← Chapters

အခန်း (၁၃၅)

Vol. 9 Ch. 135

အခန်း (၁၃၅)

Vol. 9 Ch. 135

ရွှမ်မိသားစုခေါင်းဆောင်ကမူ နံဘေးတွင် ၎င်း၏ မုတ်ဆိတ်များအား သနေခဲ့ပြီး ကျေနပ်စွာပြုံးလျက်ရပ်နေခဲ့သည်။

ရလဒ်အား ကြိုတင်၍ ခန့်မှန်းထားပြီးသားဖြစ်နေသော်လည်း လက်တွေ့ဖြစ်လာချိန်တွင် စိတ်လှုပ်ရှားနေဆဲဖြစ်၏။

နောက်ဆုံးတွင် ကောင်းကင်အဆင့်(၃) ၊ ကိုင်မိသားစု ပုလဲလုံးလေးက သူတို့ရွှမ်မိသားစုမှ သခင်လေးထက် နိမ့်ကျနေသည်မဟုတ်လော။

“ သခင်လေးရွှမ်ယီရဲ့ စွမ်းအားကို ကျွန်မ လေးစားမိပါတယ်…”

ကိုင်လျန်ရီက လက်ယှက်ကာ အနည်းငယ်ဦးညွှတ်လိုက်၏။ သူမ၏ ဖြူစင်လှပလွန်းသည့် မျက်နှာလေးက အနည်းငယ်‌နီရဲနေပြီး ရှက်ရွံ့နေခဲ့သည်။

သူမက တိုက်ပွဲ၀င်လိုစိတ်အပြည့် ၊ ယုံကြည်မှု အပြည့်နှင့် ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်၏။ သို့သော် နောက်ဆုံးတွင် သူမနှင့် ရွှမ်ယီအကြား ကွာခြားချက်မှာ အလွန်ကြီးမားကြောင်း သိလိုက်ရသည်။

ထိုလူငယ်ရှေ့တွင် သူတို့ကောင်း‌ကင်ဒေသမှ မည်သူမျှ ပါရမီရှင်ဟု ခေါ်ဆိုရန် မထိုက်တန်ပေ။

“ သတင်းပို့ပါတယ်…”

ဝှစ်ရှ်…

ချပ်၀တ်တန်ဆာအပြည့်၀တ်ဆင်ထားသော ရွှမ်မိသားစုမှ အစောင့်တစ်ဦးက စိတ်လှုပ်ရှားမှုများပြည့်နှက်နေသည့် မျက်နှာဖြင့်ရောက်လာခဲ့၏။

“ ခေါင်းဆောင်.. နှင်းလျှို့ဝှက်နယ်မြေက အခြေအနေပြောင်းသွားပြီ.. အဲ့မှာ လျှို့ဝှက်ဆန်းကျယ်တဲ့ ရတနာတစ်ခု ပေါ်လာတယ်.. တစ်ယောက်ယောက်က ရရှိသွားပြီး အဲ့တာကို အသုံးပြီးလိုက်တာ ဘုရင်အဆင့်ကိုချိုးဖျက်နိုင်သွားပါတယ်…”

“ အဲ့အချိန်ကတည်းက လျှို့ဝှက်နယ်မြေကို ဘုရင်အဆင့်တွေ ၀င်လို့မရတော့ဘူး.. အထဲက ထွက်လာတဲ့ ကျင့်ကြံသူတစ်ချို့ပြောတာတော့ အဲ့ဒီ လျှို့ဝှက်ဆန်းကျယ်တဲ့ ရတနာက တစ်ခုထက်မကရှိနေတယ်တဲ့…”

ထိုအစောင့်က လေးနက်စွာပြောကြားကာ ခေါင်းငုံလိုက်ပြီး လက်တွင်းမှ ကျောက်စိမ်းပြားအား ရွှမ်ယွမ်ထံသို့ပေးလိုက်၏။

“ ဒါက ပုံရိပ်ယောင် ကျောက်တုံးပါ…”

“ လျှို့ဝှက်နယ်မြေက ဘုရင်အဆင့်တွေ၀င်ခွင့် ပိတ်လိုက်တယ်လား…”

“ ပြီးတော့ အဲ့အထဲက ရတနာက တစ်ယောက်ယောက်ကို ဘုရင်အဆင့်ချိုးဖျက်စေနိုင်တယ်ပေါ့…”

ရွှမ်ယွမ်က အနည်းငယ်ရေရွတ်လိုက်ပြီး လေးနက်နေဟန်ဖြင့် အစောင့်ထံမှ ကျောက်စိမ်းပြားအား လက်ခံယူလိုက်သည်။

“ ခေါင်းဆောင်.. ဒီကိစ္စက လျှို့ဝှက်ချက်မဟုတ်ပါဘူး.. အဲ့ဒီလူက အနောက်ဘက်နယ်မြေကဖြစ်ပြီးတော့ လူတိုင်းမျက်စိရှေ့မှာ ဘုရင်အဆင့်ရောက်သွားတာပါ.. သူက သက်တမ်းကုန်ဆုံးတော့မယ် ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူတစ်ယောက်ပါ… ဒါပေမယ့် သူက လျှို့ဝှက်နယ်မြေထဲက ရတနာကိုရခဲ့ပြီးတော့ အဲ့တာကနေ ဥပဒေသသဘောတရားကို ဆုပ်ကိုင်မိသွားပြီး ဘုရင်အဆင့်ကိုချိုးဖျက်နိုင်သွားခဲ့တယ်….”

“ ခေါင်းဆောင်.. ကြည့်ရတာ လျှို့ဝှက်နယ်မြေထဲမှာ ထူးဆန်းတဲ့ ရတနာတွေရှိနေပုံပဲ…”

“ အင်း…”

ရွှမ်ယွမ်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူ၏ လက်အားဝှေ့ယမ်းလိုက်သည်။

ရွှစ်..

ပုံရိပ်ယောင်ကျောက်တုံးအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်အနည်းငယ်ထည့်သွင်းလိုက်သည်နှင့် လက်တွင်းမှ ကျောက်စိမ်းက အနည်းငယ်တုန်ခါသွားပြီး အနည်းငယ်မှုန်ပြပြပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရွှမ်ယီ ၊ ကိုင်လျန်ရီ နှင့် ရွှမ်ယွမ်တို့အားလုံး ၎င်းအား အာရုံစူးစိုက်ကာကြည့်နေကြ၏။

ပုံရိပ်ယောင်ထဲတွင် အေးစက်သော လေက ရေခဲငွေ့များအား သယ်ဆောင်ကာ တိုက်ခတ်နေသည်။ ထိုနေရာတွင် သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေပြီး သေကာနီး ဘုရင်တစ်၀က်အဆင့် အဘိုးကြီးတစ်ဦး ရှိနေ၏။ လက်ရှိအချိန်တွင် သူ၏ သက်တမ်းက ကန့်သတ်ချက်ကိုရောက်နေပြီဖြစ်ပြီး ခွန်အားများ တဖြည်းဖြည်းဆုတ်ယုတ်၍ လာနေသည်။

သို့သော် သူက တုန်ယင်စွာဖြင့် အဖြူရောင်အလင်းတန်းများတောက်ပနေသည့် အလင်းလုံးတစ်ဦးအား ထုတ်ယူကာ ဆုတ်ကိုင်ထား၏။

ထိုအချိန်တွင် အလင်းလုံးအတွင်းမှ အမျိုးအမည်မသိသော စွမ်းအားများ ထိုအဘိုးကြီး၏ ကိုယ်တွင်း စီး၀င်သွားခဲ့လေသည်။

ဘုန်း…

ကောင်ကင်နှင့်အပြည့်ဖြစ်ကာ ကျဆင်းနေသည့် နှင်းခဲများအားလုံး ရပ်တန့်သွား၏။ နှင်းများအား သယ်ဆောင်ကာတိုက်ခတ်နေသည့် လေကလည်း ခေတ္တရပ်တန့်သွားပြီး အရာအားလုံး ရပ်တန့်သွားသလိုပင်။

“ ကျုပ် ဇောင်ရှန် ဒီနေ့ အနောက်ပိုင်းနယ်မြေက နှင်းလျှို့ဝှက်နယ်မြေမှာ ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီ…”

ဘုန်း…

ကျဆင်းနေသော ဆီးနှင်းများနှင့် တိုက်ခတ်နေသာ လေများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။ ဤမတိုင်ခင်အချိန်တွင် ထိုအဘိုးကြီး၏ ပုံစံက ငြိမ်းသေတော့မည့် ဖယောင်းတိုင်တစ်ချောင်းအလား ဖြစ်နေခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် သူ၏ ဖြူဖွေးနေသော ဆံပင်များက သာမန်မျက်စိဖြင့်ပင်မြင်နိုင်သောအရှိန်ဖြင့် ပြန်လည်၍ မည်းနက်လာခဲ့၏။ မျက်နှာထက်မှ အရေးအကြောင်းများလည်း ပျောက်ကွယ်သွားပြီး သူလိုချင်သော အသက်အရွယ်ပုံစံ၌ ရပ်တန့်သွားခဲ့သည်။ သူ၏ မျက်လုံးများက လင်းလက်တောက်ပနေပြီး သူ့ထံမှ အရှိန်အဝါက နံဘေးရှိ ပတ်၀န်းကျင်အား ဝုန်းဒိုင်းကျဲသွားစေ၏။

ရွှမ်ယီတို့သုံးယောက် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ရွှမ်ယီ တစ်စုံတစ်ခုအား သတိရသွားပြီး အနည်းငယ်မျက်ခုံးပင့်လိုက်မိ၏။ သူသိသလောက်ဆိုရင် ခရမ်းလမင်းလျှို့ဝှက်နယ်မြေက တစ်ကြိမ်ပွင့်လျှင် (၇)သာရှိနေနိုင်သည်။ ကိုင်လျန်ရီ၏ စကားများအရဆိုလျှင် ထိုလျှို့ဝှက်နယ်မြေပွင့်နေသည်မှာ အချိန်အတော်ကြာချေပြီ။

ထိုအဘိုးကြီးက အထဲသို့ မည်ကဲ့သို့၀င်သွားခဲ့သနည်း။

“ မစ္စလျန်ရီ.. နှင်းလျှို့ဝှက်နယ်မြေ ပွင့်နေတာ ဘယ်လောက်ကြာပြီလဲ…”

ကိုင်လျန်ရီ အနည်းငယ်တွန့်သွားခဲ့၏။ သူမက အမြဲသတိရှိနေသူဖြစ်ပြီး ရွှမ်ယီ က ရုတ်တရက် ထမေးလိုက်သောကြောင့် အနည်းငယ်ထိတ်လန့်သွားခြင်းဖြစ်သည်။

“ နှစ်၀က်လောက်တော့ရှိပြီ.. ဘာလို့လဲ.. လျှို့ဝှက်နယ်မြေက အဇူရာဒေသမှာတုံးက အချိန်ကန့်သတ်ချက်ရှိလို့လား…”

“ (၇)ရက်.. အဇူရာဒေသမှာတုံးက တစ်ကြိမ်ပွင့်ရင် (၇)ရက်ပဲပွင့်တယ်…”

ရွှမ်ယီ အနည်းကယ်မျက်မှောင်ကြုတ်လိုက်မိ၏။

လျှို့ဝှက်နယ်မြေက အမှန်တကယ်ကို ပြောင်းလဲသွားချေပြီ။

ပုံရိပ်ယောင်ကျောက်တုံးမှ မြင်ကွင်းအရဆိုလျှင် အနောက်ပိုင်းနယ်မြေမှ တစ်ယောက်‌ယောက်က ဘုရင်အဆင့်ကို အမှန်တကယ် ချိုးချက်သွားနိုင်ခဲ့သည်။

သို့သော် ထိုအဘိုးကြီးအား ဘုရင်အဆင့်ချိုးဖျက်သွားစေနိုင်သည့် လျှို့ဝှက်နယ်မြေအတွင်းမှ ရတနာက မည်သို့သော အရာနည်း။

ဒီလိုရတနာမျိုးက ဘယ်လိုလုပ်ပြီးရှိနေတာလဲ..?

အဲ့တာအပြင် လျှို့ဝှက်နယ်မြေမှာ နောက်ထပ် ဘယ်နှစ်ခုလောက်ရှိနေသေးတာလဲ..”

All Chapters