အပိုင်း (၉၆၁-၉၇၀)
Vol. 10 Ch. 961-970
အပိုင်း (၉၆၁)
“ငါမစောင့်နိုင်ဘူး။ မြန်မြန်။”
“ပန်း ပြန်ပွင့်ဖူး။”
အဲ့တာ ဘာကြီးလဲ။ ချင်းရှန်းရဲ့ အသံကို ပင်းယန် ကြားပေမယ့် သူပြောတာကို နားမလည် ခဲ့ဘူး။ သူ့လက်ထဲက ပန်းကို ပြန်ပွင့် စေချင်နေတာလား။ ညှိုးနွမ်းသွားတဲ့ ပန်းကို ဘယ်လိုများ ပြန်ပွင့်အောင် လုပ်နိုင်မှာလဲ။
ပင်းယန် တွေးနေမိ ပေမယ့်၊ တစ်ခါမှ မကြုံဖူးတဲ့ အရာကို မြင်လိုက် ရတဲ့ အတွက် သူမရဲ့ မျက်လုံးက ဝိုင်းစက် ပြူးကျယ် သွားတော့တယ်။
ချင်းရှန်းရဲ့ စကားသံ ထွက်ပေါ် လာချိန်မှာ ပန်းက ချက်ခြင်း ပြန်ပွင့် လာတယ်လေ။ ဒါ့အပြင် အရမ်းကို ထူးဆန်းတယ်။
အလင်းတန်း တစ်ခုက ပန်းပွင့်ကို ဖြတ်သန်း သွားတယ်။ အဲ့ဒီ့နောက် ပန်းပွင့်က အသက်ပြန်ဝင် လာတယ်။ အရှိန်မြန်မြန်နဲ့ ပွင့်ဖူးလာတာကို မြင်နေရတယ်။ ဒါ့အပြင် ပိုပိုပြီးလဲ ကြီးမား လာသေးတယ်။ ပန်းပွင့်ဖတ် တစ်ခုချင်းစီတိုင်းက လက်သည်းခွံ အရွယ်ကနေ သတ္တုအိုး အရွယ် အဲ့ဒီ့နောက် ကျောက်ကြိတ်ဆုံကြီး အရွယ်ကို ပြောင်းလဲ လာတော့တယ်။
ဒီမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းတယ်။
ပင်းယန်ကတော့ အနီးဆုံးမှာ ရှိနေတဲ့ အတွက် ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ဒါက ပုံရိပ်ယောင် မဟုတ်ဘူး။ တကယ့် ပန်းအစစ်ပဲ။
ဝုန်း။ အခုချိန်မှာ မော့ရှန်းရှီရဲ့ လက်ထဲက တူကြီး ပန်းပွင့်ပေါ်ကို ကျလာတော့တယ်။
ဒါပေမယ့် ပန်းပွင့်ကြီးက တူကို ဖမ်းဆွဲလိုက်တယ်။ မော့ရှန်းရှီရဲ့ လက်မောင်းကနေ လည်ပင်း အထိ ဝါးမျို သွားတယ်။
ဘန်း။
ကျောက်ကြိတ်ဆုံ အရွယ် ပွင့်ဖတ်ကြီးတွေ ပိတ်သွား ချိန်မှာတော့ မော့ရှန်းရှီကို လုံး၀ ရစ်ပတ် သွားတော့တယ်။
“ဟဟား။ ငါက သွေးထွက် သံယိုတွေ မြင်ရတာ မကြိုက်ဘူး။” ချင်းရှန်းက ရယ်မောရင်း ပန်းပွင့်ကြီးကို ဘေးနား ပိုကထားလိုက်တယ်။
ပန်းပွင့်ကြီးက ချက်ခြင်း မြေပြင်ထဲကို နစ်ဝင်သွားတယ်။
“..”
“..”
လူသား မျိုးနွယ် တပည့်သားတွေတောင် အခုချိန်မှာ တိတ်ဆိတ် နေခဲ့ကြပြီ။ သူတို့ မျက်စိရှေ့မှာ မြင်နေရတာကို လက်မခံ နိုင်ခဲ့ဘူး။
မော့ရှန်းရှီ။ ဖူရှီးတောင်ကြား ခေါင်းဆောင်။ မြင့်မြတ် နယ်မြေရဲ့ အင်အား အကြီးဆုံး သုခမိန်တွေထဲက တစ်ယောက်။
သူ့ရဲ့ စွမ်းအားက သုခမိန် အထွတ်အထိပ် အဆင့်မှာ ရောက်နေပြီ။ ဒါတောင်မှ တစ်ချက်တည်းနဲ့ ရှုံးနိမ့် သွားရတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုက ထူးဆန်းလွန်းတယ်။ တပည့်သားတွေ ဘယ်လိုများ ယုံကြည် နိုင်မှာလဲ။
“စိတ်ချပါ။ မင်းတို့တွေရဲ့ ခေါင်းဆောင်မော့ မသေသေးဘူး။ ဒီတော့ မကြောက်ကြနဲ့။ မင်းတို့ အားလုံး ဆက်ပြီး တိုက်ခိုက်ကြ။ သတ်လိုက်ကြအုန်း။ ငါက လုံး၀ အလျင်မလိုဘူး။” ချင်းရှန်းက ရှင်းပြတယ်။ သူက တိတ်တိတ် နေတတ်တဲ့သူ မဟုတ်ဘူးလေ။ ဒါ့အပြင် တပည့်သားတွေ သူ့ကို ယုံကြည် စေဖို့ အတွက် ပန်းပွင့်ကြီးကို ကန်ပြလိုက်တယ်။
ဝုန်း။ ပန်းပွင့်ကြီးက လေထဲကို လွင့်ထွက်သွားပြီး မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျတယ်။
ပြုတ်ကျ လာချိန်မှာတော့ ညည်းညူသံ တစ်ခုကို ကြားလိုက်ရတော့တယ်။ ဒါက မော့ရှန်းရှီရဲ့ အသံပဲ။
“ကြည့်လိုက်။ သူမသေသေးဘူး။ သူတကယ် မသေသေးဘူး။ အရမ်း မြန်မြန်ကြီး ခုခံတာကို မရပ်လိုက် ကြနဲ့။ မင်းတို့ တောင်ကြား ခေါင်းဆောင်ကို ကယ်တင်ဖို့ စိတ်အား ထက်သန်မှုကို ပြကြ။” ချင်းရှန်းက မော့ရှန်းရှီရဲ့ အသံကို ကြားချိန်မှာ စိတ်သက်သာ ရသွားတော့တယ်။
ဒါပေမယ့် ဒီရှင်းပြမှုက လူသား မဟာမိတ် အတွက်တော့ အရမ်းကြီး ထူးဆန်း နေခဲ့တယ်။
သူမသေသေးဘူး။ ခုခံနေတာကို မရပ်လိုက်နဲ့တဲ့လား။ မင်းတို့ တောင်ကြား ခေါင်းဆောင်မော့ကို ကျယ်ကြတဲ့။
လူသား မဟာမိတ် တပည့်သားတွေ အပြင်။ မျိုးနွယ်စု ခေါင်းဆောင် တစ်ချို့နဲ့ သုခမိန် တစ်ချို့ပါ အမူအယာ ချက်ခြင်း ပြောင်းလဲ သွားခဲ့ကြတယ်။ သူတို့ မျက်နှာတွေ သိသိသာသာကို ဖြူဖျော့ သွားတယ်။
တခြား နတ်သခင် အဆင့် ပညာရှင်တွေနဲ့ ယွင်ချင်းဝူ ဘေးမှာ ရပ်နေတဲ့ လင်းယွီပါ အမူအယာတွေ ပြောင်းလဲ သွားခဲ့ကြတယ်။
အေးစက်တဲ့ လင်းယွီက ချင်းရှန်း လုပ်နေတာတွေကို မကြိုက်ဘူး။ ဒါပေမယ့် ချင်းရှန်းကိုလဲ မရပ်တန့် နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ချင်းရှန်းက ထူးဆန်းလွန်းပြီး သူ့စရိုက်တွေကို သူလန့်မိနေ လို့ပဲ။
တခြား နတ်သခင် အဆင့် ပညာရှင် လေးယောက်ကလဲ တုံ့ပြန်ပုံ မတူညီကြဘူး။ တစ်ချို့တွေက ရယ်မော နေကြတယ်။ တချို့တွေကတော့ သတ်ဖို့ အခွင့်အရေးကို ရှာကြတယ်။ တချို့ကတော့ မမြင်ရအောင် ခေါင်းကို လွှဲထားကြတယ်။
“သူတို့တွေ ကြောင်အ နေကြတာလား။ ဒါလဲ ကောင်းတာပဲ။ အားလုံးကို သတ်ပြစ်လိုက်။” ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ် လာပြီးနောက် တပည့်သား နှစ်ယောက် သွေးအိုင်ထဲ လဲကျ သေဆုံး သွားရတယ်။
တည်ငြိမ် အေးချမ်းနေတဲ့ ရေကန်ကို အခုချိန်မှာ ကျောက်တုံးက နှောက်ယှက်လိုက် ပြန်ပြီ။ တိတ်ဆိတ်နေခဲ့တဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို အကြောက်တရားတွေက ဖုံးလွှမ်းသွားတယ်။ လူသား မျိုးနွယ် တပည့်သားတွေ ဒီတိုက်ပွဲက အသေအပျောက် များမယ်မှန်း သိကြပေမယ့်၊ မကြောက်အောင်တော့ သူတို့ကိုယ် သူတို့ မထိန်းချုပ် နိုင်ခဲ့ဘူး။
အကြောက်တရားက သူတို့ တွေကို သေခြင်းတရားဆီ တွန်းပို့တယ်။
“တိုက်ခိုက်ကြ။”
“ဆရာကြီး မုန့်ထျန်းကို ငါတို့ ကယ်တင်ရမယ်။ သေရင်တောင် ကယ်တင်ရမယ်။”
“ငါတို့က ဘယ်လိုပဲ ဖြစ်ဖြစ် သေရမယ် ဆိုရင်တောင်၊ မိစ္ဆာ နတ်ဆိုးတွေကို အဆုံးထိ တိုက်ခိုက် သွားမယ်။”
ဟိန်းဟောက်သံတွေက လူသား မဟာမိတ် အဖွဲ့ကနေ ထွက်ပေါ်လာတယ်။ ရက်စက်တဲ့ သွေးစွန်း တိုက်ပွဲကြီးက စတင်တော့တယ်။ ဒါပေမယ့် အစောပိုင်း ကိစ္စတွေနဲ့ မတူညီတာကတော့ စိတ်ပျက် အားလျော့မှု တွေကြောင့် မျက်လုံးကနေ မျက်ရည်တွေတောင် စီးကျ နေခဲ့ကြပြီ။
ချင်းရှန်းကတော့ ပြန်စနေတဲ့ တိုက်ပွဲကြီးကို ကြည့်ရင်း ပင်းယန်ကို လှည့်ပြောတယ်။
“မကြောက်ပါနဲ့။ ငါက အဲ့ဒီ့ နတ်ဆိုးတွေ မိစ္ဆာတွေနဲ့ မတူညီဘူး။ ငါက သတ်ဖြတ် ရတာကို မကြိုက်ဘူး။” ချင်းရှန်းက ပင်းယန်ကို ပြုံးပြရင်း ပြောတယ်။
“ဒါဆိုရင် နင် ဘာကို ကြိုက်လဲ။” ပင်းယန်က အသက်ပြင်းပြင်း ရှူသွင်းရဲ့ နောက်ကို ဆုတ်သွားခဲ့တယ်။
“ပန်းတွေ၊ ငါက ညှိုးနွမ်းနေတဲ့ ပန်းတွေကို နောက်တစ်ခေါက် ပြန်ပွင့်လန်းအောင် လုပ်ရတာကို ကြိုက်တယ်။ နောက်ပြီးတော့ သေဆုံးသွားတဲ့ ပန်းပွင့်တွေကိုလဲ ပန်အသက်သွင်းနိုင်တယ်။ မင်းရော ဘယ်လို င်လဲ။ တလောကလုံး ပန်းပွင့်တွေနဲ့ ပြည့်နေမှာကို တွေးကြည့်လိုက်။ လေးရာသီလုံး ပန်းတွေ မပြတ် ဖူးပွင့်နေမယ်။ ဘယ်လောက်တောင် လှလိုက်မလဲ။” ချင်းရှန်းက ပုံဖော်ရင်း ပြောနေခဲ့တယ်။
“အတော်လေးကို လှမှာပဲပေါ့။ ဘယ်လို လုပ်ရလဲ ဆိုတာ ငါ့ကို သင်ပေးနိုင်မလား။” ပင်းယန်က လှုပ်ရှားနေတာ ရပ်လိုက်တယ်။
“ဟဟား။” ချင်းရှန်းက ပြုံးလိုက်ပြီး ပင်းယန်ကို ခေါင်းအစ ခြေအဆုံး ကြည့်တယ်။ အဲ့ဒီ့နောက် သူမရဲ့ မျက်ဝန်းတွေမှာ ရပ်တန့် သွားတော့တယ်။”
“အင်း။ မင်း မျက်လုံးတွေက လှတယ်။”
“ဒါပေါ့။ နင့်မျက်လုံးတွေ ထက်တောင် ပိုလှသေးတယ်။” ပင်းယန် ခေါင်းငြိမ့်တယ်။
“ကံမကောင်း တာကတော့ ငါ့ထက် လှတာတွေကို ငါမကြိုက်ဘူး။ ဒါကြောင့် မင်းမျက်လုံးတွေကို ငါ့ပန်းအတွက် မြေသြဇာ အဖြစ် သုံးလိုက်မယ်။” ငါ့ပန်းတွေ ပိုပြီးတော့ ကောင်းကောင်း ပွင့်ဖူး နိုင်တာပေါ့။” ချင်းရှန်းက ခေါင်းငြိမ့်ရင်း အလေးအနက် ပြောတယ်။
“နင်လိမ် နေတာပဲ။” ပင်းယန် အော်လိုက်တယ်။”
“ဟုတ်လား။ ငါက မင်းကို ဘယ်လိုများ လိမ်တာလဲ။”
ချင်းရှန်းက ပင်းယန်နဲ့ နှပေ အကွာမှာ ရပ်နေခဲ့တယ်။ ပင်းယန်က နောက်ထပ် မဆုတ်တော့တဲ့ အတွက် သူလဲ အနားကို ထပ်မကပ်တော့ဘူး။
“ယွင်ချင်းဝူရဲ့ မျက်လုံးတွေက နင့်ထက် ပိုလှတာပဲ။ ဘာဖြစ်လို့ သူ့မျက်လုံးကို သွားမထုတ်လဲ။” ပင်းယန်က ယွင်ချင်းဝူကို လက်ညှိုးထိုး ပြရင်း မေးတယ်။
ပင်းယန် ပြောသလိုပဲ ယွင်ချင်းဝူရဲ့ မျက်လုံးတွေက အရမ်းကို လှပတယ်။ မှိန်ဖျော့ဖျော့ အလင်းတန်းတွေ တောက်ပ နေပြီး အရမ်းကို အေးစက် တည်ငြိမ်တယ်။
“ချင်းရှန်း။ မင်းဘာကို ကြည့်နေတာလဲ။” ယွင်ချင်းဝူကို လှမ်းကြည့်နေတဲ့ ချင်းရှန်းရဲ့ အကြည့်တွေကို မြင်ချိန်မှာ လင်းယွီ ကျောထဲ စိမ့်ချမ်း သွားရတယ်။ သူချက်ခြင်း ယွင်ချင်းဝူ ရှေ့ကို ခုန်ဝင်တယ်။ ယွင်ချင်းဝူကတော့ လက်တွေကို ဝေ့ယမ်းရင်း ရှေ့ကို တစ်လှမ်း တိုးလာခဲ့တယ်။
“မုန့်ထျန်းကို နင်သတ်နိုင်ရင်၊ နင့် ပန်းတွေရဲ့ မြေသြဇာ အတွက် ငါ့မျက်လုံးတွေကို ပေးနိုင်တယ်။” ယွင်ချင်းဝူက အေးအေး ဆေးဆေး ပြောတယ်။
“ဘာဖြစ်တယ်။”
လင်းယွီ အပါအဝင် လူတိုင်းက သူမ စကားကို ကြားချိန်မှာ ထိတ်လန့် သွားခဲ့ရတယ်။ သူမ တကယ်ကြီး သဘောတူတယ်။ ဒါမျိုးက လူတိုင်း မမျှော်လင့် ထားတဲ့ ကိစ္စပဲ။ ပြဿနာ ဖြစ်အောင် လုပ်ချင်တဲ့ ပင်းယန်ရဲ့ စိတ်က အရမ်းကို သိသာ နေပင်မယ့်၊ လက်ရှိ အခြေအနေ အဆင့်အတန်းနဲ့ ဆို ယွင်ချင်းဝူက သဘော မတူလို့ ရတယ်လေ။
ဒါက သူ့မျက်လုံးတွေလေ။
“ဟဟား။ အရှင်သခင်ငယ်ကတော့ နောက်နေပြန်ပြီ။ ဒီလို မလေးစားတဲ့ ကိစ္စမျိုး ဘယ်လို လ ုပ်နိုင်မှာလဲ။” ချင်းရှန်းက ယွင်ချင်းဝူရဲ့ မျက်လုံးတွေကို အချိန် အတော်ကြာ စိုက်ကြည့် နေပြီးနောက် ပြောလိုက်တယ်။
“အလကား ကြွက်စုတ်ကောင်။ ငကြောက်။” ပင်းယန် ပြောတယ်။
“ချင်းရှန်း။ အချိန်ဖြုန်း မနေနဲ့၊ သူ့ကို သတ်လိုက်တော့။” လင်းယွိက အေးစက်စက် သက်ပြင်းချရင်း ပြောတယ်။
“စဉ်းစား ပါရစေအုန်း။ ကောင်းကောင်း သေသွားအောင် ဘယ်လို သတ်ရမလဲ။ အာ ဟုတ်သား ပန်းပွင့် အုတ်ဂူလေး လုပ်ရမယ်။ မင်းကို အစေ့တွေ အရင်ကျွေးမယ်။ အစေ့တွေက မင်းကိုယ်ထဲမှာ ပေါက်လာပြီး ပန်းပွင့်တွေ ဖြစ်လာလိမ့်မယ်။ သေချာပေါက် လှမယ်လို့ ငါကတိပေးတယ်။” ချင်းရှန်းက တွေးတောရင်း မျက်လုံးတွေ တလက်လက် တောက်ပ လာတော့တယ်။
ဒါကို ကြားချိန်မှာ လူသား မဟာမိတ် တပည့်သားတွေ အားလုံး ထိတ်လန့် သွားခဲ့ရတယ်။ လူ့ခန္ဒာကိုယ်ကို ပန်းစိုက်ဖို့ အတွက် သုံးမယ်။ ဒါက လူတစ်ယောက်ကို ရက်ရက်စက်စက် သတ်တာပဲ။ ချင်းရှန်း အတွက်တော့ လှပတဲ့ နည်းလမ်း တစ်ခု ဖြစ်နေခဲ့တယ်။
ထူးဆန်းတယ်။ တကယ့်ကို ထူးဆန်းလွန်းတယ်။ ပြီးတော့ နှာဘူးဆန်တယ်။
လူသား မဟာမိတ် တပည့်သားတွေ တင်မကဘူး နတ်သခင် အဆင့် ပညာရှင်တွေတောင် ဒါကို ကြားချိန်မှာ မျက်မှောင်ကြုတ် သွားကြတယ်။ မြေပြင်ကတော့ သွေးတွေ ချင်းချင်းနီနေခဲ့ပြီ။
မြေပြင်မှာ သွေးတွေ ဘယ်လောက်ပဲ များပါစေ သွေးမထွက်အောင် သတ်တဲ့ ချင်းရှန်းရဲ့ နည်းလမ်းထက်တော့ ခံစားရ သက်သာသေးတယ်။ အနည်းဆုံးတော့ စိတ်မပျက်ရဘူး။ ချင်းရှန်းကတော့ အရမ်းကို စိတ်လှုပ်ရှား နေခဲ့တယ်။
ကစားဖို့ တစ်ခုခုကို စီစဉ် နေတဲ့ အတိုင်းပဲ။ သူ့ခန္ဒာကိုယ်ကတောင် စိတ်လှုပ်ရှား လွန်းလို့ တုန်ယင် နေတယ်။ မျက်နှာကလဲ နီရဲ နေခဲ့ပြီ။
“ငါ နောက်ထပ် မစောင့်နိုင်တော့ဘူး။ မြန်မြန် ဒီအစေ့တွေကို စားလိုက်။” ချင်းရှန်းက အနက်ရောင် အစေ့တွေကို ထုတ်ပေးတယ်။
“စားလိုက်ရင် ငါ့ကိုယ်မှာ ပန်းတွေ ပေါက်လာမှာလား။” ပင်းယန် မေးတယ်။
“ဒါပေါ့။”
“ဘာပန်းတွေလဲ။”
“မင်း သိစရာ မလိုပါဘူး။ သေချာပေါက် လှလိမ့်မယ်။”
“အရသာ ရှိရဲ့လား။”
“ရှိတယ်။”
“ကောင်းပြီ။ နင့်ကို တစ်ကြိမ် ယုံလိုက်မယ်။” ပင်းယန် ခေါင်းငြိမ့်ရင်း အစေ့တွေကို ယူလိုက်တယ်။
ဒါက အားလုံးကို ထိတ်လန့် သွားစေတယ်။ သူတကယ်ပဲ ယူလိုက်တယ်လား။
အစေ့တွေကို စားဖို့ တွေးတဲ့ အထိ တုံးအတယ်လား။
နတ်သခင် အဆင့် ပညာရှင်တွေကတော့ ပင်းယန် မလုပ်လောက်ဘူး ထင်ထား ခဲ့ပေမယ့်၊ ဖိအားပေး ခံရတာနဲ့ လိုလိုလားလား လုပ်တာ ကြားက ကွာခြားချက်ကို သူတို့ မြင်တယ်လေ။
“အခု စားပြီ။” အစေ့တွေကို ကြည့်ရင်း ပင်းယန် ပြောလိုက်တယ်။
“အင်း။ အခုစားလိုက်။ ပန်းလှလှလေး တွေကို ငါမြင်ချင်နေပြီ။” ချင်းရှန်းက ချက်ခြင်း ခေါင်းငြိမ့်တယ်။
ပင်းယန် တစ်ချက် ချောင်းဟန့်ပြီးနောက် အစေ့တွေကို မျိုချဖို့ ပြင်တယ်။
“တကယ်ကြီး စားရမှာလား။”
ပတ်ဝန်းကျင်က လူတွေအားလုံး မျက်လုံး ပြူးနေကြပြီ။
အစေ့တွေ နှုတ်ခမ်းနား ရောက်ချိန်မှာပဲ ပင်းယန် ရပ်တန့် လိုက်တယ်။
“နေအုန်း ငါတစ်ခု မေ့သွားလို့။” ပင်းယန် ပြောတယ်။
“ဘာဖြစ် ပြန်တာလဲ။” ချင်းရှန်း စိတ်မရှည်တော့ဘူး။
“မျက်နှာဖုံးကြီး စွပ်ထားပြီး ငါဘယ်လို စားရမှာလဲ။” ပင်းယန် မျက်နှာဖုံးကို လက်ညှိုးထိုးပြရင်း ခေါင်းခါတယ်။
“ချွတ်ပြီးစားလေ။” ချင်းရှန်း ပြောတယ်။
“မဖြစ်ဘူး။ မဖြစ်ဘူး။ ငါက သုခမိန် စစ်နတ် မုန့်ထျန်းကို လက်တစ်ဖက်က သယ်ထားသေးတယ်။ ငါ့ မျက်နှာဖုံးကို ဘယ်လိုများ ဖယ်ရမှာလဲ။ နင့်ငါ့ကို ကူညီပါ့လား။” ပင်းယန် ပြောတယ်။
“ကောင်းပြီလေ။” ချင်းရှန်းက ခေါင်းငြိမ့်လိုက်တယ်။
“ချင်းရှန်း သတိထား။ ထောင်ချောက် ဖြစ်နိုင်တယ်။” ချင်းရှန်း လက်ဆန့်တာကို မြင်ချိန်မှာ လင်းယွိက ပြောလိုက်တယ်။
ဒါပေမယ့် သူခန့်မှန်း ထားတဲ့ အတိုင်း ဘာမှ ဖြစ်မလာခဲ့ဘူး။
ပင်းယန်က ခုန်ရှောင် တိုက်ခိုက်တာမျိုး မလုပ်ခဲ့ဘူး။ ခေါင်းမော့ ရင်းနဲ့သာ ချင်းရှန်း မျက်နှာဖုံး ချွတ်ပေးတာကို စောင့်နေခဲ့တယ်။
အဲ့ဒီ့နောက် မျက်နှာဖုံးစွပ်က နေရောင်အောက်မှာ တောက်ပလာတယ်။
“အခုတော့ မင်း။” ချင်းရှန်းရဲ့အပြုံးက လမ်းတဝက်မှာ ပျောက်ကွယ် သွားတော့တယ်။
အပိုင်း (၉၆၁) ပြီး၏။
အပိုင်း (၉၆၂)
“ဦးလေးက သည်းခံနိုင်ပေမယ့်၊ ဒေါ်လေးကတော့ မရဘူး။”
…
ဖန်ကျန်းရှီကတော့ ဒီနေရာမှာ ဘယ်လောက်ကြာအောင် သူအိပ်နေမှန်း မသိတော့ဘူး။ တစ်ရက် နှစ်ရက်လဲ ဖြစ်နိုင်တယ်။ အသက်ရှူချိန် တစ်ခဏလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် မျက်လုံးတွေကို ပြန်ဖွင့် ချိန်မှာတော့ အနီရောင် ချော်ရည်ပူတွေနဲ့ ပြည့်နေတဲ့ လောကကြီး ထဲမှာပဲ သူရှိနေသေးတယ်။
ဒါပေမယ့် ခန္ဒာကိုယ်မှာ ပူလောင်တဲ့ ခံစားမှုကိုတော့ မခံစား ရတော့ဘူး။ ရေနွေးလိုမျိုး နွေးထွေးနေခဲ့တယ်။ ခန္ဒာကိုယ် တစ်ခုလုံးကို ရေနွေးနွေးထဲ စိမ်ထား လိုက်သလိုပဲ။ ခန္ဒာကိုယ် တစ်ခုလုံးက ပတ်ဝန်းကျင်နဲ့ ပြီးပြည့်စုံအောင် ပေါင်းစပ် သွားတယ်။ ဒါမှမဟုတ် သူထိန်းချုပ် နိုင်လိုက်ပြီ။
ပတ်ဝန်းကျင် ချော်ရည်ပူတွေကို သူထိန်းချုပ် နိုင်သွားပြီ။
“တကယ့်ကို သက်တောင့် သက်သာ ရှိတာပဲ။” ဖန်ကျန်းရှီ ပျင်းပျင်းရိရိနဲ့ အကျောဆန့်လိုက်ရင်း ချော်ရည်ပူထဲကနေ ခုန်ထွက်လာတယ်။ ပေါက်ကွဲသံကြီး တစ်ချက် မြည်ဟီးပြီးနောက် ချော်ရည်ပူတွေက မြေပြင်ပေါ်ကို မီးပွားတွေလို ဖြာကျတယ်။ တဆစ်ဆစ် မြည်သံတွေ ထွက်ပေါ်လာတယ်။
“တစ်ခေါက်တည်းနဲ့ နင် အောင်မြင် သွားတယ်ပေါ့။ ထိန်းချုပ်နိုင် သွားပြီပေါ့။” ဝတ်ရုံဖြူ အမျိုးသမီးက ဖန်ကျန်းရှီ ခုန်တက် လာတာကို ကြည့်ရင်း ပြောတယ်။ အမြဲတမ်း တည်ငြိမ်နေတဲ့ အမျိုးသမီးတောင် အခုချိန်မှာလ န့် နေခဲ့ပြီ။
ဖန်ကျန်းရှီကို ခေါင်းအစ ခြေအဆုံး သူမ သေချာ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ပေါ်မှာ တောက်ပတဲ့ ရွှေရောင် အလင်းတန်းတွေက လင်းထိန်နေတယ်။ ဒါ့အပြင် အရမ်းကို ရှုပ်ထွေးတဲ့ သင်္ကေတတွေလဲ ရှိနေသေးတယ်။ ဒါပေမယ့် အတိတ် အချိန်က သင်္ကေတတွေနဲ့ ယှဉ်လိုက်ရင်၊ အခုချိန်မှာ ပေါင်းစပ်မှုက ပိုပြီး ပြီးပြည့်စုံ သွားခဲ့ပြီ။
ဝူး။ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ကြီးမားတဲ့ ပြန်လည် မွေးဖွားမှု စက်ကွင်းကြီးက ဖန်ကျန်းရှီရဲက ခေါင်းထိပ်မှာ ပေါ်လာတော့တယ်။
ရွှေရောင် အလင်းတန်းက ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်ကို ပျံသန်းတယ်။ ပြန်လည် မွေးဖွားမှု စက်ကွင်းကြီးက သူ့ကို ဆင့်ခေါ် လိုက်တဲ့ အတိုင်း သွားရောက် ပေါင်းစည်းတယ်။
အနီ၊ အပြာ၊ အနက်၊ ငွေရောင်၊ အစိမ်း အရောင်ငါးရောင်နဲ့ တောက်ပနေတဲ့ ပြန်လည် မွေးဖွားမှု စက်ကွင်းကြီးကို ရွှေရောင် အလင်းတန်းတွေက ဖုံးအုပ်တယ်။
ပြန်လည် မွေးဖွားမှု ကောင်းကင် တာအို၊ အဇူရာ တာအို၊ ကောင်းကင် တာအို၊ ငရဲတာအို၊ သရဲတာအို၊ သေရှင် တာအို။
အားလုံးကို ကြည့်ရင်း ဖန်ကျန်းရှီ ပြုံးနေခဲ့တယ်။ ခန္ဒာကိုယ် အပြောင်းအလဲတွေကို သူခံစားမိ နေတယ်။ သူ့ခန္ဒာကိုယ် စိတ်အာရုံနယ်မြေ ထဲမှာ ရှိနေတဲ့ သမုဒ္ဒရာကြီးက ကျယ်ပြန့်လွန်းလို့ အဆုံးကိုတောင် မမြင်ရတော့ဘူး။ ဒါက အရေးကြီး ကိစ္စ မဟုတ်သေးဘူး။
အရေးကြီးတာကတောာ့ ပင်လယ်ပေါ်မှာ လွင့်မျောနေတဲ့ ငါးရောင်ခြယ် ပန်းပွင့်ကြီး မရှိတော့တာပဲ။ ရွှေရောင် သစ်သီးကြီး တစ်လုံးသာ ကျန်တော့တယ်။
“နတ်ဘုရား သစ်ပင်ရဲ့ သစ်သီး။”
ဒီသစ်သီးက လွဲပြီး သူ့မှာ ရှိသမျှ အရာအားလုံးက ခေါင်းပေါ်မှာ လည်နေတဲ့ ပြန်လည် မွေးဖွားမှု စက်ကွင်းထဲကို ဝင်ရောက်သွားတယ်။
အားလုံးကို အပြည့်အ၀ ထိန်းချုပ်ပြီး ပြီးပြည့်စုံတဲ့ ပေါင်းစည်းမှု အဆင့် ရောက်လုနီးပါး ဖြစ်နေခဲ့ပြီ။
“ယို့။” ဖန်ကျန်းရှီ စိတ်လှုပ်ရှားမှု အပြည့်နဲ့ အော်ဟစ်တယ်။ သူ့နောက်ကျောမှာ ကြီးမားတဲ့ မဟူရာရောင် တောင်ပံ တစ်စုံ ပေါ်လာတယ်။
မရေမတွက်နိုင်တဲ့ ရွှေရောင် အလင်းတန်းတွေက အတောင်ပံပေါ်မှာ ဖြတ်ပြေးနေတယ်။ မျက်စိကျိန်း မတတ် ရွှေရောင် အလင်းတန်းတွေက ဆက်တိုက် စီးထွက်လာနေတယ်။ ဖန်ကျန်းရှီရဲ့ လက်မောင်းမှာ ကြွက်သားတွေက အပြိုင်းပြိုင်း ပေါ်လာပြီးနောက် သွေးကြော တစ်ခုချင်းစီတိုင်းက ရွှေလို တောက်ပ နေတော့တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံးက မဟူရာ ရွှေတောင်ပံတွေနဲ့ တသားတည်း ဖြစ်သွား သလိုပဲ။
ဒါက ပြီးပြည့်စုံတဲ့ ထိန်းချုပ်မှုပဲ။ ပြီးပြည့်စုံ လွန်းလို့ ဖန်ကျန်းရှီတောင် သူ့ခံစားချက်တွေ သွေးကြောထဲမှာ စီးဆင်း နေတာကို ခံစား နေရတယ်။ ဒါပေမယ့် သူဘာမှ ဆက်မလုပ်နိုင်ခင် အချိန်မှာပဲ သူ့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်း တစ်စုံကို မြင်လိုက် ရတော့တယ်။
“ဒါက။” ဖန်ကျန်းရှီ စကားပြောဖို့ ပြင်ချိန်မှာပဲ သူ့ကို စိုက်ကြည့်နေတဲ့ အကြည့်က ထူးဆန်းနေတာကို သတိထား မိတော့တယ်။
သူ့အဝတ်အစားတွေ မရှိတော့ဘူး။ ဘာလို့လဲ။ ဘာဖြစ် သွားတာလဲ။ နေစမ်းပါအုန်း။ ငလူး။
“နင် တစ်ခေါက်တည်းနဲ့ အောင်မြင်မယ်လို့ မထင်ထား ခဲ့မိဘူး။” ဝတ်ရုံဖြူ အမျိုးသမီးက ဖန်ကျန်းရှီကို စိုက်ကြည့် နေချိန်မှာပဲ ဖန်ကျန်းရှီ သတိ ထားမိ သွားတာကို သူမ နားလည် သွားတယ်။
“ငါ့ အဝတ်အစားတွေ ဘယ်မှာလဲ။”
“သစ်ရွက် တစ်ရွက် ရှာလိုက်။ ဒါမှမဟုတ် လက်ကို သုံးပြီး ဖုံးထားလိုက်လေ။”
“..”
“ငါနင့်ကို ဘာမှ ကူညီ ပေးနိုင်တာ မရှိတော့ဘူး။ နောက်တစ်ခေါက် ပြန်တွေ့ရင် အဝတ်အစားတွေ ဝတ်လာဖို့ မမေ့နဲ့။” ပြောပြီးတဲ့နောက် ဝတ်ရုံဖြူ အမျိုးသမီးက သူမ လာရင်း နေရာကို ပြန်သွားတော့တယ်။
“နောက်တစ်ခေါက် တွေ့ရင် အဝတ်အစား ဝတ်လာဖို့ မမေ့နဲ့ ဆိုတာ ဘာကို ပြောချင်တာလဲ။ ငါခုနက အဝတ်အစား ဝတ်ထားတာပဲ မဟုတ်လား။” ဖန်ကျန်းရှီ ကျိန်ဆဲ လိုက်ချင်တယ်။ သူ့အဝတ်အစားတွေက ချော်ရည်ထဲ အရည်ပျော် သွားတာလေ။
ဒါကို ဘာမှ ဝတ်မထားဘူးလို့ ဘာကြောင့်များ ထင်ရတာလဲ။ ဒါက စွပ်စွဲတာပဲ။ ဒါ့အပြင် အမျိုးသမီး တစ်ယောက် ပြောတာကို ခံလိုက်ရတယ်။
မဟုတ်ဘူး။ မိစ္ဆာမကြီး ပြောသွားတာပဲ။
“နေစမ်းပါအုန်း။ ငါ့စိတ်အာရုံ နယ်မြေထဲမှာ သစ်သီးကြီး ရှိနေသေးတယ်။” ဖန်ကျန်းရှီ ဝတ်ရုံဖြူ အမျိုးသမီးကို လှမ်းမေးဖို့ လုပ်တယ်။
“ငါသိတယ်။” ဝတ်ရုံဖြူ အမျိုးသမီးက မရပ်တန့် ခဲ့ဘူး။ သူမ ချက်ခြင်း ဆိုသလို ပျောက်ကွယ် သွားတော့တယ်။
“မင်းသိတယ်။ အဲ့ဒီ့တော့ ဘာဖြစ်လဲ။” ဖန်ကျန်းရှှီ ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။ ချော်ရည်ပူတွေကို ကြည့်ရင်း သူ ဘာမှ မပြောနိုင် ဖြစ်နေတယ်။ မင်းသိပေမယ့် ဘာဖြစ်လို့ မရှင်းပြတာလဲ။
လောကကြီးမှာ ဘာတွေ ဖြစ်နေတာလဲ။
…
ပင်းယန်က အပေါ်ကို ကြည့်နေဆဲပဲ။ ခုခံဖို့ စိတ်ကူး ရှိပုံ မပေါ်ဘူး။
ဒါပေမယ့် အခုချိန် ချင်းရှန်းရဲ့ ခံစားချက်ကို ဘယ်သူမှ မဖော်ပြ နိုင်ခဲ့ဘူး။ သူက တစ်ယောက်ယောက်ကို ကျိန်ဆဲ ချင်နေ သလိုပဲ။
ပင်းယန်ရဲ့ မျက်နှာဖုံးကို ချွတ်ပြီး ချိန်မှာပဲ သူလန့် သွားခဲ့ရပြန်တယ်။ မျက်နှာဖုံး အောက်မှာ နောက်ထပ် မျက်နှာဖုံး တစ်ခု ရှိနေသေးတယ်။
နတ်ဘုရား စာလုံး ပါတဲ့ မျက်နှာဖုံး စွပ် တစ်ခုပဲ။ တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။
ချင်းရှန်းရဲ့ မျက်နှာက အတော့်ကို အကျည်းတန် နေခဲ့ပြီ။ ဒါပေမယ့် နောက်ထပ် မျက်နှာဖုံးကို သူချွတ်လိုက်တယ်။ အဲ့ဒီ့နောက် တတိယမြောက် မျက်နှာဖုံးကို တွေ့ရပြန်တယ်။
“မင်း။” ချင်းရှန်း ကျိန်ဆဲ ချင်လာပေမယ့်၊ သူ့လက်တွေကတော့ မရပ်တန့် နိုင်ခဲ့ဘူး။ ဒါက မသိစိတ်ရဲ့ ထိန်းချုပ် လှုပ်ရှားမှုပဲ။
အမျိုးသမီး တစ်ယောက် မခုခံပဲ ငြိမ်ငြိမ် သက်သက် ရှိနေတဲ့ အချိန် သူ့ အဝတ်အစားတွေကို တစ်လွှာပြီး တစ်လွှာ ချွတ်နေ ရတာနဲ့ ခံစားချက် တူညီတယ်။ တစ်လွှာပြီး တစ်လွှာကို ချွတ်ရပေမယ့် မရပ်တန့် နိုင်ခဲ့ဘူး။
ချင်းရှန်း တကယ်ပဲ အခုလို ခံစား ရနေတယ်။ သတိတရားက တဖြည်းဖြည်း လျော့ရဲ လာပြီး သိလိုစိတ်သာ ရှိတော့တယ်။
အနည်းဆုံးတော့ အခု အချိန် ချင်းရှန်း စိတ်ထဲမှာ အတွေး တစ်ခုသာ ရှိတယ်။ ပင်းယန်ရဲ့ မျက်နှာဖုံး အကုန်လုံး ကျွတ်သွားရင် သူ့မျက်နှာက ဘယ်လို ပုံစံ ဖြစ်လိမ့်မလဲ။
အခုချိန်မှာ အရာ အားလုံးထက် ဒါက ပိုပြီးတော့ အရေးကြီးနေခဲ့တယ်။
ချင်းရှန်း နောက်မျက်နှာဖုံး တစ်ခုကို ချွတ်ဖို့ ပြင်ချိန်မှာပဲ ပင်းယန်ရဲ့ မျက်နှာက ရုတ်တရက် အောက်ကို ငုံ့ သွားတော့တယ်။
“ဟမ်။” ပင်းယန်ရဲ့ မျက်နှာကို လက်နဲ့ ဆွဲမော့မလို့ ဟန်ပြင်လိုက်တယ်။ ရုတ်တရက် တစ်ခုခု လွဲနေတာကို သူသတိ ထားမိတယ်။
ဆုတ်ခွာတော့။
ချင်းရှန်း စိတ်ထဲမှာ ဒီအတွေး ပထမဆုံး ဝင်လာတယ်။
ဒါပေမယ့် သူမလုပ် ခဲ့ဘူး။ ပင်းယန်က အရမ်းကို အားနည်း လွန်းတယ်လေ။ သူမရဲ့ စွမ်းအားနဲ့ လုပ်ရပ်တွေကို အခြေခံပြီး ပင်းယန်က အသုံးမဝင်တဲ့ လူပျော့လို့ ချင်းရှန်း ထင်နေခဲ့တယ်။
ဒီလို လူမျိုးနဲ့ ရင်ဆိုင် ရချိန်မှာ သူဘာကြောင့်များ နော်ကဆုတ် ရမှာလဲ။
တစ်ခုခု လွဲနေတာကို ခံစား ရပေမယ့်၊ ဆုတ်ခွာမယ့် အစား တိုက်ခိုက်ဖို့ကို သူရွေးချယ်တယ်။
“လှဲချလိုက်။” ချင်းရှန်းက အမိန့် ပေးပြီးနောက် လက်နှစ်ဖက်ကို ပူးကပ်လိုက်တယ်။ လက်တစ်ဖက်ကို ပင်းယန်ရဲ့ အောက်ဘက် နေရာဆီ ရိုက်ချဖို့ သူပြင်တယ်။
သူ့ ပြိုင်ဘက်က လေထဲမှာ ယင်ကောင်လို ပျံသွားမယ်လို့ သူအပြည့်အ၀ ယုံကြည် ထားတယ်။
ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ ပျံသန်းမယ့် အစား အင်အားကြီးတဲ့ စွမ်းအား တစ်ခုက သူ့ကို နောက်ပြန် လွင့်ထွက် သွားအောင် တွန်းထုတ်လိုက်တယ်။
ဘာဖြစ် သွားတာလဲ။ ရလဒ်ကြောင့် ချင်းရှန်း လန့်သွားတယ်။ သူ့နောက်ကျောကို မိုးကြိုး ပြစ်သွား သလိုပဲ။ ပင်းယန် ပြောခဲ့တာကို သူမှတ်မိတယ်လေ။
ငါက သုခမိန် စစ်နတ် မုန့်ထျန်းကို လက်တစ်ဖက်မှာ ချီထားရတယ်။ နောက်လက် တစ်ဖက်က အစေ့တွေကို ကိုင်ထားရတယ်။ မျက်နှာပေါ်က မျက်နှာဖုံးကို ဖယ်ဖို့ ဘယ်လက်က အားမှာလဲ။”
သူ့မှာ တတိယ လက်တော့ မရှိဘူး မဟုတ်လား။
သူ့ကို လာတိုက်ခိုက်တဲ့ လက်က ဘယ်ကနေ ထွက်လာတာလဲ။
ချင်းရှန်း အောက်ကို ကြည့်လိုက် မိတယ်။ သူ့မျက်နှာ တစ်ခုလုံး ဖြူဖျော့ပြီး အပြုံးလဲ ပျောက်ကွယ် သွားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့ အောက်အရပ်မှာ သူ့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်း တစ်စုံ ရှိနေတယ်။ မျက်တောင်တောင် ခတ်ပြ နေသေးတယ်။
ဒီမျက်ဝန်းတွေက (မင်္ဂလာပါ)လို့ နှုတ်ဆက် နေလို့ပဲ။
တကယ့် နှုတ်ဆက် စကားကိုလဲ သူနားထဲမှာ ကြားလိုက်ရတယ်။ အတော်လေးကို ရိုင်းတဲ့ စကားနဲ့ နှုတ်ဆက်တာပဲ။
“မင်္ဂလာပါ။ အပေါစား မိစ္ဆာ။”
…
ဖန်ကျန်းရှီ အတော်လေး နေလို့ ထိုင်လို့ ကောင်းနေခဲ့တယ်။ သူ့ခန္ဒာကိုယ်ထဲမှာ ထောင်ချီတဲ့ တာအိုတွေက ငါးရောင်ခြယ် ပန်းပွင့်ကြီးနဲ့ ပေါင်းစည်း သွားခဲ့ပြီ။
ဝတ်ရုံဖြူ အမျိုးသမီးက သူ့ကို အဖြေ ပြော မသွားပေမယ့်၊ စွမ်းအားတွေ မြန်မြန် တိုးတက် လာတာကြောင့် သူအရမ်းကို စိတ်လှုပ်ရှား နေမိတယ်။
သူမျက်စိ ဖွင့်ဖွင့်ချင်း အပေါစား မိစ္ဆာ တစ်ကောင်ကို မြင်လိုက်ရတယ်။ အထူး သဖြင့် သူ့မျက်နှာကို ရိုက်ချဖို့ ပြင်နေချိန်မှာ စိတ်တော့ နည်းနည်း ရှုပ်သွား ခဲ့တယ်။
ဦးလေးက သည်းခံ နိုင်ပေမယ့်၊ ဒေါ်လေးကတော့ သည်းမခံနိုင်ဘူး။
ဖန်ကျန်းရှီ သူ့လက်ကို မြှောက်လိုက်ပြီး အပေါစား မိစ္ဆာရဲ့ လက်ဝါးကို ပြန်ရိုက်ထုတ် လိုက်တယ်။ မိစ္ဆာလဲ လွင့်ထွက် သွားတယ်။
ဒါပေမယ့် ဖန်ကျန်းရှီကို အံ့သြ သွားစေတာကတော့ သူ့ခန္ဒာကိုယ်ကို ပင်းယန်က ပြစ်ချ လိုက်တာပဲ။ အဲ့ဒီ့နောက် အဖြူရောင် အမှုန့်တွေ ပင်းယန် လက်ထဲက ထွက်လာတာကို မြင်လိုက်ရတယ်။
အဲ့တာ သံပရာမှုန့်တွေပဲ။
“အား။” ချင်းရှန်းက သံပရာ မှုန့်တွေကို မြင်ချိန်မှာ အသိဝင် လာတော့တယ်။ သူနောက်ဆုတ် ချင်ပေမယ့် နောက်ကျ လွန်း သွားခဲ့ပြီ။
သံပရာ မှုန့်တွေက သူ့မျက်နှာကို လာထိပြီး လောင်ကျွမ်းတော့တယ်။
ရလဒ်ကတော့ ပင်းယန်ကို သေချာပေါက် ပျော်ရွှင်စေတယ်။ ဒီလှုပ်ရှားမှုက အခြေအနေကို ပြောင်းလဲ သွားစေ နိုင်ခဲ့တယ်လေ။
ဒါပေမယ့် ချင်းရှန်းရဲ့ လက်ဝါးချက်က သူမ ခန္ဒာကိုယ်ကို ဘာကြောင့် မထိမှန်း နားမလည် နိုင်ခဲ့ဘူး။
ချင်းရှန်း သူမကို ရိုက်တော့မှာ သိသိချင်း ဖန်ကျန်းရှီကို ပြစ်ချဖို့ ပင်းယန် ဆုံးဖြတ်ခဲ့တယ်။
သူမ ခန္ဒာကိုယ်ကို သုံးပြီး ဒီရိုက်ချက်ကို ကာကွယ်မယ်။
ဒါက ပင်းယန်ရဲ့ တိုက်ခိုက်နည်းပဲ။ အရိုက်ခံရပြီး ရန်သူကို မျက်လုံးကန်းအောင် လုပ်နိုင်ရင်တောင် တန်ပါတယ်။ ပင်းယန်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လို့လဲ ပြောလို့ ရတယ်။
ပင်းနယ် အောင်မြင် သွားပြီးနောက် မြေပြင်ပေါ်ကို ကြည့်လိုက် ချိန်မှာတော့ မည်းမှောင်နေတဲ့ မျက်ဝန်း တစ်စုံကို မြင်လိုက် ရတော့တယ်။ ရင်းနှီးတဲ့ အသံကိုလဲ ကြားလိုက်ရတယ်။
“အပေါစား မိစ္ဆာ။”
“..”
အားလုံးက ဖြစ်ပျက်တာ မြန်လွန်းလို့ အသေးစိတ် ရှင်းပြဖို့ရာ ခက်ခဲတယ်။ ဒါပေမယ့် တွေးကြည့်ရတော့ နားလည် နိုင်ပါတယ်။
ပင်းယန်က ချင်းရှန်းကို လှည့်စားပြီး သိလိုစိတ်ကို မြင့်တက်စေရင်း သံပရာမှုန့်တွေနဲ့ မျက်လုံး အမြင်ကွယ်အောင် လုပ်လိုက်တယ်။
ဒီအချိန်မှာပဲ ဖန်ကျန်းရှီက နိုးလာပြီး ချင်းရှန်းရဲ့ ရိုက်ချက်ကို တားဆီးလိုက်တယ်။ အချိန်ကိုက်ပဲ ပင်းယန်က ဖန်ကျန်းရှီကို ပြစ်ချတယ်။
ဒါက တိုက်ဆိုင်မှုပဲ။
ရလဒ်ကတော့ ကောင်းမွန်တယ်။
ချင်းရှန်းလဲ အခုချိန်မှာ မမြင်ရတော့ဘူး။ ပင်းယန်လဲ သေဘေးက လွတ်သွားပြီ။ ဖန်ကျန်းရှီကတော့ ဘာရလဒ်မှ မရဘူး။
မြေပြင်ပေါ် ပြစ်ချ ခံရတာ မနာပေမယ့်၊ ခံစားလို့ မကောင်းဘူးလေ။
“ငါ့ကို ပြစ်ချရတာ တော်တော် သဘောကျနေလား။” ဖန်ကျန်းရှီ ဖုန်ခါရင်း ပင်းယန်ကို လှမ်းပြောတယ်။
ပင်းယန်ကတော့ မယုံနိုင်မှု အပြည့်နဲ့သာ သူ့ကို ကြည့်နေတယ်။ ဖန်ကျန်းရှီ နိုးလာမယ်လို့ သူမ ထင်တောင် မထင်ထားဘူး။
သူအဆိပ်မိပြီး မေ့မျော နေတာ မဟုတ်လား။
သရုပ်ဆောင် နေတာလား။
တခြားသူ တွေသာ ဖြစ်ရင်တော့ ပင်းယန် တွေးမိမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီကတော့ ချွင်းချက်။ အခုချိန်မှာ မေးခွန်းတွေက အရေး ကြီးတော့ဘူး။
ချင်းရှန်းက ရူးတော့မလို ဖြစ်နေပြီလေ။ တကယ်ကြီး ရူးနေပြီ။
“အား။ အပေါစား အောက်စား လူသားတွေ။ အားလုံးကို မြေသြဇာ ဖြစ်အောင် လုပ်ပြစ်မယ်။” ချင်းရှန်း ဟိန်းဟောက် လိုက်ချိန် မှာတော့ ခန္ဒာကိုယ် ထဲကနေ အင်အားတွေ ထိုးထွက် လာတော့တယ်။ လူသားတွေ အားလုံး၊ နတ်သခင်တွေ အားလုံးနဲ့ ယွင်ချင်းဝူ အပါအဝင် သက်ရှိ အားလုံးကို ကြီးမားတဲ့ အလင်းလွှာကြီး တစ်ခုက ဖုံးအုပ်သွားတယ်။
ဝုန်း။
မြေပြင်တွေ တုန်ခါလာတယ်။
ညှိုးနွမ်းနေတဲ့ ပန်းနဲ့ မြက်ပင်တွေ အားလုံး ရုတ်တရက် အသက်ဝင်ပြီး ဖူးပွင့်တယ်။
ဖန်ကျန်းရှီလဲ လန့်နေခဲ့တယ်။ ချင်းရှန်းရဲ့ အရူးလို အမူအယာကို ကြည့်နေရင်း ဖန်ကျန်းရှီက ပင်းယန် အနားကို လျှောက်လာပြီး မေးတယ်။
“အဲ့ဒီ့ အပေါစား မိစ္ဆာက ဘယ်သူလဲ။”
အပိုင်း (၉၆၂) ပြီး၏။
အပိုင်း (၉၆၃)
“ဒါ ဒီဥစ္စာက အဆိပ်ပဲ။”
“…” ပင်းယန်က ဖန်ကျန်းရှီကို ပြန်ဖြေဖို့ အချိန် မရှိခဲ့ဘူး။
တကယ်တော့ ပင်းယန်တင် မကဘူး။ ပတ်ဝန်းကျင်က လူတွေ အားလုံး၊ နတ်သခင် တစ်ချို့နဲ့ ယွင်ချင်းဝူတောင် ဖန်ကျန်းရှီကို အခုချိန်မှာ ပြန်မဖြေ နိုင်ခဲ့ဘူး။
အခုချိန်မှာ ဖန်ကျန်းရှီက အရေးမကြီးဘူးလေ။
ချင်းရှန်းက လုံးဝကို ရူးသွပ်သွားပြီ။ ပန်းပင်တွေ မြက်ပင်တွေက ဘယ်သူ့ကိုမှ မညှာတာ မထောက်ထားတော့ဘူး။
ပန်းတွေ အားလုံးက အရမ်းကို ကြီးမားလာတယ်။ ပတ်ဝန်းကျင်က သက်ရှိ အားလုံးကို အသားစား သတ္တဝါတွေလို တိုက်ခိုက်တော့တယ်။
“ချင်းရှန်း ရပ်လိုက်တော့။” လင်းယွိက ယွင်ချင်းဝူကို တိုက်ခိုက်လာတဲ့ ပန်းပွင့်ကြီး တစ်ပွင့်ကို ဒေါသတကြီးနဲ့ တားဆီးရင်း လှမ်းအော်တော့တယ်။
သူက အရှင် သခင်ငယ် ယွင်ချင်းဝူကို တိုက်ခိုက်နေပြီ။
ချင်းရှန်းလို ရူးနေတဲ့ ကောင်တစ်ကောင်သာ ဒါမျိုးကို လုပ်နိုင်တယ်။
“မုန့်ထျန်း” နိုးလာပြီလား။ ဒါက ဘာများ အရေးကြီးလို့လဲ။ အပေါ်ယံမှာတော့ အရေးမကြီးတာ ဖြစ်နိုင်တယ်။
ဒါပေမယ့် လင်းယွိ စိတ်ထဲမှာတော့ နတ်သခင် အဆင့် ပညာရှင် ခြောက်ယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်တဲ့ သုခမိန် စစ်နတ် မုန့်ထျန်းက ဘယ်လိုများ မထင်မရှားလေး ဖြစ်မှာလဲ။
ချင်းရှန်းသာ အရူးလို လုပ်မနေရင်၊ သူတို့တွေ တိုက်ပွဲကို သေချာပေါက် အနိုင်ယူ နိုင်တယ်။
လင်းယွိနဲ့ တခြား နတ်သခင် အဆင့် ပညာရှင် လေးယောက်ရဲ့ စိတ်ထဲမှာ ဒီအတွေးက ဆက်တိုက် ဝင်ရောက် လာနေတယ်။ ဒါပေမယ့် ချင်းရှန်းကတော့ သူတို့တွေကို ဂရုမစိုက်ခဲ့ဘူး။
လင်းယွိရဲ့ စကားကလဲ ချင်းရှန်း နားထဲကို မဝင်ဘူး။
ချင်းရှန်းကို ပိုပြီးတော့တောင် ဒေါသ ထွက်လာစေတယ်။ သူ့မျက်နှာက ချက်ခြင်း ဆိုသလို ရှုံ့တွသွားတယ်။ ပန်းပွင့်တွေက လူသား မဟာမိတ် တပည့်သားတွေကို ဝါးမျိုတယ်။ သူ့သွားတွေက ထူးထူးဆန်းဆန်း ကြောက်စရာ ကောင်းလောက်အောင် တောက်ပနေတယ်။
ရှေးခေတ်က ရက်စက်တယ်။ အဲ့ဒီ့ ခေတ်မှာ သွေးသောက်တာ အသားစားတာတွေက ပုံမှန်ပဲ။ ထူးဆန်းတဲ့ ဖြစ်တည်မှုတွေ သတ္တဝါတွေလဲ မွေးဖွား လာခဲ့တယ်။
ချင်းရှန်းက သူတို့ထဲက တစ်ယောက်ပဲ။ ယွင်ချင်းဝူကို သူလေးစားတယ်။ ဒါပေမယ့် သူထိခိုက် လာတာနဲ့ စိတ်လွတ်သွား နိုင်တယ်။ ယွင်ချင်းဝူကိုလဲ အာရုံမစိုက် နိုင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ရက်စက်တဲ့ ကာလကြီးမှာ မွေးဖွားလာတဲ့ မိစ္ဆာတွေ အားလုံးယုံကြည် ကြတာ တစ်ခုပဲ ရှိတယ်။ (အင်အား အကြီးဆုံးသူက အားလုံးကို အုပ်ချုပ်တယ်။)
အင်အား မကြီးလို့ ရတယ်။ ဒါပေမယ့် အလွယ်တကူ အသတ် ခံရအောင် အားနည်း မနေသင့်ဘူး။ ဒါက သေခြင်းနဲ့ ရှင်ခြင်းကြားက သင်ခန်းစာပဲ။
နောက်ဆုံးတော့လဲ အာဏာ စွမ်းအားကို ရဖို့ အတွက် အစေခံတွေ သူ့သခင်တွေကို သတ်တာက ကိစ္စ တစ်ခုပဲ။ အင်အားကြီးတဲ့ သူတွေကို လူတွေက လေးစားကြတယ်။ ချင်းရှန်းက ရူးသွပ် သွားခဲ့ပြီ။ သူ့စိတ်ထဲမှာ သတ်နိုင်သလောက် အကုန် သတ်ဖို့ကိုသာ တွေးနေခဲ့တယ်။ သူအော်လိုက် သလိုပဲ အားလုံးကို ပန်းတွေရဲ့ မြေသြဇာ အဖြစ် သူ ပြောင်းလဲ ချင်တယ်။
ချင်းရှန်း စိတ်လွတ် သွားချိန်မှာပဲ လူတစ်ယောက်က သူ့ရှေ့မှာ ပေါ်လာတယ်။ အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ သူရောက်လာတယ်။ မြေလျှိုးလာသလိုပဲ။ ဒီမြင်ကွင်းက ချင်းရှန်းကို မျက်လုံး ပြူးသွားစေတယ်။ အဲ့ဒီ့နောက် လေထဲမှာ ခပ်မြင့်မြင့် မြှောက်ထားတဲ့ လက်တစ်ဖက်ကို သူမြင်လိုက်ရတယ်။
သူ့ဘေးပတ်လည်က လေလှိုင်းတွေ အားလုံး ပြိုကွဲပြီး ဖုန်အဖြစ်ကို ပြောင်းတယ်။ လက်က သူ့မျက်နှာပေါ်ကို တန်းတန်းမတ်မတ် ရောက်လာတော့တယ်။
ဘန်း။ ကျယ်လောင်တဲ့ ရိုက်သံကြီးကို ကြားလိုက်ရတယ်။
“..”
ချင်းရှန်းကေတာ့ ပါးစပ် အဟောင်းသားနဲ့ ဖြစ်နေခဲ့ပြီ။ သူ့ရဲ့ မျက်နှာပေါ်မှာ သိသာ ထင်ရှားတဲ့ လက်ဝါးရာ တစ်ခု ရှိနေခဲ့တယ်။ ရူးသွပ်မှုက အခုချိန်မှာတော့ ပျောက်ကွယ် သွားခဲ့ပြီ။
ချင်းရှန်းတင် မကဘူး။ ပန်းတွေပါ ရပ်တန့်သွားကြတယ်။ ဒီရိုက်ချက် တစ်ချက်က အရမ်းကို ကျယ်လောင်လွန်းတယ်။ ဒါပေမယ့် ဒါက အရေးကြီးလို့လား။
လူသား မျိုးနွယ် တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေ ကြတယ်။ ထိတ်လန့်မှုက မျက်နှာမှာ အထင်းသား။ ဘယ်လို စကားလုံးနဲ့မှ ရှင်းပြစရာ မလိုခဲ့ဘူး။
လင်းယွီ အပါအဝင် တခြား နတ်သခင် အဆင့် ပညာရှင်တွေ အားလုံး နေရာမှာတင် မျက်လုံးပြူးကြီးနဲ့ ရပ်နေကြတယ်။
ချင်းရှန်းကို မုန့်ထျန်းက ရိုက်လိုက်တာလား။
သူတို့ အတွက်တော့ ချင်းရှန်းက အထူးအဆန်းကောင် ဖြစ်ရုံတင် မကဘူး။ ချင်းရှန်းရဲ့ စွမ်းအားကိုလဲ သူတို့ ကြောက်ကြတယ်။
နတ်သခင် အထွတ်အထိပ် အဆင့်။ သူက ဆင်းသက်လာတဲ့ နတ်သခင်တွေထဲမှာ အင်အား အကြီးဆုံး နတ်သခင် တစ်ယောက်ပဲ။
အပ်ကျသံ မကြားရလောက်တောင် တိတ်ဆိတ် သွားပြန်တယ်။ အချိန်တွေ ရပ်တန့်ပြီး လေထု တစ်ခုလုံး အေးခဲ သွားသလို ပင်းယန်ပါ မျက်လုံးပြူးကြီးနဲ့ ရှိနေခဲ့တယ်။
“ဒီ အရှက်မရှိတဲ့ ကောင်စုတ်က နောက်ထပ် အင်အား ကြီးလာပြန်ပြီလား။” ဖန်ကျန်းရှီက ချိုးချီကို အနိုင်ယူဖို့ အထိ အင်အား မကြီးမှန်း ပင်းယန် ကောင်းကောင်း သိခဲ့တယ်လေ။
ဒါပေမယ့် နိုးလာ ပြီးတဲ့နောက် ဖန်ကျန်းရှီက ချင်းရှန်းကိုတောင် ပါးရိုက် နိုင်နေပြီ။
“အပေါစား မိစ္ဆာ။ ငါမင်းကို မေးနေတယ်။ မင်းက ဘယ်သူလဲ။” ဖန်ကျန်းရှီကတော့ ပတ်ဝန်းကျင်ကို သတိ ထားမိပုံ မပေါ်ဘူး။ သူပြောရင်း ပတ်ဝန်းကျင်က ပန်းတွေကို ကန်ထုတ်တော့တယ်။
ဝုန်း။
ဝုန်း။
သူ့ဆီကို ပျံဝဲလာနေတဲ့ ပန်းပွင့်ကြီးတွေ ချက်ခြင်း ညှိုးနွမ်းပြီး အပိုင်းပိုင်း ဖြစ်ကုန်တယ်။ အရွယ်အစား ကြီးမား နေပင်မယ့်၊ အသက်တော့ မရှိတော့ဘူး။
“..”
ဆွံ့အ ကုန်တယ်။ တစ်ခါတလေမှာ ဆွံ့အတယ် ဆိုတဲ့ အဓိပ္မာယ်က စကားပြောဖို့ မသိတော့တာ မဟုတ်ဘူး။ ဘာမှကို မပြောနိုင်တော့လို့ပဲ။
“အရမ်း အင်အား ကြီးလိုက်တာ။”
“အဲ့တာ သုခမိန် စစ်နတ် မုန့်ထျန်းလား။”
“သူက ဘာဖြစ်လို့ ဒီလောက်တောင် အင်အား ကြီးနေ ရတာလဲ။”
လူသား မဟာမိတ် အဖွဲ့ တပည့်သားတွေ၊ သုခမိန်တွေနဲ့ မျိုးနွယ် ခေါင်းဆောင်တွေ အားလုံး ဖန်ကျန်းရှီရဲ့ စွမ်းအားကြောင့် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။
သူတို့ အပြင် နတ်သခင် အဆင့် ပညာရှင်တွေလဲ မျက်လုံး ပြူးနေကြတယ်။
နောက်ဆုံးတော့လဲ သူတို့တွေက သူတို့ကိုယ် သူတို့ လောကကြီးမှာ လေးစားခံ နတ်ဘုရားလို လူတွေလို့ တွေးထား ခဲ့တယ်လေ။ အခုချိန်မှာ ဒီစိတ်ကူးက ပြောင်းလဲ သွားခဲ့ပြီ။
အရင်တည်းက သူတို့ အထင်သေး ခဲ့တဲ့ သုခမိန် စစ်နတ် မုန့်ထျန်းက သူတို့ကို အရှင်းဆုံး ပြလိုက်ပြီ။
ရှေးဟောင်း နတ်သခင် အဆင့် ပညာရှင်တွေတင် သူတို့ကိုယ် သူတို့ နတ်သခင်လို့ ခေါ်နိုင်တာ မဟုတ်ဘူး။
“မွန်း ဝွန်း။” ဒီအချိန်မှာပဲ ပန်းကြီး တစ်ပွင့် ထဲကနေ ညည်းညူသံ ထွက်ပေါ် လာပြီးနောက် ပန်းပွင့်ကြီး ကွဲထွက်သွားတယ်။
ဝတ်ရုံနက်ကို ဝတ်ထားတဲ့ မော့ရှန်းရှီ ပြုတ်ကျ လာတော့တယ်။ သူ့မျက်နှာက အတော့်ကို ဖူးယောင်နေတယ်။
“တောင်ကြား ခေါင်းဆောင်မော့။”
“တောင်ကြား ခေါင်းဆောင် ထွက်လာပြီလား။”
“မြန်မြန် ခေါင်းဆောင်မော့ကို ကယ်ကြ။”
လူသား မျိုးနွယ် တပည့်သားတွေ ချက်ခြင်း သတိ ဝင်လာကြတယ်။ ချင်းရှန်းကို မုန့်ထျန်းက ရိုက်လိုက်ပြီးနောက် မော့ရှန်းရှီလဲ ပန်းတွေရဲ့ အချုပ်အနှောင်ကနေ လွတ်လာ နိုင်ခဲ့တယ်။
ဒါပေမယ့် မော့ရှန်းရှီက ဘာကြောင့်များ ဒီလောက်တောင် ပိန်ပါး သွားတာလဲ။
“အဟွတ် ဟွတ် ဟွတ်။” မော့ရှန်းရှီကတော့ သူ့ရုပ်သွင် ပြောင်းလဲ သွားတာကို သတိ မထားမိခဲ့ဘူး။ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ လဲလျောင်းရင်း သွေးတွေ အန်နေခဲ့တယ်။
“တောင်ကြား သခင်မော့ အဆင်ပြေရဲ့လား။”
တပည့်သားတွေ ချက်ခြင်း ဆိုသလို မော့ရှန်းရှီကို ကူညီဖို့ လာကြတယ်။ မော့ရှန်းရှီနဲ့ ထိတွေ့ မိချိန်မှာပဲ သူတို့တွေ လေထဲကို လွင့်ထွက် ကုန်တော့တယ်။
“ငါ့ ငါ့ကို မထိနဲ့။ ပန်းပွင့် ဝတ်မှုန်တွေက ထူးဆန်းတယ်။” မော့ရှန်းရှီက တပည့်သားတွေကို တွန်းထုတ် ပြစ်ရင်း ပြောတယ်။
“ထူးဆန်းတယ်။” တပည့်သားတွေ ဘေးနားက ပန်းပွင့်တွေကို အထိတ်တလန့် ကြည့်မိ ကြတော့တယ်။
ဒီအချိန်မှာပဲ ကြောက်စရာ ကောင်းတဲ့ အဖြစ် တစ်ခု ဖြစ်လာတယ်။
ခြောက်ကပ်နေတဲ့ ခန္ဒာကိုယ်တွေနဲ့ အရိုးတွေကို ပန်းပွင့်တွေထဲမှာ မြင်လိုက် ရလို့ပဲ။ ဖြူဖွေးနေတဲ့ အရိုးတွေ မြေပြင်ပေါ်ကို ပြုတ်ကျ လာတဲ့ မြင်ကွင်းက တပည့်သားတွေကို တုန်ယင်စေတယ်။
ဖန်ကျန်းရှီလဲ ဖြစ်နေတာတွေကို သတိ ထားမိသွားတယ်။ ပိန်ခြောက်နေတဲ့ မော့ရှန်းရှီနဲ့ အရိုးဖြူတွေ ထူးထူးဆန်းဆန်း ပုံစံ ဝတ်ထားတဲ့ နတ်ဆိုး မိစ္ဆာတွေကို သူကြည့်တယ်။
“နတ်သခင် အဆင့် ပညာရှင်တွေလား။” ဖန်ကျန်းရှီ တွက်ချက်တာ မှန်ကန်တယ်။ ယွင်ချင်းဝူကို ကြည့်လိုက်ရုံနဲ့ အားလုံးကို သူနားလည်တယ်လေ။
တစ်၊ နှစ်၊ သုံး။ ခြောက်ယောက်ပဲ။
နတ်သခင် ခြောက်ယောက်ကို တစ်ပြိုင်နက်တည်း ခေါ်လာတဲ့ ယွင်ချင်းဝူကို ဖန်ကျန်းရှီ စိတ်ထဲမှာ ပြောနေမိတယ်။
“ယွင်ချင်းဝူ မင်း ဒီနေရာကို အတော်ကြီး အလေးထားတာပဲ။”
သူဘာဆက် လုပ်သင့်လဲ။
တစ်ယောက်တည်း အင်အားနဲ့ နတ်သခင်တွေကို သေသေရှင်ရှင် တိုက်ရမလား။ ယွင်ချင်းဝူကို တစ်ခါတည်း ဖမ်းပြီး သတ်လိုက် ရမလား။
ဖန်ကျန်းရှီ တွေးနေ ချိန်မှာပဲ လေအေးတွေက သူ့နောက်ကျောကို ဝင်ရောက်လာတယ်။ သူ့ခန္ဒာကိုယ်ကို ပန်းပွင့်ကြီး ငါးပွင့် ခြောက်ပွင့်က ဝန်းရံ ထားခဲ့ပြီ။
“သေပေရော့။” ဟိန်းဟောက်သံကြီးလဲ ထွက်ပေါ်လာတယ်။ လှည့်ကြည့်စရာတောင် မလိုဘူး။ ချင်းရှန်းက တိုက်ခိုက်နေပြီ။ ဖန်ကျန်းရှီကို သူအလစ် ဝင်တိုက်တယ်။
ဒါမျိုးကို နတ်သခင် အဆင့် ပညာရှင်တွေ လုပ်လေ့ မရှိဘူး။ ချင်းရှန်းက ဖန်ကျန်းရှီကို တကယ့် ပြိုင်ဘက် တစ်ယောက်လို သတ်မှတ် ထားတာ ကြောင့်ပဲ ဖြစ်ရမယ်။
ဖန်ကျန်းရှီကတော့ ချင်းရှန်းကို အာရုံ မစိုက်ခဲ့ဘူး။
ပန်းပွင့်တွေ ထွက်လာချိန်မှာ ပင်းယန်ကတော့ အရမ်းကို စိတ်ပူနေတယ်။ မော့ရှန်းရှီတောင် အများကြီး ပြောင်းလဲ သွားခဲ့တယ်လေ။
“ဂရုစိုက် နင်။” ပင်းယန် စကားတောင် မဆုံး သေးခင် အချိန်မှာပဲ မယုံနိုင်တဲ့ အကြည့် တစ်ခုက သူမ မျက်ဝန်းထဲ ဖြတ်ပြေးသွားတယ်။
ဘာကြောင့်လဲ ဆိုတော့ သူမရှေ့မှာ ထူးဆန်းတဲ့ ကိစ္စကြီး ဖြစ်လာ နေလို့ပဲ။
ဖန်ကျန်းရှီကို ကိုက်ဖို့ ပြင်နေတဲ့ ပန်းပွင့်ကြီးတွေက အနား မကပ်နိုင်ခင် အချိန်မှာပဲ တောင့်တင်း အေးခဲ နေကြတယ်။
သူတို့တွေ အမျိုးအစား အတူတူချင်း သွားမထိ ဝံ့သလိုပဲ။ အချင်းချင်း မတိုက်ခိုက် သလိုမျိုး ပန်းပွင့်တွေက ငြိမ်သက် နေကြတယ်။
ဖန်ကျန်းရှီ သူ့အဝတ်အစားက ဖုန်တွေကို ခါရင်း ချင်းရှန်းကို ရိုက်လိုက်ပြန်တယ်။
ဖြန်း။ ဒီရိုက်ချက်က ပိုပြီးတော့ အရှိန်ပြင်းတယ်။ အသံကြီးက လေထဲမှာ ပဲ့တင့် ထပ်သွားတယ်။ ချင်းရှန်းကတော့ မျက်လုံး အပြူးသားနဲ့သာ ရှိနေတယ်။
ပထမ တစ်ခေါက် အရိုက်ခံ ခဲ့ရတာက သူသတိ မမူမိလို့၊ အခုကိစ္စကိုတော့ ဘယ်လိုများ ပြောရမလဲ။ တိုက်ဆိုင်မှုလား။
ဘယ်သူမှ မယုံနိုင် ခဲ့ဘူး။ ဘယ်လိုလုပ် ဖြင်္စနိုင်မှာလဲ။
ဒီကောင်က ဘယ်လိုများ ငါ့ရဲ့ သေရှင် ဗျူဟာကနေ လွတ်နိုင်တာလဲ။ ချင်းရှန်း ဘယ်လိုပဲ ဖြစ်ဖြစ် မယုံကြည်ဖို့သာ ရွေးချယ်တယ်။ အမှန်တရားကတော့ ပန်းပွင့်တွေက ဖန်ကျန်းရှီကို တစ်ချက်လေးတောင် သွားမတို့ ခဲ့တာပဲ။
“နတ်ဘုရား တစ်ပါးရှေ့မှာ ပန်းပွင့်တွေ မြက်ပင်တွေနဲ့ မင်းဘာလို့ လာရှုပ်နေတာလဲ။” ပတ်ဝန်းကျင်က ပန်းတွေကို စိတ်ပျက်လက်ပျက် ကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။ အဲ့ဒီ့နောက် ချင်းရှန်းကို သူကန်ထုတ်တယ်။
ချင်းရှန်းရဲ့ ခေါင်းကိုတော့ မကန်မိခဲ့ဘူး။ ချင်းရှန်းက ခုန်ရှောင်လိုက်တယ်။ ဖန်ကျန်းရှီ နည်းနည်းတော့ လန့်သွားတယ်။ ချင်းရှန်းကို သူနှစ်ခေါက် တိတိ ရိုက်ခဲ့ ပြီးပြီလေ။ ဒီတော့ ချင်းရှန်းကို အရမ်း အားနည်းတဲ့သူလို့ သူတွေးလိုက်မိတယ်။
အနည်းဆုံးတော့ ချိုးချီနဲ့ တခြား နတ်သခင် အဆင့် ပညာရှင်တွေထက် အားနည်းသူလို့ သူထင်တယ်။
ချင်းရှန်းရဲ့ အရှိန်နှုန်း အရဆိုရင်၊ သူက အားမနည်းဘူးပဲ။
“မုန့်ထျန်း။” ဆယ်ပေကျော် ဆုတ်ခွာပြီးတဲ့နောက် ချင်းရှန်းက သူ့ပါးနှစ်ဖက်မှာ ရှိနေတဲ့ လက်ဝါးရာတွေကို ပွတ်နေခဲ့တယ်။ ကြောက်စရာ အကြည့်နဲ့ သူအော်တယ်။
သူ့ကို ဆက်တိုက် ထိခိုက်အောင် လုပ်ဖို့ သေချာပေါက် ထပ်ပြီး ခွင့်ပြု ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ဗျူဟာကို ဖန်ကျန်းရှီ ထိုးဖောက်နိုင်တဲ့ အကြောင်း အခုထိ သူမတွေးနိုင်သေးဘူး။ ဒါမျိုးက ရှေးခေတ်မှာတောင် မဖြစ်ခဲ့ဘူးလေ။
“ချင်းရှန်း မင်းလုပ်နိုင်လား။”
“မလုပ်နိုင်ရင် ငါတို့ကိုပြော။ ဒီမုန့်ထျန်းက မင်းကို ထိန်းချုပ်နိုင်တဲ့ သူလဲ ဖြစ်နိုင်တယ်။”
“အထူးအဆန်း တစ်ကောင်က အထူးအဆန်း တစ်ကောင်နဲ့ တွေ့နေပြီ။”
တခြား နတ်သခင် အဆင့် ပညာရှင်တွေလဲ ချင်းရှန်း ဆုတ်ခွာ သွားချိန်မှာ သူတို့တွေ အသိ ဝင်လာတော့တယ်။ ဖန်ကျန်းရှီရဲ့ စွမ်းအားတွေကို ချင်းရှန်း တစ်ယောက်တည်း အနိုင်မယူနိုင်မှန်း သူတို့ နားလည်ကြတယ်။ ဒါပေမယ့် ချင်းရှန်းက အထူးအဆန်းကောင်လေ။
သူ့စိတ်ထဲမှာ ဘာတွေ ဖြစ်နေမှန်း ဘယ်သူမှ မသိနိုင်ဘူး။ တခြား နတ်သခင် အဆင့် ပညာရှင်တွေက အတူတူ တိုက်ခိုက် ချင်ရင်တောင် ချင်းရှန်းကို ခွင့်ပြုချက် အရင် တောင်းရမယ်။
“မဟုတ်တမ်း တရားတွေ ပြောမနေနဲ့။” ချင်းရှန်းက သူတို့ကို ဟိန်းဟောက်ရင်း ဘေးကို ခြေတစ်လှမ်း လှမ်းလိုက်တယ်။
လက်တစ်ဖက်ကို ခါးပေါ်မှာ သူထောက်ထားတယ်။
နတ်သခင် အဆင့် ပညာရှင်တွေကို သူပြန်မဖြေခဲ့ဘူး။ နောက်ဆုံးတော့လဲ သူက အကူအညီ တောင်းမယ့်သူ လုံး၀ မဟုတ်ဘူးလေ။
“မုရှင်း၊ လီရှ၊ ချင်းရှန်းကို သွားကူညီ။” လင်းယွိက ပြောလိုက်တယ်။
“ဟဟား။” မိစ္ဆာ မုရှင်းက လှောင်ရယ်တယ်။
“အမိန့် အတိုင်းပါ။” လီရှကတော့ ပိုပြီး နားလည်ပေးတယ်။ သူခေါင်းငြိမ့်ပြီး အရင်ဆုံး ခုန်ပျံ သွားတယ်။
“ဆရာကြီး မုန့်ထျန်း အရင်ဆုံး သွားပါ။” မော့ရှန်းရှီက တခြား နတ်သခင် အဆင့် ပညာရှင် နှစ်ယောက် နီးကပ် လာတာကို မြင်ချိန်မှာ ခုန်ဝင် တိုက်ခိုက်ဖို့ ပြင်တယ်။ ဒါပေမယ့် လူသား မဟာမိတ် တပည့်သားတွေက သူ့ကို တားဆီးတယ်။
“မဖြစ်ဘူး။ တောင်ကြားသခင်မော့။”
“ဆရာ ဆရာက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်လေ။”
တပည့်သားတွေ့ မော့ရှန်းရှီကို တားဆီးပြီး ဖမ်းချုပ် ထားကြတယ်။ နောက်ဆုံးမှာတော့ သူ့ကို မြေပြင်မှာ ဖိထား လိုက်တော့တယ်။ မော့ရှန်းရှီ မြေကြီးနဲ့ မျက်နှာ အပ်သွားတော့တယ်။
“…”
“…”
မော့ရှန်းရှီရဲ့ နှလုံးသား လေးကတော့ အခုချိန်မှာ သွေးတွေ တစိမ့်စိမ့် ထွက်နေခဲ့ပြီ။ တပည့်သားတွေ ကတော့ သူဖြစ်နေတာကို မသိပဲ ပြန်လွှတ် ပေးကြတယ်။
မော့ရှန်းရှီ တကယ်ပဲ ဘာဖြစ် သွားမလဲ။
လူသား မဟာမိတ် တပည့်သားတွေ စိတ်ရှုပ်ထွေး နေချိန်မှာ မုန့်ထျန်းက နတ်သခင် အဆင့် ပညာရှင် သုံးယောက် ဝန်းရံတာကို ခံလိုက်ရတယ်။
“သုံးယောက်ဆို လောက်ပြီလား။” နတ်သခင် အဆင့် ပညာရှင်တွေကို မြင်ချိန်မှာ ဖန်ကျန်းရှီ မတွန့်ဆုတ်ခဲ့ဘူး။ အဝေးက ယွင်ချင်းဝူကို လှမ်းမေးနေခဲ့တယ်။
အပိုင်း (၉၆၃) ပြီး၏။
အပိုင်း (၉၆၄)
“(နှစ်မြုပ်) ငါ လှည့်စား ခံရပြီ။”
“နင်စမ်းကြည့် ပြီးရင်တော့ သိမှာပေါ့။” ယွင်ချင်းဝူက ဖန်ကျန်းရှီနဲ့ နတ်သခင် အဆင့် ပညာရှင်တွေကို ကြည့်ရင်း ပြောတယ်။ သူမရဲ့ အသံက နည်းနည်းတော့ တုန်ယင် နေခဲ့တယ်။
နောက်ဆုံးတော့လဲ ဖန်ကျန်းရှီရဲ့ အင်အားက ထူးခြားလွန်းတယ်။ ချင်းရှန်းကို ထိန်းချုပ် နိုင်ရုံ မကဘူး။ သူ့ထက်တောင် သာလွန် နေသေးတယ်။
ယွင်ချင်းဝူ အတွက်တော့ ဒီရလဒ်က သူမ မျှော်လင့် ထားတာနဲ့ ကွာခြား နေခဲ့တယ်။
“အင်း။ စမ်းကြည့် ကြတာပေါ့။ ဒါပေမယ့် နတ်သခင် အဆင့် ပညာရှင် ၂ယောက်တောင် မရှိတော့ရင် မင်း လုံခြုံ အုန်းမှာလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း လှောင်ပြုံးပြုံါ် လိုက်တယ်။
“မင်း လုံခြုံ အုန်းမှာလား။”
“ယွင်ချင်းဝူ ဟုတ်တယ်။ အဲ့တာ ယွင်ချင်းဝူပဲ။”
ပတ်ဝန်းကျင် တပည့်သား၊ သုခမိန်နဲ့ မျိုးနွယ် ခေါင်းဆောင်တွေကတော့ ဒါကို ကြားချိန်မှာ မျက်ဝန်းတွေ တောက်ပ လာတော့တယ်။
သူတို့တွေ အစောပိုင်း တုန်းက လုံးဝကို အဖြစ်ဆိုး နေခဲ့တယ်။ အခုတော့ ကွာခြား သွားခဲ့ပြီ။ ဖန်ကျန်းရှီက နတ်သခင် အဆင့် ပညာရှင် နှစ်ယောက်ကို ရှင်းထုတ် ပြီးရင် ကျန်ရစ်နေတဲ့ နတ်သခင် နှစ်ယောက်နဲ့ လင်းယွိက ယွင်ချင်းဝူကို ကာကွယ် နိုင်မှာလား။
လူသား မျိုးနွယ်မှာ တပည့်သား ၂ထောင်ကျော် ရှိနေတာကို သူမ သိလိမ့်မယ်။ မဟူရာ နန်းတော်ထဲ ဝင်သွား သူတွေကို ဖယ်ထားရင်တောင် လူ ငါးရာကျော် ရှိနေသေးတယ်။
လူသား မျိုးနွယ် တပည့်သား ၅၀၀။ နတ်သခင် အဆင့် ပညာရှင်တွေနဲ့ ယှဉ်လိုက်ရင် များပြားတဲ့ အရေအတွက်တော့ မဟုတ်ဘူး။ ယွင်ချင်းဝူနဲ့ ယှဉ်လိုက်ရင်တော့ ကွာခြား သွားပြီ။
ဘယ် တပည့်သားမဆို ယွင်ချင်းဝူကို အလွယ်လေး သတ်နိုင်တယ်။
“တိုက်ခိုက်ကြ။”
“လူသား မျိုးနွယ်ရဲ့ မျှော်လင့်ချက် အတွက် တိုက်ခိုက်ကြ။”
“ယွင်ချင်းဝူကို သတ်ကြ။”
သတိ ပြန်ဝင် လာပြီးနောက် လူသားမျိုးနွယ် တပည့်သားတွေ အားလုံး နီးပါး လှုပ်ရှား ကြတော့တယ်။ သူတို့တွေ အားလုံးက ဒေါသကြီးတဲ့ ကျားနဲ့ ဝံပုလွေတွေလိုပဲ။
နတ်သခင် အဆင့် ပညာရှင်တွေက သူတို့ရှေ့မှာ ရှိနေပင်မယ့်၊ သူတို့ မကြောက်ကြဘူး။
ယွင်ချင်းဝူ အနားကိုသာ ကပ်နိုင်ရင် ဘယ်လို တန်ဖိုးကိုပဲ ပေးဆပ်ရပါစေ ထိုက်တန်မှန်း သူတို့ သိနေကြတယ်။
သူတို့တွေက အရေအတွက် များတယ်လေ။
“လူငါးရာ လောက်နဲ့ အရှင်သခင်ငယ် အနားကို ကပ်ချင်နေတာလား။” ဖန်ကျန်းရှီရဲ့ စကား အရိပ်အမြွက်ကို ကြားချိန်မှာ လင်းယွိ အမူအယာက ပြောင်းလဲ သွားခဲ့တယ်။
တပည့်သား ငါးရာက ယွင်ချင်းဝူ အနားကို တကယ်ပဲ ကပ်နိုင်မှာလား။ လင်းယွိ မယုံနိုင်ဘူး။ ထိပ်တန်း တပည့်သားတွေကို သူ အထင်သေးတာ မဟုတ်ဘူး။ သူကိုယ်တိုင်က ယုံကြည်ချက် ရှိနေလို့ပဲ။
ဒါပေမယ့် စကားလေး တစ်ခွန်းတည်းနဲ့ လူသား မျိုးနွယ်ရဲ့ စိတ်ဓာတ် အခြေအနေကို ပြောင်းလဲ လိုက်နိုင်တယ်။ ဒါမျိုးကို သူမလုပ် နိုင်ဘူးလို့ လင်းယွိ ဝန်ရံရမယ်။
မုန့်ထျန်း။ သူက တကယ်ပဲ မုန့်ထျန်းလား။
ဒီမေးခွန်း မေးသင့်လား ဆိုတာ လင်းယွိ မသိဘူး။ အခုချိန်မှာ လူသား မဟာမိတ် တပည့်သားတွေက သူ့ဆီကို ပြေးဝင် လာနေပြီ။
“တိုက်ခိုက်။” လင်းယွိက ယွင်ချင်းဝူ ရှေ့မှာ ရပ်နေရင်း ပေ၂၀ နီးပါး ရှိတဲ့လှံကြီးကို ဝေ့ယမ်း နေခဲ့တယ်။ “အရှင် သခင်ငယကို ကာကွယ်ကြ။ သူတို့ အားလုံးကို သတ်။”
“နားလည်ပြီ။ အလကား လူသားတွေ၊” တခြား နတ်သခင် အဆင့် ပညာရှင် နှစ်ယောက်က လင်းယွိ အနားကို ခပ်မြန်မြန် ရောက်လာကြတယ်။ နတ်သခင် သုံးယောက်က ယွင်ချင်းဝူကို တြိဂံ ပုံစံနဲက ဝန်းရံ လိုက်ပြီ။
“ဘယ်လို လုပ်ရမလဲ။” လူသား မျိုးနွယ် တပည့်သားတွေ ဒါကို မြင်ချိန်မှာ လန့်သွားကြတယ်။ သူတို့ အတွက်တော့ နတ်သခင် သုံးယောက်ရဲ့ ကာကွယ်မှုကို ထိုးဖောက်နိုင်ဖို့ မလွယ်ကူဘူး။
“အဝေးကနေ တိုက်ခိုက်။” ဖန်ကျန်းရှီရဲ့ အသံကို ကြားလိုက်ရတယ်။
“အဝေးက တိုက်ခိုက် ရမှာလား။ အမှန်ပဲ။ အဝေးကနေ တိုက်ခိုက်။ ငါတို့သာ အနားကို မကပ်ရင် သူတို့တွေ တန်ပြန် တိုက်ခိုက် နိုင်မှာ မဟုတ်ဘူး။”
“အမှန်ပဲ။ တိုက်ပွဲကို အချိန်ဆွဲကြစို့။”
လူသား မျိုးနွယ် တပည့်သားတွေ ဖန်ကျန်းရှီ ပြောတာကို ချက်ခြင်း နားလည်ကြတယ်။
အလင်းတန်းတွေက ကောင်းကင်ကနေ ဆင်းသက်လာပြီး ယွင်ချင်းဝူကို တိုက်ခိုက်ကြတယ်။ တစ်ချိန်တည်းမှာပဲ ဓားပျံ တစ်ချို့က ကြောက်စရာ အရှိန်နှုန်းနဲ့ ဆင်းသက် လာခဲ့တယ်။
ဒီတိုက်ပွဲကြီးက ပြင်းထန်တယ်။ ဒါပေမယ့် တစ်နေရာတည်းမှာပဲ တန့်နေ သေးတယ်။ လူသား မျိုးနွယ် မဟာမိတ် အဖွဲ့က ရှေ့ကို မတက်ရဲ သလို နတ်သခင် တွေကလဲ လူမခွဲဝံ့ဘူး။ သူတို့ နေရာမှာ ရပ်နေရင်းနဲ့သာ တိုကခိုက်မှုတွေကို ခုခံ နေခဲ့တယ်။
လူသား မဟာမိတ်ကတော့ နားချိန် ရကြတယ်။ သူတို့တွေ အရင်ကလို အသက်တွေ မစတေး ကြရတော့ဘူး။ အသာစီး ရနေတယ်လို့တောင် ဆိုနိုင်တယ်။
“အချိန် ဆွဲထားမယ်။ ငလူးပဲ။” လူသားမျိုးနွယ် စနစ်တကျ တိုက်ခိုက် နေတာကို မြင်ချိန်မှာ ဖန်ကျန်းရှီ ကျိန်ဆဲ ချင်တော့တယ်။ ခပ်ရှင်းရှင်း ပြောရရင် အခု အခြေအနေမှာ ခပ်ရှုပ်ရှုပ်ဖို့ လိုအပ် နေခဲ့တယ်။
သူတို့တွေ ရှုပ်အောင် လုပ်နိုင်မှပဲ နတ်သခင်တွေကို လူကွဲသွားဖို့ အခွင့်အရေး ရနိုင်မယ်။
ဒါပေမယ့် လူသား မျိုးနွယ်က တိုက်ပွဲကို အချိန်ဆွဲဖို့ အတွက် လုပ်နေကြတယ်။ နတ်သခင်တွေက လူသားတွေထက် အများကြီး ခံနိုင်ရည်အား မြင့်မားတယ်။ ဒါ့အပြင် ယွင်ချင်းဝူရဲ့ နောက်ထပ် တပ်ဖွဲ့တွေသာ ရောက်လာရင် လူသား မျိုးနွယ် မဟာမိတ် တစ်ခုလုံး သေကုန် ကြလိမ့်မယ်။
ဘယ်လိုတောင် တုံးအလိုက် ကြသလဲ။
ကံကောင်းစွာနဲ့ပဲ ပင်းယန်က မော့ရှန်းရှီ အနားကို ရောက်သွား ခဲ့တယ်။ သူမရဲ့ စိတ်ကတော့ အများကြီး ကြည်လင် နေခဲ့ပြီ။ ဖန်ကျန်းရှီ ဆိုလို ချင်တာကို သူမ ချက်ခြင်း နားလည်တယ်။ သူမ ချက်ခြင်း ဆိုသလို စစ်မြေပြင်ကို ဝင်ရောက်တော့တယ်။
ပင်းယန် လူသား မျိုးနွယ် မဟာမိတ်ဆီ ဝင်ချိန်မှာပဲ နတ်သခင် အဆင့် မိစ္ဆာ မုရှင်းလဲ လှုပ်ရှားတယ်။
သူ့ပြစ်မှတ်က ဖန်ကျန်းရှီ မဟုတ်ဘူး ပင်းယန်ပဲ။ မုရှင်း ခြေနှစ်လှမ်းတောင် မလှမ်းရ သေးခင် အချိန်မှာ လူတစ်ယောက်က သူ့ကို တားဆီးထားတယ်။ လည်ပင်းပေါ်မှာ ဓားတစ်လက်က ရောက်နေခဲ့ပြီ။
“ကောင်စုတ်လေး ဆက်သွားလေ။ ဆက်သွား။” ဖန်ကျန်းရှီက မုရှင်းကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်ရင်း သူ့ဓားကို မြဲမြဲမြံမြံ ကိုင်ထားခဲ့တယ်။
“ဟဟား။ စိတ်ဝင်စား စရာပဲ။” မုရှင်းက ပြုံးလိုက်ရင်းနဲ့ သူ့လည်ပင်းနားက ဓားကို ကြည့်နေတယ်။ အဲ့ဒီ့နောက် သူစတင် လှုပ်ရှားတယ်။ သူ့ခေါင်းကနေ ခြေဖျား အထိ ကျားအစင်းလို အစင်းရာတွေ ပေါ်လာတယ်။ လည်ပင်းက ထွက်ပေါ်လာတဲ့ အပြာရောင် မီးတောက်တွေ လေထဲကို ပျံ့လွင့်တယ်။
ဝေါင်း။ ကျားဟိန်းသံကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် မုရှင်းက လှုပ်ရှားရင်း ဖန်ကျန်းရှီ မျက်နှာကို လက်သီးနဲ့ ထိုးချလိုက်တယ်။ လည်ပင်းက ဓားကို လုံး၀ သူဂရုမစိုက်ဘူး။
လီရှလို့ ခေါ်တဲ့ နတ်သခင် အဆင့် နတ်ဆိုးလဲ ဒီအချိန်မှာ တိုက်ခိုက်တယ်။
မုရှင်းနဲ့ ယှဉ်လိုက်ရင် လီရှက ပိုကောက်ကျစ်တယ်။ ဖန်ကျန်းရှီရဲ့ ဘယ်ဘက်ကို သူချက်ခြင်း သွားတယ်။ လက်ချောင်းတွေကို သုံးပြီး ခေါင်းကို ထိုးဖို့ လိုတယ်။ ဒီတိုက်ကွက်က ရိုးရှင်းပေမယ့် ရလဒ်က မရိုးရှင်းမှန်း ဖန်ကျန်းရှီ သိတယ်။
လီရှ ဒီလို လုပ်လိုက် ချိန်မှာပဲ သူ့ခြေထောက်ကို တစ်ခုခုက လာဆွဲနေတာ သူခံစား မိလိုက်တယ်။ ရွံ့ထဲမှာ နစ်မြုပ် သွားသလိုပဲ။
နတ်သခင် အဆင့် ပညာရှင် နှစ်ယောက်နဲ့ တပြိုင်နက်တည်း တိုက်ခိုက်ဖူးတာ ဖန်ကျန်းရှီ အတွက် ပထမဆုံးပဲ။ စိန်ခေါ်မှု တစ်ခုလို့ သတ်မှတ် နိုင်ပေမယ့် ဘယ်လောက် ခက်ခဲမှာလဲ။
သူမသိဘူး။
ကိုယ့်ဘာကိုယ် နာမည်ကျော် စကားတစ်ခွန်း ဖန်ကျန်းရှီ ထွင်လိုက်တယ်။ (မင်းဆီကနေ ပိုက်ဆံ နည်းနည်းချေးမယ်။ သုံးပြီးရင်လဲ ပြန်မပေးဘူး။) ဒီစကားကို အခြေခံပြီး (မင်းဆီကနေ တာအို နည်းနည်း ချေးမယ်။ ငါသုံးပြီးတာနဲ့ မင်းကို သေချာပေါက် ပြန်ပေးမယ်။)
ဆုံးဖြတ်ချက် ချပြီးတာနဲ့ သူလှုပ်ရှားတယ်။ နောက်ဆုံးတော့လဲ သူကောင်းကောင်း လေ့ကျင့် ထားတယ်လေ။
ရုတ်တရက် ဆိုသလို ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က ရွံ့ထဲကို နစ်ဝင် သွားတော့တယ်။
“ဟမ်။” လီရှကတော့ ရွံ့ထဲ ဝါးမျိုခံ ရပြီး သေသွားတဲ့ ဖန်ကျန်းရှီ ဘယ်လိုပုံ ဖြစ်မလဲ စောင့်ကြည့်နေတယ်။ မကျိန်ဆဲ ချင်ဘူးလို့ ပြောရင် လိမ်ရာ ကျမှာပေါ့။ ဒီလောက်တောင် အားနည်းတယ်လား။
သူ့အတွက်တော့ နှစ်မြုပ်တယ် ဆိုတာ ဘာမှ ထူးထူးခြားခြား နည်းလမ်း မဟုတ်ဘူး။ နတ်သခင် အဆင့် ပညာရှင် သုံးယောက် ပေါင်းပြီး တိုက်ခိုက်တာ ကြောင့်သာ ဒီနည်းလမ်းကို သူသုံးခဲ့တယ်။
မိုးမြေရဲ့ သေခြင်းတရားကနေ လွတ်နိုင်တဲ့ နည်းလမ်း မရှိဘူးလေ။
လီရှရဲ့ နည်းလမ်းထဲမှာ မြေကမ္ဘာ ပါဝင်နေ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ စုပ်ယူ ခံရပြီးနောက် ရုန်းကန် မနေတာကို သူသတိထားမိ ပြန်တယ်။ လီရှလန့်သွား ချိန်မှာပဲ မုရှင်းရဲ့ အသံ ထွက်ပေါ် လာတော့တယ်။
“သတိထား။”
“မဖြစ်တော့ဘူး။” လီရှ ချက်ခြင်း ဆိုသလို ဆုတ်ခွာတယ်။ သူခြေလှမ်း လှမ်းတော့မယ့် အချိန်မှာပဲ သူ့ခေါင်းကို တစ်ခုခုက လာဖိတာ ခံစား လိုက်ရတယ်။ လီရှခေါင်းကို သေးသွယ် ရှည်လျားတဲ့ လက်တစ်ဖက်က ဖိပြီး သူ့ကို မြေကြီးထဲ ရောက်အောင် လုပ်နေတယ်။
အဲ့ဒီ့ လက်က သတ္တု အတားအဆီးလိုပဲ ခိုင်မာလွန်းတယ်။ ခေါင်းကို ဖိထားရုံတင် မကဘူး တင်ပါးကိုလဲ ကန်လိုက်သေးတယ်။
ဝုန်း။ လီရှ သူ့မျက်လုံး ပါးစပ်နဲ့ နှာခေါင်းတွေ အကုန်လုံး ရွံ့တွေနဲ့ ပြည့်သွားတာကို ခံစား လိုက်ရတယ်။ အရမ်းကို မသက်မသာ ဖြစ်ရတာပဲ။
သူ့နည်းနဲ့သူ ပြန်ခံ လိုက်ရတယ်။ ဒါက ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ လီရှလဲ ဒါမျိုးကို မမျှော်လင့် ထားခဲ့သလို အများကြီးလဲ မခုခံ ခဲ့ဘူး။ အခု အဖြစ်က ကြိုးကြိုးစားစား ကိုယ်တိုင် ကျွင်းတူးပြီး မြေမြုပ်မိနေ သလိုပဲ။
ဘယ်လိုပဲ မယုံပါစေ အမှန်တရားကတော့ ငြင်းလို့ မရနိုင်ဘူးလေ။ ဖန်ကျန်းရှီကတော့ သူ့ကိုယ်သူ ကတိ ပေးထားတဲ့ အတိုင်း လုပ်နေခဲ့ပြီ။ သူက သူ့ယုံကြည်ချက်တွေကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်ထားတတ်တဲ့ လူတစ်ယောက်ပဲ။
ဒါပေါ့။ လီရှရဲ့ တင်ပါးကို ကန်ထုတ် ပြီးတဲ့နောက် လီရှ ရွံ့ထဲ ကျသွားတာကို မြင်လိုက်ရတယ်။ အတော်ကောင်းတဲ့ ကိုယ်ဟန်ပဲ။ ဖန်ကျန်းရှီ သက်ပြင်း ချနေရင်း ဓားနဲ့ လှမ်းထိုးလိုက်သေးတယ်။ သူ့ဓားက အကျဉ်းအကြပ် နေရာကို သွားထိတယ်။
ရွှပ်။ ဓားက လီရှရဲ့ တင်ပါးထဲကို ဝင်သွားတယ်။ နက်နက်ရှိုင်းရှိုင်းကြီး ဝင်သွားလို့ ဓားလက်ကိုင်ပဲ အပြင်မှာ ကျန်ရစ်တယ်။
“…”
“..”
လီရှ မျက်လုံးတွေက သွေးလို ရဲရဲ နီနေခဲ့ပြီ။ သူ့ခန္ဒာကိုယ်က ဓားတစ်ချောင်းလိုမျိုး တင်းမာ သွားခဲ့တယ်။
“တောင်းပန်ပါတယ်။ လက်ချော်သွားလို့။” ဖန်ကျန်းရှီ ရှင်းပြသင့်တယ်လို့ ခံရစားတယ်။ ဒါပေမယ့် လီရှ အတွက်တော့ ဒီစကားတွေက သူ့ကို လာသတ် နေသလိုပဲ။
လီရှ အပြင် မုရှင်းနဲ့ တခြားသူတွေ အားလုံးက ဒီမြင်ကွင်းကို ကြည့်ရင်း ချွေးစေးတွေ ထွက်နေခဲ့ကြပြီ။ မုရှင်းရဲ့ ချွေးစက်တွေက သူ့အပြာရောင် မီးတောက်တွေပေါ် ကျရောက်ရင်း တရှဲရှဲ မြည်သံတွေ ထွက်ပေါ်လာတယ်။
“မင်း မင်း ဘယ်လိုတောင် အရှက် မရှိတဲ့ နည်းလမ်း သုံးဝံ့တာလဲ။” မုရှင်း ဒေါသတကြီးနဲ့ ဟိန်းဟောက်တယ်။
“အင်း။ ငါလဲ နည်းနည်းတော့ များသွားတယ် ထင်တာပဲ။ ဒါပေမယ့် အဲ့ဒီ့ နည်းလမ်းကိုပဲ သိတယ် ပြောရင် မင်းရုံမလား။ မယုံရင် စမ်းကြည့်လို့ ရတယ်လေ။” ဖန်ကျန်းရှီ အပြစ်ကင်းစင်မှု အပြည့်နဲ့ ပြောတယ်။
“စမ်းကြည့်ရမယ်။ လုံး၀ မစမ်းဘူး။” ဒါကို ကြားချိန်မှာတော့ မုရှင်း တစ်ချက် တုန်သွားပြီးနောက် နောက်ကို တစ်လှမ်း ဆုတ်သွား မိတော့တယ်။
“ငါတို့က သုံးယောက် တစ်ယောက် တိုက်မယ် ထင်ထားတာ။ ကြည့်ရတာ မင်းတို့ ကောင်တွေက ကောင်းကောင်း မပူးပေါင်း ကြဘူးပဲ။” မုရှင်း နောက်ဆုတ် သွားတာကို မြင်ချိန်မှာ ဖန်ကျန်းရှီ ပြုံးလိုက်တယ်။
ခြေတစ်လှမ်း ဆုတ်တာက တိုက်ပွဲထဲမှာ ဘာမှ ကြီးမားတဲ့ ကိစ္စ မဟုတ်ဘူး။ လက်ရှိ အခြေအနေကို ကြည့်ရင်တော့ လီရှက ဖန်ကျန်းရှီရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီ။ မုရှင်းရဲ့ ခြေလှမ်းကလဲ အရေးကြီးတယ်။
မုရှင်း နောက်ဆုတ် ချိန်မှာပဲ မြေအောက်ကနေ အသံကျယ်ကြီး ထွက်ပေါ် လာပြီးနောက် ရွံ့ထဲ နစ်နေခဲ့တဲ့ လီရှ ရုတ်တရက် ပျံတက် လာတော့တယ်။
ရုတ်တရက် ဖန်ကျန်းရှီ လက်ထဲမှာ ဓားကိုးလက် ပေါ်လာတယ်။ တစ်ခုချင်းစီတိုင်းက ခရမ်းရောင် လက်စီးတွေနဲ့ တောက်ပ် နေခဲ့တယ်။
မူ။ နဂါးဟိန်းသံကြီးလဲ ထွက်ပေါ်လာတယ်။
ခရမ်းရောင် လျှပ်စီးတွေ တောက်ပ လာပြီးနောက် မျက်စိ ကျိန်းလောက်စရာ အလင်းတန်းက နေ့အလင်းကို ဖုံးလွှမ်း သွားတော့တယ်။
“မဖြစ်ဘူး။ ချင်းရှန်း သူ့ကို ကယ်။” ဒါကို မြင်ချိန်မှာတော့ မုရှင်း ရုတ်တရက် ကျောချမ်းသွားတယ်။ ဒီလို အရေးကြီး အချိန်မျိုးမှာ ချင်းရှန်းကိုသာ မှီခိုနိုင်တယ်။
ဒါက အသိစိတ် တစ်မျိုးပဲ။ ရှေးစစ်မြေပြင်က အင်အားကြီး ဖြစ်တည်မှုတွေရဲ့ အသိစိတ်။
အဲ့ဒီ့ အချိန်က တိုက်ပွဲတွေမှာ ဘယ်သူကမှ ဘယ်သူ့ကို မယုံနိုင်ကြဘူး။ ဒါကြောင့် သူတို့တွေ အနိုင်ရဖို့ ယုံကြည်ချက် မရှိတဲ့ တိုက်ပွဲတွေကို တိုက်ခိုက် ကြရတယ်။ ဘယ်သူကမှ ကိုယ့်ကိုယ်ကို အန္တရာယ်တွင်းထဲ တွန်းမပို့ဘူး။
ချင်းရှန်းလဲ ရှေးစစ်မြေပြင်က လူတစ်ယောက်ဆိုတာ မုရှင်း မေ့သွားပုံ ပေါ်တယ်။ ဒါ့အပြင် ဖန်ကျန်းရှီ လက်ထဲမှာ ရှုံးထားတဲံ သူလေ။
ချင်းရှန်းက မလှုပ်ရှားခဲ့ဘူး။ မုရှင်းနဲ့ လီရှ တိုက်ခိုက်တည်းက သူမလှုပ်ရှားခဲ့တာဆို ပိုမှန်လိမ့်မယ်။
မုရှင်းရဲ့ မျက်နှာက ဖြူဖျော့ နေခဲ့ပြီ။ ချင်းရှန်းရဲ့ အေးစက်စက် အမူအယာကို မြင်ချိန်မှာ သူအံကြိတ်လိုက် မိတယ်။ ကောင်းကင်ကို ခုန်တက်ပြီး ဖန်ကျန်းရှီကို တားဆီးဖို့ လုပ်ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။
ဖန်ကျန်းရှီက သူ့အရင် ခုန်ခဲ့တယ်။ ဓားရှည် ကိုးလက်ကလဲ ခရမ်းရောင် နဂါး ကိုးကောင် အဖြစ် အသွင်ပြောင်းပြီး လီရှ ခန္ဒာကိုယ်ကို ထွင်းဖောက် သွားတယ်။
ဝုန်း ဝုန်း။
“…”
မိုးခြိမ်းသံတွေ ပဲ့တင် ထပ်လာပြီးနောက် ခရမ်းရောင် မိုးကြိုးတွေက လီရှ ခန္ဒာကိုယ်ကို ရစ်ပတ်သွားတယ်။ ဓားထက်ထက် တွေလိုမျိုး လှည့်ပတ်တော့တယ်။
အပိုင်း (၉၆၄) ပြီး၏။
အပိုင်း (၉၆၅)
“မုန့်ထျန်းက ဖန်ကျန်းရှီပဲ။”
လီရှရဲ့ မျက်လုံးတွေက အခုချိန်မှာ ဝိုင်းစက် ပြူးကျယ် နေခဲ့ပြီ။ ခရမ်းရောင် လျှပ်စီး မိုးကြိုးတွေကို ဒေါသတကြီးနဲ့ ကြည့်နေခဲ့တယ်။
“ငါ့ကို ဒါနဲ့ သတ်ဖို့ ကြိုးစားချင်တယ်ပေါ့။ အိပ်မက် မက်နေလိုက်။” လီရှ ဟိန်းဟောက် လိုက်ချိန်မှာပဲ သူ့နဖူးမှာ ရှိတဲ့ အမာရွတ်က ပွင့်လာတော့တယ်။
မျက်လုံး တစ်လုံးလို ပွင့်လာ ပေမယ့် တောက်ပမှု မရှိခဲ့ဘူး။ မှင်လို မည်းနက်နေတဲ့ အရည်တွေသာ စီးကျလာခဲ့တယ်။
“မ မဖြစ်နိုင်တာပဲ။” လီရှ မယုံနိုင်ခဲ့ဘူး။”
“ဒါက ချိတ်ပိတ်စည်း တစ်ခုပဲ။” မုရှင်းက လီရှ နဖူးကို မြင်ချိန်မှာ လန့်သွားခဲ့တယ်။
“ချိတ်ပိတ်စည်းလား။” လီရှ တစ်ခဏတာ မျက်လုံး ပြူးသွားခဲ့တယ်။ အဲ့ဒီ့နောက် စိတ်ပျက် အားလျော့မှုက မျက်နှာပေါ်မှာ အစားထိုး ဝင်ရောက် လာတော့တယ်။
အင်အားတွေ ကုန်ဆုံး သွားတာကြောင့် သူရောက်နေတဲ့ နေရာကို နားလည် သွားရတယ်။ သူက အခုထိ နစ်မြုပ် နေတုန်းပဲ။
ပုံရိပ် တစ်ခုက လီရှရဲ့ စိတ်ထဲကို ဝင်ရောက်လာတယ်။ ရွံ့ထဲကို အနစ်ခံလိုက် ရတုန်းက မြင်လိုက်ရတဲ့ ပုံရိပ်။ ကြီးမားတဲ့ ပြန်လည် မွေးဖွားမှု စက်ကွင်းကြီးပဲ။
အပြာ။ အစိမ်း၊ အနီ၊ အနက်၊ ငွေရောင်၊ အရောင်ငါးခုက တောက်ပတဲ့ ကြယ်တွေလိုမျိုး လင်းလက်နေတယ်။ ဒါ့အပြင် အဲ့ဒီံ ပြန်လည် မွေးဖွားမှု စက်ကွင်းကြီးက သူ့နဖူးကို ဝင်တိုက်သွားတယ်။
“မဖြစ်ဘူး။” လီရှရဲ့ အော်သံကြီးကို ကြားလိုက်ရတော့တယ်။
သူပြေးချင်ပေမယ့် မပြေးနိုင်တော့ဘူး။ ခရမ်းရောင် လျှပ်စီးတန်းတွေက သူ့ခန္ဒာကိုယ်ကို ထွင်းဖောက် သွားတော့တယ်။
ဒါ့အပြင် ခန္ဒာကိုယ်ထဲက စွမ်းအားတွေကို တစိုးတစိတောင် ထုတ်မသုံး လိုက်ရဘူး။ စွမ်းအားတွေ အားလုံးကို ဖိအားပေးပြီး တားဆီး ခံထားရတယ်။
ပြန်လည် မွေးဖွားမှု စက်ကွင်း။ ဘယ်ကနေ ပေါ်လာတာလဲ။ မဟုတ်ဘူး။ သူက မုန့်ထျန်း မဟုတ်ဘူး။
ဝုန်း။ လီရှ ခန္ဒာကိုယ်က အင်အားကို မခုခံ နိုင်တော့တဲ့ အတွက် သွေးပင်လယ်ကြီး တစ်ခုလို ပေါက်ကွဲပြီး မိုးစက်တွေလို မြေပြင်ပေါ်ကို ကျဆင်း သွားတော့တယ်။
လီရှ တကယ်ပဲ ဒီလို အဖြစ်မျိုးနဲ့ နိမ့်နိမ့်ကျကျ မသေချင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူက နတ်ဘုရား တစ်ပါးလို အင်အားကြီးတဲ့ ဖြစ်တည်မှုလေ။ ရှေးစစ်မြေပြင်မှာ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အင်အားကြီး နတ်ဆိုး နတ်သခင်။
ဒါပေမယ့် သူဘယ်လောက်ပဲ မလိုလားပါစေ၊ အသက်ရှင်နိုင်ဖို့ နောက်ထပ် အခွင့်အရေး မရှိတော့ဘူး။ နောက်ဆုံး အတွေးကိုတောင် မအော်နိုင်တော့ဘူး။
သူသေသွားတယ်။ အရမ်းကို မြန်မြန်ကြီး သေသွားတယ်။ ဒီမြင်ကွင်းက နတ်သခင် အဆင့် ပညာရှင်တွေ အားလုံးကို အထိတ်တလန့် ဖြစ်သွားစေတယ်။
သုံးယောက် တစ်ယောက် အခြေအနေမှာ လီရှက မုန့်ထျန်းရဲ့ ထူးထူးဆန်းဆန်း နည်းလမ်းကြောင့် အသတ်ခံလိုက် ရပြီ။ ဒီလောက် အချိန်တိုလေး အတွင်းမှာ ဘာတွေ ဖြစ်သွားတာလဲ။
မုန့်ထျန်းက ဘယ်လိုများ လီရှရဲ့ နစ်မြုပ် နည်းလမ်းကို ဖြတ်ကျော် သွားနိုင်တာလဲ။ လီရှရဲ့ နတ်ဆိုး မျက်လုံးကို ဘာကြောင့်များ ချိတ်ပိတ် ခံရတာလဲ။
မေးခွန်းတွေက နတ်သခင် အဆင့် ပညာရှင်တွေရဲ့ စိတ်ထဲကို ဆက်တိုက် ဝင်ရောက်လာတယ်။ ဒါပေမယ့် ဘယ်သူကမှ ဒီပဟေဠိတွေကို မဖြေနိုင်ဘူး။
“ကြည့်ရတာ နှစ်ယောက်ပဲ ကျန်တော့တဲ့ ပုံပဲ။” ဖန်ကျန်းရှီက ဓားကိုးလက်နဲ့ အတူ မြေပြင်ပေါ် ဆင်းသက်လာတယ်။ ဓားတွေက မြေပြင်ကို ထိုးဖောက်သွားတယ်။ အစောပိုင်းတုန်းကလိုပဲ သူက ချင်းရှန်းနဲ့ မုရှင်းကို ကြည့်မနေခဲ့ဘူး။ နတ်သခင်တွေ ဝန်းရံထားတဲ့ ယွင်ချင်းဝူကိုသာ ကြည့်နေခဲ့တယ်။
“သူက တကယ့်ကို အင်အားကြီးတာပဲ။”
“သုခမိန် စစ်နတ် မုန့်ထျန်းက သုံးယောက်ကို တစ်ယောက်တည်းနဲ့ အနိုင်ယူနိုင်တယ်။”
“ငါတို့တွေမှာ မျှော်လင့်ချက် ရှိပြီ။ ငါတို့မှာ မျှေ်ာလင့်ချက် ရှိပြီ။”
လူသားမျိုးနွယ် တပည့်သားတွေ လန့်နေခဲ့ကြ ပေမယ့်၊ ဒီထိတ်လန့်မှုက သူတို့ကို လူသား မျိုးနွယ် အနိုင် ရနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်ကို ဖြစ်ပေါ် လာစေတယ်။
“ဆရာကြီး မုန့်ထျန်း။” မော့ရှန်းရှီ တစ်ခုခု ပြောချင်ပေမယ့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ အတွက် စကားပြောဖို့တောင် အားမရှိခဲ့ဘူး။
ချင်းရှန်းရဲ့ ပန်းတွေက အဆိပ်ပြင်းတယ်။ ဒါမှမဟုတ် အဆိပ်တင် မကပဲ အသက် သွေးကြောကို စုပ်ယူနိုင်တဲ့ ပန်းတွေလို့ ပြောရမယ်။
“ဟဟား။ တိုက်ခိုက်ကြ။ မီးခိုး ဗျူဟာကို သုံးပြီး သူတို့ကို အာရုံလွှဲ။ ယွင်ချင်းဝူကို သတ်ကြ။” စိတ်လှုပ်ရှားနေတဲ့ ပင်းယန်က လူသား မဟာမိတ်ကို စတင်ပြီး အမိန့် ပေးတော့တယ်။
“မီးခို ဗျူဟာ အာရုံလွှဲမယ်။ ဒါက အသုံးဝင်မှာလား။”
“အလုပ် ဖြစ်မှာလား။”
“သူက ဆရာကြီး မုန့်ထျန်းနဲ့ အတူ လာတဲ့သူလေ။ သူ့ရဲ့ ဇစ်မြစ်ကို ဂရုမစိုက်ကြနဲ့၊ အမိန့်ကိုသာ လိုက်လုပ်ကြ။”
လူသား မျိုးနွယ် တပည့်သားတွေ တစ်ခဏတာ ရပ်တန့် သွားကြပေမယ့်၊ မုန့်ထျန်းကို ပင်းယန်က ချီလာ ခဲ့တာေလေ။ ဒါကြောင့် သူတို့တွေ ချက်ခြင်း လိုက်နာကြတယ်။
မီးခိုးတွေ ချက်ခြင်း ဆိုသလို ထွက်ပေါ် လာတော့တယ်။ အဖြူ၊ မီးခိုး၊ အနက် အရောင်စုံ မီးခိုးတွေ အားလုံးကို တပြိုင်နက်တည်း သုံးကြတယ်။ ယွင်ချင်းဝူကတော့ မီးခိုးတွေထဲမှာ ရပ်နေရင်း ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ သူ့ကို ပြန်ဖြေမယ့် အစား သူမက လက်တစ်ဖက်ကို မြှောက်လိုက်တယ်။
တောက်ပတဲ့ မျက်စိကျိန်း လောက်စရာ ကြယ်စင်တန်းကြီး တစ်ခု ပေါ်လာတော့တယ်။ ကြယ်စင်တန်းကြီး တောက်ပ လာချိန်မှာပဲ ကျယ်လောင်တဲ့ ဟိန်းဟောက်သံကြီးကို ကြားလိုက် ရတော့တယ်။
“တိုက်ခိုက်။”
“တိုက်ခိုက်။”
“…”
ဟိန်းဟောက်သံတွေက ခြေသံတွေ မြင်းသံတွေနဲ့ အတူ ထွက်ပေါ် လာတယ်။ ခမ်းနားတဲ့ အရှိန်အဝါက ကြောက်စရာ ကောင်းလွန်းတယ်။ နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ် စစ်တပ်ကြီးက ရောက်လာခဲ့ပြီ။
“ငါ နားလည်ပြီ။ ဒီတော့ မင်းမှာ အရံ အစီအစဉ် ရှိနေတာပဲ။” ဖန်ကျန်းရှီက ယွင်ချင်းဝူ လုပ်တာကို မြင်ချိန်မှာ ပြောတော့တယ်။
အကယ်၍ သူထင်တာသာ မမှားရင်၊ ယွင်ချင်းဝူက နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ်တွေကို ဒီနေရာ ပတ်ပတ်လည်မှာ ဝန်းရံဖို့ အမိန့် ချပြီးလောက်ပြီ။ နတ်သခင် အဆင့် ပညာရှင်တွေကို ခေါ်ပြီး သူက အရင်ဆုံး လူသား မဟာမိတ် အဖွဲ့ကို လာတိုက်တယ်။
သူမရဲ့ အကြံ အစည်ကတော့ ကိုယ့်ကိုယ်ကို ငါးစာ အဖြစ် သုံးပြီး အားလုံးကို ဖမ်းဖို့ အပြင် တခြား ဘာများ ရှိနိုင်အုန်းမလဲ။
ယွင်ချင်းဝူက ကိုယ့်ကိုယ်ကို ငါးစာ အဖြစ် သုံးပြီး မုန့်ထျန်း ထွက်လာအောင် လုပ်ခဲ့တယ်။ ဒါက လုံးဝကို ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲ။
ယွင်ချင်းဝူကို အောင်မြင်စေဖို့ ဖန်ကျန်းရှီ အခွင့်အရေး မပေးနိုင်ဘူး။ ယွင်ချင်းဝူက ငါးစာ ဖြစ်ချင်မှတော့ သူ့ဆန္ဒာကိုယ် ဖြည့်ဆည်း ပေးရတာပေါ့။ ဒီအခွင့်အရေးကို သုံးပြီး ယွင်ချင်းဝူကို ဖမ်းမယ်။ နတ်ဆိုး မိစ္ဆာ မျိုးနွယ်တွေကို နောက်တစ်ခေါက် ပြန်ပြီး ထိန်းချုပ်မယ်။
ဒါက ဖန်ကျန်းရှီရဲ့ အစီအစဉ်ပဲ။
ဝူး။ အရမ်းကို မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ အတူ ယွင်ချင်းဝူဆီ ဖန်ကျန်းရှီ ပြေးသွားတယ်။ ချင်းရှန်းနဲ့ မုရှင်းကို သူလုံး၀ လျစ်လျူရှု ထားတယ်။ တကယ်တော့ နတ်သခင် အဆင့် ပညာရှင် သုံးယောက်ကို နိုင်အောင် တိုက်ခိုက်ဖို့ သူ့မှာ စိတ်ကူး မရှိခဲ့ဘူး။
တစ်ယောက်ကို သတ်တာက လုံလောက်ပြီလေ။
“မဖြစ်ဘူး။ ဧကရီငယ် သတိထား။” မုရှင်းက ဖန်ကျန်းရှီရဲ့ အကြံကို ချက်ခြင်း နားလည်တယ်။ ဖန်ကျန်းရှီက ယွင်ချင်းဝူကို အမြဲ ပြစ်မှတ် ထားနေခဲ့တာပဲ။
“လင်းယွိ။ အရှင် သခင်ငယ်ကို ကာကွယ်ထား။”
“မြန်မြန် မြန်မြန် မုန့်ထျန်းကို တားဆီး။” လင်းယွိက ဖန်ကျန်းရှီကို မြင်တာနဲ့ ချက်ခြင်း ဆိုသလို ဆုတ်ခွာတော့တယ်။
ဒါပေမယ့် ပတ်ဝန်းကျင် မီးခိုးတွေက ပိုပြီးတော့ ထူထပ်လာတယ်။ အရောင်စုံ မီးခိုးတွေက ယွင်ချင်းဝူနဲ့ လင်းယွိကို ဝန်းရံ ထားခဲ့ပြီ။
ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုကို သူရှင်းရှင်းလင်းလင်း မမြင်ရဘူး။
ဝုန်း။ ဒီအချိန်မှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတယ်။ လူတစ်ယောက်က လင်းယွိ ရှေ့မှာ ရောက်နေခဲ့ပြီ။
“ချင်းရှန်း။”
မုရှင်းနဲ့ လင်းယွိ နှစ်ယောက်လုံး လန့်သွားကြတယ်။ ချင်းရှန်းက အခုလို အချိန်မှာ တိုက်ခိုက် လာမယ်လို့ ထင်မထား မိခဲ့ဘူးလေ။
“အရှင် သခင်ငယ် ငါက သစ္စာရှိတယ် မဟုတ်လား။” ချင်းရှန်းက သူ့ရှေ့မှာ ရှိသူကို စိုက်ကြည့်ရင်း အရမ်းကို တည်ငြိမ် နေခဲ့တယ်။ အစောပိုင်းက ဖြစ်နေပုံနဲ့ တခြားစီပဲ။
“မုန့်ထျန်းကို တိုက်ခိုက်တာ ရပ်ပြီး အရှင်သခင်ငယ်ကို ကာကွယ်ဖို့ အာရုံစိုက်ထား။ နတ်ဆိုးနဲ့ မိစ္ဆာ တပ်ဖွဲ့တွေ ရောက်မလာ ခင်အထိ တောင့်ခံ ထားရမယ်။” လင်းယွိ သက်ပြင်းချမိတယ်။ ချင်းရှန်းသာ ကောင်းကောင်း လုပ်ဆောင်ရင် ယွင်ချင်းဝူလဲ မထိခိုက်ပဲ ရှိနိုင်မယ်။
နတ်သခင် အဆင့် ပညာရှင် ငါးယောက်က ယွင်ချင်းဝူကို ကာကွယ်ဖို့ လုံလောက်တာထက် ပိုပါတယ်။
ဒါက လင်းယွိရဲ့ အတွေးပဲ။ သူ့အမိန့် ထွက်ပေါ် လာပြီးနောက် မုရှင်းက ယွင်ချင်းဝူ ဘေးကို တဟုန်ထိုး ဝင်လာတယ်။ သူမကို ကာကွယ်တယ်။
“ငါးယောက်လား။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ မှေးစင်း သွားရတယ်။ နီးကပ်လာတဲ့ တပ်ဖွဲ့ အသံတွေကို နားထောင်ဖို့ သူ့မှာ အချိန် အများကြီး မရှိမှန်း ဖန်ကျန်းရှီ သိတယ်။
နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေသာ ရောက်လာရင်၊ လူသား မဟာမိတ် အယောက်ငါးယောက်က အကုန်လုံး သုတ်သင် ခံရလိမ့်မယ်။ သူနဲ့ နတ်သခင် ငါးယောက်လဲ အသေအကျေ တိုက်ခိုက် ရလိမ့်မယ်။
ဒါ့အပြင် တပ်ဖွဲ့တွေကိုလဲ ခုခံ ပေးရအုန်းမယ်။ စိတ်ဖိစီးလိုက်တာ။
ဖန်ကျန်းရှီက မောက်မာပေမယ့်၊ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေနဲ့ နတ်သခင် အားလုံးကို အပြတ် တိုက်ဖို့ မဖြစ်နိုင်မှန်းတော့ သိတယ်လေ။ သူဘာလုပ်ရမလဲ။ မြေလျှိုးရမလား။
တစ်ခုခုသာ မှားမသွားရင်တော့ အောင်မြင်နိုင်ချေ ရှိတယ်။ ဒါပေမယ့် အစွမ်း ထုတ်သုံး လိုက်တာနဲ့ သူက ဖန်ကျန်းရှီမှန်း သိသွား ကြလိမ့်မယ်။
အခုချိန်က သူ့ကိုယ်သူ ထုတ်ဖော်ဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ ဖန်ကျန်းရှီ စိတ်မဆုံးဖြတ်နိုင် ဖြစ်နေခဲ့တယ်။ ယွင်ချင်းဝူကို အမိဖမ်းဖို့ ယုံကြည်ချက် ရှိနေပင်မယ့်၊ မလုပ်နိုင်ရင် ဘယ်လို ဖြစ်သွားမလဲ။
ဖန်ကျန်းရှီ ဂရုစိုက် စရာတွေ များလွန်းနေတယ်။ နောက်ဆုံးတော့လဲ မြောက်ရွာမှာ သူဂရုစိုက်ရမယ့် သူတွေ အများကြီး ရှိတယ်လေ။ သူသာ တစ်ချက်လေး သတိ လွတ်လိုက်ရင် မြောက်ရွာရဲ့ လုံခြုံမှုက အာမ မခံနိုင် ဖြစ်သွားလိမ့်မယ်။
“ဘာတွေ ဖြစ်နေတာလဲ။ နင်က ကိုယ့်ကိုယ်ကို ဘယ်သူမှန်း ထုတ်မပြ ချင်ဘူးလား။” ဖန်ကျန်းရှီ တွေေ၀ နေချိန်မှာ ယွင်ချင်းဝူရဲ့ အသံက ထွက်ပေါ် လာပေမယ့်၊
ဒီအသံက မကျယ်ပေမယ့် ဖန်ကျန်းရှီ ချက်ခြင်း မျက်လုံး ပြူးသွားခဲ့တယ်။
မြေပြင်ပေါ်ကို ပြုတ်ကျ မတတ်တောင် ဖြစ်သွားသေးတယ်။
“သုခမိန် စစ်နတ် မုန့်ထျန်း။ မုန့်ထျန်းက တကယ်တော့ ဖန်ကျန်းရှီ ဖြစ်နေမယ်လို့ ငါ ထင်မထား ခဲ့မိဘူး။ ဖန်ကျန်းရှီက တကယ်တော့ မုန့်ထျန်းပဲ။” ဒီစကားကို ပြောပြီး ချိန်မှာတော့ ယွင်ချင်းဝူ တဖက်ကို လှည့်သွားတော့တယ်။
“ပြီးတော့ ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ ပင်းယန် မင်းသမီး။ ငါတို့ မတွေ့တာ ၆လတောင် ကြာသွားပြီပဲ။”
“..”
“ဘာဖြစ်တယ်။ ယွင်ချင်းဝူက ဆရာကြီး မုန့်ထျန်းကို ဘယ်လို ခေါ်လိုက်တယ်။”
“ဖန်ကျန်းရှီတဲ့လား။”
“ဘယ်လို ဖြစ်နိုင်မှာလဲ။ ဖန်ကျန်းရှီက မြောက်ရွာမှာလေ။ နောက်ပြီးတော့ မုန့်ထျန်းနဲ့ ယှဉ်နိုင်တဲ့ အစွမ်း ဖန်ကျန်းရှီမှာ ဘယ်လိုများ ရှိမှာလဲ။ ယွင်ချင်းဝူ စိတ်လွတ် သွားတာလား။”
“ပင်းယန်။ ယွင်ချင်းဝူက ပင်းယန်လို့ ပြောနေတယ်။ ဒါပေမယ့် ပင်းယန်က လင်းယွမ် မျှော်စင်မှာ မဟုတ်ဘူးလား။ ချင်းယွိတောင် ပေါ်မလာပဲ ပင်းယန်က ဘယ်လိုလုပ် ဒီကို ရောက်လာမှာလဲ။”
လူသား မျိုးနွယ် တပည့်သားတွေ သုခမိန်တွေ မျိုးနွယ် ခေါင်းဆောင်တွေ အားလုံး ယွင်ချင်းဝူ စကားကြောင့် မျက်လုံးပြူး သွားကြတယ်။ သူတို့တွေ ခေါင်းခါနေတယ်။ သူတို့ စိတ်ထဲမှာတော့ ဖန်ကျန်းရှီ ဘယ်လောက်ပဲ အင်အားကြီးပါစေ နတ်သခင် အဆင့် ပညာရှင်ကို တိုက်ခိုက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
ကျမ်းကောင်းကင် တောင်တိုက်ပွဲမှာ ဖန်ကျန်းရှီက လေဟာနယ် ဖြိုခွင်း နတ်သခင်ကို တိုက်ခိုက်တဲ့ ပုံစံ သူတို့ မြင်ခဲ့တယ်လေ။ ချီကူယန် ကြောင့်သာ မဟုတ်ရင် ဖန်ကျန်းရှီလဲ သေနိုင်လောက်တယ်။
ကျမ်းကောင်းကင်တောင် တိုက်ပွဲ ပြီးတာ ခြောက်လပဲ ရှိသေးတယ်။ ဖန်ကျန်းရှီက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ အစွမ်းတွေ ရပြီး နတ်သခင် အဆင့် ပညာရှင် တစ်ယောက်ကို အေးအေးဆေးဆေး သတ်နိုင်သွားတယ်။ ဘယ်လိုများ ဖြစ်နိုင်မှလြဲ။
ဒါ့အပြင် လ ွန်ခဲ့တဲ့ လေးလတုန်းက သုခမိန် စစ်နတ် မုန့်ထျန်း ထွက်ပေါ် လာပြီး စွမ်းအားတွေကို ထုတ်ပြခဲ့တယ်။ နတ်ဆိုး ခန်းမကြီးကို ဖျက်စီးပြီး နတ်ဆိုး အရှင်သခင်ကို မြို့တော်ကနေ ပြန်ပေးဆွဲ သွားတယ်။
ဖန်ကျန်းရှီ ဒါတွေ လုပ်နိုင်မယ်လို့ ဘယ်သူကများ ယုံနိုင်မှာလဲ။
နောက်ပြီးတော့ ပင်းယန်။ ပင်းယန်က ချင်းယွိရဲ့ သမီးမှန်း မြင့်မြတ် နယ်မြေက လူတိုင်း သိတယ်။ လင်းယွမ် မျှော်စင်က ဒီတိုက်ပွဲကြီးမှာ ဝင်မပါဘူး။ ဒီတော့ ပင်းယန်က ဘာလို့ ဒီကို ရောက်လာမှာလဲ။
မော့ရှန်းရှီတောင် ခေါင်းခါ နေမိတယ်။ မော့ရှန်းရှီ စကား မပြောပေမယ့် သူ့အမူအယာက ထင်ရှားတယ်။
“ဟဟား။” ဖန်ကျန်းရှီက ရယ်မော လိုက်ပေမယ့်၊ သူ့ရယ်သံက ငိုသံနဲ့ ပိုတူနေတယ်။ သူ့စိတ်ကို သူ မပြင်ဆင် ထားခဲ့ဘူးလေ။ သူ့အသံက တုန်ယင် နေတယ်။ အကောင်းဆုံး ကြိုါ်စားပြီး ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် သူထိန်းချုပ်တယ်။
“ငါ အစောကြီးတည်းက ခန့်မှန်း မိသင့်တာ။” ယွင်ချင်းဝူက ဖန်ကျန်းရှီရဲ့ ရယ်သံကို လျစ်လျူရှုရင်း ဆက်ပြောတယ်။ “ဖန်ကျန်းရှီ တစ်ယောက်ပဲ ငါ့ကို ဒီလောက် အထိ ကောင်းကောင်းကြီး နားလည်နိုင်တယ်။ မုန့်ထျန်း မဖြစ်နိုင်ဘူး။”
“တကယ်လား။ ငါက မင်းကို ကောင်းကောင်း နားလည်တယ်လို့ မင်းထင်တယ်ပေါ့။” ဖန်ကျန်းရှီ အံကြိတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။
“တွေးကြည့်ရင် နင့် အကြံက တကယ့်ကို ပြီးပြည့်စုံတယ်။ သုခမိန် စစ်နတ် မုန့်ထျန်း။ ဒီ အစီအစဉ်ကို နင်တစ်ယောက်တည်းပဲ စဉ်းစား နိုင်တယ်။ ဒါပေမယ့် ငါနားမလည် တာက တောင်ပိုင်း ဒေသနဲ့ မြောက်ရွာမှာ တစ်ချိန်တည်း ဘယ်လိုများ ပေါ်လာနိုင်တာလဲ။ ငါ့ရဲ့ တွ့်ချက်မှု အရဆိုရင် မြောက်ရွာမှာ သုခမိန် တစ်ယောက် မရှိနိုင်ဘူးလေ။” ယွင်ချင်းဝူက ဆက်တိုက် ပြောနေခဲ့တယ်။
“ဘာ မြောက်ရွာလဲ။ မင်းပြောတာတွေ ငါမသိဘူး။” ဖန်ကျန်းရှီ ရုတ်တရက် ဝန်ခံ တော့မလို ဖြစ်ပြီးမှ စကားကို ထိန်းလိုက်တယ်။ အခြေအနေက တကယ့်ကို အန္တရာယ် များလွန်းတယ်။
သူ အမိဖမ်း ခံရတော့မလို့ နည်းနည်းပဲ လိုတယ်။ အကယ်၍ သူသာ သုခမိန် စစ်နတ် မုန့်ထျန်း ဖြစ်နေရင်၊ မြောက်ရွာကို ဘယ်လိုများ သိမှာလဲ။
“ကြီးမြတ်သော ရှမင်းဆက်ရဲ့ သုခမိန် စစ်နတ် မုန့်ထျန်းက မြောက်ရွာကို မသိဘူးလား။” ယွင်ချင်းဝူက စိုက်ကြည့်ရင်း မေးတယ်။
ဖန်ကျန်းရှီကတော့ အကြပ်ရိုက် နေခဲ့ပြီ။ ယွင်ချင်းဝူက သူ့ဆီကို တိုးလာတယ်။
ယွင်ချင်းဝူက ထက်မြက်လွန်းတယ်။ စကားလုံးတိုင်းက ထောင်ချောက် အပြည့်ပဲ။ တကယ့်ကို ထောင်ချောက်တွေ အပြည့်ပဲ။ သူ့မေးခွန်းကို ဟုတ်တယ် မဟုတ်ဘူး လုံး၀ ဖြေလို့ မရနိုင်ဘူး။ ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပဲ။
“အချိန်ဆွဲ နေတာလား။ တုံးအလိုက်တယ်။” ဖန်ကျန်းရှီ ပြောပြီး ချိန်မှာပဲ ဓားတစ်ချောင်းက သူ့လက်ထဲကို ပျံတက်လာတယ်။ အဲ့ဒီ့နောက် စုစုပေါင်း ကိုးချောင်း တိတိ သူ့ ဘေးမှာ ဝန်းရံ ထားပြီး ငွေရောင် အလင်းတန်းတွေ ဖြာထွက်ရင်း နဂါး တစ်ကောင်လို အသွင် ပေါ်လာတော့တယ်။
မိုးခြိမ်းသံတွေလဲ ဆက်တိုက် ထွက်ပေါ် နေတယ်။
အပိုင်း (၉၆၅) ပြီး၏။
အပိုင်း (၉၆၆)
“အောင်မြင်မှုလား ဒါမှမဟုတ် ကျရှုံးမှုလား။ တာအိုတွေ ပေါင်းစည်းခြင်း။”
ဖန်ကျန်းရှီက ချက်ခြင်း တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တယ်။ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ နီးကပ် လာနေတာကို သူခံစားမိတယ်။ အချိန် မရှိတော့ဘူး။
ယွင်ချင်းဝူ ပြောသလိုပဲ။ သူက ယွင်ချင်းဝူရဲ့ စိတ်နဲ့ အကြံတွေကို ကောင်းကောင်းကြီး နားလည်တယ်။
“ငါးယောက် တစ်ယောက် တိုက်ခိုက်ချင်တာလား။” လင်းယွိက ဖန်ကျန်းရှီရဲ့ ဓားကိုးလက်ကို အေးစက်စက် ကြည့်ရင်း မေးတယ်။
နတ်သခင်တွေက ဂုဏ်သိက္ခာ မြင့်မားကြတယ်။ သူတို့ ဂုဏ်သိက္ခာကို အထိခိုက် စော်ကား မခံနိုင်ဘူး။ တစ်ယောက် တစ်ယောက်ချင်း တိုက်တဲ့ တိုက်ပွဲမှာ ရှုံးနိမ့် သွားရရင်၊ ဒါကို နားလည်နိုင်သေးတယ်။ ငါးယောက် တစ်ယောက် တိုက်ပွဲမှာသာ ရှုံးသွားရင်တော့ နောက်ထပ် ဘာအကြောင်းပြချက်မှ မရှိတော့ဘူး။
သူတို့တွေ သေချာပေါက် ရှုံးလို့ မဖြစ်ဘူး။
တိုက်ပွဲသာ ရှုံးသွားရင်၊ နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ်တွေ လုံးဝကို သိက္ခာ ကျမှာလေ။
“ချင်းရှန်း။ မီးခိုးတွေကို ဖယ်လိုက်။” လင်းယွိ ပြောတယ်။”
“မီးခိုးတွေလား ကောင်းပြီ။ ငါ့မှာ ပြောစရာ တစ်ခုတော့ ရှိတယ်။” ချင်းရှန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း ချက်ခြင်း ပြောတယ်။
“ပြော။”
“အဲ့ဒီ့ကောင်ကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ချင်တယ်။”
“ရတာပေါ့။ အရှင် သခင်ငယ်ရဲ့ ကိုယ်စား ငါသဘောတူတယ်။” လင်းယွိ ချက်ခြင်း ခေါင်းငြိမ့်တယ်။ ယွင်ချင်းဝူကိုတောင် မေးမနေဘူး။
ယွင်ချင်းဝူ ဒီ အခြေအနေကို သဘောတူ မလားဆိုတာ သူမသိလို့ပဲ။ လက်ရှိ အခြေအနေကို ကြည့်ရင်၊ ချင်းရှန်းက သေချာပေါက် ဟာသ လုပ်မှာ မဟုတ်ဘူး။ ဒါ့အပြင် ချင်းရှန်းကို အကောင်းဆုံး ပူးပေါင်း လာဖို့ တတ်နိုင်တာ အကုန် လုပ်ရမယ်။
“ပျောက်ကွယ်။” လင်းယွိ သဘောတူလိုက်တာနဲ့ ချင်းရှန်းက ပါးစပ်ကို ဖွင့်ပြီး မီးခိုးတွေကို စုပ်ယူတော့တယ်။
ဒီမြင်ကွင်းက ထူးဆန်းတယ်။ ချင်းရှန်း မီးခိုးတွေကို စုပ်ယူပြီးနောက် မြေပြင်မှာ သေဆုံးနေတဲ့ ပန်းပွင့်ကြီးတွေ နောက်တစ်ခေါက် ပြန်ရှင်သန် လာပြန်တယ်။ မီးခိုးတွေက သူတို့ရဲ့ အားဆေး ဖြစ်သွားသလိုပဲ။
“ဒီကောင်က ဘာကောင်လဲဟ။” လူသား မဟာမိတ် တပည့်သားတွေ ဒီမြင်ကွင်းကို မယုံနိုင်မှု အပြည့်နဲ့ ကြည့်နေ ခဲ့ရတယ်။
မုန့်ထျန်းသာ သူတို့ရှေ့မှာ ရပ်မနေခဲ့ရင်၊ ဒီဖြစ်ရပ်က ကျောထဲ စိမ့်ချမ်းစေဖို့ လုံလောက် နေပြီ။ ရှေးနတ်သခင် အဆင့် ပညာရှင်တွေက တကယ့်ကို ကြောက်ဖို့ ကောင်းလွန်းတာပဲ။
ဒါတောင် မုန့်ထျန်းက ငါးယောက် တစ်ယောက် တိုက်ခိုက် ရအုန်းမယ်တဲ့။
“လင်းယွိ အရှင်သခင်ငယ်ကို ကာကွယ်ထား။ ငါက မုရှင်းနဲ့ တိုက်ုခိက်မယ်။” လင်းယွိ ဘေးမှာ ရပ်နေတဲ့ နတ်သခင် တစ်ယောက်က ပြောတယ်။
“မဖြစ်ဘူး။ ဘယ်သူမှ မလှုပ်ရှား ကြနဲ့။ ငါတို့တွေ ခုပဲ ခုခံမယ်။ မတိုက်ခိုက်ကြဘူး။” လင်းယွိ ချက်ခြင်း ခေါင်းခါတယ်။
“မီးခိုးတွေ ပျောက်ကွယ် သွားပြီလေ။ ငါတို့ ဘာဖြစ်လို့ မတိုက်ခိုက်မှာလဲ။”
“မှန်တယ်။ ငါတို့ အချိန် နည်းနည်း စောင့်လိုက်တာနဲ့ တပ်ဖွဲ့လဲ ရောက်လာတော့မယ်။ သူတို့ကို ပြန်တိုက်ခိုက်နိုင်ဖို့ အချိန် ရှိသေးတယ်။” လင်းယွိ ခေါင်းငြိမ့်တယ်။
“လိုအပ်လို့လား။”
“လိုတယ်။”
“ငလူးပဲ။” တခြား နတ်သခင်တွေ ဒါကို ကြားချိန်မှာ ကျိန်ဆဲ ကြတော့တယ်။
သူတို့တွေ ကျိန်ဆဲ နေပင်မယ့်၊ ဒီတိုက်ပွဲက မရိုးရှင်းမှန်း အားလုံး နားလည်ကြတယ်။ တိုက်ပွဲ ရလဒ်က လူသား မျိုးနွယ်ကို ဆက်ပြီး ထိန်းချုပ် ထားနိုင် မထားနိုင် ဆိုတာကို ဆုံးဖြတ် ပေးလိမ့်မယ်။
“ခုခံပြီး မတိုက်ခိုက်ဘူးလား။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ် သွားတယ်။ မီးခိုးတွေရဲ့ ရည်ရွယ်ချက်က ယွင်ချင်းဝူကို ဖမ်းတဲ့ နေရာမှာ အထောက် အကူ ရဖို့ပဲ။ နတ်သခင်တွေသာ ခုခံဖို့ တစ်ခုပဲ ကြည့်မယ် ဆိုရင်၊ မီးခိုးတွေက အသုံးမဝင် ဖြစ်သွားရုံတင် မကဘူး။ အခြေအနေက ပိုပြီးတော့တောင် ခက်ခဲ လိမ့်မယ်။
ငါးယောက် တစ်ယောက် တိုက်ပွဲ။
ရနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးကတော့ နတ်သခင်တွေနဲ့ တိုက်ခိုက်နေရင်း ဟာကွက်ကို ရှာရမှာပဲ။ ဒါပေမယ့် နတ်သခင်တွေ အားလုံး မတိုက်ခိုက်ဘူး ဆိုရင် ဟာကွက်ကို ဘယ်လို ရှာရမလဲ။
ခက်ခဲလိုက်တာ အရမ်းကို ခက်ခဲလိုက်တာ။
အခုလို အချိန်တို အတွင်းမှာ သူ့ကိုယ်သူ ဖန်ကျန်းရှီမှန်း မသိအောင် လုပ်ပြီး အနိုင်ယူဖို့ အခွင့်အရေးက သေးငယ်လွန်းတယ်။ ဖန်ကျန်းရှီမှာလဲ တိုက်ခိုက်ဖို့ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး။ ဒါ့အပြင် ယွင်ချင်းဝူကို တပ်ဖွဲ့တွေ မရောက်ခင် လုယူရအုန်းမယ်။
“သေပေရော့။” ဟိန်းဟောက်သံနဲ့ အတူ ဖန်ကျန်းရှီ လှုပ်ရှားတယ်။ နတ်သခင်တွေက ဆက်တိုက် ခုခံ နေမယ်ဆိုရင်၊ သူလဲ စပြီး တိုက်ခိုက်ရုံပဲ။
“သူ နိုင်နိုင်မှာလား။” လူသား မဟာမိတ် တပည့်သားတွေက ဖန်ကျန်းရှီကို ကြည့်ရင်း စိတ်ပူ နေကြတယ်။
“အရှက်မရှိတဲ့ ကောင်စုတ် နင်နိုင်မှ ဖြစ်မယ်။” ပင်းယန်ရဲ့ အသံက သူမ တစ်ယောက်တည်း ကြားရုံလောက်သာ ကျယ်တယ်။ ဖန်ကျန်းရှီက အခုချိန်ထိ ကိုယ့်ကိုယ်ကို ထုတ်ဖော် မပြချင်သေးဘူးမှန်း သူမ ခံစားမိတယ်လေ။
ဝုန်း။ အသံကျယ်ကြီး တစ်သံကို ကြားလိုက်ရတယ်။
ဖန်ကျန်းရှီနဲ့ နတ်သခင် ငါးယောက် တိုက်ပွဲ စနေပြီ။
ဓားကိုးလက်က နဂါးတွေလို အသွင်နဲ့ လေထဲမှာ ကခုန်နေတယ်။ ခရမ်းရောင် လျှပ်စီးတွေလဲ သူတို့ ပတ်လည်မှာ လှည့်ပတ်နေတယ်။ ကျယ်လောင်တဲ့ ဓားဟိန်းသံကြီးကို ကြားလိုက်ရတယ်။
ချင်းရှန်း အပါအဝင် ပညာရှင်တွေ အားလုံးက အခု အချိန်မှာ စောင့်ဆိုင်း နေခဲ့ပြီ။ ဘယ်သူကမှ စပြီး မတိုက်ခိုက်ကြဘူး။ ဘယ်သူကမှလဲ မဆုတ်ခွာကြဘူး။
လီရှ သေသွားတာကို မျက်မြင် တွေ့ပြီးတဲ့နောက် နတ်သခင် အဆင့် ပညာရှင် ငါးယောက်က ခုခံဖို့ ရွေးချယ်လိုက်တယ်။ တကယ့်ကို ကြောက်စရာ ကောင်းတဲ့ တိုက်ပွဲ တစ်ခုပဲ။ ပြင်းထန်တဲ့ အလင်းတန်းတွေ့ နတ်သခင် ငါးယောက် ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။ အလင်းဒိုင်းကာကြီး ငါးခုက ပေါင်းစည်းရှင်း ငါးလွှာ ဒိုင်းအဖြစ်ကို ပြောင်းလဲတယ်။
ဒါ့အပြင် အလင်တးန်းတွေက ဒိုင်းကာ အပြင်ကို ထိုးထွက် လာကြတယ်။ အလင်းတန်း တစ်ခုချင်းစီ တိုင်းမှာ သတ်ဖြတ်လို စိတ်တွေက ပြင်းပြင်းထန်ထန် ပါဝင်နေတယ်။
ဝုန်း။
ဖန်ကျန်းရှီရဲ့ ဓားက ငါးလွှာဒိုင်းနဲ့ ထိတွေ့ မိပြီး အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့တယ်။ ဒီဓားတွေက လင်းယွမ် မျှော်စင်က ရလာတဲ့ ဓားတွေ ဓားကောင်းတွေ ဖြစ်ပေမယ့်၊ နတ်သခင်တွေရဲ့ ဒိုင်းကိုတော့ မဖောက်နိုင်ခဲ့ဘူး။
“မဖောက် နိုင်ဘူးလား။ ဓားတွေက ကျိုးလွယ်လိုက်တာ။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ် သွားခဲ့တယ်။ လက်နက်တွေကို သုံးမရတဲ့ အတွက် ဒီကိစ္စက ပိုပြီးတော့ ခက်ခဲလာတယ်။
ဖန်ကျန်းရှီ နောက်တစ်ခေါက် တိုက်ခိုက်တော့မယ့် အချိန်မှာပဲ နောက်ကျော တစ်ခုလုံး အေးစက်သွားတယ်။ ဒီအအေးဓာတ်က ဓားတစ်ချောင်းလို ထက်ရှပြီး အရမ်းကို အေးစိမ့် နေခဲ့တယ်။
သရဲတာအိုကို အရင်ကသာ မဖွင့် ထားခဲ့ရင်၊ တခြား လောကကိုသာ ကြည့်နိုင်စွမ်း မရှိခဲ့ရင်၊ အလင်းတန်းတွေနဲ့ ရောနေတဲ့ အအေးဓာတ်ကို ခံစား မိမှာ မဟုတ်ဘူး။
ရွေးချယ်စရာ မရှိတော့တဲ့ အတွက် ခန္ဒာကိုယ်ကို ဘေးတစ်လက်မ ရွေ့လိုက်ရတယ်။ ဂျွတ်။ သူရွေ့လိုက် ပြီးချိန်မှာပဲ မူလ ရပ်နေတဲ့ နေရာမှာ သေးငယ်တဲ့ အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ် လာတော့တယ်။ ဒါ့အပြင် အပြာရင့်ရောင် လေတွေ အက်ကွဲကြောင်းထဲက ထွက်လာတယ်။
လင်းယွိ။
လင်းယွိ အစောပိုင်းတုန်းက လုပ်လိုက်တာကို ဖန်ကျန်းရှီ မြင်တယ်။ ဖန်ကျန်းရှီ တိုက်ခိုက်နေတဲ့ အချိန် သူ့နောက်ကနေ ဓားနဲ့ ထိုးတာပဲ။ ချင်းရှန်း မုရှင်းတို့နဲ့ မတူဘူး။ ချင်းရှန်းလို မထူးဆန်း သလို မုရှင်းလိုလဲ စိတ်အား ထက်သန် မနေဘူး။ လင်းယွိက အရမ်းကို တိကျတဲ့ အချိန်နဲ့ တိုက်ခိုက်နည်းကိုသာ ရွေးချယ်တယ်။
လင်းယွိရဲ့ တိုက်ခိုက်မှု လွဲချော် သွားချိန်မှာတော့ တခြား နတ်သခင်တွေ စပြီး တိုက်ခိုက် ကြတော့တယ်။
သူတို့တွေ ရပ်တန့် နေကြပေမယ့်၊ နေရာကနေ မရွေ့တဲ့ တိုက်ခိုက်နည်း အမျိုးမျိုးကို သုံးနေခဲ့ကြတယ်။
ဝုန်း။
ဝုန်း။
“…”
ကျယ်လောင်တဲ့ အသံတွေက ဖန်ကျန်းရှီ ဘေးမှာ ဆက်တိုက် ထွက်ပေါ်နေတယ်။ အက်ကွဲကြောင်းတွေလဲ မြေပြင်မှာ ဆက်တိုက် ဖြစ်ပေါ် လာနေတယ်။
နတ်သခင်တွေရဲ့ တိုက်ခိုက်မှုက သေချာပေါက် အားမနည်းဘူး။
ဒါ့အပြင် ထူးထူးဆန်းဆန်း အရာတွေလဲ အများကြီး ပါဝင် နေသေးတယ်။ လင်းယွိ တိုက်ခိုက်မှု ပြီးတိုင်း ထူးဆန်းတဲ့ အပြာရောင် လေအေးအေးတွေ ဖြစ်ပေါ်လာတယ်။ ဒီအေးစက်မှုကို ဘေးကတောင် ခံစားလို့ ရနိုင်တယ်။ ခန္ဒာကိုယ် ပေါ်သာ ကျလာရင် ဘယ်လောက်တောင် အန္တရာယ် များမလဲ တွေးလို့ ရနိုင်တယ်။
ဖန်ကျန်းရှီက အရှိန် အများကြီး မြင့်လာ ပေမယ့်၊ ဆက်တိုက် တိုက်ခိုက်မှုတွေကို ရှောင်ရှား နေရတာ အန္တရာယ် များလွန်းတယ်။ သူ့ အကျီစ နှစ်ခု မြေပြင်ပေါ်ကို ပြုတ်ကျ သွားခဲ့ပြီ။ တစ်ခုက ပြာတွေလို လောင်ကျွမ်းပြီး တစ်ခုက ရေခဲ ခဲနေခဲ့တယ်။
“အခုချိန် ခြေရာမဲ့ဓားသာ ငါနဲ့ အတူတူ ရှိရင် ကောင်းမှာပဲ။” ဖန်ကျန်းရှီက ကျန်ရစ်တဲ့ ဓားရှည် ငါးလက်ကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေခဲ့တယ်။
မြောက်ရွာမှာ ခြေရာမဲ့ဓားကို ချန်ထားခဲ့ပြီး ချင်းယိကို သူ့အဖြစ် ဟန်ဆောင်ဖို့ ထားခဲ့တယ်။ တကယ်တော့ သူယူလာရင်တောင် သုံးလို့ မရနိုင်ဘူး။ ဇစ်မြစ်ကို ဖုံးကွယ်ထားဖို့ လုံလောက်တယ်လေ။
ပြန်လည် မွေးဖွားမှု တာအို ငါးခုကိုလဲ သုံးမရဘူး။
“ဖန်ကျန်းရှီ။ နင်ဘာတွေ တွေေ၀ နေသးတာလဲ။ နင့်မှာ အချိန် သိပ်မကျန်တော့ဘူး။ နင်တတ်ထားတဲ့ ပြန်လည် မွေးဖွားမှု တာအို လေးခုကို ဘာလို့ ထုတ်မသုံးတာလဲ။ သုခမိန် စစ်နတ် မုန့်ထျန်း တကယ် အသက် ပြန်ရှင် လာတာသာ မဟုတ်ရင် ထုတ်သုံးလိုက်စမ်းပါ။” ယွင်ချင်းဝူရဲ့ အသံကို ကြားလိုက်ရတယ်။ ဖန်ကျန်းရှီကို စိတ်ရှုပ်တဲ့ ပုံစံနဲ့ ကြည့်နေခဲ့တယ်။
ယွင်ချင်းဝူ စိတ်ထဲ ဘာတွေ တွေးနေလဲ ဘယ်သူမှ မသိနိုင်ဘူး။ သူမက မုန့်ထျန်းကို ဖန်ကျန်းရှီ ဖြစ်ဖို့ မျှော်လင့် နေတာလား။ ဒါမှမဟုတ် ခန့်မှန်းချက် တစ်ခုကို သေချာအောင် လုပ်ချင်နေတာလား။
“ဆရာကြီး မုန့်ထျန်းက ဖန်ကျန်းရှီလို့ ယွင်ချင်းဝူ ဘာဖြစ်လို့ ဒီလောက်တောင် သေချာ နေတာလဲ။”
“ငါမသိဘူး။ ငါတော့ မယုံဘူး။ ဘယ်လိုလုပ် သူက ဖန်ကျန်းရှီ ဖြစ်နိုင်မှာလဲ။”
“အမှန်ပဲ။ ငါသိသလောက် အရဆိုရင်၊ ဖန်ကျန်းရှီက မြောက်ရွာမှာ နေနေတာလေ။ မြင့်မြတ် နယ်မြေကို သူမလာနိုင် ပါဘူး။”
“ဒါ့အပြင် ဆရာကြီး မုန့်ထျန်းနဲ့ ဖန်ကျန်းရှီ စွမ်းအားက တူမှ မတူပဲ။ ဘယ်လို ပါရမီရှင်က ဒီလောက် အချိန်တို အတွင်းမှာ အင်အားကြီး နိုင်မှာလဲ။”
“ဒါပေမယ့် ကြည့်ရတာ နတ်သခင်တွေရဲ့ အကာအကွယ်ကို ဆရာကြီး မုန့်ထျန်း မထိုးဖောက်နိုင်သလိုပဲ။”
“ဟူး။ နတ်သခင် ငါးယောက်။ ငါထင်တာတော့ ဆရာကြီး မုန့်ထျန်း မလုပ်နိုင် လောက်ဘူး။ ဆရာကြီး မုန့်ထျန်း ဘယ်လောက်ပဲ အင်အားကြီးပါစေ။ ရှေးက သတ္တဝါဆိုးကြီး တွေကိုတော့ မယှဉ်နိုင်ဘူးလေ။”
တပည့်သားတွေက ဖန်ကျန်းရှီ မျှော်လင့်တကြီး၊ ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ကြည့်နေ ကြတယ်။
နတ်သခင် ငါးယောက်ကို ဆက်တိုက် တိုက်ခိုက်ဖို့ ဆိုတာ ခက်ခဲလွန်းတယ်။ ဒါ့အပြင် နတ်သခင်တွေက အချိန်ဆွဲနေတာလေ။
“အချိန်။ ငါတို့တွေ အချိန် မရှိတော့ဘူး။” မော့ရှန်းရှီကို တပည့်သား တစ်ချို့က တွဲထားခဲ့တယ်။ သူက အရမ်းကို စိုးရိမ် နေပုံပဲ။
ဒုန် ဒုန်း။ ခြေသံတွေက နီးကပ် လာနေပြီ။ နောက်ဆယ်မိနစ် အတွင်း နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ် တပ်တွေ ရောက်လာတော့မယ်။
သူတို့ ဘာလုပ်ရမလဲ။
ပင်းယန်လဲ အရမ်းကို စိတ်ပူနေခဲ့တယ်။ ဒါပေမယ့် အလောတကြီး ဘာမှ မလုပ်ရဲ ခဲ့ဘူး။ အခု တိုက်ပွဲက သူမ ဝင်ပါလို့ မဖြစ်နိုင်ဘူးလေ။
သူမ ဝင်လိုက်ရင်၊ ကူညီရာ မရောက်ရုံ မကဘူး။ ဖန်ကျန်းရှီတောင် အာရုံလွင့်သွား နိုင်သေးတယ်။
သူမ စိတ်ပူ နေသလို၊ မျက်လုံး ပြူးကြီးနဲ့ ကြည့်နေရုံသာ တတ်နိုင်တယ်။ ဖန်ကျန်းရှီ လက်ထဲက ဓားတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။ တာအို အမျိုးအစား နှစ်ထောင် နီးပါးကို ခက်ခက်ခဲခဲ လေ့ကျင့်ပြီးမှ အောင်မြင်လာတဲ့ ပြန်လည် မွေးဖွားမှု တာအို ငါးခုကို မသုံးရတာ ဘယ်လောက်တောင် ရင်နာစရာ ကောင်းလိုက်သလဲ။
“နောက်ဆုံး နောက်ဆုံး တစ်ခေါက် တိုက်ခိုက်မယ်။” ဖန်ကျန်းရှီ ဒီအတိုင်း ဆက်သွားနေရင်၊ အခွင့်အရေး ဆုံးရှုံးတော့မယ်မှန်း သူသိတယ်။ အောင်မြင်ရမယ်။
ဝူး။ ဖန်ကျန်းရှီ ပျောက်ကွယ် သွားတယ်။
“ဘယ်ဘက်လား။”
“ညာဘက်လား။”
“အရှေ့လား။”
“အနောက်လား။”
“မဟုတ်ဘူး။ အပေါ်ဘက်။” နတ်သခင် ငါးယောက် ဖန်ကျန်းရှီ ပျောက်သွားတာနဲ့ ပတ်ဝန်းကျင်ကို ချက်ခြင်း ရှာကြတော့တယ်။
ဒီအချိန်မှာပဲ ငွေရောင် အလင်းတန်း တစ်ခု ကောင်းကင်ကနေ ဆင်းသက်လာတယ်။ ဒါက ဓားရှည် တစ်လက်ပဲ။
“အပေါ်ကနေ တိုက်ခိက်ချင်တယ်ပေါ့။ အိပ်မက်မက်နေလိုက်။” လင်းယွိ မျက်လုံးတွေကို မှေးစင်းရင်း ဓားရှည် တစ်လက်နဲ့ တိုက်ခိုက်တယ်။ အပြာရင့်ရောင် အလင်းတန်းက လေလှိုင်းတွေနဲ့ ပေါင်းစပ်တယ်။ အပြာရောင် မြစ်တစ်စင်းလို အသွင်နဲ့ ကောင်းကင်ကို ချိတ်ဆက်တယ်။ ပတ်ဝန်းကျင် လေတွေတောင် အအေးဓာတ်ကြောင့် တောင့်ခဲ သွားရတယ်။
လေအေးအေးတွေက မြည်သံတွေ ထွက်ပေါ်လာတယ်။
ဓားရှည် တစ်လက်က အပြာရောင် မြစ်ကြီးနဲ့ တိုက်မိပြီး အလင်းတန်းတွေ ထွက်ပေါ် နေခဲ့ပြီ။ ခရမ်းရောင် လျှပ်စီးတန်းကြီးနဲ့ ငွေရောင်ဓားက ပျောက်ကွယ် သွားတယ်။
ဝုန်း။ ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ် လာပြီးနောက် ကြယ်ရောင်တွေ လွှမ်းခြုံထားတဲ့ ငွေရောင်ဓားက ပျက်စီး သွားမယ့် အစား ပိုပြီး မြန်မြန် လှည့်ပတ်တော့တယ်။
ချွတ်။ ချပ်။
“…”
အက်ရာတွေ အများကြီး အပြာရောင် မြစ်ထဲမှာ ထွက်ပေါ်လာတယ်။ တိုက်ခိုက်မှုကို မခုခံ နိုင်ပုံပဲ။
“မုန့်ထျန်းက တကယ့်ကို အင်အားကြီးတယ်။” လင်းယွိ ဘေးမှာ ရပ်နေတဲ့ နတ်သခင် တစ်ယောက်က ပြောလိုက်ရင်း အနီရောင် အလင်းတန်း တစ်ခုကို ပြစ်လွှတ်လိုက်တယ်။
ဒါက သွေးလို နီရဲနေတဲ့ ဓားတစ်လက်ပဲ။
ဝုန်း။ ဖန်ကျန်းရှီရဲ့ ဓားရှည်က နတ်သခင်ရဲ့ ဓားကြောင့် ၂ပိုင်း ကျိုးသွားတယ်။ ဒါပေမယ့် ဒါက အဆုံးသတ် မဟုတ်သေးဘူး။
ဓားလွှင့်ထွက် သွားချိန်မှာပဲ ဒုတိယ ဓားရှည်က ကြောက်စရာ အရှိန်နှုန်းနဲ့ အတူ ကောင်းကင်ကနေ ဆင်းသက်လာနေတယ်။ ပထမဓားရဲ့ လက်ကိုင်မှာ ကပ်ပါ လာတဲ့ အတိုင်းပဲ။
ဝုန်း။ နတ်သခင်ရဲ့ ဓားရှည် လွင့်ထွက် သွားပြီး ဒုတိယ ဓားရှည်က အပြာရောင် မြစ်ထဲ ထိုးဖောက်ပြန်တယ်။
“ထပ်ရှိ နေသေးတာလား။”
“ဓားနှစ်လက်ကို ပေါင်းလိုက်။”
“မဟုတ်ဘူး။ ငါးလက်ကိုပေါင်း။”
နတ်သခင်တွေ မကြာခင်ပဲ သတိ ဝင်လာကြတယ်။ ချက်ခြင်း ဆိုသလို အလင်းတန်းတွေက ဖန်ကျန်းရှီရဲ့ ဒုတိယ ဓားကို လာရိုက်ခတ်တယ်။
ဝုန်း။ ဒုတိယဓား လွင့်ထွက်ပြီးနောက် တတိယဓား ပေါ်လာတယ်။
ဓားရှည်က နောက်ဆုံးမှာတော့ ဒိုင်းကာပေါ် ရောက်လာခဲ့ပြီ။ ဓားထိပ်မှာ မီးပွားလေးတွေ ရှိနေတယ်။ လှည့်ပတ်နေတဲ့ ဓားထိပ်က ဒိုင်းကာကြီးကို ပွတ်တိုက် နေခဲ့တယ်။
“မုန့်ထျန်း။ မင်း ထိုးဖောက် နိုင်မှာ မဟုတ်ဘူး။” လင်းယွိ ဒေါသတကြီးနဲ့ ဟိန်းဟောက်တယ်။
အပိုင်း (၉၆၆) ပြီး၏။
အပိုင်း (၉၆၇)
“တကယ့် ဉာဏ်ကြီးရှင် အစစ်။”
နတ်သခင် ငါးယောက် လုပ်ထားတဲ့ ငါးလွှာဒိုင်းက အင်အား အကြီးဆုံး ခုခံစစ်လို့ ခေါ်ရင် မမှားဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက ဒီငါးလွှာဒိုင်းကို သာမာန် ဓားတွေနဲ့ ဖောက်နိုင်မယ်လို့ လင်းယွိတော့ မယုံ။
အကယ်၍ မုန့်ထျန်းကသာ သူ့ထက် ပိုပြီးတော့ အင်အားကြီးနေရင်တောင်၊ မုန့်ထျန်းရဲ့ဓားပညာက အရမ်းကို ကောင်းမွန် နေရင်တောင် ဒီလောက် အဆင့် ခုခံစစ်ကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူး။
တတိယမြောက် ဓားလဲ ကျိုးသွား ခဲ့ပြန်ပြီ။ ဒါပေမယ့် နောက်ထပ် ဓား၂လက် ရှိနေသေးတယ်။ စတုတ္ထမြောက် ဓားက ဒိုင်းကာဆီ ရောက်လာပြန်တယ်။
လည်ပတ်တဲ့ အရှိန်နှုန်းက ပိုမြင့်လာတယ်။ အရှေ့က ဓားတွေထက် ပိုပြီးတော့ အားကောင်းတယ်။
ဂျွတ်။
ဒီတစ်ကြိမ်မှာ ထွက်ပေါ်လာတဲ့ ခပ်တိုးတိုး မြည်သံကြောင့် နတ်သခင်တွေ အားလုံး အမူအယာ ပြောင်းသွားကြတယ်။ ငါးလွှာဒိုင်းကာမှာ အက်ကွဲရာလေး တစ်ခု ဖြစ်ပေါ် လာခဲ့ပြီ။
အရမ်းကို သေးငယ်လွန်း ပေမယ့်၊ တကယ်ပဲ အက်ကွဲသွားပြီ။ ဒါ့အပြင် အက်ကွဲကြောင်းက ပို ပိုပြီး ကြီးမားလာတယ်။
ဝုန်း။
အလင်းတန်း တစ်ခုက စတုတ္ထမြောက် ဓားကို လွင့်ထွက်အောင် ရိုက်ထုတ်လိုက်တယ်။ ရိုက်ထုတ်သူကတော့ ချင်း၇ှန်းပဲ။ ဒါပေမယ့် ပဉ္စမမြောက်ဓားက ရောက်မလာ ခဲ့ဘူး။
“ဟမ်။ နောက်ဆုံးဓားက ဘယ်မှာလဲ။” ဖန်ကျန်းရှီမှာ ဓားတစ်လက် ကျန်သေးတာကို သူတို့ အားလုံး သိတယ်။ အခုတော့ လေးလက်ပဲ ရှိသေးတယ်လေ။
ဒီအတွေး ဝင်လာချိန်မှာပဲ လင်းယွိ ခြေထောက် တစ်ခုလုံး အေးစက်သွားတယ်။ ဒါက ပင်ကိုယ်သိစတ် တစ်ခုပဲ။
“ခြေထောက်အောက်မှာလား။” လင်းယွိ မျက်နှာ ချက်ခြင်း ဖြူဖျော့သွားတယ်။ ငါးလက်မြောက် ဓားက ကောင်းကင်ကနေ လာမှာ မဟုတ်ခဲ့ဘူးပဲ။ မြေအောက်ထဲမှာ ပုန်းအောင်းနေတယ်။ ဒါက လုံးဝကို အာရုံလွှဲ နည်းလမ်းပဲ။
ဝုန်း။ မြေပြင်က အက်ကွဲသွားပြီ။ ငါးလက်မြောက် ဓားက ငွေရောင် အလင်းတန်းတွေနဲ့ အတူ ကောင်းကင်ကို ပျံတက်လာတယ်။
“အရှင် သခင်ငယ် ရှောင်လိုက်။” ချက်ခြင်း လင်းယွိက ယွင်ချင်းဝူကို တွန်းလိုက်တယ်။
ဒီလို အရေးကြီး အချိန်မျိုးမှာ ရွေးချယ်စရာ မရှိတဲ့ အတွက် ယွင်ချင်းဝူကို သူတိုက်ခိုက်ရတယ်။ ကံကောင်းစွာနဲ့ပဲ အင်အားကို ထိန်းချုပ်နိုင် ထားသေးတယ်။
ယွင်ချင်းဝူက လင်းယွိကြောင့် လွင့်ထွက်သွားရပေမယ့် ယွင်ချင်းဝူက ဒဏ်ရာ အများကြီး မရခဲ့ဘူး။ တကယ်တော့ သွေးတောင် တစ်စက် မထွက်ခဲ့ဘူး။ ဒီလို ရလဒ် ထွက်လာတာ ကံကောင်းလွန်းတယ်။
နောက်ဆုံးတော့လဲ လင်းယွိက နတ်သခင် တစ်ယောက် ဖြစ်နေခဲ့တယ်လေ။ ယွင်ချင်းဝူက ကြယ်တာရာ စုဝေးမှု အဆင့် တစ်ယောက်သာ ဖြစ်နေတယ်လေ။ သူတို့ရဲ့ စွမ်းအားတွေက ကွာခြားလွန်းတယ်။
ဝူး။ ငါးလက်မြောက်ဓားက လင်းယွိ မျက်နှာရှေ့ကနေ ဖြတ်သန်း ပြီးနောက် ငါးလွှာဒိုင်းဆီကို အမြန်ဆုံးနှုန်းနဲ့ ရောက်သွားတယ်။
ရလဒ်ကတော့ အတော့်ကို ကံကောင်းတယ်။
ဒါပေမယ့် လင်းယွိရဲ့ မျက်နှာကတော့ တောင့်တင်းသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီဓားကို ရှောင်နိုင်မယ်လို့ သူ့ကိုယ်သူ မထင်မှတ် ခဲ့ဘူးလေ။ သူက ယွင်ချင်းဝူ ရောက်နေတဲ့ နေရာ တည့်တည့်မှာ ရှိနေခဲ့တာလေ။ ယွင်ချင်းဝူနဲ့ နေရာချင်း လဲလိုက်သလို ဖြစ်သွားခဲ့တာပဲ။
ဒီတော့ ဓားက သေချာပေါက် သူ့ကို ထိခိုက် စေသင့်တယ်။ ဒါကို ဘာကြောင့်များ လွဲချော် သွားတာလဲ။
မုန့်ထျန်း မတော်တဆ လွဲချော် သွားတာလား။
လင်းယွိက တခြားသူတွေရဲ့ စိတ်ကို မြှင့်တင်ပြီး ကိုယ့်ကိုယ်ကို နှိမ့်ချတာမျိုး မကြိုက်ဘူး။ ဒါပေမယ့် မုန့်ထျန်းက ဓားကို လွဲသွားတယ်လို့ တွေးရတဲ့ အထိလဲ မတုံးအဘူး။ မုန့်ထျန်းက တမင်တကာ လွဲချော်အောင် လုပ်လိုက်တာပဲ။ ဘာကြောင့်များလဲ။
ယွင်ချင်းဝူနဲ့ နတ်သခင်တွေကို တမင်တကာ လန့်အောင် လုပ်ချင်ရုံပဲလား။ သေချာပေါက် ဘယ်ဟုတ်မလဲ။
ဝုန်း။
လင်းယွိ စိတ်ရှုပ်ထွေး နေချိန်မှာပဲ ဓားက ငါးလွှာ ဒိုင်းကို ထိတော့တယ်။ လေးလက်မြောက်ဓား ရှိခဲ့တဲ့ နေရာနဲ့ တစ်ထပ်တည်း အတွင်း အပြင်သာ ကွာခြားတယ်။
ချက်ခြင်း ဆိုသလို ငါးလွှာဒိုင်းလဲ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတော့တယ်။
အက်ကွဲကြောင်းတွေက ပင့်ကူမျှင်တွေလိုမျိုး ဖြစ်ပေးလာတယ်။ ဒီဒိုင်းကာက မကာကွယ် ပေးနိုင်တော့ဘူး။ လင်းယွိ မျက်နှာက ခရမ်းရောင် ပြောင်းနေခဲ့ပြီ။
သူတင် မကဘူး။ တခြားသူတွေလဲ အတူတူပဲ။ ချင်းရှန်းက ပိုပြီးတော့တောင် ဆိုးသေးတယ်။ သူတို့တွေက ငတုံးတွေ မဟုတ်ဘူးလေ။
ဒီမြင်ကွင်းက သူတို့ကို လန့်စေပေမယ့်၊ ဖြစ်ရတဲ့ နောက်ခံ အကြောင်းအရင်းကို သူတို့ သိကြတယ်။ လေးခုမြောက် ဓားရောက်လာတဲ့ အချိန်တည်းက ဖိအားတွေ များလွန်းနေပြီ။
ဒီဖိအားက ဒိုင်းကို ပုံပျက် သွားစေနိုင်တယ်။ ငါးခုမြောက်ဓား အထဲကနေ ရောက်ရှိ လာချိန်မှာတော့ နောက်ထပ် မခံနိုင်တော့တာပဲ။
လူတစ်ယောက်ကို တံခါး အပြင် ကန်ထုတ်တာနဲ့ တံခါး အထဲကို ကန်သွင်းသလို အားက ကွာခြားတယ်။ အတွင်းအပြင် ညှပ်တိုက်ရင် အားအကောင်းဆုံး ခုခံစစ်တောင် ခံနိုင်ရည် မရှိဘူး။
“သူ တမင်တကာ လုပ်တာပဲ။ မုန့်ထျန်းက ယွင်ချင်းဝူကို ထိခိုက်အောင် လုပ်ဖို့ စိတ်ကူး မရှိဘူး။ ငါးလွှာဒိုင်းကို မျက်စိကျနေတာပဲ။” လင်းယွိ နားလည်သွားတယ်။
ယွင်ချင်းဝူကို ငါးလက်မြောက် ဓားက မထိတာ သူ့ကို ချိန်ရွယ် မထားလို့ပဲ။ အစတည်းက တိုက်ခိုက်ဖို့ စိတ်ကူး မရှိခဲ့တဲ့ အတွက် မထိတာ အစမ်း မဟုတ်ဘူး။ ဒီတော့ မုန့်ထျန်းက ဘယ်ကနေ တိုက်ခိုက်တာလား။
နေစမ်းပါအုန်း။ အရှင်သခင်ငယ်။
အရှင်သခင်ငယ်ကို သူတွန်းထုတ် လိုက်မိတယ်။
“မုန့်ထျန်း။” လင်းယွိ မျက်လုံးတွေ ရဲရဲနီသွားတယ်။
သူ့နောက်ကျော တစ်ခုလုံးလဲ အေးစိမ့် သွားခဲ့ပြီ။ ခေါင်းအစ ခြေအဆုံးကို ရေခဲ ရိုက်ခံ လိုက်ရသလို ခံစား နေရတယ်။ ယွင်ချင်းဝူ ရှိနေခဲ့တဲ့ နေရာမှာ လူတစ်ယောက် ရောက်နေခဲ့ပြီ။ သူ့ရဲ့ ဝတ်ရုံနက်က နည်းနည်းတော့ စုတ်ပြဲ နေပင်မယ့်၊ မျက်နှာဖုံး စွပ်ထားတဲ့ မျက်နှာက လူတိုင်းကို တုန်ယင် လာစေတယ်။
သုခမိန် စစ်နတ် မုန့်ထျန်း။ ရယ်ချင်စရာ မျက်နှာဖုံးနဲ့လူ။
“ဟိုင်း။ ယုန်ထောင် ကြောင်မိ ဆိုတာကို ကြားဖူးလား။” ဖန်ကျန်းရှီက အကြောဆန့်ရင်း ယွင်ချင်းဝူကို လက်တစ်ဖက်နဲ့ လှမ်းဆွဲတယ်။
“…”
“…”
ဒါကို မြင်ချိန်မှာတော့ လင်းယွိ၊ ချင်းရှန်းနဲ့ တခြား နတ်သခင်တွေ အားလုံး မျက်လုံး ပြူးသွားတော့တယ်။
နတ်သခင် ငါးယောက်လဲ မယုံနိုင်ဘူး။ မုန့်ထျန်းက ယွင်ချင်းဝူကို သူတို့ အကာအကွယ် အောက်ကနေ လုယူ သွားနိုင်တယ်။ ဒါ့အပြင် လင်းယွိက သူ့ကို ကူညီ သလိုတောင် ဖြစ်သွားသေးတယ်။
ထူးဆန်းပြီး မယုံနိုင်စရာ ကောင်းလွန်းတယ်။
ဒါပေမယ့် အမှန်တရားကတော့ ယွင်ချင်းဝူက မုန့်ထျန်း လက်ထဲကို ရောက်သွားခဲ့ပြီ။ မုန့်ထျန်းက ဆွဲထားတဲ့ အတွက် ယွင်ချင်းဝူ မျက်နှာက ဖြူဖျော့နေတယ်။
ပတ်ဝန်းကျင် တပည့်သားတွေလဲ မယုံနိုင်ကြဘူး။ ဒီမြင်ကွင်းကို အားလုံးက ရှင်းရှင်းလင်းလင်း မြင်လိုက် ကြပေမယ့် မယုံနိုင်တာက မယုံနိုင်တာပဲ။
နတ်သခင် ငါးယောက်လုံး ရှိနေတာတောင် ယွင်ချင်းဝူက လင်းယွိ တမင်တကာ တွန်းတာကို ခံရပြီး မုန့်ထျန်း လက်ထဲ ရောက်သွားတယ်။ ပြောရင် ဘယ်သူ ယုံမှာလဲ။
“ဘယ် ဘယ်လို ဖြစ်နိုင်တာလဲ။” လင်းယွိ သူ့စိတ်သူ မထိန်းနိုင်တော့ဘူး။ သူအရမ်းကို လန့်နေတယ်။
အားလုံးရဲ့ သဘာဝကို သူတွက်ထုတ် နိုင်သွားတယ်။
ဖန်ကျန်းရှီက ဓားငါးလက်ကို သုံးပြီးတော့ နတ်သခင်တွေကို အာရုံလွှဲတယ်။ ငါးလက်မြောက် ဓားကို ကောင်းကင်က ဆင်းလာသယောင် ထင်ရစေပြီးတော့ မြေပြင်ကို ခုခံဖို့ မေ့သွားစေတယ်။ ရလဒ်ကတော့ မြေပြင်က အားအနည်းဆုံး နေရာ ဖြစ်သွားတာပဲ။
ဒီအခွင့်အရေးကို သုံးပြီးတော့ ဒိုင်းကို သူဖျက်စီးတယ်။ နတ်သခင်တွေ အားလုံးလဲ ယွင်ချင်းဝူကို ကာကွယ်ဖို့ တွေးလိုက်မိတယ်။ လင်းယွိလဲ သူတတ်နိုင်တာကို လုပ်ခဲ့တယ်။ သူအောင်မြင်ခဲ့တယ်။
အရေးကြီးဆုံး အချက်ကတော့ နတ်သခင်တွေရဲ့ ကာကွယ်မှုကနေ ယွင်ချင်းဝူ လွှတ်ထွက် သွားတာပဲ။ ဒါက အရေးအကြီးဆုံး မဟုတ်သေးဘူး။
အရေးကြီးဆုံး အချက်ကတော့ အချိန်ပဲ။ ငါးလွှာဒိုင်းသာ မပျက်စီးရင် ယွင်ချင်းဝူလဲ အပြင်ကို ရောက်သွားမှာ မဟုတ်ဘူး။
အားလုံးက စနစ်တကျ ဖြစ်လာနေတယ်။ ဖန်ကျန်းရှီက ယွင်ချင်းဝူကို အသာလေး အမိဖမ်း သွားခဲ့ပြီ။ အားလုံးက အစီအစဉ်တကျကို ဖြစ်နေခဲ့တယ်။
တိုက်ခိုက်မှု စွမ်းအား နည်းလမ်း၊ အရာအားလုံးက မိုးမြေကို တုန်လှုပ်ပြီး နတ်ဘုရားတွေကို ငိုကြွေး စေနိုင်တဲ့ အထိ ချက်ကျ လက်ကျ ရှိလွန်းတယ်။
“သူလုပ်နိုင်သွားပြီ။” ပင်းယန် နောက်ဆုံးမှာတော့ သတိ ပြန်ဝင်လာတယ်။
သူမ ပျော်ရွှင်မှု အပြည့်နဲ့ အော်ဟစ်တော့တယ်။
ကြောက်စရာ ကောင်းတဲ့ တိုက်ခိုက်မှုထက် ပိုပြီး လန့်စရာ ကောင်းတာကတော့ ဉာဏ်ပညာပဲ။
“ပြန်လည် မွေးဖွားမှု တာအို လေးခုကို မသုံးပဲ။ နင့် ဇစ်မြစ်ကို ထုတ်မပြပဲ ငါ့ကို တစ်ခေါက် ဖမ်းနိုင်ပြန်ပြီ။ မဆိုးဘူး။ နင်ငါ့ကို နောက်ဆုံးတော့ တစ်ကြိမ် နိုင်သွားပြီပဲ။” ယွင်ချင်းဝူ သူရှေ့က လူကို ကြည့်ရင်းပြောလိုက်တယ်။ ဖန်ကျန်းရှီရဲ့ မျက်ဝန်းထဲကို စိုက်ကြည့်ရင်း တစ်ခုခု မြင်ရဖို့ မျှော်လင့်နေတယ်။
သူ့မျက်ဝန်းတွေထဲမှာ ဂုဏ်ယူမှုနဲ့ စိတ်လှုပ်ရှားမှုတွေကို မြင်ရတယ်။
ဖန်ကျန်းရှီ အရမ်းကို ဂုဏ်ယူပြီး စိတ်လှုပ်ရှားနေတယ်။ လက်တွေတောင် တုန်နေခဲ့ပြီ။
သူက တကယ့်ကို အရမ်းကြီး ပျော်နေတာပဲ။
ဖန်ကျန်းရှီ ကောင်းကင် တာအိုကို မသုံးပဲ ယွင်ချင်းဝူကို အမိဖမ်း နိုင်ခဲ့ပြီ။ မြေလျှိုး မိုးပျံတဲ့ နည်းလမ်းတွေလဲ သူမသုံးခဲ့ဘူး။
“ငါက ပါရမီရှင်ပဲ။”
နေစမ်းပါအုန်း။ မဟာ မှော်ပညာရှင် ဆရာကြီးလို့ ခေါ်သင့်တာပဲ။
မဟာ မှော်ပညာရှင် ဆရာကြီးလို ပါရမီရှင်။ ဟဟား။
ဖန်ကျန်းရှီက အရမ်းကို ပျော်နေခဲ့တယ်။ ကောင်းကင်ကို မော့ကြည့်ရင်း အူမိတော့ မလိုပဲ။ အဲ့ဒီ့နောက် ရယ်မောရင်း နတ်သခင် ငါးယောက်ကို လက်ညှိုးထိုးပြီး ပြောတယ်။
“တကယ်တော့ တစ်ယောက်တည်းကို ပြစ်မှတ် ထားတာ မဟုတ်ဘူး။ မင်းတို့ အားလုံးကို ငါ ပြစ်မှတ် ထားခဲ့တာပဲ။ အားလုံးက မကောင်းတဲ့ ကောင်တွေ။”
ယွင်ချင်းဝူ ပြောတာကို ကြားပြီးချိန်မှာတောင် ကိုယ့်ကိုယ်ကို နှိမ့်ချဖို့ မမေ့ခဲ့ဘူး။
“လွန်ခဲ့တဲ့ နှစ်ရာချီတည်းက ငါ့သမိုင်းမှာ အရှုံးဆိုတဲ့ စကားလုံး မရှိတော့ဘူး။ ငါ့မှာ ဓားတစ်လက်သာ ရှိနေရင်၊ လောကမှာ ရှိသမျှ နတ်ဆိုး မိစ္ဆာတွေ အားလုံးကို ငါသတ်နိုင်တယ်။ မင်းကို နောက်ဆုံးတော့ နိုင်ပြီ ဆိုတာ ဘာကို ပြောချင်တာလဲ။ ဒါကို ငါလုံး၀ နားမလည်နိုင်ဘူး။” ဖန်ကျန်းရှီ ပြုံးပြုံးကြီး ပြောတယ်။
ဒါပေမယ့် သူ့မျက်နှာဖုံးကြောင့် သူပြုံးနေတာကို ဘယ်သူမှ မတွေ့ခဲ့ဘူး။
“ငါ့မှာ ဓားတစ်လက်သာ ရှိနေရင်၊ လောကကြီးမှာ ရှိသမျှ နတ်ဆိုး မိစ္ဆာတွေ အားလုံးကို သတ်နိုင်တယ်။”
“ငါ့သမိုင်းမှာ အရှုံးဆိုတာ မရှိဘူး။”
လူသားမျိုးနွယ် တပည့်သားတွေနဲ့ ဒဏ်ရာရနေတဲ့ မော့ရှန်းရှီပါ ဖန်ကျန်းရှီရဲ့ စကားကြောင့် စိတ်အား တက်ကြွ လာတော့တယ်။
သူတို့တွေ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ အားလုံးက မင်းအရှက်မရှိလိုက်တာလို့ အော်ချင်ပေမယ့် ဘယ်သူမှ ပြောမထွက် ကြဘူး။
နောက်ဆုံးတော့လဲ ဒါက မုန့်ထျန်းလေ။ ဒဏ္ဍာရီထဲမှာ လူသား မျိုးနွယ်ရဲ့ ထိပ်တန်း ဖြစ်ခဲ့တဲ့ သုခမိန် စစ်နတ် မုန့်ထျန်း။
အခုချိန်မှာ နတ်သခင် ငါးယောက်ကို အနိုင်ယူပြီး ယွင်ချင်းဝူကို ဖမ်းနိုင်ခဲ့တယ်။ ဒီတော့ သူ့စကားတွေက ဘယ်လိုများ အရှက်မရှိတာ ဖြစ်နိုင် အုန်းမှာလဲ။
နတ်သခင်တွေ အားလုံးကတော့ အကြောင်းအရင်း မရှိပဲ တိုက်ပွဲမှာ ရှုံးသွားခဲ့ပြီ။ ငါးယောက် ပေါင်းတာတောင် ရှုံးရတယ်။
ဒါပေမယ့် ဒီကောင်က ဒီလောက် မောက်မာ နေစရာ လိုလို့လား။
ဒီအတွေးတွေ နတ်သခင်တွေရဲ့ စိတ်ထဲ ဝင်လာချိန်မှာတော့ သူတို့တွေ အံကြိတ်မိတော့တယ်။ သွေးကြောတွေတောင် မျက်နှာပေါ်မှာ ထောင်ထ နေခဲ့ပြီ။
အပိုင်း (၉၆၇) ပြီး၏။
အပိုင်း (၉၆၈)
“အရင်း အမြစ် ပြဿနာကို ရှာ။ အခြေအနေကို ပြောင်းပြန်လှန်။”
ဘေးမှာ ရပ်နေတဲ့ ပင်းယန်ကတော့ တခြား လူသား မဟာမိတ်တွေ နတ်သခင် အဆင့် ပညာရှင်တွေလို အတွေး မရှိခဲ့ဘူး။ သူမ စိတ်ထဲမှာ တစ်ခုတည်းကိုပဲ တွေးမိတယ်။
“ဒီ အရှက်မရှိတဲ့ ကောင်စုတ်ရဲ့ အဆင့်က နောက်တစ်ဆင့်ကို ရောက်သွားပြန်ပြီ။”
“တိုက်ခိုက်ကြ။”
နတ်သခင် အဆင့် ပညာရှင်တွေနဲ့ လူသား မဟာမိတ်တွေ အားလုံး စကားထပ်မပြောနိုင် ဖြစ်နေချိန်မှာပဲ နတ်ဆိုးနဲ့ မိစ္ဆာ တပ်ဖွဲ့တွေ ရောက်လာခဲ့ပြီ။
ဒါပေမယ့် ဟိန်းဟောက်သံတွေက ခပ်မြန်မြန်ပဲ ရပ်တန့် သွားတယ်။
သူတို့အားလုံး လန့်စရာ မြင်ကွင်းကို မြင်လိုက် ရတယ်လေ။ ယွင်ချင်းဝူက အဖမ်းခံ လိုက်ရပြီ။ ဝတ်ရုံနက်ဝတ်ပြီး မျက်နှာဖုံးနက် စွပ်ထားတဲ့ လူလက်ထဲမှာ လည်ပင်းညှစ် ခံနေရတယ်။
နေရောင်ခြည် တောက်ပ လာချိန်မှာတော့ မျက်နှာဖုံးပေါ်မှာ တောက်ပနေတဲ့ ရွှေရောင် စာလုံးကို လူတိုင်း မြင်လိုက်ရတယ်။ (နတ်ဘုရား။) ဒီမြင်ကွင်းက နတ်ဆိုး မိစ္ဆာတွေ အားလုံးကို အရိုးထဲ အထိ စိမ့်ချမ်း သွားစေခဲ့တယ်။
“အဲ့တာ မုန့်ထျန်းပဲ။”
“သုခမိန် စစ်နတ် မုန့်ထျန်း။”
“သူက အရှင်သခင်ငယ်ကို ဖမ်းသွားပြီ။”
“အရှင် သခင်ငယ်က သုခမိန် စစ်နတ် မုန့်ထျန်း ဖမ်းတာကို ခံလိုက် ရတယ်လား။”
“နတ်သခင်တွေ ဘယ်မှာလဲ။ သူတို့တွေ ဘာလုပ် နေတာလဲ။ နေစမ်းပါအုန်း။ သူတို့တွေ ဒီအတိုင်းကြီး ကြည့်နေ ကြတာလား။”
နတ်သခင် ငါးယောက်က ယွင်ချင်းဝူ အနားမှာ အတူတူ ရှိနေ ကြတာလေ။ ဘာတွေ ဖြစ်နေကြတာလဲ။
နောက်ပြီး ငါးယောက်တည်း ရှိနေတယ်။
ချိုးချီရော ဘယ်မှာလဲ။ နောက်ပြီးတော့ အတူတူ ထွက်သွားတဲ့ လီရှရော ဘယ်မှာလဲ။
သံသယ အကြည့်တွေက နတ်ဆိုးနဲ့ မိစ္ဆာတွေရဲ့ မျက်ဝန်းထဲမှာ ပေါ်လာတယ်။ သူတို့တွေ အော်ဟစ်နေတာ ရပ်သွားကြပြီ။ မြေပြင်မှာသာ မျက်လုံး အပြူးသားနဲ့ ရှိနေကြတယ်။
“လောကကြီးမှာ ရှိသမျှ နတ်ဆိုး မိစ္ဆာတွေ အားလုံးကို လက်ထဲက ဓားတစ်လက်နဲ့ သတ်မယ်တဲ့လား။” ယွင်ချင်းဝူ နောက်ဆုံးမှာတော့ စိတ်ရှုပ်နေတဲ့ အကြည့်နဲ့ ကြည့်တော့တယ်။
“ဖန်ကျန်းရှီ ဟန်ဆောင်နေတာ ရပ်လိုက်တော့။ နင်မှန်း ငါသိတယ်။ နင်ပဲ ဖြစ်ရမယ်။ နင်တစ်ယောက်ပဲ ငါးယောက် တစ်ယောက် ရှိနေတာတောင် ငါ့ကို ဖမ်းနိုင်တယ်။”
“ဘာဖြစ်တယ်။”
“အရှင် သခင်ငယ်က မုန့်ထျန်းကို ဖန်ကျန်းရှီလို့ ခေါ်နေတာလား။”
“ငါးယောက် တစ်ယောက်တဲ့။”
မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် စစ်သည်တော်တွေ ယွင်ချင်းဝူရဲ့ စကားကို ကြားချိန်မှာတော့ မျက်လုံး အပြူးသား ဖြစ်ကုန်ကြတယ်။
သူမက ဖန်ကျန်းရှီလို့ ရှင်းရှင်းလင်းလင်း ပြောနေတယ်လေ။ သူမ ပြောနေတာကို သူတို့ တကယ် နားမလည်နိုင်ဘူး။
သူတို့ နားလည်လိုက်တဲ့ တစ်ခုတည်းသော အရာကတော့ သူတို့ မျက်စိရှေ့မှာ ရှိနေသူက ယွင်ချင်းဝူကို နတ်သခင် ငါးယောက် လက်ထဲကနေ လုယူ သွားနိုင်ခဲ့တယ်။ ဘယ်လိုများ ဖြစ်နိုင်ရတာလဲ။
ရှေးနတ်သခင်တွေထက် ပိုပြီးတော့ အင်အားကြီးတဲ့သူ ရှိနိုင်သေးလို့လား။
အားလုံးက သူတို့ တွေးနိုင်တာထက် ကျော်လွန် နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ရယ်မောတယ်။ လုံးဝကို ကိုယ့်ကိုယ်ကို ထိန်းချုပ် မနေဘူး။ ခန္ဒာကိုယ်ကို လှုပ်ယမ်း နေတဲ့ အထိကို ရယ်မောတယ်။ သူ့လက်ကို ယွင်ချင်းဝူ လည်ပင်းကနေ ဖယ်ရှားလိုက်ပြီး သူ့အနားကို ဆွဲယူတယ်။
“ယွင်ချင်းဝူ ယွင်ချင်းဝူ တုံးအလိုက်တာ။ ငါမင်းကို ပြောပြီးသားပဲ။ ငါ့မျိုးရိုက မုန့်။ နာမည်က ထျန်း။ ငါက သုခမိန် စစ်နတ်။” ဖန်ကျန်းရှီ လှောင်ရယ်ရင်း ပြောတယ်။
“ငါမယုံဘူး။” ယွင်ချင်းဝူ အခိုင်အမာ ပြောတယ်။
“ယုံတာ မယုံတာက မင်းအပိုင်း။ ဒါပေမယ့်၊ အခုချိန် မင်းရဲ့ တပ်ဖွဲ့တွေ ထွက်သွားပြီး မဟာနွံအိုင်ထဲကို ပြန်ဖို့ လိုနေပြီ။ မဟာ နွံအိုင်ထဲကနေ တစ်သက်လုံး ထွက်မလာကြနဲ့။” ဖန်ကျန်းရှိ ပြောတယ်။
“ဟဟား။ ငါ့ကို ဖမ်းလိုက်ရုံနဲ့ တပ်ဖွဲ့တွေအားလုံးကို နင်ထိန်းချုပ် နိုင်မယ်လို့ ထင်နေတာလား။” ယွင်ချင်းဝူ အေးစက်စက် ရယ်မောတယ်။
“ငါမလုပ် နိုင်ဘူးလို့ မင်းပြောချင်တာလား။” ယွင်ချင်းဝူက သေရမှာ မကြောက်တဲ့ လူမှန်း ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် တပ်ဖွဲ့တွေက သူမကို ဂရု မစိုက်ဘူး ဆိုတာတော့ သူမယုံဘူး။
“ငါ အမိန့်ချမယ်။ အခုချိန်က စပြီး ချင်းရှန်းက နောက်လာမယ့် မိစ္ဆာနဲ့ နတ်ဆိုး တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို အလုပ်နဲ့ပဲ သက်သေပြတယ်။
“ဘာဖြစ်တယ်။”
“ချင်းရှန်းက နောက်ထပ် ခေါင်းဆောင် အသစ်တဲ့လား။”
“..”
လူသား မဟာမိတ်တွေ အပြင်၊ နတ်သခင်တွေ အားလုံးနဲ့ ချင်းရှန်းတောင် မယုံနိုင် ဖြစ်သွားခဲ့တယ်။
ချင်းရှန်းဆိုတာ ဘယ်လိုလူလဲ။ နတ်သခင် တစ်ယောက် ဖြစ်နေပင်မယ့် တကယ့်ကို အထူးအဆန်းကောင်လေ။
ဒါတောင်မှ ယွင်ချင်းဝူက ချင်းရှန်းကို တပ်ဖွဲ့ ဦးဆောင် ခိုင်းနေတယ်။
မယုံနိုင် စရာပဲ။
နောက်ဆုံးတော့လဲ အသင့်တော်ဆုံး သူက ဧကရီ ပိုင်ကျစ်လေ။ သူမ မရှိရင်တောင် လင်းယွိက ဦးဆောင်သင့်တယ်။ ချင်းရှန်းလို လူမျိုးက သေချာပေါက် ဒီနေရာကို မယူသင့်ဘူး။
သူ့လက်ထဲသာ တပ်ဖွဲ့ ရောက်သွားရင် ဘာဖြစ်မလဲ မသိနိုင်ဘူး။
“အရှင် သခင်ငယ် ဘာကြောင့်များ။” လင်းယွိက မယုံနိုင်မှု အပြည့်နဲ့ မျက်လုံး ပြူးနေခဲ့တယ်။ နတ်ဆိုးတွေထဲမှာ သူတစ်ယောက်ကသာ ယွင်ချင်းဝူရဲ့ အစီအစဉ်ကို နားလည်နိုင်မယ်လို့ ထင်ခဲ့တယ်လေ။
ချင်းရှန်းက ယွင်ချင်းဝူ နောက်ကို လိုက်လာတာ တစ်ရက်တောင် မပြည့်သေးဘူး။
ယွင်ချင်းဝူရဲ့ အနာဂတ် အစီအစဉ်တွေကို ဘယ်လိုများ လုပ်ဆောင် နိုင်မှာလဲ။ ယွင်ချင်းဝူ ဘာကြောင့်များ ဒီလို ဆုံးဖြတ်ချက် ချရတာလဲ။ ဘာကြောင့်များလဲ။
လင်းယွိ လုံးဝကို နားမလည်နိုင်ဘူး။
ဖန်ကျန်းရှီတောင်မှ တောင့်တင်းသွားတယ်။ ယွင်ချင်းဝူရဲ့ အမိန့်ကြောင့် သူအထိတ်တလန့် ကြည့်နေမိတယ်။ သူတကယ့်ကို လန့်သွားတယ်။ ယွင်ချင်းဝူရဲ့ ဆုံးဖြတ်ချက်ကို သူတောင်မှ မမျှော်လင့် ထားခဲ့ဘူးေ။
သူက ချင်းရှန်းကို သုံးလိုက်တယ်။
“ဟဟား။ အရှင်သခင်ငယ်က ငါ့ရဲ့ သစ္စာကို တကယ်ပဲ အလကား မဖြစ်စေဘူး။” အခုချိန်မှာ မထိန်းချုပ်နိုင်တဲ့ ရယ်သံကြီးက ထွက်ပေါ် လာတော့တယ်။ ဒါက ချင်းရှန်းရဲ့ အသံပဲ။
ချင်းရှန်းရဲ့ ရယ်သံက ရက်စက်မှုတွေနဲ့ ပြည့်နှက်နေတယ်။ ယွင်ချင်းဝူကို တစ်ချက် ကြည့်လိုက်ရင်း ဖြည်းဖြည်းချင်း ဦးညွှတ်တယ်။
“ယုံကြည် ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် အရှင်သခင်ငယ်။ ငါ ချင်းရှန်း ကျိန်ဆိုတယ်။ အရှင် သခင်ငယ်ကို စိတ်မပျက် စေရပါဘူး။” ချင်းရှန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း ပြောတယ်။ “မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်ရဲ့ ခေါင်းဆောင် အနေနဲ့ ရှိသမျှ လူသား အားလုံးနဲ့ မုန့်ထျန်းကို သတ်ဖို့ ငါအမိန့်ပေးတယ်။”
“ချင်းရှန်း မင်းဒီလို လုပ်လို့ မရဘူးလေ။ အရှင်သခင်ငယ်ရဲ့ လုံခြုံရေးကို မင်း ထည့်မတွက်တော့ဘူးလား။” လင်းယွိရဲ့ အမူအယာက ချက်ခြင်း ပြောင်းလဲ သွားတယ်။
“ဘာဖြစ်တယ်။ မင်းက ငါ့အမိန့်ကို နားမလည်တာလဲ။ အခုချိန်က စပြီး ငါ ချင်းရှန်းက တပ်ဖွဲ့ ခေါင်းဆောင်ဆိုတာ မင်းမမေ့နဲ့။ မင်းက ငါ့အမိန့်ကို မလိုက်နာ တာလား။” ချင်းရှန်း ဟိန်းဟောက်တယ်။
“ငါ လုံး၀ မလိုက်နာနိုင်ဘူး။” လင်းယွိက အရမ်း ခေါင်းမာတယ်။
“မလိုက်နာ ဘူးပေါ့။ ငါမညှာတာဘူးလို့ အပြစ် မတင်နဲ့။” ချင်းရှန်းက ချက်ခြင်း လင်းယွိ နှလုံးကို အရှိန်ပြင်းပြင်းနဲ့ ရိုက်ချ လိုက်တယ်။
ဝုန်း။
လင်းယွိ လွင့်ထွက် သွားပြီးနောက် ဖြူဖျော့ဖျော့ မျက်နှာနဲ့ အတူ သွေးအန်တော့တယ်။
ဒီလို ဖြစ်သွားတာက မြန်လွန်းတယ်။ လင်းယွိ ကလွဲပြီး တခြား ဘယ်သူမှ ဒါမျိုး ဖြစ်လာမှာကို မခန့်မှန်း နိုင်ခဲ့ဘူး။
ဒါ့အပြင် ယွင်ချင်းဝူက အားလုံးကို မြင်ချိန်မှာ ဒေါသ ထွက်နေတဲ့ ပုံစံ ဖြစ်သွားခဲ့တယ်။
“လင်းယွိက ငါနဲ့ ချင်းရှန်း အမိန့်ကို မနာခံဘူး။ အခုချက်ခြင်း သူ့ကို သတ်သင့်တယ်။ ဒါပေမယ့် အခုချိန်မှာ တိုက်ပွဲကြီးက အရေးကြီးနေတယ်။ လင်းယွိကို အရင် မသတ်သေးနဲ့။ အကယ်၍ နောက်တစ်ခေါက် အမိန့် မနာခံရင်၊ ချက်ခြင်း သတ်လိုက်။” ယွင်ချင်းဝူရဲ့ တည်ငြိမ်တဲ့ အသံက လေထဲကို ပျံ့လွင့်လာတယ်။
“ဟဟား ကောင်းပါပြီ။ အရှင်သခင်ဟောင်းက ပြောလာမှတော့ လင်းယွိ အသက်ကို အခုချိန်မှာ ချမ်းသာ ပေးလိုက်မယ်။ ထွက်သွားစမ်း။ မင်းကို နောက်တစ်ခေါက် မမြင်ချင်ဘူး။” ချင်းရှန်းက နောက်တစ်ခေါက် ရိုက်ဖို့ ပြင်နေတဲ့ လက်ကို ဖြည်းဖြည်းချင်း ချလိုက်တယ်။
လင်းယွိကတော့ ချင်းရှန်းကို အဆိပ်ပြင်း မြွေ တစ်ကောင်လို ကြည့်နေတော့တယ်။
ဒါပေမယ့် လင်းယွိ နောက်ထပ် မခုခံ တော့ဘူး။ ယွင်ချင်းဝူဘက်ကိုသာ တစ်ချက် လှည့်ပြီး ဒူးထောက်လိုက်တယ်။ သူ့ခန္ဒာကိုယ်က တုန်ယင်နေတယ်။
“အရှင်သခင်ငယ် အသက် ချမ်းသာ ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။” ပြောပြီးတာနဲ့ လင်းယွိက ချက်ခြင်း ထွက်သွားတော့တယ်။ ဒါကို မြင်ချိန်မှာတော့ တခြား နတ်သခင် အဆင့် ပညာရှင်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်ရင်းနဲ့သာ တိတ်ဆိတ် သွားခဲ့တယ်။
“မင်းတို့ အားလုံး ဘာကို စောင့်နေတာလဲ။ တိုက်ခိုက်ကြ။ အရှင် သခင်ငယ်ကို ထိခိုက်အောင် လုပ်တဲ့ လူတွေအားလုံးကို သတ်ပြစ်။” ချင်းရှန်း အမိန့်က နောက်တစ်ခေါက် ထွက်ပေါ် လာပြန်တယ်။
“အမိန့် အတိုင်းပါ။”
တပ်ဖွဲ့တွေ ချက်ခြင်း နားလည်ကြတယ်။ ယွင်ချင်းဝူရဲ့ စကားက အမိန့်ပဲ။ အမိန့် ဆိုတာ ပြန်ပြင်လို့ မရနိုင်ဘူး။
ယွင်ချင်းဝူ စိတ်ထဲ ဘာတွေ တွေးနေမှန်း ခန့်မှန်း မရနိုင်ပေမယ့်၊ သူတို့က အမိန့်ကို နာခံရမယ့် စစ်သည်တော်တွေလေ။
ဒီအမိန့်ကို အတည်မပြု ရသေးပင်မယ့်၊ သူတို့တွေ လိုက်နာဖို့ လိုတယ်။ ချင်းရှန်း အမိန့် အတိုင်း မျက်စိရှေ့မှာ ရှိသမျှ လူသား အားလုံးကို သတ်ပြစ်ရမယ်။
“စလိုက်ကြစို့။ အရှင် သခင်ငယ်ကို မုန့်ထျန်း လက်ထဲကနေ ပြန်လုရမယ်။ မုန့်ထျန်းကို ငါကိုယ်တိုင် သတ်မယ်။” ချင်းရှန်းက ရယ်မောရင်း ပြောတယ်။ သူ့ရဲ့ မျက်နှာချောချောမှာ ပြင်းထန်တဲ့ လူသတ်ငွေ့တွေက အထင်းသား ပေါ်လာတယ်။
သူက ယွင်ချင်းဝူရဲ့ အသက်ကို ဂရု မစိုက်ခဲ့ဘူး။ တကယ်တော့ စကြဝဠာ အပြင်ဘက်ကနေ ပြန်လာချိန်တည်းက ယွင်ချင်းဝူ အမိန့်ကို နာခံဖို့ စိတ်ကူး မရှိခဲ့ဘူး။ နတ်ဆိုး မိစ္ဆာတွေရဲ့ အနာဂတ်ကိုလဲ ဂရု မစိုက်ဘူး။ အစီအစဉ်တွေက အရေးမှ မကြီးပဲ။
သူ့မှာ အချိန်သာ အလုံအလောက် ရှိနေရင်၊ နတ်ဆိုး မိစ္ဆာတွေ လောကကို ပြန်သိမ်းပိုက်ဖို့ အချိန်ပဲ လိုလိမ့်မယ်။
အကယ်၍ ယွင်ချင်းဝူသာ အစောပိုင်းတည်းက နတ်သခင်တွေကို သိမ်းသွင်း မထားခဲ့ရင်၊ သူလဲ နာခံ နေမှာ မဟုတ်ဘူး။
ရှေး အချိန်တုန်းက အင်အား အကြီးဆုံးသူပဲ အားလုံးကို အုပ်ချုပ်တယ်။ သူက အင်အားကြီး ဖြစ်တည်မှု တစ်ခု။ အခုချိန်မှာ ယွင်ချင်းဝူက သူ့ကို အာဏာလွှဲ ပေးခဲ့ပြီ။ ဒီလို တန်ဖိုးကြီး အခွင့်အရေးကို ဘယ်လိုများ တန်ဖိုး မထားပဲ နေမှာလဲ။
လူသားတွေ အားလုံးကို သတ်ပြီးရင်၊ ယွင်ချင်းဝူကို သတ်ဖို့ အခွင့်အရေး ရှာလို့ ရတယ်။ အခုချိန်က စပြီး နတ်ဆိုး မိစ္ဆာတွေ အားလုံးက သူ့ကို လေးစားရမယ်။ အနာဂတ်မှာ ဆင်းသက်လာမယ့် နတ်သခင်တွေတောင် သူ့အမိန့်ကို လိုက်နာရမယ်။
ဘယ်လောက်တောင် လှပလိုက်တဲ့ နေရောင်လဲ။ ကျောက်စိမ်းလို နွေးထွေးနေတယ်။
“တိုက်ခိုက်။”
“တိုက်ခိုက်ကြ။”
တ်ပဖွဲ့တွေရဲ့ ဟိန်းဟောက်သံ ထွက်ပေါ် လာပြန်တယ်။ သူတို့ရဲ့ လေးမြှားတွေကို အသင့်ပြင်ပြီး ပြစ်လွှတ်ကြပြီ။ များပြားတဲ့ မြှားတွေက လူသား မဟာမိတ် တပည့်သားတွေ အပေါ်ကို ကျရောက်လာကြတယ်။
နတ်သခင် သုံးယောက်ကတော့ အံကြိတ်ရင်း ယွင်ချင်းဝူနဲ့ ဖန်ကျန်းရှီ အနားကို လျှောက်လာကြတယ်။
“ဧကရီငယ်ကို လွှတ်လိုက်။ မဟုတ်ရင် မင်းသေမယ်။” မုရှင်း အရင်ဆုံး ပြောတယ်။
“မုန့်ထျန်း ဒီနေ့တော့ မင်း ထွက်ပြေး နိုင်မှာ မဟုတ်ဘူး။ အရှင် သခင်ငယ်ကို ဖမ်းထားရင်တောင် အသုံးမဝင်ဘူး။ နားလည်လိုက်။” နောက်ထပ် နတ်ဆိုး တစ်ယောက် ပြောတယ်။
“မဟုတ်တမ်းတရားတွေ ပြောမနေကြနဲ့။ မင်းတို့တွေ မတိုက်ခိုက်ခင် ငါတို့ အရှင်သခင်ငယ် သေတော့မယ်။” ချင်းရှန်းက မကျေမနပ်နဲ့ အော်တယ်။
ဝုန်း။
ဒီအချိန်မှာပဲ ကြီးမားတဲ့ ဂျိုနှစ်ချောင်း မိစ္ဆာ ဘုရင် တစ်ယောက်ရဲ့ ခြေလှမ်းကြောင့် မြေပြင်ကြီး တုန်ခါသွားတယ်။
နတ်ဆိုးနဲ့ မိစ္ဆာ စစ်သည်တော်တွေ အပြင် တပ်ဖွဲ့ကြီးထဲမှာ သားရဲကောင်တွေလဲ ပါနေသေးတယ်။ ကြောက်စရာ အင်အားစုကြီး တစ်ခုပဲ။
ခြောက်လ အချိန် အတွင်းမှာ ယွင်ချင်းဝူက မိစ္ဆာ နတ်ဆိုး သားရဲကောင်တွေ အားလုံးကို ချိတ်ဆက်တယ်။ ကန်လင်းတောင်၊ မြင့်မြတ် နယ်မြေ၊ နိုင်ငံတော်ကြီး လေးခုက သားရဲကောင် အရိုင်းတွေ အားလုံးကို သူဖမ်းယူလိုက်ပြီ။ အင်အားကြီး သားရဲကောင် တပ်ဖွဲ့ကြီး တစ်ခုကို သူမ ဖန်တီးထားတယ်။ နတ်ဆိုး စစ်သည်တော် သိန်းချီပါတဲ့ တပ်ဖွဲ့ထက်တောင် အင်အား ပိုကြီးသေးတယ်။
“ဘာကြောင့် ဒီလိုများ ဖြစ်ရတာလဲ။” မော့ရှန်းရှီ မြားတွေနဲ့ သားရဲကောင် တပ်ဖွဲ့ကြီးကို ကြည့်ရင်း ပြောမိတယ်။ လူသားတွေကတော့ စိတ်ပျက်လက်ပျက်နဲ့ ခုခံ နေကြရပြီ။
အစပိုင်းတုန်းက သူလဲ တွေးခဲ့မိတယ်။ ယွင်ချင်းဝူကို ဖမ်းမိရင် တိုက်ပွဲကြီးလဲ ပြီးသွားနိုင်တယ်လို့။ အခုတော့ ရလဒ်က တခြားစီပဲ။ အဆုံး မသတ်ရုံတင် မကဘူး။ ချင်းရှန်း လက်ထဲကို တပ်ဖွဲ့ကြီး ရောက်သွားတဲ့ အတွက် အင်အားက တိုက်ပွဲက ပိုပြီး ပြင်းထန်လာတယ်။
ထူးဆန်းတဲ့ ချင်းရှန်း။
“ငါတို့အခု ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။ အရှက်မရှိတဲ့ ကောင်စုတ် အစီအစဉ်ကို တွေး။” ပင်းယန်ရဲ့ စိတ်လှုပ်ရှား မှုတွေကတော့ အခုချိန်မှာ စိတ်ပျက်မှု အဖြစ်ကို ပြောင်းလဲ သွားခဲ့ပြီ။
လူသား မဟာမိတ် တပည့်သားတွေလဲ တစ်ယောက်ပြီး တစ်ယောက် လဲကျ ကုန်ပြီ။ နတ်သခင်တွေကို တိုက်ခိုက်ရချိန်ကထက် ပိုပြီးတော့ မြန်မြန် ကျဆုံး နေကြတယ်။
မိစ္ဆာနတ်ဆိုး တပ်ဖွဲ့ လက်ထဲမှာ သူမ မသေနိုင်မှန်း သိပေမယ့်၊ သတ်စရာ လူတွေ ကုန်သွားရင်၊ ပြစ်မှတ်က သူမဘက်ကို လှည့်လာ လိမ့်မယ်လေ။ အဲ့ဒီ့ အချိန်မှာ လွတ်မြောက် နိုင်အုန်းမှာလား။
အပိုင်း (၉၆၈)ပြီး၏။
အပိုင်း (၉၆၉)
“ကောက်ကျစ်မှု အပြည့်နဲ့ တိုက်ခိုက်တဲ့ ကောင်စုတ်။”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေရဲ့ အင်အားက လူသား မဟာမိတ် တပ်ဖွဲ့ တွေးထားတာထက် အများကြီး သာလွန် နေခဲ့တယ်။
ခြောက်လ အချိန်အတွင်းမှာ အရင်က အားနည်းခဲ့တဲ့ စစ်တပ်ကြီးက ယွင်ချင်းဝူ လက်ထဲမှာ အများကြီး တိုးတက် လာခဲ့ပြီ။ ယွင်ချင်းဝူက စစ်တပ်တွေကို ဦးဆောင်တဲ့ နေရာမှာ တကယ့်ကို ပါရမီ ပါလွန်းတယ်။
ဒါပေမယ့် အခုချိန်မှာ ဒါတွေက အရေး မပါတော့ဘူး။ ယွင်ချင်းဝူက အရာ အားလုံးကို ချင်းရှန်း လက်ထဲ အပ်ခဲ့ လိုက်ပြီ။ ထူးဆန်းတဲ့ နတ်သခင် အဆင့် ပညာရှင် တစ်ယောက်။
“တိုက်ခိုက်။”
“အား။”
မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် တပ်ဖွဲ့ကြီးရဲ့ ဟိန်းဟောက်ရင်း လူသား မဟာမိတ် တပ်ဖွဲ့ဆိကို ပြေးဝင်တော့တယ်။ သားရဲကောင် တပ်ဖွဲ့ကြီးတွေက သိသိသာသာကို အသာစီး ရနေခဲ့တယ်။
အထူးသဖြင့် သားရဲကောင် တပ်ဖွဲ့ရှေ့မှာ ရှိနေတဲ့ မိစ္ဆာ ဘုရင် ဆယ်ယောက်ကျော်က ပိုပြီး အသာစီး ရနေခဲ့တယ်။
မိစ္ဆာ ဘုရင်တွေ အားလုံးက တောင်ကုန်း တောင်တန်းကြီးတွေလို မြင့်မားကြတယ်။
လူသား မဟာမိတ် တပည့်သားတွေ အရမ်းကို မြန်မြန် ဆန်ဆန်နဲ့ ကျဆုံး နေကြတယ်။ အချိန် အနည်းငယ် အတွင်းမှာပဲ လူသား မဟာမိတ် တပည့်သား ငါးရာထဲမှာ ငါးဆယ်ကျော် သေဆုံး သွားခဲ့ပြီ။ သွေးတွေက မြေပြင်ပေါ်မှာ အိုင်နေခဲ့တယ်။
“ယွင်ချင်းဝူ။ မင်းဘာဖြစ်လို့ ဒီလို လုပ်တာလဲ။” ဖန်ကျန်းရှီ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ဓားကနေ အက်ကွဲသံတွေတောင် ထွက်ပေါ် နေခဲ့ပြီ။
“နင်သာ ငါ့နေရာမှာ ဆိုရင် ဘာလုပ်မှာလဲ။” ဖန်ကျန်းရှီကို ပြန်ဖြေမယ့် အစား ယွင်ချင်းဝူက မေးလိုက်တယ်။
“..” ဖန်ကျန်းရှီ နောက်ထပ် မမေးတော့ဘူး။ ယွင်ချင်းဝူရဲ့ စိတ်ကို သူသိတယ်။ သူ့မှာ တခြား ရွေးချယ်စရာ မရှိဘူး။ သူမက အဖမ်းခံ လိုက်ရပြီ။ ဖန်ကျန်းရှီ လက်ထဲမှာ ဓားစာခံ ဖြစ်နေ ရတယ်။ ဒါက ငြင်းလို့ မရတဲ့ အမှန်တရားပဲ။
ယွင်ချင်းဝူ ဘယ်လောက်ပဲ ထက်မြက်ပါစေ၊ ဒီရလဒ်ကို သူမ မတွက်ချက် နိုင်ခဲ့ဘူး။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ စွမ်းရည်ကို လျော့တွက်မိပြီး ရှုံးနိမ့် သွားရတာကို ဝန်ခံရတော့တယ်။
တကယ်တော့ ဘယ်သူမှ ဒါကို မခန့်မှန်း နိုင်ခဲ့ဘူးလေ။ ဖန်ကျန်းရှီ ကိုယ်တိုင်လဲ အတူတူပဲ။
ဒီလန့်စရာ အဖြစ် အပျက်က ယွင်ချင်းဝူကို လန့်စရာ ဆုံးဖြတ်ချက် ချစေခဲ့တယ်။ ပြဿနာ အရင်းအမြစ်ကို ရှာရမယ်။ သူတို့ကို စစ်မြေပြင်ထဲ ပို့လိုက်ရင်၊ သေချာပေါက် အသေအကြေ တိုက်ခိုက် ကြလိမ့်မယ်။
အကယ်၍ သူမ မိစ္ဆာ နဲ့ နတ်ဆိုး စစ်တပ်ကို ဆက်ဦးဆောင် နေရင် ဖြစ်ဖြစ်၊ လင်းယွိ လက်ထဲ အာဏာ အပ်လိုက်ရင်ပဲ ဖြစ်ဖြစ် ရလဒ်က ထင်ရှား နေလိမ့်မယ်။
လင်းယွိ အပါအဝင် တခြား သူတိုင်းက သူမရဲ့ လုံခြုံမှုကို ဂရုစိုက်ကြတယ်။ သူတို့တွေ သေချာပေါက် ဆုတ်ခွာ ကြလိမ့်မယ်။ ဒါမှ မဟုတ်ရင် ဒီ့ထက် ပိုတဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်။ လူသား မဟာမိတ်က ငတုံးတွေ မဟုတ်ဘူး။
နတ်ဆိုး မိစ္ဆာတွေ မဟာ နွံအိုင်ထဲကို အလွယ်တကူ သွားခွင့် ပေးကြမှာ မဟုတ်ဘူး။ သေချာပေါက် ခြိမ်းခြောက် ကြလိမ့်မယ်။ သူတို့တွေ ဆိုးဝါးတဲ့ သဘောတူညီချက်တွေကို လုပ်ခိုင်းလိမ့်မယ်။
လူသား မျိုးနွယ်ရဲ့ အဆင့် အတန်းကို ကာကွယ်ဖို့ နတ်သခင်တွေကို ပြန်ချိတ်ပိတ် ကြမှာပဲ။ နတ်သခင်တွေက ဒါကို သဘောတူမှာလား။ လုံး၀ သဘောတူမှာ မဟုတ်ဘူး။ ဒီတော့ ဆူပူ အုံကြွမှုတွေ ဖြစ်လာလိမ့်မယ်။
လင်းယွိက နတ်သခင်တွေကို အာကာသထဲ ပြန်ဖို့ နားချ နိုင်ရင်တောင်၊ ယွင်ချင်းဝူက သူ့မျိုးနွယ်တွေကို ဒီလို အဖြစ်မျိုး အဖြစ်ခံ နိုင်မှာလား။
မဖြစ်နိုင်တာပဲ။ ယွင်ချင်းဝူက တိုက်ပွဲကို စခဲ့သူ။ လူသား မဟာမိတ်က သူမကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။ သူမကို မသတ်ရင်တောင် တစ်သက်လုံး ဖမ်းချုပ် ထားလိမ့်မယ်။ ဒါက နတ်ဆိုးနဲ့ မိစ္ဆာတွေကို ခြိမ်းခြောက်ဖို့ အတွက်ပဲ။
“ငါနင့်ကို ရှုံးသွားပေမယ့်၊ မိစ္ဆာ နတ်ဆိုး မျိုးနွယ်ကိုတော့ ငါ့ကြောင့် အရှုံး မခံနိုင်ဘူး။ နင့်ရဲ့ လုပ်ရပ်တွေလိုပဲ။ နင်ပြောချင်တာ အေးဆေးတဲ့ ဘဝလေးမှာ နေချင်တယ်ဆို ဒါပေမယ့် နင်မအောင်မြင် ခဲ့ဘူး။” ယွင်ချင်းဝူက ဖန်ကျန်းရှီ တိတ်ဆိတ် နေတာကို မြင်တော့ ပြောတယ်။
“ပါးစပ် ပိတ်ထား ဆိုတာကို နားမလည်ဘူးလား။ ငါမင်းကို အကြိမ်ကြိမ် ပြောပြီးပြီ။ ငါက ဖန်ကျန်းရှီ မဟုတ်ဘူး။”
“နင်ပြောတယ်။ ဒါပေမယ့် ငါမယုံဘူး။”
“ကောင်းပြီ။ မင်းက ချင်းရှန်းကို အာဏာလွှဲ လိုက်လိုက်ပြီ ဆိုတာနဲ့ ငါက မင်းကို ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား။” ဖန်ကျန်းရှီ နောက်ထပ် ငြင်းခုံ မနေတော့ဘူး။
“အနည်းဆုံးတော့ အခုချိန်ထိ ငါ အသက်ရှင် နေသေးတယ်လေ။” ယွင်ချင်းဝူ မကြောက်ခဲ့ဘူး။
ဖန်ကျန်းရှီက ယွင်ချင်းဝူရဲ့ လည်ပင်းကို တင်းတင်း ညှစ်လိုက်တယ်။ သူမ လည်ပင်းက ချောမွေ့ နွေးထွေးမှုကို ခံစားမိနေတယ်။ အကယ်၍ သူ့လက်ကိုသာ နည်းနည်း အားစိုက်လိုက်ရင်၊ ယွင်ချင်းဝူလဲ သေမှာကို သူသိတယ်။ အငြင်းအခုန်ကို သေသွားပြီးတဲ့ ဘိုးဘေးတွေနဲ့ပဲ ဆက်လုပ်လို့ ရလိမ့်မယ်။
သတ်သင့်လား မသတ်သင့်ဘူးလား။ သတ်ရမလား မသတ်ရဘူးလား။
ဖန်ကျန်းရှီ မြင့်မြတ် နယ်မြေထဲ ခြေချ လာတည်းက ဒီမေးခွန်းကို အကြိမ်ကြိမ် မေးခဲ့တယ်။ သူ့စိတ် အတွင်းထဲမှာတော့ ယွင်ချင်းဝူ အကွက်ဆင်တာကို အကြိမ်ကြိမ် ခံခဲ့ ရတဲ့ အတွက် မုန်းတီး နေခဲ့တယ်။ ယွင်ချင်းဝူက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ချပ်နဲ့ မဟူရာ သေတ္တာကို ပေးခဲ့တဲ့ အတွက် နဝမ ကောင်းကင်ကို သူဖျက်စီး မိခဲ့တယ်။
အဲ့ဒီ့နောက် ကောင်းကင် တာအို ခန်းမက တိုက်ပွဲထဲကို သူရောက်သွားတော့တယ်။
အကယ်၍ ကောင်းကင် ကိုးခုသာ ဖျက်စီး မခံခဲ့ရရင်၊ ဖန်ကျန်းရှီလဲ ကောင်းကင်တာအို ခန်းမနဲ့ ရန်သူတွေ ဖြစ်လာမှာ မဟုတ်ဘူး။ မဟူရာ လမင်းကျွန်းရဲ့ သုခမိန်တွေလဲ သူ့ကို အလစ် ဝင်တိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကျောက်ဖျာတွေ ကြောင့်သာ မဟုတ်ရင်၊ သူလဲ အခုလို အခြေအနေကို ရောက်လာနိုင်မှာလား။
ကိစ္စတွေဆိုတာ ခန့်မှန်းလို့ မရနိုင်ဘူး။ ဖန်ကျန်းရှီ စိတ်ထဲမှာ ပဋိပက္ခတွေ ဖြစ်နေခဲ့တယ်။ ဒါတွေကို သိနေပင်မယ့်၊ မြောက်ရွာမှာ ဆုံးရှုံးသွားတဲ့ အသက်တွေ၊ ရွာသူကြီး ကျန်းယန်ဖိန်နဲ့ ဆရာမော့ချန်းတို့ကို တွေးလိုက်မိရင်၊ သူအရမ်းကို နောင်တရ မိတယ်။
တောင်ရွာကနေ မြောက်ရွာဆီ သူ့ကို ခေါ်လာခဲ့တာ ကျန်းယန်ဖိန်ပဲ။ လေ့လာဖို့လဲ အချိန်တွေ ပေးခဲ့တယ်။ ဘယ်လိုများ လက်စား ချေမပေးပဲ နေနိုင်မှာလဲ။
ယွင်ချင်းဝူကို သတ်ပြီး ဦးလေး ယန်ဖိန် အတွက် လက်စား ချေရမယ်။
“ငါမင်းကို မသတ်ဝံ့ဘူး ဆိုတာ မင်းသေချာရဲ့လား။” ဖန်ကျန်းရှီ သူ့လက်ကို အားစိုက်လိုက်တယ်။ သူ့မျက်ဝန်းတွေကလဲ ရဲရဲနီလာတယ်။
“…” ယွင်ချင်းဝူကတော့ အသက်ရှူကြပ်နေတဲ့ အတွက် ဖြူဖျော့ နေခဲ့ပြီ။ ဒါပေမယ့် သူမ မရုန်းကန်ခဲ့ဘူး။ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေထဲကိုသာ စိုက်ကြည့် နေခဲ့တယ်။ သူမရဲ့ မျက်ဝန်း လှလှတွေကို စိုက်ကြည့်လိုက်ရင်၊ သူမ လွတ်လပ်တော့မှာကြောင့် ပျော်ရွှင်နေတာကို အထင်းသား မြင်နေရတယ်။
“ဆ ဆရာကြီး မုန့်ထျန်း။ အခုက ယွင်ချင်းဝူကို သတ်ဖို့ အချိန်ကောင်း မဟုတ်သေးဘူး။” မော့ရှန်းရှီရဲ့ အသံ ရုတ်တရက် ထွက်ပေါ် လာတယ်။
ဖန်ကျန်းရှီ တကိုယ်လုံး တုန်ငသွားတယ်။ မော့ရှန်းရှီကို ပြန်ဖြေမယ့် အစား ပတ်ဝန်းကျင် လူသား မဟာမိတ် တပည့်သားတွေကို သူလှည့်ကြည့်တယ်။ သေခြင်းတရား။ တခါတလေမှာ ဒီအရာက အရမ်းကို ရိုးရှင်းတယ်။
ဓားတစ်ချောင်း မြားတစ်စင်းက အသက်ကို ချွေနိုင်တယ်။ သူ့လက်ကို နည်းနည်း လှုပ်လိုက်ရင်လဲ ယွင်ချင်းဝူ သေသွားနိုင်တယ်။
“မင်း တကယ်ပဲ သေချင် နေတာလား။” ဖန်ကျန်းရှီရဲ့ အသံက ရန်ညှိုး အမုန်းတရားတွေနဲ့ ပြည့်နှက် နေခဲ့တယ်။
“သေရမှာလား။ ဟဟား။ ဒါက ဘာများ ဆိုးလို့လဲ။” ယွင်ချင်းဝူ အားစိုက်ရင်း ပြောတယ်။
“ယွင်ချင်းဝူ။” ဖန်ကျန်းရှီ နောက်ထပ် မလှုပ်ရှားတော့ဘူး။ ယွင်ချင်းဝူကို အလွယ်လေး သတ်နိုင်ပေမယ့်၊ ဒါပြီးရင် ဘာဆက် ဖြစ်လာမှာလဲ။
ချင်းရှန်း လက်ထဲ ရောက်သွားတဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေရဲ့ ရလဒ်ကရော ဘယ်လို ဖြစ်လာမှာလဲ။ ချက်ခြင်း ခန့်မှန်းလို့ ရနေတယ်လေ။
အမှန်ပဲ။ ချင်းရှန်းကို သတ်ဖို့ နောက်ထပ် အခွင့်အရေး ရနိုင်တယ်။ ချင်းရှန်း သေသွား၇င် နောက်ထပ် နတ်သခင် တစ်ယောက်က ထပ်ပြီး ဦးဆောင် အုန်းမှာပဲ။
ဒီအတိုင်း ဆက်သွားနေရင်၊ ဖန်ကျန်းရှီ ဘယ်လောက် များများ သတ်နိုင်မှာလဲ။ မိစ္ဆာ နတ်ဆိုး မုခ်ဝက ပွင့်နေတယ်။ နောက်ထပ် နတ်သခင် အသစ်တွေလဲ ဆက်တိုက် ဆင်းသက်လာတယ်။ အားလုံးကို ဖန်ကျန်းရှီ သတ်နိုင်မှာလား။
အရေး အကြီးဆုံးကတော့ ယွင်ချင်းဝူသာ မရှိရင် နတ်သခင်တွေက အထိန်းအကွပ် လွတ်ကုန်လိမ့်မယ်။ အရမ်းကို ရူးသွပ်ကုန်မယ်။ ချင်းရှန်းလိုပဲ။
ချင်းရှန်းနဲ့ တူတဲ့ နတ်သခင်တွေ ရှိတယ်။ ဥပမာ ချိုးချီ။ အထိန်းအကွပ် မရှိတော့တာနဲ့ သူတို့တွေက လူသတ်စက်တွေ ဖြစ်သွားလိမ့်မယ်။ မြင့်မြတ် နယ်မြေ ပြဿနာ တက်ရုံတင် မကဘူး။ နိုင်ငံတော်ကြီး လေးခုပါ သတ်ဖြတ်မှုတွေ အပြည့်နဲ့ သွေးချောင်း စီးသွားလိမ့်မယ်။
အဲ့ဒီ့ အချိန် ရောက်လာရင်၊ တစ်လောကလုံး ဆူပူ ကုန်လိမ့်မယ်။ တကယ်ပဲ ဘာကိုများ လုပ်ရမလဲ။
ယွင်ချင်းဝူက အားလုံးနဲ့ လောင်းကြေးထပ်နေမှန်း ဖန်ကျန်းရှီ သိတယ်။ ဖန်ကျန်းရှီက လောက တစ်ခုလုံး သွေးချောင်းစီးသွားမှာကို ရပ်ကြည့် မနေနိုင်မှန်း သူသိတယ်။
“မုန့်ထျန်း။ ဧကရီငယ်ကို လွှတ်လိုက်။ သူ့ကို သတ်ဝံ့ရင်၊ ငါ မုရှင်း၊ မင်းတို့ လူသား မျိုးနွယ် တစ်ခုလုံး သေတာထက် ပိုဆိုးတဲ့ အဖြစ်နဲ့ ပြန်ပေးဆပ် စေရမယ်လို့ အာမခံတယ်။” မုရှင်းရဲ့ အသံကို ကြားလိုက် ရပြန်တယ်။
နတ်သခင်တွေကတော့ ချင်းရှန်းရဲ့ အမိန့် အတိုင်း တိုက်ရိုက် မတိုက်ခိုက် ကြဘူးလေ။ ဖန်ကျန်းရှီကို အရင်ဆုံး စကား စစ်ထိုးကြတယ်။
“အရှင် သခင်ငယ်ကို လွှတ်လိုက်။”
“မုန့်ထျန်း။ မင်းတစ်ယောက်တည်းနဲ့ အနိုင်မရနိုင်ဘူး။”
တခြား နတ်သခင် နှစ်ယောက်ကတော့ ဖန်ကျန်းရှီ အနားကို ကပ်လာရင်း ပြောတော့တယ်။ သူတို့ မျက်ဝန်းတွေက အေးစက်နေတယ်။ ချင်းရှန်းကတော့ နောက်ကို ဆက်တိုက် ဆုတ်နေတယ်။ သူက အင်အားကြီးတဲ့ ဖန်ကျန်းရှီကို တပ်ဖွဲ့ကြီးနဲ့ ဝန်းရံဖို့ လုပ်နေတာပဲ။
“ဟဟား။ မုန့်ထျန်း။ မင်းတို့ အားလုံး အခုချိန်မှာ မလွတ်နိုင်တော့ဘူး။” ချင်းရှန်းရဲ့ ရယ်သံကြီးကို အဝေးကနေ ကြားနေရတယ်။
ပန်းပွင့်တွေက လူသား မဟာမိတ် တပည့်သားတွေကို ဝါးမျို သွားခဲ့ပြီ။ သူတို့တွေရဲ့ ခန္ဒာကိုယ်တောင် မကျန်တော့ဘူး။ ဒီမြင်ကွင်းက ရက်စက်လွန်းတယ်။ ဖန်ကျန်းရှီရဲ့ ဒေါသတွေလဲ ဆူပွက် လာရတယ်။
နတ်သခင် အဆင့် ပညာရှင်တွေ။ ဒီကောင်တွေ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကို အုပ်ချုပ်တာမျိုး အဖြစ်မခံ နိုင်ဘူး။
အားလုံး သတ်ဖြတ် နေတာကို ထိန်းချုပ်ဖို့ အတွက် ယွင်ချင်းဝူကို လွှတ်ပေးရမယ်။ ယွင်ချင်းဝူသာ လွတ်သွားရင် အရာ အားလုံးက အစကို ပြန်ရောက် သွားပြီ။
ဖန်ကျန်းရှီ မလုပ်နိုင်ဘူး။ ယွင်ချင်းဝူက မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေကို အင်အား ကောင်းလာဖို့ ကြိုးစားတဲ့သူလေ။ နတ်သခင်တွေထက် သူနဲ့ ရင်ဆိုင်ဖို့ ပိုခက်တယ်။ ဒီကိစ္စက လုံးဝကို တပတ်လည်နေပြီ။ ယွင်ချင်းဝူကို သတ်တာနဲ့ လွှတ်တာကို မှားလို့ မရဘူး။
ဖန်ကျန်းရှီရဲ့ စိတ်ဓာတ်ကလဲ အရေးကြီးတယ်။ သူက ဖမ်းမိတဲ့ မီးတောက် အမွှေးဖွာ ကြက်ကိုတောင် လွှတ်တဲ့သူ မဟုတ်ဘူး။ ယွင်ချင်းဝူကို ဘာကြောင့်များ လွှတ်ရမှာလဲ။
“မုရှင်း။ မင်းဘာဖြစ်လို့ မတိုက်ခိုက်တာလဲ။ မင်းက ပုန်ကန် ချင်နေတာလား။” ဒီအချိန်မှာပဲ ချင်းရှန်းရဲ့ အော်သံကို ကြားလိုက် ရတယ်။ ဒါက နောက်ဆုံး သတိပေးချက်ပဲ။
“မုန့်ထျန်း။”
“မင်း ငါတို့ကို ဖိအား ပေးတာပဲ။”
“သေစမ်း။”
မုရှင်းနဲ့ တခြား နတ်သခင် အဆင့် ပညာရှင်တွေ ဖန်ကျန်းရှီကို ဝန်းရံပြီး တိုက်ခိုက် ကြတော့တယ်။ သူတို့တွေ နေရာမှန်ကို ရောက်ပြီး ချိန်မှာတော့ တောက်ပ စူးရှတဲ့ အလင်းတန်းတွေက ဖန်ကျန်းရှီရဲ့ လည်ပင်းကို တိုက်ရိုက် ရောက်လာတော့တယ်။ ယွင်ချင်းဝူကိုတော့ သူတို့ မထိကြဘူး။
ဒါ့အပြင် အလင်းတန်းတွေ ကြားမှာ လေလှိုင်းတွေလဲ ပါလာသေးတယ်။ နှစ်ဖက် ညှပ်တိုက် နေကြပြီ။
ဖန်ကျန်းရှီကတော့ အံ့သြ မနေခဲ့ဘူး။ တတိယ နတ်သခင်ရဲ့ တိုက်ခိုက်မှုလဲ ရောက်လာမှာကို သူသိတယ်။
ယွင်ချင်းဝူကို လက်ထဲမှာ ထည့်ထားပြီး နတ်သခင် သုံးယောက်လုံးကို ဘယ်လိုများ အနိုင် တိုက်နိုင်မှာလဲ။ ခုန်ရှောင်တယ်။ သူခုန်ရှောင်ရုံသာ တတ်နိုင်ခဲ့ဘူး။
ဒါပေမယ့် တိုက်ခိုက်မှု သုံးခု စလုံးကို ရှောင်ရှားဖို့ ဘယ်လိုများ လွယ်ကူမှာလဲ။ ဖန်ကျန်းရှီရဲ့ လက်မောင်းနဲ့ ပေါင်တွေမှာ အရမ်းကို နက်ရှိုင်းတဲ့ ဒဏ်ရာတွေ ပေါ်လာတယ်။ သွေးတွေက မြေပြင်ပေါ်ကို ခပ်မြန်မြန် စီးကျတယ်။
ဖန်ကျန်းရှီ အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး။
လူသား မဟာမိတ် တပည့်သား တဝက်ကျော်က သေသွားခဲ့ပြီ။ ပင်းယန်လဲ မိစ္ဆာ ဘုရင်တွေ ဝန်းရံ တာကို ခံထားရတယ်။ အခြေအနေက အတော့်ကို ဆိုးဝါးနေတယ်။
သူထွက်ပြေးသင့်လား။ ဘယ်ကို ပြေးရမလဲ။ မိစ္ဆာနဲ့ နတ်ဆိုး တပ်ဖွဲ့တွေက အားလုံးကို ဝန်းရံ ထားခဲ့ပြီ။ သူတို့တွေကလဲ မဟူရာ ကျောက်တုံး နန်းတော် ဝင်ပေါက်နဲ့ နီးကပ် နေတယ်။
နေစမ်းပါအုန်း။ မဟူရာ ကျောက်တုံး နန်းတော်။ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ ရုတ်တရက် အရောင် တောက်လာတယ်။ အစောပိုင်းတုန်းက နတ်ဘုရား အရင်းအမြစ် ဒဏ္ဍာရီကို သူဖန်တီးခဲ့တယ်။ သူဖန်တီး ခဲ့မှတော့ ဘယ်လိုများ အမှန် ဖြစ်နိုင်မလဲ။
ဒဏ္ဍာရီက မမှန်ပေမယ့် နတ်ဘုရား အရင်းအမြစ်ကတော့ မှန်တယ်။ ဒါကို ငြင်းနိုင်စရာ မရှိဘူး။ ယွင်ချင်းဝူက နတ်သခင်တွေ အားလုံးကို ခေါ်လာပြီး သက်သေ ပြတာကြောင့်၊ နတ်ဘုရား အရင်းအမြစ် တည်ရှိ နေတယ် ဆိုတာ ပိုပြီး သေချာသွားတယ်။
နတ်ဘုရား အရင်းအမြစ်။ ဟုတ်တယ် နတ်ဘုရား အရင်းအမြစ်။
နတ်ဘုရား အရင်းအမြစ်ရဲ့ နေရာ အတိအကျကို ယွင်ချင်းဝူ မသိဘူး။ ဒါပေမယ့် လောက အကြောင်းကို သူမ အများာကီး နားလည်တယ်။ ယွင်ချင်းဝူက အခု သူ့လက်ထဲ ရောက်နေခဲ့ပြီ။ ယွင်ချင်းဝူကို အသုံးချပြီး နတ်ဘုရား အရင်းအမြစ်ကို ရှာလို့ ရနိုင်တယ်။
အဲ့ဒီ့နောက် လူသား မဟာမိတ်လဲ ပိုပြီး အင်အားကြီးလာမယ်။ လူသား မဟာမိတ်သာ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့ထပ် ပိုပြီးတော့ အင်အားကြီးရင်၊ ပြဿနာလဲ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ယွင်ချင်းဝူကိုလဲ သူကြိုက်တဲ့ အချိန် သတ်လို့ ရနိုင်မယ်။
ဒါ့အပြင် အကယ်၍ လူသား မဟာမိတ်သာ အများကြီး အင်အား ကြီးမလား နိုင်ရင်တောင်၊ တစ်ယောက်ချင်း ယှဉ်တိုက်လို့ ရရင်၊ ပြဿနာလဲ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ဒီကိစ္စကို နားလည် နိုင်စရာ ရှိတယ်။
အရာ အားလုံးမှာ မျှခြေရှိတယ်။ တစ်ဖက်က အရမ်း အားနည်းပြီး တစ်ဖက်က အင်အား ကြီးလွန်းနေရင်၊ ရလဒ်ကတော့ အသတ်ခံရတာပဲ။ နှစ်ဖက် ကသာ အင်အားညီနေရင်၊ မထိခိုက်နိုင်ဘူး။
“ငါက တကယ့် ဉာဏ်ကြီးရှင်ပဲ။” ဖန်ကျန်းရှီ အတော်လေးကို စိတ်သက်သာရာ ရသွားခဲ့တယ်။ သူကြုံနေရတဲ့ ပြဿနာ ကြီးကတော့ တစ်ခုပဲ ရှိတော့တယ်။ အဝေးကနေ လေနဲ့ တိုက်ခိုက်နေတဲ့ ချင်းရှန်းကို သူလှမ်းကြည့်မိတယ်။
ဒီကောင်စုတ်က ဘာဖြစ်လို့ ဒီလောက်တောင် ဝေးနေရတာလဲ။
ဒီတော့ မေးစရာ ရှိလာပြီ။
(အကယ်၍ သူသာ ချင်းရှန်းကို မသတ်နိုင်ရင်၊ မိစ္ဆာ တပ်ဖွဲ့ လက်ထဲက ဘယ်လိုများ လွတ်နိုင်မှာလဲ။)
အပိုင်း (၉၆၉) ပြီး၏။
အပိုင်း (၉၇၀)
“ကောင်းကင် လက်ခံ မြေပုံ သုံးဆယ့်ခြောက်ခု။”
လူသား မဟာမိတ် အဖွဲ့နဲ့ တရှိန်ထိုး ထွက်ခွာရမလား။
ဒီအကြောင်းကို ဖန်ကျန်းရှီ တွေးခဲ့ ဖူးတယ်။ ဒါပေမယ့် ပတ်ဝန်းကျင် တပ်ဖွဲ့တွေကို သေချာ မြင်ပြီး ချိန်မှာတော့ ကိုယ့်စိတ်ကိုယ် ပြန်ထိန်း လိုက်ရတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြဿနာ မရှိပေမယ့်၊ လူသား မဟာမိတ် တပည့်သားတွေ အားလုံးနဲ့ ထိုးဖောက် ထွက်ဖို့က မဖြစ်နိုင်ဘူး။
ဒါ့အပြင် မဟူရာ ကျောက်တုံး နန်းတော်ထဲမှာလဲ ကျန်ရစ် နေသူတွေ ရှိနေသေးတယ်။ ဝူယွဲ့အာ၊ မုချင်းဖန်းနဲ့ ရန်ရွှယ် အပါအဝင်ပဲ။
“ရန်ရွှယ် မင်း အခြေအနေ ဘယ်လို ရှိလဲ။” ဖန်ကျန်းရှိ ရုတ်တရက် စိတ်ငြိမ်သက် သွားတယ်။ သွေးဆာနေတာတွေ မရျိတော့ဘူး။
လူသား မဟာမိတ်က ကျောက်တုံး နန်းတော်ထဲမှာ အမြဲ ထာဝရ မနေနိုင်မှန်း သူသိတယ်။ သူတို့တွေ ထွက်လာ ရအုန်းမယ်။ အကယ်၍ သူသာ ထွက်သွားလိုက်ရင် ဘယ်လို ဖြစ်မလဲ။
ရန်ရွှယ်နဲ့ ဝူယွဲ့အာကို ဘယ်လို လုပ်မလဲ။ သူမသွားနိုင်ဘူး။
ဖန်ကျန်းရှီတင် မသွားနိုင်တာ မဟုတ်ဘူး။ ဒဏ်ရာရနေတဲ့ လူသား မဟာမိတ် တပည့်သားတွေလဲ မသွားချင်ကြဘူး။ သူတို့တွေ မစိုးရိမ်ပဲ ဘယ်လို နေမှာလဲ။ သူတို့တွေ အပြင်ကို ထိုးဖောက် မထွက်နိုင်ရင် အထဲကို ဝင်ရမယ်။
သူတို့မှာ ရွေးချယ်စရာ များများ စားစား မရှိဘူး။
နန်းတော် အပြင်မှာ သူတို့ ဆက်ပြီး နေရင်တောင် အင်အား များပြားလွန်းတဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ ရှေ့မှာ သူတို့က ဘာမှ မဟုတ်ဘူး။
ဒါပေမယ့် သူတို့တွေ ဝင်ပြီးရင် ဘယ်လို ပြန်ထွက်မလဲ။ ဒါက မေးခွန်း တစ်ခုပဲ။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ အချိန်ကုန် ခံပြီး စဉ်းစား မနေတော့ဘူး။ သူ့အတွက် ရွေးချယ်စရာက နှစ်ခုပဲ ရှိတယ်။ ကျောက်တုံး နန်းတော်ထဲကို ဝင်မလား သေမလား။
ဒါကြောင့် သူဘာများ ဆက်တွေးဖို့ လိုနေအုန်းမှာလဲ။ လုပ်ပြီးမှ တွေးရုံပဲ တတ်နိုင်တယ်။
“နေအုန်း။ ငါ့မှာ ပြောစရာ တစ်ခုရှိတယ်။” ဒါကို တွေးတောရင်းနဲ့ ယွင်ချင်းဝူကို သူ့ရှေ့မှာ ထားလိုက်ပြီး အော်ဟစ်တယ်။
“ဟမ်။”
“မင်းဘာ ပြောချင်တာလဲ။”
ပတ်ဝန်းကျင် နတ်သခင် သုံးယောက်က ယွင်ချင်းဝူ လူသားဒိုင်း ဖြစ်သွားတာကို မြင်ချိန်မှာ တိုက်ခိုက်တာကို ရပ်လိုက်ကြတယ်။
ပတ်ဝန်းကျင် စစ်သည်တော်တွေ အားလုံးလဲ ဖန်ကျန်းရှီရဲ့ အသံကြောင့် ရပ်တန့် သွားကြတယ်။
နောက်ဆုံးတော့လဲ သူတို့ အတွက်တော့ ယွင်ချင်းဝူက တကယ့် အရှင်သခင် အစစ်ပဲလေ။ ဖန်ကျန်းရှီ ပြောချင်တာကို အားလုံးက သေချာပေါက် ကြားချင်ကြတယ်။ ချင်းရှန်း အတွက်တော့ ဖန်ကျန်းရှီ ပြောမှာကို သူမသိချင်ဘူး။
နတ်သခင်တွေနဲ့ စစ်သည်တော်အားလုံးက သူ့အမိန့် မပါပဲ ရပ်တန့် သွားခဲ့ကြပြီ။ တိုက်ခိုက်ဖို့ အမိန့်ထပ်ပေးလို့လဲ မရတော့ဘူး။ ဖန်ကျန်းရှီကတော့ ရလဒ်ကြောင့် အတော့်ကို စိတ်ကျေနပ် သွားခဲ့တယ်။ နောက်ဆုံးတော့လဲ ယွင်ချင်းဝူက ယွင်ချင်းဝူပဲလေ။ အနည်းဆုံးတော့ အသုံးဝင်သေးတယ်။
“ငါ ပြောမယ်။ မင်းတို့ အားလုံး နားထောင်။” ဖန်ကျန်းရှီ ပြောရင်းနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။
“မြန်မြန်ပြော။”
“ဒီကောင် အချိန်ဆွဲ နေတာလား။”
နတ်သခင် သုံးယောက်က ဖန်ကျန်းရှီရဲ့ စကားကို ကြားချိန်မှာတော့ မျက်မှောင်ကြုတ်သွားခဲ့တယ်။ ဒါပေမယ့် ယွင်ချင်းဝူကြောင့် အားလုံးက သူ့ကို အချိန်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
“ကောင်းပြီ။ နားထောင်ကြ။ မင်းတို့ အားလုံးကို ငါ့ရဲ့ တကယ့် ရုပ်သွင် အစစ်ပြဖို့ ဆုံးဖြတ်လိုက်ပြီ။” ဖန်ကျန်းရှီ တစ်ခဏတာ တိတ်ဆိတ်ပြီးနောက် အော်လိုက်တယ်။
“တကယ့် ရုပ်သွင် အစစ်တဲ့လား။”
“မုန့်ထျန်းက သူ့ရုပ်သူ တကယ်ပဲ ပြမှာလား။”
“ဘာဖြစ်လို့လဲ။”
နတ်သခင်တွေ မိစ္ဆာ နတ်ဆိုး မျိုးနွယ် တပည့်သားတွေ အားလုံးက ဒီစကားကို ကြားချိန်မှာ စိတ်ရှုပ်ထွေး သွားခဲ့တယ်။ ဒါပေမယ့် အားလုံးက သိလဲ သိချင်တယ်။
အသက်ရာချီ ရှည်အောင် နေခဲ့တဲ့ သုခမိန် စစ်နတ် မုန့်ထျန်းဆိုတာ ဘယ်လို ပုံစံမျိုး ဖြစ်မလဲ။
ချင်းရှန်းတောင် အမိန့် မပေးပဲ ရပ်တန့် နေတယ်။
“ဝွန်း။” ဒီအချိန်မှာ ယွင်ချင်းဝူရဲ့ ဝိုးတဝါး အသံကို ကြားလိုက်ရတယ်။ ဒါပေမယ့် သူမ စကားပြောချင်ပေမယ့်၊ ဖန်ကျန်းရှီက သူ့လည်ပင်းကို ညှစ်ထားတဲ့ အတွက် စကားပြောဖို့ မဖြစ်နိုင်ခဲ့ဘူး။
ဖန်ကျန်းရှီ ရယ်မောလိုက်တယ်။ ယွင်ချင်းဝူရဲ့ လည်ပင်းကို လက်တစ်ဖက်နဲ့ ဖိထားရင်း နောက်လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရင်း မျက်နှာဖုံးကို ထိလိုက်တယ်။
အချိန်တွေက အခုချိန်မှာ နှေးကွေး သွားသလိုပဲ။ အားလုံးရဲ့ မျက်ဝန်းတွေက ဖန်ကျန်းရှီဆီကိုသာ ရောက်နေခဲ့တယ်။ သူ့ကို အားလုံးက မျက်တောင် တစ်ချက် မခတ်ပဲ စိုက်ကြည့်နေတယ်။ အဲ့ဒီ့နောက် မျက်နှာဖုံးက လေထဲကို လွင့်သွားတော့တယ်။
“သူတကယ်ပဲ သူ့မျက်နှာသူ ထုတ်ပြတယ်လား။” အားလုံးက မယုံနိုင်တဲ့ အကြည့်တွေနဲ့ ရှိနေခဲ့တယ်။
ဒဏ္ဍာရီလာ သုခမိန် စစ်နတ် မုန့်ထျန်းကို သူတို့ တကယ်ကြီး မြင်ဖူးချင်တယ်။
ဒါပေမယ့် မကြာခင်မှာပဲ သူတို့ သတိ ဝင်လာခဲ့တယ်။ သူတို့ရှေ့မှာ ရပ်နေခဲ့တဲ့ သုခမိန် စစ်နတ် မုန့်ထျန်းက ပျောက်ကွယ် သွားခဲ့ပြီ။ အဲ့ဒီ့နောက် အသံ တစ်သံကို ကြားလိုက်ရတယ်။
“မင်းတို့ အရူးတွေလား။ မြန်မြန်ပြေးကြ။ မဟူရာ ကျောက်တုံး နန်းတော်ထဲကို ပြေးဝင်။” ဒီအသံနဲ့ အတူ လှစ်ခနဲ ပြေးထွက်သွားသူကို မြင်လိုက်ရတယ်။
အားလုံးထဲမှာ အထူးဆန်းဆုံး ဖြစ်နေ တာကတော့ ပင်းယန်ပဲ။ သူမကို မိစ္ဆာ ဘုရင် နှစ်ယောက်က အစောပိုင်းမှာ ဝန်းရံ ထားခဲ့တယ်လေ။ သူမ လှုပ်တောင် မလှုပ်ရှားရ သေးခင် အချိန်မှာပဲ လက်တစ်ဖက် ပေါ်လာပြီး သူမကို ကျောက်တုံး နန်းတော်ထဲ ဆွဲခေါ်သွားတယ်။
“…” ပင်းယန်ကတော့ မျက်လုံး အပြူးသားနဲ့သာ ပါသွားရတယ်။
ပင်းယန် အပြင်၊ ချင်းရှန်း၊ နတ်သခင် သုံးယောက်နဲ့ စစ်သည်တော်တွေ အားလုံးပါ ကြောင်အ နေကြတယ်။
သူတို့တွေ သိသိချင်း ပြန်တုံ့ပြန်ဖို့ ပြင်တယ်။ ဒါပေမယ့် သူတို့ သတိဝင်လာချိန်မှာ ဖန်ကျန်းရှီက ယွင်ချင်းဝူ တစ်ဖက် ပင်းယန် တစ်ဖက်နဲ့ ထွက်ပြေး သွားခဲ့ပြီ။
“အားလုံး မဟူရာ နန်းတော်ထဲကို ပြေးရမှာလား။”
ဖန်ကျန်းရှီရဲ့ စကားကို အားလုံးက နားမလည်ရင် မိုက်မဲရာ ကျပေမယ့်၊ သူ့ရဲ့ ညွှန်ကြားချက်ကြောင့် ဆွံ့အ မိနေတာတော့ အမှန်ပဲ။
အခုလို အခြေအနေမှာ အင်အားကြီးတဲ့သူက အခြေအနေကို ထိန်းပေးရမှာ မဟုတ်လား။ ဒါပေမယ့် သူကတော့ အရင် ပြေးသွားတယ်။ လောကကြီးမှာ တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။
“အရှက်မရှိလိုက်တာ တကယ့်ကို အရှက်မရှိတာပဲ။”
လူသားမဟာမိတ် အဖွဲ့ထက် မိစ္ဆာတွေကတော့ ပိုပြီး ခံစားရ ခက်နေခဲ့တယ်။ ဆီပူထဲကို ရေတွေလောင်းည့် လိုက်သလိုပဲ။
“ဒီလောက်ကြီး အရှက်မရှိတာကတော့ လွန်လွန်းတယ်။
“ဆရာကြီး မုန့်ထျန်းက ပြေးတာ တကယ့်ကို မြန်တာပဲ။” မော့ရှန်းရှီ ဖြူဖျော့ဖျော့ မျက်နှာနဲ့ ပြောနေခဲ့တယ်။
“ဆရာ။ ပြေးတော့။”
“မဟာမိတ် လက်ထောက်ခေါင်းဆောင်မော့။ ငါတို့ ကူညီပေးမယ်။”
တပည့်သားတွေက မော့ရှန်းရှီကို တစ်ယောက်တည်း ချန်မထားနိုင်ဘူး။ တပည့်သား တစ်ချို့က သူ့ကို သယ်ပြီး နန်းတော်ထဲကို ပြေးဝင်တော့တယ်။
တကယ်တော့ လူသား မဟာမိတ် တပည့်သားတွေ ရှိနေတဲ့ နေရာက အတော့်ကို ကောင်းတယ်။
အစပိုင်းတုန်းက ကျောက်တုံး နန်းတော်ကို စောင့်ကြပ်ဖို့ လုပ်ခဲ့ကြတဲ့ အတွက် တပ်ဖွဲ့တွေ လာချိန်မှာ သူတို့က နန်းတော် အနားကို ပိုကပ်ပြီး ပုန်းခဲ့ကြတယ်။ အခုချိန်မှာတော့ သူတို့တွေ အားလုံးက နန်းတော်ထဲကို ရေစီးကြောင်း တစ်ခုလိုမျိုး ပြေးဝင်တော့တယ်။
တံခါးဝမှာ သေဖို့ စောင့်နေမယ့် အထိ ဘယ်သူက အမှာလဲ။
မဖြစ်ဘူး။
နောက်ဆုံးတော့လဲ သုခမိန် စစ်နတ် မုန့်ထျန်းက ယွင်ချင်းဝူနဲ့ ထွက်ပြေး သွားခဲ့ပြီလေ။
“အားလုံးကို တားကြစမ်း။” ချင်းရှန်းက ဒါကို မြင်ချိန်မှာ ဒေါသတကြီးနဲ့ အော်တော့တယ်။ သူ့မျက်ဝန်းတွေက ရဲရဲ နီနေခဲ့ပြီ။
“အမိန့် အတိုင်းပါ။” နတ်ဆိုး တပ်ဖွဲ့တွေလဲ ချက်ခြင်း လိုက်တော့တယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပြီ။ သူတို့တွေ နန်းတော် ဝင်ပေါက်ကို ပိတ်သွားကြတယ်။ သူတို့က အနီးဆုံး ဖြစ်တဲ့ အတွက် လှည့်ပြီး ဝင်ရုံပဲလေ။
တချို့ တပည့်သား တွေကတော့ အပြင်မှာ ကျန်ရစ် နေခဲ့တယ်။
တပည့်သား ငါးရာမှာ တဝက် နီးပါက သေသွားခဲ့ပြီ။ မကျန်ရစ်တဲ့ တပည့်သား ၃၀၀မှာ ၂၆၀က ဝင်သွားနိုင်ခဲ့တယ်။
“ထိုးဖောက်ကြ။” ချင်းရှန်းက မြေပြင်မှာ ရှိနေတဲ့ အလောင်းတွေကို ကြည့်ရင်း အရမ်း သွေးဆာ နေပုံပဲ။
“မဖြစ်ဘူး။ ချင်းရှန်း။” တခြား နတ်သခင် သုံးယောက်က မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကို တားဖို့ လုပ်တယ်။
“ဟမ်။ မင်းတို့ ငါ့ကို ဘယ်လို ခေါ်လိုက်တယ်။” ချင်းရှန်း မျက်နှာက အေးစက်သွားတယ်။
“ခေါင်းဆောင်။” နတ်သခင် သုံးယောက် အံကြိတ်ရင်း ပြန်ဖြေကြတယ်။
“ဘာဖြစ်တယ်။ မင်းတို့ ငါ့ကို အရှင်မင်းမြတ်လို့ခေါ်။ ငါပြောမယ်။ မင်းတို့ အားလုံး ငါ့အမိန့်ကို မနာခံတာနဲ့ သေရမယ်။” ချင်းရှန်းက အတော့်ကို မကျေမနပ် ဖြစ်နေခဲ့တယ်။
နတ်သခင် သုံးယောက်ရဲ့ မျက်နှာကလဲ ချက်ခြင်း မည်းမှောင်သွားတယ်။ မုရှင်းကတော့ ချင်းရှန်း အနားကို ခပ်မြန်မြန် ကပ်သွားခဲ့တယ်။
“အကယ်၍ ငါထင်တာသာ မှန်မယ်ဆိုရင်၊ လူသား မဟာမိတ် အုပ်စုက အပြင်မှာ စောင့်နေတာ နောက်ထပ် ထွက်လမ်း မရှိတော့လို့ပဲ။ သူတို့တွေ သေချာပေါက် တံခါးကို ဖြတ်ပြီး ထွက်လာ လိမ့်မယ်။ ငါတို့တွေ အင်အား အကုန်မခံပဲ တိုက်ပွဲ အတွက် စောင့်နေလို့ ရတယ် မဟုတ်လား။” မုရှင်း အကြံ ပေးတယ်။
ဖြန်း။
မုရှင်း မျက်နှာကို ရိုက်ချ ခံလိုက်ရတယ်။
“ဟမ့်။ အင်အား ချွေတာပြီး စစ်ပွဲ အတွက် ပြင်ဆင်မယ်။ မင်းက ယွင်ချင်းဝူ လေ့ကျင့်တာ ခံရပြီး တုံးအ သွားတာလား။ ငါတို့ အင်အားက အခုချိန် အထွတ်အထိပ်မှာ ရှိနေတယ်။ ငါတို့တွေ ဆက်တိုက် တိုက်ခိုက်ပြီး အားလုံးကို သတ်သင့်တယ်။” ချင်းရှန်းက မုရှင်းကို အော်ရင်း ရိုက်တော့တယ်။
“မင်း။” မုရှင်းရဲ့ ခန္ဒာကိုယ်ပေါ်မှာ အပြာရောင် အလင်းတန်းတွေ တောက်ပလာတယ်။ သူ့လက်သီးတွေ ကွဲအက် ကုန်တဲ့ အထိ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။
မုရှင်းက နတ်သခင် တစ်ယောက်လေ။ ဒါတောင် လူရှေ့မှာ သူက အရိုက်ခံရတယ်။
ဘယ်လိုလုပ် ဒါကို သည်းခံ နိုင်မှာလဲ။
“အကို မု။ သူပြောတာ မမှားဘူး။” နတ်သခင် တစ်ယောက်က မုရှင်း ဒေါသ ထွက်တာကို မြင်မြင်ချင်း လာထိန်းတော့တယ်။ သူ့နောက်က တပ်ဖွဲ့ကြီးကို ကြည့်ရင်း မျက်လုံးတွေကို မှေးစင်းသွားတယ်။
“ဒါပေမယ့် ပြဿနာလေး တစ်ခုတော့ ရှိတယ်။”
“မင်းမှာ ဘာပြဿနာ ရှိတာလဲ။” ချင်းရှန်းက လှမ်းအော်တော့တယ်။
“အထဲမှာ ဘာတွေ ဖြစ်မယ်မှန်း ငါတို့ သေချာ မသိနိုင်ဘူး။ ဒါ့အပြင် အခု တပ်ဖွဲ့ အရေအတွက်က များလွန်းတယ်။ အားလုံး ထိုးဖောက်ဝင်သွားရင် အပျက်အစီး များလိမ့်မယ်။ ငါတို့တွေ ထိပ်တန်း တပ်ဖွဲ့ကို ရွေးချယ်ပြီး အရင်ဆုံး ဝင်သင့်ပါတယ်။ အပြင်မှာတော့ စောင့်ကြပ်ဖို့ တပ်ဖွဲ့ ချန်ထားပြီး၊ ဖြစ်လာမယ့် ပြဿနာကို ရင်ဆိုင်နိုင်အောင် လုပ်သင့်ပါတယ်။”
“အင်း။” ချင်းရှန်း သူ့နောက်က တပ်ဖွဲ့ကို ကြည့်ရင်း ခေါင်းငြိမ့်တယ်။
“ကောင်းပြီ။ မင်းတို့ သုံးယောက်က ထိပ်တန်း တပ်ဖွဲ့ကို ခေါ်သွား။ ငါ အပြင်မှာ စောင့်မယ်။”
“မင်းက အပြင်မှာ စောင့်မှာလား။” မုရှင်း မကျေမနပ် ဖြစ်သွားခဲ့တယ်။
“ဟဟား မင်းက ပုန်က ချင်နေတာလား။ လုပ်ချင်ရင် လုပ်လိုက်လေ။” ချင်းရှန်းက သူ့နောက်မှာ ရှိတဲ့ တပ်ဖွဲ့ကို လက်ညှိုးထိုး ပြရင်း ပြောတယ်။
“မင်း။”
“အကိုမု။ ငါတို့တွေ သွားရအောင်။”
“ဟမ့်။” မုရှင်းက ဘာမှ မပြာဘဲ လှည့်ထွက် သွားတော့တယ်။ တခြား နတ်သခင် နှစ်ယောက်ကတော့ မိစ္ဆာ ဘုရင်တွေ သားရဲကောင်တွေနဲ့ ထိပ်တန်း နတ်ဆိုးတွေ ပါတဲ့ တပ်ဖွဲ့ကို ရွေးခေါ်သွားတယ်။
ရွေးပြီးတာနဲ့ သူတို့ ချက်ခြင်း နန်းတော်ထဲကို ဝင်တယ်။
“ဟန့်။ ငါက တပ်ဖွဲ့ ခေါင်းဆောင်လေ။ ဘယ်လိုများ စွန့်စား ရမှာလဲ။” နတ်သခင်တွေကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်လိုက်ရင်း ချင်းရှန်းက လှမ်းအော်တယ်။ “ရေနွေးကြမ်း ပြင်ခဲ့။ ဒီနေရာမှာ ငါကိုယ်တိုင် စောင့်မယ်။”
“အမိန့် အတိုင်းပါ။” စစ်သည်တော် တစ်ချို့ ချက်ခြင်း ပြန်ဖြေတယ်။
သူတို့တွေ လှည့်ထွက်တော့မယ့် အချိန်မှာပဲ ခေါင်းအစ ခြေအဆုံး ဝတ်ရုံနက် ခြုံထားတဲ့ လူတစ်ယောက် သူတို့ဆီ ရောက်လာတာကို မြင်လိုက်ရတယ်။
“ရပ်နေစမ်း။ မင်း ဘယ်သူလဲ။”
“ဟဟား။ ပျော်ရွှင်မှုကို မျှဝေတာထက် တစ်ယောက်တည်း နေရတာ ပိုကောင်းတယ်။ ငါက နတ်တစ်ပါး။” အဲ့ဒီ့ လူက နတ်ဆိုးတွေ ပြောတာကို မကြားတဲ့ အတိုင်း ရယ်မော နေခဲ့တယ်။
“အဲ့တာက သူလား။”
သူ့ကိုယ်သူ နတ်လို့ ခေါ်တဲ့ သူက (ချိုးချီ)က လွဲပြီး တခြားသူ မဖြစ်နိုင်ဘူး။ သူက ကောင်းကင် တာအို ခန်းမမှာ စောင့်နေသူ။ ချင်းရှန်းလိုပဲ အထူးအဆန်းကောင် တစ်ယောက်။
“ချိုးချီလား။” ချင်းရှန်း ချက်ခြင်း မျက်မှောင်ကြုတ်သွားတယ်။ တခြားသူတွေ အားလုံးထက် ချိုးချီကို ချင်းရှန်းက နက်နက်ရှိုင်းရှိုင်း နားလည်တယ်။
အကယ်၍ ချင်းရှန်းကသာ အထူး အဆန်းကောင်ဆိုရင်၊ ချိုးချီကတော့ အထူးဆန်းဆုံး ကောင်တွေထဲက ထိပ်တန်းလို့ ပြောလို့ ရနိုင်တယ်။ သတ်ဖြတ် ရတာကို စွဲလမ်း နေတဲ့ကောင်။ ဒါပေါ့ ချိုးချီက ချင်းရှန်းကို မယှဉ်နိုင်ဘူး။ ချင်းရှန်းလဲ သူ့ကို သိပ်စိတ်မပူသလို ကြောက်လဲ မကြောက်ဘူး။
“အရှင် သခင်ငယ် ဘယ်မှာလဲ။ ငါသူ့ကို ပြောစရာ ရှိတယ်။ ကောင်းကင်လက်ခံ မြေပုံတွေ ကိစ္စ။” အဲ့ဒီ့လူက ပြောတယ်။
“မြေပုံး ၃၆ခုလား။” ချင်းရှန်း စိတ်လှုပ်ရှားသွားတယ်။ သူပြုံးတော့တယ်။ “ငါကြားတာတော့ မင်းမှာ ကောင်းကင် လက်ခံ မြေပုံ သုံးခု ရှိတယ်ဆိုပဲ။”
“သုံးခု။”
“ဟုတ်လား။ နောက်တစ်ခုကို မင်းရလာတယ်ပေါ့။ ကောင်းတယ်။ အရမ်း ကောင်းတယ်။ ချိုးချီက နာမည်နဲ့ လိုက်ဖက်တာပဲ။ ပြောရမယ် ဆိုရင်၊ ငါ့မှာလဲ တစ်ခုရှိတယ်။ မင်းလိုချင်ရင် ငါပေးလို့ ရတယ်။ ဒါပေမယ့် ဒီအစေ့ကို မင်း အရင်စား။” ချင်းရှန်းက အစိမ်းရောင် အစေ့ တစ်စေ့ကို ထုတ်ယူလိုက်ရင်း ပြောတော့တယ်။ သူ့အပြုံးက ပိုကြည်လင် လာတယ်။
အပိုင်း (၉၇၀) ပြီး၏