← Chapters

အပိုင်း (၉၅၁-၉၆၀)

Vol. 10 Ch. 951-960

အပိုင်း (၉၅၁-၉၆၀)

Vol. 10 Ch. 951-960

အပိုင်း (၉၅၁)

“အရက် တစ်အိုးနဲ့ လှည့်လည် သွားလာနေသူ နှစ်ယောက်။”

ဒါပေမယ့် မိစ္ဆာ ဘုရင် ခေါင်းဆောင်ကတော့ အဖြေကို မရနိုင်ခဲ့ဘူး။

ဖန်ကျန်းရှီက စိတ်ယုတ်မာ ရှိတဲ့သူ တစ်ယောက် မဟုတ်ခဲ့ဘူး။ တကယ်တော့ သူက အချိန်နဲ့ လိုက်ပြီးတော့ ပြောင်းလဲ နေတယ်။ ကြင်နာတတ်တဲ့ အချိန်မှာ မိစ္ဆာ ဘုရင်ကို ပန်းသီးစိမ်း ခူးပြီးတော့ ကျွေးလိမ့်မယ်။ ပန်းသီးက အဆိပ်ရှိ ချင်လဲ ရှိမှာပေါ့။ ဒါက အရေးမကြီးပါဘူး။

“သဘာ၀ နိယာမကို တာအို အတုခိုးခြင်း ဆိုတာ မင်းကြားဖူးလား။” ဖန်ကျန်းရှီရဲ့ အသံက နူးညံ့ပေမယ့် ကြည်လင်တယ်။

“တာအိုက သဘာ၀ နိယာမကို အတုခိုးခြင်း။” မိစ္ဆာ ဘုရင် ခေါင်းဆောင်ရဲ့ ခန္ဒာကိုယ်က တုန်ယင်သွားတယ်။ ဖန်ကျန်းရှီက အခုချိန်မှာ ဘာကြောင့် ဒါကို လာဆွေးနွေး နေရတာလဲ။ သူ့ရဲ့ မေးခွန်းကိုက လုံး၀ လျစ်လျူရှု ထားတယ်။

မိစ္ဆာ ဘုရင် ပြန်မဖြေချင် ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒါက လူသားတွေရဲ့ အသိပညာနဲ့ ဆက်နွယ်နေတဲ့ ကိစ္စလေ။ သူတို့တွေနဲ့ ကွာခြားတယ်။

လူသားတွေက စွမ်းအား အရင်းအမြစ်လို့ ခေါ်တဲ့ အရာကို မိစ္ဆာတွေက မိစ္ဆာ စွမ်းအင်လို့ ခေါ်တယ်။ ဒါက ဒေသိယ အသုံးပဲ။

“မင်းက ငါ့ကို ပြန်မဖြေ ချင်တာလား။ (မင်းကိုယ်တိုင် မလုပ်ချင်တဲ့ ကိစ္စကို တခြားသူကိုလဲ မလုပ်ခိုင်းနဲ့။) ဒါကိုရော ကြားဖူးလား။” ဖန်ကျန်းရှီ ပြောပြန်တယ်။

“ဘာ ဘာကို ဆိုလို ချင်တာလဲ။” မိစ္ဆာ ဘုရင် ခေါင်းဆောင်က နောက်ဆုံး ကျန်တဲ့ စွမ်းအားကို ဖျစ်ညှစ်ရင်း ပြောတယ်။

“ခပ်ရှင်းရှင်း ပြောရရင်တော့၊ မင်းက သောက်ငတုံးကောင်လား။ မင်းက ငါ့မေးခွန်းကို မဖြေရင်၊ ငါက မင်း မေးခွန်းကို ဘာလို့ ပြန်ဖြေ ရမှာလဲ။”

“..” မိစ္ဆာ ဘုရင် ခေါင်းဆောင် မျက်လုံးကြီး ပြူးလာပေမယ့်၊ သူ့မျက်လုံး နီနီတွေရဲ့ တောက်ပမှုက ဖြည်းဖြည်းချင်း မှိန်ဖျော့ သွားတော့တယ်။ ဖန်ကျန်းရှီ ဆိုလို ချင်တာကို သိပေမယ့်၊ သူ့မှာ စကား ဆက်ပြောဖို့ အင်အား မရှိတော့ဘူး။ သူမသေချင် သေးဘူး။ တကယ့်ကို မသေချင် သေးဘူး။

မသေခင် အချိန် အမှန်တရားကို မသိနိုင် ခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောလိုက်တဲ့ စကား အရတော့ သူသာ ဖန်ကျန်းရှီရဲ့ မေးခွန်းကို ပြန်မဖြေရင်၊ ဖန်ကျန်းရှီကလဲ သေချာပေါက် သူ့မေးခွန်းကို ဖြေမှာ မဟုတ်ဘူး။

ဒါက သက်သက် ကြောင်တာာပဲ။

“မင်းကိုယ်တိုင် မလုပ်ချင်တဲ့ ကိစ္စကို တခြားသူကိုလဲ မလုပ်ခိုင်းနဲ့။”

သေခြင်း တရားက လူတစ်ယောက်ရဲ့ စိတ်ကို ရှင်းလင်းပြီး နားလည် သဘောပေါက်မှု များစေတယ်။

မိစ္ဆာ ဘုရင် ခေါင်းဆောင်က အခုချိန်မှာ နည်းနည်းတော့ နောင်တ ရနေခဲ့ပြီ။ နတ်ဆိုး စစ်သူကြီး ပေးတဲ့ အကြံဉာဏ်ကို နားထောင် ပြီးတော့ မုန့်ထျန်းနဲ့ မတိုက်ခိုက် သင့်ဘူး။ အကယ်၍ ဒါကိုသာ နားထောင်လိုက်ရင်၊ သေချာပေါက် သေမှာ မဟုတ်ဘူး။

ကံမကောင်းစွာနဲ့ နောင်တကို ကုသဖို့ ဆေးမရှိ ခဲ့ဘူး။ သူသေသွား ခဲ့ပြီးပြီ။ နတ်ဆိုး စစ်သူကြီးလဲ သေဆုံး ခဲ့ပြီ။ ကွာခြားချက်ကတော့ တစ်ခုပဲ။ မိစ္ဆာ ဘုရင်က မုန့်ထျန်း လက်ထဲမှာ သေဆုံးတယ်။ နတ်ဆိုး စစ်သူကြီးကတော့ ချိုးချီ လက်ထဲမှာ သေတယ်။

ဝုန်း။ မိစ္ဆာ ဘုရင် ခေါင်းဆောင်ရဲ့ ခန္ဒာကိုယ်က မြေပြင်ကို အရှိန်ပြင်းပြင်းနဲ့ ကျသွားပြီးနောက် မျက်လုံးတွေ မှိတ်သွားတော့တယ်။ ဒီမြင်ကွင်းက မြန်ဆန်ပြီး ခြောက်ခြားစရာ ကောင်းတယ်။

ပတ်ဝန်းကျင် မိစ္ဆာ ဘုရင်တွေကတော့ အခုချိန်ထိ အသိ ပြန်ဝင် မလာသေးဘူး။ မုန့်ထျန်းက မိစ္ဆာ ဘုရင် ခေါင်းဆောင်ကို ဘယ်လိုများ သတ်လိုက်တာလဲ။ တကယ့် ခန္ဒာကိုယ် အစစ်ကို ဘယ်လိုများ ရှာတွေ့ သွားတာလဲ။ ထူးဆန်းလွန်းတယ်။ ဖြေရှင်းလို့ မရနိုင်တဲ့ ပဟေဠိ တစ်ခုလိုပဲ။

ဒါကြောင့် သူတို့တွေ ဆက်ပြီး တိုက်ခိုက် သင့်လား။

အတိတ် အချိန်တုန်းကတော့ ဒီမေးခွန်းက မလိုအပ် ခဲ့ဘူး။ မိစ္ဆာ မျိုးနွယ် တစ်ခုလုံးမှာ တိုက်ပွဲကနေ ထွက်ပြေးတဲ့ မိစ္ဆာ ဘုရင်ဆိုတာ မရှိ ခဲ့ဘူးလေ။

ဒါပေမယ့် အခု ချိန်မှာတော့ ဒီမေးခွန်းကို စဉ်းစားဖို့ လိုလာခဲ့ပြီ။

ဒီတိုက်ပွဲက နိုင်နိုင်ချေ နည်းလွန်းတယ်။ တကယ်တော့ သူတို့ ရှေ့မှာတင် ၁၅ မိနစ် မပြည့်ခင် အချိန်အတွင်း မိစ္ဆာ ဘုရင် နှစ်ယောက် သေဆုံး သွားခဲ့ပြီ။ ဒါ့အပြင် လူတစ်ယောက်တည်းရဲ့ လက်ထဲမှာ အသတ်ခံ ခဲ့ရတယ်။

အရေး အကြီးဆုံးကတော့ အခုချိန်မှာ ငွေရောင် မျက်ဝန်းတွေ ပိုင်ထားတဲ့ ဒီလူက မိစ္ဆာ ဘုရင်တွေကို ကြည့်နေ ခဲ့ပြန်ပြီ။ နောက်ထပ် သားကောင်ကို ရှာနေ သလိုပဲ။

“ပြေးတော့။” မိစ္ဆာ ဘုရင်တွေရဲ့ ဆုံးဖြတ်ချက်က ခက်ခဲလွန်းတယ်။ ဒါပေမယ့် အရေးကြီး အချိန်မှာ အားလုံးက ဆုံးဖြတ်ချက် တူညီ သွားခဲ့ပြီ။

…

ကောင်းကင် တာအို ခန်းမ ဓားတောင်ထိပ် တောင်ခြေမှာ မုန့်ထျန်းလို ဝတ်ထားတဲ့ မုချင်းဖန်းက သုခမိန် ဆယ်ယောက်ကျော်ကို ဦးဆောင်ပြီး ဆုတ်ခွာဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။ ဒီအချိန်မှာပဲ လူတစ်ယောက် သူတို့ ရှေ့ကို ရောက်လာ ခဲ့တယ်။

“ဆရာ အရေးကြီး သတင်း ရှိပါတယ်။”

“ပြော။” မုချင်းဖန်းက သူ့ရှေ့က လူကို မှတ်မိတယ်။ ကောင်းကင် တာအို ခန်းမမှာ သူအခြေစိုက် ထားခဲ့တဲ့ တပည့်သားတွေ ထဲက တစ်ယောက်ပဲ။ ကောင်းကင် တာအို ခန်းမကို ပြန်လည် ရယူဖို့ ချထားတဲ့ သူလျှို တစ်ယောက်ပဲ။

“မုန့်ထျန်း ပေါ်လာတယ်။”

“မုန့်ထျန်း။ တကယ်လား။”

“တကယ့် မုန့်ထျန်း အစစ်လား။ တောင်ပိုင်း ဒေသမှာ လင်းကျီကို သတ်ခဲ့ပြီး နတ်ဆိုး အရှင်သခင်ကို သွေးအရိပ် မြို့တော်ထဲ ဝင်ပြီး ဖမ်းခဲ့တဲ့ သူပါ။” တပည့်သား ချက်ခြင်း ပြန်ဖြေတယ်။

“တကယ့် မုန့်ထျန်း။ မဟုတ်ဘူး။ ဆရာကြီး မုန့်ထျန်း ပေါ်လာပြီလား။ သူတို့ ဘယ်မှာလဲ။” မုချင်းဖန်းက လန့်သွားခဲ့တယ်။

“ကောင်းကင် တာအို ခန်းမ ဓားတောင်စောင်းမှာပါ။”

“မဖြစ်နိုင်ဘူး။ အဲ့ဒီ့ နေရာကနေ ငါအခုမှ ပြန်လာတာပဲ။ နောက်ပြီးတော့ မိစ္ဆာ ဘုရင် ရှစ်ယောက်က အဲ့ဒီ့ နေရာမှာ ရှိနေတာလေ။ ဆရာကြီး မုန့်ထျန်းက ဘယ်လိုများ ပေါ်လာ နိုင်တာလဲ။ မုန့်ထျန်းက အခုချိန်မှာ မိစ္ဆာ ဘုရင် ရှစ်ယောက် ဝန်းရံခံ နေရတာလား။ ဒါမှမဟုတ် မုန့်ထျန်းက မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေရဲ့ လူလား။” မုချင်းဖန်း ခေါင်းခါတော့မလို့ လုပ်ပြီးခါမှ တစ်ခုခုကို တွေးမိတာကြောင့် ချက်ခြင်း ဆိုသလို မေးတော့တယ်။

“သူက ဝန်းရံ ခံထား ရတာပါ။ ဒါပေမယ့်။”

“ဒါပေမယ့် ဘာဖြစ်လဲ။”

“ကျွန်တော် မြင်သလောက် အရဆိုရင်တော့၊ ဆရာကြီး မုန့်ထျန်းက ဓားတောင်ထိပ်ကို တမင်တကာ ဦးတည် သွားခဲ့တယ်။ အစောပိုင်းတုန်းက ကျွန်တော် ထင်ခဲ့တာ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေက လူလို့ပဲ။ ဒါပေမယ့်။”

“ဒါပေမယ့် ဘာဖြစ်လဲ။” မုချင်းဖန်း မေးလိုက်ပြန်တယ်။

မုချင်းဖန်း ဘေးမှာ ရှိတဲ့ သုခမိန်တွေက အသက်တောင် မရှူနိုင်ပဲ တပည့်သားရဲ့ စကားကို စောင့်ဆိုင်း နေတော့တယ်။

“ဆရာကြီး မုန့်ထျန်းက မိစ္ဆာ ဘုရင် နှစ်ယောက်ကို သတ်လိုက်တယ်။”

“ဘာဖြစ်တယ်။”

မုချင်းဖန်း အပြင် တခြား သုခမိန်တွေ အားလုံး မျက်လုံး ပြူးကျယ် သွားခဲ့ကြတယ်။ မိစ္ဆာ ဘုရင် တစ်ယောက်တည်းကို သတ်မယ် ဆိုရင် သူတို့တွေ ဒီလောက် လန့်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါက ဓားတောင်ထိပ်မှာ ဖြစ်ခဲ့တာလေ။

မိစ္ဆာ ဘုရင် ရှစ်ယောက်နဲ့ နတ်ဆိုး စစ်သည်တော်တွေ အများကြီးက ဒီနေရာကို စောင့်ကြပ် နေခဲ့ကြတယ်။ အစောင့်အကြပ် အများဆုံး နေရာပဲ။ မုချင်းဖန်းလဲ မိစ္ဆာ ဘုရင် တစ်ယောက်ကို သတ်ခဲ့တယ်။

ဒါပေမယ့် တန်ကြေး တစ်ခုကို သူပေးဆပ် ခဲ့ရတယ်။ မုချင်းဖန်းက သူ့ကိုယ်သူ ငါးစာ အဖြစ် သုံးပြီးတော့ တခြား မိစ္ဆာ ဘုရင်တွေကို အဝေး မျှားခေါ် သွားတဲ့ အချိန်မှာ တခြား သုခမိန် ဆယ်ယောက်က မိစ္ဆာ ဘုရင်ကို သတ်ခဲ့ကြတယ်။

ဒါပေမယ့် မုချင်းဖန်း ကောင်းကင် တာအို ခန်းမက ထွက်လာတာ ဆယ်မိနစ်တောင် မပြည့်သေးဘူး။ အဲ့ဒီ့ အချိန်မှာ ဒါတွေ ဖြစ်သွားတယ်။ ဘယ်လောက်ပဲ ကြာလိုက် သလဲ။

လူတစ်ယောက်တည်းက မိစ္ဆာ ဘုရင် ရှစ်ယောက် ဝန်းရံ ခံနေရတဲ့ အချိန်မှာ မိစ္ဆာ ဘုရင် နှစ်ယောက်ကို အေးအေး ဆေးဆေးလေး သတ်နိုင်တယ်။ သူဘယ်လောက်တောင် အင်အားကြီးနေတာလဲ။ သုခမိန် စစ်နတ် မုန့်ထျန်းကလဲ နတ်သခင် အဆင့် ပညာရှင်ပဲလား။

လင်းရှောင်းတောင်မှာ ဝူယွဲ့အာ ထုတ်ပြခဲ့တဲ့ လင်းကျီရဲ့ ခေါင်းက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ စွမ်းအားကို သက်သေ မပြနိုင် ခဲ့ရင်တောင်၊ ကောင်းကင်တာအို ခန်းမ တပည့်သားရဲ့ သတင်းပို့ချက်က ယုံကြည်ဖို့ လုံလောက်တယ်။

မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ သေချာပေါက် ဒီလို လုံး၀ မလုပ်နိုင်လို့ပဲ။

မိစ္ဆာ ဘုရင် နှစ်ယောက်နဲ့ နတ်သခင် အဆင့် မိစ္ဆာ တစ်ယောက်ကို သတ်ပြီးတော့ သုခမိန် စစ်နတ် မုန့်ထျန်းက လူဆိုတဲ့ အကြောင်း သက်သေပြမှာ မဟုတ်ဘူး။ ဒါ့အပြင် ယွင်ချင်းဝူက နတ်ဆိုး မျိုးနွယ်သွေးတွေလဲ ပါနေသေးတယ်။

သုခမိန် စစ်နတ် တစ်ယောက် အတွက်နဲ့ အင်အားကြီး မိစ္ဆာဘုရင်ကို စတေးမှာလား။ မဖြစ်နိုင်တာပဲ။ ဧကရီ ပိုင်ကျစ်က ဒါကို ဒါကို လက်ခံမှာလား။ ယွင်ချင်းဝူကရော အလောတကြီး ဆုံးဖြတ်ချက် ချမှာလား။

“ဓားတောင်ထိပ်မှာ အခြေအနေ ဘယ်လိုလဲ။” အသက်ပြင်းပြင်း ရှူပြီး မုချင်းဖန်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်တယ်။

“မိစ္ဆာ ဘုရင်နှစ်ယောက် သေသွား ပြီးတဲ့နောက် ကျန်ရစ်တဲ့ မိစ္ဆာ ဘုရင် ရှစ်ယောက်က ထွက်ပြေးဖို့ အဆင်သင့် ဖြစ်နေခဲ့ ပါပြီ။ ဒါကြောင့် ချက်ခြင်း သတင်း လာပို့တာပါ။”

“ကောင်းပြီ။ အခု အပေါ် တက်ကြမယ်။ တခြား ကိစ္စ ထပ်ရှိရင် သတင်းပို့။”

“အမိန့် အတိုင်းပါ။” တပည့်သားက သားရဲကောင် ရဲ့ ကျောပေါ်ကို ပြေးတက်ရင်း ပြောတယ်။ ဒါက ကောင်းကင် တာအို ခန်းမမှာ သတင်းပို့ဖို့ လေ့ကျင့်ထားတဲ့ အထူး သားရဲကောင်ပဲ။ အမြင့်ကိုလဲ ကောင်းကောင်း ပြန်နိုင်တယ်။ သားရဲကောင်ရဲ့ ခန္ဒာကိုယ်ကို အနက်ရောင် အဝတ်စတွေနဲ့ ဖုံးအုပ် ထားတဲ့ အတွက် သူ့ကို ညအချိန်မှာ မမြင်နိုင်ဘူး။

တပည့်သား ထွက်ခွာ သွားပြီးနောက် မုချင်းဖန်က ပတ်ဝန်းကျင် သုခမိန်တွေကို လှည့်ကြည့်တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူဆုံးဖြတ်ချက် ချလိုက်ပြီ။

“မဟာမိတ် လက်ထောက် ခေါင်းဆောင်မု ဆုံးဖြတ်ချက် ချပြီးပြီလား။” သုခမိန် တစ်ယောက်က မုချင်းဖန်းရဲ့ စိတ်ကို ဖတ်နိုင်တဲ့ အတိုင်း ပြောတယ်။

“မင်းတို့ အားလုံး ဘယ်လို ထင်ကြလဲ။” မေးခွန်းကို ဖြေမယ့် အစား မုချင်းဖန်းက ပြန်မေးတယ်။

“အမှန်အတိုင်း ပြောရရင်၊ အစတုန်းက ငါ မယုံခဲ့ဘူး။ ဒါပေမယ့် ဆရာကြီး မုန့်ထျန်းရဲ့ အစီအစဉ်က တကယ့်ကို ကောင်းမွန်တာပဲ။” သုခမိန် တစ်ယောက်က ပြောတယ်။

“တခြား အဖွဲ့တွေရဲ့ သတင်း ပို့ချ အရဆိုရင်၊ ငါတို့တွေ ဘာအရှုံးမှ မကြုံရဘူး။ မိစ္ဆာ ဘုရင်တွေကို တစ်ယောက်ချင်း သတ်နိုင်ပြီး အောင်မြင်တယ်။ မိစ္ဆာ ဘုရင် လေးယောက်ကို သတ်နိုင်တာက အိပ်မက်လိုပဲ။” နောက်ထပ် သုခမိန်က ခေါင်းငြိမ့်ရင်း ချက်ခြင်း ပြန်ဖြေတယ်။

“ဆရာကြီး မုန့်ထျန်း ရှိနေမှတော့ ဘာကိုများ ကြောက်ရမှာလဲ။”

“အမှန်ပဲ။”

“ဆရာကြီး မုန့်ထျန်းသာ ရှိရင်၊ နတ်သခင် အဆင့် ပညာရှင်ကိုလဲ တောင့်ခံ နိုင်မယ်။ တခြား ဆုံးဖြတ်ချက်တွေ မဟာမိတ် လက်ထောက် ခေါင်းဆောင်မုပဲ ချမှတ်ပါ။”

တခြား သုခမိန်တွေ သူတို့ အတွေးကို ပြောပြကြတယ်။

“ကောင်းပြီ။ ဒါဆိုရင် အချက်ပြ ကြမယ်။ ဒါပေမယ့် အရင်ဆုံး တောက်ဟွမ်ကိုလဲ ပြောသင့်တယ်။ သူက မဟာမိတ် ခေါင်းဆောင်လေ။” တွေးတော နေပြီးတဲ့နောက်၊ မုချင်းဖန်းက ခေါင်းငြိမ့်လိုက်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ပြီ။

“မဟာမိတ် လက်ထောက် ခေါင်းဆောင်မုရဲ့ ဆုံးဖြတ်ချက်က တကယ့်ကို မှန်ကန် ပါတယ်။ ဒါဆိုရင် တခြားသူတွေနဲ့ ဆက်သွယ် လိုက်ပါမယ်။”

“မျိုးနွယ်စု ခေါင်းဆောင်ဝူကိုပါ ခေါ်လာဖို့ မမေ့နဲ့ သူက ဆရာကြီး မုန့်ထျန်း ပေးတဲ့ စာအိတ်ကို ကိုင်ထားတယ်။ အဲ့ဒီ့ထဲမှာ ဘာရှိ နေမလဲ ငါသိချင်တယ်။”

“ဟဟ။ ငါလဲ အတူတူပဲ။” တခြား သုခမိန်တွေ ရယ်မောကြတယ်။

…

ဓားတောင်ထိပ်မှာ ဖန်ကျန်းရှီက ငြိမ်ငြိမ် သက်သက် ရပ်နေရင်း တလက်လက် တောက်ပနေတဲ့ ကြယ်တွေကို ကြည့်နေခဲ့တယ်။

သူ့ဘေးမှာ ရှိနေတဲ့ ပင်းယန်ကတော့ တည်တည် ငြိမ်ငြိမ် ရှိမနေခဲ့ဘူး။

ဒါပေါ့။ မိစ္ဆာနဲ့ နတ်ဆိုးတွေ ဝန်းရံ ခံထား ရချိန်မှာ ဘယ်သူကများ ကောင်းကင် အလှကို ရှုစား နိုင်မှာလဲ။ ဖန်ကျန်းရှီကတော့ လုပ်နေခဲ့တယ်။ မိစ္ဆာ ဘုရင်တွေ (ထွက်ပြေး)လို့ အော်ဟစ် ကြချိန်မှာ သူချက်ခြင်းကို ပြန်ပြောခဲ့တယ်။

“ဖြည်းဖြည်းပြေး။ ချော်မလဲ စေနဲ့။ ငါမင်းတို့ကို လိုက်မဖမ်းဘူး။” ဖန်ကျန်းရှီရဲ့ စကားသံကို ကြားချိန်မှာ မိစ္ဆာ ဘုရင် ခြောက်ယောက်က နေရာမှာတင် တောင့်တင်း အေးခဲ သွားခဲ့ာကတယ်။ လောကကြီးမှာ ဘာတွေ ဖြစ်နေတာလဲ။

ဒါက စော်ကားတာပဲ။

မိစ္ဆာ ဘုရင်တွေက ဝေးဝေး ပြေးချင်ပေမယ့်၊ ဒီစကားကို ကြားချိန်မှာတော့ သူတို့တွေ ဆက်မပြေး နိုင်ကြဘူး။ ဖန်ကျန်းရှီ ဘေးမှာသာ ဝန်းရံပြီး ရပ်နေခဲ့တယ်။ တကယ့်ကို ကူကယ်ရာမဲ့တဲ့ အခြေအနေပဲ။ ထူးလဲ ထူးဆန်းတယ်။ မိစ္ဆာ ဘုရင် ခြောက်ယောက်က ဖန်ကျန်းရှီနဲ့ ဝေးကွာတဲ့ နေရာမှာ ရပ်နေခဲ့တယ်။

သူတို့ နောက်ဘက်မှာ နတ်ဆိုး စစ်သည်တော် တွေကတော့ ဓားတွကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင် ထားရင်း ရပ်နေခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ ခြေတစ်လှမ်းတောင် တိုးမလာ ဝံ့ခဲ့ဘူး။

“လှ လိုက်တဲ့ ညရှုခင်းပါလား။ မင်းကတော့ အလှတရားကို မခံစား တတ်ဖူးပဲ။” ဖန်ကျန်းရှီက ပင်းယန်ကို ပြောလိုက်တယ်။

“ဟမ့်။ ငါက မခံစား တတ်ဘူးတဲ့လား။” ပင်းယန်က ဖန်ကျန်းရှီ အသံကို လိုက်တုရင်း ပြောတယ်။ အဲ့ဒီ့နောက် မျက်လုံး ထောင့်ကပ်ရင်း မေးတယ်။ “ငါတို့တွေ ဘာလို့ မပြေးတာလဲ။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“..” ပင်းယန်က ဒေါသကို ထိန်းချုပ်ထားရင်း ပွစိပွစိ လုပ်နေခဲ့တယ်။ ခါးသွယ်သွယ်လေး ပေါ်မှာ လက်နှစ်ဖက်ကို ထောက်ထားရင်း ပြောတယ်။ “ငါ ထွက်ပြေးသင့်လား။”

ပင်းယန် မကျေမနပ် ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အကျင့် အတိုင်း ဆိုရင် သူထွက်ပြေး သင့်တာ ကြာလှပြီ။

ဒါပေမယ့် ဖန်ကျန်းရှှီက နတ်သခင် အဆင့် ပညာရှင်ကို အနိုင် မယူနိုင်ဘူးလို့ သူမ မယူဆဘူး။ ဒီရက်တွေမှာ ဖန်ကျန်းရှီကို အကဲခတ် မိသလောက် ဆိုရင် ဖန်ကျန်းရှီက နတ်သခင် အဆင့် ပညာရှင်ကို အနိုင်ယူဖို့ ယုံကြည်ချက် အပြည့်အ၀ မရိဘူး။

ဖန်ကျန်းရှီကို သူမ နားလည် သလောက် အရတော့၊ သူက ယုံကြည်ချက် မရှိပဲ အလုပ်လုပ်တဲ့သူ မဟုတ်ဘူး။ အလစ် ဝင်တိုက်တာက ပုံမှန် လုပ်နေကျပဲ။ ဒီအရှက်မရှိတဲ့ ကောင်စုတ် ပြောင်းလဲ သွားတာလား။

ပင်းယန်က ဖန်ကျန်းရှီရဲ့ စိတ်ကို ဖတ်ဖို့ ကြိုးစား နေတယ်။ ဒီအချိန်မှာပဲ အေးစက်စက် သေမင်း အငွေ့အသက်က သူမရဲ့ နောက်ကျောကို လာတိုက်ခိုက်တယ်။ မရေမတွက် နိုင်တဲ့ ဝိဉာဉ်တွေက သူမ နောက်မှာ လှည့်ပတ် နေသလိုပဲ။ သူတို့ရဲ့ အော်သံတွေက သူမကို တုန်ယင် စေတယ်။

အန္တရာယ်။

ဖန်ကျန်းရှီကို ချက်ခြင်း တွန်းပစ်ဖို့ ပင်းယန် ပြင်တယ်။ သူမ မလှုပ်ရှားခင် အချိန်မှာ ဖန်ကျန်းရှီက လှုပ်ရှား လိုက်ပြီ။

“မင်းလုပ်မယ် ဆိုတာ ငါသိတယ်။” ဖန်ကျန်းရှီ ပြောရင်းနဲ့ နောက်ကို လဲချ လိုက်တယ်။ ပင်းယန်က သူ့ခန္ဒာကိုယ်ကို လွဲချော သွားခဲ့တယ်။ ဖန်ကျန်းရှီကတောာ့ သက်ပြင်းချတယ်။

“ငါလဲ ထွက်ပြေး ချင်တာပဲ။ ကံမကောင်းတာက ပြေးလို့ မရဘူး။”

အပိုင်း (၉၅၁) ပြီး၏။

အပိုင်း (၉၅၂)

“မဖြစ်နိုင်လိုက်တာ။”

“ထွက်မပြေး နိုင်ဘူးတဲ့လား။” ပင်းယန်က ဖန်ကျန်းရှီကို လွဲချော် သွားတဲ့ အတွက်၊ မြေပြင်နဲ့ မျက်နှာ အပ်လုနီးပါး ဖြစ်သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အသံကို ကြားချိန်မှာတော့ သူမ စိတ်ထဲ စိတ်ရှုပ်ထွေး လာတော့တယ်။

ဖန်ကျန်းရှီ ပြောတဲ့ မပြေးနိုင်ဘူး ဆိုတာကို သူမ နားမလည် ခဲ့ဘူး။ နောက်ကျလွန်း နေပြီလို့ ပြောချင်တာလား။ ဒါမှမဟုတ် မပြေးနိုင် တော့တာလား။

ဖန်ကျန်းရှီကတော့ သူ့စကားကို ရှင်းပြဖို့ စိတ်ကူး မရှိခဲ့ဘူး။ ဒါပေမယ့် တိုက်ပွဲ အခြေအနေ အကြောင်းကို သိတဲ့ ဘယ်သူမဆို သူ့စကားကို နားလည်နိုင်တယ်။

ကောင်းကင် တာအို ခန်းမက နေရာ ပေါင်းစုံကနေ တိုက်ခိုက် ခံနေရပြီ။

ဒီနည်းဗျူဟာကို သုံးတဲ့ စိတ်ကူးက ထင်ရှားတယ်။ အာရုံလွှဲတဲ့ နည်းလမ်းကို သုံးပြီး မိစ္ဆာ ဘုရင်တွေနဲ့ နတ်ဆိုး စစ်သည်တော်တွေ အများကြီးကို သူတို့ သတ်ပြစ် ခဲ့ကြတယ်။ အဲ့ဒီ့နောက် ဘာဆက်ဖြစ်မလဲ။

အကယ်၍ ဖန်ကျန်းရှီသာ ဓားတောင်စောင်းမှာ ပေါ်မလာခဲ့ရင်၊ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေက သေချာပေါက် မဟူရာ နန်းတော်နားမှာ စုဝေးပြီး စောင့်ဆိုင်း နေလောက်ပြီ။ လူသား မဟာမိတ် အုပ်စု တိုက်ခိုက် လာတာကို စောင့်နေ ကြလိမ့်မယ်။

ဖန်ကျန်းရှီ မပြေးနိုင်တာ တကယ့်ကို မပြေးနိုင်လို့ပဲ။ အကယ်၍ သူသာ ထွက်ပြေးဖို့ ရွေးချယ်လိုက်ရင်၊ လူသား မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ ကြမ်းကြမ်း တမ်းတမ်း တိုက်ခိုက်ပြီး အဆုံးသတ် သွားလိမ့်မယ်။ ရလဒ်ကို ခန့်မှန်းလို့ ရနိုင်တယ်။

အကယ်၍ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေရဲ့ နတ်သခင် အဆင့် ပညာရှင်တွေသာ ရောက်လာခဲ့ရင်၊ အခု အခြေအနေ အရ လူသား မဟာမိတ် စည်းလုံးမှု ရှိဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

ဖန်ကျန်းရှှီ သူရဲကောင်း ဖြစ်ရတာကို မကြိုက်ဘူး။ ဒါပေမယ့် ဒီလပိုင်းတွေမှာ (အုပ်စု တစ်ခု ထိခိုက်ရင်၊ ရှိသမျှလူ အားလုံး သက်ရောက် ခံရတယ်) ဆိုတဲ့ စကားကို သူနားလည် လာတယ်။

လူသား မဟာမိတ်က မစည်းလုံး ပေမယ့်၊ သူလဲ ထိုင်ကြည့် မနေနိုင် ဘူးလေ။ နောက်ဆုံးတော့လဲ လူသား မဟာမိတ်သာ ရှုံးနိမ့် သွားခဲ့ရင်၊ လောကကြီးကို သူတစ်ယောက်တည်းနဲ့ ပြောင်းလဲ ပြစ်ဖို့ မဖြစ်နိုင်တော့ဘူး။

ယွင်ချင်းဝူ လိုပဲ။

ယွင်ချင်းဝူရဲ့ အင်အားက သူမရဲ့ ဉာဏ်ပညာ။ စည်းမျဉ်း စည်းကမ်းတွေကို သူမ အပြည့်အ၀ အသုံးချတယ်။ အရှင်းဆုံး ပြောရရင် ယွင်ချင်းဝူရဲ့ အကောင်းမွန်ဆုံး အင်အားက စည်းလုံးအောင် စုစည်း နိုင်တာပဲ။

အသက် ငါးနှစ် အရွယ်မှာ ယွင်ချင်းဝူက သွေးအရိပ် မြို့တော် အပြင်ကို နှင်ထုတ် ခံခဲ့ရတယ်။ နတ်ဆိုး အရှင်သခင် ဆီက ငွေသား တချို့၊ သက်တော်စောင့် အနည်းငယ်နဲ့ ကျတ်တီးမြေ ဆီကို လာခဲ့တယ်။

ဒါပေမယ့် ဒီလို အခြေအနေမှာ ယွင်ချင်းဝူက ငွေသား အနည်းငယ်၊ သက်တော်စောင့် အနည်းငယ်နဲ့ စစ်တပ်ကြီး တစ်ခုကို ထူထောင် နိုင်ခဲ့တယ်။ အင်အား ဆယ်ချီကနေ ရာချီ ထောင်ချီ အထိ စုစည်း နိုင်တယ်။

သုခမိန် တစ်ဝက် ချန့်ယန်းရဲ့ အကူအညီနဲ့ အတူ သူမက သွေးအရိပ် မြို့တော် ဘေးပတ်လည် နေရာတွေကို အရင် သိမ်းယူတယ်။ နတ်ဆိုး စစ်တပ်ကြီးနဲ့ အတူ သွေးအရိပ် မြို့တော်ဆီ ပြန်လာခဲ့တယ်။

ဒါကို အောင်မြင် နိုင်ဖို့ ငါးနှစ် အချိန်သာ ကြာခဲ့တယ်။

နောက် ဆယ်စုနှစ် အတွင်းမှာ ယွင်ချင်းဝူက ကိစ္စ တစ်ခုကိုသာ လုပ်ခဲ့တယ်။ မြင့်မြတ် နယ်မြေကို ဝင်နိုင်ဖို့ အခွင့်အရေး။ သူမ သုံးတဲ့ နည်းလမ်းကတော့ လူတွေကို ရှာတာပဲ။

ကိစ္စကြီးတွေကို လုပ်နိုင်မယ့် လူတွေကို ရှာဖွေ တတ်တာက ယွင်ချင်းဝူရဲ့ အင်အားပဲ။ အခုတော့ ဖန်ကျန်းရှီက ယွင်ချင်းဝူ၊ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေကို အနိုင်ယူဖို့ လိုလာပြီ။ တခြားသူတွေရဲ့ အကူအညီကို သူယူဖို့ လိုတယ်။ အားလုံး ပူးပေါင်းမှုရဲ့ အမြန်ဆုံး သတင်း အချက်အလက်တွေကို ရမှ ဖြစ်မယ်။

နောက်ဆုံးတော့လဲ လူတစ်ယောက်တည်းရဲ့ အမြင်က ကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်လေ။

“လူတစ်ယောက်ကို ငါးစာ အဖြစ် ပြောင်းတယ်ပေါ့။ ဟ ဟား။ ထက်မြက် ပါပေတယ်။” အေးစက်စက် အသံက မိစ္ဆာ ဘုရင် ခြောက်ယောက်ရဲ့ နောက်မှာ ပေါ်လာတယ်။ အဲ့ဒီ့နောက် ဝတ်ရုံနက် ဝတ်ထားသူ တစ်ယောက် ပေါ်လာတော့တယ်။

“အရှင် နတ်ဆိုး နတ်သခင်။”

“အရှင် နတ်ဆိုး နတ်သခင်။ ငါတို့တွေ။”

“..”

အဲ့ဒီ့ လူကို မြင်ချိန်မှာ ပတ်ဝန်းကျင်က မိစ္ဆာ ဘုရင် ခြောက်ယောက်နဲ့ နတ်ဆိုး စစ်သည်တော်တွေ အားလုံး ဒူးထောက် လိုက်ကြတယ်။

“ထွက်သွားစမ်း။ အသုံးမဝင်တဲ့ ကောင်တွေ။” အဲ့ဒီ့လူ လက်မြောက် လိုက်ချိန်မှာတော့ နတ်ဆိုးစစ်သည်တောွ အများကြီး လေထဲကို လွင့်ထွက် သွားတော့တယ်။ စစ်သည်တော်တွေ မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်း ပြုတ်ကျတယ်။ ဒီမြင်ကွင်းက နတ်ဆိုး ဘုရင်နဲ့ တခြား စစ်သည်တော်တွေကို အထိတ်တလန့် ဖြစ်သွားစေတယ်။

ဒါပေမယ့် ပိုပြီး လန့်စရာ ကောင်းတဲ့ အရာကတော့ လွင့်ထွက်သွားတဲ့ နတ်ဆိုး စစ်သည်တော်တွေ နောက်ထပ် ပြန်ထ မလာနိုင် တော့တာပဲ။ သူတို့တွေရဲ့ ခန္ဒာကိုယ်က သစ်ကိုင်းခြောက်တွေလို ခြောက်သွေ့ ကုန်ကြတယ်။

“..” အားလုံး ကျောချမ်း တုန်ယင် လာတော့တယ်။ ဒါကို မြင်ချိန်မှာ နတ်ဆိုး လက်ထောက် ခေါင်းဆောင် တစ်ယောက်က စကား ပြောဖို့ ပြင်လိုက်တယ်။ သူ့ကို နောက်ထပ် လက်ထောက် ခေါင်းဆောင်က လက်မောင်း ဆွဲပြီး တားလိုက်တဲ့ အတွက် သူစကား မပြောနိုင်ခဲ့ဘူး။

“ဟမ်။ ကြည့်ရတာ မင်းကပါ လိုက်သွားချင်တယ်ပေါ့။” ဝတ်ရုံနက်က လှည့်လာပြီးနောက် ပျောက်ကွယ် သွားတယ်။

ဘန်း။

စကား ပြောဖို့ ပြင်ခဲ့တဲ့ နတ်ဆိုး မျိုးနွယ် လက်ထောက် ခေါင်းဆောင်က မြေပြင်ပေါ်ကို လဲကျသွားတယ်။ အစောပိုင်းက လွင့်ထွက် သွားသူတွေနဲ့ မတူညီပဲ၊ သူ့ခေါင်းက အစိတ်စိတ် အမွှာမွှာ ကျေမွ သွားတယ်။ တကယ်တော့ သူ့ခန္ဒာကိုယ် အပေါ်ပိုင်း တစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ဖြစ်သွား ခဲ့တာပဲ။

“အရှင် နတ်ဆိုး နတ်သခင် ကျွန်တော်တို့။” တခြား လက်ထောက် မျိုးနွယ် ခေါင်းဆောင်က သွေးအလိမ်းလိမ်းနဲ့ ခန္ဒာကိုယ်ကို ကြည့်ရင်း တုန်ယင် နေခဲ့တယ်။

“သေစမ်း အသုံးမဝင်တဲ့ ကောင်။ မင်းတို့ အားလုံး သွားသေလိုက်။ ဟ ဟား ဟား။” အညှာအတာ ကင်းမဲ့တဲ့ ဟိန်းဟောက်သံကြီး ထွက်ပေါ် လာချိန်မှာ တခြား နတ်ဆိုး မျိုးနွယ် လက်ထောက် ခေါင်းဆောင်လဲ မြေပြင်ပေါ်ကို လွင့်စင် သွားပြန်တယ်။

အပြစ်ကင်းတဲ့ နတ်ဆိုး စစ်သည်တော်တွေလဲ အတူတူပဲ။ ဒီမြင်ကွင်းက တကယ့်ကို ရက်စက်တယ်။ ဒါ့အပြင် ဘယ်လို ရှင်းပြမှုမျိုးမှ မှရိခဲ့ဘူး။

နတ်ဆိုး နတ်သခင် ချိုးချီကတော့ တောင်ထိပ်ပေါ်မှာ ရပ်နေခဲ့တယ်။ သူ့နည်းလမ်းက ရှင်းလင်းတယ်။ စကားပြောသူ မှန်သမျှ သေရမယ်။ မိစ္ဆာဘုရင်နဲ့ နတ်ဆိုး စစ်သည်တော်တွေ အားလုံးကို အသုံး မဝင်တဲ့ အမှိုက်တွေလို့လဲ ခေါ်နေသေးတယ်။

ဒီမြင်ကွင်းက အားလုံးကို တုန်ယင် စေတယ်။ ချွေးစက် တစ်ချို့တောင် မိစ္ဆာ ဘုရင်တွေရဲ့ နဖူးမှာ စီးကျ နေခဲ့ပြီ။

မိစ္ဆာ ဘုရင် ခြောက်ယောက်က နတ်သခင် အဆင့် ပညာရှင်နဲ့ ယှဉ်လို့ မရနိုင်ပေမယ့် သူတို့တွေက အင်အားကြီး သူတွေလေ။ အခုချိန်မှာ သူတို့တွေး နားလည် သွားတဲ့ အရာ တစ်ခု ရှိတယ်။ ချိုးချီ အတွက်တော့ သူတို့က ဘာမှ မဟုတ်ကြဘူး။

“အော် ငါသိပြီ။ ဒီ ငတုံး အရူးကောင်က ဒဏ်ရာ ၇သွယ် တိုက်ကွက်မှာ အတော် တော်တာပဲ။” ဖန်ကျန်းရှီက သက်ပြင်းချရင်း ပြောလိုက်တယ်။

“…”

“..”

လေထု တစ်ခုလုံးက တိတ်ဆိတ် သွားတယ်။

ဖန်ကျန်းရှီ ပြောလိုက်တဲ့ ဒဏ်ရာ ၇သွယ် တိုက်ကွက်ကို မိစ္ဆာနဲ့ နတ်ဆိုး တွေ နားမလည်ကြဘူး။ ဖန်ကျန်းရှီရဲ့ လေသံက အရမ်းကို တင်းမာပြီး တိုက်ရိုက် ကျလွန်းတယ်။

မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ အားလုံးရဲ့ မျက်နှာ အမူအယာက ရှုပ်ထွေး သွားတယ်။ အမုန်းတရားတွေကို အာရုံလွှဲပေးတဲ့အတွက် ကျေးဇူး တင်ရမလား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလွန်း တာကိုပဲ ချီးမွမ်းရမလား မသိတော့ဘူး။ ဒါပေမယ့် အသံ တစ်သံကတော့ သူတို့ မေးခွန်းတွေကို အဖြေရှာ ပေးလိုက်တယ်။

“ဒဏ်ရာ ၇သွယ် တိုက်ကွက် ဆိုတာ ဘာကို ပြောတာလဲ။” ပင်းယန်က ရိုးရိုးသားသား မေးတယ်။ သိလိုစိတ် အပြည့်နဲ့ မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း မေးတယ်။

“မင်းရဲ့ ပြိုင်ဘက် တစ်ထောင်ကို သတ်တာက မင်းရဲ့ လူ ၈၀၀ကို သေစေနိုင်တယ်လို့ စာပေဆန်ဆန် ရှင်းပြတာနဲ့ အတူတူပဲ။” ဖန်ကျန်းရှီက ပင်းယန်ရဲ့ ခေါင်းကို ထိရင်း ရှင်းပြတယ်။

“စာပေ မဆန်ပဲ ပြောပြရင်ရော။”

“ငါ အခုပဲ ပြောလိုက်တယ်လေ။ ငတုံးလေး မင်း မကြားလိုက်ဘူးလား။”

“ဟ ဟားဟား။” ပင်းယန်ရဲ့ ရယ်သံက ကျယ်လောင်လွန်းတဲ့ အတွက် ကောင်းကင်က ဝတ်ရုံနက် ကြားသွားခဲ့တယ်။ မိစ္ဆာ ဘုရင်တွေရဲ့ မျက်နှာက မည်းမှောင်သွားတယ်။

သူတို့ အပြင် ပတ်ဝန်းကျင် နတ်ဆိုး စစ်သည်တော်တွေ အားလုံး လေထဲက ကြောက်စရာ အရှိန်အဝါတွေ မြန်မြန် ဆန်ဆန် ပျံ့နှံ့ လာနေတာကို ခံစား မိတယ်။ ဒါက သေခြင်းတရား အငွေ့အသက်ပဲ။ အင်အား ကြီးလွန်းလို့၊ ခန္ဒာကိုယ်တွေကိုတောင် တောင့်တင်း သွားစေတယ်။

“နောက်ဆုတ်။”

“နောက်ဆုတ်ကြ။”

မိစ္ဆာ ဘုရင်တွေ ချက်ခြင်း အမိန့် ပေးတယ်။

ဒါပေမယ့် အချိန်မှီ နောက်မဆုတ် နိုင်တဲ့ နတ်ဆိုး စစ်သည်တော်တွေ ရှိသေးတယ်။ သူတို့တွေရဲ့ ခန္ဒာကိုယ်က ချက်ခြင်း ဆိုသလို ပုတ်သိုး ဆွေးမြေ့သွားတယ်။ စွမ်းအားတွေ စုပ်ယူ ခံလိုက် ရသလိုပဲ။

“ငတုံး အရူး။ ငါ့ကို ပိုရယ်ရအောင် မင်းနာမည်ကို ပြောစမ်း။” ဖန်ကျန်းရှီက သေခြင်းတရား အငွေ့အသက်ဆီကို တိုးလာခဲ့တယ်။

“ချိုးချီ။” အေးစက်စက် အသံ တစ်သံ ထွက်ပေါ် လာတယ်။

“အိုး ဒီတော့ မင်းကိုယ်မင်း ငတုံးအရူးလို့ ဝန်ခံတယ်ပေါ့။”

“သေစမ်း။”

ရိုးရှင်းတဲ့ စကား တစ်ချို့က ရိုးရှင်းတဲ့ ရလဒ်ကို မရစေခဲ့ဘူး။ ချိုးချီက တိုက်ခိုက်ခဲ့တယ်။ ချက်ခြင်း ဆိုသလို ဖန်ကျန်းရှီ ရှေ့မှာ သူပေါ်လာတယ်။

အရမ်းကို နီးကပ်လွန်းတယ်။ နီးကပ်လွန်းလို့ ချိုးချီရဲ့ နဖူးပေါ်က ကြောက်စရာ အမာရွတ်ကိုတောင် ဖန်ကျန်းရှီ မြင်နေရပြီ။ ဒီအနီရောင် အမာရွတ်က သေမင်း ကြက်ခြေခတ်လိုပဲ။

ဘန်း။ လက်ဖဝါး နှစ်ခု ထိတွေ့ သွားခဲ့တယ်။ အဲ့ဒီ့နောက် လူနှစ်ယောက် ချက်ခြင်း လွင့်ထွက် သွားတယ်။ ချိုးချီက နောက်ကို ခြေ၂လှမ်း ဆုတ်သွားခဲ့ရတယ်။ မြေပြင်မှာ နက်ရှိုင်းတဲ့ ခြေရာကြီး နှစ်ခု ကျန်ရစ်တယ်။ ဖန်ကျန်းရှှီကတော့ တောင်ထိပ် အစွန်း အထိ လွင့်စင် သွားပြီး ခြေချော် ပြုတ်ကျ သွားခဲ့တယ်။

“..” လေထု တစ်ခုလုံး တိတ်ဆိတ် သွားပြန်တယ်။ အစောပိုင်း အချိန်နဲ့ ယှဉ်လိုက်ရင်၊ အခု ဖိအားက တောင်တန်းကြီး တစ်ခုလို လေးခံ နေခဲ့တယ်။

မိစ္ဆာ ဘုရင်တွေနဲ့ ပတ်ဝန်းကျင် နတ်ဆိုး စစ်သည်တော်တွေ အားလုံးက မျက်လုံး ပြူးကြီးတွေနဲ့သာ ရှိနေခဲ့တယ်။ အရာ အားလုံး ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းတယ်။ သူတို့တွေ လက်မခံ နိုင်ကြဘူး။ ပင်းယန်ကတော့ မျက်လုံး ပြူးကြီးနဲ့သာ ရပ်နေဆဲ။ အဝေးမှာ ရပ်နေတဲ့ ချိုးချီနဲ့ မိစ္ဆာ ဘုရင်တွေကို ကြည့်ရင်း လန့် နေခဲ့တယ်။

ဆောင်းတွင်းက စောစော ရောက်လာသလို သူမ တကိုယ်လုံး အေးစက်နေတယ်။

“အရှက် မရှိတဲ့ ကောင်စုတ်က အခုလို အချိန်မျိုးမှာတောင် ဟာသ လုပ်နေတာလား။” ပင်းယန်လဲ သည်းထိတ် ရင်ဖို ကိစ္စတွေကို ကြိုက်တယ်။ ဒါပေမယ့် အခု အခြေအနေကတော့ ခြောက်ခြားစရာ ဖြစ်နေခဲ့ပြီ။

ဒီတော့ ဖန်ကျန်းရှီ တောင်အောက်ကို လိမ့်ကျ သွားတာလား။ သေသလား ရှင်သလား။ ဒီတော့ သူမ ကိုယ့်ကိုယ်ကိုပဲ အားကိုး ရတော့မယ်။

တောင်လေ အေးအေးက ဓားတောင်ထိပ်မှာ တိုက်ခတ် နေခဲ့တယ်။ အေးစိမ့် နေပင်မယ့်၊ တောင်စောင်းပေါ်က သေခြင်းတရား အငွေ့အသက် ထက်တော့ နွေးပါသေးတယ်။

“ဒါ ငါ ငါက ဖြတ်သွားရုံပဲ။” ပြောပြီးတဲ့နောက် ဖန်ကျန်းရှီ နောက်ကို လိုက်ပြီး ခုန်ချဖို့ ပြင်တယ်။

သူမ နောက်လှည့် သွားချိန်မှာပဲ အနက်ရောင် လူရိပ်က သူမကို ဖြတ်ကျော်ပြီး တောင်စောင်းကို အရင် ရောက်သွားတော့တယ်။

“မင်း အစောပိုင်း တုန်းကတော့ အတော့်ကို ပျော်နေပုံပဲ။” ချိုးချီရဲ့ အေးစက်စက် အသံ ထွက်ပေါ်လာတယ်။ သူ့ကြည့်ရတာ အရမ်းကို အေးစက်လွန်းတယ်။

“ငါ ရယ်မိလို့လား။” ပင်းယန် အတော့်ကို မသက်မသာ ဖြစ်နေတယ်။

“မင်း အခု ထပ်ရယ်နိုင်ရင်၊ မင်း အသက်ကို ချမ်းသာပေးမယ်။” ချိုးချီက ပင်းယန် အနားကို ကပ်လာရင်း ပြောတယ်။

“ဟဟား။” ပင်းယန်က အပြုံးက အခုချိန်မှာ ငိုသံထက်တောင် ဆိုးဝါး နေသေးတယ်။

ဖန်ကျန်းရှီ ဒီလို မသေနိုင်မှန်း သူမ သိတယ်။ ဒါပေမယ့် ဒီလို တောင်စောင်းကနေ ပြန်တက် လာနိုင်ဖို့ အနည်းဆုံး ဆယ်မိနစ်တော့ လိုအပ်တယ်လေ။

ဆယ်မိနစ်။ ဆယ်မိနစ် အတွင်း သူမ သေသွားနိုင်တယ်။ ဘာလုပ်သင့်လဲ။

တိုက်ခိုက်ရမလား။ ဆက်ရယ်ပြီး အချိန်ဆွဲ နေရမလား။ အတွေးတွေ ပင်းယန် စိတ်ထဲ အမျိုးမျိုး ဝင်လာနေတယ်။ ရဲရဲတောက် ချီလင်လှံကို ချိုးချီဆီ သူမ ပြစ်ပေး လိုက်တယ်။

ချိုးချီကတော့ ရပ်တန့် သွားခဲ့တယ်။ ပင်းယန် လက်ထဲက ရဲရဲတောက် ချီလင်လှံကို ကြည့်ပြီး သူရယ်မောတော့တယ်။

“ဟား ဟား ဟား။” ချိုးချီက ဘဝမှာ အရယ်ရဆုံး ဟာသ တစ်ခုကို မြင်နေရသလို ရယ်မောတော့တယ်။

ဒါပေမယ့် ရယ်မောပြီးနောက် သူ့မျက်နှာက ပိုပြီး အေးစက် သွားခဲ့တယ်။ သေခြင်းတရား အငွေ့အသက်တွေက နောက်ထပ် ထွက်လာပြန်တယ်။

“နောက်ထပ် အသုံးမဝင်တဲ့ အမှိုက်ပဲ။” ချိုးချီ ရှေ့ကို နောက်တစ်လှမ်း တိုးလာတယ်။”

“မသတ်ပါနဲ့။ ငါက တကယ် ဖြတ်သွား ဖြတ်လာ မိရုံပဲ။” ပင်းယန်ရဲ့ ခြေထောက်တွေက ပျော့ခွေ နေခဲ့ပြီ။ သူမ မြေပြင်ပေါ်ကို လဲကျ သွားခဲ့တယ်။ ခုခုံဖို့ အားမရှိတော့ဘူး။

ပတ်ဝန်းကျင် မိစ္ဆာ ဘုရင် ခြောက်ယောက်ကတော့ အခုချိန်မှာ ဆွံ့အ နေခဲ့ပြီ။

သူက သုခမိန် မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီလို ပုံစံ ဖြစ်နေရတာလဲ။ သုခမိန်နဲ့ နတ်သခင် အဆင့် ဖြစ်နေပင်မယ့်၊ သုခမိန်က တိုက်ခိုက် နိုင်သေးတယ်လေ။

“သေစမ်း။” ချိုးချီက ပင်းယန်ကို လက်ဝါးနဲ့ ရိုက်ချတယ်။

“အား။ အရေးကြီး သတင်း ပြောစရာ ရှိပါတယ်။ မုန့်ထျန်းနဲ့ နတ်ဘုရား အရင်းအမြစ် အကြောင်းပါ။” ပင်းယန်က လက်သီးကို ဆုပ်ပြီး ဦးညွှတ်တယ်။ အရမ်းကို ကြောက်လန့် နေတဲ့ ပုံစံပဲ။

“ဟမ်။” ချိုးချီ ရပ်တန့် သွားတယ်။

ပင်းယန်ကြောင့် ရပ်တန့်တာ မဟုတ်ဘူး။ ပင်းယန် ပြစ်ချလိုက်တဲ့ ချီလင်လှံက သူ့လက်ကို လာထိ နေလို့ပဲ။

ချီလင်လှံပေါ်မှာ နီရဲနေတဲ့ တိမ်သဏ္ဍာန် ်တစ်ခု ရှိနေခဲ့တယ်။ ထိပ်ဖျားမှာတော့ ရွှေရောင် တောက်ပနေတဲ့ နေရာ တစ်ခုက ဆက်တိုက် ဆိုသလို လှည့်ပတ် နေခဲ့တယ်။

အဲ့ဒီ့နောက် ပင်းယန်ရဲ့ လက်ထဲကနေ သံပရာမှုန့်တွေ ထွက်လာတော့တယ်။

စကား ပြောရင်း သူမ မှုတ်ထုတ်လိုက်တယ်။

ဒီလို နီးကပ်လွန်းလှတဲ့ အကွာအဝေး၊ ပင်းယန်ရဲ့ သုခမိန် အစွမ်းနဲ့ ပေါင်းလိုက်ရင်၊ သံပရာမှုန့်တွေရဲ့ အရှိန်နှုန်းက အရမ်းကို မြန်ဆန်လွန်းတယ်။

ဖန်ကျန်းရှီလို စိတ်ကို ပြင်ဆင် ထားသူတောင် ပင်းယန်ရဲ့ သံပရာမှုန့်တွေကို မရှောင်နိုင်ခဲ့ဘူး။

ချိုးချီလို ချီလင်လှံကြောင့် အာရုံ လွင့်နေသူ အတွက်တော့ သံပရာမှုန့်တွေက မျက်လုံးထဲကို တန်းတန်း မတ်မတ် ဝင်သွားတော့တယ်။

ဘန်း။ ချိုးချီ မျက်နှာ တစ်ခုလုံး သံပရာမှုန့်တွေကြောင့် ဖြူဖွေးသွားတယ်။

အပိုင်း (၉၅၂) ပြီး၏။

အပိုင်း (၉၅၃)

“မြေပြင်ပေါ်က မျက်နှာ။”

မင်းထက် အားနည်းတဲ့သူတ စ်ယောက် အကွက်ဆင် တိုက်ခိုက်တာကို ခံရတာထက် ပိုပြီး ခံပြင်းမယ့် ကိစ္စ ဘာထပ် ရှိအုန်းမလဲ။

မေးခွန်း အတွက် အဖြေက မရှိခဲ့ဘူး။ ဒါပေမယ့် ချိုးချီကတော့ အတော့်ကို ကြည့်ရ ဆိုးနေခဲ့ပြီ။ သူ့ရဲ့ မျက်နှာက လုံးဝကို မည်းမှောင် နေခဲ့တယ်။

“သေစမ်း။” ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ် လာပြီးနောက် ချိုးချီက ရဲရဲတောက် ချီလင်လှံကို ဆွဲယူလိုက်ပြီး ကန်ထုတ်လိုက်တယ်။

ဒီအဖြစ်အပျက်က ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းတယ်။ ချိုးချီကတော့ သူ့ရဲ့ အသေသတ် တိုက်ကွက်ကို ပင်းယန် ခုန်ရှောင် နိုင်မယ်လို့ လုံး၀ မထင်ထား ခဲ့ဘူး။ ဒါပေမယ့် ပင်းယန်ကတော့ ခုန်ရှောင်နိုင်ခဲ့တယ်။

ထူးထူးဆန်းဆန်း ပင်းယန်က ချိုးချီနဲ့ ငါးပေ အကွာမှာ ရောက်နေခဲ့ပြီ။ သူမက တစ်ယောက်ယောက် တွန်းထုတ်တာကို ခံလိုက် ရသလိုပဲ။

ဒီအချိန်မှာပဲ ချိုးချီ အနောက်ကနေ အသံ တိုးတိုး တစ်ခုထွက်ပေါ် လာတော့တယ်။

ဘန်း။ ဒီအသံ အရတော့ ရိုက်ချက်က အတော့်ကို ပြင်းထန်တယ်။ လုံးဝကို အညှာအတာ ကင်းကင်းနဲ့ ရိုက်ချ လိုက်တာပဲ။

“အဲ့တာ မုန့်ထျန်းပဲ။”

“သူတောင်ပေါ်ကနေ ပြုတ်ကျသွားတာ မဟုတ်ဘူးလား။”

မိစ္ဆာ ဘုရင်နဲ့ နတ်ဆိုး စစ်သည်တော်တွေ ချိုးချီကို ဘယ်သူရိုက်လဲ ဆိုတာ မြင်လိုက်ကြတယ်။

ချိုးချီကတော့ သူ့ခန္ဒာကိုယ်ပေါ် ကျရောက်လာတဲ့ လက်ဝါးချက်ကြောင့် မြေပြင်ပေါ်ကို မျက်နှာအပ်လျက် ပြုတ်ကျ သွားခဲ့တယ်။

အဲ့ဒီ့နောက် မိစ္ဆာနဲ့ နတ်ဆိုးတွေ အားလုံးရဲ့ အထိတ်တလန့် အကြည့်အောက်မှာ မုန့်ထျန်းက ချိုးချီရဲ့ ခေါင်းကို တက်နင်း သွားတယ်။

“ငတုံး အရူး။”

“မင်း ဘာတွေများ ဒီလောက်တောင် ရယ်နေတာလဲ။”

“မင်း ဒီလိုမျိုး ထပ်ရယ်နိုင်ရင်၊ မင်းအသက်ကို ငါချမ်းသာပေးမယ်။”

“..”

ဖန်ကျန်းရှီရဲ့ အသံက ဓားတောင်ထိပ် တောင်စောင်းမှာ ဟိန်းထွက်လာခဲ့တယ်။ ချိုးချီရဲ့ ခေါင်းကို သူနင်းနေတာ မရပ်ခဲ့ဘူး။ သူ့မှာ ဒီလို လုပ်နိုင်တဲ့ အခွင့်အရေး ရှိနေတုန်း အပြည့်အ၀ အသုံးချနေခဲ့တယ်။

ဘန်း။

ဂျွတ်။

“..”

အဲ့ဒီ့နောက် ဘာမှ ဆက်ဖြစ် မလာတော့ဘူး။

ချိုးချီရဲ့ ခန္ဒာကိုယ်က ပျောက်ကွယ် သွားပြီး ပင်းယန်လို အဝေး နေရာမှာ ပြန်ပေါ်လာ တော့တယ်။ သူ့ပုံစံကတော့ ပင်းယန်ထက် အဖြစ်ဆိုးတယ်။ မျက်နှာပေါ်မှာ သွေးစက်တွေ ကြောက်စရာ ကောင်းလောက်အောင် များပြားနေတယ်။ အဖြူရောင် အမှုန့်တွေနဲ့ ပေါင်းစည်းပြီး သူ့ပါးစပ်တောင် သွေးတွေကြောင့် ရဲရဲနီ နေခဲ့တယ်။

ဒါတွေ အားလုံးက တစ်ခဏ အတွင်းမှာ ဖြစ်ပျက် သွားခဲ့တယ်။

မယုံနိုင်စရာ ကောင်းအောင် မြန်ဆန်ပြီး လူတွေကို အမြင့်က ပြုတ်ကျ သလို ခံစားရစေတယ်။ ဒီလို အခြေအနေ အလှည့်အပြောင်းက မြန်ဆန်လွန်းတယ်။

“ဟဟား။ ငါမင်းသမီး သရုပ်ဆောင် ကောင်းတယ် မဟုတ်လား။” ပင်းယန်ရဲ့ ရယ်မောသံက အားလုံးကို မျက်လုံးပြူး သွားစေခဲ့တယ်။

သူမက အရမ်းကို ပျော်ရွှင် လွန်းနေတဲ့ အတွက် သူမရဲ့ ဇစ်မြစ်ကိုတောင် ဖော်ထုတ် မိသွားခဲ့တယ်။

“သရုပ်ဆောင် ကောင်းတယ်။”

“သူက သရုပ်ဆောင် နေတာလား။”

“ဒါဆိုရင် ဒါတွေ အားလုံးက။”

မိစ္ဆာ ဘုရင်တွေ ပင်းယန်ရဲ့ စကားကို ရှင်းရှင်းလင်းလင်း ကြားတဲ့ အတွက် မျက်လုံး ပြူးသွားခဲ့တယ်။ ဒီနှစ်ယောက်က သရုပ်ဆောင် နေခဲ့ကြတာပဲ။ ဒါက ဇာတ်ကွက် တစ်ခုလား။

ဖန်ကျန်းရှီကို လူ အများစုက အရှက် မရှိတဲ့ ကောင်လို့ ခေါ်ကြပေမယ့် သူကတော့ တစ်ခါမှ ဂရု မစိုက်ခဲ့ဘူး။ နောက်ဆုံးတော့လဲ သေလူ တစ်ယောက် ဒါမှမဟုတ်ရင် အရူး တစ်ယောက်သာ သူရဲကောင်း ပုံစံနဲ့ တိုက်ခိုက်မှာလေ။

ချိုးချီ မရောက်ခင် တည်းက ဖန်ကျန်းရှီနဲ့ ပင်းယန် တိုင်ပင် ထားပြီးသား။ အဲ့ဒီ့ အချိန်တုန်းက ဖန်ကျန်းရှီနဲ့ ပင်းယန် ရှုခင်း ကြည့်နေတယ် လို့ပဲ မိစ္ဆာ ဘုရင်တွေ ထင်ခဲ့ကြတယ်။

သူတို့ရဲ့ လှည့်စားမှုက အောင်မြင်တယ်။

ဖန်ကျန်းရှီက တောင်စောင်းကနေ ပြုတ်ကျ ဟန်ဆောင်ပြီး ချိုးချီရဲ့ နောက်ကနေ တိုက်ခိုက်တယ်။ ချိုးချီကို သူအလဲထိုး နိုင်ခဲ့တယ်။ ပင်းယန်ကတော့ ဖန်ကျန်းရှီ အနားကို ပြေးသွားရင်း တလက်လက် တောက်ပနေတဲ့ မျက်လုံးတွေနဲ့ စကား ပြောနေတယ်။ သူမ စကားမှား သွားတာကိုတောင် သတိမထားမိ ခဲ့ဘူး။

ဖန်ကျန်းရှီကတော့ ဒါတွေကို ဂရုစိုက် မနေခဲ့ဘူး။ နောက်ဆုံးတော့လဲ ပင်းယန်က သူ့ကိုယ်သူ ငါမင်းသမီးလို့ ပြောနေတာကို ကျင့်သား ရနေပြီးသားလေ။ ဒါကြောင့် ဘာကိုမှ သတိ မထားမိခဲ့ဘူး။

…

ကောင်းကင် တာအို ခန်းမ ဓားတောင်ထိပ် တောင်ခြေ။

မုချင်းဖန်းနဲ့ မော့ရှန်းရှီတို့က ကျောက်တုံးကြီး တစ်ခုနောက်မှာ ပုန်းအောင်းရင်း စောင့်ဆိုင်းနေတယ်။ တောက်ဟွမ်နဲ့ ဝူယွဲ့အာ ဦးဆောင်လာတဲ့ အဖွဲ့က သူတို့နဲ့ ခပ်မြန်မြန်ပဲ လာတွေ့တယ်။ ညက မှောင်မိုက်ပေမယ့်၊ လူတွေကိုတော့ ကောင်းကောင်း မြင်နိုင်သေးတယ်။

ဝတ်ရုံနက် ဝတ်ထားတဲ့ မုန့်ထျန်း ၇၀ကျော်က အခုချိန်မှာ အတူတူ ရပ်နေခဲ့ကြြ့ပီ။ သူတို့တွေကို အမှောင်ထဲမှာ တွေ့ဖို့တော့ ခက်ခဲတယ်။

“မဟာမိတ် လက်ထောက် ခေါင်းဆောင်မု။ ငါကြားတာ မုန့်ထျန်းက လက်ရှိ ဓားတောင်ထိပ် တောင်စောင်းမှာ ရောက်နေတယ်ဆို။” တောက်ဟွမ်က ချက်ခြင်း မေးတယ်။

“အမှန်ပဲ။” မုချင်းဖန်း ခေါင်းငြိမ့်ရင်း တစ်ခုခု ပြောတော့မယ့် အချိန်မှာပဲ ကောင်းကင်ကနေ ဝတ်ရုံနက် တစ်ယောက် ခုန်ချလာတယ်။

“ဆရာနဲ့ မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံးကို ဂါရ၀ ပြုပါတယ်။”

“နောက်ထပ် အရေးကြီး သတင်း အသစ်ရှိလား။” မုချင်းဖန်းက သူ့တပည့်ကို သေချာ စစ်ဆေး ပြီးချိန်မှာ မေးလိုက်တယ်။

“ဟုတ်ကဲ့။ နတ်သခင် အဆင့် ပညာရှင် ပေါ်လာပါတယ်။ သူ့နာမည်က ချိုးချီပါ။ ဆရာကြီး မုန့်ထျန်းနဲ့ တောင်စောင်းမှာ တိုက်ခိုက်ပေမယ့်၊ သူ ဒဏ်ရာရ သွားပါတယ်။” တပည့်သား ပြန်ဖြေတယ်။

“သူ ဒဏ်ရာရ သွားတယ်။”

“မင်း စကားကို ရှင်းရှင်း လင်းလင်း ပြော။ ဘယ်သူ ဒဏ်ရာရ တာလဲ။ မုန့်ထျန်းလား။ ချိုးချီလား။”

“ချိုးချီ။ ချိုးချီ ဒဏ်ရာရ သွားတာပါ။ ဆရာကြီး မုန့်ထျန်း နောက်ကနေ ရိုက်ချပြီး ကန်ထုတ်တာကို ခံလိုက် ရပါတယ်။ ဆရာကြီး မုန့်ထျန်းက အနိုင်ရတော့မယ့် ပုံပါပဲ။ ဒါကြောင့် သတင်း လာပို့တာပါ့။” တပည့်သား ပြန်ဖြေတယ်။

“အင်အား ကြီးလိုက်တာ။” မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံး စိတ်လှုပ်ရှား သွားခဲ့တယ်။ ဒါ့အပြင် သူတို့ လေးစားပြီး မနာလိုလဲ ဖြစ်ကြတယ်။

“ဟုတ်တယ်။ အံ့သြစရာ ကောင်းလိုက်တာ။ ဆရာကြီး မုန့်ထျန်းက အရမ်း အင်အားကြီးမယ်လို့ မတွေးခဲ့ မိဘူး။ သူနဲ့သာ ဆိုရင် မိစ္ဆာနဲ့ နတ်ဆိုးတွေကို ကြောက်စရာ မလိုတော့ဘူး။”

“အမှန်ပဲ။ ငါတို့ ဘာကို ထပ်စောင့် နေမှာလဲ။”

“ကောင်းကင် တာအို ခန်းမကို သွားမယ်။ ဆရာကြီး မုန့်ထျန်းနဲ့ အတူ မိစ္ဆာ နတ်ဆိုး တွေကို ရှင်းပြစ်မယ်။ ပြီးရင် ကျောက်တုံး နန်းတော်ထဲကို ဝင်မယ်။” တခြား ခေါင်းဆောင်တွေလဲ သူတို့ရဲ့ အမြင်ကို ထုတ်ပြော ကြတယ်။

“မဖြစ်ဘူး။ ယွင်ချင်းဝူက မကြာခင် ရောက်လာတော့မယ်။ တခြား နတ်သခင် အဆင့် ပညာရှင်တွေလဲ သူတို့နဲ့ အတူတူ ပါလာတယ်။ ငါတို့ အချိန်က ကန့်သတ်ချက် ရှိတယ်။ အခုချိန်မှာ ရန်သူကို လျော့မတွက် သင့်ဘူး။ မဟူရာ ကျောက်တုံး နန်းတော်ထဲကို ချက်ခြင်း ဝင်ရမယ်။” မော့ရှန်းရှှီ ပြောတယ်။

လူရိုး လူဖြောင့်ကြီး ဖြစ်တဲ့ မော့ရှန်းရှီက မုန့်ချန်းရဲ့ စွမ်းရည်ကို နားလည် ပြီးတဲ့နောက် အစီအစဉ်ကို ပိုပြီးတော့ သံသယ ဝင်လာခဲ့တယ်။

တခြားသူတွေလဲ ဒါကို ကြားတဲ့ အချိန် ချက်ခြင်း ခေါင်းငြိမ့်ကြတယ်။ နောက်ဆုံးတော့လဲ အားလုံး ဒီကို ရောက်နေရတဲ့ အဓိက အကြောင်း အရင်းက မဟူရာ ကျောက်တုံး နန်းတော်လေ။

တခြား မျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ ယှဉ်လိုက်ရင်၊ တောက်ဟွမ်ကတော့ တိတ်ဆိတ် နေခဲ့တယ်။ သူလေးလေးနက်နက် တွေးတော နေပုံပဲ။

“မဟာမိတ် ခေါင်းဆောင်တောက်။ ဆုံးဖြတ်ချက် ချပေးပါ။” သူတွေးတော နေချိန်မှာ၊ မျိုးနွယ်စု ခေါင်းဆောင်တွေက လှမ်းပြောတယ်။

“အင်း ကောင်းပြီ။ ဒါဆိုရင် ကျောက်တုံး နန်းတော်ကို သွားပြီး နတ်ဘုရား အရင်းအမြစ်ကို သွားရှာကြမယ်။” တောက်ဟွမ်က ချက်ခြင်း ပြောပြီးတဲ့ အချိန် သူ့စိတ်ထဲမှာ တစ်ခုခု ဝင်လာတယ်။ အဲ့ဒီ့နောက် ဝူယွဲ့အာကို လှည့်မေးတယ်။ “မျိုးနွယ်စု ခေါင်းဆောင်ဝူ။ ကျောက်တုံး နန်းတော်ထဲကို ဝင်တော့မယ် ဆိုတော့၊ ဆရာကြီး မုန့်ထျန်း ပေးလိုက်တဲ့ အိတ်ကို ဖွင့်လို့ ရပြီလား။”

“ဆရာကြီး မုန့်ထျန်းက နန်းတော်ထဲ ဝင်ပြီးမှ ဖွင့်လို့ ပြောထားတယ်။” ဝူယွဲ့အာ ချက်ခြင်း ခေါင်းခါတယ်။

“ဝင်ပြီးတဲ့ အချိန်မှလား။ ဟဟား။ ကိစ္စ မရှိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝင်ရမှာပဲလေ။ တခြားသူတွေ ဘယ်လို ထင်လဲ။” တောက်ဟွမ်က မျက်လုံးတွေကို မှေးစင်းရင်း ပတ်ဝန်းကျင် မျိုးနွယ် ခေါင်းဆောင်တွေကို ကြည့်လိုက်တယ်။

“ဒါပေမယ့်။”

“..”

မျိုးနွယ်စု ခေါင်းဆောင်တွေက တိတ်တဆိတ် နေခဲ့တယ်။

မုန့်ထျန်း ပြောသလို ဆိုရင်၊ ကျောက်တုံး နန်းတော်ထဲကို ဝင်ပြီးမှ စာအိတ်ကို ဖွင့်ရမယ်။ သူတို့ ဝင်တော့မယ် ဆိုမှတော့ စောဖွင့်ရင်တောင် ဘာဖြစ်မှာလဲ။

“ဆရာကြီး မုန့်ထျန်းက ဝင်ပြီးမှ ဖွင့်လို့ ပြောထားတယ် မဟုတ်လား။ မင်းက ဘာလို့ အခု ချက်ခြင်းကြီး ဖွင့်ချင် နေရတာလဲ။” မော့ရှန်းရှီက မေးတယ်။

“မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့။ အခုချိန်မှာ ဒါမျိုး ပြောဖို့ အချိန်ကောင်း မဟုတ်ဘူး။ မဟာမိတ် ခေါင်းဆောင် အနေနဲ့ ငါတို့ မဟာမိတ် အဖွဲ့ရဲ့ လုံခြုံရေးကို ဂရုစိုက်ရမယ်။ မုန့်ထျန်းရဲ့ ဇစ်မြစ်ကို အတည်ပြုပြီး ပေမယ့်၊ အခုချိန်မှာ ငါတို့ အတွက် အန္တရာယ် များနေသေးတယ်။ ငါဒါကို အားလုံးရဲ့ လုံခြုံရေး အတွက် ပြောနေရတာ။”

“ဘာတွေများ စဉ်းစားဖို့ လိုနေ သေးလို့လဲ။ ငါတို့ လူတစ်ယောက်ကို ယုံကြည်မယ် ဆိုရင် အပြည့်အ၀ ယုံကြည်သင့်တယ်။ ဆရာကြီး မုန့်ထျန်းကို ယုံကြည်မှတော့၊ သူ့ကို သံသယ မဝင်သင့်ဘူး။ အမိန့် အတိုင်း ဆက်လုပ်ရမယ်။” မော့ရှန်းရှီက တောက်ဟွမ်ရဲ့ စကားကို ဖြတ်ပြောတယ်။

“တောင်ကြား ခေါင်းဆောင်မော့ ပြောတာကို ငါသဘောတူတယ်။”

“ဟုတ်တယ်။ ငါတို့တွေ သေချာပေါက် ဝင်ရမှာပဲလေ။ စောပြီး ဖွင့်ဖွင့် နောက်ကျမှ ဖွင့်ဖွင့် ကိစ္စ မရှိဘူး။”

“ငါ့အတွေးလဲ အတူတူပဲ။”

တခြား မျိုးနွယ်စု ခေါင်းဆောင်တွေ သဘောတူကြတယ်။

“ကောင်းပြီ။ အားလုံး သဘောတူမှတော့။ အမိန့်ချပါ မဟာမိတ် ခေါင်းဆောင်တောက်။” ဒါတွေကို ကြားချိန်မှာ မော့ရှန်းရှီရဲ့ မျက်ဝန်းထဲ လှောင်ရယ်လိုတဲ့ အရိပ်အယောင်တွေ လင်းလက်လာတော့တယ်။

တောက်ဟွမ်ကတော့ အံကြိတ်ပြီး လက်သီးဆုပ် ထားရင်း တုန်ယင် နေခဲ့တယ်။ မျက်နှာဖုံး ရှိနေတာတောင် သုူ့ဒေါသတွေကို ခံစားလို့ ရနိုင်နေတယ်။

ဒါပေမယ့် တောက်ဟွမ်က ခပ်မြန်မြန်ပဲ တည်ငြိမ် သွားခဲ့တယ်။ သူ့အကြည့်က ပြန်ပြီးတော့ ပြောင်းလဲတယ်။ ဝူယွဲ့အာနဲ့ မော့ရှန်းရှီကို ကြည့်ရင်း သူပြောတယ်။

“ဟဟား။ အားလုံးက မငြင်းပယ် မှတော့ ဆရာကြီး မုန့်ထျန်းရဲ့ ညွှန်ကြားချက် အတိုင်း ဆက်လုပ်ကြမယ်။ ဒါပေမယ့် မျိုးနွယ်စု ခေါင်းဆောင်ဝူ။ ငါတို့တွေ ကျောက်တုံး နန်းတော်ထဲ ရောက်တာနဲ့ အိတ်ကို ဖွင့်ဖို့ မမေ့ပါနဲ့။ ဒါက လူသား မဟာမိတ်ရဲ့ လုံခြုံမှု အတွက်ပဲ။“

“ကောင်းပါပြီ။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။

“ကောင်းပြီ။ အမိန့်ချလိုက်။ အဖွဲ့လေးခု စလုံး အရှေ့ အနောက် တောင် မြောက် နေရာ လေးခုမှာ နေရာယူမယ်။ ဒါ့အပြင်။” တောက်ဟွမ်က မော့ရှန်းရှီကို ကြည့်ရင်း ချောင်းဟန့်တယ်။ “ငါ့မှာ အကြံပေးစရာ တစ်ခုရှိတယ်။ လက်ထောက် မဟာမိတ် ခေါင်းဆောင်မော့ ကြားချင်ပါ့မလား။”

“ဟဟား။ ပြောစမ်းပါ။ မဟာမိတ် ခေါင်းဆောင်တောက်။”

“မဟူရာ ကျောက်တုံး နန်းတော်ထဲ ငါတို့ ဝင်ပြီးရင် ဘာတွေ ဖြစ်လာမယ်မှန်း ဘယ်သူမှ မသိနိုင်ဘူး။ ဒီတော့ အပြင်ဘက်မှာ ကျောက်တုံး နန်းတော်ကို စောင့်ဖို့ အတွက် အုပ်စု တစ်ခု နေရစ် သင့်တယ်။ အဲ့တာ ဘယ်လိုထင်လဲ မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့။”

“ဒီတော့ မင်းက ငါ့ကို တံခါးစောင့် လုပ်စေချင်တယ်ပေါ့။” မော့ရှန်းရှှီက ချက်ခြင်း နားလည်တယ်။

“စိတ်မဆိုးပါနဲ့။ မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့။ အားလုံးက ကိစ္စကြီး အတွက်ပါပဲ။ ဒီလို ကိစ္စကြီး အတွက် နည်းနည်းလေးတောင် သည်းမခံ နိုင်ဘူးလား။” တောက်ဟွမ်က ဆက်ပြီးတော့ သွေးတိုးစမ်းတယ်။

“ကိစ္စကြီး အတွက် ဖြစ်နေမှတော့၊ မင်းပဲ အပြင်မှာ စောင့်နေလိုက်လေ။” မော့ရှန်းရှီက အခုချိန်မှာ ဒီနေရာ အထိ ရောက်လာခဲ့ပြီ။ အထဲကို မဝင်ဖို့ ဆုံးဖြတ်ချက်ကို သူဘယ်လိုများ လက်ခံ နိုင်မှာလဲ။

“ငါအပြင်မှာ စောင့်ရရင်လဲ ကိစ္စ မရှိပါဘူး။ ဒါပေမယ့် လူသားမဟာမိတ် ခေါင်းဆောင် အနေနဲ့၊ ရှေ့တန်းမှာ နေလို့ မဖြစ်ဘူးလေ။ အထဲမှာ တစ်ခုခု ဖြစ်လာရင်၊ ဆုံးဖြတ်ချက် ချဖို့ ရှိနေမှ ရမယ်။ ဒါ့အပြင် ခေါင်းဆောင်မော့က စောင့်ကြပ်ဖို့ အသင့်တော်ဆုံး လူလို့ မထင်ဘူးလား။”

“ငါက ဘာဖြစ်လို့ အသင့်တော်ဆုံးသူ ဖြစ်ရမှာလဲ။”

“ဟဟား။ စိတ်လျှော့ပါအုန်း ခေါင်းဆောင်မော့။ ပထမဆုံး ငါက မဟာမိတ် ခေါင်းဆောင် ဖြစ်နေတဲ့ အတွက် အပြင်မှာ စောင့်ဆိုင်းဖို့ မဖြစ်နိုင်ဘူး။ ဒါကို ဘယ်သူမှ မငြင်းနိုင်ဘူး မဟုတ်လား။” တောက်ဟွမ်က ပတ်ဝန်းကျင်ကို ကြည့်ရင် းပြောတယ်။

မျိုးနွယ်စု ခေါင်းဆောင်တွေလဲ ခပ်မြန်မြန် ခေါင်းငြိမ့်ကြတယ်။

“ကောင်းပြီ။ ငါကရော လက်ထောက် မဟာမိတ် ခေါင်းဆောင် မဟုတ်ဘူးလား။” မော့ရှန်းရှီရဲ့ ဒေါသကို အားလုံး ခံစား နိုင်နေတယ်။

“စိတ်မရှည်လိုက်တာ ခေါင်းဆောင်မော့။ စကားကို ပြီးအောင် ပြောပြရစေအုန်း။”

“ကောင်းပြီ။ ပြော။”

“ပထမဆုံး အပြင်မှာ စောင့်မယ့်သူ တစ်ယောက် လိုအပ်တယ်။ ဒုတိယက ငါလဲ ဝင်ဖို့ လိုတယ်။ ခေါင်းဆောင်မုကလဲ နန်းတော်ထဲကို ရောက်ဖူးတဲ့သူ ဖြစ်တဲ့ အတွက် သူလဲ အပြင်မှာ နေလို့ မရဘူး။ တတိယ တစ်ခုကတော့ ခေါင်းဆောင်မော့နဲ့ ခေါင်းဆောင်ဝူ နှစ်ယောက်မှာ ခေါင်းဆောင်ဝူ လက်ထဲက စာအိတ် အကြောင်း မပြောရင်တောင်၊ တစ်ယောက်ချင်းစီရဲ့ အစွမ်းချင်း ယှဉ်ရင် ခေါင်းဆောင်မော့က ရန်သူတွေကို ပိုပြီးတော့ ခုခံ တိုက်ခိုက် နိုင်မှာပဲ မဟုတ်လား။ ခေါင်းဆောင်ဝူကို အင်အားကြီး ရန်သူတွေ ကြားမှာ တစ်ယောက်တည်း ချန်ထားခဲ့ နိုင်လို့လား ခေါင်းဆောင်မော့။” တောက်ဟွမ်က ငြင်းခုန်နေရင်း ပြုံးလိုက်တယ်။

မုချင်းဖန်းကတော့ မျက်မှောင်ကြုတ် သွားရင်း မော့ရှန်းရှီရဲ့ ပုခုံးကို ဖိထားခဲ့တယ်။ သူ့ကို စိတ်ငြိမ်အောင် လုပ်ဖို့ ကြိုးစား နေတယ်။

“အဖိုးကြီးမော့။ အလောမကြီးနဲ့။”

ထွီ။

“ငါဘယ်တုန်းက အလောကြီး နေလို့လဲ။ ကောင်းပြီ။ ငါအပြင်မှာ နေခဲ့မယ်။” မော့ရှန်းရှှီ တံတွေး ထွေးလိုက်ရင်း ပြန်ဖြေတယ်။

ဒါကို မြင်ချိန်မှာတော့ တောက်ဟွမ်က လှောင်ပြုံး ပြုံးလိုက်တော့တယ်။ မဟူရာ ကျောက်တုံး နန်းတော်ကို ညွှန်ပြရင်း သူပြောတယ်။

“အမိန့်ချလိုက်။ ဖူရှီးတောင်ကြား တပ်ဖွဲ့က မဟူရာ နန်းတော် အပြင်ကို စောင့်ကြပ်မယ်။ တခြား တပ်ဖွဲ့ သုံးခု ငါ့နောက်ကို လိုက်ခဲ့ကြ။”

အပိုင်း (၉၅၃) ပြီး၏။

အပိုင်း (၉၅၄)

“သစ္စာဖောက်ကို လက်ထဲက ဓားနဲ့ သတ်ပြစ်။”

…

ကောင်းကင် တာအို ခန်းမ ဓားတောင်စောင်းမှာတော့၊ ဖန်ကျန်းရှီက တောင်ခြေမှာ ဖြစ်နေတာတွေကို မသိခဲ့ဘူး။ ဒါပေမယ့် အချိန်ကို မှန်းဆရင်း အခုချိန်က မော့ရှန်းရှီနဲ့ တခြားသူတွေ ကျောက်တုံး နန်းတော်ထဲ ဝင်လောက်ပြီမှန်း သူသိနေခဲ့တယ်။ ဒါကြောင့် တိုက်ပွဲကို ခပ်မြန်မြန် အဆုံးသတ်ချင်တယ်။

ပင်းယန် သူ့နောက်ကို ရောက်ရောက်ချင်းပဲ ချက်ခြင်း ဆိုသလို အစိမ်းရောင် အလင်းတန်းတွေ စီးဆင်းနေတဲ့ ဓားတစ်လက်ကို ထုတ်လိုက်တော့တယ်။

ဒီဓားကို လင်းယွမ် မျှော်စင်ကနေ သူယူလာခဲ့တယ်။ ခြေရာမဲ့ ဓားလောက်တော့ မကောင်းပေမယ့်၊ အရည်အသွေး အရာမှာတော့ ထိပ်တန်းပဲ။

သစ္စာဖောက်ကို လက်ထဲက ဓားနဲ့သတ်။

တိမ်တွေက ဓားပေါ်မှာ တလက်လက် ပြေးလွှား နေခဲ့တယ်။

အစိမ်းရောင် ဓားအလင်းတန်းက ကောင်းကင်ပေါ်ကို ထိုးတက် သွားပြီးနောက် ဥက္ကာပျံ တစ်ခုလို ပြုတ်ကျတော့တယ်။

မူး။ နဂါးအော်သံကြီး ထွက်ပေါ် လာပြီးနောက် အစိမ်းရောင် ဓားအလင်းတန်းက ပိုပြီး မြန်မြန် လှုပ်ရှားတော့တယ်။ ပါးစပ် ဟထားတဲ့ နဂါး ပုံရိပ်ကြီးကို လေထဲမှာ မြင်နေရတယ်။

“အရှင် နတ်ဆိုး သခင် သတိထား။” မိစ္ဆာ ဘုရင် ခြောက်ယောက်နဲ့ နတ်ဆိုး စစ်သည်တော်တွေက ချိုးချီရဲ့ ရက်စက်မှုကို ကြောက်ကြတယ်။ ဒါပေမယ့် သူတိုက်ပွဲမှာ ရှုံးနိမ့် သွားမှာကို ပိုကြောက်တယ်။

နောက်ဆုံးတော့လဲ ချိုးချီက မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေကို ကိုယ်စား ပြုနေသူ တစ်ယောက် ဖြစ်နေခဲ့တယ်လေ။ အခုချိန် ကောင်းကင် တာအို ခန်းမမှာ နတ်သခင် အဆင့် ပညာရှင် တစ်ယောက်ပဲ ရှိတယ်။ ဒီတိုက်ပွဲမှာ အနိုင်ရဖို့ အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က သူပဲ။

ဒီအချိန်မှာပဲ ချိုးချီက မြေပြင်ပေါ်ကနေ ကုန်းထလာ ခဲ့တယ်။

ချိုးချီက မျက်နှာ တစ်ခုလုံး သံပရာမှုန့်တွေ ပြည့်နှက်နေပြီးတော့ မျက်လုံးတောင် မဖွင့်နိုင်ခဲ့ဘူး။ အတော့်ကို အဖြစ်ဆိုး နေခဲ့တယ်။

ဒါ့အပြင် သူ့မျက်နှာ တစ်ခုလုံး သွေးတွေ ပေပွ နေခဲ့တယ်။ သူ့ရုပ်သွင်က မြင်သူတိုင်းကို တုန်ယင် ကြောက်လန့် စေနိုင်တယ်။

“တိုက်ခိုက်။” အော်သံကြီးကို ကြားလိုက်ရတယ်။

မိစ္ဆာ ဘုရင် ခြောက်ယောက်နဲ့ နတ်ဆိုး စစ်တပ်ကို အမိန့်ပေးတာလား ဆိုတာတော့ မသေချာ နိုင်ခဲ့ဘူး။ ချိုးချီရဲ့ ခန္ဒာကိုယ်ကနေ မီးခိုးရောင် လှိုင်းတွေက ဒေါသကြီး သားရဲ တစ်ကောင်လို ထိုးထွက် လာနေတာ မြင်လိုက်ရတယ်။

ဝုန်း။

သူခြေထောက် အောက်က မြေပြင် တစ်ခုလုံး အက်ကွဲသွားတယ်။ ဒါ့အပြင် မြေပြင်က သစ်ရွက်တွေတောင် ချက်ခြင်း ညှိုးနွမ်းကုန်တယ်။ ချိုးချီက ထလာ ပြီးပြီးချင်းပဲ အစိမ်းရောင် အလင်းတန်း ဆီကို ပြေးဝင်တော့တယ်။ ဒီမြင်ကွင်းက အားလုံးကို အထိတ်တလန့် ဖြစ်သွားစေတယ်။

မိစ္ဆာ ဘုရင် ခြောက်ယောက်နဲ့ နတ်ဆိုး စစ်သည်တော်တွေ ဒီမြင်ကွင်းကြောင့် မယုံနိုင်မှုအပြည့်နဲ့ မျက်လုံး ပြူးနေ ကြတယ်။ ဖန်ကျန်းရှီတောင်မှ လန့်သွားခဲ့တယ်။ သူ့ဓား အလင်းတန်းဆီကို အရူး တစ်ယောက်လို ပြေးဝင် လာတာမျိုး ပထမဆုံး ကြုံဖူးတာပဲ။

ဝုန်း။ ချိုးချီက အစိမ်းရောင် ဓားအလင်းတန်းနဲ့ တိုက်မိပြီးနောက် သူ့ခန္ဒာကိုယ်က ပျောက်ကွယ် သွားတော့တယ်။

ဝူး။ ဓား အလင်းတန်းက ချိုးချီရဲ့ ခန္ဒာကိုယ်မှာ ရှိနေတဲ့ အနီရောင် ကြက်ခြေခတ်ကို ဖြတ်ဝင် သွားတယ်။ အဲ့ဒီ့နောက် မီးခိုးရောင် အလင်းတန်းက ချိုးချီ တကိုယ်လုံးကို ရစ်ပတ်ပြီး တောက်ပလာ ပြန်တယ်။ ဒီမြင်ကွင်းက ထူးဆန်းတယ်။

ပိုပြီး ထူးဆန်းတဲ့ အရာကတော့ ဓားအလင်းတန်းက ချိုးချီ ခန္ဒာကိုယ်ထဲ ဝင်ပြီး ပျောက်ကွယ် သွားတာလဲ။

“လောကကြီးမှာ ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ ချိုးချီရဲ့ ဒဏ်ရာတွေ ကြောက်စရာ ကောင်းအောင် မြန်တဲ့ အရှိန်နှုန်းနဲ့ ပြန်ကောင်း လာနေတာကို သူတွေ့သွား ခဲ့တယ်။

“ဝါး။ ဒီချိုးချီ ကြည့်ရတာ အတော် အင်အားကြီးတဲ့ ပုံပဲ။” ပင်းယန်ကတော့ ဒီမြင်ကွင်းကို ကြည့်ရင်း ပင့်သက်ရှိုက်နေခဲ့တယ်။

“ဒီတော့။” ဖန်ကျန်းရှီ မေးတယ်။

“ငါတို့တွေ ထွက်ပြေးကြမလား။” ပင်းယန် မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း ပြန်ဖြေတယ်။

“အကြံကောင်းပဲ ဒါပေမယ့် အချိန် မကျသေးဘူး။” ဖန်ကျန်းရှီ ချက်ခြင်း ခေါင်းငြိမ့် ပြီးနောက် ခေါင်းပြန်ခါတယ်။

သူ့စကား ဆုံးချိန်မှာပဲ ဓားအလင်းတန်းကို စုပ်ယူလိုက်တဲ့ ချိုးချီက သူတို့ဆီကို နောက်တစ်ခေါက် ပြေးဝင် လ ာပြန်တယ်။

သူ့အရှိန်နှုန်းက ဖန်ကျန်းရှီကို လက်ဝါးနဲ့ ရိုက်ချ ချိန်ကထက် ပိုပြီးတော့ မြန်ဆန် လာသေးတယ်။

ဒါ့အပြင် ချိုးချီ ပတ်လည်ကို ဝန်းရံထားတဲ့ မီးခိုးရောင် ကွန်ယက်ကြီးပ ပိုကျယ်ပြန့်လာတယ်။

“ပြေး။” ဒီမီးခိုးရောင် ကွန်ယက်ကြီး ပြုတ်ကျလာတာကို မြင်ချိန်မှာ ဖန်ကျန်းရှီက ပင်းယန် လက်ကို ဆွဲပြီး တောင်စောင်းကနေ ခုန်ချတယ်။

“ဟမ်။ အခုက အချိန်ကောင်း မဟုတ်ဘူးလို့ နင်ပဲ ပြောတာလေ။ ဖန်ကျန်းရှီ ဆွဲချ သွားတာကြောင့် ပင်းယန်က စိတ်မထိန်းနိုင်ပဲ ပြောမိတော့တယ်။

အဲ့ဒီ့နောက် ဘာမှ ဆက်မဖြစ်တော့ဘူး။ ဖန်ကျန်းရှီက သူမကို ဆွဲပြီး ခုန်ချ နေလို့ပဲ။

“အား ကယ် ကြပါအုန်း။”

“…” တချို့ အချိန်တွေမှာ ပင်းယန်ရဲ့ သရုပ်ဆောင် အစွမ်းက တိုးတက် လာတယ်လို့ ဖန်ကျန်းရှီ တွေးမိ ပေမယ့်၊ တစ်ခါ တစ်လေမှာတော့ ဒုံရင်းက ဒုံရင်းလို့ တွေးမိပြန်တယ်။ အနည်းဆုံးတော့ အခုလို အချိန်မှာ အကူအညီ တောင်းနေတာက နည်းလမ်း မကျဘူးလေ။

ချိုးချီက ကောင်းကင်ကနေ ထိုးဆင်းလာတယ်။ သူ့အမြင်တွေ ဖုံးကွယ် နေပင်မယ့်၊ တောင်စောင်း အောက်မှာ ရှိနေတဲ့ အစွန်းထွက် နေရာကိုတော့ သူမြင်နိုင်တယ်။

ဒီနေရာက ချိုးချီကို ဖန်ကျန်းရှီ လှည့်စားချိန်မှာ သုံးခဲ့တဲ့ နေရာပဲ။ ချိုးချီကို လှည့်စား ပြီးတဲ့နောက် ဒါက အသုံးမဝင်တော့ဘူး။

အခုချိန်မှာ တောင်အောက်ကို ပြုတ်ကျတဲ့ အချိန် သူ့ခန္ဒာကိုယ်ကို ဟန်ချက် ညီအောင်ပဲ ထိန်းထားနိုင်ခဲ့တယ်။

“သေစမ်း။” အေးစက်စက် ဟိန်းဟောက်သံက ဖန်ကျန်းရှှီ နောက်မှာ ထွက်ပေါ်လာတယ်။

နောက်လှည့် မကြည့်ပဲနဲ့တောင် ချိုးချီ ရောက်နေပြီမှန်း သိလိုက်တယ်။ ချိုးချီက တကယ့်ကို မြန်ဆန်တာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ စိုးရိမ် မနေခဲ့ဘူး။ နောက်ဆုံးတော့လဲ သူက ပြင်ဆင် ထားခဲ့တယ်လေ။ သူ့ခြေဖျားတွေ တောင်စောင်း ချိုင့်ပေါ် ရောက်ရောက်ချင်း ခန္ဒာကိုယ်ကို တပတ်လှည့်လိုက်တယ်။

ဘန်း။ လက်ဖဝါး နှစ်ခု ထိတွေ့ သွားခဲ့တယ်။ ဖန်ကျန်းရှီက လက်ဝါး အားကို သုံးပြီး ပင်းယန်နဲ့ အတူ တောင်စောင်းကနေ ခုန်ချတယ်။

“အရှင် နတ်ဆိုး နတ်သခင်။ ဒါက လှည့်ကွက် ဖြစ်နိုင်တယ် သတိထားပါ။” မိစ္ဆာ ဘုရင်တစ်ယောက် ထိတ်လန့် တကြားနဲ့ ပြေးလာရင်း အော်တယ်။

“အသုံးမကျတဲ့ကောင် သေပေရော့။” ဖန်ကျန်းရှှီ ထွက်ပြေး သွားတာကို မြင်ချိန်မှာ ချိုးချီရဲ့ အမူအယာက ပြောင်းလဲ သွားတယ်။

အဲ့ဒီ့ အချိန်မှာပဲ သူ့ဆီ ပြေးဝင် လာနေတဲ့ မိစ္ဆာ ဘုရင်ကို အကြည့်ရောက် သွားတယ်။ သူတစ်ချက် ပြုံးလိုက်ပြီး မိစ္ဆာ ဘုရင်ကို ရိုက်ချတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှှီ နောက်ကို မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ ပြေးလိုက်တော့တယ်။

ဘန်း။ မိစ္ဆာ ဘုရင် လွင့်ထွက်သွားပြီး သွေးအန်တော့တယ်။ သူ့ကြည့်ရတာ အရမ်းကို အားနည်းပြီး သေတော့မလိုပဲ။

“အကိုယင်း အဆင်ပြေရဲ့လား။”

“ညီနောင် ယင်း။”

“မြန်မြန် ဆေးသောက်လိုက်။”

ဒါကို မြင်ချိန်မှာ မိစ္ဆာ ဘုရင်တွေ အမူအယာ ပြောင်းလဲ ကုန်တယ်။ ချိုးချီက ဒီလောက်ထိ ရက်စက် လိမ့်မယ်လို့ မထင် ထားခဲ့ မိဘူးလေ။

“ဟူး။” မိစ္ဆာ ဘုရင်တွေ သက်ပြင်း ချမိကြတယ်။ ဒါပေမယ့် သူတို့လဲ ဘာမှ မလုပ်နိုင် ကြဘူးလေ။ မုန့်ထျန်းကိုလဲ အနိုင်မတိုက် နိုင်ဘူး။ တိတ်တဆိတ်သာ ခံစား နေကြရတယ်။

ဓားတောင်ထိပ် တောင်ခြေမှာတော့ ချိုးချီက ဖန်ကျန်းရှှီကို အမှီ လိုက်နေခဲ့တယ်။

မီးခိုရောင် ကွန်ယက်ကြီးက ချိုးချီရဲ့ ခန္ဒာကိုယ်ကို ဖုံးအုပ်ပြီး လေလှိုင်းတွေကို ဖန်တီး နေတယ်။

ဖန်ကျန်းရှီကတော့ အခက် တွေ့နေခဲ့ပြီ။

အလစ် ဝင်တိုက်ပြီးရင် အောင်မြင်မယ်လို့ သူထင်ခဲ့တယ်။ ဒါပေမယ့် ချိုးချီက ပုံမှန် ပြန်ဖြစ် သွားခဲ့တယ်လေ။ ဖန်ကျန်းရှီရဲ့ ဓားအလင်းတန်းကို ခံယူ ပြီးတာတောင် ပုံမှန် ပြန်ဖြစ် သေးတယ်။

ဘယ်လို စွမ်းအားကို သူသုံး ထားတာလဲ။

နန်ကုန်းဟောင် သုံးတဲ့ သွေးမှော် စက်ကွင်းလို စွမ်းအင် စုပ်ယူ တာမျိုးလား။

နန်ကုန်းဟောင်ရဲ့ သွေးမှော် စက်ကွင်းက စွမ်းအားတွေကို စုပ်ယူနိုင်တာ ဖန်ကျန်းရှှီ မှတ်မိတယ်။ ဒါပေမယ့် စုပ်ယူပြီးရင် စွမ်းအားတွေကို ပြန်လွှတ်ဖို့ လိုတယ်။ ဒါကြောင့် နန်ကုန်းဟောင်ရဲ့ သွေးမှော်စက်ကွင်းက အတုံ့အလှည့် တစ်ခုလိုပဲ။

ချိုးချီရဲ့ စွမ်းအားကတော့ ပိုပြီး ကြောက်ဖို့ ကောင်းတယ်။

အစိမ်းရောင် ဓားစွမ်းအားကို စုပ်ယူ ပြီးတဲ့နောက် သူ့ဒဏ်ရာတွေက ထူးထူးဆန်းဆန်း ပျောက်ကွယ် သွားတဲ့ အပြင် စွမ်းအား ပိုကြီးလား သေးတယ်။

ဓားအစွမ်း အားလုံးကို သူဝါးမျို လိုက်သလိုပဲ။ ဒါ့အပြင် သူ့ခန္ဒာကိုယ်ကို ဝန်းရံ ထားတဲ့ မီးခိုးရောင် လေလှိုင်းတွေက အေးစက်ပြီး သေခြင်းတရား အငွေ့အသက်တွေနဲ့ ပြည့်နှက် နေခဲ့တယ်။

သူ့ရဲ့ အသိစိတ်က ပြောနေတယ်။ ဒီကွန်ယက်နဲ့ မထိစေနဲ့။ သူသာ သေသွားရင်၊ သူ့ဘေးက ပင်းယန်လဲ အသက်မရှင် နိုင်ဘူး။

“သေစမ်း။” ဘယ်လို ပြန်တိုက်ခိုက်ရမယ်မှန်း ဖန်ကျန်းရှီ စဉ်းစား နေချိန်မှာပဲ ချိုးချီရဲ့ လက်ဝါးက သူ့ဆီကို မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ ရောက်လာခဲ့ပြန်တယ်။

“တကယ်ကြီးလား အလိုက်တာ။ ငါ့ကို နောက်ထပ် စွမ်းအား မြင့်အောင် လုပ်ပေးချင်နေတာလား။” ဖန်ကျန်းရှီက သူ့လက်ဖဝါးကို ဆန့်ထုတ်ဖို့ ပြင်တယ်။

ဒါပေမယ့် ချိုးချီရဲ့ လက်ဝါးကို ထိတွေ့တဲ့ အချိန်မှာပဲ ချိုးချီရဲ့ မျက်ဝန်းတွေထဲက အေးစက်စက် အကြည့်ကို သူသတိ ထားမိသွားတယ်။ ကြည့်ရတာ သူက ငတုံး မဟုတ်ဘူး။ ဖန်ကျန်းရှီက အတွေ့အကြုံ ရျိတဲ့သူ။ တိုက်ပွဲထဲမှာ အသေးစိတ် အချက်အလက်တွေကို ကောင်းကောင်း မြင်နိုင်တယ်။

အနည်းဆုံးတော့ ချိုးချီရဲ့ လက်ဝါးချက်က သာမာန် မဟုတ်မှန်း သူသိတယ်လေ။

အဲ့ဒီ့နောက် ဖန်ကျန်းရှီ သူ့ညာလက်ကို ဆန့်မခင် နောက်ပြန် ဆုတ်လိုက်တယ်။ ဒါပေမယ့် သူ့လက်ကို ပြန်ရုတ်ပြီး ပင်းယန်ရဲ့ ခါးပေါ် လက်တင် လိုက်ချိန်မှာ အော်သံ တစ်သံကို ကြားရတော့တယ်။

“အား။”

ရွှေရောင် အလင်းတန်းက ကောင်းကင်ပေါ်ကို ပျံတက်သွားပြီး ချိုးချီရဲ့ လည်ပင်းဆီကို ရောက်လာတယ်။ ဒီအလင်းတန်းက အနီရောင် မီးတောက်တွေနဲ့ တောက်ပနေတယ်။

ရဲရဲတောက် ချီလင်လှံ။

ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ရတနာကြီး ဆယ်ခုထဲက တစ်ခု။ ပင်းယန် အကြိုက်ဆုံးလက်နက်။

ဖန်ကျန်းရှီ အရိပ်အမြွက် ပေးတာနဲ့ သူမက ချက်ခြင်း ဆိုသလို တိုက်ခိုက် ခဲ့တယ်။ သူမရဲ့ တိုက်ခိုက်မှုက တိကျပြီး ပြင်းတန်တယ်။ လေထဲမှာ ရှိနေတဲ့ ဘယ်သာမာန် လူမှ ရှောင်ရှားဖို့ မဖြစ်နိုင်ဘူး။

ဒါပေမယ့် ချိုးချီက သာမာန်လူလား။ သေချာပေါက် မဟုတ်ခဲ့ဘူးလေ။ နီးကပ်လာတဲ့ လှံကို မြင်ချိန်မှာ ထူးဆန်းတဲ့ လှုပ်ရှားမှု တစ်ခုကို သူလုပ်လိုက်တယ်။ ဒါကတော့ နောက်ပြန် ကျွမ်းထိုး လိုက်တာပဲ။

“ဒါလဲ ရတာပဲလား။” လေထဲမှာ ဗလာကျွမ်း ထိုးလိုက်တာကို ကြည့်ရင်း ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။

မကြာခင်ပဲ ချိုးချီ ဘေးနားက မီးခိုးရောင် လေထုတွေ ရုတ်တရက် ရွေ့သွားတာကို သူမြင်လိုက်တယ်။

ကြည့်ရတာ လေလှိုင်းတွေကို သုံးလိုက်တာပဲ။

သိပ္မံ ပညာရပ်ကို ဖန်ကျန်းရှီ နားလည်တယ်လေ။ ဒါ့အပြင် နတ်သခင် အဆင့် ပညာရှင် တစ်ယောက် အနေနဲ့၊ လေထဲမှာ ကျွမ်းထိုးနိုင်တာက ဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုပဲ။ ဖန်ကျန်းရှီမှာလဲ အံ့ဖွယ်ရာ တစ်ခု ရှိသေးတယ်။

အတောင်ပံတွေ။

ကြီးမားတဲ့ အနက်ရောင် တောင်ပံ တစ်စုံက လေထဲမှာ လိုသလို ပျံသန်းနိုင်တယ်။ ကျွမ်းမထိုး နိုင်ပေမယ့်၊ ၃၆၀ ဒီဂရီတော့ လှည့်နိုင်တယ်လေ။

ဝူး။ အနက်ရောင် တောင်ပံကြီးတွေ ချက်ခြင်း ဆိုသလို ထွက်ပေါ် လာတယ်။ လေပြင်းတွေက ဖန်ကျန်းရှီရဲ့ ဆံပင်ရှည်တွေကို တိုက်ခတ်တယ်။

လေဟာနယ် ဆိုတာ အခုတော့ ဖန်ကျန်းရှီရဲ့ အဓိက စစ်မြေပြင်ပဲ။ အတိတ် အချိန် တုန်းကတော့ မော့ရှန်းရှီနဲ့ တိုက်ပွဲမှာ ဧကရီ ပိုင်ကျစ် သုံးတဲ့ တောင်ပံ သေးသေးလေးတွေကို သူသဘောကျခဲ့တယ်။

လေလှိုင်းတွေကို ထိန်းချုပ်တာလား။ ဒါက လေထဲမှာ အပြောင်းအလဲ ဖြစ်နိုင်ပေမယ့် တကယ့် တောင်ပံ အစစ်နဲ့ ယှဉ်လို့ မရနိုင်ဘူး။

“ဒါက မဟူရာ ရွှေတောင်ပံတွေလား။” ချိုးချီက ဖန်ကျန်းရှီရဲ့ ကြွက်သားတွေ ချက်ခြင်း ပြောင်းလဲ သွားတာကို မြင်ချိန်မှာ အလန့်တကြား ပြောတော့တယ်။

“မင်းဒါကို မှတ်မိတယ်လား။” နတ်ဆိုး အရှင်သခင် ဆီကနေ သူယူလာတဲ့ တောင်ပံတွေကို ချိုးချီ မှတ်မိတဲ့ အတွက် ဖန်ကျန်းရှီ အံ့သြ သွားခဲ့တယ်။

ချိုးချီရဲ့ အသံ အရဆိုရင်၊ ဒီတောင်ပံတွေကို မှတ်မိရုံတင် မကဘူး။ အရမ်း ရင်းနှီးနေပုံပဲ။ တစ်ချက် ကြည့်ရုံနဲ့တင် ကောင်းကောင်း ပြောနိုင်တယ်။ ဒါက တနည်းတဖုံး ထူးဆန်းနေတယ်။ ထူးဆန်းပေမယ့် အခုက စကားပြောဖို့ အချိန်ကောင်း မဟုတ်သေးဘူး။

သူ့ရဲ့ အားသားချက်ကို သုံးပြီး တိုက်ခိုက်ဖို့ လိုတယ်။

“သေစမ်း။ ဖန်ကျန်းရှီက ပင်းယန်ရဲ့ လက်ကို ဖမ်းဆွဲတယ်။ သူ့လက်မောင်း အင်အားကို သုံးပြီးတော့ လှံရဲ့ လားရာကို ပြောင်းလဲတယ်။

ရွှပ်။

ချိုးချီရဲ့ အရိုးတွေ ပေါ်လာအောင် နက်ရှိုင်းတဲ့ ဒဏ်ရာကြီး ဖြစ်ပေါ်လာတယ်။

ချိုးချီရဲ့ အမူအယာက ပြောင်းလဲ သွားပြီး ခန္ဒာကိုယ်ကို တပတ်လှည့်တယ်။ သူ့လက်တွေကို သတ္တုဓား တစ်ခုလို သုံးပြီးတော့ တောင်ထိပ်ပေါ်ကို ပြန်တက်တော့တယ်။

အဲ့ဒီ့နောက် သူ့ခန္ဒာကိုယ် အပြင်က မီးခိုးရောင် ကွန်ယက်ကြီး ပျောက်ကွယ် သွားတာကို မြင်လိုက် ရတော့တယ်။

“ဟမ်။ သူက မတိုက်ခိုက် တော့ဘူးလား။” ချိုးချီ မီးခိုးရောင် ကွန်ယက်ကြီးကို ပြန်သိမ်းသွာတဲ့ အတွက် ဖန်ကျန်းရှီ နည်းနည်းတော့ အံ့သြ သွားခဲ့တယ်။

“နေစမ်းပါအုန်း။ သူ့ကြည့်ရတာ ထွက်ပြေး နေတာပဲ။” ပင်းယန်လဲ သူမ မြင်တဲ့ အရာကြောင့် အံ့သြနေတယ်။

“ထွက်ပြေးတယ်။” ဖန်ကျန်းရှီလဲ မရေမတွက် နိုင်အောင် ထွက်ပြေး ခဲ့ဖူးတယ်။ တိုက်ပွဲ ထဲမှာတောင် သူထွက်ပြေး ဖူးတယ်။ ဒါပေမယ့် သူကြုံခဲ့ ရသမျှ ရန်သူတွေထဲ၊ ထွက်ပြေးတတ်တာက သူတစ်ယောက်ပဲ ရှိတယ်လေ။

တကယ်ကြီးလား။

သူက နတ်သခင် အဆင့် ပညာရှင် မဟုတ်ဘူးလား။

ဘာဖြစ်လို့ ထွက်ပြေး နေတာလဲ။

အပိုင်း (၉၅၄) ပြီး၏။

အပိုင်း (၉၅၅)

“ပြန်လည်မွေးဖွားမှု တာအို နည်းလမ်း ငါးခုကို ဖွင့်လှစ်။”

“မြန်မြန် သူထွက်ပြေး နေပြီ။ လိုက်ဖမ်း။” ဖန်ကျန်းရှီ စိတ်ရှုပ်ထွေး နေချိန်မှာပဲ ပင်းယန်ကတော့ အတော် စိုးရိမ်တဲ့ ပုံစံ ရှိနေတယ်။ ဖန်ကျန်းရှီကို အော်ဟစ်ရင်း ကုတ်ခြစ်တယ်။

ဝူး။ မဟူရာရောင် အတောင်ပံကြီးတွေကို ခတ်လိုက်ရင်း ဖန်ကျန်းရှီက ချိုးချီ နောက်ကို ပြေးလိုက်တော့တယ်။ သူ့လက်ထဲမှာတော့ ဓားရှည်ကြီးကို ကိုင်ထားတယ်။

ဓားအလင်းတန်းက ချိုးချီကို ထိခိုက်အောင် မလုပ်နိုင်တဲ့ အတွက် ဓားသွားကို သူသုံးတယ်။

ချိုးချီက ဓားသွားကိုတော့ စုပ်ယူနိုင်မယ်လို့ သူမယုံဘူး။ အကယ်၍ ဒါကိုသာ သူတကယ် လုပ်နိုင်ရင်၊ ဖန်ကျန်းရှီလဲ ဆွံအ ရလိမ့်မယ်။

“မုန့်ထျန်း ဒီနေ့ မင်းတို့ နှစ်ယောက်ကို အလွတ်ပေးလိုက်မယ်။” ချိုးချီက ပင်းယန်နဲ့ ဖန်ကျန်းရှီကို အော်ဟစ်ရင်း တောင်ကုန်းပေါ် ပြေးတက်တယ်။

“မင်းက ငါတို့ကို ဘယ်လို အလွတ်ပေးမှာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“..” ချိုးချီကတော့ တိတ်ဆိတ် နေတယ်။ နောက်ဆုံးတော့လဲ ဖန်ကျန်းရှီရဲ့ မေးခွန်းက ဖြေဖို့ ခက်တယ်လေ။ သူ့ကို ဘယ်လိုများ ဖြေစေချင်နေတာလဲ။

ချိုးချီ နောက်ထပ် ပြန်မဖြေတော့ဘူး။ ဖန်ကျန်းရှီက သူ့ကို တမင်တကာ အာရုံပျံ့အောင် လုပ်နေမှန်း သိခဲ့တယ်လေ။ စကားမပြောတော့ပဲ သူအရှိန်မြင့် လိုက်တယ်။

“ကြည့်ရတာ သူက ထွက်ပြေးဖို့ ဆုံးဖြတ် ထားပုံပဲ။” ချိုးချီရဲ့ အစီအစဉ်ကို အစတုန်းက တွေးရုံသာ တွေးမိ ခဲ့ပေမယ့်၊ အခုတော့ သူထွက်ပြေး တော့မှာကို သေချာ သွားပြီ။

ချိုးချီ ဘာကြောင့်များ ထွက်ပြေး ချင်ရတာလဲ။ တိုက်ပွဲ ရလဒ်က အခုချိန်မှာ ထွက်တောင် မထွက်သေးဘူးလေ။

ဖန်ကျန်းရှီ ထုတ်သုံးလိုက်တဲ့ မဟူရာ ရွှေတောင်ပံတွေကြောင့်လား။ ဒါမှမဟုတ် လေထဲမှာ ဖန်ကျန်းရှီနဲ့ တိုက်ခိုက်ရင် အရေးနိမ့်မှာကို ကြိုသိ နေတာကြောင့်လား။

ဒါတွေက အကြောင်းအရင်းတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်စုတွေ ကောင်းကင် တာအို ခန်းမ အပေါ် ထားတဲ့ တန်ဖိုးနဲ့ ယှဉ်လိုက်ရင်၊ ဒီအကြောင်း အရင်းတွေက ထွက်ပြေးဖို့ မလုံလောက်စေဘူး။

ဖန်ကျန်းရှီ နားမလည်နိုင် ဖြစ်နေခဲ့တယ်။ အကယ်၍ သူသာ ချိုးချီကို အမှီလိုက်ပြီး သတ်နိုင်ရင်တော့ နောက်ထပ် ပြဿနာတွေ ရှိမလာ နိုင်တော့ဘူး။

ဝူး ဝူး။ သူ့အတောင်ပံတွေက ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားနေခဲ့တယ်။ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းမှာ ထွက်ပေါ်လာတဲ့ လေအင်အားက ချိုးချီကို အရှိန်လျော့ သွားစေခဲ့တယ်။

ဖန်ကျန်းရှီကတော့ မဟူရာ ရွှေတောင်ပံတွေကြောင့် အရှိန်မြင့်လာ ခဲ့တဲ့ အတွက် ချိုးချီ ရှေ့ကို ခပ်မြန်မြန် ရောက်သွားခဲ့တယ်။

အဲ့ဒီ့နောက် ချိုးချီက တောင်အောက်ကို ပြန်ဆင်းပြေးတယ်။

ငလူး ဘာလုပ် နေတာလဲ။

(လင်းယုန်ကြီးက ငှက်ကလေးကို လိုက်ဖမ်း)တဲ့ ကစားပွဲကို ကစားမိနေသလို ဖန်ကျန်းရှီ ခံစားရတယ်။ ချိုးချီရဲ့ စိတ်ထဲမှာ ဖန်ကျန်းရှီနဲ့ နောက်ထပ် တိုက်ခိုက်လိုစိတ် မရှိတော့မှန်း ခန့်မှန်းဖို့ မခက်ခဲဘူး။

“မြန်မြန် သူက တောင်စောင်းကနေ ဆင်းနေပြးနေပြီ။ သူ့ကို မလွတ်စေနဲ့။” ပင်းယန် အော်လိုက်တယ်။

“မုန့်ထျန်း၊ ရန်သူကို အဆုံးစွန်ထိ ရောက်အောင် ချောင်ပိတ် မရိုက်နဲ့။ ဒီစကားကိုတောင် မင်းနားမလည်ဘူးလား။” ချိုးချီက တောင်အောက်ကို ဆင်းရင်း ပြောတယ်။

“တကယ်တော့ နားမလည်ဘူး။ ရှင်းပြပါလား။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“..” ချိုးချီကတော့ တိတ်တဆိတ်သာ ရှိနေခဲ့တယ်။ ရုတ်တရက် တောင်ထိပ်မှာ သူရပ်တန့်တယ်။

“ငါတို့တွေ အပေးအယူ လုပ်ကြစို့။”

“အိုး။ ဘယ်လိုများလဲ။” ဖန်ကျန်းရှီက အတောင်ပံတွေကို ခတ်ရင်း ချိုးချီရှေ့မှာ ရပ်တန့် လိုက်တယ်။

ပင်းယန်ကိုတော့ ဖန်ကျန်းရှီက သူ့အနား ဆွဲခေါ် ထားတယ်။ ချိုးချီ အလစ်ဝင် မတိုက်နိုင်အောင် ကာကွယ် ထားတယ်။

“အင်း။ ငါမင်းကို တစ်ခု ပြောပြမယ်။ ဒါပေမယ့် အတုံ့အလှည့် အနေနဲ့ ငါ့ကို လွှတ်ပေးရမယ်။” ချိုးချီက ခေါင်းငြိမ့်တယ်။သူ့မျက်လုံးတွေက မှေးစင်းနေတယ်။

“ဒါဆိုရင် ဘာဖြစ်လို့ အရင်ဆုံး ထွက်ပြေးတာလဲ။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“ငါမင်းနဲ့ မတိုက်ခိုက် ချင်တော့လို့။”

“အကြောင်း အရင်းက ဘာလဲ။”

“ငါ နိုင်မယ်လို့ ယုံကြည်ချက် မှရိမှတော့ ဆက်ပြီး တိုက်ခိုက်စရာ မလိုတော့ဘူး။” ချိုးချီက အခိုင်အမာ ပြန်ဖြေတယ်။

“ကောင်းသားပဲ။ ဒါပေမယ့် မင်းတကယ်ပဲ ကောင်းကင် တာအို ခန်းမကို ဒီအတွက် လက်လွှတ်မှာလား။”

“ကောင်းကင် တာအို ခန်းမက ငါ့အသက်လောက် အရေးမကြီးဘူး။” ချိုးချီ ပြန်ဖြေတယ်။

“ဟဟား။ ငါနားလည်ပြီ။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ မှေ်းစင်း သွားခဲ့တယ်။ ချိုးချီရဲ့ အကြောင်းပြချက်က မကောင်းပေမယ့်၊ လုံးဝကို တည့်တိုးဆန်တယ်။

ဒါ့အပြင် အကြောင်းအရင်းက အလွယ်တကူ လက်ခံ နိုင်လောက်တယ်။ ကြည့်ရတာ နတ်သခင် အဆင့် ပညာရှင် ချိုးချီရဲ့ စရိုက်က သူ့ဂုဏ်ပုဒ်နဲ့ ကိုက်ညီနေတာပဲ။

တစ်ယောက်ကို တစ်ယောက် စိန်ခေါ်ပြီး မနိုင်မှန်း သိလို့ မတိုက်ခိုက်ဘဲ ထွက်သွားတဲ့ သားရဲကောင်တွေ လိုပဲ။ ဒါက တောတွင်း ဥပဒေ တစ်ခု အဖြစ် သတ်မှတ်နိုင်တယ်။

ထူးဆန်းတဲ့ စိတ်ထားနဲ့ ချိုးချီလို လူကတော့ တခြားသူတွေနဲ့ မရောနှောဘူး။ အထူးသဖြင့် အချိန်တုန်းက သူက အခြေအနေ ကောင်းနေအောင် အမြဲတမ်း လုပ်ထားတယ်။

ခပ်ရှင်းရှင်း ပြောပြရင်၊ ချိုးချီက ဒဏ်ရာ မရချင်ဘူး။ သူ ဒဏ်ရာ ရတာနဲ့ အန္တရာယ်များတဲ့ အခြေအနေကို ရောက်သွားပြီ။ ဘယ်သူ့ကိုမှ သူမယုံနိုင်ဘူး။

“ဒီတော့ တိုက်ပွဲရလဒ်ကို မရနိုင်မှတော့၊ သဘောတူညီချက်လေး လုပ်ကြမလား။” ချိုးချီက ဖန်ကျန်းရှီ ခေါင်းငြိမ့်တာကို မြင်ချိန်မှာ မေးလိုက်တယ်။

“ပထမဆုံး မင်းက ဒီကိစ္စကို စတဲ့လူ ဆိုတာ နားလည်ဖို့ လိုတယ်။ ငါက မင်းနဲ့ မတူဘူး ဆိုတာ နားလည်ထား။ ငါက ဒဏ်ရာရမှာကို မကြောက်ဘူး။ နှစ်ယောက်စလုံး ထိခိုက်မှာကိုလဲ မကြောက်ဘူး။” ဖန်ကျန်းရှီ လှောင်ပြုံး ပြုံးပြလိုက်တယ်။

ချိုးချီ ရပ်တန့်သွားတယ်။ မျက်လုံးတွေကို မှေးစင်းရင်း ဖန်ကျန်းရှီကို စိုက်ကြည့်တယ်။ တစ်ခုခု လွဲနေတာကို ထောက်ပြဖို့ သူကြိုးစားတယ်။ ဒါပေမယ့် ရလဒ်ကြောင့် စိတ်ပျက် သွားခဲ့ရတယ်။ ဖန်ကျန်းရှီက အရမ်းကို ဆုံးဖြတ်ချက် ခိုင်မာ နေပုံပဲ။

“ကောင်းပြီ။ ငါ့အပေးအယူက ရိုးရှင်းတယ်။ မင်းတို့ အားလုံးက နတ်ဘုရား အရင်းအမြစ်ကို ရှာနေကြတာ မဟုတ်လား။ အကယ်၍ မင်းငါ့ကို လွှတ်ပေးရင် နတ်ဘုရား အရင်းအမြစ် နေရာကို ပြောပြမယ်။” ချိုးချီ ပြောလိုက်ပြန်တယ်။

“မင်းရဲ့ အပေးအယူကို ပြောင်းလိုက်။” ဖန်ကျန်းရှီက ချက်ခြင်း ပြောတယ်။

“ဟမ်။ နတ်ဘုရား အရင်းအမြစ် ေ်နရာကို မင်းက မသိချင်ဘူးလား။” ချိုးချီ အံ့သြ သွားခဲ့တယ်။

“မသိချင်တာ မဟုတ်ဘူး။ ဒါပေမယ့် မင်းလဲ မသိဘူးလေ။ ယွင်ချင်းဝူတောင် မသိဘူး။ မင်းမှာ နောက်ထပ် အပေးအယူ မရှိတော့ရင်၊ ငါတို့တွေ နောက်ထပ် အချိန် မဖြုန်းတော့တာ ကောင်းလိမ့်မယ်။ ဖန်ကန်းရှီ သူ့ဓားကို မြှောက်ရင်း ပြောလိုက်တယ်။

“ဟဟားဟား။” အလင်းတန်း တစ်ခုက ချိုးချိရဲ့မျက်ဝန်းထဲမှာ လင်းလက် လာပြီးနောက် သူ့လျှာသူ သပ်လိုက်တယ်။ “ကောင်းပြီ။ မင်းက တကယ့်ကို ငတုံးမဟုတ်ဘူးပဲ မုန့်ထျန်း။ တကယ် အပေးအယူ အစစ်ကို လုပ်ရအောင်။ ငါ့အသက်ကို ကောင်းကင် လက်ခံ မြေပုံ ၃၆ခု ထဲက ၂ခုနဲ့ လဲရင် ဘယ်လိုလဲ။”

“မင်းမှာ ကောင်းကင် လက်ခံ မြေပုံ သုံးဆယ့် ခြောက်ခုထဲက ၂ခ ရှိတယ်လား။” ဖန်ကျန်းရှီက ဒါကို ကြားချိန်မှာ မျက်လုံးပြူး သွားခဲ့တယ်။ ဒါပေါ့။ ကောင်းကင် လက်ခံ မြေပုံ ၃၆ခု အကြောင်းကို သူသိတယ်လေ။ ဒါပေမယ့် ဒါက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေလေ။

ဒါပေမယ့် ချိုးချီမှာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ ဘယ်လိုများ ရှိနိုင်မှာလဲ။

နေစမ်းပါအုန်း။ ချိုးချီက နတ်ဘုရား တံခါးကနေ ဆင်းသက်လာတဲ့ နတ်သခင် အဆင့် ပညာရှင် တစ်ယောက်လေ။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ ဘယ်လိုများ ရှိနိုင်မှာလဲ။ ဆင်းဆင်းလာချင်း ရရင်တော့ မပြောတတ်ဘူး။

နောက်တစ်နည်း ပြောရရင် ယွင်ချင်းဝူက ကျောက်ဖျာတွေကို အမြဲ ရှာနေခဲ့သူ ဖြစ်ခဲ့တယ်လေ။

ဒီကိစ္စက ဖြစ်နိုင်ချေ ရှိသေးတယ်။ ဒါပေမယ့် ပြန်တွေးကြည့်ရင်း နတ်ဘုရား တံခါးတွေက ပွင့်ပြီး နေပြီလေ။ ဒီကိစ္စက ပုံမှန် မဟုတ်ဘူး။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို လိုက်ရှာနေတာ ဘာကြောင့်များလဲ။

ဒါ့အပြင် ယွင်ချင်းဝူက ဘယ်လောက်ပဲ ရှာရှာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို အကုန် ရှာမတွေ့နိုင်မှ်း နားလည်တယ်။

အကယ်၍ ယွင်ချင်းဝူသာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို အသည်းအသန် လိုချင်နေရင်၊ သူမ အသာစီး ရနေတဲ့ အချိန် မြောက်ရွာမှာ ဘာဖြစ်လို့ မယူမှာလဲ။

နေစမ်းပါအုန်း။

ယွင်ချင်းဝူက လိုချင်တာ မဟုတ်ခဲ့ရင်ရော။

“အခု ငါ့မှာ ကောင်းကင် လက်ခံ မြေပုံ ၃၆ခုထဲက ၂ခု ရှိတယ်။ တခြား မြေပုံတွေ ဘယ်မှာ ရှိမှန်းလဲ ငါသိတယ်၊၊ ဒါကို ငါ့အသက်နဲ့ လဲဖို့ လုံလောက်ပြီလား။” ချိုးချီ ဆက်ပြောတယ်။

“မင်းက ယွင်ချင်းဝူ နောက်ကွယ်မှာ လိုက်ရှာ နေတာလား။” ဖန်ကျန်းရှှီ မျက်လုံးတွေကို မှေးစင်းရင်း မေးတယ်။

“ဒီမေးခွန်းကို ငါမဖြေနိုင်ဘူး။ ဒါပေမယ့် ပြန်ဆင်းလာ နိုင်တဲ့ လူတွေထဲမှာ မြေပုံတွေကို ရှာနေတာက ငါတစ်ယောက်တည်း မဟုတ်ဘူး။” တစ်ခဏတာ ရပ်တန့် ပြီးနောက် ချိုးချီ ပြန်ဖြေတယ်။

“ကောင်းပြီ။ ဒီအပေးအယူကို လက်ခံတယ်။ မြေပုံတွေကို ငါ့လက်ထဲ အပ်ပြီးရင် သွားလို့ ရပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြီး နောက်ထပ် ထပ်မမေးတော့ဘူး။

ချိုးချီရဲ့ လေသံကနေ အဖြေကို သူရလိုက်ပြီလေ။

“မြေပုံကို ဒီလို ပေးဖို့ ငါစိတ်မချဘူး။” ချိုးချီ ခေါင်းခါတယ်။

“ဟဟား။ ဒါဆိုရင် ဘယ်လို ပေးချင်လဲ။” ဖန်ကျန်းရှီကတော့ ချိုးချီရဲ့ အဖြေကို အံ့သြ မနေခဲ့ဘူး။

“မင်းရဲ့ မဟူရာ ရွှေတောင်ပံတွေကို ဖယ်လိုက်ပြီး ငါ့လက်ထဲကို အပ်။ ပြီးရင် မြေပုံ နှစ်ခုကို ငါပေးမယ်။” ချိုးချီက မဟူရာ ရွှေတောင်ပံတွေကို လက်ညှိုးထိုးလိုက်ရင်း ပြောတယ်။

“မရဘူး။”

“မဖြစ်နိုင်ဘူး။ မဟူရာ ရွှေတောင်ပံတွေသာ မင်းနဲ့ ရှိနေရင်၊ ငါလွတ်အောင် မပြေးနိုင်ဘူး။ မင်း ဒီတောင်ပံတွေကို မဖယ်ရင် ငါမင်းကို မယုံဘူး။”

“မင်း မေ့နေတာ တစ်ခု ရှိတယ်။ မင်းက ငါနဲ့ အပေးအယူ လုပ်နေတဲ့သူ။”

“မုန့်ထျန်း။ မင်း ငါ့ကို အလွတ်ပေးရင် ကောင်းကင် မြေပုံ ၂ခုကို မင်းလက်ထဲ ငါထည့်နိုင်တယ်။ မဟုတ်ရင်တော့၊ မင်းငါ့ကို နိုင်မှာ မဟုတ်ဘူး။ သေတောင် သေနိုင်သေးတယ်။” ချိုးချီရဲ့ အမူအယာက ပြောင်းလဲ သွားပြီးနောက် အကြည့်ကလဲ အေးစက်သွားတယ်။

“ဒါဆိုရင်လဲ တိုက်ခိုက်ကြစို့။” ဖန်ကျန်းရှီက ချိုးချီ အနားကို ကပ်လာရင်း ပြောတယ်။

ပင်းယန်ကတော့ ဖန်ကျန်းရှီ နောက်မှာ ဂရုတစိုက် ပုန်းနေရင်း ခပ်တိုးတိုး ပြောတယ်။

“သူနဲ့ စကားပြောပြီး အချိန်ဖြုန်း မနေနဲ့။ သူ့ကို သတ်ပြီးရင်၊ ကောင်းကင် လက်ခံ မြေပုံ ၃၆ခုကို ရနိုင်တာပဲ။ ဟုတ်တယ်ဟုတ်။ ငါပြောတာ မှန်တယ် မလား။”

“ဟုတ်တယ်။ မင်းပြောတာ မှန်တယ်။” ဖန်ကျန်းရှီက ခေါင်းငြိမ့်ရင်း ဓားကို ဝေ့ယမ်းတော့တယ်။ ချိုးချီရဲ့ နဖူး အလယ်တည့်တည့်က ကြက်ခြေခတ်ကို ထိုးစိုက်ဖို့ ပြင်တယ်။

ဒီတိုက်ခိုက်မှု နီးကပ် လာတာကို မြင်ချိန်မှာတော့ ချိုးချီရဲ့ အမူအယာက ချက်ခြင်း ဆိုသလို ပြောင်းလဲ သွားတော့တယ်။ နောက်တစ်ခေါက် တောင်စောင်းကို သူတွယ်တက်တယ်။

သူတွယ်တက် နေတဲ့ အချိန် လက်ထဲမှာ ကျောက်တုံးတွေကို ဆုပ်ကိုင်ပြီး အရှိန်ပြင်းပြင်းနဲ့ ပြစ်ပေါက်တယ်။ ကျောက်တုံး တစ်တုံးချင်းစီတိုင်းက သူနဲ့ ထိတွေ့တဲ့ အချိန်တိုင်း၊ ဓားတွေလိုမျိုး ထက်ရှလာတယ်။

“မုန့်ထျန်း ငါတို့ နှစ်ယောက်လုံး ဒဏ်ရာရတာက ဘာအဓိပ္မာယ်မှ မရှိဘူး။ နောက်ပြီးတော့ မင်းရဲ့ ကျောမှာ အသုံးမဝင်တဲ့ အမှိုက်ထုပ်ကို သယ်ထားသေးတယ်။ ဒီတော့ မင်းငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။” ပြောပြီးနောက် ချိုးချီက နောက်ကို တစ်ချက်တောင် လှည့်မကြည့်ပဲ ပြေးတက်တော့တယ်။ လမ်းမှာ လိုက်အဖမ်း ခံရတဲ့ ကြွက်တစ်ကောင်လိုပဲ။

ဖန်ကျန်းရှီက ကျောက်တုံးတွေကို မတားဆီး ခဲ့ဘူး။ အတောင်ပံတွေရဲ့ စွမ်းအားနဲ့ လေထဲမှာ ပုံစံ ပြောင်းပြီး ရှောင်ရှားတယ်။

ဒါပေမယ့် ကျောက်တုံးတွေ အားလုံးကို ရှောင်ဖို့တော့ မဖြစ်နိုင်ခဲ့ဘူး။ အထူးသဖြင့် အခုလို နီးကပ်တဲ့ အကွာအဝေးမျိုးမှာ ပိုဆိုးတယ်။ ကျောက်တုံး တစ်ခုက သူ့ခြေသလုံးကို လာထိပြီး သွေးတွေ စီးကျလာတယ်။

နတ်သခင် အဆင့် ပညာရှင်။

ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ကူကယ်ရာ မဲ့လာ ခဲ့တယ်။

ချိုးချီက ထွက်ပြေး နေပင်မယ့်၊ လိုက်ဖမ်းခံ နေရပြီး သိသိသာသာကို စိတ်ရှုပ်ထွေး နေပင်မယ့်၊ နတ်သခင် အဆင့် ပညာရှင် တစ်ယောက်ရဲ့ စွမ်းအားတော့ အပြည့်အ၀ ရှိသေးတယ်လေ။

“အရှက် မရှိတဲ့ ကောင်စုတ်။ နင်သူ့ကို အနိုင်မရ နိုင်ဘူးလား။” ပင်းယန်က ခပ်တိုးတိုး မေးတယ်။

“ငါ အစွမ်းကုန် တိုက်ခိုက်ရင်တော့၊ ရကောင်း ရနိုင်တယ်။ ကံကောင်းစွာနဲ့ပဲ။ ဒီနေရာမှာ ချိုးချီနဲ့ ငါက လွဲပြီး တခြားသူ ရှိမနေဘူး။” ဖန်ကျန်းရှီ အခိုင်အမာ ပြောတယ်။

“ငါက လူမဟုတ်ဘူးလား။” ပင်းယန် စိတ်ရှုပ်လာခဲ့တယ်။

“အိုး။ သူက မင်းကို အသုံးမဝင်တဲ့ အမှိုက်လို့ ခေါ်သွားတာ မကြားဘူးလား။”

“အား။” ပင်းယန်မှာ ဒေါသကို ဖော်ပြတဲ့ ကိုယ်ပိုင်ဟန် ရှိတယ်။ ဒါကြောင့် ဖန်ကျန်းရှီ နောက်ထပ် စကား ပြောမှာကို စောင့်မနေတော့ပဲ ကိုက်ချလိုက်တယ်။

“ငလူး။ လွှတ်စမ်း။”

“..” ပင်းယန်က ဆက်ကိုက်နေဆဲ။

“မင်းမလွှတ်ရင် ငါပြစ်ချ လိုက်မယ်။”

“လွှတ်လိုက်ပြီ။”

“လူတွေကို လိုက်ကိုက်တတ်တဲ့ အကျင့်ဆိုးကို ပြင်စမ်း။ ငါက မင်း သူငယ်ချင်း ဖြစ်နေတုန်း။” ဖန်ကျန်းရှီက ပင်းယန်ကို နောက်ဆုံး အကြိမ် သတိပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“နင် ချိုးချီကို သတ်နိုင်ရင်၊ နောက်ထပ် ထပ်မကိုက်တော့ဘူး။” ပင်းယန်က ပြောလိုက်တယ်။

“မင်း စကားတွေကို ဒီလောက်ထိ ပြောဖို့ မလိုပါဘူး။ ကိုက်ချင်သပါ့ ဆိုရင်လဲကိုက်။ ခွဲခွဲပြီး ကိုက်ရင် ပိုလို့တောင် ကောင်းသေးတယ်။”

“ခွဲခွဲပြီး ကိုက် ဘာကြီးလဲ။”

ပင်းယန် စဉ်းစား နေချိန်မှာပဲ ဖန်ကျန်းရှီက လှုပ်ရှားတယ်။ မဟူရာ ရွှေတောင်ပံတွေကို တဖျပ်ဖျပ်ခတ် လိုက်ချိန်မှာတော့ ငွေရောင် အလင်းတန်းက သူ့မျက်ဝန်းထဲမှာ တစ်ခါတည်း ပျောက်ကွယ် သွားတော့တယ်။

အဲ့ဒီ့နောက် အရောင်ငါးခု တောက်ပနေတဲ့ စက်ဝိုင်းပုံ သဏ္ဍာန် တစ်ခုက အစားထိုး ဝင်ရောက်တယ်။ အပြာ၊ အစိမ်း၊ အနက်၊ အနီနဲ့ ငွေရောင်။ တစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့ ရှုပ်ထွေး သင်္ကေတတွေ ရှိတယ်။

အလင်းတန်း ငါးခုက ဆက်တိုက် ဆိုသလို လည်ပတ်နေပြီး ပြန်လည် မွေးဖွားမှု အဆင့် ရှုပ်ထွေး သဏ္ဍာန် ပေါ်လာတော့တယ်။

ဝူး။ ပြန်လည် မွေးဖွားမှု စက်ကွင်း ပေါ်ထွက် လာတာနဲ့ လေလှိုင်းကြီးက ဖန်ကျန်းရှီကို သမုဒ္ဒရာကြီး တစ်ခုလို ဝန်းရံသွားတယ်။ ကြောက်စရာ လေလှိုင်းတွေက ကျောက်တုံးတွေကို အပိုင်းပိုင်း ကွဲအက် သွားစေတယ်။

ဒီလို အင်အားကြီးတဲ့ လေလှိုင်းက ချိုးချီကို ချက်ခြင်း အာရုံ စိုက်စေတယ်။ အပေါ်ကို တက်ရင်း အလုပ်များနေတဲ့ ချိုးချီက နောက်ကို ပြန်လှည့်ကြည့်တယ်။

သူ့နောက်က မြင်ကွင်းကို မြင်လိုက် ချိန်မှာတော့ ချက်ခြင်း မျက်လုံး ပြူးသွားတော့တယ်။ သူ့မျက်နှာပေါ်မှာ သံပရာမှုန့်တွေ မရှိတဲ့ အတိုင်းကို မျက်လုံး ပြူးကျယ် နေခဲ့တယ်။

“ဒါ ဒါကြီးက။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကြောင့် ချိုးချီ လုံး၀ မျက်လုံး ပြူးသွားခဲ့တယ်။ မျက်လုံးထဲက ရှုပ်ထွေးတဲ့ သဏ္ဍာန် ငါးခုကို မြင်ချိန်မှာ သူ့ခန္ဒာကိုယ် တစ်ခုလုံး တုန်ယင်သွားတယ်။

“…”

ဒီအချိန်မှာပဲ ဖန်ကျန်းရှီက လှုပ်ရှားတယ်။ အပြာရောင် အလင်းတန်း တစ်ချို့ တောက်ပ လာပြီးနောက် ဖန်ကျန်းရှှီက ချိုးချီ ရှေ့ကို ရောက်လာတော့တယ်။

“ကောင်းကင် တာအို။ ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုလား။ မင်းက တာအို ငါးခုကို ဖွင့်လိုက်တယ်။ နေစမ်းပါအုန်း။ ညှိညှိနှိုင်းနှိုင်း လုပ်ကြရအောင်။ ချိုးချီရဲ့ အမူအယာက ပြောင်းလဲ သွားတယ်။

အင်အားကြီး တစ်ခုက သူ့ခြေထောက်ပေါ်ကို ကျရောက်လာပြီး တောင်ထိပ်ပေါ်ကို အမြန်ဆုံးနှုန်းနဲ့ သူတက်သွားတော့တယ်။ အစောပိုင်းနဲ့ မတူတော့ပဲ၊ လုံးဝကို သူတိုက်ခိုက်ချင်စိတ် မရှိတော့ဘူး။

“နောက်ကျလွန်း သွားပြီ။”

အပိုင်း (၉၅၅) ပြီး၏။

အပိုင်း (၉၅၆)

“အဇူရာ တာအိုနဲ့ ပြန်လည် မွေးဖွားမှု ကောင်းကင်တာအို ပေါင်းစည်းခြင်း။”

ဖန်ကျန်းရှီက ချိုးချီကို အလွတ်ပေးလို့ ဖြစ်နိုင်မှာလား။

ချိုးချီမှာ ကောင်းကင်လက်ခံ မြေပုံ ၂ခု ရှိနေပင်မယ့်၊ ဖန်ကျန်းရှီရဲ့ မျက်ဝန်းထဲက ပြန်လည် မွေးဖွားမှု စက်ကွင်းကို မြင်ပြီး ချိန်မှာတော့ သူနားလည် သွားတော့တယ်။ ဖန်ကျန်းရှှီက သူ့ကို ဘာ အခွင့်အရေးမှ ပေးမှာ မဟုတ်ဘူး။

ဖန်ကျန်းရှီရဲ့ ဓားက လေတိုးသံ တစ်ချက်နဲ့ အတူ ထွက်ပေါ် လာတယ်။ အရောင်စုံ သံကြိုးတစ်ချို့လဲ တောင်ကုန်း ပေါ်ကနေ မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ ပျံသန်းလာတယ်။

သေရှင် တာအို။ ငရဲ သံကြိုးတွေ။

ဂျိန်း ဂျွတ်။ တောင်ပေါ်က ကျောက်တုံးတွေ ပြုတ်ကျ လာပြီးနောက် အရောင်စုံ သံကြိုးတွေက သူ့ကို ရစ်ပတ် လိုက်တော့တယ်။ ဖန်ကျန်းရှီရဲ့ ဓားကလဲ သူ့ဆီကို ရောက်လာ နေခဲ့ပြီ။

“မုန့်ထျန်း။” ချိုးချီက အခုလို အခြေအနေမျိုးမှာ မလွတ်မြောက် နိုင်တော့ဘူး။ ဒါကြောင့် ဖန်ကျန်းရှီနဲ့ တိုက်ခိုက်ဖို့သာ သူတတ်နိုင်တော့တယ်။

အော်သံကြီး တစ်သံနဲ့ အတူ၊ ချိုးချီ ခန္ဒာကိုယ်က ပျောက်ကွယ် သွားခဲ့တဲ့ မီးခိုးရောင် ကွန်ယက်ကြီး ပြန်ထွက်ပေါ် လာခဲ့ပြီ။ ပင်းယန်၊ ဖန်ကျန်းရှီနဲ့ ချိုးချီ သုံးယောက်လုံး ကွန်ယက်ကြီးထဲ နစ်မြုပ် သွားတော့တယ်။

ဝုန်း။ သေရှင်သံကြိုး တွေနဲ့ ကွန်ယက်ကြီးက ထိခိုက် မိချိန်မှာတော့ အင်အားကြီးတဲ့ ဆွဲငင်အားတွေကို ခံစားရတော့တယ်။ သူတို့တွေက အနီးကပ် တိုက်ခိုက် နေကြတာ ဖြစ်တဲ့ အတွက်၊ ဖန်ကျန်းရှီက ဒီဖြစ်နိုင်ချေကို တွက်ထားပြီးသား

စိတ်ပိုင်းဆိုင်ရာ ပြင်ဆင် ထားပေမယ့်၊ ကွန်ယက်ထဲ ပိတ်မိ သွားချိန်မှာတော့၊ တကိုယ်လုံးက အင်အားတွေ အားလုံးကို စုပ်ယူ ခံရသလို ခံစားလိုက်ရတယ်။ ဒီခံစားချက်က ထူးဆန်းတယ်။

ပင့်ကူတွေက ပင့်ကူအိမ်ကို သုံးပြီး သားကောင်ကို ဖမ်းမှန်း ဖန်ကျန်းရှီ သိတယ်။ သူတို့ရဲ့ သားကောင်သာ ပင့်ကူအိမ်မှာ ကပ်သွားရင်၊ ပင့်ကူထက် သန်မာပါစေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ချိုးချီက နတ်ဆိုး တစ်ယောက် ဖြစ်နေတယ်။

ပင့်ကူလို စွမ်းရည်မျိုး ဘယ်လိုများ ရှိနိုင်မှာလဲ။ ဒါပေမယ့် ခံစားချက်ကတော့ သေချာ နေခဲ့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ ကွန်ယက်ကြီးက ငါတို့ဆီကို ပြုတ်ကျ လာနေပြီ။” ပင်းယန်က ဖန်ကျန်းရှီရဲ့ ခါးကို ဖက်ထားရင်း အော်နေခဲ့တယ်။

“မီးရှို့လိုက်ရမလား။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“အဲ့တာက မီးကို ကြောက်တာလား။” ပင်းယန်က ရိုးရှင်းတဲ့ အရာကို တွေးမိသွားတယ်။ ရဲရဲတောက် ချီလင်လှံကို ဝေ့ယမ်းရင်း ပိုက်ကွန်ကို မီးနဲ့ ပြစ်တော့တယ်။

ဒါပေမယ့် မီးတောက်တွေက ပိုက်ကွန်နဲ့ ထိတဲ့ အချိန်မှာ ချက်ခြင်း ပျောက်ကွယ် သွားတယ်။ ပိုက်ကွန်ကတော့ ပိုပြီးတောင် ကြီးမား လာသေးတယ်။

“အား။ မီးကို ကြောက်တယ်လို့ နင်မပြောဘူးလား။ မကြောက်တဲ့ ပုံပဲ။ လူလိမ်ကောင်။ ငါတို့ ဘာလုပ်ကြမလဲ။ ဘာလုပ်ကြမလဲ။ အရမ်း နီးလာနေပြီ။” ပင်းယန်က အရမ်းကို လန့်နေခဲ့တယ်။

“အေးအေးလုပ်။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ဟဟား မုန့်ထျန်း။ အချိန်ဖြုန်း မနေနဲ့တော့။ ငါ့ ပင့်ကူအိမ်က မီးရော ရေပါ မကြောက်ဘူး။ ဒီလိုတွေ ဆက်လုပ်နေရင်၊ ငါ့ကို နတ်ဘုရား စွမ်းအား ပေးနေသလိုပဲ ဖြစ်လိမ့်မယ်။” ချိုးချီ ရယ်မောတယ်။

“အခုလို အချိန်မျိုးမှာတောင် ရယ်နေနိုင် သေးတယ်ပေါ့။ တုံးအလိုက်တာ။” ဖန်ကျန်းရှီက မျက်နှာဖုံး အောက်ကနေ ပြုံးနေခဲ့တယ်။

“မင်း ဘာကို ပြောချင်တာလဲ။” ချိုးချီရဲ့ အပြုံးက အေးခဲသွားတယ်။

“မင်း အခုချိန် သေသွားရင်၊ နောက်ထပ် -ျီးလို စွမ်းအားတွေ မင်းမှာ ဘယ်လို ထပ်ရှိ နိုင်မှာလဲ။” ပြောရင်းနဲ့ ပင်းယန်ရဲ့ ပုခုံးပေါ် လက်တစ်ဖက် တင်ပြီး နောက်လက်တစ်ဖက်နဲ့ ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။

“ငါ့ကို ကောင်းကင် ကွန်ယက်ထဲမှာ သတ်ဖို့ လုပ်နေတာလား။ မင်းဘယ်လိုတောင် လုပ်နိုင် ရတာလဲ။” ဖန်ကျန်းရှီ ဆိုလိုတာကို ချိုးချီ နားလည် သွားပုံပဲ။

သူတွေးမိ သွားချိန်မှာတော့ လန့်သွားခဲ့တယ်။ အချိန်တို အတွင်းမှာ တိုက်ပွဲကို အဆုံးသတ် နိုင်မယ်လို့ သူက ဘာကြောင့်များ ယုံကြည်ချက် ရှိနေရတာလဲ။

“မင်းက မယုံတဲ့ ပုံပဲ။” ဖန်ကျန်းရှီ ဓားကို မြှောက်ရင်း ပြောလိုက်တယ်။

“မင်း။”

ရွှပ်။ ချိုးချီ ပြန်မဖြေ နိုင်ခင် အချိန်မှာပဲ ခပ်တိုးတိုး အသံ တစ်သံကြောင့် ရပ်တန့် သွားခဲ့ရတယ်။ သူ့လက်မောင်းကို တစ်ချက် ကြည့်လိုက်မိတယ်။ သူ့လက်မောင်းမှာ ဓားတစ်လက် ရှိနေတယ်။ ဖန်ကျန်းရှီ အစောပိုင်းတုန်းက ကိုင်ထားတဲ့ဓား။

“လေဟာနယ်ကို ခွဲတာလား။” ချိုးချီ မယုံနိုင်မှု အပြည့်နဲ့ မျက်လုံးတွေ ပြူးကျယ် သွားခဲ့တယ်။ လေဟာနယ်ကို ဖြတ်သန်းနိုင်တဲ့ နည်းလမ်း ရှိမှန်း သူသိပေမယ့် မုန့်ထျန်းက ဒါကို ဘယ်လိုများ လုပ်နိုင်တာလဲ။

“ခန့်မှန်းတာ လွဲသွားပြီ။” နောက်ထပ် ဓားတလက်က ဖန်ကျန်းရှှီ လက်ထဲမှာ ပေါ်လာတယ်။ အစိမ်းရောင် ဓားရှည် ဖြစ်ပေမယ့်၊ ပုံစံကတော့ မတူညီ ခဲ့ဘူး။

“ဘာတွေ ဖြစ်နေတောလဲ။” ချိုးချီ အော်ဟစ်တယ်။

“တကယ့် နာမည် အမှန်က အဇူရာတွေ ပေါင်းစည်းခြင်း။ သူ့စကား ဆုံးသွား ချိန်မှာတော့ သူ့မျက်ဝန်းထဲက ပြန်လည် မွေးဖွားမှု စက်ကွင်း ချက်ခြင်း ဆိုသလို တောက်ပ လာတော့တယ်။

ရွှပ်။ အဲ့ဒီ့နောက် ချိုးချီရဲ့ ညာခြေထောက်မှာ နောက်ထပ် ဓားတစ်ချောင်း ပေါ်လာတယ်။ ဒီဓားကလဲ ဖန်ကျန်းရှီ ကိုင်ထားခဲ့တဲ့ ဓားပဲ။ အရမ်းကို တောက်ပပြီး မျက်စိစူးလွန်းတယ်။

“အဇူရာတွေကို ပေါင်းစည်းတာလား။” ချိုးချီ မျက်နှာက ဖြူဖျော့ သွားတယ်။

“ဟုတ်တယ် ဒါကို အဇူရာတွေ ပေါင်းစည်းတယ်လို့ ခေါ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြီးနောက် သူ့ဓားကို ခေါင်းပေါ်က ပင့်ကူအိမ်ဆီ ပြစ်လွှတ်လိုက်တယ်။

ဝူး။

သွေးရောင်တောက်ပ နေတဲ့ ဓားအလင်းတန်းက လေဟာနယ်ကို ဖြတ်သန်းသွားတယ်။ အရမ်းကို တောက်ပနေတဲ့ ဓားအလင်းတန်း တစ်ခုပဲ။

အဇူရာ တာအို။

ဒါပေမယ့် သာမာန် အဇူရာ တာအို မဟုတ်ခဲ့ဘူး။ တိုက်ခိုက်နည်း ငါးမျိုး ဆက်တိုက် ပါဝင်နေတဲ့ အဇူရာ တာအို ဖြစ်နေခဲ့တယ်။

ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲမှာ အစွမ်း အထက်ဆုံး အဇူရာ တာအိုကို တိုက်ခိုက်နည်း ငါးခုနဲ့ ပေါင်းစည်း လိုက်ချိန်မှာ ဘယ်လို ရလဒ်မျိုးကို ရလာနိုင်မလဲ။

ဝုန်း။ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးက အဖြေ ပေးလိုက်ပြီ။

ဓားအလင်းတန်းက မီးခိုးရောင် ပင့်ကူအိမ်ကို ဖြတ်သန်း သွားချိန်မှာတော့ ပင်းယန် လုပ်ခဲ့တဲ့ အတိုင်း စွမ်းအင်တွေကို ပင့်ကူအိမ်က စုပ်ယူ သွားတော့တယ်။ ဒါပေမယ့် ကွာခြားချက် တစ်ခုကတော့ မီးခိုးရောင် ပင့်ကူအိမ်မှာ အက်ကွဲကြောင်း တစ်ခု ဖြစ်လာတာပဲ။

“ဘယ်လိုများ ဖြစ်နိုင်တာလဲ။ ”ချိူးချီ သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေခဲ့တယ်။ သူ့ရဲ့ ကောင်းကင် ပိုက်ကွန်က ဒီလိုကြီး ကွဲသွား နိုင်တယ်လား။

“မင်းရဲ့ ကောင်းကင် ပိုက်ကွန်က မီးနဲ့ ရေကို မကြောက်တာ စုပ်ယူနိုင်တဲ့ စွမ်းအားတွေ ဖြစ်နေလို့ပဲ။ ဒါပေမယ့် ပိုက်ကွန်က ပိုက်ကွန်ပဲလေ။ ကွဲနိုင်တယ်။ ဒါပေါ့။ လုံလောက်အောင် ကြမ်းတမ်းပြီး ထက်ရှတဲ့ စွမ်းအား ရှိရင် ရပြီ။ ငါ့ဓားက လုံလောက်တယ်။” ဖန်ကျန်းရှီ သူ့ဓားကို ဝေ့ယမ်းလိုက်တယ်။

“လုံလောက်အောင် ကြမ်းတမ်းပြီး ထက်ရှတဲ့လား။” ချိုးချီ မျက်နှာက အရမ်းကို ဖြူဖျော့ သွားခဲ့တယ်။ ဒါကို သူနားလည်ပေမယ့် မျက်လုံး ပြူးနေဆဲ။

ပင်းယန်ကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။

ဖန်ကျန်းရှီက အရမ်း အင်အားကြီးမှန်း သိပေမယ့် ဒီလောက်ထိ အင်အား ကြီးမယ်လို့ မထင်ထား ခဲ့ဘူး။ ဒါ့အပြင် ဒီလောက်ကြီး စွမ်းအား ရှိနေတာတောင် (သူတို့ကို ငါအနိုင် မတိုက်နိုင်ဘူး။ အဲ့တာက နတ်သခင် အဆင့် ပညာရှင်တွေလေ။ ရှေးဟောင်း မိစ္ဆာနဲ့ နတ်ဆိုးတွေ။)လို့ ဆက်တိုက် ပြောနေခဲ့တယ်။

ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်ကို ပင်းယန် တံတွေးနဲ့ ထွေးလိုက်ချင်တယ်။ အနိုင်မယူ နိုင်ဘူးဆိုတာ ဘာကို ပြောတာလဲ။ သေရမှာ ကြောက်ပြီး မတိုက်ချင်တိုင်း ပြောနေတာများ။

ဖန်ကျန်းရှီကတော့ ပင်းယန်ရဲ့ စိတ်ထဲ ဘာတွေ ဖြစ်နေမှန်း မသိခဲ့ဘူး။ ကောင်းကင် ကွန်ယက်က ဒီလိုမျိုး ကွဲထွက် သွားတာကို မြင်ချိန်မှာ သူလဲ အံ့သြ နေခဲ့တယ်။

သူတိုက်ခိုက်ပြီးမှ ဖြစ်နိုင်တာကို နားလည် ခဲ့တာပဲ။

ဒါပေါ့။ ပင့်ကူအိမ်ကို ခွဲပြီးတဲ့နောက် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းထား နိုင်ခဲ့တယ်။ သူမပြောရင် ဘယ်သူမှ မသိ နိုင်ဘူးလေ။ ဒါကြောင့် ကောင်းကောင်း သရုပ်ဆောင်တယ်။

မတိုက်ခိုက်ဘဲ သေရမှာကို ကြောက်နေမယ့် အစား အားလုံးကို ဖိအား အဖြစ် ပြောင်းလဲ လိုက်တယ်။ ပြန်လည် မွေးဖွားမှု တာအို ငါးခုကို တပြိုင်နက်တည်း သုံးရမှာ ဖန်ကျန်းရှီ ကြောက်တဲ့ အကြောင်းအရင်း တစ်ခု ရှိတယ်။ သူ့ရဲ့ ဇစ်မြစ်ကြောင့်ပဲ။

သူ့ရဲ့ ဇစ်မြစ်သာ ပေါ်သွားရင် မြောက်ရွာ အန္တရာယ် များလိမ့်မယ်။

“ကောင်းကင် တာအို၊ လေဟာနယ် ခွဲခြား၊ အဇူရာတွေ ပေါင်းစည်း။ ပြန်လည် မွေးဖွားမှု တာအို ငါးခု။ မင်း မင်းက မုန့်ထျန်း မဟုတ်ဘူး။” ဖန်ကျန်းရှီက ချိုးချီကို ဆက်တိုက် ချိန်းခြောက် နေချိန်မှာပဲ ချိုးချီရဲ့ မျက်ဝန်းတွေက ပြူးကျယ် ဝိုင်းစက် သွားတော့တယ်။

သူတစ်ခါမှ မမြင်ဖူးတဲ့ အရာကို မြင်လိုက် ရသလိုပဲ။

“ငါက မုန့်ထျန်းပဲ။”

“မဟုတ်ဘူး။ မင်းက ဖန်ကျန်းရှီ။ လေဟာနယ် ဖြိုခွင်း နတ်သခင်က မင်းလက်ထဲမှာ သေခဲ့ရတယ်။ ကြည့်ရတာ သူ့နည်းလမ်းကို မင်းမြင်ပြီး တာအိုတွေကို ပေါင်းစပ်လိုက်တာပဲ။ ဒါ့အပြင် တာအိုကြီး ငါးခုလုံးကို တစ်ချိန်တည်းမှာ ပညာရှင် အဆင့် တတ်မြောက်သူက နောက်ထပ် မရှိနိုင်တော့ဘူး။ ဒါတွေ အားလုံးက တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်။ မင်းက ငါးခုမြောက် တာအိုကို အဖြေရှာနိုင် သွားတာပဲ။ တခြားလောကကို မင်းမြင်နိုင်တဲ့ သရဲတာအိုကို မင်းနားလည် သွားတာပဲ။” သွေးလို ရဲရဲနီနေတဲ့ မျက်လုံးတွေနဲ့ ချိုးချီ ပြောတော့တယ်။

“ထက်မြက် လွန်းတာလဲ မကောင်းဘူး။” ဖန်ကျန်းရှှီက မျက်လုံးကို မှေးစင်း လိုက်ချိန်မှာတော့ ပြန်လည် မွေးဖွားမှု စက်ကွင်းက မြန်မြန် ဆန်ဆန် လှည့်ပတ်တော့တယ်။

“ဒီတော့ မင်းက ဖန်ကျန်းရှီပဲ။ ငါမတွေးခဲ့ ဖူးဘူး။ တစ်ခါမှ မတွေးဖူးဘူး။ သွားသေလိုက်။” ချိုးချီ ပြောရင်းနဲ့ ညာလက်ကို ရုတ်တရက် လှုပ်ရှားတယ်။

မျက်တောင် တစ်ခတ် အတွင်းမှာပဲ လောကကြီး တစ်ခုလုံးက သေမင်း နယ်မြေ တစ်ခုလိုမျိုး အေးစက် လာတော့တယ်။ ကြောက်စရာ ကောင်းလွန်းလို့ ဒီနေရာက သက်ရှိတိုင်းတောင် မွန်းကြပ်လာခဲ့ ရတယ်။

ဖန်ကျန်းရှီရဲ့ အမူအယာလဲ နည်းနည်းတော့ ပြောင်းသွားတယ်။ ပင်းယန်ရဲ့ ခန္ဒာကိုယ်ကို အင်အားကြီး ဖိအား တစ်ခုက ဆွဲဖြဲနေတာ ခံစား မိလို့ပဲ။ သူမရဲ့ ခန္ဒာကိုယ် အပူချိန်က သိသိသာသာကို လျော့ကျသွားတယ်။

ဒါ့အပြင် သူ့မျက်စိရှေ့မှာ မီးခိုးရောင်လေလှိုင်း တစ်ခု ဖြတ်ပြေး သွားတာကို မြင်လိုက်ရတယ်။ အရမ်းကို သေးငယ်ပေမယ့် စစ်မှန်တယ်။

“အဲ့တာ ဘာကြီးလဲ။” ဖန်ကျန်းရှီ ဓားကို မြှောက်လိုက်ပြီး မီးခိုးရောင် လေလှိုင်းကို ရိုက်ချလိုက်တယ်။

ဖန်ကျန်းရှီရဲ့ ညာလက်က တုန်ယင် သွားပြီး မီးခိုးရောင် အငွေ့အသက်က သူ့နောက်ကျောကို စီးဆင်းသွားတယ်။

ပင်းယန်။ ပင်းယန် ရှိနေတဲ့ နေရာပဲ။

“မဖြစ်ဘူး။” ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် တုန်ယင်သွားတယ်။ သူ့ရဲ့ ဘယ်လက်ကို သုံးပြီးတော့ ရွှေရောင် အလင်းတန်းတွေ စီးဆင်းနေတဲ့ သံချပ်ကာ အလွှာ တစ်ခုနဲ့ ချက်ခြင်း ဖုံးအုပ်လိုက်တယ်။ ဖန်ကျန်းရှီရဲ့ လက်က မကြာခင်မှာပဲ ဟက်တက် ကွဲထွက် သွားပြီး မီးခိုးရောင်သွေးတွေ စီးဆင်း လာတော့တယ်။

ဒီသွေးတွေက ကြည်လင်လွန်းတယ်။ ဓားတစ်ချောင်းနဲ့ အသွင် တူပေမယ့် မဟုတ်ခဲ့ဘူး။ သိပ်သည်းတဲ့ သေခြင်းတရား အငွေ့အသက်တွေကို သူခံစား နေရတယ်။

“အရှက်မရှိတဲ့ ကောင်စုတ် နင် အဆင်ပြေရဲ့လား။” သွေးထွက် လာတာကို မြင်ချိန်မှာ ပင်းယန်က အရမ်း စိတ်ပူ သွားခဲ့တယ်။

“မထိနဲ့။” ပင်းယန်ကို သူချက်ခြင်းတားတယ်။ အရေးကြီး အချိန်မှာပဲ သူ့ခန္ဒာကိုယ်ကနေ အင်အားလှိုင်းတွေ ထွက်လာပြီး ပင်းယန် ခန္ဒာကိုယ်ကို ဝန်းရံလိုက်တယ်။ အဲ့ဒီ့နောက် သူငုံ့ကြည့်တယ်။

ဖန်ကျန်းရှီဆီကို ခပ်ပါးပါး အရာ တစ်ခုနဲ့ ပြစ်လွှတ် ပြီးချိန်မှာ ချိုးချီက လေပွေ တစ်ခုလို တောင်အောက် ပြေးဆင်း သွားခဲ့လို့ပဲ။

ဖန်ကျန်းရှီရဲ့ ဇစ်မြစ်ကို သိပြီးတဲ့နောက် ချိုးချီက ဆုံးဖြတ်ချက် ချလိုက်ပြီးမှန်း သိသာနေခဲ့ပြီ။

(သွားသေတော့ ဆိုတာက ပင်းယန်ကို ဦးတည်တာပဲ။)

“ချိုးချီ သေစမ်း။” ဖန်ကျန်းရှီက အောက်ကို တရှိန်ထိုး ဆင်းသွားတယ်။ မဟူရာ ရွှေတောင်ပံတွေကနေ ပြင်းထန်တဲ့ လေလှိုင်းတွေ ဆက်တိုက် ထွက်ပေါ် လာတယ်။ သူ့အရှိန်က မြန်ဆန်လွန်းလို့ လေဟာနယ်ကို ဖြတ်သန်းပြီး ခရီးသွားနေ သလိုပဲ။

“ဒီကောင် မသေဘူးလား။” ချိုးချီ အရမ်းကို လန့်နေတယ်။

သေခြင်းတရား ဓားလို ချက်ခြင်း သေစေနိုင်တဲ့ လက်နက်ကို ဖန်ကျန်းရှီဆီ သူပြစ်လွှတ် ခဲ့တာလေ။ မရေမတွက်နိုင်တဲ့ နတ်သခင် အဆင့် ပညာရှင်တွေ ဒီဓားအောက်မှာ သေဆုံး သွားခဲ့ရတယ်။

ပင်းယန်ကို ဒီဓားနဲ့ ပြစ်လွှတ်လိုက်ပြီးနောက် ဖန်ကျန်းရှီက တားဆီး လိုက်တာတောင် အခုချိန်ထိ မသေနိုင်သေးဘူးလား။ သူဘယ်လိုလုပ် မလန့်ပဲ နေနိုင်မှာလဲ။

“ချိုးချီ။”

“ဖန်ကျန်းရှီ ငါ့ကို အသက်ချမ်းသာပေးပါ။ မင်းကို ကောင်းကင် လက်ခံ မြေပုံ သုံးဆယ့်ခြောက်ခု ပေးမယ်။” အနားကပ်လာတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ချိုးချီက လန့်နေပုံပဲ။

ကောင်းကင်လက်ခံ မြေပုံ ၃၆ခု ဖြစ်ပါစေ၊ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ ဖြစ်စေ၊ ဒါတွေ အားလုံးက ပင်းယန်ကို တမင် ထိခိုက်အောင် လုပ်တဲ့ အမုန်းတရားနဲ့တော့ ယှဉ်လို့ မရနိုင်ဘူး။

ချိုးချီက ပင်းယန်ကို တိုက်ခိုက်ခဲ့တယ်။ ဒီတော့ သေမင်း တံခါးဝကို သူလျှောက်လိုက်ပြီလို့ ဆိုလိုတာပဲ။

ချိုးချီ ဘယ်လောက်ပဲ ရုန်းကန်ပါစေ၊ ဖန်ကျန်းရှီက သူ့ကို အလွတ်ပေးတော့မှာ မဟုတ်ဘူး။ သူ့အသက်နဲ့ အလျော်ပေးရလိမ့်မယ်။

“မဖြစ်ဘူး။” ချိုးချီက နောက်တကြိမ် အထိတ်တလန့်နဲ့ အော်ဟစ်ရင်း မီးခိုးရောင် ကောင်းကင်ကွန်ယက်ကို ထုတ်သုံး ပြန်တယ်။ အခုချိန်မှာတော့ ပင့်ကူအိမ် အစား ကြီးမားပြီး အားကောင်းတဲ့ ခြင်္သေ့သဏ္ဍာန် ကွန်ယက်ကို သူသုံးတယ်။

ဝေါင်း။ ခြင်္သေ့ ဟိန်းသံကြီးက ထွက်ပေါ် လာတယ်။ ချက်ခြင်း ဆိုသလို ပင်းယန်နဲ့ ဖန်ကျန်းရှီကို လာတိုက်ခိုက်တယ်။ ဒီကွန်ယက်ကြီး ပေါ်လာချိန်မှာတော့ သေခြင်းတရား အငွေ့အသက်က လေထု တစ်ခုလုံးကို ဖုံးအုပ် သွားခဲ့ပြန်ပြီ။

ထွက်သွားစမ်း။ ဖန်ကျန်းရှီ လက်ထဲမှာ ဓားရှည် တစ်လက် ပေါ်လာပြီးနောက် ချိုးချီရဲ့ နောက်ကျောကို ကြမ်းကြမ်းတမ်းတမ်း ခုတ်ချလိုက်တယ်။

ဝုန်း။ မီးခိုးရောင် လေလှိုင်းတွေက ချိုးချီဆီကို ပြေးဝင်သွားတယ်။

ဖန်ကျန်းရှီရဲ့ ဓားကတော့ သွေးလို နီရဲ သွားခဲ့ပြီ။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာ ကြီးမားတဲ့ ခြင်္သေ့ သဏ္ဍာန် ပိုက်ကွန်ကြီးက အလင်းစက်လေးတွေ အဖြစ်ကို ပြောင်းလဲ သွားခဲ့တယ်။

ဂျွတ်။

မီးခိုးရောင် လေလှိုင်းက ချိုးချီရဲ့ လည်ပင်း အနောက်ကို လာထိတယ်။ ချိုးချီ တုန်ယင်သွားတယ်။

“သေခြင်း တရားရဲ့ ဓားသွား။ မင်း။ သေခြင်း ဓားသွားကို သုံးပြီး ငါ့ကို ဘယ်လိုတောင် တိုက်ခိုက် ဝံ့တာလဲ။” ချိုးချီ တကယ့်ကို အကြောက်တရားတွေ ဖုံးလွှမ်း နေခဲ့ပြီ။ သေခြင်းတရား ဓားသွားနဲ့ ထိမိချိန်မှာ သူ့မျက်လုံးတွေက မီးခိုးရောင်ကို လုံး၀ ပြောင်းလဲ သွားတော့တယ်။

“သွား သေစမ်း။” ဖန်ကျန်းရှှီကတော့ ချိုးချီကို ပြန်ဖြေဖို့ စိတ်ကူး မရှိခဲ့ဘူး။ ချက်ခြင်း ဆိုသလို ချိုးချီရဲ့ နဖူး တည့်တည့်က အနီရောင် ကြက်ခြေခတ်ဆီ ဦးတည်ရင်း ဓားနဲ့ ပြေးဝင်တော့တယ်။

အပိုင်း (၉၅၆) ပြီး၏။

အပိုင်း (၉၅၇)

“နတ်ဆိုး နတ်ဘုရား ရောက်ရှိခြင်း။”

ဖန်ကျန်းရှီရဲ့ ဓားက အရမ်းကို နီးကပ် လာနေခဲ့ပြီ။ ချိုးချီရဲ့ နဖူးကို ရောက်တော့မယ့် အချိန်မှာပဲ ချိုးချီက သူ့မျက်စိရှေ့ကနေ ပျောက်ကွယ် သွားတယ်။

ဒီမြင်ကွင်းက ထူးဆန်းတယ်။

ချိုးချီ ပျောက်ကွယ် သွားချိန်မှာ ပတ်ဝန်းကျင်လဲ လုံး၀ ပြောင်းလဲ သွားတယ်။ လောကကြီး တစ်ခုလုံးက နှင်းတွေလို ဖြူဖွေးနေတယ်။ မြူခိုးတွေ ရစ်သိုင်း ထားသလိုမျိုး တလောကလုံး မှုန်ရီေ၀ဝါး သွားတယ်။

ဘာတွေ ဖြစ်နေတာလဲ။

ဒါက ဘယ်နေရာလဲ။

ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ အတွေးနှစ်ခု ဝင်လာခဲ့တယ်။ အဲ့ဒီ့နောက် သူ့နောက်ဘက်ကို လှည့်ကြည့် ချိန်မှာတော့၊ အစပိုင်းတည်းက သူ့နောက်မှာ ရှိနေတဲ့ ပင်းယန် ပျောက်ကွယ် သွားတာကို မြင်လိုက်ရတယ်။

ပင်းယန် ပျောက်ကွယ် သွားပြီ။

နေစမ်းပါအုန်း။ ဒါက ပုံရိပ်ယောင် အဆင့်လား။ မဟုတ်ဘူး။ ဒါက ကောင်းကင် လက်ခံ မြေပုံ သုံးဆယ့်ခြောက်ခုထဲက ကမ္ဘာပဲ။

ဖန်ကျန်းရှီ ခပ်မြန်မြန်ပဲ အသိ ပြန်ဝင်သွားတယ်။ နောက်ဆုံးတော့လဲ သူဒါကို ကြုံဖူးတယ်လေ။ ယွင်ချင်းဝူက သူ့ကို တူညီတဲ့ နည်းလမ်းနဲ့ မြောက်ရွာ အပြင်ဘက်မှာ ပိတ်လှောင်ခဲ့ဘူးတယ်။ ကောင်းကင် လက်ခံ မြေပုံ သုံးဆယ့်ခြောက်ခုက နည်းဗျူဟာတွေကို အသုံးချထားတယ်။ ဒါ့အပြင် ဗျူဟာဆင်ပြီး ချိန်မှာ တကယ့်လောက အစစ် အသွင်ကို ပြောင်းသွားတယ်။

ဒီလောကတွေကို ချိုးဖြတ်နိုင်ဖို့ နည်းလမ်း နှစ်ခု ရှိတယ်။ တစ်ခုကတော့ နားလည် သဘောပေါက်ခြင်း တရားပဲ။ ယွင်ချင်းဝူရဲ့ မြေပုံ ၁၃ခုကို ဖန်ကျန်းရှှီ ဒီလို နည်းနဲ့ ဖြေရှင်း အောင်မြင်ခဲ့တယ်။ ဒုတိယ တစ်ခုကတော့ ထိန်းသိမ်းနည်းပဲ။ ခန္ဒာကိုယ်ထဲက မဟူရာ သေတ္တာထဲကို တိုက်ရိုက် ထည့်သွင်းတာက ပိုမြန်ဆန်တယ်။

ဖန်ကျန်းရှီက ဒုတိယ နည်းလမ်းကို ရွေးချယ်ခဲ့တယ်။ အပြင်လောကမှာ ဘာတွေ ဖြစ်နေမယ်မှန်း မသိနိုင်တဲ့ အတွက် ဒီနည်းလမ်းကို သူရွေးချယ် ခဲ့ရတာပဲ။ အကယ်၍ သူပိတ်မိ နေချိန်မှာ ပင်းယန်ကို ချိုးချီ တိုက်ခိုက်ခဲ့ရင် ကြောက်စရာ ကိစ္စတွေ ဖြစ်လာလိမ့်မယ်။

“ဖွင့်လိုက်စမ်း။” ကျယ်ကျယ်လောင်လောင် အော်ဟစ်သံနဲ့ အတူ ဖန်ကျန်းရှီရဲ့ လက်ထဲမှာ မဟူရာ သေတ္တာ တစ်လုံး ပေါ်လာတယ်။ အဲ့ဒီ့နောက် သူ့ဘေးမှာ ရစ်ဝဲနေတဲ့ မြူနှင်းတွေ အားလုံး သေတ္တာထဲကို တိုးဝင် သွားတော့တယ်။ တစ်ခုခု ဆွဲဆောင်တာ ခံလိုက် ရသလိုမျိုး တစ်ခဏ ကြာပြီးနောက် ပျောက်ကွယ် သွားတယ်။

မြူနှင်းဖြူတွေ ပျောက်ကွယ် သွားပြီးချိန်မှာတော့ သူ့ရှေ့က လောကကြီး ပြောင်းလဲ သွားပြန်တယ်။ သဲအပြည့်နဲ့ ပူပြင်းတဲ့ ကောင်းကင်ကြီး ရှိရာ နေရာဆီ ရောက်သွားတော့တယ်။ ကျစ်ကျစ်တောက် ပူနေတဲ့ ရာသီဥတုနဲ့ အဆုံး မရှိတဲ့ သဲတွေက ကျတ်တီးမြေကြီး တစ်ခုလိုပဲ။

“ဟမ်။ နောက်တစ်ခေါက် ဖွင့်လိုက်။” ဖန်ကျန်းရှီ စိတ်ရှုပ် သွားခဲ့တယ်။ မြေပုံ တစ်ခု အတွက် သူအချိန် အတော်ဖြုန်းခဲ့ ပြီးပြီ။ အခုတော့ ချိုးချီက သူ့ကို မြေပုံ နောက်တစ်ခု ပြစ်ပေးသွားတယ်။

ချက်ခြင်း ဆိုသလို မဟူရာ သတ္တု သေတ္တာ ပွင့်လာပြီး သဲတွေ အားလုံးကို စုပ်ယူ သွားတော့တယ်။

ချိုးချီက ဒီနှစ်ခုကို သုံးပြီး ဖန်ကျန်းရှီကို ထောင်ချောက်ဆင်ဖို့ စီစဉ်ခဲ့တယ်။ နောက်ဆုံးတော့လဲ နယ်မြေ နှစ်ခုစလုံးက ကျယ်ပြန့် လွန်းတယ်လေ။

“အရှက်မရှိတဲ့ ကောင်စုတ် အဆင်ပြေရဲ့လား။” သဲတွေ အားလုံး ပျောက်ဆုံး သွားချိန်မှာတော့ ပင်းယန်ရဲ့ အသံကို ကြားလိုက် ရတော့တယ်။

“ငါအပြင်ကို ရောက်လာပြီ။” ပင်းယန်ရဲ့ အသံကို ကြားချိန်မှာတော့ ဖန်ကျန်းရှီ စိတ်သက်သာရာ ရသွားခဲ့တယ်။ “မင်း အဆင်ပြေရဲ့လား။”

“အဆင်ပြေတယ်။ ဒါပေမယ့် ငါနောက်ထပ် တခြား လောက တစ်ခုကို ရောက်သွား သလိုပဲ။ ပြီးတော့ ပျောက်သွားတယ်။ မြူနှင်းဖြူတွေနဲ့ ပြည့်နေတဲ့ တစ်ခုရယ်။ သဲတွေ အများကြီးနဲ့ တစ်ခုရယ်။ ဒါပေမယ့် သူတို့တွေ အားလုံး ခဏပဲ တွေ့ပြီး ပျောက်သွားတာပဲ။” ပင်းယန်က တစ်ခဏတာ မျက်လုံး ပြူးနေပြီးနောက် ပြန်ဖြေတယ်။

“သိပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ ပင်းယန်လဲ ကောင်းကင် လက်ခံ မြေပုံတွေထဲ သူနဲ့ အတူ ရောက်သွားတာ ဖြစ်လိမ့်မယ်။ သူကတော့ ကံကောင်းတယ်။

ချိုးချီက ဖန်ကျန်းရှီ တစ်ယောက်တည်းကို ထောင်ချောက်ဆင်ပြီး ပင်းယန်ကို တိုက်ခိုက်တာမျိုး မလုပ်ခဲ့လို့ တော်သေးတယ်။

အစတုန်းက သူ့ရှေ့မှာ ရပ်နေခဲ့တဲ့ ချိုးချီ အခုချိန်မှာတော့ ခြေရာတောင် မမြင်ရတဲ့ အထိ ပျောက်ကွယ် သွားခဲ့ပြီ။

“အမ်။ ချိုးချီ ဘယ်မှာလဲ။ သူဘယ်လို ပျောက်သွားတာလဲ။” အသိ ပြန်ဝင် လာချိန်မှာတော့ ပင်းယန်က ပတ်ဝန်းကျင်ကို ကြည့်ရင်း တအံ့တသြ မေးတော့တယ်။

“သူထွက်ပြေး သွားပြီ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ပြေးသွားပြီ။ ငါတို့ ဘာလုပ်ကြမလဲ။ သူက နင့်ကို သိသွားတဲ့ ပုံပဲ။” ပင်းယန်ရဲ့ အမူအယာက ပြောင်းလဲ သွားခဲ့ပြီ။

“သူထွက်ပြေး သွားပြီ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ပြေးသွားပြီ။ ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ။”

“ငါတို့တွေ လိုက်ဖမ်းကြစို့။ ” ဖန်ကျန်းရှီ များများစားစား မပြောခဲ့ဘူး။

အကယ်၍ ချိုးချီသာ အခု အခွင့်အရေးကို တိုက်ခိုက်ဖို့ မသုံးခဲ့ရင်၊ သူထွက်ပြေးဖို့ ရွေးချယ် လိုက်တာပဲလေ။

မြေပုံ နှစ်ခုကို သိမ်းဖို့ ဖန်ကျန်းရှီ အချိန် အကြာကြီး မယူခဲ့ပေမယ့်၊ ဒီအချိန် အခိုက်အတန့်က ချိုးချီ ထွက်ပြေးဖို့ လုံလောက်တယ်လေ။

သူက ဒဏ်ရာရ ထားတာ များတော့၊ အဝေးကြီး ပြေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ချိုးချီ ဘယ်ဘက်ကို ပြေးမှာလဲ။

အစောပိုင်းတုန်းက တောင်အောက်ကို ချိုးချီ ပြေးဆင်း လာခဲ့တယ်။ ဖန်ကျန်းရှီက သူ့ကို အမှီ လိုက်နိုင်ခဲ့တယ်။ နောက်ထပ် တောင်အောက်ကို ဆင်းနိုင်ချေ ရှိလား။

ဖန်ကျန်းရှီ မျက်မှောင်ကြုတ်ရင်း တောင်ထိပ်ကို မော့ကြည့်တယ်။

“သူအပေါ်ကို ပြေးတက်တာ ဖြစ်နိုင်လား။”

ဖြစ်နိုင်ချေက အတော့်ကို များတယ်။

နောက်ဆုံးတော့လဲ လူသား မဟာမိတ် အဖွဲ့က မြေပြင်မှာ ရှိနေတယ်လေ။ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေက တောင်ထိပ်မှာ ရှိနေတယ်။ တောင်ထိပ်ကို ပြေးရင် ကုသလို့ ရနိုင်မယ်။

“မြန်မြန် လိုက်ဖမ်းကြမယ်။ နင်ဘာကို စောင့်နေတာလဲ။” ဖန်ကျန်းရှီ တွေဝေနေတာကို မြင်တဲ့ အတွက် ပင်းယန်က လောတော့တယ်။

““မင်းသာ ချိုးချီ ဖြစ်ခဲ့ရင်၊ ဘယ်ကို သွားမလဲ။” ဖန်ကျန်းရှီ မေးတယ်။

“တောင်ခြေကို ဆင်းမှာပေါ့။ အစောပိုင်းတုန်းက သူ သွားနေတာကို နင်မမြင်ဘူးလား။ နေအုန်း။ နင်ပြောချင်တာက သူတောင်ထိပ်ကို တက်သွားတယ် လို့လား။”

“ဘယ်ဟာ ပိုဖြစ်နိုင်မယ် ထင်လဲ။”

“တောင်ထိပ်ပေ့။ အဲ့ဒီ့မှာ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ ရှိတယ်လေ။ သေချာပေါက် အပေါ်ကို ပြေးမှာပဲ။ ချိုးချီက ငတုံးမှ မဟုတ်တာ။” ပင်းယန်က ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“မင်းဒီလို ပြောတော့မှ သူအောက်ကို ဆင်းပြေး သွားတယ်လို့ ငါထင်နေပြီ။ နောက်ဆုံးတော့လဲ ချိုးချီက မောက်မာ လွန်းတယ်လေ။ မိစ္ဆာနဲ့ နတ်ဆိုးတွေ သူဒဏ်ရာရနေတာကို မြင်စေချင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ငါတို့ တောင်ထိပ်ကို လိုက်ဖမ်းမှာ သိလို့ အောက်ဆင်း သွားတာလဲ ဖြစ်နိုင်တယ်လေ။”

“ဒါတွေ တွေးမနေနဲ့။ ငါပြောတာ နားထောင်။ သူသေချာပေါက် အပေါ်တက် သွားလိမ့်မယ်။ သေမှာကို မကြောက်တဲ့သူ မရှိဘူး။ ချိုးချီလဲ အတူတူပဲ။ ငါမှားရင်၊ အမှားရဲ့ လျော်ကြေးအတွက် နင်နဲ့ အိပ်နိုင်တယ်။”

“သေချာလား။”

“အရမ်း သေချာတယ်။”

“ကောင်းပြီ။ တစ်ကြိမ်တော့ မင်းကို ယုံလိုက်မယ်။” ဖြစ်နိုင်ချေက ငါးဆယ် ငါးဆယ် ဖြစ်နေတဲ့ အတွက် ဖန်ကျန်းရှီ တွေေ၀ နေခဲ့တယ်။ သူလောင်းကြေး ထပ်ရုံပဲ တတ်နိုင်တယ်။

ဝူး။ မဟူရာ ရွှေတောင်ပံတွေကို တဖျပ်ဖျပ်ခတ်ရင်း ဖန်ကျန်းရှီက ပင်းယန်ကို သယ်ဆောင်ပြီး ကောင်းကင်တာအို ခန်းမ တောင်ထိပ်ကို ပျံသန်းတော့တယ်။

ဒါပေမယ့် သူသတိမထား မိတာ တစ်ခု ရှိနေခဲ့တယ်။ ညာဘက်လက် အနောက်မှာ မကုသ ရသေးတဲ့ တခြား ဒဏ်ရာတွေကနေ မီးခိုးရောင် သွေးတွေ တစက်စက် စီးကျ နေခဲ့တာပဲ။

…

မဟူရာ ရွှေတောင်ပံကို သုံးတဲ့ အချိန် ဖန်ကျန်းရှီက ဘယ်လောက်ထိ အရှိန်မြန်မြန်နဲ့ သွားနိုင်သလဲ။ သူ့အရှိန်နှုန်းကို စက်တစ်လုံးနဲ့သာ ယှဉ်လိုက်ရင်၊ အဲ့ဒီ့စက်က ပေါက်ကွဲ သွားလိမ့်မယ်။

မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ နတ်ဆိုး နတ်ဘုရား နှစ်ပါးက ကောင်းကင် တာအို ခန်းမ တောင်ထိပ်ကို ရောက်လာခဲ့ပြီ။

“ချိုးချီကို ငါတို့လက်ထဲ အပ်လိုက်။ မင်းတို့ အသက်ကို ချမ်းသာပေးမယ်။”

“အား။” မိစ္ဆာ ဘုရင် ခြောက်ယောက်နဲ့ နတ်ဆိုး စစ်သည်တော် တပ်ဖွဲကတွေ သူတို့ကို မျက်လုံး ပြူးကြီးနဲ့သာ ကြည့်နေကြတယ်။

ချိုးချီကအောက်ကို ဆင်းပြေးသွားတာ မဟုတ်ဘူးလား။ သူတို့ နှစ်ယောက်က ပြန်လာကြတယ်။

ဒီတော့ နတ်ဆိုး နတ်သခင် ချိုးချီက သူတို့ ရှေ့မှာ ရှိနေတဲ့ မုန့်ထျန်း လက်ထဲမှာ အနိုင်ယူ ခံလိုက် ရတာလား။ မိစ္ဆာ ဘုရင် ခြောက်ယောက်ရဲ့ အမူအယာက လုံး၀ ပြောင်းလဲ သွားတော့တယ်။ သူတို့တွေ တစ်ယောက်ကို တစ်ယောက် မျက်စ ပြစ်ပြီးတာနဲ့ ထွက်ပြေးတော့တယ်။

“ပြေးတော့။”

“မြန်မြန် ပြေးကြ။”

“မုန့်ထျန်း ပြန်လာပြီ။”

အော်သံတွေက ကောင်းကင်မှာ ဟိန်းထွက်နေပြီး ကောင်းကင် တာအို ခန်းမကို စောင့်ကြပ်နေတဲ့ နတ်ဆိုး မိစ္ဆာတွေ အားလုံး ထွက်ပြေး ကြတော့တယ်။

“..” ဖန်ကျန်းရှီက နှုတ်ခမ်းတွေကို တွန့်ကွေး ထားမိတယ်။ မိစ္ဆာ ဘုရင်တွေကို လိုက်ဖမ်းချင် ပေမယ့်၊ ဒီမိစ္ဆာ ဘုရင်တွေက လည်လွန်းတယ်။ သူတို့တွေ နေရာခွဲပြီး ပြေးကြတယ်။

နတ်ဆိုး စစ်တပ်ကြီးကတော့ ကြောက်နေတဲ့ ဘဲတစ်အုပ်လိုပဲ ထင်ရာကို ပြေးနေကြတယ်။ သူဘယ်လိုများ လိုက်ဖမ်းလို့ ဖြစ်နိုင်ပါ့မလဲ။

ဒါ့အပြင် ဖန်ကျန်းရှီရဲ့ ပြစ်မှတ်က ချိုးချီ။ တခြားသူတွေကို လိုက်ဖမ်းတာက အချိန်ဖြုန်းရာ ရောက်လိမ့်မယ်။ မ

“ကြည့်ရတာ ငါတို့တွေ လိုက်ဖမ်းတာ နေရာ မှားသွားပုံပဲ။” ဖန်ကျန်းရှီက ဗလာဟင်းလင်း ဖြစ်သွားတဲ့ နေရာကြီးကို ကြည့်ရင်း ပြောတယ်။

“ငါမယုံဘူး။ ချိုးချီက အပေါ်ကို တက်လာလိမ့်မယ်။ နတ်ဆိုး စစ်သည်တော်တွေ ကြားထဲမှာ ပုန်းနေတာ ဖြစ်လိမ့်မယ်။ ဒီလိုပဲ ဖြစ်လိမ့်မယ်။” ပင်းယန်က ယုံကြည်ချက် အပြည့် ရှိနေခဲ့တယ်။

“ဒီတော့။”

“ဒီတော့ ငါမရှုံးဘူး။”

“အရှုံးကို ဘယ်လိုများ ငြင်းဖို့ သင်ထားတာလဲ။ ငါ မင်းကို ရိုက်မိတော့မယ်။ ဟွင်း။ ကောင်းကင် ကြီးက လည် လည်နေတယ်။” ပင်းယန်ကို ရိုက်ပုတ်ဖို့ ပြင်နေတဲ့ အချိန်မှာပဲ တကိုယ်လုံး ပေါ့ပါးပြီး ကောင်းကင်ကြီး လည်သွားသလို ခံစားရတယ်။ သေခြင်းတရားကနေ လွတ်ကင်းပြီး မသေမျိုး ဖြစ်သွားသလိုပဲ။

“လည်နေတယ်။ ဘာလည်နေတာလဲ။ အရှက်မရှိတဲ့ ကောင်စုတ်။ နင် ဘာဖြစ်တာလဲ။” ဖန်ကျန်းရှီက သူ့နဖူးပေါ် လက်တင်ပြီး လဲကျသွားတာကို ပင်းယန် မြင်လိုက်ရတယ်။ ပင်းယန်ရဲ့ ရင်ဘတ်ပေါ်ကို ဖန်ကျန်းရှီ မျက်နှာအပ်လျက်သား ကျသွားခဲ့တယ်။ နွေးနွေးပြီး လေးလံတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ ထတော့။ သတိရတော့။ ငါ့ကို မခြောက်နဲ့။ ငါ နင်နဲ့ အိပ်ပါမယ်။ ငါ့ အမှားကို မငြင်းတော့။ ငါရှုံးသွားပြီ။ အရှက်မရှိတဲ့ ကောင်စုတ်။ သေချင်ယောင် ဆောင်မနေနဲ့။” ပင်းယန်ရဲ့ အသံက ကောင်းကင်မှာ ဟိန်းထွက်လာတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ မလှုပ်ရှားတော့ဘူး။

မိစ္ဆာ ဘုရင် ခြောက်ယောက်ကတော့ ပင်းယန်ရဲ့ အသံကို ကြားချိန်မှာ ရပ်တန့် သွားခဲ့ကြတယ်။

“သူသေသွားပြီလား။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။ အရှင် နတ်ဆိုး သခင်တောင် သူ့ကို ရှုံးခဲ့တယ်လေ။ ရုတ်တရက်ကြီး သေသွားတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ထောင်ချောက်ပဲ ဖြစ်ရမယ်။ သေချာပေါက် ငါတို့ကို မျှားခေါ်တာပဲ။”

“ဖြစ်နိုင်ချေ ရှိတယ်။”

“ငါတို့တွေ တခြားလမ်းကို သွားသင့်တယ်။ အရှင် သခင်ငယ်လဲ မကြာခင် ရောက်လာတော့မှာပဲ။ ငါတို့တွေ သူ့ကို သွားကြိုဆိုပြီး အခု အခြေအနေ အကြောင်းကို သိအောင် ပြောပြသင့်တယ်။ ဒါဆိုရင် ကောင်းကင် တာအို ခန်းမကို ပြန်ရယူ နိုင်လောက်တယ်။”

“ဟုတ်တယ်။ မင်းပြောတာ မှန်တယ်။”

တစ်ခဏတာ တွေေ၀ ပြီးနောက် မိစ္ဆာ ဘုရင်တွေ ခပ်မြန်မြန် ဆုံးဖြတ်ချက် ချပြီး ကောင်းကင် တာအို ခန်းမကနေ ဆင်းပြေးတော့တယ်။

…

ကောင်းကင် တာအို ခန်းမ တောင်ခြေမှာတော့ ဝတ်ရုံနက် တစ်ယောက်က ဓားတောင်ထိပ်ကနေ ခုန်ချ လာပြီး အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျ လာခဲ့တယ်။

“သေစမ်း။ အား။” ဝတ်ရုံနက်က သွေးအန်ရင်းနဲ့ သူ့လည်ပင်းနောက်ကို ဖိထားခဲ့တယ်။ ဖန်ကျန်းရှီ ခန့်မှန်း ထားတဲ့ အတိုင်း ချိုးချီက တောင်ထိပ်ကို မတက်ခဲ့ဘူး။ သူက သတ်ဖြတ် ရတာကို ကြိုက်တဲ့ ချိုးချီ ဖြစ်နေခဲ့တယ်လေ။

ဂျွတ်။ မီးခိုးရောင် ခပ်ပါးပါး အရာ တစ်ခု သူ့လက်ထဲမှာ ပေါ်လာတယ်။

သေခြင်း တရားရဲ့ ဓားသွား။ ဓားသွားက မီးခိုးရောင် သွေးတွေကို စွန်းထင်းနေခဲ့တယ်။ ချက်ခြင်း ဆိုသလို ချိုးချီ သတ္တု ပုလင်း တစ်လုံးကို ထုတ်တယ်။ ဆေးနီလေး တစ်လုံးကို သူသောက်လိုက်တယ်။

သေခြင်းတရား ဓားသွားက သာမာန် လက်နက် မဟုတ်ခဲ့ဘူး။ တစ်ခေါက် ဒဏ်ရာ ရတာနဲ့ နတ်သခင် အဆင့် ပညာရှင်တောင် မကုသနိုင်ဘူး။ ဒါကြောင့် သေခြင်း တရား ဓားသွားအောက်မှာ ပညာရှင်တွေ အများကြီး သေဆုံး ခဲ့ရတယ်။

“ဖန်ကျန်းရှီ သေခြင်း တရား ဓားသွားနဲ့ ဒဏ်ရာ ရထားတာမှတော့ ငါသာ မင်းဖြစ်ရင်၊ လက်မောင်းကို ချက်ခြင်း ဖြတ်ထုတ် မိမှာပဲ။ အခုတော့ နောက်ကျလွန်း သွားပြီ။” ချိုးချီက လှောင်ရယ် နေခဲ့တယ်။

နတ်သခင် အဆင့် ပညာရှင် တစ်ယောက်က လက်မောင်းကို ဖြတ်ပြီးရင်တောင် ကြောက်စရာ မလိုဘူး။ လက်မောင်း အသစ် ထွက်နိုင်တယ်။ ဖန်ကျန်းရှီကတော့ ဒါကို မသိခဲ့ဘူး။

လိုက်ဖမ်း ဖို့ကိုသာ သူအာရုံ စိုက်နေခဲ့တယ်။ ရလဒ်ကတော့ ခန့်မှန်းရ လွယ်ပါတယ်။

“ဟ ဟား။ အဟွတ် ဟွတ်။ မင်း သေချာ သေချာပေါက် သေမှာပဲ။ ဟဟား ဟား။” ချိုးချီက ဒေါသ အပြည့်နဲ့ ရယ်မော နေခဲ့တယ်။ သူရယ်မောတိုင်း ခန္ဒာကိုယ်က တုန်ယင် လာပြီး သွေးတွေ အန်တယ်။

ဒါပေမယ့် မျက်လုံးတွေ နီရဲ လာတဲ့ အထိ သူဆက်ရယ် နေခဲ့တယ်။ မြေပြင်ပေါ်မှာ မီးခိုးရောင် သွေးအိုင်ကြီး ဖြစ်နေခဲ့ပြီ။

ဒါပေမယ့် ချိုးချီ ချောင်းဆိုး လိုက်ချိန်မှာတော့ မြေပြင်ပေါ်ကို ကျလာတဲ့ သွေးတွေက ချက်ခြင်း နီရဲ သွားခဲ့တယ်။

“တကယ်ကြီးလား ဘာကများ ဒီလောက် ရယ်စရာ ကောင်းနေတာလဲ။” ချိုးချီရဲ့ နားထဲကို တည်ငြိမ် အေးဆေးတဲ့ အသံ တစ်သံ ဝင်ရောက်လာတယ်။

“ဟမ်။” ချိုးချီ ရယ်နေတာကို ရပ်ပြီး လှည့်ကြည့် ချိန်မှာတော့၊ အနီး သစ်ပင် နောက်ကနေ လူငယ်လေး တစ်ယောက် ထွက်လာတာကို မြင်လိုက် ရတော့တယ်။

အပိုင်း (၉၅၇) ပြီး၏။

အပိုင်း (၉၅၈)

“နတ်ဘုရားရဲ့ ရုပ်သွင် အစစ်။”

သမာရိုးကျ ဆန်လွန်းပြီး လူအုပ်ကြီးထဲမှာ ရပ်နေရင်တောင် သတိထားမိဖွယ် မရှိနိုင်တဲ့ လူငယ် တစ်ယောက်။ မီးခိုးရောင် ဝတ်ရုံကို ဝတ်ထားပြီး သူ့မျက်နှာမှာ အမာရွတ် တစ်ခု ရှိနေခဲ့တယ်။ သမာရိုးကျ ရုပ်သွင်ထဲမှာ ပုန်းအောင်းနေတဲ့ ဆိုးသွမ်းမှု တစ်ချို့လဲ ရှိနေခဲ့တယ်။

ချိုးချီ မျက်လုံးတွေ မှေးစင်း သွားခဲ့တယ်။

မျက်နှာပေါ်မှာ ဝတ်ရုံနက် မဖုံးထားတဲ့ လူသား တစ်ယောက်ကို ဒီနေ့မှာ သူမြင်တာ ပထမဆုံး အကြိမ်ပဲ။ ဒါက သူ့အတွက်တော့ အထူးအဆန်း ဖြစ်နေခဲ့တယ်။ ဒီခံစားချက်က သူခံစားရတဲ့ တစ်ခုတည်းသောအရာပဲ။

သူ့ရှေ့ကို ရောက်လာပြီ ဆိုမှတော့ ဒီလူငယ်ကို ဘယ်သူလဲ ဆိုတာ မေးနေမှာ မဟုတ်ဘူး။ သေချာပေါက် သတ်ပြစ်မှာပဲ။ လူငယ်ကတော့ နောက်ထပ် စကား မပြောတော့ပဲ ချိုးချီဆီကို ဖြည်းဖြည်းချင်း လျှောက်လာ နေခဲ့တယ်။

ဝူး။ ချိုးချီ လက်ထဲကနေ သေခြင်းတရား ဓားသွား ပျံထွက်သွားပြီး မီးခိုးရောင် အငွေ့အသက် အဖြစ် ပြောင်းလဲတယ်။ ပျံသန်းနေတဲ့ အရှိန်နှုန်းက မြင့်လွန်းလို့ သာမာန် မျက်လုံးနဲ့ မမြင်နိုင်ဘူး။

ဂျွတ်။

လူငယ်လေးရဲ့ နောက်ဘက်က သစ်ပင်ကြီး နှစ်ပိုင်း ကွဲထွက်သွားတယ်။ တိတိရိရိ နှစ်ပိုင်း ပြတ်သွားတဲ့ သစ်ပင်ကြီးကို မီးခိုးရောင် အငွေ့အသက်တွေက ဝန်းရံတယ်။ မကြာခင်မှာပဲ သစ်ပင် တစ်ပင်လုံး ညှိုးနွမ်း သွားခဲ့တယ်။

ဒီတိုက်ခိုက်မှုက အင်အားကြီးလွန်းတယ်။ ဒါပေမယ့် ချိုးချီကတော့ အမူအယာ ပြောင်းလဲ သွားခဲ့ပြီ။

သစ်ပင်ကြီး ကွဲထွက် သွားတဲ့ အတွက်၊ လူငယ်လေးက သေခြင်းတရား ဓားသွားကို အောင်အောင် မြင်မြင် ခုန်ရှောင် လိုက်တယ်လို့ ဆိုလိုတာပဲ။ မရေမတွက်နိုင်တဲ့ နတ်သခင် အဆင့် ပညာရှင်တွေတောင် ဒီဓားသွားအောက်မှာ သေဆုံး ခဲ့ရတယ်။

အခုတော့ လူသား နှစ်ယောက်က ဆက်တိုက် အောင်အောင် မြင်မြင် ခုန်ရှောင် ခဲ့ပြီးပြီ။ ဒါမျိုး အရင်က မဖြစ်ခဲ့ဖူးဘူး။

ဒါ့အပြင် သူ့ရှေ့မှာ ရှိနေတဲ့ လူငယ်လေးက အသက် ၂၀ ဝန်းကျင်ပဲ ရှိသေးတယ်။

ချိုးချိ ခြေတစ်လှမ်း နောက်ဆုတ်တယ်။ သူ့နဖူးမှာတော့ ချွေးသီး ချွေးပေါက်တွေ ပြည့်နေခဲ့ပြီ။ သေမင်းကို ရင်ဆိုင် နေရသလို သူခံစား နေရတယ်။

ဘာကြောင့်လဲ ဆိုတော့ သူ့ကို စိုက်ကြည့်နေတဲ့ ဒီကောင်လေးရဲ့ မျက်ဝန်းတွေက ထူးဆန်း ရှုပ်ထွေးတဲ့ အနီရောင် သင်္ကေတတွေ ပြည့်နှက် နေလို့ပဲ။ သွေးနီရောင် တောက်နေတဲ့ စာလုံးတွေက မျက်ဝန်းထဲမှာ ဆက်တိုက် တောက်ပနေတယ်။ တစ်ခုချင်းစီတိုင်းက မတူညီတဲ့ ရှေးဟောင်း အမှတ်အသားတွေကို ကိုယ်စား ပြုတယ်။

သွေးမှော်စက်ကွင်း။

“မင်း မင်းက နန်ကုန်းဟောင်လား။ မဖြစ်နိုင်ဘူး။ နန်ကုန်းဟောင်က သေသွား ပြီးပြီလေ။ ဘယ်လိုများ အသက်ရှင် နေနိုင်မှာလဲ။” ချိုးချီက မျက်ဝန်းထဲကို သေချာ မြင်ချိန်မှာ အော်ဟစ်တော့တယ်။

သူက တခြား နယ်မြေမှာ နေခဲ့ပေမယ့်၊ ကမ္ဘာမြေပေါ် ပြန်ရောက် လာချိန်မှာတော့ အရေးကြီးတဲ့ အဖြစ်အပျက်တွေ အားလုံး နီးပါးကို ရင်းနှီးအောင် မှတ်သား ထားတယ်လေ။

သွေးမှော်စက်ကွင်း။ နန်ကုန်းဟောင်။ ဧကရာဇ်ယန်ရဲ့ မျိုးဆက်တွေ၊ ဒါတွေကို သူဘယ်လိုလုပ် မသိပဲ နေမှာပဲ။

“ငါ့နာမည်က နန်ကုန်းမု။” လူငယ်လေးက ပြောလိုက်ချိန်မှာတော့ သူ့ခေါင်းပေါ်မှာ ကြီးမားတဲ့ သွေးနီရောင် စက်ကွင်းကြီး ပေါ်လာတော့တယ်။ ဒီအချိန်မှာပဲ သွေးလို ရဲရဲနီနေတဲ့ သံကြိုးကြီး နှစ်ခု ပေါ်လာပြီး ချိုးချီကို ချက်ခြင်း ချည်နှောင်လိုက်တယ်။

“နန်ကုန်းမု။ နန်ကုန်းဟောင်ရဲ့ အသုံးမကျတဲ့ ညီလား။”

…

ကောင်းကင် တာအို ခန်းမ ဓားတောင်ထိပ်မှာတော့ ပင်းယန်က ဖန်ကျန်းရှီကို သယ်ပိုးပြီးတော့ တောင်စောင်းကနေ ဆင်းတယ်။ ရှိသမျှ ဆေးတွေ အားလုံးကို ကျွေးပြီးတဲ့နောက်၊ သူမရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ပြရင်း ဖန်ကျန်းရှီကို ကယ်နိုင်မယ့် တယောက်ယောက်ကို ရှာဖို့ ဆုံးဖြတ် လိုက်တော့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ နင်သေလို့ မဖြစ်ဘူး။ နင်က ငယ်ငယ်လေး ရှိသေးတယ်။ ၁၈နှစ်ပဲ ရှိသေးတယ်။ အနာဂတ်ကလဲ အကောင်းကြီး။”

“ဟုတ်တယ်။ နင့်မှာ ငါနဲ့ ယန်လေး ရှိသေးတယ်။ နင်ဆက်ပြီး တောင့်ခံထားရမယ်။ နင်က အရမ်း အင်အားကြီးတဲ့သူ မဟုတ်လား။ တခြား ဘာကိစ္စမှ ဖြစ်လို့ မရဘူး။”

“..” ပင်းယန်က အော်ဟစ်ရင်း တောင်စောင်းကနေ ဆင်းနေခဲ့တယ်။ ဖန်ကျန်းရှီ သူမ အသံကို ကြားရင် နိုးထ လာနိုင်မလားလို့ မျှော်လင့် နေတယ်။

ကံမကောင်းစွာနဲ့ သူမ ဘယ်လောက်ပဲ အော်ပါစေ၊ ဖန်ကျန်းရှီက နိုးမလာခဲ့ဘူး။ သူမရဲ့ ရင်ဘတ်ကို ခေါင်းအပ်လျက်သားသာ ရှိနေခဲ့တယ်။

ကောင်းကင်ကြီးက မီးခိုးဖြူရောင် တောက်ပနေတယ်။ နေမင်းကြီးက ဖြည်းဖြည်းချင်း မြင့်တက်လာတယ်။ ညအချိန်က ကုန်ဆုံး သွားခဲ့ပြီ။ ဖြည်းဖြည်းချင်း နေထွက်လာတယ်။ နေ့မွန်းတည့်ချိန် ရောက်ဖို့ သိပ်မလိုတော့ဘူး။

သူမ ဘာလုပ် သင့်လဲ။ ဘာလုပ်ရမလဲ။

ပင်းယန် ကိုယ့်ကိုယ်ကို ဆက်တိုက် မေးနေခဲ့တယ်။ အခုချိန်မှာ သူမ ရုတ်တရက် နားလည် သွားတယ်။ ဖန်ကျန်းရှီသာ အနားမှာ မရှိရင် သူမက တကယ့်ကို ကူကယ်ရာမဲ့ပြီး ကြောက်လန့်နေတတ်တဲ့ သူပဲ။

ဒါပေမယ့် ဖန်ကျန်းရှီက နောက်ထပ် လောက တစ်ခုကို ရောက်ပြီး ဝတ်ရုံဖြူ ဝတ်ထားတဲ့ အမျိုသမီး တစ်ယောက်ကို ကြည့်နေမှန်း ပင်းယန် မသိခဲ့ဘူး။

သူ့အိပ်မက်တွေထဲမှာ ဝတ်ရုံဖြူ အမျိုးသမီးကို တွေ့ရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ သူမကို ဒီတစ်ခေါက် တွေ့ရတာ ကောင်းတဲ့ အရာလား ဆိုတာကိုတော့ ဖန်ကျန်းရှီ မပြောနိုင်ခဲ့ဘူး။ ဝတ်ရုံဖြူဝတ် အမျိုးသမီးက သူနဲ့ ငါးပေ အကွာမှာ ရပ်နေခဲ့တယ်။ သူမရဲ့ မျက်နှာ သွင်ပြင်တွေကို ရှင်းရှင်းလင်းလင်း သူမြင် နေရတယ်။

ဝတ်ရုံဖြူ အမျိုးသမီးကို ပထမဆုံး အကြိမ် အနီးကပ် မြင်လိုက် ရတုန်းက သူမ ရုပ်သွင်ကြောင့် သူအတော့်ကို အံ့သြ ခဲ့ရတယ်။

သူမက ချီကူယန်နဲ့ အရမ်းကို တူလွန်းတယ်။ ဒါ့အပြင် လန်းဆန်းတဲ့ ကြာပန်းလို အငွေ့အသက်တွေကိုလဲ ထုတ်လွှတ်နေတယ်။

ယွင်ချင်းဝူလား။ ချီကူယန်လား။

ဖန်ကျန်းရှီကတော့ ဒီအတွေးတွေ ဘယ်လို ဖော်ပြရမယ်မှန်း နားမလည် နိုင်ခဲ့ဘူး။ အရေးအကြီးဆုံး အရာကတော့ ဒီဝတ်ရုံဖြူ အမျိုးသမီးရဲ့ နဖူးပေါ်မှာ ကျောက်မျက်ရတနာလို မျက်ဝန်း တစ်စုံ ရှိနေတာပဲ။ ဒီမျက်ဝန်းတွေက တဖျပ်ဖျပ် တောက်ပ နေခဲ့တယ်။

နတ်ဆိုးလား။

ဝတ်ရုံဖြူ အမျိုးသမီးက နတ်ဆိုးလား။

ဒီအတွေးက ဖန်ကျန်းရှီ စိတ်ထဲကို ချက်ခြင်း ဝင်ရောက်လာ ခဲ့တယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကို သူချက်ခြင်း လျစ်လျူရှု လိုက်ပြန်တယ်။ ဒီမျက်ဝန်းတွေက နတ်ဆိုး မျက်လုံးတွေနဲ့ ကွာခြားနေတယ်။

ချိုးချီနဲ့ လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ မျက်ဝန်းတွေလိုမျိုး ပုံစံလဲ မဟုတ်ခဲ့ဘူး။ နှလုံးတုန် ရင်ခုန်စေတဲ့ ပြိုင်ဘက်ကင်း အငွေ့အသက်တွေကို ထုတ်လွှတ်နေတယ်။

“မင်းက ဘယ်သူလဲ။” ဖန်ကျန်းရှီ ချက်ခြင်း မေးတယ်။

“နင်အခု သေမလား ရှင်မလား ဆိုတာကိုပဲ ပိုပြီး အာရုံစိုက်သင့်တယ်။” ဝတ်ရုံဖြူ အမျိုးသမီးရဲ့ အေးစက်စက် အသံက ဒီလောကနဲ့ မသက်ဆိုင်သူ တစ်ယောက်လိုပဲ။

“သေမလား ရှင်မလား။”

“ဟုတ်တယ်။ ငါ့နောက် လိုက်ခဲ့။” ဝတ်ရုံဖြူ အမျိုးသမီးက ပြောရင်းနဲ့ မြက်ခင်းစိမ်းပေါ်ကို ခြေချတယ်။ ဖြူဖွေး နူးညံ့တဲ့ ခြေထောက် တစ်စုံမှာ ဖိနပ် မရှိခဲ့ဘူး။ သူ့မျက်စိ ရှေ့မှာ ရှိနေတဲ့ လောကကြီး တစ်ခုလုံးက မြက်ခင်းစိမ်းတွေ အပြည့်နဲ့ ဖြစ်ပြီး ခရမ်းရောင် ပန်းပွင့်တွေ ပွင့်လန်း နေခဲ့တယ်။

ပန်းပွင့်ဖတ်တွေက ကျောက်စိမ်းလိုပဲ။ ပွင့်ဖတ် တစ်ခုချင်းစီတိုင်းက စိန်လို တောက်ပတယ်။

ဒီခရမ်းရောင် ပန်းပွင့်တွေ တလောကလုံးကို ဖုံးလွှမ်းထားတဲ့ ရှုခင်းက တကယ့်ကို မှင်သက်စရာ ကောင်းအောင် လှပလွန်းတယ်။

“အဲ့တာ ဘာပန်းလဲ။” ပန်းလှလှတွေ အများကြီးကို ဖန်ကျန်းရှီ တွေ့ဖူးတယ်။ အထူးသဖြင့် လင်းယွမ် မျှော်စင်မှာပေါ့။ ဒီပန်းပွင့်ကိုတော့ သူမမြင်ဖူးဘူး။ လေထဲမှာ ပျံ့လွင့်နေတဲ့ ရနံ့ကတင် သူ့ကို လွင့်မျောသွားသလို ခံစား ၇စေတယ်။

“နယ်နိမိတ် ပန်းကို နင်ကြားဖူးလား။”

“ဟုတ်တယ်။ သေခြင်းနဲ့ ရှင်ခြင်းကြားက လောကမှာ ပွင့်နေတဲ့ ပန်းတွေလေ။” ဝတ်ရုံဖြူ အမျိုးသမီးက ခေါင်းငြိမ့်တယ်။

“ဒီတော့ ဒါတွေက နယ်နိမိတ် ပန်းတွေပေါ့။” ဖန်ကျန်းရှီ သတိကြီးကြီးနဲ့ လက်ဆန့်ထုတ်ရင်း ပန်းတွေကို ထိလိုက်တယ်။

ဝတ်ရုံဖြူ အမျိုးသမီးက သူ့ကို မတားမြစ် ခဲ့ဘူး။ ပန်းပွင့်ဖတ်တွေကို ထိနေတဲ့ ဖန်ကျန်းရှီကို လွှတ်ထားခဲ့တယ်။

ဂျွတ်။

ပန်းပွင့်ဖတ်က အက်ကွဲပြီး ပွင့်သွားတယ်။ မကြာခင်မှာပဲ အမှုန့် ဖြစ်သွားပြီးနောက် မြေပြင်ပေါ်ကို ကျတယ်။ လေပြည်လေညင်း တိုက်ခတ်မှုနဲ့ အတူ၊ ခရမ်းရောင် အမှုန့်တွေက လွင့်ပါး ပျောက်ကွယ် သွားတော့တယ်။

“သွားကြစို့။” အမျိုးသမီးကတော့ ပန်းကို တစ်ချက်တောင် မကြည့်ခဲ့ဘူး။ လှည့်ထွက် သွားပြန်တယ်။

“ငါတို့တွေ ဘယ်ကို သွားပြန်တာလဲ။” ဖန်ကျန်းရှီ မေးလိုက်မိတယ်။ အမျိုးသမီးနဲ့ အတူတူ လျှောက်သွားတာ နေရာ အတော့်ကို များနေပြီလေ။

“နင်သွားချင်တဲ့ နေရာ။”

“ငါ့သွားချင်တဲ့ နေရာလား။” ဖန်ကျန်းရှီ စောဒက တက်ချင်တယ်။ (ငါသွားချင်တဲ့ နေရာကို မင်းဘယ်လို သိတာလဲလို့။ ဒါပေမယ့် စဉ်းစား ပြီးတဲ့နောက် သူထုတ်မပြောခဲ့ဘူး။)

“ဒါပေါ့။ နင်သွားချင်တဲ့ နေရာကို ငါသိတယ်။” သူမကို မှီတော့မယ့် အချိန်မှာပဲ အမျိုးသမီးရဲ့ အသံက သူ့နားထဲကို ဝင်ရောက်လာတယ်။

“..” ဖန်ကျန်းရှီ တစ်ခဏတာ မျက်လုံး ပြူးသွားပြီးနောက် ဒီအမျိုးသမီးကို မိစ္ဆာ တစ်ယောက် မြင်သလို ကြည့်လိုက်မိတော့တယ်။

“ငါက မိစ္ဆာပဲ။”

“အမ်။”

“နင်သိထားတဲ့ မိစ္ဆာတော့ မဟုတ်ဘူး။”

“ဒါဆို ဘယ်လို မိစ္ဆာ မျိုးလဲ။ ဒဏ္ဍာရီထဲက မိစ္ဆာလား။” သူမက သူ့စိတ်ကို ဖတ်နိုင်မှန်း ဖန်ကျန်းရှီ နားလည် သွားချိန်မှာတော့ ကျယ်ကျယ်လောင်လောင် ထုတ်မပြောတော့ဘူး။

“နင့်ရဲ့ အကျင့်က သူနဲ့ အတော်တူတာပဲ။”

“ဘယ်သူလဲ။”

“နင်မသိတဲ့လူ။” သူမရဲ့ စကား ပြီးဆုံး သွားချိန်မှာတော့ ဝတ်ရုံဖြူ အမျိုးသမီးက ခြေလှမ်း ဆယ့်ငါးလှမ်း လျှောက်ပြီး သွားခဲ့ပြီ။ နောက်ထပ် အရှိန်လျော့ဖို့ စိတ်ကူး မရှိခဲ့ဘူး။

“ငါမသိသေးတဲ့ သူ။ အနာဂတ်မှာ သိလာနိုင်လား။” ဖန်ကျန်းရှီက အရမ်းကို စိတ်ရှုပ်ထွေး နေတဲ့ အတွက် မေးတယ်။

“ဖြစ်နိုင်ပါတယ်။” အမျိုးသမီးက တစ်ချက်လေးတောင် လှည့်မကြည့်ပဲ ဆက်ရောက်နေတယ်။

“မင်းက ဖမ်းချုပ် ခံထားရတဲ့ မိစ္ဆာလား။” မကြာခင်ပဲ ဖန်ကျန်းရှီက လိုက်မှီ လာခဲ့တယ်။ သူဆက်မေးတယ်။

“..” ဝတ်ရုံဖြူ အမျိုးသမီးက ပြန်မဖြေ ခဲ့ပြန်ဘူး။

“ဒီလို ဖြစ်မှတော့ ငါ့ကို အများကြီး ကူညီပေးခဲ့တဲ့ မင်းကို လွှတ်ပေးဖို့ စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် မင်းက ဘယ်မှာ ချုပ်နှောင် ခံထား ရတာလဲ။”

“..” ဝတ်ရုံဖြူ အမျိုးသမီးက တိတ်ဆိတ်နေဆဲ။

“မင်း မသိဘူးလား။ နေစမ်းပါအုန်း။ မင်းက ငါနဲ့ ခန္ဒာကိုယ်ချင်း လဲချင်လို့ စောင့်နေတာလား။ မင်းက အမျိုးသမီး ငါက အမျိုးသားလေ မသင့်တောဘူး။ အမျိုးသမီး တစ်ယောက်ကို ရှာသင့်တယ်။ ဟုတ်သား။ ယင်ယန် ခန်းမက တောက်ရှင်းဆို အတော်လေး ကောင်းတဲ့ ရွေးချယ်မှုပဲ။ သူက မင်းနဲ့ အတော် တူတဲ့ အပြင် လှလဲ အရမ်းလှတယ်။ ငါသူ့ကို သတ်လိုက်မယ်။ ခန္ဒာကိုယ်ကို မင်းယူလိုက်ရင် ဘယ်လိုလဲ။” တစ်ခဏတာ စဉ်းစားပြီးနောက် ဖန်ကျန်းရှီ ပြောတယ်။

“သူ့ခန္ဒာကိုယ်ကို ယူဖို့ မလိုဘူး။” ဝတ်ရုံဖြူ အမျိုးသမီး နောက်ဆုံးမှာတော့ ပြန်ဖြေခဲ့ဘူး။

“မလိုဘူးလား။” ဖန်ကျန်းရှီကတော့ နောက်ထပ် ဆက်ပြော မနေတော့ဘူး။ သူ့ရဲ့ ထိတ်လန့်မှုက သိလိုစိတ်ကို ဖုံးလွှမ်း သွားခဲ့ပြီလေ။

“ယူဆောင်တယ် ဆိုတဲ့ စကားလုံးက ဒီလောကနဲ့ မသက်ဆိုင်ဘူး။ ဖန်ကျန်းရှီ နားလည် သလောက် အရဆိုရင်၊ ဒီလောကမှာ ပူးကပ်(ယူဆောင်) ဆိုတာမျိုးက မသုံးဘူးလေ။ အမျိုးသမီးကတော့ ပုံမှန် အတိုင်းသာ ပြန်ဖြေတယ်။

ဒါက ထူးဆန်းလွန်းတယ်။

သူပဲ အတွေးလွန် နေတာလား။ ဒါပေမယ့် ရှေးခေတ်မှာ မသုံးတဲ့ စကားလုံးကြီးလေ။ ဒီအမျိုးသမီးက သူ့လိုပဲ တခြား လောကက လာတာလား။

ဖန်ကျန်းရှီ မသေချာဘူး။ သက်သေပြ စရာလဲ မရှိဘူးလေ။ ကောင်းကင် တာအို ခန်းမထဲမှာ မှတ်တမ်း တင်ထား သမျှ အရာတွေနဲ့ပဲ ကိစ္စကို ဆုံးဖြတ်ဖို့က အလောကြီးရာ ရောက်လွန်းတယ်။

ဥပမာ အားဖြင့် ကျမ်းကောင်းကင်တောင် တိုက်ပွဲကို စာအုပ်တွေထဲမှာ မှတ်တမ်းတင် မထားဘူး။ လောကကြီးမှာ ထူးဆန်းတဲ့ ကိစ္စတွေက များလွန်းတယ်။ တာအို နိယာမက ဒီလောကမှာ ဘယ်လို ပေါ်လာ ခဲ့တာလဲ။ ဘာဖြစ်လို့ အရင် လောကနဲ့ တူညီတဲ့ ဒဏ္ဍာရီတွေ ရှိနေတာလဲ။ ဒါ့အပြင် ဒီဒဏ္ဍာရီတွေက တကယ်ကြီး ဖြစ်လာသေးတယ်။

၁၅ မိနစ်

မိနစ် ၃၀ ကုန်ဆုံး သွားခဲ့ပြီ။

…

ဝတ်ရုံဖြူ အမျိုးသမီးနောက်ကို သူလိုက်နေတာ ဘယ်လောက် ကြာသွားမှန်း ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် ခရမ်းရောင် ပန်းပွင့်တွေ အားလုံး ပျောက်ဆုံး သွားတာကိုတော့ သိလိုက်တယ်။

အက်ကွဲ ခြောက်သွေ့နေတဲ့ အနက်ရောင် မြေပြင်က သူ့မျက်စိရှေ့ကို ရောက်လာတယ်။ ဒီနေရာမှာ အနက်ရောင် တောင်တန်းတွေ၊ ကျောက်တုံးတွေ မြေကြီးနဲ့ ရွံ့နက်တွေ ရှိနေတယ်။

အားလုံးက မည်းမှေြင်နေတယ်။

ဒါက ဒဏ္ဍာရီလာ သေမင်း နယ်မြေလား။ ဒါမှမဟုတ် ငရဲလား။ ဒီလို ဖြစ်ခဲ့ရင်၊ ဒီနေရာမှာ ပုံပြင် ဘယ်နှပုဒ် ရှိမှာလဲ။

ဒဏ္ဍာရီ ၁၈ခုလုံး ရှိမှာလား။ ဖန်ကျန်းရှီ မသိသလို ဝတ်ရုံဖြူ အမျိုးသမီးကလဲ ရှင်းပြဖို့ မကြိုးစား ခဲ့ဘူး။ ဆက်တိုက်သာ လျှောက်နေခဲ့တယ်။

မကြာခင်မှာ အနက်ရောင် မြေပြင်က ပျောက်ကွယ် သွားပြီး ချော်ရည်ပူတွေ ပြည့်နေတဲ့ နေရာကို ရောက်သွား ပြန်တယ်။

မြေပြင်ကြီး တစ်ခုလုံး မမြင်ရတဲ့ အပူလှိုင်းတွေနဲ့ ပြည့်နေတယ်။ သိသာတဲ့ မီးတောက်တွေက ကောင်းကင်ထိ ထိုးတက်နေတယ်။

အဲ့ဒီ့နောက် ဝတ်ရုံဖြူ အမျိုးသမီးက ချော်ရည်ပူတွေ ကြားမှာ ရှိနေတဲ့ လမ်းကျဉ်းလေးမှာ ရပ်လိုက်တယ်။

“ငါတို့တွေ ဆက်သွားအုန်းမှာလား။” ဖန်ကျန်းရှီ မးတယ်။

“ဟမ်။ ငါတို့တွေ ပထမ နေရာကို ရောက်နေပြီလေ။” ဝတ်ရုံဖြူ အမျိုးသမီးက ချော်ရည်ပူတွေကို လက်ညှိုးထိုးပြရင်း ပြောတယ်။

“ပထမ နေရာလား။ ပြီးရင်ဘာလဲ။” ဖန်ကျန်းရှီ ထပ်မေးလိုက်တယ်။

“ခုန်ချ။”

“ခုန်ချ ရမယ်။ ငါ့ကို လာနောက် နေတာလား။”

“နင် မသေချင်ရင် ခုန်ချလိုက်။” ဝတ်ရုံဖြူ အမျိုးသမီးကတော့ ဖန်ကျန်းရှီရဲ့ အသံကြောင့် ဒေါသ မထွက်ခဲ့ဘူး။ အဲ့ဒီ့အစား တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေတယ်။

“ငါမသေချင်ဘူး။ ခုန်ချ လိုက်ရင်တော့ သေချာပေါက် သေမှာပဲ။ ဒါ့အပြင် ငါဘာဖြစ်လို့ သေရမှာလဲ။ ငါက ကောင်းကောင်းကြီး အသက်ရှင် နေတာလေ။” ဖန်ကျန်းရှီ နောက်ထပ် သည်းမခံ နိုင်တော့ဘူး။

ဒီလောကကို သူရောက်တာနဲ့ ဝတ်ရုံဖြူ အမျိုးသမီးကို ချက်ခြင်း တွေ့လိုက်ရတယ်။ သူမက သူသေမယ်လို့ ပြောနေတယ်။ အခုတော့ ခုန်ချ ခိုင်းနေပြန်ပြီ။ ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူးလား။

“ပင်းယန် အတွက် သေခြင်းတရား ဓားသွားကို နင်ဝင်ကာ ပေးခဲ့တယ်လေ။ မေ့သွားပြီလား။” အမျိုးသမီးက သတိပေးတယ်။

“သေခြင်းတရား ဓားသွားလား။” ဖန်ကျန်းရှီ လန့်သွားတယ်။ ချိုးချီနဲ့ တိုက်ခိုက် ခဲ့တာကို သူပြန်မှတ်မိတယ်။

ဒါပေမယ့် အဲ့ဒီ့ အမျိုးသမီးက သူ့တကယ့် ဘဝမှာ ဖြစ်နေတာ တွေကို ဘယ်လိုများ သိတာလဲ။ အဲ့တာကြီးကို သေခြင်းတရား ဓားသွားလို့ ခေါ်တာရော ဘယ်လို သိတာလဲ။

အပိုင်း (၉၅၈) ပြီး၏။

အပိုင်း (၉၅၉)

“သန့်စင်ပြီး အရာ အားလုံးကို ထိန်းချုပ်။”

ဒီကိစ္စက ထူးဆန်းလွန်းတယ်။

အရင်တုန်းက ဝတ်ရုံဖြူ အမျိုးသမီးကို ဖန်ကျန်းရှီရဲ့ အမြင်က မရှင်းလင်း ခဲ့ဘူး။ အခုချိန်မှာတော့ ထူးဆန်းမှုက စကားနဲ့တောင် ဖော်ပြလို့ မရနိုင်တဲ့ အထိ ဖြစ်နေခဲ့ပြီ။

ဝတ်ရုံဖြူ အမျိုးသမီးက အားလုံးကို သိနေတဲ့ ပုံစံပဲ။ အရေးအကြီးဆုံးကတော့ သူမကိုယ် သူမ မိစ္ဆာလို့ ပြောခဲ့တယ်။

“ခုန်ချလိုက်။” ဝတ်ရုံဖြူ အမျိုးသမီး ပြောပြန်တယ်။

“ခုန်ချပြီးရင် မသေဘူးဆိုတာ သေချာရဲ့လား။” အနီရောင် ချော်ရည်ပူတွေကို ကြည့်ရင်း ဖန်ကျန်းရှီ လန့်လာခဲ့တယ်။

နောက်ဆုံးတော့လဲ ဒါက ချော်ရည်ပူတွေလေ။ ရေပူစမ်းက ရေမဟုတ်ဘူး။ ခုန်ချလိုက်ရင် ဘယ်လို အသက်ရှင် နိုင်မှာလဲ။ နတ်ဘုရား ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိတယ်။

“တခြားသူ သေကြလိမ့်မယ်။” ဝတ်ရုံဖြူ အမျိုးသမီးက ခေါင်းငြိမ့်ရင်း ဖန်ကျန်းရှီကို ကြည့်တယ်။

“ဒါပေမယ့် နင်ကတော့ သေမှာ မဟုတ်ဘူး။”

“ယုံနိုင်စရာ ကောင်းတဲ့ အကြောင်းအရင်း ပေးလို့ ရနိုင်မလား။”

“နင့်ခန္ဒာကိုယ်ထဲမှာ နှစ်တစ်ထောင် မီးဆေးပင် ရှိနေတယ်လေ။ ဒီအကြောင်း အရင်းက မလုံလောက်ဘူးလား။”

“..” ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားတယ်။ မေးခွန်းတွေကို ပိုပြီး မေးချင်နေတယ်။ နှစ်တစ်ချောင် မီးဆေးပင် ရှိနေရင်ရော ဘယ်လို အသက်ရှင် နေနိုင်မှာလဲ။ အဲ့ဒီ့ ဆေးပင်က အခုထိ သူ့ခန္ဒာကိုယ်ထဲမှာ ရှိနေတုန်းလား။

ဒီမေးခွန်းက တုံးအရာ ရောက်လွန်းတယ်။ တကယ်တော့ နှစ်တစ်ထောင် မီးဆေးပင်ကို တောင်စဉ် ကိုးသွယ် အလယ်ပေါင်းအိုးကြီး ထဲမှာတည်းက သန့်စင် ပြီးသွားပြီလို့ သူထင် ခဲ့တာလေ။

“တကယ်တော့ နင့် ခန္ဒာကိုယ်ထဲမှာ ပစ္စည်းတွေ အများကြီး ရှိနေသေးတယ်။ နှစ်တစ်ထောင် မီးဆေးပင်၊ ငါးရောင်ခြယ် ပန်းပွင့်တွေ၊ အိုးကြီး ကိုးလုံးနဲ့ အဆုံးမဲ့ လောက။ ဒါပေမယ့် သူတို့တွေကို နင်မသုံးဘူး။” ဝတ်ရုံဖြူ အမျိုးသမီးက ပြောတယ်။

“ငါ ခုန်ချလိုက်ရင် သုံးလို့ ရမှာလား။”

“ဖြစ်နိုင်ပါတယ်။”

“ဖြစ်နိုင်တယ် ဟုတ်လား။ ငါ့အသက်ကို လောင်းကြေး ထပ်ထား ရတာတောင် မင်းက ငါ့ကို ဖြစ်နိုင်ပါတယ်လို့ ပြောနေတယ်လား။” ဖန်ကျန်းရှီ နောက်ထပ် ဆက်မပြော နိုင်တော့ဘူး။

“ငါပြောချင်တာက ဘယ်လို အသုံးချမလဲ ဆိုတာ နင့်အပေါ်ပဲ အကုန်လုံး မူတည် နေတယ်လို့။” ဝတ်ရုံဖြူ အမျိုးသမီးက ဖန်ကျန်းရှီ တွေးနေတာကို နားလည်တယ်။ ဒါကြောင့် နောက်တစ်ခါက် ရှင်းပြပြန်တယ်။

“ပထမဆုံး ငါတွေးကြည့်လို့ ရလား။”

“ရတာပေါ့။ ဒါပေမယ့် နင့်မှာ အချိန် မရှိဘူး။”

“အချိန် ဘယ်လောက် ရှိသေးလဲ။”

“သုံး။”

“သုံး။ ဆိုလို ချင်တာက ဘာလဲ။”

“နှစ်။”

“..” ဖန်ကျန်းရှီ နားလည် သွားခဲ့တယ်။ သူ့မှာ သုံးစက္ကန့်ပဲ ရှိတယ်လို့ ဆိုလိုတာပဲ။

“တစ်။”

“နေစမ်းပါအုန်း တစ်ခုခု ပြောစရာ ရှိတယ်။”

“နောက်မှ တွေ့မယ်။”

“အမ်။” ဖန်ကျန်းရှီက ထွက်ပြေးဖို့ တွေးမိချိန်မှာပဲ သူ့ခန္ဒာကိုယ်က ကောင်းကင်ပေါ်ကို မရပ်မနား ပျံသန်း နေတာကို သတိ ထားမိ သွားခဲ့တယ်။

သူက အရမ်း မြန်မြန်ကြီး လှုပ်ရှား နေတာ မဟုတ်ပေမယ့် ခြောက်ခြားစရာ ကောင်းလွန်းတယ်။ ချော်ရည်ပူတွေကို ဖြတ်သန်းပြီး သူပျံသန်း နေတယ်လေ။

အခု ဘယ်လောကမှာ ရောက်နေတာလဲ။

ဖန်ကျန်းရှီ ကျိန်ဆဲ လိုက်ချင်တယ်။ နတ်သခင် အဆင့် ပညာရှင် တစ်ယောက်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းအား သူ့မှာ ရှိတယ်။ ဒါတောင်မှ အခု လောကမှာ ဒီအမျိုးသမီးကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။

ဒါ့အပြင် ဝတ်ရုံဖြူ အမျိုးသမီးကလဲ ဖန်ကျန်းရှီ ဘယ်လို ခုန်ချသွားလဲ ဆိုတာကို ဂရုစိုက်ပုံ မပေါ်ခဲ့ဘူး။

“ငါ ပုံစံ ပြောင်းလို့ ရလား။ မျက်နှာနဲ့ မကျချင်ဘူး။” ဖန်ကျန်းရှီ ချော်ရည်ပူတွေကို မထိခင် အချိန်မှာပဲ နောက်ဆုံး တောင်းဆိုလိုက်တယ်။

ဒါပေမယ့် အလုပ် မဖြစ်ခဲ့ဘူး။ သူ့ခန္ဒာကိုယ် ပုံစံက ပြောင်းလဲ မသွားပဲ ချော်ရည်ပူတွေနဲ့ နီးကပ် လာခဲ့တယ်။ လေပူတွေကိုတောင် သူခံစား မိနေပြီ။

“အား။ ငလူး။” ဖန်ကျန်းရှီ အော်ဟစ်တယ်။ ပူလောင်နေတဲ့ အရာတွေ သူ့ပါးစပ်ထဲ ဝင်ရောက် လာတာကို ခံစားမိတယ်။

ခါးတာလား။ ငန်တာလား။ ဒါမှမဟုတ် ချိုတာလား။

ဘယ်သူ သိလိမ့်မှာလဲ။

ဖန်ကျန်းရှီမှာ အာရုံ ခံစားမှု တစ်ခုပဲ ရှိတယ်။ ချော်ရည်ပူတွေ စီးဝင်တဲ့ အချိန် သူ့မြင်ကွင်း တစ်ခုလုံး မီးလို ရဲရဲနီလာတယ်။

ဒါ့အပြင် ပူလောင်တဲ့ အရာတွေက နားနဲ့ နှာခေါင်းထဲကို ဝင်ရောက်တယ်။ ဒီလို ချဉ်တဲ့ အရသာကို သူဘယ်တုန်းကမှ မကြုံဖူး ခဲ့ဘူး။

“သန့်စင်။” ဝတ်ရုံဖြူ အမျိုးသမီးက ချော်ရည်ပူထဲ ရောက်သွားတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း လှမ်းပြောတယ်။

“အားလုံးကို သန့်စင်ပြစ်။ နှစ်တစ်ထောင် မီးဆေးပင်။ ငါးရောင်ခြယ် ပန်းပွင့်၊ ဆေးပင်တွေနဲ့ အိုးကြီး ကိုးလုံး အားလုံး ပေါင်းစည်းပြီး တစ်ခုတည်း ဖြစ်သွားရင်၊ လောကကြီးက အရာ အားလုံးကို နင်ထိန်းချုပ် နိုင်လိမ့်မယ်။”

သူမ ပြောပြီးနောက် အေးအေးဆေးဆေး ထိုင်စောင့် နေခဲ့တယ်။ အရာ အားလုံး ပြီးဆုံး တော့မှာကို စောင့်နေတဲ့ ပုံစံပဲ။

ဖန်ကျန်းရှီကတော့ ပြောသမျှ အားလုံးကို မကြားနိုင် ခဲ့ဘူး။ တကိုယ်လုံးက ပူလောင် နေခဲ့ပြီ။

အရိုး အသွေး အသားနဲ့ ခန္ဒာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီတိုင်း မီးမြှိုက် ခံနေရသလိုပဲ။ နာကျင်မှုက အရိုးထဲ အထိ ဝင်ရောက်လာတယ်။

ပျောက်ကွယ် သွားတော့မယ်လို့ ကိုယ့်ကိုယ်ကို ထင်နေပင်မယ့်၊ မပျောက်ကွယ် သွားခဲ့ဘူး။ မူလ ကြွက်သားတွေ ပြာဖြစ် သွားချိန်တိုင်း ကြွက်သား အသစ်တွေ ထွက်ပေါ်လာတယ်။ သွေးတွေ အငွေ့ပျံသွားရင်၊ သွေးသစ်တွေ စီးဆင်းလာတယ်။

အဆုံးမရှိတဲ့ ဒီကိစ္စက ဆက်တိုက် ဖြစ်ပျက်နေတယ်။

အခုချိန်မှာတော့ (သေချင်သော်လဲ မသေရ၊ ရှင်ချင်သော်လဲ မရှင်ရ) ဆိုတဲ့ အခြေအနေကို အစစ် အမှန် ခံစား နေခဲ့ရတယ်။ နာကျင်မှုက ပြင်းထန်လွန်းတယ်။

သူဆက်တိုက် ကျိန်ဆဲ ချင်ပေမယ့်၊ ချော်ရည်ပူထဲ နစ်နေတာကြောင့် ဘာအသံမှ ထွက်မလာခဲ့ဘူး။

“မဖြစ်ဘူး။ နာကျင်မှု လျော့စေဖို့ နည်းလမ်း ရှာမှ ဖြစ်မယ်။ ဒီအတိုင်း ဆက်သွားရင် နှိပ်စက်ခံရလို့ သေသွားလိမ့်မယ်။” ဖန်ကျန်းရှီက မတုံးအ ခဲ့ဘူး။

ပိုပြီး နာကျင်လာလေ၊ ပိုပြီး သတိကြီးလာလေပဲ။ ဒါ့အပြင် ဝတ်ရုံဖြူ အမျိုးသမီး ပြောခဲ့တာတွေကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်။

“ဘယ်လို လုပ်မလဲ ဆိုတာ နင့်အပေါ်ပဲ မူတည်တယ်။”

ဆိုလိုရင်းက မရှင်းလင်း ပေမယ့်၊ နာကျင်မှုကို ဘာမှ မလုပ်ပဲ ခံစား မနေနိုင်ဘူးလေ။

ဒါ့အပြင် အခုက ပထမ နေရာလို့ အမျိုးသမီး ပြောတာကို သူကြားတယ်။ နောက်ထပ် နေရာတွေ ထပ်ရှိ နေသေးတာက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။

ဖန်ကျန်းရှီ ဒီလို အတွေ့အကြုံမျိုးကို နှစ်ကြိမ် သုံးကြိမ် ကြုံချင်ဘူး။ သူက နာကျင်ရမှာကို ကြောက်တဲ့သူ။ တစ်ကြိမ်ကတင် လုံလောက်တာထက် ပိုနေပြီ။

ပထမဆုံး အချိန် မေထုန်မှု ပြုရသလိုပဲ။ နာကျင်မှုက သာယာတယ်။

“ကြည့်ရတာ တစ်ခုခုကို စလုပ်ဖို့ လိုလာပြီပဲ။” အတွေး ဝင်လာတာနဲ့ ဖန်ကျန်းရှီ မျက်လုံးတွေကို ပိတ်လိုက်တယ်။ ချော်ရည်ပူတွေထဲမှာ ကွေးနေအောင် ခွေလိုက်တယ်။

၁၅မိနစ်။ မိနစ်၃၀။

…

အချိန် အတော်ကြာပြီးနောက် ဖန်ကျန်းရှီ ပြန်လှုပ်ရှားတယ်။ ခန္ဒာကိုယ်ကို ပြင်းပြင်းထန်ထန် လှုပ်ရှားရင်း ခုန်ထွက်ဖို့ ပြင်တယ်။

ဝတ်ရုံဖြူ အမျိုးသမီးကတော့ လှိုင်းတွေနဲ့ ပတ်ပတ်လည် လှည့်ပတ်နေတာတွေကို ကြည့်နေခဲ့တယ်။

“ကြည့်ရတာ ငါတို့ ကျရှုံးတဲ့ ပုံပဲ။ နောက်တစ်နေရာကို သွားကြစို့။” ဝတ်ရုံဖြူ အမျိုးသမီးက ထရပ်ရင်း အဝေး တစ်နေရာကို ကြည့်လိုက်တယ်။

သူမ ကြည့်နေတဲ့ နေရာမှာ အပြာရောင် အလင်းတန်းက တောက်ပနေတယ်။ ချော်ရည်ပူတွေနဲ့ မတူညီပဲ အရမ်းကို အေးစက်မယ့် အသွင် စောင်နေခဲ့တယ်။

ဝတ်ရုံဖြူ အမျိုးသမီး လက်မြှောက်ရင်း ဖန်ကျန်းရှီကို ဆ ွဲတင်ဖို့ ပြင်တယ်။ ဒီအချိန်မှာပဲ ချော်ရည်ပူတွေ ရုတ်တရက် တည်ငြိမ်သွားတယ်။

“ဟမ်။” အမျိုးသမီး မျက်လုံး ပြူးသွားတော့တယ်။ သူမ အတော်လေး စဉ်းစားပြီးနောက် ရပ်တန့် လိုက်တယ်။

ဆယ့်ငါးမိနစ်၊ နောက်ထပ် ၁၅ မိနစ်။

ချော်ရည်ပူတွေကတော့ ရေလို တည်ငြိမ် နေဆဲပဲ။ အပူလှိုင်းတွေက လှည့်ပတ်နေဆဲ ဖြစ်ပေမယ့်၊ အောက်ဘက်မှာတော့ လှုပ်ရှားမှု ထပ်မရှိတော့ဘူး။

“ကောင်းပြီလေ။” အမျိုးသမီးရဲ့ မျက်ဝန်းတွေက တောက်ပလာတယ်။ သူမ ပြန်ထိုင်လိုက်ရင်း မျက်လုံးတွေကို မှိတ်လိုက်တယ်။ အစောပိုင်းက လုပ်နေတဲ့ အတိုင်း စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းတယ်။

ချော်ရည်ပူ ထဲမှာတော့ ဖန်ကျန်းရှီက လဲလျောင်း နေဆဲပဲ။ ဒါပေမယ့် အားလုံးက သဘာ၀ ကျကျ ရှိနေခဲ့တယ်။ ခေါင်းအစ ခြေအဆုံး အရာ အားလုံးက ပြီးပြည့်စုံအောင် ပေါင်းစပ်နေတယ်။

ခန္ဒာကိုယ်ကို ပုံစံ ပြောင်းလိုက်တာ တကယ့်ကို မှန်ကန်တယ်လို့ သူထင်တယ်။ ခန္ဒာကိုယ်က ကြည့်လို့ ကောင်းတဲ့ အခြေအနေမှာ ရှိမနေပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ တစ်ယောက်လိုသာ ရှိနေခဲ့တယ်။ ဖန်ကျန်းရှီ တကယ့်ကို အိပ်ပျော် နေခဲ့တယ်။

ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ပုံရိပ်တွေက ဆက်တိုက် ဖြတ်ပြေးနေတယ်။ ကလေးဘဝက လှပသာယာတဲ့ ရွာအကြောင်း။ သူနဲ့ အတူ ကြီးပျင်းခဲ့တဲ့ ကလေးတွေ ရှိတယ်။ ဒီဘဝက မိဘတွေရှိတယ်။ အဲ့ဒီ့နောက် ဟိန်းဟောက်သံကြီး တစ်ခု ပေါ်လာတယ်။

“ဘယ်ကောင်က ငါ့ရဲ့ မီးတောက် အမြီးဖွာကြက်ကို ခိုးသွားတာလဲ။”

“ဖန်ကျန်းရှီလား။ ဒါက ကြက်လေး တစ်ယောက်ပဲ မဟုတ်လား။” ဒါကို မြင်ချိန်မှာ ဖန်ကျန်းရှှီ ပြုံးလိုက်မိတယ်။ အဲ့ဒီ့နောက် ညအချိန်မှာ ပြတင်းပေါက် ဖွင့်ရင်း တိတ်တိတ်လေး ခိုးထွက်လာတဲ့ ကလေးကို သူမြင်လိုက်ရတယ်။

“ဟိုက်ယား။” ကလေးက ကျောက်တုံးကြီး တစ်တုံးကို လက်သီးနဲ့ ထိုးတယ်။

“အိုက်ယား။ နာလိုက်တာ။” အဲ့ဒီ့နောက် ကလေးက နာနာကျင်ကျစ်နဲ့ အခန်းထဲကို ပြန်ဝင် သွားတော့တယ်။

ဒါကတော့ အနှောင်အဖွဲ့ကင်းတဲ့ ကလေး ဘဝပဲ။

ဟုတ်တယ်။

ခန္ဒာကိုယ် ကြွက်သား တစ်ခုချင်းစီ၊ သွေးစက် တစ်စက်ချင်းစီတိုင်းကို ထိန်းချုပ်။

သတိ မထားမိလိုက်ပဲ၊ ပထမဆုံး တာအိုကို လက်ခံချိန်တုန်းက ခန္ဒာကိုယ်ကို ထိန်းချုပ် ဖျက်စီး ပြန်ဖွဲ့စည်း ဆိုတာတွေကို တွေးမိ သွားတယ်။

သွေးတွေ အငွေ့ပျံ သွားရင် အသစ်တွေ ဖြစ်ပေါ်လာတယ်။ ကြွက်သား အရိုး၊ အသားအရည်နဲ့ ဆံပင်တွေလဲ အတူတူပဲ။

အားလုံးကို ထိန်းချုပ်။

အားလုံးကို ထိန်းချုုပ်ရမယ်။

ဝူး။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် တစ်ခုလုံး တောက်ပလာတယ်။ တကိုယ်လုံးကို ရေနွေးနွေးနဲ့ စိမ်လိုက်တဲ့ အတိုင်း နွေးထွေးသွားတယ်။

…

ကောင်းကင် တာအို ခန်းမ တောင်ခြေမှာ ပင်းယန်က မဟူရာ ကျောက်တုံး နန်းတော်ဆီကို ပြေးနေခဲ့တယ်။ ဖန်ကျန်းရှီကိုလဲ သူမ သယ်ပိုးထားတယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က အရမ်းကို ပူလောင်ပြီး မီးလုံးကြီး တစ်ခုကို ဖက်ထား ရသလို ဖြစ်နေတယ်လို့ သူမ ခံစားမိတယ်။ အခုချိန်မှာ ဒါတွေကို ဂရု မစိုက်အားဘူး။

မီးလုံးကြီး ဖြစ်နေပါစေ၊ ရေခဲတုံးကြီးပဲ ဖြစ်နေပါစေ၊ ဖန်ကျန်းရှီကို သူမ အသက်လိုမျိုး တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့တယ်။ သူမ တစ်ကိုယ်လုံး ချွေးတွေ ရွဲရွဲစိုနေခဲ့ပြီ။

“မြန်မြန်။ မြန်မြန်။” ပင်းယန် ပြေးရင်းနဲ့ ပြောနေတယ်။ သူမက မြန်လွန်းလို့ နောက်ဘက်မှာတောင် ပုံရိပ်ယောင်တွေ ကျန်နေခဲ့တယ်။

သူမ နီးကပ် လာခဲ့ပြီ။ မကြာခင်ပဲ သူမ ရှေ့မှာ လူတွေ ပေါ်လာတော့တယ်။ အဝေးကနေ ကျောက်တုံး နန်းတော်ကို သူမ လှမ်းမြင် နေရတယ်။

ဒီအချိန်မှာပဲ ကျယ်လောင်တဲ့ ဟိန်းဟောက်သံ တစ်ချို့ကို ကြားရပြီး ရွှေရောင် ဝတ်ထားသူ တစ်ချို့ ကောင်းကင်ကနေ ဆင်းသက်လာတယ်။

“ဘာတွေလဲ။” ပင်းယန် ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ဒါပေမယ့် ဂရုလဲ မစိုက်ခဲ့ဘူး။ သူမရှေ့မှာ ဘာပဲ ဖြစ်ဖြစ် သေချာပေါက် ပြေးရမယ်။

လူသား မဟာမိတ် အဖွဲ့ဆီ အမြန်ဆုံး ရောက်မှ ဖန်ကျန်းရှီ အသက်ရှင်နိုင်မယ်။

မကြာခင် သူမ ရောက်တော့မယ်။ သူမ မြင်ကွင်းရှေ့က လူတွေ ပိုပြီးတော့ ထင်ရှားလာတယ်။ ပင်းယန် အံကြိတ်ရင်း အဲ့ဒီ့ လူတွေဆီ ပြေးတယ်။

“ငါ နောက်ဆုံးတော့ ရောက်ပြီ။” ကျောက်တုံး နန်းတော်ကို ရောက်တဲ့ အတွက် ပင်းယန်က ရပ်တန့် လိုက်တယ်။ သူမရှေ့မှာ ရှိနေသူတွေကလဲ ဝတ်ရုံနက်ကို ဝတ်ထားပြီး မျက်နှာဖုံးနက်ကို စွပ်ထားကြတယ်။

လူသား မဟာမိတ်။ ဒါက လူသား မဟာမိတ်ရဲ့ သင်္ကေတပဲ။ ပင်းယန် သေချာသိတယ်။ သူမ သက်ပြင်း ချလိုက်ပြီးနောက် ချက်ခြင်း ဆိုသလို မထိန်းနိုင်ပဲ လဲကျ သွားတော့တယ်။

“တောက်ဟွမ်။ မဟာမိတ် ခေါင်းဆောင် တောက်ဟွမ် ဘယ်မှာလဲ။ ခန်းမ ခေါင်းဆောင်မုနဲ့ တောင်ကြား ခေါင်းဆောင်မော့ ဘယ်မှာလဲ။ ကူညီပါ။ မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်း အစစ် ဒဏ်ရာရ ထားတယ်။ သူ့ကို ကယ်ပေးပါ။” ပင်းယန်က ကြိုးစားပြီး ထရပ်ရင်း ပြောတယ်။

သူမ စကားသံကို ကြားချိန်မှာ အားလုံးက သူမကို လှည့်ကြည့်ကြတယ်။

“မုန့်ထျန်း။”

“ဒါက မုန့်ထျန်းလား။”

“တကယ့် မုန့်ထျန်း အစစ်လား။”

အားလုံးက ပင်းယန် ချီလာတဲ့ မုန့်ထျန်းကို ကြည့်နေကြတယ်။ သူတို့တွေ အတော့်ကို လန့်နေ ကြပုံပဲ။ မကြာခင် ထိတ်လန့်မှုက ကြောက်စရာ ကောင်းမှု အဖြစ်ကို ပြောင်းသွားတယ်။ အားလုံးက ကြောက်စရာ ကိစ္စ ဖြစ်လာတော့မှာကို ခံစား မိပုံပဲ။

“ပြေး။ ဆရာကြီး မုန့်ထျန်းနဲ့ ပြေးတော့။” ပင်းယန် ဒွိဟ ဖြစ်နေချိန်မှာပဲ အသံ တစ်သံ ထွက်ပေါ်လာတော့တယ်။

အရမ်းကို စိုးရိမ်နေတဲ့ အသံက ဘာရှင်းလင်းချက်မှ မပေးခဲ့ဘူး။

“ပြေးရမယ်။” ပင်းယန် သူမ ကြားတဲ့ အသံကို နားမလည်နိုင် ဖြစ်သွားခဲ့တယ်။

အပိုင်း (၉၅၉) ပြီး၏။

အပိုင်း (၉၆၀)

“နောက်ထပ် လောက တစ်ခုကို ပြန်ဖွင့်လှစ်ခြင်း။”

ဒါ့အပြင် ပင်းယန်က ဘယ်ကို ပြေးရမယ်မှန်း မသိခဲ့ဘူး။ နောက်ဆုံးတော့လဲ ဖန်ကျန်းရှီက သေလု မျောပါး ဖြစ်နေပြီလေ။ အကယ်၍ အနှေးနဲ့ အမြန် ကုသမှု မခံယူ နိုင်ရင်၊ ဘာတွေ ဖြစ်လာမယ်မှန်း ဘယ်သူ သိနိုင်မှာလဲ။

ပင်းယန် ဘာလုပ်ရ မယ်မှန်း မသိတော့ဘူး။

သူမက တုံးအတာကြောင့် မဟုတ်ခဲ့ဘူး။ ဖန်ကျန်းရှီကို ကယ်ဖို့က လွဲပြီး တခြား အရာတွေကို မတွေးနိုင် ခဲ့လို့ပဲ။ ထွက်လာတဲ့ အသံက ဖူရှီးတောင်ကြား ခေါင်းဆောင် မော့ရှန်းရှီရဲ့ အသံမှန်း သူမ ရုတ်တရက် သူမ သတိ ထားမိသွားတယ်။

“တောင်ကြား ခေါင်းဆောင်မော့။ မုန့်ထျန်းက တကယ်ပဲ။”

“အခု ပြေးတော့။” မော့ရှန်းရှီရဲ့ အမူအယာက အရမ်းကို စိုးရိမ် ပူပန်မှုတွေ ပြည့်နေခဲ့တယ်။ ပင်းယန်က အခုချိန်ထိ မလှုပ်ရှား သေးဘူး။ နောက်ကျလွန်း သွားခဲ့ပြီ။

သူနောက်တစ်ခေါက် ပြေးချိန်မှာပဲ လူတစ်ယောက်က ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ အတူ ပင်းယန် ရှေ့ကို ရောက်လာတော့တယ်။

“ပြေးရမယ်။ ဟဟား။ မင်းက ပြေးနိုင်မှာလား။” သူ့အသံ ထွက်ပေါ်လာတယ်။

ရွှေချည်ထိုး ဝတ်ရုံကို ဝတ်ထားတဲ့ ဒီလူက ကျောက်စိမ်းမှာ ရွှေကွပ်ထားတဲ့ ဦးထုပ်ကိုလဲ ဆောင်းထားသေးတယ်။ သူက တကယ့်ကို ချောမော လှပလွန်းတယ်။ မိန်းမချော တစ်ယောက်လို အငွေ့အသက်တွေ အပြည့်ပဲ။

မျက်နှာ မျက်လုံး နှုတ်ခမ်း နှာခေါင်း အားလုံးက ဝိုင်းစက် နေတယ်။ ထူးဆန်းတဲ့ အရာကတော့ ရှည်လျားတဲ့ ဆံပင်ဖြူ အမျှင်တန်းကြီး တစ်ခုက သူ့ရင်ဘတ် အထိ ကျဆင်း နေတာပဲ။

“နင်။” အဲ့ဒီ့လူနဲ့ ပတ်ဝန်းကျင်က မုန့်ထျန်းတွေကို ကြည့်လိုက်ရင်း သူမ ချက်ခြင်း ဆိုသလို အသိ ပြန်ဝင် သွားခဲ့တယ်။

ပတ်ဝန်းကျင်မှာ ရှိတဲ့ မုန့်ထျန်းတွေ အားလုံးက လူသား မဟာမိတ်နဲ့ မတူညီပဲ အေးစက်ပြီး ကြောက်စရာ ကောင်းတယ်။

ဒီလူတွေရဲ့ အရှိန်ဝါတွေ မတူညီတာကို သူခံစားမိတယ်။ ဒါကြောင့် ဇစ်မြစ်ကို သူမ ချက်ခြင်း ခန့်မှန်း နိုင်တယ်။ နတ်သခင်

ပင်းယန် ချွေးတွေ စိုရွဲ နေခဲ့ပြီ။ သူမကို မြင်မြင်ချင်း မော့ရှန်းရှီ ထွက်ပြေးဖို့ ပြောတာကို အခုချိန်မှာ နားလည် သွားတယ်။ သူမ ပြေးဖို့ လိုတယ်။ ဒါပေမယ့် ဘယ်လိုများ ပြေးရမှာလဲ။

“ကြည့်ရတာ တခြား သူတွေက ငါတို့ မရောက်ခင် ဝင်သွားပုံပဲ။” နူးညံ့တဲ့ အသံ တစ်သံကို ကြားလိုက်ရတယ်။

အဲ့ဒီ့နောက် ရွှေတောင်ပံတွေ ပါတဲ့ သားရဲကောင် ပေါ်ကနေ လူတစ်ယောက် ခုန်ဆင်း လာတာကို မြင်လိုက်ရတယ်။

သူမ နောက်မှာတော့ ဝတ်ရုံနက်ဝတ် လူတစ်ယောက် ပါလာသေးတယ်။ သူ့မျက်နှာက အရမ်းကို အေးစက်နေပြီး မြင်ရသူတိုင်းကို တုန်ယင် စေနိုင်တယ်။

“ယွင်ချင်းဝူ။” ပင်းယန်က ချက်ခြင်း မှတ်မိတယ်။ သူမရဲ့ အရှိန်အဝါက ပြိုင်ဘက်ကင်းတယ် ဒါကို တုပ နိုင်မယ့်သူ မရှိဘူး။

“အရှင် သခင်ငယ်။”

“ဧကရီငယ်။”

“..”

မော့ရှန်းရှီ ဘေးမှာ ရပ်နေ သူတွေနဲ့ ပင်းယန်ကို ပိတ်ဆို့ ထားသူက ယွင်ချင်းဝူကို ဂါရ၀ ပြုတယ်။

“အဲ့တာ ယွင်ချင်းဝူပဲ။”

“မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်ရဲ့ သမီးတော်။”

“နောက်ထပ် နတ်သခင် အဆင့် ပညာရှင်။ နတ်သခင် အဆင့် ပညာရှင် ခြောက်ယောက်။”

မော့ရှန်းရှီ အနားမှာ ရပ်နေတဲ့ လူသား မဟာမိတ်တွေအကုန် မျက်နှာ မည်းမှောင် သွားကြတယ်။

တကယ်တော့ နတ်သခင် အဆင့် ပညာရှင် ငါးယောက် ရောက်လာတာကို မြင်ချိန်တည်းက သူတို့တွေ နိမိတ် မကောင်း ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ယွင်ချင်းဝူက တစ်ချိန်တည်း ရောက်လာခဲ့ ပြန်ပြီ။ ဒါ့အပြင် နတ်သခင် တစ်ယောက်ကိုတောင် ခေါ်လာသေးတယ်။

အားလုံးကို နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့ကြီး ရောက်လာပြီလို့ မိတ်ဆက် လိုက်သလိုပဲ။

မော့ရှန်းရှီရဲ့ မျက်နှာကတော့ အတော့်ကို အကျည်းတန် နေခဲ့တယ်။

တောက်ဟွမ်က သူ့ကို အပြင်မှာ အတင်းအကြပ် ထားခဲ့ တည်းက တစ်ခုခု ဖြစ်တော့မယ်မှန်း သူသိတယ်။ ဒါပေမယ့် နတ်ဆိုး မိစ္ဆာတွေ ဒီလောက် မြန်မြန် ရောက်လာမယ်လို့ မျှော်လင့် မထား ခဲ့ဘူး။

ဒါ့အပြင် နတ်သခင် အဆင့် ပညာရှင် ခြောက်ယောက်လဲ ပါနေသေးတယ်။ ကောင်းကင် တာအို ခန်းမထဲမှာ ရှိနေတဲ့ နတ်သခင်နဲ့ ပေါင်းလိုက်ရင် ၇ယောက် ဖြစ်သွားပြီ။

၇ယောက်။ ဒီအရေ အတွက်က အကုန်လုံး ရောက်နေတဲ့ အတိုင်းပဲ။

ယွင်ချင်းဝူက ဒီအခွင့်အရေးကို သုံးပြီး လူသား မဟာမိတ် အဖွဲ့ တစ်ခုလုံးကို သုတ်သင် ချင်နေတာ ထင်ရှားတယ်။

“ဘာဖြစ်လို့ ဒီလောက် မြန်မြန် ရောက်လာတာလဲ။ သတင်းတွေ အရတော့ နေ့လယ်မှ ရောက်မယ်ဆို။ အခုမှ မနက်ပဲ ရှိသေးတာလဲ။” မော့ရှန်းရှီ တကယ်ပဲ မယုံနိုင်ခဲ့ဘူး။

ယွင်ချင်းဝူရဲ့ တပ်ဖွဲ့က ၂နာရီ စောပြီး ရောက်လာခဲ့တယ်။ ဒီအချိန်က လူသား မဟာမိတ် အရာ အားလုံး အောင်မြင်နိုင်တဲ့ အချိန်ပဲ။ ၂နာရီနဲ့ မလောက်ရင်တောင် နောက်ထပ် နည်းနည်းတော့ စောင့်လို့ ဖြစ်နိုင်သေးတယ်။ အခုတော့ ဖြစ်နေတာတွေကို ကြည့်လိုက်ပါအုန်း။

ဒီလို အင်အားကို ဘယ်သူကများ ခုခံ နိုင်မှာလဲ။ ဒါ့အပြင် လူသား မဟာမိတ်ရဲ့ နောက်ဆုံး မျှော်လင့်ချက် နတ်သခင် အဆင့် ပညာရှင်တွေကို ယှဉ်နိုင်တဲ့ တစ်ယောက်တည်းသော သုခမိန် စစ်နတ် မုန့်ထျန်းကလဲ ဒဏ်ရာ ရနေခဲ့တယ်။ ဒါ့အပြင် မေ့မျော နေသေးတယ်။

မော့ရှန်းရှီလဲ ဒီတိုက်ဆိုင်မှုတွေက ဖြစ်ပျက်တာ မြန်ဆန်လွန်းတယ်လို့ ခံစား နေရတယ်။ အစီအစဉ်တွေ အားလုံး ရှုပ်ထွေး ကုန်တဲ့ အတွက် သူတောင် လက်မခံ နိုင်ခဲ့ဘူး။

“ဖူရှီး တပ်ဖွဲ့။ ငါ့အမိန့်ကို နားထောင်။ သေတဲ့ အထိ တိုက်ခိုက်ပြီး ဆရာကြီး မုန့်ထျန်း အတွက် လမ်းရှင်းပေး။” မော့ရှန်းရှီက နောက်ထပ် မတွေးတော့ဘူး။

သူ့ရှေ့မှာ ဖြစ်နေတဲ့ ကိစ္စကြောင့် မျှော်လင့်ချက် မရှိတော့တာ သိသာ နေခဲ့ပြီလေ။

ဒါကြောင့် နောက်ထပ် စဉ်းစားစရာ မလိုတော့ဘူး။ စတေးရမယ်။ သူ့စတေးမှုကို သုံးပြီး လူသား မျိုးနွယ်ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို ကယ်တင်ရမယ်။

မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်းကို ကယ်တင်ရမယ်။ မဟာမိတ်ထဲက လူအားလုံး သေသွားရင်တောင်၊ မုန့်ထျန်း သေချာပေါက် လွတ်ရမယ်။

“အမိန့် အတိုင်းပါ။” လူသား မဟာမိတ် တပည့်သား အားလုံး မော့ရှန်းရှီရဲ့ သဘောထားကို နားလည်ကြတယ်။

လူတိုင်း သေရမှာကို ကြောက်တယ်။ ဒါပေမယ့် သေရမှာကို အကြောက်ဆုံးလူတောင် စိတ်ထဲမှာ ပြီးမြောက် အောာင်မြင်ချင်တဲ့ ကိစ္စ ရှိသေးတယ်။ ချစ်ခြင်းတရား၊ မိတ်ဆွေ ဒါတွေ အားလုံးလဲ ဖြစ်လာနိုင်တယ်။ အခုချိန်မှာတော့ လူသား မျိုးနွယ် ရှင်သန်ရေးက အရေး အကြီးဆုံး ဖြစ်နေခဲ့ပြီ။ သူတို့တွေ ရှောင်မပြေးနိုင်ဘူး။

“တိုက်ခိုက်။”

“တိုက်ခိုက်ကြ။”

တိုက်ခိုက်တယ် ဆိုတာက အင်အားတူ လူနှစ်ယောက် သဘောထားခြင်း မတိုက်ဆိုင်တဲ့ အခြေအနေမှာ အဖြစ်များတယ်။ အခုချိန်မှာတော့ အခြေအနေက ချွင်းချက် တစ်ခုပဲ။ နတ်သခင် အဆင့် ပညာရှင် ခြောက်ယောက်၊ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် တိုက်ဖွဲ့ကြီးကို မော့ရှန်းရှီတို့ ဖူရှီး တောင်ကြားက အရင်ဆုံး တိုက်ခိုက်ခဲ့တယ်။

ဘယ်သူမှ နောက်မဆုတ်ခဲ့ဘူး။ နောက်ဆုတ်လို့လဲ မရဘူး။ ဒါ့အပြင် သွေးစွန်းတဲ့ တိုက်ပွဲကြီးက မရေမတွက်နိုင်တဲ့ သေဆုံးမှုနဲ့ အဆုံးသတ် လိမ့်မယ်။

“တစ်ခါ တစ်လေမှာ လူတွေက ရူးမိုက်ကြတယ်။” နတ်သခင် တစ်ယောက်က ပြောလိုက်တယ်။ ရှေးဟောင်း စစ်ပွဲကို ဖြတ်ကျော် ခဲ့တဲ့ အတွက် သွေးမြေခတာတွေ အများကြီးကို သူမြင်ပြီးပြီ။ လူအများကြီးကိုလဲ သတ်ခဲ့ ပြီးပြီ။ နောက်ထပ် အရေအတွက် နည်းနည်းက သူ့အတွက် ဘာပြဿနာ ရှိနိုင်လဲ။

“သူတို့တွေက ရူးမိုက်တာ မဟုတ်ဘူး။ မသိ နားမလည်တာ။”

“ငါတို့ အစွမ်းက ဘယ်လောက် ကြောက်စရာ ကောင်းမှန်း အကုန် သိနိုင်တာပဲလေ။ ဒီမသိ နားမလည်တဲ့ လူတွေ သေသွားပြီးတဲ့ အချိန် သင်ခန်းစာရဖို့ မျှော်လင့်ပါတယ်။

“မသတ်ခင်မှာ မသင့်တော်တဲ့ ကိစ္စက ပြောမှ ဖြစ်မှာလား။ မြန်မြန် လက်စသတ်လိုက်လို့ မရဘူးလား။ မင်းတို့ ပြောတာကို သူတို့ နားလည်ကြမှာလား။”

နတ်သခင် အဆင့် ပညာရှင်တွေရဲ့ စရိုက်က ကွာခြားတယ်။ တစ်ချို့က တည့်တိုး သမား။ တစ်ချို့ကတော့ ဘာကိုမှ ဂရုမစိုက်။

ဝူး ဝူး။ လေလှိုင်းတစ်ချို့ ဖြစ်ပေါ်လာတယ်။ တချို့က တောက်ပတယ်။ တချို့က တိတ်ဆိတ်တယ်။ နတ်သခင် အဆင့် ပညာရှင် တစ်ယောက်ကတော့ မျက်လုံးတွေကိုတောင် ပိတ်ထားသေးတယ်။ ဒါပေမယ့် သူတို့ရှေ့မှာ ရှိနေတဲ့ တပည့်သား တွေကတော့ တစ်ယောက်ပြီး တစ်ယောက် လွင့်ထွက်ကုန်တယ်။

တကယ့်ကို ရက်စက်တဲ့ မြင်ကွင်းပဲ။

တခြားသူတွေနဲ့ ယှဉ်လိုက်ရင်၊ ပင်းယန် ရှေ့မှာ ရပ်နေတဲ့ ဝတ်ရုံဖြူ လူကတော့ အများကြီး တည်ငြိမ်နေတယ်။ ပင်းယန် ချီထားတဲ့ မုန့်ထျန်းကိုသာ စိုက်ကြည့်နေတယ်။

“ဒီတော့ ဒါက သုခမိန် စစ်နတ် မုန့်ထျန်းလား။” အဲ့ဒီ့ လူက ပြောရင်း ပင်းယန် အနားကို ကပ်လာတယ်။

“မဟုတ်ဘူး။” ပင်းယန် ချက်ခြင်း ငြင်းတယ်။

“မင်းပဲ အစောပိုင်းတုန်းက ပြောထားတယ် မဟုတ်လား။” ဝတ်ရုံဖြူက ရယ်မောတော့တယ်။ ပါးချိုင့် နက်နက် နှစ်ခုက သူ့ပါးပေါ်မှာ ပေါ်လာတယ်။

“အစောပိုင်းနဲ့ အခု မတူဘူး။ အနားကပ် မလာနဲ့၊ ငါ နတ်ဘုရားက နင့်ကို တိုက်ခိုက်မိ လိမ့်မယ်။” ပင်းယန် နောက်ဆုတ်ရင်း ပြောတယ်။

“ဟဟား။ မင်းက သုခမိန် စစ်နတ်လား။” ဝတ်ရုံဖြူက ရယ်မောနေဆဲ။

“ဟုတ်တယ်။ နင့်ကို တစ်ချက်တည်းနဲ့ ရိုက်သတ်လို့ ရတယ်။” ပင်းယန် ခေါင်းငြိမ့်ရင်း ပြောတယ်။ လက်တစ်ဖက်ကိုတော့ တိတ်တဆိတ် နောက်ပို့လိုက်တယ်။

“ကြားရတာတောာ့ ပညာရှင် တစ်ယောက်လိုပဲ။ ဒီတော့ ငါ့ကို ဘယ်လို သတ်မှာလဲ။” ဝတ်ရုံဖြူက တိုက်ခိုက်ဖို့ အလော မကြီးခဲ့ဘူး။

ဒါကို မြင်ချိန်မှာတော့ ယွင်ချင်းဝူ နောက်မှာ ရှိနေတဲ့ လင်းယွီလှမ်းအော်တော့တယ်။

“ချင်းရှန်း။ တိုက်ပွဲကို မြန်မြန် အဆုံးသတ်။”

“လင်းယွီ အရင်တုန်းကလို အကျင့်မျိုး လုပ်နေတုန်းပဲလား။ ဒါကြောင့် တခြား နတ်ဆိုးတွေ မင်းကို သဘောမကျ ကျတာ။ ဒီကို ငါဘယ်လောက် မြန်မြန် လာလဲ မင်းမြင်တယ် မလား။ မစိုးရိမ်နဲ့။ သူက အတောင်ပံတွေ ထုတ်ပြီး ပျံသန်း သွားမှာကို မင်းက တကယ်ကြီး စိုးရိမ် နေတာလား။” ဝတ်ရုံဖြူ ချင်းရှန်းက မကျေမနပ် ဖြစ်သွားပုံပဲ။

“မင်း။” လင်းယွိ ဆက်ပြော ချင်ပေမယ့် မလုပ်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့အဆင့်သူ နားလည် ထားလို့ပဲ။ ပြောရရင်၊ နတ်သခင် အဆင့် ပညာရှင်တွေတိုင်းမှာ ထူးခြားတဲ့ စိတ်ဓာတ်တွေ ရှိကြတာကြောင့် သူတို့ကို ထိန်းချုပ်ဖို့ မလွယ်ကူဘူး။

ယွင်ချင်းဝူ တစ်ယောက်သာ သူတို့ကို စုစည်းနိုင်တယ်။ ဒါပေမယ့် ယွင်ချင်းဝူတောင် နတ်သခင် အားလုံးကို သူမရဲ့ ညွှန်ကြားချက် အတိုင်း လုပ်တဲ့ အထိ မစေခိုင်းနိုင်မှန်း သူမ နားလည်ထားတယ်။ ဒါက အချိန် အကြာကြီး ယူဖို့ လိုလိမ့်မယ်။

ယွင်ချင်းဝူ သူမရဲ့ အစီအစဉ်ကို ဖြည်းဖြည်းချင်း စီစဉ် နေရတဲ့ အဓိက အကြောင်းအရင်းကတော့ ဒါပဲ။ ထူးဆန်းတဲ့ ဒဏ္ဍာရီ ရုတ်တရက် ထွက်ပေါ် လာတာကြောင့်သာ မဟုတ်ရင်၊ မဟာနွံအိုင်ကနေ နတ်သခင်အဆင့် ပညာရှင်တွေ အများကြီးကို ခေါ်ပြီး ရောက်လာမှာ မဟုတ်ဘူး။

အကြောင်းအရင်းကတော့ ရှင်းပါတယ်။ မိစ္ဆာနဲ့ နတ်တဆိုးတွေ နှစ်ဖက် စလုံးက စစ်မြေပြင်မှာ သတ်ဖြတ်လိုစိတ်တွေ အငြိုးအတေးတွေ ရှိကြတယ်။ ချိုးချီလိုပဲ။

ချိုးချီက ရှေးစစ်ပွဲထဲမှာ ချွင်းချက် တစ်ခု အဖြစ် သတ်မှတ်နိုင်တယ်။ သူက သတ်ဖြတ်ရတာကို နှစ်သက်တဲ့ သူပဲ။ သူ့လက်ထဲမှာ မိစ္ဆာ၊ နတ်ဆိုး လူသားတွေ ဘယ်လောက်များများ သေခဲ့ပြီမှန်း ဘယ်သူမှ မသိနိုင်ဘူး။ သေချာတာကတော့ မရေမတွက်နိုင်အောင် များပြားလွန်းတယ်။

အခု ရောက်နေတဲ့ နတ်သခင် ငါးယောက်ထဲမှာလဲ ချွင်းချက် ရှိနေသေးတယ်။ ချင်းရှန်း။

ဝုန်း။ ဒီအချိန်မှာပဲ ကျယ်လောင်တဲ့ မိုးခြိမ်းသံကြီး ထွက်ပေါ် လာပြီး လူတစ်ယောက်က ပင်းယန်ရှေ့ကို ရောက်လာတော့တယ်။

ခရမ်းရောင် လျှပ်စီးတန်းတွေနဲ့ သူတိုက်ခိုက်တယ်။

နားစည် ကွဲမတတ် ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ခရမ်းရောင် လျှပ်စီးတွေ လွှမ်းခြုံထားတဲ့ တူကြီး တစ်လက်က ချင်းရှန်းခေါင်းပေါ်ကို ရောက်လာတယ်။

မော့ရှန်းရှီ။

သူတိုက်ခိုက်ပြီ။

ထူးဆန်းတဲ့ အရာကတော့ ဘယ်နတ်သခင်မှ မော့ရှန်းရှီကို ခုခံ မနေနတာပဲ။ အားလုံးက တိုက်ခိုက် သတ်ဖြတ်ရင်း အလုပ်များနေကြတယ်။

ချင်းရှန်းက သူ့အပေါ် ပြုတ်ကျလာတဲ့ တူကြီးကို ကြည့်ရင်း တောက်တောက်ပပ ပြုံးလိုက်တယ်။ အဲ့ဒီ့နောက် ခန္ဒာကိုယ်ကို ကိုင်းညွှတ်လိုက်တယ်။ ဒီတူကြီးကို မမြင်လိုက်တဲ့ အတိုင်းပဲ။

အချိန်တွေက ဒီအခိုက်အတန့်မှာ ရပ်တန့် သွားသလိုတောင် ထင်ရတယ်။ ချင်းရှန်းက အရမ်းကို နှေးနှေးကွေးကွေး လှုပ်ရှားနေတာ တိုက်ခိုက် နေသူတိုင်း မြင်ရတယ်။

ထူးဆန်းတဲ့ အရာကတော့ မော့ရှန်းရှီရဲ့ မြန်ဆန်လွန်းတဲ့ တိုက်ခိုက်မှုလဲ အရှိန်လျော့ သွားခဲ့တာပဲ။ သူ့ရဲ့ မျက်တောင်တွေတောင် အခုချိန်မှာ အရမ်းကို နှေးနှေး ခတ်နေခဲ့တယ်။

“တောင်ကြား ခေါင်းဆောင်မော့။” မော့ရှန်းရှီရဲ့ တိုက်ခိုက်မှုက ထာဝရ ကြာမြင့်နေတဲ့ ပုံစံကို ကြည့်ရင်း ပင်းယန် အထိတ်တလန့်နဲ့ ရေရွတ်မိတော့တယ်။

ချင်းရှန်းက ရှေ့ကို ကိုင်းထားတဲ့ အတွက် တူကြီးနဲ့သာ ထိမိရင် သေချာပေါက် ခေါင်းကွဲမှာလေ။

“ဘာလို့ ဒီလို ဖြစ်နေတာလဲ။”

သူမက မော့ရှန်းရှီနဲ့ နီးကပ် နေတဲ့ အတွက် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ မော့ရှန်းရှီက ဒီတိုက်ခိုက်မှုကို အရမ်း ကြိုးစား ထားပုံပဲ။ ဒါပေမယ့် အကြောင်း အရင်း တချို့ကြောင့် လိပ်လိုမျိုး နှေးကွေးနေတယ်။

မျက်လုံးနဲ့သာ မမြင်ရရင် ယုံမိမှာ မဟုတ်ဘူး။ မော့ရှန်းရှီရဲ့ မျက်နှာက ဒေါသတကြီး ဖြစ်နေတာကြောင့် ပိုထူးဆန်းနေတယ်။ မော့ရှန်းရှီက တခြား လောက တစ်ခုမှာ ရောက်နေ သလိုပဲ။

ဒီအချိန်မှာပဲ ချင်းရှန်းက မတ်မတ် ရပ်လိုက်တယ်။ သူ့လက်ထဲမှာ ပန်းရိုင်း တစ်ပွင့် ရှိနေတယ်။ ဒီပန်းရိုင်းကို နေရာတိုင်းမှာ မြင်နိုင်တယ်။ ဆောင်းဥတု ရောက်နေမှာတော့ ပန်းက ညှိုးရော်နေတယ်။

“အသစ်ပြန်လည် ပွင့်ဖူး။” ပင်းယန် တွေးမရနိုင် ဖြစ်နေချိန်မှာပဲ လှောင်ရယ်သံ တစ်ခုက သူ့နားထဲကို ဝင်လာတော့တယ်။

အပိုင်း (၉၆၀) ပြီး၏။

All Chapters