အခန်း (၁၂၉)
Vol. 9 Ch. 129
သူမ၏ ဆရာဖြစ်သူလည်း အနည်းငယ်အံ့ဩသွားသည်။ ကိုင်မိသားစုမှ ဒုတိယပုလဲလုံးလေးမှာ ပါရမီအလွန်ကောင်းမွန်သူဖြစ်သော်လည်း သူမက ကလေးဆန်လေ့ရှိသည်။ အခြားသူများအား စနောက်ရသည်ကို နှစ်သက်၏။ အကြိမ်များစွာ တခြားလူများအား လှည့်စားခဲ့ဖူးသည်။
ယခုတွင် သူမက မည်သည့်အရာအား လုပ်လိုနေသနည်း။
“ ပြိုင်ပွဲကို ဆက်လုပ်ကြရအောင်….”
ရွှမ်ယီအားကြည့်နေသည့် ကိုင်လင်းအာ၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုများဖြင့်တောက်ပနေသည်။
“ ရှင်က အဆင့်(၅) ဆေးဘုရင်တစ်ယောက်ဖြစ်လာခဲ့ပြီး ကျွန်မရဲ့ နံပါတ်(၁)ပါရမီရှင်ဆိုတဲ့ဘွဲ့ကို ယူသွားခဲ့တယ်.. အဲ့တာကို ကျွန်မသိပ်ပြီးလက်မခံနိုင်သေးဘူး…”
“ ပြိုင်ပွဲကို တခြားပုံစံတစ်မျိုးနဲ့ ဆက်ပြိုင်ကြရအောင်.. ပထမဆုံး ကျွန်မက ရှင့်ရဲ့ စိန်ခေါ်မှုကိုလက်ခံခဲ့တယ်ဆိုတော့ အခု ရှင်က ကျွန်မ စိန်ခေါ်မှုကို လက်ခံရမယ့်အလှည့်ပဲ… ငြင်းလို့မရဘူးနော်…”
ကိုင်လင်းအာအား စိတ်၀င်တစားကြည့်နေသည့် ရွှမ်ယီ၏ မျက်နှာကား ပြုံးရိပ်သန်းသွားခဲ့သည်။
“ စိတ်၀င်စားစရာပဲ.. ပြောကြည့် မင်းက ဘယ်လိုပြိုင်ချင်လဲ…”
ဆေးပညာနှင့် ပတ်သက်ပြီး ကိုင်လင်းအာ၏ ရှုံးနိမ့်မှုမှာ အငြင်းပွားစရာမရှိချေ။ ကိုင်လင်းအာအသာထား သူမ၏ ဆရာဖြစ်သူပင် ရွှမ်ယီအား ယှဉ်နိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင်…
“ မှန်တယ်.. ကျွန်မက ဆေးပညာမှာ ရှင်နဲ့ မယှဉ်နိုင်ဘူးဆိုတာ ၀န်ခံပါတယ်… ဒါပေမယ့် ကျွန်မတို့အားလုံးက လူငယ်မျိုးဆက်တွေပဲမလား…”
ထိုစကားအားကြားလျှက် ရွှမ်ယီမျက်ခုံးပင့်လိုက်မိသည်။
ဤကလေးမ မှော်ဆေးပညာမျှော်စင်တွင် တိုက်ပွဲတစ်ခု ဖန်တီးချင်နေသည်လော။
“ မင်း.. သေချာရဲ့လား..”
ရွှမ်ယီ၏အမူအရာကမူ အနည်းငယ်ထူးဆန်း၍နေသည်။ လက်သီးချင်းယှဉ်ရမည်ဆိုလျှင် သူမက မည့်သူ့ကိုမှမကြောက်ချေ။
“ ကောင်းပြီလေ.. ကျုပ်သဘောတူတယ်…”
ကိုင်လင်းအာ၏ နှုတ်ခမ်းများတွန့်ကွေးသွားပြီး အောင်နိုင်သူအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ရွှမ်ယီက ဆေးဘုရင်တစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူမ၏ ယုံကြည်မှုက အဆုံးအစွန်ထိ မြင့်တက်သွားခဲ့သည်။
ထိုလူငြင်းသွားမည်ကိုလည်း အလွန်စိုးရိမ်နေမိခဲ့၏။
ကိုင်လင်းအာတစ်ယောက် ရွှမ်ယီရှေ့၌ ဖော်ပြထားသည်မှာ အဆင့်(၄)ဆေးပညာရှင် ပုံရိပ်တစ်ခုသာဖြစ်သည်။ သူမ၏ ဇာတ်မြစ်အား သေချာမသိသူတစ်ယောက်အဖို့ လှည့်စားခံရပေလိမ့်မည်။ သာမန်လူများအနေဖြင့် သူမက ဆေးတာအိုတွင် အာရုံစိုက်ထားသဖြင့် သိုင်းတာအိုဘက်တွင် မထူးချွန်ဟု ထင်မိကြမည်ဖြစ်သည်။
သို့သော်
လက်တွေ့တွင်မူ ကိုင်မိသားစု ဒုတိယပုလဲလုံးလေးက ဆေတာအိုတွင်သာ ပါရမီရှင်တစ်ဦးဖြစ်သည်မဟုတ်ပေ။ သိုင်းတာအိုတွင်လည်း ပါရမီရှင်တစ်ဦးဖြစ်၏။
အသက်(၂၂)နှစ်ဖြင့် အခြေတည်ဝိညာဉ်အဆင့်(၇)သို့ ရောက်ရှိနေသူလည်းဖြစ်သည်။
“ ဒါဆိုလည်း စလိုက်ကြရအောင်…”
ရွှမ်ယီက သူ့စကားအား ပြန်လည်ရုတ်သိမ်းသွားပြီးကို သူမ အလွန်စိုးရိမ်နေမိ၏။
ပတ်၀န်းကျင်မှ ဆေးပညာရှင်များက ကိုင်လင်းအာအကြောင်းအား ကောင်းစွာသိထားကြသည်ဖြစ်ရာ အားလုံး၏ မျက်နှာ၌ စိတ်၀င်စားသော အမူအရာများဖြစ်ပေါ်လာခဲ့သည်။
ပွဲကောင်းတစ်ပွဲအားကြည့်ရပေတော့မည်။
“ ဒုတိယသခင်မလေး ကိုင်လင်းအာက အခြေအနေကိုပိုဆိုးသွားအောင် လုပ်ချင်နေတာလား…”
“ အဲ့လိုလည်းမဟုတ်ဘူးလေ.. မင်းဆိုရင်ရော ဆယ်နှစ်လောက် ကိုယ့်အပိုင်ဖြစ်ခဲ့တဲ့ ဂုဏ်ပုဒ်ကို သူများယူသွားရင် အလွယ်တကူလက်ခံနိုင်မှာလား… စိတ်နည်းနည်းလေးမှမဆိုးတော့ဘူးလား…”
ဒန်ယွမ်က တစ်ခုခု၀င်ပြောရန်ပြင်ဆင်လိုက်၏။ သို့သော် တစ်စုံတစ်ခုအား တွေးမိလိုက်ပြီး မပြောရန်ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ကိုင်မိသားစုနှင့် ရွှမ်မိသားစုဆိုသည်မှာ တစ်လှေတည်းစီးနေကြသူများဖြစ်ရာ လူငယ်မျိုးဆက်မျအချင်းချင်း လက်ရည်စမ်းတိုက်ခိုက်ကြသည်က သိပ်တော့လည်းမဆိုးချေ။
သူက စောင့်ကြည့်နေလိုက်ရုံသာ။
“ လာခဲ့..”
ရွှမ်ယီက သာမန်အတိုင်းသာ မတ်တပ်ရပ်နေခဲ့ပြီး ကိုင်လင်းအာအား တက်လာရန်အချက်ပြလိုက်၏။
သူက ပထမ ၊ ဒုတိယ စသည့်အဆင့်များအား သိပ်ပြီးဂရုမစိုက်သော်လည်း ထိုကလေးမက ဒေါသတကြီးဖြစ်နေခဲ့သည်။ အကယ်၍ သူမက တိုက်ပွဲတစ်ခုလိုချင်သည်ဟုဆိုလျှင် ရွှမ်ယီအနေဖြင့် ရှောင်လွှဲ၍ မကောင်းချေ။
သူမက သူ့အား အနာဂါတ်မှာ အဆက်အပြတ်အနှောက်အယှက်ပေးလာနိုင်သည်များအား တွေးမိလိုက်ပြီး ဤပြိုင်ပွဲအား လက်ခံကာ တစ်ခါတည်းပြီးဆုံးသွားအောင် လုပ်ဆောင်ရပေမည်။
သူ့ကိုယ်သူ အလွန်အမင်းယုံကြည်မှုရှိလေသည်။
သိုင်းတာအိုနှင့်ပတ်သက်လျှင် မည်သူ့ကိုမှ မကြောက်ချေ။
ဘုန်း…
ကိုင်လင်းအာ၏ မျက်နှာက စိတ်လှုပ်ရှားများဖြစ်ပေါ်နေပြီး အနည်းငယ်နီရဲနေလေသည်။ သူမထံမှ ကြမ်းတမ်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။
ထိုဖိအားကြောင့် ပတ်၀န်းကျင်မှ ဆေးပညာရှင်တိုင်း၏ မျက်နှာများ ဖြူဖျော့သွားလေသည်။
“ ဒီရွှမ်ယီတော့ ကံဆိုးတော့မယ်…”
ဖိအားအောက်တွင် လူတိုင်းသက်ပြင်းချလိုက်မိကြ၏။
ထိုအချိန်တွင် ပင်လယ်ကြီးကဲ့သို့ကြီးမားပြီး ကျယ်ပြန့်လှသည့် အဆုံးမဲ့ဖိအားကြီးတစ်ခု ကျဆင်းလာခဲ့သည်။
၎င်းက တိုင်းပြည်အား တိုင်းခန်းလှည့်လည်နေသော ဘုရင်တစ်ပါးနှင့် အလားသဏ္ဌာန်တူပြီး တုနှိုင်းမဲ့သော ကြီးစိုးမှု မောက်မာမှုများ ပါ၀င်နေ၏။
ဘန်း…
လက်သီးတစ်ချက်…!
ကိုင်လင်းအာတစ်ယောက် ထိန်းချုပ်ခံလိုက်ရပြီး လှုပ်မရတော့ဘဲ ချောမောခန့်ငြားသည့် အဖြူ၀တ်လူငယ်လေးအား စိုက်ကြည့်နေမိလေသည်။ ထိုလူငယ်လေးက ချောမောကာ သူ၏ အပြုံးက တောက်ပနေခဲ့ပြီး သူမအား လက်သီးဖြင့်ထိုးလိုက်ချိန်တွင်ပင် အပြုံးမပျက်ခဲ့ချေ။
ဘုန်း…
ကိုင်လင်းအာတစ်ယောက် အနောက်သို့ လွင့်စင်သွား၏။
“ ဒါက..”
“ ကြည့်ရတာ အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့်(၉)ဖြစ်ရမယ်…”
ပတ်၀န်းကျင်မှ ဆေးပညာရှင်တိုင်း၏ နှလုံးသားများ တုန်လှုပ်သွားခဲ့ရသည်။ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သည့် အခြေအနေတစ်ခုကြောင့် လူတိုင်း အတွေးရေယာဉ်ကြော၌ နစ်မြောသွားကြ၏။