← Chapters

အခန်း (၁၃၃)

Vol. 9 Ch. 133

အခန်း (၁၃၃)

Vol. 9 Ch. 133

“ ဟီးဟီး.. ရွှမ်ယီရဲ့စွမ်းအားလား.. အဲ့တာက သိပ်တော့မဆိုးပါဘူး…”

ရွှမ်ယွမ်က အလွန်စိတ်အားထက်သန်နေသည့် ကိုင်လျန်ရီအားကြည့်ကာ ပြုံးလိုက်သည်။

ကောင်းကင်အဆင့်မှ ရွေးချယ်ခံများအားလုံး အဆင့်ကျော်တိုက်ခိုက်နိုင်သူများဖြစ်၏။

ကိုင်လျန်ရီက အခြေတည်ဝိညာဉ်အဆင့်(၉)၌ ရှိနေကြောင်း ရွှမ်ယွမ်သိထားပြီး ၎င်းက ရွှမ်ယီနှင့် အဆင့်တူဖြစ်သည်။

သို့သော် ရွှမ်ယီက နယ်မြေစွမ်းအားကိုပင်နားလည်ထားသူတစ်ယောက်ဖြစ်၏။ ရွှမ်ယွမ်က သူ့ကိုပင် လွင့်ပျံသွားစေနိုင်စွမ်းရှိသည့် ရွှမ်ယီ၏ စွမ်းအားအပေါ် အလွန်ယုံကြည်မှုရှိသည်။

ကောင်းကင်အဆင့်(၃) ကိုင်လျန်ရီဖြစ်နေလျှင်ပင် ဘာမှတတ်နိုင်မည်မဟုတ်ပေ။

အကယ်၍ သူတို့နှစ်ဦးတိုက်ခိုက်ကြလျှင် ရလဒ်က ကိုင်လျန်ရီ မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေပေလိမ့်မည်။

ရွှမ်ယွမ်တစ်ယောက် တွေးကြည့်မိလိုက်ပြီး

“ ရွှမ်ယီကို သွားရှာချည်ဦးမယ်.. ဒီလောက်ဆိုရင် ပြန်ရောက်နေလောက်ပြီ…”

ရွှမ်ယွမ်၏ မျက်၀န်းများမှေးကျဉ်းသွားပြီး အနည်းငယ်ပြုံးလိုက်၏။ ရွှမ်ယီအနိုင်ရသော မြင်ကွင်းအား မြင်‌တွေ့ရန် မစောင့်နိုင်တော့ပေ။

‌ရွှမ်မိသားစု တည်ရှိရာနေရာ၏ အနောက်ဘက်တောင်းတန်း…

ကိုင်လျန်ရီလည်း အလွန်စိတ်အားထက်သန်နေပြီး မရိုးမရွဖြစ်နေသည်ဖြစ်ရာ ရွှမ်ယွမ်နောက်မှ လိုက်လာခဲ့တော့သည်။

“ ရွှမ်ယီ.. နတ်သမီးကိုင်က မင်းကိုလာရှာတယ်… ကောင်းစုတ်လေး.. မင်းက အဆင့်(၅) ဆေးဘုရင်တစ်ယောက်ဖြစ်လာတာတောင် ဘယ့်သူမှမပြောပဲ တိတ်ဆိတ်နေ‌တယ်ပေါ့.. မင်းဘာလို့ ငါ့ကိုနည်းနည်းပါးပါးအသိလာမပေးတာလဲ…”

ရွှမ်ယီ မျက်ခုံးပင့်လိုက်မိသည်။ ဤ ရွှမ်မိသားစု၏ သတင်းစုဆောင်းမှုက သူထင်ထားသည်ထက် လျင်မြန်လွန်းလှ၏။

သူပြန်ရောက်လာသည်မှာ ဖင်မပူသေးသော်လည်း သတင်းက မိသားစုခေါင်းဆောင်ထံ ရောက်ရှိနေချေပြီ။

ရွှမ်ယီက ခေါင်းမော့ကြည့်လိုက်ပြီ သူ့ရှေ့မှ အလွန်လှပသော မိန်းကလေးအားမြင်လျှင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုမိန်းကလေးအား ရင်းနှီးသလို ခံစားမိနေ၏။

ကိုင်လင်းအာ၏ မျက်နှာပေါက်က ကိုင်လျန်ရီနှင့် အလွန်ဆင်တူလှသည်။

“ ကျွန်မက ကိုင်လျန်ရီပါ.. ကိုင်လင်းအာရဲ့ အစ်မလည်းဟုတ်တယ်…”

ရွှမ်ယီအားကြည့်နေသော ကိုင်လျန်ရီ၏ မျက်၀န်းများကလည်း တောက်ပနေသည်။

သူမရှေ့မှ အဖြူရောင်၀တ်စုံနှင့် လူငယ်လေးက အတော်ချောမောလှ၏။ ပထမဆုံးတွေ့ဆုံမှု၌ပင် ကောင်းမွန်သောခံစားမှုများ ပေးစွမ်းနေသည်။

“ လင်းအာက နည်းနည်းရိုင်းတော့ ရှင့်ကို အနည်းငယ်ဒုက္ခဖြစ်စေခဲ့မယ်ထင်တယ်…”

ရွှမ်ယီက အနည်းငယ်ပြုံးကာ ခေါင်းယမ်းလိုက်၏။

“ အဲ့တာက ကိစ္စမရှိပါဘူး.. တကယ်လို့ ကိုင်လင်းအာသာမရှိရင် ဆေးဘယ်နားသန့်စင်ရမှန်းတောင်သိမှာမဟုတ်ဘူး… မှော်ဆေးပညာမျှော်စင်က အရမ်းကြီးတယ်လေ…”

တစ်ခဏမျှ ရပ်တန့်လိုက်ပြီးနောက်

“ ဒါနဲ့ ခင်ဗျား ကျုပ်ကို ဘာလို့လာရှာတာလဲ…”

သူမက သူ့အား ဆေးသန့်စင်ပေးစေချင်နေသည်လော…?

ကိုင်လျန်ရီ၏ ပြုံးလိုက်ပြီး စကားမပြောမီ ခေတ္တမျှစဉ်းစားလိုက်၏။

“ ရှင်.. နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အကြောင်း သိတယ်မို့လား…”

ဤတစ်ကြိမ်တွင် ရွှမ်ယီ အံ့ဩသွားသည့် အလှည့်ဖြစ်၏။

သူက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အကြောင်း ကောင်းစွာသိထားလေသည်။

၎င်းက ခရမ်းလမင်းလျှို့ဝှက်နယ်မြေအတွင်းမှ ဆန်းကျယ်သောမျှော်စင်ဖြစ်၏။

ခရမ်းလမင်းလျှို့ဝှက်နယ်မြေ အဇူရာဒေသတွင်ရှိစဉ်က ၎င်းပွင့်လာချိန်တိုင်း နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ကလည်း လျှို့ဝှက်နယ်မြေအတွင်း ကျပန်းပေါ်လာပေလိမ့်မည်။

ရွှမ်ယီ လျှို့ဝှက်နေမြေသို့၀င်ခဲ့စဉ်က သူ၏ တပည့်များနှင့်အတူ ထိုမျှော်စင်အတွင်းသို့ ၀င်ရောက်ခဲ့ပြီး (၉၉)ထပ်သို့ရောက်ရှိခဲ့ကာ ပင်မအဆင့်(၁)တွင် သူ၏ နာမည်အား ချန်ထားခဲ့သည်။

“ အင်း.. နတ်ဘုရားသန့်စင်ခြင်းမျှော်စင်လား.. ကျုပ်သိတာပေါ့.. အဲ့တာက ခရမ်းလမင်းလျှို့ဝှက်နယ်မြေထဲက မျှော်စင်လေ.. အရင်တုံးက အဲ့တာက ကျုပ်တို့ အဇူရာဒေသမှရှိခဲ့တယ်.. ကျုပ် မျှော်စင်ထဲ၀င်ခဲ့ပြီး သိပ်မကြာခင်မှာပဲ လျှို့ဝှက်နယ်မြေတစ်ခုလုံး ပျောက်သွားခဲ့တယ်….”

ရွှမ်ယီက ရုတ်တရက် တစ်စုံတစ်ခုအားစဉ်းစားမိသွားပြီး

“ အဲ့တာက အခု ကောင်းကင်ဒေသကို ရောက်နေတာလား…”

ခရမ်းလမင်းတောအုပ်၌ နှစ်ပေါင်းများစွာကြာအောင်ရှိနေခဲ့သည့် ခရမ်းလမ်းလျှို့ဝှက်နယ်မြေက ရုတ်တရက် လေထဲတွင်ပျောက်ကွယ်သွားခဲ့၏။ ထိုအရာက အဇူရာဒေသမှ လူတိုင်းနီးပါအသိပင်။

ရွှမ်ယီ၏ တွေးမိသလောက်ဆိုလျှင် ထိုလျှို့ဝှက်နယ်မြေ၏ ပိုင်ရှင်က ဒေါသအိုး ဆေဘာဘုရင်ဟုတ်ဟန်မတူပေ။

“ ဟုတ်တယ်.. အဲ့တာက လက်ရှိမှာ ကောင်းကင်ဒေသ အနောက်ဘက်ခြမ်းမှာရှိနေပြီးတော့ နှင်းလျှို့ဝှက်နယ်မြေလို့ လူတွေက နာမည်ပေးထားကြတယ်.. နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ရဲ့ ပင်မအဆင့်မှာ ပါရမီရှင်တွေအများကြီးပဲ.. ကျွန်မမှာလည်း အစွမ်းအစတစ်ချို့ရှိတယ်ထင်ခဲ့တာ.. ဒါပေမယ့် အဆင့်(၇)သောင်းထဲတောင်မ၀င်နိုင်ခဲ့ဘူး.. ဒါပေမယ့် ရှင်က အံ့ဩစရာကောင်းလောက်အောင် အဆင့်(၁)မှာရှိနေခဲ့တယ်…”

ရွှမ်ယီအားကြည့်နေသည့် ကိုင်လျန်ရီ၏ မျက်၀န်းများက တစ်လက်လက်တောက်ပနေခဲ့သည်။ သူမ၏ တိုက်ခိုက်လိုသော ဆန္ဒများကလည်း အရူးအမူးမြင့်တက်လာနေချေပြီ။

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်သို့ ၀င်ရောက်ပြီးကတည်းက ထို အဆင့်(၁)မှ ရွှမ်ယီဆိုသူက မည်မျှ သန်မာကြောင်း သူမ အလွန်သိချင်နေခဲ့သည်။ ယခုတွင် ထို လျှို့ဝှက်ဆန်းကျယ်သည့်လူငယ်က သူမရှေ့မှောက်၌ ရှိနေချေပြီ။

ကောင်ကင်ဒေသအဆင့်(၃)ဖြစ်သည့် ကိုင်လျန်ရီက ပါရမီရှင်တစ်ဦးဖြစ်ပြီး သူမထံတွင် ကျွမ်းကျင်မှုအနည်းငယ်ရှိနေခဲ့သည်။

ထိုစကားအားကြားလျှင် ရွှမ်ယီက အနည်းငယ်ပြုံးလိုက်၏။

အဆင့်(၁)တဲ့လား…!

သူက ထိုကဲ့သို့ ဂုဏ်ပုဒ်များအား သိပ်ပြီးအာရုံမထားချေ။ သူက မျှော်စင်ထိပ်ဆုံးသို့ တက်ကြည့်လိုစိတ်သာရှိခဲ့ပြီး သူ၏နာမည်က သဘာ၀အတိုင်း ထိုနေရာတွင် ကျန်နေခဲ့ခြင်းဖြစ်၏။

သူ့ရှေ့မှ ကိုင်လျန်ရီဆိုသည့်မိန်းကလေး အဘယ်ကြောင့်ရောက်လာကြောင်း ရွှမ်ယီနားလည်သွားချေပြီ။

“ နတ်သမီးကိုင်.. မင်းက ကျုပ်နဲ့တိုက်ခိုက်ချင်နေတာလား…”

ရွှမ်ယီကိုယ်တိုင်လည်း ကောင်းကင်အဆင့်(၃) ဆိုသည့်လူက မည်မျှ သန်မာကြောင်း သိချင်နေမိသည်။ သူမက အဇူရာဒေသမှ ရွေးချယ်ခံများထက် သေချာပေါက်အားကောင်းရပေမည်။

“ ဟုတ်တယ်.. သခင်လေးရွှမ်က သင်ပြပေးပါဦး…”

ကိုင်လျန်ရီ၏ နှုတ်ခမ်းထောင့်စွန်းများက အပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားခဲ့ပြီး တိုက်ပွဲဆန္ဒများဖြင့် ပြည့်နှက်နေ၏။

“ လာခဲ့…”

ရွှမ်ယီက ခါးမတ်ကာ ရပ်လိုက်သည်။

သူက အဖြူရောင်၀တ်စုံအား၀တ်ဆင်ထားပြီး လက်တွင်းမှဓားက ကျောက်စိမ်းရောင်တောက်ပနေ၏။

လက်ရှိအချိန်တွင် သူက အချိန်နှင့် လေဟာနယ်အား ဖြတ်သန်းကာထွက်ပေါ်လာသည့် ဓားတစ်စင်းအလား ကိုင်လျန်ရီရှေ့၌ ရပ်နေခဲ့သည်။

၀မ်…!

ရွှမ်ယီလက်အတွင်းမှဓားက အနည်းငယ်တုန်ခါသွားပြီး အလွန်အစွမ်းထက်သည့် ဓားရည်ရွယ်ချက်က ဓားအတွင်းမှ အပြင်သို့ ရုန်းထွက်ရန် အသင့်ဖြစ်နေချေပြီ။

ကိုင်လျန်ရီကမူ စိတ်ကို ကန်ရေပြင်အလား တည်ငြိမ်စေပြီး ငြိမ်သက်စွာရပ်နေခဲ့သည်။ သူမရှေ့မှ လူငယ်က ၎င်း၏ ဓားအားဆုပ်ကိုင်လိုက်စဉ်တွင် သူမက မုန်တိုင်းပြင်းထန်နေသော ပင်လယ်လှိုင်းလုံးများအကြားရောက်နေသည့် လှေငယ်လေးတစ်စင်းအလား ခံစားလိုက်ရ၏။

“ သခင်လေးရွှမ်ယီ… ကျွန်မတို့ ကိုင်မိသားစုမှာ ကိုးရောင်ချယ်ရွှေမြူခိုး ပညာရပ်လို့ခေါ်တဲ့ ထိပ်တန်းသိုင်းပညာတစ်ခုရှိတယ်…”

ကိုင်လျန်ယီ၏ လက်များ နံဘေးသို့ ဆန့်တန်းသွားခဲ့ပြီး သူမ၏ ‌ကျောနောက်ဖက်တွင် ကောင်းကင်သို့ပင် ဖုံးလွှမ်းသွားသည့် ရောင်စုံအလင်းတန်းများထွက်ပေါ်လာပြီး ပြင်းထန်သော ဖိအားတစ်ခု ထုတ်လွှတ်နေလေသည်။

All Chapters