← Chapters

အခန်း (၁၂၇)

Vol. 9 Ch. 127

အခန်း (၁၂၇)

Vol. 9 Ch. 127

“ ဒြပ်စင်ငါးမျိုးအနှစ်သာရကိုတော့ ဒီနေ့ မင်းကိုပေးလိုက်လို့ရတယ်.. မင်းရဲ့ ယန်မီးတောက်ဆေးလုံးသာ ကောင်းကောင်းမွန်မွန်အသုံး၀င်နေသ၍ ငါတို့မိသားစုပိုင်ဆိုင်မှု တစ်၀က်ကို သုံးလအတွင်း မင်းကိုပေးမယ်…”

ယင်ဘုရင်ကမူ လျိုဘုရင်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့၏။ သို့သော် လျိုဘုရင်၏ အကြည့်ကြောင့် သူ၏ စကားလုံးများအား ပြန်လည်၍ မြိုချလိုက်ရသည်။

“ ကောင်းပြီလေ.. ဒါဆိုရင် ခင်ဗျားတို့ ဒြပ်စင်ငါးမျိုးအနှစ်သာရကို သွားယူလိုက်ပါ.. ကျုပ် ရတာနဲ့ ယန်မီးတောက်ဆေးကို သန့်စင်ပေးမယ်…”

လျိုဘုရင်က ခေါင်းညိတ်လိုက်၏။ သူထံမှ ထက်ရှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူက ယင်ဘုရင်ဘက်သို့လှည့်လိုက်ပြီး

“ ယင်ဘုရင်.. ခင်ဗျား သူတော်စင်ဒေသကိုအမြန်ပြန်ပြီး ဒြပ်စပ်ငါးမျိုးအနှစ်သာရကို သွားယူပေးလို့ရမလား…”

ယင်ဘုရင်တွင် မေးခွန်းပေါင်း သောင်းခြောက်ထောင်ဖြင့်ပြည့်နှက်နေသော်လည်း ယခုက မေးရန်အချိန်ကောင်းမဟုတ်သေးချေ။ သူက လျိုဘုရင်အား လေးနက်စွာတစ်ချက်စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး လေဟာနယ်အက်ကြောင်းတစ်ခုဖြစ်သွားစေ၏။

မမျှော်လင့်ထားသောကိစ္စတစ်ခုဖြစ်မလာလျှင် ထိုမှတစ်ဆင့် သူတော်စင်ဒေသသို့ တိုက်ရိုက်ရောက်သွားပေလိမ့်မည်။

…….

တစ်ခဏကြာသော်..

“ ဆေးဘုရင်လေး.. ရော့.. ဒီမှာ မင်းအတွက် ဒြပ်စင်ငါးမျိုးအနှစ်သာရ…”

ရွှမ်ယီက လှမ်းယူလိုက်၏။ ထိုပစ္စည်းက အရောင်းငါးမျိုးဖြာထွက်နေသည့် အလင်းဘောလုံးလေးတစ်ခုပင်။ ၎င်းထံမှနေ၍ ပြင်းထန်သော စွမ်းအားများကို ခံစား၍ရသည်။ ရွှမ်ယီ၏ ၎င်းတွင် ပြသနာမရှိမှန်းသိသဖြင့် အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ကာလက်ခံလိုက်၏။

ထို့နောက် ကိုင်လင်းအာထံသို့လျှောက်သွားပြီး ပြုံးပြလိုက်သည်။

“ ကျုပ်ကို ခင်ဗျားဆေးမီးဖို ခ

ဏငှားလို့ရမလား…”

စကားဆုံးသည်နှင့် သူ့ထံသို့ အလင်းတန်းတစ်ခု ရောက်လာခဲ့သည်။

ဘုန်း…

“ရော့.. ငါ့ဆေးမီးဖိုကိုသုံးလိုက်…”

ထိုဆေးမီးဖိုထံမှနေ၍ အလွန်ပြင်းထန်သော စွမ်းအားအထက်အကျများထွက်ပေါ်နေပြီး ၎င်းထံမှ ထွက်ပေါ်နေသည့် မီးတောက်များကြောင့် ပတ်၀န်းကျင်မှ လေဟာနယ်ပင် တွန့်လိမ်‌ပုံပျက်နေလေသည်။

ဤသည်မှာ အစည်းအရုံးခေါင်းဆောင် ဒန်ယွမ်၏ ဆေးမီးဖြစ်ချေသည်။

ထိုအချိန်တွင် ပတ်၀န်းကျင်မှ လူတိုင်း တိုင်ပင်ထားသည့်အလား ရွှမ်ယီရှိရာသို့ အကြည့်များ တစ်ပြိုင်နက်တည်းကျရောက်သွား၏။

သူတို့၏ရှေ့တွင်ရှိနေသည်က အလွန်ထူးခြားသော နည်းစနစ်များပိုင်ဆိုင်ထားသည့် အဆင့်(၅) ဆေးဘုရင်တစ်ဦးဖြစ်သည်။

ထိုအခွင့်အရေးမျိုး တစ်သက်လုံးနေ၍ တစ်ကြိမ်ရရန်ခဲယဉ်းလှ၏။

ဆေးဘုရင်တစ်ဦး လူအများရှေ့၌ ဖော်စပ်ပြသည်ကိုကြည့်ရခြင်းက အလွန်ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်၏။ ထို့ကြောင့် ဆေးပညာရှင်တိုင်း ရွှမ်ယီအား အလွန်အာရုံစိုက်နေကြလေသည်။

သူတို့အားလုံး ရွှမ်ယီထံမှ အနည်းငယ်မျှ သင်ယူလိုက်နိုင်သည်နှင့် ၎င်းတို့၏ ဆေးပညာနှင့်ပတ်သက်၍ အလွန်တိုးတက်သွားပေလိမ့်မည်။

တစ်ဖက်တွင်မူ ယင်ဘုရင်က လျိုဘုရင်အား နတ်အသိဖြင့် ဆက်သွယ်လိုက်၏။

“ လျိုဘုရင်.. ခင်ဗျားဘာလို့ တိုက်ရိုက်ကြီး သဘောတူလိုက်ရတာလဲ.. အဲ့ဒီပေးရမယ့် အရင်းအမြစ်တွေက တွေးကြည့်လို့တောင်မရဘူး.. တစ်ချို့အလယ်အလတ်အဆင့်မိသားစုတွေ တစ်သက်လုံးစုဆောင်းတောင် ရနိုင်တဲ့အရာမျိုးမဟုတ်ဘူး…”

ထိုကိစ္စအား ယင်ဘုရင်အလွန်အံ့ဩနေခဲ့၏။

သို့သော် လျိုဘုရင်ကမူ ထူးဆန်းသောအမူအရာဖြင့် ပြုံးလိုက်သည်။

“ သူက ကျုပ်တို့မိသားစုပိုင်ဆိုင်မှုတစ်၀က်ကို သုံးလအတွင်း ရွှမ်မိသားစုဆီ ပို့ပေးစေချင်နေတယ်.. ဒါပေမယ့် ကျုပ်သိသလောက်ဆိုရင် ရွှမ်မိသားစုဆိုတာ ကိုင်မိသားစု လက်အောက်ခံမိသားစုတစ်ခုပဲ.. ရွှမ်မိသားစုကိုမပြောနဲ့ ကျုပ်တို့ အထွတ်အထိပ်အခြေအနေမှာဆိုရင် ကိုင်မိသားစုတောင် ခေါင်းထဲထည့်စရာမလိုဘူးလေ…”

နတ်အသိဖြင့်ဆက်သွယ်နေသော လျိုဘုရင်၏ ‌စကားလုံးများက အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

“ သူက အဲ့တာကို တောင်းဖို့တောင် သတ္တိရှိတယ်ဆိုတော့.. သုံးလပြီးရင် သူတော်စင်ဒေသကိုရောက်လာနိုင်ချေရှိတယ်.. ဒါပေမယ့် အဲ့အချိန်ကျရင် ကျုပ်တို့ဘိုးဘေးက ပြန်ကျန်းမာနေပြီလေ.. အထွတ်အထိပ် လူသားဘုရင်အဆင့် စွမ်းအားနဲ့ဆိုရင် ရွှမ်မိသားစုလေးကို ဘာလို့ဂရုစိုက်ရမှာလဲ….”

ထိုစကားများအားကြားလျှင် ယင်ဘုရင်၏ မျက်၀န်းများလည်း တောက်ပလာလေသည်။

ရွှမ်ယီသားစု… ၎င်းက သူတော်စင်ဒေသတွင် အရေးမပါလှချေ။

နေ့တစ်၀က်ခန့်ကြာသော်

ပြင်ထန်သော ယန်မီးတောက် အရှိန်အဝါက မှော်ဆေးပညာမျှော်စင်တစ်ခုလုံးအား ရိုက်ခတ်သွားလေသည်။

ထိုအချိန်တွင် ဆေးမီးဖို၏အဖုံး ပွင့်လာခဲ့ပြီး နေလုံးအလား နီရဲကာတောက်ပနေသည့် ဆေးတစ်လုံး လေထံသို့ ဖြည်းညှင်းစွာ မြောက်‌တက်လာ၏။ ယန် မီးတောက်များက ပတ်၀န်းကျင်သို့ ဖြာကျလျက် တောက်ပနေသည်။

“ ကြည့်ရတာ ပုံစံကမမှားဘူး..”

ယင်ဘုရင်က ရေရွတ်လိုက်၏။ ထို့နောက် ယန်မီးတောက်ဆေးလုံးအား လက်ဖြင့်လှမ်းယူလိုက်သည်။ သူ၏ မျက်၀န်းများကတောက်ပနေပြီး အလွန်စိတ်လှုပ်ရှားနေခဲ့၏။

“ ကျေးဇူးအများကြီးတင်ပါတယ် ဆေးဘုရင်လေး.. ဟားဟားဟား…”

လျိုဘုရင်က ယင်ဘုရင်အား လက်တို့ပြီး မျက်စပစ်ပြလိုက်သည်။ ထို့နောက် နှစ်ယောက်လုံး လေဟာနယ် အက်ကွဲကြောင်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

“ဟင်း…”

အစည်းအရုံးခေါင်းဆောင် ဒန်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်၏။ တစ်စုံတစ်ခုအား သူရိပ်စားမိနေခဲ့သည်။

“ သူငယ်ချင်းလေး ရွှမ်ယီ.. ငါတော့ မင်းရဲ့ ဆေးလုံး တန်ဖိုးကို လုံး၀မရမှာစိုးမိတယ်…”

ရွှယ်ယီက အနည်းငယ်မျက်ခုံးပင့်လိုက်မိပြီး သူ့မျက်နှာထက်၌ စိတ်၀င်စားဟန်များပေါ်လာခဲ့သည်။

“ အစည်းအရုံး ခေါင်းဆောင်.. ဒါက ဘာကိုပြောချင်တာလဲ…”

ဒန်ယွမ်၏ မျက်လုံးများက ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ နောက်ဆုံးတွင် လူငယ်တစ်ဦးက လူငယ်တစ်ဦးသာဖြစ်၏။

တစ်ခြားသောလူများနှင့် ဆွေးနွေးညှိနှိုင်းရာတွင် မိမိဘက်က အလေးသာစေရန် ပြုလုပ်နိုင်စွမ်းမရှိချေ။

ရွှမ်မိသားစုဆိုသည်မှာ သူတော်စင်ဒေသမှ ရန်မိသားစုနှင့်ယှဉ်လျှင် ‌ဟိုးးး အဝေးကြီး၌ရှိ၏။

All Chapters