← Chapters

အခန်း (၁၂၄)

Vol. 9 Ch. 124

အခန်း (၁၂၄)

Vol. 9 Ch. 124

ထို့အပြင် ထိုဆေးဘုရင်ဖြစ်လာမည့်လူကား အလွန်ငယ်ရွယ်လှသေး၏။

“ ဟမ်.. သူ့နည်းစနစ်တွေက…”

ဒန်ယွမ် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အလွန်ထိတ်လန့်သွားသည်။ သူ၏ မျက်ဝန်းများထဲမှ ထိတ်လန့်မှုများက ပို၍ပင်များသေး၏။

“ ဒါက.. ပျောက်ကွယ်နေပြီဖြစ်တဲ့ နည်းစနစ်တွေပဲ.. လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ပညာရပ်တွေ.. ဒါက အရမ်းရှုပ်ထွေးနက်နဲလွန်းတယ်… ဒီပညာတွေကိုနားလည်တဲ့ ဆေးပညာရှင်က အဆင့်တူဆေးပညာရှင်ထက် အသာလေးကျော်တက်နိုင်စွမ်းရှိတယ်…”

ဒန်ယွမ်၏လေသံတွင် အလွန်စိတ်လှုပ်ရှားနေဟန်များ ပါ၀င်နေ၏။ သူ့ မျက်လုံးများကမူ ယစ်မူးစွာဖြင့် ရွှမ်ယီ‌‌ဆေးဖော်စပ်နေသည်အား ငေးကြည့်နေမိသည်။

ထိုစကားများအားကြားသော်လည်း ကိုင်လင်းအာက သာမန်အတိုင်းပင်။ သို့သော် ဒန်ယွမ်နောက်မှဘုရင်နှစ်ယောက်၏ အကြည့်များတွင်မူ ထူးဆန်းသောအရိပ်အယောင်များပေါ်လာခဲ့သည်။

ထိုအချိန်တွင် ရွှမ်ယီက နောက်ဆုံး စိတ်ဝိညာဉ်ပစ္စည်းများအား ဆေးမီးဖိုအတွင်းသို့ ထည့်လိုက်ပြီး သူ့ခန္ဓာကိုယ်က အနည်းကယ်တုန်ခါသွား၏။

စိတ်ထဲမှ မှော်ဂါထာများကိုရွတ်ဆိုလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်များအား မီးဖိုအတွင်း ထည့်သွင်းလိုက်သည်။ သို့သော် သူချက်ချင်း အံ့ဩသွားခဲ့၏။

ဘုန်း…

ဆေးမီးဖိုက ပေါက်ကွဲထွက်သွားပြီး အပျက်အစီးအပိုင်းအစများနှင့် စွမ်းအင်လှိုင်းလုံးကြီးက အခန်းတစ်ခုလုံးအား ရိုက်ခတ်သွားလေသည်။

လူတိုင်း ကမန်းကတမ်းရှောင်တိမ်းလိုက်ကြရ၏။

သူတို့ဦးခေါင်းများအား ပြန်မော့လိုက်ချိန်တွင် အခန်းတစ်ခုလုံး မီးတောက်များနှင့် မီးခိုးများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

မှော်ဆေးပညာမျှော်စင်၏ ဆေးမီးဖိုကား အပိုင်းအစလေးအဖြစ်ပြောင်းလဲသွားချေပြီ။

“ ဟင်း.. နောက်ဆုံးတော့လည်း သာမန်ဆေးမီးဖိုက သာမန်ဆေးမီးဖိုပါပဲလေ.. အဆင့်(၄) ဆေးလုံး သန့်စင်တာနဲ့‌တင် တော်တော်လေး၀န်များနေပြီ.. အဆင့်(၅) ဆေးလုံးကတော့……”

လူတိုင်း စိတ်ဓာတ်ကျသွားသလိုခံစားလိုက်ရ၏။ ဆေးမီးဖိုသာပေါက်ကွဲမသွားလျှင် သူတို့အားလုံး ယနေ့၌ ဆေးဘုရင်တစ်ဦးပေါ်ပေါက်လာသည်ကို မျက်၀ါးထင်ထင်မြင်တွေ့နိုင်ပေလိမ့်မည်။

“ မဟုတ်သေးဘူး.. ဟိုကိုကြည့်လိုက်..”

ဆေးမီးဖိုပေါက်ကွဲသွားသည့်နေရာ၌ မီးခိုးလုံးများကြားတွင် အလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေသည့်‌ဆေးလုံးတစ်လုံးရှိနေသည်။

ဤသည်ကိုမြင်လျှင် ရွှမ်ယီက ကျေနပ်စွာပြုံးလိုက်၏။ ၎င်းက ဘုရင်အဆင့်နှင့်ညီမျှသော အဆင့်(၅) ဆေးလုံးဖြစ်ချေသည်။

ရွှပ်..

လူတိုင်း၏ရှေ့မှောက် အလင်းတန်းတစ်ခု ဖြန်သန်းသွားခဲ့၏။ ထို့နောက် ဒန်ယွမ်က ထိုဆေးလုံးအား ကိုင်လျက်သားဖြင့် ပြန်ပေါ်လာသည်။

“ ဆရာ..”

ကိုင်လင်းအာက သူမဆရာအားကြည့်ကာ အလွန်အံ့ဩနေ၏။

သူမဆရာမျက်နှာထက်၌ ဤမျှစိတ်လှုပ်ရှားနေသည့် အမူအရာကို တစ်ကြိမ်တစ်ခါမျှ တွေ့မြင်ဖူးခြင်းမရှိချေ။

ရှူး…

ဒန်ယွမ်အား ဆေးလုံးအား နှာခေါင်းအနားသို့ကပ်ပြီး နမ်းကြည့်လိုက်၏။ ထို့နောက် သူ့မျက်လုံးများ မှိတ်သွားခဲ့သည်။ တစ်ခဏအကြာ၌ ပြန်ပွင့်လာခဲ့ပြီး မျက်၀န်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

သူ့မျက်နှာအထက်မှ ထိတ်လန့်ဟန်မှာ ဖုံးကွယ်ထား၍ မရနိုင်ချေ။

“ အဆင့်(၅)ဆေးလုံး အစစ်အမှန်ပဲ…”

စကားဆုံးသည်နှင့် ဒန်ယွမ်က ရှက်ရွံ့ဟန်ဖြင့် ခေါင်းယမ်းလိုက်၏။

“ အရည်အသွေးအရပြောရမယ်ဆိုရင် ဒီအဘိုးကြီးဖော်စပ်တဲ့‌ဆေးလုံးတောင် ဒီလောက်မကောင်းဘူး…”

ဝိုး…

လူအုပ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။

၎င်းတို့၏မျက်လုံးများအောက်၌ ‌ကောင်းကင်ဒေသတွင် ရွှမ်ယီဟူသည့် ဆေးဘုရင်အသစ်တစ်ဦး မွေးဖွားလာခဲ့ချေပြီ။

သို့သော် လူတိုင်းဘာမှမတုံ့ပြန်နိုင်သေးမီ ခန်းမအတွင်း၌ အလွန်ကြီးမား ပြင်းထန်သော ဖိအားနှစ်ခု ထွက်ပေါ်လာ၏။ ဖိအားများအရဆိုလျှင် ထိုလူများက အလွန်အစွမ်းထက်ကာ မောက်မာလွန်းလှသည်။

ဘုန်း…

နဂိုက အံ့ဩနေသည့် လူအုပ်ပြီး အလွန်ထိတ်လန့်သွားပြီး ၎င်းတို့၏ ခြေထောက်များပင် ပျော့ခွေကျသွား၏။ ကျင့်ကြံမှု အဆင့်နိမ့်သူတချို့ဆိုလျှင် ကြမ်းပြင်ထက်သိုပင် လဲကျနေချေပြီ။

ဘုရင်အဆင့်…

ပြီးတော့ နှစ်ယောက်တောင်…

ယင်ဘုရင်က လူသတ်‌ငွေ့များဖုံးလွှမ်းထားပြီး ရှေ့သို့ထွက်လာခဲ့သည်။ သူ၏ အကြည့်များက အလွန်စူးရှနေပြီး ရွှမ်ယီအပေါ်သို့ တိုက်ရိုက်ကျရောက်နေ၏။

“ ဂုဏ်ယူပါတယ် ဆရာလေး.. မင်းက အဆင့်(၅) ဆေးဘုရင်ဖြစ်လာခဲ့ပြီ.. ဒါနဲ့ ကျုပ်တို့ အဆင့်(၅) ဆေးလုံးတစ်မျိုး တောင်းဆိုလို့ရမလား…”

လူတိုင်း၏ အမူအရာများပြောင်းလဲသွားခဲ့ရသည်။ ၎င်းတို့၏ မျက်၀န်းများအတွင်း၌ မနာလိုအားကျမှုများ ပြည့်နှက်၍နေ၏။

ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးက ရွှမ်ယီထံမှ ဆေးလုံးတောင်းဆိုရန် ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာချေပြီ။

ဤသည်မှာ ခန်းမအတွင်းမှ ဆေးပညာရှင်တိုင်း၏ အိမ်မက်ပန်းတိုင်တစ်ခုလည်းဖြစ်၏။

ဘုရင်အဆင့်ကျင့်ကြံသူဆိုတာ ဘယ်လိုလူမျိုးတွေမို့လဲ…

သူတို့အားလုံး သိုင်းပညာလမ်းစဉ်အားလျှောက်လမ်းပြီး အရင်းအမြစ်များပုံအောအသုံးပြုလျှင်ပင် ဘုရင်အဆင့်သို့ရောက်ရှိရန်မသေချာပေ။ ဘုရင်အဆင့်ဆိုသည်မှာ လူတိုင်းရောက်ရှိနိုင်သော အဆင့်မျိုးမဟုတ်ချေ။

ရလဒ်အနေဖြင့် အဆင့်နိမ့်ဆေးပညာရှင်များက ရွှမ်ယီအား တောက်ပနေသော မျက်၀န်းများဖြင့် အားကျစွာစိုက်ကြည့်နေကြ၏။

“ အိုး..”

ရွှမ်ယီက ထိုပေါ်ထွက်လာသော ဘုရင်အဆင့်နှစ်ယောက်အား မျက်ခုံးပင့်ကာကြည့်လိုက်မိသည်။ သူလည်း အနည်းငယ်အံ့အားသင့်သွားခဲ့၏။

ဘုရင်အဆင့်ကျင့်ကြံသူနှစ်ဦး ရုတ်တရက်ရောက်ချလာခဲ့ပြီး သူ့ထံမှ အဆင့်(၅)ဆေးလုံး တောင်းဆိုရန် မျှော်လင့်ထားမိခြင်းမရှိပေ။

အခုမှသာလျှင် အဆင့်(၅) ဆေးဘုရင်တစ်ဦး၏ နာမည်ကြီးမှုအား ရွှမ်ယီ နားလည်သွားတော့သည်။

ကိုင်လင်းအာကမူ အံကြိတ်လျက် ရွှမ်ယီအား မနာလိုစွာစိုက်ကြည့်နေ၏။

ယခုအချိန်တွင် သူမက ရွှမ်ယီအား ဆေးပညာရှင် လက်သစ်ကလေးတစ်ဦးအဖြစ်မမြင်တော့ချေ။ ရွှမ်ယီ ဆေးဖော်စပ်နေသည်အား လက်ညှိုးထိုးကာ ဝေဖန်ညွှန်ကြားခဲ့မိသည်အား ပြန်တွေးမိလိုက်လျှင် သူမ မျက်နှာတစ်ခုလုံး နီရဲသွားခဲ့၏။

ထိုလူငယ်က သူမဆရာဖြင့်သူနှင့် အဆင့် အတူတူဖြစ်ချေသည်။

‘ ငါတောင် သူ့လောက်ကောင်းအောင်မဖော်စပ်နိုင်ဘူး..’ ဟု သူမ ဆရာဖြစ်သူ ကိုယ်တိုင်ကပင် ပြောကြားခဲ့၏။

ထို့အပြင် ရွှမ်ယီ ဆေးဘုရင်အဆင့်သို့ရောက်လျှင် ရောက်ချင်း သူ့ထံမှ ဆေးလုံးတောင်းဆိုရန် ဘုရင်အဆင့်(၂)ဦး ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ဤကဲ့သို့ ပါရမီနှင့် ကံတရားက သာမန်လူများတွင်ရှိနိုင်သောအရာမဟုတ်ချေ။

“ ကျုပ်က အခုလေးတင်ပဲ အဆင့်(၅) ဆေးဘုရင်ဖြစ်သွားခဲ့ပြီ.. ခင်ဗျား တို့က ဘယ်လို ဆေးလုံးမျိုးလိုချင်တာလဲ ပြောကြည့်ပါ…”

ရွှမ်ယီ အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီးနောက် ပြန်လည်တည်ငြိမ်လာခဲ့သည်။ ဒန်ချင်ဇီ၏ အတွေ့အကြုံဗဟုသုတများဖြင့်ဆိုလျှင် မည်သည့် အဆင့်(၅) ဆေးလုံးမျိုးမဆို သူ့အတွက် ခက်ခဲမည်မဟုတ်ပေ။

ယင်ဘုရင်နှင့် လျိုဘုရင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီးနောက် ယန်မီးတောက်ဆေးလုံးအမည်အားပြောပြလိုက်သည်။

အစောပိုင်းတွင် ထိုလူငယ်၏ ဆေးပညာနည်းစနစ်များက လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်မှဖြစ်သည်ဟု ဒန်ယွမ်ပြောသည်အား ကြားခဲ့ရ၏။ သူတို့နှစ်ဉီးက ဤမတိုင်ခင် ပတ်၀န်းကျင်ဒေသကြီးများဆီသို့လည်း လျှောက်သွားခဲ့ပြီးကြချေပြီ။ သူတို့နှစ်ယောက်လုံး အလွန်စိတ်ဓာတ်ကျနေခဲ့ကြပြီလည်းဖြစ်၏။ သို့သော် ယခုတွင် သူတို့ရှေ့မှောက်သို့ မျှော်လင့်ချက်အလင်းတန်းလေးတစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်သည်။

All Chapters