နတ်လေး
Vol. 128 Ch. 4.1426
လုရွှမ် သူ့စိတ်ဝိညာဥ်ကို မိုးမြေအဆောက်အအုံ တစ်ခုလုံးကို ဖုံးလွှမ်းပစ်တဲ့အခါ တံခါးပေါက်များအားလုံး ပိတ်သွားသည်။ ပစ္စည်းများနှင့် ရတနာများကို အဘိုးကြီး ထွက်သွားသောအခါတွင် တစ်စုံတစ်ခုမျှ မယူသွားချေ။
သူ့အသက်ကို တစ်ယောက်ယောက်က သတ်တော့မှာမလို့ ပြေးနေသလိုမျိုး အရမ်း စိုးရိမ်နေပုံပေါ်သည်။
သို့ဖြင့် လုရွှမ်သည် အဖိုးအိုနှင့် သူ့အဖွဲ့ကို လျစ်လျူရှုကာ မြေအောက်ခန်းထဲ ပြန်ဝင်လာခဲ့သည်။ ထို့နောက် ရွှေကျီးကန်း ရင်းနှီးနေတယ်လို့ ခံစားရသော နေရာဆီသို့ လျှောက်သွားခဲ့သည်။
ထိုအခိုက် အရှေ့ဘက်၌ တံတိုင်းတစ်ခုက သူ့လမ်းကို ပိတ်ဆို့ထားလေသည်။ ဒါက အရမ်းထူးဆန်းတဲ့ တံတိုင်းတစ်ခု ရှိနေတာပဲ။ သူ့စိတ်ထဲမှာတော့ ဒီလို တံတိုင်းမျိုးကို တစ်ခါမှ မတွေ့ဖူးသလို ခံစားနေရသည်။
လုရွှမ် တံတိုင်းကို လက်ဖဝါးဖြင့် ထိကြည့်လိုက်သည်။ ပြီးတော့ ဘေးနားသို့ လျှောက်သွားကြသည်။ ဒီတံတိုင်းက ဒီနေရာမှာ နားမလည်နိုင်စွာ ပြန်ပေါ်လာခဲ့ခြင်းပင်။ ဒါပေမဲ့ ပထမတစ်ခေါက် စမ်းသပ်တုန်းက တံတိုင်း တည်ရှိနေတာကို မတွေ့ခဲ့ရပါဘူး။
ဤတံတိုင်းသည် သူ့ကိုပိတ်ဆို့ရန်သာ ဖြစ်ကြောင်း လုရွှမ် နားလည်သည်။ ဓားကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်နှင့် ဓားစွမ်းအင်က စူးရှစွာ တံတိုင်းကို ထိသွား၏။ သို့သော် အလင်းရောင်များ တဖျပ်ဖျပ်ခတ်လာပြီး ဓားစွမ်းအင်ကို ပိတ်ဆို့ထားလေသည်။
လုရွှမ် ကောင်းကင်မီးတွေ တောက်လောင်စေပြီး တခြ မီးတောက်တွေနဲ့ပါ စမ်းကြည့်ပေမယ့် တံတိုင်းက တုတ်တုတ်ပင် မလှုပ်ချေ။ ထိုနည်းအတူ အထပ်ထပ် ကြိုးစားသော်လည်း တံတိုင်းကို ချိုးဖျက်ရန် လုံးဝ မအောင်မြင်ခဲ့။
လုရွှမ် ပြုံးပြီး သူ့လက်ဖဝါးကို နံရံကို ဖိချ၍ စိတ်ဝိညာဉ်ဖြင့် စူးစမ်းကြည့်လိုက်သည်။ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာရာ မထိန်းနိုင်ဘဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့ရသည်။
"ကောင်းပြီ...စိတ်ဝင်စားဖို့ ကောင်းသားပဲ..."
လုရွှမ် ဆိုသည်မှာ ဘယ်တော့မှ ဒီအတိုင်း လက်လျှော့ပစ်သူ မဟုတ်ချေ။ ယွမ်ယန်ကျင့်စဥ်၏ စွမ်းအင်သည် သန့်ရှင်းပြီး အဆင့်မြင့်သည်။ ယခုအချိန်အထိ သူကြုံတွေ့နေရသည့် စွမ်းအင်များသည် ယွမ်ယန်ကျင့်စဥ်ထက် သာလွန်သော စွမ်းအင် မရှိသေးချေ။
ရွှေနဂါးနှင့် ယင်နဂါးတို့၏ သွေးအစစ်ကို ရောနှောပြီးသည့်တိုင် စိမ်းပြာနဂါး၏ စွမ်းအားသည် ယွမ်ယန်ကျင့်စဥ်နှင့် ယှဉ်လျှင် နောက်ကျ ကျန်နေသေးသည်။ လုရွှမ်လည်း သူ့အဆင့်က အရမ်းနိမ့်နေသေးတာ ကောင်းကောင်းကြီး သိသည်။ မဟုတ်ရင် ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအားက ပိုလို့တောင် ဖြူစင်သွားလိမ့်မယ်။
ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအားအောက်မှာ တံတိုင်းဟာ ခဏတာ ခံနိုင်ရည်ရှိပြီး အပိုင်းပိုင်း ကွဲသွားကာ ပျောက်ကွယ်သွားခဲ့လေသည်။ လုရွှမ်ပင် ရှေ့ကိုယိမ်းထိုးကာ မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
အရှေ့တွင် စင်တစ်ခု ရှိပြီး စင်၏ထိပ်တွင်တော့ လေးတစ်လတ် ရှိသည်။
လေးက အချင်း ဆယ်ပေနီးပါး ရှိသည်။ ၎င်းပေါ်တွင် ပုံစံများကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်သည်။ ရောင်ဝါသည် အလွန်ရိုးရှင်းကာ စင်ပေါ်မှာ နေရန် အခွင့်ကောင်းယူနေသလို ခံစားမိသော်လည်း ဤကမ္ဘာငယ်လေးကို ထိတ်လန့်တုန်လှုပ်စေမည့် ကြီးမားသော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားလေသည်။
လုရွှမ်မျက်လုံးများ အားလုံးသည် လေးကို ချက်ချင်း စူးစိုက်ကြည့်နေရင်း သူ့လက်ဖဝါးများက လေးကို ထိကြည့်ဖို့ မထိန်းနိုင်တော့ပေ။
“အိုး...တကယ်ကြီး ဒီလေးကို ဒီမှာ ဖွက်ထားတာပဲ!”
ရွှေကျီးကန်းသည် ကျောက်စိမ်းပြားထဲမှ ထွက်လာပြီး ဧရာမလေးနံဘေး၌ ပျံသန်းကာ မီးတောက်များကို မှုတ်ထုတ်လိုက်၏။ လုရွှမ် သူ့လက်ဖဝါးကို ခေတ္တရပ်ကာ ရွှေကျီးကန်း ကစားပုံကို ပျော်ရွှင်စွာ ကြည့်နေလိုက်သည်။
လုရွှမ်မှာ ဟိုးရှေးရှေးတုန်းက ဖြစ်ပျက်ခဲ့တဲ့ ဒဏ္ဍာရီကို သွားသတိရမိသည်။ အဲ့ဒဏ္ဍာရီက ဘယ်လောက်ကြာပြီလဲ ဆိုတာတောင် ဘယ်သူမှ အတိအကျ မသိနိုင်ချေ။
ကောင်းကင်ယံ၌ နေကိုးလုံးရှိပြီး ပညာရှင်တစ်ဦးက နေကိုးလုံးကို မှော်လေးဖြင့် ပစ်ချလိုက်ရာ တစ်လုံးပဲ ကျန်ခဲ့သည် ဟူသည့် ဒဏ္ဍာရီသာ ဖြစ်သည်။
သူငယ်ငယ်တုန်းက ဒီဒဏ္ဍာရီကို ကြားဖူးခဲ့တာပဲ ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းလမ်းစဥ်ပေါ် လျှောက်ပြီးနောက် ဒဏ္ဍာရီက ဒဏ္ဍာရီပဲဆိုတာ သိလာ၏။ သူကြားဖူးတဲ့ ဇာတ်လမ်းက ပုံပြင်လေးပဲလို့ ဆုံးဖြတ်လိုက်သည်။
ကောင်းကင်က ဘယ်လောက် တန်ခိုးကြီးပြီး နေက ဘယ်လောက် ရက်စက်သလဲ။ လူတစ်ဦး သို့မဟုတ် လေးတစ်ချောင်းက ဘယ်လိုလုပ်ပြီး ပစ်ချနိုင်မှာလဲ။
အကယ်၍ ဤဇာတ်လမ်းသည် သေးငယ်သောနေရာ၊ ကမ္ဘာငယ်လေးတွင်သာ ပျံ့နှံ့သွားပါက ပုံပြင်ဟု မှတ်ယူနိုင်သေး၏။ သို့သော် ကမ္ဘာငယ်လေး တစ်ခုလုံးတွင်၊ ကမ္ဘာကြီးကြီး အားလုံးနီးပါးတွင် ထိုသို့သော ဒဏ္ဍာရီများလည်း ရှိနေသည်။
ဆိုလိုသည်မှာ ဤဇာတ်လမ်းက အမှန်ဖြစ်နိုင်သည်။
ထိုအချိန်တုန်းက ဆက်စပ်နေသော ကောင်းကင်နှင့်မြေကြီးသည် ကမ္ဘာငယ်လေး၏ နေ မဟုတ်၊ ကမ္ဘာကြီး တစ်ခုလုံး၏ ကောင်းကင်နှင့်မြေကြီးလည်း မဖြစ်နိုင်ပေ။
ဒီဇာတ်လမ်းက အမှန်ဆိုရင် အဲဒီလူက ဘယ်လိုလူမျိုးဖြစ်မလဲ။ မှော်လက်နက်က ဘယ်လိုလက်နက်မျိုးလဲ။ ဒါ လုံးဝ မဖြစ်နိုင်ချေ။ စွမ်းအားက ကြီးမားလျှင် ကောင်းကင်လက်နက် အနည်းငယ် ဖြစ်နိုင်သလို လောကဘဏ္ဍာလည်း ဖြစ်နိုင်သည်။
ယခုတော့ လုရွှမ်သည် သူ့ရှေ့မှ နတ်လေးကို ကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်။
ဤလေးဆီမှ ကမ္ဘာ့ရတနာ တစ်ခု၏ ရောင်ဝါကို ခံစားခဲ့ရသော်လည်း ကမ္ဘာ့ရတနာ မဟုတ်ချေ။ ၎င်းသည် ကောင်းကင်လက်နက်များ ကဲ့သို့ပင် ကောင်းကင်မြေကြီးရဲ့ ရောင်ဝါ ရှိသော်လည်း နတ်လက်နက်ရဲ့ ရောင်ဝါလည်း ရှိနေသည်။ နောက်ပြီး ဧကရာဇ်လက်နက် ဒါမှမဟုတ် တော်ဝင်လက်နက်လို တစ်ခုခုရဲ့ ခံစားချက်လိုမျိုးလည်း ရှိနေပြန်သည်။
နတ်ခြေလှမ်းနယ်ပယ်၊ မျှော်စင်နယ်ပယ်၊ နတ်မီးနယ်ပယ်တွေ သုံးနိုင်သလို သာမန်လူတောင် ယူပြီး ပစ်လို့ရတဲ့ အငွေ့အသက်ကို ထုတ်လွှတ်ထားလေ၏။ ဒါပ ထင်ယောင်ထင်မှား ခံစားမှုမဟုတ်တဲ့ တကယ့်ခံစားချက်လိုမျိုး ဖြစ်သည်။
ရွှေကျီးကန်းက နှစ်ကြိမ်ခန့် ကျိန်ဆဲပြီးနောက် ပြန်ပြေးလာသည်။ လုရွှမ် ဧရာမလေးကို သူ့လက်ဖဝါးဖြင့် ထိကြည့်လိုက်သည်။
ဗုန်း!
တိုးညှင်းသော အသံနှင့်အတူ နတ်လေးကိုယ်ထည်မှ ကြီးမားသော စွမ်းအားများ ထွက်ပေါ်လာသည်။ ၎င်းသည် အထူးရန်လိုခြင်း မရှိသလို လုရွှမ်ကိုလည်း အတိအကျ မတိုက်ခိုက်ခဲ့ပေ။
ဧရာမဘီလူးကြီး နှာချေလိုက်သလိုပါပဲ။ ဒါပေမဲ အနည်းငယ်သော လှုပ်ရှားမှုက မြေကြီးကိုတောင် ပြိုကျစေနိုင်ပါ၏။ လုရွှမ် မဆင်မခြင် မလှုပ်ရှားဝံ့ဘဲ အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး သူ့ရှေ့မှ အကာအကွယ် အလွှာအချို့ကို အမြန်ထုတ်ကာ နောက်သို့ လွင့်ထွက်သွားသည်။
ထိုစွမ်းအားသည် ကမ္ဘာကြီးကို လွှမ်းခြုံထားသည့် စွမ်းအားတစ်ခုလို ဟောက်နေသေးသည်။
နောက်ဆုံးတွင် လုရွှမ်၏ ခန္ဓာကိုယ်သည် သည်းမခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားပြီး ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
"ဟင့် ဒီသေနာကောင် လေးစုတ်က အခုထိတောင် မာနကြီးတုန်းပဲ... လာစမ်း ကောင်လေး ကြိုးစားထား! သွားပြီး ချေမှုန်းလိုက်...."
ရွှေကျီးကန်းသည် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်မှာကို ကြောက်နေသလိုပဲ အော်ဟစ်အားပေးနေ၏။ လုရွှမ် မတ်တပ် ထရပ်လိုက်သည်။ နတ်လေးသည် ထိုနေရာတွင် မလှုပ်မယှက်သာ ရှိနေတာ မြင်လိုက်ရပြီး ယခင်က စွမ်းအားကို မထုတ်လွှတ်တော့ပေ။
လုရွှမ် ရှေ့သို့ တိုး၍ နီးကပ်လာကာ နတ်လေးထံသို့ တစ်ဖန် ရောက်ရှိလာသည်။
မည်သည့်အရာကိုမျှ ရူးရူးမိုက်မိုက် မလုပ်ပါနှင့်။
ဤနတ်ဘုရား၏ အမွေပစ္စည်းက အလွန်သက်တမ်း ရင့်နေပေပြီ။ နှစ်အတော် ကြာပြီးနောက် သူ့မှာ ကိုယ်ပိုင်ဆန္ဒနဲ့ သူ့ကိုယ်ပိုင်ဝိညာဉ်တောင် ရှိနေသေးတာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။
လုရွှမ် သူ့စိတ်ကို အာရုံစူးစိုက်ထားပြီး ခန္ဓာကိုယ်ထဲက ဝိညာဉ်ကို ခုန်ထွက်သွားစေကာ နတ်လေးဆီသို့ ပြေးထွက်သွားလေသည်။
ရွှေကျီးကန်း: "ကောင်လေး... ဟေ့ မင်းသေချင်နေတာလား!"