အခန်း (၁၃၀)
Vol. 9 Ch. 130
ထိုရွှမ်ယီက အသက်(၂၀)ကျော်သာရှိသေးသော်လည်း အဆင့်(၅)ဆေးလုံးအား သန့်စင်နိုင်ပြီး သူ၏ အဆင့်အတန်းက ဘုရင်တစ်ပါးနှင့် အတူတူလောက်ရှိသည်။
ထို့အပြင် သူ၏ ခွန်အားကလည်း အခြေအတည်ဝိညာဉ်အဆင့်(၇) ကျင့်ကြံသူအား လက်သီးတစ်ချက်ဖြင့် လွင့်ပျံသွားစေနိုင်စွမ်းရှိ၏။
ဒါက.. ဘယ်လိုပါရမီရှင်မျိုးလဲ…?
လက်ရှိအချိန်တွင် ပတ်၀န်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့လေသည်။
သူတို့ရှေ့မှ လူငယ်က ဆေးပညာတာအိုတွင်သာ ပါရမီရှင်မဟုတ်ဘဲ သိုင်းတာအိုဘက်တွင်လည်း ပါရမီရှင်တစ်ဦးဖြစ်၏။
……
“ ဒီကောင် ရူးနေတာပဲဖြစ်ရမယ်…”
မြောက်ပိုင်းနယ်မြေ ကိုင်မိသားစု…
ကိုင်လင်းအာက အရောင်(၇)ရောင်ပါ၀င်သော လေပွေတစ်ခုအလား ကိုင်မိသားစုမှ အစောင့်များအား ဖြတ်ကျော်ကာ နောက်ဘက်ခြမ်းရှိ တောင်ပေါ်သို့ သွားနေသည်။
သူမက မုန်းတီးစွာ အော်ဟစ်နေ၏။ လမ်းတစ်လျှောက်လုံး မျက်စိရှေ့ ဘ၀င်မကျသည့်အရာအားလုံး ကန်ကျောက်ဖျက်ဆီးနေသည်။
သူမ၏ မျက်လုံးထဲတွင် ၎င်းတို့အားလုံးထံ၌ ရွှမ်ယီမျက်နှာရှိနေ၏။
ကိုင်မိသားစုမှ အစောင့်တိုင်း၏ နှလုံးသားများ တုန်ယင်သွားခဲ့ရသည်။
သူတို့ တစ်ခုခုအမှားလုပ်မိမည်ကို စိုးရိမ်နေမိကြ၏။ အကယ်၍ အနေမတတ်ပါက ကိုင်လင်းအာ၏ လက်သီးနှင့် မိတ်ဆက်သွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူတို့ အံ့အားလည်းသင့်နေကြ၏။ ဤ မွန်းစတားလေးအား မည်သူက ဒေါသထွက်စေခဲ့သနည်း။
ကိုင်မိသားစု၏ ပင်မနေရာအား ကာကွယ်ရန် တာ၀န်ကျသည့် အစောင့်များအားလုံး ကိုင်မိသားစုတွင် တာ၀န်ထမ်းဆောင်လာကြသည်မှာ နှစ်ရာကျော်နေကြချေပြီ။ ကိုင်လင်းအာကြီးပျင်းလာသည်ကို မျက်၀င်ထင်ထင် မြင်ခဲ့ရသူများချည်းသာဖြစ်၏။
ကိုင်လင်းအာ စတင်ကျင့်ကြံစဉ်ကတည်းက သူများကိုသာ စိတ်အနှောက်အယှက်ပေးလာခဲ့သူဖြစ်သည်။ ထို မွန်စတားလေး တစ်ယောက်ယောက်ထံတွင် ခံလိုက်ရသည်အား သူတို့ ကြားဖူးခြင်းပင်မရှိကြချေ။
အားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းယမ်းလိုက်မိကြသည်။
“ ဒီကိစ္စကို မိသားစုခေါင်းဆောင်ဆီ တင်ပြဖို့လိုသေးလား…”
“ မလိုလောက်ဘူး.. ဒုတိယသခင်မလေးသွားတဲ့လမ်းကို ကြည့်ရတာ နတ်သမီးကိုင်ကို သွားရှာတယ်နဲ့တူတယ်… ကျုပ်တို့ မိသားစုက ဒုတိယသခင်မလေးက ရွှယ်တူတွေလက်မှာ အနိုင်ကျင့်ခံလာရတာထင်တယ်.. အိမ်ကို တိုင်ဖို့ပြန်လာပြီ….”
အလွန်ကြီးမားသော ကိစ္စကြီး ဟုတ်ဟန်မရသဖြင့် လူတိုင်းက ပေါ့ပေါ့ပါးပါးပင်ရယ်မောလိုက်ကြ၏။
ကိုင်မိသားစု နောက်ဘက်မှ တောင်၏ နောက်အခြမ်း…
ကောင်းကင်အဆင့်(၃) တဖြစ်လဲ ကိုင်မိသားစု ပထမသခင်မလေး ကိုင်လျန်ရီ၏ နေအိမ်တွင်.
ရွှစ်…
ခုနှစ်ရောင်ချယ် အလင်းတန်းများတောက်ပသွားပြီး ကိုင်လင်းအာ ထွက်ပေါ်လာခဲ့သည်။
“ ဘာဖြစ်တာလဲ…”
ကိုင်လင်းအာနှင့် အတော်လေးဆင်တူပြီး သူမထက် ပို၍ပင်လှပသည့် မိန်းကလေးတစ်ဦးက တံခါးဖွင့်ရင်းမေးလိုက်၏။ သူမက ဒေါသပေါက်ကွဲကာ ရှုးရှုးရှဲရှဲဖြစ်နေသည့် ကိုင်လင်းအာအား အံ့ဩစွာ ကြည့်လိုက်မိသည်။
ကိုင်လျန်ယီအနေဖြင့် ဤနှစ်(၂၀)အတွင်း သူမ၏ ညီမငယ်လေး ဤမျှဒေါသထွက်နေသည်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။
“ အဲ့တာ ရွှမ်မိသားစုက မကောင်းတဲ့ကောင်….”
ကိုင်လင်းအာက ရွှမ်ယီ၏ လက်သီးချက်ကြောင့် လွင့်ပျံသွားပြီးနောက် သက်တံ့လေပွေအဖြစ်ပြောင်းလဲပြီး မှော်ဆေးပညာမျှော်စင်မှနေ၍ ကိုင်မိသားစုထံ တိုက်ရိုက်ပြန်လာခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စက သူမအား တွေးလေစိတ်တိုလေဖြစ်၏။
သူမက ရွှမ်ယီ မတိုင်မီ နံပါတ်(၁)ဆေးပညာပါရမီရှင်တစ်ဦးဖြစ်ခဲ့ပြီး တစ်ခါမှ မရင်းနှီးသည့် ရွှမ်ယီကိုပင် သူ့၏ အမှားများအား ထောက်ပြညွှန်ကြားပေးခဲ့သေးသည်။
သို့သော် ဆေးသန့်စင်ရာ၌ အမှားများပြုလုပ်နေခဲ့သော ရွှမ်ယီက စစ်မှန်သော ဆေးဘုရင်တစ်ဦးဖြစ်နေလိမ့်မည်ဟု မည်သူမှ မျှော်လင့်ထားမိခြင်းမရှိချေ။
ကိုင်လင်းအာပင်လျှင် ဤအသက်အရွယ်ဖြင့် ထိုသို့သောအောင်မြင်မှုမျိုး မရနိုင်ပေ။
ထို့ကြောင့် နောက်ဆုံးတွင် ရွှမ်ယီအား တိုက်ခိုက်ရန်စိတ်ခေါ်ခဲ့၏။
ရလဒ်အနေဖြင့် သူမ အရိုက်နှက်ခံရခြင်းဖြင့်သာ အဆုံးသတ်ခဲ့လေသည်။
ထို့အပြင် ထိုအရာကလည်း လက်သီးတစ်ချက်တည်းဖြင့်ဖြစ်၏။
ရွှမ်ယီက သူမအား အရင်တိုက်ခွင့်ပြုခဲ့သည့်တိုင်အောင် ရွှမ်ယီအား တစ်ချက်မှ ထိအောင်တိုက်နိုင်ခဲ့ခြင်းမရှိချေ။
ကိုင်လင်းအာက နယ်ပယ်အရပ်ရပ်တွင် ရွှမ်ယီထက် နိမ့်ကျပေသည်။ ထိုလူ၏ ဖင်ဖျားပင်မမှီချေ။
သူမ ငယ်စဉ်ကလေးက ဤကဲ့သို့ အခြေအနေမျိုးအား မကြုံဖူးခဲ့ပေ။ သို့သော် လက်ရှိတွင် ရွှမ်ယီရှေ့မှောက်၌ မျက်နှာနှစ်ကြိမ်တိုင်အောင် ပျက်ခဲ့ရ၏။
ဤကိစ္စအား သူမအနေဖြင့် မည်ကဲ့သို့ သည်းခံနိုင်လိမ့်မည်နည်း။
“ အစ်မကြီး.. သူ့ကို သင်ခန်းစာပေးပေးဦး.. နော်…”
ကိုင်လင်းအာက အံကြိတ်လျက် ဖြစ်ခဲ့သမျှ အကြောင်းစုံရှင်းပြလိုက်၏။
“ အစ်မ.. နင်ငါ့ကို ကူညီမှရမယ်.. ညီမလေးကို ရွှမ်မိသားစုက အဲ့ဒီလူယုတ်မာကောင် နှစ်ကြိမ်တောင် အနိုင်ကျင့်သွားတယ်…”
သူမက စကားဆုံးသည်နှင့် ကိုင်လျန်ရီအား သနားစဖွယ် အမူအရာလေးလုပ်ပြလိုက်သည်။
သူမ၏ လက်ကလေးများက ကိုင်လျန်ရီ၏ ၀တ်ရုံအား ဆွဲကာလှုပ်ယမ်းနေပြီး ရွှမ်မိသားစုမှ ထိုလူအား အလွန်သင်ခန်းစာပေးစေချင်နေ၏။
ကိုင်လင်းအာက သူမ အစ်မဖြစ်သူ၏ ခွန်အားအပေါ် အလွန်အမင်းယုံကြည်ချက်ရှိလေသည်။
သူမက ကောင်းကင်အဆင့်၌ အဆင့်(၃)လည်းဖြစ်၏။
အသက်ငယ်ငယ်လေးဖြင့် အခြေတည်ဝိညာဉ်အဆင့်(၉) သို့ရောက်ရှိနေသူလည်းဖြစ်သည်။
ကိုင်မိသားစု၏ အခြေခံမှာ အလွန်နက်ရှိုင်းလွန်းလှ၏။
ထိုသို့တွေးကြည့်လိုက်လျှင် ရွှမ်ယီနှင့်တိုက်ပွဲက ပြသနာမရှိသင့်ပေ။
ကိုင်လျန်ရီက ပါးဖောင်းကာ ဒေါသအလွန်ထွက်နေသည့် သူမ၏ ညီမငယ်အား ပြုံး၍ကြည့်နေလေသည်။ ကိုင်လင်းအာ အမှန်တကယ် ဒေါသထွက်က စိတ်ဆိုးနေခြင်းမဟုတ်ကြောင်း သူမ နညးလည်ထား၏။ သူမက စိတ်ပိုင်ဆိုင်ရာထိုးနှက်ချက်အား အနည်းငယ်မခံနိုင်ဖြစ်သွားသောကြောင့် သူမထံ နှစ်သိမ့်မှုယူရန် လာရောက်ခြင်းဖြစ်သည်။
ထို့ပြင် ကိုင်မိသားစုနှင့် ရွှမ်မိသားစုဆိုသည်မှာ မိတ်ဆွေးကောင်းများဖြစ်ကြ၏။ ကိုင်လင်းအာ စကားအရဆိုလျှင် ထိုလူငယ်က အဆင့်(၅) ဆေးဘုရင်ဖြစ်ဟန်ရသည်။
သူမ၏ ညီမလေးက အရူးတစ်ယောက်မဟုတ်ချေ။ ငယ်ရွယ်လှသော ဆေးဘုရင်တစ်ဦး၏ အလားအလာကို ကောင်းစွာနားလည်ထားမည်သာ။ ကိုယ် တစ်ခဏတာ စိတ်ချမ်းသာစေရန် ထိုလူအား သွားရောက်ရိုက်နှက်ခြင်းက အကျိုးလုံး၀မရှိပေ။
…………