အခန်း (၁၂၈)
Vol. 9 Ch. 128
“ ရန်မိသားစုက သူတော်စင်ဒေသမှာ ကောင်းတဲ့သတင်းနဲ့ကျော်ကြားတာမဟုတ်ဘူး… ယင်ဘုရင်နဲ့ လျိုဘုရင်က အဲ့ဒေသမှာ ယင်လျို ဘုရင်ဆိုပြီး နာမည်ကြီးတယ်…”
“ သူတို့မိသားစုမှာ လူသားဘုရင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတောင်ရှိနေပြီး ကောင်းကင်ဒေသက ထိပ်ဆုံးအင်အားစုတွေထက် ပိုသန်မာတယ်…”
“ သူတို့ဆီက ပစ္စည်းတစ်ခုကို ချက်ချင်းယူမထားလိုက်ဘူးဆိုရင်.. နောက်ကျရင် အဲ့တာက ရဖို့ အရမ်းခက်လိမ့်မယ်…”
ရွှမ်ယီက ထိုစကားများအား ကြားသောအခါ ထူးမခြားနားဟန်ဖြင့် ပြုံးလိုက်၏။
“ အဲ့ကိစ္စအတွက်ဆိုရင်တော့ အစည်းအရုံးခေါင်းဆောင် စိတ်ပူနေဖို့မလိုပါဘူး…”
“ ကျုပ်.. ရွှမ်ယီကို အခွင့်အရေးယူဖို့က အဲ့လောက်မလွယ်ဘူးလေ…”
“ သုံးလပြည့်တဲ့အခါကျရင် သူတို့မိသားစုပိုင်ဆိုင်မှု တစ်၀က်ကို ပေးမယ်လို့ကတိပေးခဲ့တယ်.. သူတို့က သုံးလ မပြည့်ခင်လာပေးရင်အကောင်းဆုံးပေါ့…”
ရွှမ်ယီ ပြုံးလိုက်သည်။
“ အဲ့လိုမှမဟုတ်ရင် သူတို့ အိမ်ရှေ့ထိ ကျုပ်ကိုယ်တိုင်သွားရလိမ့်မယ်.. အဲ့အခါကျရင်တော့ ကိစ္စက သူတို့ မိသားစုပိုင်ဆိုင်မှု တစ်၀က်လောက်နဲ့တင်ပြီးသွားမှာ မဟုတ်တော့ဘူး…”
ရွှမ်ယီ၏ စကားသံက ပတ်၀န်းကျင်မှ လူတိုင်း၏ နှလုံးသားအား ရိုက်ခတ်သွားခဲ့သည်။
…
ရွှမ်ယီက ထိုကိစ္စများအတွက် လုံး၀စိတ်မပူပေ။
သူ့အမူအရာက ထူးမခြားနားပင်။
ကောင်းကင်ဒေသမှ ထိပ်တန်းအင်အားစုများအားယှဉ်နိုင်သော ရန်မိသားစုအား အနည်းငယ်မျှပင် ကြောက်လန့်ခြင်းမရှိချေ။
“ ဒီလူ.. ဘယ်ကရတဲ့စွမ်းအားနဲ့ ဒီလောက်တောင် ယုံကြည်ချက်ပြင်းထန်နေတာလဲ…”
ကိုင်လင်းအာက မျက်နှာထက်၌ အပြုံးပင် အနည်းငယ်ပျက်ယွင်းမသွားသည့် ရွှမ်ယီအား ကြည့်နေခဲ့သည်။
…..
ဆေးပညာရှင်များအနေဖြင့် ဆေးပညာနဲ့ပတ်သက်သော သီအိုရီများ လက်တွေ့လုပ်ဆောက်ချက်များအတွက် ၎င်းတို့၏ အချိန်အားလုံးကို မြှုပ်နှံထားရမှန်း လူတိုင်းအသိပင်။
ထို့ကြောင့် သူတို့က သိုင်းပညာတာအိုဘက်တွင် ကောင်းစွာကျင့်ကြံနိုင်မည်မဟုတ်ပေ။
ရွှမ်ယီက ဤအသက်အရွယ်မျှနှင့်ပင် အဆင့်(၅)ဆေးဘုရင်အဆင့်သို့ ရောက်ရှိနေချေပြီ။
ကိုင်လင်းအာ၏အမြင်တွင် ထိုလူကား ဘ၀တစ်လျှောက်လုံး ဆေးပညာနှင့်ပတ်သက်သော လေ့လာမှုများ၌ အချိန်ဖြုန်းခဲ့ရပေမည်။ ထိုသို့မဟုတ်လျှင် ဆရာလည်းမရှိဘဲ ဤအရွယ်မျှဖြင့် အဆင့်(၅) ဆေးဘုရင်အဆင့်သို့ ရောက်ရှိနေမည်မဟုတ်ပေ။
သိုင်းတာအိုဘက်တွင်မူ ထိုရွှမ်ယီ၏ အဆင့်က အနည်းငယ်နိမ့်ကျနေနိုင်သည်။
ထိုကိစ္စအား ကိုင်လင်းအာတစ်ယောက် အတွေးထဲ၌ အလွန်သေချာနေခဲ့၏။
…..
ထို့အပြင် အဆင့်(၅) ဆေးဘုရင်ဟူသည့် ဖိအားအောက်တွင် သူမ အတော်လေးမွန်းကြပ်ခဲ့ရ၏။
၎င်းအားတွေးလိုက်မိပြီး ကိုင်လင်းအာတစ်ယောက် သက်ပြင်းချလိုက်မိသည်။
ရွှမ်ယီပေါ်မလာခင်အထိ သူမက အတောက်ပဆုံးသော လူငယ်ဆေးပညာရှင်တစ်ဦးဖြစ်ခဲ့၏။ ဆေးဘုရင်တစ်ဦး၏ တစ်ပည့်ဖြစ်သည့်အပြင် သူမကိုယ်တိုင်ကလည်း အလွန်ထူးချွန်သောကြောင့်ဖြစ်သည်။ အနာဂါတ်တွင် အဆင့်(၅) ဆေးဘုရင်ဖြစ်လာမည့်လူဟုလည်း လူအများကြီး ထင်ကြေးပေးခံထားရသူလည်းဖြစ်၏။
သို့သော် သူမသာ အဆင့်(၅) ဆေးလုံးဖော်စပ်လိုလျှင် ပါ၀င် စိတ်ဝိညာဉ်ပစ္စည်းများအား အရင်းအမြစ်များစွာသုံးပြီး ဖိနှိပ်ထိန်းသိမ်းရန်လိုအပ်သည်။
သို့သော် ရွှမ်ယီက ထိုအဆင့်များကို အသာအယာပင်လုပ်ဆောင်သွားခဲ့၏။ ဘုရင်အဆင့်(၂)ယောက်တောင်းဆိုသော အဆင့်(၅) ဆေးလုံးကိုပင် သန့်စင်ပေးနိုင်ခဲ့သည်။ ရန်မိသားစုထံမှ ရရှိမည့် အခကြေးငွေကိစ္စဘေးဖယ်ထားလျှင်ပင် ရွှမ်ယီက အစည်းအရုံခေါင်းပင် မစွမ်းဆောင်နိုင်သော ကိစ္စအား လုပ်ဆောင်နိုင်ခဲ့၏။
ထိုအချင်းအရာက ကိုင်လင်းအာ အား ရွှမ်ယီနှင့် အလွန်ကွာဟနေသလို ခံစားနေရလေသည်။
ဤ ကိုင်မိသားစုမှ ဒုတိယပုလဲလုံးလေးမှာ တစ်ချိန်က ကောင်းကင်ဒေသ၏ မြောက်ပိုင်းတွင် အတောက်ပဆုံး ဆေးပညာပါရမီရှင်လေးဖြစ်ခဲ့၏။ သို့သော် ယခုတွင် ရွှမ်ယီနှင့် နှိုင်းယှဉ်ကြည့်ပါက အလွန်နိမ့်ကျနေသည်။
“ ချီးဘဲ…”
ကိုင်လင်းအာက လက်သီးကလေးများအား တင်းကြပ်အောင်ဆုပ်ထားမိလိုက်၏။ ထို ရွှမ်ယီဆိုသည့် ငနာကောင်က အစပိုင်းတွင် လူသစ်တစ်ဦးကဲ့သို့ဖြစ်နေရသည်မှာ ကျားသားစားချင်၍ ၀က်ယောင်ဆောင်နေခြင်းသာဖြစ်ရပေမည်။
သူမက ရွှမ်ယီအား လူသစ်ဟုထင်ကာ လမ်းညွှန်ပေးခဲ့ဖူးသေး၏။ အလွန်မိုက်မဲသော ကျားဖြစ်ချေသည်။ ထို့အပြင် ထိုအကောင်က အဆင့်(၁) မှ အဆင့်(၅) အထိ တစ်ဆင့်ချင်း တိုက်ရိုက်တက်ရောက်သွားခဲ့သည်။
ထိုလူက လူတိုင်းသိကာ နာမည်ပြီးလာတော့မည်ဖြစ်၏။
သူမကတော့ သူ၏ နောက်ခံအစပြုဖြစ်တည်ရာဖြစ်ချေသည်။
ကိုင်မိသားစုမှ ဒုတိယပုလဲလုံးလေးတစ်ယောက်အနေဖြင့် မည်သည့်အခါတုံးကမှ ဤကဲ့သို့သော အခြေအနေသို့မရောက်ဖူးပေ။
“ ကောင်ပြီလေ.. ဆေးပညာမှာဆိုရင် ရှင်.. ရွှမ်ယီက ပြိုင်စံရှား မွန်းစတားတစ်ကောင်ဆိုတာ ကျွန်မလက်ခံပါတယ်.. ဒါပေမယ့် သိုင်းတာအိုမှာဆိုရင်တော့ ကျွန်မနဲ့ မယှဉ်နိုင်ပါဘူး.. ဟုတ်တယ်မလား…”
ကိုင်လင်းအာက ထိုစကားများအားပြောချိန်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
အနှီရွှမ်ယီဆိုသည့် ငနာကောင်က နှစ်ပေါင်းများစွာ သူမထံတွင်ရှိနေခဲ့သော နံပါတ်(၁) ဆေးပညာပါရမီရှင်ဟူသည့် ဘွဲ့အား ယူသွားချေပြီ။ သူမအနေဖြင့် အရင်းမရနိုင်လျှင်တောင် အတိုးအနည်းငယ်တော့ တောင်းယူရပေလိမ့်မည်။
“ ဟေး.. ရွှမ်ယီ ကျွန်မတို့ပြိုင်ပွဲမပြီးသေးဘူးနော်…”
ရွှမ်ယီက အံ့အားသင့်စွာနှင့် တက်ကြွမှုအပြည့်ရှိနေသည့် ကိုင်လင်းအာကို ကြည့်လိုက်မိသည်။ သူက ထိုမိန်းကလေးဘာကို လိုချင်နေမှန်း နားမလည်နိုင်ချေ။
“ ငါက အဆင့်(၅)ဆေးဘုရင်လေ.. မင်းက အခုမှ အဆင့်(၄)ပဲရှိသေးတာကို.. အဖြေကရှင်းနေပြီပဲ.. ပြိုင်စရာလိုသေးလို့လား…”
ရွှမ်ယီ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ အမြင်အရဆိုလျှင် ထိုကောင်မလေးက အရှုံးကို လက်မခံနိုင်သည့် လူစားမျိုး ဟုတ်ပုံမရချေ။