← Chapters

အပိုင်း (၉၃၁-၉၄၀)

Vol. 10 Ch. 931-940

အပိုင်း (၉၃၁-၉၄၀)

Vol. 10 Ch. 931-940

အပိုင်း (၉၃၁)

“မိစ္ဆာတွေ နိုးထလာခြင်း။”

အတွေ့အကြုံက အရေးကြီးလွန်းတယ်။ အတွေ့အကြုံ မရှိတဲ့ လူတစ်ယောက်က လူသေလိုပဲ။

ယောက်ျား တစ်ယောက် အနေနဲ့ အခြေအနေကသာ တွန်းအာပေးရင် ရှေ့ဆက်လှမ်းရမှာကို ဖန်ကျန်းရှှီ သိတယ်။ လက်ရှိ ပြဿနာကတော့ နည်းနည်းလေး ရှုပ်ထွေးတယ်။

ရွေးချယ်စရာ သုံးခု ရှိနေတယ်။ ထူးချွန်တဲ့ လူတစ်ယောက် အနေနဲ့ ကိစ္စတွေ အများကြီးကို သူအောင်မြင်အောင် လုပ်ဆောင်နိုင် ခဲ့တယ်။ အားလုံးက ကိုယ်ပိုင် အသိစိတ်နဲ့ လုပ်ခဲ့တာတွေ ချည်းပဲ။ ဖန်ကျန်းရှီက စည်းမျဉ်းတွေ အားလုံးကို လိုက်နာတယ်။

လူတိုင်းမှာ နောက်ဆုံး ကန့်သတ်ချက် ဆိုတာ ရှိသင့်တယ်။

အရှက်ရမှုကို ဘယ်တော့မှ အလဟသတ် မဖြစ် စေရဘူး။

ရွယငယ်လေး တစ်ရွာမှာ ကြီးပျင်း ခဲ့ရတဲ့ အတွက် သူ့မိဘတွေက သူ့ကို အစား အသောက်နဲ့ ရေအရင်းအမြစ်က ဘယ်လောက်တောင် အရေးကြီးတဲ့ အကြောင်း သင်ကြား ထားပေးပြီးသား။ ဒါကြောင့် နောက်ဆုံးမှာတော့ သူဆုံးဖြတ်လိုက်တယ်။

ရေအတူတူ ချိုးကြမယ်။

ဒီဆုံးဖြတ်ချက် ထဲမှာ အတွေးတွေ ထပ်မရှုပ်တော့ဘူး။ ရေတစ်ပုံတည်းကို အတူတူ သုံးလို့လဲ ရမယ်။ ရေကို ချွေတာ နိုင်ရုံတင် မကဘူး။ ခန္ဒာကိုယ်လဲ မြန်မြန် သန့်သွားလိမ့်မယ်။

…

သူ့ရဲ့ အတွေး အခေါ် လုပ်ရပ်တိုင်းကို အမှန်တရား ဘက်တော်သားကြီး တစ်ယောက်လိုမျိုး ဖန်ကျန်းရှီ ဂရုတစိုက်နဲ့ လုပ်ဆောင်နေခဲ့တယ်။

ဒီအချိန်မှာပဲ ကြီးမြတ်သောရှ နိုင်ငံတော် နှင်းတွေ ဖုံးလွှမ်းနေတဲ့ နေရာ တစ်ခုမှာ တပ်ဖွဲ့ကြီး တစ်ခုက မားမား မတ်မတ် ရှိနေခဲ့တယ်။

တပ်ဖွဲ့ကြီးရဲ့ ရှေ့မှာတော့ မိုးကောင်းကင်ကို ထိလုမတတ် မြင့်မားတဲ့ သစ်ပင်ကြီး တစ်ပင် ရှိနေတယ်။ သစ်ပင် ပင်စည်ကြီးက တုတ်ခိုင်လွန်းတဲ့ အပြင် ပန်းဖြူဖြူတွေလဲ ပွင့်နေသေးတယ်။

“မုအယ်။ မင်းရဲ့ သွေးတွေက မင်းအပိုင် မဟုတ်တော့ဘူး။ ငါပြောချင်တာ နားလည်တယ် မဟုတ်လား။” ဝတ်ရုံဖားဖားကြီး ဝတ်ထားတဲ့ နန်ကုန်းမုရဲ့ ဘေးမှာ လူတစ်ယောက် ရှိနေခဲ့တယ်။ သူရဲ့ အသံက နောင်တရနေပုံ ပေါ်ပေမယ့်၊ စိတ်ဆုံးဖြတ်ချက်ကတော့ ခိုင်မာ ပြတ်သားတယ်။

“နားလည်ပါတယ်။” နန်ကုန်းမုရဲ့ အေးစက်စက် အသံ ထွက်ပေါ်လာတယ်။ နန်ကုန်းမုရဲ့ မျက်နှာမှာ အရင်လို တည်ငြိမ် အေးချမ်းမှုလဲ မရှိတော့ဘူး။ ဖုံးကွယ်ထားတဲ့ ဖိအားကြီးတွေ ရှိနေသလိုပဲ။

ကျမ်းကောင်းကင်တောင် တိုက်ပွဲမှာ သူအယုံကြည် ရဆုံး အဖေက နောက်ကျောကို ဓားနဲ့ထိုးတာ သူခံခဲ့ရတယ်။ သူ့မျက်စိ ရှေ့မှာတင် အချစ်ဆုံး အကိုက သေဆုံး သွားခဲ့ရတယ်။

နန်ကုန်းမု ဘာတွေ တွေးနေမှန်း ဘယ်သူမှ မသိနိုင်ခဲ့ဘူး။ ဒါပေမယ့် နန်ကုန်းဟောင်ရဲ့ နှလုံးသားကို ရယူ ပြီးတဲ့နောက် သူအောင်အောင်မြင်မြင် ရှင်သန် နိုင်ခဲ့တယ်။

“ဒါဆိုရင် ဘာကို စောင့်နေတာလဲ။ ဘာဖြစ်လို့ မလုပ်သေးတာလဲ။” နန်ကုန်းထျန်းက မလှုပ်ရှားတဲ့ နန်ကုန်းမုကို ပြောတယ်။

“ဘာလုပ်စေချင်တာလဲ။” နန်ကုန်းမုက သူအလေးစား အယုံကြည်ရဆုံး အဖေကို ပြန်မေးတယ်။

အမျိုးအမည် မသိတဲ့ အကြောင်းအရာ တစ်ချို့ကြောင့် သူ့အဖေကို သူမကြောက်တော့ဘူး။ သူ့အဖေရဲ့ အသံကိုလဲ မကြားချင်တော့ဘူး။ သူ့ရဲ့ နှလုံးသား အသစ်ကြောင့် ဒါတွေ ဖြစ်လာတာ ဖြစ်နိုင်တယ်။ နန်ကုန်းဟောင်ရဲ့ နှလုံးသား။

နန်ကုန်း မျိုးနွယ်ထဲမှာ နန်ကုန်းဟောင် တစ်ယောက်တည်းကသာ နန်ကုန်းထျန်းရဲ့ အမိန့်တွေကို ဖီဆန်ဝံ့တဲ့သူ ဖြစ်ခဲ့တယ်။ နန်ကုန်းထျန်းကလဲ ဘာမှ မပြောနိုင်ခဲ့ဘူး။

“မုအယ်။”

“မုအယ်တဲ့လား ဟဟား။” နန်ကုန်းမု ဝမ်းနည်းမှု အပြည့် အသံနဲ့ ရယ်မော နေခဲ့တယ်။ “နန်ကုန်းမုက သေသွားပြီ မဟုတ်လား အဖေ။”

“မင်း။” နန်ကုန်းထျန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း နန်ကုန်းထျန်းရဲ့ မျက်နှာကို ရိုက်ဖို့ လက်မြှောက်လိုက်တယ်။

“သခင်။” ပတ်ဝန်းကျင်က လူတွေ အားလုံး စိုးရိမ် တကြီးနဲ့ ဒူးထောက်ကြတယ်။

ဒါပေမယ့် နန်ကုန်းမုကတော့ တစ်ချက်လေးတောင် မပြောင်းလဲဘူး။ သူ့မျက်နှာပေါ် ကျရောက်လာတဲ့ လက်ဝါးချက်က ကျယ်လောင်ပြီး ပြတ်သားတယ်။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာ နီရဲသွားတာမျိုး လက်ရာ ထင်သွားတာမျိုး မရှိခဲ့ဘူး။

စကား တစ်ခွန်းတောင် မပြောပဲ နန်ကုန်းမုက လှည့်ထွက် သွားတော့တယ်။ မြေအောက်ဝင်ပေါက် တစ်ခုထဲကို ဖြည်းဖြည်းချင်း သူသွားနေတယ်။

“နန်ကုန်းမု။” နန်ကုန်းထျန်းရဲ့ အသံ ထွက်ပေါ် လာပြန်တယ်။ “မင်းက နန်ကုန်း မျိုးနွယ်ရဲ့ တပည့်သား။ ဧကရာဇ်ယန်ရဲ့ မျိုးဆက်။ မင်းဒါတွေ အားလုံးကို မေ့ပြစ်လိုက်ပြီလား။”

“လူသေ တစ်ယောက်က အသက်ရှင်ချိန်မှာ ရှိခဲ့တဲ့ အရာတွေကို မှတ်မိသင့် လို့လား။” နန်ကုန်းမု တစ်ခွန်းပဲ ပြောပြီး ဆက်လျှောက် သွားတော့တယ်။

“ကောင်းတယ်။ အရမ်းကို ကောင်းတယ်။ မင်းငါ့ကို မေ့လို့ရတယ်။ ဒါပေမယ့် မင်းခန္ဒာကိုယ်ထဲက နှလုံးသားက မင်းအစ်ကိုရဲ့ နှလုံးသား ဆိုတာ မမေ့နဲ့။” နန်ကုန်းထျန်းရဲ့ မျက်နှာက ရှုံ့မဲ့ သွားခဲ့တယ်။

“အစ်ကိုလား။” နန်ကုန်းမု ရပ်တန့်လိုက်ပြီး အုတ်ဂူ အသစ် တစ်ခုကို လှည့်ကြည့်တယ်။

နှင်းတွေ ဖုံးလွှမ်းနေတဲ့ ဒီအုတ်ဂူမှာ နာမည် တစ်ခုက ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ရှိနေခဲ့တယ်။ နန်ကုန်းဟောင်။

ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ နံပါတ်တစ် ပါရမီရှင်လို့ ခေါ်တွင်ခံခဲ့ ရတဲ့ လူတစ်ယောက်။ နန်ကုန်း မျိုးနွယ်ရဲ့ မျှော်လင့်ချက် အလင်းရောင် ဖြစ်ခဲ့တဲ့သူ။ အခုချိန်မှာတော့ မြေအောက် တစ်နေရာမှာ မနိုးသော အိပ်ခြင်းနဲ့ အိပ်စက် နေခဲ့ပြီ။

“ဟောင်အယ် ဘယ်လို သေသွားမှန်း မင်းမေ့သွားပြီလား။ သူက နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ်တွေကြောင့် သေခဲ့ရတယ်။ ယွင်ချင်းဝူ အကွက်ဆင်လို့ သေခဲ့ရတယ်။” နန်ကုန်းထျန်းရဲ့ အသံက အရမ်းကို တုန်ယင် လာခဲ့တယ်။

“မဟုတ်ဘူး။ အစ်ကိုသေအောင် အဖေပဲ တွန်းပို့ခဲ့တာ။” နန်ကုန်းမုရဲ့ မျက်လုံးတွေက သွေးလို ရဲရဲ နီသွားခဲ့တယ်။ ဒါ့အပြင် သူ့မျက်လုံးထဲမှာ ရှုပ်ထွေးတဲ့ သင်္ကေတ ခြောက်ခုလဲ ပေါ်လာတယ်။

သွေးမှော် စက်ကွင်း။

နန်ကုန်းဟောင်ရဲ့ မျက်လုံးထဲမှာ ရှိခဲ့ဖူးတဲ့ သွေးမှော်စက်ကွင်းက နန်ကုန်းမု ဆီရောက်နေခဲ့ပြီ။ ပိုပြီးတော့တောင် ကြည်လင် ပြတ်သား နေသေးတယ်။

နန်ကုန်းထျန်းရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။

နန်ကုန်းမု သူ့ကို စိုက်ကြည့် လိုက်ချိန်မှာ ထွက်ပေါ်လာတဲ့ အင်အားတွေက နန်ကုန်းမုကို ပြန်ပြီး စိုက်မကြည့်ဝံ့အောင် လုပ်နေခဲ့တယ်။

မှန်တယ်။ နန်ကုန်းမုက အတိတ်က နန်ကုန်းမု မဟုတ်တော့ဘူး။

နန်ကုန်းဟောင်ရဲ့ နှလုံးသားနဲ့ ပေါင်းစည်းထားတဲ့ နန်ကုန်းမု အသစ်။ ဒါမှမဟုတ် သေရာက ပြန်ရှင်လာတဲ့ မိစ္ဆာ တစ်ကောင်။

“မုအယ်။ အဖေ တောင်းပန်ပါတယ်။ အဖေ့ကို မုန်းနေသေးရင်၊ နန်ကုန်း မျိုးနွယ်တွေရဲ့ အနာဂတ် အတွက် မင်းရှေ့မှာ အဖေ သေပေးပါမယ်။ နန်ကုန်း မျိုးနွယ်တွေရဲ့ လုပ်ငန်းတာဝန်ကို ဖြည့်ဆည်းပေးဖို့ပဲ မင်းကို အဖေ တောင်းဆိုချင်တယ်။ မင်းရဲ့ အကို မသေခင် မအောင်မြင်ခဲ့တဲ့ လုပ်ငန်းကို ဆက်လုပ်ပေးပါ။” နန်ကုန်းထျန်းရဲ့ စကားသံနဲ့ အတူ သူ့လက်ထဲမှာ ဓားတစ်ချောင်း ပေါ်လာခဲ့တယ်။

“သခင်။” ပတ်ဝန်းကျင်က လူတွေ အားလုံး ဖြူဖျော့ သွားတော့တယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့ကို မတားကြဘူး။

ရွှပ်။ ဓားက သူ့ရင်ဘတ်ထဲကို ထိုးဖောက် သွားပြီး သွေးတွေက မြေပြင်ကို ရဲရဲနီ သွားစေတယ်။

“သခင်။”

“အခုချိန်က စပြီး။ မင်း နန်ကုန်းမုက နန်ကုန်းမိသားစုရဲ့ ခေါင်းဆောင် အသစ်ပဲ။” နန်ကုန်းထျန်း လက်ဝေ့ယမ်း ပြပြီးတဲ့နောက် ပြိုလဲ သွားတော့တယ်။

နန်ကုန်းမုကတော့ ဒါကို မြင်ချိန်မှာတော့ မလှုပ်ရှားခဲ့ဘူး။ သူ့မျက်ဝန်းထဲမှာ ဖုံးကွယ်မှု ခက်ခဲတဲ့ နာကျင်မှု တစ်ခုသာ ရှိနေခဲ့တယ်။

“ဒုတ်။” နှလုံးခုန်သံ တစ်ချက်ကို ကြားလိုက်ရတယ်။

“ဒုတ်ဒုတ်။”

နှလုံး ခုန်သံတွေ နန်ကုန်းမုရဲ့ နားထဲမှာ ပဲ့တင် ထပ်နေတယ်။ စစ်မြေပြင်က ဗုံတီးသံလိုပဲ။ အချိန်တွေ ရပ်တန့် သွားသလို ထင်ရတယ်။ အေးစက်တဲ့ လေက နှင်းတွေကို သယ်ဆောင်လာပြီး မြေပြင်က အနီရောင် သွေးတွေကို ဖုံးကွယ်လိုက်တယ်။

ကံမကောင်းစွာနဲ့ပဲ သွေးပူပူတွေကိုတော့ မဖုံးကွယ် နိုင်ခဲ့ဘူး။ သွေးတွေက ဆက်တိုက် စီးဆင်းနေရင်း သွေးအိုင်ကြီးက ကြီးမား လာခဲ့တယ်။

“အား။” ရင်ထဲက လာတဲ့ ဟိန်းဟောက်သံကြီးက နှင်းထု တစ်ခုလုံးကို ဖြတ်သန်းသွားတယ်။ သစ်ပင်ကြီးနဲ့ မြေပြင်ကိုတောင် တုန်ခါ သွားစေခဲ့တယ်။

“သခင် အသစ်ကို ဂါရ၀ ပြုပါတယ်။”

“သခင် အသစ်ကို ဂါရ၀ ပြုပါတယ်။”

“သခင်။”

အားလုံးက နန်ကုန်းဟောင်ကို ဦးညွှတ်ကြတယ်။ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းနည်းမှုတွေ နာကျင်မှုတွေ တစ်ခုလေးတောင် မရှိခဲ့ဘူး။ ပြင်းထန်တဲ့ အမုန်းတရားတွေသာ ပြည့်နှက် နေခဲ့တယ်။

“မုအယ်။” အားနည်းတဲ့ အသံ တစ်သံကို ကြားလိုက်ရတယ်။

“အဖေ။” နန်ကုန်းမု ဒူးထောက်ချလိုက်တယ်။

“မုအယ်။ မင်းက နန်ကုန်း မျိုးနွယ်ရဲ့ ခေါင်းဆောင် ဖြစ်သွားပြီ။ ငါ့ကို ဒူးထောက်စရာ မလိုတော့ဘူး။ အခုချိန်က စပြီး ဘယ်သူ့ ရှေ့မှာမှ ဒူးထောက်စရာ မလိုတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ လောကကြီးကို အုပ်စိုးဖို့ မင်းကံကြမ္မာဖန်လာပြီ။”

“အဖေ။ ကျွန်တော် လောကကြီးကို မအုပ်စိုးချင်ဘူး။”

“နားလည်ပါတယ်။ မင်း ငယ်ငယ်လေးတည်းက တခြားသူတွေနဲ့ မယှဉ်ပြိုင်ချင်မှန်း အဖေသိတယ်။ မင်းရဲ့ စွမ်းရည်တွေကို သက်သေ ပြဖို့ပဲ သုံးတယ်။ မင်းက အဖေ ပိုပြီး အာရုံစိုက်တာကို လိုချင်ခဲ့တယ်။ ဒါပေမယ့် အဖေ မင်းဆန္ဒတွေကို မဖြည့်ဆည်း ပေးနိုင်ခဲ့ဘူး။”

“အဖေ။”

“မင်း နားလည်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဖေ လုပ်နေတာ မင်းဆက်တိုက် တိုးတက် လာဖို့ပဲ။ ဟောင်အယ်လဲ နားလည်တယ်။ သူက မင်းကို ကာကွယ်ချင်ခဲ့တယ်။ နှမြောစရာ ကောင်းတာကတော့။”

“အဖေ နောက်ထပ် မပြောပါနဲ့တော့။”

“မဖြစ်ဘူး။ ငါပြီးအောင် ပြောမယ်။ ဟောင်အယ်ရဲ့ ကြိုးစားမှုတွေက အလဟသတ် မဖြစ်ခဲ့ဘူး။ မင်းက အခုချိန်မှာ သူ့ထက် ပိုပြီးတော့ အင်အားကြီးနေပြီ။ နန်ကုန်း မျိုးနွယ်တွေ ကျမ်းကောင်းကင်တောင်မှာ အရှက်ရခဲ့တာကို ပြန်အဖတ်ဆယ် နိုင်မှာပါ။”

“ဟုတ်တယ် အဖေ။ ကျွန်တော် လုပ်နိုင်မှာ။”

“အင်း။ မင်းအစ်ကို မလုပ်နိုင်ခဲ့တဲ့ ကိစ္စကိုလဲ ပြီးမြောက်အောင် လုပ်ပါ။ သွေးမှော်စက်ကွင်းကို သုံးပြီးတော့ နတ်ဘုရား သစ်ပင်ကို စုပ်ယူ။ ဒါဆိုရင် မင်း ကျော်ဖြတ် အဟွတ် ဟွတ်။ ဟောင်အယ်က မင်းကို ကာကွယ်ဖို့ အတွက် နတ်ဘုရား သစ်ပင်ကို လုံး၀ မထိခဲ့ဘူး။ သူသာ နတ်သစ်ပင်ကို စုပ်ယူလိုက်ရင်၊ မင်းခန္ဒာကိုယ်ထဲက နတ်သစ်သီးကို ငါသေချာပေါက် ယူမယ်မှန်း သိခဲ့တယ်။ ဒါ ငါ့အမှားပါ။ ကိုယ်တိုင် ဆုံးဖြတ်ချက် မချခဲ့သင့်ဘူး။ သူ့ကို ယုံကြည် ခဲ့သင့်တယ်။”

“အဖေ ကျွန်တော် မှားခဲ့တယ်။ ကျွန်တော်သာ ခေါင်းမမာခဲ့ရင်၊ အဖေလဲ နတ်သစ်သီးကို စားခိုင်းခဲ့မှာ မဟုတ်ဘူး။ အကိုလဲ။”

“မဟုတ်ဘူး။ မင်းမမှားဘူး။ အဖေ့ အမှား။ အဖေသာ ကျရှုံးမှာ ကြောက်ပြီး အမှား မလုပ်ခဲ့ရင်၊ ဟောင်အာလဲ ချီကူယန်ရဲ့ သွေးမျိုးနွယ်ကို စုပ်ယူဖို့ လုပ်ခဲ့မှာ မဟုတ်ဘူး။ ဟောင်အာ ကျရှုံးပြီး ပြန်မထွက်နိုင်မှာကို အဖေ စိုးရိမ် ခဲ့တဲ့ အတွက်ပဲ မင်းကို ခွင့်ပြု ပေးမိတာ။” ဒီအချိန်မှာပဲ နန်ကုန်းထျန်း သွေးအန်တေ့တယ်။

“သခင်။” ပတ်ဝန်းကျင်က လူတွေရဲ့ အသံ ထွက်ပေါ် လာပြန်တယ်။ နန်ကုန်းထျန်းက စိတ်ဖိစီး နေပုံပဲ။ သူ့အမူအယာမှာ မလိုလားမှု၊ အမုန်းတရား၊ နောင်တနဲ့ ပြင်းထန်တဲ့ သံဝေဂတွေကို တွေ့မြင် နေရတယ်။ မကြာခင်ပဲ အားလုံးက ပျောက်ကွယ် သွားပြန်တယ်။

“အခု အရမ်း နောက်မကျသေးဘူး။ ဟောင်အယ် ကွယ်လွန်သွား ခဲ့ပေမယ့်၊ မင်းအတွက် အရာ အားလုံးကို ချန်ရစ် ထားခဲ့တယ်။ သွေးမှော်စက်ကွင်းကို သုံးပြီးတော့ နတ်သစ်ပင်ကို စုပ်ယူဖို့ပဲ လိုတော့တယ်။ ဒါဆိုရင် အရမ်း အင်အားကြီး လာလိမ့်မယ်။ ငါ့ကို ကတိပေး။ ဖန်ကျန်းရှီကိုသတ်။ သူ့ခန္ဒာကိုယ်ထဲက နတ်သစ်သီးကို ပြန်ယူ။ နတ်ဘုရား မုခ်ဝကို ဖွင့်ပြီးတော့ ဘိုးဘေးတွေကို ကြိုဆို။ ဘိုးဘေးတွေသာ ရောက်လာရင်၊ လောကကြီးမှာ ရှိရှိသမျှ မိစ္ဆာနဲ့ နန်ဆိုးတွေ အားလုံး ငါတို့ နန်ကုန်း မျိုးနွယ်တွေကို နာခံ ကြလိမ့်မယ်။”

“အဖေ။”

“မင်း မှတ်မိဖို့ လိုတယ်။ ငါတို့ ရန်မျိုးနွယ်တွေက ကမ္ဘာကြီးကို အုပ်စိုးမယ့် မင်းတရားတွေ။” နန်ကုန်းထျန်း နောက်ဆုံး စကားကို ပြောရင်း မျက်လုံးတွေ ပြူးကျယ် လာခဲ့တယ်။

မြင့်မြတ် နယ်မြေ ရှိရာကို သူလှမ်းကြည့် နေခဲ့တယ်။ အခက်အခဲတွေ အားလုံးကို ဖြတ်ကျော်ပြီး ကျမ်းကောင်းကင် တောင်ကနေ သူပြန်လာ နိုင်ခဲ့တယ်။

“သခင်။”

“အဖေ။”

အသံတွေက နှင်းမုန်တိုင်းထဲမှာ ဟိန်းထွက်လာတယ်။ အချိန် အတော်ကြာပြီးတဲ့နောက် နှင်းတွေက မြေပြင်ပေါ်မှာ ရှိတဲ့ သွေးတွေအားလုံးကို ဖုံးအုပ် သွားခဲ့ပြီ။

“ယွင်ချင်းဝူ။ ငါ နန်ကုန်းမု၊ ရန်မျိုးနွယ်ရဲ့ သွေးသားတွေ အားလုံးနဲ့ ကျိန်ဆိုတယ်။ မင်းတို့ နတ်ဆိုး မိစ္ဆာတွေ အားလုံးကို သတ်ပြစ်မယ်။” ဒီအသံကြီး ထွက်ပေါ် လာခဲ့တယ်။

အဲ့ဒီ့ အချိန်မှာပဲ သွေးနီရောင် တောက်ပနေတဲ့ လူတစ်ယောက်က ကောင်းကင်ကို ထိုးတက် သွားခဲ့တယ်။ ကြီးမားတဲ့ သွေးမှော် စက်ကွင်းကြီး အဖြစ်ကို ပြောင်းလဲ သွားတယ်။

ဝုန်း။ မိုးခြိမ်းသံတွေ ထွက်ပေါ်လာတယ်။ သွေးနီရောင် လျှပ်စီးတန်းကြီး ကောင်းကင်ကနေ ကျဆင်းလာတယ်။ သစ်ပင်ကြီးကို ရိုက်ခတ်တယ်။

“တိုက်ခိုက်။” မိုးခြိမ်းသံတွေကြားမှာ အသံကြီး တစ်သံက ဟိန်းထွက် လာခဲ့တယ်။ ကြီးမားတဲ့ သွေးမှော် စက်ကွင်းကြီး ကျရောက်လာပြီး သစ်ပင်ကြီး တစ်ခုလုံးကို ဝါးမျိုသွားတော့တယ်။ အဲ့ဒီ့နောက်

…

လဝက်ကြာပြီးနောက်။

မြင့်မြတ်နယ်မြေ မဟာနွံ့အိုင်။

အမြဲတမ်း မှိုင်းညို့နေတဲ့ နေရာကြီး တစ်ခု။ မိစ္ဆာ မျိုးနွယ်တွေကို လူသားတွေ နယ်နှင်ဒဏ်ပေးခဲ့တဲ့ နေရာလဲ ဖြစ်တယ်။

အခုချိန်မှာ ဒီနေရာကို မိစ္ဆာနဲ့ နတ်ဆိုးတွေရဲ့ နယ်မြေ အဖြစ် မသုံးတော့ဘူး။ ဒါကြောင့် သူတို့တွေ မြင့်မြတ် နယ်မြေမှာ နေရာ အကျယ်ကြီးကို ရထားခဲ့ကြပြီ။

တောင်စဉ် ကိုးသွယ်ကိုလဲ အပိုင် သိမ်းခဲ့ကြပြီ။ ဖူရှီးတောင်ကြားနဲ့ ကောင်းကင် တာအို ခန်းမကိုလဲ နတ်သခင် အဆင့် ပညာရှင်တွေက ကျုးကျော်ခဲ့တဲ့ အတွက် နေရာတွေ ဆုံးရှုံး ခဲ့ရတယ်။

မြင့်မြတ် နယ်မြေ မျိုးနွယ် ငါးခုမှာ သုံးခုက ကျုးကျော် ခံခဲ့ရတယ်။

ဒါပေမယ့် မိစ္ဆာ မျိုးနွယ်ကတော့ မဟာနွံအိုင်ထဲကို အပြင်လူ ဝင်ခွင့် မပြုတော့ဘူး။ မဟာနွံအိုင်က မြင့်မြတ်နယ်မြေရဲ့ အချက်အချာ နေရာ ဖြစ်လာခဲ့တယ်။

“အရှင်သခင်ငယ်။ မဆုံးဖြတ်ရ သေးဘူးလား။” ဝတ်ရုံနက် ဝတ်ထားတဲ့ လင်းယွိက ယွင်ချင်းဝူကို မေးတယ်။ ယွင်ချင်းဝူ မျက်မှောင်ကြုတ်နေတာကို မြင်တဲ့ အတွက် သူဂရုတစိုက်နဲ့ စောင့်ဆိုင်း နေခဲ့တယ်။

“အကယ်၍ သူသာ မုန့်ထျန်း အစစ် ဖြစ်ခဲ့ရင်၊ မြင့်မြတ် နယ်မြေကို ရောက်သင့် နေပြီ။” ယွင်ချင်းဝူက လင်းယွီရဲ့ မေးခွန်းကို ပြန်မဖြေပဲ ကိုယ့်ကိုယ်ကို ပြောနေတဲ့ ပုံပဲ။

“လင်းရှောင်းတောင်မှာ သူလျှိုတွေ ထည့်ထားပါတယ်။ အကယ်၍ မုန့်ထျန်းသာ မြင့်မြတ် နယ်မြေကို ရောက်လာရင်၊ ယင်ယန်ခန်းမ၊ ကောင်းကင်တာအို ခန်းမ၊ ဖူရှီးတောင်ကြားက လူတွေနဲ့ တွေ့ရမှာပဲ။ ကျွန်တော်တို့တွေ ချက်ခြင်း သတင်းရမှာပါ။ အကယ်၍။” လင်းယွိ စကားကို ရပ်တန့်လိုက်တယ်။

အပိုင်း (၉၃၁)ပြီး၏။

အပိုင်း (၉၃၂)

“မမျှော်လင့်ထားတဲ့ တိုက်ပွဲ အခြေအနေ။”

“သူသာ မုန့်ထျန်း မဟုတ်ခဲ့ရင်ပေါ့။” ယွင်ချင်းဝူ မျက်မှောင်ကြုတ် သွားပြန်တယ်။ အဲ့ဒီ့နောက် အေးစက်နေတဲ့ ရေနွေးကြမ်းကို သူယူ သောက်ဖို့ ပြင်တယ်။

“အရှင်သခင်ငယ်လဲ ဒီလိုပဲ တွေးတာလား။” ယွင်ချင်းဝူရဲ့ အပြုအမူကို မြင်ချိန်မှာ လင်းယွိက ချက်ခြင်း စားပွဲဆီ ပြေးတယ်။ ရေအေးတွေကို သွန်ပြစ်ပြီး ရေနွေးအိုးထဲက ရေတွေကို ပြန်ငှဲ့ပေးတယ်။

ယွင်ချင်းဝူကတော့ ရေသောက်ဖို့ မလုပ်တော့ဘူး။ နန်းတော် အပြင်ကိုသာ ဖြည်းဖြည်းချင်း ထထွက်သွား တော့တယ်။ ဒါကို မြင်ချိန်မှာတော့ လင်းယွိက သူမ နောက်ကို လိုက်လာတယ်။ ယွင်ချင်းဝူကတော့ တံခါးမှာ ရပ်နေရင်း ကောင်းကင်ကြီးကို ကြည့်နေတော့တယ်။

“ခန့်မှန်းတာပါပဲ။” ယွင်ချင်းဝူရဲ့ အသံက မကျယ်လောင်ဘူး။ ဒါပေမယ့် သက်ပြင်းချသံ တစ်ချို့ ပါဝင်နေခဲ့တယ်။

“ခန့်မှန်းချက်ကို အတည်ပြုဖို့၊ မြောက်ရွာကို ငါသွားမှ ဖြစ်မယ်။” လင်းယွိက ယွင်ချင်းဝူကို သိတာ မကြာသေးပင်မယ့်၊ ယွင်ချင်းဝူရဲ့ စိတ်ကို သူဖတ်နိုင်တယ်။

ဖန်ကျန်းရှီ။

သာမာန် နာမည် တစ်ခု ဖြစ်ပေမယ့် ယွင်ချင်းဝူရဲ့ မျက်လုံးထဲမှာတော့ အတော့်ကို မြင့်မြင့်မားမား နေရာယူထားတယ်။

“မြောက်ရွာကို သွားမှာလား။ ကောင်းပါပြီ။” ယွင်ချင်းဝူ စဉ်းစား နေပြန်တယ်။ အဲ့ဒီ့နောက် ခေါင်းကို ခပ်ဖြည်းဖြည်း ခါလိုက်ရင်း ပြောတယ်။ “အကယ်၍ ငါတို့ အဖြေမရှာ နိုင်ရင်၊ စောင့်ဆိုင်းရမယ်။”

“နားလည်ပါပြီ။” လင်းယွိ ခေါင်းငြိမ့်တယ်။

ယွင်ချင်းဝူ ဆိုလို ချင်တာကို သူနားလည်တယ်။ မုန့်ထျန်းရဲ့ တကယ့် ဇစ်မြစ် အစစ် အမှန်က မရှင်းလင်းပေမယ့်၊ သူ့ကို ပေါ့သေးသေး မှတ်ယူလို့ မရနိုင်ဘူး။

သူက အစစ် ဖြစ်ဖြစ် အတု ဖြစ်ဖြစ် ကိစ္စကြီးကို လူတစ်ယောက်ကြောင့် အပျက်စီး ခံလို့ မဖြစ်နိုင်ဘူး။ ဒါ့အပြင် မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေက မြင့်မြတ် နယ်မြေကို ကျုးကျော်ပြီး နယ်မြေ အနှံ့မှာ ထောင်ချောက်တွေ ဆင်ထား ပြီးပြီ။ ဒီတော့ သူတို့တွေ အများကြီး စဉ်းစားဖို့ မလိုတော့ဘူး။

နောက်ဆုံးတော့လဲ မိစ္ဆာနဲ့ နတ်ဆိုးတွေက အရေးသာနေ ပြီးသားလေ။

စောင့်ဆိုင်းတာက အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပေမယ့်၊ စောင့်ဆိုင်းတယ် ဆိုတာ အမြဲတမ်း ပြောင်းလဲ နေတဲ့ အခြေအနေကို ရင်ဆိုင် ကိုင်တွယ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုလဲ ဖြစ်နေခဲ့တယ်။

“ကျမ်းကောင်းကင် တောင်ကနေ သတင်းထူး ရှိလား။” ယွင်ချင်းဝူ တစ်ခဏ တိတ်ဆိတ် နေပြီးနောက်ေ မးလိုက်တယ်။

“အင်း။ နတ်ဆိုး မျိုးနွယ်ရဲ့ နတ်သခင် အဆင့် ပညာရှင် နှစ်ယောက် ထပ်ပြီး ဆင်းသက် လာပါပြီ။ အခုချိန် မြင့်မြတ် နယ်မြေမှာ သိသာ မဏ္ဍိုင် ငါးခုနဲ့ ပုန်းကွယ် မဏ္ဍိုင် သုံးခုကို နေရာ ချပြီးပြီ။ အရှင်သခင်ငယ်ရဲ့ အစီအစဉ် ပထမ အဆင့် မအောင်မြင်ခင် သုံးလ စောင့်ဖို့ပဲ လိုပါတော့တယ်။” လင်းယွိ ပြန်ဖြေတယ်။

“ဒါ အောင်မြင်မယ်လို့ ငါမထင်ဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။

“ဘာကြောင့်များ ဒီလို တွေးရတာပါလဲ။ လင်းရှောင်တောင်မှာ ပြဿနာ မရှိနိုင်ဘူး။ အကယ်၍ ရှိလာရင်၊ လင်းယွမ် မျှော်စင်မှာပဲ ပြဿနာ ဖြစ်လိမ့်မယ်။ မုန့်ထျန်းနဲ့ ပတ်သက်ပြီး တစ်ခုခု လွဲမနေရင်ပေါ့။”

“မုန်တိုင်း မလာခင် ငြိမ်သက် နေတာက အန္တရာယ် အများဆုံးပဲ။” လင်းယွိကို တိုက်ရိုက် ဖြေမယ့် အစား ယွင်ချင်းဝူက သူ့ဘာသူ ပြောနေခဲ့တယ်။ လင်းယွိ မျက်မှောင်ကြုတ် သွားပြန်တယ်။ယွင်ချင်းဝူ ဆိုလိုချင်တာကို သူနားလည် ပေမယ့် အပြည့်အစုံတော့ မသေချာ ခဲ့ဘူး။

ဒါပေါ့။ သူအတည်ပြု နိုင်တယ်။ ဒါပေမယ့် တည့်တိုးတော့ သွားမေးလို့ မရဘူး။ ဖြည်းဖြည်းချင်း စဉ်းစားတာကို သူပိုပြီးတော့ အားသန်တယ်။ ဒါကြောင့်ပဲ ယွင်ချင်းဝူက သူ့ကို အနားမှာ ထားခဲ့တာ။

ပြီးပြည့်စုံတဲ့သူ ဆိုတာ မရှိဘူး။ ယွင်ချင်းဝူ ဒီလို ပြောခဲ့တယ်။ လင်းယွိကတော့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းပြီး ယွင်ချင်းဝူ အနားမှာ ကျန်ရှိ နိုင်မယ်လို့ ယုံကြည်တယ်။ သူက အရမ်းကို ဉာဏ်ထက်တဲ့ လူတစ်ယောက်ပဲ။

ဒါ့အပြင် လင်းယွိကလဲ ဒီလို နေရတာကို ပျော်တယ်။ လင်းယွိ စဉ်းစား နေချိန်မှာပဲ မြူနှင်း ထဲကနေ လူတစ်ယောက် ပေါ်လာတော့တယ်။ ဝတ်ရုံနက်ကို ဝတ်ထားသူက အရမ်းကို မြန်မြန် လှုပ်ရှား နေခဲ့တယ်။

“ဒီ အချိန်မှာ အရေးကြီး ကိစ္စ သတင်းပို့ စရာရှိလား။” ယွင်ချင်းဝူ မေးတယ်။

“အရေးကြီး သတင်းလား။” လင်းယွိ ချက်ခြင်း ဆိုသလို တုံ့ပြန်တယ်။ နီးကပ်လာတဲ့ ဝတ်ရုံနက် အနားကို သူရောက်သွားတယ်။ ယွင်ချင်းဝူရဲ့ ရှေ့မှာ ရပ်ရင်း ဝတ်ရုံနက်ရဲ့ နဖူးကို လက်ညှိုးနဲ့ ညွှန်ထားခဲ့တယ်။

“အရှင် သခင်ငယ်။ အ အရေးကြီး သတင်း။” ယွင်ချင်းဝူနဲ့ ငါးပေ အကွာမှာ ဒူးထောက်လိုက်ရင်း ဝတ်ရုံနက် ပြောတယ်။ သံချပ်ကာ ဝတ်ထားတဲ့ စစ်သူကြီး တစ်ယောက် ဆိုတာ ခေါင်းစွပ်ကို ချွတ်လိုက် ချိန်မှာတော့ ပေါ်လာတော့တယ်။

“ဒီလို ညနက်သန်းခေါင်မှာလား။ မြန်မြန် ဘာသတင်းလဲ ပြော။” လင်းယွိက သူ့လက်ကို ပြန်ချလိုက်တယ်။

“မုန့် မုန့်ထျန်း ပေါ်လာပါပြီ။”

“မုန့်ထျန်း ဘယ်မှာလဲ။” လင်းယွိ လန့်သွားပေမယ့် ခပ်မြန်မြန်ပဲ ပြန်တည်ငြိမ် သွားခဲ့တယ်။

“ကောင်းကင် တာအို ခန်းမမှာ ပေါ်လာပါတယ်။ ဒါ ဒါက ကောင်းကင် တာအို ခန်းမက သတင်းပါ။” စစ်သူကြီးက စာအိတ်ငယ်ကို မြှောက်လိုက်ရင်း ပြောတယ်။

“အရှင် သခင်ငယ်။” လင်းယွိက စာအိတ်ကို ယူပြီးတော့ ကမ်းပေးတယ်။

“ကောင်းကင် တာအို ခန်းမလား။” ယွင်ချင်းဝူ စာအိတ်ကို မြန်မြန် ဖွင့်ဖတ်တော့တယ်။ မကြာခင်ပဲ သူမ မျက်မှောင်ကြုတ်သွား ပြန်တယ်။ “တောင်ပိုင်း ဒေသကနေ ကောင်းကင်တာအို ခန်းမ။ ကြီးမြတ်သောရှနဲ့ အနီးဆုံး နယ်စပ်ကနေ ဖြတ်သွားတာပဲ။”

“ဒါပေမယ့် လင်ရှောင်းတောင်ကို တိုက်ရိုက် မသွားတာလဲ။ ကောင်းကင်တာအို ခန်းမကို စောင့်ကြပ်နေတဲ့ စစ်သည်တွေ အားလုံးကို မသတ်ချင်ရင် ဘာလို့ သွားမှာလဲ။”

“ဖြစ်နိုင်တယ်။” ယွင်ချင်းဝူ ခေါင်းမော့လိုက် ချိန်မှာတော့ စာက ပြာတွေ အဖြစ်ကို ပြောင်းလဲ သွားတော့တယ်။

“ကြည့်ရတာ မုန့်ထျန်းက ငါတိုကတွေကို တစ်ယောက်ချင်းစီ သတ်ချင်တဲ့ ပုံစံပဲ။” လင်းယွိက စိတ်ပျက်လက်ပျက် ပြုံးလိုက်တယ်။

“မုန့်ထျန်း ဒီလို လုပ်မယ်လို့ ထင်လား။” ယွင်ချင်းဝူ မေးတယ်။

“တကယ်တော့ သူဒီလို စီစဉ်ထားဖို့ မျှော်လင့်တယ်။ ဒါဆိုရင် သူက ကြောက်စရာ မကောင်းတော့ဘူးလေ။” လင်းယွိရဲ့ မျက်လုံးထဲမှာ အေးစက်စက် အကြည့်က ပေါ်လာတော့တယ်။

ဒူးထောက်နေတဲ့ စစ်သူကြီးကတော့ စိတ်ရှုပ်ထွေးလာတယ်။

“ငါတို့ကို တစ်ယောက်ချင်းစီ သတ်မယ်။ ကြောက်စရာ မကောင်းတော့ဘူး။”

ဒီစကား နှစ်ခွန်းက အတော့်ကို လိုက်ဖက် မညီတာပဲ။ ဒီလို ပြိုင်ဘက်မျိုးက တိုက်ခိုက်ဖို့ အခက်ဆုံးလို့ သူယူဆ ထားတယ်။ ဘယ်အချိန် မဆို နောက်ကနေ တိုက်ခိုက်နိုင်တယ်။

“အရှင် သခင်ငယ်။ နတ်ဆိုး နတ်သခင်။ ကျွန်တော်တို့တွေ။”

“သူ့ကို အာရုံ မစိုက်နဲ့။ အကယ်၍ မုန့်ထျန်းသာ ငါတို့ကို တစ်ယောက်ချင်းစီ သတ်ချင်ရင်လဲ သတ်ခိုင်းလိုက်မယ်။” ယွင်ချင်းဝူ ပြန်မဖြေခင် လင်းယွိ ပြောတယ်။

“အမ်။ ဒါဆိုရင် ကောင်းကင် တာအို ခန်းမက။” စစ်သူကြီး လုံးဝကို စိတ်ရှုပ်ထွေး နေခဲ့တယ်။ အဲ့ဒီ့နောက် ယွင်ချင်းဝူ ဘက်ကို သူလှည့်ကြည့်တယ်။

“အင်း။ နတ်ဆိုး နတ်သခင် လင်းယွိရဲ့ အမိန့်ကို လိုက်နာ။” ယွင်ချင်းဝူက နောက်ထပ် ရှင်းမပြတော့ဘူး။ ခေါင်းငြိမ့်ရင်းနဲ့ ကျောက်တုံး အခန်းဆီကို လျှောက်သွားတော့တယ်။ လင်းယွိလဲ လိုက်သွားခဲ့တယ်။ ဒါပေမယ့် ယွင်ချင်းဝူနဲ့ တစ်ပေတိတိ အကွာမှာသာ သူနေတယ်။ သူမရဲ့ အရိပ်လိုပဲ။

စစ်သူကြီးကတော့ ထွက်သွားသူ နှစ်ယောက်ကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ သူစကား ထပ်ပြောချင်ပေမယ့် နောက်ဆုံးမှာ ပါးစပ် ပိတ်လိုက်တယ်။

“အမိန့်တော် အတိုင်းပါ။” စစ်သူကြီး ခပ်မြန်မြန် ထွက်ခွာ သွားတော့တယ်။ ဒါပေမယ့် သူထွက်ခွာ သွားချိန်မှာ သူနဲ့ တစ်ပုံစံတည်း တူအောင် ဝတ်ထားသူ တစ်ယောက် မြူနှင်းထဲက ထွက်လာတာကို မြင်လိုက် ရပြန်တယ်။ သူလဲ အရှင်သခင်ငယ် ရှိရာဆီကို ပြေးသွားတယ်။

“အရှင် သခင်ငယ်။ အ အရေးကြီး သတင်း။”

“ဟမ်။” ယွင်ချင်းဝူ နောက်မှာ လိုက်နေတဲ့ လင်းယွိက ရုတ်တရက် ရပ်တန့် သွားတယ်။ သူနောက်ပြန် လှည့်ကြည့် ပေမယ့် မျက်ဝန်းထဲမှာ ဒေါသတွေက အထင်းသား။

“ဘာဖြစ် ပြန်ပြီလဲ။ အခုက အရှင်သခင်ငယ်ရဲ့ နားချိန်မှန်း မင်းတို့ မသိကြဘူးလား။”

“နတ် နတ်ဆိုး နတ်သခင်။ အဲ့တာက မုန့် မုန့်ထျန်း ကိစ္စပါ။” စစ်သူကြီးက လင်းယွိရဲ့ စကားကို ကြားချိန်မှာ ဖြူဖျော့ သွားပြန်တယ်။

“မုန့်ထျန်းပဲလား။” လင်းယွိက နည်းနည်း လန့်သွားပေမယ့်၊ မယုံနိုင်တဲ့ ပုံစံ ပိုပေါ်တယ်။

မုန့်ထျန်းနဲ့ ပက်သတ်တဲ့ သတင်းက အခုပဲ ရခဲ့တာလေ။ ဒီတော့ နောက်ထပ် သတင်း ရပြန်တာ ဘာကြောင့်လဲ။ ကောင်းကင်တာအို ခန်းမ ကျုးကျော် ခံရတာလား။ ဒီလောက်မြန်လား။ လင်းယွိ စိတ်ရှုပ်လာတယ်။ ယွင်ချင်းဝူကလဲ စစ်သူကြီးကို လှည့်ကြည့်တယ်။

“ဘာသတင်း ရလာတာလဲ။” ယွင်ချင်းဝူ ခပ်တိုးတိုး မေးတယ်။

“တောင်စဉ် ကိုးသွယ်က သတင်းပါ။ မုန့်ထျန်းကို တောင်စဉ် ကိုးသွယ်မှာ တွေ့လိုက်တယ်လို့ သူတို့ ပြောပါတယ်။”

“ဘာဖြစ်တယ်။” လင်းယွိ အခုတော့ သူ့ရဲ့ ထိတ်လန့်မှုကို မဖုံးကွယ် နိုင်တော့ဘူး။ ဒါဘယ်လို ဖြစ်နိုင်မှာလဲ။

ကောင်းကင်တာအို ခန်းမကနေ တောင်စဉ် ကိုးသွယ်ကို သွားဖို့ အနည်းဆုံး ဆယ်ရက် လိုတယ်။ မုန့်ထျန်းက တချိန်တည်းမှာ ဘယ်လိုများ ပေါ်လာတာလဲ။ ပုံရိပ်ယောင်လား ဒါမှ မဟုတ် သတင်းမှားလား။

လင်းယွိက စာအိတ်ကို ချက်ခြင်း ယူကြည့်တော့တယ်။ အစောက သတင်းလာပို့ခဲ့တဲ့ စစ်သူကြီးလဲ မျက်လုံးပြူးနေတယ်။ နောက်ထပ် မုန့်ထျန်းက တောင်စဉ် ကိုးသွယ်မှာ ပေါ်လာတယ်လား။

ဒါက မဖြစ်နိုင်တဲ့ ကိစ္စပဲ။ သူကတော့ စစ်သတင်းအမှားကို ပေးတဲ့ အတွက် သတ်ခံရ နိုင်တယ်။

“အရှင်သခင်ငယ်။ ဒါက ကျွန်တော် ရထားတဲ့ သတင်းနဲ့ တထပ်တည်း ပါပဲ။ စာအိတ်မှာ ကောင်းကင် တာအို ခန်းမရဲ့ အမှတ်အသား ပါတယ်။ မလွဲနိုင်ပါဘူး။”

“မင်း အရင် သွားတော့၊ ကိစ္စတွေကို ငါကိုယ်တိုင် စစ်ဆေးမယ်။” လင်းယွိ လက်ထဲက စာအိတ်ကို ယူနေရင်း ယွင်ချင်းဝူ ပြောတယ်။

ဒါက ယွင်ချင်းဝူ လုပ်ထားတဲ့ အထူး စက္ကူပဲ။ အမှတ်အသားတွေက နေရာတွေကို ကိုယ်စားပြုတယ်။ စာလွှာ တရွက်ချင်းစီတိုင်းက ယွင်ချင်းဝူ ကိုယ်တိုင် လုပ်ထားတာတွေပဲ။

သတင်း အချက်အလက်တွေက ယွင်ချင်းဝူ အတွက် အရမ်းကို အရေးကြီးတယ်။ ဒီတော့ အတုအယောင် သတင်းတွေကို သူမ ဘယ်လိုများ ခွင့်လွှတ်မှာလဲ။ ူဒါပေမယ့် စာအိတ်ပေါ်မှာ ရှိနေတဲ့ အမှတ်အသားတွေက အရမ်းကို ရှင်းလင်းတယ်။

“နှစ် နှစ်ခု စလုံးက သတင်း အစစ်တွေလား။” ယွင်ချင်းဝူရဲ့ အေးဆေးတည်ငြိမ်တဲ့ အမူအယာက နောက်ဆုံးမှာ ပြောင်းလဲ သွားတော့တယ်။

…

မြင့်မြတ် နယ်မြေ။ ကောင်းကင်တာအို ခန်းမ။ ကြယ်တွေစုံတဲ့ ညတစ်ည။

ဒီနေရာက နိုင်ငံတော် လေးခုရဲ့ ထိပ်တန်း ပါရမီရှင်တွေ ဦးတည်တဲ့ နေရာပဲ။ ကောင်းကင် တာအို ခန်းမရဲ့ နာမည်က ဓားပညာနဲ့ အတူ ကျော်ကြားတယ်။ ဒါ့အပြင် တာအိုတွေကို လက်ခံဖို့ အတွက် ကူညီပေးတယ်။ အခုချိန်မှာတော့ လက်ရှိ ကောင်းကင် တာအို ခန်းမက နည်းနည်း ရှုပ်ထွေး နေခဲ့ပြီ။

ဒါပေါ့။ ကျောက်စိမ်းဖြူတွေနဲ့ လုပ်ထားတဲ့ အဆောက်အအုံ တွေကတော့ ဓားတောင်ထိပ်မှာ မားမား မတ်မတ် ရှိနေဆဲ၊ ကြယ်အလင်း အောက်မှာ တောက်ပ နေကြတယ်။

“သတင်း ပို့ပါတယ်။ မုန့်ထျန်း ထွက်ခွာသွား ပါပြီ။” ဒူးထောက်နေတဲ့ လူတစ်ယောက်နဲ့ အတူ ဓားတောင်ထိပ်မှာ အသံက ထွက်ပေါ်လာတယ်။

“ထွက်ခွာ သွားပြီလား။” လူ ၂၀ရဲ့ မျက်နှာမှာ မတူညီတဲ့ အမူအယာတွေ ပေါ်လာတော့တယ်။

သူတို့ အမူအယာက အရမ်းကို ထူးဆန်းတယ်။

လွန်ခဲ့တဲ့ ၂ရက်တုန်းက မုန့်ထျန်းရဲ့ ခြေရာတွေကို ကောင်းကင် တာအို ခန်းမနဲ့ ငါးမိုင် အကွာမှာ ရှာတွေ့ခဲ့တယ်။ သူ့ရဲ့ အမှတ်အသား ဖြစ်တယ်။ ဝတ်ရုံနက်နဲ့ မျက်စိ စပါးမွှေး စူးချင်စရာ (နတ်ဘုရား) ဆိုတဲ့ မျက်နှာဖုံးကြီး။

ကမ္ဘာမြေမှာ ဘယ်သူကများ နတ်ဘုရား ဆိုတဲ့ စာလုံးကြီးကို မျက်နှာဖုံးမှာ ပန်းထိုးပြီးတော့ လျှောက်သွားနေမလဲ။

မုန့်ထျန်း တစ်ယောက်ပဲ ဒါမျိုး လုပ်တယ်။

တစ်လ မပြည့်သေးတဲ့ အချိန်မှာ သူ့ရဲ့ ပေါ်ထွက် လာမှုက မြင့်မြတ် နယ်မြေနဲ့ နိုင်ငံတော်ကြီး ငါးခုကို ပွက်လော ရိုက်စေခဲ့ပြီ။

သွေးအရိပ် မြို့တော်မှာ မုန့်ထျန်းက ဓားချက် တစ်ချက်တည်းနဲ့ နတ်ဆိုး ခန်းမကို ဖြိုခဲ့တယ်။ နောက်ထပ် ဓားချက် တစ်ချက်နဲ့ သွေးအရိပ် မြို့တော်ရဲ့ အခိုင်ခံ့ဆုံး ဂိတ်တံခါးကို နှစ်ခြမ်း ခွဲခဲ့တယ်။ ဒါ့အပြင် မိစ္ဆာ မျိုးနွယ်က နတ်သခင် အဆင့် ပညာရှင် လင်းကျီကိုလဲ အနိုင်ယူခဲ့ သေးတယ်။

အခုချိန်မှာတော့ နတ်ဆိုး အရှင်သခင်ကို ဓားစာခံ အဖြစ် ဖမ်းထားခဲ့တယ်။ ကောင်းကင် တာအို ခန်းမကို စောင့်ကြပ်နေတဲ့ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေက မုန့်ထျန်း ပေါ်လာတာကို ဘယ်လိုများ သတင်း မပို့ပဲ နေဝံ့မှာလဲ။ ဒါပေမယ့် မုန့်ထျန်းက ထွက်ခွာ သွားခဲ့ပြီ။

သူတို့က ကြောက်စရာ မဟာ စစ်ပွဲကြီး အတွက် ပြင်ဆင် ထားပြီးခါမှ၊ မုန့်ထျန်းက အသံတောင် မပေးဘဲ ထွက်ခွာ သွားပြီတဲ့။

ဘာလဲ။ ဖြတ်သွား ဖြတ်လာ လုပ်နေတာလား။

“မုန့်ထျန်း။ သူဘယ်ဘက်ကို ထွက်သွားတာလဲ။” အသံ တစ်သံ ထွက်ပေါ်လာပြန်တယ်။

“လင်ရှောင်းတောင်ဆီ သွားတယ်လို့ ထင်ပါတယ်။” ဒူးထောက်နေသူက ပြောတယ်။

“လင်ရှောင်းတောင်လား။ အင်း။ ဟုတ်တယ်။ ဧကရီငယ်လဲ တွက်ချက်ထားပြီးသား။ မုန့်ထျန်းက လင်ရှောင်းတောင်ကို သွားပြီးတော့ မျိုးနွယ်စု သုံးခုနဲ့ တွေ့လိမ့်မယ်။”

“သူ့လမ်းကို ငါတို့ ပိတ်ထားရမလား။”

“ဖြစ်နိုင်လို့လား။”

“အမ်း။” ဝတ်ရုံနက်တွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တိတ်ဆိတ် သွားပြန်တယ်။ သူတို့တွေ အားလုံးက စွမ်းအား အကန့်အသတ် ရှိနေကြတယ်။ ကောင်းကင်တာအို ခန်းမကို သူတို့ ကျုးကျော် ခဲ့ပေမယ့်၊ မိစ္ဆာ ဘုရင် သုံးယောက်ပဲ ရှိတယ်။ နတ်သခင် အဆင့် ပညာရှင် တစ်ယောက်မှ မရှိခဲ့ဘူး။

“မုန့်ထျန်းကို မတားဆီး နိုင်ပေမယ့်၊ မျိုးနွယ်စု သုံးခုနဲ့ သူတွေ့ပြီး လှုပ်ရှားတာမျိုး ဖြစ်အောင် ခွင့်ပြုထားလို့ မဖြစ်ဘူးလေ။”

“သေချာပေါက် မဖြစ်ဘူး။ မင်းတို့ သုံးယောက်၊ မုန့်ထျန်း နောက်ကိုလိုက်။ သူဘယ်ကို ဦးတည်နေလဲ သေချာအောင် လုပ်။”

“အမိန့် အတိုင်းပါ။” ဝတ်ရုံနက် သုံးယောက် ဓားတောင်ထိပ်ကနေ ခုန်ချ သွားတော့တယ်။

အပိုင်း (၉၃၂) ပြီး၏။

အပိုင်း (၉၃၃)

“တတိယမြောက် မုန့်ထျန်း။”

ညက တိတ်ဆိတ် နေခဲ့တယ်။ ဒါပေမယ့် ဖိအားက လေထဲမှာ ဆက်တိုက် ပြင်းထန် နေခဲ့တယ်။ ကောင်းကင် တာအို ခန်းမကို စောင့်ကြပ် နေရတဲ့ အင်အားကြီး မိစ္ဆာနဲ့ နတ်ဆိုး အတွက်တော့ အိပ်မပျော်တဲ့ နေ့ရက်တွေ ဖြစ်ခဲ့ရတယ်။ တောင်စဉ် ကိုးသွယ်မှာလဲ အဖြစ် အတူတူပဲ။

“ဘာဖြစ်တယ်။ သူထွက်သွား ပြီတဲ့လား။” တောင်စဉ် ကိုးသွယ်ကို စောင့်ကြပ် နေတဲ့ အင်အားကြီး နတ်ဆိုးနဲ့ မိစ္ဆာတွေ အထိတ်တလန့် ဖြစ်ရပြန်တယ်။ ကောင်းကင် တာအို ခန်းမနဲ့ ယှဉ်လိုက်ရင်၊ တောင်စဉ် ကိုးသွယ် နေရာက ရှာဖွေရ မလွယ်ကူ ခဲ့ဘူး။

တောင်စဉ် ကိုးသွယ်က ကြီးမြတ်သောရှ နိုင်ငံတော်၊ တောင်ပိုင်း ဒေသတို့နဲ့ ဝေးကွာတယ်။ တောင်စဉ် ကိုးသွယ်ကို ဖြတ်သွားဖို့ ဆိုတာ ဖြစ်နိုင်ဘူး။

“ရောက်လာပြီးတာနဲ့ ထွက်သွားတယ်။ မုန့်ထျန်း ဘာလုပ် ချင်နေတာလဲ။”

“သူဘယ်ဘက်ကို ထွက်သွားတာလဲ။”

“မသေချာပါဘူး။ ဒါပေမယ့် လင်းရှောင်းတောင် ဖြစ်နိုင်ပါတယ်။ လင်းရှောင်းတောင်နဲ့ အနီးဆုံး နေရာမှာ သူပျောက်သွားခဲ့လို့ပါပဲ။”

“လင်းရှောင်တောင်လား။ လူနည်းနည်း လွှတ်ပြီးတော့ လင်ရှောင်းတောင် သွားတဲ့ လမ်းကို စောင့်ကြည့်ခိုင်းထားလို့။ မှတ်ထား။ မုန့်ထျန်း အနားကို ကပ်မလိုက်နဲ့။ နောက်က လိုက်နေမှန်း မသိစေနဲ့။”

“နားလည် ပါပြီ။” လူတစ်ချို့ တောင်စဉ် ကိုးသွယ်ကနေ ခုန်ချပြီး အမှောင်ထုထဲမှာ ပျောက်ကွယ် သွားတော့တယ်။ သူတို့ ပျောက်ကွယ် သွားချိန်မှာတော့၊ အင်အားကြီး မိစ္ဆာနဲ့ နတ်ဆိုးတွေ လေးလေးနက်နက် စဉ်းစား နေခဲ့ကြတယ်။ ဒီအဖြစ်တွေရဲ့ နောက်ကွယ် အကြောင်းအရင်းကို ဘယ်သူကမှ မစဉ်းစား နိုင်ခဲ့ဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်က ပြောလိုက်တယ်။

“မဟာ နွံအိုင်ထဲက အရှင်သခင်ငယ်ကို ဒီအကြောင်း သတင်းပို့သင့်တယ် မဟုတ်လား။”

“ဟုတ်တယ်။ အရှင် သခင်ငယ်ကို အခုပဲ သတင်းပို့လိုက်။”

…

ယင်ယန် ခန်းမက တောင်စဉ် တောင်တန်းတွေထဲမှာ တည်ဆောက်ထားတဲ့ နေရာ တစ်ခု။ ကျယ်ပြန့်တဲ့ ဆေးပင် စိုက်ခင်းတွေကြောင့် မြင့်မြတ် နယ်မြေမှာ ပုန်းအောင်းဖို့ အကောင်းဆုံး နေရာ တစ်ခုလဲ ဖြစ်နေတယ်။

အမြင့်မားဆုံး လင်ရှောင်း တောင်ကတော့ တိုက်ခိုက်ရ ခက်ခဲအောင် ဖန်တီးပေးနိုင်တယ်။ တောင်စောင်းတွေနဲ့ ဝန်းရံထားပြီး တောင်ထိပ်မှာ စက်ဝိုင်းပုံစံ မြေလွတ်ကြီး ရှိနေခဲ့တယ်။

တောင်ထိပ်မှာ တိုင်လုံးကြီး လေးလုံးလဲ ရှိနေခဲ့တယ်။ တိုင်လုံး တစ်ခုချင်းစီတိုင်းက ကျောက်ဖြူသားနဲ့ ထွင်းထု ထားပြီး အနက်ရောင် သံကြိုးတွေက တိုင်လုံးတွေရဲ့ ဘေးပတ်လည်မှာ ရစ်ပတ်ထားတယ်။ ဒီသံကြိုးတွေက တောင်အောက် လမ်းနဲ့ တိုက်ရိုက် ဆက်သွယ် ထားခဲ့တယ်။

အကယ်၍ ပျံသန်းနိုင်တဲ့ အင်အားကြီး သားရဲကောင်တွေသာ မရှိခဲ့ရင်၊ ဒီတိုင်လုံးနဲ့ ချိတ်ဆက်ထားတဲ့ သံကြိုးတွေကို သုံးပြီးတော့ တောင်ထိပ်ကို တက်ရတယ်။

ဒါပေါ့။ အခုချိန်မှာ သံကြိုးတွေကို သုံးစွဲမှု တင်းတင်းကျပ်ကျပ် ကန့်သတ် ခံထား ခဲ့ရပြီ။ အကြီးအကဲ တစ်ချို့သာ လိုသလို သုံးစွဲ နိုင်တယ်။

ညအချိန်မှာ လေပြည်ညင်းက တိုက်ခတ်နေခဲ့တယ်။

ညငှက်တွေကလဲ ကောင်းကင်မှာ အရှိန်ပြင်းပြင်းနဲ့ ပျံသန်း နေကြတယ်။ တောင်ထိပ်က အခုချိန်မှာ အရမ်းကို အေးစက်နေတယ်။ ညည့်ငှက်တွေရဲ့ အတောင်ပံ ပေါ်မှာတောင် မြူနှင်း အလွှာ တစ်ခု ဖုံးအုပ် နေခဲ့ပြီ။

“အရေးကြီး သတင်း။ ဒီနေရာမှာ စောင့်ကြပ်နေ။ မဟာမိတ် ခေါင်းဆောင်ကို ငါ သတင်းပို့လိုက်မယ်။” ယင်ယန် ခန်းမ သံကြိုးတွေကို စောင့်ကြပ်နေတဲ့ တပည့်သား တစ်ယောက် ညည့်ငှက် ခြေထောက်က ဝါးကျည်တောက်ကို ထုတ်ယူပြီးနောက် ပြောတယ်။ တောင်အလယ်မှာ အသစ် ဆောက်ထားတဲ့ မဟူရာ နန်းတော်ဆီကို အမြန် ပြေးတော့တယ်။

တစ်ခဏ ကြာပြီးတဲ့နောက် နန်းတော်ထဲမှာ မီးလင်းလာတယ်။ တပ်ဖွဲ့ တစ်ခုက ကျောက်တုံးအိမ် ထဲကို ဘက်ပေါင်းစုံကနေ ဝင်ရောက်တယ်။ သူတို့တွေရဲ့ ခြေလှမ်းက မြန်ဆန်လွန်းတဲ့ အပြင် အရမ်းကို လေးနက် နေခဲ့တယ်။

ကျမ်းကောင်းကင်တောင် တိုက်ပွဲ အပြီးတည်းက မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေရဲ့ နတ်သခင် အဆင့် ပညာရှင်တွေ ဆက်တိုက် ဆင်းသက် လာနေတယ်။ လူသား မျိုးနွယ်က မဟာမိတ် တပ်ပေါင်းစုကြီး ဖန်တီးပြီးတော့ တောက်ဟွမ်ကို မဟာမိတ် ခေါင်းဆောင်၊ တောက်ရှင်းကို စစ်အကြံပေး အဖြစ် ထားဖို့ ဆုံးဖြတ် ခဲ့ကြတယ်။

ကောင်းကင်တာအို ခန်းမ ခေါင်းဆောင် မုချင်းဖန်း၊ ဖူရှီးတောင်ကြား ခေါင်းဆောင် မော့ရှန်းရှီ၊ လင်းယွမ် မျှော်စင် ခေါင်းဆောင် ချင်းယွိကတော့ လက်ထောက် မဟာမိတ် ခေါင်းဆောင်တွေ အဖြစ် တာဝန် ယူထားကြတယ်။ ဒါပေမယ့် ချင်းယွိကတော့ သဘော မတူခဲ့ဘူး။

“တိုက်ပွဲက အခုချိန်ထိ မပြီးသေးဘူး၊ ရလဒ်ကလဲ ဆုံးဖြတ်လို့ မရသေးဘူး။” ဒီလို ပြောပြီးတဲ့နောက် သူမ မျှော်စင်ကို ပြန်သွားခဲ့တယ်။ မော့ရှန်းရှီနဲ့ မုချင်းဖန်း နှစ်ယောက်သာ ကျန်ရစ်တယ်။

မျိုးနွယ်စု လေးခုက ပေါင်းစည်းပြီး တပ်ဖွဲ့ကြီး လေးခုကို ဖန်တီးလိုက်တယ်။ တစ်ခုချင်းစီကို ယင်ယန်ခန်းမ၊ ဖူရှီးတောင်ကြား၊ ကောင်းကင်တာအို ခန်းမ၊ လင်းယွမ် မျှော်စင်နဲ့ ချိတ်ဆက်ပြီး နာမည် ပေးထားတယ်။ တောက်ဟွမ်ကတော့ အဓိက စစ်သူကြီး အုပ်ချုပ်သူ၊ မုချင်းဖန်းနဲ့ မော့ရှန်းရှီကတော့ လက်ထောက် ခေါင်းဆောင်တွေ။

မျိုးနွယ်စု အသီးသီးကလဲ ဒီမဟာမိတ် တပ်ပေါင်းစုထဲမှာ လာပြီး ပူးပေါင်းကြတယ်။ အဖွဲ့ခွဲ စစ်သူကြီးတွေ ဖြစ်လာကြတယ်။

ဒါပေါ့၊ လင်းယွမ် မျှော်စင် ခေါင်းဆောင် ချင်းယွိက သူ့အလုပ်ကို စွန့်ပြစ် သွားတဲ့ အတွက်၊ လက်ထောက် စစ်သူကြီး နေရာကို ရန်ချန်လိက တာဝန် ယူထား ခဲ့ရတယ်။ ဒါက ကွာခြားချက် သိပ်မရှိခဲ့ဘူး။

နောက်ဆုံးတော့လဲ အနောက်လျန် ပြည်နယ်ရဲ့ မင်းသားရန်က ကျော်ကြားလှတယ်လေ။ ဒါ့အပြင် အရိပ် မျိုးနွယ်ရဲ့ တပည့်သား သုံးယောက်လဲ ရှိနေသေးတယ်။ ဒါကြောင့် တခြား မျိုးနွယ်စုတွေက အမိန့် နာခံရုံသာ တတ်နိုင်ခဲ့တယ်။

“မဟာမိတ် ခေါင်းဆောင် ဒီလို ညသန်းခေါင်မှာ ခေါ်တာ ဘာကိစ္စများ ရှိလို့ပါလဲ။” မော့ရှန်းရှီက ထိုင်ပြီးတာနဲ့ ချက်ခြင်း မေးတော့တယ်။

မော့ရှန်းရှီက တကယ်တော့ တောက်ဟွမ်ကို မဟာမိတ် ခေါင်းဆောင် အဖြစ် လက်မခံ ချင်ခဲ့ဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ အရှုံးကို လက်ခံဖို့ သူဆုံးဖြတ်ခဲ့တယ်။ မျိုးနွယ်စု လေးခုကြားမှာ အတွင်း ပဋိပက္ခ သူမဖြစ်ချင်ခဲ့ဘူး။

အားလုံး ပူးပေါင်းပြီး မိစ္ဆာနဲ့ နတ်ဆိုးတွေကို ကာကွယ်ရမယ်။ ဒါက မုချင်းဖန်းရဲ့ အဆိုပြုချက်ပဲ။ မော့ရှန်းရှီလဲ မငြင်းပယ်ခဲ့ဘူး။ လင်းယွမ် မျှော်စင် ထွက်ခွာသွားခဲ့တာလဲ ဒါကြောင့်ပဲ။

ဒါပေါ့ ဖူရှီးတောင်ကြား အပါအဝင် မျိုးနွယ်စု တော်တော်များများက လင်းယွမ် မျှော်စင်ကို ဆွဲထားချင် ခဲ့တယ်။ မျိုးနွယ်စု တစ်ခုတည်းနဲ့ နတ်ဆိုး မိစ္ဆာတွေကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး။

“ငါတို့ ပူးပေါင်းရင် အနိုင်ရမယ်။ လူကွဲရင် ရှုံးမယ်။” ချင်းယွိ ထွက်ခွာ သွားပြီးနောက် တောက်ရှင်းက ဒီစကားကို ပြောခဲ့တယ်။ အဲ့ဒီ့နောက် ကောင်းကင်တာအို ခန်းမ ကျုးကျော်ခံရတယ်။ ဖူရှီးတောင်ကြားလဲ ကျုးကျော်ခံရတယ်။

မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုထဲမှာ သုံးခုက ကျူးကျော်ခံလိုက်ရပြီ။ လင်းယွမ် မျှော်စင်ရဲ့ နေရာကတော့ ကျုးကျော် မခံရခဲ့ဘူး။ ဒီသတင်းကို ကြားချိန်မှာတော့ မော့ရှန်းရှီ ကောင်းကင်ကို မော့ကြည့်ရင်း ကျိန်ဆဲမိတော့တယ်။

“ငါလူးမသား မိုးနတ်မင်း။”

ဒါကို ကြားပြီးချိန်မှာတော့ မော့ရှန်းရှီက လင်းရှောင်းတောင်ကနေ ထွက်မသွားပေမယ့်၊ “ငါတို့ ပူးပေါင်းရင် အနိုင်ရမယ်။ လူကွဲရင် ရှုံးမယ်။”

“ခဏစောင့်ပါ။ မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့။ အားလုံး ရောက်လာရင် ငါကြေညာ ပေးပါမယ်။” တောက်ဟွမ်က မော့ရှန်းရှီ သူ့ကို အတော်လေး မကြည်မှန်း သိတယ်။ မော့ရှန်းရှီက အားလုံးထဲမှာ စိတ်မရှည်ဆုံးလူပဲ။ ဒါပေမယ့် စိတ်အေးအေး ထားပြီး စောင့်ဆိုင်းဖို့သာ သူပြောခဲ့တယ်။

ဒါကို ကြားချိန်မှာတော့ မော့ရှန်းရှီရဲ့ မျက်နှာက မည်းမှောင် သွားတော့တယ်။ (မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့) ဒီစကားက သူ့ကို အပ်နဲ့ လာထိုး နေသလိုပဲ။ သူပြန်ပြောတော့မယ့် အချိန်မှာပဲ လက်တစ်ဖက်က သူ့ပုခုံးကို လာပုတ်တယ်။

“ကိစ္စကြီးတဲ့ အတွက် စဉ်းစားပါ။” မုချင်းဖန်းက မော့ရှန်းရှီကို ခေါင်းခါပြတယ်။

မုချင်းဖန်းလဲ မကျေနပ်ပေမယ့်၊ လင်းရှောင်တောင်မှာ လူသားတွေရဲ့ အင်အားက စုစည်း နေခဲ့တယ်။ အခုချိန် အထိ တိုက်ခိုက်မှုကြီးကို မခံစား ရသေးဘူး။

အကြီးမားဆုံး အောင်မြင်မှုကတော့ သူတို့တွေ အရေးနိမ့် နေချိန်မှာတောင် အင်အားကို စုစည်း ထားနိုင်တာပဲ။ ကောင်းကင် တာအို ခန်းမကတော့ မိစ္ဆာနဲ့ နတ်ဆိုးတွေ ထိန်းချုပ်တာ ခံလိုက် ရပေမယ့်၊ အခွင့်အရေး ရတာနဲ့ ပြန်သိမ်းယူ နိုင်တယ်။ အောင်မြင်မှုကြီးကို ဖန်တီး နိုင်ဖို့ အတွက် သည်းခံမှပဲ ဖြစ်မယ်။

“ကောင်းပြီ။ ငါ့ကို မင်းဘယ်လို ထင်နေတာလဲ။ ငါသာ ကိစ္စကြီး အတွက် စဉ်းစား မနေရင် ဒီသောက်သုံး မကျတဲ့ နေရာကနေ ထွက်သွားပြီး နေပြီ။” မော့ရှန်းရှီက အသံကျယ်ကျယ်နဲ့ ဆက်ပြော နေခဲ့တယ်။ မဟာမိတ် ခေါင်းဆောင် နေရာမှာ ထိုင်နေတဲ့ တောက်ဟွမ်ကို သူစိုက်ကြည့် နေခဲ့တယ်။

တခြား မျိုးနွယ်စု ခေါင်းဆောင် တွေကတော့ ဒီအခြေအနေကို ကျင့်သား ရနေခဲ့ပြီ။

တစ်ခဏတာ ကြာပြီး နောက်မှာတော့ ခန်းမကြီးထဲမှာ နေရာ တစ်နေရာက လွဲပြီး အကုန် ပြည့်သွားတော့တယ်။ ဒီနေရာက ခေါင်းဆောင် ချင်းယွိရဲ့ နေရာပဲ။ တောက်ဟွမ်က ထရပ်တယ်။ သူ့ရဲ့ လက်ထဲမှာ အဝါရောင် စာလွှာ သုံးခု ပေါ်လာခဲ့တယ်။

သူ့ရှေ့က စားပွဲပေါ်မှာ စာလွှာကို ချတယ်။ ဒါပေမယ့် တောက်ဟွမ်ရဲ့ မျက်နှာဖုံးကြောင့် သူ့မျက်နှာ အမူအယာကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ မီးလို တောက်လောင်နေတဲ့ မျက်ဝန်းတွေကိုသာ မြင်နေရတယ်။

“မုန့်ထျန်းက တကယ်ပဲ ပေါ်လာပြီ။ သူက မြင့်မြတ် နယ်မြေမှာ ရောက်နေပြီ။” စာသုံးစောင်ကို ချလိုက်ရင်း တောက်ဟွမ် ပြောတယ်။ ဒါကို ကြားချိန်မှာတော့ မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံးရဲ့ အမူအယာက ပြောင်းလဲ သွားတော့တယ်။

မုန့်ထျန်း ပေါ်လာခဲ့တဲ့ သတင်းက မြင့်မြတ် နယ်မြေကို ရောက်နေတာ ကြာပြီလေ။

“မုန့်ထျန်း ဘယ်မှာလဲ။” မော့ရှန်းရှီက မေးတယ်။

“ကောင်းကင်တာအို ခန်းမ။” တောက်ဟွမ်က လူတွေကို တစ်ချက်ကြည့်ရင်း ဆက်ပြောတယ်။ “ပြီးတော့ တောင်စဉ် ကိုးသွယ်နဲ့ ဖူရှီး တောင်ကြား။”

“မင်းဘာကို ဆိုလိုချင်တာလဲ။” မော့ရှန်းရှီ စိတ်ရှုပ်ထွေးသွားတယ်။

တခြား မျိုးနွယ်စု ခေါင်းဆောင်တွေလဲ တောက်ဟွမ်ကို နားမလည်နိုင် ဖြစ်နေခဲ့တယ်။

“ငါပြောချင်တာ မုန့်ထျန်းက ကောင်းကင်တာအို ခန်းမ၊ တောင်စဉ် ကိုးသွယ်နဲ့ ဖူရှီး တောင်ကြားမှာ တစ်ချိန်တည်း ပေါ်လာတယ်။ အဲ့ဒီ့ နေရာသုံးခုလုံးက တစ်ချိန်တည်း သတင်းပို့ထားကြတယ်။” တောက်ဟွမ်က စာလွှာတွေကို ပြတယ်။

“မုန့်ထျန်း သုံးယောက်လား။”

“တစ်ချိန်တည်းမှာ ပေါ်လာတယ်တဲ့။”

“ဘာတွေ ဖြစ်နေတာလဲ။”

လူတိုင်းက ပိုပြီးတော့ စိတ်ရှုပ်ထွေး လာခဲ့တယ်။ နောက်ဆုံးတော့လဲ ဒီကိစ္စက အံ့သြစရာ ကောင်းလွန်း နေတယ်လေ။

“သူက ငါတို့ကို စိတ်ရှုပ်ထွေးအောင် လုပ်နေတာပဲ။” တခြားသူတွေ တိတ်ဆိတ် နေချိန်မှာ ထိုင်ခုံမှာ ထိုင်နေသူ တစ်ယောက်ရဲ့ တည်ငြိမ်တဲ့ အသံ ထွက်ပေါ် လာခဲ့တယ်။

“သူဘာဖြစ်လို့ ဒီလို လုပ်တာလဲ။”

“သူရှိနေတဲ့ နေရာကို ဖုံးကွယ်ဖို့လား။”

“ဒီလောက် ရိုးရှင်းမယ် မထင်ဘူး။ မုန့်ထျန်းနဲ့ စွမ်းအား နဲ့ဆိုရင် သူသာ တမင်တကာ လူလုံး မပြလို့ ကတော့ မိစ္ဆာနဲ့ နတ်ဆိုးတွေ သေချာပေါက် ရှာတွေ့မှာ မဟုတ်ဘူး။”

မကြာခင်ပဲ မျိုးနွယ်စု ခေါင်းဆောင်တွေ ဆွေးနွေးကြတော့တယ်။

“အကယ်၍ ငါခန့်မှန်းတာသာ မှန်ခဲ့ရင်၊ တကယ့် မုန့်ထျန်းအစစ်က လင်ရှောင်းတောင်ကို မကြာခင် ရောက်လာတော့မယ်။ ဒါကြောင့်ပဲ အားလုံးကို ငါခေါ်လိုက်တာ။” တောက်ဟွမ်ရဲ့အသံက စကားသံတွေ အားလုံကို ဖြတ်တောက် လိုက်တယ်။

“မုန့်ထျန်းက လင်ရှောင်းတောင်ကို မလာဘူးလို့ ငါဘာလို့ ခံစား မိနေတာလဲ။” မော့ရှန်းရှီက ပြောတယ်။ တောက်ဟွမ် စကားကို သူလက်မခံချင်ဘူး။

“အဖိုးကြီးမော့။” မုချင်းဖန်းက မော့ရှန်းရှီ တမင်လုပ်နေမှန်း သိတယ်။ သူသက်ပြင်းချရင်း သတိပေးတယ်။

“ကောင်းပြီ။ ကောင်းပြီ။ မဟာမိတ် ခေါင်းဆောင် ခန့်မှန်းတာ မှန်တယ်ပဲထား။ တကယ့် မုန့်ထျန်း အစစ်သာ လင်ရှောင်းတောင်ကို ရောက်လာရင် ငါတို့ ဘာဆက်လုပ်မလဲ။ မဟာမိတ် ခေါင်းဆောင် နေရာကို ဘာလုပ်မလဲ။” မော့ရှန်းရှီ မေးတယ်။

“…”

ဘယ်သူကမှ သူ့ကို ပြန်မဖြေကြဘူး။ တောက်ဟွမ်တောင် တိတ်ဆိတ် သွားတယ်။

မုန့်ထျန်း ရောက်ရှိ လာတာက သူတို့ အတွက် သတင်းကောင်းပဲ။ မဟာမိတ် ခေါင်းဆောင် ကိစ္စကတော့ သူတို့ အတွက် ပြဿနာပဲ။

မျိုးနွယ်စု လေးခုက မြင့်မြတ် နယ်မြေမှာ ဖြစ်တည်ခဲ့တာ နှစ်ရာချီ ကြာမြင့်ပြီ။ ဒါကြောင့် မြင့်မြတ် နယ်မြေရဲ့ ပထဝီဝင်ကို ကျွမ်းကျင်ကြတယ်။ သူတိုကမှ အားသာချက် ရှိတယ်။

ဒါပေမယ့် သုခမိန် စစ်နတ်မုန့်ထျန်း ကတော့ လောက ထိပ်သီး လူတစ်ယောက်။ နတ်သခင် အဆင့် မိစ္ဆာမ လင်းကျီကို ဖမ်းဆီးပြီး သွေးအရိပ် မြို့တော်ကနေ နတ်ဆိုး အရှင်သခင်ကို တစ်ယောက်တည်းနဲ့ ဖမ်းယူ ခဲ့တယ်။

သူ့ရဲ့ စွမ်းရည်နဲ့ ဆိုရင်၊ ဘယ်လိုများ မျိုးနွယ်စု လေးခုထက် နိမ့်ကျ နိုင်မျာလဲ။

“အကယ်၍ သူသာ တကယ်ပဲ သုခမိန် စစ်နတ် မုန့်ထျန်း ဖြစ်ခဲ့ရင်၊ ငါနေရာကို သေချာပေါက် သူ့ကို ပေးမယ်။ ဒါပေမယ့် မုန့်ထျန်းရဲ့ ဇစ်မြစ်က ထူးဆန်းလွန်းတယ်။ သူ့ရဲ့ ရုပ်သွင်ကို ဘယ်တုန်းကမှ မဖော်ပြ ခဲ့ဘူး။ ဒီတော့ သူ့ကို ငါတို့ ဘယ်လို ယုံရမှာလဲ။” အချိန် အကြာကြီး တိတ်ဆိတ် နေပြီးနောက် တောက်ဟွမ် ပြောလိုက်တယ်။

“ဘာဖြစ်လို့ မယုံရမှာလဲ။” မော့ရှန်းရှီ မေးတယ်။

“အားလုံးက အစီအစဉ် တစ်ခု ဖြစ်နေရင်ကော။”

“ဘာ အစီအစဉ်လဲ။”

“အကယ်၍ မုန့်ထျန်းကသာ နတ်သခင် အဆင့် ပညာရှင် ဖြစ်နေရင်၊ သူလုပ်သမျှ အားလုံးက ယွင်ချင်းဝူရဲ့ အကြံ ဖြစ်နေခဲ့ရင်၊ ငါတို့ မဟာမိတ် ခေါင်းဆောင် နေရာကို ယူပြီးတော့ လူသား မျိုးနွယ်တွေကို ထိန်းချုပ်ဖို့ လုပ်ခဲ့ရင် ဘယ်လို လုပ်မလဲ။” တောက်ဟွမ် ပြောတယ်။

“..” မော့ရှန်းရှီ နောက်ထပ် မပြောတော့ဘူး။ တောက်ဟွမ်ကို သူမနာခံ ချင်ပေမယ့်၊ အသိစိတ် မပျောက်သေးဘူး။ တောက်ဟွမ်ရဲ့ စကားတွေက အဓိပ္မာယ်ရှိတယ်။

မုန့်ထျန်း ပေါ်လာတာက အရမ်းကို ထူးဆန်းလွန်းတယ်။

လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက သေသွားပြီ ဖြစ်တဲ့ သုခမိန် စစ်နတ်က ရုတ်တရက်ကြီး ထွက်ပေါ်လာပြီး တစ်လ အချိန် အတွင်းမှာ ပရမ်းပတာ ဖြစ်အောင် လုပ်သွားနိုင်တယ်။ အားလုံးက မယုံနိုင် စရာ ကောင်းလွန်းတယ်။

နောက်ဆုံးတော့လဲ ဒါကို ဘယ်သူမှ မျက်မြင် မတွေ့ခဲ့ဘူး။ အားလုံးကို မြင်ခဲ့တာက တောင်ပိုင်း ဧကရီ ရှန်းယွီပဲ။ ဒါ့အပြင် မုန့်ထျန်းက သူ့မျက်နှာပေါ်မှာ နတ်ဘုရား ဆိုတဲ့ စာလုံးပါတဲ့ မျက်နှာဖုံးကြီးကို စွပ်ထားသေးတယ်။

တောက်ဟွမ်သာ မှန်ခဲ့ရင်၊ မုန့်ထျန်း ရောက်လာတာက ကြောက်စရာ ကောင်းတဲ့ ကိစ္စ ဖြစ်လိမ့်မယ်။ မုန့်ထျန်း လက်ထဲကိုသာ မဟာမိတ် ခေါင်းဆောင် နေရာက ရောက်သွားခဲ့ရင်၊ လူသား မျိုးနွယ်ရဲ့ အနာဂတ်က မှောင်မိုက် သွားလိမ့်မယ်။

“မင်းပြောတာ မှန်တယ်။ မဟာမိတ် ခေါင်းဆောင်။ မုန့်ထျန်းရဲ့ ဇစ်မြစ်ကို မသိခင်၊ မဟာမိတ် ခေါင်းဆောင် နေရာကို ပေးလို့ မဖြစ်ဘူး။”

“မှန်တယ်။ မစွန့်စား သင့်ဘူး။”

“အကယ်၍ သူသာ သုခမိန် စစ်နတ်မုန့်ထျန်း အစစ် ဖြစ်ခဲ့ရင်၊ မဟာမိတ် ခေါင်းဆောင် နေရာကို ယူဖို့ မလိုနိုင်ဘူး။ လက်ထောက် မဟာမိတ် ခေါင်းဆောင် အဖြစ် နေခိုင်းလို့ ရတာပဲ။”

“ဒီကိစ္စက မုန့်ထျန်း ဟုတ်မဟုတ် နဲ့ သက်ဆိုင်တယ်။ သူသာ လင်ရှောင်းတောင်ကို ရောက်လာရင် ငါတို့ ဘာဆက်လုပ်ရမလဲ။ နောက်ဆုံးတော့လဲ သူက နတ်ဆိုး ခန်းမကြီးကို ဓားချက် တစ်ချက်တည်းနဲ့ ခွဲပြစ် နိုင်ခဲ့တဲ့ လူတစ်ယောက်လေ။”

တစ်ခဏတာ တိတ်ဆိတ် ပြီးနောက် အသံတွေ ဆက်တိုက် ထွက်လာပြန်တယ်။

အပိုင်း (၉၃၃) ပြီး၏။

အပိုင်း (၉၃၄)

“ငါ့နာမည်က ရန်ရွှယ်။”

“ဒီတော့ သူ့ကို လင်းရှောင်းတောင်ဆီ မဝင်ခိုင်းဘူးလား။”

“မဖြစ်ဘူး။ အကယ်၍ သူသာ တကယ့် မုန့်ထျန်း အစစ် ဖြစ်ခဲ့ရင်၊ တောင်ထဲကို မဝင်ခိုင်းလို့ကတော့ လူသား မျိုးနွယ်ရဲ့ အနာဂတ်ကို ငါတို့ ဖျက်စီးလိုက်သလို ဖြစ်သွားလိမ့်မယ် မဟုတ်လား။”

အငြင်းခုံ ဖြစ်ရပ်တွေက မဟာမိတ်တိုင်းမှာ ရှိတယ်။ ဒီလို ကိစ္စမျိုးက ကြိုမသိနိုင်တဲ့ အရာတွေနဲ့ ပတ်သက်လာခဲ့ရင် ပိုပြီးတော့ ပြင်းထန်ကြတယ်။ လူသားမျိုးနွယ်တွေရဲ့ မဟာမိတ် အဖွဲ့အစည်းက အတိအကျ ဒီလိုပဲ။

ဒါက ကို့ရို့ကားယား နိုင်ပေမယ့် လူ့သဘာဝပဲ။

“ငါ့မှာ အကြံပြုစရာ တစ်ခုရှိတယ်။” ကြည်လင် ပြတ်သားတဲ့ အသံက ငြင်းခုန်သံတွေ အားလုံးကို ဖြတ်တောက်လိုက်တယ်။

“အားလုံး တိတ်ကြ။ စစ်ဦးစီးချုပ် ရန် အကြံပြုတာကို နားထောင်ကြစို့။” တောက်ဟွမ်က အားလုံးကို တိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်။ ဒီအချိန်မှာပဲ လူတစ်ယောက်က ထိုင်ခုံပေါ်ကနေ ထလာပြီးတော့ ခန်းမ အလယ်ကို လျှောက်လာခဲ့တယ်။ သူကတော့ အနောက်ပိုင်း လျန်ရဲ့ မင်းသားရန်၊ ရန်ချန်လိပဲ။

“ရိုးရှင်းပါတယ်။ မုန့်ထျန်းက တောင်ပိုင်း ဒေသမှာ ပေါ်လာ ပြီးခဲ့ ပြီးသား ဖြစ်နေတော့၊ ငါတို့တွေ ဒီနေရာမှာ ဆက်ပြီးတော့ ခန့်မှန်း မနေသင့်ဘူး။ တောင်ခြေကို လူလွှတ်ပြီး သူ့ကို ဘာလို့ မရှာကြတာလဲ။ သူ့ရဲ့ ဇစ်မြစ်ကိုပါ အတည်ပြုနိုင်ရင် အကောင်းဆုံး ဖြစ်လိမ့်မယ် မဟုတ်လား။ မဟုတ်ရင်လဲ တောင်ခြေမှာ မုန့်ထျန်းကို ကြိုဆိုဖို့ နေရာ တစ်ခု ချထားပြီး သူ့ရဲ့ ဖစ်မြစ်ကို အတည်ပြုရင်ကော။” ရန်ချန်လိ ပြောတယ်။

“အင်း။ အဖိုးကြီးရန် အကြံပေးတာ ကောင်းတယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ပြောတယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်လဲ ရန်ချန်လိရဲ့ အကြံကို သဘောတူရင်း ခေါင်းငြိမ့် နေကြတယ်။

နောက်ဆုံးတော့လဲ သုခမိန် စစ်နတ် မုန့်ထျန်းကို တောင်ခြေမှာ ကြိုဆိုတာက သူတို့ရဲ့ လေးစားမှုကို ပြတာပဲ။ လေးစားမှုကို ပြရုံတင် မကဘူး။ ဖြစ်မလာသေးတဲ့ ကိစ္စတွေ အတွက်လဲ ကြိုတင် ပြင်ဆင်ရာ ရောက်တယ်။

“အင်း။ ငါလဲ သဘောတူတယ်။” တောက်ရှင်းက ခေါင်းငြိမ့်ရင်း ပြောလိုက်တယ်။

“မုန့်ထျန်းက လင်ရှောင်းတောင်ကို တိုက်ရိုက် လာမှာ မဟုတ်ဘူး အဲ့ဒီ့အစား။” လူတိုင်းက သဘောတူ နေကြချိန်မှာပဲ အသံ တစ်သံ ထွက်ပေါ် လာခဲ့ပြန်တယ်။

တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ထားတဲ့ လူငယ်လေးက အေးစက်တဲ့ အမူအယာနဲ့ ထရပ်တယ်။ သူ့ရဲ့ အမူအယာတွေက တည်ငြိမ်နေတဲ့ ရေကန်နဲ့ မတူညီဘူး။ မားမားမတ်မတ် ရပ်တည်နေတဲ့ တောင်ထိပ်ကြီး တစ်ခုနဲ့သာ ဆင်တူတယ်။

သူကတော့ ရန်ရွှယ်ပဲ။

ရန်ရွှယ်က ယင်ယန် ခန်းမရဲ့ လက်ထောက် ခေါင်းဆောင် တစ်ယောက် ဖြစ်လာတဲ့ အပြင် ဒုတိယ စစ်ဦးစီးချုပ်လဲ ဖြစ်တယ်။ သူ့ရဲ့ အဆင့်က လူသား မျိုးနွယ် မဟာမိတ် အဖွဲ့ထဲမှာ အမြင့်ဆုံး မဟုတ်ပေမယ့်၊ မနိမ့်ကျဘူး။

“ရွှယ် နင်ဘယ်လိုထင်လဲ။” ရန်ရွှယ်က သူ့အမြင်ကို ထုတ်ပြခဲတဲ့ အတွက် တောက်ရှင်း လန့်သွားခဲ့တယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ရန်ရွှယ်က လိုလိုလားလားနဲ့ သူ့အမြင်ကို ပြောနေခဲ့ပြီ။ အားလုံးက ရန်ချန်လိရဲ့ အကြံကို လက်ခံ နေပင်မယ့်၊ သူက နောက်ထပ် အကြံ တစ်ခု ပေးနေခဲ့တယ်။

“ရွှယ်အာ။ မင်း ဘယ်လို မြင်လဲ။” ရန်ချန်လိလဲ အံ့သြ နေခဲ့တယ်။

“မုန့်ထျန်း အချက်ပြတာလို့ ထင်တယ်။” ရန်ရွှယ်က ရန်ချန်လိကို တစ်ချက် ဦးညွှတ်လိုက်ရင်း ပြောတော့တယ်။

“အချက်ပြတာတဲ့လား။”

“ဘာအချက် ပြတာလဲ။” ပတ်ဝန်းကျင်က လူတွေ စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ကြည့်ကြတော့တယ်။

“ငါမသေချာဘူး။ ဒါပေမယ့် မုန့်ထျန်းက ငါတို့ကို အချက်ပြနေတယ်လို့ ခံစားရတယ်။” ရန်ရွှယ်က ခေါင်းခါရင်း ပြောလိုက်တယ်။

“ဒါက။” လူတွေ တိတ်ဆိတ် သွားကြပြန်တယ်။ တောက်ရှင်းကတေ့ ရေနွေးခွက်ကို ဆွဲယူရင်း သောက်နေခဲ့တယ်။

“ရွှယ်။ နင်ပြောချင်တာ မုန့်ထျန်းက ငါတို့ကို အချက်ပြနေတယ်။ ငါတို့ကို အတူတူ အလုပ်တွဲလုပ် ချင်တာကြောင့် မတူညီတဲ့ နေရာတွေမှာ တမင်တကာ ထွက်ပေါ် လာနေတာလား” တောက်ရှင်းက ဝင်ပြောတယ်။

“အမှန်ပဲ။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။

“ငါလဲ နင့်လိုပဲ ထင်တယ်။ ငါထင်တာသာ မမှားရင်၊ ကောင်းကင်တာအို ခန်းမ၊ ဖူရှီးတောင်ကြားနဲ့ တောင်စဉ် ကိုးသွယ်မှာ မုန့်ထျန်း ပေါ်လာ ရတာက ဒီနေရာတွေကို တိုက်ခိုက် စေချင်လို့ပဲ။” တောက်ရှင်းက ခေါင်းငြိမ့်ရင်း သဘောတူတယ်။

“တိုက်ခိုက်ဖို့တဲ့လား။”

“မုန့်ထျန်းရဲ့ ဇစ်မြစ်ကို မသိပဲနဲ့၊ သူ့အမိန့်ကို ဘာကြောင့်များ လိုက်နာ ရမှာလဲ။”

“ဒါ့အပြင် ဒါက ခန့်မှန်းချက် တစ်ခုပဲ။ အကယ်၍ ငါတို့သာ အလောတကြီး လုပ်ဆောင်ရင်၊ အဆုံးအရှုံးတွေ ဖြစ်လာတဲ့ အချိန် ဘယ်သူက ပြန်လျော်မှာလဲ။”

ပတ်ဝန်းကျင်လူတွေ ဆွေးနွေးကြတော့တယ်။

“မင်းတို့ ပြောတာ မှန်တယ်။အကယ်၍ ငါတို့သာ မုန့်ထျန်းနဲ့ ပူးပေါင်းလိုက်ရင်၊ ငါတို့တွေ အဲ့ဒီ့ နေရာ သုံးခုကို ပြန်ရနိုင်တယ်။ ဒါပေမယ့် မုန့်ထျန်းရဲ့ ဇစ်မြစ်ကို အခုချိန်ထိ အတည်မပြု ရသေးဘူး။ ဒီတော့ မုန့်ထျန်း အချက်ပြနေရင်တောင် အများကြီး သတိထားရမယ်။” တောက်ရှင်းက ပြောလိုက်တယ်။

“ဟုတ်တယ်။ ငါတို့တွေ အများကြီး သတိထားရမယ်။” ပတ်ဝန်းကျင်က လူတွေ တောက်ရှင်း စကားကို ခပ်မြန်မြန်ပဲ သဘောတူလိုက်ကြတယ်။

တောက်ရှင်းကတော့ ဒီမျက်နှာတွေကို မြင်ချိန်မှာ စကား ပြောနေတာ ရပ်လိုက်တော့တယ်။ သူမရဲ့ အကြံက အောင်မြင် သွားခဲ့ပြီ။

လူသား မျိုးနွယ် မဟာမိတ်က လူတယောက် ချင်းစီတိုင်းရဲ့ အင်အားကို စုစည်းနိုင်တယ်။ မတူညီတဲ့ အမြင်တွေကြောင့် ပဋိပက္ခတွေကလဲ အလွယ်တကူ ဖြစ်လာနိုင်တယ်။

တောက်ရှင်းရဲ့ အလုပ်ကတော့ ရှင်းလင်းတယ်။ အားလုံးရဲ့ အမြင်ကို စုစည်းပြီးတော့ မဟာမိတ် အဖွဲ့ရဲ့ ဂုဏ်သတင်းကို တည်ဆောက်မယ်။ အဲ့ဒီ့နောက် မဟာမိတ်ရဲ့ မျိုးနွယ် စုတိုင်းကို အလွယ်တကူ အမိန့် နာခံလာအောင် လုပ်မယ်။

“အဖိုးကြီးမု။ နှာတစ်ဖျား အကျောခံလိုက ရပြီလို့ ဘာကြောင့်များ ငါထင် နေရတာလဲ။” မော့ရှန်းရှီက မျက်လုံးတွေကို မှေးစင်းလိုက်တယ်။

“အင်း။ တောက်ရှင်းက တခြားသူတွေကို ယုံကြည်အောင် လုပ်နိုင်တဲ့ နေရာမှာ တော်တယ်။ အကယ်၍ ဘာမှ မမှားဘူး ဆိုရင်၊ သိပ်မကြာခင် အချိန်မှာပဲ မဟာမိတ်ရဲ့ မျိုးနွယ်စု တိုင်းက သူ့ကို ငါတို့ထက် ပိုယုံသွား ကြလိမ့်မယ်။ အခုက အရေးကြီး အချိန် ဖြစ်နေတယ်။ တောက်ရှင်းနဲ့ ပြဿနာ ဖြစ်အောင် မလုပ်သင့်ဘူး။ သည်းခံရမယ်။”

“သည်းခံရမယ် ဟုတ်လား။”

“မင်းမှာ ပိုကောင်းတဲ့ အကြံ ရှိလို့လား။”

“ပေါက်ကရတွေ။” မော့ရှန်းရှီက နှာခေါင်းရှုတ်ရင်း စကားပြောတာ ရပ်လိုက်တော့တယ်။ ခုံမှာ ထိုင်နေရင်း ငြင်းခုံတာတွေကို ကြည့်နေတော့တယ်။

…

ငါးရက် အကြာ။ မြင့်မြတ် နယ်မြေ မဟာနွံအိုင်မှာ။

“ဧကရီငယ်။ မုန့်ထျန်းရဲ့ အရိပ်အယောင်တွေကို မြင့်မြတ် နယ်မြေ ခုနစ်ရောင်ခြယ် တောင်တန်းမှာ တွေ့ရပါတယ်။”

“အရှင် သခင်ငယ်။ အရေးကြီး သတင်းပါ။ မုန့်ထျန်းရဲ့ အရိပ်အယောင်ကို မြင့်မြတ် နယ်မြေ အနောက်ခြမ်းက ရိုးပြတ် တောင်ကြားမှာ တွေ့ရပါတယ်။ ကျေးဇူးပြုပြီး အကြံပေးပါ အရှင်သခင်ငယ်။”

“..”

အရေးကြီး သတင်း ပို့ချက်တွေက မဟာနွံအိုင်မှာ ယွင်ချင်းဝူကို တိုက်ရိုက် ဦးတည် ပြီးရောက်ရှိ လာနေတယ်။

“ဒီမုန့်ထျန်း ဘာတွေ လုပ်နေတာလဲ။ မြင့်မြတ် နယ်မြေထဲမှာ တွေ့ရတဲ့ မုန့်ထျန်းတင် ဆယ်ယောက် ကျော်နေပြီ။” လင်းယွိက ဒေါသတကြီးနဲ့ ဟိန်းဟောက်တော့တယ်။

“ငါသာ မမှားရင်၊ အရေအတွက်က ငါတို့ အခု သိထားတာထက် များလိမ့်မယ်။” ယွင်ချင်းဝူ မျက်မှောင်ကြုတ်လိုက်ရင်း ပြောတယ်။

“အင်း ဟုတ်တယ်။ ဒီတော့ ငါတို့တွေ လှုပ်ရှား ကြတော့မလား။ မုန့်ထျန်းအတုတွေ မြင့်မြတ် နယ်မြေမှာ ထင်သလို လှုပ်ရှား နေတာကို ခွင့်ပြုတ်ထားလို့ မဖြစ်ဘူး။”

“ငါတို့မှာ လူအင်အား မလုံလောက်ဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။

“မလုံလောက်ဘူး။”

“ဟုတ်တယ်။ လူသား မျိုးနွယ်နဲ့ ပတ်သက်လာရင်၊ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် နှစ်ခုလုံးက အရေအတွက် အားနည်းတယ်။” ယွင်ချင်းဝူ ရှင်းပြတယ်။

“ဆိုလို ချင်တာက။”

“မုန့်ထျန်းက ငါတို့ကို လှုပ်ရှား စေချင်တယ်။ ငါတို့တွေ လှုပ်ရှားလိုက်တာနဲက အခြေအနေတွေ အားလုံးက ရှုပ်ထွေး သွားလိမ့်မယ်။ ဒီအစီအစဉ်ကို ဖန်ကျန်းရှီ အပေါ်မှာ ငါတစ်ခါ သုံးဖူးတယ်။” ယွင်ချင်းဝူ ပြောတယ်။

“နားလည်ပြီ။ ဒီတော့ မလှုပ်ရှားဘူးပေါ့။” လင်းယွီက ယွင်ချင်းဝူ ပြောတာကို နားလည်ပေမယ့် မနာခံ ချင်ခဲ့ဘူး။

“ငါတို့တွေ ရေလိုက် ငါးလိုက် နေသင့်တယ်။” အတော်ကြာ စဉ်းစား နေပြီးတဲ့နောက်၊ ယွင်ချင်းဝူ ရေနွေးကို စုပ်သောက်လိုက်တယ်။

“အရှင်သခင်ငယ်။ စိတ်ဝမ်းကွဲအောင် လုပ်ဖို့ စီစဉ် နေတာလား။” လင်းယွိရဲ့ မျက်လုံးတွေက ကောက်ကျစ်တဲ့ အပြုံးနဲ့ အတူ တောက်ပ လာခဲ့တယ်။

“မုန့်ထျန်းက လင်ရှောင်းတောင်ကို တိုက်ရိုက မသွားမှတော့၊ သူ့နာမည်ကို သုံးပြီးတော့ လုပ်ပေး ရတာပေါ့်။”

“နားလည်ပါပြီ။ လိုအပ်တာတွေ ပြင်ဆင် ထားလိုက်ပါမယ်။”

“အင်း။” ယွင်ချင်းဝူ ခေါင်းငြိမ့်လိုက်တယ်။ ထိုင်ခုံကနေ ထပြီးတော့ ပြတင်းပေါက်ဆီကို ယွင်ချင်းဝူ လျှောက်သွား ခဲ့တယ်။ အပြင်ဘက်မှာ ပတ်ဝန်းကျင်က မြူဆိုင်းနေဆဲ။ နေ့အချိန် ဖြစ်ပေမယ့် နေရောင်ကို တစ်စလေးတောင် မမြင် ခဲ့ရဘူး။

…

မြောက်ရွာမှာတော့ နေရောင်ခြည်က ရွာငယ်လေး အပေါ်မှာ တောက်ပနေခဲ့တယ်။ ရွှေရောင် ဝတ်ရုံရှည်ကို ဝတ်ထားသလို ရွာငယ်လေးကို တောက်ပ သက်ဝင် နေစေခဲ့တယ်။

ဖန်မိသားစု အိမ်မှာတော့ ဖန်ကျန်းရှီ အကြောဆန့်နေခဲ့တယ်။

“အိပ်ရတာက အကောင်းဆုံးပဲ။” ဖန်ကျန်းရှီ ပြုံးလိုက်ရင်း သူ့ရှေ့က သစ်သီးတွေကို လက်လှမ်းလိုက်တယ်။ သစ်သီးတွေကို အရသာ ခံပြီးတော့ သူဝါး နေခဲ့တယ်။

“နိုးလာပြီလား။” ဒီအသံနဲ့ အတူ ဝတ်ရုံနက် ဝတ်ထားတဲ့ ဝူယွဲ့အာက အခန်း အပြင်ကို ထွက်လာခဲ့တယ်။

“အင်း။ ရှန်းယွီ နိုးလာပြီလား။” ဖန်ကျန်းရှီ မေးတယ်။

“မနိုးသေးဘူး။ ဒါပေမယ့် သူမိထားတဲ့ အဆိပ်တွေက အနည်းနဲ့ အများတော့ သက်သာ နေပြီ။ နောက်ရက်ပိုင်း အတွင်း နိုးလာလိမ့်မယ်။” ဝူယွဲ့အာက မေးတယ်။ “နယ်မြေ အကြီးအကဲတွေ ဆီက ကြားတာတော့ နင် ရှန်းယွီနဲ့ အတူတူ ရေချိုး ခဲ့တယ်ဆို။”

“မိုးနတ်မင်း ကယ်ပါ။ ငါက ဒီလို အခြေအနေမှာ တခြားသူကို အခွင့်အရေး ယူမယ်များ မှတ်နေလား။” ဖန်ကျန်းရှီက သူ့ရင်ဘတ်သူ ဖိလိုက်ရင်း ပြန်ပြောတော့တယ်။

“နင်လုပ်ခဲ့ရင်တောင်၊ ငါ စိတ်ထဲမထားဘူး။” ဝူယွဲ့အာက အရမ်းကို ဆွဲဆောင်အား ပြင်းတဲ့ အရှိန်အဝါတွေကို လွှင့်ထုတ်ရင်း ပြောလိုက်တယ်။

“ဟဟား။” ဖန်ကျန်းရှီ ရယ်မောရင်း ထရပ်တယ်။ ဝူယွဲ့အာကို ပတ်သွားပြီးတော့ သူ့အခန်းထဲ ဝင်တော့တယ်။

သူက အရူး မဟုတ်ဘူး။ ဝူယွဲ့အာ စကားတွေကို ဘယ်လိုများ ယုံရမှာလဲ။

အမျိုးသမီး တစ်ယောက် စိတ်မဆိုးဘူး ဆိုတာကို ဘယ်တော့မှ မယုံလေနဲ့၊ ဒီလို စကားမျိုးကို ယုံတဲ့သူ ရှိရင်၊ အဲ့ဒီ့လူရဲ့ ဘဝက သေချာပေါက် ခက်ခဲ ကြမ်းတမ်းမှာပဲ။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ သေချာပေါက် ဝန်ခံမှာ မဟုတ်ဘူး။ သူက ဖိအားပေး ခံခဲ့ ရတာလေ။ ရွေးစရာ မရှိလို့ ရေအတူ ချိုးခဲ့ ရတာပဲ။

“ကျန်းအာ ဆာနေပြီလား။” ချီရှင်းလိန်က မီးဖိုချောင်ထဲကနေ ထွက်လာတယ်။ သူ့လက်ထဲမှာတော့ ကြက်ဥပေါင်း ပူပူတွေ ထည့်ထားတဲ့ ပန်းကန်ကြီး ရှိနေခဲ့တယ်။

“အနံ့လေးက မွှေးနေတာပဲ။ သား အရမ်း ဆာနေပြီ။”

“ပူတုန်းလေး စားလိုက် မေ့သားလေး။ ယွဲ့အာ အတွက် နောက်တပန်းကန် ယူလာပေးမယ်။” ချီရှင်းလိန်က ပြုံးလိုက်ရင်း မီးဖိုထဲ ပြန်ဝင် သွားတော့တယ်။ “ယွဲ့အာရော ဆာနေပြီလား။ ကြက်ဥပေါင်း စားမလား။”

“စားမယ် မေမေ။” ဝူယွဲ့အာက ဖန်ကျန်းရှီကို မျက်စပြစ်ပြရင်း ပြောတယ်။ ဖန်ကျန်းရှီကတော့ ဆွံ့အ သွားခဲ့တယ်။ ချီရှင်းလိန်ကို သူအကြိမ်ကြိမ် ပြောခဲ့တယ်။ ဝူယွဲ့အာကို (မေမေ)လို့ မခေါ်စေနဲ့လို့။ ဒါပေမယ့် ချီရှင်းလိန်ကတော့ နားမထောင်ခဲ့ဘူး။

ဝူယွဲ့အာက အရမ်းကို အတင့်ရဲတာပဲ။ ဒီလို ခေါ်ဝေါ်နေတဲ့ သူ့ပုံစံက အရမ်းကို အရှက်မရှိရာ ရောက်လွန်းတယ်။

ဖန်ကျန်းရှီကတော့ ချီရှင်းလိန်ကို အကြိမ်တိုင်း သတိ မပေးနိုင်ဘူးလေ။ ဒါက သူ့ကို အိမ်ကနေ မြန်မြန် ထွက်သွားချင်စိတ် ဖြစ်စေတယ်။

“မေမေ။ သား ခဏလောက် ခရီးထွက်ရအုန်းမယ်။” ဖန်ကျန်းရှီက မီးဖိုထဲမှာ အလုပ်များနေတဲ့ ချီရှင်းလိန်ကို ပြောလိုက်တယ်။

ချွမ်။ အိုးခွက် ပန်းကန်တွေ ကျတဲ့ အသံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ရှင်းလင်းနေတဲ့ အသံတွေ ထွက်ပေါ် လာတော့တယ်။ ဝူယွဲ့အာကတော့ ဖန်ကျန်းရှီကို မျက်စောင်း တစ်ချက် ထိုးလိုက်ရင်း၊ မီးဖိုထဲကို ပြေးဝင်သွားတယ်။

“ကျန်းအာ။ သားမှာ အလုပ် လုပ်စရာတွေ ရှိမှန်းသိတယ်။ ဒါပေမယ့် မေမေ သားကို ထွက်မသွား စေချင် ဘူး။” ချီရှင်းလိန် ငိုနေခဲ့တယ်။

“ရှင်းလိန်။ မငိုနဲ့လေ။ ကျန်းအာက ပြန်မလာတော့မှာမှ မဟုတ်ပဲ။ ကြည့်လေ။ နောက်ဆုံး တစ်ခေါက် ထွက်သွားတုန်းကလဲ ပြန်လာတာပဲ။” အိမ်အပေါ်ကနေ ဖန်ဟို့ဒဲရဲ့ အသံ ထွက်ပေါ်လာတယ်။ သူအောက်ကို ဆင်းလာခဲ့တယ်။ “ဒီတစ်ခေါက် ဘယ်လောက် ကြာမှာလဲ။”

“ဖြစ်နိုင်တာက။”

“ဖေဖေ။ သမီးတို့ အမြန်ဆုံး ပြန်လာမှာပါ စိတ်ချပါ။” ဝူယွဲ့အာက ဝင်ပြောတယ်။

“ကောင်းပြီလေ။ ဒါဆိုလဲ သွားကြ။ ယောကျာ်း တစ်ယောက်မှာ ဘဝပေး တာဝန်တွေ ရှိတယ်။ ငါနဲ့ မင်းအမေက မင်းကို ဝန်ထုပ်ဝန်ပိုး မပေးချင်ဘူး။ ချင်းယီလဲ ရှိနေတာပဲ စိတ်ချပါ။” ဖန်ဟို့ဒဲ ခေါင်းငြိမ့်လိုက်တယ်။ ဖန်ကျန်းရှီကတော့ ဘာမှ မပြောတော့ဘူး။

သူလဲ မြောက်ရွာကနေ မထွက်ချင်ဘူး။ ဖြစ်နိုင်ရင်၊ သူ့မိဘတွေရဲ့ နောက်ဆုံး အချိန် အထိ အဖော်ပြုပေး ချင်တယ်။

ဒါပေမယ့် သူမလုပ်နိုင်ခဲ့ဘူး။

မြောက်ရွာမှာ တတ်နိုင်သလောက် အချိန်များများ ကုန်ဆုံးဖို့ ကြိုးစား ပေမယ့်၊ သူ့မှာ လုပ်စရာ က္စိတွေ ရှိသေးတယ်။

“ဘယ်တော့ သွားကြမလဲ။” ဝူယွဲ့အာက မေးတယ်။

“ဒီနေ့။”

“နားလည်ပြီ။ ငါသွားပြီး ပြင်ဆင် ထားလိုက်မယ်။”

“ကောင်းပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း အခန်း တစ်ခုထဲကို ခပ်ဖြည်းဖြည်း ဝင်သွားတော့တယ်။

အခန်းထဲမှာတော့ လဲလျောင်းနေတဲ့ အမျိုးသမီး တစ်ယောက် ရှိနေခဲ့တယ်။ အဲ့ဒီ့ အမျိုးသမီးက ဆွဲဆောင်ညှို့ငင် နိုင်လွန်းပြီး ချောမောလှပ လွန်းတယ်။ အိပ်ပျော်နေတာတောင် မောက်မာတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ် နေသေးတယ်။

အပိုင်း (၉၃၄) ပြီး၏။

အပိုင်း (၉၃၅)

“ကောင်းလိုက်တဲ့ ရိုက်ချက်။ အရှက်မရှိတဲ့ အဖိုးကြီး။”

ကျမ်းကောင်းကင်တောင် တိုက်ပွဲ ပြီးတဲ့နောက် ငါးလ အချိန်က ကုန်ဆုံး သွားခဲ့ပြီ။ ဒါပေမယ့် ချီကူယန်ကတော့ နိုးလာမယ့် အရိပ်အယောင် မတွေ့သေးဘူး။

ဦးနှောက်သေသွား တာလား။ ဒါမှမဟုတ် အကြောသေ သွားတာလား။

ဖန်ကျန်းရှီက ချီကူယန်ကို မျက်တောင်လေးတွေက စပြိးတော့ နှုတ်ခမ်း နှာခေါင်းတွေ အထိပါ သေချာ ကြည့်နေခဲ့တယ်။ ဘယ်နေရာ လှုပ်ရှားမှု ရှိမလဲ သူအချိန် အကြာကြီး စောင့်ဆိုင်းတယ်။

ဖန်ကျန်းရှီ ထင်ခဲ့တာကတော့ ချီကူယန်က (ဆောင်းခို)တဲ့ အဆင့်ကို ရောက်နေတာပဲ။ အချိန်အကြာကြီး စောင့်ဆိုင်း ခဲ့ရတဲ့ အတွက် မသေမချာ ဖြစ်လာခဲ့ပြီ။ အချိန်တွေက ဖြည်းဖြည်းချင်း ကုန်ဆုံး နေခဲ့ပြီ။

မကြာခင်ပဲ ဝူယွဲ့အာက အရိပ် မျိုးနွယ် တပည့်သား တစ်ချို့၊ ဖန်ကျန်းရှီလို ဝတ်ရုံပြာကို ဝတ်ဆင်ထားတဲ့ ချင်းယီတို့နဲ့ အတူ ပြန်လာ ခဲ့တယ်။

“ငါတို့ အခု သွားကြမလား။” ဝူယွဲ့အာက ဖန်ကျန်းရှှီနဲ့ ချီကူယန်ကို ကြည့်ရင်း နည်းနည်းတော့ မျက်နှာ ပျက်သွားခဲ့တယ်။

“နင် ချီကူယန်ကိုလဲ အသားယူဖို့ ကြံနေတာလား။” ဝူယွဲ့အာ မကျေမနပ် ပြောတယ်။

“အဟွတ်။ သွားကြစို့။” ဖန်ကျန်းရှီ နောက်ထပ် မရှင်းပြတော့ဘူး။

“ကောင်းပြီ။” ဝူယွဲ့အာ မကျေနပ်ပေမယ့် နောက်ဆုံးမှာတော့ ဖန်ကျန်းရှီနဲ့ အမိန့်ကို နာခံပြီး အပြင်ကို ထွက်သွားခဲ့တယ်။

ဝူယွဲ့အာ ထွက်သွားတာနဲ့ ချီကူယန် ဘေးကို ဖန်ကျန်းရှီ သွားတယ်။ ကြည်လင် လုံးဝိုင်းတဲ့အရာ တစ်ခုကို သူထုတ်ယူ လိုက်တယ်။ ဒါကတော့ လင်းကျီရဲ့ မိစ္ဆာ ပုလဲပဲ။

နတ်သခင် အဆင့် ပညာရှင် တစ်ယောက်ရဲ့ ပုလဲမှာ မိစ္ဆာ ပုလဲက ဘယ်လောက်ထိ စွမ်းအား ရှိနေမလဲ ဖန်ကျန်းရှီ မသိဘူး။ သူအရင်တုန်းကတော့ ဒါကို မျိုချမလို့ တွေးခဲ့ ဖူးတယ်။ နောက်ဆုံးမှာတော့ သူသိမ်းထားဖို့ ဆုံးဖြတ်လိုက်တယ်။ အ

အကြောင်းရင်းကတော့ နှစ်ခု ရှိတယ်။ တစ်ခုကတော့ ရှန်းယွီရဲ့ အဆိပ်တွေ အပြည့်အ၀ မကုန်သေးလို့။ အရေးပေါ် အနေနဲ့ သိမ်းထားဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒုတိယ တစ်ခုကတော့ မိစ္ဆာ ပုလဲကို မျိုချလိုက်ရင်း ဘာဖြစ်လာမယ်မှန်း မသိတဲ့ အကြောင်းရင်းကြောင့်ပဲ။

အတွေးအခေါ်ကတော့ ရှင်းတယ်။ အကယ်၍ သူသာ သေလုမျောပါး အခြေအနေကို ရောက်နေရင်၊ မိစ္ဆာ ပုလဲကို စားတာက သေနိုင်ရင်တောင် သေချာပေါက် မျိုချမှာပဲ။

တခြား တစ်ဖက်မှာတော့ သူသာ ကောင်းကောင်း နေနေခဲ့ရရင်၊ (နတ်သခင် အဆင့် မိစ္ဆာ ပုလဲ)ကို လက်ထဲမှာ ထားပြီး ပိုပြီး အင်အားကြီးလာအောင် ဘာလို့ လုပ်နေမှာလဲ။ စိတ်မှန်တဲ့ လူတိုင်းက သေချာပေါက် တွေေ၀ မျာပဲလေ။

ဖန်ကျန်းရှီက အရူး မဟုတ်ခဲ့ဘူး။ ဒီလို နတ်သခင် အဆင့် ပုလဲကို သေချောပါက် မမျိုချဘူး။ ချီကူယန်ကတော့ သေချာပေါက် ကွာခြားတယ်။ ကျမ်းကောင်းကင်တောင် တိုက်ပွဲ အပြီးမှာ သူမက အင်အားတွေ ကုန်ဆုံး သွားခဲ့တယ်။ စွမ်းအားတွေကို သုံးတာ များလွန်းလို့ ခန္ဒာကိုယ်က ဗလာ ဟင်းလင်း ဖြစ်သွား ခဲ့တာပဲ။ နောက်ပြီးတော့ ခိုင်မာတဲ့ အခြေခံ မရှိပဲ သုခမိန် အဆင့်ကို တက်ခဲ့တဲ့ အတွက် လက်ရှိ အခြေအနေကို ရင်ဆိုင် လိုက်ရတယ်။

ဒါပေမယ့် ပြဿနာ တစ်ခု ရှိနေခဲ့တယ်။ မိစ္ဆာ ပုလဲကို သူမနဲ့ ထားခဲ့လို့ ဖြစ်နိုင်မလား။ ချီကူယန်ကို မျိုချ ခိုင်းရမလား။ ဒီပုလဲက ချီကူယန်ကို သေစေနိုင်တယ်။ ဖန်ကျန်းရှီလဲ ဖြစ်နိုင်တဲ့ ရလဒ်ကို စဉ်းစား ခဲ့ပြီးပြီ။ ဒါကြောင့် ပြဿနာ တက်ခဲ့တယ်။ မိစ္ဆာ ပုလဲကို ချီကူယန်ရဲ့ ရင်ဘတ်မှာ ထားရမလား ပါးစပ်ထဲပဲ ထည့်ရမလား။

“နင် ချီကူယန်ကို အသားယူဖို့ လုပ်နေတာလား။”

“ငလူးပဲ။ ငါက ဖြောင့်မတ် မှန်ကန်တဲ့သူ။ ချီကူယန်ကို ဘာဖြစ်လို့ အသားယူရမှာလဲ။” ဖန်ကျန်းရှီ သူ့လက်ကို ပြန်ရုပ် လိုက်ပြီး ချီကူယန်ရဲ့ ပါးစပ်ကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်တယ်။

နွေးထွေးတဲ့ ဝင်သက် ထွက်သက်က သူ့လက်ကို ယားစေတယ်။ ဒါပေါ့။ ချီကူယန်ရဲ့ ပါးစပ် သေးသေးလေးထဲကို မိစ္ဆာ ပုလဲ ထည့်ဖို့ မခက်ခဲ့ဘူး။

“ကောင်းပြီ။ ဒီလို ထားရင်တော့ သူ မျိုချလို့ ရမှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ လက်တွေကို ခါရင်း ချီကူယန်ကို ပါးစပ် ပြန်ပိတ် ပြီးတဲ့နောက် အခန်းထဲကနေ ထွက်သွားတော့တယ်။

ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲကတော့ ထူးဆန်းတဲ့ အမူအယာတွေနဲ့ ကြည့်နေခဲ့တယ်။

“..” သူတို့ရဲ့ အမူအယာကို ကြည့်ရင် သေချာပေါက် အထင်လွဲနေမှန်း ဖန်ကျန်းရှီ နားလည်သွားတယ်။ သူရှင်းပြဖို့ လုပ်ချိန်မှာပဲ ချီရှင်းလိန်က သူ့ကို မျက်စိမှိတ်ပြတယ်။

“ယွဲ့အာ အပြင်မှာ စောင့်နေတယ်။ စိတ်ချ။ သူ့ကို ဘာမှ မပြောဘူး။” ချီရှင်းလိန် ခပ်တိုးတိုး ပြောတယ်။

“အမေ.. အမေက တကယ်ပဲ အမေရင်း ဟုတ်ရဲ့လား။” ဖန်ကျန်းရှီ ဆွံ့အ နေခဲ့ပြန်တယ်။

(ဘာမှမဖြစ်တာကို ဘာမှ မပြောဘူး ဆိုတာ ဖြစ်သင့်ရဲ့လား။

နေစမ်းပါအုန်း။ သူကရော ဝူယွဲ့အာ သိမှာကို ဘာဖြစ်လို့ ကြောက်ရမှာလဲ။ ဘယ်ကောင့်ကိုမှ မကြောက်ဘူး။)

ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်ရှုပ်သွားတယ်။ မဟုတ်တရုတ် လုပ်နေတာကို သူ့မိဘရင်းတွေက မိသွားတာ တကယ့်ကို ထူးဆန်းလွန်းတယ်။

“ကျန်းအာ။ ကိစ္စ မရှိဘူး။ မင်းအဖေ ငါက နားလည်တတ်ပါတယ်။” ဖန်ဟို့ဒဲက ဖန်ကျန်းရှီကို နှစ်သိမ့် နေခဲ့တယ်။

“နားလည်တယ် ဟုတ်လား။” ချီရှင်းလိန် မျက်လုံးတွေကို မှေးစင်းလိုက်တယ်။ ဖန်ဟို့ဒဲကို မျက်စောင်းထိုးရင်း သူပြောတယ်။

“နားလည်တယ် ဆိုတာ ဘာပြောချင်တာလဲ။ ရှင်ကရော တခြား မိန်းမကို မျက်စိ ကျနေတာလား။ အဲ့ကောင်မ ဘယ်ရွာကလဲ ပြောစမ်း။”

“..” ဖန်ဟို့ဒဲရဲ့ အမူအယာကတော့ ပြောင်းလဲ သွားတော့တယ်။

ဖန်ကျန်းရှီကတော့ နောက်ထပ် မနေဝံ့တော့ဘူး။ ခြံဝန်းထဲကို ပြေးထွက်လာရင်း ဖန်ဟို့ဒဲကို လှမ်းအော်တယ်။ “အဖေ ဂရုစိုက်။”

“ကျန်းအာ။ အိုက်ယား အိုး အဲ့အိုးကို မသုံးနဲ့လေ မိန်းမရာ။”

ချွမ်။

…

ဆယ်ရက် ကြာပြီးနောက် မြင့်မြတ် နယ်မြေမှာ၊ တစ်ကိုယ်လုံး ဝတ်ရုံနက် ဝတ်ထားတဲ့ လူတစ်ယောက် လင်ရှောင်းတောင်ခြေကို ရောက်လာတော့တယ်။ သူ့ရဲ့ အမူအယာကို မမြင်နိုင်ပေမယ့် မျက်နှာပေါ်က အဝတ်နက်ကြီးကတော့ ထင်ရှား နေခဲ့တယ်။

“အဲ့တာ နတ်ဘုရား ဆိုတဲ့ မျက်နှာဖုံးလား။”

“မုန့်ထျန်း။ မုန့်ထျန်းက လင်ရှောင်းတောင်ကို ရောက်လာပြီ။”

“မဟာမိတ် ခေါင်းဆောင်ကို မြန်မြန် သတင်းပို့။”

မျက်နှာဖုံးကို မြင်ချိန်မှာတော့ လင်ရှောင်းတောင် အောက်မှာ ပုန်းအောင်းနေတဲ့ တပည့်သားတွေက ချက်ခြင်း သတင်းပို့ ကြတော့တယ်။

နောက်ဆုံးတော့လဲ မြင့်မြတ် နယ်မြေက ရှုပ်ထွေး နေခဲ့ပြီ။

တောင်စဉ် ကိုးသွယ်။ ကောင်းကင်တာအိုခန်းမ။ ဖူရှီးတောင်ကြား နေရာတွေမှာ မုန့်ထျန်းက ဆက်တိုက် ပေါ်လာ နေခဲ့တယ်။ မုန့်ထျန်း လေးယောက် ငါးယောက်က ဆက်တိုက် ထွက်လာနေတယ်။ မုန့်ထျန်း လေးယောက် ငါးယောက်။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

အမှန်တရားက ခါးသီးတယ်။ မုန့်ထျန်းတွေ အများကြီး မြင့်မြတ် နယ်မြေမှာ ပေါ်လာ နေရုံတင် မကဘူး။ အခုချိန်မှာ အခြေအနေက အတော့်ကို ပြင်းထန် နေခဲ့ပြီ။ ဒါပေမယ့် မုန့်ထျန်းကို မြင့်မြတ် နယ်မြေမှာ တွေ့နေရတာက အံ့သြစရာမ ဟုတ်တော့မှန်း အားလုံး နားလည် ထားခဲ့တယ်။

မုန့်ထျန်းက လင်ရှောင်းတောင်မှာ ပေါ်လာတာတော့ အဆန်းပဲ။

“သုခမိန် စစ်နတ်မုန့်ထျန်း။ ငါ ချင်းယန်က ကောင်းကင် တာအို ခန်းမရဲက တပည့်သား တစ်ယောက်ပါ။ လင်ရှောင်းတောင်ကို လာဖို့ ဖိတ်ခေါ်ပါတယ်။” ဝတ်ရုံဖြူ ဝတ်ထားတဲ့ လူငယ်လေးက မုန့်ထျန်းကို ဂါရဝပြုတယ်။

“မင်းက ကောင်းကင် တာအို ခန်းမရဲ့ တပည့်လား။” မုန့်ထျန်းက ပြန်မေးတယ်။

“မှန်ပါတယ်။ ဘာကြောင့်များ ဒီကို ရောက်နေတာလဲ သိခွင့် ရှိနိုင်မလား။” ချင်းယန်က တလေးတစားနဲ့ ပြန်ပြောတယ်။

“ငါ့ကို တောင်ပေါ် အရင်ခေါ်သွား။” မုန့်ထျန်းက တစ်ခွန်းပဲ ပြောတယ်။

“ကောင်းပါပြီ။ ဒါပေမယ့် ဒီနေရာမှာ ခဏ စောင့်ပေးပါ။ ခန်းမ ခေါင်းဆောင်မုနဲ့ လူသား မဟာမိတ်ရဲ့ ခေါင်းဆောင်တောက်က ကိုယ်တိုင် လာကြို ပါလိမ့်မယ်။ အရင်ဆုံး အနားယူပါ။ စစ်နတ် နှစ်သက်မယ့် ဟင်းလျာတွေကိုလဲ ပြင်ဆင် ထားပါတယ်။” ဒါကို ပြောပြီးတဲ့နောက် ချင်းယန်က လက်ကို ဝေ့ယမ်းလိုက်တယ်။ မကြာခင်ပဲ တပည့်သား တစ်ချို့နဲ့ အတူ လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားတဲ့ ဟင်းလျာတွေ မုန့်တွေ ရောက်လာတော့တယ်။

“မင်းဘာပြော ချင်တာလဲ။ ငါက ဒီနေရာမှာ စောင့်နေ ရမှာလား။” မုန့်ထျန်းရဲ့ မျက်နှာက အေးစက် သွားတော့တယ်။

“စစ်နတ်။”

တပည့်သားတွေ ဆက်မပြော နိုင်ခင်မှာပဲ ဓားအလင်းတန်း တစ်ခုက သူတို့ မျက်စိ ရှေ့မှာ ပေါ်လာတော့တယ်။

ဒီအဖြစ်က တပည့်သားတွေ ထိတ်လန့် သွားစေခဲ့တယ်။ သူတို့က မုန့်ထျန်းကို မလေးမစား မလုပ်တာတောင် မုန့်ထျန်းက တိုက်ခိုက်တယ်။

အဲ့ဒီ့နောက် ချင်းယန်ရဲ့ ခေါင်းက မြေပြင်ပေါ်ကို လွင့်ထွက် သွားတော့တယ်။ သေသွားတဲ့ အချိန် အထိ မုန့်ထျန်းက သူ့ကို ဘာကြောင့် တိုက်ခိုက်မှန်း နားမလည် ခဲ့ဘူး။

“သူက မိစ္ဆာပဲ။”

“မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်ရဲ့ အင်အားကြီး ပုဂ္ဂိုလ်ပဲ။”

“ပြေးကြ။”

တခြား တပည့်သားတွေကတော့ မြန်နိုင်သလောက် မြန်အောင် ပြေးတော့တယ်။ ဒါပေမယ့် မုန့်ထျန်းနဲ့ ယှဉ်လိုက်ရင် သူတို့က နှေးလွန်းနေတယ်။ ဓား အလင်းတန်း တစ်ချို့ လက်သွားပြီး တပည့်သားတွေ လဲကျ ကုန်တော့တယ်။

တောင်ပေါ် လေနဲ့ အတူ သွေးနံ့တွေက ပျံ့လွင့်လာတယ်။ မြေပြင်ပေးမှာ သွေးစီးကြောင်း တစ်ခုတောင် ဖြစ်နေခဲ့ပြီ။

“မုန့်ထျန်း။” တောင်အောက်ကို ဆင်းလာတဲ့ မျိုးနွယ်စု ခေါင်းဆောင်က အရမ်းကို ထိတ်လန့် သွားခဲ့တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူအော်လိုက်တယ်။

…

သုံးရက် ကြာပြီးနောက်၊ သွေးစွန်းနေတဲ့ လင်ရှောင်းတောင်နဲ့ ယှဉ်လိုက်ရင်၊ ဝေးကွာလွန်းတဲ့ လင်းယွမ် မျှော်စင်က အရမ်းကို အေးချမ်း နေခဲ့တယ်။

ငါးလ အချိန်ကို ကျော်လွန်တဲ့ အထိ ဘာပြဿနာမှ မရှိခဲ့ဘူး။ မျှော်စင် တံခါးမှာ မြည်လာတဲ့ အသံကြောင့်သာ မဟုတ်ရင်၊ ဒီအေးချမ်းမှု ပျက်စီး သွားမယ်လို့ ဘယ်သူမှ ခန့်မှန်း မိမှာ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် အေးချမ်းမှုက ပျက်စီး သွားခဲ့ပြီ။

ဒါကို ဖျက်စီး သူကတော့ (နတ်ဘုရား) ဆိုတဲ့ မျက်နှာဖုံးကို ဝတ်ထားသူပဲ ။

“မုန့်ထျန်းလား။” လင်းယွမ် မျှော်စင်ရဲ့ အစောင့်အကြပ် တပည့်သား တစ်ယောက်က တအံ့တသြ ဖြစ်သွားခဲ့တယ်။

“နေအုန်း။ မျှော်စင် ခေါင်းဆောင်က ညွှန်ကြားထားတယ်။ မြင့်မြတ် နယ်မြေမှ ဘာဖြစ်ဖြစ် လင်းယွမ် မျှော်စင်နဲ့ မဆိုင်ဘူး။ ဒီတော့ ဆရာကြီး ပြန်လှည့်ပါ။”

“ပြန်လှည့်ရမယ် ဟုတ်စ။” မုန့်ထျန်း နည်းနည်းတော့ တုန်လှုပ် သွားပေမယ့် ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်တယ်။ “ငါ ဒီကို ရှုခင်း ကြည့်ဖို့လာတာ။ မင်းတို့တွေ ငါ့ကို အစားအသောက် ကောင်းကောင်း အရက် ကောင်းကောင်းနဲ့ ဧည့်ခံ သင့်တယ် မဟုတ်လား။”

“ဟဟား။ လင်ရှောင်းတောင်က ရှင့်အတွက် မပြင်ဆင် ထားပေးဘူးလား။ ဒါပေမယ့် အဆုံးမှာ ဘာဖြစ်သွားလဲ။” ပြောပြီးတာနဲ့ လင်းယွမ် မျှော်စင်ရဲ့ တပည့်သား ဆယ်ယောက်ကျော်က ခြုံပုတ်တွေ ထဲကနေ ခုန်ထွက် လာတော့တယ်။

ဒါ့အပြင် ကြည်လင် ပြတ်သားတဲ့ အချက်ပေးသံကလဲ အဝေးကနေ ပေါ်လာတယ်။ လင်းယွမ် မျှော်စင်က မုန့်ထျန်းကို စောင့်နေခဲ့တာ သိသာနေပြီ။

“အင်း။ လင်ရှောင်းတောင်မှာ ဖြစ်တဲ့ ကိစ္စကို ငါသိပေမယ့်၊ ငါလုပ်တာ မဟုတ်ဘူး။” မုန့်ထျန်းကတော့ သူ့ရှေ့က အင်အားကြီး အမျိုးသမီးတွေကို စိတ်ထဲ ရှိပုံ မပေါ်ဘူး။ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ဒါပေါ့။ ဆရာကြီး ဘယ်ဟုတ်မလဲ။ လင်ရှောင်းတောင် ဖြစ်ရပ်က လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ဖြစ်သွားတာ။ ဆရာကြီးရဲ့ စွမ်းရည်နဲ့ ဆိုရင် လင်ရှောင်းတောင်ကနေ လင်းယွမ် မျှော်စင်ကို သုံးရက်နဲ့ အရောက်လာဖို့ မဖြစ်နိုင်ဘူး။” တပည့်သား တစ်ယောက်က ပြောတယ်။

သူတို့တွေ တိုက်ခိုက်ဖို့ အသင့် ပြင်ပြီး နေပြီ။

“ဉာဏ်ကောင်းတယ်။ ငါလုပ်တာ မဟုတ်မှန်း သိမှတော့ ဘာဖြစ်လို့ မကြိုဆို ကြတာလဲ။ မျှော်စင် ခေါင်းဆောင် ချင်းယွိကိုလဲ ငါနဲ့ အတူတူ အဖော်ပြုခိုင်း။ ငါကြားတာတော့ ချင်းယွိမှာ ပင်းယန်လို့ ခေါ်တဲ့ သမီးရှိတယ်ဆိုပဲ။ ဒီကလေးမ အကြောင်း ငါစိတ်ဝင်စား မိတယ်။ အကယ်၍ သူရှိရင်၊ ငါ့ကို လာဖျော်ဖြေခိုင်းလိုက်။” မုန့်ထျန်းက ခေါင်းငြိမ့်ရင်း ဆက်ပြော နေခဲ့တယ်။ တပည့်သားကိုလဲ ချီးမွမ်းတယ်။

ဒါပေမယ့် ဒီလို ချီးမွမ်းစကားက နားထောင်လို့ မကောင်းခဲ့ဘူး။

“အရှက် မရှိတဲ့ အဖိုးကြီး။ မျှော်စင် ခေါင်းဆောင်နဲ့ မျှော်စင်ခေါင်းဆောင်ငယ်ကို ဘယ်လိုတောင် အပြစ်ပြု ဝံ့တာလဲ။ တိုက်ခိုက်ကြ။” တပည့်သားတွေ အားလုံး ချက်ခြင်း တိုက်ခိုက် ကြတော့တယ်။

“တိုက်ခိုက်မယ်တဲ့လား။” မုန့်ထျန်းကတော့ သူ့ဆီ ပြေးဝင်လာတဲ့ ဓား ၁၁ လက်ကို မြင်ချိန်မှာ အကြည့်တစ်ချက် လက်သွားခဲ့တယ်။ အားလုံးရဲ့ တောက်ပမှုက တူညီနေတယ်။ ဒဏ္ဍာရီလာ လင်းယွမ်မျှော်စင်က မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုထဲမှာ တာအို အသိပညာ အတွက် ကျော်ကြားလွန်းတယ်။ ဒီလျှို့ဝှက် ပညာရပ်ကတော့ ဓားတစ်ချောင်းကို တစ်သန်းပြောင်း နိုင်တယ်။

ဒါပေမယ့် သာမန် တပည့်သားတွေကတော့ မုန့်ထျန်းကို အနိုင်မယူနိုင် ခဲ့ဘူး။

တပည့်သားတွေရဲ့ ဓားတွေ ပြေးဝင် လာချိန်မှာပဲ မုန့်ထျန်း ကိုယ်ကနေ ပြင်းထန်တဲ့ ဆွဲငင်အားတွေ ထွက်ပေါ် လာတော့တယ်။

မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ ဓား ၁၁လက်လုံးက မြားတွေလို ပျံသန်းလာပြီး မုန့်ထျန်း လက်ထဲကို ရောက်ရှိတယ်။

“အင်း။ ဓားကောင်းတွေပဲ။” ဓားတွေကို တစ်ချက် အနီးကပ် ကြည့်လိုက်ရင်း သူပြောတော့တယ်။

အပိုင်း (၉၃၅) ပြီး၏။

အပိုင်း (၉၃၆)

“ရုတ်တရက် တိတ်ဆိတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကြောက်တရား။”

အဲ့ဒီ့နောက် မုန့်ထျန်းက လင်းယွမ် မျှော်စင်ဆီကို လျှောက်လာခဲ့ ပြန်တယ်။ တပည့်သား ၁၁ယောက်လုံးရဲ့ မျက်နှာတွေကတော့ အထိတ်တလန့် အမူအယာတွေနဲ့သာ ပြည့်နှက်နေခဲ့တယ်။

“ရပ်စမ်း။” အထိတ်တလန့် ဖြစ်ပြီးတဲ့နောက်၊ တပည့်သား ၁၁ယောက်က မုန့်ထျန်းဆီကို ပြေးဝင် လာပြန်တယ်။ ကံမကောင်း စွာနဲ့ပဲ မုန့်ထျန်းက အဝေးကို ရောက်သွားခဲ့ပြီ။

“သူက မြန်လိုက်တာ။”

“ဘာဖြစ်လို့ ဒီလောက်တောင် မြန်နေ ရတာလဲ။”

“သူက နတ်သခင် အဆင့် ပညာရှင် တစ်ယောက်ပဲ။ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်က နတ်သခင် အဆင့် ပညာရှင်ပဲ။”

တပည့်သား ၁၁ယောက်က မုန့်ထျန်းရဲ့ အရှိန်ကို လိုက်မမှီ ခဲ့ဘူး။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ သူက ပေတရာ အကွာကို ရောက်သွားခဲ့ပြီ။

…

ဖန်ကျန်းရှီကတော့ လင်းယွမ် မျှော်စင် တပည့်သားတွေကို အရိပ်အမြွက် ပြတာ လုံလောက်ပြီလို့ တွေးနေခဲ့တယ်။ တပည့်သား ၁၁ယောက်ရဲ့ ဓားတွေကိုပဲ သူသိမ်းထားခဲ့တယ်။ နောက်ထပ် ဘာမှ သူမလုပ်ခဲ့ဘူး။

သူတို့ရဲ့ အဝတ်အစားတွေကို စုတ်ဖြဲပြစ်ပြီး ဖယောင်းစက် ချတာတွေ မလုပ်ခဲ့ဘူးလေ။ လူကြီးလူကောင်း တစ်ယောက်လို အေးဆေး တည်ငြိမ် နေခဲ့တယ်။

ဒါပေမယ့် လင်းယွမ် မျှော်စင်ရဲ့ တပည့်သား ၁၁ယောက်ကတော့ အခုချိန်ထိ နားမလည်ခဲ့ဘူး။ သူတို့တွေ ဆက်တိုက် လိုက်ဖမ်း နေခဲ့ကြတယ်။ ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်ရှုပ်လာတော့တယ်။

ဆိုရိုးစကား တစ်ခု ရှိတဲ့ အတိုင်း လူတိုင်းကို မင်းလို ထက်မြက်ဖို့ မျှော်လင့်နေလို့ မရဘူး။ ဖန်ကျန်းရှီ အရမ်းကို မြန်မြန် လျှောက်နေခဲ့တယ်။ လင်းယွမ် မျှော်စင်ရဲ့ ဘုံကိုးဆင့် အောက်ကို မျက်တောင် တစ်ခတ် အတွင်း ရောက်သွားခဲ့တယ်။

မျှော်စင်ရှေ့မှာ တပည့်သား ၁၀၀ နီးပါးက သတ်ဖြတ်လိုစိတ် အပြည့်နဲ့ စောင့်ဆိုင်း နေခဲ့ကြတယ်။

“မုန့်ထျန်း။ နင့်မျက်နှာပေါ်က မျက်နှာဖုံးကို ဖယ်လိုက်ရင်၊ ငါတို့ နင့်အသက်ကို ချမ်းသာပေးမယ်။” ကျယ်လောင် ပြတ်သားတဲ့ အသံက တပည့်သားတွေ ထဲကနေ ထွက်ပေါ် လာတော့တယ်။

“မင်းတို့ နည်းနည်းလေး ဆန်းသစ်အောင် ပြောလို့ မရဘူးလား။” ဖန်ကျန်းရှီက တကယ့်ကို ပြောစရာ စကား မဲ့နေခဲ့တယ်။ လင်းယွမ် မျှော်စင် တပည့်သားတွေက အင်အား အရာမှာ အရေး နိမ့်နေတာတောင် ဘာဖြစ်လို့ ဒီလောက်ထိ မောက်မာ နေမှန်း သူနားမလည် နိုင်ခဲ့ဘူး။ ဒီလောက် ယုံကြည်ချက် ရှိအောင် ဘယ်သူကများ လုပ်ပေး ထားတာလဲ။

“သေစမ်း။” တိုက်ခိုက်မှု ဆိုတာက သာမာန် သဘောတူညီချက် လုပ်မရတဲ့ အချိန် သုံးရတဲ့ လုပ်ရပ် တစ်ခုပဲ။ အမိန့်နဲ့ တူ လင်းယွမ် မျှော်စင် တပည့်သားတွေ စတင် တိုက်ခိုက် ာကတော့တယ်။

သူတို့တွေ နေရာ အနှံ့ကို လူခွဲလိုက်ပြီး ဖန်ကျန်းရှီရဲ့ ပတ်ပတ်လည်ကို ဝန်းရံ လိုက်ကြတယ်။ ဒါက အထင်ကြီးစရာ ဗျူဟာ တစ်ခုပဲ အနည်းဆုံးတော့ နေရာချတာ အတော့်ကို ကောင်းလွန်းတယ်။ အထူး သဖြင့် အရောင်စုံ တောက်ပနေတဲ့ မိန်းမလှတွေကို မြင်ရတာ ပန်းတွေ ပွင့်နေ သလိုပဲ။

ဖန်ကျန်းရှီက အလှတရားကို ကောင်းကောင်း ခံစားတက်တဲ့သူ။ ဒါကြောင့် ချက်ခြင်း မလှုပ်ရှားခဲ့ဘူး။ တပည့်သားတွေ နေရာကျတဲ့ အချိန် အထိ စောင့်နေခဲ့တယ်။ ဘာဆက်ဖြစ်မယ်မှန်း သူတွေးနေခဲ့တယ်။ သူဝန်းရံ ခံရ ပြီးတာနဲ့ ပထမဆုံး လူတစ်ယေက် ထွက်လာမယ်။

အဲ့ဒီ့လူက ငါးလ တိတိ သူမတွေ့ရတဲ့ ချင်းယွိလား ဒါမှမဟုတ် ပင်းယန်လား။ ဖန်ကျန်းရှီ စိတ်ကို ပြင်ဆင်ပြီး စောင့်နေခဲ့တယ်။ အဲ့ဒီ့ အချိန်မှာပဲ လူတစ်ယောက်လင်းယွမ် မျှော်စင် ထဲကနေ ထွက်လာတော့တယ်။

ခါးက တစ်သားတည်း။ ရင်ဘတ်။ ဘာဖြစ်လို့ ရင်ဘတ် မရှိတာလဲ။

ချင်းယွိက ထူးခြားတဲ့ နည်းလမ်းတွေ သူ့ရင်ဘတ်ကို ပြားအောင် လုပ်လိုက်တာလား။ နေစမ်းပါအုန်း။ အဲ့တာက ယောကျားကြီးလား ဘယ်လိုတောင်လဲ။ လင်းယွမ် မျှော်စင်မှာ ဘာဖြစ်လို့ ဒီလို ယောကျာ်း ရှိနေတာလဲ။ ဖန်ကျန်းရှီ အရမ်းကို ထိတ်လန့် သွားခဲ့တယ်။ အဲ့ဒီ့ လူရဲ့ မျက်နှာက အတော့်ကို ငယ်ရွယ် ချောမော နေခဲ့တယ်။

“ဘာကြီးလဲ။ အရှင် မင်းမြတ်လား။” ဧကရာဇ်လင်းမုပိုင် လင်းယွမ် မျှော်စင်မှာ ရှိနေမယ်လို့ ထင်မထား မိခဲ့ဘူး။ ဘာတွေ ဖြစ်နေတာလဲ။

ကြီးမြတ်သောရှ ဧကရာဇ်က အခုချိန် မြို့တော်မှာ ရှိနေရမှာ မဟုတ်ဘား။ ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။

“ငါက ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ဧကရာဖ်ပဲ။ ငါ့ကို တွေ့တဲ့ အချိန် မင်း ဒူးထောက် သင့်တယ် မဟုတ်လား။” ဧကရာဇ် လင်းမုပိုင်က ပြောလိုက်တယ်။

“ဒီတော့ ဒီလိုပေါ့။” ဖန်ကျန်းရှီ နားလည်စ ပြုလာ ခဲ့ပြိ။

လက်ရှိ ကြီးမြတ်သော ရှနိုင်ငံ ဧကရာဇ်က သုခမိန် စစ်နတ် မုန့်ထျန်းကို အမိန့်ပေးခွင့် ရှိတယ်။ သူ့ရဲ့ ဖစ်မြစ်ကို သိစေနိုင်ဖို့ အတွက် ဧကရာဇ်က လင်းယွမ် မျှော်စင်ကို တကူးတက လာရောက် ခဲ့တာပဲ။

“အရှင် မင်းမြတ်။ အခုချိန်မှာ လင်းယွမ် မျှော်စင်ကို ရောက်နေမယ့် အစား နိုင်ငံ့ အရေးကို ဖြေရှင်း နေသင့်တာ မဟုတ်လား။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“ကြီးမြတ်သောရှမှာ ဘာကပ်မှ မဆိုက်ဘူး။” ဧကရာဇ် လင်းမုပိုင် မျက်မှောင်ကြုတ်လိုက်တယ်။ မုန့်ထျန်းက ဒူးမထောက် ခဲ့ဘူးလေ။

အခြေအနေကို ခပ်မြန်မြန်ပဲ သူနားလည် သွားတယ်။ ဒါပေမယ့် ခပ်မိုက်မိုက် ပုံစံ ဆက်ဖမ်းနေဆဲ။

“တကယ်လား။ မြောက်ပိုင်း ဒေသရဲ့ ရွှေမြို့တော်က ကျုးကျော် ခံလိုက်ရပြီ မဟုတ်ဘူးလား။” ဖန်ကျန်းရှီက အနီးမှာ ရှိတဲ့ တပည့်သားတွေကို ကြည့်ရင်း ပြောလိုက်တယ်။

“ဒါ ငါ့နိုင်ငံရဲ့ ကိစ္စ။ မင်းက တကယ်ပဲ ဘယ်သူလဲ။ ဒါမှမဟုတ် ဘယ် နတ်ဆိုး မိစ္ဆာလဲ။” လင်းမုပိုင်ကတော့ ဖန်ကျန်းရှီနဲ့ ဆက်ပြီး အချိန် ဖြုန်းချင်စိတ် ရှိနေပုံ မပေါ်။

“မျိုးရိုးက မုန့်။ နာမည်က ထျန်း။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။

“ဟဟား။ ကြီးမြတ်သောရှရဲ့ သုခမိန် စစ်နတ် မုန့်ထျန်းလို ဘာဖြစ်လို့ ဟန်ဆောင် နေတာလဲ။” ဧကရာဇ် လင်းမုပိုင် ခါးတစ်ဖက် ထောက်ရင်း မေးတယ်။

“မင်းရဲ့ ခါးပတ်ထဲက နဂါးစိမ်း မျက်လုံးကို ငါတစ်ချက် ကြည့်လို့ ရနိုင်မလား။” ဖန်ကျန်းရှီက လင်းမုပိုင်ရဲ့ လှုပ်ရှားမှုကို မြင်ချိန်မှာ ပြောလိုက်တယ်။

“ငါ့ရဲ့ နဂါးစိမ်း မျက်လုံးကို မင်းဘယ်လို သိလဲ။” ဧကရာဇ် လင်းမုပိုင်ရဲ့ တည်ငြိမ်တဲ့ အမူအယာက ပြောင်းလဲ သွားခဲ့တယ်။

ဒါက လျှို့ဝှက်ချက်ကြီး မဟုတ်ပေမယ့်၊ လူတိုင်း သိနေတဲ့ ကိစ္စလဲ မဟုတ်ခဲ့ဘူး။ ဒါ့အပြင် ကျမ်းကောင်းကင် တောင်ကနေ ဆင်းသက်လာတဲ့ နတ်သခင် တစ်ယောက်ကလဲ ဒါမျိုးကို မသိနိုင်ဘူး။

အကယ်၍ ဒီမုန့်ထျန်းကသာ အတုအယောင် ဖြစ်နေခဲ့ရင်၊ သေချာပေါက် နဂါးစိမ်း မျက်လုံး အကြောင်းကို သိမှာ မဟုတ်ဘူးလေ။

“ဒါတင် မကဘူး။ ငါသိတာ အများကြီး ရှိသေးတယ်။ ပထမ မိဖုရား ဟွားဖေးက ပင်းယန်လို့ ခေါ်တဲ့ ကလေးမလေးကို မွေးပေး ခဲ့သေးတယ်။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“ဟဟား။ ကြည့်ရတာ မင်းက မင်းကိုယ်မင်း သက်သေ ပြချင် နေပုံပဲ။ ယွင်ချင်းဝူက မင်းကို အကုန် ပြောပြထားတယ် မဟုတ်လား။” ဧကရာဇ် လင်းမုပိုင် ရယ်မော လိုက်ပြန်တယ်။

“ဒီတော့ အရှင်မင်းမြတ်က ငါ့ကို အတုလို့ ယုံကြည်တယ်ပေါ့။” ဖန်ကျန်းရှီက ရှေ့ကို ခြေတစ်လှမ်း တိုးလာရင်း ပြောလိုက်တယ်။

“ရပ်စမ်း။” ဒီခြေတစ်လှမ်းက ပတ်ဝန်းကျင်က တပည့်သားတွေကို တုံ့ပြန်မှု အများကြီး ဖြစ်ခဲ့တယ်။ အဲ့ဒီ့နောက် အစိမ်းရင့်ရောင် အလင်းတန်း တစ်ခု ထွက်ပေါ် လာတယ်။ မရေမတွက်နိုင်တဲ့ အစိမ်းရင့်ရောင် အလင်းတန်းတွေက တပည့်သားတွေ ကိုယ်ကနေ ထွက်ပေါ် လာပြီး ပေါင်းစည်း သွားတော့တယ်။

ဒီအလင်းတန်း ပျံ့နှံ့ သွားချိန်မှာပဲ ကြည်လင် ထွင်းဖောက် မြင်ရပြီး ပါးလွှာ ထက်ရှတဲ့ သစ်ရွက်တွေ ပေါ်ထွက် လာတော့တယ်။ သစ်ရွက်တွေထဲမှာ ပုန်းကွယ်နေတဲ့ သတ်ဖြတ်လိုစိတ် တွေပါဝင် နေတယ်။

“နေ နေအုန်း။ မင်းတို့ ငါ့ကို သတ်လိုက်ရင်၊ မုန့်ထျန်းရဲ့ အမှန်တရားကို နားလည်ဖို့ အချိန်တောင် ရလိုက်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီက ပြုံးပြရင်း ပြောတယ်။

“ရပ်ကြ။ သူ့ကို မသတ်သေးနဲ့။” ဧကရာဇ် လင်းမုပိုင် မျက်လုံးတွေကို မှေးရင်း ပြောတယ်။ “မင်း မသေချင်မှတော့ ငါ့မေးခွန်းတွေကို ဖြေ။”

“မသတ်တဲ့ အတွက် ကျေးဇူး တင်ပါတယ် အရှင် မင်းမြတ် ကျေးဇူး ပြုပြီး မေးပါ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“မင်း ဘာဖြစ်လို့ မုန့်ထျန်း အယောင်ဆောင် ရတာလဲ။“

“အယောင်ဆောင်တယ်။ အယောင် မဆောင်ရ ပါဘူး။ ငါက မုန့်ထျန်းလေ။ ဘယ်မုန့်ထျန်းကမှ ငါ့ထက် မစစ်နိုင်ဘူး။” ဖန်ကျန်းရှီ အမှန်အတိုင်း ပြောနေခဲ့တယ်။ မုန့်ထျန်းသာ တကယ်ပဲ တည်ရှိ နေခဲ့ရင်၊ သူက မုန့်ထျန်းထက်တောင် ပိုပြီးတော့ စစ်မှန် အုန်းမယ်။

“မင်းသေချင် နေတာလား။” လင်းမုပိုင် အေးစက်စက် မေးတယ်။

“မသေချင်ဘူူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ဒါဖြင့် မင်းဘာဖြစ်လို့ မုန့်ထျန်း အယောင်ဆောင်နေတာလဲ။”

“ငါက မုန့်ထျန်းပဲလေ။”

“မင်း သေချင်နေ ပြန်တာလား။”

“မသေချင်ဘူး။”

“ဒါဆိုရင် မင်း။” ဧကရာဇ် လင်းမုပိုင် စကား ထပ်မပြောခင် ရပ်တန့် သွားခဲ့တယ်။ ထပ်ခါ ထပ်ခါ မေးရလို့ သူဒေါသ ထွက်နေခဲ့ပြီ။ ဒါပေမယ့် ဒေါသတွေကို သူခပ်မြန်မြန်ပဲ ထိန်းချုပ်လိုက်တယ်။

သူ့နောက်မှာ စောင့်ကြည့်နေတဲ့ မျက်ဝန်း တစ်စုံ ရှိနေခဲ့တယ်။ သူတိတ်ဆိတ် သွားပြီး အသက်ပြင်းပြင်း ရှူလိုက်တယ်။ အကယ်၍ သူသာ အဖြေ မရနိုင်ရင်၊ မေးခွန်းကို ပြောင်းရမယ်။

“ကောင်းပြီ။ မင်းက မင်းကိုယ်မင်း မုန့်ထျန်းလို့ ပြောနေမှတော့၊ လင်ရှောင်းတောင်မှာ ပေါ်လာတာ ဘယ်သူလဲ။” ဧကရာဇ် လင်းမုပိုင် မေးတယ်။

“သေချာပေါက် မုန့်ထျန်းအတုပေါ့။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

“တခြား မုန့်ထျန်း တွေကရော။” ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်ဝန်းတွေ တောက်ပလာရင်း ဆက်မေးတယ်။

“တခြားသူတွေကတော့ ဟုတ်လဲ ဟုတ်နိုင်တယ်။ မဟုတ်လဲ မဟုတ်နိုင်ဘူး။”

“မင်းဘာကို ဆိုလို ချင်တာလဲ။”

“ခပ်ရှင်းရှင်း ပြောပြရင်၊ ငါ့ပုံစံ ဟန်ဆောင်ဖို့ လူတစ်ချို့ကို စီစဉ် ပေးထားခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ့လို စီစဉ် ပြီးနောက် တခြား တစ်ယောက်က အကြံ ရသွားပြီး နောက်ထပ် မုန့်ထျန်း အတုတွေကို ဖန်တီးလိုက်တယ်။ ဒါကြောင့် ဘယ်သူက အတု ဘယ်သူက အစစ်မှန်း ငါမသိတော့ဘူး။”

“မင်းလဲ မသိဘူးပေါ့။” ဧကရာဇ် လင်းမုပိုင် နားလည် သွားခဲ့ပြီ။

ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ဧကရာဇ် တစ်ပါး အနေနဲ့ လူတစ်ယောက်ရဲ့ စကားတွေကို ကောင်းကောင်း လေ့လာ သုံးသပ် နိုင်တယ်။ ဖန်ကျန်းရှီ ဆိုလို ချင်တာကို နားလည် သွားပြီးတဲ့နောက် သူပိုပြီး သံသယ ဝင်လာတော့တယ်။ ဒီကိစ္စ တကယ့်ကို ရှုပ်လွန်းတယ်။

သူ့ရှေ့မှာ ရှိသူက မုန့်ထျန်း အစစ်လို့ အခိုင်အမာ ပြောနေခဲ့တယ်။ တခြား မုန့်ထျန်း အတုတွေကိုလဲ သူစေလွှတ်ခဲ့တယ်။ ဒါကို နောက်တစ်ယောက်က မုန့်ထျန်း အတုတွေ ထပ်ဖန်တီးတယ်။

အရင်အချိန် မြင့်မြတ် နယ်မြေက ဆန်ပြုတ် အလွတ် တပွဲလို့ မှတ်ယူနိုင်ရင်၊ အခု လက်ရှိ မြင့်မြတ် နယ်မြေကတော့ ဆေးပင်မျိုးစုံ၊ အရွက် မျိုးစုံနဲ့ ရွံ့တွေ ရောနေတဲ့ ဆန်ပြုတ်ပဲ။

“ကောင်းပြီ။ ငါမင်းမေးခွန်းတွေကို ဖြေပြီးပြီ။ အခု လင်းယွမ် မျှော်စင်က ငါ့မေးခွန်းတွေကို ဖြေဖို့ အချိန် တန်ပြီ။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“မင်းဘာကို သိချင်တာလဲ။” လင်းမုပိုင် ပြန်ဖြေတယ်။

“လူသား မဟာမိတ်မှာ မပါပဲ။ လင်းယွမ် မျှော်စင်က ပြန်လာဖို့ ဘာကြောင့် ဆုံးဖြတ် ခဲ့တာလဲ။ (မျိုးနွယ်စု ငါးခုက အခြေခံ တစ်ခုတည်း) ဆိုတဲ့ စကားကို ဖောက်ဖျက်တာလား။ ဖန်ကျန်းရှီက လင်းယွမ် မျှော်စင်ထဲကို ကြည့်ရင်း မေးလိုက်တယ်။

“ဘာ အခြေခံ တစ်ခုတည်း လာပြော နေတာလဲ။ လင်းယွမ် မျှော်စင်က အဲ့ဒီ့ မျိုးနွယ်စု လေးခုနဲ့ ဘယ်တုန်းကမှ အခြေခံ မတူချင်ဘူး။ ဒါက တခြား မျိုးနွယ်စု လေးခုရဲ့ ပြောစကား သက်သက်ပဲ။” လင်းယွမ် မျှော်စင် ထဲကနေ အသံ ထွက်ပေးလာတယ်။

အဲ့ဒီ့နောက် ငွေရောင် ဝတ်ရုံကို ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်က လင်းယွမ် မျှော်စင် ထဲကနေ ထွက်လာတော့တယ်။ သူမရဲ့ ရေတံခွန်လို ဆံနွယ်တွေက ခါးပေါ်မှာ ဝဲကျ နေခဲ့တယ်။

ချင်းယွိ။ ရေခဲကန်ထဲမှာ ဆယ်နှစ်တိတိ ပိတ်ဆို့ ခံထား ခဲ့ရတဲ့သူ။ ဒါပေါ့။ ချင်းယွိရဲ့ ဘေးမှာ နောက်ထပ် မိန်းမလှလေး တစ်ယောက် ရှိနေခဲ့တယ်။

ဒီလို တောက်ပတဲ့ အနီရောင်မျိုးက လင်းယွမ် မျှော်စင်မှာ တွေ့ရတာ ရှားပါးတယ်။ ဒါမျိုးကို ပင်းယန်က လွဲပြီး ဘယ်သူမှ မဝတ်ဘူး။

လွန်ခဲ့တဲ့ ၅လ အချိန်တုန်းကထက် ပင်းယန်က ပိုရင့်ကျက်ပြီး တည်ငြိမ် နေခဲ့ပြီ။ အနည်းဆုံးတော့ ပွစိပွစိ မပြောတော့ဘူး။

လူတစ်ယောက်ရဲ့ သဘာဝက အချိန်နဲ့ လိုက်ပြီး မပြောင်းနိုင်မှန်း ဖန်ကျန်းရှီ နားလည်တယ်။ တခြားသူတွေ ရှေ့မှာ တည်ငြိမ်ချင်ဟန် ဆောင်နေတာပဲ ဖြစ်ရမယ်။

ပြောရရင် သရုပ်ဆောင်နေတာပဲ။ ဖန်ကျန်းရှီကတော့ ဒါကို သဘောကျတယ်။ အတော်ကြီးကို သဘောကျတယ်။ ဒီအလုပ်က ကြိုးစား အားထုတ်မှု အတော်လေး လိုအပ်တယ်လေ။

“အဟွတ် ဟွတ်။ မျှော်စင် ခေါင်းဆောင်ချင်းကို မှန်ပါတယ်။ ဒါပေမယ့် မျှော်စင် ခေါင်းဆောင်ချင်းက တခြား မျိုးနွယ်စုတွေနဲ့ အခြေခံ မတူဘူးလို့ မှတ်ယူ ထားမှတော့ ငါနဲ့ အတူတူ အခြေခံ တစ်ခုတည်း မနေချင်ဘူးလား။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။

“နင်နဲ့ အခြေခံ တစ်ခုတည်း နေရမယ်တဲ့လား။ ဟဟား။” ချင်းယွိ ရယ်မောတယ်။ သူမက နှင်းတောထဲမှာ ပေါက်နေတဲ့ လီလီ ပန်းပွင့်လိုပဲ။ တောက်ပပြီး ခမ်းနားလွန်းတယ်။

“မျှော်စင် ခေါင်းဆောင်ချင်း အထင် မလွဲပါနဲ့။ ငါပြောတဲ့ အခြေခံ တစ်ခုတည်း ဆိုတာ မင်းနဲ့ ဇယားရှုပ်ဖို့ မဟုတ်ရပါဘူး။” ချင်းယွိ အတော်ကြီး ပျော်နေတာကို မြင်ချိန်မှာတော့ ဖန်ကျန်းရှီ စိတ်ထဲ ရှက်ရွံ့ လာတော့တယ်။

“…”

“…”

စကားပြောနေချိန် ကြောက်စရာ အကောင်းဆုံး အရာကတော့ သေခြင်းတရား ရောက်ရှိလာသလို တိတ်ဆိတ် သွားတာပဲ။ ဒါက အတော့်ကို ကသိကအောင့် ဖြစ်စရာ ကောင်းလွန်းတယ်။

အပိုင်း (၉၃၆) ပြီး၏။

အပိုင်း (၉၃၇)

“ရယ်စရာကောင်းသော။”

ချင်းယွိရဲ့ အပြုံးက အေးခဲ သွားရုံတင် မကဘူး။ ပတ်ဝန်းကျင် တပည့်သားတွေနဲ့ ဧကရာဇ် လင်းမုပိုင်ပါ တောင့်တင်း သွားခဲ့တယ်။

(မင်းနဲ့ ဇယားမရှုပ်ဘူး။) ဒိစကားက အားလုံးကို ရပ်တန့်စေခဲ့တဲ့ တစ်ခုတည်းသော အရာပဲ။

“သူ့ကို သတ်။” ချင်းယွိရဲ့ အသံက ဆောင်းလေလိုမျိုး အေးစက်လွန်းတယ်။ ဖန်ကျန်းရှီရဲ့ လည်ပင်းကို ထွင်းဖောက်သွားတယ်။ ဖန်ကျန်းရှီကတော့ တချက် တုန်ယင် သွားခဲ့တယ်။

တည့်တိုး ပြောတတ်လွန်းတဲ့ သူ့အကျင့်ကို ဖျောက်ရမယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေနဲ့ ရင်ဆိုင်တဲ့ အချိန်မှာ တတ်နိုင်သလောက သွယ်ဝိုက်ပြီး ပြောရမယ်။

အနည်းဆုံးတော့ “ငါတို့ အသက်အရွယ်က ကွာခြား လွန်းတဲ့ အတွက် မသင့်တော်ပါဘူးလို့ ပြောသင့်တယ်။”

အခုကတော့ နောက်ကျလွန်း သွားခဲ့ပြီ။ အစိမ်းရောင် သစ်ရွက်တွေက သူ့ဆီကို လေပွေ တစ်ခုလို ပြေးဝင် လာနေခဲ့တယ်။ အေးစက်တဲ့ အလင်းတန်းက သစ်ရွက် တစ်ခုချင်းစီ တိုင်းမှာ လှည့်ပတ်နေတယ်။ ဖန်ကျန်းရှီလဲ စတင် လှုပ်ရှားပြီ။

ချင်းယွီဆီကို တစ်လှမ်းချင်း လျှောက်လာနေတယ်။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ပတ်ဝန်းကျင်က အလှတရားတွေကို ခံစားတယ်။ နွေအကုန် ဆောင်းအကူးကို ရောက်နေပြီ။

လင်းယွမ် မျှော်စင်က ပန်းပေါင်းစုံ ပွင့်လန်းတဲ့ နယ်မြေ။ သဘာ၀ ရေခဲကန်ကြီးကလဲ နယ်မြေကို ကာကွယ် ထားတယ်။ ဒီနေရာမှာ ပန်းတွေက သာမန် ပန်းတွေလို မသေဆုံးဘူး။

ဒါပေမယ့် သစ်ရွက်စိမ်းတွေကတော့ မြေပြင်ပေါ်ကို ကြွေကျသွားတဲ့ အချိန်မှာ နီညိုရောင် သန်းလာခဲ့တယ်။ နေဝင်ဆည်းဆာ ရောင်ခြည်ကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ဖန်ကျန်းရှီကတော့ ဒီမြင်ကွင်းထဲမှာ စိတ်နစ်မြော သွားခဲ့တယ်။ သူအရမ်းကို စိတ်နှစ်လိုက်တာကြောင့် ဖြစ်နိုင်တယ်။ မျက်လုံးတွေကို မှေးစင်းရင်း လေချွန် မိတော့တယ်။

“ငါက ငယ် ငယ် ငယ် ငှက်ငယ် တစ်ကောင်။ ပျံ ပျံ ပျံသန်း အမြင့်ဆုံး အိုး အို။” ဖန်ကျန်းရှီရဲ့ အသံက မကျယ်ပေမယ့် အရမ်းကို ကြည်လင် ပြတ်သားတယ်။ သူ့အသံက လင်းယွမ် မျှော်စင်ရဲ့ လေထဲမှာ ပဲ့တင် ထပ်လာတော့တယ်။

လင်းယွမ် မျှော်စင်ရဲ့ တပည့်သား တစ်ရာနဲ့ အဝေးကနေ ပြေးလာနေတဲ့ တပည့်သား ၁၁ယောက်ကတော့ အထိတ်တလန့် ဖြစ်နေကြတယ်။

(ပန်းတွေကို ဖြတ်သန်း။ ဘယ်အရာကမှ မဆွဲဆောင်နိုင်)

ဒီစာကြောင်းရဲ့ အဓိပ္မာယ်က အခု အခြေအနေနဲ့ အသင့်တော်ဆုံး မဟုတ်ခဲ့ပေမယ့်၊ မြင်ကွင်းကတော့ ကိုက်ညီနေတယ်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

“ငါတို့တွေ ဘာဖြစ်လို့ သူ့ကို ထိခိုက်အောင် မလုပ်နိုင်တာလဲ။”

“ဘာတွေ ဖြစ်နေကြတာလဲ။”

“တပည့်သားတွေရဲ့ ယုံကြည်ချက်ကတော့ ပျောက်ဆုံး သွားခဲ့ရပြီ။ ဒီလို အနိုင်မယူနိုင်တဲ့ ခံစားချက်ကို လူတိုင်းနီးပါးက ကြုံတွေ့ဖူးခဲ့တယ်။ သူတို့တွေ စွမ်းအား အပြည့် သုံးပေမယ့် သူ့အကျီစ ကိုတောင် မထိနိုင် ခဲ့ဘူး။ သူက သရဲ တစ်ကောင်လား။

“ယွိအာ သတိထား။” ဧကရာဇ် လင်းမုပိုင် သတိ ဝင်လာတာနဲ့ လှမ်းအော်တော့တယ်။ သူ့ခါးကို ဖိလိုက် ချိန်မှာတော့ ရွှေရောင် နဂါးကြီးက ကောင်းကင်မှာ ထွက်ပေါ် လာတာကို မြင်ရတော့တယ်။

ဒါက ဧကရာဇ် လင်းမုပိုင်ရဲ့ အကာအကွယ် နတ်ရတနာပဲ။ ဒါကို ချင်းယွိက ပေးခဲ့တယ်လို့လဲ ပြောကြတယ်။ ကြီးမြတ်သောရှ မင်းဆက်က ဧကရာဇ်တွေ လက်ဆင့်ကမ်း လာတယ်လို့လဲ ဆိုကြတယ်။

ဒါပေမယ့် ဘယ်ကပဲ လာလာ အင်အားကြီး နတ်လက်နက် တစ်ခု ဆိုတာ မမှားနိုင်ဘူး။

ဝူး။ ဒီအချိန်မှာပဲ ပေ ၂၀ကျော် ရှည်လျားပြီး မိုးကောင်းကင်ကို ဖုံးအုပ် သွားစေနိုင်တဲ့ မဟူရာ တောင်ပံ နှစ်ဖက်က ပေါ်ထွက် လာတော့တယ်။

“နတ်လက်နက်တွေ အကြောင်း ပြောနေတာလား။ ငါ့မှာလဲ တစ်ခု ရှိတယ်။” ဖန်ကျန်းရှီ ပြုံးနေ ခဲ့ပေမယ့် သူ့မျက်နှာကို ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးကြောင့် ဘယ်သူကမှ သတိ မထားမိ ခဲ့ဘူး။

“အဲ့တာ နတ်ဆိုး အရှင်သခင်ရဲ့ အကာအကွယ် ရတနာ မဟူရာ ရွှေတောင်ပံပဲ။” ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာက ပြောင်းလဲ သွားတော့တယ်။

ဒါကို ကိုယ်တိုင် မမြင်ဖူး ခဲ့ပေမယ့်၊ ရှေးစာပေတွေမှာ ရေးထားတာကို ဖတ်ဖူး ခဲ့တယ်။

“ကြည့်ရတာ နင် နတ်ဆိုး အရှင်သခင်ကို တကယ် ဖမ်းခဲ့ပုံပဲ။” ချင်းယွိက ဧကရာဇ် လင်းမုပိုင်လို စိတ်ရှုပ်ထွေး မနေခဲ့ဘူး။ အများကြီး တည်ငြိမ် နေခဲ့ဘူး။ ဘာကြောင့် ဒီလို တည်ငြိမ် ရတာလဲ။

ဖန်ကျန်းရှီကတော့ သူပြသတဲ့ စွမ်းရည်တွေက လူတစ်ယောက်ကို အထင်ကြီးစေ နိုင်မယ်လို့ ခံစားရတယ်။ နောက်ဆုံးတော့လဲ ဖန်ကျန်းရှီသာ အစောပိုင်းတည်းက ပြောခဲ့ရင် သူတို့တွေ ပိုပြီးတော့တောင် အထိတ်တလန့် ဖြစ်သွား နိုင်တယ်လေ။

“ငါ့ရဲ့ ဇစ်မြစ်ကို အတည်ပြု ပြီးမှတော့၊ ငါ့ကို အစားအသောက် ကောင်းကောင်း အရက် ကောင်းကောင်းနဲ့ ဧည့်ခံသင့်တယ် မဟုတ်လား။” ဖန်ကျန်းရှီက ဖြည်းဖြည်းချင်း ပြောရင်း လျှောက်လာပြန်တယ်။

“ဘယ်လို အရက်မျိုးကို နင်လိုချင်လဲ။” ချင်းယွိ မေးလိုက်တယ်။

“အရက်ကိုတော့ ငါသိပ်မရွေး တတ်ပါဘူး။ နှစ်တစ်ရာ ဝန်းကျင်လောက်ဆို အဆင်ပြေပါတယ်။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“ဟဟား။ နှစ်တရာ ဝိုင်အရက်နဲ့ ဧည့်ခံ ရတာက ဘာမှ အပန်းမကြီးဘူး။ ဒါပေမယ့် ငါ့ကို အရင်ဆုံး နိုင်အောင် တိုက်ရမယ်။” ချင်းယွိ ပြုံးလိုက်ရင်း တိုက်ခိုက်တော့တယ်။

သူမရဲ့ ခေါင်းပေါ်မှာ လမင်း ရှစ်စင်း ပေါ်လာတယ်။ အဖြူရောင် အလင်းတန်းက သူမကို နှင်းလွှာ တစ်ခုနဲ့ လွှမ်းခြုံ ထားသလို ထင်ရစေတယ်။

“ကြည့်ရတာ မျှော်စင် ခေါင်းဆောင်ချင်းက ငါ့ကို မယုံဘူးပဲ။” ဖန်ကျန်းရှီ သက်ပြင်းချလိုက်တယ်။ သူလေးစားမှု ပြတာ လုံလောက်ပြီ။

ဒါပေမယ့် ချင်းယွိကတော့ လက်မခံ ချင်ခဲ့ဘူး။

နည်းနည်းလေးတောင် သဟဇာတ ဖြစ်အောင် မနေပဲ တိုက်ခိုက်တယ်။ ဧကရီ တပါးရဲ့ စိတ်သဘောကို ဖော်ပြပြီးတော့ ဖန်ကျန်းရှီကို သတ်ချင်နေတယ်။

ဘယ်လိုတောင် ရယ်စရာ ကောင်းလိုက်သလဲ။ နောက်ဆုံးတော့လဲ ဖန်ကျန်းရှီက သူ့ကို အကျောမပေး နိုင်ဘူးလေ။

ဝူး။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ ချင်းယွိက ဖန်ကျန်းရှီ အနားကို ရောက်လာတော့တယ်။ ငွေဖြူရောင် ဓားရှည်တွေက မျက်စိ ကျိန်းလောက်အောင် တောက်ပနေတယ်။

လမင်းက ချိတ် တစ်ချောင်းလို တောက်ပနေပြီး၊ ဓားတွေကတော့ မြူနှင်းတွေလိုပဲ။

ချင်းယွိက နတ်သခင်ဆင့် ပညာရှင်တွေလို အင်အား မကြီးပေမယ့်၊ ပြစ်ချက်ကင်းတဲ့ နည်းဗျူဟာက သူမကို အနိုင်ရစေနိုင်တယ်။ ဒါကြောင့်ပဲ အင်အား အကြီးအဆုံး မိစ္ဆာ ဧကရီ ပိုင်ကျစ်ကို သူမ တိုက်ခိုက် နိုင်ခဲ့တယ်။

ဝူး။ ငွေဖြူရောင် အလင်းတန်း နှစ်ခုက ရိုက်ခတ်တော့တယ်။ အဖြူရောင် မြူနှင်းတွေ့ မြေပြင်ပေါ်ကို ကျရောက်လာတယ်။ ပေတရာ အကွာအထိ ရောက်ရှိ လာပြီးနောက် ပျောက်ကွယ် သွားတော့တယ်။ လင်းယွမ် မျှော်စင် တပည့်သားတွေလဲ ဒီတိုက်ကွက်ကြောင့် နေရာကနေ လွတ်အောင် ထွက်ခွာ ကြတယ်။

ဒါပေါ့ ဖန်ကျန်းရှီလဲ လှုပ်ရှာခးဲ့တယ်။ လင်းယွမ် မျှော်စင် တပည့်သားတွေနဲ့ ယှဉ်လိုက်ရင် သူက အများကြီး ပိုပြီးတော့ မြန်ဆန်တယ်။ ဓားအလင်းတန်း မြေပြင်ကို မထိခင် အချိန်မှာပဲ သူက အဝေးကို ရောက်နေခဲ့ပြီ။ ဒါပေမယ့် မှန်ကန်တဲ့ နေရာဆီကို သူမသွားခဲ့ဘူး။

ဆုတ်ခွာမယ့် အစား။ တစ်ချက် ခုန်ရင်း ချင်းယွိနဲ့ ဓားနှစ်ချောင်းကြားကို ရောက်သွားခဲ့တယ်။

အဲ့ဒီ့နောက် ပင်းယန် ဘေးမှာ ရပ်တန့် သွားတယ်။

“…”

“…”

စကားစကို ပြတ်အောင် လုပ်နိုင်တဲ့ လူအမျိုးအစားတွေ ရှိတယ်။

ဒီလို လူမျိုးက လူတွေကို ကသိကအောင့် ဖြစ်စေနိုင်တယ်။ တခြားသူတွေကလဲ သူ့ကို မနှစ်သက်ကြဘူး။ တခြား တစ်ဖက်မှာတော့ တခြားသူတွေကို မိုးကြိုး ပြစ်သလို ခံစား ရစေတဲ့ လူတွေ ရှိနေသေးတယ်။

ဖန်ကျန်းရှီကတော့ ဒီ၂မျိုး ပေါင်းစပ်ထားတဲ့ ပုံစံပဲ။ ဘာကြောင့် တခြားသူတွေ အတွေးမှားကြမှန်း မသိပေမယ့်၊ ပင်းယန်ဘေးကို သူရောက် သွားတဲ့ အချိန် ထူးဆန်းတဲ့ ကိစ္စ တစ်ခု ဖြစ်သွားတာကို မြင်လိုက်ရတယ်။

ချင်းယွိ၊ ဧကရာဇ် လင်းမုပိုင်နဲ့ တပည့်သားတွေ အားလုံးက ရုပ်တုလို ရပ်တန့် ကုန်ကြတာပဲ။ သူတို့ အားလုံးက ဖြူဖျော့ နေခဲ့ပြီ။

“အား။ ဆိုးယုတ်လိုက်တဲ့ ကောင်စုတ်။ ငါနင့်ကို သတ်မယ်။” ဒေါသတကြီး အော်သံ ထွက်လာပြီးနောက် ချီလင်လှံရဲ့ ထိပ်ကနေ မီးတောက်တွေ တောက်လောင် လာတော့တယ်။ ဖန်ကျန်းရှီရဲ့ နဖူးကို လက်သည်းထက်ထက် တွေနဲ့ ကုတ်ဆွဲရင်း တိုက်ခိုက်တယ်။

အမျိုးသမီး တစ်ယောက် ဒေါသ ထွက်လာရင် ကိုယ့်ကိုယ်ကိုတောင် ပြန်လန့်စေ နိုင်တဲ့ အထိ ကြောက်စရာ ကောင်းတယ်။

ဖန်ကျန်းရှီကတော့ ပင်းယန် ဘယ်လောက်အထိ ကြောက်စရာ ကောင်းနိုင်မှန်း သေချာ မသိခဲ့ဘူး။ အခုတော့ ကိုယ်တိုင် တွေ့ကြုံ ခဲ့ရပြီ။ ပင်းယန် လုပ်ခဲ့တဲ့ တိုက်ခိုက်မှုက စွမ်းအားနဲ့ ရှု့ထောင့် အရာမှာ အရမ်းကို အညှာအတာ ကင်းမဲ့တယ်။ လှိုင်းထန်နေတဲ့ ပင်လယ် ပြင်ကြီးလိုပဲ။

ဒါပေမယ့် ဒီလို အားပြင်းတဲ့ တိုက်ခိုက်မှု အလည်မှာ သူ့ ပေါင်ခြံဆီ ပြေးဝင်လာတဲ့ ခြေထောက် တစ်ဖက်ကိုပါ သူမြင်လိုက်ရတယ်။ အမှန်ပဲ။ နောက်ဆုံး အကြိမ် သူတွေ့ခဲ့တဲ့ ဖြူစင်ပြီး ချစ်စရာ ကောင်းတဲ့ ပင်းယန်က အခု ပင်းယန်နဲ့ မတူတော့ဘူး။ တကယ်တော့ တခြားသူ တစ်ယောက် လွှမ်းမိုးတာ ခံလိုက်ရပြီး အရမ်းကို ကောက်ကျစ် နေခဲ့ပြီ။

အနည်းဆုံး သူမရဲ့ အာရုံလွှဲ အကွက်က ပြီးပြည့်စုံတယ်။ တိုက်ခိုက်မှု ခန္ဒာကိုယ် အရှိန်တွေ မျက်နှာ အမူအယာတွေ အားလုံးက ပြစ်ချက်ကင်းတယ်။

သာမာန် လူတွေကတော့ သေချာပေါက် ခေါင်းကို ကာကွယ်ဖို့ တစ်ခုပဲ အာရုံ စိုက်ကြလိမ့်မယ်။ ဒီအချိန်မှာ ပေါင်ခြံကို တိုက်ခိုက်တာက မမျှော်လင့် ထားစရာ ကောင်းတဲ့ အကွက်ပဲ။

ဒါပေမယ့် ဖန်ကျန်းရှီက သာမန် လူတစ်ယောက် မဟုတ်ခဲ့ဘူး။ တင်ပါးကို မြှောက်ပြီး ခြေထောက်ကို စုတယ်။ လှံကို ခေါင်းငုံ့ပြီး ရှောင်တယ်။ မြင်းထိုင် ထိုင်သလို ပုံစံမျိုးနဲ့ သူ့ပေါင်ခြံကိုလဲ ကာကွယ်လိုက်တယ်။

အချိန်တွေက အခု အခိုက်အတန့်မှာ ရပ်တန့် သွားသလိုပဲ။ အထိတ်တလန့် မျက်နှာတွေပေါ်မှာ လေပြည်ညင်းက ဖြတ်သန်း တိုက်ခတ် နေခဲ့တယ်။ ဒါပေမယ့် နှင်းတွေတော့ မကျသေးဘူး။

အသက်မဲ့နေတဲ့ ကဗျာ တစ်ပုဒ်လိုပဲ။ ပင်းယန်ကတော့ မျက်လုံး ပြူးသွားခဲ့တယ်။

သူမရဲ့ ပါးစပ် သေးသေးလေးက (ဝ) ပုံစံ ဖြစ်ရင်း၊ မယုံနိုင်မှု အပြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။ လက်ထဲက ရဲရဲတောက် ချီလင်လှံကိုတောင် လွှတ်ချ မိတော့ မလိုပဲ။

ဖန်ကျန်းရှီက ဒီလို ပြီးပြည့်စုံတဲ့ တိုက်ခိုက်မှုကို ဘယ်လိုများ ခုခံ နိုင်တာလဲ။

မိုးနတ်မင်းရေ။

ပင်းယန် သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေခဲ့တယ်။ သူမ အံ့အားသင့်၊ ကူကယ်ရာမဲ့ပြီး စိတ်ရှုပ်ထွေး နေခဲ့တယ်။ အခုချိန်မှာ အော်ဟစ်ပြီး အသက်ဘေးက လွတ်အောင် ထွက်ပြေးချင်တယ်။

သူမ လှည့်ထွက် လာချိန်မှာပဲ သူမရဲ့ ခြေဖဝါးတွေ့ မုန့်ထျန်းရဲ့ ခြေထောက်တွေကြားမှာ ညပ်နေတာကို မြင်လိုက် ရတော့တယ်။

သူမ ဆွဲထုတ်ဖို့ အကောင်းဆုံး ကြိုးစား ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ ပင်းယန် စိတ်ပျက်လာတယ်။ အဲ့ဒီ့နောက် လေထဲမှာ သံပုရာမှုန့်တွေ ပြည့်သွားတော့တယ်။

“ရယ်စရာ ကောင်းလိုက်တာ။” သံပုရာမှုန့်တွေနဲ့ ကူကယ်ရာ မဲ့နေတဲ့ ပင်းယန်ကို ကြည့်ရင်း ဖန်ကျန်းရှီ စိတ်ထဲမှာ ထူးချွန်တဲ့ ကျောင်းသား တစ်ယောက်ကို မွေးထုတ် ပေးခဲ့ မိသလို ပျော်ရွှင် လာခဲ့တယ်။

ဒီ ထူးချွန်တဲ့ ကျောင်းသားက ဖန်ကျန်းရှီ သင်ပေး ခဲ့သမျှ နည်းလမ်းတွေ အားလုံးကို အကောင်းဆုံး အသုံး ခဲ့တာပဲ။ ကူကယ်ရာမဲ့ မျက်နှာပေးကို ဖန်တီးရင်း သံပုရာမှုန့်တွေကို ဖန်ကျန်းရှီဆီ ပြစ်လွှတ် ခဲ့သေးတယ်။

အပိုင်း (၉၃၇) ပြီး၏။

အပိုင်း (၉၃၈)

“ရစ်ပတ်ခြင်း။ ရူးချင်စရာ ကောင်းလောက်အောင် လှည့်ပတ်ခြင်း။”

လူတစ်ယောက်က ကိုယ်ပြုတဲ့ အမှားကို ဝန်မခံနိုင်ဘူး ဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ ဖန်ကျန်းရှီကတော့ ကိုယ်တိုင် ကြုံတွေ့ နေရပြီ။

သံပုရာမှုန့်တွေက သူ့ဆီ ရောက်လာနေတာ မြန်လွန်းတယ်။ ဒီလို နီးကပ်လွန်းတဲ့ နေရာမှာ သူအပြည့်အ၀ ခုန်မရှောင် နိုင်ခဲ့ဘူး။

ဆိုရိုးစကား ရှိတဲ့ အတိုင်း (တံငါနားနီး တံငါ၊ လူဆိုးနားနီး လူဆိုးတဲ့။)

သံပုရာမှုန့်တွေကက သူ့မျက်နှာပေါ်ကို တည့်တည့် လာနေခဲ့ပြီ။ အဲ့ဒီ့နောက် သူ့ဆီကို လာနေတဲ့ အင်အားကြီး တစ်ခုကို ဖန်ကျန်းရှီ ခံစား လိုက်ရတယ်။

ပင်းယန် သံပုရာမှုန့်တွေနဲ့ ဖြန်းပြီးတဲ့နောက် ချင်းယွိ၊ ဧကရာဇ် လင်းမုပိုင်နဲ့ လင်းယွမ် မျှော်စင်က တခြား တပည့်သားတွေ အတူတူ တိုက်ခိုက် ကြပြီ။

သူမြေအောက်ပဲ ဝင်ပုန်း နေရမလား။

လွန်ခဲ့တဲ့ ၆လတုန်းကသာ ဖြစ်ခဲ့ရင်တော့၊ သေချောပါက် မြေအောက်ကို ဝင်ပုန်း မိမှာပဲ။ မမြင်ရတဲ့ အချိန်မှာ တိုက်ခိုက်မှုတွေ အားလုံးကို တားဆီးဖို့က ခက်ခဲ လွန်းတယ်လေ။ ဒါပေမယ့် အခုချိန်မှာတော့ သူမလုပ်နိုင် ခဲ့ဘူး။

သံပုရာမှုန့်ကြောင့် တစ်ခဏတာ အမြင်ကွယ် သွားချိန်မှာတော့ အဖြူနဲ့ အနက် လောကကြီးက ဖန်ကျန်းရှီရဲ့ မျက်လုံး ရှေ့မှာ ပေါ်လာတော့တယ်။ ဒီလောကမှာ ဆိုးယုတ် ကောက်ကျစ်တဲ့ အပြုံးနဲ့ ပင်းယန်က သူ့မျက်လုံးတွေကို သူ့ရဲ့ ရှည်လျားတဲ့ လက်တွေနဲ့ ထိုးဖောက်ဖို့ ပြင်နေတယ်။

“မျက်လုံးကို ဖောက်တာလား။” ပင်းယန်က သူသင်ပေး ထားတဲ့ ပညာရပ်ကို ပညာရှင် အဆင့်ထက် သာအောင် ကျွမ်းကျင်နေပြီလို့ ဖန်ကျန်းရှီ ခံစား လိုက်ရတယ်။ အကယ်၍ သူမသာ ဒီလို အရှက် မရှိတဲ့ လုပ်ရပ်မျိုးကို လုပ်နိုင်ရင်၊ သူ မလုပ်နိုင်တာ ဘာထပ် ရှိအုန်းမလဲ။

ချင်းယွိနဲ့ ဧကရာဇ် လင်းမုပိုင်ရဲ့ တိုက်ခိုက်နည်း တွေကတော့ ပိုပြီး ရိုးရှင်းတယ်။ ဒါပေမယ့် ရိုးရှင်းတယ် ဆိုတာ စကား အဖြစ်ပဲ။ ဆာလောင်နေတဲ့ ကျားရဲ့ ခုန်အုပ်မှုလို ပုံစံနဲ့ ဧကရာဇ် လင်းမုပိုင် တိုက်ခိုက်တယ်။ ဦးနှောက်ဖောက်စားပြီး ပေါက်ကွဲစေတဲ့ နည်းလမ်းနဲ့ ချင်းယွိက တိုက်ခိုက်တယ်။

လောကကြီးမှာ ဘာတွေ ဖြစ်ကုန်တာလဲ။ ချက်ခြင်းဆိုသလို ဖန်ကျန်းရှီက သူ့ခေါင်းကို ဘယ်ဘယ် လှည့်ပြီး ခန္ဒာကိုယ်ကို လိမ်လိုက်တယ်။ ပငန်းယန်ရဲ့ တိုက်ခိုက်မှုကို ခုန်ရှောင် နိုင်ခဲ့တယ်။ မကြာခင်ပဲ ဦးနှောက် တစ်ခုလုံး နာကျင်စေတဲ့ ပေါက်ကွဲမှု လာနေတာကို ခံစား လိုက်ရပြန်တယ်။

ဧကရာဇ် လင်းမုပိုင်ရဲ့ တိုက်ကွက်ကိုတော့ ရင်ဆိုင်ဖို့ ပိုပြီး လွယ်ကူတယ်။ မဟူရာ ကျားနှလုံးကို ထွင်းဖောက် ဆိုတဲ့ ပုံစံနဲ့ သူပြစ်မှတ် ထားလိုက်တယ်။ အဲ့ဒီ့နောက် ပေါက်ကွဲသံကြီးကို သူကြားလိုက်ရတယ်။

ဝုန်း။ ဧကရာဇ် လင်းမုပိုင်ရဲ့ ခန္ဒာကိုယ်က အနည်းဆုံး ဆယ်ပေ အကွာကို လွင့်ထွက် သွားတယ်။ ဖန်ကျန်းရှီဆီ ပြေးဝင် လာနေတဲ့ တပည့်သားတွေဆီကို လွင့်ထွက်သွားတော့တယ်။

ချင်းယွိ ပင်းယန်နဲ့ ဧကရာဇ်လင်းမုပိုင်ကတော့ ဒီလို ရုတ်တရက်အပြောင်း အလဲကို လိုက်မမှီနိုင်ခဲ့ဘူး။ ဖန်ကျန်းရှီက သံပုရာမှုန့်တွေကြောင့် အမြင်ကွယ်နေတာ အသိသာကြီးပဲလေ။

ဒါတောင် သူက အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ အတိုင်း ပြုမူ နေခဲ့တယ်။

အထိတ်တလန့်နဲ့ ကြောက်ရွံ့မှုတွေကို ဧကရာဇ် လင်းမုပိုင်၊ ချင်းယွိနဲ့ ပင်းယန် အားလုံးရဲ့ မျက်နှာမှာ အထင်းသား မြင်နေ ခဲ့ရတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ နောက်ဘက်က မဟူရာ တောင်ပံ တစ်စုံ လှုပ်ရှားတော့တယ်။

ခပ်ကြမ်းကြမ်း ခတ်လိုက် ချိန်မှာတော့ လေစီးကြောင်းကြီး တစ်ခု ဖြစ်ပေါ် လာတော့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က လင်းယွမ် မျှော်စင်ပေါ်ကို ဦးတည်ပြီး ပျံသန်း သွားတော့တယ်။ ဒီလိုနည်းနဲ့ ပင်းယန်လဲ သူနဲ့ အတူ ပါသွားခဲ့တယ်။

ပင်းယန်ရဲ့ ခြေထောက်က ဖန်ကျန်းရှီရဲ့ ခြေထောက်ကြားမှာ ညပ်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ သံမဏိလို ခြေထောက်တွေ ကြားကနေ သူဘယ်လိုမှ ရုန်းမထွက် နိုင်ခဲ့ဘူး။

“အား။” ပင်းယန်ရဲ့ သံရှည်စွဲပြီး အော်ဟစ်ရင်း ဇောက်ထိုး ဖြစ်နေတဲ့ ခန္ဒာကိုယ်နဲ့ လှံကို ဆက်တိုက်ထိုး နေခဲ့တယ်။ ချင်းယွိကတော့ လေထဲကို ခုန်ပျံ လာခဲ့တယ်။ ခေါင်းပေါ်က လရှစ်စင်းနဲ့ ဓားနှစ်လက်ကို ဝေ့ယမ်းရင်း သူမရဲ့ ပုံစံက အရမ်းကို အေးစက် နေခဲ့ပြီ။ အခြေအနေ အလှည့်အပြောင်း မှာတောင် စိတ်ကို တည်ငြိမ်အောင် ထိန်းထားတုန်းပဲ။

ချင်းယွိက တိုက်ပွဲ အတွေ့အကြုံ တကယ် ကြွယ်ဝတယ်။ ဒီလို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင် နေရတာတောင် အရမ်း တည်ငြိမ်လွန်း နေခဲ့တယ်။ ဒါပေမယ့် သူမရဲ့ ပြိုင်ဘက်က ဖန်ကျန်းရှီ ဖြစ်နေခဲ့တယ်။

သူ့မြင်ကွင်းထဲမှာ အဖြူ အမည်းတွေသာ ရှိပေမယ့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ပင်းယန်ရဲ့ လက်ထဲမှာ ရှိနေတဲ့ ချီလင်လှံကိုတော့ မကြောက်ရဘူး။

လက်လှမ်းရင်း ချီလင်လျံကို သိမ်းယူလိုက်တယ်။ နည်းနည်း ခက်ခဲပြီး ရိုးရှင်းတဲ့ လှုပ်ရှားမှု တစ်ခုပဲ။ ဒါပေမယ့် သက်ရောက်မှုကတော့ အထင်ကြီးစရာ ကောင်းတယ်။

ဖန်ကျန်းရှီ ချီလင်လှံကို လုပြီး ချိန်မှာပဲ ငွေရောင် ဓားနှစ်ချောင်းက သူ့ဆီကို ရောက်ရှိ လာတော့တယ်။ အေးစက်နေတဲ့ ဓားနှစ်ချောင်းက သူ့ခြေထောက်ကို လာဦးတည်တယ်။ မျက်လုံးတွေ မှိတ်ထားတာတောင် ဓားနှစ်လက်ရဲ့ ထက်ရှမှုကို ခံစား နေရတယ်။ ဒါကိုသာ မတော်တဆ ထိမိလိုက်ရင်၊ သေချာပေါက် အကြောသေ သွားမှာပဲ။

“ရက်စက်လိုက်တာ။” ဖန်ကျန်းရှီက အသက်ပြင်းပြင်း ရှူလိုက်တယ်။ သူ့ခြေထောက်တွေကို လှုပ်ရှားရင်း နှစ်လက်မ အမြင့်ကို ရွေ့လျားတယ်။

ဝူး။ ဓားအလင်းတန်း နှစ်ခုက ခြေဖျားတွေကို ဖြတ်သန်းသွား ခဲ့တယ်။ သူ့ခြေဖျား ထိပ်အောက်မှာ ရေခဲလွှာ တစ်ခု ဖြစ်တည် လာတော့တယ်။

“ဒါဘယ်လိုများ ဖြစ်နိုင်မှာလဲ။” ချင်းယွိက အရမ်းကို မျက်လုံး ပြူးနေခဲ့တယ်။ အကယ်၍ ဖန်ကျန်းရှီသာ သူ့ရဲ့ ပင်ကိုယ် သိစိတ်ကို သုံးပြီး သူတို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို ရှောင်ရှားခဲ့တယ် ဆိုရင်၊ အခု ဖြစ်နေတဲ့ အဖြစ်ကို ဘယ်လိုများ ရှင်းပြလို့ ရနိုင်မှာလဲ။

မဖြစ်နိုင်တာပဲ။ ဒီလောက် အထိ တိတိကျကျကြီး သိနေတာက မဖြစ်နိုင်ဘူး။

သံသယအပြည့်နဲ့ ချင်းယွိက ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေကို ကြည့်လိုက်တယ်။ တင်းတင်းကြပ်ကြပ် မှိတ်ထားတုန်းပဲ။ ဒါတောင် လှုပ်ရှားမှုတွေကို မြင်နေတယ်လား။

ကြောက်စရာ ကောင်းလိုက်တာ။

အကယ်၍ ဒီမြင်ကွင်းကို စာလုံး တစ်လုံးတည်းနဲ့ ဖော်ပြရရင် (ကြောက်စရာ ကောင်းတယ်။) ကြောက်စရာ ကောင်းတဲ့ လှုပ်ရှားမှု၊ ကြက်သီးထ စရာကောင်းတဲ့ မြင်ကွင်း။ ကြောက်စရာ ကောင်းလွန်းလို့ တွေးကြည့်ရုံနဲ့တင် လူကို တုန်ယင် သွားစေတယ်။

ချင်းယွိ ခေါင်းမော့ကြည့်လိုက် ချိန်မှာ ဖန်ကျန်းရှီရဲ့ ခြေထောက်တွေကို အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ လှုပ်ရှား နေတာကို မြင်လိုက်ရတယ်။ ခက်ခဲတဲ့ လှုပ်ရှားမှု တစ်ခုတော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ဒီလှုပ်ရှားမှုရဲ့ အတွင်းကျကျ ထက်မြက်မှုကို စကားနဲ့တောင် ဖော်ပြလို့ မရနိုင်ခဲ့ဘူး။

ဘန်း။ ချင်းယွိက သူ့နောက်ကျောကို ခြေထောက်နဲ့ တက်နင်း ခံလိုက် ရသလို ခံစား ရပြီးနောက် မြေပြင်ပေါ်ကို ပြုတ်ကျ သွားတော့တယ်။

ဘန်း။

ဖန်ကျန်းရှီက သူမကို တက်နင်း လိုက်တယ်။

“အယုတ်တမာကောင်။ ငါ့အမေကို မထိနဲ့။” လွတ်မြောက် သွားခဲ့တဲ့ ပင်းယန်က ဒါကို မြင်ချိန်မှာ လက်သီးနဲ့ ထိုးတော့တယ်။ ဖန်ကျန်းရှီကတော့ ပြုံးနေခဲ့တယ်။ အခြေအနေကို ပြန်ထိန်းချုပ် နိုင်တာက အတော့်ကို ကောင်းတယ်။ ချင်းယွိနဲ့ ဧကရာဇ် လင်းမုပိုင်ကို ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ တိုက်ပွဲက မပြီးမှန်း သူသိတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ ပင်းယန်ကို

အမိဖမ်း ထားဖို့ပဲ။

ပင်းယန်ကို ဖမ်းထားနိုင်ရင်၊ ဧကရာဇ် လင်းမုပိုင်နဲ့ ချင်းယွိ နှစ်ယောက်လုံး သူ့ကို နာခံ ရလိမ့်မယ်။

“ပင်းယန်။”

“ယန်အာ။”

“မျှော်စင် သခင်ငယ်။”

အသံတွေက ဆက်တိုက် ထွက်ပေါ် လာခဲ့ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ပင်းယန်ရဲ့ လက်သီးကို ဖန်ကျန်းရှီက ဖမ်းဆွဲလိုက်ပြီ။ သူမကို ရင်ဘတ်နား ကပ်ထားခဲ့တယ်။

“ငါ့ကို လွှတ်စမ်း။ ငါ့ကို လွှတ်စမ်း။ အယုတ်တမာကောင်။” ပင်းယန်က ဆက်တိုက် ရုန်းကန် နေခဲ့တယ်။ ဖန်ကျန်းရှီကို ဆက်တိုက် ထုရိုက် နေပင်မယ့်၊ အသုံးမဝင် ခဲ့ဘူး။ ဖန်ကျန်းရှီကတော့ ပင်းယန်ကို ဆက်တိုက် တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သူမ စိတ်ကြိုက် ရုန်းကန်ခွင့် ပေးထားခဲ့တယ်။

“အခုတော့ မျှော်စင် ခေါင်းဆောင်ချင်း၊ ငါတို့တွေ ဆွေးနွေးလို့ ရပြီလား။” ပြုတ်ကျသွားတဲ့ ချင်းယွိနဲ့ နောက်ထပ် လှုပ်ရှားဖို့ တွန့်ဆုတ်နေတဲ့ ဧကရာဇ် လင်းမုပိုင်ကို ကြည့်ရင်း မေးလိုက်တယ်။

“မုန့်ထျန်း။ နင်ဘာ လိုချင်တာလဲ။” ချင်းယွိက ချက်ခြင်း ထရင်း မေးလိုက်တယ်။

“ပူးပေါင်းမယ်။” ဖန်ကျန်းရှီက တိုက်ရိုက် ပြောလိုက်တယ်။

“အိပ်မက် မက်နေလိုက်။ ငါသေမှပဲ ရမယ်။ နင်တို့ မိစ္ဆာ နတ်ဆိုးတွေရဲ့ အစေခံ အဖြစ် မခံနိုင်ဘူး။” ချင်းယွိက ချက်ခြင်း ငြင်းပယ်တယ်။

“ငါပြောထား ပြီးသားပဲ။ ငါက မိစ္ဆာ နတ်ဆိုး မဟုတ်ဘူး။ ငါက မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်း။” ဖန်ကျန်းရှီ ခေါင်းခါရင်း ရှင်းပြတယ်။

“ငါနင့်ကို ယုံမယ်လို့ ထင်လား။” ချင်းယွိ ပြန်အော်တယ်။

“ကောင်းပြီ။ ဒါပေမယ့် ပူးပေါင်းတာက မင်းကို ယွင်ချင်းဝူရဲ့ အစေခံ ဖြစ်စေရမယ်လို့ မဆိုလိုဘူး။ သူ့ကို သတ်ပေး စေချင်တယ်။” ဖန်ကျန်းရှီ ပြောတယ်။

“ဟဟား။ ဒီလို နည်းလမ်းတွေ ငါအကြိမ်ကြိမ် မြင်ဖူးပြီးသား။ လင်းယွမ် မျှော်စင်ကို ဒီလို လာပြီး လှည့်စားလို့ ရမယ် ထင်နေတာလား။ မဖြစ်နိုင်ဘူး။” ချင်းယွိ ငြင်းပယ်လိုက်တယ်။

“မင်းက တကယ့်ကို ခေါင်းမာတာပဲ။” ဖန်ကျန်းရှီ ခေါင်းကိုက် လာတော့တယ်။

ချင်းယွိ ပြောတာလဲ မှန်နေခဲ့တယ်။ ဒီလို ကိစ္စမျိုးက မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ အကွက်ချတာလဲ ဖြစ်နိုင်တယ်လေ။

ချင်းယွိက ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ဧကရီ ဖြစ်ခဲ့ဖူးသူ။ တော်ဝင် ညီလာခံမှာ အငြင်းအခုန်တွေ၊ လှည့်စားမှုတွေ အများကြီး မြင်တွေ့ ခဲ့ဖူးပြီ။ ဒါကြောင့် သူမကို တောင်းဆိုတာက အသုံး မဝင်ဘူး။

“နင် ငါနဲ့ ပူးပေါင်းချင်ရင်၊ လေးစားမှုကို ပြ။” ချင်းယွိ အံကြိတ်ရင်း ပြောလိုက်တယ်။

“ငါက ညှိနှိုင်းဖို့ စည်းမျဉ်းတွေ ချသူ ဖြစ်သင့်တယ် မဟုတ်လား။” ဖန်ကျန်းရှီ မျက်လုံး ပြူး သွားခဲ့တယ်။ ချင်းယွိ ညှိနှိုင်းတဲ့ ပုံစံကို သူအထင်ကြီး သွားခဲ့တယ်။

စကားတွေက သာမာန် ထင်ရပေမယ့်၊ တခြား တဖက်သူကို ချက်ခြင်း နေရာ ပြောင်းသွား စေတယ်။

“နင်လေးစားမှု မပြရင် ငါ့ကို ညှိနှိုင်းဖို့ မမျှော်လင့်နဲ့။” ချင်းယွိက ခေါင်းကို လှည့်လိုက်ပြီး ဂရု မစိုက်သလို ဟန်ဆောင် နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို သူခိုးကြည့်တယ်။

“ဒါဆိုရင်လဲ နှုန်ဆက်လိုက်ပါတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အတောင်ပံတွေကို ခတ်ရင်း ကောင်းကင်ကို လေအဟုန်နဲ့ ပျံသန်း သွားတော့တယ်။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ သူပျောက်ကွယ် သွားခဲ့ပြီ။

သူထွက်သွားတယ်။

သူတကယ်ကြီး ထွက်သွားတယ်။

အပိုင်း (၉၃၈) ပြီး၏။

အပိုင်း (၉၃၉)

“ဂူတစ်ခုကိုရှာ။ ကောင်မလေးနဲ့ ရင်ဆိုင်။”

ညှိနှိုင်းမှု တစ်ခုမှာ ဒီအတိုင်း ပျောက်ကွယ် သွားတာထက် ပိုပြီးတော့ ဆွံ့အ စေနိုင်မယ့် ကိစ္စက ဘာရှိမှာလဲ။ ဒါ့အပြင် မုန့်ထျန်းက ပင်းယန်နဲ့ ထွက်သွားခဲ့တယ်။

စကားပဲ ပြောပြီး ဘာမှ ဖြစ်မလာဘူး။ နေစမ်းပါအုန်း။

“ယန်အာ။” ချင်းယွိ ဟိန်းဟောက်ရင်း ပျံသန်းတယ်။ လင်းယွမ် မျှော်စင် ခေါင်းဆောင် ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် လျစ်လျူရှု လိုက်ပြီ။

လင်းမုပိုင်ကတော့ မြေပြင်မှာပဲ အမြစ်တွယ် နေခဲ့တယ်။ ဘာကြောင့် မုန့်ထျန်းက ဒီလို ထွက်သွားတာလဲ။ သူ့ကို ရွေးချယ် ညှိနှိုင်းခွင့်တောင် မပေးခဲ့ဘူး။

လောကကြီးမှာ ဘာတွေ ဖြစ်နေတာလဲ။

မုန့်ထျန်းက ပင်းယန်ကို ဖမ်းဖို့ အတွက် ရောက်လာတာလား။ ဒီအချိန်မှာပဲ ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်နှာ အမူအယာက လုံး၀ ပြောင်းလဲ သွားတော့တယ်။ ဒီလိုသာ ဖြစ်ရင် လင်းယွမ် မျှော်စင်ကတော့ တကယ် အဆုံးသတ် တော့မှာပဲ။

အကယ်၍ ပင်းယန်ကိုသာ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ ထိန်းချုပ် လိုက်ရင် လင်းယွမ် မျှော်စင်က လူသား လောကမှာ ဘယ်လိုများ တည်ရှိ နိုင်တော့မှာလဲ။ သူတို့တွေ ဒီလောကကြီးမှာ ဘာမှ မလုပ်နိုင်ပဲ ဆက်တည်ရှိ နေရတော့မှာလား။

“သူ့နောက်ကိုလိုက်။ ပင်းယန်ကို ပြန်ခေါ်။” ဧကရာဇ် လင်းမုပိုင် အော်ရင်းနဲ့ လင်းယွမ် မျှော်စင် အပြင်ကို ပြေးထွက် သွားတော့တယ်။ လင်းယွမ် မျှော်စင်အပြင် ထွက်ပေါက်မှာတော့၊ ဖန်ကျန်းရှှီက ပင်းယန်ကို အစွမ်းကုန် ဖက်ထားခဲ့တယ်။ ပင်းယန် ပြုတ်ကျပြီး တစ်ခုခု ထိခိုက်သွားမှာကို သူစိုးရိမ်တယ်။

“လွှတ်စမ်း။ ငါ့ကို လွှတ်စမ်း။ အယုတ်တမာကောင်။” ပင်းယန်က အစွမ်းကုန် ရုန်းကန်နေတယ်။ ဆက်တိုက် လက်သီးနဲ့ ထိုးရင်း အော်ဟစ် ကျိန်ဆဲ နေခဲ့တယ်။ ဒဏ္ဍာရီလာ သမိုင်းဝင် အဆဲ စကားတွေနဲ့ ကျိန်ဆွဲတယ်။ “နင် နင် ငါ့ကို မလွှတ်ရင်၊ ငါနင့်ကို ကျိန်စာ တိုက်ပြစ်မယ်။ မြင်းငါးကောင်နဲ့ ဆွဲပြီး အသေသတ် ခံရပါစေ။”

ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ရွှေနန်းတော်ကြီးထဲမှာ ကြီးပျင်းခဲ့ရတဲ့ ပင်းယန်က တကယ်တော့ ရိုးသားတဲ့ ကလေးတစ်ယောက်။ ကျိန်ဆဲ နည်းကိုတောင် အများကြီး မသိဘူး။

“လှုပ်ရှားနေတာ ရပ်လိုက်တော့၊ မင်းနောက်ထပ် လှုပ်ရှားရင် မင်းတင်ပါးတွေ ပုတ်သွားတဲ့ အထိ ငါရိုက်ပြစ်မယ်။” ဖန်ကျန်းရှီ ပြောရင်း သူ့လက်ကို မြှောက်လိုက်တယ်။

“နင် အတင့်ရဲ လိုက်တာ။ ကောင်းပြီ ကောင်းပြီ။ ငါမလှုပ်တော့ဘူး။” ပင်းယန်က မကြာခင်ပဲ ငြိမ်သက် သွားတော့တယ်။

ဒါပေမယ့် သူမရဲ့ မျက်ဝန်းတွေကတော့ ဆက်တိုက် လှုပ်ရှား နေခဲ့တယ်။ တခုခုကို ကြံစည် နေပုံပဲ။ ပင်းယန်က အရမ်းကို အကြံအစည်များတာ ဖန်ကျန်းရှီ သိတယ်။ သူသာ ဂရုမစိုက် လိုက်ရင် သေချာပေါက် သူမ လှည့်စားတာ ခံရမှာပဲ။

မဟုတ်ဘူး။ သူနဲ့ ဒီနည်း အတိုင်း ဆက်တိုက်ခိုက် နေလို့ မဖြစ်တော့ဘူး။ အကယ်၍ သူသာ ပင်းယန် လှည့်စားတာ ခံလိုက်ရရင်၊ သူ့ရဲ့ ဂုဏ်သတင်းက ပျက်သွားလိမ့်မယ်။ ပင်းယန်ကို နောက်ထပ် ထိန်းချုပ် နိုင်တော့မှာ မဟုတ်ဘူး။

ပင်းယန်ကို သတိပေးသင့်တယ်လို့ ဖန်ကျန်းရှီ ခံစားရတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေက ရှုပ်ထွေးလွန်း နေတယ်။ လင်းယွမ် မျှော်စင် တပည့်သားတွေကြားမှာ ဘယ်လိုတွေ ဖြစ်နေမှန်း မိုးနတ်မင်းသာ သိနိုင်လိမ့်မယ်။

လင်းယွမ် မျှော်စင်က သန့်စင်ပြီး ယွင်ချင်းဝူ မွေးမြူထားတဲ့ သူလျှို မရှိဘူး ဆိုတဲ့ စကားကို အရူးတွေသာ ယုံလိမ့်မယ်။ လင်းယွမ် မျှော်စင်ကနေ ရအောင် ထွက်ရမယ်။ ဂူအလွတ် တစ်ခု ရှာပြီး ပင်းယန်နဲ့ သေချာ စကား ပြောရမယ်။

“ရပ်စမ်း။”

“မုန့်ထျန်း။ ပင်းယန်ကို လွှတ်လိုက်။ ငါတို့တွေ နောက်ထပ် ဆွေးနွေးလို့ကြမယ်။”

“ငါတို့ ပူးပေါင်းဖို့ သဘောတူတယ်။”

ဖန်ကျန်းရှီ တွေးတော နေချိန်မှာပဲ။ ဧကရာဇ် လင်းမုပိုင်နဲ့ လင်းယွမ် မျှော်စင် တပည့်သားတွေရဲ့ အသံကို ကြားလိုက်ရတယ်။ သူတို့တွေ အရမ်းကို စိုးရိမ် နေကြပုံပဲ။

“အခုမှ ပူးပေါင်းချင်တယ်တဲ့လား။ နောက်ကျလွန်း သွားပြီ။” ဖန်ကျန်းရှီက အခုချိန်မှာ မညှိနှိုင်း ချင်တော့ဘူး။ ယုံကြည်မှု မရှိတဲ့ ပူးပေါင်းမှုက အသုံးမဝင်ဘူးလေ။ အန္တရာယ် များလွန်းတယ်။

ပြောရရင်၊ အစတုန်းက လင်းယွမ် မျှော်စင်နဲ့ ညှိနှိုင်းဖို့ သူ့မှာ စိတ်ကူး ရှိခဲ့တယ်။ ဒါပေမယ့် ချင်းယွိက သူ မိစ္ဆာ နတ်ဆိုး မဟုတ်မှန်း ယုံမယုံ အပေါ် ညှိနှိုင်းမှုက မူတည် လိမ့်မယ်။ ရန်သူ့ရဲ့ ရန်သူက မိတ်ဆွေပဲ။ ဒါဆို ပူးပေါင်းလို့ ရပြီ။

ချင်းယွိကတော့ သူ့ကို မယုံခဲ့ဘူး။ ဒီတော့ ဘယ်လိုများ ပူးပေါင်းလို့ ရနိုင်မှာလဲ။ တစ်ုခတည်းသော နည်းလမ်းကတော့ သူ့မျက်နှာက အဝတ်ကို ဖယ်ပြီး သူ့ရုပ် အစစ်ကို ပြလိုက်ဖို့ပဲ။ ဒီလို လုပ်လိုက်ရင် မြောက်ရွာကတော့ အန္တရာယ် ကျရောက်လိမ့်မယ်။

ချင်းယိကို မြောက်ရွာမှာ ထားထား ခဲ့ပေမယ့်၊ သူမ ကာကွယ် နိုင်တဲ့ အရေအတွက်က အကန့်အသတ် ရှိတယ်။ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲကို ကာကွယ်ဖို့ပဲ အာမခံ နိုင်တယ်။

(တခါသေဖူး ပျင်ဖိုး နားလည်တဲ့။)

ဖန်ကျန်းရှီရဲ့ ကိစ္စနဲ့ သိပ်ပြီးတော့ မသက်ဆိုင် ပေမယ့်၊ သတိထားဖို့ အရေးကြီးမှန်း သူသိတယ်။ လင်းယွမ် မျှော်စင် နယ်မြေကနေ ထွက်ခွာရမယ်။ ပင်းယန်သာ သူနဲ့ ရှိနေရင်၊ လင်းယွမ် မျှော်စင်ကို ပူးပေါင်းခိုင်းဖို့ မခက်ဘူး။

သူမရပ်တန့် သလို ပြန်လဲ မဖြေခဲ့ဘူး။ မျှော်စင်အပြင်ကို ခပ်မြန်မြန် ပျံသန်းတယ်။ ဧကရာဇ် လင်းမုပိုင်နဲ့ တပည့်သားတွေ ရဲ့ မြင်ကွင်းကနေ ပျောက်ကွယ် သွားတော့တယ်။

“ပင်းယန်။”

“မျှော်စင် ခေါင်းဆောင်ငယ်။”

“ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ သူက ငါတို့နဲ့ မပူးပေါင်းတော့တာလဲ။ ဘာဖြစ်လို့ ငါတို့နဲ့ မညှိနှိုင်းတော့တာလဲ။” ဧကရာဇ် လင်းမုပိုင်က စိတ်ပင်ပန်းမှု အပြည့်နဲ့ အော်ဟစ် နေခဲ့တယ်။

မုန့်ထျန်းက ဒါကို ညှိနှိုင်းဖို့ တမင်တကာ အကွက်ဆင်ပြီး လုပ်ခဲ့တယ်လို့ လင်းမုပိုင် တွေးခဲ့မိတယ်။

ဒါပေမယ့် မုန့်ထျန်းက ပင်းယန်နဲ့ ထွက်သွားခဲ့ပြီ။ မုန့်ထျန်း ဘယ်တုန်းကမှ ညှိနှိုင်းဖို့ အစီအစဉ် မရှိမှန်း သူနားလည် သွားခဲ့တယ်။

“အား။ မုန့်ထျန်း။ ယန်အာကို ငါ့ဆီ ပြန်ပေး။” ငွေရောင် ပုံရိပ် တစ်ခုက ကောင်းကင်မှာ ဥက္ကာပျံ တစ်ခုလို ပျံသန်း သွားတာနဲ့ အတူ အော်သံကြီးကိုပါ ကြားလိုက်ရတယ်။

…

လင်းယွမ် မျှော်စင် ဝင်ပေါက် အပြင် မိုင်ဝက် အကွာမှာတော့၊ ဖန်ကျန်းရှီက နှုတ်ခမ်းတွေကို တွန့်ကွေးရင်း ဟိန်းဟောက်သံ ထွက်လာတဲ့ နေရာကို ကြည့်နေခဲ့တယ်။ ပင်းယန်ရဲ့ လက်မောင်းကို သူတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။

“တကယ့်ကို နှလုံးနာစရာ ကောင်းတာပဲ။” ဖန်ကျန်းရှီ နှာခေါင်းရှုတ် လိုက်ပြီးနောက် ပုန်းလို့ရမယ့် ဂူကို ရှာတော့တယ်။

ဒါပေါ့။ လမ်းတစ်လျှောက်မှာ ပင်းယန်က ရုန်းကန်ရင်း သူ့ကို ကျိန်ဆဲ နေခဲ့တယ်။

ဥပမာ အားဖြင့် ပင်းယန်က သူ့ကို (သွားသေစမ်း။) ကနေ (အယုတ်တမာကောင်)။ (အရှက်မရှိတဲ့ ကောင်စုတ်)ကနေ (-ျီးလိုကောင်)။ အခေါ်အဝေါ်တွေ တိုးတက် လာခဲ့တယ်။

ဒီလို ခိုင်မာတဲ့ ဘာသာစကား သင်ယူမှုကို အခုချိန်မှာ တွေ့နိုင်တယ်။

ကျိန်ဆဲနေတာမျိုးက ဘာသက်ရောက်လဲ။ ဖန်ကျန်းရှီကတော့ ရိုးရိုးသားသားပဲ ဖြေတယ်။ (ဘာမှ မသက်ရောက်ဘူး။)

ဖန်ကျန်းရှီ အရှိန်မြှင့်ပြီး ရှာဖွေတဲ့ အချိန်မှာ မကြာခင်ပဲ ဂူငယ်လေး တစ်ခုကို တွေ့လိုက် ရတော့တယ်။ ဂူဝင်ပေါက် အဝမှာ ယပ်တောင်ပုံစံ အပင် တစ်ချို့လဲ ရှိနေ ခဲ့တယ်။

“နေရာကောင်းပဲ။ ဒီနေရာကို နည်းနည်း ပြင်ဆင်လိုက်ရင် အဆင်ပြေပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ ခုန်ဆင်း လာခဲ့တယ်။

“အား။” ပင်းယန်ကတော့ ကြောက်လန့်တကြား အော်ရင်း ဖန်ကျန်းရှီကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့တယ်။ ဒါက အလိုလျောက် တုံ့ပြန်မှု တစ်ခုပဲ။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ ပင်းယန် တစ်ခုခု ကြံနေပြန်ပြီမှန်း သိတယ်။ ထင်ထားတဲ့ အတိုင်း ဖက်ထားတာ ၂စက္ကန့် ကြာပြီးနောက် သူ့လည်ပင်းနောက်မှာ စူးရှမှု တစ်ခုကို ခံစား လိုက်ရတယ်။

အရမ်းကို မြန်ဆန်လွန်းတယ်။ မြန်ဆန်လွန်းတဲ့ အတွက် ဖန်ကျန်းရှီလဲ ရွေးချယ်စရာ မရှိတော့ပဲ တိုက်ခိုက်မှုကို ခုခံ လိုက်ရတယ်။ သူ့ခန္ဒာကိုယ် တုန်ယင် သွားပြီး ပြင်းထန်တဲ့ အင်အားက လည်ပင်းနောက်ကို ရောက်လာတော့တယ်။

ဒင်။ မာဆတ်ဆတ် အသံနဲ့ အတူ အပြာရောင် သံချောင်းလေး တစ်ချောင်းက မြေပြင်ပေါ်ကို ပြုတ်ကျ သွားခဲ့တယ်။

ဖန်ကျန်းရှီ နဖူးမှာတော့ ချွေးတွေ စီးကျ နေခဲ့ပြီ။ လအနည်းငယ် အတွင်းမှာ ပင်းယန်က ဘယ်လို တိုက်ခိုက်ရမယ်၊ သံပုရာမှုန့်ကို ဘယ်လို ဖြူးရမယ် ဆိုတာ ကောင်းကောင်း သင်ယူ ထားရုံတင် မကဘူး။ အပ်တွေကိုတောင် သုံးနည်း သိလာသေးတယ်။ အပ်တွေက ကလေးတွေ သုံးသင့်လို့လား။

တခြား တစ်ယောက်ကို မှားထိမိရင် ဘယ်လို လုပ်မလဲ။ အပင်တွေကို ထိမိရင်တောင် အဆိပ်သုတ်ထားတဲ့ အတွက် ထိခိုက်နိုင်တယ်။

“အား။ ငါ နင့်ကို သတ်မယ်။” ပင်းယန်ရဲ့ မျက်နှာက သူ့အဆိပ်အပ် မြေပြင်ပေါ်ကို ပြုတ်ကျသွားတာ မြင်ချိန်မှာတော့ မည်းမှောင် သွားတော့တယ်။

ဖန်ကျန်းရှီကတော့ ကျိန်ဆဲ ချင်လာတယ်။ (ဒီကလေးမ အရမ်းကို သောင်းကျန်းလွန်းနေတာ မဟုတ်ဘူးလား။)

ရက်စက် ကောက်ကျစ်တဲ့ နည်းလမ်းတွေလဲ အများကြီး ရှိနေတယ်။

မျက်နှာ အမူအယာကို ကြည့်လိုက်ရင်တောင် သူ့ကို ပုံတူ ပွားထား သလိုပဲ။

ဒီအတိုင်းသာ ဆက်သွားရင် ဒီကောင်မလေး လက်ထဲမှာ ဝှက်ဖဲတွေ ဘယ်လောက်များများ ရှိနေမလဲ ဆိုတာ မိုးနတ်မင်းသာ သိနိုင်လိမ့်မယ်။

“အရူးလို လုပ်နေတာ ရပ်လိုက်တော့။ မင်းက ငတုံးလား။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ ခပ်တိုးတိုး အော်လိုက်တယ်။ ပင်းယန်လဲ ဒီအသံကို ကြားချိန်မှာ ချက်ခြင်း ရပ်တန့် သွားတယ်။

မယုံနိုင်မှုတွေက သူ့မျက်လုံးမှာ အထင်းသား။ အကြောင်းရင်းကတော့ ဖန်ကျန်းရှီ အဲ့ဒီ့ စကားကို ပြောချိန်မှာ မူလ အသံကို သုံးလိုက်လို့ပဲ။

ပင်းယန် ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့တယ်။

“ပါးစပ် ပိတ်။” ဖန်ကျန်းရှီ သူမ ပါးစပ်ကို လက်တစ်ဖက်နဲ့ ပိတ်လိုက်ရင်း သူ့ရှေ့က ဂူထဲကို လှိမ့်ချတော့တယ်။

“အင်းအင်း။” ပင်းယ် ရုန်းကန် နေပင်မယ့်၊ အပြုအမူက ပြောင်းလဲ သွားတော့တယ်။ ဖန်ကျန်းရှီကို လက်တစ်ဖက်နဲ့

ဖက်တွယ်ထားရင်း မျက်နှာဖုံးကို ဆွဲချွတ်တယ်။

ဖန်ကျန်းရှီကတော့ စိတ်ကြိုက် ဆွဲခွင့် ပြုထားခဲ့တယ်။

ပင်းယန်ရဲ့ လက်ချောင်း ဖြူဖြူတွေက ဖန်ကျန်းရှီ မျက်နှာကို ဖြတ်သန်း ပြီးသွား ချိန်မှာတော့ ခံ့ညားတဲ့ မျက်နှာက ပေါ်ထွက် လာတော့တယ်။

“ကောင်မလေး မင်းက တကယ့်ကို ပြဿနာ ရှာတာပဲ။ ငါ့မျက်နှာဖုံးကို ဘယ်လိုတောင် ချွတ်ဝံ့တာလဲ။ ကြည့်ရတာ မြင့်မြတ် နယ်မြေမှာ ပျက်သုန်းချင်ပြီ ထင်တယ်။” ဖန်ကျန်းရှီက သူ့မျက်လုံးတွေကို မှိတ်လိုက်တယ်။ ပင်းယန်ကို နောက်တစ်ကြိမ် ဖက်ပြီး ဂူအပြင်ကို လက်ဝါးနဲ့ တစ်ချက် ရိုက်ထုတ်လိုက်တယ်။

ကျောက်တုံးတွေ ပြုတ်ကျလာပြီး ဂူဝင်ပေါက်ကို ဖုံးအုပ် သွားတယ်။

ဂူတစ်ခုလုံးလဲ အမှောင်ကျ သွားတော့တယ်။

ဒါပေမယ့် အနီရောင် မျက်ဝန်း သုံးစုံက အမှောင်ထုထဲမှာ မီးတောက်တွေလို တောက်ပလာတယ်။ ဒီမျက်လုံးတွေက သွေးဆာမှုတွေ ပြည့်နေခဲ့တယ်။

အပိုင်း (၉၃၉) ပြီး၏။

အပိုင်း (၉၄၀)

“ငါက ငယ်သေးပင်မယ့်၊ နင့်ကို ပေးနိုင်ပါတယ်။”

မြင့်မြတ် နယ်မြေက ဘယ်တုန်းကမှ မငြိမ်းချမ်း ခဲ့ဘူး။ နောက်ဆုံးတော့လဲ ဒီနယ်မြေကြီးမှာ မရေမတွက်နိုင်တဲ့ ဆေးပင်တွေနဲ့ ရတနာတွေ ပြည့်နှက်နေခဲ့တယ်လေ။

ဒါကြောင့် ဂူတွေထဲမှာ သားရဲကောင်တွေ ပုန်းအောင်း နေတတ်တာ သဘာဝပဲ။

ဒါပေါ့။ သားရဲကောင်ကြီး သုံးကောင်က အင်အားကြီးပေမယ့် ဖန်ကျန်းရှီနဲ့ ပင်းယန်ကို မသက်ရောက် ခဲ့ဘူး။

တစ်ခဏ ကြာပြီးနောက် မီးပုံပေါ်မှာ အသားကင် ဖြစ်သွား ကြတော့တယ်။ သူတို့ရဲ့ အသားတွေက အရမ်းကို လတ်ဆတ်တယ်။

ဂူထဲမှာ မီးပုံကြောင့် နွေးထွေး နေပင်မယ့်၊ လေမဝင်တာကြောင့် မွမ်းကြပ် နေခဲ့တယ်။

ပင်းယန်ရဲ့ မျက်နှာကတော့ နီရဲ နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ပေါ်မှာ လဲလျောင်း နေခဲ့ရတာကြောင့်၊ ဒါမှ မဟုတ် မီးပုံက ပူနွေးတာကြောင့် ဖြစ်နိုင်တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ နင်တကယ်ပဲ နတ်ဆိုး အရှင်သခင်ကို ဖမ်းခဲ့တာလား။” ပင်းယန် သူ့ရှေ့က မီးတောက်တွေကို ကြည့်ရင်း အသက်ပြင်းပြင်း ရှူနေခဲ့တယ်။

“ဒါက မပြောပ လောက်တဲ့ ကိစ္စပါ။” ဖန်ကျန်းရှီကတော့ အေးအေးဆေးဆေး ပြန်ဖြေတယ်။ သူ့မျက်နှာပေါ်က သံပုရာမှုန့်တွေလဲ ကင်းစင် သွားခဲ့ပြီ။

“နင် အခုချိန်ထိ အရှက်မရှိ ပြောနေတုန်းပဲ။” ပင်းယန်က ဖန်ကျန်းရှီရဲ့ အင်္ကျီ ရင်ဘတ်ကို နှုတ်ခမ်းနဲ့ ကပ်ရင်း ဆီတွေကို ပွတ်သုတ်နေ ခဲ့တယ်။ “နတ်ဆိုးအရှင်သခင် အခု ဘယ်မှာလဲ။ မြောက်ရွာ အခုချိန်။”

ပင်းယန် သူမ စကားကို ဆက်မပြောတော့ဘူး။ မြောက်ရွာမှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ဧကရာဇ် လင်းမုပိုင် ဆီကနေ သူမ ကြားခဲ့ပြီးပြီ။

“သူ့ကို မြောက်ရွာမှာ ထားခဲ့တယ်။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ငါ နားလည်ပြီ။” ပင်းယန် သဘောတူလိုက်တယ်။ မြောက်ရွာမှာ နတ်ဆိုး အရှင်သခင်ကို ထားခဲ့တာက ကိစ္စကောင်း တစ်ခုပဲ။

ပထမဆုံး ယွင်ချင်းဝူက မုန့်ထျန်းရဲ့ ဇစ်မြစ်ကို သံသယ မဝင် သရွေ့၊ မြောက်ရွာမှာ နတ်ဆိုးအရှင်သခင်ကို သွားရှာမှာ မဟုတ်ဘူး။

ဒုတိယ တစ်ခုကတော့ မြောက်ရွာမှာသာ အခက်ကြုံလာရင်၊ နတ်ဆိုးအရှင်သခင်ကို လက်ထဲမှာ ထားထားပြီး ချိန်းခြောက်လို့ ရတယ်။

သူမ ဒါတွေကို တွေးမိ ချိန်မှာတော့ ပင်းယန်အရမ်းကို စိတ်လှုပ်ရှား လာတော့တယ်။

“ဒီတော့ ငါတို့ ဘာဆက် လုပ်ကြမလဲ။ ကျမ်းကောင်းကင်တောင်ကို သွားမလား။” ပင်းယန် ဒေါသတကြီးနဲ့ ပြောတယ်။

ဆိုရိုးစကား ရှိတဲ့ အတိုင်း၊ ပြိုလဲကျတိုင်း ပြန်ထရတယ်။

ပင်းယန်က ကျမ်းကောင်းကင်တောင် တိုက်ပွဲကို မမေ့နိုင်သေးဘူး။ ဒါ့အပြင် ပင်းယန်က ဖန်ကျန်းရှီကို စံပြ လူသား တစ်ယောက်လို လေးစားတယ်။

“မင်းက လင်းယွမ် မျှော်စင်မှာ နေခဲ့တော့ နတ်ဘုရား အရင်းအမြစ် အကြောင်းကို ကြားဖူးတယ် မဟုတ်လား။” ဖန်ကျန်းရှီ ပင်းယန်ကို ပြန်မဖြေပဲ မေးလိုက်တယ်။

“နတ်ဘုရား အရင်းအမြစ်။ ဘာနတ်ဘုရား အရင်းအမြစ်လဲ။” ပင်းယန် စိတ်ရှုပ်ထွေး သွားခဲ့တယ်။

“မင်း မကြားဖူးဘူးလား။” ဖန်ကျန်းရှီ နည်းနည်း စိတ်ပျက် သွားခဲ့တယ်။ မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုရဲ့ သမိုင်းက နက်ရှိုင်းတယ်လို့ သူအမြဲတမ်း ထင်ထား ခဲ့တယ်လေ။ ဒါကြောင့် လင်းကျီ ပြောခဲ့တဲ့ နတ်ဘုရား မုခ်ဝကို အရိပ်အမြွက် သူမေးကြည့်တယ်။ ဒါပေမယ့် အရာအားလုံးက သူထင်ထားသလို မလွယ်ကူတဲ့ ပုံစံပဲ။

“သေချာပါတယ်။ ငါ လင်းယွမ် မျှော်စင်က စာအုပ် အားလုံး နီးပါးကို တအုပ်မကျန် ဖတ်ထား ပြီးပြီ။ နတ်ဘုရား အရင်းအမြစ်နဲ့ ဆိုင်တာ တစ်ခုလေးမှ မတွေ့ဖူးဘူး။” ပင်းယန်က ပြန်ဖြေတယ်။ အဲ့ဒီ့နောက် မျက်တောင် တဖျပ်ဖျပ် ခတ်တယ်။ “အဲ့တာက တစ်ခုခု အရေးကြီးတာလား ဟုတ်တယ် မလား။”

“တကယ်တော့ နတ်ဘုရား အရင်းအမြစ်က ဘာမှန်း ငါသေချာ မသိဘူး။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ အဲ့ဒီ့ အချိန်တုန်းက လင်းကျီ ဆီကနေ နောက်ထပ် သတင်း စကားတွေကို ထပ်မေးလို့ မရခဲ့ဘူး။

“အဲ့တာဆိုရင်၊ စာစောင်ကြီး တစ်ခု ဖြစ်နိုင်လား။” ပင်းယန် မေးတယ်။

“စာစောင်ကြီးလား။” ဖန်ကျန်းရှီက ပင်းယန်ကို ပြန်ကြည့်တယ်။ သူမရဲ့ မျက်နှာ အမူအယာကြောင့် သူမ စိတ်ထဲမှာ တစ်ခုခု ရှိနေမှန်း ပြောနိုင်ခဲ့တယ်။

“မင်းဘယ်လိုထင်လဲ။”

“တကယ်တော့ ဘာမှ များများ စားစား မတွေးမိပါဘူး။ ဒါပေမယ့် ကျမ်းကောင်းကင်တောင်မှာ မုချင်းဖန်းက စာစောင်ကြီး တစ်ခု ဖတ်ခဲ့တဲ့ အကြောင်း ပြောပြတာ သတိရသွားလို့။”

“မုချင်းဖန်းလား။”

“ဟုတ်တယ်။ အဲ့တာကြောင့် ကျမ်းကောင်းကင်တောင်မှာ မုချင်းဖန်းက လူတွေကို စုလိုက်တာပဲ။ ငါထင်တာတော့ မုချင်းဖန်း တစ်ခုခု သိထားလိမ့်မယ်။”

“ငါ အဲ့ဒီ့အကြောင်း ဘာဖြစ်လို့ မကြား လိုက်တာလဲ။” ဖန်ကျန်းရှီ ဒါကို စဉ်းစား မရခဲ့ဘူး။

“နင် နောက်ကျတယ်လေ။ ဒါကြောင့် မကြားလိုက်တာ။ မုချင်းဖန်းက အစည်းအဝေး မစခင် အရင်ဆုံး နွီဝါး မယ်တော်ရဲ့ ပုံပြင်ကို ပြောသေးတယ်။ ယန်လေး ဒဏ်ရာရတဲ့ အချိန်မှ နင်ရောက် လာတာလေ။ ဟုတ်လား။ ယန်လေး အခြေအနေ ဘယ်လိုလဲ။” ပင်းယန် ချီကူယန် အကြောင်း တွေးမိတာနဲ့ မေးတော့တယ်။

“ချီကူယန်က မြောက်ရွာမှာ ရှိနေတယ်။ ဒါပေမယ့် အခုထိ မနိုးသေးဘူး။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ်ရင်း ပြန်ဖြေတယ်။

မယ်တော် နွီဝါးတဲ့လား။ မုချင်းဖန်းက ဘာလို့ ပြောတာလဲ။

“အချိန်တောင် အတော်ကြာပြီ အခုထိ ယန်လေး မနိုးသေးဘူးလား။” ပင်းယန် စိုးရိမ်လာတယ်။

“အင်း။ သူမနိုး သေးပင်မယ့်၊ အခြေအနေ တွေကတော့ တည်ငြိမ် ပါတယ်။ ဟုတ်လား။ မုချင်းဖန်းက မယ်တော် နွီဝါး အကြောင်း ဘာတွေ ပြောသွားလဲ။”

“သူပြောတာတော့ ကောင်းကင် တာအို ခန်းမရဲ့ အောက်မှာ မဟူရာ ကျောက်တုံး နန်းတော်ပျက်ကြီး တစ်ခု ရောက်လာတယ်။ ယန်လေးလဲ အဲ့ဒီ့ထဲ ရောက်ဖူးတယ်။”

ပင်းယန် ပြန်စဉ်းစားရင်း ပြောတယ်။

“မဟူရာ ကျောက်တုံး နန်းတော်ကြီး။ အဲ့တာလား။” ဖန်ကျန်းရှီရဲ့ စိတ်ထဲကို ကိစ္စ တစ်ခု ဝင်ရောက် လာခဲ့ပြန်တယ်။

အဲ့ဒီ့ အချိန်တုန်းက ရန်ရွှယ်ကို မဟူရာ လမင်းကျွန်းရဲ့ သုခမိန် သုံးယောက်က တိုက်ခိုက် ခဲ့တယ်။ ကောင်းကင် တာအို ခန်းမဆီကို မဟူရာ နန်းတော်ကြီးကလဲ ပြုတ်ကျလာတယ်။

အဲ့ဒီ့ အချိန်တုန်းကတော့ သူဝင်ကြည့်ဖို့ စိတ်ကူး မရှိခဲ့ဘူး။

နေစမ်းပါအုန်း။

မဟူရာ နန်းတော်ကြီး ပြုတ်ကျလာတဲ့ အချိန်။ အဲ့ဒီ့ အချိန် အတိအကျပဲ မြင့်မြတ် နယ်မြေ တစ်ခုလုံး ပြောင်းလဲ ကုန်ခဲ့တယ်။ ဒါ့အပြင် တခြား နိုင်ငံတော်တွေလဲ သက်ရောက် ခံရတယ်။

ဖန်ကျန်းရှီ မျက်မှောင် ကြုတ်သွား ခဲ့တယ်။ ဒီကိစ္စတွေ ကြားမှာ ထူးခြားတဲ့ တိုက်ဆိုင်မှု ရှိနေပုံပဲ။

အဲ့ဒီ့ အချိန်တွေတုန်းက ရန်ရွှယ်ကို ကယ်တင်ဖို့သာ အတွေးရှိခဲ့တယ်။ ဒါကြောင့် ယင်ယန် ခန်းမကို ထိုးဖောက်ပြီး တောင်စဉ် ကိုးသွယ်ရဲ့ အိုးထဲမှာ ထည့်ပေါင်း ခံခဲ့ရတယ်။

နောက်တော့ လင်းယွမ် မျှော်စင်နဲ့ ကျမ်းကောင်းကင်တောင်ကို သူသွားတယ်။

လောကကြီးရဲ့ အပြောင်းအလဲတွေကို ဖန်ကျန်းရှီ အများကြီး အာရုံ မစိုက်နိုင်ခဲ့ဘူး။ အခုချိန်မှာ ကိစ္စတွေက မတူတော့ဘူး။

အတိတ် အချိန်တုန်းက အများကြီးကို သူလျစ်လျူ ရှုခဲ့ မိတဲ့ အတွက် မီးပုံပေါ် ရောက်သလို ပူလောင်နေ ရတဲ့ လောက အခြေအနေကို ကြုံတွေ့ နေရတာပဲ။ ဒါက ထူးဆန်းမှုတွေ အားလုံးရဲ့ အခြေအမြစ်ပဲ။

“မယ်တော် နွီဝါး အကြောင်း ရေးထားတာက နတ်ဘုရား အရင်းအမြစ်နဲ့ ဆက်နွယ် နေမလား။ ဒါမှမဟုတ် မဟူရာ နန်းတော်ကပဲ နတ်ဘုရား အရင်းအမြစ်လား။” ဖန်ကျန်းရှီက ယွင်ချင်းဝူ ကိုယ်တိုင်လဲ နတ်ဘုရား အရင်းအမြစ်ရဲ့ နေရာကို မသိဘူးလို့ ခံစား မိခဲ့တယ်။

ယွင်ချင်းဝူသာ နတ်ဘုရား အရင်းအမြစ် နေရာကို သိခဲ့ရင်၊ ကိစ္စတွေက အခုလောက်ထိ ရှုပ်ထွေး နေမှာ မဟုတ်ဘူး။ လင်းကျီ ပြောသလောက် အရဆိုရင်၊ နတ်ဘုရား အရင်းအမြစ်က လှိုင်းကြီး တစ်ခု အဖြစ် ပြောင်းလဲ နိုင်တယ်။

နောက်တစ်နည်း ပြောရရင်တော့၊ နတ်ဘုရား အရင်းအမြစ်ကို ရှာနိုင်တဲ့ ဘယ်သူ မဆို လောကကို ထိန်းချုပ် နိုင်လိမ့်မယ်။

နတ်ဘုရား အရင်းအမြစ် ဘယ်လောက်တောင် အရေးကြီးမှန်း သိနေရင်၊ ယွင်ချင်းဝူက ဘာကြောင့် မရှာပဲ နေမှာလဲ။ ဒါမှမဟုတ် ယွင်ချင်းဝူ အစောကြီးတည်းက တူးဆွ ပြီးတာလဲ ဖြစ်နိုင်တယ်။

မြင့်မြတ် နယ်မြေ ကိစ္စတွေကို ရှင်းဖို့ သူမမှာ ဘာအစီအစဉ်မှ ရှိမနေဘူး။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ မျက်ဝန်းထဲမှာ ငွေဖြူရောင် မီးပွားတွေ တလက်လက် တောက်ပ လာတော့တယ်။တကယ့် လောက အစစ်နဲ့ ကင်းကွာ သွားသလိုပဲ။

“အရှက်မရှိတဲ့ ကောင်စုတ်။ ငါ့ကို အမှန်အတိုင်းပြော။ နင်က နတ်သခင် အဆင့် ရောက်နေပြီလား။” ဖန်ကျန်းရှီ မျက်ဝန်းထဲက မီးပွားတွေကို မြင်ချိန်မှာ ပင်းယန် မျှော်လင့် တကြီးနဲ့ မေးလိုက်တယ်။

“မဟုတ်ဘူး။ နတ်သခင် အဆင့် တံခါးဝတောင် မရောက်သေးဘူး။” ပင်းယန် ဘာကြောင့် မေးမှန်း ဖန်ကျန်းရှီ မသိခဲ့ဘူး။

“ဒီတော့ လင်းကျီကို ဘယ်လို အနိုင်ယူလိုက်တာလဲ။ ငါကြားတာတော့ သူ့ကို ဓားချက် တစ်ချက်တည်းနဲ့ သတ်လိုက်တာဆို။” ပင်းယန်က စိတ်ရှုပ်လာပုံပဲ။

“သတ်တယ်လား။ ဟဟား။ ငါက သူ့ကို သတိလစ်အောင် လုပ်လိုက်ရုံပဲ။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

“သတိ လစ်အောင် လုပ်တယ်။ မဖြစ်နိုင်တာပဲ။ မယ်တော် ပြောဖူးတာတော့ နင်က လေဟာနယ် ဖြိုခွင်း နတ်ဆိုး သခင်ရဲ့ ပြိုင်ဘက်တောင် မဟုတ်ဘူးတဲ့။”

“ဒေါ်လေးချင်းက ဒီလို ပြောတယ်လား။”

“ဟဟား။ နင်က ငါ့အမေကို ဒေါ်လေးလို့ ခေါ်တယ်လား။ အရင်တုန်းက ဘယ်လောက်တောင် မယဉ်ကျေးမှန်း ငါမှတ်မိ သေးတယ်နော်။” ပင်းယန် ပြောတယ်။

“ငါက တစ်ခါတလေ ပုံကြီးချဲ့မိ လွန်းတယ်။ ဟူး။ ငါ့အင်အားနဲ့ ဆိုရင် စပြီး သရုပ်ဆောင်လိုက်တာနဲ့ နစ်မြုပ် သွားတော့တာပဲ။ ငါက မုန့်ထျန်းအဖြစ် သရုပ်ဆောင်နေတော့ သူ့ကို ပိုပြီး ခြိမ်းခြောက်နိုင်အောင် ဒေါ်လေး မခေါ်တော့တာလေ။” ဖန်ကျန်းရှီ မချိပြုံးလေး ပြုံးပြတယ်။

“ခြိမ်းခြောက်တယ်။ နင် အခုထိ လုံးဝကို အရှက်မရှိ ဖြစ်နေတုန်းပဲလား။” ပင်းယန် မေးလိုက်တယ်။

“အဟွတ် ဟွတ်။” ဖန်ကျန်းရှီ ချောင်းဟန့်ရင်း စကား လမ်းကြောင်း ပြောင်းတော့တယ်။ “ဘာဆက် လုပ်ရမလဲ ငါသိတယ်။”

“ဘာလုပ်ကြမလဲ။” ပင်းယန်က မျှော်လင့် တကြီးနဲက မေးတယ်။

“အခုချိန်မှာ ငါဘာအလုပ်ချင်ဆုံး ဖြစ်မယ်လို့ မင်းထင်လဲ။” ဖန်ကျန်းရှီ ပြုံးရင်း မေးလိုက်ပြန်တယ်။

“အခုလား။” ပင်းယန်ကတော့ ဖန်ကျန်းရှီရဲ့ အပြုံးကို ကြည့်ရင်း တုန်သွားခဲ့တယ်။

“ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“..” ပင်းယန်ကတော့ မျက်နှာ တစ်ခုလုံး နီရဲ သွားတော့တယ်။ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရင်း သူမ ပြောတယ်။

“ငါက ငယ်သေးပင်မယ့်၊ နင်လိုချင်ရင် ငါပေးနိုင်ပါတယ်။”

အပိုင်း (၉၄၀) ပြီး၏။

All Chapters