← Chapters

အပိုင်း (၉၂၁-၉၃၀)

Vol. 10 Ch. 921-930

အပိုင်း (၉၂၁-၉၃၀)

Vol. 10 Ch. 921-930

အပိုင်း (၉၂၁)

“သွေးအရိပ် မြို့တော်ကို တိုက်ခိုက်။”

…

လေတဝူးဝူး တိုက်ခတ် နေပြီးတော့ လရောင် ကင်းမဲ့တဲ့ ညတစ်ည။ သွေးညှီနံ့တွေက နေရာ အနှံ့မှာ ပြန့်နေခဲ့တယ်။

ဖန်ကျန်းရှီက နတ်ဆိုးတွေရဲ့ သွေးအရိပ် မြို့တော်ကို မရင်းနှီးဘူး။ တစ်ချိန်တုန်းကတော့ နတ်ဆိုး စစ်သူကြီး တစ်ယောက်ကို ဘယ်သူမှ မသိခင် အချိန်မှာ ပြန်ပေးဆွဲ နိုင်ခဲ့တယ်။ ဒါပေမယ့် မြို့တော်ကြီး တစ်ခု အနေနဲ့ သွေးအရိပ် မြို့တော်က အရမ်းကို အစောင့်အကြပ် တင်းကြပ်တယ်။ နတ်ဆိုး မျိုးနွယ်စုရဲ့ အသန်မာဆုံး နတ်ဆိုးတွေ အားလုံးက ဒီနေရာမှာ ရှိနေတယ်။

နတ်ဆိုး မျိုးနွယ်စုရဲ့ ပညာရှင်တွေ အားလုံး စုစည်း ကာကွယ် ထားတာကို မျက်နှာချင်းဆိုင် ဖြတ်ကျော် ပြီးတော့ ရှေ့ဆုံး တံခါးကနေ ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

မြားတစ်စင်းရဲ့ အသံက တိတ်ဆိတ်တဲ့ ညမှာ ဟိန်းထွက်လာတယ်။ ဒါက စာနဲ့ တွဲလျက်လာတဲ့ မြားတစ်စင်းပဲ။ သွေးအရိပ် မြို့တော်ရဲ့ အပြင်ကနေ ရောက်ရှိ လာပြီးတော့ မြို့တံတိုင်းပေါ်မှာ ချိတ်ဆွဲထားတဲ့ အလံပေါ်ကို ကျရောက်လာတယ်။

“ရန်သူ တိုက်ခိုက်ပြီ။”

“ရန်သူ တိုက်ခိုက်ပြီ။”

“..”

မြို့တံတိုင်း ထိပ်မှာ ရှိနေတဲ့ အစောင့်တွေက ဆက်တိုက် အော်ဟစ်တော့တယ်။ မရေမတွက် နိုင်တဲ့ မီးတောက်တွေက ထိန်လင်း လာပြီးတော့ အစောင့်အကြပ်တွေက လေးကိုင်းတွေကို ဆွဲတော့တယ်။ ဒါပေမယ့် သွေးအရိပ် မြို့တော်ရှေ့မှာ ဘယ်သူမှ မရှိခဲ့ဘူး။

“စစ်သူကြီး။ မြားပေါ်မှာ စာတစ်စောင် ပါပါတယ်။”

“စာလား။ ယူလာခဲ့။” မြို့စောင့် စစ်သူကြီးက စာကို ချက်ခြင်း ယူလိုက်တယ်။ မကြီး မသေး အညိုရောင် စာအိတ် တစ်လုံးပဲ။ ဒါပေမယ့် (ယွင်ချင်းဝူ သို့) ဆိုတဲ့ စာလုံးတွေက အထင်အရှား ပါနေခဲ့တယ်။

“အရှင်သခင်ငယ် အတွက်လား။ အခုပဲ သတင်းပို့ ရမယ်။ မင်းတို့တွေ မြို့တံခါးကို စောင့်ကြပ်ကြ။” နတ်ဆိုး စစ်သူကြီးက အမိန့်ချ ပြီးတဲ့နောက် မြန်မြန် ထွက်ခွာ သွားတော့တယ်။

“အမိန့်တော် အတိုင်းပါ။” နတ်ဆိုး စစ်သည်တော်တွေ အမိန့်ကို နာခံကြတယ်။

…

သွေးအရိပ် မြို့တော်မှာ တံတိုင်း ကိုးခု ရှိတယ်။ တစ်ခုချင်းစီတိုင်းက အစောင့်အကြပ် တင်းကြပ်တယ်။ မြို့တစ်ခုလုံးက စက်ဝိုင်းကြီး ပုံစံ တည်ရှိတယ်။

နတ်ဆိုး စစ်သူက မြန်မြန်လျှောက်လာတယ်။ ဒါပေမယ့် ဒုတိယ ဂိတ်တံခါးမှာ အစောင့် လေးယောက် တားတာကို ခံလိုက်ရတယ်။ တစ်ယောက်ချင်းစီတိုင်းက လှံတွေကို ကိုင်ထားကြတယ်။

“ရပ်လိုက်စမ်း။ မင်းဘာဖြစ်လို့ မြို့ထဲကို ဝင်မှာလဲ။”

“ငါက မင်းယွိ။ မြို့တံခါးစောင့် တပ်ရဲ့ ခေါင်းဆောင်။ ရန်သူ့ဆီကနေ အရှင်သခင်ငယ်ကို လိပ်မူထားတဲ့ စာတစ်စောင်ရလို့။ အရေးကြီး ကိစ္စလို့ ထင်တဲ့ အတွက် နတ်ဆိုး ခန်းမကို ကိုယ်တိုင် လာပို့တာပဲ။” နတ်ဆိုး စစ်သူကြီး တင်းတင်းမာမာနဲ့ ပြန်ဖြေတယ်။

“မင်းရဲ့ တံဆိပ်ပြားနဲ့ စာက ဘယ်မှာလဲ။”

“ဒီမှာ တံဆိပ်ပြားနဲ့ စာပါ။ ကျေးဇူးပြုပြီး ကြည့်ပါ။”

“ကောင်းပြီ ဝင်နိုင်ပြီ။”

“ကောင်းပါပြီ။” နတ်ဆိုး စစ်သူကြီးက ခေါင်းငြိမ့် ပြီးတော့ ဒုတိယ နံရံကို ဖြတ်သွားတယ်။ တတိယ နံရံကို မရောက်ခင် စာအိတ်ကို မြင့်မြင့် မြှောက်ပြီး ကိုင်လာခဲ့တယ်။

“ရပ်လိုက်စမ်း။” တတိယ ဂိတ်ရဲ့ တံခါးစောင့်တွေ တားပြန်တယ်။

““ငါက မင်းယွိ။ မြို့တံခါးစောင့် တပ်ရဲ့ ခေါင်းဆောင်။ ရန်သူ့ဆီကနေ အရှင်သခင်ငယ်ကို လိပ်မူထားတဲ့ စာတစ်စောင်ရလို့။ အရေးကြီး ကိစ္စလို့ ထင်တဲ့ အတွက် နတ်ဆိုး ခန်းမကို ကိုယ်တိုင် လာပို့တာပဲ။” နတ်ဆိုး စစ်သူကြီး တင်းတင်းမာမာနဲ့ ပြန်ဖြေတယ်။

“မင်းရဲ့ တံဆိပ်ပြားနဲ့ စာဘယ်မှာလဲ။”

“ဒီမှာပါ။ ကျေးဇူးပြုပြီး ကြည့်ပါ။”

“ကောင်းပြီ။ ဝင်လို့ရပြီ။”

“…”

များပြားတဲ့ နံရံတွေကို ဖြတ်သန်း ပြီးတဲ့နောက် နတ်ဆိုး ခန်းမကို ရောက်ရှိတော့တယ်။ ခန်းမက သွေးအရိပ် မြို့တော်ရဲ့ အလယ်မှာ တည်ရှိတယ်။

“ရပ်လိုက်စမ်း။ ညနက်သန်းခေါင် နတ်ဆိုး ခန်းမကို ဘာဖြစ်လို့ လာတာလဲ။” စစ်သည်တော် ရှစ်ယောက်က တားမြစ်ပြန်တယ်။

“ငါက မင်းယွိ။ မြို့တံခါးစောင့် တပ်ရဲ့ ခေါင်းဆောင်။ ရန်သူ့ဆီကနေ အရှင်သခင်ငယ်ကို လိပ်မူထားတဲ့ စာတစ်စောင်ရလို့။ အရေးကြီး ကိစ္စလို့ ထင်တဲ့ အတွက် နတ်ဆိုး ခန်းမကို ကိုယ်တိုင် လာပို့တာပဲ။” နတ်ဆိုး စစ်သူကြီး တင်းတင်းမာမာနဲ့ ပြန်ဖြေတယ်။

“အရှင်သခင်ငယ်ကို လိပ်မူထားတယ်။ ဘာတွေလဲ။ အရှင်သခင်ငယ် လွန်ခဲ့တဲ့ နှစ်ရက်တည်းက မြင့်မြတ် နယ်မြေကို နတ်ဆိုး နတ်သခင်နဲ့ အတူတူ ထွက်သွားပြီဆိုတာ မင်းမသိဘူးလား။” နတ်ဆိုး စစ်သည်တော်က စာအိတ်ကို ကြည့်ရင်း ပြောလိုက်တယ်။

“မြင့်မြတ် နယ်မြေကို သွားတယ်တဲ့လား။” စစ်သူကြီး မျက်လုံးပြူး သွားတယ်။ ဒါပေမယ့် ဒီအချိန်မှာပဲ နတ်ဆိုး စစ်သည်တော်တွေ အများကြီး ရောက်လာတော့တယ်။

“သတင်းပို့။”

“သတင်းပို့။”

“ဘာကိစ္စ ကြီးကြီးမားမား ဖြစ်လို့လဲ။” ရောက်လာတဲ့ စစ်သည်တော်တွေကို ကြည့်ရင်း သူမေးလိုက်တယ်။

“စစ်သူကြီး စစ်သူကြီး။ သတင်းဆိုးပဲ။ မုန့် မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်းက မြို့ပြင်မှာ ရောက်နေပြီ။ သူက မြို့ကို တိုက်ခိုက်တော့မယ်။” စစ်သည်တော် တစ်ချို့ အပြေးအလွှား သတင်းပို့တယ်။

“ဘာဖြစ်တယ်။ သုခမိန် စစ်နတ် မုန့်ထျန်းတဲ့လား။ သေချာလား။” စစ်သည်တော် ရှစ်ယောက် အထိတ်တလန့် ဖြစ်သွားခဲ့တယ်။

သုခမိန် စစ်နတ် မုန့်ထျန်း ဆိုတာ နတ်ဆိုး မျိုးနွယ်စု အတွက်တော့ အင်အား ကြီးလွန်းတဲ့ ဖြစ်တည်မှု တစ်ခုပဲ။ နောက်ဆုံးတော့လဲ သူ့ရဲ့ ဒဏ္ဍာရီတွေက သွေးအရိပ် မြို့တော်မှာ ဒီနေ့ အထိ ရှိနေသေးတယ်။

“ဟုတ်တယ်။ အဲ့တာ သုခမိန် စစ်နတ် မုန့်ထျန်းပါ။ ဒါ့အပြင် သခင် လင်းကျီလဲ ရှိနေပါတယ်။ မုန့်ထျန်းက သူ့ကို ချည်နှောင် ထားပါတယ်။ အခု မြို့တံခါး အပြင်မှာ ရောက်နေပါပြီ။ ရှင်းရှင်းလင်းလင်း ကြီးကို မြင်ခဲ့တာပါ။”

“ဒီမှာ စောင့်နေ။ နတ်ဆိုး အရှင်သခင်ကို ငါ ချက်ခြင်း သတင်းပို့လိုက်မယ်။”

“အမိန့် အတိုင်းပါ။”

နတ်ဆိုး စစ်သည်တော်တွေ ထွက်ခွာဖို့ ပြင်တော့မယ့် အချိန်မှာပဲ တစ်ခုခုကို သတိရသွား ခဲ့တယ်။ “မင်း စာကို ပေးလိုက်။ ဒီနေရာမှာ စောင့်နေ။”

“ကောင်းပါပြီ။” စစ်သူကြီးက တလေးတစားနဲ့ စာကို ကမ်းပေးတယ်။

…

မီးတောက် တစ်ခုက နတ်ဆိုး ခန်းမထဲမျာ မကြာခင်ပဲ ပေါ်လာတော့တယ်။ နံရံပေါ်က ကျောက်မျက် ရတနာတွေလဲ လင်းလက်လာတယ်။ ခန်းမကြီး တစ်ခုလုံး နေ့အချိန်လို လင်းလက် နေခဲ့ပြီ။

“နတ်ဆိုး အရှင်သခင်။ သတင်းပို့စရာ ရှိပါတယ်။”

“ဘာလဲ။” ဧကရာဇ်ယွင်က ခေါင်းမော့ကြည့်တယ်။ ဒါပေမယ့် လက်ထဲက စုတ်တံကိုတော့ မချခဲ့ဘူး။

“သုခမိန် စစ်နတ် မုန့်ထျန်း ရောက်နေပြီ။”

ဖောက်။ လက်ထဲက စုတ်တံ လွတ်ကျ သွားပြီး မင်တွေက စာရွက်ပေါ်မှာ စွန်းထင်း သွားတော့တယ်။ သူတစ်ချက်လေးတောင် မကြည့်ဘူး။

သလွန်ပေါ်ကနေ သူထရပ် ပြီးနေပြီ။ အရမ်းကို ထိတ်လန့်နေတဲ့ အမူအယာကို သူ့မျက်လုံးတွေထဲမှာ မြင်နေခဲ့ရတယ်။

“အချက်ပြပြီး နယ်မြေ ဆယ်ခုရဲ့ နတ်ဆိုး မျိုးနွယ် အကြီးအကဲတွေကို ဆင့်ခေါ်လိုက်။ သတင်းလာပို့တဲ့ စစ်သည်တော်ကိုလဲ ခေါ်လာခဲ့။” ဧကရာဇ်ယွင် အမိန့်ချတယ်။

“အမိန့်တော် အတိုင်းပါ။” စစ်သည်တော် ချက်ခြင်း ထွက်ခွာ သွားောတ့တယ်။

တစ်ခဏ အကြာမှာပဲ နတ်ဆိုး ခန်းမကနေ ဗုံသံတွေ ထွက်ပေါ် လာတော့တယ်။ ဗုံသံက ကျယ်လောင်လွန်းလို့ သွေးအရိပ် မြို့တော် တစ်ခုလုံးတောင် ကြားနိုင်တယ်။

“အရေးကြီး စစ်ရေး အခြေအနေပဲ။”

“မြန်မြန် နတ်ဆိုး ခန်းမကို သွားကြမယ်။”

“..”

မကြာခင်မှာပဲ နတ်ဆိုး ခန်းမထဲကို လူတွေ အများကြီး ဝင်ရောက် လာတော့တယ်။ ၁၅ မိနစ် မပြည့်ခင် အချိန် အတွင်းမှာပဲ၊ နတ်ဆိုး အကြီးအကဲတွေနဲ့ ခေါင်းဆောင်တွေ အားလုံး ရောက်လာ တော့တယ်။

“နတ်ဆိုး အရှင်သခင်။ ဘာဖြစ်လို့ ညအချိန်မှာ ဆင့်ခေါ် တာပါလဲ။”

“မုန့်ထျန်း။ မုန့်ထျန်း ရောက်နေပြီ။” ဧကရာဇ်ယွင် ပြောရင်းနဲ့ သူ့ပလ္လင် အနားမှာ လှည့်ပတ် နေခဲ့တယ်။

“ဘာဖြစ်တယ်။”

“မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်းလား။”

“သွေးအရိပ် မြို့တော်ကို သူရောက်လာတယ်။”

“ဟုတ်ပါတယ်။ မုန့်ထျန်းက မြို့အပြင်မှာ ရောက်နေတာပါ။ ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။” စစ်သည်တော် အလောတကြီးနဲ့ ပြန်ဖြေတယ်။

“သူ ရောက်နေပြီ။ လူ ဘယ်လောက် များလဲ။” အကြီးအကဲ တစ်ယောက် မျက်မှောင်ကြုတ်ရင်း မေးတယ်။

“လေးယောက်ပါ။ သခင် လင်းကျီလဲ ပါလာပါတယ်။ နှစ်ယောက်ကတော့ တောင်ပိုင်း နယ်မြေ အကြီးအကဲတွေ။ တစ်ယောက်ကတော့ တောင်ပိုင်း ဧကရီ ရှန်းယွီပါ။”

“အတင့်ရဲ လိုက်တာ လူလေးယောက်တည်းနဲ့ သွေးအရိပ် မြို့တော်ကို ကျုးကျော်ဝံ့တယ်ပေါ့။”အကြီးအကဲရဲ့ မျက်လုံးထဲမျာ အေးစက်စက် အလင်းတန်း ထွက်ပေါ် လာတယ်။

“နတ်ဆိုး အရှင်သခင်။ သူတို့ကို တိုက်ခိုက် ရအောင်။”

“ဒါပေမယ့် ငါတို့ ပြိုင်ဘက်က သုခမိန် စစ်နတ် မုန့်ထျန်း။ ငါတို့ အားလုံး ပူးပေါင်း လိုက်ရင်တောင် သူ့ပြိုင်ဘက် မဟုတ်နိုင်မှာ စိုးရိမ် မိတယ်။ ဒါ့အပြင် သခင်လင်းကျီကလဲ ဓားစာခံ ဖြစ်နေတယ်။”

“သေစမ်း။ အရှင် သခင်ငယ်နဲ့ သခင် လင်းယွိက မြင့်မြတ် နယ်မြေကို ထွက်သွားပြီ။ မဟုတ်ရင်၊ ဘာဖြစ်လို့ မုန့်ထျန်းကို ကြောက်နေ ရမှာလဲ။”

“ဒါတွေ ပြောနေလို့ အသုံး မဝင်ဘူး။ မုန့်ထျန်း ရောက်လာမှာတော့ စစ်ဖြစ်မှာကို ရှောင်လို့ မရဘူး။ ငါတို့ အခု ဘယ်လို ခုခံကြမလဲ။”

အကြီးအကဲတွေ ခေါင်းဆောင်တွေ ဆွေးနွေး ကြတော့တယ်။ တစ်ချို့က အေးစက်နေတယ်။ တစ်ချို့က ဒေါသ ထွက်နေတယ်။ တစ်ချို့ကတော့ ကြောင်အ နေဆဲ။

“နတ်ဆိုး အရှင်သခင် ကျေးဇူးပြုပြီး အမိန့်ချ လိုက်ပါ။ မုန့်ထျန်း ဘယ်လောက် သန်မာလဲ ဆိုတာ ကျွန်တော် အဖြေရှာ ပါရစေ။” ဒီအချိန်မှာပဲ လူအုပ်ထဲကနေ လူတစ်ယောက် ထွက်လာတော့တယ်။ သူ့မျက်နှာက သာမာန် ရွက်ကြမ်း ရေကျို ဖြစ်ပေမယ့်၊ အရှိန်အဝါ ကတော့ ဓားတစ်ချောင်းလို အေးစက်တယ်။

သူက ယဉ်မျိုးနွယ်ရဲ့ လက်ရှိ ခေါင်းဆောင် ယဉ်တောက်။

“ခေါင်းဆောင် ယဉ်။ တကယ်ပဲ မုန့်ထျန်းကို တစ်ယောက်တည်း တိုက်ခိုက် နိုင်မှာလား။” နတ်ဆိုး ခေါင်းဆောင် တစ်ယောက် မေးတယ်။

“အခုချိန်မှာ သူနဲ့ တိုက်ခိုက် ချင်တာက ကောင်းတယ်။ ဒါပေမယ့် မင်းပြိုင်ဘက်က မုန့်ထျန်းနော်။ ငါ့အမြင်မှာ ငါတို့တွေ အားလုံး သူနဲ့ တိုက်ခိုက်တာ ပိုပြီးတော့ အန္တရာယ် ကင်းလိမ့်မယ်။”

“တတိယ အကြီးအကဲ ပြောတာ မှန်တယ်။ မုန့်ထျန်း ဘယ်လောက်ပဲ သန်မာပါစေ၊ သူက တစ်ယောက်တည်းပဲ။ သွေးအရိပ် မြို့တော် တစ်ခုလုံးကို အသေသတ် နိုင်မယ်လို့ ငါမယုံဘူး။”

“နတ်ဆိုး အရှင်သခင်၊ အမိန့်ပေးပါ။”

“ကျေးဇူးပြုပြီး အမိန့်ပေးပါ။”

“ကောင်းပြီ။ အခြေအနေနဲ့ လိုက်လျော ညီထွေအောင် လုပ်ဆောင်တာက အကောင်းဆုံး အဖြေပဲ။ မုန့်ထျန်းက ဒီကို ရောက်နေ မှတော့ ငါတို့ နတ်ဆိုး မျိုးနွယ်လဲ ကြောက်မနေဘူး။” ဧကရာဇ်ယွင် ခေါင်းငြိမ့်ရင်း ပြောတယ်။ အပြင်ဘက်ကို လှမ်းကြည့်ရင်း ဆက်ပြောတယ်။

“ဒါပေမယ့် သူ့ကို ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ဖို့ ကတော့ အကောင်းဆုံး မဟုတ်ဘူး။ ငါတို့တွေ အကြံပြုထား သလိုပဲ သူ့ကို ခြုံခို တိုက်ခိုက်ရမယ်။ ဒါ့အပြင် ချင်းဝူကိုလဲ စာပို့ရမယ်။ နတ်သခင် အဆင့် ပညာရှင်နဲ့ ပြန်လာပြီး လာကူဖို့ တောင်းဆိုရမယ်။”

“အမိန့် အတိုင်းပါ။” ခန်းမမှာ စောင့်ဆိုင်းနေတဲ့ စစ်သည်တော် ချက်ခြင်း အမိန့် အတိုင်း လုပ်ဆောင်တော့တယ်။

“သွားကြစို့။ မုန့်ထျန်း ဘယ်လောက်ထိ သန်မာလဲ ကြည့်ကြရအောင်။” ဧကရာဇ်ယွင်က အမိန့်ပေးပြီး တာနဲ့ ထွက်ခွာ သွားတော့တယ်။

“နတ်ဆိုး အရှင်သခင်။ ကျေးဇူးပြုပြီး စောင့်ဆိုင်းပါ။” ယဉ်တောက်ရဲ့ အသံကို ကြားလိုက် ရတယ်။

“ခေါင်းဆောင် ယဉ်။ ပြောစရာ ရှိသေးလို့လား။” သူ့လမ်းကို လာပိတ်နေတဲ့ ယဉ်တောက်ကို ဧကရာဇ်ယွင် မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တယ်။

တကယ်တော့ ယဉ်တောက်ကို ဧကရာဇ်ယွင် အတော်လေး ကြည့်မရဘူး။ ယွင်ချင်းဝူ ထီးနန် ဆက်ခံတာကို စိတ်ထဲမှာ ကိစ္စ မရှိပေမယ့်၊ ယဉ်တောက်ရဲ့ အပြုအမူ တွေကိုတော့ သဘောမကျ။

“နတ်ဆိုး အရှင်သခင်ကို ငြင်းပယ်စရာ မရှိပါဘူး။” ယဉ်တောက် ခေါင်းခါရင်း ပြန်ဖြေတယ်။

“ဒါဆို ဘာဖြစ်လို့ တားမြစ်တာလဲ။”

“နတ်ဆိုး အရှင်သခင်ရဲ့ လုံခြုံရေးကို ယဉ်တောက် စိုးရိမ် မိပါတယ်။ ကျွန်တော်တို့ကို လှည့်ကွက်နဲ့ တိုက်ခိုက်ဖို့ အမိန့် ပေးထားတာကြောင့်၊ သေချာပေါက် နတ်ဆိုး ခန်းမမှာ အရှင် စောင့်နေ သင့်ပါတယ်။”

“မင်းဘာကို ဆိုလို ချင်တာလဲ။”

“ဒါက အရှင့်ရဲ့ လုံခြုံရေး အတွက်ပါ။”

“မင်း -င်ကိုပဲ လုံခြုံ နေလိုက်။ ငါဘယ်လောက် သန်မာလဲ ငါသိတယ်။ မင်းလို မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်က ငါ့ကို စိတ်ပူပေးဖို့ လိုလား။ ဘေးဖယ်နေလိုက်။ မုန့်ထျန်းရဲ့ အင်အားစစ်ကို စမ်းသပ်မယ့် တိုက်ပွဲ ငါကိုယ်တိုင် ကြည့်ချင်တယ်။”

“ကျွန်တော်မျိုး ဘေးဖယ် မနေနိုင်တဲ့ အတွက် ခွင့်လွှတ် ပေးပါ။” ယဉ်တောက် ခေါင်းခါ လိုက်ပြန်တယ်။

“ယဉ်တောက် မင်းက ငါ့အမိန့်ကို မနာခံ တာလား။” ဧကရာဇ်ယွင် ဒေါသ မီးတွေ တောက်လောင်လာတယ်။

“နတ်ဆိုး အရှင်သခင်။ ယဉ်တောက်က အရှင့် လုံခြုံရေးကို စိတ်ချရအောင် လုပ်နေတာာပါ။”

“မှန်ပါတယ်။ ယဉ်တောက်ရဲ့ အပြုအမူက မသင့်တော် ပေမယ့်၊ သူက ယဉ်မျိုးနွယ်ရဲ့ ခေါင်းဆောင်ပါ။ နတ်ဆိုး အရှင်သခင်၊ ကိစ္စ အားလုံးကို ခြုံငုံ သုံးသပ် ပေးစေ ချင်ပါတယ်။”

“နတ်ဆိုး အရှင်သခင် စိတ်မဆိုးပါနဲ့။ ကျွန်တော်က အင်အားကြီး ရန်သူကို ရင်ဆိုင် နေရတာပါ။”

အကြီးအကဲတွေ ချက်ခြင်း ပြန်ဖြေ ကြတော့တယ်။

“ဘေးဖယ်နေဆဲ။” ဧကရာဇ်ယွင် ပြောတယ်။

“အရှင်သခင်ငယ်က ကျွန်တော်မျိုးကို ကိုယ်တိုင် မှာကြား ခဲ့ပါတယ်။ ကိစ္စ တစ်ခုခု ဖြစ်လာရင် နတ်ဆိုး အရှင်သခင်ကို ကျွန်တော် ကာကွယ် ရမယ်။ နတ်ဆိုး နတ်သခင်နဲ့ အရှင် သခင်ငယ်က အမှားအယွင်း ဖြစ်လို့ မရတဲ့ ကိစ္စကို ဆောင်ရွက်ဖို့ မြင့်မြတ် နယ်မြေကို သွားနေကြတာပါ။ အကယ်၍ အရှင်သာ တစ်ခုခု ဖြစ်သွားခဲ့ရင်၊ အရှင်သခင်ငယ်ရဲ့ ဆုံးဖြတ်ချက်တွေကို ထိခိုက် လာစေ နိုင်ပါတယ်။”

“ယဉ်တောက်။ ငါ့ကိုယ်ငါ မကာကွယ် နိုင်ဘူးလို့ မင်း ပြောနေတာလား။” ဧကရာဇ်ယွင် ဒေါသ တကြီးနဲ့ ပြောတော့တယ်။

နတ်ဆိုးတွေက အင်အားကြီးသူကို လေးစားတယ်။ ဒါက နှစ်ထောင်ချီ တည်တံ့လာ ခဲ့တဲ့ စည်းမျဉ်းပဲ။ ထီးနန်းကို ရယူထားတဲ့ ဧကရာဇ်ယွင်က သေချာပေါက် အားမနည်းဘူး။ ဒါပေမယ့် ယွင်ချင်းဝူက နတ်ဆိုး မျိုးနွယ် စစ်တပ်ကြီး ခြောက်ခုကို စုစည်းပြီး သွေးအရိပ် မြို့တော်ကို သိမ်းပိုက်ခဲ့တယ်။ ဧကရာဇ်ယွင်လဲ နတ်ဆိုး မျိုးနွယ်ရဲ့ အနာဂတ်နဲ့ အာဏာ အားလုံးကို ယွင်ချင်းဝူဆီ လွှဲအပ် ထားခဲ့တယ်။

ဆုံးဖြတ်ချက် ချသူက ယွင်ချင်းဝူပဲ။

တစ်ချိန် တုန်းက ကြီးမြတ်တဲ့ အရှင်သခင် ဖြစ်ခဲ့ဖူးသူ ဧကရာဇ်ယွင်၊ ဘယ်လိုများ ဘာမှမလုပ်ပဲ ထိုင်နေတဲ့ ဧကရာဇ် တစ်ပါး အဖြစ် နေနိုင်မှာလဲ။ မျှော်လင့်ချက် တွေ့ပြီးတဲ့နောက် ဒီကိစ္စက ပိုဆိုးတယ်။

တကယ်တော့ ယွင်ချင်းဝူ ပြန်မလာခင် စစ်တပ်ကြီးကို ရွှေအကြေးခွံ မြို့တော်ဆီ စေလွှတ်ရတဲ့ အကြောင်းအရင်းကလဲ ဒါကြောင့်ပဲ။ ရလဒ်ကတော့ ထင်ရှားတယ်။ ရွှေအကြေးခွံ မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ကြီးမြတ်သောရှ နိုင်ငံတော်နဲ့ သီးခြား မြင့်မြတ် နိုင်ငံတော်ကို ခွဲခြမ်း နိုင်ခဲ့ပြီ။

ဒါတွေကြောင့်ပဲ ယွင်ချင်းဝူက တောင်ပိုင်းကို အနှောက်အယှက် ကင်းကင်းနဲ့ တိုက်ခိုက် နိုင်ခဲ့တယ်။ ကြီးမြတ်သောရှ စစ်ကူ ပို့မှာကို စိုးရိမ်စရာ မလိုခဲ့ဘူး။

ဒီအဖြစ်မှာ ကိစ္စ သေးသေးလေး တစ်ခုတော့ ဖြစ်ခဲ့တယ်။ ဥပမာ မျိုးနွယ်စု လက်ထောက် ခေါင်းဆောင် တစ်ယောက်ကို ဆုံးရှုံး ခဲ့ရပြီး စစ်သည်တော် တစ်သောင်းကို မြောက်ရွာကနေ ပြန်ခေါ် လာခဲ့တာမျိုး။ ဧကရာဇ် ယွင်ကတော့ တစ်ခုခု အမှား လုပ်မိတယ်လို့ တစ်ခါမှ မတွေးထား ခဲ့မိဘူး။

တကယ်တော့ သူ့ကို နောက်ထပ် အခွင့်အရေး ပေးရင်လဲ သေချာပေါက် ဒီအတိုင်းပဲ လုပ်ခဲ့မှာ။ အမိန့်ကို စောစော ပေးခဲ့မှာ တစ်ခုပဲ ရှိမယ်။

“ရွာလေး တစ်ရွာပဲလေ။ အားလုံးကို သတ်လိုက်တော့ရော ဘာဖြစ်မှာလဲ။ ဖန်ကျန်းရှီက သွေးအရိပ် မြို့တော်ကို လာတိုက်ခိုက် ဝံ့မှာလား။” ဧကရာဇ်ယွင် ဒီကိစ္စကို ဂရုမစိုက်ဘူး။ ဒါပေမယ့် ယွင်ချင်းဝူက ကန့်ကွက် ခဲ့တဲ့ အတွက် သူလဲ ဘာမှ ဆက်မလုပ်နိုင်။ နောက်ဆုံးတော့လဲ သူက ယွင်ချင်းဝူရဲ့ အဖေလေ။

ဘယ်အဖေက သမီးနဲ့ ငြင်းခုံ နေမှာလဲ။

ဧကရာဇ်ယွင် အပြစ်တင် ခံခဲ့တယ်။ ဒီကိစ္စကြောင့် ယဉ်တောက် မလေးမစား လုပ်တာကိုခံရတယ်။ အခုတော့ ယဉ်တောက်က သူ့လမ်းကို လာပိတ်နေပြီ။ ဒါကို ဘယ်လိုများ သည်းခံ နိုင်မှာလဲ။

“အရှင်သခင်။ အကယ်၍ တိုက်ပွဲကို ကြည့်ချင်တယ် ဆိုရင်၊ ကျွန်တော့်ကို အရင်ဆုံး သတ်သွားပါ။” ယဉ်တောက်က ဧကရာဇ်ရဲ့ ဒေါသတွေကို ခံစားမိတယ်။

ဒါပေမယ့် သူလုံးဝကို မကြောက်ဘူး။ ယွင်ချင်းဝူက သူ့ကို အမိန့် ပေးထားခဲ့တယ်။ နတ်ဆိုး အရှင်သခင်ကို လုံခြုံအောင် ကာကွယ်ရမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နတ်ဆိုး ခန်းမကနေ ခြေတစ်လှမ်းတောင် ထွက်ခွင့် မပြုရဘူး။

အပိုင်း (၉၂၁) ပြီး၏။

အပိုင်း (၉၂၂)

“သေပေရော့။ ငွေရောင် နဂါး ကခုန်ခြင်း။”

“မင်းကို သတ်ရမယ်တဲ့လား။” ဧကရာဇ်ယွင် ပုခုံးတွန့် လိုက်တယ်။ သူ့နှဖူးက နတ်ဆိုးမျက်လုံးလဲ တလက်လက် တောက်ပလာတယ်။ “ကောင်းပြီ။ မင်းကို အရင်ဆုံးသတ်မယ်။”

“မဖြစ်ပါဘူး။ နတ်ဆိုး အရှင်သခင်။ ရန်သူနဲ့ ရင်ဆိုင် နေရချိန်မှာ စစ်သူကြီး တစ်ယောက်ကို သတ်တာက ထက်မြက်တဲ့ ရွေးချယ်မှု တစ်ခု မဟုတ်ပါဘူး။”

“မှန်ပါတယ် နတ်ဆိုး အရှင်သခင်၊ ဒီတစ်ကြိမ်မှာတော့ မျိုးနွယ်စု အကြီးအကဲ ယဉ်ကို ချမ်းသာပေးပါ။”

ဒီစကားတွေကို ကြားချိန်မှာ ဧကရာဇ်ယွင်ရဲ့ မျက်နှာက မည်းမှောင် သွားခဲ့တယ်။ နောက်ဆုံးတော့လဲ ယဉ်တောက်က မျိုးနွယ်စု ခေါင်းဆောင် ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်နေခဲ့တယ်။ ဒါ့အပြင် ယွင်ချင်းဝူ အယုံကြည်ဆုံးသူ။ အကယ်၍ နတ်ဆိုး အရှင်ကသာ သူ့ကို သတ်လိုက်ရင်၊ ယွင်ချင်းဝူ ပြန်လာတဲ့ အချိန် ဘယ်လိုများ ရှင်းပြရမှာလဲ။

ဟန့်။ နောက်ထပ် စကားတွေ မပြောတော့ပဲ ဧကရာဇ်ယွင်က ယဉ်တောက်ကို ကန်ထုတ် လိုက်ပြီး၊ နတ်ဆိုးခန်းမ အပြင်ကို လျှောက်သွားတော့တယ်။

ယဉ်တောက်က အကန်ခံရ ပြီးတာနဲ့ ချက်ခြင်း လိမ့်သွားတော့တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း စိုက်ကြည့် နေတယ်။

“မျိုးနွယ်စု ခေါင်းဆောင်ယဉ်။ ငါ့အမြင်မှာတော့၊ နတ်ဆိုး အရှင်သခင်ကို တိုက်ပွဲ ကြည့်ခိုင်းလိုက်တာ ပိုကောင်းလိမ့်မယ်။ နောက်ဆုံးတော့လဲ သူ့စွမ်းအားနဲ့ ဆိုရင်၊ ငါတို့ ကာကွယ်ပေးနေတာ ပေါင်းလိုက် လို့ကတော့၊ ဘာမှ အမှားအယွင်း ဖြစ်စရာ မရှိဘူး။” အကြီးအကဲ တစ်ယောက်က သက်ပြင်းချရင်း ယဉ်တောက်ကို ဖြောင်းဖတယ်။

“ဘာမှ အမှားယွင်း ဖြစ်စရာ မရှိဘူးတဲ့လား။” ယဉ်တောက်က အံကြိတ်ရင်း ဒူးထောက် ထိုင်လိုက်တယ်။ အေးစက်နေတဲ့ အကြည့်နဲ့ သူပြောတယ်။ “ငါတို့ထဲမှာ ဘယ်သူကများ မုန့်ထျန်းကို တားနိုင်လဲ။ အကယ်၍ မုန့်ထျန်းသာ နတ်ဆိုး အရှင်သခင် အတွက် ဒီကို ရောက်နေတာ ဆိုရင်၊ ဘာတွေ ဖြစ်မလဲဆိုတာ ဆဠမ အကြီးအကဲ သိလား။”

“ကောင်းပြီ။” ဆဠမ အကြီးအကဲ ဘယ်လို ပြန်ဖြေရမယ်မှန်း မသိခဲ့ဘူး။ ခေါင်းခါရင်းနဲ့ ယဉ်တောက်ကို ဆက်ပြီးတော့ မဖြောင်းဖျ နေတော့ဘူး။ အဲ့ဒီ့အစား ဧကရာဇ်ယွင်ရဲ့ နောက်ကိုသာ လိုက်သွားတော့တယ်။

“သေစမ်း။” ယဉ်တောက်က ဒေါသတကြီးနဲ့ ခန်းမထဲက တိုင်လုံး တစ်လုံးကို ထိုးချလိုက်တယ်။ ကြီးမားတဲ့ စွမ်းအားတွေက သတ္တု တိုင်လုံး ကြီးကိုတောင် တုန်ခါ သွားစေတယ်။ ဒါပေမယ့် ဧကရာဇ်ယွင်ကို စိတ်ပြောင်း သွားအောင်တော့ မလုပ်နိုင် ခဲ့ဘူး။

ဘာကြောင့်လဲ ဆိုတော့ ခန်းမထဲမှာ ကျန်ခဲ့တဲ့ တစ်ယောက်တည်းသော သူက သူဖြစ်နေလို့ပဲ။ ခန်းမမှာ ခန်းမ စောင့်တပ်သား တွေက လွဲပြီး ထပ်မရှိတော့ဘူး။ အကြီးအကဲနဲ့ ခေါင်းဆောင်တွေ အားလုံး ထွက်ခွာ သွားကြပြီ။

ယဉ်တောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကြောင့် အက်ကွဲသံတွေ ထွက်လာခဲ့တယ်။ ဒါပေမယ့် သူလဲ စိတ်ဆုံးဖြတ် လိုက်ပြီး ခန်းမ အပြင်ဘက်ကို ထွက်သွားတော့တယ်။

…

အစောင့်တွေနဲ့ စစ်သူကြီးကတော့ ခန်းမ အပြင်ဘက်မှာ စောင့်ဆိုင်းနေဆဲ။ မကြာခင်ပဲ လူတစ်ဒါဇင်ကျော် ပေါ်လာတော့တယ်။ လက်ရှိ နတ်ဆိုး အရှင်သခင်က အရှေ့ဆုံးမှာ ရှိနေခဲ့တယ်။ နောက်ဘက်မှာတော့ အကြီးအကဲနဲ့ မျိုးနွယ် ခေါင်းဆောင်တွေ လိုက်လာခဲ့တယ်။

“နတ်ဆိုး အရှင်သခင်။” အစောင့် အကြပ်တွေက ဧကရာဇ်ယွင်ကို မြင်မြင်ချင်း ဂါရ၀ ပြုကြတယ်။

“ကောင်းပါပြီ။ မုန့်ထျန်းက ဘယ်မှာလဲ။” ဧကရာဇ်ယွင်က ခေါင်းငြိမ့်ရင်း ချက်ခြင်း ပြန်မေးတော့တယ်။

“သူက သွေးအရိပ် မြို့တော် အပြင်မှာပါ။ သခင် လင်းကျီနဲ့ ..”

“မင်းက နတ်ဆိုး အရှင်သခင်လား။” စစ်သည်တော်တွေ ပြန်ဖြေဖို့ ပြင်နေချိန်မှာပဲ ဘေးက စစ်သူကြီး ရုတ်တရက် ပြောလာခဲ့တယ်။

“ဟမ်။” ဧကရာဇ်ယွင် နည်းနည်းတော့ မျက်လုံး ပြူးသွားခဲ့တယ်။

စစ်သည်တော်တွေ၊ အကြီးအကဲတွေ၊ ခေါင်းဆောင်တွေ အားလုံးလဲ အံ့သြ နေခဲ့တယ်။ သူတို့ အားလုံး စကားပြောတဲ့ စစ်သူကြီးကို စိုက်ကြည့် နေခဲ့တယ်။

သွေးအရိပ် မြို့တော်ကို စောင့်ကြပ်ရတဲ့ စစ်သူကြီး တစ်ယောက် အနေနဲ့ နတ်ဆိုး အရှင်သခင်ကို မသိတာက မဖြစ်နိုင်ဘူး။ သူလျှိုလား။

ဝူး။ စစ်သည်တော်တွေ ချက်ခြင်း လှံတွေကို အသင့်ပြင်ပြီး စစ်သူကြီးရဲ့ လည်ပင်းကို ချိန်ရွယ် ထားတော့တယ်။

စောင့်ကြည့်နေတဲ့ အကြီးအကဲတွေကတော့ နတ်ဆိုး အရှင်သခင်ကို ချက်ခြင်း ဝန်းရံ ကာကွယ် လိုက်တယ်။ စစ်သူကြီးကို ကြည့်ရင်း အရမ်းကို သတိကြီးကြီး ထားနေခဲ့တယ်။

“ကြည့်ရတာ မင်းက တကယ့် နတ်ဆိုး အရှင်သခင်ပဲ။” စစ်သူကြီး မျက်ခုံး ပင့်လိုက် ချိန်မှာတော့၊ သူ့မျက်လုံးထဲမှာ ငွေဖြူရောင် အလင်း တစ်ခု လက်သွားခဲ့တယ်။

“မင်းက ဘယ်သူလဲ။” အကြီးအကဲတွေ အားလုံး တညီတစ်ညွတ်တည်း မေးလိုက်တယ်။

“ငါ့မျိုးရိုးက မုန့်။ နာမည်က ထျန်း။” စစ်သူကြီးက သူ့ရဲ့ ဦးထုပ်ကို ဖယ်လိုက်ပြီး ချည်နှောင်ထားတဲ့ ဆံပင်တွေကို ထုတ်ဖော်ပြတယ်။

လေထုက လူအရေပြား မျက်နှာဖုံးကို လွင့်ထွက် သွားစေတယ်။ ဒါပေမယ့် သူ့ရဲ့ မျက်နှာ အစစ် ထွက်ပေါ် မလာခဲ့ဘူး။ (နတ်ဘုရား)လို့ စာလုံး အကြီးကြီးနဲ့ ရေးထားတဲ့ အနက်ရောင် မျက်နှာဖုံးသာ ပေါ်လာခဲ့တယ်။ မြင်ရတာ အရမ်းကို ထူးဆန်းလွန်းတယ်။

“မုန့်ထျန်းတဲ့လား။”

“သုခမိန် စစ်နတ် မုန့်ထျန်းတဲ့လား။”

“မဖြစ်နိုင်တာပဲ။ မုန့်ထျန်းက ဘယ်လိုများ”

“မြန်မြန် နတ်ဆိုး ခန်းမကို ပြန်ကြ။ နတ်ဆိုး အရှင်သခင်ကို ကာကွယ်။”

နတ်ဆိုးမျိုးနွယ်နဲ့ နတ်ဆိုး ခေါင်းဆောင်တွေ အားလုံးက ဒီမျက်နှာဖုံးကို မြင်ချိန်မှာတော့ စိတ်ထဲမှာ အချက်ပေးသံတွေ မြန်ဆန် လာတော့တယ်။

ဆိုရိုးစကား ရှိတဲ့ အတိုင်း (လွှမ်းမိုးမှု စွမ်းအားက အကြီးမားဆုံး။) မုန့်ထျန်းရဲ့ နာမည်က နတ်ဆိုး မျိုးနွယ်ရဲ့ နှလုံးသားထဲမှာ စွဲထင် နေခဲ့ပြိ။

အရေး အကြီးဆုံး ကတော့ မုန့်ထျန်းက သွေးအရိပ် မြို့တော် အပြင်မှာ ရှိနေတာ မဟုတ်ပဲ၊ နတ်ဆိုး ခန်းမရဲ့ တံခါး ပေါက်ဝကို ရောက်နေခဲ့တာပဲ။

သူတို့တွေ ဘယ်လိုများ တည်ငြိမ် နေနိုင်မှာလဲ။

“မင်းတို့တွေ တကယ်ပဲ ဒီလောက်ထိ စိုးရိမ် နေကြတယ်လား။ ငါ့လို ရန်သူတွေ ဝန်းရံ ခံထားရတဲ့ သူတောင် ဒီလောက် မစိုးရိမ်ဘူး။ နတ်ဆိုး အရှင်က ဒီလောက် ကြောက်နေစရာ လိုလား။” မုန့်ထျန်း အဖြစ် ဟန်ဆောင်ထားတဲ့ ဖန်ကျန်းရှီက ရယ်မောတော့တယ်။

“မင်း မင်းဘယ်လိုများ အထဲကို ရောက်။”

“ငါဘယ်လို ရောက်လာလဲ ဟုတ်လား။ လွယ်လွယ်လေးပါ။ ဒီနေ့ ဂိတ်တံခါးမှာ တာဝန်ကျတဲ့ စစ်သူကြီးကို ရှာတယ်။ ပြီးတော့ ရွှပ်။” ပြောရင်းနဲ့ လည်ပင်းကို လှီးချတဲ့ ပုံစံ လုပ်ပြတယ်။ အဲ့ဒီ့နောက် ရှေ့ကို တစ်လှမ်း တိုးရင်း ဆက်ပြောတယ်။ “နောက်ပိုင်း ဆက်ဖြစ်တာကတော့ ရှင်းပါတယ်။ စာတစ်စောင်ကို ကိုင်လာရုံပဲ။ ဘယ်သူကမှ ငါ့ကို မတားကြဘူး။”

“သုခမိန် စစ်နတ် မုန့်ထျန်းက နတ်ဆိုး စစ်သည်တော် တစ်ယောက် အဖြစ် ဟန်ဆောင်ပြီး သွေးအရိပ် မြို့တော်ထဲ ခိုးဝင် တာမျိုး လုပ်မယ်လို့ ငါမထင်ထား ခဲ့မိဘူး။ လှောင်ရယ် ခံရမှာကို မင်း မကြောက်ဘူးလား။” အကြီးအကဲ တစ်ယောက် မေးတယ်။

“လှောင်ချင်တဲ့သူ လှောင်နိုင်တယ် ငါကတော့ ဂရုမစိုက်ဘူး။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“မုန့်ထျန်း။ မင်းက ငါ့အနားကို ရောက်နေပြီပဲ။ ဘာဖြစ်လို့ တိုက်ရိုက် မတိုက်ခိုက်တာလဲ။ ဘာဖြစ်လို့ မင်းရဲ့ ဇစ်မြစ် အစစ်ကို ဒီလောက် မြန်မြန် ဖော်ပြတာလဲ။ အကယ်၍ မင်းသာ အခုပဲ တိုက်ခိုက်ခဲ့ရင်၊ ငါသေနေ လောက်ပြီ။” ဧကရာဇ်ယွင်က အကြီးအကဲတွေကို တားမြစ်လိုက်ရင်း အေးစက်စက် မေးတယ်။

နောက်ဆုံးတော့လဲ မုန့်ထျန်းက အခုချက်ခြင်း မတိုက်ခိုက်ပဲ သူ့ကို ပြင်ဆင်ချိန် အလုံအလောက် ပေးနေတာကို နားမလည် နိုင်ခဲ့ဘူး။

ဒါက ကိုယ့်ကိုယ်ကို ယုံာကည်ချက်လား။ ဒီလိုသာ ဖြစ်မယ် ဆိုရင်တော့ မုန့်ထျန်း ဘယ်လောက်တောင် မာနကြီးလဲ ဆိုတာ သိနိုင်နေပြီ။

“အလစ် ဝင်တိုက် ရမှာလား။ ဟဟား။ ငါတွေးခဲ့ဖူးတယ်။ ဒါပေမယ့် မတန်ဘူး။ ဒီအကြောင်းပြချက်ကို မင်းဘယ်လို မြင်လဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။ နတ်ဆိုး အရှင်ကို သူစိုက်ကြည့် နေခဲ့တယ်။

“မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။” နတ်ဆိုး အရှင်သခင် အေးစက်စက် ဟိန်းဟောက်လိုက်တယ်။

“မြန်မြန် သူ့ကို တားကြ။”

“သူ့ကို တိုက်ခိုက်ကြ။”

“အားလုံး တိုက်ခိုက်ပြီး နတ်ဆိုး အရှင်သခင်ကို ကာကွယ်။”

အကြီးအကဲတွေ နတ်ဆိုး အရှင်သခင်ရဲ့ အော်သံကို ကြားချိန်မှာ ချက်ခြင်း အသင့်ပြင် ကြတော့တယ်။ အားလုံးက သူတို့ရဲ့ လက်နက်တွေကို မုန့်ထျန်းဆီ ချိန်ရွယ် ထားတော့တယ်။

အဓိက အချိန်မှာ နတ်ဆိုး အရှင်သခင် ဘေးကနေ မျိုးနွယ်စု ခေါင်းဆောင် နှစ်ယောက် ပြေးထွက် လာပြီးတော့ ဖန်ကျန်းရှီကို ဘယ်ညာ နှစ်ဖက်ကနေ တိုက်ခိုက်တော့တယ်။

ဖန်ကျန်းရှီက အကြီးအကဲတွေ ကာကွယ်ထားတဲ့ နတ်ဆိုး အရှင်သခင်ကို ကြည့်ရင်း သက်ပြင်းချ လိုက်တယ်။

တကယ်တော့ ဒါက ဟန်ပြ သက်သက် မဟုတ်ခဲ့ဘူး။ သူ့စိတ်ထဲမှာ ဒေါသထွက် နေခဲ့တယ်။ သွေးအရိပ် မြို့တော်ကို ယွင်ချင်းဝူ အတွက် လာခဲ့ပေမယ့်၊ နတ်ဆိုး အရှင်သခင်ကိုသာ တွေ့ရတယ်။

ယွင်ချင်းဝူက မြို့ကနေ ထွက်သွားခဲ့တာ သုံးရက်တောင် ရှိနေပြီ။

ဒီကိစ္စက သူ့ကို အကြပ်ရိုက် စေတယ်။ မူလ အစီအစဉ်မှာ ယွင်ချင်းဝူက (မုန့်ထျန်း)ရဲ့ တကယ့် ဇစ်မြစ် အစစ်ကို ဖော်ထုတ်ဖို့ အားထုတ် ကြိုးပမ်း နေသင့်တယ်။

ဒီလို အခြေအနေမျိုးမှာ၊ သူမ ဘယ်လောက်ပဲ ထက်မြက်ပါစေ၊ မုန့်ထျန်းက သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာဖို့ မျှော်လင့်မှာ မဟုတ်ခဲ့ဘူး။ နောက်ဆုံးတော့လဲ မုန့်ထျန်းရဲ့ ဂုဏ်သတင်းနဲ့ ဆိုရင်၊ သူက အလစ်ဝင်တိုက်ဖို့ ဘယ်တော့မှ စဉ်းစားမယ့်သူ မဟုတ်ခဲ့ဘူး။

လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်တုန်းက နတ်ဆိုး အရှင်သခင် စစ်ခုန်ကို မုန့်ထျန်း လိုက်ဖမ်းခဲ့တယ်။ အဲ့ဒီ့ နေ့တွေမှာ နတ်ဆိုး မျိုးနွယ်က အထွတ်အထိပ် အချိန်မှာ ရောက်နေခဲ့တယ်။ လက်ရှိ နတ်ဆိုး မျိုးနွယ်နဲ့ အခြေအနေ မတူဘူး။

နတ်ဆိုး မျိုးနွယ် ထိပ်ဆုံး ရောက်နေ ချိန်မှာတောင်၊ မုန့်ထျန်းက သူ့ရဲ့ ဓားပညာနဲ့ ရှေ့တံခါးကနေ သွေးအရိပ် မြို့တော်ကို ဝင်လာပြီးတော့၊ စစ်ခုန်ကို သတ်ခဲ့တယ်။ မြို့ထဲမှာ မဖယ်ရှားနိုင်တဲ့ အမှတ်အသားကြီး တစ်ခုကို ချန်ထားခဲ့တယ်။

ဒီလို သူရဲကောင်း တစ်ယောက်က နတ်ဆိုး စစ်သူကြီး တစ်ယောက် အဖြစ် ဟန်ဆောင်ပြီး သွေးအရိပ် မြို့တော်ထဲကို ခိုးဝင်မှာလား။ ယွင်ချင်းဝူကို သတိ မပေးပဲ တိုက်ခိုက်မှာလား။

ဒါမျိုး ဖြစ်လာမှာကို ယွင်ချင်းဝူ ဘယ်တုန်းကမှ တွေးမိမှာ မဟုတ်မှန်း ဖန်ကျန်းှရီ သေချာ နေခဲ့တယ်။ အမှန်တကယ်ပဲ ယွင်ချင်းဝူက ဒါကို မမျှော်လင့် ထားခဲ့ဘူး။ ဒါမှမဟုတ် ဖန်ကျန်းရှီကို ထောင်ချောက် တစ်ခုက စောင့်ဆိုင်း နေတာလဲ ဖြစ်နိုင်တယ်။ အဲ့ဒီ့အစား ဆူပူ အုံကြွနေတဲ့ မြင်ကွင်းက သူ့ရှေ့မှာ ရှိနေခဲ့တယ်။

“ငါသိတယ်။ မဟာ အစီအစဉ် မှာတောင် ကံတရားရဲ့ အထောက်အပံ့ကို လိုတယ်။” ဖန်ကျန်းရှီ ကူကယ်ရာ မဲ့နေခဲ့တယ်။ ဒါက ဘ၀ တစ်သက်တာမှာ တစ်ခါပဲ ရတဲ့ အခွင့်အရေးပဲ။ ဘာကြောင့်လဲ ဆိုတော့ အခုချိန်မှာ ဟန်ဆောင်တာသာ ပေါ်သွားခဲ့ရင် ယွင်ချင်းဝူကို နောက်တစ်ခေါက် အလစ် ဝင်တိုက်ဖို့ မဖြစ်နိုင်တော့ဘူး။

“တိတ်တိတ်နေပြီး၊ သွေးအရိပ် မြို့တော်က ထွက်လို့ ယွင်ချင်းဝူ ပြန်လာတာ စောင့်ရမလား။”

အတော့်ကို နီးစပ်တယ်။ နတ်ဆိုး စစ်သည်တော်တွေ သူ့ကို ခန့်မှန်း မိသွားတာမျိုးလဲ ဖြစ်နိုင်တယ်။ နောက်ဆုံးတော့လဲ မြို့စောင့် စစ်သူကြီးကို သူသတ်ထားတဲ့ အကြောင်းက ဖုံးကွယ် မရ နိုင်ဘူးလေ။

အဲ့ဒီ့နောက် ဖန်ကျန်းရှီ သူ့ရဲ့ စိတ်ဆန္ဒတွေကို လျစ်လျူရှု လိုက်တယ်။ အစီအစဉ်က ဖော်ထုတ် ခံလိုက်ရပြီ။ ဒီတော့ လွတ်လမ်း ရှာရမယ်။ သူ့ဓားကို လှုပ်ရှားလိုက်တယ်။ နတ်ဆိုး စစ်သူကြီး နှစ်ယောက်ကို တိုက်ခိုက်တယ်။ သူ့ခန္ဒာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်ပြီး၊ လေထုထဲမှာ အရိပ် သုံးခု ကွဲထွက်သွား တော့တယ်။

“အာ သေစမ်း။”

“သူက အရမ်းကို နီးကပ်လွန်းနေတယ်။ နတ်ဆိုး အရှင်သခင်ကို ကာကွယ်ကြ။”

အကြီးအကဲတွေ အားလုံး မုန့်ထျန်း သုံးယောက်ကို မြင်ချိန်မှာတော့ ကပ်ဆိုက်သလို ခံစားမိတော့တယ်။ နတ်ဆိုး အရှင်သခင်ကို ခန်းမဆီ ချက်ခြင်း ပြန်ဆွြခေါ်တယ်။

ဘေးမှာ ရပ်နေတဲ့ စစ်သည်တော်တွေလဲ လှုပ်ရှားတယ်။ အုပ်စု သုံးခု ခွဲပြီးတော့ မုန့်ထျန်းကို လှံတွေနဲ့ တိုက်ခိုက်ကြတယ်။

ဒါပေမယ့် သူတို့တွေရဲ့ ဓားချက်တွေ လှံချက်တွေ ထိတွေ့မိ တော့မယ့် အချိန်မှာပဲ၊ မုန့်ထျန်း သုံးယောက်က ပျောက်ကွယ် သွားတယ်။

မူ။ နဂါး အော်သံကြီး တစ်ခု ထွက်ပေါ် လာပြီးတဲ့နောက်၊ သမုဒ္ဒရာလို အဆုံးအဆ မရှိတဲ့ အရှိန်အဝါတွေက ပျံ့နှံ့ လာတော့တယ်။

…

ယဉ်တောက် အတော့်ကို စိတ်ကုန် နေခဲ့ပြီ။ ခန်းမ အပြင်ကို ပြေးထွက်ရင်း နတ်ဆိုး အရှင်သခင်ကို သူတားချင်တယ်။ နတ်ဆိုး အရှင်သခင်က သူ့ကို သတ်မယ် ဆိုရင်တောင် လုပ်ဖို့ လိုတယ်။

ဒါပေမယ့် ခန်းမ အပြင်ဘက်ကို ရောက်ရောက်ချင်း၊ နတ်ဆိုး အရှင်သခင်က အကြီးအကဲတွေ အများကြီးရဲ့ ဝန်းရံ ကာကွယ်မှုနဲ့ အတူ သူ့ဘက်ကို ပြန်ပြေးလာနေတာ တွေ့လိုက်ရတယ်။

“နတ်ဆိုး အရှင်သခင်လား။” ယဉ်တောက် စိတ်ရှုပ်ထွေး သွားတယ်။ သူ့မျက်လုံးထောင့်မှာ တောက်ပမှု တစ်ခုကို မြင်လိုက်ရတယ်။ လမင်းကြီး တစ်စင်း သူ့ရှေ့မှာ ပေါ်လာ သလိုပဲ။ ဒီအလင်းတန်းက ကောင်းကင်ကို ထိုးတက် သွားတယ်။ ငွေလို တောက်ပနေတဲ့ လမင်းနဲ့ ကြီးမားတဲ့ နဂါးကြီး တစ်ကောင်ပဲ။

“မိုးနတ်မင်းရေ။ ဒါ ဘယ်လို စွမ်းအားကြီးလဲ။”

“မသေချင်ရင်။ ဖယ်ထားကြ။”

“ရပ်စမ်း။ ပုန်းမနေနဲ့။ နတ်ဆိုး အရှင်သခင်ကို ကာကွယ်ကြ။”

နဂါးအော်သံကြီးရဲ့ အလယ်မှာ အားလုံးက အော်ဟစ် နေခဲ့တယ်။ ယဉ်တောက်ကတော့ ကြောင်အ နေတယ်။ အားလုံးက အချိန် အခိုက်အတန့် တစ်ခုတည်းမှာပဲ ဖြစ်သွားခဲ့တယ်။ နဂါးကြီးက ဆင်းသက်လာနေပြီ။ မမြန်ဆန်ပေမယ့်၊ စွမ်းအားကတော့ အထိန်းအကွပ် မရှိခဲ့ဘူး။ နဂါးခေါင်းကြီးက ငွေရောင် တလက်လက် တောက်ပရင်း အသက်ဝင် နေပြီး ကျောရိုး တစ်ခုလုံးကို စိမ့်ချမ်း လာစေတယ်။

“ဘာကြီးလဲ။” ယဉ်တောက် ကြောက်လန့်တကြား မျက်လုံးပြူး နေမိတယ်။ နဂါးကြီးကို ခုန်ရှောင် ချင်ပေမယ့်၊ ခြေတစ်လှမ်း လှမ်းပြီးတာနဲ့ သူ့ ခန္ဒာကိုယ်က ရပ်တန့် သွားတယ်။ နဂါး ခြေသည်းတွေက နတ်ဆိုး အရှင်သခင် ဆီကို ဦးတည် နေလို့ပဲ။

နီးကပ်လွန်းတယ်။ အရမ်းကို နီးကပ်လွန်း နေပြီ။ နဂါး ပါးစပ်ထဲက သွားတွေကိုတောင် ထင်ထင်ရှားရှား မြင်နေ ခဲ့ရတယ်။

“နတ်ဆိုး အရှင်သခင်။” ယဉ်တောက် ချက်ခြင်း လှုပ်ရှားတော့တယ်။ သူ့လက်ထဲမှာ သွေးနီရောင် ဓားကောက် တစ်လက် ပေါ်လာတယ်။ အနီရောင် အလင်းတန်း ပေါ်လာ ပေမယ့်၊ အင်အားကြီးလွန်းတဲ့ ငွေနဂါးနဲ့ ယှဉ်လိုက်ရင်၊ ပိုးစုန်းကြူး သာသာပဲ။

ဝုန်း။

ငွေနဂါးကြီးက ယဉ်တောက် ခန့်မှန်း ထားတဲ့ အတိုင်း ဆင်းသက်လာတယ်။ လက်သည်း ချွန်ချွန်တွေက သူ့ခန္ဒာကိုယ်ပေါ်မှာ ရှိတဲ့ တောက်ပမှုကို ဆုတ်ဖြဲ သွားပြီး၊ နတ်ဆိုး အရှင်သခင်ဆီကို ဓားထက်ထက် တစ်လက်လို ဆက်သွားတော့တယ်။

“မဖြစ်ဘူး။” ဧကရာဇ်ယွင် အော်ဟစ်တော့တယ်။

“နတ်ဆိုး အရှင်သခင်။” အကြီးအကဲတွေလဲ သူ့ကို တွန်းထုတ်ကြတယ်။

နဂါး ခြေသည်း ဆင်းသက်လာတဲ့ အဓိက အချိန်မှာပဲ၊ နတ်ဆိုး ခန်းမကြီးရဲ့ အခြေစိုက် မဟူရာ ကျောက်တုံး အခန်းကနေ စွမ်းအား ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ် လာတော့တယ်။

ဂျိန်း။ အုတ်မြစ်တွေ အက်ကွဲကုန်တယ်။ ဒါပေမယ့် စွမ်းအားကြီးက ပျောက်ကွယ် မသွားဘူး။ ငွေနဂါးကြီးက နတ်ဆိုး ခန်းမထဲကို ငွေရောင် အလင်းတန်း တစ်ခုလို ပုံစံနဲ့ ပြေးဝင် သွားတော့တယ်။

တစ်ခဏတာ တိတ်ဆိတ်သွားတယ်။ အဲ့ဒီ့နောက် လောကကြီး တစ်ခုလုံး ငြိမ်သက် သွားသလိုပဲ။ တစ်ခဏတာ တိတ်ဆိတ် ပြီးနောက် ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတယ်။

ဝုန်း။ ဖုန်မှုန့်တွေ နေရာ အနှံ့ကို လွင့်ပျံ လာတယ်။

အပိုင်း (၉၂၂) ပြီး၏။

အပိုင်း (၉၂၃)

“စစ်နတ်ဘုရားရဲ့ဓား။ ငါ့လက်တွေ တုန်နေတယ်လို့ ပြောရင် မင်းယုံမလား။”

ကြီးမားတဲ့ ကျောက်တုံးကြီးတွေက မြေပြင်ပေါ်ကို ဆက်တိုက် ကျဆင်းလာနေတယ်။ နတ်ဆိုး ခန်းမကြီး တစ်ခုလုံးကို ဆက်တိုက် တုန်ခါစေတယ်။ သံသတ္တု မဏ္ဍိုင်ကြီးတွေတောင် တဖြည်းဖြည်း ပေါ်လာ နေခဲ့ပြီ။

ဝုန်း။

“…”

ကျောက်တုံးကြီးတွေက မြေပြင်ပေါ်ကို ဆက်တိုက် ပြုတ်ကျနေတယ်။ သွေးအရိပ် မြို့တော်ကြီး တစ်ခုလုံး ပြိုကွဲတော့ မလိုပဲ။

ဂျိန်း။ မြေပြင်က အက်ကွဲကြောင်းကြီး ကျယ်ပြန့် လာနေတယ်။ ကြောက်စရာ စွမ်းအားတွေ အင်အားကြီးတဲ့ တိုက်ခိုက်မှုတွေက နတ်ဆိုး ခန်းမကြီး တစ်ခုလုံးကို နှစ်ခြမ်း ကွဲသွားလု မတတ် ဖြစ်စေခဲ့တယ်။

ဓားချက် တစ်ချက်က နတ်ဆိုး ခန်းမကြီး တစ်ခုလုံးကို နှစ်ခြမ်း ကွဲသွားစေတယ်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။

ခန်းမကြီး ပြိုကွဲ သွာတာကို မြင်ချိန်မှာ နတ်ဆိုး စစ်သည်တော်တွေ မျက်လုံး ပြူးနေကြတယ်။ နှလုံးသားထဲကနေ လာတဲ့ ပြင်းထန်လွန်းတဲ့ ထိတ်လန့်မှုကြောင့် သူတို့ရဲ့ ခန္ဒာကိုယ်တွေတောင် ထိန်းချုပ်လို့ မရနိုင် တော့သလိုပဲ။

ယဉ်တောက်နဲ့ နတ်ဆိုး မျိုးနွယ်စုရဲ့ အကြီးအကဲ တစ်ချို့ကတော့ မြေပြင်ပေါ်မှာ လဲကျလျက်သာ ရှိနေခဲ့တယ်။ အားလုံးရဲ့ မျက်လုံးတွေက ပြူးကျယ်နေပြီး ခန္ဒာကိုယ်မှာ သွေးစက်တွေ စွန်းထင်းနေ ခဲ့တယ်။

“မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်း။”

“ဒီတော့ ဒါက မုန့်ထျန်းပေါ့။”

“တစ်ချိန်တုန်းက သွေးအရိပ် မြို့တော်ကို ဓားနဲ့ နှစ်ခြမ်း ခွဲခဲ့တဲ့သူ။ မိုင်ပေါင်းထောင်ချီ အဝေးက နတ်ဆိုး အရှင်သခင်ကို လိုက်ဖမ်းခဲ့သူ။”

ဝိဉာဉ်ထဲကနေ ထွက်ပေါ်လာတဲ့ အကြောက်တရား အမျိုးအစား တစ်ခု ရှိတယ်။ ဒီဓားချက်က နတ်ဆိုး မျိုးနွယ် အကြီးအကဲတွေ၊ ခေါင်းဆောင်တွေ အားလုံးကို ကြောက်လန့် သွားစေဖို့ လုံလောက်တ်။

“အဟွတ် ဟွတ်။” အရှုပ်အထွေး ဖုန်မှုန့်တွေ ကြားထဲကနေ ဧကရာဇ်ယွင် ထမလာခင် ချောင်းဆိုးသံတွေကို သူဆက်တိုက် ကြားနေခဲ့ကြတယ်။

ဒါပေမယ့် သူ့ဘေးမှာ ပြိုလဲနေတဲ့ ခန်းမကြီးကို မြင်ချိန်မှာတော့၊ တစ်ကိုယ်လုံး တုန်ယင်ပြီး မျက်လုံးတွေ ရဲရဲနိ သွားတော့တယ်။

နတ်ဆိုး မျိုးနွယ်ရဲ့ ဧကရာဇ် တစ်ပါး အနေနဲ့ နတ်ဆိုး ခန်းမကြီး တစ်ခုလုံး နှစ်ခြမ်းခွဲ ခံလိုက်ရတာကို မျက်စိရှေ့မှာ မြင်ရတာက ဘယ်လောက်တောင် အရှက်ရ စရာ ကောင်းလိုက်သလဲ။

ဒီအချိန်မှာပဲ နူးညံ့တဲ့ ခပ်တိုးတိုး အသံ တစ်ခု ထွက်ပေါ် လာခဲ့တယ်။

“ဒီဓားက အရမ်းကို အားနည်းတာပဲ။” လူတစ်ယောက်က နတ်ဆိုး အရှင်သခင် ဘေးကို လျှောက်လာရင်း ပြောနေခဲ့တယ်။ သူ့လက်ထဲမှာတော့ ကျိုးနေတဲ့ ဓားတစ်ချောင်းကို ကိုင်ထားခဲ့တယ်။

ဖန်ကျန်းရှီရဲ့ ပြင်းထန်တဲ့ အင်အားကို ဒီဓားက တောင့်မခံ နိုင်ခဲ့ဘူး။

“ဓားတဲ့လား။” ဧကရာဇ်ယွင်ရဲ့ မျက်လုံးတွေက မြောက်အရပ်ကို ကြည့်ရင်း ပြူးကျယ် သွားပြန်တယ်။ အဲ့ဒီ့ အရပ်မှာ အတိတ် အချိန် တစ်ခုတုန်းက သွေးအရိပ် မြို့တော်ကို နှစ်ခြမ်း ခွဲခဲ့တဲ့ ဓားရှိနေခဲ့တယ်။

သုခမိန် စစ်နတ်ရဲ့ ဓားက မြောက်ရွာမှာ ရှိနေတယ်။ ဒါက လွဲပြီး၊ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ စွမ်းအားက သွေးအရိပ် မြို့တော်မှာ အခိုင်ခံ့ဆုံး ဖြစ်တဲ့ နတ်ဆိုး ခန်းမကိုတောင် သာမာန်ဓား တစ်လက်နဲ့ နှစ်ခြမ်း ခွဲနိုင်ခဲ့တယ်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။

“လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက သွေးအရိပ် မြို့တော်ကို ငါ့ဓားနဲ့ တစ်ချက်ခုတ်ခဲ့တယ်။ ဒီနေ့တော့ နောက်တစ်ချက် ခုတ်ပေးမယ်။ ဒီလိုဆို လုံလောက်လား။” ဖန်ကျန်းရှီက အပျက်အစီးထဲမှာ ရှိနေတဲ့ ဧကရာဇ်ယွင်၊ နတ်ဆိုး အကြီးအကဲနဲ့ နတ်ဆိုး ခေါင်းဆောင်တွေကို ကြည့်ရင်း ပြောလိုက်တယ်။

“နောက်ထပ် တစ်ချက်ခုတ်လိုက်ရင် လုံလောက် သွားမလား။ မင်းဘာကို ဆိုလို ချင်တာလဲ။” ဧကရာဖ်ယွင် စကားကို ပြီးအောင် မပြောနိုင် ခင်မှာပဲ မုန့်ထျန်းက သူ့ရှေ့ကနေ ပျောက်ကွယ် သွားတယ်။

သူ့စိတ်ထဲကို မကောင်းတဲ့ အတွေးတွေ အများကြီး ဝင်တော့တယ်။ အစောပိုင်း တုန်းက နတ်ဆိုး ခန်းမမှာ ယဉ်တောက်ကို ကန်ထုတ်ပြီး မုန့်ထျန်းနဲ့ တိုက်ခိုက်ရမယ် ဆိုရင် ကိုယ့်ကိုယ်ကို ကာကွယ် နိုင်တယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောခဲ့တယ်။ ဒါပေမယ့် အမှန်တရားကတော့ နတ်ဆိုး ခန်းမကြီး တစ်ခုလုံး နှစ်ခြမ်း ကွဲသွားခဲ့ပြီ။

အခုတော့ မုန့်ထျန်းက ပျောက်သွားပြန်တယ်။ သူ့ကျောရိုး တစ်ခုလုံး စိမ့်ချမ်း သွားခဲ့ရတယ်။

“မုန့်ထျန်း။ မင်းငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။” ဧကရာဇ်ယွင် ပြောလိုက်တဲ့ အချိန်မှာပဲ သူ့လက်ထဲမှာ မှင်လို မည်းမှောင်နေတဲ့ ဓားတစ်ချောင်း ပေါ်လာတော့တယ်။

ဓားရှည် ပေါ်လာချိန်မှာပဲ အနက်ရောင် တောင်ပံ တစ်စုံက ဧကရာဇ်ယွင်ရဲ့ ကျောမှာ ထွက်ပေါ် လာတော့တယ်။ အတောင်ပံတွေကို ဆန့်ထုတ် လိုက်ချိန်မှာတော့၊ လေဝဲကြီး နှစ်ခု ဖြစ်ပေါ် လာပြီး ဧကရာဇ်ယွင်ရဲ့ ဘယ်ညာ နှစ်ဖက်ကို ကာကွယ် ထားတော့တယ်။ အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ကောင်းကင်ပေါ်ကို သူရောက်သွားခဲ့တယ်။

ဒါပေမယ့် ၂မီတာ အမြင့်ကို မရောက်ခင်မှာပဲ သူ့ခေါင်းပေါ်မှာ လူတစ်ယောက် ပေါ်လာပြီး အရှိန် ပြင်းပြင်းနဲ့ နင်းချေ လိုက်တယ်။

ဒီခြေထောက်က အရမ်းကို အရှိန်မြန်မြန် အင်အား ပြင်းပြင်းနဲ့ ကျဆင်း လာခဲ့တာကြောင့် ကောင်းကင်ပေါ်ကို ပျံသန်း နေခဲ့တဲ့ ဧကရာဇ်ယွင်လဲ ခုန်မရှောင် နိုင်ခဲ့ဘူး။

ဧကရာဇ်ယွင် သူ့မျက်နှာကို သတ္တုပြားကြီး တစ်ခုနဲ့အရှိန်ပြင်းပြင်း ဖြတ်ရိုက် ခံရသလို ခံစားရတာ တစ်ခုပဲ သိတော့တယ်။ သူ့ခေါင်းထဲမှာ တဝီဝီ မြည်သံတွေကို ကြားယောင်လာတယ်။ အဲ့ဒီ့နောက် သူ့ခန္ဒာကိုယ်ကို လူတစ်ယောက်က ဖြတ်နင်း သွားတာကို သိလိုက်ရတယ်။ နောက်ဆုံးမှာတော့ ခုခံနိုင်စွမ်း မရှိတော့ပဲ ကျောက်တုံးတွေထဲကို ဇောက်ထိုး ကျသွားတော့တယ်။

ဖြစ်ပျက် သွားတာက မြန်ဆန်လွန်းတယ်။

ဒီလို အရှိန်နှုန်းကြောင့် ဘယ်အကြီးအကဲနဲ့ ခေါင်းဆောင်မှ သူ့ကို မကယ်တင်နိုင်ခဲ့ဘူး။ ဒါ့အပြင် (မုန့်ထျန်း)က နတ်ဆိုး အရှင်သခင်ကို တက်နင်း လိုက်ရုံတင် မကဘူး။ သူ့ရဲ့ ဓားကျိုးကိုပါ နတ်ဆိုး အရှင်သခင်ရဲ့ လည်ပင်းကို ချိန်ရွယ် ထားခဲ့သေးတယ်။

“မင်း။” ဧကရာဇ်ယွင် လှုပ်ရှား ချင်ပေမယ့် လည်ပင်းပေါ်က အေးစက်မှုကို ခံစားလိုက်ရတယ်။ ဒါက ဓားကျိုး တစ်လက်ပဲ။ ဒါပေမယ့် ဓားကျိုးရဲ့ ထက်ရှတဲ့ အစါမ်း ဘက်က သူ့လည်ပင်းကို ဖြတ်တောက်ပြီး သွေးတွေကို တစက်စက် ကျဆင်း လာစေတယ်။

ဧကရာဇ်ယွင် သူ့ကို တက်နင်းထားတဲ့ မုန့်ထျန်းကို ကြည့်နေရုံသာ တတ်နိုင်ခဲ့တယ်။ ပြင်းထန်တဲ့ ထိတ်လန့်မှုကြောင့် စကား တစ်ခွန်းမှ ထွက်မလာခဲ့ဘူး။

မုန့်ထျန်းကတော့ ဧကရာဇ်ယွင်ရဲ့ အတောင်ပံ တစ်စုံကိုသာ စိုက်ကြည့် နေခဲ့တယ်။

“ဒီတောင်ပံတွေက ကြည့်ရတာ ကောင်းမယ့်ပုံပဲ။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ တောက်ပလာတယ်။ ဧကရာဇ်ယွင်မှာ ဒီလို အကာအကွယ် ရတနာ ရှိနေတာကို သူမအံ့သြ ခဲ့ဘူး။ နောက်ဆုံးတော့လဲ သူက နတ်ဆိုး အရှင်သခင်ပဲလေ။ အထင်ကြီးစရာ ရတနာတော့ ရှိသင့်ပါတယ်။

တွေးရင်းနဲ့ ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း ငုံ့လိုက်ပြီး တောင်ပံတွေကို ထိကြည့် နေခဲ့တယ်။

“မင်းဘာလုပ် ချင်တာလဲ။” ဧကရာဇ်ယွင်ရဲ့ မျက်နှာက ဖြူဖျော့ သွားခဲ့တယ်။ နတ်ဆိုး အရှင်သခင် အနေနဲ့ ဒီလို အကြိမ်ကြိမ် အရှက်ခွဲ ခံရတာကြောင့် သူရူးတော့မလို ဖြစ်နေခဲ့ပြီ။ ဒါတောင် မုန့်ထျန်းက သူ့ရဲ့ (မဟူရာ ရွှေတောင်ပံ)ကို မျက်စိ ကျနေသေးတယ်။ ဒါကို သူဘယ်လိုများ သည်းခံ နိုင်မှာလဲ။

“များများ စားစားတော့ မဟုတ်ပါဘူး။ ငါကစားဖို့ ဒီတောင်ပံတွေ ငှားပေးလိုက်။ ဒါ့အပြင် ငါနဲ့ အတူ မြင့်မြတ် နယ်မြေကို လိုက်ခဲ့မလား နတ်ဆိုး အရှင်သခင်။” ဖန်ကျန်းရှီက လှောင်ပြုံးပြုံးရင်း အေးဆေးတဲ့ ပုံမှန် ပုံစံနဲ့သာ ဘေးပတ်လည်ကို ကြည့် နေခဲ့တယ်။

“မင်းက ငါ့ကို မသတ်ပဲ ပြန်ပေးဆွဲချင်တာလား။”

“ဟမ်။ အခုပဲ သေမယ့် အရေးကနေ လွတ်သွားလို့ ပျော်နေသင့်တာ မဟုတ်လား။ အလောတကြီး ကျေးဇူး တင်ဖို့တော့ မလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းဘဝက လာမယ့် အနာဂတ်မှာ သေတာထက်တောင် ပိုပြီး အဖြစ်ဆိုး တော့မှာ မလို့ပဲ။” ဖန်ကျန်းရှီက ဧကရာဇ်ယွင်ရဲ့ စကားကို ဖြတ်ပြောတယ်။ ဧကရာဇ်ယွင်ရဲ့ ပုခုံးပေါ်ကို လက်တင်ပြီးတော့ သူ့ကို မလိုက်တယ်။

“မုန့်ထျန်း။ အရှင် နတ်ဆိုးသခင်ကို လွှတ်လိုက်။”

“အရှင် နတ်ဆိုး သခင်ကို လွှတ်။ မဟုတ်ရင် သွေးအရိပ် မြို့တော်ကနေ ထွက်သွားလို့ ရမှာ မဟုတ်လူး။”

“အရှင် နတ်ဆိုး သခင်ကို အခုလွှတ်လိုက်။”

နတ်ဆိုးသခင်ကို မုန့်ထျန်း ချီမ လိုက်တာ မြင်ချိန်မှာတော့ နတ်ဆိုး အကြီးအကဲတွေရဲ့ အမူအယာက ပြောင်းလဲ သွားတော့တယ်။ နောက်ဆုံးတော့လဲ ဒီလို ရလဒ်မျိုးကို သူတို့ မမျှော်လင့် ထားခဲ့ဘူး။

နတ်ဆိုး အရှင်သခင် ပြန်ပေးဆွဲခံ ရမှာကို ဒီလို မြင်နေရတာလား။ ဒါ့အပြင် ပြန်ပေးဆွဲတဲ့ လူက တစ်ယောက်တည်း ဒါကို ဘယ်လိုများ သည်းခံ ရမှာလဲ။

“မဟုတ် တမ်းတရား ပြောနေတာတွေ ရပ်ပြီး ဘေးဖယ်ကြမလား။ သူ့ကို အခု သတ်လိုက် ရမလား။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ် လိုက်တယ်။

“နတ်ဆိုး အရှင်သခင်ကို သတ်လိုက်ရင် မင်း ထွက်သွားလို့ ရမှာလား။”

“ဒီတော့ မင်းက စမ်းကြည့် ချင်တာလား။” ဖန်ကျန်းရှီ မျက်ခုံး ပင့်လိုက်ပြီး နတ်ဆိုး အရှင်သခင်ရဲ့ နှလုံးကို ဓားနဲ့ ထိုးချ လိုက်တယ်။

ရွှ့ပ်။ ထက်ရှတဲ့ ဓားသွား တစ်ခုလုံးက နတ်ဆိုး အရှင်သခင်ရဲ့ ခန္ဒာကိုယ်ထဲကို နစ်ဝင် သွားတော့တယ်။

“အား။” ဧကရာဇ်ယွင် နာနာ ကျင်ကျင်နဲ့ အော်ဟစ်တယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီက ပတ်ဝန်းကျင်ကို သွေးလို ရဲရဲ နီနေတဲ့ မျက်လုံးနဲ့ စိုက်ကြည့်ရင်း တစ်ခွန်း ချင်း ပြောလိုက်တယ်။

“ငါပြောမယ်။ ဘေးဖယ်စမ်း။” ဖန်ကျန်းရှီရဲ့ အသံက အရမ်းကို အေးစက် နေခဲ့တယ်။

“မြန်မြန် ဘေးဖယ်ကြ။”

“မတိုက်ခိုက် ကြနဲ့။ နတ်ဆိုး အရှင်သခင်က သူ့လက်ထဲမှာ။”

“မြန်မြန် ဖယ်။ မြန်မြန်။”

အကြီးအကဲတွေ ခေါင်းဆောင်တွေ ဘယ်သူမှ ဖန်ကျန်းရှီရဲ့ လမ်းကို မပိတ်ဆို့ ဝံ့ဘူး။ ဖန်ကျန်းရှီက နတ်ဆိုး အရှင်သခင်ရဲ့ ရင်ဘတ်ကနေ ဓားကို ဆွဲထုတ်ပြီး လက်ကို မြှောက်လိုက်ပြန်တယ်။

ရွှပ်။ ဓားက နတ်ဆိုး အရှင်သခင်ရဲ့ ပေါင်တွေကို စိုက်ဝင်သွားတယ်။ ပေါင်ကနေ သွေးတွေ စီးကျ လာပြီးတော့ မြေပြင် တစ်ခုလုံးကို ရဲရဲနီ သွားစေတယ်။

“မုန့်ထျန်း။ သူတို့တွေ ဘေးဖယ် ပြီးပြီ။ မင်း ဘာဖြစ်လို့ ငါ့ကို ထပ်ပြီး ထိခိုက်အောင် လုပ်နေတာလဲ။”

“အိုး တောင်းပန်ပါတယ်။ ငါ့လက်တွေ တုန်နေလို့။” ဖန်ကျန်းရှီက ဓားကို မြှောက်ပြီး လက်မောင်းကို ထိုးချ လိုက်ပြန်တယ်။

“…” နတ်ဆိုး အရှင်သခင် တုန်ယင် သွားခဲ့တယ်။

နတ်ဆိုး အရှင်သခင် အပြင်၊ ပတ်ဝန်းကျင်မှာ ရှိရှိသမျှ နတ်ဆိုးတိုင်းရဲ့ အမူအယာက အကြီးအကျယ် ပြောင်းလဲ သွားတော့တယ်။ ဘယ်သူကမှ စကား တစ်ခွန်းတောင် မထွက်ဝံ့ဘူး။

“နောက်တစ်ခေါက် လက်တုန်ပြန်ပြီ။ ဘာမှ ထပ်ပြောစရာစရာ မရှိတော့ဘူး မလား။” ဖန်ကျန်းရှီက နတ်ဆိုး အရှင်သခင်ကို တလေးတစား မေးတယ်။

“…” ဧကရာဇ်ယွင်ရဲ့ နှုတ်ခမ်းတွေက တုန်ယင် သွားတယ်။ သူတစ်ခုခု ဆက်ပြော ချင်ပေမယ့် နောက်ဆုံးမှာတော့ မျိုချ လိုက်တယ်။ အံကြိတ်ရင်း နာကျင်မှုကို သည်းခံတယ်။

“နောက်ထပ် ပြောစရာ မရှိရင် သွားကြစို့။” ဖန်ကျန်းရှီ ပြောရင်းနဲ့ သွေးအရိပ် မြို့တံခါး ဆီကို ပြေးတော့တယ်။ နောက်ထပ် နတ်ဆိုး အကြီးအကဲနဲ့ ခေါင်းဆောင်တွေကို ထပ်မသတ် ချင်လို့ ဒီလို လုပ်တာ မဟုတ်ခဲ့ဘူး။ သူ့မှာ ဖြုန်းတီးဖို့ အချိန် ထပ်မရှိ တော့လို့ပဲ။

အကြောင်းရင်းကတော့ ရှင်းပါတယ်။ ရှန်းယွီနဲ့ နယ်မြေ အကြီးအကဲ သုံးယောက်က မြို့ပြင်မှာ ရှိနေတယ်။ ဖန်ကျန်းရှီ နတ်ဆိုး ခန်းမကို နှစ်ခြမ်း ခွဲလိုက်တဲ့ အချိန် သူတို့ရဲ့ ဇစ်မြစ်က ပေါ်သွား လောက်ပြီ။

မုန့်ထျန်းက နတ်ဆိုး ခန်းမရှေ့မှာ ပေါ်လာခဲ့တဲ့ အတွက်၊ မုန့်ထျန်း အဖြစ် ဟန်ဆောင်နေသူက နောက်ထပ် ဟန်ဆောင် နိုင်မှာ မဟုတ်တော့ဘူး။ ဖန်ကျန်းရှီ ဒီအကြောင်းကို အရမ်း သေချာတယ်။ ဒါကြောင့်ပဲ ဧကရာဇ်ယွင်ကို မသတ်သေးဖို့ အတွက် သူဆုံးဖြတ် လိုက်တာပဲ။

ဧကရာဇ်ယွင်ကို သတ်လိုက်တာနဲ့ နတ်ဆိုး မျိုးနွယ်ကြီး တစ်ခုလုံးကို ရန်စသလို ဖြစ်သွားလိမ့်မယ်။ ဂိတ်တံခါး အပြင်ကို ရောက်အောင် သူထွက်ဖို့ လိုသေးတယ်။

ဒီကိစ္စကတော့ ကြမ်းတမ်း တော့မှာပဲ။

ဒါ့အပြင် တွေးရင်းနဲ့တောင် နည်းနည်း တုန်လှုပ်လာတယ်။ ဖန်ကျန်းရှီ ဒီဖြစ်နိုင်ချေကို တွေးထားပြီးပြီ။ ဒါပေမယ့် နတ်ဆိုး အရှင်သခင်ရဲ့ လည်ပင်းပေါ် ဓားထောက် လိုက်တဲ့ အချိန်မှာ စိတ်ကို ပြောင်းလဲ ပြစ်လိုက်တယ်။

တိုက်ပွဲကို အဆုံးသတ်ပြီး သွေးအရိပ် မြို့တော်ကနေ မြန်နိုင်သလောက် မြန်အောင် ထွက်ဖို့ လိုတယ်။ သူကြောက်နေလို့ မဟုတ်ခဲ့ဘူး။ သူသာ စိတ်လိုက် မာန်ပါ လုပ်လိုက်ရင် မြို့ အပြင်မှာ တိုက်ခိုက်နေသူတွေ အသက်အန္တရာယ် များနိုင်မှာကို သိနေလို့ပဲ။

ဖန်ကျန်းရှီလဲ မြောက်ရွာရဲ့ အသက် ၂၅ချောင်း အတွက် လက်စားချေဖို့ လိုတယ်။

မြို့ပြင်က လူတွေကိုလဲ သူလက်စား ချေရဖို့ အတွက် စတေး မခံနိုင်ဘူး။ ဒါ့အပြင် နတ်ဆိုး အရှင်သခင် မြန်မြန် သေသွားမှာကို သူမမြင်ချင်ဘူး။ သူ့ရွာသားတွေ နာကျင် ခံစားခဲ့ရသမျှ အရာအားလုံးကို နှစ်ဆ ပြန်ခံစား စေချင်တယ်။ မြောက်ရွာရဲ့ ရွာသားတွေကို ကိုယ်တိုင် လက်စား ချေစေချင်တယ်။

“မဟာ အကြီးအကဲ။ ငါတို့တွေ ဘာလုပ်ာကမလဲ။” မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်က တလေးတစားနဲ့ မေးတယ်။

“မဖြစ်ဘူး။ မဖြစ်ဘူး။” မဟာ အကြီးအကဲ ခေါင်းခါနေခဲ့တယ်။ သူ့စိတ်က အရမ်းကို ရှုပ်ထွေးနေတယ်။

“မဟုတ်ဘူးတဲ့လား။ အကြီးအကဲ ဘာများ ဖြစ်လို့လဲ။”

“အကယ်၍ မုန့်ထျန်း အစစ်သာ မြို့ထဲ ရောက်နေရင်၊ မြို့ပြင်မှာ ရှိနေတာ ဘယ်သူတွေလဲ။” မဟာ အကြီးအကဲ မျက်လုံးတွေကို မှေးစင်း နေပြီးနောက် ရုတ်တရက် မျက်လုံး ပြူးကျယ်လာတယ်။ “မြန်မြန် အမိန့်ချလိုက်။ အပြင်ဘက်က မုန့်ထျန်းကို ဖမ်း။ သူ့ကို ငါတို့ နတ်ဆိုး အရှင်သခင်နဲ့ လဲမယ်။”

“မုန့်ထျန်း အတုက မြို့ပြင်မှာ ရှိနေတာလား။”

“အမိန့် အတိုင်းပါ။”

“မြန်မြန် အမိန့်ချ။”

“ငါနဲ့ အတူသွား။ မျိုးနွယ်စု ခေါင်းဆောင်။ မုန့်ထျန်း အစစ် မြို့တံခါးကို မရောက်ခင် အတုကို အလဲထိုးရမယ်။” ယဉ်တောက်ရဲ့ အသံကို ကြားလိုက်ရတယ်။ သူ့ဓားက ကျိုးသွားခဲ့ပြီး ခန္ဒာကိုယ် တစ်ခုလုံး သွေးအလိမ်းလိမ်း ဖြစ်နေပင်မယ့်၊ မြေပြင်ကနေ ခုန်ထပြီး မြို့ပြင်ကို ပြေးတော့တယ်။

ဒါကို မြင်ချိန်မှာ မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံးလဲ ချက်ခြင်း အမှီ လိုက်တယ်။

…

မြို့ပြင်ကို မရောက်ခင် တံခါး ကိုးခုကို ဖန်ကျန်းရှီ ဖြတ်ရမယ်။ ဒါ့အပြင် နတ်ဆိုး အရှင်သခင်ကိုလဲ သူသယ်လာ ရသေးတယ်။

“အရှင် နတ်ဆိုး သခင်။”

“အဲ့တာ မုန့်ထျန်းလား။ မုန့်ထျန်းက နတ်ဆိုး သခင်ကို ဖမ်းလာတယ်။”

“မြန်မြန် သူ့ကို တားကြ။”

နတ်ဆိုး စစ်သည်တော်တွေက ချက်ခြင်း တားဆီးဖို့ ပြင်တယ်။

“ရပ်ကြစမ်း။ မဟုတ်ရင် နတ်ဆိုး အရှင်သခင်ကို ငါသတ်မယ်။” ဓားကျိုးကို မြှောက်ရင်း ဖန်ကျန်းရှီ အေးစက်စက်နဲ့ အမိန့် ပေးတယ်။

ဒီအချိန်မှာပဲ နတ်ဆိုး ခန်းမကနေ ရွှေရောင် အလင်းတန်းကြီး တစ်ခု ထွက်ပေါ် လာပြီး ညကောင်းကင်ကို လင်းထိန် သွားစေခဲ့တယ်။ အရေး အကြီးဆုံးကတော့ အလင်းတန်းထဲမှာ ဓားတချို့ ရှိနေ ခဲ့တာပဲ။

“မြို့ပြင်က မုန့်ထျန်း အတုကို မိအောင် ဖမ်းကြ။”

“ဒီတော့ သူတို့ သိသွားပြီလား။” အရမ်းကို မြန်မြန် ပြေးနေတဲ့ လူတစ်ချို့ကို မြင်ချိန်မှာတော့ ဖန်ကျန်းရှီ မျက်လုံးတွေ မှေးစင်း သွားခဲ့တယ်။

ဒါတွေကတော့ ယဉ်တောက်နဲ့ မျိုးနွယ်စု ခေါင်းဆောင်တွေပဲ။ သူတို့တွေက ဖန်ကျန်းရှီကို တစ်ချက်တောင် မကြည့်ရဘူး။

ရည်ရွယ်ချက်ကတော့ ရှင်းနေပြီ။

အပိုင်း (၉၂၃) ပြီး၏။

အပိုင်း (၉၂၄)

“တူညီတဲ့ သွေးမျိုးနွယ် နိုးထလာခြင်း။”

“ငါ့ကို ရှောင်ကွင်းဖို့ လုပ်တာလား။ တုံးအ လိုက်တာ။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံး လိုက်တယ်။ နတ်ဆိုး မျိုးနွယ်တွေက ဘယ်လောက် မြန်မြန် တုံ့ပြန်နိုင်တာကို အံ့သြမိမှန်းတော့ ဝန်ခံရမယ်။ ဒါပေမယ့် သူရင်မဆိုင် နိုင်တာတော့ မဟုတ်ခဲ့ဘူး။

ဆိုရိုးစကား ရှိတဲ့ အတိုင်း၊ မာနကြီးတဲ့ ငန်းက တခြား ငှက်တွေ သူ့ခေါင်းပေါ် ဖြတ်ပျံတာကို ခွင့်ပြုမှာလား။

တွေေ၀ မနေတော့ပဲ ဖန်ကျန်းရှီက အလင်း အလျင်နှုန်းနဲ့ ပျံသန်းနေတဲ့ ယဉ်တောက်နဲ့ တခြား နတ်ဆိုးတွေကို လိုက်တော့တယ်။

“မျိုးနွယ်စု ခေါင်းဆောင်ယဉ်။ မုန့်ထျန်းက ငါတို့ နောက်ကို လိုက်လာပြီ။”

“မြန်မြန် သူ့ကို တားကြ။”

ရိုးရှင်းတဲ့ စကားလေး တစ်ချို့နဲ့တင်၊ မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်က ဖန်ကျန်းရှီ အနားကို အကြောက်အလန့် ကင်းတဲ့ ပုံစံနဲ့ ချဉ်းကပ် လာခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဒီခေါင်းဆောင်နဲ့ တိုက်ခိုက်ဖို့ စိတ်ကူး မရှိခဲ့ဘူး။ ခေါင်းဆောင်ကို တွန်းထုတ်လိုက်တယ်။

“ဘာကြီး။” ခေါင်းဆောင်က အထိတ်တလန့်နဲ့ ဓားကို ဆွဲထုတ်ရင်း ခန္ဒာကိုယ်ကို လေထဲမှာ လှည့်လိုက်တယ်။ အဲ့ဒီ့နောက် ဘာမှ ဖြစ်မလာတော့ဘူး။ ဖန်ကျန်းရှီရဲ့ ခြေထောက်က ခေါင်းဆောင်ရဲ့ မျက်နှာပေါ်ကို ကျရောက်လာပြီး ဒီကန်ချက်ကြောင့် လေထဲကို လွင့်ထက် သွားတော့တယ်။

ဝုန်း။ ခေါင်းဆောင်လဲ ကျောက်တုံးအိမ် တစ်ခုနဲ့ တိုက်မိပြီး အမြောက်ဆံ တစ်ခုလို ပုံစံနဲ့ လဲကျ သွားတော့တယ်။

ဖူး။ ပါးစပ် အပြည့် သွေးတွေကို အန်ထုတ်တယ်။ အချိန် အတိုင်းအတာ တစ်ခု အထိ အိပ်ယာကနေ မထနိုင်အောင် ဒဏ်ရာ ရသွားမယ်မှန်း သိသာ နေခဲ့ပြီ။ ဒီ မြင်ကွင်းက ဖန်ကျန်းရှီဆီ ပြေးဝင် လာနေတဲ့ နတ်ဆိုး စစ်သည်တော်တွေရဲ့ မျက်နှာကို ဖြူဖျော့ သွားစေတယ်။

“မုန့်ထျန်းလား။”

“အဲ့တာ သုခမိန် စစ်နတ် မုန့်ထျန်းလား။”

“သူက တကယ့်ကို နတ်ဘုရားပဲ။ နတ်ဆိုး နတ်သခင် ထက်တောင် ပိုပြီး အင်အားကြီးတယ်။”

နတ်ဆိုး စစ်သည်တော်တွေ အထိတ်တလန့် ဖြစ်နေချိန်မှာ ဖန်ကျန်းရှီက ယဉ်တောက်နဲ့ တခြား ခေါင်းဆောင်တွေဆီ ပိုပြီး မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ နီးကပ် လာပြန်တယ်။

“ခေါင်းဆောင်ယဉ်။ မုန့်ထျန်း နောက်တစ်ခေါက် နီးလာပြန်ပြီ။”

“ဒီလောက်တောင် မြန်ဆန်တယ်လား။ အသုံးမကျလိုက်တာ။ အသုံးမကျတဲ့ အမှိုက် တအုပ်ပဲ။” သူ့အနားကို နီးလာနေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ယဉ်တောက်ရဲ့ မျက်လုံးတွေက အေးစက် သွားခဲ့တယ်။ သူကျိန်ဆဲ လိုက်ချင်တယ်။ ဒီလောက် အထိ မြန်မြန် သတ်ပြစ်စရာ လိုလား။

တခြား နတ်ဆိုး ခေါင်းဆောင်တွေကတော့ သူ့စကားကို ကြားချိန်မှာ အံကြိတ်ရင်း ဒေါသ ထွက်နေကြတယ်။

ယဉ်တောက်ရဲ့ စရိုက်ကို အားလုံး သိပေမယ့် သူတို့တွေက အဆင့် အတူတူတွေပဲ။ ဒီလိုမျိုး စော်ကား မော်ကား ပြောတာကို ဘယ်သူ သည်းခံ နိုင်မှာလဲ။ နောက်ပြီးတော့ ယဉ်တောက်လဲ (မုန့်ထျန်း)ရဲ့ ဓားချက် တစ်ချက်ကိုတောင် မခုခံ နိုင်ပဲ လက်ကျိုး သွားခဲ့တဲ့ သူလေ။

“ခေါင်းဆောင်ယဉ်။ ငါတို့ကို အသုံးမကျတဲ့ သူလို့ ခေါ်နေရအောင် မင်းကရော ဘာလဲ။”

“ဟန့် အခုချိန်မှာ ဒီလို ဘာမဟုတ်တဲ့ ကိစ္စနဲ့ မငြင်းခုံ ချင်ဘူး။ ရှေ့မှာ အင်အားကြီး ရန်သူ ရှိနေတယ်။ ခေါင်းဆောင်ယဉ်သာ အစွမ်းအစ ရှိရင်၊ ငါတို့ကို ထုတ်ပြစမ်းပါ။”

မျိုးနွယ်စု ခေါင်းဆောင် နှစ်ယောက်က ဒေါသကို မထိန်းနိုင်ပဲ ပြန်ပြောတော့တယ်။

“အသုံးမကျတဲ့ ကောင်တွေ။ ငါ့အချိန်တွေကို မင်းတို့နဲ့ ငြင်းခုံပြီး ဖြုန်းတီး မပြစ်နိုင်ဘူး။” ယဉ်တောက်က အေးစက်စက် ပြန်ဖြေရင်း ရှေ့ကို ဆက်ပျံသန်း သွားတယ်။ ပတ်ဝန်းကျင်က စစ်သည်တော်တွေကို အမိန့် ပေးတယ်။ “အမိန့်ကို နာခံကြ။ မုန့်ထျန်းကို အားကုန်သုံးပြီး တားဆီးထား။”

“အမိန့် အတိုင်းပါ။” နတ်ဆိုး စစ်သည်တော်တွေ အားလုံး အမိန့်ကို နာခံကြတယ်။

ဒါကြောင့် ဖန်ကျန်းရှီ မျက်မှောင်ကြုတ်သွားတယ်။ ယဉ်တောက်က ဘယ်လောက်ထိ အတင့်ရဲပြီး ဒီလို အမိန့်မျိုး ပေးဝံ့တယ် ဆိုတာ သူတကယ်ပဲ နားမလည်နိုင်ဘူး။

“ဟဟား။ ကြည့်ရတာ ဒီကောင်ကတော့ ငါမင်းကို သတ်မှာ မကြောက်ပုံပဲ။” ဖန်ကျန်းရှီက သူ့လက်ထဲမှာ ရှိနေတဲ့ နတ်ဆိုး သခင်ကို ပြောလိုက်တယ်။

“ဟဟား။ ဟုတ်တယ်။ ဒီကောင်က ငါ့ကို အမြဲတမ်း သေစေချင်နေတာ။ အကယ်၍ ငါသာ သေရင်၊ ချင်းဝူက နတ်ဆိုး သခင် ဖြစ်လာလိမ့်မယ်။ ဒီတော့ ဒါကို သူလိုချင်တာပေါ့။” ဧကရာဇ်ယွင် ခါးသက်သက် ပြုံးလိုက်တယ်။

“နားလည်ပြီ။ ဒီတော့ခါ နတ်ဆိုး သခင်။ မင်းသေချင်လား။”

“သတ်ချင်ရင် သတ်လိုက်။ အပိုတွေ ပြောမနေနဲ့။”

“အရှင် နတ်ဆိုး သခင်။ မင်းက တကယ်ပဲ အောင်မြင်မှု အသီးအပွင့်ကို မခံစား ချင်ဘူးလား။ မိစ္ဆာနဲ့ နတ်ဆိုး နတ်ဘုရား တံခါးတွေက အခုချိန်မှာ ပွင့်နေပြီ။ နတ်ဆိုး မျိုးနွယ် လောကကို သိမ်းပိုက်ဖို့ အချိန် သိပ်ကြာတော့မှာ မဟုတ်ဘူး။ ဟုတ်တယ်ဟုတ်။ မင်းရဲ့ နတ်ဆိုး သခင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ဆို မင်းရနိုင်မယ့် အရာတွေက ဘယ်လောက်တောင် များလိုက်သလဲ။”

“မင်းဘာကို ပြောချင်နေတာလဲ။” ဧကရာဇ်ယွင်က ဖန်ကျန်းရှီကို ပြန်မဖြေခဲ့ဘူး။

“နတ်သခင် အဆင့် ပညာရှင် တစ်ယောက် ဖြစ်လာဖို့။ လောကကြီးကို ထိန်းချုပ်နိုင်ဖို့၊ ထာဝရ အသက်ရှည်ဖို့။ ဒါတွေကို စဉ်းစားဖူးလား။ အရှင် နတ်ဆိုး သခင်။” ဖန်ကျန်းရှီ အချိန်ပေးပြီး မေးနေခဲ့တယ်။

“မုန့်ထျန်း။ ငါက မင်းလက်ထဲမှာ ဓားစာခံ ဖြစ်နေပြီ။ ဒီတော့ အိပ်မက်တွေ အကြောင်း ဆွေးနွေးလဲ ဘာမှ ဖြစ်မလာဘူး။” ဧကရာဇ်ယွင် ဒေါသ ထွက်နေခဲ့ပြီ။

“စော်ကားမှုတွေကို သည်းခံ ပြီးအသက်ရှင်။ တစ်နေ့မှာ ယွင်ချင်းဝူက ငါ့ကို သတ်နိုင်တာလဲ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ အရှင် နတ်ဆိုးသခင်လဲ ထိပ်တန်း ရောက်ပြီးရင်၊ သမိုင်းတွေမှာ ဘယ်လို မှတ်တမ်းတင် ခံရမလဲ။”

“ဟ ဟား ဟား။ မုန့်ထျန်း။ ငါက မင်းနဲ့ ပူးပေါင်းပြီး မင်းကို မြို့ထဲက လွတ်အောင် လုပ်ပေးမယ်လို့ ထင်နေရင် မင်းတုံးအ မိုက်မဲ လွန်းတာပဲ။” ဧကရာဇ်ယွင် မျက်လုံးတွေကို မှေးစင်းရင်း ရယ်မောတော့တယ်။

“ပြောပြတာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ယဉ်တောက်က မင်းကို သေစေချင်တယ်။ နတ်ဆိုး စစ်သည်တော်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးတယ်။ အကယ်၍ ငါသာ ဖိအားပေး ခံရရင်။ မင်းကို သတ်ပြီး တခြားသူတွေနဲ့ တိုက်ခိုက်မှာပဲ။ ဒီလို ရလဒ်မျိုး မင်းတကယ် လိုချင်တာလား။” ဖန်ကျန်းရှီက နတ်ဆိုး သခင်ကို နောက်တစ်ခေါက် ကြည့်လိုက်တယ်။

ဧကရာဇ်ယွင်ရဲ့ အပြုံးက တောင့်တင်း သွားတယ်။ မြို့တံခါးဆီ ပြေးနေတဲ့ ယဉ်တောက်နဲ့ သူတို့ အနား ရောက်လာတဲ့ နတ်ဆိုး စစ်သည်တော်တွေကို ကြည့်ရင်း သူ့မျက်လုံးထဲမှာ အေးစက်စက် အကြည့်တစ်ခု လက်သွားခဲ့တယ်။

“မင်းငါ့ကို ဘယ်လောက်ကြာကြာ အသက်ပေးရှင်နိုင်လဲ။” ဧကရာဇ်ယွင် နောက်ဆုံးတော့ ပြန်ဖြေတယ်။

“တစ်နှစ်ဆိုရင် ဘယ်လိုလဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“တစ်နှစ်တဲ့လား။ မဖြစ်နိုင်တာပဲ။”

“ဒါဆို တစ်နှစ်ခွဲ။”

“မဖြစ်ဘူး။ အနည်းဆုံး သုံးနှစ်။”

“သုံးနှစ်က များလွန်းတယ်။ ၂နှစ်က နောက်ဆုံးပဲ။”

“၂နှစ်။ မင်း တကယ်ပဲ ငါ့ကို ၂နှစ် အသက်ရှင်ခွင့် ပေးနိုင်လား။” ဧကရာဇ်ယွင် မျက်လုံးတွေ ပြူးကျယ်လာတယ်။ အရမ်းကို စိတ်လှုပ်ရှားနေ ပုံပဲ။

ဒါက ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကိုလဲ အရောင်လက်သွား စေခဲ့တယ်။ တကယ်တော့ ယွင်ချင်းဝူ နောက်ဆုံး တိုက်ခိုက်မယ့် အချိန်ကို ဖန်ကျန်းရှှီ ခန့်မှန်း ခဲ့ပြီးသား။ ဒါတွေအားလုံးက ခန့်မှန်းချက်တေ်ွပဲ။ နတ်သခင်တွေတောင် အချိန် အတိအကျကို မသိနိုင်ဘူး။ ဒါပေမယ့် ယွင်ချင်းဝူ။ နတ်ဆိုး သခင်နဲ့ ဧကရီ ပိုင်ကျစ် တို့ကတော့ သေချာပေါက် သိလိမ့်မယ်။

နတ်ဆိုး သခင်နဲ့ ဧကရီ ပိုင်ကျစ်က ယွင်ချင်းဝူရဲ့ မွေးမိဘတွေပဲ။ သူတို့ကို သေချာပေါက် ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ တစ်နှစ်ခွဲက အချိန်တိုတောင်း လွန်းတယ်။ ဒါပေမယ့် ၂နှစ် အချိန်ကတော့ နတ်ဆိုး သခင်ကို စိတ်လှုပ်ရှားစေတယ်။ ဖန်ကျန်းရှီ အဖြေကိုသိလိုက်ပြီ။

“စိတ်ချပါ နတ်ဆိုး သခင်။ ငါ ၂နှစ်ပြောရင် ၂နှစ်ပဲ။” ဒီအတွေး ဝင်လာပြီးတဲ့နောက် ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“မဖြစ်ဘူး။ မင်းကျိန်ဆိုရမယ်။”

“ကောင်းပြီ။ ငါ သုခမိန် စစ်နတ် မုန့်ထျန်း ကျိန်ဆိုပါတယ်။ အကယ်၍ နတ်ဆိုး သခင်သာ ငါ့ကို အောင်အောင်မြင်မြင် ထွက်သွားခွင့် ရအောင် လုပ်ပေးရင်၊ နတ်ဆိုး သခင်ကို ၂နှစ် အသက်ရှင်ခွင့်ပေးမယ်။” ဖန်ကျန်းရှီ ချက်ခြင်း ကျိန်လိုက်တယ်။

“မုန့်ထျန်း ငါမင်းကို တစ်ခေါက်တော့ ယုံလိုက်မယ်။” ဧကရာဇ်ယွင် စိတ်မပါပေမယ့် ရွေးချယ်စရာ မရှိခဲ့။ နောက်ဆုံးတော့လဲ ဖန်ကျန်းရှီ ပြောသလို သူသာ မုန့်ထျန်းကို စိတ်ပျက်စေခဲ့ရင်၊ သေချာပေါက သေရမှာပဲ။ သူမသေချင်ဘူး။ အနည်းဆုံး ဒီလို မသေချင်ဘူး။

စော်ကားမှုတွေကို သည်းခံပြီး ရှင်သန်ရမယ်။ ဒါပေါ့။ နတ်ဆိုး သခင်က သည်းခံနိုင်တယ်။

“အားလုံး ထွက်သွားစမ်း။” ဧကရာဇ်ယွင်ရဲ့ အသံ ထွက်ပေါ် လာပြီးနောက် သူ့လက်တစ်ဖက်ကို မြှောက်လိုက်တယ်။ “ယဉ်တောက်က ပုန်ကန်နေတယ်။ သူ့ကို ဖမ်းကြ။”

“ဘာဖြစ်တယ်။” ပတ်ပတ်လည်က စစ်သည်တော်တွေ မျက်လုံး ပြူးသွားတယ်။ မယုံနိုင်ကြဘူး။

“မင်းတို့တွေ ဘာစောင့် နေတာလဲ။ အမိန့်ကို မကြားဘူးလား။”

“အမိန့် အတိုင်းပါ။”

“ယဉ်တောက်ကို ဖမ်းကြ။”

“…”

စစ်သည်တော်တွေ ဆုတ်ခွာပြီး ယဉ်တောက်နဲ့ တခြား ခေါင်းဆောင်တွေ ဆီကို ရူးစရာ အရှိန်နှုန်းနဲ့ ပြေးကြတော့တယ်။ ဘာတွေ ဖြစ်နေမှန်း မသိပေမယ့် နတ်ဆိုး သခင်ရဲ့ အမိန့်ကို မဖီဆန် ဝံ့ဘူး။

“ယဉ်တောက် ငါတို့လဲ မင်းကို မကယ်နိုင်ဘူး။”

“တောင်းပန်ပါတယ် ခေါင်းဆောင်ယဉ်။”

ဒါကို မြင်ချိန်မှာတော့ တခြား ခေါင်းဆောင်တွေ ဘေးဖယ်နေ ကြတော့တယ်။

“မင်းတို့ အားလုံး။” ယဉ်တောက် အံကြိတ်လိုက်တယ်။ နတ်ဆိုး သခင်တွေးနေတာကို သူသိတယ်။ တကယ်တော့ သူလဲ နတ်ဆိုး သခင်ကို မုန့်ထျန်း လက်ထဲမှာ သေစေချင် ခဲ့တာ။ ဒါက ယွင်ချင်းဝူရဲ့ အမိန့်ကို ဖီဆန်နိုင်တဲ့ ပြိုင်ဘက်ကင်း နည်းလမ်းပဲ။ ဒါပေမယ့် အခုချိန်မှာ အခြေ အနေတွေက ကွာခြား နေပြီ။

အကယ်၍ နတ်ဆိုး အရှင်သခင်သာ အဖမ်းမခံ ရရင်၊ နတ်ဆိုး သခင်ကို ကာကွယ်ဖို့ သေချာပေါက် လုပ်မှာပဲ။ ယွင်ချင်းဝူရဲ့ စိတ်ကို နတ်ဆိုး သခင် သေလို့ မထိခိုက် စေရဘူး။ ဒါပေမယ့် နတ်ဆိုး သခင်က အဖမ်းခံရ ပြီးပြီ။ အခြေအနေက လုံးဝကို ကွာခြားတယ်။

နတ်ဆိုး သခင်သာ ဓားစာခံ ဖြစ်သွားရင်၊ သူ့ကို သုံးပြီး ယွင်ချင်းဝူ ခြိမ်းခြောက် ခံရလိမ့်မယ်။ ဒါကြောင့် သူလောင်းကြေး ထပ်လိုက်တ်။ သူပိုပြီးတော့ ရှုံးလေလေ၊ ပိုက်ဆံတွေကို ပိုလိုချင်လေပဲ။ ဒီလို စိတ်ဓာတ်မျိုးနဲ့ သူဆုံးဖြတ်ခဲ့တယ်။ သူလောင်းခဲ့တဲ့ ကိစ္စကိုလဲ ယုံကြည်ချက် ရှိခဲ့တယ်။

ဖြစ်နိုင်ချေ တစ်ခုကတော့ နတ်ဆိုး သခင်ကို မုန့်ထျန်း မသတ်ဝံ့ဘူး။ သူထင်တာသာ မှန်ခဲ့ရင်၊ အပြင်က မုန့်ထျန်း အတုနဲ့ နတ်ဆိုး သခင်ကို ပြန်လဲလှယ်ပြီး မုန့်ထျန်းကို သတ်ဖို့ အခွင့်အရေး ရှိနိုင်တယ်။

ဒုတိယ တစ်ခုကတော့ ဒေါသ အထွက်လွန်ပြီး မုန့်ထျန်းက နတ်ဆိုး သခင်ကို သတ်လိုက်မယ်။ ဒါက ယွင်ချင်းဝူကို စိတ်ထိခိုက် စေနိုင်ပေမယ့်၊ အနာဂတ်ကို ရေရှည် စဉ်းစား ကြည့်ရင်၊ ယွင်ချင်းဝူ သူ့ရဲ့ အစီအစဉ်ကို မြန်မြန် အကောင်အထည် ဖော်စေဖို့ တွန်းအား အဖြစ် ပြောင်းသွား လိမ့်မယ်။

ဖြစ်နိုင်ချေ နှစ်ခုလုံးက အကောင်းဆုံး ရလဒ်တွေကို ဖန်တီး နေတယ်။

ဒါပေမယ့် ယဉ်တောက် မမျှော်လင့် ထားတာကတော့ နတ်သခင်ကို အချိန်တို အတွင်းမှာ မုန့်ထျန်းက သိမ်းသွင်းပြီး သူ့ကို သတ်ဖို့ စေခိုင်း နိုင်ခဲ့တာကိုပဲ။

“ဘာ ဘာကြောင့်များ ဒီလို ဖြစ်လာတာလဲ။” ယဉ်တောက် ဘယ်လိုမှ မကျေနပ်ဘူး။ သူဘယ်လောက်ပဲ မကျေမချမ်း ဖြစ်ပါစေ။ နတ်ဆိုး စစ်သည်တွေရဲ့ လှံက သူ့ဆီကို ရောက်လာ နေပြီ။

“အား။” အော်သံကျယ်ကြီးက မြို့တစ်ခုလုံးကို ဟိန်းထွက် သွားခဲ့တယ်။

…

“မုန့်ထျန်း။ ဒီ မဟူရာ ရွှေအတောင်ပံတွေက မင်းအပိုင်ပဲ။” ယဉ်တောက် ဝန်းရံထား ခံရတာကို မြင်ချိန်မှာ ဧကရာဇ်ယွင် အံကြိတ်လိုက်တယ်။ သူ့နောက်ကျောက အတောင်ပံ တစ်စုံ ပျောက်သွားပြီး အနက်ရောင် ကျောက်မျက်ရတနာ တစ်ခု အဖြစ်ကို ပြောင်းလဲ သွားတော့တယ်။

ဒီကျောက်မျက် ရတနာက အရမ်းကို ကြည်လင် တောက်ပပြီး အထဲမှာ အတောင်ပံ ပုံစံငယ်လေး တစ်ခု ပါနေတယ်။ ဒီတောင်ပံလေးကို ကျောက်တုံးထဲမှာ ချိတ်ပိတ် ထားသလိုပဲ။

“ရက်ရောလိုက်တဲ့ နတ်ဆိုး သခင်။” ဖန်ကျန်းရှီ ပြုံးပြရင်း ကျောက်မျက်ရတနာကို ဖမ်းဆွဲလိုက်တယ်။

“…” နတ်ဆိုး သခင် သက်ပြင်းချတယ်။ “မုန့်ထျန်း ငါလုပ်နိုင်တာ အကုန် လုပ်ပြီးပြီ။ မင်း ကျိန်ဆိုထားတဲ့ သစ္စာကို မမေ့နဲ့။”

“စိတ်ချ။ ငါ၊ မုန့်ထျန်းက ကတိစကားကို တည်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း စိတ်ပါလက်ပါ ပြောသယောင် ကတိပေးတယ်။ မုန့်ထျန်းရဲ့ ကတိသစ္စာက ဖန်ကျန်းရှီနဲ့ ဘာမှ မဆိုင်ဘူး။ အစွမ်းရှိရင်၊ မုန့်ထျန်းကို ကိုယ်တိုင် သွားပြောလေ။

ဖန်ကျန်းရှီ ဒါတွေကို ဂရုမစိုက်ဘူး။ ကျောက်မျက်ရတနာကို ကြည့်ရင်း သူပြောတယ်။ “ဒါကို ဘယ်လို သုံးရမလဲ။”

“..” ဧကရာဇ်ယွင် မျက်လုံး ပြူးသွားတယ်။ ဖန်ကျန်းရှီရဲ့ မျက်နှာဖုံးစွပ် မျက်နှာကို သုံးကြိမ်တိုင်တိုင် သူကြည့်တယ်။ သုခမိန် စစ်နတ် မုန့်ထျန်းက ဘယ်လိုများ မဟူရာ ရွှေတောင်ပံ သုံးနည်းကို မသိရတာလဲ။ သူနားမလည် ခဲ့ဘူး။ ဒါပေမယ့် အခု အခြေအနေမှာ တခြား ကိစ္စတွေကို မစဉ်းစား နိုင်ဘူးလေ။

“မင်းရဲ့ နတ်ဆိုး စွမ်းအားကို အထဲထည့် လိုက်ရင်၊ မဟူရာ ရွှေတောင်ပံကို ခံစား နိုင်လိမ့်မယ်။”

“နတ်ဆိုး စွမ်းအားလား။ အိုး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ နတ်ဆိုး စွမ်းအားက လူသားတွေရဲ့ စွမ်းအား အရင်းအမြစ်နဲ့ တူမှန်း သူသိတယ်။ မဟူရာ ရွှေတောင်ပံကို ဖြည်းဖြည်းချင်း လေ့လာတာမျိုး သူမလုပ်ချင်ဘူး။ သူ စိတ်ဆုံးဖြတ် လိုက်တယ်။

အားကောင်းတဲ့ စွမ်းအား အရင်းအမြစ်တွေ အနက်ရောင် ကျောက်မျက်ရတနာ ထဲကို စီးဝင်တယ်။ မျက်တောင် တစ်ခတ် အတွင်းမှာ ဖန်ကျန်းရှီလဲ မဟူရာ ရွှေတောင်ပံ စွမ်းအားတွေကို ခံစား လိုက်ရတယ်။ ရှေးကျတယ်။ အင်အားကြီးတယ်။ မသိနိုင်တဲ့ သတ္တဝါ တစ်မျိုးရဲ့ စွမ်းအားတွေနဲ့ ပြည့်နေတယ်။

“ဒါက ရှေးသတ္တဝါ တစ်ကောင်ကောင်ရဲ့ အတောင်ပံများလား။” ဒီအတွေး ဝင်လာခဲ့ပေမယ့် အများကြီး မတွေးဘူး။ စွမ်းအားကို ခံစားမိတာနဲ့ အတောင်ပံကို ပေါင်းစည်းဖို့ လုပ်တော့တယ်။

ဝုန်း။

ဖန်ကျန်းရှီ တောင်ပံတွေကို ဖြန့်လိုက် ချိန်မှာတော့ နတ်ဆိုး သခင် တောင်ပံတွေကို သုံးချိန်ထက် ၂ဆမက ပိုပြီး ကြီးမား နေခဲ့တယ်။

တောင်ပံ တစ်ခုချင်းစီတိုင်းက အနည်းဆုံး သုံးမီတာ ရှည်လျားတယ်။ ဒါ့အပြင် အနက်ရောင် ငှက်မွှေးပေးမှာ တောက်ပတဲ့ ရွှေရောင် အလင်းတန်းတွေ စီးဆင်း နေသေးတယ်။ ဒီလို အားကောင်းတဲ့ အင်အားက ဖန်ကျန်းရှီကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ အော်ဟစ် စေတယ်။

“ယိုး။” အရမ်းကို စူးရှတဲ့ ငှက်အော်သံ တစ်ခုကို သူ အော်ဟစ်ပြီး လရောင်မဲ့ ညကောင်းကင်ဆီကို ထိုးတက် သွားတော့တယ်။

ဖန်ကျန်းရှီရဲ့ လက်မောင်းတွေကလဲ ဆယ်ရာခိုင်နှုန်း ကြီးထွားလာပြီး သူ့လက်က သံချပ်ကာကိုတောင် ကျိုးပဲ့ သါားစေခဲ့တယ်။

“ဒါ ဒါက မဟူရာ ရွှေတောင်ပံရဲ့ ပုံစံ အစစ်လား။ နိုးထလာတာပဲ။ တူညီတဲ့ သွေးမျိုးနွယ် နိုးထလာတာပဲ။ ဒါကြီးက တူညီတဲ့ သွေးမျိုးနွယ် နိုးထလာတာကြီးဟ။ အတိအကျပဲ။ သေချာတယ်။ နတ်ဆိုး စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတာနဲ့ တစ်ပုံစံတည်းပဲ။” ကြီးမားတဲ့ အနက်ရောင် ရွှေတောင်ပံကြီးကို မြင်ချိန်မှာ ဧကရာဇ်ယွင် မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ အထိတ်တလန့် ဖြစ်နေခဲ့တော့တယ်။

အပိုင်း (၉၂၄) ပြီး၏။

အပိုင်း (၉၂၅)

“အံ့သြစရာ လျှို့ဝှက်ချက်ကြီး။”

ဝူး။ ကြမ်းတမ်းတဲ့ လေလှိုင်းကြီး တစ်ခုက တောင်ပံကြီးတွေ အပြည့်အ၀ ဖြန့်လိုက်ချိန်မှာပဲ ပေါ်ထွက် လာတော့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက နတ်ဆိုး သခင်နဲ့ အတူ ကောင်းကင် ပေါ်ကို ထိုးတက်သွားတယ်။

ဒီမြင်ကွင်းက အောက်မှာ ရှိနေတဲ့ နတ်ဆိုး စစ်သည်တော်တွေကို အထိတ်တလန့် ဖြစ်သွား စေခဲ့တယ်။ အင်အားကြီး လေလှိုင်း ဖိအားတွေက တောင်ကြီး တစ်တောင်လို သူတို့ပေါ်ကို ကျရောက် လာခဲ့တယ်။ အဲ့ဒီ့နောက် ထိတ်လန့်စရာ မြင်ကွင်းကို မြင်လိုက် ရတော့တယ်။

ဖန်ကျန်းရှီက သူ့ဓားကို မြှောက်ကိုင် လိုက်ချိန်မှာ လမင်းလို တောက်ပတဲ့ ငွေရောင်ဖြာ အလင်းတန်း တစ်ခုက ထွက်ပေါ် လာခဲ့တယ်။ အဲ့ဒီ့နောက် ငွေရောင် အလင်းတန်းက ကောင်းကင်ကို ထိုးတက်တယ်။

မူး။ နဂါးအော်သံကြီးက အရမ်းကို ကျယ်လောင်လွန်းတယ်။ ကြီးမားလွန်းတဲ့ ငွေရောင် နဂါးကြီးရဲ့ ခန္ဒာကိုယ်မှာ အကြေးခွံတွေက အထင်းသား။ နတ်ဆိုး ခန်းမမှာ ပေါ်လာခဲ့တဲ့ နဂါးာကီးထက် အများကြီး ပိုကြီးမား တုတ်ခိုင်တယ်။ ဒါ့အပြင် အရေးအကြီးဆုံး ကတော့ ငွေနဂါးကြီးရဲ့ ကျောပေါ်မှာ ကြီးမားတဲ့ အနက်ရောင် တောင်ပံ တစ်စုံ ရှိနေ ခဲ့တာပဲ။

ဝုန်း။ ငွေရောင် နဂါးကြီး မြေပြင်ပေါ်ကို ဆင်းသက်လာတယ်။ သွေးအရိပ် မြို့တော်ပေါ် ရောက်ရှိ လာပြီး မြို့တံခါးကို လျှပ်စီး လက်သလို အရှိန်နှုန်းနဲ့ ပျံသန်းတော့တယ်။ လမ်းတစ်လျှောက်လုံးမှာ ငွေရောင် စီးကြောင်းကြီးက ကျန်ရစ် နေခဲ့တယ်။

အဲ့ဒီ့နောက် သွေးအရိပ် မြို့တော်ကြီး တစ်ခုလုံး၊ ကျောက်တုံးအိမ်တွေ အပါအဝင် လှုပ်ရမ်း သွားတယ်။ မြို့ကြီး တစ်ခုလုံး တစ်လက်မ တိတိ မြေပြင်ထဲကို ကျွံဝင် သွားတယ်။

ဂျိန်း။ အရမ်းကို ကြီးမား နက်ရှိုင်းတဲ့ အက်ကွဲကြောင်းကြီးက ငွေရောင် အလင်းတန်း ဖြတ်သွားရာ လမ်း တစ်လျှောက်လုံးမှာ သပ်သပ် ရပ်ရပ်နဲ့ ပေါ်လာခဲ့တော့တယ်။ မြို့တံခါးဆီကို ချက်ခြင်း ရောက်ရှိ သွားတယ်။ သွေးအရိပ် မြို့တော်ရဲ့ မဟူရာ ကျောက်တုံး ဂိတ်တံခါးကြီးလဲ နှစ်ခြမ်း ကွဲပြီး ပြိုလဲ သွားတော့တယ်။

“မုန့်ထျန်း။ မင်း။” ဧကရာဇ်ယွင် အသက်ပြင်းပြင်း ရှူလိုက်ရင်း မြေပြင်က အက်ကွဲကြောင်းကြီးကို ကြည့်နေခဲ့တယ်။ သူအတော့်ကို ဒေါသ ထွက်နေခဲ့ပြီ။

“အားနာပါတယ်။ မဟူရာ ရွှေတောင်ပံကို ဝတ်လိုက်ရတာ နည်းနည်း စိတ်လှုပ်ရှား နေလို့။” ဖန်ကျန်းရှီ ပြုံးလိုက်ရင်း ဓားကျိုးကို ပြစ်ချလိုက်တယ်။

အောက်ဘက်မှာ ရှိနေတဲ့ နတ်ဆိုး စစ်သည်တော်တွေ ကတော့ မြေပြင်မှာ ရပ်ရင်း ကြက်သေသေ နေကြတယ်။

အကယ်၍ နတ်ဆိုး စစ်သည်တော်တွေရဲ့ အခု ခံစားချက်ကိုသာ စကားလုံးနဲ့ ဖော်ပြလို့ ရခဲ့ရင်တော့

“အမေ သား အိမ်ပြန်ချင်တယ်။” လို့ ထွက်လာမှာပဲ။

“…”

လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက သွေးအရိပ် မြို့တော်ကို သုခမိန် စစ်နတ် မုန့်ထျန်း တိုက်ခိုက်ခဲ့တယ်။ နတ်ဆိုးသခင် စစ်ခုန်ကို သတ်ပြီးတော့ ထာဝရ မပျက်သုန်းတဲ့ အရိပ် တစ်ခုကို ချန်ရစ် ခဲ့တယ်။ ဒီနေ့မှာတော့ ဂိတ်တံခါးကို စောင့်ကြပ် နေတဲ့ စစ်သည်တော်တွေ အားလုံး နတ်ဘုရား ဆိုတဲ့ ဖြစ်တည်မှုကို ကောင်းကောင်းကြီး ကြုံတွေ့ လိုက်ရပြီ။

လွန်ခဲ့တဲ့ နှစ်တစ်ရာက တိုက်ပွဲကြီး ပြန်ဖြစ်လာ သလိုပဲ။ အထူးသဖြင့် ဖန်ကျန်းရှီနဲ့ နတ်ဆိုး သခင် ကောင်းကင်ပေါ် ပျံတက်သွားတာကို မြင်ရချိန်မှာပေါ့။ ဖန်ကျန်းရှီရဲ့ မျက်နှာကို ဖုံးအုပ်ထားတဲ့ (နတ်ဘုရား) စာလုံးပါ အနက်ရောင် အဝတ်စကြီးက သူတို့ စိတ်ထဲမှာ မှတ်မှတ် ထင်ထင် ကျန်ရစ် နေခဲ့တော့တယ်။

“မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်း။”

“သူက တကယ့်ကို နတ်ဘုရား အစစ်ပဲ။”

“…”

နတ်ဆိုး စစ်သည်တော်တွေ ဆက်လုပ်ရမယ့် အလုပ်ကတော့ ကောင်းကောင်း ခုခံ ထားဖို့ပဲ။ ဒါပေမယ့် မုန့်ထျန်းက သူတို့ ရှေ့မှာ ဒီလို ပုံစံနဲ့ ပေါ်လာမှတော့ ဘယ်လိုများ ခုခံ နိုင်တော့မှာလဲ။

စွမ်းအား ကွာခြားချက်က ကြီးမားလွန်းလို့ သူတို့တွေ ပြန်မတိုက်ခိုက် နိုင်ခဲ့ကြဘူး။

…

ဖန်ကျန်းရှီက နတ်ဆိုး စစ်သည်တော်တွေ တွေးနေတာကို ဂရုမစိုက် ခဲ့ဘူး။ သူက ငှက်လူသား ဖြစ်သွားသလို ခံစား နေရတယ်လေ။

မဟူရာ ရွှေအတောင်ပံက သူ့ခန္ဒာကိုယ်နဲ့ ပေါင်းစပ် သွားချိန်မှာတော့ ခန္ဒာကိုယ်ထဲက စွမ်းအားတွေ ရုတ်ချည်း တိုးလာတော့တယ်။ အရမ်းကို အင်အား ကြီးမား လာလွန်းလို့ နတ်ဆိုးတွေ မိစ္ဆာတွေကိုတောင် ယှဉ်ပြိုင် နိုင်တော့ မလိုပဲ။ မိစ္ဆာတွေနဲ့ တသားတည်း ဖြစ်သွားသလို ခံစား ရတယ်လို့တောင် ပြောနိုင်တယ်။

မဟူရာ ရွှေတောင်ပံ ဒါက နတ်ဆိုး သခင်ရဲ့ တန်ဖိုး အကြီးဆုံး ရတနာလား။

ဖန်ကျန်းရှီက အရင် နှစ်တွေမှာ ရတနာတွေကို ရှာဖွေ ခဲ့တယ်။ ဒါပေမယ့် ရှေးဟောင်း ပစ္စည်းနဲ့ ငွေတွေပဲ တွေ့တယ်။ ဒီလို တန်ဖိုး တကယ်ကြီးမားတဲ့ ရတနာမျိုး အများကြီး မရှိခဲ့ဘူး။

ခြေရာမဲ့ဓား ကတော့ တုနှိုင်းမဲ့ ရတနာပဲ။ အဲ့ဒီ့နောက် အဆုံးမဲ့လောက။ ကျန်နေတာက အိပ်မွေ့ချ မျက်ဝန်း။ သေရှင် တံခါးနဲ့ တခြားဟာတွေပဲ။

ဒါ့အပြင် ကောင်းကင် တာအို ခန်းမ တိုက်ပွဲမှာ သေရှင် တံခါးကို ဆုံးရှုံး ခဲ့ရတယ်။ ဒါ့အပြင် တောင်စဉ် ကိုးသွယ်က ယူလာပြီး ဘယ်လို သုံးရမယ်မှန်း မသိတဲ့ သုံးချောင်းထောက် အိုးကြီးနဲ့ လင်းယွမ် မျှော်စင်က ငါးရောင်ခြယ် ပန်းပွင့်လဲ ရှိတယ်။ ဒါတွေက အကုန်တော့ မဟုတ်သေးဘူး။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၂၆ချပ်။ အစပိုင်းတုန်းက သူ့မှာ ၂၃ ချပ်ပဲ ရှိခဲ့တယ်။ ယွင်ချင်းဝူရဲ့ လည်ဆွဲ ထဲကနေ နောက်ထပ် သုံးခုကို သူရှာတွေ့ ခဲ့တယ်။

ဒါက မများဘူး မဟုတ်လား။

အနည်းဆုံးတော့ ဖန်ကျန်းရှီ အတွေးထဲမှာ မများဘူး။ သူ့အတွက်တော့ မရေမတွက် နိုင်တဲ့ ရတနာတွေ ရှိနေရင်တောင် များတယ်လို့ မဆိုသာဘူး။ နောက်ထပ် ရာချီ ထောင်ချီ ထပ်စု ချင်သေးတယ်။ နေစမ်းပါအုန်း။

မဟူရာ ရွှေတောင်ပံ။ တူညီတဲ့ သွေးမျိုးနွယ်။

သူအရင်တုန်းက မြင်ခဲ့ဖူးတဲ့ ရတနာတွေကို တွေးရင်း ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ ရုတ်တရက် ကျဉ်းမြောင်း သွားခဲ့တယ်။ ပင်းယန် လက်ထဲမှာ ရှိတဲ့ ရဲရဲတောက် ချီလင်လှံ။ ဧကရာဇ် လင်းမုပိုင်ရဲ့ နဂါးစိမ်း မျက်လုံး ။

သွေးမျိုးနွယ်။ ကြည့်ရတာ ချီလင်လှံရဲ့ ထိပ်ဖျားမှာ ရှိနေတဲ့ ရွှေရောင် သွေးစက်ကို ပြောချင်တာ ဖြစ်နိုင်တယ်။

နဂါးစိမ်း မျက်လုံးက ဧကရာဇ် လင်းမုပိုင်ကို ကာကွယ်ဖို့ သုံးတယ်။ ဒါကို သုံးလိုက်တာနဲ့ အထဲက နဂါးသွေး အစစ်ကို ခံစား နိုင်လိမ့်မယ်။ ဒါ့အပြင် ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ ဓားမှာလဲ အဲ့ဒီ့လို သွေးရှိတယ်။ ခရမ်းရောင် သွေးစက် တစ်စက်။

ရတနာတွေနဲ့ သွေးမျိုးနွယ်တွေ။ ရုတ်တရက် လျှို့ဝှက်ချက်တွေ အများကြီးကို ဖန်ကျန်းရှီ နားလည် သွားသလို ခံစား လိုက်ရတယ်။ ဒီရတနာတွေ အားလုံး တစ်ခုနဲ့ တစ်ခု ချိတ်ဆက် နေတယ် ဆိုတာ တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး မဟုတ် လား။

“ကြည့်ရတာ လောကကြီးမှာ မမြင်ရတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပုံပဲ။” ဖန်ကျန်းရှီ ရဲရဲတင်းတင်းကြီးကို ခန့်မှန်း လိုက်တယ်။ ဒီရတနာတွေ ပေါ်မှာ ရှိနေတဲ့ သွေးတွေက ဧကရာဇ်ယန် ဧကရာဇ်ဟွမ်နဲ့ သက်ဆိုင် နေတဲ့ အပြင် မိစ္ဆာ ဧကရာဇ်နဲ့လဲ ပတ်သက် နေလိမ့်မယ်။

ဒါကြောင့် ကန့်လန့်ကာ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို အဖြေရှာ နိုင်ဖို့ အတွက် သူ့ကိုသူ စတေးရင်း သွေးမျိုးနွယ် ရတနာတွေကို ပိုပြီး စုဆောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ သေချာ လေ့လာ ရမယ်။

ဒါပေမယ့် အခုက ဒါတွေ လုပ်ဖို့ အချိန် မကျသေးဘူး။ တောင်ပိုင်း ဒေသ နယ်မြေ အကြီးအကဲတွေနဲ့ ရှန်းယွီကို ထောင်ချီတဲ့ နတ်ဆိုး စစ်သည်တော်တွေ ဝန်းရံထားတာ သူမြင် လိုက်ရတယ်။

ဒါပေမယ့် ဒါတွေက ကိစ္စ မရှိတော့ဘူး။ နောက်ဆုံးတော့လဲ သူက ငှက်လူသား ဖြစ်နေခဲ့ပြီ။ မဖြတ်ကျော်နိုင်မှာကို ဘာကြောင့်များ စိုးရိမ်စ ရာ လိုတော့မှာလဲ။

“ငါ့ကို တားဆီးတဲ့ ဘယ်သူမဆို သေရလိမ့်မယ်။” ဖန်ကျန်းရှီ ဒီလို စကားမျိုး ပြောတာ ရှားတယ်။ အခုကတော့ မုန့်ထျန်း အဖြစ် ဟန်ဆောင် နေတာလေ။ ဒီတော့ မုန့်ထျန်း လုပ်သလို လုပ်ရမှာပဲ။

အနည်းဆုံးတော့ သြဇာတိက္ကမ ရှိပြီး ခြိမ်းခြောက်နိုင်စွမ်း ကောင်းရမယ်။

အံ့သြစရာ ကောင်းတာကတော့ သူ့စိတ်ထဲမှာ ရှိတဲ့ စကားက ထွက်မလာပဲ ထူးဆန်းတဲ့ အသံကြီး ထွက်လာတာပဲ။

“ယိုး။”

“.”

“အဲ့တာ မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်းပဲ။”

“အရှင် နတ်ဆိုးသခင်။”

“သူတို့က ငါတို့ အနားကို ကပ်လာနေပြီ။”

ဖန်ကျန်းရှီနဲ့ နတ်ဆိုး သခင်က သူတို့ အနားကို ကပ်လာခဲ့တဲ့ အတွက် နတ်ဆိုး စစ်သည်တော်တွေ အားလုံးရဲ့ အမူအယာက ပြောင်းလဲ သွားတော့တယ်။ သူတို့တွေ ဘာလုပ် ရမယ်မှန်း မသိတော့ဘူး။

အပြင်ဘက် မြို့တံခါးမှာ ရှိနေတဲ့ မုန့်ထျန်းက အတုမှန်း သူတို့ အားလုံး အချက်ပြမှုကြောင့် သိခဲ့ရတယ်။ အခုလို ချဉ်းကပ် တိုက်ခိုက် ရဲတာကလဲ အတု ဖြစ်နေလို့ပဲ။

ဒါပေမယ့် မုန့်ထျန်း အစစ်က သူတို့ ရှေ့မှာ ပေါ်လာတဲ့ အပြင် နတ်ဆိုး သခင်ကိုလဲ လက်ထဲမှာ ချီမ လာသေးတယ်။ ဘယ်လိုလုပ် မအံ့သြ မကြောက်ရွံ့ပဲ နေမှာလဲ။

“ဆရာကြီး။” ရှန်းယွီက ဂိတ်တံခါးကို ခွဲပြစ်ပြီး ဖန်ကျန်းရှီ ပျံသန်း လာတာကို မြင်ပြီးသား။ အတူတူ ပါလာတဲ့ နတ်ဆိုး သခင်ကို မြင်ချိန်မှာတော့ သူမ တကယ့်ကို လန့် သွားတော့တယ်။ “ဆရာကြီး မုန့်ထျန်းက တကယ်ပဲ ဒီလို လုပ်နိုင် ခဲ့တာလား။”

“တောင်ပိုင်း ဧကရီ။ မင်းပျော်နေရဲ့လား။” ဖန်ကျန်းရှီက ရှန်းယွီကို လှောင်ပြုံးပြုံး ပြရင်း မေးလိုက်တယ်။

“ပျော်တာလား။” ရှန်းယွီ မျက်လုံး ပြူးသွားတယ်။ အခု ဖြစ်သွားတဲ့ ကိစ္စတွေ ရောက်နေတဲ့ နေရာတွေနဲ့ (အပျော်) ဆိုတဲ့ စကားက မသက်ဆိုင် ခဲ့ဘူး။ ဖန်ကျန်းရှီ ဆင်းသက် လာပြီးတဲ့နောက် စစ်သည်တော်တွေ အားလုံးက နောက်ဆုတ် သွားခဲ့တဲ့ အပြင် လှံတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထား ခဲ့ကြတယ်။

“အရှင် နတ်ဆိုး သခင်။”

“မုန့်ထျန်း။ အရှင် နတ်ဆိုး သခင်ကို လွှတ်လိုက်။”

“တိုက်ခိုက်ကြ။ နတ်ဆိုး သခင်ကို ကယ်တင်။”

“ထွက်သွားကြစမ်း။” ဧကရာဇ်ယွင်ရဲ့ အသံက စစ်သည်တော်တွေရဲ့ အော်ဟစ်သံကို ဖုံးလွှမ်း သွားခဲ့တယ်။ သူ့ရဲ့ နှုတ်ခမ်းတွေက တုန်ယင် နေခဲ့ပေမယ့်၊ အံကြိတ်ရင်း ပြောတယ်။ “မင်းတို့ အားလုံးက သတ္တိရှိ ရဲရင့်သူတွေမှန်း ငါသိတယ်။ ဒါပေမယ့် စတေး မနေကြနဲ့။ နောက်ပြန်လှည့်ကြ။ သွေးအရိပ် မြို့တော်ကြီးကို ပြန်တည်ဆောက်။ နတ်ဆိုး မျိုးနွယ်ရဲ့ အနာဂတ်ကို မင်းတို့ လက်ထဲ ငါအပ်ခဲ့မယ်။”

“အရှင် နတ်ဆိုး သခင်။”

“ကျွန်တော်တို့။”

“..”

သူ့ရဲ့ စကားကို ကြားချိန်မှာ နတ်ဆိုး စစ်သည်တော် တစ်ယောက်ချင်းစီတိုင်း တုန်လှုပ် သွားခဲ့တယ်။ တစ်ချို့တွေကတော့ မျက်ရည်တောင် ဝဲနေခဲ့ပြီ။ ရှန်းယွီနဲ့ တခြား နယ်မြေ အကြီးအကဲ တွေရဲ့ ခန္ဒာကိုယ်ကတော့ တောင့်တင်း ်နေခဲ့တယ်။ နတ်ဆိုး အရှင်သခင်နဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ဘာတွေ ဖြစ်ခဲ့မှန်း မတွေးနိုင် ခဲ့ဘူး။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ ရှင်းပြဖို့ စိတ်ကူး မရှိ။

“အမ်။ တောင်ပိုင်း ဧကရီ။ ငါမင်းကို မေးခွန်း တစ်ခု မေးလို့ရမလား။ တောင်ပိုင်း ဒေသမှာ ရတနာတွေ ရှိလား။ ငါဆိုလို ချင်တာက မဟူရာ ရွှေအတောင်ပံနဲ့ တူတဲ့ ရတနာမျိုး။ မင်း ငါဆိုလို ချင်တာကို နားလည်လား။” ဖန်ကျန်းရှီက သူ့နောက်ကျောမှာ ရှိနေတဲ့ မဟူရာ ရွှေအတောင်ပံကို ညွှန်ပြရင်း ပြောလိုက်တယ်။

“မဟူရာ ရွှေအတောင်ပံနဲ့ တူညီတဲ့ ရတနာလား။” ရှန်းယွီရဲ့ အမူအယာက တောင့်တင်း သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ မေးခွန်းကို သူမ ဘယ်လို ပြန်ဖြေ ရမလဲ မသိဘူး။ ရှိတယ်လို့ ဖြေရမလား။ ဒါပေမယ့် တောင်ပိုင်း ဒေသမှာ ပျံသန်းလို့ ရတဲ့ ရတနာမှ မရှိပဲ။ မရှိဘူးလို့ ဖြေပြန်ရင်လဲ မသင့်တော်ဘူး။

ဒါ့အပြင် ဆရာကြီး မုန့်ထျန်းက သွေးအရိပ် မြို့တော်ကို တစ်ခေါက် သွားပြီးတာနဲ့ ရတနာတွေကို ဒီလောက်ထိ စိတ်ဝင်စား လာတာ ဘာကြောင့်များလဲ။ ရှန်းယွီ နားမလည် နိုင်ခဲ့ဘူး။

“မရှိဘူး တကယ်လား။ တောင်ပိုင်းဒေသက ဒီလောက်တောင် ကျယ်နေတာ ဒီလို ရတနာ မရှိဘူးပေါ့။” ရှန်းယွီ တိတ်ဆိတ် နေတာကို ကြည့်ရင်း ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်ပျက် သွားမိတယ်။

“ဒါ ဒါက တောင်ပိုင်း ဒေသမှာ ရတနာတွေ အများကြီး ရှိပါတယ်။” ဖန်ကျန်းရှီ စိတ်ပျက်ရိပ် သမ်းသွားတာကို မြင်ချိန်မှာ ရှန်းယွီ အံကြိတ်ရင်း ပြောတယ်။

“တကယ်လား။ ဘာတွေလဲ။” ဖန်ကျန်းရှီ စိတ်လှုပ်ရှား လာခဲ့တယ်။

“ရွှေတွင်းတွေပါ။ တောင်ပိုင်း ဒေသမှာ ရွှေတွင်းတွေ အများကြီး ရှိတယ်။”

“ရွှေတွင်းတွေ တဲ့လား။ အဲ့တာ ငါ့ဟာတွေ မဟုတ်။” ရှန်းယွီ စကားကို ဖြတ်ပြော မိတော့မယ့် အချိန်မှာပဲ သူ့ကိုယ်သူ ပြန်ထိန်းချုပ် လိုက်တယ်။ “အမ်။ ငါပြောချင်တာ သာမန် ရွှေတွင်းလေးတွေက ငါ့လို နတ်ဘုရား အတွက် ဘယ်လို သင့်တော် နိုင်မှာလဲ။”

“သာမန်။ မှန်ပါတယ်။ ဆရာကြီး အတွက်တော့ ရွှေတွင်းဆိုတာ သာမန်ပါပဲ။ ဒါပေမယ့် သူကတော့ အရမ်းကြိုက်တာ။ ကျွန်မ ပြောဖို့ မေ့သွားတာ တစ်ခု ရှိတယ်။ တောင်ပိုင်း ဒေသမှာ ရှိတဲ့ ရွှေတွင်း ဆယ်ခုကို သူပိုင်တယ်။ ဒါပေမယ့် အခုတော့ နတ်ဆိုး မျိုးနွယ်တွေ ကျုးကျော်တာ ခံလိုက် ရပြီ။ သူသာ သိသွားရင်တော့။ သေချာပေါက်။”

“နတ်ဆိုး သခင်။ သူပြောတာကို ကြားတယ် မလား။ မြန်မြန် အမိန့်ချလိုက်။ တောင်ပိုင်း ရွှေတွင်း တွေက နတ်ဆိုး စစ်သည်တော်တွေကို ပြန်လာခိုင်း။ မင်းက သူခိုးလို လုပ်နေတာပဲ။ မင်းသိရဲ့လား။ သူခိုး။” ရှန်းယွီ စကား မဆုံးခင် မှာပဲ ဖန်ကျန်းရှီက နတ်ဆိုး သခင်ကို လှည့်ပြောတယ်။

“…”

“…”

နတ်ဆိုး သခင်ကတော့ မျက်လုံးလေး ကလယ် ကလယ်နဲ့ ရှန်းယွီကို ကြည့်လိုက် မုန့်ထျန်းကို ကြည့်လိုက် ဖြစ်နေခဲ့တယ်။ သူ့နဖူးကနေ ချွေးတွေတောင် စီးကျ နေခဲ့ပြီ။ “အဲ့တာ သာမန်ပဲ မဟုတ်လား။”

“သာမန်။ ဘယ်သူက သာမန်လို့ ပြောလဲ။ အဖိုး မဖြတ်နိုင်တဲ့ ရွှေတွင်းတွေကို သာမန်လို့ မင်းကို ဘယ်သူပြောလဲ။ ငါမေးမယ်။ မင်း အသက် မရှင်ချင်တော့ဘူးလား။”

“..”

လူတွေရဲ့ နှလုံးသားကို မောပန်းစေတဲ့ နာကျင် ခံစားရမှု တစ်မျိုး ရှိတယ်။ ဒါက အခုချိန်မှာ ဧကရာဇ်ယွင် ခံစား နေရတဲ့ ခံစားချက်ပဲ။ သူ့ရဲ့ နှလုံးသားက မောပန်းလွန်းလို့ သေဆုံးတော့ မလိုတောင် ခံစား နေရပြီ။

ဖန်ကျန်းရှီ ပြောသလိုပဲ။ သူ အခုချိန် အထိ သည်းခံ ခဲ့ပြီးပြီ။ အကယ်၍ သူသာ အသတ် ခံရရင်၊ သည်းခံ ခဲ့ရသမျှ အားလုံး အလဟသတ် ဖြစ်သွားမှာပဲ။

“အမိန့်ချလိုက်။ နတ်ဆိုး စစ်သည်တော်တွေ အားလုံး တောင်ပိုင်းဒေသ ရွှေတွင်းတွေဆီကနေ ဆုတ်ခွာကြ။”

“အမိန့် အတိုင်းပါ။”

နတ်ဆိုး စစ်သည်တော်တွေ အားလုံး ပြန်ဖြေ ကြတယ်။ ဒါကို ကြားချိန်မှာတော့ သူ့ကို မျှော်လင့် တကြီး ကြည့်နေခဲ့တဲ့ ရှန်းယွီကို မျက်စ ပြစ်လိုက်တယ်။ ရှန်းယွီက တောင်ပိုင်း ဒေသရဲ့ ဧကရီ။ အကယ်၍ တောင်ပိုင်း ဒေသသာ သူမ အပိုင် မဟုတ်တော့ရင် ဧကရီ ဖြစ်နိုင် အုန်းမှာလား။ ဖန်ကျန်းရှီ မသေချာဘူး။

နတ်ဆိုး စစ်သည်တော်တွေက နတ်ဆိုး အရှင်သခင်ရဲ့ အမိန့်ကို နာခံပြီး ပြန်ဆုတ်ခွာ မလား ဆိုတာ သူမသေချာဘူး။ ဒါပေမယ့် တောင်ပိုင်း ဒေသကတော့ နတ်ဆိုးတွေ ပြန်သွားတဲ့ အချိန်မှာ အရင်လို ရှိနေတော့မှာ မဟုတ်လောက်ဘူး။

တည့်တိုး ပြောရရင်၊ နတ်ဆိုး မျိုးနွယ်စုတွေက ဆုတ်ခွာချင်ယောင် ဆောင်ခဲ့ရင်တောင်၊ တောင်ပိုင်း ဒေသက အကာကွယ်မဲ့ နေရာ တစ်ခု ဖြစ်နေ အုန်းမှာပဲ။

သုံးနိုင်ငံခေတ် စာအုပ်ထဲမှာ (ယန်းရှို့ရဲ့ သေဆုံးမှု) ဆိုတဲ့ အပိုင်းက အတိုင်းပဲ။

တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ ချောင်ချောင်က ညဘက်ကြီး (ကြက်တောင်ပံလို့ ခေါ်တဲ့ စကားကို) အမိန့်ချခဲ့တယ်။ အကြံပေး ရန်ရှို့က နောက်ကွယ် ဆိုလိုရင်းကို ချက်ခြင်း နားလည်တယ်။ (အရသာ မရှိ၊ အရှုံးပေး)။ ဒါကို ကြည့်ပြီး ချောင်ချောင် ဆုတ်ခွာသွားမယ်လို့ ယူဆခဲ့တယ်။ ဒါကြောင့် နောက်ဆုံး ဖြစ်လာမယ့် ဆူပူမှုတွေကို ကာကွယ်ဖို့ စောစောစီးစီး ပြင်ဆင် ခဲ့ပေမယ့်၊ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကို သတ်သေပြီး အဆုံးသတ် ခဲ့ရတယ်။

တောင်ပိုင်း ဒေသက တကယ်တော့ (ကြက်တောင်ပံပဲ။)

အကယ်၍ ဖန်ကျန်းရှီသာ နတ်ဆိုး စစ်သည်တော်တွေကို တောင်ပိုင်း ဒေသကနေ ထွက်ခွာဖိုက ဖိအား ပေးခဲ့ရင်၊ ရှန်းယွီက တောင်ပိုင်း ဒေသမှာပဲ ကျန်ရစ် နေခဲ့လိမ့်မယ်။ လက်ရှိ လူအင်အားနဲ့ တောင်ပိုင်း ဒေသရဲ့ စွမ်းဆောင်ရည်က နယ်မြေကို ကာကွယ်ဖို့ မလုံလောက် တော့ဘူး။

“သွားကြစို့။” ရှန်းယွီရဲ့ မျှော်လင့်ချက်ကို လျစ်လျူရှုရင်း ဖန်ကျန်းရှီ ပြောတယ်။

“ဆရာကြီး။ ဆရာကြီး။ တောင်ပိုင်း ဒေသက ကျွန်မရဲ့ ဇာတိပါ။ အဲ့ဒီ့ နေရာမှာပဲ ကြီးပျင်းခဲ့တယ်။ အဖေကလဲ အဲ့ဒီ့ နယ်မြေမှာ သင့်တော် မြုပ်နှံ မခံရ သေးပါဘူး။ တောင်းပန်ပါတယ်။ ဆရာကြီး ကျေးဇူးပြုပြီး။” ရှန်းယွီ ဒူးထောက်ဖို့ ပြင်လိုက်တယ်။

“ခန္ဒာကိုယ်ကို ရောင်းပြီး အဖေ့ကို မြုပ်နှံတယ်။ ဒါကို ကြားဖူးလား တောင်ပိုင်း ဧကရီ။” ဖန်ကျန်းရှီ လက်ကို ဆန့်တန်းရင်း ရှန်းယွီကို တားမြစ်လိုက်တယ်။

ဒါပေါ့။ ဒီစကားကို ပြောနေတဲ့ အချိန် ရှန်းယွီကို ခေါင်းအစ ခြေအဆုံး ကြည့်နေခဲ့တယ်။

အပိုင်း (၉၂၅) ပြီး၏။

အပိုင်း (၉၂၆)

“အရေအတွက် နည်းပါးပေမယ့် အနိုင်ယူနိုင်တယ်။”

ရှေးဟောင်း ဆိုရိုးစကား တစ်ခု ရှိသလိုပဲ။ (ခုရှုပ်မှ နောင်ရှင်း။ အခုချိန်မှာ ကိစ္စတွေကို ဖျန်ဖြေထားရင်၊ နောင်တစ်ချိန် ပဋိပက္ခတွေကို ရှင်းရတာ ပိုပြီး လွယ်ကူလိမ့်မယ်။)

ဖန်ကျန်းရှီက အညံ့ခံ အရှုံးပေး ရတာကို မကြိုက်ဘူး။ သူက အဲ့ဒီ့လို လူမျိုး မဟုတ်ဘူးလေ။ အညံ့ခံ လိုက်ရင် အရေးနိမ့် သွားလိမ့်မယ်။ ဒါကြောင့် အားသာချက် ရှိအောင် အမြဲတမ်း အပေါ်စီးမှာပဲ နေတယ်။ ဒါက တိုက်ခိုက်တာ ခုခံတာနဲ့ ဘာမှ မသက်ဆိုင်ဘူး။

အတိုချုံ့ ပြောရရင်၊ တစ်ဆင့်ချင်းစီ သွားပြီးတော့ ရှန်းယွီ တောင်ပိုင်း ဒေသကို လက်လျှော့လာအောင် ဖိအား ပေးဖို့ သူဆုံးဖြတ် ထားတယ်။ ဒါမှပဲ သူမ ကိုယ့်ကိုယ်ကို လုံခြုံအောင် လုပ်လိမ့်မယ်။ ဒါကတော့ ဖန်ကျန်းရှီရဲ့ အစီအစဉ်ပဲ။

ဖန်ကျန်းရှီ ရှန်းယွီကို ညှိနှိုင်းနေတဲ့ အချိန် တစ်ခုမှ မလွတ်အောင် လု်ပနေခဲ့တယ်။ သူမကို ခေါင်းအစ ခြေအဆုံး သေချာကြည့်နေတယ်။ ပစ္စည်းကို စိတ်ကြိုက် ကြည့်နေတဲ့ ဝယ်သူ တစ်ယောက်လိုပဲ။

ဒါကို မြင်တဲ့ နတ်ဆိုး စစ်သည်တော်နဲ့ နတ်ဆိုး အရှင်သခင်ကတော့ အတော့်ကို ဆွံ့အ နေခဲ့တယ်။

ဒါက သုခမိန် စစ်နတ် မုန့်ထျန်းလေ၊ နှစ်ရာချီ သမိုင်း တစ်လျှောက်လုံးမှာ ပထမဆုံး တကယ့် အင်အားကြီး လူသား။ လောကထိပ်တန်း ရောက်ခဲ့သူ။ သူက တကယ့်ကို အရမ်း ယောကျာ်း ပီသတာပဲ။

နတ်ဆိုး စစ်သည်တော်တွေ ထူးဆန်းနေမှန်း သိပေမယ့်၊ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ တကယ့် ရုပ်သွင် အစစ်ကို ဘယ်သူမှ မမြင်ဖူး ခဲ့ဘူး။ ဒီတော့ သုခမိန် စစ်နတ် မုန့်ထျန်း ဘယ်လို ပြုမူတယ်။ ဘယ်လို အမျိုးသမီးမျိုး သူကြိုက်တယ် ဆိုတာကို ဘယ်သူမှ မသိခဲ့ဘူး။

“မုန့်ထျန်း။ မင်းက သုခမိန် စစ်နတ် မုန့်ထျန်း ဖြစ်နေရင်တောင်၊ မ မလုပ်နိုင်။” နယ်မြေ အကြီးအကဲ တစ်ယောက်က နောက်ထပ် သည်းမခံ နိုင်တော့ဘူး။

“မလုပ်ချင်ဘူးလား။ ရတယ်လေ။ နောက်ထပ် မပြောတော့ဘူး။ စကား ပြောတာ ရပ်ပြီး သွားကြစို့။” ဖန်ကျန်းရှီက စိတ်ထဲ မထားဘူး။ ရှန်းယွီကို ကြည့်နေတာ ရပ်လိုက်တော့တယ်။

“နေပါအုန်း။” ရှန်းယွီက နှုတ်ခမ်းတွေကို ကိုက်ထားရင်း မျက်နှာတွေ နီလာခဲ့တယ်။ အရမ်းကို ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချနေတဲ့ ပုံစံ ရှိတယ်။

“ငါ့ကို မြန်မြန် ပြန်ဖြေစရာ မလိုပါဘူး။” ဖန်ကျန်းရှီ သူ့လက်ကို မြှောက်လိုက်ရင်း ရှန်းယွီကို တားလိုက်တယ်။ အဲ့ဒီ့နောက် ဘေးပတ်လည်ကို ကြည့်တယ်။ “တောင်ပိုင်း ဧကရီ အနေနဲ့ ငါ့စကားကို မှတ်ထား သင့်တယ်။ အခြေအနေနဲ့ အချိန် အခါကို နားလည်။ စကားကို စဉ်းစားပြီးပြော။ ဒ့ါအပြင် သေချာ တွေးတောပြီးမှ အဖြေပေးဖို့ ငါမျှော်လင့်ပါတယ်။”

ဖန်ကျန်းရှီ ပြောပြီးတဲ့နောက် ရှန်းယွီ ပြန်ဖြေတာကို မစောင့်တော့ဘူး။ တောင်ပိုင်း ဒေသဆီကို လက်ညှိုးညွှန် လိုက်တယ်။ “တောင်ပိုင်း ဧကရီ။ အခုချိန် ငါတို့ ထွက်မသွားရင်၊ နောက်ထပ် ထွက်သွားလို့ ရမှာ မဟုတ်တော့ဘူး။”

“..” ဖန်ကျန်းရှီရဲ့ အကြည့်ကို မြင်ချိန်မှာ ရှန်းယွီ သူ့စကားတွေကို မျိုချလိုက်တယ်။

နတ်ဆိုး စစ်သည်တော်တွေ ကတော့ သူတို့ကို သူတို့ မိုးကြိုး ပြစ်ခံရသလိုတောင် ထင်နေခဲ့ပြီ။

“အခြေအနေနဲ့ အချိန် အခါကို နားလည်။”

“စကားတွေကို စဉ်းစားပြီးပြော။”

နတ်ဆိုး စစ်သည်တော်တွေက ပြောစရာ စကားတောင် မရှိ ဖြစ်နေခဲ့ပြီ။ သုခမိန် စစ်နတ် မုန့်ထျန်းက ဒီလောက်တောင် မျက်နှာပြောင် တိုက်တယ်လား။

ဖန်ကျန်းရှီရဲ့ စကားကို ကြားပြီး ချိန်မှာ၊ နယ်မြေ အကြီးအကဲ သုံးယောက်လဲ စိတ်ရှုပ်ထွေး နေပုံပဲ။ ဒါပေမယ့် သွေး အရိပ်မြို့တော် တံခါးရှေ့က နေရာ တစ်ခုကို ခပ်မြန်မြန်ပဲ သတိ ထားမိလိုက်တယ်။

နတ်ဆိုး စစ်သည်တော်တွေ အများကြီးက ဂိတ်တံခါးကနေ အပြေး ထွက်လာ နေကြတယ်။ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် နည်းနည်းနဲ့ နတ်ဆိုး အကြီးအကဲ တစ်ချို့လဲ ပါလာကြတယ်။ သူတို့ မျက်လုံး ပြူးသွား ကြတယ်။

“အရှင် ဧကရီ။ သွားကြစို့။”

“ကောင်းပြီ။ သွားပြီးမှ ပြောကြရအောင်။”

တောင်ပိုင်း ဒေသ နယ်မြေ အကြီးအကဲတွေ ပြောလိုက်တယ်။

“အကြီးအကဲ။ ကိုယ့်စကားတွေကို ကိုယ် သတိထားဖို့ မျှော်လင့်ပါတယ်။” ရှန်းယွီက တံခါး အပြင်ကို ကြည့်ရင်း တောင်ပိုင်း ဒေသဘက်ကို ပြေးနေခဲ့တယ်။

“ငါ့စကားတွေကို သတိထားရမယ် ဟုတ်စ။” ဖန်ကျန်းရှီက ရှန်းယွီကို နောက်ကနေ ကြည့်ရင်း ခါးသက်သက် ပြုံးလိုက်တယ်။

“ရှန်းယွီ။ ဒီကောင်မလေး ကတော့လေ တကယ့်ကို ခေါင်းမာတာပဲ။ အကယ်၍ ငါသာ သူ့ကို လှည့်စားပြီး ခန္ဒာကိုယ်ကို ရောင်းဖို့ စာချုပ် ချုပ်ခိုင်းလိုက်ရင်၊ ငါဘယ်သူမှန်း သိသွားတာနဲ့ ငါ့ကို တန်းသတ်မလားပဲ။”

…

၂ရက် ကြာပြီးနောက် ညနေစောင်း တစ်ခုမှာ ရွှေရောင် အလင်းတန်းတွေ တောက်ပနေတဲ့ သားရဲကောင် နှစ်ကောင်က သွေးအရိပ် မြို့တော်ကို ရောက်ရှိ လာခဲ့တယ်။ သူတို့ရဲ့ အမြီးရှည်တွေက ဂိတ်တံခါးပေါ်မှာ ရှိတဲ့ ကျောက်တုံးတွေ ပေါ်ကို ကျနေခဲ့တယ်။

ရွှေအမွှေး နတ်မီးငှက်တွေ။

ကောင်းကင်ရဲ့ ဘုရင်၊ အတောင်ပံ တစ်ချက် ခတ်ရုံနဲ့ မိုင်တစ်ထောင်ကို ဖြတ်သန်းနိုင်တယ်။

“အရှင်သခင်ငယ်။”

“နတ်ဆိုး နတ်သခင်။”

ဂိတ်တံခါးကို ပြင်ဆင်နေကြတဲ့ နတ်ဆိုး စစ်သည်တော်တွေ အဖြူနဲ့ အမည်း လူနှစ်ယောက်ကို မြင်ချိန်မှာတော့ ဒူးထောက် လိုက်ကြတော့တယ်။

အဲ့ဒီ့နောက် နတ်ဆိုး မျိုးနွယ် အကြီးအကဲတွေ ဦးဆောင်လာတဲ့ အဖွဲ့ တစ်ဖွဲ့က ဂိတ်တံခါးဆီကို ရောက်လာတော့တယ်။

“အရှင် သခင်ငယ်။ ကျွန်တော် အကောင်းဆုံး မကာကွယ် နိုင်ခဲ့ပါဘူး။ ကျွန်တော့်ကို အပြစ်ပေးပါ။”

“ငါ့ခမည်းတော်ရော ဘယ်မှာလဲ။” နှစ်ခြမ်းကွဲသွားတဲ့ ဂိတ်တံခါးကို တစ်ချက် မကြည့်ပဲ ပြိုကွဲနေတဲ့ နတ်ဆိုး နန်းတော်ကိုသာ ကြည့်နေခဲ့တယ်။

ကောင်းကင်ကနေ ဆင်းသက် လာချိန်တည်းက နတ်ဆိုး နန်းတော်ရဲ့ အခြေအနေကို သတိမထားမိပဲ နေမလား။ နှစ်ရက်အတွင်း မအိပ်မနေ အလုပ် လုပ်ပြီး အမြန် ပြန်လာ ခဲ့တာတောင် ဒီလို အဖြစ်မျိုး ဖြစ်သေးတယ်။

“နတ်ဆိုး အရှင်သခင်က။”

“ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

“အရှင်သခင်ငယ်။ နတ်ဆိုး အရှင်သခင်ကို မုန့်ထျန်း ဖမ်း သွားပါပြီ။”

အကြီးအကဲနဲ့ ခေါင်းဆောင်တွေ ဘယ်သူမှ ယွင်ချင်းဝူကို မကြည့်ဝံ့ကြဘူး။

“မုန့်ထျန်း။ ခမည်းတော်ကို မုန့်ထျန်းက ဖမ်းသွားတယ်။” ယွင်ချင်းဝူ တစ်ချက် တုန်ယင်သွားတယ်။ သူမရဲ့ အမူအယာလဲ ပြောင်းလဲ သွားတယ်။ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် မထိန်းချုပ် နိုင်ခဲ့ဘူး။

“အရှင်သခင်ငယ်။ ငါအခု လိုက်ဖမ်း လိုက်မယ်။ နတ်ဆိုး အရှင်သခင်ကို ပြန်ခေါ် လာနိုင်မှာ သေချာတယ်။” လင်းယွိ ပြောတယ်။

“မဟုတ်ဘူး။ ၂ရက်တောင် ရှိသွားပြီ။ သူ့ကို ပြန်ရဖို့ မဖြစ်နိုင်ဘူး။” ဂိတ်တံခါးကြီးရဲ့ အက်ကွဲရာကို ကြည့်ရင်း ယွင်ချင်းဝူ ဆက်ပြောတယ်။ “မုန့်ထျန်း သူ တစ်ခုခု ပြောသွားသေးလား။ ဒါမှမဟုတ် သဘောတူညီချက် လုပ်သွား လား။”

“ဒါ”

“လုပ်ခဲ့တယ် မထင်ဘူး။”

“တောင်ပိုင်း ဒေသရဲ့ ရွှေတွင်းတွေကို မထိဖို့ပဲ မှာသွားပါတယ်။ တခြား ဘာမှ မပြောပါဘူး။”

တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးတဲ့နောက် နတ်ဆိုး ခေါင်းဆောင်နဲ့ အကြီးအကဲတွေ ခေါင်းခါ ကြတော့တယ်။

“တောင်ပိုင်း ဒေသရဲ့ ရွှေတွင်းတွေကို မထိရဘူးလား။” ယွင်ချင်းဝူ မျက်မှောင်ကြုတ်သွားတယ်။ ရွှေရောင် နတ်မီးငှက်ရဲ့ ကျောပေါ်ကနေ ပြုတ်ကျတော့ မလို ဖြစ်သွားခဲ့တယ်။

“အရှင် သခင်ငယ်က ၂ရက် တိတိ မအိပ်ရသေးဘူး။ အရင်ဆုံး အနားယူသင့်ပါတယ်။” ဒါကို မြင်ချိန်မှာ လင်းယွိက သူမ အနားကို လျှောက်လာခဲ့တယ်။ ဒါပေမယ့် မထိခဲ့ဘူး။

“ရတယ်။” ယွင်ချင်းဝူ ခေါင်းခါရင်း အောက်ဘက်က အကြီးအကဲတွေကို ကြည့်လိုက်တယ်။ “မျိုးနွယ် ခေါင်းဆောင်ယဉ်ရော ဘယ်မှာလဲ။ ဘာဖြစ်လို့ မတွေ့တာလဲ။”

“အရှင်သခင်ငယ်။ မျိုးနွယ် ခေါင်းဆောင် ယဉ်က ပုန် ပုန်ကန်တဲ့ အတွက် လက်ရှိ ထောင်ကျ နေပါတယ်။” ခေါင်းဆောင်တွေ တစ်ခဏ တွေေ၀ နေပြီးနောက် ဖြေလိုက်ကြတယ်။

“ပုန်ကန်တယ်တဲ့လား။” ယွင်ချင်းဝူ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ့ခေါင်းကို ဖိထားခဲ့တယ်။ အဲ့ဒီ့နောက် သူမရဲ့ မျက်ဝန်းတွေ တောက်ပလာရင်း ပြောတယ်။ “သိပြီ။ ခေါင်းဆောင်ယဉ်ကို ထောင်ထဲမှာ ပြန်သုံးသပ် ခိုင်းထားလိုက်။ ထျန်းယွိကို ယာယီ မြို့စောင့်တပ် ခေါင်းဆောင် အဖြစ် ထားခဲ့မယ်။”

“အမိန့် အတိုင်းပါ။” ခေါင်းဆောင် ထျန်းယွီ ချက်ခြင်း ပြန်ဖြေတယ်။ တခြား အကြီးအကဲ တွေကတော့ စိတ်ရှုပ်ထွေး နေကြတယ်။

ယဉ်တောက်က ယွင်ချင်းဝူ အတော်ကြီး ယုံကြည်တဲ့သူ။ အစောပိုင်း တုန်းက သူတို့ ထင်ထားခဲ့တာ ရှိတယ်။ ယွင်ချင်းဝူ ပြန်လာတာနဲ့ ယဉ်တောက် တစ်ခါတည်း ထောင်ကနေ လွတ်လိမ့်မယ်။ ဒါပေမယ့် ယွင်ချင်းဝူက ဒီလို မလုပ်ခဲ့ဘူး။ ယဉ်တောက်ကို လွှတ်မယ့် အစား ထျန်းယွီကို နေရာ ပေးလိုက်တယ်။

ဘာကြောင့်လဲ။ ဘယ်သူကမှ မတွေးနိုင်ခဲ့ဘူး။

ယွင်ချင်းဝူရဲ့ စိတ်ကို ဘယ်သူမှ နားမလည် ကြပေမယ့်၊ တရား မျှတမှုကိုတော့ အားလုံးက ခံစားမိ ကြတယ်။

“အရှင်သခင်ငယ်က လုံးဝကို အရှင်သခင်ငယ် ပီသတယ်။” ပတ်ဝန်းကျင် နယ်မြေ အကြီးအကဲတွေရဲ့ အမူအယာကို ကြည့်ရင်း နတ်ဆိုး မျိုးနွယ် မဟာ အကြီးအကဲက စကား ပြောနေတာကို ရပ်လိုက်တော့တယ်။

မြို့တံခါးကို ကြည့်နေတဲ့ ထျန်းယွီက အခုချိန်မှာ စကား စပြောတယ်။ “အရှင် သခင်ငယ်။ နတ်ဆိုး အရှင် ရှိတဲ့ နေရာကို ရှာဖွေဖို့ စစ်သည်တော်တွေ လွှတ်လိုက်ရ ပါမလား။”

“မလိုဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။ “မုန့်ထျန်းက ဘယ်လို ကမ်းလှမ်းချက်မှ လုပ်မသွား ပေမယ့်၊ ငါ့ခမည်းတော်ကို ခေါ်သွားမှာတော့ သေချာပေါက် ငါ့ကို လာရှာမှာပဲ။”

“ကျွန်တော်တို့ ဒီမှာ စောင့်နေရမလား။”

“သူက သွေးအရိပ် မြို့တော်ကို ပြန်လာမှာ မဟုတ်ဘူး။ အကယ်၍ ခန့်မှန်းတာ မှန်ရင်၊ မြင့်မြတ် နယ်မြေကို သွားတဲ့ လမ်းမှာ ရှိနေလိမ့်မယ်။” ယွင်ချင်းဝူ ခေါင်းခါ လိုက်ပြန်တယ်။

“မြင့်မြတ် နယ်မြေ ဒီတော့ ကျွန်တော်တို့။”

“အစီအစဉ် မပြောင်းဘူး။” ထျန်းယွီရဲ့ စကားကို ယွင်ချင်းဝူ ဖြတ်ပြောတယ်။ အဲ့ဒီ့နောက် လင်းယွီ ဘက်ကို လှည့်တယ်။ “သွားကြစို့။ မြင့်မြတ်နယ်မြေမှာ သူ့ကို သွားစောင့်မယ်။” “

“အနားယူဖို့ မလိုဘူးလား အရှင်သခင်ငယ်။” ယွင်ချင်းဝူ ဘယ်လောက် ပင်ပန်းနေမှန်း မြင်တဲ့ အတွက် လင်းယွီက ပြောတယ်။

“မလိုအပ်ဘူး။ မြင့်မြတ် နယ်မြေ အစီအစဉ်မှာ ပြင်ဆင် စရာ နည်းနည်း ရှိတယ်။ အရင်ဆုံး ကိစ္စ တစ်ခုကို အတည်ပြုရမယ်။”

“နားလည်ပါပြီ။” လင်းယွီ ချက်ခြင်း ခေါင်းငြိမ့်တယ်။ ထပ်မမေးတော့ဘူး။ ရွှေအမွှေး နတ်မီးငှက်ပေါ်ကို သူပြန်တက်တယ်

ယို့။ စူးရှတဲ့ အသံ ထွက်ပေါ်လာတယ်။ ရွှေအမွှေး နတ်မီးငှက်က အတောင်ပံတွေကို ဖြန့်ကျက်ရင်း ကောင်းကင်ပေါ်ကို တဟုန်ထိုး ပျံသန်းတော့တယ်။ အတောင်ကို တစ်ချက် ခတ်လိုက်တိုင်း ကြမ်းတမ်းတဲ့ အရှိန်အဝါက ကောင်းကင်တစ်ခွင်ကို ပျံ့သွားတယ်။

ယွင်ချင်းဝူကတော့ ခေါင်းမော့ကြည့် နေခဲ့တယ်။ နေက အပြည့်မထွက် သေးဘူး။ ကောင်းကင် တစ်ခွင်လုံး ရွှေနီရောင် တောက်နေခဲ့တယ်။ ဒါပေမယ့် ယွင်ချင်းဝူကတော့ သူ့နှုတ်ခမ်းတွေကို ဖိကိုက်ထား ခဲ့တယ်။

“တကယ်ပဲ မုန့်ထျန်းလား။”

…

ကြီးမြတ်သောရှ နိုင်ငံတော်နဲ့ မြင့်မြတ် နယ်မြေကြားက လမ်းတစ်ခုမှာ ရှိနေတဲ့ ဂူကြီး တစ်လုံး။

ဖန်ကျန်းရှီက ဂူရှေ့မှာ ရပ်ရင်း မနက်ခင်း အရုဏ်ဦး နေရောင်ခြည်ကို ကြည့်နေခဲ့တယ်။ ရှန်းယွီကတော့ ကျောက်တုံးတွေနဲ့ ကမ္မည်းတိုင် တစ်ခုကို ရေးရင်း အုတ်ဂူ တစ်လုံးကို ဆောက်နေခဲ့တယ်။ ကမ္မည်းတိုင်ပေါ်မှာ ထင်ရှားတဲ့ စာလုံးတွေကို ထွင်းထု ထားခဲ့တယ်။

“တောင်ပိုင်း ဘုရင်ရဲ့ ဂူဗိမာန်။”

“အရှင် ဧကရီ။ ဆရာကြီး မုန့်ထျန်းက ကျွင်းကျန်ရစ်တဲ့ ပြာတွေကို ယူခွင့် ပြုခဲ့ပေမယ့်၊ အရှင်က တောင်ပိုင်းရဲ့ ဧကရီ ဖြစ်နေဆဲပါ။ တကယ်ပဲ မုန့်ထျန်းရဲ့ အစေခံ အဖြစ်ခံ မလို့လား။” ဒူးထောက်နေတဲ့ ရှန်းယွီကို ကြည့်ရင်း တောင်ပိုင်း အြ့ီးအကဲ တစ်ချို့က မတ်တပ်ရပ် နေခဲ့တယ်။

“ငါ့ ကတိစကားကို ဖောက်ဖျက်မယ်လို့ ထင်နေကြတာလား။” ရှန်းယွီက မျက်ရည်တွေကို သုတ်ပြစ်ရင်း မေးတယ်။

“..” အကြီးအကဲတွေ တိတ်ဆိတ် သွားပြန်တယ်။ ထောင့်မှာ ချည်နှောင် ထားခံရတဲ့ လင်းကျီကတော့ နတ်ဆိုး အရှင်သခင်ကို လှမ်းကြည့်နေတယ်။

“ဘာမဟုတ်တဲ့ ပြာတွေ အတွက် ကိုယ့်ကိုယ်ကို ကျွန်အဖြစ် ရောင်းလိုက်တယ်ပေါ့။ ဈေးပေါလိုက်တာ။” လင်းကျီ နှာခေါင်းရှုတ်တယ်။

“မိစ္ဆာကြီး လင်းကျီက သူ့ကိုယ်သူ ယွင်ချင်းဝူဆီ ဘယ်လို ရောင်းလိုက်ပြီး ကျွန်ခံနေမှန်းတော့ ငါလဲ သေချာ မသိဘူး။” ဂူပေါက်ဝကနေ အသံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် လူတစ်ယောက် ဂူထဲကို ဝင်လာတော့တယ်။

“မဟုတ် တမ်းတရားတွေ မပြောနဲ့။ ဘယ်တုန်းက ငါ့ကိုယ်ငါ ရောင်းလို့လဲ။” လင်းကျီက ချက်ခြင်း ဆိုသလို အော်ဟစ်တော့တယ်။

“အော် မရောင်းခဲ့ဘူးလား။” ဖန်ကျန်းရှီ ပြောတယ်။

“မရောင်းဘူး။”

“ဒါဆိုရင် ဘာကြောင့်လဲ ငါနားမလည် နိုင်ဘူး။ ယွင်ချင်းဝူလို အားနည်းတဲ့ သူတစ်ယောက်ကို နတ်သခင် အဆင့် ပညာရှင်က ဘာဖြစ်လို့ သစ္စာခံနေတာလဲ။” ဖန်ကျန်းရှီ ပြောတယ်။

“အားနည်းတယ်တဲ့ ဟဟား။” လင်းကျီ ရယ်မောရင်း တွေးနေခဲ့တယ်။ “သုခမိန် စစ်နတ် မုန့်ထျန်းက ကျားစေ့ ဘယ်လို ထိုးရမှန်း သိမသိ ငါမသေချာဘူး။”

“နည်းနည်းပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“အကယ်၍ ငါက ကျားစေ့ ၁၀၀ သုံးပြီး နင့်ကို ၅၀ ပေးရင်၊ ငါ့ကို နိုင်ဖို့ နင်ယုံကြည်ချက် ရှိလား။” လင်းကျီ မေးလိုက်တယ်။

“တစ်ရာနဲ့ ငါးဆယ်လား။” ဖန်ကျန်းရှီ ခဏတာ မျက်လုံး ပြူးသွားပေမယ့် မကြာခင်ပဲ ထိုင်ချ လိုက်တော့တယ်။ “အကယ်၍ ငါ့ပြိုင်ဘက်က မင်းဖြစ်ရင်တော့၊ နိုင်နိုင်ချေ များပါတယ်။”

“ဟဟား။ မုန့်ထျန်းရေ။ ငါတော့ နင့်ကို သဘောတောင် ကျလာပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အတော်ရှိတာပဲ။ ဒါမှမဟုတ် အရှက်မရှိတာလဲ ဖြစ်နိုင်တယ်။” လင်းကျီ ရယ်မောပြန်တယ်။

“ဒါပေမယ့် ကျားစေ့ ၅၀နဲ့ နိုင်ရင်တောင် နင့်စကားကို ငါနားမထောင်ဘူး။ ဧကရီငယ်က ၁၅စေ့ပဲ သုံးခဲ့တယ်။”

“၁၅စေ့တဲ့လား။”

“ဟုတ်တယ်။ ကျားစေ့ ၁၀၀ ကို ၁၅စေ့ တည်းနဲ့ ကျမ်းကောင်းကင်တောင်မှာ အနိုင်ယူခဲ့တယ်။” လင်းကျီက အရမ်းကို အထင်ကြီးနေပုံပဲ။

“၁၀၀ကို ၁၅စေ့တည်းနဲ့ နိုင်တယ်။” နတ်ဘုရား တံခါးကနေ ထွက်လာတဲ့ နတ်သခင် အဆင့် ပညာရှင်တွေ ယွင်ချင်းဝူကို ဘာကြောင့် နာခံ နေမှန်း ဖန်ကျန်းရှီ နားလည် သွားခဲ့ပြီ။

တစ်ပွဲတည်းနဲ့ အနိုင်ပိုင်းလိုက်တယ်။

ဒါက သာမာန်လို ထင်ရပေမယ့်၊ ကြောက်စရာ ကောင်းတဲ့ အကွက်ချ နိုင်စွမ်းနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ဘယ်ကစားသူ မဆို နားလည်နိုင်တယ်။

ဒါပေါ့။ ဖန်ကျန်းရှီလဲ ဒီလို ကစားပွဲက သာမန်မဟုတ်မှန်း သိတာပေါ့။ ဒါက အစီအစဉ် တစ်ခုပဲ။ လူသား နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ်ကြားက တိုက်ပွဲ တစ်ခု။

အရေအတွက် နည်းပါးပေမယ့် အနိုင်ယူနိုင်တယ်။

“ကြည့်ရတာ မင်းက ကျမ်းကောင်းကင်တောင် ကစားပွဲဆီ သွားဖို့ ငါ့ကို ဆွဲဆောင်နေတာပဲ။” ဖန်ကျန်းရှီက လင်းကျီကို ကြည့်လိုက်တယ်။

လင်းကျီရဲ့ ခန္ဒာကိုယ် တုန်ယင်သွားတယ်။ ဖန်ကျန်းရှီ သူ့စိတ်ကို ဖတ်နိုင်တဲ့ အတွက် သူမ နည်းနည်းတော့ အံ့သြ နေတယ်။ မကြာခင်ပဲ ရယ်မောပြန်တယ်။ “နင်မှန်တယ်။ သုခမိန် စစ်နတ် မုန့်ထျန်း သွားဝံ့ရဲ့လား။”

“သွား။ ဒါပေါ့ သွားရမှာပေါ့။ ဒါပေမယ့် မသွားခင် ငါတို့ရဲ့ ကိုယ်ရေး ကိုယ်တာလေးကို အရင်ရှင်းကြစို့။” ဖန်ကျန်းရှီက လင်းကျီကို ကြည့်လိုက်တယ်။

“နင်ငါ့ကို အခွင့်အရေး ယူချင်နေတာလား။” လင်းကျီက ခန္ဒာကိုယ်ကို တွန့်လိမ်ရင်းပြော နေခဲ့တယ်။ သူမ ခုန်ရှောင်မယ့် အစား ရင်ဘတ်ကို ဖန်ကျန်းရှီ အနား ကပ်အောင် လုပ်နေခဲ့တယ်။

အပိုင်း (၉၂၆) ပြီး၏။

အပိုင်း (၉၂၇)

“အိပ်ယာထဲမှာ တော်တယ်။”

“မိန်းမပျက်။” ဖန်ကျန်းရှီ ဆက်မပြောနိုင်ခင် အချိန်မှာပဲ ရှန်းယွီကတော့ တောင့်ခံ မထားနိုင်တော့။

တောင်ပိုင်း ဒေသ လူတွေရဲ့ စိတ်က အရမ်းကို လွတ်လပ်တယ်။ ရှန်းယွိကတော့ ဒါကို လွတ်လပ်တယ်လို့ မသတ်မှတ် ထားဘူး။

ရှန်းယွီရဲ့ စကားကို ကြားချိန်မှာတော့ နယ်မြေ အကြီးအကဲ သုံးယောက်လုံး စိတ်ပျက် လက်ပျက် အမူအယာတွေနဲ့ အေးစက်စက် နှာခေါင်းရှုတ်လိုက်ကြတယ်။

ဖန်ကျန်းရှီကတော့ ရှန်းယွီရဲ့ အပြုအမူကို စိတ်ထဲ မထားဘူး။ ဆိုရိုးစကား တစ်ခု ရှိတယ်လေ။ အမျိုးသမီးတွေက လူမှုဆက်ဆံရေး ကောင်းပြီး အိမ်မှု ကိစ္စ နိုင်နင်းရုံတင် မကဘူး။ အိပ်ယာထဲမှာလဲ တော်ရမယ်။

လင်းကျီကတော့ ပုံစံ ကြည့်ရတာ အိပ်ယာထဲမှာ တော်မယ့်သူပဲ။ ဒါပေမယ့် ရှေးဟောင်း စစ်မြေပြင်ထဲမှာ တိုက်ခိုက်ခဲ့သူ၊ သူ့ အသက်အမှန်က ဘယ်လောက်မှန်း ဘုရားပဲ သိနိုင်သူ ဆိုတာကို တွေးမိပြီး နောက်မှာတော့ ဖန်ကျန်းရှီ နောက်ထပ် ဘာမှ မပြောတော့ဘူး။

အသက်ကြီးကြီး လူကြီးနဲ့ အမျိုးသမီးငယ်လေးရဲ့ အချစ်ရေးက ကျော်ကြား ပေမယ့်၊ သူက အငယ် ဖြစ်သွားရင်တော့ ထူးဆန်းလိမ့်မယ်။

“မင်းက အိုလွန်းနေပြီ။” ဖန်ကျန်းရှီ ခေါင်းခါတယ်။ လင်းကျီရဲ့ နိမ့်ချည် မြင့်ချည် ဖြစ်နေတဲ့ ရင်ဘတ်ကို ကြည့်လိုက်ရင်း သူ့အမြင်ကို ထုတ်ပြောတယ်။

“မုန့်ထျန်း။ နင့်မျက်ှနာကို ထုတ်ပြစမ်း။ ငါက အိုနေပြီ ဟုတ်လား။ နင်ကိုယ်တိုင်လဲ အသက်ရာကျော်နေတာ မမေ့နဲ့။” လင်းကျီ ထရပ်ဖို့ လုပ်ပေမယ့်၊ သူမရဲ့ ခန္ဒာကိုယ်ကို အရမ်းကြီး တင်းတင်းကျပ်ကျပ် ချည်နှောင် ခံထားရတာကြောင့် မလုပ်နိုင် ခဲ့ဘူး။

လင်းကျီက အမျိုးသမီး တစ်ယောက်လေ။ သူမက အမှန်တကယ် အိုမင်း နေရင်တောင်၊ (မင်းက အိုနေပြီလို့) အပြောခံရတာကို ဘယ် မိန်းမက ကြိုက်မှာလဲ။

“မင်းကတော့ မျှော်လင့်ချက် မရှိတော့ဘူး။ ထားလိုက်တော့ ထားလိုက်တော့။ တခြား အကြောင်းအရာ ပြောရအောင်။ မင်း လွတ်လပ်ချင်တယ် မဟုတ်လား။” ဖန်ကျန်းရှီ သူ့ရဲ့ လက်တွေကို ဝေ့ယမ်းရင်း ပြောလိုက်တယ်။ နောက်ဆုံးတော့လဲ လင်းကျီက သူ့ကို ဘာမှ မလုပ်နိုင်ဘူးလေ။ ဒီတော့ သူဘာကြောင့်များ ဂရု စိုက်ရမှာလဲ။”

“ဟဟား ဟား။ ဧကရီငယ့်ကို သစ္စာဖောက်စေ ချင်တယ်ပေါ့။ နင် အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်။” လင်းကျီက ဖန်ကျန်းရှီ ပြောချင်တာကို ချက်ခြင်း နားလည်တယ်။ ဒါကြောင့် တစ်ချက်လေးတောင် မတွေဝေပဲ ပြန်အော်တယ်။

“မင်း နတ်ဘုရား မုခ်၀ မိစ္ဆာ နယ်မြေကနေ ထွက်လာတာ မကြာသေးဘူး မဟုတ်လား။” ဖန်ကျန်းရှီက ထိုင်ဖို့ နေရာ ရှာရင်းနဲ့ ပြောလိုက်တယ်။ လင်းကျီရဲ့ တုံ့ပြန်မှုကို သူမအံ့သြခဲ့ဘူး။

“ဒီတော့ ဘာဖြစ်လဲ။” လင်းကျီက အကြောက်အလန့် ကင်းတယ်။

“မင်းမှာ ရွေးစရာ နှစ်ခု ရှိတယ်။ တစ်ခုကတော့ ဆက်ပြီး ချိတ်ပိတ်ခံ။ ငါ့မှာ ဒီလို အစွမ်းရှိမှန်း မင်းသိပါတယ်။ ဒီတော့ မင်းကို နောက်ထပ် နှစ်ပေါင်း ရာချီ ထောင်ချီပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေအောင် လုပ်ထားလိုက်မယ်။” ပြောရင်းနဲ့ လင်းကျီကို သူကြည့်လိုက်တယ်။

လင်းကျီရဲ့ အမူအယာ သိသိသာသာ ပြောင်းလဲ သွားတယ်။ လင်းကျီကို အဆုံးစွန်ထိ တွန်းပို့ နိုင်ပြီမျန်း သူနားလည်တယ်။

နှစ်ပေါင်း ဘယ်လောက်ကြာအောင် အမှောင်ထုထဲမှာ ပိတ်ထားခံရမှန်း မသိခဲ့တဲ့ မိစ္ဆာ တစ်ယောက်က ချိတ်ပိတ်မှုကနေ လွတ်လာပြီးရင် နောက်တစ်ခေါက် ပြန်သွားချင်မှာလား။

“ဒုတိယ ရွေးချယ်မှုကရော။” လင်းကျီ တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် ဖန်ကျန်းရှီကို စိတ်မရှည် လက်မရှည်နဲ့ မေးလိုက်တယ်။

“ဒုတိယ ရွေးစရာက ဘာဖြစ်မယ်လို့ မင်းထင်လဲ။” တဖက်လူ ပိုပြီးတော့ စိတ်မရှည်လေ၊ သူက ပိုပြီး စိတ်ရှည်ဖို့ လိုလေပဲ။ နောက်ဆုံးတော့လဲ သူက အဆုံးသတ်ရမယ့်သူ ဖြစ်နေခဲ့တယ်။

“ငါ့ကို နင့်ကျွန် ဖြစ်စေချင်ရင်တော့၊ မဖြစ်နိုင်ဘူး။”

“ဟဟား။ မင်းကို ငါ့ကျွန် အဖြစ် ထိန်းသိမ်း ထားဖို့လဲ ငါစိတ်မဝင်စားဘူး။ အပေးအယူက ရိုးရှင်းတယ်။ ယွင်ချင်းဝူရဲ့ အစီအစဉ်တွေ ငါ့ကို ပြောပြရင်၊ ငါမင်းကို လွှတ်ပေးမယ်။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။

“တကယ်လား။”

“ဒါပေါ့။”

“နင် ဘာသိချင်တာလဲ။

“မြင့်မြတ် နယ်မြေမှာ လုပ်ထားတဲ့ ဓာတ်ကြီးငါးပါး အပြင် တခြား ဘာရှိသေးလဲ။”

“နင် ဓာတ်ကြီးငါးပါး ဗျူဟာကို သိတယ်လား။” လင်းကျီ အံ့သြ သွားပုံပဲ။

ထောင့်တစ်နေရာမှာ ချည်နှောင် ခံထားရတဲ့ နတ်ဆိုး သခင်လဲ မျက်လုံးပြူးကြီးနဲ့ ဖန်ကျန်းရှီကို မယုံမကြည် ကြည့်နေခဲ့တယ်။

ဖန်ကျန်းရှှီကတော့ ရှင်းပြဖို့ စိတ်ကူး မရှိဘူး။ ခေါင်းခါရင်းနဲ့သာ မီးပုံပေါ်က အသားကင်ကို ကိုက်လိုက်တယ်။

“တခြား အစီအစဉ်တွေ ပြောပြ။”

“ဒီ အပေးအယူကို ငါသဘောတူနိုင်တယ်။ ဒါပေမယ့် ယုံကြည်ရတဲ့ သတင်းအချက်အလက် တွေကို ပြောပြပြီးတဲ့ အချိန် နင်ငါ့ကို မသတ်ဘူး ဆိုတာ ဘယ်လို သေချာ သိနိုင် မလဲ။” လင်းကျီ အံကြိတ်ရင်း ပြောတယ်။

လင်းကျီက သေချာပေါက် အရူး မဟုတ်ခဲ့ဘူး။ သူမက ဓားစာခံ ဖြစ်နေပင်မယ့်၊ ကိုယ့်တန်ဖိုးကိုယ် သိတယ်။ သူမရဲ့ တန်ဖိုး ကျသွားတာနဲ့၊ သေချာပေါက် အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။

“ရှင်းပါတယ်။ ငါ ကျိန်ဆိုမယ်။ မုန့်ထျန်း နာမည်ကို တိုင်တည်ပြီး ကျိန်ဆိုမယ်။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြောလိုက်တယ်။

“ကျိန်ဆိုမယ် ဟား ဟား ငါနင့်ကို ယုံမယ် ထင်နေတာလား။” လင်းကျီက ရယ်ရင်းနဲ့ ထထိုင်တယ်။

“ဒါဆိုရင် မင်းဘာလို ချင်လဲ။”

“ငါ့ကို အရင်လွှတ်။ ဂူကို တွေ့တာနဲ့ ငါပြောမယ်။”

“ငါသဘောတူမယ်လို့ မင်းထင်နေတာလား။”

“နင်သာ ငါ့ကို မယုံရင်၊ ငါကလဲ နင့်ကို ဘာဖြစ်လို့ ယုံရမှာလဲ။” လင်းကျီက ဖန်ကျန်းရှီရဲ့ အကြံကို သိပြီးတဲ့နောက် တည်ငြိမ် နေခဲ့တယ်။

“မင်းပြောတာ မှန်တယ်။ ကောင်းပြီ။ ငါမင်းကို မလွှတ်ခင်၊ အသေးစိတ် အချက်တစ်ချို့ ပြောပြရင်ရော။ ဘယ်လိုလဲ။” ဖန်ကျန်းရှီ တစ်ခဏ စဉ်းစားပြီးနောက် ပြောလိုက်တယ်။ “ဒါပေမယ့် မင်းပြောမယ့် အရာက ငါမသိ ထားရသေးတာ ဖြစ်ရမယ်။ ဒါ့အပြင် သင့်တော်တဲ့ တန်ဖိုးလဲ ရှိရမယ်။”

“တကယ်ပဲ သတင်း အချက်အလက် နည်းနည်း ပြောပြရင် ငါ့ကို လွှတ်ပေးမှာလား။” လင်းးကျီရဲ့ မျက်လုံးတွေ တောက်ပလာတယ်။

“ပြော။ မင်းရဲ့ သတင်းက အသုံးဝင်ရင်၊ ငါမင်းကို လွှတ်ပေးမယ်။”

ဒီအချိန်မှာ ရှန်းယွီနဲ့ တခြား နယ်မြေ အကြီးအကဲ သုံးယောက်က စိတ်ရှုပ်ထွေးတဲ့ ပုံစံနဲ့ ကြည့်နေကြတယ်။

ဒါပေမယ့် ရှန်းယွီကတော့ စကား မပြောခဲ့ဘူး။ ဖန်ကျန်းရှီရဲ့ ညှိနှိုင်းမှုကိုလဲ မနှောက်ယှက်ဘူး။ အံကြိတ်ရင်းနဲ့သာ နည်းနည်း တုန်ယင် နေခဲ့တယ်။

ရှန်းယွီ တိတ်ဆိတ်နေတာကို မြင်ချိန်မှာ နယ်မြေ အကြီးအကဲ သုံးယောက်လဲ စကား ပြောချင်ပေမယ့်၊ ကိုယ့်ကိုယ်ကို ထိန်းချုပ် ထားခဲ့ကြတယ်။

သူတို့တွေရဲ့ အမူအယာကို မြင်ချိန်မှာတော့ လင်းကျီရဲ့ မည်းမှောင်နေတဲ့ ပုံစံက ပိုပြီး စိတ်ချမ်းသာလာ သယောင် ထင်ရတယ်။ ဖန်ကျန်းရှီကို မယုံပေမယ့်၊ ဒါက သူမ အတွက် အခွင့်အရေးပဲ။

ဖန်ကျန်းရှီ တောင်းဆို တာကိုသာ လိုက်နာရင်၊ သူမ လွတ်မြောက်ဖို့ အခွင့်အရေး ရှိနိုင်တယ်။ အကယ်၍ ဖန်ကျန်းရှီသာ သတိနည်းနည်း လွတ်သွားရင် သူ့လက်ထဲကနေ သူမ လွတ်အောင် ပြေးနိုင်မယ်လို့ လင်းကျီ ယုံကြည်ချက် အပြည့်ရှိတယ်။

“ကောင်းပြီ မုန့်ထျန်း။ ငါနင့်ကို ဒီတစ်ခေါက်တော့ ယုံလိုက်မယ်။” လင်းကျီ အံကြိတ်ရင်းနဲ့ ခက်ခက်ခဲခဲ ပြောတယ်။ မပြောခင် နတ်ဆိုး အရှင်သခင်ကို သူမ ကြည့်လိုက်တယ်။ “ဒါပေမယ့် ဒီသတင်းတွေ နင့်တစ်ယောက် တည်းကိုပဲ ငါပြောမှာ။ အနားကို ကပ်လာ။ ဒီသတင်းကို နင်စိတ်ဝင်စားမှာ သေချာတယ်။”

“ဘယ်လောက် ကပ်ရမလဲ။” ရှေ့ကို ခြေ၂လှမ်း တိုးလာရင်း ဖန်ကျန်းရှီ မေးတယ်။

“နည်းနည်း ထပ်ကပ်။ တခြားသူတွေကို ငါမကြားစေ ချင်ဘူး။” လင်းကျီ လှဲချရင်း ပြောတယ်။ သုံးပေ အကွာက ဖန်ကျန်းရှီကို ဆွဲဆောင် နေသလိုပဲ။

“ကောင်းပြီ။” ဖန်ကျန်းရှီ နောက်ထပ် ၂လှမ်း ကပ်လာရင်း လင်းကျီ ဘေးမှာ ထိုင်ချလိုက်တယ်။ သူမနဲ့ တစ်လက်မတောင် မကွာတော့ဘူး။

လင်းကျီရဲ့ အပြုံးက အရမ်းကို ညှို့ငင်နိုင်တယ်။ ဒါပေမယ့် သူမက ရှန်းယွီနဲ့ တခြား အကြီးအကဲ သုံးယောက်ကို လှမ်းကြည့်တယ်။

“သူတို့တွေကို အရင်ဆုံး အပြင် ထွက်ခိုင်း။” ဖန်ကျန်းရှီ အနားမှာ ရှိနေတာကို ကြည့်ရင်း သူမ မျက်နှာတွေ နီရဲ သွားခဲ့တယ်။

“အင်း။ သူတို့ကို ဒီမှာ နေခိုင်းလို့ မသင့်တောဘူး။ ရှန်းယွီ အကြီးအကဲ သုံးယောက်နဲ့ အပြင်မှာ စောင့်နေ။ နတ်ဆိုး အရှင်သခင်ကိုပါ ခေါ်သွား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

“ဆရာကြီး။”

“ဆရာကြီး။ မိစ္ဆာမက အရမ်းကို ကောက်ကျစ်တယ်။ ကျေးဇူးပြုပြီး သတိထားပါ။”

“သွားကြစို့။” အကြီးအကဲ သုံးယောက်ရဲ့ စကားကို ဖြတ်တောက်ရင်း ရှန်းယွီက ဂူအပြင်ကို ထွက်သွားခဲ့တယ်။ အပြင် မရာက်ခင် ဖန်ကျန်းရှီကို စိတ်ရှုပ်ထွေးတဲ့ ပုံစံနဲ့ တချက် လှမ်းကြည့်ခဲ့တယ်။

ရှန်းယွီရဲ့ စကားတွေကို ကြားချိန်မှာ နယ်မြေ အကြီးအကဲ သုံးယောက်က သက်ပြင်းချတယ်။ ခေါင်းတွေကို ငုံ့ထားရင်း နတ်ဆိုး အရှင်သခင်နဲ့ အတူ ဂူ အပြင်ကို ထွက်သွားတော့တယ်။

ဂူထဲမှာတော့ ဖန်ကျန်းရှီနဲ့ လင်းကျီသာ ကျန်ရစ်တယ်။

“ဒီတော့ မင်းငါ့ကို ဘာပြော ချင်တာလဲ။” လူတွေ ထွက်သွားတဲ့နောက် ဖန်ကျန်းရှီက မြက်ခင်းပေါ် လှဲချလိုက်တယ်။ သူ့အပြု အမူက လင်းကျီကို အံ့အား သင့်သွား စေတယ်။

တစ်ချိန်တုန်းကတော့ သူမတွေးမိ ခဲ့တယ်။ ဖန်ကျန်းရှီက သူမ လှည့်ကွက်ထဲကို ကျရောက် နိုင်တယ်လို့။ ဒါပေမယ့် အလွယ်တကူ ကျရောက်မှာ မဟုတ်မှန်း သူမ ခံစားမိတယ်။ ဒါမှမဟုတ် သူက သူမကို ကစားချင်နေတာ ဖြစ်နိုင်တယ်။

သူမ ဘေးပတ်လည်ကို ကြည့်လိုက် ပြီးနောက် ဖန်ကျန်းရှီရဲ့ ခြေထောက်ကို သူမ ခြေထောက်နဲ့ ဖိထား လိုက်တော့တယ်။

“ငါမှတ်မိတာ မှန်ရင်၊ သုခမိန် စစ်နတ်က ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ လူတစ်ယောက်။ လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ထိပ်တန်း လူသား။ ဒီတော့ နင်ဘာဖြစ်လို့ ပုန်းကွယ် နေတာလဲ။” သူမ ပြောရင်းနဲ့ ကိုယ်ဟန်ကို အလွန် အမင်း ဆွဲဆောင်မှု ရှိအောင် လုပ်ပြနေခဲ့တယ်။

“ပုန်းအောင်း နေတယ်တဲ့လား။ ငါမပုန်းဘူး။ လောကကြီးကနေ တစ်ခဏ ထွက်ခွာ သွားရုံပဲ။” ဖန်ကျန်းရှီကတော့ လင်းကျီကို စိတ်ကြိုက် ကိုယ်ဟန်ပြခွင့် ပေးထားတယ်။

“လောကကြီးကနေ တစ်ခဏတာ ထွက်သွားတယ်။” အေးစက်မှုတွေ လင်းကျီ မျက်လုံးထဲမှာ ပေါ်လာပြန်တယ်။ “ဒီတော့ နင် အခု ဘယ်အဆင့် ရောက်ပြီလဲ။”

“မင်းထက်တော့ အများကြီး မြင့်တယ်။ ငါရိုးရိုးသားသား ပြောမယ်။ မင်းကို တိုက်ခိုက်တဲ့ အချိန်တုန်းက ငါ့စွမ်းအား တဝက်တောင် သုံးမထားဘူး။” ဖန်ကျန်းရှီက အရမ်းကို အရေထူလွန်းတယ်။ ဒီလောက် ဆွဲဆောင် ခံနေ ရတာတောင် မျက်နှာ တစ်ချက် မနီဘူး။

“နင့်ရဲ့ စွမ်းအား တဝက်တဲ့လား။ ဟဟား။” လင်းကျီ ရယ်မောရင်း နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်တယ်။ သူမ အသံက ချက်ခြင်း ဆိုသလို တိုးသွားခဲ့တယ်။ “စစ်နတ်။ နင် (နတ်ဘုရား အရင်းအမြစ်ကို ကြားဖူးလား။”

“ဒါပေါ့။” ဖန်ကျန်းရှီ အမူအယာ တစ်စက် မပျက်ပဲ ပြောလိုက်တယ်။

“တကယ်လား။”

“ခြွင်းချက်မရှိ။”

“ဒါဆိုရင် နတ်ဘုရား အရင်းအမြစ်က ဘယ်မှာလဲ နင်သိလား။”

“ငါထင်တာ မမှားရင်၊ နတ်ဘုရား အရင်းအမြစ် နေရာကို မင်းပြောပြမလို့လား။” နတ်ဘုရား အရင်းအမြစ်က ဘာမှန်း မသိပေမယ့်၊ ဖန်ကျန်းရှီက သိချင်ယောင် ဆောင်နေခဲ့တယ်။

“ဟုတ်တယ်။ နင်သိချင်လား။” လင်းကျီ ခေါင်းငြိမ့်ရင်း ဖန်ကျန်းရှီရဲ့ လည်ပင်းကို လျှာနဲ့ တို့လိုက်တယ်။

“သိချင်တယ်။” ဖန်ကျန်းရှီ ချက်ခြင်း ထထိုင်တယ်။ လင်းကျီရဲ့ ခြေထောက်ကို ကန်ထုတ်ပြီး အရမ်းကို စိတ်လှုပ်ရှားနေတဲ့ ပုံစံနဲ့ မေးတယ်။ “နတ်ဘုရား အရင်းအမြစ် ဘယ်မှာလဲ ငါ့ကိုပြော။”

“…” လင်းကျီရဲ့ လျှာက လမ်းတစ်ဝက်မှာ ရပ်သွားပြီး ခန္ဒာကိုယ်က တောင့်တင်း သွားမယ်။ သူမ အရမ်းကို ဒေါသ ထွက်ပြီး စိတ်ရှုပ်နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ ထထိုင် ပြီးနေပြီ။ သူမရဲ့ စိတ်ခံစားချက်တွေကို ထိန်းမှ ဖြစ်မယ်။ အသက်ပြင်းပြင်း ရှူသွင်း ပြီးတဲ့နောက် သူမလဲ ပြန်ထိုင်လိုက်တယ်။

“အိုက်ယား။ ကြိုးတွေက ကြပ်လိုက်တာ။ စစ်နတ်။ နင်ငါ့ကို နည်းနည်းလေးတောင် မသနား ဘူးလား။”

“ကြပ်တယ်တဲ့လား။” လင်းကျီ ကိုယ်ပေါ်က သံကြိုးတွေကို ဖန်ကျန်းရှီ ကြည့်တယ်။

“ဟုတ်တယ်။ အရမ်းကို မသက်မသာ ဖြစ်တာပဲ။ ငါ အသက်တောင် မရှူနိုင်ဘူး။ စစ်နတ် ငါ့ကို ကယ်ပါ။” လင်းကျီ တွန့်လိမ့်ရင်း အော်နေခဲ့တယ်။ တကယ် အသက်ရှူ ကြပ်လာ သလိုပဲ။

“ဒါဆိုရင် နောက်ထပ် ကြိုးထပ်ချည် ပေးရမလား။” ဖန်ကျန်းရှီ စဉ်းစားရင်း ပြန်ဖြေတယ်။

“..” လင်းကျီ ဘာမှ မပြောနိုင်တော့ဘူး။

“နောက်ထပ် တစ်ကြိုး ထပ်ချည်လိုက်ရင်၊ ကြိုးနှစ်ကြိုးက မျှချေ ဖြစ်သွားလိမ့်မယ်။ ဒါကို မကြားဖူးဘူးလား။ ဒါက မျှချေကို ထိန်းသိမ်းနည်းလေ။” ဖန်ကျန်းရှီက လောကဓာတ် သဘောတရားတွေကို မျှေ၀ နေခဲ့တယ်။ သူ ယုံတာ မယုံတာကိုတော့ ဂရု မစိုက်ဘူး။

“…” လင်းကျီရဲ့ မျက်နှာက အရမ်းကို နီရဲ နေတယ်။ နောက်ထပ် ဘာမှ မပြောနိုင်တော့ဘူး။

“ဒီနေ့ ရာသီဥတု ကောင်းတယ်။” အချိန် အတော်ကြာ အထိ လင်းကျီ စကား မပြောတဲ့ အတွက် ဖန်ကျန်းရှီက အကြောဆန့်ရင်း မြက်ခင်းပြင်ပေါ် ထရပ်လိုက်တယ်။

“မုန့်ထျန်း။ တကယ်ပဲ နတ်ဘုရား အရင်းအမြစ်ကို နင်မသိချင်ဘူးလား။ နင်တစ်ယောက်တည်းနဲ့ ငါ့တစ်ယောက်ကိုပဲ ဖိနှိပ်လို့ ရနိုင်မယ်။ အကယ်၍ နင့်မှာသာ တခြား နတ်သခင် အဆင့် ပညာရှင် နှစ်ယောက် ရှိနေရင်၊ နင်သေချာပေါက် နိုင်မှာပဲ။ နတ်ဘုရား အရင်းအမြစ်ကို ရရင်၊ နင်ထိပ်ဆုံး ပြန်ရောက်လိမ့်မယ်။” လင်းကျီ ပုံမှန် လေသံနဲ့ ပြန်ပြောတယ်။

“နတ်ဘုရား အရင်းအမြစ် ဘယ်မှာမှန်း ငါသိတယ်။” ဖန်ကျန်းရှီ ပြောတယ်။ တစ်ချက်လေးတောင် လှည့်မကြည့်ဘူး။ လင်းကျီကတော့ သူ့ကို မယုံ။ နတ်ဘုရား အရင်းအမြစ်ကိုသာ သိရင်၊ ဒီလူ ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး။

“မြင့်မြတ် နယ်မြေ။ နတ်ဘုရား အရင်းအမြစ်က မြင့်မြတ် နယ်မြေမှာ ဟုတ်တယ်ဟုတ်။” ဖန်ကျန်းရှီ ဂရုမစိုက်ဘူး။

“ဟဟား။ နတ်ဘုရား အရင်းအမြစ်က မြင့်မြတ် နယ်မြေမှာ သေချာတာပေါ့။ နင်ခန့်မှန်းတာ မှန်းသွားမှန်း ငါသိတယ်။ ဒါပေမယ့် နေရာ အတိအကျကို နင်သိလား။ မြင့်မြတ် နယ်မြေက ဒီလောက်တောင် ကျယ်နေတာ။“ လင်းကျီက စိတ်ပျက်လက်ပျက် ရယ်မောရင်း ပြောတယ်။

“တကယ်လား။ ငါမသိဘူးလို့ မင်းသေချာတယ်ပေါ့။”

“ဒါပေါ့။”

“ဒါက မင်းအသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေး ဆိုတာ မင်းသိပါတယ်။ အကယ်၍ ဒါကိုသာ ထုတ်ပြောလိုက်ရင်၊ ဂူထဲကနေ မင်းအသက်ရှင်လျက် ထွက်သွားနိုင်မယ်။” ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း လှည့်လာရင်း ပြောတယ်။

“နင်ငါ့ကို မသတ်ဘူးလား။” လင်းကျီ သေချာအောင် မေးတယ်။

“ဘာဖြစ်လို့ သတ်ရမှာလဲ။”

“ဟဟား။ နတ်ဘုရား အရင်းအမြစ်ကို မတွေ့ မချင်း နင်ငါ့ကို သတ်မှာ မဟုတ်ဘူးပဲ။” လင်းကျီ ရယ်မောလိုက်တယ်။ အရင်ကနဲ့ မတူပဲ သူမ ရယ်သံက ယုံကြည်ချက်တွေ ပြည့်၀ နေခဲ့တယ်။

အပိုင်း (၉၂၇) ပြီး၏။

အပိုင်း (၉၂၈)

“ဖန်ကျန်းရှီရဲ့ ဗျူဟာကို မြည်းစမ်းကြည့်။”

ဖန်ကျန်းရှီလဲ ရယ်မော နေခဲ့တယ်။ သူ့ရယ်သံထဲမှာ စိတ်ပျက်မှုက အများကြီး ပါဝင်နေတယ်။ လင်းကျီကို အရူးတစ်ယောက်လို အထင်သေးပြီး လှောင်ရယ် နေဟန်ပဲ။

“နင်ဘာတွေ လာရယ်နေတာလဲ။” ဖန်ကျန်းရှီရဲ့ အကြည့်ကြောင့် လင်းကျီ စိတ်ထဲမှာ အေးစက်လာခဲ့တယ်။

“ငါမင်းကို မသတ်ဘူး။ ဒါပေမယ့်။”

“ဒါပေမယ့် ဘာဖြစ်လဲ။”

“ငါမင်းကို မသတ်ရင်တောင်၊ တခြား သူတွေ မသတ်ဘူးလို့ မဆိုလိုဘူး။ ဥပမာ ရှန်းယွီ။” ဖန်ကျန်းရှီက ပြောရင်းနဲ့ ဂူ အပြင်ဘက်ကို ကြည့်လိုက်တယ်။ “တောင်ပိုင်း ဧကရီ ကျေးဇူးပြုပြီး ဝင်လာပါ။”

“ဘာဖြစ်လို့ ခေါ်တာပါလဲ။” ရှန်းယွီရဲ့ အသံကို ကြားရပြီးနောက် ဂူရှေ့မှာ ချက်ခြင်း ပေါ်လာတော့တယ်။ ရှန်းယွီ အဝေးကို မသွားတာ သေချာလွန်းတယ်။ ဒါမှမဟုတ် ဂူထဲမှာ ရှိနေသူကို လက်လွှတ် မပေးနိုင်တာလဲ ဖြစ်နိုင်တယ်။ သူ့အဖေကို သတ်ခဲ့သူကို လုံး၀ အလွတ်မပေးနိုင်ဘူး။

“မင်း လက်စား ချေချင်လား။” လင်းကျီကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။

“မုန့်ထျန်း။ ဒီနည်းလမ်း သုံးပြီး ငါ့ကို ဖိအားပေးလို့ ရမယ် ထင်နေတာလား။ မဖြစ်နိုင်တာပဲ။ အကယ်၍ သူသာ တကယ်ပဲ ငါ့ကို သတ်ရင်၊ နတ်ဘုရား အရင်းအမြစ်ကို နင် ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး။” လင်းကျီရဲ့ အမူအယာက ပြောင်းလဲ သွားတယ်။ သူမ နောက်တကြိမ် တည်ငြိမ် သွားပြန်တယ်။ မျက်ဝန်းထဲမှာ ဒေါသတွေကို မြင်နေရတယ်။

“မင်းအဖေ အတွက် လက်စားချေဖို့ သူ့ကို သတ်လိုက်။ တောင်ပိုင်း ဘုရင်ရဲ့ ဂူက အနားမှာပဲ ဆိုတော့ လင်းကျီရဲ့ ခေါင်းကို သုံးပြီး သူ့ကို ဂါရဝပြုလို့ ရတယ်။” ဖန်ကျန်းရှီ အေးဆေးမှု အပြည့်နဲ့ ပြောတယ်။

“ဆရာကြီး ဒါပေမယ့် သူက။” ရှန်းယွီ မျက်လုံးပြူး သွားခဲ့တယ်။

သူမ လက်စား မချေချင်တာတော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေကို တခြားသူတွေထက် ပိုပြီးတော့ နားလည်တယ်။ ဖန်ကျန်းရှီ သွေးအရိပ် မြို့တော်ကို တိုက်ခိုက်ချိန်တည်းက လင်းကျီကို သတ်ခဲ့လို့ ရတယ်။ ဒါပေမယ့် သူမ မလုပ်ခဲ့ဘူး။ အခြေအနေ အားလုံးကို ခြုံငုံ စဉ်းစားဖို့ လိုအပ်တယ်။

လင်းကျီက သူမ ဖမ်းထားတာ မဟုတ်တဲ့ အပြင်၊ သူ့တန်ဖိုးက ကြီးလွန်းတယ်။

“မင်း လက်စား မချေချင်ဘူးလား။” ရှန်းယွီ တွေေ၀ နေတာကို မြင်ချိန်မှာ ဖန်ကျန်းရှီ မေးလိုက်ပြန်တယ်။

“တကယ် တကယ် လက်စား ချေချင်ပါတယ်။ အမြဲ ဒါကို တွေးနေမိတယ်။ ကျွန်မအဖေကို သတ်လိုက်တဲ့ အချိန်က စပြီး သူ့ကို ကျွန်မရဲ့ လက်နှစ်ဖက်နဲ့ သတ်ပြစ်ချင်ခဲ့တယ်။” စကား အဆုံးမှာတော့ ရှန်းယွီက ဖော်ပြချင်းငှာ မစွမ်းသာတဲ့ အမုန်းတရားတွေနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။

“ဒီတော့ ဘာကို စောင့်နေတာလဲ။”

“ဒါပေမယ့်။”

“သူက ငါ့အတွက် တန်ဖိုး မရှိတော့ဘူး။” ဖန်ကျန်းရှီ ပြောလိုက်တယ်။ ရှန်းယွီ စဉ်းစားနေတာကို သူသိထားတယ်။

“ကျေးဇူးတင်ပါတယ် ဆရာကြီး။” ရှန်းယွီက ခန္ဒာကိုယ်ကို ကိုင်းလိုက်ရင်း မြေပြင်ပေါ်ကို ဒူးထောက်ဖို့ ပြင်တယ်။ ဖန်ကျန်းရှီက သူ့ကို ဆွဲမ ထားတဲ့ အတွက် ဒူးမထောက် နိုင်ခဲ့ဘူး။

ဒီအချိန်မှာပဲ ဂူထဲကို ဝင်လာတဲ့ အကြီးအကဲ သုံးယောက်က ဒီမြင်ကွင်းကို မြင်သွားခဲ့တယ်။ သူတိုကတွေ ချက်ခြင်း ဒူးထောက် လိုက်ရတယ်။

“အရှင်မင်းမြတ် နောက်ဆုံးတော့ အေးအေးချမ်းချမ်း အနားယူနိုင်ပြီ။”

“ဆရာကြီးကို တောင်ပိုင်းဒေသ ပြည်သူတွေ ကိုယ်စား ကျေးဇူး တင်ပါတယ်။”

“တောင်ပိုင်း ဒေသ ပြည်သူတွေ နောက်ဆုံးတော့ ဒီမိစ္ဆာမ ရန်ကနေ လွတ်နိုင်ပြီ။”

နယ်မြေအကြီးအကဲ သုံးယောက်က ငိုကြွေး မိကြတော့တယ်။

(ယောကျာ်းတစ်ယောက်က နက်နက်ရှိုင်းရှိုင်း မထိခိုက် မချင်း မျက်ရည်မကျဘူး။) တောင်ပိုင်း ဒေသ ယောကျာ်းတွေက ရဲရင့်တဲ့ စစ်သည်တော်တွေ။ ဖန်ကျန်းရှီရှေ့မှာ ဒူးထောက် နေတာကတင် သူ့ကို ဘယ်လောက် လေးစားမှန်း သိသာ နေခဲ့ပြီ။

ဒါပေါ့ သူတို့ မသိတာက သူတို့ အားလုံးကို ထူမပေးဖို့ ဖန်ကျန်းရှီမှာ ရည်ရွယ်ချက် မရှိတာပဲ။ လေးယောက်စလုံးကို တပြိုင်နက်တည်း ချီမဖို့ လက်တွေ မရှိဘူးလေ။

“ထကြပါ အကြီးအကဲတို့။ သူ့ကို မသတ်ခင် အရင်ဆုံး နည်းနည်း မကစား ချင်ကြဘူးလား။” ဖန်ကျန်းရှီက ရှန်းယွီကို ထူမ နေရင်း မေးလိုက်တယ်။

“…”

“…”

ရှန်းယွီနဲ့ နတ်ဆိုး အရှင်သခင်တောင် မျက်လုံး ပြူးသွားခဲ့တယ်။

“မိစ္ဆာမ ကစားချင်လား။” ဖန်ကျန်းရှီက နယ်မြေ အကြီးအကဲတွေကို ကြင်နာ သနားတဲ့ ပုံစံနဲ့ သတိပေးပြီးတဲ့နောက် မေးလိုက်တယ်။

“ဆရာကြီး စနောက် နေတာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့က သူ့ကို အရှင်မင်းမြတ် အတွက် လက်စားချေဖို့ သတ်ပြစ်ချင်ရုံပါပဲ။” အကြီးအကဲ သုံးယောက် ပြန်ဖြေတယ်။

“ပျင်းစရာ ကောင်းလိုက်တဲ့ လူတွေ။ မင်းတို့ လက်ထဲ အပ်လိုက်ပြီ။” ဖန်ကျန်းရှီ ပြောပြီးတာနဲ့ ဂူအပြင်မှာ သွားရပ် နေတော့တယ်။

ဒါကို ကြားချိန်မှာတော့ လင်းကျီရဲ့ မျက်နှာက ဖြူဖျော့ သွားတယ်။ ဒီလူတွေနဲ့ ရှန်းယွီ ဆီကနေ ပြင်းထန်တဲ့ လူသတ်ချင်စိတ်တွေကို သူခံစား မိနေတယ်။

“မုန့်ထျန်း နင်သေချာ စဉ်းစား။ အခု အခွင့်အရေးကို အသုံးမချရင်၊ နတ်ဘုရား အရင်းအမြစ်ကို ဘယ်လို ရမှာလဲ။ တကယ့် နတ်ဆိုးနဲ့ မိစ္ဆာတွေ လပိုင်း အတွင်း ရောက်လာတော့မယ်။” လင်းကျီ လုံး၀ မသေချင်ခဲ့ဘူး။

“ဆရာကြီး။” လင်းကျီရဲ့ စကားကို ကြားချိန်မှာ ရှန်းယွီက လှမ်းမေးတယ်။

ဖန်ကျန်းရှီကတော့ အေးဆေး တည်ငြိမ်နေဆဲ။ လင်းကျီ ပြောတာကို မကြားချင်ယောင် ဆောင်နေခဲ့တယ်။

ရှန်းယွီကတော့ နှုတ်ခမ်းတွေကို ကိုက်ထားရင်း ရပ်တန့် နေခဲ့တယ်။ မကြာခင်ပဲ သူမ လက်ထဲမှာ မှင်နက်ရောင် တောက်ပနေတဲ့ ဓားမြှောင် နှစ်ချောင်း ပေါ်လာတယ်။

“မုန့်ထျန်း။” လင်းကျီ ဒေါသတကြီးနဲ့ အော်တယ်။ ရှန်းယွီကတော့ ဖန်ကျန်းရှီကို နောက်ထပ် မမေးတော့ဘူး။ မီးလို တောက်ပနေတဲ့ အနီရောင် အလင်းတန်းတွေနဲ့ ရှန်းယွီကို တိုက်ခိုက်တော့တယ်။

“ရှန်းယွီ။ နင်လုပ်ဝံ့တယ်ပေါ့။ နင်ငါ့ကို သတ်လိုက်ရင်၊ လူသား မျိုးနွယ်မှာ နောက်ထပ်။”

ချွမ်။ သူ့စကား မဆုံးခင်မှာပဲ ရှန်းယွီရဲ့ ဓားမြှောင်တွေက ဘယ်ညာ ရင်ဘတ်တွေကို စိုက်ဝင် လာတော့တယ်။

ဒါပေမယ့် ဓားမြှောင်တွေက သူ့ခန္ဒာကိုယ်ကို ဖြတ်မသွား နိုင်ခဲ့ဘူး။ လင်းကျီ တကိုယ်လုံးကို အနက်ရောင် အကြေးခွံတွေက ကာကွယ် ထားခဲ့တယ်။ ရှန်းယွီရဲ့ စွမ်းအားနဲ့ လင်းကျီကို နည်းနည်းလေးတောင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။

“ဟဟားဟား ငါ့ကို သတ်ချင်တာလား။ ဟာသ”

ရွှပ်။ လင်းကျီ တောင့်တင်းပြီး ရယ်သံ ရပ်သွားတော့တယ်။ ဓားမြှောင် တစ်ချောင်းက သူမရဲ့ ဘယ်ဘက် ရင်ဘတ်ထဲကို စိုက်ဝင်တယ်။ သွေးတွေ စီးကျလာတော့တယ်။

“မုန့်ထျန်း နင်။” လင်းကျီ မယုံနိုင်ပေမယ့် ရှန်းယွီ နောက်မှာ ရပ်နေသူ တစ်ယောက် ရှိနေခဲ့တယ်။ ဖန်ကျန်းရှီ။ ဒါက အဓကိ ကိစ္စ မဟုတ်သေးဘူး။ ဖန်ကျန်းရှီရဲ့ ခြေထောက်က ရှန်းယွီရဲ့ ဓားမြှောင်ကို ဖိထောက် ထားခဲ့တယ်။

လင်းကျီကတော့ ဓားမြှောင်ကို ငုံ့ကြည့် နေခဲ့တယ်။ အဲ့ဒီ့နောက် ရှန်းယွီ နောက်မှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို သွေးလို ရဲရဲ တောက်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်တယ်။ ဖန်ကျန်းရှီရဲ့ ဗျူဟာကို လှောင်ရယ် မိခဲ့တယ်။

ရှန်းယွီနဲ့ သူ့ကို လာခြောက်တယ်ပေါ့။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လင်းကျီက ဖန်ကျန်းရှီ နတ်ဘုရား အရင်းအမြစ်ကို စိတ်ဝင်စား နေတဲ့ အတွက် သူ့ကို သတ်မှ မဟုတ်ဘူးလို့ သေချာ နေခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်လဲ။ နောက်ထပ် သွေးအန်ပြန်တယ်။

ရှန်းယွီရဲ့ ဓားမြှောင်ကို ဖန်ကျန်းရှီက ကန်လိုက်တယ်။ လင်းကျီရဲ့ အကြေးခွံတွေကို ဖောက်ထွက်ပြီး ရင်ဘတ်ထဲကို စိုက်ဝင်သွားတယ်။ သွေးတွေ စီးကျ လာပြန်တယ်။

“မိစ္ဆာတွေ အတွက် နှလုံးက သေကွင်း သေကွက် မဟုတ်ဘူး။ သူတို့ကို သတ်ဖို့ မိစ္ဆာ ပုလဲကို ဖျက်စီးရမယ်။” ဖန်ကျန်းရှီက ခပ်တိုးတိုး ပြောတယ်။

“ကောင်းပါပြီ ဆရာကြီး။” ရှန်းယွီက ဦးညွှတ်တော့မလို့ လုပ်နေချိန်မှာပဲ ဖန်ကျန်းရှီက သူ့ကို လက်တစ်ဖက်နဲ့ ဆွဲလိုက်တယ်။

“မုန့်ထျန်း နင်ငါ့ကို တကယ် သတ်ချင် နေတာလား။” လင်းကျီက တစ်ခုခုကို တူးဆွဖို့ လုပ်နေခဲ့တယ်။ ဒါပေမယ့် တည်ငြိမ် အေးဆေးမှုကိုသာ သူမ မြင်ရတယ်။

“ကောင်းပြီလေ။ ဒီမိစ္ဆာမက အတော့်ကို အင်အားကြီးတယ်။ သူ့ရဲ့ မိစ္ဆာ ပုလဲကို မင်းရဲ့ နည်းဗျူဟာနဲ့ ဖျက်စီးဖို့ ခက်ခဲလိမ့်မယ်။ ဒီလို ဆိုရင်ရော ဘယ်လိုလဲ။ ငါက သူ့စွမ်းအားတွေကို အရင်ဆုံး ပိတ်ဆို့လိုက်မယ်။ ပြီးတော့ မိစ္ဆာ ပုလဲ ရှိတဲ့ နေရာကို ရှာမယ်။ မင်းလဲ အေးဆေး သတ်လို့ ရပြီ။” ဖန်ကျန်းရှီက ရှန်းယွီကို ခေါင်းငြိမ့်ပြရင်း ပြောနေခဲ့တယ်။

“မုန့်ထျန်း ငါနင့်ကို သတ်မယ်။” လင်းကျီ နောက်ထပ် သည်းမခံ နိုင်တော့ဘူး။ သူမ တကိုယ်လုံးမှာ ဆူးချွန်တွေ ထောင်ထွက်လာတယ်။ ခန္ဒာကိုယ်က သံကြိုးတွေနဲ့ ဆက်တိုက် ပွတ်တိုက်တယ်။

လင်းကျီရဲ့ ခေါင်းကလဲ သိသိသာသာကို ပြောင်းလဲ သွားတယ်။ မျက်လုံးတွေက အစိမ်းရင့်ရောင် ဖြစ်သွားပြီး ခေါင်းမှာ ဂျိုလို အရာ တစ်ခု ထွက်လာတယ်။

ဝူး။ နှစ်ခြမ်းကွဲနေတဲ့ လျှာကြီးကလဲ ပါးစပ်ထဲကနေ ထွက်လာတယ်။

“ဒီတော့ မင်းက မြွေငယ်လေး တစ်ကောင်ပေါ့။” လင်းကျီရဲ့ လျှာကို ကြည့်ရင်း သူမရဲ့ မူလ ပုံစံကို နားလည် သွားခဲ့တယ်။ အခုချိန်မှာ ဒါတွေ အသုံးမဝင်ဘူး။ ဖမ်းမိထားတဲ့ သုံ့ပန်းက ခုခံနေရင် နာနာ ရိုက်ပြစ်ရမယ်။

ဒီတော့ ဖန်ကျန်းရှီ ရိုက်ချလိုက်တယ်။ ထွက်လာနေတဲ့ ဂျိုတည့်တည့်ကို ဖြတ်ရိုက်လိုက်တယ်။ မြေပြင်ကြီး တစ်ခုလုံး တုန်လာပြီး အက်ကွဲကြောင်းတွေ ပေါ်လာတယ်။ ဂူတစ်ခုလုံးကို ပင့်ကူအိမ်လို အသွင်ပြောင်းသွား စေတယ်။

လင်းကျီရဲ့ ခန္ဒာကိုယ်ကတော့ တောင့်တင်း သွားတယ်။ သူမ တွန့်လိမ့်ရင်း ခန္ဒာကိုယ်ထဲကနေ ဝိဉာဉ်လွင့်သွား သလို ခံစား နေခဲ့ရတယ်။

“ငါ့ကို သတ်မယ်တဲ့လား။ ဘယ်လိုလဲ။” ဖန်ကျန်းရှီ ပြောပြီးပြီးချင်း လင်းကျီရဲ့ ခန္ဒာကိုယ်က မြေပြင်ပေါ်ကို လဲကျ သွားတော့တယ်။ ဒီမြင်ကွင်းက နတ်ဆိုး သခင်ကို ထိတ်လန့် သွားစေတယ်။ ဖန်ကျန်းရှီ ဒီနည်းလမ်းကို သုံးတာမျိုး သူပထမဆုံး မြင်ဖူးတာပဲ။

“တစ်ချက် တစ်ချက်တည်းနဲ့။” သွေးအရိပ် မြို့တော်တုန်းက ဖန်ကျန်းရှီ ၂ကွက်တည်း သုံးပြီး တိုက်ခိုက်ခဲ့တယ်။ မုန့်ထျန်းက အရမ်းကို စွမ်းအားကြီးမှန်း သူနားလည်တယ်။ ဒီလောက်ထိ အင်အားကြီးမယ်လို့ မမျှော်လင့် ထားတာ တစ်ခုပဲ။

“မိစ္ဆာ ပုလဲက သူ့ဗိုက်ထဲမှာ။” ဖန်ကျန်းရှီ လင်းကျီကို ထပ်မကြည့်တော့ဘူး။ ရှန်းယွီကို ပြောလိုက်တယ်။

လင်းကျီ ခန္ဒာကိုယ်ပေါ်က အကြေးခွံတွေ ပျောက်ကွယ် သွားပြီး လူသား အသွင်ကို ပြန်ရောက် သွားခဲ့ပြီ။

“မုန့်ထျန်း နင်တကယ့်ကို ရက်စက်တာပဲ။ ဒါပေမယ့် နင်ငါ့ကို အခု သတ်လိုက်ရင်၊ နောက်ဆုံး အခွင့်အရေးကို နင်ဆုံးရှုံး ရလိမ့်မယ်။ လူသား မျိုးနွယ်တွေက လောကကြီးကနေ ပျောက်ကွယ် သွားလိမ့်မယ်။” လင်းကျီ အသက်ပြင်းပြင်းရှူရင်း ပြောတယ်။ အရမ်းကို တွန့်လိမ် နေခဲ့ပြီ။

“လှုပ်ရှားတော့။” ဖန်ကျန်းရှီ နည်းနည်းလေးတောင် စိတ်မလှုပ်ရှား ခဲ့ဘူး။

“အမိန့်အတိုင်းပါ။” ရှန်းယွီ ခေါင်းငြိမ့်တယ်။ ချက်ခြင်းဆိုသလို ဓားတွေကို ဆွဲထုတ်ပြီး လင်းကျီရဲ့ ရင်ဘတ်ကို အရှိန်ပြင်းပြင်းနဲ့ ထိုးစိုက်တော့တယ်။

“အား။ မုန့်ထျန်း ငါသေတဲ့ နေ့အထိ နင့်ကို ခွင့်မလွှတ်ဘူး။” လင်းကျီရဲ့ ပါးစပ်ကနေ သွေးတွေ စီးကျလာတယ်။

ဖန်ကျန်းရှီကတော့ အေးအေးဆေးဆေး မျက်နှာလွှဲထားတယ်။

ဒီလို တောက်ပတဲ့ မြင်ကွင်းကို သူမကြိုက်ဘူး။ ဒါပေမယ့် လင်းကျီရဲ့ စကားကို ကြားပြီးချိန်မှာ သူနည်းနည်းတော့ ဆွံ့အ သွားမိတယ်။ သေတဲ့နေ့ထိ ခွင့်မလွှတ်ဘူးတဲ့။ သေပြီးရင် ဘာလုပ် နိုင်မှာလဲ။ ဆိုးလိုက်တာ။

သေခါနီး လူတိုင်းက တပုံစံတည်း ပြောဖို့ လိုလို့လား။ နည်းနည်း ပိုပြီး သစ်ဆန်းတာလေး ပြောသင့်တယ်။ (ငါသေပြီးရင်တောင် နင့်ကို ဆက်မုန်းနေမယ်။)

ကြည့်ရတာ လူနဲ့ပဲ ဆိုင်လိမ့်မယ်။

ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ ဒီလို အသေးစိတ်တွေကို သူသိပ် ဂရုမစိုက် ချင်ဘူး။ နောက်ဆုံးတော့လဲ လူတိုင်းက ကြိုက်တာ ပြောလို့ ရတယ်လေ။ သူလဲ လင်းကျီရဲ့ ပါးစပ်ကို ပိတ်ဆို့ထားတာမှ မဟုတ်ပဲ။

ဂျွတ်။ မာဆတ်ဆတ် အသံ တစ်သံကို ကြားလိုက်ရတယ်။ ကြည်လင်နေတဲ့ မိစ္ဆာ ပုလဲက လင်းကျီရဲ့ ဗိုက်ထဲကနေ ထွက်ပေါ်လာတယ်။ အင်အားကြိး လှိုင်းတွေက ဂူတစ်ခုလုံးကို ဖြာထွက် နေနခဲ့တယ်။

“ဒါက မိစ္ဆာပုလဲလား။”

“နတ်သခင် အဆင့် မိစ္ဆာပုလဲ။ အင်အားကြီးလိုက်တာ။”

နယ်မြေ အကြီးအကဲ သုံးယောက်က မျက်လုံးပြူးကြီး တွေနဲ့ ကြည့်နေခဲ့ကြတယ်။ ပထမဆုံးအကြိမ် မိစ္ဆာ ပုလဲကို သူတို့ မြင်ဖူးတာပဲ။

“မဖြစ်ဘူး။ ငါ့ပုလဲကို မဖျက်စီးပါနဲ့။ ငါမသေချင်ဘူး။ နတ်ဘုရား အရင်းအမြစ်ကို ငါပြောပြမယ်။ မုန့်ထျန်း ငါပြောပြပါမယ်။” လင်းကျီ သူ့ခန္ဒာကိုယ်ထဲက ထွက်သွားတဲ့ မိစ္ဆာ ပုလဲကို မြင်ချိန်မှာတော့ အားအင်တွေ ကုန်ခမ်းသလို ပုံစံနဲ့ ပြိုလဲ သွားတော့တယ်။

“ပြောစမ်း။ နတ်ဘုရား အရင်းအမြစ် ဘယ်မှာလဲ။” မိစ္ဆာ ပုလဲကို ဓားနဲ့ ထိုးဖို့ လုပ်နေတဲ့ ရှန်းယွီက ရပ်တန့် နေခဲ့တယ်။ ဒီသတင်း အချက်အလက် ဘယ်လောက်တောင် အရေးကြီးမှန်း သူသိတယ်။

“ကောင်းပြီ။ ငါ ငါပြောမယ်။ ဒါပေမယ့် မသတ်ဖို့ ကတိပေးရမယ်။ ငါမသေချင်ဘူး။ ငါမသေချင်ဘူး။” လင်းကျီ ကြောက်လန့် တကြား တောင်းပန် နေခဲ့တယ်။

“မဖြစ်ဘူး။ လင်းကျီ။ နေရာကို ပြောလို့ မဖြစ်ဘူး။” နောက်ဆုံးမှာတော့ နတ်ဆိုး အရှင်သခင် ထအော်တော့တယ်။ လင်းကျီဆီကို သူခုန်ဝင်လာတယ်။

အပိုင်း (၉၂၈) ပြီး၏။

အပိုင်း (၉၂၉)

“မုန့်ထျန်းက ဖန်ကျန်းရှီလား။”

သူက အရမ်းကို မြန်မြန် လှုပ်ရှား နေခဲ့တယ်။ အနည်းဆုံးတော့ မြန်ဆန်လွန်းတဲ့ အတွက် သူ့ဘေးက အကြီးအကဲ သုံးယောက်တောင် မတားဆီး နိုင်ခဲ့ဘူး။ လင်းကျီအနား ရောက်သွားတာကိုပဲ ကြည့်နေခဲ့ ရတယ်။

အဲ့ဒီ့နောက်။ အဲ့ဒီ့နောက် ဘာမှ ဆက်မဖြစ်တော့ဘူး။ နတ်ဆိုး အရှင်သခင်က နယ်မြေ အကြီးအကဲ သုံးယောက်ထက် မြန်ဆန်ပေမယ့်၊ ဖန်ကျန်းရှီရဲ့ အရှိန်နှုန်းကို သေချာပေါက် မယှဉ်နိုင် ခဲ့ဘူး။

ရိုးရှင်းတဲ့ ကန်ချက် တစ်ချက်ကြောင့် နတ်ဆိုး သခင်က လေထဲကို လွင့်ထွက် သွားတယ်။ ဂူနံရံကို တိုက်မိပြီး မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ ဒီအချိန်မှာ နယ်မြေ အကြီးအကဲ သုံးယောက်က ကျားတွေလို ပုံစံနဲ့ နတ်ဆိုး အရှင်သခင်ကို ခုန်အုပ်တော့တယ်။

ဘန်း။

ဘန်း

“…”

ဆက်တိုက် ကန်ကျောက် ထိုးကြိတ် ခံရပြီးနောက် နတ်ဆိုးသခင်လဲ အသံတိုးတိုးသာ ထွက်နိုင်တော့တယ်။

နယ်မြေ အကြီးအကဲ သုံးယောက်က နတ်ဆိုး အရှင်သခင်ရဲ့ ခန္ဒာကိုယ်ကို တက်ဖိ ထားကြတယ်။ အရှက်မရှိတဲ့ လုပ်ရပ် ဖြစ်ပေမယ့် နတ်ဆိုး အရှင်သခင် လင်းကျီကို နောက်ထပ် ကူညီမှာ ကြောက်နေ ခဲ့ကြတယ်။

“ဒါကို လူသား ပိရမစ်လို့ ခေါ်တာလား။” ဖိထား ခံရတဲ့ နတ်ဆိုး အရှင်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရှီ တွေးလိုက်မိတယ်။

လင်းကျီရဲ့ အသံကတော့ ထက်ပေါ်လာတယ်။ ဒါပေမယ့် အရမ်းကို အားနည်း နေခဲ့တဲ့ အတွက် ခပ်တိုးတိုးသာ ကြားရတယ်။ သူမ စကားလုံး တွေကနေ ရှေ့ပိုင်း စကား တစ်ချို့ကိုသာ ကြားရတယ်။

“တကယ်တော့ နတ်ဘုရား အရင်းအမြစ်က ကောင်းကင်။”

“ဘာ နင် ဘာပြောတယ်။ ဘယ်နေရာမှာ။” ရှန်းယွီက စိတ်မထိန်းနိုင်ပဲ လင်းကျီ အနားကို ကပ်ရင်း လှဲချပြီး နားထောင် မိတယ်။

“အရူးမလေး နောက်ဆုတ်စမ်း။” ဖန်ကျန်းရှီ အော်ပေမယ့် နောက်ကျ သွားခဲ့ပြီ။

လင်းကျီက လျှပ်စီး လက်သလို လှုပ်ရှားရင်း ရှန်းယွီကို ဖမ်းလိုက်တယ်။ သူရဲ့ ပါးစပ် ထဲမှာ ချွန်ထက်ထက် အစွယ် နှစ်ချောင်း ထွက်ပေါ်လာတယ်။

ဖန်ကျန်းရှီက သူ့ကို တားဆီး ချင်ပေမယ့်၊ လင်းကျီက ရှန်းယွီနဲ့ နီးကပ် လွန်းနေခဲ့တယ်။ ရှန်းယွီနဲ့ တစ်လက်မပဲ ကွာတော့တယ်။

“အား။” ရှန်းယွီ နာကျင်မှု အပြည့်နဲ့ အော်ဟစ်တယ်။ သူမရဲ့ ခန္ဒာကိုယ်ကို မမြင်ရတဲ့ စွမ်းအားတွေက ဆွဲငင် သွားပြီးတော့ လင်းကျီရဲ့ လက်ထဲကို ရောက်သွားတော့တယ်။

ဖန်ကျန်းရှီ မျက်လုံး ပြူးသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ချွန်ထက်တဲ့ အစွယ် နှစ်ချောင်းက ရှန်းယွီ လည်ပင်းထဲ စိုက်ဝင် သွားခဲ့လို့ပဲ။ ခရမ်းရောင် အရည်တွေက သူ့သွားထဲကနေ စီးကျလာတယ်။

“သူ့ကို လွှတ်လိုက်။ မဟုတ်ရင် မင်း သေရမယ်။” လင်းကျီရဲ့ ခေါင်းကို ချက်ခြင်း လက်သီးနဲ့ သူထိုးချလိုက်တယ်။

ဝုန်း။ လင်းကျီရဲ့ ခန္ဒာကိုယ်က လေထဲမှာ လွင့်ထွက် သွားပြီး အစွယ် နစ်ချောင်းလဲ ကျိုးသွားတော့တယ်။ ခရမ်းရောင် အရည်တွေက မိုးရွာသလို စီးကျလာတယ်။

“ဆရာကြီး သတိထား။” ရှန်းယွီက ခရမ်းရောင် အရည်တွေကို မြင်ချိန်မှာ သူ့ခန္ဒာကိုယ်ကို သုံးပြီးတော့ ဖန်ကျန်းရှီကို ကာကွယ် လိုက်တယ်။ ခရမ်းရောင် အရည်တွေ့ ရှန်းယွီရဲ့ ကျောပေါ်ကို ကျရောက်ပြီးတော့ ခရမ်းရောင် အငွေ့တွေအဖြစ်ကို ပြောင်းလဲ သွားတယ်။

ရှန်းယွီရဲ့ မျက်နှာက ချက်ခြင်း ခရမ်းရောင် ပြောင်းသွားပြီးတော့ ဆက်တိုက် အော်ဟစ် ရတော့တယ်။ အသံကျယ်ကျယ် မထွက်အောင် ကိုယ့်ကိုယ်ကို တတ်နိုင်သလောက် ထိန်းချုပ် ထားခဲ့တယ်။

“ရှန်းယွီ။” ဖန်ကျန်းရှီက ရှန်းယွီကို ဖက်ထားရင်း မြေပြင်ပေါ် ကျသွားတဲ့ လင်းကျီကို သွေးလို နီရဲနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့် နေတော့တယ်။

“သေစမ်း။” ဒေါသတကြီး အော်သံကို ကြားလိုက်ရတယ်။

ရှန်းယွီရဲ့ လက်ထဲက ဓားမြှောင်ကို ဆွဲယူလိုက်ပြီးတဲ့နောက် လင်းကျီ အနားကို သူရောက်သွားတယ်။

ဝူး။ အေးစက်စက် အလင်းတန်းတွေ တစ်ချက် လက်သွားပြီးနောက် ခေါင်းတစ်လုံးက လေထဲကို လွင့်လာတယ်။ မြေပြင်ပေါ်မှာ ကျန်ရှိနေတဲ့ အလောင်းက ရုတ်တရက် အနက်ရောင် အကြေးခွံတွေနဲ့ မြွေကြီး အဖြစ်ကို ပြောင်းလဲ သွားတယ်။

ဝမ်းဗိုက်မှာလဲ အဖုအဖောင်းကြီး လေးခု ရှိနေပြီး ချွန်ထက်လွန်းတဲ့ ဆူးတွေက ကျောပေါ်မှာ ထိုးထွက် နေခဲ့တယ်။

“ဟား ဟား မုန့်ထျန်း နင်ဒါကို ထင်မထားဘူး မဟုတ်လား။ ငါ နင့်ကို မသတ်နိုင်ပေမယ့်၊ ရှန်းယွီကိုတော့ သတ်နိုင်တယ်။ ဟဟား။ ငါက မြွေငယ်လေး မဟုတ်ဘူး။ ငါက (ပါးမြွေ)။ ငါက ရှေးဟောင်း ”

*ပါးမြွေ= ဆင်ကို မျိုနိုင်သည်ဟု တရုတ် ဒဏ္ဍာရီထဲတွင် အဆိုရှိသော မြွေကြီး။

ဂျွတ်။

လင်းကျီ စကား မဆုံးခင် အချိန်မှာပဲ ခြေထောက် တစ်ဖက်က သူ့ခေါင်းပေါ်ကို ရောက်လာတယ်။ မြွေခေါင်း တဝက်ကို နင်းချလိုက်တယ်။

“အရှင် ဧကရီ။”

“ဆရာကြီး ကျေးဇူးပြုပြီး အရှင် ဧကရီကို ကယ်တင်ပေးပါ။”

“မိစ္ဆာမ။ ဆိုးယုတ်လိုက်တာ။ မင်းကို အပိုင်းပိုင်း လှီးဖြတ်ပြစ်မယ်။”

နယ်မြေ အကြီးအကဲ သုံးယောက် ဒီမြင်ကွင်းကြောင့် လုံးဝကို မျက်လုံး ပြူးသွားတယ်။ သူတို့တွေ နောက်ဆုံး အသိ ပြန်ဝင် ချိန်မှာတော့ ဟိန်းဟောက်သံကြီးတွေ ထွက်ပေါ် လာတော့တယ်။

“ဆရာကြီး အရှင် ဧကရီကို ကယ်တင်ပေးပါ။”

“…”

“ပါး ပါးစပ် ပိတ်။” ရှန်းယွီက ခပ်တိုးတိုး ပြောတယ်။ ဖန်ကျန်းရှီရဲ့ လက်မောင်းကို သူမ ဆွဲလိုက်တယ်။

“ဆ ဆရာကြီး သူ သူ အခုပဲ ပြောလိုက်တယ်။”

“ရှန်းယွီ စကား မပြောနဲ့တော့။” ရှန်းယွီကို ဖန်ကျန်းရှီ တားမြစ်တယ်။ သူမ စကား ပြောလေ ဒဏ်ရာ ပိုပြင်းထန် လာလေပဲ။ သူမရဲ့ နှလုံးသားကို သက်ရောက် စေလိမ့်မယ်။

ရှန်းယွီကတော့ ခေါင်းခါတယ်။ သူမရဲ့ ခရမ်းရောင် မျက်နှာက ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သားမှုကြောင့် တောက်ပနေတယ်။ သူမ လက်မှာ တိမ်လို သဏ္ဍာန် တစ်ခု ပေါ်လာတော့တယ်။

ဖန်ကျန်းရှီ ဒါကို မြင်ချိန်မှာ သူ့စိတ်ထဲ နာကျင် သွားမိတယ်။ ရှန်းယွီက နောက်ဆုံး စကားကို ပြီးအောင် ပြောဖို့ အားကုန် သုံးလိုက်မှန်း သူသိတယ်။

“ကောင်းပြီ ပြော။” ဖန်ကျန်းရှီ ရှန်းယွီရဲ့ လည်ပင်းကို လက်နဲ့ ဖိလိုက်တယ်။ စွမ်းအားကို သုံးပြီးတော့ နှလုံးကို အဆိပ် မရောက်စေဖို့ ကာကွယ်တယ်။

“ကျေးဇူး တင်ပါတယ်။ ဆရာကြီး လင်းကျီ အခုပဲ ပြောလိုက်တာ နတ်ဘုရား အရင်း အမြစ်က ကျမ်း ကျမ်းကောင်းကင် တောင်မှာတဲ့။ ကျမ်း ကောင်းကင် တောင်။ နတ်ဘုရား အရင်းအမြစ်က ကျမ်းကောင်းကင်တေင်။”

“ငါသိပြီ။ နတ်ဘုရားအရင်းအမြစ်က ကျမ်းကောင်းကင် တောင်မှာ။”

“ကျွန် ကျွန်မရဲ့ စတေးမှုက ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် နောက် နောက်ဆုံး ဆန္ဒ တစ်ခုတော့ ရှိတယ်။ ဆရာကြီး ကူညီ နိုင် မယ်လို့ မျှော်လင့် ပါတယ်။”

“ပြောပါ။”

“ဖန် ဖန်ကျန်းရှီကို နောက်ဆုံး တစ်ခေါက် မြင်ချင်ပါတယ်။ ဒါပေမယ့် သူ့ကို တွေ့ဖို့ မဖြစ်နိုင်တော့ဘူး။ ကျွန် ကျွန်မ သေပြီးတဲ့နောက် ခန္ဒာကိုယ်ကို ကြီးမြတ်သောရှရဲ့ မြောက်ရွာဆီ ပို့ပေးပါ။ ပြီးတော့ သူ့လက်ထဲ” ခရမ်းရောင် သွေးတွေ စကား မဆုံးခင်မှာပဲ ရှန်းယွီ အန်ထုတ် မိတော့တယ်။

“မဟုတ်ဘူး။ မင်း သူ့ကို တွေ့လို့ရတယ်။ သူက မင်းဘေးမှာပဲ။” ဖန်ကျန်းရှီ ဒါကို ကြားချိန်မှာ တကိုယ်လုံး တုန်ယင် သွားခဲ့တယ်။ ရှန်းယွီရဲ့ ခရမ်းရောင် မျက်နှာကို မြင်ချိန်မှာ သူဘယ်လိုများ ဆက်ပြီးတော့ ဖုံးကွယ် ထားနိုင်မှာလဲ။

သူ့ရဲ့ တကယ့် ဇစ်မြစ် အစစ်ကို မဖော်ပြတာက အကောင်းဆုံး ဖြစ်လိမ့်မယ်။ နယ်မြေ အကြီးအကဲ သုံးယောက် ဖမ်းခံလိုက်ရတဲ့ အချိန်မှာ ဒီကိစ္စက ပေါ်သွားနိုင်တယ်။

တကယ်တော့ နတ်ဆိုး အရှင်သခင်လဲ သူ့ရှေ့မှာ ရှိနေတယ်လေ။ ဖြစ်နိုင်ချေတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူတို့ကို ဂရု မစိုက်ဘူး။ သူအရမ်း အလျင်လို သွားတာလဲ ဖြစ်နိုင်တယ်။ ဒါက ဖန်ကျန်းရှီရဲ့ အကျင့်ပဲ။ ချက်ခြင်း ဆိုသလို သူ့မျက်နှာပေါ်က မျက်နှာဖုံးကို ဆွဲချွတ်လိုက် တော့တယ်။

ရှန်းယွီရဲ့ ရှေ့မှာ ချောမော ခံ့ညားတဲ့ မျက်နှာလေး ပေါ်လာတယ်။ ရှန်းယွီ အကြိမ်ကြိမ် အိပ်မက် မက်ခဲ့တဲ့ မျက်နှာက သူ့ရှေ့မှာ ရောက်နေခဲ့ပြီ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒီမျက်နှာက အရမ်းကို သူစိမ်းဆန် နေခဲ့တယ်။ အချိန် အကြာကြီး မတွေ့ခဲ့ ရလို့ ဒီလို ဖြစ်တာလား။

“အရှက် မရှိတဲ့ ကောင်စုတ် နင်။ တကယ်ပဲ နင်လား။” ရှန်းယွီရဲ့ မျက်လုံးတွေ့ ပြူးကျယ် လာခဲ့တယ်။ အသက်ကို ခပ်ပြင်းပြင်းနဲ့ မြန်မြန် ရှူနေခဲ့တယ်။

နယ်မြေ အကြီးအကဲ သုံးယောက်လဲ လုံးဝကို မျက်လုံး ပြူးနေတယ်။ ဖန်ကျန်းရှီ။ လောက ထိပ်ဆုံးမှာ ရှိနေတဲ့ သုခမိန် စစ်နတ် မုန့်ထျန်းက ဖန်ကျန်းရှီ တဲ့လား။

နေစမ်းပါအုန်း။ တခြား တနည်းနဲ့ ပြောရင်။ နတ်ဆိုး နန်းတော်ကို ဖြိုခဲ့တဲ့သူ၊ တံတိုင်းကြီးကို နှစ်ခြမ်း ခွဲခဲ့သူက ဖန်ကျန်းရှီပဲ။

“ဖန်ကျန်းရှီလား။” နတ်ဆိုး အရှင်သခင် မယုံနိုင် ခဲ့ဘူး။ ဖန်ကျန်းရှီ မြောက်ရွာမှာ ရှိနေတဲ့ အကြောင်း သူစစ်ဆေး ထားခဲ့တယ်လေ။ ဒီတော့ ဖန်ကျန်းရှီ ဘာကြောင့်များ သူ့ရှေ့မှာ ပေါ်လာတာလဲ။ ဒါ့အပြင် သုခမိန် စစ်နတ် မုန့်ထျန်း အဖြစ်နဲ့ ပေါ်လာတယ်။

တခြား နယ်မြေ အကြီးအကဲတွေလဲ မယုံနိုင်ဘူး။ တောင်ပိုင်းဒေသ တိုက်ပွဲတုန်းက ပြန်လည် မွေးဖွားမှု အဆင့် စွမ်းအားရှင် လူငယ် တစ်ယောက် အဖြစ်သာ ဖန်ကျန်းရှီကို သူတို့ မှတ်ယူ ထားကြတယ်။ အချိန် သုံးနှစ်တောင် မပြည့်သေးဘူး။

တောင်ပိုင်း ဒေသ စစ်ပွဲမှာ အောင်မြင်မှုကြီး ဆောင်ယူ နိုင်ခဲ့တဲ့ အရှက်မရှိတဲ့ ကောင်စုတ်လေး ဖန်ကျန်းရှီက ဓားချက် တစ်ချက်တည်းနဲ့ သွေးအရိပ် မြို့တော်ကို နှစ်ခြမ်း ခွဲနိုင်တဲ့ သုခမိန် စစ်နတ် မုန့်ထျန်း ဖြစ်သွားခဲ့ပြီ။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။

“ရှန်းယွီ။ စိတ်ချပါ။ ငါရှိနေသရွေ့။ မင်း မသေစေရဘူး။” ဖန်ကျန်းရှီ တခြားသူတွေ အားလုံးရဲ့ တုံ့ပြန်ပုံတွေကို လျစ်လျူရှု ထားခဲ့တယ်။ မြေပြင်ပေါ်က မိစ္ဆာပုလဲကို သူအကြည့် ရောက်သွားတယ်။

“ဟုတ်တယ်။ မိစ္ဆာ ပုလဲ ရှိနေသေရွ့။ ရှန်းယွီ သေမှာ မဟုတ်ဘူး။”

ဖန်ကျန်းရှီ သူ့လက်ကို ဆန့်ထုတ်ရင်း မိစ္ဆာ ပုလဲကို ယူလိုက်တယ်။

ပင်းယန် သေမလို ဖြစ်ခဲ့ချိန်တုန်းက မိစ္ဆာ ပုလဲနဲ့ ကယ်ခဲ့တာကို သူမှတ်မိ နေသေးတယ်။ မိစ္ဆာ ပုလဲက ကုသနိုင်တယ်။ ဟုတ်တယ်။ မိစ္ဆာ ပုလဲက သေချာပေါက် ကုသနိုင်တယ်။

ဖန်ကျန်းရှီ ရှန်းယွီ ပါးစပ်ထဲ မိစ္ဆာ ပုလဲ ထည့်ဖို့ လုပ်ပြီး ချိန်မှာပဲ တွေေ၀ သွားခဲ့တယ်။

“နေအုန်း တစ်ခုခု လွဲနေတယ်။” ဖန်ကျန်းရှီ စိတ်ရှုပ်ထွေး နေပင်မယ့်၊ သူ့မသိစိတ်က ပြောနေခဲ့တယ်။ ဒီကိစ္စ နောက်ကွယ်မှာ တစ်ခုခု ရှိနေတယ်။

“ဆရာကြီး။ မဟုတ်သေးဘူး။ သခင်လေးဖန်။ ဒီမိစ္ဆာ ပုလဲက ဧကရီကို ကယ်တင် နိုင်တယ် မဟုတ်လား။” အကြီးအကဲ သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မေးမိတယ်။

“ဧကရီကို ကယ်တင်ပေးပါ သခင်လေးဖန်။”

“မှန်ပါတယ်။ အကယ်၍ သခင်လေးဖန်သာ ဧကရီကို ကယ်တင်ပေးရင်၊ တောင်ပိုင်း ဒေသ တစ်ခုလုံးက ကျေးဇူး မမေ့ပါဘူး။”

ဖန်ကျန်းရှီ ရပ်တန့် သွားတာကို မြင်ချိန်မှာတော့ သူတို့တွေ အရမ်းကို စိုးရိမ် ကုန်ကြတယ်။ ရှန်းယွီရဲ့ အသက်ရှူသံတွေ အရမ်း တိုးညှင်း နေတာကို သူတို့ ခံစားမိတယ်။

“မိစ္ဆာ ပုလဲက ဒဏ်ရာတွေကို ကုသနိုင်တယ်။ ဒါပေမယ့်။” ဖန်ကျန်းရှီ အတွေး တစ်ခု တွေးမိတာကြောင့် မျက်မှောင်ကြုတ် သွားတယ်။

“ဒါဆို ဘာကို စောင့်နေအုန်းမှာလဲ။” အကြီးအကဲ သုံးယောက် တစ်ခဏတာ မျက်လုံး ပြူးသွား ပေမယ့် ဒူးထောက် လိုက်ကြတယ်။ “သခင်လေးဖန် မိစ္ဆာ ပုလဲက တန်ဖိုးကြီးမှန်း ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် အရှင် ဧကရီက တောင်ပိုင်း ဒေသရဲ့ အနာဂတ်ပါ။ သူ့ကို ကယ်တင်ပေးပါ။”

“သခင်လေးဖန် ကျေးဇူးပြုပြီး ကယ်တင်ပေးပါ။”

“အရှင် ဧကရီက နတ်ဘုရား အရင်းအမြစ် ရှိတဲ့ နေရာကို သိနိုင်ဖို့ စိတ်လောကြီး လွန်းပြီး လင်းကျီ လှည့်စားတာကို ခံလိုက် ရတာပါ။ အရှင်ဧကရီက သခင်လေးဖန်ကို တကယ်စိတ်ရင်း မှန်ပါတယ်။ ဒါကြောင့်။”

“မင်း ဘာပြောလိုက်တယ်။ နောက်တစ်ခေါက် ပြန်ပြော။” အကြီးအကဲ သုံးယောက်ကို ဖန်ကျန်းရှီ ရုတ်တရက် လှည့်ကြည့်တယ်။

“အမ်။ ကျွန်တော်တို့ ပြောတာ အရှင်ဧကရီက သခင်လေးဖန်ကို စစ်မှန်။”

“မဟုတ်ဘူး။ ရှေ့တစ်ခု။”

“ရှေ့ တစ်ခု။ အာ အရှင် ဧကရီက နတ်ဘုရား အရင်းအမြစ် ရှိတဲ့ နေရာကို သိနိုင်ဖို့ စိတ်လောကြီး လွန်းပြီး လင်းကျီ လှည့်စားတာကို ခံလိုက် ရတာပါ။”

“ဟုတ်တယ်။ နတ်ဘုရား အရင်အမြစ်။” ဖန်ကျန်းရှီ ကြက်သီးတွေ ထလာပြီး သူ့မျက်ဝန်းက လင်းလက် သွားတော့တယ်။ တကယ်တော့ သူကျော တစ်ခုလုံး ချွေးတွေ စိုရွဲနေလို့ အေးစိမ့် သွားတာပဲ။

ကံသီပေလို့ ကံသီပေလို့။ ရှန်းယွီရဲ့ အသက်ကို ကိုယ်တိုင် နုတ်ယူ မိတော့မလို့။ လင်းကျီက အရမ်းကို ကောက်ကျစ်တဲ့ မိစ္ဆာမပဲ။ ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင်ကို သတ်တယ်။ အရမ်းကို ကောင်းတဲ့ အစီအစဉ်ပဲ။ နတ်ဘုရား အရင်းအမြစ် အကြောင်းသာ အကြီးအကဲတွေ ထုတ်မပြောရင် ဖန်ကျန်းရှီ တွေးမိမှာ မဟုတ်ဘူး။

ဒါပေါ့။ ဒါကို တွေးပြီးချိန်မှာပဲ အစီအစဉ်ရဲ့ ဟာကွက်ကို သူမြင်တော့တယ်။ ရှန်းယွီကို လင်းကျီ ကိုက်လိုက်တဲ့ အချိန်တုန်းက အသေမသတ် ခဲ့ဘူး။ အဆိပ်တွေကိုပဲ ခန္ဒာကိုယ်ထဲ ထိုးထည့်ခဲ့တယ်။ အရမ်းကို အကွက်စေတဲ့ အစီအစဉ်ပဲ။

လင်းကျီရဲ့ စွမ်းအားနဲ့ ဆိုရင် လည်ပင်းကို ကိုက်လိုက်လို့ ကတော့ အဆိပ်သုံးစရာ မလိုပဲ အသေသတ်နိုင် မှာကို သူသိတယ်။ ဒါပေမယ့် လင်းကျီ မလုပ်ခဲ့ဘူး။ ရှန်းယွီ ကြားလိုက်တာကို ပြန်ပြောချိန် ပေးခဲ့တယ်။

ပထမ ငှက်ကတော့ ရှန်းယွီကို မိစ္ဆာ ပုလဲ ကျွေးပြီး ဖန်ကျန်းရှီ လက်ထဲ သေစေဖို့။ ဖန်ကျန်းရှီသာ ဒီလို လုပ်လိုက်ရင် သေချာပေါက် တောင်ပိုင်း ဒေသရဲ့ ရန်သူ ဖြစ်သွားမှာပဲ။

ဒါ့အပြင် ကြီးမြတ်သောရှနဲ့ မြောက်ရွာရဲ့ ရန်သူလဲ ဖြစ်သွားလိမ့်မယ်။ ဒါက ဒုတိယ ငှက်။

သုခမိန် စစ်နတ် မုန့်ထျန်းနဲ့ ဖန်ကျန်းရှီ ကြားမှာလဲ တိုက်ပွဲ ဖြစ်လိမ့်မယ်။ လင်းကျီ မျှော်လင့် ထားပြီး မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ မြင်ချင်နေတဲ့ အဆုံးသတ် တစ်ခုပဲ။ ကျားနှစ်ကောင်ရဲ့ တိုက်ပွဲမှာ တစ်ယောက်က သေချာပေါက် ဒဏ်ရာ ရလိမ့်မယ်။ ဒီပုံပြင်ကလဲ နှစ်ပေါင်း ရာချီကြာအောင် ပျံ့နှံ့မယ်။

လင်းကျီ ဒီလို စီစဉ် ထားခဲ့တယ်။

ဒါပေမယ့် လင်းကျီက အရမ်းကို ကောက်ကျစ်ပြီး မုန့်ထျန်းကို မုန်းတီး နေခဲ့တယ်။ ဒီတော့ အစီအစဉ်ကို မကျေနပ်ဘူး။ သူမ သေဆုံး သွားပြီးချိန်မှာတောင် ရှန်းယွီကို သုံးပြီး ဖန်ကျန်းရှီ(မုန့်ထျန်း)ကို ဒုက္ခပေးဖို့ စိတ်ကူး ထားသေးတယ်။

ကျမ်းကောင်းကင်တောင်။ ဘယ်သူကမှ ဒီနေရာကို ရှင်းရှင်းလင်းလင်း မသိနိုင်ဘူး။

မုန့်ထျန်းရဲ့ လက်ကို သုံးပြီးတော့ ရှန်းယွီကို သတ်မယ်။

မုန့်ထျန်းနဲ့ ဖန်ကျန်းရှီကို တိုက်ပွဲကြီး ဖြစ်စေမယ်။

အဲ့ဒီ့နောက် ကျမ်းကောင်းကင်တောင်ကို သုံးပြီး မုန့်ထျန်းကို လှည့်စားတယ်။

ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကို သတ်နိုင်မယ့် ပြီးပြည့်စုံ လွန်းတဲ့ အစီအစဉ်ပဲ။

အပိုင်း (၉၂၉) ပြီး၏။

အပိုင်း (၉၃၀)

“ပိုကောင်းတဲ့ အနာဂတ် အတွက် စတေးခြင်း။”

လင်းကျီက လောဘကြီးလွန်းတာ သနားစရာပဲ။ အကယ်၍ သူသာ ရှန်းယွီကို နတ်ဘုရား အရင်းအမြစ် အကြောင်း တမင် ပြောပြဖို့ အကွက် မဆင်ခဲ့ရင် ဖန်ကျန်းရှီလဲ ဒီဟာကွက်ကို သတိထား မိမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီ ချက်ခြင်း ဆိုသလို မိစ္ဆာ ပုလဲကို ပြန်ယူလိုက် တော့တယ်။

“သခင်လေးဖန်။ ဧကရီကို ဒီအတိုင်း ပြစ်ထားလို့ မဖြစ်ပါဘူး။” ဒါကို မြင်ချိန်မှာ အကြီးအကဲ သုံးယောက်ရဲ့ မျက်လုံးတွေ ရဲရဲနီ သွားခဲ့တယ်။

“မဟုတ်တမ်း တရားတွေ။ ငါပြောထား ပြီးသား။ ငါရှိ နေသရွေ့ ရှန်းယွီ မသေစေရဘူး။ ဒါပေမယ့် ဒီမိစ္ဆာ ပုလဲက သူ့ကို မကယ်နိုင်ဘူး။” ဖန်ကျန်းရှီ သေချာ ဂရုစိုက်ပြီး ရှန်းယွီကို အောက်ချ လိုက်တယ်။

“သူ့ကို မကယ်နိုင်ဘူး။ ဒါပေမယ့် မိစ္ဆာ ပုလဲက ဒဏ်ရာတွေကို ကုသနိုင်တယ်လို့ သခင်လေးဖန်ပဲ ပြောခဲ့တယ် မဟုတ်လား။” နယ်မြေ အကြီးအကဲတွေ စိတ်ရှုပ်ထွေး နေခဲ့ပြီ။ ဒါပေမယ့် သူတို့ ဆက်မပြောတော့ဘူး။ သူတို့ ရှေ့မှာ ရှိနေတာက ဖန်ကျန်းရှီ။ မုန့်ထျန်း မဟုတ်ခဲ့ဘူး။

ဖန်ကျန်းရှီက အရမ်းကို အရှက် ကင်းမဲ့ပေမယ့်၊ ရှန်းယွီကိုတော့ သေချာပေါက် ကယ်မှာပဲ။

“မိစ္ဆာ ပုလဲက တကယ်ပဲ ဒဏ်ရာတွေကို ကုသနိုင်တယ်။ ဒါပေမယ့် ရှန်းယွီ စားလို့ မရဘူး။ စားလိုက်ရင်၊ အတွင်းထဲမှာ ပေါက်ကွဲမှုကြီး ဖြစ်သွားလိမ့်မယ်။”

“ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။” နယ်မြေ အကြီးအကဲတွေ အခြေခံ ဗဟုသုတကိုတော့ နားလည်ကြတယ်။ ခန္ဒာကိုယ်က ကျင့်ကြံဖို့ အတွက် အဓိက အကြောင်းအရာပဲ။ ရေစည်ကြီး တစ်ခုလိုမျိုး အသွင်တူတယ်။ ရေစည်က သေးငယ်လွန်း နေရင်၊ ရေတွေ အများကြီးကို မထည့်ထား နိုင်ပဲ ပေါက်ကွဲ လိမ့်မယ်။

ဖန်ကျန်းရှီက နယ်မြေ အကြီးအကဲတွေကို ပြန်မဖြေဘူး။ လင်းကျီရဲ့ ခန္ဒာကိုယ်ကို သူရှာဖွေ နေခဲ့တယ်။ မကြာခင်မှာပဲ အနီရောင် အရာလေး တစ်ခုကို သူရှာတွေ့လာတယ်။

“အဲ့တာ ဘာကြီးလဲ။” ဖန်ကျန်းရှီ ကိုင်လာတာကို ကြည့်ရင်း သူတို့တွေ မျက်လုံး ပြူးသွားတော့တယ်။

“အဲ့တာ မြွေသည်းခြေပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ ဆေးပညာကို မသင်ကြား ခဲ့ပေမယ့်၊ မြွေဆိပ် ဖြေနည်းကို သူသိတယ်။ နယ်မြေ အကြီးအကဲတွေလဲ ဖန်ကျန်းရှီ လုပ်နေတာကို နားလည်တယ်။ တောင်ပိုင်း ဒေသမှာလဲ ဒီလို ခက်ခဲတဲ့ အခြေအနေတွေကို သူတို့ ကြုံဖူးကြတယ်။

မြွေသည်းခြေကို ဂရုစိုက်ပြီး ကိုင်ရင်း ရှန်းယွီ အနားကို သူကပ်လာတယ်။ သည်းခြေကို တခါတည်း ကျွေးမယ့်အစား ရှန်းယွီရဲ့ လည်ပင်းက ဒဏ်ရာကို စုပ်ယူလိုက်တယ်။

“သခင်လေးဖန် အရမ်း အန္တရာယ်များတယ် မလုပ်နဲ့။”

“သခင်လေးဖန်။”

ဖန်ကျန်းရှီ လုပ်တာကို နားလည်တဲ့ အတွက် သူတို့တွေ တားဆီးဖို့ လုပ်ကြတယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပြီ။ ဖန်ကျန်းရှီ သူစုပ်ထုတ် ထားတဲ့ အဆိပ်တွေကို ထွေးထုတ်ပြစ် နေတယ်။ ခရမ်းရောင် အရည်တွေက မြေပြင်နဲ့ ထိတဲ့ အချိန်မှာ တစစ်စစ် မြည်သံနဲ့ လောင်ကျွမ်းတော့တယ်။

“ဂူအပြင်ထွက်စောင့်။ ဘယ်သူမှ ဝင်မလာစေနဲ့။” အဆိပ်တွေကို ထွေးထုတ် ပြီးတဲ့နောက် ဖန်ကျန်းရှီ ပြောလိုက်တယ်။

တကယ်တော့ သူက သူရဲကောင်း လုပ်နေတာ မဟုတ်ဘူး။ မြွေဆိပ်က နယ်မြေ အကြီးအကဲ သုံးယောက် မခုခံ နိုင်အောင် ပြင်းထန် လွန်းတဲ့ အတွက် မဖြစ်မနေ လုပ်ဖို့ လိုခဲ့တာပဲ။

“သခင်လေးဖန်။”

“ထွက်သွား။”

“ကောင်းပါပြီ။ ဧကရီကို သခင်လေးဖန် လက်ထဲ အပ်ခဲ့ပါတယ်။” အကြီးအကဲတွေ စိတ်မပါ လက်မပါနဲ့ ထွက်သွားကြတယ်။

ဖန်ကျန်းရှီကတော့ အဆိပ်တွေကို ဆက်တိုက် စုပ်ထုတ်နေတယ်။ ရှေးအကျဆုံးနဲ့ အန္တရာယ် အများဆုံး နည်းလမ်း။ ဖန်ကျန်းရှီသာ ဂရု မစိုက်ရင် မြွေဆိပ်တွေက ဖန်ကျန်းရှီရဲ့ ပါးစပ်ထဲကို ဝင်သွားနိုင်တယ်။ သူလဲ အဆိပ်သင့် သွားလိမ့်မယ်။ ဒါတွေကို စဉ်းစားနေဖို့ အချိန် မရှိခဲ့ဘူး။

အချိန် အတော် ကြာပြီးတဲ့နောက် ကြမ်းပြင်က ခရမ်းရောင်သွေးတွေ ဖြည်းဖြည်းချင်း အနီရောင် ဘက်ကို ပြောင်းသွားတော့တယ်။ ဖန်ကျန်းရှီလဲ အခုမှပဲ သက်ပြင်း ချနိုင်တယ်။

လင်းကျီ။ နတ်သခင် အဆင့် ပညာရှင်။ သူထုတ်လိုက်တဲ့ အဆိပ်က တကယ့်ကို များပြားတာပဲ။ အဆိပ် အရသာကို စကားနဲ့တောင် ဖော်ပြလို့ မရနိုင်ဘူး။ သူ့ပါးစပ် တစ်ခုလုံးကို ထုံကျင် ခါးသက်ပြီး ချဉ်နေစေတယ်။

အဆိပ်သွေးတွေ အားလုံးကို စုပ်ထုတ်ပြီး နောက်မှာတော့ ဖန်ကျန်းရှီလဲ သည်းခြေကို ကိုင်လိုက်တယ်။ ရှန်းယွီရဲ့ ခရမ်းရောင် နှုတ်ခမ်းတွေကို လက်တစ်ဖက်နဲ့ ဟလိုက်တယ်။ ဒါပေမယ့် ရှန်းယွီကတော့ သတိလစ်နေဆဲ။ သူမရဲ့ နှုတ်ခမ်းတွေက အရမ်းကို တင်းတင်း စေ့နေခဲ့တယ်။ ဖွင့်ဖို့ မဖြစ်နိုင်ဘူး။

ဖန်ကျန်းရှီ မျက်မှောင်ကြုတ်သွားတယ်။ လက်ထဲက မြွေသည်းခြေကို ကြည့်လိုက်ရင်း အသက်ပြင်းပြင်းရှူတယ်။ သွားနဲ့ ကိုက်ချလိုက်တော့တယ်။ ပူနွေးတဲ့ အရည်တွေက ပါးစပ်ထဲကို စီးဝင်လာတော့တယ်။ ချက်ခြင်း မျက်လုံး ပြူးပြီး တုန်ယင်သွားတယ်။

ခါးလိုက်တာ။ သေလောက်အောင် ခါးတာပဲ။ သူစုပ်ယူခဲ့တဲ့ မြွေအဆိပ်ထက်တောင် သည်းခြေက ပိုပြီးတော့ ခါးနေခဲ့တယ်။ စကားတောင် တစ်ခွန်းမှ မထွက်နိုင်တော့ဘူး။ ဒါပေမယ့် သူ့မှာ ရွေးချယ်စရာ မရှိ။

ခန္ဒာကိုယ်ကို ကိုင်းလိုက်ရင်း ရှန်းယွီကို နှုတ်ခမ်းချင်း တေ့ပြီး သည်းခြေရည်တွေကို တိုက်ရတော့တယ်။

ရှန်းယွီရဲ့ မသက်မသာ အသံက သည်းခြေရည်တွေ ပါးစပ်ထဲ ရောက်ရောက် ပြီးချင်မှာပဲ ထွက်ပေါ် လာတော့တယ်။ သူမ စတင်ပြီး ရုန်းကန်တယ်။

ဖန်ကျန်းရှီ သူမကို ဖိထားတယ်။ နွေးထွေးတဲ့ ခန္ဒာကိုယ်ကို ဖိထားရတာ မြင်းရိုင်းတစ်ကောင်ကို စီးနင်း နေရသလိုပဲ။

“အား။” နာနာကျင်ကျင် အော်သံကြီး တစ်ခု ထွက်ပေါ်လာတယ်။ (မြင်းရိုင်း)ကတော့ လက်တွေ ခြေတွေကို သုံးပြီး ထွက်ပြေးဖို့ ပြင်နေပြီ။ သူမက ကန်ကျောက် တွန်းကန် နေခဲ့တယ်။ ရှည်လျားတဲ့ ခြေထောက် သွယ်သွယ်တွေက ဆက်တိုက် လှုပ်ရှားနေတယ်။

ဖန်ကျန်းရှီ ဒါမျိုးကို မကြုံဖူးဘူး။ ဒါပေမယ့် ယောကျာ်း တစ်ယောက်ရဲ့ ကိုယ်ပိုင် နေရာက အကိုက်ခံလို့ မဖြစ်မှန်းတော့ သိတယ်။ ဒါကြောင့် ခြေထောက်တွေကို ခပ်တင်းတင်း စေ့ထားခဲ့တယ်။

(အနာခံမှ အသာစံရမယ်) ရှေးဆိုရိုး ရှိတဲ့ အတိုင်းပဲ။ အခု အချိန်ထိ သူက ရိုးသားတဲ့ လူငယ်လေး ဖြစ်ခဲ့တဲ့ အတွက် ဒါတွေကို နားမလည်ခဲ့ဘူး။ ရှန်းယွီကိုသာ အလွတ်ပေးလိုက်ရင် သူ့ရဲ့ အားထုတ်မှုတွေ အားလုံး အလကား ဖြစ်သွားမှာကို သိသွားခဲ့တယ်။

“ကြည့်ရတာ ကြမ်းဖို့ လိုလာပုံပဲ။” ဖန်ကျန်းရှီက ကြမ်းတမ်းတာကို မကြိုက်ဘူး။ ဒါပေမယ့် သူ့ခန္ဒာကိုယ်ထဲက အရိုင်းဆန်မှုတွေကို အားကုန်သုံးပြီး ထုတ်လွတ် ရတော့မယ်။

မွေးမြူထားတဲ့ အလေ့အကျင့်တွေက တကယ့် အခြေအနေကောင်းမှာ မသင့်တော်ဘူး။ အရေးပေါ် အခြေအနေမှာတော့ သူ့ရဲ့ လက်နဲ့ ခြေတွေ အားလုံးကို သုံးပြီးတော့ ရှန်းယွီကို ဖိထားတော့တယ်။ မုန်တိုင်းပြီးရင် သက်တန့်ကို မြင်ရမယ်။

ရှန်းယွီကို သည်းခြေ ကျွေးပြီးတဲ့ အထိ အချိန် ဘယ်လောက်တောင် ကြာခဲ့မှန်း သူမသိခဲ့ဘူး။ ဒါပေမယ့် အားလုံး ပြီးသွားချိန်မှာတော့ တောက်ပတဲ့ နေရောင်ခြည်က ဂူထဲကို ဝင်ရောက် လာခဲ့ပြီ။

“ငလူးပဲ။” ဖန်ကျန်းရှီ ကျိန်ဆဲ ချင်ပေမယ့်၊ ပါးစပ် တစ်ခုလုံး ထုံကျင် နေတဲ့ အတွက် စကား မပြောနိုင်ခဲ့ဘူး။ တကိုယ်လုံးက ထွက်တဲ့ ချွေးတွေ များလွန်းလို့ မြေပြင်မှာတောင် အကွက်ကြီး ဖြစ်နေခဲ့ပြီ။ တကယ့်ကိုပဲ သာမာန်လူ တစ်ယောက်က မြင်းရိုင်းကို မစီးနိုင်ဘူး။

သက်ပြင်း တစ်ချက် ချပြီးတဲ့နောက် သည်းခြေကို အပိုင်းပိုင်း ဖြစ်အောင် သေးသေးလေးတွေ ကိုက်လိုက်ရင်း ရှန်းယွီကို ကျွေးတော့တယ်။

အပြင်ဘက်မှာတော့ နယ်မြေ အကြီးအကဲတွေက နီရဲတဲ့ မျက်နှာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။ ဒီလို အသံတွေ ရပ်တန့် သွားချိန်မှာတော့ သူတို့ ဆွံ့အ နေခဲ့ပြီ။

“ယန်ယ။ သခင်လေးဖန် ငါတို့ ဧကရီကို ဘာလုပ်လိုက်တယ် ထင်လဲ။” နယ်မြေ အကြီးအကဲ တစ်ယောက်က မေးတယ်။

“သခင်လေးဖန်က ဒီလို လူမျိုး မဟုတ်ဘူး။” ယန်ယ ခေါင်းခါတယ်။

“ဒါပေမယ့် ငါကြားတာတော့ သခင်လေးဖန်က ယင်ယန် တာအိုကို နားလည်တယ်တဲ့။ ဧကရီကို ကယ်ဖို့ မဖြစ်မနေ လုပ်လိုက်ရတာလဲ ဖြစ်နိုင်တာပဲ။”

“ဒါက။” ယန်ယရဲ့ အမူအယာ နည်းနည်းတော့ ပြောင်းလဲ သွားခဲ့တယ်။

“မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူးလေ။” နောက်ထပ် နယ်မြေ အကြီးအကဲ တစ်ယောက်က ပြောတယ်။

“မင်းဘာ ပြောချင်တာလဲ။”

“ဧကရီက သခင်လေးဖန်အပေါ် ဘယ်လို ခံစားချက် ရှိမှန်း ငါတို့ အားလုံး သိထား ပြီးသားပဲ။ ဒါ့အပြင် အရင် ဘုရင်ဟောင်းကလဲ သူတို့ကို ခွင့်ပြု ပေးပြီးသား ဟုတ်တယ်ဟုတ်။”

“ဟုတ်တယ် မှန်တယ်။ အရင် ဘုရင်ကြီးတုန်းကလဲ ဒီလို အတွေး ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သခင်လေးဖန်က မင်းသမီးရဲ့ အခန်းကို အဲ့ဒီ့ညမှာ ခိုးဝင် ခဲ့တယ်လေ။”

“အိမ်ရှေ့စံ စွပ်စွဲတာကို ခံလိုက် ရတာပါ။”

“ငါနားလည်ပြီ။ ဒီတော့ သခင်လေးဖန် ဧကရီကို ကယ်ဖို့ လုပ်တဲ့ ကိစ္စက ကောင်းတာပေါ့။”

“ဒါပေါ့။”

“…”

“ဘာဖြစ်တယ်။ ငါကတော့ ကောင်းတယ် မထင်ဘူး။” နယ်မြေ အကြီးအကဲတွေ ဆွေးနွေး နေချိန်မှာပဲ အသံ တစ်သံ ဂူထဲကနေ ထွက်လာတော့တယ်။

ချွေးတွေ ရွဲနစ်နေတဲ့ ဖန်ကျန်းရှီက ဂူထဲကနေ ထွက်လာတယ်။ အကျီကို ချွတ်ထားပြီး လက်ထဲမှာ သူကိုင်လာတယ်။ နယ်မြေ အကြီးအကဲတွေ ချက်ခြင်း နားလည် သွားကြပုံပဲ။

“သခင်လေးဖန် ငါတို့ ဘာများ လုပ်ပေးရမလဲ။”

“ရေသွား ခပ်ခဲ့ပေး။ ငါရေချိုးချင်တယ်။” ဖန်ကျန်းရှီ ခေါင်းခါရင်း သူ့ကိုယ်ပေါ်က ချွေးတွေကို ခြောက်အောင် ထိုင်ရင်း အနားယူ နေခဲ့တယ်။ ရုတ်တရက် သူလှမ်းပြောတယ်။ “နေအုန်း။ ရေနှစ်ပုံ ခပ်ခဲ့။ ရှန်းယွီလဲ ရေချိုးဖို့ လိုနေတယ်။”

“ကောင်းပါပြီ။ ခဏတော့ စောင့်ပါ။” နယ်မြေ အကြီးအကဲ တစ်ယောက် ချက်ခြင်း ပြေးထွက် သွားတော့တယ်။ ယန်ယကတော့ တခြား နယ်မြေ အကြီးအကဲ တစ်ယောက်နဲ့ မျက်စပြစ် နေခဲ့တယ်။ သူတို့ အမူအယာတွေက ထူးဆန်းနေတယ်။ သူတို့တွေ တစ်ခုခု ပြောချင်ပေမယ့် နောက်ဆုံးမှာ ပါးစပ်ပိတ် သွားခဲ့ကြတယ်။

ဖန်ကျန်းရှီကတော့ သူတို့ နှစ်ယောက်ရဲ့ အမူအယာကြောင့် စိတ်ရှုပ်ထွေး သွားပေမယ့်၊ မေးဖို့ ပင်ပန်း လွန်းနေခဲ့တယ်။ ဒီအမူအယာတွေကို သူခပ်မြန်မြန်ပဲ သဘောပေါက်သွားတယ်။ ဘာကြောင့်ဘဲ ဆိုတော့ ဒီနေရာမှာ ရှိနေသူတိုင်းက ယောကျာ်းတွေ ဖြစ်နေလို့ပဲ။

“ကျေးဇူးတင်ပါတယ် သခင်လေးဖန်။”

“အရှင်ဧကရီ ချိုးရေသုံးသပ်ဖို့ သခင်လေးဖန်ကို ဒုက္ခ ပေးရတော့မှာပဲ။ တောင်ပိုင်း ဒေသ ကိုယ်စား ကျေးဇူး တင်ပါတယ်။”

“အင်း။ စိတ်ချပါ။ သခင်လေးဖန်။ ရေချိုးတာကို ဘယ်သူမှ မနှောက်ယှက်အောင် အပြင်မှာ စောင့်ကြပ် ထားပါမယ်။”

အကြီးအကဲ သုံးယောက်က ရေနှစ်ပုံးကို ခပ်မြန်မြန် ချရင်း ပြောတယ်။

“..” ဖန်ကျန်းရှီ နှုတ်ခမ်းတွေ တုန်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူပြောလိုက်တယ်။ “ရှန်းယွီ ရေချိုးဖို့ ငါ့ကို ကူညီ စေချင်တာလား။”

“ဟုတ်ပါတယ်။” အကြီးအကဲ သုံးယောက် ခေါင်းငြိမ့်တယ်။

“ဒါပေမယ့် ငါက ကလေးပဲ ရှိသေးတာ။”

“ကလေးတဲ့လား။” အကြီးအကဲ သုံးယောက် သူဆိုလို ချင်တာကို ချက်ခြင်း နားလည်တယ်။ “သခင်လေးဖန်။ ဒါကို ကျွန်တော်တို့တွေ လုပ်လို့ မရဘူးလေ။”

“ဒီတော့ ငါတစ်ယောက်ပဲ လုပ်လို့ ရတယ်ပေါ့။”

“အမှန်ပါပဲ။”

“ရှန်းယွီ နိုးလာရင် ဒါကို သိသွားလို့ ကတော့ ငါ့ကို သတ်မှာလား။”

“သခင်လေးဖန် စိတ်ချပါ။ အရှင် ဧကရီက သေချာပေါက် ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ သူတို့ကို ငါတို့ ရှင်းပြလို့ ရတယ်။ နောက်ပြီး သခင်လေးဖန်က ဧကရီထက် အများကြီး အင်အား ကြီးတယ်လေ။”

“အမှန်ပါပဲ။”

“အရှင်ဧကရီကို ကယ်တင်ဖို့ သခင်လေးဖန်က စတေးခဲ့တယ်။ တောင်ပိုင်း ဒေသ ပြည်သူတွေ အားလုံးက သခင်လေး အပေါ်မှာ ကျေးဇူးကြွေး တင်သွားပါပြီ။” အကြီးအကဲ သုံးယောက် ဒူးထောက်ရင်း ပြောလိုက်တယ်။

“ကောင်းပြီ။ ကြည့်ရတာ ငါတကယ် စတေးရတော့မယ့် ပုံပဲ။” ဖန်ကျန်းရှီကတော့ မကြာခင် နောင်တရတော့မယ့် အမှားတစ်ခုကို လုပ်မိသလို ခံစား ရနေရတယ်။ စတေးမှု ဆိုတာ ယောကျာ်းတစ်ယောက် လုပ်သင့်တာပဲ။

“အရှက် မရှိလိုက်တာ။” ဖန်ကျန်းရှီရဲ့ ပြောစကားကို ကြားပြီး အမူအယာကို မြင်ချိန်မှာတော့ နတ်ဆိုး အရှင်သခင်က ခေါင်းကို တစ်ဖက်လွှဲသွားပြီး အော်တော့တယ်။

“သခင်လေးဖန်ကို မင်းဘယ်လိုလုပ် အော်ဝံ့တာလဲ။”

“ရိုက်ကြစမ်း။”

“သခင်လေးဖန်က အနာဂတ် အတွက် သူ့ကိုယ်သူ စတေးတာ ဘယ်လောက်တောင် ဖြောင့်မတ် မှန်ကန်လိုက်သလဲ။ သူက ဘယ်လိုလုပ် အရှက်မရှိတဲ့သူ ဖြစ်ရမှာလဲ။”

နယ်မြေ အကြီးအကဲ သုံးယောက်က ဖန်ကျန်းရှီ အထင်လွဲ သွားမှာကို စိုးရိမ် နေကြတယ်။ ဒါကြောင့် နတ်ဆိုး အရှင် သခင် အသံထွက်လာချိန်မှာ သူတို့တွေ ချက်ခြင်း ရိုက်နှက် ကြတော့တယ်။

ဝုန်း။ အချိန် အတော်ကြာ ရိုက်နှက် ပြီးတဲ့နောက်၊ နတ်ဆိုး အရှင်သခင်ရဲ့ မျက်နှာ တစ်ခုလုံး ဖူးယောင် နေခဲ့ပြီ။ နတ်ဆိုး အရှင်သခင်က ဘယ်လိုများ တောင်ပိုင်း ဒေသ နယ်မြေ အကြီးအကဲတွေ ရိုက်နှက်တာကို ခံရတာလဲ။ တစ်ချက်လေးတောင် ပြန်မခုခံ နိုင်ခဲ့ဘူး။

“မင်းတို့ အရိုင်းအစိုင်းတွေကို ငါလုံး၀ ခွင့်မလွှတ်ဘူး။” နတ်ဆိုး အရှင်သခင် ဒေါသတကြီးနဲ့ ဟိန်းဟောက်တော့တယ်။

ဖန်ကျန်းရှီကတော့ အပြင် ဖြစ်သမျှ ကိစ္စတွေကို ဂရုမစိုက်တော့။ ရေနှစ်ပုံးကို ဆွဲရင်း ဂူထဲ ဝင်သွားတော့တယ်။ နယ်မြေ အကြီးအကဲ သုံးယောက်ကတော့ နတ်ဆိုး အရှင်သခင်ကို ရိုက်နှက်ရင်း အလုပ်များနေခဲ့တယ်။

ဂူထဲကို ဝင်ချိန်မှာတော့ ရှန်းယွီက မြက်ခင်းပေါ်မှာ လှဲလျောင်းရင်း သတိလစ်နေဆဲ။

ဒီတော့ မေးခွန်းထုတ်စရာ ရှိလာပြီ။

“ငါအရင် ရေချိုးရမလား။ ရှန်းယွီကို ချိုးပေးရမလား။ အတူတူ ချိုးရမလား။” ဖန်ကျန်းရှီ အခက်တွေ့နေခဲ့ပြီ။

အပိုင်း (၉၃၀) ပြီး၏။

All Chapters