← Chapters

အခန်း (၁၃၂)

Vol. 9 Ch. 132

အခန်း (၁၃၂)

Vol. 9 Ch. 132

ရွှမ်မိသားစုတွင် အဆင့်မြင့်ဆေးပညာရှင် ဘယ်တုန်းကမှ မရှိခဲ့မှန်း မြောက်ပိုင်းဒေသတစ်ခုလုံး အသိပင်။ သူတို့၏ အမြင့်ဆုံးသော အောင်မြင်မှုမှာ လွန်ခဲ့သော နှစ်(၁၀၀)ကျော်က အဆင့်(၄) အနားသို့ရောက်ရှိခဲ့သည့် အဆင့်(၃) အထွတ်အထိပ် ဆေးပညာရှင်သာဖြစ်၏။ ရွှမ်မိသားစု၌ ထူးချွန်သော ဆေးပညာရှင် ဘယ်တုန်းကမှ ပေါ်ထွန်းခဲ့ခြင်းမရှိချေ။

ရွှမ်မိသားစုမှလူများက သိုင်းတာအိုလမ်းကြောင်းကိုသာ ပို၍ နှစ်ခြိုက်ကြသည်။

ရွှမ်မိသားစု ခေါင်းဆောင်တစ်ဦးအနေဖြင့် ရွှမ်မိသားစုအကြောင်းကို ရွှမ်ယွမ် ကောင်းစွာ သိထား၏။ မိသားစုအတွင်း၌ အဆင့်(၅) မပြောနှင့် အဆင့်(၄) ဆေးပညာရှင်ပင်မရှိချေ။

သို့သော် ယခုတွင် အဆင့်(၅) ဆေးဘုရင်တစ်ဦး ပေါ်လာသည်တဲ့လား…?

ရွှမ်ယွမ်က သူ့အား ရိုက်နှက်ပြီးပြောလျှင်ပင် ယုံမည်မဟုတ်ပေ။

ကိုင်လျန်ရီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး

“ ဒီကိစ္စက မှော်ဆေးပညာရှင်အစည်းအရုံးခေါင်း‌‌ဆောင်ကိုယ်တိုင် လက်ခံကြေငြာခဲ့တာပဲ.. ရွှမ်မိသားစုက ဒီကိစ္စကို လုံး၀မသိသေးဘူးလား… ဒါနဲ့ အဲ့ဆေးဘုရင်အသစ်နာမည်က ရွှမ်ယီလို့ခေါ်တယ်…”

“ ဟမ်.. ဘာတဲ့.. ရွှမ်ယီဟုတ်လား.. ဒါဆို အဲ့ကောင်လေးပေါ့….”

ရွှမ်ယွမ် အံ့ဩမှင်သက်သွားခဲ့၏။ ကိုင်လျန်ယီအား ကြည့်နေရင်း သူ၏ နှလုံးသားတစ်ခုလုံး တုန်ခါသွားလေသည်။

ရွှမ်ယီ…

အဲ့‌ကောင်လေး စောနကမှ မှော်ဆေးပညာရှင်အစည်းအရုံးကို ထွက်သွားတာမဟုတ်လား…?

ရွှမ်ယွမ်က ရွှမ်ယီ၏ ကျင့်ကြံမှုတွင် ပြသနာလုံး၀မရှိသဖြင့် ထိုနေရာသို့ စေလွှတ်ခဲ့ခြင်းဖြစ်၏။ ထို့အပြင် အောင်မြင်မှု တစ်စုံတစ်ရာ ရရှိရန်လည်း မျှော်လင့်ထားခဲ့ခြင်းမရှိပေ။ အကယ်၍ ရွှမ်ယီသာ လုံး၀မအောင်မြင်ခဲ့ပါက ထိုကျရှုံးမှုကနေ သင်ခန်းစာရရန် မျှော်လင့်ထားခဲ့သည်။

သို့သော် အဖြစ်မှန်က မည်ကဲ့သို့နည်း။

ဒီကောင်လေး.. ကောင်းကင်ကိုတောင်ဆန့်ကျင်နေပြီမဟုတ်လား…?

ဘာတဲ့.. အဆင့်(၅) ဆေးဘုရင်ဖြစ်လာတယ်တဲ့လား…?

ထိုကဲ့သို့ ပါရမီအရည်အချင်းမျိုးက နားလည်အောင်ပင်စဉ်းစား၍ မရနိုင်တော့ချေ။

တစ်ခဏအကြာတွင် ရွှမ်ယွမ်၏ အာရုံများ ပစ္စုန်ပ္ပန်သို့ ပြန်ရောက်လာခဲ့ပြီး သူ၏ စိတ်တွင်း၌မူ အလွန်တုန်လှုပ်နေသေးသည်။ သူက ကိုင်လျန်ယီအား တောက်ပသော မျက်၀န်းများဖြင့် ကြည့်လိုက်၏။

“ တူမလေး လျန်ရီ.. မရယ်နဲ့နော်.. ဒါနဲ့ ရွှမ်ယီက တကယ်ကြီး အဆင့်(၅) ဆေးဘုရင်လား…”

ကိုင်လျန်ရီ၏ ညင်သာစွာပြုံးပြီး ခေါင်းညိတ်လိုက်၏။

“ ဟားဟား.. ကောင်းတယ်.. မိုက်လိုက်တာ.. ငါတို့ ရွှမ်မိသားစု ဆက်ခံသူက မျှော်လင့်ထားတာထက် အများကြီးသာလွန်နေတာပဲ…”

ရွှမ်ယွမ်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး လေထဲသို့ပင် လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။

ဘုရင်အဆင့်ကျင့်ကြံသူဖြစ်နေသည့်တိုင်အောင် သူ၏ စိတ်လှုပ်ရှားမှုအား ထိန်းချုပ်နိုင်စွမ်းမရှိပေ။

ရွှမ်မိသားစု၌ အဆင့်(၄) နှင့်အထက် ဆေးပညာရှင် ဘယ်တုန်းကမှ မရှိခဲ့ပေ။ ထို့အပြင် ထိုအဆင့်က ကောင်းကင်ဒေသ စွမ်းအားကြီး အင်အားစုများတွင်ပင် လျစ်လျူမရှုနိုင်သော အဆင့်ဖြစ်၏။

ယခင်က ရွှမ်မိသားစုတွင် ဆေးတာအို၌ ပါရမီထူးချွန်သူ မရှိခဲ့ပေ။ ထို့အပြင် လူငယ်မျိုးဆက်များကလည်း ဆေးလုံးများသန့်စင်ရန် စိတ်မ၀င်စားကြချေ။ သူတို့အနေဖြင့် မိသားစုအတွင်း၌ ဆေးပညာရှင် ရှိလိုကြသော်လည်း မည်သို့မျှ လုပ်နိုင်စွမ်းမရှိဖြစ်ခဲ့ရသည်။

သို့သော် ထိုအချိန်များအားလုံး အတိတ်တွင်ကျန်ခဲ့ချေပြီ။ နောက်ဆုံးတွင် ဆေးပညာနယ်ပယ်၌ ရွှမ်မိသားစု ရပ်တည်နိုင်လာပြီဖြစ်၏။

အကယ်၍ လူတစ်ယောက်က ရွှမ်မိသားစုမှ တစ်စုံတစ်ယောက် အချိန်တိုအတွင်း အဆင့်မြင့်ဆေးပညာရှင်ဖြစ်လာသည်ဟုပြောလျှင် ရွှမ်ယွမ်ယုံမည်မဟုတ်ပေ။ သူ့အား လာလိမ်နေသည်ဟုသာ ထင်မိပေလိမ့်မည်။ သို့သော် ကောင်းကင်အားဆန့်ကျင်နိုင်သော ပါရမီဖြင့် ရွှမ်ယီဆိုလျှင်တော့ ကိစ္စကခြားနားသွားချေပြီ။

ထိုလူငယ်က အသက်(၂၄)နှစ်မျှဖြင့် ဓားရည်ရွယ်ချက်အဆင့်(၃) သာမက နယ်မြေစွမ်းအားများကိုပါ နားလည်နိုင်သည့် ပါရမီရှင်တစ်ခုဖြစ်သည်။ သူ့အား သာမန်စံနှုန်းများဖြင့် တိုင်းတာ၍ မရပေ။ ထို့အပြင် ထိုလူငယ်က ရွှမ်မိသားစု၀င်တစ်ဦးဖြစ်နေရာ အလွန်ကောင်းမွန်သော ကိစ္စတစ်ခုပင်ဖြစ်၏။

“ဒါနဲ့ ဦးလေးရွှမ်.. ရွှမ်ယီ အိမ်မှာရှိလား…’

ထိုမေးခွန်းက ရွှမ်ယွမ်အား အံ့အားသင့်သွားစေခဲ့သည်။

ကိုင်လျန်ရီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး

“ ကျွန်မသိတဲ့လူတစ်ယောက် နာမည်ကလည်း ရွှမ်ယီပဲ.. ပြီးတော့ သူက နက်နဲဓားဂိုဏ်းက.. အဲ့တာကြောင့် တိုက်ဆိုင်တာလား နာမည်တူတာများလားသိရအောင် ဦးလေးရွှမ်ဆီလာခဲ့တာပါ…”

နက်နဲဓားဂိုဏ်း…?

ရွှမ်မိသားစုက ရွှမ်မိအား နက်နဲဓားဂိုဏ်းဆိုသည့်နေရာမှ ပြန်ခေါ်လာခဲ့ခြင်းမဟုတ်ပေလော…?

နောက်ဆုံးတွင် ကိုင်လျန်ရီ အဘယ်ကြောင့် ရွှမ်မိသားစုထံသို့ရောက်လာကြောင်း ရွှမ်ယွမ်တစ်ယောက် နားလည်သွားတော့သည်။

“ ဟားဟားဟား.. ဘာများလဲလို့.. တူမလေး လျန်ရီက ရွှမ်ယီ ဘယ်ကလာလဲ သိချင်နေတာကိုး…”

ရွှမ်ယွမ်က အပြုံးတစ်ခုဖြင့် ကိုင်လျန်ရီအား ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

“ ပြောရမယ်ဆိုရင် သူက ငါတို့ ရွှမ်မိသားစု၀င်တစ်ယောက်ဖြစ်ပြီး အဓိက သွေးရင်းတစ်ယောက်လို့လည်းပြောလို့ရတယ်… အဲ့တာနဲ့ပတ်သက်ပြီး သံသယ၀င်စရာမလိုပါဘူး.. လွန်ခဲ့တဲ့နှစ်(၂၀)က ရွှမ်မိသားစု အဓိကသွေးရင်းတွေကို တောင်ပိုင်းတိုက်ကြီး နေရာအနှံ့ကို ပို့ပစ်ခဲ့တယ်.. ဟိုတစ်လောကမှ အားလုံးကို စုစည်းပြီး ပြန်ခေါ်ချည်တာ…”

“ တူမလေးပြောတာမှန်ပါတယ်.. ရွှမ်ယီက အဇူရာဒေသ နက်နဲဓားဂိုဏ်းဆိုတဲ့ နေရာကလာတာပဲ…”

ဘုန်း…!

ရွှမ်ယွမ်အားကြည့်နေသည့် ကိုင်လျန်ရီ၏ မျက်၀န်းများ ပြူးကျယ်သွားခဲ့လေသည်။ သူမ တစ်ကိုယ်လုံး တုန်လှုပ်သွား၏။ သူမ အလွန်စိတ်လှုပ်ရှားသွားမှုကြောင့် ကိုးရောင်ချယ်စိတ်ဝိညာဉ်အလင်းတန်း ခပ်ပါးပါးလေးက သူမ ခန္ဓာကိုယ်အနီးတွင် ထွက်ပေါ်လာခဲ့သည်။

တကယ်ပဲ သူလား…?

နက်နဲဓားဂိုဏ်းမှ ရွှမ်ယီဆိုသူက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၌ (၉၉)ထပ်သို့ရောက်ရှိခဲ့ပြီး အဆင့်ဇယား၌ အဆင့်(၁)ဖြစ်သည်။

“ သူက ကောင်းကင်ဒေသကို ရောက်နေပြီလား…”

ကိုင်လျန်ရီ အလွန်တုန်လှုပ်လျက်ရှိနေဆဲဖြစ်၏။ ထို နက်နဲဓားဂိုဏ်းမှ အလွန်ဆန်းကျယ်သောလူက နောက်ဆုံးတွင် ထွက်ပေါ်လာပြီတဲ့လား။

“ ရွှမ်ယီရဲ့ ဘယ်လောက်အစွမ်းထက်မလဲသိချင်မိတယ်…”

ကိုင်လျန်ရီ၏ အလွန်စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ရွှမ်ယွမ်အားကြည့်ပြီး ပြောလိုက်သည်။

လက်သီးတစ်ချက်ဖြင့် သူမ၏ ညီမဖြစ်သူအား လွင့်ပျံသွားစေခြင်းအား ထောက်ရှုလျှင် အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့်(၈) ဖြစ်ရမည်ဟု ကိုင်လျန်ရီ အကြမ်းဖျင်းတွက်ဆထား၏။

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်အပေါ်မူတည်ကာ ရန်သူ၏ အဆင့်ကို ချိန်ညှိပေးထားသည်။ ထို့ကြောင့် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူဖြစ်နေလျှင်ပင် ကောင်းကင်အားအံတုနိုင်သည့် ပါရမီရှင်ဖြစ်ပါက အဆင့်တက်နိုင်မည်ဖြစ်၏။

ဟိုးယခင်က ရွှမ်ယီ၏ ခွန်အအစစ်အမှန်ကို မည်သူမှ မသိခဲ့ရပေ။ သို့သော်ယခုတွင် ထိုလူ၏ မိသားစုခေါင်းဆောင်ဖြစ်သူက သူမရှေ့တွင်ရှိနေပြီရာ ကိုင်လျန်ရီ စိတ်ရှည်နိုင်စွမ်းမရှိတော့ပေ။ သူမ အနည်းငယ် စိတ်အားထက်သန်နေခဲ့၏။

သူမက ကောင်းကင်အဆင့်၌ အဆင့်(၃)တွင် ရပ်တည်နေသူတစ်ဦးဖြစ်လေသည်။ အသက်(၂၀)စွန်းစွန်းဖြင့် အခြေတည်ဝိညာဉ်အဆင့်(၉)သို့ ရောက်ရှိနေ‌သူဖြစ်ပြီး ကောင်းကင်ဒေသ၌ပင် လူငယ်မျိုးဆက်၌ ပြိုင်ဘက်သိပ်မရှိပေ။

သို့တိုင်အောင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်တွင် သူမအဆင့်က လူ(၇)သောင်းအပြင်ဘက်၌ ရှိနေ၏။ ၎င်းက သူမအား အလွန်အမင်းစိတ်ပျက်သွားစေသည်။

သို့သော် အနှီရွှမ်ယီက အဆင့်(၁)ဖြစ်၏။

သူ့တွင် မည်ကဲ့သို့သော စွမ်းအားများရှိနေသနည်း။

All Chapters