လက်နက် ဆယ့်ရှစ်မျိုး
Vol. 128 Ch. 4.1435
အခင်းအကျင်း ဖွဲ့စည်းမှုကြောင့် ဖြစ်နိုင်သည်။ အနက်ရောင် သားရဲကြီးသည် ခက်ခက်ခဲခဲ ရုန်းထွက်ဖို့ ကြိုးစားနေ၏။ သူရုန်းကန်နေတာက အရမ်းခက်နေပေမယ့် မကြာခင်မှာပဲ ထွက်လာတော့မည်။
အခင်းအကျင်းထဲမှ ကြီးမားသော အက်ကွဲကြီးတစ်ခု ထွက်ပေါ်လာသည်။ သတ္တဝါ ရုန်းကန်ရင်းနဲ့ အခင်းအကျင်းက ဆက်၍ ဆက်၍ အက်ကွဲသွားသည်။
သတ္တဝါကြီးက ပြင်းပြင်းထန်ထန် ရုန်းကန်နေရသဖြင့် အနီးနားရှိ အဆောက်အဦများလည်း ဆက်လက် ပေါက်ကွဲသွားခဲ့သည်။ ပြင်းထန်တဲ့ လှိုင်းလုံးက နေရာတိုင်းကို ပျံ့နှံ့သွားပြီး မြေအောက်ခန်း တစ်ခုလုံးကို ထိုးဖောက်သွားရာ လုရွှမ်ပင်လျှင် ရောင်ဝါသည် အလွန်ကြမ်းတမ်းပြီး သည်းမခံနိုင်တော့ကြောင်း ခံစားလိုက်ရသည်။
ဒီသတ္တဝါကို ထပ်ပြီး ဖိနှိပ်ထားဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသာနေပါပြီ။
လုရွှမ်သည် မြေအောက်ခန်းထဲရှိ ကျောက်ပြားရှိရာ အခြားတစ်နေရာသို့ ရောက်ရှိလာပြီး နတ်လေးကို ထုတ်ယူလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ၎င်းပေါ်ရှိ အမည်များ အားလုံးက လုံးလုံးလျားလျား ပျောက်ကွယ်သွားကာ ကျောက်ပြားကလည်း ကြေမွသွားကာ ပျက်စီးသွားတော့မယ့် အရိပ်အယောင်တွေ ရှိနေသည်။
လုရွှမ် ကျောက်ပြားကို လက်သီးဖြင့် ထိုးချလိုက်သည်။ ဘာတွေလဲ ဆိုတာတောင် မသိပေမယ့် တစ်ဝက်ပျက်စီးသွားတဲ့ ကျောက်ပြားထဲကနေ ထွက်လာတဲ့ နားမလည်နိုင်တဲ့ ဆွဲဆောင်အားတစ်ခု ရှိနေ၏။
ပျက်စီးတော့မှာ ဖြစ်သဖြင့် ကျောက်ပြားသည် အပိုင်းပိုင်း ကွဲသွားခဲ့သည်။ ကျောက်ပြား အောက်ခြေရင်းတွင် စာတန်းတစ်ခု ပေါ်ထွက်လာတာကို လုံးဝ မြင်လိုက်ရသည်။
လက်နက် ဆယ့်ရှစ်မျိုး!
ဒီစကားငါးလုံးပဲ ရှိကာ တခြားဘာမှ မရှိချေ။ ပြီးတာနဲ့ အောက်ခြေရင်းကလည်း ဖုန်မှုန့်လို ဖြစ်သွားတော့သည်။ လုရွှမ် မျက်မှောင်ကြုတ်သွားရသည်။
ဘာလက်နက် ဆယ့်ရှစ်မျိုးလဲ?
အစောက သားရဲကြီးကို နှိမ်နှင်းဖို့ လက်နက် ဆယ့်ရှစ်မျိုး လိုအပ်တာလား။ နတ်လေးက ဒီအောက်ထဲကနေပဲ ထွက်ပေါ်လာရာ ဒီအရာကို ဖိနှိပ်ထားတာပဲ မဟုတ်ဘူးလား။
ဝှစ်!
လုရွှမ် အကြည့်တွေ အေးစက်သွားကာ ဘေးသို့ ချက်ချင်း ရွေ့လိုက်သည်။ သတ္တဝါတစ်ကောင်က နောက်မှ ခိုးဝင်တိုက်ခိုက်လာခြင်းပင်။ ၎င်းရဲ့ အမြန်နှုန်းက အလွန်လျင်မြန်၏။ သူသာ ၎င်းရဲ့ရောင်ဝါနဲ့ ရင်းနှီးပြီးသား မဟုတ်ပါက အခြားဘယ်နေရာကိုမဆို ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။
လုရွှမ် နောက်ပြန် လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံထားရသလိုမျိုး ရုတ်တရက် သူ့နှလုံးခုန်သံက ပြင်းပြင်းထန်ထန် ခုန်ပေါက်လာတာ ခံစားလိုက်ရသည်။
လုရွှမ် အလွန်တုန်လှုပ်သွားသည်။ သူ့နှလုံးက စိမ်းပြာနဂါးရဲ့ နှလုံးနဲ့ ပေါင်းစပ်နေပြီးသား ဖြစ်သည်။ နှစ်ပေါင်းများစွာ အာဟာရဖြည့်တင်းပြီးနောက် ၎င်းသည် သူ့နှလုံးနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့ပြီ။ သူ့နှလုံးက အခု စိမ်းပြာနဂါးနှလုံးဟု ဆိုနိုင်သည်။
နှစ်တွေ ကြာလာတာနဲ့အမျှ အန္တရာယ်တွေ အများကြီး ကြုံခဲ့ရပေမယ့် အခုလိုနှလုံးကို ခြယ်လှယ်နေသလိုမျိုး ခံစားချက်ကိုတော့ တစ်ခါမှ မကြုံဖူးချေ။
ဤအခိုက်အတန့်တွင် လုရွှမ်သည် သူ့နှလုံးခုန်သံ မြန်လာသည်နှင့်အမျှ တိုးထွက်လာသလိုလည်း ခံစားလိုက်ရကာ ရင်ဘတ်ရှိ ကြွက်သားများကပါ တုန်လာကာ နှလုံးက အပြင်ဘက်ကို ခုန်ထွက်လာတော့မလို ခံစားရသည်။
လုရွှမ် သူ့ရင်ဘတ်ကို လက်ဖဝါးဖြင့် တင်းတင်းကြပ်ကြပ် ဖိထားပြီး တစ်ဖက်က နေရာကို စေ့စေ့ကြည့်နေသည်။ ထိုနေရာသည် အရိပ်တိုက်ခိုက်ခဲ့ရာ နေရာဖြစ်ပြီး ၎င်းသတ္တဝါကို ဖိနှိပ်ထားရာ နေရာလည်း ဖြစ်သည်။
သူ့မျက်လုံးသည် ထျန်းယွမ်နတ်မီးလုံးနဲ့ နေမျက်လုံးအစစ်ကြောင့် စွမ်းအားက အလွန်တိုးလာသော်လည်း သတ္တဝါကိုယ်တိုင်က အနက်ရောင်အရိပ် တစ်ခုဖြစ်ကြောင်း သူ မြင်နေရသည်။ အစောက ထင်ယောင်ထင်မှား ဖြစ်ခဲ့ရသော်လည်း ယခုအခိုက်အတန့်တွင် အလယ်က အရိပ်မည်းကြီးမှာ နှလုံးခုန်နေတာကို မြင်လာရသည်။
၎င်းက အလွန်ကြီးမားသည်။ အလွန်ခိုင်မာသော သွေးလုံးများဖြင့် ရစ်ပတ်ထားကာ အစောကလူသားတွေရဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် သွေးများက သူ့နှလုံးထဲသို့ စုပ်ယူသွားကာ စွမ်းအင်ဘောလုံးများ အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ထွက်ပေါ်လာသည့် အရာများမှာ အမှောင်မိုက်ထဲ၌ သန့်စင်သော စွမ်းအင်စီးကြောင်းများ ဖြစ်သွားလေရာ အမှောင်ထဲက ထိုခန္ဓာကိုယ်သည် တဖြည်းဖြည်း ခိုင်မာလာသည်။ အစောက သေသွားသူတွေရဲ့ သွေးတွေက ဤထူးဆန်းသော နှလုံးအတွက် အစာဖြစ်သွားတာမှန်း လုရွှမ် နားလည်သွားသည်။
သားရဲ၏ ခန္ဓာကိုယ်သည် ထင်ယောင်ထင်မှားသာ ဖြစ်ပြီး ၎င်း၏နှလုံးကသာ အစစ်အမှန် ဖြစ်ပေမည်။ ဒီအရာက နတ်လေးဖြင့် ဖိနှိပ်ခံထားရသော နှလုံးပဲ ဖြစ်လိမ့်မည်။
လက်နက် ဆယ့်ရှစ်မျိုး။
ထို့ကြောင့် မျှော်လင့်ချက်ကောင်း ရှိလျှင် လက်နက်တစ်ခုစီသည် ဤကြောက်မက်ဖွယ်ကောင်းသော သတ္တဝါ၏ အစိတ်အပိုင်း တစ်ခုစီကို နှိမ်နင်းနိုင်ပေမည်။ စုစုပေါင်း လက်နက်၁၈ခု ရှိကာ အစိတ်အပိုင်းကလည်း ၁၈ခု ရှိမည်။ ပေါင်းစပ်လိုက်ရင် ကြောက်မက်ဖွယ် ကောင်းသော သတ္တဝါကြီး တစ်ခုလုံးကို ပြန်လည်ရရှိစေမည် ဖြစ်သည်။
သေသေချာချာ တွေးကြည့်ရင်း လုရွှမ်ဟာ သူ့ခန္ဓာကိုယ်မှာ ချွေးတွေ ထွက်ကျနေတာကို တွေ့လိုက်ရ၏။ ကျုံးကျိုးတွင် မြို့ဘယ်လောက် ရှိလဲ သူ မသိသော်ခဲ့လည်း အခုတော့ အနည်းဆုံး ဆယ့်ရှစ်မြို့ရှိကြောင်း သိသာသွားပြီ။
ထိုမြို့တွေအောက်၌ ဤသတ္တဝါ၏ အစိတ်အပိုင်း ဆယ့်ရှစ်ခုကို မြှုပ်နှံထားပြီး ၎င်းတို့အနားတွင် ရှေးယခင်ကတည်း နှိမ်နှင်းရန် ပြင်ဆင်ထားသည့် လက်နက် ဆယ့်ရှစ်ခုလည်း ရှိသည်။
သို့သော် အချိန်အတော်ကြာအောင် ဖိနှိပ်ထားသောကြောင့် ရုတ်တရက် နိုးထလာစေတာက ဘာကြောင့်များလဲ။
ယခုအချိန်တွင် အကြောင်းရင်းကို စဉ်းစားရန် အချိန်မရှိပေ။ ထိုဘီလူးသည် အက်ကွဲကြောင်းမှ ညှစ်ထွက်တော့မည် ဖြစ်ကာ သူ့ခန္ဓာကိုယ်ကို ညှစ်ထုတ်လိုက်သည်နှင့်အမျှ ၎င်းမှထွက်လာသော ဖိအားများသည် ပို၍ပင် ပြင်းထန်လာမည်။
လုရွှမ်သည် ယွမ်ယန်ကျင့်စဥ်ကို အားအင်အပြည့်ဖြင့် ထုတ်လွှတ်လိုက်ရာ သူ့နှလုံးခုန်သံများ တဖြည်းဖြည်း နှေးကွေးလာသည်။ ယွမ်ယန်စွမ်းအင်ကတောင် ဒါကို မခုခံနိုင်ရင်တော့ ပထမမြို့ကို ဘယ်သူမှ ဒါကို မခုခံနိုင်တော့ဘူးလို့ လုရွှမ် ခန့်မှန်းမိသည်။
နောက်ပြန် ဆုတ်သွားပြီးနောက် လုရွှမ်သည် နတ်လေးကိုဆွဲကာ သူ့ဝိညာဉ်စွမ်းအင်ကို စုစည်းကာ မြှားတစ်စင်း ပစ်လိုက်သည်။ ဤမြှားသည် သူ့ဝိညာဉ်စွမ်းအား၏ 10% ကို ထည့်သွင်းထား၏။ ပို၍ မြှုပ်နှံထားလေ ဤနတ်လေးမှ ပြန်ပေးသော နတ်တန်ခိုး အားကောင်းလေပဲ ဖြစ်သည်။
ဝိညာဉ်စွမ်းအားများသည် ရောင်စုံအလင်းတန်း သုံးရောင်ဖြင့် လင်းလက်သွားပြီး အာကာသသားရဲ၏ နှလုံးကို တိုက်ရိုက် ပစ်မှတ်ထားကာ ပစ်လွှတ်လိုက်လေ၏။
ဝူး!
ထိုသတ္တဝါ၏ ပါးစပ်မှ ဟောက်သံသည် မိုးခြိမ်းသံကြီးလို တောက်လောင်လွန်းသည်။ အထူးသဖြင့် ဤနေရာငယ်လေးမှာ လုရွှမ်အတွက် ငလျင်ကြီး လှုပ်ခတ်သလို ခံစားရပြီး သူ့စိတ်ဝိညာဉ်ပင် ခဏတာမျှ မတည်မငြိမ် ဖြစ်သွားခဲ့ရသည်။
ခန္ဓာကိုယ် ဟန်ချက်ထိန်းဖို့က ပိုခက်လာတဲ့အခါ ဒူးတစ်ဖက်က မြေပြင်ပေါ် လဲကျသွားပြီး လူက အာကာသ သတ္တဝါဆီ စုပ်ယူခံလိုက်ရလေ၏။
လုရွှမ်၏ နယ်ပယ်သည် အနည်းငယ် နိမ့်ကျနေသော်လည်း သတ္တဝါပါးစပ်မှ ထွက်ပေါ်လာသော ပြင်းထန်သော ဖိအားနှင့် ချက်ချင်း သက်ရောက်မှုသည် သူ့အတွက် ခံနိုင်ရည် ရှိနိုင်နေသေးသည်။
သို့သော် မျက်လုံးများနှင့် နားများမှ သွေးများ ချက်ချင်း ထွက်လာကာ တခဏတာမျှ မမြင်နိုင်တော့သလို နားထဲမှာလည်း တဟုန်းဟုန်း အော်သံများ ပြည့်နေပြီး တခြား ဘာမှ မကြားရပေ။
ကမ္ဘာကြီး လည်ပတ်နေသလို မူးနောက်သွားတာက လုရွှမ်ကို ညည်းညူသွားစေ၏။ သူ့မျက်လုံးများကို ထျန်းယွမ်နတ်မီးဖြင့် ထွန်းတောက်လိုက်တဲ့အခါ သွေးများ တခဏချင်း အငွေ့ပျံသွားသည်။ ထိုစဥ် သူ့ခန္ဓာကိုယ်က ဘီလူးနဲ့ တစ်ပေလောက်သာ ဝေးတော့တာကို မြင်လိုက်ရလေသည်။
ဘီလူးကြီးက သူ့အမြီးကို နှင်တံအဖြစ် သုံးကာ ရိုက်ချလာ၏။ ၎င်းရဲ့အမြီးက လုရွှမ်ရဲ့ ခေါင်းကို ထိဖို့ အပေါ်ကနေ ဆင်းလာတဲ့ ဧရာမတုတ်တစ်ချောင်းလိုပင်။ မသေရင်တောင် အပြင်းအထန် ဒဏ်ရာရသွားဖို့က သေချာသည်။
လုရွှမ် ထိတ်လန့်သွားပြီး လျင်မြန်စွာ လှိမ့်ထွက်ကာ ဘီလူး၏ ခန္ဓာကိုယ်ကို ခြေဖြင့် ကန်ထုတ်ရင်း လှည့်ထွက်ရန် တွန်းအားကို အသုံးပြုခဲ့သည်။ သူမြင်နိုင်သမျှအရ ယခင်မြှားသည် ဧကန်မလွဲ ထိမှန်ခဲ့ပြီး ၎င်း၏နှလုံးနေရာ၌ အပေါက်ကြီး တစ်ခုကိုပင် အလှဆင်ပေးခဲ့၏။
ဒါပေမဲ့ သူ့မြှားကို ရှောင်ရင်း နှလုံးက တစ်ဖက်ကို ရွေ့သွားသည်။ ဒီမြှားရဲ့ အကျိုးသက်ရောက်မှုကို ကြည့်ရင် အစောကပစ်ချက်ပ လုံးဝ အဆင်မပြေတာ သိသာသည်။ လုရွှမ် အမြန်နောက်ဆုတ် လိုက်သော်လည်း ဧရာမသားရဲကြီးသည် အပြေးအလွှား ထွက်ခါနီးနေပြီ ဖြစ်သည်။
"အား!"
ရုတ်တရက် အပြင်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး အလောင်းများ တစ်ခုပြီး တစ်ခု လွင့်လာသည်။
လုရွှမ် စိတ်ရှုပ်ထွေးသွားသည်။ ပြန်ပြေးထွက်လာခဲ့တော့ ဓားမီးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် တစ်စုံတစ်ယောက်က ကျင့်ကြံသူများကို သတ်ပစ်နေမှန်း သိလိုက်ရသည်။