← Chapters

နတ်လေးကို ပြောင်းကိုင်မယ်

Vol. 128 Ch. 4.1430

နတ်လေးကို ပြောင်းကိုင်မယ်

Vol. 128 Ch. 4.1430

လုရွှမ်ရဲ့ မျက်လုံးတွေဟာ သူ့ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို အမြဲတမ်း စိုက်ကြည့်နေခဲ့သည်။ အစောက ကျင့်ကြံသူတွေ ဝမ်းနည်းစွာ အော်ဟစ်နေချိန်မှာ လုရွှမ်လည်း ချက်ချင်း သတိထားမိလေသည်။

ကောင်းကင်ကို ပျံသန်းသွားပြီး ပြန်ပြုတ်ကျလာတာကို မြင်ရသောအခါ သူ့စိတ်ထဲ အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။

အဲဒီလူက ဘယ်​နေရာမှာ ကျမှာလဲ။

မိုးမြေအဆောက်အအုံ!

တခြားဘယ်နေရာကိုမှ မကျသွားဘဲ မိုးမြေအဆောက်အအုံဆီသာ ဦးတည်လာနေသည်။ ဒါဆိုရင် မိုးမြေအဆောက်အအုံက မရှင်းပြနိုင်လောက်အောင် ထူးဆန်းနေတယ် ဆိုတာ သေချာသွားပြီ။

လုရွှမ် သူ့လက်ထဲက ဓားဖြင့် ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင်များ ပြေးထွက်လာကာ လေထဲတွင် အပိုင်းပိုင်း ခွဲပစ်ရာ အရင်လူတွေအတိုင်း ပေါက်ကွဲသွား​ပြန်သည်။ တဗုန်းဗုန်း အသံများ အစီအရီ ထွက်ပေါ်လာပြီး ပတ်ပတ်လည်ကို ပျံ့နှံ့သွားသည်။

"အား....."

အနီးနားရှိ လူများသည်လည်း လေလှိုင်းဒဏ်ကို ခံခဲ့ရပြီးနောက် ပေါက်ကွဲသံများ ထုတ်လွှတ်ပစ်သည်။

​ကြည့်​နေသူတွေထဲမှာ ထက်မြက်တဲ့သူတွေလည်း အများကြီး ရှိတာမို့ ဒီထူးဆန်းတဲ့ အရာတွေက မိုးမြေအဆောက်အအုံဆီ ဦးတည်နေပုံရတယ် ဆိုတာ မကြာခင်မှာပဲ သိသွားကြသည်။ လုရွှမ်ကတော့ ယခင်ကကဲ့သို့ အလုပ်များနေပြီး ချင်ထျန်းဓားဆီမှ ဓားစွမ်းအင်များကလည်း အဆက်မပြတ် ပြေးလွှားနေသည်။

ပတ်ဝန်းကျင်က ကျင့်ကြံသူတွေဟာ ဖောက်ခွဲနေတဲ့ လှိုင်းဒဏ်ကို ခံရမည် စိုးရိမ်သဖြင့် သူတို့အားလုံး ခပ်ဝေးဝေးကို ဆုတ်သွားကြသည်။

"အား....."

ခံနိုင်ရည် မရှိသူတွေကတော့ ကောင်းကင်သို့ ထိန်းမနိုင်သိမ်းမရ ပျံတက်သွားကြပြီး တိမ်တိုက်တွေထဲ ဝင်ကာ မီးလုံးကြီးအဖြစ် ပြောင်းလဲ၍ မိုးမြေအဆောက်အအုံဆီ ​ပြေးတိုက်ပစ်သည်။

“ပြေး!”

လူတစ်ယောက်က အော်သော်လည်း နောက်အခိုက်အတန့်တွင် တိမ်တိုက်များထဲမှ အလင်းတန်း တစ်ခုသည် ထိုလူအပေါ် ဖုံးအုပ်ပစ်ကာ တိမ်တိုက်ဆီသို့ တိုက်ရိုက် ဆွဲ​ခေါ်သွားလေသည်။

"အဲဒါက တိမ်တွေ မဟုတ်ဘူး"

တစ်စုံတစ်ယောက်က အော်လိုက်သည်။ တိမ်တွေဆီက ဟောက်သံက သာမန်တိမ်တွေ ထွက်လာနိုင်တဲ့ အသံနဲ့ မတူဘဲ အချို့သော သတ္တဝါတွေရဲ့ ဟောက်သံလိုပင်။

လုရွှမ် သူ့ဓားကို ဝှေ့ယမ်းပြီး တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လိုက်သည်။ ထိုအကောင်တွေကို အဆောက်အအုံနား ကပ်ခွင့် မပြုရဲတာကြောင့် ဓားစွမ်းအင်ကို အဝေးအထိ ပစ်လွှတ်ဖို့ စွမ်းအင်များစွာ သုံးစွဲရ၏။

လုရွှမ် မျက်လုံးများ ရုတ်တရက် အရောင် တောက်လာသည်။ ခဏလောက် တုံးအနေမိတာကြောင့် သူ့ကိုယ်သူ အရူးတစ်ယောက်အဖြစ် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူ့မှာ နတ်လေးတစ်လက် ရှိ​နေပြီလေ။ ဘာလို့ ဓားစွမ်းအင်ကို သုံးနေရမှာလဲ။

လုရွှမ် ကောင်းကင်လက်နက်ကို ဖယ်ထုတ်လိုက်သည်။

မြင်ကွင်းက ပထမမြို့ထဲက လူအားလုံး၏ မျက်စိထဲတွင် မြင်နေရသည်။

နောက်ဆုံးတော့ ဒီအပြောင်းအလဲက ပထမမြို့က လူတိုင်းကို ထိတ်လန့်စေတယ်လေ။ ဘယ်လို ဘေးဥပဒ်ကြီးလဲ။ ဘယ်လို အပြောင်းအလဲတွေလဲ။

များမကြာမီတွင် လူတိုင်းလိုလို မိုးမြေအဆောက်အအုံရဲ့ ပြောင်းလဲမှုများကို သတိထားမိသွား၏။ မိုးမြေအဆောက်အအုံမှာ လူတွေ နားမလည်နိုင်သော ဆိုးရွားသည့် အရိပ်အယောင် ရှိနေတာ ခံစားလိုက်ရသည်။

ပြီးတော့ ပြီးခဲ့တဲ့လဝက်က မိုးမြေအဆောက်အအုံမှာ ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေကိုလည်း သတိရမိသွားသည်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဤနေရာတွင်ရှိခဲ့သော အဖိုးအိုသည် ထိတ်လန့်စွာ ထွက်သွားခဲ့သည်။ မိုးမြေအဆောက်အအုံ တစ်ခုလုံးကို အမွေဆက်ခံသူကတော့ ထိုအဘိုးအိုကို ပထမဆုံး ဝင်ကူညီပေးခဲ့တဲ့ ကောင်လေးပဲ ဖြစ်သည်။

ထိုလူများသည် ယခင်က မိုးမြေအဆောက်အအုံ၏ ပြဿနာများနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိခဲ့သော်လည်း နောက်ပိုင်းတွင် အားလုံး ကြားသိခဲ့ရသည်။

ပဉ္စမမြို့မှ ပါရမီရှင် ရောက်ရှိလာပြီး မိုးမြေအဆောက်အအုံထဲက သခင်အား အခက်တွေ့အောင် ပြုလုပ်ချင်သည်။ ပဉ္စမမြို့မှ ဆင်းသက်လာသူများသည် နတ်ခြေလှမ်းနယ်ပယ်က အဘိုးအိုကို လုံးဝ အလေးအနက်မထားပေ။

အနိုင်ကျင့်ခံရမယ်လို့ ထင်ခဲ့ပေမယ့် လူငယ်တစ်ယောက်က မတ်တပ်ရပ်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့။ ကျင့်ကြံမှုအဆင့်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း အသက်အရွယ်အရ ကြည့်လျှင် အသက်မပြည့်သေးသလိုပင်။

သို့သော် ထိုလူငယ်လေးသည် ပဉ္စမမြို့မှ သခင်များနှင့် ပါရမီရှင်များကို အမှန်တကယ် အနိုင်ယူ၊ သတ်ဖြတ်ကာ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးသွားစေ၏။

အဘိုးအိုသည် အမှန်တကယ်ပင် မိုးမြေအဆောက်အအုံကို လူငယ်အား အခမဲ့ပေးခဲ့သည်။ လူတွေက မိုးမြေအဆောက်အအုံကို ကောင်းကောင်းကြည့်ဖို့ စိတ်ကူးနေတုန်း လုရွှမ်ဟာ တစ်လခွဲကြာတဲ့အထိ တံခါးပိတ်ထားကာ ဘာဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိခဲ့။

ယခုမူ တံခါးကို ပြန်ဖွင့်လိုက်သောအခါ မိုးမြေအဆောက်အအုံ၌ ပြဿနာ ကြီးကြီးမားမား ရှိနေကြောင်း တွေးနေရသည်။ မိုးမြေအဆောက်အအုံမှာ မိုးနဲ့မြေဟူသော စကားလုံးနှစ်လုံး ပါရှိပြီး ယခုတော့ ကောင်းကင်က ထိုလူများကို ထိန်းချုပ်ကာ ထိုအဆောက်အအုံဆီသို့ ပစ်ချနေသည်။

ဒီမိုးမြေ အဆောက်အအုံက ယခု​ကမ္ဘာမှာ ဖြစ်ပေါ်နေသော မငြိမ်မသက်မှုတွေနဲ့ သက်ဆိုင်နေတာလား။

ထို့ကြောင့် မိုးမြေအဆောက်အအုံထဲက အဘိုးကြီးသည် အမြန် ထွက်ခွာသွားပြီး ဟောက်ထျန်းဟုခေါ်သော လူငယ်သည် အန္တရာယ်ကျရောက်မည့် အချိန်ကို စောင့်ဖို့ တစ်လကျော်ကြာ တံခါးပိတ်နေခဲ့ရသည်။

အန္တရာယ်ရှိတဲ့ အခိုက်အတန့်တွေမှာ အမြဲတမ်း အတွေးလွန်နေမှာက မလွဲမသွေပါပဲ။ လောလောဆယ်မှာ တစ်ခုခုမှားနေတယ်လို့ မခံစားရရင် မိုးမြေအဆောက်အအုံဆီ မချဉ်းကပ်ရဲလို့သာ မဟုတ်ရင် လုရွှမ်ရှေ့မှာ အပြေးအလွှား သွားပြီး မေးကြမှာ ဖြစ်သည်။

လုရွှမ် လူတိုင်းကို တစ်ချက် ကြည့်လိုက်သည်။ ထျန်းယွမ်နတ်မီးလုံးကြောင့် ကောင်းကင်မှာ မည်းမှောင်နေတဲ့ တိမ်တွေကြား မြင်နေရသည်။ အဲဒါက တကယ်ကို မှောင်မိုက်တဲ့ တိမ်တိုက်မဟုတ်ဘဲ အခုနက သတိမထားမိလိုက်တဲ့ မကောင်းဆိုးဝါး ရုပ်ပုံပဲ ဖြစ်လေ၏။

၎င်းသည် လုံးဝ အနက်ရောင်ချည်း။ ၎င်းကို တိမ်တွေက ဖုံးအုပ်ထားသောကြောင့် ကောင်းကင်ဖြစ်စဉ် အောက်တွင် မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

သို့သော် လုရွှမ်ကတော့ ၎င်းက မိုးမြေအဆောက်အအုံထဲကို အမှန်တကယ် တိုက်ခိုက်နေမှန်း ခံစားမိသည်။ ၎င်းကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများ အားလုံးသည် မြေအောက်ခန်းရှိ လျှို့ဝှက်ဆန်းကြယ်သော အရာများကြောင့်သာ ဖြစ်​ပေမည်။

အဘိုးအိုပြောခဲ့သော စကားများကို ပြန်စဥ်းစားကြည့်ကာ လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ကိုသာ ခံစားနိုင်သည်။ ယခုအချိန်တွင် သူခံစားခဲ့ရသည့် ခြိမ်းခြောက်မှုနှင့် သက်ဆိုင်သည့်အရာမှာ နတ်လေး မဟုတ်ပေ။ လျှို့ဝှက်သော အန္တရာယ်သာ ဖြစ်၏။

ထို့ကြောင့် အဘိုးအိုသည် ထိုအရာကြီးရဲ့ အငွေ့အသက်တွေကိုသာ အလွန်ကြောက်လန့်ကာ နတ်လေး၏ တည်ရှိမှုကိုတော့ မခံစားခဲ့ရပေ။ နတ်လေးက ဤထူးဆန်းသော သတ္တဝါကို နှိမ်နင်းရန် ဤနေရာ၌ ရှိနေခဲ့​တာ ထင်ရှားပါသည်။

အလားတူပင် ထိုထူးဆန်းသောသတ္တဝါကို ခြောက်လှန့်လိုပါက နတ်လေးကို အားကိုးရုံနှင့် မလုံလောက်သေးပါ။ ထို့ကြောင့် နတ်လေးကို အလိုအလျောက် ဝှက်ထားရမည်။ မဟုတ်ပါက လူတွေ ၎င်းကို ရှာတွေ့သွားရင် ဘာလုပ်ကြမလဲ။

နတ်လေးကို ကိုင်ပြီး ထွက်ပြေးကြမှာ သေချာ၏။ နတ်လေးဆီက အသိအမှတ်ပြု ခံရသူများသာလျှင် နတ်လက်နက် တည်ရှိမှုကို ခံစားသိရှိနိုင်လိမ့်မည်။

လုရွှမ် မဆိုင်းမတွပင် နတ်လေးကို ထုတ်ယူလိုက်သည်။ ထိုအခိုက် နတ်လေးဆီမှ ဆိုးသွမ်းသော စွမ်းအင်များ ပြည့်နှက်နေသော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှု အရှိန်အဟုန်ကို ခံစားလိုက်ရပြီး ကောင်းကင်က တိမ်မည်းများကို ရင်ဆိုင်ချင်နေသည်။

ယခုမူ လုရွှမ်က ကောင်းကင်လက်နက်ကို သိမ်းလိုက်ရာ လူတိုင်းသည် သူတို့၏နှလုံးများ တဟုန်ထိုး ခုန်ပေါက်သွားကြသည်။ တစ်ဆက်တည်း အားလုံးသည် နတ်လေးဆီက တန်ခိုးကိုလည်း ခံစားမိ၏။

နတ်လေးက ကြောက်မက်ဖွယ်သည်။ အရွယ်အစား ကြီးမားပြီး ပို၍ပင် အားကောင်းနေသော်လည်း လုရွှမ်ရဲ့လက်ရှိ ကောင်းကင်လက်နက်ထက် နိမ့်နေသေး၏။

ဓားက ကောင်းကင်လက်နက် တစ်ခုဖြစ်၏။ ဤနတ်လေးသည် အမှန်တကယ်ပင် မှော်ဆန်သည့် လက်နက်တစ်ခုသာ ​ဖြစ်ရာ ကောင်းကင်လက်နက်ထက် အစွမ်းထက်နိုင်မှာလား။

လုရွှမ်လက်ဖဝါးထဲက လေးသည် တဖြည်းဖြည်း နိမ့်ကျသွားပြီး သာမန်လူတစ်ယောက်၏ အရွယ် ဖြစ်လာသည်။ ကြည့်ရတာ နတ်လက်နက်နဲ့ ပိုလို့တောင် ကွာခြားမှု မရှိတော့ချေ။

သို့သော် လုရွှမ်ကတော့ နတ်လေးရဲ့ အငွေ့အသက်တွေကို ပို၍ရှင်းလင်းစွာ ခံစားနေရသည်။ နောက်ဆုံးတွင် နတ်​လေးရဲ့အနည်ကို သူတွေ့လိုက်ရ​​ပြီ။

All Chapters