← Chapters

စိတ်ရင်းနဲ့

Vol. 128 Ch. 4.1432

စိတ်ရင်းနဲ့

Vol. 128 Ch. 4.1432

ပထမမြို့ကြီး တစ်ခုလုံးသည် ဤအခိုက်အတန့်၌ ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်း​ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီ။ လူအားလုံး မြေပြင်ပေါ်တွင် ကပ်နေကြ၏။

လူအနည်းစုက မိုးမြေအဆောက်အအုံဆီသို့ အပြေးအလွှား ပြေးလာကြသည်။ ယခုအချိန်အထိ ၎င်းက ပထမဆုံးမြို့၌ မပျက်စီးသေးသော တစ်ခုတည်းသော နေရာဖြစ်သည်။ တခြားနေရာတွေမှာ အကာအကွယ် မရှိဘဲ ပျက်စီးနေပြီ။

သို့သော် လူအများစုသည် မိုးမြေအဆောက်အအုံရဲ့ အဝေးတွင် ပုန်းအောင်းနေခဲ့ကြသည်။ အကြောင်းမှာ စုပ်ယူခံရသူတွေက နောက်ဆုံးတွင် မိုးမြေအဆောက်အအုံ အနား၌သာ လဲကျသွားသည်။ အရာအားလုံး၏ အရင်းခံမှာ မိုးမြေအဆောက်အအုံပဲ ဖြစ်သည်။

"ဟေ့ မိတ်ဆွေ...မိုးမြေအဆောက်အအုံ တစ်ခုတည်းက ဘာလို့ မပျက်စီးသေးတာလဲ... ဘာလို့ ဒီလို​တွေ လာတိုက်ခိုက်နေကြတာလဲ သိလား"

"ကောင်လေး... ငါ့ကိုပြော! ဘာဖြစ်နေတာလဲ"

ကြမ်းကြုတ်သော အမျိုးသားတစ်ဦးက ဟစ်အော်လေ၏။ သူ့ဇနီးသည် လေထုထဲသို့ စုပ်ယူခံရပြီး မီးလုံးကြီးတစ်လုံး ဖြစ်သွားကာ ဤနေရာတွင် ပျက်ကျသွားခဲ့သည်။ ထို့နောက် လုရွှမ်ဆီက မြှားဖြင့် ပစ်သတ်ခံရပြန်သည်။

လုရွှမ် မလုပ်ခဲ့ရင်တောင် သူ့မိန်းမဟာ အရင်အလင်းက စုပ်ယူခံရတဲ့အခါကတည်းက သေသွားပြီ ဆိုတာကိုလည်း သူ့စိတ်ထဲမှာ သိထားပေမယ့် ဒေါသအရမ်း ထွက်နေတာကြောင့် မထိန်းနိုင်ဘဲ ဖြစ်နေသည်။

တချို့လူတွေက ဒေါသထွက်​နေကြပြီး တချို့ကတော့ ကျေးဇူးတင်ကြသည်။

"ဟေ့ မင်းဘာတွေပြောနေတာလဲ ဒီနေရာပိုင်ရှင်က အဆင်ပြေဖို့ တံခါးမဖွင့်ထားဘူးဆိုရင် ငါတို့လည်း အဲ့လူတွေလို ဖြစ်နေလောက်ပြီ... ဒါပေမဲ့ မင်းတို့က ကယ်တင်ထားတာကို ကျေးဇူးတင်နေမယ့်အစား အပြစ်တင်ချင်သေးတယ်...လူကို စိတ်ဆိုးအောင် လုပ်လွန်းတယ်လို့ မထင်ဘူးလား?"

"မိုးမြေအဆောက်အအုံက အကြပ်အတည်းတစ်ခုအတွင်းမှာ ဒီလုံခြုံတဲ့နေရာကို ထိန်းထားနိုင်တယ်... အဲဒါက တခြားတစ်ယောက်ရဲ့ အရည်အချင်းပဲ မင်းကိုယ်တိုင် မလုပ်နိုင်ဘူး ဒါပေမဲ့ မင်းက သူများကို မနာလိုဖြစ်နေသေးတယ်... တစ်ယောက်ယောက်က မင်းကို ကယ်တင်ခဲ့တာ မှားသွားလား?"

စိတ်အေးအေး ထားတဲ့သူတွေ အများကြီးရှိပေမယ့် ယုတ်ညံ့တဲ့ စိတ်ရှိတဲ့သူတွေလည်း ပိုများနေ၏။

"မင်းပြောတာက မဟုတ်​သေးဘူး... ဒီပိုင်ရှင်ကို ငါတို့က အရမ်းကျေးဇူးတင်တယ် ဒါပေမဲ့ ဒီမှာ ပြဿနာရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး..."

"ဟုတ်တယ်... အခု ငါတို့အားလုံး လှေတစ်စင်းတည်းမှာ ရောက်နေပြီလေ ဘာဖြစ်တာလဲဆိုတာ အနည်းဆုံး သိထားသင့်တယ် မဟုတ်ဘူးလား? ငါတို့ ပိုသိလေ ခြိမ်းခြောက်မှုတွေကို ငါတို့ ပိုကောင်းကောင်း ရင်ဆိုင်နိုင်လေပဲ... လူတိုင်းလည်း ဒီလိုပဲထင်တယ် ဟုတ်တယ်မလား"

လူတိုင်းက ထိုပုဂ္ဂိုလ်၏ ပြောဆိုချက်ကို သဘာဝအတိုင်း သဘောတူ​ကြသည်။ ထိန်းချုပ်နိုင်လေလေ ပိုသိလေလေ သဘာဝအတိုင်း ပိုလုံခြုံလေလေ ဖြစ်သည်။ ကျင့်ကြံသူများ အတွက်မူ ၎င်းတို့၏ သန်မာသော ခွန်အားသည် သဘာဝအားဖြင့် ၎င်းတို့အား ယုံကြည်မှု ပိုရှိစေသော်လည်း မသိသူအား ပို၍ ကြောက်လန့်စေသည်။

လုရွှမ်ကတော့ ထိုလူများ၏ စကားကို နားထောင်ပြီး ငြိမ်သက်နေသည်။

တိုင်ကြားသူတွေကတော့ ဆက်ပြီး တိုင်ကြားကြမှာ ဖြစ်သလို ကာမစိတ်ဆန္ဒ ရှိသူများကလည်း ထိုစိတ်ဆန္ဒကိုပဲ အမြဲတွေးတတ်ကြတာပင်။

သူ့ရဲ့ နေကိုပစ်မယ့် ကောင်းကင်မြှားကို ဆန့်ကျင်ပြီး သူ့ရဲ့ မိုးမြေအဆောက်အအုံကို လုပ်ကြံချင်နေတာလား။ ဒီလူတွေဟာ လျှို့ဝှက်ချက်တွေကို စူးစမ်းချင်တာကြောင့် ပြေးလာပြတာလား။

လုရွှမ် စကားမပြောသေးဘဲ မြှားတစ်စင်းနဲ့ ပျံနေတဲ့ လူတွေကို သတ်ပစ်လိုက်သည်။ စိတ်စွမ်းအင်များ အလွန်အမင်း သုံးစွဲခဲ့ရတာကြောင့် လုရွှမ်အရှိန်က တဖြည်းဖြည်း ကျဆင်းသွားခဲ့သည်။

သူ့ကိုယ်ပိုင် ခွန်အားဖြင့် ဤအရာအားလုံးကို တားဆီးနိုင်မည် မဟုတ်ပေ။ ပထမမြို့ကြီးတစ်ခုလုံးသည် လူဦးရေ သောင်းနှင့်ချီရှိကာ ကျုံးကျိုးတွင် လူဦးရေ အများဆုံးရှိသည့် နေရာလည်း ဖြစ်သည်။ အခု သူ့ဆီလာလည်တဲ့သူတွေက တစ်ရာပဲရှိတော့ အပြင်မှာ လူတွေအရမ်း များနေမှာ သေချာ၏။

အပြင်မှ ထွက်လာသော စုပ်ယူမှုက အားကောင်းလာတာ သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ထိုလူများ မလာရခြင်း အကြောင်းရင်းမှာ မိုးမြေအဆောက်အအုံထဲက ဤအခြေအနေကို ကြောက်သောကြောင့် ဖြစ်သည်။

မိုးမြေအဆောက်အအုံက နောက်ထပ် ခြိမ်းခြောက်မှု အပြောင်းအလဲ အချို့ကို ဖြစ်လာစေမှာ စိုးရိမ်နေကြတာပါပဲ။ သူတို့စိုးရိမ်တာ မှန်ပေမယ့် အပြင်မှာ အင်အားက ပိုများလာပြီ။ သူတို့မှာ ပုန်းစရာနေရာ မရှိတော့ပေ။ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ သူတို့အတွက် ဖြတ်သန်းလို့ မရတဲ့လမ်းကို ရောက်သွားလိမ့်မယ်။

ဒီအတိုင်းဆိုရင် မိုးမြေအဆောက်အအုံကိုလည်း လုံးဝ ကယ်တင်နိုင်တော့မည် မဟုတ်။ ပထမမြို့ရဲ့ အလုံးစုံ ပြောင်းလဲမှုများကို အစပျိုးနိုင်သော ဤမိုးမြေ အဆောက်အဦးအောက်တွင် ဘယ်လို နတ်ဆိုးမျိုး ဖိနှိပ်ခံခဲ့ရတာလဲ။

လုရွှမ်သည် ဤလူများ၏ လှုပ်ရှားမှုများကို အေးစက်စွာ တိတ်တဆိတ် အာရုံစိုက်လာသည်။

"ဟမ့် ဘာမှမပြောဘူးပေါ့ မင်းမှာ အရည်အချင်း ရှိလား ငါကြည့်ချင်သေးတယ်!"

လုရွှမ်၏ လျစ်လျူရှုသော တုန့်ပြန်မှုကြောင့် လူအချို့သည် ဒေါသတကြီးနှင့် လုရွှမ်ဆီသို့ ပြေးသွားကြသည်။ ဓားတစ်ချောင်းက လုရွှမ်ကို ခိုးဝင်တိုက်ခိုက်ခြင်းပင်။

"လူယုတ်မာ!"

လူတစ်ယောက်က ကျိန်ဆဲပြီး ထိုဓားကို တားဆီးရန် ကူညီလိုက်သည်။

"ဆိုင်ပိုင်ရှင်က ငါတို့ကို အကာအကွယ် ပေးနေတာ အသိသာကြီး... ​​ဒါပေမဲ့ အခု သူလည်းဘာမှ မတတ်နိုင်မှာဘူး။ အဲဒီ အလောင်းတွေ ပြုတ်ကျလာရင် ဘာဖြစ်သွားမလဲ သိလား။ သူတို့ခေါင်းတွေက ရေတွေနဲ့ပဲ ပြည့်နေတာလို့ ထင်​​​နေလား"

စကားပြောသူ မိန်းကလေးရဲ့ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်နေပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့နေသည့် အကြည့်တွေလည်း ရှိနေသည်။

“မင်း ဘာပြောတယ်?”

အဲဒီလူမှာ မိန်းကလေးဆီက အငေါက်ခံလိုက်ရတာကြောင့် ရှက်ရှက်နဲ့ ဒေါသထွက်သွားသည်။

"ရှင့်ကို လူယုတ်မာလို့ ခေါ်တယ်လေ ဘာဖြစ်လဲ?? အဲဒီလူတွေ သေသွားပေမယ့် သူတို့ ဝိညာဉ်တွေက ကျန်​သေးတယ်... ပြုတ်ကျရင် ကိုယ့်ဘာသာကိုယ် ပျက်စီးသွားလိမ့်မယ်... လေလှိုင်းက ဘယ်နေရာ ရောက်ရောက် ကိုယ့်ကိုကိုယ် မထိန်းနိုင်တော့ဘူး... ပျက်စီးမှာပဲ!"

"တကယ်လို့ ခုခံနေတဲ့ ဒီသခင်လေးသာ မရှိခဲ့ရင် မိုးမြေအဆောက်အအုံက အစောကတည်းက ပျက်စီးပြီး ရှင်လည်း သေသွားတာ ကြာပြီ... အခုရှင့်စကားတွေက လူရော ဟုတ်သေးလို့လား"

ထိုလူမှာ ခဏလောက် ထိတ်လန့်သွားပေမယ့် သူ့ပတ်ဝန်းကျင်က လူတွေအားလုံးက ထိုနတ်သမီး ပြောတာ မှန်ကြောင်း သိကြသည်။ ထိုလူလည်း ဒေါသတကြီး အော်ဟစ်ပြီး ဆုတ်သွား၏။

လုရွှမ်လည်း ထိုမိန်းကလေးကို ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟင့်အင်း အဲဒါကဒီမှာ ပြဿနာ ရှိနေလို့ပဲ ဖြစ်ရမယ်.... အထဲကို ဝင်ကြည့်ရအောင်!"

လူတစ်ယောက်က ရုတ်တရက် အော်လိုက်ပြန်၏။ တစ်ခဏမျှ တိတ်ဆိတ် ငြိမ်သက်သွားပြီးနောက် နောက်အခိုက်အတန့်တွင် လူအများက သဘောတူညီစွာ အော်ဟစ်ခဲ့ကြသည်။

"ဟုတ်တယ်... ဒီနေရာက အရမ်းထူးဆန်းတယ် သေသေချာချာ စစ်ဆေးသင့်တယ်"

"ရှင်တို့ နည်းနည်း လွန်လွန်းတယ် မထင်ဘူးလား...ဒါက တခြားသူရဲ့ဆိုင်... ဆိုင်ပိုင်ရှင်က ကျွန်မတို့ကို လာခွင့်ပေးတာနဲ့တင် ကျွန်မတို့မှာ အမိုးအကာတွေ ရ​နေပြီ... ဘာတွေ လိုချင်နေသေးတာလဲ"

သူမ စကားမဆုံးခင်မှာ လူတစ်ယောက်က ဓားစွမ်းအင်ကို ဝေ့ယမ်းလိုက်တာကြောင့် သူမခန္ဓာကိုယ်က နောက်ပြန်ပျံသွားကာ သွေးတွေ စီးကျလာပါ၏။

"မင်း စကားမပြောရင် ဘယ်သူမှ မင်းကို ဆွံ့အသူလို့ မခေါ်ဘူး... ပါးစပ်ပိတ်ထား!"

မျှော်စင်နယ်ပယ် အဆင့်၉ လူတစ်ယောက်က ထိုမိန်းကလေးကို ကဲ့ရဲ့ရှုံ့ချပြီး သူ၏ မှော်လက်နက်များကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် မိုးမြေအဆောက်အအုံထဲ ပထမဆုံး ဝင်ရောက်သွားတော့သည်။

All Chapters