← Chapters

အခန်း (၁၂၅)

Vol. 9 Ch. 125

အခန်း (၁၂၅)

Vol. 9 Ch. 125

“ ကျုပ်တို့က ယန်မီးတောက်ဆေးလုံးကို လိုချင်တာပါ…”

ရွှမ်ယီခေါင်းညိတ်လိုက်၏။ သူ့ ဦးနှောက်အတွင်းပေါင်းစပ်နေသည့် ဒန်ချင်ဇီ၏ မှတ်ညာဏ်များထဲတွင် ထိုဆေးလုံးအား ဖော်စပ်သည့်နည်းလမ်းပါ၀င်သည်။

ဒန်ချင်ဇီ၏ မှတ်ညာဏ်များအရဆိုလျှင် ထိုဆေးက ငရဲချီနှင့်ပတ်သက်သော ကိစ္စများတွင် အသုံးပြုရသောဆေးဖြစ်၏။

အကယ်၍ တစ်စုံတစ်ယောက်က ငရဲချီ၏ တိုက်စားချင်ကို ခံခဲ့ရပါက ၎င်း၏ ကျင့်ကြံခြင်း ပျက်စီးသွားမည်ဖြစ်ပြီး (၃)မိနစ်အတွင်း အနိစ္စရောက်သွားပေလိမ့်မည်။

မူလဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေရင်တောင် သုံးလမှ ငါးလကြားသာ တောင့်ခံနိုင်မည်ဖြစ်သည်။

လူသားဘုရင်အဆင့်ဆိုလျှင် တစ်နှစ်လောက်အထိတောင့် တောင့်ခံနိုင်ပေလိမ့်မည်။ သို့သော် ထိုလူက တစ်ချိန်လုံး နာကျင်မှုဝေဒနာအား ခံစားနေရမည်ဖြစ်၏။

“ ကြည့်ရတာ ခင်ဗျားတို့မိသားစုထဲက တစ်ယောက်ယောက် ငရဲချီတိုက်စားခြင်းခံနေရတယ်နဲ့တူတယ်…”

ထိုစကားများပြောလိုက်သည်နှင့် ယင်ဘုရင် နှင့် လျှိုဘုရင်တို့ နှစ်ဦးလုံး တုန်လှုပ်သွားခဲ့ကြသည်။ သူတို့က ရွှမ်ယီအား အံ့ဩစွာ ကြည့်လိုက်ကြ၏။

အနှီ ဆေးဘုရင်အသစ်ကလေးက ယန်မီးတောက်ဆေးလုံးအကြောင်းအား အသေအချာသိနေပုံရသည်။

“ ဟုတ်ပါတယ်.. ကျုပ်တို့ ဒီကိစ္စကို ဆေးဘုရင်ရှေ့မှာ ဖုံးကွယ်မထားဝံ့ပါဘူး.. ကျုပ်တို့က တခြားဒေသကလာကြတာပါ.. ကျုပ်တို့ဘိုးဘေးက ငရဲချီတိုက်စားခြင်းကိုခံနေရပါတယ်.. ကျုပ်တို့ မိသားစုရဲ့ မျှော်လင့်ချက်အတွက် ဘိုးဘေး ပြန်ကောင်းမှဖြစ်မယ်.. ဒါကြောင့် ကျုပ်တို့က ‌ပတ်၀န်းကျင်‌ဒေသတိုင်းကိုသွားပြီး ယန်မီးတောက်ဆေးလုံး ဖော်စပ်ပေးနိုင်မယ့်လူကို လိုက်ရှာနေကြတာပါ…”

ယင်ဘုရင်က ရိုသေလေးစားသောလေသံဖြင့်ပြောလိုက်၏။ သူ့ပုံစံက အသက်(၂၀)ကျော်အရွယ် လူငယ်တစ်ဦးအား ဆက်ဆံနေသည်နှင့်မတူပေ။ သူတို့မိသားစုအား ကယ်တင်ပေးနိုင်မည့် ကယ်တင်ရှင်အလား ကြည့်ရှု ဆက်ဆံနေခြင်းဖြစ်၏။ ၎င်းတို့၏ ဘိုးဘေးမှာ မိသားစုအတွက် အဓိက ထောက်တိုင်ကြီးဖြစ်ပေသည်။

ရန်သူများက မိသားစုအပြင်တွင်သာမက အတွင်းတွင်လည်းရှိနေသည်ဖြစ်ရာ ဘိုးဘေးအား လုံး၀သေဆုံးစေ၍မရပေ။

“ ဆေးဘုရင်လေး.. ယန်မီးတောက်ဆေးလုံးကို သန့်စင်ပေးနိုင်မလား…”

လျိုဘုရင်က စိုးရိမ်စိတ်များရောယှက်နေသည့်လေသံဖြင့် ရွှမ်ယီအနီးသို့တိုးကာ မေးလိုက်၏။

“ ယန်မီးတောက်ဆေး….!”

ရွှမ်ယီက တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး ထိုဘုရင်အဆင့်နှစ်ယောက်အား ကြည့်လိုက်သည်။ ၎င်းတို့၏ မျက်နှာထက်ရှိ မျှော်လင့်ချက်များအားမြင်လျှင် သူ့မျက်နှာ၌ အပြုံးတစ်ခုဖြစ်ပေါ်လာ၏။

အဆင့်(၇)မှော်ဆေးပညာရှင်တစ်ဦး၏ အသိပညာအတွေ့အကြုံများ သူ့ထံတွင်ရှိနေသည်ဖြစ်ရာ ယန်မီးတောက်ဆေးလုံးအား ဖော်စပ်ရန် ခက်ခဲခြင်းအလျင်းမရှိချေ။

ရွှမ်ယီက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။

“ မှန်တယ်.. ကျုပ် ယန်မီးတောက်ဆေးကို သန့်စင်ပေးနိုင်တယ်.. ဒါပေမယ့် တစ်ခုရှိတာက ယန်မီးတောက်ဆေးရဲ့ ဈေးနှုန်းကမသေးဘူးနော်.. ခင်ဗျားတို့ ဘယ်လောက်ပေးဖို့စိတ်ကူးထားလဲ…”

ထိုစကားများအားကြားလျှင် ယင်ဘုရင်နှင့် လျိုဘုရင်တို့ ရင်ခုန်သံများမြန်လာပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ယင်ဘုရင်က စကားမပြောမီ အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး ရွှမ်ယီအား ထိတ်လန့်နေသော မျက်၀န်းများဖြင့် ကြည့်လိုက်၏။

“ ကျုပ်က ဆေးဘုရင်တွေနဲ့ သိပ်ပြီးမဆက်ဆံဖူးဘူး.. ဒီတော့ မင်းပြောကြည့်ပါ.. ကျုပ်တို့ ဘယ်လောက်ပေးရမလဲ…”

ယင်ဘုရင်၏ စိတ်ထဲတွက် ဘိုးဘေး၏ ရှင်သန်ရေးမှလွဲလျှင် မည်သည့်အရာမှ အရေးမကြီးချေ။ ထို့အပြင် သူတို့ မိသားစု၌ အရင်းအမြစ်တော်တော်လေး ကြွယ်၀ပေသည်။

ယန်မီးတောက်ဆေးလုံးအား ရနိုင်သ၍ ကျန်သောအရာများ‌မှာ အသေးအဖွဲများသာဖြစ်၏။

“ မင်းမှာ တစ်ခုခု ညွှန်ကြားခိုင်းစေစရာရှိရင်လည်း ကျုပ်တို့လိုက်နာမှာပါ…”

လျိုဘုရင်က စိတ်အားထက်သန်နေသောအမူအရာဖြင့် ရှေ့တစ်လှမ်းတိုးကာ ပြောလိုက်သည်။

ရွှမ်ယီက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီ ထိုဘုရင်နှစ်ဦးအား ပြုံးပြလိုက်၏။

ယန်မီးတောက်ဆေးလုံးဆိုသည်မှာ အလွယ်တကူရနိုင်သော အရာမဟုတ်ချေ။

သူတို့တိုက်ကြီးတ္င် ထို‌ဆေးအား ဖော်စပ်ရန် နည်းလမ်းမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေချေပြီ။ ထို့အပြင် သူတို့ဘိုးဘေး ခန္ဓာကိုယ်အား ကူးစက်ကာ တိုက်စားနေသည့် ငရဲချီကလည်း သာမန်အရာတစ်ခုမဟုတ်ပေ။

ငရဲချီဆိုသည်မှာ ငရဲကမ္ဘာမှလာခြင်းဖြစ်၏။ ယင်ချီအမျှင်လေးများ နှစ်ထောင်ပေါင်းများစွာကြာအောင် ပေါင်းစပ်လာခြင်းမှ ဖြစ်လာခြင်းဖြစ်သည်။ ထိုအရာအား အရှင်းပျောက်ကင်းသက်သာစေရန် ယန်မီးတောက်ဆေးလုံးရမှ ဖြစ်ပေလိမ့်မည်။

“ ဒါဆို ခင်ဗျားတို့မှာ ဒြပ်စင်ငါးမျိုးအနှစ်သာရရှိလား…”

ရွှမ်ယီ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသောစကားကြောင့် ဘုရင်နှစ်ယောက်လုံး ခေတ္တမျှ အေးခဲသွားခဲ့ရသည်။

ဒြပ်စင်ငါးမျိုးအနှစ်သာရဆိုသည်မှာ အဘယ်နည်း။

လျိုဘုရင်၏ မျက်နှာထက်တွင် ၀မ်းမြောက်ဟန်များထွက်ပေါ်လာခဲ့၏။ ဒြပ်စင်ငါးမျိုးအနှစ်သာရဆိုသည်မှာ ဓာတ်ငါးပါးလုံး ပေါင်းစပ်တည်ရှိနေသည့် ကမ္ဘာငယ်လေးများ၌သာ ရရှိနိုင်ခြင်းဖြစ်သည်။ ၎င်းအားထုတ်ယူလိုက်လျှင် ထိုကမ္ဘာငယ်လေး၏ စွမ်းအားမှ များစွာယုတ်လျော့သွားပေလိမ့်မည်။ ထိုအရာက အလွန်ရှားပါးသည်မှန်သော်လည်း နှစ်ထောင်ပေါင်းများစွာကြာအောင် တည်ရှိလာခဲ့သည့် သူတို့မိသားစု ဘဏ္ဍာများထဲတွင် ရှိနေသည်။

“ ကောင်းပြီ.. ကျုပ်တို့ သွားပြန်ယူပေးမယ်…”

“ အင်း…”

ရွှမ်ယီက မည်သည့်စကားမျှမဆိုဘဲ ခေါင်းညိတ်ပြလိုက်၏။

ထို့နောက်

“ မလောပါနဲ့ဦး.. ယန်မီးတောက်ဆေးကို လိုချင်တယ်ဆိုရင် ဒြပ်စင်ငါးမျိုးအနှစ်သာရတစ်ခုတည်းနဲ့ မလုံလောက်သေးဘူး…အဲ့တာအပြင် ခင်ဗျားတို့ မိသားစုရဲ့ ပိုင်ဆိုင်မှု တစ်၀က်ကိုလည်းလိုချင်တယ်…”

လက်ရှိ ထိုလူများ၏ အခြေအနေအရဆိုလျှင် သူ၏ တောင်းဆိုချက် မလွန်ကြောင်း ရွှမ်ယီ နားလည်ထား၏။

All Chapters