← Chapters

အခန်း (၁၃၁)

Vol. 9 Ch. 131

အခန်း (၁၃၁)

Vol. 9 Ch. 131

“ ဒီ ရာစုနှစ်အတွင်း ရွှမ်မိသားစုမှာ အောင်‌မြင်ကျော်ကြားတဲ့ဆေးပညာရှင်တစ်ယောက်မှ မရှိခဲ့ဘူးလေ.. အဲဒီ ကောင်းကင်ကိုအံ့တုနိုင်တဲ့ ပါရမီနဲ့ မှော်ဆေးပညာရှင်.. သူက ရွှမ်မိသားစုမှာ ဘယ်နားက ပေါ်လာတာလဲ….”

“ သဘာ၀ကျကျပြောရမယ်ဆိုရင် အဲ့လိူ ပါရမီရှင်တစ်ယောက်က လူမသိ သူမသိဖြစ်နေစရာအကြောင်းမရှိဘူး…”

ကိုင်လျန်ရီ၏ နှလုံးသားထဲတွင် အလွန်တရာသိချင်စိတ်များပြင်းပြနေ၏။ သူမက ရွှမ်မိသားစုအခြေအနေများနှင့်ပတ်သက်၍ ကောင်းစွာသိထားပြီး လူငယ်မျိုးဆက်များအကြောင်းလည်း ကောင်းစွာသိထားလေသည်။

သူမ အမြင်တွင် ရွှမ်မိသားစု၏ ပင်မမျိုးဆက်များမှာ လွန်ခဲ့သော နှစ်(၂၀)၀န်းကျင်တုန်းက တိုက်ပွဲပြီးကတည်းက ပျောက်ကွယ်လုနီးပါးဖြစ်သွားခဲ့ချေပြီ။

ယခင်နှစ်များအတွင်း ကောင်းကင်ဒေသ၌ ရွှမ်မိသားစုမှ ထူးချွန်သော လူငယ်မျိုးဆက်များ ပေါ်ပေါက်ခဲ့ခြင်းမရှိပေ။

မူလက ရွှမ်မိသားစု ဤအတိုင်းသာ လမ်းဆုံးသွားတော့မည်ထင်ထားခဲ့၏။ သို့‌သော် ယခုတွင် ဘယ်နေရာက ဆေးဘုရင် တစ်ဦးပေါ်ထွက်လာခဲ့သနည်း။

“ သူက ဘယ်ကရောက်လာလဲတော့ ညီမလည်းမသိဘူး.. အစက သူ့ဆီက ရွှမ်မိသားစု အရှိနိအဝါခံစားမိလို့ ညီမက ကူညီပေးမလို့ပဲ.. ဒါပေမယ့် အဲ့လူက ကျားသားစားချင်လို့ ၀က်ယောင်ဆောင်နေတာမှန်း လုံး၀ထင်မထားခဲ့ဘူး….”

ကိုင်လင်းအာ မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ဟိုးကတည်းက ရွှမ်မိသားစု လူငယ်မျိုးဆက်များနှင့် ဆုံဖူး၏။ ထို့ကြောင့် ရွှမ်ယီအား စတွေ့တွေ့ချင်းတွင် သိပ်ပြီး အထင်ကြီးခဲ့ခြင်းမရှိချေ။

“ အတုများလား..”

ကိုင်လင်းအာ အလွန် အံ့ဩနေ၏။

“ အဲ့တာမဖြစ်နိုင်ဘူး.. ဘာလို့ဆို ရွှမ်မိသားစုက လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကတည်းက ငါတို့ ကိုင်မိသားစု လက်အောက်ခံလေ.. မြောက်ပိုင်းနယ်မြေမှာ ဘယ်သူမှ အဲ့လိုမလုပ်ရဲဘူး…”

ကိုင်လျန်ရီက ခေါင်းအနည်းငယ်ယမ်းလိုက်၏။

“ ရွှမ်မိသားစုက ကပ်ဘေးကြီးထဲမှာ ပင်မမျိုးဆက်တွေ ပျက်သုဉ်းလုနီးပါးဖြစ်သွားခဲ့တယ်.. ကြည့်ရတာ သူတို့က လျှို့ဝှက်ကာကွယ်ထားခဲ့တယ်နေမယ်.. ဒါနဲ့ သူ့နာမည်က ဘယ်လိုခေါ်လဲ…”

“ ရွှမ်ယီ..”

ကိုင်လင်းအာက ချက်ချင်းပြန်ဖြေလိုက်သည်။

“ ရွှမ်ယီလား…”

ကိုင်လျန်ယီက ထိုနာမည်အား ယခင်ကကြားဖူးသလိုရှိနေပြီး စိတ်ထဲ ရင်းနှီးနေဟန်ဖြင့် ရေရွတ်လိုက်မိ၏။

ရုတ်တရက် သူမ တစ်ကိုယ်လုံး တုန်ခါသွားလေသည်။ သူမက မယုံကြည်နိုင်သော မျက်၀န်းများဖြင့် ကိုင်လင်းအာကိုကြည့်ပြီး မေးလိုက်၏။

“ သူက ရွှမ်ယီလို့ နင်ပြောလိုက်တာလား…”

သူမသာ အမှတ်မမှားလျှင် အသစ်ပေါ်လာသော လျှို့ဝှက်နယ်မြေအတွင်းရှိ နတ်ဘုရားသန့်စင်မျှော်စင် ထိပ်ဆုံးမှ လူ၏ နာမည်မှာ ရွှမ်ယီဖြစ်ပြီး တောင်းပိုင်းတိုက်ကြီးမှလည်းဖြစ်သည်။

ထို အဆင့်(၁)လူက နက်နဲဓားဂိုဏ်းမှဖြစ်ပြီး ၎င်းအား ကောင်းကင်ဒေသတွင် တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ပါ။

“ တိုက်ဆိုင်မှုတစ်ခုခုလား.. ဒါမှမဟုတ် နာမည်တူနေတာမျာလား…”

ကမ္ဘာကြီးမှာ အလွန်ကျယ်၀န်းလှပြီး လူတူမရှား နာမည်တူမရှားပေ။ သို့သော် ဤကိစ္စက သာမန်မဟုတ်ဟု သူမစိတ်ထဲခံစားမိနေသည်။

“ အင်း.. ဒါဆိုလည်း သေချာအောင် မေးကြည့်ရမှာပေါ့…”

ကိုင်လျန်ရီ တစ်ယောက် ဆက်လက်ငြိမ်မနေနိုင်တော့ပေ။ အစက ရွှမ်မိသားစုတွင် ပါရမီရှင်တစ်ဦး ပေါ်ပေါက်လာသည်ဟုသာ ထင်ခဲ့၏။ ဤမျှ အသက်ငယ်ငယ်လေးဖြင့် ဆေးဘုရင်အဆင့်ရောက်နေခြင်းက လူတိုင်းအား တုန်လှုပ်သွားစေရန် လုံလောက်သည်။

ထို့အပြင် ထို ဆေးဘုရင်က နတ်ဘုရားသန့်စင်မျှော်စင်အဆင့်(၁) မှလူနှင့် လာပြီး တိုက်‌ဆိုင်နေသောကြောင့် သူမ ဆက်လက်၍ ငြိမ်နေနိုင်စွမ်းမရှိတော့ချေ။

သူမ၏ လှပသော မျက်နှာကလေးထက်၌ တုန်လှုပ်နေဟန်များ အတိုင်းသား ပေါ်လွင်နေသည်။

နတ်ဘုရားသန့်စင်ခြင်းမျှော်စင် စတင်ထွက်ပေါ်လာစင်က လူတိုင်း ၎င်းအား တက်ရောက်‌ရန် အလွန်လွယ်ကူသည်ဟု ထင်မှတ်မိခဲ့ကြ၏။ သို့သော် လက်တွေ့က လူတိုင်းကို စိတ်ဓာတ်ကျသွားစေခဲ့သည်။ ကောင်းကင်ဒေသအဆင့်(၃) ကိုင်လျန်ရီပင် ထိုမျှော်စင်၏ အဆင့်တွင် လူ(၇)သောင်းအပြင်ဘက်၌သာရှိနေခဲ့ပြီး (၅၈)ထပ်သို့သာ ရောက်ရှိခဲ့၏။

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အကြောင်း သိထားသော ကောင်းကင်ဒေသမှ လူတိုင်း ၎င်းသို့တက်ရောက်ရန် မည်မျှ ခက်ခဲကြောင်း နားလည်ထားကြသည်။

ကောင်းကင်အဆင့်(၁)ဖြစ်သော ဟွမ်တျန်ရှန်ဇီပင်လျှင် အထပ်(၆၀) သို့သာ ရောက်ရှိခဲ့၏။

သို့သော် တောင်ပိုင်းတိုက်ကြီး နက်နဲဓားဂိုဏ်းမှ ရွှမ်ယီဆိုသူက ထိပ်တကာ့ထိပ်ဆုံး အဆင့်(၁)၌ ရှိနေသည်။

ထိုအရာကား အလွန်ထိတ်လန့်အံ့ဩစရာဖြစ်၏။

……

ကောင်းကင်ဒေသ မြောက်ဘက်ပိုင်း.. ရွှမ်မိသားစု

ရွှမ်မိသားစုခေါင်းဆောင်က ရှုပ်ထွေးနေဟန်ဖြင့် ကိုင်လျန်ယီအား အဓိက ခန်းမအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

“ တူမလေး လျန်ရီ.. ဘယ်လေတိုက်လို့ ရုတ်တရက် ကျုပ်တို့ ရွှမ်မိသားစုကို ရောက်လာတာလဲ.. ပြသနာ တစ်ခုခုရှိလို့လား….”

ရွှမ်ယွမ်၏ စိတ်ထဲတွင် သံသယများပြည့်နှက်နေသော်လည်း ‌ယဉ်ကျေးစွာ ဧည့်ခံလိုက်၏။

ကိုင်လျန်ယီကဲ့သို့ ပါရမီရှင်များက ၎င်းတို့၏ အချိန်အများစုကို ကျင့်ကြံရင်းဖြင့်သာ ကုန်ဆုံးလေ့ရှိကြောင်း သိထားရန်လိုအပ်သည်။

သူတို့က အလွယ်တကူဖြင့် လူကြားထဲ ထွက်လာခဲ၏။ သို့သော် သူမက ရုတ်တရက် ရွှမ်မိသားစုသို့ ရောက်လာခဲ့သည်။

ဤကိစ္စက တစ်ခုခုမှားယွင်းနေသည်အား ဖော်ပြနေ၏။

ရွှမ်ယွမ်၏ မျက်နှာက လေးနက်နေပြီး တစ်ခဏမျှ မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့ ရွှမ်မိသားစုနှင့် ကိုင်မိသားစုဆိုသည်မှာ တစ်လှေတည်းစီးနေကြသူများဖြစ်၏။ သို့သော် စစ်ပွဲကိစ္စများ ၊ ရောင်း၀ယ်ရေးကိစ္စများ စသည့် ကိစ္စများအား ကိုင်တွယ်ဆောင်ရွက်ရန် ကိုင်မိသားစု၏ ဘဏ္ဍာစိုးသာ လာရောက်လေ့ရှိသည်။

သို့သော် ယခုတွင် ကိုင်မိသားစု၏ ဆက်ခံသူကိုယ်တိုင်ရောက်လာသည်ဖြစ်ရာ တစ်ခုခုထူးဆန်းနေချေပြီ။

မြောက်ပိုင်းတွင် အလွန်ကြီးကျယ်သော ကိစ္စကြီးတစ်ခု ဖြစ်နေပြီလော။

“ ဦးလေးရွှမ်.. စိတ်ပူနေစရာမလိုပါဘူး.. ကျွန်မက ကိုယ်ရေးကိုယ်တာကိစ္စအတွက် လာခဲ့တာပါ…”

ကိုင်လျန်ရီက သူမ ရုတ်တရက်ရောက်လာခြင်းကြောင့် ရွှမ်ယွမ် ပဟေဠိဖြစ်နေမည်ကို နားလည်ဟန်ဖြင့် ပြုံးလျက်ပြောလိုက်သည်။

“ ဒါနဲ့ ဦးလေးရွှမ်ကို ဂုဏ်ပြုပေးစရာရှိသေးတယ်…”

ရွှမ်ယွမ် ပို၍ ပင်စိတ်ရှုပ်ထွေးသွားခဲ့၏။

ဘယ်လိုကိစ္စမျိုးကြောင့် ကိုင်လျန်ယီကိုယ်တိုင် လာရောက်ဂုဏ်ပြုစကားဆိုနေရသနည်း။

“ ရွှမ်မိသားစုမှာ အဆင့်(၅) ဆေးဘုရင်တစ်ဦးပေါ်လာတဲ့ အတွက် ဂုဏ်ယူပါတယ်…”

ကိုင်လျန်ယီက ချိုသာသော လေသံကလေးဖြင့် ညင်သာစွာစကားဆိုလိုက်ပြီးနောက် ရွှမ်ယွမ်၏ တုံ့ပြန်မှုအား စောင့်ကြည့်နေခဲ့သည်။

“ ဘာကြီး.. ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…”

ရွှမ်ယွမ်၏ ပထမဆုံး တုံ့ပြန်မှုက အလွန်ရှော့ရသွားခြင်းပင်။

ဘုရင်အဆင့်ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်သော အဆင့်(၅) ဆေးဘုရင်တစ်ဦး သူတို့မိသားစု၌ ထွက်ပေါ်လာသည်တဲ့လား…?

ဆေးပညာနှင့်ပတ်သက်သော ရွှမ်မိသားစုမှလူများ၏ အရည်အချင်းများအကြောင်း သူကောင်းစွာသိထားသည်။ ရိုးရှင်းစွာပင် ကြက်ဥမှနေ၍ ဘယ်တော့မှ ဖီးနစ်တစ်ကောင် မွေးဖွားလာမည်မဟုတ်ပေ။

သူနှင့် ဆန့်ကျင်ဖက်၌ ထိုင်ပြီး စကားပြောနေသူက ကိုင်မိသားစု၏ ဆက်ခံသူသာမဟုတ်လျှင် ရွှမ်မိသားစုအား လာရောက်စော်ကားနေသည့် ရန်သူဟုထင်ကာ ထပြီး ရိုက်နှက်မိပေလိမ့်မည်။

All Chapters