါ်မှာ လျှောက်ခြစ်နေ တော့တယ်။

ဝူယွဲ့အာကတော့ မေးစေ့ကို လက်နဲ့ထောက်ရင်း ဖန်ကျန်းရှီ ဆွဲတာကို ကြည့်နေခဲ့တယ်။

“မင်းပြောတဲ့ ပုံအရ ဆိုရင်၊ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေက ရှေးဟောင်း အင်အားကြီး ဖြစ်တည်မှု ၄ခု ရောက်လာတယ်။ ဒါပေမယ့် ဘယ်သူကမှ စုဝေးပွဲကို မတိုက်ခိုက် ခဲ့ဘူး။ နေရာ လေးနေရာမှာ အင်အားတွေကို ဖြန့်ထားတယ်။ ဟုတ်တယ်ဟုတ်။” ဖန်ကျန်းရှီ လျှောက်ခြစ်ရင်း ပြောနေခဲ့တယ်။

“ဟုတ်တယ်။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။

“အဲ့ဒီ့ လေးနေရာကို မင်းဘယ်လို တွေးမိလဲ။” ဖန်ကျန်းရှီက မြေပုံမှာ အစက်တစ်ချို့ ချလိုက်တယ်။

“လောကကြီးရဲ့ အပြောင်းအလဲ ဗဟိုချက်တွေ နေရာတွေက သူတို့နဲ့ သက်ဆိုင် နေတာကို လေ့လာရင်း ငါသိလာရတယ်။ ကောင်းကင် တာအို ခန်းမက လွဲပြီးတော့ တခြား နေရာတွေက တန်ဖိုးကြီး နေရာတွေချည်းပဲ။” ဝူယွဲ့အာ ပြန်ဖြေတယ်။

“ပိုပြီး တိတိကျကျ ပြောလို့ မရဘူးလား။”

“နင်ငါ့ကို လာအော် နေတာလား။”

“မဟုတ်ဘူး။ ချီးမွမ်း နေတာပါ။ တန်ဖိုးကြီး ရတနာတွေ အများဆုံး နေရာ လေးခုကို မင်းသိ နေတာက မင်းပုံစံနဲ့ မကိုက်ညီဘူးလေ။” ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်ရှုပ် နေပုံပဲ။

“ဒါပေမယ့် ငါ့ကို ဆူပူ နေတယ်လို့ ဘာလို့များ ငါခံစား ရတာလဲ။” ဝူယွဲ့အာ မကျေမနပ်နဲ့ ပြောနေခဲ့တယ်။

“ယွင်ချင်းဝူက အားအများကြီး စိုက်ထုတ်ပြီးတော့ လင်းယွိနဲ့ လင်းကျိကို သွေးအရိပ် မြို့တော်ဆီ ခေါ်သွားတယ်။ သူဘာလုပ် ချင်နေတယ်လို့ မင်းထင်လဲ။” ဝူယွဲ့အာရဲ့ မေးခွန်းကို ပြန်မဖြေပဲ ဖန်ကျန်းရှီ မေးလိုက်တယ်။

“သွေးအရိပ် မြို့တော်ကို အလစ်ဝင်တိုက်မှာ စိုးရိမ်လို့လား။”

“သွေးအရိပ် မြို့တော်က နတ်ဆိုး မျိုးနွယ်ရဲ့ မြို့တော်ပဲ။ ငါတို့ အလစ် ဝင်တိုက်မှာ စိုးရိမ်ရင်တောင် နတ်သခင် အဆင့် ပညာရှင် တစ်ယောက်က လုံလောက်ပြီလေ။ ဘာဖြစ်လို့ နှစ်ယောက်လုံး လိုမှာလဲ။”

“ဒါ ဒါက တစ်ခုခု လွဲနေတာလား။”

“တောင်ပိုင်း ဒေသမှာ သားရဲကောင်တွေ အများကြီး ရှိတယ်။ ဒီတော့ ယွင်ချင်းဝူ တောင်ပိုင်း ဒေသကို သိမ်းယူဖို့ ကြံနေတာ အကြောင်းအရင်း နှစ်ခု ရှိလိမ့်မယ်။ တစ်ခုကတော့ တောင်ပိုင်းဒေသရဲ့ အတားအဆီးကို ဖျက်ဆီး ဖြစ်ဖို့။ နောက်တစ်ခုကတော့ သားရဲကောင်တွေကို စုဆောင်းဖို့ပဲ။ ဒီသားရဲကောင်တွေကို ရအောင် ယူဖို့က မိစ္ဆာ မျိုးနွယ်ရဲ့ လင်းကျိ အပေါ်မှာ မူတည် နေလိမ့်မယ်။”

“ငါနားလည်ပြီ။ ဒါပေမယ့် ဘာဖြစ်လို့ နှစ်ယောက်တောင် လိုနေတာလဲ။ ဒီအင်အားကြီး ဖြစ်တည်မှု နှစ်ခုနဲ့ ပြောင်းလဲမှု ဗဟိုချက်တွေက ဘာသက်ဆိုင်လို့လဲ။” ဝူယွဲ့အာ စဉ်းစားပြီး မေးလိုက်တယ်။

“ဒါက ပတ်သက် ဆက်နွယ်မှုပဲ။” ဖန်ကျန်းရှီ အတိအကျ ပြောတယ်။ အဲ့ဒီ့နောက် သစ်ကိုင်းကို သုံးပြီးတော့ နောက်ထပ် အမှတ်အသား တစ်ခုကို ချလိုက်တယ်။ “ကျယ်ပြန့်ပြီး သယံဇာတ ကြွယ်ဝတဲ့ တောင်ပိုင်း ဒေသ။ ကြီးမြတ်သော ရှနိုင်ငံတော်နဲ့ နီးကပ်နေတယ်။ မြင့်မြတ် နယ်မြေက ဘေးမှာ ရှိတယ်။ ဒီနေရာကို သေချာ ကြည့်လိုက်။ နေရာလေးခု ဘယ်လို ဆက်နွယ်နေလဲ။”

“သူတို့ကို ဆက်လိုက်တာလား။” ဖန်ကျန်းရှီရဲ့ မြေပုံကို ကြည့်ပြီး ချိန်မှာတော့ သူမရဲ့ အမူအယာ ပြောင်းလဲ သွားတော့တယ်။ “ဓာတ်ကြီး ငါးပါး။”

“ဟုတ်တယ်။ ဓာတ်ကြီး ငါးပါ။ ငါမှန်ရင် လင်းကျိ ရှိနေတဲ့ တောာင်ပိုင်း ဒေသကို ယွင်ချင်းဝူ ခြေချလိမ့်မယ်။”

“ဒါ ဒီလိုသာ ဖြစ်မယ်ဆိုရင်၊ လူသား မျိုးနွယ် အတွက် အဆုံးသတ် ဖြစ်သွားလိမ့်မယ်။ နိုင်ငံတော်ကြီး လေးခုနဲ့ မြင့်မြတ် နယ်မြေကို ဓာတ်ကြီး ငါးပါး ပုံစံနဲ့ဝန်းရံထားတယ်။ အကယ်၍ ဒီအတိုင်းသာ ဆက်သွားရင်၊ ငါတို့တွေ အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက် မရှိဘူး။ မဟုတ်ဘူး။ ဒီလို မဖြစ်နိုင်ဘူး။ ဆရာက မြင့်မြတ် နယ်မြေမှာ ရှိနေသေးတယ်။ သူ သူက။” ဝူယွဲ့အာရဲ့ မျက်နှာက ဖြူဖျော့ သွားတော့တယ်။

“စိတ်ချပါ။ အဲ့ဒီ့ ကောင်းကင် အိုအေစစ် အဖိုးကြီးက နောက်တစ်နှစ် အထိ မထိမခိုက်ပဲ ရှိနေလိမ့်မယ်။” ဖန်ကျန်းရှီက လက်ကို ဖုန်ခါရင်း ပြောတယ်။

“တစ်နှစ်။ နင်ဘယ်လိုများ ဒီလောက်ထိ သေချာ နေတာလဲ။”

“ဓာတ်ကြီး ငါးပါး ပုံစံက အစပိုင်း ဖွံ့ဖြိုးမှု အဆင့်ပဲ ရှိသေးတယ်။ ဒါ့အပြင် နိုင်ငံတော်ကြီး လေးခုက အခုချိန်ထိ တိုက်ခိုက် နိုင်တုန်း။ ဒီတော့ ယွင်ချင်းဝူက အလောတကြီး တိုက်ခိုက်မှာ မဟုတ်ဘူး။”

“ဒါဆိုရင် သူဘာလုပ်မှာလဲ။”

“ကျားထိုး သလိုပဲ။ အဓိက နေရာတွေကို သေချာအောင် စောင့်ကြပ် ပြီးတဲ့နောက် စစ်မြေပြင်ကို ကျယ်ပြန့်အောင် လုပ်မယ်။ အချိန်တွေ ကုန်လာတာနဲ့ နတ်ဆိုး စစ်သည်တော်တွေ့ မြင့်မြတ် နယ်မြေကို ကျုးကျော်မယ်။ သားရဲကောင်တွေကို မိစ္ဆာ မျိုးနွယ်က ထိန်းချုပ်လိမ့်မယ်။ ဒါ့အပြင် နတ်ဘုရား မုခ်ဝကနေ ဆင်းလာတဲ့ နတ်သခင် အဆင့် ပညာရှင်တွေကလဲ အရေအတွက် တိုးပွား လာလိမ့်မယ်။ ယွင်ချင်းဝူက မတိုက်ခိုက်ခင် ဒါကို စောင့်နေ ခဲ့တာပဲ။”

“သူ့ရဲ့ ဇာတ်လမ်းကို ဖြည်းဖြည်းချင်း ပြီးပြည့်စုံအောင် လုပ်ချင်နေတယ်လို့ ဆိုလိုတာလား။”

“ဟုတ်တယ်။ ဓာတ်ကြီး ငါးပါး ဗျူဟာကို တဖြည်းဖြည်း တိုးတက်အောင် လုပ်ပြီးတော့ လူသား မျိုးနွယ်တွေ စိတ်ပျက် အားလျော့အောင် လုပ်ဖို့ ကြံနေတာပဲ။”

“ဘာဖြစ်လို့ လူသားတွေကို တိုက်ရိုက် မတိုက်ခိုက်တာလဲ။ မြင့်မြတ် နယ်မြေရဲ့ ထက်ဝက်က လင်းရှောင်းတောင်မှာ ရောက် နေပြီပဲ။ အားလုံးကို တစ်ခါတည်း ဖမ်းလိုက်လို့တောင် ရနေပြီ။ အစီအစဉ် ချနေ စရာတောင် မလိုဘူး။”

“မဟုတ်ဘူး မင်းမှားနေပြီ။ အားလုံးကို သူမဖမ်းနိုင်ဘူး။”

“အားလုံးကို မဖမ်းနိုင်ဘူး ဟုတ်လား။ ငါ တကယ်ပဲ နားမလည်ဘူး။” ဝူယွဲ့အာ စိတ်ရှုပ်ထွေး နေခဲ့တယ်။ နော်ကဆုံးတော့လဲ ဒီမျိုးနွယ်စုတွေက တိုက်ပွဲကို အနိုင်ရ နိုင်ချေ ရှိတာ အဖြစ်နိုင်ဆုံးပဲလေ။ လူသားမျိုးနွယ်တွေသာ တိုက်ခိုက်ခဲ့ရင် သေချာပေါက် ရှုံးနိမ့်မှာပဲ။

“မင်း မေ့နေတာလား။ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေရဲ့ အကြီးမားဆုံး အားနည်းချက်က ဘာလဲ။”

“အရေအတွက်လား။”

“ဟုတ်တယ်။ ယွင်ချင်းဝူက ကောင်းကင်တာအို ခန်းမ၊ ဖူရှီးတောင်ကြားနဲ့ ယင်ယန် ခန်းမတို့ကို ဘာဖြစ်လို့ အခုချိန်ထိ လွှတ်ထားတယ်လို့ ထင်လဲ။”

“ငါ ငါမသေချာဘူး။”

“ငါမင်းကို မေးခွန်းတစ်ခု မေးမယ်။ အကယ်၍ မင်းသာ လက်တစ်ဖက်ပဲ လှုပ်နိုင်ရင်၊ သဲတစ်ပုံးကို တစ်ခေါက်တည်းနဲ့ ဘယ်လိုများ မနိုင်မှာလဲ။ မင်းရဲ့ စွမ်းအင် အရင်းအမြစ်ကို မသုံးခဲ့ရင် ဘယ်လို လုပ်မှာလဲ။” ဖန်ကျန်းရှီ ပြောရင်းနဲ့ သဲပုံလေး တစ်ခုကို သုံးပြီး အိမ်ဆောက်ဖို့ လုပ်နေခဲ့တယ်။

“လက်တစ်ဖက်တည်းနဲ့ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။” ဝူယွဲ့အာ ခေါင်းကို ခပ်သွက်သွက် ခါနေခဲ့တယ်။

“နည်းလမ်းကတော့ ရေနဲ့ သဲနဲ့ ရောပြီးတော့ ပုံသွင်းလိုက်ဖို့လေ။”

“ပုံသွင်းဖို့လား။” ဝူယွဲ့အာက ဖန်ကျန်းရှီ ပြောချင်တာကို တိုက်ရိုက် နားမလည်ပေမယ့်၊ အကြမ်းဖျင်း နားလည်ခဲ့တယ်။ “နင်ပြောချင်တာ ယွင်ချင်းဝူက တမင် လုပ်နေတာလို့လား။”

“ဟုတ်တယ်။ လူသားတွေရဲ့ အရေအတွက်က များလွန်းတယ်လေ။ မြင့်မြတ် နယ်မြေမှာ သုခမိန် တစ်ရာကျော် ရှိတယ်။ ဒီသုခမိန်တွေသာ လူခွဲပြီးတော့ တစ်ယောက် တစ်နေရာ ပြေးလွှားနေမယ် ဆိုရင် အားလုံးကို သတ်ပြစ်ဖို့ ယွင်ချင်းဝူ ဘယ်လောက် အချိန်ယူရမယ် ထင်လဲ။” ဖန်ကျန်းရှီ မေးလိုက်ပြန်တယ်။

“အားလုံးကို လိုက်ရှာပြီး တစ်ယောက်ချင်း သတ်ပြစ်ဖို့လား။ မဖြစ်နိုင်တာပဲ။ သုခမိန်တွေက နတ်သခင်အဆင့် ပညာရှင်တွေကို အနိုင်မယူ နိုင်ရင်တောင်၊ ပုန်းနေလို့ ရတယ်လေ။ ငါ အခု နားလည်ပြီ။ ယွင်ချင်းဝူက အင်အားကြီး လူသားတွေ အားလုံးကို တစ်နေရာတည်းမှာ စုဝေး နေစေချင်တာပဲ။” ဝူယွဲ့အာ နောက်ဆုံးမှာတော့ စကားကို အဆုံးသတ် လိုက်တော့တယ်။

“လူသား မျိုးနွယ်တွေမှာ ခေါင်းဆောင် လိုအပ်တယ်။ ယွင်ချင်းဝူကလဲ အဲ့ဒီ့ ခေါင်းဆောင်ကို စောင့်ဆိုင်းနေတယ်။ ခေါင်းဆောင် ရှိမှပဲ အင်အားကြီး လူသားတွေ အားလုံးကို တစ်ချက်တည်းနဲ့ သတ်နိုင်လိမ့်မယ်။ ဒါပေမယ့် အခုချိန်က မလုံလောက် သေးဘူး။ တောက်ရှင်းက ဒီမျိုးနွယ်စု နှစ်ခုကို ဘာဗျူဟာမှ မဆွဲပဲ တိုက်ခိုက်ဖို့ အထိ မတုံးအဘူး။ ယွင်ချင်းဝူ အတွက်လဲ နတ်သခင် အဆင့် ပညာရှင် ငါးယောက် ခြောက်ယောက် တည်းနဲ့ အင်အားကြီး လူသား အားလုံးကို သတ်နိုင်ဖို့ ခက်ခဲလိမ့်မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ဒါဆိုရင် ငါတို့ အခု ဘာလုပ်သင့်လဲ။”

“ယွင်ချင်းဝူက စောင့်နေတာ၊ ငါလဲ စောင့်နေတာပဲ။ ပြီးတော့ ငါတို့ကို အချိန် ပေးနေတာ။” ဖန်ကျန်းရှီ ပြောတယ်။

“ဒါပေမယ့် တစ်နှစ်ပြီးရင် ယွင်ချင်းဝူ တိုက်ခိုက်မယ် ဆိုတာကရော။ ယွင်ချင်းဝူက ဘာဖြစ်လို့ တစ်နှစ် စောင့်မှာလဲ။” ဝူယွဲ့အာ နားမလည်နိုင် ဖြစ်နေခဲ့တယ်။

“တစ်နှစ် အချိန်က အရမ်းကို မြန်ပါတယ်။ ဒါပေမယ့်။” ဖန်ကျန်းရှီ စကားပြောတာ ရပ်လိုက်တယ်။ ကန်လင်း တောင်ကို သူ နောက်တစ်ခေါက် လှမ်းကြည့်တယ်။ သူ့မျက်ဝန်းထဲမှာတော့ အရမ်းကို တောက်ပတဲ့ ငွေရောင် အလင်းတန်းက လင်းလက် နေခဲ့တယ်။

ဖန်ကျန်းရှီရဲ့ မျက်လုံးထဲမှာ နောက်ထပ် မျက်လုံး တစ်လုံး ရှိနေ သလိုပဲ။

ဝူယွဲ့အာကတော့ ဒီတောက်ပမှုကို သတိ မထားမိဘူး။ စိတ်မရှည် လက်မရှည်နဲ့ အော်လိုက်တယ်။

“ဒါပေမယ့် ဘာဖြစ်လဲ။”

“ဒါပေမယ့် သူ့ကို အရင်ဆုံး တစ်ခုခု လုပ်ရမယ်လေ။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ ယောကျာ်းတွေ အားလုံး နားလည်နိုင်မယ့် အပြုံးတစ်ခုနဲ့ပေါ့။

အပိုင်း (၉၁၃) ပြီး၏။

အပိုင်း (၉၁၄)

“တစ်စုံတစ်ခုက မင်းဆီကနေ စတင်တယ်။”

“အရှက်မရှိတဲ့ကောင်။” ဝူယွဲ့အာက သိသိသာသာကြီးကို မျက်လုံး ပြူးသွားပြီးနောက် မျက်နှာ တစ်ခုလုံး နီရဲ သွားခဲ့တယ်။ ဖန်ကျန်းရှီ ပြောတဲ့ (တစ်ခုခု) ဆိုတာကို သူမ အတိအကျ နားမလည် ပေမယ့်ပေါ့။

ဒါပေမယ့် ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်မှာ ရှိတဲ့ အပြုံးကတော့ အရှက် မရှိမှုတွေနဲ့ ပြည့်နှက် နေခဲ့တယ်။

“ချင်းယီ ဒဏ်ရာတွေ သက်သာပြီလား။” ဖန်ကျန်းရှီက ဝူယွဲ့အာကို ရှင်းပြ မနေတော့ဘူး။ တစ်ခဏတာ သူစဉ်းစား နေခဲ့တယ်။

“ဘာကြီး။ နင်က ချင်းယီကိုတောင် အလွတ် မပေးဘူးလား။”

“..” ဖန်ကျန်းရှီက ဝူယွဲ့အာကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့တယ်။ ဒီကောင်မလေး ဘာမဟုတ်တရုတ်တွေ တွေးနေပြန်တာလဲ။ သူပြောတဲ့ စကားတွေကို သန့်သန့်ရှင်းရှင်းလေး စဉ်းစားလို့ မရဘူးလား။

…

ချင်းယီကို ဝူယွဲ့အာ ခေါ်လာခဲ့တယ်။ သူမရဲ့ ဇစ်မြစ်ကို လူတွေ သိသွားပြီးတဲ့နောက် သာမာန် ရွာသားတွေလို ပုံစံမျိုး ချင်းယီ မနေတော့ဘူး၊ ဒါပေမယ့် အနက်ရောင် ဝတ်ရုံနဲ့ ဝါးခမောက် အနက်ကိုတော့ ဆောင်းထားဆဲ။

“သခင် ကျွန်မကို ရှာနေတာလား။” ချင်းယီက ဖန်ကျန်းရှီနဲ့ ခြေသုံးလှမ်း အကွာမှာ ရပ်ရင်း တလေးတစားနဲ့ ဦးညွှတ်တယ်။

“မင်းရဲ့ ဒဏ်ရာတွေ ဘယ်လိုလဲ။ သက်သာလား။” သူ့ဘေးနားက ထိုင်ခုံမှာ ထိုင်ဖို့ ချင်းယီကို ဖန်ကျန်းရှီ အချက်ပြ လိုက်တယ်။

ဒါပေမယ့် ချင်းယီကတော့ ထိုင်ဖို့ စိတ်ကူး မရှိခဲ့ဘူး။ ခေါင်းတစ်ချက် ငြိမ့်ပြီးနောက် သူမရဲ့ အကျီလက်ကို မရင်း တစ်ချက်ကြည့် လိုက်တယ်။

“ကျွန်မ ဒဏ်ရာတွေ အနည်းနဲ့ အများတော့ သက်သာ နေပါပြီ။ ဂရုစိုက် ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် သခင်။”

“..” ဖန်ကျန်းရှီကတော့ အကျီလက် ပြန်ဖုံးသွားတာကို ကြည့်ရင်း ခေါင်းခါလိုက်တယ်။ “ချင်းယီ မြောက်ရွာမှာ မင်းကို ဘာဖြစ်လို့ နေခဲ့ခိုင်းမှန်း မင်းသိလား။”

“ချင်းယီ ရွာကို ကာကွယ်ရမယ့် တာဝန်ကို မကျေပွန် ခဲ့ပါဘူး။ အပြစ်ပေးပါ သခင်။” ချင်းယီ ဒူးထောက်ရင်း တောင်းပန်တယ်။

“..” ဖန်ကျန်းရှီကတော့ တိတ်ဆိတ် နေဆဲ။ ဒါပေမယ့် အရိပ် မျိုးနွယ်စုမှာ ကြီးပျင်းခဲ့လို့ ဒီလို ပုံစံကို ကျင့်သားရနေမှန်း သူနားလည်တယ်။

သခင်နဲ့ အစေခံ ဆိုတဲ့ ဆက်ဆံရေးက သူမရဲ့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင် နေခဲ့ပြီ။ ဓားသက်တော်စောင့် တစ်ယောက် အဖြစ်သာ ကိုယ့်ကိုယ်ကို မှတ်ယူဖို့ သင်ကြားခံထားရတယ်။ သူမရဲ့ အမြင်တွေကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။

“ထတော့။ ငါက ဒီကိစ္စကို ပြောနေတာ မဟုတ်ဘူး။ မင်းကို မေးနေတာ ဘာဖြစ်လို့ မြောက်ရွာမှာ နေခဲ့ခိုင်းလဲ မင်းသိလား။ အဟွတ်ဟွတ်၊ စကားကတော့ အတူတူပဲ။ ထားလိုက်တော့ ငါမင်းကို တိုက်ရိုက်ပဲ ပြောတော့မယ်။ မင်းကို မြောက်ရွာမှာ နေခိုင်းခဲ့တဲ့ အချက် တစ်ခုကတော့ ငါ့မိဘတွေကို ကာကွယ်ဖို့။ ဒါပေမယ့် တခြားသူတွေ အစား မင်းကို ရွေးခဲ့တာ ဘာဖြစ်လို့လဲ။ ငါဆိုလို ချင်တာကို မင်းနားလည်လား။”

“ချင်းယီ နားလည်ပါတယ်။ ချင်းယီက သစ္စာ ရှိတယ်လေ။”

“ကောင်းပြီ။ ဒါ့အပြင် မင်းကို ဒီလို ထားရစ်ခဲ့တာ နောက်ထပ် အကြောင်းအရင်း ရှိသေးတယ်။” ဖန်ကျန်းရှီက နောက်ထပ် မေးခွန်းတွေ မေးမနေပဲ တိုက်ရိုက် ပြောလိုက် သင့်တာကို နားလည် သွားခဲ့ပြီ။

“နောက်ထပ် အကြောင်းအရင်း။ ကျေးဇူးပြုပြီး အကြံပေးပါ သခင်။”

“အရမ်းကို ရိုးရှင်းပါတယ်။ မင်းရဲ့ လေ့ကျင့်မှုက တစ်နေရာတည်းမှာ ရပ်တန့် နေတယ်လို့ ငါထင်တယ်။ မင်းရဲ့ ဓားပညာက အနှောက်အယှက် မရှိပဲ လုံလောက်တဲ့ အထိ ထက်မြက် နေပြီးသား။ ဒါပေမယ့်။” သူ့ရှေ့မှာ ရိုရိုကျိုးကျိုး မတ်တပ်ရပ်နေတဲ့ ချင်းယီကို ကြည့်ရင်း ရုတ်တရက် မျက်နှာနီ သွားခဲ့တယ်။ “ကောင်းပြီ။ ငါက သင်ကြား ပြသတဲ့ နေရာမှာ ပညာရှင် တစ်ယောက် မဟုတ်ပေမယ့်၊ မင်းကို အကြံပြု ချင်တယ်။”

“ကျေးဇူးပြုပြီး အကြံပြုပါ သခင်။” ချင်းယီ နောက်တစ်ခေါက် ဒူးထောက်လိုက် ပြန်တယ်။

“အဟွတ်ဟွတ်။ ဒါက အကြံပြုတာလဲ မဟုတ်လောက်ဘူး။ မင်းရဲ့ စွမ်းရည်တွေက အရမ်းကို ထက်မြက်လွန်းနေတယ်။ တိုက်ခိုက်ဖို့ တစ်ခုပဲ မင်းသိတယ်။ ခုခံဖို့ကို သိပ်မသိဘူး။ စကားပုံ တစ်ခု ရှိသလိုပဲ။ ရေလိုက် ငါးလိုက် နေမှပဲ ထိခိုက်မှုကို ရှောင်ရှားနိုင်မယ်။ ငါဆိုလို ချင်တာကို နားလည်လား။”

“ဟုတ်ကဲ့။ သခင်က ချင်းယီကို ရေလို ပျော့ပျောင်း စေချင်တာလား။”

“ဟုတ်တယ်။”

“ချင်းယီ ဘယ်လို လုပ်သင့်လဲ ဆိုတာ သခင့်ကို မေးပါရစေ။”

“ဟူး။ ငါ ဆိုလို ချင်တာကို မင်းနားလည် ပေမယ့်၊ မင်းမလုပ်နိုင်ဘူး။ ဒါကို နားလည် စေဖို့ပဲ မြောက်ရွာမှာ မင်းကို ထားခဲ့တာ။”

“ချင်းယီက တုံးအ ပါတယ်။ သခင့်ကို စိတ်ပျက် စေမိပြီ။”

“မဟုတ်ဘူး။ တကယ်တော့ အဲ့ဒီ့ အချိန်တုန်းက ငါလဲ သုခမိန်တောင် မဖြစ်သေးဘူးလေ။ ဒီစိတ်ကူးကို ငါကိုယ်တိုင်လဲ အပြည့်အ၀ နားမလည်ဘူး။ ထားလိုက်တော့။ ငါ့ကို လာကူညီ။”

“ညွှန်ကြားပေးပါ သခင်။”

“ရွာသားတွေနဲ့ စကား ပြောပြီးတော့ သူတို့ အလုပ်တွေကို ကူညီပေး။” ဖန်ကျန်းရှီ သူ့နဖူးကို ဖိထားမိတယ်။ ချင်းယီနဲ့ ပုံမှန်လို စကားပြောဖို့ မဖြစ်နိုင်ဘူးပဲ။

ချင်းယီက အမိန့်တွေ ညွှန်ကြားချက်တွေကို လိုက်နာဖို့က အရေး အကြီးဆုံးလို့ မှတ်ယူထားတယ်။ ဒါကြောင့် ဖန်ကျန်းရှီလဲ သူ့စကားတွေကို အမိန့် ပုံစံနဲ့သာ ပြောနေခဲ့ ရတယ်။

“အမိန့်အတိုင်း ဆောင်ရွက်ပါမယ်။” ချင်းယီက နောက်ထပ် မေးခွန်း မမေးတော့ဘူး။ ချက်ခြင်း ထွက်ခွာ သွားတော့တယ်။

ချင်းယီ ပျောက်ကွယ် သွားပြီးနောက် ဝူယွဲ့အာက ထူးဆန်းတဲ့ အမူအယာနဲ့ ခြံဝန်းထဲမှာ ပေါ်လာတော့တယ်။

“ငလူး နင်က ချင်းယီကို ရွာသားတွေရဲ့ အလုပ် ကူလုပ်ခိုင်းဖို့ ခေါ်လိုက်တာလားဟ။” ဝူယွဲ့အာ စိတ်ရှုပ် နေခဲ့တယ်။ ဓားသက်တော်စောင့် တစ်ယောက် အနေနဲ့ ဒီလို အလုပ်မျိုး လုပ်ရတာက မသင့်တော်ဘူးလေ။ ဒါက အရည်အချင်းတွေကို ဖြုန်းတီး ပြစ်နေတာပဲ။

“ဟုတ်တယ် မင်းအကုန် ကြားလိုက်တယ် မလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ငါနင့်ကို မယုံဘူး။ နင့်မှာ အကြံအစည် ရှိရမယ်။ အမှန်အတိုင်းပြော။ နင် ချင်းယီကို သဘောကျနေတာ မဟုတ်လား။ ဝန်ခံလိုက်စမ်း။ ပြောလိုက်တာနဲ့ ချင်းယီကို နင့်အပိုင် ဖြစ်အောင် ချက်ခြင်း ငါလုပ်ပေးလို့ ရတယ်။ နေအုန်း၊ ဒါမှမဟုတ် ချင်းယီကို မြောက်ရွာက တစ်ယောက်ယောက်နဲ့ ပေးစား ချင်နေတာလား။ ဒါမျိုးတော့ လက်မခံဘူး။”

ဝူယွဲ့အာ ဆက်တိုက် ပူညံပူညံ ပြောဆို နေချိန်မှာ ဖန်ကျန်းရှီကတော့ သက်တောင့်သက်သာ လှဲလျောင်းရင်း မျက်လုံးတွေကို ပိတ်ထားခဲ့တယ်။ ဝူယွဲ့အာကို လုံး၀ လျစ်လျူရှု ထားတယ်။

“ဟဲ့ အရှက်မရှိတဲ့ ကောင်စုတ် ပြန်ဖြေအုန်းလေ။”

“မကြာခင် မင်း နားလည် ပါလိမ့်မယ်။” ဖန်ကျန်းရှီက မျက်လုံး မဖွင့်ပဲ ပုံမှန်အတိုင်း ပြန်ဖြေတယ်။ ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ နောက်ထပ် လောက တစ်ခုကို ကြည့်နေခဲ့တယ်။

ဒီလောကက မြောက်ရွာနဲ့ တစ်ထပ်တည်း တူညီတယ်။ ဒါပေမယ့် အဖြူအမည်း အရောင် နှစ်ခုပဲ ရှိတယ်။

…

အဖြူနဲ့ အနက် လောကမှာတော့ ချင်းယီက ရွာသားတွေကို နှုတ်ဆက်ရင်း အလုပ်တွေကို ကူညီ ပေးရမလားလို့ မေးမြန်း နေခဲ့တယ်။

ရွာသားတွေက ကြောက်လန့် တကြားနဲ့ ငြင်းပယ်တယ်။

“မမလေး ချင်းယီက အဆင့်အတန်း ဒီလောက် မြင့်တာ ဘယ်လိုများ ဒီလို ပင်ပန်းတဲ့ အလုပ်တွေကို လုပ်နိုင်မှာလဲ။ တောင်းပန်ပါတယ်၊ ဒါမျိုးတွေ မလုပ်ပါနဲ့။”

“..” ချင်းယီက ရပ်တန့် သွားခဲ့တယ်။ တစ်ခုခု မူမမှန် ဖြစ်နေတဲ့ ပုံပဲ။ ဒါပေမယ့် လက်မလျှော့ပဲ ကူညီရမယ့် သူကို ဆက်ပြီးတော့ ရှာဖွေ နေခဲ့တယ်။

မိသားစု တစ်ခုချင်းစီနဲ့ စကား ပြောပြီး နောက်ဆုံးမှာတော့ ခြံဝန်းထဲကို ပြန်လာတော့တယ်။

ဖန်ကျန်းရှီလဲ မျက်လုံး ဖွင့်လိုက်တယ်။ ငွေရောင် အလင်းတန်းက သူ့မျက်လုံးထဲမှာ တစ်ချက် လက်ပြီးနောက် ပျောက်ကွယ် သွားတယ်။ အဲ့ဒီ့နောက် သူပြုံးပြန်တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်၊ နင်တကယ်ပဲ ချင်းယီကို သဘောကျ နေတာလား။ နင့်ရှေ့က ဒီလောက်လှတဲ့ မိန်းမလှလေးကိုတော့ သတိမထားမိ လောက်အောင် ကန်းနေတာလား။” ဝူယွဲ့အာက စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ပြောပြန်တယ်။

“ရွာသားတွေကို မင်းကို ငြင်းပယ်တယ် မဟုတ်လား။” ဝူယွဲ့အာကို လျစ်လျူရှု ထားပြီးနောက် ချင်းယီကို ဖန်ကျန်းရှီ မေးလိုက်တယ်။

“ခွင့်လွှတ်ပါ သခင်။ ချင်းယီ။”

“နောက်နည်းလမ်း တစ်ခုကို ကြိုးစားကြည့်။” ချင်းယီ စကားကို ဖန်ကျန်းရှီ ဖြတ်ပြောတယ်။ ရွာအရှေ့ဘက်ကို သူညွှန်ပြတယ်။ “ဦးလေးလီ အခု ထင်းခွဲနေတယ်။ သူ့ရဲ့ ထင်းခွဲ စွမ်းရည်ကို ချီးမွမ်းပြီးတော့ သင်ပေးခိုင်း။ ပြီးရင် သူသင်ပေးတဲ့ အတိုင်း လုပ်ပြီး အလုပ်တွေကို ကူပေးလိုက်။”

“အမိန့် အတိုင်းပါ။” ချင်းယီ ခေါင်းငြိမ့်ပြီးနောက် အရှေ့အရပ်ကို ထွက်သွားတော့တယ်။ မေးခွန်း မထုတ်ခဲ့ဘူး။

ဝူယွဲ့အာရဲ့ မျက်လုံးက တောက်ပလာတယ်။ ချင်းယီနဲ့ ပြုံးနေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း တစ်ခုခု စဉ်းစား နေပုံပဲ။

တစ်ခဏ အကြာမှာတော့ သူမ စိတ်ထဲကို အတွေး တစ်ခု ခုန်ဝင် လာတော့တယ်။

“နင် ချင်းယီကို သင်ပေးနေတာပဲ။ ဟုတ်တယ်ဟုတ်။”

“..” ဖန်ကျန်းရှီကတော့ မျက်လုံး တစ်ချက် စွေကြည့်တယ်။ ဝူယွဲ့အာရဲ့ စိတ်လှုပ်ရှားမှု အပြည့် မျက်နှာကို မြင်ချိန်မှာတော့ သူပြန်ဖြေတယ်။ “ထက်မြက် ပါပေတယ်။”

“ဟန့်။ သေချာပေါက် ငါက ထက်မြက်တာပေါ့။” ဝူယွဲ့အာက ပြုံးပြနေရင်း အရှေ့အရပ်ကို လှမ်းမျှော် ကြည့်နေခဲ့တယ်။ ရုတ်တရက် သူမ ခန္ဒာကိုယ် တစ်ချက် တုန်ယင် သွားတယ်။ “အမ်။ ဦးလေးလီ ထင်းခွဲနေတာကို နင်ဘယ်လိုလုပ် သိတာလဲ။ နေရာကနေတောင် မခွာပဲနဲ့။”

“ငါ့မှာ မျက်လုံး နှစ်လုံး ရှိတယ်လို့ ပြောရင်း မင်းယုံမလား။” ဖန်ကျန်းရှီ ပြုံးပြန်တယ်။

“မယုံပါဘူး။” ဝူယွဲ့အာ စိတ်ပျက်လက်ပျက် ပြန်ဖြေတယ်။ “ဦးလေးလီနဲ့ အစတည်းက တိုင်ပင်ထားတာပဲ ဖြစ်ရမယ်။ ဟုတ်တယ် မလား။”

ဖန်ကျန်းရှီက ပြန်မဖြေတော့ဘူး။ ဝူယွဲ့အာကို လက်ခလယ် ထောင်ပြပြီးနောက် မျက်လုံး မှိတ်ထားရင်း ပြန်လှဲ နေတော့တယ်။

…

တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက် ကုန်ဆုံး သွားခဲ့ပြီ။

ချင်းယီကတော့ ရွာသားတွေကို ဖန်ကျန်းရှီ ပြောတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ရင်း ရောနှော နေခဲ့တယ်။

“မမလေး ချင်းယီက ထူးချွန်ရုံတင် မကဘူး၊ ရိုရိုကျိုးကျိုး နှိမ့်နှိမ့်ချချနဲ့ သင်ယူချင်တယ် ဆိုတာ ငါတော့ မယုံလောက်အောင်ပဲ။”

“အမှန်ပဲ။ ဒါ့အပြင် အရမ်းလဲ ထက်မြက်သေးတယ်။ သူ့ကို ငါတစ်ခေါက်ပဲ သင်ပေး တာတောင်၊ သူစိုက်တဲ့ ဟင်းရွက်တွေက ငါ့ထက် ပိုကောင်းနေတယ်။”

“ဟုတ်တယ်။ တကယ်တော်တဲ့ ကောင်မလေး။ အရင်တုန်းက သူ့ကို အေးစက်စက်နဲ့ မဖော်မရွေတဲ့သူလို့ ထင်ထားတာ ဒါပေမယ့် ရုတ်တရက် စကားပြောလာပြီး တခြားသူ တစ်ယောက် ဖြစ်သွား သလိုပဲ။”

“တခြားသူ တစ်ယောက်တဲ့လား။” ရွာသား တချို့ရဲ့ ဆွေးနွေးသံကို ကြားချိန်မှာတော့ ချင်းယီ အတွေးနက် သွားတော့တယ်။ “ရေလို ကျင့်ရင် အထိအခိုက် နည်းလိမ့်မယ်။ အခုတော့ ငါနားလည်ပြီ ထင်တယ်။”

“မင်း နောက်ဆုံးတော့ နားလည် ပြီလား။ ကြမ်းတမ်းတာက ယန်။ နူးညံ့တာကယင်။ ကိစ္စတွေကို မတူညီတဲ့ နည်းလမ်းနဲ့ လုပ်လို့ ရတယ်။ ဓားပညာလဲ အတူတူပဲ။ မြန်ဆန်တာက အရေးကြီး ပေမယ့်၊ တစ်ခါတလေမှာ အရှိန်လျော့ဖို့လဲ လိုတယ်။ မင်းအရှိန် လျော့ချ လိုက်ရင်၊ ဓားကွက်မှာ အပြောင်းအလဲ တိုးတက်မှုတွေ ဖြစ်လာလိမ့်မယ်။” ချင်းယီရဲ့ နောက်မှာ လူတစ်ယောက် ပေါ်လာခဲ့တယ်။

ချင်းယီ ချက်ခြင်း ဒူးထောက်ရင်း ဦးညွှတ်လိုက်တယ်။ “သင်ကြား ပြသပေးတဲ့ အတွက် သခင့်ကို ကျေးဇူး တင်ပါတယ်။”

“ကျေးဇူးတင်ဖို့ မလိုဘူး။ မင်းကို ကူညီတာက ငါ့ကိုယ်ငါ ကူညီတာပဲ။” ဖန်ကျန်းရှီ ခေါင်းခါရင်း ချင်းယီကို ထူပေးလိုက်တယ်။

တကယ်တော့ ဒီအချိန် တစ်လျှောက်လုံး သူတွေးတော နေခဲ့တာ၊ ယွင်ချင်းဝူ လွန်ခဲ့တဲ့ နှစ်တွေမှာ ဘာတွေကို ဘယ်လို လုပ်ခဲ့လဲ။ ဝူယွဲ့အာနဲ့လဲ သူတိုင်ပင် ဆွေးနွေး ခဲ့တယ်။

ဒါပေမယ့် သူထုတ်မပြောတဲ့ ကိစ္စ တစ်ခုတော့ ရှိတယ်။

ယွင်ချင်းဝူရဲ့ စွမ်းအားတွေက အကွက်ချ နိုင်စွမ်း မဟုတ်ဘူး။ ထူးခြား သာလွန်တဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ ဦးဆောင် နိုင်စွမ်းပဲ။ မီးတောက်လေး တစ်စက မီးပုံကြီး တစ်ခုကို စတင်နိုင်တယ်။ အကယ်၍ ယွင်ချင်းဝူကို တပ်သား ဆယ်ယောက် ပေးလိုက်ရင်၊ ဒီတပ်သားတွေကို သုံးပြီးတော့ ရွာတစ်ရွာလုံးကို ထိန်းချုပ်နိုင်တယ်။ အင်အား တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း အထိ တိုးပွားအောင် လုပ်နိုင်တယ်။

“တစ်ယောက်ချင်း စွမ်းအားက တစ်ယောက်ချင်း တိုက်တဲ့ အချိန်မှာပဲ ကန့်သတ်ချက် ရှိတယ်။ ယွင်ချင်းဝူ ငါတို့ တိုက်ပွဲ အခု စပြီ။” ဖန်ကျန်းရှီ မျက်လုံးတွေကို မှေးစင်းထားရင်း ကန်လင်းတောင် အကျော်က သွေးအရိပ် မြို့တော် ရှိရာဆီကို ကြည့်နေခဲ့တယ်။ အဲ့ဒီ့ နေရာမှာ လောကသစ်ကြီး တစ်ခု ရှိနေခဲ့တယ်။

တစ်ခဏ အကြာမှာတော့ ဖန်ကျန်းရှီရဲ့ မျက်လုံးထဲမှာ ငွေဖြူရောင် အလင်းတန်း တစ်ချက် လက်သွားရင်း ပြုံးလိုက်တယ်။ “သိပြီ။ မင်းကနေ စမယ်။”

…

လဝက် ကြာပြီးနောက် ဆောင်းဦးလေက တဖြူးဖြူး တိုက်ခတ် နေခဲ့ပြီ။ မြူခိုးတွေလဲ ကျဆင်းလာတယ်။

တောင်ပိုင်း ဒေသကတော့ အခြေအနေ အတော့်ကို ဆိုးနေခဲ့တယ်။ လွန်ခဲ့တဲ့ တစ်လတုန်းက သုခမိန်တောင်တန်း မြို့တော်ရဲ့ အလယ်ကို ကျုးကျော် ခံခဲ့ရတယ်။ ရှန်မိသားစုရဲ့ နာမည်ကို သုံးပြီးတော့ ယွင်ချင်းဝူက နန်လင်းနဲ့ သံတောင်ကုန်း နယ်မြေတွေရဲ့ တပ်တွေ အားလုံးကို သုခမိန် တောင်တန်းမြို့တော်ဆီ ရွေ့ခဲ့တယ်။

နန်လင်းနဲ့ သံတောင်ကုန်း အကြီးအကဲတွေ တစ်ခုခု လွဲနေတာကို သိပေမယ့်၊ မြို့တော်ကြီးရဲ့ အရေးပေါ် စစ်ကူ တောင်းတာကို မလွန်ဆန် နိုင်ခဲ့ဘူး။ ရလဒ်ကတော့ ထင်ရှားတယ်။

စစ်ကူတွေ သုခမိန် တောင်တန်း မြို့တော်ဆီ မရောက်ခင် အချိန်မှာပဲ၊ ထိပ်တန်း နတ်ဆိုး စစ်သည်တော် တစ်သောင်းက သွေးအရိပ် မြို့တော်ကနေ ဆင်းလာပြီး၊ မြို့နှစ်ခုကို သိမ်းပိုက်လိုက်တယ်။

လက်ရှိ အချိန်မှာ ယန်ယ၊ ရှီကျွမ်း၊ ရေခဲမျောက်မင်း၊ မိုးကြိုးခြင်္သေ့ နယ်မြေ လေးခုမှာ သုံးခုက သိမ်းပိုက် ခံလိုက်ရပြီ။ မိုးကြိုးခြင်္သေ့ နယ်မြေကလဲ ကြိုးစား ခုခံ နေရဆဲ။

“အရှင်ဧကရီ။ တောင်ပိုင်းဒေသက ကျုးကျော် ခံရ ပြီးပါပြီ။ တောင်ပိုင်း ဒေသရဲ့ အနာဂတ်နဲ့၊ ရှန်းမိသားစု မျိုးဆက်တွေ အတွက် ကျေးဇူးပြုပြီး ထွက်ခွာပါ။” နယ်မြေ အကြီးအကဲ သုံးယောက်က မိုးကြိုးခြင်္သေ့ နယ်မြေ နံရံပေါ်မှာ ဒူးထောက်ရင်း တောင်းဆို နေကြတယ်။

“ဘယ်ကို ထွက်ပြေး ရမှာလဲ။” သားရေ ဝတ်ရုံရှည်ကို ဝတ်ထားတဲ့ ရှန်းယွီက နီးကပ်လာတဲ့ နတ်ဆိုး စစ်တပ်တွေကို ကြည့်ရင်း မေးလိုက်တယ်။

သူမ ပင်ပန်းနေတာ သိသာလွန်းတယ်။ တကိုယ်လုံး ဖုန်တွေ အလူးလူး ဖြစ်နေပင်မယ့် ဒါကို ဂရု မစိုက်ခဲ့ဘူး။

နယ်မြေ အကြီးအကဲတွေ ပြောသလိုပဲ၊ တောင်ပိုင်း ဒေသက နတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုကို ခုခံချင်းငှာ မစွမ်းသာ တော့ဘူးလေ။

အပိုင်း (၉၁၄) ပြီး၏။

အပိုင်း (၉၁၅)

“ငါ့မျက်နှာလှလှလေးကို ရိုက်စမ်း။”

လဝက် အချိန်တွင်းမှာပဲ တောင်ပိုင်းဒေသက ဒီလို အခြေအနေမှာ အဆုံးသတ် သွားခဲ့ပြီ။ စစ်သည်တော် တစ်သိန်းကနေ ငါးသောင်း အထိ လျော့ကျ သွားခဲ့ပြီ။ အရင် ဘုရင်ကြီးကလဲ သုခမိန်တောင်တန်း မြို့တော် တိုက်ပွဲမှာ သေဆုံး သွားခဲ့ပြီ။

နယ်မြေ ခြောက်ခုထဲမှာ သုံးခုရဲ့ ခေါင်းဆောင်တွေက ကျဆုံး သွားခဲ့တယ်။ ကျန်ရစ်တဲ့ သုံးယောက်ကလဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတယ်။ မြို့တော်ကြီး ၇ခုမှာ တစ်ခုပဲ ကျုးကျော် မခံရပဲ ကျန်ရစ်တယ်။

ရှန်းယွီ ဘယ်လိုများ လွတ်မြောက် နိုင်မှာလဲ။ ဘယ်ကို ထွက်ပြေးလို့ ရနိုင်မှာလဲ။

“ရန်မြို့တော်ဆီကို သွားပါ အရှင် ဧကရီ။ ကြီးမြတ်သောရှက စစ်ကူတွေ မပို့ပေး ပင်မယ့်၊ အရှင်က ကြီးမြတ်သောရှရဲ့ ဘုရင်ခံ တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ကြီးမြတ်သောရှက ထိုင်နေပြီး ဘာမှ မလုပ်ပဲ ဘယ်လို နေမှာလဲ။

“အမှန်ပါပဲ၊ အရှင် ဧကရီ၊ အခုချိန်မှာ သွားသင့်ပါပြီ။ လမ်းခရီးကို ကျွန်တော်တို့ အသက်နဲ့ လဲပြီး ကာကွယ် ပါမယ်။”

“အခုပဲ ထွက်ခွာပါတော့ အရှင်ဧကရီ။”

နယ်မြေ အကြီးအကဲ သုံးယောက်က ရှန်းယွီရဲ့ အမူအယာကို ကြည့်ရင်း နှလုံးသားတွေ နာကျင် နေရတယ်။ ဒါပေမယ့် သူတို့တွေ အံကြိတ်ရင်း ဆက်တိုက်သာ တောင်းပန် နေခဲ့တယ်။

“ကြီးမြတ်သောရှ တဲ့လား။” နယ်မြေ အကြီးအကဲတွေ သွေးချင်းချင်းနီ နေတဲ့ စစ်သည်တော်တွေကို ကြည့်ရင်း သူမ လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်တယ်။ တကယ်တော့ လွန်ခဲ့တဲ့ တစ်လတည်းကနေ ကြီးမြတ်သောရှကို စစ်ကူ တောင်းခံလွှာ ပို့ခဲ့ပြီးပြီ။

ဒါပေမယ့် အခုချိန် အထိ ဘာစစ်သည်မှ ရောက်မလာ ခဲ့ဘူး။ ကြီးမြတ်သောရှက စစ်ကူ မပေးချင်တာ မဟုတ်ပဲ နိုင်ငံတွင်း အခြေအနေ မတည်ငြိမ်တာကြောင့် စစ်ကူ မရောက်မှန်း သိတယ်။

နယ်မြေ အကြီးအကဲ သုံးယောက် ပြောသလို သူသာ ထွက်ခွာ သွားမယ် ဆိုရင်၊ တောင်ပိုင်း ဒေသသာ ကျဆုံး သွားရင်၊ တော်ဝင် မျိုးနွယ် ဆိုတာ ထပ်ရှိ နိုင်အုန်းမလား။

“ငါ မသွားဘူး။” ရှန်းယွီ ခေါင်းခါ လိုက်တယ်။

“အရှင် ဧကရီ။ အခုချိန်မှာ ထွက်ခွာ မသွားရင် နောက်ကျ သွားပါလိမ့်မယ်။ နတ်ဆိုး စစ်သည်တော်တွေက မကြာခင် ရောက်လာတော့မယ်။ အဲ့ဒီ့ အချိန် ရောက်ရင်၊ တောင်ပိုင်း ဒေသလဲ တကယ် ပျက်စီး သွားလိမ့်မယ်။”

“ကျေးဇူးပြုပြီးတော့ အခု ထွက်ခွာပါ အရှင် ဧကရီ။ နတ်ဆိုး စစ်သည်တော်တွေ တမိုင် အကွာမှာ ရှိနေသေးတယ်။ အရှင် ဧကရီကို ကာကွယ်ပြီး ရန်မြို့တော်ဆီ ပို့လို့ ရပါသေးတယ်။”

“ဟုတ်ပါတယ်။ တောင်ပိုင်း ဒေသရဲ့ အနာဂတ် အတွက် စဉ်းစား ပေးပါ အရှင် ဧကရီ။”

နယ်မြေ အကြီးအကဲ သုံးယောက်က ရှန်းယွီရဲ့ စိတ်ကို နားလည်တယ်။ ဒီတစ်နှစ်ကျော် အချိန်၊ ရှန်းယွီရဲ့ အုပ်ချုပ်မှု အောက်မှာ တောင်ပိုင်း ဒေသက ရှားပါးလွန်းတဲ့ ငြိမ်းချမ်းပြီး သဟဇာတ ဖြစ်တဲ့ အခြေအနေကို ကြုံတွေ့ ခဲ့ရတယ်။

ကြီးမြတ်သောရှရဲ့ စိုက်ပျိုးရေး နည်းစနစ်တွေကို သင်ယူ ပြီးတဲ့နောက်၊ တောင်ပိုင်း ဒေသက လူတွေလဲ စိုက်ပျိုးရေးကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး စိုက်ပျိုးထားတဲ့ သီးနှံတွေနဲ့ ဗိုက်ပြည့်အောင် ဖြည့်နိုင်ခဲ့တယ်။ နောက်ထပ် အစာရေစာ မရှားပါးတော့ဘူး။

တောင်ပိုင်းဒေသ တစ်ခွင်လုံးက လူတွေ ပြုံးပျော် ခဲ့ကြတယ်။

ဒါက တစ်နှစ် အချိန်တွင်းမှာ ရှန်းယွီ စွမ်းဆောင် ခဲ့တာပဲ။ တောင်ပိုင်း ဒေသကို ဖွင့်လှစ် ပေးခဲ့တယ်။ အပြင်လောကရဲ့ အားသားချက်တွေကို အသုံးချ ပြီးတော့ ကြီးမြတ်သောရှရဲ့ ယဉ်ကျေးမှုတွေကို လက်ခံခဲ့တယ်။ ဒါပေမယ့် ကိစ္စတွေက စီစဉ် ထားတဲ့ အတိုင်း ဖြစ် မလာခဲ့ဘူး။

မဟာ စစ်ပွဲကြီးက တောင်ပိုင်းဒေသရဲ့ အောင်မြင် တိုးတက်မှုတွေ အားလုံးကို ဖျက်စီး ပြစ်လိုက်တယ်။ အားလုံးက လင်းကျီလို့ ခေါ်တဲ့ မိစ္ဆာမကြောင့်ပဲ။

လွန်ခဲ့တဲ့ လဝက်တုန်းက တောင်ပိုင်း ဒေသကို လင်းကျိ ရောက်လာ ခဲ့တယ်။ နန်းတော် ရှေ့မှာ သူမရဲ့ ကိုယ်ပိုင် အစွမ်း အစနဲ့ ရပ်တည်ခဲ့တယ်။ ဒီအချိန်မှာပဲ တောင်ပိုင်း ဒေသကြီး နားလည် သွားတယ်။ စစ်သည်တော် တစ်သောင်းကို တစ်ယောက်တည်း ရင်ဆိုင် နိုင်သူ ဆိုတဲ့ ဖြစ်တည်မှုကိုပေါ့။

ဒါပေါ့။ လင်းကျီက တောင်ပိုင်း ဒေသ တစ်ခုလုံးကို တစ်ယောက်တည်း အပြတ်ရှင်း နိုင်လောက်အောင် အင်အား မကြီးခဲ့ဘူး။ တောင်ပိုင်း ဒေသမှာ စစ်သည်တော်တွေ များပြားလွန်းတယ်။ လင်းကျိရှေ့မှာ သူတို့ အားလုံး ရပ်နေရင်တောင်၊ အားလုံးကို သတ်ဖို့ အတွက် အချိန်ယူရမယ်။ အချိန် တစ်နှစ် ကြာမြင့်တာတောင် ဖြစ်နိုင်သေးတယ်။

ဒါပေမယ့် လင်းကျိက တောင်းဆိုချက် တစ်ခုကို ထုတ်ဖော်ခဲ့တယ်။ ပထမတန်းစား ကမ်းလှမ်းချက် တစ်ခုပဲ။ ရှန်းယွီလဲ ရွေးချယ်စရာ မရှိတဲ့ အတွက် လက်ခံ ခဲ့ရတယ်။ သူမ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက လင်းကျိကို နန်းတော်ထဲ ဖိတ်ခေါ်ပြီး ဧည့်ခံဖို့ပဲ။

လင်းကျိ အတွက် တာဝန် ထမ်းဆောင် ပေးရသူတွေက သူမ မကျေနပ်ရင် မကျေနပ်သလို အသတ်ခံရတယ်။ တစ်ချို့ကတော့ သူ့အခန်းထဲ မဝင်ရ သေးခင် အချိန်မှာပဲ သေကုန်ကြတယ်။

နန်းတော် တစ်ခုလုံး ရှုပ်ထွေး သွားဖို့ ငါးရက်တောင် မကြာလိုက်ဘူး။ ဘယ်သူမှ လင်းကျိကို မခစားရဲတော့။ ဒါပေမယ့် လင်းကျိကတော့ ဆက်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်နေဆဲ။ ရှန်းယွိကတော့ လင်းကျီ တမင်တကာ လုပ်နေမှန်း သိတယ်။

ဒါပေမယ့် သည်းခံရုံမှ တစ်ပါး အခြားမရှိ။ ကြီးမြတ်သောရှ နိုင်ငံတော်ဆီကို အရေးပေါ် အချက်ပြနည်းနဲ့ အကူအညီ တောင်းခံ ခဲ့တယ်။ ဒါပေမယ့် သွေးအရိပ် မြို့တော်နဲ့ ထိစပ်နေတဲ့ နယ်မြေကနေ ရန်သူ့ သတင်းတွေ ရောက်လာ ခဲ့တယ်။

အတွင်း အပြင် လုံခြုံရေးတွေက ခြိမ်းခြောက် ခံနေရပြီ။ ရှန်းယွီလဲ ပြိုလဲတော့ လုနီးပါး အခြေအနေကို ရောက်သွားခဲ့တယ်။ ဒါပေမယ့် လင်းကျိက နတ်ဆိုး မျိုးနွယ်တွေကို တောင်ပိုင်းတပ်တွေ ခုခံ တိုက်ခိုက်စေဖို့ အကြံပေးခဲ့တယ်။ ဒါ့အပြင် စစ်တပ် အမိန့် အာဏာကို သူ့ဆီ အပ်နှင်းဖို့လဲ ဖိအားပေးတယ်။

ရှန်းယွီနဲ့ အရင် တောင်ပိုင်း ဒေသ ဘုရင်ဟောင်း သဘောမတူ ခဲ့ပေမယ့်၊ လင်းကျိက အင်အား ကြီးလွန်းတယ်။ လက်ချောင်းလေး တစ်ချောင်း လှုပ်လိုက် ရုံနဲ့တင် အင်အားကြီး ပြန်လည် မွေးဖွားမှု အင့် တစ်ယောက်ကို သတ်လိုက်နိုင်တယ်။ ဘယ်သူကများ သူနဲ့ ဆွေးနွေးလို့ ရနိုင်မှာလဲ။

ရလဒ်ကတော့ သိသာ ထင်ရှားတယ်။ နန်းတော်တွင်း တိုက်ပွဲမှာပဲ အရင် ဘုရင်ဟောင်း သေဆုံးခဲ့တယ်။ လင်းကျိက ဘုရင့် တံဆိပ်တော်ကို သုံးပြီး နန်လင်းနဲ့ သံတောင်ကုန်းက တပ်တွေ အားလုံး မြို့တော်ကြီးဆီ ဆင့်ခေါ် လိုက်တယ်။ ဒီလိုနဲ့ နယ်မြေတွေ ကျုးကျော် ခံခဲ့ရတယ်။

“အရှင် ဧကရီ။”

“အရှင် ဧကရီ ဆုံးဖြတ်ချက် မြန်မြန် ချပေးပါ။”

နယ်မြေ အကြီးအကဲ သုံးယောက်က ရှန်းယွီကို ဆက်တိုက် တောင်းပန် နေခဲ့တယ်။

“စကားပြောတာ ရပ်လိုက်တော့။ ငါမသွားဘူး။ တိုက်ပွဲထဲမှာ သေတဲ့ ဘုရင်ပဲ ရှိတယ်။ တိုက်ပွဲကနေ ထွက်ပြေးတဲ့ ဘုရင် မရှိဘူး။”

ဒါကို ကြားချိန်မှာတော့ နယ်မြေ အကြီးအကဲတွေ ခေါင်းငုံ့ထားရင်း တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အံကြိတ် လိုက်ကြတယ်။

“မလေးမစား ပြုမိတဲ့ အတွက် ခွင့်လွှတ်ပါ အရှင် ဧကရီ။”

“ဘာ မင်းတို့ ဘာလုပ်တာလဲ။ ငါမသွားဘူး။ သေမှပဲ သွားမယ်။” ရှန်းယွီရဲ့ အမူအယာက ချက်ခြင်း ပြောင်းလဲ သွားတော့တယ်။ နယ်မြေ အကြီးအကဲ သုံးယောက်က သူမကို ဆက်တိုက် တိုက်ခိုက် နေခဲ့ပြီ။ အချိန်နှောင်း သွားခဲ့ပြီ။ နီးကပ်လွန်းတဲ့ အကွာအဝေးနဲ့ အကြီးအကဲ သုံးယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကြောင့် သူမ မခုခံ နိုင်ဘူး။

“ငါ့ကို လွှတ်ကြ။ ငါက တောင်ပိုင်း ဧကရီ။ မင်းတို့တွေ ဘယ်လိုတောင် လုပ်ဝံ့တာလဲ။” ရှန်းယွီ ရုန်းကန် ချင်ပေမယ့်၊ သူမရဲ့ ပါးစပ်ကို သားရေစက ပိတ်ဆို့ထားခဲ့တယ်။

“အရှင် ဧကရီကို ဘယ်လိုပဲ ဖြစ်ဖြစ် အဝေး ပို့ရပါလိမ့်မယ်။ သဘောမတူရင်တောင် ကျွန်တော်တို့ လုပ်ရမှာပဲ။ ကျွန်တော်တို့ကို အရှင်နဲ့ အတူ သေစေချင်ရင်၊ နတ်ဆိုး စစ်သည်တော်တွေကို ကျွန်တော်တို့ အာရုံ လွှဲထား ပါမယ်။” ရှန်းယွီကို ဖမ်းချုပ် ပြီးတဲ့နောက် နယ်မြေ အကြီးအကဲ သုံးယောက်က ဒူးထောက် လိုက်ပြန်တယ်။

ရှန်းယွီကတော့ ဒူးထောက်နေတဲ့ အကြီးအကဲ သုံးယောက်ကို ကြည့်ရင်း တောင့်တင်း နေခဲ့တယ်။ သူမ ခေါင်းကို တစ်ဖက် လှည့်သွားရင်း ခုခံ နေတာကို ရပ်တန့် လိုက်တယ်။

“အမိန့် ချလိုက်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ လက်နက် မချရင် ၂နာရီ ရအောင် ခုခံကြ။”

“အမိန့်တော် အတိုင်းပါ။”

…

မိုးကြိုးခြင်္သေ့ ဒေသ မြောက်ပိုင်း တံခါး။

“နတ်ဆိုး စစ်သည်တော် တစ်ယောက်မှ မတွေ့ပါလား။”

“ဟုတ်ပြီ။ ထွက်ခွာကြ။ ကြီးမြတ်သောရှရဲ့ ချင်းတောင်တန်း ဘက်ကို လှည့်မယ်။” နောက်ထပ် အသံ တစ်သံက ချက်ခြင်း ပြန်ဖြေတယ်။

“ကောင်းပြီ။”

ဒီစကားသံ ဆုံးသွားတဲ့နောက် မြို့တံခါးက ဖြည်းဖြည်းချင်း ပွင့်လာတယ်။ အနက်ရောင် သားရေ ဝတ်ရုံတွေကို ဝတ်ထားတဲ့ ဆယ်ယောက် အုပ်စုကြီးက တံခါး အပြင်ကို ထွက်လာ ခဲ့တယ်။

ညအချိန်မှာတောင် ဒီအုပ်စုကြီးက အသံ သိပ်မထွက်ကြဘူး။ အထူးသဖြင့် သူတို့ စီးနင်းထားတဲ့ ငွေဂျိုဝံပုလွေ တွေက တောင်ပေါ် လမ်းတွေကို ကျွမ်းကျင်တယ်။ တစ်ခဏ ခုန်ပျံ လိုက်ရုံနဲ့ မြို့တံခါး အပြင်မှာ ပျောက်ကွယ် သွားတယ်။

တောင်ပေါ်လေ တိုက်ခတ်နေတယ်။ ဒီလူတွေက အရမ်းကို မြန်ဆန်တယ်။ အဓိက လမ်းတွေကို ရှောင်ရှားပြီးနောက် ဒီအုပ်စုကြီးက တမိုင်အကွာကို ရောက်နေခဲ့ပြီ။

“ငါတို့ နောက်ဆုံးတော့ အပြင်ကို ရောက်လာပြီ။”

“မဟုတ်သေးဘူး။ ငါတို့တွေ တောင်ပိုင်း ဒေသက မခွာရ သေးသရွေ့၊ ဘာမဆို ဖြစ်နိုင်တယ်။ မြန်မြန် သွားကြ။ နေမထွက်ခင် ချင်းတောင်တန်းကို ရောက်မှ ဖြစ်မယ်။”

“မင်းမှန်တယ်။ တောင်ပိုင်းဒေသကနေ မခွာခင် ဘာမဆို ဖြစ်နိုင်တယ်။” ဒီအချိန်မှာပဲ တောထဲကနေ အသံ တစ်သံ ထွက်ပေါ်လာတယ်။

သစ်တောထဲကနေ လူတစ်ယောက် ထွက်လာတယ်။ သူမရဲ့ ခြေလှမ်းတိုင်းက ဆွဲဆောင် ညှို့ငင်နိုင်စွမ်းတွေ ပြည့်နှက် နေပြီးတော့ ဆံကေသာတွေက ရေတံခွန်လို ပုံစံနဲ့ ခါးပေါ်ကို ဝဲကျ နေခဲ့တယ်။

အရမ်းကို ငယ်ရွယ်ပြီး ညှို့ငင်နိုင်တဲ့ အပြုံးနဲ့ တောက်ပနေတဲ့ မိန်းမပျိုလေး တစ်ယောက်ပဲ။ အရမ်းကို လှပလွန်းတယ်။ ဒါပေမယ့် အုပ်စုကြီးကတော့ မိန်းမပျိုကို မြင်မြင်ချင်း ထိတ်လန့်တကြား သွေးဆုတ်ဖြူရော် သွားတော့တယ်။

“ဘာဖြစ်လို့လဲ။ တောင်ပိုင်း ဒေသက ရှုံးနိမ့် သွားပြီးပြီ။ ငါတို့ကိုပါ ဘာဖြစ်လို့ သုတ်သင် ချင်နေတာလဲ။” အဖွဲ့ခေါင်းဆောင်က ဒေါသတကြီးနဲ့ မေးတယ်။

“ဟဟား။ ငါဘာဖြစ်လို့ ဒီရောက်နေလဲလို့ မေးမယ် ထင်နေတာ။” နဖူးက ဆံနွယ်စတွေကို သပ်တင်ရင်း မိန်းမပျိုက ပြုံးလိုက်တယ်။

“အရှင်ဧကရီနဲ့ ထွက်ပြေးတော့။”

“ထွက်ပြေး။ နင်တို့ အားလုံး ထွက်ပြေး နိုင်မယ် ထင်နေတာလား။” လင်းကျီက မျက်တောင် တဖတ်ဖျတ် ခတ်ရင်း ပတ်ပတ်လည်ကို လက်ညှိုးထိုးပြတယ်။ “အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အာ ဟုတ်သား ပြောဖို့ မေ့နေတာ။ နင်တို့ကို ဝန်းရံ ခံလိုက်ရပြီ။ ဘယ်သွားသွား အလုပ် ဖြစ်မှာ မဟုတ်ဘူး။”

သူမ ပြောပြီးတဲ့ အချိန်မှာပဲ ပတ်ပတ်လည် နတ်ဆိုး စစ်သည်တော်တွေ ဆီကနေ အလင်းရောင်တွေ ထွက်ပေါ် လာတော့တယ်။

ဆယ်ယောက် အုပ်စု ချက်ခြင်း ဖြူဖျော့ သွားခဲ့တယ်။ လင်းကျီ ဘယ်လောက်တောင် အင်အားကြီးမှန်း သူတို့ သိထားပြီးသား။ လွတ်မြောက် နိုင်ချေက ဆယ်ရာခိုင်နှုန်းတောင် မရှိဘူး။

ဒါပေမယ့် ဖြစ်နိုင်ချေကို သူတို့ လျော့တွက်မိတယ်။ လင်းကျီက သူတို့ကို ဆယ်ရာခိုင်နှုန်း ဖြစ်နိုင်ချေတောင် မပေးခဲ့ဘူး။ ထောင်ချီတဲ့ နတ်ဆိုး စစ်သည်တော်တွေကို သူတို့ ဘယ်လို ဖောက်ထွက် နိုင်မှာလဲ။

“လင်းကျီ ငါတို့ မင်းကို သတ်မယ်။” နယ်မြေ အကြီးအကဲ သုံးယောက်က အတူတူ ထွက်လာခဲ့တယ်။ သူတို့တွေရဲ့ ကြွက်သားတွေက ရုတ်ချည်း ကြီးမားလာတယ်။ ဒါ့အပြင် နှစ်ယောက်ကတော့ သူတို့ရဲ့ ကျောဘက်မှာ အနက်ရောင် အမွှေးအမျှင်တွေ ပြည့်နေခဲ့ပြီ ဝက်ဝံကြီးတွေလိုပဲ။

“ဟဟား။ သတ်မယ်။ ဘယ်လိုလဲ။ ကံကောင်းတာက မင်းတို့ရဲ့ ဧကရီငယ်လေးပဲ။ မင်းတို့ ထွက်ပြေးမှာကို ခန့်မှန်း ထားပြီးသားလေ။ ရှန်းယွီကို ငါသတ်ပြီးရင်၊ မိုးကြိုး ခြင်္သေ့ နယ်မြေက အလိုလို အညံ့ခံမှာပဲ။ စစ်သည်တော်တွေ သုံးစရာတောင် မလိုဘူး။” လင်းကျိ ဆိုးယုတ်မှု အပြည့်နဲ့ ရယ်မောရင်း လက်ချောင်းတွေကို လှုပ်လိုက်တယ်။ “သူတို့ အားလုံးကို သတ်။”

“တိုက်ခိုက်။” အသံကျယ်ကြီးနဲ့ အတူ အေးစက်တဲ့ အလင်းတန်းတွေက မိုးစက် မိုးပေါက်တွေလို ကျဆင်းလာတယ်။

“အား။”

“အား။”

နာနာကျင်ကျင် အော်ဟစ်သံ တစ်ချို့ ထွက်ပေါ်လာတယ်။ ဒါပေမယ့် သူတို့တွေ ပြိုလဲ မသွားကြဘူး။

“လင်းကျီ။” နယ်မြေ အကြီးအကဲ သုံးယောက်က လင်းကျီဆီကို လျှပ်စီး လက်သလို ပြေးဝင် လာကြတယ်။

လင်းကျီကတော့ အဆိပ်ပြင်း မြွေတစ်ကောင်လို အသွင်နဲ့ ပြုံးနေခဲ့တယ်။

“ဒီလို ကိစ္စတွေ အတွက် အချိန်ဖြုန်းဖို့ ငါ့မှာ အချိန် မရှိဘူး။” ပြောပြီးတဲ့နောက် နေရာကနေ လင်းကျီ ပျောက်ကွယ် သွားတော့တယ်။ ဆယ်ယောက် အုပ်စု အလယ်မှာ သူပေါ်လာတယ်။

ဝုန်း။

အင်အားကြီး လေလှိုင်းတွေက အုပ်စု တစ်ခုလုံးကို လွင့်ထွက် သွားစေတယ်။ ဒီအရှိန် အဝါက လေထဲမှာ မြားတစ်စင်းလို ပေါ်လာပြီးတော့ အသံ တဝီဝီ မြည်နေခဲ့တယ်။

“အာ၊ ဒီတော့ ဧကရီက ချည်နှောင် ခံထား ရတာလား။ ဘာဖြစ်လို့များလဲ။” လင်းကျီက ဘယ်သူ့ကိုမှ ဂရု မစိုက်ခဲ့ဘူး။ ဖမ်းချုပ် ခံထားရတဲ့ ရှန်းယွီကို လက်တစ်ဖက်နဲ့ မထားခဲ့တယ်။ လျှာသေးသေးလေးကို ထုတ်ရင်း နှုတ်ခမ်းထောင့်တွေကို သူထိတွေ့တယ်။

ရှန်းယွီ အော်ဟစ် ချင်ပေမယ့်၊ လုံး၀ မလှုပ်ရှား နိုင်ခဲ့ဘူး။

“ဒီလို အဆုံးသတ်မယ်မှန်း သိရင်၊ အစတည်းက ဘာဖြစ်လို့ “န်ဆောင် နေတာလဲ။ တောင်ပိုင်းဒေသ စစ်သည်တော်တွေကို ငါဦးဆောင်ဖို့သာ သဘောတူခဲ့ရင်၊ ငါလဲ နတ်ဆိုး စစ်သည်တော်တွေကို ခုခံ တိုက်ခိုက် ပေးနိုင်တာပေါ့။ ဟုတ်တယ်ဟုတ်။”

“အူး ဝူး ဝူး။”

“စိတ်လျှော့။ စကားဆုံးအောင် ပြောပါရ စေအုန်း။ ဧကရီ တစ်ပါး ဖြစ်ပြီးတော့ စိတ်ရှည် သည်းခံ သင့်တယ်လေ။ ဘာဖြစ်လို့ ဒီလောက်တောင် စိတ်ရှုပ်နေတာလဲ။” လင်းကျီက ခေါင်းခါရင်း ခရမ်းရောင် ပြောင်းနေတဲ့ ရှန်းယွီကို ကြည့်ပြီး ဆက်ပြောတယ်။ “နတ်ဆိုး မျိုးနွယ်ကို ငါဝင် သွားအောင် နင်ပဲ ဖိအား ပေးခဲ့တာလေ။ အခုတော့ တောင်ပိုင်း ဒေသ ကျဆုံး ရပြီ။ နောင်တ ရပြီလား။”

“..” ရှန်းယွီ ဒေါသတကြီးနဲ့ လက်သီးကို တင်းတင်း ဆုပ်ထားခဲ့တယ်။ သူမရဲ့ မျက်လုံးတွေက လုံးဝကို မည်းနက် သွားတယ်။ ဒီမျက်လုံးတွေထဲမှာ မီးတောက် နေသလိုပဲ။

“ဟဟား။ စကား ပြောချင်တာလား။ မသေခင် ဘာပြောချင်တာလဲ။ စိတ်မကောင်းစရာပဲ။ ငါကတော့ နင့်ကို မပြောစေချင်ဘူး။ ဒေါသ ထွက်နေတာလား။ နောင်တ အပြည့်နဲ့ သေရတော့မှာလား။” လင်းကျီက ဆက်တိုက် ရယ်မောရင်း ်ပြောနေခဲ့တယ်။ “စကား ပြောချင်လွန်းလို့ ဘယ်လို သေမလဲ ဆိုတာ မြင်ချင်လိုက်တာ။”

“အရှင် ဧကရီ။”

“အရှင် ဧကရီကို စိတ်ပျက် စေမိပါပြီ။”

“..”

နယ်မြေ အကြီးအကဲ သုံးယောက်က ရှန်းယွီရဲ့ အဖြစ်ကို ကြည့်ရင်း မျက်ရည်ဝဲ လာခဲ့တယ်။ သူတို့တွေ ဒေါသ တကြီးနဲ့ ပြန်တိုက်ခိုက် နေခဲ့ကြတယ်။ ဒါပေမယ့် ပိုပြီးတော့ စိတ်ရှုပ်ထွေးလာလေ၊ မြားတွေ ပိုမှန်လေပဲ။

“တိုက်ခိုက်ကြ။” ထောင်ချီတဲ့ နတ်ဆိုး စစ်သည်တော်တွေက နယ်မြေ အကြီးအကဲ သုံးယောက်ကို ဝန်းရံ ထားခဲ့တယ်။ သူတို့ရဲ့ ဓားရှည်တွေနဲ့ ဆက်တိုက် တိုက်ခိုက်တယ်။

ရှန်းယွီကတော့ နယ်မြေ အကြီးအကဲတွေကို ကြည့်နေရင်း သူမရဲ့ မျက်ဝန်းထဲကနေ မျက်ရည်တွေ စီးကျ လာတော့တယ်။

“နင် ငိုနေတာလား။ ဟဟား။ အားနည်းတဲ့ လူသား တစ်ယောက် အနေနဲ့ ငိုခွင့်တော့ ရှိပါတယ်။ ငါလဲ မတားနိုင်ဘူး။ ဒါနဲ့ ငါ့ကို သုံးကြိမ် ဒူးထောက်ပြီး ကန်တော့မယ် ဆိုရင်ရော ဘယ်လိုလဲ။ သူတို့နဲ့ နောက်ဆုံး စကားနည်းနည်း ပြောခွင့် ပေးမယ်လေ။ ဘယ်လို ထင်လဲ။ ငါ့ကို တောင်းပန်မလား။” လင်းကျီက ပြောရင်း ရှန်းယွီကို လက်သီးနဲ့ ထိုးချလိုက်တယ်။ လက်သီးချက်က ပြင်းထန် လွန်းတာကြောင့် ရှန်းယွီ လဲကျရုံတင် မကဘူး။ ကျောက်တုံးတွေပါ ကွဲအက်ကုန်တယ်။

“အိုး။ နင်က တကယ်ပဲ ဒူးထောက် တောင်းပန် မလို့လား။” လင်းကျီ လက်တစ်ဖက်နဲ့ ပါးစပ်ကို ကာပြီး ရယ်မောတော့တယ်။ မြေပြင်ပေါ်မှာ ဒူးထောက်လျက်သား ရှိနေခဲ့တဲ့ ရှန်းယွီကို ကြည့်ရင်း ဆက်ပြောတယ်။ “ဒါပေမယ့် ငါသဘော မတူဘူး။ ဘယ်တော့မှ သဘော မတူဘူး။ ဒီတော့ ဘာဖြစ်လဲ။ နင် ငါ့ကို မုန်းလား။ သိပ် သိပ်ပြီး မုန်းလား။ လာစမ်းပါ။ မုန်းရင်၊ ငါ့ကို လာရိုက်စမ်း။ အားကုန်သုံးပြီးတော့ ငါ့မျက်နှာ၊ ငါ့မျက်နှာ လှလှလေးကို လာရိုက်စမ်း။”

ဘန်း။

လင်းကျီရဲ့ ခန္ဒာကိုယ် လွင့်ထွက် သွားပြီး သူ့ရဲ့ မျက်နှာ လှလှလေး ပုံပျက် သွားတော့တယ်။

အပိုင်း (၉၁၅) ပြီး၏။

အပိုင်း (၉၁၆)

“ဒဏ္ဍာရီလာ နတ်ဘုရား ရောက်ရှိလာခြင်း။”

ဆိုရိုးစကား တစ်ခု ရှိသလိုပဲ။ “ကိုယ့်သေတွင်း ကိုယ်မတူးရင်၊ သေမှာ မဟုတ်ဘူး။”

လင်းကျီ သေမလား ဆိုတာ ဘယ်သူမှ မသိနိုင် ခဲ့ပေမယ့်၊ ပြင်းထန်တဲ့ ရိုက်ချက်ကတော့ သူ့မျက်နှာပေါ် ကျရောက် လာတာ သေချာတယ်။

ဝုန်း။ လင်းကျီရဲ့ ခန္ဒာကိုယ်က သစ်ပင်ကြီး တစ်ပင်ပေါ် ပြုတ်ကျလာတယ်။ ပြင်းထန်တဲ့ တိုက်ခိုက်မှု အင်အားကြောင့် ပင်စည်ကြီး ကျိုးသွားခဲ့တယ်။

ဒါတွေ အားလုံးက စက္ကန့်ပိုင်း အတွင်း ဖြစ်သွား ခဲ့တာပဲ။ မြန်ဆန်လွန်းလို့ နတ်ဆိုး စစ်သည်တော် တစ်သောင်းတောင် မတုံ့ပြန် နိုင်ခဲ့ဘူး။ လင်းကျီကတော့၊ ပင်စည်ကြီးကို ခွဲပြီးပြီးချင်း ဒူးတစ်ဖက် ထောက်လျက်သား ပုံစံနဲ့ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ သွားတစ်ချောင်း ကျွတ်သွားတာကြောင့် နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတယ်။

“သူဒဏ်ရာ ရသွားတာလား။”

“ရှေးခေတ် အင်အားကြီး မိစ္ဆာ နတ်သခင် ဒဏ်ရာ ရသွားတယ်ပေါ့။”

“ဘယ်သူ လုပ်လိုက်တာလဲ။”

လင်းကျီက ဒဏ္ဍာရီလာ နတ်သခင် ဖြစ်နေတဲ့ အတွက် နတ်ဆိုး စစ်သည်တော်တွေ မျက်လုံးပြူးသွားခဲ့တယ်။ ဘယ်လိုများ ဒီလို ဒဏ်ရာရ သွားရတာလဲ။

သူတို့တင် မကဘူး၊ သွားတစ်ချောင်း ကျိုးသွားတာကို မြင်ချိန်မှာ လင်းကျီတောင် သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေခဲ့တယ်။

ရှေးဟောင်း စစ်မြေပြင် လာတဲ့ မိစ္ဆာ တစ်ယောက် အနေနဲ့ ဒဏ်ရာတွေကို သူယဉ်ပါး နေပြီးသား။ ဒါပေမယ့် အမျိုးသမီး မိစ္ဆာ နတ်သခင် တစ်ပါး အနေနဲ့ သူမရဲ့ ရုပ်သွင်နဲ့ ယုံကြည်ချက်ကို အလွန်အမင်း ဂုဏ်ယူဝံ့ကြွားတယ်။

ဖြူဖွေး ညီညာနေတဲ့ သွားတန်းထဲက သွားတစ်ချောင်း ကျွတ်ထွက်သွားတဲ့ ကိစ္စလို အရှက်ရစရာကို သူဘယ်လိုများ သည်းခံ နိုင်မှာလဲ။

ဒေါသ မုန်းတီးခြင်းတွေ ဖြစ်တည်လာတယ်။

“ဘယ်ကောင် လုပ်တာလဲ။” လင်းကျီ ဟိန်းဟောက် လိုက်တဲ့ အချိန် ပြင်းထန်တဲ့ အရှိန်အဝါတွေ ခန္ဒာကိုယ်ကနေ ထွက်ပေါ် လာတော့တယ်။ ချွန်ထက်တဲ့ ဓားပျံတွေ ပတ်ပတ်လည်မှာ ဝေ့၀ဲ နေသလိုပဲ။

ဒါပေမယ့် ဘယ်သူမှ သူမကို ပြန်မဖြေ ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ ရှန်းယွီရဲ့ ဘေးမှာ တကိုယ်လုံး ဝတ်ရုံနက် ခြုံထားတဲ့ လူတစ်ယောက် ရောက်နေ လို့ပဲ။ အဲ့ဒီ့လူက ရှန်းယွီရဲ့ ကြိုးတွေကို ဖြေပေး နေခဲ့တယ်။

“နင် ဘယ်သူလဲ။” ရှန်းယွီလဲ တူညီတဲ့ မေးခွန်းကို မေးတယ်။ ဒါပေမယ့် အဖြေကို မကြား ရသေးခင် အချိန်မှာပဲ နယ်မြေ ခေါင်းဆောင် တစ်ယောက်က သူမဆီကို လွင့်စင်ထွက် လာတယ်။

“ယန်ယ။” ရှန်းယွီ ဒေါသကြောင့် ရူးသွပ် မတတ် ဖြစ်သွားတယ်။ ဒါပေမယ့် လင်းကျီရဲ့ ပြိုင်ဘက် မဟုတ်မှန်း ကိုယ့်ကိုယ်ကို သိနေခဲ့တယ်။

ဘာတွေပဲ ဖြစ်ဖြစ် သူမက တောင်ပိုင်း ဒေသ ဧကရီ။ ယန်ယရဲ့ ဘုရင်မ။ ဒါမျိုးကို ဘယ်လိုများ ထိုင်ကြည့် နေနိုင်မှာလဲ။ ဒါကြောင့် အဖြေကို မကြားရသေးခင် အချိန်မှာပဲ ပြေးထွက် သွားပြီး ကယ်ဖို့ လုပ်တယ်။

ဒီအချိန်မှာပဲ လက်တစ်ဖက်က သူမရဲ့ ပုခုံးပေါ်ကို ရောက်လာတယ်။ ဒီအင်အားက ရှန်းယွီ ကိုယ်ပေါ်မှာ တောင်ကြီး တစ်ခု ဖိထားသလို ပုံစံမျိုးနဲ့ လှုပ်မရအောင် ဖြစ်စေတယ်။

“ငါ့ကို လွှတ်ပေး ယန်ယကို ငါကယ်ရမယ်။”

“မင်း သူ့ကို ကယ်နိုင်လို့လား။” အဲ့ဒီ့လူရဲ့ မျက်လုံးထဲမှာ မှိန်ဖျော့ဖျော့ အလင်းတချက် လက်သွားခဲ့တယ်။ အေးချမ်းပေမယ့် ရှုပ်ထွေးတဲ့ အကြည့်တွေ။

“ငါ ထိုင်ကြည့် မနေနိုင်ဘူး။”

ရှန်းယွီ စကား မဆုံးခင် အချိန်မှာပဲ ပုခုံးပေါ်မှာ ရှိနေခဲ့တဲ့ လက်က ခါးပေါ်ကို ကျရောက်လာတယ်။

ရှန်းယွီရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ သူမ ချက်ခြင်း တုံ့ပြန် လိုက်ချိန်မှာပဲ အရိုင်းဆန်တဲ့ မျက်ဝန်း တစ်စုံ သူ့ရှေ့ ရောက်လာတာကို မြင်လိုက် ရတော့တယ်။

လင်းကျီ တိုက်ခိုက် ခဲ့ပြီ။ ဘယ်သူ့ကိုမှ သူစောင့် မနေခဲ့ဘူး။ ရှန်းယွီကို ဝတ်ရုံနက်လူ ကယ်လိုက်တဲ့ အချိန်မှာပဲ၊ နောက်ကျော ကနေ အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ အလစ်ဝင်တိုက် ခဲ့တယ်။ ဒါက အလိုအလျောက် တုံ့ပြန်မှုပဲ။

ရက်စက် ကြမ်းတမ်းတဲ့ စစ်ပွဲရဲ့ အတွေ့အကြုံလဲ ဟုတ်တယ်။ တစ်ချက်လေးတောင် သွယ်ဝိုက် မနေပဲ တိုက်ရိုက် အကျဆုံး နည်းလမ်းနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အလစ်ဝင်တိုက်မှုက အသုံး မဝင်ခဲ့ဘူး။ ဝတ်ရုံနက်ဆီ ပြေးဝင် နေချိန်မှာပဲ၊ ဝတ်ရုံနက်က ရှန်းယွီကို ချီမပြီး ရှောင်ထွက် သွားခဲ့တယ်။

“ဟမ့်။ သွားသေစမ်း။” လင်းကျီက သူတို့ကို အလွယ်တကူ လက်လွှတ် မပေးဘူး။ တစ်ချက်လေးတောင် မတွေဝေပဲ ဆက်တိုက် တိုက်ခိုက် ခဲ့တယ်။

သူမက ကိုယ့်ကိုယ်ကို အရမ်း ယုံကြည်ချက် ရှိတယ်လေ။ နတ်ဘုရား မုခ်ဝကနေ ထွက်လာနိုင်တဲ့ နတ်သခင် တစ်ပါး တစ်အနေနဲ့ ဘာကိုများ ကြောက်နေရမှာလဲ။

သူမ လိုက်ဖမ်းနေတဲ့ အချိန်မှာပဲ နှလုံးသားထဲကနေ အရမ်းကို ထူးဆန်းတဲ့ တုံ့ပြန်မှုကြီး ထွက်ပေါ်လာတယ်။ သူမကို နောက်ကနေ စောင့်ကြည့်နေတဲ့ မျက်ဝန်း တစ်စုံ ရှိနေ သလိုပဲ။ ပင်ကိုယ်သိစိတ်က လှုံ့ဆော်နေတယ်။

နောက်တနည်း ပြောရရင်၊ သူမရဲ့ အတွေ့အကြုံကြောင့် ရှန်းယွီကို ကယ်ဖို့ လုပ်နေတာ တစ်ယောက် မကမှန်း သိနေခဲ့တယ်။

“ဒါဆိုလဲ ရှေ့ကလူကို အရင်ဆုံးသတ်မယ်။” လင်းကျီ အံကြိတ်ရင်း ခုန်ကျော်လိုက်တယ်။ သူ့ရှေ့က လူကို တဟုန်ထိုး တိုက်ခိုက်တယ်။ သူမ မျက်လုံးတွေ ပြူးကျယ် သွားရပြန်တယ်။

ဝတ်ရုံနက်က မြေပြင်ပေါ် လှဲချပြီး ရှောင်ရှား လိုက်ရုံတင် မကဘူး၊ ခြေထောက် တစ်ဖက်ကို မြှောက်ပြီးတော့ သူမရဲ့ မျက်နှာ တည့်တည့်ကိုပါ ကန်လိုက် သေးတယ်။ ဒါက တိုက်ဆိုင်မှုလား၊ မတော်တဆ ဖြစ်တာလား။

လင်းကျီ သေချာ မသိပေမယ့်၊ ဒီကန်ချက်က အရမ်းကို ရုတ်တရက် ဆန်ပြီး ဆုံးဖြတ်ချက် ခိုင်မာ နေမှန်းတော့ သိတယ်။ ဒီဝတ်ရုံနက်က သူလုပ်မယ့် လှုပ်ရှားမှုတိုင်းကို မြင်နေ သလိုပဲ။

“ငလူး။”

ဘန်း။

လင်းကျီရဲ့ ခန္ဒာကိုယ် တောင့်တင်း သွားတယ်။ ကျိန်ဆဲလို့ မပြီးသေးခင် အချိန်မှာပဲ၊ မျက်နှာပေါ် ကျရောက်လာတဲ့ နာကျင်မှုနဲ့ ကျယ်လောင်တဲ့ အသံကြီးက စကားကို အဆုံးသတ် သွားစေခဲ့တယ်။

အဲ့ဒီ့နောက် ဘာမှ ဆက်ဖြစ်တော့ဘူး။ လင်းကျီ နောက်ပြန် လွင့်ထွက် သွားရင်း ခန္ဒာကိုယ်ကို တွန့်လိမ် နေရတယ်။

ဝုန်း။ သူနဲ့ တိုက်မိတဲ့ ကျောက်တုံးကြီး ကွဲအက် သွားတယ်။ လင်းကျီရဲ့ ခေါင်းက ကျောက်တုံးကြီးပေါ်ကို တည့်တည့် ကျခဲ့တဲ့ အတွက် နဖူးမှာ ကျောက်မှုန့်တွေ ကပ်ပြီး အဖြူရောင် အကွက်ကြီး ဖြစ်နေတော့တယ်။

ဒူးထောက်လျက်သား ပုံစံနဲ့ မူလ နေရာကိုပဲ ပြန်ကျ လာပြန်တယ်။ သူမ ချက်ခြင်း နောက်ဘက်ကို ပြန်ကြည့်တယ်။

“ဘယ်သူမှ မရှိဘူးလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။” သူမ နောက်ကို ကြည့်နေခဲ့တဲ့ မျက်ဝန်းတစ်စုံ ရှိနေတာကို ခံစား မိနေဆဲ ဖြစ်တဲ့ အတွက် တုန်လှုပ် သွားခဲ့တယ်။ ဘယ်လိုလုပ် ဘယ်သူမှ မရျိရတာလဲ။

နောက်ဘက်က ထူးဆန်းတဲ့ အင်အားကြောင့် အာရုံသာ လွင့်မသွား ခဲ့ရင်၊ ဒီကန်ချက်ကို ရှောင်မိမှာ အမှန်ပဲ။ အခုတော့ ဘာမှ ဖြစ်မလာတော့ဘူး။

နတ်ဆိုး စစ်သည်တော် တစ်သောင်းက မျက်လုံး ပြူးကြီးတွေနဲ့ ကြည့်နေကြဆဲ။ ရှန်းယွီရဲ့ ခါးကို ဖက်ထားရင်း ရှိနေသူကို မိစ္ဆာကြီး တစ်ကောင်လို ပုံစံမျိုးနဲ့ ကြည့်ရင်း မယုံနိုင် ဖြစ်နေခဲ့တယ်။

ငွေရောင် လမင်းက ညကောင်းကင်မှာ တောက်ပနေတယ်။ မှိန်ဖျော့ဖျော့ အလင်းတန်းက ဝတ်ရုံနက်ပေါ်ကို ကျရောက်တယ်။ (နတ်ဘုရား)လို့ စာလုံး အကြီးကြီးနဲ့ ရေးထားတဲ့ အဝတ်စ အနက်ကို မျက်နှာပေါ်မှာ စည်းနှောင် ထားသူကို သူတို့ မြင်ရတယ်။

နတ်ဘုရား။ ဒီစာလုံးက ထူးဆန်းပြီး ရှေးဟောင်း ကျတဲ့ ခံစားချက်ကို ပေးစွမ်း နိုင်ရုံတင် မကဘူး။ စွမ်းအား အထွတ်အထိပ်ကိုလဲ ရည်ရွယ်တယ်။

နတ်ဘုရား မုခ်၀ ပွင့်လာ ပြီးတဲ့နောက် နတ်သခင် အဆင့် ပညာရှင်တွေလဲ ရောက်ရှိ လာခဲ့တယ်။ သူတို့ကြောင့် နတ်ဘုရား ဆိုတဲ့ စကားလုံးက အဓိပ္မာယ် တစ်မျိုး ပြောင်းသွားခဲ့တယ်။

“ဒီလူက နောက်ထပ် အင်အားကြီး ဖြစ်တည်မှုပဲလား။”

“နတ်ဆိုးလား။ မိစ္ဆာလား။”

နောက်ထပ် နတ်သခင် အဆင့် ပညာရှင် တစ်ယောက် ရောက်လာမှန်း မသေချာ တဲ့အတွက် နတ်ဆိုး စစ်သည်တော်တွေ စဉ်းစား နေရတယ်။ ဒီလူက လင်းကျီထက်တောင် အင်အား ပိုကြီးတဲ့သူ ဖြစ်နိုင်မှန်းတော့ သူတို့ သေချာတယ်။

“နတ်ဘုရား။ နင် နင်ကလား။” သူ့ရှေ့ လူကို ကြည့်ရင်း လင်းကျီ ပြောတယ်။ သူမ ဆက်တိုက် တိုက်ခိုက် နေခဲ့တဲ့ အတွက် ဒီအဝတ်စကို သတိမထားမိ ခဲ့ဘူး။

ဇစ်မြစ်ကို မသိရသေးခင် ဒေါသကို ထိန်းထားဖို့ လိုတယ်။ ဒါက ယွင်ချင်းဝူရဲ့ အမိန့်ပဲ။ နတ်ဆိုးနဲ့ မိစ္ဆာ နတ်သခင်တွေရဲ့ အတွင်းပိုင်း ပဋိပက္ခတွေကို လုံးဝလုံး၀ လက်မခံဘူး။

“ဒီလောက် ရယ်စရာ ကောင်းပြီး တုံးအ မိုက်မဲတဲ့ တောင်းဆိုချက်မျိုး ငါတစ်ခါမှ မကြားဖူးဘူး။ ငါ့မျက်နှာ လှလှလေးကို ရိုက်ပြစ်လိုက်စမ်းပါ တဲ့လား။ ဒါတင် မလုံလောက်သေးဘူး ထင်တယ်။ လက်သီးနဲ့ ထိုးခံရပြီး တာတောင်၊ အကန်ခံရဖို့ လုပ်သေးတယ်။ ဟူး။ မင်းက ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစား နေတာလား။” အဲ့ဒီ့ လူက ခေါင်းခါရင်း ပြောနေခဲ့တယ်။

“မဟုတ်တမ်း တရားတွေ။ နင့်နာမည် ငါ့ကို ပြောစမ်း။ နင်က မိစ္ဆာလား နတ်ဆိုးလား။” လင်းကျီရဲ့ မျက်နှာက မည်းမှောင် သွားတော့တယ်။ ယွင်ချင်းဝူရဲ့ အမိန့်ကြောင့် သူသေချာအောင် လုပ်မှ ဖြစ်မယ် ဆိုပေမယ့်၊ ဒီကောင်စုတ်ကို သူမကြောက်ဘူး။

သူမ ပြောရင်း၊ ဒီလို ပုံစံ ဒီလို အဝတ်အစားနဲ့ ရှေးဟောင်း စစ်မြေပြင်မှာ ရှိခဲ့ သူတွေကို ပြန်စဉ်းစား နေခဲ့တယ်။ ဒါပေမယ့် အားလုံး စဉ်းစား ပြီးတာတောင် တစ်ယောက်ကိုမှ တွေးလို့ မရဘူး။

“ငါ့နာမည်ကို သိချင်တယ်ပေါ့။ လာ တောင်းပန်လိုက်။ ဒူးထောက် ကန်တော့ပြီး (တောင်းပန်ပါတယ်)လို့ သုံးကြိမ်ပြောရင်၊ ငါ့နာမည်ကို ပြောပြချင် ပြောပြမှာပေါ့။” အဲ့ဒီ့လူက လင်းကျီကို စိတ်ပျက်လက်ပျက် ပြောတယ်။

“ဒူးထောက်ပြီး သုံးကြိမ် ကန်တော့ရမယ်။”

“ပြီးတော့ တောင်းပန်ရအုန်းမယ်။”

ပတ်ဝန်းကျင်က နတ်ဆိုး စစ်သည်တော်တွေရဲ့ အမူအယာက ပြောင်းလဲ သွားခဲ့တယ်။

“နင် နင်က နတ်ဆိုးလား မိစ္ဆာလား။ ဘာဖြစ်လို့ ငါ့ကို ကယ်တာလဲ။” ရှန်းယွီရဲ့ စိတ်အခြေအနေက တခြားသူတွေနဲ့ သိသိသာသာကို ကွာခြားတယ်။ ဧကရီ တစ်ပါး အနေနဲ့ သူမမှာ ကိုယ်ပိုင် အတွေးအခေါ် ရှိတယ်။

ဒီမျက်နှာဖုံးစွပ်လူက သေချာပေါက် အင်အားကြီးတယ်။ ဒါပေမယ့် လင်းကျီ ပြောသလိုပဲ။ ဒီလို အင်အားကြီး လူကို ကမ္ဘာမြေက ပိုင်ဆိုင်မှာလား။ သေချာပေါက် နတ်ဆိုး မိစ္ဆာပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် လင်းကျီနဲ့ ဒီလူက ဟန်ဆောင်နေတာလဲ ဖြစ်နိုင်တယ်။

သူတို့ အကြံကို မသိပေမယ့်၊ ယွင်ချင်းဝူကတော့ ကောက်ကျစ် ဉာဏ်များပြီး အကွက်ချ တတ်တဲ့ နေရာမှာ ထိပ်တန်းပဲ။

“အသက်ရှင်ချင်ရင် ပါးစပ် ပိတ်ထား။” ရှန်းယွီ ရုန်းကန်တဲ့ အချိန်မှာပဲ ဝတ်ရုံနက်ရဲ့ အော်သံ ထွက်လာတယ်။ သူ့လက်ထဲမှာ အနက်ရောင် ပိုးစလို တောက်ပတဲ့ အရာ တစ်ခု ပေါ်လာပြီး၊ အဲ့ဒီ့ အရာက ရှန်းယွီရဲ့ ခန္ဒာကိုယ်ထဲကို ဝင်ရောက် သွားတော့တယ်။ သူမကို လှုပ်မရနိုင်အောင် ဖြစ်စေတယ်။

ဒီလို ရုတ်တရက် အပြောင်းအလဲကြောင့် ရှန်းယွီ သိသိသာသာကို ဖြူဖျော့ သွားတယ်။ လင်းကျီကတော့ အံ့သြ နေပုံပဲ။ ဒါက သူမရဲ့ စိတ်ကို နည်းနည်း ပြေလျော့ သွားစေတယ်။

“ဧကရီငယ်ကို နင်တွေ့ ပြီးပြီလား။”

“ဘာ ဘာဧကရီငယ်လဲ။ ဘယ်သူလဲ။” ဝတ်ရုံနက်က အထိတ်တလန့် ပြန်မေးတယ်။ အဲ့ဒီ့နောက် လင်းကျီကို စိတ်ပျက်လက်ပျက် ပြန်ကြည့်တယ်။ “မင်းက ကျွန်ဖြစ် သွားတာလား။”

“ကောင်းတယ်။ အရမ်းကောင်းတယ်။ ငါနင့်ကို နောက်ဆုံး တစ်ခေါက်မေးတယ်။ နင် ဘယ်သူလဲ။ နတ်ဆိုးလား။ မိစ္ဆာလား။” လင်းကျီ အသက်ပြင်းပြင်း ရှူလိုက်တယ်။ ဒေါသ အရမ်းထွက်နေတာ သိသာ နေခဲ့ပြီ။

“မင်းက စိတ်ဆိုး နေတာလား။ ဒေါသ ထွက်နေရုံက လွဲပြီး ငါ့ကို မတိုက်ခိုက်နိုင်တဲ့ ပုံစံကို မြင်ရတာ သဘော ကျလိုက်တာ။ ဒါကို မင်းလက်မခံ ချင်ဘူးလား။ လာလိုက်လေ။ ငါ့မျက်နှာပေါ်က နတ်ဘုရားဆိုတဲ့ စာလုံးကို လာရိုက်စမ်းပါ။” အဲ့ဒီ့ လူက ရယ်မောရင်း ပြောတော့တယ်။

“နင်ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။” လင်းကျီ ဒေါသတွေ ပေါက်ကွြတော့တယ်။

ဒီလူရဲ့ ဇစ်မြစ်ကို သိချင်တာကြောင့် သူမ သည်းခံ ခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ သူမကို လာကျောလို့ မရဘူး။

သဘာ၀ ကပ်ဘေးကြီးကို ကျော်လွှားပြီး ရှင်သန် နိုင်ခဲ့တဲ့ မိစ္ဆာ တစ်ကောင် အနေနဲ့ သူမက လုံးဝကို အားမနည်းဘူး။

ချက်ခြင်းဆိုသလို အံကြိတ်လိုက်တယ်။ သူမ တကိုယ်လုံးကို အနက်ရောင် အကြေးခွံတွေ ဖုံးအုပ် သွားတယ်။ အကြေးခွံ တစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့ တိမ်သဏ္ဍာန်တွေ လင်းလက် နေခဲ့တယ်။

“နေအုန်း။” ဝတ်ရုံနက်က လက်ဆန့်တန်းရင်း လင်းကျီကို အော်တယ်။ တိုက်ခိုက်ဖို့ စိတ်ကူး မရှိပုံပဲ။

“နင့်မှာ စကားပြောဖို့ နောက်ဆုံး အခွင့်အရေး ရှိတယ်။” လင်းကျီ မျက်လုံးတွေကို မှေးစင်းရင်း ခြေတစ်လှမ်း နောက်ဆုတ်တယ်။

“မင်းရဲ့ ရုပ်သွင် အရဆိုရင်၊ သေချာပေါက် အမျိုးသမီးပဲ ဖြစ်ရမယ်။ အာ အာ အာ မဟုတ် မဟုတ်ဘူး။ မင်းက မိစ္ဆာပဲ။ ဒီတော့ မင်းကို အမျိုးသမီးလို့ ခေါ်လို့ မဖြစ်ဘူး။ သေချာပေါက် တိရစ္ဆာန် အမပဲ ဖြစ်ရမယ်။ ဟုတ်တယ် မလား။” ဝတ်ရုံနက် နှာခေါင်း ရှုတ်လိုက်တယ်။

“ငါနင့်ကို သတ်မယ်။” လင်းကျီ ချက်ခြင်း ခုန်ဝင် လာတော့တယ်။ သူမ လှုပ်ရှား လိုက်တာနဲ့ ခန္ဒာကိုယ်က အကြေးခွံတွေ ဆူးချွန်ကြီးတွေလို ထောင်တက်လာတယ်။

“ဟ ဟား။ အမှန်ပဲ။ မင်းမှာ တိုက်ခိုက်ဖို့ အစွမ်းရှိရင် လုပ်လိုက်ပေါ့။ မင်းရဲ့ မျက်နှာလှလှလေးကို ငါဖျက်စီး လိုက်ပြီလေ။ ဒါတောင် ငါဘယ်သူလဲ မေးနေတာ တုံးအလွန်းရာ မရောက်ဘူးလား။” ဝတ်ရုံနက်က အော်ဟစ် ရယ်မော နေခဲ့တယ်။ သူ့ရဲ့ ပုံစံက ဆိုးယုတ်မှုတွေ ကောက်ကျစ်မှုတွေနဲ့ ပြည့်နှက် နေခဲ့တယ်။

အပိုင်း (၉၁၆) ပြီး၏။

အပိုင်း (၉၁၇)

“အခုတော့ ငါ့နာမည်ကို မင်းသိပြီ။”

လင်းကျီက တကယ့်ကို ဒေါသ ထွက်နေခဲ့တယ်။

ဘယ်ကလာမှန်း မရှိတဲ့ ကြုံရာကျပန်း လူက သူ့မျက်နှာကို လက်သီးနဲ့ ထိုးရုံမကဘူး၊ ကန်လဲ ကန်သေးတယ်။ အစော်ကား ခံရတဲ့ အပြင် နှာခေါင်းရှုတ် ခံနေရတယ်။ သူမရဲ့ စိတ်အခြေအနေ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ မူလ အစီအစဉ် အတိုင်း ဘယ်လောက်ပဲ သွားချင် နေပါစေ၊ နတ်သခင် အချင်းချင်း ပဋိပက္ခ မဖြစ်စေ ရဘူး ဆိုတဲ့ စည်းမျဉ်းကို သူမ မလိုက်နာ နိုင်တော့ဘူး။

နောက်ဆုံးတော့လဲ သူမက ထူးခြားတဲ့ နတ်သခင် အဆင့် ပညာရှင် တစ်ယောက်လေ။

ယွင်ချင်းဝူရဲ့ စိတ်ကူး စိတ်သန်းတွေကြောင့် စိတ်လှုပ်ရှား ယုံကြည် ခဲ့တာကြောင့်သာ မဟုတ်ရင်၊ ဒီလို စွမ်းအားမျိုးနဲ့ ယွင်ချင်းဝူရဲ့ အမိန့်ကို နာခံစရာ လိုလို့လား။

“ဧကရီငယ်ရဲ့ အစီအစဉ်က တောင်ပိုင်း ဒေသကို ရှင်းထုတ် ပြစ်ဖို့ပဲ။ ငါက ရှင်းထုတ် ပြစ်ရမယ့်လူ။ အရှေ့က လူအကြောင်းကို သိသွားရင်တောင်၊ သူ့ကို သတ်လိုက်လို့ ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး မလား။” လင်းကျီ စိတ်ဆုံးဖြတ်ချက် ချလိုက် ပြီးနောက် နောက်ထပ် သက်ညှာ မနေတော့ဘူး။ စွမ်းအား အကုန်လုံးကို ထုတ်ပြီး လက်သီးနဲ့ ထိုးချလိုက်တယ်။

နတ်ဆိုး စစ်သည်တော်တွေ ဝန်းရံ ခံထားရတဲ့ နယ်မြေ အကြီးအကဲ နှစ်ယောက်ကတော့ စိတ်ရှုပ်ထွေးမှု အပြည့် ပုံစံတွေနဲ့ ကြည့်နေကြတယ်။

ရှန်းယွီကို ကယ်တင်ဖို့လား။

သူတို့ရဲ့ စွမ်းရည်တွေနဲ့ မဖြစ်နိုင်တာပဲ။

ဒါပေမယ့် သူတို့ ရှေ့မှာ ရှိနေတဲ့ လူကရော ဘယ်သူလဲ။ ဘာဖြစ်လို့ ရှန်းယွီကို ကယ်တင်ဖို့ ရွေးချယ် ခဲ့တာလဲ။ ရှန်းယွီရဲ့ မေးခွန်းကိုတောင် မဖြေရ သေးခင် အချိန်မှာ ဘာလို့များ ချည်တုပ် လိုက်ပြန်တာလဲ။

သူတို့တွေ ရှင်းရှင်းလင်းလင်း မသိခင် အချိန် အထိ၊ အလှည့်အပြောင်းတွေက များလွန်းတယ်။

နယ်မြေ အကြီးအကဲ နှစ်ယောက်က ရှန်းယွီကို ကယ်ချင်တယ်။ ဒါပေမယ့် သူတို့ အစွမ်းကို ကောင်းကောင်း နားလည်တယ်။ နတ်ဆိုး စစ်သည်တော်တွေ လက်ထဲက ထွက်ပြေး နိုင်ရုံပဲ သူတို့ လုပ်နိုင်တယ်။ တခြား ဘာများ လုပ်နိုင် အုန်းမှာလဲ။

“တောင်ပိုင်း ဒေသရဲ့ စစ်သည်တော်တွေ အားလုံးကို သတ်ပြစ်။” သူတို့တွေ တွေဝေနေတဲ့ အချိန်မှာပဲ အေးစက်စက် အသံကြီးက ညကောင်းကင်မှာ ဟိန်းထွက် လာခဲ့တယ်။

“အမိန့်တော် အတိုင်းပါ။” နတ်ဆိုး စစ်သည်တော်တွေ လက်နက်တွေကို မြှောက်ပြီးတော့ နယ်မြေ အကြီးအကဲ နှစ်ယောက်ကို စတင် တိုက်ခိုက်တော့တယ်။

“တိုက်ခိုက်။” နယ်မြေ အကြီးအကဲ နှစ်ယောက်လဲ ကူကယ်ရာ မဲ့နေခဲ့တယ်။ လင်းကျီ အမိန့်ချလိုက်မှန်း သူတို့ နားလည်ကြတယ်လေ။

ဒီသွေးအေး လူသတ်သမား မိစ္ဆာမကြီး။

တောင်ပိုင်း ဒေသရဲ့ ဘုရင်ဟောင်းကိုလဲ သတ်ခဲ့သေးတယ်။ ဒါ့အပြင် သူတို့က အားနည်း လွန်းတာကြောင့် ရှန်းယွီကိုလဲ မကာကွယ် နိုင်ခဲ့ဘူး။ ဒါက တိုက်ပွဲရဲ့ နောက်ဆုံး အဆုံးသတ် ဖြစ်နိုင်တယ်။

ဒါပေမယ့် သူတို့ ဘယ်တော့မှ လက်မလျှော့ဘူး။ ဒါက တောင်ပိုင်း ဒေသရဲ့ စိတ်ဓာတ်ပဲ။ သူတို့တွေ အသက်ရှူ နေသရွေ့၊ အသက်ရှင် နေသရွေ့၊ ဘယ်တော့မှ လက်မလျှော့ဘူး။ တိုက်ပွဲ ခေါ်သံတွေကို ကြားလိုက်ရပြန်တယ်။

နယ်မြေ အကြီးအကဲ နှစ်ယောက်နဲ့ နတ်ဆိုး စစ်သည်တော်တွေရဲ့ တိုက်ပွဲက စတင် ခဲ့ပြန်ပြီ။

တခြား တစ်ဖက်မှာတော့ ရှန်းယွီရဲ့ မျက်လုံးတွေက မျက်ရည်တွေနဲ့ ပြည့်နေခဲ့တယ်။ ယန်ယက မြေပြင်ပေါ် လဲကျ နေခဲ့ပြီ။ နောက်နှစ်ယောက်ကတော့ နတ်ဆိုး စစ်သည်တော်တွေ ဝန်းရံ ခံထားရတယ်။ သူမရဲ့ နှလုံးသားထဲကနေ သွေးစိမ်းရှင်ရှင် ထွက်နေခဲ့ပြီ။ နယ်မြေ အကြီးအကဲ သုံးယောက်ကို သူမ ပြေးထွက်ပြီး ကယ်တင် ချင်ပေမယ့်၊ ခန္ဒာကိုယ်ကို ရစ်ပတ်ထားတဲ့ အနက်ရောင် ပိုးမျှင်ကြိုးက ခိုင်မာလွန်း နေခဲ့တယ်။ ဘယ်လိုမှ မလှုပ်ရှားနိုင်ဘူး။

“အား။” ရှန်းယွီ ဟိန်းဟောက်တယ်။ သူမရဲ့ မျက်ဝန်း နက်နက်တွေ ထဲကနေ တောက်ပ နီရဲတဲ့ မီးတောက်တွေ ထွက်ပေါ်လာတယ်။ တောင်ပိုင်းဒေသ ဧကရီ အနေနဲ့ သူမ လက်ထက်မှာ ဒေသကြီး တစ်ခုလုံး ဆုံးရှုံးရပြီး နယ်မြေ အကြီးအကဲတွေ သေဆုံး ကုန်တာကို မမြင်ရက် ခဲ့ဘူး။

ဒီလို ဝမ်းနည်း ကြေကွဲစရာ အဖြစ်မျိုးကို မြင်ရတာက သေရတာ ထက်တောင် ပိုနာကျင် သေးတယ်။ ပြင်းထန်တဲ့ ဝမ်းနည်းမှုကြောင့် တကိုယ်လုံး တုန်ယင် နေခဲ့တယ်။ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူမရဲ့ လက်ထိပ်တွေ ပျက်စီးကုန်တယ်။

ဒါက မထိန်းချုပ်နိုင်တဲ့ လှုပ်ရှားမှုပဲ။ ဒါပေမယ့် သူမ လုပ်နိုင်ခဲ့တယ်။ ရှန်းယွီ လန့်သွားတယ်။

“ဟမ်။ ငါ လှုပ်ရှား နိုင်တာလား။” ရှန်းယွီရဲ့ စိတ်ထဲမှာ အတွေး တစ်ခု ဝင်လာတယ်။ သူမ ခြေတလှမ်း လှမ်းလိုက်တယ်။ အဲ့ဒီ့နောက် တတင် လှုပ်ရှားတယ်။ ဥက္ကာခဲ တစ်ခု လောင်ကျွမ်း သွားသလိုပဲ နယ်မြေ အကြီးအကဲ သုံးယောက်ဆီကို မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ ရောက်ရှိ သွားတော့တယ်။

သူမ အရမ်းကို မြန်ဆန် နေတာကြောင့် ရှန်းယွီတောင် မျက်လုံး ပြူးသွား ခဲ့တယ်။ သူမ ပြေးထွက် သွားတဲ့ အချိန်မှာပဲ ခန္ဒာကိုယ်ကို ခြုံလွှမ်း ထားတဲ့ အနက်ရောင် ပိုသားမျှင်တွေ အားလုံး စုဝေး သွားတယ်။ ရင်ဘတ်ပေါ်မှာ နှလုံးကာမှန် တစ်ခု အဖြစ် ပြောင်းလဲတယ်။

ဝုန်း။

ရှန်းယွီရဲ့ နောက်ကျော ဘက်မှာ ပေါက်ကွဲသံကို ကြားလိုက်ရတယ်။ လင်းကျီနဲ့ ဝတ်ရုံနက် တိုက်ခိုက်နေတာ အသေအချာပဲ။

ဒါတွေက ရှန်းယွီ အတွက် အရေး မကြီးတော့ဘူး။ အခုချိန်မှာ နှလုံးကာ မှန်က သူမ အတွက် စိတ်ခွန်အားနဲ့ လုံခြုံမှုကို ပေးစွမ်း နေခဲ့ပြီ။ တစ်စုံ တစ်ယောက်က သူမ ဘေးမှာ ကာကွယ် နေတဲ့ အတိုင်းပဲ။ နှလုံးသားကို နွေးထွေးစေတယ်။

“ဘယ် ဘယ်သူများလဲ။” ရှေ့ကို ပြေးထွက် နေရင်း သူမရဲ့ လက်ထဲမှာ ဓားမြှောင် နှစ်ချောင်း ပေါ်လာတယ်။

“ယန်ယ တောင့်ခံထား။”

သူမရဲ့ ဓားမြှောင် နှစ်ချောင်းက နတ်ဆိုး စစ်သည်တော်တွေ ကြားမှာ လှည့်ပတ် သွားတယ်။ ထက်ရှလွန်းတဲ့ လက်နက်က ခေါင်းတွေကို ပြတ်ထွက် သွားစေတယ်။

…

လင်းကျီရဲ့ စိတ်ခံစားချက်တွေကို စကားလုံးနဲ့တောင် မဖော်ပြ နိုင်ဘူး။

ရှန်းယွီ ရုတ်တရက် အဆင့်တက် သွားတာနဲ့ သူမရဲ့ တိုက်ပွဲ နည်းစနစ်တွေကြောင့် သူအံ့သြ နေတာ မဟုတ်ခဲ့။ သူမရဲ့ ခံစားချက် အရ သေချာပေါက် တခြား တစ်ယောက် ရှိနေတာကို သိနေ ရလို့ပဲ။ မျက်လုံး တစ်စုံက သူမကို စောင့်ကြည့် နေတယ်။

ကျောမလုံတာကို ခံစားရတာ နှစ်ကြိမ် ရှိပြီ။ ဒီလို ခံစားချက်ကြောင့်ပဲ မျက်နှာရှေ့ ရောက်လာတဲ့ ခြေထောက်ကို အာရုံ မစိုက်နိုင်ပဲ စိတ်ပျံ့လွင့် ခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ လင်းကျီ သေချာပေါက် စိတ်မပျံ့လွင့်တော့ဘူး။ လူတစ်ယောက် ထက်မကတဲ့ သူနဲ့ တိုက်ခိုက် နေရတဲ့ အတွက် အရမ်းကို မသက်မသာ ဖြစ်နေတာက တပိုင်း။

“ဒဏ္ဍာရီ တစ်ခုကို မင်းကြားဖူးဘား။” လင်းကျီနဲ့ ခြေငါးလှမ်း အကွာမှာ လွင့်မျောနေရင်း ဝတ်ရုံနက်က မေးတယ်။ သူ့လက်တစ်ဖက်ကို ရှေ့မှာ ဆန့်ထုတ် ထားပြီး နောက်လက်တစ်ဖက် ကိုတော့ နောက်ပြစ် ထားခဲ့တယ်။

“မဟုတ်တမ်း တရားတွေ။” လင်းကျီက ဒီလူ့ စကားကို နားမထောင်ချင်ဘူး။ ဒါပေမယ့် သူနဲ့ တိုက်ခိုက်ပြီးတဲ့ အချိန် ကျန်ရစ်နေတဲ့ ခွန်အား ပြင်းပြင်းတွေကို ခံစား နေရဆဲ။ ဒီလို ကြောက်စရာ ကောင်းလွန်းတဲ့ အင်အားက သမုဒ္ဒရာကြီး တစ်ခုလိုပဲ။ သူမတောင် နည်းနည်း ကြောက်သွားခဲ့တယ်။

ဒီကောင် တကယ်ပဲ ဘယ်က ကောင်လဲ။ ဘယ်လိုကောင်က အနက်ရောင် ဝတ်ရုံကြီးဝတ်ပြီး (နတ်ဘုရား)လို့ ရေးထားတဲ့ အဝတ်ကို မျက်နှာမှာ ပတ်ထားတာလဲ။

လင်းကျီ မှတ်ဉာဏ်တွေကို ခပ်မြန်မြန် တူးဖော်နေတယ်။ ဒီလူ့ရဲ့ ဇစ်မြစ်ကို သိလိုရုံတင် မကဘူး။ အနိုင်တိုက်ဖို့ ဘယ်လောက်ထိ စွမ်းမှန်း သိချင်နေလို့ပဲ။ နတ်သခင် အဆင့် ပညာရှင်တိုင်းမှာ ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်တွေ ရှိကြတယ်။

လေဟာနယ် ဖြိုခွင်း နတ်သခင်က လက်ရှိ နေရာကို ခွာပြီးတော့ တခြားနေရာမှာ အမြန်ဆုံးနှုန်းနဲ့ ပြန်ပေါ်လာ နိုင်တယ်။ လင်းယွိမှာလဲ သူမတူတဲ့ စွမ်းရည် ရှိတယ်။ စွမ်းရည် အပေါ်မှာ အခြေခံ ပြီးတော့ တိုက်ပွဲ နည်းစနစ်တွေကလဲ ကွာခြားတယ်။

“မင်း တကယ်ပဲ ဘာဒဏ္ဍာရီမှ မကြားဖူး ဘူးလား။” အသံ နောက်တစ်ခေါက် ထွက်ပေါ် လာပြန်တယ်။ စိတ်ပျက် နေပုံပဲ။

ဝုန်း။ လင်းကျီရဲ့ လက်သီးက ဝတ်ရုံနက်ရဲ့ လက်သီးနဲ့ ထိတွေက မိပြန်တယ်။ ရလဒ်က အရမ်းကို သိသာတယ်။ လင်းကျီရဲ့ လက်သီးချက်ကြောင့် ဝတ်ရုံနက် လွင့်ထွက် သွားတယ်။

ဒါပေမယ့် ဒီရလဒ်ကြောင့် လင်းကျီ မျက်မှောင်ကြုတ် သွားရပြန်တယ်။ သူမရှေ့မှာ ရှိနေသူက သူမနဲ့ တိုက်ရိုက် တိုက်ခိုက်ဖို့ စိတ်ကူး မရှိဘူး။ သူမကို စနောက် နေသလိုပဲ။

“မင်း သွေးအရိပ် မြို့တော်ကို ရောက်ဖူးတာပဲ။ ဒီတော့ အဲ့ဒီ့ မြို့တော်မှာ ဓားရာကြီး တစ်ခု ရှိနေတာကို သိမှာပေါ့။ အဲ့ဒီ့ ဓားရာကြီး ဘယ်လို ဖြစ်လာတာမှန်း မင်းသိချင်လား။” ဝတ်ရုံနက်က မေးနေဆဲ။

“ဟမ့်။ ငါသိတာပေါ့။” လင်းကျီ အေးစက်စက် နှာခေါင်းရှုတ်လိုက်တယ်။ အဲ့ဒီ့ ဝတ်ရုံနက် ပြောတဲ့ ဒဏ္ဍာရီက အရမ်းကို ကလေးဆန် လွန်းတယ်။

ဒီကိစ္စက သူမ စကြဝဠာထဲ ပိတ်မိနေတဲ့ အချိန် ဖြစ်ခဲ့တာ ဆိုပေမယ့်၊ သွေးအရိပ် မြို့တော်က လူတိုင်း ဇစ်မြစ်ကို သိကြတယ်။

လင်းကျီလို အလုပ်များတဲ့ မိစ္ဆာ မျိုးနွယ်က လူတောင် သေချာပေါက် ဒီအကြောင်းကို သိတာပေါ့။

သူ့ရှေ့မှာ ရပ်နေတဲ့ လူက အဲ့ဒီ့ ဒဏ္ဍာရီ အကြောင်း ပြောရင်း အာရုံ လာစားနေတယ်။

နေစမ်းပါအုန်း။

သွေးအရိပ် မြို့တော်ကို ငါဝင်ခဲ့တာ ဒီကောင် ဘယ်လို သိလဲ။ ဒီကောင်က နတ်ဆိုး မိစ္ဆာ နတ်ဘုရား မုခ်ဝကနေ ဆင်းလာတဲ့ ရှေးဟောင်း နတ်သခင် မဟုတ်ပဲ ဒါကို မသိနိုင်ဘူးလေ။ ဘယ်လို သိတာလဲလို့ လင်းကျီ မေးတော့မယ့် အချိန်မှာပဲ ဝတ်ရုံနက်က လှုပ်ရှားတယ်။

ဆုတ်ခွာမယ့် အစား သူတိုက်ခိုက်တယ်။ နှစ်ခေါက်တိတိ ဆုတ်ခွာ ပြီးတဲ့နောက် လက်မှာ ကိုင်ထားတဲ့ သစ်ကိုင်းခြောက် တစ်ခုနဲ့ သူတိုက်ခိုက်တယ်။

“သစ်ကိုင်းခြောက်ကြီး။” လင်းကျီ မျက်လုံး ပြူးရပြန်တယ်။ နတ်သခင် အဆင့် ပညာရှင် တစ်ယောက် အနေနဲ့ သူမ မောက်မာခွင့်ရှိတယ်။ ပြိုင်ဘက်ကို အထင်သေးခွင့် ရှိတယ်။

ဒါပေမယ့် ကြုံရာကျပန်း သစ်ကိုင်းခြောက် တစ်ခုနဲ့ တိုက်ခိုက်ခံရမှာမျိုးက ဘယ်လို အတွေ့အကြုံလဲ။ ဘယ်သူမှ မသိဘူး။

လင်းကျီရဲ့ မျက်နှာကတော့ မည်းမှောင် နေခဲ့ပြီ။ မှောင်မည်းနေတဲ့ အကြေးခွံတွေကြောင့် ပိုပြီးတော့ မည်းနက်လာ သယောင် ထင်ရတယ်။

“တစ်ချို့ ဒဏ္ဍာရီတွေက အမှန် မဟုတ်ဘူး။” ပြောပြီးတာနဲ့ သူပျောက်ကွယ် သွားတယ်။

တစ်ခဏချင်း နောက်နေရာ တစ်ခုမှာ ပေါ်လာတယ်။ လင်းကျီနဲ့ အနီးဆုံး နေရာကို ရောက်တယ်။ အတိအကျ ပြောရရင် လင်းကျီနဲ့ တစ်ပေတိတိ အကွာကို ရောက်နေတာ။

“သေစမ်း။” လင်းကျီက ဒီအရှိန်နှုန်းကြောင့် အထိတ်တလန့် ဖြစ်သွား ပေမယ့်၊ မကြောက်လန့်ပဲ ချက်ခြင်း ပြန်တိုက်ခိုက်တယ်။

သူမက မိစ္ဆာ တစ်ကောင်။ ဘယ်လို ဒဏ်ရာမျိုးကို မှုရမှာလဲ။ ပေါက်ကွဲသံ တစ်ခုနဲ့ အတူ လင်းကျီရဲ့ ခန္ဒာကိုယ်ပေါ်က အကြေးခွံ နက်တွေ ဆူးချွန်ပုံစံနဲ့ ထောင်ထလာ တော့တယ်။

အနီးကပ် တိုက်ပွဲ၊ မိစ္ဆာ မျိုးနွယ်ရဲ့ အားသာချက်။ ဒီလူနဲ့ အနီးကပ် တိုက်ခိုက်ဖို့ လင်းကျီ စောင့်ဆိုင်း နေခဲ့တယ်။ ဒီလူ တိုက်ခိုက်ဖို့ စိတ်ကူး မရှိမှာကို သူမ စိုးရိမ်ခဲ့တယ်။ သူ့အပြုအမူတွေကို မြင်ချိန်မှာတော့ မအံ့သြတော့ဘူး။ ဘယ်သူကမှ မိစ္ဆာ တစ်ကောင်နဲ့ အနီးကပ် တိုက်ခိုက်ရအောင် မတုံးအဘူးလေ။

ဒါပေမယ့် အရာ အားလုံးက တစ်ခုချင်းစီ ရှင်းလင်း သွားခဲ့ပြီ။ သူမရဲ့ ပြိုင်ဘက်က ဒီလောကကြီးကို အခုမှ ရောက်လာတဲ့ လူတစ်ယောက် အနေနဲ့ သိတာတွေ များလွန်းနေတယ်။ ဒါကြောင့် သူမ နည်းနည်းတော့ စိတ်ရှုပ်ထွေးခဲ့တယ်။

အခုတော့ သူမရဲ့ စိတ်ရှုပ်ထွေးမှုတွေ ရှင်းလင်း သွားပုံပဲ။ သူမရဲ့ ပြိုင်ဘက်က သူမနဲ့ အနီးကပ် တိုက်ခိုက်ဖို့ ရွေးချယ်တာကို မအံ့သြပဲ မနေနိုင်ခဲ့ဘူး။

ဂျွတ်။ လင်းကျီရဲ့ နှလုံးသားကို ချိန်ရွယ် ထားခဲ့တဲ့ သစ်ကိုင်းက သူမရဲ့ အကြေးခွံတွေကြောင့် ဖုန်မှုန့် အဖြစ်ကို ကျိုးကြေပြီး ပြောင်းလဲ သွားခဲ့တယ်။

လင်းကျီ ပြုံးလိုက်တယ်။ သူမရဲ့ ခုခံရေး နည်းလမ်းမှာ ဘယ်လို ဟာကွက်မှ မရှိဘူး။ တကိုယ်လုံး အကြေးခွံတွေနဲ့ ဖုံးလွှမ်း ထားပြီးတော့ အကြေးခွံ တစ်ခုချင်းစီတိုင်းက သူမ အတွက် အချွန်ထက်ဆုံး လက်နက်တွေပဲ။ သစ်ကိုင်းက သူမ ခန္ဒာကိုယ်ကို ထိုးဖောက် နိုင်မှာလား။

စိတ်ကူးယဉ်နေတယ်လို့ ခေါ်ရမှာထက် ဟာသလို့ ပြောရမယ်။

လင်းကျီက စိတ်ပျက်လက်ပျက် ရယ်မော လိုက်ပေမယ့် သူ့ရယ်သံက ကြာကြာ မခံခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူမရဲ့ အကြေးခွံ မရှိတဲ့ ပါးပေါ်ကို လက်တစ်ဖက်က ကျရောက် လာလို့ပဲ။

ငါကို ပါးရိုက်လိုက်တာလား။

လင်းကျီ သူ့ပြိုင်ဘက်ကို မေးလိုက်ချင်တယ်။ နင့်ခေါင်းမှာ ပြဿနာ ရှိနေတာလား။ အမျိုးသမီး တစ်ယောက်ကို ဘယ်လိုများ ပါးရိုက် ရက်ရတာလဲ။ ဘယ်လောက်တောင် အရှက်မရှိတဲ့ ကောင်လဲ။

ရုပ်သွင်ကို အရမ်း ဂရုစိုက်တဲ့ အမျိုးသမီး တစ်ယောက် အနေနဲ့၊ သူ့မျက်နှာကို လင်းကျီ ဖုံးအုပ် မထားခဲ့ဘူး။ ဒါက သူမ တကိုယ်လုံးမှာ တစ်ခုတည်းသော ပြစ်ချက်ပဲ။

ဒါပေမယ့် (ကိစ္စတွေကို သုံးကြိမ်ထက် ပိုမလုပ်နဲ့) ဆိုတဲ့ စကားအတိုင်းပဲ။ လင်းကျီက ဘယ်လိုများ ဒါမျိုးကို နောက်ထပ် ဖြစ်ခွင့်ပြုနိုင်မှာလဲ။

ဒီတစ်ခေါက်တော့ ဘယ်လက်ကိုမှ သူ့မျက်နှာပေါ် အရောက်မခံဘူး။ ဒီလက်က အရမ်းကို မြန်ဆန် လွန်းတဲ့ အတွက် မျက်နှာကို အကြေးခွံနဲ့ မဖုံးအုပ် နိုင်ရင်တောင် ခုန်ရှောင်လို့ ရသေးတယ်။ နောက်ကို ခြေလှမ်း နည်းနည်းလေး ဆုတ်လိုက်တာနဲ့ လုံလောက်ပြီ။

လင်းကျီ တစ်ချက်လေးတောင် မတွေဝေပဲ ခုန်ရှောင်တယ်။ ဒါပေမယ့် ခုန်ရှောင် ပြီးချိန်မှာပဲ နဖူးတစ်ခုလုံး နာကျင် သွားခဲ့တယ်။

ဝူး။ လက်ကို ဓားအသွင် ယူပြီး တိုက်ခိုက်။

လက်ကို ဓားတစ်ချောင်း အဖြစ် သုံးတဲ့ တိုက်ကွက်မျိုးက သုခမိန်တိုင်း လုပ်နိုင်တာ ဖြစ်တဲ့ အတွက် အံ့သြစရာ မရှိခဲ့ဘူး။ ဒါပေမယ့် လင်းကျီကတော့ သူမရဲ့ ခန္ဒာကိုယ် တစ်ခုလုံး ကိုယ်ပိုင် မဟုတ်တော့တဲ့ အတိုင်း တောင့်တင်းပြီးတော့ မျက်လုံးတွေ ပြူးကျယ် သွားခဲ့ရတယ်။

“အခု မင်းကို ငါ့နာမည် ပြောပြမယ်။ ငါ့မျိုးရိုးက မုန့်။ နာမည်က ထျန်း။” ခပ်တိုးတိုး အသံက ညကောင်းကင်မှာ ပျံ့လွင့်လာတယ်။

အပိုင်း (၉၁၇) ပြီး၏။

အပိုင်း (၉၁၈)

“ပဲ့တင့်သံတွေ။”

“မျိုးနွယ်က မုန့်၊ နာမည်က ထျန်း။”

“မုန့်ထျန်းတဲ့လား။”

လောကကြီးမှာ နတ်ဆိုး မျိုးနွယ် တစ်ခုလုံး မမေ့နိုင်တဲ့ နာမည် တစ်ခု ရှိခဲ့မယ် ဆိုရင်၊ ဒီနာမည်က သုခမိန် စစ်နတ် မုန့်ထျန်းပဲ ဖြစ်လိမ့်မယ်။

တစ်ယောက်တည်းနဲ့ နတ်ဆိုး ဧကရာဇ် စစ်ခုန်ကို သွေးအရိပ် မြို့တော် အထိ လိုက်ဖမ်းခဲ့တယ်။ နတ်ဆိုး စစ်သည်တော် တစ်သိန်းရဲ့ ရှေ့မှောက် ကောင်းကင်မှာ ရပ်ပြီး သတ်ဖြတ် ခဲ့တယ်။ အခု အချိန်အထိ သွေးအရိပ် မြို့တော်မှာ ဓားရာကြီးက ကျန်နေဆဲ။

မှတ်ဉာဏ်တွေက နတ်ဆိုး တစ်ယောက်ချင်းစီတိုင်းရဲ့ စိတ်ထဲမှာ ပြတ်ပြတ်သားသား ကျန်ရှိနေတယ်။ သူတို့ ခံစားခဲ့ရတဲ့ အမုန်းတရားနဲ့ အရှက်ရမှုတွေကို မှတ်မိနေဆဲ။ ဒါပေမယ့် သုခမိန် စစ်နတ်ဘုရားကိုတော့ သူတို့တွေ အရမ်းကို ကြောက်လန့်ကြတယ်။

“မုန့်ထျန်းတဲ့လား။”

“သူက သုခမိန် စစ်နတ် မုန့်ထျန်းလား။”

“သုခမိန် စစ်နတ်က မသေသေးဘူး။ အသက်ရှိ နေသေးတယ်။”

နတ်ဆိုး စစ်သည်တော်တွေ မျက်လုံးပြူး နေခဲ့တယ်။ စစ်သည်တော် တစ်သောင်းကို အရိုး ခိုက်ခိုက်တုန်အောင် ကြောက်လန့်စေတဲ့ နာမည်က တစ်ခုပဲ ရှိတယ်။

“သူက မုန့်ထျန်းလား။” နတ်ဆိုး စစ်သည်တော်တွေနဲ့ တိုက်ခိုက်နေတဲ့ ရှန်းယွီကတော့ လှုပ်ရှားကို ရပ်လိုက်ပြီး မယုံနိုင်တဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။

တောင်ပိုင်း ဒေသရဲ့ ဧကရီ။ ကြီးမြတ်သောရှရဲ့ လက်အောက်ခံ မိတ်ဖက် နိုင်ငံ တစ်ခု အနေနဲ့ သုခမိန် စစ်နတ် မုန့်ထျန်း အကြောင်းကို မကြားဖူးပဲ နေမလား။

လောက အထွဋ် အထိပ် သုခမိန် စစ်နတ်။

“မုန့်ထျန်းက မသေခဲ့ ဘူးလား။” အကြီးအကဲ နှစ်ယောက်လဲ အထိတ်လန့်နဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။

နတ်ဆိုး စစ်သည်တော်တွေ ကတော့ ကယောင်ခြောက်ခြား ဖြစ်နေကြပြီ။ သူတို့တွေ ကိုယ်တိုင်တောင် မသိလိုက်ပဲ ဆုတ်ခွာမိကြတယ်။

“မိစ္ဆာ နတ်သခင်။ သူက မုန့်ထျန်း။”

“သုခမိန် စစ်နတ် မုန့်ထျန်း။”

“သူက ဘယ်လိုများ အသက်ရှင် နေသေးတာလဲ။”

နတ်ဆိုး စစ်သည်တော်တွေ ဘယ်လိုပဲ မယုံနိုင် ပါစေ၊ ဒီလူ ပြသခဲ့တဲ့ စွမ်းအားတွေက သူတို့ကို ယုံကြည်စေဖို့ ဖိအား ပေးနေခဲ့တယ်။

မုန့်ထျန်းလို လောကကြီးရဲ့ အထွဋ်အထိပ် လူကသာ လင်းကျီကို ဒီလို ရိုက်နှက် နိုင်မှာလေ။ နတ်ဆိုး စစ်သည်တော်တွေ လင်းကျီကို ဒီလို ဘယ်လောက် အင်အားကြီးကြောင်း ပြောပြချင်ကြတယ်။ ဒါပေမယ့် လင်းကျီကတော့ ဘာကိုမှ မကြားတဲ့ အတိုင်းသာ လှုပ်ရှား နေခဲ့တယ်။

အဲ့ဒီ့နောက် ထုံထိုင်းထိုင်း အသံ တစ်ခုကို ကြားလိုက် ရပြန်တယ်။

ဝုန်း။ လင်းကျီရဲ့ ခန္ဒာကိုယ်က မူလ လမ်းကြောင်း အတိုင်း လွင့်ထွက် သွားပြီး မြေပြင်ပေါ်ကို ပြုတ်ကျလာ ပြန်တယ်။

ဒါက လက်သီး တစ်ချက်ကြောင့်ပဲ။ ဒါပေါ့ သေချာပေါက် လင်းကျီရဲ့ မျက်နှာ တည့်တည့်ကို ထိုးချ လိုက်တာ။ ခန္ဒာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေ အားလုံးကို ဆူးချွန်တွေနဲ့ ဖုံးအုပ် ထားခဲ့တယ်လေ။

“…”

နတ်ဆိုး စစ်သည်တော်တွေ ကတော့ ပါးစပ် အဟောင်းသားနဲ့ ကြည့်နေရင်း တိတ်ဆိတ် နေခဲ့ကြတယ်။ ဒါက လင်းကျီ အရိုက်ခံရပြီး လွင့်ထွက်တာ သုံးကြိမ် မြောက်ပဲ။

“ဟူး။ တကယ့်ကို အားနည်းတာပဲ။” အဲ့ဒီ့လူက နတ်ဆိုး စစ်သည်တော် တစ်သောင်းကို ဝေ့၀ဲကြည့်ရင်း ပြောလိုက်တယ်။ နတ်ဆိုး စစ်သည်တော်တွေ ဘယ်သူမှ သူ့အကြည့်ကို ရင်မဆိုင် ရဲကြဘူး။

မုန့်ထျန်း ရယ်မောတယ်။ သူ့အသံက ပျော်ရွှင်မှုနဲ့ စိတ်ပျက်မှုတွေ ရောနှောနေတယ်။ ရယ်သံကြီးက ကောင်းကင် တစ်ခွင်ကို ပျံ့သွားပြီး နတ်ဆိုး စစ်သည်တော်တွေကို ကျာပွတ် တစ်ခုလို ရိုက်ခတ်တော့တယ်။

“ဟ ဟား ဟား ဟား ဟားဟား။”

“…”

“အား။” ဒီလူ အူလှိုက်သည်းလှိုက် ရယ်မော နေချိန်မှာပဲ လင်းကျီရဲ့ ဟိန်းဟောက်သံကြီးလဲ ထွက်ပေါ်လာတယ်။

“မိစ္ဆာ နတ်သခင်။”

“အဆင်ပြေရဲ့လား။“

“သူက မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်းကြီး။”

နတ်ဆိုး စစ်သည်တော်တွေ အော်ဟစ်ရင်း လင်းကျီ အနားကို ပြေးလာကြတယ်။

“မုန့်ထျန်း။” လင်းကျီရဲ့ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုတွေ ဖြတ်ပြေး သွားတယ်။ ရုတ်တရက် မှတ်ဉာဏ် ပျောက်ဆုံး သွားသလိုမျိုး သူမရဲ့ အမူအယာက ထူးဆန်း နေခဲ့တယ်။ အဲ့ဒီ့နောက် အေးစက်စက် အရိပ် အယောင်တွေ ဖြတ်ပြေး လာပြန်တယ်။

“ဒဏ္ဍာရီထဲက မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်း။ သူ့ဓားနဲ့ သွေးအရိပ် မြို့တော်ကို နှစ်ခြမ်း ခွဲပြစ် ခဲ့တဲ့ လူလား။” လင်းကျီ ပြောရင်းနဲ့ မှတ်မိဖို့ ကြိုးစား နေခဲ့တယ်။ သူမ ပြောရင်း မျက်နှာတစ်ခုလုံး မည်းမှောင်လာတယ်။ “မဟုတ် တရုတ်တွေ၊ သေပြီးသား လူက ဘယ်လိုများ အသက်ပြန်ရှင် လာနိုင်မှာလဲ။”

“ဟုတ်တယ်။ သေတဲ့ သူတွေက ဘယ်လို ပြန်ရှင် နိုင်မှာလဲ။” အဲ့ဒီ့လူက ခေါင်းငြိမ့်ရင်း လင်းကျီဆီကို လျှောက်လာခဲ့တယ်။

“နင် ဘာပြောချင်တာလဲ။” လင်းကျီ အံကြိတ်ရင်း နောက်တစ်လှမ်း ဆုတ်သွားတယ်။

“ခန့်မှန်း။ မင်းရဲ့ မျက်နှာ လှလှလေးကို သုံးပြီး ခန့်မှန်း။” လင်းကျီကို စိတ်ပျက်တဲ့ အကြည့်နဲ့ စိုက်ကြည့်ရင်း အဲ့ဒီ့လူ ပြောတယ်။

“ဘယ်လိုလုပ် ခန့်မှန်း ရမှာလဲ။” လင်းကျီ လှုပ်ရှားပြန်တယ်။

ဘာကြောင့်လဲ ဆိုတော့ မုန့်ထျန်းက သူ့အနားကို အရမ်း ကပ်လာခဲ့လို့ပဲ။

ဆိုရိုစကား ရှိတဲ့ အတိုင်း။ “ပထမဆုံး တိုက်ခိုက်သူ အနိုင်ရ။ နောက်ဆုံး တိုက်ခိုက်သူ ရှုံးနိမ့်။” ဒီလို နီးကပ်တဲ့ အကွာအဝေးမှာ သူသာ အရင်ဆုံး မတိုက်ခိုက်ရင် လင်းကျီ သေချာပေါက် ရှုံးလိမ့်မယ်။

လင်းကျီ ရှေ့ကို လက်သီးနဲ့ ထိုးချလိုက်တယ်။

သူဒီလို လုပ်လိုက်ချိန်မှာပဲ သူမရဲ့ ခန္ဒာကိုယ် တောင့်တင်း နေတာကို ခံစား လိုက်ရတယ်။ လျှပ်စီးကြောင်းတွေ ခန္ဒာကိုယ်ထဲ စီးဆင်း နေသလိုပဲ။

အဲ့ဒီ့နောက် ဘာမှ ဖြစ်မလာတော့ဘူး။ သူမ လွင့်ထွက် သွားပြန်တယ်။ ဒီတစ်ခေါက်မှာတော့ အဲ့ဒီ့လူက သူမကို တိုက်ရိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့တယ်။ သူမရဲ့ မျက်နှာ တည့်တည့်ကိုပဲ။ ရိုးရှင်းတဲ့ ရိုက်ချက် တစ်ချက်က မျက်နှာ အလယ် တည့်တည့်ကိုပဲ ဦးတည်တယ်။

ဖူး။ လင်းကျီ သူမရဲ့ ကြေးခွံ အနက်တွေ နီရဲ သွားစေတဲ့ အထိ သွေးအန်တော့တယ်။

“ဘာတွေ ဖြစ်သွားတာလဲ ဘာဖြစ်လို့ ငါက။” လင်းကျီ အသက်ပြင်းပြင်း ရှူရင်း မယုံနိုင် ဖြစ်နေခဲ့ပြန်တယ်။ သူမရဲ့ ခန္ဒာကိုယ်က ကိုယ်တိုင် ထိန်းချုပ်လို့ မရတော့ပဲ အရမ်းကြီး တောင့်တင်းနေ ခဲ့တာကို သူမ သတိထားမိတယ်။

တောင့်တင်း တာထက်၊ စိတ်နဲ့ ကိုယ်နဲ့ လိုက်လျော ညီထွေ မလှုပ်ရှားနိုင်တာပဲ။ ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ။ ဘာဖြစ်လို့လဲ။ ဘယ်သူမှ သူ့ကို ပြန်မဖြေကြဘူး။ သူမ နောက်တစ်ခေါက် နတ်ဆိုး စစ်သည်တော်တွေ ကြားထဲကို လွင့်ထွက် ပြန်တယ်။

“အား။”

“အား။”

နတ်ဆိုး စစ်သည်တော်တွေ အကြေးခွံ ဆူးချွန်တွေနဲ့ ထိခိုက် မိတာကြောင့် အော်ဟစ် ညီးညူ ကုန်ကြတယ်။ တစ်ချို့ကတော့ ပြင်းထန်တဲ့ ရိုက်ခတ်မှုကြောင့် သေကုန်တယ်။

တကယ့်ကို လန့်စရာ မြင်ကွင်းပဲ။ နတ်ဆိုး စစ်သည်တော်တွေ၊ ရှန်းယွီ၊ ယန်ယနဲ့ နယ်မြေ အကြီးအကဲ နှစ်ယောက်ကတော့ မျက်လုံး ပြူးနေခဲ့တယ်။

လင်းကျီလို နတ်သခင် အဆင့် မိစ္ဆာ တစ်ယောက်က တစ်ချက်လေးတောင် မခုခံ နိုင်ပဲ အရိုက်ခံနေရတယ်။ သူက တကယ့်ကို အင်အားကြီးလွန်းတယ်။ လောက ထိပ်တန်းမှာ ရပ်တည်နိုင်တဲ့ စွမ်းအားပဲ။ သွေးအရိပ် မြို့တော်ကို တစ်ချက်တည်းနဲ့ နှစ်ခြမ်း ခွဲနိုင်သူ။

ဒဏ္ဍာရီလာ သုခမိန် စစ်နတ် မုန့်ထျန်း။

“နင် နင် ငါ့ကို ဘာလုပ် လိုက်တာလဲ။”

လင်းကျီ ဘာမှ ဆက်မပြောနိုင်တော့။ အဲဒီ့လူထက် အင်အား မလျော့နိုင်လို့ ကိုယ့်ကိုယ်ကို တွက်ဆ ထားပေမယ့်၊ ကိုယ့်ကိုယ်ကို မထိန်းချုပ် နိုင်တာကို ပိုပြီး နားမလည်နိုင်ဘူး။ ဒေါသ ထွက်စရာ အကောင်းဆုံးကတော့ သူ့ကိုယ်သူ သုခမိန် စစ်နတ် မုန့်ထျန်းလို့ ခေါ်နေတဲ့ သူက သူမ မျက်နှာကို အညှာအတာ မရှိ ရက်ရက်စက်စက် ရိုက်နှက် နေတာပဲ။

အဲ့တာ သူ့မျက်နှာလေ။ လင်းကျီ အော်ငို လိုက်ချင်တယ်။ သူမရဲ့ လှပပြီး ဆွဲဆောင် ညှို့ငင် နိုင်လွန်းတဲ့ မျက်နှာက ခြေရာတွေ ထင်နေရုံတင် မကဘူး။ ဝက်ခေါင်းလို ဖူးယောင် နေခဲ့ပြီ။ တခြား နေရာကို ကန်လို့ မရဘူးလား။

ဝုန်း။ လင်းကျီရဲ့ မျက်နှာပေါ်ကို ခြေထောက်တစ်ဖက်က နင်းထားပြီး မြေကြီးနဲ့ ဖိပွတ် နေခဲ့တယ်။

“မေးခွန်း တစ်ခုပဲ မေးစရာ ရှိတယ်။ မင်း သေချင်လား။” အဲ့ဒီ့လူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရင်း မေးလိုက်တယ်။

“အား။”

“ပြေးကြ။”

“ဆုတ်ခွာကြ။”

နတ်ဆိုး စစ်သည်တော်တွေ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ မကြာခင်ပဲ စစ်သူကြီး တစ်ယောက်ရဲ့ အမိန့် ပေးသံ ထွက်လာတော့တယ်။ သူတို့တွေ သေရမှာကို မကြောက်ဘူး။ ဒါပေမယ့် ဘယ်နတ်ဆိုးမှ ဒီလို မသေချင်ကြဘူး။

နောက်ဆုံးတော့လဲ သူတို့က အင်အား တစ်သောင်းပဲ ရှိတာလေ။ သူတို့ရှေ့မှာ ရှိနေတာက လင်းကျီကို အနိုင်တိုက်နိုင်တဲ့ သုခမိန် စစ်နတ် မုန့်ထျန်း။ ဘယ်လိုလုပ် နိုင်နိုင်မှာလဲ။ နောက်ပြီးတော့ သေတဲ့ အထိ တိုက်ခိုက်တာထက်၊ ယွင်ချင်းဝူဆီကို သုခမိန် စစ်နတ် မုန့်ထျန်း အသက်ရှင် နေတဲ့ အကြောင်း သတင်း ပို့တာက ပိုကောင်းလိမ့်မယ်။

“ယွင်ချင်းဝူကို ပြောလိုက်။ အကယ်၍ သူသာ တောင်ပိုင်းရဲ့ နောက်ဆုံး နယ်မြေကို တိုက်ခိုက် ဝံ့ရင်၊ သွေးအရိပ် မြို့တော်ကို ငါနောက်ထပ် တိုက်ခိုက်ဖို့ တွေေ၀ နေမှာ မဟုတ်ဘူး။” အဲ့ဒီ့ လူရဲ့ အသံက ညကောင်းကင်မှာ ပဲ့တင့် ထပ်သွားခဲ့တယ်။

လင်းကျီကတော့ သူ့ကိုယ်သူ ထရပ်နိုင်ဖို့ ကြိုးစား နေခဲ့တယ်။ ဘယ်လောက်ပဲ ကြိုးစားပါစေ ထပ်မရပ် နိုင်ခဲ့ဘူး။

“လက်ချောင်းဓား တိုက်ခိုက်မှုပဲ။” လင်းကျီ ဒေါသ တကြီးနဲ့ အရှက်ရ နေခဲ့တယ်။ ငါ့ခန္ဒာကိုယ် ဘာဖြစ်လို့ မလှုပ်ရှား နိုင်တာလဲ။ အဲ့တာ ဘာနည်းလမ်းလဲ။ ဝိဉာဉ်ကို တိုက်ခိုက်တဲ့ နည်းလမ်းလား။”

ဘန်း။

ကြီးမားတဲ့ အနက်ရောင် တုတ်ချောင်းကြီးက လေထဲမှာ ပေါ်လာပြီး လင်းကျီရဲ့ ခေါင်းကို တပတ်လည်သွား စေတယ်။ သူမ ကြယ်တွေ လတွေ မြင်သွားခဲ့တယ်။ မကြာခင်ပဲ သူမရဲ့ မျက်လုံးတွေ ပိတ်သွားပြီး မြင်ကွင်းတွေ အားလုံးက အမှောင်ထု အဖြစ်ကို ပြောင်းလဲ သွားတော့တယ်။

လက်ချောင်းဓား တိုက်ခိုက်မှုက နဖူးကနေ ဖြတ်သန်းပြီး သူမရဲ့ ဦးနောက်ကို ရောက်တယ်။ နောက်ဆုံးမှာ ခန္ဒာနဲ့ ဝိဉာဉ်ကိုပါ တိုက်ခိုက်တယ်။

ဝိဉာဉ်။

ဝိဉာဉ် တိုက်ခိုက်တာက ခန္ဒာကိုယ် သန်မာတဲ့ မိစ္ဆာ မျိုးနွယ်တွေကို အဓိက ထားပြီး တိုက်ခိုက်တဲ့ နည်းလမ်းပဲ။

…

နှစ်ရက် ကြာပြီးနောက်။ သွေးအရိပ် မြို့တော်ဆီကို တိုက်ပွဲ သတင်းပို့ချက် ရောက်လာတော့တယ်။ လင်းကျီက တိုက်ပွဲရှုံးပြီး အဖမ်းခံ လိုက်ရတယ်။

ငါးရက်မြောက် နေ့မှာတော့၊ သတင်းတွေက လောကကြီး တစ်ခုလုံးကို ပျံ့နှံ့ သွားတော့တယ်။

“မုန့်ထျန်းက အသက်ရှင် နေသေးတယ်လား။”

“ဒါ လူသား မျိုးနွယ် အတွက် မျှော်လင့်ချက်ပဲ။”

“ဟုတ်တယ်။ သုခမိန် စစ်နတ် မုန့်ထျန်းသာ ရှိနေသေးရင်၊ လူသား မျိုးနွယ်လဲ မျှော်လင့်ချက် ရှိနိုင်သေးတယ်။”

စိတ်ဓာတ်ကျနေတဲ့ လူသား မျိုးနွယ်တွေ အတွက် ဒီသတင်းက နောက်ဆုံး မျှော်လင့်ချက် တစ်ခုပဲ။ ဘယ်လို အသက်ရှင် လာလဲ။ သက်သေ သက်ကာယတွေ ဘယ်မှာလဲ။ ဒါတွေက အရေး မကြီးတော့ဘူး။ လူသား မျိုးနွယ်မှာ မျှော်လင့်ချက် ရှိပြီ။

ဒါ့အပြင် သုခမိန် စစ်နတ် မုန့်ထျန်းက အင်အားကြီး နတ်သခင် လင်းကျီကိုလဲ ဖမ်းဆီး သွားခဲ့တယ်။ ဒါက သူ့အစွမ်းပဲ။ ဒဏ္ဍာရီလာ စစ်နတ်ဘုရားက အခုချိန်ထိ စွမ်းရည် မကျသေးဘူး။ လူသား မျိုးနွယ် အတွက် ပြန်လည် ထွက်ပေါ် လာခဲ့ပြီ။ သူဘယ်လို အသက်ရှင်နေဆဲ ဆိုတာ အရေးကြီး သေးလို့လား။

…

သွေးအရိပ် မြို့တော်မှာတော့ လက်ရှိ နတ်ဆိုး ဧကရာဇ်ယွင်က တိတ်ဆိတ်နေတဲ့ ယွင်ချင်းဝူနဲ့ လင်းယွိကို တစ်ချက်ကြည့်တယ်။

“နှစ်ပေါင်း ရာချီတည်းက သေသွားပြီးတဲ့ လူက ဘယ်လိုများ အသက်ရှင် နိုင်မှာလဲ။” သူ့အသံက မကျယ်ပေမယ့် စိတ်ရှုပ်ထွေးမှုတွေ အပြည့်။

“အသက်ရှင်လာတာ မဟုတ်လို့လဲ ဖြစ်မှာပေါ့။” လင်းယွိက ပြောတယ်။

“နတ်ဆိုး နတ်သခင်။ တခြားသူ တစ်ယောက်က မုန့်ထျန်းရဲ့ နာမည်ကို သုံးပြီး လင်းကျီကို ဖမ်းသွားတယ်လို့ ပြောချင်တာလား။” ဧကရာဇ်ယွင် မျက်လုံးတွေကို မှေးစင်းလိုက်တယ်။

ဖြစ်နိုင်တဲ့ အခြေအနေ ရှုထောင့်အရ၊ ဒါကို သူမယုံဘူး။ ဒါပေမယ့် လင်းကျီ ရှုံးနိမ့်သွားတာ အမှန်ပဲ။ လက်ရှိ လောကမှာ ဘယ်သူကများ လင်းကျီကို ဒီလို အနိုင်ယူ နိုင်မှာလဲ။

“တိုက်ပွဲ သတင်းပို့ချက် ကနေ တွက်ချက်လို့ ရတယ်။ အကယ်၍ အရှင်သခင်ငယ်သာ ခွင့်ပြုချက် ပေးရင်၊ ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို အတည်ပြုဖို့ မခက်ပါဘူး။” အဖေကို တိုက်ရိုက် ဖြေမယ့် အစား၊ ယွင်ချင်းဝူကို ခပ်တိုးတိုး ပြောတယ်။

“ဘယ်လို အတည်ပြုချင်လဲ။” မြောက်အရပ်ကို ကြည့်ရင်း ယွင်ချင်းဝူ မေးတယ်။

“အကွာအဝေး အရတော့၊ ရောက်ဖို့ သုံးရက်ကြာမယ်။ အကယ်၍ သူသာ တောင်ပိုင်း ဒေသမှာ တကယ် ရှိနေပြီး အမြန် ပြန်လာရင်တောင် ငါးရက် ကြာမှာပဲ။ ဒါဆိုရင် အတည်ပြုဖို့ လွယ်ပါတယ်။ ကိုယ်တိုင် သွားကြည့်ရင်တော့ ပိုပြီး ရှင်းလင်း သွားမှာပါ။” လင်းယွိ ပြောတယ်။

“ဟင့်အင်း။” ယွင်ချင်းဝူ ချက်ခြင်း ခေါင်းခါတယ်။ “အခု လက်ရှိ အခြေအနေ အရ၊ သူ မလှုပ်ရှားတာ ငါတို့ အတွက် ပိုကောင်းလိမ့်မယ်။ နင်သာ အဲ့ဒီ့ကို သွားမယ် ဆိုရင်၊ တစ်ခုခု လွဲနေတာကို သူသိမှာပဲ။ ဒါက အကြံကောင်း မဟုတ်ဘူး။”

“နားလည် ပါပြီ။ ကျွန်တော် သွားလို့ မရမှတော့၊ လက်ထောက် မျိုးနွယ် ခေါင်းဆောင် ငါးယောက်ကို စတေးဖို့ ပို့လို့ရတယ်။” လင်းယွိ ဆက်ပြောတယ်။

“မျိုးနွယ်စု လက်ထောက် ခေါင်းဆောင် ငါးယောက်ကို စတေးဖို့ ပို့မယ်တဲ့လား။” ဧကရာဇ်ယွင်က မျက်လုံး မှေးရင်း မေးလိုက်ပြန်တယ်။ “နတ်ဆိုး နတ်သခင် ဘာကို ဆိုလို ချင်တာလဲ။”

အပိုင်း (၉၁၈) ပြီး၏။

အပိုင်း (၉၁၉)

“နတ်ဘုရား အရင်းအမြစ်။”

“ဧကရာဇ်ယွမ်။ မုန့်ထျန်း အဖြစ် ဟန်ဆောင်နေတာ ဘယ်သူ ဖြစ်နိုင်မယ်လို့ ထင်လဲ။” လင်းယွိက ဧကရာဇ်ယွမ်ကို တစ်ချက် လှမ်းကြည့်ပြီးနောက် ယွင်ချင်းဝူကို လေးစာမှု အပြည့်နဲ့ ဦးညွှတ်တယ်။ ဧကရာဇ်ယွမ်က သူ့ကို ပြန်မေးတယ်။

“မုန့်ထျန်း အဖြစ် ဟန်ဆောင်နိုင်တယ်လို့ ထင်တဲ့သူက။ မင်း ပြောချင်တာ ဖန်။”

“အတိအကျပဲ။” လင်းယွိက ခေါင်းငြိမ့်ရင်း ဆက်ပြောတယ်။ “တိုက်ပွဲ သတင်း ပို့ချက်တွေ အရတော့ နည်းဗျူဟာတွေက ဖန်ကျန်းရှီနဲ့ မတူဘူး။ ဖန်ကျန်းရှီက ဒီလောက်ထိ စွမ်းအား မြင့်လို့လား။ ဖန်ကျန်းရှီနဲ့ တုကိခိုက်တဲ့သူရဲ့ လေသံနဲ့ အမူအယာ တွေကတော့ တူညီတာတွေတော့ ရှိတယ်။ ဒါကြောင့်ပဲ ဒီလို တွက်ချက်မိတာ။”

“တွက်ချက်မိတာ။ ဒါဆိုရင် နတ်ဆိုး မျိုးနွယ် လက်ထောက် ခေါင်းဆောင် ၅ယောက်ကို စတေးမယ့် ကိစ္စနဲ့ ဘာများ သက်ဆိုင်လဲ။” ဧကရာဇ်ယွင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။

“တွက်ချက်ထားတာ မှန်မမှန် သက်သေ ပြနိုင်ဖို့၊ မြောက်ရွာကို ခရီးထွက်ဖို့ လိုတယ်။ အကယ်၍ ငါသာ ဆင်းသွားခဲ့ရင်၊ ဖန်ကျန်းရှီက သေချာပေါက် အားသာချက် ရှိနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နတ်ဆိုး မျိုးနွယ် လက်ထောက် ခေါင်းဆောင် ငါးယောက်သာ မြောက်ရွာကို ဆင်းသွားပြီး လက်စားချေရင်တော့။” လင်းယွိက စကားကို နောက်ဆုံး အချိန်မှာ ရပ်လိုက်တယ်။

“နတ်ဆိုး နတ်သခင်။ မင်းပြောချင်တာ နတ်ဆိုး မျိုးနွယ် လက်ထောက် ခေါင်းဆောင် ငါးယောက်ကို ကိုယ့်ကိုယ်ကို သတ်သေခိုင်းဖို့လား။” ဧကရာဇ်ယွမ် နောက်ဆုံးမှာတော့ နားလည် သွားခဲ့ပြီ။

“ဟ ဟား။” လင်းယွိ ပြန်မဖြေတော့ဘူး။ အဲ့ဒီ့အစား သူ့ရဲ့ ရေနွေးခွက်ကို မြှောက်လိုက်ပြီး နည်းနည်း စုပ်သောက်လိုက်တယ်။ “အရှင်သခင်ငယ်ရဲ့ အစီအစဉ် အရတော့၊ (နတ်ဘုရား အရင်းအမြစ်)ကိုသာ ငါတို့တွေ ဆက်ပြီး ထိန်းသိမ်း ထားနိုင်ရင်၊ သေမျိုး အဆင့် လက်ထောက် မျိုးနွယ် ခေါင်းဆောင်တွေ အများကြီးကို ရအောင် လုပ်နိုင်တယ်။”

“ဒါပေမယ့် တွက်ချက်မှုလေး တစ်ခုတည်းနဲ့၊ ငါတို့တွေ။ ကောင်းပါပြီ။ ငါနားလည်ပြီ။ အခုပဲ လိုအပ်တာတွေ သွားပြင်ဆင် ထားတော့မယ်။” ဧကရာဇ်ယွင်က တစ်ခုခု ပြောချင်ပေမယ့်၊ နောက်ဆုံးမှာတော့ လင်းယွိရဲ့ အမူအယာကို ကြည့်ပြီး နောက်ဆက် မပြောဖို့ ဆုံးဖြတ်လိုက်တယ်။

“အရှင် သခင်ငယ်။ ဘယ်လို ထင်ပါသလဲ။” လင်းယွိက လက်တွေကို ဝေ့ယမ်းရင်း၊ ဧကရာဇ်ယွင်ကို တားလိုက်တယ်။ ယွင်ချင်းဝူကို ကြည့်တယ်။

ယွင်ချင်းဝူ ထရပ်တယ်။ နန်းတော် အပြင်ကို သူစိုက်ကြည့်တယ်။ နှုတ်ခမ်းတွေကို ကိုက်ထားရင်း တွေေ၀ နေပုံပြ။

“ချင်းဝူ။ ဘယ်လိုမြင်လဲ။” တိတ်ဆိတ်နေတဲ့ ယွင်ချင်းဝူနဲ့ လင်းယွိကို တစ်ချက်ကြည့်ပြီး ချိန်မှာတော့၊ ဧကရာဇ်ယွင် ခပ်တိုးတိုး ပြောတယ်။

“ခမည်းတော ဒီလို ကိစ္စလေးမှာ ချင်းဝူရဲ့ အမြင်ကို မေးစရာ မလိုပါဘူး။ ခမည်းတော်က လက်ရှိ နတ်ဆိုး အရှင်သခင်ပဲ။” ယွင်ချင်းဝူက လင်းယွိနဲ့ ဧကရာဇ်ယွင်ကို ကြည့်ရင်း ခပ်တိုတးိုး ပြောတယ်။

“ဟဟား။ ကောင်းပြီလေ။ ခမည်းတော် ဆုံးဖြတ်ပါမယ်။” ဧကရာဇ်ယွင်က ပြုံးလိုက်ပြီးနောက် အောက်မှာ ရပ်နေတဲ့ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင်တွေကို ကြည့်လိုက်တယ်။ “ယဉ်တောက် မင်းကို တွန်းအား ပေးရတော့မှာပဲ။”

“နတ်ဆိုး အရှင်သခင်။ အရှင်သခင်ငယ်က အခုချိန်ထိ သူ့အမြင်ကို မပြောရ သေးပါဘူး။” ယဉ်တောက်က လေးစားမှု အပြည့်နဲ့ ပြောရင်း ရှေ့ကို တစ်လှမ်း တိုးလိုက်တယ်။

“မင်းဘာကို ဆိုလို ချင်တာလဲ။” ဧကရာဇ်ယွင်ရဲ့ အပြုံးက တောင့်တင်း သွားတော့တယ်။

“နတ်ဆိုး အရှင်သခင်။ ဆုံးဖြတ်ချက် မချခင်၊ အရှင်သခင်ငယ်ရဲ့ အမြင်ကို အရင်ဆုံး မေးသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကိစ္စက နတ်ဆိုး မျိုးနွယ်ရဲ့ အနာဂတ်နဲ့ သက်ဆိုင် နေလို့ပါပဲ။ မြောက်ရွာမှာ ဖြစ်ခဲ့တဲ့ ဆုံးရှုံးမှုမျိုးကို နောက်တစ်ခေါက် မမြင်ချင် တော့ပါဘူး။”

“မင်းပြောချင်တာ အရင်တစ်ခေါက် တုန်းက တခြားသူရဲ့ အမြင်ကို မေးမးပဲ၊ တပ်ဖွဲ့တွေကို စေလွှတ် မိတာကြောင့်လား။”

“ကျွန်တော်မျိုး ဒါကို မပြောဝံ့ပါဘူး။ ဒါပေမယ့် နတ်ဆိုး အရှင်သခင်က အရှင်သခင်ငယ် မြို့တော် ပြန်လာတာကို မစောင့်ပဲ၊ နတ်ဆိုး စစ်သည်တော်တွေကို ကန်လင်းတောင်ဆီ ဖြတ်ကျော် ခိုင်းခဲ့ပါတယ်။ နတ်ဆိုး မျိုးနွယ် လက်ထောက် ခေါင်းဆောင် တစ်ယောက်နဲ့ နတ်ဆိုး စစ်သည်တော် ရာချီပြီး ဒီတိုက်ပွဲမှာ ဆုံးရှုံး ခဲ့ရတယ်။”

“မင်း။” ဧကရာဇ်ယွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် လင်းယွိကို တချက် ကြည့်တယ်။ နောက်ဆုံးမှာတော့ ယွင်ချင်းဝူကို ကြည့်လိုက်တယ်။

ဧကရာဇ်ယွင်လဲ ယွင်ချင်းဝူရဲ့ အမူအယာကနေ ဘာကိုမှ တွက်မထုတ် နိုင်ခဲ့ဘူး။ တည်ငြိမ် အေးချမ်းပြီး အဖေတစ်ယောက်ကို လေးစား တာကလွဲလို့ တခြား ဘာကိုမှ မတွေ့ရဘူး။

ဒါပေါ့။ ယွင်ချင်းဝူက စကား မပြောဘူး။ တကယ်တော့ သူမ သွေးအရိပ် မြို့တော်ကို ပြန်မလာခင် အချိန်၊ ဧကရာဇ်ယွင်က တပ်ဖွဲ့တွေကို ကန်လင်းတောင်ဆီ ဖြတ်သန်းဖို့ အမိန့်ချပြီး ချိန်က စပြီး သူမ အရမ်းကို စကားနည်းသွား ခဲ့တယ်။

“ဟူး။” ဧကရာဇ်ယွင် သက်ပြင်း ချပြီးနောက် ယဉ်တောက်ကို ကြည့်လိုက်တယ်။ “ရက်ပေါင်း အတော်ကြာ ငါစီစဉ် ထားခဲ့ရတဲ့ ထီးနန်းစွန့်ဖို့ ကိစ္စ ရှိတယ်။ အကယ်၍ မျိုးနွယ်စု ခေါင်းဆောင်ယဉ် စိတ်မရှိဘူး ဆိုရင်၊ ငါကြေညာလိုက်မယ်။”

“ထီးနန်းစွန့်ဖို့ ကိစ္စ။” နတ်ဆိုး မျိုးနွယ် ခေါင်းဆောင်တွေ ဧကရာဇ်ယွင်ရဲ့ စကားကို ကြားချိန်မှာတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ အံ့သြ နေကြမယ့် အစား။ သူတို့တွေ ပျော်နေကြပုံပဲ။

ဧကရာဇ်ယွင် ထီးနန်း စွန့်တာက ယွင်ချင်းဝူရဲ့ အောင်မြင်မှုပဲ။ နတ်ဆိုး မျိုးနွယ်တိုင်း မျှော်လင့်နေတဲ့ အရာ တစ်ခုပဲ။ နောက်ပြီးတော့ ဒီကြေညာချက်ကလဲ နတ်ဆိုး မျိုးနွယ် အတွက် အာမခံချက်ကောင်း တစ်ခု ဖြစ်လာလိမ့်မယ်။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ လူတိုင်းက ယွင်ချင်းဝူရဲ့ အဆင့်အတန်းကို သိတယ်။ မိစ္ဆာ မျိုးနွယ်ရဲ့ ဧကရီငယ်။

မိစ္ဆာ မျိုးနွယ်ရဲ့ ဧကရီငယ် အနေနဲ့၊ ယွင်ချင်းဝူရဲ့ အဆင့်အတန်းက အရမ်းကို လေးစားစရာ ကိစ္စပဲ။ တန်ဖိုးလဲ မြင့်မားတယ်။ ဒါပေမယ့် တခြား အရာ တစ်ခုလဲ ရှိနေသေးတယ်။ သူမမှာ မျိုးနွယ် နှစ်ခု ရှိတယ်။ ဒါကြောင့် ဒီတိုက်ပွဲ ရလဒ်မှာ၊ အရေးအကြီးဆုံး ကတော့ ယွင်ချင်းဝူက နတ်ဆိုးမျိုးနွယ်ကို အရေးပေးမလား၊ မိစ္ဆာ မျိုးနွယ်ကို အရေးပေးမလား ဆိုတာပဲ။

တစ်ခုတည်းသော ပြဿနာ ဖြေရှင်းချက်ကတော့ နတ်ဆိုး မျိုးနွယ်ရဲ့ ဆက်ခံသူ ဖြစ်သွားခဲ့ရင်၊ နတ်ဆိုး မျိုးနွယ်ကို ဘယ်လိုမှ မစွန့်ပြစ်တော့ဘူး။

“နတ်ဆိုး အရှင်သခင် နေရာကို ဆက်ခံဖို့ ငါငြင်းဆိုတယ်။ နောက်ထပ် ဘာမှ ဆွေးနွေးစရာ မလိုတော့ဘူး။” ယွင်ချင်းဝူရဲ့ အသံက ထီးနန်းစွန့် သဝဏ်လွှာကို ဖတ်ဖို့ ပြင်နေတဲ့ ယဉ်တောက်ကို တောင့်တင်း သွားစေတယ်။

မကြာခင်ပဲ၊ သူ အသိပြန်ဝင် လာတယ်။ ဒူးထောက် ဝပ်တွား ဦးညွှတ်ရင်း တောင်းပန်တော့တယ်။

“နတ်ဆိုး မျိုးနွယ်ရဲ့ အနာဂတ် အတွက် စဉ်းစားပြီး၊ အရှင်သခင်ငယ်။”

“ပါးစပ်ပိတ်ထား။”

“အရှင်သခင်ငယ်။”

“ဒီအကြောင်းကို ဆက်ပြောတဲ့ ဘယ်သူမဆို ကွပ်မျက် ခံရမယ်။” ယွင်ချင်းဝူ ပြောပြီးတဲ့နောက် ဧကရာဇ်ယွင်ကို ဦးညွှတ်တယ်။ အဲ့ဒီ့နောက် နန်းတော်ထဲကို ဝင်သွားတော့တယ်။

နတ်ဆိုး မျိုးနွယ် ခေါင်းဆောင်တွေကတော့ ဒါကို မြင်ချိန်မှာ တိတ်ဆိတ် နေဆဲ။ ဧကရာဇ်ယွင်ကို စိုးရိမ်ပူပန်တဲ့ ပုံစံနဲ့ စိုက်ကြည့်နေ ကြတော့တယ်။

တခြား တစ်ဖက်မှာတော့ ဧကရာဇ်ယွင်က အရမ်းကို ထိတ်လန့် နေတယ်။ လက်ရှိ နတ်ဆိုး မျိုးနွယ်ရဲ့ အခြေအနေကို သူအရမ်း ရှင်းရှင်းလင်းလင်း သိတယ်။

သူက ဧကရာဇ် နာမည် ခံထားပေမယ့်၊ ယွင်ချင်းဝူက ပြောရေး ဆိုခွင့်နဲ့ အာဏာမှာ သူ့ထက် အများကြီး သာလွန်တယ်။ ဧကရာဇ်ယွင် ဒီကိစ္စကို တကယ်ပဲ မပျော်ရွှင်ဘူး။ နတ်ဆိုး မျိုးနွယ်ရဲ့ အနာဂတ်ကို ယွင်ချင်းဝူ လက်ထဲမှာပဲ အပ်နှံထားလို့ ရနိုင်တယ်။

ဒါကြောင့် ရွေးချယ်စရာ မရှိပဲ၊ တခြား ကိစ္စတွေကို ဂရုမစိုက် နိုင်ဘူး။ နောက်ဆုံးတော့လဲ၊ ယွင်ချင်းဝူက နတ်ဆိုး အရှင်သခင် ဖြစ်လာမှာပဲလေ။

“ချင်းဝူ။ အဖေက တကယ်ပဲ မင်းကို နေရာ လွှဲပေးချင်တာပါ။ အစပိုင်း တုန်းကတော့ နတ်ဆိုး မျိုးနွယ်တွေက အင်အား အကြီးဆုံး သူပဲ အုပ်စိုးနိုင်တယ်။ မင်း ငယ်ငယ်လေး တည်းက စွမ်းရည်ကို လေ့ကျင့် ပေးဖို့ပဲ အဖေ အလေးထား ခဲ့တယ်။

မင်းရဲ့ အသိပညာတွေနဲ့ ယှဉ်လိုက်ရင်၊ အဖေက အရမ်းကို အမြင်ကျဉ်းလွန်း ခဲ့ပါတယ်။” ဧကရာဇ်ယွင်က သက်ပြင်းချရင်း တွေးနေခဲ့တယ်။

“နတ်ဆိုး အရှင်သခင်။ အရမ်းကြီး မစိုးရိမ်ပါနဲ့၊ အခုချိန်က အရှင်သခင်ငယ်ကို နေရာလွှဲပေးဖို့ အကောင်းဆုံး အချိန် မဟုတ်သေးဘူး။ ၂နှစ် အတွင်းမှာ အရှင်သခင်ငယ် လက်ခံ လာမယ်လို့ ယုံကြည်ပါတယ်။”

“နှစ်နှစ် တဲ့လား။” ဧကရာဇ်ယွင်က လင်းယွိကို ကြည့်တယ်။

“မှန်ပါတယ်။” လင်းယွိက အာမခံတယ်။ ဒူးထောက်နေတဲ့ ယဉ်တောက်ကို သူလှမ်းကြည့်တယ်။ “မျိုးနွယ်စု ခေါင်းဆောင်ယဉ်၊ ဘာကြောင့်များ၊ နတ်ဆိုး အရှင်သခင်ရဲ့ အမိန့် အတိုင်း လိုအပ်တာတွေ မစီစဉ် သေးဘူးလား။”

“အခုပဲ လုပ်လိုက်ပါမယ်။” ယဉ်တောက်က မတ်တရပ် ထရပ်ရင်း နန်းတော်ကနေ ခပ်မြန်မြန် ထွက်ခွာ သွားတော့တယ်။

ဧကရာဇ်ယွင်က ယဉ်တောက်ကို ကြည့်ပြီး ခါးသက်သက် ပြုံးလိုက်တယ်။ “ကြည့်ရတာ ဒီနေရာမှာ ငါနောက်ထပ် ၂နှစ်လောက် ထပ်နေရ အုန်းမယ့် ပုံပဲ။”

“နတ်ဆိုး အရှင်သခင်။ ၂နှစ် အတွင်းမှာပဲ စိတ်သက်သာရာ ရပါလိမ့်မယ်။” လင်းယွိ ပြုံးလိုက်တယ်။

“ဟဟား။ တကယ့်ကို စိတ်သက်သာရာ ရပါလိမ့်မယ်။ အာ ငါမှတ်မိပြီ။ သုခမိန် အဆင့်ကို မရောက်ခင် နတ်ဆိုးတွေ ကြုံရမယ့် ပြဿနာ ငါးခုကို မင်း ပြောဖူးတယ်။ ငါ့မှာ မေးစရာ မေးခွန်း နှစ်ခု ရှိတယ်။ သံသယတွေကို ရှင်းလင်းပေးဖို့ ကူညီပေးနိုင် မလား။”

“အရှင်သခင်ငယ်က သူ့အခန်းကို ပြန်ပြီး အနားယူပြီ။ ငါက အရှင်သခင်ငယ်ကို ကာကွယ်ဖို့ တာဝန် ရှိတဲ့သူ။ ဒီတော့ သိချင်တာ ရှိရင် ငါ့အခန်းကို လာမေးလှည့်။”

“ကောင်းပါပြီ။”

…

သွေးအရိပ် မြို့တော်ရဲ့ ခန်းမှာ တစ်ခုမှာတော့ ယွင်ချင်းဝူက ထိုင်နေခဲ့တယ်။ သူမရှေ့မှာ ရှိနေတဲ့ ကုချင်းကို ကြည့်ပြီးတဲ့နောက် ကြိုးတစ်ချောင်းကို ထိလိုက်တယ်။

ဒင်။ သာယာတဲ့ အသံ တစ်သံ ထွက်ပေါ်လာတယ်။

(ကွမ်းလင်စန်း) သံစဉ်က နန်းတော် တစ်ခွင်ကို ပျံ့သွားတော့တယ်။ ယွင်ချင်းဝူကတော့ အစဉ်အမြဲ တည်ငြိမ်တယ်။ အဝေးကနေ ကြည့်ရင် သူမက အတိတ်မှာ ရှိတဲ့ ကိစ္စ တစ်ခုခုကို ပြန်တွေးဖို့ ကြိုးစား နေပုံပဲ။

၇ရက် ကြာပြီးနောက်၊ မိုးသောက်ချိန်မှာ နေရောင်ခြည်က သွေးအရိပ် မြို့တော်ပေါ်ကို ကျရောက် လာခဲ့တယ်။

ဝတ်ရုံနက် ဝတ်ထားတဲ့ လင်းယွိက ယွင်ချင်းဝူ ဘေးမှာ ရပ်ရင်း၊ မနက်စာ စားပြီးတာကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့တယ်။

သိပ်မကြာခင်ပဲ တကိုယ်လုံး ဖုံတွေ အလိမ်းလိမ်း ဖြစ်နေတဲ့ နတ်ဆိုး စစ်သည်တော် တစ်ယောက်က ယွင်ချင်းဝူ ရှေ့ကို ဒူးထောက်လျက်သား ရောက်လာခဲ့တယ်။

“အရှင် သခင်ငယ်ကို ဂါရ၀ ပြုပါတယ်။”

“ထ။ စာထဲမှာ ရေးထားတာတွေ အားလုံးကို နင့်မျက်လုံးနဲ့ သေချာ မြင်ခဲ့တာလား။” ယွင်ချင်းဝူက နတ်ဆိုး စစ်သည်တော်တွေကို ထဖို့ အချက်ပြတယ်။

“ဟုတ်ပါတယ်။ အားလုံးကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ။ မြောက်ရွာမှာ ကျောက်တုံး တစ်တုံးနဲ့ ဖုံးကွယ်ထားတဲ့ နေရာတစ်ခုကို တွေ့ခဲ့ပါတယ်။ ဒါကြောင့် ဖန်ကျန်းရှီ ကျွန်တော့်ကို ရှာမတွေ့ ခဲ့တာပါ။” နတ်ဆိုး စစ်သည်တော်က ထရပ်ရင်း ပြန်ဖြေတယ်။

“ဒီလက်ထောက် နတ်ဆိုး မျိုးနွဝ် ခေါင်းဆောင်တွေ အားလုံးကို ဖန်ကျန်းရှီ တစ်ယောက်တည်းက သတ်လိုက်တယ် ဆိုတာ မင်းသေချာလား။” လင်းယွိက မျက်မှောင်ကြုတ် သွားခဲ့တယ်။

“သေချာပါတယ်။” နတ်ဆိုး စစ်သည်တော် ခေါင်းငြိမ့်တယ်။

“ဘယ်လို သတ်လိုက်တာလဲ။” လင်းယွိ မေးတယ်။

“ခြေရာမဲ့ဓား။ သူက ခြေရာမဲ့ဓားကို ကိုင်ထားတယ်။ ကျွန်တော် အနီးကပ် မကြည့်ဝံ့ပေမယ့်၊ ခြေရာမဲ့ဓားကိုတော့ သေချာပေါက် မှတ်မိပါတယ်။” နတ်ဆိုး စစ်သည်တော် ပြောတယ်။

“ဓားတစ်ချောင်းတည်းကို သုံးတာလား။” လင်းယွိက သူ့ကို မယုံဘူး။

“သူ့ရဲ့ စွမ်းအားတွေက လုံးဝကို စစ်မှန်တဲ့ သုခမိန် အဆင့်ပါ။ နတ်ဆိုး မျိုးနွယ် လက်ထောက် ခေါင်းဆောင် ငါးယောက်က ပြန်လည် မွေးဖွားမှု အဆင့်မှာပဲ ရှိတဲ့ အတွက်၊ ဖန်ကျန်းရှီ တိုက်ခိုက်တဲ့ အချိန်မှာ ခုခံနိုင်စွမ်းတောင် မရှိခဲ့ပါဘူး။”

“ဘာဖြစ်တယ်။”

“သူတို့တွေ လုံးဝကို ထွက်မပြေး နိုင်ခဲ့ဘူး။ ဖန်ကျန်းရှီက အင်အားကြီးလွန်းတယ်။ နတ်ဆိုး မျိုးနွယ် လက်ထောက် ခေါင်းဆောင် ငါးယောက်က ဖန်ကျန်းရှီကို မြင်တာနဲ့ ထွက်ပြေးဖို့ ကြိုးစားပေမယ့်၊ မအောင်မြင် ခဲ့ဘူး။”

“ကောင်းပါပြီ။ အခု သွားလို့ ရပြီ။” လင်းယွိက ခေါင်းငြိမ့်ပြီးနောက် ပြောလိုက်တယ်။

“အမိန့်တော် အတိုင်းပါ။”

လင်းယွိ မျက်မှောင်ကြုတ် သွားပြန်တယ်။ အပြင်က နေရောင်ကို ကြည့်ရင်း သူစဉ်းစား နေခဲ့တယ်။ အချိန် အတော် ကြာပြီးတဲ့နောက် အခန်းထဲကို လင်းယွိ ပြန်ရောက်လာတယ်။

“သုံးရက် အချိန်မှာ ခေါင်းဆောင်တွေက မြောက်ရွာကို အသော့နှင် သွားခဲ့တယ်။ အကယ်၍ ဖန်ကျန်းရှီသာ တောင်ပိုင်း ဒေသမှာ ရှိနေခဲ့ရင်၊ အချိန်မှီ ပြန်ရောက် လာနိုင်မှာ မဟုတ်ဘူး။”

“အင်း။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။

“မဖြစ်နိုင်ဘူး ထင်ရမပေမယ့်၊ အကယ်၍ မုန့်ထျန်းသာ အသက်ရှင် နေခဲ့ရင်၊ ဘာဖြစ်လို့ ဘာသတင်းမှ မကြားရတာလဲ။ ဒါပေမယ့်”

“နတ်ဘုရား အရင်းအမြစ်ကို ပြောခငျ်တာလား။” ယွင်ချင်းဝူက စားပွဲပေါ်မှာ ရှေးဟောင်း စာအုပ် တစ်အုပ်ကို လှန်နေခဲ့တယ်။

စာအုပ်က အရမ်းကို ရှေးကျတယ်။ ဒါပေမယ့်၊ ထူးဆန်းစွာနဲ့ပဲ အထိအတွေ့က မတူညီခဲ့ဘူး။ စာအုပ်က ဟောင်းနွမ်း နေပင်မယ့်၊ စာလုံးတွေက ရှင်းရှင်းလင်းလင်း မြင်နေရဆဲ။

“အကယ်၍ နတ်ဘုရား အရင်းအမြစ်သာ မုန့်ထျန်းဆီ ရောက်သွား ခဲ့ရင်၊ သူအသက် ပြန်ရှင် လာနိုင်တယ်။ ဒါ ဖြစ်နိုင်တယ်။” လင်းယွိ ခေါင်းငြိမ့်တယ်။

“သူတကယ်ပဲ မုန့်ထျန်း ဖြစ်ဖို့ မျှော်လင့်ပါတယ်။” ယွင်ချင်းဝူက စာအုပ်ကို ကိုင်ရင်း တံခါးနားကို လျှောက်သွားခဲ့တယ်။

“ဒါ ဖြစ်နိုင်တယ်လို့ အရှင်သခင်ငယ် ထင်လား။” လင်းယွိ မျက်လုံးမှေးစင်းရင်း ပြတင်းပေါက် အပြင်ကို ကြည့်လိုက်တယ်။

“အချိန်ကို ကြည့်ရင်တော့ ဖန်ကျန်းရှီက တောင်နဲ့ မြောက်ကို ပြေးနေတာ မဖြစ်နိုင်ဘူး။” ယွင်ချင်းဝူ ပြောတယ်။

“သေချာအောင် ကိုယ်တိုင် အတည်ပြုကြည့် ရမလား။” လင်းယွိက စဉ်းစားပြီးနောက် မေးပြန်တယ်။

“မလိုဘူး အဆင်ပြေတယ်။” ယွင်ချင်းဝူ ခေါင်းခါလိုက်တယ်။ “လင်းကျီက အခုချိန်မှာ ရှုံးနိမ့် သွားပြီ။ မြင့်မြတ် နယ်မြေမှာ အင်အားတွေ အကုန် မရှိဘူး။ သွေးအရိပ် မြို့တော်ကနေ ငါတို့ ထွက်ပြီး မြင့်မြတ် နယ်မြေကို ဦးတည် သွားရမယ်။”

“နားလည်ပါပြီ။ ကျွန်တော် ပြင်ဆင် ထားလိုက်ပါမယ်။”

“ကောင်းပြီ။” ယွင်ချင်းဝူ တည်တည်ငြိမ်ငြိမ် ခေါင်းငြိမ့်တယ်။

ဒီအချိန်မှာ လင်းယွိကတော့ ခန်းမကနေ ခပ်မြန်မြန် ထွက်သွားပြီး ကျောက်တုံး နက်တွေနဲ့ တည်ဆောက်ထားတဲ့ အခန်း တစ်ခုစီကို သွားတော့တယ်။

“မုန့်ထျန်းက တကယ်ပဲ သုခမိန် စစ်နတ် မုန့်ထျန်းလား။” ယွင်ချင်းဝူက ပြောလိုက်ပြီးနောက် သူမရဲ့ လည်ပင်းက လည်ဆွဲကို ထိလိုက်တယ်။ အဲ့ဒီ့နောက် တစ်ခုခု မရှိတာကို သူသတိ ထားမိသွားတယ်။ ယွင်ချင်းဝူ ခါးသက်သက် ပြုံးလိုက်ရင်း ပြောတယ်။

“ဖန်ကျန်းရှီ။ သူခိုးကောင်။”

အပိုင်း (၉၁၉) ပြီး၏။

အပိုင်း (၉၂၀)

“မျက်လုံး တစ်လုံး အတွက် မျက်လုံး တစ်လုံး။ သွေးအရိပ် မြို့တော် ငါလာပြီ။”

…

လမင်းကြီးက မှန်တစ်ချပ်လိုပဲ။ အရိပ်တွေက ယိမ်းထိုး နေခဲ့တယ်။

တောင်ပိုင်း ဒေသ တစ်ခုလုံးကို သစ်တောတွေက ဖုံးလွှမ်း ထားတယ်။ နယ်မြေ ခြောက်ခုနဲ့ သုခမိန် တောင်တန်း မြို့တော်က ငှက်ပုံစံ ကြယ်တာရာ တစ်ခု အသွင်နဲ့ တည်ရှိနေတယ်။ ဒါပေမယ့် နှမြောစရာ ကောင်းတာကတော့ နယ်မြေ တစ်ခုသာ ကျန်ရစ်တာပဲ။

နယ်မြေ ငါးခုနဲ့ သုခမိန်တောင်တန်း ဒေသက နတ်ဆိုးတွေ ကျုးကျော်တာ ခံလိုက်ရပြီ။ နန်လင်းက ကျုးကျော်ခံ နယ်မြေ တစ်ခု ဖြစ်နေခဲ့ပြီ။ နောက်ပြီးတော့ နတ်ဆိုး မျိုးနွယ်နဲ့ အနိးဆုံး နယ်မြေ တစ်ခုပဲ။ တောင်ကုန်း တောင်တန်းတွေက ဘေးပတ်လည်မှာ ဝန်းရံထားတယ်။ အရမ်းကို ကောင်းမွန်တဲ့ နေရာ တစ်ခုပဲ။

အန္တရာယ်လဲ များလွန်းတယ်။ ဒီလို အန္တရာယ် များလွန်းတာကြောင့်၊ နတ်ဆိုး မျိုးနွယ်ရဲ့ ကျုးကျော်မှုတွေကို အကြိမ်ကြိမ် ခုခံ နိုင်ခဲ့တယ်။ တောင်ပိုင်း ဒေသနဲ့ ကြီးမြတ်သောရှကို နတ်ဆိုး စစ်သည်တော်တွေ မကျုးကျော် နိုင်အောင် ထိန်းသိမ်း ထားခဲ့တယ်။

ဒီအချိန်မှာတော့ နန်လင်း နယ်မြေနဲ့ ၂မိုင် အကွာ ဂူငယ်လေး တစ်ခုကို သစ်ပင်သစ်ကိုင်းတွေက ဖုံးအုပ် ထားခဲ့တယ်။ အလင်းမှိန် ဖျော့ဖျော့ကြောင့် လူတွေ သတိထားမိဖို့ မဖြစ်နိုင်ဘူး။

ဂူထဲမှာ မီးပုံမီးက တောက်လောင်နေတယ်။ မီးပုံရဲ့ ထိပ်မှာတော့ ရွှေရောင် အစင်းတွေ ပါတဲ့ ကျားသစ်ကို သစ်သားတုတ်နဲ့ ကင်ထားတာ ရှိနေခဲ့တယ်။

ရွှေအစင်း ကျားသစ်နက်က ရှားပါးတယ်။ အရမ်းကို မြန်ဆန်ပြီး ပုန်းအောင်းတာ တော်တယ်။ ဒါ့အပြင် သားကောင်တွေရဲ့ အစာကွင်းဆက်မှာ ထိပ်တန်း သားကောင်ပဲ။ ဒါပေမယ့် ကံမကောင်းတဲ့ ဒီနေ့မှာတော့ သူ့အသိုက်ကို လာကျုးကျော်သူ တစ်ချို့ ရှိနေခဲ့တယ်။

ရွှေအစင်း ကျားသစ်က အသတ် ခံရပြီး အကင်ခံရတော့တယ်။

ဒီအချိန်မှာပဲ ဂူဝင်ပေါက် နေရာကနေ အသံ ခပ်တိုးတိုး တစ်ခု ပေါ်လာတယ်။ အဲ့ဒီ့နောက် သားကောင် တစ်ကောင်က ၈ူထဲကို လွင့်လာတော့တယ်။ သူ့နား ရောက်လာတဲ့ သားရဲကောင်ကို မြင်ချိန်မှာတော့ မီးပုံ ဘေးမှာ ရှိနေသူက မော့ကြည့်တယ်။

သားရဲကောင်ရဲ့ ခြေသည်းမှာ စာတစ်စောင် ရှိနေတယ်။ မီးကင်နေတာကို ရပ်လိုက်ပြီး နယ်မြေ အကြီးအကဲ သုံးယောက်ကို သူတစ်ချက် ကြည့်တယ်။ နယ်မြေ အကြီးအကဲ သုံးယောက်က အသားကင်ကို ဂရုတစိုက်နဲ့ လှည့်ပေး ကြတော့တယ်။ အဲ့ဒီ့လူ ဖွင့်လိုက်တဲ့ စာကို သူတို့တွေ လှမ်းကြည့် နေကြတယ်။

ဒါပေမယ့် အဲ့ဒီ့ လူကတော့ သူတို့ကို စာထဲမှာ ပါတဲ့ အကြောင်းအရာ မျှဝေချင်ပုံ မရှိဘူး။ ဖတ်ပြီးတာနဲ့ စာကို မိးပုံထဲ ပစ်ထည့်လိုက်တယ်။

လောင်ကျွမ်းသံတွေ ထွက်ပေါ် လာပြီးနောက် စာက ပြာဖြစ် သွားတော့တယ်။

“ဆရာကြီး ဘာ အကြောင်းအရာများလဲ။ တောင်ပိုင်းဒေသရဲ့ သတင်းထူးလား။ အခု မိုးကြိုး ခြင်္သေ့ ဒေသ အခြေအနေ ဘယ်လိုလဲ။ နတ်ဆိုးတွေ ကျုးကျော်တာကို ခံရပြီလား။ စစ်သည်တော်တွေရော အခြေအနေ ဘယ်လိုလဲ။” နယ်မြေအကြီးအကဲ သုံးယောက်က ရှန်းယွီကို ကြည့်ပြီးတဲ့နောက် အဖြေကို စောင့်ဆိုင်း နေခဲ့တယ်။

(နတ်ဘုရား) ဆိုတဲ့ စာလုံးကို ရေးထားသူ ကတော့ ပြန်မဖြေခဲ့ဘူး။ နယ်မြေ အကြီးအကဲတွေကို လက်ဝေ့ယမ်း ပြပြီးတဲ့နောက် စကားစကို ဖြတ်တောက်လိုက်တယ်။ အဲ့ဒီ့နောက် သမ်းဝေပြီး လှဲလျောင်းလိုက်တယ်။

“ဆရာကြီးက လင်းကျီကို အနိုင်ယူနိုင်တဲ့ စွမ်းရည်တွေ ရှိတယ်။ တောင်ပိုင်း ဒေသကို ပြန်ယူနိုင်ဖို့ ကျွန်တော်တို့ကို သေချာပေါက် ကူညီ နိုင်မှာပဲ။ တောင်ပိုင်း ဒေသရဲ့ အသက် ထောင်ပေါင်း များစွာကို ကယ်တင်နိုင်ဖို့ ဆရာကြီးက။”

“ငါ အိပ်ငိုက်လာပြီ။ မင်းတို့ သုံးယောက် ဗိုက်ပြည့်ပြီလား။ ဗိုက်ပြည့်ရင်၊ ဂူအပြင်မှာ သွား ကင်းစောင့် နေတော့။” မျက်နှာဖုံးစွပ် လူက လက်တွေကို ဝေ့ယမ်းရင်း စကားစကို ဖြတ်လိုက်တယ်။ အဲ့ဒီ့နောက် သမ်းဝေရင်း လှဲချလိုက်တော့တယ်။

“ဒါက။” ဒီအကြီးအကဲ သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက်၊ ရှန်းယွီ ဘက်ကို လှည့်ကြည့်လိုက်တယ်။ အကြံပေးဖို့ တောင်းခံကြတယ်။

ရှန်းယွီ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး မီးပုံပေါ်က အသားကို လှီးဖြတ်တယ်။ မျက်နှာဖုံးစွပ်နဲ့ လူကို သတိကြီးကြီးနဲ့ ကမ်းပေးလိုက်တယ်။

ဒါကို မြင်ချိန်မှာတော့ နယ်မြေ အကြီးအကဲ သုံးယောက်က ဂူဝင်ပေါက်ဆီကို မြန်မြန် ထွက်သွားပြီးတော့ စောင့်ကြပ် နေတော့တယ်။

“အေးလာပြီ။” အဲ့ဒီ့လူက လက်ကို ဆန့်ထုတ်ရင်း အသားကို ယူပြီးတော့ ဝါးတော့တယ်။

“ကျွန်မ အားလပ်တဲ့ အချိန်တွေ တုန်းက လုပ်ထားတဲ့ သားမွေး အကျီ ရှိပါတယ်။ အကယ်၍ ဆရာကြီးသာ စိတ်မရှိရင်။”

“တောင်ပိုင်း ဧကရီက ငါ့ကို စိတ်ကျေနပ်အောင် လုပ်ဖို့ ကြိုးစား နေတာလား။” ရှန်းယွီရဲ့ စကားကို အဲ့ဒီ့လူက ဖြတ်တောက်လိုက်တယ်။ ရှန်းယွီရဲ့ မျက်နှာမှာတော့ မီးရောင်အောက်မှာ နီရဲ နေခဲ့တယ်။

“ဆရာကြီးက ကျွန်မတို့ရဲ့ အသက်ကို ကယ်တင် ခဲ့သူပါ။ ကျေးဇူးက ကြီးမားလွန်း ပါတယ်။ ကျေးဇူးပြုပြီးတော့ ဒီလို ပုံစံမမှတ်ယူ ပါနဲ့၊ တကယ်တော့ တောင်ပိုင်း ဒေသရဲ့ အခြေအနေကို ဆရာကြီး ဂရုမစိုက်ရင်တောင် ရှန်းယွီ ဘာမှ မပြောနိုင်ပါဘူး။” ရှန်းယွီ ခေါင်းခါလိုက်တယ်။

“မင်းတို့တွေကို ဘာဖြစ်လို့ ဒီကို ခေါ်လာလဲ သိလား။”

“မသိပါဘူး။”

“ဟဟား။ ဘာဖြစ်လို့ မမေးသလဲ။”

“ကျွန်မတို့ရဲ့ အသက်ကို ဆရာကြီးက ကယ်တင်ခဲ့တာပါ။ ဒါကြောင့် ဘာမှ မပြောဝံ့ပါဘူး။”

“ဒါကို မင်းတကယ်ပဲ ကျေနပ်ရဲ့လား။”

“ဆရာကြီးက ကျွန်မ အသက်ကို ကယ်ခဲ့သူပါ။ ဒီကျေးဇူးကို တသက်လုံး ပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး။”

“ကျေးဇူးကို ပြန်မဆပ် နိုင်ဘူးတဲ့လား။ လာစမ်းပါ။ လူတွေက လက်ထပ်ပြီး ကျေးဇူးဆပ်တယ် ဆိုတာကို ငါဖတ်ဖူး ပြီးသားပဲ။ ဟုတ်တယ်ဟုတ်။ မင်းက လှည့်စားချင်နေတာလား။” အဲ့ဒီ့လူက ပြုံးလိုက်တယ်။

“ဆရာကြီး၊ ကျေးဇူးပြုပြီး စကားကို ဆင်ခြင်ပါ။” ရှန်းယွီက တုန်ယင် နေခဲ့တယ်။ သူမ အံကြိတ်ရင်း ပြောတယ်။

“ဟဟား။ မင်းက ငါမှား နေတယ်လို့ ပြောချင်တာလား။”

“ဆရာကြီးက မယုံနိုင်လောက်အောင် မြင့်မားတဲ့ ဂုဏ်ရည်ရှင်ပါ။ ရှန်းယွီက ဆရာကြီးနဲ့ ဘယ်လိုများလိုက်ဖက် နိုင်မှာလဲ။ ဆရာကြီး မှားနေတာ မဟုတ်ပါဘူး။ ကျွန်မရဲ့ စိတ်ထဲမှာ တခြားသူ တစ်ယောက် ရှိနေပြီးသားပါ။ ဒါကို နားလည် နိုင်မယ်လို့ မျှော်လင့်ပါတယ်။” ရှန်းယွီက ဒူးတစ်ဖက်ထောက်ပြီး ဦးညွှတ်ရင်း ပြောတယ်။

“ဒီတော့ မင်းစိတ်ထဲမှာ တခြားသူ ရှိနေ ပြီးသားပေါ့။” အဲ့ဒီ့လူက ခေါင်းငြိမ့်ရင်း ရှန်းယွီကို စိတ်ဝင်တစား ကြည့်နေခဲ့တယ်။

“အဲ့ဒီ့ ခန့်ညားချောမောပြီး ထက်မြက်တဲ့လူက ဘယ်သူလဲ ဆိုတာ မင်းငါ့ကို ပြောပြနိုင်မလား။”

သူပြောပြီးတာနဲ့ သူ့ရှေ့က ရေနွေးပူပူကို ယူပြီး သောက်လိုက်တယ်။ ရှန်းယွီ ပြန်ဖြေတာကို စောင့်နေခဲ့တယ်။

ရှန်းယွီကတော့ ဒီစကားကို ကြားပြီးချိန်မှာ မျက်လုံး ပြူးသွားခဲ့တယ်။ ခေါင်းမော့ကြည့်ရင်းနဲ့ တွေေ၀ နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူမ ခေါင်းငြိမ့်လိုက်တယ်။ “ဆရာကြီး ကျွန်မကို အထင်ကြီးလွန်း ပါပြီ။ ကျွန်မ စိတ်ထဲမှာ ရှိနေတဲ့သူက ခန့်ညား ချောမောတဲ့သူလဲ မဟုတ်ပါဘူး။ ထက်မြက်တဲ့ ပညာရှင်လဲ မဟုတ်ပါဘူး။ အရှက်မရှိတဲ့ ကောင်စုတ်လေး တစ်ယောက်ပါပဲ။”

ဖူး။ အဲ့ဒီ့လူက ရေတွေ အကုန်လုံးကို ရှန်းယွီရဲ့ မျက်နှာပေါ် ထွေးထုတ်လိုက်တယ်။ ရှန်းယွီက မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့် နေခဲ့တယ်။

“သူက ဘယ်လိုလုပ် ခန့်ညား ချောမောပြီး အရည်အချင်း ရှိတဲ့သူ မဖြစ်ရမှာလဲ။ သူက ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ တာအို နိယာမ ထိပ်တန်း ကျောင်းတော်သား။ နှစ်ထပ်ကွမ်း ချန်ပီယံ။” ပြောပြီးတဲ့ နောက်မှာပဲ အဲ့ဒီ့လူ ပါးစပ် ပြန်ပိတ်သွားတော့တယ်။

“ဆရာကြီးက ကျွန်မ ဆိုလို ချင်တဲ့သူကို သိတာလား။” ရှန်းယွီ အရမ်းကို အံ့သြ နေခဲ့တယ်။

“မဟုတ်။ ဒါပေါ့။ သိတာပေါ့။” ခေါင်းခါမလို့ ပြင်ပြီးခါမှ သူပြန်ပြောင်း ပြောတယ်။

“ဆရာကြီးလို မြင့်မားတဲ့ ဂုဏ်ရည်ရှင်က သူ့ကို သိနေမယ်လို့ မယုံနိုင်ဘူး။ သူက တကယ့်ကို အင်အားကြီးလွန်း တာပဲ။ ဒါပေမယ့် ကျွန်မက ကံမကောင်းပါဘူး။ ရခဲ့တဲ့ အခွင့်အရေးကို မဆုပ်ကိုင် ခဲ့ဘူး။ အခုတော့ ကျွန်မက သူနဲ့ ဝေးကွာ လွန်းနေပါပြီ။ သူ အခုချိန်မှာ ဘယ်ရောက်နေမလဲ သိချင်မိတယ်။” ရှန်းယွီရဲ့ မျက်လုံးတွေက မျက်ရည်တွေ ပြည့်လျှံလာတော့တယ်။

တောင်ပိုင်း ဧကရီ အနေနဲ့ ဒီလို စိတ်ခံစားချက် ထုတ်ဖော်ပြမှုမျိုးက ခက်ခဲလွန်းတယ်။ ဒါပေမယ့် သူမရဲ့ ရှေ့မှာ ရှိနေသူက လောကထိပ်တန်း သုခမိန် စစ်နတ် မုန့်ထျန်း၊ ဒါကြောင့် ဘာမှ ရှက်ရွံ့နေစရာ မလိုဘူး။

“တကယ်ကြီးလား။ ဒါကြောင့် ငိုတယ်ပေါ့။” အဲ့ဒီ့လူက လက်ကို ဆန့်ထုတ်ရင်း ရှန်းယွီရဲ့ မျက်နှာကို ထိဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် သူ့လက်က ရှန်းယွီရဲ့ မျက်ှနာကို မထိခင်မှာပဲ။ သူမက မျက်လုံးတွေ ပြူးကျယ် သွားပြီးတော့ နောက်ဆုတ်လိုက်တယ်။

“ဆရာကြီး။”

“အဟွတ်ဟွတ်။” အဲ့ဒီ့လူ လဲ သူ့လက်သူ ပြန်ရုတ်တယ်။ ဖက်ထုပ် တစ်ခုလုံး ချည်နှောင် ခံထားရတဲ့ လင်းကျီကို သူလှမ်းကြည့်တယ်။

“မင်းစကား ပြောချင်နေတာလား။ သနားစရာပဲ။ ငါက မင်းကို စကား မပြောစေချင်ဘူး။ ဒီတော့ မင်းဘာလုပ်နိုင်လဲ။”

“..” ရှန်းယွီ ဆွံ့အ သွားခဲ့တယ်။

လင်းကျီကတော့ မျက်လုံးပြူးကြီးနဲ့ ရုန်းကနေခဲ့တယ်။ သူမခန္ဒာကိုယ် တစ်ခုလုံးမှာ အနက်ရောင် အကြေးခွံတွေ ပေါ်လာပြီးတော့ ကိုယ်ပေါ်က သံကြိုးတွေကို တွန်းကန်တော့တယ်။

“မင်းနောက်ထပ် လှုပ်ရွနေရင် သတိလစ်တဲ့ အထိ ငါရိုက်ရလိမ့်မယ်။” အဲ့ဒီ့လူ သူ့ လက်တွေကို ဝေ့ယမ်းလိုက်တယ်။ လင်းကျီ ချက်ခြင်း ဆိုသလို လှုပ်ရှားနေတာ ရပ်သွားတော့တယ်။ မကျေမနပ်နဲ့သာ စိုက်ကြည့် နေခဲ့တယ်။

…

ညအချိန် ကျရောက် လာခဲ့ပြီ။ ဂူထဲမှာတော့ မီးပုံမီးက တောက်လောင်နေဆဲ။

ရှန်းယွီက မီးတောက်တွေကို စိုက်ကြည့်နေတယ်။ သူမ လေးလေးနက်နက် စဉ်းစား တွေးတော နေပုံပဲ။ အတော် ကြာပြီးနောက် လဲလျောင်းနေသူကို ကြည့်လိုက်ရင်း စကားပြောတယ်။

“ဆရာကြီး အိပ်ပျော် နေပြီလား။” ရှန်းယွီ ခပ်တိုးတိုး ပြောတယ်။

“ဒီတော့ တောင်ပိုင်း ဧကရီက နောက်ဆုံးမှာ ငါနဲ့ အိပ်ဖို့ ဆုံးဖြတ် လိုက်ပြီလား။” အဲ့ဒီ့လူ က ရှန်းယွီကို ကျောခိုင်းထားရင်း ပြောတယ်။

“အဟွတ်။” ရှန်းယွီ တုန်ယင်ပြီး မျက်နှာ တစ်ခုလုံး နီရဲ သွားတယ်။ ဒါပေမယ့် သူမ အံကြိတ်ရင်း ဆက်ပြောတယ်။ “ဆရာကြီးကို မေးချင်တာ တစ်ခုရှိပါတယ်။”

“ပြော။”

“ကျွန်မတို့က နန်လင်း နယ်မြေရဲ့ အပြင်ဘက်မှာ ရောက်နေတာပါ။ အကယ်၍ ဆက်သွားရင်၊ နတ်ဆိုး မျိုးနွယ်ရဲ့ နယ်မြေကို ရောက်သွားပါပြီ။ ဆရာကြီး တကယ်ပဲ သွေးအရိပ် မြို့တော်ကို သွားမလို့လား။”

“ဘာလို့ မသွားရမှာလဲ။” အဲ့ဒီ့လူ ပြန်မေးတယ်။

“ကျွန်မ နည်းနည်း စိုးရိမ် မိလို့ပါ။ ဆရာကြီးက တစ်ယောက်တည်းလေ။ ကျွန်မ သိထားသလောက် အရတော့။ သွေးအရိပ် မြို့တော်မှာ နောက်ထပ် နတ်သခင် အဆင့် ပညာရှင်တွေ ရှိနေပါသေးတယ်။ အကယ်၍ ဆရာကြီးသာ သူတို့ အားလုံးကို အနိုင်မယူနိုင်ရင်၊ တခြား နတ်ဆိုးတွေ ရှိနေသေးရင်။”

“သွေးအရိပ် မြို့တော်ကို ငါသွားတာက ကိုယ့်သေတွင်း ကိုယ်တူး သလို ဖြစ်နေမှာကို မင်းစိုးရိမ်နေတာ မဟုတ်လား။”

“ကျွန်မ မပြောဝံ့ပါဘူး။” ရှန်းယွီက နှုတ်ခမ်းတွေကို ဖိကိုက်ထားခဲ့တယ်။ အဲ့ဒီ့လူလဲ ပြန်တိတ်ဆိတ် သွားတယ်။ ဒါပေမယ့် သူ့ရှေ့မှာ ပုံရိပ် တစ်ခု ပေါ်လာတယ်။

နတ်ဆိုး စစ်သည်တော်တွေက ရွာသားတွေကို သွေးအလိမ်းလိမ်း ဖြစ်တဲ့ အထိ ကန်ကျောက် ရိုက်နှက်နေတယ်။ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲကို ငါးနှစ်အရွယ် ကလေးလေး တစ်ယောက်က ကာကွယ် နေခဲ့တယ်။ ပြီးတော့ ရွာသူကြီး ကျန်းယန်ဖိန်နဲ့ ကျောင်းအုပ်ကြီးရဲ့ အလောင်းနှစ်လောင်း။

တစ်ယောက်က သာမာန် ရွာသား။ တစ်ယောက်က သင်ကြားရေး ပညာရှင်။ နှစ်ယောက် စလုံးက ရက်ရက်စက်စက် အသတ်ခံ ခဲ့ရတယ်။

ဒါ့အပြင် မြောက်ရွာရဲ့ အပြင်ဘက် ကန်လင်းတောင်ပေါ်မှာ အမဲလိုက် အဖွဲ့သား ၂၃ယောက် ရှိနေတယ်။ သူတို့တွေက ပုံမှန် လုပ်ရိုးလုပ်စဉ် အတိုင်း အမဲလိုက် နေခဲ့ပေမယ့်၊ နတ်ဆိုး စစ်သည်တော် အုပ်စုကြီးနဲ့ တွေ့ပြီး အကုန်လုံး အသတ်ခံခဲ့ရတယ်။

၂၅ယောက်။ ၂၅ယောက် တိတိ။

ဂျွတ်။ အဲ့ဒီ့လူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ သွေးနီရောင် အလင်းတန်း တစ်ခုက လင်းလက်လာတယ်။ မျက်လုံးကနေ သွေးတွေ စီးကျလာတော့ မလိုပဲ။

သုခမိန် စစ်နတ် မုန့်ထျန်း အဖြစ် အယောင်ဆောင်ထားတဲ့ သူကတော့ ဖန်ကျန်းရှီ။

ဒါပေမယ့် ရှန်းယွီကို သူမပြောပြ နိုင်ခဲ့ဘူး။ ယွင်ချင်းဝူက မြောက်ရွာကို နတ်ဆိုး မျိုးနွယ် လက်ထောက် ခေါင်းဆောင် ငါးယောက် ပို့လိုက်တဲ့ သတင်း အချက်အလက်ကို သူရထားလို့ပဲ။

အရည်အချင်း ဖြတ်ကျော် တိုးတက်သွားတဲ့ ချင်းယီက ခြေရာမဲ့ဓားကို သုံးနိုင်ပေမယ့်၊ တောင်ပိုင်း ဒေသမှာ ဖန်ကျန်းရှီ ပေါ်လာတဲ့ အဖြစ်ကို သူခွင့်မပြု နိုင်သေးဘူး။ ရှန်းယွီက သတင်း မဖြန့်မှန်း သူသိရင်တောင်၊ နယ်မြေ ခေါင်းဆောင် သုံးယောက်ကို သူအာမ မခံနိုင်။

အကယ်၍ ရှန်းယွီသာ သိသွားခဲ့ရင်၊ နယ်မြေ ခေါင်းဆောင်တွေလဲ သူတို့ရဲ့ တုံ့ပြန်မှု ပြောင်းလဲ သွားတာကို သတိ ထားမိမှာပဲ။

အလုံခြုံဆုံး နည်းလမ်းကတော့ ဘာမှ ထုတ်မပြဖို့ပဲ။

အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဒီကစားပွဲကို သူအရှုံးမခံနိုင်ဘူး။

၂နှစ် အချိန်ကို မစောင့်ဆိုင်းပဲ ကိစ္စ တစ်ခုကို သူလုပ်ဖို့ လိုတယ်။

မြောက်ရွာက အသက် ၂၅ချောင်း အတွက် သေချာပေါက် တန်ကြေး ပြန်ပေးဆပ်ရမယ်။

“သွေးအရိပ် မြို့တော် ငါလာပြီ။”

အပိုင်း (၉၂၀) ပြီး၏။

All Chapters