← Chapters

ကောင်းကင်ခွေးက လကို စားခြင်း

Vol. 128 Ch. 4.1428

ကောင်းကင်ခွေးက လကို စားခြင်း

Vol. 128 Ch. 4.1428

နတ်လေးကို သူ့လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်တဲ့အခါ အလွန်ရင်းနှီးသော ခံစားချက်တစ်ခု သူ့ခန္ဓာကိုယ်ကို ပြည့်နှက်သွားသည်။

"ယွမ်ယန်ကျင့်စဥ်!!"

လုရွှမ် အော်ဟစ်လိုက်သည်။ ယွမ်ယန်ကျင့်စဥ် ဖြစ်နေတာပဲ။ အရင်က ဤနတ်လေးပိုင်ရှင်သည် ယွမ်ယန်ကျင့်စဥ်၏ ဆက်ခံသူ ဖြစ်ခဲ့ဖူး​ပေသည်။ ပတ်ဝန်းကျင် နေရာက ပြောင်းလဲသွားတာကြောင့် သူပြန်ထွက်လာပြီမှန်း သိလိုက်သည်။

ရွှေကျီးကန်းမှာ လုရွှမ်ကို အံ့အားသင့်စွာ ကြည့်ကာ အော်ဟစ်လေ၏။

"ဟေး ကောင်လေး အဆင်ပြေလား.... ဟားဟား ငါရွေးထားတဲ့ ဆက်ခံသူကို ငါသိပါတယ်... ဘယ်လိုလုပ် လွယ်လွယ်လေးနဲ့ သေမှာလဲ"

လုရွှမ်လည်း ရွှေကျီးကန်းကို ကြည့်ရင်း ရုတ်တရက် အနည်းငယ် ရယ်ချင်သွားသည်။ ဒီရွှေကျီးကန်းဟာ ပစ်သတ်ခံရပြီး နောက်ဆုံးကျန်တဲ့အကောင် ဖြစ်နိုင်လား။

"ဝေ့ မင်း ဘာလို့ရယ်နေတာလဲ"

လုရွှမ် ပြုံးပြီး: "ကျီးဖိုးဖိုး...ခင်ဗျားရဲ့ အရင်ခန္ဓာကိုယ်က ဘယ်လိုလုပ် ပျက်စီးသွားတာလဲ"

ရွှေကျီးကန်း၏ အမွေးများ ကျွတ်တော့မတတ် ဖြစ်သွားစဥ် လုရွှမ် ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။

"မင်းသိသွား​ပြီလား မင်းသိတာတွေကို ပြောပြစမ်းပါ" ရွှေကျီးကန်းက အော်ဟစ်ကာ ထအော်လိုက်သည်။

"စကားမစပ်... မင်း ဒီနတ်လေးကို ရသွားပြီဆိုတော့ အကုန်သိရမယ်...မြန်မြန်လုပ် ငါ့အတွက် အဲ့ကောင်ကို ထုတ်ယူလိုက်စမ်းပါ... ငါ သေးနဲ့ပန်းပစ်ချင်လွန်းလို့!"

လုရွှမ်ကတော့ ရွှေကျီးကန်း အသံကို လျစ်လျူရှုလိုက်သော်လည်း သူ့စိတ်ထဲတွင် "အတိတ်က အတိတ်မဟုတ်တော့ဘူး... အတိတ်ကလည်း အနာဂတ် ဖြစ်လာနိုင်တယ်" ဟူသော စကားကို သူ့စိတ်ထဲ ရေရွတ်နေမိသည်။

လူတစ်ယောက်ရဲ့ ခွန်အားဟာ အဆင့်တစ်ခုရောက်တဲ့အခါ အတိတ်ကို ခရီးထွက်ပြီး အတိတ်ကို ပြောင်းလဲနိုင်ပါ့မလား။

နတ်လေးဝိညာဥ့နဲ့ ဆက်သွယ်ချင်ပေမယ့် ဆက်သွယ်လို့ မရတော့တာကို တွေ့လိုက်ရသည်။ သို့သော် သူ နတ်လေးကို သုံးနိုင်သည်။ သို့သော် သူ့လက်ရှိခွန်အားကို ပြသနိုင်သည့် အဆင့်အထိသာ အသုံးပြုနိုင်သည်။

ဒါပေါ့။ ထူးကဲသော ခွန်အားကို ဆက်လက် ပြသနေနိုင်မှာ အမှန်ပင် ဖြစ်သော်လည်း အဲဒီလိုလုပ်လိုက်ရင် သူ့ခန္ဓာကိုယ်ကို ကြီးကြီးမားမား ထိခိုက်မှု ဖြစ်စေမှာ သေချာ၏။

သူကိုယ်တိုင် လုံးဝ မလုပ်နိုင်တဲ့အရာကို လုပ်ဖို့ အတင်းအကြပ် လုပ်မယ်ဆိုရင် အဲဒီကလေးလို ဖြစ်သွားနိုင်သည်။ သူ့ဝိညာဉ်က နတ်မြှားကိုးစင်း ဖြစ်သွားပြီးတော့ အတူတူ လောင်ကျွမ်းသွားနိုင်သည်။

လုရွှမ်: "ကျီးဖိုးဖိုး... ကြည့်လိုက် ဒါက ဘာလဲ...ခင်ဗျားလိုချင်တဲ့ နှင်းရည်လမ်းလား"

ရွှေကျီးကန်းလည်း ခဏလောက် ထိတ်လန့်သွားပြီး အရည်စက်ကို ယူကာ ကျယ်လောင်စွာ အော်လိုက်သည်။

"ဟုတ်တယ်... ဒါ နှင်းရည်လမ်းပဲ... နေကိုးစင်းလမ်းလို့လည်း ခေါ်တယ် မင်းဘယ်ကရခဲ့တာလဲ"

လုရွှမ် အထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်တော့ ရွှေကျီးကန်းက ဒေါသတကြီး ကျိန်ဆဲတော့သည်။ ထို့နောက် စကားမပြော​တော့ဘဲ ကျောက်စိမ်းပြားထဲ ပြေးဝင်သွား၏။

လုရွှမ် ခေါင်းသာ ခါလိုက်သည်။

ယခု သူသည် သူ၏ယခင် အတွေ့အကြုံများကို ပြန်စဥ်းစားသောအခါ ကောင်းကင်နှင့် ငရဲကိုသာ တွေးတောမိ​လေသည်။ နောက်ဆုံးတော့ နတ်လေးကို အမှတ်တမဲ့ ရခဲ့ပေမယ့် နေကိုးစင်း နှင်းရည်ကိုပါ ရခဲ့တာကြောင့် သူ့ရဲ့ အနာဂတ်အတွေ့အကြုံက ပိုလုံခြုံလာလိမ့်မယ်။

သို့သော် အလွန်ထူးဆန်းသည်မှာ နတ်လေးကို ရပြီးနောက် သူအရင်က ခံစားမိခဲ့သော မိုးမြေအဆောက်အအုံထဲက ဒုတိယလျှို့ဝှက်ဆန်းကြယ်သော နေရာကို မခံစားရတော့ချေ။ စဉ်းစားပြီးနောက် စွန့်လွှတ်လိုက်သည်။

ဒါ့အပြင် နတ်လေးကို ရပြီးနောက်တွင် အခြားသော လျှို့ဝှက်ဆန်းကြယ်သည့် အခြေအနေကို သူ သတိမထားမိခဲ့ပေ။

သူ ပိုပိုပြီး အံ့သြလာရတာက ဒီမိုးမြေအဆောက်အအုံက ဘယ်လိုမှော်ဆန်တဲ့ တည်ရှိမှုမျိုး ရှိနေတာလဲ ဆိုတာပင်။ မြေအောက်ခန်းမှ ထွက်လာပြီးနောက် အဆောက်အဦးအပေါ် သူဆန္ဒအတိုင်း ပိုပို၍ ထိန်းချုပ်လာနိုင်တာကို ခံစားလာရသည်။

နောက်​ရက်​ အနည်းငယ်​တွင်​ ဝေဝူကျို့ လက်​စား​လာချေမလား ​စောင့်​​မျှော်​​နေ​သော်​လည်း ​နောက်​ပိုင်းတွင်​ လုံးဝ​ ပေါ်မလာခဲ့။ မိုးမြေအဆောက်အအုံထဲက ကောင်းကင်ပစ္စည်းများနှင့် မြေကြီး ရတနာများက​တော့ ပိုများလာတာ သတိပြုမိလာသည်။

အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာပြီး လုရွှမ်လည်း သဘောတူထားတဲ့ အချိန်ကို ရောက်လာဖို့ စောင့်နေ၏။

တိမ်ထူသောနေ့ ဖြစ်၍ တစ်ကမ္ဘာလုံးက မှောင်မိုက်နေရာ ညဘက် ရောက်နေသော မြို့တစ်မြို့လိုပင်။

သူ့နှလုံးခုန်သံကြောင့် နံနက်အိပ်ရာထချိန်တွင် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ မိုးမြေအဆောက်အအုံ တစ်ခုလုံးသည် ဘယ်တုန်းကမှ မထူးဆန်းခဲ့သလို ယခင်က ခံစားနိုင်သော အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ဒီမိုးမြေ အဆောက်အအုံက သူ့ဘဝထဲကနေ ဖယ်ထုတ်ခံလိုက်ရသလိုပါပဲ။ အောက်ထပ်သို့ ပြေးဆင်း၍ ကျောက်ပြားကို လှမ်းကြည့်လိုက်တော့ ထင်ထားသလိုပဲ နာမည်တစ်လုံးမှ မကျန်တော့ချေ။

အနီးကပ် ကြည့်လိုက်ရင် သူတို့ရဲ့ နာမည်တွေ ရှိနေသေးပေမယ့် နားမလည်နိုင်တဲ့ ထူးဆန်းတဲ့ အလွှာတစ်ခုနဲ့ ဖုံးလွှမ်းနေပြီ။ လုရွှမ် ၎င်းကို ညင်သာစွာ ထိလိုက်တဲ့အခါ ခေါင်းအနည်းငယ် မူးသွားသည်။

ယွမ်ယန်ကျင့်စဥ်က အဆိပ်အတောက် မှန်သမျှကို ခံနိုင်ရည် ရှိတဲ့အရာလို့ ဆိုနိုင်သည်။ ဒါပေမဲ့ အဲဒီကျောက်ပြားဆီက အငွေ့အသက်ဟာ သူ့ကို ခဏလောက် အားနည်းသွားစေပြီး သူ့မှာ ခွန်အားတောင် မရှိတော့သလို ဖြစ်လာစေ၏။

အသက်အနည်းငယ် ရှူပြီးနောက်မှ ခွန်အား​တွေ ပြန်ရရှိလာသည်။ ကျောက်ပြားကို ပြန်ကြည့်လိုက်တော့ အရင်လို အရင့အတိုင်းပဲ ရှိနေတုန်းဘဲ။ အရင်က တစ်ခါမှ မပေါ်ဘူးသလိုပဲ နာမည်က ပိုပိုပြီး မှိန်လာသည်။

သူ့စိတ်ထဲမှာ ဝမ်းနည်းမှုတစ်ခု ပေါ်လာသည်။ သေချာ ခံစားကြည့်လိုက်တော့ ဒီခံစားချက်က သူပထမဆုံးအကြိမ် ခံစားခဲ့ရတဲ့ နေရာ ဖြစ်နေ၏။ ဝမ်းနည်းမှုတွေအပြင် နှလုံးသားထဲမှာ အမုန်းတရားတွေပါ ဖုံးလွှမ်းလာသည်။

လူသတ်ချင်နေတဲ့ အငွေ့အသက်တွေ ပြည့်လျှံလာကာ ချမ်းစိမ့်စိမ့် ခံစားလာရရုံမျှမက သူ့နောက်ကျောတွင် သိသိသာသာ ချွေးများ ထွက်ကျလာသည်။

"ကောင်လေး... မင်းဘာလုပ်နေတာလဲ မင်းဘာလို့ စိတ်ဆိုးနေတာလဲ... မင်း နတ်ဆိုး ဖြစ်လာနေပြီကွ!"

ရွှေကျီးကန်းရဲ့အသံ ထွက်လာသည်။

လုရွှမ် သူ့လျှာကို ပြန်ကိုက်လိုက်သည်။ ထိုနေရာကို ကြည့်လိုက်ချိန် သူဟာ ရန်သူနှင့်တွေ့ပြီး မုန်းတီးစွာ ကျိန်ဆဲနေသလို နတ်လေးသည်လည်း အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

နတ်လေး၏ တုန်ခါမှုနှင့်အတူ မြေအောက်ခန်း တစ်ခုလုံးရှိ လူသတ်ချင်စိတ်နှင့် နာကြည်းမှုများ သူ့ဆီသို့ ပျံ့နှံ့လာတာ ခံစားလိုက်ရသည်။ ၎င်းတို့က သူ့ခန္ဓာကိုယ်ထဲကို အသည်းအသန် ဝင်ချင်နေသည်။ လုရွှမ် ငြင်းချင်ပေမယ့် နာကြည်းမှုတွေက သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေ၏။

လက်ရှိနေရာက မိုးမြေအဆောက်အအုံပဲ ဖြစ်သော်လည်း ယခုအခါ ၎င်းကို ထူးဆန်းသည့်အရာဖြင့် အစားထိုးလိုက်သည်။

"ကောင်လေး... သခင်ကျီးသာ ခန့်မှန်းတာမှန်ရင် ဒီနတ်လေးက အဲဒါတွေကို ဖိနှိပ်ထားခဲ့တာ ဖြစ်နိုင်တယ်... အခု မင်းကလေးကို ဖယ်ပေးလိုက်တော့ အဲဒါတွေက မင်းကိုရှာဖို့ လာနေကြတာ..."

လုရွှမ်တစ်ကိုယ်လုံး ခဲတွေနဲ့ ပြည့်နေသလိုပဲ တောင့်တင်းလျက် ရှိသည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် အပူရှိန် တစ်ခုကို ခံစားလိုက်ရသည်။ ချက်ချင်းပင် ဖိအားများ ပျောက်ကွယ်သွားရာ နတ်လေးကို ကိုင်ကာ ထွက်ပြေးသွားခဲ့သည်။

သူသည် မြေအောက်ခန်းမှ လျင်မြန်စွာ ပြေးထွက်သွားပြီး ပြန်ကြည့်လိုက်တော့ အောက်ထပ်မှာ မည်းမှောင်နေပြီ ဖြစ်သည်။

တံခါးက လေနဲ့ မိုးကြောင့် လွင့်သွား၏။ မိုးရွာလာသည်နှင့် ချမ်းအေးသော လေကို ယူဆောင်လာသည်။ လုရွှမ် လေထဲ၌ လှုပ်ရှားသွားကာ ကောင်းကင်ကို မော့ကြည့်လိုက်ချိန် နေမင်းကြီးက ယခုအချိန်တွင် ပျောက်ကွယ်သွားခဲ့လေပြီ။

ကောင်းကင်ခွေးက လကို စားနေပြီ!

All Chapters