← Chapters

အခန်း (၁၃၄)

Vol. 9 Ch. 134

အခန်း (၁၃၄)

Vol. 9 Ch. 134

“ ကိုးရောင်ချယ်ရွှေမြူခိုး.. အဲ့တာက အဆင့်ကိုးဆင့်ရှိပြီး တစ်ဆင့်တက်သွားတိုင်း အရောင်တစ်မျိုးပြောင်းတယ်.. အဆင့်ကိုးကိုရောက်ရင် ရွှေရောင်အလင်းတန်းတွေပေါ်လာတယ်.. အဲ့တာက အဆင့်တစ်ခုကျော်ပြီးတိုက်ခိုက်နိုင်စွမ်းရှိတယ်… သခင်လေး ရွှမ်ယီ သတိထားပါ…”

ထိုစကားများကြောင့် ရွှမ်ယီ အနည်းငယ်အံ့ဩသွား၏။ အသေချာကြည့်လိုက်လျှင် ကိုင်လျန်ရီ၏ နောက်ကျော‌၌ အရောင်ကိုးရောင်ပေါ်နေသည်အားတွေ့လိုက်ရသည်။ ထိုအပြင် ကိုင်လျန်ရီ၏ လေးနက်သောအမူအရာအောက်တွင် ထိုရောင်စုံအလင်းတန်းများက တဖြည်းဖြည်းပေါင်းစပ်နေပြီး‌ ရွှေရောင်အဖြစ်သို့ ပြောင်းလဲနေ၏။

ခလွပ်..

ထူးဆန်းသော အသံတစ်ခုထွက်ပေါ်လာသည်။

ရွှမ်ယွမ်လည်း ကိုင်လျန်ရီ၏ နောက်ကျောမှ အလင်းတန်းများလည်း အံ့ဩစွာကြည့်နေခဲ့၏။ ကိုးရောင်ချယ်အလင်းတန်းများက ရွှေရောင်အဖြစ်သို့ပေါင်းစပ်သွားပြီး လေဟာနယ်အား အက်ကွဲသွားစေသည်ကို တွေ့လိုက်ရသည်။ ထိုရွှေရောင်အလင်းတန်းများက ၎င်းတို့၏ စွမ်းအားကို မထုတ်လွှတ်သေးသော်လည်း လေဟာနယ်ကိုပင် ထိုးဖောက်၀င်ရောက်နိုင်စွမ်းရှိနေချေပြီ။

“ ဒါက ကောင်းကင်အဆင့်(၃)တစ်ယောက်ရဲ့ စွမ်းအားပေါ့.. မျှော်လင့်ထားသလိုပါပဲလား…”

ရွှမ်ယွမ် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ သူမက ဘုရင်အဆင့်ကျင့်ကြံသူများအား တိုက်ခိုက်နိုင်စွမ်းမရှိသေးသော်လည်း တော်ရုံဘုရင်အဆင့် ကျင့်ကြံသူများလည်း သူမအား ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

ဘုရင်တစ်၀က်အဆင့်များအပါအ၀င် ပါရမီရှင် အတော်များများက သူမအား ယှဉ်နိုင်စွမ်းရှိမည်မဟုတ်ချေ။

သို့သော်…

“ ဟီးဟီး… စိတ်ပူနေစရာမလိုပါဘူး.. ငါရဲ့ ရွှမ်မိသားစုက မွန်းစတားလေးက ငါ့ကိုတောင် လွင့်ထွက်သွားအောင် တိုက်နိုင်တာပဲ….”

ရွှမ်ယွမ် တစ်ကိုယ်တည်း ရေရွတ်ကာ ရယ်မောလိုက်၏။ သူက ရွှမ်ယီအတွက် လုံး၀စိုးရိမ်ခြင်းမရှိချေ။ ထိုအစား ရောင်စုံအလင်းတန်းများကိုသာ ဂရုတစိုက်ကြည့်ရှုနေခဲ့သည်။

ရွှမ်ယီက တိုက်ခိုက်ချိန်တွင် သူ့၏ စွမ်းအားများ ပို၍ မြင့်တက်လာလေ့ရှိသည်။ ရန်သူက ပို‌အားကောင်းလေ သူ့တိုက်ခိုက်မှုက ပိုပြင်းထန်လေဖြစ်၏။

ရွှမ်ယီ၏ တိုက်ခိုက်မှုက ကိုင်မိသားစုမှ ပါရမီရှင်မလေးအား တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်စွမ်းရှိကြောင်း ရွှမ်ယွမ် ယုံကြည်ထားသည်။

“ မဆိုးဘူး…”

ရွှမ်ယွမ်က နှစ်ခြိုက်မှုများပြည့်နေသည့် မျက်၀န်းများဖြင့် ကြည့်နေခဲ့၏။ တစ်ချိန်တည်းမှာပင် နောင်တအနည်းငယ်လည်းရှိနေသည်။

ကိုင်လျန်ရီ၏ ထိုရွှေရောင်အလင်းတန်းများက အလွန်ထူးခြားပြီး အစွမ်းထက်ကြောင်း သူခံစားမိနေ၏။

ထိုစွမ်းအားဖြင့် ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူများကိုပါ တိုက်ခိုက်နိုင်စွမ်းရှိသည်။

သို့သော် စိတ်‌မကောင်းစရာတစ်ခုက သူမရင်ဆိုင်နေရသူမှာ ရွှမ်ယီဖြစ်နေ၏။ သူမအား တိုက်ခိုက်ရန် ရွှမ်ယီအနေဖြင့် ဓားတစ်ချက်ခုတ်ရုံသာလိုအပ်သည်။

“ သခင်လေးရွှမ်ယီ.. လာပြီနော်..”

အချိန်အတန်ကြာသည့်တိုင်အောင် ရွှမ်ယီမလှုပ်ရှားသဖြင့် သူမအား ဦးစွာတိုက်ခိုက်စေချင်ကြောင်း ကိုင်လျန်ရီနားလည်လိုက်၏။ ထို့ကြောင့် သူမက သတိပေးစကားဆိုလိုက်ပြီး စတင်တိုက်ခိုက်လိုက်သည်။

ဘန်…

ရောင်စုံစိတ်ဝိညာဉ်အလင်းတန်းများထွက်ပေါ်လာပြီး ဗဟိုမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု စူးရှတောက်ပစွာထွက်ပေါ်လာ၏။

ရွှီး…

အလယ်အလတ်မူလဘုရင်တစ်ဦးဖြစ်နေသည့်တိုင်အောင် စူးရှသည့် အလင်းတန်းများကြောင့် ရွှမ်ယွမ်တစ်ယောက် သူ၏ မျက်လုံးများအား မှိတ်ထားလိုက်ရသည်။ သို့တိုင် မျက်၀န်းများအတွင်းမှ နာကျင်မှာအချို့ ခံစားလိုက်ရသေး၏။

မျက်လုံးများပြန်ဖွင့်လိုက်ပြီးနောက် သက်ပြင်းမချပဲမနေနိုင်အောင်ဖြစ်သွားခဲ့ရသည်။

ထိုရွှေရောင်အလင်းတန်းများ ရွှမ်ယီအနီးသို့ရောက်လာစဉ်တွင် သူက ဓားတစ်ချက်ဝှေ့ယမ်းလိုက်၏။ ထိုအခါ အနက်ရောင် ဓားအလင်းတန်းများ ဖြစ်ပေါ်လာခဲ့ပြီး နီးကပ်လာသော ရွှေရောင်အလင်းတန်းများအားလုံး ရွှမ်ယီနှင့် (၃)မီတာအကွာတွင် နေလာနှင်းပျောက်ကဲ့သို့ ဆုံးစမြုပ်ပျောက်ကွယ်သွားလေသည်။

ထိုလှုပ်ရှားမှုက ကိုင်လျန်ရီအပေါ် ဖိအား တစ်စုံတစ်ရာမျှမပေးခဲ့ပေ။

လက်ရှိအချိန်တွင် ကိုင်လျန်ရီ၏ လှပသော မျက်နှာလေးက အနည်းငယ်နီးမြန်းနေပြီး ရွှမ်ယီအား မှင်သက်စွာ ကြည့်နေမိ၏။

ကိုင်လျန်ရီက ကိုင်မိသားစု၏ အဆုံးအစွန်သော တိုက်ခိုက်ရေးပညာရပ်ကိုအသုံးပြုခဲ့သော်လည်း သူမ၏ ရွှေရောင်အလင်းတန်းများက ရွှမ်ယီနှင့် (၃)မီတာအကွာသို့သာ ရောက်နိုင်ခဲ့သည်။

ရိုးရိုးသားသား၀န်ခံရမည်ဆိုလျှင် လက်ရှိမြင်ကွင်းက ကိုင်လျန်ရီအား အမှန်တကယ် ထိတ်လန့်သွားစေခဲ့၏။

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ နံပါတ်(၁)ဖြစ်သော ရွှမ်ယီနှင့် မတိုက်ခိုက်မီတွင် သူမ စိတ်ပိုင်းဆိုင်ရာအား ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သို့သော် လက်ရှိမြင်ကွင်းက သူမ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေ၏။

သူမက ကောင်းကင်အဆင့်တွင် နံပါတ်(၃)ဖြစ်ပြီး စတင်၍ တိုက်ခိုက်ကတည်းက အစွမ်းအထက်ဆုံးသိုင်းကွက်အား အသုံးပြုခဲ့သည်။ သို့သော် ‌အဆုံးတွင် သူမ၏ တိုင်ခိုက်မှုက ရွှမ်ယီ အနားသို့ပင်ရောက်နိုင်စွမ်းမရှိချေ။

“ သူက ဘယ်လောက်တောင်သန်မာတာလဲ….”

ကိုင်လျန်ယီ၏ လှပသော မျက်၀န်းလေးများက ထူးဆန်းသောအလင်းများတောက်ပနေပြီး ရွှမ်ယီအားကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ဒေသတစ်ခုလုံးနိုင် ရွှမ်ယီနှင့် ယှဉ်နိုင်သော လူငယ်မျိုးဆက်မရှိမှန်း သူမ နားလည်သဘောပေါက်သွားတော့၏။

ရွှပ်…

ရွှမ်ယီက သူ၏နံဘေး(၃)မီတာ ပတ်လည်မှ ပြင်ထန်းသော ဓားချီစွမ်းအားများနှင့် တိုက်ခိုက်ရန်အသင့်‌ဖြစ်နေသော ဓားရည်ရွယ်ချက်စွမ်းအားများအားလုံး ပြန်လည်၍ ရုတ်သိမ်းလိုက်သည်။ အရာအားလုံး လေထဲတွင် ပျောက်ကွယ်သွား၏။

ရွှမ်ယီပြုံးလိုက်သည်။ သူက မတိုက်ခိုက်ခဲ့ချေ။

ကိုင်လျန်ရီ၏ တိုက်ခိုက်မှုက အတော်လေးကောင်းမွန်ပြီး ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူများအား ဆန့်ကျင်နိုင်စွမ်းရှိသည်တိုင် သူ၏ ဓားရည်ရွယ်ချက်စွမ်းအားများနှင့် တွေ့လိုက်ချိန်တွင် အသုံးမ၀င်ဖြစ်သွားခဲ့ရ၏။

ကိုင်လျန်ရီတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့်ခေါင်းယမ်းပြီး အနည်းငယ်ပြုံးလိုက်သည်။

သူမ အမြဲတစေဂုဏ်ယူနေခဲ့သော စွမ်းအားများက ရွှမ်ယီရှေ့တွင် အနည်းငယ်မျှပင် လုံလောက်မှုမရှိခဲ့ပါ။ သူ့အား အလေးအနက်တိုက်ခိုက်ရန်ပင် စွမ်းဆောင်နိုင်စွမ်းမရှိဟုပြောလျှင် ပိုမှန်ပေလိမ့်မည်။

ထိုရွှမ်ယီက မည်မျှအားကောင်းသနည်း။

All Chapters