← Chapters

အာကာသသားရဲ?

Vol. 128 Ch. 4.1434

အာကာသသားရဲ?

Vol. 128 Ch. 4.1434

လုရွှမ်ကိုယ်တိုင်လည်း အဆက်မပြတ် ပျံသန်းရင်း ကျောက်စိမ်း​ပြားအတွင်းသို့ သစ်သားသေတ္တာ အများအပြား ပစ်ထည့်ထားသည်။

ဗုန်း!

ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက်တွင် ကောင်းကင်က ကျင့်ကြံသူများ၏ မိမိကိုယ်ကို ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

အသံကြောင့် လူတိုင်း အံ့အားသင့်သွားကြပြီး အားလုံးက အဆောက်အဦး အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ မိုးမြေအဆောက်အအုံ အောက်ခြေ၌ လူသေအလောင်းများ ကျိုးပဲ့ကျနေသည်ကို တွေ့လိုက်ရသည်။

အစောတုန်းက အသံကတော့ မိုးမြေအဆောက်အအုံရဲ့ အကာအကွယ်ပုံစံထဲသို့ ကျသွားသော ခန္ဓာကိုယ်တစ်ခုသာ ဖြစ်သည်။ ထိုအရာက မိုးမြေအဆောက်အအုံကို ထိခိုက်မှု မရှိခဲ့ပေ။ အဆောက်အအုံကို အကာအကွယ် ပေးထားသော အလင်းတန်းတစ်ခု လင်းလက်လာသည်။

"မထူးဆန်းပါဘူး... ဒီသစ်သား သေတ္တာတွေ ကွယ်ပျောက်သွားတာက စွမ်းအားအားလုံးကို အကာအကွယ် ပုံစံတွေထဲ စုစည်းပစ်တာပဲ!"

ကျင့်ကြံသူတွေမို့ တုံ့ပြန်ဖို့ မနှေးကွေးကြချေ။

လုရွှမ်သည် ရတနာများကို စုဆောင်းနေစဉ်တွင် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ လှုပ်ရှားမှုများကိုပါ အာရုံစိုက်နေခဲ့သည်။ အချိန်ကတိုတောင်းပြီး ဒီလူတွေအကြောင်း သိပ်မသိပေမယ့် အပြင်မှာနေကာ သူနဲ့ အတူ တိုက်ပွဲဝင်နိုင်ခဲ့တယ်။

ဒီအချက်က သူ့ကို တိတ်တဆိတ် ပျော်ရွှင်စေ၏။

"လူတိုင်း သတိထားပါ အပြင်ဘက်က အကာအကွယ်က အမွှေးတိုင် တစ်ချောင်းစာပံ အများဆုံး ခံနိုင်မှာ... လွတ်မြောက်ဖို့ အမွှေးတိုင် တစ်ဝက်လောက် အချိန်ရှိတယ် မဟုတ်ရင် အဲဒီလူတွေလိုပဲ ကံကြမ္မာကို လက်ခံလိုက်ရလိမ့်မယ်...ဒီအရာတွေက ကောင်းပေမယ့် အသက်ထက်တော့ ပိုမကောင်းနိုင်ဘူး!"

သတိပေးပြီးနောက် လုရွှမ်သည် မမြင်နိုင်သော ဖွဲ့စည်းမှုတွင် ပါဝင်သည့် ရတနာအားလုံးကို စုဆောင်းကာ မြေအောက်ခန်းထဲသို့ အမြန် ပြေးဝင်သွားခဲ့သည်။

ဒီရတနာတွေက ယခုအောက်ဖက်က သတ္တဝါကို ဖိနှိပ်ထားနိုင်သောကြောင့် ၎င်းတို့က အနာဂတ်တွင် အံ့ဖွယ်ကောင်းသည့် အကျိုးသက်ရောက်မှုများလည်း ရှိလာနိုင်သည်။ ထပ်မနှိမ်နင်းနိုင်ရင်တောင် အနည်းဆုံးတော့ နှောင့်နှေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ် ထင်ပါရဲ့။

ထိုသတ္တဝါက ဘာလဲဆိုတာ သိချင်ပြီး သေချာနားလည်သဘော ပေါက်ချင်တာကြောင့် မြေအောက်ခန်းထဲကို ဝင်လာခဲ့သည်။ လုရွှမ်က သတိပေးပြီးတာနဲ့ မြေအောက်ခန်းထဲ ပြေးဝင်သွားတာမို့ လူတိုင်း ထိတ်လန့်သွားခဲ့သည်။

လုရွှမ် ပြောတာကို ယုံသင့်သလား။

ဒါပေမဲ့ သူတို့အများစုဟာ တူညီတဲ့ အတွေး ရှိကြလေသည်။ မရှိဘူးလို့ ယုံတာထက် ပိုယုံချင်ကြ၏။ အပြင်ဘက်တွင် အလောင်းများ၏ အသွင်အပြင်ကို ကြည့်လိုက်ရာ မိုးမြေအဆောက်အအုံ အခင်းအကျင်းပေါ်၌ လဲကျကာ တစ်ယောက်ပြီး တစ်ယောက် အော်ဟစ် ပေါက်ကွဲကုန်ကြသည်။

အစပိုင်းမှာတော့ မိုးမြေအဆောက်အအုံက ဒီပေါက်ကွဲမှုတွေကို တည်ငြိမ်စွာ ခံနိုင်ရည် ရှိခဲ့သည်။ ဒါပေမဲ့ အသံက တဖြေးဖြေးနဲ့ ပိုကျယ်လာပြီ။ လုရွှမ် ပြောတဲ့အတိုင်း ဤနေရာက ကြာရှည်မခံတော့မှာ သံသယဖြစ်စရာ မရှိပေ။

ဒါပေမဲ့ အပြင်မှာ အလောင်းတွေက မိုးရွာနေသလို ပြေးလာနေကြတာကို အလောင်းတွေကြားကနေ ဖောက်ထွက်ဖို့ ဘယ်သူက သတ္တိရှိမှာလဲ။ သေခြင်းတရားကို ရှာနေတာပဲ မဟုတ်ဘူးလား?

အပြင်မထွက်ရင် ဒီမှာ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ၊ မိုးမြေအဆောက်အအုံကြီး ပြိုကျသွားရင် သူတို့ ဘာလုပ်ကြရမလဲ။

ယခင်က လုရွှမ်မှ ကာကွယ်ထားတာမို့ သူတို့ နှလုံးသားထဲတွင် အနည်းဆုံး ကျောရိုးတစ်ခု ရှိခဲ့သော်လည်း ယခုအခါ လုရွှမ်က မရှိတော့ပါ။ ထိုသူက မိုးမြေအဆောက်အအုံရဲ့ အနက်ပိုင်းထဲကို ဝင်သွားပြီ။

အ​စောကလူများ၏ သနားစရာကောင်းသော အခြေအနေကို မှတ်မိနေသေးသည်။ အောက်တွင် အလွန်ကြောက်စရာ ကောင်းသော ငရဲတစ်ခု ရှိနေတာ ထင်ရှားလှ၏။

ထို့အပြင် အပြင်ဘက်ရှိ လူသေကောင်များ၏ မိုးရေများကလည်း အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်။ အတွင်းမှ ထွက်လာသော အငွေ့အသက်များက အပြင်ဘက်နှင့် နှိုင်းယှဉ်ပါက ပို၍ပင် ကြောက်စရာကောင်းနေပြန်သည်။

ဘယ်သူတွေ ခုန်ချကြစေ သေမှာပင်။

"ငါတို့ဘာလုပ်​ကြမလဲ"

ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ရှုပ်ယှက်ခတ်နေတဲ့ မျက်နှာတွေကို တွေ့လိုက်ရ၏။

"အမြန်ထွက်ရအောင် မဟုတ်ရင် မြန်မြန်သေလိမ့်မယ်"

"ဟုတ်တယ်...မိုးမြေအဆောက်အအုံက မခံနိုင်တော့တဲ့အခါ အဲဒီ ပေါက်ကွဲသံတွေက ပြန့်ကျဲသွားပြီး ငါတို့အားလုံး ထိန်းမနိုင်သိမ်းမရအောင် ကိုယ့်ဘာသာကိုယ် ဖျက်ဆီးပစ်မိလိမ့်မယ်"

လူတစ်စုသည် စည်းစည်းလုံးလုံးဖြင့် ပြောလာကြသည်။ လောလောဆယ် အပြင်မှာ အန္တရာယ်ရှိပေမယ့် အနည်းဆုံးတော့ ခဏလောက် စောင့်ရင် ဘယ်လောက် အန္တရာယ် ထပ်ရှိလာမလဲဆိုတာ ဘယ်သူက သိမှာလဲ။

မစောင့်နိုင်တော့တာကြောင့် မကြာမီ လူတစ်စု စုပြီး ပြေးထွက်လာကြသည်။ ကျန်တဲ့လူတွေကတော့ တံခါးဝတွင် စောင့်ဆိုင်းနေကြကာ အပြင်ဘက်ရှိ လူတစ်စုကို ကြည့်နေကြသည်။

ထိုလူအုပ်စုသည် လူသေအလောင်းများ ပျံဆင်းလာတာကို မြင်သည်နှင့် လုရွှမ်ရဲ့စံနမူနာကို လိုက်ကာ ဓားစွမ်းအင်ကို တစ်ချက်ပြီးတစ်ချက် လွှဲယမ်းလိုက်​လေသည်။

ဒါပေမဲ့ တောင်ကုန်း ဒါမှမဟုတ် ပင်လယ်ကို ဓားနဲ့ခွဲလိုက်လို့ လှိုင်းနည်းနည်း ထသွားသလိုပါပဲ။ ပြုတ်ကျလာတဲ့ အလောင်းကို လုံးဝ မထိခိုက်ပါဘူး။

ဤအခိုက်အတန့်တွင်မှ လူများသည် လုရွှမ် ၎င်းတို့အတွက် ဘယ်လိုတောင် တွန်းလှန်ပေးခဲ့သလဲ သိရှိလိုက်ကြသည်။

“ပြေး!”

လူတစ်ယောက်က လှမ်းအော်ပြီး အရင်ပြေး၏။ အလောင်း ရောက်လာတာကို မတားနိုင်တော့ဘူးဆိုတာ သိသာနေပြီမလို့ လူတွေက မြန်မြန်ပဲ လူစု ကွဲသွားတော့သည်။

လူတစ်​​ယောက်​မှာ နည်းနည်းလေး ပျံသန်းပြီး တတ်နိုင်သမျှ မြန်မြန် ပြေးချင်ပေမယ့် ဒီလို ဘေးအန္တရာယ်မျိုး ကြုံရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့။

သူ့စိတ်ဝိညာဉ်ကို မထိန်းချုပ်ရသေးဘဲ ဝမ်းနည်းစွာ အော်ဟစ်နေဆဲ ဖြစ်သော်လည်း လူတိုင်းရဲ့နားထဲမှာတော့ ဒီအသံကို ကြားရတာက လူတိုင်းဟာ အလွန်စိတ်ပျက်ပြီး ထိတ်လန့်သွားသလို နှုတ်ခမ်းတွေပါ ထုံကျင်သွားလေ၏။

အခုက အဲဒီလူပဲ။ နောက်​ပြီးရင် သူတို့ထဲက နောက်တစ်ယောက် ထပ်ဖြစ်လာမှာလား။

နောက်ဆုံးတွင် ထိုလူရဲ့ အလောင်းသည် ပေါက်ကွဲသံနှင့်အတူ ပြုတ်ကျကာ လေလှိုင်းများ ရိုက်ခတ်၍ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။ ပြီးတာနဲ့ တစ်ယောက်ပြီးတစ်ယောက် မလွတ်မြောက်နိုင်ဘဲ ပေါက်ကွဲကုန်ပြန်သည်။

ပေါက်ကွဲသံများ ပျောက်ကွယ် သွားသောအခါတွင် သက်ရောက်မှု၏ အတိုင်းအတာက ပိုမိုကျယ်ပြန့်လာရာ တစ်ချိန်က မပျက်စီးခဲ့သောနေရာသည် လုံးဝ ပျက်စီးသွားခဲ့သည်။ မြေမှုန့်ထဲမှာ ဘယ်သူက အသက်ရှင်သေးလဲ ဘယ်သူ သေသွားလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။

လုရွှမ်မှာ သူ့ကိုယ်သူ ပိုးကောင်ငယ်လေးတစ်ကောင် တွင်းကြီးထဲ ရောက်​နေသလို အေးစက်စက် အငွေ့အသက်များ ခံစားလိုက်ရသည်။ နတ်ခန္ဓာကိုယ်က ရုတ်တရက် လင်းလက် တောက်ပလာကာ ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ အေးခဲမှုကို ဖယ်ရှားပေး​လေသည်။

ယွမ်ယန်စွမ်းအင်တွေက သူ့သွေးကြောတွေထဲ ပြင်းထန်စွာ ပြေးလွှားနေသည်။ ယွမ်ယန်စွမ်းအင်ပါ ဖြာထွက်လာတဲ့အခါ အလင်းရောင်များ ထွန်းတောက်လာကာ အမှောင်ထု အားလုံး ပျောက်ကွယ်၍ ပတ်ဝန်းကျင် ဧရိယာက လင်းထိန်သွားသည်။

ဤအခိုက်အတန့်တွင် အလောင်းများကို ကြည့်လိုက်လျှင် ရွှံ့ပုံကြီး ဖြစ်သွားတာကို တွေ့ရပေမည်။ လုရွှမ် မီးတောက်ကို ဝှေ့ယမ်းပြီး လူသေအလောင်းတွေကို ရှင်းပေးလိုက်သည်။ နတ်ခန္ဓာကိုယ်၏ အလင်းရောင်အောက်တွင် အမှောင်ထုက သဲလွန်စ အနည်းငယ်မျှသာ ကျန်ခဲ့၏။

ဖိနှိပ်ခံထားရတာက အာကာသသားရဲတော့ မဟုတ်ဘူးမလား?

သူအရင်က သတ်ခဲ့သော အာကာသသားရဲများက အမှောင်ထုထဲတွင် အလွယ်တကူ ပုန်းအောင်းနေနိုင်ကြောင်း သတိရသွားသည်။

ညတိုင်း ပေါ်လာတတ်သည့် ထူးဆန်းသော အရာများကို တွေးတောရင်းနှင့် ယခုအချိန်တွင် အနီရောင် နေရောင်ကလညိး တိမ်မည်းကြီး တစ်ခုလုံး ဖုံးလွှမ်းနေသဖြင့် မမြင်ရတော့ပေ။

လုရွှမ် သံသယဝင်နေတာက ဤအနက်ရောင် အစုလိုက်အပြုံလိုက် အရာတွေက အာကာသသားရဲတွေလား ဆိုတာပါပဲ။

All Chapters