← Chapters

အခန်း (၁၂၂)

Vol. 9 Ch. 122

အခန်း (၁၂၂)

Vol. 9 Ch. 122

ရွှမ်ယီ ပြုံးလိုက်၏။

သူလည်း ပထမအဆင့်မှစကာ တဆင့်ခြင်း ‌သန့်စင်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

စိတ်ဝိညာဉ်ကြည်လင်ခြင်း ဆေးလုံးအားသန့်စင်ပြီးချိန်တွင် သူက ဒန်ချင်ဇီ၏ ဆေးသန့်စင်ခြင်းနည်းလမ်းအား ပို၍ အကျွမ်းတ၀င်ရှိလာခဲ့၏။ ထို လုပ်ငန်းစဉ်များ နည်းလမ်းများနှင့် ပို၍ ရင်းနှီးလာစေရန် များများလေ့ကျင့်ရန်လိုအပ်နေပုံပင်။

ပြိုင်ပွဲနှင့် ပတ်သက်၍မူ…

သူ့တွင် ဒန်ချင်ဇီ၏ ဆေးလုံးသန့်စင်ခြင်း နည်းလမ်များ ဗဟုသုတများ အပြည့်ရှိ၏။ ရွှမ်ယီက ယောင်ယောင်လေးပြုံးလိုက်သည်။

“ စိတ်ဝိညာဉ်ကြည်လင်ခြင်းဆေးလုံးနဲ့ စကြတာပေါ့…”

ကိုင်လင်းအာက ယုံကြည်မှုအပြည့်ရှိနေသော လေသံဖြင့်ပြောလိုက်၏။ သူမက မှော်ဆေးပညာ၌ ပါရမီရှင်တစ်ဦးဖြစ်သည့်အပြင် မှော်ဆေးပညာရှင်အစည်းအရုံး၏ အကြီးအကဲဖြစ်သူ ဆေးဘုရင် ဒန်ယွမ်၏ တပည့်တစ်ဦးလည်းဖြစ်သည်။

အဆင့်(၅) မှော်ဆေးပညာရှင်..

ထိုကဲ့သို့အဆင့်က ကောင်းကင်ဒေသ၌ပင် တစ်ယောက်သာရှိ၏။ ဒန်ယွမ်က ဘုရင်အဆင့်ကျင့်ကြံသူမဟုတ်သော်လည်း ဘုရင်အဆင့်ကျင့်ကြံသူပင်လျှင် သူ့အား လေးလေးစားစားဆက်ဆံရသည်။

စိတ်ဝိညာဉ်ကြည်လင်ခြင်းဆေးလုံးက သန့်စင်ရန် လွယ်ကူသော ဆေးတစ်မျိုးဖြစ်၏။

“ ကောင်းပြီလေ..”

ရွှမ်ယီကလည်း လက်ခံလိုက်သည်။

ကိုင်လင်းအာက လက်ဟန်မျိုးစုံလုပ်၍ မှော်ဂါထာများ အဆက်မပြတ်ရွတ်ဆိုလိုက်၏။ များစွာသော စိတ်ဝိညာဉ်ဆေးပစ္စည်းများက မီးဖိုအတွင်းသို့ တန်းစီ၍ အစဉ်လိုက်၀င်သွားခဲ့သည်။ ၎င်းတို့အား မြေမီးတောင်နှင့် သန့်စင်လိုက်ပြီး အဓိက အနှစ်သာရ အပိုင်းများသာ ကျန်ခဲ့၏။ မြေမီးတောက်၏ အရောင်ပြောင်းသွားပြီး မီးရှိန်လျော့ကျသွားသည်။

အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက်..

ဒန်…

ရွှစ်..

ကိုင်လင်းအာက သူမ၏ လက်ကိုဝှေ့ယမ်းလိုက်သည်။ ဆေးမီးဖိုအတွင်းမှ အလွန်မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာ၏။ ဆေးလုံး၏ အရောင်က ကောင်းမွန်သည့် အထဲတွင်ပါ၀င်သည်။ ဆေးမီးဖိုအတွင်း၌ အဆင့်(၁) စိတ်ဝိညာဉ်ကြည်လင်ခြင်း ဆေး(၆)လုံးရှိနေ၏။

သူမက ဂုဏ်ယူနေဟန်ဖြင့် ရွှမ်ယီဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။

“ ဟဟ..”

ရွှမ်ယီက ပြုံးလိုက်ပြီး သူ၏ လက်အားဝှေ့ယမ်းလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များက စီးကြောင်းများအဖြစ်ပြောင်းလဲသွားပြီး လိုအပ်သော စိတ်ဝိညာဉ်ဆေးပစ္စည်းများအား ဆေးမီဖိုအတွင်း ထည့်သွင်းလိုက်၏။

သို့သော် အလင်းပြာမြက်နှင့် နက်နဲဝိညာဉ်ဆေးပင်တို့အား ရွှမ်ယီ အသုံးပြုပုံက ကိုင်လင်းအာနှင့်မတူသဖြင့် ကြည့်နေသော လူတိုင်းကို စိတ်ရှုပ်သွားစေခဲ့သည်။

“ သူ ဆေးလုံးသန့်စင်တာကျရှုံးသွားပြီမဟုတ်လား…”

“ ဘာလို့ဆက်လုပ်နေသေးတာလဲ..”

“ အရမ်းခေါင်းမာတာပဲဖြစ်ရမယ်…”

ရွှမ်ယီက ပတ်၀န်းကျင်မှစကားသံများအား ခေါင်းထဲပင် မထည့်ချေ။ သူက အသာအယာပြုံးလိုက်ပြီး မှတ်ညာဏ်ထဲမှ လုပ်နည်းလုပ်ဟန်များအတိုင်း ဆောင်ရွက်ရင်း လုပ်ငန်းစဉ်များနှင့် ပို၍ ရင်းနှီးလာခဲ့သည်။

သူ၏ နှလုံးသားက ကန်ရေပြင်အလား ကြည်လင်တည်ငြိမ်နေ၏။

မိနစ်အနည်းငယ်ခန့်ကြာသွားသော်

ဒန်…!

ရွှပ်..

ဆေးမီးဖို၏ အဖုံးအား ဖွင့်လိုက်လျှင် အတွင်းမှ အလင်းတန်းများပေါ်ထွက်လာခဲ့ပြီး အမွှေးနံ့က မီတာ(၁၀၀)အထိအောင် ပျံ့နှံ့သွားခဲ့သည်။

“ ရော့..ကြည့်လိုက်…”

ရွှမ်ယီက အပြုံးတစ်ခုဖြင့် လက်တွင်းမှ ဆေး(၉)လုံးအား ကိုင်လင်းအာထံပေးလိုက်၏။

ကိုင်လင်းအာတစ်ယောက် သံသယများပြည့်နှက်နေခဲ့ပြီး ရွှမ်ယီပေးသည့် ဆေး(၉)လုံးအား မျက်မှောင်ကြုတ်ကာ ဂရုတစိုက်ကြည့်လိုက်သည်။

အမှန်တွင် သေချာကြည့်စရာပင်မလိုအပ်ချေ။ ထို ရွှမ်ယီက ဆေးသန့်စင်ရာ၌ သူမမမြင်ဖူး မကြားဖူးသည့် နည်းလမ်းများအားသုံးသွားခဲ့သည်။ ဆေးမီးဖိုတစ်ခုတည်း၌ စိတ်ဝိညာဉ်ကြည်လင်ခြင်းဆေး (၉)လုံးအထိ ဖော်စပ်ခဲ့ပြီး ၎င်းတို့ထံ၌ သန့်စင်သော အလင်းဖျော့ဖျော့လေးရှိနေ၏။ ဤသည်က အဆင့်(၂) ဆေးလုံးများ၌သာ ရှိနိုင်သော လက္ခဏာဖြစ်သည်။

“ ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…”

ကိုင်လင်းအာ၏ နှလုံးသားတစ်ခုလုံးတုန်ခါသွားခဲ့ပြီး သူမ၏ မျက်ခုံးနှစ်ဖက်က ထိစပ်လုနီးပါး ဖြစ်နေခဲ့သည်။ ဤကိစ္စက သူမ၏ တွေးတောနိုင်စွမ်းထက် ကျော်လွန်နေ၏။

ရွှမ်ယီ သုံးသွားသည်က နည်းလမ်းအမှားများဆိုသည်မှာ သေချာပေသည်။ သို့သော် သူသန့်စင်လိုက်သော ဆေးလုံးများက အဘယ်ကြောင့် သူမထက် ပို၍ အာနိသင်ကောင်းနေရသနည်း။

ရွှမ်ယီက အသာအယာပင်ပြုံးလိုက်သည်။ ထုံစံအတိုင်း မည်သည့် ရှင်းလင်းချက်မှ ပေးမည်မဟုတ်ပေ။ အဆင့်(၇) မှော်ဆေးပညာရှင် ဒန်ချင်ဇီဆိုသည်မှာ နယ်နယ်ရရပုဂ္ဂိုလ်မဟုတ်ချေ။ သူ၏ အသိအမြင် ဗဟုသုတများက ဆေးပညာ စာအုပ်များ၌ ရေးသားထားသည်ထက် ကျော်လွန်နေချေပြီ။ ဆေးလုံးများနှင့် ပတ်သက်သော အခြေခံအသိများ၌ ထိုလူကား အလွန်မြင့်မားသော အဆင့်သို့ရောက်နေခဲ့ပြီဖြစ်၏။

“ မယုံဘူး… ဆက်ပြီး ‌ပြိုင်မယ်..”

ကိုင်လင်းအာ၏ မျက်၀န်းများက ပြိုင်ဆိုင်လိုစိတ်များနှင့် တောက်ပနေပြီး နောက်တစ်ချီသို့သွားရန် စိန်ခေါ်လိုက်၏။

ဤတစ်ကြိမ်တွင် အဆင့်(၂)ဆေးလုံးဖြစ်သည်။

ဘုန်း..

သူမ၏ လက်အားပင့်တင်လိုက်လျှင် ကြီးမားသော ဆေးမီးဖိုကြီးက လေထဲသို့ မြောက်တက်လာ၏။ ဆေးမီးဖိုအတွင်းပိုင်းရှိ မြေမီးတောက်က ထူးခြားစွာတောက်ပနေသည်။

ထိုဆေးမီဖိုကား သူမ၏ ဆရာဖြစ်သူပေးထားသည့် အဆင့်(၄) ဆေးမီးဖိုဖြစ်၏။ သာမန်အားဖြင့်ဆိုလျှင် ထိုဆေးမီးဖိုအား အသုံးပြုကာဆေး‌ဖော်စပ်လျှင် အဆင့်(၅) အောက်မှ ဆေးတိုင်းကို အာနိသင်အနည်းငယ် တိုးမြင့်သွားစေနိုင်စွမ်းရှိသည်။

အဖြေကမူ ရိုးရှင်း၏။ သူမ အလွန်လေးနက်စွာ ဆောင်ရွက်နေခြင်းဖြစ်ပေသည်။

….

ထိုအချိန်တွင် မှော်ဆေးပညာမျှော်စင် ထိပ်ဆုံးအထပ်၌ ဒန်ယွမ်၏ သီးသန့်နေရာဖြစ်သော ‌မှော်ဆေးပညာအစည်းအရုံး ခေါင်းဆောင် အခန်း၌ဖြစ်သည်။

“ ယင်ဘုရင်နဲ့ လျှိုဘုရင်.. ဟောဒီက လူအိုကြီးက ခင်ဗျားတို့ကို မကူညီပေးချင်တာ မဟုတ်ဘူး.. ခင်ဗျားတို့ ဘိုးဘေးရဲ့ လက္ခဏာတွေက ငရဲချီနဲ့ သက်ဆိုင်နေမှန်း ခင်ဗျားတို့လည်း သိပြီးသားပဲ.. ငရဲချီဆိုတာ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်လဲ.. အဲ့တာကို ကုချင်တယ်ဆိုရင် ဒဏ္ဍာရီလာ ယန်မီးတောက်ဆေးလုံးကို အသုံးပြုမှပဲရလိမ့်မယ်…”

ဒန်ယွမ်က အစိမ်းရောင်၀တ်စုံနှင့်ဖြစ်ပြီး သူ၏ မျက်၀န်းများအတွင်း၌ စိတ်မကောင်းဟန်များ ရစ်သိုင်းနေ၏။ သူက ခေါင်းကို ဖြည်းညှင်းစွာယမ်းလိုက်ရင်း

“ ကံဆိုးတာက ယန်မီးတောက်ဆေးရဲ့ ဖော်စပ်နည်းက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ပျောက်ဆုံးနေခဲ့တာပဲ.. အခုလက်ရှိ ကျုပ်တို့ မှော်ဆေးပညာမျှော်စင်မှာ ယန်မီးတောက်ဆေး ဖော်စပ်တဲ့နည်းလမ်း တစ်စိတ်တစ်ပိုင်းပဲရှိတော့တယ်.. ဘယ်လိုမှ ဖော်စပ်လို့ရမှမဟုတ်ဘူး…”

ထိုစကားများအားကြားလျှင် ဒန်ယွမ်ရှေ့၌ ထိုင်နေသောလူနှစ်ယောက်လုံး တုန်လှုပ်သွားခဲ့ကြသည်။

သူတို့တစ်ယောက်ထဲမှ တစ်ယောက်က မလိုလားဟန်ဖြင့်

“ ကောင်းကင်ဒေသရဲ့ ဆေးပညာမြင့်မြတ်နယ်မြေဖြစ်တဲ့ မှော်ဆေးပညာမျှော်စင်မှာ ဘာနည်းလမ်းမှမရှိဘူးဆိုတာ ဖြစ်နိုင်ရဲ့လား…”

ထိုလူကား လျှိုဘုရင်ဖြစ်၏။ သူ့မျက်၀န်းများက စူးရှနေပြီး လူသတ်ငွေ့များထွက်ပေါ်နေသည်။

သူတို့ဘိုးဘေး၏ အခြေအနေက တစ်နေ့တစ်ခြားပို၍ ဆိုးရွားလာနေချေပြီ။ သူတို့အနေဖြင့် အကုသနိုင်ပါက ဘိုးဘေးမရှိတော့သည့်နိုင် ဖြစ်လာမည့် အကျိုးဆက်များမှာ မှန်းဆ‌၍ပင်မရချေ။

ဒန်ယွမ်၏ မျက်နှာထက်တွင်လည်း ကူကယ်ရာမဲ့ဟန်များ အထင်းသားပေါ်လွင်နေ၏။ ထို မရင်းနှီးသော ဘုရင်အဆင့်နှစ်ယောက်နှင့် ဆက်ဆံရာတွင် အတော်လေးသတိထားနေခဲ့ရသည်။

ကောင်ကင်‌ဒေသရှိ ဘုရင်အားလုံးနီးပါး ဒန်ယွမ်ထံမှ ဆေးလုံးများကို အသုံးပြုဖူးကြသည်။ အဆင့်(၅) ဆေးဘုရင်တစ်ယောက်အနေဖြင့် သူသန့်စင်ထားသည့် ဆေးလုံးများမှာ အလွန်အဖိုးတန်လှပြီး သူထံမှ ဆေးများလိုအပ်ပါက တကူးတက ကြိုတင်မှာယူရန်လိုအပ်၏။

ကောင်းကင်ဒေသတွင် သူရှေ့မှ လူနှစ်ယောက်ကဲ့သို့ လူသတ်ငွေ့သိပ်သည်းသူများအား ဒန်ယန် တစ်ခုမှမကြုံတွေ့ဖူးချေ။ ထို ရှေ့မှ လူနှစ်ယောက်၏ လူသတ်ငွေ့များက အစိုင်အခဲဖြစ်လုနီးပါးပင်။ ဘုရင်အဆင့်မရောက်မီ လူမည်မျှသတ်ခဲ့ကြောင်း တွေးကြည့်၍ပင်မရချေ။

ထို့အပြင် ကောင်းကင်ဒေသ၌ ငရဲချီကူးစက်ခြင်းခံနေရသော ဘုရင်အဆင့်ကျင့်ကြံသူရှိသည်ဟူ၍လည်း သူသတင်းကြားမိခြင်းမရှိပေ။

ထို့ကြောင့် ဖြစ်နိုင်ချေ တစ်ခုတည်းသာရှိတော့၏။ ထိုလူများက တခြားသော ဒေသကြီးများမှဖြစ်ရပေမည်။ တောင်းပိုင်းတိုက်ကြီး၏ ထိပ်ဆုံး အဆင့်(၁၀)အတွင်း၀င်သော ဒေသမှဖြစ်နိုင်သည်။

“ အင်း.. ကျုပ်တို့လည်း ဆေးဘုရင်တော်တော်များများနဲ့ ဆုံတွေ့ခဲ့ပြီးပြီ.. ခင်ဗျားလည်း မလုပ်နိုင်ဘူးဆိုတာ ဖြစ်သင့်ပါတယ်.. ဒါနဲ့ ကျုပ်တို့ ညီအစ်ကိုနှစ်ယောက်မှာ အချိန်နည်းနည်းရသေးတယ်.. မှော်ဆေးပညာမျှော်စင်မှာ ဈေး၀ယ်ရင်း ခဏလောက်ပတ်ကြည့်ကြတာပေါ့…”

ဒန်ယွမ်က ခါးသက်စွာပြုံးလိုက်၏။ ထိုနှစ်ယောက်က သူ့အား ယုံကြည်ခြင်းမရှိကြောင်း နားလည်ပေသည်။ ထို့ကြောင့် စိတ်ကြိုက် ‌ရှာဖွေစေပြီး လက်ခံအောင်လုပ်မှရပေတော့မည်။

“ ကောင်းပြီလေ.. ဒါဆိုလည်း ကျုပ်တို့အတူတူသွားကြတာပေါ့…”

ဤသို့ဖြင့် သူတို့သုံးဦး မျှော်စင်ထိပ်ဆုံးအထပ်မှနေ၍ ဆင်းလာခဲ့ကြ၏။

All Chapters