နေကိုပစ်မယ့် ကောင်းကင်မြှား
Vol. 128 Ch. 4.1431
နေကိုပစ်မယ့် ကောင်းကင်မြှား!
နတ်လေးရဲ့ ဒီနာမည်က အတော်လေး လွှမ်းမိုးစရာကောင်း၏။
လုရွှမ်ရဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲမှာ ကြီးမားတဲ့ နာမည်စာလုံးတွေက လှိုင်းလုံးတွေလို လှုပ်ခတ်လာပြီး ကောင်းကင်မှာတော့ တိမ်တိုက်တွေက ဟိန်းဟောက်နေသည်။
လုရွှမ်သည် ထိုနေရာ၌ ရွှေရောင်အလင်းတန်းများနှင့်အတူ တောက်ပနေသော ရွှေရောင်ဦးချိုကို ရုတ်တရက် မြင်လိုက်ရသည်။ ၎င်းက ဝိညာဉ်စွမ်းအားနှင့် ရောနှောကာ အနည်းငယ်မျှော့ဝင်သွားသည်။
နတ်ဝိညာဥ်ဖြင့် လုံးလုံးလျားလျား အစွမ်းထက်သော မြှားတစ်စင်း ဖြစ်လာသည်။ သူ့ရဲ့လက်ရှိ အဆင့်နဲ့ ဒီမြှားပေါ်လာတာကို တွေ့ရပါက လူပေါင်းများစွာရဲ့ ပုတ်ခတ်ဝေဖန်မှုတွေလည်း ဖြစ်ပေါ်လာလိမ့်မည်။
သူ့စိတ်ဝိညာဉ်က မြှားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
လုရွှမ် သူ့လက်ချောင်းများကို လေးကြိုးပေါ် တင်၍ ဆွဲထုတ်လိုက်ရာ ချက်ချင်းပင် နတ်မြှားတစ်စင်း ထွက်ပေါ်လာသည်။ ၎င်း ပြေးထွက်သွားသည်နှင့် ပြေးလာတဲ့ လူတစ်ယောက်ကို တိတိကျကျ ထိမှန်သွားရာ ကျယ်လောင်သော ပေါက်ကွဲသံကြီးနဲ့အတူ ထိုလူ၏ ခန္ဓာကိုယ်က တောင့်တင်းလာကာ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များလည်း ပျောက်သွားသည်။
သူ့စိတ်ဝိညာဉ်သည် ထိုမြှားဖြင့် ဖျက်ဆီးခံလိုက်ရသောကြောင့် သဘာဝအတိုင်းပင် မောဟမီးကြောင့် လောင်ကျွမ်းနေသော မီးကို ထပ် မံမဖြစ်ပေါ်စေနိုင်တော့ပေ။ သို့သော် ဝိညာဉ် ပျောက်ကွယ်သွားပြီး အသက်ဆုံးသွားသောအခါ အလောင်းကလည်း သံဘောလုံးတစ်လုံးလို ကောင်းကင်မှ ပြုတ်ကျသွားလေသည်။
မြေပြင်ပေါ်၌ အပေါက်ကြီးတစ်ခု ဖြစ်သွားအောင် ပြုတ်ကျသွားသော်လည်း ထပ်မံမပေါက်ကွဲတော့ပေ။ ထိုလူ ပြုတ်ကျလာတဲ့အခါ အောက်ဖက်က လူတွေလည်း ပေါက်ကွဲပြီး ထိခိုက်မှာကို စိုးရိမ်ကာ အရပ်ရပ်က ပျံဝဲသွားကြသည်။ ပျံသန်းနေတုန်းလည်း လှုပ်ရှားမှုများကို အထူးဂရုစိုက်နေရသည်။
"ကြည့်လိုက်!"
လူတစ်ယောက်က လုရွှမ်ဆီကို လက်ညှိုးထိုးပြသည်။
လုရွှမ်သည် သူ့ရဲ့လက်ထဲက ကောင်းကင်ပြာလေးကို ဆွဲလိုက်ပြန်ပြီ။ အလင်းတန်းတွေ လင်းလက်လာပြီး ဝိညာဉ်မြှားတစ်စင်း ထပ်ထွက်လာ၏။ မီးတောက်များ ပြည့်လျှံနေသော လူတစ်ယောက် မြှားဖြင့် ထိမှန်ပြီး အစောကအတိုင်း ပြုတ်ကျသွားသည်။
အရင်လူလိုပဲ ပေါက်ကွဲတာမျိုး မရှိခဲ့။
ပထမတစ်ယောက်က တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်နိုင်သော်လည်း ဒုတိယလူပါ အဲဒီလိုဆိုရင်တော့ ပုံမှန်မဟုတ်တော့ပေ။ ထိုလူငယ်သည် ဤထူးဆန်းသော ပြောင်းလဲမှုကို ထိန်းထားရန် နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့တာ ထင်ရှားပါသည်။
လုရွှမ်သည် ယခုအချိန်တွင် တခြားလူတွေရဲ့ အတွေးများကို လျစ်လျူရှုကာ သူ့စိတ်ထဲက ဟောက်သံကို နားစွင့်နေ၏။ အနက်ရောင် တိမ်တိုက်သည် ၎င်းအနောက်မှ တိရစ္ဆာန်တစ်ကောင် ဒဏ်ရာရသွားသကဲ့သို့ ပြင်းထန်စွာ လှည့်ပတ်သွားလေသည်။
၎င်းရဲ့ လှုပ်ရှားမှုက အရင်ကထက် ပိုအားကောင်းလာသည်။
လုရွှမ် ကြည့်လိုက်ရာ ယခင်က အဆင်ပြေနေပုံရသော လူများသည် ယခုအခိုက်အတန့်တွင် အထိန်းအကွပ်မဲ့စွာ ပျံသန်းလာပြီးနောက် မိမိကိုယ်ကို ဖျက်လိုဖျက်ဆီး လက်နက်များအဖြစ် ပြောင်းလဲကာ မိုးမြေအဆောက်အအုံဆီသို့ ပျံသန်းလာကြ၏။
လုရွှမ်လည်း စိတ်ဝိညာဉ်မြှားများ ဆက်လက် ဖန်တီးကာ တစ်ယောက်ပြီး တစ်ယောက် ပစ်ချလိုက်သည်။ ဒါပေမဲ့ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် သူလုံးဝ ရပ်တန့်နိုင်မှာ မဟုတ်ဘူးဆိုတာ သိသာနေပြီ။
ဤအန္တရာယ်ကို ပယ်ရှားရန် တစ်ခုတည်းသော နည်းလမ်းမှာ အရင်းအမြစ်ကို ဖြတ်တောက်ခြင်းသာ ဖြစ်သည်။ ကျန်နေတဲ့ သတိရှိသူတွေမှာ မတော်တဆ ကူးစက်ခံရမှာကို စိုးရိမ်သဖြင့် ထိတ်လန့်တကြား လှည့်ပတ်ကြည့်နေကြသည်။
အနီးနားရှိ အိမ်များ ပြိုကျလာကုန်တာမို့ လူတွေ တစ်ယောက်ပြီး တစ်ယောက် ပျံတက်သွားကြသည်။ အခင်းအကျင်း ဖွဲ့စည်းမှု၏ အကာအကွယ် မပါဘဲ နားမလည်နိုင်သော အလင်းများ ဖုံးလွှမ်းသွားသည်နှင့် တစ်ယောက်မှ မခုခံနိုင်ပေ။
နတ်ခြေလှမ်းနယ်ပယ် တက်သွားကြသော ကျင့်ကြံသူများပင် မီးလုံးကြီး ဖြစ်သွားကာ မိုးမြေအဆောက်အအုံဆီ ဝင်တိုက်လာကြတာ တွေ့လိုက်ရသည်။ အစပိုင်းမှာတော့ ကောင်းကင်မှာ ပျံသန်းနေကြသူတွေ ရှိပေမယ့် မကြာခင်မှာပဲ ကောင်းကင်မှာ ဘယ်သူမှ မပျံသန်းရဲကြတော့ချေ။
နောက်တော့ မြေကြီးပေါ်မှာ နေရတာတောင် မလုံခြုံတော့မှန်း သိလာသည်။ လူတိုင်း လုရွှမ်ရှိရာသို့ ပူလောင်သော မျက်လုံးများဖြင့် ကြည့်လာကြသည်။ လက်ရှိ ရှုထောင့်မှ ကြည့်လျှင် နေရာတိုင်းကို ထိုနားမလည်နိုင်သော အလင်းရောင်က စုပ်ယူသွားနိုင်သည်။
ဒါပေမဲ့ မိုးမြေအဆောက်အအုံကတော့ တော်တော်လုံခြုံပုံရ၏။
တခြားနေရာများတွင် အကာအကွယ် အခင်းအကျင်း ပုံစံများ ကျိုးကျပြီး အဆောက်အဦများပင် ပျက်စီးသွားပေမယ့် မိုးမြေအဆောက်အအုံကတော့ အရာအားလုံး လုံခြုံနေသည်။
ဒါပေါ့။ အဓိက အကြောင်းရင်းကတော့ လုရွှမ်ရဲ့ အကာအကွယ်ကြောင့်ပါပဲ။
လုရွှမ်: "ဒီကိုလာခဲ့!"
ဒီလူတွေက ဝင်လာတာက ပိုကောင်းသွားမည်။ ဒါမှ တိမ်တိုက်နောက်က မကောင်းဆိုးဝါးအတွက် လက်နက် မရှိတော့မှာ။ ဒါ့အပြင် ၎င်းတို့သည် မြေအောက်ခန်းရှိ မကောင်းမှု အငွေ့အသက်များ အပေါ် ပိုမိုကောင်းမွန်စွာ နှိမ်နင်းနိုင်မှာလည်း ဖြစ်သည်။
လုရွှမ်ရဲ့သဘောတူချက် မရှိရင်တောင် လူတွေက လာနေကြပြီ။ လုရွှမ် ခွင့်ပြုလိုက်တဲ့အခါ လူတွေက တစ်ယောက်ပြီးတစ်ယောက် အရူးအမူး လျင်မြန်စွာ ပျံသန်းသွားကြတော့သည်။
သို့သော် ကောင်းကင်မှ တိမ်မည်းတွေကလည်း လူတိုင်းရဲ့ အတွေးအမြင်တွေကို ခံစားမိတာကြောင့် အလင်းရောင်တွေကို ပစ်လွှတ်လိုက်ပြန်ရာ ၎င်းတို့ အရူးစိတ်ဝင်ပြီး မိုးမြေအဆောက်အအုံထဲက ဦးတည်သွားကုန်သည်။
လုရွှမ် ဝိညာဉ်မြှားများကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။ အလွန်လျင်မြန်ပြီး အလွန်တိကျသည်။
လေထဲမှာ တစ်ယောက်ပြီး တစ်ယောက် ပစ်သတ်လိုက်ပေမယ့် လုရွှမ်ရဲ့ စွမ်းအားက လုံးဝ မလျော့သွားခဲ့။ လူတွေကို ပစ်သတ်လိုက်တာနဲ့ အခင်းအကျင်းအောက်က လူတော်တော်များများကို ကြည့်လိုက်တော့ သူတို့ရဲ့ မျက်လုံးတွေက သွေးတွေလို နီရဲနေပြီ။
ယခုအချိန်တွင် လုရွှမ်လက်ထဲမှ နတ်လေးသည် ရတနာတစ်ပါး ဖြစ်ရမယ်ဆိုတာ လူတိုင်း သိသွားပါပြီ။ လုရွှမ်လည်း တဖြည်းဖြည်း စိုးရိမ်လာပြီး ဖိအားများလာသည်။
သူ့စိတ်ဝိညာဉ်သည် အားကောင်းပြီး နားမလည်နိုင်သော်လည်း ဤတိမ်မည်းကြီးက သူ့အား ပေးဆောင်သည့် ခံစားချက်က ပို၍ပင် ခံစားလို့မကောင်းပေ။ ဒါတွေက အမြည်းတွေချည်းပဲ။ အဓိကအစားအစာက မရောက်သေးဘူးလို့ ပြနေသလို အမုန်းတရားထဲမှာ တိုးတိုးတိတ်တိတ် ခံစားချက်တွေ ရှိနေသယောင်ပင်။
သူ့စိတ်တွေ ပိုနိုးကြားလာသည်နှင့်အမျှ လုရွှမ် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။ လူတွေ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာပေမယ့် လုရွှမ်ကို အဝေးက ရှောင်သွားပြီး မိုးမြေအဆောက်အအုံထဲမှာ ပုန်းနေလိုက်၏။
တခြားမြို့တွေမှာတော့ ပထမမြို့က လူတွေ တစ်ယောက်ပြီး တစ်ယောက် ပျံနေကြတယ်ဆိုတာ မသိကြသေးချေ။
"အစ်ကို... မင်း ပထမမြို့က စွမ်းအားကို ခံစားမိလား"
"အင်း...ရတနာတွေရဲ့ စွမ်းအားပဲ ဖြစ်မယ်"
လူတစ်ယောက်က ဒေါသမျက်လုံးနဲ့ အော်လေ၏။
ဒုတိယမြို့၊ တတိယမြို့မှ တစ်ဆင့် တစ်မြို့ပြီးတစ်မြို့ သတင်းပျံ့သွားသည်။ လုရွှမ် သူ မြှားတစ်ထောင်ကျော်ကို ပစ်ခဲ့ပြီးကြောင်းပင် သတိမထားမိခဲ့။ အစကတည်းက ဂရုမစိုက်ခဲ့လို့လည်း ဖြစ်ပေမည်။
သို့ပေမယ့် လုရွှမ်ကိုကြည့်တဲ့ လူတိုင်းရဲ့ မျက်လုံးတွေဟာ ဒီအချိန်မှာ ထိတ်လန့်မှုတွေအပြည့်နဲ့။
မြှားစွမ်းအားကို သူတို့ခံစားနိုင်သည်။ အထူးသဖြင့် ဤနေရာသို့ ရောက်လာပြီး အနီးအနားတွင် ရပ်ပြီးနောက် လုရွှမ်မှပစ်သောမြှားတိုင်းသည် အလွန်စွမ်းသော ယန်စွမ်းအားများဖြင့် ပြည့်နှက်နေတာ ခံစားနိုင်သည်။
ထို့အပြင် စိတ်ဝိညာဉ်မှ ထွက်လာသော ရောင်ဝါသည် လူတိုင်းကို ထိတ်လန့်စေ၏။ လူတွေ တစ်ယောက်ပြီးတစ်ယောက် ပုန်းရှောင်ပြီး တိတ်တိတ်လေး ဆွေးနွေးကြတော့သည်။
"ဒီလူက ဟောက်ထျန်းလား? နယ်ပယ်ဘယ်လောက် ဖြစ်မလဲ? သူတတကယ်ပဲ နတ်ခြေလှမ်းနယ်ပယ်က သခင်လား"
"နယ်ပယ်ကို တမင်တကာ ဖုံးကွယ်ထားတာလား"
"ဘယ်သူက သိမှာတုန်း?? ဒါပေမဲ့ ဒီလူရဲ့ စွမ်းအားက လုံးဝကို ထူးခြားတယ် လျှော့တွက်လို့ မရလောက်ဘူး..."