အပိုင်း (၉၇၁-၉၈၀)
Vol. 10 Ch. 971-980
အပိုင်း (၉၇၁)
“နှေးနှေး၊ မြန်မြန်။ နှေးနှေး၊ မြန်မြန်။”
“ငါစားဖို့ ငြင်းရင်ရော။” ချင်းရှန်းရဲ့ ရှေ့ကို ရောက်လာသူက သူနဲ့ တစ်ပေ အကွာမှာ ရပ်နေခဲ့တယ်။
“ဟဟား ဟား။” ချင်းရှန်း ရယ်မောရင်း ညာဘက်လက်ကို မြှောက်လိုက်တယ်။ မ
“တိုက်ခိုက်။”
“တိုက်ခိုက်။
“…”
ချင်းရှန်း လက်မြှောက်လိုက်တာနဲ့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေရဲ့ လက်နက်တွေလဲ ချက်ခြင်း အသင့် ဖြစ်သွားကြတယ်။ ဟိန်းဟောက်သံတွေက လေထဲမှာ ပဲ့တင့် ထပ်လာတယ်။
“ကြည့်ရတာ ငါ့မှာ နောက်ထပ် ရွေးစရာ မရှိပုံပဲ။” အဲ့ဒီ့ လူက ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ချင်းရှန်း ဘက်ကို ပြန်လှည့်လာတယ်။
အစောပိုင်းနဲ့ မတူတာကတော့ ချင်းရှန်း လက်ထဲမှာ ရှိတဲ့ အစေ့ကို ကြည့်ရင်း တစ်ခုခု တွေးနေပုံပဲ။
“ချိုးချီ။ အင်အား အကြီးဆုံး တိုက်ခိုက်မှုတွေကို ဘယ်လို လုပ်ရမယ်မှန်း မင်းသိသင့်တယ်။” ချင်းရှန်းက လက်ကို ချက်ခြင်း ဝေ့ယမ်းရင်း ပြောတယ်။ “နတ်ဆိုး နတ်သခင်ကို ရေနွေးနဲ့ တည်ခင်း ဧည့်ခံလိုက်။”
ဝူး။ ချင်းရှန်း စကား ဆုံးတာနဲ့ သူ့ရှေ့မှာ ရပ်နေတဲ့ စစ်သည်တော် နှစ်ယောက်က လှုပ်ရှား သွားတော့တယ်။
ရုတ်တရက် လှုပ်ရှားမှုကြောင့် သူ့ဘေးမှာ ဘယ်သူမှ မရှိတော့တဲ့ အတိုင်းပဲ။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။ အရေးအကြီးဆုံး အရာကတော့ ချင်းရှန်းရဲ့ လှုပ်ရှားမှုပဲ။
မိစ္ဆာ နတ်ဆိုး နတ်သခင်တွေထဲမှာ ချိုးချီနဲ့ ချင်းရှန်း နှစ်ယောက်က အထူးအဆန်း ကောင်တွေပဲ။ ချင်းရှန်းက ချိုးချီကို နားလည်တယ်။ တခြား နတ်ဆိုး မိစ္ဆာတွေထက် ချိုးချီက ပိုထက်မြက်တယ်။
သူတို့တွေ တစ်ခုခု လွဲသွားတာနဲ့ သူက တိုက်ခိုက်လိမ့်မယ်။ ဒါက ဘာမှ အံ့သြစရာ မရှိဘူး။ အထူးသဖြင့် သူ့ရှေ့မှာ ရှိနေသူက သတ်ဖြတ်ရတာကို စွဲလမ်းနေတဲ့ အရူး နတ်ဆိုး ဖြစ်နေတယ်လေ။
ချင်းရှန်း ခပ်မြန်မြန်ပဲ ဆုတ်ခွာ သွားတယ်။
ဝတ်ရုံနက် ရှေ့ကို တိုးလာချိန်မှာ ချင်းရှန်းက ငါးပေ အကွာကို ရောက်သွားခဲ့ပြီ။ မြေပြင်ကနေ အစိမ်းရောင် နွယ်ကြိုးကြီး ၂မျှင်လဲ ထွက်လာခဲ့တယ်။ ဒီနွယ်ကြီးတွေမှာ တလက်လက် တောက်ပနေတဲ့ သတ္တုတွေလို အဆူးတွေ ရှိနေတယ်။ ဆူးထိပ်တွေမှာ အပြာရောင် အလင်းတွေလဲ တောက်ပနေတယ်။
ဒါတွေက အဆိပ်ဆူးတွေပဲ။
“ချိုးချီ မင်းက ငါ့ကို တိုက်ခိုက် ဝံ့တယ်ပေါ့။ မင်းက ငယ်လွန်း။” ချင်းရှန်း စကား မဆုံးသေးခင် အချိန်မှာပဲ ရပ်တန့် သွားခဲ့ရတယ်။ သွေးနီရောင် တောက်ပနေတဲ့ မျက်ဝန်း တစ်စုံက သူ့ကို စိုက်ကြည့်နေခဲ့တယ်လေ။
ဒီမျက်ဝန်းတွေက သူ့ကိုတောင် ထိုးဖောက်တော့မယ့် အတိုင်းပဲ။ ဒါ့အပြင် မျက်လုံးတွေထဲမှာ နီရဲနေတဲ့ သွေးမှော်စက်ကွင်း ရှိနေခဲ့တယ်။
မတူညီတဲ့ သင်္ကေတ ရှစ်ခုက သွေးမှော်စက်ကွင်းထဲမှာ တောက်ပ နေခဲ့တယ်။ ဒါ့အပြင် ကြောက်စရာ ကောင်းတဲ့ ဆွဲငင်အားက ချင်းရှန်း မျက်လုံးထဲကို ဝင်လာတော့တယ်။
ချင်းရှန်း သူ့ကိုယ်သူ သံကြိုးတွေနဲ့ ချုပ်နှောင် ခံရသလို ခံစား နေရတယ်။
“အင်အား အကြီးဆုံးသူက အနိုင်ရတယ်။” အေးစက်စက် ဟိန်းဟောက်သံ တစ်ခု ကြားလိုက်ရပြီး မီးခိုးရောင် မြူတွေက ချင်းရှန်းနဲ့ နွယ်ပင်တွေကို ရစ်ပတ် သွားတော့တယ်။ အရာ အားလုံး ဖြစ်ပျက် သွားတာက မြန်လွန်းတယ်။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာ ဘယ်သူမှ မတုံ့ပြန် နိုင်ခဲ့ဘူး။
“မဖြစ်တော့ဘူး။”
“နတ်ဆိုး နတ်သခင်က ပုန်ကန်နေပြီ။”
“မြန်မြန် သူ့ကို တားကြ။”
ပြောရရင် စစ်သည်တော်တွေက နတ်သခင် နှစ်ယောက်ရဲ့ တိုက်ပွဲမှာ မပါဝံ့ရဲဘူး။ ဒါပေမယ့် ချင်းရှန်း တိုက်ခိုက် ခံရတဲ့ ကိစ္စကတော့ ကွာခြားတယ်။ သူက ယွင်ချင်းဝူ ကိုယ်တိုင် အာဏာ လွှဲအပ် ထားသူပဲ။ ဒီတော့ ဘယ်သူကများ ထိုင်ကြည့် နေနိုင်မှာလဲ။
အန္တရာယ် များမှန်း သိပေမယ့် သူတို့တွေ အားလုံး ပြေးထွက် လာကြတယ်။ ဒါပေမယ့် မီးခိုးမြူတွေက သူတို့ကို တားဆီးလိုက်တယ်။ အားလုံး ရပ်တန့် ကုန်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ သေဆုံး ကုန်ကြပြီလေ။ သစ်ပင်အိုလိုမျိုး ရှင်သန်မှုတွေ အားလုံး ပျက်စီး သွားခဲ့ပြီ။ အသွေးအသားတွေ အားလုံးဝါးမျို ခံလိုက်ရတယ်။
တချိန်တည်းမှာပဲ သွေးနီရောင် အလင်းတန်းက မီးခိုးမြူတွေ ကြားမှာ တောက်ပလာတယ်။ သေခြင်းတရား သွေးလမင်း တစ်စင်း ထွက်ပေါ် လာသလိုပဲ။
“မဖြစ်ဘူး။” ချင်းရှန်းရဲ့ အသံ ထွက်ပေါ် လာတယ်။ သူ့ပြိုင်ဘက်ကို သူအထင် မသေးခဲ့ဘူး။ ကိုယ့်ကိုယ်ကို အစောကြီးတည်းက ပြင်ဆင် ထားပြီးသား။ ဒါပေမယ့် ချိုးချီက လုံးဝကို လူသစ်တစ်ယောက် ဖြစ်သွားခဲ့ပြီ။ အရမ်းကို အင်အားကြီးလာတယ်။ သေခြင်းတရား ဝါးမျိုမှု။
ဒါက ချိုးချီရဲ့ စွမ်းအားပဲ။ ကြောက်စရာ ကောင်းတဲ့ စွမ်းအားကြောင့် သူက ဘယ်လို အင်အားကို မဆို ဝါးမျိုပြီး အထောက်အပံ့ အဖြစ် ပြောင်းလဲ နိုင်တယ်။
ချင်းရှန်းက ချိုးချီရဲ့ စွမ်းအားကို သိတယ်။ ဒါပေမယ့် အင်အားကြီးလွန်းတဲ့ သွေးမှော် စက်ကွင်းကိုပါ ပေါင်းစည်းပြီး ပုံစံ ပြောင်းလဲ နိုင်မယ်လို့ မထင်ထား မိဘူး။
သေခြင်းတရား ဝါးမျိုမှု။ သွေးမှော်စက်ကွင်း။ ကြောက်စရာ စွမ်းအား နှစ်ခု ပေါင်းစည်း သွားချိန်မှာ သူဘယ်လောက်ထိ အင်အား ကြီးလာမယ်မှန်း ဘယ်သူမှ ခန့်မှန်း မရဘူး။
“သဘာ၀ အတိုင်း ပေါက်လာတဲ့ အစေ့တွေ။ မဆိုးဘူး။ ငါလက်ခံ လိုက်မယ်။” အေးစက်စက် အသံကို ကြားလိုက်ရတယ်။ မကြာခင် လက်တစ်ဖက်က ချင်းရှန်း ခေါင်းပေါ်ကို ရောက်လာတယ်။
ချင်းရှန်း မျက်လုံး ပြူးသွားတော့တယ်။
သူ့ရှေ့က လူရှေ့မှာ သူဒူးထောက်တယ်။ သူ့မျက်ဝန်းတွေက အသက်မဲ့ သွားတယ်။ ရင်ဘတ်ပေါ်မှာ လက်တင်ရင်း ဆုတောင်းတဲ့ ပုံစံ အတိုင်း သူရှိနေခဲ့တယ်။
ဒီမြင်ကွင်းက ထူးဆန်းလွန်းတယ်။ ဒါ့အပြင် ချင်းရှန်းရဲ့ မျက်ဝန်းတွေက အပေါ်ကိုသာ မော့ကြည့် နေခဲ့တယ်။
သူ့မျက်ဝန်းတွေထဲမှာ လူအရိပ် မရှိခဲ့ဘူး။ နှင်းလို ဖြူဖွေးနေတဲ့ သစ်ပင်ကြီး တစ်ပင်သာ ရှိနေတယ်။ အစိမ်းရောင် သစ်သီးကြီး တစ်လုံးကလဲ သစ်ပင်မှာ ရှိနေတယ်။
ဂျွတ်။ ချင်းရှန်းရဲ့ နဖူးက အက်ကွဲသွားတယ်။ နဖူးကနေ နှုတ်ခမ်း အထိ အစိမ်းရောင် အက်ကွဲကြောင်းကြီး ပေါ်လာတယ်။
ဝူး။
လေလှိုင်းကြီးတွေ ချင်းရှန်း ခန္ဒာကိုယ်က ထွက်ပေါ် လာပေမယ့်၊ မီးခိုးမြူတွေနဲ့ တွေ့ချိန်မှာတော့ ရောနေနှာ သွားတော့တယ်။ အဲ့ဒီ့နောက် လေထုတွေ အားလုံးက ချင်းရှန်း ခန္ဒာကိုယ်ထဲကို ပြန်ဝင်သွားတော့တယ်။ ဒီနေရာက တစ်ခုတည်းသော လက်ခံရာ နေရာ ဖြစ်နေသလိုပဲ။
အချိန် အတော်ကြာ တဝီဝီ မြည်သံတွေ ထွက်ပေါ် လာပြီးနောက် နောက်ဆုံးမှာတော့ ရပ်တန့် သွားတော့တယ်။
ချင်းရှန်းလဲ မြေပြင်ပေါ်ကို ပြိုလဲ သွားတယ်။ သူ့ရဲ့ ခန္ဒာကိုယ်မှာ အသွေးအသားတွေ မရှိတော့တဲ့ အထိ ခမ်းခြောက်သွားတယ်။ အက်ကွဲကြောင်းတွေကတော့ ပင့်ကူမျှင်တွေလို အသွင်နဲ့ တကိုယ်လုံးကို ပျံ့သွားခဲ့ပြီ။
ခြောက်သွေ့နေတဲ့ ခန္ဒာကိုယ်ကို လေပြင်းတွေက ဖြတ်သန်း တိုက်ခတ် သွားချိန်မှာတော့ ဖုန်မှုန့် ဖြစ်သွားတော့တယ်။
“ဟူး။” ဝတ်ရုံနက်က လက်ကို ပြန်သိမ်းလိုက်တယ်။ စိတ်သက်သာရာ ရသွားတဲ့ အတိုင်း သူသက်ပြင်းချတယ်။
သွေးနီရောင် အလင်းတန်းနဲ့ မီးခိုးမြူတွေ အားလုံး သူ့ခန္ဒာကိုယ်ထဲကို ပြန်ဝင် သွားခဲ့ပြီ။
ဒီလူရဲ့ မျက်ဝန်းထဲမှာ ရှိနေတဲ့ သွေးမှော် စက်ကွင်း ပျောက်ကွယ် သွားပြီး ချိန်မှာတော့ ကြီးမားတဲ့ သစ်ပင် ပုံရိပ်သာ မျက်ဝန်းထဲ ကျန်ရစ်တယ်။ ကြီးမားတဲ့ သစ်သီးကြီးတွေ ရှိနေတဲ့ သစ်ပင်ကြီး တစ်ပင်။ ဒါပေမယ့် အချိန်တို အတွင်းမှာပဲ သစ်ပင်လဲ ပြန်ပျောက်ကွယ် သွားပြီး မျက်လုံးတွေလဲ ပြန်မည်းနက် သွားတော့တယ်။
ရေလိုမျိုး တည်ငြိမ်နေတဲ့ မျက်ဝန်း အသွင်ကို ပြန်ရောက်သွားတယ်။
“မင်းတို့ အားလုံး ကြားဖူး သင့်တယ်။ အင်အား အကြီးဆုံးသူက အားလုံးကို ပိုင်ဆိုင်တယ်။” အဲ့ဒီ့နောက် အံ့သြနေတဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကို သူလှမ်းကြည့်တယ်။
“…”
“သူတကယ်ကြီး သေသွားတာလား။”
တပ်ဖွဲ့တွေ အားလုံး အသက်ရှူ ရပ်မတတ် ဖြစ်နေခဲ့ကြပြီ။ မျက်ဝန်းတွေမှာတော့ အကြောက် တရားတွေက အထင်းသား ရှိနေခဲ့တယ်။
“ငါမင်းတို့ အားလုံးကို မေးနေတာ။ မင်းတို့ ကြားကြလား။” ဝတ်ရုံနက်က ပြောပြန်တယ်။
“…”
“ဟုတ်ကဲ့ ကြားပါတယ်။” တစ်ချို့ တစ်လေ တုန်တုန် ယင်ယင်နဲ့ ပြောကြတယ်။
“ဟမ့်။ ချင်းရှန်းက အရှင်သခင်ငယ်ရဲ့ လုံခြုံရေးကို ဂရု မစိုက်လို့ ငါသူ့ကို သတ်လိုက်ပြီ။ အခုချိန်က စပြီး မင်းတို့ အားလုံးကို ငါဦးဆောင်မယ်။ အကောင်းဆုံး ကြိုးစားပြီး အရှင်သခင်ငယ်ကို ကယ်ဖို့ လုပ်မယ်။ လူသား မျိုးနွယ်ကို တိုက်ခိုက်မယ်။ မင်းတို့ အားလုံး ကြားကြလား။” အရမ်းကို အေးစက်မှု အပြည့်နဲ့ အသံက ထွက်ပေါ် လာတယ်။
ဒီစကားသံကြောင့် တပ်ဖွဲ့တွေ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။
“အရှင် သခင်ငယ်ကို ဂရုမစိုက်ဘူး။”
“အရှင်သခင်ငယ်ကို ကယ်ဖို့ အကောင်းဆုံး ကြိုးစားမယ်။”
“အမိန့် အတိုင်းပါ ခေါင်းဆောင်။”
“ခေါင်းဆောင် ချိုးချီ။”
ချက်ခြင်း ဆိုသလို တပ်ဖွဲ့တွေ အားလုံး ဒူးထောက် လိုက်ကြတော့တယ်။ သူတို့ အသံတွေက လေထဲမှာ ပဲ့တင် ထပ်လာတယ်။ ချင်းရှန်းရဲ့ ဦးဆောင်မှုထက် ချိုးချီရဲ့ ဦးဆောင်မှု အောက်မှာ သူတို့ စိတ်ဓာတ်တွေ တက်ကြွလာတယ်။ ယွင်ချင်းဝူ အုပ်ချုပ်ချိန် တုန်းက အတိုင်း လေးနက်မှုက မျက်လုံးမှာ အထင်းသား။
…
မဟူရာ ကျောက်တုံး နန်းတော်က ထူးဆန်းတဲ့ နေရာ တစ်ခုပဲ။ ဖန်ကျန်းရှိ သိခဲ့တာ ကြပြီ။
သူတို့တွေ နန်းတော်ထဲ ဝင်ပြီး ချိန်မှာ ရှုပ်ထွေးနေတဲ့ နေရာ တစ်ခုကို ဖြတ်လျှောက် ရမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လမ်းကျဉ်းလေး တစ်ခုကိုပဲ သူတို့ ဖြတ်သန်း ခဲ့ရတယ်။
လူသုံးယောက် ဘေးချင်းယှဉ် လျှောက်ဖို့တောင် လမ်းက မကျယ်ဘူး။ ရှေ့ဆက် သွားရမယ့် နေရာက ပိုလိုကတောင် ကျဉ်းနေသေးတယ်။
ဖန်ကျန်းရှီက အမြဲတမ်း ခေါင်းမော့ ရင်ကော့ရင်း လျှောက်နေကြသူ။ သူတို့တွေ ပြေးနေ ရတာတောင် သူက တစ်ချက် ဟန်မပျက်ခဲ့ဘူး။
မကြာခင်မှာပဲ လျှောက်လမ်းက သူ့ကို ပညာပေးတော့တယ်။ ခေါင်းငုံ့ရင်း သူလျှောက်နေ ခဲ့ရပြီ။ ယွင်ချင်းဝူ ထွက်ပြေးမှာကို ကာကွယ်ဖို့ အတွက်လဲ ရင်ဘတ် အနားမှာ သူ့ကို ကပ်ထားတယ်။ ယွင်ချင်းဝူက မရုန်းကန်ပဲ သူ့အနားကို ပိုတိုးလာတဲ့ အတွက်တော့ အံ့သြမိတယ်။ ဒါပေမယ့် လက်တစ်ဖက်က ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို တွန်းထားသေးတယ်။
ဖန်ကျန်းရှီလဲ စိတ်ထဲ မထားပါဘူး။ ဒါက ခန္ဒာကိုယ်ချင်း မထိအောင် မသိစိတ်က လုပ်တာပဲ။ သူကလဲ တခြားသူကို အခွင့်အရေး ယူချင်နေတဲ့သူ မဟုတ်ဘူးလေ။ အခွင့်အရေး ယူချင်ရင်လဲ အကြီးကြီး ယူမှာပေါ့။
“နင် ဖြည်းဖြည်းလျှောက်။” ပင်းယန် အသံကို ကြားလိုက်ရတယ်။ သူမကို ဖန်ကျန်းရှီက ဆွဲခေါ် သွားတဲ့ ဘာမှ မမြင်ရပဲ နောက်က ကပ်လိုက် လာရတယ်။ ဒါကြောင့် လမ်းမှာ တစ်ခုပြီး တစ်ခုနဲ့ တိုက်မိတယ်။
“ကောင်းပြီ။ ဖြည်းဖြည်းလျှောက်မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း အရှိန်ကို လျော့ချလိုက်တယ်။ အဲ့ဒီ့နောက် သူ့နောက်ကို လာတွန်းတဲ့ လက်တစ်ဖက်ကို ခံစား မိပြန်တယ်။
“နင်ဒီလောက်ကြီး မနှေးလို့ မရဘူးလား။”
“ကောင်းပြီ။ မြန်လိုက်မယ်။”
“နှေးအုန်း။”
ဖြန်း။ နောက်တစ်ချက် အရိုက်ခံ လိုက်ရတယ်။
“မြန်မြန်သွား။”
“နှေးအုန်း။”
“မြန်မြန်သွား။”
“…”
ဆက်တိုက် အော်ခံ ပြီးနောက် ဖန်ကျန်းရှီလဲ လမ်းကျဉ်းလေးကနေ ထွက်လာ နိုင်ခဲ့ပြီ။ အဲ့ဒီ့နောက် သူ့မျက်လုံးတွေ ပြူးကျယ် သွားရတော့တယ်။
ဒီနန်းတော်က မလင်းပေမယ့်၊ တစ်ခုခု လွဲနေတာကို ဖန်ကျန်းရှီ ခံစားမိတယ်။
“အရှက် မ။ အာ ဆရာကြီး မုန့်ထျန်း။ မောလို့လား။” ပင်းယန်ရဲ့ အသံကို ကြားလိုက်ရတယ်။
“ပင်ပန်းတယ်။” ဖန်ကျန်းရှီ ရုတ်တရက် နားလည်သွားတယ်။ ပင်းယန် ကြောင့်သာ မဟုတ်ရင် သူသိမှာ မဟုတ်ဘူး။
ဒါက ထူးထူးဆန်းဆန်း မောပန်း သွားတာပဲ။ သူတို့တွေ လမ်းကျဉ်းလေး တစ်ခုတည်းကို ဖြတ်လျှောက် လာခဲ့ရတာလေ၊ ဘာများ ပင်ပန်း စရာ ရှိမှာလဲ။
တကယ်တော့ သူ့အစွမ်းနဲ့ ဆိုရင် တစ်လလုံး မအိပ်ပဲ လမ်းလျှောက် နေရင်တောင် မပင်ပန်းဘူး။ အခုချိန်မှာ သူ့ခြေလှမ်းတွေက အရမ်းကို လေးလံ နေခဲ့ပြီ။ ဖန်ကျန်းရှီ ဖြစ်နိုင်ချေတွေကို မြန်မြန် တွက်ချက်တော့တယ်။ ဆွဲငင်အားကြောင့်လဲ မဖြစ်နိုင်ဘူး။
ဖန်ကျန်းရှီ စိတ်ရှုပ်နေ ချိန်မှာ မှိန်ဖျော့ဖျော့ ကြယ်အလင်းတန်းတွေက သူ့ရှေ့မှာ တောက်ပလာတယ်။
မဖြစ်နိုင်တာပဲ။ နန်းတော်တစ်ခုလုံးက မှောင်မည်း နေတာလဲ။ ဖန်ကျန်းရှီ နည်းနည်းတော့ အံ့သြ သွားပေမယ့်၊ လမ်းအဆုံး တစ်ခုမှာအလင်း ရှိတာ ဖြစ်နိုင်တာပဲလေ။
“ပင်း။ အဟွတ်။ လမ်းကျယ်လာပြီ။ ငါ့ဘေးလာခဲ့။ မြန်မြန်။” ဖန်ကျန်းရှီ နာမည် ခေါ်မိ မလို ဖြစ်ပေမယ့် ချက်ခြင်း ပြန်ထိန်းလိုက်ပြီ။
“အင်း ကောင်းပြီ။” ပင်းယန် သူမ ရှေ့မှာ ရှိတဲ့ အလင်းတန်းကို မြင်ချိန်မှာ စိတ်လှုပ်ရှား လာတော့တယ်။ “အဲ့တာ ထွက်ပေါက်ပဲ ဖြစ်ရမယ်။
ပင်းယန် မောပန်းတာတွေတောင် ပျောက်သွားတော့တယ်။
“တော်တယ်။ သွားကြစို့။” ပင်းယန်ကို ချီးမွမ်းပြီးနောက် သူပြေးတော့တယ်။
ဆယ်မိနစ် အတွင်းမှာ အလင်းတန်းက ပျောက်ကွယ် သွားတယ်။
ဖန်ကျန်းရှီ မျက်ဝန်းထဲမှာ မေ့ဖျောက်လို့ မရနိုင်တဲ့ မြင်ကွင်း တစ်ခု ပေါ်လာတယ်။ လောကကြီးမှာ မရှိသင့်တဲ့ မြင်ကွင်းတစ်ခုပဲ။
အပိုင်း (၉၇၁) ပြီး၏။
အပိုင်း (၉၇၂)
“မဟူရာ ကျောက်တုံး နန်းတော်ရဲ့ အမှန်တရား။”
အမှန်တကယ်တော့ ဖန်ကျန်းရှီ မဟူရာ ကျောက်တုံး နန်းတော်ထဲကို ဝင်ချိန်မှာ မြင်ကွင်းတွေ အများကြီးကို တွေးခဲ့ဖူးတယ်။ အရိုးတွေ ခန္ဒာကိုယ်တွေ အမျိုးမျိုးနဲ့ ပြည့်နေပြီး ထောင်ချောက် ပေါင်းစုံ ရှိနေမယ်လို့ သူထင်ခဲ့တယ်။
ဒါပေမယ့် သူ့ရှေ့မှာ ရှိနေတဲ့ မြင်ကွင်းက တွေးထားတာထက် အများကြီး ကျော်လွန် နေခဲ့တယ်။
ဘာအရိုးမှ မရှိ ထောင်ချောက်မှ မရှိပေမယ့်၊ သူ့ရှေ့မှာ ရှိနေတဲ့ အရာကတော့ အားလုံးထက် ပိုပြီးတော့ ထူးဆန်းနေတယ်။
ဂျိန်း။ မိုးချိန်းသံကြီး ကြားရပြီးနောက် ကြီးမားတဲ့ မြင်းကြီး တစ်ကောင်က မြူနှင်းတွေ ထဲကနေ ထွက်လာပြီး မြူနှင်းတွေထဲကို ပြေးဝင်သွားတယ်။
ဒါက အရမ်း လန့်စရာ မကောင်းသေးဘူး။ ဒါပေမယ့် ထူးဆန်း သဘာဝလွန် သတ္တဝါ ပေါင်းစုံက မြင်းဘေးမှာ ကူးခတ်ပြီး အလင်းတန်းတွေ မျိုးစုံတွေ တောက်ပ နေတာကတော့ အထူးအဆန်း ကိစ္စကြီး ဖြစ်သွားပြီ။
မရေမတွက်နိုင်တဲ့ ထူးဆန်း သတ္တဝါတွေ အားလုံးက အလင်းတန်းထဲမှာ ပေါင်းစုံ နေကြတယ်။ ဒါက သာမန် လောက တစ်ခု မဟုတ်ဘူး။
ဘာကြောင့်လဲ ဆိုတော့ သူ့ရှေ့မှာ ရှိနေတဲ့ အရာတွေက အမှန် မဟုတ်မှန်း သူသိ နေလို့ပဲ။ ဖန်ကျန်းရှီ ဘယ်လို ပြောရမယ်မှန်း မသိပေမယ့် သူ့ရှေ့မှာ ရှိတဲ့ အရာတွေက လောကကြီးမှာ တကယ် ရှိနေတာ မဟုတ်မှန်း သိနေခဲ့တယ်။
“ဒီတော့ ဒါက ပုံရိပ်ယောင် နေရာကြီးပေါ့။” ပင်းယန်က အရမ်းကို အထိတ်တလန့်နဲ့ ပြောတော့တယ်။
“ပုံရိပ်ယောင် အဆင့်လား။” ဖန်ကျန်းရှီ ချက်ခြင်း ခေါင်းခါ လိုက်မိတယ်။
သာမန် လူတစ်ယောက်က ဒီမြင်ကွင်းကို မြင်ရင် ပင်းယန်လို တွေးမိမှာပဲ။ သူတို့ မြင်တာတွေ အားလုံးက လုံးဝကို ပုံမှန် မဟုတ်ဘူးလေ။ ဖန်ကျန်းရှီရဲ့ အမြင်ကတော့ ကွာခြားတယ်။ သူက တခြား လောက တစ်ခုကိုလဲ မြင်တယ်လေ။ အဲ့တာကတော့ အဖြူနဲ့ အနက်သာ ရှိတဲ့ လောကပဲ။ ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲက သရဲတာအို။
သရဲတာအိုကို လက်ခံ ပြီးချိန်က စပြီး ဘယ်လို ပုံရိပ်ယောင်ကမှ သူ့ကို စိတ်မရှုပ်စေ နိုင်တော့ဘူး။ ဒါကြောင့် ရှေ့မှာ ရှိနေတဲ့ မြင်ကွင်းက ပုံရိပ်ယောင် မဟုတ်မှန်း သူသိသွား ခဲ့ပြီလေ။
ပုံမှန် မဟုတ်သလို ပုံရိပ်ယောင်လဲ မဟုတ်ဘူး။
ပင်းယန်ကတော့ ဖန်ကျန်းရှီကို မယုံခဲ့ဘူး။ တကယ်တော့ ဖန်ကျန်းရှီတောင်မှ သူ့ရဲ့ အတွေးအခေါ်တွေ မှားနေတယ်လို့ ခံစားမိတယ်။
“နင်က ဒီလို မတွေးမိဘူးလား။” ဖန်ကျန်းရှီ ခေါင်းခါတာကို မြင်ချိန်မှာ ပင်းယန် မေးတော့တယ်။
“မဟုတ်ဘူး။ မင်းပြောတာ မှန်တယ်။ ဒါက ပုံရိပ်ယောင် တစ်ခုပဲ။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ ခေါင်းခါ လိုက်တယ်။ သူကိုယ်တိုင် ရှင်းမပြ နိုင်မှတော့ နောက်ထပ် ဘာမှ မပြော တော့ဘူးလေ။
“ဒီတော့ အန္တရာယ်များလား။”
“မုချင်းဖန်းနဲ့ တခြားသူတွေက ငါတို့ထက် အစောကြီး ဝင်သွားကြတာ။ ဒီတော့ အန္တရာယ် ရှိရင် သူတို့တွေ အရင်ဆုံး ဖြေရှင်း ကြမှာပဲ။”
“ဒီတော့ ငါတို့ ရှေ့ဆက် သွားသင့်တယ်လို့ နင်ပြောချင်တာလား။”
“အင်း။ မုချင်းဖန်းနဲ့ တခြားသူတွေကို မတွေ့ခင် အထိ သွားသင့်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ဒါဆို ငါတို့ ဘာကို စောင့်နေမှာလဲ။” ပင်းယန် ဒီစကားကို ကြားချိန်မှာ အရမ်းကို တက်ကြွ လာတော့တယ်။
“မော့ရှန်းရှီနဲ့ တခြားသူတွေ လာရင် ငါတို့ ဝင်ကြမယ်။”
“ဘာလို့လဲ။”
“သူတို့ အတွက် မှန်ကန်တဲ့ လမ်းကို ငါတို့ ဖွင့်ပေးနိုင်တာ သေချာအောင် လုပ်ရမယ်လေ။ နောက်ဆုံးတော့လဲ ငါက မုန့်ထျန်း။ လူသားတွေ အားလုံးရဲ့ ကယ်တင်ရှင်။” ဖန်ကျန်းရှီက ပင်းယန်ရဲ့ ခေါင်းကို ခပ်ဖွဖွ ခေါက်ရင်း ပြောတယ်။
“ဝါး။ ငါ နားလည်ပြီ။” ပင်းယန် ချက်ခြင်း ပြောတော့တယ်။
“အရှက် မရှိလိုက်တာ။” ယွင်ချင်းဝူကတော့ သူတို့ရဲ့ စကားကို ကြားချိန်မှာ မှတ်ချက် ပေးတယ်။
ဖန်ကျန်းရှီကတော့ ဂရုမစိုက် ပါဘူး။ သူက သုခမိန် စစ်နတ် မုန့်ထျန်း ဖြစ်နေတဲ့ အတွက် မုန့်ထျန်း ပီပီသသ နေသင့်တယ်။
အမြန်ဆုံး အရှိန်နှုန်းနဲ့ ပြေးရမှာလား။ ဒါက ဘာမှ မဟုတ်သေးဘူး။
…
မကြာခင်မှာပဲ တပည့် နှစ်ယောက် တွဲထားတဲ့ မော့ရှန်းရှီက ပေါ်လာတော့တယ်။ မော့ရှန်းရှီနဲ့ တပည့်သားတွေ အားလုံးက ဓားခုတ်ကောင်တွေလို ပြေးလွှား နေကြတယ်။
“မြန်မြန်။ မိစ္ဆာ တပ်ဖွဲ့တွေ အမှီ လိုက်လာတော့မယ်။”
“လမ်း မပိတ်နဲ့။”
လူသား မဟာမိတ် တပည့်သားတွေ အားလုံးက သူတို့ စွမ်းရည်ကို အမြင့်ဆုံး သုံးပြီး ထွက်ပြေး လာခဲ့ကြတယ်။ သူတို့ မျက်နှာတွေတောင် နီရဲ ဖူးယောင် နေကြပြီ။
ဒါပေမယ့် ရပ်တန့်မယ့် ပုံစံ မပြကြဘူး။
နောက်ဆုံးတော့လဲ မုရှင်းနဲ့ တခြား နတ်သခင် သုံးယောက်က သူတို့ နောက်မှာ လိုက်နေ ခဲ့တယ်လေ။ နောက်ဆုံးမှာ ရှိနေတဲ့ လူသား မဟာမိတ် တပည့်သားတွေလဲ အသတ်ခံနေရတယ်။
ကျောက်တုံး နန်းတော်ရဲ့ လမ်းက ကျဉ်းမြောင်း လွန်းနေရင်၊ အကျအဆုံးက နှစ်ဆ ပိုများ သွားလိမ့်မယ်။
“တောင်ကြား သခင်မော့ လမ်းလျှောက် နိုင်သေးလား။” ဖန်ကျန်းရှီ မေးတယ်။
“ဆ ဆရာကြီး မုန့်ထျန်း မပြေးဘူးလား။ ငါတို့ကို စောင့်နေတာလား။” ကျောက်တုံး နန်းတော်ထဲကို ပထမဆုံး ဝင်ပြေးသူက မုန့်ထျန်း ဖြစ်တဲ့ အတွက် မော့ရှန်းရှီ အံ့သြ နေခဲ့တယ်။
အခုတော့ မုန့်ထျန်းက ဝင်ပေါက်မှာ သူတို့ကို စောင့်နေတယ်။
ဒါက မော့ရှန်းရှီ စိတ်ထဲကို ပထမဆုံး ဝင်လာတဲ့ အတွေးပဲ။ ဖန်ကျန်းရှီနဲ့ သူ့ရှေ့က မြင်ကွင်းကို မြင်ချိန်မှာတော့ ပြောစရာ စကားတွေ အားလုံး ပျောက်ကွယ်သွား တော့တယ်။
ထိတ်လန့်မှုက အားလုံးကို ကြီးစိုး သွားတော့တယ်။
“အဲ့ တာ ဘာကြီးလဲ။”
“အလင်း အဲ့ဒီ့ အလင်းတန်းနဲ့ သားရဲကောင်တွေက ဘာတွေလဲ။”
“ပုံရိပ်ယောင် အဆင့်ပဲ။ မှန်တယ်။ မဟာမိတ် လက်ထောက် ခေါင်းဆောင် မုချင်းဖန်း ပြောဖူးတယ်။ ပုံရိပ်ယောင်တွေကို အများကြီး သတိ ထားရမယ်တဲ့။”
တပည့်သားတွေ အားလုံး လင်းရှောင်တောင်က စကားကို မှတ်မိကြတယ်။
“မုချင်းဖန်းက ဒါတွေကို ပုံရိပ်ယောင်လို့ ထင်တာလား။” ဖန်ကျန်းရှီ လန့်သွားတယ်။ သူက လင်းရှောင်တောင်မှာ ရှိနေသူ မဟုတ်ဘူးလေ။ ဒီတော့ မုချင်းဖန်း ပြောတာတွေကို မကြားခဲ့ဘူး။
လူသား မဟာမိတ် ပြောစကား အရဆိုရင်၊ လင်းရှောင်တောင်ပေါ် မတက်ခင်မှာ မုချင်းဖန်းက ကျောက်တုံး နန်းတော်ထဲ ဝင်ခဲ့မှာပဲ။
ဖန်ကျန်းရှီ ရုတ်တရက် မုချင်းဖန်း ကောင်းကင် မဟာမိတ် အစည်းအဝေး လုပ်တာကို မှတ်မိသွားတယ်။ အဲ့မှာ ကျောက်တုံး နန်းတော်ထဲက စာလွှာ အကြောင်း ပြောခဲ့တာပဲ။
ကျမ်းကောင်းကင်တောင်ကို ဖန်ကျန်းရှီ အရောက် နောက်ကျ သွားတဲ့ အတွက် ဒါတွေကို ပင်းယန် ပြောတာသာ သူကြားဖူးတယ်။
ဒီတော့ မုချင်းဖန်းနဲ့ တခြားသူတွေက စာလွှာ ရှိတဲ့ နေရာမှာ ဖြစ်နိုင်တယ်။
“ငါတို့ ဘာလုပ် ရမလဲ။ ရှေ့မှာက ပုံရိပ်ယောင် ရှိနေတယ်။ နောက်မှာက မိစ္ဆာ တပ်ဖွဲ့တွေ ရှိနေတယ်။ အားလုံး သေကုန် ကြမှာလား။” အသံ တစ်သံက ဖန်ကျန်းရှီ အတွေးကို နှောက်ယှက်လိုက်တယ်။
“မှန်တယ်။ အခုချိန်မှာ တောင်ကြား သခင်မော့လဲ ဒဏ်ရာ ရထားတယ်။ နန်းတော်နဲ့ ရင်းနှီးတဲ့ ခေါင်းဆောင်မုလဲ မရှိဘူး။ ဒါကို ဘယ်လိုများ ဖြတ်ကျော် ရမှာလဲ။”
“ငါတို့တွေ အားကုန်သုံးပြီး ထိုးဖောက်ရမယ်။”
“ကြည့်ရတာ ငါတို့မှာ နောက်ထပ် ရွေးစရာ မရှိတော့ပုံပဲ။ ငါတို့တွေ တိုက်ခိုက်ရမယ်။”
တခြား တပည့်သားတွေ ခပ်မြန်မြန် ပြန်ဖြေကြတယ်။ သူတို့မှာ တွေေ၀ ချိန်မရှိ ဘူးလေ။ အရှေ့မှာ မီးတောင်ကြီး ရှိနေရင်တောင် ကူးခတ် ကျော်ဖြတ် ရမျာပဲ။ မိစ္ဆာနဲက နတ်ဆိုးတွေ သတ်တာကို ခံရလို့ မဖြစ်ဘူး။
“မစိုးရိမ်ကြနဲ့။ ငါဒီမှာ ရှိနေတာပဲ။ မင်းတို့ အားလုံးကို ငါကိုယ်တိုင် ဦးဆောင်ပြီး ခေါ်သွားမယ်။” ဖန်ကျန်းရှီ အခုချိန်မှာ သူလှုပ်ရှားဖို့ အချိန်ကျပြီမှန်း သိတယ်။
“ဆရာကြီး မုန့်ထျန်းက လူသားတွေရဲ့ အကျိုးကို အားလုံးထက် ပိုပြီး တန်ဖိုးထား ဂရုစိုက်တာပဲ။” ပင်းယန်က ချက်ခြင်း သံယောင်လိုက်ပြီး ပြောတော့တယ်။
“…”
“ဆရာကြီး မုန့်ထျန်း။ ဒီတော့ ဆရာကြီးက ငါတို့ကို အမြဲ ဦးဆောင်နေတာလား။”
“ငါတို့ ထင်ခဲ့တာက ဆရာကြီးက ကြောက်လန့်ပြီး အရင် ထွက်ပြေးတယ်လို့လေ။ ငါတို့တွေ ကိုယ့်ကိုယ်ကို လူလို့တောင် မခေါ်ထိုက်ပါဘူး။”
“မှန်ပါတယ်။ တကယ်ပဲ အရှက် ရမိတယ်။”
လူသား မဟာမိတ် တပည့်သားတွေ သတိ ပြန်ဝင် လာချိန်မှာ လန့်ကုန်တော့တယ်။ သူတို့တွေ အရမ်းကို အပြစ်မကင်း ဖြစ်နေကြတယ်။
ယွင်ချင်းဝူကတော့ ခေါင်းခါရင်းနဲ့သာ သက်ပြင်း ချနေခဲ့တယ်။
“အရှက် မရှိလိုက်တာ။”
“ငါ့နောက်ကို အားလုံး ကပ်လိုက်ခဲ့။” ဖန်ကျန်းရှီ အချိန် မစောင့်တော့ဘူး။ ယွင်ချင်းဝူနဲ့ ပင်းယန်ကို လက်တစ်ဖက်စီမှာ ဆွဲရင်း ပုံရိပ်ယောင်ထဲ ပြေးဝင် သွားတော့တယ်။
ကျောက်တုံး နန်းတော်ထဲမှာ ဒီလို အရာ ရှိနေတာ ဘာမှန်း မသိပေမယ့် အခုချိန်မှာ ဒါတွေက အရေး မကြီးဘူးလေ။ မိစ္ဆာနဲ့ နတ်ဆိုး တပ်ဖွဲ့တွေက အနားကို ကပ်လာနေပြီ။ ထွက်ပြေးရမယ်။ ဒါက အရေးကြီးဆုံး အရာပဲ။
လူသား မဟာမိတ် တွေကတော့ သူတို့ကိုယ် သူတို့ အပြစ်တင် နေချိန်မှာ ဖန်ကျန်းရှီက အလင်းတန်းထဲ ဝင်သွားခဲ့ပြီ။
သူဝင်သွား ချိန်မှာ တဝီဝီ မြည်သံတွေကို နားထဲမှာ ကြားလိုက်ရတယ်။ ဒါတွေက သားရဲကောင် အော်သံနဲ့ မတူဘူး။ ထူးဆန်းတဲ့ အရှိန်အဝါ တစ်မျိုးကိုသာ ခံစားရတယ်။ သူ့နားနားကို ကပ်ပြီးတော့ အော်သွား သလိုပဲ။
နီးကပ်လွန်းလို့ နှလုံးသွေးတွေတောင် ပြောင်းပြန် စီးတော့မလို ဖြစ်နေတာကို ခံစား လိုက်ရတယ်။
“တခုခုတော့ မှားနေပြီ။” ဖန်ကျန်းရှီ အပြောင်းအလဲကိုခံစားမိတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးက အရောင်စုံ မြက်ခင်း၊ သစ်ပင်၊ ပင်လယ်တွေ အဖြစ်တွေ ပြောင်းလဲ သွားတာကို မြင်လိုက်၇တယ်။
သူ့နှလုံးနဲ့ သွေးတွေကို ထိန်းချုပ်ပြီး ပုံရိပ်ယောင်ကို ပြောင်းလဲ တာလား။ ဒါက မန္တန် တစ်ခုနဲ့တောင် ပိုတူသေးတယ်။ ဒါကတော့ ပုံရိပ်ယောင် အစစ် မဟုတ်တော့ဘူး။ တစ်ယောက်ယောက်က တစ်ခုခုကို ဖုံးကွယ်ဖို့ အတွက် လုပ်ထားတာ ဖြစ်နိုင်တယ်။
ဒီအတွေး ဝင်လာတာနဲ့ သူ့နှလုံးခုန်နှုန်းတွေ သွေးတွေ အားလုံး ပုံမှန် ပြန်ဖြစ်သွားတယ်။ မျက်ဝန်းကလဲ ငွေရောင် ပြောင်းသွားတယ်။
အဖြူ အမည်း လောကကြီးမှာ သူက ကောင်းကင်ပေါ်ကနေ တပည့်သားတွေကို ကြည့်နေတယ်။
မကြာခင်ပဲ မော့ရှန်းရှီ အော်တာကို ကြားလိုက်ရတယ်။
“အားလုံး နားထောင်ကြ။ မင်းတို့တွေ တိတ်တိတ်နေပြီး အသက်ရှူ အောင့်ထား။ မင်းတို့ ကြားရတဲ့ အသံကြောင့် စိတ်မလွတ်ကြနဲ့။ ပတ်ဝန်းကျင်က လူတွေ ထူးထူးဆန်းဆန်း လုပ်လာရင်၊ သူ့နှလုံး အထက်က ရင်ဘတ်ကို ရိုက်ပြီး နှလုံးခုန်သံကို နှောက်ယှက်လိုက်။”
“အမိန့် အတိုင်းပါ။” တပည့်သားတွေ ချက်ခြင်း နာခံကြတယ်။
တပည့်သား တစ်ယောက်ရဲ့ မျက်ဝန်းထဲက အနီရောင် အလင်းတန်း တောက်ပ လာပြီးနောက် သူ့ အပြုအမူက အရမ်းကို ကြမ်းတမ်းလာတာ မြင်လိုက်ရတယ်။
အဲ့ဒီ့နောက် တခြား တပည့်သား တစ်ယောက်က သူ့ရင်ဘတ်ကို ရိုက်လိုက်တယ်။ တပည့်သား ပုံမှန် ပြန်ဖြစ် သွားတော့တယ်။ သူသွေးတွေကို အန်ထုတ်တယ်။
“ကယ်တင် ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် အကိုကြီး။”
“မလိုပါဘူး။”
ဒါတွေ အားလုံးကြောင့် ဖန်ကျန်းရှီ နားလည် လာတော့တယ်။ ပတ်ဝန်းကျင် မြူတွေက ပုံရိပ်ယောင်ကို ဖြစ်စေတာပဲ။ သူတို့တွေ ဘာကို ဖုံးကွယ် ချင်နေတာလဲ။
ဖန်ကျန်းရှီ စဉ်းစား နေချိန်မှာပဲ လူအသစ်တွေ ရောက်လာပြန်တယ်။ ဝတ်ရုံနက် ဝတ်ထားသူ သုံးယောက်။ ဒါက နတ်ဆိုး မိစ္ဆာ နတ်သခင်တွေပဲ။
တပည့်သားတွေနဲ့ မတူညီပဲ သူတို့ ခန္ဒာကိုယ်တွေကနေ အလင်းတန်းကြီးတွေ ဖြာထွက် လာကြတယ်။ ကြီးမားတဲ့ ထီးသဏ္ဍာန် ဒိုင်းကြီးတွေက တပ်ဖွဲ့တွေကို ကာကွယ်လိုက်တယ်။ ဒါကြောင့် သူတို့တွေ ရောက်လာတာ ပိုမြန်ာကတယ်။
နီးလာကြပြီ။
ဖန်ကျန်းရှီက ယွင်ချင်းဝူနဲ့ ပင်းယန်ကို ခေါ်ပြီး ပြေးထွက်သွားတယ်။ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ လူသား မဟာမိတ်ဆီ ပြေးလာ နေတာကို သူမြင်တယ်လေ။ အခုချိန်မှာ တခြား လောကကို မြင်ရတဲ့ မျက်ဝန်း တစ်စုံ ရှိနေတာ အတော့်ကို ကောင်းတာပဲ။ ဒါပေမယ့် သူပိုပြီးတော့ မြင်လေလေ ရင်ဆိုင်ရမယ့် အရာတွေက ပိုများလေပဲ။
ဒါကိုသာ မမြင်ရင် ပင်းယန်နဲ့ အတူတူ အရှေ့ကို ထွက်ပြေး မိလောက်ပြီ။ မြင်ပြီး ချိန်မှာတော့ ဒါမျိုးကို သူမလုပ် နိုင်တော့ဘူး။
ဖန်ကျန်းရှီက အရှက်မရှိတဲ့ အပြင် နည်းနည်းလဲ တကိုယ်ကောင်း ဆန်တယ်။ ဒါပေမယ့် သူက လူတစ်ယောက်လေ။ ခံစားချက် ရှိတယ်။ ဆုံးဖြတ်နိုင်တယ်။
အခုချိန်မှာ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ လက်ထဲကို လူသားတွေ ရောက်သွားမှာ မမြင်ချင်ဘူး။ ဖန်ကျန်းရှီ ပင်းယန်ကို တင်းတင်းဆွဲထားရင်း ပြောတယ်။ “ငါ့နောက်ကို ကပ်လိုက်ခဲ့။”
“ကောင်းပြီ။” ပင်းယန် စိတ်ရှုပ် နေပင်မယ့် ခပ်မြန်မြန် ပြန်ဖြေတယ်။
ဖန်ကျန်းရှီ လက်ကို လှုပ်ရှား လိုက်ချိန်မှာ ငွေရောင် ဓားသုံးလက်က သူ့လက်ထဲ ပေါ်လာတယ်။ ခပ်တိုးတိုး အသံနဲ့ ကောင်းကင်မှာ မျဉ်းကွေး လမ်းကြောင်း တစ်ခုကို သူဖန်တီး လိုက်တယ်။ ဥက္ကာပျံတွေ ကြွေသလို အရှိန်မျိုးနဲ့ ဓားတွေက နတ်သခင်တွေရဲ့ အလင်းဒိုင်းဆီ ဝင်တိုက်တယ်။
မိုးခြိမ်းသလို ပေါက်ကွဲ သံနဲ့ အတူ အလင်းဒိုင်းတွေက လှိုင်းထန် လာတော့တယ်။
ထူးဆန်းတဲ့ မြင်ကွင်းကြီးလဲ ဖြစ်လာတယ်။ မြူတွေနဲ့ အလင်းတန်းက ရုတ်တရက် ပါးလွှသွားပြီး အနက်ရောင် အကွက် တစ်ချို့ ပေါ်လာတာကို ဝိုးတဝါး မြင်ရတာပဲ။
အပိုင်း (၉၇၂) ပြီး၏။
အပိုင်း (၉၇၃)
“တက်ကြွလှုပ်ရှား လှိုင်းတွေနဲ့ လုပ်ငန်းစဉ်။”
“အဲ့တာ မုန့်ထျန်းပဲ။”
“မုန့်ထျန်းက ငါတို့ကို တိုက်ခိုက် နေပြီ။”
“…”
နတ်သခင် သုံးယောက် တိုက်ခိုက် ခံလိုက်ရတဲ့ အတွက် မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့ကြီးက အရမ်းကို သတိကြီးကြီး ထားပြီး လှုပ်ရှားတော့တယ်။
နောက်ဆုံးတော့လဲ မြူနှင်းတွေက သူတို့ရဲ့ အမြင်ကို နှောက်ယှက် ထားခဲ့တယ်လေ။ အဝေးမှာ ဘာတွေ ဖြစ်နေလဲ မမြင်ရနိုင်ဘူး။
ဒါက တပ်ဖွဲ့ရဲ့ အရှိန်နှုန်းကို လျော့ကျ သွားစေတယ်။
အရှိန်လျော့ရုံလောက်ပဲ ဖြစ်ပြီး နတ်သခင် သုံးယောက်ကို ပြင်းပြင်းထန်ထန် မထိခိုက် စေခဲ့ဘူး။
“မြန်မြန် ကပ်လိုက်။” မုရှင်းက မျက်မှောင်ကြုတ်လိုက်ရင်း အမိန့်ပေးတယ်။ သူ့ခေါင်းပေါ်မှာ ရှိနေတဲ့ အလင်းပြင်ကြီးက ပိုပြီးတော့ တောက်ပ လာခဲ့ပြီ။
မုရှင်း အပါအဝင် နတ်သခင်တွေ အားလုံးက ပတ်ဝန်းကျင် အပြောင်းအလဲကို သတိ မထားမိကြပုံပဲ။ မိစ္ဆာနဲ့ နတ်ဆိုး တပ်ဖွဲ့တွေက နတ်သခင်တွေရဲ့ နောက်ကနေ ကပ်လိုက်ာကတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ အနက်ရောင် အရာတွေကို မြင်လိုက်ရပြီ။
ကျောက်တုံးလို အထိအတွေ့နဲ့ အရာပဲ။ ဒါပေါ့။ သာမာန် ကျောက်တုံး ဆိုရင် ဖန်ကျန်းရှီ ဘယ်လိုလုပ် ဂရုစိုက်နေ မှာလဲ။ လမ်း တစ်ခုလုံးကို မြူတွေနဲ့ ဖုံးအုပ် နေခဲ့တာ ဒီအနက်ရောင် ကျောက်တုံးတွေကြောင့်ပဲ ဖြစ်ရမယ်။
ကျောက်တုံးတွေကို အနီးကပ် မြင်ချိန်မှာ ဖန်ကျန်းရှီ မျက်လုံးပြူးသွား ခဲ့တယ်။ သူလန့်သွားတာ သိသာတယ်။ အကြောင်း အရင်းကတော့ ဒီကျောက်တုံးတွေပေါ်မှာ ထူးခြားတဲ့ အမှတ်အသားတွေ ရှိနေလို့ပဲ။ အားလုံး ပေါင်းစည်းလိုက်ရင် ကြီးမားတဲ့ တံခါးကြီးတွေ အသွင် ရှိနေတယ်။
ဖန်ကျန်းရှီ ဒါကို အရင်တုန်းက မြင်ဖူးတယ်။ ကျမ်းကောင်းကင်တောင်မှာ မိစ္ဆာ နတ်ဆိုး မုခ်ဝတွေ ပွင့်လာ ပြီးနောက် မြေပြင်ပေါ်ကို ပထမဆုံး ရောက်လာတဲ့ ကျောက်တုံးကြီးပေါ်မှာ တူညီတဲ့ အမှတ်အသားတွေ ရှိနေခဲ့တယ်။
နောက်တနည်း ပြောရမယ် ဆိုရင် မြေပြင်က ကျောက်တုံးနက်တွေမှာ မိစ္ဆာ နတ်ဆိုးတွေကို ချိတ်ပိတ်ခဲ့တဲ့ ချိတ်ပိတ်စည်းတွေ ရှိနေတာပဲ။
ဘာကြောင့်များ ဒီနေရာမှာ ရှိနေတာလဲ။ မိစ္ဆာနဲ့ နတ်ဆိုးတွေကို ဒီနန်းတော်ထဲမှာ ထည့်ပိတ် ထားတာလား။ မဖြစ်နိုင်တာပဲ။
ဖန်ကျန်းရှီက ပတ်ဝန်းကျင်မှာ ရှိသမျှ ဖြစ်နိုင်ချေတွေ အားလုံးကို ခပ်မြန်မြန်ပဲ လျစ်လျူရှုလိုက်တယ်။ အနက်ရောင် အလင်းတန်း တစ်ချို့ကို သူတွေ့လိုက်ပေမယ့်၊ သူ့ခြေထောက်အောက်မှာ ရှိနေတဲ့ ကျောက်တုံးတွေ အားလုံးက ဒီလို ပုံစံဖြစ်နေတာလေ။
အရွယ်အစားကို ကြည့်ရင် ဘယ်လို မိစ္ဆာ မျိုးကများ ဒီလောက်ထိ များတဲ့ ကျောက်တုံးတွေကို သုံးပြီး ပိတ်ထားဖို့ လိုအပ်မှာလဲ။ ခန့်မှန်းချက်က ကြောက်စရာ ကောင်းတယ်။ ဖန်ကျန်းရှီလဲ ဒီလိုမျိုး ဖြစ်လာမှာကို မယုံနိုင်ဘူး။
သူ့စိတ်ထဲမှာ ငြင်းဆို လိုက်ပေမယ့်၊ ဒီလို ရှာဖွေ တွေ့ရှိမှုက သူ့ကို တခြား ကိစ္စ တစ်ခု အကြောင်း တွေးမိ သွားစေတယ်။ မဟူရာ ကျောက်တုံး နန်းတော်က စကြဝဠာ လောကကြီးနဲ့ ဆက်နွယ်နေတယ်။
ဒါပေမယ့် ကောင်းကင်တာအို ခန်းမ တောင်ခြေကို ဘယ်လိုတောင် ရောက်လ ရတာလဲ။ ကျမ်းကောင်းကင်တောင်မှာ ရှိနေသင့်တာ မဟုတ်လား။ ဒါ့အပြင် နတ်ဆိုး မိစ္ဆာ မုခ်ဝတွေ မဖွင့်ခင်တည်းက ကျောက်တုံး နန်းတော် ပေါ်လာ ခဲ့တာလေ။
နေစမ်းပါအုန်း။ ကောင်းကင်တာအို ခန်းမ။ မဟူရာ ကျောက်တုံးနန်းတော်က အချိန် ပိုစောတယ်။
ဒါဆိုရင် နန်ကုန်းဟောင်ရဲ့ ကိစ္စ ဖြစ်တဲ့ အချိန်လား။ ဖန်ကျန်းရှီ ရုတ်တရက် သတိရသွားတယ်။ နန်ကုန်းဟောင်က တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းကို သတ်ခဲ့တယ်။ ဒါ့အပြင် တံခါး တစ်ချပ်ကို ဖွင့်ခဲ့ သေးတယ်။ အဲ့တာက ကောင်းကင် လက်ခံ တံခါးပဲ။
“ကောင်းကင် လက်ခံ တံခါးက စကြဝဠာ လောကကြီးနဲ့ ဆက်သွယ်နေတယ်။ မဟူရာ ကျောက်တုံး နန်းတော်က ကောင်းကင် လက်ခံ တံခါးကနေ ပျံထွက်လာတယ်။ ဒီတော့ မဟူရာ ကျောက်တုံး နန်းတော်က စကြဝဠာကြီးထဲမှာ နတ်ဆိုး မိစ္ဆာတွေကို ပိတ်ထား ခဲ့တဲ့ ကျောက်တုံးတွေနဲ့ အတူတူပဲ။” ဖန်ကျန်းရှီ ဆက်တိုက် ခပ်မြန်မြန်ပဲ တွေးမိသွားတယ်။
အခုချိန်မှာ နောက်ထပ် ပြဿနာ တစ်ခု ရှိနေခဲ့ပြီ။
ရှေးဒဏ္ဍာရီတွေ အရဆိုရင်၊ အတိတ် အချိန်မှာ ကပ်ဆိုးကြီးက မြေကမ္ဘာပေါ်ကို ကျရောက် လာခဲ့တယ်။ နွီဝါး မယ်တော်က လူသား၊ မိစ္ဆာနဲ့ နတ်ဆိုးတွေကို ဦးဆောင်ပြီး သဘာ၀ ကပ်ဆိုးကြီးကို ခုခံ ခဲ့တယ်။
အဲ့ဒီ့နောက် စွမ်းအားတွေ ကုန်ဆုံး သွားခဲ့ ရတဲ့ အတွက် မျိုးနွယ်စု သုံးခုက နတ်သခင်တွေကို ပြန်မခေါ် နိုင်ခဲ့ဘူး။ သူတို့တွေကို စကြဝဠာထဲမှာ ချိတ်ပိတ် ထားခဲ့တယ်။ ဒီတော့ မဟူရာ ကျောက်တုံး နန်းတော်က ဘာ အတွက်လဲ။
ဒါက အဓိပ္မာယ်မှ မရှိပဲ။ နွီဝါး မယ်တော်က အားကုန် နေမှတော့ ဘယ်လိုလုပ် နန်းတော်ကို ဆောက်နိုင် မှာလဲ။ နောက်ပြီး ဒါက နန်းတော်ပျက်ကြီးလေ။ နေစမ်းပါအုန်း။
တစ်ခုခုကတော့ အကြီးအကျယ်ကို မှားနေခဲ့ပြီ။
ပင်းယန် တစ်ချိန်တုန်းက ပြောခဲ့တာတွေကို ဖန်ကျန်းရှီ ပြန်မှတ်မိလာတယ်။ မုချင်းဖန်းက မဟာမိတ် စုဝေးပွဲကို ကျင်းပ ခဲ့တာ ကျောက်တုံး နန်းတော်ထဲက စာလွှာနဲ့ ကိစ္စ အကြောင်း ပြောပြဖို့ပဲ။ ကျောက်တုံး နန်းတော်ထဲမှာ သဘာ၀ ကပ်ဆိုးကြီး အကြောင်း မှတ်တမ်းတွေ ရှိတယ်။
ဒီတော့ ကျောက်တုံး နန်းတော်က ကပ်ဆိုးကြီး ပြီးဆုံးသွားချိန်မှာ တည်ရှိနေတယ် ဆိုတာကို သက်သေ ပြပြီးသား ဖြစ်သွားပြီ။
မုရှင်းနဲ့ တခြား နတ်သခင် သုံးယောက်က ကျောက်တုံး နန်းတော်ထဲကို ဝင်လာချိန်မှာ သိပ်ပြီး ရင်းနှီးတဲ့ ပုံစံ မရှိကြဘူး။ သူတို့တွေ ကျောက်တုံး နန်းတော် ရှိတာကို မသိကြတဲ့ ပုံပဲ။ မဟူရာ ကျောက်တုံး နန်းတော်က ကပ်ဆိုးကြီး ပြီးမှ ဆောက်တာလား။
မဖြစ်နိုင်တာပဲ။
နတ်ဘုရား မုခ်ဝက စကြဝဠာ လောကကြီးနဲ့ ချိတ်ဆက်နေတယ်။ နွီဝါး နယ်မြေက အဲ့ဒီ့ အချိန်မှာ သေဆုံး သွားတာ ဖြစ်နိုင်တယ်။ ဒီတော့ ဘယ်သူကများ လေဟာနယ်ထဲ ဒါကြီးကို သွားဆောက်ထား မှာလဲ။ ပစ္စည်းတွေကလဲ အတူတူပဲ။ ကိစ္စတွေက ထူးဆန်းလိုက်တာ။
အထောက် အထားတွေ အရ၊ မဟူရာ နန်းတော်ကြီး တည်ရှိ မနေသင့်ဘူးလို့ ဖန်ကျန်းရှီရဲ့ စိတ်က ပြောနေခဲ့တယ်။ အမှန်တရားက သူ့ရှေ့မှာ ရောက်နေတဲ့ အတွက်သာ သူယုံလိုက်ရတယ်။
“ထားလိုက်တော့ ကျောက်စာကို မြင်ပြီးတော့မှပဲ ဆက်ခန့်မှန်းတော့မယ်။” ဖန်ကျန်းရှီက အကျိုးမရှိတဲ့ အရာတွေကို အချိန် အကြာကြီး တွေးချင်သူ မဟုတ်ခဲ့ဘူး။ ဒါကို မတွေးနိုင်မှတော့ မတွေးပဲ နေရ့ုပဲ။
ဖန်ကျန်းရှီကြောင့် လူသား မဟာမိတ်နဲ့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့ကြားက အကွာအဝေးလဲ ကျယ်သွားခဲ့တယ်။
အခုချိန်မှာသာ သူထွက်မသွားရင် ဘယ် အချိန် သွားရမှာလဲ။
ဖန်ကျန်းရှီ ပင်းယန်ကို လက်နဲ့ ဆွဲဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် ဘာကိုမှ မဆွဲမိလိုက်ဘူး။
“…”
ဘာတွေ ဖြစ်နေတာလဲ။ ပင်းယန် ဘယ်ရောက် သွားတာလဲ။ သူနဲ့ လိုက်ခဲ့ဖို့ ခေါ်ထားတယ်လေ။ ဖန်ကျန်းရှီ ဘေးဘီ ဝဲယာကို ကြည့်ပြီး ချိန်မှာတော့ ပင်းယန် သူ့အနားကို ပြေးလာနေတာ တွေ့လိုက်ရတယ်။
ဒါ့အပြင် သူမက ခွေးရူး တစ်ကောင်လို အရမ်းကြီး လျင်မြန်နေတယ်။ သူမ ပြေးရင်းနဲ့ ချီလင်လျံကို ဝေ့ယမ်းရင်း အော်ဟစ်တယ်။
“ငါက လောက နံပါတ်တစ် စစ်နတ် ဘုရားပဲ။ နတ်ဆိုး မိစ္ဆာတွေ သေကြ။”
“…” ဖန်ကျန်းရှီ ဆွံ့အ သွားတယ်။ ပင်းယန်က အခုချိန် ပုံရိပ်ယောင် နယ်မြေထဲ ရောက်နေမှန်း သူနားလည် သွားခဲ့တယ်။
ဒါမျိုးက ဖြစ်မလာ သင့်ဘူးလေ။ ပင်းယန်က ဖန်ကျန်းရှီလောက် အင်အား မကြီးပေမယ့်၊ သူမက သုခမိန် တစ်ယောက်လေ။ ဒီလို ဖြစ်တာက မရှိသင့်ဘူး။ ပင်းယန်ကတော့ မန္တန် မိထားတဲ့ အတိုင်း လှုပ်ရှား နေခဲ့တယ်။
ဖန်ကျန်းရှီ ခန့်မှန်တာသာ မှန်ခဲ့ရင် ဒီလို ဖြစ်ရတာ ပင်းယန်မှာ ခိုင်မာတဲ့ အခြေခံ မရှိလို့ပဲ။
ခြောက်လ အချိန် အတွင်းမှာ ပင်းယန်က သုခမိန် အဆင့်ကို တက်လှမ်း နိုင်ခဲ့တယ်။ ဒီတော့ အခြေခံက မခိုင်ဘူး။
“ကြည့်ရတာ ကျင့်ကြံဆင့်က မြင့်နေပင်မယ့်၊ စိတ်ကတော့ မခိုင်တဲ့ ပုံပဲ။” ပင်းယန်ကို ဖမ်းတော့မလို့ ပြင်ချိန်မှာပဲ သူ့လက်ထဲမှာ ရှိတဲ့ ယွင်ချင်းဝူက လူးလွန့်လာတယ်။
ဖန်ကျန်းရှီ ခေါင်းငုံ့ လိုက်တော့ ယွင်ချင်းဝူ သူ့ကို စိုက်ကြည့်နေတာ မြင်လိုက်ရတယ်။
“ဟမ်။” ယွင်ချင်းဝူ မျက်ဝန်းတွေက တည်ငြိမ်မှု ပျောက်ဆုံး နေခဲ့ပြီ။ မီးဝင်းဝင်း တောက်နေတဲ့ အပြင် ခံစားချက်တွေလဲ ရှိနေခဲ့တယ်။ တကယ်ကြီးလား။ ယွင်ချင်းဝူလဲ သက်ရောက် ခံရတယ်ပေါ့။
ဒီကိစ္စက ကောင်းလား ဆိုးလား ဖန်ကျန်းရှီ မသိတော့ဘူး။ ဒါပေမယ့် မအံ့သြ ခဲ့ဘူးလေ။ ယွင်ချင်းဝူက ကြယ်တာရာ စုဝေးမှု အဆင့်မှာ ရှိနေတဲ့ သူတစ်ယောက်လေ။ ရှိနေသူတွေထဲမှာ သူမက အားအနည်းဆုံးပဲ။ သူမသာ မသက်ရောက်ဘူးဆိုရင် တခြား ဘယ်သူ သက်ရောက် ခံရမှာလဲ။
“ဖန် ဖန်ကျန်းရှီ ငါ ငါနင့်ကို ပြောစရာ တစ်ခု ရှိတယ်။” ယွင်ချင်းဝူက သူ့အနားကို ကပ်လာရင်း ခပ်တိုးတိုး ပြောတယ်။
“ငါက ဖန်ကျန်းရှီ မဟုတ်ဘူး။ ပြောနေတာ အကြိမ်ပေါင်း မနည်းတော့ဘူး။” ဖန်ကျန်းရှီ ပြန်ဖြေပြီးမှ ဖြေစရာ မလိုတော့မှန်း နားလည်သွားတော့တယ်။ ယွင်ချင်းဝူက မန္တန် မိနေတာလေ။ ဒီတော့ သူပြောလိုက်တာကို မှတ်မိ နိုင်မှာလား။
သေချာပေါက် ဘယ်မှတ်မိ နိုင်မလဲ။
ဖန်ကျန်းရှီက ဒီအကြောင်းကို ကောင်းကောင်း သိထားတယ်လေ။ ဒါကြောင့် တစ်ခဏတာ တွေဝေနေရင်း စကားတွေကို ပြန်ရုတ်သိမ်းလိုက်တယ်။
“မြောက်ရွာကို တပ်ဖွဲ့တွေ ခေါ်လာတာ ငါမဟုတ်ဘူး။ ငါ့ အဖေက အမိန့်ပေးလိုက်တာ။” ယွင်ချင်းဝူရဲ့ အသံ ထွက်ပေါ် လာတော့တယ်။
ဖန်ကျန်းရှီ မျက်မှောင်ကြုတ် သွားတယ်။ ဒီစစ်တပ် အမိန့်ကို ယွင်ချင်းဝူ ပေးတာ မဟုတ်ဘူး နတ်ဆိုး အရှင်သခင် ပေးတာတဲ့လား။ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ အဲ့ဒီ့ အချိန်တုန်းက ယွင်ချင်းဝူ ရှိနေခဲ့တာကို သူရှင်းရှင်းလင်းလင်း မြင်ခဲ့ ရတယ်လေ။
ယွင်ချင်းဝူက မန္တန် မမိဘူးလား။ ဟန်ဆောင် အကွက်ချ နေပြန်တာလား။ ဖန်ကျန်းရှီ သတိ ထားသင့်တယ်လို့ ခံစား၇တယ်။ ယွင်ချင်းဝူက သူ့ကို လွှတ်ပေးစေဖို့ ဟန်ဆောင်နေတာ ဖြစ်နိုင်တယ်။
ဖန်ကျန်းရှီက သူ့ကိုယ်သူ မယုံကြည်မိအောင် ထိန်းထားခဲ့တယ်။
“အဲ့ဒီ့နေ့ မြောက်ရွာကို ငါရောက်သွားတဲ့ အချိန် ရွာသူကြီးက သေသွားခဲ့ပြီ။ နင့် အဖေနဲ့ အမေကိုပဲ ငါကယ်နိုင်ခဲ့တယ်။ ငါ။”
ဖန်ကျန်းရှီ နောက်ထပ် နားမထောင် နိုင်တော့ဘူး။ ဒါတွေကို ကြားပြီးချိန် သူ့နှလုံးသားထဲမှာ ပြင်းထန်တဲ့ ခံစားချက် တစ်ခုက ထိုးတက် လာခဲ့တယ်လေ။
ယွင်ချင်းဝူက သူ့အဖေနဲ့ အမေကို ကယ်တင် ခဲ့တယ်တဲ့လား။ ဒါကို လုံး၀ မယုံနိုင်ဘူး။ ယုံလို့ မဖြစ်ဘူး။
“ဟန်ဆောင် နေတာပဲ ဖြစ်ရမယ်။” ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူ ဟန်ဆောင် နေတယ်လို့ သေချာသိတယ်။ ဒါကို သက်သေ ပြဖို့ အတွက် သူ့ကိုယ်သူ စတေးမှ ဖြစ်မယ်။ ယွင်ချင်းဝူ အကြောက်ဆုံး အရာက ဘာလဲ။
သန့်ရှင်း စင်ကြယ်မှု ထိခိုက်မှာကိုပဲ။ ဖန်ကျန်းရှီ ဒါကို ကောင်းကောင်း သိတယ်။ ဒီနည်းလမ်းကို သုံးတဲ့ အချိန်တိုင်း ယွင်ချင်းဝူ အမြဲ သည်းမခံနိုင်တာကို ဖန်ကျန်းရှီ မှတ်မိတယ်။
ယွင်ချင်းဝူ သရုပ်ဆောင် နေခဲ့တာ ဖြစ်ရင် သူမ သေချာပေါက် သည်းခံ နိုင်မှာ မဟုတ်ဘူး။ သူမကို ထိတွေ့ပြီး တုံ့ပြန် လာမှာကို ကြည့်ရမယ်။
ဒါပေမယ့် ပင်းယန်က သူ့ဆီကို ပြေးလာ နေပြီးပြီ။ အခုချိန်မှာ ဒါကို မလုပ်ရင် တခြား ဘယ်အချိန်မှာ လုပ်ရမှာလဲ။
ယွင်ချင်းဝူကို အခွင့်အရေး ယူရမှာလား။ ဖန်ကျန်းရှီက အကြပ်အတည်းထဲ ရောက်နေတယ်။ နည်းနည်းတော့ ရှက်ပေမယ့်၊ အမြဲတမ်း အမျိုးသမီးတွေကချည်း သူ့ကို အခွင့်အရေး ယူနေ ကြတာလေ။
အရင်ဆုံး အခွင့်အရေး ယူတာမျိုး သူမလုပ်တတ်ဘူး။
ကောင်းပြီ။ ဒီတော့ သူမ မျက်နှာကို ထိတွေ့ရမလား။ ယွင်ချင်းဝူ အခုချိန်မှာ စိတ်ညှို့ ခံရသလို ဖြစ်နေပင်မယ့်၊ သူ အခွင့်အရေး မယူနိုင်ပါဘူး။ ဒါက မှားယွင်းနေတဲ့ ကိစ္စပဲ။
ယွင်ချင်းဝူက သူ့ကို အသုံးချ ခဲ့ပေမယ့်၊ သူသာ သူမ အတိုင်း ပြန်လုပ်ရင် မကောင်းတဲ့ ကောင် ဖြစ်သွားမယ်လေ။
မျက်နှာကို ထိတာက နောက်ဆုံး ကိစ္စပဲ။ နူးညံ့ နွေးထွေးတဲ့ အထိအတွေ့ကို လက်ထဲမှာ ခံစားရတယ်။ အဲ့ဒီ့နောက် နောက်ဖြစ်လာတဲ့ ကိစ္စက သူ့ကို လ န့်သွားစေတယ်။
ယွင်ချင်းဝူက ချက်ခြင်း သူ့လက်မောင်းကို လာဖက်တယ်။ ဖန်ကျန်းရှီကို တွန်းထုတ် မနေတော့ဘူး။ လိမ္မာတဲ့ ကလေး တစ်ယောက်လိုမျိုး ပွတ်သီး ပွတ်သပ် လုပ်ဖို့သာ ပြင်နေတော့တယ်။
“ငါ တမင်တကာ လုပ်တာ မဟုတ်ရပါဘူး။” ဖန်ကျန်းရှီ ရှင်းပြချင်တယ်။ ဒါပေမယ့် ယွင်ချင်းဝူက သူ့လက်မောင်းကို ဖက်ထားရင်း မျက်နှာကို လက်ဖဝါးပေါ် အပ်ထားပြီး လွတ်လွတ်လပ်လပ် ပွတ်သပ် နေခဲ့တယ်။ ဒါ့အပြင် သူမက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဖန်ကျန်းရှီရဲ့ ဘောင်းဘီကို လာထိတယ်။
“ငါတော့ သွားပါပြီ။” ဖန်ကျန်းရှီ အချိန်မှီ မတုံ့ပြန် နိုင်ခဲ့ဘူး။ သတိ ဝင်လာချိန်မှာ သူ့ခါးပတ်ကို ယွင်ချင်းဝူက အတင်း ချွတ်နေခဲ့ပြီ။
ပင်းယန်ကို တားဖို့ လုပ်နေတဲ့ ဖန်ကျန်းရှီက ဒါမျိုးကို လုံး၀ မမျှော်လင့် ထားခဲ့ဘူး။
အခု ကိစ္စတွေက ဖန်ကျန်းရှီ ထိန်းချုပ် နိုင်တာထက်ကို ကျော်လွန် နေခဲ့ပြီ။ ယွင်ချင်းဝူ ဒီလို လုပ်နေတာ သူ့ကို မသတ်စေချင်လို့ပဲ ဖြစ်ရမယ်။
ဘာဖြစ်လို့ ဒါမျိုးကြီး လာလုပ်တာလဲ။ လူသား မဟာမိတ် တပည့်သားတွေနဲ့ မော့ရှန်းရှီက သူတို့ကို ကြည့်နေတယ်။
ဒါ့အပြင် နတ်သခင် သုံးယောက်နဲ့ မိစ္ဆာ တပ်ဖွဲ့တွေကလဲ အနားမှာ ရှိနေပြီ။ ယွင်ချင်းဝူ ဘာတွေများ တွေးနေတာလဲ။
အပိုင်း (၉၇၃) ပြီး၏။
အပိုင်း(၉၇၄)
“ရှေးဟောင်း လက်ရေးမူ တစ်ခု။ နတ်ဘုရား အရင်းအမြစ် ဂူဗိမာန်။”
ဖန်ကျန်းရှီက သူ့လက်ထဲမှာ ရှိတဲ့ ယွင်ချင်းဝူကို ကြည့်နေခဲ့တယ်။ တလက်လက် တောက်ပနေပြီး နွေးထွေးတဲ့ မျက်ဝန်းပိုင်ရှင်က သူ့ကို ညှို့ငင်နေတယ်။
ယွင်ချင်းဝူက တကယ့်ကို လှပတာပဲ။
အကယ်၍ ယွင်ချင်းဝူသာ နတ်ဆိုး မိစ္ဆာ အရှင်သခင် မဟုတ်ခဲ့ရင်၊ သူနဲ့ အငြိုးအတေးတွေသာ မရှိခဲ့ရင်၊ ယွင်ချင်းဝူနဲ့ မေတ္တာမျှ မိမှာပဲ။
ဒါပေမယ့် အားလုံး မရှိတော့ရင်တောင် ယွင်ချင်းဝူက ယွင်ချင်းဝူပဲ။ နတ်ဆိုး မိစ္ဆာတွေရဲ့ အရှင်သခင်ငယ်။ လူသား မျိုးနွယ်နဲ့ ဖန်ကျန်းရှီရဲ့ ရန်သူ။ ဘာမှ ဆက်ဖြစ်လာမှာ မဟုတ်ဘူး။
ဒါ့အပြင် အချိန်က မကိုက်သေးဘူး။ သူတို့တွေ ချစ်ချင်ရင်တောင် အချိန်က မရသေးဘူး။ ဒါ့အပြင် သူက ငယ်ငယ်လေးတည်းက အားနည်းနေတဲ့သူ မြန်မြန် ပြီးမြောက် နိုင်တဲ့သူ မဟုတ်ဘူးလေ။
အချိန် နာရီ နည်းနည်း၊ အချီ နည်းနည်းလောက် လိုအပ်တယ်လေ။
နတ်ဆိုး မိစ္ဆာတပ်ဖွဲ့တွေ လူသား မဟာမိတ်တွေ ရှေ့မှာ သူက တိုက်ရိုက် ထုတ်လွှင့် ရမှာလား။
ဖန်ကျန်းရှှီ ဒီလောက် အထိအှရက် မရှိတာမျိုး မဖြစ်သေးဘူး။ ဒါကြောင့် ယွင်ချင်းဝူ ဆွဲချဖို့ ကြိုးစား နေတာကို သူအတင်း အကြပ် ပြန်ဆွဲတင်တော့တယ်။
ဒါပေမယ့် ယွင်ချင်းဝူကတော့ လုံးဝကို စိတ်ဆုံးဖြတ် ထားပုံပဲ။ လက်နှစ်ဖက် စလုံးကို သုံးပြီးတော့ ဆွဲချ နေတော့တယ်။
ဖန်ကျန်းရှီကတော့ ဆွံ့အ နေခဲ့ပြီ။ ဘောင်းဘီချွတ်ဖို့ ကြိုးစားတဲ့ သူတွေက တစ်ခေါက် မရရင် ရပ်တန့် သွားတတ်ကြတယ်လေ။ ယွင်ချင်းဝူကတော့ ရပ်မယ့်ပုံ မပေါ်ဘူး။
ငလူးပဲ။ အကယ်၍ ယွင်ချင်းဝူသာ ဒီနေရာမှာ သူ့ဘောင်းဘီကို ချွတ်လိုက်မယ် ဆိုရင်၊ အနာဂတ်မှာ တခြားသူတွေကို ဘယ်လိုများ မျက်နှာချင်း ဆိုင်ရတော့မှာလဲ။
အခုချိန်မှာ လှပတဲ့ အခိုက်အတန့်ကို ဖျက်စီးဖို့ ဖန်ကျန်းရှီ ဆုံးဖြတ်လိုက်တယ်။ သူ့ဘောင်းဘီကို ဆွဲဖြဲ ခံရရင်တော့သေချာပေါက် ယွင်ချင်းဝူကို သတိ လစ်သွားတဲ့ အထိ ရိုက်ပြစ် ရမှာပဲ။
ဖန်ကျန်းရှီ တွေးနေ ချိန်မှာပဲ ယွင်ချင်းဝူက ရုတ်တရက် ပြောလာတော့တယ်။
“နင် ငါ့ကို လိမ်တယ်။ နင်ပြောတော့ မြောက်ရွာမှာပဲ တစ်ဘဝလုံး လွတ်လွတ်လပ်လပ် နေချင်တယ်ဆို။ ဒါပေမယ့် နင်မြောက်ရွာကနေ ထွက်လာတယ်။ လူသားတွေ အကြောင်း စိတ်ထဲကနေ မထုတ်နိုင်ဘူး နင်လဲ ငါ့လိုပဲ။”
ဖန်ကျန်းရှီ လက်မြှောက်လိုက်တယ်။ သူမ ဆီကနေ နောက်ထပ် စကားတွေ မကြားချင်တော့ဘူး။ ဒါပေမယ့် ယွင်ချင်းဝူကတော့ နောက်ထပ် ပြောစရာ စကားတွေ ရှိနေ သေးပုံပဲ။
“နင်မလုပ် နိုင်တာကို ငါသိတယ်။ ငါလဲ အတူတူပဲ။ ငါကတော့ သွေးအရိပ် မြို့တော်ထဲမှာ ထိုင်နေတုန်း ငါ့မျိုးနွယ်တွေ အနိုင်ကျင့်ခံ နေရမှာကို မမြင်ရက်ဘူး။ ငါသိတယ်။ ငါသိတယ်။ နင်ငါ့ကို သတ်ချင်မှန်း သိတယ်။ ဒါပေမယ့် နင်သိရဲ့လား။ ငါက နင့်ကို ဘယ်တုန်းကမှ မသတ်ချင်ခဲ့ဘူး။”
ဖန်ကျန်းရှီရဲ့ လက်တွေ လှုပ်ရှားနေတာ ရပ်လိုက်တယ်။ အကယ်၍ ယွင်ချင်းဝူသာ မန္တန်အောက်မှာ ရှိမနေခဲ့ရင် သူ့ကို ဘယ်လိုလုပ် ဘောင်းဘီ ချွတ်မှာလဲ။ နောက်ပြီးတော့ သူ့ကို မသတ်ချင်ဘူးလာိ့ ဘာကြောင့်များ ပြောမှာလဲ။ ဘယ်သူက ဒါကို ယုံနိုင်မှာလဲ။
ယွင်ချင်ဝူက ထက်မြက်လွန်းတယ်။ သူမ သရုပ်ဆောင်နေတာ ဟုတ်မဟုတ် ဘယ်သူမှ မပြောနိုင်ဘူး။ တကယ်တော့ သူမရဲ့ သရုပ်ဆောင် အစွမ်းက ထူးခြားလွန်းတယ်။
ဖန်ကျန်းရှီလဲ ယွင်ချင်းဝူ လိမ်နေတာ ဟုတ်မဟုတ် သိအောင် လုပ်ဖို့က တနည်းပဲ ရှိတယ်လို့ ခံစားရတယ်။ ဒါကတော့ သူမကို တွန်းလှဲပြီး အခွင့်အရေး ယူပြစ်တာပဲ။
ဒါပေမယ့် တပ်ဖွဲ့တွေက သူ့နောက်မှာ အနီးကပ် လိုက်နေကြတယ်။ သူ့မှာ အချိန် မရှိတော့ဘူး။ ဒါက ခက်ခဲလွန်းတယ်။ နေစမ်းပါအုန်း။ နောက်ထပ် နည်းလမ်း တစ်ခု ရှိသေးတယ်။ နတ်ဘုရား အရင်းအမြစ်။
ဖန်ကျန်းရှီက ယွင်ချင်းဝူကို မသတ်ခဲ့တာ အကြောင်းအရင်း တစ်ခုကြောင့်ပဲ။ သူမက နတ်ဘုရား အရင်းအမြစ် အကြောင်းကို နားအလည်ဆုံးသူ ဖြစ်နေတယ်။ အခုချိန်မှာ ယွင်ချင်းဝူက အညှို့ခံ ထားရတော့ သူမဆီကနေ စကား နှိုက်လို့ ရနိုင်လောက်တယ်။
တိုက်ရိုက် လှုပ်ရှားတာက ဖန်ကျန်းရှီရဲ့ အကျင့်ပဲ။
“အဟွတ် ဟွတ်။ မင်းက ငါ့ကို မသတ်ချင်ဘူးလို့ ပြောတယ်။ ငါက မင်းကို ဘယ်လို ယုံရမှာလဲ။ အခုချိန် မြင့်မြတ် နယ်မြေ တစ်ခုလုံးက နတ်သခင် အဆင့် ပညာရှင်တွေနဲ့ ပြည့်နေပြီ။ အကယ်၍ မင်း ငါ့ကို မသတ်ချင်ရင်တောင် သူတို့က ငါ့ကို အလွတ်ပေးမှာလား။” ဖန်ကျန်းရှီက အရှေ့ကို ပြေးနေရင်း ပြောတယ်။
“သူတို့ နင့်ကို သတ်ဝံ့မှာ မဟုတ်ဘူး။ ငါ ဒီမှာ ရှိနေသရွေ့။ သူတို့တွေ။”
“သူတို့တွေ မင်းစကားကို နားမထောင်ရင်ရော။ ချင်းရှန်းကိုပဲ ကြည့်။ သူက မင်းကို အသေသတ်ချင် နေတယ်။ မိစ္ဆာနဲ့ နတ်ဆိုးတွေ လောကကို သိမ်းပိုက် ပြီးရင် မင်း စကားကို နားထောင်ကြမယ် ထင်နေတာလား။”
“..” ယွင်ချင်းဝူက တိတ်ဆိတ်နေပြီး အသက်ကို ပြင်းပြင်း ရှူနေခဲ့တယ်။ နောက်ဆုံးမှာတော့ ဖန်ကျန်းရှီရဲ့ ဘောင်းဘီကို သူလက်လွှတ် လိုက်တော့တယ်။
ဖန်ကျန်းရှီက နောက်ထပ် မပြောတော့ဘူး။ ယွင်ချင်းဝူ စဉ်းစားချိန် လိုမှန်း သူသိတယ်လေ။ အခုလို အခြေအနေမှာ သူမ စဉ်းစားတဲ့ အရှိန်နှုန်းက အများကြီး ပိုနှေးကွေးတယ်။ ကံကောင်းလို့ သူ့မှာ အချိန်တွေ အတော် ရှိနေသေးတယ်။ အနည်းဆုံးတော့ ပင်းယန်က အရူးလို ဖြစ်နေပင်မယ့်၊ တကယ့် အန္တရာယ်ကို မတွေ့ကြုံ ရသေးဘူး။
အချိန် အတော်ကြာ စဉ်းစား ပြီးတဲ့နောက် ယွင်ချင်းဝူ သက်ပြင်းချလိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး အိပ်ဖို့ ပြင်တော့တယ်။
“…” ဖန်ကျန်းရှီ နောက်ထပ် စောင့်လို့ မဖြစ်နိုင်မှန်း သိတယ်။ အကယ်၍ ယွင်ချင်းဝူသာ တကယ်ကြီး အိပ်ပျော် သွားမယ် ဆိုရင် သူဘယ်လောက်ထိ စောင့်ရမလဲ မသိဘူး။
“နတ်ဘုရား အရင်းအမြစ်က ဘယ်မှာလဲ ငါ့ကို ပြော။ နတ်ဘုရား အရင်းအမြစ်ကို ငါရှာနိုင်မယ် ဆိုရင် နတ်သခင်တွေက ငါ့ကို သတ်နိုင်တော့မှာ မဟုတ်ဘူး။”
“နတ်ဘုရား အရင်းအမြစ်တဲ့လား။” ယွင်ချင်းဝူရဲ့ လက်တွေက တုန်ယင်လာတယ်။ သူမရဲ့ အသက်ရှူသံတွေလဲ မြန်ဆန်လာတယ်။ “မဖြစ်ဘူး နတ်ဘုရား အရင်း အမြစ် နေရာကို ငါပြောလို့ မရဘူး။ ငါပြောလိုက်ရင် မျိုးနွယ်တွေကို သစ္စာဖောက်သလို ဖြစ်သွားလိမ့်မယ်။ ငါ မလုပ် မလုပ်နိုင်ဘူး။”
“ဒီတော့ သူက တကယ့်ကို သရုပ်ဆောင် နေတာပဲ။” ဖန်ကျန်းရှီ လက်ကို မြှောက်လိုက်ပြီး ယွင်ချင်းဝူကို ရိုက်ဖို့ ပြင်ပြန်တယ်။
ယွင်ချင်းဝူက ပိုပြီးတော့ လူးလွန့်လာတယ်။ သူမ အသက်ကို အရမ်း ပြင်းပြင်း ရှူနေရုံတင် မကဘူး။ အရမ်းကို ပြင်းပြင်းထန်ထန် လှုပ်ရှား နေသေးတယ်။
“ငါနင့်ကို ပြောလို့ မဖြစ်ဘူး။ နင့်ကို ချစ်မိလို့လဲ မဖြစ်ဘူး။ နင်က လူသား ငါက မိစ္ဆာ။ ငါတို့ လောကတွေက မတူညီဘူး။ ငါ မင့်ကို သတ်ရမယ်။ မဖြစ်ဘူး။ နင့်ကို မသတ်နိုင်ဘူး။ နင်သေတာ မမြင်ချင်ဘူး။ နတ်ဘုရား အရင်းအမြစ်က ကန့်သတ် နယ်မြေပဲ။”
“ကန့်သတ် နယ်မြေ။ နတ်ဘုရား အရင်းအမြစ်က ကန့်သတ် နယ်မြေတဲ့လား။” ဖန်ကျန်းရှီ လက်က လမ်းတစ်ဝက်မှာ ရပ်တန့် သွားတယ်။
“လက်ရေး စာလွှာ တစ်ခုလဲ ရှိတယ်။ လျှို့ဝှက်ချက်တွေက များလွန်းတယ်။ အဲ့တာက ဂူတစ်ခုပဲ။ အဲ့ဒီ့ ဂူကို ဘာတွေပဲ ဖြစ်လာ ပါစေ နင်ဖွင့်လို့ မရဘူး။ လုံး၀ မဖွင့်ရဘူး။”
“ဂူက ဘယ်မှာလဲ။”
“ငါမသိဘူး။ ထပ်မမေးနဲ့တော့။ ငါ ငါ မပြောနိုင်ဘူး။” ယွင်ချင်းဝူရဲ့ မျက်လုံးတွေက ရဲရဲ နီလာပြီး အရူး တစ်ယောက်လို ရုန်းကန်တော့တယ်။ သူမက အရမ်းကို နာကျင် နေပုံပဲ။
“ဘာဖြစ်လို့ မပြောနိုင်တာလဲ။”
ဖူး။ ဖန်ကျန်းရှီ မေးခွန်း ဆုံးချိန်မှာပဲ ယွင်ချင်းဝူ အမူအယာ ပြောင်းလဲပြီး သွေးအန်တော့တယ်။ ဒီကိစ္စက လန့်စရာ ကောင်းတယ်။
ဖန်ကျန်းရှီကတော့ မျက်နှာ တည့်တည့်ကို သွေးတွေနဲ့ အထွေးခံလိုက်ရတယ်။ ကံကောင်းစွာနဲ့ပဲ သူ မျက်နှာဖုံး ဝတ်ထားပေလို့။
သွေးအန်ပြီးနောက် ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ် တစ်ခုလုံး တုန်ယင် လာတော့တယ်။ လက်ပေါ်က သွေးကြောတွေ ထောင်ထလာတယ်။ ခန္ဒာကိုယ် တစ်ခုလုံးက အကြောလိုက် နေခဲ့ပြီ။ သူမ သေတော့မလိုပဲ။ ယွင်ချင်းဝူက တကယ့်ကို အားနည်းလွန်းတယ်။
သူမရဲ့ ကျင့်ကြံဆင့်က နိမ့်လွန်း နေလို့လား။
ဖန်ကျန်းရှီ ဒါတွေ အကြောင်း ကောင်းကောင်း မသိပေမယ့် စိတ်ကို ထိခိုက်နိုင်မှန်းတော့ သူသိတယ်။ ယွင်ချင်းဝူက ဟန်ဆောင် နေသလိုပဲ။ ယွင်ချင်းဝူကို အလွယ်လေး လွှတ်ပေးလို့ မဖြစ်ဘူး။ ဖန်ကျန်းရှီ စိတ်ထဲမှာ တွေးတော နေခဲ့တယ်။
ယွင်ချင်းဝူကို ကယ်သင့်လား။ လွယ်လွယ်နဲ့ ပေးသေလို့တော့ မဖြစ်ဘူး။
မသေခင် နှိပ်စက်သင့်တယ်လေ။ ဥပမာ ဖယောင်းစက်တို့ ကျာပွတ်တို့။
အဟွတ်ဟွတ် ဖန်ကျန်းရှီက သူတပါးကို နာကျင်အောင် လုပ်ရတာ မကြိုက်ဘူး။ ဒါကြောင့် ယွင်ချင်းဝူရဲ့ နှလုံးနေရာကို ခပ်မြန်မြန်ပဲ လက်ဝါးနဲ့ ရိုက်ချ လ ိုက်တော့တယ်။
ယွင်ချင်းဝူ ရုတ်တရက် မျက်လုံး ပြူးလာပြီး ဖန်ကျန်းရှီကို ကြည့်နေတော့တယ်။
ယွင်ချင်းဝူ မျက်လုံးထဲမှာ အနီရောင် အလင်းတန်း မရှိတော့ဘူး။ သူမ နှုတ်ခမ်းကနေ သွေးတွေ စီးကျ နေခဲ့ပြီ။ သူမရဲ့ မြင်ကွင်းက ပိုပြီးတော့ ကြည်လင်လာတယ်။
“အဟွတ် ဟွတ်။” ယွင်ချင်းဝူ ချောင်း ပြင်းပြင်းထန်ထန် ဆိုးတော့တယ်။ သူမ မတ်မတ် ရပ်ရင်း မျက်လုံး ပွင့်လာတယ်။ ပုံမှန် ဖြပန်ဖြစ် သွားပုံပဲ။ သူမ အကြည့်က ဖန်ကျန်းရှီရဲ့ မျက်နှာဖုံး ပေါ်က သွေးစက်တွေဆီကို ရောက်သွားခဲ့တယ်။ သူမ ဘာမှ မသိသလို ဖြစ်နေခဲ့တယ်။
တစ်ခဏတာ အတွေးမှာပဲ ယွင်ချင်းဝူရဲ့ မျက်နှာက တည်ငြိမ် သွားခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို သူမ လက်နဲ့ တွန်းထားတော့တယ်။ အဲ့ဒီ့နောက် ဘာမှ မဖြစ်ခဲ့သလိုမျိုးသာ ရှိနေတယ်။ ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူကို အတော်လေး အထင်ကြီးသွား ခဲ့တယ်။
တည်ငြိမ်မှုက ယွင်ချင်းဝူရဲ့ အကောင်းဆုံး အရာ တစ်ခုပဲ။
သူမ အိပ်မက် မက်နေတဲ့ အချိန် ဖြစ်ခဲ့တာတွေက အများကြီး။ အိပ်မက်နဲ့ တကယ့် ဘ၀ အစစ်ကို ပြောင်းလဲ ချိန်မှာတော့ သူမက တည်ငြိမ် နိုင်သေးတယ်။ ဒီလို အသိပညာကို ဘယ်သူကမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။
“မင်း ကယောင်ကတမ်းနဲ့ အများကြီး ပြောသွားတယ်။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို ပြန် သတိပေးတယ်။
“..” ယွင်ချင်းဝူ ဘာမှ ပြန်မဖြေ ပင်မယ့် အကြည့် ပြောင်းသွားတယ်။
“ငါ မှတ်မိတာ မှန်မယ်ဆိုရင် မြောက်ရွာ အကြောင်းကို မင်းပြောသွားတယ်။” ဖန်ကျန်းရှီ ဆက်ပြောပြန်တယ်။
“..” ယွင်ချင်းဝူ ဘာမှ ပြန်မဖြေဘူး။ ဒါပေမယ့် တုန်ယင် နေခဲ့တယ်။ သူမ လန့်နေတာ အမှန်ပဲ။
“ဒါ့အပြင် မင်းပြောသေးတယ်။ မြောက်ရွာကို တပ်တွေ စေလွှတ်တာ မင်းလက်ချက် မဟုတ်ဘူး။ မင်းက ဖန်ကျန်းရှီ မိဘတွေကို ကယ်ခဲ့တဲ့သူတဲ့လား။” ဖန်ကျန်းရှီက အေးစက်စက် ပြောနေခဲ့တယ်။
“ဒါတွေက အရေးမကြီးတော့ဘူး။” ယွင်ချင်းဝူ နောက်ဆုံးမှာ ပြန်ဖြေတယ်။
“ဒီတော့ မင်း သူနဲ့ ပြန်တွေ့ရင်တောင် ဒါတွေကို ပြန်မရှင်းပြဘူးပေါ့။” ဖန်ကျန်းရှီ သိချင်လာတယ်။
“ဟဟား။ သူက ငါ့ကို သေစေချင်တယ်။ ငါကလဲ သူ့ကို သေစေချင်တယ်။ သူ့စိတ်ထဲမှာ အမုန်းတရားတွေ ရှိနေရင် တိုက်ခိုက်ရတာ ပိုလွယ်လိမ့်မယ်။ ဥပမာ ငါက လူကယ်ချင်တယ် ပြောရင် နင်က ငါ့ကို လွှတ်ပေးမှာလား။” ယွင်ချင်းဝူက ခပ်ပြတ်ပြတ် ပြန်မေးတယ်။
“မလွှတ်ဘူး။” ယွင်ချင်းဝူ ဆိုလို ချင်တာကို သူနားလည် သွားခဲ့ပြီ။ တကယ်တော့ ဒီကိစ္စတွေက အရေးမကြီးဘူးပဲ။ အရေး မကြီးတော့တာလဲ ဖြစ်နိုင်တယ်။
ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူက ကမ္ဘာမကျေ ရန်သူတော်တွေ ဖြစ်နေတယ်လေ။ မွေးတည်းက ဖြစ်တည်လာတဲ့ ကံကြမ္မာကို မပြောင်းလဲ နိုင်ဘူး။ လူသား တစ်ယောက် အနေနဲ့၊ လူသား မျိုးနွယ် ကောင်းကျိုးကို လိုချင်တာ မဆန်းဘူး။
နတ်ဆိုး တစ်ယောက် အနေနဲ့၊ နတ်ဆိုး မျိုးနွယ်ကို ပြန် အသက်သွင်းချင်တာ မဆန်းဘူး။
မိစ္ဆာ တစ်ယောက်အနေနဲ့၊ မိစ္ဆာတွေ လောကကို ပြန်သိမ်းပိုက်စေချင်တာ မဆန်းဘူး။
အစတည်းကနေ မပြောင်းလဲ ခဲ့တဲ့ ဒီအရာက မတူညီတဲ့ မျိုးနွယ်စုတွေ အတွက် သတ်မလား ကယ်မလား ဆိုတာကို အရေးမကြီးတဲ့ ကိစ္စ ဖြစ်သွားစေတယ်။
“ရှေးဟောင်း လက်ရေး စာလွှာ တစ်ခု အကြောင်းကိုလဲ မင်းပြောသေးတယ်။” ဖန်ကျန်းရှီက အဖြေရပြီးသား ကိစ္စကို ထပ်မမေးပဲ စကား လမ်းကြောင်း ပြောင်းတော့တယ်။
တကယ်တော့ ကံတရားကို စမ်းကြည့်ရုံ သက်သက်ပဲ။
“..” အစောပိုင်းနဲ့ ယှဉ်လိုက်ရင် ယွင်ချင်းဝူရဲ့ အပြောင်းအလဲက ပိုကြီးမားတယ်။ သူမ ခြေလက်တွေ တုန်လာရုံ မကဘူး။ အမူအယာကလဲ ပြောင်းလဲ သွားတယ်။ ဖန်ကျန်းရှီ မျက်ဝန်းတွေ ထဲကနေ တစ်ခုခုကို အဖြေ ထုတ်ချင်ပုံနဲ့ စိုက်ကြည့်တယ်။
“နင်ဘာတွေ ပြောနေတာလဲ။ ငါနားမလည်ဘူး။”
“ရှေးဟောင်း လက်ရေးမူရယ်။ ဂူတစ်လုံးရယ်။ ငါဆက်ပြောရ အုန်းမလား။” ယွင်ချင်းဝူ မတည်မငြိမ် ဖြစ်လာတာကို မြင်ချိန်မှာ ဖန်ကျန်းရှီက ဆက်မေးတော့တယ်။
“နင်ဘာပြောနေမှန်း ငါမသိဘူး။” ယွင်ချင်းဝူ မျက်နှာက ဖြူဖျော့ သွားတယ်။
“ဟဟား။ မင်း မသိလဲ ရပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ လက်ရေးမူကိုတော့ မင်းက ကိုယ်နဲ့ မကွာ ဆောင်ထားမှာ မဟုတ်လား။” ဖန်ကျန်းရှီ ပြောရင်းနဲ့ ယွင်ချင်းဝူ လည်ပင်းဆီ အကြည့်ရောက် သွားတယ်။
ယွင်ချင်းဝူ လည်ပင်းမှာတော့ အရင်ကလို ဆွဲသီးမျိုး မရှိတော့ဘူး။ ကျမ်းကောင်းကင်တောင်မှာ ဖန်ကျန်းရှီက တစ်ခုကို လုသွား ခဲ့တယ်လေ။
ယွင်ချင်းဝူက လည်ဆွဲတွေကို ကြိုက်တာတော့ သိသာတဲ့ ကိစ္စပဲ။
သူမ လည်ပင်းမှာ နောက်ထပ် ဆွဲသီးတစ်ခု ရှိနေပြန်ပြီ။ ဒီဆွဲသီးက အပြာရောင် အလင်းတန်းတွေ တောက်ပနေပြီး မျက်ရည်စက်လို အသွင် ရှိနေခဲ့တယ်။
အပိုင်း (၉၇၄) ပြီး၏။
အပိုင်း (၉၇၅)
“လျှပ်စစ်စီးတာကို မင်းခံစားမိလား။”
“ငါက ဒီလို အရေးကြီး အရာမျိုးကို ငါနဲ့ အတူတူ သယ်လာမယ်လို့ ထင်နေတာလား။” ယွင်ချင်းဝူက ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေကို ကြည့်ရင်း တုန်ယင် နေခဲ့တယ်။
“တစ်ချက်ကြည့်ပြီးရင် သိနိုင်မှာပါ။” ဖန်ကျန်းရှီကတော့ ချက်ခြင်း ယွင်ချင်းဝူရဲ့ စကားကို မယုံခဲ့ဘူး။ ယွင်ချင်းဝူ အကြောင်းကို သူက ကောင်းကောင်းကြီး သိတယ်လေ။ ယွင်ချင်းဝူ ကိုယ်တိုင် ဝန်ခံတာမျိုးက ဖြစ်မလာနိုင်ဘူး။
သူလုရမယ်။ ဒါကြောင့် ဖန်ကျန်းရှီ ချက်ခြင်း လည်ဆွဲကို ဆွဲချွတ်တော့တယ်။ ယွင်ချင်းဝူကတော့ ခုခံတယ်။
ခြေအား လက်အား အကုန်လုံး သုံးပြီး ခုခံ နေပင်မယ့်၊ ကြယ်တာရာ စုဝေးမှု အဆင့်က ဖန်ကျန်းရှီ အတွက်တော့ ဘာမှ မဟုတ်ဘူး။ ယွင်ချင်းဝူကို ဖိထားရင်း ဖန်ကျန်းရှီက လည်ဆွဲကို ယူလိုက်တယ်။
“မဖြစ်ဘူး။ နင်ကြည့်လို့ မရဘူး။” ယွင်ချင်းဝူက အရမ်းကို စိုးရိမ်နေတဲ့ ပုံစံ ရှိတယ်။
ဖန်ကျန်းရှီက ပြုံးလိုက်တယ်။ သူခန့်မှန်း ထားတဲ့ အတိုင်း ရှေးဟောင်း လက်ရေးမူက အထဲမှာ ရှိလိမ့်မယ်။ မဟုတ်ရင် ယွင်ချင်းဝူက ဒီလောက် အထိ စိုးရိမ် နေတာ မဟုတ်ဘူး။
ဖန်ကျန်းရှီ စိတ်ဆုံးဖြတ် လိုက်ပြီး လည်ဆွဲထဲကို ကြည့်လိုက်တယ်။ မကြာခင်မှာပဲ လည်ဆွဲထဲမှာ စာအုပ် မျိုးစုံ ရှိနေတာကို တွေ့ လိုက် ရတော့တယ်။ စာအုပ်တွေ အပြင် ဗျူဟာတွေ ကျောက်မျက် ရတနာတွေ ရှိနေခဲ့တယ်။
ဒါပေမယ့် စာအုပ်တွေ အားလုံး ပေါင်းလိုက်ရင် တောင်တစ်လုံး စာလောက် ရျိနေတယ်။ ယွင်ချင်းဝူက စာအုပ် အမျိုးမျိုးကို ဖတ်ရတာ ကြိုက်ပုံပဲ။ မဖြစ်ဘူး။ သူလှည့်စား ခံရပြီ။
ဖန်ကျန်းရှီ အတွေး ဝင်လာ ချိန်မှာပဲ သူ့ရင်ဘတ်ကို တစ်ခုခုက ဆွဲသွားတာ ခံစားမိတယ်။ ဖန်ကျန်းရှီ ကြည့်လိုက် ချိန်မှာတော့ နောက်ကျ သွားခဲ့ပြီ။ ယွင်ချင်းဝူ လက်ထဲမှာ တလက်လက် တောက်ပနေတဲ့ လည်ဆွဲ တစ်ခု ရှိနေခဲ့တယ်။
အဲ့တာက ကျမ်းကောင်းကင်တောင်မှာ ဖန်ကျန်းရှီ လုခဲ့တဲ့ လည်ဆွဲပဲ။
ယွင်ချင်းဝူက အားကုန်သုံးပြီး ဖန်ကျန်းရှီကို တိုက်လိုက်တယ်။ အဲ့ဒီ့နောက် တွန်းကန်အားနဲ့ ဖန်ကျန်းရှီ လက်က လွှတ်အောင် ထွက်ပြေးတယ်။ သူမက လျှပ်စီးတန်း တစ်ခုလို အဝေးကို ရောက်သွားတယ်။
သူ့လည်ဆွဲက ရတနာ တစ်ခုမှန်း ဖန်ကျန်းရှီ သိခဲ့တယ်လေ။ ဒါပေမယ့် ယွင်ချင်းဝူက သူ့နှလုံးသားထဲမှာ ရှိနေတဲ့ အဆုံးမဲ့ လောကကနေ လည်ဆွဲကို ယူနိုင်မယ်လို့ ထင်မထား ခဲ့မိဘူး။
သူ့ကို ဖမ်းတဲ့ အချိန်တည်းက ဒီအကြောင်းအရာကို တွေးထား ခဲ့တာလား။
ဖန်ကျန်းရှီ အကြောင်းကို ကောင်းကောင်း သိနေတာတောင် ဖုံးကွယ် မထားခဲ့ဘူး။ (နင်က ဖန်ကျန်းရှီမှန်း ငါသိတယ်လို့) အော်ပြောပြီး ဗျူဟာကို သုံးသွားခဲ့တယ်။ ယွင်ချင်းဝူ တစ်ယောက်ပဲ ဒီလောက် အထိ သည်းခံနိုင်တယ်။
သေချာပေါက် ယွင်ချင်းဝူ ဒေါသ ထွက်နေလိမ့်မယ်။ မဟုတ်ရင် ဒီလောက် မြန်မြန် လှုပ်ရှားမှာ မဟုတ်ဘူး။ တပ်ဖွဲ့တွေက သူတို့နဲ့ ဝေးနေတယ်လေ။
ဒါ့အပြင် လူသား မဟာမိတ် တပ်ဖွဲ့တွေကလဲ ဖန်ကျန်းရှီ အနားမှာ ရှိနေသေးတယ်။ ယွင်ချင်းဝူ သူ့လက်က လွတ်ရင်တောင် ဘယ်ကို ပြေးမှာလဲ။
“ယွင်ချင်းဝူ မင်း မလွတ်နိုင်ဘူး။” ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူ ပြေးနေပုံကို ကြည့်ရင်း ရယ်စရာ ကောင်းတယ်လို့ ထင်နေမိတယ်။
အရင် အချိန်တုန်းက မိန်းမပျိုလေး တစ်ယောက်ကို လိုက်ဖမ်းနေတဲ့ ကောင်ဆိုးလေးလို သူပြုံးနေတယ်။ သူမ ဘယ်ကိုမှ ပြေစရာ မြေမရှိဘူး။
“ဖန်ကျန်းရှီ ငါ့ကို ဖိအား မပေးနဲ့။” ယွင်ချင်းဝူ အရှိန်မလျော့ပဲ ဆက်ပြေး နေခဲ့တယ်။ ဒါပေမယ့် သူမ ပြေးတာက ဖန်ကျန်းရှီ အတွက် နှေးလွန်းတယ်။ ဖန်ကျန်းရှီ သူ့ကို ဖမ်းမိဖို့က စက္ကန့်ပိုင်းပဲ ကြာတယ်။
“ငါ မင်းကို ဖိအား ပေးတော့ရော ဘာဖြစ်လဲ။” အဝေးက ပင်းယန်နဲ့ အနီးက ယွင်ချင်းဝူကို ကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။
ယွင်ချင်းဝူကို အရင်ဆုံး ဖမ်းရမယ်။ ဒါမှ အချိန်ကုန် သက်သာမှာ။
ဒါ့အပြင် ယွင်ချင်းဝူက သူ့အကြောင်းကို သိသွား ခဲ့ပြီ။ သူ့ကို အလွတ်ပေးလို့ မဖြစ်ဘူး။
“အပေးအယူ လုပ်ကြစို့။”
“ဘာအပေး အယူလဲ။”
“နင်သာ နတ်ဘုရား အရင်းအမြစ်ကို မရှာဘူးလို့ ကတိပေးရင်၊ ငါသိသမျှ အားလုံးကို ပြောပြမယ်။”
“ဟဟား။ ငါသဘောတူမယ်လို့ မင်းထင်နေတာလား။”
“ဒါ့အပြင် မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ နောင်နှစ်၁၀၀ အထိ မဟာနွံအိုင်အပြင်ကို ထွက်မလာ စေရဘူး။ ငြိမ်းငြိမ်းချမ်းချမ်း နေစေမယ်။ မိစ္ဆာနဲ့ နတ်ဆိုး နတ်ဘုရား မုခ်ဝတွေ ပိတ်တဲ့ နည်းကိုလဲ ပြောပြနိုင်တယ်။”
“ဟမ်။” ဖန်ကျန်းရှီ နည်းနည်းတော့ အံ့သြ သွားတယ်။ ယွင်ချင်းဝူ ဒီလောက် အထိ လိုက်လျောမယ်လို့ မထင်ထား ခဲ့မိဘူး။ ဒါက ဘယ်လို ကိစ္စမျိုးလဲ။ ဒါက တဖက်သတ် သဘောတူညီချက်နဲ့ ပိုတူသေးတယ်။
ယွင်ချင်းဝူက ဒါတွေကို ဘာကြောင့်များ သဘောတူနေတာလဲ။ နတ်ဘုရား အရင်းအမြစ်က တကယ်ပဲ ဘာကြီးမလို့ ဖွင့်လို့ မရတာလဲ။ ဖန်ကျန်းရှီ သိချင်လာတယ်။
သူ့စိတ်ထဲကနေ အော်ဟစ်နေတယ်။ နတ်ဘုရား အရင်းအမြစ်ကိုရှာ။ ဂူကိုဖွင့်။ ဒါပေမယ့် ပင်ကိုယ်သိစိတ်ကလဲ ပြန်အော်တယ်။ ကြောက်စရာ ကောင်းတဲ့ အရာတွေ ရှိနေတယ် ဝေးဝေးနေ။
ဒါတွေက နောက်မှ သိရမှာတွေ။ အပေးအယူ လုပ်ဖြစ်သည် ဖြစ်စေ မလုပ်ဖြစ်သည် ဖြစ်စေ၊ ယွင်ချင်းဝူကို အရင်ဆုံး ဖမ်းရမယ်။
“ကောင်းပြီ။ မင်းကို သဘောတူမယ်။ မပြေးနဲ့တော့။” ဖန်ကျန်းရှီ သူ့ရန်သူကို မြှားဖို့ ဆုံးဖြတ်လိုက်တယ်။
“ငါ နင့်ကို မယုံဘူး။” ယွင်ချင်းဝူ တစ်ချက်တောင် လှည့်မကြည့်ပဲ အော်တယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီက ယွင်ချင်းဝူရဲ့ လည်ပင်းကို ဖမ်းကိုင်လိုက်တယ်။ ယွင်ချင်းဝူရဲ့ အကြီးမားဆုံး အားနည်း ချက်ကတော့ သူက မစွမ်းဆောင် နိုင်တာပဲ။ သူဖမ်းမိတာနဲ့ ယွင်ချင်းဝူ လက်ထဲက လည်ဆွဲကို ပြန်လုဖို့ လုပ်တယ်။ သူ့ကို လန့်သွား စေတာကတော့ ဘာလည်ဆွဲမှ မရှိတော့တာပဲ။
“…” ယွင်ချင်းဝူ မလွတ်နိုင်မှန်း သိရဲ့သားနဲ့ ပြေးနေတာကို ဖန်ကျန်းရှီ နားလည် သွားခဲ့ပြီ။ ယွင်ချင်းဝူက လွတ်မှ မလွတ်ချင်တာ။ အစတည်းက လည်ဆွဲကိုပဲ သူပြစ်မှတ် ထားခဲ့တာပဲ။
ယွင်ချင်းဝူ ဆီက လည်ဆွဲကို ပြန်ယူရမယ်။ သူမ ဘယ်မှာ ဝှက်ထားလိုက်လဲ။ ဒါမှမဟုတ် လမ်းမှာ ဖွက်ခဲ့တာလား။ နောက်ဘက်က မြူတွေထဲကို ဖန်ကျန်းရှီ ပြန်ကြည့်မိတယ်။ ပင်လယ်ထဲမှာ အပ်ရှာ ရသလိုပဲ ဘာမှ မမြင်ရဘူး။
ဒါ့အပြင် ရူးသွပ်သလို ဖြစ်နေတဲ့ ပင်းယန်ကိုလဲ ထိန်းရအုန်းမယ်။ တပ်ဖွဲ့ နှစ်ခု တွေ့မှာကိုလဲ တားရမယ်။ ပင်းယန်ကို အရင် ဖမ်းသင့်လား။ လည်ဆွဲ ရှာရမလား။
ငလူး။ အချိန် မရှိတော့ဘူး။ ဒါ့အပြင် ယွင်ချင်းဝူ လည်ဆွဲကို ပြစ်ချ ခဲ့တယ်ဆိုတာ ခန့်မှန်းချက် သက်သက်ပဲ။ ရွေးစရာ မရှိတော့တဲ့ အတွက် ဖန်ကျန်းရှီ ပြေးရတော့တယ်။ ရုတ်တရက် သူသတိ ထားမိသွားတယ်။ သူ့ရှေ့မှာ ရှိနေတဲ့ ပင်းယန်က အခု ပျောက်သွားပြန်ပြီ။ ဒီကောင်မလေး ဘယ်ရောက် သွားပြန်တာလဲ။
သူရှာတော့မယ့် အချိန်မှာပဲ ပင်းယန်က ပြန်ပေါ်လာပြန်တယ်။ အခုချိန်မှာတော့ သူမက တည်ငြိမ် နေခဲ့တယ်။ ခေါင်းကိုလဲ ဆက်တိုက် ခါနေတယ်။
“ပင်းယန်။” ဖန်ကျန်းရှီ လှမ်းခေါ်တယ်။
“ဟမ်။ နင် ဘာဖြစ် နေတာလဲ။ အားနည်းလိုက်တာ။ ငါ ငါက မိစ္ဆာတွေ နတ်ဆိုးတွေ အများကြီးကိုတောင် သတ်ခဲ့ပြီးပြီ။” ပင်းယန်က ဂုဏ်ယူ ဝံ့ကြွားမှု အပြည့်နဲ့ ပြောနေခဲ့တယ်။
“..” ဖန်ကျန်းရှီကတော့ မယုံခဲ့ဘူး။ ဒါပေမယ့် ပင်းယန်က ပုံရိပ်ယောင်ထဲကနေ သူ့ဘာသူ လွတ်လာပုံပဲ။ ဖန်ကျန်းရှီ တွေးမရပေမယ့် မကြာခင်မှာပဲ သူနားလည် သွားရတယ်။
ပင်းယန် အနားရောက်အောင် ပြေးလာနေတဲ့ လမ်းမှာပဲ အပေါက် တစ်ခုထဲ သူပြုတ်ကျ သွားတယ်လေ။ ယွင်ချင်းဝူကို ဖက်ထားလျက်သား သူကျလာတယ်။ မြေပြင်ပေါ်ကို မျက်နှာနဲ့ မကျတာ ကံကောင်းခဲ့တယ်။ ယွင်ချင်းဝူက သူ့အတွက် အခင်း တစ်ခုလို ဖြစ်သွားခဲ့တယ်လေ။
“ငလူးပဲ။” ဖန်ကျန်းရှီ ကျိန်ဆဲ ချင်တယ်။ မြူထဲမှာ ဘယ်ကောင်က ကျွင်းတူး ထားတာလြ။
“ဟ ဟားဟား ဟား။” ပင်းယန်ကတော့ ပျော်ပျော်ကြီး ရယ်နေခဲ့တယ်။ ပင်းယန် နဖူးပေါ်မှာလဲ ဖုန်တွေကို သူတွေ့လိုက်တယ်။ ပင်းယန် ပြုတ်ကျပြီး သတိ ဝင်သွားတာပဲ ဖြစ်ရမယ်။
ရုတ်တရက် ပျောက်သွားတာ အံ့သြစရာ မရှိဘူး။ သူ့ကိုယ်သူ အရမ်း ထက်မြက်တဲ့ လူလို့ ဖန်ကျန်းရှီ တွေးလိုက်မိတယ်။ ရုတ်တရက် သူအတွေး ဝင်လာပြန်တယ်။ ပြုတ်ကျရုံနဲ့ စိတ်ပြန်မှန်တာမှ မဖြစ်နိုင်ပဲ။ ဉာဏ်ကောင်းတဲ့ လူလဲ တစ်ချက် တစ်ချက် လွတ်နိုင်တယ်။
ဖန်ကျန်းရှီ ပတ်ဝန်းကျင်ကို ကြည့်လိုက် ချိန်မှာတော့ မြူနှင်းတွေ မရှိတော့တာကို သတိ ထားမိလိုက်မယ်။ အခုချိန်မှာ ကြီးမားတဲ့ သံကြိုးကြီး ကိုးခုက သူ့မျက်စိရှေ့မှာ ရှိနေတယ်။
ဒီသံကြိုးတွေက ကြယ်တွေ ဆက်ထားသလို ပုံစံမျိုးနဲ့ သူ့ခေါင်းပေါ်မှာ ရှိနေခဲ့တယ်။
မြူနှင်းတွေက သံကြိုးတွေ စလာတဲ့ နေရာကနေ ထွက်နေတယ်။ အဲ့နေရာမှာ ခရမ်းရောင် လျှပ်စီးတွေလဲ လက်နေသေးတယ်။
“ဒီ သံကြိုးတွေက။” ဖန်ကျန်းရှီ သေချာ ကြည့်လိုက် ချိန်မှာတော့ စကြဝဠာထဲ သူတွေ့ခဲ့တဲ့ သံကြိုးတွေနဲ့ တပုံစံတည်း ဖြစ်နေတာကို သတိ ထားမိသွားတယ်။
အဲ့ဒီ့ အချိန်တုန်းက သံကြိုးတွေ ပိုပြီးတော့ ထူထပ် သန်မာတယ်။ ဒါ့အပြင် လူ ငါးယောက် ဖက်စာလောက် ရှိတယ်လေ။
သံကြိုးတွေက မြူတွေနဲ့ ကွယ်နေတာကြောင့် အပေါ်ကလူတွေ မမြင်ကြတာပဲ။ အဖြူရောင် မြူနှင်းလောကနဲ့ အောက်ဘက်က အတော့်ကို ကွာခြားတယ်။
“ဂျိန်း။” လျှပ်စီးတန်းတွေက ရုတ်တရက် ပေါ်လာတယ်။
“ကြည့်ရတာ လှုပ်ရှား နေပုံပဲ။” ဖန်ကျန်းရှီ လန့်သွားပြီး အပေါ်ကို ကြည့်မိတယ်။ သရဲတာအိုကို သုံးတာတောင် အထဲမှာ ဘာရှိနေလဲ သူကြည့်မရခဲ့ဘူး။
အဲ့တာ ဘာကြီးလဲ။
စကြဝဠာနဲ့ ပေါင်းစည်းနေတဲ့ သံကြိုးတွေက ဒီနန်းတော်ပျက်ထဲ ဘာလို့ ရောက်နေတာလြ။
“ဟဲ့။ မြန်မြန် သွားရအောင်။” ပင်းယန်က စိတ်လှုပ်ရှားပြီး စိုးရိမ် နေပုံပဲ။”
“ထွက်သွားရမယ်။ မင်း ဓာတ်လိုက်ခံရတာလား။” ဖန်ကျန်းရှီ ဒေါသထွက်ပြီး ရယ်ချင်လာတယ်။
“အမ်။” ပင်းယန်ကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။
“သံကြိုးတွေကို ကြည့်။” ဖန်ကျန်းရှီ သံကြိုးတွေကို လက်ညှိုးထိုး ပြတယ်။ သူထင်တာသာ မမှားရင် အပေါ်မှာ ရှိနေတဲ့ မြူတွေက မိုးကြိုး တိမ်တိုက်တွေပဲ ဖြစ်ရမယ်။
မိုးကြိုး တိမ်တိုက်တွေက ဆက်တိုက် ရွေ့လျားနေတယ်။ လျှပ်စီးလက် မိုးကြိုး ပြစ်ပြီးရင် သူ့နေရာသူ ပြန်လာတယ်။ ဒါက အဆုံးမဲ့ စက်ဝန်းပဲ။
ဖန်ကျန်းရှီ လက်ညှိုးထိုးတာကို ပင်းယန် လိုက်ကြည့်နေရင်း ခပ်မြန်မြန် ပြောတယ်။
“ဒီလျှပ်စီးတွေကို ငါသည်းခံ နိုင်ပေမယ့်၊ ယွင်ချင်းဝူကတော့ မခံနိုင် လောက်ဘူး။” ပင်းယန် ပြောတယ်။
“ဒီတော့။” ဖန်ကျန်းရှီ ပြန်မေးတယ်။
“သူ့ကို အပေါ် ဘယ်လို ပြန်ခေါ်ရမလဲ သိပြီလား။” ပင်းယန် ပြောတယ်။
“အပေါ်တက်ဖို့ ငါ့မှာ အတောင်ပံတွေ ရှိတယ်လေ။” ဖန်ကျန်းရှီ ပြောတယ်။
“..” ပင်းယန်ကတော့ မျက်လုံးပြူးသွားပြန်တယ်။ ဖန်ကျန်းရှီကို ပြန်ပြောတယ်။ “နင်သာ အတောင်ပံ သုံးရင် သူနင့်အကြောင်း သိသွားမှာပေါ့။”
“ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ “ဒါပေမယ့် သူက သတိ လစ်နေတာလေ။”
ပင်းယန် ဘယ်လို ပြန်ဖြေရမလဲ မသိခင်မှာပဲ အသံ တစ်သံကို ကြားလိုက်ရတယ်။
“နင်က ငါ့ကို အတူတူ ခေါ်သွား ချင်တာလား။”
အပိုင်း (၉၇၅) ပြီး၏။
အပိုင်း (၉၇၆)
“လောက အခြား တစ်ဖက်။ (ပြောင်းပြန်လန်နေတဲ့ လောကကြီး။)”
“မဟုတ်ဘူး။ ငါကိုယ့်ဘာကိုယ် တက်နိုင်တယ်။” ပင်းယန်က ဖန်ကျန်းရှီနဲ့ သူ့ရင်ဘတ်ထဲက ယွင်ချင်းဝူကို ကြည့်ရင်း ငြင်းလိုက်တယ်။ အဲ့ဒီ့နောက် ပင်းယန်က သံကြိုးတွေပေါ်ကို ခုန်တက်တယ်။ ပေ ၂၀ အကွာမှာ ရပ်တန့် နေခဲ့တယ်။ နောက်တော့ အောက်ကို ပြန်လှည့်ကြည့်တယ်။
ဖန်ကျန်းရှီကို ကြည့်နေတဲ့ သူ့အကြည့်က ဝံ့ကြွားမှုတွေနဲ့ ပြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် သူမ ဆက်တိုက် အပေါ်ကို ပျံတက်တော့တယ်။ ပင်းယန်က သုခမိန် ဖြစ်နေတဲ့ အတွက် သူမရဲ့အရှိန်နှုန်းက အတော့်ကို မြန်ဆန်တယ်။
ဒါပေမယ့် ပေတစ်ရာ အမြင့်ကို မရောက်ခင် အချိန်မှာပဲ သူမက တစ်ခုခုကို တိုက်မိပြီး ပြုတ်ကျ လာတော့တယ်။
“တကယ်တော့ မင်းလဲ ဓာတ်လိုက်နိုင်တယ်။” ဖန်ကျန်းရှီ သံကြိုးတွေကို ကြည့်ရင်းနဲ့ ပြုံးနေခဲ့တယ်။ ဖန်ကျန်းရှီ သံကြိုးတွေက သင်္ကေတတွေကို ကြည့်ရင်းနဲ့ ပြောတော့တယ်။
ကြမ်းပြင်ပေါ်မှာ ဆွဲထားတဲ့ သင်္ကေတတွေကို တစ်ယောက်ယောက်က တမင်တကာ ဖျက်ထားတာ သိသာတယ်။ ဒါ့အပြင် အပေါ်ယံလောက်သာ ကျန်ရှိနေတယ်။ ဒီသင်္ကေတွေက သံကြိုးကြီး ကိုးခုနဲ့ ဆက်သွယ် ထားတာကို ကြည့်ရုံနဲ့တင် သိနိုင်တယ်။
“ငါနားလည်ပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် တစ်စုံတစ်ယောက် ပြုတ်ကျ လာတာကို မြင်လိုက်ရတယ်။ သနားစရာကောင်းအောင် အော်ရင်း ပြုတ်ကျ လာသူကတော့ ပင်းယန်။
ဖန်ကျန်းရှီ လက်ဆန့်ထုတ်ရင်း သူမကို ပြန်ဖမ်းလိုက်တယ်။ အဲ့ဒီ့နောက် ပင်းယန် စကား ပြောတာကို မစောင့်တော့ပဲ သံကြိုးတွေ အတိုင်း ခုန်တက် သွားတော့တယ်။ သူ့ကျောမှာ ရှိနေတဲ့ အနက်နဲ့ ရွှေရောင် တောင်ပံတွေကို တဖျပ်ဖျပ် ခတ်ရင်း လေတွေကို ထုတ်လွှတ်တယ်။
“သံကြိုးတွေပေါ် မနင်းနဲ့ လျှပ်စီးတွေ ရှိနေတယ်။” ပင်းယန်က ဖန်ကျန်းရှီရဲ့ လက်မောင်းကြားမှာ ရှိနေရင်း အော်တော့တယ်။
“ငါသိတယ်။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ပျံလေ။ နင်ပျံလေ။”
“ငါပျံသန်းရင်ရော လျှပ်စီးတွေ မဖြစ်လာဘူး ထင်နေတာလား။” ဖန်ကျန်းရှီက ပင်းယန်ကို ရယ်စရာ ကောင်းတယ်လို့ ထင်နေခဲ့တယ်။ ဒါပေမယ့် ပင်းယန်က အမြဲ ဒီလိုပဲလေ။ သူမက ခေါင်းမာတယ်။ ဒါ့အပြင် ပြိုင်ဆိုင်ချင်စိတ်လဲ ရှိသေးတယ်။ ဒါက သူမ ချစ်စရာ ကောင်းတဲ့ အချက်ပဲ။
“နင်ဘယ်လို သိတာလဲ။” ပင်းယန်က မယုံနိုင်ခဲ့ဘူး။
“မင်းပဲ ပြောပြတာလေ။”
“ငါပြောပြတယ်။”
“ဟုတ်တယ်လေ။ မုချင်းဖန်းက ဒီနေရာကို ချီကူယန်နဲ့ သွားခဲ့တယ်ဆို။” ဖန်ကျန်းရှီက ပျံသန်းနေရင်း ပင်းယန်ကို ရှင်းပြတယ်။
“အဲ့တာနဲ့ လျှပ်စီးတွေက ဘာဆိုင်လဲ။” ပင်းယန်က နားမလည် နိုင်ခဲ့ဘူး။
“မြေပြင်က သင်္ကေတတွေကို ကြည့်လေ။” ပင်းယန်ကို တိုက်ရိုက် ရှင်းပြမယ့် အစား လက်ညှိုးထိုးပြရင်း ပြောတယ်။
ပင်းယန် ချက်ခြင်း ခေါင်းငုံ့ကြည့်တယ်။ ပေသုံးဆယ် အကွာက လေထဲမှာ ရောက်နေပင်မယ့်၊ သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်သေးတယ်။ ဒါကို မြင်ချိန်မှာတော့ ပင်းယန် မျက်လုံး ပြူးသွားတော့တယ်။
“နင် အရှက်မရှိတဲ့ ကောင်စုတ်။ အစောကြီးတည်းက သိတာလား။” ပင်းယန် ဒါကို မြင်ချိန်မှာ မျက်နှာ တစ်ခုလုံး နီရဲ သွားတော့တယ်။
“ငါလဲ အခုမှ မြင်တာ။” သူပြုတ်ကျတဲ့ အချိန်တည်းက မြင်တယ်လို့ ဝန်ခံ ရတဲ့ အတထိ ဖန်ကျန်းရှီ မတုံးအ ဘူးလေ။ ပြောပြီးတာနဲ့ အရိုက်ခံရနိုင်တယ်။
ဒါ့အပြင် သင်္ကေတတွေနဲ့ သံကြိုးတွေ တကယ်ပဲ ဆက်သွယ်နေလား ဆိုတာ သူစမ်းသပ် ကြည့်ဖို့ လိုတယ်လေ။ နောက်ဆုံးမှာ ပင်းယန်က သူ့အစား စမ်းသပ် ပေးခဲ့တယ်။
သူဘယ်လောက်ပဲ တုံးအပါစေ၊ ဒီသင်္ကေတတွေက မုချင်းဖန်းနဲ့ ချီကူယန် လုပ်ခဲ့တယ် ဆိုတာကို သိနိုင်တယ်လေ။
မုချင်းဖန်း ဆိုတာ ကောင်းကင် တာအို ခန်းမရဲ့ ခေါင်းဆောင်။ အင်အား အကြီးဆုံး သုခမိန်လေ။ သူ့လို စွမ်းအားမျိုးနဲ့ လူက ကျောက်တုံး နန်းတော်ထဲမှာ ဘာမှ မလုပ်ပဲ ထိုင်နေမယ့်သူ မဟုတ်ဘူး။
မုချင်းဖန်းက သတင်း အချက်အလက် ပညာမှာ ထူးချွန်တယ်။ သာမာန် ထောင်ချောက်တွေ တွေ့ရင် မုချင်းဖန်းက အပြင်ကို ထွက်ပြီး အကူအညီ တောင်းနေမှာ မဟုတ်ဘူး။ ဒါပေမယ့် မုချင်းဖန်းက ချီကူယန်ကို ခေးပြီး အကူအညီ တောင်းခဲ့တယ်။
ဒီတော့ ကောင်းကင်တာအို ခန်းမထဲမှာ ချီကူယန် တစ်ယောက်သာ ဒါကို ဖြေရှင်းနိုင်တာပဲ။ အဖြေက အခုချိန်မှာ ထင်ရှား နေခဲ့ပြီ။
မုချင်းဖန်းက ဓားပညာနဲ့ စိတ်တည်ငြိမ်မှုကို လေ့ကျင့်ခဲ့တယ်။ သူက အင်အားကြီး ပေမယ့်၊ ဗျူဟာတွေကို ဖြေရှင်းတဲ့ နေရာမှာ ချီကူယန်လောက်တော့ ပါရမီ မပါဘူး။ နတ်ဆိုး ကျောင်းတော်မှာ မွေးဖွားလာတဲ့ ချီကူယန်ကတော့ ငယ်ငယ်လေးတည်းက ဗျူဟာတွေကို ကျွမ်းကျင် ပိုင်နိုင်တယ်။
ဒါပေါ့ ဒီတွက်ချက်မှုကြောင့် နောက်ထပ် သိသွားရတဲ့ အရာ တစ်ခု ရှိတယ်။ မြေပြင်ပေါ်မှာ လူသား မဟာမိတ် အဖွဲ့ရဲ့ အလောင်းတွေ မရှိဘူး။
ပင်းယန်တောင် အပေါ်ကို မတက်နိုင်ရင်၊ လူသား မဟာမိတ် တပည့်သားတွေက ဘယ်လိုများ တက်နိုင်မှာလဲ။ သေချာပေါက် မုချင်းဖန်းမှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိသွားပြီ။
“ငါတို့တွေ ဒီအတိုင်း ဆက်တက် နေမှာလား။ မော့ရှန်းရှီနဲ့ တခြားသူတွေကို ဘယ်လို လုပ်မလဲ။” ပင်းယန်ကတော့ ကျန်ခဲ့တဲ့ လူသား မဟာမိတ်တွေ အတွက် စိုးရိမ် နေခဲ့တယ်။
“ချီကူယန်က ဗျူဟာတွေကို နားလည်တဲ့ နေရာမှာ တကယ့်ကို ပါရမီပါတယ်။ ဒါပေမယ့် သူမက အတော်ဆုံး မဟုတ်ဘူး။” ပင်းယန် စိတ်ပူ နေတာကို ဖန်ကျန်းရှီ သိတယ်။
“အာ ငါသိပြီ။” ပင်းယန် ခပ်မြန်မြန်ပဲ နားလည်သွားတယ်။
ဖူရှီးတောင်ကြားက ဘယ်လို နေရာလဲ။ နယ်မြေ ငါးခုရဲ့ လျှို့ဝှက် ဗျူဟာတွေ အားလုံးကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နေရာပဲ။ ဒီတော့ မော့ရှန်းရှီက သူ့ရှေ့မှာ ရှိနေတဲ့ ဗျူဟာကို မထိုးဖောက်နိုင်ဘူး ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။
“ငါတောင် ဒီအမှတ်အသားတွေကို နားလည်နိုင်ရင်၊ မော့ရှန်းရှီက ပိုပြီး ရှင်းရှင်းလင်းလင်း နားလည် နိုင်မှာပဲ။” ဖန်ကျန်းရှီ သံကြိုးတွေပေါ်မှာ နေရာပြောင်းရင်း ပြောလိုက်တယ်။
သူ့ခြေလှမ်းတွေကို ပြောင်းလိုက်တာနဲ့ သူရှိနေခဲ့တဲ့ နေရာကို မိုးကြိုးတွေ ပြစ်ချတော့တယ်။
“နင်တစ်ချက်တည်း ကြည့်လိုက်ရုံနဲ့ နားလည် သွားတာလား။” ပင်းယန်က လန့်သွားခဲ့တယ်။ နောက်ဆုံးတော့လဲ ဒီသင်္ကေတတွေက တဝက်လောက် ဖျက်စီး ခံထား ရတယ်လေ။
မုချင်းဖန်းနဲ့ တခြားသူတွေ တက်သွားပြီးနောက် ဖျက်စီး လိုက်တာ ဖြစ်နိုင်တယ်။ နတ်ဆိုး မိစ္ဆာတွေကို အချိန် နှောင့်နှေး စေနိုင်ဖို့ လုပ်ထားတာ ဖြစ်ရမယ်။
“ခန့်မှန်း ကြည့်လေ။” ဖန်ကျန်းရှီ ရယ်မောလိုက်တယ်။
“ဗျူဟာတွေ အကြောင်းကို ယန်လေး တစ်ယောက်ပဲ ကောင်းကောင်း သိတယ်လို့ ထင်ထားတာ။ နင်နားလည်မယ်လို့ မထင်ထား မိဘူး။” ဒါကို ကြားချိန်မှာ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက တောက်ပ လာတော့တယ်။
“မင်းဒီလောက်တောင် ငါ့ကို ယုံတာလား။”
“ဒါ။”
(ပေါ့) ဆိုတဲ့ စကားကို မပြောနိုင်ခင် အချိန်မှာပဲ ပင်းယန် တကိုယ်လုံး တုန်သွားတော့တယ်။ အပေါ်ကို ရောက်လာလေလေ သူမ ဆံပင်မွှေးတွေ ထောင်လာလေပဲ။ သူမ ဓာတ်လိုက်သွားတယ်။ ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူ၊ သူမ သုံးယောက်လုံးက ထိစပ်နေတဲ့ အတွက် သုံးယောက်စလုံး ဓာတ်လိုက် သွားခဲ့တယ်။
ဖန်ကျန်းရှီကတော့ မအံ့သြခဲ့ဘူး။ ခန္ဒာကိုယ်ကို တစ်ချက် ခါလိုက်ပြီး တခြား သံကြိုးကို ပြောင်းတော့တယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။ နင် အဖြေရသွားပြီလို့ ခုနကပဲ ပြောတာ မဟုတ်လား။” ပင်းယန် ဒေါသထွက်လာတော့တယ်။
“ငါပြောခဲ့လို့လား။” ဖန်ကျန်းရှီ အပြစ်ကင်းစင်မှု အပြည့်နဲ့ ပြန်မေးတယ်။
ဖျက်ထားတဲ့ သင်္ကေတတွေကို တစ်ချက် ကြည့်ရုံနဲ့ ခန့်မှန်းဖို့ ဆိုတာ သူ့အတွက် ခက်ခဲတယ်။ ဖန်ကျန်းရှီက ချီကူယန်လောက် နည်းဗျူဟာတွေမှာ မကျွမ်းကျင်ဘူးလေ။
ဒါပေမယ့် ဖန်ကျန်းရှီက မုချင်းဖန်းထက် သာလွန်တဲ့ အတွက် သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေခဲ့တယ်။
“ငါ မိုးကြိုးပြစ် ခံရပြီး သေတော့မှာလား။” ဖန်ကျန်းရှီ သတိ ဝင်ဝင်လာချင်း အော်တော့တယ်။
“နင်က တုံးအ နေတာလား။ အကယ်၍ မိုးကြိုး ထပ်ပြစ် ခံရရင်၊ ငါက အရင်ဆုံး သေမယ့်သူပဲ။” ဖန်ကျန်းရှီ အခုချိန်မှာ ပြောစရာ စကား ထပ်မရှိတော့သလို ခံစားရ တယ်။
“ဟမ်။ ဘာလို့လဲ။” ပင်းယန် နားမလည် နိုင်ခဲ့ဘူး။ သူမ တမင်တကာ အော်လိုက်မှန်း သိသာ နေခဲ့ပြီ။
“ဒီလျှပ်စီးတွေက မင်းအတွက် မနာဘူး မလား။”
“အခု နင်ပြောမှပဲ မနာသလိုပဲ။ အဲ့တာ ဘာလို့လဲ။”
“အပိုတွေ မပြောနဲ့။ ငါတစ်ယောက်လုံး ကြားထဲမှာ ခံနေလို့လေ။”
“နားလည်ပြီ။ ဒီတော့လဲ စိုးရိမ်စရာ မရှိတော့ဘူး။ ဒါပေမယ့် နင်ကာ ထားတာတောင် ငါက ဘာဖြစ်လို့ ဓာတ်လိုက်တာလဲ။” ပင်းယန် ခေါင်းငြိမ့် လိုက်ပေမယ့် စိတ်ထဲ ရှုပ်ထွေး လာပြန်တယ်။
“နာကျင်မှုကိုတော့ အတူတူ ခံယူ သင့်တယ်လေ။ မင်းအိပ်ပျော်သွားမှာကို ငါအကြောက်ဆုံးပဲ။”
“..” ပင်းယန် ဖန်ကျန်းရှီကို ကြည့်ရင်း အံကြိတ်ပြီး လက်သီး ဆုပ်လိုက်တယ်။ သူမ လက်သိးစုပ်လိုက် ချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို နောက်ထပ် လျှပ်စီးတွေ ဖြတ်သန်း သွားတာကို မြင်လိုက် ရတယ်လေ။ အ
အဲ့ဒီ့နောက် ဖန်ကျန်းရှီက နောက်ထပ် သံကြိုး တစ်ခုပေါ်ကို ခုန်တော့တယ်။ ဖန်ကျန်းရှီ နောက်တစ်ခေါက် ဓာတ်လိုက် ခံရပြန်ပြီ။
ဒီတစ်ကြိမ်မှာတော့ ပင်းယန် ထုံကျင် သွားတာသာ ရှိခဲ့တယ်။ လုံးဝကို မနာဘူး။
“အရှက်မရှိတဲ့ ကောင်စုတ်။” ပင်းယန် ဖန်ကျန်းရှီ အနားကို ပိုကပ်လာတယ်။ ဖန်ကျန်းရှီက ဝန်မခံပေမယ့်၊ သံကြိုးတွေက လာတဲ့ လျှပ်စီးတွေ အားလုံးကို သူ့ခန္ဒာကိုယ်နဲ့ ကာစီးထား တာလေ။
ဖန်ကျန်းရှီက လျှပ်စီးတွေရဲ့ စွမ်းအားကို အဖြေ မထုတ်နိုင် သေးတာလား။
…
ဖန်ကျန်းရှီ အရှိန်ပြင်းပြင်းနဲ့ ခုန်တက် လာခဲ့တယ်။ သူတို့ သုံးယောက်က အမြင့်ဆုံး နေရာနဲ့ နီးကပ် နေခဲ့ပြီ။ အပေါ်ကို ဆက်သွားလေလေ မိုးခြိမ်း သံတွေက ပိုကျယ်လောင်လေပဲ။ သူတို့တွေ နီးလာပြီ။
ချက်ခြင်း ဆိုသလို သုံးယောက်စလုံး လျှပ်စီးတွေထဲ ခုန်ဝင်လိုက်တယ်။ ပင်းယန် ခန္ဒာကိုယ် တစ်ချက် နွေးထွေး သွားပြီးနောက် အနက်ရောင် သံချပ်ကာက သူမ ခန္ဒာကိုယ်ပေါ်မှာ တောကပ် လ ာတော့တယ်။
မိုးကြိုးတွေက မနားတမ်း ပြစ်ချနေတယ်။ သံချပ်ကာပေါ်ကို လျှပ်စီး မိုးကြိုးတွေက ဆက်တိုက် ကျရောက်လာတယ်။ ပင်းယန်ကတော့ မနာမကျင်ပဲ ရေနွေးထဲ စိမ်နေရသလို ပျော်နေခဲ့တယ်။
“အရှက် မရှိတဲ့ ကောင်စုတ်က ပို ပိုပြီးတော့ အင်အား ကြီးလာတာပဲ။” ပင်းယန်က သံချပ်ကာ အနက်ရောင် ဝတ်ထားသူကို ကြည့်ရင်း တွေးမိတယ်။
ဝုန်း။ ရွှေရောင် လျှပ်စီးကြီးက ကောင်းကင်ကို ဖြတ်သွားတော့တယ်။
ဖန်ကျန်းရှီ ခန္ဒာကိုယ်ကို ထူးထူး ဆန်းဆန်း လှည့်ပြီး ခုန်လိုက်တဲ့ အတွက် လျှပ်စီးက သူ့ကို လွဲချော် သွားတယ်။ လျှပ်စီးတွေထဲ သူဆက်တက်တယ်။
ပင်းယန်ကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အရှိန်နှုန်းက လျှပ်စီးထက်တောင် မြန်နေတယ်လေ။
“ငါ ဘယ်တော့မှာ ဒီအဆင့်ကို ရောက်မှာလဲ။”
ပင်းယန် တွေးနေ ချိန်မှာပဲ အနက်ရောင် မိုးတိမ်တိုက်ကြီးက ပျောက်ကွယ် သွားတော့တယ်။ လောကသစ် တစ်ခုမှာ သူမရောက် နေတာကို သတိ ထားမိသွားတယ်။
မိုးခြိမ်းသံတွေက ရပ်တန့် သွားခဲ့ပြီ။
သူမ မျက်စိရှေ့မှာ ရှိနေတာကတော့ မျက်စိကျိန်းလောက်အောင် လှပတဲ့ မြင်ကွင်းပဲ။ သူမရဲ့ ပတ်ပတ်လည်မှာ မရေမတွက်နိုင်တဲ့ တောင်တန်းတွေ ရှိနေတယ်။ တောင်တွေက မြင့်မားလွန်းလို့ တိမ်တိုက်တွေထဲတောင် ရောက်နေခဲ့ပြီ။
သူမရဲ့ ခြေထောက် အောက်မှာတော့ ရှေးဟောင်း သစ်ပင်တွေနဲ့ အပင်တွေ အပြည့် ရှိနေတဲ့ တောင်ကြီး တစ်လုံး ရှိနေခဲ့တယ်။
ထူးဆန်းတဲ့ အရာကတော့ ရှေးဟောင်း သစ်ပင်ကြီးတွေက ဇောက်ထိုး ပေါက်နေကျတာပဲ။
ပင်းယန် ပတ်ပတ်လည်ကို လှည့်ကြည့်ရင်း ပါးစပ်အဟောင်းသား မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။ သူမ မြင်လိုက်တဲ့ ရေတံခွန် တစ်ခုကလဲ အောက်ကနေ အပေါ်ကို စီးနေခဲ့တယ်။
တောင်တွေ အားလုံးက လေထဲမှာ ရှိနေတယ်။ တိမ်တွေက တောင်ထိပ်မှာ ရှိသင့်ပေမယ့်၊ တောင်ခြေမှာ ရှိနောကတယ်။
“ဒီနေရာကြီးက တကယ့်ကို လှတာပဲ။” ပင်းယန် လန့်နေပင်မယ့် ပထမဆုံး စကားသံ ထွက်လာခဲ့တယ်။
“အင်း။ တကယ် လှတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ သူတို့ရှေ့က မြင်ကွင်းကြီး တစ်ခုလုံး ပြောင်းလဲ သွားပေမယ့်၊ ဒီမြင်ကွင်းက သူတို့ကို ထူးဆန်းတဲ့ ခံစားချက် တစ်ခု ပေးစွမ်းနေတယ်။
လှပတယ် ဆိုတဲ့ စကားလုံးနဲ့ ဒီအလှတရားကို မဖော်ပြနိုင်ဘူး။
ဒါပေမယ့် သူတို့ သတိမထား မိချိန်မှာပဲ သူတို့ကို စိုက်ကြည့်နေတဲ့ လူတွေ ရှိတာကို ရုတ်တရက် တွေ့သွားတော့တယ်။
“မင်းက ဘယ်သူလဲ။”
“ဘယ်သူလဲ ဟုတ်စ။”
ထူးဆန်းတဲ့ လောကကြီးထဲကို ထိုးဖောက် ဝင်လာပြီး အလှတရားကို ခံစားနေချိန် နှောက်ယှက်ခံရတဲ့ အဖြစ်ကို သာမာန်လူတွေ နားလည်ဖို့ ခက်လိမ့်မယ်။
မကြာခင်ပဲ။ ဝတ်ရုံနက် နှစ်ဦးနဲ့ အတူ ပါလာတဲ့ ဝတ်ရုံဖြူ အမျိုးသမီးကို သူတို့ မြင်သွားကြတယ်။
ဝတ်ရုံဖြူ အမျိုးသမီးက သတိလစ်နေပြီး ဝတ်ရုံနက် အမျိုးသား ချီလာတာကို ခံရတယ်။
“အဲ့တာက ယွင်ချင်းဝူလား။”
“နတ်ဆိုးနဲ့ မိစ္ဆာ သမီးတော် ယွင်ချင်းဝူလား။”
သူတို့သာ မျက်နှာဖုံး စွပ်မထားဘူးဆိုရင် ပါးစပ် အဟောင်းသား ဖြစ်နေတာကို ထင်ထင်ရှားရှင်း မြင်ရနိုင်တယ်။
“ဟုတ်တယ်။ ဒါ ယွင်ချင်းဝူပဲ။ ငါမတော်တဆ ဖမ်းမိလာတာ။” ဖန်ကျန်းရှီက မျက်လုံး ပြူးနေသူတွေကို ပြန်ဖြေတယ်။
အပိုင်း (၉၇၆) ပြီး၏။
အပိုင်း (၉၇၇)
“တောက်ရှင်းကို မသတ်ခင် တောက်ဟွမ်ကိုသတ်။”
“..”
“သူဖမ်းမိလာတယ်။”
“ယွင်ချင်းဝူကို မတော်တဆ မိတာတဲ့။”
“နတ်ဘုရား။ သူက သူ့ကိုယ်သူ နတ်ဘုရားလို့ ခေါ်တယ်။ သူက မုန့်ထျန်းလား။ သုခမိန် စစ်နတ် မုန့်ထျန်းလား။”
ဖန်ကျန်းရှီ ပြောတဲ့ စကားတွေကို ကြားချိန်မှာတော့ သူတို့တွေ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်မိတော့တယ်။ သူတို့တွေ အတော်လေး လန့်နေ ကြတယ်လေ။
သုခမိန် စစ်နတ် မုန့်ထျန်းက ယွင်ချင်းဝူကို ဖမ်းမိ ခဲ့တယ်လား။
ဒါက လူသား မဟာမိတ် အဖွဲ့ တစ်ခုလုံးကို မအံ့သြစေပဲ ဘယ်လို နေနိုင်မလဲ။
လူသား မဟာမိတ် တပည့်သားတွေတင် မကဘူး။ ဖန်ကျန်းရှီ အကြောင်းကို သိတဲ့ ဝူယွဲ့အာတောင်မှ ယွင်ချင်းဝူကို မြင်ချိန်မှာ တအံ့တသြ ဖြစ်နေခဲ့တယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။ ဒီကောင်က ယွင်ချင်းဝူကို တကယ်ပဲ ဖမ်းနိုင်တာလား။ သူဘယ်လိုများ လုပ်နိုင်တာလဲ။” ဝူယွဲ့အာ ဒါကို တွေးမိ ချိန်မှာတော့ ချက်ခြင်း ထရပ်တော့တယ်။
“ဆရာကြီး မုန့်ထျန်းက ယွင်ချင်းဝူကို ဖမ်းခဲ့တယ်။ ဒါက လူသား မဟာမိတ် အဖွဲ့အစည်း အတွက် အကောင်းဆုံး ကြိုးပမ်းမှုပဲ။ ဆရာကြီး မုန့်ထျန်းက ငါတို့ရဲ့ ကယ်တင်ရှင်ပဲ။”
“ဟုတ်တယ်။ သူက ငါတို့ရဲ့ ကယ်တင်ရှင်ပဲ။”
“တကယ်ပဲ မိုက်လိုက်တာ။”
“ယွင်ချင်းဝူကို ဖမ်းမိပြီ ဆိုတော့ သေချာပေါက် ငါတို့ နိုင်ပြီ။”
တခြား တပည့်သားတွေ အားလုံးက ဖန်ကျန်းရှီကို တလေးတစားနဲ့ ချီးကျုး နေခဲ့ကြတယ်။
ဒါပေမယ့် တောက်ဟွမ်ကတော့ မျက်နှာဖုံး အောက်မှာ မျက်မှောင်ကြုတ် နေခဲ့တယ်။
မုန့်ထျန်းက ယွင်ချင်းဝူကို ဖမ်းမိခဲ့ပြီ။ ဒီအချက် တစ်ခုတည်းကတင် ကြောက်စရာ ကောင်းလွန်းနေပြီ။ အကယ်၍ တစ်ခုခု အမှား အယွင်းသာ မဖြစ်ခဲ့ရင် လူသားတွေက စစ်ပွဲကို နိုင်လိမ့်မယ်။ မုန့်ထျန်းကလဲ လူသားတွေရဲ့ ဘုရင် ဖြစ်လာမယ်။ လေးစား ချစ်ခင်မှုတွေကို အများကြီး ရလိမ့်မယ်။
တောက်ဟွမ်ကတော့ ယင်ယန် ခန်းမ ခေါင်းဆောင်သာ ပြန်ဖြစ်သွားလိမ့်မယ်။
ဒါက ဆက်ဖြစ်နိုင်မလား ဆိုတာတောင် မသေချာဘူး။ လူသား မဟာမိတ်က စတင် ဖြစ်တည် နေခဲ့ပြီ။ မြင့်မြတ် နယ်မြေ မျိုးနွယ်စုကြီး ငါးခုကလဲ နောက်ထပ် မတည်ရှိတော့ဘူး။
“မဖြစ်ဘူး။”
(ငါ ဒီလောက်ထိ ကြိုးစား ခဲ့ရတာ ငါ့နေရာကို သူများစီ မပေးနိုင်ဘူး။)
တောက်ဟွမ် အရမ်းကို မကျေမနပ် ဖြစ်နေခဲ့တယ်။ လက်ရှိ နေရာ အထိ သူတွယ်တက် လာခဲ့ရတယ်။ ဒါပေမယ့် အားလုံးက အလဟသတ် ဖြစ်တော့မယ်။ သူဒါကို ဘယ်လိုများ သည်းခံ နိုင်မှာလဲ။
ရှေးဟောင်း ဆိုရိုးစကား ရှိတဲ့ အတိုင်း (လူဟာ ကြံရင်း သေတယ်။ ငှက်တွေဟာ ပျံရင်း သေတယ်။)
လက်ရှိ အခြေအနေမှာ တောက်ဟွမ် အတွက် အရေး အကြီးဆုံးက အာဏာပဲ။ အဆုံးမဲ့ အာဏာ။
…
ဖန်ကျန်းရှီက တောက်ဟွမ်ရဲ့ အကြည့်ကို သတိ မထားမိဘူး။ တောက်ဟွမ် နောက်မှာ ရှိနေသူကိုသာ ကြည့်နေခဲ့တယ်။
ရန်ရွှယ်။ သူ့ကြည့်ရတာ ပိန်သွား သလိုပဲ။
ရန်ရွှယ့်ကို ဖန်ကျန်းရှီ နှုတ်ဆက်တော့မယ့် အချိန်မှာပဲ လူတစ်ယောက်က ရှေ့ကို ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် ဝတ်ရုံနက်က ကျွတ်သွားတယ်။ မျက်နှာဖုံးစွပ် တစ်ခု ပေးလာတယ်။
“ငါကတော့ လူသား မဟာမိတ် အဖွဲ့ ခေါင်းဆောင် တောက်ဟွမ်ပါ။ ဆရာကြီး မုန့်ထျန်းက ယွင်ချင်းဝူကို ဖမ်းနိုင်ခဲ့တာ လူသားတွေ အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ တစ်ခုပါပဲ။ ဒါပေမယ့် ဆရာကြီး မုန့်ထျန်းနဲ့ ရှင်းလင်းအောင် လုပ်စရာတွေ ရှိနေသေးတယ်။” တောက်ဟွမ်က ရှေ့ထွက်လာရင်း ဖန်ကျန်းရှီကို ယဉ်ယဉ်ကျေးကျေးနဲ့ ပြောတယ်။
“မြန်မြန်ပြော။” ဖန်ကျန်းရှီကတော့ သူ့ကို တစ်ချက်လေးတောင် လေးစား သမှု မပြခဲ့ဘူး။
“ဟမ်။” တောက်ဟွမ် ခန္ဒာကိုယ် တုန်ယင်သွားတယ်။ သူက အရမ်းကို အေးစက်လာတယ်။ ဒါပေမယ့် သူ့ကို ကြည့်နေတဲ့ မျက်ဝန်းတွေ အများကြီး ရှိနေတဲ့ အတွက် ရပ်တန့် သွားခဲ့ရတယ်။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီး ချိန်မှာတော့ အေးစက်စက် အကြည့်က ပျောက်ကွယ် သွားတော့တယ်။
သူက မုန့်ထျန်းကို ကောင်းကောင်း မွန်မွန် ပြောခဲ့တယ်။
“ဆရာကြီး မုန့်ထျန်းက တကယ့်ကို ပွင့်လင်းတာပဲ။ ကျွန်တော် အမှား လုပ်မိရင် တောင်းပန်ပါတယ်။ ဆရာကြီး မုန့်ထျန်း ဒီနေရာကို ဘာကြောင့် ရောက်လာလဲ မေးချင်ပါတယ်။”
“ဒီတော့ ငါလာလို့ မရဘူးလို့ မင်းပြောချင်တာလား။”
“ဘယ်လိုများ ပြောဝံ့မှာလဲ။ ဒါပေမယ့် ဂူဝင်ပေါက်မှာ လက်ထောက် ခေါင်းဆောင်မော့ စောင့်ကြပ် နေတာကိုတော့ ငါမှတ်မိတယ်။ ဆရာကြီး ဒီကို ရောက်နေတယ် ဆိုတော့ အပြင်မှာ တစ်ခုခု မှားယွင်း နေတာလား။” တောက်ဟွမ်က ထက်မြက်တယ်။
“ဟုတ်တယ်။ အပြင်မှာ အပြောင်းအလဲလေး တချို့ ရှိတယ်။” ဖန်ကျန်းရှီ မလိမ်ခဲ့ဘူး။
“နည်းနည်းပဲလား။ အခုချိန်မှာ မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့ လုံခြုံ နေရဲ့လား။” တောက်ဟွမ်က ရှေ့ကို တိုးလာရင်း ပြောတယ်။
“ငါ့ရှေ့မှာ မဟုတ်တမ်း တရားတွေ ပြောနေတာ ရပ်လိုက်။ ငါ့အချိန်တွေကို လာဖြုန်း မနေနဲ့။ အရေးကြီး ကိစ္စ မရှိရင် လမ်းလာ မပိတ်နဲ့။ ကျောက်ပြားကို ငါကြည့်ချင်တယ်။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ်ရင် းအော်ထုတ်တော့တယ်။ ဖန်ကျန်းရှိက တောက်ဟွမ်ကို သေချာပေါက် လုံး၀ ယဉ်ကျေး မနေခဲ့ဘူး။
“မင်း။” တောက်ဟွမ်ရဲ့ အကြည့်က အေးစက် သွားပြန်တယ်။ သူယွင်ချင်းဝူကို ကြည့်တယ်။ “ဆရာကြီး မုန့်ထျန်းက ငါ့မေးခွန်းကို မဖြေရသေးဘူး။ မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့ ဒဏ်ရာမရဘူး မဟုတ်လား။ ဒါမှမဟုတ် သူဒဏ်ရာရအောင် ဆရာကြီး ကိုယ်တိုင် လုပ်လိုက်တာလား။”
“ငါလုပ်တယ် ဟုတ်စ။” တစ်ခဏတာ အချိန် အတွင်းမှာတော့ တောက်ဟွမ် ပြောချင်တဲ့ စကားကို ဖန်ကျန်းရှီ နားမလည်ခဲ့ဘူး။ သူတင်မကပဲ မုချင်းဖန်းနဲ့ တပည့်သားတွေတောင် မျက်မှောင်ကြုတ် သွားခဲ့တယ်။
“ဒီတော့ ဆရာကြီး မလုပ်ခဲ့ဘူးလား။” တောက်ဟွမ်က ဖန်ကျန်းရှိကို ဖိအား ပေးတယ်။
“မင်းရဲ့ စကားတွေကို နားထောင် ရသလောက် ဆိုရင် မင်းက ငါ့ကို တမင်တကာ စွပ်စွဲ ချင်နေပုံပဲ။” တောက်ဟွမ် ပြောချင်တာကို သိပ်မရှင်း ပေမယ့် ရည်ရွယ်ချက်ကိုတော့ သိတယ်လေ။
“ငါက အချက် အလက်တွေကို ပြောကြည့် ရုံပါပဲ။ ဆရာကြီးက အပြင်ကနေ ရောက်လာမှတော့ ခေါင်းဆောင်မော့က ဘာဖြစ်လို့ မပါရတာလဲ။ သူ့ကို သတ်လိုက်တာလား။ ဒါမှမဟုတ် မင်းက နတ်ဆိုး မိစ္ဆာလား။” တောက်ဟွမ်က လေသံ လုံး၀ ပြောင်းသွားတော့တယ်။ နောက်ထပ် သူမတုံ့ဆိုင်း တော့ဘူး။
ဖန်ကျန်းရှီရဲ့ အပြုအမူကနေ သူတစ်ခုခုကို ခံစား မိနေတယ်လေ။ မော့ရှန်းရှီတော့ တစ်ခုခု ဖြစ်နေပြီ။ သူသာ မသေသေးရင် သေချာပေါက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားလိမ့်မယ်။ ဒါ့အပြင် ဖန်ကျန်းရှီနဲ့ ပင်းယန်ရဲ့ ခန္ဒာကိုယ်ပေါ်မှာလဲ သွေးစက်တွေကို သူမြင်နေတယ်။ နှစ်ယောက်စလုံး ဒဏ်ရာ ရထားတာ ဖြစ်နိုင်တယ်။
အခုချိန်မှာမှ သူမလှုပ်ရှားရင် ဘယ်အချိန်မှာ လှုပ်ရှား ရမှာလဲ။
“မဟာမိတ် ခေါင်းဆောင်တောက်က ဘာကို ပြောချင်တာလဲ၊ ဆရာကြီး မုန့်ထျန်းက လူသား မျိုးနွယ်ရဲ့ ကယ်တင်ရှင်။ သူက နတ်သခင် လင်းကျီကိုတောင် သတ်ခဲ့တဲ့သူလို့ ငါပြောခဲ့ ပြီးပြီလေ။” ဝူယွဲ့အာ နောက်ထပ် တောင့်ခံ မထားနိုင်ပဲ ထွက်လာတော့တယ်။
“ဒါတွေ အားလုံးက ခေါင်းဆောင်ဝူ တစ်ယောက်တည်း ပြောတဲ့ စကားတွေလေ။ ဒါတွေကို ကိုယ်တိုင် မြင်ခဲ့လို့လား။ ဒါ့အပြင် သူ လင်းကျီကို သတ်တယ် ဆိုတာကလဲ မိစ္ဆာ နတ်ဆိုးတွေရဲ့ ဟန်ဆောင် အကြံ တစ်ခု ဖြစ်နိုင်တာပဲ။ သုခမိန် စစ်နတ် မုန့်ထျန်း။ ဟဟား။ မင်းလို နှစ်ရာချီတည်းက သေပြီးသား ဖြစ်နေတဲ့ သူက ဘယ်လိုများ အသက်ပြန်ရှင် လာနိုင်မှာလဲ။”
တောက်ဟွမ်က ဝူယွဲ့အာကို လုံး၀ လျစ်လျူရှုှ ထားရင်း ဆက်ပြောနေတယ်။
“အခု ကိစ္စတွေက အရမ်းကို ထင်ရှား နေပြီ။ မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့ အသတ်ခံ လိုက်ရပြီ။ သတ်တဲ့သူက မင်းပဲ။ သုခမိန် စစ်နတ် မုန့်ထျန်းကို ကိုယ့်ကိုယ်ကို ခေါ်နေတဲ့ မင်းလက်ချက်ပဲ။ ငါထင်တာသာ မမှားရင် နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေက မင်း နောက်မှာ အခုချိန် ရှိနေလိမ့်မယ်။”
“ဘာဖြစ်တယ်။”
“မုန့်ထျန်းက မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့ကို သတ်တယ်တဲ့လား။ မဖြစ်နိုင်တာပဲ။”
“သူက ယွင်ချင်းဝူကိုတောင် ဖမ်းလာ နိုင်တဲ့သူလေ။”
လူသား မဟာမိတ် တပည့်သားတွေက တောက်ဟွမ်ကို မယုံကြဘူး။ ဒါပေမယ့် မော့ရှန်းရှီက မုန့်ထျန်းနဲ့ အတူတူ ပေါ်မလာ ခဲ့တဲ့ အတွက် သူ့စကားတွေက တနည်းတဖုံ မှန်ကန်သယောင် ရှိနေခဲ့တယ်။
“နင် ခွေးလို စကားတွေ ပြောနေတာပဲ။” ပင်းယန်က နောက်ထပ် တောင့်ခံ မထားနိုင်တော့ဘူး။
တောက်ဟွမ်ကတော့ ပင်းယန်ကို စကား ဆက်ပြောခွင့် မပေးခဲ့ဘူး။ သူက အရင်ဆုံး ပြန်အော်တယ်။
“တိတ်စမ်း။ ငါက အမှန်တရားကိုပဲ ဂရုစိုက်တယ်။ အခုချိန်မှာ မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့ သေသလား ရှင်သလား ငါတို့ မသိသေးဘူး။ သုခမိန် စစ်နတ် မုန့်ထျန်းဆိုတဲ့ မင်းရဲ့ ဇစ်မြစ်ကိုလဲ သံသယရှိတယ်။ အကယ်၍ မင်းကိုယ်မင်း သက်သေ ပြချင်ရင်၊ အရမ်းကို ရိုးရှင်းတယ်။ ယွင်ချင်းဝူကို ငါ့လက်ထဲ အပ်လိုက်။ ဒါဆိုရင် မင်းက နတ်ဆိုး မိစ္ဆာ မဟုတ်ဘူးလို့ ငါယုံလိုက်မယ်။”
“ဒီတော့ မင်းက ယွင်ချင်းဝူကို လိုချင်တယ်ပေါ့။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ တောက်ဟွမ် လိုချင်တာကို နားလည် သွားခဲ့ပြီ။
အခုချိန်မှာ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေက ယွင်ချင်းဝူ လက်အောက်မှာ မရှိတော့မှန်း တောက်ဟွမ် မသိဘူးလေ။ အားလုံးကတော့ ယွင်ချင်းဝူ တပ်တွေကို အုပ်ချုပ် နေဆဲလို့ ထင်နေကြတယ်။ တောက်ဟွမ် ယွင်ချင်းဝူကို လိုချင်တာ အာဏာ အတွက်ပဲ။
အကယ်၍ ယွင်ချင်းဝူသာ သူ့လက်ထဲမှာ အောင်အောင် မြင်မြင် အဆုံးသတ် သွားရင် မဟာမိတ် ခေါင်းဆောင် နေရာကလဲ သေချာ သွားလိမ့်မယ်။
“ဒီတော့ မင်းက ငါ့ကို မယုံတာလား။ ဒါမှမဟုတ် ယွင်ချင်းဝူကို လူသား မဟာမိတ် လက်ထဲ အပ်ဖို့ စိတ်ကူး မရှိတာလား။” တောက်ဟွမ်ကတော့ ဖန်ကျန်းရှီ တွေေ၀ နေတာကို မြင်ချိန်မှာ ပိုသေချာ သွားခဲ့တယ်။
“ဟဟား။ တောက်ဟွမ်။ ဝါးနိုင်တာထက် ပိုမကိုက်နဲ့ ဆိုတဲ့ စကားကို မင်းနားလည်လား။” ဖန်ကျန်းရှီက အရမ်းကို တောက်တောက် ပပကြီး ပြုံးနေရင်း ပြောတယ်။
တော်ဝင် ညီလာခံထဲက လူတွေ အာဏာကို မက်မောမှန်း သူသိတယ်။ အခုချိန်မှာ ဒီလို လူမျိုးနဲ့ တွေ့နေရတဲ့ အတွက် သူအတော့်ကို ပြောစရာ စကား မရှိ ဖြစ်နေခဲ့တယ်။ အရေး အကြီးဆုံးကတော့ တောက်ဟွမ်က အရမ်းကို အတင့်ရဲ လွန်းတာပဲ။ သူက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတယ်။
ဒါပေါ့ အတွေးတွေက ဖန်ကျန်းရှီ စိတ်ထဲ ဆက်တိုက် လှုပ်ရှားနေသလို တောက်ဟွမ်လဲ တွေးနေခဲ့တယ်။ လူသား မဟာမိတ် အဖွဲ့က သူ့ကို ထောက်ပံ့ ပေးမယ်လို့ သူ အထင်အရှား ယုံကြည်နေခဲ့တယ်။ မော့ရှန်းရှီ သေသလား ရှင်သလား ဆိုတာ သူစိတ်မဝင် စားဘူး။
မုန့်ထျန်း ခန္ဒာကိုယ်မှာ သွေးစက်တွေ ရှိနေတဲ့ အတွက် အပြင်ဘက်မှာ တိုက်ပွဲကြီး ဖြစ်ခဲ့မှန်း သူသေချာတယ်။ ဒါ့အပြင် မုန့်ထျန်းက ဆုတ်ခွာ ထွက်ပြေး လာတာ ပိုဖြစ်နိုင်တယ်။
အခုလို အခြေအနေမျိုးမှာ မုန့်ထျန်းကို အနိုင်တိုက်ပြီး ယွင်ချင်းဝူကို အရယူရမယ်။ လူသား မျိုးနွယ် အနိုင်ရရုံတင် မကဘူး။ သူလဲ မဟာမိတ် ခေါင်းဆောင် ဆက်ဖြစ် နေလိမ့်မယ်။ အချိန် ကောင်းမှာ သေချာပေါက် စွန့်စား သင့်တယ်။
“ဒီတော့ မင်းက ယွင်ချင်းဝူကို လက်လွှဲ မပေးဘူးလား။” တောက်ဟွမ်က ဖန်ကျန်းရှီ အနားကို ကပ်လာရင်း ပြောတယ်။
“ငါက ယွင်ချင်းဝူကို ငါ့အစွမ်းနဲ့ ဖမ်းထားတာလေ။ ဘာဖြစ်လို့ မင်းလက်ထဲ အပ်ရမှာလဲ။” ဖန်ကျန်းရှီ စိတ်ဆိုးလာတယ်။
“မင်း ယွင်ချင်းဝူကို ငါ့လက်ထဲ မအပ်ဘူး ဆိုရင်၊ မင်းက အယောင်ဆောင် သုခမိန် စစ်နတ် မုန့်ထျန်းပဲ။ ငါတို့ အားလုံးကို သတ်ဖို့ စောင့်နေတဲ့ကောင်။ မင်း အိပ်မက် မကျ်နေလိုက်။” တောက်ဟွမ်က ဖန်ကျန်းရှီ အနားကို တိုးကပ် လာခဲ့တယ်။
“ဒီတော့ မင်းက ငါ့ကို ဘာလုပ် စေချင်တာလဲ။” ဖန်ကျန်းရှီက တောက်ဟွမ် နီးလာတာကို သတိ မထားမိတဲ့ အတိုင်း တမင် လက်နောက်ပြစ်ရင်း မေးလိုက်တယ်။
တောက်ဟွမ်ရဲ့ အကြည့်ကတော့ ပိုပြီး အေးစက် လာခဲ့တယ်။ သူလဲ ခါးထောက်ရင်း ခြေလှမ်း ၂လှမ်း ရှေ့တိုးလာတယ်။
“ငါ မင်းဆီက ဘာမှ မလိုချင်ဘူး။ လူသား မဟာမိတ် လက်ထဲ ယွင်ချင်းဝူကို အပ်လိုက်။ ဒါဆိုရင် နှစ်ဖက်စလုံး အဆင်ပြေ သွားလိမ့်မယ်။ ဆရာကြီး မုန်ကထျန်း။ မင်းက။”
တောက်ဟွမ် ပြောရင်းနဲ့ တိုက်ခိုက်တော့တယ်။ သူ့ခါးမှာ ရှိနေတဲ့ ဓားက ချက်ခြင်း ဆိုသလို ထွက်ပေါ်လာတယ်။ ငွေရောင် အလင်းတန်းက ဖန်ကျန်းရှီရဲ့ လည်ပင်းကို တိုက်ရိုက် ရောက်ရှိတယ်။ တောက်ဟွမ်ရဲ့ နောက်လက် တစ်ဖက်ကလဲ လေထဲမှာ မြှောက်တက်လာတယ်။
တောက်ဟွမ်ရဲ့ လက်က အချက်ပြ လိုက်တာနဲ့ လူသား မဟာမိတ် အဖွဲ့ထဲက လူတချို့ ချက်ခြင်း ဆိုသလို ပျံသန်း လာတော့တယ်။ ယင်ယန် ခန်းမ အကြီးအကဲတွေ။
အားလုံးက တောက်ဟွမ် စကား စပြောချိန် တည်းကနေ ပြင်ဆင် ထားကြပြီသား။ တောက်ဟွမ်ရဲ့ အကြံကို အားလုံးက ခန့်မှန်း မိတယ်လေ။ ဒါက တောက်ဟွမ်ရဲက အချက်ပြတဲ့ ပုံစံပဲ။ တောက်ဟွမ် တိုက်ခိုက်တာနဲ့ သုခမိန် ဆယ်ယောက်ကျော်က တပြိုင်နက်တည်း တိုက်ခိုက်တယ်။
တစ်ယောက်ချင်းစီတိုင်းက အသေသတ် တိုက်ကွက် တွေကိုချည်း သုံးထားခဲ့တယ်။ အခြေအနေတွေက ရုတ်တရက် ပြောင်းလဲတယ်။ ပတ်ဝန်းကျင် တပည့်သားတွေကတော့ တောက်ဟွမ် တိုက်ခိုက်တာကို မယုံနိုင်ကြဘူး။
“မဟာမိတ် ခေါင်းဆောင်တောက်။ ဒီလို လုပ်လို့ မရဘူးလေ။” မုချင်းဖန်း တားပေမယ့်၊ တောက်ဟွမ်က ဖန်ကျန်းရှီနဲ့ အရမ်းကို နီးကပ် နေခဲ့တယ်။
ဝူယွဲ့အာလဲ မျက်လုံး ပြူးသွားတယ်။
ဒါပေမယ့် သုခမိန်တွေ လှုပ်ရှားချိန်မှာ သူမလဲ ချက်ခြင်း လှုပ်ရှားတယ်။ ဖန်ကျန်းရှီ အနားကို ပျံသန်းလာတယ်။ ဒါပေမယ့် သုခမိန်တွေနဲ့ ယှဉ်လိုက်ရင် သူမက နှေးနေသေးတယ်။
ဒါပေါ့ သူမကို ကျော်ဖြတ်သွားသူ နှစ်ယောက်ကတော့ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးပဲ။ သူတို့ နှစ်ယောက်လုံးက တောက်ဟွမ်နဲ့ အတူတူ တစ်ချိန်တည်းမှာ တိုက်ခိုက်ကြတယ်။
ဒါပေမယ့် နှစ်ယောက်ပေါင်း အင်အားက ဖန်ကျန်းရှီဆီ လာနေတဲ့ သုခမိန် ဆယ်ယောက်တည်းက နှစ်ယောက်ကိုသာ တားနိုင်ဖို့ လုံလောက်တယ်။ ဓားတွေ အားလုံးကို မတားဆီး နိုင်ခဲ့ဘူး။
“လူတစ်ယောက်က ကိုယ့် အဆင့်ကိုယ် သိဖို့ တကယ်ပဲ လိုတယ်။” ဖန်ကျန်းရှီက လက်တစ်ဖက်ကို မြှောက်ရင်း ပြော်လိုက်တယ်။ ငွေရောင် အလင်းတန်းကို လက်ချောင်းလေး နှစ်ချောင်း သုံးပြီး သူက အေးအေးဆေးဆေး ဖမ်းယူတယ်။ အလင်းတန်းက သူ့ရှေ့မှာ ရပ်တန့် သွားခဲ့ပြီ။
တစ်လက်မလေးတောင် မလှုပ်နိုင်ခဲ့ဘူး။
ဒီအပြောင်းအလဲက တောက်ဟွမ်ကို မယုံကြည်နိုင်မှု အပြည့်နဲ့ တုန်ယင် သွားစေတယ်။ ဖန်ကျန်းရှီက ယွင်ချင်းဝူကို လက်တစ်ဖက်နဲ့ ချီထားတာတောင် သူ့ဓားကို လက်ချောင်းလေးနဲ့ ဖမ်းယူနိုင်မယ်လို့ ထင်မထား မိခဲ့ဘူး။
လက်ချောင်းလေး ၂ချောင်းနဲ့တင် သူ့ဓားကို ဖမ်းလိုက်တယ်။ ဘယ်လောက်တောင် ဆိုးဝါးလိုက်သလဲ။
ဒါမျိုးက အဆင့် ကွာခြားနေတဲ့ အချိန် မျိုးမှာပဲ ဖြစ်နိုင်တယ်။ ဆရာက တပည့်ကို သင်ကြားတဲ့ အချိန်မျိုးမှာပဲ ဒီလို ရလဒ်က ထွက်ပေါ်တယ်။ အခြေအနေက သာမာန် တိုက်ပွဲမျိုးမှာ မဖြစ်တတ်ဘူး။
“မုန့်ထျန်း။ မင်း။ သူ့ကို မြန်မြန် သတ်ကြ။” တောက်ဟွမ် အထိတ်တလန့် ဖြစ်သွားတယ်။ နောက်ထပ် လွတ်လမ်း မရှိတော့ဘူး။ ဒါကြောင့် ရှေ့ကို ဆက်တိုးလာရင်း ယင်ယန် ခန်းမ အကြီးအကဲတွေကို အော်တော့တယ်။
တောက်ဟွမ်ရဲ့ အော်သံနဲ့ အတူ ယင်ယန် ခန်းမက ဓားတွေ အားလုံး ဖန်ကျန်းရှီ ဆီကို ရောက်ရှိ လာတော့တယ်။ တောက်ဟွမ်လိုပဲ။
မုန့်ထျန်းကို မသတ်နိုင်မှန်း အားလုံးက သိနေကြပေမယ့်၊ ဒီအတိုင်း ဆက်သွားရင် ယင်ယန် ခန်းမက ဂုဏ်သိက္ခာ ပျက်ပြား သွားနိုင်တယ်လေ။
သေရှင် မြေကြီး ရှင်ရင် ရွှေထီးပဲ။
“သေစမ်း။” အေးစက်စက် အလင်းတန်းတွေနဲ့ အတူ ယင်ယန် ခန်းမ အကြီးအကဲတွေက ဖန်ကျန်းရှီရဲ့ သေကွင်း သေကွက်တွေကို အဓိက ထားပြီးတော့ တိုက်ခိုက် လာခဲ့တယ်။
အပိုင်း (၉၇၇) ပြီး၏။
အပိုင်း (၉၇၈)
“ရန်ရွှယ့် မှတ်ဉာဏ်တွေ။”
ဓား အလင်းတန်းတွေ အားလုံးက လျှပ်စီးလက်သလိုပဲ။ ဖန်ကျန်းရှီ တောက်ဟွမ်ရဲ့ ဓားကို ဖမ်းလိုက်ပြီးချိန်မှာ တခြား ဓားတွေ အားလုံးက ဖန်ကျန်းရှီ ဆီကို ရောက်ရှိ လာတော့တယ်။
“ထွက်သွားစမ်း။” အေးစက်စက် အော်သံကြီးကို ကြားလိုက်ရတယ်။ ရာချီတဲ့ မိုးကြိုးတွေ ကောင်းကင်ကနေ ဆင်းသက်လာပြီး ကျယ်လောင်တဲ့ နဂါး ဟိန်းသံတွေ ထွက်ပေါ် လာတော့တယ်။
မိုးကြိုး လျှပ်စီးတွေ ထစ်ချုန်းတယ်။
ခရမ်းရောင် မိုးကြိုး နဂါးတွေက ယင်ယန် ခန်းမ အကြီးအကဲတွေရဲ့ ခန္ဒာကိုယ်ကို ရစ်ပတ်ပြီး သွားတွေနဲ့ ကိုက်ဖြဲ ကြတော့တယ်။
ဝုန်း။
ဝုန်း
“…”
လျှပ်စီးတွေ အများကြီး ကောင်းကင်ကနေ ဆင်းသက် လာချိန်မှာတော့၊ အကြီးအကဲတွေ တစ်ယောက်ပြီး တစ်ယောက် မြေပြင်မှာ လဲကျ ကုန်တော့တယ်။ ဒီမြင်ကွင်းက တောက်ဟွမ်ကို တအံ့တသြ ဖြစ်စေသလို တစ်ချိန်တည်းမှာပဲ ဒေါသ ထွက်နေခဲ့တယ်။
မုန့်ထျန်း ဒီလောက်ထိ အင်အားကြီးမှန်း သူမယုံခဲ့တဲ့ အတွက် အံ့သြတယ်။ ဒေါသထွက်တာကတော့ အကြီးအကဲတွေကို မိုးကြိုးနဲ့ ပြစ်ချ ပြီးချိန်မှာ မုန့်ထျန်းရဲ့ အကြည့်က အားရကျေနပ်ဟန်ကို ပြောင်းသွားတာ ကြောင့်ပဲ။
ချွမ်။ တောက်ဟွမ် လက်ထဲက ဓားချက်ခြင်း ဆိုသလို ၂ပိုင်းကျိုးသွားတယ်။ ငွေရောင် အလင်းတန်းက သူ့နဖူးထဲ ဝင်သွားတာကို တောက်ဟွမ် မြင်လိုက်ရတယ်။
ဒီအလင်းတန်းကို ခုန်ရှောင်ချင်ပေမယ့်၊ မဖြစ်နိုင်ခဲ့ဘူး။ တောက်ပတဲ့ အလင်းတန်းက မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းလှတယ်။
ပုံရိပ်ယောင်တွေ တောက်ဟွမ် ရှေ့မှာ ပေါ်လာတယ်။ မုန့်ထျန်းနဲ့ ခြေငါးလှမ်း အကွာအထိ နောက်ဆုတ်လိုက်တယ်လို့ သူ့ကိုယ်သူ တွေးမိပေမယ့်၊ သူ့ခန္ဒာကိုယ်က မုန့်ထျန်း ရှေ့မှာပဲ ရှိနေသေးတယ်။
ဝိဉာဉ်။
သူ့ခန္ဒာကိုယ်က ဝိဉာဉ်လွင့် သွားတာလား။
“သ သရဲတာအို။ အဲ့တာ သရဲ တာအိုပဲ။” တောက်ဟွမ် အော်ပင်မယ့်၊ ဘယ်လို အသံမှ ထွက်မလာခဲ့ဘူး။ သူ့ခန္ဒာကိုယ်က လေထဲမှာ လွင့်မျော နေခဲ့တယ်။
သူဆက်ပြီး လှုပ်ရှား ချင်ပေမယ့်၊ ခန္ဒာကိုယ်ကို မမြင်ရတဲ့ ကြိုးပေါင်း တစ်ထောင်က ချုပ်နှောင် ထားသလိုပဲ။ သူ့အင်အားတွေ အားလုံးလဲ ကုန်ဆုံး သွားရတယ်။
ဒါတွေ ဘာကြောင့်များ ဖြစ်ရတာလဲ။
တောက်ဟွမ်က အရမ်းကို ထိတ်လန့် နေခဲ့တယ်။ ဒါပေမယ့် မုန့်ထျန်းကတော့ သူ့ကို ပုရွက်ဆိတ် တစ်ကောင်လိုမျိုး လှောင်ရယ် နေခဲ့ပြီ။
ဝူး။ သူ့ရှေ့မှာ ရှိတဲ့ လောကကြီး တစ်ခုလုံးက ပြောင်းလဲသွားတယ်။ မုန့်ထျန်းရဲ့ အမူအယာကလဲ ပုံမှန် ပြန်ဖြစ်သွြးတယ်။ မုန့်ထျန်းက သူ့ကို အနီးကပ် ကြည့်နေခဲ့တယ်။
သူတို့တွေက တစ်ပေ အကွာသာ ဝေးကြပေမယ့် မိုးနဲ့ မြေလို ကွာခြား နေခဲ့တယ်။ တကိုယ်လုံး ချွေးတွေ အပြည့်နဲ့ အားအင် တစ်စက်မှမကျန် ရှိတော့ဘူး။
ဝုန်း။ တောက်ဟွမ်က မြေပြင်မှာ ဒူးထောက်လျက်သား ကျသွားခဲ့တယ်။ ချွေးစက်တွေက မြေပြင်ပေါ်ကို တစ်စက်စက် ကျဆင်းနေတယ်။ နောက်ထပ် တောင့်ခံ မထားနိုင်တော့ဘူး။
“မင်း မင်း။” တောက်ဟွမ် ခြေထောက်တွေက တုန်ယင်လာပြီး မြေပြင်မှာ လုံး၀ လဲကျတော့မလို ဖြစ်နေခဲ့ပြီ။ သူ့ဝိဉာဉ်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့တယ်။ သူ့ခန္ဒာကိုယ်ကို နောက်ထပ် မထိန်းချုပ် နိုင်တော့ဘူး။ အင်အား ရှိသေးပင်မယ့်၊ ဒီအင်အားကို သူထိန်းလို့ မရတော့တဲ့ အတိုင်းပဲ။
“လွန်ခဲ့တဲ့ အချိန် တစ်ခုတုန်းက လင်းကျီလဲ ငါ့ရှေ့မှာ ဒီလို ဒူးထောက်ခဲ့တယ်။” ဖန်ကျန်းရှီ ခြေထောက် တစ်ဖက်ကို မြှောက်ရင်း ပြောလိုက်တယ်။
ဝုန်း။ တောက်ဟွမ်ရဲ့ ခေါင်းကို နင်းချရင်း မြေကြီးထဲ နစ်ဝင်သွားအောင် သူဆက်တိုက် ဖိထားခဲ့တယ်။ တောက်ဟွမ်ရဲ့ မျက်နှာဖုံးကိုလဲ သူဆက်တိုက် ခြေထောက်နဲ့ နင်းချေနေတယ်။
“မင်း မင်း ငါ့ကို သတ်ဝံ့ရင်၊ လူသား မဟာမိတ် အဖွဲ့က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။” တောက်ဟွမ် ရုန်းကန် ချင်ပေမယ့်၊ သူ့ခန္ဒာကိုယ်ကတော့ မခုခံ နိုင်ခဲ့ဘူး။ ဖန်ကျန်းရှီ သူ့ကို နင်းချေ နေချိန်မှာ အသက်ရှူရုံသာ တတ်နိုင်ခဲ့တယ်။
ဒီအဖြစ် အပျက်က အရမ်းကို မြန်ဆန်လွန်းတယ်။
တောက်ဟွမ်က ယင်ယန် ခန်းမ အကြီးအကဲ ဆယ်ယောက်နဲ့ ပေါင်းစည်းပြီး တိုက်ခိုက်တယ်။ ဒါတောင်မှ အားလုံး ရှေ့မှာ တောက်ဟွမ် နင်းချေ ခံနေရပြီ။ ဖြစ်ပျက် သွားတာက မြန်လွန်းလို့ လူသား မဟာမိတ် အဖွဲ့တောင် ပင့်သက် ရှိုက်နေရတယ်။
အရေးကြီးဆုံး အရာကတော့ တောက်ဟွမ် အလစ်ဝင် တိုက်တာတောင် ဖန်ကျန်းရှီရဲ့ ဆံခြည်မျှင် တစ်မျှင်မှ ထိခိုက် မသွားတာပဲ။ သုခမိန် စစ်နတ် မုန့်ထျန်းက တကယ့်ကို အင်အား ကြီးလွန်းတယ်။
ကြောက်စရာ ကောင်းလိုက်တာ။
တောက်ဟွမ်က သုခမိန် အထွတ်အထိပ် အဆင့်မှာ ရောက်နေတဲ့ လူတစ်ယောက်။ သူ့အဆင့်နဲ့ ဆိုရင်၊ နတ်သခင်တွေနဲ့ တိုက်ခိုက် ရရင်တောင် ကိုယ့်ကိုယ်ကို ကာကွယ် နိုင်စွမ်း ရှိတယ်။
ဒါပေမယ့် ဖန်ကျန်းှရီ ရှေ့မှာတော့ ခုခံနိုင်စွမ်း အားလုံး ပျောက်ဆုံး သွားခဲ့ပြီ။ ဒါ့အပြင် ကြောက်လန့် တကြား ရှုံးနိမ်ှုကြောင့် အဖြစ်ဆိုးနေတဲ့ သူ့ပုံစံက ကျောက်တုံးကို သွားတိုက်မိတဲ့ ကြက်ဥ တစ်လုံးလိုပဲ။
“သုခမိန် စစ်နတ် မုန့်ထျန်း။”
“အင်အား ကြီးလိုက်တာ။”
“ဒါက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ စွမ်းအား အစစ်လား။”
လူသား မဟာမိတ် တပည့်သားတွေ ဘယ်လို ပြောရမယ်မှန်းတောင် မသိတော့ဘူး။ ဒီစွမ်းပကားက သူတို့ကို မျက်လုံး အပြူးသား ဖြစ်စေတယ်။
ဖန်ကျန်းရှီကတော့ ပတ်ဝန်းကျင်ကို တစ်ချက်သာ ဝေ့၀ဲကြည့်တယ်။
ဝူယွဲ့အာ၊ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်တို့ရဲ့ မျက်ဝန်းထဲက ထိတ်လန့်မှုကို အထင်းသား မြင်နေရတယ်။ ဖန်ကျန်းရှီ ဒီလောက် အင်အားကြီးတဲ့ အဆင့်ကို ရောက်သွားမှန်း သူတို့ မမျှော်လင့် ထားမိတာကြောင့် ဖြစ်ပါလိမ့်မယ်။
“ဒီကောင်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး သူ့စကားတွေကို ခပ်မြန်မြန်ပဲ ပြန်ရုတ်သိမ်း လိုက်တယ်။ ပြောချင်တာကို မပြောပဲ အသက်အောင့် ထားတဲ့ အတွက် သူ့မျက်လုံးတွေတောင် ရဲရဲနီ လာခဲ့တယ်။
ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဖန်ကျန်းရှီကို နောက်ဆုံး မြင်ခဲ့ချိန်တုန်းက သတိလစ်ပြီး မကြာခင် အသက်ပျောက်တော့မယ့် လူတစ်ယောက်လို အဖြစ်မျိုးနဲ့ တွေ့ခဲ့တယ်လေ။
တောင်ပိုင်း ဒေသမှာ လင်းကျီကို သတ်နိုင်ခဲ့တယ်လို့ ဝူယွဲ့အာ ဆီကနေ ကြားခဲ့ပေမယ့်၊ ကြားရတာနဲ့ ကိုယ်တိုင် မျက်မြင် တွေ့ရတာက ကွာခြားလွန်းတယ်။
“လေဟာနယ် ဖြိုခွင်း နတ်ဆိုး နတ်သခင်တောင် ဒီလောက်ထိ အင်အား မကြီးနိုင်ဘူး။” ရန်ချန်လိက ချက်ခြင်း ထုတ်ပြောတော့တယ်။ သူက တိုက်ပွဲ အတွေ့အကြုံ ကြွယ်၀ လွန်းသူ တစ်ယောက်။ အံ့သြတယ် ဆိုတာ ရှားပါးတယ်။ အခု တကြိမ်မှာတော့ ဖန်ကျန်းရှီကြောင့် အရမ်းကို အံ့သြ နေခဲ့ရတယ်။
တစ်ခုခုသာ မှားယွင်း မသွားခဲ့ရင် ဖန်ကျန်းရှီက မြင့်မြတ် နယ်မြေ မျိုးနွယ်စုကြီး ငါးခု စလုံးကို ဖယ်ရှား သုတ်သင် ပြစ်နိုင်စွမ်း ရှိနေခဲ့ပြီ။ သူ့အသက်က အခုမှ ၂၀ တောင် မပြည့် သေးဘူးလေ။
လန့်စရာ ကောင်းလိုက်တာ။ အားလုံးရဲ့ နှလုံးသားတွေ တကယ့်ကို တုန်ယင် နေခဲ့တယ်။ ဖန်ကျန်းရှီက သူတို့ မျှော်လင့် ထားတာထက် ကျော်လွန်တဲ့ အခြေအနေထိ ရောက်ရှိ ကြီးထွား နေခဲ့ပြီလေ။
“ဆရာကြီး မုန့်ထျန်း။ တောက်ဟွမ်က ရူးမိုက်ပြီး အမှားကို ကျူးလွန် ခဲ့ပါတယ်။ ဒါပေမယ့် သူက လူသား မဟာမိတ်ရဲ့ ခေါင်းဆောင်ပါ။ ကျေး ကျေးဇူးပြုပြီးတော့ သူ့ကို အလွတ်ပေးပါ။” မုချင်းဖန်းက အရမ်းကို စိတ်ရှုပ်ထွေး နေခဲ့တယ်။ ဒါပေမယ့် လူသား မဟာမိတ် အချင်းချင်း တိုက်ခိုက် ကြမှာကို မမြင်ချင်ဘူးလေ။
“သူ့ကို အလွတ်ပေးရမှာလား။” မုချင်းဖန်း ပြောတာကို ကြားချိန်မှာတော့ ဖန်ကျန်းရှီက တောက်ဟွမ်ကို ကြည့်လိုက်တယ်။
“မုန့်ထျန်း။ မင်း မင်းငါ့ကို မသတ်ဝံ့ ပါဘူး။ တကယ့် သုခမိန် စစ်နတ် မုန့်ထျန်း အစစ် ဖြစ်နေရင်၊ မင်း လူသား မျိုးနွယ်ရဲ့ ရန်သူ အဖြစ် မခံနိုင်ဘူး။” တောက်ဟွမ်ရဲ့ အကြည့်က ဆိုးယုတ်မှုတွေနဲ့ ပြည့်နှက် နေခဲ့တယ်။ သူထရပ် ချင်တယ်။ တစ်ခါမှ ဒီလောက်ထိ သူစော်ကား မခံရဖူးဘူး။ တခြားသူ တက်နင်းတာလဲ မခံရဖူးဘူး။
ဒါပေမယ့် သူရပ်နိုင်လား။
လုံးဝကို မထနိုင်ခဲ့ဘူး။
တောက်ဟွမ် တွေးနေတာကို ဖန်ကျန်းရှီ သိတယ်။
တောက်ဟွမ် အတွက်တော့ ယွင်ချင်းဝူကို ဖမ်းမိတာက စစ်ပွဲကို အဆုံးသတ်တာပဲ။ တကယ်တော့ ဖန်ကျန်းရှီလဲ အတွေး တူခဲ့တယ်။ တိုက်ပွဲကြီးက မကြာခင် ပြီးတော့မှာလေ။ ဒီတော့ ကျန်တဲ့ အချိန်ကို ဘာလုပ်မလဲ။ အရူးတောင် ဘာလုပ်ရမလဲ သိတယ်။
တောက်ဟွမ်ကတော့ အရူး မဟုတ်ခဲ့ဘူး။
ဒါပေမယ့် တောက်ဟွမ်က အရမ်းကို စိုးရိမ် လွန်းနေခဲ့တယ်။ ယွင်ချင်းဝူကို ဖန်ကျန်းရှီ ဖမ်းလာတာ မြင်ပြီးတဲ့နောက် သူ့စိတ်ထဲမှာ သေချာ သွားခဲ့တယ်။ အကယ်၍ သူသာ ဖန်ကျန်းရှီကို မသတ်ခဲ့ရင်၊ သူ့မှာ ရှိသမျှ အရာ အားလုံးကို ဆုံးရှုံး ရလိမ့်မယ်။
သူအလောကြီး သွားခဲ့တယ်။
လူတိုင်းမှာ စိတ်လိုက် မာန်ပါ လုပ်မိတဲ့ အချိန် တစ်ခုက ရှိဖူးတာပဲလေ။
အလှည့်အပြောင်းတွေ စကား ကျွံသွားတာတွေ အားလုံးက အဖြစ်အပျက်တွေကို ပြောင်းပြန်လန်သွား စေနိုင်တယ်။
တောက်ဟွမ်က ယွင်ချင်းဝူကြောင့် တစ်ခဏတာ စိတ်လွတ်သွား ခဲ့တယ်။
ဖန်ကျန်းရှီက ယွင်ချင်းဝူကို အမိ ဖမ်းရင်းနဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလာတယ်လို့ သူတစ်ထစ်ချ တွေးခဲ့တယ်။ ဒါကို အသုံးချဖို့ သူကြိုးစားတယ်။
အဲ့ဒီ့နောက် ယွင်ချင်းဝူကို ဖမ်းဆီးပြီး မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို အမိန့်ပေး ထိန်းချုပ်နိုင်မယ်လေ။
ယွင်ချင်းဝူသာ တောက်ဟွမ် လက်ထဲကို ရောက်သွားခဲ့ရင်၊ လူသား မဟာမိတ် အဖွဲ့က မကျေနပ်ရင်တောင် ဘာများ လုပ်နိုင်တော့မှာလဲ။ သူတို့တွေ တောက်ဟွမ်ကို ဘာမှ မလုပ်နိုင်ဘူး။
တောက်ဟွမ်မှာ ယင်ယန် ခန်းမ တပည့်သားတွေ ရှိနေတယ်။ ဒါ့အပြင် လူသား မဟာမိတ် အဖွဲ့ကိုလဲ ထိန်းချုပ်ခွင့် ရထားသေးတယ်။ ယွင်ချင်းဝူသာ သူ့လက်ထဲ ရောက်သွားရင် လောကကြီးက သူ့ အပိုင် ဖြစ်ပြီ။
တကယ့်ကို ပြီးပြည့်စုံ လွန်းတဲ့ အကြံပဲ။
ကံမကောင်းစွာနဲ့ သူအကဲဖြတ် မှားသွားခဲ့တယ်။ ဖန်ကျန်းရှီကို ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရနေတယ်လို့ တွက်ချက်ပြီး အထင်သေးခဲ့တယ်။
“မင်း ဘာတွေ ပြောနေတာလဲ။ သေချာ မကြားရဘူး။ မင်းကို မသတ်ဖို့ တောင်းပန် နေတာလား။ နောက်တစ်ခေါက် ပြန်ပြောစမ်း။” ဖန်ကျန်းရှီကတော့ သူ့ခြေထောက်အောက်က တောက်ဟွမ်ကို ပိုပြီးတော့ အားပြင်းပြင်းနဲ့ ဖိထားခဲ့တယ်။
ဂျွတ်။ မြေပြင်ပေါ်မှာ အက်ကွဲကြောင်း တစ်ခု ပေါ်လာတယ်။ တောက်ဟွမ် ခေါင်းက မြေပြင်နဲ့ ပြင်းပြင်းထန်ထန် တိုက်မိရင်း သူ့မျက်နှာဖုံးက ကွဲသွားတော့တယ်။
“မဖြစ်ဘူး။” ဒီအချိန်မှာပဲ နူးညံ့ပြီး စိုးရိမ်နေတဲ့ အသံ တစ်သံနဲ့ အတူ လူတစ်ယောက်က ပြေးထွက် လာတော့တယ်။
တောက်ရှင်း။
တောက်ရှင်း ပြေးထွက် လာချိန်မှာတော့ သူ့ဘေးမှာ ရပ်နေတဲ့ ရန်ရွှယ်က ရုတ်တရက် ပျောက်ကွယ် သွားတယ်။ ဖန်ကျန်းရှီလဲ သူ့ခြေထောက်အောက်မှာ အေးစက်တဲ့ အငွေ့အသက်ကို ခံစား လိုက်ရတယ်။
သွေးလို ရဲရဲနီနေတဲ့ အရောင်ထဲမှာ ညစ်နွမ်းနေတဲ့ အမှောင်ဓာတ်တွေ ပါဝင်နေတယ်။
အဇူရာ တာအို။ ဖန်ကျန်းရှီ တစ်ချက် ကြည့်လိုက်ရင်း လက်တစ်ဖက်နဲ့ နောက်ဘက်က လေထုကို ဖမ်းဆွဲလိုက်တယ်။ အဲ့ဒီ့နောက် ပြင်းထန်တဲ့ အင်အား တစ်ခုက သူ့လက်ဖဝါးကို လာတိုက်တယ်။
ဝုန်း။ အသံကျယ်ကြီး တစ်သံနဲ့ အတူ ဖန်ကျန်းရှီက ရှေ့ကို နှစ်လှမ်း တိုးသွားတယ်။ သူရပ်နေခဲ့တဲ့ နေရာမှာတော့ ပိန်ပိန်ပါးပါး လူတစ်ယောက် ရှိနေခဲ့ပြီ။
ရန်ရွှယ်။
သူ့ရဲ့ ဝတ်ရုံနက်က လေအရှိန်ကြောင့် လွင့်သွားပြီး မျက်နှာဖုံးက မြေပြင်ပေါ်ကို ကျသွားတယ်။ အရမ်းကို ရင်းနှီးတဲ့ မျက်နှာ တစ်ခု ဖန်ကျန်းရှီ မျက်စိရှေ့မှာ ပေါ်လာတယ်။
ဒီလူရဲ့ မျက်ဝန်း တစ်ဖက်က သွေးလို ရဲရဲ နီနေပြီး နောက်မျက်လုံး တစ်ဖက်ကတော့ အသူတစ်ရာ ချောက်နက်လို မှောင်မည်း နေခဲ့တယ်။
“မင်းသူ့ကို သတ်လို့ မရဘူး။” ရန်ရွှယ်က ဖန်ကျန်းရှီရဲ့ စွမ်းအားကို လုံး၀ မကြောက်လန့်။ သူက ဓားတစ်ချောင်းလို ထက်ရှတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေတယ်။ ရန်ရွှယ်က အရင်က ရန်ရွယ်ပဲ။ ဒါပေမယ့် တောက်ဟွမ်ရဲ့ အားကိုးရာ တစ်ယောက် ဖြစ်လာ ခဲ့ပြီ။
သူ့အတိတ် မှတ်ဉာဏ်တွေကို တစ်ယောက်ယောက်က ချိတ်ပိတ်ထားတယ်။ ဒါမှ မဟုတ် လုံး၀ ဆုံးရှုံးသွားတာ ဖြစ်နိုင်တယ်။
“မင်းတစ်ယောက်တည်းနဲ့ ငါ့ကို မတားနိုင်ဘူး။” ဖန်ကျန်းရှီက တောက်ဟွမ်ကို တစ်ချက် လှမ်းကြည့်တယ်။
“ကြိုးစား ကြည့်ပြီးမှ သိရမှာပေါ့။” ရန်ရွှယ် သူ့ညာလက်ကို ဆန့်ထုတ် လိုက်ချိန်မှာ ငွေဖြူရောင် စုတ်ချက်တွေနဲ့ သွေးနီရောင် ယပ်တောင် တစ်ခု ပေါ်လာတော့တယ်။
“မင်းစမ်းကြည့်ဖို့ မလိုဘူး။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ အဲ့ဒီ့နောက် တောက်ရှင်းကို သူကြည့်တယ်။
“ငါကြားတာတော့ ယင်ယန် ခန်းမမှာ တောက်ဟွမ် အပြင် တောက်ရှင်းလို့ ခေါ်တဲ့ ခန်းမ သခင် ရှိသေးတယ် ဆိုပဲ။ အဲ့တာ မင်းပဲ ဖြစ်ရမယ်။”
“မှန်ပါတယ် ဆရာကြီး။” တောက်ရှင်း ရပ်တန့် သွားတယ်။ ရန်ရွှယ်နဲ့ တောက်ဟွမ်ကို တစ်ချက်ကြည့်ပြီး တလေးတစားနဲ့ ပြန်ဖြေတယ်။
“ငါ့ မေးခွန်း သုံးခုကို ပြန်ဖြေနိုင်ရင်၊ မင်းရဲ့ တောင်းဆိုချက် တစ်ခုကို သဘောတူမယ်။” ဖန်ကျန်းရှီ တွေးတောရင်း ပြောလိုက်တယ်။
ရန်ရွှယ်နဲ့ ပတ်သက်ပြီး အဖြေကို သူလိုအပ်တယ်။
တောက်ရှင်းနဲ့ တောက်ဟွမ်ကို ခဏတာတော့ အလွတ် ပေးလိုက်အုန်းမယ်။ ဒါပေမယ့် အဖြေကို မသိရခင် အထိ သူ့မျက်နှာကို ထုတ်မပြဘူး။ မဟုတ်ရင် ကိစ္စတွေက ပိုခက်ခဲ သွားနိုင်တယ်။ တောက်ဟွမ်၊ တောက်ရှင်းနဲ့ သူ့ကြားက အမုန်းတရားကြောင့် အဖြေကို မှန်မှန်ကန်ကန် မရနိုင်လောက်ဘူး။
“မေးခွန်း သုံးခုတဲ့လား။” မြေပြင်ပေါ်က ထမရပ်နိုင်တဲ့ တောက်ဟွမ်ကို ကြည့်ရင်း တောက်ရှင်း အတော့်ကို လန့်နေခြ့တယ်။ ဒါကြောင့် ချက်ခြင်း ပြန်ဖြေတယ်။
“ကျေးဇူး ပြုပြီး မေးပါ ဆရာကြီး။ ကျွန်မ အမှန်တိုင်း ဖြေပါမယ်။”
“ရန်ရွှယ့် မှတ်ဉာဏ်တွေက ချိတ်ပိတ် ခံထား ရတာလား။ ဖယ်ရှား ခံရတာလား။” ဖန်ကျန်းရှီ ဒဲ့ပဲ မေးလိုက်တယ်။
“ဆရာကြီးက ရန်ရွှယ်ကို သိတာလား။” တောက်ရှင်းက ဒီမေးခွန်းကို မျှော်လင့် မထားခဲ့ဘူး။ ရန်ရွှယ့် မှတ်ဉာဏ်တွေအ ကြောင်းက ယင်ယန် ခန်းမရဲ့ လျှို့ဝှက်ချက် ဖြစ်နေခဲ့တယ်လေ။ ဘယ် အပြင်လူမှ ဒီအကြောင်းကို မသိဘူး။
သူ့ရှေ့မှာ ရှိနေသူက နှစ်ရာချီတည်းက ကျော်ကြားခဲ့တဲ့ သုခမိန် စစ်နတ် မုန့်ထျန်း ဖြစ်နေခဲ့တယ်လေ။
ဒီလူ တကယ်ပဲ ဘယ်သူများလဲ။
ရန်ရွှယ့် အကြောင်း ဘာကြောင့် သိချင် နေရတာလဲ။
တောက်ရှင်း စိတ်ထဲ နာမည် တစ်ခု ဝင်ရောက်လာတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူး။ အဲ့ဒီ့လူက မြောက်ရွာမှာ ရှိနေရမယ့်သူ။ ဒီနေရာမှာ ပေါ်လာမှာ မဟုတ်ဘူး။
ဒါ့အပြင် သူ့အစွမ်းကလဲ ဒီလောက်ထိ မကြီးမားဘူး။
“အမှန်တရားကို ပြောဖို့ အခွင့်အရေး ရှိတယ်။ ငါ့ကို မေးခွန်း ပြန်ထုတ်ခွင့် မရှိဘူး။ အကယ်၍ မင်းစကား ထပ်မပြောရင် တောက်ဟွမ် သေမယ်။ ရန်ရွှယ်က ငါ့ကို မခုခံ နိုင်မှန်း မင်းသိသင့်တယ်။” တောက်ရှင်း အရမ်း ထက်မြက်မှန်း သိတဲ့ အတွက် ဖန်ကျန်းရှီက နောက်ထပ် ရှင်းပြ မနေတော့ဘူး။
အပိုင်း (၉၇၈) ပြီး၏။
အပိုင်း (၉၇၉)
“တောက်ဟွမ် သေဆုံးမှု နောက်ကွယ်က အမှန်တရား။”
“ငါ စကား မပြောရင် တောက်ဟွမ် သေလိမ့်မယ်။” တောက်ရှင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း တိတ်ဆိတ် နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ မေးခွန်းကြောင့် သူမမှာ မေးခွန်း ထုတ်စရာတွေ အများကြီး ရှိနေခဲ့တယ်။
ဖန်ကျန်းရှီရဲ့ မေးခွန်းကို မျှော်လင့် မထားတဲ့ အတွက် စိတ်ထဲ ပြင်ဆင် မထားခဲ့မိဘူး။ မုန့်ထျန်းက ဘာကြောင့်များ ရန်ရွှယ့် မှတ်ဉာဏ်တွေကို စိတ်ဝင် စားနေရတာလဲ။
တောက်ရှင်းက ဒီနှစ်ခု ဆက်စပ်မှုကို ချိတ်ဆက် မရနိုင်ခဲ့ဘူး။ ဒါ့အပြင် ရန်ရွှယ်ကလဲ လူသား မဟာမိတ် အဖွဲ့မှာ မထင်မရှား လူတစ်ယောက် မဟုတ်ခဲ့ဘူး။
“မင်းမှာ စဉ်းစားဖို့ အချိန် မရှိဘူး။” ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အသံကို ကြားလိုက် ရတော့တယ်။ သူစတင်ပြီး ရေတွက်တယ်။
“သုံး။”
“နှစ်။”
“တစ်။”
“…”
“ဟဟား ဆရာကြီး မုန့်ထျန်း အထင်လွဲ နေပါပြီ။ ရန်ရွှယ့် မှတ်ဉာဏ်တွေက ဘာဖြစ် နေလို့လဲ။” တောက်ရှင်းက ရယ်မောရင်း ပြောတော့တယ်။
“ကြည့်ရတာ မင်းက တောက်ဟွမ် အသက်ကို ဂရု မစိုက်ပုံပဲ။” ဖန်ကျန်းရှီက တောက်ဟွမ်ကို လှမ်းကြည့်တယ်။ သူ့လက်ထဲမှာ ဓားရှည် တစ်ချောင်း ပေါ်လာတော့တယ်။
“တောက်ဟွမ်ရဲ့ အသက်နဲ့ ပတ်သက်တဲ့ ကိစ္စကိုတော့ ယင်ယန် ခန်းမနဲ့ သား မဟာမိတ် အားလုံးက အဖြေကို သိမှာပါ။ ဒါပေမယ့် ဆရာကြီးမုန့်ထျန်း ရန်ရွှယ့် မှတ်ဉာဏ်တွေက ဘာမှ မဖြစ်ပါဘူး။ ချိတ်ပိတ်တာတွေ ဖယ်ရှားတာတွေ ဘာကြောင့်များ ပြောနေတာလဲ။” တောက်ရှင်းက နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ လက်ထဲက ဓားကို သူမ ထင်ထင်ရှားရှားကြီး မြင်တယ်လေ။
သူမ လုံးဝကို လောင်းကြေး ထပ်နေခဲ့တယ်။
ရန်ရွှယ့်ရဲ့ မှတ်ဉာဏ်တွေ အကြောင်းကို သူမ လောင်းကြေး မထပ်ဘူး။ မုန့်ထျန်းနဲ့ ရန်ရွှယ်ကြားက ဆက်ဆံရေးကိုသာ လောင်းကြေး ထပ်နေခဲ့တယ်။
သူတို့ နှစ်ယောက် ဘာ ဆက်စပ်မှု ရှိမှန်းကိုတော့ သူမ သေချာ မသိဘူး။ ဒါပေမယ့် မုန့်ထျန်းကို ရန်ရွှယ် တိုက်ခိုက်ခဲ့တဲ့ ပုံစံ အကြောင်း ပြန်တွေး မိပြီးချိန်မှာတော့ ခံစားချက် တစ်ချို့ ရှိနေခဲ့တယ်။ တောက်ဟွမ်နဲ့ အကြီးအကဲတွေက မုန့်ထျန်းကို အလစ် ဝင်တိုက်ခဲ့တယ်။
ရန်ရွှယ်က တကယ့်ကို အင်အားကြီးတယ်။ ဒါပေမယ့် တောက်ဟွမ်နဲ့ ယှဉ်လိုက်ရင် သူက အားနည်း နေတုန်းလေ။ ဒါပေမယ့် ရန်ရွှယ်က မုန့်ထျန်းကို တစ်ချက်နဲ့ နောက်ဆုတ် စေပြီးတော့ တောက်ဟွမ်ကို တစ်ခဏတာ ချမ်းသာရာ ရစေတယ်။
မယုံနိုင်စရာ ကောင်းလွန်းတဲ့ ဒီကိစ္စက တစ်ခုတည်းကိုပဲ ညွှန်ပြနေတယ်။
မုန့်ထျန်းက ရန်ရွှယ့်ကို သနားညှာတာ ပေးလိုက်တာပဲ။
တောက်ရှင်းက နောက်ကွယ် အကြောင်းရင်းကို မတွေးတတ်ဘူး။ ဒါပေမယ့် မြောက်ရွာမှာ ရှိနေတဲ့ လူတစ်ယောက်နဲ့ သက်ဆိုင် နေမှန်းတော့ သူမ သေချာတယ်။
“အဲ့ဒီ့ ဓားကြောင့်လား။” ဖန်ကျန်းရှီက သုခမိန် စစ်နတ် မုန့်ထျန်း ပိုင်ဆိုင် ခဲ့တဲ့ ဓားကို ကြီးမြတ်သော ရှနိုင်ငံတော် တော်ဝင် စာမေးပွဲမှာ ရခဲ့တယ်။ ဖန်ကျန်းရှီနဲ့ မုန့်ထျန်းက ဓားအတွက်နဲ့ သဘော တူညီချက် လုပ်ခဲ့ကြတာလား။ အားလုံးက သူမရဲ့ ခန့်မှန်းချက်တွေပဲ။ မုန့်ထျန်းရဲ့ လုပ်ရပ်တွေကို သူမ သေချာ အကဲခတ် နေခဲ့တယ်။
ဒါပေါ့။ အခုချိန်မှာ အရေးအကြီးဆုံး ကတော့ အခြေအနေပဲ။
“မုန့်ထျန်း” ရဲ့ မေးခွန်းတော့ သူမ အတွက် ကပ်ဆိုက် သလိုပဲ။ သူမ အဖြေကို ဖြေလိုက်တာနဲ့ အားလုံးက အဆုံးသတ် သွားလိမ့်မယ်။
တောက်ဟွမ်ကို မကယ်တင် နိုင်ရုံတင် မကဘူး။ ရန်ရွှယ့်ကိုတောင် ဆုံးရှုံး နိုင်သေးတယ်။ ဒါပေမယ့် နောက်တစ်နည်း ပြန်စဉ်းစား ကြည့်ရင်၊ တောက်ဟွမ်ရဲ့ အသက်က လက်ရှိ အချိန် ရန်ရွှယ့် လက်ထဲမှာ ရှိနေတယ်။
မုန့်ထျန်းက တိုက်ခိုက်ချင်ရင် ရန်ရွှယ့်ကို အရင်ဆုံး အနိုင်ယူရမယ်။
တောက်ရှင်းက အရမ်းကို ထက်မြက်တဲ့သူ။ အသက် အတွက် တိုက်ခိုက်ဖို့ အန္တရာယ် များတဲ့ အခြေအနေမှာ စွန့်စားရမယ်။ ဒါကြောင့် သူမ လောင်းကြေး ထပ်လိုက်တယ်။
မုန့်ထျန်းက ရန်ရွှယ့်ကို လွယ်လွယ်လေး သတ်မှာ မဟုတ်ဘူး။ တောက်ဟွမ်လဲ ဒီတော့ လုံခြုံနိုင်မယ်။ ဖန်ကျန်းရှီကတော့ အဖြေကို သိနေပြီးသား ဖြစ်တဲ့ အတွက် မျက်မှောင်ကြုတ်သွား ခဲ့တယ်။
တောက်ရှင်းကတော့ သူ့ကို လာကစား နေခဲ့ပြီ။
တောက်ရှင်းက တကယ့်ကို ရင်ဆိုင်ဖို့ ခက်ခဲတယ်။ တောက်ရှင်းက အရမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ စွန့်စားနေတယ်။ တကယ့်ကို အထင်ကြီးစရာ ကောင်းတဲ့ မိန်းမပဲ။ ကြောက်စရာ ကောင်းတဲ့ မိန်းမလို့လဲ ပြောလို့ ရနိုင်တယ်။
ကံမကောင်းစွာနဲ့ တောက်ရှင်းက အရမ်းကို အသိပညာ ကြွယ်ဝလွန်းနေတယ်။ လူသား မဟာမိတ် အတွက် စဉ်းစား ပေးချင်ဟန် ဆောင်ပြီးတော့ သူမနဲ့ ယင်ယန် ခန်းမ အတွက် အကျိုးအမြတ်တွေကို ရိတ်သိမ်းဖို့ လုပ်နေခဲ့တယ်။
အကယ်၍ သူမသာ ဉာဏ်စွမ်းကို မှန်မှန်ကန်ကန် အသုံးချနိုင်ရင်၊ ယွင်ချင်းဝူနဲ့ ယှဉ်နိုင်သူတောင် ဖြစ်လာိမ့်မယ်။
“ရှေး ဆိုရိုးစကား ရှိတဲ့ အတိုင်း မိန်းမလှတွေက အသက်တိုတယ်။ တောက်ရှင်း မင်းက တကယ့်ကို လှပတယ်။ မင်းရဲ့ အလှတရားက ပြိုင်ဘက်ကင်းတာ မဟုတ်ပေမယ့်၊ လှတော့ လှပါတယ်။ ငါထင်တာသာ မမှားရင်၊ ငါရန်ရွှယ်ကို မသတ် လောက်ဘူးလို့ မင်း လောင်းကြေး ထပ်နေတာ မဟုတ်လား။” ဖန်ကျန်းရှီက ပတ်ဝန်းကျင်ကို ကြည့်ရင်း သက်ပြင်း ချလိုက်တယ်။
“မ မလုပ်ဝံ့ပါဘူး။ ဆရာကြီး မုန့်ထျန်းက ကိုယ့်ကိုယ်ကို သက်သေ ပြချင်ရင်၊ အပြစ်မရှိ သူတွေကို မသတ်သင့်ဘူးလို့ ထင်ပါတယ်။ မဟုတ်ရင် အထင်လွဲစရာတွေ ဖြစ်လာနိုင်တယ်လေ။ တောက်ဟွမ်က ယင်ယန် ခန်းမရဲ့ ခေါင်းဆောင်တင် မကဘူး။ လက်ရှိ လူသား မဟာမိတ် အဖွဲ့ရဲ့ ခေါင်းဆောင်လဲ ဖြစ်နေပါသေးတယ်။ သူက အလောတကြီး ပြုမူ တတ်တဲ့သူ ဖြစ်လို့ ဆရာကြီးကို မလေးမစား လုပ်မိပေမယ့်၊ သူ့စိတ်က ရိုးရှင်းပါတယ်။ ဆရာကြီးရဲ့ ဇစ်မြစ်ကို သက်သေ ပြချင်ရုံပါပဲ။” တောက်ရှင်း စကားတောင် မဆုံးခင် အချိန်မှာပဲ ဖန်ကျန်းရှီ လက်ဝေ့ယမ်း ပြတာကို မြင်လိုက်ရတယ်။ အဲ့ဒီ့နောက် စိတ်လှုပ်ရှားမှု အပြည့်နဲ့ စကား သံကို သူမ ကြားလိုက်ရတယ်။
“မင်းပြောတာ မှန်တယ်။ ငါရန်ရွှယ့်ကို တကယ် မသတ်ဘူး။”
“ရန်ရွှယ့်ကို မသတ်ဘူး။ တကယ်ပဲ။” တောက်ရှင်းရဲ့ အမူအယာက မပြောင်းလဲ ပေမယ့်၊ သူမ စိတ်လှုပ်ရှား လာခဲ့တယ်။ သူမ စကား ဆုံးအောင် မပြောနိုင်ခင် အချိန်မှာပဲ ဖန်ကျန်းရှီက သူမဆီကို ဓားနဲ့ ပြေးဝင်လာတယ်။
ဘာဖြစ်တာလဲ။
တောက်ရှင်း အမူအယာ ပြောင်းလဲ သွားတော့တယ်။ ဖန်ကျန်းရှီက မမြန်ဆန် ပေမယ့်၊ သူ့ဓားရဲ့ အေးစက်မှုက တောက်ရှင်းကို တုန်ယင် သွားစေတယ်။
“ငါက ရန်ရွှယ့်ကို မသတ်ပေမယ့်၊ မင်းကို မသတ်မှာတော့ မဟုတ်ဘူး။” အေးစက်စက် ဟိန်းဟောက်သံက ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ ပြင်းထန်တဲ့ သတ်ဖြတ် လိုစိတ်က တောက်ရှင်းကို လွှမ်းခြုံတယ်။
ခရမ်းရောင် လျှပ်စီးက ကျောက်တုံးတွေပေါ် ကျရောက် လာပြီး အသံကျယ်ကြီးတွေ ထွက်ပေါ် လာတော့တယ်။
ဖန်ကျန်းရှီက မမြန်ဆန် ပေမယ့်၊ သူ့ရဲ့ ဒေါသတကြီး အသွင်က အားလုံးကို ထိတ်လန့် သွားစေခဲ့တယ်။
“ဆရာကြီး မုန့်ထျန်း ်မဖြစ်ဘူး။” မုချင်းဖန်း ချက်ခြင်း ဆိုသလို ပြေးထွက် လာတော့တယ်။ မုန့်ထျန်းသာ တောက်ရှင်းကို သတ်လိုက်မယ် ဆိုရင်၊ သူက နတ်ဆိုး မိစ္ဆာ တစ်ယောက်လို့ စွပ်စွဲ ခံရလိမ့်မယ်။ အကယ်၍ ဒီလိုသာ ဖြစ်သွားခဲ့ရင်၊ သူက သေချာပေါက် ရက်စက်တဲ့ လူသတ် သမား တစ်ယောက် ဆိုတဲ့ နာမည်နဲ့ နေထိုင် ရလိမ့်မယ်။
နောက်ဆုံးတော့လဲ တောက်ရှင်းက မုန့်ထျန်းကို ဘာမှ မကောင်းတာ မလုပ်ခဲ့ဘူးလေ။ ဒါ့အပြင် မုန့်ထျန်းက တောက်ရှင်းကို အသေးအဖွဲ့ ကိစ္စ အတွက်နဲ့ မသတ်ဘဲ နေခဲ့တယ်။ မုချင်းဖန်း ဒါကို နားမလည် နိုင်ခြ့ဘူး။ တကယ်တော့ တောက်ရှင်းလဲ ဒါကို လျစ်လျူရှု ထားမိတယ်။
သူမ လုံးဝကို မလေးမစား မလုပ်ခဲ့တဲ့ အတွက် မုန့်ထျန်းက သူ့ကို တိုက်ခိုက် လာမယ်လို့ တောက်ရှင်း ထင်မှတ် မထားခဲ့ဘူး။ ဒါပေမယ့် သူက ဘာဖြစ်လို့ နှေးနှေးလေး လှုပ်ရှား နေတာလဲ။
နေစမ်းပါအုန်း မုန့်ထျန်းက တယောက်ယောက်ကို စောင့်နေတာလား။ သူမ သေမှာကို မမြင်ရက်ပဲ ကယ်မယ့်သူကို စောင့်နေတယ်။
“ရွှယ် နောက်ဆုတ်။” တောက်ရှင်း ချက်ခြင်း အော်ပင်မယ့်၊ နောက်ကျ သွားခဲ့ပြီ။ သူမ မျက်စိရှေ့ကို အနက်ရောင် အလင်းတန်းက ဖြတ်သန်း သွားခဲ့ပြီ။
ရန်ရွှယ် ရောက်သွားပြီ။ ဖန်ကျန်းရှီက တောက်ရှင်းဆီ လာတာကို မြင်ချိန်မှာပဲ ရန်ရွှယ်က တိုက်ခိုက်တယ်။ နောက်ထပ် နည်းနည်းတောင် စောင့်မနေခဲ့ဘူး။
“မင်း သူ့ကို ထိခိုက်အောင် မလုပ်နဲ့။” ရန်ရွှယ်က သွေးနီရောင် ယပ်တောင်ကို ဖွင့်လိုက် ချိန်မှာတော့ သွေးနီရောင် ပုံရိပ်က ကောင်းကင်ကို ဖုံးလွှမ်း သွားတော့တယ်။
တောင်တန်းကြီး နှစ်ခု၊ သွေးနီရောင် စမ်းချောင်းနဲ့ အနီရောင် ကျောက်တုံးတွေ အားလုံးက လူသတ်ငွေ့တွေ ပြည့်နေခဲ့တယ်။ ရန်ရွှယ့်ရဲ့ အရှိန်အဝါတွေက သွေးနီရောင် ပုံရိပ်နဲ့ အတူ ရောနှောရင်း ဖန်ကျန်းရှီ ဆီကို ရောက်ရှိ လာတော့တယ်။ သတ်ဖြတ်လိုစိတ် အပြည့်နဲ့ အရှိန် အဝါ နှစ်ခုက တိုက်မိကြတယ်။
ဒီအချိန်မှာပဲ မုချင်းဖန်း ရောက်လာတယ်။
သူ့လက်ချောင်းတွေကို ဓားအဖြစ်နဲ့ သုံးပြီးတော့ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ အလယ်ကို သူရောက်လာတယ်။ သူ့လက်ချောင်း ဓားကို သတိကြီးကြီး ထားပြီး သူလသုံးတယ်။
ဖန်ကျန်းရှီရဲ့ ဓားက ချက်ခြင်း နောက်ဆုတ် သွားတယ်။ မုချင်းဖန်းကို ဓားလက်ကိုင်နဲ့သာ သူဝင်တိုက်တယ်။
အင်အား ပြင်းထန်တဲ့ လေလှိုင်းတွေက မုချင်းဖန်းကို ချက်ခြင်း နောက်ဆုတ် သွားစေတယ်။ သူခုတောင် မခုခံ နိုင်ခဲ့ဘူး။ သူ့ခန္ဒာကိုယ်က ရန်ရွှယ့်ကို ဝင်တိုက်တော့တယ်။
“ခန်းမ ခေါင်းဆောင်မု ကူညီတာကို ကျေးဇူး တင်ပါတယ်။”
“ဘာကို ကူညီတာလဲ။” မုချင်းဖန်း လန့်သွားတယ်။ မုန့်ထျန်းရဲ့ အသံကို ရှင်းရှင်းလင်းလင်း ကြားပေမယ့်၊ ပြောချင်တာကို နားမလည်ဘူးလေ။
မကြာခင်ပဲ သူသဘောပေါက် သွားခဲ့ရတယ်။ သူ့ခန္ဒာကိုယ်က ရန်ရွှယ်ကို ဝင်တိုက် ပြီးနောက်၊ ခန္ဒာကိုယ်က အလင်းတန်း တစ်ခုလို အသွင်နဲ့ လွင့်ထွက်သွားတယ်။ အဲ့ဒီ့နောက် နောက်ဆုတ် သွားခဲ့တဲ့ ဓားက တောက်ဟွမ် လည်ပင်းဆီကို တန်းတန်း မတ်မတ် ရောက်ရှိတယ်။
“မဖြစ်ဘူး။”
မုချင်းဖန်းရဲ့ အသံ ထွက်ပေါ် လာတယ်။ တစ်ချိန်တည်းမှာပဲ ဓားက တောက်ဟွမ်ရဲ့ လည်ပင်းကို ဖြတ်သွားခဲ့ပြီ။ သူဘယ်လောက်ပဲ အော်ပါစေ အသုံးမဝင်တော့ဘူး။
ဖန်ကျန်းရှီရဲ့ ဓားက တောက်ဟွမ် လည်ပင်းကို လုံး၀ ဖောက်ထက် သွားပြီလေ။ ယင်ယန် ခန်းမ အကြီးအကဲ ဆယ်ယောက်နဲ့ တပည့်သားတွေ အားလုံး ရှေ့မှာ သွေးတွေက ပန်းထွက် လာတော့တယ်။
“ဘယ်လိုများ ဖြစ်နိုင်တာလဲ။”
“ဆရာကြီး မုန့်ထျန်းက တောက်ဟွမ်ကို သတ်လိုက်ပြီ။”
“သုခမိန် စစ်နတ် မုန့်ထျန်း၊ လူသား မျိုးနွယ်ရဲ့ မျှော်လင့်ချက်က မဟာမိတ် ခေါင်းဆောင် တောက်ဟွမ်ကို သတ်လိုက်ပြီ။ ဘယ်လိုကြောင့် များလဲ။”
လူသား မဟာမိတ် တပည့်သားတွေ အားလုံး မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။
ဖြစ်သွားတာက မြန်ဆန်လွန်းတယ်။ အားလုံးက မျက်တောင် တစ်ခတ် အတွင်း ပြီးဆုံး ခဲ့ပြီ။
ဂျွတ်။ တောက်ဟွမ်ရဲ့ မျက်နှာဖုံးကလဲ ကွဲထွက် သွားတယ်။ အပိုင်းပိုင်း အစစ ဖြစ်ပြီး မြေပြင်ပေါ်ကို ပြုတ်ကျကုန်တယ်။
မျက်နှာဖုံး အောက်က မျက်နှာ ထွက်ပေါ် လာခဲ့ပြီ။
ဒီလောကကြီးနဲ့ မသက်ဆိုင်တော့တဲ့ မျက်နှာ တစ်ခု။ နှုတ်ခမ်းနီနီ သွားဖြူဖြူ မျက်ဝန်း လှလှတွေနဲ့ ဒီမျက်နှာက အရမ်းကို ရင်းနှီးနေတဲ့ ရုပ်သွင်ပဲ။
တောက်ရှင်းနဲ့ တစ်ထေရာတည်း တူနေတဲ့ မျက်နှာ။
အသက် နည်းနည်း ကြီးတာပဲ ကွာခြားတယ်။ တောက်ဟွမ်က မိန်းမ တစ်ယောက်။ တောက်ရှင်းနဲ့ တပုံစံတည်း တူတဲ့ မိန်းမ တစ်ယောက်။
ဝုန်း။ ခရမ်းရောင် အလင်းတန်းက မြေပြင်ပေါ်ကို ကျရောက်လာပြီး တောက်ဟွမ်ကို ရိုက်ခတ်တယ်။ တောက်ဟွမ်ကတော့ မျက်လုံး အပြူးသားနဲ့ တုန်ယင် နေခဲ့ပြီ။ ဒီဒဏ်ရာက သုခမိန် တစ်ယောက်ကို မသေစေနိုင်ဘူး။ ဒါပေမယ့် သုခမိန် တစ်ယောက်ရဲ့ ခေါင်းသာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားရင်တော့ ကိစ္စတွေက မတူညီပဲ ဖြစ်သွားလိမ့်မယ်။
တောက်ဟွမ်လဲ ဒါကို ကောင်းကောင်း သိတယ်။
သူမမှာ ခုခံစရာ အင်အား မရှိတော့တာကို ပိုပြီးတော့ နားလည်တယ်။ ဖန်ကျန်းရှီရဲ့ ဓားလက်ထဲကနေ မလွတ်နိုင်ဘူး။ သူမ အသက်က ဖန်ကျန်းရှီ လက်ထဲမှာ ရောက်နေခဲ့ပြီ။
လူတစ်ယောက်ရဲ့ ဘဝက အနိမ့် အမြင့်တွေနဲ့ ပြည့်နေခဲ့တယ်။
မကြာခင် အချိန်တုန်းက လူလေးစား ခံရတဲ့ မဟာမိတ် ခေါင်းဆောင်၊ ယင်ယန် ခန်းမ သခင်က အခုချိန်မှာတော့ သေရတော့မယ်။ သူမ မသေချင်ဘူး။ တကယ် မသေချင်ဘူး။
သူမ ဒေါသတွေ ပေါက်ကွဲ ချင်ပေမယ့်၊ လည်ချောင်းကြောင့် စကား မပြောနိုင်ခဲ့ဘူး။ မုန့်ထျန်းကို စိုက်ကြည့် ရုံသာ တတ်နိုင်ခဲ့တယ်။
သူမ တကယ်ပဲ တတ်နိုင်ရင်၊ မုန့်ထျန်းရဲ့ မျက်နှာ အစစ်ကို တကယ်ပဲ တွေ့ချင်တယ်။ ဒါပေမယ့် အခုချိန်မှာတော့ သနား စရာ အသံတွေသာ သူမ ထွက်နိုင်တယ်။
“အမ်း အွမ်း။” တောက်ဟွမ် လက်တစ်ဖက်ကို မြှောက်လိုက်ရင်း နောက်ဆုံး ကျန်တဲ့ အင်အားနဲ့ ဓားကို ဖမ်းဆွဲတယ်။
ပတ်ဝန်းကျင်မှာ ရှိသမျှ လူအားလုံးကတော့ မျက်လုံး အပြူးသား နဲ့သာ ရှိနေခဲ့တယ်။ တောက်ဟွမ်က မိန်းမ တစ်ယောက်တဲ့လား။
တောက်ရှင်းနဲ့လဲ တရုပ်တည်း။ ဘာတွေ ဖြစ်နေကြတာလဲ။
ဖန်ကျန်းရှီက တောက်ဟွမ်ကို အရမ်း သတ်ချင်နေတာကို သူတို့ လန့်ခဲ့ပေမယ့်၊ ပိုပြီး လန့်စရာ ကောင်းတဲ့ ကိစ္စက သူတို့ မျက်စိရှေ့မှာ ရောက်နေခဲ့ပြီ။
တောက်ဟွမ်က ယင်ယန် ခန်းမ ခေါင်းဆောင် နေရာကို ရတာ အရမ်းကြီး မကြာသေး ပင်မယ့်၊ တိုတောင်းတဲ့ အချိန်လဲ မဟုတ်ခဲ့ဘူး။
တောက်ဟွမ်က ဒီ အချိန် တစ်လျှောက်လုံး ခန်းမကို အုပ်ချုပ် နေခဲ့ပင်မယ့်၊ ဘယ်သူကမှ သူ့အကြောင်းကို ကောင်းကောင်း မသိခဲ့ဘူးလေ။
နေစမ်းပါအုန်း။ အရိုက်အရာ ဆက်ခံတဲ့ အချိန်တုန်းက တောက်ဟွမ်က သေချာပေါက် ယောကျာ်းစစ်ကြီး ဖြစ်ခဲ့တယ်လေ။
အပိုင်း (၉၇၉) ပြီး၏။
အပိုင်း (၉၈၀)
“တောက်ရှင်းကို သတ်ဖြတ်။ ငါက တကယ်ပဲ ဒါနဲ့ ထိုက်တန်လား။”
ခန်းမ ခေါင်းဆောင် (ဆက်ခံသူ) ဖြစ်လာဖို့ အတွက် တောက်ဟွမ်က အထူး အကျိုးဆောင် ခဲ့တာမျိုး ရှိလိမ့်မယ်။ ဒါကြောင့် သူ့ရုပ်သွင်ကို သေချာပေါက် ပြခဲ့ရမှာပဲ။
ဒါပေမယ့် ချောမော ခန့်ညားတဲ့ လူတစ်ယောက်ကနေ တောက်ရှင်းနဲ့ တရုပ်တည်း အမျိုးသမီး ဘယ်လိုများ ဖြစ်သွား ရတာလဲ။
“ဘယ်လို ဖြစ်သွား ရတာလဲ။ သူက ငါတို့ ခန်းမ ခေါင်းဆောင် မဟုတ်ဘူးလား။” ယင်ယန် ခန်းမ အကြီးအကဲတွေ အားလုံး ထိတ်လန့် သွားကြတယ်။
“ငါတို့ ခန်းမ ခေါင်းဆောင် မဟုတ်ဘူး။”
“ဒါဆိုရင် သူက ဘယ်သူလဲ။”
ယင်ယန် ခန်းမ တပည့်သားတွေ အားလုံးနဲ့ လူသား မဟာမိတ် အဖွဲ့သားတွေက မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။ သူတို့တွေ ဘယ်လိုပဲ တွေးပါစေ ပြောင်းလဲလို့ မရတဲ့ ကိစ္စကတော့ မရတာပဲလေ။
ဖန်ကျန်းရှီကတော့ တောက်ဟွမ် အထီးအဖြစ် အမ ဖြစ်ဖြစ် သတ်မှာပဲ။ သူ့ဓားသွား အောက်မှာ သေရမယ့်သူ ဖြစ်ဖို့ ကံကြမ္မာ သတ်မှတ် ထားပြီးသား။
“နေပါအုန်း။ သူ့ကို မသတ်သေးပါနဲ့။” ယင်ယန် ခန်းမ အကြီးအကြတွေက ဖန်ကျန်းရှီကို တားဖို့ လုပ်ပေမယ့်၊ နောက်ကျလွန်း သွားခဲ့ပြီ။
မုချင်းဖန်းနဲ့ မော့ရှန်းရှီ လာတောင်းပန် နေရင်တောင် ဖန်ကျန်းရှီက ဂရုစိုက်မှာ မဟုတ်ဘူး။
တစ်ချက်လေးတောင် မတွေဝေပဲ ဖန်ကျန်းရှီရဲ့ ဓားက လှုပ်ရှား သွားခဲ့ပြီ။ ခေါင်းတစ်လုံးက ကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။ သွေးတွေက နေရာ အနှံ့ကို ပန်းထွက်လာတယ်။
တောက်ဟွမ်။ မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုထဲမှာ အင်အား အကြီးဆုံး အကြီးအကဲ တစ်ယောက် ဖြစ်ခဲ့တဲ့ သူက အခုချိန်မှာ အသံလေး တစ်သံတောင် မထွက်နိုင်ပဲ သေဆုံး သွားခဲ့ ရပြီ။
ဒါကို မြင်ချိန်မှာတော့ အားလုံးက ပင့်သက်ရှိုက် မိသွားတယ်။
တောက်ဟွမ်က အတု ဖြစ်ဖြစ် အစစ် ဖြစ်ဖြစ် သူက လူသား မဟာမိတ် အဖွဲ့ရဲ့ ခေါင်းဆောင်လေ။ ဒီအဖြစ် အပျက်ကြောင့် အားလုံးက တုန်ယင် သွားခဲ့၇တယ်။
“ဆရာကြီး မုန့်ထျန်း။ မင်း။” မုချင်းဖန်း ပြတ်သွားတဲ့ ခေါင်းကို ကြည့်ရင်း တံတွေး မျိုချ နေရတယ်။ သူ့အတွေးတွေကို စကားလုံးနဲ့တောင် ဖော်ပြလို့ မရနိုင်ဘူး။ မုန့်ထျန်းကို အမှန်တရား ဘက်တော်သားကြီး တစ်ယောက်လို့ ပြောရမလား။
မုန့်ထျန်းကတော့ လူသား မဟာမိတ် အဖွဲ့ကို တစ်ချက်လေးတောင် မျက်နှာသာ မပေးခဲ့ဘူး။
ဒါပေမယ့် လူဆိုး တစ်ယောက်လို့ ပြောလို့ကလဲ မဖြစ်နိုင်။ မုန့်ထျန်းက ယွင်ချင်းဝူကို ဖမ်းခဲ့တဲ့သူ ဖြစ်နေခဲ့တယ်။
မုန့်ထျန်းက ယွင်ချင်းဝူ ခိုင်းစေထားတဲ့ လူတစ်ယောက်လား။ တောက်ဟွမ်က သူ့ကို ထုတ်ဖော် လိုက်တဲ့ အတွက် ရွေးချယ်စရာ မရှိပဲ ရက်ရက်စက်စက် သတ်ဖြတ် ပြစ်လိုက်တာလား။
မုချင်းဖန်း သိချင် နေပင်မယ့်၊ တောက်ဟွမ်က သူ့မျက်စိရှေ့မှာ သေသွားပြီး ဖြစ်တဲ့ အတွက် လက်လွတ်စပယ် မေးခွန်း မထုတ်ဝံ့ဘူး။
“မုန့်ထျန်း။ မင်း ဘယ်လောက်ပဲ အင်အား ကြီးပါစေ။ ငါတို့ ခန်းမ ခေါင်းဆောင်ကို သတ်သွားတဲ့ သူကို အလွတ်ပေးမှာ မဟုတ်ဘူး။” ယင်ယန် ခန်းမ အကြီးအကဲတွေ အံကြိတ်ရင်း ပြောလိုက်တယ်။
“ငါ့ကို ဘယ်တော့မှ အလွတ်မပေးဘူး ဟုတ်လား။ ဒီတော့ မင်းတို့ အားလုံးလဲ သေချင် နေတာလား။” ဖန်ကျန်းရှီက ခြိမ်းခြောက် နေတာ မဟုတ်ခဲ့ဘူး။ ယင်ယန် ခန်းမ အကြီးအကဲရဲ့ လည်ပင်းကို ဓားနဲ့ ချိန်ရွယ် လိုက်တယ်။
အကြီးအကဲတွေရဲ့ နောက်ကျောမှာ ချွေးတွေ တစက်စက် စီးကျ နေခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ ဓားကို မြင်ချိန်မှာ သူတို့ အရမ်းကို ကြောက်လန့် သွားကြတယ်။
မုန့်ထျန်းက တကယ့်ကို မောက်မာလွန်းတယ်။ ဒါ့အပြင် သူက လူသား မျိုးနွယ်ရဲ့ မျှော်လင့်ချက် ဖြစ်နေခဲ့တယ်။ သူက ဒီလို စကားတွေ ပြောပြီး လူသား မျိုးနွယ်နဲ့ ရန်သူ ဖြစ်လာ ရမှာကို စိတ်ထဲ မရှိဘူး။ ဒါက လူသား မဟာမိတ် တွေးတော တာထက် ပိုပြီးတော့ ကျော်လွန် နေခဲ့တယ်။
“မင်း စကား မပြောနိုင်ဘူးလား။” ဖန်ကျန်းရှီက ယင်ယန် ခန်းမ အကြီးအကဲ ပါးစပ် ပိတ်သွားတာကို ကြည့်ရင်း မေးတယ်။
“ငါ မုန့်ထျန်းက မိစ္ဆာနဲ့ နတ်ဆိုး တပ်ဖွဲ့တွေကို မကြောက်လန့်ဘူး။ နတ်သခင် ပညာရှင် ငါးယောက်ရဲ့ လက်ထဲကနေ ယွင်ချင်းဝူကို ငါဖမ်းလာ နိုင်ခဲ့တယ်။ အခုချိန်မှာ ငါ့ကို မင်းတို့ အားလုံးက သူလျှို တစ်ယောက်လို့ လာစွပ်စွဲ နေကြတယ်။ ငါ့လုပ်ရပ်တွေကိုလဲ မိစ္ဆာနဲ့ နတ်ဆိုးတွေရဲ့ ဟန်ဆောင် လှည့်ကွက်လို့ ပြောဆိုတယ်။ ငါက ဒီလို အပြောခံသင့်တဲ့ သူလား။”
“..”
ဖန်ကျန်းရှီ မေးခွန်းကို မေးလိုက် ချိန်မှာတော့ အားလုံးက တိတ်ဆိတ် သွားတော့တယ်။
“ငါ့ရှေ့မှာ မဟုတ်တမ်းတရားတွေ လာပြောနေကြတာလား။ တောက်ဟွမ်က ငါ့ကို သတ်ဝံ့တယ်။ ဒီတော့ ငါလဲ သူ့ကို ပြန်သတ်ဝံ့တာ ဆန်းသလား။ ဘာများ မှားနေတာလဲ။” ဖန်ကျန်းရှီ နောက်တစ်ကြိမ် ပြောပြန်တယ်။
“..” နေရာကြီး တစ်ခုလုံးက တိတ်ဆိတ် သွားတယ်။
“လွန်ခဲ့တဲ့ နှစ်ရာချီ အကြာတည်းက ငါကျော်ကြား ခဲ့တယ်။ ငါ့လက်ထဲမှာသာ ဓားတစ်လက် ရှိရင် နတ်ဆိုး မိစ္ဆာတွေ အားလုံးကို ငါသတ်နိုင်တယ်။ မြင့်မြတ် နယ်မြေကို မရောက်ခင် နတ်သခင် အဆင့် ပညာရှင် လင်းကျီကိုလဲ သတ်ပြီးပြီ။ သွေးအရိပ် မြို့တော် ထဲကို ထိုးဖောက် ဝင်ပြီး နတ်ဆိုး အရှင်သခင်ကို ဖမ်းခဲ့တယ်။ လူသား မျိုးနွယ် အတွက် ငါအများကြီး လုပ်ပေးခဲ့တာတောင် မင်းတို့က တောက်ဟွမ် စကားကြောင့် ငါ့ကို စွပ်စွဲကြတယ်။” ဖန်ကျန်းရှီ အရမ်းကို ဒေါသ ထွက်နေခဲ့တယ်။
လူသား မဟာမိတ် တပည့်သားတွေ အားလုံး ခေါင်းငုံ့ ထားခဲ့ ကြတယ်။ အမှန်ပဲ မုန့်ထျန်းက တကယ်ပဲ လူသား မျိုးနွယ် အတွက် အများကြီး လုပ်ပေးခဲ့တယ်။ ဒါ့အပြင် သူစီစဉ်ပေး ခဲ့တဲ့ အစီအစဉ်ကြောင့် မိစ္ဆာ ဘုရင်တွေ အများကြီးကိုလဲ သတ်နိုင် ခဲ့သေးတယ်။
ဒီလိုမျိုး ဂုဏ်ပြုစရာ လူသား တစ်ယောက်ကိုတောင် သူတို့က သံသဝင် ခဲ့သေးတယ်။ အရှက်တရားက အားလုံးကို ဖုံးလွှမ်း သွားခဲ့ပြီ။ မုန့်ထျန်းကို သံသယ ဝင်ခဲ့တဲ့ သူတွေ အားလုံးက အခုချိန်မှာ ခေါင်းငုံ့ ထားကြတယ်။
“မင်းတို့တွေလဲ ငါ့ကို တိုက်ခိုက်ခဲ့တာကို ငါမှတ်မိတယ်။ မင်းတို့ကိုလဲ ငါမေးခွန်း တစ်ခု မေးချင်တယ်။ ငါမင်းတို့ကို သတ်လို့ ရမလား။” ဖန်ကျန်းရှီ သူ့ဓားကို ဝေ့ယမ်းလိုက်တယ်။ ယင်ယန် ခန်းမ အကြီးအကဲရဲ့ လည်ပင်းပေါ်ကို သွေးတွေ စီးကျလာတယ်။
အကြီးအကဲကတော့ နှှုတ်ခမ်းတွေကို ကိုက်ထားရင်း တုန်ယင် နေခဲ့ပြီ။ သူ့ရှေ့က ဓားနဲ့ သေသွားပြီ ဖြစ်တဲ့ တောက်ဟွမ်ကို ကြည့်တယ်။ အဲ့ဒီ့နောက် ဖြည်းဖြည်းချင်း သူဒူးထောက် လိုက်တယ်။
“ဆရာကြီး မုန့်ထျန်း။ ငါသေဖို့ တန်ပါတယ်။”
ဝုန်း။ ဝုန်း။ ယင်ယန် ခန်းမ အကြီးအကဲတွေ အားလုံးက ဓားတွေကို ပြစ်ချရင်း ဒူးထောက် လိုက်ာကတယ်။ ဘယ်သူကမှ စကား မပြောနိုင်ဘူး။
ဖန်ကျန်းရှီကတော့ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်တယ်။ ဒီအကြီးအကဲတွေကို သူအလွယ်လေး သတ်လိုက်လို့ ရတယ်။ ဒါပေမယ့် သူမလုပ်နိုင်ဘူး။ မိစ္ဆာနဲ့ နတ်ဆိုး တပ်ဖွဲ့တွေက မကြာခင် ရောက်လာတော့မယ်။ အကြီးအကဲတွေကို သတ်လို့ မရဘူး။ သူတို့က လူသား မျိုးနွယ်ရဲ့ အဓိက အင်အားတွေ။
သူသတ်ဖို့ လိုတာက တစ်ယောက်ပဲ ရှိတယ်။ ဒါကတော့ တောက်ရှင်း။
“ငါ မင်းတို့ကို မသတ်ဘူး။ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေက မာကာခင် ရောက်လာတော့မယ်။ မင်းတို့ အားလုံး ပြင်ဆင် ထားသင့်ပြီ။” ဖန်ကျန်းရှီ သူ့ဓားကို ပြန်သိမ်းလိုက်တယ်။ ဒါပေမယ့် သူ့အကြည့်က အနားမှာ ရှိသူ အပေါ်ကို ကျရောက်သွားတယ်။
အဲ့ဒီ့လူ ဘေးမှာ သူအရမ်း ရင်းနှီးတဲ့ လူတစ်ယောက် ရှိနေတယ်။ အရင်းနှီးဆုံး သူငယ်ချင်း ရန်ရွှယ်။
“မင်း သူ့ကို သတ်ဖို့ ငါခွင့်မပြုနိုင်ဘူး။” တောက်ရှင်း ရှေ့မှာ ကာဆီး ထားရင်း ရန်ရွှယ်က ပြောတယ်။ သွေးနီရောင် ယပ်တောင်က သူ့လက်ထဲမှာ ရှိနေခဲ့တယ်။
“ရွှယ်အာ ဘေးဖယ်နေ။ အဲ့ဒီ့ မိန်းမက သေသင့်တယ်။” ရန်ချန်လိက လှမ်းအော်တယ်။
“မဖယ်ဘူး။” ရန်ရွှယ် ခေါင်းခါတယ်။”
“ရွှယ်အာ။ ငါက မင်း အဖိုး။” ရန်ချိန်လိ အံကြိတ်ရင်း ပြောတယ်။
“ကျွန်တော် သိတယ်။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။
“မင်း မင်းသိတယ်။” ရန်ချန်လိ အရမ်းကို လန့်သွားခဲ့တယ်။ အတိတ် မေ့သွားချိန်တည်းက သူ့ကို ရန်ရွှယ် အဖိုးလို့ ခေါ်တာ မကြားဖူးဘူး။ လင်းရှောင်တောင်မှာ ရန်ရွှယ်နဲ့ သူအကြိမ်ကြိမ် တွေ့ခဲ့တယ်။
ရန်ရွှယ်က သူ့ကို မသိ သလိုသာ ဟန်ဆောင် နေခဲ့တယ်။ ဒါ့အပြင် ရန်ချန်လိရဲ့ ရှင်းပြမှုတွေကို အားလုံးကို ယုံကြည်ဖို့ ငြင်းပယ်တယ်။ အခုချိန်မှာတော့ ရန်ရွှယ်က သူ့ကို သိတယ်လိုက ပြောနေခဲ့ပြီ။ ရန်ချန်လိ မအံ့သြပဲ ဘယ်နေပါ့မလဲ။ သူနောက်ထပ် စကားပြောဖို့ ပြင်ချိန်မှာ လူတစ်ချို့က သူ့အနားကို ခုန်ချတယ်။
“ဟမ်။” ရန်ချန်လိ ကြည့်လိုက် ချိန်မှာတော့ ဝတ်ရုံနက် တချို့ကို မြင်လိုက် ရတော့တယ်။
လူသား မဟာမိတ် အဖွဲ့ကလား။ ဒီအတွေး တွေးမိ ချိန်မှာပဲ ရင်းနှီးနေသူ တစ်ယောက်ကို သူထပ်မြင် လိုက်ပြန်တယ်။ အခုချိန်မှာ ဒီလူက အရမ်းကို အားနည်း နေခဲ့တယ်။ တပည့်သား တချို့က သူ့ကို တွဲထား ရတယ်။ အချိန် မရွေး လဲကျတော့မယ့် အတိုင်းပဲ။
“မော့ရှန်းရှီ ဒဏ်ရာ ရထားတာလား။” ဖန်ကျန်းရှီက မော့ရှန်းရှီကို ထိခိုက်အောင် လုပ်နိုင်မှန်း သူသိတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ အရတော့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ လက်ချက်ပဲ။ ဒါ့အပြင် သေချာပေါက် နတ်သခင် အဆင့် ပညာရှင် တစ်ယောက် လုပ်တာပဲ ဖြစ်နိုင် လိမ့်မယ်။
“အဖိုးကြီးမော့ မင်း ဘယ်လို ထိခိုက် လာတာလဲ။” မုချင်းဖန်းက ချက်ခြင်း ဆိုသလို ပြေးသွားတော့တယ်။
“ငါ မသေသေး ပါဘူး။” မော့ရှန်းရှီက မုချင်းဖန်းကို ခေါင်းခါ ပြပြီးနောက် ဖန်ကျန်းရှီ ဘက်ကို လှည့်တယ်။ “ကျေးဇူး တင်ပါတယ် ဆရာကြီး မုန့်ထျန်း။”
မော့ရှန်းရှီ ကျေးဇူးတင်ဖို့ ခေါင်းငုံ့ လိုက်ချိန်မှာပဲ မုန့်ထျန်း ခြေထောက်အောက်က ခေါင်းမဲ့ ခန္ဒာကိုယ်ကို မြင်လိုက်ရတယ်။ ဒါ့အပြင် ရင်းနှီးနေတဲ့ မျက်နှာဖုံး အပိုင်းအစတွေနဲ့ ခေါင်းပြတ် တစ်ခုကို သွေးအိုင်ထဲမှာ တွေ့လိုက်ရတယ်။
“တောက်ဟွမ်လား။” မော့ရှန်းရှီ အရမ်းကို လန့်ပြီး သွေးတောင် အန်တော့ မလိုပဲ။
တောက်ဟွမ်က မုန့်ထျန်း ခြေထောက်အောက်မှာ သေသွားပြီ။
“တောက်ဟွမ်က ဆရာကြီး မုန့်ထျန်းကို နတ်ဆိုး မိစ္ဆာလို့ စွပ်စွဲတဲ့ အတွက် အသတ်ခံလိုက်ရတယ်။” မုချင်းဖန်း ၇ှင်းပြတယ်။
“ဆရာကြီး မုန့်ထျန်းကို နတ်ဆိုး မိစ္ဆာလို့ စွပ်စွဲတယ်။ တောက်ဟွမ် သေသင့်တယ်။ ကောင်းတယ်။ သတ်တာ ကောင်းတယ်။” မော့ရှန်းရှီ ရယ်မောတော့တယ်။
“အပြင်မှာ ဘာတွေ ဖြစ်လာတာလဲ။” မုချင်းဖန်း ဒါကို ကြားချိန်မှာ တစ်ခုခု မှားနေမှန်း သိသွားတယ်။ မော့ရှန်းရှီက ရှင်းရှင်းလင်းလင်း မပြောပေမယ့်၊ သူ့အပြုအမူ တွေကြောင့် ထင်ထင်ရှားရှား သိနေနိုင်ပြီလေ။ တောက်ဟွမ်က မော့ရှန်းရှီ ဒဏ်ရာရတာ မုန့်ထျန်းကြောင့်လို့ စွပ်စွဲခဲ့တယ်။
အခုချိန်မှာ မော့ရှန်းရှီက မုန့်ထျန်းကို ဆရာကြီးလို့ ခေါ်နေသေးတယ်။ ဒီတော့ ယွင်ချင်းဝူကို မုန့်ထျန်းက တကယ် ဖမ်းခဲ့တာပဲ။ မော့ရှန်းရှီကို နတ်သခင် တစ်ယောက် ဒဏ်ရာရ စေတာပဲ ဖြစ်ရမယ်။
“ငါ လှည့်ကွက် နည်းနည်း လုပ်ခဲ့တယ်။ အချိန် ဆွဲနိုင်မယ်လို့ ငါထင်ပေမယ့်၊ အချိန် အကြာကြီးတော့ ရမှာ မဟုတ်ဘူး။ မကြာခင် နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ လိုက်မှီ လာတော့မယ်။” မော့ရှန်းရှီ ရှင်းပြတယ်။
“ဘယ်လောက် များလဲ။”
“အများကြီးပဲ။ ဒါ့အပြင် နတ်သခင် သုံးယောက်လဲ ပါသေးတယ်။”
မုချင်းဖန်း တောင့်တင်း သွားတော့တယ်။ လူသား မဟာမိတ် အားလုံးလဲ အမူအယာ ပြောင်းသွာကြတယ်။ နတ်သခင် သုံးယောက်က ဘယ်လောက်တောင် အစွမ်းထက်မှန်း အားလုံး သိကြတယ်။
နတ်သခင် တစ်ယောက်က သုခမိန် အများကြီးနဲ့ ညီမျှတယ်လေ။
နတ်သခင် တစ်ယောက်ရဲ့ စွမ်းအားက လူသား မဟာမိတ် အားလုံးကို ရှင်းပြစ်နိုင်ဖို့ လုံလောက်တယ်။
“ငါတို့တွေ ဘာလုပ်သင့်လဲ။”
“တပ်ဖွဲ့တွေက ရောက်လာတော့မယ်။”
“ငါတို့ ဒီအတိုင်း ပျောက်ကွယ် သွားရတော့မှာလား။”
“နေအုန်း။ ယွင်ချင်းဝူ ငါတို့ လက်ထဲ ရှိနေရင်၊ တပ်ဖွဲ့တွေက ငါတို့ကို သတ်နိုင်မှာလား။”
လူသား မဟာမိတ် တပည့်သားတွေ ကြောက်နေပင်မယ့်၊ ယွင်ချင်းဝူကို မျှော်လင့်ချက် ထားနေကြတယ်။ နောက်ဆုံးတော့လဲ သူတို့ အတွက် ယွင်ချင်းဝူသာ ရှိနေရင်၊ တပ်ဖွဲ့တွေကို ထိန်းချုပ် နိုင်မယ်လို့ ထင်နေတယ်လေ။
“အခုချိန်မှာ အသုံး မဝင်တော့ဘူး။ တပ်ဖွဲ့တွေကို ချင်းရှန်းက အခုချိန်မှာ အုပ်ချုပ် နေပြီး။ သူက အရူးကောင်။ ယွင်ချင်းဝူက တပ်ဖွဲ့တွေကို မထိန်းချုပ် နိုင်တော့ဘူး။” မော့ရှန်းရှီ ခေါင်းခါတယ်။
“ဘာဖြစ်တယ်။”
“ယွင်ချင်းဝူက တပ်ဖွဲ့တွေကို မညွှန်ကြား နိုင်တော့ဘူး။”
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ တိုက်ခိုက် ရမှာလား။”
လူသား မဟာမိတ် အဖွဲ့ရဲ့ မျက်နှာတွေက ချက်ခြင်း ပြောင်းလဲ သွားကြတယ်။ အပြင်ဘက်မှာ ဖြစ်ခဲ့တာတွေကို မသိပေမယ့်၊ သူတို့တွေ ရှင်းရှင်းလင်းလင်း နားလည်လိုက်တာ တစ်ခုရှိတယ်။
ယွင်ချင်းဝူက အသုံးမဝင်တော့ဘူး။
“ဆ ဆရာကြီး မုန့်ထျန်း။” မော့ရှန်းရှီက ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ ဒီလူ တစ်ယောက်တည်းကသာ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကို ခုခံ တိုက်ခိုက် နိုင်မယ့်သူ ဖြစ်နေတယ်လေ။
“အခု အဲ့ဒီ့ ကိစ္စကို ဘေးထားလိုက်။ ငါ တစ်ယောက်ယောက်ကို အရင်ဆုံး သတ်ချင်နေတယ်။” ဖန်ကျန်းရှီက လက်ဝေ့ယမ်းရင်း တောက်ရှင်းကို လှမ်းကြည့်တယ်။ ရန်သူတွေက ဆုံတွေ့တဲ့ အချိန်မှာ အရမ်းကို ဒေါသ ကြီးကြတယ်။
ဒါ့အပြင် တစ်ဖက်လူက တောက်ရှင်း ဖြစ်နေသေးတယ်။ သူ့ကို တောင်စဉ် ကိုးသွယ်ရဲ့ အိုးကြီးထဲ ထည့်ပြုတ် စေတဲ့သူ။ ဒီမိန်းမ မသေရင် သူကောင်းကောင်း အိပ်နိုင်မှာ မဟုတ်ဘူး။
“တစ်ယောက်ယောက်ကို သတ်မယ်တဲ့လား။” မော့ရှန်းရှီ အရမ်းကိုလန့်သွားခဲ့တယ်။
ဒါပေမယ့် တောက်ရှင်းကို သူ့ဓားထိပ်နဲ့ ရွယ်ထားခဲ့ပြီ။
ဆရာကြီး မုန်ကထျန်းက တောက်ရှင်းကို သတ်ချင်တာလား။ တောက်ဟွမ်ကို သတ်ပြီးတဲ့နောက် တောက်ရှင်းကို သတ်မယ်တဲ့လား။ နေစမ်းပါအုန်း။ ဘာတွေ ဖြစ်နေတာလဲ။ အခု ဘာတွေ ဖြစ်နေတာလဲ။
အပိုင်း (၉၈၀) ပြီး၏။