← Chapters

ဘေးဥပဒ် ဖြစ်ပေါ်လာပြီ

Vol. 128 Ch. 4.1429

ဘေးဥပဒ် ဖြစ်ပေါ်လာပြီ

Vol. 128 Ch. 4.1429

ဒါက ဒဏ္ဍာရီတစ်ခုပါပဲ။

ယခုလည်း တဖြည်းဖြည်း မမြင်နိုင်သော အနီရောင်နေ ပျောက်ကွယ်သွားတာကို ကောင်းကင်ခွေးက လကိုစားသည်ဟု ဆိုထား၏။

သို့သော် နားမလည်နိုင်စရာက အဲဒီဒဏ္ဍာရီက လုရွှမ်စိတ်ထဲတွင် ပေါ်လာသည်။

လမ်းမပေါ်ကို ကြည့်လိုက်တော့ ဘယ်သူမှ မကျန်တော့ချေ။ လက်ရှိနေရာသည် လေပြင်း တိုက်ခတ်မှုကြောင့် အနီးတစ်ဝိုက်ရှိ ဆိုင်ခန်းများပါ လွင့်ပါးသွားကာ ကြမ်းပြင်ပေါ်တွင် အပျက်အစီးများ လွင့်စင်ထားလေသည်။

ထိုစဥ် ကောင်းကင်မှ တစ်စုံတစ်ရာ ပြုတ်ကျလာခဲ့ကာ တည်းခိုခန်းတစ်ခုကို ဝင်တိုက်ပစ်တာ တွေ့လိုက်ရသည်။ တည်းခိုခန်းကို အမြဲတမ်း အခင်းအကျင်း ဖွဲ့စည်းပုံဖြင့် ဖုံးအုပ်ထားသော်လည်း ယခုအချိန်တွင် ၎င်းကို ဘယ်အရာကမှ မတားဆီးနိုင်ဘဲ ပေါက်ကွဲသံနှင့်အတူ အပေါက်ကြီးတစ်ခု ​ဖြစ်သွားသည်။

ကျယ်လောင်သော ဆူညံသံကြီး ထွက်ပေါ်လာတာကြောင့် လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာကြကာ တစ်ယောက်တစ်ခွန်း ကျိန်ဆဲ​ကြသည်။

အုံ့မှိုင်းနေသော ကောင်းကင်အထက် ရောက်သော် ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ပြန်ပြုတ်ကျကုန်၏။ သူတို့သည် သာမန်လူ မဟုတ်သော်လည်း သာမန်လူများကဲ့သို့ပင် ဗြုန်းစားကြီး ပြုတ်ကျသွားသည်။

ဘာတွေဖြစ်နေတာလဲ?

လုရွှမ် မြန်မြန်လေး စဥ်းစားကြည့်လိုက်သည်။ ရာသီဥတုသည် နံနက်စောစောကတည်းက အုံ့မှိုင်းနေပြီး ကောင်းကင်မှာလည်း နားမလည်နိုင်သော အငွေ့အသက် ရှိနေကြောင်း တွေ့ခဲ့သည်။ ငတုံးတွေတောင် အဲဒီအချိန်က ကောင်းကင်ကို ပျံတက်ရန် အချိန်ကောင်းမဟုတ်ကြောင်း သိ၏။

ထို့ပြင် ကျင့်​ကြံသူတွေဟာ အကြပ်အတည်းကို အာရုံခံစားတတ်သောကြောင့် တစ်ခုခုကို ခံစားနိုင်ရမည်။ ကောင်းကင်ပေါ် ပျံသန်းဖို့ မရွေးချယ်ဘဲ ကိုယ့်ဘာသာကိုယ် အဖြေရှာသင့်သည်။

လူတွေက မီးလုံးတွေလို တစ်လုံးပြီး တစ်လုံး ပြုတ်ကျလာကြသည်။ လေပြင်းနဲ့ မိုး​တွေ ရွာချနေသလိုမျိုးပင်။

လုရွှမ်လည်း လူပုံသဏ္ဌာန်ရှိသော မီးလုံးတစ်လုံး ဖြစ်​နေခဲ့သည်။

လုရွှမ် မျက်လုံးများက နတ်မီး၏ အလင်းရောင်များဖြင့် လင်းလက်နေသည်။ အဲဒီလူတွေရဲ့ အမူအရာကို သူ ရှင်းရှင်းလင်းလင်း မြင်နေရကာ ၎င်းတို့က စိတ်ရှုပ်နေပုံရပြီး သူတို့ ပျံသန်းလို့ ပျံသန်း​နေမှန်း မသိလိုက်​ကြပေ။

သူတို့ရဲ့ ဝိညာဉ်တွေဟာ သူတို့ရဲ့ မူလအနေအထားကို ရုတ်တရက် ပြန်ရောက်သွားသလို ရုတ်တရက် နိုးထလာပုံပေါ်တဲ့ လူများစွာလည်း ရှိပါသည်။

ပြုတ်ကျသွားတဲ့ လူတွေအနက်က တစ်ဝက်လောက်တော့ မသေကြသေးချေ။

ဒါပေမဲ့ အဆောက်အဦတွေက တစ်ခုပြီးတစ်ခု ပြိုကျနေပြီ။ အပေါ်က အခင်းအကျင်း ပုံစံတွေကလည်း အက်ကွဲနေပြီမလို့ အခင်းအကျင်း ပျက်သွားသောအခါ ဒဏ်ခတ်ခံရသော လူများလည်း သေမှာ သေချာပါသည်။

တကယ်တော့ လုရွှမ်ဟာ ဒီလူတွေလည်း ချက်ချင်း သေသွားသင့်တယ်လို့ ခံစားမိလေ၏။ အနည်းဆုံးတော့ မီးတောက်ရဲ့ ဝေဒနာကို ခံစားစရာ မလိုတော့ချေ။

မီးလျှံသည် ကောင်းကင်မီးမဟုတ် မြေကြီးမီးလည်း မဟုတ်သော်ငြား လူကို အလွန်ထိတ်လန့်တုန်လှုပ်သွား​စေသော ​​မောဟလိုမီးမှန်း ထင်ရှားစွာ သိမြင်နိုင်၏။ လူတစ်ရာထဲမှာ လူတစ်ယောက်ကသာ ဒါကို ခံနိုင်ရည်ရှိမယ်ဆိုရင် တော်တော်လေး ကောင်းနေပြီ။

သူတို့ခန္ဓာကိုယ်ထဲမှာ လောင်ကျွမ်းနေတဲ့ အရာက မောဟမီးရဲ့ ပြီးပြည့်စုံတဲ့ပုံစံ မဟုတ်သေးချေဖယ မဟုတ်ရင် ဒီလူတွေဟာ မျက်စိတစ်မှိတ်အတွင်း ပြာဖြစ်သွားလိမ့်မည်။ ကံဆိုးတာက ဖြည်းဖြည်းချင်း ပူလောင်လာတာနဲ့အမျှ ခံစားရတာက ပိုဆိုးလာပြီး ပြင်းထန်တဲ့ နာကျင်မှုကို ဖြည်းဖြည်းချင်း ခံစားရင်း သေဆုံးသွားရသည်။

မီးလောင်ခံရမည့် ပထမဆုံးအရာမှာ ဝိညာဉ်ဖြစ်သည်။

ဒီလူ​တွေကို တစ်ချက် ကြည့်ရုံနဲ့ သူသွားမကယ်တင်နိုင်ဘူး ဆိုတာ သိသည်။ မောဟမီးသည် သူ့ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွားပြီး သူ့စိတ်ဝိညာဉ်ထဲသို့ လောင်ကျွမ်းသွားလျှင် ခဏအတွင်း ပြန်လည် နိုးထမလာသေးပေ။

နိုးလာရင်တောင် ဝိညာဥ်ဟာ မောဟမီးကြောင့် ညစ်ညမ်းသွားပြီ။ အကယ်ဿ ထူးထူးခြားခြား ပြင်းပြင်းထန်ထန် အသက်ရှင်ချင်တဲ့ ဆန္ဒမရှိရင် သေမှာ သေချာ၏။

လုရွှမ် ပြေးထွက်၍ လူတစ်ယောက်ကို လေထဲမှာ နှစ်ခြမ်းခွဲပစ်လိုက်သည်။ တကယ်လို့သာ သူ အတွေ့နောက်ကျပါက ထိုလူဟာ မိုးမြေအဆောက်အအုံပေါ် တိကျစွာ လဲကျသွားပေလိမ့်မည်။

လောလောဆယ် သူ့အပေါ်ကို ထိခိုက်မှုများစွာ မဖြစ်စေသော်လည်း အနီးကပ် ပြုတ်ကျလာသူတွေက ထပ်ထပ်တိုးလာသည်။

သူ့စိတ်ထဲတွင် သိသိသာသာ တုန်လှုပ်သွားသည်။ သေချာတာပေါ့။ ကောင်းကင်တွင် ပျံသန်းနေသော လူများကို တစ်ဖန် လှမ်းကြည့်လိုက်ရာ ၎င်းတို့ထဲမှ အများစုမှာ ဤနေရာနှင့် မိုးမြေအဆောက်အအုံဆီသို့ ဦးတည်လာနေပြန်သည်။

ပေါက်ကွဲသံနှင့်အတူ နံဘေးက တည်းခိုခန်း၏ အခင်းအကျင်းများ ပျက်စီးသွားကာ တည်းခိုခန်း တစ်ခုလုံး ကျယ်လွန်းလှသော မိုးခြိမ်းသံများ ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ပိုကြောက်စရာကောင်းတာက အဲဒီလူရဲ့ ပေါက်ကွဲသံက တခြားလူတွေကိုပါ ထိပါးစေ၏။ ​​ရုတ်တရက် ထူးဆန်းစွာပဲ တခြားလူတွေကပါ အကျယ်ကြီး အော်ဟစ်ပြီး နောက်ထပ် ပေါက်ကွဲသွားတော့သည်။

ကျင့်ကြံသူတစ်ယောက် မိမိကိုယ်ကို ဖျက်ဆီးတာ သို့မဟုတ် မျှော်စင်နယ်ပယ်တွေ မိမိကိုယ်ကို ဖောက်ခွဲတာဟာ လွန်စွာ အစွမ်းထက်လှပြီး တည်းခိုခန်း တစ်ခုလုံးကိုပါ ပေါက်ကွဲသွား​စေသည်။

ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် အရူးအမူး ပျံထွက်လာပေမယ့် နောက်ဆက်တွဲ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်က မြင်တဲ့လူတိုင်းဟာ ထိုလူတွေ အထိန်းအကွပ်မရှိ ပျက်စီးသွားတာကို ကြည့်ရင်း ထိတ်လန့်သွားတော့၏။

အစက တည်းခိုခန်းတစ်ခုသာ ဖြစ်သည်။ သို့သော် သက်ရောက်မှုက ပတ်ဝန်းကျင် ဒေသများသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ မြက်ခင်းပြင် မီးစတင်လောင်ကျွမ်းတာနဲ့ မီးပွားတွေ ကူးသွားသလိုမျိုး တည်းခိုခန်းပတ်ဝန်းကျင်ရှိ လမ်းတစ်ခုလုံး ပြိုကျ ပျက်စီးသွားခဲ့သည်။

လူတွေလည်း ကြောက်ရွံ့ ထိတ်လန့်ကုန်တာကြောင့် လုံးဝ မချဉ်းကပ်ဝံ့ဘဲ ထွက်ပြေးကြသည်။ ကောင်းကင်ကလူတွေလို တစ်ခုခု မှားသွားပြီး ပေါက်ကွဲသွားမှာကို ကြောက်ရတယ် မဟုတ်လား။

ကောင်းကင်မှ လူတွေ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းနေဆဲပင်။ နောက်တော့ သူတို့အတွက် ပိုလို့တောင် ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်သွားခဲ့သည်။

ပထမတော့ ဘယ်သူမှ ဂရုမစိုက်ကြ။ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကြိုးစားနေကြတာဟာ ဟာသတစ်ခုလို ဖြစ်နေသည်။

ကောင်းကင်ကို မရောက်ခင်အထိ အားလုံးက မူမမှန်တာကို မခံစားရပေ။ ဒါပေမဲ့ တိမ်တွေထဲကို ခုန်တက်သွားတဲ့အခါမှသာ အားလုံးက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ ဒီလိုအခြေအနေမျိုးမှာ တိမ်တွေထဲကို ပျံသန်းတာက သေခြင်းတရားကို လက်ဖြန့်တောင်းနေသလိုပဲ။

မိုးခြိမ်းသံ မရှိ။

အဲဒီတော့ မိုးခြိမ်းသံကြောင့် သူတို့တွေ ပြုတ်ကျကုန်တာ မဟုတ်ဘူးလား?

ထို့နောက် လူတစ်ယောက် ကောင်းကင်မှ ပျံဆင်းလာသည်။ သူ့​လှုပ်ရှားမှု၊ အမူအရာနှင့် ကိုယ်ဟန်အနေအထားများက ယခင်က မြင်ဖူးသော ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်သူတွေနဲ့ အတူတူပင်။

ဒီလို ထူးဆန်းတဲ့ ကျင့်ကြံသူတွေက ဘယ်က ​ရောက်လာတာလဲ။ လူတွေဟာ အောက်ဖက်ကနေ မော့ကြည့်နေရင်းမှ နောက်ဆုံးတွင် ထူးဆန်းတဲ့ လူတွေကဘာလဲ နားလည်သွားကြသည်။ အဲဒီပြုတ်ကျလာတဲ့ လူတွေက သူတို့ ကိုယ်တိုင်ပင် ဖြစ်သည်။

အဲဒီလူတွေရဲ့ မျက်လုံးတွေက လူတစ်ယောက်ရှိရာသို့ တည့်တည့် စိုက်ကြည့်နေသည်။ နောက်ပြီး အဲဒီလူရဲ့ခန္ဓာကိုယ်ဟာ ပြင်းထန်တဲ့ မီးတောက်တွေနဲ့ တောက်လောင်နေ၏။ ကောင်းကင်က ကျလာသူတွေဟာ အလွန်ကြီးမားတဲ့ အဆောက်အအုံကြီးကို ဗုံးကြဲနေတာကို တွေ့လိုက်ရပြန်သည်။

အဲဒီအဆောက်အဦးက ပထမမြို့မှာ အရမ်းနာမည်ကြီးတယ်တဲ့ မိုးမြေအဆောက်အအုံပဲ ဖြစ်ချေသည်။

All Chapters