အပိုင်း (၉၉၁-၁၀၀၀)
Vol. 10 Ch. 991-1000
အပိုင်း (၉၉၁)
“လက်စားချေမှု။”
ချင်းယွိကတော့ ဘာပြောရမလဲ တကယ့်ကို မသိတော့ဘူး။ သူမ တွေးထားတာထက် အများကြီး ကျော်လွန် သွားခဲ့ပြီလေ။
ခြောက်လ အချိန် အတွင်းမှာ ချီကူယန်ရဲ့ စွမ်းအားက သူမ တွေးထား တာထက် အများကြီး သာလွန် သွားခဲ့ပြီ။ ချင်းယွိနဲ့ မိစ္ဆာတွေ အားလုံး အံ့အားသင့် နေချိန်မှာပဲ ချီကူယန်က နောက်တစ်ကြိမ် ဓားကို မြှောက်လိုက်ပြန်တယ်။
ဝေါင်း။ ခေါင်းငါးလုံး ခြင်္သေ့ အော်သံကြီး ထွက်ပေါ်လာတယ်။ ချီကူယန်ကို သူကြောက်နေခဲ့ပြီ။ မိစ္ဆာ နတ်သခင်တွေက မောက်မာတယ်။
ဒါပေမယ့် သူက ငတုံး မဟုတ်ဘူး။ အန္တရာယ်နဲ့ ရင်ဆိုင် ရချိန်မှာ ခေါင်းငုံ့ရမှာကို သူနားလည်တယ်။ ခေါင်းငါးလုံး ခြင်္သေ့က ချီကူယန် ရှေ့မှာ ဒူးထောက်လိုက်တယ်။ လူပုသာ သူ့ဘေးမှာ ရှိမနေရင် သူထွက် ပြေးနေလောက်ပြီ။
နတ်သခင် ဖြစ်ပေမယ့် သေရမှာကိုတော့ သူကြောက်တယ်။
“ကလေးမလေး မင်းရဲ့ ဓားက ပိုထက်လား ငါ့လက်က ပိုသွက်။” လူပု စကား မဆုံးခင် အချိန်မှာပဲ သူ့ကျောထဲ စိမ့်ချမ်း သွားပြန်တယ်။ အရင်ကလို ခံစားချက်ပဲ။ အရမ်းကို ထူးဆန်းတယ်။ သူ့နောက်ကျောမှာ တစ်ခုခု ရှိနေတဲ့ အတိုင်း သူခံစားမိတယ်။
အစောပိုင်း ရိုက်ချ လိုက်တုန်းက ဘာကိုမှ မထိမိခဲ့ဘူး။ နောက်တစ်ကြိမ် အသိစိတ်က သူ့ကို တိုက်ခိုက် ပြန်ပြီ။ တိုက်ပွဲ အတွေ့အကြုံကြောင့် သူနောက်တစ်ကြိမ် လှည့်ပြီး ရိုက်ထုတ် ပြစ်လိုက်တယ်။ ထူးဆန်းတယ်။ ကြောက်စရာ ကောင်းတယ်။
ဒီလူပုက အရမ်းကို သတိကြီးတယ်။ နောက်တစ်ကြိမ်လဲ သူဘာမှ မထိမိပြန်ဘူး။
တကယ်တော့ သူလေထဲကို နောက်ပြန် လှည့်ရိုက် နေချိန်မှာ ချီကူယန်က ခေါင်းငါးလုံး ခြင်္သေ့ကို ဓားနဲ့ ထပ်ခုတ်တယ်။
ဝေါင်း။ သနားစရာ ကောင်းအောင် ခြင်္သေ့က ထပ်အော်ပြန်တယ်။ သူမြေပြင်ပေါ်မှာ လှိမ့်ရင်း ဓားချက်ကို အနိုင်နိုင် ခုခံ နေရတယ်။ ဒီဓားက သူ့ခေါင်းကို သီသီလေး လွဲသွား ခဲ့တာလေ။ ဓားက ခေါင်းကို မထိပေမယ့်၊ ရှေ့ခြေမှာတော့ သွေးတွေက ရေစီးသလို စီးကျလာတယ်။
“ကောင်မလေး မင်းက ကောက်ကျစ်လိုက်တာ။” လူပုက ဒေါသ ထွက်သွားတော့တယ်။ ချီကူယန်ရဲ့ ရက်စက်မှုနဲ့ ကောက်ကျစ်တဲ့ နည်းလမ်းကို အကြိမ်ကြိမ် ကြုံတွေ့ ပြီးတဲ့နောက် သူအရမ်းကို ဆွေ့ဆွေ့ခုန် နေခဲ့ပြီ။
တစ်ချက်လေးတောင် မတွေဝေပဲ လူပုက ချီကူယန်ကို တိုက်ခိုက်တော့တယ်။ ချီကူယန်ကို လက်ဝါးနဲ့ သူရိုက်ချပြစ်တယ်။ သူ့လက်ဝါး တစ်ခုလုံးကို မှင်လို မည်းမှောင်တဲ့ အလင်းတန်းတွေက ဖုံးလွှမ်း သွားခဲ့ပြီ။ ခြေနှစ်လှမ်း ရှေ့တိုး လိုက်ချိန်မှာပဲ စူးရှတဲ့ ခံစားချက်ကို သူခံစား မိပြန်တယ်။
ဓားတစ်လက် သူ့နောက်ကျောမှာ လာထောက်နေ သလိုပဲ။
“နောက်တစ်ကြိမ်လား။ ဒီတစ်ခေါက်တော့ ငါ လှည့်စား မခံတော့ဘူး။” ကိစ္စ တစ်ခုက သုံးခေါက်ထက် ပိုမဖြစ်နိုင်ဘူးလေ။ လူပုလဲ တန်ပြန် မတိုက်ခိုက်ပဲ ချီကူယန့်ဘက်ကို အာရုံ ပြန်စိုက်တယ်။
ဒီအချိန်မှာပဲ ချီကူယန် သူ့နေရာက ပျောက်ကွယ် သွားတာကို သူသတိ ထားမိပြန်တယ်။ လေထဲ အငွေ့ပျံ သွားသလိုပဲ။
“ဟမ်။ မြနလိုက်တာ။ နေစမ်းပါအုန်း ဒါက။” လူပု လန့်သွား ချိန်မှာပဲ သူ့နောက်ကျော တစ်ခုလုံးလဲ နာကျင် သွားတော့တယ်။ သူဓားနဲ့ ထိုးခံရပြီ။ ဒါက ထူးဆန်းတာတော့ မဟုတ်ခဲ့ဘူး။ ဓားမရှိရင် ဓားနဲ့ ဘယ်လို ထိုးခံ ရမှာလဲ။
ဖြစ်နေတာတွေကို သူမတွေး နိုင်ခင် အချိန်မှာပဲ ဓားက သူ့ကိုယ်ကို ဖောက်သွားခြ့ပြန်။
သွေးတွေ ဆက်တိုက် စီးကျလာတယ်။
“…”
“…”
ဒီတစ်ကြိမ်မှာတော့ ချင်းယွိတင် မကဘူး ဧကရီ ပိုင်ကျစ်ပါ မျက်လုံး အပြူးသားနဲ့ ကြည့်နေခဲ့ပြီ။ ချီကူယန်က လူပု နောက်မှာ ပေါ်လာပြီး သူ့ဓားကို နောက်ကနေ ထိုးချလိုက်ပြီ။ ရိုးရှင်းပြီး တိုက်ရိုက်ကျတယ်။ အင်အားကြီး သုခမိန်နဲ့ ကြယ်တာရာ စုဝေးမှု အဆင့် အားနည်းသူ တစ်ယောက် တိုက်ခိုက် နေတဲ့ အတိုင်းပဲ။
ချီကူယန်ရဲ့ နည်းလမ်းတွေက အရမ်းကို ရိုးရှင်းပေမယ့် သက်ရောက်မှုက ပြင်းထန်တယ်။ ဘယ်လို အလုပ်ဖြစ် နေမှန်းတော့ ဘယ်သူမှ မတွေးတတ် ခဲ့ဘူး။
နောက်တစ်ကြိမ် ထူးဆန်းတဲ့ ကိစ္စ ဖြစ်လာပြန်တယ်။ ချီကူယန်က လူပုကို ဓားနဲ့ ထိုးပြီး ချိန်မှာပဲ သူမရဲ့ မူလ နေရာကို ပြန်ရောက် သွားတော့တယ်။ ဘယ်တုန်းကမှ မလှုပ်ရှားခဲ့တဲ့ အတိုင်း ငြိမ်ငြိမ်လေး ရှိနေတယ်။
သူ့ဓားကို ထုတ်ပြီး ပြန်သိမ်း လိုက်ချိန်က တကယ့်ကို မြန်ဆန် လွန်းလှတယ်။
ဝူး။ ကတုံးပြောင်ပြောင် ခေါင်းတစ်လုံး လေထဲကို လွင့်ထွက် သွားခဲ့ပြီ။ အဲ့ဒီ့နောက် ခန္ဒာကိုယ်က ဒူးထောက်လျက်သား ဖြစ်သွားတော့တယ်။
“သေသွားပြီလား။”
“နတ်သခင် သေသွားပြီလား။”
လင်းယွမ် မျှော်စင်က တပ်ည့သားတွေ၊ မိစ္ဆာတွေနဲ့ မိစ္ဆာ ဘုရင်တွေ အားလုံးကတော့ မိုးကြိုးပြစ်ခံ ရတဲ့ အတိုင်း မျက်လုံး ပြူးနေ ခဲ့ကြပြီ။
ရှေးစစ်ပွဲကြီး မှာတော့ အသက်ရှင် ခဲ့တဲ့ နတ်သခင်က ဒီလို သေသွား ရတာတာလား။
ကိုယ်တိုင် မမြင်ရရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ဒါက အိပ်မက်ထက်တောင် ဆန်းကြယ်သေးတယ်။
“ချီကူယန်။” ဒီအချိန်မှာပဲ ပြတ်သွားတဲ့ ခေါင်းက ဒေါသတကြီး အော်ဟစ်ရင်း အနက်ရောင် အလင်းတန်းတွေ ထုတ်လွှတ် ပြန်တယ်။
“သူမသေဘူးလား။”
“နတ်သခင်ပဲလေ။ ဘယ်လိုလုပ် လွယ်လွယ် သေမှာလဲ။”
“ငါတို့မှာ အခွင့်အရေး ရှိသေးတယ်။”
မိစ္ဆာတွေ နောက်တကြိမ် မျှော်လင့်ချက် ရောင်ခြည် သန်းလာပြန်တယ်။
သူတို့တွေ နတ်သခင် ရှိနေသရွေ့ ပြန်တိုက်ခိုက်လို့ ရတယ်။ ဒါပေမယ့် မျှော်လင့်ချက်က သိပ်မကြာခဲ့ဘူး။ ချီကူယန်က ခေါင်းပြတ် နောက်မှာ နောက်တစ်ကြိမ် ပေါ်လာ ပြန်လို့ပဲ။
“မဖြစ်ဘူး။” ခေါင်းပြတ်ကြီး စိတ်ပျက် အားလျော့မှု အပြည့်နဲ့ အော်တယ်။
ဒီအော်သံက အသုံးမဝင်ခဲ့ဘူး။ ချီကူယန်က သူမ ဓားကို မရပ်တန့် ခဲ့ဘူးလေ။ ဒါက ချီကူယန်ရဲ့ အကျင့်ပဲ။ ရန်သူကို တိုက်ခိုက်ချိန်မှာ ဘယ်တော့မှ မညှာတာဘူး။
ဝုန်း ဝုန်း ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးတွေ ဆက်တိုက် ထွက်ပေါ် လာတယ်။ ချီကူယန်ရဲ့ ဓားက အနက်ရောင် အလင်းတန်းတွေ အားလုံးကို ပျောက်ကွယ်တဲ့ အထိ ဖျက်စီး ပြစ်လိုက်ပြီ။
ဒီအချိန်မှာပဲ သွေးနီရောင် အလင်းတန်းကြီး တစ်ခုက ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ မိုးစက်တွေ စီးကျလာသလို သွေးမိုးတွေ စတင် ရွာသွန်းတယ်။ ခေါင်းငါးလုံး ခြင်္သေ့နဲ့ ဧကရီ ပိုင်ကျစ် ပေါ်ကိုလဲ သွေးစက်တွေက ကျဆင်းလာတယ်။
သူတို့တွေ မျှော်လင့်ချက် မရှိတော့ဘူး။ ချီကူယန်ကို ပြန်တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ မြင့်မြတ် နယ်မြေက ကောင်းချီးခံ သွေးမျိုးနွယ် ပါရမီရှင်။
ဝေါင်း။ ခေါင်းငါးလုံး ခြင်္သေ့ကြီး ဒေါသတကြီးနဲ့ ဟိန်းဟောက်နေသလို သူကြောက်ရွံ့ နေခဲ့တယ်။ ချီကူယန်ကို သွေးလို ရဲရဲနီ နေတဲ့ မျက်ဝန်းတွေနဲ့ သူကြည့်တယ်။ တိုက်ခိုက်မယ့် အစား သူထွက်ပြေး ခဲ့ပြီ။ မြန်မြန် ရောက်လာသလို မြန်မြန် ပြေးသွားခဲ့တယ်။
ချီကူယန်ကတော့ သူ့ကို အလွတ်မပေးခဲ့ဘူး။
ဓားအလင်းတန်းက ထွက်ပေါ် လာခဲ့ပြန်ပြီ။ ထောင်ချီတဲ့ အလင်းတန်းတွေက ခေါင်းငါးလုံး ခြင်္သေ့ကြီးရဲ့ ခန္ဒာကိုယ်ကို မိုးစက်တွေလို ထိပါး တိုက်စား ပြစ်တယ်။
သွေးတွေက ခေါင်းငါးလုံး ခြင်္သေ့ကိုယ်ကနေ ဆက်တိုက် စီးကျ လာပြီးနောက် အလင်းတန်း လေးခုလဲ ထွက်ပေါ်လာတယ်။ ကျန်ရစ်တဲ့ ခေါင်းလေးလုံးက တိုက်ခိုက်မှုကို ခုခံကြတယ်။
ဒါပေမယ့် ဓားမိုးက အားကောင်းလွန်းလို့ ဘာကိုမှ မဖျက်စီး နိုင်ခဲ့ဘူး။ ခေါင်းငါးလုံး ခြင်္သေ့တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မရပဲ နာနာကျင်ကျစ်သာ ခံစား နေခဲ့ရတယ်။ မကြာခင်မှာပဲ သွေးအိုင် အဖြစ်ကို သူပြောင်းလဲ သွားခဲ့ပြီ တစ်ခုတည်းသော ကျန်ရစ်တဲ့ အရာကတော့ မိစ္ဆာ ပုလဲပဲ။
နတ်သခင် နှစ်ယောက် ပျောက်ကွယ် သွားခဲ့ပြီ။ သူတို့တွေ တည်တောင် မတည်ရှိခဲ့တဲ့ အတိုင်း ခပ်မြန်မြန် သေဆုံး သွားခဲ့ကြတယ်။
ချီကူယန်က နှစ်ယောက် တစ်ယောက် တိုက်ခိုက် အနိုင်ယူခဲ့တယ်။
သူမက ကျမ်းကောင်းကင် တောင်ပေါ်မှာ နောက်တစ်ကြိမ် ပြန်ရပ်တန့်ပြီး ဘယ်အရာကိုမှ ညှာတာတော့မှာ မဟုတ်လို့ ပြောနေ သယောင်ပဲ။
မိစ္ဆာ ဧကရီ ပိုင်ကျစ်ကတော့ မျက်လုံးပြူးကြီးနဲ့သာ ရှိနေခဲ့တယ်။ သူမရဲ့ အမြီးတောင် မနာတော့ဘူး။ ရှင်းရှင်းလင်းလင်းလဲ မတွေးတော နိုင်တော့ဘူး။
“ချီကူယန်က ဘယ်လိုတောင် အင်အား ကြီးလာတာလဲ။” ဧကရီ ပိုင်ကျစ် မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း တွေးနေခဲ့တယ်။
ချီကူယန် ပေါ်လာချိန်တည်းက သူ့စိတ်ထဲ ခံစားချက်တွေ မကောင်းခဲ့ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိပြီး နတ်သခင် နှစ်ယောက်လဲ ရှိနေတဲ့ အတွက် သူမ ကြောက်လဲ မကြောက်ခဲ့ သလို ထွက်ပြေးဖို့ ယောင်လို့ တောင် မတွေးမိခဲ့ဘူး။
အခုချိန်မှာတော့ နတ်သခင် နှစ်ယောက်လုံး သေသွားခဲ့ပြီ။ အမြီး ကိုးချောင်း မြေခွေးတွေရဲ့ ကြိုတင် သိမြင်နိုင်စွမ်းက တကယ့်ကို မှန်ကန်တာပဲ။
“အရှင် ဧကရီ အခုချိန်မှာ နတ်ဆိုး မိစ္ဆာ မုခ်ဝတွေကို ပိတ်လို့ ရပြီ။” ချီကူယန် ချင်းယွိကို ပြောလိုက်တယ်။
“ဟမ်။”
“အရှင် ဧကရီ မိစ္ဆာ နတ်ဆိုး မုခ်ဝတွေကို ကျွန်မနဲ့ အတူတူ မပိတ်ဘူးလား။” ချီကူယန်က ထပ်မေးတယ်။
“အမ်း။ ပိတ်မှာပေါ့။ သဘောတူထားတာပဲ။” ချင်းယွိ တစ်ခုခု လွဲနေတာကို သတိ ထားမိလိုက်တယ်။ ချီကူယန်က သူ့ကို အရှင် ဧကရီလို့ ခေါ်တယ်။ သူက ကြီးမြတ်သော ရှနိုင်ငံ နတ်ဆိုး ကျောင်းတော်ရဲ့ ဆက်ခံသူ မင်းသမီးလေ။ ဒီတော့ ဒီလို ခေါ်တာ ဖြစ်သင့်ပါတယ်။
ချင်းယွိ ပါးစပ် မြန်မြန် ပြန်ပိတ်လိုက်တယ်။ တခြားသူတွေသာ ဒီလို လာခေါ်ရင် သူမ ပါးပိတ် ရိုက်ပြစ်ပြီ။ ဒါက သူမ ဘဝရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲလေ။ ချီကူယန်က ဒီလို ခေါ်နေမှတော့ ဘယ်လို ငြင်းနိုင်မှာလဲ။
ဒါ့အပြင် ဧကရီ အဆင့်အတန်းက ချီကူယန်နဲ့ စကားပြောဖို့ ပိုအဆင်ပြေတယ်။ ပထမဆုံး အနေနဲ့ ဘဝမှာ တစ်ခဏတာ ဧကရီ ဖြစ်ခဲ့ရပေမယ့်၊ အတော်လေး ကောင်းတာကို သူခံစား မိလိုက်တယ်။ အနည်းဆုံးတော့ သူ့နိုင်ငံက ချီကူယန်လို ကြောက်စရာ ကောင်းသူကို မွေးထုတ် ခဲ့တယ်လေ။
နေစမ်းပါအုန်း။ နောက်တစ်ယောက် ရှိသေးတယ်။ ဖန်ကျန်းရှီ။ ချီကူယန်လောက် သူလဲ ကြောက်စရာ ကောင်းတယ်။ ဒီနှစ်ယောက် ရှိနေတဲ့ နိုင်ငံ အနာဂတ်ကိုတော့ ခန့်မှန်းလို့ ရနေခဲ့ပြီ။
“အဟွတ် ဟွတ်။ ငါ့ကို ဧကရီလို့ မခေါ်ပါနဲ့။ မင်းက ပင်းယန်ရဲ့ ညီအစ်မပဲ။ ဒေါ်လေးချင်းလို့ခေါ်လဲ ရတယ်။” ချင်းယွိ သူ့ရင်ဘတ်သူ ထုရင်း ပြောတယ်။”
“ကောင်းပါပြီ ဒေါ်လေး။”
“ဒါကို ပြောမယ်ဆိုရင်၊ ဖန်ကျန်းရှီလဲ ငါ့ကို ဒေါ်လေးလို့ ခေါ်တာပဲ။ ဒါပေမယ့် ယန်လေးက သူ့ထပ် ပိုအင်အားကြီးပြီး လေးစားရမယ့် အခြေအနေကို ရောက်နေပြီ။” ချင်းယွိ ရယ်မောလိုက်တယ်။
“အဲ့ဒီ့ အရှက်မရှိတဲ့ ကောင်ရဲ့ စွမ်းအားက ကျွန်မနဲ့ ယှဉ်လို့ ရတယ်။ ဒါ့အပြင် ကျွန်မ နိုးလာရတဲ့ အကြောင်းအရင်း တစ်ခုက သူပဲ။” ချီကူယန် ပြောတယ်။
“သူက အကြောင်းအရင်း တစ်ခု။”
“ဟုတ်တယ်။ သူရွာက မထွက်ခင် ကျွန်မ အိပ်ယာဆီ လာပြီး တစ်ခု လုပ်ခဲ့တယ်။” ချီကူယန် စိတ်ထဲ ပေါ်လာတဲ့ မှတ်ဉာဏ်တွေကို ပြန်ပြော နေခဲ့တယ်။ မှောင်မည်းနေတဲ့ ရေကန်ထဲမှာ ရေမှော်တွေလို သူမ လွင့်မျောနေခဲ့တယ်။
အချိန် အကြာကြီး ကြာတဲ့ အထိ သူလေနှင်ရာ လွင့်နေခဲ့တယ်။ သူ့အသံကို ခေါ်တဲ့ နာမည် တိုးတိုးလေးကို အကြာကြီး ကြာပြီးတဲ့နောက် သူမ ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် သူမအကျီကို ကြယ်သီးဖြုတ်ပြီး ထိလာတဲ့ လက်ကို ခံစားမိတယ်။
မကြာခင် အချိန်မှာ ကျောက်စိမ်းလုံးလေး တစ်ခုကို သူမ တွေ့လိုက်တယ်။ ဒီကျောက်စိမ်း လုံးလေး ထဲမှာ မြွေအရိပ်လေး တစ်ခုလဲ ပါနေသေးတယ်။ အဲ့တာက ကံတရားလား တိုက်ဆိုင်မှုလား ဆိုတာကို သူမ မသိဘူး။ သူမရဲ့ ကောင်းချီးခံ သွေးမျိုးနွယ်ကလဲ မြွေပဲလေ။
သာမာန်မြွေ မဟုတ်ပေမယ့်၊ အမျိုးအစားက တူညီတယ်။ သူမနဲ့ တူညီချက် ရှိနေတာကို ဒီကျောက်စိမ်းလုံးလေး ကနေ ခံစားမိတယ်။
ဒီမြွေက သူမကို ရစ်ပတ်ပြီး ခန္ဒာကိုယ်ရဲ့ ဒဏ်ရာတွေကို ကုသပေးတယ်။ အနက်ရောင် ရေကန်ကလဲ ရွှေရေကန် အဖြစ် ပြောင်းလဲ သွားပြီး သူမကို နွေးထွေးစေတယ်။ နောက်ဆုံးမှာတော့ နေရောင်ခြည် တောက်ပလာပြီး အလင်းရောင်ကို သူမ မြင်လိုက် ရတော့တယ်။
(“အရှက်မရှိတဲ့ ကောင်စုတ် နင့်ကို ကျေးဇူး တင်ပါတယ်။”) ချီကူယန် တွေးနေခဲ့တယ်။
တခြား တစ်ဖက်မှာ ရှိနေတဲ့ ချင်းယွိကတော့ ချီကူယန်ကို ကြည့်ရင်း စိတ်ရှုပ်သွား ခဲ့တယ်။ ချီကူယန် နောက်ဆုံး ပြောလိုက်တဲ့ အိပ်ယာ ဆိုတာကို ကြားပြီး သူမ အတွေးတွေလဲ ပြောင်းလဲ သွားတယ်။ ဒီကောင် ကောင်မလေးကို အခွင့်အရေး ယူသွားတာပဲ။
ချီကူယန် သတိလစ်နေတုန်း အခွင့်အရေး ယူသွားတယ်။ မကောင်းတဲ့ကော်။
ချင်းယွိ အရမ်း ဒေါသ ထွက်သွား ပင်မယ့်၊ ဖန်ကျန်းရှီကို သူမ ဘာမှ မလုပ်နိုင်မှန်း သိတယ်။ ဖန်ကျန်းရှီက သူ့ပြိုင်ဘက် မဟုတ်တော့ဘူးလေ။ ဘယ်လောက်ပဲ ဒေါသ ထွက်ပါစေ တိုက်ခိုက်လို့ နိုင်မှာ မဟုတ်ဘူး။
“ယန်လေး စိတ်ချပါ။ သမီးအတွက် တရားမျှတမှု ရအောင် ဒေါ်လေး သေချာပေါက် လုပ်ပေးမယ်။” ချင်းယွိက ချီကူယန်ကို အာမခံပေး နေခဲ့တယ်။”
“တရားမျှတမှု အတွက်။” ချီကူယန် ကြောင်အ သွားပင်မယ့်၊ သူမ အတည်ပြု နေချိန် မရှိတော့ဘူး။
ဘာကြောင့်လဲ ဆိုတော့ အခုချိန် လာရင်း ရည်ရွယ်ချက်က မိစ္ဆာ နတ်ဆိုး မျိုးနွယ် ဆက်ခံသူကို သတ်ဖို့နဲ့ မုခ်ဝတွေကို ပိတ်ဖို့ ပဲလေ။
“ဒီတော့ မင်းတို့ နှစ်ယောက်က မုခ်ဝတွေကို ပိတ်ချင် နေတာပေါ့။” ဧကရီ ပိုင်ကျစ် ခက်ခက်ခဲခဲ ထရပ်ရင်း ပြောတယ်။
မုခ်ဝတွေကို ဖွင့်ရတာ အရမ်း ခက်တယ်။ ပိတ်ရတာ ပိုလို့တောင် ခက်သေး။
အပိုင်း (၉၉၁) ပြီး၏။
အပိုင်း (၉၂၂)
“ပုံစံပြောင်း။”
ဧကရီ ပိုင်ကျစ်က မြေကမ္ဘာပေါ်မှာ အသက် ရှင်သန်နေတာ အချိန် အတော်ကြာခဲ့ပြီ။ လက်ရှိ လူ့လောကမှာ အချိန် အကြာဆုံး လို့တောင် ပြောလို့ ရနိုင်တယ်။
နတ်ဆိုး မိစ္ဆာ မုခ်ဝတွေကို သူတို့ ဖွင့်နိုင်ခဲ့တာ ယွင်ချင်းဝူရဲ့ ဉာဏ်ပညာနဲ့ တိုက်ဆိုင်မှုတွေကြောင့်ပဲ။
ဥပမာ အားဖြင့် နန်ကုန်းဟောင်သာ နတ်ဘုရား သစ်ပင် တစ်ခုလုံးကို အပြည့်အ၀ စုပ်ယူ နိုင်ခဲ့ရင် တိုက်ပွဲ အခြေအနေက ပြောင်းလဲ သွားလိမ့်မယ်။ ဒါမှမဟုတ် နန်ကုန်းဟောင်သာ သူ့မိသားစုရဲ့ အစီအစဉ် အတိုင်း ချီကူယန်ရဲ့ ကောင်းချီးခံ သွေးမျိုးနွယ်ကိုသာ စုပ်ယူ နိုင်ခဲ့ရင် ကျမ်းကောင်းကင်တောင် တိုက်ပွဲရဲ့ ရလဒ်ကလဲ ပြောင်းလဲ သွားလိမ့်မယ်။
ဒီလို တိုက်ဆိုင်မှုတွေကြောင့် နတ်ဆိုး မိစ္ဆာ မုခ်ဝတွေ ပွင့်လာ ခဲ့ပြီး ရှေးနတ်သခင်တွေလဲ ဆင်းသက် လာနိုင်ခဲ့တယ်။ နတ်ဘုရား မုခ်ဝကို ဖွင့်ဖျို့က အရမ်းကို ခက်ခဲ လွန်းတယ်။ ဒါ့အပြင် ပိတ်ဖို့ အတွက်လဲ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်။ မုခ်ဝတွေက နွီဝါး မယ်တော် ကိုယ်တိုင် ချန်ရစ် ထားခဲ့တဲ့ အရာတွေ ဖြစ်နေခဲ့လို့ပဲ။
ဧကရီ ပိုင်ကျစ် တွေးနေချိန်မှာပဲ ချီကူယန်က တိုက်ခိုက်တော့တယ်။ ဧကရီ ပိုင်ကျစ်နဲ့ ငြင်းခုန် မနေသလို စကားလဲ ပြန်မပြောခဲ့ဘူး။ နတ်ဆိုး မိစ္ဆာ မုခ်ဝတွေဆီကို သူမ ပျံတက်သွားတယ်။
“ဒီမုခ်၀ နှစ်ခုကို သူကိုယ်တိုင် ပိတ်နိုင်မယ်လို့ ထင်နေတာလား။ တုံးအလိုက်တာ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” ဧကရီ ပိုင်ကျစ်ကတော့ ပြေးပြီး မတားခဲ့ဘူး။ သူက ချီကူယန်ရဲ့ ပြိုင်ဘက် မဟုတ်တာ ကြောင့်လဲ ပါတယ်။
ချီကူယန်ရဲ့ စွမ်းရည်နဲ့ ဆိုရင် ဧကရီ ပိုင်ကျစ် ရှေ့မှာ နည်းနည်း သွားစ လိုက်တာနဲ့ သူက ချက်ခြင်း သတ်ပြစ်မှာပဲ။
အကယ်၍ မုခ်ဝတွေသာ အလွယ်လေး ပိတ်နိုင်တယ် ဆိုရင် ကျမ်းကောင်းကင် တောင်ထိပ်မှာ လူတွေ အများကြီး စောင့်ကြပ် နေရမှာပေါ့။
ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ကြောက်စရာ စွမ်းအားက ကောင်းကင်မှာ ဖြစ်ပေါ် လာတယ်။ တောင်ကြီး တစ်လုံး မုခ်ဝကို တက်ဖိလိုက် သလိုပဲ။ မြေပြင်က တုန်ခါ သွားပြီး ကျမ်းကောင်းကင် တောင်ပေါ်မှာ ငှက်တွေ စက်ဝိုင်းလို ထပျံတော့တယ်။
ချီကူယန်ကတော့ ဘာကိုမှ ဂရု စိုက်မနေခဲ့ဘူး။ သူမရဲ့ မျက်ဝန်းတွေက ညကောင်းကင်ရဲ့ ကြယ်တွေထက်တောင် ပိုလင်းလက် နေပြီ။
ဆံကေသာတွေကလဲ ကျောနောက်ဘက်မှာ ပျံဝဲ နေခဲ့တယ်။ ချီကူယန်ရဲ့ အလှက တကယ့်ကို လန့်စရာ ကောင်းလွန်းတယ်။ သူမရဲ့ အကြည့်၊ အပြုံးနဲ့ ဒေါသထွက်နေတဲ့ ပုံစံကတောင် ဒီလောကကို ကျော်လွန်နေတဲ့ အလှတရား တစ်ခုလိုပဲ။ အခုတော့ ဒီအလှပဂေးက မုခ်ဝနှစ်ခု ရှေ့မှာ ရပ်နေခဲ့ပြီ။
သူမရဲ့ အရှိန်အဝါနဲ့ မောက်မာမှုတွေက သူမကို ကိုးကွယ်ချင်စိတ်တောင် ပေါ်လာ စေတယ်။
ဝုန်း။ ချီကူယန်ရဲ့ လက်ဝါးက မုခ်ဝတွေကို တုန်ခါ သွားစေတယ်။ အလင်းတန်းတွေက မုခ်ဝတွေ ပေါ်မှာ ဆက်တိုက် စီးဆင်း နေခဲ့ပြီ။
“အင်အား ကြီးလိုက်တာ။”
“သူက နတ်သခင် အဆင့်ကို ကျော်လွန် သွားပြီလို့ ငါထင်တယ်။”
“ကြောက်စရာ ကောင်းလိုက်တာ။”
မိစ္ဆာ ဘုရင်တွေနဲ့ တပ်ဖွဲ့တွေ ဒီအရှိန်အဝါကို ခံစား မိချိန်မှာ စတင် တုန်လှုပ်လာတော့တယ်။ ဒါက အင်အားကြီးသူကို လေးစားမှုကြောင့် ခန္ဒာကိုယ်ရဲ့ အလိုလို တုံ့ပြန်မှု တစ်ခုပဲ။ သူမက လူဖြစ်ဖြစ် နတ်ဆိုး ဖြစ်ဖြစ် မိစ္ဆာ ဖြစ်ဖြစ် အရေးမကြီးတော့ဘူး။
ဒါပေမယ့် ချီကူယန်ရဲ့ ရိုက်ချက်က တကယ့်ကို ကြောက်စရာ ကောင်းအောင် သန်မာလွန်းတယ်။ နတ်ဆိုး မိစ္ဆာ မုခ်ဝတွေက တစ်ခေါက်တော့ တုန်ယင် သွားခဲ့တယ်။ ဒါပေမယ့် ထပ်ပြီး မလှုပ်ရှား ခဲ့ဘူး။
“ယန်အာ ငါ့ လာကူညီမယ်။” ချင်းယွိ လှုပ်ရှားတယ်။ မုခ်ဝတွေ မရွေ့တဲ့ အတွက် သူမ နည်းနည်းတော့ စိတ်ပျက် သွားခဲ့တယ်။ ဒါပေမယ့် စိတ်ပျက် နေတာတောင် ဘယ်သူကမှ သူတို့ကို မတားမြစ်ခဲ့ဘူး။ အားလုံးက မဖြစ်နိုင်တာကို သိနေတဲ့ အတွက် လွှတ်ထားဖို့သာ ဆုံးဖြတ် လိုက်ကြတယ်။
“သူတို့ နှစ်ယောက်တည်းနဲ့ ဖြစ်နိုင်မှာ မဟုတ်ဘူး။” ဧကရီ ပိုင်ကျစ်က မျက်လုံးတွေကို မှေးစင်းလိုက်တယ်။ မုခ်ဝတွေရဲ့ စွမ်းအားကို သူမ ကောင်းကောင်းကြီး ခံစား မိနေတုန်းလေ။
ချီကူယန်တောင် မုခ်ဝတွေကို မပိတ်နိုင်ရင် ချင်းယွိ တစ်ယောက် တိုးလာရုံနဲ့ ကွာခြား သွားမှာလား။ ဘယ်လိုတောင် တုံးအ လိုက်ကြတာလဲ။ ဧကရီ ပိုင်ကျစ် နောက်ထပ် ဘာမှ မလုပ်တော့ဘူး။ မုခ်ဝတွေကို သူမ ယုံတယ်လေ။
ချင်းယွိက သူမရဲ့ ကျောက်စိမ်း မျှော်စင်လေး တစ်ခုကို လေထဲမှာ ပြစ်လွှတ်လိုက်တယ်။ မိုးကြိုး လျှပ်စီးတန်းတွေကို သူမ ဆင့်ခေါ်တယ်။ ရွှေရောင် လျှပ်စီးတွေက ကျောက်စိမ်း မျှော်စင်လေးကို ရိုက်ခတ်တယ်။ ကျောက်စိမ်း မျှော်စင်လေးက ထွင်းဖောက် မြင်ရတဲ့ အထိ ကြည်လင် သွားပြီးနောက် လျှပ်စီးတန်းတွေ ပြည့်နှက် နေတော့တယ်။
ချင်းယွိရဲ့ ခေါင်းပေါ်မှာ ငွေရောင် လမင်းတစ်စင်း တောက်ပ လာပြီးနောက် ကျမ်းကောင်းကင်တောင် တစ်ခုလုံးကို ငွေရောင် အလင်းတန်းက ဖုံးလွှမ်း သွားတော့တယ်။
“သူက လင်းယွမ် မျှော်စင်ကို သုံးနေတာလား။” ဧကရီ ပိုင်ကျစ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ လင်းယွမ် မျှော်စင်ရဲ့ အစွမ်းကို သူမ ကောင်းကောင်းကြီး သိနေတယ်လေ။ လင်းယွမ် မျှော်စင်ရဲ့ အရှင်သခင်ဟောင်းက လွန်ခဲ့တဲ့ နှစ်၂၀ကျော် ကာလမှာ ဒါကို သုံးပြီး သူမကို ချိတ်ပိတ်ခဲ့တယ်။ ဒါကြောင့် မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ တိုက်ပွဲ ရှုံးခဲ့ရတယ်။
အခုချိန် လင်းယွမ် မျှော်စင် ပေါ်လာ ချိန်မှာတော့ သူမ စိတ်ရှုပ်ထွေး တော့တယ်။ ဒါပေမယ့် သူမ ဘာများ လုပ်နိုင်မှာလဲ။ အခုချိန်မှာ ခြေကုန်လက်ပမ်း ကျနေခဲ့ပြီလေ။ ဒီနှစ်ယောက်နဲ့ ပြိုင်ပြီး မတိုက်ခိုက် နိုင်တော့ဘူး။
ဆက်တိုက် မယ်ဆိုရင် မိစ္ဆာ မျိုးနွယ် တစ်ခုလုံး ပျောက်ကွယ် သွားလိမ့်မယ်။ ချီကူယန်ကတော့ အစုလိုက် အပြုံလိုက် မသတ်ဖြတ်ပဲ အသက် ချမ်းသား ပေးခဲ့ ပြီးပြီ။
ဒါကြောင့် သူမ ထိုင်ကြည့်ရုံသာ တတ်နိုင်ခဲ့တယ်။ ကျောက်စိမ်း မျှော်စင်လေးကတော့ လေထဲမှာ ရွှေရောင် ပြောင်းသွားခဲ့ပြီ။ အရွယ်အစားကလဲ အရမ်းကို ကြီးမား လာတော့တယ်။ မကြာခင်မှာ ဆယ်ပေ ပတ်လည် အရွယ်အစား အထိကို မြင့်မား လာတော့တယ်။
ကြီးမားတဲ့ ကိုးထပ် မျှော်စင်ကြီး လေထဲမှာ လွင့်မျောနေတဲ့ မြင်ကွင်းက တကယ့်ကို ခမ်းနားလွန်းတယ်။ နော်ကဆုံးမှာတော့ ချင်းယွိ လှုပ်ရှား ပြန်ပြီ။ ချင်းယွိ ဟိန်းဟောက် လိုက်ပြီးနောက် ရေလို အလင်းတန်းကြီးတွေက ကိုးထပ် မျှော်စင်ကြီး ထဲကနေ ထွက်ပေါ် လာတော့တယ်။
ရွှေရောင် နေမင်းကြီး တစ်စင်းနဲ့ လမင်း ရှစ်စင်းကလဲ ချင်းယွိ ခေါင်းပေါ်မှာ ပေါ်လာတော့တယ်။
ရွှေရောင် နေမင်းကြီးက ငွေရောင် လမင်းတွေနဲ့ ပေါင်းစည်းရင်း ဆက်တိုက် လှည့်ပတ်တော့တယ်။ နေ့နဲ့ ညတွေ ပြောင်းလဲ သွားတဲ့ အတိုင်းပဲ။ လင်းယွမ် မျှော်စင်ကို အသက်သွင်းဖို့ အတွက် နေနဲ့ လတွေကို လိုအပ်တယ်။
လင်းယွမ် မျှော်စင်ရဲ့ ခေါင်းဆောင်ဟောင်းက ရွှေရောင် နေမင်းကို ချင်းယီဆီ လက်ဆင့်ကမ်း ပေးပြီး ချင်းယွိကိုတော့ ငွေရောင် နေမင်း ပေးခဲ့တယ်။ ဒါက ညီအစ်မ နှစ်ယောက် ပေါင်းစည်း စေဖို့ အတွက်ပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ အမှားတွေ ဖြစ်လာခဲ့တယ်။
ချင်းယီ သေဆုံး သွားပေမယ့်၊ ချင်းယွိကတော့ လင်းယွမ် မျှော်စင်ကို အခုချိန်မှာ အသက်သွင်း နိုင်နေခဲ့ပြီ။ နေနဲ့ လ နှစ်ခု တောက်ပ လာချိန်မှာတော့ ရွှေရောင် မျှော်စင်ကြီးက ပိုကြီးမား လာတော့တယ်။ နတ်တေး သံစဉ်တွေလဲ စတင် ထွက်ပေါ် လာတယ်။
“ဒါက လင်းယွမ် မျှော်စင်လား။”
“သူ့ လှိုင်းတွေက အားကောင်းလိုက်တာ။”
“တကယ့် ရတနာ စစ်ပဲ။”
လင်းယွမ် မျှော်စင် တပည့်သားတွေ ကတော့ လေးစားမှု အပြည့်နဲ့ ကြည့်နေ ကြတော့တယ်။
“ယန်လေး ငါတို့ အတူတူ အင်အား ပေါင်းစည်း ကြစို့။” ချင်းယွိ အော်လိုက်တယ်။
“ကောင်းပြီ။” ချီကူယန်က ရွှေရောင် အလင်းတန်းကြီးကို ကြည့်ရင်း ပြောလိုက်တယ်။ သူမရဲ့ နောက်ကျောမှာတော့ အရိပ်ကြီး တစ်ခု ပေါ်လာခဲ့ပြီ။ အခုချိန်မှာတော့ အရိပ် အဆင့်ထက် ဒီအရာက သာလွန် သွားခဲ့တယ်။ ချီကူယန်ရဲ့ မူလ ခန္ဒာကိုယ်နဲ့ ပေါင်းစည်း သွားချိန်မှာတော့ ထူးခြားတဲ့ မာန တရားတွေကို ထုတ်လွှတ် နေတော့တယ်။
ချီကူယန်ကတော့ မြင့်မြတ် အမျိုးသမီး တစ်ယောက်လိုပဲ။ သူမရဲ့ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက အရိပ်အမျိုးသမီးနဲ့ ထပ်တူ ကျနေခဲ့တယ်။
ချီကူယန်ရဲ့ လက်ဝါးနဲ့ ရွှေရောင် အလင်းတန်းက ပေါင်းစည်း သွားတယ်။ တည်ငြိမ်နေတဲ့ မုခ်ဝကြီးတွေလဲ စတင် တုန်ခါ လာပြီ။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ချီကူယန်နဲ့ ချင်းယွိ နှစ်ယောက်တည်းနဲ့ ဘယ်လိုများ လုပ်နိုင်တာလဲ။” ဧကရီ ပိုင်ကျစ်ရဲ့ မျက်လုံးတွေ သွေးလို ရဲရဲ နီသွားတော့တယ်။ သူတို့ နှစ်ယောက်ရဲ့ ပေါင်းစည်းမှုက အင်အား ဒီလောက်ထိ ကြီးမား နိုင်တာလား။
ဒါဆိုရင် ဒဏ္ဍာရီတွေက အတုတွေလား။
နတ်ဘုရား မုခ်ဝကို ဖွင့်ဖို့ အတွက် ဧကရာဇ်ယန်ရဲ့ သွေးသားကို လိုအပ်တယ်။ ပိတ်ဖို့ အတွက် နွီဝါး မယ်တော်ရဲ့ စွမ်းအားကို လိုအပ်တယ်။ နွီဝါး မယ်တော်ကို ဘယ်နေရာမှာ သွားရှာ ကြမှာလဲ။ နွီဝါး မယ်တော်သာ မရှိရင် ချီကူယန်နဲ့ ချင်းယွိက ဘယ်လိုလုပ် ပိတ်နိုင်တာလဲ။
နေစမ်းပါအုန်း။
ချီကူယန်ရဲ့ ကောင်းချီးခံ သွေးမျိုးနွယ်က ဒဏ္ဍာရီလာ နွီဝါး မယ်တော်ရဲ့ သွေးသား ဖြစ်နေတာလား။ မဖြစ်နိုင်လိုက်တာ။
ဧကရီ ပိုင်ကျစ် မယုံနိုင်တော့ဘူး။
နန်ကုန်းထျန်းက နန်ကုန်းဟောင်ကို ဘာကြောင့် ချီကူယန်ရဲ့ သွေးမျိုးနွယ် လုယူခိုင်းလဲ သူနားလည် သွားခဲ့ပြီ။ ချီကူယန်က နတ်ဘုရား မုခ်ဝကို ပိတ်နိုင်စွမ်း ရှိနေတာပဲ။ ကြောက်စရာ ကောင်းလိုက်တာ။
ဒီမုခ်ဝတွေသာ ပိတ်သွားခဲ့ရင်၊ သူတို့ အစီအစဉ်က လုံးဝကို အလဟသတ် ဖြစ်သွားတော့မယ်။
ဧကရီ ပိုင်ကျစ် ဒါမျိုး အဖြစ်မခံ နိုင်ဘူး။ သူမ သေရရင်တောင် မျှော်လင့်ချက်ကိုတော့ အပျက်စီး မခံနိုင်ဘူး။
“တိုက်ခိုက်ကြ။” ဧကရီ ပိုင်ကျစ် ဒေါသတကြီးနဲ့ အော်ဟစ်တယ်။
မိစ္ဆာ ဘုရင်တွေ တပ်ဖွဲ့တွေ အားလုံးလဲ သတိ ပြန်ဝင် လာခဲ့ပြီး မျက်လုံး ပြူးနေကြပြီ။ သူတို့တွေ ဧကရီ ပိုင်ကျစ်ကို ချီကူယန်ထက် ပိုကြောက် ကြတယ်လေ။
“တိုက်ခိုက်ကြ။”
“သူတို့ကို တား။”
“တိုက်ခိုက်ကြ။”
သေခြင်းတရားက ကြောက်စရာ ကောင်းတယ်။ လူတိုင်းက သေရမှာကို ကြောက်လန့်ကြတယ်။ ဧကရီ ပိုင်ကျစ်လိုပဲ အားလုံးက မျှော်လင့်ချက်ကို အဆုံးရှုံး မခံနိုင်ဘူးလေ။ အကယ်၍ သူတို့ သေရမယ် ဆိုရင်တောင် တိုက်ခိုက် ရမှာပဲ။
မိစ္ဆာ ဘုရင်တွေက ချက်ခြင်း ပြေးထွက်ပြီး အစွမ်းကုန် တိုက်ခိုက်တော့တယ်။ ဒါပေမယ့် လင်းယွမ် မျှော်စင် တပည့်သားတွေကို ဖြတ်ကျော် ပြီးမှသာ သူတို့တွေ အရှေ့ကို တက်နိုင်လိမ့်မယ်။
တောက်ပတဲ့ အလင်းတန်းတေ်ွက လေထဲမှာ ဖြစ်ပေါ် လ ာပြီးနောက် ကြီးမားတဲ့ အစိမ်းရောင် အလင်း ကွန်ယက်ကြီး တစ်ခု ဖြစ်ပေါ် လာတော့တယ်။
“..”
အစိမ်းရောင် အလင်း ကွန်ယက်ကြီးနဲ့ မိစ္ဆာ ဘုရင်တွေ တိုက်မိ ချိန်တိုင်း အသံကျယ်ကြီးတွေ ထွက်ပေါ် လာတယ်။ ကောင်းကင်မှာတော့ ချီကူယန်က မုခ်ဝကိုသာ အာရုံ စိုက်ထားခဲ့တဲ့ အတွက် တခြား ဘယ်အသံကိုမှ မကြားတဲ့ အတိုင်း ရှိနေခဲ့တယ်။
ချင်းယွိလဲ အတူတူပဲ။
ချင်းယွိကတော့ ချီကူယန်နဲ့ မတူပဲ ဆက်တိုက် တုန်ယင် နေခဲ့တယ်။ လင်းယွမ် မျှော်စင်ရဲ့ စွမ်းအားက အရမ်းကို အားကောင်းလွန်းတယ်။ ဒါကို အသုံး ပြုဖို့ အတွက် သူမရဲ့ စွမ်းအားကို သုံးရရုံတင် မကဘူး အသက်ကိုပါ ပေါင်းစည်း ထားရတယ်။
သူမရဲ့ အသက် စွမ်းအင်ကြောင့်သာ နေမင်း လမင်း နှစ်စင်း စလုံးကို ဆင့်ခေါ် နိုင်ခဲ့တာပဲ။ အခု အချိန်တိုလေး အတွင်းမှာပဲ ချင်းယွိ ခပ်မြန်မြန် အိုမင်း သွားခဲ့ပြီ။
“မဖြစ်ဘူး။” ဧကရီ ပိုင်ကျစ် မြေခွေး အသွင်ကို ပြောင်းလဲရင်း ကောင်းကင်ပေါ်ကို ထိုးတက် သွားတော့တယ်။ ပြင်းထန်တဲ့ အင်အားကြီးက သူမကို လာရိုက်ခတ်တဲ့ အတွက် ချက်ခြင်း ဆိုသလို လဲကျ သွားပြန်တယ်။
“လင်းယွမ် မျှော်စင်က အားလုံးကိုလဲ ဖမ်းဆီးနိုင်တယ်။ အားလုံးကိုလဲ တားမြစ်နိုင်တယ်။ စိတ်ပျက်စရာ ကောင်းလိုက်တာ။” ဧကရီ ပိုင်ကျစ်က လင်းယွမ် မျှော်စင် အသက်ဝင်လာ တာနဲ့ သူဘာမှ မလုပ်နိုင်မှန်း သိတယ်။
ချီကူယန်နဲ့ ချင်းယွိ နှစ်ယောက်ကလဲ ဒါကြောင့် သူ့ကို သတ်ဖြတ်ဖို့ အာရုံ မစိုက်တော့တာ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါကို သိနေပင်မယ့်၊ မိစ္ဆာ နတ်ဆိုး မုခ်ဝတွေ ဒီအတိုင်း ပိတ်သွားမှာကို သူမ လုံး၀ မကျေနပ် နိုင်ခဲ့ဘူး။
သူတို့ ဘာဖြစ်လို့ မိစ္ဆာ မုခ်ဝကို အရင် ပိတ်ကြတာလဲ။
နတ်ဆိုး မုခ်ဝကို အရင်ပိတ်လို့ ရရဲ့သားနဲ့ကို။
နတ်ဆိုး မုခ်ဝကို အရင်ပိတ်ရင် သူတို့ကို တိုက်ခိုက်နေမှာတောင် မဟုတ်ဘူး။
ဧကရီ ပိုင်ကျစ် မကျေမနပ် ဖြစ်နေချိန်မှာပဲ မိစ္ဆာ မုခ်ဝက တစ်ခေါက် တုန်ခါ သွားတယ်။ တဝက်ပိတ် နေတဲ့ တံခါးကြီးလဲ ရုတ်တရက် ပြန်ပွင့် သွားခဲ့ပြီ။ ဒီမြင်ကွင်းက ထူးဆန်းတယ်။
ဒါ့အပြင် တောက်ပနေတဲ့ တံခါးနောက်က ကောင်းကင်မှာ အလင်းတန်းတွေ မရှိတော့ဘူး။ အမှောင်ထုကြီးက ပြောင်းလဲ ဝင်ရောက်လာတယ်။
“ဘာတွေ ဖြစ်နေတာလဲ။ နောက်ထပ် နတ်သခင်တွေ ဆင်းသက် လာတာလား။” ဧကရီ ပိုင်ကျစ် မျက်လုံးတွေ တောက်ပလာတယ်။ ဒီလိုသာ ဖြစ်ရင်တော့ သူတို့တွေ ကံကောင်းပြီပဲ။
ထူးဆန်းတဲ့ မြင်ကွင်းက သူမ မြင်ဖူးတဲ့ အရာ အားလုံးနဲ့ ကွာခြား နေခဲ့တယ်။ ဒီအမှောင်ထုက ကြီးမားလွန်းတဲ့ အပြင် မရေမတွက်နိုင်တဲ့ အက်ကွဲကြောင်းတွေလဲ ပါနေခဲ့တယ်။
အက်ကွဲကြောင်းတွေက မရေမတွက်နိုင်တဲ့ သံကြိုးတွေကြောင့် ဖြစ်ပေါ် လာခဲ့တာပဲ။ နတ်သခင်တွေ ဆင်းသက်လာတဲ့ ပုံစံထက် အက်ကွဲကြောင်းတွေ အများကြီး ပိုများ နေခဲ့တယ်။
အားလုံးက အံ့အား သင့်နေ ချိန်မှာပဲ ကြီးမားတဲ့ အနက်ရောင် အရိပ်ကြီးက မိစ္ဆာ မုခ်ဝကနေ ဆင်းသက်လာပြီး ကျမ်းကောင်းကင် တောင်ပေါ်ကို အရမ်း မြန်မြန်ဆန်ဆန် ကျရောက် လာတော့တယ်။
“ဘာတွေ ဖြစ်နေတာလဲ။” ဧကရီ ပိုင်ကျစ် မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။ ဒါက သေချာပေါက် မိစ္ဆာ မျိုးနွယ်ရဲ့ နတ်သခင် မဟုတ်ခဲ့ဘူး။
နတ်သခင် မဟုတ်ရင် ဒါဘာကြီးလဲ။
အပိုင်း (၉၉၂) ပြီး၏။
အပိုင်း (၉၉၃)
“မင်း သေချင်ယောင် မဆောင်သရွေ့၊ မသေဘူး။”
ဒီအရာကြီးက ကြီးမားလွန်းတယ်။ အကယ်၍ နတ်သခင်တွေ ဆင်းသက် လာတာကိုသာ ကျောက်တုံးကြီး ပြုတ်ကျလာတယ်လို့ တင်စား ရရင်၊ ဒီအရာကတော့ တောင်ကုန်းကြီး တစ်ခုပဲ။
ပေပေါင်း ရာချီ မြင့်မားတဲ့ တောင်ကုန်းကြီး တစ်ခုပဲ။
မိစ္ဆာ မုခ်၀ အနားမှာ ရှိနေတဲ့ တောင်ကုန်းကြီး တစ်ခုက ချီကူယန်နဲ့ ချင်းယွိကြောင့် ပြုတ်ကျလာတာများ ဖြစ်နိုင်မလား။ ဒါပေမယ့် မုခ်၀ အနားမှာ ဘာဖြစ်လို့ တောင်ကုန်းတွေ ရှိနေမှာလဲ။
ဧကရီ ပိုင်ကျစ် စဉ်းစား နေချိန်မှာပဲ အနက်ရောင် တောင်ကုန်းကြီးက ကျမ်းကောင်းကင် တောင်ထိပ် အလယ်ကို တိုက်ရိုက် ကျရောက် သွားတော့တယ်။
ဝုန်း။ ကျမ်းကောင်းကင်တောင် တစ်ခုလုံး တုန်ခါပြီးနောက် မရေမတွက် နိုင်တဲ့ ကျောက်တုံးတွေက အပိုင်းပိုင်း အစစ ဖြစ်အောင် ကွဲအက်ကုန်တယ်။
ဂျိန်း။ အဖြူရောင် ကွင်းပြင်ကြီးတောင် အက်ကွဲသွားပြီး အနက်ရောင် အောက်ခြေ ထွက်ပေါ် လာတယ်။ ဒါပေမယ့် တောင်ကုန်းကြီးကြောင့် အနက်ရောင် အောက်ခြေကို ဘယ်သူမှ မမြင်နိုင် ခဲ့ဘူး။
“ကြီး ကြီးလိုက်တာ။” မိစ္ဆာ ဘုရင်တွေ တောင်ကုန်းကြီးကို ကြည့်ရင်း အထိတ်တလန့် ပြောမိတယ်။ တကယ်တော့ တောင်ကုန်းကြီး ပေါ်မှာ အနက်ရောင် သံကြိုးကြီးတွေလဲ ရှိနေသေးတယ်။
မိစ္ဆာ ဘုရင်တွေ အနက်ရောင် သံကြိုးကြီးတွေကို ဒီလောက် အနီးကပ် မြင်ဖူးတာ ပထမဆုံး အကြိမ်ပဲ။ တံခါး အပြင်ဘက် စကြဝဠာကြီးမှာ သံကြိုးတွေ ရှိတာကိုတော့ တံခါး ပွင့်တည်းက သူတို့ မြင်ဖူးခဲ့တယ်။ အဲ့တာ တကယ်ပဲ ဘာတွေ ဖြစ်မလဲ။
ဧကရီ ပိုင်ကျစ်၊ မိစ္ဆာ ဘုရင်တွေ၊ ချီကူယန်နဲ့ ချင်းယွိ အားလုံး လှုပ်ရှားတာ ရပ်သွားခဲ့ပြီ။
ချင်းယွိကတော့ အရမ်းကို ပင်ပန်း နေပုံပဲ။ လင်းယွမ် မျှော်စင်ကို အစောပိုင်းမှာ အသက်သွင်း ခဲ့ရတဲ့ အတွက် အသက်စွမ်းအားတွေ အများကြီး ကုန်ဆုံး ခဲ့တယ်။ အခုလို ရုတ်တရက် အနှောက်အယှက် ပေါ်လာတာကို ဘယ်လိုများ လက်ခံ နိုင်မှာလဲ။
ဒါကို သူမ လုံး၀ သည်းမခံ နိုင်ခဲ့ဘူး။ ဒီအနက်ရောင် တောင်ကုန်းက ဘာကြောင့်များ ရုတ်တရက် ပေါ်လာ တာလဲ။ ချင်းယွိ နားမလည်နိုင်ဘူး။ ချီကူယန်ကတော့ စိတ်နှလုံးသားတွေ လေးလံ နေပုံပဲ။
အမှန်ပဲ။ သူမ အတော့်ကို စိတ်ထင့် နေခဲ့တယ်။
အနက်ရောင် တောင်ကုန်းကြီး ပြုတ်ကျလာ ချိန်တည်းက သူမ ဆက်တိုက် အာရုံစိုက်နေခဲ့တယ်။ ဒီသံကြိုးတွေရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ တိုင်းကို သူမ အသေးစိတ် မှတ်သားတယ်။
သူမ မှတ်သား နေချိန်မှာ အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ဖြစ်ပေါ် လာတော့တယ်။ အနက်ရောင် သံကြိုးတွေလဲ မြေပြင်ပေါ်ကို ပြုတ်ကျကုန်တယ်။
“အက်ကွဲ သွားတာလား။”
“တကယ်ကြီး အက်ကွဲပြီး ပွင့်သွားတယ်။”
“အထဲမှာ ဘာတွေ ရှိနေတာလဲ။”
မိစ္ဆာ ဘုရင်နဲ့ တပ်ဖွဲ့တွေ အားလုံး မျက်လုံး အပြူးသားနဲ့ စောင့်ကြည့် နေခဲ့တယ်။
ဆက်တိုက် အက်ကွဲသံတွေနဲ့ အတူ အက်ကွဲကြောင်းတွေက တောင်ကုန်း တစ်ခုလုံးကို ပျံ့နှံ့ သွားခဲ့ပြီ။
“ဒေါ်လေး သွားကြစို့။” ဒီအချိန်မှာ ချီကူယန် ချက်ခြင်း ထပြောတော့တယ်။ ချီကူယန်ရဲ့ ဒီလို အမူအယာကို ဘယ်သူမှ မမြင်ဖူးခဲ့ဘူး။ သူမ အန္တရာယ်ကြီးကို ခံစားမိနေတဲ့ အတိုင်းပဲ။
“ထွက်သွား ရမှာလား။” ချင်းယွိလဲ ချီကူယန်ရဲ့ စကားကြောင့် လန့်သွားခဲ့တယ်။
ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ။
(သူတို့ နှစ်ယောက်တည်းလား။)လို့ ချီကူနယ် မေးလိုက်တဲ့ အချိန်မှာ နတ်သခင် နှစ်ယောက် ပေါ်လာခဲ့တယ်။ နတ်သခင်တွေကိုတောင် ချီကူယန်က အာရုံ မစိုက်ခဲ့ဘူး။ အခုတော့ အက်ကွဲကြောင်းတွေ မြင်တာနဲ့ ချက်ခြင်း ထွက်သွားဖို့ ပြောနေခဲ့ပြီ။
ဒီတောင်ကုန်းထဲမှာ ဘာတွေ ရှိနေတာလဲ။
…
ကောင်းကင်တာအို ခန်းမ မဟူရာ နန်းတော်ပျက်ထဲမှာ၊ တောင်တွေနဲ့ အရာအားလုံးက ပြောင်းပြန် လန်နေခဲ့တယ်။ ရေတံခွန်ကတော့ တောင်အောက်ကနေ တောင်ထိပ်ကို ပြောင်းပြန် စီးနေပြီး မိုးမြေနဲ့ ဆက်စပ် နေခဲ့တယ်။
ဒီမြင်ကွင်းက လှပတယ်။ ဒါပေမယ့် ပတ်ဝန်းကျင် တစ်ခုလုံးကတော့ အတော်လေးကို ရှုပ်ထွေး နေခဲ့ပြီ။
လူသား မဟာမိတ် အဖွဲ့နဲ့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေက လုံးဝကို မတိုးသာ မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပြီ။ ဘယ်ဘက်မှ အရင် စမတိုက်ခိုက် ကြဘူး။ အခုချိန်မှာ အသက်ရှူဖို့တောင် ခက်ခဲ နေခဲ့ပြီ။
ချိုးချီက ဖန်ကျန်းရှီ ပြန်ဖြေတာကို စောင့်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ အရမ်းကို လေးလေးနက်နက် တွေးတော နေခဲ့တယ်။ ချိုးချီက မျှတတယ် ထင်ရပေမယ့်၊ နှစ်ဖက်စလုံးက အင်အား မညီမျှကြဘူး။
နှစ်ဖက်စလုံးက သုံးပွဲ တိုက်ခိုက်ပြီး နှစ်ပွဲ နိုင်ဖို့ လိုအပ်တယ်။ ဒါ့အပြင် ကိုယ်စားပြု တစ်ယောက် ချင်းစီတိုင်းက တစ်ချီသာ တိုက်ခိုက်ရမယ်။ ဒီကန့်သတ်ချက်က လုံးဝကို မတိုးသာ မဆုတ်သာ ဖြစ်စေတာပဲ။
ဖန်ကျန်းရှီလဲ နောက်ကွယ် အကြံအစည်ကို နားလည်တယ်။ ဒါပေမယ့် ချိုးချီ ပြောတာကလဲ မှန်ကန် နေပြန်တယ်။ ချိုးချီသာ ပုံမှန် မဟုတ်တဲ့ နည်းလမ်းနဲ့ တိုက်ခိုက်မယ် ဆိုရင်၊ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီကို သူ ကာကွယ် နိုင်မှာလား။
ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မသေချာဘူး။
အကယ်၍ သူတို့ တိုက်ခိုက်မယ် ဆိုရင်လဲ အခြေအနေက ကမောက်ကမ ဖြစ်နေလိမ့်မယ်။ နောက်ဆုတ်လို့လဲ မရပြန်ဘူး။
အကြောင်းအရင်း တစ်ချို့ကြောင့် ဖန်ကျန်းရှီ စိတ်ထဲမှာ ထူးဆန်း နေခဲ့တယ်။ ချိုးချီက သူ့ရဲ့ အားနည်းချက်ကို ကောင်းကောင်း နားလည် နေပုံပဲ။
ဖန်ကျန်းရှီမှာ ရွေးချယ်စရာ မရှိခဲ့ဘူး။
“မင်းတို့ အားလုံး ဘယ်လို ထင်လဲ။” ချိုးချိကို တိုက်ရိုက် ပြန်ဖြေမယ့် အစား ဖန်ကျန်းရှီက မုချင်းဖန်းနဲ့ တခြားသူတွေကို မေးလိုက်တယ်။
“တိုက်ခိုက်မယ်။” မော့ရှန်းရှီရဲ့ အဖြေကတော့ တိုက်ရိုက်ပဲ။ ဒါကြောင့် လူသား မဟာမိတ် အဖွဲ့ အစိတ်အပိုင်း တစ်ခုရဲ့ ထောက်ခံမှုကို ရလိုက်ပြီ။
“ဟုတ်တယ်။ ချိုးချီရဲ့ အစီအစဉ် အတိုင်း ဆက်သွားမယ် ဆိုရင်၊ ငါတို့ မနိုင်နိုင်ဘူး။ ဒါကြောင့် တိုက်ခိုက်ပြီး အားလုံးကို သတ်နိုင်သလောက သတ်ရမယ်။ ငါတို့ သေရင်တောင် မရှုံးပါဘူး။”
“အမှန်ပဲ။ တိုက်ခိုက်ပြစ်မယ်။”
“တိုက်ခိုက်။”
လူသား မဟာမိတ် တပည့်သားတွေ အားလုံးက မကျေမနပ်နဲ့ ပြောကြတော့တယ်။
“ငါတို့ ဘယ်လို တိုက်ခိုက် ရမှာလဲ။ သူတို့ ဘက်မှာ နတ်သခင် ငါးယောက် ရှိနေတယ်။ သားရဲကောင် တပ်ဖွဲ့တွေနဲ့ မိစ္ဆာ ဘုရင်တွေကလဲ များလွန်းတယ်။ အကယ်၍ ငါတို့ တကယ်လို့ တိုက်ခိုက်မယ် ဆိုရင် ရှုံးလိမ့်ယ်။”
“အမှန်ပဲ။ ငါတို့ တိုက်ခိုက်လို့ မဖြစ်ဘူး။ မဟုတ်ရင် အကုန် သေကုန်လိမ့်မယ်။”
“ငါလဲ မသေချင်ဘူး။”
တိုက်ခိုက်ဖို့ သဘော မတူသူတွေက ဝင်ပြောကြတယ်။ ဒါက သူတို့ရဲ့ မူလ သဘာဝကို ထုတ်ပြတာပဲ။ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက အင်အားကြီးလွန်းတယ်။ နတ်သခင် ငါးယောက်ပါ ပေါင်းလိုက်မယ် ဆိုရင်၊ နှစ်ဖက်က အင်အား ဘယ်လိုမှ ညှိမရ နိုင်ဘူး။
“ဖန်ကျန်းရှီ၊ မင်း နောက်ဆုံး ပြောချင်တာကို ပြောလို့ ရပြီ။” ဒီအချိန်မှာပဲ တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့တဲ့ မုချင်းဖန်းက ဝင်ပြောတော့တယ်။ သူက ဖန်ကျန်းရှီကို ရှားရှားပါးပါး ယုံကြည် နေခဲ့တယ်။
“အရှက် မရှိတဲ့ ကောင်စုတ်။ လူသား မဟာမိတ် အဖွဲ့ရဲ့ ကံတရားက မင်းလက်ထဲ မှာပဲ။ ငါတို့ ကံတရားကို မင်းဆုံးဖြတ်။” မော့ရှန်းရှီ ခေါင်းငြိမ့်လိုက်တယ်။
လူသား မဟာမိတ် တပည့်သားတွေ တိတ်ဆိတ် သွားကြတယ်။ သူတို့တွေက ဖန်ကျန်းရှီနဲ့ ဘယ်တုန်းကမှ မခင်မင် ခဲ့ဘူးလေ။ အားလုံးက ဖန်ကျန်းရှီ အရှက်မရှိတာကို သိနေကြတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက အားလုံးရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဆိုတာ ဝန်ခံရမယ်။
“ငါက နောက်ဆုံး ပြောရမှာလား။” ဖန်ကျန်းရှီ မေးလိုက်ပြန်တယ်။
“ဟုတ်တယ်။” မော့ရှန်းရှီနဲ့ မုချင်းဖန်းက ချက်ခြင်း ခေါင်းငြိမ့်တယ်။
“ကောင်းပြီ။ ပြိုင်ပွဲ အတွက် သဘောတူတယ်။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။ တိုက်ပွဲသာ ရှုံးသွားရင် လူသား မဟာမိတ် အဖွဲ့ ပျောက်ကွယ် သွားမှာကို သူသိတယ်။
ဒါကြောင့် တိုက်ပွဲကို ရင်ဆိုင် ကြည့်ရမှာပဲ။ လောင်းကြေးကတော့ သေချာပေါက် ထပ်ရမှာလေ။
“..”
“သူတကယ်ကြီး သဘောတူ လိုက်တယ်။”
လူသား မဟာမိတ် တပည့်သားတွေ မျက်လုံး အပြူးသားနဲ့ သက်ပြင်း ချမိတယ်။ သူတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ချိုးချီ ပြောတဲ့ အတိုင်းသာ တိုက်ခိုက်မယ် ဆိုရင် သူတို့ မနိုင်နိုင်ဘူး။
“စည်းမျဉ်း အတိုင်း လိုက်လုပ်မယ် ဒါပေမယ့်။” မော့ရှန်းရှီ ခေါင်းငြိမ့် လိုက်ပေမယ့်၊ ရပ်တန့် နေခဲ့တယ်။ သူ့စိတ်ထဲမှာ စကား တစ်ချို့ ရှိနေပုံပဲ။
“ချိုးချီရဲ့ စည်းမျဉ်းကြောင့် တစ်ယောက်က တစ်ခါပဲ တိုက်ခိုက်နိုင်တယ်။ အဖိုးကြီးမော့ မင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ ဆိုတော့ ဘေးမှာ အနားယူ သင့်တယ်။ ငါပထမ တိုက်ပွဲကို တိုက်မယ်။” မုချင်းဖန်းက စကားကို ဖြတ်ပြောတယ်။
“အဖိုးကြီးမု။”
“ဆရာ။”
“ခန်းမ ခေါင်းဆောင်။”
လူသား မဟာမိတ် တပည့်သားတွေ အားလုံးက မုချင်းဖန်း စတင်ဖို့ လုပ်တာကို မြင်ချိန်မှာ ရုတ်တရက် ဝမ်းနည်း သွားတော့တယ်။
မုချင်းဖန်း အရမ်းကို စိတ်ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သား နေတာ အားလုံး မြင်နိုင်တယ်။ ပထမ တိုက်ပွဲကို မုချင်းဖန်းက တာဝန်ယူ လိုက်တယ်။ နောက်ဆုံးတော့လဲ ချိုးချီက အရင်ဆုံး ထွက်လာမှာ မဟုတ်ဘူးလေ။
ဒါကြောင့် လူသား မဟာမိတ် အဖွဲ့မှာ သုခမိန် အထွတ်အထိပ် အဆင့် ရှိနေတဲ့ မုချင်းဖန်းပဲ တိုက်ခိုက် အောင်မြင် နိုင်ချေ ရှိလိမ့်မယ်။
“မဟုတ်ဘူး။ ခန်းမ ခေါင်းဆောင်မုက ဒုတိယ ပွဲကို တာဝန်ယူ။” ဖန်ကျန်းရှီကတော့ ဒီမြေခွေး အိုကြီးရဲ့ အလောကြီးမှုကြောင့် နည်းနည်း အံ့သြ သွားတယ်။ ဒါပေမယ့် သူခေါင်းခါပြီး ငြင်းလိုက်တယ်။
“ဒုတိယ ပြိုင်ပွဲတည်းလား။” မုချင်းဖန်းက လန့်သွားတယ်။ အဲ့ဒီ့နောက် ရန်ရွှယ်ကို သူလှည့်မေးတယ်။ “ရန်ရွှယ်ကို ပထမ ပြိုင်ပွဲ မင်းပြိုင် စေချင်တာလား။ မဖြစ်ဘူး။ ရန်ရွှယ်က အင်အား ကြီးပေမယ့်၊ ငါက သူ့ထက် ပိုပြီးတော့ အတွေ့အကြုံများတယ်လေ။”
“ငါ ပထမ ပြိုင်ပွဲ ပြိုင်ချင်တယ်။” ရန်ရွှယ်က မုချင်းဖန်းကို လျစ်လျူရှု လိုက်တယ်။
“ရန်ရွှယ်က တတိယ။” ဖန်ကျန်းရှီ ခေါင်းခါ လိုက်ပြန်တယ်။
“တတိယ။” ရန်ရွှယ် လန့်သွားခဲ့တယ်။
အမှန်တိုင်း ပြောရရင် သုံးပွဲ မြောက်ကို သူတို့ ရောက်နိုင်မယ်လို့ လုံး၀ ထင်မထားကြဘူး။ ဒါပေမယ့် ရန်ရွှယ်ကို တတိယ ပြိုင်ပွဲ ပြိုင်ခိုင်းတာက တကယ့်ကို အံ့သြစရာ ကောင်းလွန်းတယ်။
ရန်ရွှယ်ကတော့ မှတ်ဉာဏ်တွေ ပြန်ရ လာတည်းက ဘာမှ များများစားစား မငြင်းခုန် တော့ဘူး။ ဖန်ကျန်းရှီရဲ့ ရွေးချယ်မှုကို သူယုံကြည်တယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။ ပထမဆုံး ပြိုင်ပွဲကို ငါပြိုင် ရမယ်လို့တော့ မပြောနဲ့နော်။ ငါက ကျားတစ်ကောင်လို ကြမ်းတမ်း ပေမယ့်၊ ပထမ ပြိုင်ပွဲကို ပြိုင်ရတာက တာဝန်ကြီးလွန်းတယ်။” ပင်းယန် ဝင်ပြောတယ်။
“မင်းလား။” ဖန်ကျန်းရှီက စိတ်ပျက်လက်ပျက် ပြောရင်း လက်တွေကို ဆန့်ထုတ် လိုက်တယ်။ “မင်းလဲ တတိယ ပြိုင်ပွဲကိုဝင်။”
“အမ်။” ပင်းယန် အံ့သြ သွားတယ်။
“…”
“ဟမ်။”
“ငါတို့ နှစ်ယောက်လုံး တပွဲတည်း ဘယ်လို ပြိုင်ရမှာလဲ။”
အားလုံး အံ့သြ နေသလို စိတ်ရှုပ်ကုန်တယ်။ ပင်းယန်နဲ့ ရန်ရွှယ်ကို အတူတူ ပြိုင်ခိုင်းတယ်။ သူဘာလုပ် ချင်တာလဲ။
ဖန်ကျန်းရှီက ဘယ်သူကိုမှ ရှင်းပြ မနေခဲ့ဘူး။ ချိုးချီကို လှမ်းပြောတယ်။ “ငါ ပြိုင်ပွဲကို သဘောတူတယ်။ ဒါပေမယ့် စည်းမျဉ်း တစ်ခုကိုလဲ ထပ်ထည့်အုန်းမယ်။”
“ဒါပေါ့။” ချိုးချီ ခေါင်းငြိမ့်တယ်။
“သုံးပွဲမှာ နှစ်ပွဲ နိုင်ဖို့ လိုအပ်တယ်။ တစ်ယောက်က တစ်ခေါက်ပဲ ပြိုင်ခွင့် ရှိတယ် မဟုတ်လား။” ဖန်ကျန်းရှီ ထပ်ပြီး အတည်ပြုတယ်။
“ဟုတ်တယ်။” ချိုးချီ ခေါင်းငြိမ့်တယ်။
“ကောင်းပြီ။ ငါ့ စည်းမျဉ်းက ရိုးရှင်းတယ်။ တစ်ချီတိုက်ခိုက် တိုင်းမှာ တစ်ဖက်က လူလေးယောက် ထွက်ရမယ်။” ဖန်ကျန်းရှီ အနောက်ဘက်က နတ်သခင် လေးယောက်ကို ကြည့်ရင်း ပြောလိုက်တယ်။”
“ဘာဖြစ်တယ်။”
“လေးယောက် တိုက်ခိုက်ရမယ်။”
“ငါတို့က တစ်ယောက်ကိုတောင် အနိုင်မယူနိုင်တာ လေးယောက် ဘယ်လိုများ တိုက်ခိုက် ရမှာလဲ။”
“ဖန်ကျန်းရှီ ရူးသွားတာလား။”
“..”
ဒါကို ကြားချိန်မှာ လူသား မဟာမိတ် တပည့်သားတွေ အားလုံး မိုးကြိုး ပြစ်ခံ ရသလို ခံစား လိုက်ရတယ်။ ရူးနေပြီး ဖန်ကျန်းရှီကတော့ ရူးနေပြီ။
ဘယ်သူကမှ ဖန်ကျန်းရှီရဲ့ အတင့်ရဲ လွန်းတဲ့ ဆုံးဖြတ်ချက်ကို မယုံနိုင် ကြဘူး။ မုချင်းဖန်းနဲ့ မော့ရှန်းရှီတောင် အတူတူပဲ။
နတ်သခင် လေးယောက်ကို ဘယ်လိုများ နိုင်အောင် တိုက်ရမလဲ။ ဒါက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။ မော့ရှန်းရှီနဲ့ မုချင်းဖန်း ဖြူဖျော့ နေခဲ့ပြီ။
တစ်ယောက် တစ်ပွဲပဲ တိုက်ခိုက်ရမယ် ဆိုတဲ့ စကားကို ကြားတည်းက မျှော်လင့်ချက် မဲ့သွား ခဲ့ပေမယ့်၊ တိုက်ခိုက် ချင်စိတ် ရှိသေးတယ်။
ဖန်ကျန်းရှီရဲ့ စည်းမျဉ်းနဲ့ ဆိုရင်တော့ သူတို့ အားလုံး သေကုန် တော့မှာပဲ။
“ဖန်ကျန်းရှီ မင်း ရူးသွားတာလား။”
“အရှက်မရှိတဲ့ ကောင်စုတ် နင်ငါတို့ကို သေစေ ချင်နေတာလား။”
“ငါ့ကိုပဲ အားလုံး အပ်ထားတယ် ဆိုပြီးတော့ နောင်တ ရနေတာလား။” ဖန်ကျန်းရှီက အပြစ်ကင်းစင်တဲ့ အသွင်နဲ့ မေးလိုက်တယ်။
“အဓိပ္မာယ် မရှိလိုက်တာ။ ငါတို့ နောင်တရတယ်။” မော့ရှန်းရှီ စိတ်မရှည်တော့ဘူး။ ဖန်ကျန်းရှီလို ထက်ထက် မြက်မြက်က ရုတ်တရက် ဘာကြောင့်များ ဒီလို ဖြစ်သွားတာလဲ။
“ဒီတော့ နောင်တ ရနေပြီပေါ့။ ဒါပေမယ့် နောက်ကျ သွားပြီ။” ဖန်ကျန်းရှီ ပြုံးပြရင်းနဲ့ ပုခုံးတွန့်လိုက်တယ်။
“…”
မော့ရှန်းရှီနဲ့ မုချင်းဖန်းကတော့ ဘာမှ မပြောနိုင်တော့ဘူး။ ချိုးချီ ဆက်တိုက် တိတ်ဆိတ် နေဆဲပဲ။ သူလဲ အံ့ာသ နေခဲ့တယ်။
ဒီကောင် လေးယောက်နဲ့ တိုက်ပြီး ကိုယ့်သေတွင်း ကိုယ်တူး နေတာလား။
မုချင်းဖန်း အလှည့် ဆိုရင်တော့ တစ်ယောက် ရွေးပြီး ပို့လိုက်လို့ ရတယ်။ ဖန်ကျန်းရှီ အလှည့်ဆိုရင်တော့ လေးယောက် ပို့ရုံပဲ။
နေစမ်းပါအုန်း။
(သူပြောတာက တစ်ပွဲမှာ အများဆုံး လေးယောက်) မဟုတ်ပဲ (သေချာပေါက် လေးယောက် လေးယောက် တိုက်ရမယ်လို့ ပြောတာလား။)
သိပ်ပြီး ကွာခြားချက် မရှိဘူး ထင်ရပေမယ့်၊ စဉ်းစား ရမယ့် ကိစ္စကတော့ များပြားတယ်။
အပိုင်း (၉၉၃) ပြီး၏။
အပိုင်း (၉၉၄)
“အရှက် မရှိတဲ့ အဆင့် အသစ်။”
“လေးယောက် တပြိုင်တည်း လာရမှာလား။” ချိုးချီ မျက်မှောင်ကြုတ်သွား ခဲ့ရပြီ။ ဖန်ကျန်းရှီ ဘာဖြစ်လို့ ဒါကို စည်းမျဉ်း ထုတ်ခဲ့မှန်း သူ အပြည့်အ၀ နားမလည်သေးဘူး။ ဒါပေမယ့် ထောင်ချောက်ကြီး တစ်ခုလို့ သူခံစား မိနေတယ်။
လူလေးယောက်တဲ့။ ဖန်ကျန်းရှီက တစ်ချီတည်းနဲ့ ပညာရှင်တွေ အားလုံးကို ဆွဲထုတ် ပြစ်မှာလား။ နောက်တစ်ချီမှာမှ လူစုံ ရောထည့်မယ်။
ဒါက ဖြစ်နိုင်ချေ အရမ်းကို မြင့်လွန်းတယ်။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်စုတွေက ကြင်နာ တတ်သူတွေ မဟုတ်ဘူး။ အကယ်၍ ဖန်ကျန်းရှီသာ နတ်သခင် လေးယောက်လုံးကို တစ်ချီတည်းမှာ အကုန် သတ်ပြစ်ခဲ့ရင်၊ နောက်နှစ်ချီမှာ သူရှုံးရင်တောင် ကိစ္စ မရှိတော့ဘူး။
သဘော တူညီချက် ဆိုတာကလဲ နတ်သခင်တွေ အားလုံးသာ သေသွားခဲ့ရင် အသုံးမဝင် တော့ဘူး။ အဲ့ဒီ့ အချိန်မှာ ဘာကိုများ ပြောနေလို့ ရအုန်းမှာလဲ။
နေစမ်းပါအုန်း။ ဖန်ကျန်းရှီက ဒီလို စီစဉ်ထားတာ ဖြစ်မယ် ဆိုရင်၊ သူက ငါးယောက် တစ်ပွဲစီ တိုက်ခိုင်းမှာပေါ့။ ဒါဆိုရင် အားလုံးကို သတ်လို့ ရသွားမယ်လေ။ ဘာကြောင့်များ လေးယောက် လွှတ်ခိုင်းမှာလဲ။
ချိုးချီရဲ့ စိတ်ထဲမှာ အတွေးတွေ အများကြီး ပြေးလွှား နေခဲ့တယ်။ နှစ်ယောက်၊ သုံးယောက်လဲ မဟုတ်ဘူး။ လေးယောက်တဲ့။ သေချာပေါက် မကောင်းတဲ့ အကြံ ရှိနေလိမ့်မယ်။ ဒါမှ မဟုတ် တိုက်ဆိုင်တာလား။ တိုက်ဆိုင်မှုတွေကို ချိုးချီ မယုံနိုင်ဘူး။
ဒါ့အပြင် တကယ့် ချိုးချီ အစစ်က သေသွားခဲ့ပြီ။ လက်ရှိ ချိုးချီက တခြားသူ မဟုတ်ဘူး။ နန်ကုန်း မျိုးနွယ်ရဲ့ စစ်မှန်တဲ့ တစ်ယောက်တည်းသော သွေးသား နန်ကုန်းမုပဲ။
ဖန်ကျန်းရှီကို သူ့ညီအစ်ကိုလို နားလည်တဲ့သူ။ ဖန်ကျန်းရှီက အရှက်မရှိ ကပ်တွက် တတ်တဲ့ ပုံစံမျိုး ရှိနေပင်မယ့် ကိစ္စတွေကို လုပ်တဲ့ နေရာတိုင်းမှာ အရမ်းကို လေးလေးနက်နက်နဲ့ သေချာ ဂရုစိုက်တယ်။ လူလေးယောက် ကိစ္စမှာ တစ်ခုခု မှားနေတာ သေချာပေါက် ရှိလိမ့်မယ်။
နန်ကုန်းမု ခပ်မြန်မြန် တွက်ချက် နေခဲ့ပြီ။ အကယ်၍ နှစ်ယောက်ချင်း တိုက်ရမယ် ဆိုရင် နတ်သခင် နှစ်ယောက်စီကို အဖွဲ့ခွဲပြီး နောက်ဆုံးမှာတော့ မိစ္ဆာ ဘုရင်တစ်ယောက်နဲ့ သူကိုယ်တိုင် ထွက်မယ်။ သုံးချီစလုံးကို နိုင်ဖို့ ယုံကြည်ချက် အပြည့်အ၀ ရှိတယ်။
လူသုံးယောက်စီ ထွက်ခိုင်းရင်တော့။ နတ်သခင် သုံးယောက်ကို တစ်ဖွဲ့ထည့် လိုက်မယ်။ ဒုတိယ အုပ်စုမှာတော့ သူ၊ နတ်သခင် တစ်ယောက်နဲ့ နောက်ထပ် မိစ္ဆာ ဘုရင် ထည့်မယ်။ ဒါဆိုရင် သုံးချီမှာ နှစ်ချီ နိုင်နိုင်ပြီ။
လေးယောက် ဖြစ်ရင်ရော။ နန်ကုန်းမု တွေးရင်း ခေါင်းတွေ ပူလာတယ်။ လူလေးယောက် အဖွဲ့က နိုင်နိုင်ချေ အရမ်းကို နည်းပါးလွန်းတယ်။ မသေချာ မရေရာမှုတွေက အပြည့်ပဲ။
ပေါင်းစပ်လို့ ရတဲ့ အတွဲတွေလဲ အများကြီး ဖြစ်သွားလိမ့်မယ်။ နတ်သခင် လေးယောက်ကို တစ်အုပ်စု၊ နန်ကုန်းဟောင်နဲ့ မိစ္ဆာ ဘုရင်တွေက တစ်အုပ်စု ဖြစ်သွားရင်၊ နှစ်အပေါင်းနှစ်၊ သုံးအပေါင်းတစ် ဖြစ်မယ်။
“ဘာက ပြဿနာ ဖြစ်နေတာလဲ။” နန်ကုန်းမု အစတုန်းက ဒီပြိုင်ပွဲကို နိုင်ဖို့ အလွယ်လေးလို့ တွေးခဲ့မိတယ်။
နတ်သခင် လေးယောက်၊ သူတစ်ယောက်နဲ့ တပ်ဖွဲ့တွေ ပေါင်းစည်းလိုက်ရင် ဘာမှ မမှားနိုင်တော့ဘူး။
ဒါပေမယ့် အခုတော့ သူအကြပ်အတည်း ဆိုက်နေခဲ့ပြီ။ ဖန်ကျန်းရှီက သူ့အတွက် အကျိုး ရှိမယ့် အစီအစဉ်ကို ဆွဲထုတ် သွားခဲ့တယ်လေ။
ထူးဆန်းလိုက်တာ။
“လေးယောက် ဖြစ်ရင်တော့။” ဒီအချိန်မှာ တိတ်ဆိတ် နေခဲ့တဲ့ ယွင်ချင်းဝူက ဝင်ပြောတယ်။
“ဒီတော့ မင်းလဲ ဒီမေးခွန်းကို တွေးနေတာပေါ့။” ဖန်ကျန်းရှီ ပြန်လှည့် မေးတယ်။
“..” ယွင်ချင်းဝူရဲ့ နှုတ်ခမ်းတွေ လှုပ်ရှား သွားခဲ့တယ်။ ဖန်ကျန်းရှီကို တစ်ချက်ကြည့်တယ်။ အဲ့ဒီ့နောက် ချိုးချီနဲ့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေကို သူမ ကြည့်တယ်။ နောက်ဆုံးမှာတော့ သူမ ခေါင်းခါလိုက်တယ်။ “စိတ်ချပါ။ ငါက ကျွန်ပြုခံလိုက် ရမှန်း သိပါတယ်။”
“ဒီပြိုင်ပွဲမှာ မင်းဝင်ပါချင်လဲ ငါစိတ်ထဲ မထားဘူး ပြောရင်၊ ယုံမှာလား။” ဖန်ကျန်းရှီရဲ့ အပြုံးက ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ ယွင်ချင်းဝူ အကြောင်းကို သူ မမေ့ခဲ့ဘူး။ သူပြောသလိုပဲ ချိုးချိကို ယွင်ချင်းဝူ အရိပ်အမြွက် ပေးတာမျိုး စိတ်ဓာတ် စစ်ဆင်ရေးမှာ ကူပေးတာမျိုး လုပ်ခဲ့ရင်တောင် သူ့စိတ်ထဲ မထားဘူး။
“စိတ်ထဲ မထားဘူးလား။” ယွင်ချင်းဝူ လန့်သွားပြီးနောက် ခပ်မြန်မြန် ပြုံးလိုက်တယ်။ “တကယ့်ကိုပဲ ငါပြောလိုက် ရင်တောင် ဘာမှ ထူးခြား လာမှာ မဟုတ်ဘူး။”
“ငါကတော့ စိတ်ထဲ ထားတယ်။ အရှက်မရှိတဲ့ ကောင်စုတ်။ သူ့ကို သတိ လစ်တဲ့ အထိ ငါရိုက်ပေးရမလား။ နင်စိတ်ချထား။ ငါ့လက်ထဲ အပ်လိုက်။” ပင်းယန်က ဖန်ကျန်းရှီ တွေးနေတာကို နားမလည်ခဲ့ပေမယ့်၊ ယွင်ချင်းဝူက အကြံအစည် အရမ်းများတဲ့ သူမှန်း သူမ နားလည်တယ်။
ပင်းယန် အတွက်တော့ ယွင်ချင်းဝူက အကြံအစည်များလွန်းတယ်။ ယွင်ချင်းဝူသာ ဖန်ကျန်းရှီရဲ့ အစီအစဉ်ကို နားလည် သွားခဲ့ရင် သူတို့ ကပ်ဆိုက် လိမ့်မယ်။ ဒါက ပင်းယန်ရဲ့ အတွေးတွေပဲ။ လူတိုင်းက ဂရုစိုက်ရမယ်။ ဒါကြောင့် ယွင်ချင်းဝူ သတိ မေ့အောင် ရိုက်ပြစ်ဖို့ စိတ်ထဲ မထားဘူး။
“…” ယွင်ချင်းဝူကတော့ အမူအယာ ပြောင်းလဲ သွားခဲ့တယ်။ သူမ တစ်ခုခု ပြန်ပြောဖို့ ပြင်လိုက် ပင်မယ့်၊ နောက်ဆုံးမှာတော့ မပြောတော့ပဲ ပါးစပ် ပြန်ပိတ် သွားခဲ့တယ်။
“အဆင်ပြေတယ်။ မင်းသူ့ကို ပြောချင်တာ ပြောလိုက်။ ငါစိတ်ထဲ မထားဘူး။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။
“နင်ဘာဖြစ်လို့ ဒီလောက်တောင် ယုံကြည်ချက် ရှိနေရတာလဲ။” ပင်းယန်ကတော့ လက်ရှိ အခြေအနေမှာ သူတို့ ရှုံးမှာကို သိနေတဲ့ အတွက် လုံး၀ နားမလည်နိုင် ဖြစ်နေခဲ့တယ်။
ဖန်ကျန်းရှီက လုံးဝကို ယုံကြည်ချက် အပြည့် ရှိနေဆဲပဲ။ ယွင်ချင်းဝူကိုတောင် တစ်ချက်လေးမှ မကြောက်ခဲ့ဘူး။ အရူးတစ်ယောက်လိုမျိုး ယုံကြည်ချက်တွေ အပြည့် ရှိနေခဲ့တယ်။ ဒါကြောင့် သူမ လုံး၀ သည်းမခံနိုင်ပဲ မေးမိတော့တယ်။
ပင်းယန်တင် မကဘူး။ လူသားတွေ အားလုံးလဲ ဒါကို သိချင် နေခဲ့တယ်။ လူလေးယောက်နဲ့ မိစ္ဆာ နတ်ဆိုးလေးယောက် တိုက်ခိုက် ရမယ် ဆိုရင်၊ သူတို့တွေ သေမှာပဲလေ။
“ဖန်ကျန်းရှီ မင်း တကယ် ယုံကြည်ချက် အပြည့်ရှိနေတာလား။” မုချင်းဖန်း စိတ်ပျက် လက်ပျက် မေးမိတယ်။
“ဒါပေါ့။” ဖန်ကျန်းရှီ အေးဆေး ပြန်ဖြေတယ်။
“ဘယ်လောက် ယုံကြည်ချက် ရှိလဲ။ ၃၀%လား။”
“မဟုတ်ဘူး။ ၁၀၀% အပြည့်။”
“ဘာဖြစ်တယ်။”
မုချင်းဖန် လန့်လွန်းလို့ မျက်လုံးတွေတောင် ကျွတ်ကျမတတ် ပြူးကျယ် သွားခဲ့ရတယ်။ နတ်သခင်တွေနဲ့ နတ်ဆိုး မိစ္ဆာ မျိုးနွယ်တွေတောင် ဒါကို လက်မခံ နိုင်ခဲ့ဘူး။
“၁၀၀ % တဲ့လား။”
“ဘာဖြစ်တယ်။ ရှုံးဖို့ ယုံကြည်ချက် ရှိနေတာလား။”
“ရယ်စရာ ကောင်းလိုက်တာ။”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကတော့ ဖန်ကျန်းရှီကို အရူးတစ်ယောက်လို လှောင်ရယ် ကြတော့တယ်။ အခု အခြေအနေမှာ ဘယ်သူများ သူ့ကို မရယ်ပဲ နေကြမလဲ။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ လှောင်နေတာကို စိတ်ထဲ မထားခဲ့ဘူး။ တကယ်တော့ သူကတောင် အော်ရယ် နေသေးတယ်။ သူ့ရယ်သံက အရမ်းကို ကျယ်လောင်လွန်းတဲ့ အတွက် မိစ္ဆာ နတ်တဆိုး တပ်ဖွဲ့တွေ ရယ်နေတာ ရပ်တန့် သွားခဲ့တယ်။ ဘယ်သူကမှ ဖန်ကျန်းရှီက မျက်နှာမပြောင်နိုင် အရေမထူ နိုင်တာကို နားလည် သွားခဲ့လို့ပဲ။
“ချိုးချီ။ စလိုက်ကြစို့။ ပထမ အချီမှာ ဘယ်သူ့ကို သေဖို့ လွှတ်မလဲ။” ဖန်ကျန်းရှီက ရယ်မောရင်း နန်ကုန်းမုကို လှမ်းမေးတယ်။
“ငါ အရင်ရွေး နိုင်တယ်လို့ မင်းပြောတာလား။” နန်ကုန်းမု ချက်ခြင်း တောက်ပ သွားတယ်။
“ဧည့်သည်တွေကို ဦးစား ပေးရမှာပေါ့။ ငါတို့က အရင်ရောက် နေတဲ့သူတွေ။ မင်းတို့က ဧည့်သည်တွေ။ ဒီတော့ မင်းတို့ကို ဦးစား ပေးလိုက်ပါမယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ငါက မင်းလောက်တော့ အရှက် မရှိ မလုပ်နိုင်ဘူး။ ဒါပေမယ့် ပြဿနာ တစ်ခုကို မင်း မေ့သွားပုံပဲ။ ငါက ပြိုင်ပွဲကို အရင်စတဲ့သူ။ ဘာဖြစ်လို့ လူ အရင် ရွေးရမှာလဲ။”
“ဒါဆိုရင် ငါတို့ မဲနှိုက်ကြမယ်။” ဖန်ကျန်းရှီ ပြောတယ်။
“မဲနှိုက်မှာလား။”
“ဟုတ်တယ်။ စာရွက် နှစ်ရွက်မှာ ပထမနဲ့ ဒုတိယ ရေးပြီး မဲနှိုက်မယ်။ ပထမ ရတဲ့ သူက အရင်ရွေး။ ဒါက အရမ်းကို တရားမျှတတယ်။ ဘယ်သူမှလဲ လှည့်စာလို့ မရဘူး။” ဖန်ကျန်းရှီ ပြောတယ်။
“ကောင်းပြီ။ မင်းပြောတဲ့ အတိုင်း မဲနှိုက်မယ်။” ဒါကို ကြားချိန်မှာ နန်ကုန်းမုက သဘောတူလိုက်တယ်။ ဖန်ကျန်းရှီကတော့ အရမ်းကို ပျော်ပျော်ရွှင်ရွှင် ရယ်မော နေခဲ့ပြီ။
ပင်းယန်ကတော့ စိတ်ရှုပ် နေခဲ့ပင်မယ့်၊ မကြာခင်မှာ မျက်နှာ အမူအယာကို ပြောင်းလဲလိုက်တယ်။
“အဲ့ဒီ့ကောင် ဘာကြံ နေတယ်လို့ နင်ထင်လဲ။” ရန်ရွှယ့် အနားကို သွားကပ်ပြီး သူမေးတယ်။
“မသိဘူး။” ရန်ရွှယ် ခေါင်းခါလိုက်တယ်။
“ဟမ့်။ နင် မသိဘူးတဲ့လား။” ပင်းယန်က မယုံခဲ့ဘူး။ အဲ့ဒီ့နောက် ဝူယွဲ့အာ အနားကို ကပ်မေးတယ်။ “ဝူယွဲ့အာ လောင်းကြေးထပ်ရင် ဘယ်လိုလဲ။”
“ဘယ်လို လောင်းမလဲ။” ဝူယွဲ့အာက ကောင်းကင် အိုအေစစ် သုခမိန်ကြီး အနားကနေ ထွက်လာတယ်။ သူမ ခေါင်းမော့ ရင်ကော့ရင်း ပင်းယန်အနားကို ကပ်တယ်။ ပင်းယန်ကတော့ သည်းခံ လိုက်တယ်။ ဝူယွဲ့အာ နားနားကို ကပ်ပြီးတော့ သူပြောတယ်။
“ဒီအကြောင်း လောင်းကြေး ထပ်ချင်တာလား။” ဝူယွဲ့အာက ပင်းယန်ကို မေးလိုက်တယ်။
“ဟုတ်တယ်။ လောင်းဝံ့လား။” ပင်းယန် မေးတယ်။
“လန့်နေစရာ ဘာအကြောင်းမှ မရှိဘူး။” ပင်းယန် ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
“ကောင်းပြီ။ ငါ ငါရဲ့ မီးလျှံ သံချပ်ကာနဲ့ လောင်းမယ်။ ဒါက လင်းယွမ် မျှော်စင်ရဲ့ အကောင်းဆုံး ရတနာပဲ။” ပင်းယန် သူမ အဝတ်အစားတွေ အောက်က သံချပ်ကာကို ထုတ်ပြတယ်။
“အဲ့တာကို ငါစိတ်မဝင်စားဘူး။ ရွှေစ တစ်သောင်းပဲ လိုချင်တယ်။” ဝူယွဲ့အာ ပြန်ေဖြေတယ်။ အရိပ်မျိုးနွယ်စုရဲ့ ခေါင်းဆောင် အနေနဲ့ ဒီရတနာက ပြိုင်ဘက်ကင်း ရတနာမှန်း သူသိတယ်။ ဒါပေမယ့် တန်ဖိုးကို သိနေတဲ့ အတွက် သူမလိုချင် ရတာပဲ။ ချင်းယွိက ဒါမျိုးကို လွယ်လွယ် အလွတ်ပေးမယ့် သူမျိုး မဟုတ်ဘူးလေ။
ချင်းယွိက သူ့နန်းတော်ရဲ့ ရတနာကို သူများ လက်ထဲ ထည့်မယ့် သူမှ မဟုတ်ပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် ပိုပြီး လက်တွေ့ ကျတာကို သူမ တောင်းမှ ဖြစ်မယ်လေ။
“ရွှေစ တစ်သောင်းလား။ နင်တကယ် သံချပ်ကာကို မလိုချင်ဘူးပေါ့။ ကောင်းပြီ။ ရွှေစ တစ်သောင်းနဲ့ ငါလောင်းမယ်။ နင်ရော ဘာနဲ့ လောင်းမလဲ။” ပင်းယန် နည်းနည်းတော့ စိတ်ရှုပ် သွားခဲ့တယ်။
“ရန်မြို့တော်က (မိုးစက်ကျ ခန်းမဆောင်)ကို ပေးမယ်။” ဝူယွဲ့အာ တွေးတောပြီးနောက် ပြောလိုက်တယ်။
“ကောင်းပြီ။ နင်ရှုံးသွားမယ် ဆိုရင်၊ ခန်းမဆောင်က ငါ့အပိုင်ပဲ။ ခန်းမဆောင်က လူတွေပါ ပါရမှာနော်။” ပင်းယန် ပြောတယ်။ သူမက နိုင်ဖို့ကိုပဲ အာရုံ စိုက်နေခဲ့တယ်။ ဒါကြောင့် ဘာပဲ ရရ သူမ အာရုံ မစိုက်ခဲ့ဘူး။
“ဒါပေါ့။” ဝူယွဲ့အာ ချက်ခြင်း ခေါင်းငြိမ့်လိုက်တယ်။
ဖန်ကျန်းရှီကတော့ စာလွှာ နှစ်ခုကို ရေးလိုက် ပြီ။ တစ်ခုကို လက်တစ်ဖက်စီမှာ ကိုင်ထားရင်း သူလျှောက်လာတယ်။ နန်ကုန်းမုကို အရင်ဆုံး ရွေးခိုင်းတယ်။
နန်ကုန်းမုကတော့ တွေေ၀ မနေခဲ့ဘူး။ ဖန်ကျန်းရှီ ညာလက်ထဲက စာလိပ်ကို ယူလိုက်တယ်။ ဘာမှ မှားမနေခဲ့ဘူး။ ဒါပေမယ့် စာလွှာကို နန်ကုန်းမု ယူပြီး ချိန်မှာတော့ ထူးဆန်းတဲ့ ကိစ္စ တစ်ခု ဖြစ်လာတော့တယ်။ နန်ကုန်းမုက စာရွက်ကို တစ်ချက်တောင် မကြည့်ပဲ ဝါးစား ပြစ်လိုက်ပြီ။
“…”
“…”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ မျက်လုံး ပြူးသွားတော့တယ်။
“သူ စာရွက်ကို ဝါးစားပြီး မျိုချ ပြစ်လိုက်တယ်။”
“ဘာတွေ လုပ်နေတာလဲ။”
“..”
လူသား မဟာမိတ် တပည့်သားတွေချက်ခြင်း ဆိုသလို အမူအယာ ပြောင်းလဲ သွားတော့တယ်။ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကတော့ တစ်ခဏတာ ထိတ်လန့်ပြီးနောက် ချက်ခြင်း သတိ ပြန်ဝင်လာတယ်။
“ဟဟား။ ငါသိပြီ။”
“ဆရာ ချိုးချီက တကယ့်ကို ထက်မြက်တာပဲ။”
“အရင်ဆုံး လှုပ်ရှား လိုက်တော့ ဖန်ကျန်းရှီ အထိနာပြီပဲ။”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက ဖန်ကျန်းရှီကို လှေြင်ကြပြန်တယ်။
ပင်းယန်ကတော့ မျက်နှာ တစ်ခုလုံး မည်းမှောင် နေခဲ့ပြီ။ ဝူယွဲ့အာနဲ့ သူမက ဖန်ကျန်းရှီ စာရွက် နှစ်ရွက်လုံးမှာ ပထမလို့ ရေးထားမယ့် အကြောင်း လောင်းကြေး ထပ်ထား ကြလို့ပဲ။ ဒါက ဖန်ကျန်းရှီရဲ့ စရိုက်နဲ့ လုံး၀ လုပ်မယ့် အရာလေ။
ချိုးချီ ဘာပဲ ရွေးရွေး (ပထမ) ဆိုတာကို ရလိမ့်မယ်။ အခုတော့ စာရွက်ကို ချိုးချီက ဝါးစား လိုက်ပြီ။ နောက်ထပ် ဘာတွေ ဖြစ်လာမှာလဲ။
“မင်းရှုံးပြီ။” နန်ကုန်းမုက စာရွက်ကို ဝါးစားပြီးနောက် ဖန်ကျန်းရှီ လက်ထဲက စာရွက်ကို ထုတ်ပြဖို့ လက်ဟန် ပြတယ်။
“မင်းဒီလို ဝါသနာမျိုး ရှိမှန်း ငါမသိခဲ့ဘူး။ စာရွက်တွေက အရသာ ကောင်းလို့လား။” ဖန်ကျန်းရှီက ချိုးချီကို စိတ်ရှုပ်တဲ့ ပုံစံနဲ့ ကြည့်နေခဲ့တယ်။
“ဖွင့်လိုက်စမ်း။” နန်ကုန်းမုက ပြန်မဖြေခဲ့ဘူး။
“ကောင်းပြီ။ ကြည့်လိုက်လေ။” ဖန်ကျန်းရှီ သက်ပြင်းချရင်း ခေါင်းခါတယ်။ အဲ့ဒီ့နောက် လက်ထဲက စာရွက်ကို နန်ကုန်းမုဆီ ထိုးပေးပြီး သူပြန်လှည့်ထွက် သွားတော့တယ်။
နန်ကုန်းမုကတော့ အံ့သြ သွားပင်မယ့်၊ စာရွက်ကို သူချက်ခြင်း ဖွင့်ကြည့်တယ်။
စာရွက်ကို မြင်ပြီး ချိန်မှာတော့ သူလဲ တောင့်တင်း သွားခဲ့ပြီ။
(နံပါတ် နှစ်) ဆိုတဲ့ စာလုံးကြီးက စာရွက်ပေါ်မှာ ထင်းနေခဲ့တယ်။
အပိုင်း (၉၉၄) ပြီး၏။
အပိုင်း (၉၉၅)
“သုံးချီအတွက် အရှက်မရှိတဲ့ ဝေစုခွဲခြင်း။”
“ဒုတိယတဲ့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” နန်ကုန်းမုလဲ ဖန်ကျန်းရှီရဲ့ စရိုက်ကို ကောင်းကောင်း သိတဲ့ အတွက် တုန်ယင် သွားခဲ့ရတယ်။
သူက ဖန်ကျန်းရှီ အကြောင်းကို သိလွန်းနေတယ်။ ဖန်ကျန်းရှီက မဲနှိုက်ရင် သေချာပေါက် လှည့်စားမှာပဲ။ သူက စာရွက် နှစ်ခု စလုံးမှာ ပထမလို့ ရေးလိမ့်မယ်။ အခုတော့ ဒုတိယ ဆိုတဲ့ စကားလုံးက ထင်ထင် ရှားရှားကြီး ရှိနေခဲ့ပြီ။ ဘာကြောင့်များ ဒီလို ဖြစ်ရတာလဲ။
ဖန်ကျန်းရှီက ပထမ ဒုတိယတွေ ရေးလိုက်လို့လား။ ဒါကြောင့် သူမျိုချတဲ့ စာရွက်က ပထမ ဖြစ်နေတာလား။ လုံး၀ လုံး မဖြစ်နိုင်ဘူး။ ဖန်ကျန်းရှီက သေချာပေါက် လှည့်စားမှာပဲ။ ဒါကြောင့် နှစ်ရွက်စလုံးမှာ ဒုတိယလို့ ရေးထားတာပဲ ဖြစ်ရမယ်။
ဒါကို တွေးမိ ချိန်မှာတော့ နန်ကုန်းမုရဲ့ မျက်နှာ တစ်ခုလုံး အကျည်းတန် သွားတော့တယ်။ ဖန်ကျန်းရှီက သူလုပ်မှာကို ကြိုသိ ပြီးနေပြီးသား ဖြစ်ရမယ်။
“စိတ်ဓာတ် လှည့်စားမှု ကိစ္စမှာတော့ ဖန်ကျန်းရှီကို ငါဘယ်မှီ နိုင်မလဲ။ ဒါပေမယ့် ငါတို့က အစွမ်းချင်း ယှဉ်ရမှာလေ။” နန်ကုန်းမု ခေါင်းခါ လိုက်တယ်။ မဲနှိုက်တဲ့ နေရာမှာ ရှုံးသွား တာကြောင့် နန်ကုန်းမု ယုံကြည်ချက် နည်းနည်းတော့ ထိခိုက် သွားခဲ့တယ်။
သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင် ထားတဲ့ အတွက်သာ အများကြီး မထိတ်လန့် ခဲ့တာပဲ။ နန်ကုန်းမု မဲနှိုက်တဲ့ နေရာမှာ ရှုံးနိမ့် ပြီးနောက် အခြေအနေ နည်းနည်း ပြောင်းလဲ သွားသလိုပဲ။ နန်ကုန်းမု သေချာ တွေးတော နေချိန်မှာ အသံ တစ်သံက သူ့နားထဲကို ဝင်ရောက်လာတယ်။
“ငါမင်းကို ပြောဖို့ မေ့သွားတယ်။ ငါ စာရေးနေတဲ့ အချိန် စာရွက်မှာ မကောင်းတာလေး နည်းနည်း ပေသွားသေးတယ်။ စာရွက်ကို စားပြီးတဲ့ အချိန် မင်းနေလို့ ကောင်းသေးရဲ့လား။”
ဖန်ကျန်းရှီရဲ့ အသံက သိပ်ပြီး မကျယ်လောင်ပေမယ့်၊ နန်ကုန်းမုရဲ့ မျက်နှာကိုတော့ မီးသွေးခဲလို မည်းမှောင် သွားစေခဲ့တယ်။
အဆိပ်။ ဒီကောင် စာရွက်ကို အဆိပ် ခပ်ထားတယ်။ လွန်ခဲ့တဲ့ ခြောက်လ တုန်းကသာ ဒါမျိုး ဖြစ်ခဲ့မယ် ဆိုရင် သည်းခံနိုင်စွမ်း မြင့်မားလွန်းတဲ့ နန်ကုန်းမုလို လူမျိုးတောင် သေချာပေါက် အော်ဟစ် ကျိန်ဆဲ မိမှာပဲ။
ဒါပေမယ့် နန်ကုန်းမုကတော့ အခုချိန်မှာ မကျိန်ဆဲပဲ သည်းခံ နေခဲ့တယ်။ နန်ကုန်းထျန်းရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်စည်း ပေးဖို့ သူသည်းခံရမယ်။ ဒါပေမယ့် နန်ကုန်းမု သည်းခံ နိုင်ရင်တောင် မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက သည်းမခံ နိုင်ခဲ့ဘူး။
“အရှက်မရှိတဲ့ ကောင်စုတ်က စာရွက်မှာ အဆိပ်ခတ် ဝံ့တယ်ပေါ့။”
“အတင့်ရဲလိုက်တာ။”
“ပေါက်ကရတွေ ပြောမနေနဲ့။ အရှင်သခင် ချိုးချီကို တောင်းဆိုလိုက်။ ဒီကောင်နဲ့ လူသား မဟာမိတ် အားလုံးကို သတ်ဖို့ အမိန့်ချပေးပါ။”
တခြား တစ်ဖက်မှာ ရှိနေတဲ့ ပင်းယန်ကတော့ မျက်လုံးပြူး နေခဲ့ပြီ။ ဖန်ကျန်းရှီ ဘယ်လောက် အထိ အရှက်မရှိလဲ သူမ ကောင်းကောင်း သိပေမယ့်၊ ဖန်ကျန်းရှီ ကိုယ်တိုင် ပြောတာကို ကြားချိန်မှာတော့ သူမနဲ့ ဖန်ကျန်းရှီကြားမှာ လိုက်မမှီနိုင်တဲ့ အကွာအဝေးကြီး ရှိနေမှန်း နားလည် သွားခဲ့တယ်။
“အရှက် မရှိတဲ့ ကောင်စုတ်၊ စာရွက်မှာ နင်တစ်ကယ် အဆိပ်ခတ် လိုက်တာလား။” ပင်းယန် အခုချိန်ထိ မယုံနိုင် သေးဘူး။ သူမရဲ့ အသိစိတ်က ပြောနေခဲ့တယ်။ လူတစ်ယောက်က အရှက် မရှိတာ ဖြစ်နိုင်ပေမယ့်၊ ဒီလောက်ထိ အရှက်မရှိတာတော့ မဖြစ်နိုင် လောက်ဘူး။
စာရွက်ကို အဆိပ်ခတ်တဲ့ ကိစ္စကတော့ လူသားနဲ့ နတ်ဘုရားတွေ အားလုံးကို ဒေါသ ထွက်စေနိုင်တယ်။
“ဒါပေါ့။ သေချာပေါက် ငါလုပ်ခဲ့တာပေါ့။ ဒီလောက် အခွင့်အရေးကောင်း ရနေတာကို ငါက ဘာဖြစ်လို့ မလုပ်ရမှာလဲ။” ဖန်ကျန်းရှီ တစ်ချက်လေးတောင် ဖုံးကွယ် မနေခဲ့ဘူး။
“..” ပင်းယန်ကတော့ လုံးဝကို ပြောစရာ စကား မရှိ ဖြစ်သွားခဲ့တယ်။
“..” ဝူယွဲ့အာလဲ ပါးစပ် ဟလိုက်ပေမယ့်၊ နောက်ထပ် ဘာစကားမှ ထွက်မလာ ခဲ့ဘူး။
မော့ရှန်းရှီနဲ့ မုချင်းဖန်း နှစ်ယောက်ကတော့ ရှက်ရွ့မှုကြောင့် မျက်နှာတွေ နီရဲ နေခဲ့တယ်။ ဖန်ကျန်းှရီနဲ့ တစ်ဖွဲ့တည်း ဖြစ်နေရတာကို သူတို့တွေ ရှက်ကြတယ်။ ဒါပေမယ့် သူတို့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။
“ကောင်စုတ်လေး။ မင်း ငါ့အဆိပ်ကို သုံးလိုက်တာလား။” ကောင်းကင်အိုအေစစ် သုခမိန်ကြီးက လှမ်းမေးတယ်။ သူတို့က စရိုက်တူတဲ့ အတွက် သိပ်ပြီးတော့ ပြောစရာ မရှိခဲ့ဘူး။
တစ်ခါတစ်လေမှာ သူ့ကိုယ်သူ ဖန်ကျန်းရှီရဲ့ ဆရာ ဖြစ်လာပြီလို့ ထင်မယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ထိန်းချုပ်မှု အောက်မှာ သူအဆိပ် ခဏခဏ မိရတာ ပိုများတယ်။ ဒါ့အပြင် သူမိတဲ့ အဆိပ်တွေကလဲ သူ့အဆိပ်တွေချည်းပဲ။
“အဆိပ်ကို နည်းနည်းတော့ တိုးတက်အောင် ပြင်ထားသေးတယ်။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြန်ဖြေလိုက်တယ်။
“ကောင်းတယ်။ အရမ်းကောင်းတယ်။ မင်းက တကယ့်ကို ရက်စက်တာပဲ။”
“နည်းနည်းပါ။”
လူသား မဟာမိတ် တပည့်သားတွေကတော့ ဘာကိုမှ မကြားချင်ယောင် ဆောင်နေကြတယ်။
နန်ကုန်းမုကတော့ နဖူးကနေ ချွေးတွေ စီးကျ လာတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့အစာအိမ် တစ်ခုလုံး ပြောင်းပြန် လည်သွားသလို ခံစား လိုက်ရလို့ပဲ။
“တကယ့်ကို အဆိပ်ပြင်းတယ်။” နန်ကုန်းမု ချက်ခြင်း ဗိုက်ထဲ ရှိသမျှ အရာ အားလုံးကို အန်ထုတ် ပြစ်တယ်။ ဆေးလုံး တစ်လုံးကို ထုတ်ပြီးတော့လဲ သူသောက်တယ်။ ဆေးသောက်ပြီးမှသာ နည်းနည်း နေသာထိုင်သာ ရှိသွားခဲ့တယ်။
နတ်သစ်ပင်ရဲ့ စွမ်းအား၊ နန်ကုန်းဟောင်ရဲ့ နှလုံး၊ နန်ကုန်းထျန်း မသေခင်က ပေးခဲ့တဲ့ စွမ်းအားတွေ အပြင် ချိုးချီနဲ့ ချင်းရှန်းရဲ့ စွမ်းအားတွေ ရှိနေတဲ့ အတွက် ဒီအဆိပ်ကြောင့် ချက်ခြင်း မသေခဲ့ဘူး။
ဒါပေမယ့် အဆိပ်ပြင်းရဲ့ အစွမ်း သက်ရောက်တာကိုတော့ သူခံစား လိုက်ရတယ်။ ပန်းသီးထဲမှာ ပိုးကောင် တစ်ကောင် ဝင်နေသလို ဒီအဆိပ်က ပြင်းထန်တယ်။
မသေပင်မယ့်၊ ဆယ်ရက်လောက် စိတ်ဆင်းရဲ နေစေမယ့် အဆိပ်မျိုးပဲ။ ဒါကြောင့် နန်ကုန်းမု ယာယီတော့ သက်ရောက် ခံလိုက်ရတယ်။
“စိတ်ချပါ။ မင်းမသေ ပါဘူး။ ဒီအဆိပ်က ကျောက်ကပ်ကိုပဲ နည်းနည်း ထိခိုက်စေတာ။ အများဆုံး ဖြစ်ရင်၊ ခဏခဏ ဆီးသွားတာ ဝမ်းလျောတာ လောက်ပဲ။” ဖန်ကျန်းရှီက ဖော်ဖော်ရွေရွေ ရှင်းပြ နေခဲ့တယ်။
“..” နန်ကုန်းမုကတော့ မျက်နှာတွေ ချက်ခြင်း ဖြူဖျော့ သွားခဲ့ပြီ။ သူ့ခြေထောက်တွေ တုန်ယင် လာပြီး မြေပြင်ပေါ်ကို ချက်ခြင်း ခွေကျ သွားတော့တယ်။
“ဖန်ကျန်းရှီ။”
(ငါတကယ်ပဲ မင်းရဲ့ ရန်သူ ဖြစ်မလာခဲ့သင့်တာ။)
နန်ကုန်းမု အံကြိတ်ရင်း တွေးလိုက်မိတယ်။ ဒီအချိန်မှာပဲ မြင်ကွင်း တစ်ခုက သူ့စိတ်အာရုံထဲကို ပြန်ဝင်ရောက် လာပြန်တယ်။ နတ်သစ်ပင်ကြီး အောက်မှာ နန်ကုန်း မျိုးနွယ် သစ္စာရှိ အစေခံ ဆယ်ယောက်ကျော်က ဒူးထောက် နေခဲ့ကြတယ်။
“မုအယ်။ နန်ကုန်း မျိုးနွယ်ရဲ့ အနာဂတ်က မင်းလက်ထဲ မှာပဲ။”
“ဖန်ကျန်းရှီကို မင်းသတ်ပြီး ငါတို့ ပိုင်တာတွေကို ပြန်ယူရမယ်။”
“အဖေ။”
နန်ကုန်းမု သူ့နှုတ်ခမ်းသူ ကိုက်လိုက်တယ်။ နန်ကုန်းထျန်းရဲ့ ဆန္ဒကို သူဖြည့်ဆည်း မပေးချင်ပေမယ့်၊ နန်ကုန်း မျိုးနွယ်တွေရဲ့ အနာဂတ် အတွက် သူတိုက်ခိုက် ရမယ်။ သူ့ကိုယ်ထဲမှာ နန်ကုန်း မျိုးနွယ် သွေးတွေ စီးဆင်း နေတယ်လေ။
“အဖေ သင်ပေး ခဲ့တဲ့ အတိုင်းတော့ လိုက်မလုပ် နိုင်ဘူး။ ဒါပေမယ့် ကျွန်တော် ကတိပေးတယ်။ နန်ကုန်း မျိုးနွယ်တွေ ပိုင်ဆိုင်တာကို သေချာပေါက် ပြန်ယူ လာခဲ့မယ်။” နန်ကုန်းမု နှုတ်ခမ်းက သွေးတွေ စီးကျလာပြီး သူ့မျက်လုံးတွေက နီရဲ သွားတော့တယ်။ ကြောက်စရာ အရှိန်အဝါတွေကို သူထုတ်လွှတ်တယ်။
သူခပ်မြန်မြန်ပဲ ပြန်တည်ငြိမ် သွားခဲ့ပြီ။
ချိုးချီဆိုတဲ့ အသွင်နဲ့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို အုပ်ချုပ်ခွင့် ရလိုက်တဲ့ အတွက် သူ့ရဲ့ အောင်မြင်မှုက လမ်းတစ်ဝက်မှာ ရောက်နေခဲ့ပြီ။ အခုချိန်မှာ သေချာပေါက် လက်လျှော့လို့ မဖြစ်ဘူး။
“ဒီ အဆိပ် နည်းနည်းလေးက ငါ့ကို မထိခိုက် စေနိုင်ပါဘူး။” နန်ကုန်းမု ခေါင်းမော့လိုက်တယ်။ သူ့ရဲ့ မီးခိုးနက်ရောင် အငွေ့အသက်က ပိုပြီးတော့ မှောင်မိုက် လာခဲ့ပြီ။
“ဒါပေါ့။ မင်းကို မထိခိုက် စေနိုင်ပါဘူး။ မင်း အင်အားကြီးမှန်း ငါသိတယ်။ အခု ပြိုင်ပွဲ စလိုက်ရအောင်။ ပထမဆုံး ဘယ်သူ့ကို လွှတ်မလဲ။” ဖန်ကျန်းရှီ မေးတယ်။
“အရှင်သခင်။” လင်းယွိ ရုတ်တရက် ပြေးထွက်လာတယ်။
“ဘာကိစ္စလဲ။” နန်ကုန်းမု မေးတယ်။
“ပထမ အချီအတွက် ဘယ်သူ့ကို ပို့လွှတ် မှာပါလဲ။” လင်းယွိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဂရုတစိုက် မေးတယ်။
“ကျွန်တော့်ကို ယုံမယ်ဆိုရင် ပထမ အချီအတွက် ကျွန်တော် သွားပါမယ်။ သေတဲ့ အထိ တိုက်ခိုက်မယ်။ လင်းယွိက အရမ်းကို စိတ်ဆုံးဖြတ်ချက် ခိုင်မာနေတယ်။”
“မင်း တစ်ယောက်တည်းလား။”
“နောက်ထပ် မိစ္ဆာ ဘုရင် သုံးယောက်လဲ ပါပါတယ်။” နန်ကုန်းမု ခေါင်းခါလိုက်တယ်။
“လုံလောက်မယ်လို့ ငါမထင်ဘူး။” နန်ကုန်းမု ခေါင်းခါလိုက်တယ်။
“ဘာကြောင့်များ ပါလဲ။ ဖန်ကျန်းရှီ အပြင် ကျွန်တော်တို့ကို နိုင်နိုင်တာ တခြား ဘယ်သူ ရှိသေးလို့လဲ။” လင်းယွိ နားမလည်နိုင်ခဲ့ဘူး။
“မဟုတ်ဘူး။ ဒါပေမယ့် သူတို့ထဲမှာ မိစ္ဆာ ဘုရင် သုံးယောက်ကို အလွယ်လေး သတ်နိုင်တဲ့ လူသုံးယောက် ရှိနေမယ် ဆိုရင်ရော။” နန်ကုန်းမု မေးလိုက်တယ်။
“ဘာကို ဆိုလို ချင်တာပါလဲ။”
“ငါသိသလောက် အရဆိုရင် မုချင်းဖန်းက မိစ္ဆာ ဘုရင် သုံးယောက်ကို အလွယ်လေး သတ်နိုင်တယ်။ ဒီတော့ မင်းက လူလေးယောက် ပေါင်းစည်း တိုက်ခိုက်တာကို ခံရမှာပဲ။”
“သူတို့ အားလုံး ပေါင်းပြီး တိုက်ခိုက်ရင်တောင် ကျွန်တော် မကြောက်ဘူး။”
“ကောင်းတယ်။ ဒါပေမယ့် နိုင်နိုင်ချေကတော့ ၅၀%ပဲ ရှိတယ်။”
လင်းယွိကတော့ တိတ်ဆိတ် သွားခဲ့တယ်။ နန်ကုန်းမု ပြောသလိုပဲ။ သူက နတ်သခင် ဖြစ်နေပင်မယ့်၊ နိုင်နိုင်ချေ ငါးဆယ် ရာခိုင်နှုန်းသာ ရှိတယ်။ ပထမ တိုက်ပွဲကို ရှုံးသွားရင်တောင် ဖန်ကျန်းရှီနဲ့ နောက်ထပ် တိုက်ခိုက် ရအုန်းမယ်။
“ဒါဆိုရင် ကျွန်တော်နဲ့ မုရှန်းကို လွှတ်ပေးပါ။” လင်းယွိ ဆုံးဖြတ်ချက် ချပြီး အကြံပြုတယ်။
“မင်းတို့ နှစ်ယောက်သာ ဆိုရင် ဖန်ကျန်းရှီနဲ့ မတွေ့ရ သရွေ့ နိုင်နိုင်တယ်။ ငါလဲ ဒီလို စီစဉ်ဖို့ စဉ်းစား နေတာ ဒါပေမယ့် ထောင်ချောက်ကို ခံစားမိတယ်။” နန်ကုန်းမု ခေါင်းခါ ပြန်တယ်။
“ဘာထောင်ချောက်လဲ။”
“အကယ်၍ မင်းသာ ဖန်ကျန်းရှီ ဖြစ်မယ် ဆိုရင်၊ နတ်သခင် နှစ်ယောက်နဲ့ တိုက်ခိုက်ဖို့ ကြုံရချိန်မှာ မင်းဘယ်လို လုပ်မှာလဲ။” နန်ကုန်းမု ပြန်မေးတယ်။
“သူကိုယ်တိုင် တိုက်ခိုက်တာထက်၊ ဒီတိုက်ပွဲကို လက်လွှတ် လိုက်မယ်လို့ ထင်ပါတယ်။” လင်းယွိ ချက်ခြင်း ပြန်ဖြေတယ်။
“မင်းတကယ်ပဲ ဒီလို ထင်လား။”
“ဟုတ်ပါတယ်။”
“ငါတော့ မထင်ဘူး။”
“ဘာကြောင့်ပါလဲ။”
“ပထမ အချီကိုသာ ရှုံးသွားခဲ့ရင် နောက်အချီက နတ်သခင် နှစ်ယောက်နဲ့ တိုက်ခိုက်ချိန်မှာ နိုင်ဖို့ မျှော်လင့်ချက် ပိုနည်း သွားလိမ့်မယ်။”
“ဒီတော့ ဘာကို ဆိုလို ချင်တာပါလဲ အရှင်။”
“ငါက မင်းနဲ့ မုရှန်းကို လွှတ်မယ် ဆိုရင် ဖန်ကျန်းရှီက သေချာပေါက် ထွက်လာမှာပဲ။”
“ဒီတော့ ပထမ အချီမှာ ဖန်ကျန်းရှီက။” လင်းယွိ ချက်ခြင်း တုန်ယင်သွားတယ်။ သူ့နဖူးကနေ ချွေးတွေ စီးကျလာတယ်။
“ဟုတ်တယ်။ မင်းနဲ့ မုရှန်းကို ပထမ အချီမှာ သူ သတ်ပြစ်မှာပဲ။ အဲ့ဒီ့နောက် သူ့မှာ ရွေးချယ်စရာ နှစ်ခု ရှိသွားလိမ့်မယ်။ စည်းမျဉ်းတွေကို ဂရုမစိုက်ပဲ တိုက်ခိုက်မှာလဲ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် သူက အရမ်းကို အရှက် မရှိလွန်းတဲ့ အတွက် ဒီ့ထက် ပိုဆိုးတာတွေတာတောင် ဖြစ်လာနိုင်သေးတယ်။ နတ်သခင် တစ်ယောက်တည်းကို ပို့လွှတ်ရင်လဲ သူက ရအောင် သတ်မှာပဲ။”
“..” လင်းယွိကတော့ ဒါကို ကြာချိန်မှာ ကျောထဲ စိမ့်ချမ်း သွားခဲ့ပြန်တယ်။
နန်ကုန်းမုက တွက်ချက် နေရုံသာ ဖြစ်ပေမယ့်၊ ဖန်ကျန်းရှီက သူတို့ ရန်သူ ဖြစ်နေခဲ့တဲ့ အတွက် ဘာမဆို ဖြစ်လာနိုင်တယ်။ နောက်ဆုံးတော့လဲ ဒီကောင်က စာရွက်ထဲမှာတောင် အဆိပ်ခတ်တဲ့ အရှက်မရှိသူလေ။
ဒါ့အပြင် နတ်သခင် နှစ်ယောက်သာ အသတ်ခံလိုက် ရလို့ကတော့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်စုတွေ သေချာပေါက် အထိနာမှာပဲ။ သူတို့တွေ အာဏာကို ချုပ်ကိုင်ထားတာ မဖြစ်နိုင်တော့ဘူး။
“ဒါဆိုရင် ဘာလုပ်သင့်ပါသလဲ။” လင်းယွိ အကြံတွေ ပေးနေတာကို ရပ်လိုက်တယ်။ ချိုးချီက သူ့ထက် ဖန်ကျန်းရှီကို ပိုနားလည်တယ်လို့ သူခံစား မိလာတယ်။
လင်းယွိ စိတ်ထဲမှာလဲ သံသယ တစ်ချို့ ဝင်လာခဲ့တယ်။ ချိုးချီက ဖန်ကျန်းရှီနဲ့ ဘယ်တုန်းကမှ မထိတွေ့ ဖူးတာကို သူမှတ်မိတယ်။ ဒါပေမယ့် တကယ်တမ်းမှာ သူက လင်းယွိထက် အမြင် ပိုကျယ် နေခဲ့တယ်လေ။
ဒါက ထူးဆန်းလွန်းတယ်။ ချိုးချီက အခုချိန်မှာ တပ်ဖွဲ့ ခေါင်းဆောင် ဖြစ်နေခဲ့တဲ့အတွက် သူ့မှာ လေ့လာဖို့ အချိန်နဲ့ အကြောင်းပြချက် ရှိမနေခဲ့ဘူး။ ချိုးချီကို သံသယ မဝင်သင့်ဘူး သေချာပေါက် ယုံကြည်ရမယ်။
“အကယ်၍ သုံးချီ စလုံးကို အနိုင် လိုချင်ရင်၊ ငါတို့တွေ အရှုံးကြီး ရှုံးနိုင်တယ်။ ဒါကြောင့် နှစ်ချီမှာပဲ အပြည့်အ၀ လောင်းကြေးထပ်မယ်။” နန်ကုန်းမု စဉ်းစား ပြီး သေချာပြောလိုက်တယ်။
“နှစ်ချီတဲ့လား။” လင်းယွိ မျက်လုံးတွေ တောက်ပ လာခဲ့ပြီ။
နန်ကုန်းမု ပြောချင်တာကို နောက်ဆုံးမှာတော့ သူနားလည် သွားခဲ့တော့တယ်။ အနိုင်ရသူက နှစ်ချီ နိုင်ရုံနဲ့ အောင်ပွဲ ဆင်နိုင်မှာပဲ။ ဒါကြောင့် အန္တရာယ် များတာကို လုပ်ရမယ်။ ဒါပေမယ့် အားလုံး နိုင်ဖို့ မဖြစ်နိုင်တာကို ထက်မြက်သူတိုင်းလဲ နားလည်တယ်။
“ပထမ အချီမှာ နတ်သခင် နှစ်ယောက်နဲ့ မိစ္ဆာ ဘုရင် တစ်ယောက်ကို ခေါ်သွား။ မင်းရှန်းကိုတော့ နောက်ဆုံး အချီ အတွက်ထား လိုက်မယ်။” နန်ကုန်းမု ပြောတယ်။
“ပထမ အချီမှာ နတ်သခင် သုံးယောက်ကို လွှတ်မှာ သေချာရဲ့လား။” လင်းယွိ နည်းနည်းတော့ တွေေ၀ သွားခဲ့တယ်။
“အင်း။ နတ်သခင် သုံးယောက်ကိုသာ လွှတ်လိုက်ရင်၊ အားလုံးကို ဖန်ကျန်းရှီ သတ်ပြစ်မှာက အခွင့်အရေး အရမ်း နည်းတယ်။ သူ့ရဲ့ နိုင်နိုင်ချေကလဲ သိပ်မရှိဘူး။ ကံကောင်းလို့ နိုင်သွားရင်တောင် နတ်သခင် သုံးယောက်လုံးကို သူသတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သေချာပေါက် နှစ်ပွဲဆက် ရှုံးမှာပဲ။” နန်ကုန်းမု အရမ်းကို သေချာ နေခဲ့တယ်။
“ဒါဆိုရင် နောက်နှစ်ချီ အတွက်ရော။”
“စည်းမျဉ်း အရဆိုရင် ဖန်ကျန်းရှီက သူ့လူတွေကို အရင် ထုတ်မှာပဲ။ သူနိုင်နိုင်တာ သေချာဖို့ အတွက် မိစ္ဆာ ဘုရင်တွေကို သတ်နိုင်မယ့် သူကိုသာ သူပို့လိမ့်မယ်။”
“ဒီတော့ ဒုတိယ အချီကို ကျွန်တော်တို့ လက်လျော့ လိုက်မှာလား။”
“ဟုတ်တယ်။ တတိယ အချီကို ငါတို့ အနိုင်ယူမယ်။”
“ကျွန်တော် နားလည် ပါပြီ။ ဒါပေမယ့် ကျွန်တော့် ဆန္ဒ တစ်ခုကို ဖြည့်ဆည်း ပေးနိုင်မလား။”
“ပြော။”
“ကျွန်တော့်ကို တတိယ အချီမှာ ထည့်ပေးပါ အရှင်။”
“မင်းက တတိယ အချီမှာ တိုက်ခိုက် ချင်တာလား။”
“ဟုတ်ပါတယ်။”
“မင်း ဖန်ကျန်းရှီနဲ့ ရင်ဆိုင် ရမှာကို မင်းသိတယ် မလား။”
“ကျွန်တော် သိပါတယ်။ ဒါကြောင့်ပဲ တတိယ အချီမှာ တိုက်ခိုက် ချင်တာပါ။ စိတ်ချပါ အရှင်၊ ကျွန်တော် သေချာပေါက် စိတ်မပျက် စေရပါဘူး။”
အပိုင်း (၉၉၅) ပြီး၏။
အပိုင်း (၉၉၆)
“အနိုင်ရသူကို တစ်ချီတည်းနဲ့ ဆုံးဖြတ်ခြင်း။”
“နောက်ဆုံး အချီမှာ တိုက်ခိုက်ချင်တာ သေချာလို့လား။” နန်ကုန်းမုက နောက်တစ်ကြိမ် မေးလိုက်ပြန်တယ်။
“သေချာပါတယ်။” လင်းယွိ ပြန်ဖြေတယ်။ လူအုပ်ကြီး ထဲမှာ ရပ်နေတဲ့ ယွင်ချင်းဝူကို သူလှမ်းကြည့်တယ်။
လင်းယွိနဲ့ ဖန်ကျန်းရှီက ဘာ အညှိုးအတေးမှ မရှိခဲ့ဘူး။ ဒါပေမယ့် ယွင်ချင်းဝူကိုတော့ လင်းယွိ လက်ထဲကနေ ဖန်ကျန်းရှီ လုယူ သွားနိုင်ခဲ့တယ်။ ဒီလို စော်ကားမှုမျိုးကို လုံး၀ သည်းမခံနိုင်ဘူး။
ဒါကို သူလက်မခံ နိုင်တဲ့ အတွက် ချိုးချီကို အရင်ဆုံး သူကျမ်းကျိန်ပြီး သစ္စာခံခဲ့တယ်။ အခု အခွင့်အရေးက သူ့ရှေ့မှာ ရောက်နေခဲ့ပြီ သူဘယ်လိုများ လက်လွတ် ခံမှာလဲ။ နန်ကုန်းမုကတော့ တိတ်ဆိတ် သွားခဲ့တယ်။
လင်းယွိက နတ်သခင်တွေ အားလုံးထဲမှာ အစွမ်း အထက်ဆုံး မဟုတ်ခဲ့ဘူး။ မုရှန်းကသာ အစွမ်း အထက်ဆုံး။ ဒါကြောင့် မုရှန်းကို တတိယ အချီမှာ ထည့်ပေးဖို့ သူဆုံးဖြတ် ခဲ့တယ်။
တတိယ အချီမှာ ဘယ်သူက သူ့ပြိုင်ဘက် ဖြစ်ပါစေ အနိုင်ယူနိုင် လိမ့်မယ်လေ။ ဒါပေမယ့် လင်းယွိကတော့ သေချာပေါက် ဆုံးဖြတ် ထားပုံပဲ။
“ကောင်းပြီ။ ငါတို့ နှစ်ယောက် တတိယ အချီကို တိုက်ခိုက်ကြမယ်။” နန်ကုန်းမုက ခေါင်းငြိမ့်ရင်း ပြောတယ်။
သူ့စိတ်ကို ပြောင်းလဲ လိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ခိုင်မာတဲ့ စိတ်ဓာတ်က အားလုံးထက် ပိုသန်မာတာကို သူနားလည် နေလို့ပဲ။
လင်းယွိရဲ့ အပြုအမူကြောင့် သူသာ တိုက်ခိုက်ဖို့ အခွင့်အရေး ရရင် သေချာပေါက် အဆုံးထိ တိုက်ခိုက်မှာမှန်း သေချာနေတယ်။
“ကျေးဇူး တင်ပါတယ် အရှင်။” လင်းယွိက နန်ကုန်းမုကို နောက်ထပ် မပြောတော့ဘူး။
“မုရှန်း။” နန်ကုန်းမု ခေါ်လိုက်တယ်။
“ရှိ။”
“နတ်သခင် နှစ်ယောက်နဲ့ မိစ္ဆာ ဘုရင် တစ်ယောက်ကို ဦးဆောင်ပြီး ပထမ အချီကို တိုက်ခိုက်။” နန်ကုန်းမု အမိန့် ပေးတယ်။
“ပထမ အချီမှာ နတ်သခင် သုံးယောက်ကို ပို့မှာလား။” မုရှန်းက နန်ကုန်းမုနဲ့ လင်းယွိရဲ့ စကားတွေကို မကြားခဲ့တဲ့ အတွက် အံ့သြ သွားခဲ့တယ်။
“ဟုတ်တယ်။ ပထမ အချီကို ငါတို့ အနိုင်ယူရမယ်။” နန်ကုန်းမု ခေါင်းငြိမ့်တယ်။
“အမိန့် အတိုင်းပါ။” အမိန့်ကို သိပ်ပြီး နားမလည်ပေမယ့်၊ ခေါင်းဆောင် စကားကိုတော့ သူပြန်ပြီး မေးခွန်း မထုတ်ခဲ့ဘူး။
နတ်သခင် သုံးယောက်ကို အရင်လွှတ်တယ်။ ချိုးချီက ဖန်ကျန်းရှီကို ပထမ အချီမှာ ပါလာအောင် ဖိအား ပေးတာလား။ မုရှန်း စတင် ခန့်မှန်းတယ်။ ဒါပေမယ့် ချိုးချီရဲ့ အမိန့်ကိုတော့ သူနာခံတယ်။ နတ်သခင် နှစ်ယောက်ကို ခေါ်ထုတ် ပြီးနောက် အင်အားကြီး မိစ္ဆာ ဘုရင် တစ်ယောက်နဲ့ အတူ စစ်မြေပြင် အလယ်ကို သူလာတော့တယ်။
“သုံးယောက်တောင်လား။”
“ချိုးချီက နတ်သခင် သုံးယောက်တောင် ပို့လိုက်တယ်။ သူရူး သွားတာလား။”
“သူ့မှာ နောက်ခံ ကောင်းကောင်း ရှိနေပုံပဲ။ ငါတို့တွေ နတ်သခင် သုံးယောက်ကို ဘယ်လို တိုက်ခိုက် ရမှာလဲ။ လုံးဝကို နိုင်နိုင်ချေ မရှိဘူးလေ။ ဒါက ဖန်ကျန်းရှီကို ပထမ အချီမှာ ဝင်တိုက်ခိုက်ဖို့ ဖိအား ပေးနေတာပဲ မဟုတ်လား။”
နတ်သခင် သုံးယောက် ပေါ်လာခဲ့တဲ့ အတွက် လူသား မဟာမိတ် အားလုံး မယုံနိုင် ဖြစ်နေကြတယ်။ အဲ့ဒီ့နောက် သူတို့တွေ ဖန်ကျန်းရှီကို လှည့်ကြည့်မိတယ်။
နတ်သခင်တွေရဲ့ အင်အားနဲ့ ဆိုရင် ဖန်ကျန်းရှီ ဝင်မပါပဲ မနိုင်နိုင်ဘူး။
သူတို့တွေ ဖန်ကျန်းရှီကို ပို့မှပဲ နိုင်လိမ့်မယ်။
“အရှက် မရှိတဲ့ ကောင်စုတ်။ နင်ဘယ်လို လုပ်မှာလဲ။” ပင်းယန်က ဖန်ကျန်းရှီကို အထိတ် တလန့်နဲ့ မေးလိုက်တယ်။
“မင်း ဘယ်လို ထင်လဲ။”
“နင့်ကို ပထမ တိုက်ပွဲမှာ ဝင်တိုက်ဖို့ ဖိအား ပေးနေပြီလေ။”
“ထက်မြက်လာလိုက်တာ။”
“ဒီတော့ နင်သွားမှာလား။”
“မသွားဘူး။”
“ဒါဆိုရင် ငါတို့ ရှုံးသွားမှာ မဟုတ်လား။”
“တကယ့် အနိုင်အရှုံးက သုံးပွဲမှာ နှစ်ပွဲနိုင်တာနဲ့ ဆုံးဖြတ်တာပဲ။ စိတ်မပူနဲ့။ သူတို့ကို တစ်ချီ အနိုင်ပေးလိုက်မယ်။” ဖန်ကျန်းရှီက အေးအေး ဆေးဆေး ပြောလိုက်တယ်။ “အစောပိုင်းတုန်းက စကားပြောနေတာ ဘယ်သူလဲ။ ထွက်လာခဲ့စမ်း။ နောက်မှာ စကားပြောနေတဲ့ ကောင်ကို ငါတွေ့ ချင်တယ်။”
လူသား မဟာမိတ် တပည့်သားတွေ ချက်ခြင်း နောက်ဆုတ် သွားကြတယ်။
“နောက်ဆုတ် သွားတဲ့ ဟိုတစ်ယောက်။ မင်း မင်းကို ပြောနေတာ။ ထွက်လာခဲ့။” ဖန်ကျန်းရှီ လက်ညှိုးထိုးတာကို မခံရစေဖို့ လူအုပ်က ဟိုရွေ့ သည်ရွေ့ ရွေ့ကြတော့တယ်။ ချက်ခြင်း ဆိုသလို မျက်လုံး ပြူးနေတဲ့ တပည့်သား တစ်ယောက် တွန်းထုတ် ခံရတယ်။
“အမ် ဖန်ကျန်းရှီ။ မဟုတ်ဘူး။ သခင်လေးဖန်။”
“ဘာ သခင်လေးဖန်လဲ။ သူ့ကို ကြီးမြတ်သော ရှ။ မှားလို့။ မျိုးနွယ်စု ခေါင်းဆောင်ဖန်လို့ ခေါ်ရမှာပဲ။ ကျွန် ကျွန်တော် အစောပိုင်းက ခေါင်းဆောင်ဖန်ကို ပြစ်မှား မိပါတယ်။ ခွင့်လွှတ်ပေးပါ။”
“ခွင့်လွှတ်ပေးပါ။”
တပည့်သားက ချက်ခြင်း တောင်းပန်တော့တယ်။ ဖန်ကျန်းရှီက ဗျူဟာ အရမ်း ကောင်းမှန်း သိတဲ့ အတွက် သူတို့ မခုခံ ဝံ့ကြဘူး။ တပည့်သား လေးယောက်ကတော့ ကြောက်ဒူး တုန်နေခဲ့ပြီ။
“မင်းတို့ကို ဘာလို့ ခွင့်လွှတ် ရမှာလဲ။ အခုချိန်က စွမ်းဆောင်ဖို့ အချိန်ကောင်းပဲ။ မင်းတို့ လေးယောက် ပထမ အချီကို တိုက်ခိုက်စေဖို့ ငါဆုံးဖြတ် လိုက်ပြီ။” ဖန်ကျန်းရှီ ပြောတယ်။
“အမ်။” တပည့်သားတွေတင် မကပဲ ကျန်တဲ့သူ အားလုံးပါ မျက်လုံး အပြူးသား ဖြစ်ကုန် ကြတော့တယ်။ သူတို့ကို လွှတ်ပြီး တိုက်ခိုက် ခိုင်းမှာတဲ့လား။
မိုးနတ်မင်းကယ်ပါ။
ပြိုင်ဘက်က နတ်သခင် သုံးယောက်နဲ့ မိစ္ဆာ ဘုရင်တစ်ယောက်။ အခုမှ ပြန်လည် မွေးဖွားမှု အဆင့် ရောက်ကာစ တပည့်သား လေးယောက်ကို သူက လွှတ်နေပြီ။ ဒါက သေတွင်း သွားတူး ခိုင်းနေတာပဲ။
“လူသား မျိုးနွယ်ရဲ့ အနာဂတ်က မင်းတို့ လက်ထဲမှာပဲ။ မင်းတို့က အရမ်း အစွမ်းထက်တယ်လို့ ငါယုံတယ်။ မိစ္ဆာ နတ်ဆိုးတွေ အားလုံးကို သတ်ခဲ့။” ဖန်ကျန်းရှီ စိတ်လုံး၀ မပူခဲ့ဘူး။
“..” အားလုံးကတော့ စကား မပြောနိုင်အောင် ဖြစ်နေခဲ့တယ်။
တပည့်သားတွေ ကတော့ နီရဲတဲ့ မျက်နှာတွေနဲ့ တုန်ယင် နေခဲ့ပြီ။ သူတို့တွေက နည်းနည်း ထူးချွန် နေရုံပဲ။ တစ်ယောက်က သဘာဝလွန် အဆင့်မှာ ရှိနေတယ်။ သုံးယောက်က ပြန်လည် မွေးဖွားမှု အဆင့်တွေ။ ဘယ်လိုလုပ် တိုက်ခိုက် နိုင်မှာလဲ။ သူဘာတွေ ပြောနေတာလဲ။
တပည့်သား လေးယောက်က အရူးတွေ မဟုတ်ခဲ့ဘူး။ သူတို့တွေ အရမ်း အစွမ်းထက် နေရင်တောင် သုခမိန် အဆင့်ကိုသာ နိုင်နိုင် လိမ့်မယ်။ အခု အခြေအနေမှာ သူတို့ ဘာလုပ် ရမှာလဲ။
“ဖန်ကျန်းရှီ မင်းက လက်စား ချေနေတာလား။”
“ငါတို့ကို အငြိုးထားပြီး သေချာပေါက် လက်စား ချေနေတာပဲ။”
“ငါတို့ မင်းကို ပြစ်မှားမိတာ စကား ကျယ်ကျယ် ပြောမိရုံလေးပဲ ရှိပါတယ်။ ဒါကို ဒီလောက်ထိ ရက်စက်တယ်ပေါ့။”
“ငါတို့ လက်မခံနိုင်ဘူး။”
တပည့်သားတွေ ငြင်းပယ်တော့တယ်။
“ဒီတော့ ကြောက်နေကြတယ်ပေါ့။ ကြောက်လွန်းလို့ မတိုက်ခိုက် ဝံ့တော့ဘူး မလား။ ဒါမှမဟုတ် မင်းတို့ လေးယောက်က လူကြားထဲမှာ အလှောင်ခံချင် ကြတာလား။ ငကြောက်တွေလို့လေ။” ဖန်ကျန်းရှီက တပည့်သား လေးယောက်ရဲ့ အပြုအမူကို မအံ့သြ ခဲ့ဘူး။
သူဘယ်လိုလုပ် အံ့သြမလဲ။
သူသာ တပည့်သား လေးယောက် နေရာမှာ ဖြစ်ခဲ့ရင် သေချာပေါက် ကျိန်ဆဲ နေမှာပဲ။ ဒါ့အပြင် ထွက်တောင် ပြေးလောက်တယ်။
“..”
“မင်း။”
“ငါတို့က ငကြောက် မဟုတ်ဘူး။”
“ဒါဆို ဘာလဲ။ မနိုင်နိုင်ဘူးလို့ တွေးနေတာလား။” ဖန်ကျန်းရှီ ဖြတ်ပြောပြန်တယ်။
“..” လူသား မဟာမိတ် တပည့်သားတွေ ပါးစပ်ပိတ် သွားပြန်တယ်။ သူတို့ မနိုင်နိုင်ဘူးလေ။ ဒီလောက် ထင်ရှား နေတာကို။
နတ်သခင်နဲ့ မိစ္ဆာ ဘုရင်ကို အနိုင် မယူနိုင်တဲ့ အကြောင်း ပါးစပ်နဲ့တော့ ထုတ်မပြော နိုင်ဘူး။ ဖန်ကျန်းရှီကို သူတို့ ဆရာတွေတောင် အခုချိန်မှာ မဆန့်ကျင် နိုင်ဘူးလေ။
“ဖန်ကျန်းရှီ ဒီလေးယောက်ကို လွှတ်မှာ တကယ်လား။” မော့ရှန်းရှီ မေးတယ်။ ဒီတပည့်တွေက သူ့ ဖူရှီး တောင်ကြားက တပည့်တွေလေ။ ဒါ့အပြင် အားနည်းသူတွေ။
“ဟုတ်တယ်။”
“ကောင်းပြီ။ မင်းတို့တွေ သွားကြ။ ဖူရှီးတောင်ကြားကို အရှက် မရစေနဲ့။ သေကြရင်တောင် ဂုဏ်ရှိရှိနဲ့ သေရမယ်။” မော့ရှန်းရှီ ထပ်မမေးတော့ဘူး။
“ဆရာ။” တပည့်သားတွေ အတော်လေး စိတ်ဖိစီး ကုန်တယ်။
အခုလို ကြောက်စရာ ကိစ္စကြီး ဖြစ်လာမယ်လို့ တွေးတောင် မတွေးမိ ဖူးဘူး။
“မင်းတို့ လေးယောက် ငါ့စကားကို နားမလည်တာလား။” မော့ရှန်းရှီရဲ့ မျက်နှာက မည်းမှောင် သွားတော့တယ်။
“မ မဟုတ် ပါဘူး။ ဆရာ။ ကျွန်တော်တို့ နားလည်ပါတယ်။ သေရင်တောင် ဖူရှီး တောင်ကြားကို အရှက် မရစေပါဘူး။” တပည့်သားတွေ နောက်ဆုံးမှာတော့ အံကြိတ်ရင်း ပြန်ဖြေ ကြတော့တယ်။ သူတို့တွေ တိုက်ပွဲ မြေပြင်ဆီကို တစ်လှမ်းချင်း သွားနေ ခဲ့ပြီ။
ဖန်ကျန်းရှီ အနားက ဖြတ်လျှောက် ချိန်မှာ သူတို့တွေ အတော့်ကို နောင်တ ရနေကြပုံပဲ။ ယောက္ခမ နှိပ်စက်တာကို ခံထားရတဲ့ ချွေးမလေးတွေ အတိုင်း စိတ်အတော် ညစ်နေ ခဲ့ကြတယ်။
“မင်းတို့ မနိုင်နိုင်ရင် အညံ့ခံလိုက်။” ဖန်ကျန်းရှီ ခပ်တိုးတိုး ပြောတယ်။
“ဟမ်။” တပည့်သားတွေ မယုံနိုင် ကြပြန်ဘူး။ လူသား မျိုးနွယ်ရဲ့ အနာဂတ်နဲ့ ပတ်သက်နေတဲ့ ဒီလို ကိစ္စမှာ သူတို့က အညံ့ခံလို့ ဖြစ်မလား။
(မိုးနတ်မင်းရဲ့ မယ်တော်ရေ။ ကျွန်တော် နားကြားများ မှားမိသလား။)
ဖန်ကျန်းရှီ အသံကို သေသေချာချာ ကြားလိုက်တာ တပည့်သား လေးယောက်ပဲ ရှိတယ်။ အခုချိန် အထိသာ သူတို့ နားမလည်ဘူး ဆိုရင် တုံးအ လွန်းရာ ရောက်သွားလိမ့်မယ်။
“ဒီတော့ ငါတို့ အညံ့ခံလို့ ရတဲ့ ပြိုင်ပွဲပေါ့။” တပည့်သားတွေ စိတ်လှုပ်ရှား ကုန်ကြတယ်။ မနိုင်နိုင်ရင် အညံ့ခံရမယ်။ စိတ်ဖိစီး စရာ မလိုတော့ဘူး။
နတ်သခင် သုံးယောက်ကတော့ လူသား မဟာမိတ် တပည့်သားတွေ ထွက်လာတာ မြင်ချိန်မှာ မျက်လုံး ပြူးသွားခဲ့တယ်။
နတ်သခင်တွေကို တိုက်ခိုက်ဖို့ ပမွှားလေးတွေကို လွှတ်လိုက်တယ်။ ဒါက သိက္ခာကို စော်ကားတာပဲ။
“သူ တကယ်ပဲ ပထမ အချီကို အရှုံး ပေးတယ်ပေါ့။” နန်ကုန်းမု ပြောလိုက်မိတယ်။ နတ်သခင် သုံးယောက်ကို ဖန်ကျန်းရှီက အရှုံး ပေးလိုက်ပြီ။ သူ့မှာ ရွေးစရာလဲ မရှိခဲ့ဘူး။
“တိုက်ခိုက်။”
“တိုက်ခိုက်ကြ။”
ဟိန်းဟောက် သံတွေနဲ့ အတူ လူသား မဟာမိတ် တပည့်သား လေးယောက်က အော်ဟစ်ကြတယ်။ ဒါပေမယ့် အော်သံတွေက မကြာခင်မှာပဲ ပျောက်ကွယ်သွားတယ်။ အော်ပြီးတာနဲ့ သူတို့တွေ ချက်ခြင်း မြေပြင်ပေါ်မှာ လက်နက်ချ အညံ့ခံ လိုက်ကြလို့ပဲ။
“…” နတ်သခင်တွေနဲ့ မိစ္ဆာ ဘုရင်ကတော့ အရမ်းကို စိတ်ဆိုး နေခဲ့ပြီ။
ငါတို့ကို အရူးလာလုပ် နေတာလား။
ဒီလို အညံ့ခံလို့ ရမယ်များ ထင်နေတာလား။ မုရှန်း လက်ထဲမှာ အလင်းတန်း တစ်ခု တောက်ပ လာပြီးနောက် နှစ်ခု ကွဲထက် သွားတယ်။ အဲ့ဒီ့နောက် တပည့်သား လေးယောက်ကို အလင်းတန်းနဲ့ သူပြစ်လွှတ် လိုက်တယ်။
တပည့်သား လေးယောက်လဲ ချက်ခြင်း ဖြူဖျော့ သွားပြန်တယ်။ နတ်သခင်ရဲ့ အင်အားကြီး တိုက်ခိုက်မှုကို သူတို့ ဘယ်လို ခုခံ နိုင်မှာလဲ။
“မဖြစ်ဘူး။”
“မသတ်ပါနဲ့။”
“အရှုံးပေးနေပြီလေ။”
လူသား မဟာမိတ် တပည့်သားတွေ အညံ့ခံရင် အသက်ဘေးက လွှတ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် မုရှန်းကတော့ သူတို့ကို အခွင့်အရေး မပေးခဲ့ဘူး။ ဒီအချိန်မှာပဲ ဓားအလင်းတန်းက တပည့်သားတွေကို အပိုင်းပိုင်း ဖြတ်ဖို့ လုပ်တော့တယ်။
ရုတ်တရက် ဆိုသလို အလင်းတန်းကြီး တစ်ခုက တပည့်သားတွေရဲ့ အနောက်မှာ တောက်ပလာတယ်။ ဒီအလင်းတန်းက အတောက်ပဆုံး လရောင်လို လင်းလက် နေခဲ့တယ်။
ဝုန်း။ မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေ ပေါ်လာတယ်။ အက်ကွဲကြောင်း တစ်ခုချင်းစီ တိုင်းက ကြောက်စရာ ကောင်းလောက်အောင် နက်ရှိုင်းတယ်။ အံ့သြစရာ ကောင်းတာကတော့ တပည့်သား လေးယောက်ရဲ့ ဘယ်သူ့ကိုမှ ဒီအက်ကွဲကြောင်းတွေ မထိခိုက် ခဲ့တာပဲ။
“အား။” သနားစရာ အော်သံကြီး ထွက်ပေါ်လာတယ်။ မုရှန်းက နောက်ဆုတ်ရင်း သူ့ခေါင်းသူ လက်နဲ့ ဖိထားခဲ့ပြီ။ သူ့မျက်လုံးက ရဲရဲ နီနေခဲ့တယ်။ အရမ်းကို ဝမ်းနည်း ပူဆွေး နေပုံပဲ။
“ငါတို့ အရှုံး ပေးပြီးတာတောင် ဘာဖြစ်လို့ တိုက်ခိုက် နေတာလဲ။ ငါတို့ လူသားတွေကို ဒီလို အခွင့်အရေး ယူလို့ ရမယ်များ ထင်နေတာလား။” ဒီအချိန်မှာပဲ ဖန်ကျန်းရှီက လေထဲကို ပျံတက်သွားရင်း ပြောတော့တယ်။
“အင်အားကြီးလိုက်တာ။”
“သူက နတ်သခင်ကိုတောင် ဓားချက် တစ်ချက်တည်းနဲ့ ထိခိုက်အောင် လုပ်နိုင်တယ်။ ဖန်ကျန်းရှီက အရမ်း စွမ်းတာပဲ။”
ဖန်ကျန်းရှီရဲ့ စကားလေး တစ်ခွန်းကတင် လူသား မဟာမိတ် တပည့်သားတွေကို ချက်ခြင်း ငိုကြွေး စေတော့တယ်။
(ငါတို့ လူသားတွေကို ဒီလို အခွင့်အရေး ယူလို့ ရမယ်ထင်နေ တာလား။)
ဘယ်လောက်တောင် ခံ့ညား လိုက်သလဲ။
ဒီလိုလူသာ ရှိနေရင် သူ့အတွက် သေရလဲ တန်ပါတယ်။
“မျိုးနွယ်စု ခေါင်းဆောင်ဖန်။ လူသား မဟာမိတ် အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်စေမိလို့ တောင်းပန်ပါတယ်။” တပည့်သားတွေ ဒူးထောက်လိုက်တယ်။ ဖန်းကျန်းရှီက အသက်ငယ်ရွယ် လွန်းပြီး အရမ်းကို အရှက်မရှိ ဖြစ်နေပင်မယ့် (စွမ်းဆောင်နိုင်သူက ဆရာပဲလေ။)
ဖန်ကျန်းရှီ ရှေ့မှာ သူတို့က တပည့်တွေပဲ။ ဖန်ကျန်းရှီကို သူတို့ရဲ့ ဆရာလို ဦးညွှတ်လိုက်တယ်။
“ကောင်းပါတယ်။ မင်းတိုကတွေ အားလုံး ပြိုင်ဘက်ကို တိုက်ခိုက် လာစေဖို့ ကောင်းကောင်း သွေးဆောင်နိုင်တယ်။” ဖန်ကျန်းရှီက ဝိဉာဉ် နာကျင်နေတဲ့ မုရှန်းကို ကြည့်ရင်း ပြောလိုက်တယ်။
ချိုးချီရဲ့ အကြံကို အစတည်းက သူတွေးထား ပြီးသား။ သူက ဘယ်တုန်းကမှ စိတ်မပြောင်း ခဲ့ဘူး။ ဒါကြောင့် ပြိုင်ပွဲ စည်းမျဉ်းတွေကို သူကောင်းကောင်း အသုံးချတော့တယ်။
မုရှန်းက စည်းမျဉ်းတွေကို မလိုက်နာဘူး။ ဒါကြောင့် သူပြဿနာ ရှာမိတယ်။
အပိုင်း (၉၉၆) ပြီး၏။
အပိုင်း (၉၉၇)
“တောင်ထိပ်မှာ ပန်းတွေ ပွင့်နေပြီ။”
“ဒီတော့ ဒါက ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲက သရဲ တာအိုရဲ့ အစွမ်းပေါ့။” နန်ကုန်းမုက နာကျင်နေတဲ့ မုရှန်းကိုကြည့်ရင်း မေးလိုက်တယ်။ မုရှန်းကတော့ နောက်ထပ် အသံ မထွက်တော့ဘူး။ အံကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းနဲ့သာ တောင့်ခံ နေခဲ့တယ်။
“မုရှန်း။ အဆင်ပြေရဲ့လား။” နတ်သခင် နှစ်ယောက်က မေးလိုက်တယ်။
“ငါ အဆင်ပြေတယ်။” မုရှန်းက ခေါင်းငြိမ့်ရင်းနဲ့ အရမ်းကို အေးစက်စက် ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူ့ တကိုယ်လုံးကို ထိတ်လန့် ကြောက်ရွံ့ မှုတွေက ပြည့်နှက် နေခဲ့ပြီ။ အင်အား ကြီးလိုက်တာ။ ဖန်ကျန်းရှီက သူ့ကို ဓားချက် တစ်ချက်တည်းနဲ့ ထိခိုက်အောင် လုပ်နိုင်တယ်။
အကယ်၍ ဒါကို ကိုယ်တိုင်သာ မကြုံ ခဲ့ရရင်၊ ဖန်ကျန်းရှီ ဘယ်လောက်ထိ အင်အားကြီးလဲ ဆိုတာ သူတွေးနိုင်မှာတောင် မဟုတ်ဘူး။
“အရှက်မရှိတဲ့ ကောင်စုတ်။ သူ့ကို အခု သတ်လိုက်ကြစို့။”
“မသတ်သေးဘူး။ ပြိုင်ပွဲပြီးတဲ့ အထိ စောင့်ရမယ်။”
“အင်း။ အဆင်ပြေတယ်။”
မုရှန်းနဲ့ တခြား နတ်သခင် နှစ်ယောက်က အံကြိတ်ရင်း ခပ်မြန်မြန် ဆုတ်ခွာကြတော့တယ်။ ပထမ အချီကတော့ ဒီလို နည်းနဲ့ အဆုံးသတ် သွားခဲ့ပြီ။ မိစ္ဆာ နတ်ဆိုး တပ်ဖွဲကတွေက ပထမ အချီမှာ နိုင်သွားခဲ့တယ်။
“ဖန်ကျန်းရှီ စည်းမျဉ်း အရ ပထမပွဲမှာ ငါတို့ အရင် ရွေးထားတာ ဆိုတော့ ဒုတိယ ပွဲမှာ မင်းတို့ အရင်ဆုံး လူလွှတ် သင့်တယ် မဟုတ်လား။” နန်ကုန်းမု ပြောလိုက်တယ်။
“ဒီလို စည်းမျဉ်းမျိုး ရှိတာလား။” ဖန်ကျန်းရှီ တအံ့တသြနဲ့ မေးတယ်။
“ဒါပေါ့။” နန်ကုန်းမု ခေါင်းငြိမ့်တယ်။
“ဒါပေမယ့် မင်း အစောပိုင်းတုန်းက စည်းမျဉ်းတွေကို မလိုက်နာ ခဲ့ဘူး။” ဖန်ကျန်းရှီက မျက်နှာ မည်းမှောင်နေတဲ့ မုရှန်းကို ကြည့်ရင်း ပြောလိုက်တယ်။
“မင်းလဲ တိုက်ခိုက် ခဲ့တာပဲလေ။” နန်ကုန်းမုက ဖန်ကျန်းရှီ အရှက်မရှိ ပြောနေတာတွေကို လုံး၀ မအံ့သြတော့ဘူး။
“အင်း။ မင်းပြောတာ မှန်တယ်။ ဒီတော့ မုရှန်းကို ငါကြိုက်သလို တိုက်ခိုက်လို့ ရတဲ့ ခွင့်ပြုချက် ပေးလိုက်တာလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ဟဟား။” ဒါကို ကြားချိန်မှာ နန်ကုန်းမု နည်းနည်းတော့ လန့်သွား ခဲ့ပေမယ့်၊ ရယ်မောလိုက်တယ်။ ဖန်ကျန်းရှီ ပြောချင်တာကို သူနားလည်တယ်လေ။
ဖန်ကျန်းရှီက သူ့အကျင့် အတိုင်း ကောက်ပင်ရိတ်လှီး စကားကို အသုံးချပြီး ပြောနေတာပဲ။ ဒြါပေမယ့် နန်ကုန်းမုကတော့ ဖန်ကျန်းရှီကို ဒီလို လုပ်ဖို့ အခွင့်အရေး မပေးခဲ့ဘူး။ အေးစက်စက် ရယ်မော ရင်းနဲ့သာ ပြန်လဲ မဖြေခဲ့သလို ပြန်လဲ မပြောခဲ့။
“ကောင်းပြီ။ မင်းက မုရှန်းကို အပြစ် ပေးခွင့် မပြုမှတော့ ငါတို့တွေ စည်းမျဉ်း အတိုင်း ဆက်လုပ်ကြတာပေါ့။ ဒုတိယ အချီ အတွက် ငါတို့ရဲ့ ကိုယ်စား ပြုတွေကို အရင်ဆုံး ပို့လိုက်မယ်။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“ကောင်းပြီ ဆက်လုပ်။” နန်ကုန်းမု ခေါင်းငြိမ့်လိုက်တယ်။
နောက်ထပ် များများ ပြောမနေတော့ပဲ ဖန်ကျန်းရှီက မုချင်းဖန်းနဲ့ မော့ရှန်းရှီ ဘက်ကို လှည့်ပြီး ဦးညွှတ်တယ်။ သူ့ရဲ့ အပြုအမူက နှစ်ယောက်ကို အံ့သြ သွားစေခဲ့တယ်။
ဖန်ကျန်းရှီ ဆိုလို ချင်တာကို သူတို့ နားမလည်ခဲ့ဘူး။ ဘာကြောင့်များ ရုတ်တရက် တလေးတစား လုပ်နေတာလဲ။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သူတို့ နားလည် သွားခဲ့ကြတယ်။
“ဒီ အချီ အတွက်တော့ အင်အား အကြီးဆုံး ကောင်းကင် တာအို ခန်းမနဲ့ ဖူရှီး တောင်ကြားကို အတူတူ တိုက်ခိုက်ဖို့ တောင်းဆို ချင်ပါတယ်။” ဖန်ကျန်းရှီက မုချင်းဖန်းနဲ့ မော့ရှန်းရှီ ပြန်ဖြေတာကို စောင့်နေခဲ့တယ်။
မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်ကတော့ မျက်မှောင် ကြုတ်သွားတယ်။ ပြိုင်ပွဲ တစ်ချီ ပြိုင်ရတာက ဘာမှ မခက်ခဲဘူး။ ဒါပေမယ့် အရှေ့မှာ တစ်ချီ ရှုံးထားတဲ့ ပြိုင်ပွဲကို သူတို့ နောက်တစ်ကြိမ် ထပ်ရှုံးအောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။
“ဖန်ကျန်းရှီ ငါတို့ နှစ်ယောက်ကို ဒုတိယ အချီမှာ တိုက်ခိုက်ခိုင်းမှာ သေချာရဲ့လား။” မုချင်းဖန်းက တစ်ခဏတာ တိတ်ဆိတ် ပြီးနောက် မေးလိုက်တယ်။
“ဟုတ်ပါတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ဒါပေမယ့် အကယ်၍ သူတို့သာ။” မုချင်းဖန်းက တစ်ခုခု ပြောဖို့ စဉ်းစား နေခဲ့တယ်။
အကယ်၍ ဆိုတာ မရှိဘူး။” ဖန်ကျန်းရှီက ခေါင်းခါရင်း မုချင်းဖန်းကို စကား ဖြတ်ပြောတယ်။
“ကောင်းပါပြီ။” နောက်ထပ် မပြောတော့ပဲ မုချင်းဖန်းက ကောင်းကင် တာအို ခန်းမ အကြီးအကဲ နှစ်ယောက်ကို ကြည့်လိုက်တယ်။ အေးစက်စက် လူကြီး နှစ်ယောက်ကို ဖန်ကျန်းရှီ မှတ်မိတယ်။ တစ်ယောက်ကတော့ ဓားတောင်ခြေမှာ သူ့ကို လိုက်ဖမ်းခဲ့တဲ့ ဒုတိယ အကြီးအကဲပဲ။ နောက်တစ်ယောက်ကတော့ တခြား ထူးထူးဆန်းဆန်း အဖိုးကြီး တစ်ယောက်။
“ခေါင်းဆောင်ဖန်။ မတွေ့ရတာ အတော်ကြာ သွားပြီနော်။ ကောင်းကင်တာအို ခန်းမမှာ ဖြစ်ခဲ့တဲ့ ကိစ္စ ပြီးတည်းကပဲ။” ဒုတိယ အကြီးအကဲကတော့ နှုတ်ခမ်းတွေ တုန်နေခဲ့တယ်။
“အဲ့ဒီ့ တောင်ခြေမှာ ဖြစ်ခဲ့တဲ့ ကိစ္စက ဒုတိယ အကြီးအကဲနဲ့ မဆိုင်ပါဘူး။” ဖန်ကျန်းရှီ လက်ကို ဝေ့ယမ်းလိုက်တယ်။
“ကျေးဇူး တင်ပါတယ်။ ခေါင်းဆောင်ဖန်။ ခေါင်းဆောင်ဖန် ငါတို့ကို ယုံရင်၊ သေချာပေါက် ဒုတိယ ပြိုင်ပွဲကို နိုင်အောင် တိုက်ခဲ့ပါမယ်။” ဒုတိယ အကြီးအကဲ မျက်လုံး တစ်ချက် ပြူးသွားရင်း ပြောတယ်။
ဖန်ကျန်းရှီကို သူနားလည်သလောက် အရဆိုရင်၊ ဖန်ကျန်းရှီက နားလည် ခွင့်လွှတ် ပေးတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ လုံးဝကို ပြောင်းပြန်ကောင်ပဲ။
ဖန်ကျန်းရှီက အမြဲတမ်း သေချာပေါက် လက်စား ချေမယ့်သူ။ တစ်ချက်လေးတောင် ညှတြာ နေမှာ မဟုတ်ဘူး။ ဒါကြောင့် ဖန်ကျန်းရှီ သူ့မျက်နှာသူ ပြလိုက် ပြီးချိန်တည်းက လူအုပ်ထဲမှာ ဒုတိယ အကြီးအကဲ ဝင်ပုန်း နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ စကားကြောင့် သူနည်းနည်း အံ့သြ ခဲ့ရတယ်။
“ငါ့ကို ကျေးဇူးတင်ဖို့ မလိုသေးဘူး။ တိုက်ပွဲပြီးမှ စာရင်းရှင်း ရအောင်။” ဖန်ကျန်းရှီ လက်တစ်ဖက်ကို မြှောက်ရင်း ပြန်ဖြေတယ်။
“..” ဒုတိယ အကြီးအကဲ မျက်လုံးပြူး သွားခဲ့တယ်။ နောက်အကြီးအကဲကို ခါးသက်သက် ပြုံးပြမိ လိုက်တယ်။
ဖန်ကျန်းရှီက ဒုတိယ အကြီးအကဲနဲ့ ဒီကိစ္စ ဘာမှ မဆိုင်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ ဘာဖြစ်လို့ စာရင်းရှင်း အုန်းမှာလဲ။ မုချင်းဖန်းလဲ စိတ်ထဲမှာ ဒုက္ခ ရောက်နေခဲ့တယ်။
ဖန်ကျန်းရှီနဲ့ ကောင်းကင် တာအို ခန်းမရဲက အဖြစ်အပျက်တွေက မှားမှား မှန်မှန် ဘာမှ လုပ်လို့ မရဘူး။ ဒါပေမယ့် လောကကြီးကတော့ သန်မာတဲ့သူ အုပ်စိုးတဲ့ခေတ် ဖြစ်နေခဲ့တယ်။
အရင် အချိန်တွေ တုန်းကတော့ ကောင်းကင် တာအို ခန်းမက အားလုံးထက် ပိုသန်မာ ခဲ့တယ်။ ဖန်ကျန်းရှီလဲ သူတို့ကို ထိပ်တိုက် ဦးတည်ပြီး စာရှင်း မရှင်းခဲ့ဘူး။
အခုတော့ အခြေ အနေတွေက ပြောင်းလဲ သွားခဲ့ပြီ။
ဖန်ကျန်းရှီက ပိုသန်မာ နေခဲ့ပြီ။ ဒီအပြောင်းအလဲကြောင့် ကောင်းကင် တာအို ခန်းမက ဖန်ကျန်းရှီ စာရင်းရှင်းမယ် ဆိုရင်တောင် ဘာမှ မလုပ်နိုင်တော့ဘူး။ သူတို့တွေ ပြုံးပြုံးကြီးနဲ့ လက်ခံရုံသာ တတ်နိုင်တယ်။
မုချင်းဖန်း ကိစ္စ တစ်ခုကြောင့် စိတ်သက်သာရာ ရသွားခဲ့တယ်။ ဒုတိယ အကြီးအကဲကို ကြည့်နေတဲ့ ဖန်ကျန်းရှီရဲ့ အကြည့်တွေ ထဲမှာ အရင်လို သတ်ဖြတ် ချင်နေတဲ့ ပုံစံတွေ မရှိတော့ဘူး။ ဒါကြောင့် ဆွေးနွေးလို့ ရနိုင်လောက်မယ်။ ဆွေးနွေးလို့ ရရင် ဖြေရှင်းလို့လဲ ရနိုင်တယ်။
“အဟွတ် ဟွတ်။ ကျေးဇူး တင်ပါတယ်။ ဒုတိယ အကြီးအကဲ။” မုချင်းဖန်းက ခပ်မြန်မြန် အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက် တော့တယ်။
“လူသား မျိုးနွယ်ရဲ့ အနာဂတ် အတွက် ကျွန်တော် သေတဲ့ အထိ တိုက်ခိုက်မယ်။” ဒုတိယ အကြီးအကဲက အရမ်းကို စိတ်ဆုံးဖြတ်ချက် ခိုင်မာလှတယ်။
“ကောင်းပြီ။ ငါတို့ ရွေးချယ်တာ ပြီးပြီ။” ဒီအချိန်မှာပဲ မော့ရှန်းရှီက အကြီးအကဲ တစ်ယောက်နဲ့ အတူ ရှေ့ထွက် လာတော့တယ်။ “
“အဖိုးကြီးမော့။ မင်းလုပ်နိုင် ရဲ့လား။ မလုပ်နိုင်ရင် ငါတို့ တခြားသူကို ရှာလို့ ရတယ်။”
“ငါက ဘာဖြစ်လို့ မလုပ်နိုင် ရမှာလဲ။ ပိန်လှီနေတဲ့ ကုလားအုတ်တောင် မြင်းထက် ကြီးတယ်။ ဒါပေါ့။ ငါမော့ရှန်းရှီ ကောင်းကောင်းကြီး လုပ်နိုင်တယ်။ ငါက သေလုမျောပါး ဖြစ်နေတယ် ဆိုရင်တောင် မင်းက ငါ့ထက် အင်အားကြီးတယ်လို့ မင်းပြောဝံ့လား။” မော့ရှန်းရှီ မကျေမနပ် ဖြစ်နေခဲ့တယ်။
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်းတိုက်ခိုက်ပါ။” မုချင်းဖန်းကတော့ နောက်ထပ် ဆက်မပြောတော့ဘူး။ ဖန်ကျန်းရှီရဲ့ အမြင်ကို လှမ်းမေးတယ်။ “ဖန်ကျန်းရှီ ငါတို့ လေးယောက် နိုင်မယ်လို့ မင်းတကယ်ပဲ ထင်လား။”
“ထင်တယ်။” ဖန်ကျန်းရှီ နောက်ထပ် အပိုစကား ထပ်မပြောဘူး။
ဒါပေမယ့် ပတ်ဝန်းကျင် တပည့်သား တွေကတော့ အရမ်းကို စိတ်ပူ နေခဲ့ကြတယ်။ ဖန်ကျန်းရှီ ဒုတိယ အချီကို ပါမယ်လို့ သူတို့ ထင်ထား ခဲ့တယ်လေ။ ဒါပေမယ့် ဖန်ကျန်းရှီက မုချင်းဖန်းနဲ့ မော့ရှန်းရှီကို လွှတ်လိုက်တယ်။
သူတို့ တကယ်ပဲ နိုင်နိုင်မှာလား။ လူသား မဟာမိတ် တပည့်သားတွေ သံသယ ဝင်နေခဲ့တယ်။
မုချင်းဖန်းနဲ့ မော့ရှန်းရှီက ငြင်းမနေ ခဲ့တဲ့ အတွက် ဘယ်သူမှလဲ စောဒက မတက်ဝံ့ခဲ့ဘူး။
…
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ ကတော့ စစ်မြေပြင် အလယ်မှာ ရပ်နေတဲ့ လေးယောက်ကို ကြည့်ရင်း မယုံနိုင် ဖြစ်နေခဲ့တယ်။
“သူုတို့က မုချင်းဖန်းကို ပို့လိုက်တယ်။“
“ဒီအတိုင်း အညံ့ခံချင် နေတာလား။”
“သုခမိန် လေးယောက်တည်း ဆိုတော့ အရှင်လင်းယွိနဲ့ အရှင်ချိုးချီ တစ်ယောက်ယောက်သာ သွားမယ် ဆိုရင် ငါတို့ ဒီအချီကိုလဲ နိုင်လိမ့်မယ်။” မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ ရယ်မော ကြတော့တယ်။ မုရှန်းနဲက တခြား နတ်သခင်တွေလဲ လန့်သွား ကြတယ်။ သူတို့သာ ပထမ အချီမှာ မပါဝင် ခဲ့ရင် သေချာပေါက် အခု တစ်ချီမှာ ပါဝင် ကြမှာပဲ။
“လင်းယွိ ဒီတစ်ခေါက် မင်းသွား သင့်တယ်။” နတ်သခင် တစ်ယောက်က လင်းယွိကို ပြောတယ်။
“ဟင့်အင်း။ ငါနဲ့ အရှင်ချိုးချီ နှစ်ယောက်လုံး မသွားဘူး။” လင်းယွိ ခေါင်းခါလိုက်တယ်။ သူလဲ လူသား မဟာမိတ်ကို မနိုင်စေ ချင်ပေမယ့်၊ ချိုးချီရဲ့ ဆုံးဖြတ်ချက် ကိုတော့ လိုက်နာ ရမယ်လေ။
“ဘာဖြစ်လို့လဲ။ ငါတို့ နိုင်နိုင် တာပဲကို။”
“အရှင်လင်းယွိ နိုင်ဖို့ ယုံကြည်ချက် မရှိရင်၊ အရှင် ချိုးချီနဲ့ နှစ်ယောက် သွားလို့ ရတာပဲလေ။ သေချာပေါက် နိုင်မှာပါ။” မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ စိတ်ရှုပ်ထွေး နေပင်မယ့် အားပေးကြတယ်။
“အဓိပ္မာယ် မရှိတဲ့ အနိုင်ပွဲက ဘာများ သုံးစားလို့ ရမှာလဲ။” နန်ကုန်းမုက အေးစက်စက် ပြောတယ်။
“…” မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ ချက်ခြင်း တိတ်ဆိတ် သွားတော့တယ်။ မုရှန်းနဲ့ တခြား နတ်သခင်တွေ ကတော့ တစ်ယောက်ကို ကြည့်မိကြတယ်။
နတ်သခင်တွေအနေနဲ့ နန်ကုန်းမု ပြောတာကို သူတို့ နားလည်တယ်။ ဒီလို အသိစိတ်မျိုးက အားနည်းတဲ့ သူတွေမှာ မရှိတဲ့ အရာပဲ။ တကယ့် အင်အားကြီးသူ တစ်ယောက်က အင်အားနည်းသူကို တိုက်ခိုက်မှာ မဟုတ်ဘူး။
အစောပိုင်းပွဲက နတ်သခင် သုံးယောက်လိုပဲ။ သူတို့ နိုင်ခဲ့ပေမယ့်၊ ဘယ်သူမှ မပျော်သလို ဂုဏ်လဲ မယူကြဘူး။ ဒါ့အပြင် သိက္ခာကျတယ်လို့ ခံစား မိကြတယ်။ အခုလက်ရှိ ကြုံတွေ့ နေရတဲ့ အခြေအနေနဲ့ အတူတူပဲ။
အကယ်၍ သူတို့ လင်းယွိကိုသာ ဒီတစ်ပွဲ စေလွှတ် လိုက်ရင်၊ တတိယမြောက် တိုက်ပွဲမှာ ချိုးချီက ဖန်ကျန်းရှီကို သေချာပေါက် ရှုံးနိမ့်မှာပဲ။ ဒါဆိုရင် တိုက်ပွဲ အားလုံးကို ရှုံးတာနဲ့ တူညီ သွားလိမ့်မယ်။
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေမှာ အပြည့်အ၀ နိုင်နိုင်တဲ့ ရွေးချယ်မှုလဲ ရှိသေးတယ်။ ဒါပေမယ့် သူတို့ မလုပ်နိုင်ကြဘူး။
အကြောင်း အရင်းကတော့ ရှင်းပါတယ်။ လူသား မျိုးနွယ်ရဲ့ စံပြကြီးက အခုထိ မထိခိုက် သေးဘူးလေ။ ဖန်ကျန်းရှီ မရှုံး သေးသရွေ့၊ လူသား မဟာမိတ် အဖွဲ့ကလဲ လိုလိုလားလား လက်နက်ချမှာ မဟုတ်ဘူး။ သူတို့သာ လိုလိုလားလား လက်နက် မချခဲ့ရင်၊ ဒီပြိုင်ပွဲကလဲ အဓိပ္မာယ်မဲ့ သွားလိမ့်မယ်။
ဒီလို အတွေးက အင်အားကြီး သူတိုင်းရဲ့ စိတ်ထဲကို ဝင်ရောက်လာတယ်။
“မင်းတို့ လေးယောက် သွားကြ။” နန်ကုန်းမုက နောက်မှာ ရပ်နေတဲ့ မိစ္ဆာ ဘုရင် လေးယောက်ကို အမိန့် ပေးလိုက်တယ်။
“အမိန့် အတိုင်းပါ။” မိစ္ဆာ ဘုရင်တွေ ချက်ခြင်း ထွက်လာတယ်။ သူတို့ အားလုံးက ဂုဏ်သိက္ခာကို အလေး ထားသူတွေ။ အင်အားကြီး လူသား ဖြစ်တဲ့ မုချင်းဖန်းလို လူမျိုးနဲ့ ရင်ဆိုင် ရတာတောင်၊ သူတို့တွေ မကြောက်ခဲ့ဘူး။ ဒါက မိစ္ဆာ ဘုရင် တစ်ယောက်ရဲ့ သိက္ခာပဲ။
ဖန်ကျန်းရှီက မိစ္ဆာ ဘုရင် လေးယောက်ကို မြင်ချိန်မှာ သက်ပြင်း ချလိုက်မိတယ်။ ဒုတိယ အချီရဲ့ ရလဒ်က ပထမ အချီထက် ပိုပြီးတော့ အရေးကြီးတယ်။ ဖန်ကျန်းရှီက ပထမ အချီကို အရှုံးပေး လိုက်ပြီးပြီ။ ဒီတစ်ပွဲမှာ သူတို့ ရှုံးလို့ မဖြစ်တော့ဘူး။
အစပိုင်းမှာ ဖန်ကျန်းရှီက ဒုတိယပွဲကိုလဲ လှည့်စားဖို့ ကြံခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့စိတ်သူ ပြောင်းလဲ ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ချိုးချီ ပေးတဲ့ အငွေ့အသက်တွေ့ အရမ်းကို ကွာခြား သွားလို့ပဲ။ ဒီလို တည်ငြိမ် အေးဆေးမှုကြောင့် နောက်ဆုံးမှာ ဆုံးဖြတ်ချက်ကို ပြောင်းလဲ လိုက်တယ်။
ချိုးချီက အစီအစဉ် ရှိပြီး နေပြီ။
“သူက ငါ့ကို ပြစ်မှတ် ထားနေတာပဲ။”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ အလွယ်လေး နိုင်နိုင်တာကို သူသိတယ်။ တတိယ အချီမှာ သူ့ကို တိုက်ခိုက်ဖို့ ဒုတိယ အချီကို ချိုးချီ တမင်တကာ အရှုံးပေး မပေး သူလောင်းကြေး ထပ်ဖို့ကို ရွေးချယ်လိုက်တယ်။
အကြောင်းအရင်းက အရမ်းကို ရိုးရှင်းတယ်။
ချိုးချီသာ လူသား မဟာမိတ် အဖွဲ့ကို သတ်ချင်ရင်၊ အစောကြီးတည်းက လုပ်ပြီးနေပြီ။ နတ်သခင် ငါးယောက်နဲ့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေကို ပေါင်းစည်း လိုက်ရင် ပြိုင်စရာတောင် မလိုပဲ အသာစီး ရနေပြီးသား။
ချိုးချီက ပြိုင်ပွဲကို တမင်တကာ လုပ်ခဲ့တယ်။
ဒီတော့ ဖြစ်နိုင်ချေက တစ်ခုတည်း။ လူသားနဲ့ နတ်ဆိုး မိစ္ဆာ တိုက်ပွဲမှာ ချိုးချီက အနိုင် လိုချင်ရုံတင် မကဘူး။ လူသား မဟာမိတ် အဖွဲ့ တစ်ခုလုံးကိုပါ ဝါးမျို လိုက်ချင်တယ်။ ဒါက သုံးနိုင်ငံခေတ် တိုက်ပွဲ ဗျူဟာလိုပဲ။
မုန့်ဟော်ကို ၇ကြိမ် တိတိ ဓားစာခံ အဖြစ် ဖမ်းဆီးခြင်း ဆိုတဲ့ ကျူးကော်လျန့်ရဲ့ လုပ်ရပ် အတိုင်းပဲ။
ကျူးကော်လျန့်က မုန့်ဟော်ကို ၇ခေါက် တိတိ ဖမ်းပြီး ၇ခေါက်တိတိ လွှတ်ပေး ခဲ့တယ်။ သူ့တပ်ဖွဲ့ကို စိတ်ဓာတ် စစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့တယ်။ တကယ်တော့ ကျူးကော်လျန့်က အားကုန်သုံးပြီး တိုက်ခိုက်ခဲ့ရင် အနိုင်ရမှာ အသေအချာပဲ။
ချိုးချီလဲ ကျူးကော်လျန့်နဲ့ အတွေးတူတယ်။
“ငါ့ကို တတိယ အချီမှာ တိုက်ခိုက်မယ်ပေါ့။ ဘယ်အချိန်ကများ ဒီလောက်တောင် ကိုယ့်ကိုယ်ကို အထင်ကြီးသွားလဲ သိချင်လိုက်တာ။” ဖန်ကျန်းရှီက ချိုးချီကိုလှမ်းကြည့် နေခဲ့တယ်။ မီးခိုးငွေ့တွေ အပြည့်နဲ့ မျက်နှာဖုံး အောက်က မျက်နှာကို မြင်အောင် သူကြိုးစား ပင်မယ့်၊ နောက်ဆုံးမှာ လက်လျော့ လိုက်ရတယ်။
အဖမ်း မခံချင်ရင် လက်လျော့သင့်တဲ့ အချိန် လက်လျော့ရမယ်။
ချိုးချီက အရင် သူတွေ့ခဲ့ ဖူးတဲ့ ချိုးချီနဲ့ လုံး၀ ကွာခြားပြီး ထူးဆန်း နေတာကို ဖန်ကျန်းရှီ သတိ ထားမိတယ်။ လုံး၀ မတူညီတဲ့ လူနှစ်ယောက်လိုပဲ။
သူတို့ရဲ့ စိတ်နေ စိတ်ထား၊ အပြုအမူ လုပ်ရပ် အားလုံးက ကွဲပြား နေခဲ့တယ်။ ဒါက ချိုးချီရဲ့ညီ ချိုးပါး များလား။
ဝုန်း။ ဖန်ကျန်းရှီရဲ့ အတွေးကို အသံကျယ်ကြီး တစ်ခုက နှောက်ယှက်တယ်။
ချိုးချီကတော့ တိုက်ပွဲကို ကြည့်မယ့် အစား ပတ်ဝန်းကျင် တောင်တွေကို ကြည့်နေခဲ့တယ်။
“အရှင် ဘာများ ကြည့်နေတာလဲ။” လင်းယွိ မေးလိုက်တယ်။
“တောင်တွေ။”
“တောင်တွေ။ ဒီတောင်တွေက ထူးဆန်းတာပဲ။” လင်းယွိလဲ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရင်း ပြန်ဖြေခဲ့တယ်။
“ငါတော့ ထူးဆန်းတယ် မထင်ဘူး။” နန်ကုန်းမု ပြန်ပြော ခဲ့တယ်။
အပိုင်း (၉၉၇) ပြီး၏။
အပိုင်း (၉၉၈)
“ဖားပြုတ် တစ်ကောင်နဲ့ မိစ္ဆာ ဇာတ်လမ်း။”
“ဒီကိစ္စက မထူးဆန်းဘူးလား။” လင်းယွိကတော့ ပြောင်းပြန် ဖြစ်နေတဲ့ တောင်နဲ့ ရေတံခွန်တွေကို ကြည့်ရင်း ပြောလိုက်တယ်။ ဒါက တကယ့် အထူး အဆန်းကြီးလေ။
လင်းယွိက ရှေးခေတ်ရဲ့ အင်အားကြီး ဖြစ်တည်မှု တစ်ခု ဖြစ်နေတဲ့ အပြင် ထူးဆန်းတာတွေ အားလုံးကို မြင်တွေ့ ခဲ့ဖူးပင်မယ့်၊ ဒီလို တောင်တွေ ပြောင်းပြန် လန်နေ တာကိုတော့ မမြင်ဖူး ခဲ့ဘူး။
ဒီကိစ္စကို လင်းယွိ ဆက်ပြော မနေတော့ဘူး။ လူတိုင်းမှာ မတူညီတဲ့ အမြင်တွေ ရှိကြတယ်လေ။ ပန်းချီကား တစ်ချပ်ကို ကြည့်တဲ့ လူတွေရဲ့ အမြင်က မတူညီကြ သလိုပဲ။ နန်ကုန်းမုက ပတ်ဝန်းကျင် အရာတွေ အားလုံးကို သေသေချာချာ စေ့စေ့စပ်စပ် လေ့လာ ကြည့်ရှု နေခဲ့တယ်။
ပြိုင်ပွဲကတော့ ဒီအတိုင်းသာ ဆက်သွားနေတယ်။
မုချင်းဖန်းက အရမ်းကို အင်အားကြီးတဲ့သူ။ သူက သုခမိန် အထွတ်အထိပ် အဆင့်ကို ရောက်နေခဲ့ပြီ။ ဒါ့အပြင် ကောင်းကင် တာအို ခန်းမရဲ့ ခေါင်းဆောင်လဲ ဖြစ်နေသေးတယ်။
သူ့ရဲ့ စွမ်းပကားနဲ့ အတွေ့အကြုံကို ပြောရမယ် ဆိုရင် ခြောက်ပြစ်ကင်းလို့ ဆိုလို့ ရနိုင်တယ်။
ဂျွတ်။ မိစ္ဆာ ဘုရင် တစ်ယောက်ရဲ့ လက်မောင်းက မုချင်းဖန်းကြောင့် ပြတ်ထွက် သွားခဲ့တယ်။ ပါးစပ် အပြည့်သွေးတွေကို အန်ထုတ်ရင်း နောက်ကို ဆက်တိုက် ဆုတ်သွားခဲ့ရတယ်။ ဘယ်မိစ္ဆာ ဘုရင်ကမှ မုချင်းဖန်းကို တစ်ယောက် တစ်ယောက်ချင်း မယှဉ်နိုင်ခဲ့ဘူး။
ပိန်လှီနေတဲ့ ကုလားအုတ်က မြင်းထက် ကြီးသေးတယ် ဆိုတဲ့ မော့ရှန်းရှီရဲ့ စကားက တကယ်တော့ မှန်ကန်ခဲ့တယ်။ ချင်းရှန်းကြောင့် ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရထားပေမယ့်၊ ပြန်ကုသချိန် ရခဲ့တဲ့ အတွက် အခုချိန်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ခဲ့ပြီ၊
မော့ရှန်းရှီရဲ့ ထိန်းချုပ်မှု အောက်မှာ အနက်ရောင် တူကြီးက အရှိန်ပြင်းပြင်းနဲ့ မိစ္ဆာ ဘုရင်ရဲ့ ခေါင်းပေါ်ကို ကျရောက်လာတယ်။ နောက်ဆုတ် နေခဲ့တဲ့ မိစ္ဆာ ဘုရင်ကတော့ မျက်နှာ တစ်ခုလုံး ချွေးတွေ ပြည့်နေခဲ့ပြီ။ ကောင်းကင် တာအို ခန်းမ ဒုတိယ အကြီးအကဲနဲ့ ဖူရှီး တောင်ကြား အကြီးအကဲကတော့ အတော်လေး စိတ်အေး လက်အေး ဖြစ်နေခဲ့တယ်။
ဒုတိယ အကြီးအကဲရဲ့ လက်ထဲမှာ ရွှေရောင် ချိတ်ပိတ်စည်း တစ်ခုက ဖြစ်ပေါ် လာပြီး သူတို့ လေးယောက် စလုံးကို လွှမ်းခြုံ ထားခဲ့တယ်။ ဓားပေါ်မှာ တောက်ပနေတဲ့ ချိတ်ပိတ် စည်းကတော့ သူ့ကို ပိုပြီး အင်အား ကြီးလာစေတယ်။
ဖန်ကျန်းရှီလဲ ဒုတိယ အကြီးအကဲရဲ့ အစွမ်းကို ကောင်းကောင်း သိတယ်။ ရွှေရောင် ချိတ်ပိတ်စည်းရဲ့ တိုက်ခိုက်မှုနဲ့ ခုခံမှုက မုချင်းဖန်းထက် နည်းနည်းပဲ အားနည်းတယ်။
“တိုက်ခိုက်။”
“ငါတို့ ရှုံးလို့ မဖြစ်ဘူး။”
“ဒီလူသားတွေကို အနိုင်ယူရမယ်။”
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကတော့ မိစ္ဆာ ဘုရင်တွေ အရေးနိမ့် နေတာကို မြင်ချိန်မှာ အတော်လေး စိုးရိမ် ပူပန် လာကြတော့တယ်။ မုချင်းဖန်းကို မြင်တည်းက ဒီတစ်ချီကို သူတို့ ရှုံးနိုင်ပြီမှန်း သိထားကြတယ်။ တိုက်ခိုက်မှု အဆင့် အတန်း ကွာခြားချက်က သိသာလွန်း နေတယ်။
နတ်သခင်တွေသာ မရှိရင်၊ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ ဘယ်လောက် အင်အားကြီး နေပါစေ၊ လူသား မဟာမိတ် အဖွဲ့ကို အနိုင်မယူနိုင်ဘူး။ ဒီတိုက်ပွဲ ရလဒ်က ထင်ရှား နေခဲ့ပြီ။ မိစ္ဆာ ဘုရင် လေးယောက်က အစွမ်းကုန် တိုက်ခိုက် ပင်မယ့်၊ မုချင်းဖန်းတို့ အဖွဲ့ကို မနိုင်ခဲ့ဘူး။
မိစ္ဆာ ဘုရင် တစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားပြီးနောက် ကျန်မိစ္ဆာ ဘုရင် သုံးယောက်ကလဲ ဖြူဖျော့ နေခဲ့ပြီ။ သူတို့တွေက မရှုံးချင် ပေမယ့်၊ မုချင်းဖန်းက အင်အားကြီးလွန်း နေခဲ့တယ်။ နတ်သခင် အဆင့်ကို မရောက် သေးပင်မယ့်၊ သုခမိန်တွေ ထဲမှာ အင်အား အကြီးဆုံးပဲ။
“သေပေရော့။” မုချင်းဖန်း အေးစက်စက် အော်ဟစ်ရင်း မိစ္ဆာ ဘုရင်ရဲ့ နဖူးကို ဓားနဲ့ ထိုးချလိုက်တယ်။ မိစ္ဆာ ဘုရင်လဲ လွင့်ထွက် သွားတယ်။
မိစ္ဆာ ဘုရင် နှစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ပြီ။ မိစ္ဆာ ဘုရင် နှစ်ယောက်ကတော့ အံကြိတ် နေခဲ့ရတယ်။ သူတို့တွေ အခြေအနေကို လုံး၀ ပြောင်းလဲ ပြစ်ဖို့ အစွမ်းကုန် တိုက်ခိုက် လိုက်ချင်တယ်။ ဒါပေမယ့် မတန်ခဲ့ဘူး။ ရလဒ်က ဆုံးဖြတ် ပြီးသား ဖြစ်နေခဲ့ပြီ။
ကျယ်လောင်တဲ့ မိုးခြိမ်းသံ နှစ်ခုနဲ့ အတူ ရွှေရောင်ဓား ခုနှစ်လက်က ကျန်ရစ်တဲ့ မိစ္ဆာ ဘုရင် နှစ်ယောက်ရဲ့ ခန္ဒာကိုယ်ကို ထိုးစိုက် သွားတော့တယ်။ သွေးတွေက မိစ္ဆာ ဘုရင် နှစ်ယောက်ရဲ့ ခန္ဒာကိုယ် ထဲကနေ စီးကျလာတယ်။
မြေပြင်ကတော့ ရဲရဲနီ သွားခဲ့ပြီ။
ပထမ ပြိုင်ပွဲနဲ့ ယှဉ်လိုက်ရင် ဒုတိယ ပြိုင်ပွဲက အရမ်းကို ကြမ်းတမ်း လွန်းတယ်။ ဒါ့အပြင် မိစ္ဆာ ဘုရင် လေးယောက် စလုံးလဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ကြတယ်။
“ငါတို့ နိုင်ပြီ။” မုချင်းဖန်းက မိစ္ဆာ ဘုရင် တစ်ယောက်ရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ နင်းထားရင်း ပြောလိုက်တယ်။
“…” မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကတော့ တိတ်ဆိတ် နေကြဆဲ။ မိစ္ဆာ ဘုရင် လေးယောက် အရှုံးကို လက်မခံ နိုင်ပေမယ့်၊ စွမ်းရည်တွေက ကွာခြားချက် ရှိနေခဲ့တယ်။
“ငါတို့ ရှုံးသွားပြီ။” မိစ္ဆာ ဘုရင် လေးယောက် တပြိုင်တည်း အသံ ထွက်လာခဲ့တယ်။
“ငါတို့ နိုင်ပြီ။”
“ငါတို့ နောက်ဆုံးတော့နိုင်ပြီ။”
“တစ်ပွဲနိုင် တစ်ပွဲရှုံး။ ငါတို့မှာ အခွင့်အရေး ရှိတယ်။”
လူသား မဟာမိတ် တပည့်သားတွေ နောက်ဆုံးမှာတော့ စိတ်လှုပ်ရှားမှု အပြည့်နဲ့ အောင်ပွဲ ခံနိုင်ကြပြီ။
ဒီတိုက်ပွဲတွေ အားလုံးမှာ သူတို့ မနိုင်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သရေ အခြေအနေကို ရောက်နေခဲ့ပြီ။
ဒါ့အပြင် ဖန်ကျန်းရှီလဲ မတိုက်ခိုက် ရသေးဘူး။ မျှော်လင့်ချက် ရှိပြီ။ တကယ် မျှော်လင့်ချက် ရှိပြီ။ သူတို့ အသက်ရှင်တဲ့ ကာလ တစ်လျှောက်မှာ ဒီလောက်အထိ စိတ်လှုပ်ရှားတာမျိုး သူတို့ မရှိခဲ့ဖူးဘူး။ အမှောင်ထုထဲမှာ အလင်းတန်းကို မြင်လိုက် ရသလိုပဲ။
ဒါပေါ့။ သူတို့တွေ စိတ်လှုပ်ရှား နေကြသလို အားလုံးကလဲ လူတစ်ယောက်တည်းကို အာရုံစိုက်နေ ကြတော့တယ်။ ဖန်ကျန်းရှီ။
မြင့်မြတ် နယ်မြေ တပည့်သားတွေရဲ့ မုန်းတီးခြင်းကို ခံရသူ။ အရှက်မရှိဆုံး လူသား။ အခုတော့ သူတို့ရဲ့ အမှောင်ထုထဲကို အလင်းရောင် ယူဆောင်ပေးသူ ဖြစ်နေခဲ့ပြီ။
“အရှက်မရှိတဲ့ ကောင်စုတ်။ ချိုးချီက ဒုတိယ ပြိုင်ပွဲမှာ နတ်သခင်တွေကို မလွှတ်ဘူး ဆိုတာ နင် ဘယ်လို သိတာလဲ။” ပင်းယန်က ဖန်ကျန်းရှိကို လှမ်းမေးတယ်။ သူမ အရမ်းကို စိတ်လှုပ်ရှား နေပုံပဲ။
“ချိုးချီက ချိုးချီ အစစ်မှ မဟုတ်ပဲ။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြန်ဖြေတယ်။
“အမ်။ ချိုးချီက ချိုးချီ အစစ် မဟုတ်ဘူး။ မင်ဘာကို ပြောချင်တာလဲ။” ပင်းယန် စိတ်ရှုပ်ထွေး သွားခဲ့တယ်။ ဖန်ကျန်းရှီကတော့ ပင်းယန်ကို ပြန်မဖြေတော့ဘူး။ သူလဲ အဖြေကို ရှင်ရှင်းလင်းလင်း မသိသေးဘူးလေ။ ဒီတော့ တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ။
“ပင်းယန် ငါတိုက လောင်းကြေး ကိစ္စ ရှင်းကြတော့မလား။” ဝူယွဲ့အာရဲက အသံက ဒီအချိန်မှာပဲ ထွက်ပေးလာတယ်။ သူမရဲ့ မျက်ဝန်းတွေက ပြုံးနေခဲ့တယ်။ ပိုက်ဆံကို မြင်တဲ့ အချိန်မှာ ပြုံးတဲ့ အပြုံးမျိုးပဲ။ ရွှေစ တစ်သောင်းကို အလွယ်လေး ရသွားခဲ့ပြီလေ။
သူမ ဘယ်လိုလုပ် မပြုံးပဲ နေမှာလဲ။
“ဟမ့်။” ပင်းယန်က မပျော်မရွှင် ပြောလိုက်တယ်။ ဒါပေမယ့် သူမ မတတ်နိုင် တော့ဘူးလေ။ ဝူယွဲ့အာကို ရှုံးသွား ခဲ့ပြီ။
ဒါပေမယ့် ပင်းယန်ရဲ့ အကျင့်ကတော့ ကောင်းတယ်။ သူမက မလှည့်စားခဲ့ဘူး။
“ငါ့စကားကို ငါ ပြန်မရုပ်သိမ်းဘူး။ ရွှေအောင်စ တစ်သောင်းပဲ မလား။ ကြီးမြတ်သော ရှနိုင်ငံတော်ကို ပြန်ရောက်ရင် ငါပေးမယ်။”
“ကျေးဇူး အများကြီး တင်ပါတယ်။” ဝူယွဲ့အာက နောက်ထပ် မပြောတော့ဘူး။ ပင်းယန် အတွက်တော့ ရွှေအောင်စ တစ်သောင်းက ဘာမှ မဟုတ်မှန်း သူသိတယ်လေ။
…
နန်ကုန်းမုကတော့ တောင်တွေကို မကြည့်တော့ပဲ ရှေ့ကို နှစ်လှမ်း တိုးလာခဲ့တယ်။
“တစ်ပွဲနိုင် တစ်ပွဲရှုံး။ အနိုင်ရသူက နောက်ဆုံး အချီနဲ့ ဆုံးဖြတ်ရမယ်။” နန်ကုန်းမုက အေးအေးဆေးဆေး ပြောလိုက်တယ်။ ဒုတိယ အချီ ရှုံးသွားတာကို သူမကျေမနပ် မဖြစ်ခဲ့ဘူး။
“ကြည့်ရတာ ဒီလိုပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ ရှေ့ကို ရောက်လာခဲ့တယ်။
“နောက်ဆုံး တစ်ချီ အတွက် မင်း ဘယ်သူတွေကို ပို့မလဲ ငါသိချင်လိုက်တာ။” နန်ကုန်းမု ပြောတယ်။
“ဒီတစ်ခေါက် မင်း အရင် လူလွှတ်ရမှာ မဟုတ်လား။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“အင်း။ အမှန်ပဲ။” နန်ကုန်းမု ခေါင်းငြိမ့်ရင်း နောက်ကို ကြည့်လိုက်တယ်။ လင်းယွိက နန်ကုန်းမု ဆိုလို ချင်တာကို သိတဲ့ အတွက် ကြိုရွေးချယ်ထားတဲ့ မိစ္ဆာ ဘုရင် နှစ်ယောက်နဲ့ အတူ ရှေ့ကို ထွက်လာတော့တယ်။ သူတို့ အားလုံးက အရမ်းကို တည်ကြည် လေးနက် နေခဲ့တယ်။
မိစ္ဆာ ဘုရင် နှစ်ယောက်က အားလုံးထဲမှာ အင်အား အကြီးဆုံးပဲ။ တကယ်တော့ ဧကရီ ပိုင်ကျစ် နီးပါး အင်အား ကြီးသူတွေ။ တစ်ယောက်ကတော့ မုချင်းဖန်းလောက် နီးနီး အင်အားကြီးတယ်။
အမျိုးသမီး မိစ္ဆာ ဘုရင် တစ်ယောက်ကတော့ ယောကျာ်းအသွင်ကို ယူထားခဲ့တယ်။ အဖြူရောင် ကျောင်းတော်သား ဝတ်စုံကို ဝတ်ထားပြီး အသားအရေကလဲ ဖြူဖွေး နေခဲ့တယ်။ သူမရဲ့ သေးသွယ်လွန်းတဲ့ ခါးနဲ့ မို့မောက်နေတဲ့ ရင်သားတွေ ကြောင့်သာ မဟုတ်ရင် အမျိုးသမီး တစ်ယောက်လို့ ပြောနိုင်မှာ မဟုတ်ဘူး။
“ဖန်ကျန်းရှီ ဒီမိစ္ဆာ ဘုရင်ရဲ့ နာမည်က လင်းနဉ် သူက ဧကရီ ပိုင်ကျစ်ရဲ့ အစေခံပဲ။ တကယ့် ပုံစံ အစစ်အမှန်က မျက်လုံး သုံးလုံး အဆိပ်ပြင်း ဖားပြုတ်။ တိုက်ခိုက်နိုင်စွမ်းက လျင်မြန်လွန်းတဲ့ အပြင် သူရဲ့ တတိယ မျက်လုံးကိုလဲ အထူး သတိထားရမယ်။” မုချင်းဖန်းက ဖန်ကျန်းရှိကို သတိပေးတယ်။
“အဆိပ်ပြင်း ဖားပြုတ်။ ပြောချင်တာက ရုပ်ဆိုးဆိုး ဖားပြုတ်လား။” လင်းနဉ်ဆိုတဲ့ အမျိုးသမီး မိစ္ဆာ ဘုရင်ကို ကြည့်ရင်း ဖန်ကျန်းရှီ ပြောလိုက်တယ်။
မိစ္ဆာ တစ်ကောင်ကို ရုပ်ရည်နဲ့ ကြည့်ပြီး တကယ် ဆုံးဖြတ်လို့ မရနိုင်ဘူး။ ဒီလောက် ချောမောနေတဲ့ ရုပ်သွင် ရှိနေတာတောင် ဖားပြုတ် ဖြစ်နေသေးတယ်။
“ရုပ်ဆိုးဆိုး ဖားပြုတ်။” မုချင်းဖန်း ဆွံ့အ သွားခဲ့ရတယ်။ မြင့်မြတ် နယ်မြေ တစ်ခုလုံးမှာ ဖန်ကျန်းရှီ တစ်ယောက်ပဲ မျက်စိတ် သုံးလုံး ဖားပြုတ်ကို ဒီလို ခေါ်ဝံ့တဲ့သူ ဖြစ်လိမ့်မယ်။
အခုချိန်မှာ ဒါတွေကို တွေးနေဖို့ အချိန် မကျသေးဘူး။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ဒီတစ်ပွဲမှာတော့ လုံး၀ ညှာတာမှာ မဟုတ်မှန်း သိနေခဲ့တယ်လေ။ ဒီတစ်ချီနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်မယ်။
“ဖန်ကျန်းရှီ။ မိစ္ဆာ ဘုရင် နှစ်ယောက်လုံးက အင်အားကြီးတယ်။ ငါနဲ့ အဖိုးကြီးမော့ နှစ်ယောက်လုံး သူတို့ကို သိုင်းကွက် တစ်ရာအတွင်း အနိုင်ရဖို့ ယုံကြည်ချက် မရှိဘူး။ ဒီတော့ မင်း ဘယ်သူတွေနဲ့ တိုက်ခိုက် ခိုင်းဖို့ စီစဉ်ထားလဲ။” မုချင်းဖန်းက မေးလိုက်တယ်။
မော့ရှန်းရှီနဲ့ တခြားသူတွေလဲ သိချင် နေကြတယ်။
“ရန်ရွှယ်။” ဖန်ကျန်းရှီ ပြောလိုက်တယ်။
“အင်း။ အဆင်ပြေတယ်။” မုချင်းဖန်း ခေါင်းငြိမ့်လိုက်တယ်။ ရန်ရွှယ်က ငယ်ရွယ် ပေမယ့်၊ မုချင်းဖန်း နီးပါး အင်အားကြီးတယ်။ ဒါ့အပြင် ဖန်ကျန်းရှီရဲ့ သူငယ်ချင်း ဖြစ်နေတော့ တိုက်ခိုက်ရတာ သဟဇာတ ဖြစ်တယ်။
“နောက်ပြီး ဦးလေးရန်ကိုလဲ ဒုက္ခ ပေးရပါအုန်းမယ။်” ဖန်ကျန်းရှီလဲ လူအုပ်ထဲက ရန်ချန်လိကို လှမ်းပြောတယ်။
“ရန်ချန်လိလား။” မုချင်းဖန်း အံ့သြ သွားခဲ့တယ်။
ရန်ချန်လိက အင်အား ကြီးပေမယ့်၊ သုခမိန် အဆင့်ကို ဝင်ရောက်တာ မကြာသေးဘူး။ ကနဦး အဆင့်မှာပဲ ရျိသေးတယ်။ အဇူရာ တာအိုကြောင့် အစွမ်းထက်တာ မှန်ပေမယ့်၊ မြင့်မြတ် နယ်မြေ အကြီးအကဲတွေလောက် မထူးချွန် သေးတာတော့ အမှန်ပဲ။
“မင်း သေချာရဲ့လား။” မုချင်းဖန်း ပြန်မေးတယ်။
“သေချာတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။
“ဒါဆိုလဲ ဆုံးဖြတ်ချက် အတိုင်း လုပ်ကြတာပေါ့။ ကျေးဇူးတင်ပါတယ်။ မင်းသားရန်။” မုချင်းဖန်းက သိပ်မသေချာပေမယ့် ဆက်မပြောတော့ဘူး။ မော့ရှန်းရှီလဲ မေးချင် ပေမယ့်၊ မုချင်းဖန်း စကားကြောင့် ပါးစပ် ပြန်ပိတ် သွားခဲ့တယ်။
“နောက်ဆုံး တစ်ယောက် အတွက် ဖူရှီးတောင်ကြား အကြီးအကဲ ကုယွိအန်းကို ရွေးဖို့ အကြံပေးချင် ပါတယ်။ အကြီးအကဲနဲက ကောင်းကင် တာအို ခန်းမမှာ တွေ့ခဲ့ဖူးတယ်။ မဟုတ်လား။ အကြီးအကဲကု။ လူသား မဟာမိတ်ရဲ့ တာဝန်ကို မင်းလက်ထဲ ထည့်လိုက်ပြီ။” မုချင်းဖန်း ပြောတယ်။
“ကျွန်တော် အစွမ်းကုန် တိုက်ခိုက်မှာပါ။” ဒါကို ကြားချိန်မှာတော့ ကုယွိအန်း ရှေ့ထွက် လာတော့တယ်။
“အကြီးအကဲကု မင်းရဲ့ အစွမ်းတွေ အကြောင်း ဖန်ကျန်းရှီကို အသေးစိတ် ပြောပြလိုက်။ ရန်ရွှယ်နဲ့ ရန်ချန်လိကို ကာကွယ်ဖို့ မမေ့နဲ့။” မော့ရှန်းရှီ အကြံ ပေးတယ်။
“ကောင်းပါပြီ။ ငါ့တာအိုက။”
“ရတယ်။ စတုတ္ထမြောက် လူက ပင်းယန်ပဲ။ ရွေးပြီးပြီ။” ဖန်ကျန်းရှီက စကားကို ဖြတ်ပြောတယ်။
“ပင်းယန်လား။” မော့ရှန်းရှီ လန့်သွားတော့တယ်။ ပတ်ဝန်းကျင် တပည့်သားတွေလဲ မယုံနိုင် ခဲ့ဘူး။
“ဘာဖြစ်လို့ ပင်းယန်လဲ။”
“သူက အသက်ငယ်လွန်း သေးတယ်။ နောက်ပြီး သုခမိန် ဖြစ်နေပင်မယ့်၊ အခြေခံ ကလဲ အားနည်းတယ်လေ။”
“အခြေခံ တင်မကဘူး။ အတွေ့အကြုံလဲ နည်းသေးတယ်။ ဒါတွေ ဘာမှ မထူးချွန်တဲ့ သူကို လွှတ်လိုက်ရင် တတိယ အချီမှာ ပြဿနာ တက်ကုန်မှာပေါ့။”
လူသား မဟာမိတ် တပည့်သားတွေ မယုံမကြည်နဲ့ ပြောကြတော့တယ်။ မုချင်းဖန်းကတော့ ခါးသက်သက် ပြုံး နေမိတယ်။ အစောပိုင်းတုန်းက ပင်းယန်ကို တတိယ အချီမှာ ဝင်ပြိုင် ခိုင်းဖို့ ဖန်ကျန်းရှီ ပြောခဲ့တာကို သူလဲ ကြားတယ်။
ဒါကို ကောင်းကောင်းကြီး သိနေတဲ့ အတွက် ကုယွိအန်းကို သူအတင်း စေလွှတ် တာပဲ။ တတိယ အချီက အရေးကြီးလွန်းလှတယ်။
ဘာဖြစ်လို့ ပင်းယန်ကို လွှတ်မှာလဲ။ လာပြီး ကိစ္စတွေကို ရှုပ်အေင် လုပ်နေတာလား။ ရန်ချန်လိကို လွှတ်တဲ့ ကိစ္စလဲ သူသဘော မကျပင်မယ့်၊ ပေါ်တင် ထုတ်မပြောခဲ့ဘူး။
ရန်ချန်လိက အကြီးအကဲတွေလောက် အင်အား မကြီးပေမယ့်၊ ရန်ရွှယ်နဲ့ အနီးကပ်ဆုံးသူ။ ပူးတွဲ တိုက်ခိုက်ဖို့ အဆင်ပြေတယ်။ ဒါကလဲ အရေးကြီးတဲ့ ကိစ္စပဲ။ ဒါ့အပြင် ရန်ချန်လိက ကျင့်ကြံရေးမှာ အရမ်း မထူးချွန် သေးပင်မယ့်၊ တိုက်ပွဲ အတွေ့အကြုံ ကတော့ ကြွယ်၀ လွန်းတယ်။ တိုက်ပွဲ ရာချီကို တိုက်ခိုက်ခဲ့တဲ့ အပြင် အရည်အချင်းလဲ မြင့်မားတယ်။
စွမ်းအား သိပ်မကောင်းတာက လွဲပြီး သင့်တော်တဲ့ ပြိုင်ပွဲဝင် တစ်ယောက်ပဲ။
ဒါပေမယ့် ပင်းယန်ကို ပို့တာကတော့ သေတွင်း တူးခိုင်း နေတာနဲ့ အတူတူပဲလေ။
အပိုင်း (၉၉၈) ပြီး၏။
အပိုင်း (၉၉၉)
“သမိုင်းတွင်မယ့် မှတ်ကျောက်တင်ခံ ရခြင်း။”
“မဖြစ်ဘူး။ ပင်းယန် သွားလို့ မရဘူး။ ငါ ငါ လုံး၀ ကန့်ကွက်တယ်။” မုချင်းဖန်း အံကြိတ်ရင်း လေးလေးနက်နက် ပြောတယ်။ အကယ်၍ သူတို့ လုံး၀ နိုင်နိုင်ချေ မရှိရင်တော့၊ ဖန်ကျန်းရှီ လုပ်ချင်တာကို သူလုပ်ခွင့် ပြုနိုင်တယ်။
ဒါပေမယ့် သူတို့တွေ ဒီနေရာ အထိ ရောက်လာခဲ့ပြီ။ အနိုင်ရဖို့ အလားအလာတွေလဲ ရှိနေခဲ့ပြီ။ တခြား ကိစ္စတွေ ဖြစ်လာမှာကို သူဘယ်လိုမှ ခွင့်မပြုနိုင်ဘူး။
ဖန်ကျန်းရှီက သူ့စကားကို နားမထောင်မှန်း သိပေမယ့်၊ သူထုတ်ပြော ခဲ့တယ်။ သူ့ရဲ့ တစ်ယောက်တည်း စွမ်းအားက မလုံလောက်ရင်တောင်၊ လူသား မဟာမိတ် တစ်ခုလုံးရဲ့ အမြင်ကို ပေါင်းလိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။
ဖန်ကျန်းရှီက အားလုံးရဲ့ အမြင်ကိုတော့ နားထောင်လောက်တယ် မဟုတ်လား။ မုချင်းဖန်း တွေးတော နေခဲ့တယ်။
မုချင်းဖန်း ပြောပြီး ချိန်မှာပဲ လူသား မဟာမိတ် တပည့်သားတွေ အားလုံးက သူတို့ အမြင်တွေကို ပြောကြတော့တယ်။
“ခန်းမ ခေါင်းဆောင်မု ပြောတာကို ထောက်ခံတယ်။”
“ဒါ့အပြင် ပင်းယန်က အရမ်းကို ငယ်ရွယ် သေးတယ်။ အခု ပြိုင်ပွဲက သူလေ့ကျင့်ရမယ့် ကိစ္စ မဟုတ်ဘူး။ ပင်းယန်က နတ်သခင် နှစ်ယောက်နဲ့ လင်းနဉ်လို မိစ္ဆာ ဘုရင်ကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး။”
“အမှန်ပဲ။ လူသား မဟာမိတ် အဖွဲ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို ပင်းယန် လက်ထဲမှာ ပျောက်ဆုံးခံလို့ မဖြစ်ဘူး။”
လူသား မဟာမိတ် တပည့်သား တစ်ယောက်ချင်းစီ အားလုံးက တည်ကြည် လေးနက် နေခဲ့တယ်။
“လူသား မဟာမိတ် အဖွဲ့ရဲ့ မျှော်လင့်ချက်ကို ပင်းယန် လက်ထဲမှာ ပျောက်ဆုံး ခံလို့ မဖြစ်ဘူး ဆိုတာ ဘာကို ပြောချင် ကြတာလဲ။ ငါက အရမ်းကို အင်အား ကြီးတဲ့သူ။ နင်တို့ မယုံရင် ငါနဲ့ လာတိုက်ခိုက်ကြ။” ပင်းယန်က ဒါတွေကို ကြားချိန်မှာ သည်းမခံ နိုင်တော့ဘူး။
တကယ်တော့ ဖန်ကျန်းရှီက သူမကို တတိယ အချီမှာ ပါဝင်ခိုင်းဖို့ ကတိ ပြုထား ပေမယ့်၊ မိစ္ဆာ နတ်ဆိုး မျိုးနွယ်ရဲ့ ပြိုင်ဘက်တွေကို မြင်ချိန်မှာ သူမ နည်းနည်းတော့ ကြောက်လန့် သွားခဲ့တယ်။
အဆိုးဆုံး အခြေအနေမှာ သူမ ထွက်ရ နိုင်တယ်လေ။ ပင်းယန်က တိတ်တိတ် နေဖို့ ဆုံးဖြတ် ခဲ့ပေမယ့်၊ သူမကို ပြောတဲ့ စကားတွေကိုတော့ သည်းမခံ နိုင်ခဲ့ဘူး။
“..” လူသား မဟာမိတ် တပည့်သားတွေ အားလုံး ပါးစပ် ပိတ်သွားကြတယ်။ သူတို့တွေက အားနည်းတဲ့ သူတွေ မဟုတ်ကြဘူး။ သုခမိန်တွေတောင် ပါသေးတယ်။ ဒါပေမယ့် ပင်းယန်ရဲ့ ဇစ်မြစ်နဲ့ ဖန်ကျန်းရှီကို တွေးလိုက်မယ် ဆိုရင် သူတို့တွေက သူ့လောက် အင်အား မကြီးကြတော့ဘူး။
“ပင်းယန်ကို ရွေးချယ်တဲ့ ကိစ္စမှာ ငါ့အကြောင်းအရင်းနဲ့ ငါရှိတယ်။” ဖန်ကျန်းရှီက သူ့ကိုယ်သူ ရှင်းပြဖို့ စိတ်ကူး မရှိခဲ့ဘူး။ ဒါပေမယ့် လူသား မဟာမိတ် အဖွဲ့ရဲ့ အနာဂတ် အတွက် ရှင်းပြဖို့ ဆုံးဖြတ် လိုက်တယ်။
“အကြောင်းပြချက်က ဘာလဲ။ ပင်းယန်က အားနည်းလွန်းတယ်။ လင်းနဉ်လို လူမျိုးကို သူတိုက်ခိုက် နိုင်မှာ မဟုတ်ဘူး။ တတိယ အချီမှာ သူဝင်မယ် ဆိုရင် ဘယ်လိုလုပ် နိုင်နိုင်မှာလဲ။” မုချင်းဖန်းက ပုံမှန် အတိုင်း ချိုသာ မနေပဲ စိတ်လိုက် မာန်ပါ ပြောတော့တယ်။
“ဖန်ကျန်းရှီ ငါတို့ အရင် ဆွေးနွေးကြစို့။ ကုယွိအန်းရဲ့ အင်အားကို မင်းလဲ သိတာပဲ။ ဆုံးဖြတ်ချက် မချခင် သူ့အရည်အချင်းတွေ အကြောင်း အရင် နားထောင် ကြည့်ပါလား။ ပြီးမှ ပင်းယန်နဲ့ ယှဉ်ကြည့်ပြီး လွှတ်ချင်လဲ လွှတ်ပေါ့။” မော့ရှန်းရှီက ဝင်ပြောပြန်တယ်။
“ကောင်းပြီလေ။ တောင်ကြား သခင်မော့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။
“အေးအေး ဆေးဆေ ဆွေးနွေး ကြတာပေါ့။ အဖိုးကြီးမု။ မင်း ဘာတွေ ဖြစ်နေတာလဲ။ အရင်ကဆို မင်း ဒီလို မဟုတ်ပါဘူး။” မော့ရှန်းရှီက ပြုံးပြရင်း ပြောတယ်။ ဒါကို ကြားချိန်မှာတော့ မုချင်းဖန်းက နှုတ်ခမ်းလှုပ်ရုံသာ လှုပ်သွားခဲ့တယ်။ နောက်ထပ် အပို မပြောခဲ့ဘူး။ အဲ့ဒီ့အစား မော့ရှန်းရှီကို မျက်စပြစ် ပြတယ်။
ကုယွိအန်းရဲ့ စွမ်းအားတွေကို အသေးစိတ် ပြောပြစေဖို့ အချက်ပြနေတာ သိသာလွန်းတယ်။ မော့ရှန်းရှီလဲ မုချင်းဖန်း ဆိုလို ချင်တာကို ချက်ခြင်း သဘောပေါက်သွားတယ်။ ဖန်ကျန်းရှီကို သူတို့ နားချလို့ ရရင်၊ ဘာပဲ လုပ်ရပါစေ ကိစ္စ မရှိဘူး။
“အကြီးအကဲ ကုရဲ့ စွမ်းရည်တွေက။” မော့ရှန်းရှီ ချက်ခြင်း အသံကို နှိမ့်လိုက်ပြီး အသံ မပေါက်ကြား စေတဲ့ အကာကွယ်ကို ချလိုက်တယ်။
“အကြီးအကဲကုက ရှစ်ထောင့် ဗျူဟာကို အောင်နိုင်ပြီး မြင့်မြတ် တာအိုကို လက်ခံ နိုင်ခဲ့တယ်။ အဇူရာ တာအိုလို တိုက်ခိုက်တဲ့ နေရာမှာ အင်အား မကြီးပေမယ့်၊ ခုခံစစ် မှာတော့ ငါနဲ့ လက်ရည် အတူတူပဲ။ အထူး သဖြင့် ပြိုင်ဘက်ရဲက နေရာကို ဆက်တိုက် ပြောင်းလဲပြီး တိုက်ခိုက်နိုင်တယ်။”
“ဟုတ်တယ်။ အဲ့တာက အရမ်း အရေးကြီးတယ်။” မုချင်းဖန်း မအောင့်နိုင်ပဲ ဝင်ပြော ပြန်တယ်။
“ပါးစပ် ပိတ်ထားစမ်း။” မော့ရှန်းရှီကတော့ ဒီအခွင့်အရေးကို အသုံးချပြီး မုချင်းဖန်းကို ဆူတော့တယ်။
“ဖန်ကျန်းရှီ တွေးကြည့်ကြည့်။ လူလေးယောက်မှာ မင်းတစ်ယောက်တည်းပဲ ချိုးချီနဲ့ လင်းယွိကို တိုက်ခိုက်နိုင်စွမ်း ရှိတယ်။ အကယ်၍ သူသာ မင်းနေရာကို အချိန် မရွေး ပြောင်းပေးနိုင်ရင်၊ ဒါက တစ်ယောက်ကို တစ်ယောက် ကာကွယ် စောင့်ရှောက် နိုင်တာပဲ မဟုတ်လား။”
“အင်း။ အဲ့တာကလဲ အရေးကြီးတာပဲ။” မုချင်းဖန်း ဝင်ပြောပြန်တယ်။
“အဖိုးကြီး မင်းပါးစပ် ပိတ်ထားရင် သေသွားမှာလား။ ငါပြီးအောင် ပြောပါရစေအုန်း။” မော့ရှန်းရှီ စိတ်ဆိုးပြီး ထအော်တော့တယ်။ မုချင်းဖန်းရဲ့ ဂုဏ်သတင်းကိုတောင် ဂရုမစိုက်နိုင် တော့ဘူး။
“ကောင်းပါပြီ။ မင်းဆက်ပြော။ ငါနားထောင် နေမယ်။” မုချင်းဖန်းကတော့ ပြန်ငြိမ်သက် သွားခဲ့တယ်။ ဖန်ကျန်းရှီကတော့ စိတ်ရှည် လက်ရှည်နဲ့ နားစိုက်ထောင် နေခဲ့တယ်။ ဒီသူငယ်ချင်း နှစ်ယောက်ရဲ့ ခင်မင်မှုကိုလဲ သူသဘောကျ နေခဲ့တယ်။ မဆိုးဘူးပဲ။ ဒီအဖိုးကြီး နှစ်ယောက် အဆင်ပြေကြတယ်။
သူတို့တွေက အပေးအယူ မျှမျှ သရုပ်ဆောင် နိုင်ကြတယ်။ တစ်ယောက်က တည်ကြည် လေးနက်တဲ့ အသွင်ကို ယူထားသလို နောက်တစ်ယောက်ကလဲ မေတ္တာ ရပ်ခံ နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ စိတ်ထဲမှာ ဒီနှစ်ယောက် သရုပ်ဆောင်တာကို အကဲဖြတ် နေဆဲ။ ကုယွိအန်းရဲ့ အစွမ်းတွေ အကြောင်း ကြားပြီး နောက်မှာတော့ သူတကယ် အင်အားကြီးတာကို လက်ခံလိုက် ရတော့တယ်။
မော့ရှန်းရှီတောင်မှ သူ့ကိုယ်သူနဲ့ နှိုင်းယှဉ်ပြီး ချီးမွမ်း နေခဲ့တဲ့ အတွက် ခုခံစစ်မှာ သေချာပေါက် တော်တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါ့အပြင် နေရာတွေကို ပြောင်းလဲ နိုင်တဲ့ စွမ်းရည်ကလဲ အသုံးဝင်တယ်။ လေဟာနယ်ကို ထိန်းချုပ် ထားပြီး တစ်နေရာနဲ့ တစ်နေရာ ခုန်ကူးလို့ ရအောင် လုပ်နိုင်စွမ်း ရှိတာက မဆိုးဘူး။
ဒါပေမယ့် ဒီအချက်က သာမာန် တိုက်ပွဲတွေမှာပဲ အသုံးဝင်နိုင် လိမ့်မယ်။ ဒီနေ့ တိုက်ပွဲ အတွက်တော့ အသုံးမဝင် ဖြစ်ရုံတင် မကဘူး။ ဖန်ကျန်းရှီရဲ့ ခြေလှမ်းတွေကိုတောင် နှောင့်နှေး စေအုန်းမယ်။ အကြောင်း အရင်းကတော့ ရှင်းပါတယ်။ ရန်ရွှယ်နဲ့ ရန်ချန်လိကို ဖန်ကျန်းရှီ ရွေးချယ် ထားခဲ့တယ်လေ။ ဒီလူတွေက ဘယ်လို လူတွေလဲ။
တိုက်ခိုက်တဲ့ နေရာမှာ အထက်မြက်ဆုံး ဓားလို လူတွေ။ အဇူရာ တာအိုက တိုက်ခိုက်နိုင်စွမ်းကို ဒိုင်းတစ်ခုလို သုံးတယ်။ တစ်ခေါက် တိုက်ခိုက်တာနဲ့ နောက်ဆုတ်မှာ မဟုတ်ဘူး။
ဒီလို အချိန်မှာ ခုခံစစ် ကောင်းတဲ့ ကုယွိအန်းသာ ရောက်လာပြီး လူတွေကို နေရာ လိုက်ပြောင်းနေရင်၊ အလကား သက်သက် အနှောက်အယှက် ဖြစ်လာလိမ့်မယ်။
မုချင်းဖန်းနဲ့ မော့ရှန်းရှီတို့ကလဲ သူတို့ အမြင်နဲ့ သူတို့။ အဖိုးကြီးတွေက တိုက်ပွဲ တည်ငြိမ်တာကို ကြိုက်တယ်။ ဖန်ကျန်းရှီ ဒါကို နားလည် နိုင်ပါတယ်။ တည်ငြိမ်တဲ့ တိုက်ပွဲ တစ်ခုအတွက် ကုယွိအန်းက တကယ့်ကို သင့်တော်တယ်။
ရန်ရွှယ်နဲ့ ရန်ချန်လိမှာ မရှိတဲ့ ခုခံစစ်ကို သူက ပေးစွမ်းနိုင်တယ်။ ဒါက ဖန်ကျန်းရှီရဲ့ နည်းဗျူဟာ အတွက်တော့ အတားအဆီး အနှောက်အယှက်ပဲ။ သူ့တိုက်ပွဲမှာ တည်ငြိမ်မှုကို မလိုချင်ဘူး။
ချိုးချီက ဒုတိယ ပွဲကို လိုလိုလားလား အရှုံးခံ လိုက်တာ တတိယ အချီကို နိုင်မယ်လို့ သူတစ်ထစ်ချ တွက်ဆ ထားခဲ့လို့ပဲ။ ချိုးချီ ဘာကြောင့် ယုံကြည်ချက် ရှိနေမှန်း သူမသိပေမယ့်၊ တတိယ အချီမှာက အပြတ်အသတ် မရှုံးမချင်း တိုက်ပွဲ မပြီးတာ အမှန်ပဲ။
လမ်းကျဉ်းလေးထဲမှာ ရန်သူတွေ ဆုံတွေ့ ကြရင် သတ္တိရှိသူက အနိုင်ရတယ်။
ဖန်ကျန်းရှီက တိုက်ခိုက်ရေး စွမ်းအား အမြင့်ဆုံး ဓားနှစ်လက်ကို ရွေးချယ်လိုက်ပြီ။ တစ်ယောက်က ဘယ်၊ တစ်ယောက်က ညာ။ ဓားနှစ်လက်ကို ကိုင်ထားပြီး ဒိုင်းကို သုံးချင်လို့ ဘယ်ရပါ မလဲ။ ဖန်ကျန်းရှီက အရူးမှမဟုတ်တာ။
ပင်းယန်ကို ရွေးချယ် ရတာက သူခေါင်းမာ နေလို့ မဟုတ်ဘူး။ ပင်းယန်က တိုက်ပွဲမှာ မထင်မှန်း ထားတာတွေ လုပ်နိုင်လို့ပဲ။ သူမက လူသား မဟာမိတ် အဖွဲ့ ရဲ့ အားနည်းချက် တစ်ခု။ မိစ္ဆာ ဘုရင်တွေက သူမကို ပြစ်မှတ် ထားကြလိမ့်မယ်။
ဒါက ဖန်ကျန်းရှီရဲ့ အစီအစဉ်ပဲ။ လက်ရည်ညီနေတဲ့ နှစ်ဖက် တိုက်ပွဲမှာ တိုက်ပွဲ ရလဒ်က ၇ရက် ၇ညနဲ့ အဖြေမထွက် နိုင်ဘူး။ စိတ်ဓာတ် ခွန်အားကသာ အဆုံးအဖြတ် ပေးနိုင်လိမ့်မယ်။ ဖန်ကျန်းရှီမှာ ချိုးချီနဲ့ လင်းယွိလို တိုက်ခိုက်လိုစိတ် မြင့်မားတဲ့ စိတ်ခွန်အား မရှိဘူး။ ရန်ရွှယ်နဲ့ ရန်ချန်လိ နှစ်ယောက်ကလဲ ခုခံကြမှာ မဟုတ်ဘူး။ တိုက်ခိုက်တာက အချိန်ကုန် သက်သာစေတဲ့ အပင်ပန်းဆုံးနဲ့ အမြန်ဆုံး လှုပ်ရှားမှုပဲ။
ဖန်ကျန်းရှီက ချိုးချီကို မကြောက်ဘူး။ ချိုးချီ မတိုက်ခိုက်မှာကိုသာ ကြောက်တယ်။ ဒါကြောင့် အားနည်းချက် တစ်ခုထားပြီး မိစ္ဆာ နတ်ဆိုးတွေကို မျှားခေါ်ချင်တယ်။
(ငါတို့ကို လာတိုက်ခိုက်လှည့်။ ငါတို့ တိုက်ခိုက်ကြမယ်။)
ချိုးချီ အားနည်းချက်ကို တိုက်ခိုက်စေဖို့ ဖန်ကျန်းရှီ ဖိအား ပေးချင်တယ်။
ဒီအစီအစဉ်က အန္တရာယ် များသလို အကျိုးအမြတ်လဲ များတယ်။ ကံကောင်းစွာနဲ့ပဲ ပင်းယန်(အားနည်းချက် ဖြစ်နေသူက) သူ့စိတ်ကို ကောင်းကောင်း နားလည် နေခဲ့တယ်။
ဒီအစီအစဉ်ကို စဖို့ တွေးပြီးချိန် တည်းက မုချင်းဖန်းနဲ့ မော့ရှန်းရှီရဲ့ ပြဇာတ်ကြောင့် လွယ်လွယ် စိတ်ပြောင်းသွားမယ်ဆိုတာ ဖြစ်နိုင်ပါတော့မလား။
“ဖန်ကျန်းရှီ ဒါတွေနဲ့ဆို ရန်ရွှယ်နဲ့ ရန်ချန်လိကို စိတ်ချ ထားလို့ ရတယ်မလား။ မိစ္ဆာ ဘုရင် နှစ်ယောက်ကို ဒဏ်ရာ ရအောင် လုပ်ဖို့ အခွင့်အရေး ရှာလိုက်။ ပြီးရင် လင်းယွိကို တခြား သုံးယောက် ဝိုင်းထားတဲ့ အချိန် ချိုးချီနဲ့ မင်းတိုက်ခိုက်ရင် ငါတို့ နိုင်နိုင်ချေ ၅၀% ရှိတယ်။” မော့ရှန်းရှီက အောင်မြင်မှု တံခါးကြီး ပွင့်လာ တော့မယ့် အတိုင်း ပြောနေခဲ့တယ်။
“ဟုတ်တယ်။ အကြီးအကဲ ကုရဲ့ အကူအညီနဲ့ ဆိုရင်၊ ချိုးချီကို သေချာပေါက် အနိုင်ယူ နိုင်မှာပဲ။” မုချင်းဖန်းက ချက်ခြင်း ဝင်ပြောပြန်တယ်။ မော့ရှန်းရှီ အော်မှာကို သူမကြောက်တော့ဘူး။
“အင်း။” ဖန်ကျန်းရှီကတော့ ကြက်ပေါက်လေး တစ်ကောင်လို ခေါင်းငြိမ့် နေခဲ့တယ်။ မော့ရှန်းရှီကတော့ ပြုံးနေတယ်။ မုချင်းဖန်းလဲ အတူတူပဲ။
ကုယွိအန်းရဲ့ စွမ်းအားတွေ အကြောင်းကို ပြောပြဖို့ မုချင်းဖန်းနဲ့ မော့ရှန်းရှီ အများကြီး ကြိုးစား ခဲ့ရတယ်။ သူတို့ နှစ်ယောက်က ပူးပေါင်း ဆောင်ရွက်တာ တော်ကြတယ်။
အထူးသဖြင့် မုချင်းဖန်းက ဒေါသ ထွက်နေသလို ဟန်ဆောင် နေပင်မယ့်၊ အဆူခံ ရမှာ ကြောက်လို့ ဝင်မပြောရဲတဲ့ အသွင်ကို ယူထားခဲ့တယ်။ စိတ်ထဲမှာ လွန်ဆွဲ နေသလို မျက်နှာထားက တကယ့်ကို ပီပြင်လွန်း လှတယ်။ ဖန်ကျန်းရှီကို မဲဆွယ်လို့ ရလု နီးပါးပဲ။
“ဒီတော့ ဖန်ကျန်းရှီ မင်းသဘောတူလား။” မော့ရှန်းရှီ မေးလိုက်တယ်။
“ဘာကို သဘောတူရမှာလဲ။” ဖန်ကျန်းရှီ စိတ်ရှုပ်သွား ခဲ့တယ်။
“ကုယွိအန်းကို လွှတ်ဖို့ ကိစ္စလေ။”
“အဲ့တာကို ပြောချင်တာလား။ ပင်းယန်ကိုပဲ လွှတ်မှာ။” ဖန်ကျန်းရှီက အိပ်ယာနိုး လာသူ တစ်ယောက်လို ပြောလိုက်တယ်။
“…”
“…”
မုချင်းဖန်းနဲ့ မော့ရှန်းရှီကတော့ နေရာမှာတင် တောင့်တင်း နေခဲ့ကြပြီ။ (ငလူးပဲ။)
ဒီလောက်ထိ ကြိုးကြိုးစားစား သရုပ်ဆောင် ခဲ့ရတာတွေ အားလုံး အလကား ဖြစ်သွားပြီ။ ဘာမှလဲ မပြောင်းလဲဘူး။
“ဖန်ကျန်းရှီ မင်းငါတို့ ပြောတာကို ကြားရဲ့လား။ မင်းမကြားရင် ထပ်ပြေမယ်။ ဒီတစ်ခေါက် သေချာ နားထောင်။” မော့ရှန်းရှီ ချက်ခြင်း သတိ ပြန်ဝင်လာပြီး ဒေါသကို မျိုချရင်း ပြောတော့တယ်။
“ငါ ကောင်းကောင်း ကြားပါတယ်။” ဖန်ကျန်းရှီ စကားကို ဖြတ်ပြောတယ်။
“အကုန် ကြားတာတောင် ဘာဖြစ်လို့ ပင်းယန်ကို ပို့ချင် နေသေးတာလဲ။ မင်းဘာတွေ နားထောင် နေတာလဲ။” မော့ရှန်းရှီ မယုံနိုင် ခဲ့ဘူး။
“အားလုံး ရှင်းရှင်းလင်းလင်း ကြားတယ်လေ။ ခုနက ပြောထားတယ် မလား။ ပင်းယန်နဲ့ ကုယွိအန်းကို နှိုင်းယှဉ်ကြည့်ပြီး ဆုံးဖြတ်ဆို။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။
“..” မော့ရှန်းရှီရဲ့ မျက်နှာက စိမ်းဖန့်နေ ခဲ့ပြီ။ အကယ်၍ သူသာ အသက် ၁၀၀ နားကပ်နေတဲ့ မုတ်ဆိတ်ဖြူ အဖိုးကြီး မဟုတ်ခဲ့ရင် သေချာပေါက် ခေါင်းအစ ခြေအဆုံး ကျောက်စိမ်း ရုပ်တုကြီး တစ်ခုနဲ့ တူနေလိမ့်မယ်။
မိုးနတ်မင်းရေ ဘာတွေ ဖြစ်ကုန်တာလဲ။ လူတွေကြားက ယုံကြည်မှုနဲ့ ကြိုးစား အားထုတ်မှုရဲ့ သက်ရောက်မှုက ဘယ်ရောက် သွားတာလဲ။ ဒီလောက် အများကြီး ပြောတာတောင် ဒီကောင်က တစ်ခွန်းပဲ ကြားတာလား။
မော့ရှန်းရှီ အရမ်းကို ဒေါသ ထွက်နေခဲ့တယ်။ မုချင်းဖန်းကတော့ မော့ရှန်းရှီလို စိမ်းဖန်က မနေပဲ ခေါင်းအစ ခြေအဆုံး မည်းမှောင် သွားခဲ့တယ်။ စကား စတည်းက မော့ရှန်းရှီ ဆူပူတာကို သူခံခဲ့ ရတယ်လေ။
သူ့တစ်ဘဝလုံးစာ ဆူပူ ခံရတာထက်တောင် မော့ရှန်းရှီ ဆူတာက ပိုများအုန်းမယ်။ သူဒီလောက် သည်းခံ ခဲ့တာတောင် ရလဒ်က မကောင်းခဲ့ဘူး။
“ကောင်းပြီ။ တောင်ကြား သခင်မော့နဲ့ ခန်းမခေါင်းဆောင်မုတို့ မငြင်းကြဘူး ဆိုမှတော့၊ တတိယ အချီကို ငါ၊ ရန်ရွှယ်၊ ရန်ချန်လိနဲ့ ပင်းယန်တို့ ဝင်ပြိုင်မယ်။” ဖန်ကျန်းရှီက မော့ရှန်းရှီနဲ့ မုချင်းဖန်းကို ကြည့်ရင်း ပျော်ပျော်ကြီး ပြောလိုကတော့တယ်။
မော့ရှန်းရှီရဲ့ မျက်နှာက ကျောက်စိမ်းထက်တောင် စိမ်းနေခဲ့ပြီ။ မုချင်းဖန်းကတော့ ကမ္ဘာ့ အခါးဆုံး ဆေးကို သောက်ထား ရတဲ့ အတိုင်း အီလည်လည် ဖြစ်နေခဲ့တယ်။ သူတို့တွေ ပါးစပ် ပိတ်ထား ရင်းနဲ့သာ သည်းခံ နေခဲ့ကြတယ်။
“…” လူသား မဟာမိတ် တပည့်သားတွေလဲ ဘာမှ မပြောနိုင်တော့ဘူး။
ဒီသုံးယောက်စလုံး ပါးစပ် ပိတ်သွားတဲ့ အထိ သူတို့ ငြိမ်ငြိမ်လေး တစ်ခွန်းမှ မဟပဲ စောင့်ခဲ့ ကြပေမယ့်၊ ရလဒ်ကတော့ မပြောင်းလဲ ခဲ့ဘူးလေ။
“ကျေးဇူး တင်ပါတယ် ဦးလေးရန်။” ရန်ချန်လိကို ဖန်ကျန်းရှီ ဦးညွှတ်တယ်။
“ကိစ္စ မရှိပါဘူး။ ငါက အသက်ကြီး နေပင်မယ့်၊ တိုက်ခိုက် နိုင်ပါသေးတယ်။ တိုက်ပွဲမှာ ငါ့ကို ညှာနေစရာ မလိုဘူး။” ရန်ချန်လိက အတော်လေး စိတ်လှုပ်ရှား နေခဲ့တယ်။ တစ်ဘဝလုံး စစ်သည်တော် အဖြစ် သူတိုက်ခိုက် ခဲ့တယ်။ အနောက်လျန် ပြည်နယ်ကို စောင့်ကြပ်ရင်း မင်းသားရန် ဘွဲ့ကို ခံယူပြီး အနာဂတ်ကောင်းကို ပိုင်ဆိုင်ခဲ့တယ်။
သုခမိန် ဖြစ်လာပြီးနောက် သူ့ဘဝရဲ့ အနိမ့်ကျဆုံး အချိန်တွေကို ဖြတ်သန်း ခဲ့ပြန်တယ်။ အင်အားကြီးသူက သစ်တောနဲ့ တူညီရင်၊ သုခမိန် အဆင့်ကတော့ တိမ်စိုင် တစ်ခုလိုပဲ။ ထိပ်ဆုံး အဆင့်ကို ရောက်ဖို့ အတွက် သူအကြိမ်ကြိမ် မျှော်လင့် ကြိုးစား ခဲ့တယ်။
ဒီနေ့တော့ အားလုံး ရှေ့မှာ လူသား မျိုးနွယ်ရဲ့ အနာဂတ် အတွက် သူရပ်တည် နိုင်ခဲ့ပြီ။ တတိယ အချီကို တိုက်ခိုက် ရတော့မယ်။ သေသွားရင်တောင် နာမည်က မှတ်ကျောက်တင် ခံရမှာ ဖြစ်လို့ နောင်တ မရတော့ဘူး။
အပိုင်း (၉၉၉) ပြီး၏။
အပိုင်း (၁၀၀၀)
“တာအို ငါးခု ပေါင်းစည်း သတ်ဖြတ်ခြင်း။”
ရှေးဆိုရိုစကား ရှိတဲ့ အတိုင်း (သေခြင်းတရားက ငှက်မွှေး တစ်ချောင်းလို ပေါ့ပါးနိုင်သလို တောင်တစ်လုံး တမျှလဲ
လေးလံနိုင်တယ်။)
ရန်ချန်လိက သေရမှာကို ကြောက်တဲ့သူ မဟုတ်ဘူး။ အကြောင်း အရင်း ရေရေရာရာ မရှိပဲ အလကား သေဆုံး ရမှာကိုသာ သူကြောက်တယ်။ ဒါကြောင့် တတိယ အချီမှာ ဖန်ကျန်းရှီ တိုက်ခိုက် ခိုင်းတာကို ဘယ်လိုများ ငြင်းပယ် နိုင်မှာလဲ။
မငြင်းပယ် ရုံတင် မကဘူး။ သူ့ကို အသိအမှတ် ပြုပေးတယ် လို့တောင် ခံစားမိတယ်။
“နတ်သခင် အဆင့် ပညာရှင်တဲ့လား။ ငါ ရန်ချန်လိကတော့ မကြောက်ဘူး။” ရန်ချန်လိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ဖန်ကျန်းရှီ ဆီကို လျှောက်လာ ခဲ့တယ်။
ပင်းယန်ကတော့ ဖန်ကျန်းရှီ အနားကိုေ ရာက်နေခဲ့ပြီ။ သူမ စိတ်လှုပ်ရှား နေသလို စိတ်လဲ ရှုပ်ထွေး နေခဲ့တယ်။
ဖန်ကျန်းရှီရဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုကြောင့် စိတ်လှုပ်ရှား နေပင်မယ့်၊ ဘာကြောင့် ဆုံးဖြတ်လဲ ဆိုတာကို သူမ နားမလည် နိုင်ခဲ့ဘူး။ နောက်ဆုံးတော့လဲ သူမက ကုယွိအန်းလို အင်အား မကြီးသူလေ။
ကုယွိအန်းကတော့ ကူကယ်ရာ မဲ့နေခဲ့တယ်။ ဒါပေမယ့် မုချင်းဖန်းနဲ့ မော့ရှန်းရှီတောင် ဘာမှ မပြောမှတော့ သူလဲ နောက်ပြန် ဆုတ်သွား ခဲ့ရတော့တယ်။
တတိယ အချီရဲ့ ပြိုင်ပွဲဝင်တွေကို အတည်ပြုပြီး သွားခဲ့ပြီ။ လူသား မဟာမိတ် ဘက်မှာတော့ ဖန်ကျန်းရှီ၊ ရန်ရွှယ်၊ ရန်ချန်လိနဲ့ ပင်းယန်တို့ ရှိနေတယ်။ တစ်ဖက်မှာတော့ ချိုးချီ၊ လင်းယွိ၊ လင်းနဉ်နဲ့ နောက်ထပ် မိစ္ဆာ ဘုရင်တစ်ယောက်။
မိစ္ဆာ မျိုးနွယ်နဲ့ နတ်ဆိုး မျိုးနွယ်တွေက ပင်းယန်နဲ့ ရန်ချန်လိ ထွက်လာတာကို မြင်ချိန်မှာတော့ အံ့သြ ကုန်ကြတော့တယ်။ သူတို့တွေက လူသား မဟာမိတ် တပ်ဖွဲ့ထဲမှာ အင်အား အကြီးဆုံး သူတွေ မဟုတ်ကြဘူးလေ။ ဘာဖြစ်လို့ ဒီနှစ်ယောက်ကို လွှတ်ရတာလဲ။
နန်ကုန်းမုတောင်မှ မျက်မှောင်ကြုတ် သွားခဲ့တယ်။ ရန်ချန်လိနဲ့ ရန်ရွှယ်ကို သူမအံ့သြ ပေမယ့်၊ ပင်းယန်ကတော့ ချွင်းချက် ဖြစ်နေခဲ့တယ်။
“ဒီကောင် တကယ်ပဲ ဒီလောက် ယုံကြည်ချက် ရှိနေတာလား။” နန်ကုန်းမုကတော့ ဖန်ကျန်းရှီ သူ့ကို အထင်သေးနေသလို ခံစား မိလိုက်တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ အတွေးတွေကို ပြန်ဖိနှိပ်တယ်။ ဖန်ကျန်းရှီက အလောတကြီး ဆုံးဖြတ်ချက် ချတာ မဟုတ်မှန်း သူသိနေ ခဲ့လို့ပဲ။
“ငါတို့ အခု စလို့ ရပြီလား။” နန်ကုန်းမု မေးလိုက်တယ်။
“ရပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း နောက်တစ်လှမ်း ဆုတ်လိုက်တယ်။ အဓိက နေရာကို ပင်းယန်ဆီ ပေးတယ်။
“…” လူသား မဟာမိတ် တပည့်သားတွေ အားလုံး ချက်ခြင်း ဆွံ့အ သွားတော့တယ်။
“…” မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေလဲ ဖန်ကျန်းရှီ ဘာလုပ်ချင်နေမှန်း မသိကြတော့ဘူး။
ဖန်ကျန်းရှီ နောက်တစ်လှမ်း ဆုတ်ပြီး သွားချိန်မှာပဲ တူသဏ္ဍာန် ဗျူဟာတစ်ခု ပေါ်လာတော့တယ်။ ပင်းယန်က အလယ်တည့်တည့်မှာ ရှိနေတယ်။ ရန်ချန်လိနဲ့ ရန်ရွှယ်က ပင်းယန်ရဲ့ ဘယ်ညာ နှစ်ဖက်မှာ ရှိနေပြီ။
အင်အား အကြီးဆုံး ဖန်ကျန်းရှီကတော့ ပင်းယန်ရဲ့ အနောက် တစ်ပေ အကွာမှာ ရှိနေတယ်။ ပင်းယန်ကို ထိုးဖောက် တိုက်ခိုက်ဖို့ အဓိက နေရာ ပေးထားတာနဲ့ အတူတူပဲ။
“ဖန်ကျန်းရှီ ဘာတွေ လုပ်နေတာလဲ။”
“ပင်းယန်ကို ရှေ့ပို့ ထားရုံတင် မကဘူး။ အလယ်တည့်တည့်လဲ ထားထား သေးတယ်။ ဒါက သေတွင်းထဲ တွန်းပို့ နေတာနဲ့ အတူတူပဲ မဟုတ်လား။”
“ဟုတ်တယ်။ သူတို့ ပင်းယန် ဘေးမှာ ပတ်ချာလည် လှည့်ပြီး တိုက်ခိုက် နေရင်တော့ မသိဘူး။”
လူသား မဟာမိတ် တပည့်သားတွေကတော့ သူတို့ ခံစားချက်တွေကို ဘယ်လို ဖော်ပြရမယ် မှန်းတောင် မသိတော့ဘူး။ ဖန်ကျန်းရှီနဲ့ ပင်းယန် နေရာ လဲသင့်တယ်လို့ သူတို့ တွေးမိကြတယ်။
ဒါ့အပြင် ချိုးချီနဲ့ လင်းယွိက ပင်းယန်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေခဲ့တယ်။ ဒီဗျူဟာ အရ ဆိုရင် ပင်းယန်က နတ်သခင် နှစ်ယောက်နဲ့ တိုက်ခိုက်ရမယ့် ပုံစံ ဖြစ်နေခဲ့ပြီ။
“ဒီဗျူဟာက ထူးဆန်းနေတယ်။” လင်းယွိရဲ့ အေးစက်စက် မျက်ဝန်းတွေက တောက်ပလာတယ်။ ပင်းယန် နောက်မှာ ပုန်းနေတဲ့ ဖန်ကျန်းရှီကို သူလှမ်းကြည့်တယ်။
“အမှန်ပဲ။” နန်ကုန်းမု ခေါင်းငြိမ့် လိုက်မိတယ်။
“ဒီကောင် ငါတို့ကို စိတ်ရှုပ်ထွေးအောင် လုပ်ချင် နေတာလား။ ဒါတွေ ဂရုမစိုက်နိုင်ဘူး။ အဖိုးကြီးနဲ့ ရန်ရွှယ်ကို အရင်ဆုံး တိုက်ခိုက် ရမယ်။ ပြီးတော့မှ ဖန်ကျန်းရှီကို အလဲထိုးမယ်။ အရှင်ရော ဘယ်လို မြင်ပါသလဲ။” လင်းယွိ ပြောပြန်တယ်။
နန်ကုန်းမုကတော့ လင်းယွိကို ချက်ခြင်း ပြန်မဖြေခဲ့ဘူး။ သူ့မူလ အစီအစဉ် အရ ဖန်ကျန်းရှီကို ကိုယ်တိုင် အနိုင်ယူဖို့ ကြံစည် ထားလို့ပဲ။ ကျန်တဲ့ သုံးယောက်ကိုတော့ လင်းယွိနဲ့ မိစ္ဆာ ဘုရင်တွေ ကိုင်တွယ် လိမ့်မယ်။
ဒါပေမယ့် ဖန်ကျန်းရှီက ပင်းယန် နောက်ကို ရောက်သွားပြီ တိုက်ခိုက်ဖို့ စိတ်ကူး ရှိမနေတဲ့ အတွက် သူဒွိဟ ဖြစ်နေ ရပြီ။ အကယ်၍ ဖန်ကျန်းရှီကို တိုက်ခိုက်ချင်ရင်၊ ပင်းယန်ကို အရင်ဆုံး အနိုင်ယူရမယ်။ သူတို့တွေ ဘာများ ကြံထား ကြတာလဲ။
နန်ကုန်းမု တွေးနေ ချိန်မှာပဲ ပင်းယန်က သူ့ထက် ပိုပြီး စိတ်မရှည် နိုင်တာကို နားလည် သွားခဲ့တယ်။ သူမ ချက်ခြင်း ပြေးဝင်လာတယ်။
“တိုက်ခိုက်ကြ။ မိစ္ဆာနဲ့ နတ်ဆိုးတွေ အားလုံးကို ငါသတ်ပြစ်မယ်။”
“…”
လူသား မဟာမိတ် တပည့်သားတွေကတော့ တကိုယ်လုံး မီးတောက်တွေ တောက်လောင်နေတဲ့ ပင်းယန်ကို ကြည့်ရင်း မျက်လုံး ပြူးနေကြတယ်။ ဒါက တကယ့်ကို မယုံနိုင်စရာ မြင်ကွင်းပဲ။ သုခမိန် အဆင့်ကို တက်လှမ်းကာစ ပင်းယန်က နတ်သခင် နှစ်ယောက်ကို အရင်ဆုံး တိုက်ခိုက် နေခဲ့ပြီ။
သူမက ကျောက်တုံးကို ကြက်ဥနဲ့ သွားပေါက် နေသလိုပဲ။
“သွားသေလိုက်လေ။” နန်ကုန်းမု ပြန်မဖြေခင် လင်းယွိ အရင် လှုပ်ရှားတယ်။ သူ့ဆီ ပြေးဝင် လာနေမှတော့ ဘယ်လိုလုပ် သူသည်းခံ မှာလဲ။
အေးစက်စက် လေလှိုင်းတွေ ထွက်ပေါ် လာပြီးနောက် အင်အားကြီး စက်ကွင်း တစ်ခုလဲ ဖြစ်ပေါ် လာတယ်။ အပြာရောင် ဓားရှည် တစ်လက်က လေလှိုင်း အလယ်မှာ ထွက်ပေါ်လာခဲ့တယ်။
ဒီအပြာရောင် ဓားကြီးက ဆယ်ပေကျော် ရှည်လျားတယ်။ ရေခဲပြာရောင် ပန်းပွင့် တွေကလဲ ဓားပတ်လည်မှာ လှည့်ပတ် ကခုန် နေသေးတယ်။
ဝူး။ ဓားရှည်ကြီးက ပင်းယန်ဆီကို ပြေးဝင်တယ်။
“သူ အသွင်ပြောင်းဖို့ လုပ်နေတာလား။” နန်ကုန်းမုက ဓားရှည်ကြီးကို ကြည့်ရင်း တွေးမိတယ်။ သူက လင်းယွိလို တိုက်ခိုက်ဖို့ စိတ်လော မနေခဲ့ဘူး။
ပင်းယန်နဲ့ လင်းယွိ တိုက်ခိုက်မှာကို ဖန်ကျန်းရှီ ခွင့်ပြုမှာ မဟုတ်မှန်း အရူးတောင် သိနိုင်တယ်။ ဒါ့အပြင် နန်ကုန်းမုက ဖန်ကျန်းရှီ အကြောင်းကို ကောင်းကောင်း သိတဲ့သူ။ ဖန်ကျန်းရှီနဲ့ ပင်းယန် နေရာချင်း လဲသွားမယ့် အချိန်ကို သူစောင့်ဆိုင်း နေတယ်။
ဒါပေမယ့် ဖန်ကျန်းရှီက မလှုပ်ရှား ခဲ့ဘူး။ ပင်းယန် နောက်ကနေ ကပ်လိုက်ရင်း သူမကို တိုက်ခိုက်ခွင့် ပြုထားခဲ့တယ်။ ရေခဲဓားကြီးက ပင်းယန် အနားကို အရမ်း နီးကပ် နေခဲ့ပြီ။ ဓားနဲ့ ထိုးမိတော့မယ့် အချိန်မှာပဲ တောက်ပတဲ့ အနီရောင် အလင်းတန်း နှစ်ခုက အပြာရောင် ဓားကြီးကို လာရောက် ရိုက်ခတ်တယ်။
ဒါကတော့ ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲမှာ တိုက်ခိုက်ရေး စွမ်းအား အကောင်းဆုံး အဇူရာ တာအိုပဲ။
ဝုန်း။
အနီရောင် အလင်းတန်းတွေ ဘယ်ညာ တိုက်ခိုက် ခံလိုက် ရတဲ့ အတွက် ဓားကြီးက အလယ်မှာ ပွင့်ထွက် သွားခဲ့တယ်။
“ငါလာပြီ။” သတ်ဖြတ်လိုစိတ် အပြည့်နဲ့ ရန်ချန်လိက တကိုယ်လုံး အနီရောင် အလင်းတန်းတွေ လွှမ်းခြုံ ထားခဲ့တယ်။ သူ့ရဲ့ မျက်လုံးနဲ့ ခန္ဒာကိုယ် အစိတ်အပိုင်း အားလုံးက ရဲရဲ နီနေခဲ့ပြီ။ ရန်ရွှယ်လဲ တူညီတဲ့ အသွင်နဲ့ အနီရောင် အလင်းတန်းတွေကို ထိန်းချုပ် နေခဲ့တယ်။ ရန်ချန်လိထက် ရန်ရွှယ်က ပိုအေးစက်ပြီး၊ ငရဲက တက်လာတဲ့ အဇူရာ နတ်မင်းတစ်ပါး ငွေရောင် ယပ်တောင်ကို ကိုင်စွဲ တိုက်ခိုက် နေသယောင် အသွင်ဆောင် နေခဲ့တယ်။
“သုံးယောက် တစ်ယောက်တဲ့လား။ အခွင့်အရေးတော့ ရပြီ။” လင်းနဉ်ဘေးက မိစ္ဆာ ဘုရင် နောက်ထပ် မစောင့်နိုင် တော့ဘူး။ ပင်းယန် ရန်ချန်လိနဲ့ ရန်ရွှယ်တို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို မြင်ချိန်မှာ သူအရမ်း စိတ်လှုပ်ရှား နေခဲ့ပြီ။
လေးယောက်ချင်း တိုက်ပွဲမှာ လင်းယွိ တစ်ယောက်တည်း သုံးယောက်ကို ရင်ဆိုင် နေတာမျိုး သူဘယ်လိုများ အဖြစ် ခံနိုင်မှလြဲ။
ဝေါင်း။
မိစ္ဆာ ဘုရင်က ဟိန်းဟောက်ရင်း ပင်းယန်ဆီ ပြေးဝင်တယ်။ သူ့လက်မောင်း နှစ်ဖက်က ကြီးမားတဲ့ ခွာကြီးတွေ အဖြစ်ကို ပြောင်းလဲ သွားပြီး ကျောမှာလဲ အနက်ရောင် တောင်ပံကြီး သုံးခု ပေါ်လာတော့တယ်။ ဒီသားရဲကောင်ကြီးက နွားရိုင်းနဲ့ အသွင် တူပေမယ့်၊ အတောင်ပံ သုံးခု ပါနေပြီး အပြာရောင် ခွာတွေကို ပိုင်ဆိုင် ထားသေးတယ်။
သူတိုက်ခိုက်တာနဲ့ မူလ အသွင်ကို ချက်ခြင်း ယူလိုက်တယ်။
မိစ္ဆာ ဘုရင်ရဲ့ အရှိန်နှုန်းက မြန်ဆန်လွန်းလို့ လေတွေတောင် တုန်ခါကုန်တယ်။ သူ့ရဲ့ ဂျိုနှစ်ချောင်းက ပင်းယန်ရဲ့ ဝမ်းဗိုက်ကို ထိုးစိုက်ဖို့ လုပ်တယ်။
“အိုက်ယား။ ငါတော့ သေတော့မှာပဲ။ ကယ်ကြပါအုန်း။” ပင်းယန်က ဒီသတ္တဝါကြီး ပြေးဝင် လာတာကို မြင်ချိန်မှာ အထိတ်တလန့်နဲ့ အော်တော့တယ်။
“အရှင် မင်းသမီး မကြောက်ပါနဲ့။ ငါရှိနေသရွေ့ မထိခိုက် စေရဘူး။” ရန်ချန်လိက ဟိန်းဟောက်ရင်း မိစ္ဆာ ဘုရင်ကို အနီရောင် လှံတစ်ချောင်းနဲ့ ထိုးစိုက် ပြစ်တယ်။
အနီရောင် လှံက မိစ္ဆာ ဘုရင်ရဲ့ နဖူးကို ထိတွေ့ သွားပင်မယ့်၊ ထိုးဖောက် မသွားခဲ့ဘူး။ သွေးနီရောင် အမှတ်အသား တစ်ခု အဖြစ်သာ ကျန်ရစ်တယ်။ အဇူရာ တာအိုက အင်အားကြီးတယ်။ ဒါပေမယ့် မိစ္ဆာ ဘုရင်ရဲ့ ခုခံစစ်က ပိုပြီး အင်အားကြီး နေခဲ့တယ်။
ဝေါင်း။ မိစ္ဆာ ဘုရင် လေမှုတ် လိုက်ချိန်မှာ ပါးစပ်ထဲကနေ အဖြူရောင် လေလှိုင်း နှစ်ခု ထွက်ပေါ် လာတယ်။ တစ်ချက်လေးမှ မတွေဝေတော့ပဲ ရန်ချန်လိကို ရှေ့ခြေထောက်တွေနဲ့ ကုတ်ဖဲ့ပြစ်ဖို့ လုပ်တယ်။
အခုချိန်မှာ ကိစ္စတွေက အလှည့်အပြောင်း ဖြစ်သွားခဲ့ပြီ။
အနီရောင် အလင်းတန်းတွေ လွှမ်းခြုံထားတဲ့ ရန်ချန်လိ သူ့ကို အပြာရောင် အလင်းတန်း တစ်ချို့ ဖုံးလွှမ်း သွားတာ မြင်လိုက်ရတယ်။ အလင်းတန်းတွေက ချက်ခြင်း ပြန်ပျောက်ကွယ် သွားပေမယ့်၊ အပြာရောင် အငွေ့အသက်တွေကို မြင်တွေ့ နေရဆဲပဲ။
“မဖြစ်ဘူး။” အလင်းတန်းကို မြင်ချိန်မှာ တစ်ခုခု လွဲနေတာကို လင်းယွိ သတိ ထားမိသွားတယ်။ ဒါပေမယ့် ရန်ချန်လိနဲ့ အနီးကပ် တိုက်ခိုက် နေခဲ့တဲ့ မိစ္ဆာ ဘုရင် အတွက်တော့ နောက်ကျလွန်း သွားခဲ့ပြီ။
လင်းယွိတင် မကဘူး။ ကိစ္စတွေကို သေချာ ကြည့်နေတဲ့ နန်ကုန်းမုပါ လန့်သွား ခဲ့ရတယ်။ ပင်းယန်ကို ဖန်ကျန်းရှီ ကယ်တင်ဖို့ သူစောင့်ဆိုင်း နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ပင်းယန် အစား ရန်ချန်လိကို ကယ်တင် သွားတယ်။
“သူက ပင်းယန်ကို မကယ်ပဲ ရန်ချန်လိကို ကယ်တင်တာလား။” နန်ကုန်းမု ပါဝင် တိုက်ခိုက် ချင်ရင်တောင် နောက်ကျ သွားခဲ့ပြီ။ ဖန်ကျန်းရှီက ရန်ချန်လိ ရပ်နေတဲ့ နေရာမှာ ရောက်သွား ခဲ့ပြီ။
ဝူး။ ကောင်းကင်ကြီး တစ်ခုလုံး အရောင် ပြောင်းလဲ သွားပြီး မတူညီတဲ့ အရောင်ငါးရောင် ထွက်ပေါ် လာတယ်။ အပြာ၊ အစိမ်း၊ အနက်၊ အနီ၊ ငွေရောင်၊ အရောင် ငါးခုက ဖန်ကျန်းရှီ ခေါင်းပေါ်မှာ စုဝေးပြီး ကြီးမားတဲ့ ပြန်လည် မွေးဖွားမှု စက်ဝန်းကြီး အဖြစ်ကို ပြောင်းလဲ သွားတယ်။
ကောင်းကင် တာအို၊ သေရှင် တာအို၊ ငရဲတာအို၊ အဇူရာ တာအိုနဲ့ သရဲ တာအို။ ရှုပ်ထွေးလှတဲ့ သင်္ကေတတွေက ပြန်လည် မွေးဖွားမှု စက်ဝန်းပေါ်မှာ တောက်ပပြီး ကောင်းကင် တစ်ခွင်ကို အလင်းဖြာ နေစေခဲ့တယ်။
“အဲ့တာ ဘာကြီးလဲ။”
“ပြန်လည် မွေးဖွားမှု စက်ဝန်းနဲ့ တာအို ငါးခုလေ။”
“တာအို ငါးခုကို ပေါင်းထား တာလား။”
ဖန်ကျန်းရှီ ခေါင်းပေါ်က အလင်းတန်းကို မြင်ချိန်မှာ တပည့်သားတွေ ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြတယ်။ ဒီလို ထူးဆန်းတဲ့ အရာကို သူတို့ မြင်ဖူးတာ ပထမဆုံး အကြိမ်ပဲ။
“ဒီတော့ ဒီကောင်စုတ်လေးက ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုမှာ ငါးခုကို ကျွမ်းကျင် သွားပြီပေါ့။” မုချင်းဖန်း အရမ်းကို အထိတ်တလန့်နဲ့ ပြောနေမိတယ်။
ကောင်းကင် တာအို ခန်းမ တိုက်ပွဲမှာ ဒါကို သူမြင်ဖူး ခဲ့တယ်။
အဲ့ဒီ့ အချိန်တုန်းက တာအို သုံးခုကိုသာ ဖန်ကျန်းရှီ တတ်ကျွမ်း ထားတဲ့ အတွက် ဒီလောက် ကြောက်စရာ မကောင်းသေးဘူး။
သူ့မှာ လောကကို ထိတ်လန့်စေတဲ့ အစွမ်း ရှိတာတော့ အမှန်ပဲ။ တာအို ငါးခုကို တတ်မြောက်ကျွမ်းကျင်ထားတဲ့ ဖန်ကျန်းရှီက လောကထိပ်ဆုံးမှာ ရပ်တည် နေခဲ့ပြီ။ နတ်သခင်တွေကိုလဲ တိုက်ခိုက်နိုင်တဲ့ စွမ်းအားလဲ ရှိနေပြီးပြီ။
အတိတ်ကို ပြန်တွေး ကြည့်နေရင်း မုချင်းဖန်း စိတ်ခံစားချက်တွေ ရှုပ်ထွေး လာတော့တယ်။ အရာ အားလုံးက ကြမ္မာရေး ထားတဲ့ အတိုင်းပဲ။ အခုချိန်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ။ ဖန်ကျန်းရှီက လူတိုင်းကို ကြောက်လန့် စေတဲ့ အထိ အင်အားကြီးေ နခဲ့ပြီ။
ဝူး။ ပြန်လည် မွေးဖွားမှု စက်ကွင်းက ဖန်ကျန်းရှီရဲ့ လက်ထဲကို ကျဆင်း လာပြီး အနီရောင် ဓားရှည် တစ်လက် အဖြစ် အသွင်ပြောင်း သွားခဲ့တယ်။
ဖန်ကျန်းရှီက အဇူရာ တာအိုကို ဓားတစ်လက် ဖြစ်အောင် အသွင်ပြောင်း လိုက်တယ်။ ဒါပေမယ့် အဇူရာ တာအိုတင် မကပဲ တခြား တာအိုတွေကိုပါ ပေါင်းစပ် ထားတယ်။ တစ်ခွန်းတည်း ပြောရမယ် ဆိုရင် အံ့သြတုန်လှုပ်စရာ ပေါင်းစည်းမှုပဲ။
“သေပေရော့။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းထဲမှာ ပြန်လည် မွေးဖွားမှု စက်ကွင်းက ဆက်တိုက် လှည့်ပတ် နေခဲ့တယ်။ အခုလို ရှားပါး အခွင့်အရေးမှာ သူက တစ်ချက်လေးတောင် မညှာတာ ခဲ့ဘူး။
အနီရောင်ဓားက မိစ္ဆာ ဘုရင်ရဲ့ နဖူး တည့်တည့်ကို ကျရောက် လာပြန်တယ်။ ရန်ချန်လိ ထိုးစိုက်ခဲ့တဲ့ နေရာနဲ့ အတိအကျ တူညီ နေပင်မယ့်၊ ဓားကတော့ ဖောက်ထွက် သွားခဲ့တယ်။
ဘန်း။ လက်သည်းတွေက ဖန်ကျန်းရှီ ပေါ်ကို ကျရောက် လာပေမယ့်၊ တိုက်ခိုက်မှုက အားနည်းလွန်းလို့ ဂရုစိုက် စရာတောင် မလိုခဲ့ဘူး။ မိစ္ဆာ ဘုရင်က သူ့ခေါင်းကို ထိုးဖောက် ခံလိုက် ရတဲ့ အတွက် ပြစ်မှတ်ကို လွဲချော် သွားခဲ့တယ်။
မိစ္ဆာ ဘုရင် နောက်ဆုတ် ချင်ပေမယ့်၊ သူ့မှာ လွတ်လမ်း မရှိတော့ဘူး။ ပြင်းထန်တဲ့ အင်အားက သူ့ခန္ဒာကိုယ်ကို မြေပြင်ဆီ ဆွဲချ သွားတယ်။ သံကြိုးတစ်ချို့ကလဲ သူ့ခန္ဒာကိုယ်ကို ချည်နှောင် ထားခဲ့ပြီ။
ဒီတိုက်ပွဲမှာ အားလုံးက အစွမ်းကုန် တိုက်ခိုက် နေကြတယ်။ လူသား မျိုးနွယ်ရဲ့ အနာဂတ် အတွက် အားလုံးက အားစိုက် ထားတယ်။ ဖန်ကျန်းရှီက သတ်ဖြတ်ဖို့ သဘောကျတဲ့သူ မဟုတ်ပေမယ့်၊ အခုလို အချိန်မှာ သနား ညှာတာနေလို့ မဖြစ်နိုင်ဘူး။
ဓားရှည်ကြီးက မိစ္ဆာ ဘုရင်ရဲ့ ခေါင်းကို ဖောက်ခွဲ ပြစ်လိုက်တယ်။ များပြားလှတဲ့ အနီရောင် အလင်းတန်းတွေက လေထဲကို ပျံဝဲရင်း တက်လာ ခဲ့ပြီ။ နတ်ဆိုး ကျောင်းတော်ရဲ့ အဓိက စွမ်းအား ဓားသိန်းသန်းချီ အနုပညာ။
မိစ္ဆာ ဘုရင်ရဲ့ ခေါင်းက အပိုင်းပိုင်း အစစ ဖြစ်သွားပြီး ခန္ဒာကိုယ်ကလဲ ဓားထောင်ချီရဲ့ တိုက်ခိုက်မှုကြောင့် နေရာ အနှံ့ကို လွင့်စင် သွားတော့တယ်။
“ဒီကောင် တကယ့်ကို အညှာအတာ ကင်းတာပဲ။” လင်းယွိတောင် ဒါကို မြင်ချိန်မှာ ကျောထဲ စိမ့်ချမ်း သွားခဲ့တယ်။ ဒီတိုက်ပွဲက အထိအခိုက် များမယ်မှန်း သူသိပေမယ့်၊ ဒီလောက် မြန်မြန် သေဆုံးမှုကို ကြုံရမယ်လို့ ထင်မထားခဲ့ဘူး။
အင်အားကြီး မိစ္ဆာ ဘုရင် တစ်ယောက်က တိုက်ပွဲ စစချင်းမှာ သေဆုံး သွားခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ ဗျူဟာက ထောင်ချောက်ကြီး တစ်ခု ဖြစ်နေမှန်း လင်းယွိ တွေးမိတယ်။
ပင်းယန်ကို ငါးစာအဖြစ် သုံးပြီး ပြိုင်ဘက်ကို မျှားခေါ်တယ်။ အခွင့်အရေးကို အသုံးချပြီး ပြိုင်ဘက်ကို သတ်ဖြတ်တယ်။
“ငါ နားလည်ပြီ။ ဖန်ကျန်းရှီ မင်းက တကယ့်ကို ဗျူဟာ ကောင်းကောင်း ခင်းထားတာပဲ။” နန်ကုန်းမုလဲ မိစ္ဆာ ဘုရင်ကို ကြည့်ရင်း နားလည် သွားခဲ့တယ်။
ဖန်ကျန်းရှီရဲ့ ဗျူဟာကို လူတစ်ယောက် အဖြစ် တွေးကြည့်လိုက်ရင်၊ ဓားနှစ်လက်ကို လက်နှစ်ဖက်မှာ ကိုင်ထားပြီး ခန္ဒာကိုယ်ကို လှစ်ဟ ပြထားတဲ့ အသွင်ကို မြင်ရတယ်။
အားလုံးက ဒါကို မြင်တာနဲ့ ခန္ဒာကိုယ်ကို တိုက်ခိုက် ကြမှာပဲ။ ခန္ဒာကိုယ်ကို တိုက်ခိုက် မိတာနဲ့ ဓားနှစ်လက်က နောက်ကျောဘက် ရောက်နှင့် ပြီးသား ဖြစ်နေတာကို နားလည် သွားလိမ့်မယ်။
“ဒီကောင်စုတ်က ငါတို့ တွေးထားတာထက် ပိုပြီး အင်အား ကြီး နေတာပဲ။ အင်အားကြီးတဲ့ အပြင် အကြံအစည်ကလဲ ကောင်းသေးတယ်။ သူ့အစီအစဉ်ကို ငါတို့ မှန်းလို့တောင် မရဘူး။” မော့ရှန်းရှီ ဒါမျိုးကို ကိုယ်တိုင် မမြင်ရရင် တွေးတောင် တွေးကြည့် နိုင်မှာ မဟုတ်ဘူး။ မြန်ဆန်ပြီး ထက်မြက်လွန်းလို့ စိတ်ထဲမှာ အံ့သြ နေခဲ့ရတယ်။
အပိုင်း (၁၀၀၀) ပြီး၏။